အခန်း (၈၃၂-၈၃၄)
Vol. 56 Ch. 832-834
အခန်း (၈၃၂) - တောင်နှင့် ပင်လယ် ကမ္ဘာ ၏ လျှို့ဝှက်ချက်များ
“ကမ္ဘာ့အရှင်သခင်... ကျွန်တော့်ကို ဘာလို့ တပည့်အဖြစ် လက်ခံချင်ရတာလဲ ဆိုတာ ပြောပြလို့ ရမလား ခင်ဗျာ” ဟု နင်ချီ က မေးလိုက်၏။
သူသည် တစ်ဖက်လူ၏ တပည့် လုံးဝ ဖြစ်လာမည် မဟုတ်သော်ငြားလည်း... အကြောင်းရင်း ကိုတော့ သိချင်နေသေးသည်။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် က တစ်ချက် ချောင်းဟန့်လိုက်ပြီးနောက် ဆိုလိုက်၏။
“ငါက လူတစ်ယောက်ကို တပည့်အဖြစ် လက်ခံချင်တယ် ဆိုရင်... တောင်နဲ့ ပင်လယ် ကမ္ဘာ တစ်ခုလုံးမှာ ငြင်းမယ့်သူ တစ်ယောက်မှ မရှိဘူးလေ။ မင်းက ဘာလို့ ဒီလောက် မေးခွန်းတွေ အများကြီး မေးနေရတာလဲ”
“တောင်ဘိုးဘေးကြီး နဲ့ ပင်လယ်ဘိုးဘေးကြီး တို့ကရော သဘောတူကြမှာလား ခင်ဗျာ” နင်ချီ က ထပ်မံ မေးလိုက်ပြန်သည်။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် မှာ ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။
အချိန်အတော်ကြာပြီးမှသာ သူက နင်ချီ ကို ပြန်ပြောလိုက်၏။
“ကောင်းပြီလေ... မင်းက ငါ့တပည့် မလုပ်ချင်ဘူး ဆိုမှတော့ သူတို့ရဲ့ လက်စားချေတာကို မင်း ဘယ်လို ရင်ဆိုင်မလဲ ဆိုတာကို ငါ စောင့်ကြည့်နေမယ်”
နင်ချီ သည် သဘာဝကျကျပင် ဟန်ဆောင် ပန်ဆောင် တုံ့ပြန်လိုက်၏။
“ကမ္ဘာ့အရှင်သခင်... အခု ကျွန်တော်က စစ်မြေပြင်နယ်မြေ ထဲမှာ ရောက်နေပြီး ခင်ဗျား အတွက် ဆုံမှတ် တွေကို သိမ်းပိုက်ပေးဖို့နဲ့ နယ်မြေတွေ ပိုပြီး ရလာအောင် ကူညီပေးနေတာလေ။ ခင်ဗျားက ကျွန်တော့်ကို မကာကွယ်ပေးချင်ဘူးလား ခင်ဗျာ”
ပုံရိပ်ယောင် ကြီးက နှာခေါင်းရှုံ့လိုက်ပြီး...
“မင်းက ငါနဲ့ ဘာမှ မသက်ဆိုင်ဘူးလေ။ ပြီးတော့ ငါက မင်းကို ကာကွယ်ပေးချင်ရင်တောင်မှ ကာကွယ်ပေးလို့ မရပါဘူး”
သူက ကောင်းကင်ယံကို မော့ကြည့်လိုက်ရာ... သူ၏ အကြည့်များက နယ်နိမိတ် များကို ဖောက်ထွင်းပြီး တောင်နှင့် ပင်လယ် ကမ္ဘာ ကြီးဆီသို့ တိုက်ရိုက် ကြည့်ရှုနေသည့်အလားပင်။
“ငါက တောင်နဲ့ ပင်လယ် ကမ္ဘာ့ဆန္ဒတော် ဆိုပေမဲ့ အရာအားလုံးကို လုပ်နိုင်တာတော့ မဟုတ်ဘူး”
ထိုစကားကို ပြောပြီးနောက် သူက ဘာမှ ထပ်မပြောတော့ချေ။
သူ၏ စကားများမှတစ်ဆင့် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် သည် တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့၏ ထိန်းချုပ်မှုအောက်တွင် သေချာပေါက် ရှိနေရမည် ဆိုသည်ကို နင်ချီ ကောက်ချက်ချလိုက်နိုင်သည်။
သို့မဟုတ်ပါက... ဒီပုဂ္ဂိုလ်က သူ့ကို တပည့်အဖြစ် တစ်ယောက်တည်း လက်ခံချင်နေမည် မဟုတ်သလို၊ ဤကဲ့သို့သော စကားမျိုးကိုလည်း ပြောထွက်လာမည် မဟုတ်ချေ။
၎င်းတွင် လောကကြီး တစ်ခုလုံးကို လွှမ်းမိုး အုပ်စိုးနိုင်သော အာဏာရှင်ဆန်သည့် အရှိန်အဝါမျိုး လုံးဝ (လုံးဝ) မရှိတော့ချေ။
ဤအရာမှာ တောင်နှင့် ပင်လယ် ကမ္ဘာ ကို ပြန်လည် တိုက်ခိုက်ရန်အတွက် သူ၏ အခွင့်အရေး တစ်ခု ဖြစ်လာနိုင်မလား။
နင်ချီ တွေးတောနေမိသည်။
လောလောဆယ်တွင် ၎င်းနှင့် ပတ်သက်၍ သူတို့ သိပ်ပြီး မသိရသေးချေ။ ထို့ကြောင့် အနာဂတ်တွင် ပိုမို သိရှိနိုင်ရန် အခွင့်အရေး ကိုသာ စောင့်ဆိုင်းရမည် ဖြစ်၏။
မည်သို့ပင် ဆိုစေ၊ သူက လောမကြီးပါလေ။ ယခု သူက ကျယ်ပြန့်သော ကမ္ဘာ မှ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်ပြီး ဝင်လာကြသော ပေါင်းစည်းခြင်း နယ်ပယ် အယောက် (၂၀) ကို လွှတ်ပေးလိုက်ပြီ ဖြစ်ရာ... ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး၏ စစ်ပွဲမှာ ပို၍ပင် ပြင်းထန်လာတော့မည် ဖြစ်ပြီး၊ တစ်ဖက်ရန်သူများ အနေဖြင့် သူတို့၏ ကိုယ်ပိုင် အသက်ရှင် ရှင်သန်ရေး အတွက် တိတ်တိတ်လေး နေကြလိမ့်မည်ဟု သူ မယုံ။
ထို့နောက် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် ကြီးသည်... နင်ချီ အလယ် နယ်မြေ ဆုံမှတ် ကို သိမ်းပိုက်နိုင်ခဲ့မှု အတွက် ဆုလာဘ် များကို ချန်ထားခဲ့ပြီးနောက် နင်ချီ ၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားတော့သည်။
အောက် နယ်မြေ များကို သိမ်းပိုက်စဉ်က ရရှိခဲ့သော ဆုလာဘ်များနှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက... ဤတစ်ကြိမ်တွင် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က များစွာ ပိုမို ရက်ရောစွာ ပေးအပ်ခဲ့ခြင်းပင် ဖြစ်၏။
နင်ချီ က သူ့ကို တပည့်အဖြစ် လက်ခံမည့် ကမ်းလှမ်းမှုကို သဘောမတူခဲ့သည့်တိုင်... သူ၏ ဆုလာဘ် များကို ဖြတ်တောက် ထိန်းသိမ်းထားခြင်း မပြုခဲ့ချေ။
နင်ချီ က မြေပုံ ကို တစ်ချက် လှမ်းကြည့်လိုက်ရာ၊ သူ၏ နယ်မြေ သုံးခု စစ်တပ်ကြီးမှာ ကျန်ရှိနေသေးသော ဆုံမှတ် များကို သိမ်းပိုက် ပြီးစီးသွားခဲ့ပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ကျယ်ပြန့်သော ကမ္ဘာ ၏ စစ်တပ်ကြီးက သိမ်းပိုက်ထားသော ဆုံမှတ် များမှလွဲ၍... အလယ် နယ်မြေ တစ်ခုလုံးမှာ တောင်နှင့် ပင်လယ် ကမ္ဘာ ၏ လက်အောက်သို့ အပြည့်အဝ ကျရောက်သွားခဲ့တော့၏။
ကျယ်ပြန့်သော ကမ္ဘာ ၏ စစ်တပ်ကြီးက သိမ်းပိုက်ထားသော ဆုံမှတ် များမှာမူ... အစောင့်အကြပ် မရှိတော့သဖြင့် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ တဖြည်းဖြည်းချင်း အပြည့်အဝ လွှမ်းမိုး ဝါးမြိုခြင်းကို ခံရမည် ဖြစ်ပြီး ၎င်း၏ နယ်မြေ တစ်ခု အဖြစ်သို့ ပြောင်းလဲသွားမည်သာ ဖြစ်သည်။
နယ်မြေ သုံးခု မှ စစ်တပ်ကြီးများ ပြန်လည် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက်... နယ်မြေ ဖြတ်ကျော် စစ်ဆင်ရေး ကို ချက်ချင်း စတင်မည် မစတင်မည် ဆိုသည်ကို နင်ချီ က ဆုံးဖြတ်မည် ဖြစ်၏။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် သည် ကျယ်ပြန့်သော ကမ္ဘာ မှ ပေါင်းစည်းခြင်း နယ်ပယ် အယောက် (၂၀) အထက် နယ်မြေ ထဲသို့ ဝင်ရောက်သွားကြောင်းကို သိရှိထားသော်ငြားလည်း နင်ချီ ကို အလျင်စလို မတိုက်တွန်းခဲ့ချေ။
၎င်းက တစ်ဖက်လူတွေကို တမင်တကာ လွှတ်ပေးလိုက်ပြီး၊ ၎င်းကို အသုံးပြုကာ တစ်ခုခု ကြံစည်ဖို့ ကြိုးစားနေသည့်အလား နင်ချီ ခံစားလိုက်ရသည်။
...
တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်း၌...
ကျိုးရှန်း အင်မော်တယ်ဂိုဏ်း၊ ကောင်းကင် ချိတ်ဆက်ခြင်း တောင်ထွတ်။
တောင်ဘိုးဘေးကြီး မှာ တောင်ထွတ် ထက်တွင် မတ်မတ်ကြီး ရပ်နေဆဲ ဖြစ်ပြီး... လုံးဝ လှုပ်ရှားခြင်း မရှိချေ။
သူ၏ အမည်မှာ ဟောင်ရှန်း ဟု ခေါ်ပြီး... သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ကောင်းကင် ချိတ်ဆက်ခြင်း တောင်ထွတ် ၏ အစိတ်အပိုင်း တစ်ခုအလား ကြီးကျယ် ခမ်းနားလှသည်
၎င်းက မည်သည့် အရှိန်အဝါ များကိုမျှ ထုတ်ဖော် ပြသခြင်း မရှိသော်ငြားလည်း... ချဉ်းကပ်၍ မရနိုင်သော ထူးဆန်းသည့် ခံစားချက် တစ်ခုကို လူတိုင်းအား ပေးစွမ်းနိုင်ပြီး၊ အဆုံးအစမဲ့ သန့်ရှင်းသော တောင်ကြီး တစ်လုံး အောက်တွင် ရပ်နေရသည့်အလား... မိမိကိုယ်ကို အလွန်တရာ သေးငယ်သွားသလို ခံစားရစေသည်။
တောင်ဘိုးဘေးကြီး ၏ နောက်ကွယ်တွင် အလုပ်အကျွေး တစ်ဦးက ရုတ်တရက် ဦးညွှတ်ကာ သံတော်ဦး တင်လိုက်၏။
“တောင်ဘိုးဘေးကြီး... ကောင်းကင်မီးတောက် နယ်မြေ၊ တိကျင်း နယ်မြေ နဲ့ ထိန်မု နယ်မြေ တို့ရဲ့ နယ်မြေအရှင်သခင် တွေက ဂါရဝပြုဖို့ ရောက်လာကြပါတယ် ခင်ဗျာ”
ထိုစကားကို ကြားလိုက်ရသောအခါ တောင်ဘိုးဘေးကြီး က ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်နေသည်။
အလုပ်အကျွေး မှာလည်း မတ်တတ် မရပ်ရဲဘဲ ဆက်လက် ဦးညွှတ်နေရ၏။
တောင်ဘိုးဘေးကြီး ၏ အကြည့်များမှာ စစ်မြေပြင်နယ်မြေ ရှိရာ အရပ်ဆီသို့သာ စူးစိုက် ကြည့်ရှုနေဆဲ ဖြစ်သည်။
တစ်ခါတစ်ရံတွင် သူ၏ အကြည့်များက ရပ်တန့်သွားပြီး၊ တောင်နှင့် ပင်လယ် ကမ္ဘာ ၏ စိမ်းပြာရောင် လှိုင်းတံပိုးများ အထက်တွင် ပေါ်ထွက်နေသော ပင်လယ် ဧကရာဇ် ၏ ပလ္လင် ဆီသို့ လှမ်းကြည့်လေ့ ရှိသည်။
ပင်လယ်ဘိုးဘေးကြီး ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည့်အလားပင်။
အချိန်မည်မျှ ကြာသွားသည်ကိုတော့ မသိပေ။
တောင်ဘိုးဘေးကြီး က ရုတ်တရက် မေးလိုက်၏။
“ကမ္ဘာ့အရှင်သခင်... စစ်မြေပြင်နယ်မြေ ထဲကနေ နောက်ဆုံးရ သတင်းတွေ ဘာများ ရသေးလဲ။ အရှေ့တောင် နယ်မြေ ရဲ့ အလယ် နယ်မြေ ကို ငါတို့ ဘက်က အရမ်းမြန်မြန်.. သိမ်းပိုက်နေတာကို ငါ တွေ့နေရတယ်”
ထိုအခါ၊ သူ၏ ရှေ့တွင် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် ကြီး ပေါ်ထွက်လာပြီး ချက်ချင်း ပြန်လည် ဖြေကြားလိုက်၏။
“ဟောင်ရှန်း... မင်း တပည့် အဖြစ် လက်ခံချင်နေတဲ့ ကောင်လေး... နင်ချီ လေ... အခု သူက ပြဿနာ အကြီးကြီး တက်နေပြီ”
တောင်ဘိုးဘေးကြီး ၏ အသံမှာ အနည်းငယ် တုန်ခါသွားပုံ ရပြီး မေးလိုက်၏။
“သူက အရင်က အဆင်ပြေနေတာပဲ မဟုတ်ဘူးလား။ ဘာဖြစ်သွားတာလဲ။ အခက်အခဲ တစ်ခုခုနဲ့ ကြုံသွားလို့လား”
ထို့ကြောင့် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က အတွင်းပိုင်း သတင်းအချက်အလက် များကို တောင်ဘိုးဘေးကြီး အား မျှဝေ ပြောပြလိုက်၏။
တောင်ဘိုးဘေးကြီး သည် တောင်နှင့် ပင်လယ် ကမ္ဘာ တစ်ခုလုံး၏ အထွတ်အထိပ် ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး... သူ၏ စွမ်းအားများက ဖန်ဆင်းခြင်း အားလုံးကို လွှမ်းခြုံထားနိုင်သော်ငြားလည်း၊ စစ်မြေပြင်နယ်မြေ တစ်ခုလုံးကိုလည်း ထိုးထွင်း သိမြင်နိုင်စွမ်း ရှိ၏။
သို့သော် စစ်မြေပြင်နယ်မြေ အတွင်း၌ အတိအကျ ဘာတွေ ဖြစ်ပျက်နေသနည်း ဆိုတာကို သိရှိနိုင်ရန်အတွက် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ကို အသုံးပြုရန် လိုအပ်နေသေးသည်။
ကျယ်ပြန့်သော ကမ္ဘာ က နင်ချီ ကို သတ်ဖြတ်ရန်အတွက် ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်ပြီး ဝင်ရောက်လာသော ပေါင်းစည်းခြင်း နယ်ပယ် အယောက် (၂၀) ကို စေလွှတ်လိုက်ကြောင်း ကြားလိုက်ရသည်။
သူတို့သည် ကျယ်ပြန့်သော ကမ္ဘာ ၏ သူတော်စင် ဘိုးဘေးကြီး ၏ အမိန့်စာ ကိုပင် သယ်ဆောင်လာခဲ့ကြသည် ဆိုသော သတင်းက တောင်ဘိုးဘေးကြီး ကို အနည်းငယ် လှုပ်ရှားသွားစေခဲ့၏။
“မင်း ဆိုလိုတာက... နင်ချီ က တောင့်ခံနိုင်ခဲ့တယ်ပေါ့”
“တောင့်ခံနိုင်ရုံတင် ဘယ်ကမလဲ... တစ်ဖက်လူကို နယ်မြေ ဖြတ်ကျော် ထွက်ပြေးသွားအောင်တောင် အတင်းအကျပ် ဖိအားပေးနိုင်ခဲ့သေးတာ။ သေချာတာပေါ့... အဲဒီအထဲမှာ ငါ့ရဲ့ အကူအညီလည်း ပါတာပေါ့လေ”
တောင်ဘိုးဘေးကြီး က အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။
“ဒီကောင်လေးက တကယ့်ကို အံ့မခန်းပဲ။ သူက လူတစ်သန်းနဲ့ တန်တယ်။ ပြုစု ပျိုးထောင်ပေးဖို့ ကောင်းတဲ့ အလားအလာ ရှိတဲ့ ပါရမီရှင် တစ်ယောက်ပဲ”
အခန်း (၈၃၃) - တောင်နှင့် ပင်လယ် ကမ္ဘာ ၏ လျှို့ဝှက်ချက်များ
သူက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ကို လှမ်းကြည့်ကာ ဆိုလိုက်၏။
“ကမ္ဘာ့အရှင်သခင်... အကယ်လို့ ငါတို့က အဆင့်တက်လှမ်းချင်တယ် ဆိုရင် ကျယ်ပြန့်သော ကမ္ဘာ ကို သေချာပေါက် သိမ်းပိုက်နိုင်မှ ရမယ်။ အခုက ပါရမီရှင် တွေကို အသုံးချရမယ့် အချိန်ပဲ... နင်ချီ လို ပါရမီရှင် မျိုးကို အလဟဿ အသေခံလို့ မဖြစ်ဘူး။ သူ့ရဲ့ ဘေးကင်းရေးကို ငါတို့ သေချာပေါက် ကာကွယ်ပေးရမယ်”
“အကယ်လို့ မင်းနဲ့ ချင်ဟိုင် [ပင်လယ်ဘိုးဘေးကြီး ၏ အမည်] တို့ ပူးပေါင်းပြီး ငါ့ရဲ့ စွမ်းအားတွေကို မလုယူခဲ့ဘူး ဆိုရင်... ငါက အင်မော်တယ် နယ်ပယ် ဖြစ်နေလောက်ပြီ။ အခုလို အကြပ်အတည်း မျိုးနဲ့ ဘယ်ကြုံရတော့မလဲ”
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး မကျေမနပ် ဖြစ်နေကြောင်း ထုတ်ဖော် ပြသလိုက်သည်။
သူ ပြောသော "ချင်ဟိုင်" ဆိုသည်မှာ ပင်လယ်ဘိုးဘေးကြီး ၏ အမည်ပင် ဖြစ်ပါ၏။
သူ့စကားကြောင့်၊ တောင်ဘိုးဘေးကြီး က ရယ်လိုက်ပြီး...
“ကမ္ဘာ့အရှင်သခင်... မင်းက ငါတို့ စွမ်းအားတွေကို အရမ်း ချဲ့ကား ပြောဆိုနေတာပဲ။ ငါတို့က မင်းရဲ့ စွမ်းအားတွေကို မယူခဲ့ရင်တောင်မှ မင်းက အမြင့်ဆုံး အင်မော်တယ် နယ်ပယ် ကို တက်လှမ်းနိုင်မယ်လို့ တကယ် ယုံကြည်နေတာလား။ ငါတော့ မယုံဘူးကွာ”
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် မှာ တစ်ခဏမျှ စကားဆွံ့အသွားပြီးနောက် ပြန်လည် တည်ငြိမ်အောင် ကြိုးစားလိုက်၏။
“ငါ တစ်ယောက်တည်းနဲ့ နင်ချီ ကို ကာကွယ်ပေးဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ငါ့ရဲ့ စွမ်းအားတွေက စစ်မြေပြင်နယ်မြေ ထဲက ဆုံမှတ် တွေရဲ့ ဧရိယာ အတွင်းမှာပဲ အကျိုးသက်ရောက်မှု ရှိတယ် ဆိုတာ မင်း သိပါတယ်။ အဲဒါတောင်မှ အဲဒီ ဆုံမှတ် တွေက ငါတို့ရဲ့ ကျင့်ကြံသူ တွေ သိမ်းပိုက်ထားတဲ့ ဆုံမှတ် တွေ ဖြစ်နေမှ ရတာလေ”
“ဒါပေမဲ့... အကယ်လို့ မင်းနဲ့ ချင်ဟိုင် တို့ကသာ ငါ့အပေါ် ချုပ်ကိုင်ထားမှုတွေကို ဖြေလျှော့ပေးမယ် ဆိုရင်တော့... သူ့ကို ငါ သေချာပေါက် ကာကွယ်ပေးနိုင်မှာပါ”
တောင်ဘိုးဘေးကြီး က ပြန်လည် ဖြေကြားလိုက်၏။
“ကမ္ဘာ့အရှင်သခင်... ရယ်စရာတွေ လျှောက်မပြောပါနဲ့။ ငါတို့ ကြားက ချိန်ခွင်လျှာက အခုအချိန်အထိ ပြောင်းလဲခြင်း မရှိသေးဘူး... အဲဒါကို ချိုးဖျက်ဖို့က ခက်ခဲတယ်။ ဖြစ်နိုင်ရင်တောင်မှ... ငါက သဘောတူရင်တောင် ချင်ဟိုင် က သဘောတူပါ့မလား။ အကယ်လို့ မင်းက သူ့ကို ယုံကြည်အောင် ပြောနိုင်ရင်... ငါလည်း သဘာဝကျကျပဲ သဘောတူမှာပေါ့”
“ဟောင်ရှန်း... မင်း...”
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် မှာ ယခုလေးတင်မှ ဖိနှိပ်ထားသော သူ၏ ခံစားချက်များ နောက်တစ်ကြိမ် ထပ်မံ လှုပ်ရှားလာရသည်။
တောင်နှင့် ပင်လယ် ကမ္ဘာ ကို ဖန်တီး မွေးဖွားပေးခဲ့သော ဆန္ဒတော် တစ်ခု အနေဖြင့်... ၎င်းသည် မူလက ထိုကမ္ဘာ၏ အမြင့်မြတ်ဆုံးသော သက်ရှိ တစ်ခု ဖြစ်ခဲ့သည်။ သို့သော် ၎င်း အသိစိတ် ရရှိလာချိန်တွင်... တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့၏ ရှာဖွေ တွေ့ရှိခြင်းကို ခံလိုက်ရပြီး၊ သူတို့ နှစ်ဦး ပူးပေါင်းကာ ၎င်း၏ စွမ်းအားများကို သူတို့ အသုံးပြုရန်အတွက် စုပ်ယူခဲ့ကြခြင်း ဖြစ်သည်။
ထို့ကြောင့် ၎င်း၏ ကမ္ဘာ့အရှင်သခင် ဆိုသော အဆင့်အတန်းမှာ အမည်ခံ သက်သက်သာ ဖြစ်နေတော့၏။
ထို့ကြောင့်ပင် တောင်ဘိုးဘေးကြီး ၏ လက်အောက်ရှိ ကောင်းကင်မီးတောက် နယ်မြေ အရှင်သခင် နှင့် အခြားသူများ၏ ရှေ့တွင် ပေါ်ထွက်လာချိန်၌... သူတို့သည် အပြင်ပန်းတွင် ရိုသေ လေးစားဟန် ပြကြသော်ငြားလည်း လက်တွေ့တွင်တော့ ၎င်းကို လုံးဝ (လုံးဝ) အလေးမထားကြခြင်း ဖြစ်၏။
ယနေ့ခေတ် တောင်နှင့် ပင်လယ် ကမ္ဘာ တစ်ခုလုံးမှာ... တောင်ဘိုးဘေးကြီး၊ ပင်လယ်ဘိုးဘေးကြီး နှင့် ၎င်း တို့ သုံးဦး ပူးပေါင်းကာ ဤ ကျယ်ပြောလှသော ဝိညာဉ်နယ်မြေ ကြီးကို အုပ်ချုပ်နေကြခြင်း ဖြစ်သည်။
ထို့အပြင် တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့က ၎င်း၏ အစစ်အမှန် ခန္ဓာကိုယ် ကို အပြည့်အဝ ချုပ်နှောင် ပိတ်လှောင်ထားပြီး... ၎င်းကို ပုံရိပ်ယောင် အနေဖြင့်သာ တည်ရှိခွင့် ပေးထားသဖြင့်၊ ၎င်းမှာ သူတို့ကို လုံးဝ မဆန့်ကျင်နိုင်ချေ။
အကယ်၍ ၎င်း၏ ပုံရိပ်ယောင် စွမ်းအားများက ထိုနှစ်ဦး အတွက် အသုံးမဝင်ခဲ့ဘူး ဆိုလျှင်... တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် သည် ထိုနှစ်ဦးက ၎င်း၏ အပြင်ဘက်သို့ သွားလာ လှုပ်ရှားခွင့်ကိုပါ အပြည့်အဝ ပိတ်ပင်ထားလိမ့်မည်ဟုပင် ခံစားနေရသည်။ အကယ်၍ ထိုသို့သာ ဖြစ်ခဲ့မည် ဆိုပါက... ၎င်းမှာ နယ်မြေများ ပင်လယ် အတွင်းရှိ ဝိညာဉ်နယ်မြေ အားလုံးထဲတွင် အသနားစရာ အကောင်းဆုံးသော ဝိညာဉ်နယ်မြေ ဆန္ဒတော် တစ်ခု ဖြစ်လာပေလိမ့်မည်။
ဝိညာဉ်နယ်မြေ စစ်ပွဲ ကို စတင်ခဲ့ခြင်း နှင့် ပတ်သက်၍ ပြောရမည် ဆိုလျှင်... သူ၏ ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို တိုးတက်စေလိုသော သူ၏ ရည်မှန်းချက် အပြင်၊ အခြားသော ဝိညာဉ်နယ်မြေ များနှင့် ဆက်သွယ်ခြင်းဖြင့် ဤ အခြေအနေမှ လွတ်မြောက်ရန် ကြိုးပမ်းသည့် အန္တရာယ်များသော လှုပ်ရှားမှု တစ်ခုလည်း ဖြစ်ခဲ့၏။
ကံကောင်းထောက်မစွာဖြင့် ထိုအချိန်မှ စ၍ တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့သည်လည်း အချင်းချင်း ရန်ငြိုး ရန်စများ ထားရှိလာကြပြီး အစပိုင်းကလောက် ရင်းနှီးမှု မရှိကြတော့သဖြင့်... ၎င်းကို အခွင့်ကောင်း ယူရန် အခွင့်အရေး တစ်ခု ရရှိသွားစေခဲ့သည်။
တောင်ဘိုးဘေးကြီး က ဆိုလိုက်၏။
“နင်ချီ ဟာ ငါတို့ရဲ့ တိုးတက်မှု အတွက် တန်ဖိုး မဖြတ်နိုင်တဲ့ ရှေ့တန်း စစ်သည်တော် တစ်ယောက်ပဲ။ သူ့ကို ငါတို့ သေချာပေါက် ကာကွယ်ပေးရမယ်။ ကမ္ဘာ့အရှင်သခင် အနေနဲ့ မင်း လုပ်ပေးနိုင်တာ သိပ်မရှိဘူး ဆိုမှတော့... ငါပဲ အစီအစဉ် တချို့ လုပ်ပေးရမှာပေါ့”
စကားဆုံးသည်နှင့် သူက ခေါင်းလှည့်ကာ သူ၏ နောက်ကွယ်ရှိ အလုပ်အကျွေး ကို လှမ်းကြည့်လိုက်၏။
“အဲဒီ လူတွေကို ခေါ်လာခဲ့”
“ဟုတ်ကဲ့ ခင်ဗျာ”
ထိုအခါမှသာ အလုပ်အကျွေး မှာ မတ်တတ်ရပ်ရဲတော့သည်။
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“ကောင်းကင်မီးတောက် နယ်မြေ၊ တိကျင်း နယ်မြေ နဲ့ ထိန်မု နယ်မြေ တို့ရဲ့ နယ်မြေအရှင်သခင် သုံးပါးကို ဝင်ရောက် ခစားခွင့် ပြုလိုက်တယ်”
ထိုအသံကြီးမှာ ကျယ်လောင် ခမ်းနားလှပြီး အဆုံးအစမဲ့သော ပဲ့တင်သံများကို ဖန်တီးကာ ကောင်းကင် ချိတ်ဆက်ခြင်း တောင်ထွတ် ၏ အောက်ဘက်သို့ ပျံ့နှံ့သွားတော့သည်။
ကောင်းကင် ချိတ်ဆက်ခြင်း တောင်ထွတ် ၏ အောက်ဘက်တွင်...
ကောင်းကင်ယံတွင် ကျောက်စိမ်း လှေကားထစ် တစ်ခု ရှိပြီး အောက်ဆုံး အနိမ့်ဆုံး နေရာအထိ ကွေ့ကောက် ဆင်းသက်သွားသည်။
ထိုနေရာမှာ တာရှန်း [အင်မော်တယ် နင်းခြေရာ] တောင်ထွတ် ဟုခေါ်သော ရင်ပြင် တစ်ခု ပင် ဖြစ်သည်။
မှန်းဆ၍ မရနိုင်သော ကျင့်ကြံသူ နှစ်ဦးက ဤ ကောင်းကင် လှေကားထစ် ကို စောင့်ကြပ်နေကြပြီး မည်သူ့ကိုမျှ အနားကပ်ခွင့် မပြုကြချေ။
ဤအခိုက်အတန့်တွင် နယ်မြေအရှင်သခင် သုံးပါး ဖြစ်ကြသော ဖန်ချန်၊ ကျင်းကွမ်ဟွာ နှင့် မုကျူးထျန်း တို့သည် ရင်ပြင် ပေါ်တွင် ရိုသေစွာ ရပ်နေကြပြီး... တောင်ဘိုးဘေးကြီး ၏ ခေါ်ယူမှုကို စောင့်ဆိုင်းနေကြ၏။
တောင်ဘိုးဘေးကြီး ၏ ခွင့်ပြုချက် မပါဘဲနှင့် သူတို့သည် ကောင်းကင် လှေကားထစ် ပေါ်သို့ တက်လှမ်းရန် လုံးဝ မဝံ့ရဲကြချေ။
သို့မဟုတ်ပါက... ထို အစောင့် နှစ်ဦးက သူတို့ကို အသက်ရှင်လျက် မြေကြီးပေါ် ခြေချခွင့် ပေးမည် မဟုတ်သည်မှာ သေချာလှသည်။
ကောင်းကင် ချိတ်ဆက်ခြင်း တောင်ထွတ် ထံမှ ကြေညာသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်... ထို သုံးဦးစလုံးမှာ ဝမ်းသာအားရ ဖြစ်သွားကြတော့၏။
အစောင့် များထဲမှ တစ်ဦးက “လူကြီးမင်းတို့... ကြွပါ ခင်ဗျာ” ဟု ဆိုလိုက်၏။
ထိုအခါမှသာ ဖန်ချန် နှင့် သူ၏ သူငယ်ချင်း နှစ်ဦးမှာ ကောင်းကင် လှေကားထစ် ပေါ်သို့ သတိထားကာ တက်လှမ်းသွားကြတော့သည်။
ဒဏ္ဍာရီ များအရ ဤ အဖြူရောင် ကျောက်စိမ်း လှေကားထစ် မှာလည်း အလွန်တရာ ကြီးမားလှသော စွမ်းအားများကို ပိုင်ဆိုင်ထားသည့် ဝိညာဉ်ရတနာ တစ်ခု ဖြစ်သည်ဟု ဆိုကြ၏။
၎င်းမှာ တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်းရှိ တောင်တန်းများ၏ နဂါး သွေးကြောပင်။... တောင်ဘိုးဘေးကြီး က သူ၏ ကြီးမားလှသော မှော်စွမ်းအားများဖြင့် ချုပ်နှောင်ကာ ဤ အဖြူရောင် ကျောက်စိမ်း လှေကားထစ် အဖြစ် သွန်းလုပ် ဖန်တီးထားသည် ဟူသော ကောလဟာလ များပင် ရှိနေသည်။
ထို သုံးဦးမှာ ကောင်းကင် လှေကားထစ် ပေါ်သို့ တက်လှမ်းသွားကြ၏။ ဖန်ချန် မှလွဲ၍ ကျင်းကွမ်ဟွာ နှင့် မုကျူးထျန်း တို့မှာ ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိလာကြခြင်း ဖြစ်သည်။
ဖန်ချန် သည် ယခင်က ဤနေရာသို့ ရောက်ဖူးခဲ့သော်ငြားလည်း၊ နှစ်ပေါင်း မြောက်မြားစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ ၎င်းကိုပင် သေချာ မမှတ်မိတော့ချေ။
ထို သုံးဦးသည် လှေကားထစ် များ ပေါ်သို့ လျင်မြန်စွာ တက်သွားကြသည်။
ဖန်ချန် က ရှေ့ဆုံးမှ သွားနေပြီး အခြား နှစ်ဦးက နောက်မှ လိုက်ပါလာကြ၏။
သူတို့ အထက်သို့ တက်လေလေ... ၎င်းမှာ ဘယ်တော့မှ လျှောက်လို့ ဆုံးမည် မဟုတ်သော အဆုံးအစမဲ့ လမ်းတစ်လမ်း အလား ပို၍ ခံစားလာရလေလေ ဖြစ်၏။
ထို သုံးဦးစလုံး အလွန်တရာ အံ့အားသင့် ထိတ်လန့်သွားကြတော့သည်။
အထူးသဖြင့် ဖန်ချန် မှာ အလွန်တရာ လေးစားမှုများ ဖြစ်ပေါ်လာတော့သည်။
အခန်း (၈၃၄) - တောင်နှင့် ပင်လယ် ကမ္ဘာ ၏ လျှို့ဝှက်ချက်များ
သူ ပြီးခဲ့သည့် အကြိမ်က လာခဲ့စဉ်က... ဤခံစားချက်မျိုးမှာ ယခုလောက် ကြောက်စရာ မကောင်းခဲ့ချေ။
ကြည့်ရသည်မှာ တောင်ဘိုးဘေးကြီး ၏ ခွန်အားများမှာ နောက်တစ်ကြိမ် တဟုန်ထိုး မြင့်တက်လာခဲ့ပုံ ရ၏။
အချိန်မည်မျှ ကြာသွားသည်ကို မည်သူမျှ မသိကြသော်ငြားလည်း... ကောင်းကင် လှေကားထစ် ကို အတူတကွ တက်လာခဲ့ကြသော ထို သုံးဦးမှာ တဖြည်းဖြည်း လူစုကွဲသွားကြတော့သည်။
သူတို့သည် ကောင်းကင် လှေကားထစ် ၏ နေရာ အနှံ့အပြားတွင် ပြန့်ကျဲနေကြပြီး... ရေထဲမှ ဆယ်ယူခံထားရသည့်အလား အထက်သို့ နောက်ထပ် ခြေတစ်လှမ်းမျှပင် ထပ်မံ တက်လှမ်းနိုင်စွမ်း မရှိတော့ချေ။
ထို သုံးဦးစလုံးမှာ ချွေးများဖြင့် ရွှဲရွှဲစိုနေပြီး... သူတို့၏ အရေပြားများ ပေါ်မှနေ၍ ချွေးများ စီးကျနေကာ၊ မထွက်ကျနိုင်သေးသော ချွေးများမှာ အငွေ့ပျံနေကြသည်။
ရုတ်တရက် အထက်မှနေ၍ မြူခိုးများဖြင့် ဖွဲ့စည်းထားသော ဧရာမ လက်ကြီး တစ်ခု ဆင်းသက်လာပြီး၊ လက် သုံးဖက် အဖြစ် အသွင်ပြောင်းသွားကာ... ထို သုံးဦးစလုံးကို တစ်ယောက် တစ်ဖက်စီ သယ်ဆောင်၍ တောင်ထွတ် ဆီသို့ လျင်မြန်စွာ ပျံသန်းသွားတော့၏။
မကြာမီမှာပင် ထို သုံးဦးသည် ကောင်းကင် ချိတ်ဆက်ခြင်း တောင်ထွတ် ၏ အမြင့်ဆုံး လှေကားထစ် အပိုင်း သို့ ခေါ်ဆောင်ခံလိုက်ရသည်။
ထို သုံးဦးသည် ဒသမမြောက် လှေကားထစ် ၏ အောက်တွင် ရပ်နေကြပြီး... သူတို့၏ မျက်နှာများပေါ်တွင် ရိုသေ လေးစားသော အမူအရာများဖြင့် နက်ရှိုင်းစွာ ဦးညွှတ် ဂါရဝပြုလိုက်ကြသည်။
“အရှင့်ရဲ့ လက်အောက်ငယ်သား တွေက တောင်ဘိုးဘေးကြီး ကို ဂါရဝပြုပါတယ် ခင်ဗျာ”
“အခမ်းအနား တွေ မလိုပါဘူး”
ထိုအခါမှသာ ထို သုံးဦးစလုံး မတ်တတ် ပြန်ရပ်လိုက်ကြတော့သည်။
တောင်ထွတ် ဆီသို့ လှမ်းကြည့်လိုက်သောအခါ... ကျယ်ပြန့်ပြီး အဆုံးအစမဲ့သော ပုံရိပ်ကြီး တစ်ခုကိုသာ သူတို့ မြင်တွေ့လိုက်ကြရ၏။
တောင်ထွတ် ရဲ့ အထွတ်အထိပ် မှာ မည်သူက အုပ်စိုးနေသနည်း။ တောင်ဘိုးဘေးကြီး တစ်ပါးတည်း သာလျှင် ဖြစ်လေ၏။
သူတို့၏ နောက်ကွယ်တွင် ခါးအနည်းငယ် ကိုင်းနေသော အမည်းရောင် ဝတ်စုံနှင့် အလုပ်အကျွေး တစ်ဦး ရှိနေပြီး... နဂါး ပုံသဏ္ဌာန် မျက်နှာဖုံး တစ်ခုကို တပ်ဆင်ထားသည်။
“မင်းတို့ ဘာကိစ္စ ရှိလို့ လာကြတာလဲ” ဟု အမည်းရောင် ဝတ်စုံနှင့် အလုပ်အကျွေး က မေးလိုက်၏။
သူတို့ လာရောက်ရသည့် အကြောင်းရင်းကို မေးမြန်းခံရသောအခါ... ထို သုံးဦးစလုံး၏ မျက်နှာများပေါ်တွင် ဝမ်းနည်း ပူဆွေးသော အမူအရာများ ချက်ချင်း ပေါ်လွင်လာကြတော့သည်။
“တောင်ဘိုးဘေးကြီး... အရှင့်ရဲ့ လူတွေက သူတို့ရဲ့ သက်ဆိုင်ရာ သားတွေ အတွက် လာကြတာပါ ခင်ဗျာ”
ထိုစကားကို ကြားလိုက်ရသောအခါ အမည်းရောင် ဝတ်စုံနှင့် အလုပ်အကျွေး က တောင်ဘိုးဘေးကြီး ကို တစ်ချက် လှမ်းကြည့်လိုက်သော်ငြားလည်း... တောင်ဘိုးဘေးကြီး မှာ နောက်သို့ လှည့်ကြည့်မည့် အရိပ်အယောင် လုံးဝ မပြသသည်ကို တွေ့လိုက်ရသည်။
ထို့ကြောင့် သူက ထပ်မံ မေးလိုက်၏။
“တောင်ဘိုးဘေးကြီး က အရာအားလုံးကို သိမြင်နိုင်စွမ်း ရှိပြီး... မရေမတွက်နိုင်အောင် များပြားလှတဲ့ ကိစ္စရပ်တွေနဲ့ အလုပ်ရှုပ်နေတာပါ။ မင်းတို့ သားတွေရဲ့ ကိစ္စလောက်နဲ့ တောင်ဘိုးဘေးကြီး ကို အနှောင့်အယှက် ပေးဖို့ တကယ်ပဲ လိုအပ်လို့လား”
သူ၏ စကားများ ထဲတွင် အပြစ်တင် ဝေဖန်သည့် လေသံ အနည်းငယ် ပါဝင်နေတော့၏။
နဂါး ပုံသဏ္ဌာန် မျက်နှာဖုံး ၏ မျက်လုံးများ ပွင့်နေသော နေရာမှနေ၍... မှေးမှိန်သော မီးခိုးရောင် အလင်းတန်း တစ်ခု ပစ်ထွက်လာပုံ ရပြီး ထို သုံးဦးကို စူးရဲစွာ စိုက်ကြည့်နေတော့သည်။
ထို သုံးဦးစလုံးမှာ အရိုးထဲထိ စိမ့်ဝင်သွားမတတ် အေးစက်လှသော အလင်းတန်း ကို ခံစားလိုက်ကြရပြီး... ရုပ်ပိုင်းဆိုင်ရာ အရ ဖြစ်စေ၊ မူလဝိညာဉ် အရ ဖြစ်စေ... သူတို့၏ တစ်ကိုယ်လုံးမှာ တစ်ခုခု ဝင်ပူးခံလိုက်ရသည့်အလား ခံစားလိုက်ရကာ ချက်ချင်းပင် ထိတ်လန့် ကြောက်ရွံ့သွားကြတော့သည်။
တိကျင်း နယ်မြေ နှင့် ထိန်မု နယ်မြေ တို့၏ နယ်မြေအရှင်သခင် များ ဖြစ်ကြသော ကျင်းကွမ်ဟွာ နှင့် မုကျူးထျန်း တို့မှာ စကား တစ်ခွန်းမှပင် မပြောရဲကြတော့ချေ။
ဖန်ချန် တစ်ဦးတည်းသာလျှင် စကားပြောဆိုခွင့် ရှိနေဆဲ ဖြစ်၏။ မည်သို့ပင်ဆိုစေ သူသည် တောင်ဘိုးဘေးကြီး ၏ လက်အောက်ရှိ အစွမ်းအထက်ဆုံး ထိပ်တန်း စစ်သူကြီး (၅၀) ထဲတွင် တစ်ဦး အပါအဝင် ဖြစ်နေသေးသည် မဟုတ်ပါလော။
“ လက်အောက်ငယ်သား မဝံ့ရဲပါဘူး ခင်ဗျာ”
ဖန်ချန် ၏ မျက်နှာ တစ်ခုလုံး ချွေးစေးများဖြင့် ဖုံးလွှမ်းနေပြီး ၎င်းကို သုတ်တောင် မသုတ်ရဲခဲ့ချေ။
သူ အလွန်တရာ ထိတ်လန့် ကြောက်ရွံ့နေမိသည်။ နဂါး မျက်နှာဖုံး နှင့် အလုပ်အကျွေး ၏ ကျင့်ကြံခြင်း အဆင့်အတန်းမှာ သူ လုံးဝ မီအောင် မလိုက်နိုင်တော့သော အဆင့်တစ်ခုသို့ အမှန်တကယ်ပင် ရောက်ရှိနေခဲ့တော့၏။
လွန်ခဲ့သော နှစ်များစွာ က သူ တောင်ဘိုးဘေးကြီး ကို လာရောက် ဂါရဝပြုခဲ့စဉ်က... နဂါး မျက်နှာဖုံး နှင့် အလုပ်အကျွေး မှာ သူ့အပေါ် ဤမျှအထိ ဖိအားများ မပေးနိုင်ခဲ့သေးချေ။
ဖန်ချန် ၏ ရင်တွင်း၌ နောင်တ ရသွားမိသည်။ အကယ်၍ ဤသို့ ဖြစ်လာမည်မှန်း သူ ကြိုသိခဲ့လျှင်... တောင်ဘိုးဘေးကြီး ကို လာရောက် အနှောင့်အယှက် ပေးခဲ့မည် မဟုတ်ချေ။
သို့သော် ဖန်ချန်သည် သံယောဇဉ် ကြီးမားသူ တစ်ဦး ဖြစ်၏။ သူသည် သူ၏ လက်အောက်ငယ်သားများ အပေါ် ရက်စက် ကြမ်းကြုတ်သော်ငြားလည်း၊ သူ၏ သားသမီးများကိုတော့ အခြား မည်သည့်အရာထက်မဆို ပို၍ တန်ဖိုးထားသူ ဖြစ်သည်။
သူ၏ သွေးသောက် ညီအစ်ကို နှစ်ဦး ပါဝင်လာမှုနှင့် အတူ... လူသုံးဦးစလုံး၏ တစ်ဦးတည်းသော သားများမှာ တစ်ချိန်တည်း လိုလို သေဆုံးသွားခဲ့ကြရတော့၏။ သူ ဆက်လက်၍ မထိန်းချုပ်နိုင်တော့ဘဲ တောင်ဘိုးဘေးကြီး ကို လာရောက် တွေ့ကာ... သူတို့၏ တစ်ဦးတည်းသော သားများကို အသက်ပြန်ရှင်လာစေခဲ့သော နတ်ဘုရား ရတနာ ကို တောင်းခံရန် ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် နင်ချီ ကို အမြန်ဆုံး လက်စားချေ ချင်နေမိသည်မှာလည်း အမှန်ပင်။
“သူတို့ကို ဆက်ပြောခိုင်းလိုက်”
ရုတ်တရက် တောင်ဘိုးဘေးကြီး က စကားပြောလာတော့သည်။
“ဟုတ်ကဲ့ပါ”
နဂါး မျက်နှာဖုံး နှင့် အလုပ်အကျွေး က ပြန်လည် ဖြေကြားလိုက်ပြီး…
“မင်းတို့ ပြောလို့ ရပြီ”
ထိုအခါမှ၊ ထို သုံးဦးစလုံးမှာ သေဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သည့်အလား ခံစားလိုက်ရပြီး... နဂါး မျက်နှာဖုံး နှင့် အလုပ်အကျွေး ထံမှ ဖိအားများမှာ မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားတော့၏။
ကျင်းကွမ်ဟွာ နှင့် မုကျူးထျန်း တို့မှာ စကား ဆက်မပြောရဲသေးဘဲ... ဖန်ချန် က သူတို့ ကိုယ်စား ပြောဆိုပေးမည့် အချိန်ကိုသာ စောင့်ဆိုင်းနေကြသည်။
ဖန်ချန် က ထပ်မံ အချိန်ဆွဲ မနေရဲတော့ဘဲ ချက်ချင်း ဆိုလိုက်၏။
“တောင်ဘိုးဘေးကြီး... သေဆုံးသွားကြတဲ့ အရှင့်ရဲ့ လက်အောက်ငယ်သား သုံးယောက်ရဲ့ တစ်ဦးတည်းသော သားလေးတွေကို အသက်ပြန်ရှင်လာစေဖို့ နတ်ဘုရား ရတနာ ကို တောင်းခံဖို့ ကျွန်တော် ဒီကို လာခဲ့တာပါ ခင်ဗျာ”
နဂါး မျက်နှာဖုံး နှင့် အလုပ်အကျွေး က အေးစက်စက် ဆိုလိုက်၏။
“အရာအားလုံးကို ရှင်းရှင်းလင်းလင်း ပြောပြစမ်း”
“ဟုတ်ကဲ့ပါ”
ထို့ကြောင့် ဖန်ချန် က ဇာတ်လမ်းကို ပိုမို ချဲ့ကားကာ အလွန်တရာ ကြေကွဲဖွယ် ကောင်းသော ဇာတ်လမ်း တစ်ပုဒ်ကို ဖန်တီး ပြောပြလိုက်တော့သည်။
ထို လူသုံးယောက်၏ သားများသည် တောင်နှင့် ပင်လယ် ကမ္ဘာ ၏ ကြီးမြတ်သော အကျိုးစီးပွား အတွက်... စစ်မြေပြင်နယ်မြေ ထဲသို့ ဝင်ရောက်ကာ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ရန် သူတို့၏ အသက်များကို စွန့်လွှတ်ရဲခဲ့ကြပြီး၊ ဝိညာဉ်နယ်မြေ စစ်ပွဲ ကို အမြန်ဆုံး အောင်ပွဲခံနိုင်ရန်အတွက် သူတို့၏ နှိမ့်ချသော စွမ်းအားများကို ပေးဆပ်ရန် ကြိုးပမ်းခဲ့ကြကြောင်း သူက ပြောဆိုခဲ့၏။
သို့သော် သူတို့သည် နင်ချီ ဟု အမည်ရသော အဆင့်နိမ့် ပါရမီရှင် တစ်ဦးနှင့် မထင်မှတ်ဘဲ ကြုံတွေ့ခဲ့ကြရသည်။
နင်ချီ သည် အထက်အောက် အဆင့်အတန်း များကို လုံးဝ လျစ်လျူရှုကာ... နယ်မြေ ဖြတ်ကျော် စစ်ဆင်ရေး အကြောင်းကို သူတို့၏ သားများကို ကြိုတင် အသိပေးရန် ပျက်ကွက်ခဲ့ရုံသာမက၊ သူတို့၏ သား တစ်ဦး သေဆုံးပြီး နှစ်ဦးကို ကျယ်ပြန့်သော ကမ္ဘာ ၏ စစ်တပ်ကြီး သုံးခုက ဖမ်းဆီးသွားစေရန် တမင်တကာ ဖန်တီးခဲ့ကြောင်း ပြောဆိုခဲ့၏။
သူတို့ ရရှိခဲ့သော သတင်းအချက်အလက် များ အားလုံးမှာ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။
မည်သည့် အကြောင်းကြောင့်မှန်း မသိရသော်ငြားလည်း... တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် သည် ထိုအဖွဲ့ကို မလှည့်စားခဲ့ဘဲ အမှန်တရား အားလုံးကို ပြောပြထားခဲ့တော့၏။
ထို့ကြောင့် ဖန်ချန် က အံကို ကြိတ်ကာ... နင်ချီ တွင် အဖမ်းခံထားရသော သူတို့၏ သားများကို ကယ်တင်နိုင်စွမ်း အပြည့်အဝ ရှိနေပါလျက်နှင့်၊ ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူ များ၏ ရှေ့မှာတင် သူတို့၏ သားများကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်ခဲ့ပုံကို ပြန်လည် ပြောပြလိုက်တော့သည်။
သူက ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျနေရင်း စကားပြောနေခဲ့ပြီး၊ သူ၏ ဘေးရှိ လူနှစ်ဦးကလည်း ငိုကြွေးနေကြသည်။
“အရှင်... ကျွန်တော့် သားလေး ပြန်ရှင်လာအောင် အရှင့်ရဲ့ လက်အောက်ငယ်သား သုံးယောက်ကို နတ်ဘုရား ရတနာ ချီးမြှင့်ပေးပါလို့ တောင်ဘိုးဘေးကြီး ကို တောင်းပန်ပါတယ် ခင်ဗျာ။ ဒါ့အပြင်... ရိုင်းစိုင်းတဲ့ နင်ချီ ကိုလည်း တောင်ဘိုးဘေးကြီး က သေချာပေါက် အပြစ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ”