← Chapters

အခန်း (၇-၉)

Vol. 1 Ch. 7-9

အခန်း (၇-၉)

Vol. 1 Ch. 7-9

7 01

အခန်း ၇

ထိုအချိန်တွင် ယန်ရှု၏စိတ်ထဲ၌ အတွေးတစ်ခုသာလျှင် ရှိသည်။ အဲဒါကတော့

‘ဒီအကျင့်ပျက်ကောင်ကို သတ်ပစ်!’

ဧကရာဇ်ရဲ့ကိုယ်လုပ်တော်ကိုတောင် ချောင်းကြည့်ရဲပြီး အိမ်ထဲကိုတောင် ဝင်လာသေးတယ်။ ဒီလိုလုပ်ရပ်မျိုးကိုတောင် လုပ်နိုင်တဲ့ သူများဇနီးကို ပြစ်မှားချင်နေတဲ့ကောင်က ပြင်းပြင်းထန်ထန် အပြစ်ပေးခံရသင့်တယ်။

သူမရဲ့တစ်ကိုယ်လုံးမှာရှိတဲ့ အားတွေကို စုစည်းပြီး ကိုက်တဲ့နေရာမှာပဲ အာရုံစိုက်ထားလိုက်ပြီးတဲ့နောက် သူမရဲ့ပါးစပ်ကို လုံးဝလျှော့မပေးချေ။ ကိုက်နေသည်မှာ တစ်ခြားသူက ထပ်ပြီးသည်းမခံနိုင်တော့ဟန်နှင့် ပြောလာသည်အထိပင် ။

‘ကိုယ်တော်ပါ’

…..ဘာကြီး။

ဒီအသံ…..ဘာလို့ အရမ်းရင်းနှီးနေရတာလဲ။

ကြည့်ရတာ တစ်နေရာရာမှာ ကြားခဲ့ဖူးသလိုပဲ

သူမ တစ်ခဏတာ အေးခဲသွားပြီးတဲ့နောက် တစ်ဖက်သူရဲ့မျက်နှာကို တွေ့ရဖို့ ကြည့်လိုက်မိသည်။

ထိုအချိန်တွင် အခန်းထဲ၌ မည်သည့်အလင်းရောင်မှ မရှိပေမဲ့ ကံကောင်းစွာဖြင့် လရောင်ရဲ့အလင်းက သိပ်ပြီးမဆိုးရွားပေ။ မျက်နှာသွင်ပြင်ကောက်ကြောင်းကို ပုံဖော်လိုက်နိုင်ချိန်မှာတော့ သူမ လုံးဝကို ကြက်သေ သေသွားတော့သည်။

ယွီဝိန်းလန်က ကိုက်ခံရတာကနေ လွတ်မြောက်သွားတာနဲ့ သူမပါးစပ်ထဲက သူ့ရဲ့လက်ကို အလျင်အမြန်ပဲ ဆွဲထုတ်လိုက်တော့သည်။

နောက်တစ်စက္ကန့်မှာပဲ အပြင်ဘက်ကအပျိုတော်ရဲ့အသံကို ကြားလိုက်ရသည်

“သခင်မလေးလား။ အဆင်ပြေရဲ့လား”

ယန်ရှုက အလျင်အမြန်ပဲ အသိပြန်ဝင်လာပြီး အလျင်စလို ပြောလိုက်သည်

“အဆင်ပြေတယ်။ ငါ အိပ်ရာကနေထပြီး ရေနည်းနည်း သောက်မလို့ ဝင်လာစရာ မလိုဘူး”

ရန်တုန်း ကညည်းညူလိုက်ပြီး ပြန်သွားအိပ်လိုက်တော့သည်။

ယန်ရှုက အံ့အားသင့်စွာနဲ့ သူမအရှေ့က အရပ်ရှည်ရှည်နဲ့ လူကို ကြည့်လိုက်ပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလာခဲ့သည်

“အရှင်မင်းကြီးက ဘာလို့ဒီကိုရောက်နေရတာလဲ”

ယွီဝိန်းလန်က ဆင်ခြေပေးဖို့ ပြင်လာပြီးသားပင်။ အဲဒီနောက် သူ့မျက်နှာမှာဘာ ပြောင်းလဲမှုမှမရှိဘဲ ပြောလာခဲ့သည်

“ငါကိုယ်တော် မင်းကို လာတွေ့တာ”

ယန်ရှုရဲ့ခေါင်းပေါ်မှာ အမေးသင်္ကေတတွေအပြည့်နှင့်ပင်

“ဘာလို့ဒီ ကိုယ်လုပ်တော်ကို လာတွေ့တာပါလဲ”

ယွီဝိန်းလန်က တမင်သက်သက် စမ်းသပ်လာခဲ့သည်။

“ငါကိုယ်တော် ဘာလို့လာသလဲဆိုတာကို မင်းက မသိဘူးလား”

ယန်ရှုဟာ သူမရဲ့ခေါင်းကို စိတ်ရှုပ်ထွေးစွာနဲ့ ယမ်းလိုက်ပြီး

“ဟင့်အင်း ကျွန်မ မသိဘူး”

[ဘုရားရေ ဒါကရော ဘယ်လိုကစားနည်းလဲ။ ညဘက်အိပ်ရင်း လမ်းလျှောက်တာလား။]

ယွီဝိန်းလန် “…..”

အချိန်တစ်ခုလောက် ဘာမူမှန်တာမျိုးကိုမှ မကြားရသည့်အတွက် ရွေးချယ်စရာမရှိဘဲ မျက်နှာကို မပြောင်းလဲစေလျက် လိမ်လိုက်သည်။

“ကိုယ်တော် မင်းကိုသဘောကျတယ်”

“ဘာကြီး”

ယန်ရှုကို ကြည့်ရသည်မှာ မိုးကြိုးပစ်ခံလိုက်ရသည့်နှယ်

[ဟိုလို မလုပ်နိုင်ရင်တောင်မှ မိန်းမတွေကိုတော့ ကြိုက်နေသေးတာပဲ]

ယွီဝိန်းလန်ရဲ့ မျက်ခုံးတွေ တွန့်သွားပြီး ဒေါသ ထွက်လာတော့မဲ့အချိန်မှာပဲ

စစ်စတန် [ သူက ဟိုဟာ မလုပ်နိုင်ရုံပဲလေ။ သူ့ဟာက ကျိုးနေတာမှ မဟုတ်တာ ဘာလို့မိန်းမတွေကို မကြိုက်ရမှာလဲ။]

ယန်ရှု […..အာ ဒီတော့ ဒီလိုဖြစ်နေတာကိုး။]

စစ်စတန် [ အမှန်ပဲ လူတွေမှာက ချို့ယွင်းချက်ဆိုတာ ရှိကြတယ်လေ။ အဲတော့ ငါတို့တွေက သူတို့တွေကို ခွဲခြားဆက်ဆံလို့ မရဘူး ]

ယန်ရှု [….ကျွန်မ တကယ်ကို တောင်းပန်ပါတယ်။ ဧကရာဇ် ရှင်က အစကတည်းက သနားစရာကောင်းပြီးသားလေ။ အဲတော့ ကျွန်မ ရှင့်ကို ခွဲခြားမဆက်ဆံသင့်ဘူး။ ကျွန်မ တောင်းပန်တယ်နော် တောင်းပန်တယ်]

ယွီဝိနိးလန် “…..”

ဘယ်လို သီချင်းမျိုး ဆိုပြန်ပြီတုန်းဟ။

(ဘာဇာတ်လမ်းတွေခင်းပြန်ပြီလဲလို့ ပြောတာပါ)

အဲ့ဒီနောက် ချက်ချင်းပဲ သူမရဲ့စိတ်ထဲက ရေရွတ်သံကို ကြားလိုက်ရသည်

[ဒါပေမဲ့ သူက ငါ့ကို ဘာလို့ကြိုက်တာလဲ။ ဒီလိုသွေးအေးရက်စက်တဲ့ ဧကရာဇ်အရှင်မျိုးက တိုင်းပြည်တစ်ဝှမ်းက ချောပေ့လှပေ့ဆိုတဲ့အလှလေးတွေကိုပဲ ကြိုက်သင့်တာမလား။ ငါက အတော်လေးတော့ လှတယ်ဆိုပေမဲ့လည်း တိုင်းပြည်ကိုတောင် ပျက်သုန်းစေနိုင်တဲ့ မိစ္ဆာမလေးလို ကပ်ဘေးသင့်စေတဲ့အလှမျိုးတော့ မဟုတ်ဘူးလေ…..]

ယွီဝိန်းလန် “…..”

7 02

ဒီလိုအချိန်မျိုးမှာတောင် ဒီလောက်ကိစ္စတွေ အများကြီးကို ဘယ်လိုလုပ်ပြီး တွေးနိုင်နေရသေးတာလဲ။

သူဟာ အကူအညီမဲ့သွားပြီး ပြောလိုက်သည်

“ဘာလဲ။ ကိုယ်တော်က မင်းကို သဘောကျပေမဲ့ မင်းက အဲတာကို မပျော်ဘူးလား”

ယန်ရှုက သူ ပြောတာမှန်တယ်လို့ တွေးလိုက်သည်။ အရှင်မင်းကြီး သဘောကျတာကိုခံရသည်မှာ တကယ်ကို ကောင်းတဲ့အရာရော ဟုတ်ရဲ့လား။ မင်းသာ ဂရုမပြုမိဘူးဆိုရင် မင်းက မောင်းမဆောင်တစ်ခုလုံးရဲ့ပစ်မှတ် ဖြစ်လာမှာလေ။

သို့သော် သူမ ရိုသေစွာသာ ဖြေလိုက်နိုင်သည် ။

“မလုပ်ရဲပါဘူး။ ဒီကိုယ်လုပ်တော်က လန့်သွားမိရုံပါ”

ယွီဝိန်းလန်က ငြင်သာစွာ နှာမှုတ်လိုက်ပြီး “မင်းက အတော်လေးသတ္တိရှိတာပဲ”

မောင်းမဆောင်ထဲက မိန်းမတွေအားလုံးက သူတို့ကို သူ့ဘက်ကနေ ပိုပြီးကြည့်လာဖို့ ဆုတောင်းနေကြသည်ပင်။ သူမကသာ ထိုသို့ပြုလုပ်ရသည်ကို မုန်းတီးတဲ့ တစ်ယောက်တည်းသောသူ ဖြစ်သည်။

ယန်ရှုကသူမရဲ့ခေါင်းကို ညွှတ်လိုက်ပြီး သတ္တိရှိစွာ ပြောလာခဲ့သည်။

“အရှင်မင်းကြီးက ဘာလို့ ဒီလိုမျိုး ပေါ်လာရသလဲဆိုတာကို ကျွန်တော်မျိုးမ နားမလည်နိုင်သေးပါဘူး”

ယွီဝိန်းလန်က သဘာဝကျစွာ လိမ်လိုက်သည်။ “သော့ကလည်း ပွင့်နေပြီးသား ဖြစ်နေတာရယ် ငါကိုယ်တော်က တစ်ခြားသူတွေကိုလည်း အသိမပေးချင်လို့”

နန်းတော်ထဲက စည်းမျဉ်းတွေက တင်းကြပ်လှသည်။ ဟိုင်ကျန်းနန်းတော်ရဲ့ဂိတ်တံခါးက ညစဉ်ညတိုင်း အချိန်မီဖွ င့်ပိတ်သည့်အတွက် စိတ်ရှိသလို လျှောက်သွား၍ မရပေ။ ဧကရာဇ်ကိုယ်တော်တိုင် မောင်းမဆောင်ကို လာချင်လျှင်တောင်မှ တံခါးဖွင့်ဖို့အတွက် မောင်းမဆောင်သော့ကို အထူးတလည် တာဝန်ယူရတဲ့သူဆီကို အကြောင်းကြားရပေသည်။

အကြောင်းပြချက်က တစ်နည်းနည်းနဲ့ ဆီလျော်နေသည်။ ယန်ရှုက ဘယ်မေးခွန်းမှ ထပ်မေးမလာတော့ပေမဲ့ ရုတ်တရက် အရမ်းအရေးကြီးတဲ့ကိစ္စ တစ်ရပ်ကို အမှတ်ရသွားမိပြီး အလျင်အမြန် ပြောလာသည်

“ကျွန်တော်မျိုးမ အရှင်မင်းကြီးမှန်း မသိလိုက်မိဘူး ။အရှင်မင်းကြီးရဲ့လက်……အဆင်ပြေရဲ့လား”

ယွီဝိန်းလန်က မျက်မှောင်က ကြုတ်လိုက်ပြီး

“နာတယ်”

ယန်ရှုက အလန့်တကြား ဖြစ်သွားပြီး အိပ်ဆောင်ထဲက မီးအိမ်ကို အလျင်အမြန် ယူလိုက်ပြီးတဲ့နောက် တွေ့လိုက်ရတာကတော့ အရှင်မင်းကြီးရဲ့လက်က ယောင်ကိုင်းပြီး သွေးထွက်နေတာပင်။

ကျစ် သူမ တော်တော်လေး ပြင်းပြင်းထန်ထန်ကို ကိုက်လိုက်မိတာပဲ

သူမ အရမ်းကို ကြောက်လန့်သွားသည့်အတွက် ချက်ချင်းပဲထိုင်ချပြီး သနားညှာတာပေးဖို့ တောင်းပန်တော့သည်။

“အရှင်မင်းကြီးဆိုတာကို ကျွန်တော်မျိုးမ မသိလိုက်လို့ပါ။ အရှင်မင်းကြီးဘက်က ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်မျိုးမ အရှင်မင်းကြီးအတွက် တော်ဝင်သမားတော်ကို ပင့်ပေးရမလားဟင်”

ယွီဝိန်းလန်က လေးလံနေတဲ့ မျက်နှာထားနဲ့ပြော လာသည်။

“ တော်ဝင်သမားတော်ရောက်လာရင် မင်းက ဘယ်လိုပြစ်မှုမျိုးကျူးလွန်တယ်လို့ ပြောမှာလဲ”

ယန်ရှု တန့်သွားရသည်။

အမှန်ပဲ ဧကရာဇ်ကို ကိုက်လိုက်တာက တိုင်းပြည်ကိုပုန်ကန်တာပဲမလား။ တော်ဝင်သမားတော် ရောက်လာရင် သူမက သူမဘာသာ ထောင်ချောက်ထဲကို ဝင်သွားပဲလေ။

[ကျစ် ဘယ်လိုတောင် ကံဆိုးနေတာလဲ! ညလယ်ကြီး ချောင်းကြည့်ပြီး အခန်းထဲကို ခိုးဝင်လာတဲ့ ဘယ်သူမဆို အကျင့်ပျက်ကောင်ပဲမလား။ ]

ယွီဝိန်းလန် “…”

“ပုံမှန်မဟုတ်”ဆိုတာက ဘာကိုဆိုလိုလဲဆိုတာကို မသိပေမဲ့ ကောင်းတဲ့အရာ မဟုတ်ဘူးဆိုတာတော့ ခန့်မှန်းနိုင်သေးသည်။

သူမ ထပ်ပြောလာတာကို ကြားလိုက်ရပြန်သည်

“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးကို ရည်ရွယ်ချက်ရှိရှိနဲ့ ကိုက်တာ မဟုတ်ရပါဘူး။ ဒီလုပ်တော်ထင်တာက အဲဒီလူက သူများရဲ့ဇနီးကို ခိုးချင်တဲ့သူလို့ ထင်သွားလို့ပါ…..”

“……”

ဒါကလည်း ကောင်းတဲ့စကား မဟုတ်ဘူး။ ထို့ကြောင့်သူဟာ ထိုသို့သာ ပြောလိုက်နိုင်တော့သည်။

“မေ့လိုက်တော့ ငါကိုယ်တော် ပြန်ရောက်ရင် ကိုယ့်ဘာသာပဲ ပက်တီး စည်းလိုက်တော့မယ်”

ပြောပြီးတဲ့နောက် သူဟာလှည့်ပြီး လျှောက်ထွက်သွားတော့သည်။

ယန်ရှုက အလျင်အမြန်ပဲ အရိုအသေပေးလိုက်ပြီး “အရှင်မင်းကြီးကို နှုတ်ခွန်းဆက်လိုက်ပါတယ်”

ယွီဝိန်းလန်က သူမကို ပြန်ကြည့်လာပြီး

“တိတ်တိတ်လေးနေ”

ယန်ရှုက အလျင်အမြန်ပဲ ပါးစပ် ပိတ်လိုက်ပြီး စိတ်အားထက်သန်စွာနဲ့ ခေါင်းညိတ်ပြလာခဲ့သည်။

~~~~~

ချန်းမင်နန်းတော်ရဲ့အိပ်ဆောင်ကို ပြန်လာပြီးတဲ့နောက် ယွီဝိန်းလန်က နဂါးသလွန်တော်ပေါ်မှာ လဲနေသည်မှာ သူ့ရဲ့လက်က ဒဏ်ရာကနာနေသည်ဆိုသည့် အသိဝင်လာသည့် အချိန်အထိပင်။

ထို့ကြောင့် သူက ထလိုက်ပြီး ခေါ်လိုက်သည်။

7 03

“ဒီကိုလာခဲ့”

ဖုဟိုင်က အခေါ်တော်ရှိသည်ကို တုံ့ပြန်သည့်အနေနှင့် ဝင်လာခဲ့သည်။ သို့သော် သူပင် စကားမပြောနိုင်သေးခင်မှာပဲ အရှင်မင်းကြီးရဲ့လက်က ဒဏ်ရာကို ဖျတ်ခနဲမြင်လိုက်ရပြီး သူ့ရဲ့မျက်လုံးတွေ ပြူးကျယ်လာတော့သည်။

“အရှင်မင်းကြီး…..”

ယွီဝိန်းလန်က ရပ်လိုက်ဖို့ လက်ကို မြှောက်လိုက်ပြီး ပြောလာသည်

“ကျင်းချွမ်းဆေးကို ယူလာခဲ့”

ဖုဟိုင်လည်း ရွေးချယ်စရာမရှိစွာ ပြန်ဖြေလိုက်ပြီးနောက် ဆေးကို လျင်မြန်စွာ သွားယူလိုက်ပြီး ပြန်လာခဲ့ပေသည်။ ဖြစ်စဉ်တစ်လျှောက်လုံး မည်သူ့ကိုမှ မနှောက်ယှက်ရဲခဲ့ပေ။

ပထမတန်းစား ကျင်းချွမ်းဆေးကို ဒဏ်ရာပေါ်ကို လိမ်းလိုက်တယ်ဆိုရင်ပဲ အေးမြမှုခပ်ပါးပါးထဲမှာ လောင်မြှိုက်မှု အနည်းငယ်ကို ခံစားလိုက်ရသည့်အတွက် ယွီဝိန်းလန်က အတန်ငယ် မျက်မှောင် ကြုတ်သွားပြီး သည်းခံလိုက်သည်။ သို့သော် ယခုလေးတင် ဖြစ်ခဲ့သည်များကိုတော့ ပြန်မတွေးကြည့်ဘဲ မနေနိုင်ပေ။

ထို့နောက် သူ တွေးကြည့်လေလေ ရှင်းမပြနိုင်လေလေပဲ——

မနေ့ညက သူ ဘာတွေ လုပ်ခဲ့တာလဲ။

စုံစမ်းတာကအလုပ်မဖြစ်တဲ့အပြင် ဒဏ်ရာတစ်ခုပဲ အဖတ်တင်လိုက်တယ်။

အဲဒီမိန်းကလေးရဲ့ခန္ဓာကိုယ်က နူးညံ့နေပြီး သူမရဲ့ပါးစပ်ကလေးကတော့ အတော် အားသန်တာပဲ။

ငါ့လက်က စားစရာ မလို့လား။

သူက ထိုကဲ့သို့ အရူးအမူး တွေးနေချိန်မှာပဲ သူ့ကို ပက်တီး စည်းပေးနေတဲ့ဖုဟိုင်ရဲ့စိတ်ထဲက စူးစမ်းနေသံကို ရုတ်တရက်ကြားလိုက်သည်။

[ဟေး အရှင်မင်းကြီး ဘာလို့ ဒီဒဏ်ရာက တစ်ယောက်ယောက်က ကိုက်လိုက်တာနဲ့ တူနေရတာလဲ။ ဒီသွားရာ သေးသေးလေးကို ကြည့်မယ်ဆိုရင် အတာက မိန်းကလေးများလား။ အခုလေးတင် ငါအပြင်မှာ ရှိနေတုန်းကို အရှင်မင်းကြီးက ဘာများ လုပ်လိုက်တာပါလိမ့်….]

“မင်းပါးစပ်ကို တင်းတင်းကြပ်ကြပ်ပိတ်ထား” သူက ဩရှတဲ့အသံနဲ့ ပြောလိုက်သည်။

ဖုဟိုင်က တစ်ခဏခန့် တန့်သွားပြီး အလျင်အမြန်ပဲ ပြန်ဖြေလာခဲ့သည်။

ပက်တီး စည်းပြီးသွားတဲ့အခါမှာတော့ သူ့လူတွေကို ထွက်သွားခိုင်းလိုက်တော့သည်။

အိပ်ရာပေါ်မှာထပ်မံလဲလျောင်းလိုက်ပြီးနောက် အိပ်မပျော်နိုင်သေးဘဲ ထိုအကြောင်းကိုပဲ ထပ်မံတွေးမိသွားပြန်သည်။

ဒီညရဲ့အမူအရာကနေ ဆုံးဖြတ်ရမယ်ဆိုရင် အဲ့ဒီမိန်းကလေးက သိပ်ပြီးတော့သတ္တိရှိပုံ မပေါ်ပေ။ အဲတာကြောင့် သေချာတယ်လို့ ပြောလို့ မရသေးဘူး။

ဒါပေမဲ့ သူ လိုချင်နေတဲ့အဖြေကိုလည်း ရှာမတွေ့သေးပေ။

~~~

နောက်တစ်နေ့မနက်မှာတော့ ကိုယ်လုပ်တော်ကျိုးကွေ့ဖေးက ဆေးကြောလိုက်ပြီး မိတ်ကပ် လိမ်းခြယ်လိုက်သည်။ ထို့နောက် သူမ မနက်စာမစားခင်မှာပဲ ကိုယ်လုပ်တော်အန်းက ဝမ်ကျောက်ယီကို ဦးဆောင်လာပြီး သူမဆီ လာလည်သည်အား တွေ့လိုက်ရပေသည်။

ထိုနှစ်ယောက် သတင်းပို့တာကို ကြားလိုက်ရပြီးတဲ့ နောက်မှာတော့ ကိုယ်လုပ်တော်ကျိုးက အံ့အားသင့်သွားပြီး သိချင်သွားတော့သည်

“ဧကရီမယ်တော်ကြီးက လိမိန်ရန်ကို မနေ့တစ်နေ့က ဆင့်ခေါ်ခဲ့တယ် ဟုတ်လား။ အဲဒီမှာ အရှင်မင်းကြီးလည်း ရှိနေတယ်ပေါ့လေ။ ငါဘာလို့ အဲတာကို မကြားမိရတာလဲ”

ဝမ်ကျောက်ယီက ခိုင်ခိုင်မာမာ ဆိုလာပေသည်။ “ကိုယ်လုပ်တော်တစ်ယောက်က သခင်မလေးကို ဘယ်လိုလုပ် လိမ်ရဲမှာလဲ။ အဲတာက ဧကရီမယ်တော်ကြီးကနေ ကိစ္စတွေကို လျှောက်မဖွဖို့ အမိန့်ထုတ်ထားလို့လေ။ ဒီကိုယ်လုပ်တော်ရဲ့လက်ထောက် ချွေ့ယန်က ချီအန်းနန်းဆောင်က သူနဲ့တစ်နယ်ထဲသား သူက ပြောပြတာကြောင့်သာ မဟုတ်ရင် ဒီကိုယ်လုပ်တော်လည်း သိမှာမဟုတ်ဘူး”

ကိုယ်လုပ်တော်ကျိုးက တန့်သွားပြီး

“ဧကရီမယ်တော်ကြီးက ငါ့ကိုတောင် ဖုံးကွယ်ထားတာလား”

ဒါပေမဲ့ ကျွန်မကြားတာတော့ အန်ပင်းပြောတာက

“အရှင်မင်းကြီးက သူမနဲ့ စကားအနည်းငယ် ပြောလိုက်ပြီး သူ့ဖခင်ရဲရာထူးကိုတောင်မှ မေးမြန်း လိုက်သေးတယ်တဲ့။ ဒါက ဒီမောင်းမဆောင်ထဲက တစ်ယောက်တည်းသော သူ ဖြစ်နေမှာကို စိုးမိပါတယ်……။ ဧကရီမယ်တော်ကြီးက သူမကို ကာကွယ်ချင်နေပုံ ရတယ်”

ကိုယ်လုပ်တော်ကျိုးကွေ့ဖေးက ဒေါသ အမျက်ချောင်းချောင်း ထွက်လာပေမဲ့ အဲဒါက သူမရဲ့အဒေါ်လေ။ သူ မကြားတောင် မကြားဖူးတဲ့သူကို ကာကွယ်ပေးနေပေမဲ့ပေါ့။

ဝမ်ကျောက်ယီက ထပ်ပြောလာခဲ့သည်

“ပြောရမယ်ဆိုရင် ဒီလိယန်ရှုက အရှင်မင်းကြီးနဲ့ တန်းတန်းမတ်မတ် တိုးသွားရအောင်။ ဘယ်လိုလှည့်ကွက်မျိုးမှ တိတိကျကျ တွက်ချက်နိုင်မယ်မထင်ဘူး။ ဖြစ်နိုင်တာက သူမ ကံကောင်းသွားတာပဲ ဖြစ်ရမယ်”

ကိုယ်လုပ်တော်ကျိုးကွေ့ဖေးက ထိုအရာကို ကြားလိုက်ရတဲ့အခါမှာတော့ သူမရဲ့ဒေါသတွေက တစ်ဖန်ထပ်ပြီး မြှင့်တက်လာပြန်သည်။

သူမက ဧကရီမယ်တော်ကြီးနဲ့သူမရဲ့ဆက်ဆံရေးကို အမှီပြုပြီး လွန်ခဲ့တဲ့သုံးနှစ်လုံးလုံး နေ့တိုင်းနီးပါး ချီအန်းနန်းဆောင်ကို သွားရောက် သတင်းပို့နေခဲ့တာပင်။ သို့သော် သူမအနေနှင့် ဧကရာဇ်ကို အကြိမ်အများကြီး မတွေ့ခဲ့ရပေ။ တစ်ခါတစ်ရံ သူမနှင့်တွေ့ဆုံခဲ့လျှင်တောင်မှ ဧကရာဇ်က သူမကို “တဆိတ်လောက်” ဆိုသော စကားကလွဲလျှင် မည်သည်ကိုမျှ ပြောမလာခဲ့ပေ။

ဘာလို့ အဲ့ဒီ လိယန်ရှုလဲ!

(လိယန်ရှုကနာမည် လိမိန်ရန်က ဘွဲ့နာမည် အဲ့ဒီလိုပါ)

သူမ အံကို ကြိတ်လိုက်ပြီး ပြောလာခဲ့သည်။

“ဘယ်တစ်ယောက်က လိယန်ရှုလဲ။ ငါအရင်က သူ့ကိုတစ်ခါမှ မကြားဖူးပါဘူး”

ကိုယ်လုပ်တော်အန်းက ပြောလာခဲ့သည်။

7 04

“ဒီကိုယ်လုပ်တော်လည်း သူမကို တစ်ခါမှ သတိမပြုမိခဲ့ပါဘူး။ သူမက နှစ်သစ်ညစာ စားပွဲနေ့တုန်းက ကျန်းချိုက်ရန်နဲ့ တစ်စားပွဲထဲ ထိုင်နေတဲ့သူများလား”

ဝမ်ကျောက်ယီက လျင်မြန်စွာ ခေါင်းညိတ်ပြလာခဲ့ပြီး “အဲတာသူမပဲ အဲ့ဒီနေ့တုန်းက သူမက တမင်သက်သက် ဇွန်းကို လွှတ်ချလိုက်ပြီး လူတိုင်းကို သူမဆီ ကြည့်လာစေတဲ့ တစ်ယောက်လေ”

ကိုယ်လုပ်တော်ကျိုးကွေ့ဖေးက နှာမှုတ်လိုက်ပြီး

“သူကလည်း အကြံသမားတစ်ယောက်ပဲပေါ့လေ!”

ကိုယ်လုပ်တော်အန်းက ချောင်းဟန့်လိုက်ပြီး

“ဒီတောခြုံအုံကြားက လာတဲ့သူတွေက ရှေ့ရောက်ဖို့ အတော်လေး ကြိုးစားနေကြတာပဲ”

ထို့နောက် ဝမ်ကျောက်ယီကို ပြောလာခဲ့သည်

“နင်က သူ့နေရာနဲ့ သိပ်မဝေးဘူးဆိုတော့ ဒီရက်ပိုင်းအတွင်း သူမရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်ထား။ လှုပ်ရှားမှုရှိလာရင် တော်ဝင်ကိုယ်လုပ်တော်ကို သတင်းပေးဖို့ အမှတ်ရထားနော်”

ဝမ်ကျောက်ယီက လျင်မြန်စွာတုံ့ပြန်လိုက်ပြီး

“ကျွန်မ နားလည်ပါပြီ”

ကိုယ်လုပ်တော်ကျိုးက ကိုယ်လုပ်တော်အန်းကို တစ်ဖန် ပြန်ကြည့်လိုက်ပြီး

“ဒီလိုလူမျိုးက သူမကို ခံစားချက် မကောင်းစေဘူး”

အန်းဖင်းက တစ်ဖန်ပြန်ပြီး အလုပ်များသွားတော့သည်။

~~~~~

ယန်ရှုဟာ မနေ့ညက တစ်ညလုံး စိုးရိမ်နေခဲ့တဲ့အတွက် နောက်တစ်နေ့မှာ အိပ်ရာထတာ အတော်နောက်ကျ နေခဲ့သည်။

သူမမျက်လုံးအောက်မှာလည်း အမည်းရောင် အကွင်းနှစ်ခု ရှိနေခဲ့ပြီး သူမစိတ်ထဲမှာလည်း မနေ့ညက ဧကရာဇ်ကို ကိုက်လိုက်မိတာနဲ့ပဲ ပြည့်နှက်နေပေသည်။ ဧကရာဇ်ရဲ့ဒေါသတွေ လျော့ကျသွားပြီး ဒဏ်ရာကို ကုသပြီးသွားပြီလားဆိုတာကိုလည်း သိချင်နေပေသည်။

ရန်တုန်းက သူမကို ခေါင်းဖြီးပေးဖို့ စောင့်ဆိုင်းနေပေမဲ့ အစေခံလေးလျန်ရှင်းက သတင်းပို့လာတာကို မြင်လိုက်ရပေသည်

“သခင်မလေး ကျွန်မဒီမနက် အတွင်းရေးရုံးတော်ကို ပေါင်ဒါမှုန့်နဲ့ ပုလဲမှုန့်ယူဖို့ သွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က ပို့လာတာ မရှိဘူးလို့ ပြောလာပြီးတော့ သိပ်မကြာခင်မှာကျ ဝမ်ကျောက်ယီရဲ့လူတွေယူသွားတာကို တွေ့လိုက်ရပါတယ်”

ထိုစကားတွေ ထွက်လာလာချင်းမှာပဲ ရန်တုန်းက ရပ်တန့်သွားခဲ့သည်။ မနေ့တစ်နေ့က ချီအန်းဆောင်က ကိစ္စ ကိုကြားပြီး တစ်ယောက်ယောက်ကများ သူမကို လက်တုံ့ပြန်လိုက်တာများလား။

ယန်ရှုက သဘာဝကျကျပဲ နားလည်သွားရသည်။

ဒါပေမဲ့ အခုချိန်မှာတော့ ပိုကြီးတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပေသည်။ ဧကရာဇ်သာ သူမကို လက်တုံ့ပြန်တာ မဟုတ်ရင် အဆင်ပြေပါသေးတယ်။

“ပါးနီ မရှိလည်း အဆင်ပြေပါတယ်။ မလိုမှတော့ သူတို့နဲ့တွေ့ဖို့ တကူးတက အပြင်ထွက်မနေနဲ့။ ငါတို့ဘာသာလုပ်ထားတဲ့ သစ်တော်ပွင့်အဆီကိုသာ သုံးလိုက်ပါ”

လျန်ရှင်းက နာခံစွာနဲ့ပဲ သစ်တော်ပွင့်အဆီကို သွားယူလိုက်သည်။

ထိုသစ်တော်ပွင့်အဆီဟာ ယန်ရှုနဲ့နန်းတော်အစေခံတွေ ကိုယ်တိုင် နွေဦးသစ်တော်ပွင့်ဖက်တွေ အမျိုးမျိုးသော တရုတ်တိုင်းရင်းဆေးဖက်ဝင်အပင်တွေနဲ့ ပြုလုပ်ထားတာပင် ဖြစ်သည်။ ထိုအရာဟာ သဘာဝစစ်စစ်ဖြစ်ပြီး ညစ်ညမ်းမှု ကင်းစင်သည့်အပြင် အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးသည်။

ဘာပဲ ဖြစ်ဖြစ် သူမရဲ့အသားအရေကလည်း ဖြူသည့်အတွက် ပေါင်ဒါ မပါဘဲနှင့် ပိုပြီးတော့ သဘာဝ ဆန်သွားစေတော့သည်။

ရန်တုန်းက အနည်းငယ် ခံစားသွားရပြီး

“သူတို့တွေက ဘာလို့ ဒီလိုလုပ်တာလဲ။ အရှင်မင်းကြီးက သခင်မလေးကို စကားပြောရုံပဲကို ပေါင်ဒါမှုန်နဲ့ပါးနီကိုတောင် မပေးတော့ဘူး။ သခင်မလေးက အရှင်ကြီးရဲ့ ကိုယ်လုပ်တော်ပဲကို သခင်မလေးကို အရှင်မင်းကြီး စကားပြောတာက ဘာများမှားနေလို့လဲ”

ယန်ရှုက သူမဘာသာ တွေးလိုက်သည်။ ဒါက ဘယ်လိုလုပ်ပြီးတော့ “စကားလေးတစ်လုံး”လို့ ပြောလို့ ရမှာလဲ။

မနေ့ညကဆို သူမကဧကရာဇ်ကိုတောင် ကိုက်ပစ်လိုက်တာ။

ဧကရာဇ်ကလည်း သူမကို သဘောကျတယ်လို့ ပြောသွားသေးတယ်။

ကျစ် ကျစ်! အဲလူတွေသာ ဒီအကြောင်းကို သိသွားရင် ဒေါသထွက်ပြီး သေသွားလောက်တယ်။

ထိုအချိန်မှာပဲ အပြင်ဘက်က အသံတစ်သံကို ကြားလိုက်ရပေသည်။

“ဝမ်ကျောက်ယီ ရောက်ရှိလာပါတယ်”

တစ်ချိန်းတည်းမှာပဲ စစ်စတန်ကလည်း ဒင်ခနဲမြည်လာခဲ့ကာ

[ဘင်ဂို! နောက်ဆုံးတော့ လာပြီပဲ လူအိုကြီးရေ အသင့်ပြင်ထားပေတော့]

ယန်ရှု “…..”

******

8 01

အခန်း ၈

ကျန်းချိုက်ရန်ကလွဲလို ရုံနင်နန်းဆောင်ကို လာရောက်လည်ပတ်သူ အသစ်ရှိလာသည်မှာ ယခုက ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

သေချာတာပေါ့။ ထိုအလည်အပတ်လာသူက ကြင်နာတဲ့သူ မဟုတ်ဘူးဆိုတာကို

ယန်ရှုသိနေပေ ဝမ်ကျောက်ယီက သူမထက် အဆင့်တစ်ဆင့်မြင့်တဲ့အတွက် သူမကို နှုတ်ဆက်ရုံသာ တတ်နိုင်သည်။

“ကျောက်ယီကို နှုတ်ဆက်ပါတယ်”

ဝမ်ကျောက်ယီကတော့ သိပ်ပြီးယဉ်ကျေးမနေပေ။ အခန်းထဲကို ဝင်လာပြီးတဲ့နောက် နွေးထွေးတဲ့ခုံတန်းမှာ ဝင်ထိုင်လိုက်ပြီး မသေချာမရေစွာနဲ့ ပြောလာခဲ့သည်။

“ခုနတုန်းက တစ်ယောက်ယောက်က ငါ့နာမည်ခေါ်လိုက်သံကို ဘာလို့ ကြားလိုက်ရတာပါလိမ့်?”

ထိုအခြင်းအရာက လျန်ရှင်းကို လန့်ဖျပ်သွားစေပြီး ယန်ရှုကို အလျင်အမြန် ကြည့်လိုက်မိသည်။

ယန်ရှုရဲ့အသားအရည်က ပြောင်းလဲမသွားပဲ အပြစ်ကင်းစွာ ပြောလာခဲ့ပေသည်။

“မဟုတ်ပါဘူး။ ကျွန်မတို့က အစောတုန်းက မနက်စာစားဖို့ ဆွေးနွေးနေကြတာပါ။ ကျောက်ယီဆိုတာကို မပြောမိပါဘူး”

ဝမ်ကျောက်ယီက သူမကို ပြင်းထန်တဲ့ အကြည့်တစ်ချက် ပေးလိုက်ပြီး ထူးဆန်းတဲ့အပြုအမူနဲ့ စကားပြောလာခဲ့သည်။

“လိမိန်ရန်က သွားချွန်ချွန်တွေနဲ့ ထက်ရှတဲ့ပါးစပ် ရှိတယ်လို့ ကြားထားတာ ကြည့်ရတာ ဒီနေ့ သင်ခန်းစာတစ်ခု သင်လိုက်ရတဲ့ပုံပဲ”

ယန်ရှုက နားမလည်ဟန် ဆောင်လိုက်ပြီး အကြင်နာမဲ့စွာ ပြုံးပြလိုက်သည်။

“ကျောက်ယီကတော့ ပထမဆုံးအကြိမ် လာလည်ရုံနဲ့ကို မြှောက်နေပြန်ပါပြီ။ ကျွန်မဖြင့် ရှက်တောင် လာပြီ”

သူမကို အရူးလုပ်လို့ မရဘူးဆိုတာကို တွေ့လိုက်ရတော့ ဝမ်ကျောက်ယီက နှာမှုတ်ရုံသာ တတ်နိုင်တော့သည်

“အခုလေးတင် ငါ့လူတွေက အတွင်းရေးရုံးတော်ကို ပါးနီသွားယူတုန်း နင်တို့ရဲ့နန်းဆောင်က တစ်ယောက်ယောက်နဲ့ တိုးတယ်လေ။ ဘာကိစ္စမလို့လဲ။ နင့်လူတွေက ငါ့ကို မကျေနပ်ချက်တချို့ ရှိနေတယ်လို့ ကြားတယ်?”

သူမ ပြောလိုက်ပြီးနောက် သူမနဲ့အတူလာတဲ့ အစေခံတစ်ယောက်ကို တစ်ချက် ကြည့်လိုက်သည်

“ချွေ့ယန် ဒီကို လာပြီး ကြည့်စမ်း ဒီနေရာမှာ အဲ့မန်းကလေးရှိလား?”

ဒါကို ကြားလိုက်တော့ ချွေ့ယန်က လျန်ရှင်းကို ချက်ချင်းပဲညွှန်ပြလိုက်ပြီး ပြောလိုက်သည်

“အဲတာ သူပဲ သူရဲ့ပစ္စည်းတွေကို မရဘဲ ကျွန်မတို့ ရသွားတာကိုလည်း မြင်ရော သူမက ရေရွတ်ပြီး ကျောက်ယီအကြောင်း မကောင်းကြောင်းတွေ ပြောလာခဲ့ပါတယ်”

လျန်ရှင်းက သူမခေါင်းကို ကြောက်လန့်တကြား ရမ်းလိုက်ပြီး

“မဟုတ်ပါဘူး။ ကျွန်မက အတွင်းရေးရုံးတော်ကို ဝမ်ကျောက်ယီရဲ့လူတွေက ကျရပြီး ကျွန်မတို့ရဲ့သခင်မလေးကကျ ဘာလို့မ ရတာလဲလို့ မေးလိုက်တာပါ……”

တစ်ချိန်တည်းမှာပဲ စစ်စတန်က ယန်ရှုနဲ့စတင်ပြီး အတင်းပြောနေတော့သည်

[ချွေ့ယန်က ဝမ်ကျောက်ယီရဲ့ ရတနာတွေကို နှစ်တိုင်း ခိုးနေခဲ့တာ။ လွန်ခဲ့တဲ့ နှစ်ရက်တုန်းကတောင် အနီရောင် မဟူရာဆွဲသီးခိုးလိုက်ပြီး တစ်ခြားသူတွေကိုတောင် မှားယွင်းစွပ်စွဲ လိုက်သေးတယ်]

ယန်ရှုက သဘောပေါက်သွားပြီး လျန်ရှင်းကို ဟန်ဆောင်ဆူပူလိုက်သည်

“ဒီမိန်းကလေးကတော့ အမြဲကို ငေးကြောင်နေတာပဲ။ ငါကကျောက်ယီနဲ့ နှိုင်းယှဉ်လို့ရလို့လား။ ကျောက်ယီက ငါ့ထက် အဆင့်ပိုမြင့်တယ်။ အဲတော့ တစ်ခုခု ကောင်းတာရှိရင် ကျောက်ယီကို အရင်ဦးစားပေးရမှာပေါ့]

သူမက ပြောလိုက်ပြီးတာနဲ့ ချွေ့ယန်ကိုတမင်သက်သက် ကြည့်လိုက်ပြီး လျန်ရှင်းကို ပြောလိုက်ပေသည်

“နင်သာ ချွေ့ယန်မိန်းကလေးလိုသာဆို ငါပိုပြီးစိတ်အေးရမှာ”

ဝမ်ကျောက်ယီက သူမကို အမှားရှာဖို့ စောင့်နေပေမဲ့ ထိုစကားကို ကြားလိုက်ရတဲ့နောက်မှာတော့ သူမက တွန့်သွားပြီး

“ချွေ့ယန်က ဘာဖြစ်နေလို့လဲ”

ယန်ရှုက ပြုံးလိုက်ပြီး ပြောလိုက်သည်

“ချွေ့ယန်မိန်းကလေးက ကောင်းမွန်တဲ့ဘဝရှိပြီး သရုပ်ဆောင်တာလည်း တော်တယ်လေ။ လူတွေက နှစ်လိုဖွယ်ကောင်းနေတာက ထူးဆန်းလွန်းတယ်။ ကျွန်မ ဧကရီမယ်တော်ကြီးရဲ့နန်းဆောင်မှာ ဟိုတလောက သူမကို တစ်ယောက်ယောက်က

မြှောက်ပင့်နေတာကို ကြားလိုက်ရတယ်လေ”

အိုး အဲတာက ဧကရီမယ်တော်ကြီးကနေ သူမကို အခေါ်လွှတ်တာလေးပဲမလား အဲတော့လည်း ဘာမှ ဖုံးကွယ်နေစရာမလိုဘူးပေါ့။

သေချာပေါက်ပဲ ဒါကို ကြားပြီးတဲ့နောက်မှာ ဝမ်ကျောက်ယီက ရပ်တန့်သွားပြီး ရုတ်တရက် ပြောလာခဲ့သည်။ “ဘယ်သူကသူ့ကိုမြှောက်ပြောနေတာလဲ?”

ယန်ရှုရဲ့အမူအရာက လုံးဝမပြောင်းလဲပဲ

“ချန်ရှန်းကုန်းလေ! ကျွန်မ မနေ့တုန်းက ချီအန်းနန်းဆောင်ကို သွားတော့ ချန်ရှန်းကုန်းက မယ်တော်ကြီးကိုပြော နေတာကို ကြားလိုက်ရတယ်လေ။ ချန်ရှန်းကုန်း ပြောတာက ချွေ့ယန်မိန်းကလေးက မောင်းမဆောင်ထဲမှာရှိတဲ့ နှင်းလို အေးစက်ပြီး ထက်မြက်တဲ့ တစ်ယောက်တည်းသောသူတဲ့။ ပြီးတော့ ဘာသာတရားလည်း ကိုင်းရှိုင်းသေးတယ်တဲ့လေ။ သိပ်မကြာသေးခင်တုန်းကလဲ ကျွန်မ ကြားတာက ဧကရီမယ်တော်ကြီးကို ဆက်သဖို့ ဆံထုံးဖွဲ့ပစ္စည်းတစ်ခုကို ကိုယ်တိုင် လုပ်ပေးတယ်တဲ့လေ။ အဲ့ပစ္စည်းမှာ အနီရောင်မဟူရာကျောက်တစ်လုံး မြှုပ်ထားပြီး အရောင်ကလည်း အတော်လေး ကောင်းတယ်ဆိုပဲ”

စကားပြော ပြီးသွားတဲ့နောက်မှာ ချွေ့ယန်က ကြက်သေ သေသွားတော့သည်။

ဝမ်ကျောက်ယီကလည်း တွန့်ဆုတ်သွားပြီး ချွေ့ယန်ကို သံသယရှိစွာ ကြည့်လာတော့သည်။

8 02

ယန်ရှုကလည်း ထပ်ပြီးဖြည့်စွက်ပြောဖို့အတွက် စစ်စတန် ပြောပြသည့်နောက်ကို လိုက်ပြီး

“နွေရာသီတုန်းကဆိုလည်း ဧကရီမယ်တော်ကြီးကို ဆက်သဖို့အတွက် နူးညံ့တဲ့ ညအိပ်ဝတ်ရုံ တစ်စုံစာကို ပြုလုပ်ပေးသေးတယ်တဲ့ ဧကရီမယ်တော်ကြီးကတောင် လက်ရာကို ချီးကျူးနေသေးတယ်ဆိုပဲ”

နူးညံ့တဲ့ အတွင်းဝတ်။

ဝမ်ကျောက်ယီက သူမကို နောက်ထပ် အကြည့်တစ်ချက် ပေးလိုက်ပြန်သည်

နွေရာသီတုန်းက ရက်လုပ်ထားတဲ့ သူမရဲ့နူးညံ့တဲ့ အတွင်းဝတ်တစ်စုံ ပျောက်သွားသေးတယ်မလား။ ထိုအရာက သူမကို ခံစားချက် မကောင်းစေခဲ့ပေ……။

ယန်ရှုက ချွေ့ယန်ကို ထပ်မံပြုံးပြလိုက်ပြီး

“စကားမစပ် တိမ်လွှာပိုးထည် လက်သုတ်ပဝါတောင် အနည်းငယ် ရှိသေးတယ် အဲတာကိုလဲ ချန်ရှန်းကုန်းကို ပေးလိုက်တာမလား။ သူ ပြောတာက အဲပေါ်မှာ ထိုးတာတဲ့ ပန်းတွေကလည်း အရမ်းကိုမှ လက်ရာမြောက်တာပဲတဲ့…..”

သူမ ပြောလို့ မပြီးသေးခင်မှာပဲ ဝမ်ကျောက်ယီက ထရပ်လိုက်ပြီး ကျိန်ဆဲရင်း သူမကို ရိုက်ချက်တစ်ခု ပေးလိုက်လေသည် ။

“ကောင်းသားပဲ။ အနီရောင် မဟူရာကျောက်၊ နူးညံ့တဲ့အတွင်းဝတ်၊ ပြီးတော့ တိမ်လွှာပိုးထည် လက်ကိုင်ပုဝါ ဟုတ်လား။ ငါ ပျောက်သွားတဲ့ပစ္စည်းတွေ အားလုံးကို ပြောနေတာမလား။ ဧကရီမယ်တော်ကြီးကိုတောင် ဂုဏ်ပြုဆက်သ လိုက်သေးတယ်ပေါ့လေ။ ဘယ်လို မိန်းမမျိုးလဲ။ နင့်မှာဒီလိုအတွေးတွေ ရှိနေတာ ငါ မသိခဲ့ဘူး!”

ချွေ့ယန်က အရိုက်ခံလိုက်ရခြင်းကြောင့် အံ့ဩတုန်လှုပ်သွားပြီး သူမ အသိပြန်ဝင်လာချိန်မှာတော့ သူမရဲ့မျက်နှာကို ဖုံးအုပ်လိုက်ပြီး ပြောလာခဲ့သည်

“သခင်မလေး ကျွန်မ တစ်ခုမှ မလုပ်ပါဘူး။ ကျွန်မ တကယ်ကို မလုပ်တာပါ! ဒါက သူမ မဟုတ်တမ်းတရားတွေ လျှောက်ပြောနေတာပါ”

ယန်ရှုက သူမပါးစပ်ကို အံ့အားသင့်စွာ ဖုံးလိုက်ပြီး

“ဒါဆို ကျောက်ယီက ဒီကိစ္စကို မသိဘူးပေါ့။ အိုး စကားတွေ အများကြီး ပြောမိတဲ့ကျွန်မ အမှားပါ! ခံစားချက်တွေကို ထိခိုက်သွားစေမိတာလား?”

ဝမ်ကျောက်ယီက ချွေ့ယန်ကို နှစ်ကြိမ် ထပ်ရိုက်လိုက်ပြီး အသက်ကို အကြိမ်ပေါင်းများစွာရှူကာ ယန်ရှုကို ရက်စက်စွာ ပြောလာခဲ့သည်

“ နင့်လူတွေကို ဂရုစိုက်ထား။ နောက်တစ်ခါ အဓိပ္ပါယ်မရှိတာတွေ ထပ်ပြောမယ်ဆိုရင် သူ့ရဲ့ပါးစပ်ကို တော်ဝင်ကိုယ်လုပ်တော်နဲ့ ဧကရီမယ်တော်ကြီးကိုယ်တိုင် ဆွဲဖြဲပစ်လိမ့်မယ်!”

ထိုသို့ပြောပြီးနောက် ချွေ့ယန်ရဲ့နားရွက်ကို ဆွဲလိုက်ပြီး လူ သတ်ချင်နေတဲ့အကြည့်နဲ့ ထွက်ခွာသွားတော့သည်။

ယန်ရှုက သူတို့ ထွက်သွားတာကို ကြည့်နေလိုက်သည်။

အခန်းက ပြန်လည် တိတ်ဆိတ်သွားတဲ့အခါမှာတော့ ရန်တုန်းရော လျန်ရှင်းကပါ ယန်ရှုကို အံ့ဩတကြီး ကြည့်လာပြီး

“အခုလေးတင် သခင်မလေး ပြောလိုက်တာက အမှန်ပဲလား။ ချွေ့ယန်က တော်တော်လေး ရဲတင်းတာပဲ!”

ယန်ရှုက ထိုကိစ္စဟာ သူမနှင့် ဘာမှမသက်ဆိုင်သလို ပါးစပ်ကို တွန့်လိုက်ပြီး

“အမှန် ဟုတ်မဟုတ်ကို သူတို့ပြန်သွားပြီး စစ်ဆေးကြည့်လိုက်ရင် သိသွားမှာမလား။ ပွဲကောင်းကောင်းကိုသာ စောင့်ကြည့်နေလိုက်”

နှစ်ယောက်သားက စိတ်ထဲမှာ မတတ်နိုင်စွာနဲ့ သူတို့ရဲ့လက်တွေကို ပွတ်လိုက်ပြီး အလျင်အမြန်ပဲ ခေါင်းညိတ်ပြီး သဘောတူလာခဲ့သည်။

စိတ်လှုပ်ရှားရမဲ့ပွဲကို ဘယ်သူက မကြည့်ချင်မှာလဲ။

ဒါပေမဲ့ ယန်ရှုက သူမရဲ့အမူအရာကို တည်လိုက်ပြီး သူတို့ကို ပြောလာခဲ့သည်။

“ နောက်တစ်ခါ ပါးနီလို ကိစ္စမျိုး ထပ်ဖြစ်လာခဲ့ရင် တိုက်ခိုက်တာ လုယက်တာ စကားအများကြီး ပြောတာမျိုး မလုပ်နဲ့။ မြန်မြန်သာ ပြန်လာခဲ့”

သူမရဲ့အဆင့်အတန်းက နိမ့်ကျပြီး နောက်ခံလည်း မရှိပေ။ အဲဒီတော့ သူမရဲ့ကံမကောင်းမှုကိုပဲ အပြစ်တင်နိုင်ပေသည်။

နှစ်ယောက်သားက လျင်မြန်စွာ ခေါင်းညိတ် ပြလာခဲ့သည်

“ဟုတ်ကဲ့”

ယန်ရှုက ထပ်ပြောလိုက်သည် ။

“မနက်စာ အရင်သွားလုပ်တော့။ ငါတော့ သေအောင်ဗိုက်ဆာနေပြီ”

ဒီမနက် အလုပ်ရှုပ်သွားရခြင်းက လုံးဝကို အသုံးမဝင်ပေ။ သူမ ဗိုက်ပြည့်သွားတဲ့အခါမှာတော့ အလျင်အမြန်ပဲ ပုံပြင်စာအုပ်ကို ရေးတော့သည်။ အနည်းဆုံးတော့ စွမ်းရည်တစ်ခု သို့မဟုတ် နှစ်ခုထက် မနည်း တိုးတက်နိုင်သေးသည်။

ရန်တုန်းလည်း အလုပ်များသွားရပြီး ရှန်ရှန်းအကြံပေးအရာရှိဆီသို့ အမြန်သွားလိုက်ကာ မနက်စာယူပြီး ပြန်လာခဲ့လိုက်သည်။ ငွေရောင်ပန်ကိတ်၊ သိုးသားစုံမိုင်၊ ဖရုံသီးဆန်ပြုတ်နဲ့ အရံဟင်းလျာနှစ်မျိုးပင် ဖြစ်သည်။

လူတွေဟာ ဗိုက်ဆာနေတဲ့အချိန်ဆိုလျှင် စားသောက်ချင်စိတ်က ကောင်းမွန်ပြီး ယန်ရှုကလည်း လေတိုက်သလို စားလိုက်ပြီးတဲ့နောက် သူမကိုယ်သူမ စာရေးသားခြင်းထဲမှာ နှစ်မြှုပ်ထားလိုက်တော့သည်။

အဟမ်း ရက်အနည်းငယ်လောက် ကြိုးပမ်းပြီးနောက်မှာတော့ သူမရဲ့ပွဲဦးထွက်ဝတ္ထုဖြစ်တဲ့ “ပျော်ပျော်နေတတ်တဲ့ယောက်ျားနဲ့ လှပတဲ့အမျိုးသမီး” က အပြီးသတ်ခါနီးပြီ ဖြစ်သည်။

အချိန်အကြာကြီး အာရုံစူးစိုက် ပြီးချိန်မှာတော့ ဘယ်လောက်တောင် ကြာသွားခဲ့သလဲဆိုတာကို မသိတော့ပေ။ ဒါပေမဲ့ ရန်တုန်းက အခန်းထဲကို တွန့်ဆုတ်နေတဲ့အကြည့်နဲ့ ဝင်လာတာကို တွေ့လိုက်ရသည်။

“သခင်မလေး…..”

ယန်ရှုက စာရွက်နဲ့စုတ်တံဆီကနေ အကြည့်လွှဲလိုက်ပြီး မေးလာသည်

“ဘာဖြစ်လို့လဲ?”

ရန်တုန်းက ဒေါသထွက်စွာ ပြောလာတော့သည်

8 03

“အတွင်းရေးရုံးတော်က ကျွန်မတို့ရဲ့အသုံးစရိတ်ကို လျှော့ချလိုက်တယ်။ ပြောတာကတော့ ဒီနေ့စာရင်းချုပ်ပြီး မနက်ဖြန်ကို လာယူတဲ့။ ဖြစ်နိုင်တာက ဒီနှစ်ရက်အတွင်း ကျွန်မတို့တွေ အေးခဲပြီး သေတော့မှာများလား?”

ယန်ရှုက နားလည်သွားပြီး တစ်ခဏတာ စဉ်းစားနေပြီးနောက် ပြောလာခဲ့သည် ။

“အခုငါ့မှာ ကျန်တာနည်းနည်းတော့ ရှိသေးတယ်။ ငါ နင့်ကို နည်းနည်းမျှပေးမယ်။ ပြီးတော့ နေ့ခင်းဆိုနေ့ရောင်ကလည်း ကောင်းပါတယ်။ အဲတော့ မီးသွေး နည်းနည်းလောက် ချွေတာလို့ ရတာပေါ့”

ရန်တုန်းက နှုတ်ခမ်း စူလာတော့သည်

“ညကျရင်ရော”

ယန်ရှုက သူ့မျက်လုံးတွေကို လှိမ့်လိုက်ပြီး

“ညကျရင်လား…..အဲအကြောင်းကို ပြောကြတာပေါ့”

ကျစ် အဲ့ဒီလူက ဒီကိုလာတာ နှစ်ရက်ဆက်တိုက် ရှိနေပြီဆိုတော့ ဒီနေ့ညရော ထပ်လာဦးမှာ များလား။

~~~~~

ညအချိန်တွင် ချန်းမင်နန်းတော်ဟာ တောက်ပစွာ ထွန်းလင်းနေပေသည်။

တော်ဝင်စာကြည့်ဆောင်ထဲမှာတော့ ဘုရင်မင်းမြတ်က တော်ဝင်ဖြစ်စဉ် အထိမ်းအမှတ်ကို ဝန်ကြီးချုပ် ပေါင်းများစွာရှေ့မှာ ဖတ်ရှုနေပြီး သံတမန်သုယွီရှစ်တောင်မှ ဘေးဘက်တွင် လေးစားစွာ ရပ်နေပေသည်။

စာအုပ်တစ်ခုလုံးကို ဖတ်ရှုပြီးတဲ့နောက် ယွီဝိန်းလန်က ညွှန်ကြားချက်ပေးဖို့ စုတ်တံဆီ လက်လှမ်းတော့မဲ့အချိန်မှာပဲ သူ့ရဲ့လက်ဖဝါးက ဒဏ်ရာကို ပြသမိတော့မလို ဖြစ်သွားသည်။

ဝနိကြီးချုပ်ပေါင်းများစွာက ရပ်တန့်သွားပြီး ချက်ချင်းပဲ ရှေ့တိုးကာ မေးမြန်း လာကြတော့သည်။

“အရှင်မင်းကြီးရဲ့လက်က ဘာဖြစ်တာပါလဲ။ ထိခိုက်မိတာများလား”

“အရှင်မင်းကြီးက တော်ဝင်သမားတော်ကိုရော ဆင့်ခေါ်ပြီးပြီလား? ဒဏ်ရာက ဘယ်လိုနေသေးလဲ?”

“အရှင်မင်းကြီး ဘယ်လိုလုပ်ပြီး ထိခိုက်မိတာပါလဲ?”

ယွီဝိန်းလန်က သာမန်ဖြစ်စွာ ပြောလိုက်သည်။

“ငါကိုယ်တော် ဒီမနက် ဓားရေးကျင့်နေတုန်း မတော်တ ဆရှသွားတာပါ။ အဆင်ပြေပါတယ်”

သူက စကားပြောလိုက်ပြီးနောက် စုတ်ချက် အနည်းငယ်ကို လျင်မြန်စွာ ရေးလိုက်ပြီး လူတိုင်းကို မှတ်စုအား ပေးလိုက်သည်

“ဆက်လုပ်ချေ”

ဝနိကြီးချုပ်တွေအားလုံးက မှတ်စုကို ကိုင်လိုက်ပြီးနောက် တစ်ယောက်ပြီး တစ်ယောက် နောက်ဆုတ်လိုက်ကာ နောက်ဆုံးတော့ ခန်းမဟာ တိတ်ကျသွားတော့သည်။

တော်ဝင်မိန်းမစိုးဖြစ်သူ ဖုဟိုင်က စိတ်ထဲမှာ တစိမ့်စိမ့် တွေးနေပေသည်။

[ဟေး ဘယ်အလှလေးက ကိုက်လိုက်တာလဲဆိုတာကို မသိပေမဲ့ အရှင်မင်းကြီးက သူမဆီကနေ ရလာတာကို ထိန်းသိမ်းထားပုံထောက်ရင် အလေးချိန်တော့ မပေါ့ဘူးနေမှာ]

ယွီဝိန်းလန်က သူ့ကိုလည်းကြည့်လိုက်ပြီး

“မောင်မင်းလည်း ဆင်းသွားတော့”

ထို့နောက် တစ်ဖက် လှည့်လိုက်ပြီး တစ်ခြားမိန်းမစိုးတစ်ယောက်ဖြစ်သူ ဖုပေါ်ကို မေးလိုက်သည်

“ဒီနေ့ရော ရုံနင်နန်းဆောင်က ဘယ်လိုနေလဲ?”

ဖုပေါ်ကရိုးသားစွာဖြေလာခဲ့သည်။

“ အရှင်မင်းကြီး လိမိန်ရန်က ခါတိုင်းလိုပဲ နန်းဆောင်ကနေ ထွက်မလာပါဘူး။ ဒါပေမဲ့ တစ်ချို့သော အကြောင်းပြချက်တွေကြောင့် အတွင်းရေးရုံးတော်က လိမိန်ရန်ရဲ့ပါးနီ ရေဆေးပန်းချီနဲ့ ထင်းမီးတွေကို ဖြတ်တောက်ထားပါတယ်။ စကားမစပ် ဝမ်ကျောက်ယီကလည်း ဒီနေ့ သူမရဲ့လူတွေကို ခေါ်ဆောင်လာပြီး လိမိန်ရန်ကို ဘာပြောသလဲ မသိပေမဲ့ ထွက်သွားတော့ အရမ်းကို ဒေါသထွက်နေတာပါ”

ယွီဝိန်းလန်က ထိုအချက်ကို အတိအကျ ဖမ်းမိလိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်

“ဘာလို့ငွေကို ထုတ်မပေးတာလဲ။ ဘယ်သူ လုပ်တာလဲ?”

ဖုပေါ်က ပြောလာခဲ့သည်။

“ကြည့်ရတာ တော်ဝင်ကိုယ်လုပ်တော်က အတွင်းနန်းဆောင်ကို အမိန့်ပေးလိုက်တယ် ထင်ပါတယ်။ ဘာလို့လဲဆိုတာကိုတော့ ကျွန်တော်မျိုးလည်း မသိပါဘူး”

ဘာကို မြင့်မြတ်တဲ့ကိုယ်လုပ်တော်ကျိုးလဲ။ တော်ဝင်နန်းတော်ကို သူတို့ ကျိုးမိသားစုက ပိုင်တာမလို့လား?

ယွီဝိန်းလန်က ထပ်မေးလာခဲ့သည်။

“ အဲတော့ သူမက ဒီကိစ္စကို ဘယ်လို ကိုင်တွယ်လိုက်လဲ”

ဖုပေါ်က ဖြေလာခဲ့သည် ။

“လိမိန်ရန်က သူမရဲ့မီးသွေးတွေကို နန်းတော်ထဲက လူတွေနဲ့ မျှလိုက်ဖို့ ပြောထားပြီး ဘာဆူဆူညံညံကိစ္စမျိုးမှ မလုပ်ပါဘူး”

ယွီဝိန်းလန်က သူ့မျက်ခုံးတွေကို ပင့်လိုက်မိပြီး မင်းက ဘာလို့ထပ်ပြီး ရိုးသားနေရပြန်တာတုန်း။

~~~

လောင်စာ မရှိလျှင် တကယ်ကို အတော်လေး အေးသည်။

8 04

ညလယ်မှာတော့ ယန်ရှုက ထူထဲတဲ့ညအိပ်ဝတ်တွေ ဝတ်ဆင်ထားပြီး ဂွမ်းစောင်အောက်မှာလုံးထွေးရင်း တွေးနေလိုက်သည်။ ဧကရာဇ်က ဒီနေ့ရော လာဦးမှာလား။

ဒီနေ့ ဘာလှုပ်ရှားမှုမှမရှိဘူးဆိုတော့ သူမကိုတော့ အပြစ် မပေးလောက်တော့ဘူးမလား။

မနေ့ညက ဖြစ်သွားတဲ့ကိစ္စကြောင့် ဒေါသထွက်ပြီး လာတာကို ရပ်တန့်လိုက်ရင်ရော။

ထင်းမီးကိုရော ဘယ်လို လုပ်ရမှာလဲ။

သူမ မလွယ်ကူသလို ခံစားနေရချိန်မှာပဲ အခန်းတံခါးကို ငြင်သာစွာ တွန်းဖွင့်လိုက်သံအား ကြားလိုက်ရပေသည်။

ထို့နောက် အပြင်ဘက်က ခြေသံတွေကိုပါ တစ်ဆက်တည်း ကြားလိုက်ရသည်။

သူမရဲ့နှလုံးသားက စည်းချက်တစ်ခု ကျော်သွားပြီး တစ်ချက် ကြည့်ကြည့်ဖို့အတွက် ခန်းဆီးကို လျင်မြန်စွာ မြှောက်လိုက်တော့သည်။ အဲဒီနောက် သူမ ထိုသူကို တွေ့လိုက်ရတော့သည်။

ထို့နောက် သူမက အိပ်ရာကနေ အလျင်စလို ထွက်လိုက်ပြီး အရိုအသေ ပေးလိုက်သည်။

“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်”

ယွီဝိန်းလန်က အနက်ရောက် ဘရိုကိတ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခေါင်းထက်တွင်တော့ သူ့ကို ပိုပြီးနူးညံ့သွားသယောင်ဖြစ်စေသည့် သရဖူကို ဝတ်ဆင်မထားပေ။

သူ့ရဲ့ဒေါသကို မဖော်ပြဘဲ သူမကိုငုံ့ကြည့်ပြီး ပြောလိုက်သည်

“မနေ့ညက ငါကိုယ်တော်က အရမ်းကိုရဲတင်းလွန်းပြီး ဒီနေ့ညလည်း ဒီလိုပဲ ပြုမူမိပြန်ပြီ”

ယန်ရှုမှာက ပါးမို့လေးတွေ ရှိပေသည်။

“ချန်ကျဲ့က မနေ့ညကတည်းက ကြောက်စိတ် မွှန်နေခဲ့တာ ဟမ်….အရှင်မင်းကြီးရဲ့လက်တွေက ပိုကောင်းလာပြီလား?”

ယွီဝိန်းလန်က နှုတ်ခမ်းစေ့လိုက်ပြီး စကား မပြောနိုင်ခင်မှာပဲ နှာချေလိုက်သည်။

ကောင်းတယ် ဒီနေရာက အတော်လေးတော့ အေးတာပဲ

သို့သော် ထိုအချိန်မှာပဲ အပြင်ဘက်ကအပျိုတော်ရဲ့အသံကို ကြားလိုက်ရသည်

“သခင်မလေးလား. အဲ အသံက……ဘာလဲ?”

ယန်ရှုက ယွီဝိန်းလန်ကို ကြည့်လိုက်ပြီး အလျင်အမြန် ပြောလိုက်သည်။ “အဲတာ ငါပါ နှာချေလိုက်မိတာ”

ရန်တုန်းက လျင်မြန်စွာ ပြောလာခဲ့သည်။

“ဒီအစေခံ သခင်မလေးအတွက် နောက်ထပ် ဂွမ်းစောင်တစ်ထည် သွားယူပေးပါ့မယ်”

ပြောပြီးတဲ့နောက် ယန်ရှုက မငြင်းနိုင်တော့ပေ။ ထို့ကြောင့် ရန်တုန်းက တံခါးကို ဖွင့်လိုက်ပြီး အခန်းထဲသို့ လျှောက်ဝင်သွားတော့သည်။

ယန်ရှုက တွန့်ဆုတ်သွားပြီး ပြောလိုက်သည့် အချိန်မှာတော့ နောက်ကျသွားလေပြီ။ သူမ မြင်လိုက်ရတာကတော့ ယွီဝိန်းလန်က ရှောင်တိမ်းလိုက်ပြီး အိပ်ရာခန်းစီးထဲကို ဝင်သွားသည်အား တွေ့လိုက်ရတော့သည်။

ဒါပေမဲ့ တံခါးအပြင်ဘက်မှာတော့ တစ်စုံတစ်ယောက်က သူ့မျက်လုံးတွေကို လှိမ့်လိုက်ပြီး အလျင်အမြန် သတင်းပို့လာသည်။

အခန်းထဲမှာတော့ ရန်တုန်းက ဗီရိုထဲမှ ဂွမ်းစောင်တစ်ထည်ကို အလျင်အမြန် ထုတ်လိုက်ပြီး ယန်ရှုအတွက် ဖြန့်ပေးတော့မဲ့အချိန်မှာပဲ ယန်ရှုက ဂွမ်းကပ်ကို ဆွဲလုလိုက်ပေသည်။

“ငါ့ဘာသာ လုပ်နိုင်တယ်။ ညလယ် ရောက်နေပြီဆိုတော့ နင်လည်း အိပ်ရာထဲ မြန်မြန်ဝင်သင့်ပြီ”

ရန်တုန်းက သက်ပြင်း ချလိုက်ပြီး

“အစေခံတွေအားလုံးက သခင်မလေး အအေးမိတော့မယ်ဆိုတာကို သိနေတယ် အရှင်မင်းကြီးက သခင်မလေးကို စကားအနည်းငယ် ပြောရုံပဲမလား။ အဲတာကို ဘာလို့ဒီလူတွေက ဝံပုလွေတွေထက်တောင် ဆိုးယုတ် နိုင်ရတာလဲ။ ဒီလို အေးစင်နေတဲ့ရာသီဥတုမှာ ထင်းမီး အဖြတ်ခံထားရတယ်။ သူတို့တွေက သခင်မလေးကို အေးခဲပြီး သေစေချင်နေတာမလား။ ဒီအစေခံ သွားပြီးသတ်ပစ်မယ်!”

“ငါ့အခန်းထဲက မီးသွေးမီးဖိုကို ယူလိုက်”

ယန်ရှုက သူမရဲ့ခေါင်းကို လျင်မြန်စွာ ယမ်းလိုက်ပြီး

“မဟုတ်ဘူး။ နင်သာ အအေးမိသွားမယ်ဆိုရင် ငါ့ကို ဘယ်သူက ဂရုစိုက်မှာလဲ။ ငါ အဆင်ပြေတယ်။ အဲတော့ သွားအိပ်တော့”

ရန်တုန်းက ရွေးချယ်စရာ မရှိဘဲ ဟုတ်ကဲ့လို့ ပြောပြီး အရင်ထွက်ခွာသွားတော့သည်။

အခန်းက တိတ်ဆိတ်သွားပြီး တစ်စုံတစ်ယောက်က အိပ်ဆောင်ခန်းစီးကို မလိုက်ကာ အိပ်ရာဘေးမှာ ထိုင်ချလာခဲ့သည်။

ယန်ရှုက သူမလက်ထဲက ဂွမ်းစောင်နှင့်အတူ ရှေ့ကို ငုံ့ချလိုက်ပြီး နားဝင်ချိုစွာနဲ့ သတိထား ပြောလာခဲ့သည် ။

“ဘာလို့ စောင်မခြုံထားတာလဲ အရှင်မင်းကြီး အခန်းထဲမှာက အေးတယ်လေ။ အရှင်မင်းကြီး အေးခဲမသွားဘူးလား?”

ရိုးရိုးသားသားပြောရလျှင် ဒီအခန်းက အနည်းငယ် အေးစက်ပြီး မြေနဂါးမွေးဖွားရာ ချန်းမင်နန်းဆောင်နှင့် မယှဉ်နိုင်ပေ။

အကြောင်းပြချက်ကတော့ ယွီဝိန်းလန်က နားလည်ပြီးသားပင်။

သူက ဂွမ်းစောင်ကို ယူလိုက်ပြီး ပြောလာခဲ့သည်

“တစ်ယောက်ယောက်ကမင်းရဲ့အသုံးစရိတ်ကို ထိန်ချန်ထားတယ်။ ဘာလို့ ငါကိုယ်တော်ကို သတင်းမပို့တာလဲ?”

ယန်ရှုကသူ မဘာသာ တွေးလိုက်သည်။

8 05

“အရှင်မင်းကြီးကြောင့်ပဲ။ ကျွန်မအသုံးစရိတ်တွေ ထိန်ချန်ထားခံရတာမလား။ အတော်လေး တော်တဲ့သူပဲ ကျွန်မက အဲဒီလူတွေကို ဆန့်ကျင်ဖို့ တတ်နိုင်မှာတဲ့လား”

သူ့ရဲ့အဆင့်နှင့်ဆိုလျှင် သူမ မပြောခင်ကတည်းက သိထားပြီးလောက်ပြီ ဖြစ်လောက်သည်။ အခု သူ့ကို သူကိုယ်တိုင် ခံစားကြည့်ခိုင်းရပေမည်။

သို့သော် သူမက နားမလည်ချင်ယောင် ဆောင်ပြီး ပြောလိုက်သည်

“အတွင်းရေးရုံးတော်က ဘာလို့လဲ မသိဘူး။ အခုလတ်တလော မီးသွေးမရှိသေးဘူးလို့ ပြောလာတယ်။ နောက်နေ့တွေလောက်မှ ရောက်မယ်ဆိုလို့ ဒီကိုယ်လုပ်တော်က ရက်အနည်းငယ် စောင့်နေတာပါ”

ယွီဝိန်းလန်က သူမကို ရန်စဖို့ အလွန်ကို ပျင်းရိနေတဲ့အတွက် သူ့ပါးစပ်ကို ဖွင့်ကာ စကားပြောတော့မဲ့အချိန်မှာပဲ တံခါးအပြင်ဘက်က ရုတ်ရုတ်သဲသဲ ဖြစ်နေသံကို ကြားလိုက်ရပေသည်။

တစ်ယောက်ယောက်ကနန်းဆောင်ထဲကို အလျင်စလို ဝင်လာပြီး သူမရဲ့အသံကိုမြှင့်ကာ အော်ဟစ်လာတော့သည်

“လိမိန်ရန် ဒီလောက် နောက်ကျနေပြီကို ဘယ်သူနဲ့ စကားပြောနေတာလဲ?”

******

9 01

အခန်း ၉

လာရောက်သူက ဝမ်ကျောက်ယီပင် ဖြစ်သည်။

သူမအပြင် သူမရဲ့အနောက်မှာ အစေခံနှစ်ယောက်နဲ့ မိန်းမစိုးသုံးယောက်ပါ ပါလာခဲ့ပေသည်။ ကြည့်ရတာ တိုက်ပွဲကတော့ သေးငယ်မည့်ပုံ မပေါ်ပေ။

ရန်တုန်းက လျန်ရှင်းနဲ့ ရှောင်သုန်းကျစ်ကို စစ်ဆေးကြည့်ဖို့ ခေါ်လာခဲ့ပြီး စိတ်ရှုပ်ထွေး နေခဲ့သည်။

ဒါပေမဲ့ သူတို့က ယန်ရှုရဲ့ ညွှန်ကြားချက်ကို သတိရမိသွားပြီး အချင်းချင်းပဲ ပြောလိုက်သည်။

“မိန်းကလေးကျောက်ယီ ကျွန်မတို့ရဲ့သခင်မလေးက အနား ယူသွားပါပြီ။ နောက်လည်းကျနေပြီဆိုတော့ မနက်ဖြန်မှ ပြောလို့ ရနိုင်မလား”

ဒါပေမဲ့ ဝမ်ကျောက်ယီက ထူးဆန်းစွာ ရယ်မောလာပြီး

“အနားယူနေပြီ ဟုတ်လား။ မဖြစ်နိုင်ဘူး အခုလေးတင် တစ်ယောက်ယောက်က သူမရဲ့အခန်းထဲမှာ ယောက်ျားတစ်ယောက်ရဲ့အသံကို ကြားလိုက်ရတယ်တဲ့”

ဘာကြီး။ ယောက်ျားတစ်ယောက် ဟုတ်လား။

ရန်တုန်းက စိတ်ရှုပ်ထွေးစွာ ပြောလာခဲ့သည်။

“မိန်းကလေးကျောက်ယီက ဘယ်လိုလုပ်ပြီး ကျွန်မတို့သခင်မလေးရဲ့ဖြူစင်မှုကို စွပ်စွဲရတာပါလဲ။ ဒီမောင်းမဆောင်မှာ ဘယ်က ယောက်ျားက ရှိမှာလဲ”

ဝမ်ကျောက်ယီက ထပ်ရယ်လိုက်ပြီး

“ပြောသွားတာ ကောင်းတယ်။ ဒီမောင်းမဆောင်မှာ ဘယ်က ယောက်ျားက ရှိမှာလဲ။ ပြီးတော့ လိမိန်ရန်ရဲ့အခန်းထဲမှာရော ဘာလို့ယောက်ျားသံက ရှိနေရတာလဲ”

ရန်တုန်းက ဒေါသထွက်လွန်းသည့်အတွက် သည်းခံလိုက်ဖို့ကို တစ်ခဏခန့် မေ့သွားခဲ့သည်။

“ကိုယ်လုပ်တော်က တစ်ယောက်ယောက်ကို တမင်သက်သက် စွပ်စွဲနေတာပဲ”

ဝမ်ကျောက်ယီက သူမဘေးက လူကို ကြည့်လိုက်ပြီး

“ ငါက ဒီကိစ္စကို မဟုတ်တမ်းတရား ပြောနေတာ မဟုတ်ဘူး။ နင်တို့ ရုံနင်နန်းဆောင်ကလူကပဲ သူ့နားနဲ့ ဆက်ဆက်ကြားခဲ့တာ”

ရန်တုန်းက ကြည့်လိုက်တယ်ဆိုရင်ပဲ အဲ့ဒီသူဟာ ရုံနင်နန်းဆောင်က ရှောင်ချွင်းဇီ ဖြစ်နေတာကို တွေ့လိုက်ရသည်။

ထိုသူက သူမရဲ့ခေါင်းကို ငုံ့လိုက်ပြီး ရေရွတ်လာပေသည်

“ကျွန်မက သခင်မလေးရဲ့အခန်းထဲမှာ နှာချေတာကို ကြားလိုက်ရပြီး အဲတာက ယောက်ျားတစ်ယောက်ရဲ့အသံဆိုတာ သေချာပါတယ်”

ရန်တုန်းက ဒေါသထွက်စွာ ဆူပူလာခဲ့သည်

“ငါ့သခင်မလေးက နင့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတယ်။ ဒါပေမဲ့ နင်ကတော့ ငါ့သခင်မလေးကို စွပ်စွဲပြောဆိုနေတာပဲ”

ဝမ်ကျောက်ယီက နှာမှုတ်လိုက်ပြီး

“စွပ်စွဲတာဟုတ်မဟုတ် လိမိန်ရန်ကို ထွက်လာပြီး သူမကိုယ်သူမ သက်သေ ပြခိုင်းလိုက်လေ။ ဒါမှမဟုတ် တံခါးဖွင့်ပြီး ဝင်သွားရမလား”

သူမ စကားပြောပြီးနောက် လေသံကိုတစ်ဖန်ထပ်မြှင့်လိုက်ပြီး

“လိမိန်ရန် ဒီအချိန်တောင် ရောက်နေပြီကို ဘယ်နေရာမှာမှ ပုန်းစရာလည်းမရှိတော့ဘူး ဘာလို့ ထွက်မလာသေးတာလဲ”

တစ်ချိန်တည်းမှာပဲ ကိုယ်လုပ်တော်အန်းနဲ့ ကိုယ်လုပ်တော်ကျိုးကလည်း ရုံနင်နန်းဆောင်ကို အပြေးအလွှား လာနေပေသည်။

“မြန်မြန်လုပ်!” ကိုယ်လုပ်တော်ကျိုးက ဝေါယာဉ်ကို သယ်နေတဲ့ နန်းတော်အစေခံတွေကို ဆက်တိုက် လောနေပေသည်။

တစ်လှမ်းလောက် နောက်ကျသွားလျှင် ဝမ်ကျောက်ယီက အခြေအနေကို မထိန်းနိုင်တော့ဘဲ ဒီအခွင့်အရေးကောင်းကို အလကား ဖြုန်းတီးလိုက်မိမှာမလား။ ပြောကြသလိုပဲ တစ်ယောက်တည်း ဖမ်းတာထက် နှစ်ယောက်ဖမ်းတာက ပိုကောင်းတယ်လေ။ ဒီညအဲ့ဒီမိန်းမကိုအမိဖမ်းပြီး ရှင်းပစ်ရမယ်။

ထိုလူအုပ်က ရုံနင်နန်းဆောင်ကို ရောက်လာတာကို မြင်လိုက်တဲ့အခါမှာတော့ ဝမ်ကျောက်ယီက သူတို့ကို ချက်ချင်းပဲ နှုတ်ဆက်လိုက်သည်

“တော်ဝင်ကိုယ်လုပ်တော် ရောက်လာပါပြီလား”

ထိုအသံက ကျယ်လောင်ပြီး ရှင်းလင်းလှသည်။

အခန်းထဲမှာတော့ ယန်ရှုက ယွီဝိန်းလန်ကို ရှက်ရွံ့စွာ ကြည့်လိုက်ပြီး

“အရှင်မင်းကြီး တော်ဝင်ကိုယ်လုပ်တော်က ဒီကို ရောက်နေပါပြီ။ အခုသွားလို့ရပါဦးမလား”

ယခုအချိန်မှာ သူသာ သူမကိုတစ်ယောက်တည်းထားပြီး ထွက်သွားခဲ့လျှင် ကိုယ်လုပ်တော်ကျိုးကွေ့ဖေးက သေချာပေါက် အရှုပ်အထွေးတွေလုပ်မှာပင်။

ဒါပေမဲ့ သူသာ မသွားလျှင်လည်း တစ်ခြားတစ်ဖက်က တကယ်ကိုပင် တံခါးကို ကန်ဖွင့်လာမည်ဆိုလျှင် မြင်ကွင်းက ပို၍ကြီးမားသွားပေမည်။

ဒါက တကယ်ကိုပင် အိမ်မှာထိုင်နေရုံနဲ့တင် ကောင်းကင်ပေါ်ကနေ အိုးတွေ ပြုတ်ကျလာသည်ဆိုတာမျိုး ဖြစ်မည်။ သူမ ကဘယ်သူ့ကို ရန်စမိတာတုန်း။

ဘာသတိပေးချက်မှမရှိပဲ သတ်ပွဲကွင်းထဲ ဝင်လာရတာလဲ။

ယွီဝိန်းလန်က သူမတို့ကို အလွန်ပင် စက်ဆုပ်ရွံ့ရှာနေတဲ့ပုံနဲ့ ကြည့်လာပေသည်။

သူ စကားမပြောနိုင်ခင်မှာပဲ ကိုယ်လုပ်တော်ကျိုးရဲ့ ဟန်ဆောင်ကာ မေးလာသံကို ကြားလိုက်ရပေသည်။

“ဘာတွေ ဖြစ်နေတာလဲ”

ဝမ်ကျောက်ယီက သူမရဲ့အသံကို တစ်ဖန်ထပ်မြှင့်လိုက်ပြီး

“တော်ဝင်ကိုယ်လုပ်တော်ကျိုး၊ ညလယ်ခေါင်ကြီးမှာ ကိုယ်လုပ်တော်လိရဲ့ အခန်းထဲကနေ ယောက်ျားတစ်ယောက်ရဲ့အသံ ထွက်လာလို့ပါ”

9 02

ကိုယ်လုပ်တော်ကျိုးက အံ့အားသင့်ဟန် ဆောင်လိုက်ပြီး

“ဒီလိုကိစ္စမျိုးလဲ ရှိသေးတာလား။ လိမိန်ရန်က ဘယ်မှာလဲ”

ဝမ်ကျောက်ယီက နှစ်ထောင်း အားရဖြစ်စွာဖြင့်

“လိမိန်ရန်က အခန်းထဲမှာပုန်းနေပြီး ထွက်လာဖို့ ငြင်းဆန်နေပါတယ်။ ဖြစ်နိုင်တာကတော့ သူမမှာ အပြစ်ရှိတယ်လို့ ခံစားမိတာကြောင့် ဖြစ်နိုင်ပါတယ်”

ကိုယ်လုပ်တော်ကျိုးက ထောင်လွှားစွာဖြင့်

“ သူ ထွက်မလာဘူးဆိုရင်လည်း တံခါးကို ကန်ဖွင့်လိုက်”

ထိုစကားလုံးတွေ ထွက်လာတာနှင့် ဝမ်ကျောက်ယီနောက်ကနေ လိုက်ပါလာတဲ့ မိန်းမစိုးနှစ်ယောက်က ချက်ချင်းပဲ ရှေ့ကိုတက်လာကာ အခန်းတံခါးဝမှာ ပိတ်ရပ်ထားတဲ့ လျန်ရှင်းနဲ့ရှောင်ကျစ်ဇီကို တွန်းထုတ်လိုက်ပြီး တံခါးကို ကန်ဖွင့်တော့မည် ဖြစ်သည်။

ထိုအကျပ်အတည်းဖြစ်နေတဲ့အချိန်မှာပဲ အခန်းတံခါးကို ရုတ်တရက်အထဲကနေ တွန်းဖွင့်လာပေသည်။

အရပ်ရှည်ရှည်ပုံရိပ်တစ်ခုက တည်ငြိမ်စွာနဲ့ထွက်လာပြီး လူအုပ်ကိုလှည့်ပတ်ကြည့်ကာ ပြောလာပေသည်

“ငါကိုယ်တော် ရောက်နေတာပဲ ဘာပြဿနာရှိလို့လဲ”

ပတ်ဝန်းကျင်က ချက်ချင်းပဲ တိတ်ဆိတ်သွားပြီး လူတိုင်းဟာ မိုးကြိုး ပစ်ချခံလိုက်ရသလိုမျိုး မျက်လုံးတွေ ပြူးကျယ် သွားခဲ့သည်။

[ဘုရားရေ ဒါက ဒါက အရှင်မင်းကြီးမလား]

[အရှင်မင်းကြီးလား အရှင်မင်းကြီးပဲ။ အဲတာက အရှင်မင်းကြီး ဖြစ်နေတာပဲ!!]

[ဘာ… တကယ်တော့ အရှင်မင်းကြီးက ဒီမှာပဲ သခင်မလေးရဲ့ အဆောင်ထဲမှာလေ]

ဘယ်သူ စလိုက်သည်မှန်း မသိပေမဲ့ လူတိုင်းက အတူတကွ ဒူးထောက်ကြလာပြီး ပြောလာသည်။

“အရှင်မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်”

ကိုယ်လုပ်တော်ကျိုးကွေ့ဖေးကလည်း ထိုင်းမှိုင်းစွာနဲ့ အရိုအသေပေးလာပြီး ယုံရခက်တဲ့ အမူအရာနဲ့ပြောလာခဲ့သည်။

“အရှင်မင်းကြီး အရှင်မင်းကြီးက ဘာလို့ ဒီကိုရောက်နေရတာလဲ။

လေးလံနေတဲ့ အမူအရာနဲ့ ယွီဝိန်းလန်က သူမကို ပြန်မေးလိုက်သည်။

“ငါကိုယ်တော်ရဲ့နန်းတော်ထဲမှာပဲလေ။ မဟုတ်လို့ ငါကိုယ်တော်က ဘယ်နေရာမှာ ရှိနေရမှာလဲ”

ကိုယ်လုပ်တော်ကျိုးကွေ့ဖေးက သီးသွားပြီး အထစ်ထစ်အငေါ့ငေါ့နှင့် ပြောလာခဲ့သည်

“ဒါပေမဲ့ သော့ကို ထိန်းသိမ်း ထားလိုက်ပြီမလား”

[အရှင်မင်းကြီးက ညကို တကယ်ကိုပဲ ဒီနေရာမှာ ကုန်ဆုံးတာပဲ။ လိယန်ရှု ဒီမိန်းမပျက်ကတော့! ! ဘာလို့ ဘယ်သူကမှ ငါ့ကို လာမပြောကြတာလဲ! !]

ယွီဝိန်းလန်က လူအုပ်ကို ပတ်ကြည့်လိုက်ပြီး နှာမှုတ်ကာ ပြောလာသည်။

“ဟုတ်တယ် သော့ကိုထိန်းသိမ်းလိုက်ပြီလေ ဒါဆိုမင်းတို့တွေက ဘယ်လိုလုပ် ရောက်လာကြတာလဲ”

ကိုယ်လုပ်တော်ကျိုးကွေ့ဖေးက လုံးဝကို သီးသွားတော့သည်။

ကိုယ်လုပ်တော်အန်းက သူမရဲ့မျက်လုံးကို လှိမ့်လိုက်ပြီး ပြောလာခဲ့သည်။

“လိမိန်ရန်ရဲ့အခန်းထဲမှာ ယောက်ျားတစ်ယောက်ရဲ့အသံကို ကြားလိုက်ရတယ်ဆိုပြီး ဝမ်ကျောက်ယီကနေ တော်ဝင်ကိုယ်လုပ်တော်ကို သတင်းပို့လာလို့ပါ။ ဒီကိစ္စက အရမ်းကို အရေးကြီးတဲ့အတွက် တော်ဝင်ကိုယ်လုပ်တော်က ဒီကိုရောက်လာရတာပါ”

ကိုယ်လုပ်တော်ကျိုးကလည်း အလျင်အမြန်ပဲ။ သံယောင်လိုက်ပြီး

“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်။ ဒီကိုယ်လုပ်တော်က နန်းတော်က စည်းမျဉ်းတွေအားလုံးကို နှလုံးသားတစ်ခုလုံးနဲ့ နှစ်မြှုပ်ထားတဲ့အတွက် ဒီကို ရောက်လာရတာပါ”

အဲဒီနောက် သူမက ဝမ်ကျောက်ယီကို အပြစ်ဖော် ဆုံးမလိုက်ပြီး “ နင်ကငါ့ကို မျောက်တစ်ကောင်လို သဘောထားနေတာလား”

ဝမ်ကျောက်ယီက ကြောက်လန့်တကြားနဲ့ ပြောလာခဲ့သည်။

“အရှင်မင်းကြီး ခွင့်လွှတ်ပေးတော်မူပါ။ ဒီကိုယ်လုပ်တော်ကလည်း တစ်ခြားသူတွေ ပြောတာကို နားထောင်မိသွားလို့ပါ”

ပြောလိုက်ပြီးတာနဲ့ သူမက ရှောင်ချွင်းဇီကို ထပ်မံညွှန်ပြလိုက်ပြီး

“အဲတာ သူပဲ။ သူက လိမိန်ရန်ရဲ့အခန်းထဲမှာ ယောက်ျားတစ်ယောက်ရဲ့အသံကို ကြားလိုက်ရတယ်ဆိုပြီး ဒီကိုယ်လုပ်တော်ဆီကို လာပြောလို့ပါ။ ပြီးတော့ ဒီကိုယ်လုပ်တော်ကလည်း လိမိန်ရန်ရဲ့လုံခြုံရေးကို စိုးရိမ်မိသွားလို့ပါ….”

ယွီဝိန်းလန်က သူမပြောတာကို နားမထောင်ချင်ပေ။ ထို့ကြောင့် သူကပြောလိုက်သည်

“မင်းက ညဘက်နောက်ကျတဲ့အထိ နေရတာကြိုက်ပြီး သူများတွေကိုလည်း အဲလောက် ဂရုစိုက်တယ်ဆိုမှတော့ ကိုယ်တော် မင်းကို ကူညီပေးမယ်။ အခုကစပြီး နောက်နှစ်နွေဦးရာသီအထိ မောင်းမဆောင်ထဲမှာ ညဘက် ကင်းလှည့်ရမဲ့တာ ဝန်ကို တာဝန်ယူရမယ်။ ပြီးတော့ လေထန်ပြီး မိုးရွာသည် ဖြစ်စေ နှင်းကျသည်ဖြစ်စေ ထွက်ခွာခွင့် မရှိဘူး”

ဘာကြီး။

ဝမ်ကျောက်ယီက မြေပြင်ပေါ်သို့ ပြိုလဲ ကျသွားတော့သည်။

ဒီနှင်းလို ရေခဲလို အေးစက်တဲ့သူက သူမကို ညဘက် စောင့်ကြည့်ခိုင်းပြီး အေးခဲ သေသွားစေချင်တာလား။

လူတိုင်းက အရမ်းကို ကြောက်လန့်သွားပြီး မျက်နှာနဲ့ ကြမ်းပြင် ထိတဲ့အထိ ဒူးထောက်လာခဲ့သည်။ အပြစ်လုပ်တာကို ဧကရာဇ် တွေ့သွားမှာကို ကြောက်သည့်အတွက် အသက်ရှုသံကိုပင် ရဲရဲမရှုရဲပေ။

9 03

ထို့နောက် ချက်ချင်းပဲ ယွီဝိန်းလန်က ကိုယ်လုပ်တော်အန်းနဲ့ ကိုယ်လုပ်တော်ကျိုးကို ကြည့်လာခဲ့သည်။

“သူ့ကို အဖော်ပြုပေးချင်တဲ့ ဘယ်သူမဆို ကိုယ်တော် ဖြည့်ဆည်းပေးနိုင်တယ်”

ထိုနှစ်ယောက်က အရမ်းကိုကြောက်လန့်သွားတဲ့အတွက် အဆက်အပြတ် ခေါင်းညိတ်လာပြီး ငိုလုနီးပါးပင်။

“ဒီကိုယ်လုပ်တော် မလုပ်ရဲပါဘူး”

ထိုကိစ္စဟာ ညလယ်ကြီးမှာ ဖြစ်သွားပြီး အကုန်လုံးနီးပါး ရောက်လာကြသည်။ သတင်းကို ရလိုက်တဲ့ ဖုဟိုင်တောင်မှ ချန်းမင်နန်းဆောင်ကနေ အလျင်အမြန်ပဲ ရောက်လာပေသည်။ စောင့်နေစဉ်မှာလည်း သူ့နှလုံးသားထဲမှာ ရေရွတ်နေသည်။ ဒီနှစ်ရက်အတွင်း အရှင်မင်းကြီးက ထွက်ထွက်သွားတာကို သိချင်နေခဲ့မိတာ လစ်စသတ်တော့ ဒီနေရာမှာပဲ ဒါကလိမိန်ရန် ဖြစ်နေတာပဲ”

ဒီလူတွေက ကံဆိုးနေကြတာ မဟုတ်ဘူးလား!

ထိုအချိန်မှာပဲ အရှင်မင်းကြီးက လူအုပ်ထဲကို လျှောက်လာပြီး နာမည်တစ်ခုကို ခေါ်လာပေသည်။

“ဖန်းလုဟိုင်”

ထိုစကားလုံးတွေထွက်လာသည်နှင့် ကော်လံဝိုင်းဝတ်ရုံကို ဝတ်ဆင်ထားတဲ့ ခပ်ဝဝ လူတစ်ယောက်က ရှေ့ကို လှမ်းလာပြီး ဒူးထောက်လာခဲ့သည်။

“ဒီအစေခံ ဒီအစေခံက ဒီမှာပါ”

ယွီဝိန်းလန်က အေးစက်စွာ ပြောလာခဲ့သည်။

“မင်းရဲ့သခင်က ဘယ်သူလဲ ဆိုတာကိုရော မှတ်မိသေးရဲ့လား။ မလုပ်ချင်တော့ဘူးဆိုရင်လည်း တစ်ယောက်ယောက်နဲ့သာ လဲလိုက်တော့”

ဖန်းလုဟိုင်ရဲ့မျက်နှာကဖြူဖျော့သွားပြီး ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်

“ဒီအစေခံမှာ အပြစ်ရှိပါတယ် ဒီအစေခံမှာ အပြစ်ရှိပါတယ်”

ဘုရားရေ လိမိန်ရန်မှာ ဒီလို အထောက်အပံ့ရှိနေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

လူတိုင်းက ကြောက်လန့်သွားသည့်အတွက် ဒေါသထွက်ပြီးရင်း ထွက်လာခဲ့ပေမဲ့ စကား မပြောရဲပေ။

သူတို့ရဲ့နှလုံးသားထဲမှာ တုန်လှုပ်နေကြပြီး နှစ်ပေါင်းများစွာ အတွင်းရေးရုံးတော်ရဲ့အကြီးအကဲဖြစ်သူ အကြံပေးဖန်းတောင်မှ ဒီနေ့မှာ ဒီမိန်းမလှလေးရဲ့လက်ထဲသို့ ကျရောက်သွားရပေသည်လို့ တွေးနေကြပေသည်။

မိန်းမလှလေးလား။

ယွီဝိန်းလန်က ခပ်ဖျော့ဖျော့ မျက်မှောင်ကြုတ်လာပြီး ထပ်မံပြောလာခဲ့သည်။

“ဖုဟိုင်”

ဖုဟိုင်က လျင်မြန်စွာ ထွက်လာခဲ့ပြီး

“ဒီအစေခံက ဒီမှာပါ”

“တော်ဝင်အမိန့်ပြန်တမ်းကို ထုတ်ပြန်မယ်”

ယွီဝိန်းလန်က ယန်ရှုကို ကြည့်လာပြီး သူ့ရဲ့စကားလုံးတွေက ရှင်းလင်းလှသည်။

“လိယန်ရှု ဒီအလှလေးက ငါကိုယ်တော်နဲ့ အရမ်းကို သင့်တော်တဲ့အတွက် ကျင်းကွေ့ယိဆိုတဲ့ဘွဲ့နဲ့ ကန်လုနန်းဆောင်ကို ချီးမြှင့်တော်မူတယ်”

ဘာ။

လူတိုင်းက တန့်သွားကြသည်။

ယန်ရှုကိုယ်တိုင်လည်း ရူးသွပ် သွားရပေသည်။

ကျင်း….ကျင်းကွေ့ယိ။

နတ်ဘုံနတ်နန်းလိုနေရာမှာလဲ နေဖို့ပေးတယ်လား။

အပျိုတော်လေး လျန်ရှင်းနဲ့ရှောင်သုန်းကျစ်က ပထမဆုံး တုံ့ပြန်သည့်သူပင်။ ချီချီကလည်း သူမကို ဂုဏ်ပြုလာပြီး

“ဂုဏ်ယူပါတယ် မိဖုရားကွေ့ယိ!”

လူတိုင်းကလည်း နောက်ကနေ လိုက်ပြောရုံသာတတ်နိုင်တော့သည်

“ဂုဏ်ယူပါတယ် မိဖုရားကွေ့ယိ!”

ယွီဝိန်းလန်က ယန်ရှုကို ကြည့်လိုက်သည်။

ကြည့်ရတာသူ မက အသက်မဲ့နေတဲ့ တစ်ယောက်တည်းသောသူ ထင်တယ်။

သို့သော် သူ ကြားလိုက်ရသည်မှာ သူမက သူမရဲ့စိတ်ထဲမှာ လျှာ တောက်လိုက်ပြီး

[အဆုံးသတ်ပြီပဲ။ အခုတော့ ငါက မောင်းမဆောင်တစ်ခုလုံးရဲ့ တကယ့်ကို လူထုရန်သူ ဖြစ်သွားပြီ]

ယွီဝိန်းလန် “…”

~~~~~

ရင်ဖိုစိတ်လှုပ်ရှားစေပြီး စိတ်ရှုပ်ထွေးစေတဲ့ တစ်ညတာပြီးတဲ့နောက်မှာတော့ ယန်ရှုက နောက်တစ်နေ့ မနက်စောစောမှာ ကန်လုနန်းဆောင်သို့ ပြောင်းရွှေ့လာခဲ့သည်။

ရုံနင်နန်းဆောင်နှင့်ယှဉ်လျှင် ဒီနှစ်ခုက မိုးနှင့်မြေလိုပဲ ကွာခြားတယ်လို့ ပြောနိုင်ပေသည်။

မောင်းမဆောင်ထဲမှာ ကန်လုနန်းဆောင်ဟာ ချန်းမင်နန်းဆောင်နှင့် အနီးဆုံးတစ်ခုပင်။ ကျယ်ဝန်းပြီး အလင်းရောင်ကောင်းတာကိုပဲ မပြောနဲ့ဦး နွေဦးရာသီလို နွေးထွေးစေတဲ့ မြေနဂါးတောင်မှ ရှိသေးသည်။

ရန်တုန်းနဲ့ အခြားသူတွေက အပျော်လွန်သွားပြီး စိတ်လှုပ်ရှားစွာ ပြောလာခဲ့သည်

“သခင်မလေးက ခက်ခဲမှုတွေရဲ့အဆုံးကို ကျော်လွှားပြီး ရောက်လာနိုင်ခဲ့ပြီပဲ။ မျှော်လင့်ထားသလိုပဲ။ လူကောင်းတွေက ကောင်းတဲ့အရာနဲ့ပဲ ချီးမြှင့်ခံရတယ်တဲ့။ စိတ်နှလုံးကောင်းရှိတဲ့ သူတွေကို ကောင်းကင်ဘုံက ချီးမြှင့်တယ်တဲ့လေ”

9 04

ယန်ရှုက သူမရဲ့နှလုံးသားထဲမှာ သက်ပြင်းချလိုက်ပြီး ဒါက ဘယ်လိုလုပ် ကောင်းကင်ဘုံက ချီးမြှင့်တယ်ဖြစ်ရမှာတုန်း။ ဒါက သူမကို နတ်ဘုရားက ဆန့်ကျင်နေတာဟ။

မူလတုန်းက သူမဟာ ဘာတည်ရှိမှုမှမရှိတဲ့ ငါးဆားနယ်လေးတစ်ယောက် ဖြစ်ချင်ရုံပဲ ဖြစ်သည်။ ဒါပေမဲ့ အခုတော့ပွဲပြီးပြီပင် မောင်းမဆောင်ထဲက လူတိုင်းက သူမကို မုန်းတီးနေလောက်ပြီ။

ဧကရာဇ်သာ ပုံမှန်လူလိုဖြစ်နေလျှင် ကိစ္စမရှိပေ သို့သော် ထိုသို့ မဟုတ်ခဲ့ပေ။

သူမမှာ သံသယ အနည်းငယ်တောင်မှ ရှိလာခဲ့သည်။ ဧကရာဇ်က သူ့ရဲ့ မလုပ်နိုင်ဘူးဆိုတဲ့အချက်ကို ဖုံးကွယ်ဖို့အတွက် သူမကို ကာဗာအနေနဲ့ အသုံးချနေတာများလား။

ဒါပေမဲ့ ဘယ်သူက ရွေးချယ်နိုင်မှာလဲ။ ဘာနောက်ခံမှမရှိဘဲ နိမ့်ကျတဲ့မိသားစုက သနားစရာကောင်းတဲ့ မိန်းကလေးကို ဘာလို့ ရွေးချယ်ခဲ့တာလဲလို့။

ဒါပေါ့ ကိစ္စတွေကို ပြောင်းပြန်မလှန်နိုင်တော့ဘူးဆိုမှတော့ သတ္တိရှိရှိနဲ့ပဲ ရင်ဆိုင်ရမှာပေါ့လေ။

တကယ်တော့ တွေးကြည့်လိုက်မယ်ဆိုရင် ယခုနေရတဲ့ပတ်ဝန်းကျင်က အကြီးအကျယ်ကို တိုးတက်သွားပေသည်။ လစဉ် အသုံးစရိတ်ကလည်း တိုးမြှင့်သွားသလို အန်းသဲ့ကောင်တီကမိသားစုကလည်း ဂုဏ်အသရေကို ခံစားနိုင်ပေသည်။ ဘာအတွက်မှ မဟုတ်ဘဲ အလကားပစ်မှတ် ဖြစ်သွားရတာတော့ မဟုတ်ဘူးပဲ။

ထို့ပြင် အံ့အားသင့်စရာ ကျန်နေဦးမည်လို့ သူမ မထင်ထားခဲ့ပေ။ သူမရဲ့အဆင့်အတန်းတိုး မြှင့်သွားပြီးတဲ့နောက် အစားအသောက်ဟာလည်း ပိုပြီးတော့ စိတ်ကျေနပ်ဖွယ် ဖြစ်လာပေသည်။

မနက်စာအတွက် ဒင်ဆမ်းခြောက်ခု၊ စွပ်ပြုတ် ၊ ဆန်ပြုတ်နဲ့ အရန်ဟင်းများကလည်း မတူညီပေ။ ဟင်းပွဲများကလည်း ယခင်ကထက် ပိုများလာပေသည်။

အထူးသဖြင့် ညစာပင်။ ချယ်ရီအသားက နူးညံ့ကြွပ်ရွနေပြီး ချိုမြိန်လှသည်။ ကင်ထားတဲ့ကြက်ကင်ကလည်း စပ်ပြီးနူးညံ့သည့်အပြင် မီးဖိုထဲမှာနှပ်ထားတဲ့ ဘဲသားကလည်း စွဲမက်ဖွယ်မွှေးရနံ့နဲ့ အစာသွပ်ထားတာကလည်း အလွန်ပင် အရသာရှိလှသည်။

ယန်ရှုက သူမပါးစပ်ကတောင် မလောက်ဘူးဟု ခံစားနေရသည်။ ထို့အပြင် စားသောက်ရသည်မှာ ပျော်ရွှင်စရာပင်။

ကောင်းပြီလေ။ အရသာရှိတဲ့ အစားအသောက်တွေအတွက် သူမကို ပစ်မှတ်ဖြစ်စေတဲ့ အဲဒီခွေးဧကရာဇ်ကို တွန့်ဆုတ်စွာနဲ့ ခွင့်လွှတ်ပေးလိုက်ပါမယ်လေ။

ခမ်းနားလှတဲ့ညစာကို စားပြီးတဲ့နောက်မှာတော့ နောက်ကျနေပြီဖြစ်ပြီး အပျိုတော်နှင့် တစ်ခြားသူတွေက ရေနွေးနွေးလေးကို ပြင်ဆင်ပေးလာခဲ့သည်။ ထို့ကြောင့် သူမက ရေချိုးခန်းထဲဝင်လိုက်ပြီး နောက်တစ်ခေါက် ရေနွေးနွေးလေးနဲ့ ရေချိုးလိုက်သည်။

ရေချိုးခန်းက နွေးထွေးပြီးသား ဖြစ်တဲ့အတွက် ရန်တုန်းက ရေချိုးကန်ဘေးမှာ မီးသွေးမီးဖိုနှစ်ခုသာ ထားပေးလာခဲ့သည်။ ထိုအရာ ဘယ်လောက်တောင် သက်တောင့်သက်သာ ဖြစ်သလဲဆိုတာက ပြောစရာပင်မလိုပေ။

ဆေးကြောပြီး ထွက်လာပြီးနောက်မှာ ရန်တုန်းက သူမကို မျက်နှာချေ လိမ်းပေးမှာပဲ ဖြစ်သည်။

ယန်ရှုက ထူးဆန်းစွာ မေးလာခဲ့သည်။

“ဘာလို့ အခန်းထဲမှာ နေရမှာပဲကို မျက်နှာချေ လိမ်းရဦးမှာလဲ”

တစ်ချက်ကြည့်ရုံနဲ့တင် နူးညံ့ပြီးနွေးထွေးမဲ့ပုံပေါ်တဲ့ မွေ့ရာပေါင်းများစွာကို ကျယ်ပြန့်လှတဲ့အိပ်ရာမှာ ခင်းထားပြီး အိပ်ရမည်မှာ အလွန်ပင်သက်တောင့်သက်သာ ဖြစ်မည့်ပုံပင်။

ဒါပေမဲ့ ရန်တုန်းက ရှက်သွားပြီး ပြောလာခဲ့သည်။

“အခုပဲ ချန်းမင်နန်းဆောင်က တစ်ယောက်ယောက်ကိုလွှတ်ပြီး အကြောင်း ကြားလာတယ်။ ဒီညအရှင်မင်းကြီးက ဒီကိုလာမယ်တဲ့။ ဒီအခန်းထဲက အလင်းက ကောင်းတယ်။ အဲတော့ သခင်မလေး မျက်နှာချေလိမ်းထားရင် အရှင်မင်းကြီးက ပိုပြီးတော့ မျက်စိပသာ ဒဖြစ်သွားမှာ မဟုတ်ဘူးလား”

သူမ ပြောလိုက်ပြီးနောက် စောဒက တက်လာခဲ့သည်။

“သခင်မလေး သခင်မလေးနဲ့အရှင်မင်းကြီးက ဒီအခြေအနေထိ ရောက်နေတာက အမှန်ပဲလား။ ဒါကို သခင်မလေးရဲ့အစေခံတွေကို ဖုံးကွယ်ထားသေးတယ်”

ယန်ရှု “…..”

သူမက ဧကရာဇ်နဲ့ ဘယ်အခြေအနေ ရောက်နေတာလဲ။

အဲ့တာ ဧကရာဇ်က သူမကို ချောင်းကြည့်ပြီး သူမကလည်း ဧကရာဇ်ကို ကိုက်လိုက်မိတာလို့ ပြောရမလား။

ဒါပေမဲ့ သူက ဒီညလာဦးမှာတဲ့လား။

သူမအံ့အားသင့်နေတုန်းမှာပင် အပြင်ဘက်က အကြောင်းကြားသံကို ကြားလိုက်ရပေသည်

“အရှင်မင်းကြီး ရောက်ရှိလာပါပြီ…..”

စာရေးသူမှာ ပြောစရာရှိတယ်

တစ်စုံတစ်ယောက်သော ဧကရာဇ် : လာခဲ့ ကိုယ်တော်တို့ အတူတူ အိပ်ကြမယ်လေ

ယန်ရှု : …

******

All Chapters