← Chapters

အခန်း (၁၄၈-၁၅၀)

Vol. 10 Ch. 148-150

အခန်း (၁၄၈-၁၅၀)

Vol. 10 Ch. 148-150

148 01

Chapter 148

ကြားလိုက်ရသည့် စကားများမှာ ယန်ရှုအတွက် လွန်လွန်းအားကြီးသည့် စကားများဖြစ်တော့သည်။

ဒီ ပေါင်း မျိုးနွယ်ဝင် ပုဂ္ဂိုလ်က စားတော့ စုတ်ပျက်ပျက်၊ သူ့ မိန်းမနဲ့ အိမ်မှာကျ‌တော့ မွဲချင်ယောင်ဆောင်၊ အပြင်မှာကျတော့ ဝိုင်အရက်ကို ကန်လိုက်သောက်ပြီး ဇိမ်ခံနေတယ်ပေါ့။

ထို့ကြောင့် စစ်စတန်အား အလျင်စလို မေးလိုက်သည်။

[သူ့မိန်းမက သူ အဲဒီလို လုပ်နေတာကို မသိဘူးလား။]

စစ်စတန် [ဘယ်ဟာကို မသိတာလဲ။ ကျူးချီ ရော့လင် (ဝိုင်ရေကန် အသားသစ်တော) ကို ပြောတာလား…။ အသိခံလို မဖြစ်ဘူးလေ… ဘာလို့လဲဆိုတော့ ပေါင်းချီဝမ်ရဲ့ ဇနီးဖြစ်တဲ့ တုအမျိုးသမီးက အင်မတန်မှ ကြမ်းတဲ့မိန်းမမျိုး… သိသွားလို့ကတော့ ဒီလူ အရိုးတခြား အသားတခြား ဖြစ်သွားတာ ကြာလှပြီ]

ယန်ရှုက ပြောသည်။

[အင်း… ဒီလူ နန်းတွင်းကို ဝင်‌ရောပြီး ငွေမဲတွေ ရှာနေတာကို သိရဲ့လားလို့ မေးချင်တာ]

ထိုအခါ စစ်စတန်က ပြန်ဖြေသည်။

[ဪ အဲဒါကို ပြောတာလား။ အဲဒါတော့ အဲဒီအမျိုးသမီးက သိတာပေါ့… သိရုံတင် မဟုတ်ဘူး။ သူက အားတောင် ပေးသေးတာ… အဲဒါကြောင့် သူနဲ့အတူတူ ဆင်းရဲချင်ယောင် ဆောင်နေတာပေါ့။ မဟုတ်ရင် စဉ်းစားကြည့် ဒီလူက နန်းတွင်း အရာရှိ တစ်ယောက်ပဲ နှစ်စဉ် လစာ ကောင်းကောင်းရတာပေါ့… ဘယ်လိုနေနေ ဒီလို မွဲနေစရာ အကြောင်းကို မရှိတာ။]

သို့သော်လည်း ယန်ရှု နားမလည်နိုင်တာ တစ်ခု ရှိနေသေးသည်။

[သူက သိတယ်ဆိုရင် ဒီပိုက်ဆံတွေကို ဘယ်မှာသုံးပစ်တယ်ဆိုတာကို အဲဒီအမျိုးသမီးက မ‌တွေးမိဘူးလား။ အရက်လည်း သောက်တယ်၊ ကမြင်းလည်း ကမြင်းဖို့ဆိုတာ တော်တော် ပိုက်ဆံကုန်မဲ့ အလုပ်တွေ ]

စစ်စတန်က ပြန်ပြောလေသည်။

[ဒီလူက သူ့ငွေမဲတွေထဲက‌နေ တချို့တဝက်ကိုပဲ သူ့မိန်းမကို လစဉ် ပြန်ပေးတာ… ကျန်တာ အကုန် သူပဲ ယူတာ… စဉ်းစားကြည့်လေ… ရတဲ့ ငွေပမာဏက နည်းမှ မနည်းတာ… သူ့ဇနီးကို ပြန်ပေးတဲ့ ငွေနည်းနည်းကတောင် ပမာဏ မနည်းဘူး။ ပြီးတော့ ဒီဖက်ခေတ် အိမ်ထောင်ရှင်မတွေရဲ့ ထုံးစံအတိုင်း တုအမျိုးသမီးက စာဖတ်လည်း နည်းတော့ သူ့ယောက်ျား လက်ထဲမှာ ငွေဘယ်လောက် ရှိနေတယ်ဆိုတာ မသိဘူး… အဲဒီတော့ သံသယ လုံးဝ မဝင်ဘူး။ အိမ်မှာပဲနေပြီး ဆင်းရဲချင်ယောင် ဆောင်တယ်… တစ်နေ့နေ့ စုထားတဲ့ ငွေမဲတွေ များလာတဲ့အခါ နန်းမြို့တော်ကနေထွက်ပြီး ဇာတိကို ပြန်ပြီး ဇိမ်နဲ့ နေမယ်လို့ တွေးထားတာ]

ယန်ရှု - [......]

အင်း ကြည့်ရတာ ဒီပေါင်းလင်မယားမှာ အဝေ မညီတဲ့ ပြဿနာတစ်ခုကတော့ ရှိနေပြီ။

အမျိုးသမီးတုကလည်း ကြံရာပါမို့ အပြစ်တော့ မကင်းဘူး…။

ဒါပေမဲ့လည်းလေ ဒီလင်မယားက တော်တော် ဉာဏ်နီဉာဏ်နက် များတာပဲ။

ထိုသို့ တွေးပြီးနောက် သူမက မိုက်ကျစ်ကျစ် ပြုံးလိုက်မိလေသည်။

နေပါဦး ခုဏက စစ်စတန် ပြောလိုက်တာ ကြားလိုက်မိတယ်…။ ပေါင်း ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ ဇနီးက မိန်းမကြမ်းကြီး ဟုတ်လား။

အဟက် အဟက်… တနေ့နေ့ အဲဒီအမျိုးသမီးက ကျူးချီ ရော့လင် အကြောင်းကိုများ မတော်တဆ သိသွားခဲ့ရင်…

ကြည့်လို့တော့လှပြီဟေး…။

~~

148 02

ထိုသို့ စစ်စတန်ထံမှ အခြေအနေ အပြည့်အစုံကို သိရှိနားလည်ပြီးနောက် အပြန်အလှန် ပြောဆိုပြီးသည့်အခါ ယန်ရှုက သူမ၏ မိခင် ဖြစ်သူကို ပြောလိုက်သည်။

“အဖေပြောတာ မှန်တယ်..။ ထျန်းရော့ အခုလို ကိုယ့်ကိုယ်ကို ထိန်းလိုက်တာ ကောင်းတယ်။ ဘာလို့လဲဆိုတော့ အခုပြဿနာက နည်းနည်း မသင်္ကာစရာ ကောင်းတယ်… ပြီးတော့ သမီးတို့ မိသားစုအနေနဲ့ ဒီကိစ္စကို ကိုင်တွယ်လို့ မရနိုင်ဘူး။ ဒါပေမဲ့ မကောင်းတဲ့သူတွေအတွက် ထိုက်တန်တဲ့ ပြစ်ဒဏ်ကတော့ အမြဲရှိနေတာပါပဲ… ကောင်းကင်ဘုံရဲ့ စောင့်ရှောက်မှုက တလောကလုံးကို လွှမ်းခြုံထားလို့ ဘယ်သူမှ ဘယ်တော့မှ လွတ်သွားမှာ မဟုတ်ဘူး”

အမျိုးသမီးရှုက ခေါင်းကို ခပ်သွက်သွက် ညိတ်ကာ ထောက်ခံလေသည်။

“ဒါပေါ့ ဘယ်သူက လွတ်နိုင်မှာလဲ။ ပြီးတော့ သမီးရဲ့ အရှင်မင်းကြီးကလည်း ပညာရှိပြီး အာဏာစက်ကြီးတော့ ဒီလို မတရားဖြစ်မှုတွေကို မျက်ကွယ်ပြုထားမှာ မဟုတ်ပါဘူး”

ထိုစဉ် ယန်ရှု တချက် ညည်းလိုက်သည်။ ကြည့်ရသည်မှာ သူမ ကြက်သွန်မြိတ် ဖက်ထုပ် စားတာ များသွားပြီထင်သည်။ ထို့ကြောင့် အိပ်ချင်စိတ်ဖြစ်လာကာ သန်းဝေလိုက်မိသည်။

အမျိုးသမီးရှုက - “ကဲ ကိုယ်လုပ်တော်ယီရေ… ခဏလောက် အိပ်လိုက်ဦး။ အခုက ကိုယ်လုပ်တော်ယီလည်း ဘာမှ လုပ်နိုင်ဦးမှာ မဟုတ်ဘူး… စားစရာ ရှိတာ စား… အိပ်စရာရှိတာ အိပ်လိုက်ဦး။ အပင်ပန်း မခံနဲ့… အခုလောလောဆယ်ကတော့ အားလုံး အဆင်ပြေနေဦးမှာပါ”

ပြောလိုက်သည်။

ယန်ရှုက ခေါင်းညိတ်လိုက်ပြီး ရန်တုန်းအား သူမ၏ အမေအတွက် အနားယူရန် နေရာလိုက်ပြခိုင်းလေသည်။ ပြီးနောက် သူမက ခုံတန်းရှည်ပေါ်တွင် လှဲလျောင်းလိုက်တော့၏။

အင်း… စာရေးချင်ပေမဲ့ လူက တော်တော် ပင်ပန်းနေပြီ…။ တဖြည်းဖြည်းချင်းစီ လုပ်မှပဲ အဆင်ပြေတော့မယ်။ ဒီကိစ္စကလည်း အခု တစ်ရက် နှစ်ရက်လောက်တည်းနဲ့ ဝုန်းဒိုင်းဆိုပြီး အရေးပေါ် ဖြစ်လာတာမှမဟုတ်ဘဲ…။ ဒီ ပေါင်း ပုဂ္ဂိုလ်က အချိန်ယူပြီး ကိုယ့်သေတွင်းကို တူးထားတာဆိုတော့ ငါလည်း အေးအေးဆေးဆေး နည်းနည်းတော့ အချိန်ယူလိုက်ပြီး စဉ်းစားလိုက်ဦးမယ်။ ကံကောင်းရင် ဝတ္ထုဇာတ်လမ်း ရေးတဲ့ နည်းလမ်းထက်တောင် ပိုကောင်းတဲ့ အကြံအစည်မျိုးတွေ ထွက်လာနိုင်တယ်။

~

ဤသို့ဖြင့် အမျိုးသမီးရှုမှာ နန်းတွင်း၌ နှစ်ရက်ခန့် နေထိုင်လေသည်။ သူမက ဤနှစ်ရက်ကို အခွင့်ကောင်းယူပြီး သူမ၏ သမီးအတွက် ဇာတိလက်ရာ စားစရာများ ချက်ပြုတ် ကျွေးမွေးလေသည်။ ထို့အပြင် ရန်တုန်း၊ လျန်ရှင်းတို့ အပါအဝင် နန်းတွင်း စားဖိုမှူးတို့အား ယန်ရှု ကြိုက်တတ်သည့် အန်းသယ် ဒေသထွက် စားစရာများအကြောင်းကိုလည်း အသိပေးထားလေသည်။ တတိယမြောက်နေ့တွင် သမီးဖြစ်သူအား နှုတ်ဆက်၍ ပြန်သွားတော့သည်။ ညအချိန်ရောက်သည့်အခါ အရှင်မင်းကြီး ရောက်လာသဖြင့် ယန်ရှုက ကြိုဆိုလိုက်သည်။

—- ယွီဝိန်းလန်မှာ အမျိုးသမီးရှုရှိနေသဖြင့် အနေခက်သောကြောင့် မလာဖြစ်ပေ။ ထို့ကြောင့် သူ၏ ကိုယ်လုပ်တော်ယီအား လွမ်းနေသည်မှာ ကြာနေပြီ ဖြစ်သဖြင့် ယခုမှပင် အမြန် ပြေးလာခြင်းဖြစ်သည်။

သူရောက်လာသည့်အခါ ယန်ရှုမှာ စိတ်ချမ်းသာနေသည်ကို မြင်လိုက်ရပြီး သူမ၏ မျက်နှာမှာ သွေးနုရောင် သန်းနေသည်။ ထို့ကြောင့် သူလည်း စိတ်ချမ်းသာသွားသည်။

အနားတွင် မည်သူမှ မရှိသည့်အချိန်တွင် သူက ကိုယ်လုပ်တော်ယီအား လက်မောင်းအတွင်း ပွေ့ဖက်ယူ၍ နမ်းရန် ကြံလိုက်စဉ် ယန်ရှုက ပြောလိုက်လေသည်။

“ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ကျွန်မသိလိုက်ရတဲ့ သတင်း တချို့ရှိတယ်… အခု အရှင်မင်းကြီးကို ပြောပြချင်လို့”

ယွီဝိန်းလန်က မေးလိုက်သည်။

“ဘာများလဲ”

ထိုအခါ သူမက

“တော်ဝင် ကျောင်းတော်ရဲ့ အကြီးအကဲဖြစ်တဲ့သူ ပေါင်းချီဝမ်ဆိုတဲ့ပုဂ္ဂိုလ်က စက္ကူလုပ်ငန်းတစ်ခုကို ကွယ်ရာမှာ ဖွင့်ထားတယ်လို့ သိရတယ်…။ သူက အပေါစား စာရွက်တွေကို စာရွက်အချောဆိုပြီး လုပ်ရောင်းတယ်…။ သူ့ရဲ့ ရာထူးအာဏာကို သုံးပြီးတော့ တော်ဝင်ကျောင်းတော်နဲ့ လက်အောက်ခံကျောင်းတော်တွေမှာ စာသင်သားတွေ သုံးတဲ့ စာရွက်တွေကို သူ့စာရွက်တွေနဲ့ အစားထိုးတယ်…။ ပြီးတော့ ကုန်းယွမ်လမ်းက စာရေးပစ္စည်းဆိုင်တွေကိုလည်း သူ့စာရွက်တွေပဲ ရောင်းဖို့ ဖိအားပေးတယ်…။ ဒီနှစ် အနည်းငယ်အတွင်း ဒီလူ ဖန်သွားတဲ့ ငွေတွေက မနည်းဘူး… အဲဒါကြောင့် ကျင်းမင်ကန် ဘေးမှာ ကျူးချီ ရော့လင်ဆိုတဲ့ စံအိမ်ကြီးတောင် သူက ဖန်တီးလိုက်သေးတယ်…။ ပြီးရင် အဲဒီကို မကြာ မကြာသွားပြီး ဇိမ်ခံတယ်”

ဘယ်လို…။

148 03

ထိုသို့ ကြားလိုက်ရသည့်အခါ ယွီဝိန်းလန်မှာ သူမ ပြောသည့် အချက်အလက်များ အားလုံးကို နားလည်ရန် အချိန်အနည်းငယ် ယူလိုက်ရသည်။

“ဘယ်လို… တော်ဝင် ကျောင်းတော် အကြီးအကဲပေါင်းချီဝမ်က သူ့ရာထူး နေရာကို အသုံးချပြီး ချမ်းသာအောင် ကိုယ့်ကျိုးရှာတယ်…။ စာသင်သားတွေကို ထိခိုက်အောင် လုပ်တယ်။ ကျင်းမင်ကန်နားမှာ ကျူးချီ ရော့လင်ဆိုတဲ့ စံအိမ်ကြီး ဖန်တီးတယ်။ ဟုတ်လား”

ယန်ရှုက ခေါင်းညိတ်ပြသည်။ “ဟုတ်တယ်”

ယွီဝိန်းလန်က မျက်မှောင်ကြုတ်လိုက်ပြီး ရေရွတ်လိုက်သည်။

“တကယ်ကြီးပဲလား”

နန်းတွင်း အထူးစုံစမ်း စစ်ဆေးရေးဌာနက မူးမတ်တွေ ဒီအကြောင်းကို မသိကြဘူးလား။

ယန်ရှုက ခေါင်းကို ညိတ်ပြလိုက်ပြီး ထပ်ပြောသည်။

“သတင်းက သေချာပါတယ်… ကျင်းမင်ကန်ဘေးက လီဟွာလမ်းမှာ သူ့ရဲ့ ကျူးချီ ရော့လင် (ဝိုင်ရေကန် အသားသစ်တော) ကို ဆောက်ထားတယ်တဲ့…။ အထဲမှာ သုံးထပ် နားနေဆောင် တစ်ဆောင် ရှိတယ်… အဲဒီကနေဆိုရင် ကျင်းမင်ကန်ရဲ့ အလှကို ရှုစားနိုင်တယ်…။ ရှုခင်းက ရင်သပ်ရှုမောဖို့တောင် ကောင်းတယ်တဲ့…။ အဲဒီအဆောင်ကို ဝယ်တုန်းကဆို ငွေသား တစ်သောင်းတောင် ကုန်ကျတယ်လို့ ပြောကြတယ်။ အဲဒီငွေအားလုံးက နန်းတွင်းကနေ နှိုက်ထုတ်ထားတာတွေ ချည်းပဲ”

ထိုသို့ ကြားလိုက်သည့်အခါ ယွီဝိန်းလန်မှာ ထိုင်ပင် မထိုင်နိုင်တော့ဘဲ သူ့လူများကို ဆင့်ခေါ်ရန် ပြင်ဆင်လိုက်သည်။

တော်တော် ဒေါသဖြစ်ဖို့ ကောင်းလိုက်တာ အထူး စုံစမ်း စစ်ဆေးရေး ဌာနကလူတွေ ဘာလုပ်နေကြတာလဲ။

သို့သော် သူ မတ်တပ် မရပ်ရသေးမီ ယန်ရှုက သူ့လက်ကို ဆွဲထားပြီး ပြောလိုက်သည်။

“အရှင်မင်းကြီး ခဏ နေပါဦး… တကယ်တမ်းက ကျွန်တော်မျိုးမ တွေးထားတဲ့ နည်းလမ်း တစ်ခုရှိတယ်”

ထိုသို့ ပြောပြီးနောက် သူ၏ နားထဲသို့ တီးတိုး ပြောလိုက်လေသည်။

နားထောင်ပြီးသည့်အခါ ယွီဝိန်းလန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“အဲဒီလို လုပ်တာက ပြဿနာ ပိုမရှုပ်ဘူးလား”

ယန်ရှုက တက်ကြွနေပြီး ပြောလိုက်သည်။

“ပြဿနာတော့ ရှုပ်တာပေါ့…. ဒါပေမဲ့ တော်တော် ကြည့်လို့ ကောင်းမှာ။ လုပ်ပါ အရှင်မင်းကြီးရဲ့ …ကျွန်မ လုပ်ချင်တာကို ကူညီပေးနော်”

ထိုအခါ ယွီဝိန်းလန်က သက်ပြင်းကို ချလိုက်ပြီး ပြောလိုက်တော့သည်။

“ဟုတ်ပါပြီ”

ထိုသို့ ပြောပြီးနောက် သူက ယန်ရှု၏ နှာဖျားလေးကို လက်ဖြင့် ပုတ်လိုက်ပြီး နှာခေါင်းရှုံပြကာ ရယ်လိုက်မိသည်။

“မင်းကတော့လေ… တလောကလုံး ဗြောင်းဆန်နေမှ ကြိုက်တာနဲ့ တူတယ်”

ထိုအခါ ယန်ရှုက နှုတ်ခမ်းဆူလိုက်ပြီး ပြန်ပြောလိုက်သည်။

“ကြိုက်တာပေါ့… လူယုတ်မာတွေအတွက် ဗြောင်းဆန်နေလေ ကောင်းလေပဲ”

မည်သို့ပင်ဆိုစေ… ဇာတ်လမ်းရှုပ်လေ သူမ စာအုပ်တွေ ပိုရောင်းကောင်းလေ မဟုတ်ပါလား။

~~

နောက်တစ်နေ့ မနက်ခင်း

148 04

မြို့တော်တစ်နေရာရှိ သာမန်မျှသာ ရှိသည့် အိမ်တစ်လုံးတွင် အိမ်စေတစ်ယောက် ဧည့်ခန်းဆောင်အတွင်းသို့ ဝင်လာသည်။

ထိုနောက် ထိုအိမ်စေက ပေါင်းချီဝမ်၏ ဇနီးဖြစ်သူ အဝတ်ခေါက်နေသည့် တုအမျိုးသမီးအား ပြောသည်။

“သခင်မ… အပြင်မှာ သခင်ကြီးနဲ့ တွေ့ချင်လို့ ဆိုပြီး လူတစ်ယောက် ရောက်နေပါတယ်”

ဤနန်းမြို့တော်သို့ ရောက်ချိန်မှစ၍ သူတို့ လင်မယားမှာ ဆင်းရဲချင်ယောင် ဆောင်နေသဖြင့် အိမ်တော်၌ အိမ်စေ များများစားစား မထားပေ။ ထို့ကြောင့် ယခုလက်ရှိ အိမ်စေမှာ အိမ်တော်ကို ထိန်းသိမ်းသည့် အလုပ်နှင့် တံမြက်လှည်း သန့်ရှင်းရေး အလုပ်များသာမက အခြား ဗာဟီရ အလုပ်များအပြင် ပေါင်းချီဝမ်အား သူ တာဝန်ထမ်းဆောင်ရာ ရုံးတော်အထိ နေ့စဉ် လိုက်ပို့ရသည့် မြင်းလှည်းမောင်းသမားအဖြစ်ပါ လုပ်ရသည်။

တုအမျိုးသမီးမှာ နောက်ထပ် အိမ်စေ အမျိုးသမီး ထပ်မဝယ်ရဲသဖြင့် ဟင်းချက်သည့်အလုပ်၊ အဝတ်အစား လျှော်ဖွတ်သည့် အလုပ်များကို ကိုယ်တိုင် လုပ်ရလေသည်။

ပေါင်းချီဝမ်မှာ ယခု အိမ်တွင် မရှိပေ။ ယခုကဲ့သို့ အိမ်စေမှ လာပြောသည်ကို ကြားလိုက်ရသည့်အခါ တုအမျိုးသမီးမှာ ဧည့်သည်ကို ထွက်တွေ့ရန် အပြင်သို့ ထွက်လာလေသည်။

အပြင်ရောက်သည့်အခါ အသက် နှစ်ဆယ်ခန့် အရွယ် အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ထားသည့် လူငယ်လေးတစ်ယောက်အား မြင်လိုက်ရသည်။ ဈေးဆိုင် တစ်ဆိုင်ဆိုင်မှ ဝန်ထမ်းလေး တစ်ယောက် ဖြစ်ဖို့များသည်။

လူငယ်လေး၏ လက်ထဲတွင် အလွန် လှပ သေသပ်စွာ ဖန်တီးထားသည့် သေတ္တာလေး တစ်လုံးကို ကိုင်ထားသည်။ အထဲတွင် အဖိုးတန်ပစ္စည်း တစ်ခုခု ပါပုံရသည်။

ဤလင်မယားမှာ နှစ်ပေါင်းများစွာ ဆင်းရဲချင်ယောင် ဆောင်နေသဖြင့် အလွန်အဖိုးတန်သည့် ပစ္စည်းများကို တခါမျှ မဝယ်ဖူးချေ။

တုအမျိုးသမီးက မေးလိုက်သည်။

“ဘယ်သူ့ကို လာရှာတာလဲ”

ထိုအခါ ထိုကောင်လေးက

“ကျွန်တော်က ဖုန်းရှန်းလော့က ဝန်ထမ်းပါ… သခင်ကြီး ပေါင်းချီဝမ်နဲ့ တွေ့ချင်လို့ပါ”

ဖုန်းရှန်းလော့။

ထိုအခါ တံခါးစောင့်က တုအမျိုးသမီးအား ပြောသည်။

“သခင်မ … အဲဒါ မြို့တော်ထဲက နာမည်ကြီး လက်ဝတ်ရတနာဆိုင်နာမည် မဟုတ်လား”

အမျိုးသမီး တုလည်း ထိုဆိုင်ကို သိပါသည်။ သို့သော် အကြောင်းရင်းကို ပိုသိချင်လာသဖြင့် မေးလိုက်သည်။

“သခင်ကြီးနဲ့ ဘာလို့ တွေ့ချင်တာလဲ မသိဘူး”

ထိုအခါ လူငယ်လေးက ပြုံးလိုက်ပြီး ပြောသည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ပေါင်းသခင်ကြီးက ကျွန်တော်တို့ ဆိုင်ကနေ ရတနာ ပေါင်းစုံ စီချယ်ထားတဲ့ ရွှေနီ ဇီးချိုပွင့် ဆံညှပ် တစ်ခု မှာသွားတာပါ…။ အဲဒါ မနေ့က လုပ်လို့ ပြီးသွားပေမဲ့ ပေါင်းသခင်ကြီးက လာမယူပါဘူး… ဆံညှပ်က တန်ဖိုးကြီးလို့ လာမယူဖြစ်ရင် ပျောက်သွားမှာ စိုးလို့ ဆိုင်ရှင်သခင်ကြီးက ကျွန်တော့်ကို ပေါင်းသခင်ကြီးဆီ အမြန်လာပို့ခိုင်းလိုက်တာပါ…။ ပေါင်းသခင်ကြီး အိမ်မှာ မရှိဘူးလားဗျ”

ဘာ။

ရတနာ ပေါင်းစုံ စီချယ်ထားတဲ့ ရွှေနီ ဇီးချိုပွင့် ဆံညှပ် ဟုတ်လား။

တုအမျိုးသမီးမှာ ဘာမျှပင် မပြောနိုင်ဘဲ ဆွံ့အ နေမိသည်။

ကြားရတာ ဈေးတော်တော်ကြီးမဲ့ပုံပဲ … ပေါင်းချီဝမ်က ဘာလို့ ဝယ်ရတာလဲ။

ထို့ကြောင့် သူမက မေးကြည့်လိုက်သည်။

148 05

“အဲဒါက တော်တော် ဈေးကြီးမယ် ထင်တယ်နော်… ဟုတ်လား”

ဖုန်းရှန်းလော့ ဆိုင်ဝန်ထမ်းလေးက ရယ်လိုက်ပြီး ပြောသည်။

“ဟုတ်ကဲ့… ဈေးကတော့ မသေးပါဘူး… ဒီဆံညှပ်ကို ရွှေနီ စစ်စစ်နဲ့ လုပ်ထားပြီး သဘာဝ ပတ္တမြား အလုံး ၃၀ နဲ့ အလှဆင်ထားပါတယ်…။ ကုန်ကျစရိတ်က ငွေသား ၃၀၀၀ လောက်ရှိပါတယ်… ကျွန်တော်တို့ ဆိုင်ရှင် သခင်ကြီးကတော့ လုပ်အားခ နည်းနည်းပဲ ယူလိုက်ပါတယ်…။ ဘာလို့လဲ ဆိုတော့ ပေါင်းသခင်ကြီးက ဝယ်နေကျ ဖောက်သည် မို့လို့ပါ”

ဘာ…။

ငွေသား ၃၀၀၀… ။

ထိုသို့ ကြားလိုက်ရသည့်အခါ တံခါးစောင့် အစေခံ အမျိုးသမီးပင် ပါးစပ်ကို မပိတ်နိုင်ဘဲ ရှိနေတော့သည်။

တုအမျိုးသမီးမှာ မတ်မတ်ပင် မရပ်နိုင်တော့ဘဲ လဲတော့မလို ဖြစ်သွားသည်။

ဒါ ဘာသဘောလဲ ပေါင်းချီဝမ်…။ ဆံညှပ်လေး တစ်ခုအတွက် ငွေသား ၃၀၀၀ တောင် သုံးထားတယ်ပေါ့။

ဆင်းရဲချင်ယောင်ဆောင်ဖို့ ငါ့မှာ ငွေ ၁၀ စ ထက်ပိုတဲ့ လက်ဝတ်ရတနာတွေ မဝတ်ဘဲ နှစ်ပေါင်းများစွာ နေခဲ့ရတာ။

ပြီးတော့ အခု ဒီဆိုင်ဝန်ထမ်းလေး ပြောလိုက်တာ ဘာတဲ့… ပေါင်းချီဝမ်က ဖောက်သည်တဲ့ ဟုတ်လား။

ခွေးက မွေးတဲ့ကောင်… ဒီဆံညှပ်ကို ဘယ်သူ့ကို ပေးမလို့လဲ။ အရင်တုန်းက ဝယ်ထားတာတွေကရော ဘယ်သူတွေကို ပေးခဲ့တာလဲ။

တုအမျိုးသမီး၏ ဒေါသလှိုင်းမှာ လေထဲ သုံးပေခန့်ထိ ထိုးတက်သွားလေသည်။ သို့သော် အခြားသူများ အရှေ့တွင်မူ မိမိကိုယ်ကို ထိန်း၍ နေရသည်။

“ငါက ပေါင်းသခင်မပါ…။ သခင်ကြီးက ဒီနေ့ အိမ်မှာမရှိဘူး…။ ဆံညှပ်လေးကို ထားခဲ့လိုက်ပေါ့”

ပြောရင်း သေတ္တာလေးအား လှမ်းယူရန် ပြင်လိုက်စဉ် ဆိုင်ဝန်ထမ်း လူငယ်လေးက မပေးဘဲ ငြင်းဆန်လေသည်။

“ပေါင်းသခင်ကြီးက သူကလွဲရင် ဘယ်သူလာယူယူ မပေးဖို့ သေချာ မှာထားပါတယ်… အခု သူမရှိတော့ ကျွန်တော် နောက်နေ့မှ ထပ်လာပါ့မယ်”

ပြောပြီးနောက် သေတ္တာလေးကို ကိုင်၍ ပြန်သွားလေတော့သည်။

အိမ်အဝင် တံခါးကို ငြိမ်ငြိမ်သက်သက် ပြန်ပိတ်လိုက်သော်လည်း အမျိုးသမီးတု၏ ရင်ထဲ၌မူ ငြိမ်သက်နေခြင်း မရှိချေ။

သူမ၏ ခေါင်းထဲတွင် ထပ်ခါ ထပ်ခါ တွေးမိနေသည်။

ဒီနှစ်ပေါင်းများစွာအတွင်း ပေါင်းချီဝမ် ငါ့နောက်ကွယ်မှာ ငါမသိတာတွေကို လုပ်နေတာလား။

မလုပ်ရင် ဘာကိစ္စ ဒီဆံညှပ်ကို ဝယ်ရမှာလဲ။

တဖက်ကလည်း စိတ်ကူးယဉ်မိလိုက်သေးသည်…။

ငါ့ယောက်ျားက ငါအခုလို သည်းခံပြီး နေရတာကို သနားလို့ မထင်မှတ်တဲ့ ရတနာ လက်ဆောင်မျိုး ပေးဖို့ ကြံနေတာလား။

…

အမျိုးသမီးတု၏ ခေါင်းထဲ၌ အချိန် တခဏလေး အတွင်းမှာပင် အတွေးပေါင်းစုံ ချာချာလည်နေတော့သည်။ သို့သော် နှစ်ရက် သုံးရက်ခန့် ကြာသည်အထိ ပေါင်းချီဝမ်က ဆံညှပ်အကြောင်း ပြောမလာသည့်အခါ သူမ စိတ်ထဲ၌ ငြိုငြင်လာတော့သည်။ ထို့ကြောင့် တနေ့တွင် ပေါင်းချီဝမ် အပြင်သို့ထွက်သည့်အခါ သူမက မြင်းရထားတစ်စီးကို ငှား၍ နောက်ယောင်ခံ လိုက်လေတော့သည်။

…

148 06

~~

နန်းတွင်းရှိ ယန်ရှုမှာ အကြံကို အကောင်အထည် ဖော်ပြီးနောက် သုံးရက်ခန့်အကြာတွင် စစ်စတန်မှ ပြောလာသည်ကို ကြားလိုက်ရသည်။

[နားထောင်… ပေါင်းချီဝမ်ရဲ့ မိန်းမက သူ့နောက်ကနေ တနေကုန် နောက်ယောင်ခံလိုက် လိုက်တာ နောက်ဆုံးမှာ ကျင်းမင်ကန်ဘေးက ကျူးချီရော့လင် စံအိမ်ကို တွေ့သွားပြီ]

ယန်ရှု [ဟိုး ဟိုး!!!]

ထိုအချိန် ယန်ရှုမှာ ယွီဝိန်းလန်နှင့်အတူ ညစာ စားနေချိန်ဖြစ်သည်။ စစ်စတန်ဆီမှ သတင်းကြားလိုက်သည့်အခါ ဟင်းခွက်များကို မနှိုက်မိဘဲ အတန်ကြာထိ ငြိမ်နေတော့သည်။ ခေါင်းထဲတွင်လည်း မေးလိုက်သည်။

[အခြေအနေက ဘယ်လိုတဲ့လဲ။ သူတို့ သတ်ကြပြီလား။]

စစ်စတန် [အပြန်အလှန် ချတာမျိုးတောင် မဟုတ်ဘူး… တုအမျိုးသမီးကပဲ အားကုန် သုတ်တာ…။ စံအိမ်ထဲလည်း ဝင်လိုက်ရော သူ့ ကပ်စေးနဲ ယောက်ျားက မိန်းမလှလေး တစ်ယောက်နဲ့ ကနေတာကို တွေ့လိုက်တယ်… အဲဒီမှာ ချက်ခြင်းကို အဲဒီကောင်ရဲ့ ရှေ့ကိုသွားပြီး တွယ်တော့တာပေါ့… ပေါင်းချီဝမ်မှာ ပြေးပေါက်တောင် မရှိဘူး]

ယန်ရှုမှာ သက်ပြင်းချလိုက်သည်…။ ဒီခွေးသားတော့ ပြေးပေါက်တောင် မရှိရှာတော့ဘူးပေါ့လေ။

ဒီ ပေါင်း ပုဂ္ဂိုလ်က ဒီလောက် အကြီးကြီး လုပ်ရဲတယ်နော်…။

သူ့မိန်းမက သူ့ကို ကုတ်လိုက် ခြစ်လိုက် ဆွဲဆုတ်လိုက်နဲ့ လုပ်နေတော့မှာ…။

ဟဟ… စိတ်ကူးယဉ်ကြည့်တာနဲ့တင် မြင်လို့ လှနေပြီ။

နားထောင်နေသည့် ယွီဝိန်းလန် - “အမ်”

ကုတ်တယ် ခြစ်တယ်။

ပေါင်း ပုဂ္ဂိုလ်။

ကံကောင်းသည်မှာ ယန်ရှုက ထိုအကြံအစည်ကို ပြောပြထား၍ တော်တော့သည်။ တစ်ခါတလေ စိတ်ဝင်စားစရာ ကောင်းသည့် အကြံမျိုးကို တခြားသူအား ပြောပြလိုက်လျှင် ပို၍ စိတ်ဝင်စားစရာ ကောင်းတတ်သည် မဟုတ်ပါလား…။ ထို့ကြောင့် သူမက အခြားအရာများကို တွေးမနေတော့ဘဲ ယွီဝိန်းလန်အား ဖောက်သည်ချတော့သည်။

“အရှင်မင်းကြီး… ကျွန်တော်မျိုးမတို့ ကြံထားတဲ့ အကြံအစည် အောင်မြင်တယ်တဲ့။ ဒီနေ့ ပေါင်းချီဝမ်က အပြင်ထွက်ပြီး ကမြင်းနေတာကို သူ့မိန်းမက မိသွားတယ်…။ အဲဒီမှာ အဲဒီ အမျိုးသမီးက ကျူးချီ ရော့လင်ထဲအထိ ဝင်ချသွားပြီး အဲ့ကောင်ကို လူးလှိမ့်နေအောင် ရိုက်တာတဲ့… ဟားဟားဟားဟား”

ယွီဝိန်းလန် - “...”

ဪ… ဪ…။

ပြည့်ရှင်မင်းကြီးတစ်ပါး အနေဖြင့် သူ့ စိတ်ခံစားချက်များကို စကားလုံးဖြင့်သာ ဖော်ပြတတ်သည်။

သို့သော် သူမ ဤကဲ့သို့ အာပြဲ လျှာပြဲ အော်ရယ်နေသည်ကို ကြည့်ပြီး စိုးရိမ်သွားသည်။ အဲလောက် နင်းကန် အော်ရယ်နေတာ ဗိုက်ထဲက ကလေးကို မထိဘူးလား။

ယန်ရှုမှာမူ ယခုအချိန်တွင် တခြားဘာမျှ မတွေးနိုင်တော့ဘဲ အော်သာ ရယ်နေတော့သည်။

စစ်စတန်က တိုက်ရိုက် အဖြစ်အပျက်များကို ဆက်တိုက် ပြောပြနေသဖြင့် နားထောင်ရင်း သူမမှာ ရပ်ချင်လျှင်တောင် ရပ်၍မရပေ။

ဟားဟားဟား… ပေါင်းချီဝမ်ကို သူ့မိန်းမက မြေပေါ်မှာ လိမ့်နေအောင် ရိုက်နေတာကို စိတ်ကူးယဉ်ကြည့်ရုံနဲ့တင် တော်တော် ရယ်ချင်စရာကောင်း။

ထိုစဉ် စစ်စတန်က ပြောလိုက်သည်။

[အဲဒီ အိမ်တော်မှာ ဒီနေ့ သိုးသာကင် လုပ်ထားတာ… တုအမျိုးသမီးက သိုးသား လှီးဖို့ လုပ်ထားတဲ့ ဓါးကို ယူပြီး အဲကောင်ကို ခုတ်တာ]

ယန်ရှု [အိုး…]

တုအမျိုးသမီးက တကယ် ကြမ်းတာပဲဟ။

အရင်တစ်ခေါက် မင်းသမီးကြီးနဲ့တုန်းက မဖြစ်မြောက်သွားတဲ့ဟာ အခုတော့ တကယ် ဖြစ်ပြီပေါ့။

တွေးကြည့်ရင် ဘယ်သူမှ တားမဲ့သူ မရှိတဲ့အခါ ခုတ်ချင်တိုင်း ခုတ်လို့ရသွားတာပေါ့!

******

149 01

Chapter 149

ဤမျှ ကြည့်ကောင်းသည့် မြင်ကွင်းမျိုးကို စကားလုံးများဖြင့် မဖော်ပြနိုင်လောက်အောင်ပင် ဖြစ်သည်။

ယန်ရှုက စစ်စတန်ကို မေးလိုက်သည်။

[ငါ့ကို အသေးစိတ် ပြောပြပါဦး… တုအမျိုးသမီးက ဟိုဒင်းကို ခုတ်တာလား။]

ထိုအခါ စစ်စတန်က ပြန်ဖြေသည်။

[အခု‌လေးတင်ပဲ တုအမျိုးသမီးက ကျင်းမင်ကန်ဘေးက စံအိမ်ထဲ ဝင်လာပြီး အထဲမှာ ရှိနေတဲ့ အဝတ်တောင် မကပ်တော့တဲ့ အမျိုးသမီးတွေနဲ့ သူ့ယောက်ျား ပေါင်းချီဝမ်ကို တွေ့သွားတယ်… အခုရက်ပိုင်းအတွင်း သူ မြိုသိပ်ထားခဲ့ရသမျှ ဒေါသတွေ အကုန် ပေါက်ကွဲထွက်သွားတယ်… ပေါင်းချီဝမ်ကို နှစ်ကြိမ်လောက် ရိုက်ရုံနဲ့တင် ဒေါသက မပြေဘူး… ဟုတ်တယ်လေ ဒီလူ့ အတွက်နဲ့ နှစ်ပေါင်းများစွာ သူမက အဆင်းရဲခံပြီး နေခဲ့ရတာ… သူကတော့ ကွယ်ရာမှာ ကျိတ်ပြီး ဇိမ်ခံနေတာကိုး…။ မကြာဘူး တုအမျိုးသမီးက ခြံထဲမှာ သိုးသားကင်ထားတာကို မြင်သွားတဲ့အခါ ပိုလို့တောင် ဒေါသထွက်သွားတယ် ]

[သိုးသားက ဒီလောက် ဈေးကြီးတာကို။ သူ ပေကျင်းမှာ ရောက်နေတဲ့ ကာလတလျှောက် တစ်နှစ်ကို သုံးကြိမ်ပြည့်အောင် မစားဖူးဘူး… ဆင်းရဲချင်ယောင် ဆောင်နေရတဲ့အချိန်… သူ့ ယောက်ျားကတော့ ကွယ်ရာမှာ စိတ်တိုင်းကျ စားသောက်နေတာကိုး! ဖြစ်ချင်တော့ သိုးသားကင်နားမှာ အသားလှီးဖို့ ဓါးတစ်ချောင်း ရှိနေတယ်။ တုအမျိုးသမီးက ဘာမ‌ပြောညာမ‌ပြော ချက်ခြင်းပဲ အဲဒီဓါးကို ကောက်ကိုင်လိုက်တယ်။ သူ ပေကျင်းကို ရောက်နေတဲ့ တသက်လုံး အသားသေး ငါးသေးတွေပဲ ခုတ်ထစ် လှီးခဲ့ရတာ… အခုတော့… ပေါင်းချီဝမ်ကို မြေပြင်ပေါ် ကန်လှဲချလိုက်ပြီး သူရဲ့ ဟာကို ဓါးနဲ့ ခုတ်ဖြတ်ပစ်ပါလေရော ]

ထိုသို့ ကြားလိုက်သည့်အခါ ယန်ရှုမှာ စိတ်လှုပ်ရှားစွာဖြင့် ကျွတ်ခနဲ အသံပြုလိုက်မိသည်။

ပြီးနောက် အနားတွင် ရှိနေသူအား ပြန်ဖောက်သည်ချတော့သည်။

“အရှင်မင်းကြီး… နောက်ဆုံးရတဲ့ သတင်းအရကတော့ ပေါင်းချီဝမ်ကို သူ့မိန်းမက သင်းကွပ်လိုက်ပြီတဲ့”

“အဟွတ်…”

ထိုအချိန်တွင် ယွီဝိန်းလန်မှာ ပါးစပ်အတွင်းသို့ ဟင်းရည်တစ်ဇွန်းပြည့်ပြည့် ထည့်ပြီး သောက်‌နေချိန်နှင့် တိုက်ဆိုင်နေသည်။ ထို့ကြောင့် ထိုစကားကို ကြားလိုက်ရသည်နှင့် ယွီဝိန်းလန်းမှာ သီးတော့မတတ် ဖြစ်သွားတော့၏။ တဟွတ်ဟွတ်နှင့် အတန်ကြာ ဆိုးနေပြီးမှ ငြိမ်သွားတော့သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်လိုက်ပြီး မေးလေသည်။

“ဘယ်လို ဘယ်လို။ သင်းကွပ်ပစ်တယ် ဟုတ်လား”

ထိုအခါ ယန်ရှုက ဖြူစင်ရိုးသားဟန် မျက်နှာ‌လေးဖြင့် မျက်တောင် တဖျတ်ဖျတ်ခတ်ကာ ပြောသည်။

“ဟုတ်တယ်… ဓါးနဲ့ တခါတည်း လှီးပစ်တာ”

ပြောရင်း လက်ချောင်းကို ဓါးဖြင့် လှီးသည့်ဟန် လုပ်ပြလေသည်။

ယွီဝိန်းလန် - “ဟ…!”

ထိုစဉ် ယန်ရှုမှာ ဤသို့ တွေးမိ‌နေသည်။

[ဟင်း… ဒီလို မြင်ကွင်းမျိုး ဒီတသက် မြင်ရဖို့ လွယ်တာ မဟုတ်ဘူး။ ငါ့ မျက်စိရှေ့မှာ မမြင်လိုက်ရတာ နာတယ်ကွာ!]

ယွီဝိန်းလန် - “...”

ဘုရား ဘုရား… မင်းက မျက်စိနဲ့တောင် မြင်ချင်သေးတယ်ဆိုပါလား။

မြင်သာ မြင်ချင်တာ… သွေးလန့်ပြီး မေ့လဲမတတ်ဖြစ်ခဲ့တာ ဘယ်သူတုန်း။

ဒါပေမဲ့လည်း သူတွေးမိသည်။

မိန်းမတွေက ဟိုဒင်းကို လှီးရတာ တော်တော် ကြိုက်ကြတာလား။

ကျောတောင်ချမ်းမိလာသလိုလို…။

အခု အခြေအနေထိ ရောက်ပြီ ဆိုလျှင် ရဲမတ်တို့ လှုပ်ရှားရန် အချိန်ရောက်ပေပြီ။ ထို့ကြောင့် သူက ဟင်းရည်ခွက်ကို အသာချ၍ ပြောလိုက်သည်။

“ဒီလိုဆို ငါကိုယ်တော် တော်ဝင်စာကြည့်ခန်းကို ကြွလိုက်ဦးမယ်… ဖြည်းဖြည်း ဆက်စားနှင့်”

“ဒီအရှုပ်ထုပ်အတွက် နည်းနည်း ခိုင်းစရာ ရှိတာတွေ ခိုင်းလိုက်ဦးမယ်”

149 02

ထိုသို့ ပြောပြီးနောက် မတ်တပ်ထရပ်လိုက်ကာ နန်းဆောင်အတွင်းမှ ထွက်သွားတော့သည်။

ယန်ရှုက နားမလည်သလို ဖြစ်ပြီး ကျန်ခဲ့သည်။

ဘယ်ဟာက ရှုပ်နေလို့လဲ။

ဖြတ်ပစ်တဲ့ ကိစ္စက ရှုပ်တာလား။

ယခုဖြစ်ရပ်များမှာ သူမ ကြံစည်ထားသည် မဟုတ်… ဟိုလင်မယား သူတို့ဘာသာ လုပ်ခြင်း ဖြစ်သည်။

ပြောရင်း ဖရဲသီးကို ကုန်အောင် မစားရသေးသည်ကို သတိရသွားပြီး စစ်စတန်ကို မေးလိုက်သည်။

[အခု အခြေအနေ ဘာတွေဖြစ်သွားပြီလဲ။]

ထိုအခါ စစ်စတန်က ပြောပြသည်။

[အဲ‌နေရာမှာ သွေးတွေလည်း ရွှဲနေတာပဲ… ပေါင်းပုဂ္ဂိုလ်ကတော့ လူးလှိမ့်ပြီး အော်နေတာပေါ့… အနားက အမျိုးသမီးတွေကတော့ ကြောက်လန့်ပြီး အော်ဟစ်နေကြတယ်… တုအမျိုးသမီးက ပေါင်းမျိုးနွယ်ဝင် ပုဂ္ဂိုလ်ကို ဓါးနဲ့ နောက်ထပ် ထိုးချင်နေသေးတာ… ဒါပေမဲ့ ရဲမတ်တွေ ဝင်လာပြီး တားလိုက်လို့ ရပ်သွားတယ်]

တုအမျိုးသမီး ထိုသို့ မလုပ်လိုက်နိုင်သည်က ပိုကောင်းသည်ဟု ယန်ရှုက တွေးမိလိုက်သည်။ ဤပေါင်းပုဂ္ဂိုလ်၏ လိမ်ညာ အမြတ်ထုတ်မှုကို ခံစားခဲ့ရသည့် လူများမှာ မနည်းလှချေ။ ထို့ကြောင့် တန်ရာ တန်ရာ ပြစ်ဒဏ် မခံစားလိုက်ရဘဲ တုအမျိုးသမီး၏ ဓါးချက်အောက်တွင် အသက်ပျောက်သွားရလျှင် သူ့အတွက် သက်သာလွန်းသည်ဟု တွေးမိသည်။

ထိုသို့ တွေးမိပြီးသည့်အခါ ယန်ရှုမှာ ထမင်းဆက်မစားနိုင်‌တော့ဘဲ စားပွဲပေါ်ရှိ တဝက်တပျက် ရေးလက်စ ဝတ္ထုကို တစ်ထိုင်တည်းနှင့် ပြီးအောင် ရေးလိုက်တော့သည်။

—-- သိက္ခာမရှိတဲ့ အကျင့်ပျက်လုပ်ရက်တွေကို လုပ်တဲ့သူတွေ သူတို့ မသေခင် သူတို့ရဲ့ မကောင်းမှုတွေကို လူသိအောင် ဖော်ပြရမယ်…။ တစ်လောကလုံးရဲ့ ပြစ်တင် ကဲ့ရဲ့မှုကို မသေခင် ခံစားသွားရသင့်တယ်။

~~

နောက်တနေ့ မနက်စောစောတွင် သတင်းတစ်ခုကြောင့် နန်းမြို့တော်တစ်ခုလုံး၊ မင်းမှုထမ်းများအားလုံး၊ ပြည်သူများ အားလုံး တုန်လှုပ်ကုန်ကြသည်။

—-- ယမန်နေ့ညက ကျင်းမင်ကန်ဘေးရှိ စံအိမ်တော်တစ်ခု၌ သွေးစွန်းသွားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။ ထိုဖြစ်ရပ်တွင် ပါဝင်သူမှာ တော်ဝင်ကျောင်းတော်၏ အကြီးအကဲဖြစ်သူ ပေါင်းချီဝမ်ဖြစ်ပြီး သူ့အား ဇနီးဖြစ်သူ တုအမျိုးသမီးက ဓါးဖြင့်ထိုးခြင်းဖြစ်သည်။

ထိုသတင်းကို နန်းတွင်းရှိ မယ်တော်ကြီးလည်း ကြားသိလိုက်ရသည်။

သူမ အံ့ဩနေစဉ်မှာပင် ယန်ရှုက ဝတ္ထုစာအုပ်တစ်အုပ်ကိုင်ကာ ရောက်လာတော့သည်။

“မယ်တော်ကြီးဘုရာ့… ဒီမှာ သခင်လေး ရှောင်ယောင်းရဲ့ စာအုပ်အသစ် ပါလာပါတယ်…။ ကိုယ်လုပ်တော်ယီက အစေခံတစ်ယောက်ကို လွှတ်ပြီး စောစော သွားဝယ်ခိုင်းလိုက်တာ…။ အခု မယ်တော်ကြီးကို ဖတ်ပြပါရစေ”

—-- စီအန်းနန်းဆောင်တစ်ခုလုံးတွင် သူမ၏ ကလောင်အမည်ကို သိသူမှာ မယ်တော်ကြီးတစ်‌ယောက်သာ ရှိသောကြောင့် ထိုသို့ ပြောလိုက်ရခြင်းဖြစ်သည်။

မယ်တော်ကြီးက ထိုသို့ ကြားလိုက်ရသောအခါ လက်ကို ဝှေ့ရမ်းလိုက်ကာ ခန်းဆောင်အတွင်းရှိ လူအားလုံးကို ထွက်သွားခိုင်းလိုက်သည်။

နန်းဆောင်အတွင်း၌ မည်သူမျှ မကျန်တော့သည့်အခါ မယ်တော်ကြီးက မေးလိုက်သည်။

“ကိုယ်လုပ်တော်ယီက နောက်ထပ် ရေးပြီးသွားပြီပေါ့။ စာအုပ် နာမည်က ဘာလဲ”

ယန်ရှုက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“မနေ့ညကပဲ ရေးပြီးသွားတာပါ မယ်တော်ကြီး…။ ဇာတ်လမ်း နာမည်က ‘နှလုံးသားမဲ့တဲ့ ခင်ပွန်းအတွက် မိန်းမကြမ်းကြီးရဲ့ ဓါးချက်’ လို့ခေါ်ပါတယ်”

ထိုနာမည်ကို ကြားလိုက်သည့်အခါ မယ်တော်ကြီးက ရေရွတ်လိုက်မိသည်။

149 03

ဇာတ်လမ်းနာမည်ကလည်း မနေ့ညက ဖြစ်သွားတဲ့ ပေါင်းလင်မယား အမှုနဲ့ ဆင်လိုက်တာ။

ထိုကြောင့် ပြောလိုက်သည်။

“ဖတ်ပြစမ်းပါဦး”

“တစ်လုံးမကျန် အကုန် မဖတ်ပြလည်း ရတယ်နော်…။ အရေးကြီးတာလေးတွေပဲ ပြောပြ… မဟုတ်ရင် ကိုယ်ဝန်ကြီးနဲ့ ပင်ပန်းနေမယ်”

အိုး အိုး… စာရင်းထိပ်ဆုံးက မယ်တော်ကြီးက ထင်ထားတဲ့အတိုင်း ငါ့ကို အရမ်း ဂရုစိုက်တာပဲ…။

ယန်ရှုက နာခံလိုက်ပြီး မယ်တော်ကြီးအား ဖတ်ပြလေတော့သည်။

“နန်းမြို့တော်ကြီးထဲမှာ လင်မယားနှစ်ယောက် ရှိသတဲ့…။ လင်ဖြစ်သူက မင်းမှုထမ်းဖြစ်ပြီးတော့ စာသင်သားတွေကို တာဝန်ယူပေးရတဲ့သူ ဖြစ်တယ်။ ဒီပုဂ္ဂိုလ်က ငယ်ငယ်တုန်းက အရမ်းဆင်းရဲခဲ့လို့ စိတ်နာကျင် ခံစားခဲ့ရတော့ သူ့ဘဝမှာ ပိုက်ဆံကို အမက်ဆုံးပဲ။ ဒီမင်းမှုထမ်း အလုပ်ကို ရပြီးတော့ ပိုက်ဆံ ချမ်းသာအောင် ဘယ်လို လုပ်ရမလဲလို့ ကြံစည်တော့တယ်။ အဲဒီမှာ စာသင်သားတွေ သုံးနေတဲ့ စာရွက်တွေကို အသုံးချရင် ချမ်းသာနိုင်တယ်ဆိုတာကို သိလိုက်ရတယ်။ အဲဒီတော့ အများမသိအောင် စက္ကူလုပ်ငန်း တစ်ခု နန်းမြို့တော်ထဲမှာ ထောင်လိုက်တယ်”

“တခြားသူတွေက စာရွက်လုပ်တဲ့အခါ ကုန်ကြမ်း အစစ်အမှန်တွေကို သုံးတယ်…။ သူကျတော့ မတူဘူး။ သူက ချည်ကြမ်းတွေကို သုံးပြီးတော့ ခပ်ညံ့ညံ့ စက္ကူတွေ လုပ်တယ်…။ ပြီးတော့ သူ့ရဲ့ ရာထူးနေရာကို အသုံးချပြီးတော့ စာရွက်တွေကို နန်းတွင်းကနေ ထောက်ပံ့ထားတဲ့ တခြား ကျောင်းတော်တွေကို ရောင်းတယ်… တနည်းအားဖြင့် နန်းတွင်းရဲ့ ငွေတွေကို ကြားထဲကနေ ဖြတ်ယူသလိုပါပဲ…။ သူ့စာရွက်တွေက ညံ့ပေမဲ့ ကျောင်းတော်တွေမှာ စာပေသင်ယူနေတဲ့ စာသင်သားတွေက ဒီစာရွက်ပဲ သုံးရတော့ သူ့မှာ ဝင်ငွေက မနည်းဘူးပေါ့… ။သိတဲ့အတိုင်း စာရွက်တွေဆိုတာ အသုံးအများဆုံး ပစ္စည်းပဲလေ”

ထိုအခါ မယ်တော်ကြီးက ကြားဖြတ် ထောက်ခံလေသည်။

“ဟုတ်တာပေါ့… ဟုတ်တာပေါ့… စာသင်သားတွေက စာရေးလေ့ကျင့်ရတာမို့ နေ့တိုင်း စာရွက်တွေ သုံးရမှာပဲ။ ဈေးပေါလည်း ငွေတွေ ဝင်မှာ မနည်းဘူးပေါ့”

ယန်ရှုက ထောက်ခံသည်။

“ဟုတ်ပ… အကျိုးအမြတ်က ကြီးလွန်းလို့ ဒီလူမှာ စားရင်း စားရင်း ဖောင်းလာတော့တယ်…။ ဒါပေမဲ့ ဒီလူက လူလည်… သူချမ်းသာတာကို လူသိသွားမှာစိုးလို့ ဆင်းရဲချင်ယောင်ဆောင်တယ်…။ မိုးယိုတတ်တဲ့ အိမ်အိုကြီးမှာ ဇနီးသည်နဲ့အတူတူ ခပ်ပေါပေါ အစားအသောက်တွေကို စားပြီးနေတယ်…။ အိမ်မှာ အမျိုးသမီး အိမ်စေတောင် မငှားဘူး”

ထိုအခါ မယ်တော်ကြီးက မျက်ခုံးကို ပင့်၍ ပြောသည်။

“ဟဲ့… သူက မသုံးဘူးဆိုတော့ ငွေတွေကို သေတဲ့အခါ အခေါင်းထဲထိ ထည့်ယူသွားမလို့ ကြံနေတာလား။ ဒါမှ မဟုတ် အပြင်မှာ သူ့မိန်းမ မသိအောင် ထွက်စားတာလား”

ယန်ရှုက အလျင်အမြန်ပင် ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

“မယ်တော်ကြီးက ဉာဏ်အမျှော်အမြင် ကြီးပါပေတယ်…။ ဟုတ်တယ်… အဲဒီလိုမျိုးပါပဲ… ဒီလူက အိမ်မှာသာ ဆင်းရဲချင်ယောင်ဆောင်တာ တကယ်တန်းကျ ကျင်းမင်ကန်ဘေးမှာ ဈေးအကြီးဆုံးဆိုတဲ့ စံအိမ်ကြီး တစ်ဆောင်ကိုတောင် ငွေသား တစ်သောင်းလောက် သုံးပြီး ဝယ်ထားတာ…။ အဲဒီ စံအိမ်မှာ အိမ်စေ အမျိုးသမီး ခပ်ချောချော ခပ်လှလှတွေကို ငှားထားတယ်…။ ဝိုင်ရေကန် အသားသစ်တောကြီးတွေ ဖန်တီးပြီး မကြာမကြာ သွားပြီးတော့ ဇိမ်ခံတယ်…။ သူ့မိန်းမကတော့ မသိရှာဘူးပေါ့။”

ထိုအခါ မယ်တော်ကြီးမှာ တချက် ဆွံ့အသွားပြီး မေးတော့သည်။

“ကျင်းမင်ကန်နားက စံအိမ်တော်။ လက်စသတ်တော့ ဒီဇာတ်လမ်းက တကယ်ကိုပဲ ပေါင်းလင်မယားအကြောင်းပဲပေါ့”

ယန်ရှုက ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ် မယ်တော်ကြီး… သူတို့ အကြောင်းပါပဲ…။ မယ်တော်ကြီးလည်း ကြားမိတယ် မဟုတ်လား… မနေ့ညက ပေါင်းချီဝမ်ရဲ့ မိန်းမက သူ့ကို သင်းကွပ်ပစ်တဲ့အကြောင်း…”

မယ်တော်ကြီးက ခပ်သွက်သွက် ခေါင်းညိတ်ပြသည်။

149 04

“ဒီနေ့မနက် နိုးကတည်းက အဲဒီ သတင်းကို ကြားလိုက်တာပဲ…။ ဘာတွေများ ဖြစ်ကုန်တာလဲလို့တောင် တွေးနေသေးတာ။ အဲဒီ အကြောင်းကို အခုလို ကိုယ်လုပ်တော်ယီက ဇာတ်လမ်းရေးလာလိမ့်မယ်လို့တောင် ထင်မထားဘူး… အသေးစိတ်လေး ပြောပြပါဦး”

ယန်ရှုက ခေါင်းညိတ် နာခံလိုက်သည်။ ပြီးနောက် စာအုပ်ကိုပင် မကြည့်တော့ဘဲ မနေ့ညက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို မယ်တော်ကြီးအား ပြောပြတော့သည်။

“ကိုယ်လုပ်တော်ယီ ကြားမိတာက တုအမျိုးသမီးက မိန်းမကြမ်းကြီးတဲ့… သူက ပေါင်းချီဝမ်ကို တင်းတင်းကျပ်ကျပ် ထိန်းထားတာ…။ ပေါင်းချီဝမ် နန်းတွင်းကနေ ပိုက်ဆံချူနေတာကို အစကတည်းက သူသိတယ်…။ အဲဒါကြောင့် သူကလည်း သူ့ယောက်ျားနဲ့အတူ ပေါင်းပြီး ဆင်းရဲချင်ယောင် ဆောင်နေတာ”

ထိုသို့ ကြားလိုက်သည့်အခါ မယ်တော်ကြီး သဘောပေါက်သွားလေသည်။

“အေး… အဲဒါကြောင့် တွေးနေတာ…။ သူ့ယောက်ျားက တော်ဝင် ကျောင်းတော်ရဲ့ အကြီးအကဲလည်း ဖြစ်သေး ဘာလို့ အိမ်စေ မငှားတာလဲ။ အစက တုအမျိုးသမီးကို ရိုးလို့ အ,လို့ သူ့ယောက်ျားက လိမ်တာ ခံနေရတာလို့ တွေးနေသေးတာ…။ လက်စသတ်တော့ သူကလည်း ကြံရာပါကိုး”

ယန်ရှုက ခေါင်းညိတ်ပြလိုက်သည်။

“သူလည်း ကြံရာပါ အစစ်ပါပဲ… ဒါပေမဲ့ ပေါင်းချီဝမ်က ပိုလည်တယ်… ပေါင်းချီဝမ်က ပြီးခဲ့တဲ့ ရက်နည်းနည်းတုန်းက လက်ဝတ်ရတနာဆိုင်မှာ ပိုက်ဆံတွေ အများကြီးသုံးပြီး ဆံညှပ်တစ်ခု ဝယ်တယ်…။ ကျူးချီ ရော့လင် စံအိမ်မှာ ရှိတဲ့ သူ့ရဲ့ မိန်းမလှတစ်ယောက်ယောက်ကို ပေးဖို့ပေါ့…။ ဒါပေမဲ့ သူ့မိန်းမက သိသွားတယ်။ တုအမျိုးသမီးက အဲဒါကို သိသွားတဲ့အခါ သံသယတွေ ဝင်ပြီးတော့ ပေါင်းချီဝမ် နောက်ကနေ နေ့တိုင်း နောက်ယောင်ခံ လိုက်တာပေါ့…။ အဲဒီမှာ မနေ့ညကမှ ကျင်းမင်ကန် ဘေးက အိမ်မှာ မိသွားတာ”

ထိုစံအိမ်တွင် ဖြစ်ပျက်သွားသည့် အဖြစ်အပျက်များကို စိတ်ကူးယဉ်ကြည့်မိလိုက်ပြီး မယ်တော်ကြီးက သက်ပြင်း ချလိုက်သည်။

“အဲဒီတော့ တုအမျိုးသမီးက အဲဒီမှာပဲ … ဟိုဒင်းကို … လုပ်ချလိုက်ရောပေါ့ ဟုတ်လား။ တော်တော် ကြမ်းတဲ့ မိန်းမပဲ။ အဲဒီနောက် ဘာဖြစ်သွားလဲ။ ပေါင်းချီဝမ်က သေရောလား”

ယန်ရှုက ပြောပြသည်။

“ဒီလို ဖြစ်မယ်ဆိုတာကို အရှင်မင်းကြီးက ကြိုသိထားလို့ အဲဒီ စံအိမ်နားမှာ ရက်နည်းနည်းလောက် စောပြီး ရဲမတ်တွေကို ပုန်းပြီး စောင့်ခိုင်းထားတာ…။ မနေ့ညကလို အဖြစ်အပျက်တွေလည်း ဖြစ်ရော တခါတည်း ဝင်ဖမ်းလိုက်တော့တာပဲ…။ အခု သိရသလောက်အထိကတော့ ပေါင်းချီဝမ် မသေသေးဘူး…။ ဒါပေမဲ့ သွေးထွက်လွန်ပြီးတော့ သေလုမျောပါးတော့ ဖြစ်နေတယ်”

ထိုအခါ မယ်တော်ကြီးက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“တော်သေးတာပေါ့… ဒီကောင်က နန်းတွင်းကို လိမ်ညာပြီး ပိုက်ဆံတွေ ချူထားတာ…။ လွယ်လွယ်နဲ့ သေသွားရင် ဒီကောင့်အတွက် သက်သာသွားမှာပေါ့!”

ယန်ရှုကလည်း ထောက်ခံလေသည်။ မယ်တော်ကြီးက ဆက်ပြောသည်။

“ကိုယ်လုပ်တော်ယီက ဒီဇာတ်လမ်းကို တော်တော်လေး ကောင်းအောင် ရေးထားတာပဲ…။ စာအုပ် ထုတ်ဝေပြီးရင် တလောကလုံးက လူတွေ အဲဒီကောင်ရဲ့ စရိုက်အမှန်ကို မြင်သွားကြတော့မှာ…။ ဒါပေမဲ့ ဒီလူရဲ့ ပြစ်မှုက တော်တော်ကြီးတဲ့အတွက် သေလုမျောပါး ဖြစ်နေရင်တောင်မှ ခွင့်လွှတ်ပေးလို့ မရဘူး”

ထိုအခါ ယန်ရှုက ပြောပြသည်။

“အရှင်မင်းကြီးက ဒီမနက်မှာပဲ နန်းတွင်း အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ကို တာဝန်ပေးလိုက်ပြီဆိုတော့ သူလည်း ခွင့်လွှတ်ပေးဖို့ အစီအစဉ် မရှိလောက်ဘူး”

မယ်တော်ကြီးက ခေါင်းညိတ်ပြီး ပြောသည်။

“ကောင်းတယ် ကောင်းတယ်”

ထို့နောက် မယ်တော်ကြီးက ယန်ရှုအား ကြည့်၍ ပြောလိုက်သည်။

“ကိုယ်လုပ်တော်ယီက စောစောစီးစီး ဒီအထိတောင် လာပြီး ပြောပြတာ ပင်ပန်းနေမှာပဲ… မနက်စာရော စားပြီးရဲ့လား”

ယန်ရှုက ပြန်ပြောသည်။

149 05

“နည်းနည်းတော့ စားခဲ့ပါတယ်…။ မယ်တော်ကြီး အရမ်းသိချင်နေလောက်မယ် ထင်လို့ အမြန် ပြေးလာခဲ့တာပါ”

ထိုအခါ မယ်တော်ကြီးက သက်ပြင်းချလိုက်ပြီး ပြောသည်။

“ဘာလို့ နည်းနည်းလေးပဲ စားခဲ့တာတုန်း။ ကိုယ်ဝန်ရှိနေတာကို ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ… အခု ဘာစားချင်လဲ။ မယ်တော်ကြီး တစ်ယောက်ယောက်ကို ပြင်ခိုင်းလိုက်မယ်… ဒီမှာ စားသွားလိုက်”

ယန်ရှုမှာ မယ်တော်ကြီး၏ ဂရုစိုက်မှုကို ခံလိုက်ရသောအခါ ပြောမပြတတ်အောင်ပင် ခံစားလိုက်ရသည်။ ထို့ကြောင့် မယ်တော်ကြီးအား အရိုအသေပေးလိုက်သည်။

“အခုလို ဂရုစိုက်တာ ကျေးဇူးတင်ပါတယ် မယ်တော်ကြီး”

အိုး… ကြည့်ရတာ စာရင်းထိပ်က မယ်တော်ကြီးက သူ့အပေါ် အရမ်းကောင်းနေပါလား…။

~~

ထိုအချိန်တွင် နန်းဆောင်အဝင်ဝတွင် အမျိုးသမီးကျွမ်းက ကျူးရှူးအား သူများမကြားအောင် မေးနေသည်။

“မယ်တော်ကြီးနဲ့ ကိုယ်လုပ်တော်ယီတို့ စကားပြောတိုင်း ဘာလို့ တံခါးတွေ ပိတ်ထားရတာလဲ”

ထိုအခါ ကျူးရှူးက ပြန်ပြောလေသည်။

“ကျွန်မလည်း မသိပါဘူး”

သို့သော် သူမ စိတ်ထဲတွင်လည်း တွေးမိတာ တစ်ခုရှိသည်။ ယခင်တစ်ကြိမ် မယ်တော်ကြီးအား ဟူစုတ်တံအကြောင်း လျှောက်တင်နေသည့်အချိန် ကိုယ်လုပ်တော်ယီနှင့် အရှင်မင်းကြီးတို့ မယ်တော်ကြီးထံ အသည်းအသန် ရောက်ချလာကြသည်ကို ကြုံလိုက်ရသည်။ မယ်တော်ကြီးအား သူတို့ ဘာပြောလိုက်သည်မသိ ထိုအချိန်မှစ၍ မယ်တော်ကြီးမှာ ကိုယ်လုပ်တော်ယီအား ပို၍ ယုံကြည်လာသည်ကို မြင်နေရသည်။

ကိုယ်လုပ်တော်ယီက တကယ်ပဲ လူတိုင်း ချစ်ခင်သွားအောင် နေတတ်တာလား။

~~

ယန်ရှု ထင်ထားသည့်အတိုင်းပင် နန်းမြို့တော် တစ်ခုလုံး ပေါင်းလင်မယား၏ သတင်းကြောင့် လှုပ်လှုပ်ရွရွ ဖြစ်နေတော့သည်။ သူမ၏ ဝတ္ထုမှာလည်း အချိန်မီ ဈေးကွက်တင်ရောင်းသဖြင့် နာမည်ကို ဖတ်ကြည့်ပြီး အားလုံးမှာ အသေးစိတ် သိချင်စိတ်တို့ ဖြစ်သွားကြသည်။

ထို့ကြောင့် စာအုပ် ရောင်းအားမှာ ယခင်ကထက် ၃၀ % ပို၍ တိုးတက်သွားသည်။

စာအုပ်ကို ဖတ်ကြည့်ပြီးမှ အားလုံးမှာ ပေါင်းလင်မယား၏ သွေးစွန်းအမှု နောက်ကွယ်မှ အကြောင်းအရာများကို သိရှိ နားလည်သွားကြတော့သည်။ ထို့နောက် လူအများမှာ အကျင့်စာရိတ္တ ပျက်ပြားနေသည့် ပေါင်းလင်မယားအား ကဲ့ရဲ့ ဝေဖန်ကြသည်။

စာအုပ်ကို ဖတ်ပြီး အားလုံးမှာ ကျင်းမင်ကန်ဘေးရှိ ကျူးချီ ရော့လင်သို့သွားကာ လက်တွေ့ သွားကြည့်ချင်နေကြတော့၏။

သို့ရာတွင် ထိုနေရာမှာ အခင်းဖြစ်ရာ နေရာဖြစ်သည့်အပြင် အကျင့်ပျက် ခြစားမှုအတွက် သက်သေဖြစ်နေသဖြင့် မင်းမှုထမ်းတို့က ချိတ်ပိတ်ထားပြီး မည်သူမျှ ဝင်ရောက် ကြည့်ရှုခွင့် မရှိချေ။

149 06

ငါလည်း အဲဒီကို သွားကြည့်ချင်သေးတာ…။

အခုရက်ပိုင်း အဲဒီနေရာက လူတွေ သွားကြည့်တာ များတဲ့ နေရာဖြစ်နေပြီ။ မြို့ထဲက လူတွေရော ခရီးသွားတွေပါ အပေါက်ဝထိ သွားပြီး အထဲကို လှမ်းစပ်စုကြည့်နေကြတာ။

ယန်ရှုမှာ ဤသို့ နာမည်ကြီးသွားမည်ကို ထင်မထားမိချေ။

ကြိုများ သိခဲ့ပါက ထိုစံအိမ်နားတွင် စာအုပ်ဆိုင်ဖွင့်၍ သူမ၏ စာအုပ်များကို ရောင်းဖြစ်မည် ထင်သည်။

ရောင်းအားလည်း ကောင်းလောက်တယ်။

ဤသို့ဖြင့် မကြာမီ နန်းတွင်း ခုံရုံးမှ အမိန့်ချလေသည်။ ပေါင်းချီဝမ်မှာ သူ့၏ အာဏာနှင့် နေရာကို အသုံးပြု၍ လာဘ်စားခြင်း၊ အလွဲသုံးစားလုပ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ကိုယ့်ကျိုးအတွက် အသုံးချခဲ့သည်။ ထို့ကြောင့် သေဒဏ် ကျလေသည်။ သူ၏ ဇနီးမှာ သူ့ယောက်ျား၏ ပြစ်မှုကို ဖုံးကွယ်ခဲ့သဖြင့် နယ်နှင်ဒဏ်ခံရလေသည်။

ကျေနပ်ဖို့ ကောင်းလှသည်။

ထိုအမိန့်ကို ကြားပြီးသည့်အခါ ယန်ရှုမှာ စိတ်ကျေနပ်လှသဖြင့် မယ်တော်ကြီးကို သတင်းကောင်း ပြောရန် စီအန်းနန်းဆောင်သို့ အပြေးသွားလေသည်။

မယ်တော်ကြီးမှာလည်း ထိုအမိန့်ကို ကျေနပ်နေသည်။ ထို့ကြောင့် ခေါင်းညိတ်ပြကာ ပြောသည်။

“ဒီကိစ္စမှာ ကိုယ်လုပ်တော်ယီရဲ့ လုပ်ဆောင်ချက်တွေ အများကြီးပါတယ်…။ ကိုယ်လုပ်တော်ယီရဲ့ ဝတ္ထုစာအုပ်တွေ ကြောင့်သာမဟုတ်ရင် လူတွေရဲ့ အမြင်ကို သိရမှာမဟုတ်ဘူး…။ နန်းတွင်း အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့ကလည်း အမှုကို လူတွေ ကျေနပ်အောင် ကောင်းကောင်း ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး”

ယန်ရှုက မိမိကိုယ်ကို နှိမ့်ချကာ ပြောလိုက်သည်။

“ကိုယ်လုပ်တော်ယီက မယ်တော်ကြီး ချီးကျူးရလောက်အောင် မထိုက်တန်ပါဘူး… ဒီကိစ္စမှာ အရှင်မင်းကြီးရဲ့ ဉာဏ်အမျှော်အမြင် ကြီးမှု လုပ်ရဲ ကိုင်ရဲရှိမှုတွေက ပို အရေးကြီးတာပါ”

ဤသည်ကို မယ်တော်ကြီးကလည်း ခေါင်းညိတ်၍ ထောက်ခံလေသည်။

ခဏအကြာတွင် သူမက သက်ပြင်းချလိုက်ပြီး ပြောသည်။

“ဒါနဲ့ စကားမစပ်… စုန့်ဟယ် ကျောင်းတော်လည်း မကြာခင် ပြန်ဖွင့်တော့မယ်နော်”

ထိုအခါ ယန်ရှုလည်း တွေးမိသွားပြီး ခေါင်းညိတ်ထောက်ခံလေသည်။

“ဟုတ်တယ် မယ်တော်ကြီး… သန်ဘက်ခါလောက် ပြန်ဖွင့်မယ်လို့ ကြားမိပါတယ်”

ထိုသို့ ပြောရင်း စိတ်ထဲ၌ တွေးမိလိုက်သည်။ မယ်တော်ကြီးများ ချီသခင်ကြီးကို တွေ့ချင်နေတာလားမသိ။

တွေးကြည့်လိုက်လျှင် သူတို့ နှစ်ဦး ချန်ချွမ်ဥယျာဉ်၌ ဆုံအပြီး နောက်ထပ် မဆုံဖြစ်တော့သည်မှာ ကြာနေပြီ ဖြစ်သည်။

အဟင်း… CP ပရိတ်သတ်တစ်ယောက် အနေနဲ့ ငါ ငါ့ရဲ့ မယ်တော်ကြီးကို ကူညီမှ ဖြစ်မယ်

******

150 01

အပိုင်း 150

လွန်ခဲ့သော ရက်အနည်းငယ်က ချန်ချွမ်ဥယျာဉ်တော်ထဲတွင် နောက်ဆုံး၌ ဧကရာဇ်က ချီရှုကွမ်းကို ကျောင်းအုပ်အကြီးအကဲနေရာကို ကိုယ်တိုင်ကိုယ်ကျ လက်ခံပေးပြီးနောက် စုန့်ဟယ်အကယ်ဒမီ၏ အခြားသော ပြင်ဆင်စရာရှိသည်များသည်လည်း ယခုလတ်တလောအတွင်း၌ ပြီးဆုံးလုနီးနီးပင်။

ယဉ်ကျေးမှုနှင့်ဓလေ့ထုံးတမ်းဆိုင်ရာ ရုံးတော်သည်လည်း ဖွင့်လှစ်ပွဲအတွက် အတိတ်နမိန်ကောင်းနဲ့ ပြည့်စုံသော နေ့တစ်နေ့ကို ရွေးချယ်လိုက်ပြီးဖြစ်ကာ ထိုနေ့က သန်ဘက်ခါပင် ဖြစ်သည်။

ချီအန်းနန်းဆောင်မှ ကန်လုနန်းဆောင်သို့ ပြန်ရောက်လာပြီးနောက် ယန်ရှုသည်လည်း ဒီပြဿနာကို စဉ်းစားနေခဲ့တာဖြစ်သည်။

ညနေခင်းတွင် တော်ဝင်ရထားမောင်းသမား ရောက်လာပြီးနောက် မအိပ်ခင် စကားစမြည်ပြောသည့် အချိန်ကို အခွင့်ကောင်းယူကာ သူမကပင်စ၍ လက်ဦးမှုယူကာ ယွီဝိန်းလန်ကို ပြောလာသည်။

“အရှင်မင်းကြီး အနာဂတ် စုန့်ဟယ်အကယ်ဒမီရဲ့ဖွင့်ပွဲ အခမ်းအနားမှာ နာမည်ကျော်ဆရာသခင် လေးယောက်က တာအိုပညာရပ်ကို ဆွေးနွေးမယ်လို့ကြားတယ် ဒါပေမဲ့ ဒါကအမှန်ပဲလား”

ယွီဝိန်းလန်က နှာမှုတ်ကာ သူမကို သူ့လက်မောင်းထဲ ထည့်လိုက်ပြီး ပြောလာသည်။

“ဒီလိုအရာမျိုးရှိတယ် အဲဒါကို ယဉ်ကျေးမှုနဲ့ဓလေ့ထုံးတမ်းဆိုင်ရာ ရုံးတော်က စီစဉ်တာလေ။ သန်ဘက်ခါပြီး နောက်တစ်နေ့ကျရင် အဲဒီလူတွေအားလုံးက သူတို့ရဲ့ဇာတိမြို့ကို ပြန်ကြမှာ သူတို့အတွက် မြို့တော်ကို လာဖို့ဆိုတာကလည်း လွယ်ကူတာမဟုတ်တော့ စာသင်သားတွေကလည်း ကြီးမြတ်တဲ့ကွန်ဖြူးရှပ်ဝါဒီကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားနိုင်ဖို့ တောင်းဆိုလာတယ်လေ။ ဒါမှ သူတို့တွေ ဖွံ့ဖြိုးကြီးထွားလာမှာပေါ့”

စကားပြောနေရင်း သူမကို ကြည့်လိုက်ကာ

“ဘာလို့ဒီအကြောင်းကို ပြောနေတာလဲ”

သို့သော် ယန်ရှုပြောလာသည်ကို ကြားလိုက်ရသည်။

“ဒီကိုယ်လုပ်တော်က ဒီကိစ္စကို ဒီနေ့မှ နန်းတော်အစေခံတွေဆီကနေ ကြားလာခဲ့တာပါ။ ပြီးတာနဲ့ ဒီအကြံဥာဏ်က အတော်လေး ကောင်းတယ်လို့ တွေးမိလို့လေ။ ဒါပေမဲ့လည်း…..ရှင်ပြောခဲ့သလိုပဲ ဒီနာမည်ကြီး ဆရာသခင်လေးပါးကို စုစည်းဖို့က ရှားပါးတယ်လေ။ စာသင်သားတွေကိုပဲ နားထောင်ခိုင်းတာကတော့ တကယ့်ကို နှမြောစရာပဲ”

ယွီဝိန်းလန်က နားမလည်သည့်အတွက် မေးလိုက်သည်။

“နှမြောစရာပဲ။ ဘယ်လိုလုပ်ပြီး နှမြောနေရတာလဲ”

သို့သော် ယန်ရှုက ခေါင်းကို ရမ်းပြီးရင်း ရမ်းနေကာ ထပ်ပြောလာသည်။

“ရှေးလူကြီးတွေ ပြောကြတာက မင်းသာ ငယ်ရွယ်နေသရွေ့ သင်ယူဖို့ စိတ်အားထက်သန်နေလိမ့်မယ်တဲ့။ အရှေ့အရပ်ကနေ နေထွက်လာသလိုမျိုးလေ။ ဒီစကားဝိုင်းကို ကမ္ဘာကြီးတစ်ခုလုံးက လူတွေ နားထောင်ခွင့်ရအောင် လုပ်သင့်တယ်။ အဲဒါမှ နားထောင်ချင်တဲ့သူတွေက လာပြီးနားထောင်နိုင်မှာ အဲ့လိုသာဆိုရင် အဲဒီနာမည်ကြီးဆရာသခင်တွေလည်း အတော်လေး ပျော်သွားကြမှာပဲ”

ယွီဝိန်းလန် “…..”

ကျစ် သူမကဘယ်တုန်းကစပြီး အရမ်းကို ယဉ်ကျေးသွားရတာလဲ။

သို့သော်လည်း ဒီစကားထဲတွင် အမှန်တရားတချို့လည်း ရှိပေသည်။ အဆုံးမှာတော့ ကမ္ဘာတစ်ခုလုံးနဲ့ မျက်နှာချင်းဆိုင်ပြီး လူတွေကိုကြည့်ဖို့ ပိုပြီးဆွဲဆောင်မယ်ဆိုရင် သက်ရောက်မှုကလည်း ပိုပြီးကြီးမားပေလိမ့်မည်။

ဒါဟာ စုန့်ဟယ်အကယ်ဒမီရဲ့ ဂုဏ်သတင်းကို ပြန်လည်တည်ဆောက်ရန်အတွက်လည်း ကောင်းမွန်သော အရာတစ်ခုပင်။

သူက ခေါင်းညိတ်လိုက်သည်။

“အငြင်းပွားဖွယ်ရာပဲ။ မနက်ဖြန်ကျ ကိုယ် ယဉ်ကျေးမှုနဲ့ဓလေ့ထုံးတမ်းဆိုင်ရာ ရုံးတော်ကို စီစဉ်ဖို့ပြောလိုက်မယ်”

စကားပြောပြီးနောက် သူဟာ သူ့ရဲ့လက်ဖဝါးကို သူမရဲ့ဝမ်းဗိုက်အောက်ပိုင်းဆီ တင်လိုက်ပြီး နူးညံ့ငြင်သာစွာ ပြောလာသည်

“ကိုယ့်ကိုပြောကြည့် အခုဆိုဘယ်အရွယ်လောက် ရောက်နေလောက်ပြီလဲ”

150 02

—ပြောရလျှင် ပထမဆုံးအကြိမ် အဖေတစ်ယောက်ဖြစ်တာပင်။ ပြီးတော့ ထိုအရာသည်က လူတွေအား သိလိုစိတ်မျိုးစုံနဲ့ မျှော်လင့်ချက်တွေအား အမြဲတမ်း အပြည့်ဖြစ်နေစေသည်။

ယန်ရှုသည်လည်း ထိုအကြောင်းကို တွေးလိုက်ပြီး ထိုကလေးလေးကို မြေပဲစေ့သဏ္ဍာန် အရွယ်အစားနှင့် နှိုင်းယှဉ်ကြည့်မိပြီး ပြောလာသည်။

“ဒီလောက်လောက် ကြီးနေလောက်ပြီလား”

ယွီဝိန်းလန်က ထပ်မံစိတ်ကူးယဉ်ကြည့်လိုက်သည်။

“သူက ယောက်ျားလေးလား မိန်းကလေးလားလည်း မသိဘူး။ ဘယ်လိုပုံစံ ရှိနေလောက်မလဲ”

။

သို့သော် ယန်ရှုက ပြောလာသည်

“အရှင်မင်းကြီးရဲ့ သွေးသားက အရှင်မင်းကြီးလိုပဲ လူတွေကြားက ထူးချွန်တဲ့နဂါးတစ်ကောင် ဖြစ်မှာပါပဲ”

အဲဒါကသဘာဝပင် ပြောရလျှင် ထိုကလေးက သူ့ရဲ့ကလေးဖြစ်သည်။

ယွီဝိန်းလန်က သူ့ဘာသာ ဂုဏ်ယူနေပြီး သူပင် စကားမပြောနိုင်ခင်မှာပဲ သူမက သူမရဲ့အသံကို ထပ်ပြောင်းလိုက်ကာ ပြောလိုက်သည်။

“ဒါပေမဲ့လည်း ဥာဏ်ကြီးရှင်တွေဆိုတာက ကြိုးစားအားထုတ်မှု ၉၉%ကို မှီခိုပြီး ၁% ပါရမီအပေါ် မူတည်တယ်တဲ့။ သန်ဘက်ခါကျရင် ကျွန်မတို့ လုပ်သင့်တဲ့အရာတွေကို ပြီးအောင် လုပ်ဖို့ လိုသေးတယ်”

ယွီဝိန်းလန် “…၉၉%ဆိုတာက ဘာကြီးလဲ။ အဲဒါက ဘာကိုဆိုလိုတာလဲ”

(%မသိသေးသော ရှေးကဘုရင်ရယ်ပါ-_-)

ယန်ရှုက ချောင်းဟန့်လိုက်ပြီး ထို့နောက်မှသာ သူမက စည်းကျော်သွားပြီးမှန်း သိကာ ရှင်းပြလာသည်။

“ဆိုလိုတာက ဆယ်မှတ်မှာ ကိုးမှတ်လို့ပြောတာပါ”

ယွီဝိန်းလန်က ခေါင်းညိတ်လိုက်ကာ တွေးတောနေတဲ့ မျက်နှာထားနဲ့ ပြောလာသည်။

“ဒီစာကြောင်းက ပိုပြီးတော့ တိကျတဲ့ပုံပဲ”

ယန်ရှုသည်လည်း လျင်မြန်စွာပဲ ‘ဟုတ်ပါတယ်’ဟုပြောလိုက်သည်။ ထို့နောက် အရေးကြီးတဲ့အချက်ကို အလျင်အမြန် ပြောလိုက်သည်။

“ဒီကိုယ်လုပ်တော် ဆိုလိုတာက ဧကရာဇ်ရဲ့ဆက်ခံသူက ငယ်ရွယ်နေဆဲဆိုပေမဲ့ သူ့ကို ကောင်းမွန်တဲ့ အရာတွေနဲ့ စောစောစီးစီး ထိတွေ့ပေးတာက ပိုကောင်းတယ်လေ။ အဲဒါမှ အနာဂတ် မွေးဖွားလာတဲ့အချိန်ကျရင် သူက ပိုကောင်းလာမှာပေါ့။ ဒီကျော်ကြားတဲ့ဆရာသခင်တွေရဲ့ ဆွေးနွေးပွဲကို အခွင့်အရေးယူလိုက်ရင်ရော။ ပြီးတော့ အရှင်မင်းကြီးက ဝန်ကြီးတွေ မှူးမတ်တွေရော ဒီကိုယ်လုပ်တော်ကိုပါ နားထောင်ဖို့ ခေါ်သွားပေးလေ။ အဲဒါဆို အရှင်မင်းကြီးရဲ့ ဆက်ခံသူက စောစောစီးစီး ပညာရှိတွေနဲ့ သိကျွမ်းနိုင်မှာပေါ့။ အဲ့လိုဆို ပိုမကောင်းဘူးလား”

ယွီဝိန်းလန် “….”

ကောင်းပြီလေ။ ထိုအခါမှသာ ကန်ချင်းရဲ့ ယခုလိုစက်ဝိုင်းကြီး လုပ်နေရတဲ့ သူမရဲ့ရည်ရွယ်ချက်က ဒီမှာပဲဖြစ်သည်။

ကိုယ်ဝန် ရှိနေတာကို အပြင်ထွက်ချင်နေတာလား။

သူက သူမကို ရွှင်မြူးစွာ ကြည့်လိုက်ကာ ပြောလိုက်သည်။

“သူက ငယ်ရွယ်လွန်းနေတယ်လို့ မင်းပဲ ပြောတာမဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဒါကို နားလည်မှာလဲ”

ယန်ရှုက တွန့်ဆုတ်သွားပြီးနောက် လျင်မြန်စွာ ငြင်းခုံလာသည်။

“ဒါကို သန္ဓေသားအသိပညာပေးရေးလို့ ခေါ်တယ်။ အရှင်မင်းကြီး အဲဒါကို မကြားဖူးဘူးလား”

ထို့နောက် သူမရဲ့ခေါင်းကို ခါပြီးရင်း ခါလိုက်ကာ

“ပြောကြတဲ့ ‘အပြင်ပိုင်းပုံရိပ်နဲ့အတွင်းပိုင်းခံစားချက်’လေ။ ပြီးတော့ “ ခံစားချက်အလိုက် ပြောင်းလဲတယ်”တဲ့။ အရှင်မင်းကြီးရဲ့ဆက်ခံသူက ငယ်ရွယ်နေတုန်းဆိုပေမဲ့လည်း ဒီကိုယ်လုပ်တော်က နားလည်ပေးနိုင်ပါတယ်။ ပြီးတော့ ဒီကိုယ်လုပ်တော်ရဲ့ ခံစားချက်တွေက သူ့ဆီကို သွေးကနေတစ်ဆင့် ကူးပြောင်းပေးနိုင်တယ်လေ။ အဲဒါကြောင့် သဘာဝကျကျပဲ သူက နားလည်နိုင်တယ်။ ကျွန်မကနေ လက်ခံပေးလို့ရတယ်”

ယွီဝိန်းလန် “….”

150 03

တစ်နေ့တည်းတွင် စကားပုံတွေ အများကြီးကို တစ်ဆက်တည်း ပြောလာသည်မှာ သူမအဖို့ ရှားပါးပေသည်။ သူမကို ကြည့်ရသည်မှာ နန်းတော်ထဲကနေ ထွက်သွားနိုင်ဖို့ အတော်လေး ကြိုးစားထားပုံပင်။

ထို့နောက် သူက ပြောလိုက်သည်။

“ကောင်းပြီလေ ဒါဆိုရင်လည်း တစ်ယောက်ယောက်ကို ပြင်ပေးဖို့ ပြောခိုင်းလိုက်မယ်”

ဘာကိစ္စကြီးမို့လို့လဲ။ သူမ သွားချင်တယ်ဆိုတော့လည်း သူမကို သူနဲ့အတူ ခေါ်သွားရုံပေါ့။

သူမက ချက်ချင်းပဲပြုံးလိုက်ကာ ကောင်းပါပြီဟု ပြောလာသည်။

“ကျေးဇူးကြီးလှပါတယ် အရှင်မင်းကြီး”

ထို့နောက် ချက်ချင်းပဲ သူမက ပြောလိုက်သည်။

“အဲဒါက ဒီတိုင်း ဒီကိုယ်လုပ်တော်ကွမ်းချန်က အရှင်မင်းကြီးနဲ့ အတူသွားလို့ မကောင်းမှာကိုပဲ စိုးတာပါ။ မနက်ဖြန်မနက်ကျရင် ဧကရီမယ်တော်ကြီးကိုလည်း အတူတူသွားဖို့ ဆန္ဒရှိမလားလို့ ဘာလို့မမေးတာလဲ”

ယွီဝိန်းလန် “…”

ဧကရီမယ်တော်ကြီး

“မင်းပဲ သန္ဓေသားပညာရေးကို လိုချင်နေတာ မဟုတ်ဘူးလား။ ဧကရီမယ်တော်ကြီးနဲ့ ဘာလုပ်မလို့လဲ”

မကောင်းတဲ့ခံစားချက်က ရုတ်တရက် မြင့်တက်လာသည်။

ထို့နောက် သူမနှလုံးသားထဲမှ ပြောလာသံကို ကြားလိုက်ရသည်။

[ဒါကသာ ဧကရီမယ်တော်ကြီးအတွက် ပညာရှိချီကိုတွေ့ရဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။ ရှင့်ဇနီးကို ပျော်နိုင်အောင်လို့ ကူညီပေးလိုက် မြန်မြန်လေး သဘောတူလိုက်တော့]

ယွီဝိန်းလန် “…”

သူသိသားပဲ။

ရိုးရိုးသားသားပြောရလျှင် ယခုသူက ဖျားတော့မလိုပင်။ ချီရှုကွမ်းအကြောင်း သူ ကြားလိုက်ရသည့် အချိန်တိုင်း သူဟာ ဧကရီမယ်တော်ကြီးကို စဉ်းစားလိမ့်မည်ပင်။

ထိုအချိန်မှာပဲ သူက မတတ်နိုင်ဘဲ ပြောလိုက်သည်။

“ဧကရီမယ်တော်ကြီးက ဆူညံတာကို သိပ်မကြိုက်ဘူး။ အဲဒါကြောင့် သူမ မသွားချင်လောက်ဘူး”

သို့သော် ယန်ရှုက ပြောလာသည်။

“ဒီဆူညံတဲ့အခြေအနေက ပုံမှန်ပဲ မဟုတ်လား။ ဒီကိုယ်လုပ်တော် မနက်ဖြန်ကျရင် ဧကရီမယ်တော်ကြီးကို ကိုယ်တိုင်မေးလိုက်ရင်ရော ပိုပြီးမကောင်းဘူးလား။ မေးတောင်မမေးဘူးဆိုရင် ဧကရီမယ်တော်ကြီးကို မလေးစားရာ ကျမသွားဘူးလား”

သို့သော်လည်း ထိုအသံထွက်လာပေမဲ့ တစ်စုံတစ်ယောက်က သဘောမတူဆဲပင် တွန့်ဆုတ်နေကာ သူဟာ ဘာတွေတွေးနေရသလဲ ဆိုတာကို မသိရပေ။

ယန်ရှုက အကြံရသွားပြီး ရုတ်တရက်ပဲ မနှစ်မြို့ဖွယ် မျက်နှာထား လုပ်လိုက်ကာ အိပ်ရာကနေထွက်ပြီး ထွေးကန်ဆီ ပြေးသွားကာ သူမရဲ့ပါးစပ်ကို အုပ်လိုက်သည်။

“အမ်…ကျွန်မ နေမကောင်းသလို ခံစားရတယ် အန်ချင်လာပြီ….”

သူ့နှလုံးသားထဲတွင် ပြောနေသည်ကတော့ [ဟမ့် ကျွန်မရဲ့လှည့်ကွက်တွေကို ကြည့်စမ်းပါ။ ဒါပေမဲ့လည်း သဘောမတူနေတုန်းပဲဟုတ်လား]

ယွီဝိန်းလန် “….”

အဲဒါက အရမ်းကို ပေါ့တန်တာပဲ။

သူဟာ တစ်ခဏလောက် စကားမပြောဘဲ သူမကို မျက်ခုံးပင့်လျက်သာ ကြည့်နေလိုက်သည်။

ယန်ရှုက အရှုံးမပေးပဲ နှစ်ကြိမ် ထပ်အန်လိုက်သည်။

150 04

မမျှော်လင့်ထားစွာနဲ့ သူမက အရမ်းကို အလေးအနက်နဲ့ ဟန်ဆောင်နေလို့ ဖြစ်နိုင်သည်။ နောက်နှစ်ချက်အတွင်းမှာပဲ သူမက တကယ်အန်ကာ ပြီးနောက် မျက်နှာသည်လည်း တစ်ခဏအတွင်း ဖြူဖျော့သွားတော့သည်။

ယွီဝိန်းလန်က ထိတ်လန့်သွားပြီး ထို့နောက် သူမရဲ့ ဘေးဘက်ဆီကို အမြန်သွားလိုက်ကာ ပြောလိုက်သည်။

“မင်း အဆင်ပြေရဲ့လား”

သို့သော် သူမက ဖြူဖျော့နေတဲ့မျက်နှာနဲ့ အားနည်းစွာ ပြောလာသည်၊

“အရှင်မင်းကြီးသာ ဒီကိုယ်လုပ်တော်ကို သဘောတူတယ်ဆိုရင် ဒီကိုယ်လုပ်တော်က အဆင်ပြေကောင်း ပြေသွားပါလိမ့်မယ်….”

ယွီဝိန်းလန် “။။”

အရမ်းကို ညစ်ပတ်တာပဲ။

သို့သော်လည်း သူပင် စကားမပြောနိုင်သေးခင်မှာပဲ သူမက ထပ်အန်တော့သည်။ သူမရဲ့မျက်နှာပင် ဖြူဖျော့သွားရုံမျှမက သူမရဲ့နဖူးစပ်တွင်လည်း ချွေးအေးတစ်လွှာ ထွက်ပေါ်လာသည်။ သူမကိုကြည့်ရသည်မှာလည်း အရမ်းကို နာကျင်နေသည့်ပုံပင်။ တစ်ခဏလောက် အတုကနေ အစစ်ကို ပြောဖို့ခဲယဉ်းသွားသည်။

ယွီဝိန်းလန်မှာ ရွေးချယ်စရာမရှိတော့ဘဲ ပြောလိုက်ရသည်။

“ကောင်းပြီ ကောင်းပြီ ကိုယ်မင်းကို ကတိပေးတယ်။ မနက်ဖြန်မနက်ကျ ကိုယ်တစ်ယောက်ယောက်ကို လွှတ်ပြီး ဧကရီမယ်တော်ကြီးကို မေးခိုင်းလိုက်မယ် တကယ်လို့ ဧကရီမယ်တော်ကြီးသာ သွားဖို့ ဆန္ဒရှိတယ်ဆိုရင် ကိုယ်တို့ အတူတူသွားလို့ရတယ်”

စကားပြောနေရင်း သူကသူမကို ထပ်ပြီး ကူညီပေးလိုက်သည်။

ယန်ရှုက သူမရဲ့တည်ငြိမ်မှုကို ပြန်လည်ထိန်းချုပ်လိုက်ပြီး အက်ကွဲနေတဲ့အသံနဲ့ ပြောလာသည်

“အရှင်မင်းကြီးက အမျှော်အမြင်ရှိလိုက်တာ”

ယွီဝိန်းလန် “….”

ဧကရီမယ်တော်ကြီးကို ချီရှုကွမ်းနဲ့ တွေ့ဆုံနိုင်ဖို့အတွက်နဲ့

သူ့ဘာသာသူ ထုံထိုင်းအောင်အထိ လုပ်လိုက်တာလား။

သို့သော် သူမနှလုံးသားထဲက ရေရွတ်သံကို ကြားလိုက်ရသည်

[သူမရဲ့ cp အတွက်ဆို အကြိမ်အနည်းငယ်လောက် ထပ်အန်ရလည်း ပြဿနာမရှိဘူး!]

ယွီဝိန်းလန် “…”

မင်း လုပ်စရာမလိုပါဘူး။

~~~

ဒီလိုနဲ့ နောက်တစ်နေ့မနက်ခင်းစောစောမှာ ဧကရီမယ်တော်ကြီးက သတင်းကို လက်ခံလိုက်ရသည်

အဲဒါကတော့ သူမဆီကို ကိုယ်တိုင်ကိုယ်ကျ သတင်းပို့လာသည့် ယန်ရှုပင်။

ဧကရီမယ်တော်ကြီးက အံ့အားသင့်သွားကာ ပြောလာသည်။

“အရှင်မင်းကြီးက ဒါမျိုးလုပ်ဖို့ ဘယ်လိုလုပ်ပြီး တွေးမိသွားတာလဲ”

ယန်ရှုက မနေ့ညက ယွီဝိန်းလန်ကို ပြောခဲ့သည့်စကားတွေကို ပြန်ထုတ်လိုက်သည်.

“အရှင်မင်းကြီးက ပြည်သူတွေကို သားလိုချစ်မြတ်နိုးတာပါ။ ဒီကြီးကျယ်ခမ်းနားတဲ့ ဖြစ်ရပ်ကို ကမ္ဘာပေါ်က လူတိုင်း ကြားသင့်တယ်လို့တွေးပြီး အဲဒါမှ ယနေ့ဖြစ်ပျက်နေတဲ့ကိစ္စတွေက လောကတစ်ခုလုံးသိမြင်နိုင်မှာလို့ တွေးမိလို့ပါ။ ပြီးတော့လည်း စုန့်ဟယ်အကယ်ဒမီရဲ့ပုံရိပ်အသစ်ကို အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိစေချင်လို့ပါ”

“အဓိပ္ပာယ်ရှိသားပဲ”

ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ကာ ထို့နောက် တွန့်ဆုတ်သွားတော့သည်။

“ဒါပေမဲ့ အိုက်ကျားကလည်း သွားရမှာလား….။မြင်ကွင်းကို နည်းနည်းလေး ပိုပြီးကြီးမသွားစေဘူးလား”

ယန်ရှုက လျင်မြန်စွာပြောလိုက်သည်။

150 05

“မြင်ကွင်းကြီးတွေက တော်ဝင်ညီလာခံရဲ့အရေးပါမှုကို ပြသတယ်လေ ဟုတ်တယ်မလား။ ညီလာခံကလည်း ဒီဟာကို အရမ်းကို အရေးကြီးတယ်လို့သတ်မှတ်မှတော့ သင်ကြားရေးဆရာသခင်တွေလည်း သင်ကြားတဲ့နေရာမှာ ပိုပြီးတော့ ယုံကြည်မှုရှိလာနိုင်တယ်လေ။ ဒါမှလည်း စာသင်သားတွေက သင်ယူဖို့ ပိုပြီးတော့ စိတ်အား တက်ကြွလာမှာပေါ့ ဟုတ်တယ်မလား”

ဧကရီမယ်တော်ကြီးက ခဏလောက်တွေးလိုက်ကာ ထို့နောက် ပြောလိုက်သည်။

“ကောင်းပြီလေ အရှင်းမင်းကြီးမှာ ဒီလိုစိတ်နှလုံးသားမျိုးရှိတာက ရှားပါးတယ်ဆိုတော့ အိုက်ကျားလည်း ကွင်းပြင်ဆီ ပါဝင်အားဖြည့်သင့်တာပါ့။ ဒါဆိုရင် မနက်ဖြန်ကျ သွားကြမယ်”

ယန်ရှုက အပျော်လွန်သွားပြီး သူမရဲ့ခေါင်းကို သဘောတူသည့်အနေနှင့် လျင်မြန်စွာ ညိတ်ပြလာသည်။

“သေချာပေါက်ပင် ဧည့်သည်တွေအား မလွှမ်းမိုးရန်အတွက် ဧကရာဇ်နဲ့ ဧကရီမယ်တော်ကြီးဟာ အလွန်အမင်းရှုပ်ထွေးတဲ့ အခမ်းအနား အစောင့်အရှောက်တွေကို အသုံးမပြုခဲ့ပေ။ ပြီးနောက် သူတို့ရဲ့အဝတ်တွေသည်လည်း ပိုပြီးတော့ ပေါ့ပါးပေသည်။ ထိုသည်က ပြည်သူလူထုနှင့် နီးကပ်မှုကိုပြသနေသလို သူတော်စင်တွေကိုလည်း လေးစားရာကျပေသည်။

သတင်း ရရှိသွားသည့်လူတွေက အလွန်အမင်းစိတ်အားထက်သန်နေကာ တစ်ယောက်ပြီးတစ်ယောက် စောလျင်စွာ ရောက်လာကြတော့သည်။ သူတို့ဟာ ကြီးမြတ်သော ကွန်ဖြူးရှပ်ပညာရှိတွေရဲ့ ပြုမူပြောဆိုပုံကို ရိပ်ခနဲမြင်နိုင်ရန်အတွက် မြို့တော်ရဲ့ဆင်ခြေဖုံးတွေကနေ တစ်ညအတွင်း ရောက်ရှိလာကြတာပင်။

ထိုမြင်ကွင်းကို တွေ့သည့်အခါ ယွီဝိန်းလန်က အနည်းငယ် သက်သာရာရသွားသလို ခံစားလိုက်ရသည်။ သူမကို ကူညီနေစဉ်မှာပဲ ဒါကိုလည်း အသုံးဝင်တဲ့အရာလို့ သတ်မှတ်လို့ရသည် သိပ်တော့လည်း မဆိုးပေ။

ဘယ်လိုအခြေအနေပဲ ဖြစ်ပါစေ။ လူထုကသာ သင်ယူဖို့ စိတ်အားထက်သန်နေလျှင် လောကကြီးအတွက် မျှော်လင့်ချက်ရှိပေသည်။

လူတိုင်းကို တတ်နိုင်သလောက် ဂရုစိုက်နိုင်ရန်အတွက် စုန့်ဟယ်အကယ်ဒမီရဲ့ရှေ့ရှိ ရင်ပြင်တွင် ဆွေးနွေးပွဲကို ပြင်ဆင်တည်ဆောက်ထားသည်ပင်။

ယနေ့ပို့ချချက်ကို လာရောက်နားထောင်သည့် သူတွေကလည်း မြေပြင်တွင် နေရာကောင်းတစ်ခုကို ရှာလိုက်ကြပြီး ထိုအခါမှသာ သူတို့တွင် ရိုးရှင်းသထက် ရိုးရှင်းသည့် အတွေအကြုံကို ရှိနိုင်မည်ဖြစ်သည်။

သေချာပေါက်ပင် လုံခြုံမှု တခြားသော သုံးသပ်ချက်များနှင့် လေးစားမှုကိုပြရန်အတွက် တော်ဝင်ကိုယ်လုပ်တော်နဲ့ ဧကရီမယ်တော်ကြီးဟာ သူမတို့၏ အထူးစပါယ်ရှယ် အရေးကြီးနေရာရှိကြပြီး အကယ်ဒမီရဲ့ဟောပြောစင်နှင့် အနီးအနားမှာ တည်ရှိပေသည်။

ဘေးဘက်မှာတော့ အရေးကြီးတဲ့ညီလာခံအရာရှိတွေနဲ့ ပညာရှိတွေဟာ သူတို့ကို အဖော်ပြုလျက်ရှိကြပြီး ထိုမြင်ကွင်းက အရမ်းကို ခမ်းနားပေသည်။

အချိန်ကျလာသည့်အခါမှာတော့ လောကတစ်ခွင်ကျော် ကြားသည့် ကွန်ဖြူးရှပ်ပညာရှိလေးယောက်ဟာ စတင်၍ ပို့ချက်များ ပို့ချတော့သည်။

ပထမပို့ချသည့်သူကတော့ ဆရာသခင် နန်ယွမ်ယွီဖြစ်ပြီး ပြောကြားသည်က

“အမှန်တရားကို ဆုံးဖြတ်ချင်လျှင် ကြိုးစကို ဦးဆောင်သင့်သည်။ အမှန်အမှားကို ခွဲခြားသုံးသပ်ချင်လျှင်တော့ နာမည်ကိုသာ အသုံးပြုသင့်သည်” အဓိပ္ပာယ်ရှိသည့်အရာပင်။

လူကြီးမင်းယွီဟာ ဝင်္ကဝုတ္တိပြောဆိုရသည့် စကားအရာမှာ ကောင်းမွန်ပြီး အရင်းအမြစ် အများကြီးက ကိုးကားချက်အချို့က လူတွေကို ရုတ်ချင်း အသိအမြင်ပွင့်သွားစေသည်၊

နောက်တစ်ယောက်ကတော့ ဆရာသခင်လန်လင်ကုပင် ၊

ပျော်ရွှင်ဖွဘ်ကောင်းသည့် မိသားစုဆက်ဆံရေးကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ လူကြီးမင်းကုဟာ လူတွေရဲ့စိတ်နေသဘောထားနဲ့ နီးစပ်ပြီး ဟသရသလည်း ရွှင်ပေသည်၊ သူဟာ ကွန်ဖြူးရှပ်ဝါဒီရဲ့ “သားသမီးဝတ္တရားရဲ့ဘာသာရေးကိုင်းရှိုင်းမှု” အဓိပ္ပာယ်ကို ရှင်းပြလာပြီး လူတိုင်းကို ဘာသာစကားအား နားလည်လွယ်စေကာ အဆက်မြတ်ချီးမွမ်းသံတွေ ထွက်ပေါ်လာစေသည်၊

တတိယမြောက်အဖြစ် စင်ပေါ်မှာ ပေါ်ထွက်လာသည့် သူကတော့ ဆရာသခင်ကျင်းလင်ကျီဖြစ်ပြီး သူ၏စာပေကျမ်းဂန်၌ နှံ့စပ်မှုကြောင့် ကျော်ကြားပေသည်။ သူဘာ ထုံးတမ်းဓလေ့ရဲ့စည်းမျဉ်းတွေကို ဆွေးနွေးခဲ့ပြီး မွန်မြတ်ခြင်းရဲ့ ဥပဒေသနဲ့ ကြွယ်ဝတဲ့ ဂန္တဝင်စာပေနှင့် နာမည်ကျော်ဆိုရိုးတွေကိုပါ ဆွေးနွေးခဲ့သည်။ ထိုအချင်းအရာသည်က ရှိနေကြသည့် အရာရှိတွေအား အလွန်အမင်းကို လေးစားသွားစေသည်။

သူတို့သုံးဦးစလုံး ပေါ်ထွက်လာပြီးနောက် ယနေ့စင်မြင့်ရဲ့ဆွေးနွေးပွဲတွင် နောက်ဆုံးဖြစ်ကာ စုန့်ဟယ်အကယ်ဒမီရဲ့ အကြီးအကဲအသစ်ဖြစ်သူ ချီရှုကွမ်းက ပေါ်ထွက်လာပြီဖြစ်သည်။

150 06

ယနေ့ဆွေးနွေးပွဲရဲ့ အရေးအကြီးဆုံးသူ ဖြစ်သည့်အလျောက် လူတိုင်းက သူ့အကြောင်းကို အလွန်အမင်း သိချင်စိတ် ပြင်းပြနေကြသည်။ ယခုသူတို့ဟာ သူ့အပေါ်တွင် အကြည့်တို့ပို့ရန် အလုအယက် ကြိုးပမ်းနေကြသည် ။

သို့သော် တွေ့လိုက်ကြသည်က ထိုလူဟာ အသက်လေးဆယ်ကျော်ရှိပြီဖြစ်ပြီး ဝါးပင်လိုပင် ဖြောင့်မတ်နေဆဲဖြစ်ကာ နိမ့်ချတတ်ပြီး သိက္ခာရှိကာ ယဉ်ကျေးဖွယ် အသွင်အပြင်ရှိသည်။

ပထမအကြည့်မှာပင် ပရိတ်သတ်အားလုံးရဲ့ မျက်လုံးတွေက ထိုလူကြီးမင်းအပေါ်မှာ ကျရောက်သွားကြသည်။ သို့သော်လည်း သူ့ကြည့်ရသည်မှာ ထိတ်ပျာသွားပုံမရဘဲ တည်ငြိမ်စွာ ပြောလာသည်။ ပြီးနောက် လူတိုင်းအား

“ဧကရာဇ်ရဲ့ယုံကြည်မှု; ပြည်သူလူထုဟာ တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ်ပင်ဖြစ်သည်” ဆိုသည်ကို ပို့ချလာသည်။

တစ်ခဏလောက် ပရိတ်သတ်တွေက တိတ်ဆိတ်သွားတော့သည်။

အထူးတန်းခုံနေရာမှ ယွီဝိန်းလန်သည်လည်း လမ်းလွဲနေတဲ့အတွေးတွေကို ဘေးဖယ်လိုက်ကာ တိတ်တဆိတ် နားထောင်လာသည်။

ယခုတော့ ဒီလူဟာ တကယ်ကိုပင် ပါရမီရှိ နိမ့်ချတတ်သလို တည်ငြိမ်ကာ သမာသမတ်ကျပြီး တစ်ကိုယ်ကောင်းလည်း မဆန်သည်ကို ဝန်ခံရပေမည်။ သူဟာ တကယ်ကို ကျောင်းအုပ်နေရာနေရာ၏အကောင်းဆုံး အကြီးအကဲပင်ဖြစ်သည်။

နာရီဝက် ခန့်ကြာပြီးနောက် ချီရှုကွမ်း၏အသံ ရပ်တန့်သွားသည်နှင့် ပရိတ်သတ်တွေက ချီးကျူး လေးစားဂုဏ်ပြုသံများဖြင့် ပေါက်ကွဲထွက်သွားတော့သည်။

ထိုအသံများကြားတွင် ယွီဝိန်းလန် မခုခံနိုင်ဆုံးကတော့ ယန်ရှုရဲ့ စိတ်နှလုံးသားအပြည့်ဖြင့် ပြောသောအသံပင်။

[အား အား ငါ့ရဲ့အိုင်ဒေါလ်က အရမ်းကိုကောင်းတာပဲ။ ဧကရီမယ်တော်ကြီးက အရမ်းကို ကျေနပ်နေတာပဲ ဖြစ်ရမယ်။ ကမ္ဘာပေါ်က အကောင်းဆုံးအမျိုးသားနဲ့ ကမ္ဘာပေါ်ကအကောင်းဆုံး အမျိုးသမီးတို့ကသာ တကယ့်ကိုပြီးပြည့်စုံတဲ့ တွဲစပ်မှုပဲ]

ယွီဝိန်းလန် “…”

ဘာလို့သူက သူမနှလုံးသားထဲက အကောင်းဆုံးသောသူ မဖြစ်ရတာလဲ။

သို့သော်လည်း မပြီးသေးပေ သူမက ထပ်မံအော်ဟစ်လာပေသည်။

[မြန်မြန်လေး မြန်မြန်လုပ်ပြီး ဧကရီမယ်တော်ကြီးကို ဒီမဟာပညာရှိနဲ့ စကားလုံးအနည်းငယ်ပြောခိုင်းလိုက်]

ယွီဝိန်းလန် “…..”

ကောင်းရော သူပင် စကားမပြောရသေးဘူးကို ဧကရီမယ်တော်ကြီးကို ချီရှုကွမ်းနဲ့ စကားပြောခိုင်းတယ်ပေါ့။ နည်းနည်းလေး ရုတ်ချည်းမဖြစ်လွန်းဘူးလား။

ထိုအချိန်မှာ ချီရှုကွမ်းက စင်မြင့်ပေါ်မှာ ရပ်နေဆဲဖြစ်ပြီး သာမန်ပြည်သူတွေနဲ့ သူ့အား ချီးကျူးခဲ့ကြသူတွေဟာလည်း သူတို့ရဲ့ခေါင်းတွေကို ညိတ်နေကြသည်။

ယန်ရှုကို ထပ်မံအော်ဟစ်သည်မှ ကာကွယ်ရန် ယွီဝိန်းလန်က တစ်ခုခုပြောဖို့ ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း သူ့ပါးစပ်ကိုပင် မဖွင့်ရသေးခင်မှာပဲ တစ်စုံတစ်ယောက်ဟာ ထိုလူ့ဆီသို့ ပန်းစည်းတစ်စည်း ပစ်လာသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

ဘက်လိုက်စွာနဲ့ပဲ ထိုပန်းစည်းဟာ ကျောင်းအုပ်ချီရဲ့လက်မောင်းပေါ်တွင် ကျဆင်းသွားတော့သည်။

ထိုမြင်ကွင်းကို တွေ့သည့်အခါ လူတိုင်းက တွန့်ဆုတ်သွားကြသည်။

ယန်ရှုသည်လည်း လျင်မြန်စွာနဲ့ တစ်ချက် အနီးကပ်ကြည့်လိုက်ပြီး ထိုပန်းစည်းကို ပစ်လိုက်သည့်သူက အမျိုးသမီးတစ်ယောက် ဖြစ်နေတာကို တွေ့လိုက်ရသည်။ မျက်နှာလွှားပုဝါကို ဝတ်ဆင်ထားပြီး သူမရဲ့အသက်ကို မပြောနိုင်ပေ။ ပေါ်နေတဲ့ အဝတ်အစားတွေအရ အရည်အသွေးကောင်းနဲ့ ပြုလုပ်ထားပုံပင်။

ကျစ် လူတွေရှေ့မှာ အမျိုးသမီးတစ်ယောက်က အမျိုးသားတစ်ယောက်ဆီ ပန်းတွေပစ်ပေးတာက ထူးခြားတဲ့အဓိပ္ပာယ် ရှိတယ်။

ယန်ရှုရဲ့နှလုံးသားက နစ်မြှုပ်သွားကာ လျင်မြန်စွာနဲ့ စစ်စတန်ကို မေးလိုက်တော့သည်။

[ဒီအမျိုးသမီးက ဘယ်သူလဲ။ အဲဒီပညာရှိချီက လူတွေ ဒီလောက်အများကြီးရှေ့မှာ ဘာလို့ အချိန်ဖြုန်းနေရသေးတာလဲ။ နည်းနည်း အပြောင်အပျက်ဖြစ်လွန်းရာ ကျမနေဘူးလား]

သို့သော် စစ်စတန်က သက်ပြင်းတစ်ချက် မှုတ်ထုတ်ကာ ပြောလာသည်။

[ဒါကအံ့အားသင့်စရာပဲ။ ဒီအမျိုးသမီးက ဒီမင်းဆက်ရဲ့ ကျော်ကြားတဲ့ မျိုးရိုးမြင့်အမျိုးသမီးတစ်ဦးပဲ။ မင်းသမီးရှုံအန်း ဧကရာဇ်ရဲ့အဒေါ်ဆိုလည်း ဟုတ်တယ်]

ယန်ရှု […]

ဘယ်လိုလုပ် ဒီလိုဖြစ်တာတုန်း။ သူမရဲ့ အတွဲလေးကို တခြားသူကို ဘယ်လိုလုပ်ပြီး ဝင်ရှုပ်ခွင့် ပြုနိုင်မှာလဲ။

******

All Chapters