← Chapters

အခန်း (၄၀-၄၂)

Vol. 3 Ch. 40-42

အခန်း (၄၀-၄၂)

Vol. 3 Ch. 40-42

40 01

အပိုင်း 40

ထိုအချိန်မှာပဲ သူဘာတွေးနေသလဲဆိုတာကို လုံးဝ မသိသည့် ယန်ရှုကတော့ သူမနှလုံးသားထဲမှာ စဉ်းစားနေပေသည်။

[နောက်တစ်ခုကိုကျ ဘာအကြောင်း ရေးရမလဲ။ ချိန်အန်းကုန်းရဲ့ ပူလောင်နေတဲ့အူတွေက ကိုယ်လုပ်တော် ငါး ခြောက် ခုနစ် ရှစ်ယောက်လောက် ရှာနေတဲ့အကြောင်းဆိုရင်ရော]

ယွီဝိန်းလန်ရဲ့ မျက်ခုံးတွေက တွန့်သွားတော့သည်။

ကိစ္စတစ်ခုကတော့ သူဟာ ဧကရီမယ်တော်ကြီးရဲ့ မောင်တော်ဖြစ်ပြီး တစ်ခုခုသာ ဖြစ်ပျက်သွားလျှင် ဧကရီမယ်တော်ကြီးရဲ့မျက်နှာကို သေချာပေါက် ထိခိုက်စေမှာပင်။

သူမ ထပ်ပြောလာသံကို ကြားလိုက်ရသည်။

[မဖြစ်နိုင်ဘူး ချိန်အန်းကုန်းက ဧကရာဇ်ရဲ့ အမည်ခံဦးရီးတော်ပဲ။ ပြီးတော့ နန်းတော်ထဲမှာ ဧကရီမယ်တော်ကြီးလည်း ရှိနေသေးတယ်။ ဧကရီမယ်တော်ကြီးသာ ငါက သူ့မောင်အကြောင်း အရှုပ်တော်ပုံတွေကို ဖော်လိုက်တယ်ဆိုတာကို သိသွားရင် ငါ့ကို မသတ်ဘဲနေမှာ မဟုတ်ဘူး။ မေ့လိုက်တော့]

ယွီဝိန်းလန်က သက်ပြင်းမော တစ်ချက် မှုတ်ထုတ်လိုက်သည်။

ကံကောင်းစွာဖြင့် သူမက ဘာတွေဖြစ်နေသလဲဆိုတာကိုတော့ သိနေသေးပုံပင်။

သူမ ထပ်ပြောလာသည်ကို ကြားလိုက်ရပြန်သည်။

[ရိုးရာဓလေ့ထုံးတမ်းဆိုင်ရာဝန်ကြီးရဲ့ အရိုးပြာကောက်တဲ့အကြောင်းကို ရေးရမလား။]

ယွီဝိန်းလန်က တိတ်တဆိတ် ခေါင်းညိတ်လိုက်ကာ ဒါတော့ဖြစ်နိုင်တယ်။

အဆုံးမှာတော့ သူသည်လည်း ဘာတွေ ဖြစ်နေသလဲဆိုတာကို သိချင်ပေသည် အဟမ်း အဟမ်း …

သို့သော် ထိုအချိန်မှာပဲ နန်းတော်အပြင်ဘက်က ဖုဟိုင်က သတင်းပို့လာသည်။

“အရှင်မင်းကြီး လျန်တုန်းရဲ့ဘုရင်က နန်းတော်ထဲ ဝင်လာပါပြီ”

သူကရပ်တန့်သွားကာ ရွေးချယ်စရာမရှိပဲ ယန်ရှုကို အရင်ပြောလိုက်ရသည်။

“ကိုယ်တော်ချန်းမင်နန်းဆောင်ကို အရင်ပြန်သွားလိုက်ဦးမယ် မင်းအရင် ရေးထားလိုက်”

စကားပြောပြီးနောက် ထရပ်လိုက်သည်။

ယန်ရှုလည်းနာခံလိုက်ကာ ထရပ်လိုက်ရင်း နှုတ်ဆက်ဖို့ အလုပ်များသွားတော့သည်။

ထိုသူ့ရဲ့ပုံရိပ်အဝေးကို လျှောက်သွားတာကို ကြည့်လိုက်ရင်း မနေနိုင်ပဲ သိချင်သွားရသည်။ လျန်တုန်းရဲ့ဘုရင်ကဘယ်သူလဲ။

ကြည့်ရတာ အတော်လေးမျက်နှာကြီးပုံပင် သူရောက်လာတာနဲ့ ဧကရာဇ်က ထွက်သွားပေသည်။

စစ်စတန်က သူမမေးခွန်းကို အလျင်အမြန် ဖြေပေးလာသည်။

[လျန်တုန်းဘုရင် ယွီဝိန်းဟောက်က ဧကရာဇ်ရဲ့ ဝမ်းကွဲပဲ။ အရင်တုန်းက ဧကရာဇ်ရဲ့အဘိုးတော်က သားတော်ငါးပါး ထွန်းကားခဲ့ပြီး နောက်တော့ ထီးနန်းကို ဧကရာဇ်ရဲ့ဖခမည်းတော် ချင်းလုံဧကရာဇ်ကို လွှဲပေးလိုက်တယ်။ ပြီးတော့ ကျန်တဲ့မင်းသားလေးပါးက လက်အောက်ခံဘုရင်တွေ ဖြစ်လာတော့တာပဲ]

[နောက်ပိုင်း ဒီလက်အောက်ခံဘုရင်တွေ ကွယ်လွန်သွားတော့ သူတို့ရဲ့သားတွေက နေရာကိုဆက်ခံလိုက်ကြတယ်။ ဧကရာဇ်ရဲ့ဖခမည်းတော်ချင်းလုံဧကရာဇ်က အခွင့်အရေးကို အရယူပြီး လက်အောက်ခံဘုရင်တွေကို ကောင်တီဘုရင်တွေအဖြစ် အပ်နှံလိုက်တော့တယ်။ သူတို့တွေက မကျေနပ်ကြပေမဲ့ သည်းခံရုံပဲ တတ်နိုင်တယ်လေ]

[ဧကရာဇ်ချင်းလုံ နတ်ရွာစံပြီးတဲ့နောက် သူတို့ထဲက တချို့က အခွင့်အရေးကို အရယူပြီး ပြဿနာရှာဖို့ ကြိုးစားလာကာ။ ထီးနန်းအတွက်လည်း တိုက်ခိုက်ချင်လာတယ် သေချာတာပေါ့။ အဆုံးမှာ ဧကရာဇ်ရဲ့အနိုင်ယူတာ ခံလိုက်ရပြီး သူတို့ကိုတော့ ထောင်သွင်းအကျဉ်းချပြီး သေဒဏ်ပေးလိုက်တယ်လေ]

[ဒီလျန်တုန်းဘုရင် ယွီဝိန်းဟောက်က အဲဒီအချိန်တုန်းက ရိုးသားပြီး လုံခြုံခဲ့တဲ့တစ်ယောက်တည်းသောသူပဲ။ ဧကရာဇ်က သူ့ကို အရမ်းကို မြင့်မြင့်သတ်မှတ်ထားတယ်]

ယန်ရှုက နားလည်သွားပြီး ခေါင်းညိတ်ပြကာ ပြောလာသည်။

[ငါသိပြီ]

စစ်စတန် [ဟေး လျန်တုန်းဘုရင်ရဲ့ ဖရဲသီးတစ်ခုရှိတယ်]

ယန်ရှုက အလျင်အမြန်ပြောလိုက်သည်။

[မြန်မြန်လေးပြော မြန်မြန်လေး]

….

~~~

40 02

လျန်တုန်းဘုရင် မြို့တော်ကိုဝင်တဲ့နေ့မှာပဲ ဧကရာဇ်ကို ပထမဆုံး အရိုအသေပေးလိုက်ကာ ဒုတိယနေ့မနက်စောစောမှာတော့ သူ့ဇနီးနဲ့သားတော်ကို ဧကရီမယ်တော်ကြီးကို နှုတ်ဆက်ဂါရဝပြုရန် ခေါ်သွားတော့သည်။

ယဉ်ကျေးမှုအနေနဲ့ ယန်ရှုနဲ့ တခြားကိုယ်လုပ်တော်တွေက ချီအန်းနန်းဆောင်မှာ အဖော်ပြုပေးနေကြသည်။

သို့သော် လျန်တုန်းမင်းသမီးလေးရှောင်းရဲ့သွင်ပြင်က နှစ်ဆယ့်ငါး နှစ်ဆယ့်ခြောက်လောက်ပဲ ရှိသေးတာကို မြင်လိုက်ရပြီး သူမရဲ့မျက်နှာက လှပပြည့်ဖြိုးနေကာ သူမမှာ သားတော်သုံးပါးပင်ရှိနေပြီ ဖြစ်သည်။ အကြီးဆုံးသားတော်က ရှစ်နှစ် သို့မဟုတ် ကိုးနှစ် ရှိနေပြီဖြစ်ပြီး ဒုတိယသားငယ်လေးကတော့ ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်ခန့်သာ ရှိသေးကာ သူတို့အားလုံးက ကျန်းမာသန်စွမ်းပြီး အပြုအမူကောင်းလည်း ရှိကြသည်။

ပိ န်ပါးပြီး ရင်းနှီးပုံပေါ်သည့် လေးနှစ်ခန့်သာ ရှိဦးမည့် တတိယသားတော်ကသာ ဧကရီမယ်တော်ကြီးကို ဂါရဝပြုချိန်မှာ ကြောက်ရွံ့နေပေသည်။ နန်းတော်ထဲမှာတစ်ခဏလောက်နေပြီးချိန်မှာတော့ သူက စတင်ငိုကြွေးကာ အိမ်ပြန်ရန် ပွက်ပွက်ညံအောင် ငိုတော့သည်။

လျန်တုန်းမင်းသမီးက ရှက်ရွံ့စွာနဲ့ ဧကရီမယ်တော်ကြီးကို တောင်းပန်လာပြီး

“ဒီကလေးက မြို့တော်ကို အခုမှလာဖူးတော့ သူနဲ့ သိပ်မရင်းနှီးသေးလို့ပါ။ ဧကရီမယ်တော်ကြီးကပဲ ခွင့်လွှတ်ပေးပါ”

စကားပြောပြီးနောက်မှာပဲ သူမက ဆူပူကာ အပြစ်ဖော် ဆုံးမလိုက်သည်။

“အားကျင်း ဒီကိုယ်လုပ်တော်က ဘာပြောထားတယ်ဆိုတာကို မေ့သွားပြီလား”

—တကယ်တော့ နန်းတော်ထဲက သူတိုင်းဟာ တတိယကလေးက လျန်တုန်းမင်းသမီးကမွေးထားတာ မဟုတ်ဘဲ လျန်တုန်းဘုရင်ရဲ့ ကိုယ်လုပ်တော်ကနေ မွေးထားတယ်ဆိုတာကို သိကြပေသည်။

အထို့ကြောသ့် ထိုကလေးက သူ့ရဲ့အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့နဲ့ ယှဉ်ရင် တစ်နည်းနည်းနဲ့ ကွဲပြားနေတယ်ဆိုတာကို နားလည်သွားတော့သည်။

လျန်တုန်းမင်းသမီးက သူ့ကို မကြိုက်သည်မှာ နားလည်နိုင်ပေသည်။

သို့သော် ထိုလှည့်ကွက်မှာ သက်ရောက်မှုအချို့ ရှိပေသည်။ သူမကို ထိုကဲ့သို့ မြင်လိုက်ချိန်မှာတော့ ထိုကလေးလေးက ငိုနေတာကို ချက်ချင်းရပ်လိုက်ပြီး အသံတစ်စက်ပင် မထွက်ရဲတော့ပေ။

သို့သော် သူ့မျက်လုံးထဲမှာတော့ ကြည့်းတာ သနားချင့်စဖွယ်ဖြစ်သည့် မျက်ရည်စက်တွေ ရှိနေဆဲပင်။

မည်သည့်ကိုယ်လုပ်တော်ကမှ ကလေးကိုပျိုးထောင်ဖူးတဲ့ အတွေ့အကြုံမရှိပေ ထို့ကြောင့် သူတို့ကလည်း ဘာလုပ်ရမလဲဆိုတာကို မသိပေမဲ့ ဧကရီမယ်တော်ကြီးက ပြုံးလိုက်ကာ ထိုကလေးလေးကို လက်ယပ်ခေါ်လိုက်ပြီး နူးညံ့တဲ့လေသံလေးနှင့်

“ဧကရာဇ်ရဲ့အဘွားတော်ဆီကို လာပါဦး”

အဘွားလား။

လူတိုင်းက တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့တစ်ဦးချင်းစီရဲ့ရင်ထဲမှာ ရေရွတ်နေကြတာကတော့-ဧကရီမယ်တော်ကြီးက သူမရဲ့မြေးနဲ့ပက်သက်ပြီး ရူးသွားတာများလား။ ဒါက အရှင်မင်းကြီးရဲ့ကလေးမဟုတ်ဘူးလေ။ ဘယ်လိုလုပ်ပြီး ဧကရာဇ်အဘွားတော်လို့ ခေါ်နိုင်ရတာလဲ။

လျန်တုန်းမင်းသမီးကလည်း ထိတ်လန့်တကြားနဲ့ အလျင်အမြန် ပြောလာသည်။

“အားကျင်းက မဝံ့ရဲပါဘူး”

ဧကရီမယ်တော်ကြီးက ရယ်မောလိုက်ကာ

“သူ့အဘိုးနဲ့နှောင်းဧကရာဇ်တို့က ညီအစ်ကိုတွေလေ။ နှောင်းဧကရာဇ်သာ ရှိနေသေးရင် သူကို့လည်း ဧကရာဇ်ရဲ့အဘိုးတော်လို့ ခေါ်စေချင်မှာပဲ မဟုတ်လား။ ဒါဆို အိုက်ကျားက ဧကရာဇ်ရဲ့အဘွားတော်လို့ခေါ်တာက ဘာမှားနေလို့လဲ”

မင်းသမီးလျန်တုန်းက သက်ပြင်းမောတစ်ခုကို မှုတ်ထုတ်လိုက်ကာ ထိုအခါမှသာ ပြုံးဝံ့တော့သည်။

“ဧကရီမယ်တော်ကြီး ပြောတာက အမှန်ပါပဲ”

သူမစကားပြောလိုက်ရင်း အားကျင်းကို ဧကရီမယ်တော်ကြီးဆီ တွန်းပို့ပေးလိုက်သည်။

“တော်ဝင်အဘွားတော်က မင်းကို ခေါ်နေတယ်လေ ။ဘာလို့မြန်မြန်မသွားသေးတာလဲ”

ထိုကလေးလေးက ဧကရီမယ်တော်ကြီးဆီကို ကြောက်ရွံ့စွာရောက်လာပြီး ဧကရီမယ်တော်ကြီးက သူ့ရဲ့လက်သေးသေးလေးကို တစ်ချက်ကြည့်လိုက်ကာ ထိုကလေးလေးရဲ့မျက်နှာပေါ်က မျက်ရည်စက်တွေကို လက်ကိုင်ပုဝါတစ်ထည်နှင့် သုတ်ပေးလိုက်တော့သည်။ ထို့နောက် ကျူးရှုကို သခွါးသီးချိုချဉ်တွေ ၊ စွံပလွံသီးချိုချဉ်တွေနဲ့ တစ်ခြားသရေစာမုန့်လေးတွေကို ယူလာခိုင်းလိုက်ပြီး ပြောလိုက်သည်။

40 03

“ဗိုက်ဆာနေတာလား။ တော်ဝင်အဘွားတော်ရဲ့ဒီနေရာမှာ စားစရာတစ်ခုခုရှိတယ် အရင်ဆုံးစားထားလိုက်နော်”

အရသာရှိတဲ့တစ်စုံတစ်ခုရှိတယ်ဆိုတာကို မြင်လိုက်ချိန်မှာတော့ ထိုကလေးလေးက အော်ရယ်လာတော့သည်။

ဧကရီမယ်တော်ကြီးက လျန်တုန်းမင်းသမီးကို ထပ်ပြောလာပြီး

“ရာသီဥတုကအေးနေတယ် ဒီကိုလာခဲ့ရတဲ့ခရီးရှည်ကြီးက တကယ်ကိုခက်ခဲခဲ့မှာပဲ ကလေးလေးတွေက အသားမကျသေးတာ ပုံမှနိပါပဲ ဒီတစ်ခေါက်တော့ တစ်ခဏလောက်နေသွားပြီး နွေးထွေးသွားမှပြန်ပေါ့”

လျန်တုန်းမင်းသမီးက အလုပ်များသွားတော့သည်။

ဧကရီမယ်တော်ကြီးက ယန်ရှုကို ကျားသားရေနဲ့ လည်သာဘောလုံးအသေးလေးကို ထိုကလေးလေးကစားဖို့အတွက် ယူလာခိုင်းလိုက်သည်။

ထိုကလေးလေးက နောက်ဆုံးမှာတော့ အသက်ဝင်လာပြီဖြစ်သည်။

လူတိုင်းက တွေ့လိုက်ရပြီး နောက်ထပ် နင်သွားတော့သည်။

ဧကရီမယ်တော်ကြီးမှာက ကလေးတွေအတွက် ကစားစရာ ရှိနေသေးတာလား။

ကြည့်ရတာ သူမက ကလေးသေးသေးလေးတွေကို တော်တော်လေး သဘောကျတယ်ထင်တယ်။

သူတို့သာ နဂါးဆက်ခံသူလေးကို မွေးပေးနိုင်မယ်ဆိုရင် ဧကရီမယ်တော်ကြီးကို ကျေနပ်စေနိုင်ရုံတင်မကပဲ တောက်ပတဲ့အနာဂတ်လည်း ရှိဦးမှာပင်

သို့သော် ….

ကိုယ်လုပ်တော်ကျိုးဦးဆောင်တဲ့ လူပေါင်းများစွာက ယန်ရှုဘက်ကို လှည့်ကြည့်လာကြတော့သည်။

အခုတော့ ဒီမိန်းမကသာ မျက်နှာသာပေးခံနေရတဲ့ တစ်ဦးတည်းသောသူပဲ သူတို့က ဘယ်လိုလုပ်ပြီးအခွင့်အရေးရှိမှာတဲ့လဲ။

ယန်ရှုက လက်ဖက်ရည်သောက်ကာ အဆာပြေမုန့်တွေကို သာသာယာယာ စားနေတာပင်။

လူအုပ်ကြီးရဲ့အကြည့်ကို သတိပြုမိချိန်မှာတော့ မတတ်နိုင်ပဲ စိတ်ထဲမှာ လျှာတောက်လိုက်တော့သည်။

ဘယ်ကို လာကြည့်နေတာလဲ။

ငါ မရှိရင်တောင် နင်တို့တွေလည်း မွေးမပေးနိုင်ဘူး ဟုတ်ပြီလား။

******

41 01

အပိုင်း 41

လျန်တုန်းပြည်ရဲ့ကိုယ်လုပ်တော်က ဧကရီမယ်တော်ကြီးဆီကို လာလည်တဲ့ထိုည၌ လျန်တုန်းပြည် ဘုရင့်မိသားစုကို လက်ခံကြိုဆိုရေးညစာစားပွဲကို နန်းတော်တွင် ကျင်းပလေသည်။

လျန်တုန်းပြည်ဘုရင်ကလည်း တော်ဝင်မိသားစုဝင် တစ်ယောက်ဖြစ်ပြီး ကောင်းဇူရဲ့သွေးသားလည်း ဖြစ်ပေသည်။

သို့သော် ဒါကတော့ ယွီဝိန်းမိသားစုရဲ့ ညစာစားပွဲပင်။

တကယ်တော့ ဧကရာဇ်အသစ် ထီးနန်းကို ဆက်ခံစဉ်ကတည်းက လျန်တုန်းမင်းသားရဲ့မိသားစုက နှစ်တိုင်းရဲ့နောက်ဆုံးနေ့မှာ မြို့တော်ကိုလာပြီး သူ့ကို ဂုဏ်ပြုလိမ့်မည်ပင်။

ထို့ကြောင့် နှစ်တစ်နှစ်ရဲ့အဆုံးတိုင်းမှာ လက်ခံကြိုဆိုရေး ညစာစားပွဲတစ်ခု ရှိပေသည်။

သို့သော် ယန်ရှုက ဒီနှစ်မှသာ ရာထူးတိုးခံရတဲ့အတွက် ဒီတစ်ကြိမ်က သူမ ပါဝင်ဆင်နွှဲတဲ့ ပထမဆုံးအကြိမ်ပင်။

တကယ်တော့ သူမက တကယ်ကို မလာချင်ပေ။

-ဒီနေ့ညစာစားပွဲမှာ ဧည့်သည်တွေတင်မကပဲ ယခုဆိုလျှင် သူမက ပစ်မှတ်ဆိုတဲ့ကဏ္ဍကိုပါ တာဝန်ယူထားရတော့ မျက်လုံး ဘယ်လောက်များများက သူမကို ကြည့်နေမလဲဆိုတာကို မသိနိုင်ပေ။

အစားကိုပဲ အာရုံစိုက်စားချင်လျှင်တောင် သူမ မပျော်ရွှင်နိုင်ပေ။

ပျော်ပျော်ရွှင်ရွှင် မစားနိုင်ဘူးဆိုရင် ညစာစားပွဲလုပ်တာက ဘာအတွက်လဲ။

သို့သော် ယနေ့က အတိတ်ကနှင့်ယှဉ်လျှင် ကွာခြားပေသည်။ သူမလိမ်ညာပြီး ထွက်သွားဖို့ ခွင့်တောင်းချင်လျှင်တောင် သူမ မလုပ်နိုင်ပေ။

ထို့ကြောင့် သူမက ဝန်လေးနေပေမဲ့လည်း ရိုးရိုးသားသားနဲ့ လာခဲ့တုန်းပင်။

ပြောမှပဲ ငါမနေ့တုန်းက လျန်တုန်းဘုရင်ရဲ့ ဖရဲသီးကို စားလိုက်ရတယ်။ အဲတော့ ဒီနေ့ဒီကိုလာပြီး အဓိကဇာတ်ကောင်ကို ကြည့်ရတာလည်း ကောင်းတာပဲ။

ထိုအချိန်မှာပဲ ခန်းမထဲရှိမီးတွေက တောက်ပစွာ ထွန်းလင်းနေကာ ဂုဏ်အသရေရှိ ဧည့်သည်တော်တွေကလည်း နေရာယူပြီးဖြစ်သည်။

ယန်ရှုက တိတ်တဆိတ် လှည့်ပတ်ကြည့်လိုက်တဲ့အခါမှာတော့ ယနေ့ထိ ပိတ်ပင်ခံထားရတဲ့ ကိုယ်လုပ်တော်နင်နဲ့ အအေးနန်းဆောင်မှာရှိတဲ့ ကိုယ်လုပ်တော်လီကလွဲလို့ မောင်းမဆောင်ထဲက လူအားလုံးက လာရောက်ကြပေသည်။

လတ်တလောကမှ ရာထူးလျှော့ခံလိုက်ရတဲ့ ကိုယ်လုပ်တော်ကျိုးအပါအဝင် ညစောင့်တာဝန်ကျနေတဲ့ ဝမ်ကျောက်ယီလည်း ပါဝင်ပေသည်။

သေချာပေါက်ကိုပင် ကိုယ်လုပ်တော်ကျိုးရဲ့အမူအရာက ပုံမှန်နှင့်ယှဉ်လျှင် ကွဲပြားနေသည်။ ဝမ်ကျောက်ယီဟာလည်း ဧကရာဇ်က သူမကိုတွေ့သွားမှာကို မလိုလားဟန်နှင့် ထောင့်နားမှာ ပုန်းကွယ်နေပေသည်။

ယနေ့မှာ ယန်ရှုရဲ့ စားပွဲခုံအဖော်က ရွှီကျဲ့ယွီပင် ဖြစ်သည်။

စကားမများတဲ့ သူတစ်ယောက်လည်းရှိနေပြီး ထိုသူက မောင်းမဆောင်ထဲက မည်သည့်ကိစ္စကိုမှ တစ်ခါမှဝင်မပါခဲ့ဖူးပေ။ ထို့ကြောင့် သူ့ရဲ့တည်ရှိမှုက အနည်းငယ် နိမ့်ကျပေသည်။

ဧကရာဇ်နဲ့ ဧကရီဘုရင်မကြီးက ကိုယ်လုပ်တော်တစ်စုခြံရံပြီး ထိပ်ဆုံးမှာထိုင်နေကြသည်။ ကိုယ်လုပ်တော်တွေရဲ့ အောက်နားမှာတော့ လျန်တုန်းဘုရင်ရဲ့မိသားစုပင်။

ယန်ရှုက လျန်တုန်းဘုရင်ယွီဝိန်းဟောက်ကို တိတ်တဆိတ် အကဲခတ်လိုက်တဲ့အခါမှာတော့ ထိုသူက ဧကရာဇ်ထက် နှစ်အနည်းငယ်ပိုပြီးကြီးမည့်ဟန်ရှိပြီး ဝမ်းကွဲအနေနှင့်ဆို ထိုသူတို့နှစ်ယောက်မှာ ဆင်တူတဲ့မျက်နှာတွေ ရှိကြပေသည်။

ညစာစားပွဲစသည်ဆိုလျှင်ပဲ ယွီဝိန်းလန်က သူ့ရဲ့ခွက်ကို အရင်မြှောက်လိုက်ကာ ပြောလိုက်သည်။

“ဝမ်းကွဲက တစ်လျှောက်လုံး အလုပ်များနေခဲ့တာပဲ။ အတော်လေး ကြိုးစားခဲ့ပါတယ်”

ယွီဝိန်းဟောက်က သူ့ဇနီးနဲ့ကလေးတွေကို ထရပ်ဖို့ အလျင်အမြန်ဦးဆောင်လိုက်ကာ ပြောလိုက်သည်။

“အရှင်မင်းကြီးက အလေးအနက်ပြောလွန်းနေပါပြီ။ နှစ်စဉ်နှစ်တိုင်း အရှင်မင်းကြီးနဲ့ ဧကရီမယ်တော်ကြီးကို တွေ့ဆုံဖို့ မြို့တော်ကိုပြန်လာရတာက ဒီမိသားစုရဲ့ ဂုဏ်အသရေပါ”

ထို့နောက် သူ့သားသုံးယောက်ကို ပြောလိုက်ပေသည်။

41 02

“ဘယ်အချိန်မဆို ဒီအဖေ မရှိတော့ဘူးဆိုရင်တောင် မင်းတို့တွေက ယွီဝိန်းမိသားစုရဲ့ သွေးသားဆိုတာကို အမြဲအမှတ်ရနေရမယ်။ ပွဲတော်တွေမှာလည်း အရှင်မင်းကြီးနဲ့ ဧကရီမယ်တော်ကြီးကို နှုတ်ဆက်ရမယ်။ ဘယ်တော့မှ လျစ်လျူမရှုရဘူး”

ထိုစကားသံ ထွက်လာသည်နှင့် အကြီးဆုံးသားနှင့် ဒုတိယသားက ချက်ချင်းပဲ တစ်ညီတစ်ညွတ်တည်း တုံ့ပြန်လိုက်ကြသည်။

ဆန့်ကျင်ဘက်အနေနဲ့ အငယ်ဆုံးသားဖြစ်သူ အားကျင်းက အနည်းငယ်နှေးကွေးနေကာ ‘ဟုတ်ကဲ့ပါ’ဟု မဖြေခင် အစ်ကိုကြီးနှစ်ယောက်လုံး ပြောပြီးသည်အထိ စောင့်ဆိုင်းနေခဲ့သည်။

တခဏအတွင်းမှာပဲ နွားနို့စိမ်ထားသကဲ့သို့ အသံလေးက ခန်းမတစ်ခွင် လွင့်ပျံသွားပြီး အရမ်းကိုချစ်စရာ ကောင်းလှသည်။

ဧကရီမယ်တော်ကြီးက ပြုံးကာ ယွီဝိန်းလန်ကို ပြောလိုက်သည်။

“အရှင်မင်းကြီး အိုက်ရဲ့အိမ်တော်ကို ရောက်လာတုန်းကဆို အားကျင်းအရွယ်လောက်တောင် မရှိသေးဘူး”

လျန်တုန်းဘုရင်ကလည်း ပြောလာသည်။

“ဒီကလေးက ငယ်ရွယ်ပြီး မသိနားမလည်ပါဘူး။ အရှင်မင်းကြီးနဲ့ ဧကရီမယ်တော်ကြီးကို ရယ်စေမိပါပြီ”

ဧကရီမယ်တော်ကြီးက ပြောလိုက်သည်။

“ကလေးဆိုတာက ဒီလိုပါပဲ။ အရှင်မင်းကြီး ငယ်စဉ်ကဆိုလည်း မကြာခဏ ငိုတတ်တယ်။ အခုဆို သူက အဲတုန်းကလုပ်ခဲ့သလိုနဲ့ မတူတော့ဘူး”

ထိုစကားတွေထွက်လာပြီးနောက် ခန်းမထဲကလူတိုင်းက ရယ်မောလာကြသည်။

ယွီဝိန်းလန်ကလည်း ပြုံးကာ

“ကံကောင်းစွာနဲ့ မယ်တော်ရဲ့ဂရုစိုက်ပေးမှုကြောင့် ကိုယ်တော်က လုံလုံခြုံခြုံနဲ့ကြီးပြင်းလာခဲ့တယ် မယ်တော်က ပင်ပန်းသွားခဲ့ရပြီ”

ဧကရီမယ်တော်ကြီးက ပြောလာသည်။

“အရှင်မင်းကြီးနဲ့ အမေနဲ့သားလို အချိန်ကုန်ဆုံးခဲ့ရတာကလည်း အိုက်မိသားစုအတွက် ကောင်းချီးတစ်ခုပါပဲ”

စကားပြောနေစဉ်မှာပဲ သက်ပြင်းထပ်ချလိုက်ကာ

“ကလေးတွေ ရှိလာတဲ့အခါမှသာ ဒေါသထွက်နိုင်တယ်။ အရှင်မင်းကြီး သူတို့မိသားစုကိုကြည့်ပါဦး နန်းတော်ထဲမှာ ကလေးတွေပိုများများရှိလာရင် လေထုက ပိုပြီးကောင်းမွန်သွားမှာပဲ”

ထိုစကားသံ ထွက်လာပြီးနောက် ကိုယ်လုပ်တော်အားလုံးက တိတ်တဆိတ် ရပ်တန့်သွားကြသည်။

လျန်တုန်းဘုရင်က ကျယ်လောင်စွာ ရယ်မောကာ ပြောလိုက်သည်။

“ဧကရီမယ်တော်ကြီးသာ မနှစ်သက်တာ မရှိဘူးဆိုရင် ဒီရက်ပိုင်းအတွင်း နန်းတော်ထဲကို ဝင်ပြီး ဧကရီမယ်တော်ကြီးကို ဂါရဝပြုဖို့ သူတို့သုံးယောက်ကို စေလွှတ်လိုက်ပါမယ်”

ဧကရီမယ်တော်ကြီးက ခေါင်း။လိုက်ပြီး အပြုံးတစ်ပွင့်နှင့် ပြောလိုက်သည်။

“ကောင်းပါတယ်”

ထိုအခါမှသာ ယွီဝိန်းလန်က ပြောလာသည်။

“ဧကရီမယ်တော်ကြီးကို စိုးရိမ်စေမိတာက ကိုယ်တော့်ရဲ့အမှားပါ အနာဂတ်မှာ သားတော်ပိုပြီး ကြိုးစားပါမယ်”

သူကစကားပြောလိုက်ပြီး ယန်ရှုကိုတောင်မှ ကြည့်လိုက်သေးသည်။

ယန်ရှု “…”

ဒီလူက ငါ့ကို ဘာအတွက် ကြည့်နေရတာလဲ။

ဒါကသူမရဲ့ပြဿနာလည်း မဟုတ်ဘူး!

အိုး…..

သူမက ရုတ်တရက် အနည်းငယ် နားလည်သွားရသည်။ ဧကရာဇ်က ငါ့အပေါ် အပြစ်လွှဲချနေတာမလား။

—ပြန်တွေးကြည့်မှပဲ ကလေးတစ်ယောက်မွေးဖွားပေးဖို့ နှောင့်နှေးနေတာကို စောင့်ဆိုင်းရတာက သူမကိုပဲ အပြစ်တင်ပြီး သူမကပဲ မမွေးနိုင်ဘူးလို့ ပြောမလို့လား။

ကျစ် တကယ်ကို နိမိတ်မကောင်းတဲ့ ရည်ရွယ်ချက်ပဲ!

ယွီဝိန်းလန် “…”

41 03

ဒီမိန်းကလေးကတော့!

သူက ဘယ်နေရာမှာလို့ ဆိုလိုလို့လဲ။

သူမကို နေရာမှာတင် အင်အားတစ်ချို့ ပြလိုက်ဖို့ တကယ်ကို မစောင့်နိုင်တော့ဘူး!

သို့သော် ဒီအချိန်တွင် သူဟာ အဓိကခန်းမထဲမှာ ရှိနေတာဖြစ်ပြီး လူပေါင်းများစွာရဲ့ မျက်လုံးတွေကလည်း စောင့်ကြည့်နေသည့်အတွက် မျက်နှာပေါ်မှာ ဘာအမူအရာမှမပေါ်စေပဲ သည်းညည်းခံကာ သည်းခံရုံသာ တတ်နိုင်ပေသည်။

သို့သော် ယွီဝိန်းဟောက်နဲ့သူ့ဇနီးက ထိုမြင်ကွင်းကို ဖမ်းမိလိုက်ပေသည်။

သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ရဲ့နှလုံးသားထဲမှာ လက်ဝါးချင်း ရိုက်လိုက်ကြသည်။

လိကွေ့ယိကသာ မျက်နှာသာပေးခံနေရတယ်ဆိုပြီး နန်းတော်ထဲမှာ ကောလဟလပျံ့နေတာက တကယ်ကိုမှ န်နေတဲ့ပုံပဲ။

~~~

အဖွင့်ဝိုင်ခွက်ကို သောက်လိုက်ပြီးနောက်မှာတော့ နန်းတော်အစေခံတွေက ဟင်းပွဲတွေ တစ်ပွဲပြီးတစ်ပွဲချပေးလာကြသည်။

ယန်ရှုက မူလမှာ အခြားသူတွေကဲ့သို့ ပြုမူပြီး သိပ်မစားဖို့ စီစဉ်ထားခဲ့တာပင်။

သို့သော်လည်း သူမမျက်လုံးရှေ့က ထိုစားကောင်းသောက်ဖွယ်တွေရဲ့ချိုချဉ်ပူစပ် အနံ့အရသာတွေအားလုံးက သူမကို ဆက်တိုက် ဆွဲဆောင်နေပေသည်။ သူမအနည်းငယ် ရုန်းကန်လိုက်ပြီးနောက် အဆုံးမှာတော့ အရှုံးပေးလိုက်ကာ အလေးအနက်ထားပြီး စတင်စားတော့သည်။

-

ကောင်းပြီလေ ပေါင်ရင်းသားက အပြင်ဘက်က ကြွပ်ရွနေပြီး အတွင်းဘက်က နူးညံ့နေတယ်။

အဝါရောက်တို့ဖူးက နူးညံ့ပြီးမွှေးပျံ့နေတာပဲ။ ဝက်ချိုချဉ်ကကျ အရမ်းကိုအရသာရှိတယ်။

အံ့ဩဖွယ်အကောင်းဆုံးကတော့ နှင်းမှုန်ကြက်သားနောက်ပဲ စားပွဲပေါ်ကို စပြီးတင်လိုက်ချိန်မှာတော့ အဖြူရောင် တိမ်တိုက်နဲ့တူပြီး မည်သည့်ပါဝင်ပစ္စည်းတွေနဲ့ ပြင်ဆင်ထားသည်ကို မသိရပေ။ တစ်ကိုက် ကိုက်လိုက်ပြီးနောက်မှာ နူးညံ့ပြီး မွှေးပျံ့တယ်လို့ ခံစားရပေသည်။ ထပ်ပြီး အရသာခံကြည့်လိုက်မယ်ဆိုရင်တော့ ကြက်သားရဲ့ထူးခြားတဲ့ မွှေးရနံ့ကို အရသာခံနိုင်ပေသည်။ ထိုအခါမှသာ သူမ သိသွားတော့သည်။ ထိုအရာက ကြက်သားဖြစ်နေတာပင်။

သေချာပေါက်ပဲ ကြက်သားကို စားနေရပေမဲ့ ကြက်သားကိုမမြင်ရပေ။ အံ့ဩစရာပဲ တကယ်ကိုအံ့ဩစရာပဲ!

နှင်းမှုန်ကြက်သားနောက်ကို စားလို့အပြီးမှာတော့ ထပ်ပြီးတော့ ဟန်ကင်းဘဲကင်ကို ချပေးလာသည်။

သစ်သီးရဲ့မွှေးရနံ့နဲ့စိမ်ထားတဲ့ အရေခွံနဲ့ပါးလွှာတဲ့ဘဲသားကို ဖောက်မြင်နိုင်တဲ့ ပါးလျတဲ့ပန်ကိတ်ထဲမှာ လိပ်ထားပေသည်။ ပဲနှစ်အချိုအရသာ ကြက်သွန်ဆော့စ်နဲ့ သခွါးသီးချောင်းကိုလည်း ထည့်ဖို့မမေ့သင့်ပေ။ ဂရုတစိုက်လိပ်လိုက်ပြီး ပါးစပ်ထဲကို ထည့်ကာ ဂရုတစိုက်ဝါးလိုက်ရမည်။ ဖြည့်ညှင်းစွာ မျိုချပြီးနောက်မှာတော့ ဘဲသားရဲ့ထူးခြားတဲ့မွှေးရနံ့က နှုတ်ခမ်းလွှာနဲ့ သွားထဲမှာ တစ်လွှာပြီးတစ်လွှာ ပျံ့နှံ့သွားပေမည်ဖြစ်သည်။ ထိုအရာက တကယ်ကို စိတ်ကျေနပ်စရာပင်။

သူမကြေငြာတယ် ဘဲသားကိုစားဖို့ဆို ဘဲကင်ကသာ အကောင်းဆုံးပဲ။

ယန်ရှုက ဘဲကင်ရဲ့အရသာရှိမှုထဲမှာ နှစ်မြှုပ်နေပြီး တစ်ဆက်တည်း ဘဲသားလိပ်သုံးခုကို စားလိုက်ချိန်ပြီးမှသာ သိပ်မဝေးတဲ့နေရာက ထိုကလေးလေးက သူမကို သိချင်စိတ်ဖြစ်စွာနဲ့ကြည့်နေတာအား တွေ့လိုက်ရပေသည်။

ထိုကလေးလေးက လျန်တုန်းဘုရင်ရဲ့အငယ်ဆုံးသားဖြစ်သူ အားကျင်းကလွဲ၍ တစ်ခြားသူ မဟုတ်ပေ။

ကျစ် ကြည့်စမ်းပါဦး ထိုကလေးလေးက မျက်တောင်တောင်မခတ်ပဲ သူမပါးစပ်လှုပ်ရှားနေတာကိုပဲ စိုက်ကြည့်နေတယ်။

ယန်ရှု “…”

ငါ့ကိုဘာလို့ ကြည့်နေတာလဲ။ စားပွဲပေါ်က ဘဲသားက ဘယ်လောက်တောင် အရသာရှိနေလို့လဲ ကလေးလေးရဲ့!

တခဏလောက် သည်းမခံနိုင်တော့ပဲ သူမမေးလိုက်သည်။

“အားကျင်းကရော စားချင်လို့လား”

ထိုကလေးလေးက ရှက်ရွံ့စွာ ခေါင်းညိတ်ပြလာသည်။

ထိုရုပ်သွင် သေးသေးလေးက ချစ်စရာကောင်းနေတာကို မပြောနဲ့ဦး။ ယန်ရှုက အချစ်တွေနဲ့ပေါက်ကွဲသွားကာ ဘဲသားပန်ကိတ်တစ်ခုကိုလိပ်ပြီး လက်လှမ်းပေးလိုက်သည်။

ထိုကလေးငယ်လေးကလည်း လှမ်းယူလိုက်ကာ စားရန် သူ့ပါးစပ်ထဲကို ထည့်လိုက်တော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ချိန်မှာတော့ လျန်တုန်းမင်းသမီးက လျင်မြန်စွာ ဒေါသတကြီးနဲ့ ပြောလာသည်။

“ဒီကလေးက ရှေ့နားမှာရှိနေတာ မဟုတ်လား။ ဘယ်လိုဖြစ်ပြီး ကွေ့ယိနေရာဆီ သွားစားရတာလဲ”

ယန်ရှုက အလျင်အမြန် ပြောလိုက်သည်။

“အဆင်ပြေပါတယ် ချောချောမွေ့မွေ့ လုပ်လိုက်ရုံပါပဲ။ ဝမ်ဖေး သူ့ကို အပြစ်မတင်ပါနဲ့”

ဟေး ပြောကြတာကတော့ ကြင်နာတဲ့သူတွေက ကလေးတွေကို ဆွဲဆောင်နိုင်တယ်တဲ့ ဆိုလိုတာက သူမက အရမ်းကိုကြင်နာပြီး နတ်သမီးလေးလိုပဲ ဖြစ်ရမယ်တဲ့လေ။

သူမကို တိတ်တိတ်လေး အာရုံစိုက်နေတဲ့ ယွီဝိန်းလန် “….”

-မင်း အတွေးလွန်နေပြီ။ မင်းကအရသာရှိရှိ စားနေတာကို မြင်လိုက်ရလို့ ကလေးကဗိုက်ဆာသွားရုံတင်။

++++++

42 01

အပိုင်း 42

ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်က ပြောလာသည်။

“လိကွေ့ယိမှာ လျှို့ဝှက်နည်းစနစ်တွေများ ရှိနေလို့ပါလား။ ဘာလို့ ဒီလိုကလေးငယ်လေးကတောင် သဘောကျ နေရတာလဲ”

ထိုသူက သိပ်မကြာခင်က ရာထူးလျှော့ခံလိုက်ရတဲ့ ကိုယ်လုပ်တော်ကျိုးပင် ဖြစ်သည်။

ကျစ် သူမ တော်ဝင်ကိုယ်လုပ်တော် မဟုတ်တော့တာက တကယ်ကိုရှက်စရာပဲ ပြီးတော့ သူမရဲ့လေသံက တစ်မူထူးခြားနေဆဲပင်။

ယန်ရှုက နားမလည်ချင်ယောင် ဆောင်ကာ

“တော်ဝင်ကိုယ်လုပ်တော်က နောက်နေပါပြီ။ ဒီကိုယ်လုပ်တော်က အားကျင်းနဲ့နီးနေလို့ သူက ဒီကိုယ်လုပ်တော်နဲ့ ကစားချင်ရုံပါ”

ထိုစကားတွေ ထွက်လာသည်နှင့် တစ်စားပွဲတည်းရှိ ရွှီကျဲ့ယွီက ရုတ်တရက် ဘဲသားပန်ကိတ်တစ်ခုကို လိပ်လိုက်ပြီး အားကျင်းကို လှမ်းပေးလိုက်ကာ ပြောလာသည်။

“သခင်လေး ကျွန်မရဲ့ပန်ကိတ်ကိုရော မြည်းကြည့်ချင်လား”

အားကျင်းက ချက်ချင်းပဲ ယူလိုက်သည်။

ထိုအခါ လူတိုင်းက အနည်းငယ် အံ့အားသင့်သွားတော့သည်။

ရွှီကျဲ့ယွီ ဒါက ဘာကိုဆိုလိုတာလဲ။ လိကွေ့ယိကို ကယ်တင်ဖို့ လက်ဦးမှု ယူလိုက်တာလား။

ကိုယ်လုပ်တော်ကျိုးက ထပ်မံ ရယ်မောလိုက်ကာ

“ရွှီကျဲ့ယွီကရော လိကွေ့ယိဆီက သင်ယူထားတာ များလား။ အလေးထားလို့ ပြောရမယ်ဆိုရင် ရှင်က လိကွေ့ယိနဲ့ ကွာတယ်လေ။ ကျွန်မကတော့ ရှင်က မသင်ယူနိုင်မှာပဲ ကြောက်မိပါတယ်”

ရွှီကျဲ့ယွီက ပြောလာသည်။

“ဒီကိုယ်လုပ်တော်က အားကျင်းက ချစ်စရာကောင်းတယ်လို့ တွေးမိရုံတင်ပါ”

ထိုအသံထွက်လာပြီးနောက် အရှင်မင်းကြီးက ကိုယ်လုပ်တော်ကျိုးကို ပြောလာသည်။

“မယ်မင်းရဲ့သောက်နိုင်စွမ်းအားက အရင်ကလောက် မကောင်းတော့လို့ များလား။ တစ်ခွက်သောက်ပြီးတာနဲ့ မူးသွားတယ်ဆိုတော့လေ”

ယွီဝိန်းလန်ရဲ့မျက်လုံးထဲ၌ မည်သည့်အပြုံးမှ မရှိပဲ ကြည့်ရသည်မှာ အတန်ငယ်ကြောက်စရာ ကောင်းနေပေသည်။

ကိုယ်လုပ်တော်ကျိုးက ရပ်သွားကာ သူမခေါင်းကို နှိမ့်လိုက်ပြီး ပြောလာသည်။

“မှန်လှပါ ဒီကိုယ်လုပ်တော်က အနည်းငယ် လျှာချော်မိသွားပါတယ်”

လေထုက အနည်းငယ်ကသိကအောက် ဖြစ်လာပေမဲ့ ဧကရီမယ်တော်ကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။

“ဘယ်သူက ဒီလိုချစ်စရာကလေးလေးကို မကြိုက်လို့လဲ”

သူမက ပြောလိုက်ပြီး သူမဘာသာ ဘဲသားပန်ကိတ်ကို လိပ်လိုက်ကာ ထိုကလေးငယ်လေးကို ခေါ်လိုက်သည်။

“ဧကရာဇ်အဘွားတော်ဆီကို လာပါဦး”

ထိုကလေးလေးက နာခံစွာနဲ့ ပြေးလာပြီး သူ့ရဲ့မျက်နှာသေးသေးလေးက ဘန်းမုန့်လေးဖြစ်သည်အထိ စားနေသည်မှာ လူတွေကို ရယ်မောစေသည်။

နောက်ဆုံးမှာ လေထုက အနည်းငယ် ပြေလျော့သွားပြီး ညစာစားပွဲကို ဆက်တော့သည်။

ယန်ရှုက စားကောင်းသောက်ဖွယ်တွေကို အရသာခံရင်း သူမနှလုံးသားထဲမှာ ကျစ် ကျစ်ဟု ရေရွတ်နေပေသည်။

ဒီတစ်ကြိမ် ကိုယ်လုပ်တော်ကျိုးက ဒီလောက်ကြီးကြီးမားမား ခံစားထားရတာကို အခုထိ ဦးနှောက်မရှိသေးဘူး။

ဒီလိုအချိန်မှာ တစ်ခြားသူတွေကို ထိခိုက်စေဖို့ ချဉ်တူးနေတဲ့ စကားတွေ ပြောတာက ဘာကောင်းလို့လဲ။

ထို့အပြင် ရွှီကျဲ့ယွီကရော ဘယ်နေရာမှာ သူမကို အတုခိုးနေလို့လဲ။

အဲတာက ယွီဝိန်းဟောက်ကို နှုတ်ဆက်တယ်ဆိုတာ ရှင်းနေတာပဲလေ။

အမှန်ပဲ မနေ့က သူမ စားခဲ့တဲ့ ဖရဲသီးအရဆို ဒီအပေါ်ယံမှာ ရိုးရှင်းပြီးကြင်နာတဲ့ပုံပေါ်တဲ့ လျန်တုန်းဘုရင် ယွီဝိန်းဟောက်က ဧကရာဇ်ထီးနန်း ဆက်ခံစဉ်ကတည်းက နန်းတော်ထဲမှာ သူ့ရဲ့သူလျှိုကို သွင်းထားပြီးသားလေ။

ပြီးတော့ ထိုသူလျှိုဆိုတဲ့သူက ရွှီကျဲ့ယွီပဲ။

42 02

သိပ်မဝေးတဲ့နေရာက ယွီဝိန်းဟောက်နဲ့ စကားပြောပြီး ရယ်မောနေတဲ့ ဘုရင်မင်းမြတ်က သူ့နှလုံးသားထဲမှာ ရပ်တန့်သွားတော့သည်။

အဲဒီရွှီကျဲ့ယွီက ယွီဝိန်းဟောက်လွှတ်ထားတဲ့ သူလျှိုလား။

တကယ်တော့ သူသည်လည်း ယွီဝိန်းဟောက်ဟာ အပေါ်ယံမှာ ဖော်ပြသလိုမျိုး နာခံနေတာ မဟုတ်ဘူးဆိုတာကို သိပေသည်။

နန်းတော်ထဲမှာ သူလျှိုလွှ တ်ထားတယ်ဆိုတာကို မှန်းဆမိပြီးသားပင်။

ဘယ်သူဆိုတာကို မဖော်ထုတ်နိုင်သေးရုံသာ ဖြစ်သည်။

အခုမှသာ ယန်ရှု တွေးနေတာကို ကြားလိုက်ရတာဖြစ်သည်။

ထိုအချိန်မှာပဲ ယန်ရှုက ထပ်ပြောလာသည်။

[ဟမ့်။ သူမအရင်က သိုင်းပညာကို မကျင့်ဖူးဘူး ဟုတ်လား။ ဒါဆို သူမလက်တွေက ဘာလို့ခုထိ နူးညံ့နေရသေးတာလဲ။ ဘယ်လို သတ္တုလက်အိတ်တွေကို အသုံးပြုနေလို့လဲဟ။]

ဒါက ယွီဝိန်းလန်က မအံ့ဩပေ။

မည်သည့်သူလျှိုတွင်မဆို ထိပ်တန်းသိုင်းပညာစွမ်းရည် ရှိကြပေသည်။

ထိုအရာက တစ်ဖက်သူဟာ မောင်းမဆောင်ထဲဝင်ဖို့ စီစဉ်ထားရုံသာ။ ဆိုတော့ သူ စိုးရိမ်မိတာက တစ်ဖက်သူက သူလျှိုတစ်ယောက်လို မရိုးရှင်းမှာကိုပင်။

သူက တည်ငြိမ်စွာနဲ့ ဝိုင်တစ်ခွက် သောက်လိုက်သည်။

သို့သော် ယွီဝိန်းဟောက်က ရုတ်တရက် ပြောလာသည်။

“ဒီတစ်ခေါက် မြို့တော်ကိုလာတဲ့အချိန်မှာ ကျွန်တော်မျိုး အရှင်မင်းကြီး ဧကရီမယ်တော်ကြီးနဲ့ အခြားအမျိုးသမီးတို့အတွက် လက်ဆောင်အချို့ ယူလာခဲ့ပါတယ်။ အရိုအသေမဲ့သွားရင် ခွင့်လွှတ်ပါ”

သူ စကားပြောပြီးနောကိ အစေခံတွေကို နန်းတော်ထဲ ယူလာဖို့ ပြောလိုက်သည်။

ယွီဝိန်းလန်ကို ဆက်သလာသည်က မြွေပါသားမွှေးကတ္တီပါခြုံထည်ပင်။ တစ်ထည်လုံးကို ခဲနက်ရောက် ကတ္တီပါသားနဲ့ ပြုလုပ်ထားပြီး ကြည့်ရသည်မှာ အလွန်စျေးကြီးပုံ ပေါ်သည်။

ဧကရီမယ်တော်ကြီးကို ပေးသည့်တစ်ခုက ချန်းပိုင်တောင်ဖြစ်ပြီး တစ်ပင်ကိုပင် ငွေတုံးထောင်သောင်းချီ ကုန်ကျပေသည်။

ယန်ရှုနှင့် အခြားကိုယ်လုပ်တော်တွေဟာလည်း မြွေပါသားမွေးကတ္တီပါ လည်စည်းတစ်ထည်စီ ရရှိကြပေသည်။

သချာပေါက်ပင် ကိုယ်လုပ်တော်ကျိုးရဲ့လည်စည်း အရောင်က သူမရဲ့ ရာထူးကိုဖော်ပြဖို့အတွက် ပို၍ကောင်းမွန်ပေသည်။

လူတိုင်းက လျန်တုန်းဘုရင်ကို ကျေးဇူးတင်လိုက်ကြသည်။

ယွီဝိန်းလန်က ယွီဝိန်းဟောက်ကို ထပ်မံပြီး ခွက်ချင်းတိုက်ဖို့ တည်ငြိမ်စွာ ဖိတ်ခေါ်လိုက်သည်။

“ကိုယ်တော်က ဝမ်းကွဲကို အမှတ်ရပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ယွီဝိန်းဟောက်က ရိုးသားစွာ ပြုံးပြလိုက်ကာ

“အရှင်မင်းကြီးက ယဉ်ကျေးလွန်းနေပါပြီ။ ဒါပေမဲ့ အရှင်မင်းကြီးသာ မနှစ်သက်သရွေ့ ဒါတွေအားလုံးက လျန်တုန်းရဲ့ အထူးထုတ်ကုန်တွေပါပဲ”

စကားပြောနေစဉ်မှာပဲ သူ့မျက်လုံးထောင့်ကနေ ရွှီကျဲ့ယွီကို တစ်ချက်ကြည့်လိုက်ကာ စိတ်ထဲမှာ ရေရွတ်လိုက်သည်။

[အသုံးမကျတဲ့အရာပဲ]

~~~

သူမ မသိလိုက်ခင်မှာပဲ ညစာစားပွဲက ပြီးဆုံးသွားပြီပင်။

ဧကရီမယ်တော်ကြီးက ညစာစားပွဲကနေ အရင်ထွက်ခွာသွားလိုက်ကာ လျန်တုန်းမိသားစုလည်း နန်းတော်ကနေ ထွက်ခွာသွားပြီဖြစ်သည်။

ယွီဝိန်းလန်က ချန်းမင်နန်းဆောင်ကို ပြန်ရောက်လာပြီး နောက်ချက်ချင်းပဲ လူတွေကို စေလွှတ်လိုက်တော့သည်။

ယခုလေးတင်က ယွီဝိန်းဟောက်ရဲ့စကားအရဆို ဒီတစ်ကြိမ် မြို့တော်ကိုလာတဲ့အခါမှာ ယွီဝိန်းဟောက်က ပြင်ဆင်မှုတွေ ပိုလုပ်လာပုံရသည်။

ထို့နောက် ထွက်လိုက်ဝင်လိုက် လုပ်နေသည့် လူတွေကြားမှာပဲ ကျင်းယီဝေ့က သူ့အမိန်ကို ဖြေကြားရန် ရောက်ရှိလာပေသည်။

42 03

“အရှင်မင်းကြီး။ ဒီငယ်သားရှာတွေ့ခဲ့တာက တော်ဝင်သမားတော်ဆောင်ရဲ့ အကြီးအကဲ ကျန်းရှန်ခန်းက တစ်ခါက မြို့တော်ရဲ့ မြောက်ဘက်လမ်းမမှာ ဆေးခန်းတစ်ခု ဖွင့်ဖူးတဲ့ ရွှမ်းကျီလို့ခေါ်တဲ့ သမားတော် တစ်ယောက်ဆီမှာ တကယ်ကိုပဲ ဆေးပညာကို သင်ယူခဲ့ပါတယ်။ ပြောကြတာကတော့ သူ့မှာ မရေမတွက်နိုင်အောင် များပြားတဲ့ ဆေးပညာ အရည်အချင်းတွေရှိပြီး အဆုံးမရှိတဲ့ စမ်းချောင်းလိုပါပဲတဲ့”

ယွီဝိန်းလန်က သေချာသွားသည်။

အမှန်ပဲ။ ရွှမ်းကျီ

အဲတာက သူ့ရဲ့နာမည်ပဲ

“တစ်ခြားအရာတွေကရော” သူမေးလိုက်သည်။

ကျင်းယီဝေ့က သူ့ခေါင်း နှိမ့်ချလိုက်ကာ

“သူ ကွယ်လွန်သွားခဲ့တာက နှစ်ပေါင်းများစွာ ရှိနေပါပြီ”

အဆုံးမှာတော့ သူ သိခဲ့သမျှက ယန်ရှုဆီကပင်။ ထိုအချိန်မှာ ယွီဝိန်းလန်က သိပ်စိတ်မပျက်သွားပဲ ပြောလာသည်။

“ရွှမ်းကျီက ရှန်းကျန်ခန်းအပြင် အခြား အလုပ်သင် ရှိသေးလား”

ကျင်းယီဝေ့က ပြောလာသည်။

“သိပ်မသေချာပါဘူး။ သူ့မှာ သားတစ်ယောက် ရှိတယ်လို့တော့ ကြားမိပေမဲ့ သူ ကွယ်လွန်ပြီးတဲ့နောက်မှာ ပျောက်ကွယ်သွားပါတယ်။ အခုချိန်ထိတော့ ထိုသူ့အကြောင်း ဘာသတင်းအစအနမှ ရှာမရသေးပါဘူး”

ယွီဝိန်းလန်က ပြောလိုက်သည်။

“ဆက်ရှာနေ လူတွေ ပိုလွှတ်ထား။ စောစော ရှာတွေ့မှရမယ်”

ကျင်းယီဝေ့က နာခံလိုက်သည်။

-ပုံမှန်အားဖြင့် ဆေးပညာကို မိသားစုကသာ လက်ဆင့်ကမ်းသင်ယူရတာပင် ထင်ရတာတော့ ရွှမ်းကျီရဲ့သားက သူ့ရဲ့ဆေးပညာစွမ်းရည်ကို သင်ယူထားတာပဲ ဖြစ်ရမယ်။

ယနေ့ညကုန်ဆုံးနောက်မှာတော့ သူဟာ သူ့ကိုယ်သူကုသဖို့ ပိုပိုပြီး စိတ်အားထက်သန် လာရတော့သည်။

ယနေ့ညက ဧကရီမယ်တော်ကြီးရဲ့ ကလေးလေးအပေါ် ပြုမူတဲ့အပြုအမူက သာမန်ရည်ရွယ်ချက်မျိုး မဟုတ်ပေ။

ဧကရီမယ်တော်ကြီးက မည်သည့်ထူးဆန်းမှုကိုမှ မခံစားရပေမဲ့ မယ်တော်နဲ့သားတော်ရဲ့ နှစ်ပေါင်းများစွာ ကျွမ်းဝင်မှုအရ သူဟာ ဧကရီမယ်တော်ကြီးက အထူးသဖြင့် ကလေးတွေကို မနှစ်သက်ပေ။

အတိတ်တုန်းက ချိန်အန်းကုန်းက သူ့ရဲ့မြေးကို ဧကရီမယ်တော်ကြီးအား ဂါရဝပြုရန် နန်းတော်ထဲ ခေါ်လာစဉ်ကပင် သူမမှာ မည်သည့်စိတ်အား ထက်သန်မှုမှ မရှိခဲ့ပေ။

ပိုရှိသည်က ယွီဝိန်းဟောက်ရဲ့ကလေးက သူမနှင့် မည်သည့်သွေးသားတော်စပ်မှုမှ မရှိပေ။

~~~

++++++

All Chapters