← Chapters

အခန်း (၁၉၅-၁၉၆)

Vol. 20 Ch. 195-196

အခန်း (၁၉၅-၁၉၆)

Vol. 20 Ch. 195-196

🫧 Chapter 195

[ဟင် ခဏလေး ခုနက ဘာဖြစ်သွားတာလဲ]

[အား Streamer ကမူးသွားပြီလား]

Streamer သည် ထိုင်ခုံပေါ်သို့ ရုတ်တရက် ဘုတ်ခနဲ ထိုင်ချလိုက်သည်ကို မြင်သောအခါ ပရိသတ်များသည် အစပိုင်းတွင် မည်သို့ဖြစ်ပျက်သွားသည်ကို သဘောမပေါက်သေးချေ။

သို့သော် သူ့ မျက်နှာပေါ်မှ ပန်းရောင်သန်းနေသော အကွက်များနှင့် ဝေဝါးနေသောအကြည့်များကို မြင်တွေ့လိုက်ရချိန်တွင်တော့ ချက်ချင်းပင် နားလည်သွားကြတော့သည်။

'Streamer မူးသွားပြီပဲ' ဟု သူတို့က တွေးတောလိုက်ကြ၏။

အဘယ်ကြောင့်မှန်းမသိ ပရိသတ်များသည် ရုတ်တရက် အလွန်အမင်း စိတ်လှုပ်ရှားလာကြလေသည်။

[အား... Streamer ကို ကြည့်ရတာ အရမ်းချစ်ဖို့ကောင်းတယ်ဟေ့ o(*////▽////*)q]

[Screenshot ရိုက်ထား၊ Screenshot ရိုက်ထားကြဟေ့]

[ပန်းချီဆွဲတဲ့ ဆရာကြီးတို့ရေ မြန်မြန်လုပ်ကြ! ခင်ဗျားတို့ရဲ့ လက်မြန်နှုန်းကို စမ်းသပ်ရမယ့် အချိန်ရောက်ပြီဟေ့]

[Q ပုံစံလေးတော့ ဆွဲပြီးပြီ၊ Profile မှာ သွားယူလို့ရတယ်၊ လူအစစ်ပုံစံကတော့ စဆွဲနေပြီဟေ့]

ပရိသတ်အချို့သည် အော်ဟစ်နေကြပြီးအချို့သောပညာ ရှင်များသည်လည်း ဤမြင်ကွင်းလေး ချက်ချင်းပျောက်ကွယ်သွားမည်ကို စိုးရိမ်သဖြင့် မိမိတို့၏ 'နတ်ဘုရားလက်' နှင့် 'အမြန်နှုန်းလက်' များကို အလျင်အမြန် စတင်အသုံးပြုနေကြတော့သည်။

ဤသည်မှာ Streamer ၏မျက်နှာအမူအရာ အသစ်တစ်ခုပင် ဖြစ်၏။

အချို့သော ပရိသတ်များကမူ ထိုအရာများကို အာရုံမစိုက်အားဘဲ အခြားအရာများကိုသာ စိတ်ဝင်စားနေကြသည်။

[အဲဒါက ဘာအရက်လဲ၊ Streamer တောင်မှ မူးသွားရတယ်လို့]

[တစ်ခွက်တည်းနဲ့ လဲသွားတာပဲ Streamer ရဲ့ အရက်သောက်နိုင်စွမ်းကပဲ နည်းနေတာလား... ဒါမှမဟုတ် အရက်ကပဲ ပြဿနာရှိနေတာလား]

[ဟေး ဟေး ဟေး၊ မင်းတို့ ဘာလုပ်နေကြတာလဲ၊ Streamer ကို ဘာလုပ်မလို့လဲ]

အစပိုင်းက စိတ်လှုပ်ရှားမှုများ အပြီးတွင် ပရိသတ်များသည် တိုက်ရိုက်ထုတ်လွှင့်မှု၏မြင်ကွင်းကို ကြည့်ရှုရင်း တစ်ခုခု မှားယွင်းနေကြောင်းကို တဖြည်းဖြည်း ခံစားလာရ၏။

[ဟာ၊ ဒီကောင်တွေ အကုန်လုံးက ကြိုတင် ကြံစည်ထားကြတာပဲ]

[ခဏနေကြဦး၊ မင်းတို့ ရပ်လိုက်ကြ ငါတို့ရဲ့ Streamer ကို ကာကွယ်ရမယ်]

...

ခန်းမဆောင်ကြီး အတွင်းတွင်

အသစ်ဝင်ရောက်လာသော ဝိညာဉ်တမန်တော်များသည် ကိုယ့်နေရာနှင့်ကိုယ် ထိုင်ရန် ရှာဖွေနေကြပြီး အချို့မှာမူ တစ်နေရာတည်းတွင် စုဝေးနေကြ၏။

ကျန်းလင်သည် အရက်တစ်ခွက် သောက်လိုက်ပြီးနောက် မိမိ၏ထိုင်ခုံတွင် ပြန်ထိုင်လိုက်ချိန်၌ အနီးနားတွင် စောင့်ကြည့်နေသော ဝိညာဉ်တမန်တော်များသည် ချက်ချင်းပင် အနားသို့ ရောက်ရှိလာကြတော့သည်။

"ဟားဟားဟား... ဒါက သရဲဘုရင်အဆင့်တောင်မှလဲသွားအောင် သောက်နိုင်တဲ့ မူးယစ်သေရည်ပဲ... ဒီနှစ်ပတ်လည်ပွဲတော်မှာမှ ဒီလိုသောက်လို့ရတာကွ ဟားဟားဟား..."

"မူးပြီး ကြောင်တောင်တောင် ဖြစ်သွားပြီလားလို့ တစ်ချက်လောက် ကြည့်လိုက်စမ်းပါ"

"ပထမဆုံးအကြိမ်မို့လို့ သတိမထားမိရင် အဲဒီလိုပဲ ဖြစ်တတ်တယ်ကွ ဟားဟားဟား"

"ဝိညာဉ်တမန်တော် အသစ်တွေက သုံးခွက်သောက်ရမယ်လေ၊ အခုမှ တစ်ခွက်ပဲ ရှိသေးတယ်၊ ဆက်တိုက်"

"ဟိုဘက်မှာလည်း တစ်ခွက်တည်းနဲ့ လဲသွားတဲ့ကောင် တစ်ကောင် ရှိနေပြီ၊ အဖွဲ့မှူးကျန်းကတော့ နည်းနည်းပိုကောင်းသေးတယ်"

ကျန်းလင်သည် ဝေဝါးနေဆဲ အခြေအနေတွင်သာရှိနေပြီး ဝိုင်းအုံလာသော စီနီယာများ၏ပြောစကားများကို မည်သို့မျှ တုံ့ပြန်နိုင်ခြင်းမရှိချေ။

ဘေးနားမှ ဝိညာဉ်တမန်တော်များ၏ရယ်မောသံများကိုသာ သဲ့သဲ့လေး ကြားနေရ၏။

ထိုအသံများသည် အလွန်ဝေးကွာနေသကဲ့သို့ ခံစားရပြီး တစ်ခါတစ်ရံတွင် နားနားသို့ ကပ်၍ မြည်ဟည်းနေသကဲ့သို့လည်း ခံစားရလေသည်။

ဝေဝါးနေမှုကြားမှပင် ကျန့်အန်းမင်းသားသည် သူ့ အရှေ့သို့ လာရပ်ကာ လက်ခါပြနေသည်ကို မြင်တွေ့လိုက်ရ၏။

"အဟမ်း၊ အဆင်ပြေရဲ့လား၊ မင်း အခုချက်ချင်း ဝိညာဉ်စွမ်းအင်တွေကို မလှည့်ပတ်နဲ့ဦး၊ အခု လှည့်ပတ်လိုက်ရင် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု ဖြစ်သွားလိမ့်မယ်၊ ခဏနေမှ လှည့်ပတ်လိုက်"

ကျန့်အန်းမင်းသားသည် ထိုစဉ်က နှစ်ပတ်လည်ပွဲတော်သို့ ပထမဆုံးအကြိမ် လာရောက်တက်ရောက်စဉ်ကလည်း ဤသို့ပင် လှည့်စားခံခဲ့ရပြီး အရက်သုံးခွက်ကို မသိမသာ သောက်သုံးခဲ့ရဖူး၏။

နှစ်ပတ်လည်ပွဲတော်၏ ဓလေ့ထုံးစံအရ နှစ်တစ်ရာအတွင်း အသစ်တက်လာသော အဖွဲ့မှူးများသည် ဦးစွာ သုံးခွက် သောက်ရမည်ဟု ဆိုကြလေသည်။

နောက်ပိုင်း နှစ်ပတ်လည်ပွဲတော်များကို တက်ရောက်လာသောအခါတွင်မူ သူသည် အချက်အလက် အများအပြားကို ပြင်ဆင်လာခဲ့ပြီး အလုပ်အစီရင်ခံစာကို နေ့တစ်ဝက် ညတစ်ဝက် ကြာအောင်တင်ပြခဲ့တော့သည်။

ထိုသို့ဖြင့် နှစ်ပတ်လည်ပွဲတော်၏အချိန်ကို တိုက်ရိုက်ပင် လျှော့ချပစ်လိုက်၏။

ယမမင်းက ထိုသို့အစီရင်ခံရသည့် အစီအစဉ်ကို နောက်ပိုင်းတွင် ပယ်ဖျက်လိုက်သော်လည်း သူသည် အတွေ့အကြုံရရှိသွားပြီ ဖြစ်သဖြင့် ထပ်မံ၍ အမူးတိုက်ခံရခြင်းမရှိတော့ချေ။

ကျန့်အန်းမင်းသားသည် ခဏမျှ ပြောဆိုနေပြီးနောက် အရှေ့ရှိ ကျန်းလင်သည် သူ့ကို ကြောင်တောင်တောင်ဖြင့်သာ ကြည့်နေပြီး ခေါင်းကိုသာ ဆက်တိုက် ညိတ်ပြနေသည်ကို တွေ့ရှိလိုက်ရသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ကျန့်အန်းမင်းသားသည် ရယ်ချင်စိတ်ပေါ်လာသကဲ့သို့ စိတ်ထဲတွင်လည်း အနည်းငယ် မလုံ မလဲဖြစ်သွားရ၏။

အဘယ်ကြောင့်ဆိုသော် ပထမဆုံးအရက်ခွက်သည် သူ့ထံမှ စတင်ခဲ့ခြင်း ဖြစ်သောကြောင့်ပင်။

"ဖယ်ကြ ဖယ်ကြ၊ ဒုတိယတစ်ခွက် ငါ လာပြီ"

ထိုအချိန်တွင် ပထမတန်းစား ဝိညာဉ်တမန်တော်တစ်ဦးသည် အရက်ခွက်ကို ကိုင်ဆောင်ကာ လျှောက်လာခဲ့၏။

သူသည် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်မှာလည်း တုတ်ခိုင်ကာ ကြည့်ရသည်မှာ အလွန်ပျော်ရွှင်ဖွယ်ကောင်းသော ပုံစံမျိုး ရှိနေပေသည်။

"အဖွဲ့မှူးကျန်းရေ၊ ဂုဏ်ယူပါတယ်ဗျာ၊ မင်းကတော့ ငါတို့ဒီနှစ်တစ်ရာအတွင်းမှာ ရာထူးတိုးတဲ့နေရာမှာ ပါရမီရှင်တစ်ယောက်ပဲ၊ လာ လာ ငါ မင်းကို တစ်ခွက်တိုက်မယ်"

ထိုပထမတန်းစား ဝိညာဉ်တမန်တော်သည် ပြောပြောဆိုဆိုဖြင့် ကျန်းလင်အတွက် အရက်ငှဲ့ပေးလိုက်ပြီး သူ့ အရှေ့သို့ ကမ်းပေးလိုက်သည်။

ကျန်းလင်သည် အသံလာရာသို့ ကြည့်လိုက်ရာ အနီရောင် အကွက်ကြီး တစ်ခုကိုသာမြင်တွေ့ရပြီး တစ်ဖက်လူထံမှ ထွက်ပေါ်နေသော ပထမတန်းစား ဝိညာဉ်တမန်တော်၏ အငွေ့အသက်များကိုပါ ခံစားလိုက်ရ၏။

ထို့နောက် တစ်ဖက်လူ၏လှုပ်ရှားမှုကို လိုက်ကြည့်လိုက်ရာ ပထမတန်းစား ဝိညာဉ်တမန်တော်က ကမ်းပေးသော အရက်ခွက်ကို မြင်တွေ့လိုက်ရသည်။

ကျန်းလင်သည် လက်လှမ်း၍ယူလိုက်ပြီးနောက် မူးဝေနေသော အခြေအနေဖြင့် ခဏမျှ စိုက်ကြည့်နေမိ၏။

'သောက်ရမလား၊ မသောက်ရဘူးလား' ဟု သူက တွေးတောနေသည်။

သို့သော်ကျောက်စိမ်းဖြူခွက် အတွင်းရှိ အရက်၏မွှေးပျံ့သော အနံ့သည် နှာခေါင်းထဲသို့ တိုက်ရိုက်ဝင်ရောက်လာ၏။

"ငါကတော့ အကုန်သောက်လိုက်ပြီနော်"

ထိုပထမတန်းစား ဝိညာဉ်တမန်တော်က ပြောလိုက်ပြီး အရက်ခွက်ကို မှောက်ပြကာ တစ်စက်မှ မကျန်တော့ကြောင်း ပြသလိုက်သည်။

ထို့နောက် ကျန်းလင်ကို ပြုံး၍ ကြည့်နေလေ၏။

"ငါလည်း..."

ကျန်းလင်သည် အရက်နံ့ကို ရှူရှိုက်လိုက်ပြီးနောက် တစ်ကျိုက်တည်းနှင့်ပင် ကုန်အောင် မော့သောက်လိုက်တော့သည်။

သူက မိမိလည်း တစ်စက်မှ မကျန်တော့ကြောင်း ပြောလိုခြင်းဖြစ်၏။

သို့သော် ဤတစ်ခွက် ဝမ်းဗိုက်ထဲသို့ရောက်သွားပြီးနောက် တွင်မူ အရက်ရည်သည် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို ရစ်ပတ်ကာ ပြင်းထန်စွာ လောင်ကျွမ်းလာစေပြီး လှိုင်းထန်စေကာ မူးယစ်လာစေတော့သည်။

ကျန်းလင်သည် ကမ္ဘာကြီး တစ်ခုလုံးမစစ်မှန်တော့သကဲ့သို့ ခံစားလိုက်ရပြီး တိမ်တိုက်များပေါ်တွင် နင်းလျှောက်နေရသကဲ့သို့ ဝေဝါးသွားတော့၏။

ပတ်ဝန်းကျင်ရှိ အသံများ၊ ပတ်ဝန်းကျင်ရှိ လူများ၊ အရာဝတ္ထုများ အားလုံးသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

'ဒေါက်'

အရက်ခွက်သည် စားပွဲပေါ်သို့ ကျသွားပြီးနောက် နှစ်ပတ်ခန့် လိမ့်သွားလေ၏။

...

တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းတွင်မူ ပရိသတ်များသည် Streamer စားပွဲပေါ်သို့ မှောက်ကျသွားပြီး မျက်လုံးများကို တိတ်ဆိတ်စွာ မှိတ်ထားလိုက်သည်ကိုသာ မြင်တွေ့လိုက်ရသည်။

နှုတ်ခမ်းထောင့်တွင်လည်း အပြုံးရိပ်လေးတစ်ခု ရှိနေပြီး ပါးပြင်နှစ်ဖက်မှာ နီရဲနေကာ အိပ်ပျော်သွားသကဲ့သို့ပင် ဖြစ်နေ၏။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ပရိသတ်များ သည် ချက်ချင်းမငြိမ်မသက် ဖြစ်သွားကြတော့သည်။

[အား အား အား ငါတော့ ရူးတော့မှာပဲ (ΦωΦ)]

[အပေါ်ကလူ မင်း စိတ်အေးအေးထားစမ်း မဟုတ်ရင် ငါ အရင်ဆုံး လက်ပါလိုက်ရလိမ့်မယ်]

[အရှေ့ကလူတွေ၊ ငါ့လက်သီးကို မြင်လား၊ မင်းတို့ တည်တည်ငြိမ်ငြိမ် နေဖို့ ငါ အကြံပေးချင်တယ်]

[ဒီအရက်က တော်တော်လေးပြင်းမယ့်ပုံပဲ! ငါက သောက်ချင်တာ မဟုတ်ပါဘူး၊ အရသာလေးပဲ မြည်းကြည့်ချင်တာပါ]

စိတ်လှုပ်ရှားနေကြစဉ် တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် နောက်ထပ် ဝိညာဉ်တမန်တော် အချို့က အရက်ခွက်များကို ကိုင်ဆောင်၍ ဤဘက်သို့ ရောက်လာသည်ကို ပရိသတ်များ မြင်တွေ့လိုက်ရ၏။

[Streamer မြန်မြန် ထတော့]

[ငါတို့ရဲ့ Streamer ကို ကာကွယ်ရမယ် အဆင့်မြင့်ကာကွယ် ရေး ဒိုင်းကို ဆင့်ခေါ်လိုက်]

Streamer ကမူ မူးလဲသွားပြီ ဖြစ်သော်လည်း သူတို့ကတော့ နိုးကြားနေကြဆဲပင် ဖြစ်၏။

သို့သော် ပြဿနာက ဤနေရာတွင် ရှိနေသည်။

'ငါတို့ နိုးနေတာက ဘာအသုံးကျလို့လဲ'

သူတို့အနေဖြင့် မျက်စိသူငယ်လေးဖြင့်သာ ကြည့်နေနိုင်ပေသည်မဟုတ်လော။

[ငါ အခု ငွေစက္ကူ ဘယ်လောက်လောက် သွားမီးရှို့လိုက်ရင် ဝိညာဉ်တမန်တော်ကြီးတွေက ငါတို့ Streamer ကို လွှတ်ပေးမလဲဟင်]

ပရိသတ်တစ်ဦးက တိုးတိုးလေး မေးလိုက်၏။

[အရက်ပြေဆေးလေး မီးရှို့ပေးလိုက်ရင် ပိုအသုံးဝင်မလားပဲ]

[ဘာကို လွှတ်ပေးရမှာလဲ၊ မင်းတို့က Streamer မူးနေတဲ့ပုံစံကို မကြည့်ချင်လို့လား ဒီဘဝမှာ မြင်ရခဲတဲ့ မြင်ကွင်းမျိုး ဖြစ်နိုင်တယ်နော်]

[အပေါ်ကလူ ပြောတာလည်း ဟုတ်နေတာပဲ ဟီးဟီးဟီး ]

[ဟာ၊ မင်းတို့က မိစ္ဆာတွေလားကွ ဒါပေမယ့် ငါ သဘောကျတယ်]

...

'ဖြန်း'

ခန်းမဆောင်ကြီး အတွင်းရှိ အခြားသော အရက်တိုက်ခံရသည့် နေရာတစ်ခုတွင် မကြာသေးမီ ရာစုနှစ်အတွင်းကမှ ရာထူးတိုးလာသော အခြား ဝိညာဉ်ဖမ်းတမန်တော်အမည်း အဖွဲ့မှူးကြီးတစ်ဦးသည်လည်း အရက်တစ်ခွက် သောက်ပြီးသည်နှင့် စားပွဲပေါ်သို့ မှောက်ကျသွားလေသည်။

မည်သို့ပင် တွန်းလှုပ်နေစေကာမူ လုံးဝ တုံ့ပြန်မှုမရှိတော့ချေ။

သူ့မျက်နှာတစ်ခုလုံးလည်း နီရဲနေတော့၏။

"ဟားဟားဟား တစ်ခွက်တည်းနဲ့ လဲသွားတဲ့ကောင် နောက်တစ်ကောင် ထပ်လာပြန်ပြီ"

"ဒီမျိုးဆက် သစ်တွေကတော့ မဖြစ်သေးပါဘူးကွာ ဟားဟားဟား"

ဘေးဘက်တွင် အရက်တိုက်ရန် စောင့်ဆိုင်းနေကြသော အဖွဲ့မှူးကြီးများသည် ရယ်မောနေကြ၏။

နှစ်ပတ်လည်ပွဲတော်တွင် ကောင်းမွန်သောအရာများ မည်သည့်အရာ ရှိသနည်းဟုမေးပါက ပထမအချက်မှာ ဤနေရာရှိ အရသာရှိသော အစားအစာများနှင့် သေရည်များသည် ရရှိရန် ခဲယဉ်းသော ရတနာများဖြစ်နေခြင်းပင်။

နောက်ထပ် အချက်တစ်ချက်မှာမူ အသစ်ရောက်လာသော ဤအဖွဲ့မှူးကြီးများကို အမူးတိုက်ရခြင်းဖြစ်၏။

"ဝိုး"

ထိုအချိန်မှာပင် တတိယမြောက် အရက်တိုက်ခံရသည့် နေရာမှ အံ့သြတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဝိညာဉ်တမန်တော်များ၏ အလယ်တွင် ရပ်နေသော အသစ်ရောက်လာသည့် မုန့်ပေါ် သည် အရက်သုံးခွက်ဆက်တိုက် မော့သောက်လိုက်သည်ကို မြင်တွေ့လိုက်ရ၏။

အရက်သုံးခွက် ဝမ်းဗိုက်ထဲသို့ ရောက်သွားသော်လည်း သူမသည် ဘာမျှမဖြစ်သည့်လူ တစ်ယောက်ကဲ့သို့ မတ်မတ် ရပ်နေနိုင်ဆဲဖြစ်ပြီး မျက်နှာပင် နီမြန်းလာခြင်းမရှိချေ။

"မုန့်ပေါ်ကတော့ အရမ်းမိုက်တာပဲ အမျိုးသမီး သူရဲကောင်းပဲဟေ့"

"တကယ့် ယောကျ်ားကောင်းပဲ"

"ဒီနှစ်ရဲ့အရက်ဘုရင် သစ်ကတော့ မုန့်ပေါ်ပဲ ဖြစ်ရမယ် ဟားဟားဟား"

ဝိညာဉ်တမန်တော် တစ်စုသည် ရယ်မောနေကြစဉ် ရုတ်တ ရက် 'ဒိုင်း' ဟူသော အသံကြီး တစ်သံထွက်ပေါ်လာခဲ့၏။

လေဟာနယ်ထဲမှ သံတူကြီး တစ်လက် ရုတ်တရက် ထွက်ပေါ်လာပြီး အရှေ့ရှိ စားပွဲကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ထုရိုက်ပစ်လိုက်လေသည်။

ထိုသံတူကြီး၏ အခြားတစ်ဖက်တွင်မူ မုန့်ပေါ် ရှိနေပေ၏။

မုန့်ပေါ်သည် မျက်နှာအမူအရာ ကင်းမဲ့စွာဖြင့် သံတူကြီးကို ကိုင်ဆောင်ထားကာ အေးစက်စက် ကြည့်လာသည်ကို မြင်တွေ့လိုက်ရသည်။

ထို့နောက် သူမက "ဘာကြည့်နေတာလဲ၊ သွား တန်းစီကြစမ်း" ဟု အော်ဟစ်လိုက်၏။

"ဟားဟားဟား အခုမှပဲ မူးသွားတာကိုး"

"သေပြီ သေပြီ၊ ဒါ အရက်မူးပြီး ရမ်းကားတော့မယ့် အခြေ အနေပဲ"

"လစ်ပြီဟေ့ လစ်ပြီဟေ့ ဟားဟားဟား "

အဖွဲ့မှူးကြီးတစ်စုသည် အခြေအနေ မဟန်တော့ကြောင်း သိရှိသွားသဖြင့် လှည့်၍ထွက်ပြေးကြတော့သည်။

"ပြေးရဲသေးတယ်ပေါ့! ဒီနေ့တော့ နင်တို့ကို ငါ့ရဲ့ သံတူကြီး အရသာပြပေးရသေးတာပေါ့"

မုန့်ပေါ်သည် အေးစက်စက် အော်ဟစ်လိုက်ပြီး တူကြီးကို မြှောက်ကာ မျက်နှာအမူအရာ ကင်းမဲ့စွာဖြင့် အနောက်မှ လိုက်ပါသွားလေသည်။

'ဒိုင်း ဒိုင်း' ဟူသော အသံကြီးများသည် ခန်းမဆောင်ကြီး အတွင်း၌ ပဲ့တင်ထပ်သွားတော့၏။

တစ်ခါတစ်ရံတွင် စားပွဲများ ရိုက်ချိုးခံရပြီး တစ်ခါတစ်ရံတွင် အဖွဲ့မှူးကြီး အချို့ သတိမထားမိလိုက်ဘဲ အထုခံရကာ 'အော့' ဟူသော အသံများ ထွက်ပေါ်လာလေသည်။

"မြန်မြန် မြန်မြန်၊ မုန့်ပေါ် အရက်မူးပြီး ရမ်းနေပြီ"

"ဟားဟားဟား ဒီနှစ်ရဲ့ ပထမဆုံး အရက်မူးပြီး ရမ်းတဲ့သူ ရောက်လာပြီဟေ့"

နှစ်ပတ်လည်ပွဲတော်၏ပျော်ရွှင်မှုသည် အရက်တိုက်ရခြင်း တစ်ခုတည်းတွင်သာ ရှိသည်မဟုတ်ဘဲ အသစ်ရောက်လာသော အဖွဲ့မှူးကြီးများ အရက်မူးသွားပြီးနောက် ပြုလုပ်မည့် အပြုအမူများတွင်လည်း ပါဝင်နေပေသည်။

အရက်မူးပြီး ရမ်းကားသည်ဖြစ်စေ၊ ကယောင်ကတမ်း ပြောဆိုသည်ဖြစ်စေ ထိုအရာများ အားလုံးသည် ဤစီနီယာကြီးများအတွက် ကြီးမားသော ပျော်ရွှင်မှုများပင် ဖြစ်၏။

ထိုစီနီယာကြီးများသည် ခန်းမဆောင်ကြီး အတွင်း၌ ပတ်ပြေးနေရင်းဖြင့် အားရပါးရရယ်မောနေကြတော့သည်။

နှစ်ပတ်လည်ပွဲတော် တစ်ခုလုံးသည် အတိအကျ စတင်မည့် အချိန်ဟူ၍ မရှိသေးသော်လည်း လေထုမှာမူ စတင်၍ စည်ကားသက်ဝင်နေပြီ ဖြစ်ပေသည်။

...

တိုက်ရိုက်ထုတ်လွှင့်မှု အတွင်း၌မူ

အခြားသော ကင်မရာ မြင်ကွင်းတစ်ခုမှတစ်ဆင့် ဤအရာအားလုံးကို မြင်တွေ့နေရသော ပရိသတ်များသည်လည်း ကြက်သေ သေသွားကြတော့၏

[မုန့်ပေါ်က အားလုံးကို တမလွန်ဝိညာဉ်တွေလို့ ထင်နေတာလားဟ ]

[ဟာ၊ နှစ်ပတ်လည်ပွဲတော်ဆိုတာက ဒီလိုမျိုး ဆော့ကစားရတာကိုး]

[ခဏလေး၊ ငါ သွားပြီး ကွန်ပျူတာနဲ့ Login ဝင်လိုက်ဦးမယ်၊ ဒီဖုန်း မျက်နှာပြင်လေးနဲ့ကြည့်ရတာ အားမရဘူးကွာ]

🫧 Chapter 196

[ခဏလေး၊ ငါ သွားပြီး ကွန်ပျူတာနဲ့ ဝင်လိုက်ဦးမယ်၊ ဒီဖုန်း မျက်နှာပြင်လေးနဲ့ ကြည့်ရတာ အားမရဘူးကွာ]

[ငါလည်း အင်တာနက်လိုင်း သွားပြောင်းလိုက်ဦးမယ်]

[ဘယ်လိုဖြစ်လို့မှန်း မသိဘူး၊ ငါ ရယ်ချင်နေပြီ ဟားဟားဟား]

[အပေါ်ကလူ မင်း ရယ်နေပြီလေ]

တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ပရိသတ်များသည်လည်း အစပိုင်းက ကြောင်အမ်းအမ်းဖြစ်နေမှုမှနေ၍ ပြုံးရွှင်မှုဆီသို့ ပြောင်းလဲသွားကြ၏။

အမှန်တကယ်တော့ မြေအောက်ကမ္ဘာတွင်လည်း ဤသို့ ပြုံးချင်စရာကောင်းသော အခိုက်အတန့်များ ရှိနေသည်ပင် ဖြစ်ပေသည်။

ပုံမှန်အားဖြင့် ၎င်းတို့ တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာမှတစ် ဆင့် မြင်တွေ့ရသည်မှာ ဝိညာဉ်တမန်တော်ကြီးများ အလုပ်လုပ်နေကြသော မြင်ကွင်းများသာ။

တမလွန်ဝိညာဉ်များကို လမ်းပြခေါ်ဆောင်ခြင်း၊ အိပ်မက် ပေးခြင်း၊ သို့မဟုတ် တိုက်ပွဲဝင်ခြင်း၊ လူ့လောကကို ကာကွယ်ခြင်း အစရှိသဖြင့် ဖြစ်သည်။

ထိုအချိန်များက ၎င်းတို့ မြင်တွေ့ရသည်မှာ အလွန်တည် ကြည်လေးနက်ပြီး အလုပ်ကို ကြိုးစားပမ်းစားလုပ်ဆောင်နေသော ဝိညာဉ်တမန်တော်ကြီးများသာ ဖြစ်ပေ၏။

ဟာသမြောက်ပြီး ပျော်စရာကောင်းသော မြင်ကွင်းအချို့ ရှိလျှင်တောင်မှ အနည်းငယ်မျှသာရှိလေသည်။

သို့သော် ယခုအခါတွင်

နှစ်ပတ်လည်ပွဲတော်မှ မြင်ကွင်းများကိုကြည့်ရှုရင်း ၎င်းတို့သည် ဝိညာဉ်တမန်တော်ဟူသော အုပ်စုကို အသစ်တဖန် ပြန်လည် သိကျွမ်းလိုက်ရသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရ၏။

တကယ်တော့ ဝိညာဉ်တမန်တော်များသည်လည်း နောက်ပြောင်တတ်ကြသည်၊ ရန်ဖြစ်ဆော့ကစားတတ်ကြသည်၊ မျိုးဆက်သစ်များကိုလည်း လှည့်စားတတ်ကြပြီး ခန်းမတစ်ခုလုံး အပြည့်ပြေးလွှားကာ ဟားဟားဟီးဟီး ရယ်မောတတ်ကြပေသည်။

ပုံမှန်အချိန်များကဲ့သို့ တည်ကြည်လေးနက်မှုမျိုးမရှိတော့သကဲ့သို့ ပုံမှန်အချိန်များကဲ့သို့ ဩဇာအာဏာမျိုးလည်း မရှိတော့ချေ။

သို့သော် ပိုမိုအသက်ဝင်လာပြီး ပိုမိုရင်းနှီးဖွယ်ကောင်းလာခဲ့၏။

သူတို့သည် ဤပြောဆိုချက် မှန်ကန်မှု ရှိ၊ မရှိကိုတော့ မသိကြချေ။

ထို့ကြောင့် ဤအချိန် ဤအခိုက်အတန့်တွင် ၎င်းတို့ ခံစားမိသည်မှာ ထိုအလုပ်ဝတ်စုံများ၏အောက်တွင် ဝိညာဉ်တမန်တော်ကြီးများသည် ဤမျှလောက် စိတ်ဝင်စားဖွယ်ကောင်းပြီး ဤမျှလောက် ချစ်စရာကောင်းနေကြသည်ဟူ၍ပင် ဖြစ်တော့သည်။

[[ဓားသမား] မှ တိုက်ရိုက်ထုတ်လွှင့်မှုကို ဖရဲသီး ၁၉ လုံး ဆုချလိုက်ပါတယ်၊ ပြီးတော့ စာသားလေးက : Streamer မြန်မြန်နိုးလာပြီး အတူတူ လာကစားလေ]

[မုန့်ပေါ် ကြိုးစားပါ ရှေ့ကို ဆက်တက်]

[ဟားဟားဟား နောက်ထပ် ဝိညာဉ်တမန်တော်တစ်ယောက် အထုခံလိုက်ရပြန်ပြီ]

[ဟင် မူးလဲသွားတဲ့ နောက်ထပ် ဝိညာဉ်တမန်တော်ကြီးတစ်ယောက် နိုးလာတော့မလို့လား]

ခန်းမဆောင်ကြီး အတွင်းတွင် အရက်နံ့များလွှမ်းခြုံနေလေ၏။

အစောဆုံး မူးလဲသွားခဲ့သော ထိုချိတ်ပိတ်ရေးတပ်ဖွဲ့မှ အသစ်တက်လာသည့် အဖွဲ့မှူးကြီးသည် ရုတ်တရက် မတ်တတ်ရပ်လာခဲ့သည်။

သူသည် အကြည့်တစ်ချက် ဝေ့ကြည့်လိုက်ပြီး လက်ကို ဆန့်ထုတ်လိုက်သည်နှင့် ချိတ်ပိတ်သင်္ကေတ တစ်ခုထွက်ပေါ် လာ၏။

ရွှေရောင်အလင်းတန်း တစ်ချက်လက်သွားပြီးနောက် ခန်းမဆောင်ကြီး အတွင်း၌ စက်ဝိုင်းပုံစံ ပတ်ပြေးနေသော စီနီယာကြီး တစ်ယောက်သည် ချက်ချင်းအဖမ်းခံလိုက်ရတော့ သည်။

ယာယီ ချိတ်ပိတ်ခံလိုက်ရသော စီနီယာကြီးသည် ကြက်သေ သေသွားခဲ့၏။

'ဘာ အခြေအနေကြီးလဲဟ'

ထို့နောက် ချိတ်ပိတ်ရေးတပ်ဖွဲ့၏ အသစ်တက်လာသော အဖွဲ့မှူးကြီးသည် တစ်လှမ်းချင်းလျှောက်လာသည်ကို မြင်တွေ့လိုက်ရသည်။

သူ့ မျက်နှာပေါ်တွင် မူးယစ်နေသည့် ပုံစံရှိနေသေးသော် လည်း တည်ကြည်လေးနက်မှု အနည်းငယ်လည်း ပိုမိုပါဝင်နေပေ၏။

"နှုတ်တိုက်စစ်ဆေးခြင်း စတင်မယ်၊ ချိတ်ပိတ်ခြင်းတွေထဲမှာ အရေးအကြီးဆုံးအချက်က ဘာလဲ"

"ချိတ်ပိတ်ခြင်းရဲ့သဘောတရားက ဘာလဲ၊ ချိတ်ပိတ်ခြင်းကို အသေးစိတ် အတန်းအစားတစ်ရာအဖြစ် ဘယ်လို ခွဲခြားနိုင်သလဲ"

"တစ်မိနစ်အတွင်း ပြန်မဖြေနိုင်ရင် အကြိမ်တစ်ရာ သွားကူးရေးချေ"

ယာယီ ချိတ်ပိတ်ခံလိုက်ရသော စီနီယာကြီးသည် ထပ်မံ၍ ဆွံ့အသွားရပြန်၏။

'ဟေး ဟေး၊ ငါက ကင်းလှည့်တပ်ဖွဲ့ကပါကွ' ဟု သူက တွေးတောလိုက်သည်။

'ချိတ်ပိတ်ခြင်းကို အတန်းအစားတစ်ရာ ဘယ်လို ခွဲခြားနိုင်သလဲတဲ့လား၊ ငါက အဲဒါတွေ အကုန်လုံးကို ဘယ်လိုလုပ် အလွတ်ကျက်ထားနိုင်မှာလဲ'

'အရှေ့ဘက်နန်းဆောင်က ချိတ်ပိတ်ခြင်းမှာ ကျွမ်းကျင်တယ် ဆိုရင်တောင်မှ အားလုံးက ကိုယ့်ကျွမ်းကျင်တဲ့ ဘာသာရပ်နဲ့ကိုယ် ရှိကြတယ်လေကွာ'

'ဒီလိုမျိုး ဘာသာရပ်ကျော်ပြီး နှုတ်တိုက်လာမေးလို့ ဘယ်ရပါ့မလဲ'

"ဟက်"

ချိတ်ပိတ်ရေးတပ်ဖွဲ့၏အသစ်တက်လာသော အဖွဲ့မှူးကြီးသည် အေးစက်စွာ ရယ်မောလိုက်ပြီး "ပုံမှန်အချိန်မှာ ကြိုးစားအားထုတ်မှု မရှိဘဲ ထပ်ပြီး အပျင်းထူနေပြန်ပြီမလား" ဟု ပြောလိုက်၏။

စကားဆုံးသည်နှင့် သူ့ လက်ထဲတွင် လှုပ်ရှားမှု တစ်ခု ပြုလုပ်လိုက်ရာ ယာယီချိတ်ပိတ်ခံထားရသော စီနီယာကြီးသည် ၎င်း၏ကိုယ်ပေါ်ရှိ ချိတ်ပိတ်ခြင်းမှ လျှပ်စီးကြောင်းတစ်ခု လက်သွားသည်ကို ခံစားလိုက်ရသည်။

ထိုစီနီယာကြီးသည် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့၏။

၎င်းသည် သူ့အတွက် ကြီးမားသော ထိခိုက်နစ်နာမှု မရှိစေသော်လည်း တုန်လှုပ်သွားစေသည်။

"ဘာလို့ လက်ပါလာတာလဲ၊ အကြိမ်တစ်ရာ ကူးရေးရုံနဲ့ ရပြီလို့ ပြောထားတာ မဟုတ်ဘူးလား" ဟု သူက အော်ဟစ်လိုက်၏။

"ဟားဟားဟား"

ဘေးဘက်မှ အခြားသော စီနီယာကြီး တစ်ယောက်က အော် ဟစ်ရယ်မောလိုက်ပြီး "အရက်မူးနေတဲ့ သရဲနဲ့ သွားပြီး ဘာအကြောင်းပြချက်တွေ ရှင်းပြနေတာလဲ" ဟု ပြောလိုက်သည်။

စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် နောက်ထပ် ချိတ်ပိတ်ခြင်း တစ်ခုဝင်ရောက်လာခဲ့ပြန်၏။

ထိုအခါ ယာယီ ချိတ်ပိတ်ခံလိုက်ရသော နံပါတ် ၂ စီနီယာကြီးသည် စကားပင် မပြောနိုင်တော့ချေ။

'ငါ ဘာများ မှားလုပ်မိလို့လဲဟ၊ အသံထွက်ပြီး ရယ်လိုက်မိရုံလေးတင်ပါကွာ' ဟု သူက တွေးတောမိသည်။

ယာယီ ချိတ်ပိတ်ခံလိုက်ရသော နံပါတ် ၁ စီနီယာကြီးသည်လည်း ဆွံ့အလျက်ရှိနေ၏။

'ငါလည်း ဘာမှ မှားလုပ်ခဲ့တာ မဟုတ်ပါဘူးကွာ၊ တိုက်ဆိုင်စွာပဲ ဖြတ်သွားဖြတ်လာ လုပ်မိတာလေးတင်ပါ' ဟု သူက ဆက်တွေးလိုက်တော့သည်။

ခန်းမဆောင်ကြီး၏အခြား ထောင့်တစ်နေရာတွင် ဖြစ်၏။

နှစ်ပတ်လည်ပွဲတော် တစ်ခုလုံးသည် စတင်၍ ရှုပ်ထွေးပွက်လောရိုက်လာခဲ့ပြီ ဖြစ်ရာ သဘာဝကျကျပင် မည်သူကမျှ အရက်တိုက်ရန် မှတ်မိခြင်း မရှိကြတော့ချေ။

ကျန်းလင်သည် မူလက မူးဝေစွာဖြင့် အိပ်မောကျနေခဲ့သော် လည်း ရုတ်တရက် သူ့ အင်္ကျီလက်အတွင်း၌ တစ်ခုခုလှုပ် ရှားသွားသည်ကို ခံစားလိုက်ရ၏။

သူသည် လက်ကို ဆန့်သွင်းကာ စမ်းသပ်ကြည့်လိုက်ရာ အထိအတွေ့မှာ အလွန်ချောမွေ့နေပေသည်။

အပြင်သို့ ထုတ်ယူကြည့်လိုက်သောအခါ ၎င်းမှာ အဖြူရောင် ဥကြီး တစ်လုံးဖြစ်နေသည်ကို တွေ့လိုက်ရ၏။

အရောင်ခုနစ်မျိုးဥငယ်လေးသည် သခင်ဖြစ်သူ၏ လက်ဖ ဝါးထဲတွင် ပွတ်သပ်နေလေသည်။

'သခင် အဆင်ပြေရဲ့လားဟင်' ဟု ၎င်းက တွေးတောလိုက်၏။

နောက်တစ်ခဏတွင် ဥ၏ကိုယ်ထည်သည် အခေါက်ခံလိုက်ရတော့သည်။

ထိုအခါအရောင်ခုနစ်မျိုးဥငယ်လေးသည် ကြက်သေ သေသွားခဲ့၏။

ကျန်းလင်သည် လက်ဖြင့် အရောင်ခုနစ်မျိုးဥငယ်လေးကို ခေါက်ကြည့်ပြီးနောက် နားဘေးသို့ ကပ်ကာ နားထောင်ကြည့်လိုက်သည်။

ထို့နောက် စားပွဲဘေးတွင် တင်ကာ ထပ်မံ၍ ခေါက်ကြည့်လိုက်ပြန်၏။

ဥ၏ကိုယ်ထည်သည် လုံးဝ ပျက်စီးသွားခြင်း မရှိပေ။

'ဒါက တကယ်ပဲ ဘာဥကြီးလဲဟ၊ တော်တော်လေး ခိုင်မာတာပဲ' ဟု သူက တွေးတောလိုက်၏။

ကျန်းလင်၏မူးဝေနေသော မျက်လုံးများထဲတွင် သံသယ ဖြစ်နေသည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။

သူသည် ဥကို စားပွဲပေါ်တွင် တင်လိုက်ပြီး ဘေးဘက်ရှိ ပန်းကန်လုံး တစ်လုံးကိုကောက်ယူလိုက်၏။

အထက်သို့ မြှောက်ကာ တစ်ချက်တည်း ရိုက်ချလိုက်တော့သည်။

သူသည် ယနေ့ ဤဥထဲတွင် မည်သည့်အရာ ရှိနေသနည်း ဆိုသည်ကို မဖြစ်မနေ ကြည့်ရှုရမည်သာ ဖြစ်ပေ၏။

အရောင်ခုနစ်မျိုးဥငယ်လေးသည် အလွန်အမင်း ထိတ်လန့်သွားခဲ့တော့သည်။

အရောင်ခုနစ်မျိုးဥငယ်လေးသည် အပေါ်သို့ မြှောက်ထားသော ကျောက်စိမ်းဖြူ ပန်းကန်လုံးကို ကြည့်လိုက်ပြီးနောက် သခင်ဖြစ်သူ၏ မျက်နှာအမူအရာကိုပါ ထပ်မံ ကြည့်ရှုလိုက် ကာ နောက်ဆုံးတွင် အခြေအနေ မဟန်တော့ကြောင်းကို သတိပြုမိသွားတော့၏။

'ဒိုင်း'

ကျောက်စိမ်းဖြူ ပန်းကန်လုံးသည် အောက်သို့ ကျဆင်းလာပြီး စားပွဲပေါ်သို့ ရိုက်ခတ်သွားလေသည်။

အရောင်ခုနစ်မျိုးဥငယ်လေးသည် နှစ်ပတ်ခန့် လိမ့်ကာ သီသီလေး ရှောင်တိမ်းသွားနိုင်ပြီးနောက် ရင်တထိတ်ထိတ်ဖြင့် သခင်ဖြစ်သူကို ကြည့်နေမိ၏။

'ဒါ ဒါက တကယ်ပဲ ဘယ်လိုဖြစ်ရတာလဲဟ'

'သခင်က ငါ့ကို စားချင်တဲ့ စိတ်ကူးတွေ ပြန်ပေါ်လာပြန်ပြီလား' ဟု ၎င်းက တွေးတောလိုက်သည်။

သခင်ဖြစ်သူ၏အခြေအနေ တစ်ခုခု မှားယွင်းနေကြောင်းကို ၎င်း သဲ့သဲ့မျှ သတိပြုမိနိုင်သော်လည်း။

၎င်းမှာ ၎င်း၏အသိပညာ နယ်ပယ်နှင့် လွတ်ကင်းနေသော အရာ ဖြစ်နေပေသည်။

'ကယ်ကြပါဦး၊ ငါ့သခင် တကယ်ပဲ ဘာဖြစ်သွားတာလဲ' ဟု ၎င်းက အော်ဟစ်လိုက်ချင်တော့၏။

တစ်ခဏအတွင်းမှာပင် အဖြူရောင် ဥကြီးသည် ပိုမိုဖြူရော်သွားတော့သည်။

"ပြေးဦးမလို့လား'

ကျန်းလင်သည် မျက်ခုံးကို တစ်ချက်တွန့်လိုက်ပြီး ဘယ်ညာ လက်နှစ်ဖက်စလုံးတွင် ကျောက်စိမ်းဖြူ ပန်းကန်လုံးတစ် လုံးစီ ကိုင်ဆောင်ကာ အဖြူရောင် ဥကြီးဆီသို့ တိုက်ခိုက်လိုက်၏။

'လှုပ်ရှားနိုင်တဲ့ အဖြူရောင် ဥကြီးတဲ့လား၊ အထဲမှာ တကယ်ပဲ ဘာတွေ ပုန်းအောင်းနေတာလဲဟ' ဟု သူက တွေးတောနေသည်။

အရောင်ခုနစ်မျိုးဥငယ်လေးသည် ဘယ်ဘက်သို့ ခုန်လိုက်၊ ညာဘက်သို့ ခုန်လိုက် ပြုလုပ်ကာ စားပွဲပေါ်တွင် ကမန်းက တန်း ရှောင်တိမ်းနေရတော့၏။

ကံကောင်းထောက်မစွာဖြင့် ယခုအချိန်တွင် သခင်ဖြစ်သူ၏ ဦးနှောက်နှင့် ခန္ဓာကိုယ်သည် ဟန်ချက်မညီတော့သကဲ့သို့ တိကျမှုနှင့် အမြန်နှုန်းတို့သည်လည်း ကျဆင်းနေပေသည်။

ထိုသို့မဟုတ်ပါက ၎င်းကဲ့သို့သော ဥတစ်လုံးအနေဖြင့် ယနေ့ ဤနေရာတွင် သေချာပေါက် အသက်ပါသွားမည် ဖြစ်၏။

အရောင်ခုနစ်မျိုးဥငယ်လေးသည် ကံကောင်းသည်ဟု တွေးတောနေစဉ် ရုတ်တရက် အထက်ဘက်တွင် အမည်းရောင် အရိပ်ကြီးတစ်ခု ပေါ်လာသည်ကို တွေ့ရှိလိုက်ရသည်။

အပေါ်သို့ မော့ကြည့်လိုက်သောအခါ သခင်ဖြစ်သူသည် ပန်းကန်ခွက်ယောက် အများအပြားကို ဝိညာဉ်စွမ်းအင်ဖြင့် မတင်ထားပြီး တစ်ပြိုင်နက်တည်း ဝိုင်းရံလာသည်ကို မြင်တွေ့လိုက်ရ၏။

အရောင်ခုနစ်မျိုးဥငယ်လေးသည် အလွန်အမင်း ထိတ်လန့်သွားတော့သည်။

'သခင်ရေ၊ သနားညှာတာပေးပါဦး' ဟု ၎င်းက တွေးတောလိုက်၏။

အရောင်ခုနစ်မျိုးဥငယ်လေးသည် ကြောက်လန့်တကြား တုန်ယင်သွားပြီး ကိုယ်ပေါ်တွင် အနီရောင် အလင်းတန်း တစ်ချက် လက်သွားကာ အမြန်နှုန်း ရုတ်တရက် မြင့်တက်သွားပြီးနောက် 'ရွှမ်း' ခနဲ ပြေးထွက်သွားတော့သည်။

"ရပ်စမ်း၊ ပန်းကန်လုံးထဲကို မြန်မြန် လာခဲ့"

အနောက်မှနေ၍ ကျန်းလင်သည် အကျယ်ကြီး အော်ဟစ်လိုက်ပြီး လိုက်ပါသွားလေ၏။

အတူတကွ လိုက်ပါသွားသည်မှာ ကျောက်စိမ်းဖြူကဲ့သို့သော ပန်းကန်ခွက်ယောက် အများအပြားပင် ဖြစ်သည်။

အရောင်ခုနစ်မျိုးဥငယ်လေးသည် လှည့်ကြည့်လိုက်သော အခါ ချက်ချင်းပင်ရပ်တန့်ရဲခြင်း မရှိတော့ချေ။

၎င်း၏ ကိုယ်ပေါ်ရှိ အရောင်များသည်လည်း အဆက်မပြတ် ပြောင်းလဲနေပြီး အလွန်အမင်းထိတ်လန့်နေတော့၏။

'ဥတစ်လုံးအနေနဲ့ အသက်ရှင်သန်ရတာ တော်တော်လေး ခက်ခဲတာပဲကွာ' ဟု ၎င်းက ညည်းတွားလိုက်တော့သည်။

ကျန့်အန်းမင်းသားသည် မျက်လုံးထောင့်မှနေ၍ လိုက်တမ်းပြေးတမ်း ကစားနေသော လူတစ်ယောက်နှင့် ဥတစ်လုံးကို မြင်တွေ့လိုက်ရသည်။

ထို့ကြောင့် ကျန်းလင် အရက်မူးပြီး အသိဉာဏ်မဲ့သောကိစ္စမျိုး မလုပ်မိစေရန် အရှေ့သို့ သွားရောက်ကြည့်ရှုမည် ပြုလိုက်၏။

သို့သော် သူ အနားသို့ မရောက်မီမှာပင် ဘေးဘက်မှနေ၍ သံတူကြီး တစ်လက် ရုတ်တရက်လွင့်ပျံလာခဲ့သည်။

ထို့ကြောင့်သူသည် အလိုအလျောက်ပင် ရှောင်တိမ်းလိုက်ရ ၏။

'ဒိုင်း'

ထိုအခါ သံတူကြီးသည် ခန်းမဆောင်ကြီး၏ နံရံပေါ်သို့ တည့်မတ်စွာ ရိုက်ခတ်သွားကာ နံရံပေါ်တွင် ချက်ချင်းပင် ပင့်ကူအိမ်ကဲ့သို့သော အက်ကွဲကြောင်းများ ပေါ်ထွက်လာခဲ့ပြီးနောက် အလျင်အမြန်ပင် မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွားတော့၏။

အဝေးတစ်နေရာမှ မုန့်ပေါ်သည် မျက်နှာပေါ်တွင် အေးစက်သော အပြုံးကို ဆင်မြန်းထားပြီး အေးစက်သော အကြည့်များဖြင့် လှမ်းကြည့်လာလေသည်။

"ငါ့နယ်မြေထဲမှာ ပြဿနာ လာရှာရဲတယ်ပေါ့၊ သတ္တိတော် တော် ကောင်းတာပဲ"

"ဒါပေမယ့် နောက်တစ်ခါကျရင် နင် ဒီလောက် ကံကောင်းမှာ မဟုတ်တော့ဘူး"

မုန့်ပေါ်သည် ညာဘက်လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ နံရံထဲသို့ စိုက်ဝင်နေသော သံတူကြီးသည် သခင်ဖြစ်သူ၏ ခေါ်ယူမှုကို ခံစားမိသွားပြီး ချက်ချင်းလှုပ်ရှားလာကာ သခင်ဖြစ်သူ၏ လက်ထဲသို့ ပြန်လည် လွင့်ပျံသွားတော့၏။

ကျန့်အန်းမင်းသား စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်သွားပြီး 'ဘယ်လိုလုပ်ပြီး ငါ့ဆီကို ရိုက်လာရတာလဲဟ' ဟု တွေး တောလိုက်သည်။

သူသည် အကြည့်တစ်ချက် ဝေ့ကြည့်လိုက်ရာ ယခင်က ခန်းမဆောင်ကြီးကို စက်ဝိုင်းပုံစံ ပတ်ပြေးနေခဲ့သော အဖွဲ့မှူးကြီးများ အားလုံးသည် အခွင့်ကောင်းယူ၍ အခြားသော ထောင့်နေရာများဆီသို့ ထွက်ပြေးသွားကြပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။

ကျန့်အန်းမင်းသားသည် အခြေအနေမဟန်တော့ကြောင်း စိတ်ထဲတွင် တွေးလိုက်မိသည်။

ဤသို့ အခြေအနေ မဟန်ခြင်းမှာ မုန့်ပေါ်၏တိုက်ခိုက်မှုကြောင့် မဟုတ်ပေ။

သူ့ အကြည့်များသည် မုန့်ပေါ်၏သံတူကြီး ကိုင်ဆောင်ထားခြင်း မရှိသော ဘယ်ဘက်လက်ပေါ်သို့ ကျရောက်သွား၏။

ထိုဖြူဖွေးသော လက်ချောင်းငါးချောင်းသည် ကျောက်စိမ်းဖြူ အရက်အိုး တစ်လုံးကိုဆုပ်ကိုင်ထားပေသည်။

'ဒီကောင်မလေးက ဆက်သောက်နေတုန်းပဲလား' ဟု သူက တွေးတောလိုက်၏။

'ဒီလို အရက်မူးပြီး ရမ်းကားတာက ဘယ်လောက်ကြာကြာ ဆက်ဖြစ်နေဦးမှာလဲဟ'

သိထားရမည်မှာ ဤအရက်သည် သာမန်အရက်မဟုတ်ပေ။

မူးယစ်လွယ်သော်လည်း တစ်ချိန်တည်းမှာပင် ဝိညာဉ်စွမ်း အင်အမြောက်အမြားကို ပံ့ပိုးပေးနိုင်ပြီး သာမန် ဝိညာဉ်စွမ်းအင်များထက် တစ္ဆေစွမ်းအင်အဖြစ်သို့ ပြောင်းလဲရန် ပိုမိုလွယ်ကူပေသည်။

ထို့ကြောင့် အကယ်၍ မုန့်ပေါ်ကသာ ဤအတိုင်းဆက်လက် သောက်နေမည် ဆိုပါက မည်သို့ ဖြစ်လာမည်နည်း။

မုန့်ပေါ်သည် လက်ကို မြှောက်ကာ အရက်ကို 'ဂလု' ဟူသော အသံဖြင့် ထပ်မံ၍ တစ်ကျိုက်မော့သောက်လိုက်သည်ကို မြင်တွေ့လိုက်ရသောအခါ ကျန့်အန်းမင်းသားသည် ကိုယ်ကို တစ်ချက်လှည့်လိုက်ပြီး‌ ပြေးတော့၏။

ကျန်းလင်တို့ဘက်ကိုပင် ဆက်လက်၍ ဂရုမစိုက်နိုင်တော့ချေ။

All Chapters