← Chapters

အခန်း (၂၈-၃၀)

Vol. 2 Ch. 28-30

အခန်း (၂၈-၃၀)

Vol. 2 Ch. 28-30

28 01

အပိုင်း 28

ကန်လုနန်းဆောင်၌

မနက်ခင်းစောစောတွင် ယန်ရှုက ဆေးကြောလိုက်ကာ အဝတ်အစား လဲပြီးနောက် ထမင်းစားစားပွဲဆီကို သွားလိုက်ချိန်မှာတော့ မနက်စာကို ပြင်ပြီးသွားပြီ ဖြစ်သည်။

သေချာတာပေါ့ သတ်သတ်လွတ် ဖြစ်နေဆဲဖြစ်ပြီး ကြက်ဥတစ်လုံးပင် မပါပေ။

သူမက ကိုယ့်ကိုကိုယ် ယုန် သို့မဟုတ် သိုးဖြစ်နေပြီဟုပင် ခံစားလိုက်ရသည်။ အသားအရသာက ဘယ်လိုရှိသလဲဆိုတာကိုပင် သူမ မေ့လုနီးပါးဖြစ်နေပြီ။

သူမရဲ့မျက်မှောင် ကြုတ်နေတဲ့အကြည့်ကို ရန်တုန်းက လျင်မြန်စွာ နှစ်သိမ့်ပေးလာသည်။

“သခင်မလေး သည်းခံလိုက်ပါ။ မနက်ဖြန်ဆိုရင် အသားစားလို့ရပြီလေ”

ယန်ရှု “…လာစမ်းပါ မနက်ဖြန်ကျ ဘိုးဘေးတွေကို ကန်တော့ပြီးတာနဲ့ မနက်နဲ့နေ့လည်မှာ သတ်သတ်လွတ်စားပြီးရင် ညနေကျအသားစားလို့ရပြီ”

မမျှော်လင့်စွာနဲ့ ထိုစကားသံ ထွက်လာသည်နှင့် စစ်စတန်က အသိပေးချက် မြည်လာသည်။

[အခြေအနေတစ်ခုရှိတယ် မနက်ဖြန်ရှန်းသျန်က မြင့်မြတ်တဲ့အခမ်းအနား ပြီးရင် တစ်ယောက်ယောက်က မင်းကိုအန္တရာယ်ပေးလိမ့်မယ်]

ယန်ရှုက တွန့်ဆုတ် သွားတော့သည်။

[ဘယ်သူက မိစ္ဆာမ ဖြစ်ချင်နေတာလဲ။]

စစ်စတန် [ခန့်မှန်းကြည့်လေ။]

ယန်ရှု […..ခန့်မှန်းတာပဲလား။]

စစ်စတန် [ဥာဏ်သုံးစမ်းပါ အခုမှာ ဘယ်သူကနင့်ကို အမုန်းဆုံးဖြစ်နေမလဲ။]

ယန်ရှု “…..”

မေးခွန်းမေးဖို့ လိုနေသေးတာလား။ သူမက ပစ်မှတ်ဖြစ်နေတာလေ။ မောင်းမဆောင်တစ်ခုလုံးထဲက ဘယ်သူက သူမကို မမုန်းလို့လဲ။

သို့သော် ပြန်တွေးကြည့်ဖို့ ကြိုးစားလိုက်ချိန်မှာတော့ ကိုယ်လုပ်တော်နင်က အပြင်ထွက်ခွင့် ပိတ်ထားရတယ်။ ကိုယ်လုပ်တော်လီက အအေးနန်းဆောင်မှာ ပြီးတော့ ဝမ်ကျောက်ယီက နေ့တိုင်းနေ့တိုင်း အလုပ်ကြိုးစားနေတုန်းပဲ။

ကြည့်ရတာ သိသိသာသာကို ဒီသုံးယောက်တော့ မဟုတ်တဲ့ပုံပဲ။

ထို့အပြင် မနက်ဖြန်အခမ်းအနားက ပွဲအကြီးကြီး ဖြစ်မှာပဲ ဧကရာဇ်ရဲ့ကိုယ်လုပ်တော်တွေ တော်ဝင်မိသားစုဝင်တွေနဲ့ ပြည်တွင်းရေးနဲ့စစ်မက်ရေးရာက ဝန်ကြီးတွေအားလုံး ပါဝင်ဆင်နွှဲကြမှာပင်။ ဒီလိုအချိန်မှာ ဘယ်သူက ပြဿနာ ရှာနိုင်သေးတာလဲ။

ဖြစ်နိုင်တာက…..ကိုယ်လုပ်တော်ကျိုးတော့ လုပ်နိုင်မယ်ထင်တာပဲ။

စစ်စတန် [ဘင်ဂို! အဖြေမှန်ပဲ ကိုယ်လုပ်တော်ကျိုးက ကိုယ်လုပ်တော်အန်းကို မနက်ဖြန်ကျမင်းကို အပြတ်ရှင်းဖို့ အမိန့်ပေးထားတယ်]

ယန်ရှု [ကိုယ်လုပ်တော်အန်းလား။ ငါသိသလောက်ဆို သူမက အရမ်းကိုအကြံကြီးတဲ့ သူမျိုးမလား။ သူမက ကိုယ်လုပ်တော်လီလို ဖြစ်မှာကို မကြောက်ဖူးလား]

စစ်စတန် [အမှန်ပဲ သူမက သူမဘာသာ လုပ်တာ မဟုတ်ဘူး။ မင်းရဲ့အသိဟောင်းကို ရှာတွေ့ထားတာ။ အဲတော့ အသင့်ပြင်ထားတော့]

ယန်ရှု [အသိဟောင်း ဟုတ်လား။]

သူမထိုအကြောင်းကိုတွေးလိုက်ချိန်မှာတော့ သူမရဲ့နန်းတော်ထဲက အသိဟောင်းက…..

ကျစ် အဲဒီတစ်ယောက်တည်းသောသူ မဟုတ်လား။

ကောင်းပြီလေ။ အရင်တစ်ခါက သူမ ခံစားခဲ့ရတဲ့ မကျေနပ်ချက်ကိုတောင် စာရင်းမရှင်းရသေးဘူး ဆိုတော့ အဲအကြောင်းကို ပြောရမဲ့အချိန်ပဲ။

~~~

လပြက္ခဒိန်ရဲ့ဆယ့်နှစ်လ နှစ်ဆယ့်ငါးရက်မြောက်နေ့က နန်းတော်ထဲ၌ ဘိုးဘေးတွေကို ကန်တော့သည့်ရက်ပင်ဖြ စ်သည်။

အချိန်ကျလာတဲ့အခါမှာတော့ အရုဏ်မတက်ခင်မှာပဲ လူတိုင်းက ထလိုက်ကြကာ ဆေးကြောပြီးနောက် ရိုးရိုးရှင်းရှင်းမနက်စာကို စားလိုက်ကြပြီး နိမိတ်ကောင်းစေတဲ့ အဝတ်တွေကို ဝတ်လိုက်ကြကာ ဖုန်းရှန်းခန်းမသို့ သွားလိုက်ကြတော့သည်။

28 02

ထိုသို့ပြောမှ ယခုအကြိမ်ဟာ ယန်ရှုအတွက် ဒီလိုပွဲအခမ်းအနားကြီးမျိုးကို ပါဝင်ဆင်နွှဲတဲ့ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ အပျိုတော်လေးတောင်မှ အနည်းငယ် စိတ်လှုပ်ရှားနေပေသည်။

-သိရမည်မှာ ပြည်တွင်းရေးရာနဲ့ စစ်မက်ရေးရာဝန်ကြီးတွေက ဧကရာဇ်ရဲ့ဆွေတော်မျိုးတော်တွေဖြစ်ပြီး ယနေ့ဒီနေရာကို အကုန်တက်ရောက် ကြမည်ဖြစ်သည်။ အကယ်၍သာ အမှားအနည်းငယ် ဖြစ်စေပြီး အရှင်မင်းကြီးကို စိတ်ကွက်စေမိလျှင် ဘယ်လိုပြစ်မှုမျိုးကို ကျူးလွန်မိနိုင်မလဲ မသိပေ။

သခင်နှင့် အစေခံနှစ်ယောက်သားဟာ ဖုန်းရှန်းခန်းမဆောင်ရှိရာသို့ လမ်းတစ်လျှောက် လျှောက်လာကြပြီးနောက်မှာတော့ ခန်းမထဲ၌ တော်ဝင်မိသားစုဘိုးဘေးတွေရဲ့ မှတ်တမ်းကျောက်ပြားများအပြားကို တွေ့လိုက်ရတော့သည်။ ခန်းမထဲတွင် ကြီးမားတဲ့ ဖယောင်းတိုင်ကြီးတွေက ထွန်းလင်းတောက်ပနေပြီး မုန့်နှင့်ဟင်းမျိုးစုံက ကန်တော့ပွဲစားပွဲပေါ် တင်ထားပြီးဖြစ်သည်။

တော်ဝင်မိသားစုဝင်တွေအားလုံးနှင့် ညီလာခံထဲက ပြည်ထဲရေးရာနဲ့စစ်မက်ရေးရာဝန်ကြီးတွေအားလုံးက တိတ်ဆိတ်စွာ ရပ်နေကြပေသည်။ တစ်ချို့ဆိုလျှင် ခန်းမအပြင်ဘက်၌ပါ ရပ်နေကြသေးသည်။

ယန်ရှုက တည်ငြိမ်စွာ လှည့်ပတ်ကြည့်လိုက်ပြီးတဲ့နောက် မတတ်နိုင်စွာ မျက်ခုံးပင့်လိုက်မတော့သည်။ ရှေ့နားမှာ မတ်တပ်ရပ်နေတဲ့ အဲတစ်ယောက်က ချိန်အန်းကုန်းမလား။

ကျစ် သုံးရက်လုံးလုံး အိပ်ရာထဲက မထွက်နိုင်တဲ့သူက ဒီနေ့တကယ်ပဲ ဒီကို လာတယ်လား။

ဒါက အတော်လေးကို……အံ့အားသင့်စရာပဲ။

သို့သော် ထိုသူရဲ့ ဖြူဖျော့နေတဲ့မျက်နှာနဲ့ မည်းနက်နေတဲ့မျက်ကွင်းကို ကြည့်ရတာတော့ ထိန်းချုပ်ထားရသည့်ပုံပင်။

ဟုတ်တာပေါ့။ ယနေ့က တစ်နှစ်ပတ်လုံးရဲ့ အရေးအကြီးဆုံးရက်တွေထဲက တစ်ခုပင်။ ညီလာခံက အရေးပါတဲ့ အရာရှိတွေနဲ့ ဗဟိုအုပ်ချုပ်ရေးပိုင်းကသူတွေက အကြောင်းအရင်းမရှိဘဲ ပျက်ကွက်လို့မရပေ။

သူသာ မလာနိုင်လျှင် အကြောင်းပြချက်တစ်ခု ပေးရမည်ဖြစ်ပြီး သူသာ အဆင်မပြေ ဖြစ်နေတယ်လို့ပြောပါက သစ်အယ်သီးကိတ်ကို ဖော်ထုတ်ပြီးသားဖြစ်သွားမှာ မဟုတ်ဘူးလား။

ထိုအကြောင်းကိုတွေးကာ ယန်ရှုက မနေနိုင်ပဲ ရယ်လိုက်သည်။

သို့သော် ယနေ့က လေးနက်တဲ့အခမ်းအနား ဖြစ်သည့်အတွက် ရယ်ခွင့်မရှိပေ။

သူမက ထိန်းဖို့ကြိုးစားလိုက်ပေမဲ့ ရန်တုန်းက သူမရဲ့ဝတ်ရုံလက်စကို ငြင်သာစွာ ဆွဲလာတာကို ခံစားလိုက်ရသည်။

ယန်ရှုက ရန်တုန်းရဲ့အကြည့်နောက်ကို လိုက်ပါ ကြည့်လိုက်ချိန်မှာတော့ ကျန်းချိုက်ရန်လည်း ယနေ့ဒီကိုလာသည်ဆိုတာအား တွေ့လိုက်ရပေသည်။

-သူမရဲ့အသံပျက်စီးသွားကတည်းက ထိုမိန်းမဟာ မည်သူ့မျက်လုံးရှေ့မှာမှ ထပ်ပေါ်မလာတော့ပေ။ ပြီးတော့ သူမ၏အဆင့်နှင့်ဆိုလျှင် ဖုန်းရှန်းနန်းဆောင်ကို ဝင်ရောက်ဖို့က မဖြစ်နိုင်ပေ။

ယန်ရှုက သူမရဲ့တည်ငြိမ်မှုကို ဖော်ပြရန် မျက်ခွံတို့ကို ပိတ်လိုက်တော့သည်။

ကိုယ်လုပ်တော်နင် ပိတ်ပင်ခံရကတည်းက မောင်းမဆောင်တစ်ခုလုံးကို တော်ဝင်ကိုယ်လုပ်တော်ကျိုးက ထိန်းချုပ်နေခဲ့တာပင်။ ဒီနေ့ ဒီလောက်လူတွေ အများကြီးနဲ့ဆိုရင် သူမစိတ်တိုင်းကျ ခေါ်ချင်တဲ့သူကို ခေါ်လို့ရပြီမလား။

ထို့ပြင် စနစ်ကလည်း သူမကို သတိပေးချက်ထုတ်ပေးပြီးသားပင်။ ထို့ကြောင့် ဒီနေ့က အခြေအနေနဲ့လိုက်လျောညီထွေနေရုံပင်ဖြစ်သည်။

လူတိုင်းရောက်ပြီး သိပ်မကြာခင်မှာပဲ ဧကရာဇ်က နောက်ဆုံးတော့ ပေါ်ထွက်လာပြီ ဖြစ်သည်။

ယွီဝိန်းလန်က နဂါးဆယ့်နှစ်ကောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခံ့ညားသထက် ခံ့ညားထည်ဝါနေပေသည်။ ယန်ရှုက တိတ်တဆိတ် ကြည့်လိုက်ကာ သူမဘာသာ မနေနိုင်ဘဲ တွေးလိုက်မိသည်။ ဘယ်လိုတောင် ချောတာလဲ။

ဒီလို ကျောက်စိမ်းလိုအေးစက်နေတဲ့မျက်နှာနဲ့ ဒီအင်အားအပြည့်နဲ့အရှိန်အဝါကို ဘယ်သူက ယှဉ်နိုင်မှာတဲ့လဲ။

ယွီဝိန်းလန်က သူ့နှုတ်ခမ်းထောင့်ကို တိတ်တဆိတ် တွန့်လိုက်ပြီး သူ့ကိုချောတယ်ပြောတာကတော့ ရပါတယ်။ အရှေ့က စာလုံးနှစ်လုံးကတော့ မလိုအပ်ဘူးထင်တာပဲ။

“အရှင်မင်းကြီးကို နှုတ်ခွန်းဆက်ပါတယ်”

ခန်းမထဲတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်တဲ့အသံတစ်ခု ထွက်လာပြီး လူတိုင်းက အရိုအသေပေးရန် ဒူးထောက်ချလာကြသည်။ သူဟာ လူတိုင်းကို ပြန်ထရန် တည်ငြိမ်စွာ အမိန့်ပေးလိုက်ပြီးနောက် အိမ်တွင်းရေးရာအရာရှိကို အခမ်းအနားစရန် အချက်ပြလိုက်တော့သည်။

28 03

ဂီတပညာရှင်တွေက ခေါင်းလောင်းကို တီးလိုက်ကြပြီး မြင့်မြတ်တဲ့ဂီတသံဟာ ခန်းမထဲ၌ လွင့်ပျံလာတော့သည်။ အိမ်တွင်းရေးရာအရာရှိက မြင့်မြတ်တဲ့သဝဏ်လွှာကို စတင်ဖတ်ရှုလာတော့သည်။

မြင့်မြတ်တဲ့သဝဏ်လွှာကို ဖတ်ရှုပြီးနောက်မှာ ယွီဝိန်းလန်က ရှေ့သို့လှမ်းလိုက်ပြီး မုန့်တွေဆက်သလိုက်သည်။ ထို့နောက် ခန်းမထဲက လူတိုင်းက သူနှင့်အတူ ဒူးထောက်ချလာပြီး သုံးကြိမ်တိတိ ဦးညွှတ်လာပြီးနောက် ယွီဝိန်မိသားစု ဘိုးဘေးတွေကို ကိုးကြိမ်တိုင် ဦးညွှတ်လာကြတော့သည်။

ပူဇော်ပွဲပြီးတဲ့နောက်မှာပဲ မြင့်မြတ်အခမ်းအနားက ပြီးပြည့်စုံပြီဟု သတ်မှတ်လို့ရပြီ ဖြစ်သည်။ နေ့လည်ခင်းတွင် လူတိုင်းကို စောင့်ဆိုင်းနေသည့် မြင့်မြတ်ညစာစားပွဲ ရှိသည်။

လူတိုင်းက နန်းဆောင်အပြင်ဘက်ကို ထွက်ခါနီးမှာပဲ တစ်ယောက်ယောက်က ရုတ်တရက် ပြောလာသည်ကို ကြားလိုက်ရသည်။

“ဒီကိုယ်လုပ်တော်မှာ နစ်နာချက်တစ်ခုရှိပါတယ်။ အရှင်မင်းကြီး ကျေးဇူးပြုပြီး တရားမျှတမှု ယူပေးပါ”

ထိုအသံက ယောက်ျားတစ်ယောက်လို ကြမ်းတမ်းကာ အက်ကွဲနေပေသည်။

ဒါပေမဲ့ လူတိုင်းက ကိုယ်လုပ်တော်တစ်ယောက်လို ဝတ်ဆင်ထားတဲ့ မိန်းမတစ်ယောက်က မြေပြင်ပေါ်မှာ ဒူးထောက်နေတာကို တွေ့လိုက်ရပေသည်။

ကျန်းချိုက်ရန်ကလွဲလျှင် တစ်ခြားသူ မဟုတ်ပေ။

ယန်ရှုက သေချာသည်။ ကောင်းပြီလေ သူမက နှစ်ရက်နဲ့နှစ်ညတောင် စောင့်နေခဲ့ရတာ နောက်ဆုံးတော့ ရောက်လာပြီပေါ့လေ။

ဒီလိုအချိန်မှာ တရားမျှတမှုရှာနေပြီး သူမက ကိုယ်လုပ်တော်တစ်ယောက်လည်း ဖြစ်နေသေးသည်။ လူတိုင်းက အံ့အားသင့်သွားပြီး သူတို့နှလုံးသားထဲမှာ တစ်ချိန်တည်းမှာပဲ တီးတိုးရေရွတ်လိုက်ကြတော့သည်။

ဘုရင်မင်းမြတ်ကလည်း လျစ်လျှူရှု၍ မရနိုင်ပေ။ ထို့ကြောင့် သူရပ်လိုက်ပြီး မေးလိုက်သည်။

“ဘာနစ်နာချက်လဲ

ထို့နောက် ကျန်းချိုက်ရ န်ပြောလာတာကို ကြားလိုက်ရသည်။

“ဒီကိုယ်လုပ်တော်ရဲ့အသံက မူလက ကောင်းပါတယ်။ နှစ်သစ်ရဲ့ရှစ်ရက်မြောက်နေ့မှာပဲ အရှင်မင်းကြီးနဲ့ ဧကရီမိဖုရားကြီးအတွက် သီဆိုပေးခဲ့ပါသေးတယ်။ ဒါပေမဲ့ ထိုညအပြီးမှာတော့ ဒီကိုယ်လုပ်တော်က တစ်ခြားသူတွေရဲ့ လုပ်ကြံတာကိုခံလိုက်ရပြီး အသံကဒီလိုဖြစ်သွားရပါတယ်။ အရှင်မင်းကြီးက လုပ်ကြံသူကို ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်လို့ မျှော်လင့်ပါတယ်….”

ထို့နောက် သူမက စတင်ငိုကြွေးတော့သည်။

သူမအသံက စူးရှနေတာကို မပြောနဲ့ဦး ယခုလိုနှုတ်စအာစပါ ထပ်ပေါင်းပြောလာချိန်မှာတော့ တစ်ချက်တည်းနှင့် လူတွေကို အလွယ်တကူပဲ လှုပ်ရှားစေနိုင်ပေသည်။

ဒါပေမဲ့ ဝန်ကြီးတစ်ဦး ပြောလာသံကို ကြားလိုက်ရသည်။

“နန်းတော်ထဲမှာ ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုး ဖြစ်ရတာလဲ။

ယွီဝိန်းလန်ရဲ့အမူအရာက တည်ငြိမ်နေပြီး ပြောရုံသာပြောလာသည်။

“ဒါဆို ဘယ်သူကမင်းကို တိုက်ခိုက်ခဲ့တာလဲ။ သက်သေရှိလား

“ရှိပါတယ်!”

ကျန်းချိုက်ရန်က အလျင်အမြန်ပဲ ပြောလာသည်။

“ဒီကိုယ်လုပ်တော်လည်း သူမက တစ်ခုခုလုပ်ထားမှန်း အစတုန်းက မသိခဲ့ပါဘူး အဲတာက လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက တော်ဝင်သမားတော်ရုံးမှာရှိတဲ့ ကျွန်တော်မျိုးမ ဖခင်ရဲ့သူငယ်ချင်းဟောင်းတစ်ယောက်ဆီကနေ မသိခဲ့ရခင်အထိပါ အဲအချိန်တုန်းက ဒီကိုယ်လုပ်တော်က ဖျားနာနေခဲ့ပြီး တော်ဝင်သမားတော်ဆီ တစ်ယောက်ယောက်ကို ဆေးစပ်ခိုင်းလိုက်တာပါ။ ထိုမိန်းကလေးကပဲ ဒီကိုယ်လုပ်တော်ရဲ့ဆေးမှာ အဆိပ်ခတ်လိုက်ပြီး ကိုယ်လုပ်တော်ရဲ့အသံကို ဒီလိုဖြစ်စေတာပါ အဲဒီလူကတော့ လိကွေ့ယိပါပဲ”

သူမပြောလိုက်ချိန်မှာပဲ သူမလက်ကို ဆန့်ထုတ်လိုက်ကာ ယန်ရှုရှိရာဘက်ကို ထိုးပြလာတော့သည်။

လူတိုင်းက ယန်ရှုကို အတူတကွကြည့်လာကြတော့သည်။

အိုး ဒီအချိန်က ငါကပြရမဲ့အချိန်ပဲ။

ယန်ရှုက အံ့ဩစွာဖြင့် ချက်ချင်းပဲ မေးလာသည်။

“ဖြစ်နိုင်တာက ကျန်းချိုက်ရန်များ လူမှားပြောတာလား။ ကျွန်မမှာ ရှင်နဲ့ ဘာမကျေနပ်ချက်မှ မရှိပါဘူး။ အဲတော့ ကျွန်မက ဘာလို့ရှင့်ကို အဆိပ်ခတ်ရမှာလဲ

28 04

ကျန်းချိုက်ရန်က ယုံကြည်လောင် စွာပြောလာသည်။

“ဘာလို့လဲဆိုတော့ ငါကနင့်ထက် ပိုပြီးအဖိုးတန်တာတွေကို ဝတ်ထားတာကို မနာလိုလို့မလား။ အဲဒီညမှာတုန်းကလည်း အရှင်မင်းကြီးနဲ့ ဧကရီမယ်တော်ကြီးအတွက် သီချင်းဆိုပေးခဲ့တာကို မနာလိုလို့မလား။ အဲတော့ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာမလား

ထိုစကားတွေ ထွက်လာသည်နှင့် ယွီဝိန်းလန်က ယန်ရှု မပြောနိုင်ခင်မှာပဲ ပြောလာသည်။

“ငါကိုယ်တော် မင်းမှာ သက်သေရှိလို့လားလို့ မေးနေတယ်လေ”

ကျန်းချိုက်ရန်က အလျင်အမြန်ပဲ ပြောလာသည်

“ဒီကိုယ်လုပ်တော်မှာ တော်ဝင်သမားတော်ဆောင်က တစ်ယောက်ယောက် သက်သေခံပေးဖို့ ရှိပါတယ်”

ယွီဝိန်းလန်က ပြောလာသည်

“ခေါ်လာခဲ့”

ကျန်းချိုက်ရန်က ချက်ချင်းပဲ သူမရဲ့အစေခံ ချွင်းအာကို ခေါ်လိုက်တော့သည်။ ထို့နောက် သူမက နန်းတော်အပြင်ဘက်ကနေ သူမ ၏အမျိုးသမီးသမားတော်တစ်ဦးကို ခေါ်လာပြီး ဒူးထောက်ချကာ ပြောလာသည်။

“အရှင်မင်းကြီး လပြက္ခဒိန်ရဲ့ဆယ့်နှစ်လပိုင်း ဆယ်ရက်မြောက်နေ့မှာ လိကွေ့ယိက အစေခံတစ်ယောက်ကို လွှတ်လိုက်ကာ ဒီငယ်သားကို “ငွေတုံးငါးဆယ်”ပေးခိုင်းလိုက်ပါတယ် ပြီးတော့ ဒီငယ်သားကို ကျန်းချိုက်ရန်ရဲ့ဆေးထဲမှာ ပေါင်ဒါမှုန့် အနည်းငယ် ထည့်ခိုင်းလာပါတယ်။ အဲတုန်းက ဒီငယ်သားက ငွေရဲ့ဆွဲဆောင်မှုကို ယာယီမတောင့်ခံနိုင်ဖြစ်သွားခဲ့ပါတယ်….”

ထို့နောက် သူမဟာ သူမရဲ့ဝတ်ရုံထဲကနေ အိတ်တစ်အိတ်ထုတ်လာပြီး ပြောလာသည်

“ဒါက ငွေတုံးငါးဆယ်ပါ ကျွန်တော်မျိုးမက နောက်ပိုင်းမှာ နောင်တရတဲ့အတွက် မသုံးရဲခဲ့ပါဘူး ကျေးဇူးပြုပြီး ချမ်းသာပေးတော်မူပါ အရှင်မင်းကြီး

ဖုဟိုင်က ရှေ့တိုးလိုက်ပြီး ထိုအိတ်ကို ယူလိုက်ကာ ဖွင့်လိုက်ချိန်မှာတော့ အတွင်းထဲ၌ တကယ်ပဲ အဖြူရောင်ငွေတုံးတွေရှိနေတာကို တွေ့လိုက်ရတော့သည်။

++++++

29 01

အပိုင်း 29

ရလဒ်အနေနှင့် လူတိုင်းက ယန်ရှုကို တစ်ဖန်ကြည့်လာကြပြန်သည်။

သူမက အလျင်မလိုတာကို မြင်လိုက်ရသည့်အပြင် ရယ်မောကာ သမားတော်ကို ပြောလာသည်။

“မင်းက ငါ့ကို တကယ်ပဲ မြင့်မြင့်တွေးထားတာပဲ။ အမှန်အတိုင်းပြောရရင် လပြက္ခဒိန်ရဲ့ဆယ့်နှစ်လ ဆယ်ရက်မြောက်နေ့မှာ ကျွန်မရဲ့လက်ထဲမှာ ငွေတုံးငါးဆယ်တောင် မရှိဘူး”

ဘာကြီး။

ထိုစကားလုံးတွေကို ကြားလိုက်ချိန်မှာတော့ လူတိုင်းက သိချင်သွားရတော့သည်။

ယန်ရှုက သက်ပြင်းချကာ

“နန်းတော်ကို ဝင်လာချိန်ကတည်းကနေ လွန်ခဲ့တဲ့ ရက်အနည်းငယ် မတိုင်ခင်အထိမှာ ကျွန်မက အပျိုတော်အဆင့်ပဲရှိပြီး ကျွန်မရဲ့နှစ်စဉ်အသုံးစရိတ်က တစ်နှစ်မှ ငွေတုံးငါးဆယ်တည်းပါ။ နှစ်တိုင်းနှစ်တိုင်း အန်းသဲ့ကောင်တီက မိသားစုကို ပို့ပေးတဲ့အပြင် ကျွန်မရဲ့ကိုယ်ပိုင်နန်းဆောင်က သူတွေကိုလည်း လှူပေးသေးတယ်။ လွန်ခဲ့တဲ့လတုန်းက ရှောင်သုန်းကျစ်ရဲ့အမေ ဖျားနာတုန်းကဆို သူ့ကို ငွေတုံး နှစ်ဆယ်ပေးလိုက်သေးတယ် လျန်ရှင်းရဲ့အစ်ကို လက်ထပ်မဲ့အချိန်တုန်းကလည်း ငွေဆယ့်နှစ်တုံး ပေးလိုက်သေးတယ်။ ငွေ မထုတ်နိုင်တဲ့အတွက် ငွေတုံးတွေပဲ ပေးလိုက်နိုင်တယ်။ ငွေတုံးငါး ဆယ်ကို အသာထားဦး ကျွန်မမှာရှိသမျှက ငွေတုံးအပဲ့တွေချည်းပဲ။ အဲလိုငွေတုံးအတွဲလိုက်ဆိုတာလည်း ကျွန်မမှာ မရှိပါဘူး”

သူမ ပြောလိုက်ပြီးချိန်မှာပဲ ကျန်းချိုက်ရန်ကို ထပ်ကြည့်လိုက်ကာ

“ကျွန်မရဲ့မိသားစုက သခင်မလေးတွေလောက် မကောင်းမွန်ပါဘူး။ ကျွန်မက နန်းတော်ထဲမှာ အာဏာရော ပိုက်ဆံပါ မရှိဘူး။ ရှောင်ချွင်းဇီတောင်မှ တစ်ခြားသူတွေဆီက ဖျားယောင်းခံရပြီး ကျွန်မကို စွပ်ခံရအောင် လုပ်သေးတယ်။ အဲတော့ တစ်ခြားသူကို ထိခိုက်အောင် ကျွန်မက ဘယ်လို လုပ်နိုင်မှာတဲ့လဲ”

ထိုစကားလုံးတွေ ထွက်လာသည်နှင့် ရန်တုန်းက အလျင်အမြန် ဒူးထောက်လာကာ ယွီဝိန်းလန်ကို ပြောလာပေသည်။

“အရှင်မင်းကြီး သခင်မလေးပြောတာက အမှန်တွေဆိုတာကို ဒီအစေခံက ကောင်းကင်ကို တိုင်တည်ပြီး သက်သေပြနိုင်ပါတယ်။ နန်းဆောင်ထဲက တစ်ယောက်ယောက်မှာ အခက်အခဲတွေ ရှိတာနဲ့ သခင်မလေးကို အကူအညီတောင်းရင် သခင်မလေးက ရက်ရောစွာ ကူညီမှာဖြစ်ပြီး ဘယ်တုန်းကမှလဲ မငြင်းဆိုခဲ့ဖူးပါဘူး”

သေချာတာပေါ့။ ကိုယ်လုပ်တော်တွေရဲ့လစာက နန်းတော်ရဲ့ ညီလာခံပြဌာန်းချက်နဲ့ ဥပဒေမှာ ဖော်ပြထားပေသည်။ ထိုရာထူး အဆင့်မြင့်တဲ့သူတွေရဲ့လစာက မြင့်မှာဖြစ်ပြီး အပျိုတော်တွေကဲ့သို့ အဆင့်နိမ့်တဲ့သူတွေရဲ့လစာကတော့ နိမ့်ပေသည်။

သူမ မိသားစုကအရာရှိရဲ့အနေအထားက မမြင့်ဘူးဆိုတာကို လူတိုင်းက သိကြပေသည်။ ထိုသည်မှာ အန်းသဲ့ကောင်တီရဲ့ နယ်စွန်နယ်ဖျားက ဆင်းရဲတဲ့ ရွာလေးတစ်ရွာပင်။ သူမ ပြောသည့်အတိုင်းသာဆိုလျှင် သူမလက်ထဲမှာ ထိုမျှလောက် အများကြီး မရှိလောက်ပေ။

ယွီဝိန်းလန်က ဖုဟိုင်ကို အမိန့်ပေးလိုက်သည်။

“တစ်ယောက်ယောက်ကို ဒီငွေချောင်းတွေ ဘယ်ကလာသလဲဆိုတာကို ကြည့်ခိုင်းလိုက်”

-နန်းတော်ထဲမှာသုံးသည့် ငွေချောင်းတွေက ပြည်သူတွေသုံးသည့် ငွေချောင်းတွေနှင့် ကွဲပြားပေသည်။ သူတို့တွေမှာ တော်ဝင်အစဉ်လိုက်နံပါတ်တွေရှိပြီး ရှာတွေ့ဖို့က မခက်ခဲပေ။

ဖုဟိုင်က အလျင်အမြန်ပဲတုံ့ ပြန်လိုက်ကာ လူတွေကို ငွေချောင်းအိတ်အား ထုတ်သွားရန် ပြောလာသည်။

ထိုအရာကို မြင်တော့ ကျန်းချိုက်ရန်က ရပ်တန့်သွားကာ ထို့နောက် ယန်ရှုကို ပြောလာသည်။

“ဒါပေမဲ့ ဒီမှာသက်သေ ရှိတယ်လေ။ တော်ဝင်သမားတော်ဆောင်က တစ်ယောက်ယောက်ကလည်း နင်က အဲနေ့က အပျိုတော်ကိုလွှတ်လိုက်တာကို တွေ့လိုက်တယ်လေ!”

29 02

ရန်တုန်းက လျင်မြန်စွာနှင့် ပြောလာသည်။

“လွန်ခဲ့နှစ်ရက်က ကျွန်မတို့ရဲ့သခင်လေး နေထိုင်မကောင်းဖြစ်လို့ ဒီအစေခံတွေက တော်ဝင်သမားတော်ဆောင်မှာ ဆေးသွားယူပေးတယ်ဆိုတာကို သခင်မလေး မသိဘူးလား။ ဒါပေမဲ့ သူတို့တွေက ဒီအမျိုးသမီးသမားတော်ကို မတွေ့ခဲ့ပါဘူး။ မယုံရင် ထိုက်သမားတော်ဆောင်ကိုသွားပြီး သမားတော်တွေကို စစ်ဆေးနိုင်ပါတယ်”

ယွီဝိန်းလန်က အခမ်းအနားဆိုင်ရာ အကြံပေးအရာရှိကျွမ်းကိုအမိန့်ပေးလိုက်သည်။

“အဲနေ့က ဘယ်သူ တာဝန်ကျတာလဲဆိုတာကို သိရဖို့ တော်ဝင်သမားတော်ဌာနကို သွားလိုက်ချေ”

ကျွမ်းဟာ အလျင်အမြန်ပဲ တော်ဝင်သမားတော်ဌာနကို သွားတော့သည်။

သိပ်မကြာခင်မှာပဲ တော်ဝင်သမားတော်နှစ်ယောက်က ခန်းမထဲကို ရောက်လာတော့သည်။

ထိုသူတို့ထဲက တစ်ယောက်က ထိုနေ့က သူမရဲ့အပူဖုကို ပြသခဲ့တဲ့ ယန်ရှုရဲ့အသိဟောင်းတစ်ဦးပင်။

ဖုဟိုင်က အပျိုတော်လေးကို ညွှန်ပြကာ ထိုသူတို့နှစ်ယောက်ကို မေးလိုက်သည်

“မင်းတို့နှစ်ယောက် လပြက္ခဒိန်ရဲ့ဆယ့်နှစ်လပိုင်း ဆယ်ရက်မြောက်နေ့မှာ ကန်လုနန်းဆောင်က မဟုတ်ဘူး။ အဲဒီတုန်းက ရုံနင်နန်းဆောင်က ဒီမိန်းကလေးကို တွေ့ဖူးသလား

သူတို့ထဲက နှစ်ယောက်က ဦးညွှတ်ကာ ဖြေလာသည်။

“ကျွန်တော်မျိုးမက လပြက္ခဒိန်ရဲ့ဆယ့်နှစ်လပိုင်း ဆယ်ရက်မြောက်နေ့မှာ ဒီအပျိုတော်ကို တစ်ကယ်ပဲတွေ့ခဲ့ပါတယ်။ ပထမကတော့ သူမက လိကွေ့ယိအတွက် ဆေးလာယူတာပါ နောက်တော့ သူမက ဆေးစပ်ပေးတဲ့ ချွင်းကျင်းကို စကားသွားပြောပါတယ်”

ထိုစကားတွေ ထွက်လာသည်နှင့် ရန်တုန်းက စိတ်တိုသွားပြီး ငြင်းဆန်ချင်ခဲ့တာပင်။ သို့သော် ယန်ရှုက သူမကို မျက်လုံးနှင့် ကြည့်ပြီး ရပ်ခိုင်းလိုက်သည်။

သို့သော် ဖုဟိုင်က သူမကို အပူဖု ကုသပေးတဲ့ သမားတော်ကို ထပ်မံကြည့်လိုက်ကာ

“မင်းကရော

ထိုသမားတော်က ဖြေလာသည်။

“ဝေ့ချန်က ထိုအချိန်တုန်းက သမားတော်တစ်ယောက် ရှာနေခဲ့တာပါ။ ထိုမိန်းကလေး သွားမသွားကိုတော့ အာရုံမစိုက်မိပါဘူး။ ဒါပေမဲ့ ဆေးစပ်ပေးတဲ့ ချွင်းကျင်းကတော့ လပြက္ခဒိန်ရဲ့ဆယ့်နှစ်လပိုင်း ဆယ်ရက်မြောက်နေ့မှာ တာဝန်ကျတာ မဟုတ်ပါဘူး။ သူမ ကတော်ဝင်သမားတော်ဌာနမှာ မရှိခဲ့ပါဘူး”

ဖုဟိုင်က အလျင်အမြန်ပဲ မေးလာသည်။ “တကယ်ပဲလား

ထိုသမားတော်ရဲ့လေသံက ခိုင်မာနေပေသည်။

“ဒီငယ်သားက ချွင်းကျင်းဟာ လတိုင်းရဲ့ နှစ်ရက် လေးရက်နဲ့ ခုနစ်ရက်မြောက်နေ့မှာပဲ တာဝန်ကျတယ်ဆိုတာကို ဒီငယ်သားရဲ့ခေါင်းနဲ့ အာမခံပါတယ်။ လပြက္ခဒိန်ရဲ့ ဆယ့်နှစ်လပိုင်း ဆယ်ရက်မြောက်နေ့မှာလည်း နန်းတော်မှာ လုံးဝရှိမနေပါဘူး”

ထိုစကားတွေထွက်လာသည်နှင့် လူတိုင်းက ဘုရင်မင်းမြတ်ကို တစ်ညီတစ်ညွတ်တည်း ကြည့်လာကြတော့သည်။

ဒီလူနှစ်ယောက်မှာ ဆန့်ကျင်ဘက် အတွေးအမြင်တွေရှိ နေတာပဲ။ ဘုရင်မင်းမြတ်က ဘယ်လို ဆုံးဖြတ်မလဲ။

နားထောင်ပြီးနောက် ယွီဝိန်းလန်က ပြောလာသည်။

“တော်ဝင်သမားတော်ဌာနကိုသွားပြီး အမှန်လားဆိုတာ စစ်ဆေးချေ”

အမှန် အမှားကို အသာထား သူဟာလူတိုင်းရဲ့အသံတွေဆီကနေ ကွဲကွဲပြားပြား သိိရပြီးဖြစ်သည်။ သို့သော် အခုလိုအပ်တာက ထိုလူတွေကို အမှန်နှင့်အမှားကို သိရအောင်လုပ်ရမည် ဖြစ်သည်။

တစ်ခဏအတွင်းမှာပဲ အစောင့်တစ်ယောက်ဟာ တော်ဝင်သမားတော်ရုံးတော်က မှတ်တမ်းစာအုပ်ကို ယူလာတော့သည်။

တစ်ချက်ကြည့်လိုက်ချိန်မှာပဲ ချွင်းကျင်းက လပြက္ခဒိန်ရဲ့ဆယ့်နှစ်လပိုင်း ဆယ်ရက်မြောက်နေ့မှာ တာဝန်ကျနေတဲ့မှတ်တမ်းကို တွေ့လိုက်ရတော့သည်။

သို့သော် ဖုဟိုင်က အနားတိုးလိုက်ပြီး အနံ့ခံကြည့်လိုက်ကာ ချက်ချင်းပင်ပြောလာသည်။

“အရှင်မင်းကြီး ဒီမှာရှိတဲ့မှင်က လတ်လတ်ဆတ်ဆတ် ရေးထားတဲ့ပုံပါပဲ”

အနံ့က မပျောက်သေးပေ။

29 03

ထိုအချိန်မှာ တာ့လီဘုရားကျောင်းကဝန်ကြီးလည်း ရှိသည့်အတွက် ယွီဝိန်းလန်က ပြောလိုက်သည်။

“လာပြီးကြည့်ကြည့်လိုက်ပါ”

တာ့လီဘုရားကျောင်းကဝန်ကြီးက ချက်ချင်းပဲ ရှေ့တက်လာပြီး အနံ့ခံကာ ရေနှင့်ဆွတ်ကြည့်လိုက်သည်။ သုံးသပ်ချက်အချို့ပြီးချိန်မှာတော့ ဘုရင်မင်းမြတ်ကို တင်ပြလိုက်သည်။

“အရှင်မင်းကြီး ဒီမှင်ကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ရေးထားတာပါ”

ထိုစကားတွေထွက်လာသည်နှင့် လူတိုင်းက ဆုံးဖြတ်ချက်ချလိုက်ပြီး ဖြစ်သည်။

ယွီဝိန်းလန်က ပထမဆုံးစကားပြောတဲ့ တော်ဝင်သမားတော်ကို ကြည့်လိုက်ပြီး

“သမားတော်ဆိုတာက ရောဂါကုပြီး လူ့အသက်တွေကို ကယ်သင့်တာ အကယ်၍ အပြစ်မရှိတဲ့လူတွေက ကိုယ့်ရဲ့ အမှားတစ်ခုကြောင့် အသတ်ခံရမယ်ဆိုရင် အသိတရားက ဘယ်မှာတဲ့လဲ

တစ်ဖက်လူရဲ့မျက်နှာက ဖြူဖျော့သွားကာ တစ်ခဏခန့် တွန့်ဆုတ်နေပြီး နောက်မှာတော့ ရုတ်တရက် မြေပြင်ပေါ်ကို အလျှင်အမြန် ဒူးထောက်လိုက်ပြီး အကြိမ်ကြိမ် ဦးညွှတ်လာတော့သည်။

“အရှင်မင်းကြီး ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်က ကျွန်တော်မျိုးမရဲ့ တစ်မိသားစုလုံးအသက်နဲ့ ခြိမ်းခြောက်လာလို့ပါ။ အဲတာကြောင့် လိမ်ပြောရုံပဲ တတ်နိုင်ခဲ့ပါတယ်….”

ယွီဝိန်းလန်က နက်ရှိုင်းတဲ့အသံနဲ့ပြောလာသည်။

“ဒါဆို အမှန်တရားကရော။ အဲတာဆို ငါကိုယ်တော် မယ်မင်းအသက်ကို ချမ်းသာပေးမယ်”

တော်ဝင်သမားတော်က ခါးသီးစွာ ရေရွတ်လာသည်။

“နှစ်သစ်ရဲ့ဆယ်ရက်မြောက်နေ့မှာ ဝေ့ချန်က ရုံနင်နန်းဆောင်က အပျိုတော်ယူမဲ့ဆေးကို ညွှန်ကြားရုံပါပဲ။ ချွင်းကျင်းကလည်း တကယ်တော့ တာဝန်မကျပါဘူး”

လူတိုင်းက ဆေးစပ်သမားချွင်းကျင်းကို ကြည့်လိုက်ကြတဲ့အခါမှာတော့ သူမရဲ့မျက်နှာက ဖြူဖျော့သွားပြီး ခန္ဓာကိုယ်ကလည်း တုန်ယင်နေတာကို တွေ့လိုက်ရသည်။

ယွီဝိန်းလန်က အေးစက်စွာ ပြောလာသည်။

“ဆွဲခေါ်ပြီး နှိပ်စက်လိုက် ဘယ်သူက လိကွေ့ယိကို လုပ်ကြံပြောဆိုတာလဲဆိုတာ ငါကိုယ်တော် သိချင်တယ်”

လူတိုင်းကသိလိုက်ကြပြီး တစ်ယောက်ယောက်က ထိုသူ့ကို ချက်ချင်းပဲ ဆွဲထုတ်သွားတော့သည်။

ကျန်နေခဲ့တဲ့ ကျန်းချိုက်ရန်ကတော့ အရမ်းကိုမှ စိတ်ရှုပ်နေပြီး

“ချွင်းကျင်းကို အမိန့်ပေးတာက ဘယ်သူလဲဆိုတာကိုတော့ ကျွန်တော်မျိုးမလည်း မသိပါဘူး။ ဒါပေမဲ့ ကျွန်မအသံကတော့ တကယ်ကိုပဲ ပျက်စီးသွားရပါပြီ။ ဒီကိုယ်လုပ်တော်က သေချာပေါက် သူများတွေ လုပ်ကြံတာကို ခံလိုက်ရတာပါ အရင်တုန်းကတည်းက ကျွန်တော်မျိုးမဟာ လိကွေ့ယိနဲ့သူငယ်ချင်းကောင်းတွေ လုပ်ခဲ့တာပါ။ အဲတော့ သူမကလွဲပြီး ဒီကိုယ်လုပ်တော်ကို ဘယ်သူကမှ ထိခိုက်အောင် လုပ်မှာ မဟုတ်ပါဘူး”

ထိုအကြောင်းပြချက်က အရမ်းကို ဝေးကွာလွန်းပြီး လူတိုင်းကလည်း သိသိသာသာကို မယုံကြည်ပေ။

သို့သော် ယန်ရှုက ပြောလိုက်သည်။

“အဲအချိန်တုန်းက ကျွန်မလည်း ဓာတ်မတည့်တဲ့ကိစ္စ ဖြစ်တာကို ထူးဆန်းတယ်ထင်နေတာ။ တစ်ကိုယ်လုံးမှာ အနီပြင်တွေ ထလာခဲ့တာလေ။ အသက်ရှုရတောင် နည်းနည်းခက်ခဲသွားသေးတယ်။ ရှင်ပြောတာက လပြက္ခဒိန်ရဲ့ ဆယ့်နှစ်လပိုင်းမှာနော်။ ပြီးတော့ ကျွန်မလည်း အဲကိစ္စကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ မှတ်မိတယ်။ ဒီကိစ္စကို ထူးဆန်းနေတုန်းပဲ။ အဲတော့ အထိန်းတော်ချုပ်ဖုကို ပြောပြလိုက်သေးတယ်။ စုံစမ်းတာ ဘယ်လိုရှိပါသလဲ။

ထိုအကြောင်းကို ကြားလိုက်ချိန်မှာတော့ ဖုဟိုင်က လျင်မြန်စွာ ပြောလာသည်။

“ဒီကိစ္စက တကယ်ပဲ ထူးဆန်းပါတယ်။ ဆယ့်နှစ်လပိုင်းမှာ စစ်ယွမ်ဖန်လုံအိမ်မှာက လွဲပြီး ဘယ်နေရာမှာ မက်မွန်ပန်းပွင့်တွေ ရှိသေးလို့လဲ။ အဲတာနဲ့ ဒီအစေခံက စစ်ယွမ်ဆီ တစ်ယောက်ယောက်ကို လွှတ်ပြီး စုံစမ်းခိုင်းလိုက်တဲ့အခါမှာတော့ ရှစ်ရက်မြောက်နေ့မှာ တစ်ယောက်ယောက်က စစ်ယွမ်ကို လာပြီး မက်မွန်ပန်းဝတ်မှုန်ကို ရှာတယ်ဆိုတာ သိလိုက်ရပါတယ်”

မက်မွန်ပန်းဝတ်မှုန်လား။

လူတိုင်းက ရွှင်မြူးသွားကြသည်။ ဒါက လိကွေ့ယိရဲ့ ဓာတ်မတည့်တဲ့ကိစ္စရဲ့ အရင်းအမြစ်များလား။ အဲတာတောင်မှ သူမကို ချစ်နိုင်သေးရင်တော့ သူမက အဆိုးရွားဆုံးပဲ။

29 04

ယွီဝိန်းလန်က အခုမှ ဒီကိစ္စကိုသိသည့်အတွက် မေးလိုက်သည်။

“မက်မွန်ပန်းဝတ်မှုန်ကို ဘယ်သူက တောင်းတာလဲ

ဖုဟိုင်က အလျင်အမြန် ဖြေလာသည်။

“ဒီအစေခံက အခမ်းအနားပြီးတဲ့အချိန်ကျမှ အရှင်မင်းကြီးကို တင်ပြမလို့ စောင့်နေခဲ့တာပါ။ မက်မွန်ပန်းဝတ်မှုန်ကို တောင်းတာကတော့ လင်ဟွားနန်းဆောင်က အစေခံချွင်းအာပါ”

ထိုစကားတွေ ထွက်လာသည်နှင့် ကျန်းချိုက်ရန်ဘေးမှာ ရပ်နေတဲ့ ချွင်းအာက ချက်ချင်းပဲ ဒူထောက်လာသည်။

“အရှင်မင်းကြီး ဒီအစေခံက ချိုက်ရန်အတွက် မက်မွန်ပန်းပေါင်ဒါကို အမွှေးပေါင်ဒါအချို့ လုပ်ဖို့အတွက် တောင်းတာပါ။ ပြီးတော့ ရုံနင်နန်းဆောင်ကိုလည်း တစ်ခါမှ မသွားဖူးပါဘူး”

ဖုဟိုင်က အေးစက်စွာ ပြုံးလိုက်ကာ

“ရုံနင်နန်းဆောင်ကို သွားတာ မဟုတ်ဘူးဆိုပေမဲ့ အဝတ်အစားရုံးတော်ကိုတော့ သွားသေးတယ်လေ”

ချွင်းအာက တုန်ယင်နေတာကို တွေ့နိုင်ပေသည်။

ဖုဟိုင်က ယွီဝိန်းလန်ကို တင်ပြလာသည်။

“ဒီအစေခံက မက်မွန်းပန်းဝတ်မှုန်က ဘယ်လိုလုပ်ပြီး လိကွေ့ယိကိုပေါ်ရောက်သွားလို့ လိကွေ့ယိကို ဓာတ်မတည့်မှု ဖြစ်စေတာလဲလို့ စဉ်းစားနေခဲ့တာပါ။ တွေးမိလိုက်တာက အကောင်းဆုံးနည်းလမ်းကတော့ အဝတ်အစားပေါ် ဖြူးလိုက်တာပဲလို့ စဉ်းစားလိုက်မိပြီး အဝတ်အစားရုံးတော်ကို တစ်ယောက်ယောက်ကို လွှတ်ပြီး စုံစမ်းခိုင်းလိုက်ပါတယ်။ အဲဒီအခါကျမှ အဲတာက ရှစ်ရက်မြောက်နေ့ ညပိုင်းဖြစ်ပြီး ချွင်းအာက မက်မွန်ပန်းဝတ်မှုန်ကို စစ်ယွမ်ကနေယူပြီး အဝတ်အစားရုံးတော်ကို တန်းတန်းမတ်မတ်သွားကာ လိကွေ့ယိရဲ့အဝတ်တွေမှာ မက်မွန်ပန်းဝတ်မှုန်တွေကို ဖြူးလိုက်ပါတော့တယ်”

ထိုသို့ ပြောလိုက်ပြီးတဲ့နောက်မှာတော့ ကျန်းချိုက်ရန်ဟာ လုံးဝပင် ဖြူဖျော့သွားပြီ ဖြစ်သည်။

++++++

30 01

အပိုင်း 30

သို့သော် ဧကရာဇ်က အေးစက်စွာ ပြောလာသည်။

“ခေါ်လာလိုက်”

ဖုဟိုင်လည်း လုပ်လိုက်ပြီး သူ့လူတွေကို ဆွဲခေါ်လာဖို့ အမိန့်ပေးလိုက်သည်။ ထိုတစ်ခဏမှာပဲ သူဟာ သေလုဆဲဆဲဖြစ်နေတဲ့ နန်းတော်အစေခံ တစ်ယောက်ကို

ဆွဲခေါ်လာတာကို တွေ့လိုက်ရပြီး ထိုသူက အားနည်းစွာနဲ့ ပြောလာခဲ့သည်။

“အရှင်မင်းကြီး ခွင့်လွှတ်ပေးတော်မူပါ။ အဲတာကတော့ ကျန်းချိုက်ရန်ပါပဲ။ ချွင်းအာကိုခေါ်ပြီး ဒီအစေခံကို ငွေတုံးငါးဆယ့်နှစ်တုံးပေးခိုင်းလိုက်တာပါ….”

လူတိုင်းရဲ့နှလုံးသားထဲမှာ မူလကငွေတုံးငါးဆယ်ကို ဒီနေရာမှာ သုံးလိုက်တယ်ဆိုတာကို သိကြပေသည်။

သို့သော် နန်းတော်ထဲ၌ အော်ငိုလိုက်သံတစ်ခုကို ကြားလိုက်ရပြီး ယန်ရှုက ကျန်းချိုက်ရန်ကို မျက်ရည်အပြည့်နဲ့ ကြည့်လာသည်။

“အခုလေးတင် အစ်မပြောတာက နန်းတော်ကို ဝင်ပြီးကတည်းက ကျွန်မတို့နှစ်ယောက်က ဆက်ဆံရေး ကောင်းခဲ့တာဆို အဲအချိန်တုန်းကလည်း အစ်မကလွဲလို့ ကျွန်မ သိတဲ့လူမရှိခဲ့ဘူး။ ကျွန်မကတော့ အစ်မကို အကောင်းဆုံး အစ်မတစ်ယောက်လို့ သတ်မှတ်ထားခဲ့တာ။ ဒါပေမဲ့ အစ်မက တကယ်ပဲ ကျွန်မကို အဲလောက်အများကြီး ထိခိုက်စေတာပဲ…..”

လာစမ်းပါ! တူတူငိုကြတာပေါ့! ဘယ်သူက မျက်ရည်ပိုထွက်နိုင်လဲ ကြည့်ကြတာပေါ့!

ဘယ်သူကရော မသိတာ ကြနေတာပဲ တစ်ယောက်ယောက်ကို အရင်ထိခိုက်စေတာကျ အကျိုးအကြောင်း သင့်တယ်လား!

ယွီဝိန်းလန် “…..”

တစ်ဖက်မှာတော့ ကျန်းချိုက်ရန်က သူမခေါင်းကို ယမ်းရင်း ရုန်းကန်နေရသည်။

“မဟုတ်ဘူး။ အဲတာ ကျွန်မ မဟုတ်ဘူး ကျွန်မ မဟုတ်ဘူးလို့…..”

ယွီဝိန်းလန်က စိတ်မရှည် ဖြစ်လာပြီး ချွင်းအာကို ကြည့်လိုက်ကာ တိုက်ရိုက် ပြောလိုက်သည်။

“ဒီမိန်းကလေးကို ခေါ်သွားပြီး နှိပ်စက်လိုက်”

နှိပ်စက်မယ်။

ချွင်းအာက လူပုံသဏ္ဍာန်တောင် မပေါ်တော့ပဲ မြေပြင်ပေါ်လဲနေတဲ့ ထိုအဝတ်ပုံထဲက မိန်းမကို ကြည့်လိုက်ပြီး သူမရဲ့ဝိဥာဉ်က ကောင်းကင်ပေါ်ကိုပင် ရောက်သွားပြီး တုန်ယင်စွာနဲ့ ထိုသို့သာ ပြောလိုက်နိုင်သည်။

“အရှင်မင်းကြီး ချမ်းသာပေးတော်မူပါ။ အဲတာက ဒီအစေခံကို အဲလိုလုပ်ခိုင်းတာက ချိုက်ရန်ပါပဲ။ ဒီအစေခံကလည်း တွန်းအာရပေးခံရတာပါ…”

ယွီဝိန်းလန်က အလုပ်ရှုပ်ခဲပြီး သူမနဲ့ စကားမပြောပေ။ ဖုဟိုင်ကပဲ လျင်မြန်စွာ ပြောလာသည်။

“ဘာလို့ သူမက လိကွေ့ယိကို သတ်ချင်ရတာလဲ

ချွင်းအာက ငိုကြွေးကာ

“ဘာလို့ဆို အဲဒီနှစ်သစ်ကူးညစာစားပွဲနေ့က လိကွေ့ယိက အရှင်မင်းကြီးရဲ့အာရုံကို ဆွဲဆောင်ဖို့ တမင်သက်သက်ပေါ့ပေါ့ပါးပါးပဲ ဝတ်ဆင်ခဲ့တာကို ချိုက်ရန်က အရှင်မင်းကြီးက သူမကို ကြည့်နေတယ်လို့ အထင်မှားသွားပြီး လက်ဦးမှုယူကာ ဖျော်ဖြေခဲ့ပါတယ်။ မမျှော်လင့်စွာနဲ့ သူမက ကိုယ်လုပ်တော်လီဆီက သရော်ခံလိုက်ရပြီး သူမဘာသာ အရူးလုပ်မိသွားပါတယ်။ သူ့ကို ဒေါသမထွက်နိုင်တဲ့အတွက် အစေခံတွေကို လိမိန်ရန်ရဲ့မျက်နှာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားအောင် လုပ်ခိုင်းခဲ့တာပါ….”

သွားပြီ လုံးဝ ပြီးသွားပြီ

ကျန်းချိုက်ရန်က မြေပေါ်မှာ လုံးဝကို ကြက်သေ သေနေပြီဖြစ်သည်။

သို့သော် အရှင်မင်းကြီးက အေးစက်တဲ့လေသံနှင့် ပြောလာတော့သည်။

30 02

“မင်းကပဲ မကောင်းတာကို အရင်လုပ်တယ်။ ဘယ်လို တန်ပြန်သုံးသပ်ရမလဲဆိုတာကို မသိဘူးလား။ အဲတာကို ဒုတိယတစ်ခေါက်တောင် ထပ်လုပ်သေးတယ်။ မင်းကို ဘယ်သူကများ သတ္တိတွေ ပေးထားလို့လဲ”

ကျန်းချိုက်ရန်က ကိုယ်လုပ်တော်အန်းကို တိတ်တဆိတ်ကြည့်ကာ နှလုံးသားထဲ၌ ရေရွတ်လာသည်။

[ကျွန်မကို ကယ်ပါဦး! ကိုယ်လုပ်တော်ကျိုးက ကျွန်မကို လုံခြုံအောင်လုပ်ပေးမယ်လို့ ပြောခဲ့တယ်မလား။]

အန်းဖင်းက သူမကို ထူးမခြားနားစွာ ကြည့်လိုက်ပြီး သူမမျက်လုံးထဲက သတိပေးချက်ကတော့ ရှင်းလင်းနေပေသည်။

သူမသာ စကားတစ်လုံးထွက်ရဲရင် ကျန်းမိသားစုတစ်ခုလုံး ပျက်ဆီးစေရမယ်လို့ အာမခံတယ်။

ကျန်းချိုက်ရန်က ရပ်တန့်သွားတာ နောက်ဆုံးမှာတော့ ခက်ခဲစွာသာ ပြောလိုက်နိုင်သည်။

“အဲတာက ဒီကိုယ်လုပ်တော်ရဲ့အကြံပါ”

ထိုနေ့က ကိုယ်လုပ်တော်အန်းက သူမဆီလာပြီး မေးလာခဲ့သည် လိယန်ရှုက အရမ်းကို မျက်နှာသာ ပေးခံနေရတာကို မြင်ရတာ သူမ တည်ငြိမ်လားဟု မေးလာခဲ့သည်။

ဟုတ်တာပေါ့။ နေ့တိုင်းနေ့တိုင်း သူမက မနာလိုမှုနဲ့အမုန်းတရားတွေနဲ့ လဝက်ကျော်လောက် ကုန်ဆုံးခဲ့ရသည်။

ဘာလို့ သူမဆက်ပြီး စကားပြောလို့ မရတော့တာလဲ။ ဒါပေမဲ့ လိယန်ရှုကကျ ဘုရင့်ရဲ့ခေါင်းအုံးကို နေ့တိုင်းနေ့တိုင်း အဖော်ပြုပေးနိုင်ရတာလဲ။

ထို့ကြောင့် သူမက ရိုးရိုးရှင်းရှင်းပဲ တိုက်ခိုက်ဖို့ ထွက်လာတာဖြစ်သည်။

သူမထင်တာက ကိုယ်လုပ်တော်ကျိုးရဲ့ တည်ရှိမှုနဲ့ဆိုရင် ဘာပဲဖြစ်ဖြစ် လိယန်ရှုကို ဆွဲချနိုင်မယ်လို့လေ။

ဒါပေမဲ့ ဘယ်လိုလုပ် ဒီလိုဖြစ်လာရတာလဲ။

အရှင်မင်းကြီးက သူမကို အရမ်းကိုယုံတာပဲလား။ ဒီလောက် လူတွေအများကြီးရှေ့မှာတောင် သူမက သူ့အတွက် အရမ်းကိုအရေးပါတာလား။

ကျန်းချိုက်ရန်က အံကို ကြိတ်လိုက်ကာ ပြောလိုက်သည်။

“ဒီကိုယ်လုပ်တော်က လက်မခံနိုင်ပါဘူး။ ကိုယ်လုပ်တော်တွေ ဒီလောက်အများကြီးထဲက ဘာလို့သူတစ်ယောက်တည်းကပဲ အရှင်မင်းကြီးရဲ့ မျက်နှာသာ ပေးတာကို ခံရတာလဲ

ခန်းမတစ်ခုလုံးတိတ်ဆိတ်သွားပြီး လူတိုင်းက အေးစက်နေတဲ့မျက်လုံးတွေနဲ့ ကြည့်လာတော့သည်။

ယွီဝိန်းလန်ကသာ အေးစက်စွာဖြေပေးလာခဲ့သည်။

“ဘာလို့လဲဆိုတော့ သူမရဲ့ဖြူစင်တဲ့ စိတ်ထားကြောင့်ပဲ။ သူမက တစ်ခြားသူတွေကို ထိခိုက်အောင်လုပ်ဖို့ ဘယ်တော့မှ မတွေးဖူးဘူး”

ထိုအသံထွက်လာသည်နှင့် ခန်းမထဲကလူတိုင်းရဲ့နှလုံးတွေက ခုန်လှုပ်နေတော့သည်။

သို့သော် အရှင်မင်းကြီး ထပ်ပြော လာတာကို ကြားလိုက်ရပြန်သည်။

“အကျင့်စရိုက်ကလည်း ဆိုးရွားတယ်။ ပြီးတော့ မြင့်မြတ်တဲ့အခမ်းအနားကိုလဲ တမင်သက်သက် နှောက်ယှက်တယ်။ ပြစ်မှုက ခွင့်မလွှတ်နိုင်စရာပဲ။ မင်းက ပိုးကြိုးဖြူကို လက်ခံရမယ်။ မင်းရဲ့မိသားစုက လူတိုင်းက နယ်နှင်ဒဏ်ပေးခံပြီးရင် ဘယ်တော့မှ အရာရှိဖြစ်ခွင့်မရှိဘူး”

ထိုစကားတွေထွက်လာသည်နှင့် ကျန်းချိုက်ရန်က ဆွဲခေါ်သွားခံရကာ လူတိုင်းကလည်း ကြောက်ရွံ့တုန်လှုပ်သွားကြတော့သည်။

ကိုယ်လုပ်တော်ကျိုးကပဲ ပြောလာတော့သည်။

“မကောင်းတဲ့သူကိုလည်း ဒဏ်ခတ်ပြီးပြီဆိုတော့ အရှင်မင်းကြီးက စိတ်တည်ငြိမ်အောင် လုပ်ပြီး ကိုယ့်ကိုကိုယ် မထိခိုက်စေဖို့ မျှော်လင့်ပါတယ်”

ထိုစကားတွေထွက်လာသည်နှင့် ယွီဝိန်းလန်က ရုတ်တရက် သူမကို ကြည့်ကာ အဓိပ္ပာယ်အပြည့်နှင့်ပြောလာသည်။

“ဘာလို့ နန်းတော်ထဲမှာ အဲလိုမကောင်းတဲ့သူမျိုး ရှိနေရတာလဲ

ကိုယ်လုပ်တော်ကျိုးက ထိတ်ပျာသွားပြီး ခိုင်ခိုင်မာမာ ဆိုလာသည်။

“ကျွန်တော်မျိုးမလည်း မသိပါဘူး”

ဒါက ဘာကိုဆိုလိုတာလဲ သူမကို သံသယဝင်နေတာများလား။

ယွီဝိန်းလန်က နှာမှုတ်ကာ

30 03

“အတိတ်တုန်းက ဧကရီမင်းကြီးက ခြောက်ခုမြောက်နန်းဆောင်ရဲ့အကူအဖြစ် အာဏာကို မင်းဆီကို လွှဲပေးခဲ့တယ်။ ဒါပေမဲ့ နန်းတော်က မီးခိုးပဲအူနေပြီး အဝတ်အစားလျှော်ရတဲ့ ရုံးတော်က အဝတ်လျှော်သမားကတောင် သခင်ကို ထိခိုက်စေနိုင်နေပြီ”

ကိုယ်လုပ်တော်ကျိုးက သူမနှုတ်ခမ်းကို ကိုက်ကာ ထိုသို့ပြောရုံသာ တတ်နိုင်သည်။

“ဒီကိုယ်လုပ်တော်ရဲ့ မပြည့်စုံမှုက အရှင်မင်းကြီးကို စိတ်ပျက်မိသွားစေရပါပြီ”

ယွီဝိန်းလန်က ပြောလိုက်သည်။

“မင်းက မင်းရဲ့မပြည့်စုံမှုကို သိတယ်ဆိုမှတော့ ငါကိုယ်တော်ပဲ လုပ်ပေးရတာပေါ့”

ကိုယ်လုပ်တော်ကျိုးက နင်သွားပြီး ဒါက ဘာအဓိပ္ပာယ်လဲ။ သူမရဲ့လုပ်ပိုင်ခွင့်တွေကို ထိန်းသိမ်းမယ်လို့ဆိုတာလား။

သူမက အလျင်အမြန်ပဲ ဝန်ကြီးတွေကြားထဲကို ကြည့်လိုက်သည်။

“အရှင်မင်းကြီး ကျွန်တော်မျိုးကို တစ်ခုလောက် ပြောခွင့်ပြုပါ”

လူတိုင်းကလှည့်ကြည့်လိုက်ချိန်မှာတော့ ထိုကဲ့သို့ ပြောလိုက်တဲ့သူက လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက မွေးနေ့စားပွဲတော်တစ်ခု ကျင်းပခဲ့တဲ့ အိမ်တွင်းရေးရာဌာနရဲ့ဝန်ကြီးချုပ် ချီဝေ့ကျိုက် ဖြစ်နေတာကို တွေ့လိုက်ရသည်။

ယွီဝိန်းလန်က သူ့ခြေထောက်ကို ဆောင့်ချလိုက်ကာ ပြောလာသည်။

“ချီရှန်းရှုက ဘာပြောမလို့လဲ

ထို့နောက် တစ်ဖက်သူပြောလာတာကို ကြားလိုက်ရသည်။

“ဒီဝန်ကြီးချုပ်အိုကြီးရဲ့ အမြင်အရဆို မကောင်းတဲ့သူတွေက လောဘကြီးပြီး မကောင်းတာပဲ လုပ်ကြတာပါ။ အရှင်မင်းကြီးက တော်ဝင်ကိုယ်လုပ်တော်ကို အပြစ်တင်လို့ မရပါဘူး။ အရှင်မင်းကြီး ထီးနန်းဆက်ခံလိုက်ကတည်းက အလယ်နန်းဆောင်မှာ ပိုင်ရှင်မရှိတဲ့အတွက် မောင်းမဆောင်ထဲမှာ ပရမ်းပတာဖြစ်စေတာပါ။ လူတွေကို စိတ်ချရစေဖို့ ဧကရီတစ်ယောက်ကို အမြန်ဆုံး တင်မြှောက်တာက ပိုကောင်းပါတယ်”

ထိုစကားတွေ ပြီးသွားတာနဲ့ အချို့ဆံဖြူနေတဲ့လူအိုကြီးတွေကပါ

“သခင်ကြီးချီ ပြောတာက မှန်ပါတယ်။ အလယ်နန်းဆောင်ကို စောစောတင်မြှောက်တော်မူပါ။ ဒါမှမောင်းမဆောင်လည်း တည်ငြိမ်နိုင်မှာပါ”

ထိုသူက ဓလေ့ထုံးတမ်းဆိုင်ရာ ဝန်ကြီးပင်။

သူ စကားပြောပြီးနောက်မှာတော့ နောက်ထပ် လူသုံးလေး ယောက်လောက်က နောက်က လိုက်ပြောလာသည်။

“အရှင်မင်းကြီး လူတွေကို စိတ်ချရစေဖို့ အလယ်နန်းဆောင်ကို ကျေးဇူးပြုပြီး အမြန်ဆုံး တင်မြှောက်တော်မူပါ”

ယွီဝိန်းလန်ရဲ့မျက်နှာမှာ မည်သည့်ပျော်ရွှင်မှု စိတ်တိုမှုမှ မပြသပေ။

သူ့မျက်လုံးတွေက လူတိုင်းအပေါ် ပေါ့ပါးစွာ တစ်ချက်ဖြတ်သန်းသွားပြီး ပြောလာသည်။

“ငါကိုယ်တော် ဘယ်သူ့ကို တင်မြှောက်သင့်တယ်ထင်လဲ

ထိုစကားတွေထွက်လာသည်နှင့် ကိုယ်လုပ်တော်ကျိုးက တိတ်တဆိတ် စိတ်လှုပ်ရှားလာသည်။ ဒီလောက် နေ့တွေညတွေ အများကြီး စောင့်လာပြီးတဲ့နောက်မှာတော့ နောက်ဆုံးတော့ သူမ ရောက်လာခဲ့ပြီပဲ။

ဒီလောက် ဝန်ကြီးချုပ်တွေအများကြီး သူမကို အကြံပြုတယ်ဆိုရင် ဘိုးဘေးတွေရှေ့မှာရောဆိုတော့ ထပ်ပြီး ခေါင်းရှောင်နိုင်မှာ မဟုတ်တော့ဘူး!

အိမ်တွင်းရေးဌာနရဲ့ ဝန်ကြီးချုပ်ဖြစ်သူ ချီဝေ့ကျိုက်က

“ဝန်ကြီးဟောင်းတွေရဲ့အမြင်အရဆို ကိုယ်လုပ်တော်ကျိုးက ကျော်ကြားတဲ့ မိသားစုကနေ ဆင်းသက်လာပြီး လွန်ခဲ့တဲ့ သုံးနှစ်လုံးလုံး ဧကရီမယ်တော်ကြီးရဲ့ သင်ပြပေးတာကိုလည်း ခံခဲ့ရပါသေးတယ်”

ယွီဝိန်းလန်က နှာမှုတ်လာပြီး

“တကယ်ပဲ အဲလိုထင်တာလား ဒါမှမဟုတ် မနေ့တစ်နေ့က ချိန်အန်းကုန်းက ငွေတုံးတစ်သောင်း ပေးလာလို့လား

ထိုစကားကိုကြားလိုက်ချိန်မှာတော့ လူတိုင်းက နင်သွားကြတော့သည်။ ချိန်အန်းကုန်းက အိမ်တွင်းရေးဌာနဝန်ကြီးကို ငွေတုံးတစ်သောင်း ပေးလိုက်တာလား

ချီဝေ့ကျိုက်က အနည်းငယ် တွန့်သွားပြီး လျင်မြန်စွာ ပြောလာသည်။

“အရှင်မင်းကြီး အဲလိုမျိုးမဟုတ်ရပါဘူး ချိန်အန်းကုန်းက ငွေချောင်းတွေ အဲလိုမျိုး ပေးမလာဖူးပါဘူး။ သူတို့အားလုံးက ဝန်ကြီးဟောင်းအားလုံးရဲ့ ရင်ထဲက လာတဲ့စကားလုံးတွေပါ အခြားဘာမှမရှိပါဘူး”

30 04

“ဟုတ်သလား

ယွီဝိန်းလန်က စာရင်းစာအုပ်တစ်အုပ်ကို သူ့ရှေ့ကို ပစ်ချလိုက်ကာ

“ဒီမျက်နှာရဲ့ပထမဆုံးစာရွက်မှာက ဒီနှစ်တွေထဲမှာ မောင်မင်းဆီ ဝင်လာတဲ့ ဝင်ငွေတွေကို မှတ်တမ်းတင်ထားတာပဲ အခုတလောရဲ့ အကြီးမားဆုံးဝင်ငွေက ချိန်အန်းကုန်းပေးထားတဲ့ ငွေတုံးတစ်သောင်းပဲ”

သူ့ရဲ့မျက်လုံးတွေက ထက်ရှနေပြီး ချိန်အန်းကုန်းက ထိတ်လန့်သွားရသည်။ သူကရှေ့ထွက်လိုက်ပြီး ဒူးထောက်ချင်ပေမဲ့ သူ့ခြေထောက်တွေက အားနည်းနေပြီး မထိန်းချုပ်နိုင်စွာနဲ့ မြေပြင်ပေါ်ကို တိုက်ရိုက်လဲကျသွားတော့သည်။

လူတိုင်း “…”

ဒီလိုလက်ဆောင်မျိုးလုပ်ဖို့ ဘယ်လောက်တောင်အပြစ်မကင်းစိတ်ဖြစ်နေရတာလဲ။

ဘေးဘက်မှာ ဖရဲသီးစားနေတဲ့ ယန်ရှုက အကျယ်ကြီး အော်မရယ်မိစေရန် အကောင်းဆုံး ကြိုးစားနေရသည်။

ချိန်အန်းကုန်းက နောက်ဆုံးမှာတော့ သူ့ဘေးကလူတွေဆီက ထောက်ပံ့ပေးမှုနဲ့ ထူပေးခံလိုက်ရပြီး ဒူးထောက်လိုက်ကာ ပြောလာသည်။

“အရှင်မင်းကြီး ဒီဝန်ကြီးဟောင်းနဲ့ အိမ်တွင်းရေးရာဝန်ကြီးတို့က နှစ်ပေါင်းများစွာ စာသင်ဖက် ဖြစ်လာကြပြီး နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိပါတယ်။ ငွေတုံးတွေကို သူ့မွေးနေ့ကို ဆင်နွှဲဖို့ပေးရုံသာဖြစ်ပြီး တစ်ခြားရည်ရွယ်ချက် မရှိပါဘူး”

မမျှော်လင့်ထားစွာနဲ့ အရှင်မင်းကြီးက ထပ်ပြောလာသည်။

“ဒါဆိုလည်း ဓလေ့ထုံးတမ်းဆိုင်ရာရုံးတော်ရဲ့ ရှန်းရှုကို ဦးရီးတော်က ဘာလို့ ကိုယ်လုပ်တော်တွေ အများကြီး ပို့ပေးရတာလဲ။ သူနဲ့ကရော အတန်းဖော် ဖြစ်နေလို့လား။ အရမ်းကိုနက်ရှိုင်းတဲ့ ဆက်ဆံရေး ရှိတာပဲလား”

ဘာကြီး ကိုယ်လုပ်တော် ဟုတ်လား။

လူတိုင်းက ဆံပင်ဖြူနေပြီးသားဖြစ်တဲ့ ဓလေ့ထုံးတမ်းဆိုင်ရာရုံးတော်ရဲ့ ရှန်းရှုကို ပြူးကျယ်နေတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်ကြတော့သည်။

ဒီလူအိုကြီးက အသက်ကဖြင့် ခုနစ်ဆယ်ထဲ ရှိနေပြီမလား။

ဒီလောက်အိုနေပြီကို…..အခုထိတဲ့လား။ ဝါးရော ဝါးနိုင်သေးရဲ့လား။

ဓလေ့ထုံးတမ်းဆိုင်ရာရုံးတော်ရဲ့ဝန်ကြီးက တန့်သွားပြီး အလျင်အမြန် ပြောလာသည်။

“အရှင်မင်းကြီး ချိန်အန်းကုန်းက ဒီဝန်ကြီးအိုကြီးရဲ့အိမ်ကို တကယ်ပဲ အစေခံအချို့ ပို့ပေးလာပါတယ်။ ဒါပေမဲ့ ဒီဝန်ကြီးအိုကြီးက သူတို့ကို သားသမီးနဲ့ မြေးတော်တွေရဲ့ ခြံတန်းထဲမှာ နေရာချထားပြီးပါပြီ။ ဒီဝန်ကြီးအိုကြီးက ဒီအသက်အရွယ်ပဲ ရောက်နေပါပြီ။ ဒီလို မဖြစ်နိုင်စရာကိစ္စတွေကို လုပ်နိုင်ပါဦးမလား

-ဧကရာဇ်က ဒီမေးခွန်းကို မေးလာကတည်းက သူတော့ အဖော်ခံလိုက်ရပြီဆိုတာကို သိလိုက်သည်။ ဒီအခြေအနေမှာ ငြင်းဆိုတာက အရေးမဟုတ်ပေ။ ထိုကိစ္စကို ဖုံးကွယ်ဖို့ ဆင်ခြေတစ်ခု ရှာတာက ပိုကောင်းပေသည်။

ဒါတောင်မှ လူတွေက သူတို့ရဲ့နှလုံးသားထဲမှာ စတင်ရေရွတ်လာကြသည်။

ဆိုတော့ ဓလေ့ထုံးတမ်းဆိုင်ရာ ရုံးတော်ရဲ့ဝန်ကြီးက အိုနေတာတောင်မှ သန်စွမ်းနေတုန်းပဲကိုး!။

ယန်ရှုကလည်း သူ့နှလုံးသားထဲမှာ တိတ်တဆိတ် ရေရွတ်နေသည်။

သူမမသိရသေးတာက အကျိုးအကြောင်း မသင့်လိုက်တာ။

ထို့ကြောင့် သူမက စနစ်ကို အလျင်အမြန် ခေါ်လိုက်ကာ

[ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့ ဖရဲသီးကို ငါ့ကို ဘာလို့ မပြောပြတာလဲ။ ဒီလူအိုကြီးကဖြင့် ဒီလောက်တောင် အိုနေပြီကို ဘယ်လိုလုပ် ကိုယ်လုပ်တော်လေးကို စနောက်နိုင်နေသေးတာလဲ။ ချိန်အန်းကုန်းက သူ့အပြင်ဆောင်ကို အဲကို ပို့လိုက်တာ မဟုတ်လား။]

စစ်စတန် [ဒါက သိပ်စိတ်ဝင်စားစရာ မကောင်းသေးဘူး။ အရံဟင်းပွဲလေးတွေနဲ့ ပိုကြီးတဲ့ဖရဲသီးရှိသေးတယ် သိချင်ရဲ့လား။]

ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားပြီး

[ဘာဖရဲသီးလဲ။]

စစ်စတန် [အဲဒီလူအိုကြီးက သူ့ရဲ့ချွေးမနဲ့ အရိုးပြာတူတူ ကောက်နေကြတာ]

ယန်ရှု [!!!]

အတော်လေး တက်ကြွလာပြီ!

******

All Chapters