← Chapters

အခန်း (၃၄-၃၆)

Vol. 3 Ch. 34-36

အခန်း (၃၄-၃၆)

Vol. 3 Ch. 34-36

34 1

အပိုင်း 34

မျက်တောင်တစ်ခတ်အတွင်းမှာပဲ ညအချိန်ရောက်ရှိလာပြီး ယန်ရှုက နေ့ခင်းတုန်းက ပျံပြေးသွားခဲ့တဲ့ ပိုက်ဆံတွေအတွက် စိတ်မကောင်းဖြစ်မိနေဆဲပင်။

ကံကောင်းစွာနဲ့ နောက်ဆုံးမှာတော့ ညစာအတွက် အသားဟင်းတွေ ရှိလာပြီဖြစ်သည်။ သူမက ကြက်ကင်တစ်ခြမ်း ငါးတစ်ကောင်နဲ့ အမဲရင်ပုံသားတို့ကို တစ်ထိုင်တည်း စားလိုက်ပြီး ထိုအခါမှသာ နေသာထိုင်သာရှိသွားတော့သည်။

ညစာစားပြီးနောက်မှာတော့ ရေချိုးလိုက်ပြီး အခန်းဆီကို ပြန်သွားလိုက်သည်။ သို့သော် အခန်းထဲ၌ ဧကရာဇ်က ရောက်နေပြီး စားပွဲရှေ့မှာ သူမ ရေးထားတဲ့စာအုပ်အသစ်ကို စိတ်ဝင်တစားနဲ့ ဖတ်နေတာကို တွေ့လိုက်ရသည်။

သူမမှာ ရွေးချယ်စရာမရှိတော့ဘဲ ညအိပ်ဝတ်စုံနဲ့ပဲ အရိုအသေ ပေးလိုက်ရတော့သည်။

ဒါပေမဲ့ သူမရဲ့စိတ်ထဲမှာတော့ ဟက် ဟက်ဟု နှစ်ချက်ရယ်လိုက်ကာ နားလေးပြီး ထုံထိုင်းချင်ယောင်ဆောင်နေတဲ့ အဲ့ဒီလူက တကယ်ကို လာဖို့မျက်နှာရှိသေးတာပဲ။

ယွီဝိန်းလန်ရဲ့မျက်ခုံးတို့ တွန့်ချိုးသွားရတော့သည်။

“လာဖို့ မျက်နှာ ရှိသေးတယ်ဆိုတာပေါ့” ဆိုတာက ဘာလဲ။

ဒီတိုင်း စနောက်ရုံလေးပဲ မဟုတ်လား သူမက ဘာလို့ အဲ့လောက်ထိ ဒေါသထွက်နေရတာလဲ။

သို့သော် သူမရဲ့နိမ့်ဆင်းနေတဲ့မျက်လုံးတွေနဲ့ ဆူထားတဲ့နှုတ်ခမ်းလေးကို တွေ့လိုက်ရတဲ့အခါမှာတော့ အကြောင်းအရင်းမရှိ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရကာ ချောင်းဟန့်ပြီး ပြောလိုက်သည်။

“ငါကိုယ်တော် မင်းဆီကနေ ကြားဖို့လိုတဲ့ ကိစ္စတစ်ခုရှိတယ်”

ယန်ရှုက အနည်းငယ် သိချင်သွားကာ ထိုသူ့ကိုကြည့်ရန် မတတ်နိုင်စွာဖြင့် မျက်ခွံတို့ကို ပင့်လိုက်ပြီးမေးလိုက်သည်။

“အမိန့်ရှိပါ အရှင်မင်းကြီး”

ယွီဝိန်းလန်ကပြောလိုက်သည်။

“တစ်စုံတစ်ယောက်က မင်းရဲ့ဇာတ်ညွှန်းကို သဘောကျပြီး စျေးကွက်ထဲမှာ ဖြန့်ချီဖို့ စီစဉ်နေတယ်။ အဲတာကို မင်းဘယ်လိုထင်သလဲ”

ယန်ရှုက တစ်ခဏခန့်အေးခဲသွားကာ ဖြန့်ချီမယ် ဟုတ်လား။

ဒါ ဒါ ဒါက တစ်ယောက်ယောက်က ငါ့ဇာတ်ညွှန်းကို ရေးသားချင်တယ်ဆိုတဲ့ အဓိပ္ပာယ်မလား။

သူမက ရုတ်တရက် သူမရဲ့စိတ်ဝိဥာဉ်ကို ပြန်ရလိုက်ပြီး သူမရဲ့သစ်အယ်စေ့သဏ္ဍာန် မျက်ဝန်းတွေက ပြူးကျယ်သွားကာ “တကယ်လား”

ယွီဝိန်းလန်က သူ့ရဲ့မျက်ခုံးတို့ကို ပင့်လိုက်ပြီး

“ငါကိုယ်တော်က ဒီကိစ္စကို မင်းကိုလိမ်ပြောပါ့မလား”

ယန်ရှုက ဖြေလိုက်သည်။

“မဝံ့ရဲပါဘူး ဒီကိုယ်လုပ်တော် ရေးထားတာကို တစ်ခြားသူတွေက ကြည့်လိုက်မိတာလဲ။ အရှင်မင်းကြီးကလွဲရင် ဒီကိုယ်လုပ်တော်ရေးတာကို ဘယ်သူကမှ မဖတ်ဖူးပါဘူး”

ယွီဝိန်းလန်က ဖြေလိုက်သည်။

“ဒီနေ့ ငါကိုယ်တော် တစ်ယောက်ယောက်ကို မင်းရဲ့ဇာတ်ညွှန်းစာရွက်ကို ပေးခိုင်းလိုက်တုန်းက တော်ဝင်အကယ်ဒမီရဲ့ပညာရှိဖြစ်တဲ့ ကျိုးမုန်ကျုံးက တစ်ချက်ကြည့်လိုက်မိပြီး ကောင်းတယ်လို့ တွေးမိလို့လေ”

တော်ဝင်အကယ်ဒမီက ပညာရှိလား။

ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားကာ သူမက တကယ့်ကို ကြီးကျယ်တဲ့ဗဟုသုတရှိတဲ့သူပဲ သူမ စာလုံးတွေက သဘောကျခံရတယ်ဆိုတော့ သူမရဲ့အဆင့်ကအရမ်းကို မြင့်တယ်ဆိုတာ ပြနေတာပဲ

ယွီဝိန်းလန် “…..”

အတော်လေး ဆက်စပ် တွေးခေါ်တတ်တာပဲ

သူက ထပ်ပြောလိုက်သည်။

“မင်ဆန္ဒရှိတယ်ဆိုရင် သူ့ကို အရင်ဖတ်ကြည့်ခိုင်းလိုက်လို့ ရတယ်။ သူက စာအုပ်ရောင်းတဲ့သူတွေ အများကြီးနဲ့သိတော့ ဖြန့်ချီဖို့က လွယ်တယ်”

34 02

ယန်ရှုက အလောတကြီး ခေါင်းညိတ်လိုက်ကာ

“ဟုတ်ကဲ့ ဟုတ်ကဲ့။ ဒီကိုယ်လုပ်တော်က တစ်ခြားသူတွေ ဖတ်ဖို့အတွက် ရေးထားတာပါ။ သေချာတာပေါ့ ကျွန်မဆန္ဒရှိပါတယ်”

အားးးးး သူမရဲ့စားပွဲရှေ့မှာ အကြာကြီး အချိန်ဖြုန်းပြီးတဲ့နောက် နောက်ဆုံးမှာတော့ သူမ မြင်ခွင့်ရတော့မယ်

ယွီဝိန်းလန်က ခေါင်းညိတ်ကာ

“ကောင်းတယ် မနက်ဖြန်ကျ ငါကိုယ်တော် ကျိုးမုန်ကျုံးဆီ ဇာတ်ညွှန်းကိုပေးလိုက်မယ်”

“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”

ယန်ရှုက ထပ်မေးလိုက်သည်။

“ဒီကိုယ်လုပ်တော်က ကလောင်နာမည် ပေးဖို့လိုသေးလားဟင်။ နာမည်အရင်းကို သုံးလို့မရဘူး။ ဟုတ်တယ်မလား”

ကျစ် သူမရေးထားတာက ညီလာခံထဲက ဝန်ကြီးတွေရဲ့ အတင်းအဖျင်းတွေလေ။ ပါဝင်တဲ့လူက စာကို တွေ့သွားပြီး သူမနဲ့ စာရင်းလာရှင်းရင် ဘယ်လိုလုပ်မလဲ။

ယွီဝိန်းလန်က ခေါင်းညိတ်ကာ “အမှန်ပဲ ဘယ်လိုကလောင်နာမည်မျိုး ထားချင်လဲ”

ယန်ရှုက တစ်ခဏခန့်တိတ်သွားကာ ပြောလာသည်။

“သခင်လေးရှောင်ယောင်လို့ ခေါ်ရအောင်”

ယွီဝိန်းလန် “.. အဲ့နာမည်က နည်းနည်း ယောက်ျားဆန်နေသလိုပဲ”

ယန်ရှုက ရှေးရိုးဆန်စွာနဲ့

“ကျွန်တော်မျိုးက ဒီတိုင်း ယောက်ျားလေးနာမည် ပေးချင်လို့ပါ။ အခုခေတ်မှာက “အမျိုးသမီးတစ်ယောက်မှာ ဘာစွမ်းရည်မှ မရှိရင် မွန်မြတ်တယ်”လို့ ထင်ကြတာလေ။ သူတို့တွေသာ ဒီစာအုပ်တွေရဲ့မူရင်းက အမျိုးသမီးတစ်ယောက် ရေးထားမှန်းသာ သိသွားမယ်ဆိုရင် သေချာပေါက် မှန်းဆတဲ့အတွေးတွေ ရှိနေပြီး ဒီစာက မမှန်ကန်ဘူးလို့ တွေးကြလိမ့်မယ်။ ပြီးတော့ ရေးထားတာမကောင်းဘူး ဆိုပြီးတော့ရောပေါ့”

ကြည့်ရတာ အဓိပ္ပာယ်ရှိသလိုပဲ ယွီဝိန်းလန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒါဆို ဒါကမင်းအပေါ်ပဲ မူတည်တယ်”

သူစကားပြောလိုက်ပြီး သူမကိုတစ်ဖန်ထပ်ကြည့်လိုက်ကာ ပြောလိုက်သည်

“အိပ်ရာပေါ်ကို မြန်မြန်တက်တော့ မဟုတ်ရင် အအေးမိသွားမယ်”

“မှန်လှပါ”

သို့သော် ယန်ရှုရဲ့ယခင်နှုံးခွေနေတဲ့အခြေအနေကနေ လက်ဦးမှုယူကာ သူ့ကို အဝတ်အစား ချွတ်ပေးလာသည့်အပြင် အိပ်ရာပေါ်တက်ပြီး သူ့ဘေးနားလာကာ နူးညံ့ပြီး တွေးပေးတတ်သည်ဟု ပြောနိုင်သည့် စောင်ကို ဆွဲပေးလာတာအား မြင်လိုက်ရတော့သည်။

ယွီဝိန်းလန်က သူ့မျက်ခုံးကို ပင့်လိုက်ကာ သူသာ တစ်ခုခုပြောရမယ်ဆိုရင် နေကအနောက်ဘက်ကနေတောင် ထွက်လာလောက်တယ်။

သေချာတာပေါ့ သူမကို ယခုလိုမြင်ရသည်က သူ့အား ပျော်ရွှင်စေပေသည်။ ထို့ကြောင့် သူမကို သူ့လက်မောင်းထဲ ဆွဲသွင်းလိုက်ကာ “”အရမ်းပျော်နေတာလား”

ယန်ရှုက ကြက်သီးထတာကို ဖိနှိပ်လိုက်ကာ အကောင်းဆုံးကြိုးစားပြီး ပြုံးပြလိုက်သည်။

“အရမ်းပျော်ပါတယ်။ စကားမစပ် အရှင်မင်းကြီး ဘယ်စာအုပ်ကို အရင်ဖြန့်ချီသင့်လဲ”

ယွီဝိန်းလန်က တစ်ခဏခန့် တွေးလိုက်ကာ ပြောလိုက်သည်။

“ပညာရှိနဲ့ ကုန်သည်မလေးကလည်း ကောင်းပါတယ်။ အဲ့တာက လူတွေကို သူတို့ ပေးထားတဲ့ ကတိကို တည်စေဖို့ သတိပေးထားတယ် ။မိန်းမလှလေးကတော့…

.အဲ့တာလည်း ရတာပဲ ဒီနှစ်ခုနဲ့ စလိုက်ရအောင်”

ယန်ရှုက အလျင်အမြန်တုံ့ပြန်လိုက်ကာ အကောင်းဆုံး အကြံပြုလာသည်။

“သွေးဆူလွယ်တဲ့စစ်သူကြီးနဲ့ မုဆိုးမလေး” ကလည်း အတော်လေးကောင်းတာပဲ ဘာလို့ အတူတူ မဖြန့်ချီရမှာလဲ”

သွေးဆူလွယ်တဲ့စစ်သူကြီးနဲ့ မုဆိုးမလေးလား….

အဲ့တာက သူ့ကျောက်ကပ်ကိုဆုံးရှုံးတဲ့ တစ်ခု မဟုတ်လား။

ယွီဝိန်းလန်က သူမကို မျက်ခုံး ပင့်ကြည့်လိုက်ပြီး

“အဲ့ပုံပြင်ရဲ့ အဓိကအချက်ကရော ဘာလဲ”

34 03

ယန်ရှုက ကြီးကျယ်တဲ့အသံနှင့် ဖြေလာသည်။

“အဲဒီပုံပြင်က ကမ္ဘာကြီးကို အလှည့်အပြောင်းတွေကို ဖြတ်ကျော်တဲ့အခါမှာ သူတို့ကိုယ်သူတို့လက်မလျှော့ပဲ အချစ်စစ်နောက်ကိုလိုက်ဖို့ တိုက်တွန်းထားတာ”

ယွီဝိန်းလန်က ရွှင်မြူးသွားပြီး သူ့မျက်ခုံးကိုပင့်ကာ မေးလာသည်။

“မင်းက ဒါကိုဘယ်လိုမြင်လဲ”

ဒါပေမဲ့ သူမက သူမအတွက် ရွှေရောင်လမ်းတစ်ခု ခင်းဖို့ ကြိုးစားနေတာကို ကြားလိုက်ရသည်။

“ဒီအမျိုးသမီးငယ်လေးက လက်ထပ်ဖူးတဲ့အတွက် သူမဘာသာ နိမ့်ကျတယ်လို့ မတွေးဘူး။ စစ်သူကြီးနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ သူမမှာ မြူဆွယ် ဖြားယောင်းဖို့ သတ္တိရှိလာပြီး အိုးနိုး သူမမှာ လိုက်ဖို့သတ္တိရှိလာခဲ့တယ်။ နောက်ဆုံးတော့ စစ်သူကြီးကို လက်ထပ်လိုက်ပြီး ကလေးသုံးယောက်ရှိလာခဲ့တယ်။ ကလေးတွေနဲ့ဘဝက နောက်ဆုံးတော့ ပြီးပြည့်စုံမှုရှိသွားပြီဖြစ်ပြီး ခင်ပွန်းနဲ့ဇနီး တစ်ယောက်နဲ့တစ်ယောက် ချစ်မြတ်နိုးကြတာက အရမ်းကို အဓိပ္ပာယ်ရှိတယ်မဟုတ်ဘူးလား”

ယွီဝိန်းလန်က ထပ်မံနှာမှုတ်ကာ “အဲ့လိုလား”

ယန်ရှုက သူ့ကို စိတ်အားထက်သန်စွာကြည့်လိုက်ပြီး “ဆိုတော့ အရှင်မင်းကြီးလည်း အဲ့တာ အဆင်ပြေတယ်လို့ ထင်လား”

“မထင်ဘူး” သူ ငြင်းဆိုလိုက်သည်။

ယန်ရှုက တွန့်ဆုတ်သွားကာ “ဘာလို့လဲ”

ယွီဝိန်းလန်က ချောင်းဟန့်လိုက်ပြီး “အရေးအသားက အရမ်းကို ပွင့်လင်းလွန်းပြီး လူထုအပေါ် မကောင်းတဲ့ သက်ရောက်မှုရှိစေမှာ စိုးရိမ်မိတယ်”

ယန်ရှု “…”

ဘာမှားနေလို့လဲ။ ကျမ်းစာကို ဖန်တဲ့သူတွေက အရွယ်ရောက်နေပြီ ဟုတ်ပြီလား။ ပီုးတော့ သူမရေးတာက လုံးဝကိုပွင့်လင်းတာ မဟုတ်ပါဘူး။ အဲ့တာက အဲ့ဒီ “ကျင်းနဲ့မိန်”ဆိုတာထက် အများကြီး ပိုပြီး ဖြူစင်တယ် ဟုတ်ပြီလား။

ယွီဝိန်းလန် “...”

သူမကတကယ်ကိုပဲ “ကျင်းနဲ့မိန်” ကို သိနေတာပဲ။

ဒါပေမဲ့ တွေးကြည့်လိုက်ချိန်မှာတော့ သူမသာ မသိဘူးဆိုရင် “လှပတဲ့မုဆိုးမလေး”ကို ဘယ်လိုလုပ် ရေးနိုင်မှာတဲ့လဲ။

ထိုစာကြောင်းကို ဖတ်ခဲ့သည့် ထိုညကို တွေးလိုက်မိပြီး မနေနိုင်ဘဲ သူမလက်ကို ပွတ်ကာ သူမကို ညှစ်ကြည့်ချင်လာရသည်…..။

သို့သော် ထိုအချိန်မှာပဲ သူမက သူမနှလုံးသားထဲမှာ ထပ်မံရေရွတ်လာသံအား ကြားလိုက်ရသည်။

[တော်စမ်းပါ ဘယ်လို လူပြိန်းမျိုးလဲ ဒါက ပိုက်ဆံဘယ်လိုရှာရမလဲဆိုတာလေ ကံကောင်းမှုကို ဖန်တီးဖို့ အခွင့်အရေးကို လက်လွှတ်ခံတာက ရူးနေလို့ပဲ]

ယွီဝိန်းလန် “….”

သူ ဘာမှမပြောနိုင်သေးခင်မှာပဲ သူမစိတ်ထဲက ထပ်ပြောလာသံအား ကြားလိုက်ရသည်။

[မျက်လုံးတွေကို မျက်လုံးနေရာမှာပဲ အရင်ထားလိုက်ရအောင်။ ဒီနှစ်အုပ်ထုတ်ပြီးမှ ကျန်တာ ဆက်ပြောကြတာပေါ့။ ကျစ် နောက်ဆုံးတော့ တစ်ယောက်ယောက်က ဒီအမျိုးသမီးအိုကြီးရေး ထားတာကို ဖတ်လိုက်ပြီပဲ ဟားဟားဟားဟားဟား]

[အံ့အားသင့်ဖို့အကောင်းဆုံးက ဧကရာဇ်ရဲ့ ဦးဆောင်မှုပဲ ဆိုတော့ အနာဂတ်မှာ တစ်ယောက်ယောက်ကသာ သူမကို ပြဿနာရှာချင်ရင် အဲ့တာကို ဧကရာဇ်ခေါင်းပေါ် တင်ပေးလိုက်ရုံပဲ]

ယွီဝိန်းလန် “...”

သူ့ကို အပြစ်တင်ခံခိုင်းရဲတယ်လား။

နောက်ဆုံးမှာတော့ မနေနိုင်ပဲ သူမခါးကို ညှစ်လိုက်ကာ

“မင်း ကိုယ်တော့်ကို ကျေးဇူးတင်သင့်တယ် မထင်ဘူးလား”

ကျေးဇူးတင်ရမယ်။

ယန်ရှုက အနည်းငယ် တွန့်ဆုတ်သွားပြီး ဒီအတွက် သူ့ကို ဘယ်လိုကျေးဇူးတင်ရမလဲလို့ တွေးလိုက်သည်။ သူ့ကို စာမူခ နည်းနည်း ပေးလိုက်ရမလား။

ယွီဝိန်းလန် “…”

34 04

[မဖြစ်နိုင်ဘူး သူက ပိုက်ဆံပြတ်နေတာမှ မဟုတ်တာ။ ဒါမှမဟုတ် ကတိပေးစေချင်တာလား။ ကျစ် ကတိပေးလည်း အသုံးမဝင်ဘူး…]

ယွီဝိန်းလန် “...”

ဘုရင့်ရဲ့သိက္ခာက ထပ်မံနင်းခြေခံလိုက်ရပြီး သူမကို သုန်မှုန်နေတဲ့မျက်နှာနဲ့ သူ့လက်မောင်းထဲမှာ တင်းကြပ်စွာ ဖက်ထားလိုက်တော့သည်။

ယန်ရှုက တစ်ခဏခန့်တွန့်ဆုတ်သွားပြီး သူ့ရဲ့အမူအရာက မမှန်ဘူးဆိုတာကို တွေ့လိုက်ချိန်မှာ အလျင်အမြန် ပြောလာတော့သည်။

“အရှင်မင်းကြီးက အရမ်းကို ရက်ရောပါတယ်။ ဒီတော့ ဒီကိုယ်လုပ်တော်က အရမ်းကိုမှ ကျေးဇူးတင်မိပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီးက လောကကြီးထဲမှာ အချမ်းသာဆုံးဆိုတော့ ဒီကိုယ်လုပ်တော်က ဘယ်လိုပြန်ပေးရမလဲ မသိတော့ပါဘူး”

ယွီဝိန်းလန်ကနှာမှုတ်ကာ သူမကိုငုံ့ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ငါကိုယ်တော့်ကို စိတ်ရင်းမှန်နဲ့ ဆက်ဆံစေချင်တယ်”

စိတ်ရင်းမှန်…..

ယန်ရှုက မတတ်နိုင်စွာနဲ့ နိုးနိုးကြားကြား ဖြစ်သွားရပြီး ဒါက ဘာကိုဆိုလိုတာလဲ။

ကြည့်ရတာ အခုတလော သူ သတိထားမိသွားရတဲ့အထိ အရမ်းနမော်နမဲ့ နိုင်သွားလို့လား။

+++++++

35 01

အပိုင်း 35

ကျစ် မကောင်းတော့ဘူး

သိရမည်မှာ သူမကျောပေါ်မှာ ပစ်မှတ်ဆိုတာကို သယ်လိုက်တာနဲ့ ပြန်ချွတ်နိုင်ဖို့ အခွင့်မရှိတော့ပေ။

တကယ်လို့ ရွှေပေါင်လုံးကြီးကသာ သူမကို စိတ်မကျေနပ်တော့ဘူးဆိုရင် သူမရဲ့ကံကြမ္မာက မချမ်းမြေ့စရာဖြစ်သွားလိမ့်မယ်။

ထို့ကြောင့် သူမက ဧကရာဇ်ရဲ့ပေါင်ကို တင်းတင်းကြပ်ကြပ် ဖက်ထားမှရမယ်

ဟုတ်တယ် အေးဆေးပေါ့

ယွီဝိန်းလန် “….”

ထို့နောက် ချက်ချင်းပဲ သူမက ကြိုးစားရယ်လိုက်ကာ ပြောလာသည်။

“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးနဲ့ပက်သက်ပြီး နှလုံးသားနှစ်ခု မရှိဝံ့ပါဘူး။ ပြီးတော့ သစ္စာရှိရမှာပေါ့….အာ မဟုတ်သေးဘူး။ သစ္စာတရားနဲ့ မသွေဖယ်သွားမဲ့ ရိုးသားစစ်မှန်မှုပါ။ ဒီကိုယ်လုပ်တော်ရဲ့ နှလုံးသားထဲမှာ အရှင်မင်းကြီးပဲ ရှိပါတယ်”

စကားပြောနေချိန်မှာ သစ်အယ်စေ့မျက်ဝန်းနှစ်ခုက ပြင်းထန်စွာ တောက်ပနေကာ သူ့ကိုမှင်သက်သွားစေရန် လုပ်ဆောင်နေပေသည်။

ယွီဝိန်းလန်က မယုံပေ။

သူမနှလုံးသားထဲမှာက သူမရှိပဲ ပိုက်ဆံနဲ့အစားပဲ ရှိတာလေ ဟက်

သို့သော် ထိုအချိန်မှာပဲ သူက တကယ်ပဲ သူမကို ဘာမှမလုပ်နိုင်ပေ။

ကျစ် စိတ်တွေကို ဖတ်နိုင်တာက တစ်ခါတစ်ရံမှာ သိပ်ပြီးတော့လိုအပ်တဲ့ ကောင်းတဲ့အရာလည်း မဟုတ်ဘူးပဲ။

အေးစက်နေတဲ့မျက်လုံးတွေနဲ့ သူမကို ထပ်ခါထပ်ခါ ဖက်လိုက်ကာ ပြောလာသည်။

“အိပ်ရာဝင်ကြလို့”

ထို့နောက် သူ့မျက်လုံးတွေကို ပိတ်လိုက်တော့သည်။

ယန်ရှုကလည်း မှန်လှပါဟုဖြေကာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။

သို့သော်…

တစ်ယောက်ယောက်ရဲ့နှလုံးသားအပေါ် လက်တင်တာက ဘာလုပ်တာလဲ။

ငါ အကြာကြီး သည်းမခံထားနိုင်တော့ဘူး

ရက်အနည်းငယ်လောက် အတူတူမအိပ်လိုက်တာနဲ့ ဒီလိုအကျင့်ကြီး ဘယ်ကနေရလာတာလဲ။

သူမက တကယ်ကိုပဲ ထိုသူ့လက်ကို အဝေးကို ပုတ်ထုတ်လိုက်ချင်သည်။ သို့သော် ထိုသူ့ရဲ့ပေါင်ကိုလည်း ဖက်ထားချင်သည့်အတွက် အတတ်နိုင်ဆုံး ထိန်းလိုက်ကာ သူမမျက်လုံးတွေကို ပိတ်လိုက်တော့သည်။

ဟေး စီးပွါးရှာရတာလဲ မလွယ်ကူလိုက်တာ

တိတ်တဆိတ် နားထောင်နေသော တစ်စုံတစ်ယောက် “...”

~~~

တစ်ညတာ ကုန်လွန်ပြီးချိန်မှာတော့ အာရုဏ်တက်ချိန်မှာပဲ ယွီဝိန်းလန်က သဘာဝကျကျနိုး လာတော့သည်။

သူအလျင်အမြန်ပဲ စစ်ဆေးကြည့်လိုက်ချိန်မှာတော့ သေချာပေါက်ပင် ပြောင်းလဲမှုတွေကို ထပ်တွေ့လိုက်ရပြန်သည်။

သေချာတယ် ကြည့်ရတာ ဒီကိစွစက သူမကြောင့်ပဲ ဖြစ်ရမယ်။

သူတွေးနေစဉ်မှာပဲ ယန်ရှုက သူမ မျက်လုံးတွေကို ဖွင့်လိုက်သည်။

ထို့နောက် သူ့ကို မေးလာသည်။

“အရှင်မင်းကြီးက ထတော့မလို့လား”

သူမအသံထဲမှာ ပြင်းထန်တဲ့နှာသံလေးရှိနေပေသည်။

ယွီဝိန်းလန်က ညည်းညူလိုက်ကာ “ဒီမနက် ညီလာခံရှိတယ်”

သူအိပ်ရာ ကထချင်တာပင်။

မမျှော်လင့်စွာနဲ့ ထိုမိန်းကလေးက သူ့ထက်လျင်မြန်စွာရွှေ့လိုက်ကာ လှည့်လိုက်ပြီး တစ်ခဏအတွင်းမှာပဲ အိပ်ရာထဲက ထွက်လိုက်တော့သည်။ ထို့နောက် အဝတ်အစား ချိတ်တဲ့စင်ဆီကို ညီလာခံဝတ်စုံ ယူပေးဖို့ ပြေးသွားလိုက်ကာ ပြောလာသည်။

“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးကို ဝတ်ဆင်ပေးဖို့ စောင့်ပါမယ်”

35 02

ယွီဝိန်းလန်က အတန်ငယ်အံအားသင့်သွားကာ သူမကိုကြည့်လိုက်ပြီး မေးလိုက်ကာ

“ထပ်မအိပ်တော့ဘူးလား”

ဒါပေမဲ့ သူမရယ်ဖို့ ကြိုးစားလိုက်တာကို မြင်လိုက်ရပြီး

“ဒီကိုယ်လုပ်တော်က အတိတ်တုန်းက အရမ်းကို နောက်ကျမှ ထမိပါတယ်။ အဲတာကြောင့် အနာဂတ်မှာ အရှင်မင်းကြီးကိုအဖော်ပြုပေးဖို့ သေချာပေါက် စောစောထပါ့မယ်”

စကားပြောပြီးချိန်မှာတော့ တံခါးအပြင်ဘက်ကို အမိန့်ပေးလိုက်ကာ

“ရန်တုန်း လျန်ရှင်း မြန်မြန်လေးရေယူလာခဲ့”

ယွီဝိန်းလန်က သူ့မျက်ခုံးကို ပင့်လိုက်ကာ သူမက ဘေးကျပ်နံကျပ် ဖြစ်နေတဲ့အသိရှိပြီး တကယ်ကို ထောက်ထားညှာတာ တတ်တာပဲ။

သူက ဘာမှမပြောပေ။ သူမကို သူ့အား ဝတ်ဆင်ခွင့် ဆေးကြောခွင့်ပေးထားလိုက်ပြီး သူ့နှလုံးသားထဲမှာ အနည်းငယ် ရွှင်မြူးနေပေသည်။

ဒါတွေ အားလုံးပြီးသွားချိန်မှာတော့ သူမကပြုံးလိုက် ထပ်မေးလာသည်။

“အရှင်မင်းကြီးက ဒီမှာ မနက်စာ စားချင်ပါသလား”

သူက ပြောလိုက်သည်။

“မလိုဘူး ဒီမနက်ညီလာခံရှိတယ်။ ခဏနေကျမှပဲ ချန်းမင်နန်းဆောင်မှာ စားလိုက်တော့မယ်”

ယန်ရှုကတုံ့ပြန်လိုက်ကာ သူ့ကို တံခါးအပြင်ဘက်ကို လိုက်ပို့လာပြန်သည်။ ပြီးနောက် မနေ့ကပြောထားတဲ့ ဇာတ်ညွှန်းနှစ်ခုကိုထုတ်လိုက်ကာ ရိုသေစွာပြောလာသည်။

“အရှင်မင်းကြီး ကျေးဇူးပြုပြီး ပညာရှိကျိုးဆီဒါလေးတွေကို ယူသွားပေးပါဦး”

ယန်ရှုကချက်ချင်းပဲ နာခံစွာနဲ့ သူမခေါင်းကို စိတ်ဝင်တစားနဲ့ နားထောင်နေသလိုမျိုး ညွှတ်လာသည်။

သို့သော် ယွီဝိန်းလန်က စကားဆက်မပြောတော့ပဲ ပြောရုံသာ ပြောလိုက်သည်။

“ပြန်သွားတော့ အပြင်ဘက်မှာ အေးတယ်” ထို့နောက် တော်ဝင်ရထားလုံးပေါ်ကို တက်သွားတော့သည်။

~~~

မနက်ခင်းညီလာခံပြီးချိန်မှာပဲ ဘုရင်မင်းမြတ်က ကျိုးမုန်ကျုံးဆီကို ဇာတ်ညွှန်းတွေ လွှဲပေးလိုက်တော့သည်။

ပညာရှိကျိုးက စိတ်လှုပ်ရှားစွာနဲ့ လက်ခံလိုက်ကာ တော်ဝင်စာကြည့်ဆောင်ထဲမှာ ချက်ချင်းပဲ စဖတ်တော့သည်။

ဒါပေမဲ့ အားပါးတရဖတ်နေစဉ်မှာပဲ သက်ပြင်းချလာကာ

“ပျော်တတ်တဲ့သူရဲ့ပုံပြင်က တကယ်ကို အလှည့်အပြောင်းတွေ အပြည့်ပဲ။ အပျော်မယ်မိန်းကလေးကို သနားကြင်နာတတ်ပြီး တရားမျှတမှုရှိမယ် ထင်မထားဘူး။ ပထမကတော့ မသိခဲ့ပေမဲ့ ပြန်ပြီး ဦးမော့လာနိုင်ပြီး တကယ်ကို ဇွဲနပဲကြီးပြီးတော့ ကိုယ့်ဘာသာ တိုးတက်စေနိုင်တယ် တကယ့်လေးစားစရာပဲ”

သူက “လှပသောဇနီး”ကို တွေ့လိုက်ချိန်မှာတော့ သူ့ခေါင်းကို ထပ်ခါထပ်ခါယမ်းကာ

“ဒီရှစတိုင်က ရိုးရိုးရှင်းရှင်းကို အကျင့်စာရိတ္တ ပျက်ပြားနေတာပဲ အခုလက်ထပ်လိုက်ပြီးပြီဆိုရင်လည်း စိတ်ကို တစ်သမတ်တည်းပဲ ထားသင့်တယ်။ ဘယ်လိုဖြစ်ပြီး လူတကာနဲ့ ရောထွေးနိုင်ရတာလဲ။ သူ့ခင်ပွန်းက တကယ်ကို သနားစရာကောင်းတာပဲ။ သူ့သားက သူ့သားအရင်း မဟုတ်မှာပဲ စိုးမိတယ်”

ယွီဝိန်းလန်က မေးလိုက်သည်။

“စာအရေးအသားကို ကျိုးချင်ဘယ်လိုထင်ပါသလဲ”

ပညာရှိကျိုးက အလျင်အမြန် ခေါင်းညိတ်ကာ

“ရေးထားတာ အရမ်းကောင်းပါတယ်။ သာမန်တရုတ်စာပေမှာက ဒီလိုအမျိုးသမီးကို ဦးတည်ရေးတာမျိုးက ရှားပါးတယ်လေ။ ဒီစာပေက တကယ်ကို ကြည်လင်တဲ့စမ်းချောင်းပဲ ကြည့်ရတာ။ ဒီသခင်ငယ်လေးက မာစတာတစ်ဦးပဲ ဖြစ်ရမယ်”

[အဟမ်း…လက်ရေးကတော့ သိပ်မကောင်းဘူး….ဖြစ်နိုင်တာက ဒါကပဲ အရှင်မင်းကြီးကို ဆွဲဆောင်နိုင်တဲ့ အတုမရှိတဲ့အရာလား။]

ယွီဝိန်းလန် “….”

ဒါပေမဲ့ ဒါကပဲ အရမ်းကို မှန်လွန်းသည်။ ယန်ရှုရဲ့လက်ရေးက တကယ်ကိုပဲ သိပ်မကောင်းပေ။ အသိအမှတ် ပြုနိုင်ရုံလောက်သာပင်။အရင်က လက်ရေးကို ကောင်းကောင်း မကျင့်ခဲ့ဘူးထင်သည်။

35 03

သူက ထပ်မေးလိုက်သည်။

“ဒါဆို ရိုက်နှိပ်ပြီး ထုတ်ဝေမယ်ဆိုရင် ဖတ်ရတာကြိုက်တဲ့သူရှိမယ်လို့ မောင်မင်း ထင်သလား”

ပညာရှိကျိုးက တစ်ခဏခန့် တန့်သွားကာ

“အရှင်မင်းကြီးပြောတာက ဒီစာအုပ်နှစ်အုပ်က မထုတ်ဝေရသေးဘူးလို့လား။ ကျွန်တော်မျိုး ထင်တာက အဲတာက ထုတ်ဝေပြီးတဲ့ လက်ရာကောင်းတွေ ထင်နေတာ။ ထူးဆန်းတဲ့နည်းလမ်းက အရမ်းကို အထက်တန်းကျတာပဲ”

ယွီဝိန်းလန် “….”

သူ ပြောလိုက်သည်။

“မထုတ်ရသေးဘူးဆိုတာ အမှန်ပဲ ဆိုတော့ ဘယ်လိုလဲ။ မောင်မင်းက ထုတ်ဝေဖို့ စာအုပ်ရောင်းချတဲ့သူ တစ်ယောက်လောက် ရှာပေးနိုင်မလား”

ပညာရှိကျိုးရဲ့မျက်လုံးတွေက ထွန်းလင်းသွားကာ ချက်ချင်းပဲ တုံ့ပြန်လိုက်တော့သည်။

“အမိန့်တော်ကို နာခံပါ့မယ် ကျွန်တော်မျိုးရဲ့ ဘဝသက်တမ်းမှာ ဒီလိုလက်ရာမွန်တစ်ခုကို အကြံပြုနိုင်တာက ဂုဏ်အသရေပါပဲ”

ယွီဝိန်းလန် “…ဒါဆိုလည်း လုပ်ကြတာပေါ့”

အဟွတ် ငါကိုယ်တော်သာ သူ့ကိုထပ်နေခိုင်းရင် ဘာကိုယ်ရည်သွေးတာတွေ ကြားရဦးမလဲ မသိဘူး။

သူက ကြားရဖို့ပင် ရှက်ရွံ့နေပြီ ဖြစ်သည်။

ကျိုးမုန့်ကျုံးက အမိန့်ကိုလက်ခံကာ ထွက်သွားတော့သည်။ သို့သော် တံခါးအပြင်ဘက်ကို ခြေမလှမ်းနိုင်ခင်မှာပဲ ဘုရင်က ထပ်ပြောလာတာကို ကြားလိုက်ရသည်။

“စကားမစပ် ဒီသခင်ငယ်လေး ရှောင်ချောင်က ဝင်ငွေကို အရမ်းဂရုစိုက်တယ်။ အကျိုးအမြတ်ရှိတယ်ဆိုရင် အချိန်မှီယူလာပေးဖို့ သတိရပါ ငါကိုယ်တော် သူ့ကိုလ က်လွှဲပေးလိုက်မယ်”

ကျိုးမုန်ကျန်းက တစ်ခဏခန့်ရပ်သွားကာ သိုသော် ဒါက သူလုပ်သင့်တာပင်။

စိတ်ထဲမှာ သက်ပြင်း ချလိုက်တော့သည်။

[ကြည့်ရတာ ဆင်းရဲတဲ့မိသားစုက ပါရမီပါတဲ့သူ ဖြစ်နေတာပဲ ရှားပါးလိုက်တာ]

ယွီဝိန်းလန် “…..”

ဘယ်နားက ရှားပါးတာလဲ။

++++++

36 01

အပိုင်း 36

ညနေပင်ရောက်လု ဖြစ်နေပြီး ထွန်းထားတဲ့မီးရောင်တွေနဲ့အတူ ဝန်ကြီးတွေက တော်ဝင်စာကြည်ဆောင်ထဲသို့ လာလိုက်ပြန်လိုက် လုပ်နေတုန်းပင် ဖြစ်သည်။

ရှောင်ချွင်းကျစ်က ခန်းမထဲကို တိတ်တဆိတ် ဝင်လာကာ ဖုဟိုင်နားထဲကို တီးတိုးရေရွတ်လာသည်။

ယွီဝိန်းလန်က မျက်လုံးထောင့်ကနေ အရိပ်ကို ဖမ်းမိလိုက်ကာ မေးလာသည်။

“ဘာဖြစ်လို့လဲ”

ဖုဟိုင်က ချက်ချင်းပဲ တင်ပြလာသည်။

“အရှင်မင်းကြီး လိကွေ့ယိက အရှင်မင်းကြီး ဒီနေ့ည ညစာ သုံးဆောင်ဦးမှာလားဆိုတာကို တစ်ယောက်ယောက်ကို လွှတ်ပြီး မေးခိုင်းလာပါတယ်”

အမ်။

ထိုစကားတွေ ထွက်လာချိန်မှာပဲ နန်းတော်ထဲက ဝန်ကြီးတွေ အားလုံးရပ်သွားကာ အကြည့်တွေ ဖလှယ်လာကြတော့သည်။

ဒါက ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ်ပဲ။ အရှင်မင်းကြီးကို ညစာသုံးဆောင်ဦးမလားလို့ မေးတဲ့ အမျိုးသမီးတစ်ယောက် တကယ်ကိုရှိနေတာပဲ။

ကြည့်ရတာ လိကွေ့ယိက တကယ်ကို မျက်နှာသာပေးခံနေရတာပဲ။

ယွီဝိန်းလန် “….”

ထိုမိန်းကလေးက တော်ဝင်စားတော်ပွဲကို ထပ်ပြီးစားချင်နေတာ ဖြစ်ရမယ်လို့သာ ခံစားလိုက်ရသည်။

သူသာ ငြင်းလိုက်မယ်ဆိုရင် သူမကအရမ်းကိုစိတ်ပျက်သွားမှာ ဟုတ်တယ်မလား။

သူက တခဏလောက် သည်းမခံနိုင်စွာနဲ့ ပြောလာသည်။

“ခဏအတွင်း အဲဒီကို ရောက်မယ်။ အကြံပေးရှန်းရှန်ကို ပြင်ထားခိုင်းလိုက်ပါ”

ရှောင်ချွင်းကျစ်က နာခံလိုက်ပြီး စကားတွေကို သတင်းပို့ရန် ပြန်သွားတော့သည်။

ထို့နောက်မှာတော့ ယွီဝိန်းလန်က သူ့လက်ထဲက ကိစ္စတွေကို အလျင်အမြန် ကိုင်တွယ်လိုက်ကာ ဝန်ကြီးများစွာကို လွှဲပြောင်းပေးလိုက်တော့သည်။

“နောက်ကျနေပြီဆိုတော့ အားလုံးပဲ ညစာ ပြန်သွားစားကြတာပေါ့”

လူတိုင်းက နာခံလိုက်ကာ ထွက်သွားစဉ်မှာပဲ သူတို့နှလုံးသားထဲမှာ သက်ပြင်းချလာတော့သည်။

[နောက်ဆုံးတော့ တစ်စုံတစ်ယောက်က ညစာစားဖို့ စောင့်နေတယ်ဆိုမှတော့ အရှင်မင်းကြီးက တည်ငြိမ်အောင် မထိုင်တော့ဘူးပဲ]

ယွီဝိန်းလန် “….”

သူက ငြိမ်ငြိမ်မထိုင်နိုင်ဘူးတဲ့လား။

လမ်းတစ်လျှောက် သွားလိုက်ပြီး ကန်လုနန်းဆောင်ကို ရောက်ချိန်မှာတော့ စားပွဲပေါ်မှာ ညစာ ပြင်ထားပြီးဖြစ်တာကို တွေ့လိုက်ရသည်။

ယန်ရှုက နန်းတော်ထဲကလူတစ်စုကို ဦးဆောင်ကာ အရိုအသေပြုလာသည်။

“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးကို ကြိုဆိုပါတယ်”

အနေအထားကလည်း မှန်ကန်ကာ သူမမျက်နှာက အပြုံးကလည်း ပန်းလေးတစ်ပွင့်လို့ပင်။ အသံဟာလည်း ပျားရည်ကဲ့သို့ ချိုသာနေပေသည်။

ယွီဝိန်းလန်က သူ့မျက်ခုံးတွေကို ပင့်လိုက်ကာ အရမ်းကို အာရုံစိုက်လွန်းနေတယ်။ ကြည့်ရတာ ဒီနေ့ရဲ့အစားအသောက်တွေက သူမရဲ့အကြိုက်နဲ့ အတော်လေး ကိုက်ညီတဲ့ပုံပဲ။

သူက အင်းဟုပြောလိုက်ကာ စားပွဲဆီသို့ လာလိုက်ချိန်မှာတော့ သူတို့တွေက သာမန်ဟင်းပွဲတွေဖြစ်တဲ့ အရိုးထွင်ပြီးသား ငါးအသား ၊ အမီရောင်အမဲသားနှပ် ၊ ကြက်သွန်စိမ်းနဲ့ ပင်လယ်မျှော့ ၊ ချယ်ရီအသားတို့ပဲ ဖြစ်နေတာကို တွေ့လိုက်ရသည်။

-မနေ့တစ်နေ့က သူဟာ ညီလာခံမှာ အရာရှိတွေရဲ့အကျင့်ပျက်ခြစားတဲ့ကိစ္စကို စစ်ဆေးကာ နန်းတော်ထဲက လေထုကိုလည်း သန့်စင်စေလိုက်သည်။ ထို့ကြောင့် တော်ဝင်စားတော်ပွဲက ယခင်ကထက် အများကြီးပိုပြီး ရိုးရှင်းပေသည်။

ယွီဝိန်းလန်က မနေနိုင်ပဲ သိချင်သွားရသည်။-ဒီဟင်းတွေက သူမကို ပျော်အောင်လုပ်ပေးနိုင်တာလား။

သို့သော်လည်း ယန်ရှုရဲ့နောက်ကာလိုက်ကာ အပြုံးတစ်ပွင့်နဲ့ပြောလာသည်။

“ကျွန်တော်မျိုးမ အရင်တုန်းက ဖုကုန်းကုန်းကို မေးခဲ့ဖူးပါတယ်။ ဒါတွေက အရှင်မင်းကြီးရဲ့ အကြိုက်တွေပဲ မှန်ပါသလား”

ယွီဝိန်းလန်က ဒါတွေဟာ သူ့အကြိုက်ဆုံး အစားအစာတွေ ဖြစ်နေတာကို တွေ့လိုက်ချိန်မှာ အံ့ဩသွားရသည်။

ဒါပေမဲ့ သူမရဲ့အားရ ကျေနပ်နေသံကို ကြားလိုက်ရသည်။

[ဘယ်လိုလဲ။ အရမ်းကို မွန်မြတ်တယ်မလား။ ဒါက ကျွန်မကရှင့်ကို ဂရုစိုက်တယ်ဆိုတာ သက်သေပြနေပြီပဲ ဟုတ်တယ်မလား။]

36 02

ယွီဝိန်းလန် “…”

နောက်ဆုံးတော့ သူဟာ မနေ့ညက သူပြောခဲ့တဲ့ “သူ့ကိုကျေနပ်အောင်လုပ်”ဆိုတဲ့ စကားကြောင့် ကြိုးစားနေတာဖြစ်ကြောင်း နားလည်သွားတော့သည်။

သူက အကူအညီမဲ့စွာ ရေရွတ်လိုက်ပြီး ရွှင်မြူးစွာဖြင့် ပြောလိုက်သည်။

“စားကြစို့”

သူက တူတွေကို ကောက်ကိုင်လိုက်တော့သည်။

ဒါပေမဲ့ သူမကထိုင်ချမလာပဲ သူ့ဘေးမှာပဲ တူတွေကို ကိုင်ထားရင်းရပ်ကာ ပြေလာသည်။

“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးကို ခစားပါ့မယ်”

“အရှင်မင်းကြီး ဘာစားချင်ပါသလဲ။ …ဒီအရိုး သင်ထားတဲ့ငါးလေးကို မြည်းကြည့်လိုက်ပါ။ အရောင်ကရွှေဝါရောင်သန်းနေပြီး အနေတော် ချက်ထားတယ်ဆိုတာ ပြောနိုင်ပါတယ် အရမ်းကိုကြွပ်ရွနေမှာပါပဲ”

သူမ စကားပြောပြီးတာနဲ့ တူကိုကောက်လိုက်ကာ သူ့ပန်းကန်လုံးထဲ ထိုငါးအသားကို ထည့်ပေးလာသည်။

ယွီဝိန်းလန်က ကြင်နာစွာနဲ့ ကောက်လိုက်ကာ မဝါးခင် သူ့ပါးစပ်ထဲ ထည့်လိုက်တော့သည်။ အဲ့နောက်မှာတော့ သူ့ရဲ့သွားနဲ့နှုတ်ခမ်းတွေကြားက ကြွပ်ရွနေတဲ့အသံတွေ ထွက်ပေါ်လာတော့သည်။

အဲ့ဒီနောက် ချက်ချင်းပဲ သူမနှလုံးသားထဲက ကျစ် ကျစ်ဟူသော အသံကို ကြားလိုက်ရသည်

[အရမ်းအရသာရှိနေမှာပဲ ခဏနေ ငါစားတဲ့အချိန်ကျရင် ကြွပ်နေမှာ မဟုတ်တော့ဘူးQAQ]

ယွီဝိန်းလန် “…..”

ငါးအသားကို စားပြီးနောက်မှာတော့ ယန်ရှုက ကြက်သွန်စိမ်းနဲ့ပင်လယ်မျှော့ဟင်းပွဲဆီ တူတွေကို ဆန့်ထုတ်လိုက်ကာ

“ဒီပင်လယ်မျှော့ဟင်းပွဲကို စမ်းကြည့်ပါ။ ကြက်သွန်စိမ်းရဲ့ အနံ့နဲ့ပြည့်ဝနေပြီး အရမ်းကို ကောင်းနေမှာပါ”

ယွီဝိန်းလန်က ပင်လယ်မျှော့ကို ပါးစပ်အပြည့်စားလိုက်ပြီး သူပင် မျိုမချနိုင်သေးခင်မှာပင် သူမနှလုံးသားထဲက တီးတိုးရေရွတ်သံကို ကြားလိုက်ရတော့သည်။

[ဘယ်လိုနေလဲ နူးညံ့ပြီး အရသာရှိနေမယ် ထင်တယ်။ အကုန်လုံးမစားနဲ့ ကျွန်မအတွက် နည်းနည်းချန်ထားပေးဦး]

ကြားရတာ သွားရေယိုနေတဲ့အတိုင်းပဲ။

ယွီဝိန်းလန် “…..”

သူက ခေါင်းညိတ်လိုက်ကာ “မဆိုးဘူး”

သူ့ပန်းကန်ထဲကို နောက်ထပ် အမဲခြေထောက်သား ထည့်ပေးလာတာကို မြင်လိုက်ရတဲ့အခါမှာတော့ သူမက နူးညံ့တဲ့အပြုံးတစ်ပွင့်နှင့် ပြောလာသည်။

“ဒီအမဲခြေထောက်ကို သေချာချက်ထားရင် ပါးစပ်ထဲမှာ ပျော်ဝင်သွားလိမ့်မယ် အရှင်မင်းကြီး မြန်မြန် မြည်းကြည့်ပါ”

ယွီဝိန်းလန်က ကောင်းပြီဟုပြောကာ အမဲခြေထောက်သားကို စားနေစဉ်မှာပဲ သူမနှလုံးသားထဲက အော်ဟစ်နေသံကို ကြားလိုက်ရသည်။

[ဒီကော်လဂျင် ပါးစပ်အပြည့်ကို ကြည့်ပါဦး။ အရမ်းကိုအရသာရှိနေမှာပဲ။ စွပ်ပြုတ်နဲ့ထမင်းလည်း မမေ့နဲ့ဦး အဲ့တာက အဓိကအသက်ပဲ]

ကြည့်ရတာ ငိုကြွေးနေသံရှိ နေတယ်ထင်တယ်။

[အမဲသားစွပ်ပြုတ် ရှိနေတယ်။ ဘယ်လောက် ကောင်းကောင်းချက်ထားလဲဆိုတာကို ကြည့်စမ်းပါဦး အဲ့တာက ပူနေတုန်း သောက်ရတယ်…..]

သူက ဇွန်းပင် မကိုင်နိုင်သေးခင်မှာပဲ သူမ ထပ်ပြောလာတာကို ကြားလိုက်ရပြန်သည်။

[စားဖို့တောင်မ နှောက်ယှက်ဘူး။ အရင်ဦးစားပေးမယ်။ ရှင်ကသာ ဒီလိုပြုစုခံရတဲ့ပထမဦးဆုံးသူပဲ ရှင့်အတွက်ပဲကောင်းတယ် ကျွန်မအတွက် နည်းနည်း ချန်ထားပေး။ အကုန်လုံးမစားပစ်လိုက်နဲ့ဦး]

“….”

သူဒါကို ဘယ်လိုစားရတော့မှာလဲ။

ထို့ကြောင့် သူက ရိုးရှင်းစွာ ပြောလိုက်သည်။

36 03

“ထိုင်ပြီးစားတော့ ခစားနေစရာ မလိုဘူး”

သို့သော်လည်း သူမရဲ့ဆက်ပြီး နှိမ့်ချနေဟန် ဆောင်နေတာကို မြင်လိုက်ရသည်

“မလိုပါဘူး ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးစားသောက်ဖို့ကို ခစားပေးပါ့မယ်”

ယွီဝိန်းလန်က သူ့မျက်ခုံးတွေကိုပင့်လိုက်ကာ

“နောက်ထပ် နည်းနည်း စောင့်နေဦးမယ်ဆိုရင် ငါးအသားတွေက ကြွပ်နေမှာ မဟုတ်တော့ဘူးနော်”

အဲ့ဒီနောက် သူမက အလျင်စလို အရိုအသေပြုလာပြီး ပြောလာသည်။

“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်”

သူမကချက်ချင်းပဲ သူ့ဘေးနားထိုင်ကာ စားဖို့တူတွေကို ကောက်လိုက်တော့သည်။

ယွီဝိန်းလန် “….”

ယန်ရှုက ငါးအသားကို အရင်ဆုံး ကိုက်လိုက်ပြီး ကံကောင်းစွာနှင့် အရေခွံက ကြွပ်နေဆဲပင်။ သို့သော် အတွင်းကတော့နူးညံ့ကာ ချောမွေ့နေပြီး စွပ်ပြုတ်ထဲကို နှစ်လိုက်မယ်ဆိုရင် တကယ်ကိုပဲ အရသာရှိပေသည်။

ကြက်သွန်စိမ်းနဲ့ပင်လယ်မျှော့ကင်ကလည်း တကယ့်ကို ဟင်းလျာကောင်းပင်။ပင်လယ်မျှော့က နူးညံ့ကာ အိနေပြီး ကြက်သွန်စိမ်းရဲ့ ရနံ့ပြင်းပြင်းနဲ့ နှပ်ထားသည်မှာ အံ့အားသင့်စရာပင်။

နောက်ဆုံးမှာ သူမက အမဲခြေထောက်ကို ကိုက်လိုက်သည်။ အဲ့တာက တကယ်ကိုပဲ သူမပါးစပ်ထဲမှာ ပျော်ဝင်သွားပြီး နှုတ်ခမ်းနဲ့သွားတွေက ကိုက်လိုက်ချိန်မှာ စေးကပ်ပြီး အရသာအပြည့်ပင်။ အရမ်းကိုအရသာရှိတယ် တကယ့်ကိုဟင်းလျာကောင်းပဲ

ထို့နောက် အငန်ဓာတ်ကဲပြီး လတ်ဆတ်မွှေးပျံ့နေတဲ့ ပူနွေးတဲ့အမဲသားစွပ်ပြုတ် တစ်ပန်းကန်ကို သောက်လိုက်တော့သည်။ ထိုအရာ အတွင်းကလီစာတွေကို တကယ်ပဲ သက်တောင့်သက်သာ ဖြစ်စေတာပင်။

စားနေစဉ်မှာလည်း သက်ပြင်းချကာ ဒီအမေ ထိုင်ပြီးစားရတာက သက်တောင့်သက်သာ ရှိလိုက်တာ။ လူတွေကိုခစားရတာက တကယ်ကို မလွယ်ကူတဲ့ အလုပ်ပဲ။

ယွီဝိန်းလန်ကလည်း တိတ်တဆိတ် နားထောင်လိုက်ကာ ဒီလိုမျိုးစားတာကမှ ပိုပြီးသက်တောင့်သက်သာ ရှိတယ်လို့ ခံစားလိုက်ရသည်။

နောက်ဆုံးမှာတော့ ထမင်းတစ်နပ်က ပြီးသွားပြီပင်။ ယန်ရှုက အရေးကြီးတဲ့ တစ်စုံတစ်ရာကို အမှတ်ရလိုက်ပြီး အလျင်အမြန်မေးလိုက်သည်။

“အရှင်မင်းကြီး ဇာတ်ညွှန်းက ဘာဖြစ်သွားပါပြီလဲ။ လူတွေ ဘယ်တော့လောက် ဖတ်လို့ရမှာလဲ”

ယွီဝိန်းလန်က “မနက်ဖြန် အစောဆုံး ဖြစ်လောက်တယ်”

တကယ်တော့ ဒီနေ့မှာပဲ ညီလာခံထဲကဝန်ကြီးတွေကြားမှာ ဖြန့်ဖြူးပြီးဖြစ်သည်။

ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားကာ ချက်ချင်းပဲ ချီးမွမ်းလာသည်။

“သေချာတာပေါ့ အရှင်မင်းကြီးက အကောင်းဆုံးပဲ။ အရင်က စာအုပ်ဖြန့်ဝေရတာက မလွယ်ကူဘူးလို့ ကျွန်မ ကြားခဲ့ဖူးတယ်။ အဲ့ဒီစာအုပ်ရောင်းတဲ့သူတွေကလည်း စာရေးသူရဲ့ဂုဏ်သတင်းကိုလည်း အလုံးစုံမှီခိုနေကြတာလေ။ ဂုဏ်သတင်းကောင်းသာ

မရှိရင် ဘယ်သူကမှ ဂရုစိုက်မှာ မဟုတ်ဘူး”

ယွီဝိန်းလန်က ညည်းလိုက်ကာ သူမရဲ့စောဒကတက်သံကို နားထောင်နေလိုက်သည်။

သူမက စိတ်ထဲမှာလည်း တိတ်တဆိတ် ပြောနေသေးသည်။

[ရှင့်ရဲ့ပေါင်ကိုဖက်ရတာက တကယ်ကို အသုံးဝင်တာပဲ ဆက်ကြိုးစားရမယ်]

သူက မနေနိုင်ပဲ သိချင်သွားရသည်။ သူမ ဘယ်လိုဆက်ကြိုးစားမှာလဲ။

သိပ်မကြာခင်မှာပဲ ညစာစားပွဲကပြီး သွားကာ နန်းတော်ထဲကလူတွေကလည်း ပန်းကန်တွေကို သိမ်းသွားကြတော့သည်။ ယန်ရှုက ချောင်းဟန့်လိုက်ကာ ယွီဝိန်းလန်ကို ပြောလာသည်။

“စောနေတုန်းပဲဆိုတော့ အစာခြေရအောင် ဘာလို့ အရှင်မင်းကြီးနဲ့ကစားပွဲတစ်ချို့ မကစားရမှာလဲ။ အိုးပစ်တမ်းကစားရင်ရော။ ရိုးရှင်းလွန်းလား”

ယွီဝိန်းလန်က သူမကို မျက်ခုံးပင့်ကြည့်လိုက်ကာ

“ထပ်ပြီး နိုင်ချင်တာလား။ ဒီတစ်ခါတော့ ကိုယ်တော် အလွယ်တကူရှုံးမှာ မဟုတ်တော့ဘူးနော်”

ယန်ရှု “….”

ကျစ် သူမက အိုးပစ်တဲ့နေရာမှာ အရမ်းကိုချော်လွန်းသည်။

အရင်တစ်ခါက အနိုင်ရတာက သူမ မကံကောင်းလွန်းလို့သာ ဖြစ်သည်။ ဒီတစ်ခေါ်ကမှာတော့ အနိုင်ရဖို့က ပိုပြီးခက်ရမယ်။

ကျစ် တစ်ချိန်လုံးရှုံးနေတာက ပျော်ဖို့မကောင်းဘူး။ ထိူ့နောက် သူမမျက်လုံးတွေကို လှိမ့်လိုက်ကာ ထပ်ပြောလာသည်။

“စကားမစပ် ဘာလို့ ဒီကိုယ်လုပ်တော်က ဒီနေ့မှာ အရှင်မင်းကြီးကို အဖော်ပြုပေးပြီး မီးပုံး သွားမကြည့်ရမှာလဲ”

မီးထွန်းတာ ကြည့်မယ်။

ယွီဝိန်းလန်က အနည်းငယ် စိတ်ဝင်စားသွားရသည်။

သူဟာ ငယ်စဉ်ကတည်းက နန်းတော်မှာ ကြီးပြင်းလာခဲ့တာပင်။ ထိုနန်းတော်ထဲက မီးအိမ်တွေကိုလည်း နှစ်ပေါင်းများစွာ ကြည့်ဖူးပြီးဖြစ်သည်။

ဒါပေမဲ့ သူမနှလုံးသားထဲက ဆုတောင်းနေသံကို ကြားလိုက်ရတော့သည်။

[သွားမယ် သွားမယ် အတိတ်တုန်းက ကြည့်ချင်တာတောင် အပြင်ကိုအလွယ်တကူ မထွက်ရဲခဲ့ဘူး။ ဒီတစ်ခါတော့ ရှင်နဲ့ လမ်းဖွင့်ပြီးသွားလို့ရပြီ သွားစို့လို့]

ယွီဝိန်းလန် “…”

*****

All Chapters