← Chapters

အခန်း (၂၆၈-၂၇၀)

Vol. 18 Ch. 268-270

အခန်း (၂၆၈-၂၇၀)

Vol. 18 Ch. 268-270

အခန်း-(၂၆၈)

ဒီအချိန်မှာတော့ ကျိူးလီဇီမှာ တခြားဘာကိုမှ စိတ်ပူနေဖို့ အချိန်မရှိပါဘူး။ ချန်ချန်းဖုန်းရဲ့အခြေအနေက အရမ်းဆိုးရွားနေတယ်။ သူ့ခန္ဓာကိုယ်ထဲက ပျက်စီးမှုအခြေနေအရ ဆို သူဟာ အနည်းဆုံး ဆယ်နာရီ ဒါမှမဟုတ် ဆယ်နာရီထက်ပိုပြီး ဒီလုပ်ငန်းစဉ်ကို ဖြတ်သန်းခဲ့ရမှာ ဖြစ်တယ်။

သူမရဲ့အရင်ဘဝက အလားတူအမှုတစ်ခုအကြောင်း စဉ်းစားမိတဲ့အခါမှာပဲ သူမရဲ့နေရာလွတ်ကနေ အပြာရောင်အမြုတေ လက်တစ်ဆုပ်စာကို ထုတ်ယူလိုက်တယ်။

ကျင်းရွှီယန်းနှင့် ကျန်တဲ့အဖွဲ့သားတွေ နောက်ဖေးခြံထဲ ရောက်လာတော့ သူမက အမြုတေလက်တစ်ဆုပ်စာအပြည့်ကို ချန်ချန်းဖုန်းရဲ့ပါးစပ်ထဲ ထိုးထည့်နေတာကို တွေ့လိုက်ရတယ်။

"အာဇီ " ကျင်းရွှီယန်းက အံ့သြသင့်စွာအော်လိုက်တယ်။

အမြုတေမှာ စွမ်းအင်ဘယ်လောက်သိုလှောင်ထားလဲဆိုတာ သူသိတယ်။ တစ်ခုစားရင်တောင် ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပြီး ရှင်သန်နိုင်ခြေက ၁% ပဲရှိတယ်။ လက်တစ်ဆုပ်စာစားတာကိုတော့ ပိုလို့တောင် မပြောနဲ့တော့။

ကျိူးလီဇီက သူ့ကိုလှမ်းကြည့်ပြီး "အစ်ကိုယန်း ကျွန်မကိုယုံပါ" လို့ ပြောလိုက်တယ်။

သူမက စကားပြောပြီးတာနှင့် ချန်ချန်းဖုန်းရဲ့ လက်ကောက်ဝတ်ကိုကိုင်ပြီး သူမရဲ့ကိုယ်ပိုင်စွမ်းအင်ကို အသုံးပြု၍ ပြင်းထန်သောစွမ်းအင်ကို နှိမ်နင်းခဲ့သည်။ တစ်ချိန်တည်းမှာပဲ အတွင်းပိုင်းဒဏ်ရာများကိုလည်း သူမကကုသပေးခဲ့သည်။

အားလုံးက ဘာတွေဖြစ်နေမှန်း မသိကြပေမယ့် သူတို့ ကပ္ပတိန်ရဲ့ မျက်နှာကို ကြည့်ရတာနဲ့တင် အခြေအနေက ဆိုးရွားနေတယ်ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။

ကျင်းရွှီယန်းက သူ့သူငယ်ချင်းနဲ့ ချစ်သူကောင်မလေးဖြစ်သူအတွက် စိတ်ပူနေပေမယ့် ဒီအချိန်မှာတော့ သူမကို မနှောင့်ယှက်ရဲဘူး။ ခြေလှမ်းတစ်ချက်မှားတာနဲ့ နှစ်ယောက်စလုံးက ဒီတုံ့ပြန်မှုကြောင့် သေသွားနိုင်တယ်။

သူတို့နှစ်ယောက်နှင့် နှစ်မီတာအကွာမှာရပ်နေရင်း ထိုနေရာကိုမသွားမိအောင် သူ့လက်သီးတွေကို တင်းတင်းကျပ်ကျပ်ဆုပ်ထားလိုက်တယ်။

လူတိုင်းရဲ့အကြည့်တွေအောက်မှာပဲ ကျိူးလီဇီက အချိန်နဲ့တိုက်ခိုက်ပြီး ငရဲတံခါးဝကနေ ချန်ချန်းဖုန်းရဲ့အသက်ကို ပြန်လုယူဖို့ ကြိုးစားနေခဲ့တယ်။

ဆယ့်ငါးမိနစ်အကြာတွင် သူမရဲ့မျက်နှာက ဖြူဖျော့သွားပြီး ခန္ဓာကိုယ်မှာတော့ ချွေးအေးများဖြင့် ရွှဲနစ်နေတယ်။ အမြုတေများကို အသုံးပြုပြီးနောက်တွင် စွမ်းအင်ပမာဏကကြီးမားလာပြီး သူမရဲ့စွမ်းအင်ကိုအသုံးပြု၍ ပြင်းထန်သောစွမ်းအင်ကိုထိန်းချုပ်ကာ ဒဏ်ရာများကိုကုသရခြင်းက သူမရဲ့ခန္ဓာကိုယ်အတွက် လေးလံသောဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်သည်။

နောက်ထပ် ဆယ်မိနစ်ကြာပြီးနောက်မှာတော့ သူမက မထိန်းနိုင်တော့ဘဲ သွေးတစ်လုတ်ကို နောက်ဆုံးတော့အန်ချလိုက်ပါတယ်။

“အာဇီ” ကျင်းရွှီယန်းက ထိန့်လန့်သွားပြီး သူမကို ဖမ်းရန် အပြေးအလွှားသွားသည်။

သူ့ကောင်မလေးရဲ့ခန္ဓာကိုယ်ကိုကိုင်ထားရင်း သူမရဲ့ ခန္ဓာကိုယ်အပူချိန်က နိမ့်လာတာကို သတိထားမိလိုက်တယ်။ အချိန်မဖြုန်းတီးဘဲ သူ့စွမ်းအင်ကို သူမဆီ မြန်မြန်လွှဲပြောင်းပေးလိုက်တယ်။

ချန်ချန်းဖုန်းက ရုတ်တရက်ကြီး မျက်လုံးဖွင့်လာပြီး ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်တယ်"အဟွတ် အဟွတ် အဟွတ် "

"ချန်းဖုန်း" ကျိုးဟွာကျဲက သူ့ကိုစစ်ဆေးရန်အတွက် အပြေးအလွှား သွားလ်ိုက်တယ်။

အကြိမ်အနည်းငယ်ချောင်းဆိုးပြီးနောက်တွင် ချန်ချန်းဖုန်းက အသက်ကိုပြင်းပြင်းရှူလိုက်ကာ လူတိုင်းကို ဇဝေဇဝါဖြင့် ကြည့်လိုက်ပြီး အက်ကွဲကွဲအသံဖြင့် မေးလိုက်တယ်" ငါ ဘာဖြစ်သွားတာလဲ"

ကျောင်းလီရှင်းက သူ့ဘေးမှာထိုင်ချပြီး သူ့အခြေအနေကို စစ်ဆေးလိုက်တယ်။ မိနစ်အနည်းငယ်အကြာမှာမှ သူမကပြောလိုက်တယ် “ချန်ဖုန်း မင်းရဲ့ခန္ဓာကိုယ်က ကောင်းပြီး အဆင့်တစ်ကို ရောက်သွားပြီ။ ဂုဏ်ယူပါတယ်”

ဒါကိုကြားတော့ ချန်ချန်းဖုန်းက အံ့အားသင့်မှုကြောင့် ခဏလောက် တောင့်တင်းသွားခဲ့တယ်။

သူမေ့မြောနေတဲ့အချိန်မှာပဲ သူ့အသက်က ပျောက်ကွယ်သွားတော့မယ်လို့ ခံစားလိုက်ရတယ်။ ရုတ်တရက် ၊ ပြင်းထန်တဲ့စွမ်းအင်တစ်ခုက သူ့အသိစိတ်ကို ပြန်ဆွဲယူလိုက်တယ်။ ပြင်ပစွမ်းအင်တွေက သူ့ခန္ဓာကိုယ်ထဲကို လှည့်ပတ်ဝင်ရောက်လာတော့ နာကျင်မှုကလည်း လျော့ပါးသွားပြီး နောက်ဆုံးမှာတော့ သူနိုးထလာနိုင်ခဲ့တယ်။

သူသတိလစ်နေစဉ်တွင် တစ်ခုခုဖြစ်သွားတာကို ခံစားမိသောကြောင့် ခေါင်းလှည့်လိုက်သောအခါတွင် သူ့ခေါင်းဆောင်က သူ့ခယ်မကို မျက်နှာဖြူဖျော့ဖျော့ဖြင့် ကိုင်ထားတာကို တွေ့လိုက်ရတယ်။

"ကပ္ပတိန် ခယ်မမှာ ဘာပြဿနာရှိလို့လဲ" ဟု သူက မေးလိုက်သည်။

ကျင်းရွှီယန်းက သူ့ကို လျစ်လျူရှုထားပြီး သူ့ရဲ့ စွမ်းအင်လွှဲပြောင်းမှုကိုပဲ အာရုံစိုက်လိုက်တယ်။ ငါးမိနစ် ကျော်ကြာ ပြီးနောက်တော့မှ ကျိူးလီဇီက မျက်လုံးဖွင့်လာတယ်။

ဒါကိုမြင်တော့ ကျင်းရွှီယန်းက သူမရဲ့နှုတ်ခမ်းပေါ်က စွန်း နေတဲ့သွေးတွေကိုသုတ်ဖို့ လက်လှမ်းလိုက်ပြီး "အာဇီ ဘယ်လိုနေလဲ။ ဘယ်နေရာမှာ မသက်မသာဖြစ်နေသေးလဲ" လို့ မေးလိုက်တယ်။

သူမရဲ့ချစ်သူ ရင်ခွင်ထဲမှာမှီကာ ကျိူးလီဇီက အသက်ကို ပြင်းပြင်းရှူပြီးနောက်မှ “အစ်ကိုယန်း ကျွန်မအဆင်ပြေပါတယ်” ဟု ပြောလိုက်သည်။

ကျင်းရွှီယန်းက လက်လှမ်းလိုက်ပြီး သူမရဲ့ချွေးတွေကို လက်ချောင်းတွေနဲ့ သုတ်ပေးပြီး "မင်းကိုယ်တိုင်က ဒီလိုပဲဖြစ်နေပြီ အဆင်ပြေတယ်လို့ ပြောနေတုန်းပဲ" လို့ ပြောလိုက်တယ်။

စကားပြောပြီးတာနှင့် သူမရဲ့ဒူးများနှင့်ခါးအောက်မှ လက်လျှိုသွင်းပြီးထရပ်ကာ သူမကို ချီလျှက် အိမ်ဆီသို့ လျှောက်သွားရင်း “ငါ့အခန်းက ဘယ်မှာလဲ” ဟု မေးလိုက်တယ်။

ရှောင်ချီ သတိပြန်ဝင်လာပြီး မြန်မြန်ပြန်ဖြေလိုက်တယ် "ဒုတိယထပ်က အိပ်ခန်း"

ကျင်းရွှီယန်းက အနောက်ကိုတောင်လှည့်မကြည့်ဘဲ သူ့ချစ်သူကို သူတို့အခန်းထဲခေါ်သွားပြီး တံခါးကိုသော့ခတ်လိုက်တယ်။ အခန်းထဲမှာ ရပ်လိုက်ပြီး “ကိုယ့်ကို မင်းရဲ့နေရာကို ခေါ်သွား” လို့ ပြောလိုက်တယ်။

ကျိူးလီဇီက ခေါင်းညိတ်ပြီး သူမနေရာလွတ်ထဲကို သူနှင့်အတူ ဝင်သွားသည်။

နေရာလွတ်ထဲမှာ သူတို့ပေါ်လာပြီးနောက်မှာပဲ ကျင်းရွှီယန်းက သူမကို မာစတာအိပ်ခန်းထဲခေါ်သွားပြီး ထိုင်ခုံပေါ် တင်ခဲ့ပေးလိုက်ပြီး သူကတော့ ရေချိုးကန်ထဲကို ရေနွေးနဲ့ ရေဖြည့်ပြီး သန့်ရှင်းတဲ့ အဝတ်အစားတစ်စုံ ထုတ်ယူလိုက်တယ်။

သူမရဲ့ချစ်သူက မျက်နှာမည်းမည်းဖြင့် အလုပ်များနေတာကိုကြည့်၍ ကျိုးလီဇီက မေးလိုက်တယ် "အစ်ကိုယန်း ဘာလို့ဒေါသထွက်နေတာလဲ"

သူမကသာ မမေးခဲ့ရင် ပိုကောင်းအုံးမှာပါ။ သူမ မေးလိုက်တော့ ကျင်းရွှီယန်းက သူမဘက်ကိုလှည့်လာပြီး ပြန်မေးလာတယ် "အာဇီ တကယ်မသိလို့ မေးနေတာလား"

ဒီတစ်ခါမှာတော့ သူမရဲ့ချစ်သူက အရမ်းဒေါသထွက်နေတယ်လို့ ခံစားရတာကြောင့် ကျိူးလီဇီက ပါးစပ်ပိတ်ပြီး ရေချိုးဖို့ သူမကိုချီသွားတဲ့အချိန်မှာ ငြိမ်နေဖို့ကိုပဲဆုံးဖြတ်လိုက်တယ်။

ပုံမှန်အားဖြင့်ဆိုရင်တော့ စုံတွဲတစ်တွဲက အတူတူရေချိုးတဲ့အချိန်မှာဆို အဝါရောင်နေရာထဲကို စွန့်စားဝင်သွားလေ့ရှိတယ်။ ဒါပေမယ့် ဒီအချိန်မှာတော့ ကျင်းရွှီယန်းဟာ သူ့ချစ်သူနဲ့ တစ်ခုခုဆိုးဆိုးရွားရွားလုပ်ဖို့ကိုတောင် မစဉ်းစားမိလောက်အောင်အထိ ဒေါသထွက်နေခဲ့တယ်။

သူက အဝတ်အစားအပြည့်အစုံဝတ်ဆင်ထားချိန်တွင် ကျိူးလီဇီကတော့ ရေချိုးကန်ထဲတွင် အဝတ်ဗလာဖြင့် ထိုင်နေနေသည်။

ကမ္ဘာပျက်ကြီးထဲမှာ နှစ်ပေါင်းများစွာကြာအောင် အတွေ့အကြုံများစွာကြုံတွေ့ခဲ့ရတဲ့ သူမမှာ မိန်းကလေးငယ်တစ်ယောက်ရဲ့ ရိုးသားမှုမရှိတော့ပါဘူး။ သူတို့နှစ်ယောက်က ချစ်သူတွေဖြစ်နေတာကြောင့် သူမရဲ့ခန္ဓာကိုယ်ကို သူကြည့်တာကို သူမဂရုမစိုက်ပါဘူး။

သူက စကားတစ်ခွန်းမှမပြောဘဲ သူမရဲ့ခန္ဓာကိုယ်ကိုသာ ပွတ်သပ်ကာရေချိုးခွင့်ပေးတယ်။ သူ ဒေါသထွက်နေတာ ထင်ရှားပေမယ့် သူမကို နာကျင်စေမှာကိုကြောက်သလိုမျိူး သူ့ရဲ့လှုပ်ရှားမှုတွေက ညင်သာနေဆဲပဲ။

သူ့ချစ်သူကိုရေချိုးပေးပြီး အဝတ်အစားလဲ ပေးပြီးတဲ့နောက်တွင်တော့ ကျင်းရွှီယန်းရဲ့ ဒေါသအများစုက ပျောက်ကွယ်သွားတယ်။ သူတို့နှစ်ယောက်က ဆိုဖာပေါ်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ထိုင်နေကြပြီးမှ သူက သက်ပြင်းရှည်ကြီးချပြီး သူမကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်။

သူမရဲ့လည်ပင်းမှာ သူ့မျက်နှာကိုမြှုပ်ထားရင်း သူက အက်ကွဲကွဲအသံနဲ့ "အာဇီ မင်းက ကိုယ့်ကို သေလောက်တဲ့အထိ ကြောက်သွားအောင်လုပ်နေတာ" လို့ ပြောလိုက်တယ်။ သူ့အသံက အနိုင်ကျင့်ခံရတဲ့ ဇနီးလေးတစ်ယောက်လိုမျိူး မကျေမနပ်ဖြစ်မှုတွေ ပြည့်နှက်နေတယ်။

သူမရဲ့ခန္ဓာကိုယ်ကို ဖက်ထားတဲ့ သူ့ရဲ့လက်မောင်းတွေဆီက တုန်ရီနေမှုကို ခံစားမိတော့မှ ကျိူးလီဇီက ဘာကြောင့် သူ ဒီလောက်ဒေါသထွက်နေလဲဆိုတာကို နောက်ဆုံးတော့ သဘောပေါက်သွားတယ်။ လက်ဆန့်ပြီး သူ့ကိုဖက်လိုက်ကာ “အစ်ကိုယန်း မင်းကို ကြောက်အောင်လုပ်မိလို့ တောင်းပန်ပါတယ်” လို့ ပြောလိုက်တယ်။

အခန်း-(၂၆၉)

ကျင်းရွှီယန်းက အတော်ကြာတိတ်ဆိတ်သွားပြီးမှ "အာဇီ ကိုယ့်သူငယ်ချင်းတွေက ကိုယ့်အတွက် ဘယ်လောက်အရေးပါ ပါစေ မင်းကတော့အရေးကြီးဆုံးပဲ။ သူတို့အတွက်နဲ့တော့ မင်းကို အန္တရာယ်ထဲမရောက်သွားစေချင်ဘူး" လို့ ပြောလိုက်တယ်။

"အာဇီ ကိုယ်က သူတို့မရှိဘဲနေနိုင်တယ်၊ ဒါပေမယ့် မင်းမရှိရင်တော့ ကိုယ်သေသွားလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကို ဒီလိုထပ်မလုပ်ပါနဲ့။ ကိုယ်နှလုံးသားက မခံနိုင်ဘူး" ဟု သူက တိုးတိုးလေးပြောသည်။

ဒါကိုကြားတော့ ကျိူးလီဇီက အံ့အားသင့်သွားပြီး ဘာပြောရမှန်းမသိတော့ဘူး။ နောက်ဆုံးမှာတော့ သူမက သူ့ကိုသာ ပိုတင်းကြပ်စွာဖက်ထားပြီး ဘာမှမပြောတော့ဘူး။

သူမဆီက အဖြေမရတာကို ကျင်းရွှီယန်းက ဂရုမစိုက်ဘူး။ သူ့ကတော့ သူမ အသက်ရှင်ဖို့ ၊ ဘေးကင်းဖို့နှင့် ကျန်းမာနေဖို့အတွက်ဆို ဘာမဆိုလုပ်မှာပဲ။ သူမရဲ့အသက်ကို လဲလှယ်ရဖို့ သူ့အသက်ကို အသုံးပြုရမယ်ဆိုရင်တောင် တွန့်ဆုတ်ခြင်းမရှိဘဲ သူကလုပ်မှာ။ ဒါကြောင့် သူမ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဒါကပြဿနာမရှိပါဘူး။

သူတို့ဖက်လိုက်တဲ့အခါမှာ ကျိူးလီဇီက အိပ်ငိုက်သလို ခံစားလိုက်ရတယ်။ သူ့ရဲ့နွေးထွေးတဲ့ခန္ဓာကိုယ်က သူမကိုဖက်ထားတာကြောင့် သူမကလုံခြုံတယ်လို့ ခံစားရပြီး တဖြည်းဖြည်းနဲ့ အိပ်ပျော်သွားတယ်။

ငါးမိနစ်အကြာတွင်တော့ ကျင်းရွှီယန်းသည် သူ့ရင်ခွင်ထဲက ခန္ဓာကိုယ်လေးဟာ ပျော့ပျောင်းလာတာကို ခံစားလိုက်ရပြီး သူ့ချစ်သူက သူ့ကိုပြန်ဖက်မနေတော့ပေ။ အဲဒီအစား သူမက သူ့ကို မှီပြီး ကြောင်ပေါက်လေးတစ်ကောင်လို နေနေတယ်။

သူ့လည်ပင်းပေါ်က နွေးထွေးတဲ့လေကို ခံစားမိတော့ ခေါင်းမော့ကြည့်လိုက်တာ သူ့ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ သူမကို တွေ့လိုက်ရတယ်။ သူမရဲ့ ငြိမ်းချမ်းတဲ့အမူအရာကို မြင်တော့ သူပြုံးပြီး ကိုယ်ကိုကိုင်းကာ အနမ်းတစ်ပွင့် ပေးလိုက်သည်။

သူမကို ညင်သာစွာ ချီသွားပြီး အိပ်ရာပေါ်သို့ချပေးကာ စောင်ပါးလေးတစ်ထည်ဖြင့် ခြုံပေးပြီးနောက်မှ ရေချိုးရန် သူသွားလိုက်သည်။

သူ့ချစ်သူကအိပ်ပျော်နေချိန်မှာ သူကတော့ နေရာအနှံ့ လျှောက်သွားနေတယ်။ အိမ်နားက ရေကန်နှင့် လယ်ယာမြေတွေကလွဲရင် ကျန်တဲ့နေရာတွေက ကျယ်ပြောလှတဲ့ မြက်ခင်းပြင်တွေကြီးပဲ။

အိမ်နှင့် မဝေးတဲ့နေရာမှာစိုက်ထားတဲ့ အသီးပင်တွေကို သူစစ်ဆေးကြည့်လိုက်တော့ အသီးတွေကရင့်မှည့်နေပြီး ခူးဆွတ်ခံဖို့အသင့်ဖြစ်နေတာကို တွေ့လိုက်ရတယ်။ မခူးဆွတ်ရင် အသီးတွေကပုပ်သွားမှာလားဆိုတာက မသေချာလို့ သူ့ချစ်သူကို ကူညီဖို့ အသီးတွေခူးဆွတ်ရန်ဆုံးဖြတ်လိုက်တယ်။

နေရာလွတ်ရဲ့အပြင်ဘက်က နတ်ဆိုးအဖွဲ့ဝင်တွေကတော့ ကျိူးလီဇီရဲ့ အခြေအနေကို မသိရှိကြပါဘူး။ သူတို့က မေးချင်ကြပေမယ့် သူတို့ရဲ့ကပ္ပတိန်ကို နှောင့်ယှက်မိမှာကိုလည်း ကြောက်ကြပါတယ်။ သူကသာ သူမကို ကုသပေးနေရင် ဘယ်လိုလုပ်မလဲ။

ဤစိုးရိမ်မှုကြောင့် သူတို့သည် ဧည့်ခန်းထဲတွင်သာ စောင့်နေနိုင်ကြတယ်။ လူတိုင်းက ငြိမ်ငြိမ်ထိုင်နေကြပြီး ကိုယ်စီအတွေးတွေကြား နစ်မြုပ်နေကြသည်။

အတော်ကြာ တိတ်ဆိတ်နေပြီးနောက်မှ ကျိုးဟွာကျဲက မေးလိုက်သည် "ချန်းဖုန်း မင်းက ဘာဖြစ်သွားတာလဲ"

ဒီမေးခွန်းကိုကြားတော့ ချန်ချန်းဖုန်းက ခေါင်းခါပြီး "ငါလည်း သေချာမသိဘူး။ မင်းကိုခေါ်လိုက်တဲ့အချိန်တုန်းကတော့ ငါ့စွမ်းအင်တွေက ထိန်းမနိုင်သိမ်းမရဖြစ်သွားတာကိုပဲ မှတ်မိတယ်။ အဲဒီနောက်မှ ဘာကိုမှမမှတ်မိတော့ဘူး" လို့ ပြန်ဖြေလိုက်တယ်။

"အစ်ကိုချန်းဖုန်း ၊ မင်းက အဆင့်ချိုးဖောက်နိုင်သွားပြီလို့ ကျွန်တော်တို့ထင်ခဲ့တာ။ အဲဒါက မမှန်ဘူးလား" ရှောင်ချီက သံသယဖြင့် မေးလိုက်သည်။

အဲဒီအချိန်မှာပဲ ကျောင်းလီရှင်းက "ချန်းဖုန်းက တကယ် အဆင့်တက်ခဲ့တာ။ အခုဆို သူက အဆင့် ၁စွမ်းရည်အသုံးပြုသူ ဖြစ်နေပြီ" လို့ ပြောလိုက်တယ်။

ချန်ချန်းဖုန်း ခဏလောက်စဉ်းစားပြီးမှ ပြောလိုက်တယ် "ဘာတွေဖြစ်နေမှန်း ကျွန်တော်လည်းမသိဘူး။ သတိလစ်သွားပြီးနောက်မှာ မသိတဲ့စွမ်းအင်တစ်ခုက ကျွန်တော့်ခန္ဓာကိုယ်ထဲကိုဝင်လာပြီး ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ စွမ်းအင်ကို မထိန်းချုပ်လိုက်နိုင်ခင်အချိန်ထိတော့ ကျွန်တော်ခန္ဓာကိုယ်က အေးစက်နေပြီး နာကျင်မှုကိုလည်း အချိန်အတော်ကြာ ခံစားခဲ့ရတယ်ဆိုတာပဲ သိတယ်"

ဒါကိုကြားတော့ ဖုန်းယွင်က "အဲဒါက ခယ်မရဲ့စွမ်းအင်ပဲ ဖြစ်ရမယ်။ ငါတို့ နောက်ဖေးကိုရောက်တော့ သူမက မင်းကို အမြုတေတွေကျွေးပြီး မင်းရဲ့လက်ကောက်ဝတ်ကို ကိုင်ထားတာ တွေ့လိုက်ရတယ်" လို့ ပြောလိုက်တယ်။

ဒါကိုကြားတော့ ချန်ချန်းဖုန်းက အပြစ်ရှိစိတ်နှင့်ခေါင်းငုံ့ပြီး ပြောလိုက်တယ် "ခယ်မ ဒဏ်ရာရသွားတာက သူမက ကျွန်တော့်ကို ကယ်တင်လိုက်လို့ပေါ့"

သူ့ဘေးမှာထိုင်နေတဲ့ ချင်လူဇီက သူ့ပခုံးကိုပုတ်ပြီး "မင်းရဲ့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ငါတို့ရဲ့ခယ်မကို ပေးဆပ်ပြီးသူမကိုကျေးဇူး ပြန်ဆပ်ရမယ်" လို့ ပြောလိုက်တယ်။

ချန်ချန်းဖုန်းက ခေါင်းညိတ်ပြီး "အစ်ကိုလူဇီ၊ ကျွန်တော် နားလည်ပါတယ်။ ကျွန်တော် သူမကို သေချာပေါက် ကာကွယ်ပေးမှာပါ" လို့ ပြောလိုက်တယ်။

သူ့စကားဆုံးတော့ လီချီရွှမ်က ရယ်လိုက်ပြီး "အစ်ကို၊ ဒီစကားတွေကို ကပ္ပတိန်ရှေ့မှာ မပြောသင့်ဘူး၊ မဟုတ်ရင် မင်းဒုက္ခရောက်လိမ့်မယ်" လို့ ပြောလိုက်တယ်။

သူ့စကားကို ကြားလိုက်ရတဲ့အချိန်မှာတော့ အားလုံးကလည်း သဘောတူတဲ့ပုံစံနဲ့ ခေါင်းညိတ်လိုက်ကြတယ်။

နောက်ထပ် ဆယ့်ငါးမိနစ် ကြာအောင်ထိ သူတို့စောင့်ကြပေမယ့် ကျင်းရွှီယန်း ဒါမှမဟုတ် ကျိူးလီဇီတို့က သူတို့ရဲ့အိပ်ခန်းထဲကနေ ထွက်လာမယ့် အရိပ်အယောင် မတွေ့ရသေးဘူး။

ကျန်းယွမ်က သူ့နာရီကိုကြည့်လိုက်ပြီး "ကောင်းပြီ၊ ဒီမှာစောင့်နေတာက အသုံးမဝင်ဘူး။ ကပ္ပတိန်က သူ့ချစ်သူကို ဂရုစိုက်ပေးလိမ့်မယ်။ လူတိုင်းလည်းရောက်နေပြီဆိုတော့ အဖွဲ့ဝင်အသစ်တွေကို မိတ်ဆက်ရအောင်။ ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ သုတေသနအဖွဲ့အတွက် မိုဂျွန်ဂျီဆိုတဲ့နောက်ထပ်လူတစ်ယောက်ကို ခန့်အပ်လိုက်ပါပြီ" လို့ ပြောလိုက်တယ်။

မိုဂျွန်ဂျီက မတ်တပ်ရပ်ပြီး "အားလုံးပဲ မင်္ဂလာပါ " ဟု နှုတ်ဆက်လာသည်။

သူ့ရဲ့ချောမောတဲ့မျက်နှာကိုမြင်တော့ ယင်းယွီရှန်းက လျှာကို ခေါက်ပြီး အသံလုပ်ကာ"ဒုကပ္ပတိန် ကျွန်တော်တို့အဖွဲ့က ရုပ်ရည်ကိုအခြေခံပြီး စုဆောင်းတာလား။ အဖွဲ့ဝင်အသစ်နှစ်ယောက်စလုံးက အဲဒီကဏ္ဍမှာတော့ ပျမ်းမျှထက်သာတယ်" လို့ ပြောလိုက်တယ်။

ဒါကိုကြားတော့ လီချီရွှမ်က သူ့ကိုပြုံးပြီး "အစ်ကို၊ မင်းက အလွန်အကျွံ ချီးကျူးနေတယ်" လို့ ပြောလိုက်တယ်။

ယင်းယွီရှန်းက သူ့စိတ်ထဲမှာ မျက်လုံးလှိမ့်လိုက်ပြီး 'နောက်ထပ် အရှက်မရှိတဲ့ အဖွဲ့ဝင်တစ်ယောက်' လို့ တွေးလိုက်တယ်။

ကုန်းပိုင်က သူ့ကိုလှမ်းကြည့်လာပြီး ပေါ့ပေါ့တန်တန်ပြောလိုက်တယ် "ယွီရှန်း သူတို့ဘေးမှာရပ်လို့ ရုပ်ဆိုးသွားမှာ စိုးရိမ်နေရင် ငါ့ဘေးမှာရပ်လေ ငါက မင်းလောက်မချောဘူး။ ငါနဲ့အတူရှိရင် မင်းရဲ့တန်ဖိုးကို မြှင့်တင်နိုင်တယ်"

ယင်းယွီရှန်းရဲ့မျက်နှာက သူ့စကားကြောင့်မည်းမှောင်သွားပြီး "အစ်ကိုပိုင် မင်းရဲ့ကမ်းလှမ်းချက်အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်မလိုအပ်ပါဘူး" လို့ ပြောလိုက်တယ်။

သူက အဖွဲ့ဝင်အသစ်တွေကို ကြည့်ပြီး "သူတို့ရဲ့ စွမ်းရည်တွေကို ကျွန်တော်တို့ကမသိသေးဘူး၊ ဒါကြောင့် သံသယဝင်တာက ပုံမှန်ပဲ မဟုတ်လား" လို့ ဆက်ပြောလိုက်တယ်။

"ကောင်းပြီ၊ ကျွန်တော်မှာက ဘာစွမ်းရည်မှမရှိဘူး၊ ပြီးတော့ ထူးဆန်းတဲ့ ရောဂါတစ်ခုလည်း ရှိတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့တန်ဖိုးက မျက်နှာမှာ မဟုတ်ဘဲ ဦးနှောက်မှာ ရှိတယ်လို့ ယုံကြည်တယ်။ အဖွဲ့မှာ သုတေသနလုပ်ဖို့ ဒါမှမဟုတ် လူနာတွေကို ကုသဖို့ကို ကျွန်တော် ကူညီပေးနိုင်တယ်" ဟု မိုဂျွန်ဂျီက အပြုံးဖြင့် ပြန်ဖြေသည်။

ချင်လူဇီကတော့ သိလိုစိတ်များပြည့်နေသောအကြည့်ဖြင့် သူ့ကိုကြည့်လိုက်မိသည်။ အခြားသူများကို လိမ်နိုင်သော်လည်း သူ့(ချင်)ကိုတော့ လိမ်လို့မရဘူး။ သူ့ရဲ့ စိတ်မြေပုံပေါ်ရှိ မှိတ်တုတ်မှိတ်တုတ် အပြာရောင်အစက်များက အဖွဲ့ဝင်အသစ်နှစ်ဦးစလုံးက စွမ်းရည်အသုံးပြုသူများဖြစ်ပြီး အစွမ်းထက်သူများဖြစ်နိုင်တာကို ပြသနေသည်။

အပြာရောင်အစက်လေးတွေရှိတဲ့ လူငါးယောက်နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာတော့ အပြာရောင်အစက်လေးဟာ သူတို့ရဲ့ စွမ်းရည်နဲ့ ပတ်သက်ပြီး တစ်ခုခုကို ကိုယ်စားပြုနိုင်တယ်လို့ သူ ခန့်မှန်းမိလိုက်တယ်။

သူ့ကပ္ပတိန်ရဲ အနက်ရောင်မီးတောက်ဟာ မီးအမျိုးအစား ဗီဇပြောင်းလဲထားတဲ့ စွမ်းရည်တစ်ခုဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ သူ့တို့ ခယ်မရဲ့ရေစွမ်းရည်ကလည်း ရေခဲအဖြစ် ပြောင်းလဲနိုင်ပြီး ရေအမျိုးအစားကိုမှ ဗီဇပြောင်းလဲထားတဲ့အထဲ ထည့်သွင်းနိုင်တယ်။

ပိုင်ရီကျီးရဲ့မိုးကြိုးက လီစီခိုင်ရဲ့မိုးကြိုးနဲ့ အရောင်မတူဘူး။ နှစ်ခုကို နှိုင်းယှဉ်ကြည့်ပြီးခါမှ ချန်ကျိရိ၊ ရှန်းကျင်းဇီ၊ လီစီခိုင်နဲ့ ယင်ယွီရှန်းတို့ရဲ့ အစိမ်းရောင်အစက်လေးတွေမှာလည်း အရောင်ပြောင်းတဲ့ လက္ခဏာတွေ ပြနေပေမယ့် သိပ်မမြင်ရတာကို သတိထားမိလ်ိုက်တယ်။

အခန်း-(၂၇၀)

လောလောဆယ်တွင်တော့ သူ့မြေပုံပေါ်ရှိ သူတို့လေးယောက်ကိုကိုယ်စားပြုသည့် အစက်များသည် အစိမ်းရောင်နှင့် အပြာရောင်ကြားရှိ အရောင်ဖြစ်သည့် နူးညံ့သော စိမ်းပြာရောင် ဖြစ်သည်။

သူတို့နဲ့မတူဘဲ မိုဂျွန်ဂျီ နှင့် လီချီရွှမ်တို့ရဲ့ ကိုယ်စားပြုအစက်တွေကတော့ အပြာရောင်ဖြစ်နေတာ သိသာပါတယ်။ ဒီအပေါ်မှာ အခြေခံပြီးပြောရရင် အပြာရောင်ဆိုတာက မျိုးရိုးဗီဇပြောင်းလဲတဲ့ စွမ်းရည်တစ်ခုလို့ သူ ၄၀% သေချာတယ်။

အတွေးထဲမှာ သူနစ်မြုပ်နေချိန်မှာပဲ တခြားသူတွေကတော့ သူတို့ကိုယ်သူတို့ မိတ်ဆက်ပြီးသွားကြတယ်။

"ကောင်းပြီ၊ မနက်ဖြန်ကြရင် လုပ်စရာတွေ အများကြီးရှိတယ်။ ညစာစားပြီး အနားယူကြရအောင်" ဟု ကျန်းယွမ်က ပြောလိုက်တယ်။

လူတိုင်းက ခေါင်းညိတ်ပြီး ရိုးရှင်းတဲ့ အစားအစာတစ်ခုကို မြန်မြန်ဆန်ဆန်ပဲ ပြင်ဆင်လိုက်ကြတယ်။ "ရိုးရှင်းတယ်" လို့ခေါ်ပေမယ့် သူတို့မှာက ထမင်းပေါင်း၊ ဟင်းသီးဟင်းရွက်နှင့် ဝက်သားဟင်းအိုးကြီးတစ်အိုး၊ ခရမ်းချဉ်သီးနှင့်ကြက်ဥကြော်ပန်းကန်ကြီးတစ်ချပ်ရယ် ကင်ထားတဲ့ ဝက်အူချောင်းတွေ ရှိတယ်။

စားပွဲမှာထိုင်နေတဲ့ မိုဂျွန်ဂျီက အစားအစာတွေကိုကြည့်ပြီး "အစ်ကို၊ တစ်ထိုင်တည်းနဲ့ ဒီလောက်အများကြီးစားလို့ရရဲ့လား။ ကျွန်တော်တို့ရဲ့ပစ္စည်းတွေ ကုန်သွားမှာမဟုတ်ဘူးလား" လို့ မေးလိုက်တယ်။

ဖုန်းယွင်က သူ့ရဲ့စိုးရိမ်ပူပန်မှုကို သတိပြုမိတာကြောင့် "စိတ်မပူပါနဲ့၊ ငါတို့အဖွဲ့မှာက နှစ်နှစ်စာအတွက် အစားအစာလုံလောက်ပါတယ်။ မင်းကပိုစားရင်တောင် ငါတို့က မင်းကိုကျွေးဖို့ တတ်နိုင်တယ်" လို့ ပြန်ဖြေလိုက်တယ်။

ကျန်းယွမ်က ခေါင်းညိတ်ပြီး "ငါတို့အဖွဲ့က လစာမရဘူး၊ ဒါပေမယ့် ခယ်မက ရက်အနည်းငယ်တိုင်းမှာ လူတိုင်းအတွက် ကိုယ်ပိုင်ပစ္စည်းတွေနဲ့ အမြုတေတွေကိုပေးတယ်။ ကုန်သွားရင် သူ့ကို အကြောင်းကြားလိုက်၊ ထပ်ပေးလိမ့်မယ်" လို့ ဆက်ပြောလာတယ်။

ဒါကိုကြားတော့ လီချီရွှမ်က မျက်ခုံးတစ်ဖက်ပင့်ပြီး မေးလိုက်တယ် "အဲဒါကြောင့်ပဲ သူမကို အမြုတေတွေအားလုံး ပေးလိုက်တာလား"

ရှောင်ချီက ခေါင်းညိတ်ပြီး "သူမက အမြုတေတွေကို ကိုင်ထားပေမယ့်လည်း သူမက အရမ်းရက်ရောတယ်" လို့ ပြန်ဖြေလိုက်တယ်။

သူက သူ့အိတ်ကပ်ထဲက အဝတ်အိတ်သေးသေးလေးတစ်လုံးကို ထုတ်ပြီး စားပွဲပေါ်တင်လိုက်တယ် "ဒါတွေက မရီး ကျွန်တော့်ကိုပေးတဲ့ အမြုတေတွေပဲ။ ကျွန်တော့်မှာ နည်းနည်းကျန်နေသေးတဲ့အချိန်မှာတောင် သူမက ကျွန်တော်ကို ထပ်ပေးတယ်။ အခုဆို ၃၀၀ လောက်ရှိနေပြီ"

"ငါ့မှာလည်း အဲဒီလောက်ရှိတယ်" ဟု ဖုန်းယွင်ကလည်း ဝင်ပြောတယ်။

"ဒီမှာလည်း အတူတူပဲ" လီစီခိုင်ကလည်း ပြောရင်း ခေါင်းညိတ်ပြသည်။

လီချီရွှမ်က အဓိပ္ပာယ်ရှိရှိပြုံးပြီး "ဒီမနက်မှာပဲ သူမက ကျွန်တော့်ကို ပစ္စည်းတွေ၊ အမြုတေတွေ ပြည့်နေတဲ့ ကျောပိုးအိတ်တစ်လုံးပေးခဲ့တာ အံ့သြစရာတော့ မဟုတ် တော့ဘူး။ လူတိုင်းက တစ်ခုစီ ရကြတယ်။ ကျွန်တော်ကိုယ်ကျွန်တော် အထူးလို့ ထင်ခဲ့တာ" လို့ ပြောလိုက်တယ်။

သူ့စကားက်ိုကြားတော့ လူတိုင်းက အသက်ကို ပြင်းပြင်းရှူပြီး သူ့ကို စိုက်ကြည့်နေကြတယ်။ အခန်းတစ်ခုလုံးက တိတ်ဆိတ်သွားတယ်။ မိနစ်အနည်းငယ်အကြာမှာ ရှန်းကျင်းဇီ ပြောလာတယ် "အစ်ကို၊ မင်းက အရမ်းရဲရင့်တာပဲ" လို့ ပြောလိုက်တယ်။

"မင်းက ဘာကိုဆိုလိုတာလဲ" လို့ လီချီရွှမ်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

"အစ်ကို၊ ကျိူးလီဇီက ကျွန်တော်တို့ကပ္ပတိန်ရဲ့ချစ်သူပဲ။ မသင့်လျော်တဲ့ အတွေးတွေကို မေ့ပစ်လိုက်ပါ။ ကပ္ပတိန်သာ သိသွားရင် မင်းသေရလိမ့်မယ်" ဟု ကျိုးဟွာကျဲက စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။

"အဲ့လောက်တောင်ဆိုးလား" ဟု မိုဂျွန်ဂျီကလည်း စိတ်ဝင်တစားနဲ့ မေးလာတယ်။

ရှောင်ချီက အလျင်အမြန်ခေါင်းညိတ်ပြီး တိုးတိုးလေးပြောသည် "အဲထက် ပိုဆိုးတယ်။ ကျွန်တော်တို့ရဲ့ ကပ္ပတိန်က ဘယ်လောက်တောင် မနာလိုတတ်လဲဆိုတာ ကျွန်တော်လည်းအရင်က မသိခဲ့ဘူး၊ တစ်ခါကဆို မရီးနဲ့ ဆယ်မိနစ်လောက် စကားပြောဖူးတယ်။ ကျွန်တော်တို့က စကားစမြည်ပြောနေတာပါ။ ဒါပေမယ့် ကပ္ပတိန်ရဲ့အကြည့်ကိုမြင်လိုက်တာနဲ့ ကျွန်တော်ကံဆိုးပြီဆိုတာကို သိလိုက်တယ်"

"နောက်ဘာဖြစ်သွားတာလဲ" ချန်ချန်းဖုန်းကလည်း စိတ်ဝင်တစား မေးလာသည်။

"ကပ္ပတိန်က ဘာမှ မပြောပါဘူး။ ဒါပေမယ့် အဲဒီကတည်းကနေစပြီး ထောက်ပံ့ရေးပစ္စည်းတွေ ဝေငှချိန်မှာဆို တခြားလူတွေကရနေချိန်မှာ ကျွန်တော်ကတော့ သကြားလုံးတွေ၊ ချောကလက်တွေ မရတော့ဘူး။ မကြာသေးခင်ကမှ အဲဒါက ပြောင်းလဲသွားတာ" ဟု ရှောင်ချီက သက်ပြင်းရှည်ကြီးချကာ ပြောလိုက်သည်။

"မင်းရဲ့အကြိုက်ဆုံးမုန့်တွေကို ကြည့်ပဲကြည့်နေရပြီး ဘာတစ်ခုမှ မရနိုင်တာက ဘယ်လောက်တောင်နာကျင်ရလဲဆိုတာကို မင်းမသိဘူး။ ကျွန်တော်ကတော့ ဝန်ထုပ်ဝန်ပိုးနဲ့ ၅၀ ကီလိုမီတာ ပြေးရတာကို ပိုကြိုက်တယ်" ဟု သူက သက်ပြင်းရှည်ကြီးချရင်း ထပ်ပြောသည်။

ဒါကိုကြားတော့ မိုဂျွန်ဂျီက ထိတ်လန့်သွားပုံရပြီး လီချီရွှမ်က စပ်စုစွာမေးလာတယ် "ရှောင်ချီ၊ မင်းက အာကာသစွမ်းရည်အသုံးပြုသူမဟုတ်ဘူးလား။ မင်းရဲ့အာကာသထဲက ပစ္စည်းတွေယူပြီး မင်းကြိုက်သလိုစားလို့မရဘူးလား"

ရှောင်ချီက ခေါင်းခါပြီး "ကျွန်တော်နဲ့ အစ်ကိုဖုန်းယွင်က အဖွဲ့ရဲ့ ပစ္စည်းတွေကို စီမံခန့်ခွဲပေမယ့် နေရာကျဉ်းကျပ်တာကြောင့် အစားအစာ၊ ရေ၊ ဆေးဝါးနဲ့ အဝတ်အစားတွေလို မရှိမဖြစ်ပစ္စည်းတွေကိုပဲ သိမ်းဆည်းထားတယ်။ ကျွန်တော်တို့ရဲ့ မရီးတစ်ယောက်တည်းကသာ မုန့်တွေ၊ သကြားလုံးတွေနဲ့ တခြားအထွေထွေပစ္စည်းတွေကို စုဆောင်းတယ်" လို့ ပြောလိုက်တယ်။

ထိုစကားများကိုကြားသောအခါတွင် လီချီရွှမ်ရဲ့မျက်လုံးများက အံ့အားသင့်မှုဖြင့် လက်ခနဲဖြစ်သွားသည်။ သူသည် ထူးထူးခြားခြားတစ်စုံတစ်ရာကို သတိမထားမိဟန်ဆောင်ကာ ပေါ့ပေါ့တန်တန်ခေါင်းညိတ်ပြသော်လည်း အတွင်းစိတ်ထဲတွင်တော့ ကျိူးလီဇီရဲ့နေရာလွတ်က အခြားသူများထက် များစွာပိုကြီးနိုင်တာကို တွေးနေမိသည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက်မှ ချန်ချန်းဖုန်းက တိုးတိုးလေးပြောလာတယ် " ကျွန်တော်စောစောကပြောတာကို ကပ္ပတိန် မကြားလိုက်တာ ကံကောင်းတာပဲ... မဟုတ်ရင် နောက်ထပ် ရှောင်ချီ ဖြစ်သွားတော့မလို့။ ကျွန်တော်ရဲ့ အစပ်စာတွေမရှိဘဲ ကျွန်တော်မနေနိုင်ဘူး"

ဒါကိုကြားတော့ ကျန်းယွမ်က ချောင်းဆိုးပြီး "ကောင်းပြီ၊ အစားအစာတွေ မအေးခင် စားကြရအောင်" လို့ ပြောလိုက်တယ်။

သူဒီလိုပြောလိုက်တာနဲ့ အားလုံးကလည်း သူတို့ကပ္ပတိန်ရဲ့ပြစ်ဒဏ်အကြောင်း ဆွေးနွေးနေတာကို ရပ်လိုက်ပြီး စားဖို့ပဲ အာရုံစိုက်လိုက်ကြတယ်။ လီချီရွှမ်ကတော့ အစားအစာတွေ အရမ်းများနေတာကြောင့် အလျင်စလိုလုပ်စရာမလိုဘူးလို့ ထင်လိုက်တယ်။

ဒါပေမယ့် ဒီအတွေးက လက်တွေ့ဘဝကို ပြင်းထန်စွာ ထိခိုက် စေခဲ့ပါတယ်။ ပန်းကန်တွေကို ပြန်ဖြည့်ဖို့ သိပ်မကြာသေးခင်မှာပဲ အပေါ်ကိုမော့ကြည့်လိုက်တော့ အစားအစာတွေက တစ်ဝက်လောက် ကုန်နေပါပြီ။ အခြေအနေရဲ့ ပြင်းထန်မှုကို သဘောပေါက်တာကြောင့် ကြော့ရှင်းလှပတဲ့ အသွင်အပြင်ကို ဖယ်ထုတ်ပြီး အစားအစာတိုက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ကြက်ဥနဲ့ ဝက်အူချောင်းအတွက် လူတိုင်းကရုန်းကန်နေချိန်မှာ မိုဂျွန်ဂျီကတော့ သူ့ရဲ့ထမင်းပန်းကန်လုံးကို တတိယအကြိမ်မြောက် တိတ်တိတ်လေး ဖြည့်လိုက်တယ်။ သူ့ရဲ့ အငွေ့တထောင်းထောင်းနှင့်ထမင်းကို တတိယပန်းကန်မြောက် စားနေချိန်မှာ သူဟာ ဟင်းသီးဟင်းရွက်နဲ့ ဝက်သားစွပ်ပြုတ် ပန်းကန်လုံး နှစ်ပန်းကန်ကို စားပြီးသွားပါပြီ။

ကြက်ဥနှင့် ဝက်အူချောင်းတွေက အရမ်းဝေးလွန်းတော့ လှမ်းယူရင် အချိန်ကုန်မှာပဲ။ အသားကို လိုက်ဖမ်းရင်း ထမင်းတွေ ဆုံးရှုံးမယ့်အစား သူ့ရှေ့က ဟင်းချိုကိုပဲ အာရုံစိုက်နေလိုက်တယ်။ သူ့ရဲ့ဗျူဟာကြောင့် သူ အများဆုံးစားခဲ့တယ်။

ထမင်းစားပြီးနောက်တွင် အားလုံးက ပန်းကန်ဆေးရာတွင် ကူညီကြပြီး ပြီးဆုံးတဲ့အခါတွင်တော့ အနားယူရန် မိမိတို့ရဲ့ အခန်းများသို့ ပြန်သွားကြသည်။

သန်းခေါင်ယံအချိန်တွင်မှ သူမရဲ့အိပ်စက်ခြင်းမှ ကျိူးလီဇီ နိုးထလာနိုင်ခဲ့သည်။

ခဏထိုင်နေပြီးနောက်မှ သူမသည် သူမရဲ့နေရာလွတ်အတွင်း၌ရှိနေကြောင်းကိူ သဘောပေါက်လိုက်တယ်။ အောက်ဆီဂျင်အဆင့်နှင့်ပတ်သက်သည့် ပြဿနာကို ပြန်သတိရသွားကာ သူမရဲ့နေရာလွတ်ရှိ သတင်းအချက်အလက်ဘောင်ကို အမြန်ဖွင့်လိုက်သည်။ ဒေတာကို ခဏဖတ်ပြီးနောက်မှ သူမက စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်တယ်။

ကံကောင်းထောက်မစွာပဲ လက်ရှိအောက်ဆီဂျင်ထုတ်လုပ်မှုနှုန်းက သုံးစွဲမှုနှုန်းထက် ပိုများနေတယ်။ သူမနှင့်သူမရဲ့ချစ်သူအတွက် သူမရဲ့နေရာလွတ်ထဲမှာ ကြာရှည်စွာနေဖို့ဆိုတာက ပြဿနာမရှိဘူး။

မျက်နှာသစ်ဖို့ ထမရပ်လိုက်ခင်မှာ အရင်ဆုံး ကုတင်ပေါ်မှာ ခဏလောက် ထိုင်နေလိုက်တယ်။ ဒုတိယထပ်ကနေ ဆင်းလာတော့ ကြက်သားဟင်းချိုရဲ့ ရနံ့သင်းသင်းလေးကို ရှူရှိုက်မိလိုက်တယ်။

စပ်စုချင်စိတ်နဲ့ မီးဖိုချောင်ထဲကိုလျှောက်သွားလိုက်တော့ သူမရဲ့ချစ်သူက ချက်ပြုတ်နေတာကို တွေ့လိုက်ရတယ်။ မနက်ကတည်းက အဝတ်အစားတွေကိုပဲ ဝတ်ထားပေမယ့် ခါးမှာတော့ အေပရွန်တစ်ခု စည်းထားတယ်။ သူ့ရဲ့ သန့်ရှင်းတဲ့ အဝတ်အစားတွေကိုကြည့်လိုက်ပြီးတော့ သူမအိပ်ပျော်နေတုန်းမှာ လျှော်ဖွပ်ထားတာမျိူး ဖြစ်နိုင်တယ်လို့ တွေးလိုက်တယ်။

သူမရဲ့ခြေသံကို သတိထားမိတော့ ကျင်းရွှီယန်းက လှည့်လာပြီး "အာဇီ ၊ ကိုယ် မှိုနဲ့ ကြက်သားစွပ်ပြုတ်ရယ် အရံဟင်းပွဲတွေ ချက်ထားတယ်။ မင်း ဘာစားချင်လဲဆိုတာ မသေချာလို့ မင်းစားဖို့ ကိုယ်နည်းနည်းပဲချက်ထားတယ်" လို့ ပြောလာတယ်။

All Chapters