← Chapters

လီချင်းချိုး တပည့် လက်ခံခြင်း

Vol. 25 Ch. 244

လီချင်းချိုး တပည့် လက်ခံခြင်း

Vol. 25 Ch. 244

နှစ်ကုန်ပိုင်းသို့ ရောက်လာသည်နှင့်အမျှ ပွဲတော် ကာလသို့ ရောက်ရှိလာခဲ့ချေပြီ။

ခြံဝင်း တစ်ခုထဲတွင် ဆယ့်လေးနှစ် အရွယ် ဟူယန်က အိမ်ထဲမှ ထွက်လာသည်။ သူသည် အနည်းငယ် ကြီးနေသော အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်များကို ခေါင်းပေါ်တွင် ဖြစ်သလို စည်းနှောင်ထားသည်။နေရောင်ခြည် အောက်သို့ ဖြာကျလာသောအခါ သူက ခေါင်းမော့လိုက်ရာ ဖြူစင်ပြီး ချောမောသော မျက်နှာတစ်ခု ထွက်ပေါ်လာသည်။

သူ တစ်ယောက်တည်းသာ မဟုတ်ဘဲ ခြံဝင်းထဲရှိ အခြား တပည့်များကလည်း သူတို့၏ အိမ်များထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။

ချင်းရှောင်ဂိုဏ်းက ယခုအခါ ယခင်ကနှင့် မတူတော့ချေ။ တပည့်သစ်များ အနေဖြင့် အတူတကွ နေထိုင်ရန် မလိုအပ်တော့ဘဲ လူတိုင်းတွင် ကိုယ်ပိုင် အခန်းများ ရှိကြသည်။

နွေးထွေးသော အိပ်ရာများ၊ အငွေ့ထောင်းထောင်း ထနေသော ရေနွေးများ၊ အခန်းထဲရှိ ပန်းများ၊ သစ်သီးများနှင့် ကိတ်မုန့်များကြောင့် ဟူယန်က ပြီးခဲ့သောညက သူ့ဘဝတွင် အအေးချမ်းဆုံး အိပ်စက်ခြင်းကို ရရှိခဲ့ပြီး ယခုအခါ အိပ်မက်မက်နေသကဲ့သို့ ခံစားနေရကာ အစစ်အမှန် ဖြစ်သည်ဟုပင် မယုံကြည်နိုင်အောင် ဖြစ်နေ၏။

"ဟူယန်... ဒီနေ့ ဘာလုပ်ဖို့ စီစဉ်ထားလဲ..."

သူနှင့် ရွယ်တူ အမျိုးသမီး တပည့် တစ်ဦး ဖြစ်သော တွမ့်ရှောင်ကျွမ်းက အနီးသို့ ကပ်လာပြီး မေးလိုက်ခြင်းပင်။

သူတို့ နှစ်ဦးစလုံးက ယမန်နေ့က အကဲဖြတ် စစ်ဆေးမှုကို အတူတကွ အောင်မြင်ခဲ့ပြီး အမည်ခံ တပည့်များ ဖြစ်လာခဲ့ကြသည်။ သူတို့ နှစ်ဦးစလုံးက တုန်းလင်းစီရင်စုမှ လာကြခြင်း ဖြစ်သဖြင့် တစ်ယောက်ကိုတစ်ယောက် သိကျွမ်းသွားခဲ့ကြသည်။

ဤခြံဝင်းထဲတွင် တပည့် ရှစ်ယောက် ရှိပြီး အားလုံးက တပည့်သစ်များ ဖြစ်ကြသည်။

ဟူယန်က တစ်ခဏမျှ စဉ်းစားလိုက်ပြီး…

"ဂိုဏ်းအကြောင်းကို အရင် သိရအောင် သွားပြီး လျှောက်ကြည့်ရအောင်..."

"အတူတူ သွားကြမလား..."

တွမ့်ရှောင်ကျွမ်း၏ အသားအရေက အနည်းငယ် မည်းပြီး အထူးတလည် မလှပသော်လည်း သူမတွင် မျက်လုံးပြူးပြူးနှင့် ပါးစပ်ကျယ်ကျယ် ရှိကာ သူမ၏ အပြုံးက လွန်စွာ ဆွဲဆောင်မှု ရှိပေသည်။

ဟူယန်က အခြားသူများ အပေါ် အထင်မြင်လွဲမှားမှုများ ရှိခဲ့ဖူးသော်လည်း တွမ့်ရှောင်ကျွမ်းနှင့်မူ အတော်လေး ရင်းနှီးနေခဲ့ခြင်း ဖြစ်နိုင်သည်။

သူက ခေါင်းညိတ်လိုက်ပြီး မငြင်းဆန်ခဲ့ချေ။

သူတို့ နှစ်ယောက် အတူတကွ ခြံဝင်းထဲမှ ထွက်လာခဲ့ကြသည်။ အနီးအနားတွင် တပည့်များအတွက် ပင်မခြံဝင်း တစ်ခု ရှိပြီး ထိုနေရာတွင် သူတို့ အစားအစာ စားသောက်နိုင်သည်။ သူတို့ လျှောက်သွားနေစဉ် လမ်းတစ်လျှောက်ရှိ အဆောက်အအုံများကို မီးအိမ်များနှင့် ရောင်စုံ အလှဆင် ပစ္စည်းများဖြင့် အလှဆင်ထားရာ ပွဲတော် လေထုကို ဖန်တီးပေးနေသည်။

"လောကကြီးမှာ နံပါတ်တစ်ဆိုတဲ့ နာမည်နဲ့ တကယ့်ကို ထိုက်တန်ပါပေတယ်... ဂိုဏ်းက ခေတ်ကြီးရဲ့ ဖရိုဖရဲ ဖြစ်မှုတွေကြောင့် လုံးဝ ထိခိုက်မှု မရှိဘူးပဲ..." ဟု တွမ့်ရှောင်ကျွမ်းက အားကျသောလေသံဖြင့် အော်ဟစ်လိုက်သည်။

ဖရိုဖရဲ ဖြစ်နေသော ခေတ်ကာလ အကြောင်း ပြောလာသောအခါ ဟူယန် ၏ မျက်လုံးများတွင် ရှုပ်ထွေးသော အမူအရာ တစ်ခု ရှိနေသည်။

ခေတ်ကြီး၏ ဖရိုဖရဲ ဖြစ်မှုများကြောင့် မိဘများကို ဆုံးရှုံးခဲ့ရပြီး သူ့ရဲ့ ငယ်ဘဝက လွန်စွာ ခါးသီးခဲ့သည်။ ချင်းရှောင်ဂိုဏ်းသို့ ရောက်ရှိရန်အတွက် ခဲယဉ်းစွာ လျှောက်လှမ်းခဲ့ရပြီး တစ်ကိုယ်လုံးတွင် ဒဏ်ရာများ ပြည့်နှက်နေခဲ့သည်။ ယခုတိုင်အောင် ၎င်းကို ပြန်လည် သတိရမိသောအခါ အိပ်မက်ဆန်လွန်းသည်ဟု သူ ခံစားရဆဲပင်။

ချင်းရှောင်ဂိုဏ်းမှ တပည့်တစ်ဦး၏ ရှေ့တွင် ဒူးထောက်၍ သူ့ကို ကယ်တင်ပေးရန် တောင်းပန်ခဲ့ရသော မြင်ကွင်းကို သူ မှတ်မိနေဆဲ ဖြစ်သည်။

နေရောင်ခြည်က လွန်စွာ စူးရှလွန်းသဖြင့် အစပိုင်းတွင် ချင်းရှောင်ဂိုဏ်းမှ တပည့်၏ မျက်နှာကို သူ ရှင်းလင်းစွာ မမြင်တွေ့ခဲ့ရချေ။

"မကြောက်ပါနဲ့... ငါ ဒီမှာ ရှိတယ်... မင်းကို ဘယ်သူမှ အနိုင်မကျင့်ရဲစေရဘူး..."

ထိုသို့ ပြောပြီးနောက် တစ်ဖက်လူက ဟူယန်ကို လိုက်လံ ဖမ်းဆီးနေသော လူရမ်းကား အုပ်စုကို နှင်ထုတ်ပစ်လိုက်သည်။

ထို့နောက်တွင် တစ်ဖက်လူက သူ့ကို အစာခြောက် အမြောက်အမြား ပေးခဲ့ပြီး အကယ်၍ သူ့အတွက် သွားစရာ နေရာ မရှိပါက ချင်းရှောင်ဂိုဏ်းကို ရှာဖွေရန် တောင်ဘက်သို့ ဆင်းသွားရန်နှင့် ချင်းရှောင်ဂိုဏ်းက သူ့ကို လက်ခံလိမ့်မည် ဖြစ်ကြောင်း ပြောခဲ့သည်။

ချင်းရှောင်ဂိုဏ်းမှ တပည့်က လုပ်စရာ ကိစ္စ တစ်ခုခု ရှိနေပုံရပြီး ဟူယန်မှာ သူ မထွက်ခွာမီ နာမည်ကိုပင် မေးမြန်းရန် အချိန်မရလိုက်ချေ။

သို့သော်လည်း ဟူယန်က ထိုချင်းရှောင်ဂိုဏ်းမှ တပည့်၏ မျက်နှာကို မှတ်မိနေပြီ ဖြစ်ပြီး အနာဂတ်တွင် ကျေးဇူးဆပ်ရန်အတွက် သူ့အတွက် အချိန် အများအပြား ရှိနေလိမ့်မည် ဖြစ်၏။

အတိတ်ကို ပြန်လည် သတိရရင်း ဟူယန်တို့နှစ်ယောက်က အစားအစာများ ရယူရန် တန်းစီရန်အတွက် ပင်မခြံဝင်း သို့ သွားခဲ့ကြသည်။ သူတို့ ခြံဝင်း အတွင်းသို့ ဝင်ရောက်လာပြီး ထိုင်ရန် စားပွဲလွတ် တစ်လုံးကို ရှာတွေ့ခဲ့ကြသည်။

သူတို့ အစားအစာ စားနေစဉ် အခြားသော တပည့်များက ဂိုဏ်း၏ ပွဲတော်များ အကြောင်း ဆွေးနွေးနေကြသည်ကို နားထောင်နေရင်း ချင်းရှောင်ဂိုဏ်းနှင့် ပတ်သက်သမျှ အရာအားလုံး အပေါ် စူးစမ်း သိချင်စိတ်များဖြင့် ပြည့်နှက်နေကြသည်။

"ချင်းရှောင်ဂိုဏ်းမှာ လူတွေ အများကြီး ရှိတာပဲ..."

တွမ့်ရှောင်ကျွမ်းက ရုတ်တရက် သက်ပြင်းချလိုက်ပြီး ၎င်းမှာ ရင်တွင်းမှလာသော ခံစားချက် တစ်ခုပင်။ လူအများအပြားရှိသော နေရာမျိုးသို့ သူမ တစ်ခါမျှ မရောက်ဖူးခဲ့ချေ။ ထို့အပြင် သူတို့ အားလုံးက သပ်ရပ်စွာ ဝတ်ဆင်ထားကြပြီး မည်သည့် တိုက်ခိုက်မှု သို့မဟုတ် ငြင်းခုံမှုမျှ မရှိဘဲ နွေးထွေးစွာ စကားပြောဆိုနေကြသည်။ ထိုတပည့်များ ပြောပြသော မသေမျိုးလမ်းစဉ် ကျင့်ကြံခြင်း ဘဝကလည်း သူမကို စွဲမက်စေခဲ့၏။

ဟူယန်က ခေါင်းညိတ်လိုက်သည်။ သူကလည်း အနာဂတ် အကြောင်းကို တွေးတောနေ၏။

အမည်ခံ တပည့်များ၏ အထက်တွင် အပြင်စည်းတပည့်၊ အတွင်းစည်းတပည့် နှင့် စစ်မှန်သောတပည့်များ ရှိကြသည်။ စစ်မှန်သောတပည့်တစ်ဦး ဖြစ်လာမှသာ တာအို၏ အသက်ရှည်မှု အကြောင်းကို မေးမြန်းရန် အရည်အချင်း ပြည့်မီမည် ဖြစ်၏။

ရှေ့ဆက်ရမည့် လမ်းက ရှည်လျားပြီး သူ ဆက်လက် လျှောက်လှမ်းရမည် ဖြစ်သည်။

အစားအစာ စားပြီးနောက် တပည့် အချို့က မှော်ပညာရပ် ယှဉ်ပြိုင်မှုကို ကြည့်ရှုရန် သိုင်းပညာစင်မြင့်သို့ သွားမည်ဖြစ်ကြောင်း သူတို့ နှစ်ဦး ကြားလိုက်ရသဖြင့် စိတ်ဝင်စားသွားကြပြီး သူတို့နောက်သို့ ချက်ချင်း လိုက်သွားခဲ့ကြသည်။

တောင်တက်လမ်းပေါ်တွင် လျှောက်လှမ်းနေရင်း အနီးရှိ ချင်းရှောင်တောင်ဆီသို့ ပျံသန်းသွားနေသော တပည့် အများအပြားကို သူတို့ မြင်တွေ့နိုင်ပေသည်။ ဟူယန်က ခေါင်းလှည့်၍ လှမ်းကြည့်လိုက်သည်။ ချင်းရှောင်တောင်က ဇီယန်တောင်ထွတ် ထက် များစွာ ပို၍ စည်ကား သက်ဝင်နေပြီး နတ်ပြည် တစ်ခုနှင့်ပင် တူနေ၏။ ကောင်းကင် တစ်ခွင်လုံးတွင် ကျဆင်းနေသော နှင်းများကပင် ချင်းရှောင်တောင်၏ ခမ်းနားထည်ဝါမှုကို မဖုံးကွယ်နိုင်ချေ။

ထိုတောင်ပေါ်သို့ သူ ဘယ်တော့ ခြေချနိုင်မည်နည်းဟု သူ တွေးနေမိသည်။

ထိုသို့ တွေးရင်း ဟူယန်က အကြည့်များကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အားပေးကာ ကိုယ်ပိုင် မသေမျိုး ဘဝကို ကြိုဆိုရန် ပြင်ဆင်လိုက်တော့၏။

...

လိုဏ်ဂူ အတွင်း၌ လီချင်းချိုးက ကျောက်ကုတင်ပေါ်တွင် ထိုင်၍ သူ့ကိုယ်ပိုင် ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီကို ခံစားနေသည်။

သူက ဟူယန်၏ ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီကံကြမ္မာကို သူ့ဆီသို့ ကူးယူခဲ့ခြင်း ဖြစ်သည်။

ဤကံကြမ္မာက ကျိန်စာများကို ကာကွယ်နိုင်စွမ်းကြောင့် ဆွဲဆောင်ခံခဲ့ရ၏။ အချိန်ကြာလာသည်နှင့်အမျှ ကျင့်ကြံခြင်း နည်းလမ်းများက အဆက်မပြတ် ပြောင်းလဲနေပြီး ကာကွယ်ရန် ခက်ခဲလာသဖြင့် သူ့ကို ကျိန်စာတိုက်မည့် သူတစ်ယောက်ယောက်နှင့်ကြုံတွေ့ရလိမ့်မည်ဟု အလိုအလျောက် သိစိတ်က ပြောပြနေသည်။

ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပေးနိုင်စွမ်းရှိသဖြင့် ခြုံခို တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ပေးနိုင်သည်။

ကံကြမ္မာ မှတ်ဉာဏ်များကို အောင်မြင်စွာ လက်ခံရရှိပြီးနောက် လီချင်းချိုးက သူ့ကို အထူး အရှိန်အဝါ တစ်ခုက ဝန်းရံထားကြောင်း တွေ့ရှိလိုက်ရ၏။ ထိုမျှမက ကမ္ဘာကြီး တစ်ခုလုံး ပို၍ ရှင်းလင်းလာသည်ဟု ခံစားလိုက်ရပြီး တစ်ကိုယ်လုံး သက်တောင့်သက်သာ ဖြစ်နေသည်။ ဤအခြေအနေက လွန်စွာ ရှားပါးလှပေသည်။

ဒါက ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီလား…..

ဤအခြေအနေ တစ်ခုတည်းကပင် လီချင်းချိုးကို လွန်စွာ ကျေနပ်သွားစေကာ အားအင်များ ပြည့်ဝနေပြီး စိတ်ထဲတွင်လည်း ရှင်းလင်းနေသည်။

"ရွှေသူငယ်... ငါ့ကို တိုက်ခိုက်စမ်း..."

ရွှေသူငယ်က ခေါင်းစောင်း၍ သူ့ကို လှည့်ကြည့်လိုက်ရာ အနည်းငယ် ဝေခွဲမရ ဖြစ်နေပုံ ရသည်။

"စိတ်မပူပါနဲ့... ငါ အခုလေးတင် သင်ထားတဲ့ မှော်ပညာရပ်ကို စမ်းကြည့်ချင်လို့ပါ..."

ထိုစကားကို ကြားသောအခါ ရွှေသူငယ်က ခေါင်းညိတ်လိုက်ပြီးနောက် အပြာရောင် အလင်းတန်း တစ်ခုကဲ့သို့ လေထဲသို့ ခုန်တက်သွားကာ လီချင်းချိုး၏ အနီးသို့ တစ်ဟုန်ထိုး တိုးဝင်သွားပြီး ဓားနှင့်တူသော လက်မောင်းဖြင့် ရင်ဘတ်ကို ခုတ်ပိုင်းလိုက်သည်။

ဘုန်း...

ရွှေသူငယ်က မမြင်ရသော နံရံတစ်ခုကို ဝင်တိုက်မိသွားသကဲ့သို့ ခံစားလိုက်ရပြီး လွင့်ထွက်သွားကာ နံရံကို ဝင်တိုက်မိသွားသဖြင့် မူးဝေသွားပြီး ကြယ်လေးများပင် မြင်လိုက်ရသည်။

လီချင်းချိုး မျက်ခုံးပင့်လိုက်မိသည်။ လွှမ်းမိုးနိုင်စွမ်းရှိသော ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီက သူ မျှော်လင့်ထားသည်ထက် ပို၍ အစွမ်းထက်နေပေသည်။

သူက ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီ ကို အလွယ်တကူ ထိန်းချုပ်နိုင်ပြီး အန္တရာယ်နှင့် ကြုံတွေ့ရသောအခါ ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပေးနိုင်သည်။ ဤခံစားချက်က လွန်စွာ ထူးဆန်းပြီး အလိုအလျောက် သိစိတ် တစ်ခုနှင့်ပင် တူနေ၏။

"ဆရာ... ဒါက ဘယ်လို မှော်ပညာရပ်မျိုးလဲ..."

နန်ကုန်းအာက မလှမ်းမကမ်းတွင် ရပ်နေပြီး စိုးရိမ်တကြီး မေးလိုက်၏။

သူမ တစ်ယောက်တည်းသာ မဟုတ်ဘဲ လင်းချွမ်ကလည်း ထိတ်လန့်နေပုံ ရသည်။ ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီက သူတို့ကို လွန်စွာ အန္တရာယ်များကြောင်း ခံစားရစေပြီး အနီးသို့ မကပ်ရဲကြချေ။

"အဲဒါက မှော်ပညာရပ်တော့ မဟုတ်ဘူး... မကြာသေးခင်ကမှ ငါ နားလည်လာတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအား တစ်မျိုးပဲ... အဲဒါကို နည်းနည်းတော့ တိုးတက်အောင် လုပ်ဖို့ လိုသေးတယ်..."

လီချင်းချိုး၏ အဖြေက ဝေဝါးနေသည်။ မည်သို့ပင်ဆိုစေကာမူ ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီကို အခြား မည်သူ့ကိုမျှ လက်ဆင့်ကမ်း ပေး၍ မရနိုင်ချေ။

ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီက အချိန်ကြာလာသည်နှင့်အမျှ ပို၍ အစွမ်းထက်လာသည်။ ထို့ကြောင့် ၎င်းကို တန်ဖိုးထားခြင်း ဖြစ်၏။ သူ့ကို အဆက်မပြတ် လွှမ်းမိုးနိုင်သော ကံကြမ္မာများကို သူ သဘောကျသည်။

"ရွှေသူငယ်... မင်း အဆင်ပြေရဲ့လား..."

ရွှေသူငယ်သည် မူလအားဖြည့်နယ်ပယ် ၏ ဆဋ္ဌမအလွှာသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီက သူ့ကို မူးဝေသွားစေခဲ့သည်။

"ဆရာ... ကျွန်တော် အဆင်ပြေပါတယ်..."

ရွှေသူငယ်က ခေါင်းယမ်း၍ ပြန်လည် မတ်တတ်ရပ်ရင်း အသံသြသြဖြင့် ပြန်ဖြေလိုက်သည

ထိုစကားကို ကြားပြီးနောက် လီချင်းချိုး သက်ပြင်းချနိုင်သွားပြီး လိုဏ်ဂူ၏ ကျောက်တံခါးဆီသို့ လျှောက်သွားလိုက်သည်။

"ငါ အပြင်ကို လမ်းလျှောက် ထွက်ဦးမယ်..."

ထို့နောက် နန်ကုန်းအာနှင့် လင်းချွမ်တို့က လီချင်းချိုး၏ ခန္ဓာကိုယ်ထဲသို့ ဆွဲသွင်းခံလိုက်ရသည်။

ရွှေသူငယ်ကမူ ကျန်ရစ်နေရန် ရွေးချယ်ခဲ့ပြီး ဆက်လက် ကျင့်ကြံနေခဲ့သည်။

မသိသူများက ရွှေသူငယ်တွင် နက်ရှိုင်းသော သွေးရန်ကြွေး တစ်ခု ရှိနေသည်ဟု ထင်မှတ်နိုင်သော်လည်း လက်တွေ့တွင် ရွှေသူငယ်က မသေမျိုးလမ်းစဉ် ကျင့်ကြံရသည်ကို သဘောကျနေခြင်းသာ ဖြစ်၏။

လိုဏ်ဂူမှ ထွက်လာပြီးနောက် လီချင်းချိုးတယောက် လင်းရှောင်ဝင်းသို့ ရောက်ရှိလာခဲ့သည်။ ခြံဝင်းထဲတွင် လွန်စွာ စည်ကား သက်ဝင်နေ၏။ သူတို့၏ အလုပ်များကို ခဲယဉ်းစွာ ဘေးဖယ်ထားလေ့ရှိသော အထက်လူကြီးများက ထိုနေရာတွင် ထိုင်၍ အရက်သောက်ကာ စကားစမြည် ပြောဆိုနေကြပြီး သူတို့၏ ရယ်မောသံများနှင့် စကားပြောသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။

"အစ်ကိုကြီး... ဘယ်သွားမလို့လဲ..."

လီချင်းချိုးက သူတို့နားတွင် မရပ်ဘဲ တိုက်ရိုက် ဖြတ်လျှောက်သွားသည်ကို မြင်သောအခါ လီစစ်ကျင်က သိချင်စိတ်ဖြင့် မမေးဘဲ မနေနိုင်တော့ချေ။ အခြားသူများကလည်း လီချင်းချိုးကို လှမ်းကြည့်လိုက်ကြသည်။

"ငါ ဂိုဏ်းပတ်ဝန်းကျင်မှာ လမ်းလျှောက် ထွက်မလို့... ဒီနေ့ ငါ စိတ်အခြေအနေ ကောင်းနေလို့ နောက်ထပ် တပည့် တစ်ယောက် လက်ခံမလို့ စီစဉ်နေတာ... ဘယ်သူကများ ငါ့အမြင်ကို ဖမ်းစားနိုင်မလဲဆိုတာ ကြည့်ရအောင်..."

လီချင်းချိုးက ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း သူ့ စကားများက ခြံဝင်းထဲရှိ လူတိုင်းကို အံ့အားသင့်သွားစေသည်။

တပည့် လက်ခံမလို့….

ကျိယာ ပြီးကတည်းက လီချင်းချိုးက မည်သည့် တပည့်ကိုမျှ လက်မခံခဲ့သည်မှာ ဘယ်နှစ်နှစ် ရှိပြီနည်း။

ရှောင်ညီနောင်သုံးဖော်လို ပါရမီရှင်များပင် သူ့အမြင်ကို မဖမ်းစားနိုင်ခဲ့သော်လည်း ယခုအခါ သူက ကိုယ်တိုင်ကိုယ်ကျ တပည့် လက်ခံတော့မည် ဖြစ်၏။

ရှန်ယွဲ့က စိတ်ဝင်စားသွားပြီး နေရာမှ ပျောက်ကွယ်သွားတော့သည်။

ယန်ကျွယ်တိန်က ကျန်းယွီချွန်းကို ကြည့်၍ သိချင်စိတ်ဖြင့် မေးလိုက်၏။

"မကြာသေးခင်က ဂိုဏ်းမှာ ထူးခြားတဲ့ ပါရမီရှင်တွေ ထွက်ပေါ်လာလို့လား..."

ကျန်းယွီချွန်းက စဉ်းစား၍ …

"ပါရမီရှင်တွေ အများကြီး ရှိတာတော့ အမှန်ပဲ... ဒါပေမဲ့ သူ့ရဲ့ တပည့်တွေနဲ့ ယှဉ်ရင်တော့ အများကြီး ကွာဟနေသေးတယ်..."

လီတုန်းယွဲ့က ရယ်မော၍ ….

"အများကြီး တွေးမနေပါနဲ့... သူက စိတ်အခြေအနေ ကောင်းနေတယ်လို့ပဲ ပြောခဲ့တာ မဟုတ်လား... ပါရမီရှင်တွေကို ပစ်မှတ်ထားနေတာ မဟုတ်နိုင်ဘူး..."

"မဖြစ်နိုင်ဘူး... သူ တစ်ခုခုကို ကြိုမြင်ထားလို့ ဖြစ်ရမယ်..."

ကျန်းယွီချွန်းက ခေါင်းယမ်းလိုက်သည်။

ကျင့်ကြံရေးပါရမီ အဆိုးဆုံး ဖြစ်သော ယွမ်လီပင်လျှင် ခန္ဓာကိုယ်ကျင့်ကြံသူ လမ်းစဉ်ကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်.

လီရှို့ကျန်းနှင့်လီရှို့မင်တို့ကို မြင်ရတိုင်း ကျန်းယွီချွန်းစိတ်ထဲတွင် နက်ရှိုင်းသော မကောင်းကြံမှု တစ်ခုကို ခံစားနေရသည်။ အစ်ကိုကြီးက သူ့ကို လှည့်စားနေသည်ဟု ခံစားရသော်လည်း သူတို့ကို တစ်ကြိမ်ထက်မက ငြင်းပယ်ခဲ့ဖူးသဖြင့် အစ်ကိုကြီးကို သွားရောက် တိုင်ကြားရန် ရှက်ရွံ့နေခဲ့

အခြားသူများကလည်း ဤခံစားချက်ကို သဘောတူညီကြပြီး ဂိုဏ်းချုပ်က ထူးခြားသော ပါရမီရှင် တစ်ဦးဦးကြောင့် ဆွဲဆောင်ခံခဲ့ရခြင်း ဖြစ်မည်ဟု ယုံကြည်နေကြသည်။

အခြားတစ်ဖက်တွင်…..

ရှန်ယွဲ့က လီချင်းချိုး မည်သို့ လူရွေးချယ်မည်ကို ကြည့်ရှုလိုသဖြင့် လီချင်းချိုး၏ ဘေးမှ လိုက်ပါလာခဲ့သည်။

"မင်း ကြိုတင် သတင်းရထားလို့လား..."

ရှန်ယွဲ့က သံသယဝင်နေသော အမူအရာဖြင့် မေးလိုက်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အကယ်၍ တကယ်ပဲ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် ရှိနေမယ်ဆိုရင် အဲဒီလူတွေက ကျုပ်ကို လာရှုပ်လိမ့်မယ်လို့ ခင်ဗျား ထင်နေတာလား... သူတို့တွေ ကြိုပြီး လက်ခံထားလောက်ပြီပေါ့..."

လီချင်းချိုးက မတတ်သာဘဲ ပြုံးလိုက်၏။ သူအခုလိုပြောနေခြင်းမှာ ချင်းရှောင်ဂိုဏ်း၏ လက်ရှိ အခြေအနေကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ အကယ်၍ တပည့်တစ်ဦးသာ ပါရမီရှိ​ကြောင်း ထုတ်ဖော် ပြသပါက ခန်းမ အားလုံးက သူတို့ကို လုယူကြမည် ဖြစ်ပြီး လီချင်းချိုးတွင် သူတို့ကို စုဆောင်းရန် အခွင့်အရေးပင် ရရှိမည် မဟုတ်ချေ။

ဟူယန်ကို ခန်းမတခုခုက စုဆောင်းထားပြီး ဖြစ်မဖြစ်ကို သူ မသေချာပေ။ အကယ်၍ စုဆောင်းထားပြီး ဖြစ်လျှင်ပင် သူ မကြောက်ရွံ့ချေ။ သူသည် အမြင့်ဆုံး အရာရှိ ဖြစ်သော ဂိုဏ်းချုပ် ဖြစ်သည်။ အကယ်၍ သူသာ စကားပြောလိုက်ပါက ကန့်ကွက်သူ မည်သူ့ကိုမဆို ပြင်းပြင်းထန်ထန် အရေးယူမည် ဖြစ်သည်။

"အဲဒါ အဓိပ္ပာယ် ရှိသားပဲ... ဒါဆို ငါ မင်းနဲ့ လိုက်ခဲ့မယ်... မင်း လူတွေကို ဘယ်လို ရွေးချယ်လဲ ဆိုတာ ကြည့်ရအောင်လေ..."

ရှန်ယွဲ့က သဘောတူသည့် အနေဖြင့် ခေါင်းညိတ်လိုက်သည်။

ရှန်ယွဲ့က မည်သည့် တပည့်ကိုမျှ လက်မခံချင်သော်လည်း လီချင်းချိုး၏ အကြိုက်ကိုမူ လွန်စွာ စူးစမ်း သိချင်နေ၏။

ထိုထူးခြားသော ပါရမီရှင်များကို လီချင်းချိုး မည်သို့ ရှာဖွေတွေ့ရှိခဲ့ကြောင်းကို သူ သိချင်နေသည်။

သူတို့ နှစ်ဦးက တောင်အောက်သို့ ဆင်းလာရင်း ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုလာခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် လီချင်းချိုးနှင့် ရှန်ယွဲ့ကို မြင်တွေ့ခဲ့သော တပည့်များက သူတို့ကို လွန်စွာ စိတ်အားထက်သန်စွာဖြင့် နှုတ်ဆက်ကြပြီး လီချင်းချိုးက ဂိုဏ်းချုပ် တစ်ယောက်၏ အရှိန်အဝါမျိုး မပြသဘဲ အပြုံးဖြင့် ပြန်လည် တုံ့ပြန်ခဲ့သည်။

ရှန်ယွဲ့ကမူ လီချင်းချိုးနှင့် မတူဘဲ အများဆုံး ခေါင်းညိတ်ပြရုံသာ တတ်နိုင်သည်။

လီချင်းချိုး၏ ကျင့်ကြံခြင်း အဆင့် မည်မျှ မြင့်မားနေစေကာမူ သို့မဟုတ် ဂိုဏ်းက မည်မျှ အစွမ်းထက်နေစေကာမူ အခြားသူများ အပေါ် ထားရှိသော လီချင်းချိုး၏ သဘောထားက မည်သည့်အခါမျှ ပြောင်းလဲသွားခြင်း မရှိကြောင်း သူ ရုတ်တရက် သဘောပေါက်သွားသည်။

ဂုဏ်သတင်းက အာဏာနှင့်အတူ ကြီးထွားလာသည်။ လီစစ်ကျင် အပါအဝင် ဂိုဏ်းရှိ အထက်လူကြီးများ အားလုံးက ကိုယ်ပိုင် အရှိန်အဝါများကို ပျိုးထောင်ထားကြပြီး ဖြစ်သဖြင့် တပည့်များက သူတို့၏ ရှေ့မှောက်တွင် အမြဲတမ်း စိုးရိမ် ထိတ်လန့်နေတတ်ကြသည်။

လီချင်းချိုးက တပည့်များနှင့် အတူရှိနေသောအခါ သူ့တွင် မည်သည့် အရှိန်အဝါမျှ မရှိဘဲ နွေဦး လေပြေထဲတွင် ရေချိုးနေရသကဲ့သို့ ခံစားချက်မျိုးကိုပေးစွမ်းနေသည်။

ရှန်ယွဲ့က ဤကိစ္စအတွက် စိတ်ထဲမှ သက်ပြင်းချရုံသာ တတ်နိုင်သော်လည်း သင်ယူလိုခြင်း မရှိပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် ဂိုဏ်းချုပ် မဟုတ်ချေ။

သူတို့ နှစ်ဦး တောင်ထိပ်မှ တောင်ခြေသို့ လျှောက်လာခဲ့ကြသည်။ လီချင်းချိုးက မည်သည့် တပည့်ကိုမျှ တပည့်အဖြစ် လက်ခံရန် မရွေးချယ်ခဲ့ချေ။ ဤအချိန်အတွင်း ရှန်ယွဲ့က သိသာထင်ရှားစွာ ထူးချွန်သော ပါရမီ ပါရှိသည့် တပည့် အချို့နှင့် ကြုံတွေ့ခဲ့သော်လည်း လီချင်းချိုးက သူတို့ထဲမှ မည်သူ့ကိုမျှ သဘောမကျခဲ့ပေ။

ထိုတပည့်များက ဂိုဏ်းချုပ်၏ တပည့် ဖြစ်လာရန် အခွင့်အရေးကို လက်လွတ် ဆုံးရှုံးသွားကြောင်းကို မသိရှိခဲ့ကြသော်လည်း ဂိုဏ်းချုပ်နှင့် စကားပြောဆိုခွင့် ရရှိခြင်း တစ်ခုတည်းကပင် သူတို့ကို စိတ်လှုပ်ရှားစေရန် လုံလောက်နေပေသည်။

သူတို့ နှစ်ဦး ဇီယန်တောင်ထွတ်သို့ ရောက်ရှိလာပြီး တောင်ပေါ်သို့ တက်လာခဲ့ကြသည်။ ဇီယန်တောင်ထွတ် သို့ ရောက်ရှိသည်နှင့် သူတို့ကို မှတ်မိနိုင်သော တပည့် အရေအတွက် ပိုနည်းသွားပြီး ရုတ်တရက် တိတ်ဆိတ်သွားတော့၏။

"အကယ်၍ ပါရမီရှင် တစ်ယောက်သာ ဆိုရင် ချင်းရှောင်တောင်ကို အထူး ဝင်ခွင့် ပြုထားမှာပေါ့... ဇီယန်တောင်ထွတ်မှာ နေတဲ့ တပည့် အများစုက သာမန် ပါရမီပဲ ရှိတာလေ... မင်း တကယ်ပဲ ပါရမီရှင် တစ်ယောက်ကို ဖန်တီးချင်နေတာလား..." ဟု ရှန်ယွဲ့က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ကျုပ် အကြိမ်ကြိမ် ပြောပြီးပြီလေ... စိတ်အခြေအနေ ကောင်းနေလို့ ပြီးတော့ သူတို့နဲ့ ရေစက် ပါတယ်လို့ ခံစားရလို့ တပည့် လက်ခံတာပါလို့... ဘာလို့ ဒီလောက်တောင် အောက်တန်းကျအောင် ပြောနေရတာလဲ..."

All Chapters