အခန်း (၁၃-၁၅)
Vol. 1 Ch. 13-15
13 01
အပိုင်း ၁၃
ဧကရာဇ်ရဲ့ကျေးဇူးနဲ့ သူမက တော်ဝင်ရထားလုံးကို စီးခွင့်ရသွားသည်။ ထိုတော်ဝင်ရထားလုံးက ကျယ်ပြန့်ပြီး စီးရတာငြိမ်တဲ့အပြင် အရှိန်ဟာလည်း ပြောစရာမလိုပေ။ လက်ဖက်ရည် တစ်ဝက်စာ သောက်လောက်အချိန်မှာပင် နှစ်ယောက်သားဟာ ချီအန်းနန်းဆောင်ကို ရောက်ရှိသွားကြတော့သည်။
နန်းဆောင်ထဲကို ဝင်ပြီးနောက်မှာတော့ ကိုယ်လုပ်တော်ကျိုးကွေ့ဖေး ၊ ကိုယ်လုပ်နော်နင် ၊ ကိုယ်လုပ်တော်အန်းနဲ့ ကိုယ်လုပ်တော်လီတို့က ရောက်နှင့်နေကြတာကို တွေ့လိုက်ရသည်။
ထိုအချိန်မှာပဲ သူမက ဧကရာဇ်နဲ့အတူ ရောက်လာတာကို တွေ့လိုက်ရတဲ့အချိန်မှာတော့ လူတစ်ချို့ရဲ့မျက်လုံးတွေက မီးထတောက်တော့မလိုပင်။ သို့သော်လည်း သူတို့တွေက ယွီဝိန်းလန်ကို နာခံနဲ့အမူအရာနှင့် အရိုအသေ ပေးလာခဲ့သည်။
“အရှင်မင်းကြီးကို နှုတ်ခွန်းဆက်ပါတယ်”
ယွီဝိန်းလန်က ဘာလောကဝတ်စကားမှ ပြောမနေတော့ပဲ ဧကရီမယ်တော်ကြီးထံသို့သာ ခြေလှမ်းအနည်းငယ်နှင့် လျှောက်သွားလိုက်တော့သည်။
သူ တွေ့လိုက်ရတာကတော့ မယ်တော်ကြီးဟာ သူမရဲ့ဆံပင်ကို ခပ်နိမ့်နိမ့်ထုံးထားပြီး သူမရဲ့နဖူးမှာတော့ နဖူးကပ်ဆေးကို ကပ်ထားသည်။ ထို့အပြင် သူမရဲ့မျက်နှာဟာလည်း ဖျော့တော့နေသေးသည့်အပြင် အပျိုတော်အနည်းငယ်က သူမရဲ့ဘေးမှာဒူးထောက်နေပြီး သူမရဲ့နဖူးကို ပွတ်တိုက်ပေးနေကာ သူမရဲ့ရင်ဘတ်ကို နွေးထွေးစေရန် ပြုလုပ်ပေးနေကြသည်။
ယွီဝိန်းလန်က ပြောလိုက်သည်။
“ဒီသားတော်လာတာ နောက်ကျသွားပါတယ်။ မယ်တော် ဘယ်လိုနေသေးလဲ?”
ခန်းမထဲမှာစောင့်ဆိုင်းနေတဲ့ တော်ဝင်သမားတော်ဌာနရဲ့အကြီးအကဲ ကျန်းရှန်ခန်းက လျင်မြန်စွာပြောလာခဲ့သည်။
“အရှင်မင်းကြီး ယခုတလော ဖြစ်ပေါ်နေတဲ့ အေးမြတဲ့ရာသီဥတုက ဧကရီမယ်တော်ကြီးရဲ့ အရင်ကရောဂါဟောင်းကို ပြန်လည် ဖြစ်ပေါ်စေတာပါ။ မယ်တော်ကြီးက ရက်အနည်းငယ်ခန့် အနားယူရပါမယ်။ ဆေးကို အချိန်မှန်သောက်ပြီး သူမကိုယ်သူမ တစ်ဖြည်းဖြည်းနဲ့ ဂရုစိုက်ပေးပြီး အားမွေးရပါမယ်”
ယွီဝိန်းလန်က ခေါင်းညိတ်ပြကာ ဧကရီမယ်တော်ကြီးကို ပြောလာသည်။
“ဒီရက်ပိုင်းတွေအတောအတွင်း သားတော်က မယ်တော့်ကို လာရောက်နှုတ်ဆက်ဖို့ ပျက်ကွက်မိသွားတဲ့အတွက် မယ်တော့်ကို ခံစားရစေမိပါပြီ”
ဧကရီမယ်တော်ကြီးက သူမရဲ့မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး အားနည်းစွာဖြင့်ပြော လာခဲ့သည်။
“ဘယ်လိုလုပ် အရှင်မင်းကြီးကို အပြစ်တင်လို့ရနိုင်ပါ့မလဲ။ အိုက်ရဲ့မိသားစု ဒီရောဂါကို ခံစားနေရတုန်းက အရှင်မင်းကြီးက မွေးတောင် မွေးမလာသေးပါဘူး”
နန်းတော်ထဲက လူအများစုဟာ ဧကရီမယ်တော်ကြီးရဲ့အတိတ်နဲ့ ပတ်သက်တဲ့ကိစ္စရပ်တစ်ချို့ကို သိရှိကြသည်။
ပြောကြတာကတော့ ဧကရီမယ်တော်ကြီးက ကျော်ကြားတဲ့မိသားစု ကဆင်းသက်လာပြီး ပထမဧကရာဇ်ရဲ့ဇနီးလည်း ဖြစ်သည်။ အရှင်မင်းကြီးရဲ့ အကြီးဆုံးသားတော်ကို မွေးဖွားပေးခဲ့တဲ့ ပထမဆုံးသူလည်း ဖြစ်ပေသည်။ ထို့ကြောင့်အရာရာက ချောမွေ့နေပေသည်။ သို့သော်လည်း ကံကြမ္မာဆိုတာမျိုးက ပြောမရနိုင်ပေ။ ဧကရာဇ်ရဲ့အကြီးဆုံးသားတော်ဟာ မွေးနေ့မတိုင်မီမှာပဲ သေဆုံးသွားခဲ့သည်။
ဧကရီမယ်တော်ကြီးဟာ ပထမဆုံးအကြိမ် မိခင်တစ်ယောက် ဖြစ်ရတာဖြစ်သည့်အတွက် ဒီလိုဖြစ်ရပ်မျိုးကို လက်သင့်မခံနိုင်ပေ။ သူမက နှစ်ဝက်လောက် ဆက်တိုက် ငိုကြွေးနေခဲ့ပြီး ထိုအရာ သူမရဲ့ခေါင်းကိုက်ခြင်းနဲ့ နှလုံးတုန်ခြင်းဆိုတဲ့ ရောဂါတွေရဲ့ အရင်းခံဖြစ်လာခဲ့သည်။
နောက်ပိုင်းတွင်လည်း သူမမှာ ကလေး ရှိမလာနိုင်ပေ။ ယခုဧကရာဇ်ရဲ့မွေးမိခင်ဖြစ်သူ ကိုယ်လုပ်တော်ဟွေ့ကလည်း စောစီးစွာ ကွယ်လွန်သွားခဲ့တဲ့အတွက် သူမက ဧကရာဇ်ကို သူမဆီခေါ် ယူကာ ပျိုးထောင်ပေးခဲ့တော့သည်။
အပြင်လောကကြီးတစ်ခုလုံးက ဒီအမေနှင့်သားမှာ နက်ရှိုင်းတဲ့ဆက်ဆံရေး ရှိကြတယ်ဆိုတာကို သိရှိကြသည်။ နှစ်ပေါင်းများစွာ မြေတောင် မြှောက်ပေးခဲ့ခြင်းက သွေးသားတော်စပ်သူတစ်ချို့ထက်ပင် ပို၍ကောင်းမွန်နေပြီ ဖြစ်သည်။
ထို့ကြောင့် ယွီဝိန်းလန်က သူ့ကိုယ်သူပြန်၍ အပြစ်တင်လိုက်သည်။
“သားတော်သာ မယ်တော့်ကို ပိုပြီးဂရုစိုက်ခဲ့မယ်ဆိုရင် မယ်တော်လည်း ဒီရောဂါဟောင်းကို ခံစားရမှာမဟုတ်ပါဘူး”
ဧကရီမယ်တော်ကြီးက ပြောလာခဲ့သည် ။
“အရှင်မင်းကြီးက တိုင်းပြည်ကိုအုပ်ချုပ်နေရပြီး လူတိုင်းရဲ့ချစ်မြတ်နိုးမှုကိုလည်း ခံနေရတယ်လေ။ အိုက်ရဲ့မိသားစုက အရှင်မင်းကြီးအတွက် အရမ်းကို ဂုဏ်ယူနေပါပြီ။ အိုက်ရဲ့မိသားစုအတွက် အချိန်ဖြုန်းနေစရာမလိုပါဘူး”
ထိုသို့ပြောလိုက်ပြီးနောက် သူမက ရုတ်တရက်မေးလာခဲ့သည်
“အရှင်မင်းကြီးက လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ထိခိုက်သွားသေးတယ်ဆို? အဲ့တာက ပြင်းထန်လား?”
ယွီဝိန်းလန်က တစ်ခဏခန့်ရပ်သွားပြီး တည်ငြိမ်စွာပြန်ဖြေလာခဲ့သည်။
“ဓားရေးကျင့်နေတုန်း နည်းနည်းရှသွားမိတာပါ။ ကိစ္စကြီး မဟုတ်ပါဘူး”
ထိုစကားတွေထွက်လာသည်နှင့် သူ့ဘေးက မိန်းမတွေအားလုံးရဲ့စကားသံတွေက သူ့နားထဲကို လျှံကျလာတော့သည်။
ကိုယ်လုပ်တော်ကျိုးက သူမရဲ့စိတ်မှာ ပြောလာသည်။
[သေချာတယ်။ အဲတာအမှန်ပဲနေမှာ]
ကိုယ်လုပ်တော်နင်နဲ့ ကိုယ်လုပ်တော်လီက အနည်းငယ် အံ့အားသင့်သွားပြီး
[အဲတော့ ဒါကအမှန် ဖြစ်နေတာပဲ?]
အန်းဖင်ကလည်း အနည်းငယ် ဂုဏ်ယူသွားပြီး
[ငါ့သတင်းတွေက မှားနိုင်ပါ့မလား]
13 02
ဆန့်ကျင်ဘက်မှာတော့ ယန်ရှုအတွက် တစ်ခုခုက မှားနေပေသည်။ ဧကရီမယ်တော်ကြီးက ဧကရာဇ်ရဲ့ဒဏ်ရာအကြောင်းကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ။
ယွီဝိန်းလန်က တည်ငြိမ်နေပြီး ဧကရီမယ်တော်ကြီးကို ပြောလာသည်။
“ဒီလိုကိစ္စသေးသေးလေးတောင်မှ မယ်တော့်ဆီကို သတင်း ရောက်သွားတာလား။ သားတော်တော့ ဘယ်သူက စကားတွေ အများကြီးပြောပြီး ကို စိုးရိမ်ရအောင်လုပ်တယ်ဆိုတာကို မသိတော့ပါဘူး”
ဧကရီမယ်တော်ကြီးက ပြောလာသည်။
“အိုက်ရဲ့မိသားစုက ဒီတိုင်း ကြားလာတာပါ။ အရှင်မင်းကြီး အဆင်ပြေနေသရွေ့ အနာဂတ်မှာ ပိုဂရုစိုက်ရင်ပဲ ရပါပြီ”
ယွီဝိန်းလန်က ဧကရီမယ်တော်ကြီးရဲ့စိတ်ထဲက သက်ပြင်းချသံကို ကြားလိုက်ရသည်။
[ဒီတစ်ယောက် နှစ်ယောက်လောက်က ဒီကိုလာပြီး သတင်းပို့ဖို့ ရောက်နေတာ မဟုတ်ဘူးလား?]
ထိုစကားတွေ ပြီးဆုံးသွားတဲ့နောက် အပျိုတစ်ယောက်က လတ်လတ်ဆတ်ဆတ်ပြုတ်ထားတဲ့ စွပ်ပြုတ်ကိုယူဆောင်လာခဲ့သည်။ ဧကရီမယ်တော်ကြီးရဲ့ကိုယ်ပိုင်ကျူးရှုက ယူဖို့လုပ်လိုက်ချိန်မှာပဲ ကျိုးကွေ့ဖေးက ဆွဲယူလိုက်ပြီး ပြောလာခဲ့သည်။
“ဒီကိုယ်လုပ်တော်က ဧကရီမယ်တော်ကြီးကို ဆေးသောက်ဖို့ ကူညီပေးပါရစေ”
ဧကရီမယ်တော်ကြီးလည်း မငြင်းဆန်နိုင်တဲ့အတွက် သူမကို တိုက်ခွင့် ပြုလိုက်တော့သည်။
ဘေးဘက်မှာတော့ ကိုယ်လုပ်တော်နင်က သူမစိတ်ထဲမှာ တွတ်ထိုးနေပေသည်။
[သူများတွေရဲ့စိတ်ထဲမှာ သူတို့နှစ်ယောက်က တူမနဲ့အဒေါ်ဆိုတာကို မတွေးမိမှာ ကျနေတာပဲ။ နင်ကပဲ ယဉ်ကျေးရည်မွန်တဲ့တစ်ယောက်တည်းသော သူပေါ့လေ ဟုတ်လား!]
ကိုယ်လုပ်တော်လီက ရယ်လိုက်ပြီး
[ကိုယ်လုပ်တော်ကျိုးက ဘယ်လို ဆေးတိုက်ရမလဲဆိုတာကိုရော သိလို့လား။ ဧကရီမယ်တော်ကြီးကို အပူမလောင်မိစေနဲ့ဦး!]
အန်းပင်းကလည်း မနာလိုစွာဖြင့်
[ဘယ်အချိန်ကျမှ ငါ့အလှည့်ကို ရောက်နိုင်ပါ့မလဲ?]
ယွီဝိန်းလန်က ဒီလူတွေကို ထပ်ပြီးမအံ့ဩတော့ပေ။ ထို့ကြောင့် သူက ယန်ရှုကို သိချင်စိတ်အပြည့်နဲ့ ကြည့်လိုက်မိသည်။
သူမက နိမ့်ချမှုအပြည့်နဲ့ ခပ်လှမ်းလှမ်းမှာ ရပ်နေသည့်အတွက် သူမစိတ်ထဲမှာ ဘာတွေ ဖြစ်နေသလဲဆိုတာကို သူ မကြားနိုင်ပေ။
သူက တိတ်ဆိတ်စွာနဲ့ အပြင်ဘက်ကို ရွှေ့လိုက်ပြီး နောက်ဆုံးမှာတော့ ရှင်းလင်းစွာ ကြားလိုက်ရသည်။
[ဧကရီမယ်တော်ကြီး ဆေးသောက်ပြီးရင် ထွက်ခွာလို့ရလောက်ပြီလား။ ဧကရာဇ်ကရော ငါနဲ့အတူ ပြန်လိုက်လောက်လား။ ဒီနေ့ည ပိုက်ဆံကိစ္စကို မေးဖို့ အခွင့်အရေးရော ရှိသေးရဲ့လား?]
ယွီဝိန်းလန် “……”
လက်ဖက်ရည် တစ်ခွက်စာခန့်အချိန်မှာပဲ ဧကရီမယ်တော်ကြီးက ဆေးသောက် ပြီးသွားခဲ့သည်။ သို့သော် သူမက နာကျင်စွာဖြင့် မျက်မှော င်ကြုတ်နေဆဲပင်။ ထို့နောက် သူမက တွန့်ဆုတ်စွာနဲ့သူမလက်ကို မြှောက်လိုက်ပြီး ပြောလာသည်။
“မင်းတို့အားလုံးသွားလို့ရပြီ အရှင်မင်းကြီးလည်း သွားပြီး စောစောအနားယူသင့်ပါပြီ”
ကျိုးလုပ်တော်ကျိုးက တစ်ဖန်ထပ်ပြီး ယဉ်ကျေးသမှုနဲ့ပြောလာခဲ့သည်
“ဒီကိုယ်လုပ်တော်က အတူနေပြီး တစ်ညလုံးစောင့်ကြည့်ပေးပါ့မယ်”
ကိုယ်လုပ်တော်နင်ကလည်း လိုက်ပြီးပြောလာခဲ့သည်။
“တော်ဝင်ကိုယ်လုပ်တော်က အခုလေးတင် ဆေးတိုက်ဖို့ ရုန်းကန်နေခဲ့ရတာမလား။ အဲတော့ ဒီကိုယ်လုပ်တော်ကပဲ တာဝန်ယူလိုက်တာ ပိုကောင်းမယ် ထင်ပါတယ်”
ယွီဝိန်းလန်က စိတ်ရှုပ်သလို ကြည့်လိုက်ပြီး ရိုးရိုးရှင်းရှင်းပဲ ပြောလာသည်။
“အကုန်သွားကြတော့။ ငါကိုယ်တော်ပဲ ဒီညဒီမှာနေပြီး မယ်တော့်ကို ပြုစုပေးမယ်”
လူတိုင်းကလည်း ရွေးချယ်စရာမရှိပဲ ထိုအမေနှင့်သားနှစ်ယောက်ကို ဦးညွှတ်လိုက်ကာ တစ်ယောက်ပြီး တစ်ယောက် ခန်းမထဲမှထွက်လာကြရတော့သည်။
ကိုယ်လုပ်တော်ကျိုးက သူမစိတ်ထဲမှာ ထပ်ပြီးကျိန်ဆဲနေပေသည်။
[ကောင်မ နင့်မှာငါ့ကိုဝေဖန်ရဲရအောင် ဘယ်လို အချက်များရှိနေလို့လဲ!]
ကိုယ်လုပ်တော်နင်က နှာမှုတ်လိုက်ပြီး
[နင့်မှာ ယဉ်ကျေးမှုနဲ့မေးဖို့ဘာအခွင့်မရှိဘူး]
ယွီဝိန်းလန်က ယန်ရှုကို ထပ်ကြည့်လိုက်သည်။
သူမက ချစ်စရာကောင်းတဲ့ ယုန်ဖြူလေးတစ်ကောင်နဲ့ တူနေပေမဲ့ သူမရဲ့နှလုံးသားထဲမှာ ပြောနေသည်ကတော့
[သွားပြီပဲ သူသာ ငါနဲ့ပြန်မလိုက်ဘူးဆိုရင် ပိုက်ဆံက ဘာမှမဟုတ်သလို ဖြစ်သွားပြီလေ။ တစ်ခါလောက်အနိုင်ရဖို့က ဒီလောက်ခက်ခဲနေတာကို!]
ယွီဝိန်းလန် “…..”
အရမ်းကို ဇွဲကောင်းတာပဲလား။
ဒါမှမဟုတ် မနက်ဖြန်ကျရင် တစ်ယောက်ယောက်ကို သူမဆီ သွားပို့ခိုင်းလိုက်ရမလား။
~~~~~
တစ်ညတာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဒုတိယနေ့မှာတော့ အသေးစားညီလာခံတစ်ခု ကျင်းပပြီး အရေးကြီးတဲ့ ညီလာခံအရာရှိတွေအားလုံး တက်ရောက်ကြသည်။ ယွီဝိန်းလန်ကလည်း နဂါးကိုးကောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လေးနက်နေပုံရသည်။
အနောက်တောင်ဘက်ကိုအုပ်ချုပ်ရသူက တင်ပြလာခဲ့သည်။
13 03
“အရှင်မင်းကြီး ဘဏ္ဍာတိုက်ထဲက ဘဏ္ဍာတွေနဲ့ရိက္ခာတွေကို ဒီမနက်မှာပဲ အနောက်တောင်ဘက်ကို ပို့လိုက်ပါပြီ။ ပြညနယ်က အရာရှိတွေကလည်း ယူဆောင်ဖို့ လူလွှတ်လိုက်ပြီလို့ဆိုပါတယ်။ ယခုလက်ရှိမှာတော့ ပြည်တွင်းက အေးခဲမိုးတွေက ရပ်တန့်သွားပြီး အခြေအနေကလည်း တိုးတက်လာပါပြီ”
ထိုအရာက သတင်းကောင်းပင်။ ယွီဝိန်းလန်က စစ်မက်ရေးရာဝန်ကြီးကို မေးလိုက်ပြန်သည်။
“အနောက်တောင်ဘက်က တပ်စခန်းအခြေအနေကရော”
စစ်မက်ရေးရာဝန်ကြီးက ပြန်ပြီး ဖြေကြားလာခဲ့သည်။
“တပ်ရင်းက အရာရှိတွေရော တပ်သားတွေရောက အကုန်အသင့်အနေအထား ရှိနေကြပါတယ်။ နှင်းတောင်တွေပေါ်မှာ ရက်ပေါင်းများစွာ ကျနေတဲ့ ပြင်းထန်တဲ့ နှင်းမုန်တိုင်းကြောင့် တုပေါ်နေရာ အများစုက သက်ရောက် ခံလိုက်ရပါတယ်။ ဘာမှတော့ သိပ်ပြီးပြောင်းလဲမှုမရှိပါဘူး အရှင်မင်းကြီး စိတ်ချထားပါ”
ယွီဝိန်းလန်က ခေါင်းညိတ် ပြလာခဲ့သည်။
စစ်မက်ရေးရာဝန်ကြီး ချိုက်ဝေ့ကျုံးက ထွက်လာပြီး ပြောလာသည်။
“အရှင်မင်းကြီး ချီကျိုး ၊ ချန်းဖုန်းတပ်ရင်းနဲ့ မြို့တော်ရဲ့ဆင်ခြေဖုံးက မြို့စောင့်တပ်တို့ လေ့ကျင့်ရေးဆင်းနေတာ တစ်လကျော်ရှိနေပါပြီ။ ကျွန်တော်မျိုး သိချင်တာက ရေခဲပြပွဲကို ခါတိုင်းလိုပဲ မနက်ဖြန်မှာ ကျင်းပမှာပါလား?”
ထိုပြောကြတဲ့ ရေခဲပြပွဲဆိုသည်မှာ ဆောင်းရာသီ၌နန်းတော်ထဲက အရေးကြီးသော လှုပ်ရှားမှုတစ်ခုပင်။
ထိုပွဲကို “ပြပွဲ”ဟုခေါ်ပြီး တကယ်တမ်းတော့ စစ်ရေးပြခြင်းပင်။ ဆောင်းရာသီတိုက်ပွဲရဲ့တပ်ရင်းတွေကို တော်ဝင်စစ်ဆေးခြင်းဖြစ်ပြီး အမျိုးမျိုးသောတိုက်ပွဲနည်းစနစ်တွေကို ပြသခြင်းပင်။ ထိုပွဲကို နှစ်စဉ်နှစ်တိုင်း လပြက္ခဒိန်ရဲ့ဆယ့်နှစ်လပိုင်း ဆယ့်ငါးရက်မြောက်နေ့မှာ ကျင်းပလေ့ရှိသည်။
ဒါပေမဲ့ အနောက်တောင်ဘက်က အေးခဲမိုးနဲ့ မနေ့ည ဧကရီမယ်တော်ကြီးရဲ့ ရုပ်ပိုင်းဆိုင်ရာ မသက်မသာဖြစ်မှုက လူတွေကို အနည်းငယ် မသေချာရေရာ ဖြစ်စေသည်။
ယွီဝိန်းလန်က ပြောလာသည်
“မနေ့ညက ငါကိုယ်တော် ဧကရီမယ်တော်ကြီးနဲ့ ဆွေးနွေးခဲ့တယ် ရေခဲပြပွဲက စီစဉ်ထားတဲ့အတိုင်း မနက်ဖြန်မှာကျင်းပလိမ့်မယ် ဒီနှစ်တော့ ရှီးယွမ်ကို သွားမဲ့အစား ကျင်းပေါ်ယွမ်မှာ လုပ်ကြမယ်”
ပြောပြီးတဲ့နောက် ချိုက်ဝေ့ကျုံးကို ပြန်ဆုတ်ခိုင်းသင့်ပေမဲ့ ယနေ့ညက ယန်ရှုရဲ့စိတ်ထဲက “လျှို့ဝှက်ချက်”ဆိုတာကို ယွီဝိန်းလန်က ရုတ်တရက် ပြန်တွေးမိသွားတော့သည်…..။
ချိုက်ဝေ့ကျုံးက…..ဝတ်ရုံလက်ပြတ်လား?
သေချာတာပေါ့ ချိုက်ဝေ့ကျုံးအပြင် သူ့အရှေ့၌ နောက်တစ်ယောက်ရှိသေးသည်။ ဝမ်ဟွားစံအိမ်ရဲ့စာသင်သား ဝေ့ရူကျန်းပင်။
ထိုသူက ယန်ရှုမနေ့ညကပြောခဲ့တဲ့ “သူငယ်စဉ်တုန်းက ပြည့်တန်ဆာတစ်ယောက်ရဲ့ကောင်ငယ်လေး”ဆိုတာပင်……။
ယွီဝိန်းလန်က သူ့ပါးစပ်ထောင့်စွန်းကို တိတ်တဆိတ် တွန့်လိုက်မိသည်။
အတိတ်တုန်းက အလွန်ရင်းနှီးခဲ့သူတွေက တကယ်တမ်းကျ ဒီနေ့မှာ ပိုပိုပြီး ကသိကအောက် ဖြစ်နေသလိုပဲ။
-မနေ့ညက သူဟာ ချီအန်းနန်းဆောင်မှာ နေခဲ့ပြီး ဧကရီမယ်တော်ကြီး အနားယူတဲ့အချိန်မှာ ခဏအနားယူ အိပ်စက်လိုက်ပြီး မနက်ခင်းမှာ စောစောထကာ မနက်ခင်းညီလာခံကို အပြေးအလွှား သွားရပြန်သည်။ ထိုအကြောင်းကို ယခုထိ မတွေ့နိုင်သေးပေ။
ကသိကအောက်ဖြစ်တယ်လို့ ခံစားနေရတုန်းမှာပဲ လိယန်ရှုနဲ့ပတ်သက်ပြီး မေးခွန်းတွေ ပိုပိုပြီး များလာခဲ့သည်။
သူမက ကိုယ်လုပ်တော်လေးပဲလေ။ အဲတာကို ဘာလို့ဒီလောက်ကိစ္စတွေအများကြီးကို သိနေရတာလဲ။
မဟုတ်မှ……
သူမဘာသာ တွေးနေတာတွေ များလား။
နန်းတော်ထဲမှာ နေရတာ ပျင်းလွန်းလို့ တစ်နေကုန်လျှောက်ပြီး တွေးတောနေတာ များလား
“အရှင်မင်းကြီး”
သူက ဝေ့ရူကျန်းကို အကြိမ်များစွာ ကြည့်နေမိလို့ ဖြစ်နိုင်သည် ဝမ်ဟွားစံအိမ်ရဲ့စာသင်သားဖြစ်သူ ဝမ်ရူကျန်းက ရပ်တန့်ဖို့ လက်ဦးမှုယူကာ ခေါ်လာခဲ့သည်။
“အရှင်မင်းကြီး အခုက ဆယ့်နှစ်လမြောက်လရဲ့တစ်ဝက်ကို ရောက်ရှိလာပါပြီ နွေဦးရာသီရဲ့အစကလည်း ရောက်လာတော့မှာဖြစ်လို့ နောက်နှစ်နွေဦးကိစ္စရပ်တွေနဲ့ တော်ဝင်စာသင်ဆောင်ရဲ့ လက်ခံလွှာတွေကိုလဲ စီစဉ်သင့်နေပါပြီ”
ယွီဝိန်းလန်က သူ့အာရုံပြန်ရလာပြီး ခေါင်းညိတ်ကာ ပြောလာခဲ့သည်
“အမှန်ပဲ မောင်မင်းက အဲ့အကြောင်းကို ဓလေ့ထုံးတမ်းဆိုင်ရာရုံးတော်နဲ့ အရာရှိရုံးတော်နဲ့ ဆွေးနွေးလိုက်ပါ။ ပြီးရင်တော့ တော်ဝင်စာကြည့်ဆောင်ကို သတင်းပို့လိုက်”
ဝေ့ရူကျန်းနဲ့ ရွေးထုတ်လိုက်တဲ့ ဝန်ကြီးဌာနနှစ်ခုက အရာရှိတွေက နာခံလိုက်ကြသည်။
တစ်ခဏခန့်ကြာပြီးနောက်မှာတော့ ညီလာခံပြီးဆုံးသွားပြီး ယွီဝိန်းလန်ကလည်း အိပ်ဆောင်သို့ပြန်ကာ အဝတ်အစားသွားလဲတော့သည်။
ငါ့စိတ်က အခုထိ အဲကိစ္စထဲမှာပဲ။
များပြားတဲ့ ဝေခွဲမရမှုတွေအပြီးမှာတော့ သူဟာ ဆုံးဖြတ်ချက်နှစ်ခုကို လုပ်လိုက်တော့သည်။
ပထမအနေနဲ့ ဝေ့ရူကျန်းရဲ့ဇာတိမြို့နဲ့ ချိုက်ဝေ့ကျုံးရဲ့ကိုယ်ပိုင်စံအိမ်တော်ကို စစ်ဆေးဖို့ လူလွှတ်ရမယ်။
ဒုတိယအနေနဲ့ကတော့ ဖုဟိုင်ကိုစေလွှတ်ပြီး ကန်လုနန်းဆောင်ကို ရတနာတစ်သေတ္တာပို့ရမယ်။
သူက သူမရဲ့နှလုံးသားထဲက ပိုက်ဆံအကြောင်းပြောနေတာကို အကြားချင်တော့ပေ။
13 04
မသိရင် သူကပဲ အကြွေးတင်နေသလိုပဲ။
~~~~~
ယန်ရှုနိုးလာလာချင်းပဲ မနက်ဖြန်မှာ ရေခဲပြပွဲကျင်းပမယ်ဆိုတဲ့သတင်းကို ကြားလိုက်ရသည်။
နန်းတော်မှာက ဆောင်းရာသီဆို ရေခဲပြပွဲကျင်းပပြီး နွေရာသီရောက်ရင်တော့ ရေကစားပွဲက နှစ်စဉ်နှစ်တိုင်း မျှော်လင့်အစောင့်စားရဆုံးပ င်ဖြစ်သည်။ ရေထဲ သို့မဟုတ် ရေခဲပြင်မှာ စစ်သားတွေစစ်ရေးပြတာကို ကြည့်ရှုနိုင်တဲ့အပြင် နန်းတော်အပြင်ကို ထွက်ပြီး လေကောင်းလေသန့်ရှုနိုင်သေးသည်။ ကိုယ်လုပ်တော်တွေကလည်း ထိုအတွက်ကို တမ်းတကြသည်ပင်။
မနှစ်ကတော့ သူမရဲ့အဆင့်အတန်းက မလုံလောက်တဲ့အတွက် သူမရဲ့ကိုယ်ပိုင်နေရာမှာ နေရုံသာတတ်နိုင်သည်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူမက တော်ဝင်အဆင့်ကို တိုးမြှင့်ခံလိုက်ရပြီ ဖြစ်သည့်အတွက် နောက်ဆုံးမှာတော့ သူမရဲ့အမြင်ကိုကျယ်ပြန့်စေနိုင်မဲ့ အခွင့်အရေးရလာခဲ့ပြီဖြစ်သည်။
ဒါကတကယ်ကိုစိတ်လှုပ်ရှားစရာပင်။ သူမအိပ်ရာထဲကနေ ပျော်ရွှင်စွာထွက်လိုက်ပြီး ဆေးကြောဖို့ ပြင်လိုက်သည်။ သူမရဲ့လက်တွေက ဆေးကြောမဲ့စင်ကိုမ ထိလိုက်နိုင်ခင်မှာပဲ စစ်စတန်ဆီကနေ အချက်ပေးသံကို ကြားလိုက်ရသည်။
[ရေက အဆိပ်ခတ်ထားတယ်]
အဆိပ်ခတ်ထားတယ်?
သူမက ကြောက်လန့်တကြားနဲ့ ပြန်ဆုတ်လိုက်ပြီး
[ဘာတွေဖြစ်နေတာလဲ?]
စစ်စတန် [တစ်ယောက်ယောက်က မင်းကို အန္တရာယ်ပေးချင်နေတယ်]
ရန်တုန်းက သူမကြောင့် လန့်သွားပြီး လျင်မြန်စွာပြောလိုက်သည်။
“ဘာဖြစ်လို့လဲ သခင်မလေး”
ယန်ရှုက တစ်ခဏခန့် စဉ်းစားပြီးနောက် ပြောလာခဲ့သည်။
“ဒီရေက ဘယ်က လာတာလဲ?”
ရန်တုန်းက ပြန်ဖြေလာခဲ့သည်။
“လွီယန် ပြင်ဆင်ပေးထားတာပါ။ အဲတာက အရမ်းပူနေလို့လား။ ဒီအစေခံက တစ်ယောက်ယောက်ကို ရေအေး လာထည့်ပေးခိုင်းလိုက်ပါမယ်….”
“မလိုဘူး”
ယန်ရှုကပြောလိုက်သည်
“သူမကို ခေါ်လိုက်”
အပျိုတော်က အနည်းငယ် ရှုပ်ထွေးသွားပေမဲ့လည်း အမိန့်ကို လိုက်နာလိုက်ဆဲပင်။
ခဏကြာပြီးနောက်မှာတော့ လွီယန်လို့ခေါ်တဲ့ အစေခံက နန်းဆောင်ထဲကို ဝင်လာသည်အား တွေ့လိုက်ရသည်။
—အစောပိုင်း သူမရုံနင်နန်းဆောင်မှာ ရှိတုန်းက ယန်ရှုတွင် အပျိုတော်နှစ်ယောက်သာ ရှိပေသည်။ ရန်တုန်းနှင့် လျန်ရှင်းက သူမနှင့်နီးကပ်သူတွေပင်။ သူမကွေ့ယိအဖြစ် တိုးမြှင့် ခံလိုက်ရပြီးနောက်မှာတော့ အတွင်းရေးရုံးတော်က အပျိုတော် လေးယောက်နဲ့ မိန်းမစိုးနှစ်ယောက်ကို ပို့ဆောင်လာခဲ့သည်။ ဒီမိန်းမက ထိုသူတွေထဲက တစ်ယောက်ပင်။
ထိုအချိန်မှာပဲ လွီယန်က သူမရဲ့မျက်ခုံးတွေကို အောက်ချထားပြီး ရိုးသားပုံပေါ်သည်။ ထို့နောက် သူမကမေးလာသည်
“သခင်မလေးမှာ ဘာအမိန့်ပေးစရာတွေရှိလို့လဲ မသိပါဘူး”
ယန်ရှုက သူမနဲ့အဓိပ္ပာယ်မရှိတာတွေ မပြောတော့ပဲ တိုက်ရိုက်ပဲပြောလိုက်သည်။
“ဒီရေနဲ့ နင့်မျက်နှာကို သစ်လိုက်”
တစ်ဖက်သူရဲ့အမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားတာကို ကြည့်လိုက်ပြီး သူမ ရေရွတ်လာသည်ကို ကြားလိုက်သည်။
“ဒါက …. ဒီအစေခံက မျက်နှာသစ်ပြီးပါပြီ”
ယန်ရှုက နောက်ဆုံးမှာနားလည်သွားပြီး သက်ပြင်းချကာ
“ငါ့မှာ နင်နဲ့ဘာနာကျည်းချက်မှလဲမရှိပဲနဲ့ ဘာလို့ သတ်ချင်ရတာလဲ?”
ထိုသူက ဗုန်းခနဲမြည်အောင် ဒူးထောက်လိုက်ပြီး တစ်ပတ်ရိုက်ကာ မရမက တောင်းဆိုနေဆဲပင် ။
“ဒီအစေခံ ဘာမှားသွားလဲဆိုတာကို မသိပါဘူး သခင်မလေးကို ဒေါသထွက်အောင်များ လုပ်မိသေးလား…..”
ယန်ရှုက လက်လျှော့ကာ ရန်တုန်းကို ပြောလိုက်သည်
“သွားပြီး သူမမျက်နှာကို သစ်လိုက် နင့်လက်တွေကို ရေနဲ့ မထိမိအောင်လည်း သတိရဦး”
ထိုမြင်ကွင်းကို မြင်လိုက်ပြီးနောက်မှာတော့ ရန်တုန်းက အကြမ်းဖျင်း သဘောပေါက်သွားပြီး ရှေ့သို့ လှမ်းလိုက်ကာ တစ်ဖက်လူရဲ့မျက်နှာကို ရေထဲကို နှစ်လိုက်တော့သည်။
ထိုတစ်ခဏမှာပဲ လွီယန်ရဲ့ အပ်နဲ့ထိုးခံလိုက်ရသကဲ့သို့ အော်ဟစ်လိုက်သံကို ကြားလိုက်ရပြီး သိပ်မကြာခင်မှာပဲ သူမမျက်နှာမှာ အနီရောင် အဖုအပိန့်တွေ ထွက်ပေါ်လာတော့သည်။ တစ်ချို့ဆိုလျှင် လူတွေကိုတောင် ကြည့်ရှုဖို့ သည်းမခံနိုင် ဖြစ်စေလောက်သည့် အဝါရောင်အရည်တွေပါ တစ်စက်စက် ကျနေသေးသည်။
******
14 01
အပိုင်း ၁၄
ဒီလိုမြင်ကွင်းဟာ ယန်ရှုရဲ့မျက်နှာပေါ်မှာ ဖြစ်တော့မလို့ပင်။
ရန်တုန်းက ဒေါသထွက်စွာနဲ့ပဲ နေရာမှာတင် ဆူပူတော့သည်။
“ဘယ်သူက သခင်မလေးကို ထိခိုက်စေချင်တာလဲ။ မြန်မြန်မပြောသေးဘူးလား”
ဒါပေမဲ့ လွီယန်က ငိုယိုပြီး ယန်ရှုဆီကို ဒူးထောက်လာကာ
“ကွေ့ယိကို သနားညှာပေးဖို့တောင်းဆိုပါတယ်။ ဒီအစေခံက ရေထဲမှာ ကော့စတစ်ဆိုဒါကို မတော်တဆ ထည့်လိုက်မိတာပါ…..”
ရန်တုန်းက မထိန်းနိုင်ပဲ သူမကို ကန်ဖို့ ရှေ့ကို တိုးလာသည်
“လူက သေတော့မှာကို ခေါင်းကမာနေတုန်းပေါ့လေ”
ယန်ရှုလည်း ထိုသို့သာ တွေးလိုက်မိသည်။
သူမကို သွားထဲကပင် နာကျင်နေအောင် မုန်းနေလောက်သည်ဆိုသည့်အချက်ကို သူမသတိပြုမိတာ ကြာပြီပင်။ သို့သော် ဒီနန်းတော်မှာက အုပ်စုနှစ်ခု ရှိနေပေသည်။
ကိုယ်လုပ်တော်ကျိုးကွေ့ဖေးနှင့် ကိုယ်လုပ်တော်နင်တို့ပင်။ အဲ့တော့ ဒီတစ်ခေါက်မှာ သူမအပေါ် လှုပ်ရှားလိုက်တာက ဘယ်သူလဲ။
သူမတွေးနေစဉ်မှာပဲ ဖုဟိုင်က သူ့လက်ထဲမှာ သေတ္တာတစ်လုံးကို ကိုင်ထားပြီး လျှောက်လာနေတာအား တွေ့လိုက်ရတော့သည်။
ယန်ရှုရဲ့မျက်ဝန်းတွေကလက်သွားပြီး ချက်ချင်းပဲ မေးလိုက်တော့သည်။
“မိန်းမစိုးချုပ်ဖုက အချိန်ကိုက်ရောက်လာတာပဲ”
ဖုဟိုင်ဟာလည်း နန်းဆောင်ထဲက ထိုမြင်ကွင်းကို တွေ့သည့်အတွက် လျင်မြန်စွာပဲမေး လာခဲ့သည်။
“ကွေ့ယိဘာဖြစ်လို့ပါလဲ”
ယန်ရှုက ရန်တုန်းကို ဇာတ်လမ်းတစ်ခုလုံးအား ပြောပြခိုင်းလိုက်သည်။
ထိုသည်ကိုကြားပြီးနောက် ဖုဟိုင်က သူ့နှလုံးသားထဲမှာ တိတ်တဆိတ်တွေးဆနေမိသည်။
ကိစ္စက ကိုင်တွယ်ဖို့ မလွယ်ဘူးပဲ—
လှုပ်ရှားလိုက်တဲ့သူကို ရှာတွေ့ရင်တောင်မှ လိကွေ့ယိအတွက် ကိုင်တွယ်ဖို့ မလွယ်ကူလောက်ပေ။
သိကြတဲ့အတိုင်း ကိုယ်လုပ်တော်ကျိုးကို ဧကရီမယ်တော်ကြီးက နောက်ခံပြုပေးထားပြီး ကိုယ်လုပ်တော်နင်ကတော့ အကြီးဆုံးမင်းသမီးကြီးက နောက်ခံပြုထားသည်ပင်။ နှစ်ယောက်ထဲက ဘယ်သူကမှ သွားရှုပ်ဖို့ မလွယ်ကူပေ…..။
ထိုအချိန်မှာပဲ ယန်ရှုပြောလာသည်အား ကြားလိုက်ရသည်။
“ဒီမိန်းကလေးကို မနေ့တစ်နေ့ကပဲ အတွင်းရေးရုံးတော်ကနေ ခေါ်ဆောင်လာတာလေ။ ဒီလိုလူမျိုးကို စိတ်လက်အေးအေးနဲ့ ခစားခိုင်းမိတဲ့ ကျွန်မရဲ့အမှားပါ။ တစ်နေ့နေ့ အရှင်မင်းကြီးကြွ လာတဲ့အချိန်မှာသာ သူမကိုဖမ်းမိလိုက်ပါ့လား ဘယ်လောက်တောင်ကောင်းလိုက်မလဲ။ အခုကြားတာတော့ အတွင်းရေးရုံးတော်ရဲ့ အကြီးအကဲချုပ်အသစ်က ရုံးမထိုင်ရသေးဘူးလို့ကြားတယ် အဲ့တော့ ဘယ်သူ့ကိုပြောရမလဲဆိုတာလဲ ကျွန်မလည်း မသိဘူးဖြစ်နေတာ”
ဖုဟိုင်က ထိုစကားကြောင့် အနည်းငယ်တွန့်ဆုတ်သွားသည်။
—အမှန်ပဲ လိမိန်ရန်က ဒီနှစ်ယောက်ကို မကိုင်တွယ်နိုင်ပေမဲ့ သူမမှာ ဧကရာဇ်တစ်ယောက်လုံး ရှိတယ်လေ။ ဒီရက်ပိုင်းအတွင်း ဧကရာဇ်ကို ဘယ်လိုတောင် ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင် ချော့ထားလဲဆိုတာကို ကြည့်ပါလား။
ဖန်းလုဟိုင်က အဲ့ဒီညတုန်းက သူ့နေရာကနေ ပြုတ်ကျသွားပြီး အတွင်းရေးရုံးတော်ကလည်း အကြီးအကဲအသစ် မရှာရသေးပေ။ အဲတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်မှာ သူကထိုနေရာအတွက် တာဝန်ယူနေခဲ့ရတာပင်။ ဒီလိုသာဆို ဒီကိစ္စက သူလုပ်သလိုဖြစ်သွားမှာ မဟုတ်လား။
ထို့ကြောင့် သူက လျင်မြန်စွာနဲ့ပြောလိုက်သည်။
“ကွေ့ယိသာယုံကြည်နိုင်မယ်ဆို ဒီအစေခံကို ဒီကိစ္စအတွက် ကိုင်တွယ်ခွင့်ပြုပါ”
ယန်ရှုက ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး
“ပင်ပန်းသွားရပြီ”
ထို့နောက် သူမကမေးလိုက်သည်
“ဖုကုန်းကုန်းက ဒီကို ဘာကိစ္စအတွက်ရောက်လာသလဲဆိုတာ မသိရသေးဘူး”
ထိုအချိန််မှသာ ဖုဟိုင်က ဘာဖြစ်နေသလဲဆိုတာကို အမှတ်ရသွားပြီး သူ့လက်ထဲက သေတ္တာကို လျင်မြန်စွာပဲ ကမ်းပေးလိုက်သည်။
“အရှင်မင်းကြီးက ဒီအစေခံကို ကွေ့ယိဆီ ရတနာတွေ ယူသွားခိုင်းလိုက်လို့ပါ”
ယန်ရှုက တစ်ခဏခန့် တွန့်ဆုတ်သွားပြီး
“ရတနာတွေလား”
ဖုဟိုင်က စိတ်အားထက်သန်စွာနဲ့ ခေါင်းညိတ်ပြလာပြီး
“မနေ့ညက အရှင်မင်းကြီးက ကွေ့ယိနဲ့အိုးပစ်တမ်းကစားခဲ့ကြတယ်မလား။ အရှင်မင်းကြီးက ဧကရီမယ်တော်ကြီးကို စောင့်ရှောက်နေရတဲ့အတွက် ဒီမနက်မှ အားလပ်သွားတာဖြစ်လို့ မနက်ခင်းညီလခံာပြီးပြီးချင်းမှာပဲ ဒီအစေခံကို ယူသွားပေးဖို့ ညွှန်ကြားလိုက်တာပါ”
မနေ့ညက နောင်တတွေနဲ့ မပျော်ရွှင်မှုတွေအားလုံးက တစ်ခဏအတွင်းမှာပဲ ပျောက်ကွယ်သွားပြီး ယန်ရှုက အလျင်အမြန်ပြောလိုက်သည်
“အရှင်မင်းကြီးကို ဆုချီးမြှင့်တဲ့အတွက် ကျေးဇူးတင်ပါတယ်”
14 02
ဟေး ပျံသန်းသွားတဲ့ရတနာတွေက ပြန်ရောက်လာမယ်လို့ မမျှော်လင့်ထားဘူး။ ကြည့်ရတာ အရှင်မင်းကြီးရဲ့မှတ်ဥာဏ်က အတော်လေးကောင်းတဲ့ပုံပဲ!
သူမက ရန်တုန်းကို ယူဆောင်ဖို့ လျင်မြန်စွာအမိန့်ပေးလိုက်ပြီး ဖုဟိုင်ကို ဆုချလိုက်သည်။ ဟေး ရတနာတွေနဲ့ပြည့်နေတဲ့ သေတ္တာအလေးကြီးနဲ့သာဆို ငွေတုံးလေးနည်းနည်းက ဘာမှမဟုတ်ဘူးလေ။
“ဆုချီးမြှင့်တဲ့အတွက် ကျေးဇူးတင်ပါတယ်”
ဖုဟိုင်က ဆုကို လက်ခံလိုက်ပေမဲ့ လွီယန်အကြောင်းကို တွေးတောနေဆဲပင်။
မမျှော်လင့်ထားစွာပဲ ယန်ရှုကထပ်ပြောလာခဲ့သည်
“နောက်တစ်ခုရှိသေးတယ် ဒီအကြောင်းကို ပြောသင့်လားဆိုတာတော့ ကျွန်မလည်း မသိတော့ပါဘူး”
ဖုဟိုင်က လျင်မြန်စွာပြောလိုက်သည်
“ဒါပေမဲ့ ကွေ့ယိ ဒီငယ်သားကို ညွှန်ကြားချက်သာ ပေးလိုက်ပါ”
ယန်ရှုက လျှို့ဝှက်ဟန်ပြုမူလိုက်ပြီး သူမအနားကလူတွေကိုပါ တမင်သက်သက်ထွက်သွားခိုင်းလိုက်ကာ ပြောလိုက်သည်
“မနေ့ည ချီအန်းနန်းဆောင်မှာတုန်းက အရှင်မင်းကြီးရဲ့ဒဏ်ရာအကြောင်းကို ဧကရီမယ်တော်ကြီးက မေးမြန်းလာတယ်လေ…. ဘယ်သူက သတင်းတွေ ဖြန့်လိုက်တယ်ဆိုတာကို ကျွန်မ မသိပေမဲ့လည်း အရှင်မင်းကြီးက တစ်ခြားသူတွေကို မသိစေချင်ဘူးဆိုတာကိုတော့ မှတ်မိလိုက်သလိုပဲ ရှင်က ချန်းမင်နန်းဆောင်ရဲ့တာဝန်ရှိသူဆိုတော့ တစ်ခုခုများ သိနေသေးလား”
ဖုဟိုင်က ခဏလောက်တွန့်သွားသည်။
မနေ့ညက ချီအန်းနန်းဆောင်ရဲ့အိပ်ဆောင်ထဲကို ဝင်ရောက်ဖို့ ကျရှုံးခဲ့တဲ့အတွက် အထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာကို မသိခဲ့ပေ။ အခုမှသာ ဧကရီမယ်တော်ကြီးက အရှင်မင်းကြီးထိခိုက်ထားကြောင်းကို သိနေတယ်ဆိုသည်အား သိရတာပင်။
ကျစ် အရှင်မင်းကြီးက သူ့ကိုပဲ ကျင်းချွမ်းဆေးကို ယူဆောင်လာဖို့ပြောတာလေ။ သူ့ကိုတောင် ဘာကြေငြာချက်မှ မလုပ်နဲ့လို့တောင် မှာထားသေးတာကို..….
ဒီကိစ္စက ပိုလို့တောင် ကြီးသေးတယ်!
ဖုဟိုင်က တဖိမ့်ဖိမ့်တုန်သွားပြီး လျင်မြန်စွာပြောလိုက်သည်။
“ဒီအစေခံက အရေးကြီးတဲ့ကိစ္စတွေကို ဘယ်လိုလုပ်ပြီး အဓိပ္ပာယ်မရှိ လျှောက်ပြောရဲပါ့မလဲ”
ယန်ရှုကပြုံးကာ ပြောလိုက်သည်
“ ရှင်ကတော့ အလေးအနက်ထားလွန်းနေပါပြီ။ ရှင်က အရှင်မင်းကြီး အယုံကြည်ဆုံးသူလေ ရှင့်ဘက်ကမှန်တာပဲဖြစ်ရမယ် ကျွန်မခန့်မှန်းမိတာက ဘာပဲဖြစ်ဖြစ် ချန်းမင်းနန်းဆောင်မှာက လူအများကြီးရှိတော့ စကားပြောရတာကြိုက်တဲ့ လူတစ်ယောက်နှစ်ယောက်လောက်များ ရှိနေတာလားလို့ပါ”
ဖုဟိုင်လည်း ချက်ချင်းပဲနားလည်သွားပြီး ပြန်ဖြေလာသည်။
“ကွေ့ယိရဲ့သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီငယ်သား သွားပြီး စစ်ဆေးကြည့်လိုက်ပါ့မယ်”
ယန်ရှုက ခေါင်းညိတ်ကာ ကြင်နာစွာပြုံးပြလိုက်ပြီး
“မြန်မြန်လေးလုပ်နော်”
ဖုဟိုင် လုပ်သင့်တာပင်။ သူ့ရဲ့နဖူးက ချွေးတွေကို သုတ်လိုက်ပြီး ချန်းမင်နန်းဆောင်ကို အမြန်ပြန်သွားတော့သည်။
~~~~~
ဖုဟိုင်ပြန်သွားပြီးနောက် ယန်ရှုဟာလည်း အသစ်ဝင်လာသူတွေကို ထပ်မသုံးရဲတော့ပေ။ ထို့ကြောင့် အနီးကပ်ခစားရမဲ့ကိစ္စတွေကို ရန်တုန်းနဲ့လျန်ရှင်းကိုသာ လုပ်ခိုင်းတော့သည်။
ကံကောင်းစွာနဲ့ပဲ ဖုဟိုင်မှာက နူးညံ့တဲ့စိတ်ထားရှိတဲ့အတွက် သူမကိုခစားဖို့အတွက် ယုံကြည်ရတဲ့အစေခံတွေကို လွှတ်ပေးလာခဲ့သည်။
စစ်စတန်ဟာလည်း ထပ်ပြီးခေါ်မလာခဲ့ပေ။ ယန်ရှုကလည်း ခဏလောက် စိတ်သက်သာရာရသွားပြီး ဆေးကြောပြီးနောက် မနက်စာစားလိုက်သည်။ ထို့နောက် သူမက ရတနာသေတ္တာကို ဖွင့်လိုက်ပြီး သူမရဲ့ပိုင်ဆိုင်မှုတွေကို ပျော်ရွှင်စွာ ရေတွက်တော့သည်။
14 03
ဟေး သေတ္တာရဲ့အရွယ်အစားကသေးပေမဲ့ အတော်လေးတော့ ဆံ့သားပဲ။ အရွယ်အစားမျိုးစုံပုလဲလုံးတွေ ၊ ရောင်စုံကျောက်တွေ ၊ အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းဖြူတွေအပြင် ကျောက်စိမ်းတွေနဲ့ မဟူရာကျောက်တွေကလည်း စူးရှတောက်ပနေပေသည်။
ကျေနပ်စွာနဲ့ ရတနာတွေကို အဝေးမှာထားလိုက်ပြီး စုတ်တံနဲ့စာရွက်ကိုယူကာ ပုံပြင်စာအုပ်ကို ဆက်ရေးတော့သည်။
သူမက အစားအသောက်နဲ့ ပိုက်ဆံကိုလည်း ပူစရာမလိုတော့ဘူးဆိုမှတော့ သူမရဲ့အသက်ကိုထိန်းသိမ်းပြီး သူမရဲ့စံနှုန်းတွေကို တိုးတက်အောင်လုပ်သင့်ပေသည်။ သို့မှသာ တစ်နေ့သူမအခြေကျပေလိမ့်မည်။
ယှဉ်ကြည့်လိုက်လျှင် ယွီဝိန်းလန်ကတော့ ပိုပြီးအလုပ်ရှုပ်နေပေသည်။
နှစ်ကုန်နားနီးလာတဲ့အခါမှာတော့ နောက်ထပ်ဘေးတစ်ခုဖြစ်ပွါးလာပြန်သည်။ မနက်မှာတော့ မြို့တော်ကိုသတင်းပို့လာတဲ့ တိုင်းပြည်တစ်ဝှမ်းက အရာရှိတွေရဲ့သတင်းတွေကို လက်ခံရရှိသည်။ နေ့လည်ခင်းမှာတော့ သဘာဝဘေးကို လျော့ကျစေဖို့ စီစဉ်ရပြီး စီချွမ်းနဲ့ကွေ့ကျိုးဘက်က စစ်ရေးတိုးတက်မှုကိုလည်း စီစဉ်ရပြန်သည်။ တစ်နေ့စာသုံးနပ်ကိုတောင် အလျင်အမြန်စားနေရပေသည်။
ညဘက်မှာတော့ အားလပ်ချိန်အနည်းငယ် ရှိလာပြီပင်။
သူက ပထမဆုံးအနေနဲ့ ချီအန်းနန်းဆောင်ရဲ့အခြေအနေကို မေးမြန်းလိုက်ပြီး ဖုဟိုင်သောက်တင်ပြလာသည်ကိုသာနားထောင်လိုက်သည်။
“ဒီနေ့ တော်ဝင်သမားတော်ဌာနရဲ့အကြီးအကဲကျန်းက ချီအန်းနန်းဆောင်မှာ ကိုယ်တိုင်ကိုယ်ကျ စောင့်ရှောက်နေပါတယ်။ ကြားတာကတော့ ဧကရီမယ်တော်ကြီးက တိုးတက်လာပေမဲ့ အိပ်ရာထဲမှာပဲ လဲနေရတုန်းပါပဲတဲ့”
ယွီဝိန်းလန်လည်း ခေါင်းညိတ်ပြကာ
“ဒီနေ့ည ငါကိုယ်တော်သွားပြီး မယ်တော့်ကိုစောင့်ရှောက်မယ်”
ပြောပြီးတဲ့နောက် သူဟာ နောက်ထပ်မိန်းမစိုးတစ်ယောက်ဖြစ်သူ ဖုပေါ်ကိုခေါ်လိုက်ကာ
“ဒီနေ့ လိကွေ့ယိဘာလုပ်လဲ”
ဖုပေါ်က ပြောလာသည် ။
“အရှင်မင်းကြီး လိကွေ့ယိက မနက်စောစောမှာ ဧကရီမယ်တော်ကြီးဆီ သွားရောက်လည်ပတ်ပြီး ကန်လုနန်းဆောင်မှာပဲ နေနေပါတယ်။ ပြီးတော့ထွက်မလာတော့ပါဘူး ဒီအတောအတွင်း လာရောက်လည်ပတ်တဲ့ ဘယ်ကိုယ်လုပ်တော်မှလဲ မရှိပါဘူး”
ယွီဝိန်းလန်က မျက်မှောင် ကြုတ်သွားရပြန်သည်။
သူတကယ်ကို နားမလည်နိုင်ပေ။ တစ်နေ့လုံးနန်းဆောင်ထဲမှာ အသိုက်ဖွဲ့နေပြီး တစ်ခြားသူတွေနဲ့ အဆက်အသွယ်ပြုခဲ့တာတောင် အဲ့ဒီရှုပ်ထွေးတဲ့ကိစ္စတွေအားလုံးကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ။
တစ်နေ့တာလုံး သူ့စိတ်ဟာ တိုင်းပြည်ရဲ့အရေးကြီးကိစ္စတွေနှင့် ပြည့်နှက်နေပေသည်။ ထိုအချိန် သူအားလပ်သွားတဲ့အခါမှာတော့ သူ့စိတ်ထဲက သံသယတွေအားလုံးက ပိုပိုပြီး လျှံထွက်လာပြီး လူတွေကို အနားမရအောင် လက်သည်းလေးနဲ့သူ့နှလုံးသားကို ကုတ်ခြစ်နေသလိုပင်။
သူ တစ်ခဏခန့်စဉ်းစားလိုက်ပြီးနောက် တံခါးအပြင်ဘက်ကို လျှောက်ထွက်သွားတော့သည်။
ဖုဟိုင်လည်း အရှင်မင်းကြီးက ချီအန်းနန်းဆောင်ကို သွားရောက်နေသည်ဟု တွေးလိုက်မိပြီး လျင်မြန်စွာပဲ လိုက်ပါသွားလိုက်သည်။ သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးချိန်မှာတော့ သူဟာ ကန်လုနန်းဆောင်ကို သွားနေတာဖြစ်ကြောင်း သိလိုက်ရပေသည်။
အမှန်ပဲ ယွီဝိန်းလန်က ထိုမိန်းကလေးရဲ့ဆန်းကြယ်မှုက ဘာဆိုတာအား ထပ်မံရှာဖွေချင်မိသွားပြန်သည်။
ကန်လုနန်းဆောင်ဟာ ချန်းမင်နန်းဆောင်နဲ့သိပ်မဝေးတဲ့အတွက် ရထားလုံးမလိုအပ်ပေ။ ခြေလှမ်းအနည်းငယ်လှမ်းရုံနှင့် ရောက်နိုင်ပေသည်။
သူက ရည်ရွယ်ချက်ရှိရှိနဲ့ တံခါးစောင့်ကို တိတ်တိတ်နေဖို့ အမိန့်ပေးလိုက်ပြီး နန်းဆောင်ထဲကို တစ်ယောက်ထဲဝင်သွားတော့သည်။ ရုတ်တရက် သူဟာ အနောက်ဘက်ပြတင်းပေါက်အောက်က စားပွဲလေးပေါ်မှာ စာရွက်အထပ်လိုက်ရှိနေတာကို တွေ့လိုက်ရသည်။ ဘေးဘက်မှာ စုတ်တံနဲ့မင် အနည်းငယ်လည်း ရှိနေသေးသည်။
အမ် ဒါကဘာတွေလဲ။
14 04
သူရှေ့ကိုလှမ်းလိုက်ပြီး သူ့လက်ထဲတွင် စာရွက်တွေကို ကောက်ယူလိုက်ချိန်မှာတော့ ထိုစာရွက်တွေအပေါ်၌ စာကြောင်းတွေအတန်းလိုက်ရှိနေတာကို တွေ့လိုက်ရသည်။
ဒါပေမဲ့…..စကားလုံးတွေစီထားသည်က သိပ်မကောင်းပေ။ အတော်လေးလေးတော့ ခွန်အားစိုက်ထုတ်ထားပုံရသည်။
ဖတ်ကြည့်လိူက်ပြီးနောက်မှာတော့ ယွီဝိန်းလန်သိလိုက်ရသည်က ထိုအရာဟာ ပုံမှန်စာကြောင်းမဟုတ်ပေ။ ဇာတ်ကောင်တွေ စကားပြောခန်းတွေနဲ့ အဖြစ်အပျက်တွေပါဝင်တဲ့ ပုံပြင်တစ်ပုဒ်ဖြစ်နေတာပင်။
သူစာရွက်တွေကို ထပ်လှန်ဖို့ကြိုးစားလိုက်ပြီး ပုံပြင်ရဲ့ပထမစာရွက်ကို တွေ့လိုက်ရတော့သည်။
နာမည်က “ပျော်တတ်သောယောက်ျားနှင့် လှပသောမိန်းကလေး”ပင် ဖြစ်သည်။
ယွီဝိန်းလန် “……”
ဘေးဘက်ကိုကြည်ြလိုက်ချိန်မှာတော့ ရေးထားပြီးသား တစ်ထပ်ရှိနေသေးသည်။
“သွေးဆူလွယ်တဲ့စစ်သူကြီးရဲ့ မုဆိုးမလေး”
ယွီဝိန်းလန် “…..”
သူတို့အားလုံးက ဘာလို့ ဒီလိုစတိုင်တွေလဲ။
သူ့လက်ထဲက “ပျော်တတ်တဲ့အရည်အချင်းရှိစာသင်သားနဲ့ လှပသောမိန်းကလေးများ” ကိုဖတ်ကြည့်လိုက်သည်။ ထိုအကြောင်းက ဆင်းရဲတဲ့မိသားစုက စာသင်သားတစ်ယောက်အကြောင်းပင်။ သူ့ရဲ့အနာဂတ်အတွက် သူဟာ မြို့တော်က ရာထူးမြင့်တဲ့အရာရှိတစ်ယောက်ရဲ့သမီးနဲ့လက်ထပ်လိုက်ရကာ သူ့ရဲ့မူလချစ်သူကို ခွဲခွါလိုက်ရသည်….
ယွီဝိန်းလန် “…..”
စာသင်သား အရှေ့တိုင်းသား။
မနေ့ညနဲ့ဆက်စပ်လိုက်တဲ့အခါမှာတော့ ဒီစာသင်သားရဲ့ပုံစံက ဝမ်ဟွားစံအိမ်ရဲ့ဆုရပညာရှင်ဝေ့ရူကျန်းနဲ့ ခပ်ရေးရေးတူနေတယ်လို့ ဝိုးတဝါးခံစားလိုက်ရသည်။
ထိုအချိန်မှာပဲ အခန်းထဲက ရေကျသံကရပ်သွားပြီး သူမလည်းရေထဲကချက်ချင်းထွက်လိုက်ကာ သူမရဲ့ညအိပ်ဝတ်စုံကို ဝတ်လိုက်ပြီး အိပ်ခန်းထဲကို ဝင်လာတော့သည်။
ထို့နောက် တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ရင်း ယန်ရှုကထိတ်လန့်သွားပြီး မသိစိတ်ရဲ့စေ့ဆော်မှုအရ သူမရဲ့ရင်ဘတ်ကိုဖိလိုက်ကာ ပြောလာသည်
“အရှင်မင်းကြီး ဘယ်တုန်းက ရောက်နေတာလဲ”
ယွီဝိန်းလန်ကသူမကိုတစ်ချက်ကြည့်ကာ ပြောလာသည်
“အခုပဲ ရောက်လာတာ”
ဆံပင်ထိပ်ဖျားလေးတွေက အနည်းငယ်စိုထိုင်းနေပုံရပြီး ပါးပြင်တွေကလည်း ပန်းရောင်သမ်းကာ နူးညံ့မည့်ပုံပင် အသားအရေကလည်း နို့နှစ်ရောင်သန်းနေကာ မြင်ကွင်းက စိတ်ကျေနပ်စရာပင်။
ဒါပေမဲ့ ရင်ဘတ်က ဘာဖြစ်တာလဲ။
သိသိသာသာကိုပဲ မနေ့ညက နမ်းခဲ့တာကြောင့်လား။
သူက အနည်းငယ်မကျေမနပ်ဖြစ်သွားပြီး မေးလာသည်
“ဘာလို့အစောကြီး ရေချိုးနေတာလဲ”
ယန်ရှုကပြောလာသည်
“ဒီကိုယ်လုပ်တော်က စာရေးနေတုန်း မတော်တဆအဝတ်တွေကို စွန်းသွားစေလိုက်မိလို့ပါ အဒ့တာကြောင့်ရေချိုးပြီး အဝတ်အစားလဲနေတာပါ”
ယွီဝိန်းလန်က မေးလာသည်
“ဒီစားပွဲပေါ်က စာရွက်တွေက မင်းရေးထားတာလား”
ယန်ရှုက တည်ငြိမ်စွာနဲ့ ခေါင်းညိတ်ပြလာပြီး
“ဟုတ်ပါတယ် ဒီကိုယ်လုပ်တော်က ဘာမှလုပ်စရာမရှိတာနဲ့ အချိန်ဖြုန်းဖို့ စာရေးနေရုံပါ”
14 05
သူကပြောလိုက်ပြီးနောက် မေးလာပြန်သည်
“အရှင်မင်းကြီး ဖတ်ပြီးပြီလား။ ဒီကိုယ်လုပ်တော်ရေးတာက ဘယ်လိုနေပါသလဲ”
ယွီဝိန်းလန်က ပြောလိုက်သည်
“နည်းနည်းတော့ ရိုင်းပျသလိုပဲ”
ရိုင်းပျတယ်လား။
ယန်ရှုက ချက်ချင်းပဲ လက်ခံဖို့ ငြင်းဆန်လိုက်ပြီး
“ဒီကိုယ်လုပ်တော်က ရိုင်းပျစွာပဲ အရှင်မင်းကြီးရဲ့အကြံဥာဏ်ကိုမေးကြည့်လို့ရမလား။ ဘယ်လိုမျိုးရိုင်းပျတာမျိုးလဲ”
ယွီဝိန်းလန်က သူ့မျက်ခုံးတွေကို ပင့်လိုက်ပြီး
“ဒီလိုဖောက်ပြန်တဲ့ပုံစံမျိုးက တွေ့နေကျမျိုးဖြစ်မနေဘူးလား”
ယန်ရှုကသူမရဲ့နှုတ်ခမ်းတွေကို တွန့်ကွေးလိုက်ကာ
“ဘာလို့လဲဆိုတော့ ဒီကိုယ်လုပ်တော်က ရေးမပြီးသေးလို့လေ အရှင်မင်းကြီးက တစ်ဝက်ပဲ ဖတ်ရသေးတယ်”
“အိုး”
ယွီဝိန်းလန်က သိချင်သွားပြီး “နောက်တော့ရော ဘာတဲ့လဲ”
ယန်ရှုက သူမရဲ့လည်ချောင်းကို ရှင်းလိုက်ကာ
“နောက်တော့ ကုန်သည်မလေးက သူမကို ဖယ်ချသွားတာကိုသိလိုက်ရပြီး သူမကိုယ်သူမ အဖတ်ဆယ်တဲ့အနေနဲ့ စီးပွါးရေးလောကထဲကို ဝင်လိုက်ပြီး မိသားစုစီးပွါးရေးကို ကြီးသထက်ကြီးလာအောင် လုပ်တော့တယ်။ နောက်တော့ ချစ်သူတစ်ယောက်ရှာတွေ့သွားပြီး သူတို့နှစ်ယောက်က လက်ထပ်လိုက်ကာ သားလေးတစ်ယောက်ကိုမွေးလိုက်ကြသည်။ သူတို့ရဲ့သားက ဥာဏ်ရည်ထက်မြက်ပြီး ငယ်စဉ်ကလေးဘဝကတည်းက စာသင်ကြားဖို့ စိတ်အားထက်သန်သည်။ သူကြီးပြင်းလာတဲ့အခါမှာတော့ တော်ဝင်စာမေးပွဲကိုဖြေဆိုပြီး တော်ဝင်ညီလာခံရဲ့ ထောက်တိုင်ဖြစ်လာတော့သည်”
“အဲ့ဒီနောက် ထိုပညာရှင်က လောဘနဲ့အာဏာရဲ့ တိုက်စားတာကို ခံလိုက်ရပြီး မကောင်းတဲ့ကိစ္စတွေအများကြီးကို လုပ်တော့သည်။ သိပ်မကြာခင် ထိုကိစ္စဖြစ်လာတဲ့အခါမှာတော့ သူက ထိုကုန်သည်မလေးရဲ့သားဖြစ်သူလက်ထဲကျရှုံးသွားတော့တယ်။ ပြီးတော့ ထက်မြက်တဲ့ဘုရင်မင်းမြတ်ကလည်း တရားမျှတမှုရှာပေးပြီး ထိုပညာရှင်က သာမန်အဖြစ်ရာထူးလျှော့ချခံလိုက်ရကာ ဒဏ်ခတ်ခံလိုက်ရသည်။ အဲ့နောက် ကုန်သည်မလေးက သူမရဲ့ခင်ပွန်းနဲ့ တစ်ကမ္ဘာလုံးအနှံ့လျှောက်သွားပြီး ပျော်ရွှင်စွာနေထိုင်သွားကြတော့သည်။
ယွီဝိန်းလန် “…..”
ကောင်းပြီလေ ကြားရတာတော့ နည်းနည်းလေးကွာခြားသလိုပဲ။
ဒါပေမဲ့ သူက တစ်ခဏခန့်စဉ်းစားလိုက်ပြီး ပြောလာသည်။
“အခုမင်းဆက်ရဲ့ဥပဒေအရ ကုန်သည်တွေနဲ့သားတွေက တော်ဝင်စာမေးပွဲတွေမှာ ပါဝင်ခွင့်မရှိဘူး”
ယန်ရှုက ထိုသူ့ကို မျက်လုံးလှိမ့်ပြမိတော့မလိုပင်
“ဒါက စိတ်ကူးယဉ်ထားတာလေ”
ယွီဝိန်းလန်ကမသိပေ
“စိတ်ကူးယဉ်တာက ဘာလဲ”
ယန်ရှုကပြောလာသည်
“စိတ်ကူးယဉ်ကမ္ဘာက လုပ်ကြံထားတဲ့ကမ္ဘာတစ်ခုလေ အစစ်အမှန် မဟုတ်ဘူး။ ဝတ္ဖုထဲကဇာတ်ကောင်တွေလိုပဲ အစစ်အမှန်မဟုတ်ဘူး”
စိတ်ကူးယဉ်တာလား။
ယွီဝိန်းလန်က ထပ်မေးလိုက်သည်
“ဘာလို့ဒီအကြောင်းရေးဖို့ တွေးမိသွားတာလဲ”
ယန်ရှုက အေးဆေးတည်ငြိမ်စွာ ပြောလာသည်။
14 06
“ဒီကိုယ်လုပ်တော်က အရင်ကလည်း အများကြီးဖတ်ဖူးပြီး အချိန်ကုန်ရတာပျင်းလာတဲ့အတွက် ဒီတိုင်းရေးလိုက်ရုံပါ”
ယွီဝိန်းလန်က ထပ်ပြီးစူးစမ်းကြည့်လိုက်သည်
“ဒီထဲက ပညာရှင်စာသင်သားဆိုတာက ရှေ့ပြေးပုံစံရှိလား”
ရှေ့ပြေးပုံစံလား။
ယန်ရှုက ထိုအရာကအမှန်ပဲလို့တွေးလိုက်သည်။ ဒါပေမဲ့ သူမက ထိုအရာကို မြင်ခွင့်မပေးနိုင်ပေ။ သိချင်တယ်ဆိုရင်တော့ ဒါက ဝမ်ဟွားစံအိမ်တော်က ပညာရှင်စာသင်သား ဝေ့ရူကျန်းပင်။
သို့သော် သူမက ပြုံးကာပြောလာသည်
“အရှင်မင်းကြီးပဲ ဒီလိုပုံပြင်တွေအများကြီးရှိတယ်လို့ ပြောတယ်မလား။ ဒီကိုယ်လုပ်တော်ရဲ့ဇာတိမှာ ဒီလိုမျိုးတွေကြားဖူးတဲ့အတွက် ယူပြီးရေးလိုက်ရုံတင်ပါ”
တကယ်ကို ဝေ့ရူကျန်းပဲ။
ယွီဝိန်းလန်က သူ့စိတ်ကိုပြင်လိုက်ပြီး စာအုပ်ဆီသို့ သူ့အကြည့်တွေကိုရွှေ့လိုက်သည်။
“သွေးဆူလွယ်တဲ့စစ်သူကြီးနဲ့ လှပတဲ့မုဆိုးမငယ်လေး”
ထို့နောက်ပြောလာသည်
“ငါကိုယ်တော် ဒါကိုထပ်ကြည့်လိုက်ဦးမယ်”
မမျှော်လင့်ထားစွာနဲ့ ထိုသို့အသံထွက်လာရုံရှိသေး သူမက ရွှမ်းခနဲမြည်အောင် စာအုပ်ကိုသူမလက်ထဲယူလိုက်ပြီး အလန့်တကြားပြောတော့သည်။
“အရှင်မင်းကြီး မဖတ်ပါသေးနဲ့ဦး”
ယွီဝိန်းလန်က အနည်းငယ်တွန့်ဆုတ်သွားပြီး “ဘာလို့လဲ”
ယန်ရှုကရေရွတ်လာသည်
“ဒါက…..ဒါက ဒီကိုယ်လုပ်တော်က ရေးမပြီးသေးလို့ပါ”
ယွီဝိန်းလန်က သူ့မျက်ခုံးကို ပင့်လိုက်ပြီး
“အခုလေးတင် ပြီးသွားတာ မဟုတ်ဘူးလား”
သူစကားပြောလိုက်ပြီး ယူဖို့လက်လှမ်းလိုက်တယ်ဆိုရင်ပဲ
ယန်ရှုက အလျင်အမြန်ရှောင်တိမ်းကာ ပြောလာသည်။
“မဟုတ်ဘူး ဒီပုံပြင်က အရှင်မင်းကြီးအတွက် မသင့်တော်ပါဘူး ဒါက အမျိုးသမီးတွေအတွက်ပါ”
အမေရေ! ဒီစာအုပ်က မထောင်နိုင်တဲ့လူရဲ့ အကြောင်းလေ! ဒါကိုဖတ်ပြီး သူ့ကိုလှုံ့ဆော်စေလိုက်မိတာက ဘယ်လိုလုပ်ပြီး ကောင်းမှာတုန်း။
ယွီဝိန်းလန် “…..”
စာရေးသူမှာ ပြောစရာရှိတယ်
တစ်စုံတစ်ယောက်သောဧကရာဇ် : ငါကိုယ်တော်ပြောလေလေ ကြည့်ချင်လာလေလေပဲ အဟွတ်
ယန်ရှု : ဒဏ္ဍာရီတွေက ပြောကြတဲ့အတိုင်း လူတွေက အစားအသောက်ကို စွဲလမ်းနေကြတယ်ဆိုတာများလား။…..
တစ်စုံတစ်ယောက်သောဧကရာဇ် : ...
++++++
15 01
အပိုင်း ၁၅
ယွီဝိန်းလန်က ကျောက်ကပ်ဆုံးရှုံးတယ်ဆိုတဲ့ အဓိပ္ပာယ်ကို မသိပေ။
ဒါပေမဲ့ သူမရဲ့မူမမှန်မှုနဲ့ တစ်နည်းနည်းနဲ့ သက်ဆိုင်နေမယ်ဆိုတာတော့ သိနေသည်။
သူဟာ ဖတ်ကြည့်ဖို့ ပိုပိုပြီးစိတ်ပိုင်းဖြတ်လိုက်ကာ တစ်ဖန်ထပ်ပြီး လက်လှမ်းလိုက်ပြန်သည်။
မမျှော်လင့်ထားစွာနဲ့ သူမက ထိတ်ပျာသွားပြီး ထိုစာသားတွေရေးထားတဲ့စာရွက်ကို သူမရဲ့ညဝတ်အင်္ကျီထဲကို ချက်ချင်းပဲ ထိုးသိပ်ထည့်လိုက်တော့သည်။
ယွီဝိန်းလန် “...”
သူမက သူ့ကို ဘာလို့ဒီလောက်တောင် ခုခံနေရတာလဲ။
သူကတစ်ခဏခန့်စဉ်းစားလိုက်ပြီး မေးလိုက်သည်။
“တကယ်ကို ကိုယ်တော့်ကို ပြလို့မရဘူးလား”
ယန်ရှုက စိတ်အားထက်သန်စွာနဲ့ ခေါင်းညိတ်ပြလာပြီး
“ဟုတ်ပါတယ်။ အရှင်မင်းကြီးက ဒီကိုယ်လုပ်တော်ကို ခွင့်လွှတ်ပေးဖို့ပဲ တောင်းပန်ပါတယ်…..”
မမျှော်လင့်ထားစွာနဲ့ သူမ စကားပြောပြီးပြီးချင်းမှာပဲ သူဟာ သူမရဲ့တစ်ကိုယ်လုံးကို သူ့လက်မောင်းထဲသို့ တစ်ချက်တည်းနဲ့ ဆွဲသွင်းလိုက်သည်။
သူမ သတိလွတ်နေတဲ့အချိန်မှာပဲ ယွီဝိန်းလန်က သူမရဲ့လက်မောင်းကို လက်တစ်ဖက်တည်းနဲ့ ဖမ်းထားလိုက်ပြီး သူမ လက်ထဲက ဇာတ်လမ်းစာရွက်ကို အောင်အောင်မြင်မြင်နဲ့ ယူလိုက်နိုင်တော့သည်။
လက်ချောင်းလေးတွေက နူးညံ့နေပြီး တိမ်စိုင်တွေကို ထိတွေ့နေရသလိုပင်။ ထိုအရာက လူတွေကို အနည်းငယ် တုန်ယင်သွားစေသည်။
တုံ့ပြန်ဖို့နှေးကွေးနေတဲ့ ယန်ရှုက ပြောလာသည်
“အရှင်မင်းကြီး!”
ဒါပေမဲ့ သူက သူ့နှုတ်ခမ်းတွေကို ဖိလိုက်ကာ သူမ နားထဲသို့ တီးတိုးပြောလာခဲ့သည်။
“ဘာလို့လဲ။ ဖြစ်နိုင်တာက မင်းက ကိုယ်တော့်ကို တမင်သက်သက် ဆွဲဆောင်နေတာလား”
ယန်ရှုက ရှက်သွားပြီး
“အရှင်မင်းကြီး ဒီကိုယ်လုပ်တော် မလုပ်ပါဘူး”
ဒါပေမဲ့ သူဟာ သူမကို ထပ်ဆွဲလိုက်ပြီး အပြုံးခပ်ဖျော့ဖျော့နဲ့ ပြောလာခဲ့သည်။
“ကံမကောင်းစွာနဲ့ ကိုယ်တော်က ဒီည ဧကရီမယ်တော်ကြီးကို စောင့်ရှောက်ဖို့ ချီအန်းနန်းဆောင်ကို ကြွမလို့လေ”
ယန်ရှု “!!”
ရှက်စရာကောင်းလိုက်တာ။
ထို့နောက်သူက သူ့လက်ထဲက ဇာတ်ညွှန်းစာသားတွေကို စိတ်ဝင်စားမှုကြီးစွာနဲ့ ကြည့်လိုက်တော့သည်။
ယန်ရှုက ပြန်ဆွဲပြီးမလုနိုင်ပေ။ သူမက တစ်ခဏခန့် ရှက်နေပြီး အိပ်ရာဆီသို့ ပြေးကာ သူမကိုယ်သူမ စောင်နဲ့ ပတ်ထားနိုင်စေဖို့ ဆုတောင်းရင်း စိတ်ရှုပ်ထွေးနေခဲ့ပေသည်။
မမျှော်လင့်စွာနဲ့ ထိုသူက ကြည့်လိုက်ပြီး ဖတ်ပြလာခဲ့သည်——
“လရောင်က အလွန်အမင်းကို ကောင်းမွန်လှသည်။ သူမရဲ့မွှေးပျံ့နေတဲ့ ပုခုံးသားတွေက အနည်းငယ် ဖော်ပြခံထားရပြီး သူမ ရှေ့ကထိုသူကို မကျေမချမ်းဖြစ်နေတဲ့ လင်းလက်နေတဲ့မျက်ဝန်းတစ်စုံနဲ့ ကြည့်ရှုလိုက်သည်။ ‘ဒီစစ်သူကြီးက ဒီအစေခံကို မထိန်းချုပ်ချင်ဘူးဆိုမှတော့ ဒီအစေခံကို လူတွေဖမ်းသွားပြီး ကျက်တီးမြေထဲမှာ ခွေးတွေကို အစာကျွေးဖို့ ပစ်ချလိုက်ခိုင်းလိုက်ပါ….”
“စစ်သူကြီးဟာ သူ့ကိုယ်သူ ထပ်မံချုပ်တည်းမထားနိုင်တော့ပဲ လူတွေကို လက်မလွှတ်စေနိုင်လောက်အောင် နူးညံ့ပြီးမွှေးပျံ့နေတဲ့ ကျောက်စိမ်းတုံးလေးပမာ သူ့လက်မောင်းတွေထဲမှာ သူမကို ထည့်ဖက်လိုက်တော့သည်။”
…..
ယွီဝိန်းလန်က အနောက်က စာလုံးတွေကို မဖတ်နိုင်တော့ပေ။
ယန်ရှုက ထိုဇာတ်ညွှန်းစာရွက်ကို ဆွဲလုလိုက်ပြီး မျက်နှာက သွေးရောင်ကဲ့သို့ ရဲတောက်နေပေသည်။
“ဒီကိုယ်လုပ်တော်က ဒီစာက အရှင်မင်းကြီးဖတ်ရ စာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်”
ယွီဝိန်းလန်က သူမကို ရောထွေးနေတဲ့အမူအရာနဲ့ ကြည့်လိုက်သည်။
ယန်ရှုက အနည်းငယ် အပြစ်ရှိသလို ခံစားနေရပြီး အလျင်အမြန်ပြောလာပေသည်။
“ဒီကိုယ်လုပ်တော်က ဒါကို အပျော်သဘောနဲ့ ရေးထားတာပါ….”
သေစမ်း တကယ်ကို မတုံ့ပြန်နိုင်ဘူးလား။
သူမကို တော့မသတ်လောက်ပါဘူးနော်။
ယွီဝိန်းလန် “…..”
သူမကို အချိန်အတန်ကြာအောင်ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလာသည်။
“ဒီလိုစာအုပ်မျိုးကို ပညာရှိမိသားစုက သခင်မလေးတစ်ယောက်က ဘယ်လိုလုပ်ပြီး ရေးနိုင်ရတာလဲ…..”
ယင်စာသားတွေနဲ့ ယန်ဂီတသံတွေ
ကျစ် သူ ပြောတောင် မထွက်နိုင်ဘူး။
ယန်ရှုက နှစ်ပေါက်တစ်ပေါက်ရိုက်ကာ မရမကပြောလာသည်
15 02
“…..လိင်စိတ်ဆိုတာက လူသားသဘာဝပဲလေ ပြီးတော့ ဒီလိုမရေးရင် လူတွေကလည်း ဖတ်ချင်မှာ မဟုတ်ဘူး”
ဘာကြီး။
လူတွေက ဘာလို့ဖတ်ရမှာ မကြိုက်မှာလဲ။
ယွီဝိန်းလန်က မျက်မှောင်ကြုတ်လိုက်ပြီး
“မင်းက ဘယ်လိုသိတာလဲ”
ယန်ရှုက သူမရဲ့နှလုံးသားထဲမှာ နှာခေါင်းရှုံ့ကာပြောလာသည်။
[ကျွန်မက ဒီလိုဇာတ်ကားမျိုးတွေ ကြည့်ရတာကြိုက်တယ်လေ အဲတော့ ဘာလို့မသိရမှာလဲ။]
ယွီဝိန်းလန် “...”
ဒီမိန်းကလေးက ဘာတွေဖြစ်နေတာလဲ။
ဒါပေမဲ့ သူမရဲ့ အထစ်ထစ်အငေါ့ငေါ့နဲ့ လိမ်ပြောသံကို ကြားလိုက်ရသည်။
“ဒီကိုယ်လုပ်တော်က ခန့်မှန်းကြည့်လိုက်တာပါ။ ပြီးတော့လည်း ပျင်းနေတော့ တစ်ခုခုလုပ်နေတာက မကောင်းဘူးလား….”
ဘယ်လို အဓိပ္ပာယ်မရှိတဲ့ စကားလဲ။
ယွီဝိန်းလန်က အတော်လေး ဒေါသထွက်နေသည့်အတွက် တစ်ခဏခန့် ဘာလုပ်ရမှန်း မသိတော့ပေ။ ဒါပေမဲ့ ထိုသူက သူမ ဆီကို ထပ်ပြီးလက်လှမ်းကာ ပိုပြီး နီးကပ်သွားအောင် ရုတ်တရက်ဆွဲလိုက်ပြီး သူမရဲ့မျက်လုံးထဲကို ငေးကြည့်ကာ ပြောလာသည်
“မင်းက ဘယ်လိုမိန်းကလေးမျိုးလဲ”
သူ့လေသံက မသေချာမရေမရာနှင့် အနည်းငယ်ကြောက်စရာ ကောင်းနေပေသည်။ ယန်ရှုက တစ်ခဏလောက် ကြောက်သွားပြီး ပြောလိုက်သည်။
“အရှင်မင်းကြီး…..”
သူမရဲ့စိုထိုင်းနေတဲ့ဆံပင်တွေက သူမရဲ့ပါးမှာ ကပ်နေဆဲပင်။ သူမရဲ့သစ်အယ်စေ့သဏ္ဍာန် မျက်ဝန်းတွေက ထိတ်လန့်နေပြီး အပြစ်ကင်းစင် နေပေသည်။ ပြီးတော့ သူမရဲ့အသံက ရုတ်တရက်ပဲ အရိုးထဲထိအောင် နူးညံ့သွားစေသည်။
ယွီဝိန်းလန်က ဘယ်လိုစိတ်ဆိုးဒေါသထွက်နေသည့် ခံစားချက်ကိုမှ မပြပေ။ သူမရဲ့မည်းနက်နေတဲ့ မျက်ဝန်းလေးတွေက သူမ အထိတ်တလန့် ဖြစ်နေတာကို ပြသနေပေသည်။
အချိန်က ထိုအခိုက်အတန့်မှာပဲ ရပ်တန့်သွားပုံရသည်။
သို့သော် ထိုအချိန်မှာပဲ သူက ရုတ်တရက်ငုံ့ကို င်းချလိုက်ပြီး သူမရဲ့နှုတ်ခမ်းတွေကို နမ်းလာတော့သည်။
ရစ်ပတ် လိမ်ယှက်နေပြီး ကလူကျီစယ်နေသလို အရသာလေး။
ထိုအရာက ယန်ရှုကို မူးနောက်ပြီးထုံထိုင်းသွားစေသည်။ သူမရဲ့ဝိဥာဉ်ကိုတောင် ဆုံးရှုံးတော့မလိုပင်။
မည်မျှကြာသွားပြီလဲ မသိချိန်မှာတော့ ခန်းမအပြင်ဘက်က မိန်းမတစ်ယောက်ရဲ့အသံက ရုတ်တရက်ထွက်ပေါ်လာတော့သည်
“ကောင်းကင်က မှောင်နေပြီ။ ပစ္စည်းတွေလည်းခြောက်သွေ့နေလောက်ပြီ ဖယောင်းတိုင်တွေကို ဂရုစိုက်…..”
ယန်ရှုက မြူခိုးတိမ်တိုက်တွေထဲကနေ ပြန်လည်အသိဝင်လာပြီး ရုတ်တရက် အမှတ်ရသွားသည်…..။ဒါက အပြစ်ပေးခံလိုက်ရတဲ့ ဝမ်ကျောက်ယီမလား။
ကျစ် အခုထိအပြင်ဘက်မှာ ရှုပ်နေတုန်းပဲ။
ယွီဝိန်းလန်ဟာလည်းပဲ ပြန်လည် အသိဝင်လာပြီး နောက်ဆုံးမှာတော့ အသက်ရှုသံကို တည်ငြိမ်စေဖို့ သူမရဲ့နဖူးပေါ်မှာ မှီလိုက်ရင်း သူမကို လွှတ်ပေးလာတော့သည်။
ထိုခဏမှာပဲ ထိုသူက ထပ်ပြောလာသည်။
“ကိုယ်တော် ချီအန်းနန်းဆောင်ကို သွားတော့မယ်”
အသံဟာ ယခင်ကထက် အများကြီးပိုပြီး နူးညံ့သွားသည်။
ယန်ရှုက ဂရုစိုက်သင့်သည်ပင်။
ထို့နောက် ထိုသူက သူမကို လွှတ်ပေးလာပြီး နန်းဆောင်ဂိတ်တံခါးဆီသို့ ခြေလှမ်းကျဲကျဲနဲ့ လျှောက်သွားတော့သည်။
ယန်ရှုက မျက်မှောင်ကြုတ်ကာ ထိုသူရဲ့နောက်ကျောကို ကြည့်ရင်း ထိုသူဘာဖြစ်သွားတာလဲဆိုတာကို သိချင်နေမိသည်။
အဲတာကပျော်တာလား ဝမ်းနည်းတာလား။
ထိုအရာက မြူခိုးတိမ်တိုက်တစ်ခုလိုပင် ထိုသူကို ရှင်းလင်းစွာကြည့်ဖို့ ခက်ခဲစေသည်။
ယွီဝိန်းလန်က ရထားလုံးမစီးတော့ပဲ ညဘက်မှာပဲ လမ်းလျှောက်သာ သွားလိုက်တော့သည်။
အရှိန်နှုန်းက မြန်လွန်းသည့်အတွက် ဖုဟိုင်ပင် အမီမလိုက်နိုင်လုနီးပါးပင်။
ဖုဟိုင်ကနောက်က လိုက်နေရင်း သူ့ဘာသာ တွေးနေလိုက်သည်။ အရှင်မင်းကြီး ကြည့်ရတာ ဘာလို့ဒေါသထွက်နေတဲ့ပုံပေါက်နေရတာလဲ။
ဖြစ်နိုင်တာက သူနဲ့ လိကွေ့ယိတို့များ ပြဿနာ တက်ထားလို့လား။
တကယ်တော့ ယွီဝိန်းလန်ကိုယ်တိုင်လည်း သူ့ဘာသာ ဘာဖြစ်သွားမှန်းမသိပေ။
အစောကအချိန်ခဏလေးမှာပဲ သူ့စိတ်ကအနည်းငယ် ထိန်းချုပ်မှုလွတ်သွားပြီး သူ့ခန္ဓာကိုယ်ကလည်း ကျေနပ်မှု မရသေးပေ။
အကြောင်းအရင်းမရှိတဲ့ စိတ်ရှုပ်မှုတစ်ခုက သူ့နှလုံးသားထဲမှာ ထွက်ပေါ်နေပြီး လေအေးတစ်သုတ်ကသူ့ကို နိုးထလာအောင် မျှော်လင့်ရင်း မြန်မြန်ဆန်ဆန်ပဲ လျှောက်ချင်တော့သည်။
~~~~~
15 03
ထိုညတွင် ယန်ရှုအတွက် အိပ်ရသည်မှာ သိပ်ပြီးမလွယ်ကူပေ။
အိမ်မက်ထဲ၌ ကျားကြီးတစ်ကောင်က သူ၏ချစ်စရာကောင်းမှုတွေကို တစ်ခဏခ န့်ထုတ်ပြလိုက်ပြီးတဲ့နောက် သူမကို ထပ်ပြီးကိုက်ရန် သူ့ပါးစပ်ကြီးကို ဟလာခဲ့သည်။ ထိုအရာက အလွန်ကို ကြောက်စရာကောင်းလှသည်။
နောက်တစ်နေ့မနက် စောစောမှာတော့ သူမရဲ့အိပ်ဆောင်ထဲကနေ မဲပြာနေတဲ့မျက်ဝန်းတစ်စုံနဲ့ ထွက်လာပြီး ရန်တုန်းကို ကြောက်လန့်တကြား
ဖြစ်သွားစေတော့သည်။
“သခင်မလေး ဘာဖြစ်လို့လဲ။ မနေ့ညက ကောင်းကောင်းအိပ်မပျော်ဘူးလား”
ယန်ရှုက သက်ပြင်းချကာ
“မနေ့ညက တစ်ညလုံး လွတ်အောင်ထွက်ပြေးနေခဲ့ရတာ ငါပင်ပန်းနေပြီ”
သူမရဲ့မျက်နှာကို သစ်လိုက်ပြီးတဲ့နောက်မှာတော့ တည်ကြည်နေပေမဲ့ ရန်တုန်းက မိတ်ကပ်ဘူးကို ကိုင်ကာ သူမ မျက်နှာကို ပေါင်ဒါဖို့ပေးလာရင်း အလေးအနက်နဲ့ နားပူနားစာ လုပ်နေတော့သည်။
“ဒီနေ့သခင်မလေးက ကျင်းပေါ်ယွမ်ကို အရှင်မင်းကြီးနဲ့ အတူ ရေခဲပြပွဲ သွားကြည့်ရမှာဆိုတော့ ကောင်းကောင်းမွန်မွန် ဝတ်စားရမယ်”
အာ ကျင်းပေါ်ယွမ်ရေခဲပြပွဲပဲ ယန်ရှုက နောက်ဆုံးတော့ ထိုအရာကို မှတ်မိသွားသည်။
ဟေး အခုနန်းတော်က ထွက်လို့ရပြီပေါ့လေ!
သူမ ရုတ်တရက် ပျော်ရွှင်သွားသည်။ အပြင်ထွက်ပြီးရင် ပြန်လာရမဲ့ဆိုပေမဲ့လည်း လေကောင်းလေသန့်ရှုရတာက ကောင်းမွန်သည်ပင်။
ဘာပဲဖြစ်ဖြစ် အခုချိန်မှာနှိမ့်ချနေလည်း အသုံးမဝင်ဘူးဆိုမှတော့ သူမကို မရပ်တန့်လိုက်ပေ။ ထို့နောက် ရန်တုန်းနဲ့ လျန်ရှင်းက သူတို့အပိုင်းကို သူတို့လုပ်ဆောင်ကြတော့သည်။
မိတ်ကပ်လိမ်းပြီးနောက် မှန်ထဲကို ကြည့်လိုက်တဲ့အခါမှာတော့ သူမ တွေ့လိုက်ရသည်က ခပ်ကြီးကြီးမျက်လုံး တောက်ပနေတဲ့သွားနဲ့ လှပတဲ့အသွင်အပြင်ပင် ဖြစ်သည်။
နန်းတော်အစေခံအားလုံးက အမွှမ်းတင်လာကြသည်
“သခင်မလေးမှာက မျက်နှာကျ ကောင်းကောင်းရှိတာပဲ နေ့တိုင်းလိမ်းရင် ပိုတောင်သင့်တော်ဦးမယ်”
ယန်ရှုက ထိုအရာကို အတည်မယူလိုက်ပဲ အမိန့်ပေးလိုက်သည်
“ငါ့ကို ထူထဲတဲ့ခြုံထည် ယူလာပေး”
ထိုနေရာမှာက အေးလောက်သည်။ အဲတော့ ကိုယ့်ဘာသာအေးခဲမသွားစေနဲ့ ။
“ပြည့်စုံပြီ”
သူမက ထပ်ပေါင်းပြောလာသည်
“ခဏနေကျ မနက်စာနည်းနည်းပိုစားလိုက်မယ် လူတွေက အေးခဲတဲ့ရာသီမှာဆို ပိုပြီးဗိုက်ဆာတတ်ကြတယ်”
အပျိုတော်လေး “…..”
တစ်ခြားသခင်မလေးတွေဆို အဝတ်အစားအတွက် စားသောက်ချင်စိတ်မရှိကြပေ။ သူမရဲ့သခင်မလေးကပဲ ဘယ်အချိန်မဆိုစားဖို့သတိမမေ့ဘူးဖြစ်သည်။
ဂဏန်းဥစွပ်ပြုတ်ပေါက်စီ လတ်ဆတ်တဲ့ပုစွန်တစ်ပန်းကန်နဲ့ ငွေမှင်ရောင်ခေါက်ဆွဲ အမဲသားပန်ကိတ်နဲ့ အရံဟင်းနှစ်ပွဲလောက် စားပြီးတဲ့နောက်မှာတော့ နန်းတော်ရထားလုံးပေါ်သို့ ပျော်ရွှင်စွာ တက်လိုက်တော့သည်။
ကျင်းပေါ်ပန်းခြံက မြို့တော်ရဲ့အလယ်မှာ တည်ရှိတဲ့အတွက် နာရီဝက်ခန့်သာ အချိန်ယူရသည်။
ဒါပေမဲ့ တော်ဝင်ကိုယ်လုပ်တော် သွားလာနေတာဖြစ်သည့်အတွက် တစ်လမ်းလုံးမှာ စစ်အမိန့်အောက်တွင်ရှိပေသည်။ ထို့ကြောင့် သူမက ပျားပန်းခတ်လှုပ်ရှားနေသည့် စျေးကို မမြင်ရခြင်းအား နောင်တရမိသည်။
သူတို့ နေရာကို ရောက်တဲ့အခါမှာတော့ ရထားလုံးပေါ်ကဆင်းလိုက်ပြီး ကျင်းပေါ်ဥယျာဉ်ရဲ့လှပတဲ့ရှုခင်းတွေကို တွေ့လိုက်ရတော့သည်။
မနေ့တစ်နေ့ကမှ နှင်းကျထားတာဖြစ်သည့်အတွက် ထိုအချိန်မှာ ရွှေရောင်အုတ်ကြွပ်မိုးတွေရဲ့ တံက်မြိတ်တွေ ပန်းတွေနဲ့ သစ်ပင်တွေပေါ်မှာ အဖြူရောင်နှင်းတွေ ရှိနေသေးသည်။ ဆန့်ကျင်ဘက်ဖြစ်စွာနဲ့ ထိုမြင်ကွင်းကို ဟင်္သာပြဒါးအရောင် နံရံတွေနှင့်တွဲကြည့်ရသည်မှာ အလွန်ပင်လှပပေသည်။
သေချာပေါက်ပင် ဥယျာဉ်ထဲက ဆွဲဆောင်မှုအရှိဆုံး အရာကတော့ ကျင်းပေါ်ရေကန်ပင်။
ပြောကြတာကတော့ နွေရာသီမှာ ရေကန်ဆီကို နူးညံ့တဲ့လေပြည်တစ်သုတ် တိုက်ခတ်လာပြီဆိုတာနဲ့ လှိုင်းကြပ်ခွပ်လေးတွေ ထလာပြီး တောက်ပနေတဲ့ နေရောင်အောက်မှာ ထိုလှိုင်းတွေက ရွှေရောင်လှိုင်းလုံးလေးတွေနဲ့ တူတဲ့အတွက် နာမည်ကို ကျင်းပေါ်လို့ပေးခဲ့ခြင်းဖြစ်သည်တဲ့။
(တရုတ်လို ကျင်းဆိုတာက ရွှေပါ)
ယခုချိန်မှာတော့ နှင်းကျပြီး အေးခဲနေတဲ့အပြင် ရေကန်ဟာလည်း ထူထဲတဲ့ရေခဲပြင်နဲ့
ဖုံးလွှမ်းထားခံရပြီးဖြစ်သည်။ မည်သည့်ရွှေရောင်လှိုင်းလုံးမှ မရှိပေမယ့်လည်း ရေမျက်နှာပြင်က မှန်ပြင်ကဲ့သို့ချောမွေ့နေကာ ရေခဲပြပွဲအတွက် သင့်တော်ပေသည်။
သို့သော်ရာသီဥတုက အေးစက်လွန်းတဲ့အတွက် တိုက်လေကမျက်နှာက်ို ဓားနှင့်လီးဖြတ်နေသကဲ့သို့ဖြစ်နေပြီး ရှုခင်းကို ခံစားဖို့ မဖြစ်နိုင်စေရန်ပြုလုပ်နေပေသည်။ ရထားလုံးထဲက ထွက်လိုက်ပြီးနောက်မှာတော့ လူတိုင်းက ရေကန်ဘေးနားက ရှုခင်းကြည့်စံအိမ်ဆီသို့ တိုက်ရိုက်သွားကြတော့သည်။
ရှုခင်းကြည့်စံအိမ်ဆီမှာ အထပ်သုံးထပ်ရှိနေပြီး အမြင့်ဆုံးအထပ်ကကြည့်ရသည့်ရှုခင်းက အကောင်းဆုံးပင်။ ရင်းနှီးမှုကို ပြသရန်အတွက် ဧကရာဇ်က များစွာသော အရေးကြီးတဲ့ဝန်ကြီးတွေနဲ့ တော်ဝင်မိသားစုဝင်တွေကို အတူတကွကြည့်ရှုရန် ခွင့်ပြုပေးထားပေးသည်။
ယန်ရှုလည်းပဲ တစ်ခြားကိုယ်လုပ်တော်တွေနဲ့ အတူ အဆောင်ထဲသို့ ဝင်လိုက်ကာ နေရာယူလိုက်တော့သည်။
ကိုယ်လုပ်တော်နင်နဲ့ ကိုယ်လုပ်တော်လီတို့က တစ်ယောက်ကို တစ်ယောက် ရှုပ်ထွေးနေတဲ့အမူအရာတွေနဲ့ ကြည့်လိုက်ကြသည်။
-ဒီမိန်းမပျက်က မမျှော်လင့်ထားစွာနဲ့ ထိမသွားဘူးပဲ သူ့မျက်နှာကချောမွေ့နေတုန်းပဲ
15 04
ဒါပေမဲ့ ကိစ္စမရှိပေ သူမကို စောင့်နေတဲ့ ပွဲကောင်းကောင်း စောင့်နေပေသည်။ ဒီတစ်ကြိမ်တော့ သူမ ကျုလုံးဝကို ဖြေရှင်းလိုက်နိုင်မှာပဲ!
တစ်ချိန်တည်းမှာပဲ စစ်စတန်က ယန်ရှုစိတ်ထဲသို့ ဘိခနဲမြည်သံ ပို့လာသည်
[ဒီနေ့တော့ ပြပွဲကြီးကြီးရှိတယ်]
ယန်ရှု [ဖရဲသီးစားဖို့ စောင့်ပြီးရင်းစောင့်ကြတာပေါ့]
သိပ်မကြာခင်မှာပဲ ယွီဝိန်းလန်က ရောက်လာခဲ့သည်။
လူတိုင်းက အလျင်အမြန်ထရပ်လိုက်ကာ တစ်ညီတစ်ညာတည်း အရိုအသေ ပေးလာကြသည်။
“အရှင်မင်းကြီး ကြွရောက်လာတာကို ကြိုဆိုပါတယ်”
ယန်ရှုလည်း လိုက်ပြောလိုက်ပြီး တိတ်ဆိတ်စွာကြည့်လိုက်သည်။ ထိုသူက နက်ပြာရောင် ထန်းလုံဝတ်ရုံကို ဝတ်ဆင်ထားပြီး အနက်ရောက် ကြိုးကြာသားမွေးဝတ်ရုံနှင့် ခရမ်းရွှေရောင်သရဖူတစ်ခုကို ဆံပင်အနက်ရောင်ပေါ်တွင် ဝတ်ဆင်ထားသည်မှာ ထိုသူ့ကို ပိုပြီးချောမောကာ ခံ့ညားထည်ဝါစေပုံပေါ်သည်။
ထိုကဲ့သို့ လေးနက်နေတဲ့အခါသမယမှာပဲ အကြောင်းပြချက်တစ်ချို့ကြောင့် ယန်ရှုက မနေ့ညက ထိုသူနမ်းတာကို ခံလိုက်ရတဲ့မြင်ကွင်းကို ရုတ်တရက် သတိရမိသွားပြီး သူမရဲ့မျက်နှာက အနည်းငယ် ပူလောင်လာတော့သည်။
ပြောမှရမယ် သူ့ရဲ့နှုတ်ရေးစွမ်းရည်က……တကယ်ကို ကောင်းတယ် အဟွတ် အဟွတ်
ယနေ့ ကျင်းကွေ့ယိအပါအဝင် မောင်းမဆောင်ထဲက ကိုယ်လုပ်တော်တွေပါ တက်ရောက်ကြတာ ဖြစ်သည့်အတွက် လူသိပ်မများပေမဲ့လည်း ယွီဝိန်းလန်က သူမကို လူအုပ်ထဲကနေ အလွယ်တကူပဲ ခွဲခြားလိုက်နိုင်သည်။
ထိုတစ်ခဏမှာပဲ သူက သူ့ရဲ့အမူအရာကို မထိန်းနိုင်လုနီးပါးပင်။
ဘာ။
သူနှုတ်ရေးက ကောင်းတယ် ဟုတ်လား။
ဒီမိန်းကလေးကတော့!
သို့သော်လည်း တစ်ချိန်တည်းမှာပဲ မနေ့ညကမြင်ကွင်းနဲ့ အတူ “သွေးဆူလွယ်တဲ့စစ်သူကြီးနဲ့ လှပတဲ့မုဆိုးမလေး”ဆိုသော ထိုစာအုပ်ကို ပါ ပြန်မတွေးပဲ မနေနိုင်ပေ။
ဖုဟိုင်က ရုတ်တရက်ပဲ အရှင်မင်းကြီးရဲ့နားဖျားတွေက နီရဲလာတာကို တွေ့လိုက်ရသည်။
ဘာဖြစ်တာလဲ။ နန်းဆောင်ကအေးလွန်းလို့ အရှင်မင်းကြီးပါ ခဲသွားတာများလား။
ယွီဝိန်းလန် “…..”
သူ့မှာရွေးချယ်စရာမရှိတော့ပဲ ခံ့ညားထည်ဝါလှတဲ့ အမူအရာကို ထိန်းသိမ်းနိုင်ရန် ထပ်ခါထပ်ခါသည်းခံရုံသာ တတ်နိုင်တော့သည်။
တော်ဝင်မိသားစုရောက်လာပြီးနောက် တော်ဝင်ညီလာခံက အထက်တန်းလွှာတွေနဲ့ အခြားသူတွေက နန်းဆောင်ထဲကို အရိုအသေပြုဖို့ ရောက်လာကြတော့သည်။
သူတို့ရဲ့အဆင့်အတန်းအရ အကြီးဆုံးမင်းသမီးကြီး ယွီဝိန်းယန်နဲ့ သူမရဲ့သမက် ကျောက်ချန်ဝမ်တို့က ဦးစွာ အရိုအသေပေးလာကြသည်။
လူတိုင်းက ပထမဧကရာဇ်ရဲ့ဆက်ခံသူတွေက အားနည်းတာကို သိကြသည်။ အကြီးဆုံးမင်းသမီးကြီးမှာ သားတစ်ယောက် သမီးတစ်ယောက် ရှိတဲ့အတွက် အကြီးဆုံးမင်းသမီးကြီးရဲ့အဆင့်အတန်းကို ခန့်မှန်းနိုင်ပေသည်။
ယန်ရှုအတွက် ထိုသို့သော ပွဲတော်မျိုးကို တက်ရောက်ရသည်မှာ ရှားပါးပေသည်။ အကြီးဆုံးမင်းသမီးကြီးက ဧကရာဇ်ထက် သုံးလေးနှစ်ခန့်ပိုကြီးပုံရပြီး အလွန်အမင်း ကြွယ်ဝ ကျက်သရေရှိစွာ ဝတ်ဆင်ထားပေသည်။
နှစ်သစ်ကူးညစာစားပွဲညကို မှတ်မိနေဆဲပင်။ ကိုယ်လုပ်တော်နင်ရဲ့ ရတနာများစွာစီခြယ်ထားတဲ့ ဆံညှပ်က လူတွေရဲ့မျက်လုံးကို ကန်းစေလုနီးပါးပင်။ ဒါပေမဲ့ ယနေ့မင်းသမီးကြီးရဲ့ဝတ်စုံက ရွှေတွေနဲ့ မြကျောက်အပုံလိုက် ဆင်မြန်းထားမယ်လို့မထင်ထားပေ။ ရတနာရှစ်ပါးစီခြယ်ထားတဲ့ အနီရောင်ရွှေဆံညှပ် ၊ ရွှေစင်နဲ့ ပြုလုပ်ထားတဲ့နှစ်ဖက်လှ ဘရိုကိတ်ဝတ်စုံ ၊ ဇီးသီးပွင့်သဏ္ဍာန် ရွှေချည်မျှင်နဲ့ ရက်လုပ်ထားတဲ့ သွေးနီရောင်မြေခွေးသားမွေးတို့ပင်။
အရှိန်အဝါက ကိုယ်လုပ်တော်ကျိုးထက်ပင် ပို၍ သန်မာနေသေးသည်။
သို့သော် သူမရဲ့သားမက် ကျိုးချန်ဝမ်ကမှ မျက်ခုံးနိမ့်နိမ့်နဲ့ ပိုပြီးကျေနပ်ဖွယ် အသွင်အပြင်ရှိသေးသည်။
ကျစ် ကြည့်ရတာ မင်းသမီးကြီးရှန်ကလည်း လွယ်ကူမဲ့ပုံမပေါ်ပင်။
ယွီဝိန်းလန် “...”
ဒီအဓိပ္ပာယ်မရှိတာက ဘာလဲ။ ကောင်းမွန်တဲ့ဘဝဆိုတာကရော ဘာလဲ။
ဒီတစ်ကြိမ်မှာ အာရုံပြောင်းစေဖို့က မလွယ်ပေ။ သူက မင်းသမီးကြီးကို ဦးစွာပြောလိုက်သည်။
“ကြိုဆိုပါတယ် အမတော်ဟွမ် ထိုင်ပါ”
ယွီဝိန်းယန်ကထလိုက်ပြီး သူမရဲ့သားမက်နဲ့ အတူ ရှေ့တန်းမှာသွားထိုင်တော့သည်။
သိပ်မဝေးတဲ့နေရာက ကိုယ်လုပ်တော်နင်ရဲ့ခါးက အနည်းငယ် ဖြောင့်သွားပေသည်။
ထိုသူတွေက သူမရဲ့ ဦးလေးနှင့်အဒေါ်ပင်။ ဒီနေ့လာသမျှသူတွေထဲမှာ သူတို့ထက်အဆင့်အတန်းပိုမြင့်တဲ့သူ ဘယ်သူရှိလဲ။
ကိုယ်လုပ်တော်ကျိုးကွေ့ဖေးက အတော်လေး ဒေါသထွက်နေသည်။ အထူးသဖြင့် ဒီနေ့မှာ ဧကရီမယ်တော်ကြီးက သူမရဲ့နန်းဆောင်ထဲမှာ ပြန်လည်အားမွေးနေတုန်းဖြစ်သည့်အတွက် ယခုပွဲကို မတက်ရောက်ပေ။
သို့သော် သူမရဲ့မိခင်နှင့်ဖခင်တို့က တက်ရောက်ကာ နောက်ထပ် နှုတ်ဆက်လာသူပင်။
ချန်အန်းကုန်းနဲ့ သူ့ဇနီးတို့က ရှေ့ကို တိုးကာ အရိုအသေပေးလာကြသည်။
“အရှင်မင်းကြီးကို နှုတ်ခွန်းဆက်ပါတယ်”
ယန်ရှုနဲ့ ရန်တုန်းကတစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး သူတို့ရဲ့စိန်ထဲမှာ ကျစ် ကျစ်ဟု ပြောနေပေသည်။
[ဒါကပုပ်သိုးနေတဲ့အူပဲ အဲ့ဒီ မည်းတစ်လှည့် ပြာတစ်လှည့် အသွင်အပြင်ကို ကြည့်ပါဦး ကြည့်ရတာ ကျောက်ကပ်အားမကောင်းတာပဲနေမှာ]
15 05
[ဒီလိုဆိုမှ ငါကငယ်ရွယ်နေတုန်းပဲ တစ်နေ့မှာ ကိုယ်လုပ်တော်ရဲ့အိပ်ရာထဲမှာ သေသွားမှာကို တောင် မကြောက်ဘူး…..]
ယွီဝိန်းလန် “...”
အကုန်သေမယ်။
ဒီမိန်းကလေးက ရိုးရှင်းတာပဲ!
သို့သော် ချန်အန်းကုန်းရဲ့ မျက်တွင်းတွေက တကယ်ကို ပဲ အနည်းငယ် မဲပြာနေပေသည်။ သူက တစ်ခဏခန့် စဉ်းစားလိုက်ပြီးနောက် မေးလိုက်သည်
“ဦးရီးတော် အခုတလော ဘယ်လိုနေပါသလဲ”
ချန်အန်းကုန်းက တစ်ခဏတန့်သွားပြီး လျင်မြန်စွာရယ်မောလိုက်ကာ
“အရှင်မင်းကြီးကစိတ်ပူလွန်းနေပါပြီ ဒီငယ်သားက အကုန်လုံးကောင်းပါတယ်”
သို့သော် သူ့ဇနီးက တစ်ချက်ကြည့်လာပြီး သူမရဲ့စိတ်ထဲမှာ ကျိန်ဆဲနေပေသည်
[ဟက်! အရှက်မရှိတဲ့လူအိုကြီး! အရှင်မင်းကြီးတောင် မြင်နိုင်တယ် အရှက်ကွဲတာနဲ့ ပဲ တန်တယ်! ရှင့်ရဲ့ကျိုးမိသားစုက ဘိုးဘေးတွေအားလုံးကို လွှင့်သာပစ်လိုက်တော့]
ယွီဝိန်းလန် “…..”
ကြည့်ရတာ အမှန်ဖြစ်နေတာပဲ။
စာရေးသူမှာပြောစရာရှိတယ် :
ယန်ရှု : လာပြီးတော့ ဖရဲသီးစား! ဘယ်လောက်တောင် ကြီးလိုက်တဲ့ဖရဲသီးခင်းကြီးလဲ!
တစ်စုံတစ်ယောက်သောဧကရာဇ်က အလျင်အမြန်ရောက်လာပေသည်။
******