← Chapters

အခန်း (၄၆၇-၄၆၈)

Vol. 34 Ch. 467-468

အခန်း (၄၆၇-၄၆၈)

Vol. 34 Ch. 467-468

‎အခန်း ( ၄၆၇ ) - ကြီးမားသော အမှား၊ အခြားကမ္ဘာတွင် သတ်ဖြတ်ခြင်း၊ အရာအားလုံးကို မေ့ပျောက်သွားခြင်း

‎

‎

‎

‎ယခုအခါ ကုချန်သည် ရှာနာနတ်ဆိုးဧကရာဇ်နှင့် အနည်းငယ် ယှဉ်ပြိုင်နိုင်စွမ်းရှိနေပြီဖြစ်ကြောင်း သိလိုက်ရသောအခါ နတ်ဆိုးဧကရာဇ်ကြီးသည် ကုချန်၏ နောက်ဆုံးနည်းလမ်းများကို သူ နားလည်သွားပြီဟု မထင်မှတ်ခဲ့သည့်အပြင် ကုချန်မှာ ပို၍ပင် လျှို့ဝှက်ဆန်းကြယ်လာသည်ဟု ခံစားလိုက်ရသည်။

‎

‎

‎သူ၏ဖုံးကွယ်ထားသော တိုက်ခိုက်ရေးစွမ်းအားကပင် နတ်ဆိုးဧကရာဇ်တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်ရန် လုံလောက်နေပြီ ဖြစ်သည်။

‎

‎

‎အကယ်၍ ဤသည်မှာ သူ၏အစစ်အမှန် ဝှက်ဖဲကတ် မဟုတ်သေးဘူးဆိုလျှင် သူ၏ အစစ်အမှန် ဝှက်ဖဲကတ်က မည်မျှအထိ အစွမ်းထက်နေမည်နည်း။

‎

‎

‎" သူ အဲဒီတုန်းက သာမန် အင်မော်တယ်ဘုရင်တစ်ပါးရဲ့ ကျင့်ကြံမှုပဲ ရှိသေးတာတောင် ငါအရှင့်ကို ဖမ်းမယ့်ငါးလို့ သတ်မှတ်ရဲခဲ့တာ မဆန်းတော့ပါဘူး... သူက တကယ့်ကို ဝှက်ဖဲကတ်တွေနဲ့ နည်းလမ်းတွေ ရှိနေခဲ့တာပဲ "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးသည် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။

‎

‎

‎အင်မော်တယ်ဘုရင်တစ်ပါးက နတ်ဆိုးဧကရာဇ်တစ်ပါးကို မျှားဖို့ ရဲဝံ့တယ်ပေါ့?

‎

‎

‎တစ်နတ်ဆိုးနယ်မြေလုံးကို ကြည့်လိုက်လျှင် ဤသို့သော ပုန်ကန်လိုသည့် အတွေးမျိုးကို မည်သည့် အင်မော်တယ်ဘုရင်ကမျှ တွေးဝံ့မည် မဟုတ်ချေ။ အမှန်တကယ်တွင် နတ်ဆိုးဧကရာဇ်တစ်ပါး၏ ရှေ့မှောက်၌ အဆင့်အတန်း ဖိနှိပ်မှုကြောင့် ထိုသို့သော အတွေးမျိုး သူတို့၏ နှလုံးသားထဲတွင် ပေါ်လာမည်ပင် မဟုတ်ချေ။

‎

‎

‎သို့သော် ကုချန်မှ တွေးရဲရုံသာမက လက်တွေ့လုပ်ဆောင်ရန်လည်း ဝံ့ရဲခဲ့သည်။ သမိုင်းတစ်လျှောက် မည်သည့် အင်မော်တယ်ဘုရင်က ဤသို့ လုပ်နိုင်ခဲ့သနည်း။

‎

‎

‎အတိတ်နှင့် အနာဂတ် ကာလများကို ရှာဖွေကြည့်လျှင်ပင် တစ်ယောက်ကိုပင် ရှာတွေ့ရန် ခက်ခဲလိမ့်မည်။

‎

‎

‎ကုချန်ကို နတ်ဆိုးနယ်မြေ ဖန်ဆင်းကတည်းက ပထမဆုံး အင်မော်တယ်ဘုရင်ဟု ခေါ်ဆိုလျှင်ပင် ပုံကြီးချဲ့ရာ မရောက်နိုင်ပေ။

‎

‎

‎သို့သော် ရှာနာနတ်ဆိုးဧကရာဇ်ကို ယှဉ်ပြိုင်ရန် သူ့၌ မည်သို့သော နောက်ကွယ်က အစီအစဉ်များ ရှိနေသဖြင့် ဤမျှ ယုံကြည်မှု ရှိနေရသနည်း။

‎

‎

‎ကုချန်သည် သူ ညွှန်ကြားခဲ့သည့်အတိုင်း ထုံးထျန်းနတ်ဆိုးတောင်ဆီသို့ ချက်ချင်း မထွက်ပြေးခဲ့ကြောင်း သိလိုက်ရကတည်းက ကုချန်တွင် ရှာနာနတ်ဆိုးဧကရာဇ်ကို ယှဉ်ပြိုင်ရန် အပြည့်အဝ သေချာမှုနှင့် ယုံကြည်မှုများ ရှိနေရမည်ကို နတ်ဆိုးဧကရာဇ်ကြီး သိထားခဲ့ပြီး ဖြစ်၏။

‎

‎

‎သို့သော် နတ်ဆိုးဧကရာဇ်ကြီး မည်မျှပင် ခေါင်းစားအောင် တွေးတောစေကာမူ အင်မော်တယ်ဘုရင်အဆင့်ရှိ တည်ရှိမှုတစ်ခုကို နတ်ဆိုးဧကရာဇ်တစ်ပါးအား ယှဉ်ပြိုင်နိုင်ရန် ကူညီပေးမည့် နည်းလမ်းမျိုး ဤလောကတွင် ရှိနေမည်ကို သူ လုံးဝ စိတ်ကူးမယဉ်နိုင်ခဲ့ချေ။

‎

‎

‎ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ရှာနာကတော့ တကယ်ပဲ စောစော အောင်ပွဲခံနေတာပဲ။

‎

‎

‎ကောင်းကင်နှင့်မြေကြီးကြားတွင် ရှာနာနတ်ဆိုးဧကရာဇ်၏ ရယ်မောသံများ ပဲ့တင်ထပ်နေဆဲကို ကြားရသော်လည်း နတ်ဆိုးဧကရာဇ်ကြီးသည် မျက်လုံးများကို အနည်းငယ် မှိတ်ထားကာ မည်သည့်စကားမျှ မပြောဘဲ နေလိုက်လေသည်။

‎

‎

‎တကယ်လို့ ရှာနာက အောင်ပွဲကို သူ့ရဲ့လက်ထဲမှာ ရထားရပြီး အရာအားလုံးကို ထိန်းချုပ်ထားနိုင်နေပြီလို့ ထင်နေခဲ့ရင်‌တော့ သူ တကယ်ကို မှားယွင်းနေပြီ!

‎

‎

‎... ... ... ...

‎

‎

‎အဆုံးမဲ့ကောင်းကင်ဘုံအတွင်း၌.....

‎

‎

‎နတ်ဆိုးနယ်မြေ အများအပြားမှာ ပျက်စီးခြင်း နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

‎

‎

‎မရေမတွက်နိုင်သော နတ်ဆိုးအလင်းတန်းများနှင့် ဟွမ်သွမ့်ချီများ ဤနေရာတွင် ပေါက်ကွဲထွက်ပေါ်လာရာ ဤနတ်ဆိုးနယ်မြေများတွင် မည်သည့် သက်ရှိမျှ မကျန်ရစ်တော့ဘဲ အဆုံးမဲ့တာအိုများကို ကိုယ်စားပြုသော စနစ်ကျသည့် မြင့်မြတ်ကြိုးကွင်းများက နေရာအနှံ့ ထူထပ်စွာ ယှက်နွယ်နေကြလေသည်။

‎

‎

‎ဤမရေမတွက်နိုင်သော စနစ်ကျသည့် မြင့်မြတ်ကြိုးကွင်းများသည် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများအဖြစ် ဆောင်ရွက်ကာ ကောင်းကင်နှင့်မြေကြီး၏ တည်ငြိမ်မှုနှင့် အဆုံးမဲ့တာအိုများ၏ စည်းမျဉ်းများကို ထိန်းသိမ်းထားသင့်ပေ၏။

‎

‎

‎သို့သော် ထိုအခိုက်အတန့်တွင် ကုချန်နှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် တိုက်ပွဲ၏ ဂယက်ရိုက်ခတ်မှုများကပင် စည်းမျဉ်းအားလုံးကို ဖျက်ဆီးပစ်လိုက်ရာ ထိုအဆုံးမရှိ စနစ်ကျသည့် မြင့်မြတ်ကြိုးကွင်းများကို ထွက်ပေါ်လာစေခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ဟွမ်သွမ့်ချီများ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာ၍ အရာအားလုံးကို ဝါးမျိုပစ်နိုင်သော တွင်းနက်ကြီးတစ်ခုကဲ့သို့ အရာအားလုံးကို လွှမ်းမိုးသွားကာ ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးကို နစ်မြုပ်သွားစေလုနီးပါး ဖြစ်သွားခဲ့၏။

‎

‎

‎ထိုအချိန်တွင် မို့ကျွင်းနတ်ဆိုးအရှင်သည် တိုက်ပွဲမြေပြင်မှ အဆုံးမရှိ ဝေးကွာသော နေရာတစ်ခုသို့ ထွက်ပြေးရောက်ရှိနေပြီဖြစ်သလို သူ၏ မျက်နှာပေါ်တွင် နက်ရှိုင်းသော ထိတ်လန့်တုန်လှုပ်မှု အမူအရာတစ်ခု ပေါ်လွင်နေလေသည်။

‎

‎

‎ကုချန်၏ တိုက်ခိုက်ရေးစွမ်းအားက ဤမျှ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူ တကယ် မမျှော်လင့်ထားခဲ့ချေ။

‎

‎

‎သူသည် ရှာနာနတ်ဆိုးဧကရာဇ်နှင့် နာရီဝက်တိတိ တိုက်ခိုက်ခဲ့သော်လည်း မသေသေးသည့်အပြင် ဒဏ်ရာများစွာပင် မရရှိခဲ့ချေ!

‎

‎

‎ဒီကောင်က အင်မော်တယ်ဘုရင် ဟုတ်သေးရဲ့လား။

‎

‎

‎နတ်ဆိုးနယ်မြေမှာရော ဒီလိုလုပ်နိုင်တဲ့ အင်မော်တယ်ဘုရင် ရှိလို့လား?!

‎

‎

‎မို့ကျွင်းနတ်ဆိုးအရှင်၏ စိတ်ထဲတွင် ရူးသွပ်စွာ အော်ဟစ်နေလေသည်။ ရှာနာနတ်ဆိုးဧကရာဇ်ပင်လျှင် ဤလူကို မသိခဲ့ပါက တစ်ဖက်လူသည် ရုပ်ဖျက်ထားသော ရှေးဟောင်း နတ်ဆိုးနယ်မြေ တည်ရှိမှုတစ်ခုခုများ ဖြစ်နေမလားဟုပင် မို့ကျွင်းနတ်ဆိုးအရှင် ထင်မှတ်သွားမိပေလိမ့်မည်။

‎

‎

‎" ဒီဟာသဇာတ်လမ်းက ပြီးဆုံးသင့်ပြီ... တန်ဖိုးအချို့ ပေးဆပ်ရမယ်ဆိုရင်တောင် ငါအရှင် မင်းကို သတ်ကိုသတ်ရမယ်! "

‎

‎

‎အချိန်ကြာမြင့်စွာ တိုက်ခိုက်ပြီးနောက်တွင်ပင် ကုချန်ကို အနိုင်မယူနိုင်သေးသဖြင့် ရှာနာနတ်ဆိုးဧကရာဇ်မှာ သိသိသာသာ စိတ်တိုလာ၍ နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခုခု ချလိုက်သည့်အလား သူ၏မျက်လုံးများထဲတွင် စူးရှသော အလင်းတန်းတစ်ခု ပေါ်လာခဲ့၏။

‎

‎

‎" နှစ်ကာလတွေက တိုက်စားဖို့ ခက်ခဲတယ်... ရှေးကနေ အခုအချိန်အထိ ထာဝရ ရှုံးနိမ့်နိုင်စွမ်း မရှိဘူး! "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ သူ၏စွမ်းအားများမှာ ကောင်းကင်ဘုံများအားလုံးကို ဖုံးလွှမ်းသွားသော ဧကရီတစ်ပါး ဒေါသထွက်နေသည့်အလား ရှိလေသည်။

‎

‎

‎မျက်စိတစ်မှိတ်အတွင်းမှာပင် အဆက်မပြတ် စီးဆင်းနေသော အချိန်မြစ်ကြီးပင် ချက်ချင်း ထွက်ပေါ်လာခဲ့၍ ရှာနာနတ်ဆိုးဧကရာဇ်၏ နင်းခြေခြင်းကို ခံလိုက်ရလေသည်။

‎

‎

‎သူ ကြမ်းတမ်းစွာ အော်ဟစ်လိုက်ရာ ကောင်းကင်ကြီး မှောင်မိုက်သွား၍ မရေမတွက်နိုင်သော ကြယ်များ ပေါက်ကွဲသွားကာ ကျယ်ပြောလှသော အဆုံးမရှိ အချိန်မြစ်ကြီးပင်လျှင် သူ၏အော်ဟစ်သံကြောင့် နှစ်ပိုင်းပြတ်သွားတော့မည့်အလား ရှိလေသည်။

‎

‎

‎အဆုံးမရှိသော မြစ်ရေများ မြင့်တက်လာသော်လည်း ရှာနာနတ်ဆိုးဧကရာဇ်၏ ခိုင်မာစွာ နင်းခြေမှုကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် မရေမတွက်နိုင်သော အဖြူရောင် မြူခိုးများအဖြစ် ပြိုကွဲသွားခဲ့သည်။

‎

‎

‎" အချိန်မြစ်ဆိုတာ ဘုရင်တစ်ပါးအတွက် ထိတွေ့လို့မရနိုင်တဲ့ အရာဖြစ်ပေမယ့် ငါအရှင့်အတွက်တော့ မဟုတ်ဘူး! "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်မှ လှောင်ပြုံး ပြုံးလိုက်၍ လက်ကို ညင်သာစွာ မြှောက်ကာ အချိန်မြစ်၏ အထက်ပိုင်းဆီသို့ လှမ်းသွားလိုက်လေသည်။ သူသည် အချိန်မြစ်အတွင်းမှ ကုချန်၏အတိတ်ကို ရှာဖွေ၍ ရိုက်သတ်ချင်နေသည့်အလားပင်။

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်မှ ထိုသို့ လုပ်ဆောင်လိုက်သောအခါ မည်သည့်အကြောင်းကြောင့်မှန်းမသိ ကုချန်၏နှလုံးသားထဲတွင် ဖော်ပြ၍မရနိုင်လောက်အောင် ထိတ်လန့်မှုနှင့် လစ်ဟာသွားသော ခံစားချက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့၏။

‎

‎

‎ထိုခံစားချက်မှာ လက်ရှိကမ္ဘာကြီးရှိ သူ၏တည်ရှိမှု အဓိပ္ပာယ်အားလုံး ငြင်းပယ်ခံလိုက်ရ၍ သူ လုံးဝ ပျောက်ကွယ်သွားတော့မည့်အလား ရှိလေသည်။

‎

‎

‎တစ်ချိန်တည်းမှာပင် နတ်ဆိုးနယ်မြေ၏ ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေ၌.....

‎

‎

‎ချီလျန်မျိုးနွယ်ဝင်များသည် တိုက်ပွဲဖြစ်ပွားနေသော နေရာဆီသို့ စိုးရိမ်တကြီးဖြင့် ကြည့်နေကြလေသည်။

‎

‎

‎ချီလျိုနှင့် အခြားသူများ၏ ကျင့်ကြံမှုအရ သူတို့သည် တိုက်ပွဲမြေပြင်အနီးသို့ တစ်လက်မမျှပင် ချဉ်းကပ်ရန် အခွင့်အရေး မရှိသည်မှာ သဘာဝပင်။ သို့သော် တိုက်ပွဲမှာ အဆုံးမဲ့ကောင်းကင်ဘုံတွင် ဖြစ်ပွားနေခြင်းဖြစ်၍ သူတို့၏သခင်မှာ မကြာမီကမှ ထွက်ခွာသွားခြင်းဖြစ်ရာ ချီလျိုနှင့် ချီမုန်တို့အားလုံးမှာ ကုချန်၏ လုံခြုံရေးအတွက် စိုးရိမ်နေကြလေသည်။

‎

‎

‎အဲ့ဒီကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ပွဲကြီးက သူတို့ရဲ့သခင်နှင့်များ သက်ဆိုင်နေမလား။

‎

‎

‎သူတို့ရဲ့သခင် ဘေးကင်းမှာပါ!

‎

‎

‎" အမေ... သခင်က အဆင်ပြေပါ့မလား "

‎

‎

‎ချီမုန်သည် ဤမေးခွန်းကို အကြိမ်မရေမတွက်နိုင်အောင် စိုးရိမ်တကြီး မေးမြန်းနေခဲ့သည်။

‎

‎

‎သူ၏မိခင်က တိကျသော အဖြေမပေးနိုင်မှန်း သူ သိသော်လည်း မေးချင်စိတ်ကို မထိန်းနိုင်ခဲ့ချေ။

‎

‎

‎" သခင်က အရမ်း အစွမ်းထက်တာပဲ... သူ သေချာပေါက်..... "

‎

‎

‎ချီလျိုသည် ယခင်ကကဲ့သို့ပင် ချီမုန်အား နှစ်သိမ့်ပေးရန် ပြင်လိုက်သော်လည်း စကားတစ်ဝက်ခန့်တွင် သူ၏ လှပသော မျက်နှာပေါ်၌ ဖော်ပြ၍မရနိုင်လောက်အောင် နားမလည်နိုင်မှု အမူအရာတစ်ခု ပေါ်လာခဲ့ကာ သူ၏စကားများပင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

‎

‎

‎" ထူးဆန်းလိုက်တာ... ချီမုန်... ခုနက သမီး ဘာပြောနေတာလဲ... ဘာသခင်လဲ..... "

‎

‎

‎ချီလျိုမှ နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်လေသည်။

‎

‎

‎" ဘာသခင်လဲ ဟုတ်လား... အမေ ဘာတွေပြောနေတာလဲ "

‎

‎

‎ချီမုန်ဟာလည်း နားမလည်နိုင်စွာဖြင့် ပြန်ဖြေလေ၏။

‎

‎

‎" ထူးဆန်းလိုက်တာ... ငါ တစ်ခုခုကို မေ့သွားသလို ဘာလို့ ခံစားနေရတာလဲ... အမေ... သမီး ဘာလို့ ဒီကို ရောက်နေတာလဲ..... "

‎

‎

‎အင်မော်တယ်နယ်မြေရှိ လဝိညာဉ်ကောင်းကင်ဘုံအတွင်း၌.....

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်သည် ကုချန်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ထပ်မံမေးမြန်းရန်အတွက် ချီလျို၏ ကိုယ်ပွားထံသို့ ထပ်မံသွားရောက်ရန် ပြင်ဆင်နေခဲ့၏။

‎

‎

‎သို့သော် လမ်းတစ်ဝက်တွင် သူ၏ အသိစိတ်ပင်လယ်အတွင်းရှိ ကုချန်နှင့် သက်ဆိုင်သော မှတ်ဉာဏ်များမှာ အလိုအလျောက် ပျောက်ကွယ်မှေးမှိန်လာခဲ့သည်။ ထိုခံစားချက်မှာ သူ၏ ထိန်းချုပ်မှုမှ လုံးဝ ကင်းလွတ်နေ၍ အမြင့်ဆုံး မှော်စွမ်းအင်ရှိသူ တစ်ဦးဦးက သူ၏စိတ်ထဲမှ အတင်းအဓမ္မ ဖျက်ပစ်နေသကဲ့သို့ ရှိလေသည်။

‎

‎

‎" မှတ်ဉာဏ်တွေ ပျောက်ကုန်ပြီ! မှတ်ဉာဏ်တွေ... မှတ်ဉာဏ်တွေ... ဘာမှတ်ဉာဏ်တွေလဲ..... "

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်မှ တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိလိုက်သောအခါ အစတွင် လန့်ဖျပ်သွား၍ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို ပြန်လည်မှတ်မိရန် ကြိုးစားလိုက်သော်လည်း နောက်တစ်ခဏတွင် ပြန်လည်မှတ်မိရန်ကိုပင် သူ မေ့လျော့သွားခဲ့သည်။

‎

‎

‎သူ တစ်ခုခုကို ဆုံးရှုံးလိုက်ရသကဲ့သို့ နှလုံးသားထဲတွင် လစ်ဟာနေသော ခံစားချက်တစ်ခုကိုသာ ခံစားလိုက်ရ၏။

‎

‎

‎" ထူးဆန်းလိုက်တာ... ငါအရှင်က ဘာလို့ ဒီကို ရောက်နေတာလဲ "

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်သည် နားမလည်နိုင်စွာဖြင့် ခေါင်းရမ်းလိုက်လေသည်။ သူ ဤနေရာသို့ ဘာကြောင့် ရောက်နေသနည်းဆိုသည်ကိုပင် မေ့လျော့သွားပုံပင်။

‎

‎အခန်း ( ၄၆၈ ) - ကောင်းကင်ကို လက်တစ်ဖက်တည်းဖြင့် ဖုံးအုပ်ခြင်း၊ ရှေးဟောင်းအမွှေးတိုင်ကို ထွန်းညှိခြင်း၊ လက်ညှိုးတစ်ချောင်း၏ စွမ်းအား

‎

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်၏ ခွန်အားနှင့် နည်းလမ်းများဖြင့်ပင် သူ၏မှတ်ဉာဏ်များကို ဖျက်ပစ်နေသော စွမ်းအားကို မယှဉ်ပြိုင်နိုင်ခဲ့ချေ။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ၎င်းမှာ တစ်ဦးတစ်ယောက်တည်း၏ စွမ်းအားမဟုတ်ဘဲ သူ လုံးဝ မတားဆီးနိုင်၊ မခုခံနိုင်သော ကျယ်ပြောလှသည့် တာအို၏ စွမ်းအားဖြစ်နေသောကြောင့်ပင်။

‎

‎

‎ဤအပြောင်းအလဲ၏ အကြောင်းရင်းမှာ သေချာပေါက် နတ်ဆိုးနယ်မြေ တိုက်ပွဲမြေပြင်နှင့် ဆက်စပ်နေလေသည်။ ရှာနာနတ်ဆိုးဧကရာဇ်သည် ကုချန်၏ အတိတ်က ကိုယ်ကို တိုက်ခိုက်သတ်ဖြတ်ချင်နေခြင်း ဖြစ်သည်။

‎

‎

‎အကယ်၍ အတိတ်က ကိုယ်သာ သေဆုံးသွားပါက လက်ရှိကိုယ်သည် မည်သို့ ဆက်လက်တည်ရှိနိုင်တော့မည်နည်း။ ဤသည်မှာ ကုချန် တည်ရှိနေခြင်း၏ အဓိပ္ပာယ်ကို လုံးဝ ငြင်းပယ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

‎

‎

‎အတိတ်ကာလက ရှီမိုထျန်းကျွင်းနှင့် တိုက်ခိုက်ခဲ့စဉ်ကလည်း ရှီမိုထျန်းကျွင်းသည် ဤနည်းလမ်းကိုပင် အသုံးပြုကာ ကုချန်၏ အားနည်းသော အတိတ်က ကိုယ်ကို ဖျက်ပစ်ရန် ကြိုးစားခဲ့၍ သူ၏လက်ရှိတည်ရှိမှုကို ငြင်းပယ်ရန် ကြံစည်ခဲ့ဖူးသည်။

‎

‎

‎သို့သော် ရှီမိုထျန်းကျွင်းမှာ နောက်ဆုံးတွင် အောင်မြင်မှု မရရှိခဲ့ချေ။ ကုချန် လှုပ်ရှားစရာပင် မလိုဘဲ ရှီမိုထျန်းကျွင်းမှာ ကျရှုံးသွားခဲ့ရ၏။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ကျယ်ပြောလှသော အချိန်မြစ်ကြီးကို ခြယ်လှယ်နိုင်သည့် ကြီးမားသော စွမ်းအားမျိုးမှာ ရှီမိုထျန်းကျွင်း ပိုင်ဆိုင်နိုင်သည့် အရာမျိုး လုံးဝ မဟုတ်သောကြောင့်ပင်။ သူ အချိန်၏ တားမြစ်ချက်ကို အဆင်အခြင်မဲ့ သွားရောက်ထိတွေ့မိခြင်းက အချိန်၏ စွမ်းအားထံမှ တန်ပြန်သက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့သည်။

‎

‎

‎ယခု ရှာနာနတ်ဆိုးဧကရာဇ် လှုပ်ရှားလာသောအခါတွင်လည်း ရှီမိုထျန်းကျွင်းနှင့် ထပ်တူကျသော နည်းလမ်းကို အသုံးပြုလာခဲ့၏။

‎

‎

‎တစ်ခုတည်းသော ကွာခြားချက်မှာ ဤတစ်ကြိမ် ရှာနာနတ်ဆိုးဧကရာဇ် လှုပ်ရှားလိုက်ချိန်တွင် ကျော်လွှား၍မရနိုင်သော လစ်ဟာမှုတစ်ခုနှင့် ကံကြမ္မာ၏ ခံစားချက်ကို သူ အမှန်တကယ် ခံစားလိုက်ရခြင်းပင်။

‎

‎

‎လွန်ခဲ့သော နှစ်တစ်သိန်းနီးပါးခန့်က သူ တစ်ယောက်တည်း ဧကရာဇ်ဂိတ်ကို စောင့်ကြပ်နေစဉ်.....

‎

‎

‎တောက်ပသော လက်ဝါးဖြူဖြူကြီးတစ်ခု ကောင်းကင်ယံမှ ကျဆင်းလာ၍ သူ့ကိုသာမက သူ၏အောက်ရှိ ဧကရာဇ်ဂိတ်ကိုပါ ပြာအဖြစ် ချေမှုန်းပစ်လိုက်ကာ သူ၏ တည်ရှိမှု အရိပ်အယောင် တစ်ခုမျှပင် မကျန်ရစ်စေခဲ့သည်ကို သူ မြင်တွေ့လိုက်ရသကဲ့သို့ ရှိလေသည်။

‎

‎

‎ဤမြင်ကွင်းသည် မှတ်ဉာဏ်တစ်ခုကဲ့သို့ ကုချန်၏ စိတ်အနက်ရှိုင်းဆုံးတွင် ခိုင်မာစွာ အမြစ်တွယ်သွားခဲ့၏။ သို့သော် သူ၏ နောက်ဆက်တွဲ မှတ်ဉာဏ်များမှာမူ လုံးဝ ပျောက်ကွယ်သွားတော့မည့်အလား တဖြည်းဖြည်း ဝေဝါးလာခဲ့လေသည်။

‎

‎

‎ဤအခိုက်အတန့်ရောက်မှသာ ကုချန် နားလည်သွားခဲ့၏။ ရှာနာနတ်ဆိုးဧကရာဇ်၏ လှုပ်ရှားမှုသည် အချိန်မြစ်ကို အနည်းငယ်မျှသာ လှုပ်ခါစေနိုင်ကာ အချိန်၏စွမ်းအားထံမှ အဆုံးမဲ့ တန်ပြန်သက်ရောက်မှုကို ခံစားခဲ့ရသော ရှီမိုထျန်းကျွင်းနှင့် မတူဘဲ အချိန်မြစ်ကို အမှန်တကယ် ခြယ်လှယ်နိုင်စွမ်း ရှိပုံရပေသည်။

‎

‎

‎ဒီအတိုင်း ဆက်ဖြစ်ခွင့်ပေးလို့ မဖြစ်ဘူး!

‎

‎

‎ကုချန်၏ နှလုံးသားထဲတွင် သတိပေးချက်တစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့၏။ ရှာနာနတ်ဆိုးဧကရာဇ်သည် ရှီမိုထျန်းကျွင်းနှင့် မတူကြောင်း သူ သိလေပြီ။ အကယ်၍ ရှာနာနတ်ဆိုးဧကရာဇ်ကိုသာ ဆက်လက် လှုပ်ရှားခွင့် ပေးထားမည်ဆိုပါက မကြာမီတွင် သူ ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးပင် မရတော့မည်ကို သူ စိုးရိမ်မိသည်။

‎

‎

‎" မင်းပြောတာ အမှန်ပဲ... ဒီဟာသဇာတ်လမ်းက ပြီးဆုံးသင့်ပြီ "

‎

‎

‎ကုချန်သည် ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် နောက်ဆုံးတွင် ကံကြမ္မာပြောင်းပြန်လှန်အမွှေးတိုင်ကို ထုတ်ယူကာ လက်ဖဝါးပေါ်တွင် တင်၍ တိတ်တဆိတ် ထွန်းညှိလိုက်လေသည်။

‎

‎

‎ပုလဲ၏ မှိန်ဖျော့ဖျော့ အလင်းရောင်သည် အစိမ်းရောင် မီးခိုးငွေ့တစ်မျှင်အဖြစ် လျင်မြန်စွာ ပြောင်းလဲသွား၍ ဝေးကွာသော ကောင်းကင်ဘုံကိုးခုအတွင်းသို့ ပေါင်းစပ်သွားသည့်အလား ရှိလေသည်။ သို့သော် မကြာမီမှာပင် ထိုအစိမ်းရောင် မီးခိုးငွေ့များသည် တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်အလား ကောင်းကင်ယံမှ ကျဆင်းလာကာ ကုချန်၏ခန္ဓာကိုယ်ထဲသို့ အလုံးစုံ ပေါင်းစည်းဝင်ရောက်သွားတော့သည်။

‎

‎

‎ကံကြမ္မာပြောင်းပြန်လှန်အမွှေးတိုင်၏ အာနိသင်မှာ အသုံးပြုသူ၏ လက်ရှိ ခွန်အားအဆင့်ကို လျစ်လျူရှုကာ ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားကို အဆင့်တစ်ဆင့် မြှင့်တင်ပေးခြင်းပင် ဖြစ်သည်။

‎

‎

‎ကျင့်ကြံသူ၏ အဆင့် မည်မျှပင်ရှိစေကာမူ အာနိသင်မှာ အတိအကျ အတူတူပင် ဖြစ်၏။ နတ်ဆိုးဧကရာဇ်အဆင့်တွင် အသုံးပြုလျှင်ပင် မပြောင်းလဲချေ။ ဤအမွှေးတိုင် ကုန်ဆုံးသွားသည်အထိ အာနိသင်မှာ တည်ရှိနေမည် ဖြစ်သည်။

‎

‎

‎" ဥုံ မဏိ ပဒ္မေ ဟုံ..... "

‎

‎

‎ကံကြမ္မာပြောင်းပြန်လှန်အမွှေးတိုင် စတင်လောင်ကျွမ်းလာသည်နှင့်အမျှ လျှို့ဝှက်ဆန်းကြယ်၍ ခမ်းနားကြီးကျယ်သော ရွတ်ဆိုသံများသည်လည်း ကုချန်၏နားထဲတွင် ထွက်ပေါ်လာခဲ့ရာ အချိန်ကာလကို ကျော်လွန်၍ လက်ရှိကမ္ဘာတွင် ပဲ့တင်ထပ်လာသော ရှေးဟောင်းဘိုးဘေးများ၏ အော်ဟစ်သံများနှင့် တူလေသည်။

‎

‎

‎နတ်ဆိုးဧကရာဇ်အဆင့်ကို မဆိုစလောက်လေး ယှဉ်ပြိုင်နိုင်သော ကုချန်၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းအားဖြင့် ဤကံကြမ္မာပြောင်းပြန်လှန်အမွှေးတိုင်ကို ထွန်းညှိပြီးနောက် သူ၏

‎တိုက်ခိုက်ရေးစွမ်းအားမှာ မည်သည့်အဆင့်အထိ မြင့်တက်သွားမည်နည်း။ သူ၏ခန္ဓာကိုယ်အတွင်းမှ လှိုင်းထန်ဆူပွက်နေသော စွမ်းအားများကို ခံစားလျက် ကုချန်၏နှလုံးသားထဲတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ဝေဝါးဝါး ပေါ်ထွက်လာခဲ့၏။

‎

‎

‎သူ၏တိုက်ခိုက်ရေးစွမ်းအားသည် နတ်ဆိုးဧကရာဇ်အဆင့်၏ ယှဉ်ပြိုင်ကင်းသော အဆင့်အထိ မဟုတ်လျှင် နတ်ဆိုးဧကရာဇ်အဆင့်ထက်ပင် ပိုမိုအားကောင်းသော အဆင့်တစ်ခုအထိ မြင့်တက်သွားနိုင်မည်လော။

‎

‎

‎ကုချန်၏ တိုက်ခိုက်ရေးစွမ်းအားမှာ လျင်မြန်စွာ မြင့်တက်လာနေသော်လည်း ရှာနာနတ်ဆိုးဧကရာဇ်မှာ ဤသည်ကို လုံးဝ သတိမထားမိခဲ့ဘဲ လွန်ခဲ့သော နှစ်ကိုးသောင်းကျော်က ဧကရာဇ်ဂိတ်ကို စောင့်ကြပ်နေခဲ့သော ကုချန်ထံသို့ သူ၏လက်ဝါးဖြင့် ဖိချနေဆဲ ဖြစ်သည်။

‎

‎

‎" ပါရမီရှင်တစ်ယောက်ကို လည်ပင်းညှစ်သတ်ပြီး လက်တစ်ဖက်တည်းနဲ့ ကောင်းကင်ကို ဖုံးအုပ်မယ်... ငါက နတ်ဆိုးဧကရာဇ်ပဲ...ဘယ်သူက ငါအရှင့်ကို ယှဉ်နိုင်မှာလဲ! "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်၏ မျက်နှာတွင် အေးစက်မှုများ ပေါ်လွင်နေ၏။

‎

‎

‎သူသည် အင်မော်တယ်ဘုရင်တစ်ပါး မဟုတ်ချေ။ ရန်သူကို သတ်ရန် အချိန်မြစ်ကို ခြယ်လှယ်ခြင်းက သူ့အတွက် အတိုင်းအတာတစ်ခုအထိ တန်ပြန်သက်ရောက်မှုကို သေချာပေါက် ဖြစ်ပေါ်စေမည်ဖြစ်သော်လည်း လုံးဝ ခံနိုင်ရည်မရှိနိုင်သည်အထိတော့ မဟုတ်ပေ။

‎

‎

‎ယခုအခါ အဝေးရှိ မဟာအစီအရင်မှာ နတ်ဆိုးဧကရာဇ်ကြီးကို အချိန်ကြာမြင့်စွာ ထောင်ချောက်ဆင်ထားနိုင်မည် မဟုတ်တော့ရာ ရှာနာနတ်ဆိုးဧကရာဇ်အနေဖြင့် စက္ကန့်တိုင်းကို အမိအရဖမ်းဆွဲကာ ထိုမတိုင်မီ ကုချန်ကို သတ်ပစ်ရမည် ဖြစ်သည်။ သို့မဟုတ်လျှင် နတ်ဆိုးဧကရာဇ်ကြီး လွတ်မြောက်လာမည့်အချိန်အထိ အချိန်ဆွဲနေမည်ဆိုပါက အရာအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

‎

‎

‎ဤအတွက်ကြောင့် တန်ဖိုးအချို့ ပေးဆပ်ရမည်ဆိုလျှင်ပင် ရှာနာနတ်ဆိုးဧကရာဇ်၏ အမြင်တွင် တန်သည်ဟု ထင်မှတ်နေလေသည်။

‎

‎

‎" သေစမ်း! "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်းတန်းတစ်ခု လက်ဖြာသွား၍ မည်သည့် ညှာတာမှုမျှမရှိဘဲ ကုချန်နှင့် သူ၏အောက်ရှိ ဧကရာဇ်ဂိတ်ကိုပါ ပြာအဖြစ် ချေမှုန်းကာ လုံးဝ ပျောက်ကွယ်သွားစေရန် ရည်ရွယ်၍ တိုက်ခိုက်လိုက်လေသည်။

‎

‎

‎သို့သော် ဤအရေးကြီးသော အခိုက်အတန့်တွင်.....

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်၏ ချီအငွေ့အသက်များမှာ ရုတ်တရက် အေးခဲသွားခဲ့၏။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ဧကရာဇ်ဂိတ်ပေါ်တွင် မတ်တပ်ရပ်နေသော ကုချန်၏လူရိပ်မှာ တစ်စုံတစ်ခုကို သတိပြုမိသွားသည့်အလား ရုတ်တရက် မော့ကြည့်လာကာ အရာအားလုံးကို ထိုးဖောက်မြင်နိုင်စွမ်းရှိပုံရသော စူးရှသည့် မျက်လုံးတစ်စုံမှ သူ့ကို ပိတ်ဆို့လိုက်သည်ကို သတိထားမိလိုက်သောကြောင့်ပင်!

‎

‎

‎ဘာလဲ?!

‎

‎

‎ထိုအကြည့်ကြောင့် မှင်တက်သွားကာ ရှာနာနတ်ဆိုးဧကရာဇ်၏ နှလုံးသားမှာ အလိုအလျောက် ခဏတာမျှ ထိတ်လန့်သွားခဲ့၏။

‎

‎

‎သူ နားမလည်နိုင်ခဲ့ချေ။ ဤအချိန်ကာလအတွင်းတွင် ဤလူ ကြီးပြင်းလာခြင်း မရှိသေးသည်မှာ ရှင်းလင်းနေ၍ သူ၏ ကျင့်ကြံမှုမှာလည်း သနားစရာကောင်းသော အရှင်အဆင့်မျှသာ ရှိသေး၏။ သို့ဆိုလျှင် သူ ထုတ်လွှတ်ထားသော ဖိအားအောက်တွင် ထိုသူသည် မည်သို့ လွတ်လပ်စွာ လှုပ်ရှားနိုင်၍ သူ့ကိုပင် မော့ကြည့်ကာ အကြည့်ချင်း ဆုံနိုင်ခဲ့သနည်း။ ရှာနာနတ်ဆိုးဧကရာဇ်မှာ လုံးဝကို စိတ်ရှုပ်ထွေးသွားခဲ့၏။

‎

‎

‎ထို့နောက် ပေါ်ထွက်လာသော မြင်ကွင်းက သူ၏မျက်လုံးများကို ဒေါသတကြီးဖြင့် ပို၍ ပြူးကျယ်သွားစေခဲ့သည်။

‎

‎

‎ဧကရာဇ်ဂိတ်ပေါ်တွင် မတ်တပ်ရပ်နေသော လူရိပ်သည် မော့ကြည့်ပြီးနောက် လက်ညှိုးတစ်ချောင်းကို ပေါ့ပေါ့ပါးပါး မြှောက်ကာ ရှာနာနတ်ဆိုးဧကရာဇ် ရှိရာဘက်သို့ အဝေးမှ လှမ်း၍ ထိုးပြလိုက်လေသည်။

‎

‎

‎သူ၏ ဟန်ပန်မှာ အေးဆေးပေါ့ပါးလွန်းလှကာ သူ၏ ပြိုင်ဘက်မှာ ကောင်းကင်ဘုံများအားလုံးကို အထက်စီးမှ ကြည့်နိုင်သည့် ပြိုင်ဘက်ကင်း နတ်ဆိုးဧကရာဇ်တစ်ပါး ဖြစ်နေသည်ကို လုံးဝ မသိရှိသည့်အလား၊ ပုရွက်ဆိတ်တစ်ကောင်ကို ပေါ့ပေါ့ပါးပါး ချေမွတော့မည့်အလား ရှိလေသည်။

‎

‎

‎သို့သော် ထိုလက်ညှိုး ထိုးပြလိုက်သောအခါ အရာအားလုံး ပြောင်းလဲသွားခဲ့၏။

‎

‎

‎လက်ချောင်းထိပ်မှနေ၍ တောက်ပလင်းလက်သော ဓားအလင်းတန်းတစ်မျှင် ပျံ့နှံ့ထွက်ပေါ်လာကာ ယှဉ်ပြိုင်ကင်းသော အင်မော်တယ်ဓားတစ်လက်အဖြစ် ပြောင်းလဲသွား၍ ကောင်းကင်ယံဆီသို့ ခုတ်ပိုင်းသွားသည့်အလား ရှိလေသည်။

‎

‎

‎ထိုအင်မော်တယ်ဓားပေါ်တွင် အေးစက်သော အလင်းတန်းများ ထွက်ပေါ်နေပြီး အလင်းတန်း တစ်မျှင်စီတိုင်းမှာ ဟွမ်သွမ့်များကို ခုတ်ပိုင်းရန်နှင့် အရာအားလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်နေကာ ဤရှေးဟောင်း သမိုင်းကြောင်းကိုပင် နှစ်ပိုင်းပြတ်အောင် ခုတ်ပိုင်းပစ်တော့မည့်အလား ရှိလေသည်။

‎

‎

‎"ရွှမ်း...! "

‎

‎

‎ဓားအလင်းတန်းမှာ ကောင်းကင်ယံသို့ ပျံတက်သွား၍ ယှဉ်ပြိုင်ကင်းသော နတ်ဆိုးစွမ်းအားများ ပါဝင်သည့် ရှာနာနတ်ဆိုးဧကရာဇ်၏ လက်ဝါးမှာ ထိုဓားရှေ့တွင် ထက်မြက်သော ဓားတစ်လက်ဖြင့် ခုတ်ပိုင်းခံရသည့် ဆီပူများကဲ့သို့ သွေးတစ်စက်မျှပင် မကျန်ရစ်စေဘဲ တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့လေသည်။

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်၏ နှလုံးသားမှာ လန့်ဖျပ်သွား၍ သူ၏ကိုယ်အစစ်မှာလည်း ပေါက်ကွဲထွက်သွားကာ ကမ္ဘာကြီး၏ အရပ်လေးမျက်နှာကို ဖုံးလွှမ်းသွားသော မရေမတွက်နိုင်သည့် မှော်မှန်ပြင်များအဖြစ် ပြောင်းလဲသွားလေသည်။

‎

‎

‎ထိုမရေမတွက်နိုင်သော မှော်မှန်ပြင်များအတွင်း၌ မှန်ပြင်တစ်ခုစီတိုင်းတွင် ရှာနာနတ်ဆိုးဧကရာဇ်၏ လူရိပ်တစ်ခုစီ မတ်တပ်ရပ်နေလေ၏။ မှော်မှန်ပြင် တစ်ခု ကျန်ရှိနေသရွေ့ ရှာနာနတ်ဆိုးဧကရာဇ်သည် အနည်းငယ်မျှပင် ဒဏ်ရာရရှိမည် မဟုတ်ချေ!

‎

‎

‎သို့သော် ရှာနာနတ်ဆိုးဧကရာဇ်၏ နည်းလမ်းများကို ရင်ဆိုင်ရာတွင် ထိုယှဉ်ပြိုင်ကင်းသော ဓားအလင်းတန်းတစ်မျှင်သည် ဉာဏ်ရည်ရှိနေသည့်အလား လွှမ်းမိုးနိုင်သော အင်မော်တယ်ဓားမိုးရေများအဖြစ် ချက်ချင်း ပြောင်းလဲသွားကာ အဆုံးမရှိသော ထက်မြက်မှုများဖြင့် မရေမတွက်နိုင်သည့် မှော်မှန်ပြင်များဆီသို့ ခုတ်ပိုင်းသွားလေတော့သည်။

‎

‎

‎" ခွမ်း...! ခွမ်း...! ခွမ်း...! "

‎

‎

‎သတ္တုများ ထိခိုက်သံနှင့် ကွဲအက်သံများမှာ တစ်ပြိုင်နက်တည်းနီးပါး ထွက်ပေါ်လာခဲ့၏။

‎

‎

‎ထိုမရေမတွက်နိုင်သော မှော်မှန်ပြင်များ အားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ကွဲအက်သွားကာ တစ်ခုမျှပင် မကျန်ရစ်တော့ချေ!

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်၏ ကိုယ်အစစ်မှာလည်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် နောက်သို့ လွင့်စင်သွားခဲ့၍ သူ၏ကိုယ်ပေါ်တွင် ထက်မြသော ဓားရာများစွာ ဖုံးလွှမ်းနေကာ ပြင်းထန်သော ဒဏ်ရာများကို ရရှိသွားခဲ့သည်မှာ ရှင်းလင်းလှပေသည်။

‎

‎

‎လက်ညှိုးတစ်ချောင်းတည်းဖြင့်ပင် ရှာနာနတ်ဆိုးဧကရာဇ်အား ဤမျှ အကျပ်ရိုက်သွားစေခဲ့လေသည်။

All Chapters