← Chapters

အခန်း (၁၅၂၂-၁၅၂၄)

Vol. 102 Ch. 1522-1524

အခန်း (၁၅၂၂-၁၅၂၄)

Vol. 102 Ch. 1522-1524

အခန်း (၁၅၂၂) မဟာလေဟာနယ်သို့ ဝင်ရောက်ခြင်း (၂)

ချန်ဖုက ပြောလိုက်သည်။

“ဖြစ်နိုင်တာကတော့ သူတို့ ကျုပ်ကို ထွက်လာအောင် အတင်းအကျပ် လုပ်နေတာ ဖြစ်လိမ့်မယ်”

လုကျိုးက ခေါင်းခါလျက် ပြောလိုက်သည်။

“ခင်ဗျား ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ။ မဟာလေဟာနယ်ဧကရာဇ်ရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် အဲဒီအချိန်တုန်းက ခင်ဗျားကို သတ်ပစ်ဖို့ လွယ်ကူတယ်။ ခင်ဗျားကို အခုလို အခြေအနေမျိုးမှာ ထားခဲ့တာကတော့ ခင်ဗျား မသေခင်မှာ ဒုက္ခဝေဒနာ ခံစားရတာကို သူက မြင်ချင်လို့ဆိုတာ ရှင်းနေတာပဲ”

ချန်ဖုက ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။

“ဒါဆိုရင် အဲဒီကျင့်ကြံသူတွေက ဘာကို လိုချင်နေကြတာလဲ”

လုကျိုးက ပြန်လည် ဖြေကြားလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ကျင့်ကြံခြင်းလောကကတော့ သူ့ဘာသာသူ ပြန်ပြီး တည်ငြိမ်သွားမှာပါ။ ခင်ဗျား တကယ်ပဲ စိုးရိမ်နေတယ်ဆိုရင်တော့ ကျုပ် တစ်ယောက်ယောက်ကို လွှတ်ပြီး သွားကြည့်ခိုင်းလိုက်မယ်”

ထိုအခိုက်အတန့်တွင် ဟွားယင်က ဦးညွှတ်လျက် ကြားဖြတ် လျှောက်တင်လိုက်သည်။

“ဆရာ... တပည့် တာ့ဟန်ကို ပြန်ပြီး သွား စုံစမ်းပါ့မယ်”

ချန်ဖုက ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ။ အဲဒီလူတွေကိုတော့ ရန်သူအဖြစ် မသတ်မှတ်မိစေနဲ့ဦး”

ဟွားယင်က မထွက်ခွာမီ ပြောလိုက်သည်။

“စိတ်ချပါ ဆရာ။ ပတ်ဝန်းကျင်မှာ လူတွေ အများကြီး ရှိနေတာဆိုတော့ ဘာပြဿနာမှ ရှိလာမှာ မဟုတ်ပါဘူး”

ချန်ဖု၏ မျက်နှာထားမှာ နောက်ဆုံးတွင် ပြေလျော့သွားတော့သည်။

လုကျိုးက ဆို၏။

“ခင်ဗျားမှာ လောကကြီးအတွက် စိုးရိမ်နေဖို့ အချိန်ရှိနေရင် အဲဒီအချိန်ကို ဒဏ်ရာတွေ သက်သာအောင်နဲ့ ကျင့်ကြံမှု တိုးတက်အောင် လုပ်ဖို့ပဲ သုံးသင့်တာပေါ့။ အကယ်၍ ခင်ဗျားသာ သေသွားရင် တာ့ဟန်ကို ဆက်ပြီး ကာကွယ်ပေးနိုင်ဦးမယ်လို့ ထင်နေတာလား”

ချန်ဖုမှာ ထိုစကားများကြောင့် ဆွံ့အသွားရသည်။ ခဏမျှ တွေးတောပြီးနောက်တွင်မူ ဤမျှအထိ အလွန်အမင်း စိုးရိမ်နေရန် မလိုအပ်ကြောင်း သူ တွေးမိသွားသည်။ ဖြစ်နိုင်သည်မှာ သူသည် မြင့်မားသော ရာထူးနေရာတွင် ကြာမြင့်စွာ ရှိနေခဲ့ပြီး ကြည်ညိုလေးစားခြင်း ခံခဲ့ရသဖြင့် တာ့ဟန်မှာ သူ မရှိလျှင် မဖြစ်ဟု အလိုလို ခံစားနေရခြင်း ဖြစ်ပေလိမ့်မည်။ အမှန်စင်စစ် လောကကြီးမှာ ပုံမှန်အတိုင်းသာ ဆက်လက် လည်ပတ်နေမည်ဖြစ်ပြီး မည်သူ၏ စောင့်ရှောက်မှုကိုမျှ မလိုအပ်ခဲ့ပေ။ လူသားများမှာ မည်မျှပင် စွမ်းအားကြီးစေကာမူ စကြဝဠာကြီးအတွင်းရှိ ဖုန်မှုန့်တစ်စမျှသာ ဖြစ်သည်။

လုကျိုးက ဆက်လက် ဆိုလိုက်၏။

“ကျုပ် ဒီနေ့ လာတာက သင်းပျံ့တောင်ကြားရဲ့ အနက်ရှိုင်းဆုံးနေရာကို သွားချင်လို့။ ခင်ဗျား စိတ်ဝင်စားတယ်ဆိုရင် ကျုပ်နဲ့ လိုက်ခဲ့လို့ ရတယ်”

ဖြစ်နိုင်သည်မှာ ချန်ဖုကို ကုသရန်အတွက် အသုံးပြုနိုင်မည့် ရှားပါးသော ပန်းများနှင့် အပင်များကို သူ ရှာတွေ့နိုင်ပေလိမ့်မည်။

ချန်ဖုက ခေါင်းခါလျက် ပြောလိုက်သည်။

“ကျုပ် အဲဒီနေရာကို တစ်ခါ ရောက်ဖူးပြီးပါပြီ။ ကျုပ်အတွက်တော့ အဲဒီကို သွားရတာ အဓိပ္ပာယ် မရှိပါဘူး။ ခင်ဗျား အဲဒီရောက်တဲ့အခါ ကြမ်းတမ်းခက်ထန်သားရဲတွေကိုတော့ သတိထားပါ။ ကျုပ် သိသလောက်တော့ သူတို့တွေက ဗဟိုချက်မျဉ်းကို ဖြတ်ကျော်လာမှာ မဟုတ်ဘူး”

ချန်ဖုက ဝေးကွာသော တောင်တန်းတစ်ခုကို လက်ညှိုးညွှန်ပြလိုက်သည်။

“ဟောဒီ တောင်ရဲ့ မြောက်ဘက်ခြမ်းဟာ ရှေးဟောင်းအစီအရင်ရဲ့ နယ်နိမိတ်မျဉ်းပဲ။ အကယ်၍ အန္တရာယ်နဲ့ ကြုံလာရရင်တော့ ပြန်လာဖို့ မမေ့ပါနဲ့”

လုကျိုးက ဆို၏။

“ကောင်းပါပြီ... ကျုပ် တစ်ယောက်တည်း သွားမယ်။ ဘယ်လောက် ကြာမလဲဆိုတာတော့ ကျုပ်လည်း မသိဘူး”

ချန်ဖုက ခေါင်းညိတ်လိုက်သည်။

“အစ်ကိုလု... စိတ်မပူပါနဲ့။ ကျုပ် အသက်ရှင်နေသရွေ့တော့ ခင်ဗျားရဲ့ တပည့်တွေကို ကျုပ် စောင့်ရှောက်ပြီး ဆုံးမပေးထားပါ့မယ်။ ခင်ဗျားဘက်က စိတ်မရှိဘူးဆိုရင်ပေါ့လေ”

လုကျိုးက ပြောလိုက်သည်။

“ဒါဆိုရင်တော့ ကောင်းတာပေါ့”

လုကျိုးသည် ဤစကားကို စောင့်နေခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူသည် သင်းပျံ့တောင်ကြားရှိ စင်မြင့်ဝိုင်းဆီသို့ ပျံသန်းထွက်ခွာလာခဲ့သည်။

လုကျိုး ရောက်ရှိသွားသောအခါ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ လက်ရည်ယှဉ်နေသည်ကို တွေ့လိုက်ရသဖြင့် သူတို့ကို မနှောင့်ယှက်တော့ပေ။ ယွီရှန်းရုန်မှာ အဆင့်ချိုးဖျက်တက်ရန် နီးကပ်နေပြီဖြစ်ကြောင်း သူ အာရုံခံမိလိုက်သည်။

ထိုအခိုက်အတန့်တွင် ဆောင်းဦးနှင်းစက်တောင်မှ တပည့်များသည် ကြည့်ရှုရင်း အချင်းချင်း ဆွေးနွေးနေကြ၏။

“ကျုပ်တို့အားလုံး ကျင့်ကြံသူတွေချင်း အတူတူပဲ၊ ဒါပေမဲ့ ကွာဟချက်ကတော့ တကယ်ကို ကြီးမားလွန်းတယ်”

“သူတို့ထဲမှာ အားအနည်းဆုံးသူတောင် ဆရာသခင်တစ်ပါး ဖြစ်နေတာပဲ။ ကျုပ်တို့က ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ သူတို့ လက်ရည်ယှဉ်လို့ ပြီးသွားရင်တော့ ကျုပ်တို့ နှိမ့်ချစွာနဲ့ လမ်းညွှန်မှု သွားတောင်းရမယ်”

“အကြံကောင်းပဲ”

မိစ္ဆာဝေဟင်မျှော်နန်းမှ တပည့်များထံတွင် လမ်းညွှန်မှု တောင်းခံခြင်းမှာ ဆောင်းဦးနှင်းစက်တောင် တပည့်များအတွက် နေ့စဉ် လုပ်ငန်းဆောင်တာတစ်ခုသဖွယ် ဖြစ်နေပြီ ဖြစ်သည်။ တိတိကျကျ ပြောရလျှင် သူတို့ လမ်းညွှန်မှု တောင်းခံသည့်သူများမှာ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ ဖြစ်ကြသည်။

လုကျိုးက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ သူ၏ အကြီးဆုံးတပည့် နှစ်ဦးအပြင် ယဲ့ထျန်းရှင်းနှင့် ကျောင်းယွဲ့တို့သာ ရှိနေသည်ကို တွေ့ရ၏။ ထို့ကြောင့် သူသည် အခြားသူများ၏ အခြေအနေကို စစ်ဆေးရန် အမြင်စွမ်းအားမန္တန်ကို တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။

တွမ့်မူရှန်းနှင့် လုဝူတို့မှာ ကျင့်ကြံနေကြပြီး မင်ရှစ်ရင်မှာတော့ အိပ်ပျော်နေ၏။ ကျန်သည့်သူများမှာလည်း ဝီရိယရှိစွာ ကျင့်ကြံနေကြသည်။

လုကျိုး ခေါင်းညိတ်လိုက်မိ၏။ ဆရာတစ်ယောက်အနေဖြင့် ဤသည်ကို မြင်တွေ့ရသည်မှာ အလွန်ပင် ကျေနပ်စရာ ကောင်းလှပေသည်။ သူသည် သူ၏ ခုနစ်မြောက်တပည့်ကို ရုတ်တရက် သတိရသွားပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ အကယ်၍ သူ၏ ခုနစ်မြောက်တပည့်သာ ရှိနေဦးမည်ဆိုလျှင် အရာရာတိုင်းမှာ ပိုမို ချောမွေ့နေပေလိမ့်မည်။ သူ၏ အလိုလိုသိစိတ်အရ အမြင်စွမ်းအားကို သုံး၍ သူ၏ ခုနစ်မြောက်တပည့်ကို စုံစမ်းရန် ကြိုးစားလိုက်၏။ ကံဆိုးစွာပင် သူ ရရှိသည့် ရလဒ်မှာ ပစ်မှတ် မမှန်ကန်ပါ ဟူသော စကားလုံးများသာ ဖြစ်နေဆဲပင်။

လုကျိုးသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီးနောက် လှည့်ထွက်ကာ ပျောက်ကွယ်သွားတော့သည်။

တောင်လေးလုံးနှင့် ဝေးကွာလှသော သင်းပျံ့တောင်ကြား၏ အနက်ရှိုင်းဆုံးနေရာတွင်ဖြစ်သည်။

လုကျိုးသည် ပန်းများ၊ မြက်ပင်များနှင့် သစ်ပင်များကြားတွင် တစ်ယောက်တည်း လျှောက်လှမ်းနေ၏။ အနှစ်တစ်သောင်းသက်တမ်းရှိ ရှေးဟောင်းသစ်ပင်ကြီးများမှာ သူ၏ ပတ်လည်တွင် ထောင်ထလျက် ရှိနေပြီး အမျိုးမျိုးသော မွှေးရနံ့များမှာ သူ၏ နှာခေါင်းထဲသို့ တိုးဝင်နေသည်။

ထိုရနံ့များ၏ အမျိုးမျိုးသော အာနိသင်များကို သူ အာရုံခံမိသည်။ အချို့သော ရနံ့များမှာ ဝိုင်သောက်ထားသကဲ့သို့ မူးယစ်စေပြီး အချို့မှာ လျှပ်စီး အနုစား အတိုက်ခံရသကဲ့သို့ အာရုံများကို ထုံကျဉ်စေကာ အချို့မှာမူ အပ်ဖြင့် အထိုးခံရသကဲ့သို့ ခံစားရစေသည်။

ခရမ်းတောက်ပသံကျောက မှာ ဤနေရာတွင် အလွန်ပင် အသုံးဝင်လှပေသည်။ အကြောင်းမှာ ၎င်းက ဤအဆိပ်သင့်စေသော အာနိသင်များကို ပိတ်ဆို့ပေးနိုင်သောကြောင့် ဖြစ်သည်။ ထိုနည်းတူပင် အံ့ဖွယ်အမှတ်အသားဝတ်ရုံ ကလည်း သူ့ကို အဆိပ်များမှ ကင်းဝေးစေသည်။

လုကျိုးသည် တမင်တကာ အရှိန်လျှော့ထားသော်လည်း သူ၏ အရှိန်မှာ မြန်ဆန်နေဆဲပင် ဖြစ်သည်။ ခဏအတွင်းမှာပင် သူသည် ပေ ရာဂဏန်းခန့်ကို ဖြတ်ကျော်လာခဲ့သည်။

လုကျိုး ဤနေရာသို့ ရောက်ရှိလာချိန်မှစ၍ မည်သည့် မသက်မသာဖြစ်မှုကိုမျှ မခံစားရပေ။ ပုံမှန်အတိုင်းသာ ခံစားနေရ၏။ သူသည် အချိန်မည်မျှ ကြာအောင် လျှောက်ခဲ့သည်မသိသော်လည်း လုံးဝ သက်ရောက်မှု မရှိဘဲ နောက်ဆုံးတွင် ခြေလှမ်းများကို ရပ်တန့်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ သူသည် သူ၏ အမြင်အာရုံ၊ အကြားအာရုံနှင့် အနံ့အာရုံ စွမ်းအားများကို အသုံးပြုလိုက်၏။

လေထုအတွင်း ပျံ့နှံ့နေသော အမျိုးမျိုးသော ရနံ့များမှာ အရင်အတိုင်းပင် ဖြစ်နေပြီး ရနံ့အသစ်တော့ မရှိပေ။

မိုင် ၁၀၀ ပတ်လည်အတွင်း မည်သည့် သားရဲမျှ မရှိသလို အသံလည်း မရှိပေ။ သူ၏ ကောင်းကင်ကျမ်းစာ စွမ်းအားများကို ဖြတ်တောက်လိုက်ပြီးနောက် သူ မျက်မှောင်ကျုံ့လိုက်မိသည်။

“ချန်ဖု ကျုပ်ကို လိမ်ပြောခဲ့တာလား”

အမှန်တော့ လုကျိုးသည် မွေးဖွားစမ်းသပ်မှုကို ကျော်ဖြတ်ရန် မလိုအပ်ပေ။ သူ ဤနေရာသို့ လာရခြင်းမှာ ထိုအကြောင်းကြောင့် မဟုတ်ပေ။ သူသည် မုန့်ကျန်း၏ လျှပ်စီးတန်းများမှတစ်ဆင့် သူတော်စင်တစ်ပါး ဖြစ်လာခဲ့ပြီးပြီ မဟုတ်ပါလော။ သူသည် သူ၏ တပည့်များအတွက် ဤနေရာကို လာရောက် စူးစမ်းပေးခြင်းသာ ဖြစ်သည်။

တစ်ဖန် ပြန်စဉ်းစားကြည့်လျှင် ချန်ဖုအနေဖြင့် လိမ်ပြောရန် အကြောင်းပြချက် မရှိပေ။ အထူးသဖြင့် ချန်ဖု၏ အသက်မှာ ယခုအခါ အပ်ဖျားပေါ်တွင် တင်နေသည့် အခြေအနေမျိုးတွင် ဖြစ်သည်။

'ဒါဆို ဘာကများ မှားနေတာလဲ။ ခရမ်းတောက်ပသံကျောက်ကြောင့်လား'

လုကျိုးသည် ခရမ်းတောက်ပသံကျောက်ကို ထုတ်ယူကာ ကျယ်ပြန့်ကောင်းကင်အိတ်ထဲသို့ ထည့်လိုက်သည်။ သို့သော်လည်း မည်သည့် ပြောင်းလဲမှုမျှ ရှိမလာပေ။

'အံ့ဖွယ်အမှတ်အသားဝတ်ရုံကြောင့်လား'

လုကျိုး ခေတ္တမျှ တွေးတောလိုက်သည်။ တောရိုင်းထဲတွင် သူ၏ အဝတ်အစားများကို ချွတ်လိုက်ရန်မှာ မသင့်လျော်ဟု ထင်ရသဖြင့် ထိုအတွေးကို စွန့်လွှတ်လိုက်ရ၏။

လုကျိုးသည် အရှိန်ကို မြှင့်တင်ကာ ပိုမို နက်ရှိုင်းသော နေရာဆီသို့ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။ သူသည် မိုင် ၁၀၀၀ ခန့်အထိ ခရီးနှင်လာခဲ့၏။ လမ်းတစ်လျှောက်တွင် သူ မြင်တွေ့ရသော ပန်းများ၊ မြက်ပင်များနှင့် သစ်ပင်များမှာ ထူးဆန်းလှပေသည်။ သို့သော်လည်း မည်သည့် ပြောင်းလဲမှုမျှ မရှိသေးပေ။

“ကျုပ် မယုံဘူး”

ဘုန်း

လုကျိုးသည် ကောင်းကင်သို့ ပျံတက်လိုက်သည်။

“ရွှေရောင်ထိုက်ရွှီကြေးမုံ”

နေမင်းပမာ တောက်ပနေသော ရွှေရောင်ထိုက်ရွှီကြေးမုံမှာ သူ၏ လက်ထဲတွင် ပေါ်လာပြီး အလင်းများကို ထုတ်လွှတ်လိုက်သည်။

အလင်းတန်းမှာ အရပ်မျက်နှာ အနှံ့အပြားသို့ ရောက်ရှိသွားပြီး ကောင်းကင်နှင့် တောအုပ်ကို လင်းထိန်သွားစေတော့သည်။ မိုးကုပ်စက်ဝိုင်းဆီသို့ အလင်းတန်း ရောက်ရှိသွားသောအခါ လေထုထဲတွင် လှိုင်းဂယက်တစ်ခုကို ဖျော့တော့စွာ မြင်လိုက်ရသည်။

“သင်းပျံ့တောင်ကြားရဲ့ ရှေးဟောင်းအစီအရင်... အဲဒါက နယ်နိမိတ်မျဉ်း ဖြစ်ရမယ်”

လုကျိုး မျက်မှောင်ကျုံ့လိုက်မိသည်။ “ပြင်းထန်လှပါတယ်ဆိုတဲ့ ဒီနေရာက ငါ့အပေါ်မှာ ဘာမှ အရာမထင်ဘူးပေါ့လေ”

လုကျိုးသည် ဤကိစ္စကို ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ထူးဆန်းသော တရှပ်ရှပ် အသံတစ်ခု သူ၏ နားထဲသို့ ရုတ်တရက် တိုးဝင်လာသည်။

ထို့နောက် လုကျိုးသည် တောအုပ်ကို ဖြတ်ကျော် ပျံသန်းသွားသော အရိပ်တစ်ခုကို တွေ့လိုက်ရသည်။

“ရပ်စမ်း”

လုကျိုးသည် သူ၏ နက်နဲသော နည်းစနစ်ကို အသုံးပြုကာ အရိပ်နောက်သို့ ကပ်လျက် လိုက်ပါသွားသည်။ တစ်ဖက်လူ၏ အရှိန်မှာ သူတော်စင်တစ်ပါးထက် မနိမ့်လှပေ။

နေရာရွှေ့ပြောင်း ပို့ဆောင်ခြင်း စွမ်းအားကို သုံးကြိမ် အသုံးပြုပြီးနောက် လုကျိုးသည် ထိုအရိပ်၏ ရှေ့ ပေ ၁၀၀၀ ခန့်အကွာတွင် ပေါ်လာသည်။ သူသည် ခန္ဓာကိုယ်မှ သူတော်စင်အလင်းများ ဖြာထွက်လျက် လေထဲတွင် ဝဲပျံနေ၏။ သူသည် ရွှေရောင်ထိုက်ရွှီကြေးမုံကို မြှောက်ကိုင်ထားရင်း တီးတိုးရေရွတ်လိုက်သည်။

“မင်း ဘယ်သူလဲဆိုတာ ကျုပ် မြင်ချင်သေးတယ်”

ရွှေရောင်ထိုက်ရွှီကြေးမုံက အရိပ်ပေါ်သို့ ကျရောက်သွားသောအခါ လုကျိုးသည် ၎င်းမှာ သားရဲတစ်ကောင် ဖြစ်ကြောင်း မြင်လိုက်ရသည်။ ၎င်း၏ ကိုယ်ထည်မှာ တစ်ခုလုံး အဝါရောင် ဖြစ်နေပြီး ပျားတစ်ကောင်နှင့် ဆင်တူလှပေသည်။ ၎င်း၏ မျက်လုံးများမှာ ပြူးထွက်နေပြီး မဟူရာအလင်းရောင်များဖြင့် တောက်ပနေ၏။

လုကျိုး “…”

“သန္ဓေပြောင်းပျားတစ်ကောင်လား”

လုကျိုး စဉ်းစားရသမျှ ဖော်ပြချက်မှာ ဤမျှသာ ရှိသည်။

သားရဲမှာ သူ၏ တောင်ပံများကို ခတ်လိုက်ရာ အလွန် မြင့်မားသော ကြိမ်နှုန်းရှိသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ကြွေလွင့်နေသော ကြယ်တစ်လုံးပမာ ဝေးကွာသော ကောင်းကင်ယံသို့ ပျံသန်းသွားတော့သည်။

လုကျိုး၏ နားထဲတွင် တစီစီ မြည်လာသဖြင့် သူသည် ထိုထူးဆန်းသော အသံလှိုင်းကို ချေဖျက်ရန် ကောင်းကင်ကျမ်းစာ မန္တန်ကို ရွတ်ဆိုလိုက်သည်။ ထို့နောက် နေရာရွှေ့ပြောင်းပို့ဆောင်ခြင်း စွမ်းအားကို အသုံးပြုကာ ထိုသားရဲနောက်သို့ ထပ်မံ လိုက်လံ ဖမ်းဆီးတော့သည်။

လုကျိုးသည် ရှေးဟောင်းသစ်ပင်ကြီးများစွာကို ဖြတ်ကျော်လျက် တစ်နာရီခန့် ပျံသန်းပြီးနောက် တောင်ခြေတစ်ခုတွင် ရပ်တန့်လိုက်သည်။

သန္ဓေပြောင်းပျားမှာ ရပ်တန့်သွားပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။

ဝူး ဝူး ဝူး

ထို့နောက်တွင်မူ ထိုပျားမျိုးများစွာမှာ တစ်တန်းတည်း ပေါ်ထွက်လာတော့သည်။

“တစ်ကောင်မကဘူးပဲ”

လုကျိုး အနည်းငယ် အံ့အားသင့်သွားရသည်။ ထို့နောက် သူသည် ခုံဝမ် နှင့် လုလီတို့ကို ဆက်သွယ်ရန် အဆောင်တစ်ခုကို မီးရှို့လိုက်သည်။

ခုံဝမ်နှင့် လုလီတို့၏ ပုံရိပ်ယောင်များမှာ တစ်ပြိုင်နက်တည်း ပေါ်လာသည်။ နှစ်ဦးသား ဦးညွှတ်လိုက်ကြ၏။

“ဂါရဝပြုပါတယ် မျှော်နန်းသခင်”

“ဒါ ဘာလဲ”

လုကျိုးသည် သူ့ရှေ့ရှိ နေရာကို အဆောင်ကို သုံး၍ ပုံရိပ်ပြသလိုက်ရင်း မေးမြန်းလိုက်သည်။

လုလီသည် ထိုသားရဲများကို ခဏမျှ လေ့လာကြည့်ပြီးနောက် မျက်မှောင်ကျုံ့လိုက်သည်။

“ဒါကတော့... ကျုပ်တို့ အစ်ကိုခုံကိုပဲ မေးရမယ် ထင်တယ်။ မျှော်နန်းသခင် ဘယ်နေရာကို ရောက်နေတာလဲ။ ဘယ်လိုလုပ် ဒီလို ထူးဆန်းတဲ့ အရာတွေနဲ့ တွေ့နေရတာလဲ”

ခုံဝမ်သည် သူ၏ မေးစေ့ကို ပွတ်သပ်ရင်း သားရဲများကို လေ့လာနေ၏။

သန္ဓေပြောင်းပျားများက တောင်ပံခတ်ရာမှ ထွက်ပေါ်နေသော တဝီဝီ မြည်သံများမှာ တကယ်ပင် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှပေသည်။

“ဖြစ်နိုင်တာကတော့... သူတို့တွေက ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူတွေ ဖြစ်တဲ့ ချင်းယွမ်တွေများလား။ အမှန်အတိုင်း ပြောရရင် ကျုပ်လည်း သူတို့ကို တစ်ခါမှ မမြင်ဖူးဘူးဆိုတော့ သေချာတော့ မပြောတတ်ဘူးဗျ။ အခုပဲ သူတော်စင်ချန်ကို သွားမေးကြည့်လိုက်ပါ့မယ်” ခုံဝမ်က ပြောကာ ထွက်ခွာသွားတော့သည်။

လုကျိုးသည် ပုံရိပ်ယောင်ကို ဖြတ်တောက်လိုက်ပြီးနောက် လေထဲရှိ ပျားများကို စူးစိုက်ကြည့်ကာ တည်ငြိမ်စွာ ဆိုလိုက်၏။

“ချင်းယွမ် လား”

အချိန်အတော်ကြာသောအခါမှ တောင်နက်ကြီးအတွင်းမှ လူသားဘာသာစကားဖြင့် အသံတစ်သံ ထွက်ပေါ်လာသည်။

“ဒီလောကမှာ ငါတို့ကို မှတ်မိသေးတဲ့သူ ရှိနေသေးတာပဲလား”

…

အခန်း (၁၅၂၃) နှင်ထုတ်ခံထားရသော ရှေးဟောင်း ချင်းယွမ်များ

လေထဲရှိ သန္ဓေပြောင်းပျားများမှာ တောင်ပံခတ်ခြင်းကို ရပ်တန့်လိုက်ကြပြီး တဝီဝီမြည်သံများလည်း တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။ တစ်ခဏချင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပိုမိုတိတ်ဆိတ်သွား၏။

သင်းပျံ့တောင်ကြားသည် မျှခြေမညီမျှခြင်း၏ သက်ရောက်မှုကို ခံနေရဆဲဖြစ်သော်လည်း အမည်မသိကုန်းမြေနှင့် ယှဉ်လျှင် ပိုမိုလင်းထိန်ပေသည်။ နေရောင် အပြည့်အဝ မရသော်လည်း အရာရာကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။ အမှန်စင်စစ် ဤအချက်မှာ ငရဲဝံပုလွေဘုရင်ထံမှ ညကြည့်အမြင်အာရုံ ရရှိထားသော လုကျိုးအတွက်မူ ထူးခြားမှုမရှိပေ။ အလင်းရောင်မှာ သူ့အတွက် စိတ်ပိုင်းဆိုင်ရာ အားပေးမှုတစ်ခုသာ ဖြစ်၏။

"ဒါက တကယ်ပဲ ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူ ချင်းယွမ်တွေပဲ..."

သူသိရှိထားသမျှအရ ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူများသည် အားနည်းသူများ မဟုတ်ကြပေ။ အမှန်စင်စစ် သူတို့သည် အထွတ်အထိပ်သက်ရှိများ၏ အင်အားမျိုး ရှိကြသည်ဟု ဆိုစမှတ်ပြုကြသည်။ လုကျိုးသည် သင်းပျံ့တောင်ကြား၏ အနက်ရှိုင်းဆုံးနေရာ၌ ဤမျှအစွမ်းထက်သော သားရဲများ ပုန်းကွယ်နေလိမ့်မည်ဟု အမှန်တကယ် မထင်မှတ်ခဲ့ပေ။

ထိုအချိန်တွင် တောင်နောက်ကွယ်မှ နီဝါရောင် ပျားသားရဲတစ်ကောင် ပျံသန်းလာသည်။ ၎င်း၏အရှိန်မှာ မမြန်လှပေ။ ၎င်းသည် သာမန်လူထက် ခေါင်းတစ်လုံးပိုမြင့်ကာ အခြားသန္ဓေပြောင်းပျားများထက် နှစ်ဆပိုကြီး၏။ ၎င်း၏တောင်ပံများမှာ ရွှေရောင်အလင်းများ ဖြာထွက်နေပြီး အလွန်လှပလှသည်။ ၎င်းမှာ အခြားမဟုတ်၊ ဒဏ္ဍာရီလာ သူတော်စင်သတ်ဖြတ်သူ ချင်းယွမ်ပင် ဖြစ်သည်။

လုကျိုးသည် ထိုနီဝါရောင်ချင်းယွမ်ကို မမှိတ်မသုန် စိုက်ကြည့်နေသည်။ ချင်းယွမ်၏ ပွင့်လင်းမြင်သာသော တောင်ပံများမှာ တဖြည်းဖြည်း လျှောကျလာပြီး လူသားဝတ်ရုံကဲ့သို့ အဝါနုရောင် ဝတ်ရုံတစ်ခု ဖြစ်ပေါ်လာသည်။ ခေါင်းမှာ ပုံပျက်လာပြီး ပြူးထွက်နေသော မျက်လုံးများမှာ ခေါင်းထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။ တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်မှာ ရှည်ထွက်လာပြီး ဖောက်ထွင်းမြင်နေရသောအသွင်မှ ရုပ်လုံးပေါ်လာကာ နောက်ဆုံးတွင် လူသားအသွင်သို့ ပြောင်းလဲသွားတော့သည်။

လူသားအသွင်တွင် ထိုချင်းယွမ်မှာ တောက်ပသော အကြည့်နှင့် လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါရှိသည့် အဘွားအိုတစ်ဦးနှင့် တူလှသည်။ သူမက လုကျိုးကို ကြည့်လိုက်သောအခါ အားရပါးရ ဝါးမျိုပစ်တော့မည့်အတိုင်းပင်။ ကျင့်ကြံသူများအကြား သားရဲများ၏ အမြင်တွင် လူသားတို့သည် အမြိန်ဆုံး အစားအစာ ဖြစ်သည် ဟူသော ဆိုရိုးစကားကို လုကျိုး သတိရသွားသည်။

ချင်းယွမ်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။ "သင်းပျံ့တောင်ကြားရဲ့ အနက်ရှိုင်းဆုံးနေရာအထိ လာနိုင်တဲ့ လူသားကျင့်ကြံသူဆိုတာ မရှိသလောက်ပဲ။ မင်းက ဘယ်သူလဲ၊ ဘာလို့ ဒီကို ရောက်နေတာလဲ၊ ဘယ်ကို သွားမှာလဲ"

လုကျိုးက လက်နောက်ပစ်လျက် ရပ်နေပြီး ပြောလိုက်သည်။ "ငါက သင်းပျံ့တောင်ကြားမှာ တံခါးပိတ်ကျင့်ကြံနေတာ။ ဒီနေ့တော့ ဒီနေရာရဲ့ အနက်ရှိုင်းဆုံး အပိုင်းတွေကို စူးစမ်းဖို့ ဆုံးဖြတ်လိုက်တာပဲ"

ချင်းယွမ်က သက်ပြင်းတစ်ချက်ချလျက် ပြောလိုက်သည်။ "လူသားတွေရဲ့ စူးစမ်းလိုစိတ်က ဘယ်တော့မှ မပြောင်းလဲဘူးပဲ" ခေတ္တအကြာတွင် သူမက မေးလိုက်သည်။

"မင်း မကြောက်ဘူးလား"

လုကျိုးက လေသံအတက်အကျမရှိဘဲ ပြောလိုက်သည်။ "မင်း လူသားတွေနဲ့ ထိတွေ့ဖူးပြီး သူတို့ကို ကောင်းကောင်းနားလည်တယ်ဆိုတာ ငါ သိနိုင်ပါတယ်။ ငါက ချင်းယွမ်တွေနဲ့ ဘာရန်ငြိုးမှ မရှိဘူး၊ ဘာလို့ ကြောက်နေရမှာလဲ"

ချင်းယွမ်က ပြောလိုက်သည်။ "လူသားတွေက သားရဲတွေရဲ့ အသက်ဓာတ်နှလုံးသားကို မက်မောကြသလို သားရဲတွေကလည်း လူသားတွေရဲ့ အသွေးအသားကို တောင့်တကြတာပဲ။ သူတို့က တစ်ဦးနဲ့တစ်ဦး ဆန့်ကျင်ဘက်တွေပဲ။ ငါ မင်းကို အလွယ်လေး သတ်နိုင်တယ်"

လုကျိုးက ခေါင်းခါလျက် ပြောလိုက်သည်။ "မင်း ငါ့ကို သတ်ချင်တယ်ဆိုရင် အစောကတည်းက လှုပ်ရှားမှာပေါ့။ အခုအထိ စောင့်နေစရာ မလိုပါဘူး။ ဒါ့အပြင် ငါကကော မင်းကို မသတ်နိုင်ဘူးလို့ ဘယ်သူပြောလဲ"

ချင်းယွမ်၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများ ဖြတ်သန်းသွားသည်။ ဤလူသားမှာ သူမ ထင်ထားသည်ထက် ပို၍ ပါးနပ်လှပေသည်။ သူမ အခုအထိ မလှုပ်ရှားသေးသည်မှာလည်း သူသည် သင်းပျံ့တောင်ကြား၏ အနက်ရှိုင်းဆုံးနေရာနှင့် ချင်းယွမ်အသိုက်အမြုံအထိ ဘေးကင်းစွာ ရောက်လာနိုင်ခြင်းကြောင့်ပင်။ ၎င်းမှာ သူ၏ကျင့်ကြံမှုမှာ သာမန်မဟုတ်ကြောင်း သက်သေပြနေသည်။

နောက်ဆုံးတွင် ချင်းယွမ်က ပြုံးလျက် ပြောလိုက်သည်။

"ထက်မြက်လိုက်တဲ့ လူသားပဲ။ ဒါပေမဲ့ ဒီလောကမှာ ဘာမှ အတည်မရှိဘူး။ ငါ အစောပိုင်းက မလှုပ်ရှားခဲ့တာက နောင်ကျရင် မလှုပ်ရှားဘူးလို့ မဆိုလိုဘူး။ ငါ့မေးခွန်းတွေကို မဖြေရင် မင်း ထွက်သွားလို့ မရဘူး။ ငါတို့ ချင်းယွမ်အသိုက်အမြုံက သင်းပျံ့တောင်ကြားရဲ့ အနက်ရှိုင်းဆုံးမှာ အေးအေးချမ်းချမ်း နေထိုင်နေကြတာ။ ငါတို့ ပြင်ပလောကအကြောင်း ဘာမှမမေးသလို ဘာပြဿနာမှလည်း မလိုချင်ဘူး။ အခု ငါတို့နေရာကို တစ်ယောက်ယောက်က သိသွားပြီဆိုရင်တော့ အကောင်းဆုံးနည်းလမ်းက အဲဒီလူကို ရှင်းပစ်လိုက်ဖို့ပဲ"

လုကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒီနေရာမှာ ကျင့်ကြံသူတွေ သူတို့ရဲ့ မွေးဖွားစမ်းသပ်မှုကို ကျော်ဖြတ်ဖို့ ကူညီပေးနိုင်တဲ့ ထူးဆန်းတဲ့ ပန်းတွေနဲ့ အပင်တွေ ရှိတယ်လို့ ငါ ကြားထားတယ်။ ဒါကြောင့် လာကြည့်တာပဲ"

ချင်းယွမ်က ဇဝေဇဝါဖြင့် ပြောလိုက်သည်။ "မင်းရဲ့ စွမ်းရည်နဲ့ဆိုရင် ဒီလို အဆင့်နိမ့်တဲ့နေရာမှာ မွေးဖွားစမ်းသပ်မှုကို ကျော်ဖြတ်ဖို့ လိုလို့လား"

လုကျိုးက ပြောလိုက်သည်။ "ငါ့တပည့်တွေရဲ့ မွေးဖွားစမ်းသပ်မှုအတွက်ပါ"

ယင်းကိုကြားသောအခါ ချင်းယွမ်က ခေါင်းညိတ်လိုက်သည်။

"မင်းက လူသားတွေထဲမှာ တကယ့်ကို ဆရာကောင်းတစ်ယောက်ပဲ။ ဒါပေမဲ့ မင်းတပည့်တွေကြောင့်နဲ့ ငါတို့ အသိုက်အမြုံကိုတော့ လာမနှောင့်ယှက်သင့်ဘူး"

လုကျိုးက ပြောလိုက်သည်။ "ငါ့မှာ အချိန်ဖြုန်းဖို့ မရှိဘူး။ မင်းလမ်းမင်းသွား၊ ငါ့လမ်းငါသွားမယ်။ ငါတို့ တစ်ဦးနဲ့တစ်ဦး ဝင်မစွက်ဖက်ကြေးပေါ့"

ချင်းယွမ်က ပြောလိုက်သည်။ "အဲလိုတော့ မရဘူး ထင်တယ်။ ငါသာ မင်းကို လွှတ်ပေးလိုက်ရင် မင်းက လူတွေကို ခေါ်လာမှာပေါ့၊ အဲဒီအခါ ငါတို့ အသိုက်အမြုံကြီး ပေါ်သွားမှာပေါ့"

လုကျိုး မျက်မှောင်ကျုံ့လိုက်သည်။ သူသည် ချင်းယွမ်ခေါင်းဆောင်ကို စိုက်ကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။

"ချင်းယွမ်တွေက ဘာလို့ သင်းပျံ့တောင်ကြားရဲ့ အနက်ရှိုင်းဆုံးမှာ ပုန်းနေကြတာလဲ"

ချင်းယွမ်က ခေါင်းခါလျက် ပြောလိုက်သည်။ "လူသား... ဒါက မင်းနဲ့ ဘာမှမဆိုင်ဘူး"

လုကျိုးက မေးလိုက်သည်။ "ကုန်းမြေကွဲအက်လို့ ပုန်းနေကြတာလား"

ချင်းယွမ် အနည်းငယ် အံ့အားသင့်သွားသည်။ ပြောလိုက်သည်။

"မင်း ကုန်းမြေကွဲအက်တဲ့အကြောင်းကို သိနေတာလား။ မင်းက ရှေးခေတ်ကတည်းက တည်ရှိနေတာလား" သူမ၏ မျက်လုံးထဲတွင် ဝမ်းသာရိပ်အချို့ ဖြတ်သန်းသွားသည်။

"ရှေးခေတ်က လူသားတစ်ယောက်နဲ့ မတွေ့ရတာ ကြာပြီပဲ။ ကုန်းမြေကွဲအက်မှုကြောင့် သက်ရှိပေါင်းများစွာ သေဆုံးခဲ့ရတယ်။ လူသားတွေနဲ့ သားရဲတွေရဲ့ အလောင်းတွေက နေရာအနှံ့ ပျံ့ကျဲနေပြီး သွေးချောင်းစီးခဲ့ရတာ"

ချင်းယွမ်က ရှေးခေတ်မှ ရဲဘော်တစ်ယောက်နှင့် တွေ့ရသကဲ့သို့ ခံစားလိုက်ရသည်။ လုကျိုးက ခေါင်းခါလျက် ပြောလိုက်သည်။ "မဟုတ်ဘူး... ငါက ရှေးခေတ်ကလူ မဟုတ်ဘူး"

"မဟုတ်ဘူးတဲ့လား"

လုကျိုးက ဆက်ပြောလိုက်သည်။ "ကုန်းမြေကွဲအက်ခဲ့တာ နှစ်ပေါင်း တစ်သိန်း ရှိပြီ။ သင်းပျံ့တောင်ကြားဟာ မဟာလေဟာနယ်ရဲ့ အစိတ်အပိုင်း မဟုတ်တော့ဘူး"

ချင်းယွမ် မျက်မှောင်ကျုံ့လိုက်သည်။ ပြောလိုက်သည်။ "ပေါက်ကရတွေ"

လုကျိုးက လက်နောက်ပစ်လျက် လှည့်ထွက်ရင်း ပြောလိုက်သည်။

"ယုံချင်ယုံ၊ မယုံချင်နေ။ မင်းတို့က သင်းပျံ့တောင်ကြားမှာ နှစ်ပေါင်း တစ်သိန်း ကုန်ဆုံးခဲ့တာပဲ။ ပြင်ပလောကရဲ့ အပြောင်းအလဲတွေကို မသိတာ သဘာဝပါပဲ။ မယုံရင် တစ်ယောက်ယောက်ကို အပြင်လွှတ်ပြီး ကြည့်ခိုင်းလိုက်ပေါ့"

ချင်းယွမ်က လက်ဝေ့ယမ်းလျက် ပြောလိုက်သည်။ "သူ့ကို တားကြစမ်း"

ဝူး ဝူး ဝူး

ချင်းယွမ် ဒါဇင်ပေါင်းများစွာသည် လေပွေပမာ လျင်မြန်စွာ ပျံသန်းလာပြီး လုကျိုး၏ လမ်းကို ပိတ်ဆို့လိုက်ကြသည်။ သူတို့၏ တောင်ပံများမှာ အလွန်လျင်မြန်စွာ ခတ်နေကြ၏။ လုကျိုးက လှည့်ကြည့်ကာ လေးနက်သောလေသံဖြင့် မေးလိုက်သည်။

"မင်းတို့ တကယ်ပဲ ငါ့ကို ရန်သူအဖြစ် သတ်မှတ်ဖို့ ကြံစည်နေတာလား"

ချင်းယွမ်က ပြောလိုက်သည်။ "ငါ့မှာ ရွေးချယ်စရာ မရှိဘူး။ သေတဲ့လူပဲ လျှို့ဝှက်ချက်ကို ထိန်းသိမ်းနိုင်မှာ"

လုကျိုးက အေးစက်စွာ ပြောလိုက်သည်။

"သူတော်စင်သတ်ဖြတ်သူ မပြောနဲ့၊ မင်းက မဟာလေဟာနယ်ဧကရာဇ် ဖြစ်နေရင်တောင် ငါ မင်းကို သတ်ပစ်မယ်"

ချင်းယွမ်က မေးလိုက်သည်။ "မင်းက မဟာလေဟာနယ်က မဟုတ်ဘူးလား"

"မင်းတို့နဲ့ စကားအရှည်ကြီး မပြောချင်ဘူး။ ဖယ်ပေးစမ်း" လုကျိုး၏ လေသံမှာ ပိုမိုအေးစက်လာသည်။

ချင်းယွမ်က အမိန့်ပေးလိုက်သည်။ "သူ့ကို ဖမ်းဆီးလိုက်ကြ"

ထိုသို့ပြောပြီးသည်နှင့် ပျားသားရဲများက အလင်းလုံးများကို ထွေးထုတ်လိုက်ကြသည်။ ပတ်ဝန်းကျင်ရှိ ပန်းများနှင့် သစ်ပင်များမှာ ချက်ချင်းပင် လင်းထိန်သွားတော့သည်။ တစ်ချိန်တည်းမှာပင် ပန်းများ ပွင့်လန်းလာပြီး ပိုမိုပြင်းထန်သော ရနံ့များ ထွက်ပေါ်လာသည်။ ၎င်းမှာ အိမ်မက်ကဲ့သို့ ဖြစ်ကာ ဝိုင်ကဲ့သို့ မူးယစ်စေသည်။

လုကျိုး ခေတ္တမျှ မိန်းမောသွားသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်စွမ်းအားများ သူ၏ စိတ်ထဲသို့ တိုးဝင်လာသည်။ ထိုအေးမြမှုက မူးယစ်ခြင်းကို ချက်ချင်း ချေဖျက်ပေးလိုက်ရာ သူ၏ အသိစိတ်မှာ ပြန်လည်ကြည်လင်သွားတော့သည်။

ချင်းယွမ်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ "မင်းအပေါ်မှာ သက်ရောက်မှု မရှိဘူးလား"

သန္ဓေပြောင်းပျားများမှာ လေထဲတွင် ဝဲပျံလျက် တဝီဝီ မြည်ဟည်းနေကြသည်။ ထိုအသံများမှာ တကယ်ပင် နားမခံသာလှပေ။ ဤအချိန်၌ လုကျိုးသည် ထိုရနံ့များ အဘယ်ကြောင့် သက်ရောက်မှုမရှိသည်ကို နောက်ဆုံးတွင် နားလည်သွားသည်။ ၎င်းမှာ ကောင်းကင်ကျမ်းစာကြောင့်ပင်။ စုန်းအတတ်၊ ဗုဒ္ဓဘာသာ မန္တန်များနှင့် လှည့်စားခြင်း နည်းစနစ်များမှာ သူ၏အပေါ်တွင် အရာမထင်ပေ။ ခရမ်းတောက်ပသံကျောက်နှင့် အံ့ဖွယ်အမှတ်အသားဝတ်ရုံတို့ပါ ပေါင်းစပ်လိုက်လျှင် ဤနေရာတွင် လမ်းလျှောက်ရသည်မှာ သူ့အတွက် ပန်းခြံထဲတွင် လမ်းလျှောက်နေသကဲ့သို့ပင် ဖြစ်နေတော့သည်။

လုကျိုးက ကျယ်ပြန့်ကောင်းကင်အိတ်ထဲမှ ခရမ်းတောက်ပသံကျောက်ကို ထုတ်ယူလိုက်ရာ အရာရာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ချင်းယွမ်သည် ခရမ်းတောက်ပသံကျောက်ကို မြင်သောအခါ အံ့အားသင့်သွားပြီး လေးနက်သောလေသံဖြင့် မေးမြန်းလိုက်သည်။

"မင်း ဒီခရမ်းတောက်ပသံကျောက်ကို ဘယ်က ရခဲ့တာလဲ"

လုကျိုး အနည်းငယ် စိတ်တိုလာသည်။ ပြောလိုက်သည်။ "ကိုယ့်ကိစ္စကိုယ်ပဲ ဂရုစိုက်စမ်း"

ထို့နောက် လုကျိုးသည် တောင်တစ်လုံး၏ အင်အားကို သယ်ဆောင်လာသကဲ့သို့ သူ၏လက်ကို ရှေ့သို့ တွန်းထုတ်လိုက်သည်။ ရွှေရောင်လက်ဝါးစည်းတံဆိပ်တစ်ခုမှာ ချင်းယွမ်ထံသို့ ပျံထွက်သွားတော့သည်။

ဘုန်း

ချင်းယွမ်က လက်ဝေ့ယမ်းလိုက်ရာ စွမ်းအင်လုံးတစ်ခု ပေါ်လာပြီး လက်ဝါးစည်းတံဆိပ်ကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် ၎င်းက လုကျိုးထံသို့ ထပ်မံ ပစ်လွှတ်လိုက်သည်။ ထိုစွမ်းအင်လုံးမှာ လုကျိုး၏ ရှေ့ ပေအနည်းငယ်အကွာသို့ ရောက်ရှိလာသောအခါ အံ့ဖွယ်အမှတ်အသားဝတ်ရုံမှာ တရှပ်ရှပ် မြည်လာပြီး ထိုစွမ်းအင်လုံးကို ပြန်လည်ရိုက်ထုတ်လိုက်သည်။

ချင်းယွမ်၏ မျက်လုံးထဲတွင် အနီရောင်အလင်းများ လက်ခနဲ ဖြစ်သွားသည်။ မေးမြန်းလိုက်သည်။

"မင်း ဒီဝတ်ရုံကို ဘယ်က ရခဲ့တာလဲ"

ထို့နောက် ချင်းယွမ်က လက်ဝေ့ယမ်းလိုက်ရာ ကောင်းကင်ယံတွင် သူမ၏ ပုံရိပ်ပွားများစွာ ပေါ်လာပြီး လုကျိုးထံသို့ တဟုန်ထိုး ပြေးဝင်လာကြသည်။ လုကျိုး၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ ဖြာထွက်လာသည်။ ထိုအလင်းများအတွင်း၌ ဖျော့တော့သော အပြာရောင် လျှပ်စီးတန်းများ ဝင်းလက်နေ၏။ ထိုအလင်းမှာ အရပ်မျက်နှာ အနှံ့အပြားသို့ မျက်စိတစ်မှိတ်အတွင်း ပေါက်ကွဲထွက်သွားတော့သည်။

ထိုလျှပ်စီးတန်းများနှင့် ထိတွေ့မိသော ကိုယ်ခွဲများအားလုံးမှာ ချက်ချင်းပင် လွင့်စဉ်သွားကြရတော့သတည်း။

…

အခန်း (၁၅၂၄) ဆိုးယုတ်သူတစ်ပါး ရောက်ရှိလာခြင်း (၁)

ချင်းယွမ်သည် လုကျိုး၏ ကောင်းကင်ကျမ်းစာ စွမ်းအားဖြင့် တိုက်ခိုက်ခြင်း ခံရပြီး အံ့ဖွယ်အမှတ်အသားဝတ်ရုံ၏ တွန်းကန်မှုကြောင့် နောက်ဆုတ်သွားရပြီးနောက် ဆက်လက် တိုက်ခိုက်ခြင်း မပြုတော့ပေ။

“ဒါက တကယ်ပဲ နတ်နဂါးရဲ့ အကြောပဲ” ချင်းယွမ်၏ နီမြန်းနေသော မျက်လုံးများမှာ မူလအတိုင်း ပြန်လည် ဖြစ်သွားသည်။ သူမသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ လုကျိုးကို ဝိုင်းရံထားသော သန္ဓေပြောင်းပျားဆယ်ကောင်ခန့်မှာ နောက်သို့ ပြန်လည် ပျံသန်းသွားပြီး သူမ၏ နောက်ကွယ်၌ ဝဲပျံနေကြတော့သည်။

လုကျိုးက ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။ “မင်းက ဒီဝတ်ရုံကို သိနေတာလား”

ချင်းယွမ်က ပြောလိုက်သည်။ “ဒီနတ်နဂါးအကြောဟာ တောင်ပံကိုးခုပါတဲ့ နတ်နဂါးတစ်ကောင်ဆီက ရခဲ့တာပဲ။ အဲဒီနောက်မှာ အစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ဦးက ဒီဝတ်ရုံဖြစ်အောင် ကျစ်လစ်သေသပ်စွာ ရက်လုပ်ခဲ့တာ။ ငါ ပြောတာ မှန်တယ် မဟုတ်လား”

လုကျိုးသည် စိတ်ထဲမှ အံ့အားသင့်သွားရသည်။ သူက ဤဝတ်ရုံ၏ ဇာစ်မြစ်ကို မည်သို့ သိနိုင်ပါ့မည်နည်း။ အံ့ဖွယ်အမှတ်အသားဝတ်ရုံမှာ ထူးခြားလှသည်ကိုသာ သူ သိထားပြီး အသေးစိတ် အချက်အလက်များကိုမူ မသိပေ။ သို့သော်လည်း အပြင်ပန်းတွင်မူ သူသည် ချင်းယွမ်ကို တည်ငြိမ်စွာ ကြည့်လျက် ပြောလိုက်သည်။ “မင်း အမြင်စူးရှသားပဲ”

ချင်းယွမ်သည် လူသားတို့၏ ကျင့်ဝတ်အတိုင်း လက်သီးဆုပ် အရိုအသေပြုလိုက်ပြီးနောက် မေးမြန်းလိုက်သည်။

“ကျေးဇူးပြုပြီး ခင်ဗျားကို ဘယ်လို ခေါ်ရမလဲဆိုတာ သိပါရစေ။ ကျုပ်က လူသားတွေရဲ့ ကျင့်ဝတ်ထုံးစံတွေကို သိပ်မသိတဲ့အတွက် အမှားပါရင် ခွင့်လွှတ်ပေးပါ”

လုကျိုးက ပြန်ဖြေလိုက်သည်။ “ငါ့မျိုးရိုးက လု ပါ”

“ဒါဆိုရင် ကျုပ် မေးပါရစေ...”

လုကျိုးက လက်မြှောက်ကာ ကြားဖြတ် ပြောလိုက်သည်။ “ငါ့မှာ မင်းနဲ့ စကားအရှည်ကြီး ပြောနေဖို့ အချိန်မရှိဘူး။ မင်းလမ်းမင်းသွား၊ ငါ့လမ်းငါသွားမယ်။ ဒါပေမဲ့ မင်းက ငါ့ကို ရန်သူအဖြစ် ဆက်ပြီး သတ်မှတ်ချင်တယ်ဆိုရင်တော့ အဆုံးအထိ ရင်ဆိုင်ပေးဖို့ ငါ အသင့်ပဲ...”

ချင်းယွမ်၏ သဘောထားမှာ အဘယ်ကြောင့် ရုတ်တရက် ပြောင်းလဲသွားသည်ကို လုကျိုး မသိပေ။ ထို့ကြောင့် သူသည် သံသယရှိနေပြီး ချင်းယွမ်၏ ရုတ်တရက် တိုက်ခိုက်လာနိုင်မှုကိုလည်း သတိကြီးစွာ ထားနေဆဲပင် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ချင်းယွမ်မှာ လူသား အထွတ်အထိပ်သက်ရှိတစ်ပါးနှင့် နှိုင်းယှဉ်နိုင်သူ ဖြစ်သည်။ သူမနှင့် ယှဉ်လျှင် သူသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင်။ အကယ်၍ ပဋိပက္ခကို ရှောင်လွှဲ၍ မရတော့လျှင်မူ သူ၏ ဝှက်ဖဲများကို အသုံးပြုရန် သူ ဝန်လေးမည် မဟုတ်ပေ။

ချင်းယွမ်၏ လေသံမှာ ဖော်ရွေနေဆဲ ဖြစ်သော်လည်း ရပ်တည်ချက်မှာ ခိုင်မာလှသည်။

“ကျုပ်မှာ အရမ်း အရေးကြီးတဲ့ မေးခွန်းတစ်ခု ရှိပါတယ်”

သူမ၏ ပြတ်သားသော အကြည့်ကို မြင်သောအခါ လုကျိုးက မေးလိုက်သည်။ “ဘာမေးခွန်းလဲ”

ချင်းယွမ်က မေးလိုက်သည်။ “ဒီဝတ်ရုံရဲ့ မူလပိုင်ရှင်နဲ့ ခင်ဗျား ဘယ်လို ပတ်သက်သလဲ”

လုကျိုးသည် အံ့ဖွယ်အမှတ်အသားဝတ်ရုံကို သူ ရှာတွေ့ခဲ့သည့် နေရာကို ပြန်လည် စဉ်းစားလိုက်သည်။ သူသည် ၎င်းကို တာ့ချင်၏ နတ်ရွာစံဧကရာဇ် ဂူဗိမာန်အတွင်းရှိ ကျောက်ခေါင်းတလားထဲတွင် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ တိတိကျကျ ပြောရလျှင် ဝတ်ရုံမှာ ကျောက်ခေါင်းတလားအတွင်းရှိ ပိုးဖဲသေတ္တာတစ်ခုထဲတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ဝတ်ရုံ၏ မူလပိုင်ရှင်နှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။

ချင်းယွမ်၏ မေးခွန်းအရ သူမသည် ဤကိစ္စကို အလွန် အလေးထားနေကြောင်း ထင်ရှားလှသည်။ ထို့ပြင် သူမ၏ လေသံနှင့် အမူအရာအရ သူမသည် အံ့ဖွယ်အမှတ်အသားဝတ်ရုံ၏ မူလပိုင်ရှင်ကို ကြောက်ရွံ့နေပုံလည်း ရပေသည်။

ခဏမျှ တွေးတောပြီးနောက် လုကျိုးက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

“အံ့ဖွယ်အမှတ်အသားဝတ်ရုံက ငါ့ပစ္စည်းပဲ။ ဘယ်သူကများ ဒါကို လုယူရဲမှာလဲ”

မျှော်လင့်ထားသည့်အတိုင်းပင် ချင်းယွမ်၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးထွက်သွားသည်။ သူမမှာ လူသား မဟုတ်သည့်အတွက် သူမ၏ မျက်လုံးများမှာ မျက်တွင်းထဲမှ ထွက်လာတော့မည့်အတိုင်း ဖြစ်နေကာ ကြည့်ရသည်မှာ အနည်းငယ် ကြောက်စရာ ကောင်းလှပေသည်။ တစ်ချိန်တည်းမှာပင် သူမ၏ နောက်ကွယ်ရှိ သန္ဓေပြောင်းပျား ဆယ်ကောင်မှာ တညီတညွတ်တည်း တောင်ပံခတ်လိုက်ကြသည်။

ဝီး ဝီး ဝီး

အရင်ကကဲ့သို့ပင် နားမခံသာသော အသံမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှပေသည်။

ထို့နောက်တွင် တောအုပ်အတွင်းမှ အရောင်အသွေး စုံလင်သော လိပ်ပြာများမှာ တစ်ကောင်ပြီးတစ်ကောင် ပျံထွက်လာကြပြီး ကောင်းကင်ယံတွင်လည်း ထူးဆန်းသော အလင်းကွင်းများ ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သင်းပျံ့တောင်ကြားရှိ ရှေးဟောင်းအစီအရင်မှ စွမ်းအင်များမှာလည်း လှုပ်ခတ်လာတော့သည်။

လုကျိုး မျက်မှောင်အနည်းငယ် ကျုံ့လိုက်မိပြီး ရှေးဟောင်းအစီအရင်ထံမှ ခြိမ်းခြောက်မှုကို အာရုံခံမိလိုက်သည်။ ရုတ်တရက် အရောင်စုံလိပ်ပြာများမှာ အမည်းရောင်နှင့် ခရမ်းရောင်သို့ ပြောင်းလဲသွားပြီး တောင်ပံခတ်လိုက်ရာမှ မြူတိမ်များ ကျန်ရစ်ခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုမြူတိမ်များမှာ ပေ ၁၀၀၀ ပတ်လည်ကို ဖုံးလွှမ်းသွားတော့သည်။

နေ့အလင်းရောင်မှာ ညအမှောင်သို့ ပြောင်းလဲသွားပြီး အချိန်နှင့် ဟင်းလင်းပြင်မှာလည်း အေးခဲသွားသယောင် ရှိ၏။

ပျားသားရဲများနှင့် ရှေးဟောင်းအစီအရင်၏ အရှိန်ကြောင့် အမည်းရောင်နှင့် ခရမ်းရောင် လိပ်ပြာများမှာ သေမင်းတမန်များပမာ လုကျိုးထံသို့ ပျံသန်းလာကြသည်။

ဝှစ် ဝှစ် ဝှစ်

လုကျိုးသည် ရှေးဟောင်းအစီအရင်ထံမှ ဖိအားကို ခံစားလိုက်ရပြီး သူ၏ ကောင်းကင်စွမ်းအားများကို လျင်မြန်စွာ လှုံ့ဆော်လိုက်သည်။ ထို့နောက်တွင် သူသည် သူ၏ ရွှေရောင်ဗုဒ္ဓခန္ဓာကို ထုတ်ဖော်လိုက်တော့သည်။

ဝီး!

ပေ ၁၁၀၊ ပေ ၁၁၀၀၊ ပေ ၁၀၀၀၀... ရွှေရောင်ဗုဒ္ဓခန္ဓာမှာ ဆက်လက် ကြီးထွားလာသည်။

ရွှေရောင်ဗုဒ္ဓခန္ဓာပေါ်တွင် အပြာရောင် လျှပ်စီးတန်းလေးများမှာ ဖျော့တော့စွာ လက်ခနဲ ဖြစ်သွားသည်။ ၎င်းက အမည်းရောင်နှင့် ခရမ်းရောင် လိပ်ပြာများ၏ တိုက်ခိုက်မှုကို အလွယ်တကူပင် ချေဖျက်ပေးလိုက်၏။

လုကျိုး တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်မိသည်။ တစ်ဖက်လူ၏ လှည့်စားခြင်း အတတ်နှင့် တိုက်ခိုက်မှုများကို ကောင်းကင်ကျမ်းစာ စွမ်းအားဖြင့် ဤမျှ အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သို့သော်လည်း သူ မပေါ့ဆရဲပေ။ ဘာပဲဖြစ်ဖြစ် သူ၏ ပြိုင်ဘက်မှာ ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူ ဖြစ်သည့်အတွက် အထင်သေး၍ မရပေ။ သူသည် ဤအချိန်ကို အမိအရ အသုံးချကာ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။

“အချိန်သဲနာရီ... ရပ်စမ်း”

အပြာရောင် လျှပ်စီးတန်းများမှာ ချက်ချင်းပင် ဖြာထွက်သွားပြီး တစ်ဖက်လူကို အေးခဲသွားစေသည်။

“နေရာရွှေ့ပြောင်း ပို့ဆောင်ခြင်းစွမ်းအား” လုကျိုးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်းယွမ်၏ ရှေ့သို့ ရောက်ရှိသွားပြီး လေးနက်သော လေသံဖြင့် ဆိုလိုက်၏။ “မင်းကတော့ အကောင်းပြောလို့ မရဘူး ထင်တယ်...”

လုကျိုးသည် လက်ကို မြှောက်ကာ လက်ဝါးစည်းတံဆိပ်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ သို့သော် သူ၏ တိုက်ကွက်မှာ ထိမှန်တော့မည်ဟု သူ သေချာနေစဉ်မှာပင် ချင်းယွမ်၏ မျက်လုံးများမှ နီမြန်းသော အလင်းများ ထွက်ပေါ်လာပြီး အလင်းလုံးတစ်ခုကို ထွေးထုတ်လိုက်သည်။

ဘုန်း

ချင်းယွမ်၏ တိုက်ကွက်မှာ လုကျိုး၏ လက်ဝါးစည်းတံဆိပ်နှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။

လုကျိုး နောက်မဆုတ်ဘဲ ရှေ့သို့ တိုးသွားလိုက်သည်။ သူ၏ လက်ထဲတွင် အသေရိုက်ချက်ကတ် တစ်ခု ပေါ်လာ၏။ ဤအချိန်တွင် သူ လက်တွန့်နေ၍ မဖြစ်မှန်း သူ သိသည်။ သူ ပျံသန်းသွားစဉ် ကတ်မှရရှိသော ခြိမ်းခြောက်နိုင်သည့် အရှိန်အဝါများက ဖြာထွက်လာသည်။

“ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူ ဆိုတဲ့အတိုင်းပဲ... ငါ့ရဲ့ လက်ဝါးစည်းတံဆိပ်ကို မင်း တားဆီးနိုင်ခဲ့တယ်ပေါ့” လုကျိုး ပျံသန်းသွားစဉ် သူ၏ တစ်ကိုယ်လုံးမှာ ကောင်းကင်စွမ်းအားများဖြင့် ဖုံးလွှမ်းနေ၏။ တစ်ချိန်တည်းမှာပင် သူ၏ ကိုယ်မှ သူတော်စင်အလင်းများ ဖြာထွက်နေသလို အံ့ဖွယ်အမှတ်အသားဝတ်ရုံ ပတ်လည်တွင်လည်း လျှပ်စီးတန်းများ လက်နေသည်။ ကောင်းကင်စွမ်းအား၏ အရှိန်ကြောင့် သူ၏ သူတော်စင်အလင်းမှာ အဆမတန် တောက်ပနေ၏။ ၎င်းမှာ သင်းပျံ့တောင်ကြား အထက်ရှိ ကောင်းကင်ယံ မိုင်ပေါင်း ရာချီကို လင်းထိန်သွားစေတော့သည်။ လျှပ်စီးတန်းများကြားတွင် သူ၏ ပုံရိပ်မှာ ခန့်ညားထည်ဝါပြီး မည်သူမျှ မထိပါးဝံ့သော အရှိန်အဝါမျိုး ရှိနေပေသည်။

ချင်းယွမ်သည် မျက်မှောင်ကျုံ့လိုက်မိပြီး သူမ၏ မျက်လုံးများမှာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။ သူမသည် သဲနာရီနှင့် အပြာရောင် လျှပ်စီးတန်းများကို ကြည့်လိုက်ပြီးနောက် အခြား ပျားသားရဲများကို လှည့်ကြည့်လိုက်၏။ ထို့နောက် သူမသည် လုကျိုးကို လက်သီးဆုပ် အရိုအသေပြုလျက် ပြောလိုက်သည်။ “ဆိုးယုတ်သူတစ်ပါး”

ထို့နောက်တွင်မူ ချင်းယွမ်မှာ နောက်သို့ ဖျတ်ခနဲ ဆုတ်ခွာသွားပြီး သူမ၏ စွမ်းအားများကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ရှေးဟောင်းအစီအရင်၏ စွမ်းအားများမှာလည်း ပျောက်ကွယ်သွားလေတော့သတည်း။

All Chapters