အခန်း (၃၇-၃၉)
Vol. 3 Ch. 37-39
37 01
အပိုင်း 37
မီးထွန်းတာကိုတောင် မကြည့်ခဲ့ရဘူးဆိုတော့ ဘယ်လိုတောင် သနားစရာ ကောင်းနေတာလဲ။
သူ့နှလုံးသားက နူးညံ့သွားကာ ခေါင်းညိတ်လိုက်ပြီး ပြောလာသည်။
“ကောင်းပြီလေ ဒီနှစ်လှည့်ကွက်အသစ်တွေ ရှိမလားဆိုတာကို ကြည့်ကြည့်ရအောင်”
ထို့နောက် ထရပ်လိုက်တော့သည်။
ယန်ရှုက အပျော်လွန်သွားကာ အလျင်အမြန်ပဲ သူ့ကို ဘရိုကိတ်ဝတ်ရုံကို ကူညီဝတ်ပေးလိုက်ပြီး သူမဘာသာလည်း ဝတ်ရုံတစ်ထည် ခြုံလိုက်ကာ အတူတူ ထွက်သွားကြတော့သည်။
~~~
ခန်းဆောင်ထဲမှာက နွေးထွေးနေပြီး ဒီနေ့သူမအပြင်ကို သိပ်အများကြီး မထွက်လို့ ဖြစ်နိုင်သည်။ ယန်ရှုအပြင်ကို ထွက်ချိန်မှသာ အရမ်းကိုအေးမှန်း သိလိုက်ရသည်။ လေကလည်း အရမ်းကို ပြင်းထန်နေဆဲပင်။
အေးစက်နေတဲ့လေက မျက်နှာကို လာတိုက်သည်မှာ အသားကို ဓားနှင့်လှီးနေသကဲ့သို့ပင် အသက်ကို ပြင်းပြင်းရှုလိုက်လျှင်တောင် အဆုတ်တွေကို အေးခဲသွားစေနိုင်သည်။
ယန်ရှုက ခြုံထည်ထဲမှာ တိုးဝှေ့နေပြီး သူမရဲ့မျက်နှာသေးသေးလေးက အအေးဒဏ်ကြောင့် နီရဲလာသည်ကို တွေ့လိုက်ချိန်မှာ ယွီဝိန်းလန်က သူမကို ပြန်သွားချင်လားဟု မေးချင်ခဲ့တာပင်။
သို့သော် သူမနှလုံးသားထဲက ရေရွတ်လိုက်သံကို ကြားလိုက်ရသည်။
[ကျစ် ကျစ် အရမ်းအေးတာပဲ ကျန်းရှန်ခန်းရဲ့ဆရာကို သေသွားဖို့ တွန်းအားပေးခံခဲ့ရတဲ့နေ့လိုပဲ]
ယွီဝိန်းလန် ”
ကျန်းရှန်ခန်းလား။
တော်ဝင်သမားတော်ဆောင်ရဲ့အကြီးအကဲမလား။
ဘာလို့သူ့ဆရာက သူ့ကိုဒေါသထွက်တယ်လို့ ပြောရတာလဲ။
အခြေအနေက ဘာကြီးလဲ။
သူမက သက်ပြင်း ထပ်ချကာ
[လူပေါင်းများစွာရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တဲ့ ဥာဏ်ကြီးရှင်ဆရာဝန်က လူတွေရဲ့နှလုံးသားကိုတော့ မဖတ်နိုင်ခဲ့ဘူးပဲ။ ဒီလိုနှလုံးသားမဲ့တဲ့အလုပ်သင်ကို လက်ခံလိုက်ပြီး တစ်ဘဝလုံးစာ စွမ်းရည်တွေကိုတောင် လက်လွှဲပေးလိုက်သေးတယ်။ ဒါပေမဲ့ နောက်ဆုံးကျ မြို့တော်အပြင်ဘက်ကို ကန်ထုတ်ခံလိုက်ရတာနဲ့ အဆုံးသတ် သွားတော့တာပဲ]
ယွီဝိန်းလန် “…”
ဒီလိုကိစ္စမျိုးလည်း ရှိသေးတာလား။ သူ ပထမဆုံးအကြိမ် သိရတာပဲ။
သူ အသိပြန်မဝင်ခင် သူမ ထပ်ပြီးရေရွတ်လာတာကို ကြားလိုက်ရသည်။
[ကျစ် ကျစ် အဲ့လူအိုကြီးသာ ရှိနေဦးမယ်ဆိုရင် ဧကရာဇ်ရဲ့ဖျားနာမှုကို ကုသပေးနိုင်လောက်တယ်။ သူ့မှာ မျိုးမပွါးနိုင်တာကို အထူးကုသပေးနိုင်တဲ့ အရမ်းကောင်းတဲ့နည်းစနစ်ရှိတယ်လို့ ကြားဖူးတယ်]
ယွီဝိန်းလန် “….”
တကယ်လား။
သေချာဂရုတစိုက် ပြန်တွေးကြည့်ချိန်မှာတော့ မြို့တော်မှာ ဥာဏ်ကြီးရှင်သမားတော် တစ်ဦးရှိတယ်လို့ တစ်ခါက ကြားဖူးသလိုပဲ။ ဒါပေမဲ့ သိပ်မကြာခင် ပျောက်ကွယ် သွားပေသည်။
သူ စောစောတုန်းက လူတွေလွှတ်ပြီးစုံစမ်းခဲ့ဖူးပေမဲ့ ဘာကိုမှ ရှာမတွေ့ခဲ့ပေ။
အဲဒါ ကျန်းရှန်ခန်းရဲ့ဆရာများဖြစ်နိုင်မလား။
“ဟေး ကြည့်ပါဦး အရှင်မင်းကြီး အဲဒါက မသေမျိုးရှစ်ပါးပင်လယ်ကို ဖြတ်သန်းခြင်း မီးအိမ်မလား”
ယန်ရှုက ရုတ်တရက် တံစက်မြိတ်အောက်ကမီးအိမ်ကို သူမြင်စေရန် ညွှန်ပြလာသည်။
ယွီဝိန်းလန်က အာရုံကို တည်ငြိမ်စွာ ပြန်ယူလိုက်ပြီး မီးအိမ်ကိုကြည့်ကာ ပြောလာသည်။
37 02
“အဲဒါတွေက နည်းလမ်းဟောင်းတွေပါပဲ အရင်တုန်းကလည်း ရှိတယ်”
ယန်ရှုက ပြောလာသည်။
“ဒါက ဒီကိုယ်လုပ်တော်မြင်ဖူးတဲ့ ပထမဆုံးအကြိမ်ပါ”
သူမပြောလိုက်ပြီး မီးအိမ်အောက်ကို ပြေးသွားကာ အကြာကြီးဂရုတစိုက်နဲ့ ကြည့်နေတော့သည်။
သူမရှေ့ကို တိုးလိုက်ပြီး သေချာမြင်ရသည်အထိ စောင့်ကြည့်နေသည်။ သိပ်မကြာခင်မှာပဲ ထပ်မံရေရွတ်လာပြန်သည်။
“ဒီပန်းခြင်းပုံမီးအိမ်က ကောင်းကောင်းလုပ်ထားတာပဲ။ အထဲက ပီအိုနီပန်းတွေက တကယ်အစစ်နဲ့ တူတယ်”
ယွီဝိန်းလန်က ကြည့်လိုက်ကာ သာမန်လိုပဲ ပြောလာသည်။
“အမှန်ပဲ”
သို့သော် ဒါကလည်း နည်းလမ်းဟောင်းလေးပင်။ အထူးသဖြင့် ဒီအချိန်မှာ သူ့စိတ်ထဲ ကိစ္စတစ်ခုရှိနေပြီး လုံးလုံးချီးမွမ်းရှုစားဖို့ အာရုံမရှိသေးပေ။
ခြေလှမ်းအနည်းငယ်လျှောက်ပြီးချိန်မှာတော့ နောက်ထပ်မီးအိန်တစ်ခုအောက်ကို စိတ်လှုပ်တရှားနဲ့ ပြေးသွားတာကို တွေ့လိုက်ရသည်။
“ကြည့်ပါဦး အရှင်မင်းကြီး ဒါကလှည့်နေတဲ့ မီးအိမ်မဟုတ်လား။ တကယ်ကို လည်နေတာပဲ။ အံ့ဩစရာ ကောင်းလိုက်တာ”
ယွီဝိန်းလန်က ရယ်ရသည်ဟု တွေးမိသောကြောင့်
“လည်နေတဲ့ မီးအိမ်ကို တစ်ခါမှမတွေ့ဖူးဘူးလား”
ယန်ရှုက ခေါင်းညိတ်လိုက်ကာ
“အန်းသဲ့လို နေရာသေးသေးလေးမှာက ဒီလိုမီးအိမ်လိုမျိုး ဘယ်လိုလုပ်ရမလဲဆိုတာ ဘယ်သူကမှ မသိဘူး။ ကလေးတုန်းက အချိန်ကို အခုထိ အမှတ်ရနေတုန်းပဲ။ ကောင်တီအောက်ရုံးတရားသူကြီးရဲ့ သမီးက တစ်ခြားတစ်နေရာကနေ တစ်ခုရလာခဲ့ပြီး ဒီကိုယ်လုပ်တော်က တစ်ချက်လောက် နီးနီးကြည့် ချင်ပေမဲ့ သူမက ခွင့်မပြုဘူးလေ”
ဒီစကားလုံးတွေက အနည်းငယ် သနားစရာကောင်းသည့်အတွက် ယွီဝိန်းလန်က ဖုဟိုင်ကို အမိန့်ပေးလိုက်သည်။
“ဒီမီးအိမ်ကို ဖြုတ်ပြီး လိကွေ့ယိကိုပေးလိုက်ပါ”
ဖုဟိုင်က အလျင်အမြန်ပဲ တုံ့ပြန်လိုက်ကာ ချက်ချင်းပဲ တစ်ယောက်ယောက်ကို ခေါ်လိုက်ပြီး မီးအိမ်ကို ဖြုတ်ရန် လှေကားကို ရွှေ့ခိုင်းလိုက်တော့သည်။
ယန်ရှုက ကြက်သေ သေသွားတော့သည်။
ယခုလေးတင် တံစက်မြိတ်မှာလည်နေတဲ့ ထိုမီးအိမ်ကို သူမလက်ထဲမှာကိုင်ထားရင်း မယုံကြည်နိုင်စွာနဲ့ မေးလိုက်သည်။
“ဒီမီးအိမ်ကို ဒီကိုယ်လုပ်တော်ကို ပေးတာပါလား”
ဒါက ဒီနေ့စချိတ်တဲ့နေ့ကစပြီး မီးပုံးပွဲတော်အပြီးအထိ ဆန္ဒရှိသလို ဖြုတ်ယူလို့ မရဘူးမဟုတ်ဘူးလား။
သို့သော် ယွီဝိန်းလန်က ပြုံးကာ
“ဒီနေ့ ကျန်းကို စိတ်ရင်းနဲ့ပြုစုပေးတဲ့အတွက် ဆုမချီးမြှင့်ပေးသင့်ဘူးလား”
အာ ဒီလိုကိုး။
ယန်ရှုက အရှင်မင်းကြီးကို တည့်တိုးပဲ သဘောတူလိုက်ပြီး သူမနှလုံးသားထဲမှာတော့ ရှုပ်ထွေးတဲ့ ခံစားချက်တစ်ခု ပေါ်ထွက်လာရတော့သည်။
အကယ်လို့များ…..
သူမက အလိုလိုက် ခံလိုက်ရသည်။
မင်း လိုချင်မှန်သမျှ ယူနိုင်တယ်
ယွီဝိန်းလန်က တိတ်တဆိတ် ချောင်းဟန့်ကာ သူမဆန္ဒတွေအားလုံးက ဒီမီးအိမ်လေးလိုသာဆိုလျှင် သူမကို မပေးနိုင်စရာမရှိပေ။
သို့သော် သူမနှလုံးသားထဲမှာ သက်ပြင်းချလာပြီး
[ဆိုတော့ အလုပ်ကြိုးစားတာက တကယ်ကိုအကျိုးရှိတာပဲ အဝတ်အစားကူဝတ်ပေးဖို့ စောစောထ ၊ သေတဲ့အထိ အဆာခံပြီး ထမင်းစားစားပွဲမှာ ခစားတာက အချည်းနှီးတော့ ဖြစ်မသွားဘူးပဲ တကယ်ကိုအကျိုးထူးတယ်]
ယွီဝိန်းလန် “…”
37 03
သူမ ကြည့်ရတာ နားလည်မှုလွဲနေတဲ့ပုံပဲ
~~~
နောက်တစ်နေ့ မနက်စောစောမှာ ယွီဝိန်းလန်က ချန်းမင်နန်းဆောင်ကို ပြန်သွားပြီး တော်ဝင်သာမားတော်ရုံး အကြီးအကဲ ကျန်းရှန်ခန်းကိုစုံစမ်းဖို့ တစ်ယောက်ယောက်ကို ချက်ချင်းပဲ စေလွှတ်လိုက်တော့သည်။
—ကျန်းရှန်ခန်းကသာ ဥာဏ်ကြီးရှင်ဆရာရဲ့ တပည့်ဆိုတာ မှန်တယ်ဆိုရင် ကျန်းရှန်ခန်းကစပြီး အဲ့တုန်းက ဥာဏ်ကြီးရှင်သမားတော်ကိုရှာဖို့ သဲလွန်စရှာလို့ရပြီ။
သူမမှာ ကျန်းရှန်ခန်းကို စစ်ဆေးပြီး ကုသပေးဖို့ ပြောလို့မရပေမဲ့ အဲ့ဒီသမားတော်မှာ တစ်ခြားဆက်ခံသူ ရှိလောက်တယ်မလား။
အလုပ်ရှုပ်တဲ့ တစ်နေ့တာ အပြီးမှာတော့ ညနေခင်း ရောက်ပြီဖြစ်ပြီး ကျင်းဝေ့ယီက တင်ပြလာသည်။ ယန်ရှုရဲ့စာတွေကို မနေ့က ကူးရေးလိုက်ပြီး ညီလာခံက လူတော်တော်များများနဲ့ ဝန်ကြီးတွေက ဖတ်ပြီးသွားပါပြီ။
ယွီဝိန်းလန်က မေးလိုက်သည်။
“မနေ့က လင်းဝူဟုန်စံအိမ်မှာ ထူးခြားတာ တစ်ခုခုရှိသေးလား”
ကျင်းယီဝေ့ကပြောလာသည်။
“မြို့စားလင်းဝူက ရုတ်တရက်စံအိမ်ထဲက အစေခံတွေကို စတင်စစ်ဆေးလာပါတယ်။ အထူးသဖြင့် ယခင်ဇနီးဟောင်းကို အမှုထမ်းခဲ့တဲ့အစေခံတွေပါ။ ပြီးတော့ ကျန်းနန်က စံအိမ်ကိုလည်း လူတွေ စေလွှတ်လိုက်ပါသေးတယ်။ ဘာလို့လဲဆိုတာတော့ ကျွန်တော်မျိုးလဲ မသိပါဘူး”
ယွီဝိန်းလန်ကခေါင်းညိတ်လိုက်သည်။
ကြည့်ရတာ ရက်အနည်းငယ်အတွင်း ဒီသနားစရာကောင်းတဲ့သူက သူ့သားဆိုတဲ့သူက သူ့သား မဟုတ်ဘူးဆိုတာကို သိသွားတော့မယ်ထင်တယ်။
ကျစ် ဘုရင်တစ်ယောက်အနေနဲ့ သူဟာအများကြီး ဝင်စွက်ဖက်လို့ မရပေ။ ထို့ကြောင့် ဒီနေရာကနေသာ ကူညီပေးနိုင်ပေသည်။
သူကကျ င်းယီဝေ့ကို ထပ်မေးလိုက်သည်။
“ဝေ့ရူကျန်းဘက်ကရော။ တစ်ခုခုပြောင်းလဲမှုရှိသေးလား”
ကျင်းယီဝေ့က ပြောလာသည်။
“သခင်ကြီးဝေ့က ဇာတ်ညွှန်းရဲ့အရင်းအမြစ်ကို စတင်စုံစမ်းလာတာက ထူးဆန်းပါတယ်။ ပြီးတော့ ကြည့်ရတာ စိတ်ရှုပ်နေပုံလည်းရပါတယ်”
စိတ်ရှုပ်ရုံပဲလား။
ယွီဝိန်းလန်က နှာမှုတ်ကာ ပြောလိုက်သည်။
“ဆက်ပြီး စောင့်ကြည့်နေ”
ကျင်းယီဝေ့က နာခံလိုက်သည်။
~~~
++++++
38 01
အပိုင်း 38
တစ်ချိန်တည်းမှာပဲ ကန်လုနန်းဆောင်၌ အဆာပြေမုန့်စားနေသည့် ယန်ရှုက ရုတ်တရက် ဖရဲသီးအသစ်ကို လက်ခံလိုက်ရသည်။
[မြို့စားလင်းဝူက သူ့သားကသူ့သားမဟုတ်ဘူးဆိုတာကို သိသွားပြီး အဲ့တုန်းကချမ်းသာတဲ့ စီးပွားရေးသမားအကြောင်းကို စတင်စုံစမ်းနေပါပြီ]
ယန်ရှု [ဘယ်လို သိသွားတာလဲ]
စစ်စတန်[မင်းရေးထားတဲ့ဇာတ်ညွှန်းကို ဖတ်လိုက်တာလေ]
ယန်ရှု[...။]
ရိုးရိုးသားသားပြောရရင် သူမကအကျိုးဆက်ကို မတွေးမိပေ။ ဒါပေမဲ့ ဒါက ဒီလောက် မြန်တယ်လား။
ဒါပေမဲ့ ဘာပဲဖြစ်ပါစေ လူတစ်ယောက်ကို ကူညီနိုင်တာက ကူညီနိုင်တာပဲလေ။ တစ်ယောက်ယောက်ကို အမှောင်ထဲမှာ ထားတာထက်တော့ ပိုကောင်းပါတယ်လေ။
ထို့နောက် သူမက စာမူခရမဲ့အချိန်ကိုပဲ စောင့်နေတော့သည်။ ဒါဟာ သူမရဲ့ပထမဆုံးဝင်ငွေ ဖြစ်သည်။ ထိုအကြောင်းကို တွေးတာနဲ့တင် စိတ်လှုပ်ရှားလာပြီ ဖြစ်သည်။
နှစ်ရက်အတွင်းထဲမှာပဲ စာမူခက ရောက်ရှိလာတော့သည်။
စာအုပ်နှစ်အုပ်အတွက် ကြိုတင်ငွေက ငွေတုံးနှစ်ဆယ်ဖြစ်ပြီး အကယ်၍သာ အနာဂတ်မှာ ပိုရောင်းရပါက သူမထပ်ပြီး ရှယ်ယာရဦးမှာပင်။
သေချာပေါက်ပင် ကိုယ်လုပ်တော်ကျိုး ကိုယ်လုပ်တော်နင်နဲ့ တစ်ခြားသူတွေ အတွက်ကတော့ ထိုငွေတုံးနှစ်ဆယ်က မလုံလောက်ပေ။ သို့သော် ယန်ရှုကတော့ ကျေနပ်နေဆဲပင်။
-ဒါက သူမလက်နဲ့ရှာထားတဲ့ ပထမဆုံးပိုက်ဆံလေ။ နှစ်အုပ်ကို ငွေတုံးနှစ်ဆယ်ဆိုတော့ ဆယ်အုပ်ဆိုရင် ငွေတုံးတစ်ရာ ရမှာပေါ့။
ဟီးဟီး သူမစိတ်ထဲက ထိုဖရဲသီးတွေ ရှိနေသရွေ့ ပုံပြင်တစ်ထောင်၊နှစ်ထောင် ရေးရလည်း အဆင်ပြေသည်။ တစ်နေ့ ကိုယ်လုပ်တော် မလုပ်တော့ဘူးဆိုလျှင်တောင် မိသားစုကို စုတ်တံတစ်ချောင်းနဲ့ ထောက်ပံ့နိုင်သေးသည်။ လုံခြုံမှုရှိတဲ့ ခံစားချက်ပဲ။
အရေးအကြီးဆုံးကတော့ သူမမှာ စာဖတ်သူတွေရှိလာပြီ ဖြစ်သည်
နောက်ဆုံးတော့ တစ်ယောက်ယောက်က သူမနဲ့ ဖရဲသီးစားနိုင်ပြီ ဖြစ်သည်
ထိုဖရဲသီးတွေအကုန်လုံးကို သူမစိတ်ထဲမှာပဲ သိမ်းထားရတာက ဘယ်လောက်တောင် အဆင်မပြေဖြစ်နေမှန်း ဘုရားသာလျှင် သိနိုင်ပေသည်။ ယခုတော့ သူမနဲ့အတူဖရဲသီးစားမဲ့ စာဖတ်သူတွေရှိလာပြီဖြစ်ပြီး မျက်နှာချင်းဆိုင် မဆက်သွယ်နိုင်ဘူးဆိုလျှင်တောင်မှ သူမက စိတ်လှုပ်ရှားနေဆဲပင်
ယန်ရှုက နောက်ထပ်စာငါးပုဒ်ခြောက်ပုဒ်လောက် ထပ်ရေးမည်ဟုစဉ်းစားရင်း ပျော်ရွှင်စွာနဲ့ ပိုက်ဆံတွေကို ရေတွက်နေခဲ့တာပင်။
မမျှော်လင့်စွာနဲ့ ပိုက်ဆံတွေကို ရေလို့ မပြီးခင်မှာပဲ စစ်စတန်က ပြောလာသည်။
“မင်းစာအုပ်ပေးလိုက်တဲ့ စာအုပ်ရောင်းသမားရှင်းကွား ပျောက်နေတယ်”
ယန်ရှု [...စာအုပ်ရောင်းသမားက ပျောက်နေတယ် ဟုတ်လား။ ဘာတွေဖြစ်ကုန်တာလဲ။]
စစ်စတန် [သူ့ချွေးမက ဒီမနက်ကပဲ ကျင်းကျောက်စံအိမ်တော်ကို တင်ပြလာတယ်။ မနေ့ညက အိမ်ပြန်တဲ့လမ်းမှာ သူမရဲ့ခင်ပွန်းက ဓားပြတိုက်ခံရပြီး အခုဘယ်နေရာမှာလဲဆိုတာ မသိပါဘူးတဲ့]
ယန်ရှု [ဘာ။ အိမ်ပြန်တဲ့လမ်းမှာ ဓားပြတိုက်ခံရတယ် ဟုတ်လား။ မြို့တော်က ဥပဒေနဲ့အမိန့်တွေက အရမ်းကို ဆိုးရွားနေပြီလား။ အဲစာအုပ်ရောင်းသမားက ချမ်းသာလို့လား။ သစ်ပင်မြင့်လို့လေ တိုက်တာလား။]
စစ်စတန် [ပိုက်ဆံကြောင့်မဟုတ်ဘူး မင်းနဲ့ သက်ဆိုင်နေတယ်]
ယန်ရှု [ငါနဲ့ဆိုင်တယ်လား။]
သူမက တစ်ခဏခန့် စဉ်းစားလိုက်ကာ [ငါ့စာအုပ်က အရမ်းရောင်းကောင်းနေတာမြင်လို့ တစ်ခြားစာအုပ်ရောင်းသမားတွေက တမင်သက်သက် လက်တုံ့ပြန်တာများလား။]
စစ်စတန် […အတွေးလွန်နေပြီ ဒီစာအုပ်ရောင်းသမားက မြို့တော်က စာအုပ်ရောင်းသမားတွေထဲမှာ နောက်ခံနည်းနည်းရှိတဲ့သူပဲ။ သာမန်လူတွေက သူ့ကို မထိရဲဘူး]
ယန်ရှုက မေးခွန်းသင်္ကေတတွေနှင့် ပြည့်သွားကာ
[ဘာဖြစ်လို့လဲ။ ငါနဲ့ ဘာလုပ်စရာရှိလို့လဲ။]
တွေးကြည့်လိုက်ပြီးနောက် သူမရုတ်တရက် ရပ်တန့်သွားတော့သည်။
38 02
[မြို့စားလင်းဝူ ဒါမှမဟုတ် ဝေ့ရူကျန်းများလား။]
အမ်းးးးးပြန်တွေးကြည့်လိုက်မယ်ဆိုရင်တော့ မြို့စားလင်းဝူရဲ့စရိုက်က သိပ်မကောင်းသလိုပဲ။
ဒါပေမဲ့ အဲ့ဒီဝေ့လို့ခေါ်တဲ့ လူအိုကြီးကတော့….
စစ်စတန် [အမှန်ပဲ အဲ့ဒီလူအိုကြီးဝေ့က သူ့အကြောင်းဇာတ်ညွှန်းကို လမ်းတစ်လျှောက်မှာ ပြန့်နေတာကို တွေ့လိုက်ရတော့ ဒေါသချောင်းချောင်း ထွက်သွားတယ်လေ။ ဇာတ်ညွှန်းရေးတဲ့သူကို ရှာချင်ပေမဲ့ တစ်ခဏလောက် ရှာမတွေ့နိုင်ဖြစ်ပြီး စာအုပ်ရောင်းတဲ့သူကို အဝေးကို ခေါ်သွားတော့တာပဲ။ သူ့ကို ခဏလောက် နှိပ်စက်ဖို့ စီစဉ်နေတယ်]
ယန်ရှုက ချက်ချင်းပဲ ဒေါသထွက်လာတော့သည်
[ဒီလူအိုကြီးက ဥပဒေမဲ့ ပြုမူနေတုန်းပဲ။ ကျင်းကျောက်စံအိမ်တော်က သူ့ကို ရှာတွေ့လား။]
စစ်စတန် [ကျင်းကျောက်စံအိမ်မှာက ဒီလိုစစ်စတန်မျိုး ရှိမယ်ထင်လား။ ဒီမနက်ဖြစ်ရပ်ကို သိလိုက်ရချင်းပဲ တစ်ယောက်ယောက်ကိုလွှတ်ပြီး ရှာခိုင်းဖို့စီစဉ်နေတယ်။ ရှာတွေ့မလားဆိုတာတော့ ငါလည်း မသိဘူး]
ဘယ်လိုလုပ် ဒီလို လုပ်နိုင်ရတာလဲ
ယန်ရှုက အလျင် လိုသွားသည်။
သာမန်လူတွေက ရက်အနည်းငယ်လောက် နှိပ်စက်တာကို ဘယ်သူက ခံနိုင်မှာတဲ့လဲ။
ပြီးတော့ ထိုစာအုပ်ရောင်းသမားက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်လေ။ အနာဂတ်မှာလည်း သူမက စာအုပ်တွေ ထုတ်ဦးမှာ
အဲ့ဒီမျိုးရိုးနာမည်ဝေ့ဆိုတဲ့လူက သတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။
ဆိုတော့ သူမကတွေးလိုကိပြီး ရန်တုန်းကို လျင်မြန်စွာ မေးလိုက်သည်။
“နန်းဆောင်ထဲမှာ ဆေးဖက်ဝင်အပင်တွေ ရှိသေးလား”
ရန်တုန်းက ဖြေလိုက်သည်။
“ဟုတ်ကဲ့ အရင်တစ်ခါက သခင်မလေး အပူကြီးတုန်းက အထိန်းတော်ဖုပို့ထားတဲ့ တစ်ချို့ရှိပါတယ်။ အခုထိရှိနေတုန်းပါပဲ”
“ဒါဆိုထုတ်လာခဲ့”
ယန်ရှုက ပြောလိုက်သည်။
“ရှန်းရှန်အကြံပေးဆီသွားပြီး ကြက်သားနဲ့ကြက်ရိုးတွေ သွားတောင်းလိုက် ငါစွပ်ပြုတ် ချက်မယ်”
“ဘာကြီး”
အပျိုတော်လေးက တန့်သွားကာ အရင်ကတစ်ခါမှ မချက်ဖူးတဲ့ သခင်မလေးက စွပ်ပြုတ် ချက်ချင်တယ်တဲ့လား။
သို့သော် ယန်ရှုက သူမကို လောဆော်လာသည်။
“မြန်မြန်လေး ငါ့မှာအရေးကြီး သုံးစရာရှိတယ်”
ရန်တုန်းက မေးခွန်းတွေထပ်မမေးရဲပေ။ လျင်မြန်စွာပဲ ရှန်းရှန်အကြံပေးဆီသွားကာ လိုတာတွေ သွားတောင်းလိုက်တော့သည်။
~~~
တစ်နာရီခွဲခန့်ကြာပြီးနောက် တော်ဝင်စာကြည့်ဆောင်မှာစာဖတ်နေတဲ့ ယွီဝိန်းလန်ကို ဖုဟိုင်က သတင်းပို့လာသည်။
“အရှင်မင်းကြီး လိကွေ့ယိက အရှင့်အတွက် စွပ်ပြုတ်ယူလာပါတယ်”
စွပ်ပြုတ်လား။
ယွီဝိန်းလန်ကအတော်လေး အံ့အားသင့်သွားသည်။
မနက်ခင်းပဲ ရှိသေးတာကို သူမက ဘယ်လိုစွပ်ပြုတ်မျိုး လာပို့တာလဲ။
တစ်ခဏလောက် အရေးကြီးကိစ္စလည်း ဘာမှမရှိသည့်အတွက် ပြောလိုက်သည်။
“ဝင်လာခိုင်းလိုက်”
38 03
ဖုဟိုင်က နာခံလိုက်ကာ တံခါးအပြင်ဘက်က တစ်စုံတစ်ယောက်ကိုဖိတ်ခေါ်ဖို့ အလျင်အမြန် သွားလိုက်သည်။
သေချာပေါက်ပင် ယန်ရှုက စွတ်ပြုတ်အိုးကို ကိုင်ကာ ဝင်လာတော့သည်။
“အရှင်မင်းကြီးကို နှုတ်ခွန်းဆက်ပါတယ်”
သူမကမျက်နှာလေးကို ငယ်လိုက်ကာ ကြိုးစားပြုံးပြလာပြီး
“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးကို စာဖတ်ရင်း ပင်ပန်းနေမှာစိုးလို့ပါ အဲဒါကြောင့် လန်းဆန်းစေတဲ့စွပ်ပြုတ်ကို အရှင်မင်းကြီးအတွက် အထူးပြုတ်လာပေးတာပါ”
သူမခြံဝန်းထဲမှာ ဘယ်လိုဆေးဘက်ဝင်အပင်တွေ စိုက်ထားတာလဲဆိုတာကို မသိခင်မှာပင် သူကခေါင်းညိတ်ပြကာ ပြောလာသည်။
“ကြိုးစားမှုအတွက် ကျေးဇူးပဲ”
ယန်ရှုက အလျင်အမြန်ပဲ နှိမ့်ချစွာပြောလာသည်။
“ဒီကိုယ်လုပ်တော်က အရမ်းမခက်ခဲပါဘူး”
သူမက အိုးကိုသူ့ရှေ့မှာထားလိုက်သည်။
သို့သော် အဖုံးကိုဖွင့်လိုက်ချိန်မှာပဲ သူတို့နှစ်ဦးစလုံးဟာ ကြက်သေ သေသွားတော့သည်။
အထဲက စွပ်ပြုတ်က အရမ်းကို မည်းနက်နေပြီး ဆီများနေကာ အသားကိုပင် ရှင်းရှင်းလင်းလင်း မမြင်ရပေ။
ယန်ရှု “….”
အုစ့် ထွက်လာတုန်းက တစ်ချက်လောက် အနီးကပ်ကြည့်ဖို့ အချိန်မရခဲ့ဘူး ဒီအရောင်က ဘာကြီးလဲ။
ယွီဝိန်းလန်က မျက်မှောင်ကြုတ်ကာ “ဒါကဘာကြီးလဲ”
သူဟာ အရသာကိုဂရုမစိုက်ပေမဲ့ ဒါကတော့ ထူးဆန်းလွန်းသည်။
အဆိပ်ခတ်ထားသလားဆိုတဲ့ သံသယမဝင်ဖို့က မဖြစ်နိုင်ပေ။
ယွီဝိန်းလန် “….”
ကောင်းပြီလေ သူမက တစ်ခုခုကြောင့် ဒီကိုလာတယ်ဆိုတာကို သိသားပဲ။ ထို့ကြောင့် သူကစွပ်ပြုတ်ကို ဘေးဘက်မှာ ဖယ်လိုက်ကာ တိုက်ရိုက်ပဲ မေးလာသည်။
“ကိုယ်တော့်ဆီကဘာလိုချင်လဲ”
“မဟုတ်ဘူး မဟုတ်ဘူး”
သို့သော် သူမက ပြုံးပြလိုက်ကာ ပြောလာသည်။
“တကယ်တော့လေ ဒီကိုယ်လုပ်တော်က ဒီမနက်မှာပဲ စာအုပ်ပေးချေငွေကို ရခဲ့ပါတယ်။ အဲဒါကြောင့် အရှင်မင်းကြီးကို ကျေးဇူးတင်ချင်လို့ပါ”
ယွီဝိန်းလန်က သူ့နှလုံးသားထဲမှာ တွေးလိုက်သည် ငွေတုံးနှစ်ဆယ်လောက်နဲ့သူ့ကို ကျေးဇူးတင်တယ်တဲ့လား။
ဒါကသူမရဲ့ပုံစံ မဟုတ်ပေ။
သို့သော် သူမနှလုံးသားထဲမှာ တီးတိုးရေရွတ်လာသည်။
[တွေးကြည့်လိုက်လေ ကျွန်မက ဘယ်လိုလုပ်ပြီး စာအုပ်ရောင်းသမားက ပြန်ပေးဆွဲခံလိုက်ရတယ်လို့ ပြောနိုင်မှာလဲ။]
ယွီဝိန်းလန်က နားလည်သွားကာ ဒါက စာအုပ်ရောင်းသမားကြောင့်ဖြ စ်နေတာပင်။
သို့သော်…သူတောင် အခုလေးတင်မှ သတင်းကို လက်ခံလိုက်ရတာလေ သူမက သိပ်မကြာသေးတာကို ဘယ်လိုသိတာလဲ။
ထိုအချိန်မှာပဲ ယန်ရှုကထပ်မံ ချောင်းဟန့်လိုက်ကာ
“အမှန်ပဲ….ဒီကိုယ်လုပ်တော် မနေ့တုန်းက စာအုပ်အသစ်ထပ်ရေးခဲ့တာနဲ့ အရှင်မင်းကြီးများ အဲ့ဒီစာအုပ်ရောင်းသမားကို ထုတ်ဝေဖို့ ဆန္ဒရှိသလားလို့ မေးပေးလို့ ရနိုင်မလား”
ယွီဝိန်းလန်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ကံမကောင်းစွာနဲ့ အဲ့ဒီလူပျောက်နေတယ်ဆိုတဲ့ သတင်းကို အခုပဲ လက်ခံရတယ်”
-သူမ ဘာတွေ ထပ်သိနေသေးလဲဆိုတာကို ကြည့်ရအောင်
သို့သော် သူမရဲ့အံ့အားသင့်နေတဲ့ မျက်နှာကို မြင်လိုက်ရပြီး
“မရှိတော့ဘူးလား။ ဘယ်လိုလုပ် ပျောက်သွားရတာလဲ။ ဘာမှတော့ မဖြစ်လောက်ဘူး ဟုတ်တယ်မလား”
38 04
ယွီဝိန်းလန်က တီးတိုး ရေရွတ်လာသည်။
“သူ့မိသားစုကတော့ ကျင်းကျောက်စံအိမ်တော်ကို သတင်းပို့ထားပြီးပြီ ကျင်းကျောက်စံအိမ်တော်ကလည်း ရှာဖို့ လူလွှတ်ထားတယ်လို့ ကိုယ်တော် ကြားတယ်”
ထိုအသံ ထွက်လာသည်နှင့် သူမနှလုံးသားထဲက အော်ဟစ်လာသံကို ကြားလိုက်ရသည်။
[ဘာအသုံးကျလို့လဲ။ ကျင်းကျောက်စံအိမ်တော်ကလည်း ဘာမှမသိဘူးလို့ ရှင်ပဲ ရှာပေးလို့မရဘူးလား။ အဲ့ပညာရှိအိုကြီးရဲ့ ဖမ်းတာ ခံလိုက်ရတာလို့ဆို]
ယွီဝိန်းလန် “...”
သူက ဖမ်းတဲ့သူက ဝေ့ရူကျန်းဆိုတာကိုပါ သိနေတာလား။
သူက ထပ်ပြီး ခေါင်းညိတ်ပြလာကာ ပြောလိုက်သည်။
“အဆင်ပြေပါတယ်။ ကျင်းကျောက်စံအိမ်ကတစ်ယောက်ယောက်ကို အမြန်ဆုံးရှာတွေ့မှာပါ။ ဘာမှဖြစ်မှာ မဟုတ်ပါဘူး”
ယွီဝိန်းလန်က ဘာထူးဆန်းနေမှမပြဘဲ သူမကိုမေးလာသည်။
“အရင်က တစ်ခါမှ မတွေ့ဖူးတဲ့သူကို အဲ့လောက် စိုးရိမ်တယ်တဲ့လား”
ယန်ရှုက ပြောလာသည်။
“အဆုံးမှာတော့သူက ဒီကိုယ်လုပ်တော်ရဲ့ စာအုပ်ရောင်းသမားပဲလေ။ သူက ဒီကိုယ်လုပ်တော်ရဲ့စာတွေကို ထုတ်ဝေတယ်ဆိုမှတော့ သူ့မှာ အမြင်ကောင်းရှိပြီး အရည်အချင်းရှိတယ်လို့ ဆိုလိုတာပဲလေ”
[သေချာတာပေါ့။ အလျင်လိုနေပြီလို့။ ကျွန်မက ပိုက်ဆံရှာဖို့ ရုပ်ပြစာအုပ်တွေ ထုတ်ဝေဖို့ပါ စောင့်ဆိုင်းနေတာလေ]
သူက ဆက်ပြောလိုက်သည်။
“စကားမစပ် အရှင်မင်းကြီး ထူးဆန်းတာ တွေ့သေးလား။ ဒီကိုယ်လုပ်တော်ရဲ့စာကို ထုတ်ဝေတော့မှ ဘာလို့ ရုတ်တရက်ကြီး ပျောက်သွားရတာလဲ။ ဒီကိုယ်လုပ်တော်နဲ့များ ဆက်စပ်နေတာလား”
ယွီဝိန်းလန်က ညည်းသံပြုလိုက်ကာ ပြောလိုက်သည်။
“ဘယ်လို ပြောရမလဲ”
စကားပြောပြီးနောက် သူမက သူ့ကို နီးနီးကပ်ကပ် ကြည့်လိုက်ကာ သူမရဲ့နှလုံးသားထဲ ကစကားတွေကို ကြားရဖို့စော င့်နေလိုက်သည်။
ဖြစ်နိုင်တာက သူမဒါတွေကို ဘယ်လို သိနေလဲဆိုတာကိုများ သိနိုင်တော့မှာလား။
ယန်ရှုက တွေးနေဟန်ဆောင်လိုက်ကာ
“ကြည့်ရတာ ဒီကိုယ်လုပ်တော်ရဲ့ ပုံပြင်က ကောင်းလွန်းလို့ လူတစ်ချို့ကဖတ်လိုက်ပြီး သူတို့နေရာထိ ယူသွားလိုက်တယ် စာရေးတဲ့သူဖြစ်တဲ့ ဒီကိုယ်လုပ်တော်ကို ကလဲ့စားချေချင်တဲ့အတွက် စာအုပ်ရောင်းသမားကို ဖမ်းလိုက်ပြီး ဒီကိုယ်လုပ်တော်ရဲ့သရုပ်ကို စုံစမ်းချင်လို့များလား”
ယွီဝိန်းလန်က မေးလိုက်သည်။
“ဒါဆို ဘယ်သူဖြစ်မယ်လို့ထင်လဲ”
ယန်ရှုက သူမဘာသာ တွေးလိုက်သည်။ ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။ အဲဒါကရှင့်ရဲ့ပညာရှိ ဝေ့ရူကျန်းပဲမဟုတ်လား။
သို့သော် သူက လေးစားစွာ ပြောလိုက်သည်။
“ဒီကိုယ်လုပ်တော်က အဓိပ္ပာယ်မရှိတာတွေ မပြောရဲပါဘူး။ မဟုတ်လို့ တစ်ယောက်ယောက်ကို မှားယွင်း ထိခိုက်မိရင် ဘယ်လိုလုပ်မလဲ။ ညီလာခံမှာ အရည်အချင်း ရှိတဲ့သူတွေ အများကြီးရှိတယ်ဆိုတာ သိပါတယ် သူတို့တွေ ဒီကိစ္စကို သေချာပေါက် ဖြေရှင်းနိုင်မှာပါ”
[သေစမ်း ငါတော့ အကောင်းဆုံးကြိုးစားပြီးပြီ။ ဒါပေမဲ့ ဝေ့ရူကျန်းရဲ့လူတွေက သူ့ကို မြို့တော်ရဲ့ဆင်ခြေဖုံးမှာရှိတဲ့ သာ့ချင်တောင်ခြေနားက ကွေ့တျန်းလယ်ကွင်းထဲကို ခေါ်သွားတယ်လို့ တိုက်ရိုက် ပြောလို့မရဘူးလေ]
ယွီဝိန်းလန် “...”
******
39 01
အပိုင်း 39
ယွီဝိန်းလန်က ယန်ရှုဟာ ဝေ့ရူကျန်းကနေ ထိုသူကို ဖမ်းထားတဲ့ တည်နေရာကိုပါ သိနေမယ်လို့ မျှော်လင့်မထားပေ။
အဆုံးမှာတော့ ကျင်းယီဝေ့က သူ့ကို သတင်းပေးဖို့ မလာသေးပေ…။
သူအံ့အားသင့်နေဆဲမှာပဲ ဖုဟိုင်က တံခါးကနေပြောလာသံကို ကြားလိုက်ရသည်။
“အရှင်မင်းကြီး ဟုန်လူဘုရားကျောင်းရဲ့ဝန်ကြီးက အရှင်မင်းကြီးကို တွေ့ခွင့်တောင်းနေပါတယ်”
ထို့နောက် ချက်ချင်းပဲ ယန်ရှုက ပြောလာသည်။
“ဒီကိုယ်လုပ်တော် အရှင်မင်းကြီးကို မနှောက်ယှက်တော့ပါဘူး အရင်ထွက်ခွာနှင့်ပါမယ်”
သူမ ပြောပြီးတာနဲ့ စားပွဲပေါ်က စွပ်ပြုတ်အိုးကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ရှက်ရွံဖွယ် အပြုံးလေးကို ပြုံးလိုက်ကာ ပြောလာပြန်သည်။
“ဒီကိုယ်လုပ်တော် အရှင်မင်းကြီးဖို့ ညကျရင် နောက်ထပ်စွပ်ပြုတ် တစ်အိုးပြုတ်ပေးရမလား”
ကျစ် နက်မှောင်နေတဲ့ အရောင်ကိုလည်းကြည့်ပါဦး ဧကရာဇ်ကို အဆိပ်မခတ်တာပဲ ပိုကောင်းပါတယ်လေ။
ယွီဝိန်းလန် “…”
သူပဟေဠိ ဖြစ်နေဆဲဖြစ်ပေမဲ့ တစ်ခဏလောက် သူမကိုဘယ်လိုမေးရမလဲ မသိဖြစ်နေပေသည်။
သူ့ခေါင်းကိုသာ ညိတ်လိုက်ကာ ထိုစွပ်ပြုတ်အိုးနှင့် တံခါးကနေထပ်ပြီး ထွက်သွားတာကို ကြည့်နေလိုက်တော့သည်။
တစ်ခဏကြာပြီးနောက် ဟုန်လူဘုရားကျောင်းရဲ့ ဝန်ကြီးချုပ်က သတင်းပို့လာသည်အား တွေ့လိုက်ရသည်။
“အရှင်မင်းကြီး လျန်တုန်းပြည်ရဲ့ဘုရင်က ဂယောင်းဂီကို ရောက်နေပါပြီ။ မနက်ဖြန်လောက်ကျရင် မြို့တော်ကို ရောက်မယ်လို့ မျှော်မှန်းရပါတယ်။ ကြိုဆိုတဲ့ ညစာစားပွဲကို မနက်ဖြန်ညနေမှာ ကျင်းပမယ်ဆိုရင် ကျွန်တော်မျိုး သိချင်တာက အရှင်မင်းကြီး ဘယ်လိုမြင်ပါသလဲ”
ယွီဝိန်းလန်က ထိုအချိန်တွင် သူ့စိတ်ထဲမှာ အခြားကိစ္စတစ်ခုရှိနေပေသည်။ ထို့ကြောင့် သူက သာမန်လိုပင် “ကောင်းပြီ” ဟုသာ ဖြေလိုက်သည်။
ဟုန်လူဘုရားကျောင်းရဲ့ဝန်ကြီးချုပ်က ပြန်ပြီး ထွက်ခွာသွားတော့သည်။
အခန်းကတိတ်ဆိတ်သွားကာ ယွီဝိန်းလန်ကတစ်ခဏလောက် စဉ်းစားပြီးနောက် ရှေ့ဘက်က ကျင်းယီဝေ့ကို ခေါ်ကာ မေးလိုက်တော့သည်။
“ဝေ့ရူကျန်းက အဲလူကို ထိန်းသိမ်းထားတဲ့နေရာကို သိရပြီလား”
ထို့နောက် ကျင်းယီဝေ့ တင်ပြသည်ကို နားထောင်လိုက်သည်။
“အခုပဲ သတင်းရပါတယ်။ မြို့တော်အပြင်ဘက် ဆင်ခြေဖုံးက တာ့ချင်းတောင်ခြေနားမှာရှိတဲ့ ရှဝေ့ရဲ့စံအိမ်တော် ကွေ့တျန်းလယ်ယာမှာပါ”
ယွီဝိန်းလန်က ရပ်သွားတော့သည်။
သူမထပ်ပြီး မှန်သွားပြန်ပြီ။
အတိတ်တုန်းက ထိုကိစ္စတွေက ဖြစ်ပြီးသားဖြစ်တဲ့အတွက် သူမက တစ်ခြားနေရာကနေ ကြားလာတာ ဖြစ်နိုင်သည်။ သို့သော် ဒီတစ်ခုကတော့ အနာဂတ်က ဖြစ်သည်။
ဖြစ်နိုင်တာက…..သူမမှာ သာမန်လူတွေနဲ့ကွဲပြားတဲ့ စွမ်းရည်တစ်မျိုးမျိုး ရှိနေတာများလား။
သူစဉ်းစားနေစဉ်မှာပဲ ဘေးဘက်က ကျင်းယီဝေ့က မေးလာတာကို ကြားလိုက်ရသည်။
“အရှင်မင်းကြီး ကျွန်တော်မျိုးအခုပဲ လူကယ်ဖို့ သွားလိုက်ရမလား”
ယွီဝိန်းလန်က အသိပြန်ဝင်လာပြီး ပြောလာသည်။
“အရင်ဆုံးပြင်ဆင်ထားလိုက် ဝေ့ရူကျန်းတစ်ခုခုလုပ်ဖို့ ထွက်လာတဲ့အချိန်ထိ စောင့်လိုက်ဦး”
အဆုံးမှာ ခိုးခံထားတဲ့ရွှေတွေနဲ့ သူခိုးကိုပါဖမ်းမိချင်လျှင် လူထုကို ကျေနပ်စေနိုင်ဖို့ ခိုင်လုံတဲ့သက်သေရှိရမှာပင်။
ကျင်းယီဝေ့က နာခံလိုက်သည်။
~~~
39 02
နေ့လည်ခင်းမှာတော့ မြို့တော်ရဲ့ဆင်ဖြေဖုံးနားက တာ့ချင်းတောင်ခြေမှာရှိတဲ့ ကွေ့တျန်းလယ်ယာကို ရထားလုံးတစ်စီး ရောက်ရှိလာပေသည်။
ဝမ်ဟွားစံအိမ်တော်က ပညာရှိ ဝေ့ရူကျန်းက သူ့မျက်နှာတစ်ဝက်ကိုကာရန် ခြုံထည်တစ်ခုကို ဝတ်ဆင်ထားကာ ရွာထဲက မှောင်ရိပ်ထဲမှာရှိတဲ့ ထင်းတဲထဲကို အစေခံတွေကို ဦးဆောင်ကာ ဝင်လာသည်။
ထိုအချိန်မှာပဲ အခန်းထဲ၌ လက်နောက်ပြန်ကြိုးချည်ထားခံရပြီး မျက်လုံးကို အုပ်ထားတာ မြေကြီးပေါ်မှာ ဒူးထောက်နေတဲ့ လူတစ်ယောက်ရှိနေပေသည်။ ထိုသူကတော့ ပျောက်ဆုံးနေတဲ့ စာအုပ်ရောင်းသမားကလွဲလို့ တစ်ခြားသူမဟုတ်ပေ။
လှုပ်ရှားလိုက်သံကို ကြားတဲ့အခါမှာတော့ သူကချက်ချင်းပဲ အထိတ်တလန့်ဖြစ်သွားပြီး
“ငါ့မှာ မင်းနဲ့ ဘာရန်ငြှိုးရန်စမှ မရှိဘူးကို ဘာလို့ငါ့ကို ဖမ်းထားချင်ရတာလဲ။ မင်းကပိုက်ဆံကို လိုချင်တာဆိုရင်တော့ ငါ့မိသားစုကို လာပို့ခိုင်းလို့ရတယ်။ မဟုတ်လို့ စာအုပ်ဆိုင်ကို လိုချင်တာဆိုရင်လည်း ငါပေးလို့ရတယ်။ ငါ့အသက်ကိုတော့ မထိခိုက်ဖို့ တောင်းဆိုပါတယ်။ ငါ့မိသားစုမှာက မိဘအိုကြီးတွေနဲ့ ကလေးငယ်တွေ ရှိသေးတယ်။ ကျေးဇူးပြုပြီး ချမ်းသာပေးပါ!”
ထိုစကားသံ ထွက်လာသည်နှင့် လူတစ်ယောက်က ကြောက်စရာကောင်းစွာ ပြောလာတော့သည်။
“ဘာသောက်အဓိပ္ပာယ်မရှိတာတွေလဲ! ငါတို့ရဲ့သခင်ကြီးက မင်းရဲ့မဖြစ်စလောက် ပိုက်ဆံကို လိုအပ်နေမယ်တဲ့လား”
စာအုပ်ရောင်းသမားက တွန့်ဆုတ်သွားကာ ငိုသံပါနှင့် ပြောလာသည်။
“ဒါဆိုရင် ခင်ဗျားတို့က ဘာလိုချင်တာလဲ”
သို့သော် အသံတစ်ခုက ထွက်လာသည်။
“ဒီလူအိုကြီးက ဇာတ်လမ်းရေးတဲ့ ရှောင်ယောင်ဆိုတာက ဘယ်သူလဲ သိချင်ရုံပါ”
စာအုပ်ရောင်းသမားက ငိုကြွေးလာပြီး “ငါလည်း မသိဘူး”
တစ်ဖက်လူက နှာမှုတ်လာပြီး
“ဒါဆို ဒီစာအုပ်က မင်းဆီကနေ ဖြန့်ဝေတာမဟုတ်ဘူးလား”
စာအုပ်ရောင်းသမားက အကူအညီမဲ့စွာ ပြောလာသည်။
“ဒါကတကယ်ကို ငါ့စာအုပ်ဆိုင်ကပါ။ ဒါပေမဲ့ အဲဒီသခင်ငယ်လေးရှောင်ယောင်ဆိုတာကို ငါလည်းဘယ်တုန်းကမှမတွေ့ဖူးဘူး ဒီဇာတ်ညွှန်းနှစ်ခုကို ဟန်လင်းအကယ်ဒမီက လူရွယ်တစ်ယောက်က ယူလာပေးတာ။ သူပြောတဲ့အတိုင်းဆို အဲဒိလူက တစ်ခြားသူတွေအတွက်လည်း ရေးပေးထားတာတဲ့။ ပြောရရင် အဲဒီသခင်ငယ်လေးရှောင်ယောင်ကို ငါတို့ထဲက ဘယ်သူကမှ မတွေ့ဖူးဘူး”
တော်ဝင်အကယ်ဒမီလား။
ဝေ့ရူကျန်းက သူ့ရဲ့မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်သည်။
ထိုအချိန်တုန်းက သူလည်းပဲ ဟန်လင်းအကယ်ဒမီကနေ ထွက်လာခဲ့ပေမဲ့ သူ့ရဲ့အတိတ်ကို ဘယ်သူကမှ မသိခဲ့ပေ။ အခုတော့ ဟန်လင်းအကယ်ဒမီမှာက လူငယ်တွေနဲ့ပြည့်နေပြီး လွန်ခဲ့တဲ့ နှစ်ငါးဆယ် ခြောက်ဆယ်လောက်က ဘာတွေ ဖြစ်ခဲ့သလဲဆိုတာကို သိဖို့က မဖြစ်နိုင်ပေ။
သူ့အသံကို နှိမ့်လိုက်ကာ ပြောလိုက်သည်။
“ကြည့်ရတာ အမှန်တရားကိုပြောဖို့ ငြင်းဆန်နေတုန်းပဲကိုး။ ဒါဆိုလည်း အပြစ်ပေးရတာပေါ့”
အစေခံတွေကနာခံလိုက်ကာ ချက်ချင်းပဲ နှိပ်စက်တဲ့ကိရိယာတစ်စုံကိုထုတ်လိုက်ပြီး စာအုပ်ရောင်းသမားရဲ့လက်တွေပေါ်ကို တင်လိုက်သည်။
ထိုတစ်ခဏမှာပဲ ထင်းတဲထဲကနေ အော်သံတွေ ထွက်လာတော့သည်။
ဝေ့ရူကျန်းရဲ့ အရေးအကြောင်းတွေနှင့်မျက်နှာမှာ သရော်ပြုံးတစ်ခု ရှိနေပေသည်။
—ပထမဆုံးအနေနဲ့ ပုံပြင်စာအုပ်တစ်အုပ် ထွက်လာတယ်။ ဒါဆို အတိတ်တုန်းက သူ ဆောင်ကြာမြိုင်ကို သွားတတ်တဲ့ကိစ္စကို တစ်ယောက်ယောက်က တကယ်ကြီးစစ်ဆေးမလားဆိုတာကို ဘယ်လိုလုပ်ပြီး သိနိုင်မလဲ။
သူပညာရှိဖြစ်လာတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ အဲတာကို ပုံပြင်စာအုပ်တစ်အုပ် ရေးပြီး သူ့ရဲ့ဂုဏ်သတင်းကို ဖျက်ဆီးခွင့် ဘယ်လိုလုပ်ပြီး ပေးနိုင်မှာတဲ့လဲ။
ပြိုင်ဘက်က ဘယ်သူပဲဖြစ်နေပါစေ သူ ဘယ်တော့မှ အလွတ်ပေးမည် မဟုတ်ပေ။
ထိုအချိန်မှာပဲ တံခါးက ရုတ်တရက် ကန်ဖွင့်ခံလိုက်ရတော့သည်။
ထို့နောက် တစ်စုံတစ်ယောက်က အေးစက်စွာ ပြောလာခဲ့သည်။
39 03
“ပညာရှိဝေ့က ဘာတွေများ လုပ်နေတာပါလဲ။ ပြည်သူကို ပြန်ပေးဆွဲပြီး ဝန်ခံချက်ထုတ်ဖို့ မတရားသဖြင့်စစ်မေးနေတာလား”
ဝေ့ရူကျန်းက တစ်ခဏခန့်တွန့်သွားကာ ကြံ့ခိုင်တဲ့လူတစ်ဒါဇင်လောက်က တံခါးနားမှာ ရုတ်တရက် ထွက်ပေါ်လာတာကို တွေ့လိုက်ရသည်။ သူတို့တွေအားလုံးက ပျံသန်းနေတဲ့ငါးသဏ္ဍာန် ဝတ်စုံတွေကို ဝတ်ဆင်ထားပြီး ခါးပေါ်မှာ ရုပ်ကြွဓားပုံကို ပန်းထိုးထားပေသည်။
ဒါ ဒါ ဒါက ကျင်းယီဝေ့မဟုတ်လား။
သူက ရုတ်တရက် ထိတ်လန့်တကြား ဖြစ်သွားတော့သည်။ သူတို့တွေဟာ ဧကရာဇ်ရဲ့လူတွေပင်….။
~~
နောက်တစ်နေ့ မနက်စောစောမှာတော့ ဝမ်ဟွားစံအိမ်တော်ရဲ့ပညာရှိ ဝေ့ရူကျန်းက ပြည်သူတွေကို ဖမ်းဆီးကာ ဝန်ခံချက်ထုတ်ဖို့ မတရားစစ်မေးတဲ့ သတင်းတွေက ညီလာခံတစ်ခုလုံး ပျံ့နှံလာတော့သည်။
ညီလာခံတစ်ခုလုံးနဲ့ ပြည်သူလူထုက ထိတ်လန့်အံ့အားသင့် သွားတော့သည်။
ခါတိုင်းဆို ယဉ်ကျေးပြီး သိမ်မွေ့ပုံရတဲ့ အဲဒီပညာရှိက ဒီလိုလုပ်ရပ်မျိုးလုပ်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
ယန်ရှုကသာ တည်ငြိမ်နေပြီး သူမရဲ့ကိုယ်ပိုင်စာအုပ်တွေကိုသာ ရေးနေပေသည်။
-အိုကေလေ စာအုပ်ရောင်းသမားလည်း လုံလုံခြုံခြုံနဲ့ ပြန်ရောက်ပြီဆိုတော့ သူမစာအုပ်တွေကို ဆက်ရောင်းနိုင်တော့မည်ပင်။
သူမ စာလုံးအနည်းငယ် မရေးနိုင်ခင်မှာပဲ ယွီဝိန်းလန် လာနေတာကို တွေ့လိုက်ရသည်။
ယန်ရှုက အလျင်အမြန်ပဲ အရိုအသေ ပေးလိုက်ကာ ထိုအချိန်မှာ အနည်းငယ်ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ ဒီအလုပ်သရဲက တော်ဝင်စာကြည့်ဆောင်ထဲမှာ တိုင်းပြည်ရေးရာတွေကို လုပ်နေသင့်တာ မဟုတ်ဘူးလား။ ဒါဆို အချိန်ရှိတိုင်း ဘာလို့သူမဆီ လာနေရတာလဲ။
ယွီဝိန်းလန်က သူမပြောနေတာကို နားထောင်လိုက်ပြီး လက်ဦးမှုယူကာ မေးခွန်း မေးလိုက်တော့သည်။
“ကိုယ်တော်လာတာက စာအုပ်ရောင်းသမားကိုရှာတွေ့ပြီး အိမ်ကို လုံလုံခြုံခြုံနဲ့ ပြန်ရောက်ပြီဆိုတာကို ပြောမလို့”
ယန်ရှုက အံ့အားသင့်နေတဲ့ အမူအရာကို လျင်မြန်စွာ ဆင်လိုက်ကာ
“တကယ်ကြီးလား။ ကောင်းလိုက်တာ! အရှင်မင်းကြီးက တကယ်ကို ထက်မြက်ပြီး စွမ်းအားကြီးတာပဲ သူ့ကို တစ်ရက်အတွင်းမှာပဲ ရှာတွေ့နိုင်တယ်”
ယွီဝိန်းလန် “…”
ဟန်ဆောင်တာ အတော်လေး တော်သားပဲ။
သူက သူမကို ကြည့်လိုက်ကာ ရည်ရွယ်ချက်ရှိရှိနဲ့ ပြောလာသည်။
“ဝမ်ဟွားစံအိမ်တော်ရဲ့ကြီးမြတ်တဲ့ပညာရှိက ဖမ်းသွားခဲ့တာ”
ယန်ရှုကလည်း အံ့ဩဟန်ဆောင်လိုက်ကာ
“ဘုရားရေ! အဲကြီး ကြီးမြတ်တဲ့ပညာရှိကြီးက ဘာလို့လုပ်တာတဲ့လဲ”
ယွီဝိန်းလန် “….”
နှလုံးခုန်မြန်ပြီး မျက်နှာက နည်းနည်းလေးတောင် ရဲမနေဘူး။
သူမကို ဆက်ကြည့်နေလိုက်ကာ ပြောလိုက်ပြန်သည်။
“မနေ့က မင်းပဲ တစ်ယောက်ယောက် ခေါ်သွားတယ်လို့ပြောတာ မဟုတ်ဘူးလား”
သူမစဉ်းစားနေတာကို တစ်ခဏကြည့်လိုက်ပြီး သူ့ပါးစပ်ကို ရုတ်တရက် ဖွင့်လိုက်ကာ ပြောလိုက်သည်။
“ဖြစ်နိုင်တာက ပညာရှိကြီး ငယ်တုန်းက ကျွန်တော်မျိုးမ စာအုပ်ထဲမှာ ရေးထားသလို မသတီစရာကိစ္စတွေကို လုပ်ထားလို့များလား”
“တကယ်ပဲ ရုပ်သွင်ကို ကြည့်ပြီး ဆုံးဖြတ်လို့မရဘူးပဲ။ အရမ်းကိုမှ တိုက်ဆိုင်မနေဘူးလား”
သို့သော် သူမနှလုံးသားထဲမှာတော့
[ကျစ် ကျစ် အခုတော့ ရှင့်ရဲ့ပညာရှိက ဘယ်လိုလူမျိုးလဲဆိုတာကို သိပြီလား။ ဒီသောက်အဖိုးကြီးက ရေဆိုးရေညစ်ကြီးပဲ။ နောက်ဆုံးပျက်ဆီးသွားရတာနဲ့ပဲ ထိုက်တန်တယ်။ သူ့ကိုကမ္ဘာကြီးကနေကို ပစ်ပယ်ထားရမှာ!]
39 04
တိတ်တဆိတ် နားထောင်ပြီးနောက်မှာတော့ ယွီဝိန်းလန်က ခေါင်းညိတ်ကာ ပြောလာသည်။
“တကယ်ကို တိုက်ဆိုင်တာပဲ။ ကိုယ်တော်က မင်းကို သူ့အကြောင်းများ သိနေတာလားလို့ မေးတော့မလို့ပဲ”
ယန်ရှုက တစ်ခဏခန့် တွန့်သွားပြီးနောက် လျင်မြန်စွာပဲ ရယ်မောလာပြီး
“အရှင်မင်းကြီးကတော့ နောက်နေပါပြီ။ ဒီကိုယ်လုပ်တော်က အန်းသဲ့မှာ ကြီးပြင်းလာတာပါ။ နောက်တော့ နန်းတော်ထဲကို ဝင်လိုက်ပါတယ်။ ကျွန်တော်မျိုးမ ဒီပညာရှိကို လုံးဝကိုမသိပါဘူး။ ကျွန်တော်မျိုးမက ဘယ်လိုလုပ် သိနိုင်မှာတဲ့လဲ။ ဒါတော့အမှန်ပဲ တိုက်ဆိုင်သွားတာပါ”
သူမစိတ်ထဲမှာတော့ ကျစ်သပ်ကာ
[ကြည့်ရတာ ငါတော့ အနာဂတ်မှာ ပေါ့ပေါ့လျော့လျော့ လုပ်ရမယ် မဟုတ်ရင် ဧကရာဇ်က ကြောက်သွားလိမ့်မယ်]
ယွီဝိန်းလန် “….”
လုံးဝကို မရုန်းထွက်နိုင်သေးဘူးပဲ။
သူက အမှန်တစ်ဝက် အမှားတစ်ဝက်နဲ့ သက်ပြင်း ချလိုက်ကာ
“ကိုယ်တော်လည်း ထူးဆန်းတယ် ထင်နေတာ။ မင်းမှာ မှော်စွမ်းရည်တစ်ခုခု ရှိနေတယ်လို့တောင် ထင်သွားတယ်”
ယန်ရှုက အလျင်အမြန် ရယ်လိုက်ကာ
“အရှင်မင်းကြီးက ဒီကိုယ်လုပ်တော်ကို မြင့်မြင့်တွေးလွန်းနေပါပြီ”
အဟမ်း သူမမှာ ဘာစွမ်းရည်မှမရှိဘူး။ သူမက အစာအိမ်အပြည့် ဖရဲသီးစားထားရုံပဲ။
သို့သော်လည်း ဖရဲသီးတွေက အချည်းနှီး ဖြစ်မသွားပေ။ ဒီတစ်ကြိမ်မှာ သူတို့က မှန်မှန်ကန်ကန် ထိသွားပြီး အဲဒီလူဆိုးတွေကို နောက်ဆုံးမှာတော့ လက်စားချေလိုက်နိုင်ပြီ ဖြစ်သည်။
ကြည့်ရတာ ဒီစာအုပ်မှာက လူမှုဆက်ဆံရေးစနစ် ရှိနေပုံရတယ်။
ယွီဝိန်းလန် “….”
ဘာလို့ ထပ်ပြီး အဲဒီ “ဖရဲသီးစားတယ်”ဆိုတာပဲလဲ။
“ဖရဲသီး”ဆိုတာက ဘာကြီးလဲ။
ဖြစ်နိုင်တာက….သူမများမန္တန်တွေကို သိနေတာလား။ “ဖရဲသီး”ဆိုတာက ဘယ်လို မှော်လက်နက်မျိုးလဲ။
သို့သော် သူက အကြိမ်များစွာ လာတာတောင် ဒီနန်းဆောင်နဲ့ပက်သက်ပြီး တစ်ခုခုထူးခြားတာကို ရှာမတွေ့ရသေးပေ။
++++++