← Chapters

အခန်း (၁၀-၁၂)

Vol. 1 Ch. 10-12

အခန်း (၁၀-၁၂)

Vol. 1 Ch. 10-12

10 01

အခန်း ၁၀

ဒါက တကယ်ကို ငါယိုးတဲ့မှ ရောက်လာတာပဲဆိုတာမျိုး ဖြစ်လောက်သည်။

ယန်ရှုက ယခုမှ ရေချိုးပြီး စဖြစ်တဲ့အတွက် သူမရဲ့အတွင်းဝတ်ကိုသာ ဝတ်ထားရသေးသည်။ သူမရဲ့ဆံပင်ကိုတောင်မှ ဖြီးဖို့ အချိန်မရသေးပေ။ ထို့ကြောင့် သူမက တံခါးဆီကို သွားလိုက်ပြီး အလျင်အမြန်ပဲ အရိုအသေပေးလာခဲ့သည်။

“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးကို ကြိုဆိုပါတယ်”

သူမက ထိုသူကို အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ပြီးပေမဲ့ ဒီတစ်ကြိမ်ဟာ ထိုသူ့ကို ပွင့်ပွင့်လင်းလင်း ကြိုဆိုရတဲ့ ပထမဦးဆုံးအကြိမ်ပင်။ ထို့ကြောင့် သူမက တစ်နည်းနည်းနဲ့ သက်တောင့်သက်သာမရှိ ဖြစ်နေပေသည်။

ယွီဝိန်းလန်က သဘာဝကျစွာနဲ့ပဲ မျက်လွှာချပြီး သူမကိုကြည့်လာခဲ့သည်

“အခုမှ ရေချိုးထားတာလား?”

ထိုအချိန်မှာပဲ ယခင်တစ်ခေါက်တုန်းက ခေါင်မိုးပေါ်ကနေ မြင်ခဲ့ရတဲ့မြင်ကွင်းဟာ သူ့စိတ်ထဲမှာ ရုတ်တရက်ပေါ်ထွက်လာခဲ့ပေသည်။

ဘာကိုမှမသိတဲ့ ယန်ရှုကတော့ ရိုးသားစွာဖြေလာခဲ့သည်။

“ ကျွန်တော်မျိုးမရဲ့အသွင်အပြင်အတွက် အရှင်မင်းကြီး စိတ်မရှိပါနဲ့”

[အချိန်ကောင်း ရွေးတာကလဲ တော်လိုက်တာနော်]

ယွီဝိန်းလန်က ခေါင်းညိတ်ပြလာခဲ့ပြီး

“ကြည့်ရတာ ငါကိုယ်တော်က အချိန်ကိုက် ရောက်လာတာပဲ”

ယန်ရှု “….”

“အချိန်ကိုက်”ဆိုတာကဘာလဲ?

ဒါပေမဲ့ သူမဟာ အရှင်မင်းကြီးက ခန်းဆောင်ထဲကို နှစ်လှမ်းလောက်နဲ့တင် ဝင်လာခဲ့ပြီး ယခုလေးတင် ပြင်ဆင်ထားတဲ့ အိပ်ရာကိုကြည့်ပြီးနောက် ပြောလာသည်ကို ကြားလိုက်ရပေသည်။

“ဒါဆိုလည်း အနားယူကြစို့လေ”

ယန်ရှု “…..ဟမ်”

ဘာလဲ ဘာကို အနားယူမှာလဲ။

သူမလမ်းပျောက်နေစဉ်မှာပဲ တော်ဝင်မိန်းမစိုးချုပ်ဖုဟိုင်က ကောင်းပါပြီလို့ ဖြေလာခဲ့ပြီး သူ့ရဲ့ဦးခေါင်းကို လက်မောင်းထဲမှာထားလျက် ဦးညွှတ်ရင်း နောက်ဆုတ် သွားတော့သည်။

သိပ်မကြာခင်မှာပဲ ရန်တုန်းလည်း သဘောပေါက်သွားပြီး အပြင်ဘက်ကို အတူတူ ထွက်သွားလိုက်တော့သည်။ မထွက်သွားခင်မှာလဲ သူမကို ရှက်ရွံ့နေတဲ့မျက်နှာနဲ့ တစ်ချက် ကြည့်သွားလိုက်သေးသည်။

မျက်တောင် တစ်ခတ်အတွင်းမှာပဲ နန်းဆောင်ထဲမှာ သူမနှင့် ဧကရာဇ်သာ ကျန်ရစ်တော့သည်။

ယန်ရှုက တစ်စုံတစ်ယောက်သောသူကို မယုံကြည်နိုင်စွာနဲ့ ကြည့်လိုက်ပြီး

“အရှင်မင်းကြီးက ဒီည ဒီနေရာမှာ အနားယူမှာပါလား”

ယွီဝိန်းလန်က သူမကို ပေါ့ပါးစွာနဲ့ ပြန်ကြည့်လိုက်ပြီး

“မဟုတ်ရင်ရော ကိုယ်တော်က ဒီကို ဘာလုပ်ဖို့ လာတယ်လို့ထင်လဲ?”

ယန်ရှု “…..”

အရမ်းကို တည့်တိုး ဆန်တာပဲ။

အတူတူ အိပ်မလို့လား။

သူမ ငေးကြောင်နေစဉ်မှာပဲ ထိုလူက သူ့ရဲ့မျက်ခုံးတွေကို ပင့်လိုက်ပြီး သူမကို ထပ်ကြည့်ကာ ပြောလာခဲ့သည်။

“ဘာလို့ မြန်မြန်လေးလာပြီး ကိုယ်တော့်ကို မခစား သေးတာလဲ?”

ယန်ရှု “…”

အဝတ် ချွတ်ပေးစေချင်တာလား။

သေချာတာပေါ့။ ကိုယ်လုပ်တော်တစ်ယောက်အနေနဲ့ဆို ဒါက သူမရဲ့တာဝန်ပေ။

သူမမှာ ရွေးချယ်စရာမရှိတော့ပဲ ရှေ့သို့ သွားကာ ထိုသူကို အဝတ်ချွတ်ပေးဖို့ စောင့်ဆိုင်းနေရတော့သည်။

မမျှော်လင့်ထားစွာပင် သူမနန်းတော်ကို စဝင်လာကတည်းက ထိုစွမ်းရည်ကို သင်ကြားခဲ့ရသည့်အပြင် ယခုတော့ လက်တွေ့အသုံးချနိုင်လာခဲ့ပြီ ဖြစ်သည်။

ယနေ့ညမှာ ယွီဝိန်းလန်က သာမန်အဝတ်အစားမျိုးကိုသာ ဝတ်ဆင်ထားသည်ပင်။ ထိုဝတ်စုံဟာ ရှုပ်ထွေးတဲ့ ရုံးတော်ဝတ်ရုံတွေနဲ့ယှဉ်လျှင် အများကြီးပို၍ ရိုးရှင်းပေသည်။ ယန်ရှုက ထိုသူ့အတွက် သရဖူကို ချွတ်လိုက်ကာ ခါးပတ်ကို ဖြုတ်လိုက်သည်။ ထို့နောက် အပြင်ဝတ်ရုံကို ဖယ်ရှားလိုက်ပြီး အချိန်အနည်းငယ်ခန့်မှာပင် သူ့တွင် အတွင်းဝတ်သာ ကျန်ပေတော့သည်။

ထိုသူမှာ ကောင်းမွန်တဲ့သဏ္ဍာန် ရှိသည်ဆိုတာကို ထင်ထင်ရှားရှားတွေ့နိုင်သည်ပင်။ ကျယ်ပြန့်တဲ့ပုခုံးတွေနဲ့ ကျစ်လစ်တဲ့ခါးတွေ ၊ သွယ်လျတဲ့ ကောက်ကြောင်းတွေအပြင် ပျားရည်ကဲ့သို့ ခပ်ဖျော့ဖျော့ရနံ့တစ်ခုဟာလည်း သူမရဲ့နှာဖျားဆီ ပျံ့လွင့်လာပြီး အမှန်အတိုင်း ပြောရလျှင်အတော်လေး မွှေးပေသည်။

သို့သော် ဒီအချိန်မှာတော့ ယန်ရှုက အနည်းငယ် ကသိကအောက်ဖြစ်နေပြီး ထိုမြင်ကွင်းကို ချီးကျူးဖို့ စိတ်အခြေအနေ မရှိသေးပေ။

သိပ်မကြာခင်မှာပဲ တစ်ဖက်လူက သဘာဝကျကျပဲ အိပ်ရာဆီကို လျှောက်သွားပြီး ပြန်လှည့်ကာ သူမကို ပြောလာခဲ့သည်။

“မြန်မြန် အိပ်ရာပေါ်ကိုတက်တော့ မဟုတ်ရင် မင်းအအေးမိလိမ့်မယ်”

ယန်ရှု “….”

ဒီလိုညမျိုးမှာ သွေးတွေဆူပွက်နေတဲ့ ဧကရာဇ်နဲ့ အခုမှ ရေချိုးထားခါစ ဖြစ်တဲ့ မိန်းမလှလေးက တစ်ခန်းတည်းမှာ အတူရှိနေကြသည်။

10 02

ဒွိဟဖြစ်စေတဲ့ လေထုမျိုး ဖြစ်သင့်ပေမဲ့လည်း…..

ယန်ရှုဟာ ကံမကောင်းပေ။ ထိုသူက ပုံမှန်လူလို မဟုတ်ဘူးလေ။

အိုး သူမကို ပစ်မှတ်တစ်ခုလို အသုံးပြုမလို့ မဟုတ်လား။ ဒါပေမဲ့ ဒီပြဇာတ်က လုံးဝကို အပြည့်အဝ လုပ်စရာ လိုလို့လား။

ယွီဝိန်းလန် “……”

ဘုရင်ကြီးရဲ့သိက္ခာဟာ ဒီမိန်းကလေးကြောင့် ထပ်ခါထပ်ခါ နင်းခြေခံနေရပေသည်။ သူ့ရဲ့ဒေါသက အတော်လေး တိုးတက်လာတယ်လို့တော့ ပြောရမယ်။ သူဟာ သူမက သူ့ကို တိတ်တိတ်လေး စောဒက တက်နေပြန်တာကို ကြားလိုက်ရတဲ့အခါမှာတော့ အရင်ကလို သိပ်ပြီးတော့ သတ်ချင်စိတ် မပြင်းပြတော့ပေ။

ဒါပေမဲ့ သူဟာ သူမကို ပစ်မှတ်တစ်ခုအဖြစ် အသုံးချချင်တာ မဟုတ်ပေ။

အရင်တစ်ခေါက် ကြိုးစားမှုက မအောင်မြင်ခဲ့တဲ့အပြင် ခိုးကြောင်ခိုးဝှက်လုပ်တာနှင့် သူမနဲ့အတူ အချိန်ကုန်ရသည်မှာ အလွန်ပင် နည်းတာကြောင့် သူဟာ အမျိုးမျိုးသော အခြေအနေတွေကို ကြုံတွေ့နေခဲ့ရတာပင်။ ထို့ကြောင့် မနေ့ညက အခြေအနေကို အခွင့်ကောင်းယူလိုက်ပြီး သူမရဲ့အဆင့်အတန်းကို တိုးမြှင့်ပေးလိုက်သည်။ သို့မှသာ သူက သူမရဲ့အတွင်းစိတ်တွေကို ပွင့်လင်းရိုးသားစွာ ကြားနိုင်မည် ဖြစ်သည်။

သေချာတာပေါ့။ နှစ်ယောက်သား အတူကုန်ဆုံးရတဲ့အချိန်က ကြာနိုင်သလောက် ကြာသင့်သည်ပင်။

ညဘက် အိပ်ရာတစ်ခုကို အတူတူမျှသုံးရရင် အကောင်းဆုံးပဲ။

သူက ထိုအရာတွေကို ထုတ်မပြနိုင်တဲ့အတွက် တည်ငြိမ်စွာသာ ပြုံးပြလိုက်ပြီး ပြောလာခဲ့သည်

“မင်းက ငါကိုယ်တော်ရဲ့ ကိုယ်လုပ်တော်လေ။ အိပ်ရာတစ်ခုတည်း မျှသုံးရတာက ကိစ္စမရှိဘူးမလား?”

ထိုသို့ပြောပြီးနောက် သူဟာ ဂွမ်းစောင်ကို မလိုက်ပြီး လဲချလိုက်တော့သည်။

ယန်ရှုက ထိုသူ့ကို ပြောစရာကင်းမဲ့စွာနဲ့ ကြည့်လိုက်သည်။

ဘယ်လိုသောက်ကိစ္စလဲ။ မျှရော မျှတရဲ့လား။

အရင်သုံးနှစ်တုန်းကရော ကိုယ်လုပ်တော် တစ်ယောက် ရှိတယ်ဆိုတာကို ဘာလို့မမှတ်မိရတာလဲ။

ယွီဝိန်းလန်က သူမကို ဆက်ကြည့်နေလိုက်ပြီး

“ဘာလို့ တွန့်ဆုတ်နေရသေးတာလဲ။ ဘာလဲ ကိုယ်တော့်ကို လာပြီး ချီပွေ့စေချင်တာလား?”

ယန်ရှုက ထိုသို့သာ ပြောလိုက်နိုင်တော့သည်

“မလုပ်ဝံ့ပါဘူး”

ပြေးစရာ လမ်းမရှိဘူးဆိုမှတော့ သူမက သူမဲ့နှလုံးကို အစွန်းမှာ ထားလိုက်ပြီး

[ပစ်မှတ်ကို ပစ်လိုက်ကြတာပေါ့။ ဘာပဲ ဖြစ်ဖြစ်လေ ပုံမှန်မဟုတ်တာက ငါမှ မဟုတ်တာ။ ရှင်က ကျွန်မကိုဘာလုပ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့]

သူမလည်း အိပ်ရာပေါ်ကို တက်လာခဲ့ပေသည်။

ယွီဝိန်းလန် […..]

အိုး ဒီမိန်းကလေးက သူ့ကို ဒီလိုတောင် လျစ်လျူရှုရဲတဲ့အထိ အတော်လေး လုပ်ရဲနေတာပဲ!

သူ့ရဲ့သွေးကြောတွေက တဒုတ်ဒုတ် မြည်လာချိန်မှာပဲ သူမက ထပ်ပြောလာခဲ့သည်

“ကျွန်တော်မျိုးမရဲ့ အိပ်စက်တဲ့အမူအကျင့်က သိပ်မကောင်းတဲ့အတွက် ညလယ်ကြီးမှာ အရှင်မင်းကြီးကို နိုးသွားစေမိရင် ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်မိပါတယ်”

ထို့နောက် သူမက စောင်ကို မလိုက်ပြီး လဲချလာခဲ့သည်။

ခန်းမထဲက အနွေးဓာတ်ကြောင့် အိပ်ရာပေါ်မှာ စောင်တစ်ထည်တည်းသာလျှင် ရှိပေသည်။ ဆိုလိုတာက သူမတို့နှစ်ယောက်ဟာ ယနေ့ညတွင် စောင်တစ်တည်တည်းကို နှစ်ယောက်အတူခြုံရမည်ဆိုတာပင်။

ယွီဝိန်းလန်ဟာ သူ့မျက်နှာဆီကို မိန်းကလေးတစ်ယောက်ရဲ့နွေးထွေးမှုကို သယ်ဆောင်ထားတဲ့ သင်းပျံ့တဲ့လေပြင်းတစ်သုတ်က လာရောက် တိုးဝှေ့နေသည်ကိုသာ ခံစားနေရပေသည်။ ထိုအရာက သူ့ကို ထိုနေ့ညက မြင်ကွင်းကို ပြန်အမှတ်ရနေစေသည်။

သူမရဲ့နှလုံးသားထဲက အခုလေးတင် ပြောလိုက်တာကို ကြားလိုက်ပါသေးတယ်။

သူက သူမကို ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ရအောင်တဲ့လေတဲ့လား?

ယွီဝိန်းလန်ဟာ ရှုပ်ထွေးနေတဲ့ မပျော်မရွှင်ဖြစ်မှုနဲ့အတူ သူ့ရဲ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူမကို သူ့လက်မောင်းတွေထဲသို့ ဆွဲယူလိုက်တော့သည်။

ယန်ရှုက တွန့်သွားပြီး မတတ်နိုင်စွာပဲ “အာ” ဟု ပြောလိုက်မိတော့သည်။ သူမပြောတာ မပြီးသေးခင်မှာပဲ သူမရဲ့ခန္ဓာကိုယ်က ထိုသူ့ရဲ့ခပ်တောင့်တောင့်ရင်ဘတ်နဲ့ ထိကပ်သွားခဲ့ပြီဖြစ်သည်။

“အရှင်မင်းကြီး?”

သူမက ထိုသူ့ကို ပြူးကျယ်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လိုက်သည်။

ဒါကရော ဘာအတွက်လဲ။

ဒါပေမဲ့ ထိုသူက ရွှတ်နောက်စွာ ပြုံးလာခဲ့ပြီး တီးတိုးပြောလာခဲ့ပေသည်။

“မင်းရဲ့အခေါ်အဝေါ်ကဘာလဲ။ ကိုယ်တော်က မင်းရဲ့ခင်ပွန်း မဟုတ်ဘူးလား”

ယန်ရှုဟာ အနည်းငယ် နူးညံ့နေပြီး သံလိုက်လို ဆွဲငင်အားပြင်းတဲ့ ဩရှရှ အသံနဲ့အတူ သူမနားထဲသို့ ရေရွတ်လာခဲ့သည်

“ကိုယ်တော်က အဲတာကို အသားမကျသေးဘူး…..”

ဒီနေရာမှာ ဘာတွေ ဖြစ်နေတာလဲ! ဟေး!

သူ့ရဲ့ရင်အုပ်က သန်မာလွန်းတာကို မပြောနဲ့……။

သူမရဲ့အာရုံ ပြောင်းသွားစဉ်မှာပဲ သူဟာ သူမရဲ့ခါးကို ဖိညှစ်ပြီး ပြောလာပေသည်။

10 03

“သိပ်မကြာခင်မှာတော့ ကိုယ်တော် ကျင့်သားရသွားမှာပါ”

နွေးထွေးတဲ့ထွက်သက်က သူမရဲ့နားကိုပွတ်သပ်လာပြီး ယန်ရှုက မူးနောက်နောက် ဖြစ်နေတယ်လို့ ခံစားနေရပေသည်။

ဘာလို့ ဒီလူ ကအရမ်းဝနေရတာလဲ။

ဘာလို့သက်တမ်းရင့်နေတဲ့လူလိုဖြစ်နေတာလဲ?

ယွီဝိန်းလန် “…..”

အရမ်းဝတယ်ဆိုတာကရော ဘာကြီးလဲ။ ဘာကိုဆိုလိုတာလဲ။

ဘာလို့ ဒီမိန်းကလေးရဲ့အသံကို အရမ်းထူးဆန်းနေရတာလဲ။

သို့သော် သူ လိုချင်တဲ့အဖြေကိုတော့ မရခဲ့ပေ။ ထို့ကြောင့် သူဟာ သူမကို ဆက်ပြီး ဖက်ထားလိုက်ပြီး သူမနားထဲသို့ မေးမြန်းလာခဲ့သည်။

“မင်းရော ဒီမှာ နေသားကျပြီလား?”

ယခုအကြိမ်ဟာ ယန်ရှုဘဝတွင် ယောက်ျားတစ်ယောက်နဲ့ ထိုမျှအထိ နီးကပ်ဖူးတဲ့ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ ယန်ရှုက အနည်းငယ် မူးနောက်နေပေမဲ့ ထိုသူ့ကို တွန်းမထုတ်နိုင်ပေ။ ထို့ကြောင့် သူမကိုယ်သူမ ပြန်ဖြေဖို့ တွန်းအားပေးလိုက်ပြီး

“အသားကျနေပါပြီ။ လုံအန်းအရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်”

ဘယ်လို တောင်လဲ။ အာ ဟယ်လို။

ဘာလို့ ဖက်နေတာတုန်း….သက်တောင့်သက်တာ ရှိနေလို့လား။

ကျေနပ်သွားတဲ့ ယွီဝိန်းလန်က ဆက်မေးလာခဲ့သည် ။

“နန်းတော်ထဲကို ဝင်လာပြီးကတည်းက ဘာတွေလုပ်နေခဲ့တာလဲ?”

ယန်ရှုက သူမရဲ့နှုတ်ခမ်းကို ကိုက်လိုက်ပြီး “အခုတလော…..ဒီကိုယ်လုပ်တော်က စာဖတ်တာနဲ့စာ ရေးတာမှာ အချိန်အများကြီး သုံးမိပါတယ်။ ပြီးတော့ အိမ်ရှင်မအဖြစ်……”

ထိုအရာကို ပြောပြီးတဲ့နောက်မှာတော့ သူမမှာ ရုတ်တရက်အတွေးတစ်ခု ပေါ်လာခဲ့သည်။

ဟမ်?

သူ့ကိုထိတွေ့နိုင်ပြီဆိုမှတော့ မဟုတ်ရင်လည်း……

ငါသူ့ကို ကုသကြည့်လို့ ရနိုင်လောက်လား။

ကုသ လိုက်နိုင်မယ်ဆိုရင် သူမက ကြီးကျယ်တဲ့ စွမ်းဆောင်မှုတစ်ခု လုပ်လိုက်နိုင်တာပဲမလား။

သူမရဲ့နှလုံးသားကိုနားထောင်နေတဲ့ ယွီဝိန်းလန်။

“…..”

သူ့ကို ကူညီပြီး ကုသမယ်။

ဒီမိန်းကလေးက ဘယ်လိုတောင် ဒီလိုရဲတင်းတဲ့ အတွေးမျိုး တွေးရဲရတာလဲ။

သို့သော် တွေးကြည့်လိုက်ချိန်မှာတော့ မဖြစ်နိုင်တာတော့ မဟုတ်သလိုပင်……။

ဒါပေမဲ့ …..သူမက ဘယ်လိုလုပ်ပြီးတော့လဲ…..။

သူမကို ထိုသို့ တွေးလိုက်ပြီးတာနဲ့ ရုတ်တရက် သူမရဲ့လက်မောင်းတွေကို ဆန့်ထုတ်လိုက်ပြီး သူ့ပုခုံးကို ဖက်ကာ တိုက်ရိုက်ပင် နမ်းလာတော့သည်။

ယွီဝိန်းလန်က ကြက်သေ သေသွားသည်။

ဒါက သူ့အနေနဲ့ မိန်းမတစ်ယောက်ကို နမ်းဖူးတဲ့ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

နှုတ်ခမ်းတွေနဲ့ လျှာတွေက အလွန်ပင်နီးကပ်စွာ ထိစပ်သွားကြသည်……။

သေချာတာပေါ့ တိတိကျကျ ပြောရမယ်ဆိုရင် သူဟာ လုံးဝကို မလှုပ်မယှက် ဖြစ်နေတာပင်။

ဒါပေမဲ့လည်း သူဟာ မရပ်တန့်ချင်တဲ့အတွက် သူမကို ဒီတိုင်းသာ လွှတ်ထား ပေးလိုက်တော့သည်။

အလွန်ကိုမှတက်တက်ကြွကြွ ပူးပေါင်းလာသေးသည်။

ယန်ရှုကတော့ အလေးအနက်နဲ့ ငေးမောနေခြင်းကြားမှာ ရုန်းကန်နေရသည်။

ကောင်းပြီလေ။ သူ ဧကရာဇ်ကို နမ်းလိုက်ပြီ ကြည့်ရတာ မောင်းမဆောင်ထဲမှာ သူမက ပထမဆုံးထင်တယ်။ တစ်ခြားသူတွေသာ သိသွားမယ်ဆိုရင် သူမကို အပိုင်းပိုင်းဖြစ်အောင် ဆုတ်ဖြဲပစ်လောက်တယ်။

ဒါကို အသာထားဦး။ ဧကရာဇ်ရဲ့အရသာက မဆိုးဘူးပဲ!

ယွီဝိန်းလန် “…”

ပါးစပ်ရဲ့ အရသာ ဟုတ်လား။

ဒါပေမဲ့…..သူမလည်း သိပ်တော့ မဆိုးပါဘူး။ လွှတ်လိုက်ဖို့တောင် နည်းနည်းလေး ခက်နေသေးတယ်။

အကြောင်းပြချက် တစ်ချို့ကြောင့် သူရဲ့ရည်ရွယ်ချက်က မပြောင်းလဲပေမဲ့ ယခုတော့ အနည်းငယ် အာရုံပြောင်းသွားပြီး သူ့ရဲ့မူလရည်ရွယ်ချက်ကိုတောင် တစ်ခဏတာခန့် မေ့သွားခဲ့သည်။

သူ့ရဲ့ပူးပေါင်းမှုကို မြင်တဲ့အခါမှာတော့ ယန်ရှုက ရဲတင်းသထက် ရဲတင်းလာပြီး လက်ဦးမှုရယူနိုင်ဖို့တောင် ကြိုးပမ်းလာခဲ့သည်။

သို့သော်လည်း ဒါကပထမဆုံးအကြိမ် ဖြစ်နေပြီး စိတ်လှုပ်ရှားနေတဲ့တစ်စုံတစ်ယောက်က အာရုံမစိုက်မိပဲ သူ့ရဲ့လက်ကို ခိုက်မိသွားစေတော့သည်။

ထို့နောက်ချက်ချင်းပဲ ယွီဝိန်းလန်က ညည်းတွားလိုက်သည်။ သူမက အနည်းငယ် တွန့်ဆုတ်သွားပြီး အလျင်အမြန် မေးလာခဲ့သည်။

“အရှင်မင်းကြီး ဘာဖြစ်တာပါလဲ?”

10 04

ဒါပေမဲ့ သူ့မျက်နှာမှာ နာကျင်နေတဲ့ အမူအရာနဲ့ မျက်မှောင် ကြုတ်လိုက်တာကို တွေ့လိုက်ရပေသည်။

ကြောက်လန့်သွားတဲ့ ယန်ရှုက လျင်မြန်စွာပဲ ကြည့်လိုက်ပြီးတဲ့နောက် သူ့ရဲလက်ကို ပတ်ထားဆဲဖြစ်သည့် ပတ်တီးကို တွေ့လိုက်ရတော့သည်။ ဂရုတစိုက်နဲ့ ဖွင့်ပြီးကြည့်လိုက်ချိန်မှာတော့ ထိုအရာဟာ အရင်တစ်ခေါက်က သူမကိုက်ခဲ့တဲ့နေရာပင်။

တကယ်ကို သွေးထွက်နေတာပဲ။

ယန်ရှုက အနည်းငယ်တွန့်သွားပြီး သူမ ဖိလိုက်မိတာများလား။

“ဒီကိုယ်လုပ်တော်က ရည်ရွယ်ချက်ရှိရှိ လုပ်ရတာ မဟုတ်ပါဘူး။ တော်ဝင်သမားတော်ကိုများ ဆင့်ခေါ်ချင်လားဟင်?”

ကျစ် ဒဏ်ရာကဘာလို့ မပျောက်သေးတာလဲ။ ကြည့်ရတာ ပြင်းထန်တဲ့ပုံပဲ။ အရမ်းကိုနုနယ်နေတာ မဟုတ်ဘူးလား။

ယွီဝိန်းလန် “…..”

သူ့ကိုတောင် အပြစ်တင် နေသေးတာလား။

သူမကို ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

“ဖုဟိုင်ကို အထဲကိုခေါ်လိုက်”

ယန်ရှု လုပ်သင့်တာဖြစ်တဲ့အတွက် သူမက အိပ်ရာထဲကနေ ထလိုက်သည်။

ဒါပေမဲ့ သူက ရပ်ခိုင်းလာပြီး “ရပ်လိုက်”

ယွီဝိန်းလန်က သူမကို ကြည့်လိုက်သည်။ အဝတ်အစားတွေက လျော့ရဲနေပြီး သူမရဲ့ဆံထုံးကလည်း အနည်းငယ် ရှုပ်ပွနေပေသည်။ သူမရဲ့ပါးပြင်ကလည်း ပါးရောင် သန်းနေတော့သည်…..။

တစ်ခြားသူတွေကို ဒီလိုအသွင်အပြင်မျိုး ဘယ်လိုလုပ်ပြီး မြင်ခွင့်ပြုနိုင်မှာလဲ?

“အိပ်ဆောင်ထဲမှာပဲ နေ”

သူ ပြောလိုက်ပြီးတဲ့နောက် အိပ်ရာမှ ထလိုက်ပြီး တစ်ယောက်ယောက်ကို ခေါ်ဖို့ တံခါးဆီ လျှောက်သွားလိုက်သည်။

ထိုအချိန်မှာပဲ တော်ဝင်နန်းတော်ရဲ့အကြီးအကဲချုပ်ဖြစ်သူ ဖုဟိုင်က မလွယ်ကူဘူးလို့ ခံစားနေရပြီး ပေါ်ရှအဆောင်မှာ စောင့်ဆိုင်းနေပေသည်။ အရှင်မင်းကြီးက နောက်ဆုံးတော့ အချိန်ကောင်း ရှိနေပြီကို သူသာ ဒီကိုလာရဲရင် ညတစ်ဝက်လောက် အရှုပ်တွေလုပ်မိသွားမှာ မဟုတ်လား?

မမျှော်လင့်ထားစွာပဲ အတွင်းထဲကနေ သူ့နာမည်ကို ခေါ်လာသံအား ကြားလိုက်ရသည်။

ဖုဟိုင်က အလျင်အမြန်တုံ့ ပြန်လိုက်ပြီး ခန်းမထဲကို ဝင်လိုက်ပေမဲ့ သိချင်နေတုန်းပင် သိပ်မကြာသေးတာကို ပြီးသွားပြီလား။

ခန်းမထဲကို ဝင်လိုက်ပြီးနောက်မှာတော့ သူဟာ ဧကရာဇ်ရဲ့အဝတ်အစားတွေက အနည်းငယ် ဟနေပြီး ဆံပင်ဟာလည်း အနည်းငယ် ရှုပ်ပွနေပေသည်။ ခေါင်ရမ်း ကန့်လန့်ကာဟာလည်း တင်းကြပ်စွာ စေ့ပိတ်ထားပြီး ခန်းမတစ်ခုလုံးဟာ ဒွိဟဖြစ်စေတဲ့လေထုနဲ့ ပြည့်နှက်နေသည်။ သူ့နှလုံးသားထဲမှာ တစ်ခဏခန့်ရပ်သွားပြီး မေးလာခဲ့သည် ။

“အရှင်မင်းကြီးက ဘာကိုများ မိန့်ကြားချင်လို့ပါသလဲ?”

ဒါပေမဲ့ အရှင်မင်းကြီး ပြောလာတာကို ကြားလိုက်ရပေသည်

“ကျင်းချွမ်းဆေးကို ယူလာခဲ့”

အာ။

ဖုဟိုင်က ခဏလောက်တန့်သွားပြီး

“ကျင်းချွမ်းဆေး?”

ယွီဝိန်းလန်က မျက်မှောင် ကြုတ်လိုက်ပြီး

“မောင်မင်းက ငါကိုယ်တော်ကို နှစ်ခါပြောရအောင် လုပ်နေတာလား”

******

11 01

အခန်း ၁၁

“ဒီငယ်သားက မလုပ်ဝံ့ပါဘူး”

ဖုဟိုင်ဟာ ယခုမှ ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး တံခါးအပြင်ဘက်သို့ လျင်မြန်စွာ လမ်းလျှောက် ထွက်သွားလိုက်သည်။ သွားနေရင်း စိတ်ထဲမှလည်း သက်ပြင်းချလျက်

[အရမ်းကိုမှ စိတ်လှုပ်ရှားနေတာများလား။ ကျင်းချွမ်းဆေးကိုတောင်မှ အသုံးပြုရတော့မှာလား။ အရှင်မင်းကြီးကတော့ တကယ်ကို အင်အားကြီးမားတာပဲ!!]

ယွီဝိန်းလန် “……”

မသန့်ရှင်းတာတွေ ပြောနေတာလား။

သိပ်မကြာခင်မှာပဲ ကျင်းချွမ်းဆေးကို ရလာခဲ့ပြီး ယွီဝိန်းလန်က ဖုဟိုင်ကို နန်းဆောင်ထဲ မခေါ်ဘဲ အိပ်ရာဘေးကိုသာ ယူသွားလိုက်သည်။

ယန်ရှုက အိပ်ဆောင်ထဲကနေ ထွက်လာပြီး အမှားကို ပြင်ဆင်ဖို့ ကြိုးစားလာခဲ့သည်။

“အရှင်မင်းကြီး ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးကို ဆေးလိမ်းပေးရမလား”

ယွီဝိန်းလန်က သူမကို ဆေးကို လှမ်းပေးလိုက်သည်။

ထို့နောက် ယန်ရှုကလည်း ဆေးကို ဂရုတစိုက် လိမ်းပေးလာခဲ့သည်။

[ငါသာ ဆေးလိမ်းမပေးရင် ငါသိလိုက်မှာ မဟုတ်ဘူး]

သူ့ကိုတောင် ဒီလိုဖြစ်သွားအောင် ကိုက်နိုင်ရအောင်ထိ သူမရဲ့သွားတွေက အတော်လေး သန်မာနေမယ်လို့ မမျှော်လင့်ထားပေ။

ယွီဝိန်းလန် “…”

ဒါကို မင်းက ဂုဏ်ယူနေသေးတာလား။

သူက ငြင်သာစွာ နှာမှုတ်လိုက်ပြီး

“မင်းပါးစပ်က အတော်လေး သန်မာတာပဲ”

ယန်ရှုက ရှက်သွားပြီး ထိုသို့ပြောရုံသာ တတ်နိုင်တော့သည်။

“ပြောရမှာ ရှက်ရွံ့မိပါတယ်”

စိတ်ထဲမှာတော့ မတတ်နိုင်ပဲ စောဒက တက်နေမိသည်။

[အဲတာ သူမအမှားမို့လို့လား။ အဲလို အခြေအနေမှာဆို ဘယ်သူက မကိုက်ဘဲ နေမှာလဲ။ အသားတစ်ပိုင်းလောက် ပြတ်သွားအောင် မကိုက်တာနဲ့တင် လျှော့ပေါ့လွန်းရာ ကျနေပြီ]

ယွီဝိန်လန်က ‘ရှူး’ ဟူသောအသံကို ပြုလိုက်သည်။

ယန်ရှုက လန့်ဖျပ်သွားပြီး သတိတထားနဲ့ မေးလာခဲ့သည်။

“နာနေလို့လားဟင်”

ယွီဝိန်းလန်က သူမကို လေးလံနေတဲ့ မျက်နှာထားနဲ့ ကြည့်လိုက်ပြီး ပြောလာခဲ့သည်။

“ဟုတ်တယ်”

နာရုံတင် မကဘူး။ နည်းနည်းလေးတောင် ဒေါသ ထွက်နေသေးတယ်။

ဒါပေမဲ့ သူဟာ သူမက သူမရဲ့နှုတ်ခမ်းကို စုဝိုင်းလိုက်ပြီး သူ့ကို လေမှုတ်ပေးဖို့ အနားကို ကပ်လာသည်ကို တွေ့လိုက်ရသည်။

ပန်းရောင် ချယ်ရီနှုတ်ခမ်းပါးလေးတွေက အဝိုင်းပုံသဏ္ဍာန် စုဝိုင်းနေပြီး ထိုအခြင်းအရာက သွားရည် ယိုချင်စရာ ကောင်းလောက်သည့် နူးညံ့ချယ်ရီသီးလေးတွေနှင့် တူနေပေသည်။

ယွီဝိန်းလန်ရဲ့လည်ချောင်းက လှုပ်ရှားသွားပြီး မတတ်နိုင်စွာပဲ ယခုလေးတင် ခံစားခဲ့သည့် ခံစားချက်ကို ပြန်တွေးလိုက်မိသည်။

ဒါပေမဲ့ သူ သည်းခံလိုက်သည်။

ယခု စိတ်ငြိမ် သွားချိန်မှာတော့ အနည်းငယ် အံ့ဩသွားမိရသည်။ သူဟာ ဒီညမှာ မေးမြန်းစုံစမ်းဖို့ပင်။ ဘာလို့ ဒီမိန်းကလေးဆီမှာ အာရုံပြောင်းခံလိုက်ရတာလဲ။

ဖြစ်နိုင်တာက သူမကများ ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာများလား။

ထိုအချိန်မှာပဲ တံခါးအပြင်ဘက်မှ အသံတစ်သံဟာ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကြည့်ရတာတော့ ဖုဟိုင်က ကျိန်ဆဲနေပုံပင်။

“ဘယ်အချိန်လဲ ဆိုတာကိုတောင် မကြည့်ဘူးဘဲ။ ကိစ္စတွေကလည်း အမြင်ကို မရှိဘူး”

တစ်ခြားတစ်ယောက်က ရေရွတ်လာခဲ့သည်။

“ဒါပေမဲ့ အရှင်မင်းကြီး ပြောတာက …..”

ဟမ်။ တစ်ခုခု မှားနေလို့လား။

ယန်ရှုက ယွီဝိန်းလန်ကို လျင်မြန်စွာ ကြည့်လိုက်သည်။

ယွီဝိန်းလန်က တိုက်ရိုက်ပဲ မေးလိုက်သည်။

“ဘာကိစ္စရှိလို့လဲ”

အပြင်ဘက်က အရာရှိငယ်လေးက လျင်မြန်စွာ ပြန်ဖြေလာခဲ့သည်။

“အရှင်မင်းကြီး စီချွမ်းနဲ့ ကွေ့ကျိုးဘက်က အခုလေးတင် ခြေမြန်စာပို့လာပါတယ် မနေ့တစ်နေ့က အေးခဲမိုးတွေ ရုတ်တရက် ကျလာပြီး လူတွေ ထောင်သောင်းချီ ထိခိုက်ထားပါတယ်တဲ့”

ယွီဝိန်းလန်က ချက်ချင်းပဲ ထရပ်လိုက်ပြီး

“စောစောက ဘာလို့ မပြောတာလဲ။”

[ဟေး ရှင်က သွားတော့မှာလား]

ယန်ရှုက လျင်မြန်စွာ ထရပ်လိုက်ပြီး ထိုသူကို ဝတ်ရုံကိုကူဝတ်ပေးရင်း သတိတထားနဲ့ မေးလာခဲ့သည်။

“အရှင်မင်းကြီးက ပြန်လာဦးမှာပါလား”

11 02

ယွီဝိန်းလန်က သူမကို ငုံ့ကြည့်လိုက်ပြီး

“မင်းက ကိုယ်တော့်ကို ပြန်လာစေချင်လို့လာ။”

ယန်ရှုက သူမရဲ့သစ်အယ်စေ့သဏ္ဍာန် မျက်လုံးတွေကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး ရှက်စိတ်ပင် မရှိဘဲ ဖြေလာခဲ့သည်။

“တွေးကြည့်လိုက်မှပဲ အရှင်မင်းကြီး အနားယူနိုင်ဖို့ မြန်နိုင်သမျှ မြန်မြန်ပြန်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်”

ဒါပေမဲ့ တွေးနေတာကိုတော့ မရပ်တန့်နိုင်ပေ။

[ကျေးဇူးပြုပြီး ပြန်မလာပါနဲ့။ ငါ့ဘာသာပဲ အိပ်ချင်ပါတယ်နော် ကျေးဇူး…….]

ယွီဝိန်းလန် “…..”

ငါ အခုလေးတင် သိလိုက်ပြီ။

သူဟာ သူမကို ပျော်မသွားစေချင်ပေမဲ့လည်း အမှန်တရားကိုသာ ပြောပြလိုက်နိုင်သည်။

“ငါကိုယ်တော် ပြန်မလာတော့ဘူး။ မင်းဘာသာပဲ အိပ်နှင့်လိုက်တော့”

စီချွမ်းနဲ့ ကွေ့ကျိုးဟာ စစ်တပ်အင်အားအများအပြားရှိတဲ့နေရာတွေပင်။ ထို့အပြင် အရေးကြီးဆုံးသော စပါးကျီရှိရာဒေသလည်း ဖြစ်ပေသည်။ ထို့ကြောင့် ထိုသဘာဝဘေးက ပေါ့တန်သော ကိစ္စရပ် မဟုတ်ပေ။

ထိုသို့ပြောသည်ကို ကြားလိုက်ချိန်မှာတော့ သူမရဲ့နှလုံးသားထဲမှာ ပျော်ရွှင်စွာ ခုန်လိုက်ပြီး

[နောက်ဆုံးတော့ ငါ့ဘာသာ ကောင်းကောင်းအိပ်လို့ရပြီ! !]

ယွီဝိန်းလန်က သူ့ရဲ့မျက်ခုံးတွေကို ပင့်လိုက်ပြီး

“မင်းက ပျော်နေတာလား”

“မဟုတ်ပါဘူး။ မဟုတ်ပါဘူး”

ယန်ရှုက သူမရဲ့ခေါင်းကို ဂျောက်ဂျက်တစ်ခုလို ရမ်းလိုက်ပြီး သူမရဲ့မျက်နှာကတော့ နူးညံ့ပြီး နာခံမှုအပြည့်နှင့်ပင်

“ကျွန်တော်မျိုးမက အရှင်မင်းကြီးရဲ့ နဂါးခန္ဓာကိုယ်ကိုပဲ စိတ်ပူမိတာပါ။ အရှင်မင်းကြီးက တိုင်းပြည်နဲ့ပြည်သူတွေကိုပဲ ပူပန်နေရပေမဲ့လည်း အနားယူဖို့လည်း အာရုံစိုက်သင့်ပါတယ်”

ယွီဝိန်လန်က နှာမှုတ်လိုက်သည်။

“မင်းကို ယုံကြည်ဖို့က ဘာလို့ထူးဆန်းသလို ဖြစ်နေတာလဲ”

လှည့်ဖြားတတ်တဲ့မိန်းမပဲ။

~~~~~

ဘဏ္ဍာတိုက်ကို ဆင့်ခေါ်လိုက်ပြီး စားနပ်ရိက္ခာနဲ့ အထောက်အပံ့တွေကို ခွဲဝေသတ်မှတ်ပြီးတဲ့အခါမှာတော့ ပြည်ပရန်သူတွေ ကျူးကျော်လာနိုင်မဲ့ အခွင့်အရေးကို ကာကွယ်ဖို့စီစဉ်ရင်း ယွီဝိန်းလန်က တစ်ညလုံး အလုပ်များနေတော့သည်။

တစ်ခြားတစ်ဖက်မှာတော့ ယန်ရှုဟာ သူမရဲ့အိပ်ရာအသစ်စက်စက်လေးပေါ်မှာ တစ်ညတာကို ကောင်းကောင်းမွန်မွန် အိပ်စက်လိုက်ရသည်။

ဒါပေမဲ့ နောက်တစ်နေ့မှာတော့ သူမက နာနာခံခံနဲ့ပဲ အိပ်ရာက ထလိုက်ပြီး အဝတ်အစားလဲကာ ဧကရီမယ်တော်ကြီးကို အရိုအသေပေးဖို့ ထွက်လာခဲ့သည်။

ချီအန်းနန်းဆောင်ကို ရောက်တဲ့အခါမှာတော့ ကိုယ်လုပ်တော်ကျိုးလည်း ထိုနေရာမှာရှိနေတာကို တွေ့လိုက်ရသည်။

ဧကရီမယ်တော်ကြီးက နွေးထွေးတဲ့ညောင်စောင်းပေါ်မှာ ထိုင်နေပြီး ကိုယ်လုပ်တော်ကျိုးကတော့ သူမရဲ့ဘေးမှာ ရပ်နေပေသည်။ သူမ အဆူခံထားရလားဆိုတာတော့ မသိပေမဲ့ သူမရဲ့အသားအရေကတော့ သိပ်မကောင်းပေ။

သူမက ထိုအချင်းအရာကို မမြင်ဟန် ဆောင်လိုက်ပြီး သူတို့နှစ်ယောက်ကို လျင်မြန်စွာ ဦးညွှတ်လိုက်သည်။ ဒါပေမဲ့ သူမ တွေ့လိုက်ရတာကတော့ ကိုယ်လုပ်တော်ကျိုးရဲ့သဘောထားက မနေ့ကနဲ့ယှဉ်လျှင် ပြောင်းလဲနေပေသည်။ ပြီးတော့ သူမကိုတောင် လက်ဦးမှုယူပြီး တောင်းပန်လာသေးသည်။

“မနေ့ညက နားလည်မှု လွဲသွားခဲ့တယ်။ ကိုယ်လုပ်တော်လိကွေ့ယိက စိတ်ထဲမှာ မှတ်မထားဖို့ မျှော်လင့်ပါတယ်”

ယန်ရှုလည်း ရွေးချယ်စရာမရှိတော့ဘဲ ပြောလိုက်သည်။

“တော်ဝင်ကိုယ်လုပ်တော်က အလေးအနက် ထားလွန်းနေပါပြီ”

ဧကရီမယ်တော်ကြီးက ပြောလာခဲ့သည်။

“ကိုယ်လုပ်တော်တွေအနေနဲ့ နင်တို့တွေက အရှင်မင်းကြီးကိုပဲ ပထမဦးစားပေးရမယ်”

စကားပြောပြီးနောက်မှာတော့ သူမက ယန်ရှုကို လက်ကောက်တစ်ကွင်း ချီးမြှင့်လာပြီး ပြောလာသည်။

“မင်းက မောင်းမဆောင်ထဲမှာ ပထမဦးဆုံး ရာထူးတိုးတဲ့သူပဲ။ အဲတော့ မင်းက အရှင်မင်းကြီးရဲ့သတ်မှတ်ချက် ဆန္ဒတွေနဲ့ ညီတယ်လို့ ပြောလို့ရတယ်။ အဲတော့ မင်းက အခွင့်အရေးကို အရဖမ်းဆုပ်နိုင်ပြီး အရှင်မင်းကြီးအတွက် ဖြစ်နိုင်သမျှမြန်မြန် အကိုင်းအခက်တွေ ဖြန့်ဝေပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

ယန်ရှု “…ကောင်းပါပြီ”

ကျစ် ဒီတာဝန်က တကယ်ကို ခက်ခဲတာပဲ။

ကံကောင်းစွာနဲ့ပဲ ထိုစကားကို ပြောပြီးနောက် ဧကရီမယ်တော်ကြီးက သူမတို့နှစ်ယောက်ကို ပြန်လည်ထွက်ခွာဖို့ အမိန့်ပေးလာခဲ့သည်။

ယန်ရှုက လွတ်ငြိမ်းချမ်းသာခွင့် ရတယ်ဆိုရင်ပဲ ကန်လုနန်းဆောင်ကို အမြန်ပြန်ပြီး နံနက်စာ သွားစားတော့သည်။

သို့သော် ကိုယ်လုပ်တော်ကျိုးက ချုံးဟွားနန်းဆောင်ကို ပြန်ရောက်တယ်ဆိုရင်ပဲ လက်ဖက်ရည်ခွက်ပေါင်း များစွာကို ချက်ချင်းပဲ ပေါက်ခွဲတော့သည်။

“ငါအဲဒီအကြံသမားကို တောင်းပန်လာခဲ့ရတယ်။ ဒီလိုသာဆိုရင် ဒီပန်ကုံးရဲ့ခေါင်းပေါ်ကိုတောင် တက်တော့မှာ မဟုတ်ဘူးလား။”

11 03

အခမ်းအနား စတုန်းကတော့ သူမဟာ ဧကရီမယ်တော်ကြီးနဲ့ သူမရဲ့ အဒေါ်နဲ့တူမဆိုသော ဆက်ဆံရေးကြောင့် တော်ဝင်ကိုယ်လုပ်တော်ဆိုသော ဂုဏ်ပုဒ်ကို ချီးမြှင့်ခံခဲ့ရပေသည်။ သူမ ထင်ခဲ့တာက သူမက ဧကရီဆိုသောနေရာကို ရောက်ရှိဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်လို့လေ။ ဒါပေမဲ့ ဘယ်သူသိနိုင်မှာလဲ။ သူမက နှစ်ပေါင်းများစွာကြာတာတောင် ထိုနေရာကို မရောက်နိုင်ဘဲ ဖြစ်နေမယ်လို့လေ။

ဒါပေမဲ့ လိယန်ရှုကတော့ နန်းတော်ညစာစားပွဲမှာ လက်ဖက်ရည်ပန်းကန်လုံးပစ်ချရုံနဲ့ အရှင်မင်းကြီးရဲ့မျက်နှာသာပေးမှုကို ရရှိသွားခဲ့တယ်။ ပြီးတော့ သူမကတောင် ပထမဆုံး တိုးမြှင့်ခံရသူ ဖြစ်သွားသေးတယ်!

ကိုယ်လုပ်တော်အန်းက ဘေးကနေ လိုက်ပြောလာသည်။

“တော်ဝင်ကိုယ်လုပ်တော် ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ။ အရှင်မင်းကြီးကို စိတ်အနှောက်အယှက်စေဖို့ဆိုရင် နည်းနည်း သည်းခံထားရပါမယ်။ ဒီတစ်ကြိမ်က အချိန်ကောင်း မဟုတ်သေးပါဘူး”

ကိုယ်လုပ်တော်ကျိုးက နှာမှုတ်လာခဲ့သည်။

“ထပ်ပြီးသာ သည်းခံနေဦးမယ်ဆိုရင် သူမက မင်းသားလေးတစ်ပါးတောင် မွေးပြီး နေလောက်ပြီ”

အန်းဖင်းက ပြောလာခဲ့သည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဧကရီမယ်တော်ကြီးက ဘာမှမလုပ်ဘူးဆိုပေမဲ့ နန်းတော်ထဲက ဘယ်သူကမှ သူမကို မုန်းမနေတာမျိုး မဟုတ်ဘူးလေ။ ဘာလို့သူမကို အခွင့်ကောင်း မယူရမှာလဲ”

ကိုယ်လုပ်တော်ကျိုးက တစ်ခဏတာခန့် တန့်သွားပြီးနောက် ရယ်လာခဲ့သည်။

“အမှန်ပဲ”

ကိုယ်လုပ်တော်နင်က သူမရဲ့အလှကြောင့် တစ်ခြားသူတွေကို အမြဲတမ်း အထင်သေးနေခဲ့တာမလား။ အခု အရှင်မင်းကြီးက လိယန်ရှုကို ရက်ပေါင်းများစွာ ကြာအောင်ကို ဆက်တိုက် ပစ်မှတ်ထားနေတာကို သူမက ဘယ်လိုလုပ် သည်းခံနိုင်မှာတဲ့လဲ။

“ရွှေရောင်ချွမ်းဆေးလုံး”

ကိုယ်လုပ်တော်ကျိုးက ရပ်သွားပြီး

“အဲကိစ္စအတွက်ဆိုရင်တော့…..ငါတို့ကျင်းချွမ်းဆေးကို သုံးဖို့လိုမယ်။”

ကိုယ်လုပ်တော်အန်းက သူမရဲ့နားထဲကို တီးတိုး ပြောလာခဲ့သည်?

“တော်ဝင်စာကြည့်ဆောင်မှာတုန်းက အရှင်မင်းကြီးရဲ့လက်မှာ ဒဏ်ရာတစ်ခုကို တွေ့တယ်လို့ တစ်ချို့ဝန်ကြီးတွေက ပြောနေသံကို ကြားတယ်။ အရှင်မင်းကြီးကတော့ အဲတာက မနက်စောစော ဓားရေးကျင့်တုန်းက ရခဲ့တယ်လို့ပြောတာပဲ။ ဒါပေမဲ့ ကျွန်မ အဲဒီအကြောင်းကို မေးမြန်းကြည့်လိုက်တော့ အရှင်မင်းကြီးက အဲနေ့တစ်နေ့လုံး လေ့ကျင့်ရေးကွင်းထဲကို မသွားခဲ့ဘူးတဲ့”

ကိုယ်လုပ်တော်ကျိုးက ထပ်မံတန့်သွားပြီး

“ဖြစ်နိုင်တာက တစ်ယောက်ယောက်က အရှင်မင်းကြီးကို ထိခိုက်အောင် လုပ်လိုက်တာ များလား။ ဒါပေမဲ့ အရှင်မင်းကြီးကလည်း အဲတာကို တစ်ခြားသူတွေဆီကနေ ဖုံးကွယ်ထားတယ်ပေါ့လေ။”

အန်းဖင်းက ခေါင်းညိတ်ပြလာပြီး

“အရှင်မင်းကြီးကို ထိခိုက်အော င်လုပ်တဲ့သူက သေချာပေါက်ကို အရှင်မင်းကြီး အရမ်းကို ဂရုစိုက်ရတဲ့သူပဲ နေမယ်”

ကိုယ်လုပ်တော်ကျိုးကွေ့ဖေးက ထိုအကြောင်းကို တွေးလိုက်ပြီး ရုတ်တရက် သိသွားတော့သည်

“ဖြစ်နိုင်တာက လိယန်ရှု လုပ်တာများလား။ သူက အရမ်းကို ရဲတင်းနေတာပဲ။ အရှင်မင်းကြီးကိုတောင် ထိခိုက်အောင် လုပ်ရဲတယ်ပေါ့လေ။ မဖြစ်ဘူး။ ဒီအကြောင်းကို ဧကရီမယ်တော်ကြီးကို သတင်းပို့ရမယ်!”

ကိုယ်လုပ်တော်အန်းက သူမကို အလျင်အမြန် တားလိုက်ပြီး အပြုံးတစ်ပွင့်နဲ့ ပြောလာခဲ့သည်။

“အရှင်မင်းကြီးက အခု အရေးကြီးတဲ့အခြေအနေမှာ ရှိနေတာ ကျွန်မတို့ကလည်း ခန့်မှန်းနေရုံပဲ ရှိသေးတာ။ ပြီးတော့ ဘာသက်သေမှလည်း မရှိဘူး။ အဲတော့ ဧကရီမယ်တော်ကြီးကို ဘယ်လို သတင်းပို့မှာလဲ။ ဘာလို့တစ်ယောက်ယောက်ကို မလုပ်ခိုင်းရမှာလဲ။ ဒါက ပြင်းထန်တဲ့ပြစ်မှုကို ကျူးလွန်တာဖြစ်တဲ့အတွက် သူမ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။”

~~~~~

နေ့လည်ခင်းမှာတော့ နှင်းတွေက နေ့တစ်ဝက်လောက်ထိ တဖွဲဖွဲကျဆင်းနေပြီး ညနေခင်းမှာတော့ ခပ်ထူထူအလွှာတစ်ခုက မြေကြီးပေါ် ပုံနေပြီးသားဖြစ်သည်။

ယွီဝိန်းလန်က ထိုကိစ္စကြောင့် တောက်လျှောက် အလုပ်ရှုပ်နေခဲ့ပြီး မီးအိမ်ကို ထွန်းညှိတော့မဲ့အချိန် ရောက်လာတဲ့အခါမှာတောင် ရပ်တန့်လိုက်ဖို့ ရည်ရွယ်ချက် မရှိသေးပေ။

ဖုဟိုင်က ထပ်မံသည်းမခံနိုင်တော့ပဲ ကျယ်လောင်စွာ သတိပေးလာတော့သည်

“အရှင်မင်းကြီး ညစာသုံးဆောင်ဖို့ အချိန်ကျရောက်လို့ လာပါပြီ”

ယွီဝိန်းလန်က သူ့ရဲ့ခေါင်းကို မြှောက်မလာဘဲ

“ခဏနေဦး”

ဖုဟိုင်ဟာ စိတ်မပူပန်ပဲ မနေနိုင်တော့ချေ။ အရှင်မင်းကြီးက တစ်နေ့နဲ့တစ်ညလုံး အလုပ်ရှုပ်နေပြီး ကောင်းကောင်းတောင် မအိပ်ရသေးပေ။ ပြီးတော့ ကောင်းကောင်းလည်း မစားရသေးဘူး။ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆို ဘယ်လိုလုပ်ရမလဲ။

ထိုအကြောင်းကိုတွေးလိုက်ပြီးတဲ့နောက် ရုတ်တရက် အကြံတစ်ခုရလာပြီး ပြောလာခဲ့သည်။

“ဒီငယ်သား အစောလေးတုန်းက လိကွေ့ယိကနေ တစ်ယောက်ယောက်ကို ထမင်းစားဆောင်ကို စေလွှတ်လိုက်တာကို တွေ့လိုက်ရပါတယ်။ ပြောတာကတော့ ဒီညဟော့ပေါ့ စားမလို့ဆိုလားပဲ”

လုံလောက်စွာပင် ထိုစကားလုံးတွေ ထွက်လာသည်နှင့် အရှင်မင်းကြီးက သူ့မျက်လုံးကို ပင့်လိုက်ပြီး ပြောလာခဲ့သည်။

“ဟော့ပေါ့ ဟုတ်လား”

11 04

ဖုဟိုင်က လျင်မြန်စွာ ခေါင်းညိတ်ပြလာပြီး

“အမှန်ပါပဲ။ လိကွေ့ယိက တကယ်ကို စေ့စပ်သေချာတဲ့ ဆရာသခင်တစ်ပါးပါ ဒီလိုနှင်းကျတဲ့နေ့မှာ ဟော့ပေါ့ စားတာက အသင့်တော်ဆုံးပဲ”

ယွီဝိန်းလန်က ခဏခန့် စဉ်းစားလိုက်ပြီးတဲ့နောက် သူ့ရဲ့စုတ်တံကို ချလိုက်ကာ ထရပ်လိုက်ပြီး တံခါးဆီ လျှောက်သွားတော့သည်။

“တစ်ချက် သွားကြည့်ကြည့်တာပေါ့”

ယနေ့က စောနေတုန်းပင် အဲတော့ သူမဆီကနေ ထပ်မံ ဖြားယောင်းခံရမှာ မဟုတ်ပေ။

~~~~~

ယွီဝိန်းလ န်ရောက်သွားတဲ့အခါမှာတော့ ဟော့ပေါ့က စားပွဲပေါ်ရောက်နေပြီးသားပင်။

ကြေးနီအိုးရဲ့အောက်က မီးသွေးက ဖြည်းညှင်းစွာလောင်ကျွမ်းနေသည်။ အိုးထဲက အရိုးစွပ်ပြုတ်ဟာလည်း ပွက်ပွက်ဆူနေပြီဖြစ်ပြီး ခန်းမတစ်ခုလုံးဟာလည်း နွေးထွေးတဲ့ရနံ့နဲ့ ပြည့်နှက်နေပေသည်။

ယန်ရှုဟာ အိုးထဲကို မျက်လုံးအပြည့်အပြုံးတွေနဲ့ ကြည့်နေသည်။

ကျစ် ကျစ် လတ်ဆတ်တဲ့ အသားလုံးတွေ၊ ဂျုံကြာဇံကော်ဖီတို့ဖူးနဲ့ လတ်လတ်ဆတ်ဆတ်ဖြ အပိုင်းလေးတွေအဖြစ် ဖြတ်တောက်ထားတဲ့ သိုးသားတွေ အားလုံးက ဟော့ပေါ့အတွက် အပြည့်စုံဆုံးပဲ အဆင့်မြှင့်ပြီးတာတောင် ကွဲပြားနေတုန်းပဲ။ အတိတ်တုန်းက ဘယ်လိုတောင် ဒီလောက်အများကြီး စားနိုင်ရတာလဲ။

သူမ တိတ်တိတ်လေး သရေယိုနေစဉ်မှာပင် ယွီဝိန်းလန်က ခန်းမထဲကို လှမ်းလာသည်ကိုတွေ့လိုက်ရသည်။ သူမက ထိတ်လန့်သွားပြီး တစ်ခြားသူတွေကို ဦးဆောင်လျက် အရိုအသေပေးလာသည်။

“အရှင်မင်းကြီးကို နှုတ်ခွန်းဆက်ပါတယ်”

ဒီလူက ဘာလို့ ဒီရောက်နေတာလဲ။ လူတွေကို စားသောက်မှာကနေ မနှောင့်နှေးစေနဲ့လေ

ယွီဝိန်းလန်က မကြားဟန် ဆောင်လိုက်ပြီး စားပွဲကို ငဲ့ကြည့်လိုက်ကာ ပြောလာပေသည်

“ဘယ်လိုလု ပ်ဟော့ပေါ့စားဖို့ တွေးမိရတာတုန်း”

ယန်ရှုက သူမရဲ့အပြုံးကို ထိန်းသိမ်းဖို့ အကောင်းဆုံး ကြိုးစားလိုက်ပြီး

“ဒီနေ့နှင်းကျပြီး ရာသီဥတုကလည်း အေးနေတယ်လေ။ အဲတာနဲ့ ဒီကိုယ်လုပ်တော်က နွေးထွေးသွားအောင် ဟော့ပေါ့စားချင်မိလို့ပါ”

[သေချာပေါက်ပဲ ရှင်က ဧကရာဇ်ဆိုမှတော့ ကျွန်မတို့လို အဆင့်နိမ့် ကိုယ်လုပ်တော်တွေရဲ့ ဒုက္ခကို နားလည်မှာ မဟုတ်ဘူးလေ နန်းတော်ထဲမှာ သုံးနှစ်လောက်ကြာပြီးတဲ့နောက် ကျွန်မအတွက် ဟော့ပေါ့ကို တစ်ကြိမ်လေးတောင် တွေ့ရဖို့က အရမ်းကိုခက်ခဲတယ် ဟုတ်ပြီလား!]

ယွီဝိန်းလန် “…..”

ဒါကလည်း ဘာလို့ သူ့အပြစ် ဖြစ်ရပြန်တာလဲ။

ဟော့ပေါ့ စားရတာကလည်း ရှားပါးတဲ့အရာဖြစ်နေပြန်တာလား။

“ကြည့်ရတာ ငါကိုယ်တော် အချိန်ကိုက် ရောက်လာတာပဲ။”

သူက စားပွဲဆီကိုလျှောက်လာလိုက်ပြီး သူမကိုနှုတ်ဆက်ကာ ထိုင်ချလိုက်သည်

“အတူတူစားကြစို့”

ယန်ရှု “…”

ဆိုတော့ ညစာကိုလား။

သူမမှာ ရွေးချယ်စရာမရှိပေ။

ရန်တုန်းက လျင်မြန်စွာပဲ ပန်းကန်လုံးအသစ်တွေနဲ့ တူတွေကို ထပ်ချလိုက်ပြီး ထွက်ခွါတော့မဲ့အချိန်မှာပဲ ဖုဟိုင်က သူမကို ကြည့်လာပြီး မျက်စိမှိတ်ပြလိုက်ကာ စားပွဲပေါ်က ငွေရောင်တူတွေကို ကြည့်ပြလာသည်။

ရန်တုန်းက တုံးအစွာပဲ နားလည်လိုက်သည်။ သူမက သခင်တွေကို အသီးအရွက်တွေနဲ့ ခစားပေးရမှာလို့ ဆိုလိုတာလား။

ဘုရားရေ။

အတိတ်တုန်းက သခင်မလေးက အစားအသောက်စားရာမှာ သူမကို ဘယ်တုန်းက မခစားခိုင်းခဲ့ပေ။ ဒါပေမဲ့ ဒီနေ့မှာတော့ ဧကရာဇ်ကို ခစားခိုင်းစေချင်နေတယ်တဲ့လား။ ဒါက မတော်တဆနဲ့ ဧကရာဇ်ကိုသာ ဆန့်ကျင်လိုက်မိရင် သူမကို ခေါင်းဖြတ် လောက်လား။ ဟမ်…..

ယွီဝိန်းလန်က ဖားအော်နေသလို ခံစားလိုက်ရပြီး လက်မြှောက်လိုက်ကာ ပြောလာသည်

“ငါကိုယ်တော် ကိုယ့်ဘာသာ သုံးဆောင်မယ်”

ရန်တုန်းက အပျော်လွန်သွားပြီး ဘေးဘက်သို့ စိတ်သက်သာရာရစွာ ရွှေ့လိုက်သည်။

သူမရဲ့နှာခေါင်းဝက အနံ့က မွှေးသထက်မွှေးလာပြီး ယန်ရှုကလည်း အကြိမ်ကြိမ် တံထွေး မျိုချနေပေသည်။ ဧကရာဇ်သာ သူမဘေးနားမှာ မရှိဘူးဆိုရင် အစောကြီးကတည်းက စားနေလောက်ပြီ!

ဧကရာဇ်က မွှေးရနံ့ကို မခံရသည့်အလား အိုးထဲကို တူတစ်စုံကို နှစ်ရမည့်အစား သူမကို ဖြည်းညှင်းစွာ မေးလာသည်။

“မင်းရဲ့ဇာတိမှာတုန်းက မင်းက ဘာတွေ စားလေ့ရှိခဲ့တာလဲ”

သူမမှာ ရွေးချယ်စရာမရှိပဲ ဖြေလိုက်ရသည်

“ဒီကိုယ်လုပ်တော်ရဲ့ဇာတိက အန်းသဲ့ကဖြစ်တဲ့အတွက် မြို့တော်လောက် ကြွယ်ဝခြင်း မရှိပါဘူး။ ပုံမှန်ဆိုလူတွေက ခေါက်ဆွဲတွေ ပေါက်စီတွေ ပေါင်းထားတဲ့ ဘန်းမုန့်တွေကိုပဲ အဓိက စားလေ့ရှိပါတယ်။ နာမည်ကြီးတဲ့ သရေစာအများအပြားလည်း ရှိပါသေးတယ်။ ဘန်းမုန့်ကြော်တွေ အရိုးပြုတ်ခေါက်ဆွဲတွေနဲ့ မြည်းသား ကြက်ကင် ဒါမျိုးတွေလဲရှိပါတယ်”

ဖုဟိုင်က ကြားဖြတ်ပြီး ပြောလာသည်။

11 05

“ကွေ့ယိက အတော်လေး ချီးကျူးထိုက်တာပဲ အန်းသဲ့ရဲ့ကြက်ကင်က ကြီးမားပြီး အရသာရှိတဲ့အတွက် နာမည်ကြီးပါတယ်”

ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားပြီး

“မိန်းမစိုးဖုက အတော်လေး သိတာပဲ။ ကျွန်မတို့ရဲ့အန်းသဲ့ကြက်ကင်က နှစ်ရာချီပေါင်းများစွာက နည်းတစ်ခုပါ။ လတ်ဆတ်တဲ့ ကြက်သားကို အပူချိန်မြင့်မြင့်မှာ ပေါင်းလိုက်ပြီး အပူချိန်ခပ်နိမ့်နိမ့်နဲ့ နှပ်ထား လိုက်ရတယ်။ အိုးထဲက ထွက်လာတဲ့အခါမှာတော့ အသားမှာက အနံ့ပြင်းပြင်း ရှိနေတယ်။ အဲတာက အသားထဲက အဆီတွေကို ဖယ်ထုတ် ပစ်လိုက်တယ်လေ အသားက အရသာရှိ သွားရုံတင် မကဘူး ။အရိုးကလည်း ကြွပ်ရွနေပြီး အရမ်းကို အရသာရှိတယ်!”

ဒါကို ပြောရုံနဲ့တင်ကို သူမပိုပြီး ဗိုက်ဆာလာပြီ။

ငယ်ရွယ်သူတွေက အိမ်ကို စွန့်ခွာသွားကြပြီး အသက်ကြီးသူတွေကတော့ ပြန်လာကြတယ်။ နယ်မြေရဲ့လေယူလေသိမ်းဟာလည်း မပြောင်းလဲသေးသလို ဆံပင်ရှည်တို့ဟာလည်း အားပျော့သွားခြင်း မရှိပေ။ နန်းတော်ထဲက အရသာရှိတဲ့အစားအသောက်တွေ ဘယ်လောက် ပဲစားစား သူမအလွမ်းဆုံးကတော့ သူမရဲ့ဇာတိမြို့က အစားအသောက်တွေပင်။

နန်းတော်ရဲ့ဂိတ်တံခါးက သမုဒ္ဒရာလိုနက်ရှိုင်းနေတာက နှမြောစရာပင်။ ဒီဘဝမှာတော့ သူမရဲ့ဇာတိက ကြက်ကင်စစ်စစ်ကို ပြန်ပြီး အရသာခံနိုင်ဦးမလားဆိုတာကိုတော့ သူမလည်း မသိပေ။

သူမရဲ့ဘေးက လူတွေကို မကျေမချမ်း ကြည့်လိုက်ပြီး တစ်နေ့မှာတော့ ဧကရာဇ်က သူမကို သူမမြို့ဆီ ပြန်ခွင့်ပေးနိုင်မလားဟု စဉ်းစားနေမိသည်။

ယွီဝိန်းလန်က စကားလုံးတိုင်းကို တစ်ခွန်းမှမဟပဲ နားထောင်နေရင်း သူ့ရဲ့နှလုံးသားထဲမှာတော့ မျက်ခုံး ပင့်လိုက်မိသည်။

သူမကို ပြန်ခွင့်ပြုရမယ်ပေါ့လေ။ မဖြစ်နိုင်ဘူး

“စားကြစို့”

နောက်ဆုံးတော့ တူကို အိုးထဲသို့ ထည့်လိုက်တော့သည်။

ယန်ရှုဟာ အပျော်လွန်သွားပြီး တစ်ချက်တည်းနဲ့ အမဲသားလုံးကို ကောက်လိုက်ပြီး သူမရဲ့တူတွေကို နှစ်လိုက်တော့သည်။

ခဏ အအေးခံလိုက်ပြီး ပါးစပ်ထဲကို ထည့်လိုက်မယ်ဆိုရင် ချက်ချင်းပဲ ကျေနပ်သွားတယ်လို့ ခံစားရစေလိမ့်မည်။ အသားလုံးတွေက အပြင်ဘက်က ချောမွေ့ပြီး အတွင်းထဲမှာက အရည်ရွှမ်းပေသည်။ ဆီထဲမှာ မနှစ်ရင်တောင်မှပဲ အရသာရှိတယ်။

ထို့နောက် ကြွပ်ရွနေတဲ့အသားတွေ မူလကြွပ်ရွနေတဲ့အရေပြားက စွပ်ပြုတ်ထဲမှာ အနှစ် ခံလိုက်ရတဲ့အတွက် အခြားသောအရသာနှင့် နှိုင်းယှဉ်နိုင်ပေသည်။

ကြွပ်ရွနေတဲ့အသားကို စားပြီးတဲ့နောက်မှာတော့ တို့ဖူးတစ်ပိုင်းကို ကောက်ယူလိုက်သည်။ ဝိုး~ဆီဝနေတဲ့တို့ဖူးတွေက ဟင်းရည်ကို စုပ်ယူလိုက်တော့ နဂိုက ပဲရနံ့အပြင် အရိုးစွပ်ပြုတ်ပူပူလေးရဲ့ အရသာပါ စိမ့်ဝင်သွားပြီး အသားနဲ့ မခြားပေ။

နောက်ထပ်ကြွပ်ရွပြီး နူးညံ့တဲ့ သိုးသွေးတို့ဖူးကိုဇွဲကြီးစွာ ကောက်ယူလိုက်ပြီး အရသာက အလွန်အမင်းနူးညံ့ပြီး အရသာလည်း အပြည့်ပင်။

အံ့ဩစရအကောင်းဆုံးကတော့ သိုးသားပင်။ လတ်ဆတ်ပြီး နူးညံ့တဲ့သိုး ခြေထောက်သားက ပါးလျစွာ ဖြတ်တောက်ထားပြီး စွပ်ပြုတ်ထဲမှာ အကြိမ်အနည်းငယ်ခန့် ချက်ပြုတ်လိုက်ပြီးတဲ့နောက် နှမ်းဆီဆော့စ်နဲ့ ကြက်သွန်မြိတ် ပဲနှစ်ခတ်ထားတဲ့ အနှစ်ထဲကို စိမ်ပြီး စားလိုက်တယ်ဆိုရင်ပဲ အရသာက အလွန်ကိုပင် အရသာရှိပေသည်။ ကုသဆေး မရှိတော့ဘူး။

ယွီဝိန်းလန်က သေချာဂရုတစိုက် နားထောင်လိုက်ပြီးတဲ့နောက် သူမရဲ့နားတွေထဲမှာ အရသာရှိတဲ့ အစားအသောက်တွေနဲ့ ပြည့်နေမယ်လို့ မမျှော်လင့်ထားပေ။

အသားလုံးတွေ တို့ဖူးတွေ ကြွပ်ရွနေတဲ့ အသားတွေနဲ့သိုးသားတွေ သူမ မကြိုက်တာ ဘာမှမရှိပေ။

ပြောမှပဲ သူဟာ ဒီလိုအရသာတွေကို အာရုံစိုက်ခဲသည်ပင်။ သို့သော် ယနေ့ နားထောင်ပြီးနောက်မှာတော့ ထိုအရာတွေက တကယ်ကိုပဲ အရသာရှိတယ်ဆိုတာကို တွေ့လိုက်ရပေသည်။

နူးညံ့ ကြွပ်ရွ အငန်ဓာတ်ကဲ အသားထူ စသဖြင့် ဖော်ပြစရာ စကားလုံးများစွာ ရှိပေသည်။

အထူးသဖြင့် သိုးသားပင် အမွှေးအကြိုင်ပန်းကန်ထဲ နှစ်လိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်တယ်ဆိုရင်ပဲ လတ်ဆတ် ငန်ပြီး မွှေးနေတဲ့ရနံ့က တစ်လွှာပြီးတစ်လွှာ ထွက်လာသည်မှာ တကယ်ကိုပင် ကောင်းမွန်လှသည်။

ယွီဝိန်းလန်က တစ်ဆက်တည်းမှာပဲ တူနဲ့အနည်းငယ်ခန့် စားလိုက်ပြီးတဲ့နောက် ပျော်ရွှင်နေဆဲမှာပဲ သူမစိတ်ထဲက စိန်ရှုပ်ထွေးနေမှုကို ကြားလိုက်ရသည်

[အိုး ဒီလောက် သိုးသားပန်းကန်ကြီးကတောင် မလောက်ငှဘူးပဲ!]

[ဒီလူက သူ့နန်းဆောင်မှာ သူမစားဘဲ သူများတွေဆီကပါ လာပြီး ယူစားနေသေးတယ်]

[နောက်တစ်ခါ လာမယ်ဆိုရင် မပြောဘဲ မလာပါနဲ့လား ဒါမှ စားဖိုးဆောင်ကို ပိုပြီးအရသာရှိတဲ့ အစားအသောက်တွေ ပို့ခိုင်းလို့ရမှာ!]

[မုန်းလိုက်တာနော်!]

ယွီဝိန်းလန် “…”

အတော်လေး ရဲတင်းနေတာပဲ။

စာရေးသူမှာပြောစရာရှိတယ်။

ယန်ရှု : မစားနဲ့ အဲတာကငါ့ဟာ!

မှားယွင်းခံလိုက်ရသော တစ်စုံတစ်ယောက်သော ဧကရာဇ် : တစ်ကိုက်လေးတောင် မရဘူးလား။

ယန်ရှု : မဖြစ်နိုင်ဘူး!

မှားယွင်းခံလိုက်ရသော တစ်စုံတစ်ယောက်သော ဧကရာဇ် : …….

******

12 01

အခန်း ၁၂

ဂုဏ်သိက္ခာရှိလှတဲ့ဧကရာဇ်က ယခုလို စောဒက တက်ခံရတာကို သည်းမခံနိုင်ပေ။

ယွီဝိန်းလန်က ချက်ချင်းပဲ ဖုဟိုင်ကို ပြောလိုက်သည်။

“တစ်ယောက်ယောက်ကို သိုးသားပန်းကန်တွေ ပိုပြီး ပို့ခိုင်းလိုက်”

ပြောပြီးတဲ့နောက်မှာတော့ သူ့ကို တိတ်တိတ်လေး စောဒကတက်နေတဲ့ ထိုမိန်းကလေးကို ကြည့်လိုက်ပြီး မေးလိုက်သည်။

“ဘာထပ်မှာ ချင်သေးလဲ”

ယန်ရှုက တစ်ခဏတာခန့်တွန့်သွားပြီး အစက မှာချင်နေပေမဲ့လည်း အပြုံးလေးနှင့် ပြန်ဖြေလိုက်သည်။

“ဘာကိုမှ ထပ်မမှာချင်တော့ပါဘူး။ အရှင်မင်းကြီးသင့်သလိုသာ စီစဉ်တော်မူပါ”

ဒါပေမဲ့ သူ့နှလုံးသားထဲမှာတော့ အရူးအမူး အော်ဟစ်နေပေသည်။

[မာရူဇီ! အသားလုံးတွေ စားချင်တယ်]

ယွီဝိန်းလန်က ဖုဟိုင်ကိုတစ်ချက်ကြည့်လိုက်ပြီး

“နောက်ထပ် အသားလုံးတစ်ပန်းကန်ပါယူခဲ့”

ယန်ရှု “။။”

ဘယ်လို အခြေအနေကြီးလဲ။ သူကရော အသားလုံး စားချင်နေလို့လား။

ဒါက ဘယ်လိုတောင် တိုက်ဆိုင်တာလဲ။

ဒါပေမဲ့ သူမက လတ်လတ်ဆတ်ဆတ် ကြော်ထားတဲ့ကြွပ်ရွနေတဲ့ အသားကို စားချင်နေတုန်းပင်။ အရမ်းကို ကြွပ်ကြွပ်လေးမှ ကြွပ်ကြွပ်လေး။

ယွီဝိန်းလန်က ပြောလာသည်။

“လတ်လတ်ဆတ်ဆတ် ကြော်ထားတဲ့ နောက်ထပ် အသားကြွပ်ကြွပ်လေး တစ်ပန်းကန်ရောပဲ”

ယန်ရှု “…”

ဒါက နှလုံးသား နှလုံးသားချင်း အလိုလို နားလည်မှုရှိ နေတာလား။

သူမက ငေးကြောင်နေပေမဲ့ သူကတော့ စိန်လက်အေးဆေးစွာ ကြည့်လိုက်ပြီး မေးလာပြန်သည် ။

“ဒီအကြည့်ကရော ဘာလဲ။ မစားချင်ဘူးလား”

“ မဟုတ် မဟုတ်ပါဘူး မဟုတ်ပါဘူး”

ယန်ရှုက သူမရဲ့ခေါင်းကို လျင်မြန်စွာ ယမ်းလိုက်ပြီး

“အရှင်မင်းကြီးက အစားအသောက်ကို ဘယ်လိုမှာရမလဲဆိုတာ သိတာပဲလို့ တွေးနေရုံတင်ပါ။ အကုန်လုံးက အရသာရှိတာတွေပဲလေ”

[နောက်ထပ် လက်လုပ်ခေါက်ဆွဲပါရှိရင် အကောင်းဆုံးပဲ လက်လုပ်ခေါက်ဆွဲနဲ့ သိုးသားစွပ်ပြုတ် တကယ့်ကို ပြီးပြည့်စုံတဲ့အတွဲပဲ]

“လက်လုပ်ခေါက်ဆွဲရောပဲ”

ထို့နောက် သူ ပြောတာကိုနားထောင်ပြီးနောက်

ယန်ရှု “!!!”

ဘာတွေ ဖြစ်နေတာလဲ။

သူမ တွေးနေတာတွေ အကုန်လုံးကို သူက ဘယ်လိုလုပ်ပြီး မှာနေရတာလဲ။

ဖြစ်နိုင်တာက သူ့မှာ စိတ်ကို ဖတ်နိုင်တဲ့စွမ်းရည်များ ရှိနေတာလား။

ယွီဝိန်းလန်က ပြောနေတာကို ရပ်လိုက်ပြီး အိုးထဲက ဂေါ်ဖီတစ်ဖတ်ကို တူနဲ့ညှပ်လိုက်ကာ သူ့ရဲ့ကောင်းမှုနဲ့ကျော်ကြားမှုကို ထိန်းသိမ်းလိုစွာဖြင့် တိတ်ဆိတ်စွာ စားနေတော့သည်။

ကောင်းပြီ။ စိတ်မရှိပါဘူးလေ။ အရိုးရှင်းဆုံးဂေါ်ဖီထုပ်ကတောင် အရမ်းကို အရသာရှိနေတာပဲ

ထို့နောက် ဖုဟိုင်က စားဖိုဆောင်ကို ထိုဟင်းပွဲတွေမှာယူဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်ရင်း မတတ်နိုင်စွာပဲ ပျော်ရွှင်စွာ တွေးနေမိသည်။

သူက မှန်ကန်တဲ့လူကို ရှာတွေ့သွားတာပဲ။ အရှင်မင်းကြီးက အရင်ကထက် စားသောက်တာ ပိုကောင်းလာတယ်။

~~~~~

သိပ်မကြာခင်မှာပဲ ထပ်တိုးဟင်းပွဲတွေက ရောက်ရှိလာတော့သည်။

လတ်ဆတ်စွာ ကြော်ထားတဲ့အသားက ကြွပ်ရွပြီး မွှေးပျံ့နေပေသည်။ လတ်ဆတ်ပြီး နူးညံ့တဲ့သိုးသားကို လက်လုပ်ခေါက်ဆွဲတစ်ပန်းကန်အပြည့်နဲ့တွဲစပ်ပြီး ဟင်းရည်နဲ့စားလိုက်သည်။ အမဲသားလုံးတွေ ထပ်ပြီးထည့်လိုက်တာက ယန်ရှုကို ပျော်ရွှင်စေသည်။

သေချာပေါက်ကိုပဲ! ဧကရာဇ် ဖြစ်ရတာက ကောင်းမွန်လှသည်။ သူမရဲ့ဗိုက်ကို ကျေနပ်စွာ ပွတ်လိုက်ပြီး မတတ်နိုင်စွာပဲ ယှဉ်တွေးနေမိသည်။ အင်အားရှိတာက ကောင်းလိုက်တာ။ ဒါဆို သူမ စားချင်တာမှန်သမျှ စားလို့ရပြီပင်။

စစ်စတန်က ရုတ်တရက် ပြောလာသည်။

[သူ့ရဲ့ပေါင်ကိုသာ မြဲမြဲဖက်ထား။ ကိုယ်လုပ်တော်တစ်ယောက်ဖြစ်နေတာပဲကို မင်း လုပ်နိုင်ပါတယ်]

ယန်ရှု “…..”

ဒါက အမှန်ပဲ။ သူမက ပစ်မှတ်ရဲ့အလယ်မှာ ဖြစ်သွားကတည်းက ပြန်လှည့်စရာ လမ်းမရှိပေ။ ဧကရာဇ်ရဲ့ ရွှေပေါင်လုံးကို ဖက်ပြီး အဆုံးထိ လျှောက်တာက ပိုကောင်းသည်ပင်။

ဧကရာဇ်ရဲ့ထိုဟာက သိပ်မကောင်းဘူးဆိုပေမဲ့လည်း တစ်ခြားအရာတွေကတော့ ကောင်းကောင်းလုပ်နိုင်ဖို့ မျှော်လင့်မိသည်။ ထိုအရာက ဖြစ်နိုင်ချေရှိသေးတာပဲလေ။

ထို့ကြောင့် သူမက စစ်စတန်ကို တိတ်တဆိတ်မေးလိုက်သည်

12 02

[ဧကရာဇ်က ဘာတွေ ကြိုက်တတ်လဲ။]

စစ်စတန် [အလုပ်သရဲ ၊ စက်ပိုင်းဆိုင်ရာဝေဖန်အကဲဖြတ်ခြင်းနဲ့ တိုင်းပြည်ကို အုပ်ချုပ်ရတာတွေကို ကြိုက်တယ်]

ယန်ရှု “…..”

တစ်ခြားဝါသနာတွေရော မရှိတော့ဘူးလား။

စစ်စတန် [စာဖတ်တာ လည်းကြိုက်သလို ဓားရေးကျင့်ရတာလည်း ကြိုက်တယ်။ သိုင်းကျင့်တာ ပိုလိုကစားရတာနဲ့ အိုးကို ထိအောင် ပစ်ရတာမျိုးတွေလည်း ကြိုက်သေးတယ်]

အိုးကို ထိအောင် ပစ်တယ်။

ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားပြီး သူမတစ်ခြားဟာတွေကိုတော့ မလုပ်နိုင်ပေမဲ့ ဒါကိုတော့ လုပ်နိုင်သည်။

ထို့ကြောင့် သူမက ယွီဝိန်းလန်ကို အပြုံးတစ်ပွင့်နဲ့ကြည့်လိုက်ပြီး ပြောလာသည်။

“အချိန်လည်း စောနေသေးတယ်ဆိုတော့ အရှင်မင်းကြီးက ကိုယ်လုပ်တော်တွေနဲ့ အိုးကို ထိအောင် ပစ်ရတာမျိုးကို ဆော့ရတာ စိတ်ဝင်စားမလားလို့ သိပါရစေ။ အဲတာက အစာကို ခြေပေးနိုင်တယ်လေ!”

ယွီဝိန်းလန်က သူ့ရဲ့မျက်ခုံးတွေကို ပင့်လိုက်ပြီး

“မင်းက ကိုယ်တော်နဲ့ အိုးပစ်တမ်း ကစားချင်တာလား”

ယန်ရှုက ခေါင်းညိတ်ပြလာပြီး

“စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီကိုယ်လုပ်တော်အတွက် ဂုဏ်ယူစရာပါပဲ”

ဘယ်လိုလဲ အတော်လေး အံ့ဩသွားရတာပဲ။ ဒါက မင်းစိတ်ထဲက တွေးနေတဲ့ တောင်းဆိုချက်လား။

ယွီဝိန်းလန်က အပြုံးကို မထိန်းလိုက်နိုင်ဘဲ ပြောလာသည်။

“ကောင်းပြီလေ”

ယန်ရှုက တစ်ယောက်ယောက်ကို ပြင်ဆင်ဖို့ အမိန့်ပေးလိုက်သည်။

မပြာခင်မှာပဲ ကြေးနီအိုးနဲ့ ငှက်မွှေးမြှားတံတွေကို ပြင်ဆင်ပြီးသွားပြီပင်။

ယွီဝိန်းလန်က ငှက်မွှေး မြှားတံတစ်ချောင်းကို ကောက်ယူလိုက်ပြီး သူ့ရဲ့လက်ထဲမှာ အလေးချိန်ကို ချိန်ဆကြည့်လိုက်သည်။ ထို့နောက် သူ ပစ်တော့မဲ့အချိန်မှာပဲ ယန်ရှုရဲ့ဟန့်တားခြင်းကို ခံလိုက်ရတော့သည်။

“ခဏနေပါဦး အရှင်မင်းကြီး။ ကျွန်မတို့တွေ အရင်ဆုံး စည်းမျဉ်းတွေ မချသင့်ဘူးလား”

ယွီဝိန်းလန်က သူမကို ကြည့်လိုက်ပြီး

“မင်းက ဘယ်လိုကစားချင်လို့လဲ”

မူလက အိုးထိအောင် ပစ်တမ်းကစားခြင်းဆိုသည်မှာ ညစာစားပွဲတွင် ပျော်ရွှင်စွာ သောက်စားနိုင်စေဖို့ပင်။ဒါပေါ့ ယနေ့ည ထပ်သောက်၍ မရပေ။ ယန်ရှုက သူမမျက်လုံးကို လှိမ့်လိုက်ပြီး ပြောလာသည်။

“ဒီလိုဆိုရင်ရော နိုင်တဲ့သူက တောင်းဆိုချက်တစ်ခု လုပ်နိုင်တယ်။ ရှုံးတဲ့သူကတော့ တစ်ခြားသူ တောင်းဆိုတဲ့အတိုင်း လုပ်ပေးရမယ်”

ဟီးဟီး သူမငယ်စဉ်တုန်းက သူမရဲ့မောင်နဲ့ ငှက်ဖမ်းတိုင်း ဆော့နေကျပင်။ ထို့ကြောင့် သူမက ပစ္စည်းတွေကို တိကျစွာပစ်ရာတွင် တော်သည်။ ထို့အပြင် အိုးတစ်ခုမှာ အဝတစ်ခုနဲ့ နားရွက်နှစ်ဖက်တောင် ပါသေးသည်။ သူမ ဘယ်လိုလုပ် ထိအောင် မပစ်နိုင်ရမှာလဲ။

တိတ်ဆိတ်စွာနားထောင်လိုက်ပြီးတဲ့နောက် ယွီဝိန်းလန်က ခေါင်းညိတ်ကာ ပြောလာသည်။

“ကောင်းပြီလေ”

စကားပြောပြီးတဲ့နောက် သူ့ရဲ့လက်ထဲက ငှက်မွှေးမြှားတံကို သူမဆီ ကမ်းပေးလိုက်ပြီး

“မင်း အရင်ပစ်လိုက်”

ယန်ရှုကယူလိုက်ပြီး အိုးအဝကို ချိန်ပြီးနောက် ပစ်လိုက်သည်။

သူမ လွဲသွားမည်ဆိုတာကို မသိခဲ့ပေ။

သူမ ကြက်သေ သေနေတုန်းမှာပဲ ယွီဝိန်းလန်က နောက်ထပ် ငှက်မွှေးမြှားတံတစ်ချောင်းကို ကောက်ယူလိုက်ပြီး ပေါ့ပါးစွာ ပစ်လိုက်တော့သည်။ ဒါပေမဲ့ ထိုမြှားက အိုးရဲ့အဝကို ထိသွားတော့သည်။

ဖုဟိုင်က ချက်ချင်းပဲ ကြေငြာလိုက်သည်။

“အရှင်မင်းကြီး အနိုင်ရရှိပါတယ်”

ယန်ရှု “……”

ကောင်းပြီလေ။ ဒီည အများကြီး စားလိုက်မိတာက သူမရဲ့စွမ်းဆောင်ရည်ကို ထိခိုက်သွားစေတာပဲ ဖြစ်ရမယ်။

သူမက ယွီဝိန်းလန်ကိုကြည့်လိုက်ပြီး ပြောလိုက်သည်

“အရှင်မင်းကြီးက ဒီကိုယ်လုပ်တော်ကို ဘာလုပ်စေချင်ပါသလဲ”

တစ်ခြားသူက သူမကို အထက်အောက်အစုန်အဆန်ကြည့်လာပြီးနောက် ပြောလာသည်။

“ဒီလိုဆိုရင်ရော ကိုယ်တော်က မေးခွန်းတစ်ခု မေးမယ်။ မင်းက အဲတာကို မှန်မှန်ကန်ကန်ဖြေရမယ်”

ယန်ရှုက တစ်ခဏခန့်စဉ်းစားလိုက်ပြီးနောက် ပြောလာခဲ့သည်

“အရှင်မင်းကြီး ပြောပါ”

သူမရဲ့နောက်ခံနဲ့ပက်သက်ပြီး ဘာပြဿနာမှ မရှိဘူးဆိုမှတော့ ယွီဝိန်းလန် တွေးမိသည်က နန်းတော်ထဲက တစ်ယောက်ယောက်က သူ့ရဲ့လျှို့ဝှက်ချက်ကို သိထားပြီး သူမကို ပြောပြလိုက်တာပင် ဖြစ်ရမယ်ဟု သံသယ ရှိနေပေသည်။

12 03

အဲတာကြောင့် သူက မေးလိုက်သည်

“နန်ူတော်ထဲကို ဝင်ရောက်လာပြီးနောက်ပိုင်း ထူးခြားတဲ့သူတစ်ချို့နဲ့ ဆုံခဲ့သေးလား”

ဒီမေးခွန်းက……အတော်လေးထူး ဆန်းတာပဲ။

ယန်ရှုက ဖြေလာခဲ့သည်။

“ကျွန်တော်မျိုးမ တွေ့ခဲ့ဖူးသမျှထဲ အထူးခြားဆုံးသူကတော့ အရှင်မင်းကြီးပါ”

ယွီဝိန်းလန်က တန့်သွားပြီး သတိဝီရိယရှိစွာ ပြောလိုက်သည်။

“ဘာလို့ ငါကိုယ်တော်က အရမ်းထူးခြားနေရတာလဲ”

ယန်ရှုက ထိုသူကို မျက်နှာချိုသွေးဖို့ အကောင်းဆုံး ကြိုးစားလိုက်ပြီး

“အရှင်မင်းကြီးက ကောင်းကင်ဘုံရဲ့သားတော်ပါ။ အဲတော့ အရှင်မင်းကြီးက သဘာဝကျကျပဲ။ တစ်ခြားသူတွေနဲ့ ကွဲပြားပါတယ် သေချာတာပေါ့ အရှင်မင်းကြီးက အထူးခြားဆုံးပါပဲ”

သူမရဲ့စကားတွေပြီးတဲ့နောက်မှာတော့ ဖုဟိုင်က သူမဘေးကနေ သံယောင်လိုက်ကာ ပြောတော့သည်။

“ကွေ့ယိပြောသွားတာ အလွန်ပင် ကောင်းမွန်ပါတယ်”

မမျှော်လင့်ထားစွာပဲ အေးစက်တဲ့ အကြည့်တစ်ချက်က သူ့ခေါင်းပေါ်ကို ကျရောက်လာခဲ့သည်။

ဖုဟိုင်က တုန်လှုပ်သွားပြီး သူ့ခေါင်းကို လျင်မြန်စွာနှိမ့်လိုက်တော့သည်။ ဖြစ်နိုင်လျှင် သူ့ရဲ့ဒီပါးစပ်ကြီးကိုသာ ရိုက်ချင်မိတော့သည်။

-ဒီလူငယ်စုံတွဲရဲ့ချိုမြိန်တဲ့စကားဝိုင်းထဲ မင်းကဘာသွားလုပ်တာတုန်း။

ယွီဝိန်းလန် “…..”

ဘာကိုချိုမြိန်တဲ့စကားလဲ ယန်ရှုရဲ့အဖြေက သူ သေချာပေါက် ကြားချင်တဲ့ အဖြေမျိုး မဟုတ်ပေ။

ဒါပေမဲ့ ထူးဆန်းစွာပဲ သူမရဲ့နှလုံးသားထဲမှာ ဘာထူးဆန်းသည့်အရာကိုမှ မကြားရပေ။ သူမ ပြောလိုက်တာကို ဂုဏ်ယူနေရုံပင်။

အိုးကိုသာ ဆက်ပစ်နေလိုက်တော့

ဒီတစ်ကြိမ်မှာတော့ ယန်ရှုက အရင်ပစ်လိုက်သည်။

အခုလေးတင်ကြုံတွေ့ခဲ့တဲ့ရှုံးနိမ့်မှုကြောင့် ယန်ရှုက အကြာကြီး တိတ်ဆိတ်စွာ ချိန်ရွယ်နေခဲ့သည်။ ဒီတစ်ကြိမ် ထပ်ခါထပ်ခါ ချိန်ရွယ်ဖို့ အကောင်းဆုံး ကြိုးစားနေပေမဲ့လည်း သူမက အိုးအနားကိုသာ ထိသွားသည်။

သူမ ပျော်မယ်ကြံရုံရှိသေးသည် ယွီဝိန်းလန်က ငှက်မွှေးမြှားတံကို ကောက်လိုက်ပြီး ဖြစ်သည်။

ယန်ရှုက သူမရဲ့နှလုံးသားထဲမှာ တိတ်တဆိတ် ရေရွတ်နေပေသည်။

[မထိပါစေနဲ့ မထိပါစေနဲ့ မထိပါစေနဲ့……]

ယွီဝိန်းလန် “……”

အရှုပ်အထွေးကို ဓားထက်ထက် တစ်ချောင်းနဲ့ ရိုးရှင်းစွာ ဖြတ်လိုက်တော့သည်။ ငှက်မွှေးမြှားတံကို ပေါ့ပါးစွာ ပစ်လိုက်တယ်ဆိုရင်ပဲ အိုးအဝကို ထပ်မံ ထိသွားပြန်တော့သည်။

ထို့နောက် သူဟာ သူမကို ဂုဏ်ယူစွာ ကြည့်လိုက်တော့သည်။

ယန်ရှုရဲ့မျက်လုံးထဲက အလင်းက မျက်စိတစ်မှိတ် အတွင်းမှာပဲ ပျောက်ကွယ်သွား တာကို တွေ့လိုက်ရပေမဲ့ သူမက သူ့ကို ချီးမွမ်းလိုက်ဆဲပင်

“အရှင်မင်းကြီးက အံ့ဩစရာပဲ။ ဒီကိုယ်လုပ်တော်ကတော့ အဝေးကြီးမှာ ကျန်နေခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာရော အရှင်မင်းကြီးက ဒီကိုယ်လုပ်တော်ကို ဘာများ လုပ်စေချင်ပါသလဲ”

“ကိုယ်တော့်ရဲ့မေးခွန်းကိုပဲဖြေ”

ယွီဝိန်းလန်က ခဏရပ်လိုက်ပြီး တစ်လုံးချင်း ပြောလာတော့သည်။

“မင်းမှာ တစ်ခြားသူတွေမသိတဲ့ လျှို့ဝှက်ချက်မျိုးရှိလား”

လျှို့ဝှက်ချက်လား။

ယန်ရှု ရပ်တန့်သွားတော့သည်။

ဒီအရာက….သူမမှာ အတော်လေးကို အများကြီးရှိသည်။

မြို့စားလင်းဝူရဲ့သားက သူ့သား မဟုတ်ဘူး။

သေစမ်း။ ဒီလျှို့ဝှက်ချက်ကို သူမနှလုံးသားထဲမှာ သိမ်းလာသည်မှာ အတော်လေးကို ကြာပြီပင်။ ဒါကို သူမက ဘယ်လိုလုပ် ထုတ်ပြောရဲမှာလဲ!

ယွီဝိန်းလန် “…”

ဘာကြီး။

သူက မြို့စားလင်းဝူအကြောင်းကို သိပြီးသားဆိုပေမဲ့ ဝမ်ဟွားကဲက စာသင်သား ဝေ့ရူကျန်းက တကယ်တော့ မကောင်းတဲ့ ကောင်လေ။ ဒါမှမဟုတ် ပြည့်တန်ဆာလို့ ပြောသင့်လား။

အဲဒီလူအိုကြီးက အဲ့တုန်းက နံပါတ်တစ် စာသင်သားဖြစ်ခဲ့တာလေ။ အရေးအသားမှာဆို အတော်လေး ထူးချွန်ခဲ့တာ။ အခုတော့ သူက ခုနစ်ဆယ် ကျော်သွားပြီဆိုပေမဲ့ ကွန်ဖြူးရှပ်ရဲ့အဆိုအမိန့်တွေကို အခုထိ တစ်နေ့လုံး ပြောနေတုန်းပဲ!

ပြီးတော့ ချိုက်ဝေ့ကျုံး စစ်မက်ရေးရာရုံးတော်ရဲ့ငယ်သားက တကယ်တော့ ဝတ်ရုံလက်ပြတ်တဲ့လား။

သူ့မိသားစုမှာ ကိုယ်လုပ်တော်တွေ အများကြီး ရှိတယ် မဟုတ်ဘူးလား။

ဒါက….. အမှန်လား အမှားလား။

သူမက ဘယ်လိုသိတာလဲ။

သူ့မျက်လုံးထဲက အံ့ဩမှုတွေကို ထိန်းသိမ်းရုံသာ တတ်နိုင်ပေသည်။

12 04

ဒါပေမဲ့ ယန်ရှုက သတိတထားနဲ့ ပြောလာခဲ့သည်။

“ဒီကိုယ်လုပ်တော်မှာ မရှိဘူးလို့ပြောရင် အရှင်မင်းကြီးက အပြစ်ပေးမှာတော့ မဟုတ်ဘူးမလား”

ယွီဝိန်လန်းက နှေးချလိုက်ပြီး ပြောလာသည်။

“အမှန်အတိုင်းပြောပြီး မထိန်ချန်ဘူးဆိုရင် ငါကိုယ်တော် နှုတ်လုံပေးမယ်”

သူမရဲ့လည်ချောင်းကို ရှင်းလိုက်ပြီး

“တကယ်တော့…..မနှစ်ကဆောင်းဦးလယ်ပွဲမှာ ဒီကိုယ်လုပ်တော်က ဖျားချင်ယောင် ဆောင်ပြီး ခွင့်ယူဖို့ လုပ်ခဲ့ပါတယ်။ သေချာတာပေါ့ အဲတာက ဟန်ဆောင်နေခဲ့တာပါ”

“ဘာကြီး” ယွီဝိန်းလန်က မျက်မှောင် ကြုတ်သွားခဲ့သည်။

မနှစ်က ဆောင်းဦးလယ်ပွဲတော် နန်းတော်ညစာစားပွဲ။

သူက ပြန်မှတ်မိဖို့ ကြိုးစားလိုက်ပေမဲ့ ဘာကိုမှ မမှတ်မိပေ။

သူမကို ဘယ်သူက ဒါကို ပြောခိုင်းနေလို့လဲ။

သူက ထပ်ပြောလိုက်သည်။

“ငါကိုယ်တော်သိချင်တာက….”

ဒါပေမဲ့ သူမက ဖြတ်ပြောလိုက်သည်။

“မရဘူး။ တစ်ကြိမ်မှာ မေးခွန်းတစ်ခုပဲ မေးခွင့်ရှိတယ်။ ဒါကစည်းမျဉ်းပဲ”

ယွီဝိန်းလန် “…”

ဘာ။ ဒီကမ္ဘာမှာ သူ့ကိုနှော က်ယှက်ရဲတဲ့သူ ရှိသေးတယ်လား။

ဖုဟိုင်လည်း တစ်ခုခု မှားနေတာကို အာရုံခံလိုက်မိပြီး သူမကို အသိပေးတော့မဲ့အချိန်မှာပဲ ယန်ရှုက ငှက်မွှေးမြှားတံကို ကောက်လိုက်ပြီး ကြေးနီအိုးကို ချိန်ကာ အိုးအဝကို တန်းတန်းမတ်မတ် ပစ်လိုက်တော့သည်။

နောက်မှ လာတဲ့အောင်မြင်မှုက ပိုပြီးတော့တောင် ကျေနပ်ဖွယ်ကောင်းသေးတယ်။ သူမ မနေနိုင်ဘဲ ဂုဏ်ပြုလိုက်မိသည်

“ကျွန်မ နိုင်ပြီ”

ယွီဝိန်းလန် “…..”

သူလည်းပဲ ငှက်မွှေးမြှားတံကို ကောက်လိုက်ပြီး ပစ်လိုက်သည်။ ပြောစရာ မလိုအောင်ပင် အိုးအဝကို တစ်ဖန်ထိသွားတော့သည်။

သူဟာ သူမကိုမျက်ခုံးပင့်လျက်ကြည့်လိုက်ပြီး ပြောလိုက်သည်

“သရေပဲ”

ဘယ်သူ သိမှာလဲ။ သူမ ပြောလာသည်မှာ

“ပထမဆုံး ထိတဲ့သူက နိုင်တယ်”

ယွီဝိန်းလန်က မျက်မှော င်ကြုတ်လိုက်ပြီး

“ဘယ်လိုလုပ် ဒီလိုစည်းမျဉ်းမျိုး ရှိနေရတာလဲ”

ယန်ရှုက ယုံကြည်မှုရှိစွာဖြင့်

“သေချာပေါက် ရှိတာပေါ့။ မဟုတ်ရင် နိုင်တဲ့သူကို ဘယ်လိုလုပ် ခွဲခြားလို့ရမှာလဲ”

ယွီဝိန်းလန်က ပြောလာသည်။

“ဆက်ပြိုင်မယ် တစ်ယောက်စီမှာ ဆယ်ချောင်းစီ ရှိနေတာပဲ။ အများဆုံး ထိနိုင်တဲ့သူက နိုင်တယ်”

ယန်ရှုက သူမမျက်လုံးကို လှိမ့်လိုက်ပြီး

“ဒါပေမဲ့ အရှင်မင်းကြီးပဲ ဒီကိုယ်လုပ်တော်ကို စည်းမျဉ်းတွေ သတ်မှတ်ဆို ဧကရာဇ်က နောက်နေတာတော့ မဟုတ်ဘူးမလား”

ယွီဝိန်းလန် “…..”

သူမရဲ့တူးထားတဲ့ ကျင်းထဲ ကျသွားတာကို သတိမပြုမိဘူးများ ထင်နေတာလား။

သူမနဲ့ဆက်ပြီး ငြင်းခုံနေတာက ဘုရင်တစ်ယောက်ရဲ့ပုံရိပ်ကို ထိခိုက်စေသည်ပင်။

ထို့ကြောင့် သူက ပြောလိုက်သည်။

“ဒါဆိုရင် မင်းက ဘာလိုချင်လို့လဲ”

ယန်ရှုက ခဏစဉ်းစားလိုက်ပြီးနောက် ပြုံးကာ ပြောလာသည်။

“အရှင်မင်းကြီး ဒီကိုယ်လုပ်တော်ကို ရွှေ ငွေ ရတနာတွေ အနည်းငယ် ချီးမြှင့်တော်မူပါ”

[ပိုက်ဆံ လိုချင်တယ်! ! ပိုက်ဆံ ပိုက်ဆံလို့!]

ယွီဝိန်းလန် “မင်းက ပိုက်ဆံများ ပြတ်လပ်နေလို့လား”

ပြတ်လပ်တယ်လား။

ယန်ရှုက အစကတွေးနေသည်မှာ သူမမှာပိုက်ဆံ အများကြီးမရှိသည့်အပြင် ကိုယ်လုပ်တော်ငယ်လေးတစ်ယောက်ရဲ့လစဉ်အသုံးစရိတ်ကလည်း အလွန်တရာမှ နည်းပါးလှသည်။ တစ်ခါတစ်ရံ ရုံနင်နန်းဆောင်က တစ်ယောက်ယောက်သာ ဒုက္ခရောက်နေမယ်ဆိုရင် သူမက ရက်ရောစွာ ကူညီမှာပင်။

သူမက ထိုငွေတုံး အကျိုးအပဲ့တွေကို စုဆောင်းနေသည်မှာ နှစ်ဝက်ခန့်ရှိပြီပင်။

သူမရဲ့နှလုံးသားက သွေးထွက်နေရင်းနဲ့ပဲ သူမက အားတင်းပြုံးကာ ဆင်ခြေပေးရုံသာ တတ်နိုင်သည်။

“ပိုက်ဆံဆိုတာက ဧကရာဇ်ရဲ့အဖျားအနား သာသာပဲလို့ ပြောခဲ့တယ် မဟုတ်ပါလား ဒီကိုယ်လုပ်တော်က တစ်ခြားဘာကိုမှ မတောင်းဆိုရဲပါဘူး”

ယွီဝိန်းလန်က ထိုသွေးချွေးနှင့် ပြည့်နေတဲ့ဆင်းရဲမှုကို ကြားလိုက်ပြီးတဲ့နောက် အနည်းငယ် မခံစားနိုင်ဖြစ်သွားပြီး သူသာ သဘောကျတယ်ဆိုရင် ဆုချီးမြှင့်သင့်တယ်လို့ တွေးလိုက်သည်။ မဟုတ်ရင် သူက ကပ်စေးနည်းသလို ဖြစ်သွားမှာပေါ့။

12 05

သူ့ပါးစပ်ကို မဟနိုင်ခင်မှာပဲ အပြင်ဘက်က သတင်းပို့သံကို ကြားလိုက်ရသည်။

“အရှင်မင်းကြီး ။ဧကရီမယ်တော်ကြီးက ရုတ်တရက် နေလို့မကောင်းဖြစ်နေပြီး တော်ဝင်သမားတော်ကို ချက်ချင်းပဲ အရေးပေါ် ဆင့်ခေါ်လိုက်ရပါတယ်”

ယွီဝိန်းလန်က ရပ်သွားပြီး ပြောလာသည်။

“ကိုယ်တော် တစ်ချက် သွားကြည့်လိုက်မယ်”

ထို့နောက် ထွက်သွားတော့သည်။

ယန်ရှုလည်း အနည်းငယ် တွန့်ဆုတ်သွားပြီး သူမရော သွားသင့်လား။

ထိုအချိန်မှာပဲ ယွီဝိန်းလန်က ပြန်လှည့်လာပြီး သူမကို ကြည့်ကာ

“မင်းလည်း သွားရင် ပိုကောင်းမယ်”

ယန်ရှုလည်း ရွေးချယ်စရာမရှိတော့ပဲ သူ့နောက်ကို လိုက်ကာ ရွှေငွေရတနာတွေကို ငိုယိုရင်း တောင်းဆိုရုံသာ တတ်နိုင်တော့သည်။

နောက်ဆုံးတော့ ဧကရာဇ်ကို တစ်ခါ အနိုင်ယူလိုက်နိုင်ပြီ။ နောက်တစ်ခေါက်က ဘယ်တော့လဲဆိုတာကို ဘယ်သူက သိနိုင်မှာလဲ။

ယွီဝိန်းလန်က သူ့စိတ်ထဲ ကျစ်သပ်လိုက်ပြီး နောက်တစ်ခါကျ သူဒီမိန်းကလေးရဲ့ထောင်ချောက်ထဲ မကျစေရဘူး။

စာရေးသူမှာ ပြောစရာ ရှိတယ်

တစ်စုံတစ်ယောက်သော ဇကရာဇ် : ပိုက်ဆံအကြောင်း ပြောတာက ရိုင်းပျတာပဲ ဒီလိုလုပ် ကိုယ်တော့်ကို မင်းကို ပေးမယ်ဆိုရင်ရော။

ယန်ရှု : …ရှင်ကဘာအသုံးကျလို့လဲ။

တစ်စုံတစ်ယောက်သော ဇကရာဇ်က သွေးအန်နေပေသည်……

******

All Chapters