← Chapters

အခန်း (၁၉-၂၁)

Vol. 2 Ch. 19-21

အခန်း (၁၉-၂၁)

Vol. 2 Ch. 19-21

19 01

အပိုင်း ၁၉

ယွီဝိန်းလန် ထွက်သွားပြီးတဲ့နောက်မှာတော့ ယန်ရှုဟာ ချိုမြိန်တဲ့ပျားရည်စုပ်ပန်းချိစ့် တစ်ပန်းကန် ၊ ကျောက်စိမ်းဖြူကိတ်နှစ်ခုနဲ့ အမဲအူစွပ်ပြုတ်တစ်ပန်းကန်ကို စားလိုက်သည်။

ထိုမနက်စာက သူမအတွက် အတော်လေး လုံလောက်နေပြီပင်။ စားပြီးတဲ့နောက်မှာတော့ သူမရဲ့ခန္ဓာကိုယ်က အတွင်းရောအပြင်မှာပါ နွေးထွေးနေပေသည်။

သူမဇာတ်ညွှန်း စရေးချိန်မှာတော့ အရမ်းကိုအားအင်အပြည့် ဖြစ်နေမယ်လို့ မျှော်လင့်မထားပေ။ သူမတစ်ချက်တည်း ရေးလိုက်သည်မှာ နေ့လည်ရောက်သည်အထိ ဖြစ်ပြီး ထိုအချိန်ထိ သူမ ဗိုက်မဆာသေးပေ။

နေ့လည်ခင်းတစ်ရေးအိပ်လိုက်ပြီးချိန်မှာတော့ သူမ ထလိုက်ကာ ဇာတ်လမ်းကို ဆက်ရေးတော့သည်။ သိပ်မကြာခင်က သူမ ချောမွေ့စွာ ရေးနိုင်ခဲ့သည့်အတွက် ညနေအထိတစ်ဆက်တည်း ရေးလိုက်တော့သည်။

ကောင်းကင်က မှောင်လာတော့မှာကို မြင်လိုက်တဲ့အခါမှာတော့ ရန်တုန်းက စားပွဲကို လာပြီး မီးအိမ်ကို ထွန်းပေးလာသည်။ ထိုအချိန်မှာပဲ ရန်တုန်းက သူမရဲ့မျက်လုံးတွေကို ပွတ်နေတာကို မြင်လိုက်တဲ့အခါမှာတော့ အလျင်အမြန်ပဲ အကြံပေးလာခဲ့သည်။

“သခင်မလေးက တစ်နေ့လုံးရေးနေခဲ့တော့ မျက်လုံးတွေကို အနားပေးသင့်တယ် ထင်တယ်”

ယန်ရှုက ညည်းတွားလိုက်ကာ မျက်လုံးကို ခတ်လိုက်ပြီး ပြောလာသည်။

“ငါ တကယ်ကို ပင်ပန်းနေပြီ”

ရန်တုန်းကပြောလိုက်သည်။

“ဒါဆိုလည်း မနက်ဖြန်မှ ဆက်ရေးတော့လေ သခင်မလေး ဒီနေ့ည ဘာစားချင်လဲ”

ယန်ရှုက သူမဗိုက်ကိုပွတ်လိုက်ပြီး သူမရဲ့မနက်စာကိုတောင်မှ အစာမချေရသေးဘူးဟု ခံစားရသည့်အတွက် သူမပြောလိုက်သည်။

“ငါမဆာသေးဘူး စွပ်ပြုတ်တစ်ပန်းကန်လောက်ပဲ သောက်ရအောင်”

ရန်တုန်းက သဘောတူလိုက်ပြီး စားဖိုဆောင်ကို သတင်းပို့ရန် တစ်ယောက်ယောက်ကို လွှတ်လိုက်သည်။ ထို့နောက် သိပ်မကြာခင်မှာပဲ ကြက်စွပ်ပြုတ်ပူပူလေးတစ်ပန်းကန် ရောက်ရှိလာတော့သည်။

ထိုကြက်သားစွပ်ပြုတ်က တရုတ်ဆီးသီး ၊ အနီရောင်စွံပလွံသီး ၊ ဂိုဂီဘယ်ရီနှင့် ကြက်မဲအရိုးတို့နဲ့ပြုတ်ထားတာပင်။ အရသာရှိပြီး ချိုမြိန်လှသည်။ ယန်ရှုဟာ တစ်ပန်းကန်သောက်လိုက်ပြီးနောက်မှာတော့ သူမရဲ့ဝမ်းဗိုက်ကို ပူနွေးသွားစေတယ်လို့ ခံစားလိုက်ရသည်။

သို့သော် သူမရဲ့မျက်လုံးတွေက အဆင်မပြေဖြစ်နေဆဲပင်။ ထို့ကြောင့် သူမက ထပ်ခါထပ်ခါ ပွတ်လိုက်ပြီး အနည်းငယ်ရော င်ရမ်းနေပုံလည်း ရသည်။

ကျစ် ဒီနေ့ သူမရဲ့မျက်လုံးတွေကို သုံးတာ တကယ်ကို များသွားပုံ ရသည်။

ထိုအကြောင်းကို တွေးလိုက်ပြီးတဲ့နောက်မှာတော့ သူမက ရိုးရိုးရှင်းရှင်း ရေချိုးလိုက်ပြီး အနားယူဖို့ စီစဉ်လိုက်သည်။

သို့သော် ဆေးကြောပြီးချိန်မှာတောင် သူမရဲ့မျက်လုံးတွေက အဆင်မပြေ ဖြစ်နေသေးသည့်အတွက် သူမကနှစ်ကြိမ်ခန့်ထပ်မံပွတ်လိုက်သည်။

ထို့နောက် ချက်ချင်းပဲ ရန်တုန်းက သူမကို အထိတ်တလန့် ကြည့်လာသည်။

“သခင်မလေးရဲ့မျက်လုံးတွေက!”

သူမ အထိတ်တလန့်ဖြစ်သွားပြီး မှန်ထဲကို သွားကြည့်ရန် အလျင်အမြန်သွားတော့သည်။ ထို့နောက် သူမရဲ့ညာဘက်မျက်ခွံပေါ်မှာ နီရဲပြီး ရောင်ရမ်းနေတဲ့ အဖုလေးတစ်လုံး ပေါက်နေတာကို တွေ့လိုက်ရသည်။

ရန်တုန်းက သူမထက် ပိုစိတ်ရှုပ်သွားပုံရပြီး

“ဘာလို့ ဒီလိုဖြစ်ရတာလဲ။ ဖြစ်နိုင်တာက တစ်ယောက်ယောက်ရဲ့ မကောင်းတဲ့လက်ချက်ကြောင့်များလား”

လူသတ်သမားလား။

ယန်ရှု “မဖြစ်နိုင်ဘူး….”

တစ်ခုခုဖြစ်မည်ဆိုလျှင် စစ်စတန်က သူမကို အကြောင်းကြားမည်ပင်။

ထို့နောက် သူမက စစ်စတန်ကို ခေါ်လိုက်တော့သည်။

19 02

[ဟေး ကျွန်မမျက်လုံးပေါ်မှာ ဘာလို့အဖုတစ်လုံးရှိနေရတာလဲ။]

စစ်စတန် [ဒါကဒီစနစ်ရဲ့အလုပ်မဟုတ်ပါဘူး။ ကိုယ့်ဘာသာ သမားတော်တစ်ယောက်ရှာဖို့ပဲ အကြံပေးချင်ပါတယ်]

ယန်ရှု “…..”

ကြည့်ရတာ ဘယ်သူကမှ သူမကို သတ်ဖို့ကြိုးစားတာ မဟုတ်ဘူးပဲ။

သူမလည်း ရွေးချယ်စရာမရှိပဲ အမိန့်ပေးလိုက်သည်

“သမားတော်တစ်ယောက် သွားရှာပြီး တစ်ချက်ကြည့်ခိုင်းလိုက်”

ရန်တုန်း လုပ်သင့်တာပင် သူမကတော်ဝင်သမားတော်ဌာနကို သွားပြီးတစ်ယောက်ယောက်ကို အမြန်သွားရှာတော့သည်။

ထိုအချိန်မှာ ထိုက်သမားတော်ဌာနမှာ သမားတော်တွေက တာဝန်ကျနေပြီး ရိုးရိုးသမားတော်များသာလျှင် ရှိပေသည်။

ရန်တုန်းက လူတွေကို ဦးဆောင်ခေါ်လာသည်အား သူမ တွေ့ရန် သိပ်မကြာလိုက်ပေ။ သို့သော် သူမရဲ့မျက်နှာကတော့ အနည်းငယ် ရှက်ရွံ့နေပေသည်။

ယန်ရှုကသူမကိုကြည့်လိုက်ကာ မေးလိုက်သည်

“ဘာဖြစ်လို့လဲ”

ရန်တုန်းက သူမနားထဲကို တီးတိုးပြောလာခဲ့သည်။

“ဒီည တာဝန်ကျတဲ့ တော်ဝင်သမားတော်က တစ်ယောက်တည်းရှိပြီး ထိုသူကလည်း ဧကရီမယ်တော်ကြီးရဲ့နန်းဆောင်ကို သွေးခုန်နှုန်းတိုင်းပေးဖို့ သွားပါတယ်။ သူကပဲ တစ်ဦးတည်းသောရှိနေတဲ့သမားတော်ပါ”

-တော်ဝင်သမားတော်တွေကို အဆင့်အလိုက်ခွဲခြားထားတာပင်။ တော်ဝင်သမားတော် ၊ နန်းတွင်းအကဲဖြတ် ၊ အသိအမှတ်ပြုသမားတော် စသဖြင့်ရှိကြသည်။ ထိုအဆင့်နိမ့်

သမားတော်တွေက နန်းတွင်းသူ နန်းတွင်းသားတွေကိုသာ ကုသပေးရတာပင်။

သို့သော် ယန်ရှုက ဒါကိုဂရုမစိုက်ပေ။ အစစ်အမှန်စွမ်းရည်ကို တရားဝင်ရာထူးနဲ့ ဆုံးဖြတ်လို့မရနိုင်သည့် ထက်မြက်တဲ့သမားတော်တွေက ဒီကျန်းဟူတစ်ခွင်မှာ အများကြီးရှိနေသည်လေ။

သူမက ထိုသူကိုထပ်ကြည့်လိုက်ပြီးနောက်မှာတော့ ထိုသူက အသက်သုံးဆယ်လောက်

ရှိလောက်ပြီဖြစ်ပြီး ပိန်ပါးတဲ့ပုံရိပ်ရှိကာ မျက်ခုံးတွေကို နှိမ့်ထားပေ အထက်စီးဆန်သည့်ပုံရိပ်ရှိပေသည်။

ဒီလိုလူမျိုးက အမှန်အကန် တတ်ကျွမ်းလောက်တယ်။

သူမ ပြောလိုက်သည်။

“သမားတော် ကျွန်မရဲ့မျက်ခွံမှာ ရုတ်တရက်ကြီး တစ်ခုခုရှိနေတယ်။ ပြီးတော့ နာလည်း နာနေတယ်။ ဘာဖြစ်တာလဲဆိုတာ ကျွန်မလည်း မသိဘူး”

တစ်ဖက်လူက သူမအနားကိုကပ်လာကာ အရင်ဆုံးသူမမျက်ခွံကို စစ်ဆေးကြည့်လာသည်။ ထို့နောက် သူမရဲ့သွေးခုန်နှုန်းကိုတိုင်းကာ မေးမြန်းလာခဲ့သည်။

“အခုတလော ဘာတွေများ စားလိုက်ပါသေးလဲ”

ရန်တုန်းက အလျင်အမြန်ဖြေပေးလာသည်

“ကွေ့ယိက မနေ့တုန်းက ဝက်သားကင်နဲ့သိုးသားကင်အချို့ စားတယ်။ ညနေဘက်မှာ ဆန်ပြုတ်ချိုတစ်ပန်းကန်

သောက်လိုက်ပြီး ဒီမနက်မှာ အရှင်မင်းကြီးနဲ့ မနက်စာအဖြစ် မျှစ်စို့နဲ့သမင်အရွတ် ထည့်ချက်ထားတဲ့ ကြက်သားအစာသွပ် ၊ ငှက်သိုက်နဲ့ ဘဲသားအစာသွပ် ၊ သမင်သားဘန်းမုန်းနဲ့ ငန်းသားကျပ်ကင် ၊ ငါးဒုက္ခနဲ့ ကျောက်စိမ်းဖြူရောင်ကိတ်ကြွပ်နဲ့ အမဲချဉ်ဆီစွပ်ပြုတ် စားလိုက်တယ်။ နေ့လည်ဘက်မှာတော့ ဘာမှသိပ်မစားပဲ ညဘက်ရောက်မှ ကြက်မဲစွပ်ပြုတ်နဲ့ဂိုဂီဘယ်ရီ ၊ တရုတ်ဆီးသီးစွပ်ပြတ်ပဲ သောက်လိုက်တာပါ”

ထိုအသံထွက်လာသည်နှင့် တစ်ဖက်လူက မျက်မှောင် ကြုတ်လိုက်တော့သည်။

ရန်တုန်းက စိတ်ရှုပ်စွာနဲ့ ချက်ချင်းပဲ မေးလာတော့သည်။

“ဘယ်လိုလဲဟင်။ ဖြစ်နိုင်တာက ကွေ့ယိများ အဆိပ်ခတ်ခံရတာလား”

တစ်ဖက်လူကပြော လာပေသည်။

“….မိဖုရားကွေ့ယိက အပူများနေတာပါ”

“ဘာကြီး”

ရန်တုန်းက ကြက်သေ သေသွားတော့သည်။

ထို့နောက် တစ်ဖက်လူရဲ့ရှင်းပြချက်ကိုပဲ နားထောင်လိုက်တော့သည်။

“ငှက်သိုက် သမင်သား အမဲချဉ်ဆီနဲ့ ကြက်မဲအရိုးပြုတ်က တကယ်ကိုကောင်းတဲ့ အားဆေးတွေပါ။ ဖိဖုရားက တစ်နပ်တည်းနဲ့ အဲလောက် အများကြီးစားလိုက်ပြီး မနေ့ကလည်း ဝက်သားကင်နဲ့သိုးသားကင်တွေ စားလိုက်သေးတယ်လေ။ ရှင်းပြရရင် ခန္ဓာကိုယ်က အဲလောက် အပူဓာတ်များပြီး ခြောက်သွေ့တဲ့အစားအစာတွေကို မသယ်နိုင်တော့တဲ့အတွက် သဘာဝကျကျပဲ အပူများလာမှာဖြစ်ပြီး မိဖုရားရဲ့မျက်ခွံပေါ်က တစ်ခုကိုတော့ ဆူမှတ်ရောက်သွားတယ်လို့ ပြောလို့ရပါတယ်”

ယန်ရှု “…..”

ကောင်းပြီလေ စစ်စတန်က သူမကို သမားတော်ပြဖို့ ပြောတာ အံ့ဩစရာမရှိတော့ပါဘူး။ ဖြစ်ရတာ သူမက အပူများနေတဲ့ပုံပဲ။

ရှက်ရွံ့စွာနဲ့ သူမမေးလိုက်သည်

“ဒါဆို ကျွန်မ ဘာလုပ်သင့်လဲ”

သမားတော်က ပေါ့ပါးစွာဖြေလာသည်။

“ယမ်းမှုန့်နှစ်ဖုံစာလောက်သောက်ပြီး လိမ်းဆေးအချို့လိမ်းပေးရုံပါပဲ။ စိတ်ပူစရာတော့ မရှိပါဘူး”

19 03

စကားပြောပြီးတဲ့နောက်မှာတော့ စုတ်ချက်အနည်းငယ်နဲ့ ဆေးညွှန်းရေးလိုက်ပြီး ထို့နောက် ညွှန်ကြားချက် ပေးလာတော့သည်။

“ကွေ့ယိ လာမဲ့ရက်အနည်းငယ်အတွင်း အပူများစေမဲ့အစားအစာတွေ မစားမိဖို့သတိရပါ ပြီးတော့ တတ်နိုင်သမျှ ပေါ့ပါးတဲ့အစားအစာတွေပဲ စားပေးပါ”

ယန်ရှုက ‘ကောင်းပြီ’လို့သာ ပြောနိုင်ပြီး စကားမစပ် ရန်တုန်းကို အမိန့်ပေးလိုက်သည်။

“သမားတော်ကို ဆုချလိုက်”

အပျိုတော်လေးက ငွေတုံးအချို့ သွားယူလာသည်။

မမျှော်လင့်စွာနဲ့ သမားတော်က ထိုအရာကို လက်မခံလိုက်ပဲ ပြောရုံသာပြောလာသည်။

“ကွေ့ယိရဲ့ဖျားနာမှုက မပျောက်ကင်းသေးတဲ့အတွက် ဒီငယ်သားက လက်ခံရမှာကို ရှက်ရွံ့မိပါတယ်။ ကျေးဇူးပြုပြီး ပြန်ယူလိုက်ပါ”

ရန်တုန်းက ယန်ရှုကို အံ့အားသင့်စွာနဲ့ကြည့်လာပြီး ဒီကမ္ဘာပေါ်မှာ ပိုက်ဆံမကြိုက်တဲ့သူ ရှိသေးတာလား။

ယန်ရှုလည်းပဲ အံ့ဩသွားပြီး သူတို့ကို သူ ကလက်မခံမှတော့ သူမလည်းဖိအားပေးလို့ မရနိုင်ပေ။ ထို့ကြောင့် သူမက ပြောလိုက်သည်။

“ဒီလိုဆို ကျွန်မရဲ့ဖျားနာတာ ပျောက်သွားတာနဲ့ ဆုချီးမြှင့်မယ်”

တစ်ဖက်သူက မထောင်လွှားလွန်း မခြယ်လှယ်လွန်းစွာဖြင့်

“ကျေးဇူးတင်ပါတယ် ကွေ့ယိ”

ဒီလိုနဲ့ ဖျားနာမှုကိစ္စကပြီးသွားပြီပင်။ ရန်တုန်းက သမားတော်ဆီက ဆေးကိုယူကာ သူမကိုယ်တိုင် ကျိုတော့သည်။ ယန်ရှုလည်း ခါးသက်မှုကို တောင့်ခံလိုက်ကာ ပန်းကန်လုံးကြီး တစ်လုံးစာ သောက်လိုက်တော့သည်။ ဒီနောက် သေသေချာချာ ဂရုတစိုက်နဲ့ပဲ သူမရဲ့မျက်ခွံပေါ်ကို လိမ်းဆေးကိုလိမ်းလိုက်တော့သည်။

ထိုသို့လုပ်ပြီးနောက်မှာတော့ သူမက အရေးကြီးတဲ့ကိစ္စတစ်ခုကို အမှတ်ရသွားပြီး ရန်တုန်းကို လျင်မြန်စွာပြောလိုက်တော့သည်။

“ချန်းမင်နန်းဆောင်ကို သတင်းပို့ဖို့ တစ်ယောက်ယောက်ကိုလွှတ်ပြီး ကွေ့ယိက ဒီနေ့ဖျားနာနေတဲ့အတွက် အရှင်မင်းကြီး ဒီညမလာပါနဲ့လို့ လျှောက်တင်ခိုင်းလိုက်”

ရန်တုန်းလည်း သူမပြောတဲ့အတိုင်း ရှောင်သုန်းကျစ်ကို ချန်းမင်နန်းဆောင်ဆီ စကားပါးခိုင်းလိုက်တော့သည်။

တစ်ခဏကြာပြီးနောက် တော်ဝင်စာကြည့်ဆောင်က ဧကရာဇ်က သတင်းကို လက်ခံရရှိလိုက်သည်။

ယွီဝိန်းလန်က အနည်းငယ် ထူးဆန်းသွားရသည်။ ဒီမနက်တုန်းက သူမဟာ သူ့ထက်တောင် ပိုစားခဲ့သေးသည်ကို ဘာလို့ရုတ်တရက်ကြီး ဖျားနာသွားရတာလဲ။

ဖြစ်နိုင်တာက….တစ်ယောက်ယောက်များ မကောင်းကြံတာလား။

~~~~~

သတင်းပို့ပြီးတဲ့နောက်မှာတော့ ယန်ရှုက အိပ်ရာပေါ်ကို ချလိုက်တော့သည်။

သူမဟာ ယနေ့မှာ ဇာတ်လမ်းစာအုပ်ကို ရေးနေရသည့်အတွက် ပင်ပန်းနေပြီး မကြာခင်မှာပဲ အိပ်ချင်လာတော့သည်။

မမျှော်လင့်ထားစွာနဲ့ သူမအိပ်မောကျတော့မဲ့အချိန်မှာပဲ အပြင်ဘက်က အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“အရှင်မင်းကြီး ရောက်ရှိလာပါပြီ…..”

ယန်ရှု “..”

ဧကရာဇ်က ဒီရောက်နေတယ် ဟုတ်လား။

အမှန်ပဲ ဧကရာဇ်က ဒီနေရာမှာပင်။ ပြီးတော့လည်းသူမအိပ်ရာပေါ်က မဆင်းရသေးခင်မှာပဲ ထိုသူက ချဉ်းကပ်လာပြီ ဖြစ်သည်။

သူမကထိတ်လန့်သွားပြီး အလျင်အမြန်ပဲ သူမမျက်ခွံပေါ်က အပူဖုကို လက်တစ်ဖက်နဲ့ ဖုံးကာလိုက်ကာ အိပ်ရာပေါ်ကနေ အလျင်အမြန်ထလာပြီး ရှက်ရွံ့စွာပြောလာသည်။

“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီး…..”

သူမ စကားမပြောတာမဆုံးသေးခင်မှာပဲ သူမရဲ့စကပ်အနားစကို တက်နင်းမိပြီး ရှေ့သို့ လဲကျသွားတော့သည်။

သူမကိုယ်သူမပြန်ထိန်းဖို့ နောက်ကျသွားချိန်မှာပဲ ယွီဝိန်းလန်က သူ့ရဲ့လက်ကို ဆန့်ထုတ်လိုက်ကာ သူမကို ထောက်ပံ့ပေးလိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ

“မင်းက ဘာတွေဖြစ်နေတာလဲ”

ထတောင်မထနိုင်ဘူးလား။

ယန်ရှုက သူမရဲ့မျက်လုံးကိုဖုံးလိုက်ပြီး တုံ့ဆိုင်းစွာဖြင့်

“အဆင်ပြေပါတယ် ကျွန်တော်မျိုးမရဲ့မျက်လုံးတွေက နည်းနည်း အဆင်မပြေ ဖြစ်နေရုံပါ….”

ယွီဝိန်းလန်တွေးလေလေ သူမက ပြင်းပြင်းထန်ထန်ဖျားနာနေတယ်လို့ တွေးမိပြီး စိုးရိမ်တကြီးနဲ့ ပြောလာသည်

“ကိုယ်တော့်ကို တစ်ချက်ကြည့်ခွင့်ပေး”

ယန်ရှုက ဝေ့လည်ကြောင်ပတ် လုပ်နေပြီး

“အရှင်မင်းကြီး စိတ်မပူပါနဲ့ အဲလောက် ဖျားနာတာမျိုး မဟုတ်ပါဘူး….ဒီကိုယ်လုပ်တော်က ဆေးလည်းသောက်ပြီးသွားပြီး မကြာခင် ပြန်ကောင်းလာတော့မှာပါ”

ယွီဝိန်းလန်က သူမရဲ့မျက်နှာကို ကာနေတဲ့လက်ကို ရိုးရှင်းစွာပဲ ဆွဲလိုက်သည်။

19 04

ဒါပေမဲ့ သူတွေ့လိုက်ရတာကတော့ သူမရဲ့ညာဘက်မျက်လုံးက အနည်းငယ်နီရဲနေပြီး ဘောလုံးတစ်လုံးကဲ့သို့ ဖူးရောင်နေတာပင်။

သူက အနည်းငယ်ထိတ်လန့်သွားပြီး

“ဘာဖြစ်တာတဲ့လဲ”

ယန်ရှုက အနည်းငယ်စိတ်ရှုပ်သွားကာ သူမမျက်နှာကို အလျင်အမြန်ပဲ ထပ်မံကာလိုက်ပြီး ပြောလာသည်။

“အဆင်ပြေပါတယ် အပူဖုပေါက်ရုံလေးပါ”

“အပူဖု”

ယွီဝိန်းလန်က အနည်းငယ်ပဟေဠိဖြစ်သွားပြီး

“ဘယ်လိုဖြစ်ပြီး ပေါက်လာရတာလဲ”

ယန်ရှုရဲ့မျက်နှာက မဲမှောင်သွားကာ

“ဘာလို့လဲဆိုတော့ ဒီကိုယ်လုပ်တော်က အာဟာရဖြစ်စေတဲ့ အစားအသောက်တွေ အများကြီးစားလိုက်မိပြီး အပူကြီးသွားစေလို့ပါ”

မုန်းလိုက်တာ သူမ တကယ်ပဲ အရှက်မရှိတော့ဘူးပဲ။ လူတိုင်းက သူမကို အဲတာကို ထုတ်ပြောရအောင် လုပ်နေကြတယ်။

ယန်ရှု “…..စားတာကနေ ဟုတ်လား”

ယန်ရှုတွင် တစ်ယောက်ယောက်ကို သတ်ချင်စိတ် ရှိနေပေသည်

“…..ဟုတ်ပါတယ်”

အစားကြူးလို့ ဖြစ်သွားတာကို သူမက ဘာလုပ်နိုင်မှာလဲလို့!

ကျစ် ဒါပေမဲ့ ပြောမှပဲ ဒါက သူနဲ့အတူ စားရင်းဖြစ်တာလေ အဲတော့ ဒါက အလုပ်နဲ့သက်ဆိုင်တဲ့ ဒဏ်ရာလို့ ပြောလို့ရတယ်မလား။

ယွီဝိန်းလန် “..”

အလုပ်နဲ့သက်ဆိုင်တဲ့ဒဏ်ရာ။

သူ မနေနိုင်ဘဲ ရယ်လိုက်မိသည်။

သို့သော်သူဟာ သူမရဲ့မကျေနပ်နေတဲ့အကြည့်ကို မြင်လိုက်ချိန်မှာတော့

[ရယ်နေတုန်းပေါ့လေ!]

သူ့မှာ ရွေးချယ်စရာမရှိတော့ပဲ အမူအရာကိုပြန်ထိန်းလိုက်ကာ

“တစ်ခုခုက ဘယ်လောက်ပဲ အရသာရှိနေပါစေ အလွန်အကျွံ မဖြစ်ဖို့လိုတယ်။ မင်းရဲ့စားသောက်ချင်စိတ်တစ်ခဏတာအတွက် ကျေနပ်စေတာက မကောင်းဘူး”

ယန်ရှုက မသဲမကွဲ ရေရွတ်လာသည်။

“…..ဒီကိုယ်လုပ်တော် နာခံပါ့မယ်”

ဒါပေမဲ့ စိတ်ထဲမှာ မမျှတဘူးဟု ခံစားနေရသည့်အတွက် မထိန်းလိုက်နိုင်ပဲ ပြောလိုက်သည်

“ကျွန်တော်မျိုးမက တစ်ခါလေးပဲ စားတာကို အပူကြီးသွားတယ်။ အရှင်မင်းကြီးကကျ နေ့တိုင်း စားနေတာကို ဘယ်လိုလုပ်ပြီး အပူမကြီးရတာလဲ”

ယွီဝိန်းလန်က သူ့မျက်ခုံးတွေကို ပင့်ကာ

“ကိုယ်တော်က ကျန်းမာရေး ကောင်းတယ်လေ။ ပြီးတော့လည်း လောဘမကြီးဘူး”

ယန်ရှု “…..”

သူမက မနေနိုင်ဘဲ တစိမ့်စိမ့်တွေးကာ အသံတိုးတိုးနဲ့ ပြောလာပြန်သည်။

“ဒါဆို အရှင်မင်းကြီးက နေ့တိုင်း အများကြီးသုံးဆောင်တော့ နည်းနည်းဖြုန်းတီးသလို မဖြစ်ဘူးလား”

ထိုမှတ်ချက်က အနည်းငယ်ရဲတင်းလွန်းပေမဲ့ ယွီဝိန်းလန်ကတော့ စိတ်ရှုပ်မသွားပဲ တွေးဆလိုက်ပြီးတဲ့နောက် ခေါင်းညိတ်လာကာ

“အမှန်ပဲ”

ထိုအခြေအနေကို အခွင့်ကောင်းယူကာ ဖုဟိုင်ကို အမိန့်ပေးလိုက်တော့သည်။

“မနက်ဖြန်ကစပြီး ငါကိုယ်တော်ရဲ့အစားအသောက်တွေကို တစ်ဝက်တိတိ လျှော့ချလိုက်”

ဖုဟိုင်က မှတ်သားလိုက်ပြီး ယွီဝိန်းလန်က ယန်ရှုကို မေးလာခဲ့သည်

“တော်ဝင်သမားတော်က ဘာမှာခဲ့သေးလဲ”

ယန်ရှုက ပြန်ဖြေလိုက်သည်။

“သမားတော်ပြောတာက ဆေးသောက်ပြီးအနားယူလိုက်ရင် အဆင်ပြေသွားမယ် ပြင်းထန်တဲ့ ဖျားနာမှုမျိုး မဟုတ်ပါဘူးတဲ့”

ယွီဝိန်းလန်က ခေါင်းညိတ်လိုက်ကာ

“ဒါဆိုအနားယူကြမယ်”

စကားပြောပြီးနောက် သူက ဖုဟိုင်ကို ပြောလိုက်သည်။

“သွားပြီးတော့ ရေပြင်ထားလိုက်”

ရေပြင်မယ်။

ယန်ရှုက တွန့်ဆုတ်သွားပြီး အလျင်အမြန် မေးလာခဲ့သည်။

“အရှင်မင်းကြီးက ဒီနေ့ ဒီမှာအနားယူမလို့လား”

19 05

ယွီဝိန်းလန်က သူ့ရဲ့ဝတ်ရုံကို ချွတ်လိုက်ကာ ခေါင်းညိတ်ပြပြီး ပြောလာသည်။

“သေချာတာပေါ့”

ယန်ရှုက ထိတ်လန့်သွားပြီး

“ဒါပေမဲ့ ဒီကိုယ်လုပ်တော်က ဖျားနာနေတယ်လေ”

သို့သော် ထိုသူက သူမကိုကြည့်ပြီး ပြောလာသည်မှာ

“ကိုယ်တော်က မင်းကို စက်ဆုပ်ရွံရှာတာမျိုး မရှိပါဘူး”

ယန်ရှု “..”

ဒါက ကြိုက်လား မကြိုက်လားဆိုတဲ့ မေးခွန်းမဟုတ်ဘူးလေ။ သူမဘာသာ ကောင်းကောင်းမွန်မွန် အိပ်စက်လို့ မရဘူးလား။

သူမက အလျင်အမြန်ပဲ ထပ်ပြောလာသည်

“ဒီကိုယ်လုပ်တော်က ဖျားနာပြီး အရှင်မင်းကြီးကိုပါ အပူကြီးစေမိမှာကို စိုးမိပါတယ်…..”

ယွီဝိန်းလန်က သူ့ရဲ့ညအိပ်ဝတ်စုံကို ချွတ်ပြီးပြီဖြစ်ကာ ထူးထူးခြားခြားပြောလာပေသည်။

“အပူကြီးရင် ဖျားနာလိမ့်မယ်ဆိုတာမျိုး ငါကိုယ်တော်တစ်ခါမှ မကြားဖူးပါဘူး”

ထိုသို့ပြောပြီးနောက် သန့်စင်ဆေးကြောတဲ့အခန်းထဲ တန်းတန်းမတ်မတ် ဝင်သွားတော့သည်။

ယန်ရှု “..”

ဒါက သူ မဖျားနာနေတယ်ဆိုတော့ အလုပ်လုပ်ရမယ်ဆိုလိုတာလား။

အကြောင်းပြချက်ရော ရှိသေးလား!

~~~~~

တကယ်တော့ ယွီဝိန်းလန်က ဒီနေရာမှာအိပ်ရတာ သက်တောင့်သက်သာဖြစ်သည်လို့ ခံစားရရုံပင်။ မနေ့ညကဆိုလျှင် သူ့မှာ သက်တောင့်သက်သာဖြစ်တဲ့ အိမ်မက်တစ်ခုရှိခဲ့ပြီး ယနေ့ညလည်း ထိုကဲ့သို့ ထပ်မံအနားယူချင်မိရုံတင် ဖြစ်သည်။

သူဟာ အကြောင်းအရင်းမရှိ သူမရဲ့မသက်မသာဖြစ်နေမှုအတွက် စိုးရိမ်နေမိပြီး ရေချိုးပြီးတဲ့နောက်မှာတော့ သူမရဲ့ဘေးမှာ တိတ်တဆိတ်လဲချလိုက်ပြီး သူ့လက်နှင့်ပင် မထိတော့ပေ။

သူမရဲ့သတိထားမှုကို လျော့ချလိုက်လို့ ဖြစ်နိုင်သည် နောက်တစ်ခဏမှာပဲ ထိုမိန်းကလေးက အိပ်ပျော်သွားတော့သည်။

သူ့ခေါင်းအုံးအောက်နားက ငြိမ်သက်ပြီး ရှည်လျားတဲ့အသက်ရှုသံကြောင့် သူသည်လည်း တဖြည်းဖြည်း အိပ်မောကျသွားတော့သည်။

ညလယ်ရောက်လာတဲ့အခါမှာတော့ တစ်စုံတစ်ခုက ရုတ်တရက်ပဲ သူ့လက်မောင်းထဲကို ဝင်လာပြီး သူ့ကိုနိုးသွားစေသည်။

နိုးလာတဲ့အခါမှာတော့ ထိုအရာက သူမဖြစ်နေတာကို တွေ့လိုက်ရပြီး သူ့ရဲ့လည်ပင်းကိုပင်ဖက်ကာ ငါးတစ်ကောင်လို သူ့ကို ကပ်နေတော့သည်။

သူပြောလိုက်ချင်ပေမဲ့ သူမက သူမရဲ့မျက်လုံးတွေကို ပိတ်ထားပြီး အသက်ရှုမြန်နေတာကို တွေ့လိုက်ရသည်။ ကြည့်ရတာ အိမ်မက်ဆိုးမက်နေပုံပင်။

ထို့ကြောင့် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူမရဲ့နောက်ကျောကိုခပ်ဖွဖွ ပုတ်ပေးလိုက်ချိန်မှာတော့ တစ်ဖန်အိပ်မောကျသွားပြန်သည်။

ထိုညမှာပဲ ခန်းမအပြင်ဘက်မှာ လေအေးတို့တဟူးဟူးတိုက်ခတ်နေပေမဲ့ အိပ်ခန်းအတွင်းမှာတော့ နွေဦးရာသီကဲ့သို့ နွေးထွေးနေပေသည်။

~~~~~

ဒုတိယမြောက်နေ့မှာတော့ ယွီဝိန်းလန်က မနက်ခင်းမြူဆိုင်းနေချိန်မှာပဲ နိုးလာတော့သည်။

ဒီနေ့လည်း ညီလာခံရှိသေးသည့်အတွက် ထလိုက်ကာ အိပ်ရာထဲက ထတော့မည့်အချိန်မှာပဲ သူ့ခန္ဓာကိုယ်က ထူးဆန်းမှုတစ်ခုကို သတိပြုလိုက်မိတော့သည်။

အချိန်အကြာကြီး ထုံထိုင်းနေခဲ့တဲ့တစ်နေရာက ယခင်ကနှင့် အနည်းငယ် ကွဲပြားနေပေသည်။

စာရေးသူမှာ ပြောစရာရှိတယ် :

ယန်ရှု : ဒါက အလုပ်နဲ့သက်ဆိုင်တဲ့ထိခိုက်မှုပဲ!

ကျွန်မရဲ့ပိုက်ဆံတွေ ကုန်သွားပြီ!

တစ်စုံတစ်ယောက်သောဧကရာဇ် : ဘယ်လိုတောင် ထိခိုက်လွယ်တဲ့

ကြွေထည်မျိုးလဲကွာ…

******

20 01

အပိုင်း ၂၀

တကယ်တော့ အတိတ်ကနှင့်ယှဉ်လျှင် ကြီးကြီးမားမား ပြောင်းလဲတာမျိုး မဟုတ်ပေ။ သို့သော် ဒါကပဲ ရေသေကန်ထဲမှာ လှိုင်းပွက်သွားသလိုမျိုး သူ့ကို အံ့အား သင့်သွားစေသည်။

ယွီဝိန်းလန်က ကြက်သေ သေသွားတော့သည်။

ထိုမြင်ကွင်းမျိုးက သူ့ဆီမှာ ဝေးကွာနေခဲ့သည်မှာ သုံးနှစ်ပြည့် လုနီးပါးပင်။ ဒါပေမဲ့ ဒီနေ့မှာတော့ ပြန်ပြီးထွက်ပေါ်လာသည်တဲ့လား။

သေချာပေါက်ကိုပဲ ဒါဟာ ယောက်ျားတစ်ယောက်ရဲ့ ပုံမှန်အခြေအနေဖြစ်သည်။ ထို့ကြောင့် သူထလိုက်ပြီးတဲ့နောက်မှာ သူ့ရဲ့တည်ငြိမ်အေးဆေးမှုကို ပြန်လည်ရရှိသွားတော့သည်။

သို့သော် သူက အချိန်အတော်ကြာသည်အထိ ပြန်ပြီးမသက်သာသေးပေ။

ရုတ်တရက် ဖုဟိုင်ရဲ့အသံဟာ အိပ်ဆောင်အပြင်ဘက်ကနေ ထွက်လာတော့သည်။

“အရှင်မင်းကြီး ထဖို့အချိန် ရောက်ပါပြီ”

ယနေ့မှာ ညီလာခံရှိသည့်အတွက် သူသာ မထဘူးဆိုလျှင် ဝန်ကြီးတွေကို စောင့်နေရအောင် လုပ်ရမည် ဖြစ်သည်။

ယွီဝိန်းလန်က တုံ့ပြန်လိုက်ကာ ထလိုက်ပြီး အိပ်ရာကနေအရင်ဆုံးထွက်လိုက်တော့သည်။ မသိစိတ်အရ ပြန်ကြည့်လိုက်သည့်အခါမှာတော့ ထိုမိန်းကလေးက အိပ်ပျော်နေဆဲဖြစ်ပြီး သူမရဲ့ဆံနွယ်ရှည်တွေက အနည်းငယ် ဖရိုဖရဲဖြစ်နေပြီး သူမရဲ့ပါးတွေက ပန်းရောင်သန်းနေကာ စောင်ပေါ်မှာ ရှိနေတုန်းပင်။ သူမရဲ့ရှေ့ပိုင်းကလည်း ရှုပ်ပွနေပေသည်။

ယွီဝိန်းလန် “…”

ဒီလိုအိပ်တာက ဘာအကျင့်လဲ။

သူဟာ သူမအတွက် ဂွမ်းစောင်ကို တိတ်တဆိတ် ဆွဲပေးလိုက်ကာ သူမကို မနှိုးဘဲ ခန်းဆီးကို တစ်ဖန် ပြန်ပိတ်ပေးလိုက်သည်။

~~~

ယွီဝိန်းလန်က ဘာထူးဆန်းသည့် အမူအရာမှမပြပဲ ဆေးကြောသန့်စင်ပြီး အဝတ်အစားလဲရန် ချန်းမင်နန်းဆောင်ကို ပြန်လာတော့သည်။ ထို့နောက် အစိုးရရေးရာကိစ္စရပ်တွေကို တစ်ယောက်ပြီးတစ်ယောက် သတင်းပို့လာသည့် အရာရှိတွေရဲ့ သတင်းပို့ချက်ကို နားထောင်ရန် ချင်ကျန်းနန်းဆောင်သို့ ညီလာခံတက်ရောက်လာပေသည်။ သို့သော်လည်း သူ့စိတ်ထဲမှာတော့ ထိုဖြစ်ရပ်ကိုသာ တွေးတောနေပေသည်။

သေချာပေါက်ကိုပင် သူကတော့ ပျော်ရွှင်နေသည်။ ဒါပေမဲ့ ဒီမနက်ပြောင်းလဲမှုက ဘာကြောင့် ဖြစ်သလဲဆိုတာကိုလည်း သိချင်သေးသည်။

ပြန်တွေးကြည့်ချိန်မှာတော့ မနေ့ညက အရေးကြီးကိစ္စရပ်တွေကို ကိုင်တွယ်ရန် သူဟာ ခါတိုင်းလိုပဲ သဝဏ်လွှာတွေကို ဖတ်ရှုလိုက်ပြီး ဝန်ကြီးအနည်းငယ်နဲ့ မြို့တော်ကို ပြန်ရောက်လာတဲ့ ကလန်ဘုရင်အနည်းငယ်ကို တွေ့ဆုံကာ ခရီးစဉ်ကလဲ ယခင်နှင့် ဘာမှမခြားပေ။ အစားအသောက်ကလည်း ပုံမှန်လိုပဲဖြစ်ပြီး ကန်လုနန်းဆောင်ကို သွားရောက် အိပ်စက်တာကလွဲလို့ အကုန်ပုံမှန်လိုပဲ ဖြစ်သည်။

စကားမစပ် ကန်လုနန်းဆောင်ပဲ။

သူ့နှလုံးခုန်သံက စည်းချက်တစ်ခု ကျော်သွားခဲ့သည်။ တကယ်တော့ သူလိယန်ရှုကို စတွေ့စဉ်ကတည်းက သူ့ဘဝဟာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့တာပင်။

သူဟာ လှိုင်းမထနိုင်တဲ့ နက်ရှိုင်းတဲ့ရေကန်တစ်ခုလို တည်ငြိမ်လေ့ရှိခဲ့ပေမဲ့ သူမကိုမျက်နှာချင်းဆိုင်ရသည့်အခါတိုင်း သူ့ကိုယ်သူ ပြန်မထိန်းနိုင်ပေ။

သူမက သူ့ကို သတိရှိ ၊ ဒေါသထွက် ၊ အကူအညီမဲ့ကာ ရယ်ရအောင် ပြုလုပ်ပြီး တစ်ခါတစ်ရံ…..စိတ်ရှုပ်အောင်ပါ ပြုလုပ်တတ်သေးသည်။

ဟုတ်သည် သူမအနားကို ကပ်လိုက်သည့်အချိန်တိုင်း သူ့ရဲ့ခံစားချက်တွေကို ထိန်းချုပ်လို့ မရပေ။

ဆိုတော့ သူမဖြစ်နိုင်လား။

ကန်လုနန်းဆောင်ကို သူမစရောက်တဲ့ညကို အမှတ်ရနေတုန်းပင်။ သူမကသူ့ကို ကုသပေးဖို့ အစီအစဉ်ချနေခဲ့သည်….ထို့နောက် သူမကပဲလက်ဦးမှုယူကာ သူ့ကိုစနမ်းလာပြီး မနေ့ညကလည်း နားလည်ရခက်စွာပဲ သူ့လက်မောင်းတွေထဲကို ဝင်လာခဲ့သေးသည်…..

ဖြစ်နိုင်လောက်လား။

ဒါက သူမရဲ့နည်းလမ်းဖြစ်လောက်လား။

…..

20 02

ထိုနေ့ညီလာခံခန်းမထဲ၌ ဘုရင်မင်းမြတ်ဟာ ပထမဆုံးအကြိမ်အဖြစ် တကယ်ကြီးကို စိတ်ပျံ့လွင့်နေတာအား ဝန်ကြီးချုပ်တွေအားလုံးက အံ့အားသင့်စွာနဲ့ ရှာတွေ့လိုက်တော့သည်။

~~~

မနက်ခင်းစောစောမှာပဲ ကိုယ်လုပ်တော်ကျိုးက ချီအန်းနန်းဆောင်ကို ရောက်ရှိလာတော့သည်။

ယခုလေးတင်ကျိုချက်ထားတဲ့ဆေးကို အစေခံက နန်းဆောင်ထဲယူဆောင်လာတာကို ကြည့်လိုက်ပြီး သူမကလက်ဦးမှုယူကာ မယ်တော်ကြီးကိုပြောလာပေသည်။

“ဒီကိုယ်လုပ်တော်ကို မယ်တော်ကြီးကိုဆေးတိုက်ဖို့ အခေါ်လွှတ်လိုက်တာ မဟုတ်ဘူး”

ဧကရီမယ်တော်ကြီးက ပြောလာသည်။

“သူတို့ကိုပဲ ဝင်လာခိုင်းလိုက်ပါ မင်းက နေ့တိုင်း လာနေစရာမလိုပါဘူး။ ကိုယ့်ကိစ္စပဲကိုယ်လုပ်ပါ”

သူမက ငယ်စဉ်ကပင် ပျက်စီးသထက် ပျက်စီးနေခဲ့တာပင်။ တစ်ခြားသူတွေကို ဘယ်လိုလုပ်ပြီး ကောင်းကောင်းမွန်မွန် ခစားနိုင်မှာတဲ့လဲ။

ဆေးတိုက်သည့်အခါတိုင်း လူတွေကို အပူလောင်စေတာပဲ ဖြစ်ဖြစ် သီးစေတာပဲ ဖြစ်ဖြစ် ဖြစ်တတ်သည်။ သူမရဲ့အဒေါ်ဖြစ်သူ ဧကရီမယ်တော်ကြီးကတောင် သူမကို ကြောက်လန့်ပေသည်။

ဟုယင်းက ရှေ့တိုးလာပေမဲ့ ကိုယ်လုပ်တော်ကျိုးက နွမ်းလျဖွယ်မျက်နှာလေးနဲ့ ပြောလာပေသည်။

“ဒီကိုယ်လုပ်တော်က အဆင်ပြေပါတယ် ဘာလို့မပြောရမှာလဲ”

သူမက ဆက်ပြောလာကာ

“အရှင်မင်းကြီးက ဒီနေ့လည်း ကန်လုနန်းဆောင်ကို သွားနေတုန်းပဲ ဝန်ကြီးတွေနဲ့ ကိုယ်လုပ်တော်တွေတောင်မှ အရှင်မင်းကြီးနဲ့ တွေ့ဆုံဖို့ ခက်ခဲသထက် ခက်ခဲလာပြီ….။ ကြားရတာကတော့ မနေ့ညက လိကွေ့ယိက ဖျားနာနေပြီး အရှင်မင်းကြီးကလည်း တကယ်ကြီး အဲကို ညကိုကုန်ဆုံးဖို့ သွားတယ်တဲ့လေ….”

ဧကရီမယ်တော်ကြီးက စိတ်မရှည်စွာ ပြောလာခဲ့သည်။

“အရာရာကိုလဲ ပြန်ဆန်းစစ်ကြည့်ဦး။ နင့်ကိုယ်နင့် ဘာကိုမှ လုံလုံလောက်လောက် မလုပ်ရသေးဘူး ထင်နေတာလား”

ကိုယ်လုပ်တော်ကျိုးက နစ်နာသွားသလို ခံစားလိုက်ရပြီး

“ကျွန်မကြားတာတော့ အရှင်မင်းကြီးက ဒီမနက် အာရုံပြောင်းနေတယ်တဲ့ ဖြစ်နိုင်တာက လိကွေ့ယိကြောင့် သက်ရောက်နေတာများလား….”

“ပိတ်စမ်း”

သူမပြောတာ မဆုံးခင်မှာပဲ စူးရှတဲ့အသံရဲ့နှောက်ယှက်တာကို ခံလိုက်ရသည်။ ကိုယ်လုပ်တော်ကျိုးက တုန်ယင်သွားပြီး ဧကရီမယ်တော်ကြီးက ဖြူဖျော့နေတဲ့မျက်နှာနှင့် ပြောလာသည်ကို တွေ့လိုက်ရသည်။

“လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ရေခဲပြပွဲက သင်ခန်းစာကို မမှတ်သေးဘူးလား။ နင်က ဘာလုပ်ချင်နေတာလဲ”

ကိုယ်လုပ်တော်ကျိုးက ကြောက်လန့်သွားပြီး မြေပေါ်သို့ ဒူးထောက်ချလာကာ ဖြေလိုက်သည်။

“ဧကရီမယ်တော်ကြီး စိတ်လျှော့တော်မူပါ။ ဒီကိုယ်လုပ်တော်က တမင်သက်သက် စုံစမ်းရတာ မဟုတ်ပါဘူး။ ဒီမနက် ညီလာခံက လူတိုင်းက တွေ့လိုက်ကြပြီး ဒီကိုယ်လုပ်တော်က နန်းတော်ထဲကို ပျံ့နေတဲ့ အတင်းအဖျင်းကို သိလိုက်ရုံတင်ပါ….”

ဧကရီမယ်တော်ကြီးက ထပ်မံဆူပူလာသည်။

“ကိုယ်လုပ်တော်နင်နဲ့ အကြီးဆုံးမင်းသမီးကြီးရဲ့ ဥပမာက နင့်ရှေ့မှာပဲလေ။ သင်ယူဖို့လိုတဲ့ သင်ခန်းစာတစ်ခု မဟုတ်သေးဘူးလား! ဘယ်လောက် ပြင်းထန်တယ်ဆိုတာကိုသိရဖို့ နင့်ကိုယ်နင် စမ်းကြည့်ဖို့ လိုနေသေးလား”

ကိုယ်လုပ်တော်ကျိုးက ငိုကြွေးလာပြီး

“ဒီကိုယ်လုပ်တော် မကောင်းတာပါ။ ဧကရီမယ်တော်ကြီး စိတ်လျှော့ပါ။ အရှင်မင်းကြီးရှုပ်ထွေးနေမှာကို ဒီကိုယ်လုပ်တော်က စိုးရိမ်မိရုံတင်ပါ…..”

“မြန်မြန် ပါးစပ်ကို ပိတ်လိုက်တော့!”

ဧကရီမယ်တော်ကြီးက ဒေါသထွက်လွန်းသည့်အတွက် သူမကိုကန်ထုတ်လုနီးပါးပင်။

“ဒီရက်ပိုင်းအတွင်း အိုက်ရဲ့အဆောင်ကို လာစရာမလိုဘူး။ ပြန်သွားပြီး အဲဒီအကြောင်းကို သုံးသပ်နေ ကိုယ်လုပ်တော်အန်းရဲ့တစ်ဝက်လောက်သာ ဥာဏ်ရှိတယ်ဆိုရင် နင် ဒီလိုဖြစ်နေမှာ မဟုတ်ဘူး!”

“ကောင်းပါပြီ”

20 03

ကိုယ်လုပ်တော်ကျိုးက မျက်နှာကို ကာလိုက်ကာ သွားတော့သည်။

~~~

ကိုယ်လုပ်တော်ကျိုးက နန်းဆောင်မှာ ဒေါသထွက်နေချိန်မှာတော့ ယန်ရှုက မနက်စာ စားနေပေသည်။

သူမ ဒီမနက် နိုးလာချိန်မှာ မှန်ထဲကြည့်လိုက်တယ်ဆိုရင်ပဲ ထိုအပူဖုက သက်သာသွားပြီး သူမရဲ့သစ်အယ်စေ့သဏ္ဍာန် မျက်ဝန်းတွေက တောက်ပနေကာ သူမရဲ့အလှက လျော့မသွားပဲ ကျန်ရှိနေဆဲပင်။

ယခုတော့ သူမကလုံးလုံးပဲ သက်သာသွားပြီဖြစ်ပြီး ရန်တုန်းကို အလျင်အမြန်ပဲ ငွေတုံးအနည်းငယ် ယူခိုင်းလိုက်ကာ မနေ့ညက သမားတော်ဆီကို ပို့ခိုင်းလိုက်တော့သည်။

မနေ့ညက သူမဟာ သူမ ပြန်လည်သက်သာလာသည်နှင့် ဆုချီးမြှင့်မည်ဟု ပြောထားခဲ့ပေမဲ့ သူမရဲ့စကားကို မတည်နိုင်ခဲ့ပေ။

ထိုအရာတွေ လုပ်ပြီးနောက်မှာတော့ မနက်စာစားရမည့်အချိန်ပင်။

သို့သော်လည်း…. ယနေ့ရဲ့မနက်စာက အနည်းငယ် ခပ်ပေါ့ပေါ့ ဖြစ်နေပေသည်။

ဖရုံသီးပြောင်းဆန်ပြုတ် အသီးအရွက်အရန်ဟင်းနှစ်ပွဲနဲ့ တို့ဖူးငံတို့ပဲဖြစ်သည်။ အဓိကဟင်းလျာကတော့ ပေါင်းထားတဲ့အသီးအရွက်ဘန်းမုန့်တွေဖြစ်ပေသည်။ ကျစ် ဘာအသားမှလည်းမပါဘူး။

သူမရဲ့ခါးသီးနေတဲ့ အမူအရာကို တွေ့လိုက်ချိန်မှာတော့ ရန်တုန်းဟာ ဘေးဘက်ကနေ အလေးအနက် ပြောလာပေသည်။

“မနေ့တုန်းက သမားတော်က ငါးက မီးဓာတ်ကို တိုးစေပြီး အသားက သလိပ်ထစေတယ်တဲ့။ ဒီရက်ပိုင်းအတွင်း တတ်နိုင်သလောက် ပေါ့ပေါ့ပါးပါးပဲ စားရမယ်။ သခင်မလေး ကျေးဇူးပြုပြီး သည်းခံပါ။ တော်ဝင်စားဖိုမှုးကလည်း ထူးချွန်တဲ့ သားသတ်လွတ်သမားပဲ အဲတော့ အရသာရှိလောက်တယ်”

ယန်ရှုက သက်ပြင်းချလိုက်ပြီး သူမက တွန့်ဆုတ်နေပေမဲ့လည်း ထိုရုပ်ဆိုးတဲ့အရာကြီး ထပ်ပေါက်မှာကို ကြောက်တဲ့အတွက် တွန့်ဆုတ်စွာနဲ့ပဲ သူမရဲ့တူတွေကို ကောက်လိုက်တော့သည်။

ရိုးရိုးသားသား ပြောရမည်ဆိုလျှင် တော်ဝင်စာဖိုမှူးရဲ့အဆင့်က အတော်လေးကောင်းမွန်သည်ပင်။ ဖရုံသီးပြောင်းဆန်ပြုတ်က ခပ်ပါးပါးချိုမြိန်နေပြီး တို့ဖူးငံကလည်း အနံ့အရသာနဲ့ပြည့်စုံနေကာ ကြက်သွန်မြိတ်နဲ့ အသီးအရွက်ဘန်းမုန့်ပေါင်းကလည်း အလွန်ကိုပင် အရသာရှိလှသည်။ အရန်ဟင်းနှစ်ပွဲကတောင်မှ အရသာရှိနေပေသည်။

ထိုနေ့ဟင်းလျာက အသားမများဘူးဆိုပေမဲ့ အခြေခံကျကာ လူတွေကို အစားအသောက်ရဲ့မူလအရသာကို ခံစားမိစေသည်။

သူမရဲ့မနက်စာကို စားပြီးသွားချိန်မှာပဲ ရှောင်သုန်းကျစ်က သတင်းပို့လာတော့သည်

“သခင်မလေး ဧကရီမယ်တော်ကြီးက အခေါ်လွှတ်လိုက်ပါတယ်”

ယန်ရှုက အနည်းငယ် တွန့်ဆုတ်သွားတော့သည်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဧကရီမယ်တော်ကြီးဟာ နေမကောင်းဖြစ်နေပြီး မည်သူ့ကိုမှ လာရောက်လည်ပတ်ခွင့် မပေးပေ။ ရုတ်တရက်ကြီး သူမကို ဘာလို့ရှာနေရတာလဲ။

သို့သော်လည်း စစ်စတန်က အစောပိုင်းသတိပေးချက် ထုတ်မလာသည့်အတွက် ဘာမှမှားနေတာမျိုး မရှိလောက်ပေ။ ထို့ကြောင့် သူမက ကောင်းပြီဟုပြောကာ သူမရဲ့အဝတ်အစားကို အလျင်အမြန်လဲလိုက်ပြီး ချီအန်းနန်းဆောင်ကို သွားတော့သည်။

နန်းဆောင်သို့သွားရာလမ်းတစ်လျှောက်မှာ သူမက အန္တရာယ်ကင်းတဲ့ ယုန်ဖြူလေးတစ်ကောင်ကဲ့သို့ပင် နာခံစွာနဲ့ အလေးပြုလိုက်သည်။

ဧကရီမယ်တော်ကြီးက သူမကို ထရန်ပြော လိုက်ပေမဲ့ သူမကို ထိုင်စရာ ပေးမလာပေ။

“ငါကြားတာတော့ မင်းကိုအဲဒီနေရာဆီ တိုးမြှင့်ပေးလိုက်ပြီးကတည်းက အရှင်မင်းကြီးက ပိုပြီးခံစားချက် ကောင်းလာတယ်တဲ့ မင်းရဲ့အကျိုးဆောင်မှုကြောင့်များလား”

ယန်ရှုက ရိုက်နှက်တယ်ဆိုတဲ့အဓိပ္ပာယ်ကို မြည်းစမ်းလိုက်ရတော့သည်။

ကြည့်ရတာ ဧကရာဇ်ရဲ့ ကန်လုနန်းဆောင်မှာ ညဘက်တွေ အနည်းငယ်နေတာက တစ်ခြားသူတွေရဲ့မျက်လုံးထဲ ရောက်သွားတဲ့ပုံပဲ။

ဒါပေမဲ့ သူမက ဒါကိုမျှော်လင့်ပြီးသားပင် ဘယ်သူကသူမကို ဧကရာဇ်ရဲ့ပစ်မှတ် ဖြစ်ခိုင်းလို့လဲ။

သူမက ကြောက်လန့်ဟန် ဆောင်ကာ ပြောလိုက်ရုံသာတတ်နိုင်တော့သည်။

“ဧကရီမယ်တော်ကြီးက အလေးအနက် ပြောလွန်းနေပါပြီ။ အရှင်မင်းကြီးကို ခစားရတာက ဒီကိုယ်လုပ်တော်ရဲ့ ဂုဏ်ယူဖွယ်ရာပါပဲ”

ဧကရီမယ်တော်ကြီးက ထပ်မေးလာသည်

“မနေ့က ဖျားနာသေးတယ်ဆို အခုသက်သာလာပြီလား”

ယန်ရှုကပြောလာသည်။

“ဧကရီမယ်တော်ကြီးက ထိုအကြောင်းကို တွေးတောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီကိုယ်လုပ်တော်မှာ ပြဿနာနည်းနည်းရှိရုံဖြစ်ပြီး အခုတော့ ပျောက်ကင်းသွားပါပြီ”

ဧကရီမယ်တော်ကြီးက သက်ပြင်းချကာ

“ငယ်ရွယ်ရတာ ကောင်းလိုက်ကာ ဖျားနာတာကနေ ခဏလေးနဲ့သက်သာနိုင်တယ် အိုက်ကျားလို မဟုတ်ဘူး”

ထိုစကားတွေ ထွက်လာသည်နှင့် အမျိုးသမီးခြွေအရံတစ်ယောက်က သတင်းပို့လာပေသည်။

“ဧကရီမယ်တော်ကြီး နန်းတော်အဆုံးအဖြတ်ကျန်းက သွေးခုန်နှုန်းတိုင်းဖို့ လာရောက်ပါတယ်”

ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ပြလိုက်ပြီး

“ဝင်လာခဲ့ပါ”

20 04

ထိုအခြွေအရံက ခန်းဆီးကို ပင့်တင်လိုက်ချိန်မှာတော့ ငါးဆယ်ခြောက်ဆယ်လောက် ရှိမည်ဖြစ်သည့် လူအိုကြီးတစ်ယောက်က အခန်းထဲကို ဝင်လာသည်ကို တွေ့လိုက်ရတော့သည်။ ထိုသူဟာ တော်ဝင်သမားတော်ဌာနရဲ့ ကျန်းရှန်ခန်းဖြစ်သည်။

ယန်ရှုက ဘေးဘက်မှာရပ်လိုက်ကာ တစ်ဖက်သူကို တိတ်တဆိတ်ကြည့်လိုက်သည်။ ထို့နောက် ထိုလူကြီးရဲ့မျက်နှာဟာ အနီရောင်သန်းနေပြီး ထိုက်သမားတော်ဌာနရဲ့ ထိပ်ဆုံးခေါင်းဆောင်ဟု ခေါ်ထိုက်ပေသည်ဟု တွေးတောနေပေသည်။

ထိုတော်ဝင်သမားတော်က ဧကရီမယ်တော်ကြီးကို သွေးခုန်နှုန်း လာတိုင်းပေးတာဖြစ်ပေမဲ့ သူမကို ဘာလို့ ပြန်သွားဖို့ မပြောသေးတာလဲ။

ခဏနေကျမှ ထပ်ပြီး ရိုက်နှက်ချင်လို့လား။

သို့သော် နန်းတော်အဆုံးအဖြတ်ကျန်းက အရိုအသေပေးကာ ဧကရီမယ်တော်ကြီးကို သွေးခုန်နှုန်းတိုင်းရန် ဒူးထောက်လာသည့် တစ်ခဏမှာပဲ သူ ကပြောလာပေသည်

“ဧကရီမယ်တော်ကြီးရဲ့ကိုယ်က သက်သာလုနီးပါးဖြစ်နေပြီ။ ဒါပေမဲ့ အခုတလော လေထန်ပြီး အေးနေတဲ့အတွက် ကျွန်တော်မျိုးက အခုတလောတော့ အပြင်ထွက်ပြီး လာနိုင်ဦးမှာ မဟုတ်ပါဘူး”

ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ပြလာသည်။

သို့သော် ရုတ်တရက်ပဲ သူမမျက်လုံးတွေကို ယန်ရှုဘက်လှည့်ကာ ပြောလိုက်သည်။

“မင်းလည်း တော်ဝင်သမားတော်ကို တစ်ချက် ကြည့်ကြည့်ခိုင်းလိုက်လေ။ ဖျားနာတာ သက်သာသွားပြီလားဆိုတာကို”

ယန်ရှု “…”

ဘာလို့ သမားတော်က ရှိနေရတာလဲ။

နေမကောင်းတဲ့သူကို လာကြည့်ရတာက အဆင်ပြေသေးသည်။ သို့သော် ဒီနည်းနဲ့ပဲ သူမရဲ့လောဘကြီးတဲ့ပါးစပ်နဲ့ အပူကြီးနေတဲ့ကောလဟာလက ဖော်ထုတ်ခံရမှာ မဟုတ်ဘူးလား….။

သို့သော်လည်း ဧကရီမယ်တော်ကြီးရဲ့ဂုဏ်အသရေကို မည်သူကမှ မငြင်းဆန်နိုင်ချေ။

ပြီးတော့လည်း ဧကရီမယ်တော်ကြီးနဲ့အရှင်မင်းကြီးကလွဲရင် ဘယ်သူက နန်းတော်သမားတော်ကို စစ်ဆေးကြည့်ပေးဖို့ပြောဖို့အတွက် အရည်အချင်းမှီမှာတဲ့လဲ။

သူမက ဒီလိုသာတုံ့ ပြန်နိုင်တော့သည် ။

“ဒါဆိုလည်း သမားတော်ကြီးရဲ့အဆုံးအဖြတ်ကို ခံပါ့မယ်”

ထို့နောက် သူမကဘေးဘက်မှာ ထိုင်ချလာတော့သည်။

ရန်တုန်းက အလျင်အမြန်ပဲ ပိုးထည်လက်ကိုင်ပုဝါကို ယူလိုက်ကာ သူမရဲ့လက်ကောက်ဝတ်ပေါ်ကို တင်ပေးလာသည်။

ထို့နောက်ကျန်းယွမ်ဖင်းရဲ့လက်ချောင်းတွေ တင်လာပြီး ဧကရီမယ်တော်ကြီးကို စစ်ဆေးစဉ်ကထက် ပိုပြီးဂရုတစိုက်ရှိကာ တစ်ခဏခန့် တွေးနေပေသည်။

ထိုလွတ်နေချိန်ကို အခွင့်ကောင်းယူကာ စစ်စတန်က ‘ဘိ’ဟု မြည်လာခဲ့သည်။

[ကျန်းယွမ်ရဲ့ဖရဲသီးရှိတယ်]

ယန်ရှုက အနည်းငယ် ပျင်းနေသည့်အတွက် ချက်ချင်းပဲမေးလိုက်သည်။

[ဘာဖရဲသီးလဲ]

စစ်စတန် [ဒီလူက တစ်ချိန်သူငယ်စဉ်တုန်းက ဥာဏ်ကြီးရှင်သမားတော်တစ်ယောက်ကို ဆရာအဖြစ်တင်မြှောက်ခဲ့ပြီး ဆေးပညာကို အနှစ်နှစ်ဆယ်လောက် သင်ယူခဲ့တယ်။ ဒါပေမဲ့ အရာရှိဖြစ်လာပြီးတဲ့နောက် ကျေးဇူး မသိတတ်ဘူး။ ဆရာ့ရဲ့ဘိုးဘွားပိုင်စုဆောင်းမှုတွေကို ခိုးယူရုံတင် မကဘူး။ ဆရာ့ကိုပါ မြို့တော်ကနေ နှင်ထုတ်လိုက်တယ်။ အဲဒီနောက် ဆရာဖြစ်သူလည်း စိတ်ကျရောဂါနဲ့ သေသွားတော့တာပဲ]

ယန်ရှု […..]

ထိုတစ်ခဏမှာပဲ သူမရှေ့က ထိုလူအိုကြီးအပေါ်မှာရှိတဲ့ ခင်တွယ်မှုတွေက အားလုံး ပျောက်ဆုံးသွားတော့သည်။

ကံကောင်းစွာနဲ့ ထိုအချိန်မှာပဲ တစ်ဖက်လူက နောက်ဆုံးတော့ သူ့လက်တွေကို ဖယ်ထုတ်လာပြီး ပြောလာသည်

“ကွေ့ယိက ကျန်းမာရေးကောင်းပါတယ်။ ဒါပေမဲ့ သူမက အနည်းငယ် အပူများနေတယ် အစားအသောက်ကို အာဟာရဖြစ်တာနဲ့ အရည်ရွှမ်းတာပဲစားဖို့ သတိရပေးပါ”

ရောဂါရဲ့စစ်ဆေးမှုက အတော်လေးတိကျပေသည်။ ကြည့်ရတာ စွမ်းရည်တစ်ချို့တော့ ရှိသေးတာပဲ။ ထို့ကြောင့်ယန်ရှုက ယဉ်ကျေးစွာ ပြောလိုက်သည်။

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဧကရီမယ်တော်ကြီးက သူမလက်ကို မြှောက်လိုက်တာကို တွေ့လိုက်ရပြီးတဲ့နောက် သူမကို ပြောလာခဲ့သည်

“အရင်ပြန်လိုက်တော့”

ယန်ရှုဟာ နာခံစွာနဲ့ နန်းဆောင်ထဲကနေ ထွက်သွားလိုက်တော့သည်။

သူမခပ်လှမ်းလှမ်းကိုရောက်တဲ့အခါမှာတော့ ဧကရီမယ်တော်ကြီးက သူမဘေးက လူတွေကို ထွက်သွားခိုင်းလိုက်ပြီး ကျန်းရှန်ခန်းကို မေးမြန်းလာခဲ့သည်

“ဘယ်လိုလဲ”

ကျန်းရှန်ခန်းက အသံခပ်တိုးတိုးနှင့် ပြောလာခဲ့သည်။

“ဧကရီမယ်တော်ကြီးက ဧကရာဇ်ရဲ့မြေးတော်ကို လိုချင်တာဆိုရင်တော့ စောင့်ရပါဦးမယ်။ လိကွေ့ယိက အပျိုစင်ပဲ ရှိပါသေးတယ်”

~~~~~

ချီအန်းနန်းဆောင်ကနေထွက်လာပြီးနောက် ယန်ရှုဟာ ကန်လုနန်းဆောင်ကိုသွားရာ

လမ်းတစ်လျှောက်လုံး ကျန်းရှန်ခန်းရဲ့ဖရဲသီးကို စားလာတော့သည်။ သူမတွေးလေလေ တစ်ခုခု မှားနေလေလေပင် ဖြစ်သည်။

-ဘာလို့ ဧကရီမယ်တော်ကြီးက တော်ဝင်သမားတော်ကို ငါ့ရဲ့သွေးခုန်နှုန်းကို တိုင်းခိုင်းရတာလဲ။

20 05

ပထမတော့ သူမက ဧကရီမယ်တော်ကြီးက ဧကရာဇ်ရဲ့မြေးတော်ကို စိုးရိမ်တာကြောင့်ဟု ထင်လိုက်ကာ သူမကိုယ်ဝန် ရှိနေလားဆိုတာကို သေချာစေရန် စစ်ခိုင်းတာ ဖြစ်လောက်သည်။

သို့သော် သူမသာ သေချာစဉ်းစားကြည့်မယ်ဆိုပါက ဧကရာဇ် ကန်လုနန်းဆောင်ကို စတင်သွားရောက်ကတည်းကဆိုလျှင် လဝက်ခန့်ပင် ရှိပြီဖြစ်သည်။ သူမသာ ထိုအရာလုပ်ပြီးလျှင် သူမကို စစ်ဆေးလာမည်မဟုတ်ပေ ဟုတ်တယ်မလား။

ဧကရီမယ်တော်ကြီးလည်း ကလေးမွေးဖူးသူဖြစ်သည့်အတွက် ထိုကဲ့သို့ အသိမရှိသည်မှာ မဖြစ်နိုင်ပေ။

ထို့အပြင် နန်းတော်အဆုံးအဖြတ်ကလည်း ဥာဏ်ကြီးရှင်သမားတော်ရဲ့ တပည့် ဖြစ်နေသေးသည်။ ဆိုတော့ သူ့ရဲ့ဆေးပညာက အတော်လေး တော်လောက်တယ်မလား မဟုတ်လျှင် ဧကရီမယ်တော်ကြီးပင်လျှင် ယုံကြည်လိမ့်မည်မဟုတ်ပေ……။

ရုတ်တရက် သူမထခုန်လိုက်သည်

ဒီလူက သူမ အရှင်မင်းကြီးကို အိပ်ရာထဲမှာ တစ်ခါမှမခစားရသေးဘူးဆိုတာကိုတော့ ရှာတွေ့မသွားလောက်ဘူးမလား။

သိတဲ့အတိုင်းပဲ ဧကရာဇ်က အဲတာကို မလုပ်နိုင်ဘူးလေ။

~~~~~

မှောင်စပြုလာချိန်မှာပဲ ယွီဝိန်းလန်ဟာ ကန်လုနန်းဆောင်ထဲကို ထပ်မံ ခြေချလာပြန်သည်။

သူ့ရဲ့ ဒီမနက်တုန်းက ပြောင်းလဲမှုက သူမနဲ့သက်ဆိုင်နေသလားဆိုတာကို ဆန်းစစ်ချင်နေပြီး ယနေ့မှာအနည်းငယ် စိတ်ရှုပ်နေပေသည်။

ထို့ကြောင့် လမ်းတစ်လျှောက်မှာ အလျင်အမြန် လျှောက်လာပြီး နန်းတော်အစေခံတွေကိုတောင်မှ ဖြတ်သွားရန် အမိန့်ပေးမနေတော့ပဲ တိုက်ရိုက် ဝင်သွားလိုက်တော့သည်။

ကြည့်လိုက်ချိန်မှာတော့ ထိုမိန်းကလေးက နွေးထွေးတဲ့ခုံစောင်းပေါ်မှာ ထိုင်နေပြီး လက်တစ်ဖက်ပေါ်မှာ မေးတင်ထားကာ ခက်ခဲတဲ့ပြဿနာတစ်ချို့ကို စဉ်းစားနေသလိုမျိုး မျက်မှောင် ကြုတ်နေပေသည်။

ထိုသည်မှာ သူမရဲ့မျက်လုံးထောင့်ကနေ သူ့ရဲ့အရိပ်ကိုဖမ်းမိလိုက်ကာ ဖြည်းညှင်းစွာထလိုက်ပြီး အရိုအသေ ပြုမလာခင်ထိပင်။

“အရှင်မင်းကြီးကို နှုတ်ခွန်းဆက်ပါတယ်”

ယွီဝိန်းလန်က သူမကိုကြည့်လိုက်ကာ သိချင်စိတ်ဖြစ်စွာနှင့်မေးလာသည်။

“မင်းက ဘာတွေ တွေးနေတာလဲ”

ယန်ရှုကနှာမှုတ်ကာ သတိတထားနှင့်ဖြေလာသည်။

“ဒီကိုယ်လုပ်တော်က ဇာတ်လမ်းကို ဘယ်လိုရေးရမလဲ တွေးနေရုံတင်ပါ….”

သူ့ကိုမျက်လုံးထောင့်ကနေ တစ်ချက်ခိုးကြည့်လာပြီး ရုတ်တရက် သူမစိတ်ထဲမှာ သက်ပြင်း ချလိုက်သည်။

[ဧကရာဇ် ဧကရာဇ် ရှင့်ရဲ့လျှို့ဝှက်ချက်က ပေါ်တော့မယ်ဆိုတာရော သိရဲ့လား။]

ဘာကြီး။

ယွီဝိန်းလန်ကရပ်သွားပြီး သူ့လျှို့ဝှက်ချက်က ဖော်ထုတ်ခံရတော့မှာလား။

ဒါက ဘာကိုဆိုလိုတာလဲ။

သူဟာ သတိတထားနဲ့တွေးကြည့်လိုက်သည်။ သူမက တစ်ခြားသူတွေကိုများ ပြောပြလိုက်တာလား။

သို့သော် သူမက လက်ဦးမှုယူကာ ပြောလာပေသည်။

“ဧကရီမယ်တော်ကြီးက ဒီကိုယ်လုပ်တော်ကို မနက်တုန်းက စကားပြောဖို့ ဆင့်ခေါ်ခဲ့ပါတယ်။ ပြီးတော့ ကျန်းယွမ်ဖင်းနဲ့တွေ့ဆုံပြီး ထိုသူ့ကို ဧကရီမယ်တော်ကြီးက ဒီကိုယ်လုပ်တော်ရဲ့ခန္ဓာကိုယ်ကို တစ်ချက်ကြည့်ဖို့အတွက် သွေးခုန်နှုန်းတိုင်းဖို့ ကြင်နာစွာနဲ့သတိပေးလာပါတယ်”

ယွီဝိန်းလန်က သူမရဲ့ရည်ရွယ်ချက်ကို တစ်ခဏခန့်နားမလည်နိုင်ပေ။ သို့သော်သူမက ဆက်ပြောနေတုန်းပင်

“အရှင်မင်းကြီး ဘယ်လိုထင်ပါသလဲ”

ယန်ရှုက ပြောလာသည် ။

“ဘာမှပြင်းထန်တာမျိုးမဟုတ်ပဲ အဆုံးအဖြတ်ကျန်းက ဒီကိုယ်လုပ်တော်က အပူနည်းနည်း များနေတာလို့ပဲ ပြောပါတယ်”

သို့သော် သူမရဲ့စိတ်ထဲမှာ စိုးရိမ်တကြီးနဲ့ ပြောလာသည်။

[အခုထိနားမလည်သေးဘူးလား။ ပြောကြတာက သမားတော်ဌာနက သမားတော်က ဆေးပညာမှာထူးချွန်တယ်တဲ့။ အဲတော့ သူက ကျွန်မက ရှင်နဲ့ တစ်ခါမှမအိပ်ရသေးဘူးဆိုတာကို ရှာတွေ့သွားလောက်တယ်လို့]

[ကျွန်မလို အလှလေးကို ဒီတိုင်း ထားထားတယ်ဆိုရင် လူတွေက သံသယဝင်ကြမှာ မဟုတ်ဘူးလား။]

[ဒီကိစ္စကို ကိုင်တွယ်ဖို့ နည်းလမ်း မရှာတော့ဘူးလား။ မဟုတ်ရင် သူတို့တွေက ရှင်က မထောင်နိုင်ဘူးဆိုတာကို ရှာတွေ့သွားကြလိမ့်မယ်လို့!!!]

ယွီဝိန်းလန် “…..”

ကောင်းပြီလေ နောက်ဆုံးတော့ သူ တုံ့ပြန်နိုင်သွားပြီ။

-ဧကရီမယ်တော်ကြီးအပေါ် သူ့ရဲ့နားလည်မှုအရဆိုလျှင် သူမက အကြောင်းအရင်း မရှိဘဲ သူမရဲ့သွေးခုန်နှုန်းကို စမ်းသပ်ခိုင်းမည် မဟုတ်ပေ။ တာကြောင့် ဧကရီမယ်တော်ကြီးသိချင်တာ တစ်ခုခု ရှိကိုရှိရမယ်။

သေချာတာပေါ့ ယန်ရှုထက်စာလျှင် ဧကရီမယ်တော်ကြီးက သူ့ကို ကိုယ်လုပ်တော်ကျိုးအား ပိုပြီးမျက်နှာသာ ပေးစေချင်တာပင်။

သို့သော် ထိုမိန်းမက တစ်ကိုယ်ကောင်းဆန် ရူးမိုက်ပြီးရက်စက်တတ်သေးသည်။ ကျိုးမိသားစုရဲ့ သမီးဖြစ်တာကို မပြောနဲ့ဦး သူမရဲ့အသွင်အပြင်ကိုပင် မတွေ့ချင်ပေ။

ကမ္ဘာကြီးကို ယွီဝိန်မိသားစုကသာ ပိုင်ဆိုင်ပေသည်။ ကျိုးမိသားစုမဟုတ်ပေ။ သူမကိုတော်ဝင်ကိုယ်လုပ်တော်နေရာကို အသာတကြည်ပေးလိုက်ပြီး ကျိုးမိသားစုရဲ့ ချမ်းသာကြွယ်ဝမှုတွေကို ကာကွယ်ပေးသည်က ဧကရီမယ်တော်ကြီးရဲ့ပျိုးထောင်ပေးခဲ့တဲ့ ကြင်နာမှုအတွက် သူ့ရဲ့အမြင့်ဆုံး ပေးဆပ်ခြင်းပင်။

20 06

သူက ဧကရီမယ်တော်ကြီးရဲ့သားသမီးဖြစ်နိုင်ပေမဲ့ သူမကို အလုံးစုံမယုံကြည်နိုင်ပေ။ ထို့ကြောင့် ရှန်းကျန်ခန်းရဲ့ ဆေးပညာအရည်အချင်းက သာလွန်တယ်ဆိုတာကို သိပေမဲ့လည်း သူ့ခန္ဓာကိုယ်ရဲ့ ပုံမမှန်မှုစဖြစ်လာကတည်းက ရှန်းကျန်ခန်းကို သူ့အား စစ်ဆေးပေးရန် မပြောတော့ပေ။

သေချာပေါက်ကိုပင် သူဟာလည်း မောင်းမဆောင်ထဲကို သုံးနှစ်တိတိ ခြေမချခဲ့သည့်အတွက် ဧကရီမယ်တော်ကြီးက သူ့ကို သံသယ ဝင်ကောင်းဝင်နိုင်လောက်သည်။ ထို့ကြောင့် ဒီတစ်ကြိမ်မှာ သူမက ကျန်းရှန်ခန်းကို ယန်ရှုရဲ့သွေးခုန်နှုန်းကို စမ်းသပ်စေတာ ဖြစ်နိုင်လောက်သည်။

သို့သော်လည်း ယခုတိုးတက်မှုရှိလာတဲ့ လက္ခဏာတွေကို မပြောနဲ့ဦး။ သူဟာ ပြင်ဆင်ထားပြီးသားပင်။

သူ့ရှေ့ကမိန်းကလေးဆီ အကြည့်တို့ရွှေ့လိုက်ချိန်မှာတော့ တစ်ခဏလောက် သူ့ရင်ထဲမှာ ဖော်မပြနိုင်တဲ့ခံစားချက်တစ်ခုကို ခံစားလိုက်ရသည် -ဆိုတော့ သူမ ဒီလော က်ပြင်းပြင်းထန်ထန် တွေးတောနေတာက သူ့ကိုစိုးရိမ်နေလို့လား။

သို့သော် သူ့ရဲ့နူးညံ့တဲ့အကြည့်အောက်မှာ ထိုမိန်းကလေးက ရုတ်တရက်သမ်းလာပြီး မျက်လုံးထဲမှာ မျက်ရည်တွေနှင့် ပြည့်သွားတော့သည်။

ယွီဝိန်းလန် “…..”

သူမအတွက် တစ်နေ့လုံးတွေးတောရသည်မှာ ခက်ခဲသည့်အတွက် သူက ပြောလိုက်သည်။

“မင်း မတွေးနိုင်တော့ရင်လည်း မနက်ဖြန်မှဆက်တွေးတော့ မင်းရဲ့ဖျားနာတာက ပိုကောင်းလာလိမ့်မယ် သိပ်ပြီးစိတ်မပူနဲ့”

ဒီလောက် အများကြီး ပြောလိုက်ပြီးတဲ့နောက်မှာ ဧကရာဇ်က နားလည်သင့်သည်ဟု တွေးလိုက်ပြီး သူသာ နားမလည်လျှင်လည်း သူမ တတ်နိုင်တာ ဘာမှမရှိပေ။ ထို့ကြောင့် မှန်လှပါဟုသာ ပြောလိုက်ပြီး ဆေးကြောတဲ့အခန်းထဲကို အရင်ဝင်သွားလိုက်တော့သည်။

သူမဆေးကြောပြီးထွက်လာချိန်မှာတော့ ဧကရာဇ်က အဝတ်အစားတွေ ချွတ်ထားပြီး ခုံပေါ်မှာထိုင်နှင့်နေတာကို တွေ့လိုက်ရသည်။

ယန်ရှု “…..”

သူမ သူ့ကို တကယ်ကိုလေးစားမိသည်။ ဒီလူက လူတွေရဲ့ မျက်လုံးနဲ့နားတွေကို ဖုံးကာဖို့ ကြိုးကြိုးစားစား လုပ်နေပြီး နေ့တိုင်းနေ့တိုင်း သူမဘေးမှာ အိပ်ရဖို့ မတုန့်ဆိုင်းပေ။

အလှလေးကိုစောင့်ဆိုင်းနေသော ယွီဝိန်းလန် “...”

ဘယ်လို အဓိပ္ပာယ်မရှိတာလဲ။

မလှုပ်ရှားသင့်ဘူးလား။

သူက အိပ်ရာဘေးကိုပုတ်ပြလိုက်ပြီး

“မြန်မြန်လာခဲ့ အအေးမမိစေနဲ့”

ယန်ရှုက ပြန်ဖြေလိုက်ပြီး တက်သွားလိုက်သည်။

ချလိုက်တယ်ဆိုရင်ပဲ သူ့ရဲ့လက်မောင်းတွေထဲမှာ ထွေးပွေ့ခံလိုက်ရတော့သည်။

ထိုသူက သူမနားထဲကို တီးတိုးရေရွတ်လာသည်အား ကြားလိုက်ရပြန်သည်။

“မနေ့ညက ဘာလို့ကိုယ်တော့်ရဲ့ လက်မောင်းထဲ ဝင်လာရတာတုန်း”

ထိုအသံက မကြုံစဖူး နူးညံ့နေပေသည်။

ဘာလဲ။

ယန်ရှုက စိတ်ရှုပ်ထွေးသွားပုံ ရသည်။

သူကမနေ့ညက သူ့လက်မောင်းထဲ ဝင်သွားတယ်ဟုတ်လား။ သူမဘာလို့ လုံးဝမမှတ်မိရတာလဲ။

ယွီဝိန်းလန် “...”

မမှတ်မိဘူးလား။

သူမက သူ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ကုသပေးဖို့ လုပ်နေတာ မဟုတ်ဘူးလား။

ဒါပေမဲ့ သူမရဲ့မျက်နှာက မဲ့ပြုံးတစ်ခုနဲ့ ရယ်ကာပြောလာသည်အား တွေ့လိုက်ရတော့သည်။

“ဖြစ်နိုင်တာက မနေ့ညက ဒီကိုယ်လုပ်တော် အိမ်မက်မက်ပြီး မတော်တဆ အရှင်မင်းကြီးဆီ ခုန်ဝင်မိတာ ဖြစ်လောက်ပါတယ်”

20 07

ယွီဝိန်းလန်က နှာမှုတ်ကာ

“ဒါဆို မနေ့ညက ဘာအိမ်မက်မက်ခဲ့တာလဲ”

ယန်ရှုက ပြန်တွေးဖို့ ကြိုးစားလိုက်ပြီး

“ဒီကိုယ်လုပ်တော်က မနေ့ညက လိုက်ဖမ်းခံရပြီး အသတ်ခံရတဲ့အကြောင်း အိမ်မက်မက်ခဲ့တာပါ။ ပထမတော့ အသက်အတွက် တောင်တွေပေါ် ပြေးလွှားနေပြီး နောက်တော့ တစ်ယောက်ယောက်ကို ဝင်ဆံ့စေနိုင်လောက်တဲ့ သစ်ခေါင်းပေါက်ကို တွေ့လိုက်ရတော့ ဝင်ပုန်းလိုက်ပါတယ်….”

ယွီဝိန်းလန် “…..”

ကောင်းပြီလေ ကြည့်ရတာ သူ့ကို သစ်ခေါင်းပေါက်လို့ သတ်မှတ်ထားတဲ့ပုံပဲ။

သူ အတွေးလွန်နေပြီပဲ။

ရုတ်တရက် အနည်းငယ် အေးသလိုခံစားလိုက်ရပြီး သူမဘေးမှာ ထိုအကြောင်းကို ပြန်တွေးကြည့်တဲ့အခါမှာတော့ ဒီမနက်သူ့ရဲ့ပြောင်းလဲမှုအတွက် အကြောင်းပြချက် ရှာမတွေ့သေးပေ….။

မေ့လိုက်တော့ သူမမ လုပ်ဖူးဆိုပေမဲ့လည်း သူမနဲ့ တစ်ခုခုတော့ သက်ဆိုင်နေရမယ်။

ထို့ကြောင့် ဒီည ထပ်ကြိုးစားကြည့်ဖို့ သူ့စိတ်ကို ပြင်ဆင်လိုက်ပြီး မနက်ဖြန်မနက်မှာ အံ့အားသင့်ဖွယ်ရှိမလားလို့ စောင့်ကြည့်ရပေမည်။

ဒီအကြောင်းကို တွေးပြီး သူပြောလိုက်သည်။

“ဒါဆို အိပ်ကြစို့”

ထို့နောက်သူ့မျက်လုံးတွေကို ပိတ်လိုက်တော့သည်။

သို့သော် သိပ်မကြာခင်မှာပဲ သူမစိတ်ထဲက သူမရဲ့ရေရွတ်နေသံတွေက သူ့နားထဲကို လျှံကျလာတော့သည်။

[မီးဖိုထဲက ပူပူနွေးနွေးထုတ်ထားတဲ့ ဘန်းမုန့်ကြော်တွေ အောက်ခြေက ကြွပ်ရွနေပြီး အပေါ်ပိုင်းက နူးညံ့တယ်။ ပိုပြီးအံ့အားသင့်စရာကောင်းတဲ့အပိုင်းက အထဲက အစာသွပ်ထားတဲ့အပိုင်းပဲ စမုန်နက်ဝက်သားက ကိုက်လိုက်ရင် အရည်အိတ်ပေါက်သွားသလိုပဲ ကြက်သွန်မြိတ်နဲ့ပုစွန်တွေကလည်း လတ်ဆတ်မှုအပြည့်ပဲ ကျစ် ကျစ်!]

ယွီဝိန်းလန် “...”

သူ့ပါးစပ်ကိုဖွင့်ကာ မမေးနိုင်ခင်မှာပဲ သူမ ဆက်ပြောလာသည်ကို ကြားလိုက်ရသည်။

[နိုး နိုး နိုး ပြောင်းဆန်ခေါက်ဆွဲဆန်ပြုတ်က နည်းနည်းပေါ့တယ်။ အရသာမှုန့်နဲ့နှပ်ထားတဲ့ သိုးသားနဲ့ဆို ကွက်တိပဲ ဘန်းမုန့်ကြော်ကို ပူနွေးနေတဲ့တို့ဖူးနောက်နဲ့ တွဲစားသင့်တယ်။ နူးညံ့ပြီးချောမွေ့တဲ့ တို့ဟူးနောက် ဖြူဖြူလေးတွေက လတ်လတ်ဆတ်ဆတ်ပြုတ်ထားတဲ့ စွပ်ပြုတ်ပေါ်မှာ ထည့်လိုက်ပြီး ငရုတ်ဆီနဲ့ ကြက်သွန်မြိတ်ကို အစဉ်လိုက်ဖြူးလိုက်ပြီးရင် နံနံမှုန့်ကိုလည်း မေ့ထားလို့မရဘူး]

[အိုး နိုး တို့ဖူးနောက်အစပ်နဲ့ ဘန်းမုန့်ကြော်က နည်းနည်းဆားလေးတယ် လတ်လတ်ဆတ်ဆတ် ကြော်ထားတဲ့ အီကြာကွေးနဲ့မှ အလိုက်ဖက်ဆုံးပဲ! ကြွပ်ရွနေတာကို ကိုက်ချလိုက်!]

ယွီဝိန်းလန် “...”

ဘာတွေ ဖြစ်နေတာလဲ။

စာရေးသူမှာ ပြောစရာရှိတယ် :

တစ်စုံတစ်ယောက်သောဧကရာဇ် : ရင်ထဲထိသွားပြီကွာ ကိုယ်တော့်ရဲ့ ချစ်လှစွာသော ကိုယ်လုပ်တော်လေးက သူမရဲ့စွမ်းအင်တွေအကုန်လုံးကို ကိုယ်တော့်ဆီ ပုံအောထားတာပဲ ဆိုတော့ ကိုယ်တော်က သူမရင်ထဲက တစ်ယောက်တည်းသော သူများလား ။

ယန်ရှု : အရသာငါးမျိုးသိုးသားတိုဖူးနဲ့ ကြော်ထားတဲ့ ဂျုံချောင်းအကြီးကြီးတွေ သူတို့အားလုံးက တစ်ယောက်ယောက်ထက် ပိုကောင်းတယ်

တစ်စုံတစ်ယောက်သောဧကရာဇ် :

——

တစ်စုံတစ်ယောက်သောဧကရာဇ် : မအောင်မြင်သေးတော့ရော ဘာဖြစ်လဲ ကိုယ်တော် ပိုပြီး ကြိုးစားဖို့ လိုနေသေးတာပဲ! စိတ်မပူပါနဲ့ ကိုယ့်လူတို့! သေချာတယ် ကိုယ်တော်အဆင်ပြေမှာပါ!

******

21 01

အပိုင်း ၂၁

ယွီဝိန်းလန်က အံ့အားသင့်သွားပေမဲ့ သူမစိတ်ထဲက မြည်တမ်းနေသံကို ထပ်ကြားလိုက်ရပြန်သည်။

[ကြက်သားကင်နဲ့ပန်ကိတ်အကြီးကြီး စားချင်တယ်။ ခေါက်ဆွဲပြုတ်နဲ့ မြည်းသားရောပဲ]

“မင်းက ဘာဖြစ်နေတာလဲ”

နောက်ဆုံးတော့ သူက မနေနိုင်ပဲ မေးလိုက်တော့သည်။

ဘာလို့စိတ်ထဲမှာ အစားအသောက်တွေနဲ့ပဲ ပြည့်နေရတာလဲ။

ယန်ရှုက တစ်ခဏခန့် တိတ်ဆိတ်သွားပြီး အထစ်ထစ်အငေါ့ငေါ့နှင့် ဖြေလာခဲ့သည်။

“ဒီကိုယ်လုပ်တော်က ဘာမှမဖြစ်ပါဘူး….”

သူမစကားပင် မဆုံးနိုင်ခင်မှာပဲ သူမရဲ့အစာအိမ်က အခြေအနေကို တုံ့ပြန်သည့်အနေဖြင့် ဂွီခနဲ မြည်လာတော့သည်။

ယွီဝိန်းလန် “…..”

ယန်ရှု “….”

ထိုသူရဲ့ အကဲဖြတ်နေတဲ့အကြည့်ကို မြင်လိုက်ပြီးတဲ့အခါမှာတော့ ရုတ်တရက် ရယ်ကာ မေးလာသံကိုပါ ကြားလိုက်ရသည်။

“ညစာ မစားဘူးလား”

ယန်ရှုက အနည်းငယ် ရှက်ရွံ့သွားပြီး ပိုပြီးတော့တောင် ရန်လိုလာသေးသည်။

“စားခဲ့ပါတယ်…..”

တအားကို လွန်လွန်းတယ်! အလံဖြူ! ပြချင်နေပြီလို့!

ယနေ့မှာ သူမက မနက်ကနေ ညအထိ သတ်သတ်လွတ်စားနေခဲ့ရတာပင်။ ညဘက်မှာလည်း ဆန်ပြုတ် နှစ်ပန်းကန်သာ စားခဲ့ရသည်။ စားပွဲပေါ်မှာ ဟင်းလေးပွဲ ရှိတယ်ဆိုပေမဲ့ ထိုဟင်းပွဲအားလုံးက ဘူးခါးဟင်းရည် ၊ ကြာစွယ်အကြွပ်ကြော် ၊ ရှာလကာရည်စိမ်ထားတဲ့ဂေါ်ဖီနဲ့ ရွှေရောင်တို့ဖူးတို့ပင်။

သေစမ်း အပူဓာတ်များတာနဲ့ ဘုန်းကြီးဖြစ်လာရတယ် အသားစားသူတစ်ယောက်အနေနဲ့ အသားလည်း မရှိတော့ ဘယ်လိုတောင် အသက်ရှင်ရတော့မှာလဲ။

ယွီဝိန်းလန်က နားလည်သည့်အတွက် သူမကို အပြုံးတစ်ပွင့်နဲ့ ဖြောင်းဖျလာသည်။

“စားဖိုဆောင်က သမားတော်ရဲ့ညွှန်ကြားချက်အတိုင်း မင်းကိုပြင်ဆင်ပေးထားတာလေ မင်းရဲ့ခန္ဓာကိုယ်အတွက် သည်းခံရမယ် မင်းကောင်းသွားရင်တော့ စားချင်တာစားပေါ့”

ယန်ရှုက တုံ့ဆိုင်းသွားပြီး တီးတိုးရေရွတ်လာသည်။

“…..မှန်လှပါ”

ထိုနှစ်ယောက်က သူတို့ရဲ့မျက်လုံးတွေကို တစ်ဖန် ပြန်ပိတ်လိုက်ကြတော့သည်။

ယွီဝိန်းလန်ရဲ့အသက်ရှုသံတွေက တစ်ဖြည်းဖြည်းနှင့်ရှည်ကြာလာပေမဲ့ ယန်ရှုက အိပ်မပျော်သေးပေ။

ထိုအကြောင်းကို တွေးကြည့်လိုက်ပြီးတဲ့နောက် စစ်စတန်ကိုခေါ်ဖို့ ကြိုးစားလိုက်သည်။

[ထုန်ထုန် နင့်မှာ အစားအသောက်အစီအစဉ် ထုတ်လွှင့်တာမျိုးရှိလား။]

စစ်စတန် [ဘယ်လို သောက်ကိစ္စလဲ။ အဲ့တာက ဒီစစ်စတန် လုပ်နိုင်တာထက်ကို ကျော်နေပြီ]

ယန်ရှု [ငါသေလုအောင်ဗိုက်ဆာနေပြီ ဘာလို့ တစ်ယောက်ယောက်စားနေတဲ့ အရသာရှိတဲ့

အစားအသောက်အကြောင်း ပြောပြပြီး ငါ့ကို မနှစ်သိမ့်ပေးလဲ။]

စစ်စတန် […ငါက သူတို့တွေရဲ့ဆာလောင်မှုကို ကျေနပ်စေဖို့ ဒီလိုမျိုးအသုံးချတဲ့လူတွေရှိတာတော့ ကြားဖူးတယ် ဒါပေမဲ့ အချိန်မီပဲ ဒီည ရှန်းရှုဟူပုရဲ့ မိသားစုညစာစားပွဲအကြောင်း ပြောပြမယ် အခုလေးတင်လတ်လတ်ဆတ်ဆတ်ရတဲ့ ဖရဲသီးနော်]

ယန်ရှု [ သူတို့အိမ်နဲ့ပက်သက်ပြီး ထူးခြားတာတစ်ခုခုရှိလို့လား။]

စစ်စတန် [ငါးဦးနှောက် တို့ဖူးဆိုတာကို ကြားဖူးလား။ ငါးကြင်းအကောင်ငါးရာရဲ့ဦးနှောက်က တစ်ပန်းကန်စာပဲရတယ်တဲ့]

ယန်ရှု [ဘာ။ ငါးကြင်းအကောင်ငါးရာရဲ့ဦးနှောက်နဲ့ လုပ်ထားတဲ့ တို့ဖူးဟုတ်လား။အဲ့လူအိုကြီးက သူ့ကိုယ်သူ ထိတ်ပျာနေတယ်လို့ မထင်ဘူးလား။]

21 02

အိပ်ပျော်နေတဲ့ ဘုရင်မင်းမြတ်ဟာ ထိုမှတ်ချက်ကြောင့် နိုးသွားတော့သည်။

-အဲ့လူအိုကြီး။ ဘယ်ကလူအိုကြီးလဲ။

သူပဟေဠိဖြစ်နေဆဲမှာပဲ သူမပြောလာတာကို ကြားလိုက်ရသည်။

[ပီအိုနီဆော့စ်နဲ့နှပ်ထားတဲ့ ဝက်ဝံလက်ဖဝါးဟုတ်လား။ ရက်စက်လွန်းတယ်! ဘယ်လောက်နာကျင်လိုက်မလဲ။]

[ဘာပြောတယ်။ တရုတ်ပြည်အရှေ့ပင်လယ်က ငါးပုတ်သင်ထောင်ချီရဲ့ပါးဟက်က အသားကိုပဲ ယူပြီးတော့ ငါးအသားချောင်းအဖြစ်ပေါင်းတယ် ဟုတ်လား။ ကျစ် အိမ်တွင်းရေးရာဝန်ကြီးဌာနရဲ့ ဝန်ကြီးချုပ်ကတော့ ဧကရာဇ်ထက် ပိုပြီးကောင်းမွန်နေတာပဲ သူ့ရဲ့မွေးနေ့ကြောင့် အသက်တွေ ဘယ်လောက်တောင် ထိခိုက်လိမ့်မလဲ။]

ယွီဝိန်းလန်ကသိ လိုက်သည်။ သူမပြောနေတာက အိမ်တွင်းရေးရာဝန်ကြီးဌာနရဲ့ ဝန်ကြီးချုပ် ချီဝေ့ကျိုက်ပဲ။

အမှန်ပဲ ယနေ့မှာ ချီဝေ့ကျိုက်က သူ့ရဲ့မွေးနေ့ပွဲကို ဆင်နွှဲခဲ့တာပင်။

ဒါပေမဲ့ ငါးဦးနှောက်တို့ဖူး ၊ ပီအိုနီဝက်ဝံလက်ဖဝါးနဲ့ ရူဗတ်ငါးအသားချောင်းဆိုတာက ဘာတွေလဲ။

သူမ ပြောတာသာ အမှန်ဆိုလျှင် ဒီတစ်နပ်စာက ငွေတုံးပေါင်း ထောင်သောင်းချီကုန်ကျမှာ မဟုတ်ဘူးလား။

ဒါပေမဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက သူ သဘာဝဘေးကယ်ဆယ်ရေး လုပ်နေတဲ့အချိန် ထိုလူအိုကြီးက ဆက်တိုက် ညည်းပြနေခဲ့တာမလား။

မဟုတ်ဘူး ကြည့်ရတာ တစ်ယောက်ယောက်ကို လွှတ်ပြီး ချီစံအိမ်တော်ကို သွားကြည့်ခိုင်းရမဲ့ပုံပဲ။

တွေးကြည့်လိုက်ချိန်မှာတော့ သူဟ ရုတ်တရက် သိသွားရသည်။ သူမက ဘယ်လိုလုပ်ပြီး သိတာလဲ။

သေချာတာပေါ့ သူမဆီမှာ သူ မဖြေရှင်းနိုင်တဲ့ ပဟေဠိတွေ အများကြီးရှိနေပြီး သူတို့ထဲက တစ်ချို့ဆို သူတောင်……နေသားနေကျပြီ ဖြစ်သည်။

ယွီဝိန်းလန်က စိတ်ရှုပ်ထွေးနေပြီး မေးလာသည်။

“မင်း ဗိုက်ဆာနေသေးလား။ စားဖိုဆောင်ကို အဆာပြေညစာ လုပ်ခိုင်းမလား”

သို့သော် သူမပြုံးလိုက်သံကို ကြားလိုက်ရပြီး

“ကျေးဇူးတင်ပါတယ်။ အရှင်မင်းကြီး ဒီကိုယ်လုပ်တော်က ထပ်ပြီး ဗိုက်မဆာတော့ပါဘူး။ အိပ်ရာ ဝင်ကြရအောင်ပါ”

စားသောက်တာနဲ့ ထုတ်လွှင့်တာရဲ့ လုပ်တောင်ချက်က တစ်ခြားသူတွေ စားနေတာကိုကြည့်ရသည်မှာ ကိုယ့်ရဲ့ကိုယ်ပိုင်အစာအိမ်ကို ဝင်သွားသလို ဖြစ်သည်ဆိုတာကို သိရမည်ပင်။ ထိုသို့ဆိုလျှင် စိတ်ကျေနပ်မှု ရသည်ဖြစ်သည်။ အရင်ဘဝတုန်းက သူမ အပြင်းအထန် ဖျားနာနေပြီး စားလို့မရနိုင်သည့်အချိန်တုန်းက အစားအသောက် ထုတ်လွှင့်တဲ့ကဏ္ဍကို ကြည့်ရှုရသည်အား ပျော်ရွှင်ကျေနပ်ပေသည်။

သေချာပေါက်ပင် ငါးဦးနှောက်တို့ဖူးနှင့် ဝက်ဝံလက်ဖဝါးက စျေးကြီးပေမဲ့ သူမက လုံးလုံးစားချင်စိတ် မရှိပေ။ ထိုအရာက အရမ်းကို ရက်စက်လွန်းသည်ပင်။

အဲတော့ မြန်မြန်အိပ်ကြတာပေါ့ ဒါဆို မနက်ဖြန်မနက် မျက်လုံးဖွင့်လိုက်တာနဲ့ မနက်စာ စားလို့ရပြီ

စကားပြောပြီးတဲ့နောက် သူမမျက်လုံးတွေကို မှိတ်လိုက်ကာ အိပ်ပျော်သွားတော့သည်။

ကျန်ရစ်ခဲ့သောယွီဝိန်းလန် ”

ဒါက ဘာတွေလဲ။

ပြီးတော့ သူကရော ဒီညဒီနေရာမှာ ဘာလုပ်နေတာလဲ။

သူမအိပ်ပျော်သွားတာကို မြင်လိုက်တဲ့အခါမှာတော့ သူရဲ့အိပ်ချင်စိတ်ပျောက်သွားပြီး သူ့စိတ်ထဲ၌ အကျင့်ပျက်ခြစားနေတဲ့အရာရှိတွေကို စစ်ဆေးခြင်းနဲ့ ပြည့်နှက်နေတော့သည်….။

~~~

ထိုအချိန်မှာပဲ ကျုံးချွေ့နန်းဆောင်၌ ဧကရီမယ်တော်ကြီးဘေးနားက အထိန်းတော်ကျွမ်းဟာ ကိုယ်လုပ်တော်ကျိုးနှင့် စကားပြောနေခဲ့သည်။

“ကိုယ်လုပ်တော်က စိတ်မပူပါနဲ့ ဒီနန်းဆောင်မှာ မိန်းမတွေအများကြီးရှိပြီး လိကွေ့ယိ မဟုတ်ရင်တောင် တစ်ခြားတစ်ယောက်ယောက် ဖြစ်နိုင်ပါသေးတယ်။ အဲတော့ မျက်လုံးတွေကို မျက်လုံးနေရာမှာ မထားပဲ အရေးအကြီးဆုံးကိစ္စတွေကိုပဲ ဖမ်းဆုပ်ဖို့က အဓိကပါပဲ”

21 03

ကိုယ်လုပ်တော်ကျိုးက နှုတ်ခမ်းဆူလာသည်။

“ဒါပေမဲ့ ငါက ဘယ်လို ဖမ်းဆုပ်ရမလဲ။ အရှင်မင်းကြီးက ငါ့ကို အခွင့်အရေးတစ်ခုလေးတောင် မပေးဘူး။ ပြီးတော့ မိဖုရားခေါင်ကြီးဖြစ်လာရမဲ့ အကြောင်းကိုလည်း ဘာမှမပြောသေးဘူး။ အဲတော့ နင်ကငါ့ကို သေဖို့စောင့်ခိုင်းနေတာလား”

ဘယ်လိုပဲ ဖြစ်ဖြစ် အထိန်းတော်ကျွမ်းက ဧကရီမယ်တော်ကြီးရဲ့ လူယုံတော်ပဲလေ ထို့ကြောင့် သူမက ဒါကို ဧကရီမယ်တော်ကြီးအား

ပြောခိုင်းလိုက်တာပင်။

သို့သော် အထိန်းတော်ကျွမ်းက အပြုံးတစ်ပွင့်နဲ့ပြောလာပြီး

“နန်းတော်ထဲမှာ ဧကရီမယ်တော်ကြီးရဲ့ အာဏာရှိသေးတာကို မပြောနဲ့ဦး။ မင်းက အထက်တန်းမိသားစုက ဆင်းသက်လာတာပါ။ ဒါဆိုဘာလို့ အခွင့်အရေး မရှိမှာကို စိုးရိမ်နေရတာလဲ။ မင်းသာ အရှင်မင်းကြီးရဲ့ ပြောင်းပြန်အကြေးခွံကိုသာ မထိမိသရွေ့ ကျန်တာက သဘာဝကျကျပဲ ဖြစ်လာပါလိမ့်မယ်”

(ပြောင်းပြန်အကြေးခွံဆိုတာ နဂါးတစ်ကောင်ရဲ့မထိသင့်တဲ့နေရာလို့ပြောကြပါတယ် မင်းကြီးကို တင်စားပြီးသုံးထားတာပါ)

ဒီစကားတွေက…..ဖြစ်နိုင်တာတော့ သူမကို စောင့်နေတဲ့ အခွင့်အရေးရှိသေးတာလား။

ကိုယ်လုပ်တော်ကျိုးက သူမမျက်လုံးတွေကို လှီမ့်လိုက်ကာ လျင်မြန်စွာပဲ ကောင်းပြီဟု ပြောလာတော့သည်။

~~~~~

ကန်လုနန်းဆောင်တွင်။

ဘယ်လောက်ကြာသွားပြီလဲဆိုတာကို မသိလိုက်ချိန်မှာပဲ အရှင်မင်းကြီးက အိပ်မောကျသွားတော့သည်။

တစ်ဖြည်းဖြည်းနှင့် သူ့တွင် အခြားအိမ်မက်တစ်ခု မက်လာသည်။

အိမ်မက်ကတော့ သူ့ရဲ့ခေါင်းအထက်မှာ အပြာရောင်ကောင်းကင်ကျယ် အဖြူရောင်တိမ်တိုက်တို့နဲ့အရိုင်းဆန်မှုအပြည့် ဖြစ်နေသည်။ သူဟာ နူးညံ့တဲ့မြက်ခင်းပြင်ပေါ် ထိုင်နေပြီး နှာဖျားဝမှာတော့ အရိုင်းပန်းလေးတွေရဲ့

မွှေးရနံ့နဲ့ ပြည့်နှက်နေပေသည်။

ထိုကဲ့သို့ တစ်ညတာကုန်ဆုံးပြီး နောက်တစ်နေ့မှာတော့ ကောင်းကင်က မှောင်နေချိန်မှာပင် ယွီဝိန်းလန်က ပုံမှန်လိုပဲ နိုးလာခဲ့သည်။

သူက အရေးကြီးကိစ္စတွေကို စဉ်းစားနေပြီး အလျင်အမြန်စစ်ဆေးလိုက်တယ်ဆိုရင်ပဲ မနေ့ကမြင်ကွင်းက ပြန်ပြီးထွက်ပေါ်နေတာကို တွေ့လိုက်ရတော့သည်။

ကြည့်ရတာ မနေ့ကထက်စာရင် ဖြစ်စဉ်နည်းနည်း ပိုရှိလာသလိုပဲ။

သူ့နှလုံးသားမှာ မျှော်လင့်ချက် ရှိလာခဲ့သည်။

မတော်တဆအဖြစ်တစ်ခါတည်းသာ ဖြစ်ပွါးခဲ့လျှင် အလှည့်အပြောင်းက တစ်ခုပြီးတစ်ခုဖြစ်မလာနိုင်ပေ။

အခုတော့ သူ့မှာ မျှော်လင့်ချက်ရှိလာပြီဖြစ်သည်။

ပြန်ကြည့်လိုက်ချိန်မှာတော့ ထိုမိန်းကလေးက ပန်းရောင်သန်းနေတဲ့ပါးပြင် ပျင်းရိနေတဲ့မျက်နှာလေးနဲ့ အိပ်ဆောင်မှာ ရက်လုပ်ထားတဲ့ကြွေပန်းလေးလို အိပ်ပျော်နေဆဲပင်။

အထူးသဖြင့် အနည်းငယ်စုဝိုင်းနေတဲ့ နှုတ်ခမ်းတွေက ပန်းရောင်သန်းကာ ဖူးကြွနေပြီး ချယ်ရီသီးတွေလို ဆွဲဆောင်မှုရှိနေသည်။

ယနေ့မနက်တွင် မည်သည့်ညီလာခံမှ မရှိသည့်အတွက် သူကထွက်သွားဖို့ အလျင်မလိုချေ။ ထို့ကြောင့် သူ့နှလုံးသားရဲ့လှုပ်ရှားမှုအတိုင်း သူ့ခေါင်းကို နှိမ့်ချလိုက်သည်။

သို့သော်လည်း သူမကို မထိလိုက်သေးခင်မှာပဲ သူမက သူ့ကို မမျှော်လင့်ထားစွာနဲ့ ကန်လာသည်။

ရှောင်ဖို့က အရမ်းကိုနောက်ကျသွားသည့်အတွက် သူက လျင်မြန်စွာနဲ့ပဲ သူ့လက်ကို ဆန့်ထုတ်လိုက်ကာ ခြေထောက်ကို ဖမ်းလိုက်တော့သည်။ အဲ့ဒီနောက်မှာတော့ ထိုမိန်းကလေးရဲ့မျက်လုံးတွေက ဖြည်းညှင်းစွာနဲ့ပွင့်လာခဲ့သည်။

ယွီဝိန်းလန်က မျက်မှောင်ကြုတ်ကာမေးလာသည်။

“မင်းက ကိုယ်တော့်ကို ဘာလို့ကန်တာလဲ”

ယန်ရှုက ယခုမှနိုးခါစဖြစ်သည့်အတွက် အနည်းငယ် အိပ်ချင်မူးတူးဖြစ်နေပြီး ကြောင်အစွာနဲ့ ပြောလာသည်။

“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးကို ကန်တာမဟုတ်ပါဘူး။ ဒါပေမဲ့ သုန်တုကျီကိုကန်လိုက်တာပါ……”

ယွီဝိန်းလန် “သုန်တုကျီ”

ယန်ရှုက ခေါင်းညိတ်လိုက်ကာ “ကျွန်တော်မျိုးမက လမ်းပေါ်မှာ လမ်းလျှောက်နေတုန်း ရုတ်တရက် မြက်ခင်းထဲကို ဆွဲချခံလိုက်ရတယ်လို့ အိမ်မက်မက်ခဲ့တာ အဲ့လူက ဒီကိုယ်လုပ်တော်ကို ကိုယ်ထိလက်ရောက်စော်ကားချင်နေတာနဲ့ ခြေထောက်ကိုဆန့်ထုတ်ပြီး အဲ့လူကို ကန်ပစ်လိုက်တာ….”

[သေစမ်း ဒီတစ်ကြိမ်တော့ သက်သာသွားတယ်လို့ပြောရမယ် နောက်တစ်ခါ ဒီလိုအိမ်မက်သာ ထပ်မက်လို့ကတော့ ငါအဲလူကို သေတဲ့ထိရိုက်ပစ်ရမယ်]

ယွီဝိန်းလန် “….”

သူက မေးဖို့ ကြိုးစားလိုက်သည်။

“သူ့ရဲ့အသွင်အပြင်က ဘယ်လိုလဲ”

ဒါပေမဲ့ သူမပြောတာကို ကြားလိုက်ရသည်။

“ဒီကိုယ်လုပ်တော်က ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပါဘူး။ ဒါပေမဲ့ သူ့မှာ မကောင်းတဲ့ကောင်လို မုတ်ဆိတ်မွှေးတွေနဲ့ မျက်နှာမျိုးရှိတယ်”

ယွီဝိန်းလန်က သူ့မေးစေ့ကို တိတ်တဆိတ်ထိလိုက်သည်။ ကံကောင်းလို့ သူ့မျက်နှာမှာ မုတ်ဆိတ်မွှေး မရှိဘူး။ အဲတော့ သူမဖြစ်နိုင်ဘူး။

ထိုအကြောင်းကို ပြောပြီးတဲ့နောက် ယန်ရှုသည်လည်း နိုးလာတော့သည်။

++++++

All Chapters