နန်းတော်ထဲကို ဝင်ရောက်ပြီးတဲ့နောက် သုံးနှစ်အကြာမှာတော့ လှပတဲ့အမျိုးသမီးလေးယန်ရှုဟာ ဧကရာဇ်ကိုတွေ့ဆုံခွင့်မရသေးပါဘူး။ နန်းတော်ထဲက ကိုယ်လုပ်တော်တွေအားလုံးကလည်း ဧကရာဇ်ရဲ့မျက်နှာသာရဖို့ကို ကြိုးစားနေကြလေရဲ့။ ဒါပေမယ့် သူမကိုယ်တိုင်ကတော့ “ဖရဲသီးစားမယ့်စနစ်”ထဲမှာ နစ်မြှုပ်နေပြီး ဧကရာဇ်အတွက် အားလပ်ချိန်အနည်းငယ်မျှပင် မရှိပေ။ [မှူးမတ်လင်းဝူရဲ့ဆက်ခံသူက သူ့သားမဟုတ်ဘူးတဲ့လေ ကျွတ် ကျွတ်] [ဓလေ့ထုံးတမ်းဆိုင်ရာရုံးတော်ရဲ့ အမြင့်ဆုံးအရာရှိက သူ့ရဲ့ချွေးမနဲ့ တားမြစ်အပ်တဲ့ဆက်ဆံရေးမျိုး ရှိနေတယ်တဲ့လေ] [တော်ဝင်မင်းသမီးရိမာရဲ့ကြင်ယာတော်က မမျှော်လင့်ထားစွာနဲ့ အပြင်ဘက်မှာ မရေမတွက်နိုင်တဲ့ကိုယ်လုပ်တော်တွေကို ပျိုးထောင်ထားတယ်တဲ့] နေ့တိုင်းနေ့တိုင်းက အတင်းအဖျင်းတွေနဲ့ပြည့်နေမှတော့ ဧကရာဇ်ဆိုတာကို ဘယ်သူက သတိရနေဦးမှာလဲ။ ဘယ်လိုသိနိုင်မှာလဲ။ တစ်နေ့မှာတော့ သူမဟာ တုန်လှုပ်ဖွယ်ကောင်းတဲ့ ဖရဲသီးကြီးတစ်ခုကို စားလိုက်ရတော့တယ်။ [အပေါ်ယံမှာ အေးစက်သလိုရှိတဲ့ တင်းမာခက်ထန်တဲ့ဧကရာဇ်က တကယ်တမ်းတော့ ပြောမထွက်နိုင်တဲ့ရောဂါတစ်ခုကို ခံစားနေရတယ်တဲ့လေ] ယန်ရှု “သူက ဘယ်တုန်းကမှ မောင်းမဆောင်ထဲကို ခြေမချတာ အံ့ဩစရာမဟုတ်တော့ပါဘူးလေ!] ခဏနေပါဦး…. တစ်နေရာရာမှာ တစ်ခုခုက မှားနေသလိုပဲ…. ဒါဆို သူမက နန်းတော်ထဲကို ဘာအတွက်ဝင်လာရတာလဲ။ ဧကရာဇ်အသစ် ယွီဝိန်းလန်မှာ လျှို့ဝှက်ချက်နှစ်ခုရှိတယ်။ …… ထီးနန်းကို ဆက်ခံပြီးတဲ့အချိန်ကစပြီး ယွီဝိန်းလန်ဟာ တဖြည်းဖြည်းနဲ့ ယောက်ျားတွေရဲ့ဂုဏ်ရည်ကို ဆုံးရှုံးလာခဲ့တော့သည်။ တစ်ချိန်တည်းမှာပဲ သူဟာ တစ်ခြားသူတွေရဲ့စိတ်ကို ဖတ်နိုင်လာခဲ့သည်။ နေ့စဉ်နေ့တိုင်း သူတို့တွေရဲ့အတုအယောင်စကားလုံးတွေနဲ့ ကြောင်သူတော်မျက်နှာတွေကို တွေ့ရှိလာရပြီးတဲ့နောက် သူ့ရဲ့အကြင်နာကင်းမဲ့စိတ်ဟာ ပိုပိုကြီးထွားလာခဲ့တော့တယ်။ အဲဒါဟာ တစ်နေ့မှာ တစ်စုံတစ်ယောက်ရဲ့နှလုံးသားဆီက ဆန်းကြယ်တဲ့အသံတစ်သံကို မကြားရခင်အထိပဲ။ [ဒါက သဘာဝအရင်းအမြစ်တွေကို သောက်ကျိုးနည်း ဖြုန်းတီးနေတာပဲမလား] ယွီဝိန်းလန်ဟာ ရပ်တန့်သွားပြီး နူးညံ့ဖြူစင်ပြီး လှပတဲ့ကောင်မလေးရှိရာ ဦးတည်ဘက်ကို ကြည့်ရှုဖို့အတွက် သူ့ရဲ့မျက်လုံးတွေကို မှေးကျဉ်းလိုက်တော့သည်။ [ဘုရားသခင်ရေ ဒီလောက်တောင် မိမိုက်ပြီး တောင့်ဖြောင့်နေတဲ့ယောက်ျားကို *** မလုပ်နိုင်အောင် လုပ်တာက မင်းရဲ့အသိစိတ်ကို မနာကျင်စေဘူးလား] [ဒါကို ပြန်ပြီးပြင်ဆင်လို့ရအောင် လုပ်လို့ရတဲ့နည်းလမ်းလေးဘာလေး မရှိဘူးလား] [ဆယ်ချိုးတစ်ချိုး လုံးဝကိုပြီးပြည့်စုံအောင် အားသစ်လောင်းပေးနိုင်မယ့်နွေဦးဆေးလုံး ၊ ယောက်ျားဂုဏ်ရည်ပြန်လည်သိုမှီးစေမယ့်ဆေးလုံး၊ ဒါမှအလုပ်မဖြစ်ရင်လည်း ယန်အပ်စိုက်မှတ်တွေရဲ့ပြန်လည်ရှင်သန်ခြင်းဆေးလုံးရော ကြိုးစားကြည့်ပြီးပြီလား] ယွီဝိန်းလန် “??” ဧကရီနေရာကို မတက်လှမ်းချိန်ထိ ယန်ရှုက သူမဟာ ဧကရာဇ်ရဲ့အောက်ခြေစည်းကို ကျိုးကြောင်းမသင့် ထပ်ခါထပ်ခါ နင်းနေမိတယ်ဆိုတာကို မသိရှိခဲ့ပေ။ သူ့ရဲ့အောက်ခြေစည်းကို တန်းတန်းမတ်မတ်ကို တက်နင်းပြီးနောက်မှာတော့ သူ့ရဲ့နှလုံးသားထဲက ပထမဆုံးသောသူတစ်ယောက်ဖြစ်လာခဲ့ပေသည်။ ဖြစ်နိုင်တာက သူမကံကပဲ အရမ်းကောင်းလွန်းနေတာဖြစ်လောက်တယ်။

