အခန်း (၄-၆)
Vol. 1 Ch. 4-6
4.01
အပိုင်း (၄)
တစ်ခြားသူတွေ ဘာပဲပြောနေပါစေ ယနေ့ည ကျန်းချိုက်ရန်ရဲ့ ခံစားချက်တွေကတော့ ဆိုးရွားနေတယ်။
လင်းဟွာနန်းဆောင်ကို ပြန်လာပြီးနောက် မှန်ရှေ့တွင် မိတ်ကပ်ဖျက်ရင်း ခါးသီးစွာ ပြောလာခဲ့တယ်။
“ဒီနေ့ညတုန်းက အရှင်မင်းကြီး ကြည့်နေခဲ့တာက ငါ့ကို မဟုတ်ဘူး”
အထိန်းတော်ချွင်းအာက သူမကို အလျင်အမြန်ပဲ နှစ်သိမ့်ပေးလာခဲ့တယ်။
“သခင်မ သိပ်အများကြီး မတွေးပါနဲ့။ အရှင်မင်းကြီး ကြည့်နေတဲ့သူက သခင်မ မဟုတ်ရင် လိမိန်ရန်ဖြစ်ပါ့မလား။ သူ့အဝတ်တွေက ဘယ်လောက်တော င်ဟောင်းနွမ်း စုတ်ပြတ်နေလိုက်သလဲဆိုတာ ကြည့်ပါဦး သခင်မရယ်”
“အဲဒါသူပဲ”
ကျန်းချိုက်ရန်က အံကြိတ်လိုက်ပြီး
“သူက ရည်ရွယ်ချက်ရှိရှိနဲ့ အဲလိုမျိုး ဝတ်လာခဲ့တာပဲ။ ဒီနေ့ညမှာ လူတိုင်းက ကောင်းကောင်းမွန်မွန် ဝတ်စားလာကြတာကို သူတစ်ယောက်တည်းကပဲ ရိုးရိုးရှင်းရှင်း ဝတ်လာခဲ့တာလေ။ အဲ့လိုဆို ပေါ်လွင်နေမှာ မဟုတ်ဘူးလား?”
ချွင်းအာက ရုတ်တရက် သဘောပေါက်သွားခဲ့ပြီး
“ဒီလိုဆို လိမိန်ရန်မှာ စောင့်ကြည့်နေမဲ့သူတွေ အများကြီး ရှိသွားမယ်။ မဟုတ်ဘူးလား?”
ကျန်းချိုက်ရန်က အေးစက်စက်နဲ့ နှာမှုတ်လိုက်ပြီး
“ငါ နေ့လည်တုန်းက သူ့ဆီကို သွားတုန်းကတောင် မပြောနိုင်ဘူး။ အဲ့လိုသာ ရည်ရွယ်ချက်ရှိရှိနဲ့ ဝတ်စားသွားမယ်ဆိုရင် သူမရဲ့အကြံရှိမှုအတွက် ပြောစရာတောင် မလိုတော့ဘူး!”
ချွင်းအာကအလျင်အမြန်ပဲပြောလာခဲ့သည်
“ကိုက်တတ်တဲ့ခွေးက မဟောင်ဘူးဆိုတဲ့ ဆိုရိုးအတိုင်းပဲ။ ပုံမှန်ဆို တိတ်ဆိတ်နေတဲ့သူတွေက အင်အားအကြီးဆုံး လူတွေပဲတဲ့”
ဘယ်လိုတောင် မဟောင်တတ်တဲ့ ခွေးမျိုးလဲ။
ညစာစားပွဲတုန်းက မြင်ကွင်းကို ပြန်တွေးကြည့်လိုက်တဲ့အခါ ကျန်းချိုက်ရန်က ပိုပြီးတော့တောင် မကျေမချမ်း ဖြစ်လာခဲ့တယ်။
သိပ်ကောင်းတယ်။ သူမက ကြီးမားတဲ့ပြက်လုံးတစ်ခုပြုလုပ်ခဲ့ပြီး အရိုအသေမဲ့မှုနဲ့တောင် စွပ်စွဲခံရတော့မလို့။ ဒါပေမဲ့ အရှင်မင်းကြီးက သူမကိုတောင် မကြည့်ခဲ့ဘူး ။အဲဒါတွေအားလုံးက လိယန်ရှုကြောင့်ပဲ။
လိယန်ရှု!
တောခြုံအုံကြားကမိန်းမက အတော်လေးကို လုပ်နိုင်စွမ်း ရှိတာပဲ!
ဒါကို ကြားလိုက်ရတဲ့အခါ ချွင်းအာက စိုးရိမ်တကြီးနဲ့ပြောလာခဲ့တယ်။
“ဒီလိုသာဆို မိန်းကလေးလိက အရင်ဦးဆုံး မျက်နှာသာ ပေးခံရတော့မှာမလား?”
ကျန်းချိုက်ရန်လည်း ထိတ်လန့်သွားခဲ့တယ်။
လိယန်ရှုရဲ့ သွင်ပြင်နဲ့ဆို သူမသာ မျက်နှာသာပေးခံလိုက်ရတာနဲ့ ကျန်တဲ့သူတိုင်းမှာ ကောင်းမွန်တဲ့ ဘဝရှိပါဦးမလား။
မဖြစ်ဘူး။
သူမ ခဏတာ တွေးလိုက်ပြီးတဲ့နောက် ပြောလာခဲ့တယ်။
“ငွေတုံးတစ်အိတ် သွားယူချေ ပြီးရင် အဝတ်အစားအဆောင်ကို သွား”
လက်ကျန်စကားတွေကိုတော့ ချွင်းအာကို အနီးနား ခေါ်လိုက်ပြီး ဘယ်သူမှ မကြားနိုင်စေရန် တီးတိုးပြောလိုက်ပေတော့တယ်။
~~~~~
ယန်ရှုဟာ ရုံယိခန်းမတွင် အရသာရှိလှတဲ့ အစားတစ်နပ်ကို စားခဲ့တဲ့အတွက် သူမရဲ့ခန္ဓာကိုယ်က နွေးထွေးနေပြီး ရုံနင်နန်းဆောင်ကို ပြန်ရောက်လာတဲ့အခါမှာတောင် အေးတယ်လို့ မခံစားရပေ။ ထို့ကြောင့် ကိုယ်လက်သန့်စင်ပြီးတဲ့ နောက်မှာတော့ အိပ်ယာဝင်ပြီး အိပ်မောကျသွားတော့တယ်။
သူမရဲ့အိမ်မက်ထဲမှာ နှစ်သစ်ညစာ စားပွဲအကြောင်းကို အိမ်မက် ထပ်မက်ပြန်တယ်။ ပူပူစပ်စပ်ဟော့ပေါ့တွေ ၊ ဝက်သားကင်တွေ ၊ ချိစ့်ကျောက်ပုစွန်တွေနဲ့ မီးတောက်ငါးကင်တွေဖြစ်ပြီး ထိုဟင်းပွဲတွေကို သူမရဲ့ အရင်ဘဝတုန်းက စားချင်ပေမဲ့ မစားနိုင်ခဲ့ပေ။
တစ်ညလုံးသွားရည်ယိုနေခဲ့ပြီး နောက်တစ်နေ့မနက်မှာတော့ အပြည့်အ ဝနိုးမလာသေးဘဲ မူးနောက်နေချိန်မှာပင် စနစ်ဆီက ‘ဘိ’ဆိုသောအသံကို ကြားလိုက်ရတယ်။
[မနေ့ညက တိုးတက်မှု အသစ်ရှိတယ်။ ရှယီဟုန်ကြားခဲ့တာက လင်းဝူဟုန်နဲ့သူ့ဇနီးတို့က လမ်းခွဲလိုက်ကြပြီတဲ့လေ။ ပြီးတော့ လင်းဝူဟုန်ရဲ့ဇနီးနဲ့ သူတို့ရဲ့ အိမ်မက်ဟောင်းလေးတွေကို ပြန်လည်တမ်းတနိုင်ဖို့ စီစဉ်နေတယ်တဲ့”
အမ်?
ယန်ရှုက ရုတ်တရက် သူမရဲ့ စိတ်ဝိဥာဉ်ကို ပြန်လည်ရရှိလာခဲ့ပြီး
[ဒါဆို သူတို့သားက ရှဝူဟုန်နဲ့ သက်ဆိုင်တာပေါ့]
စစ်စတန် [မဟုတ်ဘူး?]
ယန်ရှုရဲ့မျက်လုံးတွေက ပြူးကျယ်သွားခဲ့ပြီး
[ မဟုတ်ဘူးဆိုရင် သခင်မလင်းဝူက အတော်လေးကို အံ့ဩဖွယ်ပဲ!]
စစ်စတန် [တစ်ခြားသူတွေကို ပူမနေနဲ့ဦး ဒီနေ့ငါ့မှာ မင်းရဲ့ဖရဲသီးရှိတယ်]
ယန်ရှု [ငါ့ဖရဲသီးလား? ဘာတဲ့လဲ?]
စစ်စတန်စဘက်က စကား မပြောနိုင်သေးခင် ရန်တုန်းက သူမလက်ထဲမှာ အဝတ်အစားတွေ ကိုင်လာခဲ့ပြီး အခန်းထဲကို ဝင်လာပြီးနောက် ကန့်လန့်ကာ အပြင်ဘက်ကနေ ပြောလာခဲ့တယ်။
4.02
[သခင်မလေး နိုးလာပါပြီလား။ ဒီအစေခံက သခင်မလေးအတွက် အခုလေးတင် အဝတ်တွေကို မီးပူတိုက်လာခဲ့တာ သခင်မလေး အဝတ်တွေနွေးနေတုန်းလေး ဝတ်လိုက်ပါ]
ဆောင်းရာသီက အေးစက်လွန်းတဲ့အတွက် မနက်ခင်း အိပ်ရာထရသည်မှာ အလွန်တရာ ခက်ခဲလှတဲ့အလုပ်ပင်။ အေးစက်နေတဲ့ အဝတ်တွေကို ဝတ်ဆင်ရတာက ပိုလို့တောင် ခက်ခဲသေးတဲ့အတွက် သူမပိုပြီးတော့ သက်တောင့်သက်သာ ရှိစေရန် ရန်တုန်းက သူမရဲ့အဝတ်တွေကို နေ့စဉ်နေ့တိုင်း မီးပူ တိုက်ပေးလေ့ရှိတယ်။
ယန်ရှုက ညည်းညူရင်း ထထိုင်လိုက်ပြီးနောက် အဝတ်အစားတွေကို ကောက်နေရင်း စစ်စတန်ကို မေးလိုက်တယ်။
[ဘာကြီး ငါ့ကိုဟု တ်လား?]
စစ်စတန် [တစ်ယောက်ယောက်က မင်းကိုအန္တရာယ်ပေးချင်နေတယ်]
ဘာ>
ဒီစကားတွေ ထွက်လာလာချင်း အဝတ်တွေကလည်း သူမလက်ထဲကို ရောက်လာခဲ့တယ်။ အဲ့ဒီနောက် သူမ နှာချေလိုက်ပြီး တခဏတာခန့် တောင့်တင်းသွားတော့တယ်။
တစ်ယောက်ယောက်က သူမကို သတ်ချင်နေတယ်။
အဲဒီနောက်မှာပဲ သူမထပ်ပြီး နှာချေလိုက်ပြန်တယ်။
ဒါက ရန်တုန်းကို အလန့်တကြား ဖြစ်သွားစေပြီး
“သခင်မလေး အအေးမိသွားတာများလား။ မနေ့ညက စောင်လွတ်သွားလို့နေမှာ။ ဒီအစေခံက နောက်တစ်ထည်လောက် ထပ်ပေးခဲ့သင့်တာ……”
“အအေးမိတာ မဟုတ်မှာဘဲ စိုးတယ်”
ယန်ရှုကသူမနှာခေါင်းကို ပွတ်လိုက်ပြီး သူမလက်ထဲကအဝတ်တွေကို လွှင့်ပစ်လိုက်တယ်။
“အဝတ်တွေကို တစ်ခုခု လုပ်ထားတယ်”
ရန်တုန်းက ကြောင်အ သွားပြီး
“မက်မန်ပန်း ဝတ်မှုန်တွေ များလား?”
ယန်ရှုက မက်မွန်ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်ပေ။ ဝတ်မှုန်ကို ထိလိုက်မိတာနဲ့ အမျိုးမျိုးသောတုံ့ပြန်မှုတွေ ရှိလာမှာပင်။ နှာချေခြင်းက စလို့ အရေပြားပေါ်မှာ အင်ပျဉ်လို အနီကွက်တွေ ထလာပြီး အသက်ရှုလမ်းကြောင်း ပိတ်ဆို့တာမျိုးနဲ့ အသက်ရှူရ ခက်ခဲခြင်းတွေပါဖြစ်တတ်လို့ အတော်လေးကို ပြင်းထန်တယ်လို့ ပြောလို့ရတယ်။
ယခုလက်ရှိ သူမရဲ့လက္ခဏာတွေကို ကြည့်ရမယ်ဆိုရင် သူမရဲ့ အရင်ပြဿနာဟောင်းပဲ ထပ်ပြီး ဖြစ်တဲ့ပုံပဲ။
ဒီအချက်ကို တွေးမိတော့ ရန်တုန်း ကအလျင်အမြန်ပဲ အဝတ်တွေကို အဝေးကို ပစ်ထုတ်လိုက်ပြီး ပဟေဠိဖြစ်စွာ ပြောလာခဲ့သည်
“အခုက ဆောင်းရာသီကြီးလေ။ မက်မွန်ပန်းတွေတောင်မှ မပွင့်သေးဘူးကို”
ယန်ရှုက တခဏခန့် စဉ်းစားလိုက်ပြီး
“ဒါဆို မှန်လုံအိမ်ထဲက ပန်းတွေကရော ပွင့်ပြီလား?”
ရန်တုန်းက ရုတ်တရက် သဘောပေါက်သွားပြီး
“အမှန်ပဲ စစ်ယွမ်မှန်လုံအိမ်ထဲမှာ ပန်းမျိုးစုံ ပွင့်နေပြီ!”
အဲဒါက ကောင်းပါတယ်။ ဒါပေမဲ့ အခုလေးတင် လျှော်ထားတဲ့အဝတ်အစားထဲမှာ မက်မန်းပန်းဝတ်မှုန်က ဘယ်လိုလုပ် ရောက်နေရတာလဲ။
ရန်တုန်းက သက်ပြင်းချလိုက်ပြီး
“ကြားရက်တွေမှာတောင် သခင်မလေးက အပြင်ကို မထွက်ဘူး။ ပြီးတော့ တစ်နေ့လုံးလည်း ဘာစားရမလဲပဲ သိတဲ့လူမျိုးကို ဘာလို့များ မျက်စိဖမ်းစားဖွယ် ဖြစ်နေရသေးတာလဲ?”
ယန်ရှု “…..နင် ပြောတဲ့ပုံက မသိရင် ငါက ငတုံးမ ကျနေတာပဲ”
ရန်တုန်း “…..အဟွတ် အဟွတ်……”
ယန်ရှုက စိုက်ကြည့်နေတာကို မြင်လိုက်တဲ့အခါမှာတော့ သူမက ခေါင်းစဉ်ကို အလျင်အမြန်ပဲ ပြောင်းလာခဲ့တယ်။
“ပြောမှပဲ ဘယ်သူကများ သခင်မလေးကို အသည်းအသန် မုန်းနေတာပါလိမ့်။ ဒီလိုဆိုးယုတ်တဲ့အကြံကိုတောင်မှ ထုတ်သုံးလာသေးတယ်!”
ယန်ရှုက တခဏခန့် စဉ်းစားလိုက်ပြီး
“ကျန်းချိုက်ရန်ကလွဲပြီး ဒီနန်းတော်ထဲမှာ ငါ့ကို သိတဲ့လူမရှိဘူး”
ရန်တုန်းက ထိုစကားတွေကို ကြားလိုက်ရတဲ့အခါ သေသေချာချော တွေးတောလာခဲ့တယ်။
“နွေရာသီရောက်လို့ မက်မွန်ပန်းတွေ ပွင့်တဲ့အခါမှာတောင် သခင်မလေးက အပြင်ကို မထွက်ဘူးလေ။ အဲဒီတော့ မက်မွန်ပန်းအမှုန့်နဲ့ ဓာတ်မတည့်တာကို စုံစမ်းဖို့က မခက်ခဲဘူး။ ဒီလိုတွေးကြည့်မယ်ဆိုရင်တော့ ဒါက တကယ်ပဲ ကျန်းချိုက်ရန် လုပ်တာလား။ ဒါပေမဲ့ သူက ဘာလို့ သခင်မလေးကို ထိခိုက်စေချင်တာလဲ?”
ယန်ရှုဟာလည်း ထိုအချက်ကို မဖော်ထုတ်နိုင်သေးပေ။
“ဖြစ်နိုင်တာက ငါများ မနေ့ညက အရမ်းအများကြီး စားလိုက်လို့ သူ ဗိုက်မပြည့်သွားလို့ များလား?”
အစေခံများ “……”
ဒါက ဘယ်လိုထူးဆန်းတဲ့ တွေးခေါ်ပုံမျိုးလဲ လူတိုင်းကို သခင်မလေးလိုများ ထင်နေတာလား။
“ဖြစ်နိုင်တာကတော့ မနေ့ညက ညစာစားပွဲမှာ အရှုပ်တွေ လုပ်လိုက်မိလို့ သူ့ဒေါသတွေကို သခင်မလေးအပေါ် ဖွင့်ထုတ်ချင်တာများလား?”
ရန်တုန်းက ဒေါသတကြီးနဲ့ ပြောလာခဲ့တယ်။
“ ဘာပဲဖြစ်ဖြစ် ဒီအစေခံကတော့ သခင်မလေးကို ဒီလိုခံစားခွင့် မပေးနိုင်ဘူး။ ဧကရီမယ်တော်ကြီးဆီသွားပြီးတော့ ဒီကိစ္စကို တိုင်ရမယ်”
4 03
ယန်ရှုက ရုတ်တရက် တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြောလာခဲ့တယ်။
“ဧကရီမယ်တော်ကြီးကို တွေ့ခွင့်ရဖို့ မပြောနဲ့ဦး။ အခုအခြေအနေက ငါတို့တွေ ထင်ကြေးပေးနေတာပဲ ရှိသေးတယ်။ အဲလိုလုပ်တဲ့သူကလည်း သူမဆိုတာကို သက်သေပြနိုင်တဲ့ ဘာသက်သေမှ မရှိသေးဘူး။ သူမ လုံးဝကို ငြင်းဆန်လို့ ရတယ်။ အဲဒီတော့ ငါက ဧကရီမယ်တော်ကြီးကို ယုံကြည်အောင် ဘယ်လိုပြောရမှာလဲ?”
ရန်တုန်းက ရပ်တန့်သွားပြီး ဆန္ဒမရှိစွာ ပြောလာခဲ့တယ်။
“ကြည့်ရတာတော့ သခင်မလေးက လုံးဝ တုံးအနေတာမျိုးတော့ မဟုတ်ဘူးဘဲ။ သူမက နောက်ခံရှိတဲ့သူဖြစ်နေတော့ သူ့မိသားစုရဲ့ကြွယ်ဝမှုနဲ့ အဆက်အသွယ်နဲ့ဆို ပြစ်မှုကျူးလွန်ပြီး တမင်သက်သက်တောင် အန္တရာယ်ပေးလာနိုင်သေးတယ်။ ဒီနန်းတော်မှာ တရားဥပဒေဆိုတာရော ရှိသေးရဲ့လား?”
ဘယ်တော့မှ မတိုက်ခိုက်သလို အခွင့်ကောင်းလည်း မယူတတ်တဲ့ လှပပြီးစိတ်ထားကောင်းတဲ့ သူမရဲ့ သခင်မလေးကို သနားလိုက်တာ။ သူမရဲ့မိသားစုက အဝေးမှာ ဖြစ်နေပြီး သူမဖခင်ရဲ့ရာထူးက စစ်မှန်ပြီးဆင်းရဲနေလို့ သူမက ဒီနန်းတော်မှာ အနိုင်ကျင့် ခံနေရရှာတယ်။
လောကကြီးက လုံးဝကို မမျှတတာပဲ!
ဘယ်သူက သိမှာလဲ။ သူမရဲ့ မတိုက်ခိုက်တတ် အခွင့်ကောင်း မယူတတ်တဲ့ သခင်မလေးက ရုတ်တရက် ပြုံးလိုက်ပြီး ပြောလာခဲ့တယ်။
“ငါတို့က ရိုးအနေလို့ တမင်သက်သက် အနိုင်ကျင့်တာခံရမယ်လို့ ဘယ်သူက ပြောလဲ?”
ရန်တုန်းက ရပ်တန့်သွားပြီး
“ဒါဆို ကျွန်မတို့တွေ ဘာလုပ်နိုင်သေးလို့လဲ?”
“ဒီနားကို လာခဲ့” ယန်ရှုက သူမကိုလာခဲ့ဖို့ လက်ယပ် ခေါ်လိုက်တယ်။
“ဘာတွေလုပ်နေတာ…..”
……
~~~~~~~
နေ့လည်ခင်းမှာ ကျန်းချိုက်ရန်ဟာ ချွင်အာက နန်းတော်အပေါက်ဆီကနေ ခပ်မြန်မြန် လှမ်းလာတာကို မြင်လိုက်ရတဲ့အချိန်မှာ သူမက ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ လက်ဖက်ရည် သောက်နေခဲ့တာပင်။
အနီးအနားမှာ ဘယ်သူမှ မရှိတာကိုလဲ မြင်လိုက်ရော ချွင်အာက ပြောလာခဲ့တယ်။
“ သခင်မလေးချိုက်ရန် ရုံနင်နန်းဆောင်က တော်ဝင်သမားတော်ကို ယခုလေးတင်ပဲ ပင့်ထားပါတယ်။ အခုဆေးကျိုနေပြီး ခြံဝန်းထဲမှာလည်း ဆေးနံ့တွေပျံ့ လွင့်နေပါတယ်။
“တော်ဝင်သမားတော်ကိုတောင် ပင့်ထားရတာလား?”
ကျန်းချိုက်ရန်က သူမရဲ့မျက်ခုံးတွေကို ပင့်လိုက်ပြီး
“ကြည့်ရတာတော့ ပြင်းထန်တဲ့ပုံပဲ။ သူ့မျက်နှာပေါ်မှာရော အနီကွက်တွေ ထနေသေးလားဆိုတာရော သိချင်မိသား?”
သူမ မျက်နှာသာ ပေးခံရဦးမလား ကြည့်ရအောင်လေ။
ချွင်အာက လျင်မြန်စွာ ပြောလာခဲ့သည်
“ဒီအစေခံက မမေးခဲ့မိဘူး။ သခင်မလေးကိုယ်တိုင် ဘာလို့သွားပြီးတော့ တစ်ချက် မကြည့်ကြည့်တာလဲ?”
ကျန်းချိုက်ရန်က သူမရဲ့လက်ကို ကျေနပ်အားရစွာ ရမ်းလိုက်ပြီး
“ထားလိုက်တော့။ အဲဒီကိုသွားရင်တောင်မှ အဲဒီရုပ်ဆိုးဆိုးမျက်နှာကို တွေ့ရမှာ မဟုတ်ဘူး။ သူမမှာ တစ်ခြားသူတွေနဲ့ မျက်နှာချင်းဆိုင်ဖို့ ဘယ်ကမျက်နှာရှိမှာလဲ?”
ချွင်အာက သဘောတူစွာ ခေါင်းညိတ်လာခဲ့ပြီး
“ကျွန်မရဲ့လက်အောက်က သူပြောတာတော့ အဲဒီရောဂါက ဆယ်ရက် လဝက်အတွင်း အလွယ်တကူ ကုသလို့ မရနိုင်ဘူးလို့ ရန်တုန်းက ပြောတယ်တဲ့။ အဲဒီတော့ အနာဂတ်မှာ သူမ လှည့်ကွက်တွေ သုံးလို့မရနိုင်တော့ဘူးပေါ့”
ဒါက သူမ လိုချင်တာပဲ။ ကျန်းချိုက်ရန်က ကျေနပ်မှုအပြည့်နဲ့ခေါင်းညိတ်လိုက်တယ်။
ဒါပေမဲ့ချွင်အာ ထပ်ပြောလာတာကို ကြားလိုက်ရတယ်။
“စကားမစပ် ခုနက သတင်းတစ်ခု ကြားခဲ့ရတယ်”
“ဘာတဲ့လဲ”
“ကျွန်မ ကြားခဲ့တာက ဒေါ်လေးလီရဲ့အိမ်မှာ တစ်ခုခု ဖြစ်သွားတယ်တဲ့” ချွင်အာက ပြောလာခဲ့တယ်။
“အဒေါ်လီရဲ့စံအိမ်မှာလား?”
ကျန်းချိုက်ရန်က စိတ်မရှည်တော့ဘဲ
“ဘာတွေ ဆွဲဆန့်နေတာလဲ? ဘယ်သူ ကဘာဖြစ်လို့လဲ?”
“အဲဒါက လင်းဝူစံအိမ်တော်ကပါ!”
ချွင်အာက ပြောလာခဲ့တယ်။
“ကိုယ်လုပ်တော်လီရဲ့အဒေါ်က လင်းဝူသခင်မကြီးမလား။ အဲဒီတော့ လင်းဝူစံအိမ်က သူမအဒေါ်ရဲ့စံအိမ်ပဲမလား?”
ကျန်းချိုက်ရန်က ထိုအကြောင်းကိုတွေးလိုက်ပြီး ထပ်ပြောလိုက်သည်
“ဘာဖြစ်တာလဲ?”
ချွင်အာက အလျင်အမြန် ချဉ်းကပ်လာပြီး
“ ကျွန်မ ကြားတာတော့ မြို့စားလင်းဝူက ဟိုတစ်နေ့က ကိုယ်လုပ်တော် တစ်ယောက်ကို ခေါ်ဆောင်လာခဲ့တယ်တဲ့လေ။ သခင်မကြီးက ပြဿနာရှာပေမဲ့ စံအိမ်ထဲက အစေခံတွေက မြို့စားလင်းဝူက အစောကတည်းက တစ်ယောက်ယောက်နဲ့ ဆက်ဆံရေးရှိနေပြီး တစ်ယောက်နဲ့ တစ်ယောက်လည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတယ်လို့ သက်သေခံကြတယ်လေ”
“ဒီလိုကိစ္စမျိုးလည်း ရှိတာပဲလား?”
ကျန်းချိုက်ရန်ရဲ့မျက်လုံးတွေက ပြူးကျယ်လာခဲ့တယ်။
4 04
ချွင်အာ ကထိတ်အားထက်သန်စွာနဲ့ ခေါင်းညိတ်ပြလာခဲ့တယ်။
“အခုနန်းတော်ထဲက လူတွေအားလုံးကလည်း ဒီအကြောင်းကို ပြောနေကြတယ်။ သခင်မလေးပဲ တွေးကြည့်။ ဒီအရုပ်ဆိုးတဲ့သတင်းက နန်းတော်ထဲ အထိတောင် ပျံ့လာတယ်ဆိုမှတော့ အတုဖြစ်နိုင်မယ် ထင်လား?”
“အမှန်ပဲ!”
ကျန်းချိုက်ရန်က နှာမှုတ်လိုက်ပြီး “သူနဲ့ ထိုက်တန်တယ်”
မနေ့ညက ကိုယ်လုပ်တော်လီသာ သူမကို တမင်သက်သက် ပြဿနာ မရှာခဲ့ရင် ဒီလောက်ထိ အရှက်ရမှာ မဟုတ်ဘူး။
ဟမ့် မြို့တော်က လူတိုင်းက ကိုယ်လုပ်တော်လီရဲ့ အိမ်တော်ဇစ်မြစ်က ဦးရီးတော်ယုံလျန်ရဲ့အိမ်တော်နာမည်ကမှန်း သိကြတယ်။ တကယ်တမ်းကျ သူမတို့ တစ်မိသားစုလုံးက ဘာအင်အားမှမရှိဘဲ သူမအဒေါ်ရဲ့ မိသားစုဘက်ကိုပဲ မှီခိုနေရတာလေ။အခုတော့ တော်စပ်မှု ပြတ်တောက်သွားပြီဆိုရင် သူမကတော့ ပွဲကြည့်လို့ ကောင်းတော့မဲ့ တစ်ယောက်ပဲ။
ဒါကိုတွေးမိတော့ ကျန်းချိုက်ရန်က ထပ်မံညွှန်ကြား လိုက်ပြန်သည်
“ဆက်ပြီးစုံစမ်းနေ သတင်းတစ်ခုခုထပ်သိရရင် ငါ့ကို အသိပေးချေ”
“ကောင်းပါပြီ” ချွင်အာ အလျင်အမြန် ခေါင်းညိတ်ပြလာခဲ့တယ်။
~~~~~
ထိုအချိန်မှာတော့ ရိမိန်နန်းဆောင်ထဲမှာ ကိုယ်လုပ်တော်လီ တစ်ယောက် ဂနာမငြိမ် ဖြစ်နေတယ်။
ရှောင်ကျန်းပေါ်က အလျင်အမြန် ချဉ်းကပ်လာတာကို တွေ့လိုက်ရတော့ သူမ အလျင်စလိုနဲ့ မေးလိုက်တယ်။
“ရှာတွေ့ခဲ့လား။ သတင်းတွေက ဘယ်ကနေ ပျံ့လာတာလဲဆိုတာကို?”
ရှောင်ကျန်းပေါ်က
“ပထမဆုံး ပြောတဲ့သူက လင်းဟွာနန်းဆောင်က အစေခံတစ်ယောက်က စစ်ယွမ်ကို သွားတော့ ပြောခဲ့တာကို ရှာတွေ့ခဲ့ပါတယ်”
လင်းဟွာနန်းဆောင် ဟုတ်လား။
အိမ်တော်ထိန်းလုရှုန်းက ပြောလာခဲ့သည်
“အဲဒါက ကျန်းချိုက်ရန်ရဲ့နန်းဆောင် မဟုတ်ဘူးလား?”
“အတိအကျပဲ” ကျန်းပေါ်ကလည်း ခေါင်းညိတ်လာခဲ့ပြီး
“ကျွန်မကြားတာတော့ သူမရဲ့နောက်ခံမိသားစုက မြို့တော်အစိုးရရုံးတော်ရဲ့ ရက်ကန်းဌာနကတဲ့ နန်းတော်ထဲမှာလည်း သူတို့ရဲ့ရုံးခန်းတွေ အများကြီး ရှိနေပြီး အဆက်အသွယ်လည်း အတော်လေးရှိပါတယ်”
“ဘယ်လို မိန်းမပျက်လဲ!”
ကိုယ်လုပ်တော်လီက အံကြိတ်လိုက်ပြီး
“ငါမနေ့က အမှန်တရားကို ပြောခဲ့ရုံပဲလေ။ ဒါကိုသူမက လက်စားချေရဲတယ်ပေါ့လေ။ ဟမ့် သူမက ငါ့အဒေါ်ကို တမင်သက်သက် အကွက်ဆင်ပြီး ဦးလေးယုံလျန်စံအိမ်တော်ရဲ့ ဖြူစင်မှုကို အရောင် ဆိုးနေတာပဲ”
လုရှုန်းနဲ့ကျန်းပေါ်က အလျင်အမြန်ပဲ သံယောင်လိုက်ပြီး ပြောလာခဲ့သည်
“သခင်မလေး ဒါက ကိစ္စကြီးပါ။ သူ့ကို အလွယ်လေး လွှတ်ပေးလို့ မရပါဘူး!”
သူ့ထက် အဆင့်အနည်းငယ် ပိုမြင့်တဲ့ ကိုယ်လုပ်တော်တစ်ယောက်ကို နောက်ခံ အနည်းငယ်ရှိရုံနဲ့ ဆန့်ကျင့်ရဲတာက တကယ်ကို လုပ်ရဲနေတာပဲ!
လီဖင်းက သရော်ပြုံးပြုံးလိုက်ပြီး
“ ကောင်းပြီလေ။ သူမက သီချင်းဆိုရတာနဲ့ စကားပြောရတာကို ကြိုက်တယ်မလား။ ငါက ဘယ်လောက်တောင် ကောင်းသလဲဆိုတာကို သူမကို ပေးသိလိုက်တာပေါ့”
~~~~~
အလက်ဂျစ်လိုအရာမျိုးဟာ အလက်ဂျစ် ဖြစ်စေတဲ့အရာကို အဝေးမှာ ထားလိုက်လျှင် တခဏအကြာမှာမူလအတိုင်း ပြန်ဖြစ်သွားတတ်တယ်။ ထို့ကြောင့် ယန်ရှုဟာ အပေါ်ယံမှာ ဖျားနာဟန် ဆောင်နေပေမဲ့ တကယ်တမ်းကျ သူမဟာ အဆောင်ထဲမှာ မာမားရှန်းတွေ စားရင်း အသိုက်ဖွဲ့နေခဲ့တာပင်။
ကျန်းချိုက်ရန်ဘက်မှာတော့ ခြားနားတယ်။
ပထမဆုံးအနေနဲ့ ညလယ်ခေါင်ကြီးမှာ သူမက ရုတ်တရက် အော့အန်ပြီး ဝမ်းလျှောကာ အဖျားကြီးခဲ့တယ်။ ဆေးခါးကြီးတွေကို နှစ်ရက်လောက် သောက်အပြီးမှာတော့ ပြန်သက်သာလာခဲ့ပေမဲ့ သူမရဲ့အသံက ကွဲအက်ပြီး ကြမ်းတမ်းသွားခဲ့တယ်။ သူမရဲ့ပါးစပ်ကလည်း မုတ်ဆိတ်မွှေးနဲ့ယောက်ျားကြီးတွေလို ဖြစ်နေပြီး အတော်လေး ကြောက်စရာ ကောင်းနေတာပင်။
ရုပ်ရည်သွင်ပြင်အရ ပြောမည်ဆိုလျှင် သူမက ဒီမောင်းမဆောင်ထဲမှာ မထင်ပေါ်ပေ။ သူမ မှီခိုနိုင်တဲ့တစ်ခုတည်းသောအရာက သူမရဲ့အသံပဲ ဖြစ်တယ်။ သို့သော် ယခုသူမရဲ့အသံက ပျက်စီးသွားခဲ့ပြီ သူ မအဲဒါကို မုန်းတယ်လို့။
သူမ အံကြိတ်ပြီး ပိုက်ဆံအများကြီး သုံးလိုက်ပြီးနောက်မှာတော့ သူ မသဲလွန်စတစ်ချို့ကို တွေ့လာခဲ့တယ်။ သူမက တစ်ယောက်ယောက်ရဲ့ ဆေးခတ်တာကို ခံလိုက်ရတာပဲ။ ပြီးတော့ တစ်ခြားတစ်ဖက်က လူလိုချင်တာကလည်း သူမရဲ့အသံပဲ။
သူမ အသက်ရှုရပ်မတတ် ဒေါသထွက်သွားပြီးတဲ့ နောက်မှာတော့ ဧကရီမယ်တော်ကြီးကို တိုင်တန်းချင်ခဲ့တယ်။ ဒါပေမဲ့လည်း နှစ်သစ်ကူး ညစာစားပွဲတုန်းက သူမရဲ့ရေပန်းစားမှုကို လူဘယ်လောက်များများက မကျေမချမ်း ဖြစ်နေသည်ကို မသိနိုင်ပေ။ အဲဒီတော့ သဘဝကျကျပဲ သူတို့တွေက သူမရဲ့ဆန္ဒကို မဖြစ်မြောက်အောင် လုပ်ကြမှာပင်…..။
~~~~~~
ဒီအကြောင်းကို ရန်တုန်း ကသတင်းပို့လာတဲ့အခါမှာတော့ ယန်ရှုဟာ စုတ်တံနဲ့ စာရေးနေခဲ့တာပင်။
ရန်တုန်း ပြောတာကို ကြားလိုက်ရပြီးတဲ့ နောက်မှာတော့ ရင့်ကျက်တည်ငြိမ်ဟန်နဲ့ သက်ပြင်း ချလိုက်သည်။
4 05
“ပထမဆုံးငှက်က ပစ်ချခံလိုက်ရပြီဆိုရင် မင်းအသက်လေးကို ကယ်တင်ဖို့ နှိမ့်နှိမ့်ချချနေတာက အကောင်းဆုံးပဲ!”
ရန်တုန်းကလည်း စိတ်အားထက်သန်စွာနဲ့ ခေါင်းညိတ်ပြလာပြီး
“သူမကို ဘယ်သူက တစ်ခြားသူကို အရင်ထိခိုက်အောင်လုပ်ဖို့ ပြောလို့လဲ။ သူမနဲ့ပဲ ထိုက်တန်တယ်!”
ပြောပြီးတဲ့နောက် သိချင်စိတ် ပြင်းပြစွာနဲ့
“သခင်မလေး ဘာတွေ ရေးနေတာလဲ?”
ယန်ရှုက ပြောလာခဲ့တယ်။
“ငါ့မှာ ဘာမှလုပ်စရာ မရှိဘူးလေ။ အဲဒီတော့ ဝတ္ထုရေးကြတာပေါ့”
ဖရဲသီးတွေ အများကြီးစား ပြီးတဲ့နောက်မှာတော့ အကုန်လုံးက ဖမ်းစားနိုင်ပြီး အလှည့်အပြောင်းတွေနဲ့လေ။ သူမမှာလည်း ဘာမှလုပ်စရာမှမရှိတာ။ အဲဒီတော့ ဘာလို့ဇာတ်ညွှန်းရေးပြီး မထုတ်ဝေနိုင်ရမှာလဲ။ တစ်နေ့တော့ စျေးကွက်ထဲ ဖြန့်ချိပြီး ပိုက်ဆံတွေ အများကြီး ရှာနိုင်လိမ့်မယ်။
စကားပြောပြီးတဲ့နောက် သူမရဲ့စုတ်တံကို လှုပ်ဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ အစေခံလေးလျန်ရှင်းက သတင်းပို့လာတာကို မြင်လိုက်ရတယ်။
“သခင်မလေး ဧကရီမယ်တော်ကြီးက သင့်ကို စစ်အန်းနန်းဆောင်မှာ စကားစမြည်ပြောဖို့ လာရောက်ရန် အမိန့်ပေးလိုက်ပါတယ်”
******
5 01
အပိုင်း ၅
ဧကရီမယ်တော်ကြီးက သူမကိုရှာနေတာလား။
ယန်ရှုက အတန်ငယ် အံ့အားသင့် သွားခဲ့သည်။
ရန်တုန်းက အနည်းငယ် စိတ်ရှုပ်ထွေး သွားပြီး တီးတိုး ပြောလာခဲ့ပေသည်။
“ဖြစ်နိုင်တာက လီဖင်းနဲ့ကျန်းချိုက်ရန်က……”
—အဒေါ်လီရဲ့ဖြစ်ရပ်အကြောင်းကို သတင်းဖြန့်တဲ့သူက လင်းဟွာနန်းဆောင်ရဲ့
အစေခံတစ်ယောက်အဖြစ် ဟန်ဆောင်ခဲ့တဲ့ သူမပင်။
ယန်ရှုက တည်ငြိမ်စွာ ပြောလာခဲ့သည်။
“မဖြစ်နိုင်ဘူး”
သူမနဲ့ စစ်စတန်ရဲ့ဆက်သွယ်မှုအရ မကောင်းတာ တစ်ခုခုသာ ဖြစ်လာခဲ့မယ်ဆိုလျှင် ရုံးတော်ကို သတင်းပို့ပြီးသား ဖြစ်လိမ့်မှာပင်။
ဟုတ်တာပေါ့။ ကောင်းသည် ဖြစ်စေ ဆိုးသည် ဖြစ်စေ။ ဧကရီမယ်တော်ကြီးက
အခေါ်လွှတ်တယ်ဆိုမှတော့ သူမ သွားရမှာပင်။ ထို့ကြောင့် သူမရဲ့အိပ်ရာထဲမှ
အလျင်အမြန် ထလိုက်ပြီး အဝတ်အစားလဲကာ အပြင်ကို ထွက်လာခဲ့သည်။
~~~~~
ထိုအချိန်မှာပဲ ချန်းမင်နန်းဆောင်ရဲ့ တော်ဝင်စာကြည့်ဆောင်မှာ ကျင်းယီဝေ့က သူ ရခဲ့တဲ့ သတင်းကို အရှင်မင်းကြီးဆီ ပြန်လည် သတင်းပေးပို့နေပေသည်။
“ဒီငယ်သားက အန်းသဲ့ကောင်တီက ချင်ကျိုးစီရင်စုကို သွားရောက်စုံစမ်းခဲ့ပြီး လိမိန်ရန်က တကယ်ကိုပဲ ချင်ကျိုးစီရင်စုက ဖြစ်ကြောင်း ရှာတွေ့ခဲ့ပါတယ်။ သူ့ရဲ့ဖခင် လိဟွိုက်ကျစ်က အန်းသဲ့ကောင်တီရဲ့ခေါင်းဆောင်ပါ။ သူမရဲ့မိခင် သခင်မကျူးကတော့ အိမ်မှုကိစ္စကိုပဲ ထိန်းသိမ်းပြီး သူမရဲ့ယောက္ခမကို ပြုစုနေပါတယ်။ လိမိန်ရန်မှာ လိထျန်းရွေ့လို့ခေါ်တဲ့
မောင်တစ်ယောက် ရှိပြီး အခုဆယ်နှစ်အရွယ်ရှိ နေပါပြီ။ သူက ဒီနှစ်မှာတော့ကောင်တီရဲ့ အထက်တန်းကျောင်းဝင်ခွင့်ကို အဆင့်ခုနစ်နဲ့ အောင်မြင်ခဲ့ပါတယ်”
“အဖေလိက ရိုးသားပြီး ဖြောင့်မတ်တယ်။ သူမရဲ့မိသားစုကလည်း သန့်ရှင်းရိုးသားကြပြီး သခင်ကြီးလိကလည်း ပြည်နယ်ထဲမှာ နာမည်ကျော်ကြားပါတယ်။အထူးတာဝန်နဲ့ ရွေးချယ်စေလွှတ်ရတဲ့ အချိန်တုန်းက မူလတုန်းက နန်းတော်ကို စေလွှတ်ဖို့ စီစဉ်ထားခဲ့တဲ့သူက ပွဲအခမ်းအနားဆိုင်ရာ အရာရှိ ရွေးချယ်ထားတဲ့ အန်းသဲ့ကောင်တီအောက် ရုံးတရားသူကြီးရဲ့သမီးဖြစ်သူပါ”
ယွီဝိန်းလန်က ထိုစကားတွေကို ကြားလိုက်ရတဲ့အခါ မျက်ခုံးပင့်လိုက်မိပြီး သူမကသာ အဲဒီညတုန်းက ကျန်တဲ့မိန်းမတွေအားလုံးထဲက သူ အမှတ်ရနေခဲ့တဲ့သူပဲ။
သေချာတာပေါ့။ ဒါက အဓိက အချက်မဟုတ်ပေ။ ထို့နောက် သူ မေးကြည့်လိုက်သည်။
“လိမိသားစုက အန်းသဲ့ကောင်တီရဲ့နယ်ခံတွေပဲလား?”
ကျင်းယီဝေ့က ပြောလာသည်
“လိမိသားစုက အန်းသဲ့မှာ မျိုးဆက်ပေါင်းများစွာ နေထိုင်လာတာပါ။ သူတို့တွေက တရားရုံး ဒါမှမဟုတ် ပဒေသရာဇ် လက်အောက်ခံပြည်နယ်တွေနဲ့ ဆက်စပ်နေတာမျိုးလည်း မရှိပါဘူး”
ဒီလိုပြောမှပဲ လိမိသားစုက ဘာနောက်ခံ ဘယ်သွေးထိုး လှုံဆော်မှုမှမရှိတဲ့ အန်းသဲ့ကောင်တီက ရိုးရှင်းတဲ့နယ်မြေခံ အရာရှိငယ်လေးပဲ။
ယွီဝိန်းလန်က ထပ်ပြီး မေးလိုက်ပြန်သည်။
“မြို့တော်ကို လာတဲ့လမ်းမှာ ဘာဖြစ်ခဲ့တာလဲ”
ကျင်းယီဝေ့က ပြောလာခဲ့သည်။
“စုံးစမ်းစစ်ဆေးပြီးတဲ့ နောက်မှာတော့ ဘာမှ မျှော်လင့်ထားတဲ့ကိစ္စမှ ဖြစ်သွားတာမျိုး ရှာမတွေ့ခဲ့ပါဘူး။ အဲဒီတုန်းက လမ်းပေါ်မှာ ရက်အနည်းငယ်လောက် မိုးရွာနေခဲ့တဲ့အတွက် ကျွန်တော်တို့တွေ ရက်နည်းနည်းလောက် နှောင့်နှေးသွားခဲ့တာပါ”
ရက်နည်းနည်းလောက် နှောင့်နှေးသွားခဲ့တယ်….။
ယွီဝိန်းလန်က သိချင်သွားခဲ့သည်။ နောက်ဆုံးတော့ နန်းတော်ကို စေလွှတ်လိုက်တဲ့ မိန်းကလေးက လိမိသားစု ကသမီးမဟုတ်ဘူးလား။ လမ်းမှာများ ပစ်ချခံခဲ့ရတာလား။
နန်းတော်ထဲက ငယ်ရွယ်တဲ့ မိန်းမစိုးလေးဖုပေါ်ကို ကြည့်လိုက်ပြီး
“မင်းဘက်ကရော?”
ဖုပေါ်ဟာ အလျင်အမြန်ပဲ ပြန်ဖြေလာခဲ့သည်
“လိမိန်ရန်က နန်းတော်ထဲကို ဝင်လာကတည်းက သတိကြီးပြီး နှိမ့်နှိမ့်ချချပဲ နေပါတယ်။ ခပ်ဝေးဝေးမှာပဲ နေတတ်ပြီး သူမရဲ့ အချိန်အများစုကို ရုံနင်နန်းဆောင်မှာပဲ ကုန်ဆုံးတတ်တယ်။ ဘယ်သူနဲ့မှလည်း မိတ်ဆွေ မလုပ်ပါဘူး။ ကျန်းချိုက်ရန်ကသာ သူမဆီကို တစ်ခါတစ်ရံ သွားရောက်လည်ပတ်တတ်တဲ့ မောင်းမဆောင်ထဲက တစ်ယောက်တည်းသောသူပါ”
ထိုအချိန်မှာတော့ သူက စကားလုံးတွေကို သတိထားလိုက်ပြီး အရှင်မင်းကြီးက စကားမပြောလာတာကို ကြည့်ပြီးတဲ့နောက် စကားဆက်လိုက်သည်။
“ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က လိမိန်ရန် ဖျားနာနေတဲ့အတွက် အပြင်ကို ထွက်မလာခဲ့သလို သူမကိုလည်း ဘယ်သူကမှ သွားမတွေ့ကြပါဘူး”
ယွီဝိန်းလန်က မေးလိုက်သည်
“ဘာရောဂါလဲ”
ဖုပေါ်က ပြန်ဖြေလာခဲ့သည်
“မက်မွန်ပန်းဝတ်မှုန်နဲ့ဓာတ်မတည့်မှုပါ”
ယွီဝိန်းလန်က မျက်မှောင် ကြုတ်သွားပြီး
“ဘယ်နေရာမှာ ပန်းပွင့်နေလို့လဲ?”
ဖုပေါ်က ပြောလာသည်။
5.02
“ အရှင်မင်းကြီး မေ့နေတာများလား စစ်ယွမ်က မှန်လုံအိမ်ထဲမှာ မက်မွန်ပန်းတွေ ပွင့်နေပြီး လွန်ခဲ့တဲ့နှစ်ရက်ကပဲ ဧကရီမယ်တော်ကြီးဆီကို ပို့ဆက်လိုက်ပါပြီ”
ယွီဝိန်းလန်က ထိုအကြောင်းကို မတတ်နိုင်ပဲ ထပ်တွေးမိသွားသည်။ သူက ရုံနင်နန်းဆောင်မှာပဲ နေတယ်ဆိုတော့ စစ်ယွမ်ကနေ ဘယ်လိုများ ဓာတ်မတည့်မှု ဖြစ်သွားရတာလဲ။
“ဒါပေမဲ့ လိမိန်ရန်ကတော့ သူမဖျားနာ နေတာတောင်မှ စားသောက်ချင်စိတ် ကောင်းကောင်း ရှိနေတုန်းပါပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ဘယ်ဟင်းလေးပွဲနဲ့ စွပ်ပြုတ်မှ ကျန်နေခဲ့ခြင်း မရှိပါဘူး” ဖုပေါ်က ထပ်ပြောလိုက်သည်။
ယွီဝိန်းလန် “…….”
နှစ်သစ် ညစာစားပွဲနေ့တုန်းက သူ နောက်ဆုံးကြား ခဲ့ရတဲ့အသံကို မနေနိုင်ဘဲ ပြန်တွေးမိသွားခဲ့သည်။
“အတူ အိပ်စရာမလိုပဲ အစားကောင်း စားရတာက တကယ်ကောင်းတာပဲ”
ဒါက ဘယ်လိုမိန်းမမျိုးလဲ။
နန်းတော်ထဲကို ဝင်ရောက်လာတဲ့ သူမရဲ့ရည်ရွယ်ချက်က ဘာလဲ.။
စုံစမ်းပြီးတဲ့နောက်မှာလည်း ဘာလို့ ဘယ်လိုပုံမှန် မဟုတ်တာကိုမှ ရှာမတွေ့ရတာလဲ။
ထိုအကြောင်းကို တွေးမိရင်း ဖုပေါ်က ထပ်ပြောလာခဲ့သည်။
“စကားမစပ် ဧကရီမယ်တော်ကြီးက လိမိန်ရန်ကို အခုလေးတင် အခေါ် လွှတ်လိုက်ပါတယ်။ အရှင်မင်းကြီး”
“အမ်?”
ယွီဝိန်းလန်က မျက်ခုံး ပင့်လိုက်မိပြီး ဧကရီမယ်တော်ကြီးက သူမကို ခေါ်ပြီး ဘာလုပ်ချင်လို့လဲ။
~~~~
ထိုအချိန်တွင် ချီအန်းနန်းဆောင်၌ ယန်ရှုက လွဲလို့ မည်သူမှမရှိပေ။
ယခုလေးတင် သူမ ရောက်လာပြီးတဲ့အခါမှာတော့ ဧကရီမယ်တော်ကြီးက ဒီနှစ်မှာ သူမရဲ့အသက် ဘယ်လောက် ရှိပြီလဲဆိုတာကို တစ်ဦးချင်း မေးမြန်းလာခဲ့ပေသည်။ သူမရဲ့နောက်ခံ မိသားစုက ဘယ်နေရာမှာလဲဆိုတာနဲ့ သူမမိဘတွေက ဘာလုပ်ကြသလဲဆိုတာကိုပါ မေးမြန်းလာခဲ့ပေသည်။ သူမကလည်း မေးခွန်းအားလုံးကို ရိုးရိုးသားသား ဖြေပေးခဲ့သည်။ သူ မထပ်ပြောတော့မည့် အချိန်မှာပဲ အပြင်ဘက်က အသံကို ကြားလိုက်ရတော့သည်။
“အရှင်မင်းကြီးကြွ ချီလာပါပြီ…..”
ဧကရာဇ်က ဒီမှာလား။
နေ့လည်ခင်း ဒီလိုအချိန်မှာဆို ဧကရာဇ်က တော်ဝင်စာကြည့်ဆောင်မှာပဲ စာရွက်စာတမ်းတွေကို ပြန်လည်းဆန်းစစ်ရင်း အလုပ်များနေတတ်ကြောင်း သိကြသည့်အတွက် အခုတော့ အားလုံးက အတန်ငယ် အံ့ဩသွားကြတော့သည်။
မျက်တောင် တစ်ခတ်အတွင်းမှာပဲ အရှင်မင်းကြီးဟာ သူ့ရဲ့မျက်ခုံးနဲ့မျက်လုံးတွေကို ပိုမိုချောမော သွားသယောင်ဖြစ်စေတဲ့ ရွှေသရဖူကို ဆံပင်ထက်မှာ ဝတ်ဆင်ထားပြီး င်္ဟသာပြဒါးနဲ့ လုပ်ထားတဲ့ နဂါးဝတ်ရုံကို ဆင်မြန်းထားလျက် ဟောခန်းထဲသို့ လျှောက်ဝင်လာခဲ့သည်။
လူတိုင်းက အလျင်အမြန်ပဲ အရိုအသေ ပေးလိုက်ပြီး
“အရှင်မင်းကြီးကို ကြိုဆိုပါတယ်”
ယန်ရှုက အတန်ငယ် ရှုပ်ထွေးသွားပြီး သူမက ဒီနေ့ ဘယ်လိုကံကောင်းမှုမျိုးနဲ့ တိုက်မိသွားတာလဲ။ သူမချီအန်းနန်းဆောင်ကို လာရောက်တဲ့ ပထမဆုံးအကြိမ်မှာတင် ဧကရာဇ်နဲ့ တွေ့ဆုံခွင့် ရသွားတယ်လား.
ဧကရီမယ်တော်ကြီးက ယန်ရှုကို တည်ငြိမ်စွာ ကြည့်လိုက်ပြီးတဲ့နောက် ယွီဝိန်းလန်ကို မေးလာခဲ့သည်။
“အရှင်မင်းကြီးက အခုတလော အလုပ်များနေတာ မဟုတ်လား?”
ယွီဝိန်းလန်က ပြောလာခဲ့သည်။
“စာအုပ်ဖတ်ရတာပင်ပန်းလာတာရော မယ်တော့်ဆီကို လာမလည်ရတာ ရက်အနည်းငယ်လည်း ရှိနေပြီမလို့ ဒီကို လာခဲ့တာ”
သူက လူတိုင်းကို ထဖို့ အမိန့်ပေးလိုက်ပြီးတဲ့နောက် ယန်ရှုကို သူ့ရဲ့မျက်လုံးထောင့်ကနေ တစ်ချက် ကြည့်လိုက်သည်။
သေချာပေါက်ကို သူမက ဒီနေရာမှာပဲ။
ဧကရီမယ်တော်ကြီးက အခြေအနေကို အခွင့်ကောင်း ယူလိုက်ပြီး ပြောလာပေသည်
“ဟိုတလောတုနိးက အိုက်ရဲ့မိသားစုက ချင်ကျိုးမီးငြှိမ်းအိုး နှစ်လုံး ရလာခဲ့တယ်။ ဒါနဲ့ လိမိန်ရန်ရဲ့ဇာတိကလည်း ချင်ကျိုးဆိုတာကို အမှတ်ရလိုက်လို့ သူမကို ဒီကိုလာပြီး စကားပြောဖို့ အခေါ် လွှတ်လိုက်တာလေ”
ယန်ရှုကတွေး လိုက်သည်။ ဧကရီမယ်တော်ကြီးက သူမဘာသာ သင်ယူလိုက်ရောင်းချလိုက် လုပ်နေတာပဲ။ အခုလေးတင် ငါ့မိသားစုက ဘယ်ကလဲမေးပြီး အခုအဲဒါကို အသုံးချနေပြီပဲ။ နန်းတော်အထက်ပိုင်း တိုက်ပွဲရဲ့ချန်ပီယံလို့ ခေါ်ထိုက်ပါပေတယ်။
ယွီဝိန်းလန် “????”
“နန်းတော်တိုက်ပွဲရဲ့နောက်ဆုံးသော ချန်ပီယံ”ဆိုတာက ဘာကြီးလဲ။
ဧကရီမယ်တော်ကြီးကို အင်အားကြီးလွန်းလို့ တင်စားတာလား။
သေချာတာပေါ့ ထိုအရာက အဓိက အချက်မဟုတ်ပေ။
သူက သူမကို ကြည့်လိုက်ပြီး တိတ်တဆိတ်ပဲ မေးလိုက်သည်
“ချင်ကျိုးရဲ့ဘယ်ကလဲ?”
ယန်ရှုက တခဏခန့် တွန့်သွားပြီး ဧကရာဇ်က သူမကို မေးနေတာလား?
ယွီဝိန်းလန် “……”
ဧကရာဇ် ဟုတ်လား။
5 03
သိပ်ကောင်းတယ်။ မောင်းမဆောင်ထဲက ကိုယ်လုပ်တော်တွေက သူမရဲ့နှလုံးသားထဲကလို သူ့အား ထိုကဲ့သို့သုံးနှုန်းသည်ကို ကြားရသည်မှာ အလွန်ပင် ရှားပါးလှသည်။
ယန်ရှုနဲ့အတူ လိုက်ပါလာတဲ့ ရန်တုန်းက သူမရဲ့နှလုံးသားထဲမှာ ချီးကျူးလိုက်သည်။
[အိုး ဘုရားရေ! အရှင်မင်းကြီးက နောက်ဆုံးတော့ သူမရဲ့သခင်ကို စကားပြောလာခဲ့ပြီ! ! သခင်က မောင်းမဆောင်ရဲ့ထိပ်ဆုံးကို တက်နိုင်တော့မဲ့ပုံပဲ။ အန်းသဲ့ကောင်တီရဲ့ဘိုးဘေးတို့ရေ သခင်က ကျွန်မတို့ကို ဂုဏ်မြှင့်နိုင်ခဲ့ပြီ!!]
ယွီဝိန်းလန် “…..”
ဘာကြီးလဲ။
သူ့ဘက်က ကြည့်လိုက်လျှင် သူမရဲ့မူလအစကို မေးတာက ပြဿနာ မရှိသင့်ဘူး မလား?
ယန်ရှုက ပြန်ဖြေလာသည်။
“ဒီကိုယ်လုပ်တော်က အန်းသဲ့ကောင်တီရဲ့ချင်ကျိုးကပါ”
သူမ ပြန်ဖြေလိုက်ပြီးတဲ့ နောက်မှာတော့ တစ်ချက်ကြည့်လိုက်ပြီး မနေနိုင်ဘဲ ပြောလိုက်မိတော့သည်
[အဝေးကနေ ကြည့်တာထက် ပိုချောတာပဲ။ ဒါက ဒဏ္ဍာရီလာ မော်ဒယ်မျက်နှာမျိုးဆိုတာ မဟုတ်လား!။ ၃၆၀ဒီဂရီပတ်လည်လည်က ကြည့်ရင်တောင် ပြစ်ချက် မရှိဘူးပဲ! !]
ယွီဝိန်းလန် “???”
“ပြစ်ချက်” “ထိလို့ မသင့်တဲ့မျက်နှာ”
ဒါတွေက ဘာအဓိပ္ပာယ်တွေလဲ။
သူဘာလို့ ဒီမိန်းကလေးရဲ့အသံကို နားမလည် နိုင်ရတာလဲ?
သိပ်မကြာခင်မှာပဲ သူမနှလုံးသားထဲက သက်ပြင်းချသံကို ကြားလိုက်ပြန်သည်။
[အရမ်းကို ရက်စက်လွန်းတယ်! အရှင်ဘုရားက ဒီလိုချောမောတဲ့လူမျိုးကို လူဖျင်းတစ်ယောက် ဖြစ်စေတာက အရှင်ဘုရားရဲ့အသိစိတ်ကို မနာကျင်စေဘူးလား]
ယွီဝိန်းလန် “……”
ကောင်းပြီလေ။ ထပ်ပြီးတော့ တက်ကြွလာပြန်တာပဲ။ နောက်ဆုံးတော့ သူ့ရဲ့ကိစ္စကို အမှတ်ရသွားပြီး သူမကို ထပ်မေးလိုက်သည်
“မိသားစုကရော ဘာလုပ်တာလဲ ဘယ်မှာ နေကြတာလဲ?”
ယန်ရှုက ယုန်ဖြူလေးတစ်ကောင်လို ရိုးသားနေပြီး သူမကို ခေါင်းကို ညွှတ်ကာ ဖြေလိုက်သည်။
“ဒီကိုယ်လုပ်တော်ရဲ့ဖခင်က အန်းသဲ့ကောင်တီရဲ့အကြီးအကဲပါ။ ပြီးတော့ အိမ်မှာ ဒီကိုယ်လုပ်တော်ရဲ့ အဖွား အမေနဲ့ မောင်လေးတစ်ယောက် ရှိပါသေးတယ်”
ဒါပေမဲ့ သူမနှလုံးသားထဲမှာတော့ ဆူပူနေမိပေသည်။
[ရှင့်မှာ မေးမြန်းဖို့ မျက်နှာ ရှိသေးတယ်ပေါ့လေ။ ဘယ်လို အထူးကိစ္စရပ်တွေကိုများ လုပ်နေရလို့လဲ။ ငါတို့ရဲ့အသွေးတွေ အသားတွေကို ခွဲခြားထားတယ်။ ရှင်ရော ရှင့်မိဘတွေကို သုံးနှစ်လောက် မတွေ့ရရင် ဘယ်လို ခံစားရမလဲ?]
ယွီဝိန်းလန် “???”
“မျက်နှာ ရှိချင်သေးတယ်” ဆိုတာက ဘာကြီးလဲ? ? ?
ဒါက သူ ကြားဖူးသမျှထဲမှာ အရိုအသေ အမဲ့ဆုံးအရာပဲ!
သူ ဒါကို နေရာမှာတင် ချက်ချင်း ဖြေရှင်းလိုက်လို့ ရသည်။
သို့သော် ထိုသို့လုပ်လိုက်တာနဲ့ မြွေကို ခြောက်လွှတ်မိသလို ဖြစ်သွားမှာပင်။
ပြီးတော့ သူ သိချင်နေတဲ့အရာကိုလည်း မသိရသေးပေ။
အဲဒါကြောင့် သာမန်အမူအရာမျိုး ရအောင် သည်းခံပြီးရင်း သည်းခံလိုက်ပြီးတဲ့နောက်
“အန်းသဲ့က မြို့တော်ကနေ အတော်လေးဝေးတယ်မလား လမ်းခရီးက အရမ်းကို ခက်ခဲမှာပဲ”
အသံထွက်လာသည်နှင့် ဟောခန်းတစ်ခုလုံး ထိတ်လန့်သွားပေသည်။
ဒီအကြိမ်က အရှင်မင်းကြီးကနေ ကိုယ်လုပ်တော်တစ်ယောက်ကို စကားတွေ ဒီလောက်အများကြီး ပြောဖူးတဲ့ ပထမဦးဆုံးအကြိမ်ပဲ! !
မြို့တော်ဆီကို လာတဲ့ခရီးရဲ့ ခက်ခဲမှုကိုတောင် ဂရုစိုက်နေတယ်ပေါ့လေ။
အတိတ်တုန်းကဆို တော်ဝင် ကိုယ်လုပ်တော်ကျိုးတောင်မှ အကြည့်လေး တစ်ချက်ရရှိဖို့ ခဲယဉ်းလှပေသည်။
လူတိုင်းက မတတ်နိုင်ဘဲ ယန်ရှုကို ကြည့်လိုက်မိကြသည်။
ဒါပေမဲ့ နိမ့်ဆင်းနေတဲ့မျက်ခုံးနဲ့ ကျေနပ်ဖွယ် မျက်လုံးတွေကို မြင်လိုက်ရတဲ့အခါမှာတော့
“တောင်တန်းတွေနဲ့ မြစ်ပြင်ကျယ်တွေ ထောင်သောင်းချီရှိနေပေမဲ့ ကိုယ်ကတော့ မင်းဘေးနား ရှိရတာကို ပိုပြီးနှစ်ခြိုက်မိတယ်” ဆိုသလိုပါပဲလား။
[ရှင့်ဘွားအေကြီးပဲ သွားလုပ်လိုက်တော့! လမ်းပေါ်မှာ တစ်လတိတိတောင် ကြာခဲ့တာ! အဲဒီသောက်ရူး ကောင်တီအောက် ရုံးတရားသူကြီးက ကြီးပွါးချမ်းသာမှုအတွက်ဆို တစ်ခြားသူရဲ့ ပျော်ရွှင်မှုကိုတောင်မှ စတေးဖို့ တွန့်ဆုတ် မနေဘူး။ ငါ့လိုမိန်းမငယ်လေးကိုတောင် မုဆိုးမအဖြစ် ထောင်ထဲမှာ ထိုင်ခိုင်းထားတယ်။ တစ်နေ့ အခွင့်အရေးရလာရင် အဲ့ဒီလူကို ငါသတ်မလား မသတ်ဘူးလားဆိုတာကို ကြည့်ချင်သေးရဲ့]
ယွီဝိန်းလန် “…..”
ကောင်းပြီလေ။ သူ နည်းနည်းလေးတောင် မအံ့ဩတော့ဘူး. ဒီမိန်းကလေးက နာခံသလိုရှိပေမဲ့ တကယ်တော့ သောင်းကျန်းမှုအပြည့်ပဲ။
သေချာပေါက်ပဲ သူက ယန်ရှုနဲ့ စစ်စတန် ပြောနေတာကို မကြားပေ။
[အရင်ဆုံး ကိုယ်လုပ်တော်တစ်ယောက်အနေနဲ့ မင်းသာ ထိပ်ကိုရောက်ချင်ရင် ဧကရာဇ်ရဲ့မျက်နှာသာပေးမှုကို အရင်အရယူရမယ်]
5 04
ယန်ရှု [……]
ဒီတာဝန်က တကယ်ကို နည်းနည်းတော့ ခက်တာပဲ။
ရုတ်တရက် သူမမှာ အကြံတစ်ခုရလာခဲ့သည်။ [ထို ‘စုနွီကျန်းကျင်း’နဲ့ ‘ဖန်းရှုချီရှု’ ထဲက အပိုင်းကို မှတ်မိနေသလိုဆို အပ်စိုက်မှတ် အားသစ်လောင်းခြင်းက အတော်လေး ထိရောက်မှုရှိတယ်ဆိုပဲ။ ပြောကြတာကတော့ အရင်ခေတ်မင်းဆက်က ဧကရာဇ်တစ်ပါးဆို သူ့ကျန်းမာရေးကို ထိန်းသိမ်းဖို့ အသုံးပြုတာတဲ့။ သူ့အသက်က ငါးဆယ်ခြောက်ဆယ် ရှိနေပေမဲ့ လူငယ်လေးတစ်ယောက်လို သန်မာနေတုန်းပဲတဲ့လေ……]
အဲဒါကို ကြားတဲ့အခါမှာတော့ ယွီဝိန်းလန်ရဲ့မျက်ခုံးတွေက တွန့်လိမ်သွားပြီး ပြောလိုက်မိသည်။ အပ်စိုက်မှတ်အားသစ်လောင်းခြင်း???
သူမက ဒါကိုတောင် ဘယ်လိုလုပ် သိနေရတာလဲ။
သူဟာ ခုန်ထွက်လာတော့မဲ့ ခံ့ညားလှတဲ့ မျက်ခုံးတွေကို အကောင်းဆုံး ကြိုးစားဖိနှိပ်လိုက်ပြီး ထပ်ပြော လိုက်ပြန်သည်။
“မင်းရဲ့ဖခင်ကရုံးတော်မှာ အမှုတော် ထမ်းနေတာ ဘယ်လောက်ကြာသွားပြီလဲ။ သူက အမြဲတမ်းအန်းသဲ့မှာပဲ အမှုထမ်းခဲ့တာလား?”
ယန်ရှုက ပြန်ဖြေလိုက်သည်။
“အရှင်မင်းကြီး ကျွန်တော်မျိုးမရဲ့ဖခင်က ကိုယ်လုပ်တော်တွေ ရိုက်နှက်ခံရတဲ့ဖြစ်ရပ် မတိုင်ခင်ကတည်းက အန်းသဲ့ကောင်တီရဲ့ ကျွမ်းကျင်အဆင့် စာတိုက်တော်ထိန်းသိမ်းရသူပါ။ မပြောင်းလဲခဲ့တာ ဆယ်နှစ်ကျော် ရှိပါပြီ”
[ဟေး သနားစရာငါ့အဖေက သူ့တစ်ဘဝလုံးမှာ ဖြောင့်မတ်ပြီး ရိုးရိုးသားသားနေခဲ့တာ ဘယ်လို ကပ်ဖားရမယ်ဆိုတာတောင် မသိလို့ ကောင်တီအောက်ရုံးတရားသူကြီးတောင် မဖြစ်နိုင်ဘူး။ အဲဒီခွေးကောင် ကောင်တီအောက် ရုံးတရားသူကြီးကြောင့် အရှက်ရခဲ့တာသာ မဟုတ်ရင် ငါကအဲတုန်းက နန်းတော်ထဲကို ဘာလို့ဝင်မှာတဲ့လဲ?]
[ဧကရာဇ်…..ဧကရာဇ် မြို့တော်ကိုပဲ မကြည့်နဲ့ဦး နေရာသေးသေးလေးမှာတောင် ခွေးအရာရှိတွေ အများကြီးရှိတယ်]
ယွီဝိန်းလန် “…..”
ဘယ်လိုလုပ် သာမန် ပြန်ဖြစ်သွားရပြန်တာလဲ?
ထိုစာကြောင်းထဲမှာ အမှန်တရားတချို့တော့ရှိ ပေသည်။
ထိုအချိန်မှာပဲ ဧကရီမယ်တော်ကြီးက သူ့ကိုမေးလာခဲ့သည်။
“ဒါနဲ့စကားမစပ် ဒီနှစ်ရက်အတောအတွင်း လင်းဝူဟုန်ရဲ့စံအိမ်နဲ့ပက်သက်ပြီး ကောလဟလတွေ ရှိနေတယ်မလား။ အမှန်ဟု တ်မဟုတ်ကိုတော့ မယ်တော်လည်း မသိဘူး?”
ယွီဝိန်းလန်က အာရုံပြန်ရလာပြီး ပြောလာပေသည်။
“မှန်တယ်လို့ ပြောရမယ်? ဒီနေ့ မြို့စားလင်းဝူနန်းတော်ထဲ ဝင်လာပြီး သူ့မိန်းမကိုမြှူဆွယ်တဲ့အတွက် မြို့စားရှယိကို တရားစွဲချင်တယ်လို့ပြောတယ်။ ပြီးတော့ သူ့ဇနီးကိုလည်း တော်ဝင်ရာထူးကနေ ရုပ်သိမ်းပြီး သူမနဲ့ ငြိမ်းချမ်းရေး ယူချင်တယ်တဲ့”
ထိုအရာကို တွေးလိုက်တိုင်း သူ့ကိုခေါ င်းကိုက်စေသည့်အတွက် မျက်ခုံးကြားက နေရာလွတ်ကို မတတ်နိုင်စွာ ဖိညှပ်ထားလိုက်မိသည်။
သို့သော် ထိုမိန်းကလေးရဲ့နှလုံးသားက ကျစ် ကျစ် ဆိုသောအသံကို ကြားလိုက်ရပေသည်
[ရှယိဟုန်နဲ့ လင်းဝူသခင်မကြီးတို့က လက်မထပ်ခင်ကတည်းက ဆက်ဆံရေးကောင်း ရှိခဲ့ကြတာလေ။ လက်ထပ်ပြီးတဲ့နောက် နောက်မီးလင်းတာကို ကျူးလွန်တာမျိုးလည်း မဟုတ်တော့ မြို့စားလင်းဝူတောင်မှ မပြောနိုင်ဘူး!]
“????”
ဘာကြီး လက်မထပ်ခင် ကတည်းကလား။
သူမက ဒီလူနှစ်ယောက်အကြောင်းကို ဘယ်လို သိတာလဲ။
မမျှော်လင့်စွာနဲ့ပဲ အဲ့ဒီနောက်မှာတော့ သူဟာ သူမနှလုံးသားထဲက သက်ပြင်းချသံကို ကြားလိုက်ရပြန်သည်။
[မြို့စားလင်းဝူက ဒီလိုကွန်ဖူးမျိုးကို တတ်တယ်ဆိုမှတော့ နောက်ထပ် သားတစ်ယောက်ရအောင် အကောင်းဆုံး ကြိုးစားသင့်တယ်။ တစ်နေ့မှာ သူသာ သူ့သားက သူ့သားအရင်း မဟုတ်ဘူး ဆိုတာကို ရှာတွေ့သွားခဲ့ရင် ပြိုလဲသွားမှာ မဟုတ်တော့ဘူး]
ယွီဝိန်းလန်ဟာ ပြင်းထန်တဲ့နေ့လည်စာမျိုး ပေးမိမလိုပင်။
ဘာကြီး။ လင်းဝူရဲ့သားက သူ့သား မဟုတ်ဘူးတဲ့လား?
သူမကရော အဲဒါကို ဘယ်လိုလုပ်ပြီး သိတာလဲ? ? ?
******
6 01
အပိုင်း ၆
ထူးဆန်းလွန်းသည်!
လင်းဝူစံအိမ်တော်က မြို့စားရဲ့လျှို့ဝှက်ချက်ကို ကိုယ်လုပ်တော်တစ်ယောက်က ဘယ်လိုလုပ် သိနေရတာလဲ။
ယွီဝိန်းလန်က ယန်ရှုကို အံ့ဩတကြီး ကြည့်လိုက်မိသည်။
အရမ်းကို အံ့ဩသွားတဲ့အတွက် သူ့ကိုယ်သူ ထိန်းဖို့ မေ့သွားပြီး မျက်လုံးတွေက အလွန်ပင် တည့်တိုး ဆန်သွားသည့်အပြင် အချိန်ဟာလည်း အတန်ငယ် ကြာမြင့်သွားခဲ့သည်။
သူဟာ ယန်ရှုကို အကြည့်တစ်ချက်သာ ပေးလိုက်ပေမဲ့ သူမရဲ့နှလုံးသားထဲမှာတော့ မတတ်နိုင်စွာ ရေရွတ်လိုက်မိသည်
“ဒီလူက ငါ့ကိုဘာလို့ ဆက်တိုက်ကို ကြည့်နေရတာလဲ?”
သေချာပေါက်ကိုပဲ သူမကို ဘာလို့ ကြည့်လိုက်သလဲဆိုတာကို ယွီဝိန်းလန်ကိုယ်တိုင်ကလွဲလို့ မည်သူကမှ မသိပေ။
ဒါပေမဲ့လည်း နန်းတော်ထဲမှာရှိတဲ့ သူတိုင်းက ထိုအရာကို တွေ့လိုက်ကြပေသည်။
ဧကရီမယ်တော်ကြီးက ယန်ရှုကို ရုတ်တရက် ပြောလာခဲ့သည်
“ထွက်လာတာ အတော်လေးလည်း ကြာနေပြီဆိုတော့ မင်း အရင်ဆုံး နန်းဆောင်ပြန်ပြီး အနားယူလိုက်ပါ။ အိုက်ကျား အရှင်မင်းကြီးနဲ့ စကားစမြည် ပြောဦးမယ်”
ယန်ရှုဟာ လွတ်ငြိမ်းချမ်းသာခွင့် ရသွားသလိုမျိုး ထိုနှစ်ယောက်ကို လျင်မြန်စွာ အရိုအသေ ပေးလာခဲ့သည်။
“ဒါဆိုရင် ဒီကိုယ်လုပ်တော် အနားယူပါတော့မယ်”
ထိုသို့ပြောပြီးနောက် သူမရဲ့ခေါင်းကို ညွှတ်လိုက်ပြီး နန်းတော်ဝင်းထဲက ပန်းပွင့်လေးတွေနဲ့ မြက်ပင်လေးတွေလို နာခံစွာဖြင့် နန်းတော်ကနေ ထွက်ခွာသွားတော့သည်။
ဒါပေမဲ့ သူမက ပန်းပွင့်လေး မဟုတ်ဘူးဆိုတာကိုတော့ ယွီဝိန်းလန်သာလျှင် သိပေသည်။
ထိုအချင်းအရာက သူမ ခန်းမဆောင်ထဲကနေ ထွက်သွားပြီး ထပ်ပြီးတော့ မကြည့်နိုင်အောင် ချည်ထည် ကန့်လန့်ကာက တစ်ဖန်ပြန်ပြီး ပိတ်သွားသည်အထိပင် ဖြစ်သည်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ အံ့အားသင့်နေဆဲ ဖြစ်သည်။
ဒီမိန်းကလေးနဲ့ ပက်သက်ပြီး ဘာဖြစ်နေတာလဲ။
“ဆိုရိုးတွေက ပြောကြသလိုပဲ ဖြောင့်မတ်တဲ့ အရာရှိတစ်ယောက်က အိမ်မှုကိစ္စတွေ ထမ်းရွက်ရတာ ခက်ခဲတယ်တဲ့”
ဧကရီမယ်တော်ကြီးက ပြောလာခဲ့ပေသည်။
“အရှင်မင်းကြီး မြို့စားလင်းဝူရဲ့ကိစ္စနဲ့ပက်သက်ပြီး ပူပန်နေစရာ မလိုပါဘူး။ ဒီလူနှစ်ယောက်က မဖြတ်သန်းနိုင်တော့ဘူးဆိုရင်လဲ သူတို့လမ်းခွဲကြပါစေ”
ယွီဝိန်းလန်က အာရုံ ပြန်ရလာပြီး
“ဧကရီမယ်တော်ကြီး ပြောတာက ဒီသားတော် စီစဉ်ထားတာနဲ့ အတူတူပါပဲ”
ဧကရီမယ်တော်ကြီးက ပြုံးလိုက်ပြီး
“နောက်ကျနေပြီဆိုတော့ ညစာအတွက် နေသွားချင်သေးလား အရှင်မင်းကြီး”
ယွီဝိန်းလန်က လျင်မြန်စွာပဲ ငြင်းဆန်လိုက်ပြီး
“တော်ဝင်စာကြည့်ဆောင်မှာ ဖတ်ရှုရမဲ့ စာအုပ်အနည်းငယ် ရှိသေးတယ်။ ဒါဆို ဒီသားတော်နဲ့ နောက်ပါတွေ မယ်တော့်ကို မနှောက်ယှက်တော့ပါဘူး”
ပြောပြီးတဲ့နောက်မှာပဲ သူက ထလိုက်ပြီး နန်းတော်တံခါးကနေ ထွက်ခွာ သွားတော့သည်။
ခန်းမက တိတ်ဆိတ်သွားပြီး ဧကရီမယ်တော်ကြီးကအနောက်ဘက်ပြတင်းပေါက်ဆီသို့ ထပြီး ရွှေ့လိုက်သည်။ အမျိုးသမီးအရာရှိ ကျူးရှုကလည်း လိုက်ပါလာပြီး ပြောလာခဲ့သည်။
“အရှင်မင်းကြီးရဲ့ လိမိန်ရန်ကို ဆက်ဆံတဲ့ပုံက နည်းနည်းတော့ ကွဲပြားနေသလိုပဲ…..”
ဧကရီမယ်တော်ကြီးက ပြုံးလိုက်ပြီး
“အရှင်မင်းကြီးရဲ့ အခုသက်တော်က နဂါးဆက်ခံသူ ရှိရမဲ့အချိန်ပဲ”
ကျူးရှုလည်း ထိုသို့တွေးမိပေမဲ့ ဘာကိုမှမပြောရဲပေ။
ဒါပေမဲ့ ဧကရီမယ်တော်ကြီး ထပ်ပြောလာသည်ကို ကြားလိုက်ရပေသည်။
“မင်းရဲ့ပါးစပ်ကို ပိုပြီးတင်းကြပ်ထားပါ။ နန်းတော်ထဲက ဘယ်အကြောင်းအရာကိုမှ မပြောမိစေနဲ့”
ခန်းမထဲက လူတိုင်းက အလုပ်ရှုပ် သွားကြသည်။
~~~~~~
ချီအန်းနန်းတော်ကို ပြန်လာပြီးတဲ့ နောက်မှာတော့ တစ်နာရီကျော်ကျော်သာ ရှိသေးပေမဲ့ ကောင်းကင်ကတော့ လုံးဝပင် မှောင်မဲသွားပြီ ဖြစ်သည်။
စာအုပ်အနည်းငယ်ကို လျင်မြန်စွာ အတည်ပြုလိုက်ပြီး ညစာအတွက် မည်သည့်အတွေးမှ မရှိတော့ပေ။ ညဘက် အတော်လေး နောက်ကျနေချိန်မှာတော့ ယွီဝိန်းလန်က နဂါးသလွန်ပေါ်မှာ လဲလျောင်းနေပြီး နည်းနည်းလေးမှ ငိုက်မျဉ်းနေခြင်းပင် မရှိပေ။
သူထိုအကြောင်းကို တစ်နေ့နှင့်တစ်ညလုံး စဉ်းစားနေခဲ့တာပင်။ သို့သော်လည်း သူက ပဟေဠိဖြစ်နေဆဲ ဖြစ်သည်။
-လိယန်ရှုကိုယ်တိုင်ရော လိမိသားစုရဲ့အသေးစိတ် အချက်အလက်တွေမှာပါ မူမမှန်တာမျိုး မရှိပေ။ ဒါဆို သူမက သာမန်လူတွေမသိတဲ့ ကိစ္စတွေအများကြီးကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ။
6 02
သိကြတဲ့အတိုင်း သူမ နန်းတော်ထဲမှာနေလာတာ သုံးနှစ်ရှိပြီ ဖြစ်သည့်အပြင် အပြင်ကိုလည်း မထွက်ဖူးပေ။ ဒါဆို ဧကရာဇ်တောင် မသိတဲ့ ဝန်ကြီးချုပ်ရဲ့လျှို့ဝှက်ချက်ကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ။
ဖြစ်နိုင်တာက…..ရုံနင်နန်းဆောင်မှာများ လျှို့ဝှက်ချက်တချို့ ရှိနေတာလား။
ကလေးဘဝကနေ ကြီးပြင်းလာသည်အထိ ယွီဝိန်းလန်က ဘယ်လို မုန်တိုင်းနှင့် ထူးဆန်းတဲ့အရာကိုမဆို တွေ့ဖူးနေကျ ဖြစ်သည်။ ဒါပေမဲ့ ဒီတစ်ခုကိုတော့ အဖြေ မထုတ်နိုင်သေးသည့်အတွက် ဟိုဘက်ဒီဘက် လူးလှိမ့်ရင်း အိပ်မပျော်နိုင်ပေ။
အချိန်ဟာ တဖြည်းဖြည်း ကုန်ဆုံးလာသည်နှင့်အမျှ နန်းတော်ဟာလည်း တိတ်ဆိတ် သွားခဲ့လေပြီ။
သူသည်လည်း အိပ်ရာမှ ထလိုက်ပြီး အဝတ်အစားတွေကို ဝတ်ဆင်ကာ ချန်းမင်နန်းဆောင်မှ ထွက်ခွာ သွားတော့သည်။
~~~~~
ရုံနင်နန်းဆောင်ကို ယွီဝိန်းလန် ရောက်ပြီး သိပ်မကြာခင်မှာပဲ ခန်းမဆောင်ရဲ့ခေါင်မိုးပေါ်ကို တက်သွားလိုက်ကာ အုတ်ကြွပ်မိုးတစ်ခုကို မလိုက်ပြီး တိတ်ဆိတ်စွာ ငုံ့ကြည့်လိုက်တဲ့အခါမှာတော့ မှန်ရှေ့က မိန်းကလေးက သူမရဲ့အစေခံကို စကားပြောနေတာအား တွေ့လိုက်ရပေသည်။
ရန်တုန်းက စိတ်လှုပ်ရှားနေတုန်းပင်။
“အရှင်မင်းကြီးက ဒီနေ့ သခင်မလေးကို စကားတွေအများကြီး ပြောလိုက်တယ်။ အရင်က တစ်ခြားနန်းဆောင်က
သခင်မတွေတောင်မှ အခုလိုမျိုး မလုပ်နိုင်သေးဘူး။ အဲဒီတော့ သူတို့တွေ သခင်မလေးကို မျက်နှာသာ ပေးရတော့မယ်!”
စိတ်လှုပ်ရှားလွယ်သလို ဟန်ဆောင်တတ်တဲ့ လူအများကြီးကို တွေ့ဖူးခဲ့သည့်အတွက် ယွီဝိန်းလန်က ဘာစိတ်လှုပ်ရှားမှုမှ မရှိပေ။
ယန်ရှုက သက်ပြင်း ချလိုက်ပြီး
“နင် နားမလည်ဘူးဆိုရင်လည်း ထားပါ။ သူကငါ့ကို မျက်နှာသာပေးမှာ မဟုတ်ဘူး”
ရန်တုန်းဟာ သူမက နှိမ့်ချနေတာလို့ပဲ တွေးမိတဲ့အတွက် အပြုံးလေးနှင့် ပြောလာခဲ့ပေသည်။
“သခင်မလေးက လှပပြီး အရှင်မင်းကြီးကလည်း ငယ်ရွယ်နေတုန်းပဲလေ။ ဘာလို့သခင်မလေးကို မနှစ်သက် သွားနိုင်ရမှာလဲ။ ‘ဘယ်လိုလူမျိုးကို လိုချင်တာလဲ’ဆိုတဲ့ စကားတောင် ရှိသေးတာပဲမလား?”
ယန်ရှုကဘာကိုမှပြောမလာခဲ့ပေမဲ့ သူမရဲ့နှလုံးသားထဲမှာ သက်ပြင်း ထပ်ချလိုက်သည်။
[…..ဒီငယ်ရွယ်တဲ့လူကြီးမင်းက သာမန် မဟုတ်ဘူး။ ဘယ်လောက်ပဲ လှပနေပါစေ အဲတာက အသုံးမဝင်ဘူး!]
ခေါင်မိုးပေါ်က တစ်စုံတစ်ယောက်ကတော့ မျက်ခုံးတွေ တွန့်ချိုးသွားပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။
ဒါပေမဲ့ ဒီမိန်းကလေးက သူမနဲ့ရင်းနှီးတဲ့ အစေခံကိုတောင်မှ မပြောပြထားဘူး။ ဒါဆို ဒီလျှို့ဝှက်ချက်ကို သူမတစ်ယောက်တည်း သိတယ်လို့ ဆိုလိုတာလား။
ခန်းဆောင်ထဲမှာတော့ ယန်ရှုက သက်ပြင်း ထပ်ချလိုက်ပြီး
“အရှင်မင်းကြီးက ငါ့ကိုနှစ်သက်မှာကို မပြောနဲ့ဦး။ မကောင်းတဲ့ အရာတွေပဲ ဖြစ်လာမှာ စိုးမိတယ်”
တကယ့်လူပဲ။ မောင်းမဆောင်ဆိုတာက လူတိုင်းရဲ့မျက်လုံးတွေက ဆာလောင်မှုကြောင့် စိမ်းတောက်နေကြတဲ့အထိ ဖြစ်နေတဲ့ ဝံပုလွေတွေနဲ့ ပြည့်နှက်နေတဲ့နေရာလေ။ ဒီနေ့မှာ ဧကရာဇ်က အလှလေးတစ်ယောက်ကို စကားအနည်းငယ် ပြောလိုက်တယ်ဆိုတာကို သိသွားကြရင် သူတို့တွေက အပြေးအလွှားလာပြီး သူမကို စားပစ်လိုက်ကြမှာပေါ့။
ဒီလိုသာဆို အရိုးပါ မကျန်အောင် စားပစ်ကြမှာပဲ!
ရန်တုန်းက ထိုအချက်ကို လက်ခံဖို့ ငြင်းဆန်လိုက်ပြီး
“ဘာပဲ ဖြစ်ဖြစ် ဧကရီမယ်တော်ကြီးက သခင်မလေးကို ဒီနေ့လာခဲ့ဖို့ ခေါ်တာလေ။ ရည်ရွယ်ချက် ရှိရှိသွားတာမှ မဟုတ်တာကို”
ယန်ရှုက မှန်ထဲကနေ သူမမျက်လုံးကို လှိမ့်ပြလိုက်ပြီး
“ငါ့ဘာသာ လှုပ်ရှားတာလားဆိုတာလဲ သူတို့တွေက ဂရုစိုက်မနေဘူး?”
အမှန်ပဲ။
ရန်တုန်းမှာ ဘာမှပြောစရာမရှိတော့တဲ့အတွက် ထပ်ပြီး မေးလာခဲ့သည်
“ ဧကရီမယ်တော်ကြီးကရော သခင်မလေးကို ဘာလို့ရုတ်တရက်ကြီး ပြန်ဖို့ ပြောရတာလဲ”
ယန်ရှုက ပြောလိုက်သည်။
“ဖြစ်နိုင်တာကတော့ သူမက အရှင်မင်းကြီးကို သူ့တူမက လွဲလို့ တစ်ခြားမိန်းကလေးတွေနဲ့ စကား မပြောစေချင်လို့ ဖြစ်မှာပေါ့”
ရန်တုန်းက ထပ်ပြောလာခဲ့သည်။
“ ဒါဆို ဧကရီမယ်တော်ကြီးကရော သခင်မလေးကို ဘာလို့သွားဖို့ ပြောတာလဲ။ အမှန်များလား?”
ယန်ရှုက မျက်မှောင်ကြု တ်လိုက်ပြီး
“အမှန်ပဲ”
ပထမဆုံးအနေနဲ့ ဧကရီမယ်တော်ကြီးက ပထမဆုံးအကြိမ်အဖြစ် သူမကို ဆင့်ခေါ်လာခဲ့တယ်။ အဲဒီနောက် ဧကရာဇ်က ရုတ်တရက်ကြီး ပေါ်ထွက်လာခဲ့ပြီး….
ဒီမိန်းကလေးတွေ ဘာတွေ ပြောဆိုနေကြတာလဲ။
တကယ်ကို မဖော်ထုတ်နိုင်တော့သည့်အတွက် စစ်စတန်ကို အရင်ဆုံးဆင့်ခေါ်လိုက်ဖို့ ဆုံးဖြတ်လိုက်သည်?
[ဟေး တစ်ယောက်ယောက်ကသာ ငါ့ကိုထပ်ပြီး အန္တရာယ်ပေးချင်နေတယ်ဆိုရင် ငါ့ကို ချက်ချင်းပြော ရမယ်နော်]
6 03
စစ်စတန် [ပြဿနာ မရှိဘူး]
ယန်ရှုက သူမရဲ့စိတ်ထဲမှာ ထပ်ပြီး ညည်းညူလိုက်ပြီး တစ်ခြားသူတွေ လက်စားချေမှာကို ကြောက်နေတာမျိုးက ရေရှည်ဖြေရှင်းချက် မဟုတ်ဘူး။ စောစောစီးစီးကတည်းက အစီအစဉ်တစ်ခု ချထားသင့်တယ်။
နန်းတော်ထဲက ထွက်ပြီး အပျော်တမ်း ဂီတပညာရှင်ဖြစ်ဖို့က သူမအတွက် မျှော်လင့်ချက် ရှိသေးလားဆိုတာကို မသိပေ။
ခေါင်မိုးပေါ်က တစ်စုံတစ်ယောက်သောသူက မျက်ခုံး ပင့်လိုက်ပြီး ‘ထွက်ပြေး ချင်နေတာလား?’
ထိုအချိန်မှာပဲ အစေခံတွေ အများကြီးက အခန်းထဲကို ရေချိုးဇလုံရွှေ့ဖို့ အတူတကွ လုပ်ဆောင်နေကြတာကို တွေ့လိုက်ရပေသည်။ အဲဒီနောက် ရေပူတွေကို ရေချိုးကန်ထဲ ထည့်လိုက်ပြီး တခဏအတွင်းမှာပဲ လေထုထဲမှာ ရေနွေးငွေ့တွေနှင့် ပြည့်နှက် သွားတော့သည်။
ရုံနင်နန်းဆောင်က သေးငယ်တဲ့အတွက် အခြားသော နန်းဆောင်ကြီးတွေလိုမျိုး မြေနဂါးရုပ်များ မရှိပေ။ အဓိက ခန်းမဆောင်ကသာ အနည်းငယ် နွေးထွေးတဲ့အတွက် ယန်ရှုက ဆောင်းရာသီမှာ ထိုကဲ့သို့သာ ရေချိုးနိုင်ပေသည်။
သူမရဲ့ဆံပင်ကို ထုံးလိုက်ပြီးတဲ့ နောက်မှာတော့ အပူရှိန်ကို မှီခိုပြီး အလျင်အမြန်ပဲ အဝတ်အစားများကို ချွတ်ချလိုက်သည်။
ယွီဝိန်းလန်လည်း မသိစိတ်အရ ခေါင်းကို လှည့်လိုက်မိပေမဲ့ သူ့ရဲ့မျက်လုံးထောင့်စွန်းကနေ သူမရဲ့ကိုယ်လုံးတီး ခန္ဓာကိုယ်ကို မြင်လိုက်ရသေးသည်။
မိုင်ပေါင်းထောင်ချီရှိတဲ့ မြစ်ပြင်ကျယ်တွေနဲ့ တောင်တန်းတွေက နှင်းစက်တို့ ဖုံးလွှမ်းနေပြီး တောင်ထိပ်ဖျားက မက်မွန်သီးငယ်လေးကတော့ လူတွေကို မျက်စိပသာဒ ဖြစ်စေသည်။ (ရင်သားကိုတင်စားနေတာတာပါ)
သူက မနေနိုင်စွာပင် တွေးလိုက်မိသည်။ - နေ့တိုင်းနေ့တိုင်း ဒီလောက်စားနေတာကို ခန္ဓာကိုယ်နဲ့ခါးလေးက လက်ဖဝါးတစ်ဖက်စာနဲ့တင် ဖက်လို့ရတဲ့အထိ နူးညံ့သိမ်မွေ့နေတုန်းပဲ။
~~~~~
သူ့ရဲ့ယောက်ျားဂုဏ်ရည် ပျောက်ဆုံးသွားကတည်းက သူဟာ မိန်းမတွေကို သိသိသာသာ ငြင်းပယ်လာခဲ့တာပင်။ ယခုက သူ ဒီလိုမြင်ကွင်းမျိုးကို မြင်ရတဲ့ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
အခန်းထဲမှာတော့ ထိုမိန်းကလေးက ရေထဲကို ငါးလေးတစ်ကောင်ကဲ့သို့ ခုန်ချသွားပေသည်။
သူမ၏ပါးစပ်မှလည်း “အေးလိုက်တာ! အရမ်းအေးတာပဲ” ဟုရေရွတ်နေသည်။
ယွီဝိန်းလန်က မျက်ခုံးတွေကို ပင့်လိုက်ပြီး သူတောင်မှ လေအေးထဲမှာ အေးတယ်လို့ မခံစားရဘူးကို ဒါကိုသူက ရေနွေးထဲမှာ နေပြီး ဘာကိုအေးနေတာလဲ။
ယန်ရှုက တကယ်ကို အေးနေတာပင်။
ယနေ့ရဲ့ရာသီဥတုက အရမ်းအေးနေတယ်ဆိုတဲ့ အချက်အပြင် လေက အခန်းထဲကို စိမ့်ဝင်နေတယ်လို့ သူမ ခံစားနေရပေသည်။
သူမဘာသာ ရေရွတ်လိုက်သည်။
“တစ်နေရာရာကနေ လေစိမ့်နေတယ်လို့ ဘာလို့ခံစားနေရတာလဲ?”
သူမ ပြောလိုက်ပြီးတာနဲ့ နေရာတစ်ဝိုက်ကို ကြည့်လာခဲ့သည်။
သူမခေါင်မိုးကို ကြည့်လာတော့မဲ့ အချိန်မှာပဲ ယွီဝိန်းလန်က ဘေးဘက်သို့ ရှောင်တိမ်းလိုက်သည်။
တကယ်တမ်းတော့ အဟသေးသေးလေးပဲ ဖြစ်သည့်အတွက် သူမဘာကိုမှ ရှာမတွေ့နိုင်ပေ။ ဒါပေမဲ့ တချို့သော အကြောင်းပြချက်တွေကြောင့် သူဟာ အပြစ်ရှိစိတ်ကို ခံစားလိုက်ရပေသည်။
သိပ်မကြာခင်မှာပဲ သူဟာ မြေပြင်ပေါ်ကို ဆင်းလိုက်ပြီး ထွက်ခွာ သွားတော့သည်။
တစ်ခဏအတွင်းမှာပဲ ယန်ရှုဟာ ရေချိုးရေထဲမှ ထွက်လာပြီး သူမခန္ဓာကိုယ်ကို အခြောက်ခံလိုက်ပြီးတဲ့နောက် ညအိပ်ဝတ်စုံကိုဝတ်ဆင်လိုက်ကာ အိပ်ရာ ဝင်သွားတော့သည်။
ရန်တုန်းက အစေခံကို ရေဇလုံနဲ့ရေတွေကို သယ်ထုတ်ဖို့ ပြောလိုက်ပြီးတဲ့အခါမှာ ယန်ရှုရဲ့ ဂွမ်းကပ်အောက်မှ ပြောလာသံကို ကြားလိုက်ရပေသည်။
“ငါ ဘာလို့ အေးနေရတာလဲ။ မနက်ဖြန် တစ်ယောက်ယောက်ကို စစ်ခိုင်းလို့ရမလား လေစိမ့် ဝင်နေတာတွေ ဘာတွေများ ရှိနေလားလို့”
ရန်တုန်းက သဘောတူလိုက်ပြီး “ကျွန်မ ရှောင်သုန်းကျစ်ကို မနက်ဖြန်မနက်ကျရင် ကြည့်ပေးဖို့ ပြောလိုက်ပါမယ်။ အဲတော့ သခင်မလေး အရင်အိပ်လိုက်ပါ”
ထိုသို့ပြောပြီးနောက် သူမက ငှက်မွေး သွပ်ထားတဲ့ထန်ပေါ်ကျစ် နှစ်လုံးကို သူမအတွက် ထည့်ပေးလိုက်ပြီး ကန်လန့်ကာကိုပိတ်ပေးလိုက်သည်။
ရေချိုးပြီးစအချိန်ဟာ တကယ်ကို သက်တောင့်သက်သာ အရှိဆုံးအချိန်ပင် ဖြစ်သည်။ ထို့ကြောင့် ယန်ရှုဟာ လက်မောင်းထဲက ထန်အရုပ်လေးတွေကို ဖက်ထားရင်း အိပ်မော ကျသွားတော့သည်။
ယွီဝိန်းလန် အိပ်ရာကို ပြန်ရောက်လာတဲ့အခါမှာတော့ ညလယ်ကိုပင် ကျော်သွားခဲ့ပြီ ဖြစ်သည်။
6 04
ခဏနေလျှင် မနက် ရောက်တော့မည် ဖြစ်သဖြင့် ယနေ့ည မအိပ်လျှင် အိပ်ရတော့မည် မဟုတ်ပေ။
ဒါပေမဲ့ မျက်လုံး မှိတ်လိုက်လျှင်လည်း စိတ်တစ်ခုလုံးမှာ မကြာသေးခင်က မြင်ကွင်းနှင့် ပြည့်နှက်နေပြန်သည်။
အဲဒါက လူတွေကို အိပ်ရာပေါ်မှာ လူးလွန့်နေစေပြီး ပိုပြီးတော့ပင် အိပ်ရ ခက်စေပေသည်။
~~~~~
ယန်ရှုဟာ တစ်ညလုံး အိပ်မောကျနေခဲ့ပြီး နောက်တစ်နေ့ သူမ နိုးလာတဲ့အချိန်မှာတော့ ရန်တုန်းက ရှောင်ကျစ်သုန်းကို ခေါင်မိုးပေါ် တက်ပြီး တစ်ချက် ကြည့်ခိုင်းလိုက်သည်။
စစ်ဆေးပြီးတဲ့နော က်မှာတော့ ဘာမူမမှန်တာမျိုးကိုမှ မတွေ့ရပေ။
ရန်တုန်းက သူမကို ရယ်လိုက်ပြီး “သခင်မလေး သခင်မလေး နေနေတာက နန်းတော်လေ။ တဲအိုလေးမှ မဟုတ်တာကို ဘာလေစိမ့်ဝင်နေတာမျိုးမှ မရှိပါဘူး”
ယန်ရှုမှာ ဘာမှပြောစရာ မရှိပေမဲ့ တစ်ခုခုက မှားနေတယ်လို့ ခံစားနေရဆဲပင်။ မနေ့ည သူမ ရေချိုးနေတုန်းက အခန်းထဲမှာ လေဝင်နေတာကို သူမ ခံစားခဲ့ရပေသည်။
စစ်စတန်က ဒင်ခနဲ မြည်လာခဲ့သည်။ [မနေ့ညက မင်းကို တစ်ယောက်ယောက်က ချောင်းကြည့် နေခဲ့တယ်]
ယန်ရှုကတစ်ခဏခန့် တွန့်သွားပြီ
[ဘာကြီး? တစ်ယောက်ယောက်ကချောင်းကြည့်တယ်လား?]
စစ်စတန် [အမှန်ပဲ]
ယန်ရှုက အမေးသင်္ကေတတွေနဲ့ ပြည့်သွားပြီး
[စောစောက ဘာလို့ မပြောတာလဲ?]
စစ်စတန် [မနေ့ညက စနစ်ကိုမှ မမေးခဲ့တာ]
ယန်ရှုက သွေးအန်တော့မလိုပင်။
[ငါ မမေးရင် မပြောတော့ဘူးလား။ အန္တရာယ် ရှိတယ်ဆိုရင် ချက်ချင်းပြောမယ်လို့ နင်ပဲ ပြောခဲ့တာမလား?]
စစ်စတန် [ဘာအန္တရာယ်မှမရှိပါဘူးနော် ကျေးဇူး]
ယန်ရှု [???ချောင်းကြည့်ခံရတာက အန္တရာယ်မရှိဘူး ဟုတ်လား?]
စစ်စတန် [ တစ်ချက်လောက်အကြည့်ခံရတာပဲလေ အသားမှပဲ့ပါမသွားတာကို စစ်စတန်က ဒီနေ့ ပိတ်ရက်ဆိုတာကို မပြောနဲ့ဦး]
ယန်ရှု [???ဟေး ဒီနေရာမှာ အနားယူတယ်ဆိုတာမျိုး ရှိလို့လား?]
သူမ ဘယ်လောက်ပဲ ကြွေးကြော်နေပါစေ စစ်စတန်က တိတ်ဆိတ်မြဲ တိတ်ဆိတ်နေဆဲပင်။
ယန်ရှုက ခဏလောက် သွေးအန်မလို ဖြစ်သွားပြီး သူမဘာသာပဲ စဉ်းစားတော့သည်-
စစ်စတန်က အန္တရာယ်မရှိဘူးလို့ ပြောတယ်ဆိုတော့ ဖြစ်နိုင်တာက *****က သူမကို ချောင်းကြည့်တာလား။
ဟမ့်..…ဒါက စက်ဆုပ်စရာပဲ။
ဒါပေမဲ့ ဘာသက်သေမှ မရှိတဲ့အတွက် အရာရာဟာ သံသယအနေအထားမှာပဲ ရှိနေသည်။ ပြီးတော့ ထိုအရာကလည်း ပြောလို့ မကောင်းပေ။
အမျိုးမျိုး ချိန်ဆပြီးတဲ့ နောက်မှာတော့ သူမစိတ်ကို သူမဘာသာပဲ ပြင်ဆင် ထားလိုက်သည်။
~~~~
အလုပ်ရှုပ်တဲ့ တစ်နေ့တာက လျင်မြန်စွာနဲ့ပဲ ကုန်ဆုံးသွားပြီး မျက်တောင် တစ်ခတ်အတွင်းမှာတင် ညဘက်ကို ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။
ညလယ် ရောက်တဲ့အခါမှာတော့ ယွီဝိန်းလန်က အိပ်ခန်းထဲမှ ထပ်မံ ထွက်ခွာ သွားပြန်သည်။
ပဟေဠိကို မရှင်းလင်းရသေးတဲ့အတွက် ဒီနေ့ညကိုလည်း မအိပ်ပျော်စေရန် သေချာစေပြီး ထပ်မံစစ်ဆေးရန် သွားရောက်ရ ပြန်ဦးမည် ဖြစ်သည်။
သို့သော် ထိုမိန်းကလေးက ယနေ့တွင်တော့ အနည်းငယ် ထက်မြက်ပုံ ပေါ်သည်။သူမက ခြံဝန်းထဲမှာ လှည့်လည်ဖို့ အစောင့်တစ်ချို့ကိုတောင် စေလွှတ် ထားသေးသည်။
သူ့အတွက် ခေါင်မိုးပေါ်ကို တက်ရသည်မှာတောင် အနည်းငယ် ခက်ခဲသွားစေခဲ့သည်။ ထို့ကြောင့် မည်သူမျှ ကြည့်မနေချိန်တွင် ခန်းဆောင်ထဲသို့ ဝင်သွားလိုက်သည်။
ထိုအချိန်မှာ ယန်ရှုက အိပ်ဆောင်ထဲမှာ စောင့်ဆိုင်းနေခဲ့တာပင်။
သူမ တစ်နေ့လုံး တွေးနေခဲ့ပြီးနောက်မှာတော့ ယနေ့ညမှာ သူခိုးကို ကိုယ်တိုင်ဖမ်းဖို့ ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် ညဘက်မှာ စောစောအိပ်ရာ ဝင်လိုက်ပြီးပေမဲ့ မျက်လုံးတွေကို မမှိတ်နိုင်သေးပဲ နားထဲက လှုပ်ရှားသံတွေကို အာရုံစိုက်နေလိုက်သည်။
သူမ အိပ်ချင်သလို ဖြစ်လာပြီး မျက်ခွံတွေကလည်း မတတ်နိုင်စွာ တွန့်သွားရသည်။ ထိုအချိန်မှာပဲ အိပ်ဆောင်အပြင်ဘက်က တိုးညှင်းတဲ့ခြေလှမ်းသံတွေကို ရုတ်တရက် ကြားလိုက်ရပေသည်။
သူမ တုန်လှုပ်သွားပြီး တုတ်ချောင်းကို ကောက်လိုက်ကာ အိပ်ရာထဲမှ ထွက်လိုက်သည်။
တံခါးအနောက်မှာ တိတ်တဆိတ် ပုန်းနေပြီးတဲ့နောက် ခြေသံတွေ နီးကပ်လာချိန်မှာတော့ သူမရဲ့တုတ်ချောင်းကို မြှောက်လိုက်ပြီး ရိုက်ချ လိုက်တော့သည်။
သို့သော် မရိုက်မိလိုက်သေးခင်မှာပဲ သူမရဲ့လက်မောင်းက အဆွဲခံလိုက်ရသည်။ တစ်ခဏခန့် တောင့်သွားပြီးတဲ့နောက် အော်ဟစ်ဖို့အတွက် ပါးစပ်ကို ဟလိုက်ပေမဲ့ တစ်ဖန်ပြန်ပြီး ပိတ်ခံလိုက်ရ ပြန်သည်။
တစ်ဖက်လူကို ကြည့်ရတာ အရပ်ရှည်ပုံရသည်။ တစ်ဖက်က သူမလက်မောင်းကို ကိုင်ထားပြီး တစ်ခြားတစ်ဖက်က သူမပါးစပ်ကို အုပ်ထားတာက သူမကို အကူအညီ မဲ့နေစေပသည်။
ဒါပေမဲ့ ယန်ရှုက အရှုံးမပေးသေးပေ။ သူမရဲ့ခန္ဓာကိုယ်ကို ပြင်းထန်စွာ တွန့်လိမ်နေပြီး လွတ်မြောက်ဖို့ ကြိုးစားနေဆဲပင်။
6 05
နူးညံ့တဲ့ ခန္ဓာကိုယ်လေးက နွေးထွေးတဲ့သင်းရနဲ့လေးနဲ့အတူ သူ့ရဲ့လက်မောင်းတွေထဲမှာ ငါးတစ်ကောင်လို လူးလွန့်နေပေသည်။ ယွီဝိန်းလန်က သူ့ရဲ့ခွန်အားကို သိသိသာသာ တိုးမြှင့်လိုက်ပေမဲ့ မနေ့ညက မသင့်လျော်တဲ့ မြင်ကွင်းက သူ့စိတ်ထဲမှာ တစ်ဖန် ပြန်ပေါ်လာတော့သည်။
သူ့ရဲ့အာရုံထွေပြား သွားတဲ့အချိန်မှာပဲ သူ့ရဲ့လက်ဖဝါးမှာ နာကျင်မှုတစ်ခု ပျံ့နှံ့လာခဲ့သည်။ သူ့ရဲ့အာရုံကို အလျင်အမြန် ပြန်ရလာပေမဲ့ တကယ်တမ်းတော့ ထိုမိန်းကလေးက သူ့ကို ကိုက်နေတာပင်။
စာရေးသူမှာ ပြောစရာရှိတယ် :
ယန်ရှု : ဒီမကောင်းတဲ့ကောင်ကို သတ်ပစ်!
တစ်စုံတစ်ယောက်သောဧကရာဇ် : အဲဒါ ကိုယ်ပါ!
ယန်ရှု : ဒီ****ဧကရာဇ်ကို သတ်ပစ်!
တစ်စုံတစ်ယောက်သောဧကရာဇ် : ????
******