← Chapters

အခန်း (၁-၃)

Vol. 1 Ch. 1-3

အခန်း (၁-၃)

Vol. 1 Ch. 1-3

1.01

အပိုင်း (၁)

အေးစက်စက် လေပြည်တစ်သုတ်က တိုက်ခတ်လာပြီး ခြံဝန်းထဲမှာရှိတဲ့ သစ်ပင်အိုကြီးဆီမှ နောက်ဆုံးသော ကြွေလုဆဲဆဲ သစ်ရွက်လေးကို အဝေးသို့ သယ်ဆောင် သွားတော့သည်။

အပျိုတော်လေးလည်း ခပ်သုတ်သုတ်နှင့် ရုံနင်နန်းဆောင်ဆီသို့ ပြန်သွားနေသည်။

အနောက်နန်းဆောင်ထဲက တစ်ခြားနေရာတွေနှင့် ယှဉ်ရင် ဒီနေရာက ဝေးလံပြီး ချောင်ကျ လှရုံသာမက ဒီနေရာကရှိ ပရိဘောဂတွေကလည်း အရမ်းကို အကြမ်းထည် ဆန်လွန်းလှသည်။

ထို့အပြင် ကျောက်မီးသွေးမီးဖိုလေးကလည်း အခန်းကို နွေးထွေးရုံမျှသာ ပြုလုပ်နိုင်ပေသည်။

ယန်ရှုဟာ ကျောက်မီးသွေးမီးဖိုလေးဘေးမှာ မီးလှုံနေပြီး သူမ ပြန်လာတာကိုလည်း မြင်ရော ချက်ချင်းပဲ မေးလိုက်သည်။

“ဒီနေ့ ဘာစားစရာရှိလဲ”

အပျိုတော်လေးဟာ အစားအသောက်သေတ္တာတွေကို တစ်ဘူးချင်း ထုတ်လိုက်ပြီး ပြောလိုက်သည်။

“ ဘဲကင်နဲ့မျှစ် ၊ မှိုအစာသွပ်နဲ့ ဟင်းရွက်စုံမွှေကြော်တွေ ပါသည်။ ရတနာတိုဖူး ဟုတ်သည်။ ဒီနေ့ရတနာတိုဖူးနဲ့ ရတနာရှစ်သွယ် ဆန်ပြုတ်ချက်တယ်!”

ယန်ရှုက စားပွဲဆီကို လျှောက်လာပြီး

“ငါက အစာသွပ်မှိုကို အကြိုက်ဆုံးပဲ။ ပြီးတော့ နန်းတော်ထဲက ရတနာရှစ်သွယ်ဆန်ပြုတ်ကလည်း အရမ်းအရသာရှိတယ်။ မဆိုးဘူး!”

ထို့နောက် သူမဟာ စန်းရှန်း အသားလုံး မှိုအစာသွပ်ကို ပါးစပ်ထဲ ထည့်လိုက်သည်။

ကောင်းလိုက်တာ။ အရမ်းအရသာရှိပြီး အရည်ရွှမ်းနေတာပဲ။ ဖြည့်ထားတဲ့ အသားကလည်း မွှေးကြိုင်နေပြီး မှိုရဲ့လတ်ဆတ်ချိုမြိန်မှုကို နည်းနည်းလေးတောင် မလျော့ကျစေပဲ အသားဓာတ်ကလည်း အပြည့်ပဲ။ ဒါက အကောင်းဆုံး အသားလုံးပဲ!

သေချာတာပေါ့။ ဒါကလည်း အပျိုတော်ရဲ့ သွက်လက်တဲ့ ခြေထောက်တွေကြောင့်ပဲ။တကယ်လို့သာ လမ်းခရီးက ကြန့်ကြာနေပြီး ဟင်းပွဲတွေက အေးသွားမယ်ဆိုရင် အရသာကလည်း သိသိသာသာကိုပဲ လျှော့ကျသွားလိမ့်မယ်။

အနောက်နန်းဆောင်ရဲ့ အဆင့်သတ်မှတ်ချက်က တင်းကြပ်လွန်းပေသည်။ အဆင့်မြင့်ကိုယ်လုပ်တော် တစ်ယောက်ချင်းစီ တိုင်းမှာလည်း ရှန်ရှန်းအကြံပေး အရာရှိဆီကနေ ဟင်းပွဲတွေ ဆက်သဖို့အတွက် ခန့်အပ်ထားတဲ့ ကိုယ်ပိုင်အစေခံတွေ ရှိကြသည်။ ဒါပေမဲ့ ယန်ရှုကတော့ အလှလေးတစ်ယောက်သာသာပဲ ဖြစ်ပြီးတော့ သူမ ခိုင်းစေဖို့အတွက် သူမရဲ့ကိုယ်ပိုင် အစေခံတွေကိုပဲ ခေါ်လာရုံပဲ တတ်နိုင်ခဲ့သည်။

ရုံနင်နန်းဆောင်မှာရှိတဲ့ အစေခံက မိန်းမစိုးနဲ့နန်းတော်က အစေခံအပါအဝင် ရှစ်ယောက်ထက် မပိုပေ။ သူမရဲ့မိသားစုဆီက ခေါ်လာတဲ့ အပျိုတော်ကတော့ သူမရဲ့အကြိုက်ကို အသိဆုံးပဲ။ အဲဒါကြောင့် စားစရာသွားပြီး ယူဆောင်ချိန်တိုင်း အဲဒီလူက ထိုအပျိုတော်ပင်။

“ဟုတ်ပါတယ် သခင်မလေး”

ရန်တုန်းက ထပ်ပြောလိုက်သည်။

“ ဒီအစေခံ ကြားတာကတော့ ဒီည နှစ်သစ်ကူးညစာ စားပွဲ ရှိတယ်တဲ့။ စစ်ကျန်းရုံးတော်က သာ့ဝမ်က အခုလေးတင်ပဲ ကျန်းချိုက်ရန်ရဲ့ နေရာဆီကို တွန့်ဆုတ်စွာနဲ့ သွားတာကို တွေ့လိုက်ရပါသည်။ ဘာကိုပို့မလို့လဲဆိုတာတော့ ဒီစေခံလည်း မသိပါဘူး”

ရန်တုန်းက တွေးသည်။ သခင်မလေးအတွက် မမျှတပေ။

ကိုယ်လုပ်တော်တွေအတွက် အစားအသောက်နဲ့ အဝတ်အထည်မှာ စည်းမျဉ်းတွေ ရှိသည်။ ယန်ရှုရဲ့အဆင့်အတန်းက နိမ့်ကျတဲ့အတွက် သူမရဲ့အဝတ်အစားတွေကလည်း သဘာဝကျကျပဲ သူမအထက်က လူတွေနဲ့ မယှဉ်နိုင်ပေ။ ပိုက်ဆံရှိသူတွေကတော့ နန်းတော်ထဲက မိန်းမစိုးတွေကို တံစိုးလက်ဆောင်တွေ ပေးကြတဲ့အတွက် အဝတ်အစားကောင်းတွေ လက်ဝတ်ရတနာတွေ ပါးနီတွေနဲ့ ရေဆေးပန်းချီကားတွေကိုတောင်မှ ရရှိကြသည်။ ဒါပေမဲ့ သခင်မလေးကိုတော့ ဆက်တိုက်ပဲ အထင်သေး နေကြသည်။

“ဒီအစေခံကတော့ တစ်ခြားကိုယ်လုပ်တော်တွေက သခင်မလေးလောက်တောင် ကြည့်ကောင်းတယ်လို့ မထင်ပါဘူး”

သူမဟာ သူမရဲ့အသံကို ဝမ်းနည်းစွာနဲ့ တိုးလိုက်ပြီး

“ တကယ်လို့သာ ကျွန်မတို့မှာ ပိုက်ဆံ အပိုလေးတွေရှိရင် သခင်မလေးကို ပိုပြီးတော့ ကောင်းကောင်းမွန်မွန် ဆင်ယင်ပေးဖို့ တောင်းဆိုလို့ရသည်။ ဒါဆို သခင်မလေးက သူတို့အားလုံးနဲ့ ယှဉ်နိုင်သွားပြီ”

ယန်ရှုက ဒါတွေကို ဂရုမစိုက်ပေ ။

“ လုံးဝ အသုံးမဝင်ပါဘူး။ နတ်သမီးလေးတစ်ပါးလို ဝတ်ဆင်တာပဲလေ။ ဒီနေ့တော့ အရှင်မင်းကြီးက နောက်ကျမှ မလာလောက်ပါဘူးနော်”

တက်ခ်, ဒီနှစ်နဲ့ဆို ဒါက နန်းတော်ထဲမှာ နေလာတာတတိယမြောက်နှစ်ပဲ ဒါပေမဲ့ သူမက ဧကရာဇ်ရဲ့ဝတ်ရုံအဖျားကိုတောင်မှ မတွေ့ဖူးသေးပေ။

ဒီအကြောင်းကိုပြောမှပဲ ဒီနေ့ခေတ်မှာတော့ သူ့ကို ဒဏ္ဍာရီလာပုဂ္ဂိုလ်လို့ ခေါ်တွင်ကြသည်။ အရင်တုန်းကဆို ဧကရာဇ်က အားနည်းလွန်းပြီး ကလန်တွေရဲ့ဘုရင်တွေကလည်း ကျားတွေရဲ့ငမ်းငမ်းတက် လိုခြင်းကို ခံနေရသည်။ ယခုတော့ တိုင်းပြည်က တည်ငြိမ်နေပြီး အုပ်ချုပ်ရေးပိုင်းကလည်း အစီအစဉ်တကျရှိ ပေသည်။ စွမ်းရည်နည်းနည်း ရှိတယ်လို့တော့ ပြောလို့ရတာပဲ။

အရေးအကြီးဆုံးကတော့ သူက အရမ်းကိုမှ ချောမောခန်းညားပြီး သာမန်လူတွေနဲ့ မယှဉ်နိုင်ဘူးလို့ ကောလဟလတွေ ရှိသည်။

ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးနှစ်လုံးလုံး ဧကရာဇ်ဟာ အနောက်နန်းဆောင်ထဲကို ခြေတောင်မချခဲ့သလို ပွဲတော်တွေမှာလည်း ပေါ်ထွက်လာခြင်း မရှိခဲ့ပေ။

ယန်ရှုရဲ့အဆင့်အတန်း ကနိမ့်ကျတဲ့အတွက် ညီလာခံဆီ သွားရောက်ပြီး ဧကရာဇ်ကို နှုတ်ခွန်းဆက်နိုင်ဖို့ အရည်အချင်း မပြည့်မီပေ။

အဲဒါကြောင့်ပဲ ကောလဟလတွေက ပြောကြတဲ့အတိုင်း ကောင်းကင်ဘုံရဲ့ မျက်ရှုလေးက အမှန်လားဆိုတာကို စစ်ဆေးနိုင်မဲ့အခွင့်အရေး သူမတွင် မရှိပေ။

1.02

ဒါပေမဲ့လည်း နန်းတော်မှာ ရှိကြတဲ့ ကိုယ်လုပ်တော်တွေက မျှော်လင့်ချက်ကို ယခုထိ လက်မလွှတ်သေးပေ။ ကျန်းချိုက်ရန်ကဲ့သို့ အုပ်စုလေးတွေ ဖွဲ့ထားကြပြီး ဧကရာဇ်ရဲ့အမြင်ထဲကို ဖြစ်နိုင်သမျှ မြန်မြန်ရောက်ရှိနိုင်ဖို့အတွက် အကောင်းဆုံး ကြိုးစားနေကြပေသည်။ ယန်ရှုက လွဲလို့ပေါ့။

ဒီတစ်ကြိမ် သူမ ပြောတာကို ကြားလိုက်တော့ ရန်တုန်းဟာ အလျင်စလိုနဲ့ အကြံပေးလာခဲ့သည်။

“ အရှင်မင်းကြီး မကြွလာခဲ့ရင်တောင် ဧကရီမိဖုရားကြီးဆီ မျက်နှာ သွားပြလို့ ရသေးတယ်လေ။ တကယ်လို့ ဧကရီမိဖုရားကြီးကသာ သခင်မလေးကို သဘောကျရင် ချီအန်းနန်းဆောင်မှာ စကားပြောဖို့ မကြာခဏ ဖိတ်ခေါ်ခံရလောက်သည်။ ဒါဆိုရင် သခင်မလေးမှာ အရှင်မင်းကြီးကို တွေ့ခွင့်ရဖို့ အခွင့်အရေးကောင်း ရှိသေးတယ်”

ယန်ရှုဟာ ရွှေညိုရောင်သန်းနေတဲ့ ရတနာရှစ်သွယ်တို့ဖူးကို ပါးစပ်ထဲသို့ ထည့်ရင်း ဗလုံးဗထွေး ပြောလာခဲ့သည်။

“အဲဒါကို အသာထားဦး။ ကိုယ်လုပ်တော်ကျိုးဆို ဧကရီမိဖုရားကြီးမယ်တော်ရဲ့တူမလေ။ ဒါတောင် အတူတူပဲမလား။ ကောင်းလိုက်တာ။ ဒီတို့ဖူးက အပြင်ဘက်က ကြွပ်ရွပြီး အတွင်းဘက်က နူးညံ့နေတာပဲ”

ရန်တုန်း “...”

ဒီလိုပြောမှ နည်းနည်းပါးပါး ကျွမ်းကျင်မှုရှိတယ်ဆိုရင်ပဲ သူတို့ကိုယ်သူတို့ ကျော်ကြားအောင် လုပ်နိုင်စွမ်းရှိနေပြီ။ ဒါပေမဲ့ သခင်မလေးကတော့ ဘာစားရမလဲနဲ့ ဘယ်နေရာကမှန်း မသိ ကြားလာတဲ့ အတင်းအဖျင်းမျိုးစုံကိုပဲ ဂရုစိုက်သည်။

ထိုအချိန်မှာပဲ သူမ ထပ်ပြောတာကို ကြားလိုက်ရသည်။

“ကိုယ်လုပ်တော်ကျိုးရဲ့ အဖေနဲ့အမေက လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး အိမ်ထဲမှာ ရန်ဖြစ်နေကြတာတဲ့။ ဧကရီမိဖုရားကြီးနဲ့ ကိုယ်လုပ်တော်ကျိုးတို့ ဒီသတင်းကို ကြားပြီးပြီလားဆိုတာတော့ ငါလည်း မသိဘူး”

ရန်တုန်းရဲ့မျက်လုံးတွေက တောက်ပသွားပြီး “ ဖြစ်နိုင်တာက သခင်မကြီးက ချန်အန်းမြို့စားရဲ့ရှောင်လျှိုကို ရှာတွေ့သွားတာ များလား”

“အမှန်ပဲ”

ယန်ရှုဟာ စားနေရင်း ခေါင်းညိတ် ပြလိုက်သည်။

“ရှောင်လျှိုက တကယ်ကို အကြံတစ်ချို့ရှိတယ်။ သူမ ကိုယ်ဝန် ရှိနေတာကို အကြောင်းပြ သတင်းလွှင့်ပြီး ချန်အန်းသခင်မကြီးကို ပြသနာတွေ အများကြီး ဖြစ်စေလိုက်တယ်လေ။ ဒါပေမဲ့ ချန်အန်းသခင်ကြီးကလည်း သူ့ကိုယ်ပိုင်သွေးသားကို အမြဲဂရုစိုက်တယ်။ အဲဒီတော့ ချန်အန်းသခင်မကြီးကလည်း သူမရဲ့အဆင့်အတန်းကို မနိမ့်ချချင်တဲ့အတွက် အချိန်ပြည့်နီးပါး တွေ့နေရမဲ့ ရှောင်လျှိုကို စံအိမ်ထဲခေါ်သွင်းပြီး မျက်ကွယ် ပြုထားရုံပဲ တတ်နိုင်တော့တာပဲလေ”

ရန်တုန်းက မကျေနပ်စွာနဲ့ တောက်ခေါက်ရင်း

“ အရင်တုန်းက ရှောင်ဝူသာ အဲလိုအကြံမျိုး ရှိခဲ့ရင် ရှန်းရှောင်ယွီက သေသွားမှာ မဟုတ်ဘူး။ ထပ်ပြီးတော့ အဲဒီချန်အန်းသခင်ကြီးက ဘယ်လောက်ပဲ အသက်ကြီးနေပါစေ။ နေ့ရှိသရွေ့ စိတ်ဆန္ဒတွေ တောက်လောင်နေပြီး အရှက်ကို မရှိဘူး”

“ယောက်ျားတွေရဲ့ ပြသနာအများစုက ဒါပဲလေ”

ယန်ရှုဟာ ရတနာရှစ်သွယ်ဆန်ပြုတ်ကို ပါးစပ် အပြည့်စားလိုက်သည်။

နောက်ထပ် ဘဲသားတစ်ပိုင်းလောက် မြည်းကြည့်ရအောင်။ အိုး~ နန်းတော်ထဲက တော်ဝင်မီးဖိုဆောင်ရဲ့ ဘဲသားက နူးညံ့ပြီး အရသာရှိသည်။အရသာကလည်း မျှစ်စို့တွေရဲ့ မွှေးရနံ့နဲ့စိမ့်ဝင်နေပြီး ဘဲသားကလည်း ချွဲကျိ မနေဘူး။ အငန်ဓာတ်နဲ့ လတ်ဆတ်တဲ့အရသာက အရသာ ရှိလွန်းသည်။

သူမဟာ တစ်ခြားကမ္ဘာ တစ်ခုကနေ ရောက်လာခြင်း ဖြစ်သည်။ အရင်ဘဝတုန်းက သူမရဲ့ကျန်းမာရေးဟာ ကောင်းမွန်ခြင်း မရှိခဲ့ပေ။ သူမ ငယ်စဉ်ဘဝကတည်းက ဆေးတွေ သောက်နေခဲ့ရပြီး ဘာကိုမှ မစားနိုင်ခဲ့ဘူး။ သူမရဲ့လူငယ်ဘဝအထိ ရှင်သန်နိုင်ခဲ့ပေမဲ့ နောက်ဆုံးတော့လည်း ဖျားနာမှုရဲ့ညှင်းပန်းမှုကြောင့်ပဲ သူမ သေဆုံးခဲ့ရသည်။

ဒီဘဝမှာတော့ ရှေးခေတ်ကို ကူးပြောင်းလာခဲ့ပေမဲ့လည်း ကျန်းမာတဲ့ခန္ဓာကိုယ် ရှိပြီး ဘာကိုပဲစားစား သောက်သောက် စိတ်ပူစရာ မလိုတဲ့အတွက် သူမ ကျေးဇူးတင်မိတုန်းပဲ။

နန်းတော်ထဲကို ဝင်ရောက်ပြီးတဲ့ နောက်ပိုင်းမှာလည်း ဖရဲသီးစားနိုင်မဲ့ systemကို ရခဲ့သေးသည်။ လတ်ဆတ်တဲ့ ဖရဲသီးတွေကို စားနိုင်ရုံတင် မကဘဲ မောင်းမဆောင်ရဲ့လျှို့ဝှက်အချစ် ဇာတ်လမ်းအမျိုးမျိုးကိုပါ သိနိုင်သေးတယ်လေ။

ခွန်အားတွေ တက်ကြွစေတာကို မပြောနဲ့ဦး။ နေ့တိုင်းနေ့ တိုင်း လူတွေကို စိတ်ဒုက္ခပေးနိုင်ပေသည်။

(ဖရဲသီးစားတယ်ဆိုတာ အတင်းအဖျင်းကို ပြောတဲ့ တရုတ်ဗန်းစကားပါ)

အဲ့ဒီအချိန်မှာပဲ သူမရဲ့စိတ်ထဲမှာ စစ်စတန်ရဲ့အသံဟာ ထွက်ပေါ်လာတော့သည်။

[မှူးမတ်လင်းဝူရဲ့မင်းသား ရှင်းဝါကလည်း သူ့သား မဟုတ်ဘူး]

ယန်ရှုဟာ စားနေတဲ့ ရတနာရှစ်သွယ်ဆန်ပြုတ်ကိုတောင် သီးတော့မလိုပဲ။

{ဘာတွေ ထပ်ရှိသေးလဲ}

မြို့တော်မှာ ရှိတဲ့လူတိုင်းဟာ မျက်စိစပါးမွှေး စူးစေတဲ့ မှုးမတ်လင်းဝူက တစ်ဦးတည်းသောသား ဆိုတာကို သိကြသည်။ ဒါပေမဲ့လည်း မဟုတ်ဘူးတဲ့လား။

1.03

နေ့လည်စာ စားပြီးတဲ့နောက်မှာတော့ အပြင်ဘက်က လေအေးတွေက ပိုပြီးတောင်မှ ကြမ်းတမ်းလာခဲ့သေးသည်။

ယန်ရှုဟာ မှုးမတ်လင်းဝူရဲ့စံအိမ်က ဖရဲသီးကြီးကို စားနေတုန်းမှာပဲ တံခါးအပြင်ဘက်က တစ်ယောက်ယောက်ရဲ့အသံကို ကြားလိုက်ရသည်။

“လိမိန်ရန် ဒီမှာရှိနိုင်လောက်လား”

အသံကို ကြားလိုက်တော့မှ အစောတုန်းက ရန်တုန်းပြောတဲ့ ကျန်းချိုက်ရန် ဆိုတဲ့သူ မလား။

ယန်ရှုရဲ့ အဆင့်အတန်းက နိမ့်ကျတဲ့အပြင် သူမအဆောင်ဘေးက ကိုယ်လုပ်တော်ကလည်း သူမကို လျစ်လျူရှုထားသလို သူမကလည်း တစ်ခြားသူတွေနဲ့ သွားရောက်ပူးပေါင်းခြင်း မရှိပေ။ ဒီကျန်းချိုက်ရန်က တကယ်ကို ကွဲပြားသည်။ သူမက ဒီနန်းတော်ထဲက အဆင့်အနိမ့်ဆုံး ကိုယ်လုပ်တော်ဆိုတာကို သိနေပေမဲ့လည်း သူမဆီ မကြာခဏ လာလည်ပြီး သူမ တည်ရှိနေတာကို လာပြီး အတည်ပြု နေသေးသည်။

လူတိုင်းက တံခါးရှေ့ ရောက်နေပြီဆိုမှတော့ သူတို့ကို မတွေ့ဖို့က မဖြစ်နိုင်ပေ။ အဲဒါကြောင့် ယန်ရှုဟာ ရန်တုန်းကို တံခါးဖွင့်ခိုင်း လိုက်တော့သည်။

သေချာပေါက်ပဲ ကျန်းချိုက်ရန်က အခန်းထဲသို့ ဝင်လာပြီး သူမကို နှုတ်ဆက်လာခဲ့သည်။

“ အစ်မလီက နေ့လည်စာတောင် စားပြီးသွားပြီပဲ။ ဘာမှ လုပ်စရာမရှိဘူးဆိုရင်လည်း လာခဲ့ပြီးတော့ စကားလေး နည်းနည်းပါးပါးပြော ရအောင်လေ”

ယန်ရှုဟာ ယဉ်ကျေးစွာ ပြုံးပြလိုက်ပြီး

“ကျေးဇူးပြုပြီး ထိုင်ကြပါဦး အပြင်ဘက်က မအေးဘူးလား”

“ကံကောင်းလို့ အဝတ်အစားကို ထူထူလေး ဝတ်ထားတယ်လေ။ ဒါပေမဲ့လည်း အေးတယ်လို့တော့ မထင်မိပါဘူး”

ကျန်းချိုက်ရန်ဟာ ပြုံးလိုက်ပြီး တစ်ချက် ကြည့်ရုံနဲ့တင် အဖိုးတန်မှန်းသိသာတဲ့ ဘရိုကိတ် ခြုံထည်ကို ချွတ်လိုက်သည်။ နှင်းဖြူရောင်မြွေပါသားမွေးနဲ့ကွပ်ထားတဲ့ ကတ္တီပါဦးထုပ်ကို ခုံပေါ်ချလိုက်ပြီး ပြောလာခဲ့သည်။

“ ဒီညမှာ နှစ်သစ်ကူးညစာစားပွဲ ရှိတယ်လေ။ ကြားတာတော့ အရှင်မင်းကြီးလည်း တက်ရောက်မယ်ဆိုပဲ။ အစ်မရော အဆင်သင့်ပဲလား”

နေ့လည်ခင်းရဲ့ နေရောင်ဟာ အခန်းထဲကို စူးရှစွာနဲ့ ဝင်ရောက်လာပြီး လူတိုင်းရဲ့မျက်လုံးတွေကို ပြာဝေသွားစေသည်။

အပျိုတော်လေးဟာ ဒေါသ အမျက်ချောင်းချောင်း ထွက်နေခဲ့သည်။ဒီမိန်းမကတော့ ခြုံထည်အသစ် ရတနာအသစ်တွေ ဝတ်လာပြီး ဟောင်းနွမ်းနေတဲ့ငါ့သခင်ကို တမင်သက်သက်လာပြီး လှောင်ရယ်နေတာမလား။

ဒါပေမဲ့ ယန်ရှုရဲ့ ပင်ပန်းနွမ်းနယ်စွာ မျက်မှောင် ကြုတ်ထားပြီး သူမရဲ့နဖူးကို ကိုင်ထားတာကို မြင်လိုက်ရသည်။ သူမရဲ့ပါးစပ်ကို လျင်မြန်စွာ ကာလိုက်ပြီး နှစ်ကြိမ်ခန့် ချောင်းဆိုးလိုက်တော့သည်။ ထို့နောက် အားနည်းတဲ့အကြည့်လေးနဲ့

“ဒါပေမဲ့ ကံမကောင်းစွာနဲ့ မနေ့က အအေးမိသွားခဲ့ပြီး ဒီနေ့ သိပ်အဆင်မပြေဘူး ဖြစ်နေသည်။ ဒီည သွားလို့မရမှာပဲ ကြောက်မိပါတယ်”

ရန်တုန်း “”

နေလို့ မကောင်းဘူး ဟုတ်လား။ အခုလေးတင်ပဲ ထမင်းတစ်လုံးနဲ့ ဆန်ပြုတ်ပူပူလေး နှစ်ပန်းကန် စားထားတာမလား။

ကျန်းချိုက်ရန်ရဲ့ မျက်လုံးတွေက တောက်ပသွားပေမဲ့ ဖုံးကွယ်နိုင်ဖို့ အကောင်းဆုံး ကြိုးစားလိုက်သည်။

“နှမြောစရာပဲ အရှင်မင်းကြီးရဲ့ မျက်နှာကို တွေ့ရဖို့က ရှားပါးတဲ့အခွင့်အရေးကို တကယ်လို့ အစ်မမှာသာ လက်ဝတ်ရတနာတွေ မရှိဘူးဆိုရင် အစ်မကိုနှစ်ခုလောက် ငှါးပေးမယ်လို့တောင် စဉ်းစားထားတာ!”

ယန်ရှု ပါးစပ်ကို ကာလိုက်ပြီး နှစ်ကြိမ်ခန့် ချောင်းဆိုးလိုက်သည်။

“ကြင်နာမှုအတွက် ကျေးဇူးတင်ပါသည်။ ဒါပေမဲ့ ကျွန်မ မသုံးနိုင်မှာဘဲ ကြောက်မိပါတယ်”

သူမ နေမကောင်းနေတာကြောင့် ဖြစ်နိုင်သည်။ ကျန်းချိုက်ရန်ဟာ အလျင်စလိုနဲ့ ထရပ်လိုက်ပြီး ပြောလာခဲ့သည်။

“အစ်မ အနားယူမယ်ဆိုမှတော့ ညီမ အနှောက်အယှက် မပေးတော့ပါဘူး”

ထို့နောက် အသစ် ချုပ်လုပ်ထားတဲ့ သားမွေးခြုံထည်ကို တစ်ဖန်ပြန်လည် ဝတ်ဆင်လိုက်ပြီး နန်းတော်က အစေခံတစ်ယောက်ကို အပြင်ဘက်ဆီ လမ်းပြခိုင်းပြီး ထွက်ခွာသွားတော့သည်။

အခန်းဟာ တိတ်ဆိတ်နေပြီး ရန်တုန်းဟာ ကြေကွဲနေတဲ့ အမူအရာနဲ့ ယန်ရှုကို ကြည့်လာခဲ့သည်။

“ဒီည အရှင်မင်းကြီး လာမယ်ဆိုတာကို သခင်မလေး မကြားလိုက်ဘူးလားဟင်။ ဒီလောက်တောင် ကောင်းတဲ့အခွင့်အရေးကို သခင်မလေးက ဘာလို့ နေမကောင်းချင်ယောင် ဟန်ဆောင်နေရတာလဲ”

ယန်ရှုက ဂရုမစိုက်ပေ။

“ ငါက အစွန်မှာ ရှိနေမှာလေ။ နောက်ဆုံးတော့ အလယ်မှာ ဆယ်ယောက်လောက် ရှိနေမှာကို အရှင်မင်းကြီးကလည်း တစ်ခြားသူတွေကို မြင်နိုင်မှာ မဟုတ်ဘူး။ နင်ရော ငါ့ကို မြင်နိုင်လို့လား”

အဲဒီ ပျင်းစရာ ကောင်းတဲ့ ကိုယ်လုပ်တော်တွေက မျက်နှာသာရဖို့ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေတာကို ကြည့်ရမဲ့အစား အခန်းထဲမှာ နေပြီး အတင်းအဖျင်းတွေ ဆက်နားထောင်ကတောင် ပိုကောင်းဦးမယ်။ သခင်မကြီးဝူဟော်ရဲ့ အချစ်ဇာတ်လမ်း မဖော်ထုတ်ခံရသေးခင်တုန်းကဆို ပထမဆုံး တစ်ဝက်လောက်က အံ့အားသင့်စရာပဲ။

1.04

ဒါပေမဲ့ ရန်တုန်းက ပြောလာခဲ့သည်။

“ သခင်မလေးက အန်းသဲ့ကောင်တီက လူတွေရဲ့မျှော်လင့်ချက်လေ။ အဆုံးမှာတော့ ကျွန်မတို့ရဲ့ကောင်တီကနေပြီးတော့ နတ်ဘုရားမတစ်ယောက် ရှိလာခဲ့တာကို သခင်မလေးက ဘာလို့ ဒီလောက်တောင် ကိုယ်ကျိုးမငဲ့တဲ့အပြင် ကိုယ့်ကိုကိုယ်ပါ စွန့်ပစ်ထားရတာလဲ”

ယန်ရှု “……..”

သူမက ဒီတိုင်း ပျော်ရွှင်တဲ့ ငါးဆားနယ်လေးတစ်ယောက် ဖြစ်ချင်ရုံတင်ပါ။ ဒီလိုကြီးလေးတဲ့ ကိုယ်ကျင့်တရား အချုပ်အနှောင်တွေကို သည်းမခံနိုင်ဘူးလို့။

ဘယ်လိုပဲ ဖြစ်ဖြစ် သူမ စကားမပြောနိုင်သေးခင်မှာပဲ နန်းတော်အစေခံ လျန်ရှင်းက အခန်းထဲကို ဝင်လာပြီး ပြောလာခဲ့သည်။

“ သခင်မလေး, ဧကရီမိဖုရားကြီးရဲ့နန်းတော်ဆီက အမိန့်ကို အခုလေးတင်ပဲ ရရှိပါတယ်။ ယနေ့ည အရှင်မင်းကြီးကိုယ်တိုင် လာရောက်မှာ ဖြစ်တဲ့အတွက် ရော့ယိခန်းမမှာ ကျင်းပမဲ့ နှစ်သစ်ညစာစားပွဲကို သေချာပေါက် တက်ရောက်ဖို့ မှာကြားလိုက်ပါတယ်”

ယန်ရှု “……..”

ကောင်းပြီလေ ငါပျင်းချင်ရင်တောင် ပျင်းလို့ မရဘူးဘဲ။

~~~~~

ညနေဆည်းဆာချိန် ရောက်ခါနီးပြီ ဖြစ်တဲ့အတွက် မီးအိမ်များဟာလည်း ထွန်းညှိဖို့ အသင့်ဖြစ်နေပြီး နန်းတော်တစ်ခုလုံး တောက်ပနေပေသည်။

နိမ့်ကျတဲ့အဆင့်နဲ့ ချောင်ကျတဲ့နေရာမှာ နေရတဲ့အလျှောက် ထမ်းစင် ဆိုတာလည်း မရှိပေ။ ယန်ရှုဟာ နန်းတော်ဆီသို့ သွားရာ လမ်းတစ်လျှောက်တွင် လေအေးတွေကို အံတုလာရတဲ့အတွက် သူမရဲ့မျက်နှာဟာ နီရဲလာခဲ့တော့သည်။

ကံကောင်းစွာနဲ့ပဲ နန်းတော်ရဲ့အတွင်းမှာက နွေးထွေးတဲ့အတွက် သူမရဲ့နီရဲနေမှုက လျင်လျင်မြန်မြန်နဲ့ လျော့ကျလာပြီး သူမရဲ့အသားအရေကို ကြည့်ကောင်း လာစေခဲ့သည်။

အရှင်မင်းကြီးကိုယ်တိုင် လာရောက်မယ်ဆိုတဲ့ သတင်းကြောင့် ကိုယ်လုပ်တော်တွေဟာ ယနေ့ညမှာ စောစီးစွာ ရောက်ရှိနေကြပေသည်။ သူတို့အားလုံးကလည်း တောက်ပတဲ့မျက်နှာနဲ့ တစ်ယောက်ထက် တစ်ယောက် ကျက်သရေ ရှိသထက် ရှိနေကြပေသည်။

ကျန်းချိုက်ရန်တောင်မှ နေ့လည်က သူမတို့ တွေ့ဆုံခဲ့စဉ်ကထက် ပိုပြီးတော့ ကျက်သရေရှိစွာ ဝတ်ဆင်ထားသည်။ ရွှေရောင်မက်မန်းပွင့်ချပ် သဏ္ဍာန်နဲ့ ရွှေရောင်ကိုင်းအခက်အလက်တွေ အဖြစ် စီခြယ်ထားတဲ့ ကျောက်မျက်ရတနာတွေ၊ ပန်းခက်တွေနဲ့ လိပ်ပြာသဏ္ဍာန် ပုံဖော်ထားတဲ့ ပုလဲဆံထိုးတွေနဲ့ နီထွေးနေတဲ့ နှုတ်ခမ်းတစ်စုံဟာ သူမကို ပိုပြီးတော့တောင် မျက်စိဖမ်းစားဖွယ် ဖြစ်နေစေသည်။

အတိုချုပ်ပြောရရင် ယန်ရှုဟာ ပန်းရောင်ပေါ့ပါးတဲ့ အပေါ်ခြုံလွှာနဲ့ ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး သူမရဲ့ဆံထုံးမှာ ပုလဲလုံးလေးတွေကိုပဲ ရိုးရိုးရှင်းရှင်း ဆင်ယင်ထားတာပင်။ ကြည့်ရတာ နည်းနည်းတော့ သနားချင့်စဖွယ် ဖြစ်နေစေသည်။

ရန်တုန်းက လုံးဝကို အကူအညီမဲ့နေတာပင်။ သူမရဲ့သခင်မလေးကို ကောင်းမွန်စွာ ဆင်ယင်စေချင်ပေမဲ့ ယန်ရှုဟာ မိတ်ကပ်ခပ်ပါးပါးသာ လိမ်းခြယ်ထားပြီး ပါးလွန်းလို့ သူမရဲ့တည်ရှိမှုကိုတောင် မသိနိုင်လုနီးပါးပင်။ အဲတော့ သူမ ဒီလိုလုပ်မှကို ရမှာလား။

ဒါပေမဲ့ တစ်စားပွဲတည်းက ကျန်းချိုက်ရန်ကတော့ အလွန်ပင် ခြားနားလှပေသည်။ ရန်တုန်းတောင်မှ ကိုယ်လုပ်တော်ကျိုး ၊ ကိုယ်လုပ်တော်နင်နဲ့ တစ်ခြားသူတွေက သူမဆီကို ရည်ရွယ်ချက်ရှိရှိရော မသိမသာနဲ့ပါ အကြည့်တွေ ပစ်သွင်းနေတာကို ရှင်းရှင်းလင်းလင်း ခံစားမိနေတယ်လေ။

မျက်စိတစ်မှိတ် အတွင်းမှာပဲ နောက်ဆုံးမှာတော့ သူမက သခင်မလေးရဲ့ရည်ရွယ်ချက်ကို နားလည်သွား ရတော့သည်။ ဒီလိုအခြေအနေမှာဆို သူမက ကိုယ့်ရန်သူကို ရှာနေတယ်ဆိုတာ အသိသာကြီးလေ။ ပြီးတော့ သူတို့အားလုံးကလည်း အင်အားကြီးရန်သူတွေ။

ကျန်းချိုက်ရန်က တကယ်ကို သတ္တိရှိတာပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ် ကျန်းချိုက်ရန် ကိုယ်တိုင်ကတော့ ဒါတွေကို သိပုံတောင် မရဘူး။ အဲဒီအချိန်မှာ သူမက သူမရဲ့ခါးကို တည့်မတ်စွာနဲ့ ထိုင်နေပြီး အရှင်မင်းကြီး ရောက်မဲ့အချိန်ကို အကောင်းဆုံးသော အပြုအမူနဲ့ ကြိုဆိုဖို့ ပုံစံထုတ်နေပေသည်။

အနှစ်ချုပ်ရရင် ယန်ရှု ကိုယ်တိုင်ကတော့ စစ်စတန်ရဲ့အတင်းအဖျင်းတွေကို နားထောင်နေရင်း စားပွဲပေါ်က ကိတ်မုန့်တွေကို ဘယ်အချိန်စပြီး စားနိုင်မလဲဆိုတာကို တွေးနေပြီး သွားရည်တွေ ယိုနေသည်။

အင်း…ဒီလိုညစာစားပွဲမျိုးရဲ့ ကိတ်မုန့်တွေက တစ်ချက်ကြည့်ရုံနဲ့တင် ကွဲပြားတယ်ဆိုတာ သိသာနေတာပဲ။ ဒီကြာကိတ်က စွဲမက်စရာပဲ။

သိပ်မကြာခင်မှာပဲ “အရှင်မင်းကြီး ကြွချီလာပါပြီ…..” ဆိုတဲ့ အသံနှင့်အတူ ယနေ့ညရဲ့အဓိ ကဇာတ်လိုက်က ပေါ်ထွက်လာခဲ့လေပြီ။

လူတိုင်း မြင်လိုက်ရတာကတော့ အနက်ရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်ရှည် ခံ့ညားထည့်ဝါပြီး ရွှေသရဖူအောက်က ဓားသွားလို ထက်ရှတဲ့ မျက်နှာပေါက်နဲ့ ပုံရိပ်တစ်ခုဟာ လမ်းတစ်လျှောက် တစ်လှမ်းချင်းလျှောက်လာခြင်းပင် ဖြစ်ပေသည်။

ခန်းမထဲက ကိုယ်လုပ်တော်တွေ အားလုံးဟာလည်း စိတ်လှုပ်ရှားစွာနဲ့ပဲ မတ်တပ် ရပ်လိုက်ကြပြီး သိမ့်မွေ့စွာနှင့် အရိုအသေ ပေးလာကြတော့သည်။

“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ”

ယန်ရှုဟာလည်း သူမရဲ့လုပ်ထုံးအတိုင်း လိုက်ပါ ဆောင်ရွက်လိုက်သည်။ အဆုံးမှာတော့ အခွင့်အရေးက ရှားပါးလွန်းတဲ့အတွက် သူမက ခိုးကြည့်လိုက်သေးသည်။ နှမြောဖို့ကောင်းစွာနဲ့ အကွာအဝေးက အလွန်အမင်းကို ခြားနားနေတဲ့အတွက် သူမက တစ်ဖက်လူရဲ့နှာခေါင်းကိုပဲ ပုံဖော်လိုက်နိုင်သည်။ ပါးလျတဲ့နှုတ်ခမ်းနဲ့ ထက်ရှတဲ့မေးရိုးက တကယ်ကို ကြည့်ကောင်းတာပဲ။

1.05

အဲ့ဒီအချိန်မှာပဲ သူမရဲ့နားထဲမှာ “ဒင်” ဆိုသောအသံနှင့်အတူ စစ်စတန်ရဲ့အသံဟာ ထွက်ပေါ် လာတော့သည်။

[ဧကရာဇ်ရဲ့ အတင်းအဖျင်းတစ်ခု ရှိတယ်]

စာရေးသူမှာ ပြောစရာရှိတယ်:

စစ်စတန်: ဧကရာဇ်နဲ့ပက်သက်တဲ့ဖရဲသီးတစ်ခုရှိတယ်

ယန်ရှု: ဘယ်လိုဖရဲသီးမျိုးလဲ

ဇကရာဇ်: မင်းရဲ့ယောက်ျားက အရမ်းချောမောတာပဲတဲ့

ယန်ရှု: ………

******

3.01

အပိုင်း (၃)

ယွီဝိန်းလန်ဟာ လူတစ်ယောက်က ပထမဦးဆုံးအကြိမ်အဖြစ် သူ့ရဲ့လျှို့ဝှက်ချက်ကို သိနေတာ ဖြစ်ကြောင်း သိလိုက်ရသည်။

သူဟာ ခပ်ဝေးဝေး ထောင့်နားက သိပ်ပြီး မထင်ရှား မပေါ်လွင်ပုံရတဲ့ ထိုမိန်းကလေးကို ကြည့်လိုက်သည်။

သူမက ဘယ်သူလဲ။

ဧကရာဇ်ရဲ့အကြည့်တွေက ဦးတည်ရာ တစ်ဖက်တည်းကို သွားနေတယ်ဆိုတာကို ကိုယ်လုပ်တော်တွေက သိပ်မကြာခင်မှာပဲ ရှာတွေ့ သွားကြသည်။

ကြည့်လိုက်ကြတဲ့အခါ အဲဒါက နန်းတော်ရဲ့တံခါးပေါက်နားက စားပွဲက ဖြစ်နေပြီး နန်းတော်အစေခံလို ဗြောင်အဝတ်အစားနဲ့ မိန်းကလေးတစ်ယောက်နဲ့ တစ်ခြားတစ်ယောက်ကတော့ ကိုယ်လုပ်တော်ကျိုးနဲ့ ကိုယ်လုပ်တော်နင် တို့လို ဝတ်စားထားတဲ့ မိန်းကလေးတစ်ယောက်တို့ ထိုင်နေကြတာကို တွေ့လိုက်ရသည်။

လူတိုင်းက သူတို့ရဲ့ နှလုံသားထဲကနေ ခန့်မှန်းနေကြသည်။

ရန်တုန်းကလည်း ယန်ရှုဆီကို တီးတိုးပြောလိုက်သည်။

“သခင်မလေး ကျွန်မ ဘာလို့များ အရှင်မင်းကြီးက သခင်မလေးကို ဆက်တိုက် ကြည့်နေတယ်လို့ ခံစားနေရတာလဲ”

ယန်ရှု ထိုအရာကို အတည်မယူဘဲ သာမန်သာ ပြန်ဖြေလိုက်သည်။

“မဖြစ်နိုင်တာ။ ငါထင်တာတော့ သူက ကျန်းချိုက်ရန်ကိုများ ကြည့်နေတာလား။ သူမက ဘယ်လောက်တောင် ထူးခြားနေလဲကြည့်လေ!”

သူမက ပြောပြီးပြီးချင်း အသစ် တည်ခင်းလာတဲ့ အနောက်ဘက်ရေကန်က ရှာလကာရည်ငါးကို မြည်းစမ်း ကြည့်လိုက်သည်။ အွန်း..ငါးအသားက နူးညံ့ပြီး ချိုချိုချဉ်ချဉ်လေး ဂဏန်းသားအမျှင်ရဲ့အရသာကလည်း စိမ့်ဝင် ပျံ့နှံ့နေသေးတယ်။ တကယ်ကို ထူးခြားတာပဲ။

နှစ်ယောက်သားရဲ့ပြောသံဟာ ဘေးဘက်ကို ပျံ့လွင့်သွားပြီး ကျန်းချိုက်ရန်ဟာလည်း သူမရဲ့ခန့်မှန်းချက် မှန်နေကြောင်း သေချာသထက် သေချာလာတော့သည်။

ဧကရီမယ်တော်ကြီး ရောက်လာကတည်းက အရှင်မင်းကြီးက ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည် ဖြစ်စေ ဒီနေရာကိုပဲ ဆက်တိုက် ကြည့်နေခဲ့တာလေ။ ဒီနေ့ရဲ့ဝတ်စုံက သက်ရောက်မှု ရှိသွားတယ်လို့ သူမတော့ ခံစားနေရတယ်။

တစ်ပေကို ရွှေပြားထောင်ချီပေးရတဲ့ ဒီဘရိုကိတ်ပိတ်စနဲ့ ရွှေပြားသောင်းချီတန်တဲ့ ရတနာတွေ စီခြယ်ထားတဲ့ ဒီဆံညှပ်က နောက်ဆုံးတော့ အကျိုးရှိလာပြီပဲ။

အကွာအဝေးက နည်းနည်း လှမ်းနေတာက နှမြောစရာပဲ။ ဧကရာဇ် သူမကို စိတ်ထဲမှာ စွဲမြဲသွားအောင် လုပ်ဖို့ နည်းလမ်းရှာရမယ်။ ဒီလိုကြီးကျယ်တဲ့ အခွင့်အရေးကို လက်လွှတ်ခံလို့ မဖြစ်ဘူး။

ထို့ကြောင့် သူမက ချွင်းအာကို ခေါ်လိုက်ပြီး တူရိယာကို သွားယူစေလိုက်သည်။ ထို့နောက် သူမက အဲဒါကို ကောက်ယူလိုက်ပြီး ခန်းမဆီသို့ လျှောက်သွားကာ ပြောလိုက်သည်။

“ ဒီနေ့လို သာယာလှပတဲ့နေ့လေးမှာ ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးနဲ့ ဧကရီမယ်တော်ကြီးအတွက် ကျန်းမာစေဖို့ တောင်းဆုပြုရင်း သီချင်းတစ်ပုဒ်လောက် ဖျော်ဖြေပေးချင်ပါတယ်” တူရိယာဟာ လော့သျန်ရတနာတွေနဲ့ စီခြယ်ထားတဲ့အတွက် သူမရဲ့ မျက်စိ ဖမ်းစားဖွယ်ဝတ်စုံနဲ့ အလွန်ပင် လိုက်ဖက်မှုရှိလှသည်။

ကိုယ်လုပ်တော်ကျိုး ၊ ကိုယ်လုပ်တော်နင် ၊ ကိုယ်လုပ်တော်လီနဲ့ တစ်ခြားသူတို့က သူတို့ရဲ့နှလုံးသားထဲက မနာလိုမှု မကျေချမ်းမှုအပြည့်နဲ့ သူမကို စိုက်ကြည့်ရင်း သေလုအောင် ဒေါသထွက်နေကြသည်။

ယွီဝိန်းလန်က အမှတ်တမဲ့ပဲ “ကောင်းပြီလေ”လို့ ပြောလိုက်တဲ့အခါမှာတော့ နန်းတော်အစေခံက ခပ်ဝိုင်းဝိုင်းခွေးခြေခုံကို အလျင်အမြန်ပဲ ယူလာခဲ့ပြီး ကျန်းချိုက်ရန်ကလည်း သူမလက်မောင်းထဲက ကုချင်းနဲ့အတူ ထိုင်ချ လိုက်ပြီးတဲ့နောက် ကြိုးတွေကို သူမရဲ့လက်ချောင်းတွေနဲ့ တီးခတ်ရင်း ငြင်သာတဲ့အသံနဲ့အတူ သီဆိုလိုက်တော့သည်။

“ခရမ်းရောင်ဝါးပင်ငယ်ဟာ ဖြောင့်မတ်နေပြီး ဝူလန်ဆီကို တူရိယာတစ်ခုပြုလုပ်ဖို့ သွားရောက် ပို့သစေလိုက်သည်….”

သီချင်းကို ကြားလိုက်သလား ဆိုတာကိုတော့ မသေချာပေမဲ့ ကျန်းချိုက်ရန်ဟာ ကျန်းနန်လေသံနဲ့ သီဆိုသွားတာကိုတော့ သိလိုက်တယ်။ စကားလုံးတွေကလည်း တကယ်ကိုပဲ ပြောင်မြောက်လွန်းသည်။

3.02

သီချင်းပြီးသွားတဲ့အခါမှာတော့ လူတိုင်းက လက်ခုပ် တီးလာကြတော့သည်။

ဧကရီမယ်တော်ကြီးကလည်း အထူးတလည်ကို မေးမြန်းလာခဲ့သည်။

“မင်းက ကျန်းနန်ကလား”

စီလီရဲ့အကြံပေးချုပ်ဖြစ်သူ ဟူအန်းက မိတ်ဆက်ပေးလာခဲ့သည်။

“ဧကရီမယ်တော်ကြီးကို တင်ပြပါတယ်။ ကျန်းချိုက်ရန်ရဲ့ဖခင်ဟာ မြို့တော်ရဲ့ ရက်ကန်းကုန်သည် ဖြစ်ပြီး သူမရဲ့မိသားစုက လေးနက်တဲ့ မြို့ခံတွေ ဖြစ်ပါတယ်”

ကျန်းချိုက်ရန်က ရယ်လိုက်ပြီး

“ ဧကရီမယ်တော်ကြီးက စုကျိုးထန်းစစ်ကို နှစ်သက်တယ်လို့ ကြားမိတဲ့အတွက် ကျွန်မက သေသေချာချာ သီချင်းတစ်ပုဒ်၊ နှစ်ပုဒ်လောက် သင်ထားတာပါ။ ဒါပေမဲ့ သေချာ မဆိုနိုင်တဲ့အတွက် ရယ်ရအောင် လုပ်မိမှာကိုပဲ စိုးမိပါတယ်”

ဧကရီမယ်တော်ကြီးက ခေါင်းညိတ်လိုက်ပြီး

“ငါနားလည်ပါတယ်” လို့ ပြောလိုက်သည်။

ဧကရာဇ်ရဲ့အမူအရာကို ကြည့်လိုက်တဲ့အခါမှာတော့ သူက လက်ဖက်ရည်တစ်ခွက်ကို ယူလိုက်ပြီး တစ်ငုံလောက် သောက်နေတာကို တွေ့လိုက်ရသည်။ သူ့ရဲ့ အမူအရာ ကပေါ့ပါးနေပြီး ဘာအနှောက်အယှက် ဖြစ်နေတာမျိုးမှ မတွေ့ရပေ။

ဒါပေမဲ့ ကိုယ်လုပ်တော်နင်က သူမဘေးက ကိုယ်လုပ်တော်လီကို ရုတ်တရက် ပြောလိုက်တာကို ကြားလိုက်ရသည်။

“ ဒီသီချင်းက တကယ်ကို ကောင်းပါတယ်။ ဒါပေမဲ့ စာသားတွေက နည်းနည်း နားလည်ရခက်တယ်။ စကားမစပ် ကိုယ်လုပ်တော်လီရဲ့ဇာတိမြို့က ကျန်းနန်မလား။ ဒါဆိုအခု သူ ဆိုသွားတဲ့သီချင်းက ဘယ်လိုအဓိပ္ပာယ်လဲဆိုတာကို အခုပြောပြပေးလို့ ရမလား”

ကိုယ်လုပ်တော်လီက ရှက်သွားပြီး အကြည့်ကို ဘယ်ညာရွှေ့လိုက်ကာ ပြောလိုက်သည်။

“ဒါက….. ဒီနေ့ညလို အခါသမယမှာ ပြောဖို့ မလွယ်မှာကို စိုးမိပါတယ်”

ဒီစကားတွေ ထွက်လာလာချင်းမှာပဲ လူတိုင်းဟာ မတတ်နိုင်ပဲ ရုတ်တရက် သိချင်သွားခဲ့ကြသည်။

ကျစ်, ပြောလို့ မကောင်းဘူး ဟုတ်လား ကျန်းချိုက်ရန်က သီချင်းထဲမှာ ဘာတွေ ဆိုသွားတာလဲ။

ကိုယ်လုပ်တော်နင်က ရယ်လိုက်ပြီး

“ဘာမပြော ကောင်းစရာ ရှိတာလဲ။ အာဏာကို ဖီဆန်တဲ့ စကားလုံးတွေများ ပါလို့လား”

ကျန်းချိုက်ရန်ရဲ့အမူအရာက ပြောင်းလဲသွားပြီး ခေါင်းကို ရမ်းကာ ပြောလိုက်သည်။

“ကိုယ်လုပ်တော်နင် ဘယ်လိုတောင် ပြောရဲတာလဲ”

ကိုယ်လုပ်တော်လီက သူမရဲ့နှုတ်ခမ်းတွေကို ဖုံးကာလိုက်ပြီး ပြုံးလိုက်သည်။

“ မဟုတ်ပါဘူး ကိုယ်လုပ်တော်နင်က ဟာသလုပ်နေတာပါ။ သီချင်းက ကျေးလက်ဘက်က နည်းနည်းဆိုးရွားတဲ့ စကားပြောမျိုးပါ။ အဲဒါချစ်ခြင်းမေတ္တာအကြောင်း ဖြစ်ပြီး ‘ခရမ်းရောင်ဝါးပင်ငယ်ဟာ ဖြောင့်မတ်နေပြီး ဝူလန်ဆီကို တူရိယာတစ်ခု ပြုလုပ်ဖို့ သွားရောက်ပို့သစေလိုက်သည်’ဆိုတာက ပါးစပ်က ပုလွေကို တေ့ထားပြီး ငါးကြင်းလေးရဲ့အမြှီးက ညီမငယ်လေးရဲ့ ပန်းရောင်သန်းနေတဲ့ ပါးပြင်လေးလိုမျိုး ရှက်သွေးဖြာနေသလို လွှဲယမ်းနေတယ်လို့……”

“အိုက်ယား!”

ကိုယ်လုပ်တော်လီရဲ့စကားက ကိုယ်လုပ်တော်နင်ရဲ့ ဖြတ်ပြောလိုက်သော စကားကြောင့် မပြီးဆုံးသွားခဲ့ပေ။ ကိုယ်လုပ်တော်နင်က သူမ၏နားတွေကို ပိတ်ထားပြီး အပြစ်တင်လာခဲ့သည်။

“ ကိုယ်လုပ်တော်လီ ဒီလို အခြေအနေမျိုးမှာ ဘယ်လိုလုပ်ပြီး ဒီလိုစကားလုံးမျိုးတွေကို သုံးရဲတာလဲ။ အရှင်မင်းကြီးနဲ့ ဧကရီမယ်တော်ကြီးရဲ့ နားတွေကို ညစ်ညမ်းသွားစေမှာ မကြောက်ဘူးလား။ ဘယ်လိုတောင် လုပ်ရဲနေတာလဲ”

3.03

ထိုစကားကို ကြားလိုက်ရတော့ ကိုယ်လုပ်တော်လီဟာ အလျင်အမြန် ထရပ်လိုက်ပြီး ထိတ်ပျာနေတဲ့ အကြည့်နဲ့အတူ

“ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးတော်မူပါ။ အရှင်မင်းကြီးနဲ့ ဧကရီမယ်တော်ကြီး ဒီကိုယ်လုပ်တော်က အတိုင်းအတာကို မေ့သွားခဲ့ပါတယ်….”

သူမက ဒီတိုင်း သီချင်းဆိုရုံ သက်သက်ပဲလေ။ ဒီတော့ သဘာဝကျကျပဲ သူမကို အပြစ်တင်၍ မရတော့ပေ။ သူမကို အပြစ်မတင်ပေမဲ့ အရှင်မင်းကြီးနဲ့ ဧကရီမယ်တော်ကြီးက ဘာမှပြောမလာတဲ့အတွက် လူတိုင်းရဲ့အာရုံက ကျန်းချိုက်ရန်ဆီကို ရောက်ရှိ သွားကြတော့သည်။

ယန်ရှု တစ်ယောက်တည်းကသာ အခုလေးတင် လာချသွားတဲ့ ငါးစွပ်ပြုတ်ကို ကိုင်ထားတာပင်။ စွပ်ပြုတ်ကို သောက်ရင်း သူမရဲ့နှလုံးသားထဲမှာ ခေါင်းယမ်း လိုက်မိတော့သည်။

ပြောကြတဲ့ “ပထမဆုံးသော ငှက်ကို ပစ်ချခြင်း”ဆိုတဲ့ စကားလိုပဲ ဘယ်လိုတောင် လုပ်နိုင်စွမ်းရှိတာလဲဟ။ ဘယ်လောက်ပဲ ကြိုးစားပြီး လုပ်နိုင်စွမ်း ရှိနေပါစေ၊ ထွက်လာပြီးတော့ စွမ်းရည် ပြသရဦးမှာပဲ မဟုတ်လား။

ဒါပေမဲ့ သူမသာ ရိုးသားမှု အပြည့်နဲ့ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။

ငါးစွပ်ပြုတ်က ချဉ်ပြီးတော့ စပ်ပေမဲ့ တကယ်ကို အရသာရှိလွန်းတယ်။

သိပ်မဝေးတဲ့နေရာက ကျန်းချိုက်ရန်ကို ကြည့်ရတာ အပ်တွေ ခင်းထားတဲ့အပေါ် ထိုင်နေရသလိုမျိုး ကျားတစ်ကောင်းကို စီးထားရလို့ သူ့ရဲ့မာနတွေဟာလည်း ပျောက်ကွယ်သွားပုံပင်။ ထို့ကြောင့်ပင် ခပ်မြန်မြန် ဒူးထောက်လိုက်ပြီး ပြောလာခဲ့သည်။

“အရှင်မင်းကြီးနဲ့ ဧကရီမယ်တော်ကြီး ဒီကိုယ်လုပ်တော်ကို ခွင့်လွှတ်ပေးတော်မူပါ ကျွန်တော်မျိုးမလည်း ကျန်းဖန်စစ်ပြည်က လူတွေဆီကနေ သင်ယူထားတာပါ။ ကျွန်တော်မျိုးမဟာလည်း ကျန်းနန်က မဟုတ်သလို သီဆိုရုံသက်သက်အတွက်ပဲ သင်ယူထားခြင်း ဖြစ်ပါတယ်။ ဒီလိုလေသံမျိုးရအောင် အားထုတ် ကြိုးပမ်းသင်ယူခဲ့ပေမဲ့ အဓိပ္ပာယ်ကိုတော့ ကျွန်တော်မျိုးမလည်း မသိခဲ့ပါဘူး……”

နင်ဖေးလိဟာလည်း ဘာစကားမှ ထပ်မပြောတော့ပဲ အခြားသူများလို ဘေးဖယ် နေလိုက်တော့သည်။

သိပ်မကြာခင်မှာပဲ ဧကရီမယ်တော်ကြီးမိခင်ရဲ့ အမျိုးသမီးအရာရှိ ကျူးရှုက

“ကြည့်ရတာ ယုံတမ်းပုံပြင်တွေနဲ့ သက်ဆိုင်နေတာဆိုတော့ ကျန်းချိုက်ရန်ကလည်း ရည်ရွယ်ချက်ရှိရှိ လုပ်တာတော့ မဖြစ်နိုင်ပါဘူး” ဟု ရပ်တည်ပေးလာခဲ့သည်။

အသံ ဆုံးသွားတဲ့အခိုက် ဧကရီမယ်တော်ကြီးဟာလည်း လက်ကို မြှောက်ပြလိုက်ကာ

“ထားလိုက်တော့ လူတိုင်းက ပွဲတော်ကို ဆင်နွှဲနေကြတာ။ ကိုယ့်နေရာကိုယ်သာ ပြန်သွားတော့” လို့ ပြောလိုက်သည်။

ဒီလိုဆိုမှသာ ကျန်းချိုက်ရန်လည်း သူမ၏တူရိယာကို ပိုက်ကာ အောက်သို့ ဆင်းသွားတော့သည်။

ကိုယ်လုပ်တော်လီလည်း နေရာမှာ ပြန်ထိုင်လိုက်ပြီး ဘယ်သူမှ အာရုံစိုက် မနေတဲ့အခိုက် ကိုယ်လုပ်တော်နင်ကို ကြည့်လျက် သူမရဲ့မျက်လုံးထဲမှာတော့ ပြောစရာမလိုတဲ့ အပြန်အလှန် နားလည်မှုမျိုးက ပေါ်လွင် လွန်းလှသည်။

နန်းတော်အစေခံတွေကလည်း စားပွဲအသစ်ကို တစ်ဖန် ပြန်လည်၍ တည်ခင်းလာခဲ့ပြန်သည်။ ကိုယ်လုပ်တော်နင် ကျိုးကွေ့ဖေးနှင့် တစ်ခြားသူတွေဟာ ဧကရီမယ်တော်ကြီးနဲ့ စကားပြောနိုင်ခွင့်ရဖို့ တိုက်ခိုက်နေကြတော့သည်။ သို့သော် ယွီဝိန်းလန်ရဲ့မျက်နှာမှာတော့ အစမှအဆုံးထိ ပျော်ရွှင်မှု သို့မဟုတ် ဒေါသ တစ်စိုးတစိမှ ပြသခြင်း မရှိပေ။

ဧကရီမယ်တော်ကြီးက လူအုပ်ကို ကိုင်တွယ်နေတုန်း ခပ်ဝေးဝေး ထောင့်နားကို သူမ တစ်ဖန် ပြန်ကြည့်လိုက်ပြီး မတတ်နိုင်ဘဲ နှလုံသားထဲမှာ မဲ့ပြုံးတစ်ပွင့် ပြုံးလိုက်မိသည်။ ဧကရာဇ်တစ်ပါးက ခေါင်းမဖော်တမ်း စားနေတဲ့သူတစ်ယောက်ကို နှစ်သက်နေတာလား။

တကယ်ပဲ…..ထူးခြားတဲ့မြင်ကွင်းပဲ

~~~~~

အပူစာနဲ့ အအေးစာ ဒင်ဆမ်းတွေနဲ့ စွပ်ပြုတ်တွေ တစ်ပွဲပြီးတစ်ပွဲချ လာတာကို မြင်လိုက်ရတော့ ယန်ရှုတစ်ယောက် စားတော့မဲ့ အချိန်မှာပဲ နှစ်သစ်ကူးစားပွဲက ပြီးဆုံးဖို့အချိန် နီးကပ်လာခဲ့လေပြီ။

ဧကရီမယ်တော်ကြီးက ထရပ်လိုက်ပြီး စားပွဲမှ ထွက်ခွာသွားတော့သည်။ ထိုအခါ လူတိုင်းကလည်း ထရပ်လိုက်ပြီး အရိုအသေ ပေးလာခဲ့သည်။

3.04

ယွီဝိန်းလန်ဟာလည်း နေရာကနေထရပ်လိုက်ပြီး နန်းတော်တံခါးကနေ မယ်တော်ကြီး လျှောက်ထွက်သွားတာကို ကြည့်လိုက်ပြီးနောက် ထိုမိန်းကလေးရဲ့ နှလုံးသားထဲက စကားကို နားထောင်ဖို့ ကြိုးစားရင်း ထမ်းစင်ကို အနည်းငယ် ကျယ်ပြန့်စေလိုက်သည်။

ဒါပေမဲ့ သူ ကြားလိုက်ရတာကတော့ လေချဉ်တက်သံနဲ့အတူ နှာမှုတ်ရင်း ရေရွတ်လိုက်သံပဲ ဖြစ်သည်။

[ဒီညက တကယ်ကို အရသာ ရှိလွန်းတယ်။ နည်းနည်းလေးသာ အစပ်ပိုမယ်ဆိုရင် လုံးဝကို ပြီးပြည့်စုံသွားပြီပဲ။ တွက်ကြည့်ရအောင် နောက်တစ်ပွဲက ဘယ်တော့လောက်လဲ ဆိုတာကို။ အစောဆုံး တစ်ခုလား။ အမေရေ သမီးတော့ လဝက်တောင် ထပ်စောင့်ရဦးမယ်……”

ယွီဝိန်းလန် “”

မင်းက ဘာလို့ စားပဲ စားနေရတာလဲ။

သူက သူမနှလုံးသားထဲက သက်ပြင်းချသံကို ထပ်ကြား လိုက်ရပြန်သည်။

[နင် ပွဲတော်ကို တက်ရောက်နိုင်တာနဲ့တင်ကို စိတ်ချထားလို့ ရပြီ။ ဘာဆုတောင်းမှ မလိုဘဲ ပါးစပ်အပြည့် စားနိုင်တာကလည်း ကောင်းတာပဲလေ]

ယွီဝိန်းလန် “”

ဒါကရော ဘာကို ဆိုလိုတာလဲ။

ဒီမိန်းကလေးရဲ့အသံက ဘာလို့……အရမ်းထူးဆန်း နေရတာလဲ။

ယွီဝိန်းလန်က ရပ်တန့်လိုက်လုနီးပါးပင်။

ဒါပေမဲ့ ဒီလိုသာ လုပ်လိုက်မယ်ဆိုရင် ခြုံပုတ်ကို ရိုက်ပြီး မြွေကို ခြောက်လှန့် လိုက်သလိုပဲ ဖြစ်သွားလိမ့်မယ်။

သည်းခံပြီးရင်း သည်းခံလိုက်ရင်း ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ကာ ခန်းမတံခါးကနေ လမ်းလျှောက်ပြီး အပြင်ကို ထွက်သွားလိုက်တော့သည်။

~~~~~~

တော်ဝင်မိသားစုရဲ့ အကြံပေးအရာရှိ ဖုဟိုင်က အရှင်မင်းကြီးဟာ ဒီညအနည်းငယ် ကွဲပြားနေကြောင်း ခံစားမိနေသည်။

တော်ဝင်နန်းဆောင်ကနေ ထွက်လာပြီးတဲ့ နောက်မှာလဲ ပုံမှန်လိုပဲ တော်ဝင်စာကြည့်တိုက်မှာ စာဖတ်ဖို့ သွားခဲ့ပေမဲ့ အချိန်အကြာကြီး စုတ်တံကို တောင်းမလာခဲ့သလို အတန်ငယ် အာရုံထွေပြားနေဟန်တောင် ရှိသေးသည်။

ဖုဟိုင်က ထိုအကြောင်းကို တိတ်တဆိတ် စဉ်းစားနေသည်မှာ အရှင်မင်းကြီးရဲ့မေးလာသံကို ကြားလိုက်ရသည့် အချိန်အထိပင်။

“ဒီနေ့ည အစွန်နားမှာ ထိုင်နေတာက ဘယ်သူလဲ”

“ကျင်းဖူရက်ကန်းဌာနက ကျန်းထုန်ရဲ့သမီးဖြစ်သူပါ”

အသံက တိုးကျသွားပေမဲ့ အရှင်မင်းကြီးက တုံ့ပြန်မလာခဲ့ပေ။

သူ ထပ်ပေါင်း ပြောလိုက်သည်။

“ကျန်းချိုက်ယန်ရဲ့ဘေးမှာ ထိုင်နေတာကတော့ ရုံနင်နန်းဆောင်က လိမိန်ရန်ဆိုသူပါ”

ထိုစကားတွေ ထွက်လာသည်နှင့် တစ်ပြိုင်နက် နောက်ဆုံးတော့ အရှင်မင်းကြီးက တစ်ဖန်ပါးစပ် ဖွင့်လာခဲ့ပြီး ပြောလာခဲ့သည်။

“သူမက ဘယ်က လာတာလဲ”

ဖုဟိုင်ဟာ သူမှန်းတာ မှန်သွားသည်ကို သိသည့်အတွက် အလျင်အမြန်ပဲ ပြန်ဖြေလာခဲ့သည်။

“ဒီအစေခံ မှတ်မိတာသာ မှန်မယ်ဆိုရင် လိမိန်ရန်က အန်းသဲ့ကောင်တီ ချင်ကျိုးစီရင်စုကပါ။ နန်းတော်ထဲကို ဝင်ရောက်လာတာကတော့ အကြမ်းဖျင်း သုံးနှစ်လောက်တော့ ရှိပါပြီ”

ချင်ကျိုး…..။

ယွီဝိန်းလန်ဟာ သူ့ဘာသာ ပြန်တွေးကြည့်လိုက်သည်။ အဲဒါက မြို့တော်ကနေ မိုင်ရာချီဝေးတဲ့ နေရာဆိုတော့ ဘယ်သူက သိနိုင်မှာလဲ။

ဒါပေမဲ့ ဖုဟိုင်ရဲ့နှလုံးသားထဲက သက်ပြင်းချသံကို နားထောင် လိုက်တဲ့အခါမှာတော့

[ဟေး ဒီမိန်းမလှလေးလီကို ကြည့်ရတာ အဆင့်တိုးတော့မဲ့ပုံပဲ။ ဘယ်သူက သိနိုင်မှာလဲ။ ဒီမောင်းမဆောင်ထဲမှာ ဘုရင့်ရဲ့အမြင်ထဲကို ဝင်လာတဲ့ပထမဆုံးသူက သာမန်အလှလေး တစ်ယောက်ပဲ ဆိုတာကိုလေ]

ယွီဝိန်းလန်က ဒီစိတ်ထဲက အသံကြောင့် အနှောက်ယှက် ခံလိုက်ရပြီး သူ့လက်ကို မြှောက်ကာ ပြောလိုက်သည် ။

“သွားတော့”

“အမိန့်အတိုင်းပါ”

ဖုဟိုင်ဟာ သူ့နှလုံးသားထဲမှာ ထပ်တွေးနေရင်း အရိုအသေပေးပြီး ဆုတ်ခွာသွားခဲ့သည်။

[အခြေအနေက ဘာလဲ။ နှစ်သက်တယ်ဆိုမှတော့ တစ်ယောက်ယောက်ကို အိပ်ယာပေါ်မှာ အမှုထမ်းပေးဖို့ ဘာလို့ မခေါ်လိုက်တာလဲ။ ညဉ့်နက်နေပြီ နွေဦးညလေးက ရွှေတုံးတစ်ထောင်မက ထိုက်တန်တယ် အရှင်မင်းကြီးရ]

ထိုသို့ တွေးလိုက်ရုံ ရှိသေးတယ် အေးစက်တဲ့ အလင်းတစ်ခုကို ရုတ်တရက် သူ၏ခေါင်းထိပ်မှာ ခံစားလိုက်ရသည်။ ဖုဟိုင်က စိတ်အနှောက်အယှက် ဖြစ်သွားပြီး အဲဒီဆန့်ကျင်နေမှုက ဘယ်က လာသလဲဆိုတာကိုတော့ မသိပေ။ ထို့ကြောင့် တံခါးကနေ အလျင်အမြန်ပဲ ထွက်ခွာသွားတော့သည်။

3.05

ငါ့နားတွေက နောက်ဆုံးတော့ အနားရသွားပြီပဲ။ ယွီဝိန်းလန်က သူ့ရဲ့နဖူးကို ပင်ပန်းစွာနဲ့ ပွတ်သပ်လိုက်ပြီး ထိုအကြောင်းကို တွေးရင်း တစ်ဖန် ထပ်ခေါ်လိုက်သည်။

“ဝင်လာခဲ့”

ဒီတစ်ကြိမ် ဝင်လာသူကတော့ ပျံသန်းနေသော ငါးသဏ္ဍာန်ဝတ်စုံနဲ့ ကျင်းယီဝေ့ ဖြစ်သည်။

“ချင်ကျိုးစီရင်စုက အန်းသဲ့ကောင်တီကို သွားပြီး အဲဒီနှစ်က အကြောင်းကို ရှာဖွေလာခဲ့”

ကျင်းယီဝေ့ဟာ ယခုလေးတင် ဝင်ရောက်လာခဲ့ပြီး အမိန့်ကို ဆောင်ရွက်ဖို့ ချက်ချင်းပင် ပြန်ထွက်သွားခဲ့သည်။

ယွီဝိန်းလန်က စာရွက်တွေကို ထပ်မံ ကောက်ယူလိုက်ပေမဲ့ သူ့ရဲ့အသိစိတ်ကတော့ လုံးဝကို ပြန်မလာသေးပေ။

ညစာစားပွဲခန်းမထဲက အဲဒီမိန်းကလေးအကြောင်းကိုပဲ အမြဲတမ်း စဉ်းစားနေမိသည်။

လွန်ခဲ့တဲ့သုံးနှစ်က မြို့တော်ကို ပြန်နေတဲ့လမ်းမှာ မိုးကြိုးမုန်တိုင်းကြောင့် မတော်တဆ သတိ လစ်သွားခဲ့သည်။ နိုးလာတဲ့အခါမှာတော့ စိတ်ကို ဖတ်နိုင်တဲ့စွမ်းရည်ကို ရလာခဲ့ပေမဲ့ ယောက်ျားတစ်ယောက်မှာ ရှိသင့်တဲ့ စွမ်းရည်က တစ်ဖြည်းဖြည်းနဲ့ ဆုံးရှုံးလာခဲ့ရသည်……။

ဒီနှစ်တွေထဲမှာ စုံစမ်းဖို့ လူတွေကို တိတ်တဆိတ် လွှတ်ထားပြီး သမားတော်တစ်ယောက်ကို နေရာတိုင်းမှာ ရှာဖွေနေခဲ့ပေမဲ့ ဘာထိရောက်မှုမှ မရှိခဲ့ပေ။

အထူးသဖြင့် ဧကရာဇ်တစ်ပါး ဖြစ်တဲ့ သူ့အတွက်ကတော့ ဒါက ကိစ္စကြီးပဲ။ ဒီလျှို့ဝှက်ချက်ကို ရင်းနှီးတဲ့မိန်းမစိုးတွေနဲ့ လူယုံတော်တွေတောင်မှ မသိအောင် ဆက်တိုက်ကို တင်းတင်းကြပ်ကြပ် ကာကွယ်ထားတာပင်။

ဒါဆို အဲဒီမိန်းကလေးက ဘယ်လိုသိတာလဲ။

သူမက ဘယ်သူလဲ။

ဘယ်နေရာက မှားသွားတာလဲ။

သူ့နှလုံးသားထဲမှာ အတွေးတွေက သောင်းကျန်းနေလေလေ စာအုပ်ကို ရိုးရိုးရှင်းရှင်းပဲ ချထားလိုက်ပြီး လည်ဝိုင်းဝတ်ရုံကို ဝတ်ဆင်ထားတဲ့ မိန်းမစိုးငယ် အသစ်ကလေးကို ခေါ်ဆောင်လိုက်သည်။

“ရုံနင်နန်းဆောင်ကို စောင့်ကြည့်နေ။ ငါကိုယ်တော် အသေးစိတ် သိရမှ ဖြစ်မယ်”

စာရေးသူမှာ ပြောစရာရှိတယ် :

တစ်စုံတစ်ယောက်သော ဧကရာဇ် : မိန်းကလေး မင်း ငါ့ရဲ့အာရုံစိုက်မှုကို အောင်အောင်မြင်မြင်နဲ့ ဆွဲဆောင်လိုက်နိုင်ပြီ။

တစ်စုံတစ်ယောက်သော စာရေးသူ : သားပေါက်လေး ဒီအဖွင့်စာလုံးက အရမ်းကို နိမ့်ကျလွန်းတယ် ။

တစ်စုံတစ်ယောက်သောဧကရာဇ် : မိန်းကလေး မင်းသိတာ သိပ်ကိုများလွန်းနေပြီ

တစ်စုံတစ်ယောက်သောစာရေးသူ :

******

All Chapters