အခန်း (၈၂၆-၈၂၈)
Vol. 56 Ch. 826-828
အခန်း (၈၂၆) - သူတော်စင် ဘိုးဘေးကြီး နှင့် နောက်တစ်ကြိမ် ထပ်မံ ဆုံတွေ့ခြင်း
“ညီအစ်ကို သွေး... မင်း...”
သွေးစွန်း သတ်ဖြတ်သူ က ဆက်ပြောလိုက်၏။
“မင်းတို့ အားလုံး စွမ်းအား အပြည့် သုံးပြီး တောင်နဲ့ ပင်လယ် ကမ္ဘာ့ဆန္ဒတော် ရဲ့ ဖိနှိပ် ချုပ်ချယ်မှု တွေကနေ အမြန်ဆုံး လွတ်အောင် ပြေးကြ”
သူ၏ ဧရာမ မျှော်စင် တစ်ခုအလား ကြီးမားလှသော ခန္ဓာကိုယ်ကြီးက နင်ချီ ကို ရင်ဆိုင်ရန်အတွက် လူအုပ်ကြီး၏ နောက်ကွယ်တွင် ပျံသန်း နေခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်း၏ သူငယ်အိမ်များ အနည်းငယ် ကျုံ့ဝင်သွားကြတော့သည်။
“ညီအစ်ကို သွေး... မင်း အဲဒီ ပစ္စည်း ကို သုံးဖို့ လိုလို့လား” ဟု ဆွန်လွီ က မေးလိုက်၏။
“ငါတို့ အချိန် ထပ်ဆွဲနေလို့ မရတော့ဘူး”
သွေးစွန်း သတ်ဖြတ်သူ ၏ မျက်လုံးများမှာ သွေးရဲရဲ နီနေပြီး... သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါ များမှာလည်း ဆက်တိုက် မြင့်တက်လာနေတော့သည်။
နင်ချီ ၏ အရောင်ငါးမျိုး ဧရာမ လက်ဝါးကြီး မှာ... သူတို့ အားလုံး ထွက်ပြေးနေကြသော ရွက်လှေလေး အပေါ်သို့ ရိုက်ခတ်လာသည့် ဧရာမ လှိုင်းလုံးကြီး တစ်ခုအလား သူတို့ အပေါ်သို့ တဟုန်ထိုး ကျဆင်းလာတော့၏။
သွေးစွန်း သတ်ဖြတ်သူ က သူ၏ အိတ်ကပ်ထဲမှ ပန်းချီကားလိပ် အသေးလေး တစ်ခုကို ထုတ်ယူလိုက်၏။
ထို ပန်းချီကားလိပ် လေးမှာ အလွန်တရာ သေးငယ်လှပြီး သူ၏ လက်ဝါးထက်ပင် ပိုမို ကျဉ်းမြောင်းနေသဖြင့်... ၎င်းတွင် အကြောင်းအရာ အနည်းငယ်သာ ပါဝင်ကြောင်း ထင်ရှားလှသည်
ထို့နောက် သွေးစွန်း သတ်ဖြတ်သူ က သူ၏ မှော်စွမ်းအားများကို ထိုအထဲသို့ သွင်းနှံလိုက်ရာ... ပန်းချီကားလိပ် လေးမှာ အလိုအလျောက် ပွင့်ဟလာပြီး သူ၏ ကြီးမားလှသော လက်ဝါးထဲတွင် ဖြန့်ကျက်သွားတော့သည်။
နင်ချီ ၏ အရောင်ငါးမျိုး ဧရာမ လက်ဝါးကြီး မှာ သူ၏ အရှေ့ တည့်တည့်သို့ ရောက်ရှိလာခဲ့တော့၏။
ထိုအခိုက်အတန့်တွင် အရောင်ငါးမျိုး ဧရာမ လက်ဝါးကြီး မှာ တစ်ဖက်လူ၏ လက်ထဲရှိ ပန်းချီကားလိပ် လေးကြောင့် ထိုနေရာတွင် အေးခဲသွားသည့်အလား ဖြစ်သွားပြီး... ရှေ့သို့ တစ်လက်မလေးမျှပင် ဆက်လက် ရွေ့လျား၍ မရနိုင်တော့ချေ။
နင်ချီ ခေတ္တမျှ ရပ်တန့်သွားပြီး... တစ်ဖက်လူ၏ လက်ထဲရှိ ပန်းချီကားလိပ် ကို လှမ်းကြည့်လိုက်ရာ တစ်ခုခုကို နားလည် သဘောပေါက်သွားပုံ ရသည်။
ယခင်က သူ ခွမ်းရှန်းချင်း နှင့် တိုက်ခိုက်ခဲ့စဉ်ကလည်း တစ်ဖက်လူက လေနတ်ဘုရား ပန်းချီကား တစ်ချပ်ကို ထုတ်ယူခဲ့သည် မဟုတ်ပါလော။ ကြည့်ရသည်မှာ သွေးစွန်း သတ်ဖြတ်သူ တွင်လည်း သူတော်စင် ဘိုးဘေးကြီး ချီးမြှင့်ထားသော အရာတစ်ခု သေချာပေါက် ရှိနေရမည်။
ပန်းချီကားလိပ် လေးမှာ ဖြန့်ကျက်ထားပြီး ဖြစ်၏။ ဤတစ်ကြိမ်တွင်မူ ၎င်းမှာ ပန်းချီကား တစ်ချပ် မဟုတ်ဘဲ လက်ရေးလှ စာအုပ် တစ်အုပ် ဖြစ်နေသည်။
၎င်းပေါ်တွင် ရွှေရောင် 'ဖိနှိပ်' ဟူသော စာလုံး တစ်လုံးကို ရေးသားထားသည်။
သွေးစွန်း သတ်ဖြတ်သူ သည် လက်ရေးလှ စာအုပ် ကို ကိုင်ဆောင်ထားရင်း နင်ချီ ကို စူးစိုက် ကြည့်ကာ ဆိုလိုက်၏။
“ဒါက ငါတို့ ကမ္ဘာ ရဲ့ သူတော်စင် ဘိုးဘေးကြီး က ချီးမြှင့်ထားတဲ့ အဆောင်ပြား တစ်ခုပဲ နင်ချီ။ မူလကတော့ သူတော်စင် ဘိုးဘေးကြီး ရဲ့ လက်ဆောင်ကို မင်းအပေါ် အသုံးမပြုချင်ခဲ့ပါဘူး... ဒါပေမဲ့ အခုတော့ မင်းက ငါ့ကို အသုံးပြုလာအောင် အတင်းအကျပ် ဖိအားပေးလိုက်ပြီ”
သူ့စကားအဆုံး၌၊ လက်ရေးလှ စာအုပ် မှာ ရုတ်တရက် မီးဟုန်းဟုန်း တောက်လောင်လာပြီး တောက်ပသော အလင်းတန်းများ ဖြာထွက်လာတော့သည်။ စာအုပ် တစ်အုပ်လုံးမှာ မျက်စိတစ်မှိတ် အတွင်း မီးတောက်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး... ဟင်းလင်းပြင် ထဲတွင် 'ဖိနှိပ်' ဟူသော ပုံရိပ်ယောင် စာလုံး တစ်လုံးတည်းသာ ကျန်ရစ်ခဲ့တော့သည်။
နင်ချီ သည် ဤအရာမှာ ပြီးခဲ့သည့် အကြိမ်က လေနတ်ဘုရား ပန်းချီကား နှင့် ဆင်တူပြီး... သူတော်စင် ဘိုးဘေးကြီး ၏ ဖုံးကွယ်ထားသော တိုက်ခိုက်မှု တစ်ခု ပါဝင်လိမ့်မည်ဟု ထင်မှတ်ထားကာ တန်ပြန် တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့သည်။
သို့သော် မထင်မှတ်ထားလောက်အောင်ပင် ရွှေရောင် 'ဖိနှိပ်' စာလုံးကြီးမှာ ရုတ်တရက် ကြီးမားလာနေ၏။.. စုတ်ချက် တစ်ခုစီတိုင်းက ဧရာမ တောင်ကြီး တစ်လုံး သို့မဟုတ် အကျဉ်းထောင် လှောင်ချိုင့် ကြီးတစ်ခု အဖြစ် အသွင်ပြောင်းသွားကာ သူ့အပေါ်သို့ ဖိကျလာတော့သည်။
ဤအခိုက်အတန့်တွင် အနီးအနားရှိ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ပင်လျှင် ဖိနှိပ် ချုပ်ချယ်ခံလိုက်ရသည့်အလား... ထိုနေရာမှနေ၍ လျင်မြန်စွာ နောက်ဆုတ်သွားတော့သည်။
ထို့နောက် သွေးစွန်း သတ်ဖြတ်သူ ၏ အဖွဲ့ဝင်များမှာလည်း အပြင်ဘက်သို့ အလျင်အမြန် ထွက်ပြေးသွားကြသည်။
နင်ချီ သည် ထို ခမ်းနား ကြီးကျယ်လှသော စာလုံးကြီးများကို တစ်ယောက်တည်း ရင်ဆိုင်နေရပြီး... သူ၏ အမြဲတမ်း တည်ငြိမ်နေလေ့ရှိသော မျက်လုံးများထဲတွင် လှိုင်းဂယက် အနည်းငယ် ထသွားသည်။
ဒါက သူ ကျယ်ပြန့်သော ကမ္ဘာ ၏ သူတော်စင် ဘိုးဘေးကြီး နှင့် သွယ်ဝိုက်သော နည်းလမ်းဖြင့် ဒုတိယအကြိမ် ထိပ်တိုက် တွေ့ဆုံခြင်းပင် ဖြစ်သည်။
သူသည် ယခင်က လေနတ်ဘုရား ပန်းချီကား ကို ချိုးဖျက်နိုင်ခဲ့ကြောင်းကို တစ်ဖက်လူက သိရှိထားပါလျက်နှင့်... ဤ တာအို 'ဖိနှိပ်' ဟူသော လက်ရေးလှ စာအုပ် ကို ယူလာရန် လူတစ်ယောက်ကို စေလွှတ်လိုက်သေးသည် ဆိုမှတော့... ထိုအထဲတွင် မည်သို့သော စွမ်းအားများ ဖုံးကွယ်နေသနည်း။
နင်ချီ အလွန်တရာ စပ်စုချင်စိတ် ပြင်းပြလာတော့သည်။ သူ၏ တစ်ကိုယ်လုံးမှာ ရွှေရောင် အလင်းတန်းများဖြင့် လွှမ်းခြုံခံထားရ၏။... ၎င်းမှာ 'ဖိနှိပ်' စာလုံး မှ ထုတ်လွှတ်လိုက်သော အလင်းရောင်များလား ၊ သို့မဟုတ် သူ၏ ကိုယ်ပိုင် ခန္ဓာကိုယ်မှ ဖြာထွက်နေသော အရှိန်အဝါ များလား ဆိုသည်ကို သူကိုယ်တိုင်ပင် မခွဲခြားနိုင်အောင် ဖြစ်နေရသည်။
နင်ချီ သည် ခန္ဓာကိုယ် တစ်ခုလုံး ဖိနှိပ် ချုပ်ချယ်ခံနေရသကဲ့သို့ ခံစားလိုက်ရ၏။
သူ၏ ရုပ်ခန္ဓာ နှင့် မူလဝိညာဉ် သာမက... သူ၏ ပတ်လည်ရှိ ဟင်းလင်းပြင် ကြီးမှာလည်း အလားတူပင် ဖြစ်နေသည်။
'ဖိနှိပ်' စာလုံးကြီးမှာ နောက်ဆုံးတွင် သူ၏ ဘေးသို့ ဆင်းသက်လာပြီး... ၎င်း၏ စုတ်ချက် တစ်ခုစီတိုင်းမှာ ကောင်းကင် တိုင်လုံးကြီး တစ်ခုအလား အသွင်ပြောင်းသွားကာ နင်ချီ ကို ထိုအထဲတွင် ပိတ်လှောင်ထားလိုက်တော့သည်။
အခန်း (၈၂၇) - သူတော်စင် ဘိုးဘေးကြီး နှင့် နောက်တစ်ကြိမ် ထပ်မံ ဆုံတွေ့ခြင်း
ပို၍ ထူးဆန်းသည်မှာ... ဤအခိုက်အတန့်တွင် ထိုတိုင်လုံးကြီးများ ပေါ်၌ သေးငယ်သော 'ဖိနှိပ်' စာလုံးလေးများ ပေါ်ထွက်လာပြီး... မန္တန် အင်းကွက် များ၏ အနက်ရောင် မျဉ်းကြောင်းများအလား သူ့ဆီသို့ တဟုန်ထိုး ပြေးဝင်လာကြ၏။ သူ၏ အရေပြား တစ်လျှောက် တွားသွားနေကြပြီး... သူ့ကို လုံးလုံးလျားလျား ချည်နှောင်ကာ ဖိနှိပ် ချုပ်ချယ်ရန် ကြိုးစားနေပုံ ရသည်။
“စိတ်ဝင်စားစရာပဲ”
နင်ချီ ၏ မျက်လုံးများထဲတွင် ထက်မြက်သော အလင်းတန်း တစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားတော့၏။
ကျယ်ပြန့်သော ကမ္ဘာ ၏ သူတော်စင် ဘိုးဘေးကြီး မှာ အမှန်တကယ်ပင် ကွဲပြားခြားနားသူ တစ်ဦး ဖြစ်သည်။ သူသည် နင်ချီ ကို အကြိမ်တိုင်းတွင် မတူညီသော အတွေ့အကြုံ များကို ပေးစွမ်းနိုင်စွမ်း ရှိသည်။
နင်ချီ သည် သွေးစွန်း သတ်ဖြတ်သူ ကဲ့သို့သော ကျယ်ပြန့်သော ကမ္ဘာ မှ အခြား ကျင့်ကြံသူ များကို အလေးအနက် မထားခဲ့ချေ။
အကြောင်းမူကား သွေးစွန်း သတ်ဖြတ်သူ နှင့် အခြား (၂၀) ဦး၏ ကျင့်ကြံခြင်း စည်းမျဉ်း စွမ်းအားများ အားလုံးလောက် နီးပါးကို နင်ချီ ကိုယ်တိုင်လည်း ပိုင်ဆိုင်ထားသောကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့် သူ၏ နားလည် သဘောပေါက်နိုင်စွမ်း မှာ အလွန်တရာ အံ့မခန်း ဖြစ်ပြီး... ကောင်းကင်ကို အံတုနိုင်သော သူ့လို လူမျိုး အတွက်တော့ တစ်ချက် လှမ်းကြည့်လိုက်ရုံဖြင့် အရာအားလုံးကို ဖောက်ထွင်း သိမြင်နိုင်စွမ်း ရှိသည်။
သို့သော် သူတော်စင် ဘိုးဘေးကြီး ကတော့ ကွဲပြားခြားနားသည်။ သူ၏ ပြိုင်ဘက်မှာ လက်ရေးလှ ပညာ နှင့် ပန်းချီ ပညာ နှစ်မျိုးစလုံးတွင် အလွန်တရာ ကျွမ်းကျင်သူ တစ်ဦး ဖြစ်ပြီး... စည်းမျဉ်း စွမ်းအား များကိုလည်း အတော်လေး ပိုင်ဆိုင်ထားပုံ ရသည်။
ပြီးခဲ့သည့် အကြိမ်က... သူသည် သူ၏ ယုံကြည်ချက်များကို လေနတ်ဘုရား ပန်းချီကား ထဲတွင် ဖုံးကွယ်ထားခဲ့ပြီး၊ လေ သဘာဝ စည်းမျဉ်း များကိုလည်း ပန်းချီကား ထဲသို့ ပေါင်းစပ် ထည့်သွင်းထားခဲ့၏။
‘ဒီတစ်ကြိမ်မှာတော့... သူတို့က စာလုံး တစ်လုံးတည်းနဲ့တင် သူ့ကို ဖိနှိပ် ချုပ်ချယ်လိုက်တယ်ပေါ့လေ’
နင်ချီ သည် ဘိုးဘေးကြီး ပေးချင်သော အဓိပ္ပာယ်ကို ခံစားသိရှိလိုက်ရ၏။
ကြည့်ရသည်မှာ တစ်ဖက်လူကလည်း သူ့အပေါ် အလွန်တရာ စပ်စုချင်စိတ် ပြင်းပြနေပုံ ရပြီး... ထို့ကြောင့် ဤစာလုံးကို အသုံးပြုကာ သူ့ကို ဖိနှိပ် ချည်နှောင်ပြီး ကျယ်ပြန့်သော ကမ္ဘာ သို့ ပြန်လည် ခေါ်ဆောင်သွားရန် ရည်ရွယ်ထားပုံ ရသည်။
သွေးစွန်း သတ်ဖြတ်သူ နှင့် အခြားသူများမှာ အတော်လေး ဝေးကွာသော နေရာသို့ ဆုတ်ခွာသွားခဲ့ကြပြီ ဖြစ်ပြီး... ရှေ့သို့ ဆက်လက် တဟုန်ထိုး ပျံသန်းနေရင်း နင်ချီ ရှိရာဆီသို့ နောက်ပြန် လှည့်ကြည့်လိုက်ကြ၏။
‘သူတော်စင် ဘိုးဘေးကြီး က သူ၏ နည်းလမ်း အားလုံးကို အသုံးပြုထားတာပဲ... ပြဿနာ ဘာမှ မရှိလောက်ပါဘူး’
သွေးစွန်း သတ်ဖြတ်သူ သည် သူ ကျယ်ပြန့်သော ကမ္ဘာ မှ ထွက်ခွာလာစဉ်က... ကျယ်ပြန့်သော အင်မော်တယ်ဂိုဏ်း ၏ ဂိုဏ်းချုပ် က သူ့ကို ပြောခဲ့ဖူးသော စကားများကို ပြန်လည် သတိရသွားတော့သည်။
“သတ်ဖြတ်သူ... ဒီတစ်ကြိမ် သူတော်စင် ဘိုးဘေးကြီး က မင်းကို အဲဒီကို စေလွှတ်လိုက်တာက အကြောင်းပြချက် နှစ်ခု ရှိတယ်။ ပထမ တစ်ခုက... စစ်မြေပြင်နယ်မြေ ထဲက အားနည်းနေတဲ့ အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့နဲ့ တောင်နဲ့ ပင်လယ် ကမ္ဘာ က အခြေကုပ်စခန်း ကို အရင် တည်ဆောက်သွားတာကို တားဆီးဖို့ပဲ။ ဒုတိယ တစ်ခုကတော့... နင်ချီ ကို အရှင်လတ်လတ် ဖမ်းလာနိုင်ရင် အကောင်းဆုံးပဲ... သူတော်စင် ဘိုးဘေးကြီး က သူ့ကို အရမ်း စိတ်ဝင်စားနေတယ်ကွ”
ထိုစကားများကို ကြားခဲ့ရစဉ်က သွေးစွန်း သတ်ဖြတ်သူ မှာ သိပ်ပြီး အလေးမထားခဲ့မိချေ။
သူက သူတော်စင် ဘိုးဘေးကြီး ကို ငြင်းဆန်ချင်နေတာ မဟုတ်... အကယ်၍ နင်ချီ ကသာ သူတို့ကို မကျော်ဖြတ်နိုင်ဘဲ သူတို့ လက်ချက်နှင့် သေသွားမည် ဆိုလျှင်... သူ့ကို အရှင်လတ်လတ် ဖမ်းဖို့ ဘယ်လိုလုပ် လိုအပ်တော့မည်လဲ။
သို့သော် ယခု နင်ချီ နှင့် အမှန်တကယ် တိုက်ခိုက်ပြီးနောက်တွင်တော့... သူတော်စင် ဘိုးဘေးကြီး က ဒီကောင်လေးကို ဘာကြောင့် ဖမ်းချင်နေရသနည်း ဆိုတာကို သွေးစွန်း သတ်ဖြတ်သူ နောက်ဆုံးတွင် နားလည် သဘောပေါက်သွားတော့၏။
ပါရမီ အရည်အချင်း ပိုင်းမှာ ပြောရလျှင်၊ သူတို့က နင်ချီ ကို လုံးဝ မယှဉ်နိုင်ပါ။... ခွန်အား ပိုင်းမှာ ပြောရမည် ဆိုလျှင် သူတို့ အယောက် (၂၀) ပေါင်းလျှင်တောင် နင်ချီ ကို မယှဉ်နိုင်သေး။
ယခင်က နင်ချီ ၏ ခန့်မှန်း၍ မရနိုင်သော ပေါ်ထွက်လာမှုများနှင့် ဆုံမှတ် သုံးခုကို မျက်စိတစ်မှိတ် အတွင်း သိမ်းပိုက်ကာ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ကို ဆင့်ခေါ်နိုင်ခဲ့မှုများကို ထည့်သွင်း စဉ်းစားကြည့်မည် ဆိုပါက... သွေးစွန်း သတ်ဖြတ်သူ အပါအဝင် ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူ အားလုံးကပင် သူ့ကို အထင်ကြီး လေးစားရတော့မည် ဖြစ်သည်။
အခု သူတို့အတွက် အရေးအကြီးဆုံး ကိစ္စက နင်ချီ ကို သူတို့ ဖမ်းနိုင်၊ မဖမ်းနိုင် ဆိုသော အချက်ပင်။
သွေးစွန်း သတ်ဖြတ်သူ နှင့် အခြားသူများမှာ... နင်ချီ သည် နောက်ပိုင်းတွင် ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး၏ စစ်ပွဲ အတွင်းသို့ တာအို များနှင့် ပူးပေါင်း ပါဝင်လာမည် ဆိုလျှင်တောင်မှ အလွန်တရာ တောက်ပစွာ စွမ်းဆောင်နိုင်လိမ့်မည်ဟု ခံစားနေကြရသည်။
သူတို့၏ ဝိညာဉ်အာရုံများမှာ နင်ချီ အပေါ်သို့ အပြည့်အဝ အာရုံစိုက်ထားကြပြီး... နင်ချီ ကို တကယ်ပဲ ဖိနှိပ်နိုင်မလား ဆိုတာကို သိချင်နေကြ၏။
ဤအခိုက်အတန့်တွင် နင်ချီ ၏ အဖြူရောင် ဝတ်ရုံမှာ အနက်ရောင် မန္တန် အင်းကွက် များဖြင့် အပြည့်အဝ ဖုံးလွှမ်းခံထားရပြီး... ၎င်းတို့ အားလုံးမှာ အရွယ်အစား အမျိုးမျိုးရှိသော 'ဖိနှိပ်' စာလုံးလေးများဖြင့် ဖွဲ့စည်းထားသည့် သံကြိုးများ ပင် ဖြစ်သည်။
နင်ချီ ၏ သတင်းအချက်အလက် များမှာလည်း လုံးဝ တိတ်ဆိတ်သွားခဲ့တော့၏။
ဧရာမ 'ဖိနှိပ်' စာလုံးကြီးက ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် ကို အပြည့်အဝ ပိတ်ဆို့ထားလိုက်တော့၏။
အကယ်၍ နင်ချီ တွင်သာ သူတော်စင် ဘိုးဘေးကြီး ၏ တိုက်ခိုက်မှုကို ချိုးဖျက်နိုင်မည့် စွမ်းရည် မရှိခဲ့ပါက... သေချာပေါက် မလွတ်မြောက်နိုင်။
ကြီးမြတ်သော ကိစ္စကြီး တစ်ခုတော့ အောင်မြင်သွားပြီဟု သူတို့ ချက်ချင်း တွေးလိုက်မိကြသည်။
နင်ချီ သည် ဟင်းလင်းပြင် ၏ အထက်တွင် လွင့်မျောနေလေသည်။
အပြင်လူများ မျှော်လင့်ထားသလို မဟုတ်ဘဲ သူက သူ၏ မျက်လုံးများကို ညင်သာစွာ မှိတ်ထားလိုက်၏။
သူ၏ စိတ်ဝိညာဉ် နယ်ပယ် အတွင်း၌... အဘိုးအို တစ်ဦး၏ ပုံရိပ်ယောင် ပေါ်ထွက်လာတော့သည်။
နင်ချီ က ထို အဘိုးအို ကို စူးစိုက် ကြည့်လိုက်၏။ ထို အဘိုးအို ၏ ရုပ်ဆင်းသဏ္ဌာန် ကို သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သော်ငြားလည်း နင်ချီ က သူ့ကို ချက်ချင်း မှတ်မိလိုက်၏။
“ခင်ဗျားက ကျယ်ပြန့်သော ကမ္ဘာ ရဲ့ သူတော်စင် ဘိုးဘေးကြီး လား”
စာပေသမား တစ်ဦးအလား ရိုးရှင်းပြီး သာမန် အသွင်အပြင် ရှိသော ထို အဘိုးအို ကလည်း နင်ချီ ကို လှမ်းကြည့်ကာ အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။
“ငါ့ရဲ့ ဖိနှိပ် ချုပ်ချယ်မှုကို ခံနိုင်ရည် ရှိတဲ့ သူဆိုတာ သိပ်မရှိပါဘူး... အဲဒါတောင် မင်းက တည်တည်ငြိမ်ငြိမ်နဲ့ စကားပြောနိုင်သေးတယ်ပေါ့။ နှမြောစရာပဲ... ကြည့်ရတာ ဒီတစ်ကြိမ်လည်း ငါ မင်းကို မဖိနှိပ်နိုင်သေးဘူး ထင်တယ်”
နင်ချီ သည် သူ၏ သွယ်ဝိုက်သော အဓိပ္ပာယ်ကို သဘောပေါက်သွားပြီး ချက်ချင်း မေးလိုက်သည်။
“ဒီတစ်ကြိမ်... ဆိုလိုတာက ပြီးခဲ့တဲ့ အကြိမ်တုန်းကလည်း ခင်ဗျား အာရုံခံမိခဲ့တာလား”
သူတော်စင် ဘိုးဘေးကြီး က ပြုံးလိုက်သည့်အခိုက်၊ သူ၏ ပုံရိပ်မှာ ရုတ်တရက် ကြီးမားလာနေ၏။ နင်ချီ ၏ စိတ်ဝိညာဉ် ကမ္ဘာ တစ်ခုလုံးကို ပြည့်နှက်သွားပြီး... ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးကွယ်ထားသည့်အလား အပြည့်အဝ လွှမ်းခြုံသွားတော့သည်။
“ပြီးခဲ့တဲ့ အကြိမ်တုန်းက ငါ့ရဲ့ အမြင်က အရမ်း ကျဉ်းမြောင်းလွန်းတယ် လို့ မင်း ပြောခဲ့တယ် မဟုတ်လား”
နင်ချီ မှာ အံ့အားသင့်သွားရသည်။
ပြီးခဲ့သည့် အကြိမ်က... လေနတ်ဘုရား ပန်းချီကား ၏ ထောင်ချောက်ထဲတွင် သူ မိနေစဉ်က လေနတ်ဘုရား သည် သူ့ကို အစစ်အမှန် အင်မော်တယ် အဖြစ်သို့ တက်လှမ်းရန်အတွက် နင်းခုံ အဖြစ် နင်းခြေရန် ကြိုးစားခဲ့သည်။
သူ၏ ပိုမို အားကောင်းသော ဆန္ဒတော် ဖြင့် နင်ချီ သည် အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်ပြီး တစ်ဖက်လူကို သူ၏ ခြေဖဝါးအောက်တွင် ပြန်လည် နင်းခြေပစ်လိုက်သည် မဟုတ်ပါလော။
ထိုအချိန်က သူသည် တိုးတိုးလေး ရေရွတ်ခဲ့ဖူးသည်။
၎င်း၏ အဓိပ္ပာယ်မှာ သူတော်စင် ဘိုးဘေးကြီး ၏ နှလုံးသားမှာ လုံလောက်အောင် မကြီးမားဘဲ... အစစ်အမှန် အင်မော်တယ် ဖြစ်လာရန် လမ်းစ ဖြစ်သည့် နတ်ဘုရား နယ်ပယ် တွင်သာ ပိတ်မိနေဆဲ ဖြစ်ကြောင်းပင်။
မည်သို့ပင်ဆိုစေ၊ ထို လေနတ်ဘုရား ပန်းချီကား က ကိုယ်စားပြုနေသည့် အဓိပ္ပာယ်မှာ... သူတော်စင် ဘိုးဘေးကြီး သည် အဆင့် မချိုးဖျက်နိုင်သေးဘဲ အစစ်အမှန် အင်မော်တယ် ဖြစ်လာရန်အတွက် အင်မော်တယ် လောက သို့ အမှန်တကယ် မဝင်ရောက်နိုင်သေးသဖြင့် ရှေ့ဆက်ရမည့် လမ်းခရီးနှင့် ပတ်သက်၍ ဇဝေဇဝါ ဖြစ်နေဆဲ ဖြစ်ကြောင်းပင်။
ထို့ကြောင့် သူ၏ ရည်မှန်းချက်များမှာ အကန့်အသတ် ရှိနေပြီး... အလွန်တရာ ကျဉ်းမြောင်းသော အမြင် ရှိသည်ဟုသာ သတ်မှတ်၍ ရနိုင်သည်။
အခန်း (၈၂၈) - သူတော်စင် ဘိုးဘေးကြီး နှင့် နောက်တစ်ကြိမ် ထပ်မံ ဆုံတွေ့ခြင်း
နင်ချီ ၏ အစစ်အမှန် ခန္ဓာကိုယ် မှာ ကမ္ဘာ့အရှင်သခင် တစ်ပါး ဖြစ်ပြီး... လောကရှိ တာအို အားလုံးကို ခန္ဓာကိုယ် တစ်ခုတည်းတွင် ပေါင်းစပ် ထည့်သွင်းကာ... ကိုယ်ပိုင် ကမ္ဘာ့အရှင်သခင် ကျင့်ကြံခြင်း လမ်းစဉ် ကို ဖန်တီးခဲ့သူ ဖြစ်ရာ... ရှေ့ဆက်ရမည့် လမ်းခရီးကို..မြင်တွေ့ထားပြီး ဖြစ်သည်။
သူ လိုလား တောင့်တနေသည်မှာ အစစ်အမှန် အင်မော်တယ် မဟုတ်ချေ။ ၎င်းမှာ လမ်းခရီး တစ်လျှောက်ရှိ ရှုခင်းလေး တစ်ခုမျှသာ။
သူတော်စင် ဘိုးဘေးကြီး က ၎င်းကို အမှန်တကယ် အာရုံခံမိခဲ့ပြီး ယခုတစ်ကြိမ်တွင် သူ့ကို မတူညီသော နည်းလမ်း တစ်ခုဖြင့် လာရောက် စမ်းသပ်နေလိမ့်မည်ဟု နင်ချီ လုံးဝ မထင်မှတ်ထားခဲ့ချေ။
နင်ချီ သည် သူ၏ စိတ်ဝိညာဉ် ကမ္ဘာ ထဲတွင် ပေါ်ထွက်လာသော ကောင်းကင်ကို ဖုံးကွယ်ထားနိုင်သည့် သူတော်စင် ဘိုးဘေးကြီး ၏ ပုံရိပ်ကို မော့ကြည့်လိုက်၏။
တစ်ဖက်လူက ဘာလို့ ဒီလို လုပ်ရတာလဲ။
နင်ချီ တွေးတောနေမိ၏။
မိမိကများ တစ်ဖက်လူကို လှုံ့ဆော်မှု တစ်ခုခု ပေးလိုက်မိလို့များလား။
သို့သော် သူတော်စင် ဘိုးဘေးကြီး အနေဖြင့် တာအို ၏ တိကျသော အတွေးအမြင်များကို မသိရှိနိုင်သင့်ချေ။
သို့သော် မိမိက ပြီးခဲ့သည့် အကြိမ်က တာအို ၏ လေနတ်ဘုရား ပန်းချီကား ကို ချိုးဖျက်ခဲ့ပြီး... ထိုသူ၏ ဆန္ဒတော် ကို ကိုယ်စားပြုနေသော လေနတ်ဘုရား ကို ဖိနှိပ်နိုင်ခဲ့သောကြောင့်သာ... စိတ်ဝင်စားမှုကို နှိုးဆွလိုက်သလို ဖြစ်သွားရခြင်း ဖြစ်ပေလိမ့်မည်။
“ခင်ဗျားက ကျွန်တော့်ရဲ့ စိတ်ဝိညာဉ် ကမ္ဘာ ထဲမှာ ကျွန်တော့်ကို တကယ်ပဲ အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား” နင်ချီ က တည်ငြိမ်စွာ မေးလိုက်၏။
သူတော်စင် ဘိုးဘေးကြီး က သူ့ကို ငုံ့ကြည့်လိုက်ပြီး...
“မင်းက တော်တော်လေး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာပဲ။ အခုခေတ်မှာ... ငါ့ကို စိန်ခေါ်ရဲတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့ သူဆိုတာ လုံးဝ မရှိသလောက်ပဲ”
“အဲဒါက ခင်ဗျားက ကျယ်ပြန့်သော ကမ္ဘာ ရဲ့ သူတော်စင် ဘိုးဘေးကြီး ဖြစ်နေလို့လေ။ ကျယ်ပြန့်သော ကမ္ဘာ ထဲက လူတိုင်းက သဘာဝကျကျပဲ ခင်ဗျားထက် နိမ့်ကျနေကြမှာပေါ့။ ဒါပေမဲ့ ခင်ဗျားကို စိန်ခေါ်ရဲတဲ့ သူတွေ ပျောက်ကွယ်သွားပြီလို့ ပြောတာကတော့ အရမ်း အတပ်ပြောလွန်းရာ မကျဘူးလား။ တောင်နဲ့ ပင်လယ် ကမ္ဘာ့ဆန္ဒတော်၊ တောင်ဘိုးဘေးကြီး နဲ့ ပင်လယ်ဘိုးဘေးကြီး တို့ အားလုံးက ခင်ဗျားနဲ့ တိုက်ဖို့ စောင့်နေကြတာ မဟုတ်ဘူးလား”
ထိုအခါ၊ သူတော်စင် ဘိုးဘေးကြီး က အပြင်ဘက်သို့ လှမ်းကြည့်ရန် ခေါင်းကို လှည့်လိုက်ပုံ ရပြီးနောက် ထပ်မံ ရယ်လိုက်ပြန်သည်။
“သူတို့က ငါ့ကို မယှဉ်နိုင်ပါဘူး။ တောင်နဲ့ ပင်လယ် ကမ္ဘာ့ဆန္ဒတော်၊ တောင်ဘိုးဘေးကြီး နဲ့ ပင်လယ်ဘိုးဘေးကြီး တို့ အားလုံးက အချင်းချင်း အပြန်အလှန် အကွက်ဆင်ပြီး အပြန်အလှန် စောင့်ကြည့်နေကြတာလေ။ သူတို့က ငါ့ကို ဘယ်လိုလုပ်ပြီး တိုက်နိုင်မှာလဲ”
စကားဆုံးသည်နှင့် သူက နင်ချီ ဆီသို့ ပြန်လှည့်လာပြီး ဆိုလိုက်၏။
“မင်းအတွက် ဆိုရင်တော့... မင်းမှာ အခွင့်အရေး ကောင်းကောင်း ရှိမယ်လို့ ငါထင်တယ်”
“ဟုတ်လား”
ဘယ်ညာ တစ်ဖက်စီတွင် ရှိနေသော နင်ချီ ၏ မျက်လုံးများမှနေ၍... မတူညီသော အလင်းတန်း နှစ်မျိုး ရုတ်တရက် ဖြာထွက်လာတော့သည်။
ယင် တစ်မျိုး နှင့် ယန် တစ်မျိုး ပင် ဖြစ်၏။
သူ၏ ဘယ်ဘက် မျက်လုံးမှာ လမင်းကြီး အလား ဖြစ်နေပြီး... သူ၏ ညာဘက် မျက်လုံးမှာ နေမင်းကြီး အလား ဖြစ်နေကာ... သူ့ကို အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သော အသွင်အပြင်မျိုး ဖြစ်လာစေတော့သည်။
“မင်း...”
နင်ချီ ၏ ပြောင်းလဲမှုကို မြင်လိုက်ရသောအခါ သူတော်စင် ဘိုးဘေးကြီး ၏ ဆန္ဒတော် မှာ ခေတ္တမျှ မှင်သက်သွားတော့၏။
နင်ချီ ၏ မျက်လုံးများက ယင် နှင့် ယန် အကြားတွင် အဆက်မပြတ် ပြောင်းလဲနေသည်ကို သူ မြင်တွေ့လိုက်ရသည်။
အရာအားလုံးကို ဖန်တီးနေသည့်အလား... သို့မဟုတ် အရာအားလုံး၏ မူလအစ အစပထမ ဆီသို့ ပြန်လည် ရောက်ရှိသွားသည့် အလားပင်။
နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သောအခါ... အရာအားလုံး ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏။
သို့သော် သူတို့၏ အမြင်များမှာ ပြောင်းလဲသွားခဲ့တော့သည်။
သူတော်စင် ဘိုးဘေးကြီး ၏ မျက်နှာပေါ်တွင် ပထမဆုံးအကြိမ် အဖြစ် ဇဝေဇဝါ ဖြစ်နေသော အမူအရာတစ်ခု ပေါ်လွင်လာတော့၏။
အကြောင်းမူကား သူသည် နင်ချီ အဖြစ်သို့ ပြောင်းလဲသွားပြီး၊ နင်ချီ မှာ သူ့အဖြစ်သို့ ပြောင်းလဲသွားပုံ ရကြောင်း သူ သဘောပေါက်သွားသောကြောင့်ပင်။
သူက အောက်ဘက်တွင် ရပ်နေသူ ဖြစ်သွားပြီး... နင်ချီ က သူ၏ စိတ်ဝိညာဉ် ကမ္ဘာ တစ်ခုလုံးကို လွှမ်းခြုံထားသူ ဖြစ်သွားတော့သည်။
သူတော်စင် ဘိုးဘေးကြီး မှာ တစ်ခဏမျှ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရ၏။
“ငါက နင်ချီ ဖြစ်သွားတာလား... ဒါမှမဟုတ် နင်ချီ က ငါ ဖြစ်သွားတာလား”
ကျယ်ပြန့်သော အင်မော်တယ်ဂိုဏ်း အတွင်း၌...
ပန်းချီ ဆွဲနေသော သူတော်စင် ဘိုးဘေးကြီး မှာ တစ်ခဏမျှ ရုပ်တုကြီး တစ်ခုအလား အေးခဲသွားတော့သည်။
သူ.. သတိပြန်ဝင်လာချိန်တွင်... 'ဖိနှိပ်' စာလုံး နှင့် သူ၏ အဆက်အသွယ် ပြတ်တောက်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။
“...”
သူတော်စင် ဘိုးဘေးကြီး က စစ်မြေပြင်နယ်မြေ ကို စူးစိုက် ကြည့်နေပြီး တိုးတိုးလေး ရေရွတ်လိုက်၏။
“အံ့မခန်းပဲ”
စစ်မြေပြင်နယ်မြေ အတွင်း၌...
နင်ချီ မှာ ဖိနှိပ် ချုပ်ချယ်ခံထားရမှု များမှ အပြည့်အဝ ပြန်လည် လွတ်မြောက်သွားခဲ့တော့သည်။
သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော အနက်ရောင် မန္တန် အင်းကွက် များ အတွင်းမှနေ၍... အရောင် နှစ်မျိုး ပါဝင်သော အလင်းတန်း တစ်ခု ထွက်ပေါ်လာပုံ ရသည်။
အလင်းတန်း တစ်ခုမှာ ရွှေရောင် ဖြစ်ပြီး အခြား တစ်ခုမှာ အနက်ရောင် ဖြစ်၏။
ရွှေရောင် အလင်းတန်း က အနက်ရောင် မန္တန် အင်းကွက် များကို ဖယ်ရှားပစ်လိုက်၏။ အနက်ရောင် အလင်းတန်း က ၎င်းနောက်မှ လိုက်ပါလာကာ အနက်ရောင် မန္တန် အင်းကွက် များ အားလုံးကို ဝါးမြို စုပ်ယူပစ်လိုက်တော့သည်။
အလားတူပင် အပြင်ဘက်တွင် ကောင်းကင် တိုင်လုံးကြီး တစ်ခုအလား ဖြစ်နေသော 'ဖိနှိပ်' စာလုံးကြီးမှာလည်း... နင်ချီ ၏ ခန္ဓာကိုယ်ထဲသို့ တစ်စချင်းစီ ပြန်လည် စီးဝင်လာတော့သည်။
နင်ချီ က ကျေနပ် အားရစွာဖြင့် တိုးတိုးလေး ညည်းညူလိုက်၏။
ဤမြင်ကွင်းမှာ အချိန်တွေ နောက်ပြန် လည်သွားသည့်အလားပင်။
အရောင် နှစ်မျိုး ပါဝင်သော အလင်းတန်း များက အဖြူရောင် ဝတ်ရုံနှင့် ပုံရိပ် ၏ ပတ်လည်တွင် လှည့်ပတ်နေပြီး... သူ့ကို အပျက်အစီးများ ကြားမှ ထွက်ပေါ်လာသော... မှော်နည်းစနစ် အားလုံးကို တွန်းလှန်နိုင်စွမ်း ရှိသည့် နတ်ဘုရား သို့မဟုတ် မိစ္ဆာ တစ်ပါးအလား ဖြစ်လာစေတော့သည်။
…
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်း၏ မျှော်လင့်ချက်များ အားလုံး ကြေမွ ပျက်စီးသွားကြပြီး... မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်လျက် ငေးကြည့်နေကြတော့၏။
သူတော်စင် ဘိုးဘေးကြီး ကိုယ်တိုင် ချီးမြှင့်ထားတဲ့ 'ဖိနှိပ်' စာလုံး ပါတဲ့ လက်ရေးလှ စာအုပ် ကြီးက အမှန်တကယ်ပဲ ချိုးဖျက်ခံလိုက်ရပြီတဲ့လား။
ဤနေရာရှိ ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူ အားလုံးမှာ... နင်ချီ က ခွမ်းရှန်းချင်း ကို အနိုင်ယူလိုက်စဉ်ကလိုပင်... သူတို့၏ တစ်သက်တာ ယုံကြည်ချက်များ အားလုံး ကြေမွ ပျက်စီးသွားသည့်အလား မျက်နှာများ ဖြူဖတ်ဖြူရော် ဖြစ်သွားကြတော့သည်။
“ဒါ .. မဖြစ်နိုင်ဘူး”
အချို့လူများက ခေါင်းများကို ခါယမ်းပြလိုက်ကြပြီး လုံးဝ မယုံကြည်ချင်ကြချေ။
“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...”
လူတစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်လိုက်၏။
လူအများအပြား ကတော့ တိတ်ဆိတ် ငြိမ်သက်နေကြသည်။
အခု နင်ချီ နိုင်သွားပြီ ဆိုတော့... သူတို့ ဘာဆက်ဖြစ်ကြတော့မည်နည်း။
ထိုအခိုက်၊ နင်ချီ က သက်သောင့်သက်သာ ရှိစွာဖြင့် အကြောဆန့်လိုက်၏။
သူက နောက်သို့ လှည့်ကာ... တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ နယ်နိမိတ် ထဲမှ ထွက်ပြေး လွတ်မြောက်ရန် ပြင်ဆင်နေသော သွေးစွန်း သတ်ဖြတ်သူ နှင့် သူ၏ လူများကို စူးစိုက် ကြည့်လိုက်ပြီး သူတို့ဆီသို့ တိုက်ရိုက် လက်ညှိုး ညွှန်ပြလိုက်၏။
ဟင်းလင်းပြင် ကြီး တုန်ခါသွားပြီး ပတ်ဝန်းကျင်ရှိ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် မှာ ပိုမို တက်ကြွလာပုံ ရကာ... ၎င်း၏ ပတ်လည်တွင် မျက်စိဖြင့် မမြင်နိုင်သော နံရံကြီး တစ်ခုအဖြစ် မျက်စိတစ်မှိတ် အတွင်း စုစည်းသွားပြီး သူတို့၏ ထွက်ပြေးမည့် လမ်းကြောင်းကို အပြည့်အဝ ပိတ်ဆို့လိုက်တော့သည်။
သွေးစွန်း သတ်ဖြတ်သူ နှင့် အခြားသူများ၏ မျက်နှာထား များ အကြိမ်ကြိမ် ပြောင်းလဲသွားကြသည်။
နင်ချီ က သူ၏ လက်ညှိုးကို တစ်ချက် လှုပ်ရှားလိုက်၏။
ရုတ်တရက် သူ၏ နောက်ကွယ်တွင် တည်နေရာ ရွှေ့ပြောင်းခြင်း တံခါး သုံးခု ပွင့်ဟလာတော့၏။
နက်ရှိုင်းသော သစ္စာတရား နယ်မြေ၊ ဖူယောင် နယ်မြေ နှင့် လန်ယာ နယ်မြေ စစ်တပ်ကြီး သုံးခု၏ ပုံရိပ်များ ထိုအပေါ်တွင် ထင်ဟပ်လာပြီး... အချိန်တိုလေး အတွင်းမှာပင် ထိုအထဲမှ နေ၍ အမှန်တကယ် ထွက်ပေါ်လာကြတော့သည်။
စစ်တပ်ကြီး သုံးခုစလုံး သူ၏ နောက်ကွယ်တွင် တန်းစီ နေရာယူလိုက်ကြပြီး ပြိုင်တူ အော်ဟစ်လိုက်ကြ၏။
“နယ်မြေအရှင်သခင်”
“သွားပြီး... သူတို့ကို ရှင်းလိုက်ပါ”
“ဟုတ်ကဲ့ပါ”
နင်ချီ က စစ်သူကြီးချုပ် သုံးဦး ဖြစ်ကြသော ဓားဘိုးဘေးကြီး၊ ချီခယ်ချင်း နှင့် ကျူးယန့်ချွမ်း တို့ကို ချန်ထားခဲ့သည်။
“ခင်ဗျားတို့ သုံးယောက် ကိုယ်တိုင် သွားတိုက်ကြပါ”
နင်ချီ က သွေးစွန်း သတ်ဖြတ်သူ နှင့် အခြားသူများကို လက်ညှိုး ညွှန်ပြလိုက်ပြီး…
“သူတို့က ကျယ်ပြန့်သော ကမ္ဘာ က ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်ပြီး ဝင်လာတဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တွေပဲ။ သူတို့လို ပြိုင်ဘက်မျိုးကို ရှာတွေ့ဖို့ ဆိုတာ မလွယ်ဘူးလေ... ဒါကြောင့် သူတို့ကို လွတ်သွားခံလို့ မဖြစ်ဘူး”
ထိုစကားကို ကြားလိုက်ရသောအခါ ဓားဘိုးဘေးကြီး နှင့် အခြား နှစ်ဦးမှာ အလွန်တရာ အံ့အားသင့်သွားကြတော့သည်။
‘ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်ပြီး ဝင်လာတဲ့ ပေါင်းစည်းခြင်း နယ်ပယ် အယောက် (၂၀) တဲ့လား’
သူတို့ ထပ်မံ မလှုပ်ရှားနိုင်ခင်မှာပင် နင်ချီ ၏ လက်ချောင်းပေါ်ရှိ လက်စွပ် ထဲမှနေ၍ နောက်ထပ် ပုံရိပ်ယောင် တစ်ခု ပေါ်ထွက်လာပြန်သည်။