← Chapters

အခန်း (၄၆၅-၄၆၆)

Vol. 34 Ch. 465-466

အခန်း (၄၆၅-၄၆၆)

Vol. 34 Ch. 465-466

‎အခန်း ( ၄၆၅ ) - ထိပ်သီးများ စုဝေးလာခြင်း၊ လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးဧကရာဇ်၊ သတ်ဖြတ်လိုသော ဆန္ဒ

‎

‎

‎

‎ဘာတွေဖြစ်ကုန်တာလဲ။

‎

‎

‎ဤအခိုက်အတန့်တွင် နတ်ဆိုးကောင်းကင်ဘုံအသီးသီးမှ ယုံဟန်ကောင်းကင်ဘုံအရှင်နှင့် လီယွမ်ကောင်းကင်ဘုံအရှင်တို့ကဲ့သို့သော အင်မော်တယ်ဘုရင်များသည် အဆုံးမဲ့ကောင်းကင်ဘုံရှိရာဆီသို့ တုန်လှုပ်ချောက်ချားစွာဖြင့် လှမ်းကြည့်လိုက်ကြလေသည်။

‎

‎

‎ဤမျှ ခမ်းနားကြီးကျယ်လှသော လှုပ်ခတ်မှုမျိုးကို သူတို့၏ ဘဝတစ်လျှောက်လုံးတွင် တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။

‎

‎

‎အင်မော်တယ်ဘုရင်အဆင့်ရှိ တည်ရှိမှုတစ်ခုပင်လျှင် ဤလှုပ်ခတ်မှုများရှေ့တွင် ကိုယ့်ကိုယ်ကိုယ် သေးငယ်၍ အရေးမပါတော့သကဲ့သို့ ခံစားလိုက်ရသည်။

‎

‎

‎ထိုအရာက အင်မော်တယ်ဘုရင်အဆင့်နှင့် သက်ဆိုင်သော စွမ်းအားမျိုး လုံးဝမဟုတ်ဘဲ ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိနေကာ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ ကောင်းလှပေသည်။

‎

‎

‎" နတ်ဆိုးဧကရာဇ် နှစ်ပါး တိုက်ခိုက်နေကြတာများလား "

‎

‎

‎အင်မော်တယ်ဘုရင်များအားလုံးမှာ အလွန်အမင်း ထိတ်လန့်နေကြကာ ဘာတွေ ဖြစ်ပျက်နေသည်ကို လုံးဝ မသိကြချေ။

‎

‎

‎သူတို့ မသိကြရုံသာမက သူတို့၏ စိတ်ထဲတွင် သိချင်စိတ်နှင့် သံသယပေါင်း ထောင်သောင်းချီ ရှိနေလျှင်ပင် အနီးကပ် သွားရောက်စူးစမ်းရန် လုံးဝ မဝံ့ရဲကြပေ။

‎

‎

‎နောက်ပြောင်နေတာလား။

‎

‎

‎ဤသည်မှာ နတ်ဆိုးဧကရာဇ်အဆင့်ရှိ တည်ရှိမှုများ၏ ထိပ်တိုက်ရင်ဆိုင်မှုပင်။

‎

‎

‎အကယ်၍ အင်မော်တယ်ဘုရင်အချင်းချင်း တိုက်ခိုက်နေကြမည်ဆိုလျှင် ထိပ်သီးအင်မော်တယ်ဘုရင် နှစ်ပါးဖြစ်နေလျှင်တောင်မှ အခြားအင်မော်တယ်ဘုရင်များအနေဖြင့် ရဲတင်းစွာ သွားရောက်ကြည့်ရှုဝံ့ကြမည် ဖြစ်သလို သူတို့အတွက် မည်သည့်အန္တရာယ်မျှ ရှိမည်မဟုတ်ချေ။

‎

‎

‎သို့သော် ယခု ပေါက်ကွဲထွက်ပေါ်နေသည်မှာ နတ်ဆိုးဧကရာဇ်အဆင့် တိုက်ပွဲတစ်ခု ဖြစ်နိုင်ခြေ များလွန်းလေသည်။

‎

‎

‎ထိုသို့သော တိုက်ပွဲမျိုးမှ ဂယက်ရိုက်ခတ်မှု အနည်းငယ်မျှကိုပင် သူတို့ ခံနိုင်ရည်ရှိရန် ခက်ခဲ၍ တစ်ခဏတာ ပေါ့ဆမှုကပင် ပြင်းထန်သော ဒဏ်ရာကို ရရှိစေနိုင်သည်။

‎

‎

‎ဘယ်သူတွေ တိုက်ခိုက်နေသလဲ ဆိုတာကို ကြည့်ရုံလေးအတွက်နဲ့ ဒီလောက်ကြီးမားတဲ့ အန္တရာယ်ကို ယူရတာက လုံးဝ မတန်ဘူးဆိုတာ ရှင်းနေတာပဲ။

‎

‎

‎အင်မော်တယ်ဘုရင်အဆင့်မှ ထိပ်သီးများသာလျှင် မည်သည့် နတ်ဆိုးဧကရာဇ် နှစ်ပါး တိုက်ခိုက်နေကြသနည်း ဆိုသည်ကို သွားရောက်ကြည့်ရှုရန် သတ္တိရှိပေလိမ့်မည်။

‎

‎

‎ထိုသာမန် အင်မော်တယ်ဘုရင်များ တွေးထင်ထားသည့်အတိုင်းပင် အင်မော်တယ်ဘုရင်အဆင့်မှ အနီးဆုံး ထိပ်သီးများသည် အင်မော်တယ်ဘုရင်အဆင့်ထက် ကျော်လွန်နေသော နတ်ဆိုးဧကရာဇ် လှုပ်ခတ်မှုများကို ခံစားလိုက်ရသောအခါ အားလုံးမှာ အံ့အားသင့်သွားကြ၍ မည်သည့် နတ်ဆိုးဧကရာဇ် နှစ်ပါး တိုက်ခိုက်နေကြသည်ကို သိရှိနိုင်ရန် အဆုံးမဲ့ကောင်းကင်ဘုံဆီသို့ သူတို့၏နတ်ဝိညာဉ်အာရုံများကို အသီးသီး ဖြန့်ကျက်လိုက်ကြလေသည်။

‎

‎

‎ထိုကျယ်ပြောလှသော ထိပ်သီးများ၏ နတ်ဝိညာဉ်အာရုံများသည် အဆုံးမဲ့ကောင်းကင်ဘုံ အနီးတစ်ဝိုက်သို့ သတိထားကာ ချဉ်းကပ်သွားကြပြီးနောက် ရှေ့ဆက်မတိုးတော့ဘဲ ရပ်တန့်သွားကြ၏။ ထိုသို့ ဝင်ရောက်စွက်ဖက်ခြင်းက တိုက်ခိုက်နေကြသော နတ်ဆိုးဧကရာဇ် နှစ်ပါး၏ အာရုံစိုက်မှုကို ခံရ၍ မနှစ်မြို့ဖွယ် နားလည်မှုလွဲမှားခြင်းများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြပုံရသည်။

‎

‎

‎" နှစ်ပေါင်းဘယ်လောက်တောင် ကြာခဲ့ပြီလဲ... နတ်ဆိုးနယ်မြေမှာ ဒီနေ့ နတ်ဆိုးဧကရာဇ်အဆင့် တိုက်ပွဲတစ်ခု တကယ်ကြီး ပေါက်ကွဲလာတာလား "

‎

‎

‎အင်မော်တယ်ဘုရင်အဆင့် ထိပ်သီးတစ်ဦး၏ နတ်ဝိညာဉ်အာရုံက တုန်ဟည်းသွားပြီး သူ၏ အသံတွင် အံ့အားသင့်မှု အရိပ်အယောင်များ ပါဝင်နေလေသည်။

‎

‎

‎" ဘယ် နတ်ဆိုးဧကရာဇ် နှစ်ပါး တိုက်ခိုက်နေကြတာလဲ... ဒါနဲ့ ဒီနေရာက နတ်ဆိုးဧကရာဇ်ကြီးရဲ့ နယ်မြေဖြစ်ပုံပဲ "

‎

‎

‎အခြား ဘုရင်အဆင့် ထိပ်သီးတစ်ဦးမှ အာရုံခံမိလိုက်ကာ သူ၏အသံမှာလည်း အနည်းငယ် နားမလည်နိုင် ဖြစ်နေ၏။

‎

‎

‎" ငါအရှင် တစ်ချက်လောက် ကြည့်လိုက်မယ် "

‎

‎

‎ဘုရင်အဆင့် ထိပ်သီးတစ်ဦးမှ သူ၏နတ်ဝိညာဉ်အာရုံကို တိုက်ပွဲမြေပြင်ဆီသို့ ရဲတင်းစွာ ဖြန့်ကျက်လိုက်လေသည်။

‎

‎

‎သို့သော် မကြာမီမှာပင် ထိုနတ်ဝိညာဉ်အာရုံမှာ ဒဏ်ရာတစ်ခုခု ရရှိသွားသည့်အလား အရေးနိမ့်ကာ ပြန်လည်ဆုတ်ခွာလာခဲ့၏။

‎

‎

‎" မင်း သေချာမြင်လိုက်ရလား "

‎

‎ဘုရင်အဆင့် ထိပ်သီးများ၏ နတ်ဝိညာဉ်အာရုံများ လျင်မြန်စွာ စုဝေးလာကြ၍ ရလဒ်ကို သိချင်နေကြသည်။

‎

‎

‎" အဟွတ် အဟွတ်... မျက်စိတစ်မှိတ်ပဲ ကြည့်လိုက်ရတာ... သိပ်ပြီး သေချာမမြင်လိုက်ရဘူး "

‎

‎

‎ဘုရင်အဆင့် ထိပ်သီးမှ အားနည်းစွာ ချောင်းဆိုးလိုက်လေသည်။ သူသည် ဤနတ်ဝိညာဉ်အာရုံတစ်မျှင်ကို တိုက်ပွဲမြေပြင်ထဲသို့ ဖြန့်ကျက်လိုက်ရုံသာ ရှိသေးပြီး ကုချန်နှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့၏ ပေါင်းစပ်စွမ်းအားကြောင့် ချက်ချင်း ဖျက်ဆီးခံလိုက်ရကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။

‎

‎

‎သို့သော် မပျက်စီးမီလေးတွင် ဤဘုရင်အဆင့် ထိပ်သီးသည် တိုက်ပွဲမြေပြင်၏ ထောင့်တစ်နေရာကို မြင်တွေ့လိုက်ရသေးသည်။

‎

‎

‎" တိုက်ခိုက်နေတဲ့ နှစ်ယောက်ထဲက နတ်ဆိုးဧကရာဇ် တစ်ပါးက ရှာနာနတ်ဆိုးဧကရာဇ် ထင်တယ်... ရှာနာနတ်ဆိုးဧကရာဇ် သီးသန့်ပိုင်ဆိုင်တဲ့ မရေမတွက်နိုင်တဲ့ အဆုံးမဲ့တာအို နတ်ဆိုးဧကရာဇ်မှန်ပြင်တွေကို ငါမြင်လိုက်ရတယ် "

‎

‎

‎အင်မော်တယ်ဘုရင်အဆင့်မှ ဤထိပ်သီး အင်မော်တယ်ဘုရင်သည် လွန်စွာ ရှေးကျ၍ လျှို့ဝှက်ချက်များစွာကို သိထားပုံရ၏။ ထို့ကြောင့်သာ ကောင်းကင်နှင့်မြေကြီးတစ်ခွင် ပြန့်ကျဲနေသော နတ်ဆိုးမှန်ပြင်များကို ကြည့်၍ ရှာနာနတ်ဆိုးဧကရာဇ် ဖြစ်ကြောင်း သူ ကောက်ချက်ချလိုက်နိုင်ခြင်း ဖြစ်၏။

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ် ဟုတ်လား။

‎

‎

‎တိုက်ခိုက်နေသူများထဲမှ တစ်ဦး၏ နာမည်ကို ကြားသောအခါ ရှေးဟောင်း ဘုရင်အဆင့် ထိပ်သီးအချို့၏ မျက်နှာပေါ်တွင် နားလည်သွားသည့် အမူအရာများ ပေါ်လာခဲ့၏။

‎

‎

‎သိသာထင်ရှားစွာပင် ရှာနာနတ်ဆိုးဧကရာဇ်နှင့် နတ်ဆိုးဧကရာဇ်ကြီးတို့ကြားရှိ ပဋိပက္ခနှင့် ရန်ငြိုးများကို သူတို့အားလုံး သိထားကြလေသည်။

‎

‎

‎တိုက်ခိုက်နေသူများထဲမှ တစ်ဦးက ရှာနာနတ်ဆိုးဧကရာဇ် ဖြစ်နေမှတော့ အခြားတစ်ယောက်က သေချာပေါက် နတ်ဆိုးဧကရာဇ်ကြီးသာ ဖြစ်ရပေမည်။

‎

‎

‎အကယ်၍ သူတို့နှစ်ဦး တိုက်ခိုက်နေကြခြင်းသာဆိုလျှင် နားလည်ပေး၍ ရနိုင်ပေသည်။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ သူတို့ကြားရှိ ရန်ငြိုးမှာ ရှေးဟောင်းခေတ်ကတည်းက ရှိနေခဲ့ခြင်းဖြစ်ကာ ဤနေရာမှာ နတ်ဆိုးဧကရာဇ်ကြီး၏ နယ်မြေဖြစ်နေသည်ဟူသော အချက်နှင့် ပေါင်းစပ်လိုက်လျှင် နတ်ဆိုးဧကရာဇ်ကြီးမှလွဲ၍ အခြား မည်သူ ဖြစ်နိုင်မည်နည်း။

‎

‎

‎သို့သော် ဘုရင်အဆင့် ထိပ်သီးများအားလုံးက အခြားနတ်ဆိုးဧကရာဇ်၏ အမည်ကို မှန်ကန်စွာ ခန့်မှန်းမိပြီဟု ယုံကြည်နေကြစဉ်မှာပင် တိုက်ပွဲမြေပြင်၏ ထောင့်တစ်နေရာကို ချောင်းကြည့်ရန် စွန့်စားခဲ့သော ဘုရင်အဆင့် ထိပ်သီးက ထူးဆန်းသော လေသံဖြင့် ပြောဆိုလိုက်လေသည်။

‎

‎

‎" မင်းတို့အားလုံး ခန့်မှန်းတာ မှားနေပြီ... ရှာနာနတ်ဆိုးဧကရာဇ်နဲ့ တိုက်ခိုက်နေတာ နတ်ဆိုးဧကရာဇ်ကြီး မဟုတ်ဘူး "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး မဟုတ်ဘူးလား။

‎

‎

‎ဤစကားကြောင့် ဘုရင်အဆင့် ထိပ်သီးများအားလုံး ချက်ချင်းပင် အံ့ဩသွားကြလေသည်။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး မဟုတ်ဘူးဆိုရင် ဘယ်သူများ ဖြစ်နိုင်မလဲ။

‎

‎

‎" ငါအရှင်လည်း မသိဘူး... ဒီနတ်ဆိုးဧကရာဇ်ရဲ့ ချီအငွေ့အသက်ကို အရင်က တစ်ခါမှ မခံစားဖူးဘူး "

‎

‎

‎ဤရှေးဟောင်း ဘုရင်အဆင့် ထိပ်သီး၏ အသံတွင် မသေချာမရေရာမှု အရိပ်အယောင်များ စိမ့်ထွက်လာခဲ့၏။

‎

‎

‎ကုချန်၏ ချီအငွေ့အသက်ကို သူ အရင်က တစ်ခါမျှ မခံစားဖူးခဲ့ရာ ကုချန် ဘယ်သူလဲဆိုသည်ကို သဘာဝကျကျပင် သူ သိမည်မဟုတ်ချေ။

‎

‎

‎ဇာစ်မြစ်မှန်းမသိရသော ရှေးဟောင်း နတ်ဆိုးဧကရာဇ် တစ်ပါးလား။

‎

‎

‎အခု အဲ့ဒီလူက နတ်ဆိုးဧကရာဇ်ကြီးရဲ့ နယ်မြေပေါ်မှာ ရှာနာနတ်ဆိုးဧကရာဇ်နဲ့ တိုက်ခိုက်နေတာပေါ့လေ?

‎

‎

‎ဘုရင်အဆင့် ထိပ်သီးများအားလုံး မှင်တက်သွားကြကာ ဖြစ်ပျက်နေသည်များကို ရှင်းရှင်းလင်းလင်း မသိတော့သည့်ဟန် ရှိလေသည်။

‎

‎

‎ဇာစ်မြစ်မသိရတဲ့ ဒီလျှို့ဝှက်ဆန်းကြယ် နတ်ဆိုးဧကရာဇ်က နတ်ဆိုးဧကရာဇ်ကြီး ဖိတ်ခေါ်ထားတဲ့ အကူအညီများ ဖြစ်နေမလား။

‎

‎

‎...

‎...

‎

‎

‎" အရမ်းကောင်းတယ်... တကယ့်ကို နဂါးငယ်လေး တစ်ကောင်ပဲ... ငါအရှင် မင်းကို အထင်သေးမိမလို့ "

‎

‎

‎" မင်းကိုသာ ကြီးထွားရင့်ကျက်ခွင့် ပေးလိုက်ရင် မင်းက ငါအရှင့်ကို သေချာပေါက် ပြဿနာပေးလိမ့်မယ်... ဒီနေ့ မင်းကို လုံးဝ အလွတ်ပေးလို့ မဖြစ်ဘူး! "

‎

‎

‎တိုက်ပွဲမြေပြင်၏ အလယ်ဗဟိုတွင် ရှာနာနတ်ဆိုးဧကရာဇ်သည် ကုချန်ကို ကြည့်နေ၍ သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ မြင့်တက်နေကာ ကုချန်ကို သတ်ရန် ဆုံးဖြတ်ချက်ချထားပြီးဖြစ်ကြောင်း ရှင်းလင်းလှပေသည်။

‎

‎

‎ယခင်က အပြန်အလှန် တိုက်ခိုက်မှုက ကုချန်၏ခွန်အားကို အပြည့်အဝ အတည်ပြုပေးခဲ့၏။ သူသည် နတ်ဆိုးဧကရာဇ်အဆင့်သို့ အပြည့်အဝ မရောက်ရှိသေးလျှင်တောင်မှ သိပ်တော့ မဝေးတော့ချေ။

‎

‎

‎ဤတိုက်ခိုက်ရေးစွမ်းအား အဆင့်သည် သူ့ထက် နောက်ကျနေသေးသော်လည်း အင်မော်တယ်ဘုရင်အဆင့် အားလုံးကို ကျော်လွန်ရန်နှင့် အင်မော်တယ်ဘုရင် ထိပ်သီးများကို ကြက်တစ်ကောင် သတ်သကဲ့သို့ အလွယ်တကူ သတ်ဖြတ်ရန် လုံလောက်နေပြီ ဖြစ်သည်။

‎

‎

‎သို့သော် ကုချန်၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို သူ ပို၍ သေချာလာလေလေ ရှာနာနတ်ဆိုးဧကရာဇ်၏ နှလုံးသားထဲရှိ သတ်ဖြတ်လိုစိတ်များက ပို၍ လေးလံလာလေလေပင်။

‎

‎

‎အကယ်၍ ဤသို့သော နဂါးငယ်လေးတစ်ကောင်ကိုသာ ကြီးထွားခွင့်ပေးလိုက်၍ နောက်ဆုံးတွင် သူနှင့် အဆင့်တူဖြစ်လာကာ ထိုနတ်ဆိုးဧကရာဇ်ကြီးအတွက် အကူအညီတစ်ခု ဖြစ်လာမည်ဆိုပါက သူ့အတွက် အဆုံးမဲ့ ပြဿနာများ စောင့်ကြိုနေမည် မဟုတ်ပါလော။

‎

‎

‎ဤလူနှင့် ပတ်သက်သည့် အချက်အလက်များ ယခင်က နတ်ဆိုးနယ်မြေတွင် တစ်ခါမျှ ပေါ်ထွက်မလာခဲ့ချေ။ နတ်ဆိုးဧကရာဇ်ကြီးသည် သူ၏အချက်အလက်များကို တမင်သက်သက် ဖုံးကွယ်ထား၍ သူ အစွမ်းကုန် ကြီးထွားလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ရမည်။

‎

‎

‎ယခုမူ ဤလူသည် နဂါးငယ်လေးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး သူ၏ အစစ်အမှန် အသွင်ပြောင်းလဲမှုနှင့် သိပ်မဝေးတော့ချေ။ ထို့ကြောင့် သူ၏စွမ်းအားများကို ကမ္ဘာကြီးအား တဖြည်းဖြည်း ထုတ်ဖော်ပြသလာခြင်း ဖြစ်သည်။

‎

‎

‎ယနေ့ ရှာနာနတ်ဆိုးဧကရာဇ်သည် မူလက နတ်ဆိုးဧကရာဇ်နှလုံးသား၏ အခွင့်အရေးကို အသုံးချကာ နတ်ဆိုးဧကရာဇ်ကြီးကို အကွက်ဆင်ရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ဤမျှ 'ကြီးမားသော လျှို့ဝှက်ချက်' ကို မရည်ရွယ်ဘဲ ဖော်ထုတ်မိလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ချေ။ တစ်နည်းအားဖြင့် ဤသည်မှာ မမျှော်လင့်ထားသော အကျိုးအမြတ်တစ်ခုပင် ဖြစ်သည်။

‎

‎

‎ကောင်းကင်ဘုံ ကိုယ်တိုင်က သူ့အား နတ်ဆိုးဧကရာဇ်ကြီး၏ အကြံအစည်ကို မရည်ရွယ်ဘဲ ဖျက်ဆီးခွင့် ပေးခဲ့မှတော့ ယနေ့ သူသည် သနတ်ဆိုးဧကရာဇ်ကြီး၏ ဤလက်ရုံးကို ဖြတ်တောက်ကာ နတ်ဆိုးဧကရာဇ်ကြီးအား ထာဝရ နောင်တရစေရမည်။

‎

‎

‎" သွားစမ်း! "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်သည် ခပ်တိုးတိုး အော်ဟစ်လိုက်၍ လက်တစ်ဖက်ကို မြှောက်ကာ ရှေ့သို့ ဖိချလိုက်လေသည်။

‎

‎

‎မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်နှင့်မြေကြီးရှိ မရေမတွက်နိုင်သော နတ်ဆိုးမှန်ပြင်များသည် သူ၏ဆန္ဒအတိုင်း လှုပ်ရှားလာကြလျက် ကောင်းကင်ကို ဖုံးလွှမ်းသွားသည့် ခမ်းနားကြီးကျယ်၍ အဆုံးအစမဲ့သော ကန့်လန့်ကာကြီးတစ်ခုအဖြစ် ပေါင်းစပ်သွားကာ ကျယ်ပြောလှသော ကောင်းကင်ဘုံကိုးခုတစ်လျှောက်ရှိ မရေမတွက်နိုင်သော ကြယ်များကို ချေမှုန်း၍ ကုချန်အား အထက်မှ ဖိချလာတော့သည်။

‎

‎အခန်း ( ၄၆၆ ) - အခြားသူများကို သိမ်းသွင်းရန် အစွမ်းကုန်ကြိုးစားခြင်းနှင့် တဲကတ်တစ်ခု ရှိနေခြင်း

‎

‎

‎

‎ကောင်းကင်ကန့်လန့်ကာကြီးနှင့်တူသော နတ်ဆိုးမှန်ပြင်သည် ယှဉ်ပြိုင်ကင်းသော ဖိနှိပ်မှုကြီးဖြင့် ဖိချလာလေ၏။ သို့သော် ကုချန်မှာ အနည်းငယ်မျှ ပြာယာခတ်သွားခြင်းမရှိဘဲ ကောင်းကင်ကြီးကို ပင့်မတင်လိုက်သည့်အလား လက်ဝါးနှစ်ဖက်ကို မြှောက်ကာ ထိုအဆုံးမဲ့ ကန့်လန့်ကာကြီးကို ဆီးကြိုလိုက်လေသည်။

‎

‎

‎" ပွင့်စမ်း! "

‎

‎

‎ကုချန်မှ အသက်ရှူထုတ်လိုက်၍ သူ၏အတွင်းအားများကို အပြည့်အဝ ပေါက်ကွဲထွက်စေကာ နတ်ဆိုးမှန်ပြင်ကို အတင်းအဓမ္မ ပင့်တင်ထားလိုက်၏။ သို့သော် သူ၏လက်မောင်းများမှာ အဆက်မပြတ် တုန်ရီနေ၍ လက်ဖဝါး၏ လက်မနှင့် လက်ညှိုးကြားနေရာများမှာ မသိမသာ ကွဲအက်သွားကာ ကြက်သွေးရောင် သွေးစွန်းမှုများ ကျန်ရစ်နေခဲ့၏။

‎

‎

‎သူ့အတွက် ဤတိုက်ပွဲသည် သူ၏ဘဝတွင် အခက်ခဲဆုံးသော တိုက်ပွဲဖြစ်သည်မှာ သေချာလှသည်။ ကာကွယ်မှုတိုင်းအတွက် သူ၏ အစွမ်းကုန် အင်အားကို စိုက်ထုတ်ရန် လိုအပ်ပေသည်။ ကိုယ်ပွားသုံးခု ပေါင်းစည်းပြီးနောက်တွင် နတ်ဆိုးဧကရာဇ်အဆင့် စွမ်းအားကို မဆိုစလောက်လေး ပိုင်ဆိုင်နိုင်ခဲ့သော်လည်း သူ့၌ ကိုက်ညီသော နတ်ဆိုးဧကရာဇ်အဆင့် အသိအမြင်များ လိုအပ်နေသေး၏။ ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းက ပံ့ပိုးပေးထားလျှင်ပင် ရှာနာနတ်ဆိုးဧကရာဇ်၏ တိုက်ခိုက်မှုများကို မယိမ်းမယိုင်တောင့်ခံနိုင်ရုံမျှသာ ရှိလေသည်။

‎

‎

‎သို့သော် အားနည်းနေသည့် အခြေအနေတွင် ရှိနေသော်လည်း ကုချန်မှာ လုံးဝ တုန်လှုပ်ခြင်းမရှိသည့်အပြင် သူ၏စိတ်ထဲတွင် ဝမ်းမြောက်မှု အရိပ်အယောင်တစ်ခုပင် ပေါ်ထွက်လာခဲ့၏။ အဘယ်ကြောင့်ဆိုသော် ရှာနာနတ်ဆိုးဧကရာဇ် ပေးစွမ်းသော ကြီးမားလှသည့် ဖိအားကြီးသည် သူ၏အလားအလာများကို အပြည့်အဝ ညှစ်ထုတ်ပေးလိုက်၍ သူ၏ နှစ်ပေါင်းများစွာကြာ နားလည်သဘောပေါက်မှုများနှင့် ကျင့်ကြံမှုများကို အလျင်မြန်ဆုံးနှုန်းဖြင့် အဆက်မပြတ် ကြေညက်သွားစေသောကြောင့်ပင်။

‎

‎

‎ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းအပေါ် သူ၏ နားလည်သဘောပေါက်မှု တိုးတက်မှုမှာလည်း လျင်မြန်စွာ မြင့်တက်လာနေ၏။ နာရီဝက်ပင် မပြည့်သေးသော အချိန်အတွင်း ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းအပေါ် သူ၏ နားလည်သဘောပေါက်မှုသည် ၃ ရာခိုင်နှုန်း အပြည့်အဝ တိုးတက်သွားခဲ့လေပြီ။ ပုံမှန်အားဖြင့်ဆိုလျှင် ဤသို့ဖြစ်ရန်အတွက် နှစ်ထောင်ချီ သို့မဟုတ် နှစ်သောင်းချီ၍ အပင်ပန်းခံ ကျင့်ကြံရမည် ဖြစ်သည်။

‎

‎

‎" အရမ်းကောင်းတယ် "

‎

‎

‎ကုချန်၏နှလုံးသားထဲတွင် ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေ၏။ အစကတည်းက ကံကြမ္မာပြောင်းပြန်လှန်အမွှေးတိုင်ကို သူ ဘာကြောင့် အသုံးမပြုခဲ့သနည်း။ သူ၏ အလားအလာများကို ညှစ်ထုတ်ပေးနိုင်မည့် ဤကဲ့သို့သော တိုက်ပွဲမျိုးကို အသုံးပြု၍ လျင်မြန်စွာ တိုးတက်လာစေရန် သူ အလိုရှိခဲ့ခြင်း ဖြစ်သည်။ ယခု ရလဒ်များကို မြင်တွေ့ရပြီဖြစ်ရာ ကုချန် မည်သို့ ဝမ်းမသာဘဲ နေမည်နည်း။

‎

‎

‎တစ်ချိန်တည်းမှာပင် အသာစီးရနေသော ရှာနာနတ်ဆိုးဧကရာဇ်သည် တိုက်ပွဲမှာ သူ၏ ထိန်းချုပ်မှုအောက်တွင် လုံးလုံးလျားလျား ရှိနေပြီဟု ယုံကြည်ထားသဖြင့် အလောတကြီး မရှိဘဲ ကြောင်မှ ကြွက်ကို ကစားနေသကဲ့သို့ ကုချန်အား အဆုံးမရှိသော ဖိနှိပ်မှုများကိုသာ အဆက်မပြတ် ပေးစွမ်းနေလေသည်။

‎

‎

‎" စောစောက ငါအရှင် ကမ်းလှမ်းထားခဲ့တာတွေက အခုထက်ထိ အကျုံးဝင်ပါသေးတယ်... မင်းရဲ့ နတ်ဝိညာဉ်အမှတ်အသားကို ဆက်သပြီး ငါအရှင့်ဆီမှာ သစ္စာခံမယ်ဆိုရင် အတိတ်က ကိစ္စတွေကို ငါအရှင် ခွင့်လွှတ်ပေးနိုင်တယ်... ပြီးတော့ မင်းကို နတ်ဆိုးဧကရာဇ်အဆင့်ဆီ ပိုမြန်မြန် တက်လှမ်းနိုင်အောင် ကူညီပေးဖို့ ဒီနတ်ဆိုးဧကရာဇ်နှလုံးသားကိုတောင် မင်းကို ဆုချပေးလို့ရတယ်! "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်သည် ကုချန်၏ခုခံမှုကို အေးအေးလူလူ ကြည့်နေသလို 'သိမ်းသွင်းခြင်း' ကိုလည်း ဆက်လက်လုပ်ဆောင်ရန် အချိန် ရနေသေး၏။

‎

‎

‎အင်မော်တယ်ဘုရင်အဆင့်နှင့်အထက်ရှိ တည်ရှိမှုများကို အစေခံများအဖြစ် အတင်းအဓမ္မ သိမ်းသွင်း၍ မရနိုင်တော့ဘဲ သူတို့ကိုယ်တိုင်က ဆန္ဒရှိရန် လိုအပ်ပေသည်။ အကယ်၍ ကုချန်သာ သူ့ထံ အမှန်တကယ် လက်နက်ချ၍ သစ္စာခံလိုပါက ရှာနာနတ်ဆိုးဧကရာဇ်အနေဖြင့် ကျိန်းသေပေါက် ဝမ်းမြောက်ဝမ်းသာ လက်ခံမည် ဖြစ်သည်။ အနာဂတ်တွင် နတ်ဆိုးဧကရာဇ်အဆင့် တိုက်ခိုက်ရေးစွမ်းအား ဖြစ်လာမည့်သူကို သူ၏လက်အောက်သို့ သိမ်းသွင်းနိုင်မည်ဆိုလျှင် ဘာကြောင့် လက်မခံရမည်နည်း။

‎

‎

‎ထို့အပြင် ကုချန်သာ သူ့ထံ အမှန်တကယ် လက်နက်ချခဲ့ပါက ကုချန်အား နတ်ဆိုးဧကရာဇ်အဆင့်သို့ ပိုမိုမြန်ဆန်စွာ တက်လှမ်းနိုင်ရန် ကူညီပေးရန်အတွက် နတ်ဆိုးဧကရာဇ်နှလုံးသားကို ဆုချရန် သူ တွန့်ဆုတ်နေမည် မဟုတ်ချေ။

‎

‎

‎သူ၏ လက်ထဲတွင်ရှိသော နတ်ဆိုးဧကရာဇ်နှလုံးသားမှာ နတ်ဆိုးဧကရာဇ်အဆင့် အသိအမြင်အချို့ကို ကြေညက်စေရန်နှင့် တိုးတက်စေရန်သာ ကူညီပေးနိုင်ပေမည်။ သို့သော် ၎င်းကိုသာ ကုချန်အား ပေးအပ်လိုက်ပါက နတ်ဆိုးဧကရာဇ်အဆင့် တိုက်ခိုက်ရေးသမားတစ်ဦးကို လျင်မြန်စွာ ဖန်တီးပေးနိုင်မည် ဖြစ်သည်။ ဤနှစ်ခုကြားတွင် ရှာနာနတ်ဆိုးဧကရာဇ်အနေဖြင့် မှန်ကန်သော ရွေးချယ်မှုကို သေချာပေါက် ပြုလုပ်နိုင်လေသည်။

‎

‎

‎သို့သော် ဤအရာအားလုံး၌ ကြိုတင်သတ်မှတ်ချက် တစ်ခု ရှိနေ၏။ ထိုအရာမှာ ကုချန်မှ သူ၏ နတ်ဝိညာဉ်အမှတ်အသားကို ဆက်သကာ သူ့ထံ လက်နက်ချရန် လိုအပ်ခြင်းပင် ဖြစ်သည်။ သို့မဟုတ်ပါက ရှာနာနတ်ဆိုးဧကရာဇ်မှ ကုချန်ကို လုံးဝ အလွတ်ပေးမည် မဟုတ်ချေ။

‎

‎

‎သို့သော် ရှာနာနတ်ဆိုးဧကရာဇ်၏ သိမ်းသွင်းမှုကို ရင်ဆိုင်ရချိန်တွင် ကုချန်မှာ တုန်လှုပ်ခြင်း မရှိခဲ့ချေ။ သူသည် အဆက်မပြတ် လက်သီးများ ပစ်သွင်းနေကာ မရေမတွက်နိုင်သော မြင့်မြတ်စွမ်းရည်များနှင့် အံ့ဖွယ်နည်းလမ်းများကို ဖျက်ဆီးခြင်း ရေစီးကြောင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားစေ၍ လက်တွေ့လုပ်ရပ်ဖြင့် အဖြေကို ပေးလိုက်လေသည်။

‎

‎

‎လက်နက်ချမယ် ဟုတ်လား။ နောက်ဆုံးအချိန်ရောက်ရင်တောင် ဘယ်သူက လက်နက်ချရမလဲဆိုတာ မသေချာသေးဘူး!

‎

‎

‎ကုချန်၏တုံ့ပြန်မှုကို မြင်သောအခါ ရှာနာနတ်ဆိုးဧကရာဇ်သည် လှောင်ပြုံး ပြုံးလိုက်၏။ ကုချန်သည် လမ်းဆုံးသို့ မရောက်သေး၍ မျှော်လင့်ချက်ကြီးများနှင့် ကံကောင်းလိုမှုများ ရှိနေသေးသည်ဟု တွေးနေ၍သာ ယခုလို တုန့်ပြန်ရဲသည်ဟု သူ ထင်မှတ်လိုက်သည်။ အခြားရွေးချယ်စရာလမ်း မရှိတော့ဘဲ သေမင်းနှင့် ရင်ဆိုင်ရချိန်တွင် ဤကောင်လေး သေချာပေါက် မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်လိမ့်မည်ဟု သူ ယုံကြည်ထားလေသည်။

‎

‎

‎... ... ... ...

‎

‎

‎အဆုံးမရှိ ဝေးကွာသော နေရာတစ်ခု၌.....

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးကို ပိတ်လှောင်ဝိုင်းရံထားသော မဟာအစီအရင်အတွင်း ရှာနာနတ်ဆိုးဧကရာဇ်၏ ရယ်မောသံများက ကောင်းကင်နှင့်မြေကြီးတစ်ခွင် အဆုံးမရှိ ပဲ့တင်ထပ်နေလေသည်။

‎

‎

‎" ချန်ဝူး... အဆုံးမဲ့ထျန်းကျွင်းလို့ခေါ်တဲ့ ဒီကောင်လေးက မင်း ဒီလောက်ကြာအောင် ပျိုးထောင်ထားခဲ့တဲ့ ကတ်တစ်ခုဖြစ်နေမယ်လို့ ငါအရှင် မထင်ထားခဲ့ဘူး... နှမြောစရာပဲ... ဒီနေ့ မင်းရဲ့ ဒီကတ်က ငါအရှင့်လက်ထဲမှာ ပျောက်ကွယ်သွားရတော့မယ် "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်၏ အောင်ပွဲခံရယ်မောသံက နတ်ဆိုးဧကရာဇ်ကြီးကို လုံးဝ စိတ်ရှုပ်ထွေးသွားစေခဲ့၏။ ရှာနာနတ်ဆိုးဧကရာဇ် တစ်ခုခုကို နားလည်မှု လွဲမှားနေပြီဖြစ်ကြောင်း သူ သိလိုက်သည်။ သူနှင့် ကုချန်တို့ သိကျွမ်းခဲ့သည်မှာ သိပ်မကြာသေးရာ ပျိုးထောင်ထားခြင်းတို့ ကတ်တို့ဟု မည်သို့ ပြောနိုင်မည်နည်း။

‎

‎

‎သို့သော် ရှာနာနတ်ဆိုးဧကရာဇ်ကို မည်သည့်အရာမျှ သူ ပြန်မပြောခဲ့ဘဲ မျက်လုံးများကို အနည်းငယ် မှိတ်ထားကာ တိတ်ဆိတ်စွာ နေလိုက်လေသည်။ နတ်ဆိုးဧကရာဇ်ကြီး၏ အမူအရာကို မြင်သောအခါ လျှို့ဝှက်ချက် ပေါက်ကြားသွား၍သာဟု ရှာနာနတ်ဆိုးဧကရာဇ်မှ မှတ်ယူလိုက်သဖြင့် သူ၏စိတ်အခြေအနေမှာ ပို၍ပင် ဝမ်းမြောက်လာကာ ဆက်၍ပြောဆိုလေသည်။

‎

‎

‎" ဟွန်းဟွန်း... မင်းက အရမ်း လောလွန်းနေတယ်... ဒီကောင်လေးက နတ်ဆိုးဧကရာဇ်အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ... ငါအရှင်ရဲ့ တိုက်ခိုက်မှုတွေကို ခဏလောက် တောင့်ခံနိုင်တာက တော်တော်လေး အံ့ဩစရာကောင်းတယ်... ဒါပေမဲ့ သူ့ကို အခုလိုအချိန်မှာ လူလုံးထွက်ပြခိုင်းလိုက်တာက သူ အဲဒီအဆင့်ကို ရောက်မယ်လို့ မင်းက သေချာနေလို့လား "

‎

‎

‎ဤစကားကို ကြားသောအခါ နတ်ဆိုးဧကရာဇ်ကြီး၏ နှလုံးသားမှာ လှုပ်ခတ်သွားရကာ မျက်လုံး၏ အနက်ရှိုင်းဆုံးနေရာတွင်ပင် နက်ရှိုင်းသော တုန်လှုပ်မှုတစ်ခု ပေါ်လာခဲ့၏။ ဤကဲ့သို့သော အချိန်မျိုးတွင် ရှာနာနတ်ဆိုးဧကရာဇ်မှ သူ့ကို လိမ်ညာနေသည်ဟု သူ ကျိန်းသေပေါက် သံသယဝင်မည် မဟုတ်ချေ။

‎

‎

‎ဒါပေမဲ့ ကုချန်က ရှာနာနတ်ဆိုးဧကရာဇ်ကို အရေးမနိမ့်ဘဲ ခဏလောက် တိုက်ခိုက်နိုင်တယ်ပေါ့? ဒီလို တိုက်ခိုက်ရေးစွမ်းအားက နတ်ဆိုးဧကရာဇ် မဟုတ်ရင်တောင်မှ ခြေတစ်လှမ်းပဲ လိုတော့မှာ သေချာတယ်! သူ့မှာ အင်မော်တယ်ဘုရင်အဆင့် တိုက်ခိုက်ရေးစွမ်းအားပဲ ရှိတယ်လို့ သူ ထင်မှတ်ထားခဲ့တာကို ဒီကောင်လေးက ဒီလောက်ထိ နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေပြီး သူ့ရဲ့မျက်လုံးများကိုတောင် လှည့်စားနိုင်လိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့ဘူး!

‎

‎

‎" ဟားဟား... အဲဒီတုန်းက မင်းကို ငါအရှင့် အစေခံဖြစ်လာအောင် လုပ်ဖို့ ကျရှုံးခဲ့တာတွေကို ဒီကောင်လေးဆီမှာ ပြန်လည် ဖြည့်ဆည်းနိုင်တော့မယ်လို့ ငါအရှင် ကြိုပြီးခံစားနေရတယ် "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး တိတ်ဆိတ်နေသည်ကို မြင်သောအခါ ရှာနာနတ်ဆိုးဧကရာဇ်၏ စိတ်အခြေအနေမှာ ပို၍ ဝမ်းမြောက်လာသည်ကို မတားဆီးနိုင်ခဲ့ချေ။

‎

‎

‎သူ၏စကားများက နတ်ဆိုးဧကရာဇ်ကြီး၏ အကြည့်များကို လွန်စွာ အေးစက်သွားစေခဲ့၏။

‎

‎

‎သူနှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့ ဘာကြောင့် သေခန်းပြတ် ရန်သူများ ဖြစ်လာခဲ့ကြသနည်း။ အတိအကျဆိုရလျှင် အတိတ်က ရှာနာနတ်ဆိုးဧကရာဇ်သည် သူ နတ်ဆိုးဧကရာဇ်အဆင့်သို့ မရောက်မီ နည်းလမ်းအချို့ကို အသုံးပြုကာ သူ၏နတ်ဝိညာဉ်အမှတ်အသားကို ထိန်းချုပ်၍ သူ၏လက်အောက်သို့ သိမ်းသွင်းရန် ကြံစည်ခဲ့သောကြောင့်ပင်။

‎

‎

‎ထိုသို့ဆိုလျှင် နတ်ဆိုးဧကရာဇ်ကြီးသည် အနာဂတ်တွင် နတ်ဆိုးဧကရာဇ် ဖြစ်လာခဲ့လျှင်ပင် ရှာနာနတ်ဆိုးဧကရာဇ်၏ ချုပ်ချယ်မှုကိုသာ ခံရမည်ဖြစ်၍ သူ၏အမိန့်ကို နာခံရမည် ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် နတ်ဆိုးဧကရာဇ်ကြီးတွင် သူ့ကို ကူညီပေးရန် ကျောက်စိမ်းဖြူလိပ်ခွံ ရှိနေခဲ့ရာ ဤအကြံအစည်ကို စောစီးစွာ ထိုးထွင်းသိမြင်နိုင်ခဲ့သဖြင့် အန္တရာယ်မှ သီသီလေး လွတ်မြောက်ကာ ဘေးအန္တရာယ်ကို ကျော်လွှားနိုင်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎သူ နတ်ဆိုးဧကရာဇ် ဖြစ်လာပြီးနောက်တွင် ရှာနာနတ်ဆိုးဧကရာဇ်ကို သတ်လုနီးပါး ဖြစ်စေခဲ့သည့် အကြံအစည်တစ်ခုကို အကွက်ဆင်ရန် အချိန်ကြာမြင့်စွာ ယူခဲ့ရကာ သူ၏ အတိတ်က ရန်ငြိုးများအတွက် နောက်ဆုံးတွင် စာရင်းရှင်းနိုင်ခဲ့သည်။

‎

‎

‎ယခုအခါ ရှာနာနတ်ဆိုးဧကရာဇ်သည် ထိုလှည့်ကွက်ဟောင်းကိုပင် ထပ်မံ အသုံးပြုကာ ကုချန်အပေါ်တွင်လည်း ထိုနည်းလမ်းအတိုင်း အသုံးပြုရန် တွေးတောနေဆဲ ဖြစ်လိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ချေ!

‎

‎

‎" ရှာနာ... မီးနဲ့ သိပ်မကစားဖို့ ငါအရှင် မင်းကို အကြံပေးချင်တယ်... ဒီကောင်လေးက မင်းထင်သလို ရိုးရှင်းတဲ့သူ မဟုတ်ဘူး "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးမှ မျက်လုံးကို ပင့်ကာ ခပ်တိုးတိုး ပြောလိုက်လေသည်။ နတ်ဆိုးဧကရာဇ်အဆင့်ကို တိုက်ရိုက် ရင်ဆိုင်နိုင်စွမ်းရှိသော တိုက်ခိုက်ရေးစွမ်းအားကို ကုချန် ပြသလိုက်ခြင်းက နတ်ဆိုးဧကရာဇ်ကြီးကို သဘာဝကျကျပင် တုန်လှုပ်သွားစေခဲ့၏။

‎

‎

‎သို့သော် ဤသည်မှာ ကုချန်၏ အစစ်အမှန် ဝှက်ဖဲကတ် လုံးဝမဟုတ်ကြောင်း နတ်ဆိုးဧကရာဇ်ကြီးမှ ခန့်မှန်းနိုင်လေသည်။ ထိုအချိန်က ဤကောင်လေးသည် သူ့ကို 'မျှား' ရန် ပြင်ဆင်နေခဲ့၏။ နတ်ဆိုးဧကရာဇ်တစ်ပါးကို မဆိုစလောက်လေးသာ ယှဉ်ပြိုင်နိုင်သည့် ဤတိုက်ခိုက်ရေးစွမ်းအားမျှဖြင့် အစစ်အမှန် နတ်ဆိုးဧကရာဇ်တစ်ပါးကို မည်သို့ 'မျှား' နိုင်မည်နည်း။

‎

‎

‎ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိသည်။ ထိုအရာမှာ ကုချန်၌ ဝှက်ဖဲကတ်များ သေချာပေါက် ရှိနေသေးခြင်းပင် ဖြစ်သည်။

All Chapters