အခန်း (၂၅-၂၇)
Vol. 2 Ch. 25-27
25 01
အပိုင်း 25
ညလယ်မှာတော့ ယွီဝိန်းလနိက ကန်လုနန်းဆောင်ရှိရာ လမ်းတစ်လျှောက် လျှောက်လာပေမဲ့ တံခါးနားတွင် မည်သည့်အစောင့်ကိုမျှ မတွေ့ရပေ။
ခန်းမထဲက မီးတွေကိုလည်း ထွန်းထားဆဲပင်။
အတွင်းဘက်ကို ခြေလှမ်းအနည်းငယ် လျှောက်လိုက်ပြီးချိန်မှာတော့ နှာခေါင်းဝမှာ ခပ်ဖျော့ဖျော့အနံ့ကို ရနိုင်ပေသည်။ သေချာကြည့်မည်ဆိုလျှင် ခန်းမထဲက တံခါးတစ်ချပ်ကို ဖွင့်ထားပြီး အသံတွေကိုလည်း သိသိသာသာပင် ကြားနိုင်သေးသည်။
အထဲကိုဝင်လာလေလေ အနံ့ကပိုပြီး သိသာလာလေလေဖြစ်သည်။
သူက လှေကားထိပ်ဆီ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး တံခါးကို တွန်းလိုက်တော့သည်။
သူက ခန်းမထဲမှာ မီးခိုးအချို့ကို တွေ့လိုက်ရသည်။
“အာလူးပါးပါးလှီးထားတာတွေက ရနေပြီ။ မြန်မြန်စားကြ။ ကောင်းလိုက်တာ တို့ဖူးက နူးညံ့နေတာပဲ နည်းနည်းလေးစပ်ရင် ပိုတောင်ကောင်းဦးမယ်။ စကားမစပ် လှီးထားတဲ့ဘန်းမုန့်တွေရော မြန်မြန်ကင်လိုက် ……”
သိသိသာသာကိုပဲ ထိုသည်က သူမရဲ့အသံပင်။
ယွီဝိန်းလန်က အသံနောက်လိုက်ပြီး လျှောက်သွားလိုက်တဲ့အခါမှာတော့ ပြတင်းပေါက်အောက်နားမှာ လူများစွာက မီးသွေးမီးဖိုတစ်ခုကို ဝိုင်းနေကြပေသည်။ မီးသွေးမီးဖိုပေါ်မှာက သံပါးတစ်ခုရှိနေပြီး တစ်စုံတစ်ခုကို ကင်ထားပေသည်။
ထိုအရာက အနံ့ထွက်လာသည့်နေရာပင်။
“အရှင်မင်းကြီး!”
ရန်တုန်း လျန်ရှင်းနဲ့ တစ်ခြားသူတွေက သူ့ကိုပထမဆုံး မြင်လိုက်ကြပြီး သူတို့မျက်နှာတွေက ဖြူဖျော့နေကာ အလန့်တကြားနှင့် မတ်တပ်ထရပ်လာကြသည်။
တို့ဖူးကိုကြော် နေဆဲဖြစ်သည့် တစ်စုံတစ်ယောက်ကတော့ ဖြည်းညှင်းစွာခေါင်းမော့လာပြီး နောက်ဆုံးမှာတော့ သူ့ကိုတွေ့သွားပြီဖြစ်သည်။
ယန်ရှုက အံ့အားသင့်စွာနှင့်ပြောလာသည်
“အရှင်မင်းကြီးလား။ ဘာလို့ ဒီကိုရောက်နေတာလဲ”
သူက ဘာလို့ ဒီကိုရောက်နေတာလဲ။
ယွီဝိန်းလန်က သံပြားပေါ်က စားစရာတွေကို ကြည့်လိုက်ချိန်မှာတော့ တို့ဖူးကရွှေရောင်သန်းနေကာ အနီရောင်ငရုတ်ဆီအချို့ ဖြူးထားပေသည်။ အဝါရောင်ငရုတ်ကောင်းမှုန့်တွေနဲ့ အတူရောလိုက်ချိန်မှာတော့ ကြည့်ကောင်းလှသည်။
ရွှေရောင်သန်းနေပြီး ဆီရွှဲနေတဲ့ အာလူးကြော်အချို့လည်း ရှိသည်။
မီးသွေးမီးဖိုဘေးမှာတော့ နူးညံ့တဲ့ကန်းစွန်းဥဖုတ် အနည်းငယ်ရှိနေပြီး ချိုမြိန်တဲ့ရနံ့ကို ထုတ်လွှတ်ပေးနေသည်…..။
ယွီဝိန်းလန်က သူမဆီ ပြန်ကြည့်လိုက်ပြီး သူမရဲ့နှုတ်ခမ်းမှာ အရသာမှုန့်တွေ ကျန်နေတာကို ရှင်းလင်းစွာ တွေ့လိုက်သည်။
ဟက် သူ မရှိတုန်း အချိန်ကောင်းလေး ရှိနေတာပဲ။
ဒါပေမဲ့ ပတ်ပတ်လည်ကို ကြည့်လိုက်ချိန်မှာတော့ …….ဘာဖရဲသီးကိုမှ မတွေ့ရပေ။
ဆောင်းရာသီဖရဲသီး ဖရုံသီး ဖရဲသီး ဂျပန်သခွါးသီးတွေလည်း ခန်းမထဲမှာ မရှိပေ။
သိချင်စွာဖြင့် သူမနှလုံးသားထဲက ရေရွတ်လိုက်သံကို ကြားလိုက်ရသည်။
[ဘာလို့ကျွန်မကို ဒီလိုကြည့်နေတာလဲ။ သံပြားအကင်စားတာက ဥပဒေကို ချိုးဖောက်လို့လား။]
25 02
ယွီဝိန်းလန် “…..”
ဟုတ်သည်။ ညလယ်အဆာပြေ စားတာက နန်းတော်စည်းမျဉ်းကို မချိုးဖောက်ပေ။
သုံးရက်တာ သားသတ်လွတ် စားသောက်ရခြင်းကြောင့် နန်းတော်ထဲက လူများစွာကလည်း ညဘက်မှာ အပိုအစားအသောက်တွေ စားကြမည်ဖြစ်သည်။
ဒါပေမဲ့ သူမလို လူကတော့……ယွီဝိန်းလန် ပထမဆုံးမြင်ဖူးတာပင်။
သူက မေးလိုက်သည်။ “မင်းက ဘာလုပ်နေတာလဲ”
ယန်ရှုက ခပ်ဖျော့ဖျော့ပြုံးလာကာ
“ဒီကိုယ်လုပ်တော်က သံပြားအကင် စားနေတာပါ။ အရှင်မင်းကြီးရော စားချင်သေးလားဟင်”
သံပြားအကင်။
ယွီဝိန်းလန်က မျက်မှောင် ကြုတ်လိုက်သည်။ အဲတာက အခု မီးသွေးမီးဖိုဘေးမှာ ထိုင်ပြီး စားနေတဲ့အရာလား။
သူက မေးကြည့်လိုက်သည်။
“ဒါပဲလား။ ဘာမှ ထပ်မစားဘူးလား”
ယန်ရှုဟာ ဒီလူက ဘာလို့ဒီမေးခွန်းမျိုး မေးရသလဲဆိုတာကို သိချင်သွားသည်။ ငါး လာဖမ်းတာလား။ သူမက အသားစားပြီး ရှောင်ကြဉ်တာကို ချိုးဖောက်သလားဆိုတာကို သိချင်လို့လား။
သူမက ပြောလိုက်သည်။
“အခုတလော နန်းတော်မှာ အကူးအပြောင်းကာလလေ။ စားဖိုဆောင်မှာတောင်မှ အသား မရှိဘူး။ ဒီမှာ ဒီကိုယ်လုပ်တော်က အသီးအရွက်ပဲ စားနေတာပါ”
ယွီဝိန်းလန်က သူမပြောတဲ့ “ငါးဖမ်းတယ်”ဆိုတာကို မသိပေ။
ဒါပေမဲ့ သိသိသာသာကိုပဲ ထိုအရာက သူ သိချင်တာ မဟုတ်ပေ။
ထို့ကြောင့် သူက ထပ်မေးလိုက်သည်။
“ဒီနေ့ ဖရဲသီးလိုမျိုး အသီးဖြစ်ဖြစ် စားသေးလား”
ဖရဲသီးတွေလား။
ယန်ရှုက ရှုပ်ထွေးသထက် ရှုပ်ထွေးလာရသည်။
ဒီရာသီတွင် ပန်းသီးနှင့် လိမ္မော်သီးကလွဲ၍ နန်းတော်ထဲ၌ အခြားစားစရာ မရှိပေ။ သခွါးမွှေးသီးကလည်း ဧကရီမယ်တော်ကြီးနှင့်သူသာ စားနိုင်ပေသည်။ သူမ စားချင်လျှင်တောင် စားခွင့်မရှိပေ။
သို့သော် ဒီနေ့မှာတော့ အရောင်စုံဖရဲသီးတွေကို စားခဲ့ရသည်။
ကျစ် ကျစ် လူကြီးမင်းချိန်ရဲ့ အရွယ်နဲ့ မလိုက်တဲ့ နှလုံးသားက သူ့ရဲ့ကံမကောင်းတဲ့သမီးရဲ့ လှည့်စားတာကို ခံလိုက်ရတယ်။ ဒီနေ့ဆို ကိုယ်လုပ်တော်ရဲ့အိပ်ရာပေါ်မှာ သေလုဆဲဆဲပဲ။
အဲဒီလူညစ်အိုကြီးက ပြန်ခံစားရတာပဲ သူ့ရဲ့ကလိမ်ကကျစ်ကျတဲ့ ပါးစပ်နဲ့ မျက်လုံးကို အိပိရာထဲကနေ ဆွဲထုတ်လာရတာကို တွေးမိချိန်မှာတော့ မထိန်းနိုင်ဘဲ သေလုအောင် ရယ်မောမိတော့သည်။ ဟား ဟား ဟား ဟား
ယွီဝိန်းလန် “…..”
စာရေးသူမှာ ပြောစရာရှိတယ် :
တစ်စုံတစ်ယောက်သော ဧကရာဇ် : သေစမ်း! ဒီလောက် စိတ်ဝင်စားစရာ ကောင်းတဲ့ဖရဲသီးက ကိုယ်တော်နဲ့အတူတူ စားဖို့မဟုတ်ဘူးတဲ့! !
ယန်ရှု : ။။။
တစ်စုံတစ်ယောက်သောဧကရာဇ် :ပေါင်ပေ့ လမ်းလွဲနေပြီနော်….
******
26 01
အပိုင်း 26
ဘာကြီး အမြင်ဖုံးနေတုန်းလား။
ယွီဝိန်းလန်ရဲ့မျက်ခုံးတွေက တွန့်သွားရတော့သည်။ သူမ မမြင်နိုင်ဘူးလား။
ချိန်အန်းကုန်းရဲ့အသွင်အပြင်ကို တွေးကြည့်လိုက်ချိန်မှာတော့…..
ယွီဝိန်းလန်က ထိတ်လန့်သွားကာ ရန်တုန်းကိုပြောလိုက်သည်
“အရင်သွားနှင့်ကြတော့”
ရန်တုန်း လျန်ရှင်းနဲ့ တစ်ခြားသူတွေက တုန်ယင်နေကြပြီး ထိုစကားကို ကြားတဲ့အခါမှာတော့ လွတ်ငြိမ်းချမ်းသာခွင့်ရသလိုမျိုး ခံစားလိုက်ရပြီး ခန်းဆောင်ထဲကနေ ချက်ချင်းပဲ ထွက်သွားကြတော့သည်။
ခန်းဆောင်က နောက်ဆုံးတော့ တိတ်ဆိတ်သွားပြီ ဖြစ်သည်။ ယွီဝိန်းလန်က စကားစပြောမဲ့အချိန်မှာပဲ ယန်ရှုက ဆိုလာသည်။
“တူးကုန်တော့မှာပဲ!”
ပြောပြီးနောက် ခြေနှစ်လှမ်း သုံးလှမ်းအတွင်း မီးသွေးမီးဖိုဆီကို ပြေးတော့သည်။
မီးသွေးမီးဖိုက မီးတောက်နေပြီး ယန်ရှုက ကင်ထားတာတွေကို အလျင်အမြန် လှန်ပေးလိုက်ကာ ကျက်သွားတာကိုတွေ့တာနဲ့ သူမပါးစပ်ထဲကို ထည့်လိုက်တော့သည်။ စားနေစဉ်မှာလဲ သူမက သက်ပြင်းချလာကာ
“တို့ဖူးကို ပူနေတုန်း စားပေးရတယ်! ဖူး ဖူး!”
အာလူးပြားတွေကိုလည်း ကြွပ်ရွလာသည်အထိ ကင်ထားပေသည်။ တစ်ခုလောက်
မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အာလူးကြော်နှင့် အရသာတူသွားပြီ ဖြစ်သည်။
အကောင်းဆုံးကတော့ မွှေးပျံ့ ကြွပ်ရွနေပြီး အရသာရှိတဲ့ ဘန်းမုန့်ပေါင်းအချပ်တွေပင်။
ထိုကဲ့သို့ တစ်ခဏခန့် စားနေပြီးတဲ့နောက် တစ်ယောက်ယောက်ကို ရုတ်တရက် တွေးလိုက်မိပြီး ကြည့်လိုက်ချိန်မှာတော့ ဧကရာဇ်က သူမကို တိတ်တဆိတ် စိုက်ကြည့်နေတာကို တွေ့လိုက်ရတော့သည်။
ယန်ရှု “…..”
ဒီအကြည့်က ဘာကိုဆိုလိုတာလဲ။
ဗိုက်ဆာလို့လား။
ထို့ကြောင့် သူမ ကချောင်းဟန့်လိုက်ကာ
“အရှင်မင်းကြီး တကယ် မြည်းမကြည့်ချင်ဘူးလား။ အရသာရှိတယ်နော်”
ကျစ် စားမှာလား မစားဘူးလားဆိုတာကို တစ်ခုခု ပြောဦးလေ။ မစားဘူးဆိုရင် အကုန်ကုန်တော့မှာနော်
မမျှော်လင့်ထားစွာနဲ့ သူမ စကားပြောပြီးချိန်မှာပဲ ထိုသူက ရုတ်တရက် ပြောလာတာကို တွေ့လိုက်ရသည်။
“ကောင်းပြီလေ”
သူ ပြောလိုက်ပြီးနောက် တူတွေကို ကောက်လိုက်ကာ တို့ဖူးကို တိုက်ရိုက် စားလာသည်။
ကောင်းသားပဲ အတော်လေးတော့ ပူတယ်။
ဒါက ယွီဝိန်းလန်ရဲ့ ပထမဆုံးခံစားချက်ပင်။
သို့သော် တို့ဖူးက အပြင်ဘက်မှာ ကြွပ်ရွနေပြီး အတွင်းထဲမှာက နူးညံ့နေပေသည်။ အရသာမှုန့်ရဲ့အစပ်နဲ့ အငန်အရသာက တို့ဖူးရဲ့ပဲအရသာနဲ့ ရောနှောသွားပြီး ထိုအရာက အရမ်းပဲ ကောင်းလွန်းသည်။
တို့ဖူးကို စားပြီးတဲ့နောက် ကြည့်လိုက်ချိန်မှာတော့ ယန်ရှုက အာလူးပြားတွေကို ဝါးနေပြီး သူမရဲ့ပါးစပ်နဲ့သွားတွေထဲကနေ ကြွပ်ရွတဲ့အသံကို ထုတ်လွှတ်ပေးနေသည်။
သူလည်းပဲ မြည်းကြည့်လိုက်ပြီး မမျှော်လင့်ထားစွာနဲ့ ဒီလိုနည်းနဲ့ကင်ထားတဲ့ အာလူးပြားတွေက ကျွမ်းနေတဲ့ အနံ့အရသာအပြည့်နှင့် ဖြစ်နေပြီး တကယ်ကို စိတ်ဝင်စားဖို့ကောင်းသည်။
အာလူးတွေကို စားလိုက်ပြီးတဲ့နောက်မှာတော့ သူက ထပ်ပြောလိုက်သည်။
“ပြီးတော့ရော” သူ့လေသံက မျှော်လင့်စောင့်စားနေသလိုပင်။
ယန်ရှုက သူ့ကို ဘန်းမုန့်ပေါင်း တစ်ခုကမ်းပေးလိုက်ပြီး
“အရှင်မင်းကြီး ဒါကိုမြည်းကြည့်ပါ”
ယွီဝိန်းလန်က ယူလိုက်ပေမဲ့ အနည်းငယ် သံသယရှိနေဆဲပင်။ ဒါက အရသာရှိလို့လား။
26 02
ဒါပေမဲ့ သူမရဲ့အရသာရှိရှိ စားနေပုံကို မြင်တဲ့အခါမှာတော့ သူဟာ တွန့်ဆုတ်စွာနဲ့ပဲ တစ်ချက် ကိုက်ကြည့်လိုက်ပြီးနောက် မျက်လုံးတို့က တောက်ပသွားရတော့သည်။
အပေါ်ယံကို ကြွပ်ကြွပ်ကြော်လိုက်ပြီးတဲ့နောက် ဘန်းမုန့်ပေါင်းအပေါ်က အရသာမှုန့်နဲ့ ဆီတွေက ကြွပ်ရွနေစေပြီး အတွင်းထဲက နူးညံ့နေဆဲပင်။ အပြင်ဘက်က ကြွပ်ရွနေပြီး အတွင်းကနူးညံ့နေကာ ဂျုံသားရဲ့အနံ့အရသာအပြည့်နှင့် အရသာအပြည့်ပင်ဖြစ်သည်။
ဘန်းမုန့်ပေါင်းကို စားပြီးနောက်မှာတော့ ယန်ရှုက သူ့အတွက် ကန်စွန်းဥတစ်ပိုင်း ပေးလာခဲ့သည်။ ချိုမြိန်ကာ အရသာအပြည့်ပင်။ သူ တစ်ချက်ကိုက်လိုက်တဲ့အချိန်မှာပဲ ပျားရည်လိုပင် ချိုမြန်နေတော့သည်။
သူတို့နှစ်ဦးဟာ ထိုကဲ့သို့စားနေကြပြီး တစ်နာရီရဲ့လေးပုံနှစ်ပုံအချိန်မှာပဲ ပါဝင်ပစ္စည်းတွေအကုန်လုံးကို အောင်မြင်စွာနဲ့ အပြောင်ရှင်းလိုက်ပြီ ဖြစ်သည်။
ယွီဝိန်းလန်က အနည်းငယ် မသေမချာဖြစ်နေဆဲဖြစ်ပြီး မေးလာသည်
“ကုန်သွားပြီလား”
ယန်ရှုက ခေါင်းညိတ်ပြလာကာ
“အကုန်ကုန်သွားပါပြီ”
ညလယ်စာ အဆာပြေအတွက်ဆိုလျှင် သိပ်ပြီးဗိုက်မပြည့်စေပဲ အစားစားချင်စိတ်ကို ကျေနပ်စေရုံသာ စားသင့်သည်ပင်။
သူမ ပြောလိုက်ပြီးနောက် အရေးကြီးတဲ့ တစ်ခုခုကို သတိရသွားကာ သူ့ကို မေးလာသည်။
“အရှင်မင်းကြီးက ဒီသုံးရက်လုံးလုံး မောင်းမဆောင်ကို လာလို့မရဘူးမလား။ ဘာလို့ ဒီည လာတာလဲဟင်”
ယွီဝိန်းလန် “…..”
ထိုအစားအသောက်တွေရဲ့ ဆွဲဆောင် ခံလိုက်ရပြီးတဲ့နောက်မှာ အခုမှ သူ့ရဲ့ကိစ္စကို သတိရသွားပြီး မေးလာသည်။
“ကိုယ်တော် အခုမှသတိရတယ် ဒီပိုက်က ကိုယ်တော့်ဟာ မဟုတ်ဘူး”
သူပြောပြီးတဲ့နောက် နေ့ခင်းတုန်းက သူမပေးခဲ့တဲ့ ခရမ်းရောင်ပိုက်ကွန်ကို ထုတ်လိုက်သည်။
ယန်ရှုက ရယ်ရုံသာ ရယ်ကာ
“အဲလိုလား။ ကြည့်ရတာ ဒီကိုယ်လုပ်တော် အမှတ် မှားသွားတယ် ထင်ပါတယ်…..”
သူမ ထိုသို့ပြောလိုက်ပြီးနောက် ခရမ်းရောင်ပိုက်ကွန်ကို သိမ်းလိုက်တော့သည်။
သူမရဲ့နှလုံးသားထဲမှာ ကျစ်သပ်နေပြီး [အခုမှရှင့်ဟာ မဟုတ်ဘူးဆိုတာကို သိတယ်ပေါ့လေ။ ဖြစ်နိုင်တာက ညလယ်စာအတွက် ရည်ရွယ်ပြီး သပ်သပ် ရောက်လာတာများလား။]
ယွီဝိန်းလန် “…..”
သူမလို စားဖို့ပဲ တွေးနေတဲ့လူလို့များ သူ့ကို ထင်နေတာလား။
သူက အဓိပ္ပာယ်အပြည့်ဖြင့် ပြောလာသည်။
“မှားပဲ မှတ်မိတာလား။ မဟုတ်ရင် ကိုယ်တော့်ကို ရှာချင်လို့လား”
ယန်ရှုက မျက်တောင် ခတ်လိုက်ကာ အပြစ်ကင်းစွာဖြင့် ပြောလာတော့သည်။
“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးကို ဘယ်လိုလုပ် လိမ်ရဲပါ့မလဲ။ သေချာတာပေါ့ ဒီကိုယ်လုပ်တော်က အမှတ်မှားသွားတာပါ။ ပြီးတော့ ဒီကိုယ်လုပ်တော်မှာက ဘာမှတောင်းဆိုစရာ မရှိပါဘူး”
သူမနှလုံးသားထဲမှာတော့ ကျစ်သပ်နေပြန်ကာ
[အမှန်ပဲ ကျွန်မသာ သတင်း ပို့မလာဘူးဆိုရင် အခုဘာဖြစ်နေမလဲဆိုတာကို သိမှာမဟုတ်ဘူးလေ။ ဘယ်လိုကျေးဇူးတင်ရမလဲဆိုတာကို မသိဘူးလား။ အခုထိ သံသယဝင်နေသေးတယ်ပေါ့လေ။ အသိတရား မဝင်သေးဘူးပေါ့ ဟုတ်လား!]]
ယွီဝိန်းလန် “…”
အသိတရားမရှိဘူးလို့ ဘယ်လိုတောင် ပြောရဲတာလဲ။
ဒါပေမဲ့ ဂရုတစိုက် တွေးကြည့်လိုက်ချိန်မှာတော့ သူမ ဘယ်လိုကြောင့်ပဲ သိနေပါစေ သူမက ဒီနေ့မှာ တော်ဝင်စာကြည့်ဆောင်ကို သူ့အတွက်ကြောင့် ရောက်လာတာ ဖြစ်သည်။
26 03
ပြီးနောက် ယခုအခြေအနေအရဆိုလျှင် သူ့မှာဖုံးကွယ်ထားတဲ့ ရောဂါတစ်ခု ရှိနေတယ်ဆိုတာကို သိနေပေမဲ့ သူမကတစ်ခြားသူတွေကို ဘယ်တော့မှ မပြောပြပေ။ ပြီးတော့ ထိုအရာကို အကြောင်းပြပြီး မည်သည်ကိုမှလည်း တောင်းဆို မလာသည့်အပြင် ဆန့်ကျင်ဘက်ဖြစ်စွာပဲ တစ်ခြားသူတွေကို ဂရုစိုက်ဖို့ သူ့ကိုနှစ်ကြိမ်တိုင်တိုင်အသိပေးလာသေးသည်။
ဆိုတော့ အနည်းဆုံးတော့ သူမက အန္တရာယ်မရှိဘူး ဖြစ်သည်။
ထိုအကြောင်းကို တွေးကြည့်ကာ ယွီဝိန်းလန်က တည်ငြိမ်စွာပြောလာသည်။
“ကိုယ်တော်က နည်းနည်းထူးဆန်းနေလို့ မင်းက ဘယ်တော့မှ ကိုယ်တော့်ကို မရှာဖူးဘူးလေ”
ထို့နောက် သူကသူမကို သာမန်လိုပင် မေးလာသည်။
“ဒီနေ့ပြန်လာပြီးတော့ ဘာလုပ်သေးလဲ”
ယန်ရှုက ပြောလိုက်သည်။
“ဒီကိုယ်လုပ်တော်က ခါတိုင်းနဲ့အတူတူပါပဲ။ နန်းဆောင်ထဲမှာ ဇာတ်လမ်း ရေးနေပါတယ်”
ယွီဝိန်းလန်က သူ့မျက်ခုံးတွေကို ပင့်လိုက်ကာ ပြောလာသည်။
“ဘာအသစ်တွေ ရေးထားသေးလဲ”
ယန်ရှုက ဂုဏ်ယူစွာနဲ့ ပြောလာသည်။
“သေချာပေါက်ရှိတာပေါ့။ ဒီရက်ပိုင်းအတွင်း ငါးခု ခြောက်ခုလောက် ရေးထားပါသေးတယ်”
သို့သော် ထိုသူက အရမ်းကိုမှ စိတ်ဝင်စားနေတာကို မြင်လိုက်ရပြီး
“ကိုယ်တော့်ကိုတစ်ချက်လောက် ပြကြည့်လို့ရမလား”
ယန်ရှု “…..”
သူမ မပြဘူးလို့ ပြောချင်ခဲ့တာပင်။
သူက အမှားရှာရတာကို နှစ်သက်တာကို မပြောနဲ့ဦး။ အရောင်စုံတဲ့ဝတ္ထုတွေမြင်ရင်ကို တုံ့ပြန်နေတော့တာပဲ။
တိတ်တဆိတ် နားထောင်နေတဲ့ တစ်စုံတစ်ယောက်က ချောင်းဟန့်လိုက်ပြီး
“အခုဆို ကိုယ်တော်က ‘သွေးဆူလွယ်တဲ့စစ်သူကြီးရဲ့မုဆိုးမငယ်လေး’လိုမျိုး ဇာတ်လမ်းကိုလည်း လက်ခံနိုင်စွမ်း ရှိတယ်”
ယန်ရှု “…..”
တကယ်တော့ သူ့ကို ယခုထိ မပြချင်သေးပေ။ သို့သော်လည်း သူက ဧကရာဇ် ဖြစ်နေတဲ့အတွက်
“ကောင်းပါပြီ အရှင်မင်းကြီး ပြောတဲ့အတိုင်း ဖြစ်ပါစေ။ ဖတ်ရတာကို မကြိုက်ရင် ဒီကိုယ်လုပ်တော်ကို အပြစ်တင်လို့မရဘူး” ဟုသာ ပြောလိုက်နိုင်ပေသည်။
ယွီဝိန်းလန်က တုံ့ပြန်သည့်အနေနှင့် ခေါင်းညိတ်ပြလာသည်။
အဲဒီနောက် သူမက စာရွက်တစ်ထပ်ကြီးကို ထုတ်လာတော့သည်။
++++++
27 01
အပိုင်း 27
ယွီဝိန်းလန်က သူတို့ထဲက အထူဆုံးတစ်ထပ်ကို ကောက်လိုက်ပြီး ဖတ်ဖို့ ကြိုးစားလိုက်ချိန်မှာတော့ “အချစ်များစွာနှင့်မိန်းမလှလေး” ဆိုသောနာမည်ကို တွေ့လိုက်ရသည်။
သေချာပေါက်ကို ဒီလိုအမျိုးအစားတွေပင် ဖြစ်နေသေးသည်။
သူ့မှာလည်း ဘာမှလုပ်စရာမရှိသည့်အတွက် တစ်ချက်ကြည့်တာ ကောင်းပေသည်။ ထို့ကြောင့် အစကနေ ဖတ်ကြည့်လိုက်သည်။
သို့သော် ထိုသည်က လင်းဝူဟုန်စံအိမ်တော်ရဲ့ ဇာတ်လမ်းဖြစ်နေတာကို ရှာတွေ့ဖို့ မကြာလိုက်ပေ။
အမှန်ပဲ သူက မြို့စားလင်းဝူရဲ့အကြီးဆုံးသားက ဘယ်သူ့သားလဲဆိုတာကို သိချင်ရုံပဲ ဖြစ်သည်။ ထို့ကြောင့် စိတ်ဝင်တစားနှင့် ဖတ်လိုက်တော့သည်။
— ယန်ဇီမြစ်တောင်ဘက်ပိုင်းက အလှလေးဖြစ်သူရှချွင်းလျန်က ဆင်းရဲတဲ့ စံအိမ်တစ်ခုမှာ မွေးဖွားခဲ့သည်ပင်။ သူမဟာ ငယ်ရွယ် လှပပြီး ရှက်တတ်သည်။ သို့သော် ကံကောင်းစွာနှင့်ပင် သူမက မျိုးရိုးမြင့်လူတစ်ယောက်နှင့် တွေ့ဆုံခဲ့ပေသည်။
-ယွီဝိန်းလန်က ခန့်မှန်းလိုက်သည်။ အဲလူက ရှယီဟုန်ပဲ
ဖြစ်ရမယ်။
သခင်ငယ်လေးဟုန်မန်က ရှရှီကို မြင်မြင်ချင်းချစ်မိသွားပြီး ရှရှီသည်လည်း နွေဦးရာသီလို ငယ်ရွယ်တဲ့ မိန်းမငယ်လေးပင်။ သို့သော်လည်း သခင်ငယ်လေးဟုန်မန်ရဲ့မိဘတွေက ထိုမိန်းကလေးရဲ့ နောက်ခံမိသားစုကို သိပ်ပြီး သဘောမကျပေ။ ထို့ကြောင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြတော့သည်။
သခင်ငယ်လေး ဟုန်မန်က ရွေးချယ်စရာ မရှိတော့ဘဲ တစ်ယောက်ယောက်နှင့် လက်ထပ်လိုက်တော့သည်။ စိတ်ဆိုးဒေါသထွက်စွာနှင့် ရှမိသားစုက ဟုန်မန်မိသားစုထဲက တစ်ခြားသခင်ငယ်လေး တစ်ယောက်နှင့် ပြောင်းလဲ လက်ထပ်လိုက်ပြီး ပထမဇနီးနေရာကို အောင်အောင်မြင်မြင်နှင့် တက်လှမ်းသွားနိုင်တော့သည်။
—ပြောစရာမလိုပင် ထိုဟုန်မန်မိသားစုရဲ့ သခင်ငယ်လေးဆိုသူက လင်းဝူမြို့စားပင် ဖြစ်လောက်သည်။
ထိုလက်ထပ်ပွဲက ရှမိသားစုကို ဒေါသထွက်စေသည့်အတွက် မိသားစု အဆက်အသွယ်တွေကိုပါ လျော့ချလိုက်သည်။ သို့သော်လည်း သူမရဲ့ခင်ပွန်းက အေးစက်တဲ့ သဘောထားရှိပြီး တစ်နှစ်ပတ်လုံး အလုပ်များနေတော့သည်။ သို့သော် ရှမိသားစုက သက်ရောက်ခံနေရသည့်အချိန်ပင်။ ထိုအချိန်မှာပဲ သူမက နောက်ထပ် ဇာတ်ဆောင်တစ်ယောက်ကို တစ်ဖန်ပြန်တွေ့ကာ ချစ်ကျွမ်းဝင်သွားတော့သည်။
ထိုအရာကိုမြင်တော့ ယွီဝိန်းလန်က ခန့်မှန်းတာကို မရပ်နိုင်တော့ပေ ကြည့်ရတာ အဲဒီကလေးက အဲလူရဲ့သားများလား။
မမျှော်လင့်စွာပင် သူမရေး ထားတာကို ဆက်ပြီးဖတ်လိုက်ချိန်မှာတော့ ထိုလူက အရမ်းကိုကျော်ကြားပြီး ကြည်ညိုလေးစားသူတွေလည်း အများကြီးရှိပေသည်။ မကြာခင်မှာပဲ ထိုရှမိန်းကလေးက ထိုသူဟာ မင်းသမီးတစ်ပါးနှင့် ချစ်ကြိုက်နေပြီး သူမနှင့်လည်း ဇာတ်လမ်းတွေ ရှိနေတုန်းမှာပဲ အထက်တန်းအမျိုးသမီးတစ်ဦးနှင့်ပါ ချစ်ကျွမ်းဝင်နေသေးသည်။ ထို့ကြောင့် သူမက သူမရဲ့အချစ်တွေကို ရုပ်သိမ်းကာ ထိုလူကို အိပ်ဆောင်အပြင်ဘက်ကို ကန်ထုတ်လိုက်တော့သည်။
ယွီဝိန်းလန် “...”
အဲလူ မဟုတ်ဘူးတဲ့လား။
သူက အလျင်အမြန်ဆက်ဖတ်လိုက်ချိန်မှာတော့ သိပ်မကြာခင်မှာပဲ ရှရှီဟာ စီးပွါးရေးသမားတစ်ဦးနှင့် ထပ်မံတွေ့ဆုံတာကို တွေ့လိုက်ရသည်။ ထိုချမ်းသာတဲ့လူက သူမရဲ့အလှကို နှစ်သက်ပြီး တစ်ခဏလောက် ရတနာများစွာပေးလာခဲ့သည်။
သို့သော် သူမရဲ့ခင်ပွန်းက မြို့တော်ကို ပြန်လာချိန်မှာတော့ ထိုသူနှစ်ဦးက ရွေးချယ်စရာမရှိတော့ပဲ လမ်းခွဲလိုက်ရတော့သည်။
ယွီဝိန်းလန်က သိချင်သွားရပြန်သည်။ သူကများ အဲကလေးရဲ့အဖေအရင်းများ ဖြစ်နိုင်လောက်လား။
တွက်ချက်ပြီးနောက််မှာတော့ လင်းဝူမြို့စားရဲ့ဆက်ခံသူ စွင်းကျန်းဖုန်းက သူနှင့်ရွယ်တူလောက်ပင်။ မြို့စားလင်းဝူက မြို့တော်ကို လွန်ခဲ့တဲ့နှစ်နှစ်ဆယ်လောက်က အရှေ့တောင်အရပ်က ရှေ့တန်းကာကွယ်ရေးကို ပြီးသွားပြီးတဲ့နောက် ပြန်လာတာဆိုတော့ သူ့သားက အဲနောက်မှာမှ မွေးတာပေါ့။
ဒီလိုသာဆို ဖြစ်နိုင်ချေ အရမ်းရှိသွားပြီ!
သို့သော် သူ ဖတ်လို့မပြီးနိုင်ခင်မှာပဲ သူ့ဘေးနားက ယန်ရှုဟာ သမ်းလာပြီး မျက်ရည်ဝဲနေတဲ့ မျက်လုံးတွေနဲ့ ပြောလာသည်။
“အရှင်မင်းကြီး ကျွန်တော်မျိုးမ အိပ်ချင်နေပါပြီ။ ဘာလို့မနက်ဖြန်မှ ဆက်မကြည့်တာလဲဟင်”
စကားပြောပြီးနောက် သူက မနက်ဖြန်လည်း အကူးအပြောင်းကာလကို ဖြတ်သန်းရဦးမှာဆိုတာကို ရုတ်တရက် သတိရလိုက်သည်။ ထို့ကြောင့် သူမက ပြောလာသည်။
27 02
“သန်ဘက်ခါဆို အဆင်ပြေတယ်လေ။ ဘာပဲဖြစ်ဖြစ် ဒီကိုယ်လုပ်တော်လည်း ရေးပြီးပြီဆိုတော့”
ယွီဝိန်းလန်က သူမကိုမျက်ခုံးပင့်ကာ ကြည့်လာပြီး
“ဗိုက်ပြည့်နေတုန်းအိပ်မယ်ဆိုတော့ မင်းကဝက်လား”
ယန်ရှုက မကျေမနပ်နှင့် ရေရွတ်လာသည်။
“အခုလေးတင် အရှင်မင်းကြီးရော စားထားတာပဲလေ”
စွမ်းရည်ရှိတယ်ဆိုရင် ပြန်သွားပြီးရင် မအိပ်နဲ့လေ။
သူမက ချယ်ရီသီးလိုနှုတ်ခမ်းကို စုဝိုင်းကာ ပြောလာသည်။
ယွီဝိန်းလန်က ရယ်မောစွာနဲ့ သူရဲ့လက်ကို ဆန့်လိုက်ပြီး သူမပါးကို ညှစ်လိုက်ကာ ပြောလိုက်သည်။
“ဒါဆိုလည်း သွားအိပ်တော့လေ။ ကိုယ်တော်က ပြန်ယူသွားပြီး တစ်ချက် ကြည့်ကြည့်ဦးမယ်”
“ဘာကြီး”
ယန်ရှုက ရပ်သွားတော့သည်
“ပြန်ယူသွားပြီး ကြည့်မယ်ဟုတ်လား”
ယွီဝိန်းလန်က နှုတ်ခမ်းပိတ်လျက် “အမ်း” ဟု ပြောလိုက်ပြီး သူ့ဝတ်ရုံလက်ထဲကို ဇာတ်ညွှန်းအား ထည့်လိုက်တော့သည်။
— ငါကိုယ်တော် အဓိကအချက်တွေကို မြင်နေရပြီ ဒီကလေးက ဘယ်သူ့သားလဲဆိုတာကို မသိရရင် ဒီည အိပ်မပျော်နိုင်ဘဲ ဖြစ်နေလိမ့်မယ်
သို့သော် သူမနှလုံးသားထဲက စောဒက တက်နေသံကို ကြားလိုက်ရသည်။
[ဆိုတော့ ငါရေးထားတာက အရမ်းကိုမှ အံ့အားသင့်စရာ ကောင်းတယ်ပေါ့လေ! ပြန်ယူသွားပြီးတောင် ကြည့်မယ်ပေါ့ဟုတ်လား။ ပြပွဲပဲ! ကြည့်ရတာ အနာဂတ်မှာ နာမည်ကျော်လောက်တယ်!! ကျစ် ကြည့်ရတာ ထွင်လုံးတစ်ခုခု ထည့်လို့ရမယ်
ထင်တယ်! ပြီးရင် ဒီဝတ္ထုကို “ဧကရာဇ်ကိုတောင်မှ မရပ်တန့်ချင်အောင်လုပ်နိုင်တဲ့ဝတ္ထု”လို့ ခေါင်းစဉ်တပ်ပစ်ရမယ်! ဒါဆိုသေချာပေါက် ရောင်းကောင်းမှာပဲ]
ယွီဝိန်းလန် “…..”
ဒီအရှုပ်ထုပ်တွေက ဘာတွေလဲ။
~~~
ညလယ်မှာတော့ ယွီဝိန်းလန်က အိပ်ခန်းကိုပြန်ကာ ဇာတ်ညွှန်းကိုထုတ်ပြီး ဆက်ဖတ်တော့သည်။
သေချာပေါက်ပင် သူ မျှော်လင့်ထားသည့်အတိုင်း သခင်မရှရဲ့ခင်ပွန်း မြို့တော်ကို ပြန်လာစဉ်ကတည်းက သူမက အပြင်လူတွေနှင့် ထပ်မတွေ့တော့ပေ။ သို့သော် မကြာခင်မှာပဲ သူ့သားက မွေးလာတော့သည်။ ဒါဆို အဲကလေးက သေချာပေါက် အဲစီးပွားရေးသမားရဲ့သားပဲ။
ထိုပုံပြင်ကို ဘေးဖယ်လိုက်ပြီး ယွီဝိန်းလန်က အတော်လေး ရှုပ်ထွေးနေပေသည်။ကံကောင်းစွာနှင့် မြို့စားလင်းဝူနှင့်လီက ထွက်သွားသည်။
သူတို့တွေ ဒီနှစ်တွေထဲမှာ ဦးထုပ်စိမ်းကို ဘယ်လောက်တောင် ဆောင်းနေခဲ့ကြရတာလဲ။
သို့သော် သူ့နှလုံးသားထဲက သံသယတွေကတော့ ဖြေရှင်းပြီးသွားပြီပင်။ ထို့ကြောင့် သူ့မျက်လုံးကို ပိတ်ကာ စိတ်အေးသက်သာစွာနှင့် အိပ်စက်လိုက်တော့သည်။
မမျှော်လင့်ထားစွာနဲ့ ထိုညမှာ သူ့အိပ်မက် ကို ဆုံးရှုံးလိုက်ရပြန်သည်။
မနက်ခင်းအစောပိုင်းမှာ ငိုက်မျဉ်းနေပြီး နိုးလာချိန်မှာတော့ တစ်ခြားတစ်ခုကို တွေ့လိုက်ရသည်။
နှစ်ရက်ဆက်တိုက် ထွက်ပေါ်လာခဲ့သည့် ပြောင်းလဲမှုတွေက ကြည့်ရတာ အဆုံးသတ်သွားသည့်ပုံပင်။
ယွီဝိန်းလန်ရဲ့နှလုံးသားက နစ်မြုပ်သွားပေမဲ့ သူဟာ ထိုပြောင်းလဲမှုက ယန်ရှုနဲ့ သက်ဆိုင်တယ်ဆိုတာကို ပိုပိုပြီး သေချာလာတော့သည်။
သူက သူမဘေး၌ သူမနှင့် နီးကပ်သည့်အချိန်မှာသာ အိပ်မက် မက်နိုင်တာဖြစ်ပြီး သူ့ဘေးမှာ သူမ မရှိလျှင် ယခင်ကလိုပင် ထုံထိုင်းနေမည် ဖြစ်သည်။
ရုတ်တရက် သူ မထိန်းလိုက်နိုင်ဘဲ အကူးအပြောင်းကာလသုံးရက်က အရမ်းကြာရှည်လွန်းသည်ဟု ပထမဆုံးအကြိမ်အဖြစ် သိလိုက်ရတော့သည်။
27 03
သို့သော်လည်း ဘာပဲ ဖြစ်နေပါစေ သူက တစ်ခဏလေးတောင် မစောင့်နိုင်တော့ပေ။ သူ့ရဲ့မနက်စာကို ဝန်လေးစွာနဲ့စားနေတုန်းမှာပင် သူ့ရဲ့အမိန့်အရ အိမ်တွင်းရေးဌာနရဲ့ ဝန်ကြီးစံအိမ်ကို စုံစမ်းဖို့စေလွှတ်လိုက်တဲ့ ကျိယီဝေ့က ပြန်ရောက်လာခဲ့သည်။
ယွီဝိန်းလန်က အတွေးတွေကို စုစည်းလိုက်ကာ မေးလာသည်။
“ဘယ်လိုလဲ။
ကျိယီဝေ့က ပြန်ဖြေလာခဲ့သည်။
“ဝေ့ချန်နဲ့ တစ်ခြားသူတွေက ဟူပုရှန်းလုစံအိမ်ကနေ မွေးနေ့ပွဲအတွက် အစားအသောက် သက်သက်ကိုပဲ ငွေတုံးရှစ်ထောင်ကျော်သုံးထားတယ်လို့ အတည်ပြုပေးလာပါတယ်။ ပြီးတော့လည်း စံအိမ်ကိုအလှဆင်တဲ့ ပန်းတွေ သစ်ပင်တွေနဲ့လက်ဆောင်တွေ စတာတွေအတွက် သုံးတာက စုစုပေါင်းဆိုရင် ငွေတုံးတစ်သောင်းသုံးထောင်ကျော် ကျပါတယ်”
ယွီဝိန်းလန်က မျက်မှောင် ကြုတ်သွားသည်။
သိပ်ကောင်းတယ်။ မွေးနေ့ပွဲလေးတစ်ခုအတွက်ကို ငွေတုံးသောင်းသုံးထောင် ဖြုန်းတယ်ပေါ့လေ။ တော်ဝင်နန်းတော်ထက်ကို အတော်လေး ပုံကြီးချဲ့ထားတာပဲ။
“သူက အဲပိုက်ဆံတွေကို ဘယ်ကရတာလဲ”
ကျိယီဝေ့က ပြောလာသည်
“သူ့ရဲ့စံအိမ်မှာ စာရင်းစာအုပ်တွေ အများကြီး တွေ့ခဲ့ပါတယ်။ အရှင်မင်းကြီးတစ်ချက် ကြည့်ကြည့်ပါ”
ယွီဝိန်းလန်က ယူလိုက်ပြီး ဖွင့်ကာ ကြည့်လာပြီး ကျိယီဝေ့ပြောတာကို နားထောင်လိုက်သည်။
“သူ အရာရှိ ဖြစ်လာကတည်းက အလွဲသုံးစားလုပ်လာခဲ့တဲ့ ဝင်ငွေတွေနဲ့ ဒီနှစ်တွေထဲမှာ သူ့ငယ်သားတွေဆီကဆက်သလာတဲ့ လက်ဆောင်တွေရော ပါပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ချိန်အန်းကုန်းက သူ့ကို ငွေတုံးတစ်သောင်း ဆက်သလာပါတယ်။ ဒါက လာဘ်ထိုးမှုပါပဲ”
“ချိန်အန်းကုန်း ဟုတ်လား”
ယွီဝိန်းလန်က ရပ်သွားတော့သည်။
ဧကရီမယ်တော်ကြီးနဲ့ဆက်ဆံရေးကြောင့် အခုချိန်မှာ မြို့စားချိန်အန်းရဲ့စံအိမ်တော်ဟာ မြို့တော်မှာ အင်အားအကြီးဆုံး မိသားစုပင်ဖြစ်သည်။ ထို့ကြောင့် ဒီနှစ်တွေထဲမှာ မြို့စားချိန်အန်းက အရမ်းကို စိတ်ကြီးဝင်နေပြီး မရေမတွက်နိုင်တဲ့လူတွေကို ဆန့်ကျင်ခဲ့ပြီးဖြစ်သည်။
သူ့ရဲ့အာရုံအရဆိုလျှင် တစ်ခြားသူတွေကသာ သူ့ကို လာဘ်ထိုးနိုင်မည်ဖြစ်ပြီး ဒီတစ်ကြိမ်မှာကျ အိမ်တွင်းရေးဌာနရဲ့ဝန်ကြီးကို ဘာလို့ပိုက်ဆံတွေ ပေးရတာလဲ။
သူက ထပ်မေးလိုက်သည်။
“ချီဝေ့ကျိုက်ကလွဲပြီး ချိန်အန်းကုန်းက ဘယ်သူတွေဆီ ဘာတွေပို့သေးလဲ။
ကျိယီဝေ့က ပြောလိုက်သည်။
“အိမ်တွင်းရေးဌာနရဲ့ဝန်ကြီးကို ငွေတုံးတွေပေးတာအပြင် ချိန်အန်းကုန်းက ရိုးရာဓလေ့ထုံးတမ်းဝန်ကြီးဆီကို ကိုယ်လုပ်တော်လေးယောက် ပို့ပေးလိုက်ပါသေးတယ်။ ဝမ်ဟွားစံအိမ်ရဲ့ပညာရှင်နဲ့ ထိုက်ဖူစွင်းဆီကိုလည်း ရတနာတွေ ပို့လိုက်ပါသေးတယ်”
ယွီဝိန်းလန် နားလည်သွားချေပြီ။
သူတို့အားလုံးက အရေးကြီးတဲ့ ဝန်ကြီးတွေပင်။ ကြည့်ရတာ သူ့ဦးလေးဖြစ်သူက ကြီးကြီးမားမား တစ်ခုခု လုပ်ချင်တဲ့ပုံပဲ။
သိပ်ကောင်းတယ်။ သစ်အယ်သီးကိတ်အကြောင်း စာရင်းရှင်းရမှာကို အရင်မေ့ထားလိုက်ကြတာပေါ့။
******