← Chapters

အခန်း (၂၆၅-၂၆၇)

Vol. 18 Ch. 265-267

အခန်း (၂၆၅-၂၆၇)

Vol. 18 Ch. 265-267

အခန်း-(၂၆၅)

ဒီစကားတွေကိုကြားတော့ ကျန်းယွမ်က စပ်စုစွာမေးလိုက်တယ် "မင်းတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိကြတာလား"

"လွန်ခဲ့တဲ့ ၂နှစ်တုန်းက မြို့တော်က အစိုးရကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ရဲဘော်မိုရဲ့ ဆွေးနွေးပွဲကို ကျွန်တော်တက်ရောက်ခဲ့ဖူးတယ်။ သူ့ရဲ့ နာနိုနည်းပညာဆိုင်ရာ သုတေသနက ကျွန်တော်တို့ရဲ့ စစ်ရေးလက်နက်တွေနဲ့ သံချပ်ကာတွေကို တိုးတက်ကောင်းမွန်အောင် ကူညီပေးခဲ့ပါတယ်" လို့ ရွှီချွန်းက ရှင်းပြခဲ့သည်။

ထို့နောက် သူက မိုဂျွန်ဂျီဘက်သို့ လှည့်ပြီး "ရဲဘော်မို၊ မင်းက မြို့တော်မှာပဲ နေလိမ့်မယ်လို့ ငါထင်ထားတာ" ဟု ထပ်ပြောလိုက်တယ်။

မိုဂျွန်ဂျီကပြုံးပြီး "ကျွန်တော့်ဝမ်းကွဲကို ရှာဖို့ လာတာ၊ လမ်းမှာ အဖွဲ့နဲ့ တွေ့လာတာလေ။ သူတို့က ကျွန်တော့်ကား ပျက်နေတာကို တွေ့လို့ ခေါ်လာတာ" လို့ ပြန်ဖြေတယ်။

"ဝမ်းကွဲလား။ အကူအညီတစ်ခုခု လိုအပ်လား။ မင်းရဲ့ဝမ်းကွဲကို ရှာဖို့ လူပျောက်အကြောင်းကြားစာ ပို့ထားပေးနိုင်ပါတယ်" ဟု ရွှီချွန်းက ကမ်းလှမ်းလိုက်သည်။

လျှို့ဝှက်စရာ မဟုတ်ဘူးလို့ထင်တာကြောင့် မိုဂျွန်ဂျီက ခေါင်းညိတ်ပြီး "ဒါဆို ဗိုလ်ကြီးရွှီ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းကို ကျွန်တော် ဒုက္ခပေးရလိမ့်မယ်" ဟု ပြန်ဖြေသည်။

"ပြဿနာမရှိပါဘူး" ဟု ရွှီချွန်းက ပြန်ပြောပြီး စာရွက်နှင့် ဘောပင်ကို ကမ်းပေးလိုက်တယ်။ "မင်းရဲ့ဝမ်းကွဲရဲ့ နာမည်နဲ့ အချက်အလက်တွေကို ရေးပေးလိုက်ရုံပဲ။ သတင်းတစ်ခုခုရရင် ကျွန်တော်တို့က အကြောင်းကြားပါ့မယ်"

"ကျေးဇူးတင်ပါတယ်" မိုဂျွန်ဂျီကလည်း ခေါင်းညိတ်ပြီး အချက်အလက်တွေကို ရေးမှတ်လိုက်တယ်။

သူ ရေးပြီးသွားတဲ့အခါမှာတော့ စာရွက်ကို ရွှီချွန်းဆီ ပြန်ပေးလိုက်တယ်။ သူ့ရဲ့အကူအညီနဲ့ပဲ မိုဂျွန်ဂျီဟာ နတ်ဆိုးအဖွဲ့အောက်မှာ မှတ်ပုံတင်နိုင်ခဲ့တယ်။

သူ့ရဲ့တံဆိပ်ကို ရရှိတဲ့အခါမှာမှ အသင်းရဲ့နာမည်ကို သိလိုက်ရတယ်။ နတ်ဆိုးအဖွဲ့ ကောင်းမွန်တဲ့ နာမည်တစ်ခုပဲ သူ အတွက် စိတ်ကျေနပ်စရာဖြစ်နေတယ်။

ထိုတံဆိပ်က သံမဏိဖြင့်ပြုလုပ်ထားသော စစ်ဘက်ဆိုင်ရာအမည်တံဆိပ်နှင့်တူသည်။ သူ့နာမည်၊ မှတ်ပုံတင်နံပါတ်နှင့် သူရဲ့အဆင့်အတန်းကဲ့သို့သော အထွေထွေအချက်အလက်များ ပါရှိသည်။

သူက အခုဆို အသင်းတစ်သင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေပြီဖြစ်တဲ့အတွက် အထွေထွေအချက်အလက်တွေမှာ သူ့အသင်းနာမည်ကို ဖော်ပြထားပါတယ်။ အသင်းမရှိသူတွေအတွက် အထွေထွေအချက်အလက်တွေမှာ သူတို့ရဲ့ အဆင့်အတန်းကို စွမ်းရည်အသုံးပြုသူတွေ ဒါမှမဟုတ် သာမန်လူတွေအဖြစ် ပြသထားမှာပါ။

မှတ်ပုံတင်ခြင်းပြီးဆုံးတဲ့နောက်တွင် နတ်ဆိုးအဖွဲ့က အခြေစိုက်စခန်းမှ ထွက်ခွာသွားပြီး ရွှီချွန်းရဲ့အဖွဲ့ဝင်များ နောက်မှ လိုက်ပါသွားကြသည်။

လမ်းပေါ်တွင် အသုံးပြုနိုင်သော ဘတ်စ်ကားများနှင့် ထရပ်ကားများကို တွေ့ရှိသောအခါတွင် စွန့်ပစ်ထားသော ကားများမှ ဓာတ်ဆီများကို ထုတ်ယူပြီး လောင်စာဆီတိုင်ကီများကိုဖြည့်ကာ ယာဉ်များကိုတော့ အသက်ရှင်ကျန်ရစ်သူ စခန်းသို့ ပြန်ယူဆောင်လာခဲ့သည်။

အနောက်ဘက် မိုးကုပ်စက်ဝိုင်းတွင် နေလုံးကြီးဆင်းသွားချိန်တွင် စခန်းသို့ သူတို့ရောက်ရှိခဲ့ကြတယ်။

သူတို့ပြန်လာတာကို ကင်းသမားတွေမြင်တာနဲ့ အတားအဆီးတွေကိုမြန်မြန်ရွှေ့ပြီး ဂိတ်ကိုဖွင့်ပေးတယ်။ ဘတ်စ်ကားနှင့် ထရပ်ကားအရေအတွက်က အရင်ကထက် ပိုများလာတာကို မြင်တော့ ကင်းသမားတွေက သက်ပြင်းချပြီး စိတ်သက်သာရာရသွားကြတယ်။

သူတို့စခန်းထဲဝင်ပြီး မကြာခင်မှာပဲ စစ်သားတချို့ကရောက်လာပြီး "ဒုကပ္ပတိန်ကျန်း၊ ဗိုလ်ကြီးဝေက ခင်ဗျားတို့အဖွဲ့အတွက် ညအိပ်ဖို့နေရာတွေ ပြင်ဆင်ပေးထားပါတယ်။ ကျွန်တော်တို့နောက် လိုက်ခဲ့ပါ" လို့ ပြောပါတယ်။

ကျန်းယွမ်က ခေါင်းညိတ်ပြီး "ကောင်းပြီ" လို့ ပြောလိုက်တယ်။

ဆယ်မိနစ်အကြာမှာတော့ ဘတ်စ်ကားများနှင့် ထရပ်ကားများကို ဂိုဒေါင်အနီးရှိ လွင်ပြင်တစ်ခုတွင် ရပ်ထားလိုက်တယ်။ အားလုံးလည်း ကားပေါ်မှဆင်းလာပြီး စစ်သားများနောက်သို့လိုက်ကာ သူတို့အတွက် ပြင်ဆင်ထားသော အိမ်များသို့ သွားကြသည်။

အိမ်တွေဆီရောက်တော့ ဝေယင်းနှင့် သူ့အဖွဲ့က ဝင်ပေါက်မှာ သူတို့ကိုစောင့်နေတာ တွေ့လိုက်ရတယ်။

သူတို့ချဉ်းကပ်လာတာကိုမြင်တော့ ဝေယင်းရဲ့ စိတ်ခံစားချက်တွေလှုပ်ခတ်သွားတယ်။ ဖုန်းယွင်နဲ့တွေ့ပြီးတာတောင်မှ နတ်ဆိုးအဖွဲ့ရဲ့ အဖွဲ့ဝင်အားလုံးက ဇွန်ဘီအုပ်စုရဲ့ တိုက်ခိုက်မှုကနေ အသက်ရှင်ကျန်ရစ်ခဲ့တယ်ဆိုတာကို မယုံနိုင်သေးဘူး။

အခုလို သူတို့ကို ကိုယ်တိုင်မြင်လိုက်ရတဲ့အခါမှ သူကလျှောက်သွားပြီး ကျန်းယွမ်ကိုဖက်လိုက်ကာ "မင်းတို့အားလုံး အသက်ရှင်ကျန်ရစ်တာ အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်" လို့ ပြောလိုက်တယ်။

ရုတ်တရက်ကြီးဖက်လိုက်တာကြောင့် အံ့သြသွားသော ကျန်းယွမ်က အနည်းငယ်တောင့်တင်းသွားတယ်။ သို့သော် ဝေယင်းရဲ့ အက်ကွဲနေသောအသံကိုကြားတော့ သူကပြုံးပြီး "အဘိုးကြီးဝေ ငါတို့ပြန်လာပါပြီ" ဟု ပြောလိုက်သည်။

ခဏကြာတော့မှ ဝေယင်းက သူ့ကို လွှတ်ပေးလိုက်ပြီး ပြုံးကာ "ပြန်လာတာကို ကြိုဆိုပါတယ် အဘိုးကြီးကျန်း"

သူတို့ပတ်လည်ရှိ စစ်သားများမှာလည်း ဇွန်ဘီအုပ်အတွင်းက နတ်ဆိုးအဖွဲ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုကို သိရှိကြပြီး သူတို့ကို လေးစားအားကျစွာ ကြည့်နေကြသည်။

"အထဲဝင်ကြရအောင်။ မင်းတို့အဖွဲ့အတွက် ဒီဒေသက အကောင်းဆုံးအိမ်ကို ငါပြင်ဆင်ထားတယ်" ဟု ဝေယင်းက ဦးဆောင်ကာသွားရင်း ပြောလာတယ်။

သူတို့အထဲကိုဝင်သွားတဲ့အခှါိာ အိမ်ကသန့်ရှင်းပြီး လင်းထိန်နေတာကို တွေ့လိုက်ရတယ်။မီးစက်ငယ်လေးက လျှပ်စစ်ဓာတ်အားပေးထားပြီး မီးချောင်းတွေကို ဖွင့်ထားတယ်။

ကျန်းယွမ်က ဒါကိုမြင်တော့ "ကျေးဇူးတင်ပါတယ် အဘိုးကြီးဝေ" လို့ ပြောလိုက်တယ်။

ဝေယင်းက ခေါင်းခါပြီး "ငါကမှ မင်းတို့အဖွဲ့ကို ကျေးဇူးတင်ရမှာ ။ မင်းတို့အားလုံးကြောင့်သာ မဟုတ်ရင် ဒီအခြေအနေမှာ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး" လို့ ပြန်ဖြေလိုက်တယ်။

"အနီးအနားက မြို့ငယ်တွေ၊ မြို့ကြီးတွေက အသက်ရှင်ကျန်ရစ်သူစခန်းတွေ၊ အခြေစိုက်စခန်းတွေကို ငါဆက်သွယ်ခဲ့တယ်။ ဒါပေမယ့် ဘယ်သူကမှ ကူညီဖို့ကို မလိုလားခဲ့ကြဘူး။ မင်းတို့အဖွဲ့နဲ့ ရွှီချွန်းတို့အဖွဲ့ကပဲ ငါ့ကို လာကူညီခဲ့တယ်" ဟု သူက သက်ပြင်းချလိုက်ရင်းနဲ့ ဖြည့်စွက်ပြောလိုက်သည်။

ကျန်းယွမ်က သူ့ရဲ့စိတ်ပျက်အားငယ်မှုနှင့် မကျေနပ်မှုကို နားလည်တယ်။ စစ်သားတစ်ယောက်အနေဖြင့် ဝေယင်းက တာဝန်သိစိတ်ပြင်းထန်ပြီး သူရဲ့ကတိသစ္စာများကို အလေးအနက်ထားသည်။ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါတွင်ပင် အခြားသူများကို ကာကွယ်ရန် ကိုယ့်အသက်ကိုပင် စွန့်လွှတ်ရန် ရွေးချယ်ခဲ့သည်။

ဒါကြောင့် သူ့ရဲ့ ရဲဘော်ရဲဘက်တွေက သူ့ကိုငြင်းပယ်တဲ့အခါ၊ သူတို့က ကူညီဖို့ ငြင်းဆန်ရုံသာမက သူတို့ရဲ့ လောဘနဲ့ အာဏာအတွက် ဆာလောင်မှုကိုလည်း ဖော်ပြခဲ့ကြတဲ့အခါ၊ သူ့ရဲ့ ယုံကြည်ချက်တွေကို မေးခွန်းထုတ်မိမယ်ဆိုတာကို နားလည်နိုင်ပါတယ်။

ကျန်းယွမ်က သူ့ပခုံးကိုပုတ်ပြီး "အဘိုးကြီးဝေ၊ ဒါက လူ့သဘာဝပဲ။ ငါတို့ရဲ့ယုံကြည်ချက်တွေ၊ အတွေးအခေါ်တွေကို မျှဝေဖို့ တခြားသူတွေကို အတင်းအကျပ်လုပ်လို့မရဘူး။ ငါတို့လုပ်နိုင်တာက ငါတို့အကောင်းဆုံးလုပ်ပြီး ငါတို့ရဲ့လုပ်ရပ်တွေအတွက် တာဝန်ယူဖို့ပဲ။ တခြားသူတွေကတော့ သူတို့ရဲ့ဆုံးဖြတ်ချက်တွေရဲ့ အကျိုးဆက်ကို ရင်ဆိုင်ရလိမ့်မယ်" လို့ ပြောလိုက်တယ်။

ဝေယင်းက သက်ပြင်းချပြီး "ငါနားလည်ပါတယ်၊ ဒါပေမယ့် သူတို့လုပ်ခဲ့တာက... နှလုံးသားကို အေးစက်စေတယ်။ လူ့အသက်ကို ကိန်းဂဏန်းတစ်ခုလို ဘယ်လိုလုပ်သဘောထားနိုင်တာလဲ" လို့ ပြောလိုက်တယ်။

သူတို့က စကားပြောရင်း ဧည့်ခန်းကို လျှောက်သွားကြတယ်။ သူတို့ရဲ့ အသံတွေကို ကြားတော့ ဖုန်းယွင်က မီးဖိုချောင်ထဲက ထွက်လာပြီး ချန်ချန်းဖုန်းက ဒုတိယထပ်ကနေ ဆင်းလာတယ်။

သူတို့ကိုမြင်တော့ နှစ်ယောက်သားက "ဒုကပ္ပတိန်၊ ဗိုလ်မှူးကြီးဝေ" လို့ နှုတ်ဆက်လာကြတယ်။

ကျန်းယွမ်က သူတို့ကို ခေါင်းညိတ်ပြပြီး "မနက်ဖြန်ကြရင် ကျန်တဲ့ အသက်ရှင်ကျန်ရစ်သူတွေကို လိုက်ပို့ပေးမယ်။ ကပ္ပတိန်ကတော့ ဒီည ငါတို့နဲ့ လာပူးပေါင်းလိမ့်မယ်" လို့ ပြောလိုက်တယ်။

"နားလည်ပါပြီ"

ကောင်းကင်ကမှောင်လာပြီး အားလုံးလည်းပင်ပန်းနေကြသောကြောင့် ဝေယင်းက ကြာကြာမနေတော့ဘဲ သူ့အဖွဲ့နှင့်အတူ ထွက်ခွာသွားခဲ့တယ်။ ရွှီချွန်းရဲ့အဖွဲ့ဝင်များကတော့ အနီးနားကအိမ်တွင် နေထိုင်နေကြသည်။

စစ်သားများက အသက်ရှင်ကျန်ရစ်သူများအား ရေဝေပေးနေချိန်တွင် ချန်ချန်းဖုန်းကတော့ တစ်နေကုန်လုံး ဂိုဒေါင်ရှိ ရေတိုင်ကီများကို ရေဖြည့်နေခဲ့သည်။ သူရဲ့ စွမ်းအင်များကို အကြိမ်ပေါင်းများစွာ ကုန်ဆုံးစေပြီးနောက်မှာတော့ အောင်မြင်မှုတစ်ခုရဲ့အစွန်းတစ်နေရာတွင်ရှိနေကြောင်းကို သူခံစားလိုက်ရသည်။

ဒါကြောင့် သူ့ရဲ့အဖွဲ့ဝင်တွေဆေးကြောဖို့အတွက် နောက်ထပ် တိုင်ကီတစ်လုံးကို ဖြည့်နေတုန်းမှာပဲ ကျိူးလီဇီပေးတဲ့ ရေအမျိုးအစား အမြုတေတွေကို ဆက်စုပ်ယူနေခဲ့တယ်။

တိုင်ကီပြည့်သွားခင်မှာပဲ သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေက ရုတ်တရက်ကြီး ထိန်းမနိုင်သိမ်းမရ လှုပ်ရှားလာတာကို ခံစားလိုက်ရတယ်။ ထိတ်လန့်သွားပြီး "ဟွာကျဲ" လို့ အော်လိုက်တယ်။

အခန်း-(၂၆၆)

ချန်ချန်းဖုန်းရဲ့အော်သံကိုကြားတော့ အားလုံးက နောက်ဖေးခြံထဲကို အပြေးအလွှားသွားကြတယ်။ ကျိုးဟွာကျဲဟာ သူ့သူငယ်ချင်းက မေ့မြောသွားပြီး ရေဘော်လုံးထဲမှာ ပိတ်မိနေတာကို မြင်တော့ အံ့အားသင့်သွားတယ်။

"ချန်းဖုန်း မင်း ဘာဖြစ်နေတာလဲ" ဟု မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုအပြည့်ဖြင့် မေးလိုက်သည်။

တစ်ခုခု မကောင်းတာဖြစ်မှာကိုစိုးရိမ်ပြီး သူ့ဆီ ပြေးသွားခဲ့တယ်။ ဒါပေမယ့် သူ လက်လှမ်းတော့မယ့်အချိန်မှာပဲ တစ်ယောက်ယောက်က “သူ့ကို မနှောင့်ယှက်ရဘူး” လို့ ပြောတယ်။

ထိတ်လန့်တကြားဖြင့် ကျိုးဟွာကျဲက သူ့ခြေလှမ်းများကို ရပ်တန့်ကာ ခေါင်းလှည့်လိုက်တယ်။ သူသည် နံရံပေါ်တွင် ရပ်နေသော လူငယ်တစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးကို မြင်လိုက်ရတယ်။ သူတို့ကို မှတ်မိသွားကာ "မင်းတို့နှစ်ယောက်ပဲ" ဟု ပြောလိုက်သည်။

ကုရှကျယ်နှင့် ရုန်မိုအာတို့က နံရံပေါ်မှခုန်ဆင်းလာပြီး ခြံဝင်းထဲသို့ ပေါ့ပါးစွာ ဆင်းသက်လာကြသည်။ သူတို့က နတ်ဆိုးအဖွဲ့ထံသို့လျှောက်သွားပြီး ချန်ချန်းဖုန်းနှင့် မီတာအနည်းငယ်အကွာတွင် ရပ်လိုက်ကြတယ်။

"ဘာလို့ ငါ့ကို တားတာလဲ"လို့ ကျိုးဟွာကျဲက မေးလိုက်တယ်။

"မင်းရဲ့သူငယ်ချင်းက အဆင့်ထိုးဖောက်မှုအလယ်မှာ ရောက်နေတယ်။ မင်းသာသူ့ကို နှောင့်ယှက်လိုက်ရင် အကျိုးဆက်တွေက ကြောက်စရာကောင်းသွားနိုင်တယ်" လို့ ကုရှကျယ်က တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းက ဘယ်လိုသိတာလဲ" ကျိုးဟွာကျဲက ဆက်မေးလိုက်တယ်။

"ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရလို့ပဲ။ မကြာသေးခင်ကမှ ကျွန်တော်လည်း အဆင့်ချိုးဖောက်နိုင်ခဲ့ပြီး အဆင့်တစ် စွမ်းရည်အသုံးပြုသူ ဖြစ်လာခဲ့တယ်" ဟု ကုရှကျယ်က ပြုံးရင်းပြောသည်။

သူ့စကားကြောင့် အံ့အားသင့်သွားပြီးမှ ကျိုးဟွာကျဲက “ဂုဏ်ယူပါတယ် ညီလေး” လို့ ပြောလိုက်တယ်။

"ကျေးဇူးတင်ပါတယ်"

"ဒါဆိုရင် ငါတို့က အခု ဘာလုပ်သင့်လဲ" လို့ ကျိုးဟွာကျဲက မေးလိုက်ပြန်တယ်။

ဒီတစ်ခါမှာတော့ ရုန်မိုအာက “ကျွန်မတို့လုပ်နိုင်တာက အဆင့်ချိုးဖောက်ဝင်ရောက်မှုပြီးတဲ့အထိ သူ့ကိုစောင့်ပြီး စောင့်ရှောက်ပေးဖို့ပဲရှိတယ်” လို့ ပြန်ဖြေလိုက်တယ်။

ဒါကိုကြားပြီးတဲ့နောက်တော့ နတ်ဆိုးအဖွဲ့သားတွေကအကြည့်ချင်းဖလှယ်လိုက်ကြတယ်။ ကျန်းယွမ်က “အဲဒီလိုဆိုရင်တော့ အစ်ကိုပိုင် နဲ့ အစ်မကျောင်းတို့က ချန်းဖုန်းကိုကာကွယ်ဖို့ ဒီမှာနေလိမ့်မယ်။ ကျန်တဲ့သူတွေကတော့ နောက်ဖေးခြံကို အလှည့်ကျစောင့်ကြည့်ကြ” လို့ ပြောလိုက်တယ်။

"နားလည်ပါပြီ" ဟု အဖွဲ့ဝင်များက တစ်ပြိုင်နက်တည်း ပြန်ဖြေကြသည်။

ညွှန်ကြားချက်တွေပေးပြီးတာနဲ့ ကျန်းယွမ်က ကုရှကျယ်ဘက်လှည့်ပြီး "ရဲဘော်ကု မင်းနဲ့မင်းရဲ့သူငယ်ချင်းက ဒီမှာနေတယ်ဆိုတာကို ငါမသိလိုက်ဘူး" လို့ ပြောလိုက်တယ်။

"ကျွန်တော်တို့က ထွက်သွားပြီး ကျွန်တော်ရည်းစားရဲ့ မိသားစုကို ရှာဖို့ စီစဉ်ထားပေမယ့် ဇွန်ဘီအုပ်ကြီးကြောင့် ဆက်နေပြီး ကူညီဖို့ ဆုံးဖြတ်လိုက်ကြတယ်" ဟု ကုရှကျယ်က ပြန်ဖြေသည်။

ကျန်းယွမ်က ခေါင်းညိတ်ကာ သဘောတူကြောင်းပြပြီး ဆက် ပြောလိုက်တယ် “ရဲဘော်ကု ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

"သူငယ်ချင်းတွေ ဒုက္ခရောက်နေချိန်မှာ ကူညီတာက သဘာဝပါပဲ"

ထိုစကားများဖြင့် ကုရှကျယ်က သူတို့ရဲ့ ဆက်ဆံရေးကို အသိမိတ်ဆွေမှ သူငယ်ချင်းများအဖြစ်သို့ ပြောင်းလဲလိုက်တယ်။

ကျန်းယွမ်ကလည်း သူ့ရည်ရွယ်ချက်ကို သတိပြုမိပေမယ့် ငြင်းဆိုခြင်း မပြုခဲ့ဘူး။ ငြိမ်းချမ်းတဲ့အချိန်တွေမှာတောင် အန္တရာယ်ရှိတဲ့အခြေအနေတွေဆို ကူညီဖို့ စိတ်ဆန္ဒရှိသူတွေကို ဆုံတွေ့ရဖို့က ရှားပါးတယ်။ ဒီလိုကပ်ဘေးကာလဆိုတော့ ပိုဆိုးတာပေါ့။

ကုရှကျယ် နှင့် သူ့သူငယ်ချင်းက နတ်ဆိုးအဖွဲ့ အပေါ် မကောင်းတဲ့ရည်ရွယ်ချက်မရှိတာကြောင့် သူတို့နဲ့ မိတ်ဆွေဖွဲ့တာကကောင်းပါတယ်။ သူငယ်ချင်းပိုများလေ မဟာမိတ်ပိုများလေပါပဲ။

ကျန်းယွမ်က ပြုံးပြီး “ညီလေးကု မင်းပြောတာကမှန်တယ်” လို့ ပြန်ဖြေလိုက်တယ်။

ကျန်းယွမ်က သူ့ကို "ညီလေး ကု" လို့ ခေါ်တာကို ကြားတော့ ကုရှကျယ်က ပြုံးပြီး "အစ်ကိုကျန်း၊ ကျွန်တော်က အစ်ကိုနဲ့ ဆွေးနွေးချင်လို့ပါ" လို့ ပြောလိုက်တယ်။

ကျန်းယွမ်က ခေါင်းညိတ်ပြီး "အထဲမှာ စကားပြောကြရအောင်" လို့ ပြောလိုက်တယ်။

ကျန်းယွမ်က ဧည့်ခန်းထဲမှာထိုင်လိုက်ပြီး သူတို့ကိုလည်း ထိုင်ဖို့ကို လက်ဟန်ပြကာ "ညီလေးကု ကျွန်တော်နဲ့ ဘာဆွေးနွေးချင်လဲ" လို့ မေးလိုက်တယ်။

ပြန်မဖြေခင်မှာပဲ ကုရှကျယ်က သူ့လက်ကိုဝှေ့ယမ်းလိုက်တဲ့အခါမှာ ရုတ်တရက်ကြီး သူ့ဘေးမှာ ကောင်လေးတစ်ယောက် ပေါ်လာတယ်။ ဒါကိုမြင်တော့ အားလုံးက အံ့အားသင့်သွားကြတယ်။

သူတို့ရဲ့တုံ့ပြန်မှုတွေကို သတိထားမိပြီး သူကပြောလိုက်တယ် "အစ်ကိုကျန်း ဒါက ဇန်းချန်ချောင် ပါ။ သူက အသက် ၁၄ နှစ်ရှိပြီး စွမ်းရည်အသုံးပြုသူပါ။ သူ့ရဲ့ စွမ်းရည်က ကိုယ်ဖျောက်တာပဲ" လို့ ပြောလိုက်တယ်။

"သူကို မမြင်နိုင်ပေမယ့် ခန္ဓာကိုယ်အပူချိန်နဲ့ အနံ့ကိုတော့ ထိန်းသိမ်းထားနိုင်တယ်။ သူ့ရဲ့စွမ်းရည်က ဇွန်ဘီတွေကို တိုက်ခိုက်ရာမှာ အသုံးမဝင်ပေမယ့် တခြားစွမ်းရည်အသုံးပြုသူတွေကို ရင်ဆိုင်ရတဲ့အခါမှာတော့ အရမ်းကောင်းတဲ့ စွမ်းရည်တစ်ခုပါ"

ဒါကိုကြားတော့ ကျန်းယွမ်က ခေါင်းညိတ်ပြီး ပြောလိုက်တယ် “သူ့ရဲ့စွမ်းရည်က တကယ်ကို ထူးခြားတယ်”

စကားပလ္လင်ခံပြီးနောက်တော့ ကုရှကျယ်က ဆက်ပြောတယ် “ချန်ချောင်အပြင် ကလေးသုံးယောက်ကတော့ သူတို့ရဲ့စွမ်းရည်တွေကို နိုးထလာပြီး ကျန်တဲ့ ငါးယောက်ကတော့ မနိုးထလာသေးဘူး”

ကျန်းယွမ်က ခဏစဉ်းစားပြီးမှ "ညီလေးကု ကျွန်တော့်ကို ပြောစရာရှိရင် တိုက်ရိုက်ပြောလို့ရပါတယ်" ဟု ပြောလိုက်တယ်။

ကုရှကျယ်က ပြုံးပြီး “မိုအာနဲ့ ကျွန်တော်က သူ့မိသားစုကို ရှာနေတာ၊ ဒါကြောင့် ခရီးတွေ အများကြီးသွားရလိမ့်မယ်။ ဖြစ်နိုင်ရင် ကလေးတွေကို ခင်ဗျားတို့အဖွဲ့ထဲ လက်ခံစေချင်တယ်” လို့ ပြောလိုက်တယ်။

သူဒီလိုပြောလိုက်တာနဲ့ ဇန်းချန်ချောင်က "အစ်ကို၊ ကျွန်တော် သူတို့နဲ့မပေါင်းချင်ဘူး၊ အစ်ကို့နောက်ကို လိုက်ချင်တယ်" လို့ ပြောလာတယ်။

ကျန်းယွမ်က ကောင်လေးကို ခဏလောက် စောင့်ကြည့်ပြီးမှ "ငါက ဒီဆုံးဖြတ်ချက်ကို တစ်ယောက်တည်း မချနိုင်ဘူး။ ငါ့ရဲ့ကပ္ပတိန် ပြန်လာတဲ့အထိစောင့်ပြီး သူနဲ့ ဆွေးနွေးလိုက်မယ်" လို့ ပြောလိုက်တယ်။

"ပြဿနာမရှိပါဘူး။ ဇွန်ဘီအုပ်စုရဲ့ အခြေအနေကို ဖြေရှင်းပြီးတဲ့အထိ ကျွန်တော်တို့က စခန်းမှာပဲ နေမှာပါ" ဟု ကုရှကျယ်က ခေါင်းညိတ်ကာ ပြောလာတယ်။

သူ့ရဲ့ရည်ရွယ်ချက်ကို ဖော်ပြပြီးနောက်မှာတော့ သူကထရပ်ပြီး “အစ်ကိုကျန်း၊ နောက်ကျနေပြီ။ မင်းတို့အဖွဲ့ကို ကျွန်တော်တို့က မနှောင့်ယှက် မပေးတော့ဘူး” လို့ ပြောလိုက်တယ်။

ကျန်းယွမ်က ခေါင်းညိတ်ပြီး သူတို့ကို နှုတ်ဆက်လိုက်တယ်။ သူတို့ ထွက်သွားပြီးနောက်တော့မှ နတ်ဆိုးအဖွဲ့က ရေချိုးပြီး ညစာ ပြင်ဆင်နေကြတယ်။ အချို့က ချန်ချန်းဖုန်းကို အလှည့်ကျ စောင့်ကြပ်နေကြပြီး ကျန်သူများမှာ ထမင်းစားရန် ထိုင်နေကြတယ်။

တစ်ချိန်တည်းမှာပဲ ကျင်းရွှီယန်း နှင့် သူ့အဖွဲ့ကလည်း ဇွန်ဘီအုပ်စုနှစ်စုကို ရှင်းလင်းပြီးနောက်တွင် စခန်းကို ပြန်လာနေကြတယ်။

သူကားမောင်းနေတုန်းမှာ သူ့ချစ်သူက ခရီးသည်ထိုင်ခုံမှာ အိပ်ပျော်သွားပြီး ကျန်တဲ့အဖွဲ့ဝင်တွေကတော့ အနောက်ခုံမှာ အိပ်နေကြတယ်။ သူက ပြတင်းပေါက်မှန်ကို နှိမ့်ချပြီး လက်တစ်ဖက်ကို တံခါးဘောင်ဆီတင်ကာ ကားကိုမောင်းနေတယ်။

ဒီညမှာတော့ အနီရောင်လကို ဘယ်မှာမှ မမြင်ရတာကြောင့် စခန်း အပြန်လမ်းမှာမောင်းလာတဲ့ကားက ငြိမ်းချမ်းခဲ့ပါတယ်။

သူတို့ စခန်းရဲ့ဂိတ်ကိုရောက်တော့ ကင်းသမားတစ်ယောက်က လျှောက်လာပြီး "ရဲဘော် ဂိတ်ပိတ်ထားတယ်။ ဝင်ချင်ရင် မိုးလင်းတဲ့အထိ စောင့်ရလိမ့်မယ်" လို့ ပြောလာတယ်။

ဒါကိုကြားတော့ ကျင်းရွှီယန်းက "ရဲဘော်၊ မင်းရဲ့ကပ္ပတိန်ကို အကြောင်းကြားပေးပါ။ ကျင်းရွှီယန်းက သူ့ကို ဂိတ်မှာစောင့်နေတယ်လို့ ပြောလိုက်ပါလို့" လို့ စကားပါးခိုင်းလိုက်တယ်။

ကင်းသမားက ဒါကိုကြားတော့ ခေါင်းညိတ်ပြီး "ခဏစောင့်ပါဦး" လို့ ပြောလာတယ်။

ကင်းသမားက သတင်းပို့ရန်ထွက်သွားပြီးနောက်တော့ ကျင်းရွှီယန်းက ကားပေါ်မှ ဆင်းကာ အကြောဆန့်လိုက်တယ်။ ကားကိုမှီပြီး စောင့်နေစဉ်တွင် ကားရှေ့မှန်မှတစ်ဆင့် အိပ်ပျော်နေသော သူ့ချစ်သူရဲ့ မျက်နှာကို ငေးကြည့်နေမိတယ်။

ကျိူးလီဇီက အိပ်နေရာမှ လန့်နိုးလာပြီး မျက်လုံးဖွင့်လိုက်သောအခါတွင် ပြင်းထန်သော ခံစားချက်များနှင့် ပြည့်နှက်နေသော မှောင်မည်းကာနက်နဲသော မျက်လုံးတစ်စုံနှင့် ရင်ဆိုင်လိုက်ရပြီး ထိုသူရဲ့အကြည့်များက စူးရှလွန်းနေတယ်။

သူ့ရဲ့အကြည့်ကြောင့်လန့်သွားကာ ထထိုင်လိုက်ပြီးနောက် မျက်တောင်ခတ်လိုက်တယ်။ သူ့ကိုပြန်ကြည့်လိုက်တော့ သူက နူးညံ့တဲ့အမူအရာနှင့် သူမကိုကြည့်ပြီးပြုံးကာ မေးလာတယ် "အချစ် ဘာလို့ အဲ့လောက်လန့်နေတာလဲ။ အိပ်မက်ဆိုးမက်လို့လား”

အခန်း-(၂၆၇)

ကျိူးလီဇီက သူ့ချစ်သူကို နောက်တစ်ကြိမ်ကြည့်လိုက်တော့ သူ့မှာ ဘာချို့ယွင်းချက်မှ မတွေ့ဘူး။ ကားတံခါးကိုဖွင့်ပြီး ကားပေါ်ကဆင်းကာ ညောင်းညာနေတဲ့ ခန္ဓာကိုယ်ကိုဆန့်ထုတ်ကာ သမ်းဝေလိုက်တယ်။

မျက်ရည်ဝဲနေတဲ့ မျက်လုံးတွေကိုပွတ်သပ်ရင်း သူမက အသံတိုးတိုးနဲ့ မေးလိုက်တယ် "အစ်ကိုယန်း ဘာလို့ အပြင်မှာ စောင့်နေတာလဲ"

သူမရဲ့ အက်ကွဲနေတဲ့ အသံကို သတိထားမိတော့ ကျင်းရွှီယန်းက သူ့ကျောပိုးအိတ်ထဲက ရေဗူးတစ်ဗူးကို ထုတ်လိုက်တယ်။ အဖုံးကိုဖွင့်ပြီး သူမဆီပေးလာကာ "ရေအရင်သောက်လိုက်" လို့ ပြောလိုကါတယ်။

ကျိူးလီဇီက အမှန်တကယ်ကိုရေငတ်နေတာကြောင့် ဗူးတစ်ဝက်လောက်ကို သောက်လိုက်တယ်။

"ကိုယ်တို့က ဝေယင်းကို စောင့်နေတာ"လို့ ကျင်းရွှီယန်းက သူမရဲ့ အစောပိုင်းကမေးခွန်းကို ပြန်ဖြေလိုက်သည်။

ဒါကိုကြားတော့ ကျိူးလီဇီက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ဟောင်းနွမ်းနေတဲ့ တံခါးနှင့် သူတို့ရှေ့ကအတားအဆီးတွေကို သတိထားမိလိုက်တယ်။ နှစ်မီတာမြင့်တဲ့ နံရံကို မော့ကြည့်ပြီး "ဒီလိုကာကွယ်မှုမျိုးနဲ့ဆိုရင် ဇွန်ဘီအုပ်ရောက်လာတာနဲ့ စခန်းတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်" လို့ ပြောလိုက်တယ်။

ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး “ရွှီချွန်းက ဒီတစ်ခါတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချလိုက်တယ်။ နောက်ဆုံးမိနစ်မှာမှ အန္တရာယ်ထဲကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးမယ့်အစား လူတွေကို အခုချက်ချင်း ရွှေ့ပြောင်းပေးထားတာက ပိုကောင်းတယ်” လို့ ပြောလိုက်တယ်။

ကျိူးလီဇီက ခေါင်းညိတ်ပြီး "အစ်ကိုယန်း လူတွေက စခန်းကပြောင်းပြီးသွားရင် ဒီကိုပြန်လာကြအုံးမှာလား။ ဒုတိယအကြိမ်မိုးရွာပြီးရင်တော့ အခြေအနေက သိသိသာသာကိုပြောင်းလဲသွားလိမ့်မယ်။ သူတို့သာဒီမှာဆက်နေရင် မကြာခင်မှာ ပျောက်ကွယ်သွားလိမ့်မယ်" လို့ ပြောလိုက်တယ်။

ကျင်းရွှီယန်းက သူမရဲ့လက်ကိုလှမ်းကိုင်လိုက်တယ်။ သူမရဲ့လက်ချောင်းတွေနဲ့ဆော့ကစားရင်း သူက ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေလိုက်တယ် "အဲဒါကတော့ ဝေယင်းရဲ့ရွေးချယ်မှုတွေအပေါ်မှာပဲ မူတည်လိမ့်မယ်"

သူ့စကားဆုံးတော့ တံခါးကပွင့်သွားပြီး အတားအဆီးများကို ဖယ်ရှားလိုက်ကြသည်။ မကြာမီတွင်ပဲ ဝေယင်းနှင့်အတူ အခြားသူများစွာလည်း စခန်းထဲမှ ထွက်လာကြတယ်။

ကျင်းရွှီယန်းနှင့်သူ့အဖွဲ့ကို မြင်လိုက်ရသည့်အခိုက်အတန့်တွင် ဝေယင်းရဲ့မျက်လုံးများက ရဲတက်လာတယ်။ သူက လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ သူ့ဆီသို့ လျှောက်လာပြီး သူ့ကို ဝက်ဝံတစ်ကောင်လိုဖက်ရန် ရည်ရွယ်ထားပုံရသည်။

ဒါပေမယ့် သူ့ကိုထိလို့မရခင်မှာပဲ ကျင်းရွှီယန်းက ခြေတစ်လှမ်းနောက်ဆုတ်ပြီး အေးစက်စက်ပြောလိုက်တယ် “ငါ့ချစ်သူပဲ ငါ့ကိုဖက်နိုင်တယ်”

ဖက်ခွင့်မရပေမယ့် ဝေယင်းကတော့ ရှက်မနေပါဘူး။ ပြုံးပြီး "ကပ္ပတိန်ကျင်း မင်းအသက်ရှင်နေတာ ဝမ်းသာပါတယ်" လို့ ပြောလိုက်တယ်။

ကျင်းရွှီယန်းက သူ့စကားကြောင့် မျက်ခုံးတစ်ဖက်ပင့်ပြီး မေးလိုက်တယ် "ကပ္ပတိန်ဝေ ငါကအဲ့လောက်လွယ်လွယ်နဲ့ သေမယ်လို့ ထင်နေတာလား"

ဒါကိုကြားတော့ လူတိုင်းက သူ့စကားကို သဘောတူကြတယ်။ စကားပြောဆိုမှုတွေကြောင့် ချင်လူဇီနဲ့ တခြားသူတွေ နိုးလာပြီး တစ်ယောက်ပြီးတစ်ယောက် ကားထဲက ထွက်လာကြတယ်။

ဝေယင်းက သူတို့ကိုကြည့်လိုက်ပြီး သူတို့မှာ ဘာထိခိုက်မှုမှ မရှိကြောင်းမြင်တော့မှ စိတ်သက်သာရာရသွားတယ်။ သူ့အကြည့်က မရင်းနှီးသော မျက်နှာတစ်ခုပေါ်သို့ ရောက်သွားသောအခါ "ကပ္ပတိန်ကျင်း ဒါက—" ဟု မေးလိုက်တယ်။

ကျင်းရွှီယန်းက လီချီရွှမ်ကိုလှမ်းကြည့်ပြီး “ငါ့အဖွဲ့ရဲ့ အဖွဲ့ဝင်အသစ် လီချီရွှမ်” လို့ ပြောလိုက်တယ်။

ခြေလှမ်းအနည်းငယ်လှမ်းလာပြီး လီချီရွှမ်က သူ့လက်ကိုဆန့်ထုတ်ကာ "ဟဲလို ရဲဘော်" ဟု ပြောလာတယ်။

သူအမူအရာကနေ သူဟာစစ်သား တစ်ယောက်မဟုတ်ဘူးဆိုတာကို ဝေယင်းကသိလိုက်ရတယ်။ သူက ခဏလောက် လက်ဆွဲနှုတ်ဆက်ပြီးနောက်မှ ကျင်းရွှီယန်းဘက်လှည့်ကာ "ကပ္ပတိန်ကျင်း ဒီနေ့မွန်းလွဲပိုင်းတုန်းက မင်းအဖွဲ့ ပြန်ရောက်လာတုန်းကလည်း အဖွဲ့ဝင်အသစ်တစ်ယောက် ခေါ်လာတယ်" လို့ ပြောလိုက်တယ်။

ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး “ငါသိပါတယ်” လို့ ပြောလိုက်တယ်။

ကျင်းရွှီယန်းက သူ့ရဲ့အဖွဲ့အကြောင်းကို ဆက်ဆွေးနွေးဖို့ ရည်ရွယ်ချက်မရှိတာကို သတိပြုမိတော့ ဝေယင်းက "ကပ္ပတိန်ကျင်း ၊ မင်းတို့အဖွဲ့ အနားယူဖို့ နေရာတစ်ခု ပြင်ဆင်ထားတယ်။ ရှောင်ဟန်က မင်းကို လမ်းပြပေးလိမ့်မယ်" လို့ ပြောလိုက်တယ်။

"ကျေးဇူးတင်ပါတယ်။ ကပ္ပတိန်ဝေ၊ မနက်ဖြန်မနက် ၈ နာရီ အစည်းအဝေးတက်ဖို့ကို မင်းတို့ရဲ့လူတွေနဲ့ ခေါင်းဆောင်တွေကို အသိပေးလိုက်ပါ။ နယ်စပ်က အခြေအနေက ငါတို့ထင်ထားသလောက် မကောင်းဘူး" ဟု ကျင်းရွှီယန်းက ကျိူးလီဇီအတွက် ကားတံခါးကို ဖွင့်ပေးရင်း ပြောလိုက်တယ်။

ဒါကိုကြားတော့ ဝေယင်းရဲ့မျက်နှာအမူအရာက တည်ကြည်သွားပြီး "နားလည်ပြီ" လို့ ပြန်ဖြေလာတယ်။

ရှောင်ဟန်အပါအဝင် အားလုံးကကားပေါ်တက်ပြီးနောက်မှာတော့ ကျင်းရွှီယန်းက သူ့အဖွဲ့အတွက် ပြင်ဆင်ထားသော အိမ်သို့ မောင်းသွားသည်။ ဝင်ပေါက်တွင်ရပ်ကာ ဝေယင်းက သူ့အဖွဲ့နဲ့ အကြည့်ချင်းဖလှယ်လိုက်ကြတယ်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူက “ပြန်ကြရအောင်။ ဒီနေ့တော့ အားလုံးက ပင်ပင်ပန်းပန်း အလုပ်လုပ်ထားကြတယ်။ စောစောအနားယူပြီး မနက်ဖြန် မနက် ၇ နာရီမှာ စုရုံးကြမယ်” လို့ ပြောလိုက်တယ်။

"နားလည်ပါပြီ" ဟု သူ့အဖွဲ့ဝင်များကလည်း တညီတညွတ်တည်း ပြန်ဖြေကြသည်။

နောက်ထပ်ဆယ်မိနစ်လောက် မောင်းပြီးနောက်တော့မှ ကျင်းရွှီယန်းက အိမ်တစ်အိမ်ရဲ့ အပြင်ဘက်တွင် ကားကို ရပ်လိုက်တယ်။

ဂိတ်အပြင်ဘက်မှာရပ်နေတဲ့ ရှောင်ဟန်ကပြုံးပြီး "ကပ္ပတိန်ကျင်း မနက်ဖြန်အစည်းအဝေးအကြောင်းကို အားလုံးဆီ အသိပေးလိုက်ပါ့မယ်" လို့ ပြောလာတယ်။

"ကျေးဇူးတင်ပါတယ်" လို့ ကျင်းရွှီယန်းက ခေါင်းညိတ်ပြရင်းပြောလိုက်သည်။

"ကပ္ပတိန်ကျင်း ဒါကကျွန်တော်လုပ်သင့်တာပါ။ အခုတော့ ခွင့်ယူလိုက်တော့မယ်။ ကောင်းသောညပါ" ဟု ရှောင်ဟန်က ထွက်ခွာသွားခင် ပြောလာတယ်။

တံခါးကိုသော့ဖွင့်ပြီး ခြံဝင်းထဲဝင်လာပြီးနောက်မှ ဝိန့်မိုက သော့ပြန်ခတ်လိုက်တယ်။ မကြာမီတွင်ပင် အိမ်ထဲကနေ ချင်လူဇီရဲ့အသံကို သူတို့ကြားလိုက်ရတယ် “အားလုံးပဲ ကပ္ပတိန်နှင့်ခယ်မတို့ ပြန်ရောက်ပြီ”

မိနစ်အနည်းငယ်အတွင်းမှာပဲ အဖွဲ့ဝင်တွေဟာ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ဖို့ ထွက်လာကြတာကို တွေ့လိုက်ရတယ်။ ကျိူးလီဇီက သူတို့ကို ကြည့်လိုက်တော့ မျက်နှာအသစ်တစ်ခုကို သတိထားမိပေမယ့် အဖွဲ့ဝင်တချို့ကိုတော့ မမြင်လိုက်ဘူး။

အိမ်ထဲကို ဝင်လာပြီးတော့မှ သူမက “အစ်မကျောင်း ၊ အစ်ကိုပိုင်နဲ့ အစ်ကိုချန်းဖုန်းတို့က ဘယ်မှာလဲ” လို့ မေးလိုက်တယ်။

"ခယ်မ ၊ ချန်းဖုန်းက အဆင့်တက်ဖို့ အဆင့်ထိုးဖောက်နေတာမို့ အစ်မကျန်းနဲ့ အစ်ကိုပိုင်တို့က သူ့ကို နောက်ဖေးခြံထဲမှာ စောင့်ကြပ်နေကြတယ်" ဟု ကျိုးဟွာကျဲက ပြန်ဖြေသည်။

ဒါကိုကြားတော့ ကျိူးလီဇီက မျက်မှောင်ကြုတ်ပြီး "အစ်ကို ယန်း ကျွန်မ သွားကြည့်လိုက်မယ်" လို့ ပြောလိုက်တယ်။

ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး “သွားလေ” လို့ ပြောလိုက်တယ်။

နောက်ဖေးခြံသို့ရောက်ရှိရန် သူမအတွက် မိနစ်အနည်းငယ်သာကြာတယ်။ ချန်ချန်းဖုန်းအား ရေလုံးကြီးတစ်ခု ဝန်းရံထားတာကို မြင်လိုက်ရသောအခါတွင်တော့ ထိန့်လန့်မှုကြောင့် သူမရဲ့မျက်လုံးများက ပြူးကျယ်သွားပြီး "မကောင်းတော့ဘူး" ဟု ပြောလိုက်သည်။

ကျိုးဟွာကျဲက ဘာမကောင်းတာလဲလို့ မမေးနိုင်ခင်မှာပဲ သူမက ရေဘောလုံးဆီ လျှောက်သွားပြီး ထိလိုက်တာကို သူမြင်လိုက်တယ်။ ဒါကိုမြင်တော့ သူက “ခယ်မ၊ ခဏနေဦး” လို့ အော်လိုက်တယ်။

ဒါပေမယ့် သူမကို မတားဆီးနိုင်ခင်မှာပဲ သူမရဲ့လက်က ရေဘောလုံးထဲကိုဝင်သွားပြီး ချန်ချန်းဖုန်းကို ဆွဲထုတ်လိုက်တာသူမြင်လိုက်ရသည်။ သူ့ကိုဆွဲထုတ်လိုက်တာနဲ့ ရေစက်လုံးက ပြိုကွဲသွားပြီး မြေပြင်ပေါ်ကို ပက်ဖြန်းကျသွားသည်။

သူ့ကိုဆွဲထုတ်ပြီးနောက်တွင်ပဲ ကျိူးလီဇီက ချန်ချန်းဖုန်းရဲ့ အသက်ရှူမှုကို လျင်မြန်စွာစစ်ဆေးလိုက်သည်။ သူရဲ့အသက်ရှူနှုန်းကအားနည်းနေတာကို သတိပြုမိသောအခါတွင်တော့ သူမရဲ့လက်ဖဝါးနှစ်ဖက်ကို သူရဲ့ရင်ဘတ်ပေါ်တွင် တင်လိုက်တယ်။

မျက်လုံးများကို မှိတ်လိုက်ပြီး သူမရဲ့စွမ်းအင်ကို သူ့ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်လိုက်တယ်။ သူမရဲ့စွမ်းအင်ကဝင်ရောက်သွားပြီး ချန်ချန်းဖုန်းရဲ့ခန္ဓာကိုယ်အတွင်းရှိ ပြင်းထန်သောစွမ်းအင်တစ်ခုနှင့် ထိပ်တိုက်တွေ့သွားသည်။

သူမရဲ့လည်ချောင်းထဲမှာ သွေးတွေဆန်တက်လာတာကို ခံစားလိုက်ရတဲ့အခါမှာတော့ သွားတွေကို တင်းတင်းစေ့ပြီး ပြန်မျိုချလိုက်တယ်။ အာရုံစိုက်ပြီး မဒိီတျန်တွေကို ဖျက်ဆီးပြီး အတွင်းအင်္ဂါတွေကိုထိခိုက်စေတဲ့ ပြင်းထန်တဲ့ စွမ်းအင် တွေကို ထိန်းချုပ်ဖို့ကြိုးစားရင်း သူ့ခန္ဓာကိုယ်ထဲကို စွမ်းအင်တွေ ပိုပို့လွှတ်လိုက်တယ်။

အခြေအနေကမကောင်းကြောင်း သတိပြုမိသောအခါတွင်တော့ ကျိုးဟွာကျဲက သူ့ရဲ့ကပ္ပတိန်ထံ အစီရင်ခံရန် အလျင်အမြန်သွားခဲ့သည်။

All Chapters