← Chapters

အခန်း (၁၅၁၉-၁၅၂၁)

Vol. 102 Ch. 1519-1521

အခန်း (၁၅၁၉-၁၅၂၁)

Vol. 102 Ch. 1519-1521

အခန်း (၁၅၁၉) ပါရမီအထူးဆုံး လျှို့ဝှက်လူငယ် (၂)

တစ်ခုတည်းသော အားနည်းချက်မှာ အဆင့်မြှင့်တင်ခြင်းကတ်သည် အချိန်အလွန်ကြာမြင့်ခြင်းဖြစ်ပြီး အဆင့်မြှင့်တင်နေစဉ်အတွင်း သူသည် ပြင်ပလောကနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားမည်ဖြစ်သည်။ ထိုအချိန်အတွင်း တစ်စုံတစ်ခု ဖြစ်ပွားခဲ့ပါက သူ လှုပ်ရှားနိုင်မည် မဟုတ်သဖြင့် ပြဿနာရှိပေလိမ့်မည်။

လုကျိုး တုံ့ဆိုင်းသွား၏။ သူသည် အဆင့်မြှင့်တင်ခြင်းကတ်ကို အသုံးပြုသင့်၊ မပြုသင့် မဝေခွဲနိုင်ဖြစ်နေသည်။ သူသည် သင်းပျံ့တောင်ကြား အတွင်းရှိ အခြေအနေကို အာရုံခံကြည့်လိုက်၏။ ထို့နောက် သူရှိနေသော အဆောက်အအုံကို ကြည့်လိုက်သည်။ ၎င်းမှာ ရိုးရှင်းကြမ်းတမ်းပြီး ဟာလာဟင်းလင်းပြင်တွင် ရှိနေသဖြင့် သူ့ကိုယ်သူ လုံခြုံမှုမရှိသကဲ့သို့ ခံစားရစေသည်။ လုကျိုးသည် အဆင့်မြှင့်တင်ခြင်းကတ်၏ ဖော်ပြချက်ကို ကြည့်လိုက်၏။

[အဆင့်မြှင့်တင်ခြင်းကတ်ကို အသုံးပြုပြီးနောက် စနစ်ကို အဆင့်မြှင့်တင်ရန် နှစ်ပေါင်း ၁၀၀ ကြာမြင့်မည်ဖြစ်သည်။]

ထိုသို့ကြည့်ပြီးနောက် စနစ်၏ အသိပေးချက်မှာ အချိန်ကိုက် ထွက်ပေါ်လာသည်။

။"တင်း! အဆင့်မြှင့်တင်ခြင်းကတ်ကို အသုံးပြုလိုပါသလား”

လုကျိုးက ပြတ်သားစွာပင် 'မပြုပါ' ကို ရွေးချယ်လိုက်သည်။

"နှစ် ၁၀၀ ဆိုတာ လိမ်ညာမှုတစ်ခုပဲ။ ဒီအဆင့်မြှင့်တင်ခြင်းကတ်ကိုသာ စောစောရခဲ့ရင် ရှေးဟောင်းအစီအရင်ထဲမှာ သုံးခဲ့လို့ ရတာပဲ”

လုကျိုးသည် မူလက သင်းပျံ့တောင်ကြားတွင် ဆယ်နှစ်ခန့် ကျင့်ကြံရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ သူ၏ တပည့်များ၏ ပါရမီနှင့် ကျင့်ကြံမှုအခြေခံများအရ ထိုအချိန်အတွင်း သူတို့အားလုံး သူတော်စင်များ ဖြစ်လာနိုင်ပေသည်။

"နှစ် ၁၀၀ ဆိုတာ... ငါ့တပည့်တွေရဲ့ ကျင့်ကြံမှုကို ထားလိုက်ပါဦး၊ အဲဒီအချိန်လောက်ဆို မဟာလေဟာနယ်က ဒီနေရာကို ရှာတွေ့သွားလောက်ပြီ... ဒါက သိပ်အန္တရာယ်များလွန်းတယ်”

ခေတ္တမျှ စဉ်းစားပြီးနောက် လုကျိုးသည် အဆင့်မြှင့်တင်ခြင်းကတ်ကို ပြန်သိမ်းလိုက်သည်။ ဤပစ္စည်းကတ်ကို အလားတူ ရှေးဟောင်းအချိန်အစီအရင်မျိုးနှင့် ထပ်မံကြုံတွေ့ရသည့် အချိန်ကျမှ အသုံးပြုခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။

"ဒီလိုဆိုရင်တော့ နောက်ထပ် မွေးဖွားဇယားချပ်ကိုပဲ ဖွင့်တော့မယ်..."

ထို့နောက် လုကျိုးသည် သူ၏ ကြာပလ္လင်နှင့် သံချပ်ကာအံ့ဖွယ်သားရဲ၏ အသက်ဓာတ်နှလုံးသားကို ထုတ်ယူလိုက်၏။ ထို့နောက် အသက်ဓာတ်နှလုံးသားကို သူ၏ မွေးဖွားနန်းဆောင်ထဲသို့ ပြတ်သားစွာ ထည့်သွင်းလိုက်တော့သည်။

တစ်ချိန်တည်းမှာပင်...

မြင့်မြတ်သောဘုရားကျောင်း၏ ခန်းမဆောင်ကြီးရှေ့ရှိ တရားမျှတမှုချိန်ခွင်မှာ စတင်လှုပ်ရှားလာသည်။

ရွှမ်းယီနန်းဆောင်မှ လီချွင်းသည် ပျံသန်းလာပြီး ချိန်ခွင်ရှေ့တွင် ဆင်းသက်လိုက်၏။ ထို့နောက် သူသည် ခန်းမဆောင်ကြီးရှိရာဘက်သို့ ဦးညွှတ်လျက် မေးလိုက်သည်။

"ဘာများ အမိန့်ရှိပါသလဲခင်ဗျာ”

ခန်းမအတွင်းမှ အသံတစ်သံ ထွက်ပေါ်လာသည်။

"မင်း တာ့ဟန်ကို သွားခဲ့တယ်လို့ ငါ ကြားတယ်”

လီချွင်းသည် ဤမေးခွန်းကို ကြားသောအခါ စိတ်ထဲမှ အံ့အားသင့်သွားသော်လည်း အပြင်ပန်းတွင်မူ ပြုံးလျက် ပြောလိုက်သည်။ "ဟုတ်တယ်”

"ပြီးတော့ကော"

လီချွင်းက ပြုံးလျက် ပြောလိုက်သည်။ "ရွှမ်းယီနန်းဆောင်က ထုဝေ့နန်းဆောင်နဲ့ အမြဲတမ်း ဆက်ဆံရေး မပြေလည်ခဲ့ပါဘူး။ ဘုရားကျောင်းသခင်က မဟူရာအစောင့်တပ်ဖွဲ့သားတွေထက် ငွေရောင်အစောင့်တပ်သားတွေကို ပိုပြီး အားကိုးလိုစိတ်ရှိနေမှတော့ သူတို့ကိုပဲ ဒီအကြောင်း မေးကြည့်သင့်တယ် ထင်ပါတယ်ခင်ဗျာ”

မည်သည့်တုံ့ပြန်မှုမျှ ရှိမလာဘဲ ပတ်ဝန်းကျင်မှာ အလွန်တိတ်ဆိတ်သွားသည်။

နောက်ဆုံးတွင် ထိုတိတ်ဆိတ်မှု၏ ဖိအားကို ခံစားလိုက်ရသော လီချွင်းက ပြောလိုက်သည်။

"အဖြူရောင်ဧကရာဇ်ရဲ့ လူတွေ ဆောင်းဦးနှင်းစက်တောင်ကို ရောက်သွားကြတယ်”

တိတ်ဆိတ်မှုမှာ ဆက်လက်တည်ရှိနေဆဲပင်။

မဟာလေဟာနယ်ရှိ ခန်းမဆယ်ခုအနက် ရွှမ်းယီနန်းဆောင်နှင့် ထုဝေ့နန်းဆောင်တို့မှာ အမြဲတမ်း ရန်ဘက်များ ဖြစ်ကြသည်။ နန်းဆောင်နှစ်ခုလုံးမှာ အင်အားနှင့် ပါရမီရှင်များကို စုဆောင်းလျက် မဟူရာအစောင့်တပ်ဖွဲ့နှင့် ငွေရောင်အစောင့်တပ်ဖွဲ့ အရေအတွက်ကို တိုးမြှင့်နေကြခြင်းဖြစ်သည်။ ထူးဆန်းသည်မှာ မြင့်မြတ်သောဘုရားကျောင်းသည် ဤကိစ္စကို ဘယ်သောအခါမျှ ဂရုမစိုက်သလို မေးမြန်းခြင်းလည်း မရှိပေ။ ထို့ကြောင့် ခန်းမဆယ်ခုက ဤအချက်သည် မြင့်မြတ်သောဘုရားကျောင်းက ထိပ်ဆုံးတွင် ဆက်လက်ရပ်တည်နိုင်ရန် လုပ်ဆောင်နေသည့် နည်းလမ်းတစ်ခုဟု ထင်မြင်ကြသည်။ သူတို့ မည်မျှပင် ရုန်းရင်းဆန်ခတ် ဖြစ်စေကာမူ အရေးမစိုက်ပေ။ အမှန်စင်စစ် ပို၍ ဖြစ်လေလေ ပိုကောင်းလေလေပင်။

နောက်ဆုံးတွင် ခန်းမအတွင်းမှ ဇဝေဇဝါဖြစ်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။

"အဖြူရောင်ဧကရာဇ် ဟုတ်လား”

လီချွင်းက ပြောလိုက်သည်။ "ဧကရာဇ်လေးပါးက မဟာလေဟာနယ်ရဲ့ ကိစ္စတွေကို ဝင်မပါတော့တာ ကြာပါပြီ။ အဖြူရောင်ဧကရာဇ်က ဘာလို့ ရုတ်တရက် ပေါ်လာရတာလဲဆိုတာ ကျုပ်လည်း မသိပါဘူး။ ဘာပဲဖြစ်ဖြစ် ကျုပ်မှာတော့ ဆောင်းဦးနှင်းစက်တောင်ရဲ့ တပည့်တွေကို စွန့်လွှတ်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပါဘူး။ တာအိုသူတော်စင်ကျန့်လည်း ဒီလိုပဲ ရည်ရွယ်ထားမယ် ထင်ပါတယ်... ဟုတ်တယ်မလားခင်ဗျာ”

"ကျန့်ဝမ်ရွှီမှာ နောက်ထပ် တာဝန်တစ်ခု ရှိသေးတယ်”

လီချွင်းက အပြုံးမပျက်ဘဲ ပြောလိုက်သည်။ "ဪ... တာအိုသူတော်စင်ကျန့်က တကယ့်ကို အလုပ်များတဲ့လူပဲ”

ခန်းမအတွင်းမှ အသံမှာ သိသိသာသာ အေးစက်သွားပြီး ပြောလိုက်သည်။

"အတိတ်တုန်းက နန်းဆောင်တွေကြား ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် ပဋိပက္ခဖြစ်ဖြစ် ငါ ဘာမှမပြောခဲ့ဘူး။ ဒါပေမဲ့ မျှခြေမညီမျှတဲ့ကာလ အတွင်းမှာတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းကြဖို့ ငါ ပြောချင်တယ်”

လီချွင်း မပေါ့ဆရဲပေ။ သူသည် ခန်းမရှိရာဘက်သို့ လက်သီးဆုပ် အရိုအသေပြုလျက် ပြောလိုက်သည်။

"ဧကရာဇ်က အမိန့်ပေးမှတော့ ကျုပ်က ဘယ်လိုလုပ် မနာခံဘဲ နေရဲပါ့မလဲခင်ဗျာ”

အသံမှာ ပြန်လည် နူးညံ့သွားပြီး ပြောလိုက်သည်။ "ငွေရောင်အစောင့်တပ်ဖွဲ့တွေ အားလုံး ချေမှုန်းခံလိုက်ရပြီဆိုတော့ ဖျက်ဆီးခြင်းတိုင်လုံးဆယ်ခုကို ကင်းလှည့်ဖို့ မဟူရာအစောင့်တပ်ဖွဲ့တွေကိုပဲ ဒုက္ခပေးရတော့မှာပေါ့”

လီချွင်း မျက်မှောင်အနည်းငယ် ကျုံ့သွားပြီး သူ၏ မျက်နှာထားမှာလည်း အနည်းငယ် ပုံမှန်မဟုတ်တော့ပေ။ မည်သို့ပင်ဆိုစေ သူက ပြောလိုက်သည်။ "ဒါပေါ့ခင်ဗျာ”

တာဝန်ကို လက်ခံပြီးနောက် လီချွင်းသည် မြင့်မြတ်သောဘုရားကျောင်းမှ ထွက်ခွာလာခဲ့သည်။

လီချွင်းသည် မြင့်မြတ်သောဘုရားကျောင်း၏ မြောက်ဘက် မိုင် ၁၀၀ ခန့်အကွာ ကောင်းကင်ယံ၌ ရပ်တန့်လိုက်၏။ သူသည် နောက်သို့ လှည့်ကြည့်ကာ ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။

"တကယ့်ကို ကောက်ကျစ်တဲ့ မြေခွေးအိုကြီးပဲ။ မြင့်မြတ်သောဘုရားကျောင်းမှာ ပညာရှင်တွေ ဒီလောက် အများကြီး ရှိနေတာကို ငါတို့ကိုမှ လာပြီး အကူအညီတောင်းနေရသေးတယ်” လီချွင်းသည် မကျေမနပ် ဖြစ်စွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ပျောက်ကွယ်သွားတော့သည်။

မြင့်မြတ်သောဘုရားကျောင်း၏ ခန်းမဆောင်ကြီးအတွင်း၌ ဖြစ်သည်။

ဝတ်စုံဖြူဝတ် အဘိုးအိုတစ်ဦးသည် လေထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ ပုံရိပ်မှာ အနည်းငယ် ဖောက်ထွင်းမြင်နေရ၏။ သူသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ခေါ်လိုက်သည်။

"ဟွာကျန့်ဟုန်”

"ဘုရားကျောင်းသခင်... ဘာများ အမိန့်ရှိပါသလဲ”

အသံသာ ကြားရပြီး မည်သူ့ကိုမျှ မမြင်တွေ့ရပေ။

"ငါ ခဏလောက် အပြင်သွားဖို့ လိုအပ်တယ်။ ဒီနေရာကို မင်း လက်ထဲမှာ ခဏအပ်ထားခဲ့မယ်”

"ကောင်းမွန်စွာ ကြွမြန်းပါ မဟာဧကရာဇ်”

အဘိုးအို၏ ပုံရိပ်မှာ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

ထို့နောက် ကောင်းကင်ယံ၌ ကြယ်တံခွန်တစ်စင်း ပျံသန်းသွားသကဲ့သို့ အလင်းတန်းတစ်ခုမှာ အဆုံးမဲ့သမုဒ္ဒရာဆီသို့ ဦးတည်သွားလေတော့သည်။

ချုံကွမ်းခန်းမအထက်တွင် ဝဲပျံနေသော လန်ရှီဟယ်သည် ယင်းကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာတွင် အလွန် လေးစားကြည်ညိုသော အမူအရာ ပေါ်လာသည်။ သူမက တီးတိုးရေရွတ်လိုက်၏။

"အကယ်၍ ငါသာ အထွတ်အထိပ်သက်ရှိ ဖြစ်ခဲ့မယ်ဆိုရင် ဖြစ်နိုင်တာက ငါလည်း ဒီကြယ်တာရာ ကောင်းကင်ယံထဲမှာ လွတ်လွတ်လပ်လပ် ပျံသန်းနိုင်မှာပေါ့..."

…

၁၅ မိနစ်အကြာတွင်ဖြစ်သည်။

ဝတ်စုံဖြူဝတ် အဘိုးအိုသည် အဆုံးမဲ့သမုဒ္ဒရာ အထက်တွင် ပေါ်လာသည်။ ထို့နောက် သူသည် မြေပြင်ပေါ်တွင် လျှောက်လှမ်းနေသကဲ့သို့ ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ဆင်းသက်လိုက်၏။ သူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း အလင်းကွင်းတစ်ခု ပေါ်ထွက်လာသည်။

ထိုအချိန်တွင် ပင်လယ်ရေအောက်၌ ဧရာမ အရိပ်ကြီးတစ်ခု ပေါ်လာသည်။

ဝတ်စုံဖြူဝတ် အဘိုးအိုက ရပ်တန့်လိုက်ပြီး လက်နောက်ပစ်ထားလိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ ကိုယ်ပေါ်၌ အလင်းကွင်းတစ်ခု ပေါ်လာပြီး မိုင် ၁၀၀၀ ပတ်လည်အထိ လင်းထိန်သွားစေတော့သည်။

ပင်လယ်ရေပြင်မှာ ပြင်းထန်စွာ ဆူပွက်လာပြီး လှိုင်းလုံးကြီးများမှာ ကောင်းကင်သို့ ထိုးတက်သွားကြသည်။ သို့သော် ပင်လယ်ရေမှာ မည်မျှပင် ပြင်းထန်စွာ ရုန်းကန်နေစေကာမူ အဘိုးအိုမှာမူ ရေစိုခြင်းမရှိဘဲ ခြောက်သွေ့နေဆဲပင်။ ပင်လယ်အောက်ခြေရှိ အရိပ်ကြီး ရေမျက်နှာပြင်သို့ နီးကပ်လာသောအခါ ဝတ်စုံဖြူဝတ် အဘိုးအိုက ပြတ်သားစွာ မေးလိုက်သည်။

"မင်းက ဘာလို့ ဒီလောက်အထိ ခေါင်းမာနေရတာလဲ”

လှိုင်းလုံးများမှာ ဆက်လက်၍ ပြင်းထန်နေဆဲပင်။

"မင်း မဟာလေဟာနယ်ကို နောက်ထပ် အနှစ် ၁ သိန်းလောက် ပတ်နေရင်တောင် ရလဒ်ကတော့ အတူတူပဲ ဖြစ်နေမှာပါ”

ဝှစ်

ပင်လယ်ရေများမှာ အထက်သို့ ပန်းထွက်လာသည်။ ထို့နောက် ကမ္ဘာမြေနီးပါး ကြီးမားသော ပင်လယ်သားရဲကြီးတစ်ကောင်သည် ရေမျက်နှာပြင်ကို ခွဲထွက်လာပြီး ဝတ်စုံဖြူဝတ် အဘိုးအိုကို ကောင်းကင်ယံသို့ မြှောက်တင်ပေးလိုက်သည်။ အဘိုးအိုက သားရဲကြီး၏ ကျောပေါ်သို့ ခြေလှမ်းအသာအယာ လှမ်းလိုက်၏။

ဘုန်း

မျက်စိတစ်မှိတ်အတွင်းမှာပင် ပင်လယ်သားရဲကြီးမှာ ပင်လယ်ထဲသို့ ပြန်လည် ပြုတ်ကျသွားတော့သည်။

"မင်းရဲ့ ခန္ဓာကိုယ်က ဘယ်လောက်ပဲ မထိခိုက်နိုင်ပါစေဦးတော့... တစ်နေ့နေ့မှာ မင်း သေဆုံးရမဲ့နေ့ ရောက်လာမှာပဲ။ မဟာလေဟာနယ်ကလည်း မင်းကို မကူညီနိုင်ဘူး၊ လူသားတွေကလည်း မင်းကို မကူညီနိုင်ဘူး။ မင်းဟာ လူသားတွေအတွက် မျှခြေကို အနှစ် ၁ သိန်းလောက် ထိန်းသိမ်းပေးခဲ့ပြီးပြီ။ မင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ ငါ မျှော်လင့်ပါတယ်”

ဝူး

ထိုသို့ပြောပြီးနောက် ဝတ်စုံဖြူဝတ် အဘိုးအိုမှာ ပျောက်ကွယ်သွားတော့သည်။

ခွန်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ ပင်လယ်ရေများမှာ ကောင်းကင်သို့ ထိုးတက်သွားလေတော့သည်။

နှစ်နာရီအကြာတွင်ဖြစ်သည်။

ကျယ်ပြောလှသော သမုဒ္ဒရာ အလယ်၌ ဧရာမ ကျွန်းကြီးတစ်ကျွန်း ရှိနေသည်။ ၎င်း၏ အထက်တွင် လွင့်မျောနေသော ကျွန်းငယ်များစွာကိုလည်း မြင်တွေ့ရသည်။ အမြင့်ဆုံးကျွန်းထက်တွင် တောက်ပသော နန်းတော်ကြီးတစ်ခု ရှိနေ၏။

ဝူး

ဝတ်စုံဖြူဝတ် အဘိုးအိုသည် နန်းတော်အထက်တွင် ပေါ်လာသည်။ သူသည် လက်နောက်ပစ်လျက် ရပ်နေပြီး သူ၏ မျက်နှာထားမှာ အလွန် တည်ငြိမ်လှသည်။

မကြာမီမှာပင် နန်းတော်အတွင်းမှ အသံတစ်သံ ထွက်ပေါ်လာသည်။

"ဧကရာဇ် ကိုယ်တိုင် ဒီကို ကြွလာရလောက်အောင် ဘာကိစ္စများ ရှိလို့လဲ”

ထို့နောက် ကောင်းကင်ယံ၌ လူရိပ်တစ်ခု ပေါ်လာသည်။ ၎င်းမှာ သက်လတ်ပိုင်းအရွယ် လူတစ်ဦး ဖြစ်သည်။ ဝတ်စုံဖြူဝတ် အဘိုးအိုက မေးလိုက်သည်။

"အဖြူရောင်ဧကရာဇ်... ခင်ဗျား နေကောင်းရဲ့လား”

အဖြူရောင်ဧကရာဇ်က ပြုံးလျက် ပြောလိုက်သည်။ "ကျုပ် နေကောင်းပါတယ်ခင်ဗျာ။ စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မဟာလေဟာနယ်ဧကရာဇ်”

"ခင်ဗျားရဲ့ လူတွေ အမည်မသိကုန်းမြေမှာ ပေါ်လာတယ်လို့ ကျုပ် ကြားတယ်။ ဒါကို လာပြီး အတည်ပြုတာပါ”

"ဪ... ဒါကို သိချင်ရင် ခင်ဗျားရဲ့ နတ်အရှင်လေးပါးထဲက တစ်ယောက်ယောက်ကို လွှတ်ပြီး စုံစမ်းခိုင်းလို့ ရရဲ့သားနဲ့။ ခင်ဗျား ကိုယ်တိုင် လာဖို့ လိုအပ်လို့လား။ ကျုပ်ရဲ့ သေးငယ်တဲ့ နေရာလေးက ခင်ဗျားလို ပုဂ္ဂိုလ်မျိုးကို ဧည့်ခံဖို့ မလောက်ငမှာကို စိုးရိမ်မိသား”

"ကျုပ်ကို မကြိုဆိုတာလား” မဟာလေဟာနယ်ဧကရာဇ် မျက်မှောင်ကျုံ့လိုက်သည်။

"အဲလို မဟုတ်ပါဘူး။ ခင်ဗျား အတည်ပြုချင်တဲ့ ကိစ္စကတော့ ကျုပ်ကို တစ်စုံတစ်ယောက်က အကူအညီတောင်းထားတဲ့ ကိစ္စတစ်ခုမို့လို့ပါ”

"အဲဒီတုန်းက ခင်ဗျားက မဟာလေဟာနယ်ကနေ အကြောင်းပြချက်မရှိ ထွက်သွားခဲ့ပြီး မဟာလေဟာနယ်နဲ့ ဘာအဆက်အသွယ်မှ မလုပ်တော့ဘူး။ ဒါဆို ဘယ်သူက ခင်ဗျားကို အကူအညီတောင်းနိုင်မှာလဲ”

အဖြူရောင်ဧကရာဇ်က ပြုံးလိုက်၏။ ပြောလိုက်သည်။ "ကျုပ် ခင်ဗျားကို မပြောနိုင်ဘူး”

"ဪ... ဒါဆို မဟာအသူရာမြေကို ဝင်ဖို့ တစ်စုံတစ်ယောက်ကို ကျောက်စိမ်းအဆောင် ပေးလိုက်တာကလည်း အဲဒီ အကူအညီတောင်းခံမှုနဲ့ ဆက်စပ်နေတာလား”

"မှန်ပါတယ်”

"ခင်ဗျား ကျော့အယ်ကို လူလွှတ်ပြီး အချို့လူတွေကို ထိတ်လန့်စေခဲ့သလို အချို့လူတွေအတွက် လမ်းကြောင်းတွေကို ချောမွေ့အောင် လုပ်ပေးခဲ့တာကလည်း အဲဒီကိစ္စနဲ့ပဲ ဆက်ဆိုင်နေတာလား”

"အမှန်ပဲ”

"ရွှမ်းယီနန်းဆောင်က လီချွင်းကို တားဆီးဖို့ တာ့ဟန်ကို လူလွှတ်လိုက်တာကလည်း တစ်စုံတစ်ယောက်က ခင်ဗျားကို ခိုင်းစေလို့ပဲလား” မဟာလေဟာနယ်ဧကရာဇ်သည် မေးခွန်း သုံးခုကို ဆက်တိုက် မေးလိုက်သော်လည်း သူ၏ လေသံမှာ အေးဆေးနေဆဲပင်။ သူ ဝမ်းသာနေသလား၊ စိတ်ဆိုးနေသလားဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။

ပထမ နှစ်ကြိမ်နှင့် မတူဘဲ ယခုတစ်ကြိမ်တွင် အဖြူရောင်ဧကရာဇ်သည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။ "ဟုတ်... ဟုတ်ပါတယ်ခင်ဗျာ”

"သူက ဘယ်သူလဲ”

မဟာလေဟာနယ်ဧကရာဇ်သည် အဖြူရောင်ဧကရာဇ်ကို ဤကဲ့သို့ ကိစ္စမျိုးများ ခိုင်းစေရဲလောက်အောင် သတ္တိရှိသူ မည်သူဖြစ်မည်ကို လုံးဝ စဉ်းစားမရနိုင် ဖြစ်နေတော့သည်။

အဖြူရောင်ဧကရာဇ်က ရယ်မောလိုက်ပြီးနောက် လှောင်ပြောင်သလို ပြောလိုက်သည်။

"ခင်ဗျား စိုးရိမ်နေတာလား”

မဟာလေဟာနယ်ဧကရာဇ်သည် အဖြူရောင်ဧကရာဇ်ကို တိတ်ဆိတ်စွာ ကြည့်နေလိုက်၏။

အဖြူရောင်ဧကရာဇ်က ရယ်သံကို ရပ်တန့်လိုက်ပြီးနောက် ကောင်းကင်၌ လွင့်မျောနေသော ကျွန်းငယ်တစ်ခုကို လက်ညှိုးညွှန်ပြလျက် ပြောလိုက်သည်။ ပြောလိုက်သည်။

"ဟိုမှာ ကြည့်စမ်း။ ဘယ်လောက်တောင် လှသလဲ”

မဟာလေဟာနယ်ဧကရာဇ်မှာ မည်သည့် အမူအရာမျှ မပြပေ။

အဖြူရောင်ဧကရာဇ်က ဆက်ပြောလိုက်သည်။ ပြောလိုက်သည်။ "ရေကိုလည်း ကြည့်ဦး။ ဘယ်လောက်တောင် ကြည်လင်သလဲ”

ရုတ်တရက် မဟာလေဟာနယ်ဧကရာဇ်က ပြောလိုက်သည်။

"ခင်ဗျား အဆင့်ချိုးဖျက် တက်နိုင်သွားပြီပဲ”

အဖြူရောင်ဧကရာဇ်က ပြုံးလိုက်၏။ ခေတ္တအကြာတွင် သူသည် မြင့်မြတ်သောဘုရားကျောင်း၏ သခင်၊ မဟာလေဟာနယ်ဧကရာဇ်ကို ကြည့်ကာ နောက်ဆုံး၌ ပြောလိုက်သည်။

"သူဟာ လူငယ်ပါရမီရှင်တစ်ယောက်ပါ။ ကျုပ် မြင်ဖူးသမျှထဲမှာ ပါရမီအရှိဆုံး ကျင့်ကြံသူပဲ”

မဟာလေဟာနယ်ဧကရာဇ်၏ မျက်နှာထားမှာ နောက်ဆုံးတွင် ပြောင်းလဲသွားတော့သည်။ "သူ့ကို ထွက်လာပြီး ကျုပ်နဲ့ တွေ့ခိုင်းလိုက်စမ်း”

"မရဘူး” အဖြူရောင်ဧကရာဇ်က ခေါင်းခါလိုက်၏။

"အကယ်၍ ခင်ဗျား ပြောတာသာ အမှန်ဆိုရင် ကျုပ် သူ့ကို အရာရာတိုင်း သင်ကြားပေးမှာ ဖြစ်သလို မြင့်မြတ်သောဘုရားကျောင်းမှာ ကျုပ်ရဲ့ ဆက်ခံသူအဖြစ် သတ်မှတ်ပေးမယ်” မဟာလေဟာနယ်ဧကရာဇ်က တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူ၏ အသံတွင် ပါဝင်သော အသံလှိုင်းမှာ ကောင်းကင်ယံနှင့် ကျွန်းစုများတစ်ခွင်သို့ ရိုက်ခတ်သွားလေတော့သတည်း။

…

အခန်း (၁၅၂၀) မဟာလေဟာနယ်၏ ဇာစ်မြစ်

အဖြူရောင်ဧကရာဇ်က အားရပါးရ ရယ်မောလိုက်ပြီးနောက် ဆိုလိုက်၏။

“ကျုပ် ခင်ဗျားကို စိတ်ပျက်အောင် လုပ်ရတော့မှာပဲ။ ဒီကလေးမှာ ကြီးမားတဲ့ အမြော်အမြင်နဲ့ ထိုးထွင်းသိမြင်မှုတွေ ရှိတယ်။ သူက ဘဝရဲ့ ရည်မှန်းချက်အပေါ်မှာ ထူးခြားတဲ့ နားလည်မှု ရှိထားတာ။ လူတိုင်းက မဟာလေဟာနယ်ထဲ ဝင်ဖို့ တောင့်တနေကြပေမဲ့ သူကတော့ အဲဒီလိုလူမျိုး မဟုတ်မှာကို ကျုပ် စိုးရိမ်မိတယ်ဗျာ”

မဟာလေဟာနယ်ဧကရာဇ်က အနည်းငယ် ခေါင်းခါလိုက်ရင်း

“အဖြူရောင်ဧကရာဇ်... ခင်ဗျားသာ မဟာလေဟာနယ်ကို ပြန်လာချင်တယ်ဆိုရင် ကျုပ်ကတော့ မိတ်ဆွေဟောင်းတွေပီပီ ဘာမှ ပြောမှာ မဟုတ်ပါဘူး။ ကျုပ်ကို လှည့်စားဖို့အတွက် မရှိတဲ့ လူတစ်ယောက်အကြောင်း လုပ်ကြံဖန်တီးနေဖို့ မလိုပါဘူး”

အဖြူရောင်ဧကရာဇ်က ပြန်လည် တုံ့ပြန်လိုက်သည်။

“ခင်ဗျား တခြားသူတွေကို ဘယ်လို ယုံကြည်ရမလဲဆိုတာ သင်ယူဖို့ လိုအပ်တယ်။ အဲဒီလိုမှသာ ခန်းမဆယ်ခုက မြင့်မြတ်သောဘုရားကျောင်းနောက်ကို လိမ္မာပါးနပ်စွာ လိုက်ကြမှာပေါ့”

ယင်းကို ကြားသောအခါ မဟာလေဟာနယ်ဧကရာဇ်သည် ခဏမျှ မျက်မှောင်ကျုံ့လိုက်၏။ သူ၏ မျက်ခုံးများ ပြေလျော့သွားသောအခါ သက်ပြင်းချလျက် မေးမြန်းလိုက်သည်။

“လောကကြီးရဲ့ မျှခြေကို ထိန်းသိမ်းဖို့ ကြိုးစားနေတာက ကျုပ်ရဲ့ အမှားလား”

“မှန်တယ်”

“ဖျက်ဆီးခြင်းတိုင်လုံးတွေက လောကကြီးရဲ့ အခြေခံအုတ်မြစ်ပဲ။ ခင်ဗျားက အဲဒီကိစ္စတွေမှာ ဝင်ပါနေမှတော့ ကျုပ်က မမေးဘဲ နေသင့်တယ်လို့ ထင်နေတာလား”

“သေချာတာပေါ့... မေးသင့်တာပေါ့”

“ဒါဆို ဘာလို့လဲဆိုတာ ကျုပ်ကို ပြောစမ်း”

မဟာလေဟာနယ်ဧကရာဇ်၏ အသံမှာ ရုတ်တရက် အေးစက်သွားတော့သည်။

အဖြူရောင်ဧကရာဇ်က ဆို၏။

“ခင်ဗျား ဒီမေးခွန်းဆီ ပြန်ရောက်လာပြန်ပြီ။ ကျုပ်ရဲ့ အဖြေကတော့ အရင်အတိုင်းပါပဲ... တစ်စုံတစ်ယောက်က ကျုပ်ကို အဲဒီလို လုပ်ခိုင်းလို့”

ကျေနပ်လောက်သည့် အဖြေတစ်ခု မရမချင်း မဟာလေဟာနယ်ဧကရာဇ်က အလွယ်တကူ ထွက်သွားမှာ မဟုတ်မှန်း အဖြူရောင်ဧကရာဇ် သိသည်။ သူက သက်ပြင်းချလျက် ဆက်ပြောလိုက်သည်။

“အကယ်၍ ကျုပ်သာ မဟာလေဟာနယ်ကို ပြန်သွားချင်တယ်ဆိုရင် ခင်ဗျားဆီကို တိုက်ရိုက် လာမှာပေါ့။ အခုလို ကွေ့ပတ်နေဖို့ မလိုပါဘူး။ မဟာလေဟာနယ်ဆိုတာ လူတိုင်း တောင့်တတဲ့ ကောင်းကင်ဘုံ ဖြစ်နေပါစေဦးတော့... အဲဒါက ကျုပ် နှစ်သက်တဲ့၊ တောင့်တတဲ့အရာ မဟုတ်ဘူးဗျ။ ဒီနေရာမှာ ကောင်းကင်က ပြာပြီး ရေက ကြည်လင်တယ်။ လူတွေကလည်း အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင်နေကြတယ်။ မဟာလေဟာနယ်ထက် မနိမ့်ပါဘူး”

မဟာလေဟာနယ်ဧကရာဇ်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။ ဤနေရာသည် အတိတ်ကနှင့် အလွန် ကွဲပြားနေသည်။ သေသပ်လှပပြီး ခန့်ညားကာ ငြိမ်းချမ်းနေပေသည်။ ပင်လယ်ရေပြင်မှာလည်း အတော်လေး တည်ငြိမ်နေပြီး မိုင် ၁၀၀၀ ပတ်လည်အတွင်း အားကောင်းသော သားရဲများစွာ မရှိပေ။

မဟာလေဟာနယ်ဧကရာဇ်သည် ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ ထူးဆန်းသော စက်ဝိုင်းပုံစံ အချို့ကို မြင်သောအခါ မေးမြန်းလိုက်သည်။

“သူက ပျောက်ဆုံးကျွန်းပေါ်က ရှေးဟောင်းအစီအရင်ကို ပြုပြင်လိုက်တာလား”

“မဆိုးဘူး မဟုတ်လား”

အဖြူရောင်ဧကရာဇ်က ဆို၏။ ဤအချိန်၌ အဖြူရောင်ဧကရာဇ် ပြောနေသော လူငယ်ပါရမီရှင်မှာ လုပ်ကြံဖန်တီးထားခြင်း မဟုတ်ကြောင်း မဟာလေဟာနယ်ဧကရာဇ် စတင် ယုံကြည်လာတော့သည်။ မိုးမြေ မွေးဖွားကတည်းက တည်ရှိခဲ့သော ရှေးဟောင်းအစီအရင်များသည် အလွန် ရှုပ်ထွေးပြီး နားလည်ရန် ခက်ခဲလှပေသည်။

“တကယ်ပဲ သူ့ကို ကျုပ်နဲ့ မတွေ့ခိုင်းနိုင်ဘူးလား”

မဟာလေဟာနယ်ဧကရာဇ်က မေးလိုက်သည်။

အဖြူရောင်ဧကရာဇ်က ထွက်ခွာရန် လက်ဟန်ပြလျက် ဆိုလိုက်၏။

“စိတ်မကောင်းပါဘူး... ကြွပါဦး”

မဟာလေဟာနယ်ဧကရာဇ်က ပတ်ဝန်းကျင်ကို ကြည့်သော်လည်း မည်သူ့ကိုမျှ မတွေ့ပေ။ နောက်ဆုံးတွင်

“ထားလိုက်ပါတော့”

“ကောင်းမွန်စွာ ကြွမြန်းပါ အရှင်မင်းကြီး”

အဖြူရောင်ဧကရာဇ်က ပြုံးလျက် နှုတ်ဆက်လိုက်သည်။ သူသည် သူ၏ ရပ်တည်ချက်ကို ခိုင်မာစွာ ထားရှိ၏။

မဟာလေဟာနယ်ဧကရာဇ် လှည့်ထွက်သွားသည်။ သူက နောက်သို့ ပြန်မကြည့်ဘဲ ပြတ်သားသော လေသံဖြင့် မိန့်ကြားလိုက်၏။

“ခင်ဗျားရဲ့ လူတွေကို စည်းကမ်းရှိအောင် ထိန်းထားပါ”

ဝူး

ဟင်းလင်းပြင်မှာ ဆုတ်ဖြဲခံလိုက်ရသလို ဖြစ်သွားပြီးနောက် မဟာလေဟာနယ်ဧကရာဇ်မှာ ပျောက်ကွယ်သွားတော့သည်။ အဖြူရောင်ဧကရာဇ်က ရှင်းလင်းနေသော နေရာကို ကြည့်နေလိုက်သည်။ အတော်ကြာသောအခါမှ ဆိုလိုက်၏။

“မင်း ခိုးနားထောင်နေတာ ကြာလှပြီ။ ထွက်ခဲ့တော့”

ထိုအခါ ကျွန်းပေါ်ရှိ ဧရာမ ကျောက်ဆောင်ကြီးတစ်ခု၏ အနောက်မှ ခန့်ညားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး အနီရောင်ရင့်ရင့် မျက်နှာဖုံး တပ်ဆင်ထားသော အမျိုးသားတစ်ဦး ထွက်လာခဲ့သည်။ သူသည် ခြေလှမ်းအသာအယာ လှမ်းလျက် အဖြူရောင်ဧကရာဇ်၏ ဘေးသို့ ပျံသန်းရောက်ရှိလာပြီး ကောင်းကင်ယံကို လှမ်းကြည့်လိုက်သည်။ နှစ်ဦးသား ဘေးချင်းယှဉ် ရပ်နေကြ၏။

အမျိုးသားက မေးလိုက်သည်။

“မဟာလေဟာနယ်ဧကရာဇ်က ကျွန်တော့်ကို စည်းရုံးချင်နေတာလား”

အဖြူရောင်ဧကရာဇ်က သူ့ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။

“မင်း စိတ်လှုပ်ရှားသွားတာလား”

“တကယ်တော့ စိတ်လှုပ်ရှားမိတာပေါ့”

လူငယ်က ပြန်ဖြေလိုက်သည်။

“???”

“ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ကို ကယ်တင်ခဲ့တာပဲလေ။ ကျွန်တော်က ဘယ်လိုလုပ် ခင်ဗျားကို အလွယ်တကူ သစ္စာဖောက်နိုင်မှာလဲ”

အဖြူရောင်ဧကရာဇ်က အဝေးသို့ လှမ်းကြည့်ရင်း သက်ပြင်းချလျက် ဆိုလိုက်၏။

“ဒီနေရာမှာ မင်းအတွက် ဘာမှ မရှိဘူး။ မင်းရဲ့ ပါရမီက အရင်က မရှိဖူးလောက်အောင် ထူးကဲတယ်။ အကယ်၍ မင်းသာ ပျောက်ဆုံးကျွန်းပေါ်မှာ ဆက်နေနေမယ်ဆိုရင် မင်းရဲ့ ပါရမီတွေက ဒီမှာတင် မြေမြှုပ်ခံလိုက်ရမှာ။ ဖြစ်နိုင်တာကတော့ မဟာလေဟာနယ်ဧကရာဇ် ပြောတာ မှန်တယ်။ မဟာလေဟာနယ်ကမှ မင်းရဲ့ ပါရမီကို ထုတ်ပြနိုင်ပြီး အကျိုးရှိရှိ အသုံးချနိုင်မဲ့ နေရာမျိုးပဲ”

ထိုစကားကို ကြားသောအခါ လူငယ်၏ မျက်လုံးထဲတွင် အံ့အားသင့်မှု အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ အဖြူရောင်ဧကရာဇ်က ဤကဲ့သို့ ပြောလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ခေတ္တအကြာတွင် သူက မေးလိုက်သည်။

“မဟာလေဟာနယ်ဧကရာဇ်ရဲ့ နာမည်က ဘယ်သူလဲ”

“သူ့ရဲ့ နာမည်ရင်းက မင်ရှင်းတဲ့။ သူက မူလ မဟာဧကရာဇ်ရဲ့ နေရာကို အစားထိုးပြီး ဧကရာဇ် ငါးပါးရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့တာ”

“အစားထိုးခဲ့တာ ဟုတ်လား”

“ဟိုး... ရှေးရှေးတုန်းက ဧကရာဇ် ငါးပါးထက် ပိုမြင့်တဲ့နေရာမှာ အုပ်စိုးနေတဲ့ နောက်ထပ် ဧကရာဇ် တစ်ပါး ရှိခဲ့ဖူးတယ်။ သူက မိုးနဲ့မြေနဲ့အတူ တစ်ပါတည်း မွေးဖွားလာခဲ့တာ၊ ဒါပေမဲ့ နောက်ပိုင်းမှာ သူ ပျောက်ကွယ်သွားခဲ့တယ်”

အဖြူရောင်ဧကရာဇ်က ဆက်လက် ရှင်းပြ၏။

“အဲဒီနောက်မှာတော့ မဟာလေဟာနယ်ရဲ့ ခန်းမဆယ်ခု ပေါ်ထွက်လာခဲ့တာပေါ့။ ခန်းမသခင် ဆယ်ဦး ပေါ်လာပြီး လောကကြီးကို အုပ်စိုးရင်း မျှခြေကို ထိန်းသိမ်းခဲ့ကြတယ်။ မင်ရှင်းကတော့ မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့ပြီး တာအိုနဲ့ နိယာမတွေအပေါ်မှာ သူ့ရဲ့ နားလည်မှုက အလွန် ကောင်းမွန်ခဲ့တယ်။ ကုန်းမြေကွဲအက်ပြီးနောက် မင်ရှင်းက မြင့်မြတ်သောဘုရားကျောင်းကို တည်ထောင်ခဲ့ပြီး ခန်းမဆယ်ခုနဲ့ မိုးနဲ့မြေရဲ့မျှခြေကို အုပ်စိုးခဲ့တာပဲ”

လူငယ်က ခေါင်းညိတ်လိုက်ရင်း

“နားလည်ပါပြီ။ ဒါဆို အဲဒီအချိန်တုန်းက ခန်းမဆယ်ခုက ဘာကန့်ကွက်မှုမှ မရှိခဲ့ဘူးလား”

“မင်ရှင်းက မဟာတာအိုရဲ့ နိယာမတွေကို နားလည်သလို တရားမျှတမှုချိန်ခွင်ကိုလည်း ကိုင်ဆောင်ထားတယ်။ သူဟာ နှောင်ကြိုးတွေကို ဖြတ်တောက်နိုင်ဖို့ အနီးစပ်ဆုံးလူပဲ”

လူငယ်က ခေါင်းခါလျက် ဆိုလိုက်၏။

“သူက အဲဒီလောက်အထိ စွမ်းအားကြီးတယ်လို့ ကျွန်တော် မထင်ဘူး”

“ဪ...”

အဖြူရောင်ဧကရာဇ်က ပြုံးလိုက်သည်။ သူ့ဘေးရှိ ပညာရှိလူငယ်လေး အရာရာကို ဝေဖန်ပြောဆိုနေသည်ကို သူ တကယ် သဘောကျမိသည်။

လူငယ်က ဆက်ပြောလိုက်သည်။

“လူသားအားလုံးက မိုးမြေရဲ့ အချုပ်အနှောင်တွေအောက်မှာ ကန့်သတ်ခံထားရတာပဲ။ ရှေးခေတ်ကနေ အခုအထိ ကျင့်ကြံသူအားလုံးက အဲဒီနှောင်ကြိုးတွေကို ဖြတ်တောက်ဖို့ ကြိုးစားနေကြတာ။ ကျင့်ကြံခြင်းရဲ့ အနှစ်သာရက ပိုသန်မာလာဖို့နဲ့ ကိုယ့်ရဲ့ သက်တမ်းကို တိုးမြှင့်ဖို့ပဲ။ ဒါပေမဲ့ ကျွန်တော် ပျောက်ဆုံးကျွန်းပေါ်က စာအုပ်ပေါင်း သောင်းချီကို ဖတ်ပြီးသလောက်တော့ အစွမ်းထက်တဲ့ ပညာရှင်ကြီးတွေ ဒါမှမဟုတ် နတ်သားရဲတွေထဲက တစ်ဦးတစ်ယောက်မှ နှောင်ကြိုးတွေကို မဖြတ်တောက်နိုင်ခဲ့ကြဘူး။ ဧကရာဇ်မင်ရှင်းကတော့ အခွင့်သာတဲ့ အခြေအနေတွေကို အသုံးချပြီး ထိပ်ဆုံးကို တက်လှမ်းခဲ့တာပဲ။ ဒါပေမဲ့ သူ့ အမြင်ကတော့ သိပ်မကျယ်ပြန့်ဘူးလို့ ကျွန်တော် ထင်တယ်...”

အဖြူရောင်ဧကရာဇ်က ရယ်မောလျက် ပြောသည်။

“ဆက်ပြောပါဦး”

လူငယ်က ဆိုလိုက်၏။

“ဖျက်ဆီးခြင်းတိုင်လုံးတွေက ဘယ်အချိန်မှာ ပေါ်လာခဲ့တာလဲ။ ဘာလို့ ပေါ်လာရတာလဲ။ ရှေးဟောင်းမှတ်တမ်းတွေအရတော့ ကုန်းမြေကွဲအက်ပြီး နယ်မြေကိုးခု ပေါ်ထွန်းလာတဲ့အခါ မဟာလေဟာနယ်ကို ထောက်မထားဖို့ တိုင်လုံး ဆယ်ခု ပေါ်လာခဲ့တယ်လို့ ဆိုတယ်။ ထူးဆန်းတာကတော့ တိုင်လုံးတွေ ထွက်ပေါ်လာတဲ့ မြင်ကွင်းကို တစ်ယောက်မှ မတွေ့ခဲ့ရတာပဲ။ တိုင်လုံး ဆယ်ခုက ရုတ်တရက် ပေါ်လာတာလား။ သိသာတာပေါ့... မဟုတ်ဘူး။ မဟာလေဟာနယ်က တိုင်လုံးတွေ ပေါ်လာရတဲ့ အကြောင်းရင်းကို နှစ်ပေါင်းများစွာကြာအောင် စုံစမ်းခဲ့ပေမဲ့ ဘာမှ ရှာမတွေ့ခဲ့ဘူး။ ဧကရာဇ် ငါးပါးရဲ့ ခေါင်းဆောင်အနေနဲ့ မင်ရှင်းက မျှခြေကို ထိန်းသိမ်းပြီး လောကကို လွှမ်းမိုးချင်တာဆိုတော့ တခြားသူတွေထက် ဒီကိစ္စကို ပိုပြီး အာရုံစိုက်သင့်တာပေါ့”

အဖြူရောင်ဧကရာဇ်က ခေါင်းညိတ်လျက် မေးမြန်းလိုက်သည်။

“မင်းရဲ့ အမြင်အရဆိုရင် ဖျက်ဆီးခြင်းတိုင်လုံးတွေက ဘယ်လိုမျိုး ပေါ်ထွန်းလာတာလဲ”

လူငယ်က ပြန်ဖြေလိုက်၏။

“ကျွန်တော် တစ်ခါက မဟာလေဟာနယ်နဲ့ နယ်မြေကိုးခုရဲ့ မြေပုံအပြည့်အစုံကို သေသေသေချာချာ ဆွဲခဲ့ဖူးတယ်။ အဲဒီအချိန်မှာ ကျွန်တော် ထိတ်လန့်စရာကောင်းတဲ့ တွေ့ရှိချက်တစ်ခုကို တွေ့ခဲ့ရတယ်”

အဖြူရောင်ဧကရာဇ်၏ မျက်လုံးများက ချက်ချင်း တောက်ပလာသည်။

“ဆက်ပြောစမ်း”

“နယ်မြေကိုးခုက အမည်မသိကုန်းမြေနဲ့ ဆက်သွယ်ထားတယ်။ နယ်မြေတစ်ခုမှ ပျောက်ဆုံးလို့ မရဘူး။ အကယ်၍ နယ်မြေတစ်ခုခုသာ ပြိုလဲသွားရင် လောကကြီးက မျှခြေပျက်သွားပြီး မတည်မငြိမ် ဖြစ်လာလိမ့်မယ်။ မဟာလေဟာနယ် ပျောက်ဆုံးသွားရင်သာ လောကကြီးအပေါ် ဘာထိခိုက်မှုမှ ရှိလာမှာ မဟုတ်ဘူး”

“မင်း ဘာကို ဆိုလိုတာလဲ”

“ကောင်းကင်ကြီး ပြိုကျသွားရင်တောင် လောကကြီးအတွက် ဘာအကျိုးဆက်မှ ရှိလာမှာ မဟုတ်ဘူးလို့ ပြောတာပါ”

အဖြူရောင်ဧကရာဇ်က ဆို၏။

“လူတိုင်းကတော့ ကောင်းကင်ယံက မဟာလေဟာနယ်ကြီး ပြိုကျလို့ မရဘူးလို့ ပြောနေကြတာပဲ။ မဟုတ်ရင် လောကကြီး ပြိုလဲသွားပြီး သက်ရှိပေါင်းများစွာ သေကြေပျက်စီးရလိမ့်မယ်တဲ့”

လူငယ်က နှာခေါင်းရှုံ့လျက် ခေါင်းခါလိုက်၏။

“ကျွန်တော့်မှာ နောက်ထပ် ထိတ်လန့်စရာ တွေ့ရှိချက်တစ်ခု ရှိသေးတယ်”

“ကျေးဇူးပြုပြီး ပြောစမ်းပါဦး”

အဖြူရောင်ဧကရာဇ်သည် ထိုလူငယ်ကို တကယ်ပင် နှစ်သက်မိသဖြင့် “ကျေးဇူးပြုပြီး” ဟူသော စကားလုံးကိုပင် သုံးမိသွားသည်။ အမှန်စင်စစ် သူ၏ အဆင့်အတန်းအရ ဤကဲ့သို့ လုပ်ဆောင်ရန် မလိုပေ။

လူငယ်က ဆိုလိုက်၏။

“ဟိုး... ရှေးရှေးတုန်းက ငြိမ်းချမ်းရေးတောင်ဟာ တစ်ချိန်က မဟာလေဟာနယ် ဖြစ်ခဲ့ဖူးသလို ပျောက်ဆုံးကျွန်းဟာလည်း တစ်ချိန်က မဟာလေဟာနယ် ဖြစ်ခဲ့ဖူးတာပါ”

အဖြူရောင်ဧကရာဇ်မှာ မှင်တက်သွားတော့သည်။ သူသည် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် ပျောက်ဆုံးကျွန်းကို ကြည့်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြန်သည်။

အဖြူရောင်ဧကရာဇ် မိမိကို မယုံကြည်မှန်း လူငယ် သိသည်။ ထို့ကြောင့် သူက ဆက်လက် ရှင်းပြ၏။

“ကျွန်တော် ငြိမ်းချမ်းရေးတောင်ကို ရောက်ဖူးတယ်။ အဲဒီမှာ အောက်ခြေ မမြင်ရတဲ့ တွင်းနက်ကြီး ဆယ်ခု ရှိတယ်။ ပျောက်ဆုံးကျွန်းမှာ ကျွန်းငါးကျွန်း ရှိပြီး ကျွန်းတစ်ကျွန်းစီမှာ အောက်ခြေ မမြင်ရတဲ့ တွင်းနက်ကြီး နှစ်ခုစီ ရှိတယ်။ အရင်တုန်းက ကျွန်တော်တို့ နှစ်ယောက် ဖျက်ဆီးခြင်းတိုင်လုံးရဲ့ အတွင်းပိုင်းနဲ့ အပြင်ပိုင်း တည်ဆောက်ပုံကို သွားကြည့်ခဲ့တုန်းက အဲဒီတွင်းတွေရဲ့ တည်ဆောက်ပုံက တိုင်လုံးနဲ့ ဆင်တူနေတာကို ကျွန်တော် တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့ရတာပါ”

…

အခန်း (၁၅၂၁) မဟာလေဟာနယ်သို့ ဝင်ရောက်ခြင်း (၁)

အဖြူရောင်ဧကရာဇ်သည် လူငယ်၏ ကောက်ချက်ချမှုအပေါ် အံ့အားသင့်သွားရသည်။ သို့သော် သူသည် ထိုလူငယ်၏ ယုံကြည်မှုအပြည့်နှင့် ပြောဆိုတတ်သော အလေ့အထကို ကျင့်သားရနေပြီ ဖြစ်၏။ လူငယ်၏ စကားများကို သူ အတော်အသင့် လက်ခံနိုင်သော်လည်း သံသယအချို့တော့ ရှိနေဆဲပင်။ သူက မေးမြန်းလိုက်သည်။

"ငြိမ်းချမ်းရေးတောင်ပဲ ဖြစ်ဖြစ်၊ အဆုံးမဲ့သမုဒ္ဒရာထဲမှာ လွင့်မျောနေတဲ့ ပျောက်ဆုံးကျွန်းပဲ ဖြစ်ဖြစ် သူတို့ရဲ့ အရွယ်အစားက မဟာလေဟာနယ်ကို မယှဉ်နိုင်ပါဘူး။ ဒီလိုနေရာမျိုးတွေက ဘယ်လိုလုပ် မဟာလေဟာနယ် ဖြစ်နိုင်မှာလဲ”

လူငယ်က ရယ်မောလိုက်သည်။ "အဲဒါတွေက ပုံမပေါ်သေးတဲ့ မဟာလေဟာနယ်တွေပါပဲ”

"ပုံမပေါ်သေးတာ ဟုတ်လား”

လူငယ်က ကောင်းကင်ယံကို လှမ်းကြည့်ရင်း ဆိုလိုက်၏။ "လောကမှာ ရှိတဲ့ အရာရာတိုင်းဟာ ဆင့်ကဲပြောင်းလဲခြင်း နိယာမနောက်ကို လိုက်ကြတာပါ။ အဲဒီရဲ့ နက်နဲမှုကိုတော့ နတ်ဘုရား တစ်ဦးတည်းသာ သိနိုင်တယ်။ တည်ဆောက်ပုံတွေ ဆင်တူနေတာကတော့ သေချာပေါက် တိုက်ဆိုင်မှု မဟုတ်ပါဘူး..."

အဖြူရောင်ဧကရာဇ်က မေးမြန်းလိုက်သည်။ "ဒါဆိုရင် နှောင်ကြိုးတွေကကော ဘယ်လိုလဲ”

လူငယ်က ပြန်လည် ရှင်းပြလိုက်သည်။

"မူလကတော့ နှောင်ကြိုးတွေဟာ ကမ္ဘာမြေပေါ်မှာပဲ ရှိတယ်လို့ ကျွန်တော် ထင်ခဲ့တာ။ လူတစ်ယောက် သေဆုံးတဲ့အခါ သူတို့ဟာ ကမ္ဘာမြေဆီကို ပြန်သွားကြရတယ်။ အသက်ရှင်စဉ်တုန်းက သူတို့ ရရှိခဲ့တဲ့ စွမ်းအင်တွေနဲ့ အရာအားလုံးဟာ ကမ္ဘာမြေဆီကို ပြန်လည် ပေးအပ်ရတာပေါ့။ ဒါဟာ စွမ်းအင် တည်မြဲခြင်း နိယာမနဲ့လည်း ကိုက်ညီပါတယ်။ ကျွန်တော် အဆုံးမဲ့သမုဒ္ဒရာထဲမှာ လွင့်မျောနေခဲ့တဲ့ အချိန်အတော်ကြာမှာ ပင်လယ်သားရဲတွေရဲ့ ရှင်သန်မှုကို မျက်မြင်တွေ့ခဲ့ရတယ်။ သူတို့ရဲ့ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာကျင်ခြင်းနဲ့ သေဆုံးခြင်း ဖြစ်စဉ်တွေကို မြင်တွေ့ခဲ့ရတာပါ။ အနည်းဆုံးတော့ အခုအချိန်အထိတော့ ဒီလောကမှာ ထာဝရ တည်ရှိနိုင်တဲ့ အရာဆိုတာ မရှိပါဘူး... အဲဒီအရာက မူလကတည်းက အသက်မရှိတဲ့ အရာမျိုး မဟုတ်ရင်ပေါ့”

အဖြူရောင်ဧကရာဇ် ခေါင်းညိတ်လိုက်၏။ ထိုအကြောင်းအရာများကို အလွန်အမင်း တွေးတောရသည်ကို သူ မနှစ်သက်သော်လည်း လူငယ်၏ စကားများကို နားထောင်ရသည်ကိုမူ သူ သဘောကျမိသည်။ ဧကရာဇ် ငါးပါးထဲမှ တစ်ဦး ဖြစ်သည့်အတွက် မိုးမြေ၏ နက်နဲမှုနှင့် ရှုပ်ထွေးမှုများကို နားလည်ရန် ကြိုးစားဖို့ လိုအပ်သည် မဟုတ်ပါလော။

နောက်ဆုံးတွင် အဖြူရောင်ဧကရာဇ်က သက်ပြင်းချလျက် ပြောလိုက်သည်။ "မင်း ပျောက်ဆုံးကျွန်းအတွက် လုပ်ပေးခဲ့တာတွေ လုံလောက်ပါပြီ”

လူငယ်က ဆိုလိုက်၏။ "ဒါက အသေးအဖွဲ ကိစ္စလေးပါပဲ”

အဖြူရောင်ဧကရာဇ်က ပြောလိုက်သည်။ "အမှန်တော့ မင်းကို ဒုက္ခပေးခဲ့တဲ့လူရဲ့ နာမည်ကို ငါ့ကို ပြောပြလို့ ရပါတယ်”

လူငယ်က ပြန်ဖြေလိုက်သည်။

"ကျွန်တော် ကိုယ်တိုင်ပဲ ဖြေရှင်းချင်ပါတယ်။ အချိန်တန်တဲ့အခါကျရင် မဟာလေဟာနယ်ဧကရာဇ်ရဲ့ ကမ်းလှမ်းချက်ကို ကျွန်တော် စဉ်းစားကောင်း စဉ်းစားပါလိမ့်မယ်”

အဖြူရောင်ဧကရာဇ်က အမူအရာ ပြောင်းလဲခြင်း မရှိသော လူငယ်ကို တစ်ချက် ကြည့်လိုက်၏။

"မဟာလေဟာနယ်ထဲ ဝင်ဖို့ဆိုတာ ကျွန်တော့်အတွက်တော့ ရွေးချယ်စရာ မရှိလို့ လုပ်ရမဲ့ ကိစ္စတစ်ခုပါ။ အရှင်မင်းကြီးအနေနဲ့ ကျွန်တော့်ကို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

ယင်းကို ကြားသောအခါ အဖြူရောင်ဧကရာဇ် သက်ပြင်းချလိုက်မိသည်။ မည်သို့ပင်ဆိုစေ ထိုလူငယ်သည် ပျောက်ဆုံးကျွန်းမှ ထွက်ခွာသွားရဦးမည်သာ။ သို့သော်လည်း သူက လူငယ်ကို ပြောလိုက်သည်။

"အကယ်၍ မင်းသာ သဘောတူမယ်ဆိုရင် ကျုပ်ရဲ့ သမီးတော် ချိုက်အာနဲ့ လက်ထပ်ပေးပါ့မယ်”

လူငယ်သည် ရုတ်တရက် သူ၏ လက်ကို မြှောက်ကာ နဖူးပေါ် တင်လိုက်၏။ သူက အနည်းငယ် မျက်မှောင်ကျုံ့လျက် ပြောလိုက်သည်။

"အရှင်မင်းကြီး… ကျွန်တော် ရုတ်တရက် ခေါင်းကိုက်လာလို့ ပြန်ပြီး အနားယူချင်ပါတယ်”

အဖြူရောင်ဧကရာဇ်က “...”

"ထားလိုက်ပါတော့။ သွားလေ”

လူငယ်သည် လှည့်ထွက်သွားတော့သည်။

အဖြူရောင်ဧကရာဇ်သည် လူငယ် ထွက်ခွာသွားသည်ကို ကြည့်နေပြီးနောက် လျှပ်စီးပမာ လှုပ်ရှားလိုက်ကာ ကျွန်းများအနက် တစ်ခုပေါ်ရှိ နန်းတော်သို့ ရောက်ရှိလာသည်။ အဝေးမှ ကြည့်လျှင် နန်းတော်မှာ သေးငယ်သည်ဟု ထင်ရသော်လည်း အနီးကပ်တွင်မူ အလွန်ပင် တောက်ပခန့်ညားလှပေသည်။ နယ်မြေကိုးခုရှိ မည်သည့်နန်းတော်မှ ယင်းကို မယှဉ်နိုင်ပေ။

အဖြူရောင်ဧကရာဇ် ပေါ်လာသောအခါ ဝတ်ရုံဖြူ ကျင့်ကြံသူ ဆယ်ဦးက ဦးညွှတ်နှုတ်ဆက်ကြသည်။

အဖြူရောင်ဧကရာဇ်က အင်္ကျီလက်ကို ဝှေ့ယမ်းလျက် ပြောလိုက်သည်။ "တခမ်းတနားတွေ မလိုဘူး”

ထိုအခါ ကျင့်ကြံသူ ဆယ်ဦးမှာ ခါးကို မတ်လိုက်ကြသည်။

အဖြူရောင်ဧကရာဇ်က ခန့်ညားသော အသွင်ဖြင့် မေးမြန်းလိုက်သည်။ "ငါ မေးစရာ တစ်ခု ရှိတယ်။ အရင်တုန်းက မင်းတို့ ဖျက်ဆီးခြင်းတိုင်လုံးကို သွားခဲ့တုန်းက ငါ့ရဲ့ ကျောက်စိမ်းအဆောင်ကို ကိုင်ထားတဲ့လူကို မှတ်မိကြသေးလား”

ဝတ်ရုံဖြူ ကျင့်ကြံသူ တစ်ဦးက ပြန်ဖြေလိုက်သည်။ "ကျုပ် မြင်ခဲ့ပါတယ်”

အဖြူရောင်ဧကရာဇ်က မေးလိုက်သည်။ "သူက ဘယ်လို ပုံစံမျိုးလဲ”

ဝတ်ရုံဖြူ ကျင့်ကြံသူက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဖြေလိုက်သည်။

"ဒါကတော့... ကျုပ် သေသေချာချာ သတိမထားမိလိုက်ဘူးခင်ဗျ။ လူတွေက အရမ်းများနေသလို သူတို့ရဲ့ ကျင့်ကြံမှုတွေကလည်း မဆိုးကြဘူး။ အမျိုးသားတွေရော အမျိုးသမီးတွေရော ပါကြတယ်ဗျ”

အခြား ဝတ်ရုံဖြူ ကျင့်ကြံသူ တစ်ဦးက မေးလိုက်သည်။ "အရှင်မင်းကြီး... သူ့ကို ဒီမှာပဲ ဆက်ထားဖို့ စိတ်ကူးရှိလို့လား”

အဖြူရောင်ဧကရာဇ် သက်ပြင်းချလိုက်သည်။ "ဒါက မဖြစ်နိုင်တော့ဘူး ထင်တယ်”

"ဘာလို့လဲခင်ဗျာ”

အဖြူရောင်ဧကရာဇ်က အပြင်ဘက်ကို လှမ်းကြည့်ရင်း ပြောလိုက်သည်။ "မင်ရှင်းက ရောက်လာခဲ့ပြီ။ သူ ကိုယ်တိုင် လှုပ်ရှားလာပြီဆိုမှတော့ ကိစ္စတွေက ငါတို့ ထင်ထားတာထက် ပိုပြီး ရှုပ်ထွေးနေတာ သေချာတယ်။ ဖြစ်နိုင်တာကတော့ သူက ဒီနေရာနဲ့ မထိုက်တန်လို့လည်း ဖြစ်မှာပေါ့”

လူတိုင်း လက်လျှော့လိုက်သည့်ပုံစံဖြင့် သက်ပြင်းချလိုက်ကြသည်။

"ဒီလို ပါရမီမျိုးနဲ့ဆိုရင် သူက မကြာခင်မှာ အထွတ်အထိပ်သက်ရှိ ဖြစ်လာမှာ သေချာတယ်။ အကယ်၍ ကျုပ်တို့က သူ့ကို အသုံးမချနိုင်ဘူးဆိုရင် ကျုပ်တို့ကတော့..."

အဖြူရောင်ဧကရာဇ်က ဟန့်တားလိုက်သည်။ "ပါးစပ်ပိတ်ထားစမ်း” သူ၏ အသံမှာ အားပါပြီး နက်ရှိုင်းလှ၏။

သူက ဆက်ပြောလိုက်သည်။ "ငါ သူ့ရဲ့ စိတ်ဓာတ်ကို ယုံကြည်တယ်”

"ကျွန်တော် စကားမှားသွားပါတယ်ခင်ဗျာ”

အဖြူရောင်ဧကရာဇ်က ပြောလိုက်သည်။ "အကယ်၍ သူ တစ်စုံတစ်ရာ တောင်းဆိုတာ ရှိခဲ့ရင် တတ်နိုင်သမျှ ဖြည့်ဆည်းပေးလိုက်ကြ”

"နားလည်ပါပြီ”

ထိုသို့ပြောပြီးနောက် အဖြူရောင်ဧကရာဇ် ပျောက်ကွယ်သွားတော့သည်။

သုံးလကြာပြီးနောက်။

သင်းပျံ့တောင်ကြားတွင်ဖြစ်သည်။

လုကျိုးသည် ကြည်လင်ပြတ်သားသော အသံတစ်ခုကို ကြားလိုက်ရသည်။

မွေးဖွားဇယားချပ် အသက်သွင်းခြင်းမှာ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

လုကျိုးသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ တဟုန်ထိုးတက်လာသော စွမ်းအင်များကို အာရုံခံလိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

သူသည် ကျင့်ကြံမှုကို တည်ငြိမ်စေရန်အတွက် သုံးလတိုင်တိုင် ရှေးဟောင်းအဆောက်အအုံမှ မထွက်ဘဲ နေ့စဉ် ကျင့်ကြံနေခဲ့ခြင်းဖြစ်သည်။ သူ၏ ကြိုးစားအားထုတ်မှုများမှာ နောက်ဆုံးတွင် အရာထင်လာခဲ့ပြီ ဖြစ်သည်။ ခွန်အား တိုးတက်လာမှုမှာ နတ်ဝိညာဉ်ပုလဲ ဖွဲ့တည်စဉ်ကနှင့် မနှိုင်းယှဉ်နိုင်သော်လည်း မွေးဖွားဇယားချပ် တစ်ခု၏ စွမ်းအားကိုလည်း အထင်သေး၍ မရပေ။

လုကျိုးသည် မတ်တတ်ရပ်လိုက်ပြီး ရှေးဟောင်းအဆောက်အအုံ၏ အပြင်ဘက်သို့ လျှပ်စီးပမာ ထွက်လာခဲ့သည်။ သူ့ဘာသာ ရေရွတ်လိုက်သည်။

"ဒီမှာ နေလာတာ ကြာပြီဆိုတော့ ဒီနေရာရဲ့ အနက်ရှိုင်းဆုံး အပိုင်းတွေကို စူးစမ်းဖို့ အချိန်တန်ပြီ”

လုကျိုးသည် ချန်ဖုကို သွားရှာရန် ပြင်လိုက်စဉ်မှာပင် ချန်ဖု၏ ပထမတပည့် ဟွားယင် အပြေးအလွှား ရောက်ရှိလာသည်။ သူက ဦးညွှတ်လျက် ပြောလိုက်သည်။ "လုချန်းပေ့... ဆရာက ချန်းပေ့ကို ဖိတ်ကြားလိုက်ပါတယ်”

"ငါလည်း သူ့ကို သွားရှာမလို့ပဲ” ထိုသို့ဖြင့် သူတို့နှစ်ဦးမှာ တောင်ဘက်ခြမ်းရှိ ရှေးဟောင်းအဆောက်အအုံဆီသို့ သွားခဲ့ကြသည်။

လုကျိုး အဆောက်အအုံအတွင်းသို့ ဝင်လိုက်သောအခါ ချန်ဖုမှာ စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လျှောက်နေသည်ကို တွေ့လိုက်ရသည်။

လုကျိုးက ဇဝေဇဝါဖြင့် မေးလိုက်သည်။ "ဘာကိစ္စများ ရှိလို့လဲ”

ချန်ဖုက ပြောလိုက်သည်။ "တာ့ဟန်မှာ အပြောင်းအလဲတစ်ခု ရှိနေပြီ”

"အပြောင်းအလဲ ဟုတ်လား”

ချန်ဖုက သက်ပြင်းချလျက် ပြောလိုက်သည်။ "အရှေ့မြို့တော်နဲ့ အနောက်မြို့တော် နှစ်ခုလုံးမှာ သူစိမ်းကျင့်ကြံသူတွေ ပေါ်လာကြတယ်။ သူတို့က ဒေသခံ ပညာရှင်တွေကို အလွယ်တကူပဲ အနိုင်ယူသွားကြတာ။ ဝေ့ချန်းနဲ့ စုပျယ်တောင် သူတို့ကို မယှဉ်နိုင်ခဲ့ဘူး။ ဖြစ်နိုင်တာကတော့ အဲဒီကျင့်ကြံသူတွေဟာ မဟာလေဟာနယ်က လွှတ်လိုက်တဲ့သူတွေ ဖြစ်မှာကို ကျုပ် စိုးရိမ်မိတယ်ဗျာ”

လုကျိုးက ပြောလိုက်သည်။ "အကယ်၍ မဟာလေဟာနယ်ကသာ လှုပ်ရှားချင်တယ်ဆိုရင် ဘာလို့ အခုအထိ စောင့်နေမှာလဲ။ ပြီးတော့ နယ်မြေကိုးခုကို သိမ်းပိုက်ရတာကကော ဘာထူးမှာမို့လို့လဲ။ ဒါက အဓိပ္ပာယ်မရှိသလိုပဲ”

All Chapters