← Chapters

အခန်း (၇၉-၈၁)

Vol. 6 Ch. 79-81

အခန်း (၇၉-၈၁)

Vol. 6 Ch. 79-81

79 01

အပိုင်း 79

ထိုသို့ တွေးမိလိုက်ချိန်တွင် အရှင်မင်းကြီး တစ်ယောက်တည်း ပြန်ရောက်လာသည်ကို တွေ့လိုက်ရသည်။ အရှင်မင်းကြီးက ခန်းဆောင်ထဲရှိ လျှို့ဝှက် အစောင့်အား

“ချင်းလင်ဥယျာဉ်မှာ ဆေးခပ်တဲ့သူကို သူ လုပ်သလို ပြန်ခံစားရအောင် လုပ်လိုက်ပါ”

ဟု စေခိုင်းလိုက်သည်။

ထိုအစောင့်က အရိုအသေ ပေးကာ ထွက်သွားလေသည်။

လီယန်ရှုမှာ အစက မည်သို့ ဆုံးဖြတ်ရမည် မသိဘဲ ချည်တုံချတုံ ဖြစ်နေသော်လည်း ရေပူစမ်းကန်၏ ဆွဲဆောင်မှုကြောင့် တောင့်မခံနိုင်တော့ဘဲ အရှင်မင်းကြီး၏ ကန်ထဲသို့ ဆင်းလိုက်မိချေတော့သည်။

ဟင်း… ဘာပဲဖြစ်ဖြစ်လေ… အဲ့လူ ငါ့ကို ဘာမှ မလုပ်လောက်ပါဘူး။

သူမကို ရေကန်ရှိရာသို့ ခေါ်လာပြီး သူက ပြန်ထွက်သွားသည်။ ထို့ကြောင့် မချိုးလိုက်ဘဲ နေလျှင် သူမအဖို့ အ,ရာ ကျပေတော့မည်။

ရေပူစမ်းကန်မှာ ကြည်လင် နွေးထွေးနေတော့သည်။ ကန်ထဲသို့ ဆင်းလိုက်သည်နှင့် ရေ၏ နွေးထွေးမှုကြောင့် သူမ၏ တကိုယ်လုံး သက်တောင့်သက်သာ ရှိသွားသကဲ့သို့ ခံစားရသည်။ ထို့ကြောင့် ကန်ထဲတွင် ခေတ္တ ခဏမျှ စိမ်နေလိုက်ပြီး မျက်နှာကိုလည်း ရေပူစမ်းဖြင့် သစ်လိုက်သည်။

ထိုသို့ ဇိမ်ခံနေစဉ် ဟိုလူ ပြန်ရောက်လာပြီး ကန်ဘေးတွင်ရပ်ကာ သူမအား ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရတော့သည်။

“ဟင်… အရှင် အရှင်မင်းကြီး”

ရုတ်တရက်မို့ ရင်နှစ်ဖက်ကို မသိစိတ်ကြောင့် လက်ဖြင့် ကာလိုက်မိချေသည်။

ကျွတ်စ်…

သူမမှာ ရေပူစမ်းချိုးရာတွင် ဝတ်ရသည့် ဝတ်စုံကို ဝတ်ထားသော်လည်း ချည်သားမှာ ပါးသောကြောင့် ရေဖြင့် ထိသောအခါ အတွင်းသို့ပင် ဖောက်မြင်နေရသည်။ ထို့ကြောင့် အတိုင်းသားပင် ဖြစ်နေတော့သည်။

သို့ရာတွင် ထိုလူက မျက်ခုံးကို မြှင့်ကာ ပြုံးပြီး ပြောလိုက်သည်။

“ဘာတွေ ကာနေတာလဲ။ ငါ မမြင်ဖူးတာလည်း မဟုတ်”

လီယန်ရှု — “...ဟင်”

သူမမှာ ရှက်သွေးများပင် ဖြာသွားမိပြီး စိတ်ထဲမှ ကျိတ်ပြီး ဆဲလိုက်မိသည်။

[ချီးထုပ်ပဲ]

ထိုသို့ တွေးနေစဉ် အရှင်မင်းကြီးမှာ သူ၏ အဝတ်အစားများကို ချွတ်ကာ ကန်အတွင်းသို့ ဆင်းလာသည်ကို မြင်လိုက်ရသည်။

လီယန်ရှုမှာ တဒင်္ဂမျှ လောကကြီးကို မေ့သွားတော့သည် ။

အိုး… ရင်အုံကြီးတွေ…

အိုး… လက်မောင်းအိုးကြီးတွေ…

ကြွက်သားတွေ အမြောင်းလိုက် အမြောင်းလိုက်…

ကျွတ်စ် ကျွတ်စ်…

အရှင်မင်းကြီးမှာ သူမနှင့် အကြိမ်ကြိမ် အတူ အိပ်ဖူးသော်လည်း ညအိပ်ဝတ်ရုံကို အမြဲဝတ်ထားသည်။ ယခုမူ သူ့ကိုယ်ပေါ်တွင် ဘောင်းဘီ အတိုတစ်ထည်သာ ရှိတော့သည်။

သူမ တိတ်တခိုး ကြွေနေစဉ် သူက သူမထံသို့ ဦးတည်၍ လျှောက်လာလေသည်။ သူမ ဘာမျှ မလုပ်ရသေးမှီ သူက သူမ၏ ပါးနှစ်ဖက်ကို လက်ဝါးနှစ်ဖက်ဖြင့် အုပ်ကိုင်ကာ နှုတ်ခမ်းနှစ်လွှာကို ဖိနမ်းလိုက်လေတော့သည်။

ခုဏက မင်းခေါ်နေတဲ့ “ချီးထုပ်” ဆိုတာ “နှာဘူး” ဆိုတာနဲ့ ဘာမှအဆင့်မကွာဘူး ဟု စိတ်ထဲမှ ပြောလိုက်မိသည်။

သူ ဒီလောက် အပြောခံ ထားရမှတော့ တန်အောင် အခုလို ပြန်လုပ်ရမည်လေ။

လီယန်ရှု — “...”

79 02

အိုခေလေ… သူတောင်မှ ပြရဲသေးတာပဲ… ငါလည်း ပြရတာပေါ့… ဟုသာ တွေးလိုက်တော့သည်။

ဤသို့ဖြင့် နှစ်ယောက်သား အတူတူ ရေချိုးလိုက်ကြတော့သည်။

ယွီဝိန်းလန်မှာ မိမိကိုယ်ကို အနားပေးလေ့ သိပ်မရှိချေ။ ထို့ကြောင့် ယခုအချိန်မှာ သူ့အတွက် ရှားရှားပါးပါး အခွင့်အရေး ဖြစ်တော့သည်။ ရေကန် အဆင်း လှေကားထစ်များတွင် မှီလျက် မျက်လုံးကို မှိတ်ကာ အနားယူနေလိုက်သည်။

လီယန်ရှုမှာလည်း အနားတွင် အချိန် တစ်ခဏခန့် အနားယူလိုက်သော်လည်း ရေထဲတွင် ပေါ့ပါးနေသဖြင့် ရေထကူးလိုက်သည်။

ရေကန်ကြီးမှာ ရေချိုးရုံသက်သက်အတွက်ဆိုလျှင် အလွန်ကြီးမားနေသဖြင့် ရေကူးကန်သဖွယ် ဖြစ်နေသည်။

ရေလှုပ်သံကို ကြားလိုက်ရသည့်အခါ ယွီဝိန်းလန်က မျက်လုံးကို ဖွင့်ကြည့်ကာ မေးလိုက်သည်။

“မင်းက ရေကူးတတ်လို့လား?”

လီယန်ရှုက သွားဖြီးပြပြီး ပြန်ဖြေသည်။

“ကူးတတ်ဘူး”

သူမက အရှင်မင်းကြီးကို ပြန်မေးလိုက်သည်။

“အရှင်မင်းကြီးရော ရေကူးတတ်လား”

ယွီဝိန်းလန်က မျက်ခုံးကို ပင့်လိုက်ပြီး

“ကူးတတ်တာပေါ့” ဟု ပြောလိုက်သည်။

ထိုသို့ ပြောပြီးနောက် ကန်ထဲတွင် ပတ်၍ ကူးလေတော့သည်။

သူ့ လှုပ်ရှားပုံမှာ ညင်သာ ပျော့ပြောင်းပြီး အားပင် မစိုက်ဘဲ ကူးနေသကဲ့သို့ ခံစားရသည်။ သူ့ လက်မောင်းအိုးကြီးများ ရေပေါ်တွင် ပေါ်ပေါ်လာသည်ကို မြင်ရသည်မှာ ယန်ရှုအတွက် စိတ်ကျေနပ်ဖွယ် ဖြစ်နေတော့သည်။

ခေတ္တခဏမျှ ကူးခတ်ပြီးသည့်နောက် သူက သူမအနား ပြန်လာကာ ရေကူးနည်းကို သင်ပေးတော့သည်။

“အရင်ဆုံး အသက်ကို ဝ အောင်ရှူ…။ ပြီးရင် ခန္ဓာကိုယ်ကို ဖော့ထား… ရေမျက်နှာပြင်မှာ ပေါ်နေအောင် ကြိုးစားကြည့်…”

လီယန်ရှုက သူပြောသလို လိုက်လုပ်ရန် ကြိုးစားသော်လည်း စိတ်လှုပ်ရှားနေသဖြင့် သူ့ လက်မောင်းကြီးကို ပြန်မလွှတ်တော့ဘဲ အတင်း ဖက်ထားမိလေတော့သည်။

ယွီဝိန်းလန်က ပြုံးလိုက်ပြီး ပြောလိုက်သည်။

“ဟက်… ငါ ထိန်းထားပေးမယ် ကြောက်မနေနဲ့”

ထိုသို့ ပြောရင်း သူက သူမ၏ ခါးကို ကိုင်ထားလိုက်သည်။

သို့သော် သူထိ မိသည့်နေရာမှာ သူမ ယားတတ်သည့် နေရာဖြစ်နေသည်။

လီယန်ရှုမှာ ထိန်းမရတော့ဘဲ ရယ်မိကာ လူးလွန့်မိလေတော့သည်။

သူတို့နှစ်ဦးမှာ ဆော့ကစားလိုက် သင်လိုက်နှင့် ပျော်နေကြတော့သည်။

ဤသို့ဖြင့် အချိန်အနည်းငယ် အကြာတွင် အပြင်ဖက်မှ ဖုဟိုင်၏ သတင်းပို့သံကို ကြားလိုက်ရသည်။

“အရှင်မင်းကြီး… ကြင်ရာတော်နင်ဆီမှာ ပြဿနာ တက်နေတယ် ခင်ဗျ”

လီယန်ရှုက တုံ့ခနဲ ရပ်လိုက်ပြီး

“ကြင်ရာတော်နင်… ပြဿနာတက်နေတယ် ဟုတ်လား”

ဟု ပြောလိုက်မိသည်။

ယွီဝိန်းလန်၏ အပြုံးမှာ ရပ်သွားပြီး ပြောလိုက်သည်။

“ငါတို့ ရေစိမ်တာလည်း ကြာနေပြီဆိုတော့ အခြေအနေ သွားကြည့်ကြရအောင်”

ဤသို့ဖြင့် သူတို့ ရေပူစမ်းကန်ထဲမှ ထွက်လာကြသည်။

သူတို့ နှစ်ယောက်သား ကြင်ရာတော်နင်၏ ရှန်ယွီဥယျာဉ်သို့ ရောက်သောအခါ သူမကို အိပ်ယာပေါ်တွင် အော်ဟစ် ငြီးငြူနေသည်ကို ကြားလိုက်ကြရသည်။

ယွီဝိန်းလန်က အနားသို့ မသွားပေ…။ သို့သော် လီယန်ရှုက စပ်စုကာ ကုတင်ပေါ်သို့ ချောင်းကြည့်လိုက်လေသည်။

79 03

ကြင်ရာတော်နင်၏ လက်များ၊ ခြေထောက်များ၊ မျက်နှာများတွင် နီရဲနေပြီး မျက်လုံးများလည်း မဖွင့်နိုင်ဘဲ ရှိနေသည်။

ယွီဝိန်းလန်က အတူလိုက်ပါလာသည့် နန်းတွင်း သမားတော်ကို မေးလိုက်သည်။

“ကြင်ရာတော်နင်… ဘာဖြစ်တာလဲ?”

နန်းတွင်း သမားတော်က

“ကြည့်ရတာ ကြင်ရာတော်နင်ရဲ့ အသားတွေက ရေပူစမ်းထဲမှာ အဆိပ်တစ်ခုခုနဲ့ ထိတွေ့မိပြီး လောင်သွားတာပါ အရှင်မင်းကြီး”

ဟု ဖြေလေသည်။

“အဆိပ် ဟုတ်လား”

ယွီဝိန်းလန်က မျက်ခုံးကို ပင့်လိုက်ပြီး အခန်းကို ဝေ့ပတ်ကြည့်လိုက်ရာ ထိတ်လန့်နေပုံ ပေါက်သည့် ကြင်ရာတော်နင်၏ အပါးတော်မြဲ အစေခံများကို တွေ့လိုက်ရသည်။

ထိုအခါ သူက အဓိပ္ပါယ် ပါပါနှင့် ပြောလိုက်သည်။

“ရေပူစမ်းထဲမှာ ဘယ်ကနေ ဘယ်လို အဆိပ်က ရောက်လာမှာလဲ”

သူပြောပြီးသည်နှင့် အနားတွင် ရှိနေသည့် သူက ထ ပြောလေသည်။

“အရှင်မင်းကြီး ပြောတာ မှန်တာပေါ့…။ လူတိုင်း ရေချိုးတာ ဘာမှ မဖြစ်ဘဲ ကြင်ရာတော်နင်ကျမှ ဘာလို့ အဆိပ်မိရတာလဲ”

ထိုသို့ ပြောလိုက်သူမှာ အခြေအနေကို သိရအောင် လာကြည့်သည့် ကြင်ရာတော်ကျိုး ဖြစ်သည်။

သူမမှာ ပြောရင်း တွေးလိုက်သည်။

[ ဒီကောင်မကို လီယန်ရှုက အဆိပ်ခတ်လိုက်တာများလား…။ သိပ်ကောင်း! အရှင်မင်းကြီးသာ အဲ့ကောင်မ အဆိပ်ခတ်တာကို သိသွားရင်… ကောင်မ နှစ်ကောင်လုံး လစ်ပြီ… အဲဒါဆို ငါတော့ ပွတာပဲ။]

ယွီဝိန်းလန်မှာ သူမ၏ အတွေးကို မသိကျိုးကျွန် ပြုလိုက်ပြီး လီယန်ရှုအား ကြည့်လိုက်မိသည်။

ယန်ရှု တွေးလိုက်သည်ကို သူကြားလိုက်ရသည်။

[ထူးဆန်းလိုက်တာ… ကြင်ရာတော်နင်ကို ဘယ်သူက အဆိပ်ခတ်တာလဲ]

ရေပူစမ်းကို တခုခုလုပ်ရန် ကြင်ရာတော်နင် ကြံနေသည်ကို သူမ သိသည်။ ထို့ကြောင့်လည်း အစောပိုင်းက ယွီဝိန်းလန် ထံ သွားကာ ရေကန် ပြောင်းပေးရန် တောင်းဆိုခြင်း ဖြစ်သည်။

ရေကန်ကိစ္စကို ရေချိုးပြီးမှသာ ဖြေရှင်းရန်လည်း တွေးထားခြင်း ဖြစ်လေသည်။

သူမတောင် ရေချိုး၍ မပြီးခင် ကြင်ရာတော်နင်က အဆိပ်မိနေသည်တဲ့လား…။

ဘာတွေ ဖြစ်ကုန်တာလဲ။

ယွီဝိန်းလန်က ဟန်ကို ဖို့လိုက်ပြီး အစောင့် ရဲမတ်များကို အမိန့်ပေးလိုက်သည်။

“ဒီအဆိပ် ဘယ်က လာတယ်ဆိုတာကို စုံစမ်းကြစမ်း”

ရဲမတ်များမှာ အမိန့်ကို နာခံလိုက်ပြီး ချက်ခြင်းပင် စုံစမ်း စစ်ဆေးရေးကို စတင်ကြတော့သည်။

******

80 01

Ch.80

ကြင်ရာတော် နင် မှာ အိပ်ရာပေါ်တွင် ဆက်လက် ငြီးတွားနေပြီး သူမ၏ အသံမှာ ဝေဒနာ ပိုပြင်းထန်လာသကဲ့သို့ ဖြစ်နေသည်။

သူမ၏ အပါးတော်မြဲ အစေခံမှ အားပေးသံကို လီယန်ရှု ကြားလိုက်ရသည်။

“သခင်မ… အရမ်း မလှုပ်ပါနဲ့…။ အရေပြားတွေ တဖြည်းဖြည်းနဲ့ ကွဲလာကုန်ပြီ…။ ဒီထက် လှုပ်ရင် ပိုဆိုးလာတော့မယ်…”

ဘုရား… ဒီအဆိပ်က တော်တော် ဆိုးပါလား…။ ငါ့ကို ရည်ရွယ်ထားတာ။ တော်သေးလို့ ငါ မမိတာဟု လီယန်ရှု တွေးမိလိုက်သည်။

နင်ကတော့ ကိုယ်အကောက်ကြံသလို ပြန်ခံရတာ နည်းတောင် နည်းသေးတယ်။

နာရီဝက်ခန့် အကြာတွင် အစောင့်တစ်ယောက် ခန်းဆောင်အတွင်းသို့ ဝင်လာပြီး သတင်းပို့လေသည်။

“အရှင်မင်းကြီး… ရှင်းယွဲ့ဥယျာဉ်ထဲက လက်ဖက်ရည်ခန်းမှာ မီးရှို့ထားတဲ့ စက္ကူစတွေနဲ့ အဲဒီအပေါ်မှာ အဖြူရောင် အမှုန့် အစတွေ တွေ့ပါတယ်။”

ထိုသို့ ပြောပြီး တွေ့ရှိလာသည်များကို ပြလေသည်။

ယွီဝိန်းလန်က ပြောလိုက်သည်။

“နန်းတွင်း သမားတော်ကို စစ်ခိုင်းကြည့်စမ်း”

နန်းတွင်း သမားတော်က ရှေ့သို့ ထွက်လာပြီး စစ်ကြည့်တော့သည်။

ထို့နောက် သူက

“အရှင်မင်းကြီး… ဒီအဆိပ်က အရိုးပြာချတဲ့ အမှုန့်တွေပဲ…။ ရေထဲ ဖျော်လိုက်ရင် အရေပြားတွေ လောင်ရုံတင်မက အရိုးရော အသားပါ ပဲ့ကြွေ ကုန်နိုင်လောက်အောင် ပြင်းတယ်…။ ကြင်ရာတော်နင်ရဲ့ အခုဖြစ်နေတဲ့ လက္ခဏာတွေက အဲဒီအတိုင်းပါပဲ”

ဟု မှတ်ချက်ပြုလေသည်။

ယွီဝိန်းလန်က ထိုမှတ်ချက်ကို အသိအမှတ် ပြုလိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။

“ဒါတွေကို ရှင်းယွဲ့ ဥယျာဉ်မှာ တွေ့ရတဲ့အတွက် ဒီမှာ ရှိနေတဲ့သူအားလုံးကို ဖမ်းပြီး အပြင်းအထန် စစ်မေးစမ်း…။ ဘယ်သူကများ ဒီလောက် ကြမ်းတမ်းတဲ့ နည်းလမ်းကိုသုံးပြီး ကြင်ရာတော်နင်ကို ထိခိုက်စေရတာလဲ”

အစောင့်များက ချက်ခြင်းပင် အမိန့်အတိုင်း နာခံလိုက်ကြသည်။

ခန်းဆောင် တစ်ခုလုံး ငရဲကျသကဲ့သို့ တခဏတွင်းချင်းပင် ဖြစ်သွားတော့သည်။

~~

နောက်တစ်နေ့တွင် တော်ဝင်တိုင်းခန်းလှည့် အဖွဲ့သည် ကြင်ရာတော်နင်၏ သတင်းဆိုးကို သယ်ဆောင်ကာ နန်းတော်သို ပြန်ရောက်လာတော့သည်။

ယမန်နေ့က ရေပူစမ်း နန်းဆောင်တွင် ကြင်ရာတော်နင် နေထိုင်ရာ ခန်းဆောင်ရှိ အစေခံ တဦးဦးက သူမအား အဆိပ်ဖြင့် လုပ်ကြံသည့်အတွက် ကြင်ရာတော်နင်မှာ မျက်စိကွယ်ရုံမက မျက်နှာမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသည့်အပြင် တစ်ကိုယ်လုံးရှိ အသားအရေများမှာလည်း အပြင်းအထန် လောင်ကျွမ်းသွားသည်ဟူသည့် သတင်းပင် ဖြစ်တော့သည်။

ကြားရသူ အားလုံး တုန်လှုပ်သွားကြသည့်အပြင် စိတ်အတွင်း၌လည်း ထင်ရာ မြင်ရာ တွေးမိကုန်ကြသည်။

ဘုရား ဘုရား… နန်းတွင်းမှာ နေနေတာတောင် ဒီလောက်ထိ လုပ်ရဲကြသလား။

ကြင်ရာတော်နင်က သူ့ အစေခံတွေကို ဘယ်လိုတွေတောင် ရက်စက်ထားလို့ သူတို့က အဆိပ်ပြန်ခတ်ရတာလဲ။

ထိုအချိန်၌ပင် ကန်းလုနန်းဆောင်သို့ ပြန်ရောက်သွားသည့် လီယန်ရှုမှာလည်း နားမလည်နိုင် ဖြစ်နေတော့သည်။

— အဆိပ်က ဘယ်လိုလုပ်များ ကြင်ရာတော်နင်ဆီ ရောက်သွားရတာလဲ။

သူမက စစ်စတန်အား မေးကြည့်လိုက်သည့်အခါ

[မင်းကြီး လုပ်တာ] ဟု ဖြေလေသည်။

မင်းကြီး လုပ်တာ။

လီယန်ရှုမှာ အံ့အား သင့်သွားရသည်။

[သူက ဘာလို့ အဲဒီလို လုပ်ရတာလဲ]

ထိုအခါ စစ်စတန်က ပြောပြသည်။

80 02

[ဘာလို့လဲဆိုတော့ ကြင်ရာတော်နင်က နင့်ကို ဒုက္ခပေးတော့မယ်ဆိုတာကို သူ သိသွားတာကိုး…။ အဲဒီတော့ သူက သူ့လူ တစ်ယောက်ကိုနင်နေတဲ့ ဥယျာဉ်ဖက်က ရေကို ကြင်ရာတော်နင်ဖက်ထဲ လဲခိုင်းလိုက်တာ]

လီယန်ရှု - [...]

ဒါဆို မင်းကြီးရဲ့ လက်ချက်ပေါ့ ဟုတ်လား။

အဲဒါဆို ဘာလို့ သူက အဲဒီအကြောင်း ဘာမှ မပြောပြရတာလဲ။

ဟင်း… တော်တော် ဟန်ဆောင်ကောင်းတဲ့ လူပဲ။

ယမန်နေ့က ထိုလူကြီး၏ ဟန်ဆောင်ချက်များသည် သူမကိုပင် အရူးအမူး ဖြစ်သွားစေနိုင်ခဲ့သည်။

စစ်စတန် ဘာမျှ ထပ်မပြောရသေးမှီ ရန်တုန်းတစ်ယောက် ပျော်ရွှင်နေသည့် မျက်နှာဖြင့် အပြေးကလေး ဝင်လာသည်ကို တွေ့လိုက်ရသည်။

“သတင်းကောင်းပါတယ်… သခင်မလေးရေ သတင်းကောင်း… လီသခင်လေးကို တော်ဝင်ကျောင်းတော်ကနေ လက်ခံလိုက်ပြီတဲ့”

စုန့်ဟယ်ကျောင်းတော်မှ ထွက်ပြီးနောက် လီထျန်းရော့မှာ တခြား ကျောင်းတော်တွင် အချိန်အတန်ကြာ ဆက်လက် ပညာ သင်ယူခဲ့သည်။ ထိုအချိန်၌ပင် တော်ဝင် ကျောင်းတော်မှ ဒုတိယအကြိမ်မြောက် ဝင်ခွင့် စာစစ်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။ သူက ထိုစာစစ်ပွဲတွင် ဝင်ရောက် ဖြေဆိုလိုက်ခြင်းဖြစ်သည်။

သို့သော်လည်း သူ အောင်သွားမည်ဟု မည်သူမျှ ကြိုတွေးမထားပေ။

ရန်တုန်း ပြောလိုက်သည်ကို ကြားလိုက်ရသည့်အခါ လီယန်ရှုမှာ ထိုင်နေရာမှ ချက်ခြင်း ခုန်ထမိလိုက်သည်။

“တကယ်ကြီးလား”

ရန်တုန်းက ဝမ်းသာအားရ ခေါင်းကို ညိတ်ပြကာ

“တကယ်ပေါ့ သခင်မလေးရဲ့… စာစစ်ပွဲ ရလဒ်တွေကို သူတို့ ကြေညာလို့တောင် ပြီးပြီ… လီသခင်လေးက သခင်မကို သိစေချင်လို့ကို လူလွှတ်ပြီး ပြောခိုင်းလိုက်တာ”

ဟု ပြောလေသည်။

“ကြားရတာ သိပ်ဝမ်းသာဖို့ ကောင်းလိုက်တဲ့ သတင်း”

လီယန်ရှုမှာ မျက်နှာပင် မတည်နိုင်တော့လောက်အောင် ပြုံးနေမိတော့သည်။

သူမ၏ မောင်လေး အရည်အချင်းရှိတာကို သူမ သိပြီးသား ဖြစ်သည်။ ထို့ကြောင့်လည်း တော်ဝင်ကျောင်းတော် စာစစ်ပွဲကို အောင်မြင်ခြင်းဖြစ်သည်။

သူမ ကြာကြာ မပျော်ရသေးမှီ စစ်စတန် ထံမှ သတိပေးချက် ထွက်ပေါ်လာလေတော့သည်။

[ဟဲ့… နင် သိအောင် ပြောလိုက်ဦးမယ်…။ ချန်ဖျင မင်းသမီးကြီးရဲ့ ခင်ပွန်း ကျောက်ချန်းဝမ်က အခုပဲ လူလွှတ်ပြီး တော်ဝင် ကျောင်းတော် ကြော်ညာသင်ပုန်းရှေ့မှာ ပြသနာ ရှာခိုင်းထားတယ်…။ သူတို့က နင့်ရဲ့ မောင်လေးက စာစစ်ပွဲကို လိမ်ပြီး အောင်မြင်တာ စွပ်စွဲနေကြတယ် ]

ဘာ။

လီယန်ရှုမှာ တောင့်တောင့်ကြီး ဖြစ်သွားလေသည်။

[ထျန်းရော့ စာစစ်ပွဲကို လိမ်ပြီး အောင်တယ်လို့ စွပ်စွဲကြတယ် ဟုတ်လား…။ အဲဒီခွေး ဘာလို့ ဒီလို ထလုပ်ရတာလဲ]

ထိုအခါ စစ်စတန်က ပြန်ပြောလေသည်။

[အမလေး ဘာလို့ လုပ်တာလဲ မေးနေသေးလား။ သူ့ တူတော်မောင်က နင့်မောင်ကြောင့် ဒုက္ခိတဖြစ်ရတယ်…။ ပြီးတော့ သူ့တူမ ကြင်ရာတော်နင်လည်း နင့်ကြောင့် ဘဝ ပျက်သွားပြီလေ…။ နင်တို့ကို မမုန်းဘဲ နေမလား။ တကယ်တော့ သူက နင့်မောင်လေး တော်ဝင် ကျောင်းတော်ကို ဝင်ခွင့် လျှောက်ထားကတည်းက ကျိတ်ကြံနေတာ…။ အခုတော့ နင့်ကို တိုက်ခိုက်ပြီး သိက္ခာချလို့ရပြီဆိုပြီး ဒီအခွင့်အရေးကို အသုံးချနေတာ]

လီယန်ရှု - [ဟားဟား… ကြည့်ရတာ အရင် ဇာတ်လမ်းထဲမှာ သူ့ကို မှတ်လောက် သားလောက်အောင် မဆုံးမ လိုက်မိလို့ထင်တယ်]

ဟား… ဒီလို အောက်တန်းစားမျိုးကို နည်းနည်းလေးမှကို လျှော့ပေးလို့ မရပါလား။

အေးပေါ့လေ… သူ့ရဲ့ သောက်ကျင့် ပုံရိပ်ကြီး တစ်ခုလုံးပေါ်သွားအောင် အနားသတမျဉ်းလေးတွေ ထပ်ထည့်ပေးရတော့မှာပေါ့…။

များမကြာမီ တော်ဝင် ကျောင်းတော် ကြေညာသင်ပုန်းနားတွင် ဖြစ်ပျက်ခဲ့သည်ကို မင်းကြီး ကြားသိသွားလေတော့သည်။

80 03

တော်ဝင်ကျောင်းတော် အကြီးအကဲဖြစ်သည့် ရန်ကျန့်ဖျင်ထံမှ သတင်းပို့ချက်ကို နားထောင်ပြီးသည့်နောက် ယွီဝိန်းလန်က မျက်မှောင် ကြုတ်ကာ မေးလိုက်သည်။

“ဘယ်သူတွေက အခုလို လုပ်ရတာလဲ”

ရန်ကျန့်ဖျင်က ပြန်လျှောက်တင်သည်။

“ပြောရရင် … အစကတော့ လေး ငါးယောက်ပဲရှိတာပါ မင်းကြီး…။ နောက်ကျတော့ ဆယ်ယောက်လောက်အထိ တိုးလာတယ်…။ အဲဒီမှာ စာစစ်ပွဲ မအောင်တဲ့သူတွေလည်း ရောယောင်ပြီး ပါလာတယ်…။ နောက်ဆုံး လူ သုံးဆယ် လေးဆယ်လောက် ဖြစ်သွားပါတယ်…။ သူတို့က စာစစ်ပွဲကို ပြန်ကျင်းပ စေချင်နေတယ်”

“စာစစ်ပွဲကို ပြန်လုပ်ရမယ် ဟုတ်လား”

ယွီဝိန်းလန်က မဲ့လိုက်သည်။

“သူတို့က ဘာကောင်တွေမို့ နန်းတွင်းက စာစစ်ပွဲ ပြန်ကျင်းပ ပေးရမှာလဲ”

ရန်ကျန့်ဖျင်က မျက်မှောင်ကို ကြုတ်လိုက်ပြီး ပြောသည်။

“အဲထဲက တချို့က စာမေးပွဲ ဝင်ဖြေတဲ့ လီထျန်းရော့ဆိုတဲ့ အဆင့် သုံး စာသင်သားက ကြင်ရာတော်လီရဲ့ မောင်လေးမို့လို့ စာစစ်သူတွေက ကြင်ရာတော်လီကို မျက်နှာလုပ်ဖို့ မေးခွန်းတွေ ထုတ်ပေးတယ်လို့ စွပ်စွဲကြတယ်။”

“အဓိပ္ပာယ် မရှိလိုက်တာ”

ယွီဝိန်းလန်က ဒေါသတကြီး ထအော်လိုက်သည်။

မူးမတ်များမှာ အံ့ဩထိတ်လန့်သွားကြပြီး ၎င်းတို့၏ ခေါင်းကို ဦးညွတ်ကာ ပြောလိုက်ကြသည်။

“အရှင်မင်းကြီး… အမျက်ကို ထိန်းပါဦး”

ထိုစဉ် ဟန်လင်း ကျောင်းတော်သားကျိုးက အနားမှ နေ၍ ပြောသည်။

“မင်းကြီး ဒီကိစ္စက တယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ တမင် လုပ်နေတာလို့ ကျွန်တော်မျိုး ယူဆပါတယ်…။ စာစစ်ပွဲလာဖြေသူတွေက ထောင်နဲ့ ချီပြီး ရှိပါတယ်…။ အဲဒါကြောင့် နာမည် ဆင်တဲ့သူတွေလည်း တစ်ယောက်မက ပါပါတယ်…။ ကျွန်တော်မျိုး သိသလောက်ဆိုရင် လီသခင်လေးက မြို့တော်ကို ရောက်တာ မကြာသေးတဲ့အတွက် တခြား စာစစ်ပွဲ ဖြေသူတွေကို သိဦးမှာ မဟုတ်လောက်ပါဘူး…။ အဲဒါကိုတောင် သခင်လေးကို မြင်တာနဲ့ ကြင်ရာတော် လီရဲ့ မောင်ဖြစ်ကြောင်း ဘယ်လိုလုပ် တန်းသိပြီး စွပ်စွဲရတာလဲ”

“ပြီးတော့… စာစစ်ပွဲကို ပြန်ကျင်းပဖို့ဆိုတာ လူအင်အားရော ငွေအင်အားရော အလဟသပ် ထပ်ကုန်စေပြီး နန်းတော်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း မခိုင်မာသယောင် လူလှောင်ရယ်စရာဖြစ်ရပါမယ်…။ အဲဒါကြောင့် စာစစ်ပွဲ ပြန်ကျင်းပဖို့ကို အလျင်စလို မဆုံးဖြတ်သင့်ပါဘူး… ကျွန်တော်မျိုးရဲ့ အမြင်ကတော့ ဒီကိစ္စကို နောက်ကွယ်ကနေ လှုံ့ဆော်နေသူမှာ အကြံတစ်ခုခု ရှိပုံရပါတယ်…။ အဲဒီ အကြံက တိုင်းပြည်ကို ပုန်ကန်ဖို့အထိတောင် ဖြစ်နိုင်တယ်…။ ပေါ့သေးသေး တွက်လို့ မဖြစ်ပါဘူး”

ယွီဝိန်းလန်က ခေါင်းကို ညိတ်ကာ ပြောလိုက်သည်။

“ကျောင်းတော်သားကျိုး ပြောတာ မှန်တယ်…။ ဒီကိစ္စကို ကြိုးကိုင်နေသူမှာ အကြံအစည်ကြီး တစ်ခုခု ရှိရမယ်…။ ဒီနေ့ ဆူဆူပူပူ လုပ်သူတွေထဲမှာ ပါတဲ့သူတိုင်းကို ဖမ်း… ပြီးရင် သူတို့ရဲ့ နောက်ကြောင်းကို အသေအချာ စစ်မေးစေ”

မူးမတ်များ အမိန့်တော်ကို နာခံလိုက်ကြသည်။ ထို့နောက် သူက ဆက်၍ ပြောသည်။

“လီထျန်းရော့ကို ဆင့်ခေါ်လိုက်ပါ”

မကြာမီ လီထျန်းရော့မှာ မင်းကြီး ရှေ့တော်မှောက်သို့ ရောက်လာလေသည်။

လူငယ်လေးက မင်းကြီးအား ဦးညွတ် အရိုအသေပေးပြီးနောက် ပြောသည်။

“ကျွန်တော်မျိုး လီထျန်းရော့… မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်”

ယခင် သူ့အဖေနှင့် အတူလာစဉ်တုန်းကနှင့် မတူညီသည့် အချက်မှာ ယခုမူ သူတစ်ယောက်တည်း အခစား ဝင်ခြင်းပင် ဖြစ်လေသည်။

သို့သော်လည်း အသက် တစ်ဆယ့် ငါးနှစ်သာ ရှိသေးသည့် ဤလူငယ်လေး၏ တည်ကြည်နေသည့် ဟန်မှာ ချီးကျူးဖွယ်ရာ ဖြစ်ပြီး မူးမတ်တို့ သတိပြုမိစရာ ဖြစ်နေတော့သည်။

ယွီဝိန်းလန်က အချိန်ဆွဲမနေဘဲ တည့်တည့် မေးတော့သည်။

“ဒီနေ့ တော်ဝင် ကျောင်းတော်မှာ စာစစ်ပွဲ ရလဒ်တွေ ကြေညာခဲ့တယ်…။ အဲဒီမှာ တချို့လူတွေက မင်း လိမ်ညာပြီး အောင်လာတယ်လို့ စွပ်စွဲကြတယ်…။ အဲဒါကို မင်း ဘာပြောချင်လဲ”

လူငယ်လေးမှာ ကြည်လင်ပြတ်သားသည့် အသံဖြင့် ပြန်ဖြေသည်။

“ကျွန်တော်မျိုး စိတ်က ရှင်းပါတယ်…။ ပြန်ဖြေရမယ်ဆိုလည်း မကြောက်ပါဘူး”

80 04

ရာဇပုလ္လင်ပေါ်မှ မင်းကြီးက ခေါင်းကို ညိတ်ကာ

“ကောင်းပြီ… ငါကိုယ်တော် မောင်မင်းကို နန်းတွင်း မူးမတ်တွေ အရှေ့မှာ နောက်တစ်ကြိမ် ပြန်စစ်မယ်…။ ဖြေဆိုနိုင်မယ်ဆိုရင် မောင်မင်းရဲ့ နာမည်ကို မပျက်အောင် ငါကိုယ်တော် ကိုယ်တိုင် ဖြေရှင်းပေးမယ်”

ဟု မိန့်လိုက်လေသည်။

ထိုအခါ လီထျန်းရော့က မင်းကြီးအား အနူးအညွန့် ဒူးထောက် အရိုအသေ ပေးလိုက်သည်။

“မင်းကြီးရဲ့ အမိန့်တော်ကို ကျွန်တော်မျိုး နာခံပါ့မယ်”

ဤသို့ဖြင့် ချန်မင်နန်းဆောင်ရှိ ချင်ကျင့်ခန်းဆောင်၌ မူးမတ်များ ဝန်ကြီးမတ်ရာများ ရှေ့တွင် လီထျန်းရော့သည် စာစစ်ပွဲကို ထပ်မံ ဖြေဆိုလေသည်။

++++++

81 01

အပိုင်း 81

နန်းတွင်း စာစစ်ပွဲမှာ တော်ဝင် ကျောင်းတော် ဝင်ခွင့် စာစစ်ပွဲထက် ပိုခက်ကြောင်းကို သူ မြင်လိုက်ရသည်။ မေးခွန်းများမှာ စာကြီး လေးအုပ်နှင့် ဂန္တဝင် ဝတ္ထုကြီး ငါးပုဒ်အပေါ်တွင် အဓိက မေးထားပြီး လူ့သဘာဝ စည်းမျဉ်းဥပဒေများနှင့် တရားဥပဒေ အကြောင်းအရာများလည်း ပါဝင်သည်။ နန်းတွင်း မူးမတ်များက တထိုင်တည်း မေးခွန်းများပင် မေးသေးသည်။ လူငယ်လေးမှာ အားလုံးကို ချောချောမွေ့မွေ့ ပြန်ဖြေနိုင်ပြီး ပညာ အခြေခံ ကောင်းကောင်း ရှိသည်ကို ပြသနေတော့သည်။

ထို့အပြင် လူငယ်လေး၏ ဟန်ပန်မှာလည်း နယ်မြို့ငယ်လေးဖြစ်သည့် အန်းသယ်မှ မကြာသေးခင်ကမှ ရောက်လာသည့် တောသားလူငယ်နှင့် မတူဘဲ တည်ငြိမ် ခန့်ညားလျက် ရှိနေတော့သည်။

နှစ်နာရီခန့် ကြာပြီးသော် စာစစ်ပွဲမှာ ပြီးဆုံးသွားပြီး မူးမတ်များအားလုံး လူငယ်လေးကို ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့ အားလုံး သဘောကျ လက်ခံသွားလေပြီ။

တော်ဝင်ကျောင်းတော်၏ အကြီးအကဲဖြစ်သူ ယန်ကျန့်ဖျင်မှာလည်း သက်ပြင်းချကာ အလျင်အမြန်ပင် ပြောလိုက်သည်။

“ဒီနေ့ မင်းကြီးနဲ့အတူ မူးမတ်များအားလုံး သခင်လေးလီရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ပညာအရည်အချင်းကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ကြပါပြီ…။ မေးခွန်းတွေ ကြိုရထားလို့ ဖြေပြီး အောင်လာတယ် ဆိုတဲ့ စကားဟာ လုံးဝ မဖြစ်နိုင်ပါဘူး…။ ဒါကြောင့်မို့လို့ အစောပိုင်း စွပ်စွဲချက်တွေဟာ တမင် သိက္ခာချတာဖြစ်ကြောင်း ရှင်းလင်းနေပါပြီ”

“အမှန်ပဲ… မသင်္ကာဖြစ်မှုတွေ ကင်းစင်သွားအောင် အခု ရလဒ်ကို တလောကလုံးကို ကြေညာလိုက်ပါ…။ တမင်တကာ ကြံစည်သူတွေကိုတော့ သက်ညှာခွင့် မပေးဘဲ တင်းတင်းကျပ်ကျပ် အရေးယူပါ”

အားလုံးက သဘောတူလေသည်။

လူငယ်လေး ထျန်းရော့မှာ နန်းတွင်းမှ အိမ်သို့ပြန်သည့်အချိန်တွင် သူ၏ အစ်မတော်ဖြစ်သူ လီယန်ရှုမှာလည်း သူမ ရေးထားသည့် ‘မျက်နှာများတဲ့ ကျောင်းတော်သား… ပန်းများ အကြားမှာ ဘဝ ဆုံးသွား’ ဆိုသည့် ဇာတ်လမ်းကို ပြန်လည် ပြင်ဆင်ပြီးသွားချိန်နှင့် တိုက်ဆိုင်နေသည်။

ယခင်က သူမမှာ တော်ဝင် မိသားစု မျက်နှာ မပျက်စေရေး လျှော့ပေးခဲ့ရသည်…။ ယခုမူ ထိုခွေးကောင်ကို စုတ်ပြတ်သွားအောင် လုပ်ပစ်ဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်လေသည်။

သူမက စာရွက်ပေါ်မှ မှင်ကို လေဖြင့် ခပ်ဖွဖွ မှုတ်လိုက်ပြီးနောက် ပြတင်း အပြင်သို့ ကြည့်လိုက်ရာ အချိန်စောနေသေးကြောင်း တွေ့လိုက်ရသည်။

မင်းကြီး သူမထံ လာဦးမည် မဟုတ်ကြောင်း တွေးလိုက်မိသဖြင့် စာမူကြမ်းကို ယူကာ ချန်မင် နန်းဆောင်ထိ သွားပြရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်၌ပင် မူးမတ်များ ထွက်သွားကြပြီ ဖြစ်သဖြင့် ယွီဝိန်းလန်မှာ အချိန်တခဏမျှ အားလပ်နေသည်။ လက်ဖက်ရည် တကျိုက်သောက်ရန် ပြင်လိုက်သည့်အချိန်၌ပင် လီယန်ရှု ရောက်လာသည်ကို လှမ်းမြင်လိုက်ရသည်။

မူလ အစက သူမ၏ မောင်တော်အခြေအနေ သိလို၍ လာခြင်းဖြစ်သည်ဟု သူထင်လိုက်မိသည်။

သို့သော် သူမက သူထင်သလို မဟုတ်ဘဲ အရိုအသေပေးပြီးနောက် သူ၏ ရှေ့တွင် စာမူကြမ်းများကို ချကာ ပြောလိုက်လေသည်။

“ကိုယ်လုပ်တော် စာရေးပြီးသွားပါပြီ…။ ဇာတ်လမ်းက စိတ်ဝင်စားဖို့ ကောင်းလို့ အရှင်မင်းကြီးကို ဖတ်ကြည့်စေချင်လို့ပါ”

ဇာတ်လမ်း။

ယွီဝိန်းလန် တစ်ချက် အံ့ဩသွားသည်။ သူက အသိအမှတ်ပြုလိုက်ပြီး လက်တစ်ဖက်ဖြင့် စာမူကြမ်းကို လှမ်းယူလိုက်ကာ ပြောလိုက်သည်။

81 02

“အခုက ဘာဇာတ်လမ်းမျိုးလဲ”

ယန်ရှုက ပြန်ပြောသည်။

“ဇာတ်လမ်း နာမည်က ‘မျက်နှာများတဲ့ ကျောင်းတော်သား ပန်းများအကြား ဘဝဆုံးသွား’ တဲ့… အပြင်ပန်းကတော့ ရိုးသားသလိုလိုနဲ့ အတွင်းမှာ ဖောက်ပြန်စိတ် ကြီးနေတဲ့ လူတစ်ယောက် အကြောင်း… သူ့ဘဝ တလျှောက်လုံး ရွံစရာတွေချည်း လုပ်လာပြီး နောက်ဆုံးမှာ ဖောက်ပြန်မှုတွေကြောင့် အသက်ဆုံးသွားရတဲ့ အကြောင်းမျိုးပေါ့”

ယွီဝိန်းလန် - “...”

ရုပ်ကြည့်တော့ ရိုးသားသလိုနဲ့ ဖောက်ပြန်စိတ်ကြီးနေတဲ့သူ။

ကျောက်ချန်းဝမ်ကို ပြောနေတာလား။

ကဲပါလေ… သူဘာတွေ ရေးထားလဲ ကြည့်ကြည့်ရအောင်။

ဤသို့ဖြင့် သူက မေးလိုက်သည်။

“ဘယ်လိုရေးထားလဲ ပြောစမ်းပါဦး”

လီယန်ရှုက လည်ချောင်းကို တချက် ရှင်းလိုက်ပြီး စ၍ ပြောလေတော့သည်။

“တခါတုန်းက ငယ်ငယ်ကတည်းက ဉာဏ်ကောင်းပြီး စာကြိုးစားတဲ့ လူငယ်လေးတစ်ယောက်ရှိတယ်… သူက အရည်အချင်းလည်း ရှိတယ်… အသက် တစ်ဆယ့်ကိုးနှစ် ရောက်တဲ့အခါ သူ့ဘဝရဲ့ ပထမဆုံး နန်းတွင်း စာစစ်ပွဲမှာ သူ့ရဲ့ အရည်အချင်းကို ပြနိုင်ခဲ့လို့ သူချမ်းသာ မိသားစု တစ်စုက စိတ်ဝင်စားသွားတယ်… သူတို့က အဲဒီကောင်လေးကို သမက်တော်လိုက်ကြတာပေါ့… အဲဒီအချိန်က စပြီး သူ့ဘဝက သာယာဖြောင့်ဖြူးနေတော့တယ်”

“ဒါပေမယ့် သူ့ဇနီးက ချမ်းသာတဲ့ နောက်ခံကနေလာတော့ တခြား သာမန် လူတန်းစား ဇနီးကောင်းတွေနဲ့ မတူဘူးပေါ့… သူ့ယောက္ခမကတော့ မိသားစု လုပ်ငန်း အကြီးကြီးရှိတယ် အဲဒါကြောင့် သူ့အတွက် အလုပ်တစ်ခု စလုပ်ဖို့အတွက် အထူးကြိုးစားနေစရာမလိုတော့ဘူး… ဒီလိုနဲ့ သူ့အရည်အချင်းကို အသုံးမချရဘဲ ဇိမ်နဲ့ အိပ်လိုက် စားလိုက် လုပ်နေတော့တယ်… နောက်ကျတော့ သူက ပျင်းလာပြီး သူ့ဇနီး မသိအောင် တိတ်တိတ်ပုန်း မယားတွေ စ ထားတော့တယ်”

“တိတ်တိတ်ပုန်း မယား တစ်ယောက်နဲ့ မလောက်တော့ နောက်တစ်ယောက် ထပ်ထားတယ်… နှစ်ယောက်နဲ့လည်း မပျော်သေးတော့ သုံးယောက် ထားတယ်… နောက်ဆုံးမှာ တိတ်တိတ်ပုန်း မယား ငါးယောက် ခြောက်ယောက် လောက်အထိတောင် ဖြစ်သွားရော… အဲဒါတောင်မှ သူက မပျော်သေးဘူး… အဲဒါကြောင့် ကျန်းနန်မှာ အိမ်ကြီးတစ်ဆောင် ဝယ်လိုက်တယ်… အဲဒီ အိမ်မှာ မိန်းမငယ်လေးတွေကို သူစိတ်တိုင်းကျ မွေးမြူ မြေတောင်မြှောက်ပေးဖို့ ပြင်တယ်… ဒီမိန်းမငယ်လေးတွေ သူ့စိတ်တိုင်းကျ ဖြစ်လာတဲ့အခါ သူက သိမ်းယူတယ်… သူ့စိတ်တိုင်းကျ မဖြစ်တဲ့ မိန်းမငယ်လေးတွေကိုကျတော့ ပြည့်တန်ဆာအိမ်ကို ရောင်းစားပစ်တယ်”

ထိုသို့ ကြားလိုက်ရသည့် ယွီဝိန်းလန်မှာ မျက်လုံးပင် ပြူးသွားရတော့သည်။

ကျောက် ချန်းဝမ် ဒီလောက်ထိ ဆိုးဆိုးဝါးဝါး လုပ်ကိုင်လိမ့်မည်ဟု သူလုံးဝ မထင်ထားမိခဲ့ပေ။

အင်မတန်မှ ရွံစရာ ကောင်းလှတော့သည်။

ထို့ကြောင့် သူက မျက်မှောင်ကျုံ့လိုက်ပြီး မေးလိုက်သည်။

“သူဒီလို လုပ်နေတာကို သူ့ဇနီးက မသိဘူးလား။ အိမ်ကြီး တစ်လုံးတောင် ဝယ်တာဆိုတော့ သုံးရမယ့် ငွေက မနည်းလောက်ဘူးလေ ဟုတ်တယ် မဟုတ်လား”

ယန်ရှုက သက်ပြင်းချကာ ပြောလိုက်သည်။

“သူတို့က နိုင်ငံငယ်လေး တစ်နိုင်ငံ ထူထောင်နိုင်လောက်အောင် ချမ်းသာတော့ သူ့ဇနီးကလည်း သူ့အပေါင်းအသင်းတွေနဲ့သူ အချိန်ကုန်နေတာပေါ့… သူ ငွေဘယ်လိုသုံးသလဲဆိုတာကို ဂရုကို စိုက်အားမနေဘူး… ပြီးတော့ ဒီလူက ဒီအကြံနဲ့ ငွေတွေ ကြိတ်စု လာတာ… အဲလိုမှ ကြိတ်မစုရင် တိတ်တိတ်ပုန်းမယားတွေ ဘယ်လို ထားနိုင်မလဲ”

အင်း ဟုတ်တော့ ဟုတ်ပေသည်။

ထို့ကြောင့် ယွီဝိန်းလန်က ဆက်မေးလိုက်သည်။

“အဲဒီတော့ နောက်ထပ် ဘာဖြစ်သေးလဲ”

လီယန်ရှုက ဆက်ပြောပြသည်။

“ဒီလူ အကြိုက်ဆုံး တိတ်တိတ်ပုန်း မယားက သူ အိမ်ထောင်မကျခင်က သူ့ရဲ့ အိမ်စေအဖြစ် လုပ်ခဲ့တဲ့ အမျိုးသမီးပေါ့… နှစ်တွေ ကြာလာတော့ အဲ့မိန်းမမှာ ကလေးတွေလည်း အများကြီး ဖြစ်လာတယ်… ကလေးတွေ အသက်ကြီးလာတော့ အဲ့မိန်းမက သူ့ရဲ့ ကလေးတွေကို မိသားစုဝင် အဖြစ် အသိအမှတ်ပြုပေးစေချင်လာတယ်… အဲဒီတော့ တောင်းပန်တာပေါ့။ ဒီလူက အဲဒီ မယားကို မလွန်ဆန်ချင်ပေမယ့် အိမ်က သူ့မယားကြီးက တခြား အငယ်အနှောင်းတွေထားတာ လုံးဝ လက်ခံမှာ မဟုတ်ဘူး… အဲဒီလို ရွေးရခက်နေတော့ သူ့မိန်းမကြီးကို ရှင်းပစ်ဖို့ ကြံစည်တော့တယ်”

81 03

ဟား… ဒါကြီးကတော့ တော်တော် လွန်တာပဲ။

ယွီဝိန်းလန်မှာ မျက်မှောင် ထပ်ကျုံ့လိုက်ကာ ပြောသည်။

“လောကကြီးမှာ ဒီလို လုပ်ရပ်မျိုးတွေလည်း ရှိသေးတာလား”

ယန်ရှုက ခေါင်းကို ညိမ့်ပြလိုက်ပြီး အခိုင်အမာ ပြောလေသည်။

“သိပ်ရှိတာပေါ့ မင်းကြီးရဲ့… စဉ်းစားကြည့်လေ… နှစ်ပေါင်းများစွာ ဒီလူ့မှာ မိန်းမလှပေါင်းများစွာ မယားငယ်အဖြစ် ရှိထားတော့ သူ့နှလုံးသားက အိမ်မှာ မရှိတော့ဘူး။ ပြီးတော့ သူ့မယားကြီးက သမီးလေး တစ်ယောက်ပဲ မွေးပေးထားပြီး မယားငယ်ကကျတော့ သားနှစ်ယောက် မွေးပေးထားတာလေ… အကောင်းတွေ အဆိုးတွေကို ချင့်ချိန်ပြီးတဲ့ နောက်မှာ သူက သားမွေးပေးတဲ့ မယားငယ်ကို ဦးစားပေးဖို့ပဲ ဆုံးဖြတ်လိုက်တာ”

“ဒါပေမယ့် သူ့ အကြံအစည် မအောင်မြင်ခင်မှာ တခြား မယားငယ်တွေက ဒီအဖြစ်အပျက်ကို သိသွားပြီး အားလုံးကို တရားဝင်အဖြစ် အသိအမှတ်ပြုဖို့ တောင်းဆိုကြတော့တယ်။ သူ ဘယ်လောက် ကြိုးစားပြီး သူတို့ စိတ်ကျေနပ်အောင် လုပ်ပေးလို့ မရတဲ့အခါ သူ့မှာ အားကုန်လာတော့တယ်”

ယွီဝိန်းလန် - “...”

ဘယ်လို ဘယ်လို။ အားကုန်လာတယ် ဟုတ်စ။

ဒီလို အခြေအနေနဲ့ ဒီစကားနဲ့ လိုက်ဖက်ပုံကို သူသဘောကျမိသွားသည်။

ဒီလောက် မိန်းမတွေ အများကြီး ယူထားမှ တော့ အားကုန်တော့မှာပေါ့… ဟဲဟဲ။

သို့ရာတွင် သူက တည်တည်တံ့တံ့ မျက်နှာထားကို မပျက်စေဘဲ မေးလိုက်သည်။

“ပြီးတော့ရော ဘာဆက်ဖြစ်လဲ”

လီယန်ရှုက ပြောသည်။

“အဲဒီတော့ ဒီမယားငယ်တွေက ဘယ်ကျေနပ်နိုင်မလဲ… တချို့ဆို သူ့ကို ဆေးတောင် ပေးကြတယ်… အဲဒီ ဆေးကို သောက်လိုက်တဲ့အခါမှာ သူ့မှာ ခွန်အားတွေ တိုးလာတယ်… နောက်တော့ အဲဒီဆေးကို သူက စွဲသွားရော။ ကြာလာတော့ သူ့ခန္ဓာကိုယ်က မနိုင်တော့ဘူးလေ။ တနေ့ကျတော့ ဆေးကို မနိုင်တော့လို့ အိပ်ရာထဲ ဘုန်းဘုန်း လဲပါလေရော”

ယွီဝိန်းလန် - “...”

ဆေးသုံးတယ်။

ခွန်အား တိုးတယ်။

ဒီကောင်မလေး သိနေတာတွေ များလွန်းနေပြီဟု ယွီဝိန်းလန် တကိုယ်တည်း တွေးမိသည်။

သူဘာမျှ မပြောရသေးခင် သူမက ဆက်ပြောသည်။

“မယားငယ်က ထိတ်လန့်ပြီး သမားတော် ခေါ်ပြတော့တာပေါ့… ကံဆိုးချင်တော့ အဲဒီ သမားတော်က အဲဒီလူရဲ့ မယားကြီးကို သိတော့ သွားပြောတော့တာပေါ့… သူ့မယားကြီးလည်း သိသွားရော ချက်ခြင်း သူ့ဆီကို လိုက်သွားတယ်… သူမှန်းလည်း မျက်ဝါးထင်ထင် မြင်ရရော ဒေါသတွေ တထောင်းထောင်းထပြီး ဓါးနဲ့ သူ့ငယ်ပါကို ဖြတ်ပစ်လိုက်တယ်”

“အဲဒီလူက နဂိုကတည်းက အားအင် ချိနဲ့နေတဲ့အပြင် ဒဏ်ရာ အပြင်းအထန်ပါ ရလိုက်တော့ သွေးထွက်လွန်ပြီး သေရော”

ဤနေရာတွင် ဇာတ်လမ်းမှာ ပြီးဆုံးသွားလေသည်။

ယွီဝိန်းလန်က သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

“အဲဒီလူ သေလည်း သေသင့်ပါတယ်… မဟုတ်ရင် သူယောက္ခမအတွက် ဘယ်တရားမလဲနော့်”

လီယန်ရှုက ကိုယ်ကို ကိုင်းလိုက်ပြီး မေးလေသည်။

“ဒီဇာတ်လမ်းကို ထုတ်ဝေသင့်တယ်လို့ မင်းကြီး ထင်လား”

သူမ ထင်မှတ်မထားမိသည်ကို သူက ပြန်ပြောလိုက်သည်။

“ထုတ်ဝေ သင့်တာပေါ့… အမြန်သာ လုပ်လိုက်တော့”

ထိုသို့ မြန်မြန်မှ မလုပ်လျှင် မင်းသမီးကြီးကို ဟိုခွေးကောင် တခုခု လုပ်မှာကို သူ စိုးရိမ်မိသည်လေ။

++++++

BCWM

80 01

Ch.39.2

All Chapters