အခန်း (၄၉-၅၁)
Vol. 4 Ch. 49-51
49 01
အပိုင်း 49
ထိုည၌ ညဉ့်နက်နေပြီး ယန်ရှုက ထိခိုက်ထားကာ ယွီဝိန်းလန်က သူမအနားယူတာကို မနှောက်ယှက်ချင်တော့သည့်အတွက် ချန်းမင်နန်းဆောင်ကိုသာ ပြန်သွားလိုက်သည်။
ဆေးကြောပြီး အဝတ်အစားလဲပြီးတဲ့နောက်မှာတော့ တာ့လီဘုရားကျောင်းဝန်ကြီး ရိုးရာဓလေ့ထုံးတမ်း ဆိုင်ရာဝန်ကြီး အတွင်းညီလာခံရဲ့အဓိက စုံစမ်းရေးမှူးချုပ်ဟွေ့ထုံ အစရှိသူတွေက ခန်းမအပြင်ဘက်မှာ စောင့်ဆိုင်းနေကြပြီးဖြစ်သည်။
သူကထိုလူတွေကို သူ့ဆီခေါ်လိုက်ပြီး မေးလိုက်သည်။
“စစ်ဆေးတာကရော ဘယ်လိုနေလဲ”
တာ့လီဘုရားကျောင်းဝန်ကြီးက ဦးညွှတ်လိုက်ကာ ဖြေကြားလာသည်။
“အရှင်မင်းကြီး ရွှီမိသားစုကို အခုပဲထောင်ထဲမှာ ဖမ်းချုပ်ထားလိုက်ပါပြီ သူတို့ပြောတာက အခုလက်ရှိ ရွှီကျဲ့ယွီက သူတို့မိသားစုရဲ့ သမီးမဟုတ်ပါဘူးတဲ့”
ထိုရလဒ်က မျှော်လင့်ပြီးသားပင်။
မူလက ရွှီကျဲ့ယွီရဲ့ သွေးရင်းမိသားစုက ဆွေ့ကျိုးစီရင်စုကပင်။ သို့သော် ဆွေ့ကျိုးက ဂယောင်းဂီဘက်နှင့် နီးစပ်သည့်အတွက် ယွီဝိန်းဟောက်နှင့် ဘာမှလုပ်စရာမရှိပေ။ ယွီဝိန်းဟောက်သာ သူတို့ရဲ့အချက်အလက်တွေကို လူစားထိုးထိန်းချုပ်ဖို့ အသုံးပြုချင်လျှင် မူလရွှီကျဲ့ယွီကို စွန့်ပစ်မှ ရပေမည်။
ကံကောင်းစွာဖြင့် သူက သတိထားလိုက်မိပြီး ကျင်းယီဝေ့ကို ဆွေ့ကျိုးဆီသွားကာ အတည်ပြုခိုင်းလိုက်သည်။ မဟုတ်လျှင် ရွှီမိသားစုက မြို့တော်ကို ထိုမျှမြန်မြန်အပြေးအလွှား ရောက်လာနိုင်မည် မဟုတ်ပေ။
ထိုအချိန်မှာပဲ သူက နှာမှုတ်ကာ
“သိပ်ကောင်းတယ်။ မောင်းမဆောင်ထဲက ကိုယ်လုပ်တော်က လုပ်ကြံသူနဲ့ အစားထိုးခံထားရတယ်။ ပြီးတော့ ဘယ်သူကမှလည်း သတိမထားမိဘူးပေါ့လေ”
မူကြမ်းရေးရသည်မှာ ရိုးရာဓလေ့နှင့်အိမ်တွင်းရေးရာရုံးတော်ရဲ့ တာဝန်ဖြစ်သည်။ ထိုစကားကိုကြားလိုက်ချိန်မှာတော့ ရိုးရာဓလေ့နှင့်အိမ်တွင်းရေးရာရုံးတော်ဝန်ကြီးက ချွေးအေးတစ်လွှာ ထွက်လာကာ ဒူးထောက်လိုက်ပြီး ဦးညွှတ်လာသည်။
“ဒီအစေခံမှာ အပြစ်ရှိပါတယ်”
ယွီဝိန်းလန်က အေးစက်စွာ ပြောလိုက်သည်။
“ထပ်ပြီးစစ်ဆေးကြ ဒီမိန်းမက ဘယ်သူလဲဆိုတာကို ငါကိုယ်တော် သိချင်တယ်”
လူတိုင်းက နာခံလိုက်ကြသည်။
ပြစ်မှုရေးရာရုံးတော်ရဲ့အတွင်းဝန်ကလည်း တင်ပြလာသည်။
“ဝန်ကြီးချုပ်တွေနဲ့ တစ်ခြားသူတွေက လင်ပိုနန်းဆောင်ကို စစ်ဆေးပြီးပါပြီ။ အခုချိန်ထိတော့ အပြင်ကမ္ဘာနဲ့ဆက်သွယ်ထားတဲ့ ဘယ်လျှို့ဝှက်စာစောင်ကိုမှ ရှာမတွေ့သေးပါဘူး”
ယွီဝိန်းလန်က ပြောလိုက်သည်။
“လျှို့ဝှက်စာသာ ရှိနေမယ်ဆိုရင် ရှာတွေ့ဖို့ သူမဘေးမှာ ထားမှာတဲ့လား”
ပြစ်မှုရေးရာရုံးတော်ရဲ့ရှန်းရှုက ရှက်ရွံ့သွားပြီး တုံ့ပြန်သည့်အနေနှင့် အလျင်အမြန်ပဲ သူ့ခေါင်းကို ညွှတ်ပြလာသည်။
“အဲတာက ဒီဝန်ကြီးရဲ့လိုအပ်ချက်ပါ”
ယွီဝိန်းလန်က ပြောလိုက်သည်။
“လျန်တုန်းဘုရင် သူမကို ပေးခဲ့တဲ့ အဲနေ့က လည်စည်းပုဝါကို စစ်ဆေးလိုက်”
လည်စည်းပုဝါလား။
တရားမျှတမှုရုံးတော်ရဲ့ရှန်းရှုက ရပ်တန့်သွားကာ အမှန်ပဲ အခုလတ်တလော တင်ပို့တဲ့
တစ်ခုတည်းသောပစ္စည်းက အဲဒီလည်စည်းပုဝါပဲ။
ထို့ကြောင့် သူက အလျင်အမြန်တုံ့ပြန်လိုက်ကာ ထပ်မံစစ်ဆေးဖို့ ထွက်ခွာသွားပြန်တော့သည်။
49 02
အတွင်းညီလာခံရဲ့ အဓိကစစ်ဆေးရေးအရာရှိချုပ် ယောင်ရွှမ်းက ရှေ့သို့တစ်ဖန် တိုးလိုက်ကာ ပြောလိုက်သည်။
“အရှင်မင်းကြီး အပြစ်ပေးတာကို အခုလေးတင်ပဲ လုပ်ဆောင်ပြီးပါ။ပြီ ဒါပေမဲ့ လုပ်ကြံသူရဲ့ပါးစပ်က တင်းကြပ်လွန်းပြီး ဝန်ခံဖို့ ငြင်းဆိုနေဆဲပါပဲ”
ဝန်ခံဖို့ ငြင်းဆန်တယ်လား။
သို့သော် ဘုရင်က နှာမှုတ်ကာ ပြောလိုက်သည်။
“သူမကို စကားတစ်လုံးပဲပြောလိုက် သူမရဲ့ကလေးက သေသွားပြီးပြီ။ အခုက အဲလူရဲ့အစားထိုးထားတဲ့ သားပဲလို့”
အတွင်းညီလာခံရဲ့ အဓိကစစ်ဆေးရေးအရာရှိချုပ်က ရပ်တန့်သွားကာ အနည်းငယ် ပဟေဠိဖြစ်နေပေမဲ့ လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ချက်ချင်းပဲ အကျဉ်းထောင်ဆီသို့ ပြန်သွားတော့သည်။
တစ်နာရီခန့်ကြာပြီးနောက် ပြစ်မှုရေးရာရုံးတော်ရဲ့ဝန်ကြီးနဲ့ အတွင်းညီလာခံရဲ့ အဓိကစစ်ဆေးရေးအရာရှိချုပ်ယောင်ရွှမ်းက ပြန်ရောက်လာပြီး အမိန့်ကိုဖြေကြားဖို့ ရောက်လာကြသည်။
ယောင်ရွှမ်းက အရင်တင်ပြလိုက်သည်။
“အရှင်မင်းကြီး သူမက အဲတာကို အမိန့်ပေးတဲ့သူက လျန်တုန်းဘုရင်လို့ ပြောပါတယ်”
ပြစ်မှုရေးရာရုံးတော်ရဲ့အတွင်းဝန်ကလည်း လျင်မြန်စွာ လျှောက်တင်လာသည်။
“ကတ္တီပါလည်းစည်းကိုခွါလိုက်ပြီး မီးမွှေးပြီး ရေနဲ့ပြုတ်ထားလိုက်တဲ့အခါမှာတော့ အတွင်းထဲမှာ လျှို့ဝှက်စာလုံးတွေရေးထားတဲ့စာကြောင်းတစ်ကြောင်းကို တွေ့ပါတယ် သူမကျု အဲလိုလုပ်ဖို့ အမိန့်ပေးတဲ့သူက ဒီတစ်ခေါက်မြို့တော်ကိုလာတဲ့ လျန်တုန်းဘုရင်ပါပဲ”
ယွီဝိန်းလန်ကပြောလိုက်သည်။
“လျန်တုန်းဘုရင်ကို ချက်ချင်းပဲ ဖမ်းဆီးစေ”
~~~
ယန်ရှုမျှော်လင့်ထားသလိုပင် ရွှီကျဲ့ယွီရဲ့လုပ်ကြံမှု ကျရှုံးသည်နှင့် လျန်တုန်းဘုရင်နဲ့ သူ့ဇနီးတို့က ထွက်ပြေးသွားပြီ ဖြစ်သည်။
သို့သော်လည်း ဘုရင်မင်းမြတ်က ပြင်ဆင်ထားသည်မှာ ကြာပြီဖြစ်တဲ့အတွက် ချီချိုက်ကိုဂယောင်းဂီဆီ စေလွှတ်လိုက်သည့်အတွက် ထိုသူတို့က ထပ်မံဖမ်းဆီး ခံလိုက်ရပြန်သည်။
ထိုည ချင်းကျန်းခန်းမဆောင်၌ ညီလာခံထဲက အရေးပါတဲ့ အရာရှိတွေအားလုံးက အတူတကွ စုစည်းနေကြပေသည်။
ပလ္လင်ပေါ်မှာတော့ ယွီဝိန်းလန်က ဒူးထောက်နေတဲ့ လျန်တုန်းမောင်နှံနှစ်ယောက်ကို အေးစက်စွာ စိုက်ကြည့်နေပေသည်။
“ငါကိုယ်တော်က မင်းတို့ကို ကောင်းကောင်းဆက်ဆံ ပေးတယ်ထင်တာပဲ။ ဘာလို့တစ်ယောက်ယောက်ကို လွှတ်ပြီး လုပ်ကြံခိုင်းရတာလဲ”
ယွီဝိန်းဟောက်က ပြောလာသည်
“ကျွန်တော်မျိုးက မှားယွင်းစွပ်စွဲခံရတာပါ။ လုပ်ကြံမှုက ကျွန်တော်မျိုး အမိန့်ပေးတာ မဟုတ်ရပါဘူး”
ယွီဝိန်းလန်က နှာမှုတ်လိုက်ပြီး
“မင်းတို့တွေသာ မလှုံ့ဆော်ဘူးဆိုရင် ဘာလို့ လျန်တုန်းကို အလျင်စလို ပြန်ပြေးရတာလဲ”
ယွီဝိန်းဟောက်ကပြောလာသည်
“ဘာလို့လဲဆိုတော့ လုပ်ကြံမှုက ကျွန်တော်မျိုးကြောင့်ဆိုတဲ့ ကောလဟလတွေ ကြားလိုက်ရလို့ပါ။ ကျွန်တော်မျိုးလည်း နားလည်မှုလွဲမှာကို ကြောက်လို့ပါ”
ထိုစကားကို ကြားလိုက်ရတဲ့အချိန်မှာတော့ ညီလာခံထဲက ပြည်သူလူထုနှင့်စစ်မက်ရေးရာ အရာရှိတွေက ရယ်မောလိုက်ကြသည်ဒါက ဘယ်လိုအဓိပ္ပါယ်မရှိတဲ့ အတွေးအခေါ်လဲ။
ထိုအချိန်မှာပဲ တာ့လီဘုရားကျောင်းအရာရှိတွေက လင်ပိုနန်းဆောင်မှာတွေ့ခဲ့တဲ့ ထိုကတ္တီပါလည်စည်းကို ထုတ်ပြလိုက်ကြသည်။ အနည်းငယ် လျှော်ဖွပ်ပြီး ကင်ပြီးတဲ့နောက်မှာတော့ ကတ္တီပါလည်စည်းပေါ်မှာ စာတစ်ကြောင်း ပေါ်လာပေသည်။
“အခုအချိန်က အကောင်းဆုံးအချိန်ပဲ”
သို့သော် ယွီဝိန်းဟောက်က ကတိသီးကတ်ဖဲ့ ပြောနေဆဲပင်။
49 03
“ဘာလို့ ဒီလိုဖြစ်ရတာလဲဆိုတာကို မသိပါဘူး။ ကျွန်တော်မျိုးထင်တာတော့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တဲ့ပြစ်မှုဖြစ်မှာကို စိုးမိပါတယ်”
“အမှန်ပဲ”
ယွီဝိန်းလန်က ဆက်ပြောလိုက်သည်။
“ ပုဂ္ဂိုလ်ရေးသက်သေတွေနဲ့ ရုပ်ဝတ္ထုသက်သေတွေက ရည်ရွယ်ထားတဲ့ပြစ်မှုပဲ ညီလာခံရဲ့ခွင့်ပြုချက်မရှိဘဲ မင်းတို့နှစ်ယောက်က နားလည်မှုလွဲမှာ ကြောက်တဲ့အတွက် မြို့တော်ကနေ ထွက်ခွာသွားတယ်။ ဒါဆို မင်းတို့ရဲ့မိဘတွေနဲ့ ကလေးတွေကိုကျ လျန်တုန်းမှာ ထားခဲ့ပြီး တစ်ခြားသူရဲ့ကလေးတွေကိုကျ မြို့တော်ကို ခေါ်လာရတာလဲ။ အဲတာကလည်း မင်းရဲ့သားတွေလို့ မှားယွင်းနေတာများလား။ သား ဟုတ်လား။ ဒီတစ်ခုတည်းကတင် ဧကရာဇ်ကို လိမ်လည်လှည့်ဖျားမှုနဲ့ သေဒဏ် မြောက်နေပြီ”
ထိုစကားတွေထွ က်လာသည်နှင့် ထိုနှစ်ယောက်က တကယ်ကြီး တွန့်ဆုတ်သွားကြတော့သည်။
သို့သော် ယွီဝိန်းဟောက် ပြောနေဆဲပင်။
“အရှင်မင်းကြီး ဘာပြောတာလဲဆိုတာကို ကျွန်တော်မျိုး တကယ်ကို နားမလည်ပါဘူး။ ဒီတစ်ခေါက် မြို့တော်ကိုခေါ်လာတာက တကယ်ပဲ ကျွန်တော်မျိုးရဲ့ ကိုယ်ပိုင်သွေးသားပါ”
ယွီဝိန်းလန်က နှာမှုတ်ကာ
“မင်းနားလည်လာလိမ့်မယ်။ သူတို့က မြို့တော်ကိုလာတဲ့ လမ်းမှာ ရောက်နေပြီ”
ထိုစကားတွေ ထွက်လာသည်နှင့် လျန်တုန်းမင်းသမီးက မြင်သာလောက်သည်အထိ ထိတ်ပျာသွားပြီး ယွီဝိန်းဟောက်ကို လျင်မြန်စွာကြည့်လိုက်သည်
“သခင်ကြီး…..”
ယွီဝိန်းဟောက်က ပြောနေဆဲပင်
“ကျွန်တော်မျိုးမှာ ကြည်လင်တဲ့ အသိစိတ်ရှိ ပါတယ်”
လျန်တုန်းမင်းသမီးက အိုးပူပူပေါ်က ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေပြီဖြစ်သည်။ တွေးကြည့်လိုက်ပြီးတဲ့နောက်မှာတော့ သူမ မတတ်နိုင်ပဲ ဘုရင့်ကို လျှောက်တင်လာသည်။
“အရှင်မင်းကြီး အငယ်ဆုံးသားလေးက ကျွန်တော်မျိုးတို့ အပြစ်ကင်းတာကို မပြောရင်တောင် မဆိုးရွားပါဘူး”
ယွီဝိန်းလန်က အေးစက်စွာ ပြောလာသည်။
“မင်းသာ အမှန်မတိုင်းပြောဖို့ စည်းရုံးမယ်ဆိုရင် သူတို့အဖေရဲ့ပြစ်မှုမှာ ငြိစွန်းတာကနေ ကိုယ်တော် ကယ်တင်ပေးလို့ရတယ်”
ယွီဝိန်းဟောက်မျက်နှာ ထားတင်းတင်းနဲ့ ပြောလာသည်။
“သူ့ကိုမယုံနဲ့။ အခုငါတို့က သူ့လက်ထဲမှာ သူ့ဆီက စကားတစ်လုံးကတင် သတ်ပစ်တာ ဒါမှမဟုတ် အပိုင်းပိုင်းဖြစ်အောင် လုပ်ပစ်နိုင်တယ်”
ယွီဝိန်းလန်က ရယ်လိုက်ကာ
“ငါကိုယ်တော် မလိမ်ဘူး။ ဒီနေ့ညီလာခံမှာက သက်သေခံပေးဖို့ ပြည်သူနဲ့စစ်မက်ရေးရာ အရာရှိတွေနဲ့ ပြည့်နှက်နေတာကို မပြောနဲ့ဦး အနာဂတ်မှာ ငါ့ကတိကို ချိုးဖောက်ခဲ့ရင် လောကကြီးဆီက လှောင်ပြောင်သရော်မှုကို ရလိမ့်မယ်”
ထိုမြင်ကွင်းကို မြင်တဲ့အခါမှာတော့ လျန်တုန်းမင်းသမီးက တစ်ခဏခန့်တွေးလိုက်ကာ ရုတ်တရက်လျှောက်တင်လာသည်။
“ကျေးဇူးပြုပြီး အရှင်မင်းကြီး ဒါက လျန်တုန်းဘုရင်တစ်ယောက်တည်းရဲ့ အကြံဉာဏ်တွေပါပဲ။ ဒီဇနီးက သူ့ကို ဖြောင်းဖျခဲ့ပေမဲ့လည်း သူက နားမထောင်ခဲ့ပါဘူး...”
…
~~~~
49 04
နောက်တစ်နေ့မနက်စောစောမှာတော့ ယွီဝိန်းလန်က ချီအန်းနန်းဆောင်ကို ရောက်လာပေသည်။
“လျန်တုန်းဘုရင်က လုပ်ကြံဖို့နဲ့ ပုန်ကန်ဖို့ အကွက်ချစီစဉ်ပြီး ဘုရင့်ကို လှည့်ဖြားခဲ့တယ် သူ့ရဲ့ဘုရင်ဘွဲ့ကိုရုပ်သိမ်းပြီး မြို့တော်ရဲ့ဆင်ခြေဖုံးကို ရာထူးလျှော့ချလိုက်ပါတယ်။ သူ့ရဲ့ကိုယ်လုပ်တော်ကလည်း အပြစ်ရှိစိတ် ခံစားရတဲ့အတွက် ယွီကျန်းနန်းဆောင်ကို ပို့ကာ လေ့ကျင့်ခိုင်းထားပါတယ်”
သူစကားပြောပြီးနောက် ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ပြလိုက်ကာ ပြောလာသည်။
“အရှင်မင်းကြီးက သက်ညှာလိုက်တာပဲ။ ကောင်းကင်ဘုံက ကောင်းဇူရဲ့ဝိဥာဉ်ကို နှစ်သိမ့်ပေးနိုင်မှာပါ”
ယွီဝိန်းလန်က ထပ်ပြောလိုက်သည်။
“ဧကရီမယ်တော်ကြီးက ထိုကလေးသုံးယောက်ကို သဘောကျတယ်ဆိုပေမဲ့ သူတို့တွေက ယွီဝိန်းဟောက်ရဲ့ ကိုယ်ပိုင်သွေးသားတွေ မဟုတ်ဘူး။ သူရှာလာတဲ့ အစားထိုးတွေပဲ။ အဲဒါကြောင့် သူတို့တွေကို သူတို့ရဲ့သွေးရင်းအဖေဆီ ပြန်ပို့လိုက်ပါပြီ”
ဧကရီမယ်တော်ကြီးက ပြောလာသည်။
“အဆုံးမှာတော့ ပုန်ကန်လိုတဲ့သူရဲ့ သွေးသားအရင်းပဲလေ မယ်တော်က တစ်ခြားသူရဲ့ အသုံးချခံရပြီး ကပ်ဘေးဖြစ်စေမှာပဲ စိုးမိတယ် မေ့လိုက်ကြရအောင်ပါ”
ယွီဝိန်းလန်က အလျင်အမြန်ပြောလာသည်။
“ဒီကိစ္စမှာ သားတော်က ဘိုးဘေးတွေရဲ့ သွေးဆက်ကို ထောက်ထားတဲ့အနေနဲ့ သူတို့ကို ယုံဖူဘုရားကျောင်းကို ပို့ဖို့ ပြောလိုက်ပါ့မယ်။ သူတို့ကို အသိပညာသင်ပေးပြီး အနာဂတ်မှာ သူတို့ဖခင်ရဲ့ လမ်းစဉ်အတိုင်း မလိုက်ဖို့ တားဆီးလိုက်ပါမယ်”
ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ပြလာသည်။
“အရှင်မင်းကြီးက သက်ညှာလွန်းနေပါပြီ”
သို့သော် စိတ်ထဲမှာတော့ နှာမှုတ်ကာ
[အခုတော့ အဆင်ပြေသွားပြီ ယွီဝိန်မိသားစုက နောက်ဆုံးဖြစ်တော့မှာ မဟုတ်လား။]
ယွီဝိန်းလန်က ပြောလိုက်သည်။
“ဧကရီမယ်တော်ကြီးက နန်းတော်ထဲမှာ အထီးကျန် နေတာကို သိပါတယ်။ အနာဂတ်မှာ ကလေးအရေအတွက် တိုးပွားဖို့ သားတော်ကြိုးစားပါ့မယ်။ ဒါမှ မယ်တော်လည်း မိသားစုဆက်ဆံရေးကို အပြည့်အဝ ခံစားနိုင်မှာ”
ဧကရီမယ်တော်ကြီးက ပြုံးပြလိုက်ကာ
“ဒါကလည်း အိုက်ရဲ့မိသားစုက အမြင်ချင်ဆုံးအရာပါပဲ”
သို့သော် သူမစိတ်ထဲမှာတော့ [အဲလိုဖြစ်နိုင်ဖို့ မျှော်လင့်ပါတယ်]
ယွီဝိန်းလန်က ဘာကိုမှ ထပ်မပြောချင်တော့ပေ။ ထို့ကြောင့် ချီအန်းနန်းဆောင်ကနေသာ ထွက်လာလိုက်တော့သည်။
~~~~
49 05
ယန်ရှုက နှစ်နှစ်ဆယ်နီးပါးလောက် နေလာခဲ့ပြီးဖြစ်ပြီး ယခုတစ်ခေါက်ဟာဒီလိုမျိုး “ပြင်းထန်တဲ့” ဒဏ်ရာကိုရဖူးတာ ဖြစ်သည်။
အဟွတ် တကယ်တော့ ဆံညှပ်က နက်နက် ဖြတ်မသွားပေ။ အရေပြား အနည်းငယ် နာကျင်တာကလွဲလို့ အဆင်ပြေပေသည်။
သို့သော် လျန်တုန်းက ဧကရာဇ်ရဲ့စကားကို နားထောင်ကာ အိပ်ရာကနေ ထွက်ဖို့ တားဆီးနေပေသည်။
သူမ သုံးရက်တိတိ သည်းခံလိုက်ပြီး လေးရက်မြောက်နေ့မှာတော့ နောက်ထပ် သည်းမခံနိုင်တော့ပေ။
သေစမ်း ထိခိုက်တာက အရမ်းကို သက်တောင့်သက်သာ မဖြစ်ဘူးဆိုတာကို သိသားပဲ။ အဲနေ့ကတည်းက အဲအပေါ် ခုန်အုပ်လိုက်သင့်တာ။
ထိုသည်မှာ ထောင်ထဲ၌ ထိုင်နေရသလိုပင် အိပ်ရာထဲမှလည်း မထွက်နိုင်သလို မှတ်စုမှာလည်း မရေးနိုင်ပေ။ ဆီနည်းနည်းနဲ့ ဆားပေါ့တဲ့ ဟင်းလျာတွေကိုသာ စားနေရပေသည်။
ဘယ်သူက သည်းခံနိုင်မှာတဲ့လဲ။
စစ်စတန်က သူမကိုနှစ်သိမ့်ဖို့ ပါးစပ်ဖွင့်လာသည်။
[ဒါက ရုပ်ဖျက်ထားတဲ့ ကောင်းချီးတစ်ခုပါ။ ဒါပေမဲ့လညိး ကောင်းချီးမဟုတ်ဘူး။ ဒဏ်ရာသေးသေးလေးက ကောင်းတဲ့အရာတွေကို ယူလာပေးနိုင်တယ်]
ယန်ရှုက မယုံကြည်ပေ။
[ဘာကောင်းတဲ့အရာလဲ။ အိပ်ရာပေါ်မှာ လဲနေဖို့ အတင်းအကြပ် ဖိအားပေးခံရတာကလား။]
ထိုအချိန်မှာပဲ ခန်းမအပြင်ဘက်က ဆက်သွယ်တဲ့ အသံတစ်ခုကို ကြားလိုက်ရသည်။
“အရှင်မင်းကြီးက ဒီကိုရောက်နေပါပြီ….”
စစ်စတန်က ဘိခနဲ မြည်လာကာ [ကောင်းတဲ့အရာတစ်ခုကတော့ လာနေပြီ]
ယန်ရှု []
သို့သော် စစ်စတန်ပင် သူမကိုမဖြေခင်မှာပဲ ယွီဝိန်းလန်က နန်းဆောင်ထဲကို ခြေချလိုက်ပြီးဖြစ်သည်။
ယန်ရှုက ဘယ်လိုပဲဖြစ်ဖြစ် အိပ်ရာထဲကနေထွက်ဖို့ကလည်း နောက်ကျနေပြီဖြစ်တဲ့အတွက် အိပ်ရာပေါ်မှာပဲ ရှေ့သို့ မှီလိုက်ကာ ပြောလာသည်
“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးကို ကြိုဆိုပါတယ်”
ယွီဝိန်းလန်က အိပ်ရာဆီသို့ ခြေလှမ်းအနည်းငယ်နှင့် ရောက်လာပြီး သူမကို ဂရုစိုက်တဲ့ မျက်လုံးတွေနှင့် ကြည့်လာသည်။
“ဘယ်လိုနေသေးလဲ။ ဒီရက်တွေမှာ ပိုကောင်းလာပြီလား”
ယန်ရှုက အစတုန်းက အဆင်ပြေပါတယ်လို့ ပြောချင်ခဲ့တာပင်။ သို့သော် အခုလေးတင်က စစ်စတန်ပြောလိုက်တာကို သတိရလိုက်သည့်အတွက် သူမရဲ့စိတ်ကို ရုတ်တရက် ပြောင်းလိုက်ကာ ခါးသီးနေတဲ့မျက်နှာနှင့် ပြောလာသည်။
“နာနေတုန်းပဲ”
ဟီးဟီး သူသာတစ်ခဏလောက် အပြစ်ရှိစိတ် ခံစားလိုက်ရရင် ပိုက်ဆံတွေအများကြီး ဆုချီးမြှင့်လောက်လား
ယွီဝိန်းလန် “…..”
ပိုက်ဆံကို အများကြီး ကြိုက်နေတုန်းပဲလား။
သို့သော် နန်းတော်ထဲမှာ ပိုက်ဆံတွေအများကြီးနဲ့ ဘာလုပ်မလို့လဲ။
ထို့နောက် သူက ရယ်လိုက်ကာ ပြောလိုက်သည်။
“ဒီတစ်ခေါက် ကိုယ်တော့်အသက်ကို ကယ်တင်ပြီး ကောင်းကောင်း လုပ်ဆောင်ခဲ့တယ်။ ကိုယ်တော် မင်းကို ဆုချီးမြှင့်ရမယ်”
ချီးကျူးတာလား။
ယန်ရှုက သူမဘာသာ တွေးလိုက်သည်။ ဒါက စစ်စတန်ပြောတဲ့ ကောင်းတဲ့အရာဆိုတာလား။
အိုကေ အိုကေ လာစမ်းပါ သူမကို ပိုက်ဆံတွေ အများကြီး ပေးလိုက်
သို့သော် သူ ပြောလာသည်ကို ကြားလိုက်ရသည်။
“ရိုးရာဓလေ့ထုံးတမ်းဆိုင်ရာ ဝန်ကြီးကို မင်းအတွက် နောက်ကျရင် ကိုယ်လုပ်တော်အဖြစ်ကနေ ရာထူးတိုးပေးဖို့ ပြောထားတယ်”
ယန်ရှုက တစ်ခဏခန့်တွန့်ဆုတ်သွားကာ “ကိုယ်လုပ်တော် အဖြစ်ကနေလား”
တစ်ချိန်တည်းမှာပဲ စစ်စတန်က ထပ်ပြီး စကားပြောလာသည်။
[ချမ်းသာမှုနဲ့ ကြွယ်ဝမှုက အာမခံနဲ့ရတယ်တဲ့ ဂုဏ်ယူပါတယ် လူအိုကြီးရေ]
ယန်ရှု “….”
ဒါကချမ်းသာမှုနဲ့ ကြွယ်ဝမှုကို ရှာဖို့ အကောင်းဆုံးနည်းပဲ။
******
50 01
အပိုင်း 50
ကိုယ်လုပ်တော်ကျင်း ဒါဟာ ယန်ရှု တစ်ခါမှ မမျှော်လင့်ထားခဲ့တဲ့ အရာဖြစ်သည်။
သူမက မောင်းမဆောင်ရဲ့အဆင့်ဟာ သွေးရင်းမိသားစုရဲ့ အဆင့်အတန်းနဲ့ နီးနီးကပ်ကပ် ဆက်စပ်တယ်ဆိုတာကို သိပေသည်။ အဆင့်အတန်းက မြင့်လေလေ သွေးရင်းမိသားစုရဲ့ အဆင့်အတန်းကလည်း မြင့်လေလေဖြစ်သည်။
ဥပမာအားဖြင့် အတိတ်တုန်းကဆိုလျှင် ကိုယ်လုပ်တော်နင်ရဲ့ သွေးရင်းမိသားစုက ဦးရီးတော်ယုံလျန်ရဲ့ စံအိမ်တော်ဖြစ်သည်။ ကိုယ်လုပ်တော်အန်းရဲ့ အဘိုးကဆိုလျှင် ယခု ရိုးရာဓလေ့ထုံးတမ်းဆိုင်ရာဝန်ကြီး ဖြစ်ပေသည်။
သို့သော် သူမရဲ့ဖခင်ကတော့ သေးငယ်တဲ့ကောင်တီလေးက စာအုပ်ထိန်းသိမ်းသူ
အကြီးအကဲတစ်ဦးသာ ဖြစ်သည်…။
ယွီဝိန်းလန်က သူမရဲ့မေးခွန်းကို နားထောင်လိုက်ကာ အပြုံးတစ်ပွင့်နှင့် ပြန်ဖြေလာသည်။
“ကိုယ်တော် မင်းရဲ့ဖခင်ကိုလည်း မြို့တော်မှာ အလုပ်လုပ်နိုင်အောင် ပြောင်းရွှေ့ပေးမယ်။ ပြီးတော့ မင်းရဲ့မိသားစုကိုလည်း မြို့တော်ကို အတူတူပြောင်းရွှေ့ခိုင်းလိုက်ပါ”
ယန်ရှု “…”
သူမအဖေကတောင် ရာထူးတိုးတော့မှာလား။
ပြီးတော့ သူမရဲ့မိသားစုဝင်တွေလည်း မြို့တော်ကို ပြောင်းရွှေ့ရမယ်ပေါ့လေ။
ဒါဆို အနာဂတ်ကျ သူမမှာ အဖွား အမေနဲ့ မောင်လေးတို့ကိုတွေ့ဖို့ အခွင့်အရေးရှိတယ်လို့ ဆိုလိုတာမလား။
ထိုအချိန်မှာပဲ ယွီဝိန်းလန်က ထပ်ပြောလိုက်သည်။
“အခွင့်အရေးရှိမယ်ဆိုရင် ငါကိုယ်တော် သူတို့ကို မင်းနဲ့တွေ့နိုင်အောင် စီစဉ်ပေးမယ်”
ယန်ရှုက သူမရဲ့အံ့အားသင့်မှုကို မထိန်းလိုက်နိုင်ပဲ
“အရှင်မင်းကြီးပြောတာက အမှန်ပဲလား
ယွီဝိန်းလန်က သူ့မျက်ခုံးတို့ကို ပင့်လိုက်ကာ ပြုံးလိုက်ရင်း
“ငါကိုယ်တော်က မင်းကို ဘာလို့လိမ်ရမှာလဲ”
ယန်ရှုက အရမ်းကိုပျော်သွားသည့်အတွက် သူမရဲ့ပါးစပ်တွေ နားရွက်ထိ တက်ချိတ်တော့မတတ် ပြုံးနေတာကို မရပ်နိုင်ဘဲ အလျင်အမြန်ပြောလိုက်သည်။
“ဒီကိုယ်လုပ်တော်က လုံအန်းဧကရာဇ်ကို ကျေးဇူးတင်ပါတယ်”
ပိုက်ဆံအများကြီး မဟုတ်ပေမဲ့လည်း ဒီတစ်ခုကို ပိုတောင်ကြိုက်သေးတယ်။
ဝူးဟူး ငါ့အချစ်ရဆုံးသူတွေကို နောက်ဆုံးတော့ တွေ့နိုင်တော့မယ်။
ယွီဝိန်းလန်ကလည်း သူ့နှုတ်ခမ်းထောင့်တွေကို ပင့်တင်လိုက်ကာ မေးလိုက်သည်။
“အခု ပျော်သွားပြီလား”
“အမ်း..”
ယန်ရှုက သူမရဲ့နှုတ်ခမ်းတွေကို သိပ်ပြီး မရယ်မောမိအောင် အကောင်းဆုံး ကြိုးစားနေပေသည်။
ဟီးဟီး ကြည့်ရတာ ဒီဒဏ်ရာက အချည်းနှီးတော့ ဖြစ်မသွားဘူးပဲ တကယ်ကို ချမ်းသာမှုနဲ့ ကြွယ်ဝမှုတွေကို ရှာဖွေပေးနိုင်တယ်။
ယွီဝိန်းလန် “...”
ချမ်းသာမှုနဲ့အာမခံကိုရှာဖွေပေးတယ်...။
သို့သော် သူမထပ်ပြောလာတာကို ကြားလိုက်ရသည်။
[ဒါဆို အနာဂတ်မှာ ဘယ်လိုအခြေအနေပဲ ဖြစ်ပါစေ အသက်ကိုရင်းရမယ်ဆိုရင်တောင် ဒီပေါင်လုံးကြီးကို တင်းတင်းကြပ်ကြပ် ဖက်ထားရမယ် လာစမ်းပါ]
ယွီဝိန်းလန် “…..”
ဒီလိုဖြစ်ဖို့ လိုလို့လား။
~~~
ဘုရင်မင်းမြတ်က သူပြောခဲ့သလိုပင် လုပ်ပေသည်။ နေ့လည်ခင်းမှာ ကိုယ်လုပ်တော်ကို ကာကွယ်စောင့်ရှောက်ပေးတဲ့တော်ဝင်အမိန့်တော်ကို ထုတ်ပြန်လာသည်။
50 02
ပွဲအခမ်းအနားဆိုင်ရာ စစ်ဆေးရေးအရာရှိချုပ်
ဟူအန်းက ဝတ်စုံပြည့်ဝတ်ဆင်ထားကာ သူ့လက်ထဲ၌ တော်ဝင်အမိန့်တော်ကို ကိုင်ထားရင်း ယန်ရှုကို အပြုံးတစ်ပွင့်နှင့် ပြောလာသည်။
“အမိန်ပြန်တမ်းကို လက်ခံပါ”
ယန်ရှုက နာခံလိုက်ကာ သူမက ယခုထိ “ထိခိုက်ထားဆဲ” ဖြစ်တဲ့အတွက် ရန်တုန်းနဲ့လျန်ရှင်းတို့ရဲ့ အကူအညီကိုယူကာ တရိုတသေ ပြောလာခဲ့သည်။
“ဒီကိုယ်လုပ်တော်က အမိန့်ပြန်တမ်းကို လက်ခံပါတယ်”
ထို့နောက် ဟူအန်းက သူမခေါင်းပေါ်ကနေ ကျယ်လောင်စွာ ရွတ်ပြလာသည်။
“ကောင်းကင်ဘုံရဲ့ကြမ္မာကို လိုက်နာရင်း ဧကရာဇ်ရဲ့တော်ဝင်အမိန့်ပြန်တမ်းကို ထုတ်ပြန်လိုက်သည်။ သခင်မလေးလိက စွမ်းရည်ဂုဏ်သိက္ခာနဲ့ ပြည့်စုံပြီး ရုပ်သွင်ပြင်ကလည်း ထူးချွန်ပေသည်။ အကျင့်စရိုက်သည်လည်း မြင့်မြတ်ပြီး သဘာဝအမူအကျင့်လည်း ကောင်းမွန်ကာ ဥာဏ်ပညာနဲ့လည်း ပြည့်စုံပေသည်။ ထို့ကြောင့် ယခု သူမကို တော်ဝင်ကိုယ်လုပ်တော်အဖြစ် ရာထူး တိုးမြှင့်ပေးလိုက်သည်။ ယိယန်ဟွေ့သိကျစ်ဟွား ဒါကိုလေးစားပါ”
ယန်ရှုက ဦးညွှတ်လိုက်ပြီး
“ဒီကိုယ်လုပ်တော်က လုံအန်းမင်းကြီးကို ကျေးဇူးတင်ပါတယ်”
ကျစ် မျှော်လင့်ထားသလိုပဲ ရေးသားတဲ့ ဝန်ကြီးက တကယ်ကို ပါရမီရှိတာပဲ။
အဲဒီစကားလုံးတွေက ဘယ်လောက်တောင် ကွဲပြားသလဲဆိုတာကို ကြည့်ပါဦး အထူးသဖြင့် နောက်ဆုံးစာကြောင်းပဲ။ သူမတောင် အဲလိုစာလုံးတွေ မရေးနိုင်မှာကို စိုးမိပါရဲ့။
အရမ်းကို စိတ်ခံစားချက်ပြင်းနေပြီး ရန်တုန်းနဲ့လျန်ရှင်းက သူမကို ဂရုတစိုက်နဲ့ ထပ်မံကူညီပေးလိုက်ပြီး နန်းတော်ဝန်းကျင်က လူတွေကလည်း သူမကို ဂုဏ်ပြုလာကြသည်။
“ဂုဏ်ပြုပါတယ် တော်ဝင်ကိုယ်လုပ်တော်ယိဖင်း”
ယန်ရှုကလည်း အလွန်အမင်းပျော် ရွှင်နေပြီး ရန်တုန်းကို လူတိုင်းအား ဆုချီးမြှင့်ရန် အလျင်အမြန် အမိန့်ပေးလိုက်သည်။
အဟမ်း ဘာပဲဖြစ်ဖြစ် အခုသူမက ရာထူးတိုးသွားပြီဆိုတော့ သူမရဲ့လစဉ် အသုံးစရိတ်ကလည်း သုံးဆဖြစ်သွားပြီ ဖြစ်သည်။ ထို့ကြောင့် သူမက ပိုက်ဆံပြတ်လပ် မနေတော့ပေ။
လူတိုင်းက အပျော်လွန်သွားကြပြီး ကျွမ်းဟာလည်း ဝမ်းမြောက်စွာနဲ့ ဆုတော်ကို ယူလိုက်ပြီး သူ့နေရာဆီသို့ ပြန်သွားတော့သည်။ လမ်းလျှောက်ရင်းနဲ့ သက်ပြင်းချကာ-
လပြက္ခဒိန်ရဲ့ ဆယ့်နှစ်လ ဆယ့်နှစ်ရက်မြောက်နေ့မှာ ကွေ့ယိအဖြစ် တိုးမြှင့်ခံရပြီး ပထမလရဲ့ခြောက်ရက်မြောက်နေ့မှာ တော်ဝင်ကိုယ်လုပ်တော်အဖြစ် ရာထူးတိုးခံရတယ်။ မင်းဆက်အားလုံးက နန်းတော်ထဲမှာ ရှားပါးတဲ့ဖြစ်ရပ်ပဲ။
အနာဂတ်က အကန့်အသတ်မဲ့တယ် အနာဂတ်က အကန့်အသတ်မဲ့တယ်။
~~~
ပထမလရဲ့ခြောက်ရက်မြောက်နေ့မှာ တော်ဝင်ညီလာခံရဲ့ နှစ်စဉ်အားလပ်ရက်တွေက ကုန်ဆုံးသွားပြီ ဖြစ်သည်။ ရာမန်အားလုံးသည်လည်း စစ်ဆင်ရေး တစ်ဖန်ပြန်စတင်ပြီဖြစ်ကာ ဘုရင်မင်းမြတ်သည်လည်း အလုပ်ရှုပ်နေတော့သည်။
နှစ်သစ်ရဲ့အစမှာတော့ ယွီဝိန်းလန်က အောင်မြင်ခြင်း ၊ အခွန်သည်းကြပ်ခြင်း ၊ ရှာဖွေရေးလုပ်ငန်းစဉ် ၊ ဆိပ်ကမ်းထိန်းသိမ်းရေးအဖွဲ့ ၊ အရာရှိများပြောင်းလဲခြင်း အစရှိသဖြင့် တော်ဝင်အမိန့်တော်ငါးခုကို အောင်မြင်စွာ ထုတ်ပြန်နိုင်ခဲ့သည်။
ထို့ကြောင့် ဟန်လင်းအကယ်ဒမီရဲ့ပညာရှိ ကျိုးမိုကျုံးကလည်း တော်ဝင်စာကြည့်ဆောင်ထဲမှာ အမိန်ပြန်တမ်းတွေကို အကြမ်းဖျင်းရေးဆွဲရင်း အလုပ်များနေတော့သည်။
နေ့လည်ခင်းမှာ ကောင်းကင်က အရောင်ကျလာချိန်မှာတော့ နောက်ဆုံးတွင် အလုပ်ကိစ္စလည်း ပြီးစီးပြီ ဖြစ်သည်။
ပညရှိကျိုးက ဧကရာဇ် အားလပ်သွားတာကို မြင်လိုက်ချိန်မှာတော့ အလျင်အမြန် ပြောလာသည်။
“အရှင်မင်းကြီး သခင်လေးရှောင်ယောင်အကြောင်း မသိသေးဘူး။ အခုလတ်တလော သတင်းလေးဘာလေးများ ကြားရပါသေးလား”
ရှောင်ယောင်လား။
ယွီဝိန်းလန်က အံ့ဩသွားကာ မေးလာသည်။
“သူနဲ့ ဘာကိစ္စရှိလို့လဲ”
ပညာရှိကျိုးက အလျင်အမြန်ဖြေလာသည်။
50 03
“သေချာပေါက် လုပ်စရာရှိလို့ပါ။ ….အခု ဒီနှစ်လည်း ပြီးသွားပြီဆိုတော့ ဒီသခင်ငယ်လေးက စာအုပ်အသစ်များ ထုတ်ဝေချင်လားလို့ပါ။ စာအုပ်ရောင်းသမားတွေအားလုံးက သူ့နောက်ကို လိုက်ပြီး စာအုပ်အသစ် ဖြန့်ချီပေးချင်နေကြပါတယ်။ မြို့အတွင်းအပြင်မှာရှိတဲ့ လူတွေကလည်း အရမ်းကို စိတ်ဝင်စားနေကြပါတယ်”
ယွီဝိန်းလန် “…”
ယန်ရှုရဲ့နောက်ကိုလိုက်နေတဲ့ စာအုပ်ရောင်းသမားတွေ ရှိနေတာလား။
ထိုသူကပြောလာသည်။
“အမှန်ပဲလား”
ကျိုးမိုကျုံးက လေးနက်နေတဲ့မျက်နှာထားနဲ့ ပြောလာသည်။
“အရှင်မင်းကြီးရှေ့မှာ အဓိပ္ပာယ်မရှိတာတွေ ဘယ်လိုလုပ်ပြီး ပြောရဲပါမလဲ။ တစ်ချို့စာအုပ်ရောင်းသမားတွေဆို စျေးကိုနှစ်ဆတင်ထားပြီးပါပြီ တစ်ချို့လူတွေဆို လက်ဆောင်တွေပို့ဖို့ အိမ်ကိုတောင် ရှာနေကြသေးတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက သခင်လေးရှောင်ယောင်ရဲ့ ဇာတ်လမ်းတွေကို လိုချင်လို့ပါ”
ယွီဝိန်းလန် “…”
ဒါက သူမျှော်မှန်းတာထက်ကို ကျော်နေပြီပဲ။
ထို့ကြောင့် သူကချောင်းဟန့်လိုက်ကာ
“….ကြည့်ရတာ အခုတလော သူက သိပ်နေမကောင်းနေလို့ဖြစ်မယ်။ အဲတော့ သူ့အတွက် စာရေးဖို့ သိပ်အဆင်မပြေဘူး”
ပညာရှိကျိုးက ချက်ချင်းပဲ စိတ်ရှုပ်ထွေးစွာနဲ့ ပြောလာသည်။
“ဖျားနာတာလား။ ကျွန်တော်မျိုး အဲတာက ဘာလဲဆိုတာကိုမသိပါဘူး။ အရမ်းပြင်းထန်ပါသလား။ သမားတော်ရောပြပြီးပါပြီလား။ တစ်ယောက်ယောက်ကို လွှတ်ပေးစေချင်ပါသလား အရှင်မင်းကြီး”
ယွီဝိန်းလန် “…”
သူက ထိုသို့ပြောရုံသာ တတ်နိုင်ပေသည်။
“မလိုဘူး။ သမားတော်ပြပြီးပြီ။ အခုဆို ခဏအနားယူလိုက်ရုံပါပဲ”
ထိုပခါမှသာ ပညာရှိကျိုးက စိတ်သက်သာရာ ရသွားတော့သည်။
ထို့နောက် သူက မေးလိုက်သည်။
“ဒါဆို….ကျွန်တော်မျိုးသိချင်တာက အဲဒီသခင်လေးက ပိုက်ဆံ ပြတ်လပ်နေသေးလား။ လိုအပ်တယ်ဆိုရင် ကျေးဇူးပြုပြီး ဒီဝန်ကြီးကိုပြောပါလို့ စကား ပါးပေးပါဦး…..”
သူစကားပြောတာ မဆုံးခင်မှာပဲ ဘုရင်မင်းမြတ်က မျက်မှောင်ကြုတ်ကာ
“ဘာလို့မေးတာလဲ”
ပညာရှိကျိုးက အလျင်အမြန် ရှင်းပြလာသည်။
“ဒီသခင်လေးက အမြဲတမ်း စာမူခတောင်းဖို့ အလျင်လိုနေတာတွေ့လို့ ကျွန်တော်မျိုး ထင်တာက သူ့အိမ်ရဲ့အခြေအနေက သိပ်မကောင်းဘူးလို့ပါ။ အခုတော့ သူကထပ်ပြီး နေမကောင်း ဖြစ်နေပြန်ပြီ….။ဘာပဲဖြစ်ဖြစ် ဒီလိုပါရမီရှိတဲ့လူမျိုးကို ဆန်မရှိဘဲ ထမင်းချက်လို့ မရဘူးလို့ ခေါ်ရမလား”
ယွီဝိန်းလန် “…”
ဘာကြီး အိမ်အခြေအနေက သိပ်မကောင်းဘူးဟုတ်လား။
သူကအနည်းငယ် ပြောစရာစကား မဲ့သွားကာ ကျိုးမိုကျုံးကို အဖြစ်မှန်ကိုလည်း ရှင်းမပြနိုင်ပေ။ ထို့ကြောင့် သူက သည်းခံလိုက်ကာ ပြောလာသည်။
“သူက ငွေပြတ်နေတာ မဟုတ်ဘူး။ အဲတော့ မစိုးရိမ်ပါနဲ့”
ထိုအခါမှသာ ပညာရှိကျိုးက စိတ်သက်သာရာရသွားပြီး တစ်ခဏ တွေးလိုက်ပြီးနောက် မေးလာသည်။
“ဒါဆို ဒီသခင်ငယ်လေးမှာများ ရေးပြီးသားဇာတ်ညွှန်းမျိုး မရှိဘူးလား။ စာအုပ်ရောင်းသမားတွေက စောင့်ဆိုင်းဖို့ကို စိတ်လှုပ်ရှားနေကြတယ် ရှိတယ်ဆိုရင် ဇာတ်ညွှန်းကို အရင်ထုတ်ဝေဖို့ ပေးခိုင်းလို့ရမလား”
ဒါက…..
ယွီဝိန်းလန်က တစ်ခဏတွေးလိုက်ကာ ပြောလာသည်
“မေးဖို့ ကိုယ်တော့်ကို စောင့်ပေးဦး”
~~~
++++++ 51 01
အပိုင်း 51
ယနေ့ ယန်ရှုက အရမ်းကို အလုပ်များနေပေသည်။
မနက်ခင်းမှာတော့ တိုးမြှင့်ခံရတဲ့ အမိန့်တော်ကို လက်ခံပြီးနောက် ရှန်ယိသတင်းအချက်အလက် ရုံးတော်က နန်းတော်အစေခံတွေက သူမရဲ့ခန္ဓာကိုယ်ကို တိုင်းကာ ရာထူးတိုးမြှင့်တဲ့အတွက် ပုံမှန်ဝတ်နဲ့ အတိတ်နမိတ်ကောင်းတဲ့ အဝတ်အစားတွေကို ချုပ်လုပ်ဖို့ အပ်ချုပ်သမားတွေအတွက် တိုင်းတာပေးလာသည်။
ရှန်ယိသတင်းအချက်အလက် ရုံးတော်က လူတွေ ထွက်ခွါသွားချိန်မှာတော့ စစ်ကျန်းကနေ ရတနာအစုံများစွာ ပေးပို့လာပြီး အားလုံးဟာ လက်ရာမြောက်စွာ ထွင်းထုထားပြီး သာမန်မဟုတ်ပေ။
သူမက ရတနာတွေအားလုံးကို ဘေးဖယ်ထားလိုက်ပြီး နေ့လည်မစားသေးခင်မှာပဲ ဖုဟိုင်က မိန်းမစိုးလေးနှစ်ယောက်ခြံရံကာ သူ့လက်ထဲတွက် သေတ္တာတသ်လုံးကိုင်ထားရင်း ထပ်မံလျှောက်လာနေတာကို မြင်လိုက်ရသည်။
ယန်ရှုက အထူးတဆန်းနဲ့ မေးလိုက်သည်။
“အထိန်းတော်ဖုက ဘာလို့ ဒီကိုလာရတာပါလဲ”
ဖုဟိုင်က ပန်းလေးတစ်ပွင့်ကဲ့သို့ပြုံးကာ
“ဒီအစေခံက အရှင်မင်းကြီးရဲ့အမိန့်အရ တော်ဝင်ကိုယ်လုပ်တော်ယိဖင်းကို ကလေးလေး ဆက်သဖို့ လာတာပါ”
ကလေးလေး။
ယန်ရှုက ရှုပ်ထွေးသွားကာ သူမမှာ ရွေးချယ်စရာမရှိတော့ဘဲ အရင်ဆုံးကျေးဇူးတင်ကြောင်း ပြောလိုက်သည်။
“လုံအန်းဧကရာဇ်ကို ကျေးဇူးတင်ပါတယ်”
သူစကားပြောလိုက်ပြီးနောက် သိချင်စိတ်ဖြစ်စွာနှင့်
“အတိအကျ ဘာကြီးလဲဟင်”
ဖုဟိုင်ကပြုံးလိုက်ကာ ပြောလာသည်။
“မဒမ် သေတ္တာကို ဖွင့်ပြီး တစ်ချက်ကြည့်ကြည့်လိုက်ပါ”
ကျစ် ဘာလှည့်ကွက်တွေ လုပ်နေရပြန်တာတုန်း။
ယန်ရှုက သူမစိတ်ကို ပြင်ဆင်လိုက်ကာ သေတ္တာကို ဖွင့်ခိုင်းလိုက်သည်။ ဧကရာဇ်ကတော့ ဘယ်တော့မှ သူမကို ငွေတုံးနှစ်သေတ္တာပေးမှာ မဟုတ်ပေ။
ထို့နောက်သူမက အပျိုတော်လေးကို သေတ္တာကိုဖွင့်ခိုင်းလိုက်တော့သည်။
မမျှော်လင့်ထားစွာနဲ့ အဖုံးဖွင့်လိုက်ချိန်မှာပဲ သူမရဲ့မျက်လုံးနှစ်ဖက်လုံးက ကန်းလုနီးပါးပင်။
တကယ်ကို ငွေတုံးမဟုတ်ပေ အဲတာ ရွှေတုံးတွေပဲ
အမှန်ပဲ
အစစ်အမှန် ရွှေချောင်းနှစ်သေတ္တာပဲ။ ရွှေရောင်အလင်းက ထွန်းလင်းနေပြီး သူမရဲ့မျက်လုံးတွေကိုပင် ကန်းစေလုနီးပါးပင်
ယန်ရှုက ကြက်သေသေသွားတော့သည်။
တစ်ခဏကြာပြီးမှသာ ဖုဟိုင်ကို မေးဖို့ သတိရတော့သည်။
“ဒါ…ဒါက အရှင်မင်းကြီးက ဘာလို့ဒါကိုပေးတာလဲ။
တကယ်တော့ ဖုဟိုင်က သိပ်နားမလည်ပေ ပညာရှိကျိုးထွက်သွားပြီးပြီးချင်းမှာပဲ အရှင်မင်းကြီးက သူ့ကို ဒါကိုပို့ခိုင်းလိုက်သည်ဆိုတာပဲ သိပေသည်။
ထိုအချိန်မှာပဲ သူမကို ထိုသို့သာ ပြောလိုက်နိုင်သည်။
“သဘာဝကျကျပဲ။ အရှင်မင်းကြီးက တော်ဝင်ကိုယ်လုပ်တော်ကို စာနာထောက်ထားလို့ အထူးချီးမြှင့်လိုက်တာပေါ့”
သူမကို စာနာထောက်ထားတယ်။
ယန်ရှုကလည်း သူမဘာသာ တွေးလိုက်သည် ဖြစ်နိုင်တာက သူမ ရသွားတဲ့ ဒဏ်ရာကြောင့်ပေးတဲ့ ထောက်ပံ့ငွေများလား။
ဖြစ်နိုင်တာပဲ
ဘာပဲဖြစ်ဖြစ် သူက သူမကို ပေးလိုက်ပြီဖြစ်သည် သူမ ခိုးခဲ့တာမဟုတ်ပေ။
51 02
ယနေ့က တကယ်ကို မင်္ဂလာရှိတဲ့နေ့ပင်။ ရာထူးအဆင့်အတန်းနဲ့ ပိုက်ဆံတွေစတဲ့ သတင်းကောင်းတွေက တစ်ခုပြီးတစ်ခု ရောက်လာကာ ရိုးရိုးရှင်းရှင်းနဲ့ သောင်းသောင်းဖြဖြ ကြိုဆိုဖွယ်ရာပင်။
ယန်ရှုက ပျော်ရွှင်စွာ ပြုံးလိုက်ကာ ရန်တုန်အား ဖုဟိုင်ကို ဆုချီးမြှင့်ရန် အလျင်အမြန် အမိန့်ပေးလိုက်သည်။
ဟေး အခုကစပြီး သူမပိုက်ဆံပြတ်လပ်တော့မှာ မဟုတ်ဘူးကွ။ ချမ်းသာသွားပြီ
ဒီရွှေချောင်းနှစ်သေတ္တာက သူမရဲ့နှစ်ဘဝစာလောက် စားဖို့ လုံလောက်တာထက် ပိုပေသည်။
ငါပြောမယ် ဒီဒဏ်ရာက အရမ်းကို ထိုက်တန်တာပဲ
ဒဏ်ရာအမာရွတ် ရှိမယ်ဆိုရင်တောင် သူမပျော်နေဦးမှာပဲ
ဖုစိုင်ကလည်း ဆုကို အပြုံးတစ်ခုနဲ့လက်ခံလိုက်ကာ ကျေးဇူးတင်လိုက်ပြီး လမ်းလျှောက်ရင်းမှလည်း စိတ်ထဲ ခံစားလိုက်ရသည်။
အတိတ်မှာတုန်းကဆိုလျှင် ဘုရင်တွေက သူတို့ရဲ့ကိုယ်လုပ်တော်တွေကို ချီးမြှင့်သည်မှာ ရတနာ ပိုးထည် သို့မဟုတ် အမျိုးမျိုးသော ရှားပါးရတနာတွေ ဖြစ်သည်။
ကံကောင်းစွာနဲ့ အရှင်မင်းကြီးက သူမကို လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ရွှေပန်းကန်လုံးတစ်လုံးပေးခဲ့သေးကာ ဒီနေ့လည်း ရွှေချောင်းနှစ်သေတ္တာကို တိုက်ရိုက်ပဲ ပေးအပ်လာပြန်သည်။
ဒီအချက်က မိဖုရားကို ပျော်ရွှင်စေပြီး အခုလေးတင် သူမ ဘယ်လောက် ပျော်နေသလဲဆိုတာကို မြင်လိုက်ရကာ သူမမျက်လုံးတွေဆိုလျှင် ရယ်မောရတာကြောင့် ပျောက်ကွယ်လုနီးနီးပင် ဖြစ်သည်။
ကျစ် ကျစ် ဒါကကောင်းကင်ဘုံကနေ စုံဖက်ပေးထားတဲ့ တကယ့်အတွဲပဲ။
အရမ်းကို လိုက်ဖက်ညီတယ်။
~~~
ရွှေချောင်းနှစ်သေတ္တာက ကောင်းကင်ကနေကျလာပြီး ယန်ရှုကလည်း အရမ်းကို ပျော်ရွှင်နေပေသည်။
နေ့လညိက လူမမာစာကတောင် အရသာရှိနေပေသည်။
ဟေး အခုဆီနည်းပြီး ဆားနည်းတော့ရော ဘာအရေးလဲ။
အခုကစပြီး အစပ်တွေကို သူမစိတ်တဲ့အတိုင်း စားလို့ရတော့မည် ဖြစ်သည်။
အခု သူမကတော်ဝင်ကိုယ်လုပ်တော် ရာထူးကို တိုးသွားပြီဆိုတော့ အစားအသောက်ကလည်း ပိုပြီး ကောင်းလာလောက်တယ်။
နေ့လည်စာကို ပျော်ပျော်ရွှင်ရွှင်စားပြီးနောက်မှာ နေ့လည်ခင်းတစ်ရေးအိပ်တာကနေ ပျော်ပျော်ရွှင်ရွှင်နဲ့ နိုးလာခဲ့သည်။
ဟားဟား အခု သူမက ဧကရာဇ်ရဲ့ပေါင်ကို တင်းကြပ်စွာဖက်ထားနေသရွေ့ သူမမှာ ပိုက်ဆံ အာဏာနဲ့ ရာထူးရှိနေမည် ဖြစ်သည်။ ချမ်းသာပျော်ရွှင်ဆိုတာကို လုံးဝကို မေ့ထားလို့ရပြီ။
ယန်ရှုက တစ်နေ့တာရဲ့အများစုမှာ အရမ်းကို ပျော်ရွှင်နေပြီး ညနေဘက် ယွီဝိန်းလန်လာချိန်မှာတောင် သူမကပြုံးနေဆဲပင်။
“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးကို နှုတ်ခွန်းဆက်ပါတယ်”
သူမက ဘေးဘက်ကနေ လက်တစ်ဖက်တည်းနှင့် အလေးပြုလာပြီး သူမရဲ့အသံက ခါတိုင်းထက် များစွာချိုမြိန်နေပေသည်။
ကျစ် ကျစ် ဒါက သူမရဲ့ရွှေပေါင်လုံးကြီးတွေလေ။
ကြည့်စမ်းပါဦး ဘယ်လောက်ထူ ဘယ်လောက်ကြီး ဘယ်လောက်ချောမောသထက် ချောမောလိုက်သလဲ။
ယွီဝိန်းလန် “….”
ဘာလို့ တချွင်ချွင် မြည်နေရသေးတာလဲ။
ပြီးတော့ သူ့ကိုရည်ညွှန်းတဲ့ “ရွှေပေါင်လုံး” ဆိုတာကရော ဘာကြီးလဲ။
အဟွတ် ဒါက ဘာလို့ သူ့ကိုရှက်အောင် လုပ်နေရတာလဲ… ။
သို့သော် သူမကိုယခုလိုမြင်ရသည်က သူသည်လည်း စိတ်ကောင်းဝင်နေကာ နူးညံ့စွာပြောလိုက်သည်။
“ဒဏ်ရာကရော ပိုကောင်းလာပြီလား။ အချိန်မီ ပက်တီး လဲသေးလား”
51 03
ယန်ရှုက လျင်မြန်စွာ ခေါင်း။လိုက်ကာ
“စိတ်ပူပေးတဲ့အတွက် အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ် ဒီကိုယ်လုပ်တော်ရဲ့ ဒဏ်ရာက အတော်လေး ပျောက်ကင်းနေပါပြီ။ ပြီးတော့ တော်ဝင်သမားတော်ကလည်း အချိန်မီလာရောက်ပြီး ဒီကိုယ်လုပ်တော်ကို လဲလှယ်ပေးပါတယ်။ သူပြောတာကတော့ နှစ်ရက် သုံးရက်အတွင်း ပျောက်ကင်းသွားမယ်လို့ ပြောပါတယ်”
ယွီဝိန်းလန်က ခေါင်းညိတ်လိုက်ကာ ထပ်ပြောလိုက်သည်။
“သိပ်မကြာခင် ပြန်ကောင်းလာတော့။ ဒါမှ မင်းလုပ်ချင်တာ လုပ်လို့ရမှာ။ ဒီနေ့ အပြင်ဘက်က စာအုပ်ရောင်းသမားတွေ အများကြီးက မင်းရဲ့ဇာတ်ညွှန်းအတွက် လာမေးနေကြတယ်။ ဒါပေမဲ့ မင်းက နေမကောင်းနေဆဲဆိုတော့ သူတို့တွေကို စောင့်ဆိုင်းနေဖို့ပဲ ပြောနိုင်တယ်”
ထိုစကားတွေ ထွက်လာသည်နှင့် ယန်ရှုက တွန့်ဆုတ်သွားကာ
“အရှင်မင်းကြီးပြောတာက အမှန်ပဲလား။ ဒီကိုယ်လုပ်တော်ရဲ့ဇာတ်ညွှန်းကို ထုတ်ဝေချင်တဲ့ စာအုပ်ရောင်းသမားတွေ အများကြီး ရှိနေတာလား”
ယွီဝိန်းလန်က ပေါ့ပါးစွာနဲ့ ခေါင်းညိတ်ပြလိုက်သည်။
“သေချာတာပေါ့ အမှန်ပဲ ကိုယ်တော်က ဘာလို့လိမ်ရမှာလေ”
သို့သော် သူမက ရုတ်တရက်စိတ်ရှုပ်သွားပြီး
“ဒါဆိုလည်း အရှင်မင်းကြီးက ဒီလိုကိစ္စကောင်းကို ဘာလို့ ငြင်းနိုင်ရတာလဲ။ ကိုယ်လုပ်တော်ရဲ့ညာလက်က အခုသက်သာသွားပါပြီ။ အလုပ်မလုပ်ဘူးဆိုရင်တောင်
ကျွန်တော်မျိုးမရဲ့ဘယ်လက်နဲ့ ရေးနိုင်သေးတယ်”
ယွီဝိန်းလန် “...ဘယ်လက်နဲ့လဲ ရေးနိုင်တာလား”
“သေချာပေါက်ပဲ”
ယန်ရှုက လျင်မြန်စွာ ခေါင်းညိတ်ပြကာ
“နည်းနည်းနှေးသွားရုံပါပဲ တကယ်ကိုမဆိုးဘူး။ ဒီကိုယ်လုပ်တော်က ပါးစပ်နဲ့ ကိုက်ပြီးတော့လည်း ရေးနိုင်သေးတယ်”
ယွီဝိန်းလန် “….”
ပါးစပ်နဲ့ကိုက်ပြီး စာရေးတယ်။
တွေးကြည့်လိုက်မှ သူမရဲ့ညာလက်နဲ့ရေးတာတောင်မှ မှတ်မိနိုင်ရုံလေးပဲကို။
မင်းရဲ့ပါးစပ်နဲ့ ရေးမယ်ဆိုရင် ဖတ်နိုင်သေးရဲ့လား။
ကျစ် သူက သူမ စာရေးဖို့ စုတ်တံကို တကယ်ကိုက်လိုက်မှာကိုတောင် နည်းနည်းလန့်လာပြီ။ ထို့ကြောင့် သူမကို မစတော့ပဲ အမှန်တရားကို ပြောလာသည်။
“သူတို့က မင်းမှာများ ရေးပြီးသား ဇာတ်ညွှန်းတွေ ရှိသေးလားလို့ မေးခိုင်းနေတယ်။ တကယ်လို့ ရှိတယ်ဆိုရင် သူတို့ကို အရင်ပေးထားလို့ရတယ်”
“ဟုတ်ကဲ့ ဟုတ်ကဲ့”
******