← Chapters

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

46 01

အပိုင်း 46

မသိလိုက်ခင်မှာပဲ ညကတစ်ဖြည်းဖြည်းနဲ့ မှောင်လာပြီး ညစာစားပွဲကလည်း အဆုံးသတ်ကို ရောက်လာပြီ ဖြစ်သည်။

ဧကရီမယ်တော်ကြီးနဲ့ ဧကရာဇ်ကို နှုတ်ဆက်ပြီးနောက်မှာတော့ လူတိုင်းက လူစုခွဲလိုက်ကြတော့သည်။

ယန်ရှုသည်လည်း ခန်းမဆောင်ကိုပြန်ကာ ဆေးကြော သန့်ရှင်းလိုက်ပြီး အဝတ်လဲနေချိန်မှာတော့ ရန်တုန်းနဲ့တစ်ခြားသူတွေက ယနေ့ညရဲ့ နှစ်သစ်ကူးတာကို ကြည့်ဖို့အတွက် ဖရဲစေ့တွေ အဆာပြေမုန့်တွေနဲ့ အသီးတွေကို ပြင်ဆင်နေကြပေသည်။

သို့သော် ယန်ရှုက ဆေးကြောလိုက်ပြီး အပြင်ထွက်လာပြီးနောက်မှာတော့ သူမမှာ နှစ်သစ်ကူးတာကို ကြည့်ဖို့ စိတ်ကူးမရှိပေ။

ထိုအကြောင်းကို ခဏ တွေးလိုက်ပြီးနောက်မှာတော့ ဒီညစားခဲ့ရတဲ့ဖရဲသီးတွေက တကယ်ကို မသေးငယ်ဘူး ဖြစ်သည်။ ပြီးတော့လည်း ထိုဖရဲသီးတွေက ဧကရာဇ်နဲ့ နီးနီးကပ်ကပ် ဆက်စပ်နေသေးသည်။ ဧကရာဇ်ရဲ့ခြေသလုံးဖက်သူလေး တစ်ယောက်အနေနဲ့ သူမက ဘေးမှာရပ်ကြည့်ပြီး မနေနိုင်ပေ။ ဧကရာဇ်သိအောင် နည်းလမ်းတစ်ခုရှာရမည် ဖြစ်သည်။

သာမန်သာဆိုလျှင် အရင်အခါတွေတုန်းကလို သူ့ကို သတိပေးလို့ ရနိုင်ပေသည်။ သို့သော် ဒီနေ့လို နှစ်သစ်ကူးညစာစားပွဲနေ့မှာ ကျင့်ဝတ်ထုံးတမ်းအရ ဘုရင်မင်းမြတ်က ညခင်းကို နန်းတော်အလယ်မှာ ကုန်ဆုံးမှာပင်။ အခုနန်းတော်ထဲမှာ ဧကရီ မရှိတဲ့အတွက် သူက ချန်းမင်နန်းဆောင်မှာသာ အိပ်စက်နိုင်ပြီး ကိုယ်လုပ်တော်တွေရဲ့နေရာကို လာရောက် လည်ပတ်လို့ မရနိုင်ပေ။

ထို့ကြောင့် သူမက ထိုသူ့ကို မတွေ့နိုင်ပေ။

ချင့်ချိန်မှု အများကြီး လုပ်ပြီးချိန်မှာတော့ သူမမှာ ရွေးချယ်စရာ မရှိတော့ဘဲ စားပွဲသို့ သွားကာ စုတ်တံနှင့် စာရေးတော့သည်။

ဒါကိုမြင်လိုက်ရချိန်မှာတော့ အပျိုတော်လေးက ထူးဆန်းစွာ မေးလာခဲ့သည်။

“ဒီနေ့ည နှစ်သစ်ကူးပွဲတော်ကိုကြည့်ဖို့ သခင်မလေးအနားမယူဘူးလား”

ယန်ရှုက တိတ်တဆိတ် သက်ပြင်းချကာ ဆင်ခြေပေးရုံသာတတ်နိုင်ပေသည်။

“ငါ ရုတ်တရက်ကြီး ပုံပြင်ကောင်းတစ်ပုဒ်ကို တွေးမိသွားလို့ မြန်မြန်လေး ရေးမှရမယ်။ မဟုတ်ရင် မနက်ဖြန်ကျ မေ့သွားလိမ့်မယ်။ နှစ်သစ်ကူးပွဲကို နင့်ဘာသာပဲ သွားကြည့်လိုက်တော့ ငါ့ကို စိတ်ပူမနေနဲ့”

ပြောပြီးနောက် သူမက စရေးတော့သည်။

ရန်တုန်းက ဘာလို့မှန်းမသိပေမဲ့ နောက်ဆုတ်လိုက်ကာ သူမကို နောက်ယှက်နေတာအား ရပ်တန့်လိုက်တော့သည်။

ယန်ရှုကတွေးရင်း ရေးနေလိုက်သည်။ သို့သော် သိပ်မကြာခင်မှာပဲ ဘာကိုမှဂရုမစိုက်တော့ပေ။

နျန်ဟွာပုံပြင်က တကယ်ကို ဦးနှောက်ကို ပင်ပန်းစေတာပဲ

ထိုပုံပြင်ဟာ ကွဲပြားတဲ့ နှလုံးသားရှိတဲ့ မိခင်တစ်ယောက်နဲ့ ဝမ်းကွဲက တစ်ယောက်နဲ့ တစ်ယောက် ရှုပ်နေကြတာ ဖြစ်သည်။ ဧကရာဇ် ဧကရာဇ် ကျွန်မကို ကျေးဇူးတင်ရမယ်နော်။

ထိုညတွင် ပြတင်းပေါက် အပြင်ဘက်က မီးရှူးမီးပန်းတွေရဲ့အသံက ဆက်လက်ပေါက်ကွဲနေပြီး ယန်ရှုဟာ နှစ်သစ်ကူးပွဲတော်ဆိုတာကျုပင် မေ့လုနီးပါးပင်။

နေ့အလင်းရောင်ကို မြင်လိုက်ရချိန်မှာတော့ နောက်ဆုံးမှာ သူမ ရေးပြီးသွားပြီ ဖြစ်သည်။

သူမရဲ့စုတ်တံကို ချလိုက်ကာ သမ်းဝေလိုက်ပြီး တံခါးဆီကို လှမ်းခေါ်လိုက်တော့သည်။

ရန်တုန်းက ဝင်လာပြီး သူမက အခုထိစားပွဲမှာ ထိုင်နေဆဲဆိုတာကို မြင်လိုက်ရတဲ့အခါမှာတော့ သူမ မနေနိုင်ပဲ ထိတ်လန့်သွားပြီး အလျင်အမြန် ပြောလိုက်သည်။

“သခင်မလေးက အခုထိရေးနေတာလား”

ယန်ရှုက ညည်းညူလိုက်ရင်း ပြောလိုက်သည်။

“အရုဏ်တက်ခါနီးပြီးပဲ ချန်းမင်နန်းဆောင်ကို ဒီဇာတ်ညွှန်းစာရွက် အထပ်လိုက်ကို ပို့ပေးဖို့ နည်းလမ်းရှာလိုက်။ ပြီးတော့ အရှင်မင်းကြီး ဒါက သခင်မလေး ရေးထားတဲ့ ဇာတ်လမ်းအသစ်ပါ။ ကျေးဇူးပြုပြီး တစ်ချက်လောက်ဖတ်ကြည့်ပါလို့ လျှောက်တင်လိုက်””

အပျိုတော်လေးက နာခံလိုက်ကာ ဇာတ်ညွှန်း အထပ်လိုက်ကို ထုပ်ပိုးလိုက်တော့သည်။

လှည့်လိုက်ပြီး နောက်မှာတော့ ခြေလှမ်းအနည်းငယ်မှာတင် အိပ်ရာပေါ်ကို လဲကျသွားကာ နှစ်ခြိုက်စွာအိ ပ်မောကျသွားတော့သည်။

46 02

ရန်တုန်းက ခေါင်းခါလိုက်ပြီး သူမဘာသာ တွေးလိုက်သည်။ သခင်မလေး ဘာလို့ဒီလိုလုပ်ဖို့ အလုပ်ရှုပ်ခံနေရသေးတာလဲ သူမကဖြင့် မျက်နှာသာပေးခံရတဲ့ ကိုယ်လုပ်တော်ဖြစ်နေပြီကို တစ်နေ့လုံး ပုံပြင်ရေးပြီး ပိုက်ဆံရှာဖို့ စဉ်းစားနေတုန်းပဲလား။

ကျစ် ဘယ်လိုတောင် လုံ့လဝီရိယရှိလိုက်တဲ့သူမျိုးလဲ။

~~~

ယွမ်ကျန်းနေ့မှာတော့ ဘုရင်မင်းမြတ်က အလွနိပသ် အလုပ်ရှုပ်နေပေသည်။

စံတော်ချိန် ငါးနာရီမြောက်မှာတော့ ယွီဝိန်းလန်က ဆေးကြောလိုက်ကာ အဝတ်အစား လဲလိုက်ပြီး ဖုန်းရှန်းခန်းမကို ဘိုးဘေးနတ်ဘုရားတွေကို ပူဇော်ကန်တော့ရန် လာရောက်ပေသည်။

အရုဏ်တက်ပြီးနောက်မှာတော့ သူဟာ ကိုယ်လုပ်တော်တွေကို ဦးဆောင်ကာ ဧကရီမယ်တော်ကြီးဆီ သွားရောက်ပြီး နှစ်သစ်အကြိုအနေဖြင့်နှုတ်ဆက်လေသည်။

ဧကရီမယ်တော်ကြီးကို ဂါရဝပြုပြီးနောက်မှာတော့ နန်းတော်ဆီကိုပြန်ကာ အဝတ်အစား လဲလိုက်ပြီး ယွမ်ကျန်းပွဲတော်မှာ ပါဝင်ပေသည်။

ညီလာခံပွဲတော်အပြီးမှာတော့ ဧကရာဇ်၊ ဝန်ကြီးချုပ်တွေနဲ့ ကလန်ဆွေမျိုးတော်စပ်သူတွေ နှစ်သစ်ကိုကြိုဆိုတဲ့ ပထမဆုံးညစာစားပွဲကို အတူမျှဝေကြတဲ့ နောက်ထပ် ယွမ်ကျန်းညစာ စားပွဲတစ်ခု ရှိပေသည်။

နေ့လည်ခင်းဖြစ်ပြီဖြစ်သည့်အတွက် ညစာစားပွဲကလည်း ပြီးသွားပြီဖြစ်ကာ ချန်းမင်နန်းဆောင်သို့ ပြန်သွားလိုက်တော့သည်။

အဝတ်အစားလဲနေစဉ်မှာပဲ ဖုဟိုင်ဆီက သတင်းပို့သံ တစ်ခုကို ကြားလိုက်ရပေသည်။

“စကားမစပ် အရှင်မင်းကြီး အခုလေးတင် မိဖုရားလိကွေ့ယိကနေ တစ်ယောက်ယောက်ကို ဇာတ်ညွှန်းစာရွက်အထပ်လိုက်ကို ပို့ခိုင်းလိုက်ပါတယ်။ ပြီးတော့ အခုမှ အသစ်ရေးထားတာဖြစ်တဲ့အတွက် တစ်ချက် ကြည့်ကြည့်ဖို့လည်း မှာလိုက်ပါသေးတယ်”

အမ်။

ယွီဝိန်းလန်က အတန်ငယ်အံ့ အားသင့်သွားသည်။ နှစ်သစ်ကူးပြီးတာတောင် သူ့မှာ ပုံပြင်အသစ်ရေးဖို့ အခုထိ အချိန်ရှိနေသေးတာလား။

ထို့နောက် သူကပြော လိုက်သည်။

“ယူလာခဲ့”

ဖုဟိုင်က နာခံလိုက်ကာ ဇာတ်ညွှန်းတွေကို ပို့ပေးလာသည်။

ယွီဝိန်းလန်က ယူလိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။

တစ်ခဏကြာပြီးနောက် ဒါဟာ ငယ်ရွယ်တဲ့မိသားစုခေါင်းဆောင်လေးနဲ့ သူ့ရဲ့ဝမ်းကွဲတို့ အကြောင်းပင် ဖြစ်နေသေးပြီး ထိုညမှာလည်း သူမ အများကြီး ပြောခဲ့သည်ပင်။

သို့သော် ယခုအချိန်မှာတော့ ဝမ်းကွဲနဲ့ သူလျှိုဖြစ်သူတို့က တစ်ချိန်ကမိတ်ဆွေကောင်းတွေ ဖြစ်ခဲ့ကြပြီး သူမကို ထိန်းချုပ်ရန်အတွက် ခြိမ်းခြောက်ဖို့ အသုံးချတဲ့ သားတစ်ယောက်ပင်ရှိသည်ဟူသော တစ်ချို့ဇာတ်ကွက်တွေကို ထပ်ထည့်ထားပေသည်။

သို့သော် မိသားစုခေါင်းဆောင်ရဲ့ မိခင်က ကွဲပြားတဲ့နှလုံးသားရှိပြီး တစ်ခြားသူကိုပင် ထောက်ပံ့ပေးဖို့ အစီအစဉ်တွေပင် ရှိနေပေသည်….။

ထိုငါးဆားနူကောင်ဝမ်းကွဲက သူ့ရဲ့ကိုယ်ပိုင်ကလေးတွေနေရာမှာ အစားထိုးပြီး မိသားစုခေါင်းဆောင်ကို လှည့်ဖြားဖို့ အစားထိုးကိုပင် ရှာထားပေသည်…..။

ယွီဝိန်းလန် “…”

ကောင်းပြီလေ သူမက နှစ်သစ်ကူး ညစာစားပွဲနေ့တုန်းက ဖြစ်ခဲ့တာနဲ့ပက်သက်ပြီး သူ့ကို သတိပေးနေတယ်ဆိုတာကို သိလိုက်ရတော့သည်။

ပြီးနောက် စာရွက်ပေါ်က ထင်ရှားနေတဲ့ မှင်အနံ့က သူ့ကိုပြောပြနေသည်မှာ သူမက ဒီပုံပြင်ကို သိပ်မကြာသေးခင်တုန်းက ရေးခဲ့သည်ဆိုတာပင်။

တကယ်တော့ မနေ့ညချန်းမင်နန်းဆောင်ကို ပြန်ရောက်ပြီးကတည်းက ရန်တုန်းကိုလူလွှတ်ကာ စုံးစမ်းခိုင်းပြီးပြီ ဖြစ်သည်။

မမျှော်လင့်ထားစွာနဲ့ သူမက သူ့ကိုစိုးရိမ်ကာ သူ့ကိုသတိပေးဖို့အတွက် ပုံပြင်တစ်ပုဒ်တောင် ရေးလိုက်သေးသည်။

သူမလို စားလိုက် အိပ်လိုက်လုပ်နေတဲ့သူမျိုးက ညဘက် နောက်ကျတဲ့အထိ နေကာ ပုံပြင်စာအုပ်ရေးသည်က တကယ်ကို လွယ်ကူမှာ မဟုတ်ပေ။

ဘုရင်တစ်ပါး ဖြစ်ရတာက မလွယ်ကူပေ မောင်းမဆောင်ထဲမှာတော့ သူ့ကို ဂရုစိုက်တဲ့ မိန်းမငယ်လေးတစ်ဦးရှိနေပေသည်။

ယွီဝိန်းလန်က ရုတ်တရက်ကြီး ကန်လုနန်းဆောင်ကို သွားချင်လာခဲ့သည်။

သို့သော် မဖြစ်ပေ။

ဒီနေ့ဟာ ယွမ်ကျန်းဖြစ်ပြီး ထုံးတမ်းစဉ်လာအရ သူဟာ ကိုယ်လုပ်တော်တွေဆီကို သုံးရက်တိုင် သွားခွင့်မရှိပေ။

ထိုအကြောင်းကို တွေးလိုက်ပြီးနောကိ သူက ရုတ်တရက်ခေါ်လိုက်သည်။

“ဒီကိုလာခဲ့”

ဖုဟိုင်က အလျင်စလို ချဉ်းကပ်လာတာကို မြင်လိုက်ရပြီး သူကပြောလာသည်။

“ဒီအစေခံက ဒီမှာပါ”

ယွီဝိန်းလန်ကပြော လိုက်သည်။

“ကန်လုနန်းဆောင်ကိုသွားပြီး လိကွေ့ယိကို တစ်ခုခု သွားပို့ချေ”

…

~~~

46 03

ယနေ့တွင် ယန်ရှုက အရမ်းကို အလုပ်များနေပေသည်။

ယန်ရှုက ကောင်းကောင်းမအိပ်လိုက်ရပဲ သူမနိုးလာချိန်မှာတော့ သူမနဲ့တစ်ခြား ကိုယ်လုပ်တော်တွေက ဧကရာဇ်နောက်ကို လိုက်ကာ ဧကရီမယ်တော်ကြီးကို နှစ်သစ်ကူးအကြိုအဖြစ် သွားရောက်နှု တ်ခွန်းဆက်ရပေသည်။

ထို့နောက်မှာတော့ ရာထူးအစဉ်လိုက်ဖြစ်တဲ့ ဇနီးသည်ရဲ့ မိသားစုဝင်တွေက နန်းတော်ကိုလာကာ ရိုသေမှုကိုပြသရပြီး နေ့လည်ခင်း၌ ယွမ်ကျန်းနေ့လည်စာစားပွဲကို တက်ရောက်ကာ သိပ်မကြာခင် ပြန်လာခဲ့ပေသည်။

ထို့အပြင် မနေ့ညက သူမကနောက်ကျတဲ့အထိနေကာ ပုံပြင်ရေးနေခဲ့သည့်အတွက် ထိုအချိန်မှာတော့ သူမက ငိုက်မျဉ်းနေခဲ့ပြီး ပြန်အိပ်တော့မဲ့အချိန်မှာပဲ ဖုဟိုင်က သေတ္တာတစ်လုံးနဲ့ လာနေတာကို တွေ့လိုက်ရပေသည်။

“ဒီအစေခံက မိဖုရားကွေ့ယိကို နှစ်သစ်အတွက် ဂုဏ်ပြုပါတယ်”

ဖုဟိုင်ကရယ်မောကာ “အရှင်မင်းကြီးက ဒီအစေခံကို ကွေ့ယိအတွက် ရတနာတွေ ပို့ဆက်ဖို့ လွှတ်လိုက်လို့ပါ”

ဟမ် ကလေးလေးလား။

ယန်ရှုက ချက်ချင်းပဲ သိချင်စိတ်ပြင်းစွာနဲ့ “ဘာကလေးလဲ”

ဖုဟိုင်ကသေတ္တာကို ဂရုတစိုက် ဖွင့်လိုက်ကာ “တစ်ချက်ကြည့်ကြည့်ပါဦး”

ထိုတစ်ခဏမှာပဲ ခန်းမတစ်ခုလုံးက အလင်းရောင်တွေနှင့် ပြည့်နှက်သွားရတော့သည်။

ယန်ရှုက ထိတ်လန့်သွားတော့သည်။

-သေတ္တာထဲမှာ ရွှေရောင်ပန်းကန်တစ်လုံး ရှိနေတာပဲ။

ပန်းကန်လုံးဟာ လက်ဖဝါးအရွယ်လောက်ရှိပြီး ထွင်းထုလက်ရာကလည်း အလွန်ပင်နူးညံ့ကာ မျက်စိဖမ်းစားစဖွယ်ဖြစ်တဲ့ အနီရောင်နဲ့ အပြာရောင်ကျောက်တွေဖြင့် အလှဆင်ထားပေသည်။

မေးဖို့သတိမရခင် နှစ်စက္ကန့်ခန့် ကြောင်သွားပြီး

“အရှင်မင်းကြီးက ဘာလို့ပေးတာလဲ။

ဖုဟိုင်က ပြန်ဖြေလိုက်သည်။

“အရှင်မင်းကြီးပြောတာက နျန်ဟွာဆိုတဲ့ စာအုပ်က တကယ်ကောင်းတယ်တဲ့ အဲတာကြောင့် ဒါကဆုလာဘ်ပါတဲ့”

ဆုလာဘ်။

ဟားဟားဟား! ကောင်းတယ်! သိပ်ကောင်းတယ်!

သူမက ရန်တုန်းကို ယူလိုက်ဖို့ အလျင်အမြန် ပြောလိုက်ကာ ပျော်ရွှင်စွာနဲ့ ပြောလိုက်သည်။

“ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”

ကျစ် ကျစ် ညတစ်ညကတော့ အချည်းနှီးဖြစ်နသွားဘူးပဲ

သူမရဲ့ရွေးချယ်မှုက တကယ်ကိုမှန်ကန်ပေသည်။ ပုံပြင်စာအုပ်ရေးတာက တကယ်ကို ချမ်းသာစေနိုင်မဲ့ နည်းလမ်းပဲ!

…..

အထိန်းတော်ချုပ်ကြီးက သူ့အမိန့်ကို လာယူတာကို မြင်ရဖို့ အချိန်အတော်လေး မယူလိုက်ရပေ။

“အရှင်မင်းကြီး ရွှေပန်းကန်လုံးကို မိဖုရားကွေ့ယိအတွက် ပို့ဆောင်ပြီးပါပြီ။ မိဖုရားက အလွန်ကို ပျော်ရွှင်နေပါတယ်”

ဖုဟိုင်က ရယ်မောလာသည်။

ယွီဝန်းလန်က ခေါင်းညိတ်ပြလိုက်ကာ သူမပြုံးနေတာကို မြင်လိုက်သည့်အလားပင်။

ပိုက်ဆံကိုစွဲလမ်းနေတဲ့ သူ့လိုမိန်းမငယ်လေးကို ပျော်ရွှင်အောင် လုပ်လို့ရမဲ့ နည်းလမ်းက သူမကို ရွှေ ငွေနဲ့ ရတနာတွေပေးလိုက်ရုံပင်။

သူက မတတ်နိုင်ပဲ နှုတ်ခမ်းထောင့်စွန်းတွေကို မြှင့်လိုက်ကာ ထပ်မေးလိုက်သည်။

“သူမ ဘာပြောသေးလဲ”

ဖုဟိုင်က အလျင်အမြန်ပြန်ဖြေလာသည်။

“မိဖုရားကွေ့ယိက အရှင်မင်းကြီး သက်တော်ရာကျော် ရှည်စေဖို့ ဆုတောင်းပေးလိုက်ပြီး ဒါက သူမ ရဖူးသမျှထဲမှာ စျေးအကြီးဆုံးစာမူခပါတဲ့”

စာမူခတဲ့လား။

ယွီဝိန်းလန်က တန့်သွားရတော့သည်။

သူမ အမှားလုပ်မိတာများလား။

~~~

46 04

သုံးရက်ဆက်တိုက် ကြာပြီးနောက် နန်းတော်ထဲ၌ အမျိုးမျိုးသော နှစ်သစ်ကူးညစာစားပွဲတွေ ရှိပေသည်။

လဆန်းရက်ရဲ့ သုံးရက်မြောက်နေ့မှာတော့ ကလန်တွေရဲ့ ပြန်လည်ပေါင်းစည်းခြင်း နှစ်စဉ်ဧည့်ခံပွဲကို နန်းတော်ထဲ၌ ကျင်းပပေသည်။

ညရောက်လာသည့်အခါမှာတော့ မီးအိမ်တွေကို ထွန်းလိုက်ပြီး နန်းတော်နဲ့ ဥယျာဉ်တွေက တောက်ပစွာ ထွန်းလင်းနေပေသည်။

ယနေ့ညက တော်ဝင်မိသားစုရဲ့ ညစာစားပွဲပင်ဖြစ်သည်။ ဘုရင်မင်းမြတ်နှင့် ကိုယ်လုပ်တော်တွေအပြင် ရန်တုန်းဘုရင့်မိသားစု ၊ ဖင်းယီကောင်တီဘုရသ့်မိသားစု ၊ အကြီးဆုံးမင်းသမီးလဲ့ဖင်းရဲ့ မိသားစုနဲ့ အကြီးဆုံးမင်းသမီးကြီး ယွီဝိန်းယန်နဲ့ သူ့ခင်ပွန်းတို့လည်း ရှိနေပေသည်။

-တော်ဝင်မိသားစုရဲ့မျက်နှာကို ထောက်ထားတဲ့အနေနဲ့ ဧကရာဇ်က ထိုအစ်မတော်ကို မျက်နှာသာ ပေးလိုက်ကာ အကြီးဆုံးမင်းသမီးကြီး ယွီဝိန်းလန်က လူတိုင်းရဲ့ အရှေ့မှာ ပြန်လည်ပေါ်ထွက်လာတော့သည်။

သို့သော် ကိုယ်လုပ်တော်နင်ကတော့ အကျဉ်းကျကာလကို မကျော်ဖြတ်ရသေးသည့်အတွက် ညစာစားပွဲအတွင်း၌ သူမက ထိုနေရာတွင် မရှိပေ။

လူတိုင်းကထင်လိုက်ကြသည်မှာ အရင်တစ်ခေါက်တုန်းက ရမ်းကာမှုအပြီးမှာတော့ အကြီးဆုံးမင်းသမီးကြီးက သိုသိုသိပ်သိပ်နေမည်ဟုပင်။

သို့သော် သူတို့မထင်ထားသည်မှာ သူမက အနီရောင်တောက်တောက် မြေခွေးသားမွေးဝတ်ရုံကို ဝတ်ဆင်ထားပြီး အတွင်းဘက်က ကတ္တီပါအသားနှင့် ဘရိုကိတ်အထည်ရှည်ကို ဝတ်ဆင်ထားကာ သူမရဲ့ဆံပင်တွေကို ခပ်မြင့်မြင့် ထုံးဖွဲ့ထားပြီး ဆံညှပ်တွေ ပုလဲလုံးတွေနှင့် ပြုလုပ်ထားတဲ့ ရွှေကလစ်တွေနဲ့ တန်ဆာဆင်ထားပြီး ထိုဆံညှပ်က အလွန်ကို မျက်စိ ဖမ်းစားဖွယ်ရာပင်။

လူတိုင်း ရောက်လာချိန်မှာတော့ ညစာစားပွဲစတင်ပြီဖြစ်သည်။

ယခင်အကြိမ်အနည်းငယ်ကဲ့သို့ပင် ရွှီကျဲ့ယွီက ဒီနေ့လည်း ယန်ရှုနဲ့တစ်စားပွဲတည်းပင်။

သို့သော်လည်း ဒီနေ့မှာ သူမဝတ်ဆင်ထားသည်က ပိုးသားအညိုဖျော့ရောင် ဘရိုကိတ်ဝတ်စုံဖြစ်ပြီး ဆံပင်ကို ခပ်မြင့်မြင့်ထုံးဖွဲ့ထားကာ ရတနာများစွာ မြှုပ်နှံထားတဲ့ ရွှေကလစ်နှစ်ခုနဲ့ တန်ဆာထင်ထားပြီး ကြည့်ရသည်မှာ အလွန်အမင်းကို ကျက်သရေရှိလှပေသည်။

ထို့ကြောင့် ဖြစ်နိုင်သည်။ ကိုယ်လုပ်တော်ကျိုးက သူမဆီကို ထက်ရှနေတဲ့အကြည့်တွေ ကြိမ်ဖန်များစွာ ပစ်လွှတ်နေပေသည်။

ယန်ရှုဟာ တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။

ရွှီကျဲ့ယွီက ယခင်က ထိုကဲ့သို့ ထင်ပေါ်အောင် မနေခဲ့ဖူးပေ။

ယနေ့ ဒီလိုမျိုးလုပ်ထားတာ ဖြစ်နိုင်တာက ယွီဝိန်းဟောက်က သူမကို အလျင်စလို တိုက်တွန်းလာလို့ ဧကရာဇ်ကို ဆွဲဆောင်ဖို့နည်းလမ်းတစ်ခု ရှာထားရတဲ့ပုံပဲ။

သို့သော် ပိုပြီးထူးဆန့်သည့်အရာတွေက မလာသေးချေ။

ဒုတိယအကျော့ သောက်တာကို မြင်တွေ့လိုက်ချိန်မှာတော့ လူတိုင်းက တစ်ယောက်နဲ့ တစ်ယောက် စတင်ပြီး ခွက်ချင်းတိုက်လိုက်ကြတော့သည်။ လေထုက အသက်ဝင်ဆုံးဖြစ်စဉ်နှာပဲ ရွှီကျဲ့ယွီက ရုတ်တရက်ထကာ ခန်းမဆီကို လာလိုက်ပြီး ဧကရာဇ်ကို ပြောလာခဲ့သည်။

“ဒီကိုယ်လုပ်တော်က ဂီတနဲ့အကကို အရှင်မင်းကြီးအတွက် ယနေ့ဖျော်ဖြေပေးဖို့ ပြင်ဆင်လာခဲ့ပါတယ်”

ဘုရင်တစ်ပါးအတွက် ကိုယ်လုပ်တော်တစ်ယောက်က အကအလှတွေ တင်ဆက်ဖို့ တောင်းဆိုတာက ထူးဆန်းတဲ့အရာမဟုတ်ပေမဲ့ သိရမည်က ထိုအချိန်မှာ မည်သည့်အပြင်လူမှ မရှိပေ။

ထိုစကားသံ ထွက်လာသည်နှင့် အားလုံးက ရပ်တန့်သွားရတော့သည်။

သို့သော်လည်း ထိုင်နေတဲ့ဘုရင်မင်းမြတ်က ငြင်းဆန်မလာခဲ့ပေ။ ခေါင်းပင်ညိတ်လိုက်ကာ

“ကောင်းပြီလေ”

ရွှီကျဲ့ယွီက နာခံလိုက်ကာ ဂီတပညာရှင်တွေကို သူမကို အဖော်ပြုပေးဖို့ စုစည်းလိုက်တော့သည်။

ထိုမြင်ကွင်းကို မြင်တဲ့အခါမှာတော့ ကိုယ်လုပ်တော်ကျိုး ကိုယ်လုပ်တော်အန်းနဲ့ တစ်ခြားသူတွေက သတ်လုနီးပါးပင်။

အကြီးဆုံးမင်းသမီးက အထင်သေးတဲ့ နှာမှုတ်ချက်တစ်ချက်ကို ပစ်သွင်းလာသည်။

-ဒီမိန်းမက မျက်နှာသာပေးခံရဖို့ ယှဉ်ပြိုင်ရင်း မျက်နှာပါ ဆုံးရှုံးသွားလို့လား။

ခန်းမတစ်ခုလုံးထဲ၌ ယန်ရှုကသာ တစ်ခုခုမှားနေတယ်လို့ ခံစားနေရပေသည်။

သူမက အရမ်းကို အင်အားကြီးတဲ့ သူလျှိုလေလို့!

ဒါကို တစ်ခုခုအတွက် လုပ်နေတာလား။

ယန်ရှုက စစ်စတန်ကို တိတ်တဆိတ် ခေါ်လိုက်သည်။

[ဒီလိုညစာစားပွဲမျိုးမှာက အပြင်လူတွေရှိနေတယ်လေ ရွှီကျဲ့ယွီက ဘာလို့ ထွက်လာပြီး ရှိုးပြနေတာလဲ။ ဖြစ်နိုင်တာက ယွီဝိန်းဟောက် ကြည့်ဖို့များလား။]

သို့သော် စစ်စတန်က ပြောလာသည်

[ဘာလို့ဆို သူမက ဧကရာဇ်ကို လုပ်ကြံချင်လို့လေ]

******

47 01

အပိုင်း 47

ယန်ရှုက သူမနားတွေက တစ်ခုခုမှားနေပြီဟု ထင်လိုက်မိလုနီးပါးပင်။

[ဘာပြောလိုက်တယ်။ ဧကရာဇ်ကို လုပ်ကြံမယ်ဟုတ်လား။]

စစ်စတန်က သူမကို တည်ငြိမ်စွာ ပြောလိုက်သည်။

[အမှန်ပဲ]

ယန်ရှုရဲ့မျက်လုံးတွေက ပြူးကျယ်သွားပြီး သူမရဲ့ဝမ်းတွင်းဗီဇက မယုံကြည်နိုင်သေးပေ။

[သူမက ရူးနေပြီလား။ ဘာလို့ ရုတ်တရက်ကြီး ဧကရာဇ်ကို လုပ်ကြံရတာလဲ]

စစ်စတန် [ဘာလို့လဲဆိုတော့ လျန်တုန်းဘုရင်က ထပ်မစောင့်နိုင်တော့လို့လေ။ တွေးကြည့်လိုက် မနေ့ညက ဧကရီမယ်တော်ကြီးက အားကျင်းကို မွေးစားချင်တယ်လို့ ပြောတော့ ဒီကိစ္စက မိခင်ဖြစ်တဲ့ ရွှီကျဲ့ယွီနဲ့ သေချာပေါက်ကို သက်ဆိုင်သွားလိမ့်မယ်။ သူတို့နှစ်ယောက်က သူတို့ရဲ့မျက်လုံးတွေရှေ့မှာ အချင်းချင်း နေ့တိုင်း တွေ့နေကြမှာဆိုတော့ ရွှီကျဲ့ယွီ သူ့စကား နားထောင်ဖို့ဆိုတာက ဆုံးဖြတ်ရ ခက်သွားလိမ့်မယ်လေ]

ကျစ် ဒါကလည်း အကြောင်းပြချက်အတူတူပဲ။ သူမကသာ ရွှီကျဲ့ယွီဆိုရင် အခုကစပြီး ကလေးက သူမရှေ့မှာ ရှိနေမှာဆိုတော့ ကလေးရဲ့လုံခြုံရေးကိုသာ အာမခံနိုင်သရွေ့ ဘာလို့အဲလူရဲ့စကားကို နားထောင်ရမှာလဲ။

သို့သော် ထိုကိစ္စမှာ လျန်တုန်းဘုရင်က “အားကျင်းအတု” သူ့လက်ထဲမှာ ရှိနေသရွေ့ သူမကို လုပ်ဆောင်ဖို့ လောဆော်နိုင်သည်။

ဒါပေမဲ့ ဒီနေ့ညမှာ ဒီလောက်လူတွေ အများကြီးရှိနေတာကို သူမ အောင်မြင်သည် ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ သူမသာ အဲလိုလုပ်လိုက်တာနဲ့ လွတ်လမ်းရှိတော့မှာ မဟုတ်ပေ။

စစ်စတန်က သူမကို အရမ်းကိုတည်ငြိမ်စွာနဲ့ ထပ်ပြီး သတိပေးလာသည်။

[သူလျှိုတစ်ယောက်ရဲ့ ကံကြမ္မာက ဒီလိုပဲ မဟုတ်ဘူးလား။ တစ်ယောက်ယောက်သာ အချိန်မရွေး ရှာတွေ့သွားရင် သူ အသက်မရှင်နိုင်ဘူးမလား။ ပြီးတော့ ယွီဝိန်းဟောက်ကလည်း သူမကို ကိတ်အကြီးကြီး ပေးထားတယ်လေ]

ယန်ရှုက အလျင်အမြန် မေးလိုက်သည်။

[ဘာကိတ်လဲ]

စစ်စတန် [ကိစ္စပြီးသွားရင် အားကျင်းကို အိမ်ရှေ့စံမင်းသားနေရာ ပေးမယ်လို့ ယွီဝိန်းဟောက်က ကတိပေးထားတယ်]

ယန်ရှု [….]

ဘယ်လို ဖြစ်နိုင်မှာလဲ။

အဲကလေးက ယွီဝိန်းဟောက်ရဲ့ကလေး မဟုတ်ဘူးလေ။

ပြီးတော့ အဲဒါက သူ့ကလေး ဟုတ်တယ် ဆိုရင်တောင် သူမရဲ့ကိစ္စသာ တကယ်ပြီးသွားတာနဲ့ လျန်တုန်းမင်းသမီးကရော သူ့ကလေးကို အိမ်ရှေ့စံမင်းသား ဖြစ်လာစေဖို့ လုပ်ပေးမယ် ထင်နေလား။

ကျစ် ဒီသူလျှိုက အချစ်နွံထဲကျနေပြီး ဘာကိုမှ မသိပြန်ဘူး။

စစ်စတန် [ကြည့်ရတာ ချစ်ခြင်းမေတ္တာက လူတွေကို တကယ်ပဲ ဥာဏ်ရည်ဖွံ့ဖြိုးမှု နှောင့်နှေးစေတာပဲ]

ယန်ရှုကလည်း ထိုနည်းအတိုင်း အတိအကျကို တွေးမိပေသည်။ သို့သော် သူမ ခေါင်းမညိတ်ခင်မှာတင် သူမက အရမ်းအရေးကြီးတဲ့မေးခွန်းတစ်ခုကို ရုတ်တရက်သတိရသွားသည်-

[သူမက ဧကရာဇ်ကို လုပ်ကြံမှာလို့ ဘာလို့စောစောက မပြောရတာလဲ။]

စစ်စတန် [ မင်းကို လုပ်ကြံမှာမှမဟုတ်တာ။ ပြီးတော့ ဧကရာဇ်ကလည်း ဒီစစ်စတန်ရဲ့ host လည်းမဟုတ် အဲတော့ ဘာလို့ဒီစစ်စတန်က စောစော ပြောရမှာလဲ။]

ယန်ရှုက အလောတကြီးနဲ့ [ဒါပေ သူမက ဧကရာဇ်ကို တကယ်ပဲ သတ်လိုက်မယ်ဆိုရင်ရော။]

စစ်စတန် [ခဏနေပြီး ကြည့်လိုက် ဧကရာဇ်က အရူးမဟုတ်ဘူး]

ဧကရာဇ်က အချိန်အများစုမှာ တကယ်ကို ရူးနေတာမဟုတ်ပေ။ သို့သော် ယန်ရှုက ဒီတစ်ကြိမ်မှာတော့ စိတ်အေးအေး မထားနိုင်ပေ။

[ဘာကို ရူးတာလဲ။ ဒါက သေခြင်းရှင်ခြင်းနဲ့ဆိုင်တာကွ]

47 02

[တစ်ခုခုသာ တကယ်ကြီး ဖြစ်ပျက်ခဲ့မယ်ဆိုရင်ရော။ ရွှီကျဲ့ယွီကသာ ဒီနန်းတော်ထဲမှာ ဒီလောက်ကြာအောင် ပုန်းနေနိုင်ခဲ့တာဆိုတော့ သေချာပေါက် ဆရာသခင် တစ်ပါးပဲ ဖြစ်ရမယ်။ ဒီနေ့ယွီဝိန်းဟောက် ရှိနေတာကိုပါ မပြောနဲ့ဦး]

သူမ စိတ်ကူးယဉ်ကြည့်နိုင်သည် ဧကရာဇ်ကသာ လုပ်ကြံခံလိုက်ရတာနဲ့ ယွီဝိန်းဟောက်က ကြီးမြတ်တဲ့ဘိုးဘေးတွေရဲ့ သွေးမျိုးဆက်အနေနဲ့ ထီးနန်းကို လုယူပေလိမ့်မည်။ နောက်ဆုံးမှာတော့ ဧကရာဇ်မှာက ဆက်ခံသူမရှိတဲ့အပြင် ကြီးမြတ်တဲ့အဘိုးတော်မှာလည်း နောက်ထပ် မြေးတော် မရှိတော့ပေ။

ဝန်ကြီးချုပ်တွေ ငြင်းချင်ရင်တောင်မှ သူတို့ငြင်းနိုင်မည်မဟုတ်ပေ။

လှည့်ပတ်ကြည့်လိုက်ချိန်မှာတော့ ထိုလူတွေက ဘာကိုမှ မသိသေးပေ။ ကိုယ်လုပ်တော်ကျိုး ကိုယ်လုပ်တော်အန်းနဲ့ တစ်ခြားသူတွေက ကနေတဲ့ရွှီကျဲ့ယွီရဲ့ ဓားတွေပစ်ပေါက်နေတာကိုသာ အာရုံစိုက် ကြည့်နေပေသည်။ ဖုန်သုတ်ဝတ်နဲ့ တူနေတဲ့ အကြီးဆုံးမင်းသမီးကြီးကလည်း တစ်ခြားသူတွေကို မျက်စောင်းပစ်ရန်သာ သိပေသည်။

ပြီးတော့ သူမရဲ့ ရိုးသားတဲ့ သားမက်က တစ်ခါတစ်ရံမှာ ကနေတဲ့ ရွှီကျဲ့ယွီကို တစ်ချက်ခိုးကြည့်လိုက်ပြီး သူမရဲ့အကြည့်အောက်မှာ ခြိမ်းခြောက် ခံလိုက်ရသည့်အတွက် သူ့ခေါင်းကို နှိမ့်ထားကာ စားသောက်ရုံသာ တတ်နိုင်ပေသည်။

လူတိုင်းက ဧကရာဇ်နဲ့ ခွက်ချင်းတိုက်နေကြပြီး ဧကရာဇ်ကို ကြည့်ရသည်မှာလည်း ဘာမှမသိသလိုပင်။

တစ်ယောက်ယောက်ဖြင့် သူ့ကိုသတ်တော့မှာကို သူက သောက်နေနိုင်သေးတာလား။

သူမသာ စောစောသိခဲ့လျှင် သူ့ကိုသတိပေးဖို့ နည်းလမ်းတစ်ခု ရှာမည်ဖြစ်သည်။ သို့သော် ဒီတစ်ခေါက် သူမ ဘယ်လို လုပ်သင့်သလဲ။

အခုထရပ်ပြီး ရွှီကျဲ့ယွီက လုပ်ကြံသူဆိုတာကို ပြောလိုက်ရမလား။

အဲဒီနောက် ရွှီကျဲ့ယွီက ဘာမှထပ်မလုပ်တော့ရင်ရော ဒါဆို သူမက အရူးတစ်ယောက်လို ပစ်ထုတ်ခံလိုက်ရမှာမလား…..။

သူမက အိုးပူပူပေါ်က ပုရွက်ဆိတ်တစ်ကောင်လို စိတ်ရှုပ်ထွေးနေပေမဲ့ စစ်စတန်ကတော့ တည်ငြိမ်နေဆဲပင်။

[အရမ်းကိုစိတ်ရှုပ်နေတာလား။]

ယန်ရှုက သွေးအန်လုနီးပါးပင် [ဧကရာဇ်က ငါ့ရဲ့ရွှေပေါင်လုံးကြီးလေ သူသာ တစ်ခုခုဖြစ်သွားမယ်ဆိုရင် တစ်ခြားဘာကိုမှမပြောနဲ့ဦး ဧကရီမယ်တော်ကြီးကျိုးက ငါ့ကို အရင်ဆုံးသတ်လိမ့်မယ်]

ထို့ကြောင့် ဧကရာဇ်မှာ ဘာမတော်တဆမှုမှ ရှိ၍မရပေ။

သို့သော် ထိုအချိန်မှာပဲ နန်းတော်ထဲမှာ ကနေတဲ့ ရွှီကျဲ့ယွီက ရုတ်တရက် ရွှေရောင်ဆံထိုးကို ဆွဲထုတ်လိုက်ကာ ဧကရာဇ်ဆီကို တစ်ဟုန်ထိုး ပြေးသွားတော့သည်။

ယန်ရှုက အရမ်းကို စိတ်လှုပ်ရှားသွားသည့်အတွက် ဘာကိုမှ အများကြီးမတွေးတော့ပဲ မသိစိတ်အရ ပြေးထွက်လိုက်ကာ အော်လိုက်တော့သည်။

“အရှင်မင်းကြီး သတိထား”

သေစမ်း။ ဒီနေ့အလောင်းအစား လုပ်ရအောင် ဧကရာဇ်က ကိုယ်ခံပညာမှာ အရမ်းတော်တယ်ဆိုတော့ သူမကို ခေါင်မိုးပေါ်ကနေ ချောင်းကြည့်ဖို့ တစ်ခြားသူတွေကိုတောင်မှ အလွယ်လေး ရှောင်သွားနိုင်တယ်။ သူမသာ သတိပေးလိုက်မယ်ဆိုရင် သူကလည်း ကပ်ဘေးကို ရှောင်နိုင်လောက်ပါတယ်။

သို့သော် သူမက အနည်းငယ် နှောင့်နှေးသွားသည်မှာ နှမြောစရာပင်။ သူမက ရွှီကျဲ့ယွီရဲ့စကပ်ကိုပင် မဖမ်းမိလိုက်ပေ။

ကံကောင်းစွာနဲ့ ဧကရာဇ်ကိုကြည့်ရသည်မှာ ပြင်ဆင်ထားပုံပင်။

ရွှီကျဲ့ယွီရဲ့ ရွှေဆံညှပ် ထိုးစိုက်လိုက်တဲ့ ထိုအချိန်မှာပဲ သူက သူ့ရဲ့ထိုင်ခုံကနေ ဆုတ်လိုက်ပြီး တစ်ချိန်တည်းမှာပဲ ခန်းမထိပ်ကနေ လူဆယ်ယောက်လောက် ခုန်ချလာကာ နံရံတစ်ချပ်သကဲ့သို့ သူ့ရှေ့မှာ မတ်တပ်ရပ်လိုက်ကြပြီး ရွှီကျဲ့ယွီကို ဝိုင်းရံထားလိုက်သည်မှာ ရွှီကျဲ့ယွီကို အပြင်ဘက်နှင့် သီးခြားခွဲထုတ်လိုက်သကဲ့သို့ပင်။

ယန်ရှုက သက်ပြင်း မှုတ်ထုတ်တော့မဲ့အချိန်မှာပဲ သူမက ရွှေရောင်အလငိးတစ်ခုကို တွေ့လိုက်ရပြီး အရမ်းကို ကြောက်လန့်သွးကာ သူမခေါင်းကို ဖက်ထားလိုက်တော့သည်။

တစ်ချိန်တည်းမှာပဲ ယွီဝိန်းလန်ရဲ့အသံက သူမနားထဲမှာ ထွက်ပေါ်လာပေသည်။

“ဂရုစိုက်”

သို့သော် နောက်ကျလွန်းသွားပြီပင် ရွှီကျဲ့ယွီရဲ့ ရွှေဆံညှပ်က ကျရောက်လာပြီ ဖြစ်သည်။

တစ်ချိန်းတည်းမှာပင် ခန်းမတစ်ခုလုံး ပရမ်းပတာအခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။

47 03

ကိုယ်လုပ်တော်ကျိုး ကိုယ်လုပ်တော်အန်း ဝမ်ကျောက်ယီနှင့် တစ်ခြားသူတို့က ကြောက်လန့်တကြားနဲ့ အော်ဟစ်လိုက်ကြသည်။

လူတိုင်းက သဘောမကျတဲ့ အကြီးဆုံးမင်းသမီးကြီးက ယခု ဖြူဖျော့နေပြီ ဖြစ်သည်။

သို့သော် သူမရဲ့သားမက်ဖြစ်သူကတော့ သူမထက်ခပ်ဝေးဝေးမှာပင် ပုန်းနေသေးသည်။

ဖောယောင်နေပုံပေါက်တဲ့ အကြီးဆုံးမင်းသမီးကြီးနဲ့ သူမရဲ့ခင်ပွန်းတို့က သူတို့ရဲ့ခုံအောက်မှာ ပုန်းနေပြီ ဖြစ်သည်….။

သို့သော် ယန်ရှုက ထိုအရာအားလုံးကို မမြင်နိုင်ပေ။ သူမက ကစားပွဲကို အပြီးသတ်နိုင်လိုက်ပြီဟုသာ ခံစားလိုက်ရသည်။

ရွှီကျဲ့ယွီရဲ့ ရွှေဆံညှပ်က သေချာပေါက် သူမနှလုံးသား လည်ပင်း သို့မဟုတ် ဦးခေါင်းကို ထိုးဖောက်သွားမှာပင်။ အဲဒီနောက် သူမရဲ့ဒုတိယဘဝလေးဟာလည်း ဒီနေရာမှာ အဆုံးသတ်လောက်ပြီ ဖြစ်သည်။

ကျစ် ဧကရာဇ်သာ ပြင်ဆင်ထားမှန်းသိရင် သူမ ခုန်ထွက်မလာပါဘူး။ အခုတော့ ဘာသောက်ကိစ္စတွေ ဖြစ်ကုန်တာလဲ။

သေချာပေါက်ပင် စစ်စတန်ရဲ့စကားတွေကို နားမထောင်ဘူးဆိုလျှင် မင်းမျက်လုံးရှေ့မှာတင် ခံစားသွားရမည်ဖြစ်သည်။ ဝူး ဝူး ဝူး……။

ယန်ရှုက အများကြီးတွေးမိနေပေမဲ့ စိတ်ကူးထားတဲ့နာကျင်မှုက ရောက်မလာပေ။

သူမက တွန့်ဆုတ်စွာ ကြည့်လိုက်ပြီး ယွီဝိန်းလန်က တချို့နေရာကနေ အရှေ့ကို ခုန်ထွက်လာပြီး ရွှီကျဲ့ယွီက သူမကိုမထိုးခင် ရွှီကျဲ့ယွီရဲ့လက်မောင်းကို ဆွဲလိုက်တာကိုသာ သိလိုက်ရပေသည်။

ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွား တော့သည်။ သူမ ကယ်တင်ခံလိုက်ရပြီ

သို့သော် နောက်တစ်ခဏမှာပဲ သူမလက်မောင်းမှာ ရုတ်တရက် နာကျင်မှုတစ်ခုကို ခံစားလိုက်ရပေသည်။

ကြည့်ရသည်မှာ ယွီဝိန်းလန်ရဲ့လက်သီးထိုးချက် အောက်မှာ ရွှီကျဲ့ယွီရဲ့လက်မောင်းကကျိုးသွားပြီး သူမလက်ထဲက ရွှေဆံညှပ်က ပြုတ်ကျသွားကာ သူမရဲ့လက်ဖျံကို ပွတ်ကာသီကာ ခြစ်မိသွားရုံသာဖြစ်သည်။

ကျစ် ရွှေဆံညှပ်က ဘယ်မှာလဲ။ အဲတာက ဓားတစ်ချောင်းပဲ။ ပြီးတော့ အရမ်းလည်း ထက်သေးတယ်။

ထိုကဲ့သို့ပင် သူမရဲ့အဝတ်အလွှာတွေ အများကြီးကို ဖြတ်ပြီး သူမရဲ့အရေပြားကို တိုက်ရိုက်ကို တကယ်ကြီး ဖြတ်မိသွားသည်ပင်။

ယန်ရှုက သူမရဲ့ဝတ်ရုံလက်က တစ်ဖြည်းဖြည်းနှင့် အနီရောင်ပြောင်းလာတာကို အကူအညီမဲ့စွာနဲ့ ကြည့်နေလိုက်မိသည်။

သွေးတွေလား။

သူမက ရုတ်တရက် ပျော့ခွေသွားပြီး မြေကြီးပေါ် လဲချလိုက်သည်။

သေစမ်း သူမတော့ မူးနေပြီ

~~~

သူမ မြေပြင်ပေါ်ကို လဲကျသွားချိန်မှာပဲ ခန်းမထဲက အော်သံတွေကို ကြားနေရဆဲပင်။

သူမနားနဲ့ အနီးကပ်ဆုံးအသံကတော့ ဧကရာဇ်ရဲ့အသံပင်။

“ယန်ရှု…..”

ဟမ်။ သူက ငါ့ကို တကယ်ကြီး အဲလိုခေါ်လိုက်တာလား။

ယန်ရှုက သူမဘာသာ တွေးလိုက်ကာ နည်းနည်းလောက် ရှုပ်ထွေးနေပေမဲ့ နားထောင်လို့တော့ ကောင်းသားပဲ

သို့သော် သူမ ထပ်ပြီးလျှောက်တွေးခွင့်မပြုနိုင်ခင်မှာတင် သူမ သတိ လစ်သွားတော့သည်။

++++++ 48 01

အပိုင်း 48

သူမ တစ်ဖန်ပြန်နိုးလာချိန်မှာတော့ သူမက ကန်လုနန်းဆောင်က အိပ်ရာပေါ်တွင် လဲနေပြီး ဖြစ်သည်။

တော်ဝင်သမားတော်က သူမရဲ့သွေးခုန်နှုန်းကို စမ်းသပ်နေကာ လျန်တုန်းက သူမကို စိတ်အားထက်သန်စွာ ခေါ်နေပြီး ဧကရာဇ်ကတော့ မျက်မှောင် ကြုတ်နေကာ လျန်ရှင်းကတော့ ငိုနေပြီပင်။

သူမမျက်လုံးတွေ ဖွင့်လာတာကို မြင်လိုက်တဲ့အခါမှာတော့ လူတိုင်းရဲ့မျက်လုံးတွေက တောက်ပသွားပြီး ဘယိသူကမှ ဧကရာဇ်ထက်ပိုပြီး မြန်မြန်မရွေ့လျားနိုင်ပေ။ သူက သူမဆီကို အလျင်အမြန် ချဉ်းကပ်လိုက်ပြီး စိတ်အားထက်သန်စွာနဲ့မေးလိုက်သည်။

“ဘယ်လိုနေသေးလဲ”

ယန်ရှုက အရှင်မင်းကြီးကို ခေါ်လိုက်သည်။

“ဒီကိုယ်လုပ်တော် အဆင်ပြေပါတယ်…..”

ယွီဝိန်းလန်က မျက်မှောင်ကြုတ်နေဆဲပင်

“ဘယ်လိုလုပ် အဆင်ပြေတယ် ဖြစ်ရမှာလဲ။ အခုကိုယ်တော်ဆို မူးနောက်နောက် ဖြစ်နေတာ”

ထို့နောက် သူကတော်ဝင်သမားတော်ကို မေးလိုက်သည်။

“လူသတ်သမားရဲ့လက်နက်မှာ အဆိပ်သုတ်ထားသေးလား။ ကွေ့ယိ အဆိပ် မိသွားသေးလား”

တော်ဝင်သမားတော်က အလျင်အမြန်ဖြေလာသည်။

“အရှင်မင်းကြီး စိုးရိမ်စရာ မရှိပါဘူး။ ဒီငယ်သားက ထပ်ခါထပ်ခါ စစ်ဆေးပြီးပါပြီ။ လူသတ်သမားရဲ့လက်နက်က အဆိပ်မရှိပါဘူး”

ယွီဝိိ်းလန်က စိုးရိမ်နေဆဲဖြစ်ကာ ထပ်မေးလိုက်သည်။

“ဒါဆို ကွေ့ယိကိုရော ရှာလို့တွေ့လား”

တော်ဝင်သမားတော်က တုံ့ပြန်ရုံသာတတ်နိုင်ကာ ယန်ရှုရဲ့သွေးခုန်နှုန်းကို ထပ်စမ်းကြည့်လိုက်သည်။ တခဏ ကြာပြီးနောက်မှာသာ ဧကရာဇ်ကို တင်ပြရဲတော့သည်။

“အရှင်မင်းကြီးရ ကွေ့ယိရဲ့နှလုံးခုန်နှုန်းက ပုံမှန်ပြန်ဖြစ်သွားပါပြီ”

ယန်ရှုက နောက်ဆုံးတော့ ဖြတ်ပြောလိုက်သည်။

“အရှင်မင်းကြီး ကျွန်တော်မျိုးမ အဆင်ပြေပါတယ်။ နည်းနည်းမူးနေရုံပါ သွေးကို မြင်လိုက်ရတော့ ခေါင်းမူးသွားလို့ပါ”

ကျစ် အဲတာက သူမရဲ့ကလေးဘဝ ပြဿနာပင်။

-သူမ ငယ်စဉ်တစ်ခါတုန်းက အစေခံရဲ့ကြက်သတ်တာကို မြင်လိုက်ရသည်။ ထိုကြက်က သိသိသာသာကို ရုန်းကန်နေပြီး အစေခံကလည်း ကောင်းကောင်း မဖမ်းနိုင်သည့်အတွက် ကြက်ကသူမဆီကို ခုန်ပျံလာပြီး ကြက်သွေးတွေက သူမတစ်ကိုယ်လုံးပေါ်သို့ ပက်မိသွားတော့သည်။ သူမက နေရာမှာတင် မူးလဲသွားပြီး ထိုကတည်းက ဒီပြဿနာထဲ ကျရောက်သွားတာ ဖြစ်သည်။

ယွီဝိန်းလန်က မျက်မှောင် ကြုတ်နေဆဲဆိုတာကို တွေ့လိုက်ရချိန်မှာတော့ သူမက အိပ်ရာကနေ ထွက်ကာ ထိုသူ့ကိုသက်သေပြရန် စီစဉ်လိုက်သည်။

အားသက်ရောက်တဲ့အချိန်မှသာ လက်မောင်းက အပ်နဲ့ထိုးနေသကဲ့သို့ ရုတ်တရက်နာကျင်သွားပြီး မတတ်နိုင်ပဲ ပင့်သက်ရှိုက်မိသွားရသည်။

ယွီဝိန်းလန်က အလျင်အမြန်ပဲ မေးလိုက်သည်။

“ဘာဖြစ်လို့လဲ”

ယန်ရှု “…လက်မောင်းက နည်းနည်းနာတယ်”

တော်ဝင်သမားတော်က ချက်ချင်းပဲ ပြောလိုက်သည်။

48 02

“ကွေ့ယိရဲ့ညာဘက်လက်မောင်းက လက်နက်ကြောင့် ထိခိုက်မိသွားပါတယ် သိပ်အများကြီး မလှုပိရှားတာက ပိုကောင်းပါတယ်။ အနားယူပြီး ရက်အနည်းငယ်လောက် အားပြန်ဖြည့်လိုက်ပါ။ ဒါဆို ဒဏ်ရာ ကျက်သွားပါလိမ့်မယ်”

ယွီဝိန်းလန်က သူမကို အလျင်အမြန် ပြောလိုက်သည်။

“မလှုပ်နဲ့ အိပ်ရာပေါ်မှာပဲနားနေ”

လျန်တုန်းက အလျင်အမြန်ပဲ ခေါင်းညိတ်ပြလိုက်ကာ

“သခင်မလေး ဘာကိုပဲ လိုအပ်ပါစေ ဒီအစေခံတွေကိုသာ ပြောလိုက်ပါ”

ယန်ရှု “….”

ကျစ် ဒီလိုပြောနေမှတော့ ဒဏ်ရာက သွေးထပ်ထွက်လာမှာကို ကြောက်သွားသည့်အတွက် သူမမှာ ရွေးချယ်စရာ မရှိတော့ဘဲ ကောင်းပြီဟုသာ ပြောကာ အချိန်တစ်ခုလောက် အိပ်ရာပေါ်တွင်သာ လဲနေရတော့သည်။

ထို့နောက် ချက်ချင်းပဲ ဧကရာဇ်က သူမကို ရှုပ်ထွေးနေတဲ့ အမူအရာနဲ့ ပြောလာသည်

“မင်းကို ထွက်လာဖို့ မျှော်လင့်မထားမိဘူး။ အန္တရာယ်ဖြစ်မှာ မကြောက်ဘူးလား”

ယန်ရှု “….ဒီကိုယ်လုပ်တော်က အလျင်လိုနေတဲ့အတွက် အဲအကြောင်းကို သိပ်မတွေးမိလိုက်ပါဘူး”

[သေစမ်း ရွှီကျဲ့ယွီက ရှင့်ကို ထိခိုက်မှာ စိုးရိမ်လို့လေ။ ပြင်ဆင်ပြီးသားဆိုတာကို ဘယ်သူက သိမှာတဲ့လဲ]

ယွီဝိန်းလန်က တိတ်တဆိတ် နားထောင်နေလိုက်သည်။

ထိုစကားလုံးတွေက သူ့ကို အသရေဖျက်နေပေမဲ့ သူက လုံးဝစိတ်မတိုပေ။

စိတ်ခံစားချက် အပြည့်နှင့်ပင်-

တကဉ်တော့ အခုလေးတင်က မြင်ကွင်းကို မျှော်လင့်ထားပြီးသားပင်။ ထို့ကြောင့် သူဟာ လူအင်အားကို လိုရမယ်ရ ပြင်ဆင်ထားပြီး ဖြစ်သည်။

တစ်ဖက်လူက သူ့အတွက် လာတာဖြစ်သည့်အတွက် တစ်ခြားသူတွေက ဘာမှဖြစ်မည် မဟုတ်ပေ။

သို့သော် သူက သူမခုန်ထွက်လာမည်လို့ မျှော်လင့်မထားပေ။

ယခုလေးတင် ခန်းမထဲက လူတိုင်းက အထိတ်တလန့် ဖြစ်သွားချိန်မှာပဲ အစောင့်တွေကလွဲ၍ လူတိုင်းက သူတို့ဘာသာ ထွက်ပြေးနေကြပေသည်။ သူမကသာ သူ့ရဲ့လုံခြုံရေးကို စိုရိမ်ပူပန်ပြီး သူမဘာသာ သတိပေးဖို့ ထွက်လာခဲ့သည်။

သူမရဲ့သေးသွယ်ပြီး ကျိုးပဲ့လွယ်တဲ့ ခန္ဓာကိုယ်လေးနဲ့ အဲဒီလုပ်ကြံသူကိုရပ်တန့်ဖို့ တကယ်ကြီး စီစဉ်နေခဲ့တာလား။

သူမက သူ့အတွက်ဆိုလျှင် သူမရဲ့အသက်ကိုပါ ပေးနိုင်ပုံရပေသည်။

ကြည့်ရတာ အရင်တုန်းက သူမရဲ့သူ့အပေါ် ဂရုစိုက်ပေးမှုတွေကို သူက နားလည်မှုလွဲခဲ့ပုံရသည်။

ထိုအချိန်က ယွီဝိန်းလန်ရဲ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် အရမ်းကို စိတ်လှုပ်ရှားသွားရတာ ဖြစ်သည်။ သို့သော် သူမက ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရပြီး သူ့ကိုထပ်မေးလာသည်။

“အရှင်မင်းကြီး ရွှီကျဲ့ယွီကရော”

ယွီဝိန်းလန်က ပြောလိုက်သည်။

“ထိန်းချုပ်ထားလိုက်ပြီမလို့ မစိုးရိမ်နဲ့တော့”

ယန်ရှုက ခေါင်းညိတ်လိုက်ကာ သက်ပြင်းမောတစ်ခုမှုတ်ထုတ်လိုက်သည်။

ထို့နောက် သူက ဖုဟိုင်ဘက်ကိုလှည့်ကာ

“တာ့လီပြစ်မှုစီရင်ရေးရုံးတော်ကို အမိန့်ထုတ်ပြန်ဖို့ အမိန့်ပေးလိုက်။ နန်းတော်ထဲက အတွင်းညီလာခံအကြံပေးကို ဒီကိစ္စကို တင်းတင်းကြပ်ကြပ် စစ်ဆေးခိုင်းလိုက်။ ဘယ်သူက ဒီမိန်းမကို အမိန့်ပေးသလဲဆိုတာနဲ့ လုပ်ကြံဖို့အတွက် နန်းတော်ထဲကို ဘယ်လို လျှိုဝင်လာသလဲဆိုတာကိုပါ ငါကိုယ်တော် သိချင်တယ်”

ဖုဟိုင်က အမိန့်တော်ကို ထုတ်ဖော်ကြေငြာဖို့ ထွက်သွားပြီ ဖြစ်သည်။

သို့သော် ယန်ရှုက သူမစိတ်ထဲမှာ ရှုပ်ထွေးစွာပြောလာခဲ့သည်။

[အဲဒီမြေးလေးယွီဝိန်းဟောက် လုပ်တာပဲ။ ဒီသောက်ကောင်ကို ထွက်မပြေးစေနဲ့]

ယွီဝိန်းလန် “….”

ကျစ် ဒါက ကျိန်ဆဲတဲ့စကားလုံးအတွဲလိုက်ပဲ

48 03

သို့သော် ထိုသည်က ကိစ္စမရှိပေ။ ဒီလိုမျိုး သူမကလည်း အစားထိုး မရနိုင်ကာ ကမ္ဘာပေါ်မှာ အထူးခြားဆုံးဖြစ်သည်။

သေချာပေါက်ကိုပင် ယွီဝိန်းလန်သည်လည်း ယွီဝိန်းဟောက်က လက်သည်တရားခံ ဆိုတာကို ရှင်းရှင်းလင်းလင်း သိပေသည်။ သို့သော် အခြားသူတွေကို ယုံကြည်စေဖို့အတွက် သက်သေရှိရမည် ဖြစ်သည်။

သူက သူမကို ဖြည်းညှင်းစွာ နှစ်သိမ့်ပေးလိုက်ပြီး

“စိတ်မပူပါနဲ့ ဘယ်လူဆိုးကိုမှ ငါကိုယ်တော် အလွတ်ပေးမှာ မဟုတ်ဘူး”

ယန်ရှုကခေါင်းညိတ်လိုက်ကာ လျင်မြန်စွာပဲ ချီးမြှောက်လိုက်သည်။

“အရှင်မင်းကြီးက ဥာဏ်ပညာထက်မြက်လွန်းပါတယ်”

ထိုစကားတွေ ပြောပြီးသည်နှင့် ချီအန်းနန်းဆောင်က အစေခံတစ်ယောက်က ရောက်လာကာ ယွီဝိန်းလန်ကို လျှောက်တင်လာသည်။

“ဧကရီမယ်တော်ကြီးက အခုလေးတင်ပဲ ရော့ယိခန်မးက လုပ်ကြံသူအကြောင်းကို ကြားလိုက်ရပြီး အရမ်းကို စိုးရိမ်နေပါတယ်။ အဲတာနဲ့ ဒီအစေခံကို အရှင်မင်းကြီး အဆင်ပြေရဲ့လားဆိုတာကို လာရောက်မေးမြန်း ခိုင်းလိုက်တာပါ”

ယွီဝိန်းလန်က တစ်ခဏခန့်ရပ်သွားပြီး ယန်ရှုကိုပြောလိူက်သည်။

“အရင်ဆုံး ကောင်းကောင်းအနားယူလိုက် ကိုယ်တော် ဧကရီမယ်တော်ကြီးဆီ သွားပြီး အနားယူလိုက်ဦးမယ်”

ယန်ရှုက ကောင်းပါပြီဟုသာ ပြောလိုက်ကာ ထိုသူ ထွက်သွားတာကို ကြည့်နေလိုက်သည်။

~~~

ချီအန်းနန်းတော်ဆီ တစ်လျှောက်လုံးသွားပြီးနောက် ယွီဝိန်းလန်က နန်းဆောင်ထဲကို ခြေချလိုက်ချိန်မှာတော့ ဧကရီမယ်တော်ကြီးရဲ့ စိတ်ရှုပ်ထွေးနေတဲ့အကြည့်ကို တစ်ချက်တည်းနှင့်တွေ့လိုက်ရပေသည်။

သူ လာနေတာကို မြင်လိုက်ချိန်မှာတော့ သူပင် စကားမပြောနိုင်သေးခင်မှာပဲ ဧကရီမယ်တော်ကြီးက မေးလာသည်။

“အရှင်မင်းကြီး ဘယ်လိုနေသေးလဲ။ ထိခိုက်မိသွားသေးလား”

ယွီဝိန်းလန်က ဖြေလိုက်သည်

“သားတော် မထိခိုက်ပါဘူး စိတ်ချပါ မယ်တော်”

ဧကရီမယ်တော်ကြီးက သူ့ကို အထက်အောက် စုန်ဆန်ကြည့်လာပြီး သူက တကယ်ကိုပဲ မထိခိုက်ဘူးဆိုတာကို မြင်လိုက်ချိန်မှသာ သူမက ခေါင်းညိတ်ပြလိုက်ပြီး သူမရဲ့လက်ဖဝါးနှစ်ဖက်ကို အတူစုလိုက်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

“ကျွန်မရဲ့ဘိုးဘေးတွေနဲ့ နတ်ဘုရားတွေ ကောင်းချီးပေးပါစေ အရှင်မင်းကြီးက ကြီးမြတ်တဲ့ ကောင်းချီးတွေနဲ့ ကောင်းချီးပေးခံလိုက်ရပြီ”

သူမက သူ့သားကို ဂရုစိုက်တဲ့ တကယ့်မိခင်တစ်ယောက်လိုပင်။

သို့သော် ယွီဝိန်းလန်က သူမရဲ့နှလုံးသားထဲက သင်ပြင်းချသံကို ကြားလိုက်ရသည်။

[ကံကောင်းလို့ ဘာအန္တရာယ်မှ မဖြစ်တာ အချိန်မကျသေးဘူးကို ဘယ်လိုလုပ် တစ်ခုခု ဖြစ်နိုင်ရမှာလဲ။]

သူက တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်မိသည်။

ဘာအချိန်ကိုက်လဲ။

သို့သော် ဧကရီမယ်တော်ကြီးက သူ့ကို ထပ်မေးလာသည်။

“လိကွေ့ယိ ထိခိုက်သွားတယ်လို့ ကြားတယ်”

ယွီဝိန်းလန်က အာရုံစိုက်ကာ ပြန်ဖြေလိုက်သည်။

“ဟုတိပါတယ် သူမက ရွှီကျဲ့ယွီရဲ့ သူမကို သတ်ဖို့လုပ်တဲ့ လက်နက်နဲ့ ထိုးမိသွားတာပါ”

ဧကရီမယ်တော်ကြီးက သက်ပြင်း ချလိုက်ကာ

“သနားစရာကောင်းလိုက်တဲ့ကလေး ဒဏ်ရာက ဘယ်လိုလဲဆိုတာ မယ်တော်လည်း မသိရဘူး။ ကျန်းယွမ်ကို တစ်ချက် ကြည့်ခိုင်းရမလား။]

[အရင်တစ်ခေါက်တုန်းက ကျန်းရှန်ခန်းက ၇၀%လောက် သေချာတယ် ဒီတစ်ခေါက်ထပ်ကြည့်လိုက်မယ်ဆိုရင် သေချာဖို့က ဖြစ်နိုင်သွားပြီ။]

ယွီဝိန်းလန်ရဲ့နှလုံးသားက နစ်မြှုပ်သွားကာ သူ့မျက်နှာမှာတော့ ဘာအံ့ဩမှုမျှ မရှိပေ။

48 04

“အကြီးအကဲကို စစ်ဆေးပေးဖို့ အလုပ်ပေးစရာ မလိုပါဘူး။ တော်ဝင်သမားတော်က ကြည့်ပေးပြီးပါပြီ။ ပြီးတော့ အဲဒါက စိတ်ဒဏ်ရာကြောင့် ဖြစ်လို့ ဘာမှသိပ်မပြင်းထန်ပါဘူး”

ဧကရီမယ်တော်ကြီးက သူမခေါင်းကိုသာ ညိတ်လိုက်နိုင်ကာ ပြောလာသည်။

“ကောင်းပြီလေ။ လိကွေ့ယိက ဒီလောက်ငယ်ငယ်လေးနဲ့တောင် အရမ်းကို သတ္တိရှိပြီး သစ္စာရှိတာ။ အရှင်မင်းကြီးက သေချာပေါက် သူမကို ချီးမြှောက်ရမှာပဲ”

ယွီဝိန်းလန်ကပြောလိုက်သည်။

“သားတော်လည်း ထင်ပါတယ် သူမ နေကောင်းလာမှ ဆုချီးမြှင့်လိုက်ပါမယ်”

ဧကရီမယ်တော်ကြီးက တီးတိုးရေရွတ်ပြီး ပြောလာသည်။

“လုပ်ကြံတဲ့မိန်းမကို တင်းတင်းကြပ်ကြပ် စစ်ဆေးဖို့ မမေ့နဲ့ဦး။ သူမက ခြုံခိုတိုက်ခိုက်ဖို့ နန်းတော်ထဲမှာ သုံးနှစ်တောင် စောင့်ဆိုင်းနေခဲ့တာက တကယ် ကြောက်ဖို့ကောင်းတယ်”

“သားတော် ထိန်းချုပ်ပြီးပါပြီ။ သူမရဲ့မိခင်အိမ်ဘက်က လူတွေကိုလည်း မြို့တော်ဆီ ခေါ်လာပြီးပါပြီ။ သားတော် သေချာပေါက် တင်းတင်းကြပ်ကြပ် ကိုင်တွယ်လိုက်ပါ့မယ်”

ယွီဝိန်းလန်က ဧကရီမယ်တော်ကြီးကို ကြည့်လိုက်ာ ပြောလာသည်။

“ဒီတစ်ကြိမ်မှာ သားတော်က ကြောက်လန့်သွားတဲ့အတွက် မယ်တော့်ကို ကာကွယ်ဖို့ သတိမဲ့သွားတာကို ခွင့်လွှတ်ပါ”

ဧကရီမယ်တော်ကြီးက သက်ပြင်းချလိုက်ကာ

“လျှို့ဝှက်ချက် တစ်ရာမှာ ချို့ယွင်းချက်တစ်ခု ရှိတတ်တာပဲ အရှင်မင်းကြီးက မိသားစုနဲ့ တိုင်းပြည်ကိစ္စနဲ့တစ်နေကုန် အလုပ်များနေပါပြီ။ ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ်ပြီးသတိပြုမိမှာလဲ။ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။ တစ်ယောက်ယောက်ကသာ တာဝန်ကိုလစ်ဟင်းတာဆိုရင်တော့ အဲဒီသူကို အလွတ်ပေးလို့ မရဘူးနော်”

ယွီဝိန်းလန်က ပြောလိုက်သည်။

“မယ်တော်က အရင်နားလိုက်ပါ။ သားတော်ပဲ ဒီကိစ္စကိုဂရုစိုက်လိုက်ပါ့မယ်”

ဧကရီမယ်တော်ကြီးက ခေါင်းညိတ်လိုက်ကာ ယွီဝိန်းလန်က နန်းတော်တံခါးဝကနေ ထွက်သွားတော့သည်။

ချန်းမင်နန်းဆောင်တစ်လျှောက် လျှောက်နေစဉ်မှာလည်း သူ့နှလုံးသားထဲမှာ တွေးလိုက်သည်။ ယခုလေးတင် ဧကရီမယ်တော်ကြီးက သူ့ကို တွေ့လိုက်ရတဲ့အခါမှာ သူမက သူ့ကို အဆင်ပြေတာ ကောင်းတယ်လို့ တွေးနေပေသည်။

ကြည့်ရတာ သူမက လုပ်ကြံမှုအကြောင်းကို မသိတဲ့ပုံပဲ။

ဒါဆို သူမရဲ့အားကျင်းကို မွေးစားမဲ့ကိစ္စက ယွီဝိန်းဟောက်နဲ့ ဘာမှမဆိုင်ဘူးပဲ။

သို့သော် အခုလေးတင် သူက ကျန်းရှန်ခန်းကို ယန်ရှုရဲ့ခန္ဓာကိုယ်ကို စစ်ဆေးဖို့ မေးချင်နေတုန်းပင်။

ဒီလိုနည်းနဲ့သာဆို ဧကရီမယ်တော်ကြီးက သူ့ရဲ့ ပြဿနာကို တကယ်ကို ခနိ့မှန်းမိလောက်ပြီ ဖြစ်သည်။ ထို့ကြောင့်သာ သူမကအားကျင်းကို မွေးစားဖို့ စီစဉ်နေတာဖြစ်ပြီး သူမက နောက်ထပ်ဆက်ခံမဲ့သူကို ရွေးချယ်နေတာပင်။

သိသွားပြီးနောက်မှာ သူ့ရဲ့နှလုံးသားက ပိုပြီးတော့ နှစ်မြှုပ်သွားပေသည်။

နှစ်ပေါင်းများစွာ ကြီးပြင်းလာရပေမဲ့ တကယ်ကို ဘာသက်ရောက်မှုမှ မရှိဘူး ဖြစ်နေတာပဲ။

~~~

++++++

All Chapters