အခန်း (၂၂-၂၄)
Vol. 2 Ch. 22-24
22 01
အခန်း ၂၂
တစ်ညတာ ရုန်းကန်ပြီးတဲ့နောက် ယနေ့မနက်စာက သူမကိုလက်ယပ်ခေါ်နေပြီဖြစ်လို့ အလျင်အမြန် ထရပ်ကာ ပြောလာသည်။
“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးအိပ်ရာကနေ ထဖို့ အမှုတော် ဆောင်ရွက်ပေးပါမယ်”
[ထပြီးစားကြမယ်လေ ဟေး!]
ယွီဝိန်းလန်ရဲ့ယခင်ခံစားချက်က ပျောက်သွားပြီး ညည်းညူလိုက်ကာ အိပ်ရာကနေ ထလိုက်တော့သည်။
သူတို့နှစ်ဦးဆေးကြောပြီးတဲ့အခါမှာတော့ စားပွဲပေါ်မှာ မနက်စာက အသင့်ဖြစ်နေပြီ ဖြစ်သည်။
ဟေး သူက ဒီမနက်လည်း ဒီမှာရှိနေတယ်ဆိုတော့ နောက်ထပ်တော်ဝင်စားတော်ပွဲကို စားလို့ရဦးမှာလား။ ယန်ရှုက စိတ်လှုပ်ရှားစွာနဲ့ စားပွဲဆီကိုလာခဲ့ပေမဲ့ ကြောင်အသွားရသည်။
စားပွဲပေါ်၌ အရန်ဟင်း ၊ စွပ်ပြုတ် ၊ ဆန်ပြုတ်နဲ့ အဓိကအစားအစာတွေအပါအဝင် ပန်းကန်လုံးတွေ ပန်းကန်ပြားတွေ တစ်ဒါဇင်ထက်မနည်းရှိပေမဲ့ အားလုံးက သတ်သတ်လွတ်တွေ ဖြစ်သည်။
“ဘာလို့အရှင်မင်းကြီးက သတ်သတ်လွတ် စားနေရတာလဲ”
သူမ ကြည့်ရသည်မှာ အံ့ဩသွားပုံရသည်။
ဖုဟိုင်က သူ့ဘေးကနေ ဦးညွှတ်လာပြီး သူမရဲ့သံသယတွေကို ဖြေကြားပေးလာသည်။
“ကွေ့ယိက မေ့နေပြီလား။ ပထမနန်းဆောင်က အခမ်းအနားကို နောက်နေ့မှာ ကျင်းပမှာလေ အခုကစပြီး နောက်သုံးရက်တိတိ နန်းတော်ထဲမှာ ပေါ့ပေါ့ပါးပါးပဲ စားရပါမယ်”
ယန်ရှု “…..”
ဘုရားရေ သူ မဒီအကြောင်းကို လုံးလုံးမေ့နေခဲ့တာပင်။
နှစ်တစ်နှစ်ရဲ့မြင့်မြတ်တဲ့သုံးရက်တာက နောက်ဆုံးတော့ ရောက်လာခဲ့ပြီ ဖြစ်သည်။
သိကြတဲ့အတိုင်း ဒီသုံးရက်တာဟာ အသားမစားရုံ ဆီကြော်စားတွေကို စားဖို့တားမြစ်ထားရုံသာ ရိုးရှင်းသည်မဟုတ်ပဲ ပေါင်းထားတာနဲ့ ပြုတ်ထားသည့်စားစရာတွေသာ စားပွဲပေါ်ရှိပေသည်။
သုံးရက်ပြီးတဲ့အခါမှာတော့ မင်းဝိတ်မကျချင်ဘူးဆိုရင်တောင်မှ နှစ်ကတ်တီ သုံးကတ်တီလောက်ကတော့ ကျသွားမည်လို့ ပြောလို့ရသည်။
သူမကနွ မ်းလျနေပေမဲ့ ယွီဝိန်းလန်ကတော့ တူတွေကို ကောက်ကိုင်လိုက်ပြီးဖြစ်သည်။ ထို့နောက် တမင်သက်သက်ပြောလာခဲ့သည်။
“ဒီနေ့အစားအစာက လန်းဆန်းစေတယ်ဆိုတော့ မင်းနဲ့သင့်တော်တယ်”
ယန်ရှု “……”
နည်းလမ်းမရှိပေ သူမ မစားလျှင် ဒီဟင်းတွေကပါ မရှိတော့ပဲဖြစ်နေမည်ဖြစ်သည်။
သူမမှာရွေးချယ်စရာမရှိတော့ပဲ တူတွေကို ကောက်ကိုင်လိုက်ရတော့သည်။
မနက်စာစားပြီးသွားတာကို ရှောက်ချင်မြင်လိုက်တဲ့အခါမှာတော့ ယွီဝိန်းလန်က ချန်းမင်နန်းဆောင်ကို ပြန်သင့်ပြီဖြစ်သည်။
ယန်ရှုက သူ့ကို တံခါးဆီ လိုက်ပို့လာပြီးတဲ့နောက် သူကရုတ်တရက်လှည့်လာကာ သူမကိုပြောလာသည်။
“ဒီသုံးရက်အတွင်း ကိုယ်တော် ဒီကို လာနိုင်မှာ မဟုတ်ဘူး”
အကူးအပြောင်းလို့ခေါ်သည့်ကာလမှာ တစ်ချက်က သက်သက်လွတ်စားရမည်ဖြစ်ပြီး ထို့အပြင် ဘုရင်မင်းမြတ်တောင်မှ ကိုယ်လုပ်တော်တွေဆီ သွားလည်ခွင့်မရှိသလို ညစာစားပွဲတော်တွေနဲ့ အပျော်အပါးတွေကို ဆိုင်းငံ့ထားရပေသည်။
သူမ ဘယ်လို တုံ့ပြန်လာမလဲဆိုတာကို သူက မြင်ချင်နေသည်။
ဒါပေမဲ့ သူမရဲ့နှလုံးသားထဲက ရွှင်မြူးနေသံကိုသာ ကြားလိုက်ရတော့သည်။
[ကောင်းတယ်! နောက်ဆုံးတော့ အိပ်ရာအကြီးကြီးထဲမှာ ငါ့ဘာသာ အိပ်လို့ရပြီ]
ယွီဝိန်းလန် “…..”
သူ သိနေတယ်လေ ဟက်…
~~~~
ချန်းမင်နန်းဆောင်ကို ပြန်ရောက်ချိန်မှာတော့ ယွီဝိန်းလန်က ချက်ချင်းပဲ ကျင်းယီဝေ့ကို အိမ်တွင်းရေးရာဝန်ကြီးဌာနရဲ့ ဝန်ကြီးချုပ်ဖြစ်သူ ချီဝေ့ကျိုက်ရဲ့မွေးနေ့ဆင်နွှဲတဲ့အကြောင်းကို စုံစမ်းခိုင်းလိုက်တော့သည်။
22 02
တစ်ချိန်တည်းမှာပဲ ကျုံးချွေ့နန်းဆောင်မှာ ကိုယ်လုပ်တော်ကျိုးက အစားအသောက်ဘူးနှင့် အပြင်ထွက်တော့မလိုပင်။
သူမနဲ့ရင်းနှီးတဲ့ အစေခံလေးရှုန်းယွင်က အနည်းငယ်တွန့်ဆုတ်နေပြီး မနေနိုင်ပဲ ပြောလာသည်။
“အရှင်မင်းကြီးဆီက တကယ်ပဲ သင့်တော်ပါ့မလား”
ရှုန်းယွင်က သူ့သခင်မလေးဟာ အချိုပွဲထဲကို မကောင်းတာ တစ်ခုခု ထည့်ထားသည်ကို သိသည့်အတွက် အရှင်မင်းကြီး ရှာတွေ့သွားမှာကို စိုးရိမ်နေမိသည်…..။
ကိုယ်လုပ်တော်ကျိုးက သူမကို ကြည့်လိုက်ကာ “ဘာဖြစ်လို့လဲ။ နောက်ဆုံးတော့ ငါ့မှာ ဒီအခွင့်အရေး ရလာခဲ့ပြီလေ”
ယခုသုံးရက်တာစောင့်ထိန်းနေရသည့်အတွက် တစ်ချို့လူတွေက သတ်သတ်လွတ် စားရတာကို မတောင့်ခံနိုင်ပေ ပြီးတော့ မနက်ခင်းနဲ့ နေ့လည်ခင်းတွေမှာဆို အဆာပြေမုန့်တွေ စားကြသည့်အတွက် ဧကရီဘုရင်မကြီးက ဒီအခွင့်အရေးကို သူမအတွက် အထူးစီစဉ်ထားတာပင်။
အရှင်မင်းကြီးက သေချာပေါက်ကို ငြင်းနိုင်မှာမဟုတ်ဘူး။
သူမမှာ ဒီဆေးကို အခက်အခဲကြီးကြီးနဲ့ ရလာခဲ့တာဖြစ်သည်။ ပြောကြတာကတော့ အခွင့်အရေးကို မဖမ်းဆုပ်ဘူးဆိုရင် အကြိမ်တစ်ရာလောက် ကြိုးစားရင်တောင် နောက်တစ်ကြိမ်က ဘယ်တော့မှဖြစ်မည်မှန်း မသိနိုင်ပေ။
~~~
တစ်ချိန်တည်းမှာပဲ ကန်လုနန်းဆောင်၌ ပုံပြင်စာအုပ်ရေးနေတဲ့ ယန်ရှုဟာ စစ်စတန်ဆီကနေ စာတစ်စောင် လက်ခံရရှိလိုက်သည်။
[သာ့ကွား ကိုယ်လုပ်တော်ကျိုးက ဧကရာဇ်ကို သန့်စင်ဆေး ခတ်တော့မယ်]
ဘယ်လိုသောက်ကိစ္စလဲဟ။
ယန်ရှုက စာမှားရေးမိတော့မလိုပင် [သန့်စင်ဆေးဟုတ်လား...။]
စစ်စတန် [အမှန်ပဲ သစ်အယ်သီးပန်ကိတ်နဲ့ နန်းဆောင်ကနေ ထွက်လာနေ။ပြီ ကျစ် ချန်းမင်နန်းဆောင်ကို ရောက်လုနီးပါးပဲ]
ယန်ရှု [….နေပါဦး သူမက ရုတ်တရက်ကြီး အဆာပြေမုန့်တွေပို့မယ်ဆိုတော့ ဧကရာဇ်က သူမကို ဝင်ခွင့်ပြုပါမလား]
စစ်စတန် [ဧကရီမယ်တော်ကြီးရဲ့ နာမည်နဲ့ဆို သေချာပေါက် ဝင်လို့ ရနိုင်တယ်လေ။ မဟုတ်ရင် ဧကရာဇ်က မယ်တော်ကြီးကို မလေးစားသလို ဖြစ်သွားမှာပေါ့]
ယန်ရှု […အဲတာက ငါပြောချင်တာပဲ ဧကရာဇ်က ဟိုဟာ မကောင်းဘူးလေ။ အဲတော့ သန့်စင်ဆေး သောက်လိုက်ရင်တောင် အလုပ်မဖြစ်လောက်ဘူးမလား။ အဲ့တော့ အဆင်ပြေတယ်လေ]
စစ်စတန် [ အဲတာ အမှန်မဟုတ်ဘူး ကိုယ်လုပ်တော်ကျိုးက ဒီတစ်ကြိမ်မှာ ဆော်ချင်းစန်းကို သုံးထားတာ ကျန်းဟူမှာရှိတဲ့ ထိပ်တန်းဆေးသုံးမျိုးထဲက တစ်မျိုးလေ သာမန်လူတွေက အလိုရှိသလောက် သုံးနိုင်ပေမဲ့ ဧကရာဇ်လို အားနည်းချက်မျိုးကတော့ ထုတ်လွှတ်လို့မရတဲ့အတွက် မယ်ရီဒန်ဖောက်လွှဲဖောက်ပြန်ဖြစ်ပြီး ရှုပ်ထွေးမှုပဲ ဖြစ်လိမ့်မယ်]
ယန်ရှု [!!သေစမ်း အဲတော့ အဲတာက အဆိပ်ရှိတာလား။]
စဉ်းစားကြည့်ရအောင် သူက သူမရဲ့ရွှေပေါင်လုံးလေ တကယ်လို့ သူသာ ရူးသွားမယ်ဆိုရင်….
ထိုအချိန်မှာပဲ စစ်စတန်က ထပ်ပြောလာသည်
[ကိုယ်လုပ်တော်ကျိုးက တော်ဝင်စာကြည့်ဆောင်ထဲကို ဝင်သွားပြီ]
ယန်ရှုက ထပ်ပြီး ကြာကြာမနေနိုင်ပေ တစ်ခဏလောက် စဉ်းစားပြီးတဲ့နောက်မှာတော့ ခန်းမထဲကတစ်ခုခုကို ဆွဲယူလိုက်ကာ တံခါးကနေ အလျင်အမြန် ထွက်သွားတော့သည်။
စာရေးသူမှာပြောစရာရှိတယ် :
တစ်စုံတစ်ယောက်သောဧကရာဇ် : ကိုယ်တော့်ရဲ့ကိုယ်လုပ်တော်က ကိုယ်တော့်ကို
ကယ်ဖို့လာပြီ! သွားကြတော့!
ယန်ရှု : အထင်မမှားနဲ့ ကျွန်မက ဒီကို ဖရဲသီးလာစားတာ
တစ်စုံတစ်ယောက်သောဧကရာဇ် : ….
******
23 01
အပိုင်း ၂၃
ယန်ရှု ရောက်သွားတဲ့ အချိန်မှာတော့ ကိုယ်လုပ်တော်ကျိုးရဲ့သစ်အယ်သီးကိတ်က တော်ဝင်စာကြည့်ဆောင်ထဲက စားပွဲပေါ်တင်ထားပြီး ဖြစ်သည်။
သူမက ခပ်မြန်မြန် တစ်ချက်ကြည့်လိုက်တဲ့အခါမှာတော့ အစားအသောက်ရဲ့အဖုံးက ဖွင့်မထားရသေးဘူးဆိုတာကို တွေ့လိုက်ရသည်။ ဧကရာဇ်ရှေ့မှာလည်း ဘာပန်းကန်မှ ရှိမနေပေ။ ကြည့်ရသည်မှာ သူ့မှာ စားဖို့ အချိန် မရှိသေးတာပဲ ဖြစ်ရမယ်။ ထို့ကြောင့် သူမက သူမစိတ်ကို ခပ်အေးအေး ထားလိုက်တော့သည်။
ကိုယ်လုပ်တော်ကျိုးကွေ့ဖေးက သူမကို စက်ဆုပ်ရွံရှာနေတဲ့ အကြည့်တစ်ချက် ပေးလာသည်။
“ဘာလို့ လိကွေ့ယိက ဒီကို ရောက်နေရတာလဲ”
အခုလေးတင် သူမက ဧကရီမယ်တော်ကြီးရဲ့ နာမည်အောက်ကနေ တော်ဝင်စာကြည့်ဆောင်ထဲကို ဝင်ဖို့ အချိန်အတော်လေး ယူခဲ့ရသည်။ ဘာလို့ ဒီမိန်းမပျက်က သတင်းပို့လာတာနဲ့ အရှင်မင်းကြီးက တန်းပြီး ဝင်ခွင့်ပြုလိုက်ရတာလဲ။
ယန်ရှုက ဧကရာဇ်နဲ့ သူမကို အလျင်အမြန် အရိုအသေပေးလာပြီး ပြောလာသည်။
“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးရဲ့ပစ္စည်း ဖြစ်လောက်မဲ့ ဖက်ယားပင်ကို နန်းဆောင်ထဲမှာ တွေ့လို့ပါ။ အဲတော့ မြန်မြန်လေးလာပြီး အရှင်မင်းကြီးကို ဆက်သတာပါ”
သူမ ပြောလိုက်ပြီးတာနဲ့ အခုလေးတင် သူမ သာမန်ကာလျှံကာ ကောက်လာတဲ့ ခရမ်းရောင် ဖက်ယားပင်ကို ဆက်သလိုက်တော့သည်။
ကျစ်… တစ်ချက်ကြည့်တာနဲ့ အရောင်က ယောက်ျားတွေအတွက် မဟုတ်တာ သေချာတယ်။
သို့သော် ယန်ရှုလည်း မတတ်နိုင်ပေ။ သူမက ဧကရာဇ်ကို ကယ်တင်ဖို့ အလျင်လိုနေတဲ့အတွက် အရောင်ရွေးဖို့က ဘယ်က အချိန်ရှိမှာတဲ့လဲ။
သို့သော်လည်း ကိုယ်လုပ်တော်ကျိုးကတော့ သူမက ဧကရာဇ်က မနေ့ညက သူမနဲ့နေခဲ့ကြောင်းကို တမင်သက်သက် လာပြတာလို့ တွေးလိုက်ပြီး သူမမျက်လုံးထဲက မီးတောက်ပင် ထွက်လာလုမတတ် ဖြစ်နေသည်။
ဒါပေမဲ့ ဧကရာဇ်က သူမကိုဖော် ထုတ်မလာပဲ ဖက်ယားပင်ကို အဝေးမှာ ထားလိုက်သည်။
ယန်ရှုက သူမရဲ့နှလုံးသားထဲမှာ သေချာနေပြီး သာမန်ကာလျှံကာ ပြောလာသည်။
“စကားမစပ် အရှင်မင်းကြီးက ယနေ့မနက်စာကို တည်သီးကိတ် စားခဲ့တဲ့အတွက် တော်ဝင်သမားတော်က သစ်အယ်သီး မစားဖို့ ညွှန်ကြားထားတာကို မှတ်မိပါသေးရဲ့လား။ မဟုတ်ရင် ထိုနှစ်ခုက တစ်ခုနဲ့တစ်ခုဓာတ်မတည့်ဖြစ်ပြီး ဗိုက်နာစေပါလိမ့်မယ်တဲ့”
[ဧကရာဇ်ရေ ကျွန်မတော့ ဒီနည်းနဲ့ပဲ ကူညီနိုင်တယ်။ သစ်အယ်သီးကိတ်ထဲမှာ ဆော်ချင်းစန်း ရှိတယ်လို့ တစ်ခြားသူတွေစားမိရင် ပရမ်းပတာဖြစ်ပြီး လိင်ဆက်ဆံ ချင်လာလိမ့်မယ်။ ဒါပေမဲ့ ရှင်သာ စားလိုက်မိမယ်ဆိုရင်တော့ ရှင့်ရဲ့မယ်ရီဒျန်တွေက ကသောင်းကနင်း ဖြစ်လာပြီး ရူးသွားလိမ့်မယ်တဲ့!]
ယွီဝိန်းလန်က တိတ်တဆိတ် ရပ်တန့်သွားရသည်။
အခုလေးတင်က ကိုယ်လုပ်တော်ကျိုးရဲ့ ပြောစကားအရဆို မုန့်ထဲမှာ မကောင်းတဲ့အရာ တစ်ခုခုရှိနေတယ်ဆိုတာ သိလိုက်သည်။
ဒါပေမဲ့လည်း ထိုကဲ့သို့သော ရက်စက်တဲ့အရာမျိုး ဖြစ်နေမယ်ဆိုတာတော့ မသိပေ။
အမှန်လား အမှားလား။
သူမက ဘယ်လိုလုပ်ပြီး ဒီလောက် အသေးစိတ်ကို သိနေရတာလဲ။ သူ စားပြီးရင် ဘာဖြစ်သွားမလဲဆိုတာကိုပါ ဘာလို့သိနေရတာလဲ။
သို့သော် ကိုယ်လုပ်တော်ကျိုးရဲ့မျက်နှာကတော့ စိမ်းဖန့်သွားရသည်။ သူမ ဒီနေ့ ယူလာတာတွေက သစ်အယ်သီးကိတ်တွေလေ။ ဒီမိန်းမပျက်က ဘာကိုဆိုလိုချင်တာလဲ။
သူမ ပြောလိုက်သည်
“အခုကစပြီး သုံးရက်တိတိ အကူးအပြောင်းကာလကို ဖြတ်သန်းရမှာဆိုတော့ အရှင်မင်းကြီး ဗိုက်ဆာနေမှာကို စိုးတဲ့အတွက် ဧကရီမယ်တော်ကြီးက ပို့ခိုင်းလိုက်တာပါ။ ကျွန်မတော့ တည်သီးကိတ်နဲ့ သစ်အယ်သီးကိတ် မတည့်ဘူးဆိုတာကို မကြားမိပါဘူး”
စကားပြောနေတုန်းမှာပဲ သူမက ယန်ရှုကို ခြိမ်းခြောက်တဲ့အကြည့်တစ်ခု ပစ်သွင်းလာသည်။
မိန်းမပျက်မ သူမရဲ့ကိစ္စကောင်းကို ဖျက်ဆီးရဲတယ်ပေါ့လေ။ သူမ သူ့ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်မယ်!
သို့သော် နောက်ကျလွန်းသွားပြီပင် ဘုရင်မင်းမြတ်က ယန်ရှုကို ပြောလိုက်သည်။
23 02
“ငါကိုယ်တော် မေ့တော့မလို့ပဲ။ သတိပေးတဲ့အတွက်ကျေးဇူးပဲ”
သူက ပြောလိုက်ပြီးတာနဲ့ သူမကို ကြည့်လာသည်။
“ဧကရီမယ်တော်ကြီးက သူမရဲ့ စိတ်နှလုံးတစ်ခုလုံးနဲ့ ဂရုစိုက်ပေးပေမဲ့ ငါကိုယ်တော်က ဒီနေ့ သစ်အယ်သီးကိတ်ကို မစားနိုင်တာတော့ နှမြောစရာပဲ”
ကိုယ်လုပ်တော်ကျိုး တိတ်တဆိတ် လက်သီးဆုပ်လိုက်ပြီး ပြုံးပြလိုက်ရုံသာ တတ်နိုင်ကာ ပြောလာသည်။
“အရှင်မင်းကြီး အဆင်ပြေတယ်လို့ ကြားရတာ ကောင်းပါတယ်”
သူမ ပြောလိုက်ပြီးပေမဲ့ သူမရဲ့အံကိုကြိတ်ကာ နှလုံးသားထဲမှာတော့ ကျိန်ဆဲနေပေသည်။
[လိယန်ရှု မိန်းမပျက်မ ငါနင့်ကို လူသားဝက်သားဖြစ်အောင် လုပ်ပစ်မယ်!!]
လူသားဝက်သား ဟုတ်လား။
ယွီဝိန်းလန်က ယန်ရှုနဲ့ ပတ်သက်တဲ့ သံသယတွေကို အချိန်တစ်ခဏလောက် ဘေးဖယ်လိုက်တာ သူမကို ပြောလိုက်သည်။
“ငါ မှတ်မိတာတော့ အခုတလော ချိန်အန်းကုန်းရဲ့မျက်နှာက ကြည့်ရတာ သိပ်မကောင်းဘူးလားလို့ တွေးကြည့်လိုက်မှပဲ သူက နည်းနည်းလေး ပင်ပန်းနေသလိုပဲ။ ဒီသစ်အယ်သီးကိတ်က ကောင်းတဲ့အရာပဲ ဆိုတော့ အကျိုးဆောင်ပေးတဲ့ ချိန်အန်းကုန်းကို ဆုအဖြစ် ချီးမြှင့်တယ်”
ထိုစကားတွေ ထွက်လာသည်နှင့် ယန်ရှုက တန့်သွားတော့သည်။
ချိန်အန်ကုန်းအတွက် ဆုလား။
ဒါက အကြံကောင်းပဲ။
အဲဒီလူအိုကြီး တောင့်ခံနိုင်မလားဆိုတာတော့ ငါလည်း မသိဘူးလေ။
သို့သော် ကိုယ်လုပ်တော်ကျိုးက အလျင်အမြန်ပြောလာသည်။
“ဒါပေမဲ့ အရှင်မင်းကြီး ဧကရီမယ်တော်ကြီးက ဒီကိုယ်လုပ်တော်ကို အရှင်မင်းကြီးအတွက် ပေးခိုင်းလိုက်တာပါ”
ယွီဝိန်းလန်က ပြုံးကာ ပြောလိုက်သည်။
“ချိန်အန်းကုန်းက အပြင်လူမလို့လား”
ကိုယ်လုပ်တော်ကျိုးက သီးသွားပြီး ထပ်ပြောလာသည်။
“ဒါပေမဲ့ ဒီရာသီဥတုမှာက ပို့လိုက်တဲ့အချိန်ကျရင် အေးသွားမှာကို ကြောက်မိပါတယ်”
ယွီဝိန်းလန်က သူမကို ကြည့်လိုက်ကာ ပြောလိုက်သည်။
“ငါကိုယ်တော်အစောင့်တွေကို မြန်မြန်လုပ်ဖို့ ပြောလိုက်မယ်။ ချိန်အန်းရဲ့စံအိမ်တော်ကလည်း သိပ်မဝေးဘူးလေ။ အဲတော့ အေးသွားမှာ မဟုတ်လောက်ပါဘူး”
ကိုယ်လုပ်တော်ကျိုးက ထိတ်ပျာသွားပြီး နောက်တစ်ခါ ထပ်ပြောလာသည်။
“မလုပ်တာဘဲ ကောင်းမယ်ထင်ပါတယ်။ ဘာလို့ဆို အရမ်းအလုပ်ရှုပ်လွန်းတယ်လေ….”
ယန်ရှုကလည်း ထိုသည်ကို စောင့်ကြည့်ရင်း အလုပ်များနေပြီး
“တော်ဝင်ကိုယ်လုပ်တော်ကတော့ နှိမ့်ချလွန်းနေပါပြီ။ အရှင်မင်းကြီးက အဆာပြေမုန့်အနည်းငယ် ချီးမြှင့်တာပဲကို ဂုဏ်တောင် ယူရဦးမှာလေ။ ကျွန်မထင်တာတော့ ချိန်အန်းကုန်းကလည်း ကျေးဇူးတင်နေမယ် ထင်ပါတယ်။ ဂုဏ်ယူစရာပဲလေ”
ထိုစကားတွေ ပြီးသွားသည်နှင့် ယွီဝိန်းလန်က ခေါင်းညိတ်ပြလာကာ ဖုဟိုင်ကို တိုက်ရိုက် အမိန့်ပေးလိုက်သည်။
“တော်ဝင်ကိုယ်လုပ်တော်ဆက်သလာတဲ့ သစ်အယ်သီးကိတ်ကို ချိန်အန်းကုန်းဆီကို ပို့ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်။ မြန်မြန်လုပ်ဖို့ သတိရ။ အဆာပြေမုန့်တွေကို အေးမသွားစေနဲ့”
ဖုဟိုင်က မုန့်ဘူးကို ယူကာ တစ်ယောက်ယောက်ကို သွားရှာရင်း အလုပ်များသွားတော့သည်။
ကိုယ်လုပ်တော်ကျိုးက သူမရဲ့အလျင်စလို ဖြစ်နေမှုကို ထိန်းလိုက်ကာ ပြောလိုက်သည်။
“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးရဲ့ ကျွန်တော်မျိုးမရဲ့ဖခင်အပေါ်ထားတဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်မိပါတယ်။ ကျွန်တော်မျိုးမ အရှင်မင်းကြီးကို မနှောက်ယှက်တော့ပါဘူး။ အရင်ထွက်ခွာနှင့်ပါမယ်”
23 03
ပြောပြီးနောက် အလျင်အမြန် ထွက်သွားတော့သည်။
ယွီဝိန်းလန်က ယန်ရှုကို ကြည့်လိုက်ကာ သူမကို ဘယ်လိုမေးရမလဲဆိုတာကို စဉ်းစားနေပေမဲ့ သူမကလည်း လျင်မြန်စွာ ပြောလာတော့သည်။
“ဒီကိုယ်လုပ်တော်ကလည်း အရှင်မင်းကြီးကို ထပ်မနှောက်ယှက်တော့ပါဘူး။ အရင်ထွက်ခွာနှင့်ပါမယ်”
[သေစမ်း ဖရဲသီးစားဖို့ ပြန်သွားရမယ်။ လူအိုကြီးချိန်ကုန်းက သစ်အယ်သီးကိတ် စားပြီးသွားရင်ဘယ်လို ဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့!]
ထို့နောက် သူမက နန်းတော်ဂိတ်တံခါးကနေ ပျောက်ကွယ်သွားတော့သည်။
ယွီဝိန်းလန် “…..”
သူမပြောတာက……ဖရဲသီးစားမယ်ဆိုလား။
အရင်ညကလည်း သူမ ဒီလိုမျိုး ပြောတာ ကြားဖူးသလိုပဲ။
ဖရဲသီး….အဲတာ ဘာကြီးလဲ။
(ခေတ်သစ် တရုတ်မှာက အတင်းအဖျင်းကို ဖရဲသီးလို့ အင်တာနက် ဗန်းစကားအနေနဲ့သုံးတာဆိုတော့ ယွီဝိန်းလန်က မသိဘဲ စားတဲ့ဖရဲသီးပဲ ထင်နေတာပါ)
~~~
သို့သော် ကိုယ်လုပ်တော်ကျိုးက ကျုံးချွေ့နန်းဆောင်ကို အလျင်အမြန် ပြန်နေတဲ့တစ်လျှောက် ချက်ချင်းပဲ ကျိုးလိုင်ရွှမ်းကို အမိန့်ပေးလိုက်သည်။
“ချိန်အန်းကုန်းစံအိမ်တော်ကို တစ်ယောက်ယောက်ကို မြန်မြန်လွှတ်လိုက်။ ပြီးရင် ငါ့အဖေကို သစ်အယ်သီးကိတ်ကိုမ စားဖို့ ပြောလိုက်ချေ!”
ကျိုးလိုင်ရွှမ်းက သဘောတူလိုက်ပြီး တစ်ယောက်ယောက်ကိုရှာဖို့ ထွက်သွားတော့သည်။
ဒါပေမဲ့လည်း သူမက ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ သူမရဲ့စာကို ပါးလာချိန်မှာ ချိန်အန်းကုန်းက ပျော်ရွှင်စွာနဲ့ နှစ်ခုလောက် စားပြီးသွားပြီး ဖြစ်သည်။
ကျစ် တော်ဝင်လက်ဆောင်တော်တဲ့။ ဘယ်လို ဂုဏ်အသရေမျိုးလဲ။
ကိုယ်လုပ်တော် ကျိုးကွေ့ဖေးက တစ်နာရီလောက် ခံစားနေရပြီး ကျိုးလိုင်ရွှမ်းပြန်လာကာ ပြန်ပြီးသတင်းပို့လာသည့် နေ့လည်ခင်း မတိုင်မီအထိပင်။
“သခင်မလေး ကျွန်မတို့လူတွေ ရောက်လာတဲ့အခါမှာ သခင်မလေးအဖေက သစ်အယ်သီးကိတ် တစ်ဝက်လောက် စားပြီးသွားပါပြီ….”
ဘာကြီး!
ကိုယ်လုပ်တော်ကျိုးက အလျင်အမြန်ပဲ မေးလာသည်။
“ငါ့အဖေရော ဘယ်လိုနေသေးလဲ”
“ဒါက……”
ကျိုးလိုင်ရွှမ်းက ရှက်သွေးဖြာသွားပြီး သူမနားအနားကို ငုံ့ချလိုက်ကာ သတင်းပို့ရန် သူမရဲ့အသံကို တိုးချလိုက်သည်။
ကိုယ်လုပ်တော်ကျိုးကွေ့က အလွန်ဒေါသ ထွက်သွားပြီး သူမလက်ထဲက စဉ့်သုတ်ထားတဲ့ ဇီးပင်ပန်းအိုးကို ခွဲပစ်လိုက်တော့သည်။
ကျိုးလိုင်ရွှမ်းက အလျင်အမြန်ပဲ သူမကို ဖြောင်းဖြလာသည်။
“သခင်မလေး အလျင်မလိုပါနဲ့ ကံကောင်းစွာနဲ့ သမားတော်က အချိန်မီ ရောက်လာပြီး သခင်ကြီးကို ဆေးပေးထားပြီးပါပြီ။ ရက်အနည်းငယ်လောက် နားလိုက်ရင် အဆင်ပြေသွားမှာပါ”
ကိုယ်လုပ်တော်ကျိုးက သူမရဲ့သွားကို ကြိတ်လိုက်ပြီး
“လိယန်ရှု!”
သူမသာ ဒီနေ့ဝင်မရှုပ်ဘူးဆိုရင် အခုအခြေအနေက ဘယ်လိုလုပ် ဖြစ်လာမှာတဲ့လဲ။
သူမအဖေက နန်းတော်အပြင်ဘက်မှာ ခံစားနေရပေသည်။ ဒါပေမဲ့ သူမက ခံစားနေရပေမဲ့ မပြောနိုင်ပေ။
မမျှော်လင့်စွာနဲ့ ထိုကျကွဲသံ ပေါ်လာချိန်မှာပဲ နန်းတော်အစေခံတစ်ယောက်က တံခါးအပြင်ဘက်ကနေ သတင်းပို့လာသည်။
“သခင်မလေး ချန်းမင်နန်းဆောင်ရဲ့အထိန်းတော်ကြီးက ဒီကိုရောက်နေပါတယ်”
ဖုဟိုင်က ဒီမှာတဲ့လား။
23 04
ကိုယ်လုပ်တော်ကျိုးရဲ့နှလုံးက တင်းကြပ်သွားတော့သည်။
ဖုဟိုင်ဟာ ယခင်က ကျုံးချွေ့နန်းဆောင်ကို တစ်ခါမှ မလာရောက်ဖူးပေ။ ဖြစ်နိုင်တာက…ဧကရာဇ်က တစ်စုံတစ်ခု ရှာတွေ့သွားပြီး အပြစ်ကိုများ လာမေးတာလား။
သူမအရမ်းကို အပြစ်ရှိသလိုခံစားနေရပေမဲ့ သူ့ကို မတွေ့ရသေးပေ။ ထို့ကြောင့် သူ့ရဲ့အမူအရာကို ပြန်ထိန်းလိုက်ပြီး အဝတ်အစားနဲ့မိတ်ကပ်တို့ကို ချိန်ညှိလိုက်ကာ ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ဝင်လာလို့ ရပါပြီ”
ဖြေကြားရင်း အလုပ်များနေတဲ့ နန်းတော်အပြင်ဘက်က အစေခံက ချည်သား ကန့်လန့်ကာကို မပေးပြီးတဲ့နောက် အဝတ်အစားအပြည့် ဝတ်ဆင်ထားတဲ့ ဖုဟိုင်က သားရေလိပ်ကို လက်က ကိုင်ထားပြီး ဝင်လာသည်အား တွေ့လိုက်ရသည်။
++++++
24 01
အပိုင်း 24
နန်းဆောင်ထဲကို ခြေချလိုက်တယ်ဆိုရင်ပဲ အကြည့်တစ်ချက်နဲ့တင် ကြမ်းပြင်ပေါ်က ပန်းအိုးကို တွေ့လိုက်ကာ အလျင်အမြန်ပဲ ရူးချင်ဟန်ဆောင်ပြီး အော်ဟစ်လာသည်။
“ဘယ်အစေခံရဲ့လက်က ဆုံးရှုံးသွားလို့ ကိုယ်လုပ်တော်ရဲ့ ဒီလောက် ကောင်းတဲ့ပန်းအိုးကို ခွဲလိုက်ရတာလဲ”
ကိုယ်လုပ်တော်ကျိုးက ပိုပြီးသက်တောင့်သက်သာ ဖြစ်သွားပြီး အပြုံးတစ်ပွင့်ကို ဆင်လိုက်ကာ ပြောလိုက်သည်။
“အဲဒီလက်တုန်နေတဲ့ ရှုံးယွင်ကြောင့်မလား။ မကြာခင် ခြံဝန်းကို သန့်ရှင်းရေးလုပ်ဖို့ အပြစ်ပေးလိုက်ပါမယ်။ ဒါနဲ့ ဖုကုန်းကုန်းက ဘာလို့ ဒီကို ရောက်လာရတာပါလဲ”
ဖုဟိုင်က သူ့လက်ထဲက စာလိပ်ကို အလျင်အမြန် ဆက်သလာကာ ပြောလာသည်။
“ဒီအစေခံကို အရှင်မင်းကြီးက ဒီစာလိပ်ကိုပါးဖို့ စေလွှတ်လိုက်တာပါ။ အရှင်မင်းကြီးက ဒီဟာကိုနံရံမှာ ချိတ်ထားပြီး သေချာဂရုတစိုက်ဖတ်ဖို့ မှာလိုက်ပါတယ်”
ဆုချီးမြှင့်တာလား။
ကိုယ်လုပ်တော်ကျိုးက အနည်းငယ် တွန့်သွားသည်။
ဒါဟာ အရှင်မင်းကြီးကနေ သူမကို တစ်စုံတစ်ရာပေးလာတဲ့ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
ကြားဖူးတာတော့ ပထမဧကရာဇ်က တစ်ခါတုန်းက နှစ်တိုင်းနှစ်တိုင်းရဲ့ အဆုံးမှာ ကိုယ်လုပ်တော်တစ်ယောက်ကို သူ့ရဲ့အရေးပါမှုအတွက် နန်းတော်လေ့ကျင့်ရေးပုံကို ပေးတယ်လို့ ပြောတယ် အဲတာက အမှန်ပဲလား။
သူမက အပျော်လွန်သွားပြီး ယခုလေးတင်ရှိနေခဲ့သည့် ဒေါသတွေက လွင့်ပြယ်သွားတော့သည်။ ထို့နောက် လျင်မြန်စွာ အပြုံးတစ်ပွင့်နဲ့ ပြောလာခဲ့သည်။
“ဆုချီးမြှင့်တဲ့အတွက် အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ သေချာအာရုံစိုက်လိုက်ပါမယ်”
ပြောပြီးတဲ့နောက် သူမက တစ်ယောက်ယောက်အား ဖုဟိုင်ကို ဆုချခိုင်းလိုက်သည်။
ဖုဟိုင်ရှဲ့အန်းက ကြိတ်မှိတ် လက်ခံလိုက်ပြီး မြန်မြန်ထွက်သွားတော့သည်။ နန်းတော်တံခါးမီးစွဲတာကနောက်မှ ရေကန်ထဲက ငါးတွေပါ ထိခိုက်မိလိမ့်မယ်။
ဖုဟိုင်က တံခါးကနေ ထွက်သွားလိုက်ပြီးတဲ့နောက် သတင်းရသွားတဲ့ ကိုယ်လုပ်တော်အန်းက အပြေးအလွှား ရောက်လာတော့သည်။
စားပွဲပေါ်ကစာလိပ်ကို မြင်လိုက်ပြီးတဲ့နောက် သူမက စိတ်အားထက်သန်စွာ ပြောလာသည်။
“ဒါက နန်းတော်လေ့ကျင့်ရေးဆင်းတဲ့ပုံများလား။ ဒီနေ့က အရှင်မင်းကြီးပလ္လင်ပေါ်ကို တက်လိုက်ပြီးတဲ့နောက် ပထမဆုံးရတဲ့သူက မိဖုရားပဲမလား။ ဒါက အရှင်မင်းကြီးရဲ့နှလုံးသားထဲ ကနေရာကို ပြနေတာပဲ”
ကိုယ်လုပ်တော်ကျိုးရဲ့နှလုံးသားက ကောင်းကင်ထိမြှောက်သွားပြီး ဂုဏ်ယူစွာနှင့် ပြောလာသည်။
“ဒီနန်းဆောင်က မောင်းမဆောင်ရဲ့ဦးသျှောင်ပဲလေ။ အဲတော့ အရှင်မင်းကြီးက ငါ့ကိုပဲ ပထမဆုံး ပေးလာမှာပေါ့”
“အမှန်ပဲ”
ကိုယ်လုပ်တော်ကျိုးက သဘောတူသည့်အနေနှင့် ခေါင်းညိတ်ပြလာပြီး သိချင်စိတ်ဖြစ်စွာဖြင့် မေးလာသည်။
“ဒါပေမဲ့ အရှင်မင်းကြီးက ဘယ်လိုအရိပ်အမြွက် ပေးလာသလဲဆိုတာကို မသိရသေးဘူး။ အဲတော့ ဒီကကိုယ်လုပ်တော်ကို မျက်စိဖွင့်ပေးပါဦး”
24 02
ကိုယ်လုပ်တော်ကျိုးက သူမဘာသာလည်း သိချင်သွားပြီး သူမရဲ့အစေခံကို အမိန့်ပေးလိုက်သည်
“စာလိပ်ကို ဖွင့်လိုက်”
အပျိုတော်လေးက အလုပ်ရှုပ်သွားပြီး ဂရုတစိုက်နှင့် ဖွင့်လိုက်သည်။
ကိုယ်လုပ်တော်အန်းက အရှေ့ကို အပြေးအလွှား သွားကြည့်ပေမဲ့ တစ်ခဏခန့် တွန့်သွားတော့သည်။
သူမ မြင်လိုက်ရသည်က ပုံတစ်ပုံမဟုတ်ပဲ ကဗျာနှစ်ကြောင်း ဖြစ်နေတာပဲ။
“မကောင်းတဲ့အရာဆယ်ခု လုပ်တဲ့သူက မကောင်းတဲ့ပြစ်ဒဏ် ခတ်ခံရမှာဖြစ်ပြီး ကောင်းတဲ့အရာ ဆယ်ခုလုပ်တဲ့သူက ကောင်းတဲ့အရာရဲ့ပြန်လည်လာခြင်းကို ခံရပေမည်”
လူတိုင်းက စဉ်းစားသွားရသည်။
ကိုယ်လုပ်တော်ကျိုးကွေ့ဖေးကလည်း ကြောင်သွားကာ
“ဒါက ဘာကိုဆိုလိုတာလဲ။ ဒီနန်းဆောင်မှာက ရက်စက်ပြီး စက်ဆုပ်ရွံရှာဖွယ် ကောင်းတဲ့အတွေးတွေပဲ ရှိတယ်လို့ဆိုလိုတာလား”
ခန်းမထဲမှာ တစ်ခဏခန့် တိတ်ဆိတ်မှုကြီးစိုးသွားပြီး အန်းဖင်းက ကျည်ဆံကို ကိုက်ကာ နှစ်သိမ့်လာသည်။
“သခင်မလေးက အတွေးလွန်နေတာ ဖြစ်မှာပါ။ ဒါက အတိတ်တုန်းက ကဗျာလေးတစ်ပုဒ်ပါပဲ….”
“နင်က ငါ မသိဘူးများ ထင်နေတာလား”
ကိုယ်လုပ်တော်ကျိုးက သူမသွားတွေကို ကြိတ်လိုက်ကာ ဒါက ဒီကဗျာက ဆိုလိုတာပဲမလား။
“လိယန်ရှု အရှင်မင်းကြီးက ငါ့ကို ဒီလိုမျိုး အရှက်ခွဲလာအောင် လုပ်တယ်ပေါ့လေ။ ငါသူမကို အလွတ်ပေးမှာ မဟုတ်ဘူး”
ကိုယ်လုပ်တော်အန်းက အလျင်အမြန်ပဲ လိုက်ပြောလာကာ
“သခင်မလေး ဒီကိစ္စက အတော်လေး လွန်တယ်ဆိုပေမဲ့လည်း အခုသူမက အရှင်မင်းကြီးရဲ့ မျက်နှာသာပေးခံနေရတဲ့အချိန်လေ အရှင်မင်းကြီးကို မဆန့်ကျင်တာ ကောင်းမယ်”
ကိုယ်လုပ်တော်ကျိုးက စိတ်တိုစွာပြောလာသည်။
“ဒါဆိုလည်း ငါက ဘယ်လိုသောက်ကိစ္စလုပ်ရမှာလဲ”
ပြီးတော့ သစ်အယ်သီးကိတ် ကိစ္စရောပဲ။
တစ်ခဏခန့် ဒေါသထွက်ပြီးတဲ့အခါမှာတော့ သူမက ရုတ်တရက်နှာ မှုတ်လာပြီး အန်းဖင်းကို ကြည့်ကာ ပြောလာသည်။
“ဧကရီမယ်တော်ကြီးက အဲနေ့တုန်းက ငါ့ရှေ့မှာ နင်က ထက်မြက်တယ်လို့ ပြောလာတယ်။ ပြီးတော့ ငါ ဒီနန်းတော်ကို ရောက်လာကတည်းက နင့်ကိုဒီတစ်လျှောက်လုံး ကြင်ကြင်နာနာ ဆက်ဆံပေးလာတာ။ အဲတော့ အဲဒီနိမ့်ကျတဲ့ လိယန်ရှုကို ဘယ်လို ရှင်းရမလဲဆိုတာကို နည်းလမ်းရှာလိုက်”
ကိုယ်လုပ်တော်အန်းက ရပ်သွားကာ တစ်ခဏခန့် မနာခံရဲ ဖြစ်သွားပေမဲ့ တုံပြန်ဖြေရဦးမည်ပင်။
“တော်ဝင်ကိုယ်လုပ်တော်ရဲ့သောကတွေကို ဝေမျှပါ။ ကိုယ်လုပ်တော်တစ်ယောက်အနေနဲ့ ကျွန်မအပိုင်းကို ကျွန်မ လုပ်ပါမယ်”
….
ကျုံးချွေ့နန်းဆောင်ကနေ ထွက်လာပြီးနောက်မှာတော့ အန်းဖင်းက စိုးရိမ်မှုတပွေ့တပိုက်နဲ့ သူမရဲ့နန်းဆောင်ကို ပြန်သွားတော့သည်။
နန်းတော်အစေခံ လျှိုတိက ပူပန်စွာဖြင့်
“တော်ဝင်ကိုယ်လုပ်တော်က သခင်မလေးကို ဒီလိုမျိုး တွန်းအားပေးနေတာပဲ ဘာလုပ်ကြမလဲ….”
လိကွေ့ယိက အခုမျက်နှာသာ ပေးခံနေရတယ်ဆိုတာကို နန်းတော်ထဲက ဘယ်သူက မသိလို့လဲ။ သူမကို ထိခိုက်အောင်လုပ်တာက အရှင်မင်းကြီးကို ဆန့်ကျင်တာပဲ။ အရင်တစ်ခါက ကိုယ်လုပ်တော်လီဆိုလျှင် အအေးနန်းဆောင်ထဲကို ပို့ခံလိုက်ရပြီ ဖြစ်သည်။
အန်းဖင်းက သူကို ဆက်မပြောစေတော့ပဲ ပြောလိုက်သည်။
“ငါ့နှလုံးသားထဲမှာ ဘာက ဘာဆိုတာ သိပါတယ်”
သူမရဲ့အဖိုး ရိုးရာဓလေ့ထုံးတမ်းဝန်ကြီး ရှန်းရှုက ဧကရီမိဖုရားကြီး၏ ဝန်ကြီးဟောင်းတစ်ဦးပင်။ နန်းတော်ထဲမှာလည်း သူမက ဧကရီမိဖုရားကြီး၏ အမှီအခိုကို ယူနေရသည်။ ကိုယ်လုပ်တော်ကျိုးပြောတာကို နားမထောင်ဘူးဆိုရင် သူမက ကိုယ့်ကိုကိုယ် သတ်သေတာနဲ့ တူမနေဘူးလား။
24 03
လျှိုတိကလည်း အလျှော့မပေးသေးပေ။
“ဒါပေမဲ့ တစ်ခါ ဖော်ထုတ်ခံလိုက်ရတာနဲ့ ကိုယ်လုပ်တော်လီလို ဖြစ်သွားမှာ မဟုတ်ဘူးလား”
ထိုအချိန်တုန်းက ကိုယ်လုပ်တော်လီဟာ ကိုယ်လုပ်တော်နင်ကို သစ္စာရှိခဲ့ပေမဲ့ တစ်ခုခုဖြစ်လာတဲ့အခါမှာတော့ ကိုယ်လုပ်တော်နင်က အပြစ်တွေအားလုံးကို ကိုယ်လုပ်တော်လီရဲ့အပေါ်ကို ပုံချခဲ့သည်။
အန်းဖင်းက သက်ပြင်းချကာ
“ဒီလိုအကျပ်အတည်း ဖြစ်နေတဲ့အချိန်မှာ ဆက်ပြီးကြည့်ကောင်းနေစေဖို့ ရထားလုံးကို စွန့်ခွာမှာပဲလေ။ လီဖင်းက မိုက်မဲလို့ပါ ငါတော့ သူမလိုဖြစ်မယ်လို့ မထင်ပါဘူး”
သူမပြောလိုက်ပြီး တစ်စုံတစ်ခုကို အမှတ်ရသွားတော့သည်
“စကားမစပ် နှစ်သစ်ကူးညစာစားပွဲတုန်းက လိကွေ့ယိနဲ့တစ်စားပွဲတည်း ထိုင်နေတာက ဘယ်သူလဲ”
…..
~~~~~
ညဘက်မှာ ကျိယီဝေ့က မြို့စားချိန်အန်းစံအိမ်ရဲ့ အခြေအနေကို သတင်းပို့လာသည်။
“အရှင်မင်းကြီးကို သတင်းပို့ပါတယ် ယနေ့ သစ်အယ်သီးကိတ်နှစ်ခုကို စားပြီးတဲ့နောက်မှာ ချိန်အန်းကုန်းက နာရီဝက်အတွင်း လေသင်တုန်းဖြတ်သလို လက္ခဏာတွေ ပြလာပြီး ကိုယ်လုပ်တော်ရဲ့အခန်းထဲမှာ နှစ်နာရီကြာအောင် နေခဲ့ရပါတယ်။ ထွက်လာပြီးတဲ့အခါမှာလည်း မောပန်းနေပြီး အရိုအသေပြုတဲ့ ပထမနန်းဆောင်ရဲ့ ရိုးရာဓလေ့ထုံးတမ်း နေ့တိုင်းလုပ်နေပါတယ်”
ယွီဝိန်းလန်က နားလည်သွားတော့သည်။
ကျိုးမိသားစုရဲ့ရူးနေတဲ့ အဲမိန်းမလုပ်ခဲ့တဲ့အရာက သူမမိသားစုကို ဖမ်းဆီးပြီး တော်ဝင်ဆိုတဲ့ဘွဲ့ကို ဖျက်ဆီးပစ်လိုက်လို့ ရနိုင်သည်။
ဒါပေမဲ့ ဒီနေ့က ဧကရီမယ်တော်ကြီးရဲ့ နာမည်အောက်ကဖြစ်လို့ သူလုပ်ချင်ရင်တောင်မှ ဧကရီမယ်တော်ကြီးက ရှေ့ထွက်ပြီး ကာကွယ်လာမှာပင်။
အဲတော့ စိတ်အချဉ်ပေါက်တာကို ခဏထားလိုက်ပြီး လာမဲ့နှစ်ရက်ကျမှ စုပြီးရှင်းလည်း နောက်မကျသေးပါဘူး။
ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူက သံသယဝင်လာပြန်တော့သည်။
ဒီကိစ္စကို ယန်ရှုက ထပ်ပြီး ဖော်ထုတ်လာပေးတာပဲ။
သူမမှာ ဘယ်လို မှော်စွမ်းအားမျိုး ရှိနေတာလဲ။
ကျုံးချွေ့နန်းဆောင်မှာ စောင့်ကြည့်မဲ့လူ လွှတ်ထားတာလား။
ပြီးတော့ သူမပြောတဲ့ ဖရဲသီးဆိုတာကရော ဘာကြီးလဲ….။
တစ်ခဏတွေးလိုက်ပြီးနောက် မနေနိုင်တော့ပဲ မိန်းမစိုးငယ်လေးဖုပေါ်ကို ခေါ်လိုက်ကာ မေးလိုက်သည်။
“လိကွေ့ယိက ဒီနေ့ဘာလုပ်လဲ”
ဖုပေါ်က ရိုးရိုးသားသား ပြန်ဖြေလာသည်။
“ကွေ့ယိက ဒီနေ့ချန်းမင်နန်းဆောင်ကို လာတာကလွဲလို့ အပြင်ကို မထွက်ပြန်ပါဘူး”
ယွီဝိန်းလန်က ထပ်မေးလာသည်။
“ဒါဆို …..သူမဘယ်လိုစားလဲ”
ယနေ့တစ်နေ့လုံးက သတ်သတ်လွတ်နေ့ပင်။ သူမ အရသာရှိတဲ့အစားအသောက်တွေ ထပ်ပြီး ပြောနေသေးလားသိချင်မိသည်။
ဖုပေါ်က ပြောလာသည်။
“ကွေ့ယိရဲ့ ဒီနေ့သုံးနပ်စာက ပုံမှန်နဲ့ အတူတူပါပဲ။ ဒါပေမဲ့ အခုလေးတင် ရှန်းရှန်ကို ညလယ်စာအဆာပြေလုပ်ပေးဖို့ တောင်းဆိုလာတယ်လို့ ပြောပါတယ်”
ညလယ်အဆာပြေ။
ယွီဝိန်းလန်က မျက်ခုံးပင့်လိုက်ကာ သူ မရှိတာနဲ့ သူမအတွက် ညလယ်စာစားဖို့က အဆင်ပြေတယ်ပေါ့လေ။
သူက သိချင်စိတ်ဖြစ်စွာနဲ့ မေးလိုက်သည်။
24 04
“ဘာအဆာပြေလဲ”
ဖုပေါ်က အံ့ဩသွားကာ ပြောလိုက်သည်။
“ကွေ့ယိမှာတာတွေက တို့ဖူးအနည်းငယ် ခရမ်းသီး အာလူးသီး ကန်စွန်းဥ စတာတွေပါပဲ။ ဒါပေမဲ့ အကုန်လုံးက အစိမ်းတွေပါ”
“အစိမ်းတွေ”
ဖုပေါ်က ခေါင်းညိတ်ပြကာ ထပ်ပြောလာသည်။
“စကားမစပ် ကွေ့ယိက ဘန်းမုန့်ပေါင်းနှစ်ခုကိုလည်း မှာယူပါသေးတယ်”
ဘန့်မုန့်ပေါင်း။
ယွီဝိန်းလန်က မျက်မှောင်ကြုတ်ကာ သူမက ဒါတွေကို ဘာအတွက်လိုတာလဲ။
ဆာလောင် မွတ်သိပ်နေတာလား။
တွေးလိုက်ပြီးတဲ့နောက် ရုတ်တရက် ပြောလာသည်
“ငါကိုယ်တော် ခဏ အပြင်ထွက်မယ်”
ဖုပေါ်က တစ်ခဏခန့် တွန့်သွားပြီး အခုက အကူးအပြောင်းကာလကို ကုန်ဆုံးနေသည့်အတွက် မောင်းမဆောင်ကို သွားလို့မရပါဘူးဟု သတိပေးလိုသည်။
ဒါပေမဲ့ သူ့ပါးစပ်ကို မဖွင့်နိုင်ခင်မှာပဲ ဖုဟိုင်က ရပ်လိုက်ဖို့ အကြည့်တစ်ချက် ပေးလာသည်။
-ဒါက ဧကရာဇ်လေ။ အဲတော့ လုပ်ချင်တာ ဘာလို့ မလုပ်ရမှာလဲ။
ဖုပေါ်က စက္ကန့်အနည်းငယ်အတွင်း နားလည်သွားပြီး သူ့ခေါင်းကို အလျင်အမြန်နှိမ့်ကာ စကားထပ်မပြောရဲတော့ပေ။
ဖုဟိုင်က ဧကရာဇ်အတွက် ဝတ်ရုံတစ်ထည်ကို အလျင်အမြန် လွှမ်းပေးလာပြီး ခန်းမဆောင်ဂိတ်တံခါးထိ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့လိုက်သည်။
ထိုအချိန်မှာပဲ အရှင်မင်းကြီးက နက်ရှိုင်းတဲ့အသံနဲ့ မိန့်လာသည်။
“တံခါးကို ပိတ်ထားလိုက်”
ထိုနှစ်ယောက်က အလျင်အမြန်ပဲ တုံ့ပြန်လိုက်သည်။
~~~~
++++++