← Chapters

ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီ….

Vol. 25 Ch. 243

ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီ….

Vol. 25 Ch. 243

ဆောင်းရာသီအလယ်ပိုင်းကာလသို့ ရောက်ရှိလာသောအခါ ထူထပ်သော နှင်းများက ချင်းရှောင်တောင်ကို လွှမ်းခြုံထား၏။

လိုဏ်ဂူ အတွင်း၌….

လီချင်းချိုးက ဝိညာဉ်သန့်စင်အလံကို ကိုင်ဆောင်၍ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ တစ္ဆေဘုရင် ကျိမင်၏ မှတ်ဉာဏ်များ အားလုံးကို သူ နောက်ဆုံးတော့ စူးစမ်း လေ့လာပြီးသွားခဲ့ပြီ ဖြစ်၏။ တစ္ဆေဘုရင် ကျိမင်က ချင်းရှောင်ဂိုဏ်း ကို ခြိမ်းခြောက်ခဲ့ပြီး နောက်ကွယ်တွင် တစ္ဆေဘုရင်တောင်ကြားရှိနေသဖြင့် အမှန်တရားကို သူ ရှာဖွေ ဖော်ထုတ်ရမည် ဖြစ်သည်။

တစ္ဆေဘုရင်က တောင်ပေါ်မှ ထွက်ခွာရန် မည်သည့် ရည်ရွယ်ချက်ကိုမျှ ထုတ်ဖော် ပြသခဲ့ခြင်း မရှိသဖြင့် တစ္ဆေဘုရင်တောင်ကြားက ချင်းရှောင်ဂိုဏ်း အတွက် ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်မလာသင့်ပေ။

သို့သော်လည်း ဖုံးကွယ်နေသော အန္တရာယ်များ ရှိနေဆဲပင်။ တစ္ဆေဘုရင် ကျိမင်က တစ္ဆေဘုရင်တောင်ကြားမှ မထွက်ခွာမီ တစ္ဆေဘုရင်တောင်ကြားမှ မည်သို့ ထွက်ပြေးရမည်ဆိုသည့် အကြောင်းကို မိစ္ဆာဝိညာဉ် တစ်ဒါဇင်ခန့်နှင့် ဆွေးနွေး တိုင်ပင်ခဲ့သည်။

ထိုနေရာရှိ မိစ္ဆာများ အနက် ထက်ဝက်ကျော်ခန့်က တစ္ဆေဘုရင် ကျိမင်ထက် ပို၍ အစွမ်းထက်ကြပြီး တစ္ဆေဘုရင်တောင်ကြားမှ ထွက်ပြေးလိုသော သူတို့၏ ဆန္ဒများကလည်း တစ္ဆေဘုရင် ကျိမင်ထက် မလျှော့နည်းကြချေ။

အကယ်၍ တစ္ဆေဘုရင် ကျိမင်သာ ထွက်ပြေး လွတ်မြောက်နိုင်ခဲ့ပါက ထိုမိစ္ဆာဝိညာဉ်များလည်း ထွက်ပြေးနိုင်ပေလိမ့်မည်။ ထို့အပြင် တစ္ဆေဘုရင် ကျိမင် မထွက်ခွာမီက အကယ်၍ သူသာ လွတ်မြောက်သွားပါက တောင်ဘက်သို့ ဆင်းသွားမည်ဟု ပြောဆိုခဲ့၏။

ဤမိစ္ဆာဝိညာဉ်များကို သတိထားရန် လိုအပ်သည်ဟု လီချင်းချိုး ခံစားလိုက်ရသည်။

ကံကောင်းထောက်မစွာဖြင့် တစ္ဆေလမ်းစဉ် မှော်ပညာရပ်များကို စတင် မြှင့်တင်ပေးနေပြီ ဖြစ်၏။ အနည်းဆုံးတော့ တပည့်များက ယင်နှင့် ယန်ကို စူးစမ်းနိုင်ပြီး မိစ္ဆာဝိညာဉ်များကို ဖျက်ဆီးပစ်နိုင်ရန်အတွက် အခြေခံ တစ္ဆေလမ်းစဉ် မှော်ပညာရပ် သုံးခုကို မြှင့်တင်ပေးရန် သူ ရွေးချယ်ခဲ့သည်။

လီချင်းချိုးက တစ္ဆေဘုရင် ကျိမင်ထံသို့ လှည့်လိုက်ပြီးနောက် ဝိညာဉ်သန့်စင်အလံ အတွင်းရှိ ချင်းရှောင်ဂိုဏ်းမှ တစ္ဆေများကို တစ္ဆေဘုရင် ကျိမင်အား ဝါးမျိုစေလိုက်သည်။

တစ္ဆေဘုရင် ကျိမင်တွင် ကြေကွဲဖွယ်ကောင်းသော အတိတ်တစ်ခု ရှိခဲ့သော်လည်း အပြစ်များကိုမူ ဆေးကြော၍ မရနိုင်တော့ချေ။ အတိတ်က လူ့သဘာဝ၏ ယုတ်မာမှုများကို မည်သည့်အခါမျှ အထင်မသေးရန် လီချင်းချိုး အတွက် သတိပေးချက် တစ်ခု အဖြစ် ဆောင်ရွက်ပေးလိမ့်မည် ဖြစ်သည်။

အချိန်အတော်ကြာပြီးနောက်…

လီချင်းချိုးက ဝိညာဉ်သန့်စင်အလံကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ သူက ကျင့်ကြံနေကြသော နန်ကုန်းအာ၊ လင်းချွမ်နှင့် ရွှေသူငယ်တို့ကို တစ်ချက် လှမ်းကြည့်၍ ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

တပည့်များက ကျင့်ကြံရန် အလုပ်များနေကြချိန်တွင် သူ့ ပတ်ဝန်းကျင်ရှိ မိစ္ဆာများနှင့် တစ္ဆေများကလည်း အပျင်းမထူကြပေ။ အထူးသဖြင့် ကျင့်ကြံခြင်းကို အရူးအမူး စွဲလမ်းနေသော ရွှေသူငယ်ပင် ဖြစ်၏။ သူက လက်နက်များကို စုဆောင်းနေခြင်း မဟုတ်လျှင် ဓားသိုင်းကို လေ့ကျင့်နေပြီး အများအားဖြင့် စကားပြောရန်ပင် ပျင်းရိနေလေ့ ရှိသည်။

ရွှေသူငယ်၏ ဓားသိုင်းက ဓားဆန္ဒကို ပိုင်ဆိုင်နိုင်သည့် အဆင့်အထိ တိုးတက်လာခဲ့ပြီ ဖြစ်ပြီး ၎င်းက ဓားကျင့်ကြံသူများ၏ ဓားဆန္ဒထက် သိပ်ပြီး မနိမ့်ကျလှကြောင်း လီချင်းချိုး ခံစားမိသည်။

"ဂိုဏ်းတူအစ်ကို... ကျွန်တော် အစ်ကိုနဲ့ ဆွေးနွေးစရာလေး ရှိလို့ပါ..."

လိုဏ်ဂူ၏ အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုသူမှာ ကျန်းယွီချွန်း ဖြစ်ပြီး သူ့အသံက လီချင်းချိုး၏ အတွေးများကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။

"ဝင်လာခဲ့..."

လီချင်းချိုးက ပြောလိုက်ပြီး ကုတင်ဘေးကို ညင်သာစွာ ပုတ်လိုက်ရာ လိုဏ်ဂူ၏ ကျောက်တံခါး ပွင့်သွားတော့သည်။

ကျန်းယွီချွန်းက လိုဏ်ဂူ အတွင်းသို့ လျင်မြန်စွာ ဝင်လာပြီးနောက် လီချင်းချိုးက နေရာမှ ထကာ ကျောက်စားပွဲတွင် ဝင်ထိုင်လိုက်သည်။

"ဒါက ကျုံးထျန်းမသေမျိုးမြို့တော် အတွက် ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်း စာရင်းပါ... ကျေးဇူးပြုပြီး တစ်ချက်လောက် ကြည့်ပြီး ဆုံးဖြတ်ပေးပါ..."

ကျန်းယွီချွန်းက စာရင်း နှစ်အုပ်ကို ထုတ်ယူ၍ စားပွဲပေါ်တွင် တင်လိုက်ပြီးနောက် လီချင်းချိုးထံသို့ တွန်းပေးလိုက်သည်။

ရွှင်ရှန်းမြို့၏ သာဓကများ ရှိနေသဖြင့် ကျန်းယွီချွန်းက ကျုံးထျန်းမသေမျိုးမြို့တော်ကို တည်ဆောက်ရန် လွန်စွာ ယုံကြည်မှု ရှိနေပြီး ၎င်းကို လုပ်ဆောင်ရန်ပင် အနည်းငယ် စိတ်အားထက်သန်နေ၏။

ကျုံးထျန်းမသေမျိုးမြို့တော် ပြီးစီးသွားသည်နှင့် ချင်းရှောင်ဂိုဏ်းက ကိုးပြည်ထောင်နယ်မြေ အပေါ် ပိုမို အစွမ်းထက်သော ထိန်းချုပ်မှုကို ရရှိလာမည် ဖြစ်ပြီး အရင်းအမြစ်များ ပိုမို ကြွယ်ဝသော နေရာများကို စူးစမ်း ရှာဖွေနိုင်မည် ဖြစ်သည်။

လီချင်းချိုးက စာရင်းကို ကောက်ယူ၍ လှန်လှော ကြည့်ရှုလိုက်ပြီး ကျန်းယွီချွန်း၏ အကြည့်များက ရွှေသူငယ် အပေါ်သို့ ကျရောက်သွားသည်။

ရွှေသူငယ် ကျင့်ကြံနေသည်ကို မြင်ရတိုင်း ထူးဆန်းနေသည်ဟု သူ ခံစားရသည်။

ဤကြိုးစား ပမ်းစား လုပ်ဆောင်နေသော ဆုတောင်းပိုးကောင်က အနာဂတ်တွင် ကြီးမားသော အောင်မြင်မှုများ ရရှိလိမ့်မည်ဟု အလိုအလျောက် သိစိတ်က ပြောပြနေပေသည်။

အချိန်အတော်ကြာပြီးနောက်….

လီချင်းချိုးက စာရင်းကို အောက်ချလိုက်ပြီး ကျန်းယွီချွန်းကို ကြည့်၍ …

"ယွမ်ချီကို မြို့စားမင်း ဖြစ်ခွင့် ပေးလိုက်..."

စာရင်းထဲရှိ နာမည်များ အားလုံးက ကိုယ်တိုင် မှတ်ပုံတင်ထားကြခြင်း ဖြစ်သည်။ ယွမ်ချီက ကျုံးထျန်းမြို့စားမင်း နေရာကို လွန်စွာ စိတ်ဝင်စားပြီး ကျန်းယွီချွန်းကို ကိုယ်တိုင်ကိုယ်ကျ လာရောက် ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ဤကောင်လေးက သူ ကိုယ်တိုင် ဝင်ရောက် ယှဉ်ပြိုင်ချင်ကြောင်း လီချင်းချိုးကို မပြောပြခဲ့ချေ။

ယွမ်ချီနှင့် ပတ်သက်၍ ကျန်းယွီချွန်းတွင် မည်သည့် ကန့်ကွက်မှုမျှ မရှိပေ။

"ယွမ်ချီက ကျွန်တော်တို့ ကောင်းကောင်း သိတဲ့သူဆိုတော့ သူ့ကို ယုံကြည်လို့ ရပါတယ်... ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က နည်းနည်း နိမ့်နေတယ်... သူ့အတွက် ကျုံးထျန်းမသေမျိုးမြို့တော် ထဲကို ဝင်ဖို့ ပိုမြင့်မားတဲ့ ကျင့်ကြံခြင်း အဆင့်ရှိတဲ့ တပည့်တချို့ကို ကျွန်တော်တို့ စီစဉ်ပေးဖို့ လိုတယ်..."

လီချင်းချိုးကလည်း ထိုသို့ပင် တွေးထားသဖြင့် ကျုံးထျန်းမသေမျိုးမြို့တော်၏ ခန်းမအခွဲ အသီးသီး၏ ရာထူးနေရာများ အကြောင်း သူတို့ နှစ်ဦး ဆက်လက် ဆွေးနွေးလိုက်ကြသည်။

ကျုံးထျန်းမသေမျိုးမြို့တော်၏ အာဏာဖွဲ့စည်းပုံကို အချောသတ်ရန် သူတို့အတွက် အမွှေးတိုင် တစ်တိုင်စာခန့် အချိန် ယူခဲ့ရသည်ဖယ

"ကျုံးထျန်းမသေမျိုးမြို့တော် ပြီးသွားတာနဲ့ ယွီစီရင်စုနဲ့ ချန်းကျိုး နယ်စပ်တွေမှာ မြို့တွေ ဆက်ပြီး တည်ဆောက်နိုင်တယ်..." ဟု လီချင်းချိုးက ကျန်းယွီချွန်းကို ပြောလိုက်သည်။

ကျန်းယွီချွန်းကလည်း ထိုနည်းတူပင် တွေးထား၏။ ချင်းရှောင်ဂိုဏ်းက ကျိန့်ယန်ဧကရာဇ်မြို့တော်ကဲ့သို့ ဧရာမ မြို့ကြီး တစ်မြို့ကို တည်ဆောက်နေခြင်း မဟုတ်ပေ။ ၎င်းက ကျယ်ပြန့်သော နေရာတစ်ခုကို ယူထားခြင်း မဟုတ်ဘဲ တပည့်များ အတွက် သီးသန့် တည်ဆောက်ထားခြင်း ဖြစ်ပြီး ပြင်ပလူများကို ဝင်ရောက်ခွင့် ပြုမည် မဟုတ်ချေ။

သူတို့က အသေးစိတ် အချက်အလက် အချို့ကို ဆွေးနွေး တိုင်ပင်ခဲ့ကြပြီး နှစ်သစ်ကူး ပြီးနောက် လူများကို စေလွှတ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ဤတစ်ကြိမ်တွင် သူတို့က ခန်းမကြီး ၈ ခု နှင့် ဂိုဏ်းအခွဲ နှစ်ခုစလုံးကို တိုက်ရိုက် လှုပ်ရှားစေမည် ဖြစ်သဖြင့် ၎င်းက ခမ်းနားကြီးကျယ်သော ဖြစ်ရပ်တစ်ခု ဖြစ်လာမည် ဖြစ်၏။

နောက်ရက်များတွင် ကျုံးထျန်းမသေမျိုးမြို့တော်ရှိ တာဝန်ရှိသူများ၏ စာရင်းကို ခန်းမအားလုံးတွင် ကပ်ထားခဲ့ရာ လူတိုင်း သိရှိသွားကြပြီး ဂိုဏ်းအတွင်း ကြီးမားသော ဆူပူအုံကြွမှု တစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။

...

ခြံဝင်း တစ်ခုထဲတွင် ယွမ်လီနှင့် ယွမ်ချီတို့က စားပွဲတစ်လုံးတွင် မျက်နှာချင်းဆိုင် ထိုင်၍ အရက်သောက်နေကြသည်။

"အစ်ကို ဒီကိစ္စကို သေချာ စဉ်းစားပြီးပြီလား... ဒါက ရိုးရှင်းတဲ့ ကိစ္စ မဟုတ်ဘူးနော်... ကျုံးထျန်းမသေမျိုးမြို့တော်ကို အစ်ကို သွားလိုက်တာနဲ့ ချင်းရှောင်တောင်နဲ့ အစ်ကို့ရဲ့ ဆက်သွယ်မှုနဲ့ ဆက်ဆံရေးတွေက အားနည်းသွားလိမ့်မယ်..."

ယွမ်ချီ မြို့စားမင်း ဖြစ်လာတော့မည် ဆိုသော သတင်းကြောင့် သူ အံ့အားသင့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ယွမ်ချီက ဤအကြံအစည် အကြောင်းကို ယခင်က သူ့ကို မပြောပြခဲ့ဖူးသောကြောင့်ပင်။

"ငါ ဒါကို သေချာ စဉ်းစားပြီးပါပြီ... အကယ်၍ ငါ ချင်းရှောင်တောင်မှာပဲ ဆက်နေမယ်ဆိုရင် ငါ့ရဲ့ အခန်းကဏ္ဍက တဖြည်းဖြည်းနဲ့ အသုံးမဝင် ဖြစ်လာလိမ့်မယ်... ငါ့ရဲ့ ဝါရင့်မှုက အသုံးဝင်နေတုန်း အချိန်မှာ မြို့စားမင်း ဖြစ်လာတာက အနာဂတ်မှာ မင်းအတွက် ပိုရှည်လျားတဲ့ လမ်းခရီးကို ခင်းပေးနိုင်လိမ့်မယ်..."

"အစ်ကို... ကျွန်တော့်အတွက် လမ်းခင်းပေးနေစရာ မလိုပါဘူး... ကျွန်တော့်အတွက် ဘယ်အရာကိုမှ အစ်ကို တိုက်ပွဲဝင်ပေးဖို့ မလိုအပ်ပါဘူး... ဆရာက ကျွန်တော့်ကို အရမ်း ကောင်းကောင်း ဆက်ဆံပါတယ်..."

"ဂိုဏ်းချုပ်ကြီးက မင်းကို ဘယ်လောက်ပဲ ကောင်းကောင်း ဆက်ဆံပါစေ မင်းကိုယ်တိုင်လည်း ကြိုးစားယူရဦးမှာပဲ... ဂိုဏ်းရဲ့ ကြီးထွားလာနေတဲ့ အင်အားကြောင့် မင်း လှည့်စား မခံပါနဲ့... ရှားပါးတဲ့ အရင်းအမြစ် အသစ်တွေ ပေါ်လာတိုင်း မင်း ချက်ချင်း မရနိုင်ရင် မင်း နောက်ကောက်ကျ ကျန်ရစ်ခဲ့လိမ့်မယ်... ကျုံးထျန်းမသေမျိုးမြို့တော်ကို ငါတို့ ရောက်တာနဲ့ ငါ အိမ်ထောင်ပြုပြီး ကလေးယူမယ်... ပြီးတော့ မင်းအတွက် မျိုးနွယ်စု တစ်ခု တည်ထောင်ပေးဖို့ ကြိုးစားမယ်... ဒါမှ မသေမျိုးလမ်းစဉ် မှာ မင်း ပိုပြီး ခရီးဆက်နိုင်အောင် ငါ ကူညီပေးနိုင်မှာ..."

ယွမ်လီက ရိုးအလွန်းသည်ဟု တွေးလိုက်မိသည်။

ဂိုဏ်းချုပ်ကြီးက ကျင့်ကြံခြင်းမှ တစ်ဆင့် မသေမျိုးလမ်းစဉ်ကို လိုက်စားခြင်း အကြောင်း တစ်ကြိမ်ထက်မက ပြောဆိုခဲ့ဖူးပြီး ၎င်းကို တပည့်များ အားလုံးထံသို့လည်း လက်ဆင့်ကမ်း သင်ကြားပေးခဲ့သည်။ သို့သော်လည်း ကျင့်ကြံခြင်း လမ်းစဉ်သို့ ခြေချလိုက်မှသာ ၎င်း၏ ခက်ခဲမှုကို သဘောပေါက်နိုင်မည် ဖြစ်၏။ မသေမျိုး ဖြစ်လာရေး ဆိုသည်မှာ ယွမ်ချီအတွက် မရောက်ရှိနိုင်သော ရည်မှန်းချက် တစ်ခုပင် ဖြစ်သည်။

သူက မျှော်လင့်ချက်များကို ညီငယ် အပေါ်တွင် ပုံထားပြီး ညီငယ်အတွက် လမ်းခင်းပေးရန်အတွက် သူ့ဘဝကို မြှုပ်နှံထားရန် ဆန္ဒရှိနေသည်။

"အစ်ကို... အစ်ကို အိမ်ထောင်ပြုပြီး ကလေးယူချင်တာ တကယ်ပဲ ကျွန်တော့်ကြောင့်လား..."

ယွမ်ချီ၏ မိန်းမလိုက်စားသော အကျင့်များက လူသိများနေပြီ ဖြစ်ပြီး ယွမ်ချီ ကိုယ်တိုင်က အိမ်ထောင်ပြု၍ ကလေးယူချင်နေခြင်း ဖြစ်ကာ ထိုအကြောင်းပြချက်ကို သူ့အပေါ်တွင် အတင်းအကျပ် ပုံချနေခြင်း ဖြစ်ကြောင်း ယွမ်လီက ပြင်းပြင်းထန်ထန် သံသယ ဝင်မိသည်။

ယွမ်ချီက သူ့ကို စူးရဲစွာ ကြည့်၍ ..

"မင်းအတွက် မဟုတ်ရင် ငါ့အတွက်ပေါ့... ငါတို့က အသက်ရှင်ဖို့အတွက် တစ်ယောက်ကိုတစ်ယောက် မှီခိုနေကြရတာလေ... ပြီးတော့ မင်းက တာအို အကြောင်းကိုပဲ မေးဖို့ စိတ်ဝင်စားနေတာ... အကယ်၍ နောက်အနှစ် တစ်ရာလောက်နေလို့ ငါ သေသွားခဲ့ရင် မင်းမှာ မိသားစု မကျန်တော့ဘူး မဟုတ်လား..."

ထိုစကားကို ကြားပြီးနောက် ယွမ်လီ တိတ်ဆိတ်သွားတော့သည်။

သူ ကလေး တစ်ယောက် မဟုတ်တော့ပေ။ အနာဂတ်ကို သူ မြင်နိုင်ပြီး အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း အကြောင်း စိုးရိမ်ပူပန်မှုများ ရှိနေသည်။

ယွမ်ချီက သူ့ကို သေချာ စဉ်းစားခွင့် ပေးလိုက်ပြီး အရက်ကိုသာ ဆက်သောက်နေ၏။

သိုင်းပညာ လေ့ကျင့်ရေးကိုသာ အာရုံစိုက်မနေဘဲ ယွမ်လီ အနေဖြင့် ကိုယ်ပိုင်အနာဂတ် လမ်းခရီး အကြောင်းကို စဉ်းစားသင့်ပြီဟု သူ ခံစားမိသည်။

ဂိုဏ်းတွင် ပါရမီရှင်များ ပို၍ပို၍ များပြားလာသည်နှင့်အမျှ ဂိုဏ်းအတွင်း သူတို့၏ သြဇာလွှမ်းမိုးမှုကို မြှင့်တင်ရန် ကိုယ်ပိုင် အဖွဲ့အစည်းများကို ပြုစုပျိုးထောင်ခြင်း သို့မဟုတ် ကိုယ်ပိုင် မိသားစုများကို ထောက်ပံ့ခြင်းတို့ကို စတင် လုပ်ဆောင်လာကြပြီဖြစ်သည်။

ရှောင်ညီနောင်သုံးဖော်နှင့် ကူးချန်ဖိန် တို့ကြားရှိ ရန်ငြိုးက အကောင်းဆုံး ဥပမာပင် ဖြစ်သည်။ ရှောင်ညီနောင်သုံးဖော်က အခြေခံအားဖြင့် ဂိုဏ်းချုပ်ကြီး၏ တပည့်များ ဖြစ်ကြသော်လည်း သူတို့တွေ ကူးချန်ဖိန်နှင့် ကူးမိသားစုကို သတိထားနေကြရဆဲပင်။

ကူးမိသားစုသည် ယခင်က အထက်တန်းလွှာ မိသားစု တစ်ခုအဖြစ်ပင် သတ်မှတ် မခံခဲ့ရချေ။ ကူးချန်ဖိန် မသေမျိုးလမ်းစဉ် ကို စတင် ကျင့်ကြံပြီးနောက်မှသာ နာမည်ကြီးလာခဲ့ခြင်း ဖြစ်၏။

"အစ်ကို... ကျွန်တော် အစ်ကိုနဲ့အတူ ကျုံးထျန်းမသေမျိုးမြို့တော် ကို လိုက်ခဲ့မယ်..." ဟု ယွမ်လီက ယွမ်ချီကို ကြည့်၍ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

"မရဘူး... မင်း ချင်းရှောင်တောင်မှာပဲ နေသင့်တယ်... အဲဒီမှာ ကျင့်ကြံရေး အရင်းအမြစ်တွေက ပိုကောင်းတယ်... ကျုံးထျန်းမသေမျိုးမြို့တော်က ဖွံ့ဖြိုးဖို့ အချိန်လိုသေးတယ်..."

ယွမ်ချီက ချက်ချင်း ငြင်းပယ်လိုက်သည်။ယွမ်လီ၏ ကျင့်ကြံခြင်း အဆင့်က ဂိုဏ်းချုပ်ကြီး၏ တပည့်များထဲတွင် အနိမ့်ဆုံး ဖြစ်နေပြီ ဖြစ်သည်။ အကယ်၍ သူသာ ယခု ကျုံးထျန်းမသေမျိုးမြို့တော်သို့ လိုက်သွားပါက မသေမျိုး ဖြစ်လာရေး ဆိုသော ရည်မှန်းချက်က ပို၍ပင် ဝေးကွာသွားလိမ့်မည်။

"အနာဂတ်မှာ အစ်ကို ပြဿနာ တစ်ခုခုနဲ့ ကြုံရပြီး ကျွန်တော် အစ်ကို့ အနားမှာ ရှိမနေမှာကို ကျွန်တော် စိုးရိမ်တယ်..."

"မှတ်ထားပါ... အပြင်မှာ ငါ သေသွားခဲ့ရင်တောင် မင်း အဆင်အခြင်မဲ့ မလုပ်ပါနဲ့... ငါ့ကိုဖြစ်ဖြစ်၊ ငါ့ရဲ့ သွေးသားဆက်ခံသူတွေကို ဖြစ်ဖြစ် မင်းရဲ့ အားနည်းချက် တစ်ခု ဖြစ်ခွင့် လုံးဝ မပေးပါနဲ့... စစ်မှန်တဲ့ မသေမျိုး တစ်ပါး ဖြစ်လာဖို့က မင်းအပေါ် ထားရှိတဲ့ ငါ့ရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ပါပဲ..."

ညီအစ်ကို နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ယွမ်လီကတော့ စိတ်အခြေအနေကို ပြောင်းလဲသွားစေသော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။

သူက ယွမ်ချီ၏ တောင်းဆိုမှုကို ရင်တွင်းအသည်းနက်မှ သဘောတူသည့် အနေဖြင့် ခေါင်းကို လေးလံစွာ ညိတ်ပြလိုက်သည်။

ယွမ်ချီက ကျုံးထျန်းမသေမျိုးမြို့တော် ၏ မြို့စားမင်း ဖြစ်လာမည့် ကိစ္စကို ဂိုဏ်းအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေကြ၏။ ယွမ်ချီက အတွေ့အကြုံ များပြားသော်လည်း ကျင့်ကြံခြင်း အဆင့်က မလုံလောက်သဖြင့် ဂိုဏ်းသား အများအပြား၏ ပြစ်တင်ဝေဖန်မှုများကို ဆွဲဆောင်နိုင်ခဲ့သည်။

ရလဒ်အနေဖြင့် လူအများအပြားက မြို့စားမင်း နေရာကို ဆက်လက် ယှဉ်ပြိုင်ရန်အတွက် ကျန်းယွီချွန်းထံ ချဉ်းကပ်လာခဲ့ကြသည်။

ဤကိစ္စက ကျန်းယွီချွန်းကို ခေါင်းကိုက်သွားစေသော်လည်း လီချင်းချိုး အတွက်မူ မည်သည့် ဖိအားမျှ မခံစားရချေ။ အဘယ်ကြောင့်ဆိုသော် မည်သူကမျှ သူ့ကို ပြဿနာ မရှာရဲသောကြောင့်ပင်။

...

နှစ်ကုန်ပိုင်းသို့ ရောက်လာသည်နှင့် ဂိုဏ်းတစ်ခုလုံးက နွေဦးပွဲတော် အတွက် စတင် ပြင်ဆင်နေကြသည်။ အတွေ့အကြုံ ရှာဖွေရန် အပြင်ထွက်နေကြသော တပည့်များလည်း တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာကြသဖြင့် ချင်းရှောင်ဂိုဏ်းမှာ လွန်စွာ စည်ကား သက်ဝင်နေတော့သည်။

ညနေခင်း အချိန်တွင် လီချင်းချိုးက လင်းရှောင်ဝင်းသို့ ရောက်လာပြီး ဂိုဏ်းတူညီ၊ ဂိုဏ်းတူညီမတို့နှင့်အတူ စကားစမြည် ပြောဆိုနေသည်။

လီစစ်ဖုန်းက 'အရိပ်မဲ့နက်နဲသော ဓားသိုင်း' အကြောင်း ကြွားဝါနေပြီး ၎င်းမှာ ကိုးပြည်ထောင်နယ်မြေရှိ အကောင်းဆုံး ဓားသိုင်း ဖြစ်ကြောင်းနှင့် လီရှို့ကျန်းကို ဂိုဏ်း၏ နံပါတ်တစ် ဓားကျင့်ကြံသူ ဖြစ်လာစေမည် ဖြစ်ကြောင်း ပြောဆိုနေသည်။

ကျန်းကျောက်ရှားက နှာခေါင်းရှုံ့လိုက်ပြီး…

"ဘာ အရိပ်မဲ့နက်နဲသောဓားသိုင်းလဲ... မင်းက အိမ်နဲ့ ကင်းကွာနေတာ အရမ်း ကြာသွားတော့ ဂိုဏ်းရဲ့ ဖွံ့ဖြိုးတိုးတက်မှု အရှိန်ကို မမီတော့ဘူးပဲ..."

ရှန်ယွဲ့က ဘေးတွင် ထိုင်၍ အရက်သောက်နေပြီး စကားတစ်ခွန်းမျှ မဆိုဘဲ ပြုံးနေသော်လည်း လီစစ်ဖုန်း၏ 'အရိပ်မဲ့နက်နဲသော ဓားသိုင်း'ကို အထင်သေးနေသည်မှာ ထင်ရှားနေသည်။

ကျန်းကျောက်ရှား၏ ရန်စမှုကြောင့် လီစစ်ဖုန်းက သိုင်းယှဉ်ပြိုင်ရန် အကြံပြုလာသည်။ မူလချီစွမ်းအင်နှင့် ဓားချီများကို အသုံးပြုခွင့် မပြုဘဲ ဓားသိုင်းနှင့် ဓားဆန္ဒကိုသာ အားကိုး၍ ယှဉ်ပြိုင်ရမည် ဖြစ်၏။

သို့သော်လည်း ကျန်းကျောက်ရှားက ငြင်းဆိုခဲ့သည်။

ကျန်းကျောက်ရှားက လီစစ်ဖုန်းကို လုံးဝ အလေးအနက် မထားချေ။ သူ့ အမြင်တွင် မူလချီစွမ်းအင်များကို အသုံးမပြုလျှင်တောင်မှ ဝိညာဉ်အသိအာရုံအဆင့် အနေဖြင့် သူ့ရဲ့ အခြေခံက ရှိနေဆဲ ဖြစ်သည်။ လီစစ်ဖုန်းနှင့် တိုက်ခိုက်ခြင်းက လီစစ်ဖုန်းကို အနိုင်ကျင့်ရာ ကျပေလိမ့်မည်။

"လီရှို့ကျန်းက တကယ်ကို ပါရမီ ပါပါတယ်... ဒါပေမဲ့ ကံမကောင်းတာက ငါက တပည့် လက်ခံဖို့ စိတ်ဝင်စားမှု မရှိတာပဲ..."

ရှန်ယွဲ့က ချီးကျူးစကား ဆိုလိုက်ပြီးနောက် လီချင်းချိုးကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။

လီရှို့ကျန်းနှင့် လီရှို့မင်တို့ မွေးကင်းစ အရွယ်ကတည်းက သူတို့၏ ပါရမီများကို လီချင်းချိုးက သိမြင်ခဲ့ပြီး ဖြစ်မည်ဟု သူ သံသယ ဝင်မိသည်။

လီချင်းချိုးက တကယ့်ကို ကောက်ကျစ်လွန်းလှ၏။ လီရှို့ကျန်းနှင့် လီရှို့မင်တို့ ငယ်ရွယ်စဉ်က သူတို့ကို မည်သူက တပည့်အဖြစ် လက်ခံချင်သနည်းဟု ဂိုဏ်း၏ အထက်လူကြီးများ အကြားတွင် လိုက်လံ မေးမြန်းခဲ့သည်။

အဓိက အချက်မှာ သူ့သဘောထားက ခိုင်မာမှု မရှိဘဲ နောက်ပြောင်နေသကဲ့သို့ ဖြစ်နေသဖြင့် အထက်လူကြီးများက သဘာဝကျကျပင် ၎င်းကို အလေးအနက် မထားခဲ့ကြချေ။

ယခုအခါ လီရှို့ကျန်းနှင့်လီရှို့မင်တို့၏ ပါရမီနှင့် နားလည်သဘောပေါက်နိုင်စွမ်း တို့က သူတို့ မှားယွင်းသွားကြောင်းကို ခံစားရစေသည်။

လီချင်းချိုးက ရှန်ယွဲ့၏ အကြည့်များကြောင့် တုန်လှုပ်သွားခြင်း မရှိဘဲ တပည့်သစ်များ၏ကိုယ်ရေအချက်အလက်ကို စစ်ဆေးကြည့်နေသည်။

ပုံမှန်အချိန်များတွင် အံ့သြစရာများ ရှားပါးလှသော်လည်း မည်သည့် ပါရမီရှင်ကိုမျှ လက်လွတ် မဆုံးရှုံးစေရန် ဤအကျင့်ကို သူ အမြဲတမ်း ထိန်းသိမ်းထားခဲ့သည်။

ရုတ်တရက်….

လီချင်းချိုး၏ မျက်လုံးများ လင်းလက်သွားသည်။

လီရှို့ကျန်းနှင့် လီရှို့မင်တို့ ပြီးနောက် လေးနှစ် ကြာပြီးသည့်နောက်တွင် သူ့ကို အံ့အားသင့်စေသော ပါရမီရှင်တစ်ဦးကို နောက်ဆုံး၌ သူ မြင်တွေ့လိုက်ရပြီ.

【အမည်- ဟူယန်】

【ကျား/မ-ကျား】

【အသက်- ၁၄】

【သစ္စာရှိမှု (ခေါင်းဆောင်/ဂိုဏ်းချုပ်)-၇၈/၉၂ (အများဆုံး ၁၀၀)】

【ကျင့်ကြံရေး ပါရမီ- ထူးချွန်ပြောင်မြောက်】

【နားလည်သဘောပေါက်နိုင်စွမ်း- ကောင်းမွန်】

【ကံကြမ္မာ- ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီ၊ ကံဆိုးခြင်းကံကြမ္မာ၊ မကောင်းကြံမှုကို သိရှိနိုင်စွမ်း】

【ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီ- မွေးရာပါ ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီပါရှိပြီး မိစ္ဆာဝိညာဉ်များ၊ ကျိန်စာများနှင့် စိတ်ချောက်ချားမှုများ၏ အန္တရာယ် ပြုခြင်းမှ ကင်းလွတ်ခွင့်ရရှိသည်။ ကျင့်ကြံခြင်း လမ်းစဉ်သို့ ခြေချလိုက်သည်နှင့် ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီ နိုးထလာပြီး ပုံသဏ္ဌာန် ပေါ်လာမည် ဖြစ်သည်။ အန္တရာယ်နှင့် ကြုံတွေ့ရသောအခါ ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီက ကိုယ့်ကိုယ်ကိုယ် အလိုအလျောက် ကာကွယ်ပေးမည် ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီက ဆက်လက် အစွမ်းထက်လာမည် ဖြစ်ပြီး ရှင်းလင်းကာ ပွင့်လင်းမြင်သာသော စိတ်ကို ထာဝရ ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။】

【ကံဆိုးခြင်းကံကြမ္မာ- အရပ်မျက်နှာ အသီးသီးမှ သစ္စာဖောက်မှုများနှင့် စွန့်ပစ်မှုများကို ရင်ဆိုင်ရပြီး ပြင်းထန်သော အခက်အခဲများ ကြားတွင် နက်ရှိုင်းသော သိမြင်နားလည်မှုများကို ရရှိကာ ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီကို ပိုမို မြင့်မားသော အဆင့် တစ်ခုသို့ ရောက်ရှိစေနိုင်သည်】

【မကောင်းကြံမှုကို သိရှိနိုင်စွမ်း-အခြားသူများက မိမိအပေါ် ဦးတည်ထားသော မကောင်းကြံမှုများကို တစ်ဖက်လူက မည်မျှပင် ဖုံးကွယ်ထားစေကာမူ ထက်မြက်စွာ သိရှိနိုင်စွမ်း ရှိသည်】

All Chapters