အခန်း (၆၂၃-၆၂၄)
Vol. 63 Ch. 623-624
အခန်း (၆၂၃) - မြေခွေးနတ်သမီး ၊ နင့်ရဲ့ ဒီအတတ်က ဆရာကတော် သင်ပေးထားတာ မဟုတ်လား ၊ချည်နှောင်မှု
လီယန်ချူးသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများကို လှည့်ပတ်ကြည့်လိုက်ရာ၊ ဝိညာဉ်ပင်လယ် အတွင်းရှိ စွမ်းအားများမှာ အကုန်နီးပါး ခမ်းခြောက်နေလေပြီ။
ယနေ့ ထိုအလှပဂေးအမျိုးသမီးနှင့် တိုက်ခိုက်ခဲ့ရသည်မှာ စွမ်းအားအတော်များများ ကုန်ဆုံးသွားစေခဲ့သည်။ သွေးချီစွမ်းအားများမှာလည်း လျော့နည်းသွားပြီး စောစောကကဲ့သို့ ဆူပွက်မနေတော့ပါချေ။
ထိုအမျိုးသမီး၏ မှော်အတတ်များမှာ ဆန်းကြယ်လှပေရာ၊ ကျားချွမ်းဖန်း၏ ခန္ဓာဟောင်း ပြီးလျှင် ဒုတိယမြောက် အစွမ်းအထက်ဆုံးပင် ဖြစ်သည်။ မီးနတ်ဘုရား ပုံရိပ်ကို ပထမဆုံးအကြိမ် ကန့်သတ်နိုင်ခဲ့သည့် မိစ္ဆာကို သူယနေ့မှ တွေ့ဖူးခြင်း ဖြစ်သည်။
သူသည် သိုလှောင်အိတ် အတွင်းမှ ဗောဓိဆေးလုံး နှင့် ဝိညာဉ်ဖြည့်ဆေးလုံး တို့ကို ထုတ်၍ သောက်သုံးလိုက်သလို၊ ကျန်းထင်ရှန်း စပျစ်သီး ကိုလည်း စားသုံးလိုက်သည်။ ထိုကဲ့သို့သော ထူးခြားသည့် ဆေးဝါးများနှင့် ရတနာများ၏ အကူအညီကြောင့် သူ၏ အခြေအနေမှာ မျက်စိတစ်မှိတ်အတွင်း အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိသွားတော့၏။ ဤသည်မှာ အရင်းအမြစ်ရှိသူနှင့် မရှိသူကြားရှိ ကွာခြားချက်ပင် ဖြစ်သည်။
လီယန်ချူးသည် သူ၏ အာရုံစူးစိုက်မှုကို ဖြန့်ကျက်လိုက်ပြီး မျက်ဝန်းအတွင်းမှ မှော်အလင်းများကို ဝင်းလက်စေကာ ဝိညာဉ်မျက်စိအတတ် နှင့် အရှိန်ဝါကြည့်အတတ် တို့ဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သော်လည်း ထူးခြားသော အငွေ့အသက်ကို မတွေ့ရပါချေ။
သူသည် မှောလွန်းပျံ ကို စီးနင်းကာ တိမ်တိုက်များထက်သို့ ပျံတက်သွားပြီး အလင်းတန်းတစ်ခုအလား ပျံသန်းထွက်ခွာသွားတော့သည်။
မကြာမီမှာပင် သူသည် ကောင်းလင်ခရိုင်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ထိုအချိန်တွင် ကောင်းလင်ခရိုင် အစိုးရရုံးမှ အမှုထမ်းများမှာ အခြေအနေကို ထိန်းသိမ်းရန် အလုပ်ရှုပ်နေကြ၏။
စောစောက ဖြစ်ပျက်ခဲ့သော လောကနိယာမ ပြောင်းလဲမှုများနှင့် အထွတ်အထိပ်တိုက်ပွဲကြောင့် မြေကြီးပင် သိမ့်သိမ့်တုန်သွားခဲ့ရသည်။ ဤသာမန်လူသားများမှာ မိမိတို့သည် ပျက်စီးခြင်းဘေးအန္တရာယ်၏ ခြိမ်းခြောက်မှုအောက်သို့ ရောက်ရှိခဲ့မှန်းပင် မသိကြပါချေ။
လီယန်ချူးသည် ကောင်းလင်ခရိုင် အထက်ကောင်းကင်ယံတွင် မှောလွန်းပျံ ကို ခဏမျှ ရပ်နားလိုက်ပြီး သူ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ရာ၊ မြို့သူမြို့သား အများအပြားက သူ့ကို သတိထားမိသွားကြသည်။
သူသည် မင်ဟော် ၏ အာရုံကို ဆွဲဆောင်ရန်နှင့် သူမကို ရှာဖွေရန် ဤသို့ လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။ မင်ဟော် မှာလည်း စိတ်ချင်း ဆက်သွယ်မိသကဲ့သို့ပင် ချက်ချင်းပင် ဓားစီး၍ လီယန်ချူးရှိရာသို့ ပျံသန်းလာတော့သည်။
“ဘယ်လိုလဲ... ရှင် ဘာမှမဖြစ်ဘူးမဟုတ်လား”
မင်ဟော် က စိုးရိမ်တကြီး မေးလိုက်သည်။
“အဲဒီအမျိုးသမီးရဲ့ သဘာဝလွန်စွမ်းအားတွေက တော်တော်လေး ဆန်းကြယ်ပြီး လက်ဝင်တယ်၊ ဒါပေမဲ့ ငါ ရှင်းပစ်လိုက်ပြီ။”
လီယန်ချူးက ပြုံး၍ ပြောလိုက်သည်။
မင်ဟော်မှာ ထိုစကားကို ကြားမှ သက်ပြင်းချနိုင်တော့၏။
“ဒါဆိုရင် တော်သေးတာပေါ့ ”
သူတို့နှစ်ဦးသည် ကောင်းလင်ခရိုင်အတွင်းသို့ ဆင်းသက်လာခဲ့ပြီး လမ်းတချို့ကို ဖြတ်ကျော်ကာ လူအုပ်ထဲမှ လျင်မြန်စွာ ပုန်းကွယ်လိုက်ကြသဖြင့် မည်သူမှ သတိမထားမိလိုက်ပါချေ။
“နင့်ရဲ့ ဓားစီးအတတ်က တော်တော်လေး လန်းတာပဲ”
လီယန်ချူးက ပြုံး၍ ချီးကျူးလိုက်သည်။
ပုံမှန်အားဖြင့် တတိယအဆင့်ရှိသော ယန်ဝိညာဉ်ပညာရှင်များသာ လေထဲတွင် ပျံသန်းနိုင်ခြင်း ဖြစ်သော်လည်း၊ မင်ဟော် ၏ ဓားစီးအတတ်မှာမူ ထိုကန့်သတ်ချက် ရှိပုံမရပါချေ။
“ဘာလဲ... နင် သင်ချင်လို့လား၊ ငါ သင်ပေးလို့ရတယ်နော်”
မင်ဟော်က ပြုံးစစဖြင့် ပြန်ပြောသည်။
“ဓားစီးအတတ်က အထွတ်အထိပ် ရောက်သွားရင် တစ်ခဏအတွင်း မိုင်ပေါင်း ထောင်ချီ ခရီးနှင်နိုင်တယ်၊ လူနဲ့ဓား တစ်သားတည်း ဖြစ်သွားတာပေါ့၊ ဒါပေမဲ့ ငါကတော့ အဲဒီအဆင့်အထိ မရောက်သေးပါဘူး ”
လီယန်ချူးက ခေါင်းခါလိုက်သည်။
“ငါကတော့ ဓား သုံးရတာပဲ ပိုပြီး ယဉ်ပါးနေလို့ပါ ”
“ဒါနဲ့... အဲဒီအလှလေးက တကယ်တော့ ဘယ်သူလဲ ကောင်းလင်ခရိုင်ထဲက မြေခွေးနတ်သမီး အကြောင်းကရော ဘယ်လိုဖြစ်တာလဲ”
မင်ဟော်က အသံတိုးတိုးဖြင့် မေးလိုက်သည်။
“သူတို့ သုံးယောက်စလုံးက ဒီမြေခွေးနတ်သမီးကျောင်းက မြေခွေးနတ်သမီးတွေပဲ။ အရင်က ဒီနေရာမှာရှိခဲ့တဲ့ မြေပြင်နတ်ဘုရားက သုံးဘဝဖြတ်တောက်ခြင်း လုပ်ခဲ့တဲ့ ရလဒ်တွေပေါ့။ ဒါပေမဲ့ သူတို့ သုံးယောက်ဟာ တစ်ဦးနဲ့တစ်ဦး တစ်ခါမှ မဆုံဖူးကြသလို၊ တခြားသူတွေ ရှိနေမှန်းတောင် မသိကြဘူး ”
လီယန်ချူးက ရှင်းပြလိုက်သည်။
“သုံးဘဝဖြတ်တောက်ခြင်း အော်... ဒါကြောင့်ကိုး။”
မင်ဟော်မှာ အနည်းငယ် အံ့ဩသွားရသည်။
“နင်လည်း ဒီအတတ်အကြောင်း သိတာလား”
လီယန်ချူးက မေးလိုက်သည်။
“ရှေးဟောင်းကျမ်းစာတွေထဲမှာ ဖတ်ဖူးတယ်၊ အင်မတန်မှ ဆန်းကြယ်တဲ့ အတတ်ပဲ။ ကုသိုလ်ဘဝ၊ အကုသိုလ်ဘဝ နဲ့ အတ္တဘဝ ဆိုတဲ့ ဘဝသုံးပါး ကို ဖြတ်တောက်နိုင်ရင် နတ်ဘုရားအဖြစ် ကူးပြောင်းနိုင်တယ်လို့ ဆိုကြတယ် ”
မင်ဟော်က တည်ငြိမ်စွာ ပြောပြနေသည်။
“ငါတို့ ဒီညတွေ့ခဲ့တဲ့ လူသားတွေကို စားတဲ့ မြေခွေးဖြူကတော့ ရက်စက်ကြမ်းကြုတ်မှုတွေ ပြည့်နေတာမို့လို့ အကုသိုလ်ဘဝ ဖြစ်လိမ့်မယ် ”
“အဲဒီအလှပဂေးကတော့ တခြားသူတွေနဲ့မတူဘဲ ကျင့်ကြံမှု အမြင့်ဆုံးပဲ၊ ဒါကြောင့် သူက အတ္တဘဝ ဖြစ်နိုင်တယ် ”
“ဒါဆိုရင် လူတွေရဲ့ ဝိညာဉ်အသိကို ခိုးယူတဲ့ ဟူမယ်မယ်ကတော့ သေချာပေါက် ကုသိုလ်ဘဝ ပေါ့။ နာမည်က ကုသိုလ်ဘဝလို့ ဆိုပေမဲ့၊ ဖြတ်တောက်ခံထားရတာဖြစ်သလို နှစ်ပေါင်းများစွာ ကြာလာတဲ့အခါမှာတော့ ပြောင်းလဲမှုတွေ အများကြီး ရှိလာနိုင်တာပဲ”
မင်ဟော် က ဆက်ပြောပြသည်။
ရုတ်တရက် သူမ၏ မျက်နှာပျက်သွားပြီး တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံရသည်။ သူမ၏ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး လီယန်ချူးဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။
“နေဦး... မဟုတ်သေးဘူး ဒါဆိုရင် ငါတို့ အစောဆုံးက တွေ့ခဲ့တဲ့ ပထမဆုံး ဟူမယ်မယ်က ဘယ်သူလဲ ”
“သူ့ကိုယ်မှာက ကုသိုလ်အလင်းတန်း တွေ ရှိနေတာလေ၊ ဒီသုံးယောက်လုံးနဲ့ မတူဘူး ”
မင်ဟော်က ထူးဆန်းစွာ မေးလိုက်သည်။
“သူကတော့ သုံးဘဝလုံးကို ဖြတ်တောက်ပြီး နတ်ဘုရားအဆင့်ကို တက်လှမ်းသွားတဲ့ တကယ့်မြေခွေးနတ်သမီး... စစ်မှန်တဲ့ မြေခွေးနတ်သမီးပေါ့ ”
လီယန်ချူးက ပြုံးလိုက်သည်။
ဘေးနားရှိ မင်ဟော်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး မျက်လုံးအပြူးသားဖြင့် လီယန်ချူးကို အံ့ဩတကြီး ကြည့်နေတော့သည်။
“မြေခွေးနတ်သမီး ”
မင်ဟော်မှာ အသံထွက်အောင် အော်မိသွားရသည်။
လီယန်ချူးသည် မင်ဟော် ကို ခေါ်ဆောင်၍ မြေခွေးနတ်သမီးကျောင်းသို့ နောက်တစ်ကြိမ် ပြန်လာခဲ့သည်။
“ကျောက်နတ်ဆရာကြီး ပြောဖူးတာကတော့... ဒီလိုအဆင့်ရှိတဲ့သူရဲ့ နာမည်ကို တိုက်ရိုက်ခေါ်ရင် သူက အာရုံခံနိုင်တယ်တဲ့၊ ဒါပေမဲ့ ငါတို့က သူ့နာမည်ကိုလည်း မသိတော့ မြေခွေးနတ်သမီးလို့ နှစ်ခွန်းလောက် အော်ခေါ်တာကတော့ ပြဿနာမရှိလောက်ပါဘူး ”
လီယန်ချူးက ရယ်မောကာ ပြောလိုက်သည်။
“ငါတို့ အစပိုင်းမှာ တွေ့ခဲ့တဲ့ ဟူမယ်မယ်က သုံးဘဝထဲက တစ်ယောက်မဟုတ်ဘဲ စစ်မှန်တဲ့ မြေခွေးနတ်သမီးကြီးလား ဒါက... ဒါက တကယ်ကို...”
မင်ဟောါမှာ အံ့ဩလွန်း၍ စကားပင် မဆက်နိုင်တော့ပါချေ။
သူမ၏ ရင်ထဲတွင် အေးစိမ့်သွားရ၏ တောစောက သူတို့သည် မြေပြင်နတ်ဘုရား တစ်ပါးနှင့် တစ်ချိန်လုံး ထိတွေ့ဆက်ဆံနေခဲ့ကြသည်လား။
“အစကတော့ သူမဟာ ကုသိုလ်ဘဝ လို့ ငါထင်ခဲ့တာ၊ ဒါပေမဲ့ နောက်ပိုင်းမှ မဟုတ်မှန်း ရိပ်မိသွားတာ။ ဒီလူရဲ့ ကိုယ်မှာ ကုသိုလ်အလင်းတန်းတွေ ရှိနေတဲ့အပြင်၊ တစ်ကျောင်းလုံးရဲ့ အရှိန်အဝါကလည်း အင်မတန် အေးချမ်းလှတယ်။ မိစ္ဆာအငွေ့အသက်နဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်တွေကို ဖုံးကွယ်ထားတာ မဟုတ်ဘဲ၊ လုံးဝ ပျောက်ကွယ်သွားအောင် လုပ်နိုင်တာဟာ သာမန် ကျင့်ကြံမှုအဆင့်မျိုးနဲ့ မရနိုင်ဘူး ”
လီယန်ချူးက ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။
“နင် ပြောချင်တာက... ဒီစစ်မှန်တဲ့ မြေခွေးနတ်သမီးဟာ သုံးဘဝတွေနဲ့အတူ ဒီကျောင်းထဲမှာ တစ်လျှောက်လုံး အတူတူ နေထိုင်နေခဲ့တာလား”
မင်ဟော်က ဉာဏ်ကောင်းသူပီပီ လီယန်ချူး ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားသည်။
“ဒါက ငါ့ရဲ့ ခန့်မှန်းချက်သက်သက်ပါပဲ၊ ဒီလိုအဆင့်ရှိတဲ့ ကျင့်ကြံသူတွေကို ငါလည်း တစ်ခါမှ မတွေ့ဖူးတော့ သူတို့ ဘာတွေ ကြံစည်နေလဲဆိုတာ ငါလည်း မသိဘူး။”
လီယန်ချူးက ဆိုသည်။
မြေခွေးနတ်သမီးကျောင်းအတွင်းသို့ ရောက်ရှိသွားသောအခါ ကျောင်းအတွင်းရှိ အရှိန်အဝါမှာ နောက်တစ်ကြိမ် ပြန်လည် အေးချမ်းသွားပြီး၊ ပြင်းထန်လှသော မိစ္ဆာအငွေ့အသက်များ လုံးဝ မရှိတော့ပါချေ။
လီယန်ချူးသည် မြေခွေးနတ်သမီး ရုပ်တုရှေ့သို့ လျှောက်သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“သုံးဘဝလုံးကို အသတ်ခံလိုက်ရပြီပဲ၊ မြေခွေးနတ်သမီးက အခုထိ ကိုယ်ထင်ပြပြီး မတွေ့ချင်သေးဘူးလား”
မင်ဟော်မှာ ပို၍ပင် ထိတ်လန့်သွားပြီး လီယန်ချူးကို မယုံနိုင်သလို ကြည့်နေမိသည်။
တစ်ချိန်တည်းမှာပင် လည်ပင်းက တောင့်တင်းစွာဖြင့် မြေခွေးနတ်သမီး ရုပ်တုကို ကြည့်လိုက်၏။ ထိုမြေပြင်နတ်ဘုရားက ဒီကျောင်းထဲမှာ ရှိနေသေးတာလား။
ထိုစဉ်
မြေခွေးနတ်သမီး ရုပ်တုမှာ ရုတ်တရက် အသက်ဝင်လာပြီး သူ့ကို ကြည့်ကာ ပြုံးပြလိုက်သည်။
“တာအိုမိတ်ဆွေက အသက်ငယ်သလောက် စိတ်ကူးစိတ်သန်းက တော်တော်လေး စေ့စပ်တာပဲ၊ ကျွန်မတောင် ချီးကျူးမိပါတယ် ”
မြေခွေးနတ်သမီး ရုပ်တုမှာ ပျောက်ကွယ်သွားပြီး၊ ရုပ်တုနှင့် တစ်ပုံစံတည်း တူသော အမျိုးသမီးတစ်ဦး ပေါ်ထွက်လာတော့သည်။
“ကောင်းတဲ့ အကြံအစည်ပဲ... ဒီလောက်အထိ လက်ဝင်အောင် သုံးဘဝဖြတ်တောက်ခြင်းကို လုပ်ခဲ့တာ၊ ဒါ နင့်ရဲ့ ဆရာကတော် သင်ပေးတာကို သေချာ မတတ်မြောက်ခဲ့လို့ မဟုတ်ဘူးလား”
လီယန်ချူးက အားနာခြင်းမရှိဘဲ ပြောချလိုက်သည်။
မင်ဟော် မှာ အသက်ရှူပင် မှားသွားရ၏။ ဒါက မြေပြင်နတ်ဘုရားလေ ရှင်က ဒီလိုမျိုးကြီး ပြောချလိုက်တာလား။
ထိုအမျိုးသမီးမှာ တစ်ချက် ကြောင်သွားပြီးမှ ပြုံး၍ ပြောလိုက်သည်။
“တာအိုမိတ်ဆွေ ပြောတာ တကယ် မှန်သွားပြီ။ ကျွန်မရဲ့ ကျင့်စဉ်က တကယ်ပဲ အရင်းအမြစ် မမှန်ကန်ခဲ့ဘူး။ ဒါကြောင့် သုံးဘဝဖြတ်တောက်ခြင်း လုပ်တဲ့အခါမှာ ပြဿနာတချို့ ရှိခဲ့တာပါ ”
လီယန်ချူး၏ မျက်လုံးများမှာ မှေးကျသွားပြီး ထိုဟူမယ်မယ်ကို ကြည့်ကာ
“ဒီနှစ်တွေအတွင်းမှာ မင်း တကယ်ပဲ ဒီကျောင်းထဲမှာ ရှိနေခဲ့တာလား” ဟု မေးလိုက်သည်။
“ဟုတ်ပါတယ်... ကျွန်မ ကောင်းမှုတွေ အများကြီး လုပ်ခဲ့ပြီး ကုသိုလ်တွေ စုဆောင်းခဲ့ပေမဲ့၊ ဒီကိုယ်ဟောင်း သုံးခုက ပြုလုပ်ခဲ့တဲ့ အကုသိုလ်တွေကိုတော့ မယှဉ်နိုင်သေးပါဘူး ”
ဟူမယ်မယ်က သက်ပြင်းချလိုက်သည်။
ထိုဟူမယ်မယ်မှာ လီယန်ချူးနှင့် ပထမဆုံးအကြိမ် တွေ့ခဲ့သောသူပင် ဖြစ်သည်။
လီယန်ချူးမှာ တိတ်ဆိတ်သွားရ၏။ ဤနှစ်များအတွင်း မြေခွေးမ သုံးဦးလုံးက မိမိကိုယ်ကိုယ်သာ စစ်မှန်သော ဟူမယ်မယ်ဟု ထင်မှတ်ခဲ့ကြသည်။
တောင်တောထဲမှ ကျင့်ကြံလာပြီး လူသားဖြစ်လာကာ ကောင်းလင်ခရိုင်၏ အမွှေးတိုင်မီး စားသုံးမှုကို ခံယူနေကြသူများဟု ထင်နေခဲ့ခြင်းပင်။
သို့သော်လည်း သူတို့သည် တစ်ဦးနှင့်တစ်ဦး တစ်ခါမှ မတွေ့ခဲ့ကြပါချေ။
ဟူမယ်မယ် တစ်ဦး ပေါ်လာတိုင်း အခြားသူများ မပေါ်လာနိုင်တော့ပေ။ ၎င်းမှာ သုံးဘဝဖြတ်တောက်ခြင်းအတတ်၏ ကံအကျိုးပေး ချည်နှောင်မှုကြောင့် ဖြစ်သည်။
သို့သော်လည်း ထိုနှစ်များတစ်လျှောက်လုံး သူတို့ သုံးဦးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည့် နောက်ထပ် လူတစ်ယောက် ရှိနေသေးသည်။ ဤအချက်ကို တွေးမိသည်နှင့် ရင်ထဲတွင် အေးစိမ့်သွားရသည်။
“တစ်ယောက်က လူသားတွေရဲ့ ဝိညာဉ်အနှစ်သာရကို ခိုးတယ်၊ တစ်ယောက်က လူသားတွေကို သတ်ပြီး စားတယ်၊ နောက်တစ်ယောက်ကတော့ လူသားတွေကို ကုန်ကူးပြီး ရောင်းစားနေတာကို မင်းက မြင်ရက်နဲ့ မသိကျိုးကျွံ ပြုနေတာဟာ မင်းကိုယ်တိုင်လည်း အားပေးအားမြှောက် လုပ်သူပဲ ”
လီယန်ချူးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဓားရိုးပေါ်သို့ လက်တင်လိုက်သည်။ သူ၏ မျက်ဝန်းများမှာ အေးစက်လှသလို သတ်ဖြတ်လိုသော အရှိန်အဝါများလည်း ဖုံးလွှမ်းသွားတော့သည်။
“တာအိုမိတ်ဆွေ စိတ်မဆိုးပါနဲ့ဦး၊ ကျွန်မမှာလည်း ပြောမထွက်နိုင်တဲ့ အခက်အခဲတွေ ရှိလို့ပါ ”
“ကျွန်မရဲ့ သုံးဘဝဖြတ်တောက်ခြင်းအတတ်က မပြည့်စုံဘူး၊ ဆရာ့ရဲ့ လှည့်စားမှုကို ခံလိုက်ရတာပါ။ သုံးဘဝကို ဖြတ်တောက်ပြီးတဲ့နောက် ကျွန်မရဲ့ ကျင့်ကြံမှုအဆင့်တွေ တဟုန်ထိုး ကျဆင်းသွားခဲ့တယ်။ ဒီသုံးဘဝဟာ တစ်ယောက်နဲ့တစ်ယောက် မတွေ့နိုင်သလို၊ ကျွန်မကိုယ်တိုင်လည်း သူတို့ကို ဘာမှ မလုပ်နိုင်ခဲ့ဘူး။ သုံးဘဝဖြတ်တောက်ခြင်းရဲ့ တားမြစ်ချက်တွေကြောင့် သူတို့အကြောင်းကိုတောင် ထုတ်ပြောလို့ မရခဲ့ပါဘူး”
ဟူမယ်မယ်က သက်ပြင်းချကာ ပြောပြရှာသည်။
“ထုတ်ပြောလို့ မရဘူး”
လီယန်ချူးက မေးလိုက်သည်။
“နက်နဲလှတဲ့ ကောင်းကင်နိယာမတွေကြောင့်ပါပဲ။ ကျွန်မ သုံးဘဝကို ဖြတ်တောက်ခဲ့တာက နတ်ဘုရားနေရာကို ရယူချင်လို့ပါ၊ ဒါပေမဲ့ မထင်မှတ်ဘဲ ဒီနတ်ဘုရားနေရာကပဲ ကျွန်မအတွက် ချည်နှောင်မှူ တစ်ခု ဖြစ်လာခဲ့ရပါတယ် ”
ဟူမယ်မယ်က ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်ပြန်တော့သည်။
အခန်း (၆၂၄) - ချင်းချိုးမြေခွေးနတ်သမီး ၊ ဝိညာဉ်စွမ်းအင်မိုးစက်များ ၊ မဟာမှော်စွမ်းအား ၊ထွက်ခွာခြင်း ၊ လက်ဆောင်မွန်
“သုံးဘဝကို ဖြတ်တောက်ပြီးပြီဆိုတော့... နောက်ထပ် ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ”
လီယန်ချူးသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။
“ကျွန်မက ဒီနှစ်တွေမှာ သုံးဘဝဖြတ်တောက်ခြင်းအတတ်ထဲမှာပဲ ပိတ်မိနေခဲ့လို့ သဘာဝလွန်စွမ်းအားတွေကို တကယ်တမ်း မပိုင်စိုးနိုင်ခဲ့ဘူး။ အခု ဒီကိစ္စတွေ ပြီးသွားပြီဆိုတော့ ချင်းချိုး ကို အရင်ပြန်ပြီး အရင်က ကိစ္စတစ်ချို့ကို ရှင်းရပါဦးမယ်”
ဟု ဟူမယ်မယ်က ပြောသည်။
“ချင်းချိုး” မင်ဟော်က ရုတ်တရက် ကြားဖြတ်မေးလိုက်၏။
“မှန်တာပေါ့... မင်းရဲ့ကိုယ်ပေါ်မှာလည်း ချင်းချိုးမြေခွေးမျိုးနွယ်ရဲ့ မှော်အတတ်အငွေ့အသက်တွေ ရှိနေတာပဲ။ ငါတို့ ချင်းချိုးနဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သက်မှုရှိမှာ သေချာပါတယ်”
ဟူမယ်မယ်က ပြုံးစစဖြင့် ပြောလိုက်သည်။ သူမ၏ မျက်ဝန်းအစုံမှာ ထက်မြက်လွန်းလှပြီး အရာအားလုံးကို ဖောက်ထွင်းမြင်နေသည့်အလား။
မင်ဟော်၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် တုန်ယင်သွားသည်။ သူမ၏ ချင်းချိုးမြေခွေးအတတ်များမှာ ဘယ်ကရလာသနည်း ချင်းချိုးမြေခွေးကို ဆရာတင်ခဲ့သည်မဟုတ်ဘဲ ချင်းချိုးမြေခွေးတစ်ကောင်ကို သတ်ပြီးမှ သင်ယူခဲ့ခြင်း ဖြစ်သည်။
ယခု သူတို့မျိုးနွယ်စု၏ ဘိုးဘေးကြီးနှင့် မျက်နှာချင်းဆိုင် တိုးနေရသဖြင့် သူမ အတော်လေး စိတ်မသက်မသာ ဖြစ်သွားရသည်။
“စကားတစ်ခွန်းတည်းနဲ့ အပြစ်တွေအားလုံးကနေ ကင်းလွတ်အောင် လုပ်ချင်တာကတော့ နည်းနည်း လွယ်လွန်းမနေဘူးလား”
လီယန်ချူးက အေးစက်သောလေသံဖြင့် ရုတ်တရက် ပြောလိုက်သည်။
“ဒီမိတ်ဆွေလေးမှာ လိမ်ညာမှုကို ခွဲခြားနိုင်တဲ့ နှလုံးသားကိုမေးမြန်းခြင်း အတတ် ရှိနေတာပဲ။ ကျွန်မ လိမ်နေသလားဆိုတာ သူ့ကို ဘာလို့ မမေးကြည့်တာလဲ”
ဟု ဟူမယ်မယ် က ရယ်မောကာ ဆိုသည်။
လီယန်ချူးက မင်ဟော်ကို ကြည့်လိုက်ရာ မင်ဟော်က ခေါင်းခါပြသည်။ သူမ၏ စိတ်ထဲတွင်လည်း မရေမရာ ဖြစ်နေ၏။
သူမ၏ မွေးရာပါ ပါရမီသည် မြေပြင်နတ်ဘုရားတစ်ပါး၏ စိတ်ဆန္ဒကို စမ်းသပ်နိုင်ပါ့မလား။
လီယန်ချူးက မျက်မှောင်ကြုတ်လျက်
“ဒီကိစ္စကို ခဏထားဦး... မင်း ဒီမြေခွေးနတ်သမီးကျောင်းထဲမှာ ရှိနေတယ်ဆိုမှတော့ မိစ္ဆာမျိုးနွယ် တွေနဲ့ ပတ်သက်ပြီး ရောင်းစားခံလိုက်ရတဲ့ လူသားတွေက ဘယ်ကို ရောက်သွားတာလဲ”
ဟု မေးသည်။
ချင်းချိုးမြေခွေးနတ်သမီးက ခေါင်းခါပြလျက်
“ကျွန်မ ဒီကျောင်းထဲမှာ ရှိနေတာ မှန်ပေမဲ့ ကန့်သတ်ချက်တွေက အင်မတန်ကြီးမားတယ်။ ဖြတ်တောက်ထားတဲ့ သုံးဘဝလောက်တောင် လွတ်လပ်မှုမရှိဘူး။ ဒါကြောင့် သူတို့လုပ်သမျှကို ကျွန်မ အကုန်လုံး မသိနိုင်ပါဘူး”
ဟု ဆိုသည်။
လီယန်ချူးက သူမကို တစ်ချက် ကြည့်လိုက်သည်။
ပုံမှန်အားဖြင့် မြေခွေးမိစ္ဆာဆိုသည်မှာ လူကို လှည့်စားရာတွင် အတော်ဆုံး ဖြစ်သည်။ ဤသူက ချင်းချိုးမြေခွေးနတ်သမီးဖြစ်ရာ လှည့်စားခြင်းအတတ်တွင် ဘိုးဘေးပင် ဖြစ်နေပေလိမ့်မည်။
“တာအိုမိတ်ဆွေက အသက်ငယ်ငယ်လေးနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက တတိယအဆင့်နဲ့ ယှဉ်နိုင်တယ်၊ သုံးဘဝကိုလည်း သတ်ဖြတ်နိုင်တယ်... ရှင့်ရဲ့ သတ်ဖြတ်ခြင်းစွမ်းအားက တကယ်ကို လေးစားဖို့ကောင်းပါတယ် ”
“အခုလည်း ရှင်က ရှင့်ရဲ့ အရှိန်အဝါတွေကို တမင်တကာ ဖုံးကွယ်ထားပြီး သွေးချီစွမ်းအားနဲ့ မှော်စွမ်းအားတွေကို လုံးဝ မပြဘဲ နေနေတယ် ”
“သာမန်လူဆိုရင်တော့ ရှင်က တိုက်ပွဲအပြီးမှာ အားနည်းနေတာကို ဖုံးကွယ်ဖို့ ဟန်ဆောင်နေတယ်လို့ ထင်ကြမှာပဲ ”
“ဒါပေမဲ့ ကျွန်မ မြင်တာကတော့... ရှင် ကျွန်မကို သတ်ဖို့ စိတ်ပိုင်းဖြတ်ထားတာပဲ။ ရှင့်ကိုယ်ပေါ်မှာရှိတဲ့ စစ်မှန်တဲ့ ယန်ဓာတ်ရတနာ ကို သုံးပြီး ကျွန်မက တစ်ခုခု လုပ်လိုက်တာနဲ့ ချက်ချင်း အပြတ်ရှင်းဖို့ ပြင်နေတာ မဟုတ်လား ”
“ကျွန်မ ပြောတာ မှန်လား”
ချင်းချိုးမြေခွေးနတ်သမီးက အေးဆေးစွာ ပြုံးလျက် မေးသည်။
သူမသည် ငါးမျှားပြီး ဖမ်းဆီးခြင်း အယူအဆကို မသိသော်လည်း လီယန်ချူး၏ လုပ်ရပ်ကိုမူ ကောင်းကောင်း နားလည်နေသည်။
မင်ဟော်မှာ အံ့အားသင့်သွားပြီး လီယန်ချူးကို ကြည့်လိုက်မိသည်။ ထိုအခြေအနေမျိုးမှာတောင် သူက ချင်းချိုးမြေခွေးနတ်သမီးကို သတ်ဖို့ ကြံစည်နေသေးသည်လား။
'ဒီမြေခွေးမက စိတ်ကို ဖတ်နိုင်တာပဲ...'
လီယန်ချူးက တည်ငြိမ်သော မျက်နှာထားဖြင့်
“ငါက သာမန် ယင်ဝိညာဉ်အဆင့် လေးပါပဲ၊ မြေပြင်နတ်ဘုရားတစ်ပါးက ဒီလောက်အထိ အလေးထားဖို့ မလိုပါဘူး။ မင်း စမ်းကြည့်ချင်ရင်တော့ စမ်းကြည့်နိုင်ပါတယ်”
ဟု အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
မြေခွေးနတ်သမီးက ခေါင်းခါယမ်းလျက်
“ကျွန်မ ပြောတာတွေက အမှန်တွေချည်းပါပဲ။ တာအိုမိတ်ဆွေရဲ့ သတ်ဖြတ်လိုစိတ်ကိုလည်း ကျွန်မ မြင်ပါတယ်။ ဒါပေမဲ့ တာအိုမိတ်ဆွေက ကျွန်မကို တကယ်ပဲ အထင်လွဲနေတာပါ ”
“တာအိုမိတ်ဆွေရဲ့ မိုးကြိုးအတတ်က အင်မတန် ကြမ်းတမ်းပေမဲ့... အပြစ်မရှိတဲ့ ကျွန်မလိုလူကိုတော့ သတ်လို့ရမှာ မဟုတ်ပါဘူး ”
လီယန်ချူး၏ မျက်မှောင်များ ပို၍ ကြုတ်သွားပြီး စိတ်ထဲတွင် အံ့ဩသွားရသည်။
သူ ထိုနေရာသို့ မလာခင်ကပင် ကုသိုလ်မှတ် နှစ်သိန်းတန် မိုးကြိုးငါးပါးအဆောင်သည် စွမ်းအားများ ပြန်လည်ပြည့်ဖြည့်တင်းပြီးသား ဖြစ်သည်။
ထိုအဆောင်သည် သူ၏ အားအကိုးရဆုံး လက်နက်ပင်။ ထိုအချက်ကိုပင် မြေခွေးနတ်သမီးက ရိပ်မိနေခဲ့သည်။
“တာအိုမိတ်ဆွေက ကျွန်မရဲ့ သုံးဘဝကို ဖြတ်တောက်ပေးပြီး ကျွန်မကို လွတ်မြောက်ခွင့် ပေးခဲ့တယ်... ဒီကျေးဇူးတရားကို နောင်တစ်ချိန်မှာ သေချာပေါက် ပြန်ဆပ်ပါ့မယ် ”
ချင်းချိုးမြေခွေးနတ်သမီးက ပြောလိုက်သည်။
စကားအဆုံးတွင် သူမ၏ ကိုယ်ထည်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။ တစ်ခါမှ မရှိခဲ့ဖူးသကဲ့သို့ပင်။
“...” လီယန်ချူး
“...” မင်ဟော်
တစ်ချိန်တည်းမှာပင် ကောင်းကင်မှ မိုးကြီးတစ်ဖြိုင်ဖြိုင် ရွာချလိုက်သည်။
ထိုမိုးရေမှာ စစ်မှန်သော ဝိညာဉ်စွမ်းအင် များမှ ပြောင်းလဲလာခြင်း ဖြစ်သည်။ မိုးရေများ ကျရောက်လာသည်နှင့်အမျှ ကောင်းလင်ခရိုင်ရှိ လူသားများမှာ စိတ်ဓာတ်များ ကြည်လင်လန်းဆန်းလာပြီး ခန္ဓာကိုယ်အတွင်းရှိ ရောဂါဝေဒနာများအားလုံး ပျောက်ကွယ်သွားကြသည်။
ပျက်စီးသွားသော မြေပြင်များနှင့် ပြိုကျသွားသော အိမ်ခြေများပင်လျှင် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာတော့သည်။
မြေခွေးနတ်သမီးကျောင်းမှာမူ အစအနပင် မကျန်တော့ဘဲ သာမန် လမ်းမကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေပြီ။ လီယန်ချူးနှင့် မင်ဟော်တို့နှစ်ဦးမှာ ထိုလမ်းမပေါ်တွင် ရပ်နေကြ၏။
“ဒီမြေခွေးနတ်သမီးက တကယ်ပဲ ကောင်းကင်နဲ့မြေကြီးကို လှန်ပစ်နိုင်တဲ့ အစွမ်းရှိတာပဲလား”
မင်ဟော်က အံ့ဩတကြီး ပြောလိုက်သည်။
သူမ၏ စိတ်ထဲတွင်လည်း မြေခွေးနတ်သမီး ပြောသမျှမှာ ၈၀ ရာခိုင်နှုန်းလောက် မှန်လိမ့်မည်ဟု ယူဆမိသွားသည်။ မဟုတ်လျှင် ဤမျှ အစွမ်းထက်သည့်သူက သူတို့ကဲ့သို့ လူငယ်လေးနှစ်ယောက်ကို လိမ်ညာနေစရာ မလိုပါချေ။
လီယန်ချူးမှာမူ စကားမဆိုဘဲ တိတ်ဆိတ်နေသည်။ ထိုဝိညာဉ်စွမ်းအင်မိုးမှာ လူသားများအတွက် အကျိုးကျေးဇူး များစွာရှိသည်မှာ အမှန်ပင်။
'လက်တစ်ချက် ဝှေ့ယမ်းရုံနဲ့ ကောင်းလင်ခရိုင်တစ်ခုလုံးကို နဂိုအတိုင်း ဖြစ်အောင် လုပ်နိုင်တယ်... ဒါက မြေပြင်နတ်ဘုရားရဲ့ စွမ်းအားပေါ့'
ဟု လီယန်ချူး စိတ်ထဲမှ ရေရွတ်မိသည်။
ထိုစဉ် သူ၏ စိတ်ထဲတွင် ပျောက်ကွယ်ပျက်စီးသွားခဲ့သော နတ်ဘုရားနယ်မြေ များကို သတိရလိုက်မိသည်။
'အခုမှ အစွမ်းတွေ ပြန်ရခါစ မြေပြင်နတ်ဘုရားတစ်ပါးမှာတောင် ဒီလောက် မဟာစွမ်းအားတွေ ရှိနေရင်... အဲဒီ နတ်ဘုံနန်းတွေထဲက နတ်ဘုရားတွေက ဘယ်လောက်တောင် အားကောင်းလိုက်မလဲ'
'အဲဒီတုန်းက ဘာတွေများ ဖြစ်ပျက်ခဲ့လို့ ဒီလောက်များပြားတဲ့ နတ်ဘုရားတွေ သေဆုံးပျက်စီးခဲ့ရတာလဲ'
လီယန်ချူး၏ စိတ်ထဲတွင် မိမိကိုယ်ကိုယ် ကျင့်ကြံမှုကို မြှင့်တင်ရန် ဆန္ဒများ ပို၍ ပြင်းပြလာသည်။
သုံးဘဝထဲမှ အလှပဂေးမှာ လင်းကျန်းခရိုင်ရှိ ကျိုးမိသားစုနှင့် လူကုန်ကူးမှုများ လုပ်ဆောင်ခဲ့သည်။
ထိုကိစ္စ၏ နောက်ကွယ်တွင် မည်သည့် အင်အားစုများ ရှိနေသနည်း လီယန်ချူးနှင့် မင်ဟော်တို့မှာ ရှင်းရှင်းလင်းလင်း မသိရသေးပါချေ။
၎င်းသည် မိစ္ဆာနိုင်ငံ တစ်ခုခု၏ အင်အားစု၊ ဖြစ်နိုင်သည်မှာ ပိုင်ကျီ မိစ္ဆာနိုင်ငံနှင့် ပတ်သက်နေလိမ့်မည်ဟု လီယန်ချူး ယူဆမိသည်။
“ချင်းချိုးမြေခွေးနတ်သမီး...”
နောင်တစ်ချိန်တွင် ထိုမြေခွေးနတ်သမီးနှင့် ပြန်လည် ပတ်သက်ရဦးမည်ဟု လီယန်ချူး ကြိုတင် ခံစားမိနေသည်။
ယခုခေတ်ကြီးမှာ အင်မတန် ရှုပ်ထွေးလှပေရာ နှစ်ပေါင်းများစွာ ပုန်းကွယ်နေခဲ့သည့် အဘိုးကြီး အဘွားကြီး အစွမ်းထက်သူများမှာ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာနေကြလေပြီ။
လီယန်ချူးသည် မင်ဟော်ကို ခေါ်ဆောင်၍ မှော်လွန်းပျံ ဖြင့် တုန်းလင်းခရိုင် မြို့တော်သို့ ပြန်လာခဲ့သည်။ ထို့နောက် ယန်ဝိညာဉ်ပညာရှင် လေးဦးနှင့် တွေ့ဆုံကာ ထိုအကြောင်းအရာများကို ပြောပြလိုက်သည်။
“သုံးဘဝဖြတ်တောက်ခြင်းအတတ်အကြောင်းက လုံဟူရှန်း ရဲ့ ကျမ်းတိုက်ထဲမှာလည်း မှတ်တမ်းရှိပါတယ်။ ဒီချင်းချိုးမြေခွေးနတ်သမီး ပြောတာကတော့ အမှန်ဖြစ်ဖို့ များပါတယ်”
ဟု ကျောက်နတ်ဆရာကြီးက ပြောသည်။
အားလုံးကလည်း ခေါင်းညိတ် ထောက်ခံကြသည်။
ထိုကိစ္စတွင် လုံဟူရှန်းမှ နတ်ဆရာကြီးမှာ အသိဆုံးပင် ဖြစ်သည်။ ကျောက်နတ်ဆရာကြီးက လီယန်ချူးကို ကြည့်လျက် လေးလေးနက်နက် မှာကြားလိုက်၏။
“အခုက အင်အားကြီးတွေ ပြိုင်ဆိုင်နေကြတဲ့ ခေတ်ပျက်ကြီးပဲ။ အချိန်ကာလတွေထဲမှာ ပျောက်ကွယ်နေခဲ့တဲ့ နတ်ဘုရားတွေလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်လာနေပြီ။ တစ်ခုခုဆိုရင် စိတ်လိုက်မာန်ပါ မလုပ်ဖို့ သတိထားပါဦး ”
လီယန်ချူးက ဤမျှအထိ ဒေါသကြီးလိမ့်မည်ဟု ကျောက်နတ်ဆရာကြီး မထင်မှတ်ထားခဲ့ပါချေ။
ဟူမယ်မယ် သုံးယောက်လုံးကို သတ်ပစ်ရုံတင်မက၊ ချင်းချိုးမြေခွေးနတ်သမီးကိုတောင် ရင်ဆိုင်ဖို့ ကြံစည်ခဲ့သည် မဟုတ်ပါလား။
“သိပါပြီ... ကျေးဇူးတင်ပါတယ် နတ်ဆရာကြီး”
လီယန်ချူးက ပြန်ပြောလိုက်သည်။
လီယန်ချူး ထွက်ခွာသွားပြီးနောက် ကျောက်နတ်ဆရာကြီး၊ ရွှီထျန်းနန်၊ ပေါင်ရှုဆရာတော်နှင့် ဝူရှဲ့ဆရာတော်တို့မှာ အံ့ဩခြင်းများစွာဖြင့် ကျန်ရစ်ခဲ့ကြ၏။
“မြေပြင်နတ်ဘုရားတစ်ပါး ထွက်ပေါ်လာပြီဆိုတော့... ဒီလောကကြီးက ဘယ်လိုအခြေအနေမျိုးဆီကို ဦးတည်သွားမလဲဆိုတာ မသိနိုင်တော့ဘူး”
ဟု ကျောက်နတ်ဆရာကြီးက စိုးရိမ်တကြီး ပြောရှာသည်။
“နတ်ဆရာကြီး စိုးရိမ်မနေပါနဲ့။ ချန်နိုင်ငံ ရဲ့ ကံကြမ္မာ အရှိန်အဝါက တောက်ပနေသရွေ့တော့ နတ်ဘုရားတွေလည်း ထင်တိုင်းကြဲလို့ ရမှာမဟုတ်ပါဘူး”
ဟု ရွှီထျန်းနန်က ဆိုသည်။
သူသည် တရားရေးရုံးချုပ် ၏ အဆင့်မြင့်အရာရှိ ဖြစ်သဖြင့် ချန်နိုင်ငံ၏ လျှို့ဝှက်ချက်အချို့ကို သိထားသဖြင့် သိပ်ပြီး စိုးရိမ်ပုံမရပါချေ။
ကျောက်နတ်ဆရာကြီးက ခေါင်းညိတ်လျက်
“ဒီတစ်ခါ တောင်ပေါ်က ဆင်းလာတာ ငါ အများကြီး သင်ခန်းစာ ရလိုက်တယ်။ ဒီကိစ္စတွေ ပြီးရင်တော့ လုံဟူရှန်းကို ပြန်ပြီး တံခါးပိတ် ကျင့်ကြံရတော့မယ်”
ဟု ဆိုသည်။
ရွှီထျန်းနန်၏ နှုတ်ခမ်းမှာ တစ်ချက် တုန်သွားသည်။
'ဒီနတ်ဆရာကြီးက ပုန်းရှောင်ဖို့ လုပ်နေတာလား'
မင်ဟော်မှာမူ ယခုခရီးစဉ်တွင် သူမ၏အစေခံ အဖိုးကြီးနှစ်ဦး အသတ်ခံလိုက်ရသည်ကို တွေ့ခဲ့ရသလို၊ ရွှေရောင်အတောင်ပံငှက် နှင့် ချင်းချိုးမြေခွေးနတ်သမီးကဲ့သို့ ကြောက်စရာကောင်းသော တည်ရှိမှုများကိုလည်း တွေ့ခဲ့ရသည်။
ထို့ကြောင့် သူမ၏ အစွမ်းကို မြှင့်တင်ရန် လိုအပ်ကြောင်း ပြင်းထန်စွာ ခံစားလိုက်ရသည်။ သူမသည် တုန်းလင်းခရိုင်တွင် ဆက်မနေလိုတော့ဘဲ မြို့တော်သို့ ချက်ချင်း ပြန်ရန် ဆုံးဖြတ်လိုက်သည်။
တစ်ခုတည်းသော နှမြောစရာမှာ လီယန်ချူးနှင့် ဆက်လက်၍ တာအိုအကြောင်း ဆွေးနွေးခွင့် မရတော့ခြင်းပင်။ သူမ၏ အိမ်စည်းကမ်းမှာ အင်မတန် ကြီးမားလှသလို၊ ယခုတစ်ခေါက် အပြင်ထွက်လာသည့် အချိန်မှာလည်း ကြာမြင့်နေပြီဖြစ်ရာ ပြန်ရတော့မည် ဖြစ်သည်။
“တာအိုမိတ်ဆွေ... ကိုယ်ကိုယ်ကိုယ် ဂရုစိုက်ပါ။ နောင်တစ်ချိန် ကံပါရင် ပြန်တွေ့ကြတာပေါ့”
ဟု မင်ဟော်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ကောင်းပါပြီ”
လီယန်ချူးက ပြုံးလျက် ပြန်ပြောသည်။
မင်ဟော်မှာ အတတ်ပညာ အစုံအလင်ရှိသလို၊ ရှေးကျသော အမွေအနှစ်များကိုလည်း ဆက်ခံထားသူ ဖြစ်သည်။ စိတ်ဓာတ်မှာလည်း ကောင်းမွန်သဖြင့် သူမနှင့် အတူတူ ခရီးသွားရသည်မှာ အဆင်ပြေလှသည်။
“ဒီပုလင်းကိုတော့ အမှတ်တရအနေနဲ့ လက်ဆောင်ပေးခဲ့မယ်”
ဟု ပြောလျက် မင်ဟော်သည် လီယန်ချူးကို တစ်ချက် ကြည့်ပြီးနောက် နှစ်တောင်ခန့် မြင့်သော ရှေးကျသည့် ပုလင်းတစ်လုံးကို ထုတ်ပေးလိုက်လေတော့သည်။