← Chapters

အခန်း (၃၁-၃၃)

Vol. 3 Ch. 31-33

အခန်း (၃၁-၃၃)

Vol. 3 Ch. 31-33

31 01

အပိုင်း 31

ဒါကတကယ်ကို စိတ်လှုပ်ရှားစရာပဲ။

သိတဲ့အတိုင်း ဒါက ဓလေ့ထုံးတမ်းဆိုင်ရာဝန်ကြီးလေ။ ညီလာခံထဲက ကျင့်ဝတ်ထုံးတမ်းဆိုင်ရာ အရာရှိငါးဦးထဲက အမြင့်ဆုံးအရာရှိ တစ်ယောက်လေလို့။

ကျင့်ဝတ်ထုံးတမ်းတွေ ၊ တရားမျှတမှုတွေ ၊ သမာဓိနဲ့ အရှက်တရားတွေကို တစ်နေ့လုံး ပြောဆိုနေတဲ့ ဒီလူအိုကြီးက ဘာလို့ ဒီလိုမျိုး စာရိတ္တပျက်ပြားနေတဲ့ကိစ္စကို ဘယ်လိုလုပ်နိုင်ရတာလဲ။

ထိုအချိန်မှာပဲ သူမဘေးက ဖြစ်ပျက်နေတာတွေက ဒုတိယနေရာသို့ ရောက်ရှိသွားပြီဖြစ်ပြီး ယန်ရှုက ဖရဲသီးစစားရင်း စိတ်လှုပ်ရှားနေတော့သည်။

[အခြေအနေ ဘယ်လိုရှိလဲ။ လာပြီးတော့ နားထောင်ကြည့်ရအောင်]

စစ်စတန် [ဓလေ့ထုံးတမ်းဆိုင်ရာဝန်ကြီးမှာက သားနှစ်ယောက်ရှိတာကို သိတယ်မလား]

ယန်ရှု [ငါသိတယ်လေ။ သူ့ရဲ့အကြီးဆုံးသားက အန်းဖင်းရဲ့အဖေ မဟုတ်လား။ အခု ဟုန်လူဘုရားကျောင်းရဲ့ ဝန်ကြီးချုပ်လေ။]

သူမ စကားပြောလေလေ သူမမျက်လုံးတွေ ပြူးလာလေလေပင် ဖြစ်သည်။

[ဖြစ်နိုင်တာက အန်းဖင်းရဲ့အမေက သူနဲ့ အရိုးပြာ ကောက်နေတာလား။]

သိပ်မဝေးနဲ့နေရာက ဘုရင်မင်းမြတ်ဟာ အံ့ဩနေကြတဲ့ အသံတွေကြားက ထိုအသံကို အတိအကျ ဖမ်းမိလိုက်သည်။ ထို့နောက် မတတ်နိုင်စွာနဲ့ တိတ်တဆိတ် ရပ်တန့်သွားရသည်။

အရိုးပြာတွေကို ကောက်တယ်။

အန်းဖင်းရဲ့မိခင်လား။

ဖြစ်နိုင်တာက….ဓလေ့ထုံးတမ်းဆိုင်ရာဝန်ကြီး အကြောင်းကို ပြောနေတာများလား။

စစ်စတန် [အတွေးလွန်နေပြီ။ အဲဒီလူအိုကြီးက သူကောက်ချင်တာနဲ့ပဲ အဲဒါကို လုပ်မှာ မဟုတ်ဘူး။ အဲလူအိုကြီးရဲ့အငယ်ဆုံးသားက ငယ်ကတည်းက အားနည်းနေခဲ့တာ။ ပြီးတော့ သူ့မှာစွမ်းရည်လည်း မရှိဘူး။ သူလက်ထပ်ထားတဲ့ ကျောက်လို့ခေါ်တဲ့ အမျိုးသမီးကတော့ လိမ္မာပါးနပ်တယ်။ အဲဒါကြောင့်ပဲ ဒီလူအိုကြီးက ဒုတိယသားရဲ့ဇနီးကို အတော်လေး မျက်နှာသာ ပေးတယ်လေ။ အဲဒါက ပိုကြီးတဲ့အိပ်ခန်းကို မကျေမနပ် ဖြစ်စေတယ်]

ယန်ရှုက ကျစ် ကျစ်ဟု ရွတ်ကာ [ဆိုတော့ ဒီယောက္ခမက သူ့ရဲ့ချွေးမနဲ့ ခိုးစားနေတာ နှစ်ပေါင်းများစွာ ရှိနေပြီပေါ့လေ။ ဓလေ့ထုံးတမ်းဆိုင်ရာရုံးတော်က ဘယ်သူကမှ မရိပ်မိကြဘူးလား။ သူ့သားအငယ်ဆုံးကရော ဒီလောက်နှစ်တွေ အကြာကြီး ဦးထုပ်စိမ်းဆောင်းတာ ခံချင်ရဲ့လား။]

တိတ်တဆိတ် နားထောင်နေသော ယွီဝိန်းလန်က တစ်ခဏခန့် တန့်သွားကာ ဒါပေမဲ့ သူက တကယ်ပဲ ဓလေ့ထုံးတမ်းဆိုင်ရာဝန်ကြီးလေ။

စစ်စတန်[ဒီလူအိုကြီးရဲ့ဇနီးက သေသွားတာဖြင့် နှစ်ပေါင်းများစွာ ကြာလှနေပြီ။ ဘယ်သူကမှလည်း အဲဒါကို ဂရုမစိုက်တော့ဘူး။ အငယ်ဆုံးသားဆိုတာကလည်း လမ်းလျှောက်ရင်ကို ဟောဟဲလိုက်နေပြီ]

ယန်ရှုက ကျစ် ကျစ်ဟု ဆိုလိုက်ကာ

[သူ့အငယ်ဆုံးသားလို ခန္ဓာကိုယ်နဲ့သူကို သူ့အဖေက တကယ်ပဲ တစ်ယောက်ယောက်ရဲ့ဇနီးကို လုဖို့ နှလုံးသား ရှိတယ်တဲ့လား။ တစ်နေ့ သူ့သားအငယ် သေသွားပြီးရင် တစ္ဆေအဖြစ် ပြောင်းသွားပြီး သူ့ကို လက်စားလာချေမှာ မစိုးရိမ်ဘူးလား။]

သူမ စကားပြောပြီးချိန် ဧကရာဇ်နဲ့ စကားပြောနေတဲ့ ဓလေ့ထုံးတမ်းဆိုင်ရာဝန်ကြီးကို တိတ်တဆိတ် ကြည့်လိုက်ကာ သူ့နှလုံးသားထဲမှာ ပြောလာသည်။

[ပုပ်စော်နံနေတဲ့ လူရှုပ်ကြီး!]

သိပ်မဝေးတဲ့နေရာက တိတ်တဆိတ် နားထောင်ပြီးသွားတဲ့ ယွီဝိန်းလန် “……”

ကောင်းပြီလေ။ အဲဒါက ဘာဆိုတာ သူ တော်တော်လေး ခန့်မှန်းမိနေပြီ။

ကိုယ်လုပ်တော်တွေအကြောင်းကို ငြင်းဆိုနေတဲ့ သူ့ရှေ့က ဓလေ့ထုံးတမ်းဆိုင်ရာဝန်ကြီးကို တစ်ချက်ကြည့်ကာ

“မောင်မင်းရဲ့သားတွေကို ပေးလိုက်တယ်ဟုတ်လား။ မောင်မင်းရဲ့အကြီးဆုံးသားကလည်း မငယ်တော့ဘူး။ သားငယ်ကလည်း မွေးကတည်းက အားနည်းနေတာမလား။ ကိုယ်တော့်ကို ပြောပါဦး။ ဘယ်တစ်ယောက်ကို ပေးလိုက်တာလဲလို့။ သားကိုလား။ ချွေးမ…….ဆိုရင်ရော သဘောကျလား”

သူက တမင်သက်သက် “ချွေးမ”ဆိုတဲ့ စကားလုံးမှာ လေသံကို ဖိလိုက်ပြီး သေချာပေါက်ပင် ဓလေ့ထုံးတမ်းဆိုင်ရာဝန်ကြီးက လန့်သွားတာကို တွေ့လိုက်ရပေသည်။

[ဒါက ဘာကို ဆိုလိုတာလဲ။ ဖြစ်နိုင်တာက….အရှင်မင်းကြီးက သိနေတာလား။]

ယွီဝိန်းလန်က သူ့နှလုံးသားထဲမှာ သေချာသွားတော့သည်။ အဲတော့ ဒါက အမှန်ဖြစ်နေတာပဲ!!

သူ့ရဲ့အံဩမှုကို ယာယီဖုံးကွယ်လိုက်ပြီး အဓိပ္ပာယ်အပြည့်နှင့် တစ်ဖန် ထပ်မေးလိုက်သည်။

“လူတွေကို မသိစေချင်ဘူးဆိုရင် မောင်မင်းဘာသာ ဘာမှမလုပ်တာပဲ ကောင်းမယ်”

ဓလေ့ထုံးတမ်းဆိုင်ရာဝန်ကြီးက စက္ကန့်အနည်းငယ်ခန့် ရပ်သွားတော့သည်။

ထို့နောက် ဒူးထောက်ချကာ ခါးသီးစွာ ငိုကြွေးလာတော့သည်။

“အပြစ်အတွက် အပြစ်မကင်းစိတ် ဖြစ်မိပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးတော်မူပါ။ ဒီကိစ္စက တကယ်တော့ ချိန်အန်းကုန်းက တော်ဝင်ကိုယ်လုပ်တော်ကို စိတ်ပူတဲ့အတွက် ဒီဝန်ကြီးအိုကြီးကို အခွင့်အရေးရှာပြီး ကောင်းတာတစ်ခုခု ပြောပေးစေချင်ခဲ့လို့ပါ။ ဒါပေမဲ့ တော်ဝင်ကိုယ်တော်က မွန်မြတ်ပြီး သိမ်မွေ့တဲ့အတွက် ကြည့်ရတာ ဒီဝန် ကြီးအိုကြီးအတွက် ဘာမှပြောပေးဖို့ မလိုလောက်ပါဘူး …..။ ဒီဝန်ကြီးပဲ နေရာကိုပြန်သွားပါတော့မယ်”

ယွီဝိန်းလန်ပင် ဘာမှမပြောနိုင်သေးခင်မှာပဲ ထိုစကားတွေ ထွက်လာတော့သည်။ သူ့ဘေးမှာ ဒူးထောက်နေတဲ့ ချိန်အန်းကုန်းက ရုတ်တရက် ပျော့ခွေသွားပြီး ဘေးဘက်သို့ လဲကျသွားတော့သည်။

31 02

ခန်းမထဲမှာလည်း အာမေဍိတ်သံတွေနဲ့ ပြည့်သွားတော့သည်။

ကိုယ်လုပ်တော်ကျိုးက အကူအညီမဲ့စွာ အရှေ့ကိုပြေးသွားပြီး အော်လိုက်သည်။ “အဖေ!”

သို့သော် သူမ အကြိမ်အနည်းငယ်ခန့် အော်ခေါ်နေပေမဲ့လည်း ချိန်အန်းကုန်းက တုံ့ပြန်မလာပေ။

ကိုယ်လုပ်တော်ကျိုးက သူမခေါင်းကို လျင်မြန်စွာလှည့်ကာ ယွီဝိန်းလန်ကို တောင်းပန်လာတော့သည်။

“ကျေးဇူးပြုပြီး အဖေ့ကို ကယ်ပေးဖို့ တော်ဝင်သမားတော်တစ်ယောက် လွှတ်ပေးပါ”

ယွီဝိန်းလန်က အေးစက်စွာဖြင့်

“နန်းဆောင်ထဲမှာ တစ်ယောက်ရှိတယ် မဟုတ်ဘူးလား”

သူစကားပြောလိုက်ပြီး ယခုလေးတင် ယန်ရှုအတွက် ပြောပေးခဲ့တဲ့သမားတော်ကို ကြည့်လိုက်သည်။

“လာပြီးတော့ ချိန်အန်းကုန်းကို ကြည့်ပေးလိုက်”

သမားတော်က ရောက်လာပြီး ချိန်အန်းကုန်းကို စစ်ဆေးမှုနဲ့ ကုသပေးဖို့ လာတော့သည်။

လူတိုင်းက ကောင်းမွန်စွာကြည့်နေကြပေမဲ့ ဘာလို့လဲဆိုတာကိုတော့ မသိပေ။

ယန်ရှုကသာ ဖရဲသီးစားရင်း ကျစ် ကျစ်ဟုလုပ်ကာ

[ဒီသမားတော်က ဆေးပညာမှာ အရမ်းကိုထူးချွန်တယ်။ ချိန်အန်းကုန်းသာ သန့်စင်ဆေးကို စားထားတာမှန်း သိသွားရင် အဲဒါတော့လွန်သွားပြီ ပြီးတော့ ငါ့ကိုပြောစမ်းပါ….ဟားဟားဟား အရမ်းကို အံ့ဩစရာကောင်းနေမှာပဲ ဟားဟားဟား!]

ယွီတိန်းလန် “…..”

မင်းသာ အဲလောက် စိတ်လှုပ်တရှားနဲ့ ကြည့်နေတယ်တိုရင် သေချာတယ် ကိစ္စကြီးတော့ မဟုတ်လောက်ဘူး!

သို့သော်လည်း ကိစ္စတွေက သူမ မျှော်လင့်ထားသည့်အတိုင်းပင်။

တစ်ခဏကြာပြီးနောက်မှာတော့ သမားတော်က အရှင်မင်းကြီးကို ပြောလာသည်။

“အရှင်မင်းကြီး သခင်ကြီးချိန်အန်းက ကျောက်ကပ်ယန်ဓာတ် မလုံလောက်မှုကြောင့် မူးလဲသွားတာပါ။ ကြည့်ရတာ အခုတလော အလွန်အကျွံ အပျော်အပါး လိုက်စားထာားပုံပါပဲ။ သူ့ခန္ဓာကိုယ်က အတော်လေးကို အားအင်ပြတ်လပ်နေပါတယ်”

ထိုစကားသံ ထွက်လာသည်နှင့် လူတိုင်းရဲ့မျက်လုံးတွေက ပြူးကျယ်သွားရသည်။

အပျော်အပါး လွန်သွားတယ် ဟုတ်လား။

ကျစ် ကျစ် နန်းတော်ထဲကသူတွေတင် မကဘူး။ ဒီနေ့အခမ်းအနားကို ပါဝင်တဲ့သူတွေက သုံးရက်တိတိ စောင့်ထိန်းရမှာလေ။

ဒီလိုကာလမျိုးမှာ ချိန်အန်းကုန်းက တကယ်ကိုပဲ…..တဏှာရာဂမှာ မွေ့လျော်တယ်တဲ့လား။

အရမ်းကိုလွန်လွန်းတယ်။

ကိုယ်လုပ်တော်ကျိုးကွေ့ဖေးက ထိတ်ပျာသွားပြီး ချက်ချင်းပဲ ဆူငေါက်လာတော့သည်။

“အဓိပ္ပာယ် မရှိတာတွေပြောနေတာကို ရပ်လိုက် ! စောင့်ထိန်းရမဲ့ကာလမှာ ချိန်အန်းကုန်းက ဒီလိုမလျော်ကန်တဲ့ကိစ္စမျိုး လုပ်မှာတဲ့လား”

သို့သော် သမားတော်က ပြောလာသည်။

“သမားတော်တစ်ယောက်အနေနဲ့ လူနာရဲ့ရောဂါအကြောင်း ဘယ်တော့မှ အဓိပ္ပာယ် မရှိတာကို ပြောမှာမဟုတ်ဘူး။ မဟုတ်လို့ လူနာရဲ့အခြေအနေကို နှောင့်နှေးသွားစေရင် ဘုရားရဲ့အပြစ်ပေးတာကို ခံရလိမ့်မယ်။ ချိန်အန်းကုန်းက အခု အရေးကြီးအခြေအနေမှာပါ။ အခုချက်ချင်း ရောဂါလက္ခဏာတွေကို မကုသရင် သူ နိုးလာတော့မှာ မဟုတ်မှာကို စိုးမိပါတယ်”

“ဒါက….”

ကိုယ်လုပ်တော်ကျိုးက ထိုစကားတွေကို ကြားတဲ့အခါမှာ ကြောက်လန့် သွားတော့သည်။

ယွီဝိန်းလန်က ပြောလိုက်ဆဲပင်

“သူ့ကို စမ်းသပ်မှုလုပ်ပြီး ကုသပေးလိုက်”

31 03

သမားတော်က ချက်ချင်းပဲ ရှေ့တက်လိုက်ကာ သူ့ဝတ်ရုံလက်ထဲကနေ ငွေအပ်တစ်စုံကို ထုတ်လိုက်တော့သည်။ ထို့နောက် ချိန်အန်းကုန်းရဲ့အပ်စိုက်မှတ်တွေကို ထိုးလိုက်တော့သည်။

လူတိုင်းက တစ်ချက်လောက် ကြည့်ကြည့်ဖို့ သူတို့ခေါင်းတွေကို ဆန့်ထုတ် လိုက်ကြသည်။

အဲဒီနောက် ချိန်အန်းကုန်းဟာ တကယ်ပဲ သက်တောင့်သက်သာနဲ့ နိုးထလာတာကို တွေ့လိုက်ရသည်။

သို့သော်လည်း သူ့နှာခေါင်းနဲ့ မျက်လုံးတို့က စွေစောင်းနေပြီး ခန္ဓာကိုယ်ကလည်း အလွန်အားနည်း နေပေသည်။ သူဟာ အရှင်မင်းကြီးကို ခေါ်ချင်ပေမဲ့ အကြာကြီး နေတာတောင်မှ အသံတစ်စက်ထွက်မလာပေ။

မတ်တပ်ရပ်ဖို့ကို အသာထားဦး။

လူတိုင်းက သူတို့ရဲ့ကိုယ်ပိုင်မျက်လုံးတွေနဲ့ မြင်လိုက်ရပြီး သူတို့ရဲ့စိတ်ထဲမှာ လျှာတောက်လိုက်ကြသည်။ သူတို့တွေက လိင်ဆက်ဆံဖို့အတွက် အသက်ကြီးလွန်းနေပြီ ဖြစ်ပြီး ဘိုးဘေးတွေရှေ့မှာ ယခုလို ပစ်ထုတ်ခံရဖို့က အရမ်းကိုပင် အရှက်ရလွန်းသည်။

ဒါပေမဲ့ စည်းမျဉ်းတွေကို ချိုးဖြတ်တဲ့ကိစ္စကို ဘယ်လိုပြောကြမလဲ။ အရှင်မင်းကြီးက ဖုံးကွယ်ပေးမှာလား အဲလိုလုပ်လောက်လား။

ထိုအချိန်မှာပဲ ဘုရင်က နက်ရှိုင်းတဲ့အသံနဲ့ ပြောလာသည်။

“တော်ဝင်မိသားစုဝင်တစ်ယောက်အနေနဲ့ ချိန်အန်းက စောင့်ထိန်းရမဲ့ကာလမှာ ရာဂကိစ္စတွေထဲ ပျော်မွေ့နေခဲ့တယ်။ ဒါက မလျော်ကန်တဲ့ကိစ္စပဲ။ ငါကိုယ်တော် သည်းခံ ခွင့်လွှတ်နိုင်ရင်တောင် ဘိုးဘေးတွေရဲ့ဂုဏ်သိက္ခာနဲ့ လောကကြီးထဲက ပြည်သူတွေက ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။ ပိုပြီးရှိသေးတာ အရာရှိတွေကို လာဘ်ထိုးပြီး ပရမ်းပတာ ဖြစ်ရပ်တွေကို ဖြစ်စေတာပဲ။ ချောင်ကန်း! ချက်ချင်းထုတ်ပြန်မယ်။ ပြည်သူလူထုရုံးတော်ကို ရုပ်သိမ်းပြီး လစာငွေကို သုံးနှစ်ဒဏ်တပ်မယ်။ တော်ဝင်ကိုယ်လုပ်တော်ကျိုးကို ကိုယ်လုပ်တော်အဆင့်ဆီ ပြန်ပြီး လျှော့ချမယ်”

ထိုစကားတွေကို ကြားလိုက်ချိန်မှာတော့ ခန်းမတစ်ခုလုံး ရပ်တန့်သွားတော့သည်။

ကိုယ်လုပ်တော်ကျိုးကွေ့ဖေးက မူးလဲလုနီးပါးပင်။ ထို့နောက် လျင်မြန်စွာ ဒူးထောက်ချကာ ပြောလာသည်။

“အရှင်မင်းကြီး သနားညှာတာပေးပါ။ ချိန်အန်းကုန်းက သတိလက်လွတ် ဖြစ်သွားလို့ပါ…”

သို့သော် ယွီဝိန်းလန်က ကြားဖြတ်ကာ ပြောလိုက်သည်

“သူ ကတကယ်ပဲ ဂရုမပြုမိတာလား။ ဒါဆို ဘယ်သူက သူ့ကို သတိမဲ့ဖို့ ပြောလို့လဲ”

ကိုယ်လုပ်တော်ကျိုးက တစ်ခဏခန့်တွန့်ဆုတ်သွားပြီး ထိတ်ပျာသွားတော့သည်။

ဖြစ်နိုင်တာက…..အရှင်မင်းကြီး သိနေတာများလား။

ဆေးခတ်တဲ့ကိစ္စသာဆိုရင်…..

အကျိုးဆက်တွေက ပိုပြီးပြင်းထန်မှာ မဟုတ်လား။

သူမ ဘာကိုမှ ထပ်မပြောရဲတော့ပေ။ ထို့နောက် ယွီဝိန်းလန်ရဲ့ ထပ်ပြောလိုက်သံကို ကြားလိုက်ရသည်။

“ဒါက ဧကရီမယ်တော်ကြီးအတွက် မျက်နှာသာပေးမှုပဲ။ ဒီတစ်ခေါက်တော့ အပြစ်ဒဏ်ကို လျှော့ပေါ့ပေးလိုက်မယ်။ နောက်တစ်ခါ တစ်ခြားပြစ်မှုတွေ ထပ်ပြီး ကျူးလွန်ဦးမယ်ဆိုရင် ဘယ်တော့မှ သက်ညှာတယ်ဆိုတာ မရှိစေရဘူး”

ပြောပြီးတဲ့နောက် ခန်းမထဲက လူတိုင်းကို ကြည့်လိုက်ကာ မာန်ပါပါ ပြောလာတော့သည်။

“ဒီနေ့ ဒီမှာရှိတဲ့လူတိုင်း ဒါကို သတိပေးချက်အနေနဲ့ ယူကြ!”

လူတိုင်းက တညီတညွှတ်တည်း နာခံလိုက်ကြသည်။

တစ်ချိန်တည်းမှာပဲ အံ့အား သင့်သွားကြတော့သည်။

ဧကရီမယ်တော်ကြီးရဲ့တူမက အခုလေးတင်ပဲ သူမရဲ့တော်ဝင်ကိုယ်လုပ်တော်ဆိုတဲ့ ရာထူးကို ဆုံးရှုံးလိုက်ရတာမလား။

သေချာပေါက်ပင် ချိန်အန်းကုန်းကျူးလွန်တဲ့ ပြစ်မှုအပေါ် အခြေခံပြီး ကျိုးမိသားစုရဲ့ တော်ဝင်အနေအထားကို ဖြုတ်ချတာက ပုံကြီးချဲ့တာ မဟုတ်တော့ဘူးပင်။ သို့သော် အရှင်မင်းကြီးက ဧကရီမယ်တော်ကြီးရဲ့ မျက်နှာကိုထောက်ထားပြီး ဘာကိုမှ မှားယွင်းတာမျိုး မလုပ်ခဲ့ပေ။

ဒါပေမဲ့ တစ်ခြားသူတွေကရော…..မဖြစ်နိုင်ဘူး။

တစ်ချိန်တည်းမှာပဲ အိမ်တွင်းရေးရာရဲ့ဝန်ကြီးဖြစ်သူ ချီဝေ့ကျိုက်က အလွန်အမင်း ချွေးထွက်နေကာ သူ့ခြေထောက်တွေကလည်း တုန်ယင်နေပေသည်။

31 04

ဆံပင်ဖြူနေတဲ့လူအိုကြီးက မြက်ခြောက်ကဲ့သို့ လှုပ်ရမ်းနေတော့သည်။

ထို့နောက် အရှင်မင်းကြီးက စိစစ်ရေးအဖွဲ့ဝင်နှစ်ဦးကို ပြောလာတော့သည်။

“ငါးအကောင်ရေ ထောင်ချီရဲ့ဦးနှောက်ကို တို့ဖူးအဖြစ် အသုံးပြုတယ်။ ဂဏန်းထောင်ချီရဲ့အသားကိုကျ ဂဏန်းအသားချောင်း လုပ်တယ်။ အိမ်တွင်းရေးရာရုံးတော်ရဲ့ဝန်ကြီးဖြစ်သူတွေက တစ်နပ်စာတည်းအတွက် ငွေတုံးထောင်သောင်းချီ အသုံးပြုလိုက်တယ်မလား။ မောင်မင်းတို့က ကိုယ်တော့်ကို ဒီအကြောင်း ပြောစေချင်သေးလား”

ထိုသူနှစ်ဦးက ကြောက်လန့်တကြားနဲ့ ပလွတ်ခနဲဒူးထောက်ချကာ တစ်ညီတစ်ညွတ်တည်း ပြောလာသည်။

“ဒါက ဝန်ကြီးဖြစ်သူရဲ့ ပေါ့ဆမှုကြောင့်ပါ”

ယွီဝိန်းလန်က အေးစက်စွာဖြင့်

“တကယ်ပဲ ပေါ့ဆမှုကြောင့်လား။ မဟုတ်ရင် မောင်မင်းတို့လည်း ပါဝင်နေတာလား”

ထိုနှစ်ယောက်က ဆက်တိုက် ခေါင်းခါနေပြီး

“မလုပ်ရဲပါဘူး”

ယွီဝိန်းလန်က ပြောလိုက်သည်။

“မောင်မင်းတို့တွေ ဒီကိစ္စအကြောင်းကို ရှာမတွေ့ဘူးဆိုရင် ကျန်းကပဲ မောင်မင်းတို့ နှစ်ယောက်အစား ရှာဖွေရတာပေါ့”

ထိုနှစ်ဦးက အလုပ်များ သွားတော့သည်။

ယွီဝိန်းလန်က နန်းတော်ဂိတ်တံခါးဆီကို လျှောက်သွားလိုက်တော့သည်။

လူတိုင်းရဲ့အသံတွေကိုတော့ နားထဲမှာ ကြားနေနိုင်ဆဲပင်။

[သေချာပေါက်ပင် ဘယ်အရာကမှ အရှင်မင်းကြီးရဲ့ မျက်လုံးထဲကနေ မလွတ်မြောက်နိုင်ဘူး]

[ဒီနေ့ရဲ့ ထုတ်ပြန်ချက်နဲ့ဆို ကျိုးမိသားစုရဲ့မျက်နှာသာပေးခံးမှုက အဆုံးသတ်ကို ရောက်သွားပြီပဲ]

[ကျိုးမိသားစုအပေါ် အရမ်းလှုပ်ရှားလိုက်မိရင် အရှင်မင်းကြီးနဲ့ ဧကရီမယ်တော်ကြီးရဲ့ကြားမှာ သဘောထားကွဲမှု ဖြစ်နိုင်လောက်လား။ တစ်ခြားဘာကိုမှ ထပ်မဖြစ်စေနဲ့တော့!]

သူတို့ထဲက တစ်ယောက်ကသာ သူအထူးအာရုံစိုက်ရတဲ့သူပင်။

[ငါ-ိုး ဓလေ့ထုံးတမ်းဆိုင်ရာဝန်ကြီးအပေါ် စမ်းသပ်လိုက်တာလား။ ဒါမှမဟုတ် တကယ်ပဲ အဲဒီလူအိုကြီး ချွေးမနဲ့ ဇာတ်လမ်းတွေ ရှုပ်နေတာ တကယ်ကြီး သိနေတာလား။]

ယန်ရှုက စိတ်ရှုပ်နေဆဲပင် [သေစမ်း ငါလုံလုံလောက်လောက် ဖရဲသီး မစားခဲ့ဘူးလား။ကယ်ကြပါဦး!!]

ယွီဝိန်းလန်က သူ့စိတ်ထဲပေါ့ ပါးစွာပြုံးလိုက်ကာ ဘာကိုမှမဖော်ပြပဲ ထွက်သွားတော့သည်။

~~~~~

++++++

32 01

အပိုင်း 32

ချီအန်းနန်းဆောင်တွင်

တော်ဝင်ကိုယ်လုပ်တော်ဆိုတဲ့ သူမရဲ့ရာထူးကို ဆုံးရှုံးလိုက်ပြီးတဲ့နောက် သူမရဲ့ဖခင်ဟာလည်း ကြောင်တောင်တောင် မျက်လုံးတွေနဲ့ သယ်ထုတ်သွားခံရတာကို တွေ့လိုက်တဲ့အခါမှာတော့ ကျိုးကွေ့ဖေးဟာ ဧကရီမယ်တော်ကြီးဆီကိုပဲ လာပြီး မေတ္တာရပ်ခံရုံသာ တတ်နိုင်တော့သည်။

ထိုအခါမှသာ သူမတူမက ဘယ်လောက်တောင် ရူးမိုက်တဲ့ကိစ္စမျိုးကို လုပ်ထားလဲဆိုတာကို သိလိုက်ရတော့သည်။

သူမပြောတဲ့စကားတွေကို နားထောင်ပြီးတဲ့အခါမှာတော့ ဧကရီမယ်တော်ကြီးက မြေပြင်ပေါ်ကို လဲကျလုနီးပါးပင်။ အထိန်းတော်တွေ အများကြီးနဲ့ ကျူးရှုကျွမ်းရဲ့အခြွေအရံတွေ အပြေးအလွှားလာကာ သူမရဲ့နောက်ကျောကို ပုတ်ပေးသောကြောင့်သာ သူမ လဲမကျသွားတာဖြစ်သည်။

တစ်ခဏကြာပြီးနောက်မှာတော့ ဧကရီမယ်တော်ကြီးက သူမတူမရဲ့နှာခေါင်းကို ထိုးကာ ဒေါသတကြီးနဲ့ ပြောလာသည်။

“နင်က ကူညီလို့မရနိုင်တဲ့ငတုံးမပဲ။ အိုက်ကျားက အဆာပြေသွားပို့ဖို့ပဲ ပြောတာ။ နင့်ကို တစ်ခြားဘာမှ ထပ်မလုပ်ခိုင်းဘူး။ ဘုရင်ကို ဆေးခတ်တဲ့အမှုက ဘယ်လောက် ကြီးသလဲဆိုတာကို နင်သိလား။ နင် ဖြစ်နေတာကိုမပြောနဲ့။ အိုက်တောင်မှ အိုက်မိသားစုကို ကယ်ဖို့မဖြစ်နိုင်ဘူး!”

သူမ ယခင်က မသိခဲ့ဖူးဆိုလျှင်တောင်မှ ကိုယ်လုပ်တော်ကျိုးက ယခုတော့ သိသွားပြီဖြစ်သည်။ ထို့ကြောင့် သူမမျက်နှာကို ဖုံးကာ ခါးသီးစွာ ငိုကြွေးနေတော့သည်။

“ဒီတူမက အပြစ်ဒဏ် ချခံလိုက်ရပါတယ်။ အဒေါ့်ကို ဒီတူမကို ကယ်ပေးဖို့ တောင်းဆိုပါတယ်….”

တော်ဝင်ကိုယ်လုပ်တော်နေရာကို ဆုံးရှုံးရခြင်း သူမတစ်ခြားဘာကို ထပ်လုပ်နိုင်ဦးမှာလဲ။

ထို့ကြောင့် သူမကဧကရီမယ်တော်ကြီးကို အထူးအနေနဲ့ အဒေါ်ဟူသော အခေါ်အဝေါ်ကိုခေါ်ကာမိသားစုရဲ့ သက်ရောက်မှုကနေ လွတ်ကင်းအောင် ကူညီပေးဖို့ ကြိုးစားလိုက်သည်။

သို့သော် ဧကရီမယ်တော်ကြီးက သူမမျက်နှာကို ရိုက်ချလိုက်ကာ ထွက်သွားဖို့ ပြောလာသည်။

“အနာဂတ်မှာ နင့်ကို ချီအန်းနန်းဆောင်ကို ထပ်ပြီး လာခွင့်မပြုဘူး အိုက်မိသားစုက နင့်ကို ထပ်ပြီး မတွေ့ရစေနဲ့”

ပြောပြီးနောက် နန်းတော်အစေခံတွေကို သူမအား မောင်းထုတ်လိုက်ရန် ပြောလိုက်သည်။

တော်ဝင်ကိုယ်လုပ်တော်ကျိုး အိုး နိုး အခု ကိုယ်လုပ်တော်ကျိုးလို့ခေါ်သင့်ပေသည်။ -ဧကရာဇ်က သူမရဲ့အဆင့်အတန်းကို လျော့ချလိုက်ရုံသာမက ဘွဲ့အမည်တစ်ခုပင် ပေးမလာခဲ့ပေ။

ကိုယ်လုပ်တော်ကျိုးက သူမရဲ့ကျုံးချွေ့နန်းဆောင်ကို ပြန်သွားရာလမ်းတစ်လျှောက်မှာ ငိုကြွေးရုံသာ တတ်နိုင်တော့သည်။

~~~~~

ယွီဝိန်းလန် ချီအန်းနန်းဆောင်ကိုရောက်တဲ့အခါမှာတော့ ဧကရီမယ်တော်ကြီးက ညောင်စောင်းပေါ်မှာ မှီနေပြီး ခံစားချက်မကောင်း ဖြစ်နေသည့်ပုံပင်။

သူက အိပ်ရာဆီကို အလျင်အမြန်သွားလိုက်ပြီး သူ့ရဒ့ခေါင်းကို ညွှတ်ကာ ပြောလိုက်သည်။

“သားတော်က မယ်တော့်ကို တောင်းပန်ဖို့ လာတာပါ။ ဒီနေ့အခမ်းအနားမှာ အလွန်ပျက်ရယ်ပြုစရာကောင်းတဲ့ တစ်စုံတစ်ခု ဖြစ်ပွားသွားခဲ့ပြီး သားတော်က ဦးရီးတော်နဲ့ ကိုယ်လုပ်တော်ကို အပြစ်ပေးခဲ့ရပါတယ်”

ဧကရီမယ်တော်ကြီးက သက်ပြင်းချကာ

“အဲဒါက အိုက်မိသားစုရဲ့အမှားပါ။ သူတို့တွေ ကျိုးမိသားစုကို သေချာမစီမံကြလို့ အရှင်မင်းကြီးကို ခံစားလိုက်စေမိပါပြီ”

ယွီဝိန်းလန်က ပြောလာသည်။

“ဦးရီးတော်က တစ်ခဏလောက် ရှုပ်ထွေးသွားလို့ ထင်ပါတယ်။ ဒါပေမဲ့ ဒီနေ့အခမ်းအနားမှာက အာရုံစိုက်မှုအပြည့် ဖြစ်နေခဲ့တယ်။ ဘာအပြစ်ပေးမှုမှ မရှိဘူးဆိုရင် လူတိုင်းက နောက်ဆို ဒီလိုနည်းလမ်းမျိုး လိုက်လုပ်ကြပြီး ဂုဏ်သိက္ခာကို ရယ်စရာဖြစ်စေမှာကို စိုးမိပါတယ်

“အရှင်မင်းကြီးက အခြေအနေအလုံးစုံကို အရင်ဦးစားပေးတာက လောကကြီးအတွက် ကောင်းချီးတစ်ခုပါ”

32 02

ဧကရီမယ်တော်ကြီးက တစ်ဖန်သက်ပြင်း ထပ်ချလိုက်ကာ ခေါင်းစဉ်ကို ရုတ်တရက် ပြောင်းပြီး ပြောလာသည်။

“ခြောက်ခုမြောက်နန်းဆောင်မှာ သခင်မ မရှိသေးတာက ပြဿနာ မဟုတ်ဘူး။ ဒါပေမဲ့ အိုက်ရဲ့မိသားစုကတော့ အရှင်မင်းကြီးက အလယ်နန်းဆောင်ရဲ့နေရာကို တတ်နိုင်သမျှ မြန်မြန် သေချာစေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒါမှ လူတိုင်းရဲ့နှလုံးသားကို တည်ငြိမ်စေနိုင်မှာပါ”

“အရှင်မင်းကြီးရဲ့ ဆန္ဒအရ လိကွေ့ယိက စာရင်းထဲရှိပေမဲ့ သူမရဲ့မိသားစု ရာထူးအဆင့်က လူထုကို ငြိမ်သက်စေဖို့ နိမ့်ကျလွန်းပါတယ် ရိုးရာဓလေ့ထုံးတမ်းဆိုင်ရာရုံးတော်ကို နွေဦးပြီးတာနဲ့ မျိုးရိုးမြင့်မိန်းကလေးတစ်ဦးကို အကြံပြုပေးဖို့ မေးမြန်းရမယ်။ အဲဒါမှ အလယ်နန်းဆောင်ရဲ့ နေရာကို မြန်နိုင်သမျှ မြန်မြန် ဆုံးဖြတ်နိုင်မှာ”

ယွီဝိန်းလန်က ဧကရီမယ်တော်ကြီးဟာ ကျိုးမိသားစုကသမီးကို လက်လျှော့လိုက်ပြီး အသစ်လာတဲ့သူတွေကို လေ့ကျင့်ပေးဖို့ စီစဉ်နေတာပင်။

သို့သော် သူက အရှုံးမပေးပဲ ပြောလာသည်။

“မယ်တော့်ကို ဒီကိစ္စအတွက် စိုးရိမ်စေမိတာက ဒီသားတော်ရဲ့အမှားပါ။ သားတော်စိတ်ထဲမှာ မှတ်ထားလိုက်ပါတယ်။ ဒါပေမဲ့ နွေဦးပြီးတာနဲ့ ရိုးရာဓလေ့ ထုံးတမ်းဆိုင်ရာရုံးတော်က နွေဦးပွဲတော်အတွက် ပြင်ဆင်ဖို့လိုတယ်။ အကြံပြုဖို့ကိစ္စကို နောက်မှ ဆွေးနွေးကြတာပေါ့”

ဧကရီမယ်တော်ကြီးက သူမမျက်လုံးတွေကို မှိတ်လိုက်ကာ ပြောလိုက်သည်။

“အရှင်မင်းကြီး အိုက်ရဲ့မိသားစုအတွက် ဝမ်းနည်းပူနွေးရတာကို ပင်ပန်းနေပါပြီ အရှင်မင်းကြီးလည်း ပြန်ပြီး အနားယူသင့်ပါပြီ”

ယွီဝိန်းလန်က ကောင်းပြီလို့သာ ပြောလိုက်ကာ နှုတ်ဆက်ပြီး လျှောက်ထွက် သွားလိုက်တော့သည်။

သူတံခါးဆီကို လက်လှမ်းတော့မဲ့ အချိန်မှာပဲ ဧကရီမယ်တော်ကြီးက သူ့စိတ်ထဲမှာ သက်ပြင်း ချလိုက်သံကို ကြားလိုက်ရသည်။

“နောက်ဆုံးတော့လည်း သူကငါ့ရဲ့ကိုယ်ပိုင်သွေးသားမှ မဟုတ်တာပဲလေ”

သူ့နှလုံးသားက နစ်မြှုပ်သွားပေမဲ့ မရပ်တန့်လိုက်ပဲ ချီအန်းနန်းဆောင်ကနေ တန်းတန်းမတ်မတ်ထွက်သွားတော့သည်။

~~~~~

ယွီဝိန်းလန်က တော်ဝင်ရထားလုံးကို မစီးပဲ လေအေးထဲမှာ ခြေဦးတည့်ရာ သွားနေခဲ့သည်။ သူ အသိဝင်လာချိန်မှာတော့ ကန်လုနန်းဆောင်ရဲ့ အပြင်ဘက်ဘက်ဂိတ်တံခါးကို ရောက်နေပြီ ဖြစ်သည်။

သို့သော် ဖုဟိုင်ရဲ့နှလုံးသားထဲက ကျစ် ကျစ် ဟူသောအသံကို ကြားလိုက်ရသည်။

[အရှင်မင်းကြီးက လိကွေ့ယိကို တကယ်ပဲ လွမ်းဆွတ်နေတာပဲ အခမ်းအနားပြီးတာနဲ့ ဒီကို တန်းလာတယ်]

ယွီဝိန်းလန် “…”

တကယ်တော့ သူဟာ ဒီကိုအလျင်စလို လာခဲ့တာ မဟုတ်ပေမဲ့ သူက တစ်နည်းနည်းနဲ့ ရောက်သွားခဲ့တာပဲ ဖြစ်သည်။

သို့သော် သူက သူမကို မေးစရာတစ်ခုခု ရှိတဲ့အတွက် ခန်းမထဲကို လှမ်းဝင်လိုက်တော့သည်။

သူဟာ အခန်းထဲကို ဝင်လိုက်တဲ့အခါမှာတော့ ယန်ရှုက စားပွဲပေါ်မှာ စာရေးနေတာကို တွေ့လိုက်ရသည်။ သူ ဝင်လာသံကိုကြားလိုက်တဲ့အခါမှာတော့ ရေးနေတာကို ရပ်လိုက်ကာ မတ်တပ်ထလိုက်ပြီး

“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်”

သူမ ပြောလိုက်ပြီးတာနဲ့ သူ့ရဲ့အမူအရာကို တိတ်တဆိတ် ကြည့်လာကာ သူ့နှလုံးသားထဲမှာ တွေးလိုက်သည်။

[ကြည့်ရတာ သိပ်ပြီးမပျော်နေသလိုပဲ။ ဖြစ်နိုင်တာက ဧကရီမယ်တော်ကြီးဆီကနေ အဆူခံလိုက်ရတာများလား။]

ယွီဝိန်းလန် “….”

သူက အဲလောက်တောင် ခံစားချက် ပြင်းနေတာလား။

ထို့ကြောင့် သူ့အတွေးတွေကို အလျင်အမြန်ပဲ စုလိုက်ကာ သူ့ကိုယ်သူ အကြောင်းပြလိုက်ပြီး သူမကို ပြောလိုက်သည်။

“နောက်ထပ် ဇာတ်ညွှန်း ရေးနေပြန်ပြီလား”

ယန်ရှုက ဟုတ်သည်ဟု ဖြေလာသည်။

ယွီဝိန်းလန်က အနည်းငယ် စိတ်ဝင်စားသွားပြီး သူမကို ထပ်မေးလိုက်သည်။

32 03

“ဒီတစ်ခေါက်ရော ဘာဇာတ်လမ်းမျိုးရေးချင်တာလဲ”

ယန်ရှုက ချောင်းဟန့်လိုက်ကာ

“ဒီကိုယ်လုပ်တော်က ဒီနေ့ ငါးဆားနူကောင်ရဲ့ လှည့်ဖြားတာကို ခံလိုက်ရပြီးတဲ့နောက် အမှန်တရားကို ရှာတွေ့သွားတဲ့ အမျိုးသမီးတစ်ယောက်က ရဲဝံ့စွာတိုက်ခိုက်ပြီး ကိုယ့်ကိုကိုယ်တိုးတက်အောင် ကြိုးပမ်းတဲ့အကြောင်း ရေးမလို့ပါ”

ယွီဝိန်းလန်က သိပ်ပြီးနားမလည်သည့်အတွက် မေးလိုက်သည်။

“ငါးဆားနူဆိုတာက ဘာကြီးလဲ”

ယန်ရှုကပြောလာသည်။

“အဲဒါက မကောင်းတဲ့ယောက်ျားတွေကို ဆိုလိုတာပါ။ သူတို့တွေက အမျိုးသမီးတွေရဲ့ ခံစားချက်တွေကို အကြောင်းမဲ့ သက်သက် ဆွဲဆောင်ပြီး သူတို့မှာ အပြုအမူကောင်း ဆိုတာလည်းမရှိ အရှက်လည်း မရှိတဲ့ ကျွန်တော်မျိုးမတို့ ကြံကိုစားပြီးတဲ့အခါ ထွေးထုတ်လိုက်တဲ့ ကြံဖတ်လို ဆန်ကုန်မြေလေးကောင်တွေကို ပြောတာပါ”

ယွီဝိန်းလန်က ပြောလိုက်သည်။

“နာမည်က အတော်လေး ကွဲပြားတာပဲ”

ထို့နောက် သူက မေးလိုက်သည်။

“ဒါဆို ဒီငါးဆားနယ်ကောင်က အမျိုးသမီးတွေကို ဘယ်လိုမျိုး လှည့်ဖြားတာလဲ”

ယန်ရှုက ချောင်းဟန့်လိုက်ကာ

“ဒီလူမှာက တကယ်တော့ သူ့ရဲ့ဝတ်ရုံလက်ကို ဖြတ်တတ်တဲ့အကျင့်ရှိပြီး သူက မိန်းမတွေကို လုံးဝမကြိုက်ပါဘူး။ ဒါပေမဲ့ တစ်ခြားသူတွေကို လှည့်ဖြားဖို့အတွက် ဇနီးတစ်ဦးနဲ့ လက်ထပ်လိုက်ပြီး ကလေးတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနောက်မှာတော့ သူက သူ့ဇနီးကို သူ့ရဲ့မိဘတွေကိုဂရုစိုက်ဖို့ ဇာတိမြို့မှာ ချန်ထားခဲ့ပြီး တစ်ခြားနန်းဆောင်မှာတော့ အရမ်းကို ဆိုးရွားတဲ့ ကိစ္စဖြစ်တဲ့ ကလေးတွေကို ပြည့်တန်ဆာအဖြစ် ပျိုးထောင်ထားတယ်လေ”

သူမ ပြောတာကို ကြားလိုက်ချိန်မှာတော့ ယွီဝိန်းလန်က သူ့မျက်ခုံးတွေကို တိတ်တဆိတ် ပင့်လိုက်ကာ သူမပြောနေတာက စစ်မက်ရေးရာရုံးတော်ရဲ့ ငယ်သား ချိုက်ဝေ့ကျုံးမဟုတ်လား…..။

ကြည့်ရတာ သူမရဲ့ပုံပြင်တွေတိုင်းက သက်ဆိုင်ရာလူတစ်ယောက်စီ ရှိနေတဲ့ပုံပဲ။

သူဟာ ခပ်သာသာ ချောင်းဟန့်လိုက်ကာ ပြောလိုက်သည်။

“တကယ်ကို မလျော်ကန်တာပဲ။ ဒါပေမဲ့ ယောက်ျားတစ်ယောက်အတွက် အပြင်မှာ အလုပ်လုပ်နေပြီး ဇနီးကို အိမ်မှာ ယောက္ခမတွေကို ပြုစုခိုင်းတာက ပုံမှန်ပဲမလား။ သူမ ဖောက်ပြန်ခံနေရတယ်ဆိုတာကို ဘယ်လိုလုပ်ပြီး သိသွားတာလဲ”

စဉ်းစားနေရင်း ယန်ရှုကပြောလာသည်။

“ဆောင်းရာသီတစ်ရက်မှာ အဲလူရဲ့မိခင်က ရုတ်တရက် ဖျားနာပြီး သူမရဲ့ဇာတိမြို့ကက ကုသမှုကလည်း အချိန်အတော်ကြာတာတောင် အလုပ်မဖြစ်ဘူးလေ။ အဲဒါကြောင့် သူ့ရဲ့ခင်ပွန်းကို မြို့တော်ကနေ နာမည်ကျော်သမားတော်တစ်ယောက်ကို ပင့်ဖိတ်ပြီး သူမကို ကုသစေချင်တယ်လေ”

“အစကတော့ သူ့ဆီကို သတင်းပို့ဖို့ စာတစ်စောင် ပို့သင့်တယ်ဆိုပေမဲ့ ရက်ပေါင်းများစွာကြာအောင် နှင်းကျနေတဲ့အတွက် စာက နှောင့်နှေးနေတယ်။ သူ့ဇနီးက ယောက္ခမရဲ့ဖျားနာမှုကို စိုးရိမ်တဲ့အတွက် တစ်မိသားစုလုံးကို ခေါ်သွားလိုက်တယ်”

“မမျှော်လင့်ထားစွာနဲ့ ပင်ပန်းလှတဲ့ခရီးရှည်ကြီး အပြီးမှာတော့ မြို့တော်ကစံအိမ်ကို ရောက်ရှိသွားခဲ့တယ်။ အဲဒီအခါမှာ သူမ တွေ့လိုက်ရတာကတော့ သူမခင်ပွန်းက တစ်ခြားယောက်ျားတွေနဲ့ အချိန်ဖြုန်းနေပြီး စံအိမ်တော်ထဲက အမျိုးသမီးတွေ အားလုံးကလည်း ရုပ်ဖျက်ထားတဲ့ အမျိုးသားတွေ ဖြစ်ခဲ့တယ်”

ယွီဝိန်းလန်က အတော်လေးအထောက်အပံ့ပေးပြီး အံ့ဩဟန်ဆောင်ကာ

“ဒီလိုကိစ္စမျိုးလဲ ရှိသေးတာလား”

ယန်ရှုက ခေါင်းညိတ်ကာ ဆက်ပြောလာသည်။

“မိသားစုဝင်ဖြစ်ခဲ့တဲ့ ဒီနှစ်တွေတစ်လျှောက်မှာ အဲဒီအမျိုးသမီးက အရူးမဟုတ်ဘူးလေ။ တစ်ခဏတွေးပြီးတဲ့နောက်မှာပဲ သူ့ခင်ပွန်းဖြစ်သူရဲ့ လျှို့ဝှက်ချက်ကို သိသွားတော့တယ်”

ယွီဝိန်းလန်က ခေါင်းညိတ်ကာ “ဒီလိုလည်း ဟုတ်တာပဲ”

ယန်ရှုက ထူးဆန်းတယ်လို့ ကွေးကာ

“အရှင်မင်းကြီးက ဘာလို့ အဲလိုပြောတာလဲ”

ယွီဝိန်းလန်က ချောင်းဆိုးကာ

“ကိုယ်တော် ဆိုလိုတာက မင်းရေးတဲ့နည်းက အတော်လေး ကောင်းတယ်လို့”

32 04

စကားပြောနေစဉ်မှာပဲ သူဟာ အကြောင်းအရာကို လျင်မြန်စွာပြောင်းလိုက်ပြီး မေးလာသည်။

“ဒါနဲ့ ဒီအမျိုးသမီးက ဘယ်လိုလုပ်ပြီး သူမဘာသာ တိုးတက်အောင် လုပ်တာလဲ”

ယန်ရှုက စတင်စိတ်ကူးလိုက်ကာ

“သူမအမှန်တရားကို ရှာတွေ့သွားတဲ့အခါမှာ အရမ်းကို ငိုကြွေးတော့တယ်။ အဲဒီနောက် အဲဒီငါးဆားနူကောင်နဲ့ အပြင်းအထန် ညှိနှိုင်းပြီးတဲ့အခါမှာ သူမရဲ့ ကောင်းမွန်တဲ့ ပန်းထိုးစွမ်းရည်ကို အသုံးချပြီး ပန်းထိုးဆိုင်တစ်ဆိုင် ဖွင့်လိုက်တော့တယ်။ အရမ်းကို ကြိုးစားပြီးတဲ့နောက်မှာတော့ သူမက ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ နေနိုင်တဲ့ဘဝကို ရရှိသွားတော့တယ်။ အဲဒီဆန်ကုန်မြေလေးကောင်ရဲ့ မကောင်းသတင်းကလည်း ဖော်ထုတ် ခံလိုက်ရပြီး သူ့ဂုဏ်သိက္ခာလည်း ပျက်ဆီးသွားကာ အလုပ်ကို ဆုံးရှုံးလိုက်ရရုံတင်မကပဲ သူ့မိဘတွေကိုလည်း ဒေါသထွက်စေတော့တယ် အဲကတည်းကစပြီး သူ့ဂုဏ်သတင်းကလည်း ပျက်စီးသထက် ပျက်စီးလာတော့တယ်”

ထို့နောက် သူမက မေးလာသည်။

“ဒီဇာတ်သိမ်းကို အရှင်မင်းကြီး ဘယ်လိုထင်ပါသလဲ”

ယွီဝိန်းလန်က ပြောလိုက်သည်။

“ဒီလောက်အကြာကြီး အိမ်အလုပ်ကိုပဲ လုပ်လာခဲ့တဲ့ အားနည်းတဲ့ အမျိုးသမီးတစ်ယောက်က စိတ်က ရိုးရှင်းတယ်ဆိုရင်တောင် ပန်းထိုးဆိုင်တစ်ဆိုင် ဖွင့်နိုင့်မှာ မဟုတ်ဘူး”

ယန်ရှုက နှုတ်ခမ်းဆူကာ ပြောလိုက်ပြန်သည်။

“ဒါကပုံပြင်တစ်ပုဒ်ပဲလေ လူတွေကို ဖတ်ရတာ သက်တောင့်သက်သာဖြစ်စေရင် လုံလောက်ပြီပေါ့။ လက်တွေ့ဘဝလို ရေးတဲ့နေရာမှာ မရမကရေးမယ်ဆိုရင် လူတွေ ဖတ်ပြီးရင် ပျင်းသွားမှာ စိုးတယ်”

ဟုတ်ပါတယ် ဒါကသူမရဲ့စိတ်ကူးယဉ်ပုံပြင်ပဲလေ။ ကြားဖူးတာတော့ သခင်ကြီးချိုက်ရဲ့ဇနီးက ရိုးရှင်းတဲ့ အိမ်ထောင်ရှင်မတစ်ဦးတဲ့။ ဒီဘဝမှာတော့ အခုစားနေရတဲ့ဒုက္ခပင်လယ်ထဲက လွတ်မြောက်နိုင်ပါ့မလား ဆိုတာကိုတော့ မသေချာဘူး။

သို့သော် ယွီဝိန်းလန်က ခေါင်းညိတ်ကာ “အဓိပ္ပာယ်ရှိသားပဲ အရာအားလုံးက လူတွေရဲ့ကြိုးစားအားထုတ်မှုအပေါ်မှာပဲ မူတည်တယ်။ ပြီးတော့ အရာရာက ဖြစ်နိုင်ချေရှိတယ်”

ယန်ရှုကခေါင်းညိတ်ကာ ရုတ်တရက်အရေးကြီးတဲ့ တစ်စုံတစ်ခုကို သတိရသွားကာ သူ့ကို မေးလိုက်သည်။

“စကားမစပ် လွန်ခဲ့တဲ့ရက်အနည်းငယ်က အရှင်မင်းကြီးယူသွားတဲ့ ဇာတ်လမ်းစာရွက်ကို ပြန်ပေးနိုင်မလား”

ယွီဝိန်းလန်က အတည်းငယ် တွန့်သွားကာ “…မရသေးဘူး”

ယန်ရှုက အတန်ငယ် စိတ်ရှုပ်သွားပြီး

“အဲဒါက ဒီကိုယ်လုပ်တော်အတွက် အရမ်းကိုမှ အရေးကြီးပါတယ်။ မပျောက်တော့ မပျောက်သွားဘူးမလား”

[အရှင်မင်းကြီးက ဒီအမေရဲ့ ဆောင်းပါးလေးကို ယူသွားတာ သုံးရက်တောင် ပြည့်နေပြီလေ။ ငါ့သမီးလေးကို ပျောက်သွားစေရင်တော့ တစ်ယောက်ယောက် သတ်ပစ်နိုင်တယ်လို့ ကတိပြုတယ်!]

ယွီဝိန်းလန် “….

အရမ်းကို ကြောက်စရာကောင်းလိုက်တာ

သူက အလျင်အမြန်ပဲ ရှင်းပြလိုက်သည်။

“သေချာတာပေါ့ ကိုယ်တော် မပျောက်ပါဘူး။ ကိုယ်တော်ကချီအန်းနန်းဆောင်ကနေ လာတာလေ။ အဲတော့ အခုယူမလာမိဘူး။ ဒါပေမဲ့ ခဏနေကျ တစ်ယောက်ယောက်ကို ယူလာပေးခိုင်းလိုက်မယ်”

ယန်ရှုက သဘောတူရုံသာ တတ်နိုင်ပေသည်။

ယွီဝိန်းလန်က တန့်သွားကာ ထပ်မေးလာပြန်သည်။

“မင်း အရင်က ဘာလို့ ကိုယ်တော့်ကို မက်မွန်ပန်းနဲ့ ဓာတ်မတည့်တာကို ပြောမပြဖူးတာလဲ”

ယန်ရှုက သူမဘာသာ တွေးလိုက်သည်။ ထိုအချိန်တုန်းက သူမဟာ နာမည်မရှိ ဘွဲ့နာမည်မရှိတဲ့ အပျိုတော်လေးတစ်ယောက်လေ။ သူမက ဧကရာဇ်ကို ပြောချင်လျှင်တောင် သူက ကြားနိုင်မှာ မဟုတ်ပေ။

သူမက ပြောလိုက်သည်။

32 05

“အဲဒီအချိန်တုန်းက ဒီကိုယ်လုပ်တော်မှာ ခိုင်လုံတဲ့သက်သေလည်း မရှိသလို ပြောချင်ရင်တောင်မှ ပြောဖို့ခက်ပါတယ်”

ယွီဝိန်းလန်က ထပ်မေးလိုက်သည်။

“ဒါဆို မင်းက ဘာလို့ဖုဟိုင်ကို စုံစမ်းပေးဖို့ ပြောရတာလဲ”

ဖြစ်နိုင်တာက သူမက ကြိုတင်ခန့်မှန်းနိုင်ပြီး ဒီနေ့မှာ အဲဒီမိန်းမက စွပ်စွဲမှုအတု ပြုလုပ်မယ်ဆိုတာကို ခန့်မှန်းလိုက်နိုင်တာလား။

သို့သော် သူမရဲ့နှလုံးသားကို နားထောင်ကြည့်လိုက်တဲ့အခါမှာတော့

[ဒီနေ့ကကျ အရင်ကနဲ့ ကွာခြားတယ်လေ။ အခု ကျွန်မမှာ ဖက်စရာ ရှင့်ရဲ့ရွှေပေါင်လုံးကြီးလည်း ရှိနေပြီ သေချာတာပေါ့ ကျွန်မပြန်ပြီး လက်စားချေရမယ်လေ။ မဟုတ်လို့ တစ်ဖက်သူက ခေါင်းပေါ်ထိ ရောက်အောင် အနိုင်ကျင့်နေတာကို ပြန်ပြီးမတိုက်ခိုက်ဘူးဆိုရင် သူ့ရဲ့ဘန်းမုန့် ဖြစ်လာမှာပေါ့]

ယွီဝိန်းလန် “…..”

သို့သော် သူမ ပြန်ဖြေလာတာကို ကြားလိုက်ရသည်။

“ဒီကိုယ်လုပ်တော်က လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ပြန်ပြီးအမှတ်ရသွားခဲ့လို့ အထိန်းတော်ကြီးကို ပြောလိုက်တာပါ”

ယွီဝိန်းလန်က ဖုဟိုင်ကိုကြည့်ကာ ပြောလိုက်သည်။

“ကြည့်ရတာ ဖုဟိုင်ကမှ ငါကိုယ်တော်ထက် ပိုအသုံးဝင်တဲ့ပုံပဲ”

ထိုစကားတွေ ထွက်လာသည်နှင့် ဖုဟိုင်က ကြောက်လန့်သွားကာ ချက်ချင်းပဲ ဒူးထောက်ချလိုက်ပြီး

“မလုပ်ဝံ့ပါဘူး။ တကယ်တော့ လိကွေ့ယိက အရှင်မင်းကြီးမှာ နေ့တိုင်းနေ့တိုင်း လုပ်စရာတွေ အများကြီးရှိတယ်ဆိုတာကို သိတဲ့အတွက် ဒီကိစ္စအတွက်နဲ့ အနှောက်အယှက် မပေးချင်လို့တာနဲ့ ဒီအစေခံကို မေးမြန်းလာတာပါ”

ယွီဝိန်းလန်က ပြောလိုက်သည်။

“ဒီတစ်ခါ လူသတ်သမားကို ဖမ်းမိတဲ့အတွက် ထပါ”

ဖုဟိုင်ကနာခံလိုက်ပြီး ထိုအခါမှသာ ထပ်ပြီးမတ်တပ်ရပ်ရဲတော့သည်။

ယန်ရှုက အထိတ်တလန့်နှင့် ကြည့်လိုက်သည်။

ကျစ် ကျစ် အထိန်းတော်ကြီးခမျာလည်း ရှင့်လိုကျားတစ်ကောင်နဲ့ အတူနေရတာ အတော်လေးကို မလွယ်ကူတာပဲ။

ထိုအချိန်မှာပဲ သူမက အရေးကြီးကိစ္စတစ်ခုကို အမှတ်ရသွားပြီး အလျင်အမြန်ပြော လိုက်သည်။

“အရှင်မင်းကြီး ယနေ့အခမ်းအနားရဲ့ သမားတော်လိုလူမျိုးက အရမ်းကိုရှားပါးတယ်လို့ ခံစားရတယ် သူ့ရဲ့အမှန်တရားကို ပြောပြတာကြောင့်သာ မဟုတ်ရင် ဒီနေ့ လက်တုံ့မပြန်နိုင်မှာကို စိုးမိတယ်”

ယွီဝိန်းလန်က ပြောလိုက်သည်။

“ကိုယ်တော့်မှာ ကိုယ်ပိုင်စီစဉ်ထားတာ ရှိပါတယ်။ စိတ်မပူပါနဲ့”

++++++

33 01

အပိုင်း 33

ယနေ့ခေတ်မှာ အာဏာကို မကြောက်ရွံ့ပဲ အမှန်တရားကို ပြောရဲတဲ့သူက အတော်လေးကို ရှားသွားပြီ ဖြစ်သည်။ ဒီအခွင့်အရေးကို အသုံးချပြီး ထိုသူ့ကို သူ့ရဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့ မကောင်းသူကို အပြစ်ပေးကာ ကောင်းမှုကိုလုပ်ဆောင်ရန် ချီးမြှောက်ပေးရမည်ပင်။

ယန်ရှုက ဒီတော့မှ စိတ်သက်သာရာရသွားပေမဲ့ ဧကရာဇ်က မေးလာခဲ့သည်။

“အသုံးစရိတ်ကိစ္စက တကယ်ပဲလား”

ယန်ရှုက နားလည်ရခက််စွာ ပြောလာသည်။

“ဒီကိုယ်လုပ်တော်က လိမ်ရဲပါ့မလား။ အရှင်မင်းကြီး မယုံဘူးဆိုရင် ရှောင်သုန်းကျစ်ကို မေးမြန်းကြည့်နိုင်ပါတယ်။ ပြီးတော့ တစ်ခြားသူတွေကိုလည်း လာပြီး သက်သေခံပေးခိုင်းနိုင်ပါတယ်”

ထိုအရာကို ကြားလိုက်ချိန်မှာ လျန်ရှင်းက မြေပြင်ပေါ် ဒူးထောက်ချလာပြီး သူမျက်လုံးထဲမှာ မျက်ရည်တွေနှင့် ဖြေလာသည်။

“ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်။ သခင်မလေးက အရှင်မင်းကြီးကို ဘယ်တုန်းကမှ မလိမ်ခဲ့ဖူးပါဘူး။ လွန်ခဲ့တဲ့ရက်က ဒီအစေခံရဲ့ဖခင်က ဖျားနာတဲ့အတွက် မိသားစုရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို အသုံးပြုလိုက်ရပါတယ်။ ကံကောင်းစွာနဲ့ သခင်မလေးက ဒီအစေခံကို ငွေချောင်း နှစ်ချောင်းပေးလာတဲ့အတွက် အစ်ကိုကြီးရဲ့ ထိမ်းမြားလက်ထပ်ပွဲက ချောမွေ့စွာ ပြီးသွားခဲ့တာပါ”

ယန်ရှုက သူမနှလုံးသားထဲမှာ ရေရွတ်လာသည်။

[သာမန်လူတွေရဲ့ဘဝတွေက လွယ်ကူတယ် ထင်နေလား။ ချမ်းသာတဲ့လူတွေရဲ့ ဝိုင်နဲ့အသားကတော့ အိထွက်နေပြီး လမ်းမကတော့ သေလုအောင် အေးခဲနေတယ်]

ယွီဝိန်းလန် “…..”

ဒါလည်း သူ့အမှား ဖြစ်နေတုန်းလား။

သူက သူမကို ကြည့်လိုက်ကာ

“ငါကိုယ်တော် စိတ်ရှုပ်သွားလို့ ဘာလို့ မင်းကဘာလို့ တစ်ခြားသူတွေကို ကူညီတာလဲ”

ယန်ရှုက နှုတ်ခမ်းဆူကာ

“ကိုယ်လုပ်တော်တွေက ဘယ်လောက်ပဲ စိတ်ရှုပ်နေပါစေ။ နန်းတော်ထဲမှာက စားဖို့နဲ့ဝတ်ဖို့အတွက် ပူစရာမလိုဘူးလေ။ သူတို့ကိုသာ မကူညီဘူးဆိုရင် သူတို့မိသားစုတွေက ရှင်သန်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ဒါကလည်း သူတို့တွေကို နန်းတော်ထဲမှာ စိတ်လက်ချမ်းသာစွာနေစေနိုင်တဲ့နည်းလေ”

ယွီဝိန်းလန်က သူ့မျက်ခုံးကိုပင့်ကာ “အဓိပ္ပာယ်ရှိသားပဲ”

မမျှော်လင့်စွာနဲ့ ထို့နောက်မှာပဲ သူမနှလုံးသားထဲက ထပ်မံရေရွတ်နေသံကို ကြားလိုက်ရပြန်သည်။

[ကျွန်မ အဲလောက်အများကြီး ပြောပြီးပြီလေ။ ပိုက်ဆံနည်းနည်းလောက် ဆုချမခံရသင့်ဘူးလား။]

ယွီဝိန်းလန် “…”

ဘာလို့ ဒီမိန်းကလေးက ပိုက်ဆံနဲ့ပဲ ပြည့်နေရတာလဲ။

သူက တစ်ခဏလောက် စချင်သွားပြီး သူမကို မေးဖို့ ကြိုးစားလိုက်သည်။

“ငါကိုယ်တော်ဒီတစ်ခါမှာ မင်းကိုမှား ယွင်းမိသွားတယ် ပြန်ပြီးပြင်ဆင်ပေးရမလား”

တကယ်လား။

ယန်ရှုရဲ့မျက်လုံးတို့ လက်သွားကာ အလျင်အမြန် ပြောလိုက်သည်။

“အရှင်မင်းကြီးရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် တကယ်တော့ နစ်နာကြေးမလိုပါဘူး။ အရှင်မင်းကြီးသာ ယုံကြည်နေသရွေ့ ကျွန်တော်မျိုးမ ကျေနပ်ပါတယ်”

[တကယ်တော့ အဲလောက်အများကြီးလည်း မလိုပါဘူး ငွေတုံးတစ်ထောင့်ရှစ်ရာလောက်ဆိုရင်ကို လောက်ပါပြီလေ။ ဟီးဟီး သုံးလေးရာပဲဆိုလည်း လုံလောက်ပါတယ်လေ။ ဘာပဲ ဖြစ်ဖြစ် သူမ မကြိုက်တာမှမဟုတ်တာ]

သူမနှလုံးသားထဲမှာ သူမရဲ့လက်တွေကို ပွတ်နေပြီးတဲ့နောက် ထိုအမျိုးသား ပြောလာသည်ကို ကြားလိုက်ရသည်။

“ကောင်းပြီလေ မင်းက ရက်ရောပြီး စဉ်းစားချင့်ချိန်တတ်တာက ရှားပါတယ်”

ယန်ရှု “..”

ဘာ။

ဘာကို ဆိုလိုတာလဲ။

သူမ ဒီလောက်တောင် ယဉ်ကျေးနေတာကို ဟယ်လို မကြားရဘူးလား။

ယွီဝိန်းလန်က သူ့အပြုံးကို ဝှက်လိုက်ကာ လေးနက်ချင်ဟန် ဆောင်လိုက်ပြီး

“နောက်ကျနေပြီဆိုတော့ ငါကိုယ်တော် ပြန်သွားပြီး ကျမ်းစာဖတ်ရဦးမယ် အဲတော့ မင်းဆက်ရေးနိုင်ပြီ”

စကားပြောပြီးနောက် ထရပ်ကာ ထွက်သွားတော့သည်။

ယန်ရှု “..”

ကျိုးကြောင်းမသင့်လိုက်တာ!

ယွီဝိန်းလန်က တိတ်တဆိတ် နားထောင်လိုက်ပြီး နန်းတော်တံခါးဝကနေ ခြေလှမ်းပြီးထွက်လိုက်တယ်ဆိုရင်ပဲ မထိန်းထားနိုင်တော့ပဲ နှုတ်ခမ်းစွန်းတို့က မြင့်တက်သွားရတော့သည်။

သူမဆီ ခဏပဲလာလိုက်ပေမဲ့ သူ့ရဲ့ခံစားချက်က အများကြီး ပိုကောင်းသွားရသည်။

~~~

33 02

ချန်းမင်နန်းဆောင်ကို ပြန်ရောက်တဲ့အခါမှာတော့ ယွီဝိန်းလန်က အိပ်ဆောင်ကို သွားကာ အဝတ်အစားလဲလိုက်ပြီးနောက် တော်ဝင်စာကြည့်ဆောင်သို့ သွားလိုက်တော့သည်။

မသွားခင်မှာ သူက ဖုဟိုင်ကို မှာထားခဲ့သည်။

“ဟိုတစ်နေ့ညက ငါကိုယ်တော်ဖတ်ခဲ့တဲ့ ဇာတ်ညွှန်းကို ကန်လုနန်းဆောင်ကိုပို့ဖို့ တစ်ယောက်ယောက်ကို ခိုင်းဖို့ အမှတ်ရပါ”

သူသာထပ်မေ့လျှင် သူမက သူ့ကို ဘယ်လိုထပ်ပြီး အသရေ ဖျက်ဦးမည် မသိပေ။

ဖုဟိုင်က နာခံလိုက်ပြီး တံခါးနားက ရှောင်ချွင်းကျစ်ကို အလျင်အမြန်ပဲ အမိန့်ပေးလိုက်သည်။

“မင်းမှာ မြန်ဆန်တဲ့ ခြေတွေလက်တွေရှိတော့ လိကွေ့ယိဆီ မြန်မြန်ယူသွားလိုက်”

ရှောင်းချွင်းကျစ်က ကောင်းပါပြီဟု ဖြေကာ စာရွက်ကိုယူလိုက်ပြီး လျှောက်ထွက်သွားတော့သည်။

ချန်းမင်နန်းဆောင်ရဲ့ဂိတ်တံခါးကို ရောက်ချိန်မှာပဲ သူက တော်ဝင်အကယ်ဒမီရဲ့ပညာရှိ ကျိုးမိုကျုံးကို တွေ့လိုက်ရသည်။

ပညာရှိကျိုးဟာ အသက်လေးဆယ်ခန့် ရှိပြီဖြစ်ပြီး အတော်လေး ဗဟုသုတကြွယ်ဝပေသည်။ ရှောင်ချွင်းကျစ်က သူ့လက်ထဲမှာ စာရွက်တစ်ထပ်ကိုင်ထားတာကို မြင်လိုက်ချိန်မှာတော့ သိချင်စိတ်ဖြစ်စွာနဲ့ ချက်ချင်းပဲ မေးလာတော့သည်။

“ဒါက အရှင်မင်းကြီးရဲ့ အမိန့်လား”

ရှောင်ချွင်းကျစ်က သူ့ဦးခေါင်းကို ညွှတ်လိုက်ကာ ပြောလာသည်။

“မဟုတ်ပါဘူး ဒါကအရှင်မင်းကြီးရဲ့ အိပ်ဆောင်ကနေ ယူလာတာပါ။ ပြီးတော့ လိကွေ့ယိဆီကို ပို့ဆောင်ပေးဖို့ပါ”

ကိုယ်လုပ်တော်အတွက် ဖြစ်နေတာပဲ။

ကျိုးမိုကျုံးက သိပ်အများကြီး မမေးသင့်ပေ။ သို့သော် စာရွက်ပေါ်၌ ဆောင်းပါးတစ်ပုဒ်ဖြစ်ပုံရတဲ့ စာလုံးတွေအများကြီးကို ပြွတ်သိပ်စွာ ရေးထားတာကို တွေ့လိုက်ရသည်။ သူသည်လည်း မနေနိုင်စွာ ထပ်သိချင်သွားရကာ မေးလိုက်သည်။

“အရှင်မင်းကြီးဘာသာ ရေးထားတဲ့ဆောင်းပါးများလား”

ရှောင်ချွင်းကျစ်က သူ့ခေါင်းကို ထပ်မံခါယမ်းလိုက်ကာ

“ကျွန်တော် မသိပါဘူး”

ပညာရှိကျိုးက တစ်ချက်လောက်ကြည့်ကြည့်ရန် ရဲတင်းစွာနဲ့ရှေ့ကို တိုးလိုက်သည်။ သို့သော် သူ တွေ့လိုက်သည်က လိမ်ကောက်နေတဲ့လက်ရေးတွေဖြစ်ပြီး အရှင်မင်းကြီးရဲ့ လက်ရေးမဟုတ်တဲ့ပုံပင်။

သို့သော် စာကြောင်းက အလွန်စိတ်ဝင်စားစရာကောင်းသည်။

ထပ်ပြီးမေးတော့မဲ့အချိန်မှာပဲ ရှောင်ချွင်းကျစ်က ကိစွစတွေကို နှောင့်နှေးမိစေမှာစိုးတဲ့အတွက် အလျင်အမြန် ပြေးထွက်သွားတော့သည်။

ပညာရှိကျိုးသည်လည်း ရွေးချယ်စရာ မရှိတော့ပဲ တော်ဝင်စာကြည့်ဆောင်ထဲသို့သာ အရင်သွားလိုက်ရတော့သည်။

-ဟန်လင်းပထမအဆင့်ပညာရှိက တော်ဝင်အမိန့်မူကြမ်း ထုတ်ပြန်ရာတွင် မူကြမ်းပြင်ဆင်ရသူပင်။ ယနေ့ဖုန်းရှန်တျန့်ကြောင့် အရှင်မင်းကြီးက အရာရှိတွေရဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့ အကျင့်ပျက်ခြစားမှုကို တင်းတင်းကြပ်ကြပ်စစ်ဆေးဖို့ အမိန့်တော်သုံးရပ် ထုတ်ပြန်ကြေငြာခဲ့သည်။ ကျိုးမုံကျန်းက ဒီနေရာမှာ ဘုရင့်အတွက် အမိန့်တော် မူကြမ်း ပြင်ဆင်ထုတ်ပြန်ပေးဖို့ပင်။

သိပ်မကြာခင်မှာပဲ တော်ဝင်အမိန့်တော်သုံးရပ်ကို ရေးဆွဲပြီးသွားပြီး ပြန်လည်သုံးသပ်ရန် ဘုရင့်ဆီကို တင်ပြလိုက်တော့သည်။ ယွီဝိန်းလန်က ခြုံကြည့်လိုက်ကာ အခမ်းအနားအကြံပေးအရာရှိကို အမိန့်တော်ကို ထုတ်ပြန်ကြေငြာရန် စေလွှန်လိုက်တော့သည်။

ကျိုးမုံကျန်းက ထွက်မသွားသေးပဲ တွန့်ဆုတ်နေကာ စကားပြောနေသည်ကို ရပ်လိုက်သည်။

ယွီဝိန်းလန်က မေးလိုက်သည်။

“တစ်ခုခုရှိသေးလို့လား”

ကျိုးမုံကျန်းက အပြုံးတစ်ခုနှင့် ဖြေလာသည်။

“အခုလေးတင် နန်းတော်ဂိတ်တံခါးအပြင်ဘက်မှာ ချိုက်ချန်က အရှင်မင်းကြီးကနေ လိကွေ့ယိအတွက် ချီးမြှင့်လိုက်တဲ့ ဇာတ်ညွှန်းစာရွက်တွေနဲ့ ထွက်လာတာကို တွေ့လိုက်ရပါတယ်။ ဒါက ဘယ်ဆရာသခင်ရဲ့ အထွတ်အမြတ်လက်ရာလဲဆိုတာကိုတော့ မသိပါဘူး”

ကိုယ်တော် ကြားတယ်။

33 03

ယွီဝိန်းလန်က မျက်ခုံးပင့်လိုက်ကာ

“ဖတ်ကြည့်လိုက်တာလား”

ကျိုးမုံကျုံးက အပြုံးတစ်ပွင့်နှင့် ဖြေလာသည်။

“မတော်တဆ တစ်ချက် ကြည့်လိုက်မိတာပါ။ ဒါပေမဲ့ စာကြောင်းတွေက ထူးချွန်နေတာကို တွေ့လိုက်ရပါတယ် ဒါက သာမညောင်ည စာပေမဟုတ်ပါဘူး”

အနုစာပေလား။ ယွီဝိန်းလန်က သူ့မျက်ခုံးကို ဆက်ပင့်လိုက်ကာ

“ကျိုးချင်က တကယ်ပဲ အဲလိုထင်တာလား”

ပညာရှိကျိုးက ခိုင်မာစွာ ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်တော်က အဓိပ္ပာယ်မရှိတာ ပြောနေတာ မဟုတ်ရပါဘူး”

အဟမ်း အနုစာပေစွမ်းရည်က ဘာအတွက်ကြောင့်နဲ့မှ ဒုတိယ ဖြစ်နေရတာ မဟုတ်ဘူး။ သူ အဓိကထင်တာက ယနေ့ခေတ်စျေးကွက်ထဲက စာအုပ်တွေနဲ့ အဲဒီပုံပြင်က အတော်လေးကွာခြားတယ်ဆိုတာပဲ စတိုင်ကလည်း ပြိုင်ဘက်ကင်းပဲ။

ပြီးတော့ အဲဒါက ဘုရင်ကနေ သူ့ရဲ့ချစ်လှစွာသော ကိုယ်လုပ်တော်ကို ချီးမြှင့်တာလေ ဆိုတော့ အဲဒါက ဘုရင့်ရဲ့မျက်လုံးထဲကိုတောင် ဝင်သွားစေနိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက်ရဲ့ စာပေနေမှာပဲ။

ဧကရာဇ်နဲ့နီးကပ်တဲ့ ဝန်ကြီးတစ်ယောက်အနေနဲ့ အရှင်မင်းကြီးရဲ့အကြိုက်နဲ့ နီးနီးကပ်ကပ်လိုက်ပြီး ဘယ်တော့မှ နောက်ကျန်ခဲ့လို့ မဖြစ်ဘူး။

တိတ်တဆိတ်နားထောင်ပြီးတဲ့နောက်မှာတော့ ယွီဝိန်းလန်က ခေါင်းညိတ်ကာ ပြောလာသည်။

“ကျိုးချင်က တကယ်ပဲ အရသာတွေ့တတ်တာပဲ”

သို့သော် တစ်ဖက်လူက ထပ်ပြောလာသည်ကို ကြားလိုက်ရသည်။

“ဆိုတော့ ကျွန်တော်မျိုးက အရမ်းရဲတင်းလွန်းပြီး ဒီကျော်ကြားတဲ့လက်ရာမွန်ကို ကြည့်ကြည့်ဖို့အတွက် ဂုဏ်အသရေ ရှိပါ့မလားဆိုတာ မသိပါဘူး”

ယွီဝိန်းလန်က တစ်ခဏ စဉ်းစားလိုက်ကာ

“စာရေးသူရဲ့သဘောတူညီချက်ကို ယူဖို့ လိုသေးတယ်။ စာကိုသာ စောင့်နေလိုက်ပါ”

******

All Chapters