← Chapters

အခန်း (၁၆-၁၈)

Vol. 2 Ch. 16-18

အခန်း (၁၆-၁၈)

Vol. 2 Ch. 16-18

16 01

အပိုင်း ၁၆

ယွီဝိန်းလန်က အလွန်အမင်းကို အံ့အားသင့်သွားတော့သည်။

ချန်အန်းကုန်းရဲ့စံအိမ်တော်ကအကြောင်းကို သူမ ဘယ်လိုလုပ်ပြီး သိနေရတာလဲဆိုတာကို တွေးမိရင်း ယန်ရှုကို မတတ်နိုင်စွာပဲ တစ်ချက် ကြည့်လိုက်သည်။

သူကိုယ်တိုင်တောင်မှ ထိုအကြောင်းကို မသိပေ…..

ထိုအချိန်မှာပဲ ချန်အန်းကုန်းက ထပ်ပြောလာသည်။

“ကျွန်တော်မျိုး ကြားမိတာတော့ ဧကရီမယ်တော်ကြီးရဲ့ဖီးနစ်ခန္ဓာကိုယ်က ကျန်းမာရေးမကောင်းဘူးတဲ့။ အခုရော ဘယ်လိုနေပါသေးလဲ”

ယွီဝိန်းလန်က အသိပြန်ဝင်လာပြီး ပြောလာသည်။

“ဧကရီမယ်တော်ကြီးက နန်းဆောင်ထဲမှာ ပြန်ပြီးအားမွေးနေပါတယ်။ သူမရဲ့ကိုယ်က လွန်ခဲ့တဲ့နှစ်ရက်က ထက်စာရင် အများကြီး ပိုကောင်းလာပါပြီ။ စိုးရိမ်စရာသိပ်မရှိတော့ပါဘူး”

ထို့နောက် ထိုနှစ်ယောက်ကိုထိုင်ဖို့ အမိန့်ပေးလိုက်တော့သည်။

ကိုယ်လုပ်တော်ကျိုးလည်း သူမရဲ့ခါးကိုဖြောင့်တန်းစေလိုက်သည်။

စင်ပေါ်တွင် စန်းကုန်းနဲ့လျှိုပုကဲ့သို့သော အရေးပါတဲ့အရာရှိတွေလည်းရှိသေးသည်။

သူမ စားနေရတဲ့ဖရဲသီးတွေရဲ့ အဓိကဇာတ်ကောင်တွေကို မြင်ပြီး ယန်ရှုရဲ့မျက်လုံးတွေက အလုပ်များနေတော့သည်။

[သွမ့်ရှုန်းစစ်မက်ရေးရာဌာနရဲ့ငယ်သားက တကယ်တမ်းတော့ မျက်နှာမှာ မုတ်ဆိတ်တွေနဲ့ကြမ်းတမ်းတဲ့လူမျိုးပဲ ကြည့်ရတာ သူကတကယ်တော့ ရှို့များလား](ရှို့=အောက်ပုဂ္ဂိုလ်)

တိတ်ဆိတ်စွာနားထောင်နေတဲ့ ယွီဝိန်းလန် “။။”

“ရှို့”ဆိုတာက ဘာကြီးလဲ။

သူဘာလို့နားမလည်ရတာလဲ။

သူပြန်လည်မသက်သာသေးခင်မှာပဲ သူမနှလုံးသားထဲက ရေရွတ်သံကို ကြားလိုက်ရပြန်သည်။

[အဲ့ဒီဖြောင့်မတ်တဲ့မျက်နှာ ဆံပင်အဖြူရောင်နဲ့လူအိုကြီးက ဝေ့ရူကျန်းဖြစ်နေတာပဲ။ ဝမ်ဟွားစံအိမ်တော်ရဲ့ပညာရှိလေ။ ကျစ် ကျစ် ဘယ်လိုလူမျိုးလဲ! ဒါက ဒဏ္ဍာရီထဲမှာ ပြောကြတဲ့ သူတော်ကောင်းယောင်ဆောင်တတ်တဲ့လူမျိုးမလား။]

ယွီဝိန်းလန် “…..”

ရိုးရိုးသားသားပြောရလျှင် မနေ့ညက သူ “ပျော်တတ်တဲ့ယောက်ျားနဲ့မိန်းမလှလေး” ဆိုတဲ့စာအုပ်ကိုဖတ်လိုက်ကတည်းက ဝေ့ရူကျန်းကို ကြည့်ရတာ ပိုပိုပြီး ဖောက်ပြန်တတ်တဲ့လူနဲ့ တူတူလာသလိုပဲ။

သို့သော် သွားရောက် စုံစမ်းနေတဲ့သူက ပြန်မရောက်သေးသည့်အတွက် တစ်ဖက်လူကို ဘာမှလုပ်၍ မရပေ။

ထို့နောက်မှာပဲ လင်းဝူမြို့စား စွန်းရှောင်ကွမ်းနဲသားဖြစ်သူစွန်းကျန်းဖုန်းတို့ ရောက်ရှိလာကြသည်။

—လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝရုန်းသုန်းကား အခြေအနေတွေအပြီးမှာတော့ လင်းဝူမြို့စားကသူ့ဇနီးနဲ့ ပြန်ပေါင်းထုပ်သွားပေမဲ့ သူ့ရဲ့သွေးသားဖြစ်သူ သူတို့ရဲ့သားကိုတော့ စံအိမ်ထဲမှာ ဆက်ထားလိုက်သည်။

ယန်ရှုကဘေးဘက်မှာ ပုန်းလိုက်ပြီး ကျစ်သပ်ကာ

[သနားစရာကောင်းလိုက်တဲ့လူ ရှင့်သားက ရှင်နဲ့ မတူဘူးဆိုတာကို မသိဘူးလား။ ရှင့်မှာက လေ့ထောင့်ကျတဲ့မျက်နှာမျိုးရှိတယ်။ သူ့မျက်နှာကဝိုင်းတယ်။ ရှင့်ရဲ့နှာခေါင်းကမြင့်ပြီး သူ့နှာခေါင်းက ပြားနေတယ်လေ!]

ယွီဝိန်းလန် “…..”

သူလည်း မနေနိုင်တော့ပဲ ထိုသားအဖကို တိတ်တဆိတ် နှိုင်းယှဉ်ကြည့်လိုက်တော့သည်။ ထို့နောက် ချက်ချင်းပဲ ထိုသားဖြစ်သူက မြို့စားလင်းဝူနဲ့မတူကြောင်း ခံစားလိုက်ရတော့သည်…..

တကယ်ပဲ သူ့သားမဟုတ်ဘူးလား။

ဒါကဘယ်လိုလုပ်သင့်တာလဲ။ သူ့ကို အသိပေးလိုက်သင့်လား။

ဒါပေမဲ့ သူ့မှာ သက်သေမရှိဘူးလေ…..

…..

16 02

ထို့နောက် သူဟာ ကွမ်းယန်မြို့စား ၊ အနောက်တောင်ထုန်ကျန်းအရပ်ကသံတမန်နဲ့ စက်မှုဝန်ကြီးဌာနရဲ့ဝန်ကြီးချုပ်စသဖြင့်လူပေါင်းများစွာရဲ့ လျှို့ဝှက်ချက်တွေကို သိလိုက်ရတော့သည်။

ဥပမာအားဖြင့် ကွမ်းယန်ဟုန်မှာ အစွဲတစ်ခုရှိပြီး စာရေးနေစဉ် ဆန်ပြားရွက်တွေ စားရတာကို ကြိုက်နှစ်သက်သည်။ သူက နေမကောင်းဘူးလို့ပြောပြီး ညီလာခံကိုပျက်ကွက်ခဲ့ပေမဲ့ တကယ်တော့ သူဟာ ဆန်ပြားရွက်တွေ အများကြီး စားမိသွားတဲ့အတွက် ဗိုက်နာနေခဲ့တာပင်။

တကယ်တမ်းတော့ အနောက်တောင်သံတမန် ထုန်းကျန်းက အပျော်မယ်ဂေဟာတွေ သွားရသည်ကို နှစ်သက်ပေသည်။ မြို့တော်ကနေ ထွက်ခွါသည်နှင့် ပန်းကလေးတွေနဲ့ မိုးမခပင်လေးတွေကို ရှာဖွေမည်ဖြစ်သည်…..(အလှလေးတွေကို ရှာဖွေတာကိုပြောတာပါ)

စက်မှုဝန်ကြီးဌာနက ဝန်ကြီးဟာလည်း အပြင်ပန်းမှာ တည်ကြည်တဲ့ပုံပေါက်ပေမဲ့ တကယ်တမ်းတော့ ငိုရတာကို ကြိုက်နှစ်သက်သူပင်။ မကြာခဏဆိုသလို စာကြည့်ဆောင်ထဲမှာပုန်းပြီး တိတ်တိတ်လေး ငိုနေတတ်ပေသည်….။

ပွဲအခမ်းအနားပြီးတဲ့နောက်မှာတော့ အရှင်မင်းကြီးကြီးရဲ့သုံးဖက်အမြင်က သူ့ဘေးနားက လူတွေကြောင့် ပြင်းထန်စွာလှုပ်ယမ်းသွားတော့သည်။

သာမန်ဖြစ်တဲ့လူ နည်းနည်းလေးတောင်မှ မရှိဘူးလား။။။

~~~~~

ကျင့်ဝတ်ထုံးတမ်းတွေပြီးဆုံးတဲ့နောက် လူတိုင်းကနေရာယူလိုက်ပြီး ရေခဲပြပွဲစတင်မဲ့အချိန်ပင်။

ပထမအကြိမ်က ဆွဲယူပြီးပြေးရခြင်းပင်။

တစ်ချိန်တည်းမှာပဲ ကျယ်ပြောလှတဲ့ရေခဲပြင်ရဲ့အဆုံးမှာတော့ အောင်တံခွန်တစ်ခုကို ချိတ်ဆွဲထားသည်။ မောင်းသံနှင့်အတူ သံချောင်းတပ်ထားတဲ့ ရေခဲစီးဖိနပ်တွေနဲ့စစ်သားအယောက်နှစ်ဆယ်ထက်မနည်းက ရေခဲပြင်ပေါ်မှာ စတင်ပြေးလွှားရင်း ကြယ်စင်တွေကဲ့သို့ အောင်တံခွန်ဆီကို အပြေးအလွှားသွားကြတော့သည်။ အရင်ရောက်ရှိသူက အနိုင်ပင်။

ထိုအချိန်မှာပဲ အားပေးဖို့အတွက် မောင်းတွေနှင့်ဗုံသံတွေလည်း ဆူညံနေကာ လူတွေကို စိတ်အားတင်းသထက်တင်းလာစေတော့သည်။

လူတိုင်းက မမှိတ်မသုန်ကြည့်နေကြပြီး ယန်ရှုလည်း မျက်တောင်ပင် မခတ်ရဲပေ။

သူမတွေ့လိုက်သည်က ထိုအလှည့်ဟာ နောက်ပိုင်းမျိုးဆက်တွေရဲ့ စကိတ်စီးနှုန်းနဲ့ တူသည်ဆိုတာကို ရှာတွေ့သွားတော့သည်။ နောက်ပိုင်းမျိုးဆက်တွေလောက်ဆို စိတ်လှုပ်ရှားဖို့ကောင်းတယ်။!

စုစုပေါင်း ခြေစစ်ပွဲငါးပွဲရှိသည်။ တစ်ပွဲပြီးတစ်ပွဲပြီးသွားတာနဲ့ တစ်လှည့်စီကထိပ်ဆုံးသုံးယောက်က ဖိုင်နယ်ပွဲအတွက် ရွေးချယ်ခံရမည်ဖြစ်သည်။ ထိုနည်းအားဖြင့် ဖိုင်နယ်ပွဲကပါဝင်ယှဉ်ပြိုင်သူတွေက အကောင်းတကာ့အကောင်းဆုံးတွေဖြစ်သွားပြီး လူတွေကို ပိုပြီးစိတ်လှုပ်ရှားစေသည်ပင်။

ထိုပြိုင်ပွဲက လူတွေရဲ့သွေးကိုဆူပွက်လာစေသည်။

ထို့နောက်ကတော့ ကျွမ်းလုံပစ်ခြင်းပင်။

ရေခဲပြင်အလယ်က ဂိတ်တစ်ခုရဲ့ အပေါ်နဲ့အောက်မှာ ဘောလုံးတစ်လုံးကိုချိတ်ဆွဲထားပြီး စစ်သားတွေကမတူညီတဲ့အရောင်တွေကို ဝတ်ဆင်ထားသည်။ အဖွဲ့တစ်ခုစီတိုင်းမှာ ဝတ်စုံနဲ့တူညီတဲ့အလံအရောင်ကို ကိုင်ထားပြီး နောက်ဘက်ကလူတွေကတော့ လေးနဲ့မြှားတွေကို သယ်ဆောင်ထားကြသည်။

အစဉ်လိုက်အနေအထားဖြင့် အဖွဲ့ခြောက်ဖွဲ့ဟာ ရေကန်ကစတင်ပြီး ကျင်းမန်အထိ ရေခဲပြင်ပေါ်မှာ မြွေသဏ္ဍာန် စတင်ရွေ့လျားနေကြတော့သည်။

ပွဲကြည့်စင်ပေါ်ကကြည့်မယ်ဆိုလျှင် ထိုအရာက အရောင်စုံနဂါးခြောက်ကောင်တွန့်ကွေးစွာရှိနေသကဲ့သို့ ထင်ရပြီး အရမ်းကိုလှပပေသည်။

ကျင်းမန်နားကို ကပ်လာချိန်မှာတော့ တစ်ယောက်ပြီးတစ်ယောင် လေးကိုဆွဲလိုက်ကာ ကျင်းမန်ပေါ်က ဘောလုံးဆီသို့ ပစ်လွှတ်လိုက်ပြီး တစ်ညီတည်းပြန်သွားကြတော့သည်။သူတို့ရဲ့မြှားတွေက တိကျရုံပင်မကပဲ သူတို့ရဲ့အနေအထားကိုပါ တစ်ချိန်လုံးထိန်းသိမ်းထားသည်ပင်။ ရှုခင်းကတကယ်ကို လှပပေသည်။

ထို့နောက် ရေခဲပြင်ပေါ်ကင်းမြီးကောက်ထောင်ခြင်း၊ တိုင်လုံးပေါ်တက်ခြင်းနဲ့ ရေခဲပြိုင်ပွဲတို့ပင်။ အကုန်လုံးက ထူးချွန်ပြီးတောက်ပနေသည်။

ထို့ကြောင့် ယန်ရှုအတွက် အကောင်းဆုံးအရာကတော့ စားပွဲပေါ်က အရသာရှိတဲ့အစားအသောက်တွေပင်။

ထို့အပြင် သရေစာနဲ့ဆီစိမ်အသီးမျိုးစုံလည်း ရှိသေးသည်။ လတ်လတ်ဆတ်ဆတ်ကင်ထားတဲ့ ဝက်သားနဲ့သိုးသားပါရှိနေသေးသည်။

16 03

သိကြတဲ့အတိုင်းပင် ထိုကဲ့သို့ရိုင်းပျစွာ စားသောက်ခြင်းမျိုးက နန်းတော်ထဲမှာ အလွယ်တကူမတွေ့နိုင်ပေ။

ကျစ် ကင်ထားတဲ့ဝက်သားရဲ့အရေပြားက တော်တော်လေးကြွပ်ရွတာပဲ အထဲကအသားကလည်း အရည်ရွှမ်းတယ်။။ အရသာက ကျစ်လစ်ပြီး နူးညံ့တယ်။ အရမ်းကိုစိတ်ကျေနပ်စရာပဲ!

သိုးသားကင်က ပိုတောင်ကောင်းသေးသည်။ သိုးသားက နူးညံ့ကာအရည်ရွှမ်းပြီး မီးသွေးရဲ့ရနံ့က တစ်လက်မချင်းစီတိုင်းမှာ စွဲထင်နေသည်။ ထိုအရာက မင်းကို ထပြီးကချင်စိတ်ဖြစ်ပေါ်လာစေလောက်အောင်ထိ အရသာရှိလွန်းသည်!

ထိုရှားပါးပြီး အလွန်အမင်းအရသာရှိတဲ့ အစားအစာတွေစားရင်း အပြင်ဘက်ကအံ့ဩဖွယ်ဂိမ်းကိုကြည့်ရသည်မှာ အေးစိမ့်နေသည်ဆိုရင်တောင်မှ ထိုက်တန်သည်ပင်!

သူမကိုတိတ်တိတ်လေးအာရုံစိုက်နေတဲ့ ယွီဝိန်းလန် “…..”

ကွမ်းကျင်းအဆောင်တော်က လူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်အတွေးတွေရှိကြပေသည်။ သို့သော် သူမရဲ့အတွေးတွေကသာ အတင်းအဖျင်းတွေနဲ့အစားအသောက်နှင့်သာ ပြည့်နှက်နေပေသည်။

အစားအသောက်ကိုချလာကတည်းက သူမရဲ့ပါးစပ်က မရပ်သေးပေ။

ဒီလိုမျိုးစားနေတာ ဝမလာနိုင်ဘူးလား။

ဒါပေမဲ့…..နည်းနည်းလေးပြည့်လာတာကလည်း သိပ်မဆိုးသလိုပါပဲ အဟွတ်

သူမရဲ့အစားအသောက်တွေက ဘယ်လောက်တောင်အရသာရှိနေသလဲဆိုတာကို ကြည့်လိုက်ပြီး သူလည်းမနေနိုင်စွာ နှစ်ကိုက် ကိုက်လိုက်မိသည်။

~~~~~

ရေခဲပြင်ပြိုင်ပွဲ ပြီးသွားတဲ့နောက်မှာတော့ ယနေ့ရဲ့ဖိုင်နယ်ပွဲကိုရောက်လာပြီဖြစ်သည်။-ရေခဲပြင်ပေါ်မှာ ဘောလုံးလုခြင်းပင်။

ထိုပွဲက ယနေ့ရဲ့အကြီးမားဆုံးနဲ့အပြင်းထန်ဆုံးပွဲပင်။

ဗုံသံတွေနဲ့အတူ အနီနဲ့အဝါဝတ်ဆင်ထားတဲ့ စစ်သားနှစ်ယောက်က ပြိုင်ပွဲကွင်းထဲကိုဝင်လာတော့သည်။

တော်ဝင်အမိန့်ပြန်သူက သူ့လက်ထဲကဘောလုံးနှင့်အတူ ပွဲကြည့်စင်ကို လာရောက်ကာ အရှင်မင်းကြီးကို ဦးညွှတ်ပြီးပြောလိုက်သည်။

“ကျေးဇူးပြုပြီး ဘောလုံးကိုကန်ပေးတော်မူပါ အရှင်မင်းကြီး”

ဒါက ထိုအဖွဲ့နှစ်ခုမကြာခင်ပြိုင်မည့် ဘောလုံးပင်။

ရွှေရောင်ဘောလုံးပေါ်တွင် င်္ဟသာပြဒါးနဲ့နဂါးတစ်ကောင်ပုံဆွဲထားပြီး ထိုအရာရဲ့အဖိုးတန်မှုကိုပြသရန်အတွက် ဧကရာဇ်ကိုယ်တိုင်ထိတွေ့ပေးရန် လိုအပ်ပေသည်။

ထိုအရာက ယခုမင်းဆက်ရဲ့ တစ်ချိန်လုံးတည်ရှိလာသည့်စည်းမျဉ်းပင်။ ယွီဝိန်းလန်က အရင်ကလည်းနှစ်ကြိမ်တိုင်တိုင် လုပ်ခဲ့ပြီးပြီပင်။ ယခုတစ်ခေါက်မှာတော့ ဦးဆောင်မှုပြုရန် ဧကရာဇ်ဆီကို ရောက်ရှိလာပြန်သည်။

တော်ဝင်အမိန့်ပြန်သူက ဘောလုံးကို လက်ခံလိုက်ပြီး ဘောလုံးလုပွဲက စတင်ပေတော့သည်။

အနီနဲ့အဝါအဖွဲ့ဟာ တစ်ယောက်နဲ့တစ်ယောက် အကြိတ်အနယ်ယှဉ်ပြိုင်နေသည်ကို ကြည့်ရတာက အလွန်ပင် စိတ်ရှားဖွယ်ရာပင်။ အဆောင်ပေါ်က ပွဲကြည့်ပရိတ်သတ်ကလည်း စိတ်လှုပ်ရှားစွာကြည့်နေကြပေသည်။

ယန်ရှုရဲ့လွှမ်းမိုးမှုအောက်မှာ ဘာမှလုပ်စရာမရှိသည့်အတူတူ ယွီဝိန်းလန်ကလည်း အသားကင်ထပ်စားလိုက်သည်။

အသားကင်ရဲ့ ပြင်းထန်တဲ့အရသာက သူ့ကို ဝိုင်အနည်းငယ်မသောက်မိစေပဲ မနေနိုင်အောင်လုပ်နေပေသည်။

ခွက်ကိုယူဖို့ လက်လှမ်းလိုက်တယ်။ဆိုရင်ပဲ သူ့ရဲ့ဘယ်လက်ကိုပြမိသွားပြီး ထိုလက်ပေါ်မှာ ထိခိုက်ထားပုံရတဲ့ ဖျော့တော့တဲ့ အနီရင့်ရောင်အရာတစ်ခုကို ဘေးဘက်မှာတွေ့လိုက်ရတော့သည်။

ဘေးဘက်မှာ ကိုယ်လုပ်တော်နင်က အကြီးဆုံးမင်းသမီးကြီးကို ချက်ချင်းပဲကြည့်လိုက်သည်။

အကြီးဆုံးမင်းသမီးကြီး ယွီဝိန်းယန်ကပြောလာသည်

“အရှင်မင်းကြီးရဲ့လက်က ထိခိုက်မိထားတာလား”

ယွီဝိန်းလန်က ဘာထူးဆန်းနေမှုမှမပြပဲ ပြောလာသည်

“ဘာမှမဟုတ်ပါဘူး”

အကြီးဆုံးမင်းသမီးကြီးက ထပ်ပြောလာသည်

“အရှင်မင်းကြီး ဝန်ကြီးတွေဆီကနေ ဘာကိုမှဖုံးကွယ်မထားပါနဲ့ အရှင်မင်းကြီးရဲ့ခန္ဓာကိုယ်က ရွှေစင်ပေါင်းသောင်းချီတန်ဖို့ရှိတဲ့အတွက် ဒဏ်ရာသေးသေးလေးဆိုရင်တောင် သေးငယ်တဲ့ကိစ္စမဟုတ်ပါဘူး”

ထို့နောက် သူမက ဖုဟိုင်ကိုကြည့်ကာ ဆူပူလာသည်။

“အထိန်းတော်လုပ်နေရတာကို ဘယ်လိုမျိုးလုပ်နေတာလဲ။ အရှင်မင်းကြီးကို ဘယ်သူကထိခိုက်အောင်လုပ်သလဲဆိုတာကို ဘာလို့ငါ့ကိုမပြောရတာလဲ”

ထိုအချင်းအရာက ဖုဟိုင်ကိုထိန်လန့်သွားစေပြီး အလျင်အမြန်ပြောလာခဲ့သည်

“စိတ်လျှော့တော်မူပါ လွန်ခဲ့တဲ့နှစ်ရက်က အရှင်မင်းကြီးက ဓားရေးလေ့ကျင့်ရင်းနဲ့ ကိုယ့်ကိုကိုယ်ထိခိုက်မိသွားစေတာပါ”

ယွီဝိန်းယန်က ထပ်မံ နှာမှုတ်လိုက်ပြီး

“ငါ့ကိုဖြီးဖြန်းနေတာကိုရပ်စမ်း! အရှင်မင်းကြီးက ကိုယ်ခံပညာကိုငယ်စဉ်ကတည်းက လေ့ကျင့်လာခဲ့တာ ဘယ်လိုလုပ် သူ့ဘာသာသူထိခိုက်မိစေမှာလဲ။ ပြီးတော့ အရှင်မင်းကြီးရဲ့ဒဏ်ရာက ဘယ်လိုလုပ်ပြီး ညလယ်ကြီးဓားရေးကျင့်ရင်းရလာတာလဲ။ ဘယ်သူလဲ နင့်လိုအစေခံက ဘာကိုဖုံးကွယ်ထားချင်နေတာလဲ”

ဖုဟိုင်ကထပ်မံစကားမပြောရဲတော့ပေ။

16 04

ယွီဝိန်းလန်က မျက်မှောင်ကြုတ်လိုက်သည်။

သိပ်ကောင်းတယ်။ ညလယ်ကြီးဒဏ်ရာရလာတာကိုတောင် သိတယ်ပေါ့လေ။

ထိုအချိန်မှာပဲ နောက်ထပ်ဝန်ကြီးတစ်ပါးက ပြောလာသည်။

“အရှင်မင်းကြီးနဂါးခန္ဓာကိုယ်က သေးငယ်တဲ့ပြဿနာမဟုတ်ရပါဘူး တစ်ယောက်ယောက်ကသာ ထိခိုက်အောင်လုပ်တာဆိုရင် ပြင်းထန်စွာအပြစ်ပေးသင့်ပါတယ်။”

ထိုစကားတွေထွက်လာသည်နှင့် လူများစွာက သံယောင်လိုက်ကာပြောလာကြသည်။

“တစ်ယောက်ယောက်ကအရှင်မင်းကြီးကို ထိခိုက်အောင်လုပ်ရဲတယ်။လား။ ဘယ်သူပါလဲ။ အရှင်မင်းကြီးကထိုသူကို တရားခွင်ကို ခေါ်သင့်ပါတယ်။!”

…..

တစ်ဖက်မှာတော့ ယန်ရှုက သူမရဲ့နှလုံးသားထဲမှာ ဘယ်လိုတောင် ကောင်းလိုက်တဲ့သူလဲ သူမမှန်းတာမှန်နေတာပဲဟု ပြောနေပေသည်။

ထိုသူတွေက ဧကရာဇ်ရဲ့ဒဏ်ရာကိုအကြောင်းပြုပြီး ပြဿနာကိုမွှေနှောက်ရှာချင်နေတာပဲ။ သူတို့တွေးကြသည်မှာ ဧကရာဇ်က သူမကိုမျက်နှာသာပေးတဲ့အချိန်မှာ ခံစားလိုက်ရတဲ့ဒဏ်ရာလို့တွေးကောင်းတွေးနေကြသည့်အတွက် သူမအားအပြစ်ပေးစေရန် သူ့အားဖိအားပေးနေတာပင်။

ကံမကောင်းစွာနဲ့ ထိုအရာပြဿနာမဟုတ်ပေ။

ထို့နောက် ယွီဝိန်းလန်ရဲ့နားကလည်း ဆက်တိုက်ကိုဆူညံနေတော့သည်။

သူ့အနားက ကိုယ်လုပ်တော်နင်ရဲ့စိတ်ထဲကပြောနေသံကို ကြားလိုက်ရသည်။

[ဒီလောက်လူတွေအများကြီးပြောနေကြပုံနဲ့ဆိုရင် အရှင်မင်းကြီးက သေချာပေါက် အဲ့ဒီမိန်းမပျက်ကို ကာပေးနိုင်မှာမဟုတ်ဘူး! ဟမ့် ငါတို့တွေသူမကို ဒီတစ်ကြိမ်မှာ အပြတ်ရှင်းရမယ်!]

ကိုယ်လုပ်တော်ကျိုးကလည်း သူမဘာသာကျေနပ်နေရင်း

[ကိုယ်လုပ်တော်နင်က အတော်လေးထက်မြက်ပြီး အကြီးဆုံးမင်းသမီးကြီးကိုရွေဍှ့ထွက်လာအောင် ဘယ်လိုပြောရမလဲသိတာပဲ အဲ့ဒီရူးနေတဲ့မိန်းမကြီးကသာ ဒီလိုအရာကိုလုပ်ရဲမှာ ကံကောင်းလို့ ဒီနေ့အန်းဖင်းစကားကိုနားထောင်ပြီး ပွဲကိုလာမိလို့သာပေါ့]

ကိုယ်လုပ်တော်အန်းကလည်း သူမနှလုံးသားထဲတွင် ရေရွတ်နေပေသည်။

[ဒီနေ့ လူတွေအများကြီးထွက်လာတယ်။ဆိုတော့ အရှင်မင်းကြီးက သေချာပေါက်ကို ဖြေရှင်းချက်ပေးရမယ်]

…..

သူဟာ တစ်ချို့သူတွေက ဂနာမငြိမ်ဖြစ်နေပြီး သူ့ရဲ့ဒဏ်ရာကိုအခွင့်ကောင်းယူကာ ပြဿနာရှာချင်ကြတယ်။ဆိုတာကို သိပေသည်။ သေချာပေါက်ကိုပဲ ထိုသူတွေက ဒီနေ့ထွက်လာကြသည်။

သူကပြောလိုက်သည်

“ အကြီးဆုံးမင်းသမီးကြီးရဲ့စိတ်ပူမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကိုယ်တော့်ရဲ့ဒဏ်ရာက တစ်ခြားသူနဲ့မဆိုင်ပါဘူး တကယ်ကိုကိုယ့်ဘာသာထိခိုက်မိတာပါ”

ထို့နောက် သူက သံတမန်စစ်သူကြီးသုယွီရှီးနဲ့ မြေပြင်ပေါ်မှာ ဒူးထောက်နေတဲ့တစ်ခြားသူတွေကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဒီကိစ္စအကြောင်းကို ငါကိုယ်တော်ပေမာင်မင်းတို့ကို ပြောထားပြီးသားပဲ ဒီနေ့ဆူဆူညံညံလုပ်နေရအောင် မောင်မင်းတို့က နားလေးနေလို့လား ဒါမှမဟုတ် မှတ်ဥာဏ်မကောင်းတော့လို့လား”

လူများစွာက အလျင်အမြန်ပြောလာကြသည်။

“မလုပ်ရဲပါဘူး”

ယွီဝိန်းယန်က လျင်မြန်စွာပဲ ကြားဖြတ်ပြောလာသည်။

“အရှင်မင်းကြီး အရှင်မင်းကြီးကိုကောင်းစေချင်တဲ့ စစ်မှုထမ်းကောင်းတွေပါ အဲ့တော့ တရားခံကို ဖုံးကွယ်မနေပါနဲ့”

သူမကပြောလိုက်ပြီး မျက်လုံးထောင့်ကနေ ယန်ရှုကိုတစ်ချက်ကြည့်လိုက်သည်။

[လိယန်ရှု ဟုတ်လား။ အဲ့ဒီဆက်တိုက်စားနေတဲ့တစ်ယောက်လား။ ငါမင်းအတွက်ရွေးပေးထားတဲ့ ကိုယ်လုပ်တော်နင်ကိုမကြိုက်ပဲ အဲ့ဒီတောသူမကိုကြိုက်တာက ဘာကောင်းနေလို့လဲ။ ဘယ်လိုတောင်အတွေးအမြင်မရှိရတာလဲ။ ဒီမောင်းမဆောင်ရဲ့အင်အားက တစ်ခြားသူရဲ့လက်ထဲကို ကျရောက်သွားလို့မဖြစ်ဘူး]

ယွီဝိန်းလန်ကနှာမှုတ်ကာ

“အစ်မတော်က ကိုယ်တော်မလုပ်တဲ့ကိစ္စအတွက် ကိုယ်တော့်ကိုတွန်းအားပေးဖို့ကြိုးစားနေတာလား”

ယွီဝိန်းယန်ကပြောလာသည်။

“မလုပ်ဝံ့ပါဘူး”

ယွီဝိန်းလန်ကနှာမှုတ်ကာ

“မလုပ်ဝံ့ဘူးတဲ့လား။ ဒါဆို ကိုယ်တော့်ရဲ့ဒဏ်ရာအကြောင်းကို ဘယ်လိုသိလဲ။ ဘယ်သူပြောတာလဲ”

ယွီဝိန်းယန်ကပြောလာသည်။

“ကျွန်မရဲ့မျက်လုံးတွေနဲ့မြင်လိုက်တာပါ အရှင်မင်းကြီး အခုလေးတင်ပဲ လက်ကို ပြလိုက်တယ်။မဟုတ်လား”

ယွီဝိန်းလန်ကနှာမှုတ်လိုက်ကာ

“အခုလေးတင်ပြလိုက်မိတဲ့လက်က ကိုယ်တော့်ရဲ့ဘယ်လက်ပဲ ဒါပေမဲ့ ထိခိုက်မိထားတာက ညာဘက်မှာ”

အကြီးဆုံးမင်းသမီးကြီးကအနည်းငယ်တွန့်သွားပြီး သူမဘယ်လိုလုပ်မှားသွားရတာလဲဆိုတာကို တွေးလိုက်သည်။ သူ့လက်က အရောင်က ဒဏ်ရာမဟုတ်ဘူးလား။

ယွီဝိန်းလန်က အေးစက်စွာပြောလာသည်

16 05

“ဘယ်ဘက်မှာရှိနေတာက စောနကဘောလုံးကပဲ”

ဘာ။ အဲ့တော့ ဒါကဘောလုံးရဲ့အရောင်ဖြစ်နေတာပဲ။

အကြီးဆုံးမင်းသမီးကြီးယွီဝိန်းယန်နဲ့ ကိုယ်လုပ်တော်နင်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး နှစ်ယောက်လုံးပျာယာခတ်သွားကြတော့သည်။

ယွီဝိန်းလန်က အကြီးဆုံးမင်းသမီးကြီးကို နက်ရှိုင်းတဲ့အသံနဲ့ မေးလိုက်သည်။

“ကိုယ်တော်သိချင်မိသား ဘယ်သူကများ ဒီနေ့ရဲ့ဟာသဇာတ်ကိုစီစဉ်ပြီး တော်ဝင်အစ်မတော်ကို ကပြဖို့ ဖိတ်ခေါ်သလဲဆိုတာလေ”

အကြီးဆုံးမင်းသမီးကြီးက ရပ်သွားပြီး အလျင်အမြန်ဖြေလာခဲ့သည်

“မလုပ်ဝံ့ပါဘူး ဘယ်သူကမှ စီစဉ်ထားတာမဟုတ်ရပါဘူး အရှင်မင်းကြီးထိခိုက်ထားတယ်။ဆိုတာ ကြားလိုက်ရတော့ အရမ်းကိုစိုးရိမ်သွားလို့ပါ”

ယွီဝိန်းလန်ကနှာမှုတ်ကာ ထပ်မေးလာပေသည်

“ဒါဆိုရင် ဘယ်သူကများ ကိုယ်တော်ကညလယ်ကြီးထိခိုက်မိတာလို့ ပြောတာလဲ။ ဘာလို့နန်းတော်အပြင်ဘက်ကလူတိုင်းက နန်းတော်ထဲမှာဖြစ်ပျက်နေသမျှကိစ္စတိုင်းကို သိနေရတာလဲ”

ထိုစကားလုံးတွေရဲ့အလေးချိန်က တကယ်ကို ပြင်းထန်လွန်းသည်။ ယွီဝိန်းယန်ရဲ့အသားအရောင်က ပြောင်းသွားပြီး လျင်မြန်စွာ ပြောလာတော့သည်။

“အရှင်မင်းကြီးရဲ့စကားလုံးတွေက တကယ်ကိုပြင်းထန်လွန်းပါတယ်။ ကျွန်မ မလုပ်ဝံ့ပါဘူး”

ထိုစကားတွေထွက်လာသည်နှင့် ဖုဟိုင်က ယွီဝိန်းလန်ကို ရုတ်တရက်ပြောလာသည်။

“အရှင်မင်းကြီး ဒီအစေခံက ရူးမိုက်လွန်းပါတယ်။ မနေ့ကပဲ ဒီအစေခံက ချန်းမင်နန်းဆောင်မှာ ခိုးကြောင်ခိုးဝှက်လုပ်နေတဲ့ကောင်လေးတစ်ယောက်ကို ရှာတွေ့ထားပါတယ်။ ပြီးတော့ ထိုကောင်လေးက အရှင်မင်းကြီးရဲ့ ဟိုဟိုဒီဒီအကြောင်းတွေကို သီးသန့်သတင်းပို့နေပါတယ်။”

စာရေးသူမှာပြောစရာရှိတယ်။ :

ယန်ရှု : ဖရဲသီးစားချင်လား။ အစာသွပ်ထားသလိုမျိုးလေ

တစ်စုံတစ်ယောက်သောဧကရာဇ် : ငါကိုယ်တော်ရဲ့ ကိုယ်လုပ်တော် ဖြည်းဖြည်း……

ယန်ရှု : အစ်ကိုကြီးက အရမ်းကို ရိုးရှင်းတာပဲ အခုသူဘယ်မှာတဲ့လဲ။

တစ်စုံတစ်ယောက်သောဧကရာဇ် : …..

++++++

17 01

အပိုင်း ၁၇

ထိုစကားလုံးတွေ ထွက်လာသည်။နှင့် လူတိုင်း အံ့အားသင့်သွားကြတော့သည်။

ဘယ်လိုလုပ် တစ်ယောက်ယောက်က ဒီလောက်ထိရဲတင်းရတာလဲ။

ယွီဝိန်းလန်က ပြောလိုက်သည်။

“ခေါ်လာခဲ့”

ဖုဟိုင်ဟာ အလျင်အမြန်ပဲ တော်ဝင်ညီလာခံကို ခိုးနားထောင်တဲ့ ထိုကောင်လေးကို ခေါ်လာရန် သူ့လူများအား ပြောလိုက်သည်။

ဖူးရောင်နေတဲ့မျက်နှာ ယောင်ကိုင်းနေတဲ့နှာခေါင်းနဲ့ မိန်းမစိုးငယ်လေးတစ်ယောက်က ကြောက်လန့်တကြားနဲ့ ပြင်းပြင်းထန်ထန်ဦးညွှတ်ကာ ပြောလာသည်။

“အရှင်မင်းကြီး ချမ်းသာပေးတော်မူပါ အရှင်မင်းကြီး ကျေးဇူးပြု၍ သနားညှာတာပေးတော်မူပါ…..”

ကိုယ်လုပ်တော်နင် ၊ ကိုယ်လုပ်တော်လီနဲ့ တစ်ခြားသူတွေရဲ့ အမူအရာတွေက ချက်ချင်းပဲ ပြောင်းလဲသွားကြတော့သည်။

သွားပြီပဲ ဘယ်လိုဖြစ်ပြီး ရှောင်ထောင်းကို ရှာတွေ့သွားကြတာလဲ။

ယွီဝိန်းလန်က မိန်းမစိုးငယ်လေးကိုသာ မေးမြန်းလိုက်သည်။

“မောင်မင်းကို ဘယ်သူက ငါကိုယ်တော့်ဆီကို သူလျှိုလုပ်ပြီး စုံစမ်းခိုင်းထားတာလဲ”

ထိုမိန်းမစိုးငယ်လေးက တုန်ယင်စွာဖြင့်

“မှန်လှပါ….မှန်လှပါ…”

ထိုကဲ့သို့ အကျပ်အတည်းဖြစ်နေချိန်မှာပဲ ကိုယ်လုပ်တော်နင်က ဒူးထောက်ချကာ ပြောလာသည်။

“အရှင်မင်းကြီး စိတ်အေးအေးထားတော်မူပါ ဒီကိုယ်လုပ်တော်ကိုလွန်ခဲ့တဲ့ရက်အနည်းငယ်က အရှင်မင်းကြီးရဲ့ဒဏ်ရာအကြောင်းကို လာပြောပြတဲ့သူက ကိုယ်လုပ်တော်လီပါ ဒီကိုယ်လုပ်တော်က လည်း အရှင်မင်းကြီးရဲ့နဂါးခန္ဓာကိုယ်ကို စိုးရိမ်မိသွားတာနဲ့……”

ဘာ။

ကိုယ်လုပ်တော်လီရဲ့မျက်နှာက ဖျော့တော့သွားပြီး အံ့အားသင့်စွာပြောလာသည်။

“ကိုယ်လုပ်တော်နင် နင်…..”

“ပိတ်စမ်း!”

ကိုယ်လုပ်တော်နင်က ထက်ရှစွာနဲ့ အပြစ်ဖော်ဆုံးမလာသည်။

“နင်က အရှင်မင်းကြီးရဲ့ကိစ္စတွေ ကို စုံစမ်းရအောင်အထိ အရမ်းကိုရဲတင်းပြီး အထိန်းအကွပ်မဲ့နေတာပဲ။ အကျိုးဆက်က ဘာဖြစ်မယ်ဆိုတာကို မသိဘူးလား”

သူမပြောလိုက်ပြီး သတိပေးတဲ့မျက်လုံးတွေ နဲ့ကြည့်လိုက်သည်။

အကြီးဆုံးမင်းသမီးကြီး ယွီဝိန်းယန်ကလည်း အေးစက်တဲ့အကြည့်တစ်ချက်ကို ပေးလာခဲ့သည်။

လီဖင်းက ထိတ်လန့်သွားသော်လည်း တကယ်တော့ အနည်းငယ် တွန့်ဆုတ်နေသည်။

-သူမရဲ့အဒေါ်က လင်းဝူမြို့စားနဲ့ သိပ်မကြာသေးခင်က မှ ပြန်လည်သင့်မြတ်ထားတာ ဘယ်လိုလုပ်ပြီး သူမလိုသေးနုပ်တဲ့မိသားစုက အကြီးဆုံးမင်းသမီးကြီးနဲ့ ယှဉ်နိုင်မှာလဲ။

ဒါပေမဲ့ သူမ ဝန်ခံလိုက်လျှင်လည်း ဒါဟာ ပြင်းထန်တဲ့ပြစ်မှုပင်!

လက်မလျှော့ချင်စွာဖြင့် နန်းဆောင်တစ်လျှောက် တိတ်တဆိတ်ရှာဖွေလိုက်တဲ့အခါမှာတော့ သူမရဲ့မျက်လုံးတွေက လင်းဝူမြို့စားနဲ့ သူ့ရဲ့သားကျန်းဖုန်းဆီကို ကျရောက်သွားတော့သည်။

ထိုသူက သူမရဲ့ဦးလေးဖြစ်ပြီး ကျန်းဖုန်းက သူမအဒေါ်ကိုယ်တိုင်မွေးထားတဲ့သူပင်။ သွေးသားတော်စပ်မှုအရကြည့်မယ်ဆို သူက သူမအတွက် ဝင်ပြောပေးလောက်လား။

သို့သော်လည်း လင်းဝူမြို့စားက သူမကို လုံးဝကြည့်မလာသည့်အပြင် အမူအရာဟာလည်း အေးစက်ကာ ခြားနားနေပေသည်။

သူမရဲ့ဝမ်းကွဲစွန်းကျန်းဖုန်းကို တစ်ဖန်ထပ်ကြည့်လိုက်ချိန်မှာတော့ ထိုလူရွယ်က တစ်ခဏခန့် တွန့်ဆုတ်နေပြီးတဲ့နောက် အဝေးသို့ အကြည့်လွှဲသွားတော့သည်။

17 02

လီဖင်းက မျှော်လင့်ချက် ကင်းသွားလေပြီ။

ဒီနှစ်တွေထဲမှာ သူမက ကိုယ်လုပ်တော်နင်နဲ့ ဆက်စပ်နေခဲ့တာပင်။ သူမပိုင်ဆိုင်ထားသမျှ အရာတိုင်းကလည်း ကိုယ်လုပ်တော်နင်နဲ့ရှိတဲ့ ဆက်ဆံရေးကြောင့် ရရှိထားခဲ့ခြင်းဖြစ်သည်။ ယခု ကိုယ်လုပ်တော်နင်က သူမကို အပြစ်ပုံချချင်တဲ့အခါမှတော့ မည်သူက မှသူမကို ကူညီလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သူမက ဒူးထောက်လိုက်ပြီး ငိုကြွေးရုံသာ တတ်နိုင်တော့သည်။

“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးရဲ့နဂါးခန္ဓာကို စိုးရိမ်မိရုံပါ ကျေးဇူးပြုပြီး ညှာတာပေးတော်မူပါ ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးတော်မူပါ…..”

ဒါပေမဲ့ ဖုဟိုင်က ထပ်ပြောလာခဲ့သည်။

“အရှင်မင်းကြီး နောက်တစ်ခုရှိပါသေးတယ် မနေ့က ကန်လုနန်းဆောင်က အစေခံတစ်ယောက်က လိကွေ့ယိရဲ့မျက်နှာသစ်ရေထဲမှာ အဆိပ်ခတ်ပြီး လိကွေ့ယိရဲ့သွင်ပြင်ကို ထိခိုက်စေဖို့ကြိုးစားပါတယ်။ ကံကောင်းစွာနဲ့ လိကွေ့ယိက အချိန်မီ ရှာတွေ့သွားပြီး အဆိပ်ခတ် မခံလိုက်ရပါဘူး။ စစ်မေးပြီးတဲ့အခါမှာတော့ ထိုအစေခံပြောတာက သူမကို မိဖုရားလီဖင်းက ညွှန်ကြားတာလို့ ပြောပါတယ်”

ထိုစကားတွေ ထွက်လာသည်။နှင့် ယန်ရှုက ဒီတစ်ကြိမ် သူမကို ထိခိုက်အောင်လုပ်တဲ့သူကို သိလိုက်ပြီ ဖြစ်သည်။

ဖုဟိုင်ဟာ သေချာပေါက် မြေခွေးအိုကြီးတစ်ယောက်ပင်။ ကိုယ်လုပ်တော်လီက ဒီတစ်ကြိမ်မှာ ပြန်လည်နလန် မထူနိုင်တော့ဘူးဆိုတာကို မြင်တဲ့အခါမှာတော့ ဒီကိစ္စကို ထုတ်ဖော်လိုက်ပြီး သူမကလည်း ငြင်းနိုင်မှာမဟုတ်တော့ပေ။

ကိုယ်လုပ်တော်လီကိုကြည့်လိုက်တဲ့အခါမှာတော့ သူမက တစ်ခုခုပြောချင်ပုံရပေမဲ့လည်း နောက်ဆုံးမှာတော့ ဘာမှပြောမလာခဲ့ပေ။

တစ်ခဏကြာပြီးနောက် အရှင်မင်းကြီးက အေးစက်စွာပြောလာခဲ့သည်။

“တစ်ခြားသူတွေကို ကြောက်လန့်သွားစေအောင် အအေးနန်းဆောင်ကိုပို့လိုက်”

လီဖင်းက မြေပြင်ပေါ်သို့ ပြိုကျသွားချေပြီ။

သွားပြီ လုံးဝပြီးသွားပြီ…..

သိပ်မဝေးတဲ့နေရာမှ ကိုယ်လုပ်တော်နင်က သူမရဲ့တစ်ကိုယ်လုံး အေးစိမ့်သွားသလို ခံစားလိုက်ရပြီး သူမနှလုံးသားထဲက စွဲကျန်နေတဲ့ အကြောက်တရားတို့နှင့်အတူ သူမကို မကြည့်ရဲပေ။

ဒါပေမဲ့ ယွီဝိန်းလန်က သူမကို အလွတ်မပေးချေ။ သူမကိုအေးစက်စွာ ကြည့်လိုက်ပြီး ပြောလာပေသည်။

“မင်းက ကိုယ်လုပ်တော်နေရာမှာလေ ဒါကိုတောင်အမှန် အမှားကိုမသိပဲ ဒီနေ့ဒီနေရာမှာ ပြဿနာတွေကို ဖြစ်စေပြီး လူတွေ ရယ်ရအောင်လုပ်လိုက်တယ်။ မင်းကို အခုက စပြီး အပြင်ထွက်ခွင့် ရက်၃၀ ပိတ်ပင်တယ်”

“အရှင်မင်းကြီး…..”

ကိုယ်လုပ်တော်နင်က စောဒက တက်ချင်ပေမဲ့ သူမရဲ့မျက်လုံးထောင့်ကနေ အကြီးဆုံးမင်းသမီးကြီးက သူမရဲ့ခေါင်းကို ယမ်းပြနေတာအား တွေ့လိုက်ရပေသည်။

သူမလည်း ထပ်မပြောရဲတော့ပဲ ဒူးထောက်ချကာ ငိုကြွေးရုံသာတတ်နိုင်တော့သည်။

“ဒီကိုယ်လုပ်တော် နာခံပါ့မယ်”

ယွီဝိန်းလန်က ဖုဟိုင်ကို အမိန့်ပေးလိုက်သည်။

“သူတို့ကိုပြန်ပို့ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်”

ဖုဟိုင်က အလျင်အမြန်တုံ့ပြန်လိုက်ပြီး တော်ဝင်အခြွေအရံတွေ နဲ့ မိန်းမစိုးငယ်တစ်ချို့ကို စုစည်းလိုက်ကာ ထိုနှစ်ယောက်ကို ခေါ်ထုတ်သွားတော့သည်။

ယွီဝိန်းလန်က ထိုမိန်းမစိုးငယ်လေးကို ထပ်မံကြည့်လိုက်ပြီး ပြောလိုက်သည်။

“နန်းတော်စည်းမျဉ်းအတိုင်း ချမှတ်မယ်”

-နန်းတော်စည်းမျဉ်းအရ ထိုသူရဲ့အဆုံးသတ်ကတော့ တုတ်တစ်ချောင်းနှင့် သေသည်။အထိ ရိုက်နှက်ခံရမည် ဖြစ်သည်။

ခန်းမထဲက လူတိုင်းဟာ တုန်ယင်နေပြီး အသက်ပင်မရှုရဲပေ။

သို့သော် အရှင်မင်းကြီးက အကြီးဆုံးမင်းသမီးကြီးဆီ တစ်ဖန်ထပ်ကြည့်လာပြီး ပြောလိုက်သည်။

“ဒီအသက်အရွယ်မှာတောင် အစ်မတော်က အစ်မတော်ရဲ့အဆင့်အတန်းကို ထိခိုက်စေနိုင်လောက်အောင် မဆင်မခြင်ပြုမူနေတုန်းပဲ ကိုယ်တော် ပြန်ရောက်တဲ့အခါ တစ်လပိတ်ပင်မယ်။ တံခါးပိတ်ပြီး ဘဝနေထိုင်နည်းအကြောင်းကို ပြန်လည်သုံးသပ်ပါ အစ်မတော် တစ်ခုခုသင်ယူနိုင်မယ်လို့ ကိုယ်တော်မျှော်လင့်တယ်”

ဒီအကြိမ်ဟာ သူမဘဝမှာ သူမရဲ့မောင်ဖြစ်သူဆီမှ အပြစ်ပေးခံရတဲ့ ပထမဆုံးအကြိမ်ပင်။ ယွီဝိန်းယန်ရဲ့မျက်နှာဟာ ဖြူတစ်လှည့်နီတစ်လှည့် ဖြစ်နေပေသည်။ သို့သော်လည်း သူမဘေးက ကိုယ်လုပ်တော်ကတော့ လေပင်မလည်ရဲပေ။ ခေါင်းငုံ့ထားသည်မှာလည်း မြေကြီးထဲပင် ရောက်လုမတတ် ဖြစ်နေသည်။

17 03

ယွီဝိန်းယန်ဟာ မကျေချမ်းမှုနဲ့ ဒေါသတို့အပြည့်ဖြစ်နေပေမဲ့ ‘မှန်လှပါ’ဟုသာ ဖြေလိုက်နိုင်သည်။ ထို့နောက် သူမရဲ့သားမက်ကို ခေါ်ဆောင်ကာ စားပွဲက နေ ထွက်ခွာသွားတော့သည်။

ကိုယ်လုပ်တော်ကျိုးက အနည်းငယ် ဂုဏ်မြှောက်သွားပေမဲ့လည်း ဘာကိုမှ မပြသရဲပေ။ ဖုဟိုင်က ကိုယ်လုပ်တော်နင်ရဲ့နောက်လိုက်ကိုတောင်မှ ဖမ်းနိုင်တယ်ဆိုတော့ အနာဂတ်မှာ သူမပိုသတိထားမှရမယ်ဟုသာ သူမနှလုံးသားထဲ၌ တွေးဆနေတော့သည်။

သို့သော်လည်း ထိုဝန်ကြီးအနည်းငယ်က အိုးပူပူပေါ်က ပုရွက်ဆိတ်တွေ ကဲ့သို့ တုန်ယင်နေကြပေသည်။ ယွီဝိန်းလန်နှုတ်မဟခင်မှာပဲ သူတို့အားလုံးဒူးထောက်ကာ ခေါင်းညွှတ်လိုက်ကြပြီး

“ဒီငယ်သား အပြစ်ပေးခံရသင့်ပါတယ်…..”

ယွီဝိန်းလန်က အေးစက်စွာ ပြောလာပေသည်။

“အခုလေးတင် ပြဿနာရှာတဲ့လူတွေက နှစ်ဝက်စာဒဏ်တပ်ခံရပြီး ရာထူးသုံးဆင့် လျှော့ချခံရမယ်။ တကယ်လို့ နောက်ထပ်ဆန့်ကျင်ရဲတဲ့သူ ရှိလာရင်လည်း အဲ့ဒီသူက သာမန်လူအဖြစ်အဆင့်ချခံရမယ်”

ထိုလူအနည်းစုက ရိုးသားစွာဖြင့် တုန်ယင်စွာ နောက်ဆုတ်လိုက်ကြတော့သည်။

ထိုအလှည့်အပြောင်းတွေ အပြီးမှာတော့ ရေခဲပြင်ပေါ်က ဘောလုံးတိုက်ပွဲဟာလည်း ပြီးဆုံးသွားခဲ့ပြီပင်။

မူလတုန်းက သိပ်မကြာခင်မှာ ရေခဲပြင်ပေါ်၌ တေးဂီတနှင့်က ပွဲတို့နှင့်အတူ ညစာစားပွဲကျင်းပမည်ဖြစ်သည်။ သို့သော် အရှင်မင်းမြတ်က စိတ်မပါတော့ပဲ နန်းတော်ကို ပြန်ကြွမည်ဟုသာ တိုက်ရိုက်ကြေငြာလိုက်သည်။

လူတိုင်းဟာလည်း ရွေးချယ်စရာမရှိပဲ သဘောတူလိုက်ရသည်။ ထို့နောက် ထိုသူက ထရပ်ကာ ထွက်ခွာသွားသည်။ကို တွေ့လိုက်သည့်အချိန်မှာတော့ ကျိုးကွေ့ဖေး ၊ ကိုယ်လုပ်တော်အန်း ၊ ရွှီကျဲ့ယွီ ၊ ယန်ရှုနဲ့ တစ်ခြားသူတို့က လျင်မြန်စွာပဲ နောက်က လိုက်ပါသွားကြတော့သည်။

ဧကရာဇ်ရဲ့ခြေလှမ်းတိုင်းက ပြင်းထန်နေပြီး ကိုယ်လုပ်တော်ကျိုးနဲ့ ကိုယ်လုပ်တော်အန်းတို့က နောက်ကွယ်မှာ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြတော့သည်။ ထို့နောက် သူတို့နှစ်ယောက်လုံးက တိတ်တဆိတ်နဲ့ သက်ပြင်းချလိုက်ကြသည်။ ဒီတစ်ကြိမ်တော့ သူတို့တွေ ယန်ရှုကို သွားထိလို့ မရသေးပေ။

သို့သော် ကိုယ်လုပ်တော်နင်ရဲ့လက်မောင်းကို ချိုးလိုက်နိုင်တာလည်း ကောင်းသည်။ လိယန်ရှုအတွက်က တော့ နောက်တစ်ခါမှပဲ အခွင့်အရေးရှာကြတာပေါ့။

ယွီဝိန်းလန်က တိတ်ဆိတ်စွာ နားထောင်နေလိုက်ပြီး မနေနိုင်စွာနဲ့ သူတို့ရဲ့စကားဝိုင်းထဲက အဓိက ဇာတ်ဆောင်ကို ရှာဖွေလိုက်သည်။

သူမရဲ့နှလုံးသားထဲမှာ တွေးနေတာက တော့

[မစားရသေးတဲ့ ဝက်သားကင် တစ်ဝက်တောင် ကျန်နေခဲ့သေးတယ်။ နှမြောစရာကောင်းလိုက်တာ]

ယွီဝိန်းလန်

ဒီလိုအချိန်မှာတောင် သူမက စားဖို့ တွေးနေနိုင်သေးတာလား။

သူလည်း မနေနိုင်စွာ သူမကိုပြန်လှည့်ကြည့်လိုက်ချိန် သူ့မျက်လုံးတွေက အတန်ငယ် အေးစက်နေပေသည်။

ထိုအချိန်မှာပဲ ယန်ရှုက လည်း သူ့ကိုကြည့်နေတာဖြစ်သည့်အတွက် မမျှော်လင့်ထားပဲ သူတို့မျက်လုံးတွေက တစ်ခဏတာ ဆုံတွေ့သွားကြတော့သည်။

သူ မကြည့်ရသည်မှာ ထိတ်လန့်သွားပုံရပြီး နောက်ဆုံးတော့ ကြောက်လန့်တကြားနှင့် သူမခေါင်းကို နှိမ့်ချလိုက်တော့သည်။

သို့သော် ယွီဝိန်းလန်က သူမနှလုံးသားထဲက ရေရွတ်သံကို ကြားလိုက်ရသည်မှာ

[ဘယ်ကိုလာကြည့်နေတာလဲ။ အဲတုန်းက ရှင်သာ နှာဘူးကောင်လို ကျွန်မကို ချောင်းမကြည့်ခဲ့ဘူးဆိုရင် ဒီလောက်ပြဿနာတွေ အများကြီး ဖြစ်စေမှာတဲ့လား!]

ယွီဝိန်းလန် “...”

အိုး ဒါက လည်း သူ့အမှားပဲတဲ့လား။

~~~~~

သူတို့တွေ အိပ်ဆောင်ကို ပြန်ရောက်ချိန်မှာတော့ မှောင်နေပြီဖြစ်သည်။

ယန်ရှုဟာ ဝက်သားကင်နဲ့ သိုးသားကင်တွေကို ဗိုက်အပြည့်စားလိုက်သည့်အတွက် သူမထပ်ပြီး ဗိုက်မဆာတော့တော့ချေ။ ထို့ကြောင့် သူမက ကျောက်ရှုလက်ဖက်ရည်ပူ ပူတစ်ပန်းကန်ကိုသာ သောက်လိုက်တော့သည်။

ထို့နောက် တစ်နေ့လုံးလိမ်းထားရတဲ့ မိတ်ကပ်ထူထူနဲ့ ဆံထုံးကို လိမ်းကျံထားတဲ့ ပျားရည်စုပ်ပန်းအဆီကြောင့် အဆင်မပြေဖြစ်နေသည့်အတွက် ရေနွေးနှင့် ရေချိုးလိုက်သည်။

ယနေ့ ဧကရာဇ်က ခံစားချက်မကောင်းဖြစ်နေသည့်အတွက် ဒီကိုမလာလောက်ပေ။

သေချာပေါက် သူမရေချိုးပြီးထွက်လာချိန်မှာတော့ ဧကရာဇ်က မည့်သည့်နေရာတွင်မှ မရှိပေ။

နောက်ကျနေပြီကို သိလိုက်ချိန်မှာတော့ သူမက အိပ်ရာပေါ်ကိုတက်ကာ လှလှပပနှင့် အိပ်မောကျသွားတော့သည်။

ကန်လုနန်းဆောင်က မီးတွေ ငြိမ်းသွားချိန်မှာတော့ ချန်းမင်နန်းဆောင်၌မီးရောင်တွေ တောက်ပစွာထွန်းလင်းနေဆဲပင်။

မနေ့တစ်နေ့က စုံစမ်းရန် စေလွှတ်လိုက်သည့်သူတွေ အကုန်လုံး ပြန်ရောက်လာပြီး ယွီဝိန်လန်အား သတင်းပို့နေပေသည်။

“အရှင်မင်းကြီးကို သတင်းပို့ပါတယ်။ ဝန်ကြီးချုပ်နဲ့ တစ်ခြားသူတွေကို စုံစမ်းပြီးတဲ့နောက်မှာတော့ လူကြီးမင်းချိုက်ရဲ့မူလဇနီးက သူမရဲ့ဇာတိမြို့မှာ သူမရဲ့ယောက္ခမတွေကို ပြုစုရင်း ကလေးတွေကို ပျိုးထောင်နေပါတယ်။ မြို့တော်က လူကြီးမင်းချိုက်ရဲ့စံအိမ်တော်မှာ ကိုယ်လုပ်တော်သုံးယောက်ရှိပြီး သူတို့အားလုံးက တကယ်တမ်းတော့ မိန်းမယောင် ဆောင်ထားတဲ့ ယောက်ျားတွေပါ”

“ယောက်ျားတွေ ဟုတ်လား”

ယွီဝိန်းလန်က မျက်မှောင် ကြုတ်လိုက်သည်။

17 04

ကျင်းယီဝေ့က ပြောလာသည်။

“သူတို့က တကယ်ကို ယောက်ျားတွေပါ။ ပြီးတော့ မြို့တော်က ဟွမ်ဟွားလမ်းမမှာရှိတဲ့

ခြံဝန်းထဲမှာလည်း အရွယ်မရောက်သေးတဲ့ ပြည့်တန်ဆာငါးယောက် ခြောက်ယောက်လောက်ကိုလဲ ပျိုးထောင်ထားပါတယ်”

ယွီဝိန်းလန် “…”

အမှန်ဖြစ်နေတာပဲ။

အဲဒီချိုက်ဝေ့ကျုံးက ….. တကယ်ကို ဝတ်ရုံလက်ပြတ်ပဲ!

ပိုဆိုးတာက သူက သူ့အတွက် သူ့ကလေးတွေနဲ့ မိဘတွေကို ပြုစုပေးဖို့ သူ့ရဲ့ဇနီးကို ဇာတိမြို့မှာ ထားခဲ့ပြီး သူကကျ မြို့တော်မှာ ဘာလို့ဒီလောက်တောင်….. ကိုရို့ကားယားနိုင်တဲ့အလုပ်တွေ လုပ်နေရတာလဲ။

ထို့နောက် သူက ပြောလိုက်သည်။

“ဆက်ပြီးစောင့်ကြည့်နေ တရားမဝင်တဲ့လုပ်ရပ်တွေ လုပ်လာရင် ချက်ချင်းသတင်းပို့ပါ”

ထိုအရာက ကျင်းဝေ့ယိ လုပ်သင့်တာပင်။

ထို့နောက် နောက်တစ်ယောက်ကို ကြည့်လိုက်ပြီး “ဘယ်လိုလဲ”

“အရှင်မင်းကြီး ကျင်းလင်မှာရှိတဲ့ ဝန်ကြီးတွေ နဲ့ တစ်ခြားသူတွေ ကို စုံစမ်းပြီးနောက်မှာ ဝေ့သာ့ရှီရဲ့မိသားစုက အရင်တုန်းက ဆင်းရဲခဲ့ပါတယ်။ သူက တစ်ခါတစ်ရံမှာ ယန်ဟွားလျှိုလမ်းမကို သွားပြီး တစ်ခြားသူတွေအတွက် စာတွေ ရေးပြီး ပန်းချီဆွဲပေးရင်း အသက်မွေးဝမ်းကျောင်းပြုပါတယ်။ သူက ဒေါသကြီးတဲ့အမျိုးသမီးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်သွားပြီး မြို့တော်ကို စာမေးပွဲ လာမဖြေနိုင်ခင်အထိ ထိုအမျိုးသမီးဆီက ထောက်ပံ့ပေးခံခဲ့ရပါတယ်…”

ယွီဝိန်းလန် “…”

ဒီဇာတ်လမ်းက “ပျော်တတ်တဲ့ပညာရှိနဲ့မိန်းမလှလေး” ထဲက ပထမတစ်ဝက်နဲ့ ဆင်တူနေသလိုပဲ။

သူက မေးလာသည်။

“အဲ့ဒီအမျိုးသမီးက ရော”

“ကျွန်တော်မျိုး ကြားခဲ့တာကတော့ ထိုအမျိုးသမီးက လူကြီးမင်းဝေ့ ပြန်လာတာကိုစောင့်နေပေမဲ့ နောက်ပိုင်း ကြားလိုက်ရတာက သူက မြို့တော်က

အထက်တန်းလွှာအရာရှိ ဖြစ်သွားပြီး အမျိုးသမီးတစ်ယောက်နဲ့လက်ထပ်ပြီးတဲ့နောက် ကလေးတစ်ယောက် ရှိနေပြီဆိုတာပါပဲ။ သူမက စိတ်ပျက်အားလျော့သွားပြီး စီးပွါးရေးသမားချုံးလျန်ရဲ့ ကိုယ်လုပ်တော်တစ်ယောက် ဖြစ်သွားပြီးတဲ့နောက် သူမလည်း ပျောက်ကွယ် သွားပါတော့တယ်”

ယွီဝိန်းလန်က ခေါင်းလာခဲ့သည်။

ပုံပြင်ရဲ့ ဒုတိယတစ်ဝက်မှာကတော့ သေချာပေါက် အစစ်အမှန်မဟုတ်ပေ။ တကယ်တမ်းတော့ ထိုသည်မှာ သူမဘာသာ ရေးထားတာပင်။

ထိုအချိန်မှာပဲ သူဟာ သူ့နှလုံးသားထဲမှာ သိလိုက်ပြီး သံသယလည်း ပိုများလာပေသည်။

သူမမှန်နေတာပဲ သူမက အဲ့ဒီသဘာဝလွန်စွမ်းအားကို ဘယ်က နေရလာတာလဲ။

သံသယက အခုချိန်ထိ မရှင်းသေးပေ။ သို့သော် သူ့ကို ပို၍ပို၍သာ ရှုပ်ထွေးလာစေသည်။ ညလယ်ရောက်ချိန်မှာတောင် ယွီဝိန်းလန်က အိပ်မပျော်နိုင်သေးပေ။

သူဖြစ်နိုင်ချေတွေ အများကြီးကို တွေးပြီးပြီပင်။

ပထမတစ်ခုက ထိုမိန်းက လေးက သူ့လိုပင် စိတ်ဖတ်နိုင်သည့်စွမ်းရည်ရှိနေတာပင်။

သို့သော် သေချာပေါက် ထိုသို့မဟုတ်ပေ။ ထိုသို့သာဆိုလျှင် သူ ဘာတွေးနေသလဲဆိုတာကို သူမခန့်မှန်းနိုင်မည်ဖြစ်ပြီး သူ ပြောစရာမဲ့သည်အထိ ဒေါသထွက်ရအောင် အမြဲလုပ်နေလိမ့်မည် မဟုတ်ပေ။

ထို့ပြင် သူမဟာ ထိုသူတွေကို အရင်က တစ်ခါမှမတွေ့ဖူးပေ။ ထို့ကြောင့် သူမမှာ စိတ်ဖတ်နိုင်စရာအကြောင်း မရှိဘူးဖြစ်သည်။

ဒုတိယတစ်ခုကတော့ သူမကို ထိုအကြောင်းတွေ ပြောပြသည့် ကျွမ်းကျင်သူတစ်ဦး နန်းတော်ထဲမှာရှိနေတာပင်။

သို့သော် သူက သူ့လူတွေကို နန်းတော်ထောင့်တိုင်းကိုစစ်ဆေးခိုင်းပြီးသားပင်။ သူကိုယ်တိုင်လည်း ကန်လုနန်းဆောင်ကို အကြိမ်များစွာ သွားရောက်ခဲ့ပေမဲ့ မည်သည့်သဲလွန်စကိုမျှရှာမတွေ့နိုင်သေးပေ။

ထိုမိန်းက လေးက ဘာလျှို့ဝှက်ချက်ကို ဖုံးကွယ်ထားတာလဲ။

အရှင်မင်းကြီးက နန်းတော်ထဲမှာ မျက်ခုံးတွေ စုကျုံ့ထားရင်း တိတ်ဆိတ်စွာ တွေးတောနေတာကို မြင်လိုက်ချိန်မှာတော့ ဘေးဘက်မှာ စောင့်ဆိုင်းနေတဲ့ ဖုဟိုင်က စိတ်ထဲမှာ သင်ပြင်းချလာသည်။

[အရှင်မင်းကြီးက အရမ်းကိုဒေါသထွက်နေတာပဲ! ဒီလူတွေက အပြစ်ပေးခံရဖို့ ထိုက်တန်တယ်! ကံကောင်းလို့ လိကွေ့ယိ ငါ့ကို သတိပေးလို့သာ မဟုတ်ရင် ဒီနေ့ခေါင်းဖြတ်ခံရမှာ ငါဖြစ်သွားမှာ]

တိတ်တဆိတ် သက်ပြင်းချပြီးတဲ့နောက် ဖုဟိုင်က သူ့ခေါင်းကိုမော့လိုက်တဲ့အချိန်မှာပဲ အရှင်မင်းကြီးက သူ့ကိုကြည့်နေတာလား ထိတ်လန့်စွာနဲ့တွေ့လိုက်ရတော့သည်။

“ကိုယ်တော် မောင်မင်းကို မေးဖို့မေ့နေတာ”

ယွီဝိန်းလန်က ဩရှတဲ့အသံနဲ့ ပြောလာပြီး

“အဲ့ဒီမိန်းမစိုးငယ်လေးက ခိုးကြောင်ခိုးဝှက်လုပ်နေတာကို မောင်မင်းက ဘယ်လို ရှာတွေ့တာလဲ။ အမှန်အတိုင်း ပြောတာဖြစ်ပါစေ!”

ဖုဟိုင်က တုန်ယင်သွားပြီး ရွေးချယ်စရာမရှိစွာနဲ့ ရိုးရိုးသားသားပြန်ဖြေလာသည်။

“အရှင်မင်းကြီး ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးတော်မူပါ။ အဲတာက ဒီအစေခံကို ဒီကိစ္စအတွက် သတိပေးတာက လိကွေ့ယိပါ…..”

…..

~~~~~~

ညအချိန်ဟာ တိတ်ဆိတ်ပြီး အေးစက်နေပေသည်။

ယွီဝိန်းလန်က မြေခွေးသားမွှေးဝတ်ရုံကိုပင် ထပ်ဝတ်ဖို့ သတိမေ့သွားပြီး ညလေပြင်းပြင်းထဲမှာပဲ လျင်မြန်စွာ လျှောက်သွားတော့သည်။

17 05

သူအမှတ်ရချိန်မှာတော့ သူဟာ ကန်လုနန်းဆောင်ကို ရောက်နှင့်နေပြီပင်။

ခန်းမထဲက အလင်းရောင်အားလုံးက ငြိမ်းသတ်ထားပြီးဖြစ်နေသည့်အတွက် မည်သည့်ကြေငြာချက်မှပြုလုပ်မနေစေပဲ တံခါးကိုတွ န်းဖွင့်ကာ အထဲကို ဝင်သွားလိုက်တော့သည်။

သူ ရှာဖွေနေတဲ့သူကတော့ အိပ်ဆောင်ထဲမှာ နှစ်ခြိုက်စွာ အိပ်မောကျနေပေသည်။

ယခုလေးတင် သူဟာ ဖုဟိုင်ကိုထိုမိန်မစိုးအား ဖမ်းဆီးခိုင်းဖို့ သတိပေးလိုက်သူမှာ သူမဖြစ်ကြောင်းကို အံ့အားသင့်စွာ သိလိုက်ရသည့်အတွက် သူ့ရဲ့စိတ်ရှုပ်ထွေးမှုတွေက ပေါက်ကွဲလုနီးပါးပင်။

သူမက အနာဂတ်ကိုတောင် ခန့်မှန်းနိုင်သေးတာလား။

သို့သော် သူဟာ ခန်းဆီးကိုမြှောက်လိုက်ချိန်မှာတော့ သူ့ရှေ့က မြင်ကွင်းကြောင့် ကြက်သေ သေသွားတော့သည်။

ထိုမိန်းကလေးက အိပ်ရာအပြည့်နေရာယူကာ အိပ်ပျော်နေပြီး ဂွမ်းစောင်ပင် မပါရှိပေ။ သူမရဲ့ပါးလွှာတဲ့ညအိပ်ဝတ်စုံက ရှုပ်ပွနေပြီး သူမက …..သူမရဲ့ဗိုက်သားကိုပါ ဖော်ပြလုနီးနီးပင်။

စာရေးသူမှာပြောစရာရှိတယ် :

တစ်စုံတစ်ယောက်သောဧကရာဇ် : ကိုယ်တော်ပြောချင်တာက အံ့အားသင့်ဖွယ်လေးလားဟင်။

ယန်ရှု : သားရဲကောင်ကြီး! လူယုတ်မာကြီး!

******

18 01

အပိုင်း ၁၈

ယန်ရှုက နေ့ဘက်မှာ သိုးသားတွေ အများကြီးစားခဲ့လို့ ဖြစ်နိုင်သည်။ ညဘက် ရောက်လာသည့်အခါမှာတော့ သူမက အနည်းငယ် ပူအိုက်နေတယ်လို့ ခံစားနေရပေသည်။

ထို့အပြင် ခန်းဆောင်ထဲမှာ တောက်လောင်နေတဲ့ မြေနဂါးကလည်း သူမကို အလွန်အမင်း ပူအိုက်နေစေသည့်အတွက် ဂွမ်းစောင်ကို ကန်ထုတ်ကာ သူမရဲ့အဝတ်တွေကို ဖြဲလိုက်ပြီး ဟထားလိုက်သည်။

ဒါပေမဲ့ တစ်ယောက်ယောက်က ဒီအချိန်ကြီးရောက်လာမယ်ဆိုတာကို သူမက ဘယ်လိုလုပ်ပြီး သိမှာတဲ့လဲ။

ပြီးတော့ ဘာသတိပေးချက်မှမရှိပဲ ခန်းဆောင်ထဲကို တိုက်ရိုက်ဝင်လာပြီး ခန်းဆီးကိုမြှောက်လိုက်မယ်လို့လေ။

သို့သော် ဒီအကြိမ်မှာတော့ သူမကနှစ်ခြိုက်စွာအိပ်ပျော်နေသည့်အတွက် တစ်စုံတစ်ယောက်ကသူမကိုစိုက်ကြည့်နေသည်ကို သတိမပြုမိပေ။

ယွီဝိန်းလန်က ထိုလှပတဲ့မြင်ကွင်းလေးကို သူ့မျက်ဝန်းထဲမှာ တိတ်တိတ်ကလေး သိမ်းဆည်းရင်း တစ်ခဏခန့် ကြည့်လိုက်ပြီးတဲ့ နောက်မှာတောင် အလွယ်တကူ မလှုပ်ရှားနိုင်သေးပေ။

သူ့မှာ ယခုအချိန်ထိ သံသယတွေ ရှိနေသေးသည်။

ပထမတော့ သူမဟာ တကယ်ပဲ အိပ်ပျော်နေတာလား အိပ်ပျော်ဟန် ဆောင်နေတာလားဆိုတာကို မဆုံးဖြတ်နိုင်သည့်အတွက် ရိုးရိုးရှင်းရှင်းပဲ မေးလိုက်သည်။

“အိပ်ရာအစောကြီး ဝင်သွားတာလား”

သို့သော်လည်း မည်သည့်တုံ့ပြန်မှုမျှ ရှိမလာခဲ့ပေ။

ထိုမိန်းကလေးရဲ့မျက်လုံးတွေက ပိတ်ထားဆဲဖြစ်ပြီး သူမရဲ့ရှည်လျားလွန်းတဲ့ ကော့ညွှတ်နေတဲ့ မျက်တောင်တွေဟာ ခပ်ပြည့်ပြည့်မျက်နှာလေးကို ဖုံးကာထားကာ ချယ်ရီရောင်နှုတ်ခမ်းပါးလေးတွေက အနည်းငယ် စုဝိုင်းနေပေသည်။ သူမရဲ့ရင်ဘတ်ဟာလည်း သူမရဲ့အသက်ရှုသံအလိုက် အတက်အကျဖြစ်နေပြီး ကြည့်ရသည်မှာ အလွန်နှစ်ခြိုက်စွာ အိပ်မောကျနေပုံရသည်။

ယွီဝိန်းလန် “…..”

သူသည်လည်း ရွေးချယ်စရာမရှိစွာနဲ့ သူမကိုနှိုးဖို့ ဆုံးဖြတ်လိုက်ပြီး ထပ်ပြောလိုက်သည်။

“ကွေ့ယိ”

ထိုအသံဟာ နှစ်မြှုပ်သွားပြီး ခံ့ညားထည်ဝါပုံရနေသည်။

တုံ့ပြန်မှုမရှိဆဲပင်။

ထိုမိန်းကလေးဟာ သူမရဲ့မျက်ခွံတောင်ပွင့်မလာပဲ ဝက်တစ်ကောင်လို အိပ်မောကျနေပေသည်။

မဲမှောင်နေတဲ့မျက်နှာနဲ့ ယွီဝိန်းလန်က ရိုးရှင်းစွာခေါ်လာပြန်သည်။

“လိယန်ရှု!”

နောက်ဆုံးတော့ ထိုအချိန်မှာ တုံ့ပြန်မှုတစ်ခုရလာပြီး ယန်ရှုဟာ ရေရွတ်လာတော့သည်

“အရမ်းအိပ်ချင်တယ် မဆူနဲ့….”

ထို့နောက် သူမက တစ်ဖက်လှည့်ကာ ပြန်ပြီးအိပ်မောကျသွားတော့သည်။

အစမှအဆုံးထိ သူမရဲ့မျက်လုံးတွေကို ဖွင့်မလာခဲ့ပေ။

ယွီဝိန်းလန် “…..”

မိုးကြိုးပစ်ရင်တောင် နိုးမလာနိုင်ဘူးလား။

ထိုအကြောင်းကို တွေးလိုက်ပြီးတဲ့နောက် ရိုးရှင်းစွာပဲ သူလည်း သူမဘေးမှာ လဲချလိုက်တော့သည်။

အိပ်ဆောင်ထဲမှာ အနည်းငယ် မှုန်မှိုင်းနေပြီး အပြင်ဘက်အိပ်ရာဘေးက မီးအိမ်မှ အလင်းရောင် အနည်းငယ်သာရှိသည်။

ယွီဝိန်းလန်က သက်ပြင်းချကာ သူ့ဘာသာရေရွတ်လာသည်။

“မင်းက ဒီကိစ္စတွေကို ဘယ်လိုလုပ် သိနေရတာလဲ”

ထိုစကားတွေ ထွက်လာသည်နှင့် အိပ်ပျော်နေသည့်သူက ရယ်မောလာပြီး

“ဖရဲသီးစားကြမယ်”

18 02

ယွီဝိန်းလန် “ ”

ဘာကြီး။ ဖရဲသီးစားမယ် ဟုတ်လား။

သူက တဖန် ထပ်မေးလိုက်သည်။

“ဘယ်လိုဖရဲသီးမျိုးကိုစားတာလဲ”

သို့သော် သူမက ထပ်ပြီး စကားပြောမလာတော့ချေ။

ယွီဝိန်းလန် “…ဟေး!”

သူမက ထပ်ပြီးနှစ်ခြိုက်စွာ အိပ်မောကျသွားကာ သူမရဲ့အသက်ရှုသံကလည်း ပြင်းသထက် ပြင်းလာတော့သည်။

ထိုအရာကိုမြင်တော့ ယွီဝိန်းလန်က ရုတ်တရက် သူမကို သူ့လက်မောင်းတွေထဲ ထည့်လိုက်သည်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်းပဲ

ထို့နောက် သူဟာ သူမရဲ့ချယ်ရီရောင် နှုတ်ခမ်းတွေကို တွေ့လိုက်ပြီး နမ်းလိုက်တော့သည်။

အရင်တစ်ခေါက်ကလိုပဲ မဖော်ပြနိုင်တဲ့ ခံစားချက်တစ်ခုဟာ သူ့နှလုံးသားထဲမှာ မြင့်တက်လာတော့သည်။

ထုံထိုင်းနေတဲ့ ခံစားချက်ပင်။

စိတ်ပျက်စရာကောင်းနေတုန်းပဲ။

ထိုအချိန်မှာပဲ သူ့လက်မောင်းထဲကသူက ရုတ်တရက် မျက်လုံးပွင့်လာပြီး

“အရှင်မင်းကြီးလား….”

သူမကြည့်ရသည်မှာ အနည်းငယ် အံ့အားသင့်သွားပြီး ငေးကြောင်နေပုံလည်း ရသည်။ ယွီဝိန်းလန်က ခဏရပ်သွားပြီးနောက် ရုတ်တရက် သူမရဲ့ခေါင်းကို သူ့ရင်ဘတ်ထဲ ထည့်ကာ နူးညံ့စွာ ပြောလိုက်သည်။

“အိပ်တော့”

ခဏကြာပြီးတဲ့နောက် သူမက တစ်ဖန်အိ ပ်မောကျသွားပြန်သည်။

ယွီဝိန်းလန်က ပျင်းရိငြီးငွေ့နေဖွယ် ခံစားချက်တွေကို ဘေးဖယ်လိုက်ပြီး သူ့မျက်လုံးတွေကို ရိုးရှင်းစွာ ပိတ်လိုက်တော့သည်။

သူဟာ အမြဲတမ်း ဒီလိုမျိုးဖြစ်နေမှာ မဟုတ်ပဲ ဘုရားသခင်ကလည်း သူ့ကို ဘယ်တော့မှထိုကဲ့သို့ရက်စက်စွာ ပြုမူမည်မဟုတ်ဟု ယုံကြည်နေဆဲပင်။

ရင်ခွင်ထဲကသူဟာ နူးညံ့နွေးထွေးနေပြီး နားထဲကအသက်ရှုသံဟာလည်း သိမ်မွေ့တဲ့ လှိုင်းလုံးလေးတွေက သူ့ကိုနစ်မြှုပ်အောင် ပြုလုပ်နေသကဲ့သို့ ရှည်ကြာသထက် ရှည်ကြာလာပေသည်။

နောက်ဆုံးမှာတော့ သူသည်လည်း တစ်ဖြည်းဖြည်းနှင့် အိပ်မောကျသွားတော့သည်။

ထိုညမှာ ယွီဝိန်းလန်က အိပ်မက်မက်ခဲ့သည်။

သူဟာ ထီးနန်းကို ဆက်ခံပြီးကတည်းက ဘယ်တော့မှ မမက်တော့ပေ။

သူဟာ လူတွေကို နွေးထွေးစေတဲ့ နွေဦးရာသီရဲ့ နေရောင်ခြည်နုနုလေးတွေ ဝန်းရံထားတဲ့ နူးညံ့တဲ့တိမ်စိုင်ပေါ်မှာ လဲလျောင်းနေတယ်လို့ အိပ်မက် မက်ခဲ့ပေသည်။

သူ့ရဲ့ခန္ဓာကိုယ်ဟာ တိမ်စိုင်တွေနဲ့အတူ လွင့်မျောနေသည်မှာ ငယ်စဉ်ဘဝက ဒန်းလေးပေါ် ပြန်လည်ရောက်ရှိသွားသကဲ့သို့ပင်။

ထိုကဲ့သို့ တစ်ညတာ ကုန်ဆုံးပြီးနောက် နိုးလာချိန်မှာတော့ ကောင်းကင်ဟာ လင်းထိန်နေပြီပင်။

ထိုသို့ပြောမှ ဒါဟာ ပထမဆုံးအကြိမ်အဖြစ် တစ်ညတာကို မိန်းမတစ်ယောက်နဲ့ အတူအိပ်စက်တာဖြစ်ပြီး သူသည်လည်း ကောင်းမွန်စွာအိပ်စက်နိုင်ခဲ့သည်။

သို့သော် မနေ့ညက သူ့ရဲ့လာရင်းရည်ရွယ်ချက်ကို မှတ်မိနေဆဲပင်။

သူဟာ နောက်ထပ် တစ်ည ထပ်ပြီးနှောင့်နှေး သွားပြန်တာကို သိလိုက်တဲ့အခါမှာတော့ ထပ်ပြီးတော့နှော င့်နှေး၍ မရတော့ပေ။

သူဟာ သူ့မျက်လုံးကို နှိမ့်လိုက်ပြီး သူ့ဘေးကထိုမိန်းကလေးကိုကြည့်လိုက်သည်။

သို့သော် သူမက ဘယ်အချိန်တုန်းက သူမရဲ့ညအိပ်ဝတ်စုံကို ထပ်ပြီးရှုပ်ပွအောင် လုပ်လိုက်သည်လဲမသိပေ။ သူမရဲ့နှင်းလိုဖြူစွတ်နေတဲ့ အပိုင်းတစ်ခုကို ဖော်ပြနေမိတာပင်။

ယွီဝိန်းလန် “…..”

သူဟာ သူမအတွက် သူမရဲ့စကပ်ကို တိတ်တဆိတ်ဆွဲ ချပေးလိုက်ပြီး ခေါ်လိုက်သည်။

“လိကွေ့ယိ”

ယန်ရှုသည်လည်း လုံလောက်အောင် အိပ်စက်ပြီးသည် ဖြစ်သည့်အတွက် သူမရဲ့မျက်လုံးတွေကို ဖြည်းညှင်းစွာ ဖွင့်လာတော့သည်။

ပထမတော့ သူမဟာ အနည်းငယ်ရှုပ်ထွေးနေပေမဲ့ သူ့ကိုတွေ့လိုက်ချိန်မှာတော့ သူမရဲ့မျက်လုံးတွေက ပြူးကျယ်သွားပြီး အံ့အားသင့်စွာ ပြောလာပေသည်။

“အရှင်မင်းကြီး။ ဘယ်အချိန်က ရောက်လာတာလဲ”

ယွီဝိန်းလန်က သူ့မျက်ခုံးတွေကို ပင့်လိုက်ပြီး

“ကိုယ်တော်က မင်းနဲ့တစ်ညလုံးအတူအိပ်ခဲ့တာလေ သတိမပြုမိဘူးလား”

ဘာ။ ဒီလူက တစ်ညလုံး သူမဘေးမှာ တကယ်ကြီးအိပ်ခဲ့တာပေါ့လေ။

ယန်ရှုက စိတ်ရှုပ်ထွေးစွာဖြင့် သူမခေါင်းကို ယမ်းပြလာခဲ့သည်။

-ပြောမှပဲ သူမမှာပြဿနာ မဟုတ်တဲ့ပြဿနာလေးတစ်ခု ရှိပေသည်။ အဲတာကတော့ သူမကနှစ်ခြိုက်စွာ အိပ်မောကျသွားတာနဲ့ မိုးကြိုးပစ်ရင်တောင် နိုးလာမည် မဟုတ်ပေ။

သူမက ပြန်တွေးတောဖို့ကြိုးစားလိုက်ပြီး မနေ့ညက သူမရဲ့အိပ်မက်ထဲမှာ တစ်ယောက်ယောက်က သူမကို စကားပြောလာသည် ဆိုတာအား ဝိုးတဝါးအမှတ်ရသွားသည်။ ဖြစ်နိုင်တာက အဲဒီသူက အရှင်မင်းကြီးများလား။

18 03

သူမရဲ့စိတ်ထဲက ရပ်တန့်သွားပြီး တစ်ဖက်လူကို မရေရာစွာကြည့်လာတော့သည်။- သူမ မနေ့ညက ဘာအဓိပ္ပာယ်မရှိတာကိုမှ မပြောလိုက်ပါဘူးနော်။

ယွီဝိန်းလန်ကလည်း သူမကိုမေးတော့မလိုပင် ထို့ကြောင့် သူကပြောလိုက်သည်

“ကိုယ်တော့်မှာ မေးခွန်းတစ်ခု ရှိတယ်…”

ယန်ရှုက အပြစ်ရှိသလိုခံစားလိုက်ရကာ

“….မှန်လှပါ”

သို့သော် ထိုသူ ပြောလာတာကို ကြားလိုက်ရတာကတော့

“ချန်းမင်နန်းဆောင်က အဲဒီမိန်းမစိုးလေးကို မိသွားတာက မင်းကြောင့်လို့ ဖုဟိုင်က ပြောတယ်”

ထိုအရာက သူမေးတော့မည်အရာပင်။

ယန်ရှုကစိတ်သက်သာရာရစွာ ပြောလာသည်။

“ ဒီလူက ဒီကိုယ်လုပ်တော်ရှေ့မှာ တစ်ချက်ပဲမှားသွားတာပါ ကျန်တာကတော့ သူ့ဘာသာသူ ဖော်ပြမိလိုက်တာပါ”

ယွီဝိန်းလန်က သူ့မျက်ခုံးကိုပင့်လိုက်ပြီး

“ဒါဆိုမင်းက ဘယ်လိုဖြစ်ပြီး စစ်ဆေးကြည့်ဖို့ သတိပေးလိုက်တာလဲ”

ယန်ရှုက ပြောလိုက်သည်။

“အရှင်မင်းကြီးက ထိခိုက်ထားတာကို တစ်ခြားသူတွေကို မသိစေချင်ဘူးလေ။ ဒါပေမဲ့ ဧကရီမယ်တော်ကြီးတောင် သိနေတယ်ဆိုမှတော့ တစ်ယောက်ယောက်က သတင်းဖြန့်ထားတာပဲ ဖြစ်ရမယ်။ ပြီးတော့လည်း ဘာပဲဖြစ်ဖြစ် စစ်ဆေးကြည့်လိုက်မယ်ဆိုရင်လည်း ထိခိုက်သွားမှာ မဟုတ်ဘူးလေ အဲဒါကြောင့်ပါ”

[ဒါက ပြောကြတဲ့ အလင်းရောင်အောက်က အမှောင်ထုဆိုတာလား။ ဘယ်လောက်ပဲ

ထက်မြက်ပါတယ် ပြောပြော မင်း ဂရုမစိုက်နိုင်တဲ့ အရာတွေရှိနေမှာပဲလေ]

ယွီဝိန်းလန် “…..”

ဒါတော့ ပြောမှရမယ် ဒီဟာကအမှန်ပဲ။

သူ့မှာ စိတ်ဖတ်နိုင်တဲ့စွမ်းရည်ရှိပေမဲ့ သူ့အနီးအနားကလူတွေရဲ့ အတွေးကိုသာ ကြားနိုင်ပေသည်။ ချန်းမင်နန်းဆောင်မှာ လူတွေအများကြီးရှိတဲ့အတွက် သူကလူတိုင်းကို မတွေ့နိုင်ပေ။

ပိုပြီးရှိသေးတာက ယခင်မင်းဆက်ရဲ့ အင်အားစုအမျိုးမျိုးက နန်းတော်ထဲမှာ ခိုင်မာစွာ အမြစ်တွယ်နေပေသည်။ အကြီးဆုံးမင်းသမီးကြီးနဲ့ ချန်အန်းမြို့စားစံအိမ်တော်ကလည်း မောင်းမဆောင်ထဲကို ထိုးဖောက် ဝင်ရောက်နေသည်မှာ ယခင်ဧကရာဇ် ရှိစဉ်ကတည်းကပင်။ ထိုသူများကို အကုန်အစင် မရှင်းလင်းရသေးသည်မှာ အမှန်ပင်ဖြစ်သည်။

ထိုသူက ထပ်မေးလာသည်။

“မျက်နှာသစ်ရေထဲမှာ အဆိပ် ခတ်ထားတယ်ဆိုတာကို ဘယ်လိုလုပ်ပြီး သိတာလဲ”

ယန်ရှုက ပြောလိုက်သည်။

“ဒီကိုယ်လုပ်တော်ရဲ့နှာခေါင်းက ကောင်းတဲ့အတွက် အနံ့ခံလိုက်ကတည်းက ရေရဲ့အနံ့က မဟုတ်ဘူးဆိုတာကို သိလိုက်တာပါ”

သူမနှလုံးသားထဲမှာ ကျစ်သပ်လိုက်ပြီး

[ကြားရတာ အဆင်မပြေလိုက်တာ ကျွန်မက လှည့်ဖျားခံရပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ခံရပါ့မလား။ ပြီးတော့ ဒါကလည်း ရှင့်ကြောင့်ပဲ မဟုတ်ဘူးလား။ ဒါက ပစ်မှတ်ဖြစ်ခံရတဲ့ လူရဲ့ကံကြမ္မာပဲလေ။]

ယွီဝိန်းလန် “…..”

အဲတာက သူ့အမှားတဲ့လား။

ဒါပေမဲ့ ရိုးရိုးသားသားပြောရရင်လည်း….ကြည့်ရတာ သူ့ကြောင့်ပဲ ထင်တယ်။

သူ့ရဲ့ချဉ်းကပ်မှုကြောင့် နန်းတော်ထဲက တစ်ခြားမိန်းမတွေက သူမကို သတ်ချင်လာတာဖြစ်သည်။

ကောင်းပြီလေ။ ဒီတစ်ခါတော့ သူမ ကတကယ်ကို အန္တရာယ်ထဲ ရောက်သွားတာမလို့ သူ့မှာရွေးချယ်စရာမရှိတော့ပဲ ပြောလိုက်ရသည်။

“ကိုယ်တော် ဖုဟိုင်ကို ယုံကြည်စိတ်ချရတဲ့ နန်းတော်အစေခံတစ်ချို့ ထပ်ပို့ပေးဖို့ ပြောလိုက်မယ်။ ဒီလိုကိစ္စမျိုး နောက်ထပ်ဘယ်တော့မှ ထပ်မဖြစ်စေရပါဘူး”

ယန်ရှုက ပြောလိုက်သည်

“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”

သို့သော် သူမစိတ်ထဲမှာတော့ ဆူပူနေပေသည်။

[ဒီလိုလား။ စိတ်ပိုင်းဆိုင်ရာလျော်ကြေး နည်းနည်းလောက် မပေးချင်ဘူးလား။ ဘာပဲဖြစ်ဖြစ် ကျွန်မက လန့်သွားရတယ်လေ]

ယွီဝိန်းလန် “...”

စိတ်ပိုင်းဆိုင်ရာလျော်ကြေး။

ဟက် သူမကအမြဲတမ်း သူ့ကို အကန့်အသတ် ရောက်အောင်ထိ တွန်းပို့တတ်တာကို သိထားသင့်တာ။

ထိုအချိန်မှာပဲ သူမက သူမရဲ့အဝတ်အစားနဲ့စကပ်တွေဆီ လက်လှမ်းလိုက်သည်။ ကြည့်ရတာ သူမကိုယ်သူမ သတိပြုမိသွားပုံရသည်။

ယွီဝိန်းလန်က တစ်ခဏခန့် ခံစားချက်မကောင်းဘူးဟု မတတ်နိုင်စွာ ခံစားလိုက်ရပြီးတဲ့နောက် ပြောလာသည်။

“ဘာလုပ်နေတာလဲ။ မနေ့ညက ကိုယ်တော် လာတုန်းကဆိုရင် မင်းက အဝတ်မဲ့လုနီးပါးပဲ”

ဘာ။

ယွီဝိန်းလန်က သူမနားဆီကို ချဉ်းကပ်လာပြီး ပြောလာသည်။

“ကိုယ်တော့်ဆီမှာ ဘယ်လိုဖြစ်သွားမလဲလို့ မင်း ထင်သလဲ”

18 04

ယန်ရှု “…အရှင်မင်းကြီး”

ရှက်စရာ ကောင်းလိုက်တာ ! !

သို့သော် သူက သူရဲ့မျက်ခုံးကို တည်ငြိမ်စွာ ပင့်လိုက်ကာ

“ဘာလို့ အရမ်းသတိထားနေရတာလဲ။ မင်းက ကိုယ်တော့်ရဲ့ ကိုယ်လုပ်တော် မဟုတ်ဘူးလား”

စကားပြောပြီးတဲ့အခါမှာတော့ အိပ်ဆောင်ခန်းဆီးကို မလိုက်ကာ ပြောလိုက်သည်။

“ကိုယ်တော့်မှာ ခဏနေကျရင် လုပ်စရာရှိသေးတယ်”

ထို့နောက် အိပ်ရာထသွားတော့သည်။

ထိုအဓိပ္ပာယ်က သူမကို ခစားပြီးဝတ်ရုံ ပြင်ဆင်ပေးခိုင်းသည့် အဓိပ္ပာယ်ပင်။ ယန်ရှုက တစ်ခဏခန့် ဒေါသထွက်သွားသော်လည်း ရွေးချယ်စရာမရှိပဲ ထိုသူ့နောက် လိုက်ပါသွားရတော့သည်။

ထိုသူ့ကို ဝတ်ဆင်ဖို့ကူညီပေးနေချိန်မှာပဲ ထိုသူဟာ တံခါးဆီသို့ လှမ်းပြောလိုက်သည်ကို ကြားလိုက်ရတော့သည်။

“ဖုဟိုင် ငါကိုယ်တော် ဒီနေ့မနက်စာကို ဒီမှာစားမဲ့အကြောင်း ရှန်းရှန်ကို သတင်းပို့လိုက်”

ဟမ်။

ဖုဟိုင်ပင် မတုံ့ပြန်နိုင်သေးချိန်၌ ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားတော့သည်။

ဆိုလိုတာက သူမက တော်ဝင်စားတော်ပွဲကို စားနိုင်တော့မယ်ပေါ့လေ။

ယွီဝိန်းလန် “…..”

သူက သူမကို အခုလေးတင် အသရေဖျက်ထားတာလေ။ အဲတော့ တစ်နပ်စာက လုံလောက်မှာတဲ့လား။

သဘာဝပါပဲနော်

အကြံပေးရှန်းရှန်က တော်ဝင်စားတော်ပွဲကို ယူလာပြီး ပြင်ဆင်ပေးချိန်မှာတော့ သူတို့နှစ်ယောက်သားက ဆေးကြောပြီး စားပွဲမှာထိုင်နေပြီ ဖြစ်သည်။ ယန်ရှုက ပြုံးနေပြီး စိတ်ခွန်အားလည်း မြင့်တက်နေတာပင်။

သူမက စားပွဲကို လှည့်ပတ်ကြည့်လိုက်ပြီး ‘ဝိုး’ဟု အော်မိလုနီးပါးပင်။

-ဒီတစ်ကြိမ်က နှင်းကျတဲ့နေ့တုန်းက ဟော့ပေါ့စားရတာနဲ့ ကွဲပြားတယ်။

ထိုအချိန်တုန်းက သူမဘာသာ ဟော့ပေါ့ကို မှာယူခဲ့တာဖြစ်သလို စားဖိုဆောင်ကလည်း သူမရဲ့အဆင့်အတန်းအလိုက် ပို့ဆောင်ပေးခဲ့တာပင်။ သို့သော် ဒီတစ်ကြိမ်က ဧကရာဇ်အတွက်ဖြ စ်သည်။

မူလစားပွဲဝိုင်းက မလုံလောက်တာကို မြင်လိုက်တဲ့အခါမှာတော့ နန်းတော်အစေခံတွေက ဟင်းပွဲတွေ လာမချသေးခင် နောက်စားပွဲတစ်လုံးကို ယူဆောင်လာကြသည်။

စားပွဲအလယ်မှာ အိုးပူပူနှစ်လုံးရှိနေပြီး ပွက်ပွက်ဆူနေတဲ့ ငှက်သိုက်နဲ့ဘဲသားစွပ်ပြုတ် ၊

သမင်သားအရွတ် ၊ ဆောင်းရာသီ

မျှစ်စို့လေးတွေနဲ့ ပြုတ်ထားတဲ့ ကြက်သားစွပ်ပြုတ်တို့အသီးသီးထည့်ထားပင်။ ထိုအိုးနှစ်လုံးနားက ပန်းကန်ပြားသုံးချပ်မှာတော့ ဟင်းခတ်ငါးမျိုးနဲ့ငန်းသား ၊ သိုးသားခြေထောက်ကင်နဲ့ ငါးဒုက္ခတို့ဖြစ်သည်။ထို့အပြင် ချိုမြိန်တဲ့ရနံ့ထုတ်လွှတ်နေတဲ့ ပျားရည်စုပ်ချိစ့်လည်း ရှိပေသည်။ အဖြူရောင် ကျောက်စိမ်းပန်းကန်ပြားနဲ့ ထည့်ထားတဲ့ အချိုပွဲနှစ်မျိုးလည်း ပါရှိသည်။အဓိက ဟင်းလျာကတော့ အဖြူရောင်သမင်သား အစာသွပ်ဘန်းမုန့်ဖြစ်ပြီး အဖြူရောင်ကြွေပန်းကန်ထဲက နွေးထွေးတဲ့ အမဲရိုးချဉ်ဆီစွပ်ပြုတ်လည်း ရှိသေးသည်။

ယန်ရှုက ထိန်လန့်လွန်းသွားသည့်အတွက် ဘာပြောရမှန်းပင် မသိတော့ပေ။

ဒါက ဘာတွေလဲ။

ဒါကတကယ်ပဲ မနက်စာအတွက်လား။

မနက်ကြီးကို ဟော့ပေါ့ စားတဲ့သူက တကယ်ကြီးရှိတာလား။

အာ နှစ်ယောက်လို့ ပြောင်းလိုက်! !

သို့သော် ထန်းလုံဝတ်စုံနှင့်တစ်ယောက်ကတော့ သူမကို တည်ငြိမ်စွာပဲ တစ်ချက်ကြည့်လိုက်ကာ ပေါ့ပါးစွာပြောလာသည်။

“စားလေ”

ယန်ရှုလည်း တူတွေကို ကောက်လိုက်ပေမဲ့ ဘယ်ဟာကို အရင်စစားရမည်မှန်းမသိပေ။ သိူ့သော် ကံကောင်းစွာနဲ့ ဖုဟိုင်က ဟင်းပွဲတွေ ဆက်သရန် အစေခံငယ်လေးတစ်ယောက်ကို ခေါ်လိုက်သည့်အတွက် တူတွေကို ဘယ်လိုသုံးရမလဲ မသိနေသည့် သူမရဲ့အားနည်းချက်ကို ကျော်လိုက်နိုင်သည်။

ဟော့ပေါ့ကို အရင်မြည်းကြည့်ရအောင် အရသာကို သူမရဲ့လျှာဖျားလေးနဲ့ မြည်းလိုက်တယ်ဆိုရင်ပဲ သူမရဲ့မျက်လုံးတွေက ချက်ချင်းပဲ တောက်ပသွားတော့သည်။

ငှက်သိုက်နဲ့ဘဲသားက အချင်းချင်းဖြည့်ပေးနေပြီး သမင်သားအရွတ်က သူမရဲ့ပါးစပ်ထဲမှာ ပျော်ဝင်သွားသည်။ ထိုအရာ ကြက်သားစွပ်ပြုတ်ကို ပို၍အရသာရှိစေတာပင်။ ဒါကအကောင်းဆုံးပဲ။

ထို့နောက် ငန်းသားဆော့စ်ကို မြည်းလိုက်ပြန်သည့်အခါမှာတော့ နှုတ်ခမ်းတွေနှင့် သွားတွေက မွှေးရနံ့နဲ့ပြည့်နှက်သွားတာကို ခံစားလိုက်ရတော့သည်။ ချိုမြိန်မှုကလည်း ပုံမှန်မဟုတ်ပေ။

ငါးဒုက္ခကလည်း အတော်လေးစားကောင်းသည်ပင်။ ငါးအသားက ကောင်းမွန်လှပြီး ငါးအရိုးဆိုလျှင် ကြွပ်ရွနေပေသည်။

ခပ်ပါးပါးလှီးထားတဲ့ သိုးခြေထောက်ကို သံပြားပေါ်မှာကင်ထားပြီး နူးညံ့ကာ ပိုပြီးတော့ ကောင်းမွန်သွားစေသည့် အရည်ရွှမ်းမှုကို ထိန်းထားနိုင်တုန်းပင်။

အသီးအရွက်တွေ စားပြီးရင် သမင်သားဘန်းမုန့်ကိုစားကြည့်ရအောင်။ ကြည့်ရတာ အစာသွပ်ထားတဲ့ သမင်သားကို တစ်ကိုက်တည်းနဲ့ စားလို့ရတဲ့ပုံပဲ။ အရည်တွေ ပေါက်ထွက်သွားပြီး အရသာကို ပိုပြီးတော့တောင် ကောင်းမွန်သွားစေတယ်။

အချိုပွဲတွေကိုမပြောနဲ့ဦး မွှေးပျံ့တဲ့ ပျားရည်စုပ်ပန်းနို့ကြည့်ဥပေါင်းကလည်း အာဟာရကြွယ်ဝပြီး နူးညံ့ကာ ပါးစပ်ထဲကို ပျော်ဝင်သွားတာပဲ။ ပျားရည်စုပ်ပန်းရဲ့ ချိုမြိန်မှုက အရသာရှိလွန်းလို့ လူတွေကိုတောင် ထကမိစေမလိုပဲ။

နောက်ဆုံးတော့ အမဲချဉ်ဆီစွပ်ပြုတ် တစ်ပန်းကန်ကို သောက်လိုက်ပြီးချိန်မှာတော့ သူမက နောက်ထပ်နှစ်သုံးရာလောက် နေနိုင်လိမ့်မည်ဟု ခံစားလိုက်ရသည်။

18 05

……

ဒါက ယွီဝိန်းလန် စားခဲ့ဖူးသမျှ မနက်စာတွေထဲမှာ အဆူညံဆုံး မနက်စာပင်။

စားနေစဉ်မှာလည်း သူမနှလုံးသားထဲက အော်ဟစ်နေခြင်းနဲ့ မှတ်ချက်မျိုးစုံကိုပါ နားထောင်နေရသေးသည်။

သူတောင် မှသံသယဖြစ်တော့မလိုပင်။ သူ့လျှာမှာများ ပြဿနာ ရှိနေတာလား။ ငါသူမပြောသလို အရသာတွေကို အရင်တုန်း ကဘာလို့ တစ်ခါမှ မစားဖူးရတာလဲ။

ယွီဝိန်းလန်က ရုတ်တရက် သူ့ရဲ့တူတွေကို ချလိုက်ချိန်မှာတော့ ယန်ရှုဟာ နောက်ထပ်ဘန်းမုန့်တစ်ခုကို စားတော့မည့်အချိန်ပင်။

ဆိုလိုတာက သူက စားပြီးသွားပြီဆိုတော့ သူမလည်း ရွေးချယ်စရာမရှိပဲ တူကို ချရတော့မှာပေါ့လေ။

ဒါပေမဲ့ သူမနှလုံးသားထဲမှာ နောင်တရနေတုန်းပင်။

[ခဏလေးရှိသေးတယ်ကို စားတာရပ်လိုက်ပြီလား။ သူမ ဗိုက်တောင် မပြည့်သေးဘူးလေ….]

“……”

ယွီဝိန်းလန်က သူမကို ကြည့်လိုက်ကာ

“ကိုယ်တော်သွားတော့မယ် မင်းကတော့ ဖြည်းဖြည်းဆက်စားနေ”

ပြောပြီးနောက် ထိုသူဟာ ထသွားတော့သည်။

ယန်ရှုက အပျော်လွန်သွားပြီး ထိုသူ့ကို နှုတ်ဆက်ဖို့ ထရပ်လိုက်တော့သည်။

သူမနန်းတော်ဂိတ်တံခါးကနေ ထွက်တော့မဲ့အချိန်မှာပဲ ယွီဝိန်းလန်ကပြန်လှည့်လာပြီး သူမကိုကြည့်ကာ အဓိပ္ပာယ်အပြည့်နှင့်ပြောလာသည်။

“ဘာကိစ္စမှမရှိရင် ငါကိုယ်တော် ဒီညလည်း ဒီကိုလာမယ်”

ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားပြီး

“မှန်လှပါ”

[အိုကေ အိုကေ ဒါဆို မနက်ဖြန်လည်းတော်ဝင်စားတော်ပွဲ ထပ်စားလို့ရမှာပေါ့လေ]

ယွီဝိန်းလန် “…..”

စာရေးသူမှာ ပြောစရာရှိတယ် :

တစ်စုံတစ်ယောက်သောဧကရာဇ် : ကိုယ်တော့်ရဲ့ချစ်လှစွာသော ကိုယ်လုပ်တော်လေးက ကိုယ်တော့်ကိုပြန်မချစ်သေးဘူး ဝူး ဝူး ဝူး

ယန်ရှု : ထားလိုက်တော့ တော်ဝင်စားတော်ပွဲအတွက်ဆိုရင်တော့ ချစ်ပါတယ်လေ

တစ်စုံတစ်ယောက်သောဧကရာဇ်က ပိုပြီးတော့ ကျယ်လောင်စွာ ငိုကြွေးလာတော့သည်။

******

All Chapters