← Chapters

အခန်း (၄၃-၄၅)

Vol. 3 Ch. 43-45

အခန်း (၄၃-၄၅)

Vol. 3 Ch. 43-45

43 01

အပိုင်း 43

ချန်းမင်နန်းဆောင်၌ ရေချိုး အဝတ်လဲပြီးနောက် ယွီဝိန်းလန်က ကန်လုနန်းဆောင်ကို လာရောက်ဆဲပင်။

နောက်ကျနေပြီ ဖြစ်သည့်အတွက် ယန်ရှုက ရေချိုးပြီးချိန်မှာပဲ နှစ်ယောက်သားဟာ ညောင်စောင်းဆီသို့ သွားလိုက်ကြသည်။

ယွီဝိန်းလန်က တခဏခန့် မအိပ်ချင်သေးပဲ မသိစိတ်အရ ယန်ရှုရဲ့ဝမ်းဗိုက်အောက်ပိုင်းအပေါ် လက်တင်လိုက်ပြီး မေးလိုက်သည်။

“အနာဂတ်မှာ မင်းရဲ့ကိုယ်ပိုင်ကလေးလေး ရှိလာတဲ့အခါကျရင် သားလေး လိုချင်လား။ သမီးလေး လိုချင်လား”

-သူမစိတ်တိုနေချိန်ဆိုလျှင် သူ့ကို ဒေါသထွက်အောင် လုပ်တတ်ပေမဲ့ ယနေ့ည သူမရဲ့ထိုကလေးလေးအပေါ်ထားတဲ့ သဘောထားအရဆိုလျှင် အနာဂတ်မှာ သူမက မိခင်ကောင်းတစ်ယောက် ဖြစ်နိုင်လောက်သည်။

ယန်ရှုက အနည်းငယ် တွန့်ဆုတ်သွားကာ ပြန်ဖြေလာသည်။

“…အရှင်မင်းကြီး ကျွန်တော်မျိုးမ ဒီကိစ္စကို မတွေးထားတဲ့အတွက် ခွင့်လွှန်တော်မူပါ။ ဒါပေမဲ့ သားရော သမီးရောက ကောင်းတာပါပဲ ဘုရားက ပေးထားတာဖြစ်တဲ့အတွက် သူတို့လေးတွေက အကောင်းဆုံးပဲ”

ယွီဝိန်းလန်က တီးတိုး ရေရွတ်လာသည်။

“အဓိပ္ပာယ်ရှိတယ်”

သို့သော် သူ့ကိုကြည့်ရသည်မှာ စိတ်ထဲ လေးနေဆဲပင်။

ယန်ရှုက ထိုစကားတွေနဲ့ အမူအရာတွေကို အကဲခတ်လိုက်ပြီး လျှို့ဝှက်စွာ တွေးလိုက်သည်။

[သူက ဘာလို့ရုတ်တရက်ကြီး ဒါကိုမေးရတာလဲ]

[ဖြစ်နိုင်တာက….လျန်တုန်းဘုရင်ရဲ့သား သုံးယောက်ကများ သူ့ကို လှုံ့ဆော်လိုက်လို့လား။]

[ကျစ် ဘယ်လိုတောင် သနားစရာ ကောင်းလိုက်တဲ့ ဧကရာဇ်လဲ။ ဧကရီမယ်တော်ကြီးကလည်း ဒီနေ့ညတုန်းက ပြောလိုက်သေးတယ်ဆိုတော့ ဖိအား အတော်လေး များနေရှာမှာပဲ။]

[တွေးကြည့်လိုက်မှပဲ သူ့ရဲ့ရောဂါကသာ ဘယ်တော့မှ မသက်သာဘူးဆိုရင် သူ့မှာကလေးလေးတွေ ရှိလာတော့မှာ မဟုတ်ဘူးမလား]

[ကျစ် ကျစ် ဒါက ကိစ္စကြီးပဲ!]

[ပထမဧကရာဇ်နတ်ရွာစံတုန်းကဆို ကလန်တွေက လှုပ်ရှားဖို့အသင့်ပဲ ထိုအချိန်တုန်းက နောက်ထပ် မုန်တိုင်းတစ်ခု ရှိလာလောက်တယ်!]

[အိုး နိုး ပထမဧကရာဇ်မှာ ကလေးနှစ်ယောက် ရှိသေးတယ်။ ဒါပေမဲ့ ဧကရာဇ်မှာတော့ မရှိသေးဘူး ဆိုတော့ ပိုပြီးတော့တောင် ဝမ်းနည်းစရာပဲ]

ယွီဝိန်းလန်က တိတ်တဆိတ်နဲ့ ခေါင်းညိတ်လိုက်သည်။

ဒီမိန်းကလေးက နောက်ဆုံးတော့ နည်းနည်း သဘောပေါက်လာပြီပဲ။

-သူ့မှာ ကလေး မရှိသေးတာကို အသာထားဦး ယွီဝိန်းဟောက်ကတောင်မှ မစောင့်နိုင်တော့ဘူး။

ထို့ကြောင့် ဒီကိစ္စက သူ့အတွက် အလွန်အမင်း အရေးကြီးကာ ဖိအားအများအပြားလည်း ရင်ဆိုင်နေရပေသည်။

ထိုအချိန်မှာပဲ သူမရဲ့အတွေးတွေကို နားထောင်ကြည့်လိုက်သည်။

[ဒါပေမဲ့ ဒီလိုသာဆို ဒီရောဂါက မျိုးရိုးစဉ်ဆက် ဖြစ်တာများလား။ ပထမဧကရာဇ်ကလည်း အားနည်းတဲ့ ဆက်ခံသူပဲလေ]

ယွီဝိန်းလန်က ဒီဖြစ်နိုင်ချေကို သူ့စိတ်ထဲမှာ ချက်ချင်းပဲ ပယ်ချလိုက်သည်-

တကယ်တော့ ပထမဧကရာဇ်မှာက အသက်ရှင်တဲ့ကလေး အနည်းငယ်သာ ရှိခဲ့ပေသည်။

သူပင် မမွေးသေးခင်မှာပဲ ပထမဧကရာဇ်၌ သားနှစ်ယောက် သမီးနှစ်ယောက် ရှိနေပြီဖြစ်ပြီး ကံမကောင်းစွာနှင့် အကြီးဆုံးမင်းသမီးကြီး ယွီဝိန်းယန်ကသာ ကြီးသည်အထိ အသက်ရှင်နိုင်ခဲ့ပေသည်။

43 02

သို့သော် သူမွေးစဉ်က နန်းတော်ထဲတွင် တစ်ခြားအစ်ကိုတော် အစ်မတော်တွေ မမွေးဖွားသေးပေ။

သူထိုအကြောင်းကိုတွေးလိုက်ပြီး နှောင်းဧကရာဇ်က နောက်ပိုင်းမှာ ဆေးတွေကို စွဲလန်းလာပြီး ထိုကိစ္စက မျိုးမအောင်မှုအပေါ်မှာာ သက်ရောက်သွားသလားဆိုတာကို သိချင်မိသည်။

သို့သော် မည်သည့်ကိစ္စပဲ ဖြစ်ပါစေ သူဟာ ဘာပြဿဒါးရှင်ဆေးလုံးမှ မသောက်သုံးသလို အရင်ကလည်း ပုံမှန်ပင်ဖြစ်သည်။ သို့သော် သူ ထီးနန်းကိုဆက်ခံပြီးချိန်မှသာ ထိုလုပ်ဆောင်ချက်ကို ထူးထူးခြားခြားနဲ့ တစ်ဖြည်းဖြည်း ဆုံးရှုံးသွားတာ ဖြစ်သည်။

ပထမတော့ သူ ထင်ခဲ့တာက လေးလံတဲ့ပြည်နယ်ဝတ္တရားတွေနဲ့ ပင်ပန်းနွမ်းလျမှုကြောင့် ဖြစ်မည်ဟု ထင်ခဲ့တာပင်။

သို့သော် ထိုအချိန်၌ ရုတ်တရက် သူ့တွင် စိတ်ကို ဖတ်နိုင်တဲ့စွမ်းရည် ရလာခဲ့ပြီး မတတ်နိုင်ဘဲ ခန့်မှန်းမိလိုက်သည်။ ဖြစ်နိုင်တာက ကောင်းကင်ကများ သူ့ကို နောက်နေတာလား။

ဒါမှမဟုတ် ဒါက စစ်ဆေးမှုတစ်ခုများလား။

ဘုရင်ကောင်း တစ်ပါးဖြစ်ဖို့အတွက် စိတ်ကိုဖတ်နိုင်တဲ့စွမ်းရည်နဲ့လဲလှယ်လိုက်ရတဲ့ တန်ကြေး တစ်ခုများလားဟု မေးလိုက်ချင်သည်။

သို့သော် ထိုသို့လည်း မဟုတ်သလိုပင်။ ယခုဆိုလျှင် ပြန်လည် ပြောင်းလဲနိုင်မည့်လက္ခဏာတွေ ပြသနေပြီဖြစ်သည်။

ညစဉ်ညတိုင်း ဒီမှာလာအိပ်ပြီး နောက်တစ်နေ့ဆိုလျှင် သူ ပြောင်းလဲ သွားပေလိမ့်မည်ပင်။

ဒီပြောင်းလဲမှုက သူမနဲ့ပက်သက်ပြီး တစ်ခုခု ရှိရမည်။

ထိုအကြောင်းကို တွေးလိုက်ပြီးနောက်မှာတော့ မသိစိတ်အရ သူမရဲ့ဆံပင်ထိပ်နားလေးကို သပ်လိုက်ပြီး သူ့လှုပ်ရှားမှုတွေက အလွန်တရာကိုမှ နူးညံ့နေပေသည်။

သို့သော် သူမစိတ်ထဲက ရေရွတ်လိုက်သံကို ထပ်မံကြားလိုက်ရသည်။

[မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး]

အမ်။

ယွီဝိန်းလန်က ရပ်တန့်သွားကာ သူဘာ လုပ်နိုင်သေးလို့လဲ။

[နေ့တစ်နေ့အတွက် ခိုးပေးနိုင်တယ်!]

ယွီဝိန်းလန်က ဘာလို့လဲ မသိပေမဲ့ နေ့ကိုခိုးပြီး နေ့တစ်နေ့ကို ပြောင်းလဲမယ်ဆိုတာက ဘာကြီးလဲ။

သို့သော် သူမက ထပ်ပြောလာသည်။

[အရင်ဆုံး ကိုယ်ဝန် ရှိနေဟန် ဆောင်လိုက်မယ်။ ပြီးရင် နန်းတော်အပြင်ဘက်က မွေးလာတဲ့ ကလေးတစ်ယောက်ကို မွေးစားလိုက်မယ်။ ပြီးရင် ဒါက ဧကရာဇ်ရဲ့ ကိုယ်ပိုင်သွေးသားဆိုပြီး ပြောလိုက်တာပေါ့]

နောက်ဆုံးမှာတော့ ဒါက အရင်က တီဗီထဲကဇာတ်လမ်းတွေထဲမှာ ဘယ်လို လုပ်သလဲဆိုတာပဲလေ။

ယွီဝိန်းလန် “…”

သူမမှာ ဒီလိုအတွေးမျိုး ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ။

[မဖြစ်ဘူး မဖြစ်ဘူး ဒါက ဧကရာဇ်ရဲ့ ပူးပေါင်းမှုလည်း လိုသေးတယ်။ ဒါပေမဲ့ သေချာပေါက်ကို သူကငါနဲ့ ပူးပေါင်းမှာ မဟုတ်ဘူး။ တကယ်လို့ သူသာ ငါက သူ့ရဲ့လျှို့ဝှက်ချက်ကို သိနေတယ်ဆိုတာကို သိသွားတယ်ဆိုရင် ငါ့ကို အရင်ဆုံးသတ်လိုက်လိမ့်မယ်]

ယွီဝိန်းလန် “….”

ကျစ် သူ သိနေတာဖြင့် ကြာလှနေပြီ။ သို့သော် သူကဖြင့် သူမကို ဘာမှမလုပ်ရသေးဘူးကို။

သူမကတော့ တွေးနေဆဲပင်

[ပြီးတော့ သူ့သားကလည်း ထီးနန်းကို ဆက်ခံမှာပဲလေ။ နန်းတော်အပြင်ဘက်က ကလေးဆိုရင်ရော။ လူတွေရဲ့ ကိုယ်ပိုင်သွေးသားကို တစ်ကွဲတစ်ပြား ဖြစ်အောင်လုပ်တာက မကောင်းဘူး။ အရမ်းကို နှလုံးသားမဲ့ရာ ကျလွန်းတယ်]

ယွီဝိန်းလန်က တိတ်တဆိတ် နားထောင်လိုက်ပြီး မတတ်နိုင်ပဲ ရယ်ချင်သွားရသည်။

သူမ အဲတာကိုလည်း ဇာတ်ညွှန်းထဲ ရေးထားသေးလား။

သူမဦးနှောက်ထဲမှာ ဘာလို့ အဲလောက်အရှုပ်ထုပ်တွေ ရှိနေရတာလဲ။

43 03

ထိုအချိန်မှာပဲ သူမ ထပ်ပြောလာတာကို ကြားလိုက်ရသည်။

“စကားမစပ် အရှင်မင်းကြီး ဒီကိုယ်လုပ်တော်က ဇာတ်ညွှန်းတစ်ခုရေး တော့မလို့ အဲတာနဲ့ ကျွန်တော်မျိုးမက အရှင်မင်းကြီးရဲ့အမြင်ကို မေးချင်လို့ပါ”

အမ်။

ယွီဝိန်းလန်က အဲတာကဝတ္ထုလေးပဲကို သူ့ထင်မြင်ချက်ကို မေးချင်နေတာလား။

မတော်တဆဆိုပေမဲ့လည်း တစ်ချိန်လုံးသူမခြံထဲမှာ ရောင်းနေတဲ့ထိုဆေးက ဘာလဲဆိုတာကို တစ်ချက်လောက် ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ထို့နောက် သူက ပြောလိုက်သည်။

“နားထောင်ကြည့်ရအောင်”

ထို့နောက် သူမက လည်ချောင်းကို ရှင်းလိုက်ကာ ပြောလာသည်။

“တစ်ခါတုန်းက ချမ်းသာတဲ့မိသားစုတစ်ခုရှိတယ်။ မိသားစုခေါင်းဆောင်မှာ သားငါးယောက်ရှိပြီး အကြီးဆုံးခေါင်းဆောင် သေတဲ့အခါမှာတော့ သူ့နေရာကို သူ့သားငါးယောက်ထဲက တစ်ယောက်ကို လွှဲပေးလိုက်တော့တယ်။ နောက်ပိုင်းမှာတော့ ထိုသား ကြီးလာတဲ့အခါမှာလည်း သူ့သားကို ထပ်လွှဲပေးလိုက်ပြန်တယ်”

ယွီဝိန်းလန်က အစမှာ အနည်းငယ် ရှုပ်ထွေးသွားရသည်။

ဒီတစ်ခါသူမရဲ့ဇာတ်ညွှန်းက အရင်ဟာတွေနဲ့ မတူညီတဲ့ပုံစံ ရှိနေသလိုပဲ။

သို့သော် သူမ ထပ်ပြောလာသည်ကို ကြားလိုက်ရသည်။

“အရင်မိသားစုခေါင်းဆောင်ဟောင်းရဲ့ ကလေးတွေနဲ့ မြေးတွေက တစ်ယောက်ပြီးတစ်ယောက် မမျှော်လင့်စွာနဲ့ သေဆုံးသွားတာကတော့ ကံမကောင်းတာပင်။ နှစ်အနည်းငယ် ကြာပြီးနောက်မှာတော့ မိသားစုထဲမှာ ငယ်ရွယ်တဲ့ မိသားစုခေါင်းဆောင်လေးနဲ့ သူ့ရဲ့ဝမ်းကွဲတို့သာ ကျန်ရှိတော့သည်။”

ထိုအရာကိုကြားပြီးတဲ့နောက်မှာတော့ ယွီဝိန်းလနိက နောက်ဆုံးမှာ သဘောပေါက် သွားတော့သည်။

သူမက သူ့အကြောင်းကို ပြောနေတာပင်။

မိသားစုခေါင်းဆောင်ဟောင်းက သူ့ရဲ့အဖိုးဖြစ်သူ ကောင်းဇူဖြစ်ပြီး ဒုတိယမိသားစုခေါင်းဆောင်ကတော့ နှောင်းဧကရာဇ် ဖြစ်ပေသည်။

ထိုငယ်ရွယ်တဲ့ မိသားစုခေါင်းဆောင်လေးကတော့ သဘာဝကျကျပင် သူဖြစ်ပေသည်။

ပြီးတော့ ယွီဝိန်းဟောက်ကတော့ သူ့ရဲ့ဝမ်းကွဲပင်။

သေချာပေါက်ကိုပဲ သူမစိတ်ထဲက ပြောလာသည်အား ကြားလိုက်ရသည်။

[အဲတာ ရှင်ပဲလို့ ကြားရဲ့လား။]

ယွီဝိန်းလန်က ဖိမှိပ်ထားတဲ့အပြုံးတစ်ခုနဲ့ ခေါင်းညိတ် ပြလိုက်ကာ ပြောလာသည်။

“တကယ်ကို ကံမကောင်းတာပဲ နောက်ကျတော့ ဘာဖြစ်သွားသေးလဲ”

သူမက ထပ်ပြောလာသည်။

“မိသားစုစီးပွါးရေးကို ဆက်ခံတာက လက်ရှိမိသားစုခေါင်းဆောင်အတွက် သဘာဝပင်။ သူကလည်း ကျန်ရှိနေတဲ့ သူ့ဝမ်းကွဲကို အမြဲတမ်းကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့သည်။ သူ့ဝမ်းကွဲဆီက လုံလောက်တဲ့ထောက်ပံ့မှု မရှိတာကတော့ နှမြောစရာပဲ။ သူ့ရဲ့အရေးကြီးတဲ့ သတင်းတွေကို ရရှိဖို့အတွက် သူ့ဘေးကို သူလျှိုတစ်ယောက် စေလွှတ်ထားတယ်”

ထိုအချက်ကိုရော က်တဲ့အခါမှာတော့ သူမက ယွီဝိန်းလန်ကို ကြည့်လိုက်ကာ

“အရှင်မင်းကြီးရော အဲဒီဝမ်းကွဲက မိသားစုခေါင်းဆောင်ကို ချဉ်းကပ်ဖို့ ယောက်ျားလေးတစ်ယောက်ကို ရွေးမယ်ထင်လား။ အလှလေးတစ်ယောက်ကို ရွေးမယ်ထင်လား”

ယွီဝိန်းလန်က တခဏခန့် စဉ်းစားဟန်ဆောင်လိုက်ကာ ထို့နောက် ပြောလာသည်။

“ကိုယ်တော်တော့ အလှလေးတစ်ယောက်လို့ ထင်တာပဲ။ ယောက်ျားတစ်ယောက်ဆို မိသားစုခေါင်းဆောင်ဆီ ချဉ်းကပ်ဖို့ လွယ်ကူမှာ မဟုတ်ဘူး”

ယန်ရှုကလည်း အလျင်အမြန်ခေါင်းညိတ်ကာ

“ဒီကိုယ်လုပ်တော်လည်း အတူတူပဲ ခံစားရတယ်”

ယွီဝိန်းလန်က ရည်ရွယ်ချက်ရှိရှိ ထပ်မေးလိုက်ကာ

“ဒါဆို အဲဒီမိသားစုခေါင်းဆောင်က သူ့ဝမ်းကွဲရဲ့ထောင်ချောက်ထဲ ကျသွားသေးလား”

ယန်ရှုက အလျင်အမြန် ပြောလိုက်သည်။

43 04

“မိသားစုခေါင်းဆောင်က သာမန်လူ မဟုတ်ဘူး။ သူက အမြဲတမ်းသတိဝီရိယ ရှိနေတာ။ မိသားစုခေါင်းဆောင်ဆီ မိန်းမလှလေးတွေကို ချောချောမွေ့မွေ့နဲ့ပို့ဖို့ အဲဒီဝမ်းကွဲက ထိုမိန်းမလှလေးရဲ့ အထောက်အထားကို တမင်သက်သက် ပြောင်းလဲလိုက်ပြီး အဲတာက သူဆိုတာကို မသိစေဖို့အတွက်ပဲ”

ယွီဝိန်းလန်က အလေးအနက် ခေါင်းညိတ်ပြလိုက်ကာ

“ဒီလူက တကယ်ကို စက်ဆုပ်စရာပဲ နောက်တော့ ဘာဖြစ်သွားလဲ”

ယန်ရှုက သူမဘာသာ တွေးလိုက်ပြီး နောက်တော့ဆိုတာရော ရှိသေးတာလား။

ကိုယ့်ဘာသာ မသိသေးဘူးလား။

ရှင်က အဲမိသားစုခေါင်းဆောင်ဆိုတာလေ ယွီဝိန်းဟောက်က အဲဒီကောက်ကျစ်တဲ့ ဝမ်းကွဲလို့!

အခုရွှီကျဲ့ယွီက ဘာလုပ်မလဲဆိုတာကို မသိပေမဲ့ ယွီဝိန်းဟောက်မှာက ရည်ရွယ်ချက်ကောင်း မရှိပေ။ ရှင် ဂရုစိုက်ရမယ်လို့။

ယွီဝိန်းလန်က တိတ်တဆိတ် တွေးလိုက်သည်။ ရယ်စရာလည်း ကောင်းသလို သူ့နှလုံးသားထဲမှာလည်း နွေးထွေးသွားရသည်။

ထို့ကြောင့် သူမက ဒီညမှာ အကောင်းဆုံး ကြိုးစားနေသည်မှာ တကယ်က သူ့ကို သတိပေးချင်သည့်အတွက်ကြောင့်ဖြ စ်သည်။

ဆိုတော့ သူမက သူ့ကို အရမ်းကိုဂရုစိုက်နေတုန်းပဲ။

သူမက သူ့ကိုအပြုံးတစ်ခုနှင့် ကြည့်လိုက်ကာ ပြောလိုက်သည်။

“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးများ အဲဒီအလှလေးရဲ့ လှည့်ကွက်ကို ရှာတွေ့နိုင်မလား။ မတွေ့ဘူးလားဆိုတာကို သိချင်ရုံပါ။ အဆုံးမှာတော့ ယောက်ျားတစ်ယောက်ရဲ့စိတ်က ခန့်မှန်းရခက်တယ်လေ”

ယွီဝိန်းလန်က သူ့မျက်ခုံးတို့ကို ပင့်လိုက်ကာ

“ယောက်ျားတစ်ယောက်ရဲ့ စိတ်က ခန့်မှန်းရခက်တယ် ဟုတ်လား။ ကိုယ်တော် ထင်တာတော့ မင်းကိုကြည့်ရတာ အမှားလုပ်မိတဲ့ပုံပဲ။ မိန်းမတစ်ယောက်ရဲ့ စိတ်ကမှ ခန့်မှန်းရခက်တာ မဟုတ်ဘူးလား”

သူမလိုပဲ ပုံမှန်ဆို ပိုက်ဆံအတွက် လောဘကြီး၊ အစားအသောက်ကြိုက်ပြီး ကြောက်တတ်ပေမဲ့ သူမစိတ်ထဲမှာတော့ သူ့ကို ဂရုအစိုက်ဆုံးပင် မဟုတ်ဘူးလား။

ယန်ရှုက ဒီမေးခွန်းအပေါ်မှာ သူမရဲ့အချိန်တွေကို မဖြုန်းချင်တဲ့အတွက် လက်လွတ်စပယ်သာ ပြောလိုက်သည်။

“အရှင်မင်းကြီးပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီကိုယ်လုပ်တော်ရဲ့မေးခွန်းကို အရင်ဖြေပေးရမယ်လေ!”

ယွီဝိန်းလန်က ခေါင်းညိတ်လိုက်ကာ

“ကိုယ်တော် ထင်တာတော့ သူကရှာတွေ့မဲ့ပုံပဲ။ ပြီးတော့ မိသားစုခေါင်းဆောင်က ဥာဏ်ကောင်းပြီး အင်အားကြီးတယ်လေ။ ဒီလိုလှည့်ကွက်သေးသေးလေးနဲ့ လှည့်ဖြားခံရတယ်ဆိုတာက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

ယန်ရှုက အဓိပ္ပာယ်ရှိစွာ ခေါင်းညိတ်လိုက်ကာ

“ကျွန်တော်မျိုးမလည်း အဲလိုပဲ ထင်ပါတယ်”

နှလုံးသားထဲမှာတော့ အရိုင်းဆန်စွာ အော်ဟစ်နေပေသည်။

[ကျွန်မတော့ ပြောပြီးပြီနော် ရှင် နားလည်လားလို့]

သူမအတွက် ဒီလိုပုံပြင်မျိုးဖန်တီးရသည်မှာ ခက်ခဲလှသည်။ ယွီဝိန်းလန်ရဲ့နှလုံးသားက နွေးထွေးသွားကာ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

“ဒါပေမဲ့ မိသားစုခေါင်းဆောင်က ဥာဏ်ပညာရှိပြီး အင်အားကြီးပေမဲ့ တစ်ယောက်တည်း ဖြစ်နေတာက သိပ်မဟုတ်သလိုပဲ ကိုယ်တော်တို့တွေ သူ့အတွက် နှင်းမှုန်လေးတွေလို ဖြူစင်ပြီး ထက်မြက်တဲ့ အလှလေးတစ်ယောက် စီစဉ်ပေးသင့်တယ်။ သူ့ရဲ့ပြဿနာတွေကို ဖြေရှင်းပြီး ကလေးတွေရှိလာကာ လက်ကျန်ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားတော့သည်…..”

သူ့စကား မဆုံးခင်မှာပဲ သူမနှလုံးသားထဲက အော်ဟစ်လိုက်သံကို ကြားလိုက်ရသည်။

[ဘာသောက်ကိစ္စလဲ သူမက အခုထိ အလှလေးတစ်ယောက် ပဲတဲ့လား။]

[ဒီမိန်းမအိုကြီးမှာတော့ သူ့ကို အသိပေးဖို့ ဒီပုံပြင်ကို ဖန်တီးပြီး နာကျင်မှုတွေကို ခံလိုက်ရတာ သူက ဘယ်လိုစက်ဘီးမျိုး လိုချင်နေတာလဲ။]

ယွီဝိန်းလန် “…”

“စက်ဘီး”ဆိုတာကရော ဘာကြီးလဲ။

သူ ဘာလို့ နားမလည်နိုင်ရသေးတာလဲ။

သူမစိတ်ထဲက ထပ်ပြီးရေရွတ်သံကို ကြားလိုက်ရပြန်သည်။

[သေချာပေါက်ပဲ။ ယောက်ျားတွေအားလုံးက အတူတူပဲ လုပ်နိုင်သည် ဖြစ်စေ မလုပ်နိုင်သည် ဖြစ်စေ အလှလေးတွေကို ဘယ်လို ကြိုက်ရမလဲဆိုတာတော့သိတယ်! အကုန်ငါးဆားနူကောင်တွေပဲ!]

ယွီဝိန်းလန် “…”

အဲဒီ “လုပ်နိုင်မလုပ်နိုင်”ဆိုတာကရော ဘာကိုဆိုလိုပြန်တာလဲ။

ပိုဆိုးတာက သူကယခုဆို…. “ငါးဆားနူကောင်”ပင် ဖြစ်သွားချေပြီ။

ဘာလို့ သူ့ကို အဲလိုခေါ်ရတာလဲ။

မိန်းမလှလေးတွေကို ကြိုက်လို့ မရဘူးလား။

သူမက အလှလေး မဟုတ်ဘူးလား။

******

44 01

အပိုင်း 44

ထိုနေ့က ညစာစားပွဲအပြီးမှာ လျန်တုန်းမင်းသမီးက ဧကရီမယ်တော်ကြီးကို ဂါရဝပြုရန် သူမရဲ့သားသုံးယောက်ကို နန်းတော်ထဲသို့ တကယ်ကြီးကို နေ့တိုင်းခေါ်လာခဲ့ပေသည်။

ဧကရီမယ်တော်ကြီးကလည်း အလွန်အမင်း ပျော်ရွှင်နေကာ သူ့မိသားစုကိုတောင်မှ ညပေါင်း၃၀ ညစာစားပွဲကို အတူတကွ တက်ရောက်ရန် အမိန့်ပေးလိုက်သေးသည်။

ဧကရာဇ်ကလည်း အမြဲတမ်း သားကောင်းတစ်ဦး ဖြစ်သည့်အတွက် ထိုအရာနှင့်ပတ်သက်ပြီး ငြင်းဆန်ချက် မရှိပေ။

ထို့ကြောင့် နှစ်သစ်ကူးညစာစားပွဲကျင်းပတဲ့ ညနေခင်း၌ ညစာစားပွဲခန်းမတွင် လျန်တုန်းဘုရင်ရဲ့မိသားစုအများအပြား ရှိနေပေသည်။

ထိုညစာစားပွဲဟာ တစ်နှစ်ပတ်လုံးတွင် အရေးအကြီးဆုံး ညစာစားပွဲတစ်ခုပင် ဖြစ်သည်။

နေ့လည်ခင်းမှာတော့ မောင်းမဆောင်ထဲက လူတိုင်းဟာ စတင်ပြီးပြင်ဆင်မှုတွေ ပြုလုပ်လာကြသည်။

ယန်ရှုသည်လည်း အတူတူပင်။

သို့သော် အခြားသူတွေက နေ့လည်ကစပြီး ဝတ်စားဆင်ယင် နေကြပေမဲ့ သူမကတော့ နေ့လည်ကစပြီး အဆာပြေမုန့် မစားပေ။

ကျစ် ဒီည ဘယ်လို စားပွဲကြီးတွေ တည်ခင်းမလဲဆိုတာ မသိဘူး။ အရသာခံဖို့ သူမဗိုက်ကို ထိန်းသိမ်းထားရမယ်။

အလင်းရောင်ကို စတင်မြင်လိုက်ရပြီး ညခင်း တဖြည်းဖြည်း မှောင်လာချိန််မှာတော့ လူတိုင်းက ရော့ယိခန်းမထဲမှာ ညစာစားပွဲတော်ကြီးအတွက် စုစည်း လိုက်ကြတော့သည်။

ထိုပွဲက သိပ်မကြာသေးခင်က ကြိုဆိုလက်ခံရေး ညစာစားပွဲနဲ့ တူညီပေသည်။ ယခုထိ ပိတ်ပင်ခံထားရတဲ့ ကိုယ်လုပ်တော်နင်နဲ့ အအေးနန်းဆောင်ထဲက ကိုယ်လုပ်တော်လီကလွဲလျှင် လာသင့်တဲ့သူတိုင်း ရောက်လာကြပေသည်။

လျန်တုန်းဘုရင် ယွီဝိန်းဟောက်ရဲ့ မိသားစုပါ ထပ်ပေါင်းလိုက်ချိန််မှာတော့ ထိုမြင်ကွင်းက အရမ်းကိုပင် အသက်ဝင်လှသည်။

ညစာစားတဲ့ခန်းမထဲရှိ ထိပ်ဆုံးနေရာတွင် ယွီဝိန်းလန်က ထိုင်နေပြီး ညာဘက်ဘေးနားကို တိတ်တဆိတ် ကြည့်လိုက်သည်။

သို့သော် ယန်ရှုက မက်မွန်ပန်းရောင်ခြုံထည်ကို ဝတ်ဆင်ထားတာကို တွေ့လိုက်ရပြီး သေသပ်တဲ့ မက်မွန်သဏ္ဍာန်ဆံထုံးလေးကိုထုံးထားကာ သူမရဲ့နားနှစ်ဖက်မှာ မဟူရာဆွဲသီးလေးကို ပန်ဆင်ထားပြီး မက်မွန်ပန်းရောင်ပါးလေးနှင့် ချယ်ရီနီရောင်နှုတ်ခမ်းပါးလေးတွေက အရမ်းကို မြူးကြွဖွယ် ဖြစ်နေပေသည်။

သို့သော် သေချာဂရုတစိုက် နားထောင်ကြည့်လိုက်ပါက သူမနှလုံးသားထဲမှာ ရေရွတ်နေသည်ကို ကြားလိုက်ရသည်။

[ဝိုး ဘဲသားဟော့ပေါ့ သိုးသားကြော် အမဲအူပူစပ်ကြော် မြစိမ်းရောင်ပုဇွန်။ နူးညံ့ပြီးရှည်လျားတဲ့ငါးသား ဂဏန်းပေါင်ဒါနဲ့ ခြင်္သေ့ခေါင်း ၊ ငှက်သိုက်နဲ့ဘဲသားပြား ၊ ပိုးသားငါးမန်းတောင်သုံးခုဟင်းချို၊ ကောင်းပြီလေ အဲဒါကရော ဘာလဲ။ ဆယ်နှစ်မျိုးဟော့ပေါ့။ အရမ်းကို စိတ်ကြီးဝင်စရာပဲ။]

[ခဏနေကျ ဧကရာဇ်က အဖွင့်အမှာစကားကို မြန်မြန်လေးပြောဖို့မျှော်လင့်တယ် ဒါမှ မြန်မြန်ဆန်ဆန် စားနိုင်မှာ။]

ယွီဝိန်းလန် “….”

သူ သိလိုက်ပြီ။

ကောင်းပြီလေ။ သူမရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ သူက ရိုးရှင်းစွာပဲ ပြောလိုက်သည်။

“လူတိုင်းပဲ ဒီနှစ်မှာ အလုပ်ကြိုးစားခဲ့ကြတယ်။ ဒီနေ့က နှစ်တစ်နှစ်ရဲ့နောက်ဆုံးညစာ ဖြစ်တဲ့အတွက် အရမ်းယဉ်ကျေးနေစရာ မလိုဘူး”

ထို့နောက် သူက ဧကရီမယ်တော်ကြီးကို ပြောလိုက်သည်။

“နောက်နှစ်မှာလည်း မယ်တော်ကျန်းမာနေပြီး အရာအားလုံးအဆင်ပြေဖို့ ဆုတောင်းပါတယ်”

ဧကရီမယ်တော်ကြီးက ပြူံးလိုက်ကာ ခေါင်းညိတ်ပြလာသည်။

“အရှင်မင်းကြီးကလည်း အခက်ခဲဆုံးလုပ်ရပ်ဖြစ်တဲ့ တိုင်းပြည်အတွက် အလုပ်ကြိုးစားခဲ့တယ်။ အိုက်ရဲ့မိသားစုကလည်း အရှင်မင်းကြီးရဲ့နဂါးခန္ဓာကိုယ် ဘာမှမဖြစ်ဘဲ အရာရာ အဆင်ပြေနေစေဖို့ ဆုတောင်းပါတယ်”

ယွီဝိန်းလန်က သူ့ရဲ့ခေါင်းကို ညွှတ်လိုက်ကာ ပြောလိုက်သည်။

44 02

“ကျေးဇူးတင်ပါတယ် မယ်တော်”

လူတိုင်းကလည်း တစ်ညီတစ်ညွတ်တည်း လိုက်ပြောလိုက်ကြသည်။

“အရှင်မင်းကြီးနဲ့ဧကရီမယ်တော်ကြီးတို့က နောက်နှစ်မှာလည်း ကျန်းမာနေစေဖို့ ဆုတောင်းပါတယ်။ အရာရာ အဆင်ပြေပါစေ”

ထိုစကားကိုပြောပြီးနောက် သူမရဲ့တူတွေကို စတင်လှုပ်ရှားနိုင်ပြီ ဖြစ်သည်။

ယန်ရှုက အားပါးတရပြုံးကာ ချက်ချင်းပဲ စားမြိန်စာအနေနဲ့ ဘဲသားစွပ်ပြုတ် ပူပူလေးတစ်ခွက်ကို မှာလိုက်တော့သည်။

ကောင်းပြီ။ ဒီဘဲသားစွပ်ပြုတ်က ပူပြီးချဉ်စပ်နေကာ အရသာလည်း အလွန်ရှိလှသည်။ ထိုအရာက အတွင်းင်္အဂါတွေကိုပါ နွေးထွေးကာ သက်တောင့်သက်သာရှိနေစေသည်။

မြစိမ်းရောင်ပုဇွန်က အရသာရှိပြီး လတ်ဆတ်ပေသည်။ မီးခိုးပူ တိုက်ထားတဲ့ ဂေါ်ဖီကလည်း အလွန်အရသာရှိကာ ကြက်သားကင်မှိုဟင်းလျာဆော့စ်ကလည်း အရသာ ကြွယ်ဝပေသည်။

ရှည်လျားတဲ့နူးညံ့တဲ့ငါးအသားကလည်း အရသာရှိကာ နူးညံ့လှသည်။ ဂဏန်းပေါင်ဒါနဲ့ ခြင်္သေ့ခေါင်းက အဆီများပေမဲ့ ချွဲကျိမနေပေ။ ပိုးသားငါးမန်းတောင်သုံးခုဟင်းချိုကလည်း အရသာအပြည့်နှင့် ဖြစ်သည်။

အသီးအရွက်ဟော့ပေါ့ကို မဆိုနှင့် ကြက်စားတို့ဖူး သိုးကလေးအသည်းပူပူ ၊ ငှက်သိုက်ဘဲသားလွှာနဲ့ တခြားဟင်းပွဲတွေ အားလုံးက သူတို့ရဲ့ကိုယ်ပိုင်အရသာနှင့် အရသာရှိပေသည်။

နှစ်သစ်ကူးညစာက တကယ်ကို ထူးခြားတာပဲ။

ဒီစားသောက်ပွဲက တကယ်ကို စိတ်ကျေနပ်ဖွယ်ရာပဲ။

သူမကပျော်ရွှင်စွာ စားနေစဉ်မှာပဲ ဧကရီမယ်တော်ကြီး ပြောလာသံကို ကြားလိုက်ရသည်။

“ဒီနေ့ဟင်းပွဲတွေက တကယ်ကိုပဲ ကောင်းမွန်လှတယ်။ အထူးသဖြင့် ဒီအမဲအူကြမ်းပူစပ်က နူးညံ့ပြီး အရသာရှိတယ်။ အိုက်ရဲ့အရသာနဲ့တကယ်ကိုပဲ အကြိုက်တွေ့လှတယ်”

ယွီဝိန်းလန်ကလည်း ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။

“တကယ်ကို ကောင်းမွန်တာပဲ စားဖိုဆောင်ကို ဆုချီးမြှင့်သင့်တယ်”

ထိုစကားထွက်လာသည်နှင့် ဘေးဘက်မှာ စောင့်ဆိုင်းနေတဲ့ အခမ်းအနားဆိုင်ရာ စုံစမ်းရေးအကြီးအကဲဖြစ်သူ ဟူအန်းက အလျင်အမြန်ပဲ အသံကို မြှင့်လိုက်ကာ

“အရှင်မင်းကြီးက ရှန်းရှန်အကြံပေးကို ဆုချီးမြှင့်တော်မူတယ်….”

ချီအန်းနန်းဆောင်ရဲ့အမျိုးသမီးအရာရှိ ကျူးရှုက ဧကရီမယ်တော်ကြီးကို ထပ်မံဆက်သလိုက်ကာ အပြုံတစ်ပွင့်နှင့်ပြောလာသည်။

“ဒီကျောက်စိမ်းဖြူရောင်ကိတ်ကို ပြီးရင်မြည်းကြည့်ပါ။ ဧကရီမယ်တော်ကြီး”

ဧကရီမယ်တော်ကြီးက ထပ်မံမြည်းကြည့်လိုက်သည်။

ထိုတစ်ခဏမှာပဲ သူမက ထပ်မံခေါင်းညိတ်ပြလိုက်ကာ ပြောလာသည်။

“ကျစ်လျစ်ပြီး နူးညံ့တယ်။ ချိုပေမဲ့ မချွဲကျိဘူး။ တကယ်ကောင်းတယ်”

ထိုသို့ပြောပြီးနောက် လျန်တုန်းဘုရင်မိသားစုကို မိတ်ဆက်ပေးရန်လည်း မမေ့ပေ။

“ဒါလေးလည်း မြည်းကြည့်။ အားကျင်းက ဒီကျောက်စိမ်းဖြူရောင်ကိတ်ကို သေချာပေါက် နှစ်သက်လိမ့်မယ်”

ယွီဝိန်းဟောက်နဲ့သူ့ဇနီးတို့က အလုပ်များသွားကြကာ ကလေးသုံးယောက်ကို ထိုကျောက်စိမ်းဖြူကိတ်အား မြည်းကြည့်ရန် ဦးဆောင်လိုကိကြသည်။

တသ်ခဏကြာပြီးနောက် လျန်တုန်းမင်းသမီးက ပြုံးပြလိုက်ကာ ပြောလာသည်။

“ဒီနန်းတော်ထဲက စားစရာတွေက တကယ်ပဲ ကွဲပြားပါတယ်။ အရသာက လျန်တုန်းမှာထက် အများကြီး ပိုကောင်းတယ်”

ထို့နောက်သူမက အားကျင်းကို ပြောလိုက်သည်။

“ဧကရာဇ်အဘွားတော်ကို ဖြေလိုက်ဦး။ ဒီကိတ်က အရသာရှိသလားဆိုတာကို”

ထိုကလေးငယ်လေးက ဖောင်းကားနေတဲ့ပါးလေးနဲ့ စားသောက်နေတာပင်။ ထို့နောက် ခေါင်းညိတ်ပြကာ ပြောလာသည်။

“အကောင်းဆုံးလေးပါပဲ”

ထိုအရာက လူတိုင်းကို ရယ်မောသွားစေသည်။

44 03

ကျောက်စိမ်းဖြူရောင်ကိတ်ကို စားပြီးတဲ့နောက်မှာတော့ ဧကရီမယ်တော်ကြီးက ပိုးသားငါးမန်းတောင်သုံးခု ဟင်းချိုကို သောက်လိုက်ကာ အပြုံးတစ်ပွင့်နှင့် ပြောလာသည်။

“ဒီနေ့ အိုက်က အများကြီး စားမိမှာကိုတောင် ကြောက်မိပါရဲ့”

ယွီဝိန်းလန်က ပြောလိုက်သည်။

“ဒီညက အရင်ကနဲ့ မတူပါဘူး။ ခဏနေကျ နှစ်သစ်ကူးတာကိုလဲ ကြည့်ရဦးမယ်လေ။ ဧကရီမယ်တော်ကြီးမှာ အရသာကောင်းရှိတယ်ဆိုရင် နည်းနည်းပိုစားလိုက်လည်း ကိစ္စမရှိပါဘူး”

ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ပြလာသည်။

သို့သော် ကျူးရှုက

“သားတော်လေးသုံးပါး မြို့တော်ကို ရောက်လာကတည်းက ဧကရီမယ်တော်ကြီးက ပျော်ရွှင်ပြီး သူမရဲ့စားသောက်ချင်စိတ်ကလည်း ပိုပြီးတိုးလာတယ်”

ယွီဝိန်းလန်က ဘာထူးဆန်းတဲ့ အမူအရာမှ မပြဘဲ ပြောလိုက်သည်။

“ကြည့်ရတာ ကိုယ်တော်က သူတို့သုံးယောက်ကိုပါ ဆုချီးမြှင့်သင့်တဲ့ပုံပဲ”

ထိုစကားတွေ ထွက်လာသည်နှင့် ယွီဝိန်းဟောက်က အလျင်အမြန် ဖြေလာသည်။

“အရှင်မင်းကြီးက အလေးအနက်ထားပြီး ပြောလွန်းနေပါပြီ။ အငယ်တွေအနေနဲ့ သူတို့တွေက နန်းတော်ကို ဝင်ပြီး ဧကရီမယ်တော်ကြီးဆီကို ဂါရဝပြုသင့်တာပါ။ သူတို့ကို ချီးမြှင့်တာက ဘယ်မှာ လိုလို့ပါသလဲ”

ထို့နောက် သူ့ကလေးသုံးယောက်ကို အမိန့်ပေးလာသည်။

“ဒီနေ့နှစ်သစ် ညစာစားပွဲမှာ မြန်မြန်လာပြီး အရှင်မင်းကြီးနဲ့ ဧကရီမယ်တော်ကြီးကို ဂါရဝမပြုသေးဘူးလား”

အကြီးဆုံးသားနဲ့ ဒုတိယသားက ခပ်မြန်မြန်ပဲ မတ်တပ်ရပ်လိုက်ပြီး လျန်တုန်းမင်းသမီးက အားကျင်းကို ထပ်မံတွန်းလိုက်ပြန်သည်။ ထိုမှသာ ထိုကလေးငယ်လေးက ကြောင်တောင်တောင်နဲ့ မတ်တပ်ရပ်လိုက်ကာ အစ်ကိုကြီးနှစ်ယောက်ရဲ့ အနောက်ကို လိုက်ပြီးခန်းမဆီသို့ သွားကာ ဧကရီမယ်တော်ကြီးနဲ့ အရှင်မင်းကြီးကို ဦးညွှတ်လိုက်ပြီး

“ဧကရီမယ်တော်ကြီးနဲ့ အရှင်မင်းကြီးကို ကျန်းမာပြီး ရှည်လျားတဲ့ဘဝရှိပါစေလို့ ဆုတောင်းပေးပါတယ်”

ဧကရီမယ်တော်ကြီးက နားရွက်ရောက်သည်အထိ ပြုံးလိုက်ပြီး ထပ်ခါထပ်ခါ ခေါင်းညိတ်ကာ ပြောလာသည်။

“ကောင်းပြီ ကောင်းပြီ မင်းတို့အားလုံးက ကလေးကောင်းလေးတွေပဲ ထပြီးစားကြတော့”

ယွီဝိန်းလန်သည်လည်း ပြုံးလိုက်ကာ ပြောလိုက်သည်။

“ယဉ်ကျေးပြီး နာခံမှုရှိတဲ့အတွက် ဆုချီးမြှင့်ခံရမယ်”

ထိုစကားကို ကြားပြီးနောက် အခမ်းအနားဆိုရင်ရာ စစ်ဆေးရေးအရာရှိက ထပ်မံပြောလာသည်။

“လျန်တုန်းနန်းဆောင်ရဲ့သားတော်သုံးပါးကို ဆုချီးမြှင့်တော်မူတယ်”

ထိုကလေးသုံးယောက်က ဒူးထောက်ကာ ပျန့်အန်းကို ကျေးဇူးတင်လိုက်ကြပြီး နေရာကို ပြန်သွားကြတော့သည်။

ထိုနည်းအားဖြင့် ခန်းမက ပိုပြီးသက်ဝင်လှုပ်ရှားလာပေသည်။

ထိုအချိန်မှာပဲ ဧကရီမယ်တော်ကြီးဘေးနာက သခင်မကျွမ်းက ပြောလာသည်။

“အဲဒီမင်းသားလေးတွေက အနာဂတ်မှာ နန်းတော်ထဲကို မကြာခဏ ဝင်ရောက်နိုင်မယ်ဆိုရင် ပိုပြီးကောင်းမှာပဲ။ ဒါပေမဲ့ နှမြောစရာပဲ …..လျန်တုန်းက ဝေးလွန်းတယ်”

ထိုစကားကိုကြားပြီးနောက် လူတိုင်းက ထိတ်လန့်သွားကြသည်။

++++++

45 01

အပိုင်း 45

သခင်မကျွမ်းမှာ ပြောစရာ တစ်ခုခုရှိနေတာပဲ။

သေချာပေါက်ပင် ထို့နောက်မှာ ဧကရီမယ်တော်ကြီးက သက်ပြင်းချကာ

“အမှန်ပဲ မဟုတ်လား။ လျန်တုန်းမှာက အေးလွန်းတယ် သူတို့လေးတွေသာ သွားလိုက်ပြန်လိုက် လုပ်နေရင် ကလေးတွေ အအေးမိမှာကိုပဲ စိုးမိတယ်။ ဖျားနေတယ်ဆိုရင် ခံစားနေရမယ် မဟုတ်လား”

အဖွားကျွမ်းက ပြုံးလိုက်ကာ ထပ်ပြောလိုက်သည်။

“သခင်လေးကို ရက်နည်းနည်းလောက် ထပ်နေပြီး အဖော်ပြုပေးဖို့ ဘာလို့မပြောတာလဲ။ ရာသီဥတုက ပိုနွေးလာမှ သခင်လေးတွေကို လျန်တုန်းကို ပြန်ပို့လိုက်ပေါ့”

ထိုစကားတွေထွက်လာသည်နှင့် လူတိုင်းရဲ့စိတ်ထဲမှာ ရေရွတ်လိုက်တော့သည်။

-ဧကရီမယ်တော်ကြီး ဒါက ဘာကိုဆိုလိုတာလဲ။

ဖြစ်နိုင်တာက သူမက ယောင်းအာကို လျန်တုန်းလုရင်နဲ့အတူ ခေါ်ထားချင်တာလား။

ယန်ရှုက နောက်ဆုံးမှာတော့ အစားအသောက်ဆီကနေ သူမရဲ့အာရုံကို ပြန်ရသွားတော့သည်။

-ဘာ။ ဧကရီမယ်တော်ကြီးက လျန်တုန်းဘုရင်အတွက် သားတစ်ယောက်ကို ပျိုးထောင် ပေးမလို့လား။

သူမကပဲ ကြင်နာလွန်းနေတာလား။

အားကျင်းကို ဓားစားခံအနေနဲ့ ခေါ်ထားချင်နေတာလား။

ကျစ် အဲဒါလည်း မမှန်သေးဘူး အားကျင်းက လျန်တုန်းဘုရင်ရဲ့ သားမဟုတ်ဘူး။ ဧကရီမယ်တော်ကြီးကသာ ဓားစားခံအနေနဲ့ ခေါ်ချင်တယ်ဆိုရင် သူ့ရဲ့အကြီးဆုံး ဒါမှမဟုတ် ဒုတိယသားကို မရွေးသင့်ဖူးလား။

ယန်ရှုက ရုတ်တရက် ရပ်တန့်သွားကာ ဖြစ်နိုင်တာက ဧကရီမယ်တော်ကြီးကများ အရှင်မင်းကြီးက အဲတာ မလုပ်နိုင်ဘူးဆိုတာကို ရှာတွေ့သွားလို့များ ဧကရာဇ်အတွက် သားတစ်ယောက် မွေးစားမလို့များလား။

တစ်ချိန်တည်းမှာပဲ ယွီဝိန်းလန်က ဧကရီမယ်တော်ကြီးရဲ့ အသံကို ကြားလိုက်ရသည်။

[အားကျင်းက တိုက်ရိုက် ဆက်ခံသူတော့ မဟုတ်ပေမဲ့ သူ့အသက်က သင့်တော်တယ် သူကသာ တစ်ဦးတည်းသော ကျန်ရစ်တဲ့သူပဲ]

သူကတည်ငြိမ်နေဆဲပင် သို့သော် သူ့နှလုံးသားထဲမှာတော့ သိနေပေသည်။

ဧကရီမယ်တော်ကြီးက တမင်သက်သက် ကိုယ်လုပ်တော်ရဲ့ သားဖြစ်သူ အားကျင်းကို ရွေးချယ်လိုက်တာက ယွီဝိန်းဟောက်နဲ့ သူ့ဇနီးက သူတို့ရဲ့သားနဲ့ခွဲဖို့ ဆန္ဒမရှိသောကြောင့်ဖြစ်သည်။

မျှော်လင့်ထားသလိုပင် ဧကရီမယ်တော်ကြီးက သူ့ရဲ့လျှို့ဝှက်ချက်ကို ရှာတွေ့သွားပြီး အခြားအစီအစဉ်တွေ ချနေတာပင်။

သူက သူ့ရဲ့ရှုပ်ထွေးနေတဲ့ နှလုံးသားကို သိမ်းထားလိုက်ပြီး ယွီဝိန်းဟောက်နဲ့ သူ့ဇနီးကို ပြုံးကာ ပြောလိုက်သည်။

“ဧကရီမယ်တော်ကြီးရဲ့ အကြံဥာဏ်က တကယ်ကောင်းတာပဲ။ ဒါပေမဲ့ ဝမ်းကွဲနဲ့ မရီးတော်က သည်းခံနိုင်ပါ့မလားဆိုတော့ မသိပါဘူး”

သို့သော် ယွီဝိန်းဟောက်က တစ်ခဏခန့် တွန့်ဆုတ်သွားကာ ထို့နောက် ပြုံးလာသည်။

“ဧကရီမယ်တော်ကြီးနဲ့ အတူရှိရတာက အားကျင်းရဲ့ ကောင်းချီးပါ သူ့အတွက် ပျော်ပေးဖို့တောင်မှ နောက်ကျနေပါပြီ။ ဒါဆို ဘာလို့ သည်းမခံနိုင်ရမှာပါလဲ”

သူ့ခင်ပွန်းရဲ့ထိုသို့သောပုံစံကို မြင်လိုက်တဲ့အတွက် သူ့ဇနီးဖြစ်သူ လျန်တုန်းမင်းသမီးကလည်း အလျင်အမြန်ပဲ ရယ်မောလာကာ ပြောလိုက်သည်။

“ဒီကလေးက ဧကရီမယ်တော်ကြီးကို အဖော်ပြုပေးဖို့ ဘယ်ကနေများ ကောင်းချီးတွေ ရလာတာပါလိမ့်။ အားကျင်း တော်ဝင်အဘွားတော်ကို မြန်မြန် အရိုအသေ မပေးသေးဘူးလား….”

ထို့နောက် ချက်ချင်းမှာပဲ အဆာပြေမုန့်တွေစားနေတဲ့ ထိုကလေးငယ်လေးက ရှုပ်ထွေးနေတဲ့ မျက်နှာလေးနဲ့ အရှေ့ကို တွန်းပို့ခံလိုက်ရပြီး လျန်တုန်းမင်းသမီးရဲ့ ညွှန်ပြမှုအောက်မှာ ဧကရီမယ်တော်ကြီးကို ဂါရဝပြုလိုက်ပြီး ပြောလာသည်။

“အားကျင်းက ဧကရီမယ်တော်ကြီးကို ကျေးဖူးတင်ပါတယ်…..”

ထို့နို့သံလေးရောနေတဲ့ အသံလေးက လူတိုင်းကို ထပ်မံရယ်အောင် လုပ်လိုက်ပြန်သည်။

သို့သော် ယန်ရှုက သူမဘေးက ရွှီကျဲ့ယွီဟာ တစ်ခဏခန့် ရပ်တန့်သွားသည်ကို ထိုအချိန်မှာပဲ ပြင်းပြင်းပြပြ သတိထားလိုက်မိသည်။

ဟစ်…..

မြင့်မားလွန်းတဲ့စိတ်ပိုင်းဆိုင်ရာစွမ်းရည်နဲ့ သူလျှိုတစ်ယောက်ရဲ့ ဒီလိုတုံ့ပြန်ပုံက ကြည့်ရတာ နည်းနည်းလေး မသင့်တော်သလိုပဲ။

သူမကချက်ချင်းပဲစနစ်ကိုခေါ်လိုက်သည်။

[ရွှီကျဲ့ယွီရဲ့သွင်ပြင်ကို ကြည့်မယ်ဆိုရင် အားကျင်းက ယွီဝန်းဟောက်ကို သူမ မွေးပေးခဲ့တဲ့ ကလေးဖြစ်နိုင်နေမလား။]

စစ်စတန် [အဲလို ဖြစ်သင့်တာပေမဲ့ အဲလို မဟုတ်ဘူး]

45 02

ယန်ရှု [ဘာကိုဆိုလိုတာလဲ။ ဖြစ်သင့်ပေမဲ့ မဖြစ်ဘူးဆိုတာက ဘာကိုဆိုလိုတာလဲ။]

စစ်စတန် [ဒီကလေးက သူမကလေးဖြစ်မယ်လို့ ရွှီကျဲ့ယွီကပဲ တွေးနေခဲ့တာ။ တကယ်တော့ သူမရဲ့ကလေးက မွေးရာပါချို့တဲ့မှုကြောင့် အစောကတည်းက သေသွားခဲ့ပြီ။ ဒါပေမဲ့ ယွီဝိန်းဟောက်က သူမကို ထပ်ပြီးထိန်းချုပ် ထားချင်တဲ့အတွက် တစ်ခြားကလေးအတုကို ရှာပြီး သူမကို အဲတာက သူ့ကလေးလို့ တွေးခိုင်းထားတာ]

ယန်ရှု […]

အလွယ်လေးပဲဟ။

သို့သော် သူမ တစ်နည်းနည်းနဲ့ နားလည်သွားပြီပင်။

တစ်နည်းပြောရလျှင် ရွှီကျဲ့ယွီရဲ့ကလေးက အစောကတည်းက သေသွားပြီ။ ဒါပေမဲ့ ယွီဝိန်းဟောက်က သူမကို သူ့စကား နားထောင်အောင်လို့ တစ်ခြားကလေးအတုကို ခေါ်လာပြီး သူမကို လိမ်ထားတယ်။

ယန်ရှုက မနေနိုင်ဘဲ ကျစ် ကျစ်ဟု သပ်လိုက်ကာ လျန်တုန်းဘုရင်မှာက မျက်လုံးတွေ အများကြီး ရှိတာပဲ။

ဒါပေမဲ့ ယောက်ျားတစ်ယောက်အနေနဲ့ မိန်းမတစ်ယောက်ကို ဒီလိုမျိုး အသုံးပြုတာက စက်ဆုပ်စရာပဲ။

သိပ်မဝေးတဲ့နေရာက ယွီဝိန်းလန်က သူမရဲ့နှလုံးသားအပြည့်စကားတွေကို သူ့နားနဲ့ ကြားလိုက်ရပေသည်။

သိပ်ကောင်းတယ် ဧကရီမယ်တော်ကြီးက တစ်ခြားချက်စ်အပိုင်းအစကို မွေးစားချင်နေတာပဲ။ ဒါပေမဲ့ ဒီကလေးက ယွီဝိန်မိသားစုရဲ့သွေးသား မဟုတ်ပေ။

ဘာထူးဆန်းမှုမှမပြပဲ ဧကရီမယ်တော်ကြီး ယွီဝိန်းဟောက်နဲ့ သူ့ဇနီးတို့ကို ပြောလိုက်သည်။

“အဲလိုသာဆို ဒီကလေးကို တစ်ခဏလောက်အဝေးမှာနေဖို့ ပြောလို့ရမလား ဧကရီမယ်တော်ကြီးကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တာက သူ့ရဲ့အကြီးကျယ်ဆုံး အောင်မြင်မှုပဲလေ”

ယွီဝိန်းဟောက်က ချက်ချင်းပဲ ရယ်မောလိုက်ကာ

“အရှင်မင်းကြီးက အလေးအနက်ထား ပြောလွန်းနေပါပြီ။ ဒါကသူ့ရဲ့ကောင်းချီးပါပဲ ဟားဟား။

ယန်ရှုက အဲဒီလူဝကြီးရဲ့အပြုံးက ရွံစရာကောင်းတယ်လို့ ခံစားလိုက်ရသည်။

သူ့ရဲ့ရည်မှန်းချက်အတွက်ဆို သူ့ဆွေမျိုးထဲက အပြစ်မရှိတဲ့ ကလေးကို ခွဲခွာရမယ်ဆိုရင်တောင်မှ သူ့ရဲ့ကိုယ်ပိုင်ပစ္စည်းလို သဘောထားပြီး ရှင်းရှင်းလင်းလင်းကို အသုံးချနေတာပဲ။

ဒီကလေးသာ သူ့သွေးသားအရင်းဆို ဘယ်လိုလုပ်ပြီး ခွဲခွာဖို့ အရမ်းကို ဆန္ဒရှိနေမှာတဲ့လဲ။

အကြီးဆုံးနဲ့ ဒုတိယသားကို ပြောင်းလိုက်တာကမှ အဓိပ္ပာယ်ရှိဦးမယ်။ နောက်ဆုံးတော့ ဒီနှစ်ယောက်ကမှ အဘိုးတော်ကောင်းရဲ့ သွေးသားတွေလေ။

ထိုအချိန််မှာပဲ စစ်စတန်က ရုတ်တရက် ထွက်ပေါ်လာပြန်သည်။

[အတွေးလွန်နေပြီ ဒီနှစ်ယောက်ကလည်း ယွီဝိန်မိသားစုက မဟုတ်ဘူး]

ယန်ရှု […]

[ဒါက ဘာကိုဆိုလိုပြန်တာလဲ။ ဒီကလေးနှစ်ယောက်လည်း ယွီဝိန်မိသားစုက မဟုတ်ပြန်ဘူးတဲ့လား။]

စစ်စတန် [အမှန်ပဲ]

ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားကာ [ဖြစ်နိုင်တာက လျန်တုန်းမင်းသမီးက လျန်တုန်းဘုရင်ကို မျောက်မ ထားထားတာလား]

(လင်ငယ်ထားထားတာကိုပြောတာပါ)

သိပ်မဝေးတဲ့နေရာက ထိုစာကြောင်းကို ကြားလိုက်ရသော ယွီဝိန်းလန် “…”

လျန်တုန်းမင်းသမီးက ယွီဝိန်းဟောက်ပေါ် ဦးထုပ်စိမ်းဆောင်းပေးရဲတယ်ပေါ့လေ။။။

ဒါက ဘယ်လိုအခြေအနေကြီးလဲ။

စစ်စတန် [လူတိုင်းက မြို့စားလင်းဝူလို ကံဆိုးနေတယ်များ ထင်နေတာလား။ ဒီကလေးနှစ်ယောက်က တကယ်တော့ လျန်တုန်းဘုရင်နဲ့သူ့ဇနီးတို့က မြို့တော်ဆီကို လာတဲ့အချိန်မှာ သူတို့ရဲ့ ကိုယ်ပိုင်သွေးသားတွေ နေရာမှာ အစားထိုးဖို့ တစ်ခြားနေရာကနေ ရှာလာတာ]

ဘာကြီး။

ယန်ရှုက ဒီညမှာ သူမဦးနှောက်က မလုံလောက်တော့ဘူးဆိုတာကို အလိုလို သိလိုက်ရသည်။

45 03

[မြို့တော်ကို ကလေးအတုတွေ ခေါ်လာတယ်။ ဒီလူနှစ်ယောက်က ဘာကို ဆိုလိုချင်တာလဲ။]

စစ်စတန် [လက်အောက်ခံဘုရင်တစ်ယောက် မြို့တော်ထဲကို ဝင်တာကကောင်းတဲ့အရာလို့ ထင်လား။ တကယ်လို့ ဧကရာဇ်သာ မပျော်မရွှင်ဖြ စ်နေမယ်ဆိုရင် သူတို့ကို ထိန်းသိမ်းထားပြီး ပြစ်မှုအသေးလေးတွေအတွက် အပြစ်ပေးတာမျိုး ဒါမှမဟုတ် ပြင်းထန်တဲ့ ပြစ်မှုအတွက် ခေါင်းဖြတ်နိုင်တယ် လျန်တုန်းဘုရင်က သေချာပေါက် ဒီလိုစွန့်စားမှုမျိုးကို လုပ်ချင်မှာမဟုတ်ဘူးလေ။]

ယန်ရှု [….]

ကောင်းပြီလေ သူမနောက်ဆုံးတော့ နားလည်သွားပြီ။

ဘာသောက်ကိစ္စလဲ ဧကရီမယ်တော်ကြီးနဲ့ လျန်တုန်းဘုရင်က တောင်တန်းကြီးလို မြင့်မားကြတာပဲ။

ဒီလူက ဘယ်လိုလုပ် ဒီလောက် တော်နိုင်ရတာလဲ။

သို့သော် ဒါက ကြီးလေးတဲ့ပြစ်မှုပင် ရှာတွေ့သွားသည်နှင့် ခေါင်းဖြတ်သတ်ခံရမည်

ဖြစ်သည်။

ဒီလူဝကြီးက ကြောက်တတ်တယ် မဟုတ်ဘူးလား။

စစ်စတန်က အလွန်ကို အတွေ့အကြုံများပေသည်။

[စုံစမ်းဖို့က ခက်တယ်လေ။ သူတို့တွေက အများဆုံးမှ တစ်နှစ်မှ တစ်ခါတည်း မြို့တော်ကိုလာတာလေ ပြီးတော့ သူတို့တွေကလည်း သူ့ရဲ့ကိုယ်ပိုင်ကလေးတွေရဲ့ မျက်နှာသွင်ပြင်နဲ့ အတော်လေး တူကြတယ်။ သူတို့ကိုယ်တိုင်ကလွဲရင် ဘယ်သူက မှတ်မိမှာတဲ့လဲ။]

ယန်ရှု […]

အမှန်ပဲ

ဒီခေတ်မှာ ဓာတ်ပုံဆိုတာလည်း မရှိသည့်အတွက် ပုံတူပန်းချီတွေက ဘယ်လောက်ပဲကောင်းကောင်း ကွာဟချက်အနည်းငယ်ရှိနိုင်ပေသည်။ ပိုဆိုးသည်က ကလေးတွေစာ တစ်နှစ်ထက်တစ်နှစ်ကြီးပြင်းလာပြီး မမြင်ရတာကြာတဲ့ ကလေးကို တစ်ခါတည်းမြင်လိုက်ရသည်နှင့် သူ့ရဲ့မျက်နှာသွင်ပြင်သာ သိပ်ပြီးမကွာခြားသရွေ့ ရှာတွေ့ဖို့က ခဲယဉ်းပေသည်။

ကျစ် ကျစ် ကျစ် ယွီဝိန်ူဟောင်က တကယ်ကို ကြက်သားသူခိုးပဲ။

တစ်နေ့လုံး ဘာတွေများစားနေလို့ ဒီလောက်အတွေးတွေရှိနေရတာလဲ။

သူမရဲ့နှလုံးသားထဲ၌ လေးလံစွာ သက်ပြင်းချလိုက်ကာ အရာအားလုံးကို နားထောင်နေတဲ့ ယွီဝိန်းလနိဟာလည်း နားလည်သွားရပေသည်။

အိုး အဲတော့ဒီလိုကိုး။

ယွီဝိန်းလန်ရော သူ့ဇနီးရောနှစ်ယောက်လုံးထဲက ဘယ်သူကမှ ဒီတစ်ခေါက် မြို့တော်ကို သူတို့ရဲ့ကိုယ်ပိုင် သွေးသားကို ခေါ်မလာဘူးပေါ့လေ။

ထိုကိစ္စဟာ တစ်ချက်ကြည့်ရုံနှင့်သာ ဆိုလျှင် ဖြစ်နိုင်ချေမရှိဘူးလို့ ထင်ရပြီး ယွီဝိန်းဟောက်သာ နေရာ ယူလိုက်မယ်ဆိုလျှင်တော့ အတော်လေး ဖြစ်နိုင်ချေ ရှိသွားပြီပင်။

ပိုဆိုးသည်က ယခင်က အံ့အားသင့်စရာ ကိစ္စတွေ အများကြီးကို ကြုံတွေ့အပြီးမှာတော့ သူက ယန်ရှုကို သံသယမရှိပေ။

ကောင်းတယ်။ သိပ်ကို ကောင်းတယ်။

ကြည့်ရတာ ဒီတစ်ခါတော့ သူ့ရဲ့ဒီဝမ်းကွဲက တစ်စုံတစ်ရာကြီးမားတဲ့ ကိစ္စကို လုပ်ဖို့ စိတ်ဆုံးဖြတ် ပြီးသွားတဲ့ပုံပဲ။

ခန်းမအပြင်ဘက်မှာတော့ မီးရှူးမီးပန်းတွေရဲ့ ပစ်ဖောက်သံကို ကြားနေရသေးပေသည်။ ခန်းမအတွင်းမှာတော့ လူတိုင်းက ပျော်ရွှင်စွာနဲ့ စားနေသောက်နေ ကြတုန်းပင်။ တစ်ယောက်နှင့်တစ်ယောက်လည်း မင်္ဂလာရှိတဲ့ နှစ်သစ်ဆုတောင်းတွေကို ပြောနေကြသေးသည်။

ယွီဝိန်းလန်က ဝိုင်တစ်ခွက်ကို တည်ငြိမ်စွာ သောက်လိုက်သည်။

အိုး ဒီထီးနန်းက မင်း ထိုင်ချင်တယ်ဆိုတာနဲ့ပဲ ထိုင်လို့ရမယ် ထင်နေတာလား။

~~~

******

All Chapters