← Chapters

အခန်း (၂၆၂-၂၆၄)

Vol. 18 Ch. 262-264

အခန်း (၂၆၂-၂၆၄)

Vol. 18 Ch. 262-264

အခန်း-(၂၆၂)

သူ့ရဲ့ခေါင်းမာတဲ့သားကိုကြည့်ပြီး ပိုင်ရွှမ်က သက်ပြင်းချကာ "ရီကျီး မင်းက ကလေးမဟုတ်တော့ဘူး။ လက်ရှိအခြေအနေက အရင်ကနဲ့ မတူဘူးဆိုတာကို မင်းနားလည်သင့်တယ်" လို့ ပြောလိုက်တယ်။

"ငါတို့က ဇွန်ဘီတွေတိုက်ခိုက်လာမှုအတွက် ကြိုတင်ပြင်ဆင်ပြီး ငါတို့အခြေစိုက်စခန်းရဲ့ အင်အားကိုမြှင့်တင်ဖို့ စွမ်းရည်အသုံးပြုသူတွေကို ဆက်လက်စုဆောင်းသွားမယ်။ နယ်စပ်က ဇွန်ဘီအုပ်စုနဲ့ ပတ်သက်ရင်တော့ လင်အန်းဘက်ကပဲ ဂရုစိုက်ပါစေ"

ပိုင်ရီကျီးဟာ သူ့အဖေရဲ့စကားကို ကြားလိုက်ရတဲ့အချိန်မှာပဲ သူ့ကျောရိုးတစ်လျှောက်တွင် ချမ်းစိမ့်စိမ့်ဖြစ်သွားသလို ခံစားလိုက်ရတယ်။ သူ့အဖေကို ပထမဆုံးအကြိမ် သိဖူးသလိုမျိုးပဲ သူကြည့်လိုက်တယ်။

သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး "အဖေ နယ်စပ်နားမှာ အသက်ရှင်ကျန်ရစ်သူစခန်းတွေ အများကြီးရှိတယ်ဆိုတာကို အဖေသိလား" လို့ မေးလိုက်တယ်။

"ငါသိတယ်။ ဝေယင်း အရင်ကပြောပြီးသား" ဟု ပိုင်ရွှမ်က ပြန်ဖြေသည်။

ပိုင်ရီကျီးက အသက်ကိုပြင်းပြင်းရှူပြီး ထပ်မေးလိုက်တယ် "နယ်စပ်မှာ အသက်ရှင်ကျန်ရစ်သူတွေရဲ့စခန်းတွေ အများကြီးရှိတယ်ဆိုတာကို အဖေသိပြီးသားဆိုရင်တော့ ဇွန်ဘီအုပ်စုကို မထိန်းချုပ်ဘဲထားလိုက်ရင် ဘယ်လိုအကျိုးဆက်တွေဖြစ်လာမလဲဆိုတာကို အဖေသိမှာပဲ မဟုတ်ဘူးလား"

ပိုင်ရွှမ်က သားဖြစ်သူကို အရူးတစ်ယောက်လိုကြည့်ပြီး မေးလိုက်တယ် "ရီကျီး ဘာပြောချင်တာလဲ" ဟု မေးလိုက်တယ်။

"အဖေ ဇွန်ဘီအုပ်ကြီးက လင်အန်းမြို့နယ်စပ်ကိုသာ ရွေ့လျားသွားပြီး စခန်းတွေကိုတိုက်ခိုက်ရင် အသက်ပေါင်းများစွာ ဆုံးရှုံးရမယ်ဆိုတာကို အဖေ ရှင်းရှင်းလင်းလင်း သိပါတယ်။ ကျွန်တော်တို့မှာ ကူညီနိုင်တဲ့ လူအင်အားနဲ့ စွမ်းရည်ရှိတယ်ဆိုရင် ဘာလို့ မကူညီတာလဲ" ဟု ပိုင်ရီကျီးက မေးလိုက်သည်။

ပိုင်ရွှမ်က သက်ပြင်းရှည်ကြီးချပြီး နှာခေါင်းရိုးကို ညှစ်ကာ ပြောလိုက်တယ် "ကိစ္စက ဒီလောက်မရိုးရှင်းဘူးလို့ ငါပြောပြီးပြီ။ ငါတို့ရဲ့အခြေစိုက်စခန်းဘေးမှာ ငါတို့နဲ့ တစ်တန်းတည်းမှာရှိနေတဲ့ အခြေစိုက်စခန်းက အနည်းဆုံးတော့ငါးခုရှိတယ်"

"မင်းကိုယ်တိုင်မြင်ခဲ့တာပဲ။ ဇွန်ဘီအရေအတွက်က အနည်းဆုံး ၈၀,၀၀၀ ရှိတယ်။ တိုက်ပွဲမှာ အသက်ရှင်ဖို့က အခွင့်အလမ်း ၅% ထက်နည်းတယ်။ ငါတို့ရဲ့လူတွေကိုသာ ကူညီဖို့စေလွှတ်လိုက်ရင် ငါတို့ရဲ့စွမ်းအားကို ဖြတ်တောက်လိုက်တာနဲ့ အတူတူပဲ"

"ငါတို့ရဲ့ခွန်အားက အားနည်းသွားတဲ့အချိန်ကြရင် အဲဒီအခြေစိုက်စခန်းတွေက ငါတို့ကို လွှတ်ပေးမှာမဟုတ်ဘူး။ အဲဒီအားနည်းပြီး အသက်ကြီးတဲ့လူတွေနဲ့ ယှဉ်ရင် ငါတို့ရဲ့လူနဲ့ နယ်မြေကို ထိန်းသိမ်းစောင့်ရှောက်ဖို့က ပိုအရေးကြီးတယ်"

သူ့အဖေရဲ့ရှင်းပြချက်ကို နားထောင်ပြီးတာတောင် ပိုင်ရီကျီးက သူ့အဖေရဲ့အမြင်ကို လက်မခံနိုင်သေးဘဲ ဒေါသတကြီးနဲ့ ပြန်ပြောလိုက်တယ် "အဖေ ၊ အားနည်းတဲ့သူတွေနဲ့ အသက်ကြီးတဲ့သူတွေကလည်း လူ့အသက်တွေပဲ၊ သူတို့က ဂဏန်းတစ်ခုပဲ မဟုတ်ဘူး"

သားဖြစ်သူရဲ့အပြုအမူကို ဒေါသထွက်နေတဲ့ပိုင်ရွှမ်က စားပွဲပေါ်ကိုလက်နဲ့ရိုက်ပြီး "ပိုင်ရီကျီး မင်းရဲ့ သဘောထားကို သတိထား၊ မင်းအမေရဲ့ အကာအကွယ်ရနေရုံနဲ့ ငါက မင်းကို အပြစ်ပေးမှာ မဟုတ်ဘူးလို့ မင်းထင်နေတာလား"

"ကျွန်တော်က ကလေးမဟုတ်တော့ဘူး၊ ကျွန်တော်ကို ကာကွယ်ပေးမယ့်သူ မလိုအပ်တော့ဘူး" ပိုင်ရီကျီးက ပြန်အော်ပြောလိုက်တယ်။

သူ ဒီစကားတွေပြောလိုက်ပြီးတာနဲ့ နှစ်ယောက်သားက တစ်ယောက်မျက်နှာတစ်ယောက် စိုက်ကြည့်နေကြတယ်၊ ဘယ်သူမှ နောက်မဆုတ်ကြဘူး။

အတော်ကြာ တိတ်ဆိတ်နေပြီးနောက်မှ ပိုင်ရီကျီးက အသက်ကို ပြင်းပြင်းရှူပြီး ပြောလိုက်တယ် "အဖေက မကူညီဘူးဆိုရင် ကျွန်တော်ကူညီမယ်"

ထိုစကားများကို ပြောပြီးသည်နှင့် သူကလှည့်ပြီး တံခါးဆီသို့ လျှောက်သွားလိုက်တယ်။

သားဖြစ်သူက ထွက်သွားရန် ဆုံးဖြတ်ထားသည်ကို မြင်သောအခါ ပိုင်ရွှမ်က ဒေါသတကြီးဖြင့် ထရပ်ကာအော်ဟစ်လိုက်တယ် "ပုန်ကန်တတ်တဲ့သား၊ အဲဒီမှာ ရပ်လိုက်စမ်း"

ပိုင်ရီကျီးက သူ့အဖေရဲ့ စကားကို လျစ်လျူရှုကာ တံခါးကို ဆွဲဖွင့်လိုက်သည်။ သို့သော် အခန်းထဲမှ ခြေလှမ်းမထွက်မီတွင်ပဲ အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးက သူ့လမ်းကို ပိတ်ဆို့ကာ အပြုံးဖြင့် ပြောလာတယ်"သခင်လေး၊ ကျေးဇူးပြုပြီး ငြိမ်ငြိမ်နေပေးပါ"

ပိုင်ရီကျီးက ထိုလူကိုကြည့်ပြီး အေးစက်စက်ပြောသည် "လမ်းကနေ ဖယ်ပေးစမ်း"

ထိုလူက သူ့ကိုပြုံးပြနေပေမယ့် လုံးဝမလှုပ်ဘူး။ ဒါကိုမြင်တော့ ပိုင်ရီကျီးက သူ့ကိုတွန်းထုတ်ဖို့ လက်လှမ်းလိုက်တယ်။ ဒါပေမယ့် သူ့ကိုထိလို့မရခင်မှာပဲ ထိုလူက လက်ကိုမြှောက်ပြီး "သခင်လေး၊ မင်းကို စော်ကားမိလို့ တောင်းပန်ပါတယ်" လို့ ပြောလာတယ်။

ပိုင်ရီကျီးက သူ့စကားတွေကိုကြားတော့ မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ် "မင်းက ဘာလဲ... "

ဒါပေမယ့် သူ့စကားမဆုံးခင်မှာပဲ ရုတ်တရက်ကြီးမူးဝေပြီး သတိလစ်သွားတယ်။ သူ မြေပြင်ပေါ် လဲကျသွားတဲ့အခါမှာ အဲဒီလူက သူ့ကိုဖမ်းပြီး "ဆရာ၊ သခင်လေးကို ဘာလုပ်သင့်လဲ" လို့ မေးလိုက်တယ်။

ပိုင်ရွှမ်က သားဖြစ်သူကိုအေးစက်စွာကြည့်ပြီး "သူ့ကို သူ့အခန်းထဲပြန်ပို့ပြီး သော့ခတ်ထားလိုက်။ ငါ့ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ သူ့အခန်းထဲကို ဝင်ထွက်ခွင့်မရှိဘူး" ဟု ပြောလိုက်သည်။

ထိုလူက ခေါင်းညိတ်ပြီး "နားလည်ပါပြီ" လို့ ပြန်ဖြေတယ်။

ပိုင်ရီကျီးကို ခေါ်ဆောင်သွားပြီးနောက်မှာတော့ ပိုင်ရွှမ် ပြတင်းပေါက်ကြီးဆီသို့ လျှောက်သွားပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အတွေးထဲတွင် နစ်မြုပ်နေသဖြင့် သူ့အကြည့်တွေက နက်ရှိုင်းလျက်ရှိတယ်။

ဖခင်နှင့်သားက အငြင်းပွားမှုများရှိနေသော်လည်း၊ ကျန်းယွမ်နှင့်သူ့အဖွဲ့ကတော့ မွန်းလွဲပိုင်းမှာပဲ ရွှီချွန်းရဲ့အခြေစိုက်စခန်းသို့ ရောက်ရှိလာခဲ့သည်။

ကင်းသမားများက အဝေးဆီမှ ဘတ်စ်ကားများနှင့် ထရပ်ကားများကို မြင်ကတည်းက ၎င်းတို့ထဲမှတစ်ဦးက ရွှီချွန်းကို အကြောင်းကြားရန် သွားနှင့်ပြီးဖြစ်သည်။

ထို့ကြောင့် သူတို့အဖွဲ့က အခြေစိုက်စခန်းဝင်ပေါက်တွင် ဘတ်စ်ကားများနှင့် ကားများကို ရပ်လိုက်သောအခါမှာတော့ ရွှီချွန်း နှင့် စစ်သားတစ်စုက ဝင်ပေါက်တွင် သူတို့ကို စောင့်ဆိုင်းနေနှင့်ပြီးဖြစ်သည်။

သူတို့က ဘေးကင်းစွာပြန်လာတာကိုမြင်တော့ ရွှီချွန်းက ကျန်းယွမ်ရဲ့ကားဆီ လျှောက်သွားပြီး အပြုံးနဲ့နှုတ်ဆက်လိုက်တယ် "ရဲဘော်ကျန်း၊ ပြန်လာတာကြိုဆိုပါတယ်"

ကျန်းယွမ်က ခေါင်းညိတ်ပြပြီးပြောလိုက်တယ်။ "ဗိုလ်ကြီးရွှီ အသက်ရှင်ကျန်ရစ်သူတချို့ကို ကျွန်တော်တို့ ပြန်ခေါ်လာခဲ့ပါတယ်။ သူတို့ကို စီမံခန့်ခွဲဖို့အတွက် လူတွေကို စီစဉ်ပေးပြီး ကူညီပေးပါအုံး။ ကျန်တဲ့သူတွေကိုတော့ ကျွန်တော်တို့ ပြန်သွားခေါ်ရအုံးမယ်"

ဒါကိုကြားတော့ ရွှီချွန်းကအံ့အားသင့်သွားပြီး "ရဲဘော် ကျန်း မင်းတို့အဖွဲ့က အရင်အနားယူဖို့ကို မစီစဉ်ထားဘူးလား" လို့ မေးလိုက်တယ်။

"ကျွန်တော့်တို့အဖွဲ့က နောက်ပိုင်းမှာ ကျွန်တော့်ကပ္ပတိန်နဲ့ ပူးပေါင်းပြီး ဇွန်ဘီတွေကို ရှင်းလင်းဖို့ သွားရဦးမယ်။ ဒါကြောင့် အသက်ရှင်ကျန်ရစ်သူ အများအပြားကို အရင်ဆုံးပို့ဆောင်ပေးချင်ပါတယ်။ နယ်စပ်က အခြေအနေကို နောက်ထပ် ရွှေ့ဆိုင်းလို့ မရတော့ဘူး" ဟု ကျန်းယွမ်က ပြန်ဖြေသည်။

ဒီတစ်ခါတော့ ရွှီချွန်းကခေါင်းညိတ်ပြီး " အသက်ရှင်ကျန်ရစ်သူတွေကို စီမံခန့်ခွဲဖို့ ငါ့လူတွေကိုခိုင်းလိုက်မယ်။ အများဆုံး တစ်နာရီကနေ နှစ်နာရီလောက်အထိတော့ ကြာနိုင်တယ်" လို့ ပြောလာတယ်။

"ကောင်းပြီ" ကျန်းယွမ်က ခေါင်းညိတ်ပြလိုက်သည်။

အသက်ရှင်ကျန်ရစ်သူများကို စစ်ဆေးခြင်းနှင့် မှတ်ပုံတင်ခြင်းပြုလုပ်ရန်ပို့ဆောင်နေစဉ်တွင် မိုဂျွန်ဂျီကလည်း တန်းစီစောင့်ဆိုင်းနေပြီး အခြေအနေကိုလည်း စောင့်ကြည့်နေခဲ့သည်။

သူ အသက်ရှင်ကျန်ရစ်သူများကြားတွင် ရောနှောနေချိန်တွင်ပဲ စစ်သားများက အမျိုးသားတစ်ဦးကို လေးလေးစားစားဆက်ဆံကြတာကို သူသတိပြုမိလိုက်တယ်။ အသက်ရှင်ကျန်ရစ်သူများကို လိုက်ပါပို့ဆောင်ပေးသောအဖွဲ့နှင့် သူတို့ဆက်ဆံပုံအပေါ် အခြေခံရရင် ထိုသူက ဤနေရာတွင် ရာထူးမြင့်မားစွာရရှိထားသူဖြစ်ရမည်။

သူ့ရဲ့ အရပ်ရှည်ရှည်ကြောင့် ကြက်တွေကြားက ကြိုးကြာတစ်ကောင်လို ထင်ရတယ်။ ဒါကြောင့်ပဲ သူ့(မိုဂျွန်ဂျီ)ကိုလူအများက အာရုံစိုက်လာကြတယ်။ ဒါကို သတိထားမိတော့ သူ့လက်ကိုင်ပုဝါကို ထုတ်ယူပြီး နှုတ်ခမ်းကိုအုပ်ကာ ခေါင်းငုံ့ရင်း တိုးတိုးလေး ချောင်းဆိုးလိုက်တယ်။

သူ့ရဲ့အားနည်းချက်ကို ပြသလိုက်တဲ့အခါမှာပဲ လူတွေက သူ့ကို လျစ်လျူရှုကြလိမ့်မယ်လို့ သူထင်ခဲ့တယ်။ မမျှော်လင့်ဘဲ သူအားကုန်ချောင်းဆိုးနေတုန်းမှာ တစ်ယောက်ယောက်က သူ့ပခုံးကို လာပုတ်လိုက်တယ်။

အခန်း-(၂၆၃)

မိုဂျွန်ဂျီလှည့်ကြည့်လိုက်တော့ ကျိုးဟွာကျဲက သူ့ကို ပြုံးပြနေတာကို တွေ့လိုက်ရတယ်။ နောက်ထပ် ချောင်းအနည်းဆိုးလိုက်ပြီးနောက်မှ သူက အသက်ကို ပြင်းပြင်းရှူ

ကာ ညင်သာစွာမေးလိုက်တယ် "အစ်ကိုကျိုး၊ ကိစ္စတစ်ခုခုရှိလို့လား"

ကျိုးဟွာကျဲက ခဏလောက် သူ့ကျောကိုပုတ်ပေးပြီးမှ "ငါ့နှင့်လိုက်ခဲ့။ ငါ့ရဲ့အသင်းဖော်တစ်ယောက်က ဆရာဝန်လေ သူက မင်းရဲ့အခြေအနေကို စစ်ဆေးပေးနိုင်တယ်" လို့ ပြောလိုက်တယ်။

ဒါကိုကြားတော့ မိုဂျွန်ဂျီက သက်ပြင်းချပြီး "အစ်ကိုကျိုး ဒါက အသုံးမဝင်ဘူး" လို့ ပြောလိုက်တယ်။

သူ့ရဲ့ဘဝကို လွယ်လွယ်ကူကူ လက်လျှော့လိုက်တာကို မြင်တော့ ကျိုးဟွာကျဲက မျက်မှောင်ကြုတ်ပြီး "ညီလေး အသက်ရှင်ရတာက ခက်ခဲရင်တောင်မှ ဘဝကို ဒီလောက်ထိ တော့လွယ်လွယ်နဲ့ မစွန့်လွှတ်သင့်ဘူး။ ငါနဲ့အတူ လိုက်ခဲ့ အနည်းဆုံးတော့ စမ်းကြည့်ပါအုံး" လို့ ပြောလိုက်တယ်။

ခဏတာ တွန့်ဆုတ်နေပြီးနောက်မှ မိုဂျွန်ဂျီက ခေါင်းညိတ်ကာ တန်းစီနေရာမှထွက်လာပြီး သူ့အနောက်ကနေ တဲဆီသို့ လိုက်လာခဲ့သည်။

သူတို့ဝင်သွားတဲ့အခါမှာတော့ နတ်ဆိုးအဖွဲ့ဝင်တွေက သူတို့ကို လှည့်ကြည့်လာကြတယ်။ နေမကောင်းဖြစ်နေတဲ့ ဖြူဖျော့ဖျော့လူတစ်ယောက်က အဖွဲ့ဝင်တစ်ယောက်နဲ့အတူ ဝင်လာတာကိုမြင်တော့ ကုန်းပိုင်ကထရပ်ပြီး လျှောက်သွားလိုက်တယ်။

မိုဂျွန်ဂျီက သူ့ကိုယ်သူ မိတ်ဆက်ဖို့တောင် မလုပ်ရသေးခင်မှာပဲ ကုန်းပိုင်က သူ့ကို အနီးဆုံးထိုင်ခုံဆီသို့ဆွဲခေါ်သွားပြီး ထိုင်ဖို့ တွန်းချလိုက်တယ်။ နောက်တစ်ခဏမှာတော့ သူ(ကုန်းပိုင်)ကကျောပိုးအိတ်ကို ဖွင့်ပြီး ဆေးဘက်ဆိုင်ရာကိရိယာတချို့ကို ထုတ်ယူလိုက်တယ်။

ပထမဦးစွာ သူ့ရဲ့သွေးပေါင်ချိန်ကို စစ်ဆေးပြီးမှ နားကြပ်နဲ့ စစ်ဆေးတယ်။ သူ ပိုနားထောင်လေ သူ့ရဲ့မျက်မှောင်ကြုတ်တာက ပိုဆိုးလာလေပဲ။

သူတို့ဘေးမှာရပ်နေတဲ့ ကျိုးဟွာကျဲက "အစ်ကိုကုန်းပိုင် သူဘယ်လိုနေလဲ" လို့ မေးလာတယ်။

ကုန်းပိုင်က သူ့ရဲ့ နားကြပ်ကိုချွတ်ပြီး "သူ့ရဲ့ အဆုတ်မှာကဘာချို့ယွင်းချက်မှမရှိဘူး။ ဒါပေမယ့် သူ့မှာက သွေးအားနည်းတဲ့ရောဂါနဲ့ အာဟာရချို့တဲ့မှု ရှိနိုင်တယ်" လို့ ပြောလာတယ်။

သူဒီလိုပြောလိုက်ပြီးတာနဲ့ မိုဂျွန်ဂျီက အသက်ရှူကျပ်လုနီးပါးဖြစ်သွားကာ ပြင်းထန်စွာ ချောင်းဆိုးလာခဲ့သည်။ ဒါကိုမြင်တော့ "ကျွန်မ ကြိုးစားကြည့်ရင်ရော" လို့ ကျောင်းလီရှင်းက မေးလိုက်တယ်။

ဒါကိုကြားတော့ သူတို့ကခေါင်းညိတ်ပြီး သူမကို နေရာပေးဖို့အတွက် အနောက်ကိုဆုတ်သွားကြတယ်။ ကျောင်းလီရှင်းက မိုဂျွန်ဂျီဘေးက ထိုင်ခုံတစ်လုံးကိုဆွဲယူပြီး ထိုင်ချလိုက်တယ်။ သူမ လက်လှမ်းလိုက်တဲ့အချိန်မှာပဲ "စိတ်အေးအေးထားပြီး ရုန်းကန်မနေပါနဲ့" လို့ ပြောလိုက်တယ်။

အစပိုင်းမှာတော့ မိုဂျွန်ဂျီက သူမဘာကိုဆိုလိုချင်မှန်း နားမလည်ခဲ့ဘူး။ ဒါပေမယ့် သူမရဲ့ လက်ချောင်းတွေက သူ့ရဲ့လက်ကောက်ဝတ်ကို ဖိလိုက်တဲ့အချိန်မှာပဲ သူ့ခန္ဓာကိုယ်ထဲကို နွေးထွေးတဲ့စွမ်းအင်စီးဆင်းမှုတစ်ခု ဝင်ရောက်လာတာကို ခံစားလိုက်ရတာကြောင့် အံ့သြသွားတယ်။

သူ့စိတ်က အဲဒါကို မစီမံနိုင်ခင်မှာပဲ သူ့ကိုယ်ပိုင်စွမ်းအင်ကို အလိုလိုသုံးပြီး နွေးထွေးတဲ့စီးဆင်းမှုကို တွန်းထုတ်လိုက်တယ်။ ဒါပေမယ့် သူ့ကိုယ်တွင်းက စွမ်းအင်နှင့် သူမရဲ့ စွမ်းအင်တို့မတိုက်မိခင်မှာပဲ သူကိုယ်တိုင်ရပ်ကတန့်စေပြီး စိတ်ကိုဖြေလျှော့ဖို့ ကြိုးစားလိုက်တယ်။

ကျောင်းလီရှင်းက သူမရဲ့စွမ်းအင်ကိုအသုံးပြုကာ သူရဲ့ အခြေအနေကို စစ်ဆေးကြည့်ရှုလိုက်တော့ သူ့ရဲ့ မဒီတျန်နှင့် အတွင်းအင်္ဂါများမှာ ဒဏ်ရာရနေကာ ဓာတုပစ္စည်းများဖြင့် မီးရှို့ခံထားရသကဲ့သို့ အနက်ရောင် အစက်အပြောက်များ ရှိနေတာကို သတိပြုမိခဲ့တယ်။ သူမရဲ့စွမ်းအင်က သူ့ရဲ့ကိုယ်အတွင်းသို့ စီးဆင်းသွားသောအခါတွင် ၎င်းက သူရဲ့ မဒီတျန်များနှင့် အတွင်းအင်္ဂါများရှိ ဒဏ်ရာများကို ဖြည်းဖြည်းချင်း ကုသပေးနိုင်ခဲ့သည်။

ကုသမှုဆက်လက်လုပ်ဆောင်နေစဉ်အတွင်းတွင် မိုဂျွန်ဂျီရဲ့မျက်လုံးများက အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားတယ်။ သူ့ခန္ဓာကိုယ်ရှိ ပူလောင်နေသောနာကျင်မှုများဟာ နွေးထွေးသောစွမ်းအင်စီးဆင်းမှုအောက်တွင် လျော့ပါးသွားတယ်။ သူက သူ့ရှေ့ရှိအမျိုးသမီးကို တွေးတောရင်းကြည့်လိုက်တယ်။

နာရီဝက်ကြာပြီးနောက်မှာတော့ ကျောင်းလီရှင်းရဲ့ မျက်နှာက ဖြူဖျော့သွားပြီး နဖူးတွင်လည်း ချွေးများရွှဲနေသည်။ သူ့အဆုတ်ရှိ နောက်ဆုံးဒဏ်ရာက ပျောက်ကင်းသွားတဲ့အချိန်မှာပဲ သူမက သူ့လက်ကောက်ဝတ်ကိုလွှတ်လိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်တယ်။

ဇနီးဖြစ်သူရဲ့ ဖြူဖျော့နေတဲ့မျက်နှာကိုမြင်တော့ ချန်ကျိရိက သူမရဲ့လက်ထဲကို အကြည်ရောင်အမြုတေနှစ်ခုထည့်ပေးပြီး "မိန်းမ စွမ်းအင်တချို့ကို အရင်စုပ်ယူလိုက်ပါ" လို့ ပြောလိုက်တယ်။

ကျောင်းလီရှင်းကလည်း ခေါင်းညိတ်ပြီး သူမရဲ့ခင်ပွန်းက သူမရဲ့ချွေးများကို ညင်သာစွာသုတ်ပေးနေချိန်တွင် မျက်လုံးမှိတ်ကာ အားပြန်ဖြည့်နေတယ်။

"ကျေးဇူးတင်ပါတယ် အစ်မ" မိုဂျွန်ဂျီက ခဏတာ တိတ်ဆိတ်သွားပြီးနောက်မှ ပြောလိုက်သည်။

သူ့မျက်နှာက ဖြူဖျော့ဖျော့မဟုတ်တော့ဘဲ ပန်းရောင်သန်းလာတာကို သတိထားမိတော့ ကျို့ဟွာကျဲက "ညီလေး ဘယ်လိုနေလဲ" လို့ မေးလိုက်တယ်။

မိုဂျွန်ဂျီက အသက်ပြင်းပြင်းရှူပြီးမှ ပြုံးကာ "အခု ကျွန်တော် အများကြီး သက်သာလာပြီ" လို့ ပြောလိုက်တယ်။

ဆယ်မိနစ်အကြာတွင် သူမရဲ့စွမ်းအင်များကို ပြန်လည်ရရှိပြီးချိန်မှာမှ ကျောင်းလီရှင်းက မျက်လုံးများကို ဖွင့်လိုက်သည်။ ရေအနည်းငယ်သောက်ပြီးနောက်မှာ သူမက "ရဲဘော်၊ မင်းရဲ့ခန္ဓာကိုယ်အခြေအနေက အရမ်းထူးဆန်းတယ်။ မင်းရဲ့ကိုယ်တွင်းအင်္ဂါတွေနဲ့ မဒီတျန်တွေမှာ မီးလောင်ဒဏ်ရာတွေ အများကြီးရှိတယ်" ဟု ပြောလိုက်သည်။

ဒါကိုကြားတော့ လူတိုင်းက အံ့အားသင့်သွားကြတယ်။

"ရဲဘော် မင်းဘယ်တုန်းက နေမကောင်းပထမဆုံးစဖြစ်ခဲ့တာလဲ" ဟု ကျောင်းလီရှင်းက မေးလိုက်သည်။

မိုဂျွန်ဂျီက ခေါင်းညိမ့်လိုက်ပြီး "ဒီနှစ်အစ၊ ဖေဖော်ဝါရီလလောက်မှာ ဖြစ်မယ်" လို့ ပြောလိုက်တယ်။

ဒါကိုကြားတော့ ကျောင်းလီရှင်းက မယုံနိုင်စွာနဲ့ ပြောလိုက်တယ် "မင်းရဲ့ခန္ဓာကိုယ်ကအခြေအနေအရဆိုရင် မင်းက နှစ်လထက် ပိုမရှင်သန်သင့်ဘူး"

သူမပြောပြီးတဲ့နောက်တော့ပဲ ရှန်းကျင်းဇီကလည်းမေးလာတယ် "သူ့အခြေအနေက သူ့ရဲ့စွမ်းရည်ကြောင့်ရော ဖြစ်နိုင်လား"

သူ့ရဲ့မေးခွန်းကြောင့် လူတိုင်းကလည်း မိုဂျွန်ဂျီကို လှည့်ကြည့်လာကြတယ်။ သူ့ရဲ့လက်ကိုင်ပုဝါကို အသုံးပြုပြီး ချွေးတွေကိုသုတ်ကာ သူ့ရဲ့မျက်နှာပေါ်က အံ့အားသင့်မှုကို ဖုံးကွယ်ထားလိုက်တယ်။

ခဏအကြာတွင်မှ သူက ခေါင်းခါပြီးပြုံးကာ "ရဲဘော် ၊ ကျွန်တော်မှာသာ စွမ်းရည်ရှိရင် ကျွန်တော်ရဲ့ခန္ဓာကိုယ်က ဒီလိုဖြစ်လာမှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။

သူ့ရဲ့အခြေအနေကို စဉ်းစားကြည့်ပြီးတော့ သူ့အဖြေက ကျိုးကြောင်းဆီလျော်တယ်လို့ သူတို့ ယူဆကြတယ်။ မိုဂျွန်ဂျီက ရုတ်တရက်ကြီး ပြန်ချောင်းဆိုးလာတယ်။ ဒါကိုမြင်တော့ ကျိုးဟွာကျဲက "ညီလေး ဘာလို့ ထပ်ပြီးချောင်းဆိုးနေတာလဲ" လို့ မေးလိုက်တယ်။

ချောင်းဆိုးပြီး ပြန်မဖြေနိုင်လောက်အောင်ကို အလုပ်များနေသောကြောင့် မိုဂျွန်ဂျီက ခေါင်းခါပြရုံသာ တတ်နိုင်သည်။

တစ်ခုခုမှားနေတာကို ခံစားမိတဲ့ ကျောင်းလီရှင်းကတော့ သူမရဲ့စွမ်းအင်ကိုသုံးပြီး ပြန်စစ်ဆေးလိုက်တယ်။ သူ့ရဲ့ မဒီတျန်မှာ အနက်ရောင်အစက်အပြောက်တွေ ပြန်ပေါ်လာတာကို မြင်လိုက်ရတဲ့အချိန်မှာတော့ သူမက အံ့အားသင့်စွာနဲ့ "ဘာလို့ အနက်ရောင်အစက်အပြောက်တွေက ပြန်ပေါ်လာတာလဲ" လို့ ပြောလိုက်တယ်။

ဒါကိုကြားတော့ ကုန်းပိုင်က "မရီး မင်းရဲ့ကုသမှုက သူ့အခြေအနေကို ယာယီပဲ သက်သာစေနိုင်တာဖြစ်လိမ့်မယ်" လို့ ပြောလိုက်တယ်။

ဒီဖြစ်နိုင်ခြေကို သူတို့စဉ်းစားနေတုန်းမှာပဲ ကျန်းယွမ်ကပြောလိုက်တယ် "ငါ ကပ္ပတိန်ကို ဆက်သွယ်ပြီး သူ့ကို ငါတို့နဲ့အတူ နေခွင့်ပေးလို့ရမလားလို့ မေးကြည့်လိုက်မယ်။ ပျောက်ကင်းမှုက ယာယီပဲဆိုရင်တောင် သူ့အခြေအနေက ပိုဆိုးသွားတာထက်စာရင်တော့ ပိုကောင်းပါတယ်"

ဒါကိုကြားတော့ မိုဂျွန်ဂျီက "ရဲဘော်၊ အဆင်ပြေပါတယ်။ ကျွန်တော်အခြေအနေကို ကျွန်တော်ကောင်းကောင်းသိတယ်။ အစ်မကို ဒုက္ခပေးစရာ မလိုပါဘူး" လို့ ပြောလိုက်တယ်။

သူ့စကားကြောင့် ယူဖူယွင်က မျက်မှောင်ကြုတ်လိုက်တယ်။ ဤလူကိုမြင်လိုက်တော့ ရင်းနှီးနေသလို သူခံစားလိုက်ရတယ်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက်မှ နောက်ဆုံးတော့ သူကမေးလိုက်တယ် "ရဲဘော်၊ မင်းက မိုဂျွန်ဂျီလား"

ဒါကိုကြားတော့ မိုဂျွန်ဂျီက သူ့ကိုကြည့်ပြီး "မင်းကငါ့ကိုသိလို့လား" လို့ ပြန်ဖြေလိုက်တယ်။

သူ့စကားတွေက သူ့ကဘယ်သူဖြစ်လဲဆိုတာကို အတည်ပြုနေသလိုပါပဲ။ ယူဖူယွင်က စိတ်လှုပ်ရှားစွာနဲ့ မတ်တပ်ရပ်ပြီး "စီနီယာမို တကယ်ကို ခင်ဗျားပဲ" လို့ ပြောလိုက်တယ်။

"ဖူယွင် မင်းကသူ့ကို သိလို့လား" ဟု ကျန်းယွမ်က မေးလိုက်သည်။

"လူတိုင်းက မိုဂျွန်ဂျီကိုသိကြတယ် သူက သုတေသနနယ်ပယ်မှာ ပါရမီရှင်တစ်ယောက်ပဲ။ အသက် ၂၀ မှာ ဒီအန်အေ အခြေခံ နာနိုနည်းပညာဆိုင်ရာ သူ့ရဲ့လုပ်ဆောင်ချက်အတွက် နိုဘယ်ဆု ရရှိခဲ့တာလေ" ယူဖူယွင်ကို စိတ်လှုပ်ရှားစွာနဲ့ ပြန်ဖြေလိုက်တယ်။

ဒီလိုတုံ့ပြန်မှုကြောင့် မိုဂျွန်ဂျီက အံ့အားသင့်သွားပြီး ဘာပြောရမှန်းမသိတော့ပေ။

သူ့ကို လူတိုင်းကပါရမီရှင်လို့ခေါ်ကြပေမယ့် သူကအချိန်အများစုကို ဓာတ်ခွဲခန်းမှာ ကုန်ဆုံးခဲ့ရလို့ သူ့မှာကသူငယ်ချင်းဆိုတာ မရှိခဲ့ဖူးပါဘူး။ တခြားသူတွေက သူ့ကို လေးစားကြပေမယ့် သူ့ရဲ့ အောင်မြင်မှုတွေကိုလည်း မနာလိုဖြစ်ကြပါတယ်။

အခန်း-(၂၆၄)

သူ့ရဲ့အရွယ်တူတွေဆီကနေဖယ်ကြဉ်ခံရတာကို မိုဂျွန်ဂျီဟာကြာမြင့်စွာကတည်းက ကျင့်သားရနေပါပြီ။ ဒါကြောင့် တစ်ယောက်ယောက်က သူ့ကို ဒီလိုပွင့်ပွင့်လင်းလင်း ချီးကျူးလာတဲ့အခါမှာတော့ သူဘယ်လိုတုံ့ပြန်ရမှန်း မသိခဲ့ဘူး။

သူစကားမပြောနိုင်ခင်မှာပဲ ကျန်းယွမ်က "သူ့လို ပါရမီရှင်တစ်ယောက်သာ ရောဂါကြောင့်သေဆုံးသွားရင် လူသားတွေအတွက် ဆုံးရှုံးမှုတစ်ခုဖြစ်လိမ့်မယ်။ အခုပဲ ကပ္ပတိန်ကို ဆက်သွယ်ပြီး အခြေအနေကို အကြောင်းကြားလိုက်မယ်။ အစ်မကျောင်း ၊ အစ်ကိုပိုင် သူ့ကျန်းမာရေးကို မင်းတို့လက်ထဲ အပ်လိုက်မယ်" လို့ ပြောလိုက်တယ်။

"ဒုကပ္ပတိန် စိတ်မပူပါနဲ့။ ငါတို့ သူ့ကို ကူညီဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်" ဟု နှစ်ယောက်စလုံးက တစ်ပြိုင်နက်တည်း ပြန်ဖြေကြသည်။

ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာပဲ ကျန်းယွမ်က ဂြိုဟ်တုဖုန်းဖြင့်ခေါ်ဆိုရန် သွားခဲ့ပြီး ကျန်အဖွဲ့ဝင်များကတော့ မိုဂျွန်ဂျီကို ဝိုင်းရံကာ ရေနှင့် အစားအစာများပေး၍ သူရဲ့ကျန်းမာရေးကို စစ်ဆေးကြည့်ရှုခဲ့ကြသည်။

ငြင်းပယ်ခွင့်တောင်မရှိဘဲ သူ့မသိလိုက်ခင်မှာပဲ အသင်းထဲသို့ ထည့်သွင်းခဲ့လိုက်ရသည်။

တဲအပြင်ဘက်တွင်တော့ ကျန်းယွမ်က ဖုန်းခေါ်ဆိုနေသည်။ အကြိမ်ပေါင်းများစွာ ကြိုးစားပြီးနောက်မှ ခေါ်ဆိုမှုက ချိတ်ဆက်သွားပြီး ဖုတ်ကောင်များရဲ့ ဟိန်းဟောက်သံက တစ်ဖက်မှ ထွက်ပေါ်လာသည်။

ဒါကို သတိထားမိတော့ သူက "ကပ္ပတိန် ဖုတ်ကောင်တွေကို သတ်နေတာလား" လို့ မေးလိုက်တယ်။

တစ်ဖက်တွင်တော့ ကျင်းရွှီယန်းက သူ့လက်ကို မြှောက်ပြီး အောက်က ဖုတ်ကောင်အုပ်ဆီကို ဧရာမအနက်ရောင်မီးလုံးကြီး ပစ်လွှတ်လိုက်လို့ သူတို့ကို လောင်ကျွမ်းသွားစေကာ "တစ်ခုခုဖြစ်သွားတာလား" ဟု မေးလိုက်သည်။

သူ့ခေါင်းဆောင်ရဲ့ ပေါ့ပေါ့ပါးပါးလေသံကိုကြားတော့ ကျန်းယွမ်က တစ်ဖက်က အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီဆိုတာကို သိလိုက်တယ်။

"ကပ္ပတိန် ကျွန်တော်တို့ အခြေစိုက်စခန်းကိုသွားရင်း ဖျားနာနေတဲ့ လူတစ်ယောက်ကို တွေ့ခဲ့တယ်။ သူ့ကို ပြန်ခေါ်လာပြီးနောက်မှ သူက သုတေသနနယ်ပယ်က ပါရမီရှင်တစ်ယောက်ဆိုတာကို ကျွန်တော်တို့ သိလိုက်ရတယ်" ဟု သူက ပြောသည်။

"သူ့အခြေအနေက ထူးဆန်းတယ်၊ အစ်မကျန်းရဲ့စွမ်းရည်က သူ့ကိုယာယီပဲ ကုသပေးနိုင်တယ်။ သူက လူသားတွေအတွက် အဖိုးတန်တဲ့ ပိုင်ဆိုင်မှုတစ်ခုပါ၊ ကျွန်တော်တို့အဖွဲ့မှာ ပူးပေါင်းနိုင်ဖို့ သူ့ကို အကြံပြုချင်ပါတယ်"

"သူ့နာမည်က ဘာလဲ" ဟု ကျင်းရွှီယန်းက မေးလိုက်တယ်။

"မိုဂျွန်ဂျီ"

ထိုနာမည်ကို ကြားလိုက်ရသည့်အခိုက်အတန့်တွင်ပဲ သူရဲ့အတိတ်ဘဝမှ အမှတ်ရစရာများက ကျင်းရွှီယန်းရဲ့စိတ်ထဲတွင် ဖျတ်ခနဲပေါ်လာသည်။ ယခင်အချိန်တွေက လူငယ်ရဲ့အခြေအနေနှင့် လူသားမျိုးနွယ်အပေါ် သူရဲ့ပံ့ပိုးကူညီမှုကို ပြန်ပြောင်းသတိရသွားသောအခါတွင် သူ့မျက်လုံးများထဲတွင် အံ့အားသင့်မှုတစ်ခု ဖြတ်ပြေးသွားသည်။

ခဏကြာတော့ သူက "ခွင့်ပြုတယ်" လို့ ပြောလိုက်တယ်။

ကျန်းယွမ်ကတော့ ခေါင်းဆောင်ဖြစ်သူကို မိုဂျွန်ဂျီအား လက်ခံလာစေရန် ပိုပြီးဆွဲဆောင်ဖို့ လိုအပ်လိမ့်မယ်လို့ ထင်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သူတို့အဖွဲ့က တိုက်ခိုက်ရေးစွမ်းအားကို အဓိကထားတဲ့ ကြေးစားတပ်ဖွဲ့တစ်ခုလေ။

သူရဲ့ကပ္ပတိန်က ဒီလောက်လွယ်လွယ်နဲ့ သဘောတူလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ သူ့ရဲ့ကပ္ပတိန်က တကယ်ကို ရက်ရောပြီး အရည်အချင်းကို တန်ဖိုးထားတဲ့သူလို့ ထင်ရတယ်။

"ကျေးဇူးတင်ပါတယ် ကပ္ပတိန်"

ခဏတာ စကားပြောပြီးနောက်မှ ကျန်းယွမ်ကဖုန်းချပြီး တဲသို့ ပြန်လာခဲ့သည်။ သူ အထဲဝင်သွားသောအခါတွင် မိုဂျွန်ဂျီရဲ့ ချောင်းဆိုးသံကို ကြားလိုက်ရတယ်။ ကျောင်းလီရှင်းရဲ့ ကုသနိုင်စွမ်းဖြင့်ပင် လုံးဝပျောက်ကင်းရန် မဖြစ်နိုင်ဟု ထင်ရသည်။

သူ့ကထိုင်ခုံမှာထိုင်လိုက်ပြီး "ငါ အသင်းခေါင်းဆောင်ကို အကြောင်းကြားပြီးပါပြီ၊ သူက မိုဂျွန်ဂျီကို ငါတို့အဖွဲ့ထဲကို ဝင်ဖို့ကို သဘောတူခဲ့တယ်။ ဒီနေ့ကစပြီး သူက သုတေသနဌာနရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတော့မှာပါ" လို့ ပြောလိုက်တယ်။

သူဒီလိုပြောလိုက်တဲ့အချိန်မှာ အားလုံးက ဝမ်းသာသွားကြပေမယ့် မိုဂျွန်ဂျီကတော့ တွန့်ဆုတ်နေခဲ့တယ်။ သူ့မှာ လုပ်စရာတစ်ခုခုရှိလို့ အဖွဲ့တစ်ဖွဲ့ကိုဝင်ဖို့ အဆင်မပြေဘူး။

မြို့ကိုလာရတဲ့ ရည်ရွယ်ချက်ကိုစဉ်းစားမိတော့ သူငြင်းချင်ခဲ့တယ်။ ဒါပေမယ့် အဖွဲ့ဝင်တွေက ဘယ်လောက်ပျော်နေလဲဆိုတာကိုမြင်တော့ သူ့ပါးစပ်ဖျားက စကားလုံးတွေကို မျိုချပြီး ခေါင်းညိတ်လိုက်တယ်။

'အဲဒီကိစ္စက စောင့်နိုင်တယ်'လို့ သူ စိတ်ထဲက တွေးလိုက်တယ်။

အခုဆို မိုဂျွန်ဂျီက နတ်ဆိုးအဖွဲ့ရဲ့ တရားဝင်အဖွဲ့ဝင်တစ်ဦးဖြစ်သွားပြီဖြစ်သောကြောင့် ရှောင်ချီက တွန့်ဆုတ်နေစရာမလိုတော့ပေ။

သူက သူ့ရဲ့နေရာလွတ်ကနေ အသားဟင်းအိုးတစ်အိုး၊ ငါးကင်တစ်အိုး၊ ကြော်ထားတဲ့ ဟင်းသီးဟင်းရွက်တစ်ပန်းကန်၊ ကြက်ဥကြော်တစ်ပန်းကန်နှင့် ထမင်းပေါင်းတစ်ပန်းကန်ကို မြန်မြန်ထုတ်ယူလိုက်တယ်။

သူက လိမ္မော်ရည်နှင့် အသုံးအဆောင်ပစ္စည်းတွေကိုလည်း ယူလာပြီး "အစ်ကိုမို ခန္ဓာကိုယ်က မြန်မြန်ပြန်ကောင်းလာအောင် ပိုစားသင့်တယ်" လို့ ပြောလိုက်တယ်။

မိုဂျွန်ဂျီသည် အိမ်ချက်ဟင်းလျာများကိုကြည့်နေပြ သူ့ရဲ့ အစောပိုင်းက တွန့်ဆုတ်မှုတွေဟာပျောက်ကွယ်သွားသည်။ သူက တံတွေးမျိုချကာ နှုတ်ခမ်းကိုသပ်ပြီးမှ "ဒါတွေက ငါ့အတွက်လား" ဟု မေးလိုက်သည်။

ရှောင်ချီက သူ့ရဲ့ပိန်ပိန်ပါးပါးခန္ဓာကိုယ်ကို ကြည့်ပြီး ခေါင်းညိတ်ကာ "အစ်ကို စားချင်သလောက် စားနိုင်တယ်" ဟု ပြောလိုက်တယ်။

ဒီစကားကိုကြားတာနဲ့ မိုဂျွန်ဂျီက တူနှင့်ထမင်းပန်းကန်ကို ကောက်ကိုင်လိုက်တယ်။ ထမင်းကို ပန်းကန်သေးသေးထဲ ခပ်ထည့်မယ်လို့ သူတို့ကထင်ခဲ့ကြပေမယ့် မျှော်လင့်ထားသလိုမဟုတ်ဘဲ သူကတော့ ပန်းကန်ကြီးထဲကနေ တိုက်ရိုက်စားလိုက်တယ်။ ထမင်းကို ဖြည်းဖြည်းချင်းဝါးပြီး အရသာ ခံကာစားပြီးမှ ဟင်းလျာတွေကို မြည်းစမ်းကြည့်လိုက်တယ်။

သူတို့က သူ့ကို မျက်လုံးကြီးတွေပြူးပြီး ကြည့်နေကြတယ်။ အစကတော့ ဒီလောက်နေမကောင်းတဲ့သူက အစာစားချင်စိတ် သိပ်မရှိဘူးလို့ ထင်ခဲ့ကြတာ။ အဲဒါကြောင့်ပဲ ရှောင်ချီ က သူ့အတွက် ရွေးချယ်ပြီးစားလို့ရအောင် ဟင်းလျာတွေ ပိုထုတ်ပေးခဲ့တာ။

ဒါပေမယ့် သူအခုစားနေတာကိုကြည့်ရသလောက်တော့ သူ့ရဲ့အစာစားချင်စိတ်က ကျန်းမာတဲ့သူထက် ပိုကြီးနေတာကြောင့် သူဖျားနေတာက ဟုတ်ရဲ့လားလို့တောင် သူတို့ကသံသယဝင်ကြတယ်။ ကျောင်းလီရှင်းကသာ သူ့အခြေအနေကို ကိုယ်တိုင်မစစ်ဆေးခဲ့ရင် သူကဟန်ဆောင်နေတယ်လို့ပဲ သူတို့ထင်သွားနိုင်တယ်။

အစားအစာကို စားသုံးရာတွင်တော့ သူမှာ မြန်ဆန်သောနှုန်းရှိသော်လည်း၊ သူရဲ့လှုပ်ရှားမှုများက စစ်တဲငယ်လေးတစ်ခုတွင် မဟုတ်ဘဲ မီရှယ်လင် ကြယ်ပွင့်ရ စားသောက်ဆိုင်တစ်ခုတွင် စားသောက်နေသကဲ့သို့ ကြော့ရှင်းလှပသည်။

အကုန်လုံးကုန်အောင်စားဖို့ မိနစ်နှစ်ဆယ်ပဲကြာတယ်။ လိမ္မော်ရည်နောက်ဆုံးတစ်စက်ကို သောက်ပြီးတဲ့နောက်မှာတော့ သူကသက်ပြင်းရှည်ကြီးချပြီး ကျေနပ်အားရစွာဖြင့် "ဒါက ကျွန်တော်သုံးပတ်အတွင်းစားခဲ့တဲ့ အကောင်းဆုံးအစားအစာပဲ" လို့ ပြောလိုက်တယ်။

ဒါကိုကြားတော့ နတ်ဆိုးအဖွဲ့ဝင်တွေက ကြောင်အသွားကြတယ်။ ရှောင်ချီက မိုဂျွန်ဂျီရဲ့ ပိန်ပိန်ပါးပါးခန္ဓာကိုယ်ကိုကြည့်ပြီး "အစ်ကို မင်းက အရမ်းစားပေမယ့် ပိန်နေတုန်းပဲ။ အစားအစာတွေက ဘယ်ရောက်သွားတာလဲ" လို့ မေးလိုက်တယ်။

မိုဂျွန်ဂျီက သူ့နှုတ်ခမ်းကို တစ်ရှူးနဲ့သုတ်ပြီး ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေလိုက်တယ် "ကျွန်တော်ရဲ့ ဇီဝဖြစ်စဉ်ကမြန်တယ်၊ ဒါကြောင့် အများကြီးစားရင်တောင် ကိုယ်အလေးချိန်က မတက်ဘူး"

သူဒီလိုပြောပြီး မကြာခင်မှာပဲ ရွှီချွန်းက တဲထဲကိုဝင်လာပြီး "ရဲဘော်ကျန်း အားလုံးစီစဉ်ပြီးပြီ" လို့ ပြောလာတယ်။

ဒါကိုကြားတော့ ကျန်းယွမ်ကမတ်တပ်ရပ်ပြီး "ဗိုလ်ကြီးရွှီကျွန်တော်က အကူညီတစ်ခုတောင်းချင်တယ်" လို့ ပြောလိုက်တယ်။

"ရဲဘော်ကျန်း၊ လွတ်လပ်လပ် ပြောပါ" ဟု ရွှန်းချီ ခေါင်းညိတ်ပြသည်။

"ကျွန်တော့်တို့အဖွဲ့မှာ အဖွဲ့ဝင်အသစ်တစ်ယောက်ကို လက်ခံလိုက်ပြီ။ သူ့ကို ကျွန်တော်တို့အဖွဲ့အောက်မှာ မှတ်ပုံတင်ပေးဖို့ ခင်ဗျားကို အကူအညီတောင်းချင်ပါတယ်" ဟု ကျန်းယွမ်က ပြောလိုက်တယ်။

"ဪ၊ သူ့နာမည်က ဘာလဲ" လို့ ရွှီချွန်းက မေးလိုက်သည်။

ဖော်ပြခံရပြီးနောက်တော့ မိုဂျွန်ဂျီကထရပ်ပြီး သူတို့ဆီသို့ လျှောက်လာသည်။ ရွှီချွန်းရဲ့အရှေ့တွင်ရပ်ကာ "မင်္ဂလာပါ ဗိုလ်ကြီးရွှီ ကျွန်တော့်နာမည်က မိုဂျွန်ဂျီပါ" ဟု နှုတ်ဆက်လိုက်သည်။

သူ့နာမည်ကိုကြားပြီး သူ့မျက်နှာကိုမြင်လိုက်ရတဲ့အချိန်မှာတော့ ရွှီချွန်းက ငေးငိုင်သွားတယ်။ ခဏလောက် သူ့ကိုကြည့်ပြီးမှ "ရဲဘော်မို မင်းကဘာကြောင့် ဒီကိုရောက်လာတာလဲ" လို့ ပြောလိုက်တယ်။

All Chapters