အခန်း (၅၈-၆၀)
Vol. 4 Ch. 58-60
58 01
အပိုင်း 58
သူမတို့ တိုက်ခိုက်တော့မဲ့ အချိန်မှာပဲ ရုတ်တရက် တော်ဝင်ရထားလုံးက ချဉ်းကပ်လာတာကို တွေ့လိုက်ရပြီး ထို့နောက်မှာတော့ လုံးဝရပ်တန့်သွားကာ ဧကရာဇ်က အပေါ်ကနေ ဆင်းလာပေသည်။
ယွီဝိန်းလန်က အနက်ရောင် နဂါးဝတ်ရုံကို ဆင်မြန်းထားကာ ခက်ထန်တဲ့မျက်နှာထားနဲ့ ဓားကဲ့သို့ မျက်လုံးတွေနှင့်ပင်။ ကိုယ်လုပ်တော်နင်က သူမရဲ့ခေါင်းကို လျင်မြန်စွာညွှတ်လိုက်ပြီး အရိုအသေ ပေးလာသည်။
“အရှင်မင်းကြီးကို နှုတ်ခွန်းဆက်ပါတယ်”
ယန်ရှုကလည်း နောက်ကနေ လိုက်ပြောလာသည်။
ယွီဝိန်းလန်က ထိုသို့သာ ပြောလာသည်။
“အပြင်ဘက်မှာ အေးတယ်။ နန်းတော်ထဲကို မဝင်သေးဘဲ ဒီနေရာမှာ ဘာလုပ်နေတာလဲ။”
ကိုယ်လုပ်တော်နင်က ဘာမှမပြောရဲပဲ “မှန်လှပါ”ဟုသာ ပြောနိုင်ကာ ရှန်းကျားနဲ့အတူ ဝင်သွားတော့သည်။
ခန်းမထဲ ဝင်ပြီးနောက်မှာတော့ သူတို့ရဲ့နေရာတွေကို တစ်ယောက်ပြီးတစ်ယောက် ယူလိုက်ကြတော့သည်။
ဧကရီမယ်တော်ကြီး ရောက်လာပြီး သိပ်မကြာခင်မှာပဲ ကိုယ်လုပ်တော်အန်းကလည်း သူမရဲ့ဘေးမှာ ပါလာပေသည်။
ကိုယ်လုပ်တော်ကျိုးက တစ်ခဏခန့် တိတ်သွားပြီး ချက်ချင်းပဲ ထက်ရှနေတဲ့အကြည့်တွေကို ပစ်သွင်းလာတော့သည်။
ကောင်းပြီလေ ဆိုတော့ ဒီမိန်းမပျက်က သူမရဲ့စကားကို တကယ်ကိုနားမထောင်ပဲ နေရဲတာပဲ။
လက်စသတ်တော့ သူမက ဧကရီမယ်တော်ကြီးအပေါ် တွယ်တက်သွားတာကိုး။
ကိုယ်လုပ်နော်နင်က ရွဲ့တဲ့တဲ့ပြုံး ပြလာသည်။
ဒီရူးနေတဲ့မိန်းမကို အခု သူ့ရဲ့ဆွေမျိုးတွေက သစ္စာဖောက်သွားပြီး သူမရဲ့အဒေါ်ရင်းဖြစ်တဲ့ ဧကရီမယ်တော်ကြီးကတောင် သူမကို စွန့်ခွာသွားပြီလေ။ အဲဒါကို သူမမှာစိတ်ကြီးဝင်ဖို့ ဘယ်က အခွင့်ရှိနေလို့လဲ။
လူတိုင်းက ဧကရီမယ်တော်ကြီးကို အလေးပြုပြီးနောက်မှာတော့ အကြီးဆုံးမင်းသမီးကြီးနဲ့ သူမရဲ့သားမက်ဖြစ်သူ ကျောက်ချန်းဝမ်ို့က နန်းတော်ထဲကို ဝင်လာပေသည်။
-နှစ်သစ်ကူးသုံးရက်မြောက်နေ့က လုပ်ကြံမှုကြောင့် နန်းတော်ဟာ လတ်တလော အလွန်ပင် သတိထားနေခဲ့တာ ဖြစ်သည်။ ရှန်းယွမ်ပွဲတော်နေ့အတွက် ဧကရာဇ်နဲ့ ဝန်ကြီးချုပ်တွေအတွက် ညစာစားပွဲဟာလည်း ဖျက်သိမ်းခံလိုက်ရပြီး ဧကရီမယ်တော်ကြီးနှင့် ကိုယ်လုပ်တော်တွေကလွဲလျှင် အကြီးဆုံးမင်းသမီးကြီးနဲ့ သူမရဲ့သားမက်တော်တို့ကသာ ညစာစားပွဲကို ဖိတ်ကြားခံထားရတာ ဖြစ်သည်။
အကြီးဆုံးမင်းသမီးကြီးရဲ့အရှိန်အဝါကတော့ သန်မာနေဆဲပင်။ ပတ်လည်ကို ကြည့်လိုက်ချိန််မှာ လူအုပ်ထဲက မည်သူကမှ သူမကို မယှဉ်နိုင်ပေ။ သူမ နီးကပ်လာချိန်မှာတော့ ဧကရာဇ်နဲ့ ဧကရီမယ်တော်ကြီးကို အရိုအသေ ပေးလိုက်သည်။
“ကျန်းမာချမ်းသာပါစေ”
အတော်လေး ကောင်းတယ်။ သူက နန်းတော်ထဲက ကိုယ်လုပ်တွေကို လုံးဝအာရုံမစိုက်ဘူးပဲ။
ဆန့်ကျင်ဘက်အနေနှင့် သူမဘေးက သားမက်ဖြစ်သူကတော့ နှုတ်နည်းနေဆဲပင်ဖြစ်ကာ ခင်ပွန်းရဲ့ဘေးနားမှာ ရှက်တတ်တဲ့ချွေးမလေးလို အရိုအသေသာ ပေးလာသည်။
ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ပြလိုက်ပြီး
“အရမ်းယဉ်ကျေးနေစရာ မလိုပါဘူး။ ငါတို့အားလုံးက ငါတို့ရဲ့ကိုယ်ပိုင်မိသားစုထဲကပဲလေ နေရာယူပါ”
အကြီးဆုံးမင်းသမီးကြီးက နာခံလိုက်ကာ သူမရဲ့သားမက်ဖြစ်သူကို နေရာသို့ ခေါ်သွားလိုက်သည်။
သူမမျက်လုံးထောင့်က ကိုယ်လုပ်တော်နင်ကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
ကိုယ်လုပ်တော်နင်ဟာ တစ်ခဏခန့် ယုံကြည်ချက်ရှိသွားတော့သည်။
-အဲ့ဒီအရူးမကိုယ်လုပ်တော်ကျိုးက ဧကရီမယ်တော်ကြီးကို ဆုံးရှုံးလိုက်ရပေမဲ့ သူမမှာ သူမရဲ့အဒေါ်ဧကရီမယ်တော်ကြီး ရှိသေးသည်။ ထို့ကြောင့် သူမကသာ အနိုင်ရသူပင်။
58 02
အခုလူတိုင်းက ဒီမှာရှိနေသည့်အတွက် ညစာစားပွဲလည်း စတင်ပြီပင်။
လူတိုင်းဟာ ဧကရီမယ်တော်ကြီးနဲ့ ဘုရင်မင်းမြတ်ကို အရင်ဆုံး အပြန်အလှန် ဆက်သလိုက်သည်။ ဧကရီမယ်တော်ကြီးက သက်ပြင်းချကာ
“နှစ်သစ်က မျက်တောင် တစ်ခတ်အတွင်း ရောက်လာတော့မှာပဲ လွန်ခဲ့တဲ့လဝက်တုန်းက ဖြစ်ခဲ့တဲ့ကိစ္စက တကယ်ပဲ ကြောက်စရာ ကောင်းလွန်းတယ်။ တာဝန်တွေကို ဘေးဖယ်ထားပြီး လက်ရှိကိုသာ တန်ဖိုးထားမြတ်နိုးဖို့ မျှော်လင့်ပါတယ်”
လူတိုင်းက တစ်ညီတစ်ညွတ်တည်း တုံ့ပြန်လိုက်ပြီး အတွင်းဝန်ကေောက်ဖန်းက တေးသံနှင့်ကပြဖျော်ဖြေနေစဉ်မှာပဲ သူတို့တွေက အသီးအရွက်တွေ စားလိုက်ကာ တစ်ယောက်ပြီးတစ်ယောက် ဝိုင်သောက်လိုက်ကြတော့သည်။
တစ်ခဏခန့်သောက်နေပြီးနောက်မှာတော့ ဧကရီမယ်တော်ကြီးက ယွီဝိန်းလန်ကို ပြောလာသည်။
“နွေဦးက ရောက်လာပြီ။ ပူဇော်ပစ္စည်းတွေကလည်း တိုင်းပြည်အနှံ့ကနေ ရောက်လာပြီးပြီ။ သခင်နဲ့အစေခံတွေကလည်း နွေဦးအဝတ်တွေကို ပြောင်းလဲ ဝတ်ဆင်နေကြပြီ။ နန်းတော်ထဲက အရာအားလုံးကလည်း ရှုပ်ထွေးနေပြီး အိုက်ရဲ့မိသားစုက အတွင်းရေးကိစ္စစီမံရုံးတော်ကို တစ်ချက်လောက်ကူကြည့်ပေးဖို့ တစ်ယောက်ယောက်ကို ရှာပေးချင်တယ်။ အဲဒါမှ သူတို့ပြောသလို တစ်ခုခု မှားမသွားမှာ”
ထိုစကားတွေ ထွက်လာသည်နှင့် လူတိုင်းက ရပ်တန့်သွားကြသည်။
ဧကရီမယ်တော်ကြီးက ဘယ်သူ့ကို ရာထူးတိုးပေးဖို့ ကြံစည်နေတာလဲ။
ကိုယ်လုပ်တော်ကျိုးဟာ သိသိသာသာကိုပင် လက်လျှော့ခံလိုက်ရပြီ ဖြစ်သည် ကိုယ်လုတော်နင်က အကြီးဆုံးမင်းသမီးကြီးနဲ့ သက်ဆိုင်တာဖြစ်ပြီး ဧကရီမယ်တော်ကြီးက သူမကို လုံးဝကို အသုံးပြုလို့ မရနိုင်ပေ။ ဒီလိုဆို ကိုယ်လုပ်တော်အန်းကသာ ကျန်ရှိတဲ့တစ်ယောက်တည်းသော သူပဲ။
မမျှော်လင့်ထားစွာနဲ့ အကြီးဆုံးမင်းသမီးကြီးက ချက်ချင်းပြောလာခဲ့သည်။
“မယ်တော်သာ မကြိုက်ဘူးဆိုရင် သမီးတော် တစ်ယောက်ယောက်ကို ထောက်ခံပေးနိုင်ပါတယ်။ ကိုယ်လုပ်တော်နင်က တွေးခေါ်တတ်ပြီး စေ့စပ်တိကျတဲ့အတွက် ဒီအရေးကြီးတာဝန်ကို ယူပေးနိုင်ပါတယ်”
ထိုအရာကို ကြားလိုက်ချိန်မှာတော့ အသီးအရွက်စားနေတဲ့ ယန်ရှုက သူမရဲ့နှလုံးသားထဲကနေ ကျစ် ကျစ်ဟု စုတ်သပ်လာပြီး အကြီးဆုံးမင်းသမီးကြီးက တကယ်ကို ကြမ်းတမ်းတာ။ပဲ ဧကရီမယ်တော်ကြီးက ကိုယ်လုပ်တော်အန်းကို သိသိသာသာကို တိုးမြှင့်ပေးချင်နေတာကို သူမက ကိုယ်လုပ်တော်နင်ကို ထောက်ခံနေတယ်။ ဒါက ဧကရီမယ်တော်ကြီးကို လက်ခံဖို့ တွန်းအားပေးနေတာပဲ မဟုတ်ဘူးလား။
သို့သော် ဧကရီမယ်တော်ကြီးကလည်း သတ်သတ်လွတ်သမား မဟုတ်ပေ။ ထို့ကြောင့် သူမအတွက်သဘောတူဖို့က လုံးဝကိုမဖြစ်နိုင်ပေ။
သေချာပေါက်ပင် ဧကရီမယ်တော်ကြီးက ပြုံးကာ ပြောလာသည်။
“မင်းတို့တွေက နန်းတော်အပြင်ဘက်မှာ ရှိတာ အတော်လေးကြာနေပြီ ထင်တယ်။ နန်းတော်ထဲမှာ မြင်ရသလောက် မမှန်နေဘူးပဲ။ စေ့စပ်သေချာမှုကိုပြောမယ်ဆိုရင် ကိုယ်လုပ်တော်အန်းက ပိုကောင်းတယ်။ အိုက်မိသားစုရဲ့အတွေးကတော့ သူမကို လုပ်ခိုင်းတာပဲ”
ထိုစကားလုံးတွေရဲ့ အဓိပ္ပာယ်က သိသာပေသည်။ လက်ထပ်ထားတဲ့ အကြီးဆုံးမင်းသမီးကြီးလို သမီးတစ်ယောက်က လုပ်လိုက်တဲ့ရေပွက်က နန်းတော်ရဲ့အရေးကိစ္စတွေကို စွက်ဖက်ဖို့ ဘာအခွင့်အရေးရှိမှာတဲ့လဲ။
စိတ်လှုပ်ရှားစွာနဲ့ တိတ်တဆိတ်ကြည့်နေတဲ့ ယန်ရှုက သူမကို ကောင်းတယ်ဟု ပြောလာသည်။ သေချာပေါက်ပင် ကျန်းက အရွယ်ကြီးရင့်နေပြီး မိုက်နေဆဲပင်။ ဧကရီမယ်တော်ကြီးက ထိုကဲ့သို့ပြောပြီးနောက်မှာတော့ အကြီးဆုံးမင်းသမီးကြီးချန်ချန်းနှင့် ကိုယ်လုပ်တော်နင်တို့က ထပ်ပြီးပြောမလာနိုင်ပေ။
58 03
မမျှော်လင့်ထားစွာနဲ့ အကြီးဆုံးမင်းသမီးကြီးက အရှုံးမပေးဘဲ ထပ်ပြောလာသည်။
“ကိုယ်လုပ်တော်အန်းက ကောင်းပါတယ်။ ဒါပေမဲ့ သူမရဲ့နေရာအတွက်ဆို…..”
သူမပင် စကားမဆုံးခင်မှာပဲ ဧကရီမယ်တော်ကြီးက ထပ်မံရယ်မောလာပြီး
“နေရာကယာယီပါပဲ။ အတွင်းရေးရုံးတော်ကိစ္စကို တစ်ယောက်တည်းကပဲ ကူညီပေးရုံပဲ။ သူတို့အားလုံးက ကျွမ်းကျင်သူတွေပဲလေ။ အတွင်းရေးရုံးတော်က ဟင်းပွဲမှာဖို့ကို တစ်ခြားသူတွေဆီ မှီခိုမှာတဲ့လား။”
ထိုစကားတွေထွက်လာသည်နှင့် ဘေးဘက်မှာ စောင့်ဆိုင်းနေတဲ့ အတွင်းရေးရုံးတော်အကြီးအကဲ ကျိန်းလိုင်ရွှမ်းက ချက်ချငိးပဲ ဒူးထောက်ချလိုက်ပြီး ပြောလာသည်။
“ကျွန်တော်မျိုး မလုပ်ရဲပါဘူး”
ဧကရီမယ်တော်ကြီးက ခေါငိးညိတ်ကာ ပြုံးလိုက်ပြီး
“အဲလိုပြောမှပဲ ကိုယ်လုပ်တော်အန်းကို လာခိုင်းလိုက်ပြီး သူမသာ ကောင်းကောင်းမလုပ်ဘူးဆိုရင် သူမကို လဲပစ်လိုက်ပါ”
လေသံက ငြင်သာနေပေမဲ့ အဓိပ္ပာယ်က အလွန်အမင်းကို ပြင်းထန်လှသည်။
စကားပြောအပြီးမှာတော့ ကိုယ်လုပ်တော်အန်းက လျင်မြန်စွာ ထရပ်လိုက်ပြီး ပြောလာသည်။
“ဒီကိုယ်လုပ်တော်က စိုးမိပါတယ်။ ဘာလို့ဆို ကျွန်တော်မျိုးမကက တုန်ယင်ပြီး ဒီအရေးကြီးတဲ့တာဝန်ကို မယူနိုင်မှာကို စိုးမိလို့ပါ”
ဧကရီမယ်တော်ကြီးက ပြောလာသည်။
“အိုက်မိသားစုရဲ့ ယုံကြည်မှုကို မဖျက်စီးနဲ့ ကောင်းကောင်းသာ လုပ်ပါ”
ဒါက အန်းဖင်းနာခံသင့်တာပင် ထို့နောက် သူမက ပျော်ရွှင်စွာနဲ့ ပြန်ထိုင်ချလိုက်သည်။
ကိုယ်လုပ်တော်နင်က သေချာပေါက်ကိုပင် ဒေါသထွက်နေပေသည်။
သို့သော် သူမက ဒီအခွင့်အရေးကို လက်လွှတ်မခံပဲ သူမရဲ့ရန်သူဟောင်းကို ထိုးနှက်လိုက်သည်။
ထို့ကြောင့် သူမကပြုံးလိုက်ပြီး ကိုယ်လုပ်တော်အန်းကို ပြောလိုက်သည်။
“ကိုယ်လုပ်တော်အန်းက ကိုယ်လုပ်တော်ကျိုးရဲ့နောက်ကို လိုက်နေကျမလား။ သူမက အရည်အချင်းကောင်းတွေ အများကြီး သင်ခဲ့ပုံရတယ်။ သူမအတွက် ဒီအလုပ်က အရည်အချင်း မှီလောက်မှာပါ”
ဒါကိုကြားလိုက်ချိန်တွင် ကိုယ်လုပ်တော်အန်းက ရပ်သွားပြီး ကိုယ်လုပ်တော်ကျိုးကတော့ ပေါက်ကွဲတော့မလိုပင်။
ဒီမိန်းမပျက်။ သူမကို ဘယ်လိုတောင် အဲလိုလှောင်ပြောင်ရဲရတာလဲ။
ထို့ကြောင့် သူမကပြုံးလိုက်ကာ ပြောလာသည်။
“ကိုယ်လုပ်တော်နင်က မဆိုးဘူးပဲ။ စကားမစပ် ဘယ်သူက မင်းနဲ့အတူရှိနေတာလဲ။ ကျွန်မဖြင့် မမြင်မိတာ အတော်ကြာရောပေါ့ သေချာတော င်မမှတ်မိတော့ဘူး”
…..
ယန်ရှုက ဘေးဘက်တွင် တိတ်တဆိတ်ပုန်းကာ အသီးအရွက်စားရင်း တိုက်ပွဲကို ကြည့်နေပေသည်။
-တိုက်ခိုက်ကြ တိုက်ခိုက်ကြ။
သူမက ပျင်းရိလာပြီး ဘယ်သူက ပိုပြီးအစွမ်းရှိသလဲဆိုတာကိုသိရဖို့ ဒီလူစုံတက်စုံ လိုက်ရှုပ်ထွေးနေတာကို မကြည့်ရမှာလဲ။ အနာဂတ်မှာ ပုံပြင်စာအုပ်ရေးဖို့ အတွေ့အကြုံကနေ သင်ယူနိုင်လောက်တယ်။
ပျင်းရိနေပြီး သူမကို တိတ်တဆိတ် အာရုံစိုက်နေတဲ့ ယွီဝိန်းလန် “…..”
ပုံပြင်ထဲမှာ ရေးဖို့ တွေးနိုင်တယ်လား။
ရူးသွားတာ များလား။
မမျှော်လင့်ထားစွာနဲ့ သူမက စိတ်လှုပ်တရှားနဲ့ ကြည့်နေစဉ်မှာပဲ စားဖို့ကိုလည်း မမေ့သေးပေ။ ထို့နောက် သူမက အခုလေးတင် တည်ခင်းလာတဲ့ သိုးသားပူပူလေးတစ်ချောင်းကို စားလိုက်သည်။
[ကောင်းလိုက်တာ ဒီသိုးသားက အရမ်းအရသာရှိတာပဲ။ တစ်ချက် ကိုက်လိုက်တာနဲ့ အဆီနဲ့ပြည့်သွားပြီး နှုတ်ခမ်းနဲ့သွားတွေမှာ အနံ့အရသာ ကျန်နေခဲ့လိမ့်မယ်]
58 04
[ဒီမွှေးပျံ့ညကျောက်စိမ်းစွပ်ပြုတ်ကလည်း အရသာရှိပြီးရင်း ရှိနေတာပဲ။ ချွဲကျိကျိဖြစ်တာကိုလဲ ပျောက်စေတယ်။ အထူးသဖြင့် ဒီဝမ်ရှန်းယွီပဲ အရမ်းကို တန်ဖိုးကြီးတယ်။ တစ်နှစ်မှာ ဟင်းပွဲ ဘယ်လောက် စားနိုင်မလဲမသိဘူး။ ရွာကိုလွမ်းရင် ဒီဆိုင်က ရှိပါ့မလားပဲ]
ယွီဝိန်းလန် “…..”
သေချာပေါက်ပဲ။ ဘယ်ဟာကမှ သူမရဲ့စားချင်စိတ်ကို မသက်ရောက်စေဘူး။
အဲဒါက သဘာဝပဲ
ယန်ရှုအတွက် အရသာရှိတဲ့အစားအစာတွေစားနေရင်း စိတ်လှုပ်ရှားမှုကို ကြည့်ရတာက ကမ္ဘာပေါ်မှာ အပျော်ဆုံးပဲ။
သူမပျော်ပွဲရွှင်ပွဲကို ကြည့်နေစဉ်မှာလည်း မှတ်ချက်ပေးဖို့ မမေ့သေးပေ။-
ဧကရီမယ်တော်ကြီးနဲ့ အကြီးဆုံးမင်းသမီးကြီးတို့က စပြီးလှုပ်ရှားလာပြီ ဧကရီမယ်တော်ကြီးက ပိုပြီးတော့ အင်အားကြီး အရင်းအမြစ်ကြွယ်ဝပြီး အကြီးဆုံးမင်းသမီးကြီးကတော့ သတ္တိရှိပေမဲ့ အကြံသမား မဟုတ်ဘူး။
ကိုယ်လုပ်တော်ကျိုးနဲ့ ကိုယ်လုပ်တော်နင်တို့ကတော့ အတော်လေး ကွဲပြားကြသည်။ တစ်ယောက်က “အပြစ်ပေးခံရပြီး ပြန်လွတ်လာတယ်”
သို့သော် ဧကရီမယ်တော်ကြီးက ကိုယ်လုပ်တော်ကျိုးကို လက်လျှော့လိုက်ပေမဲ့ အကြီးဆုံးမင်းသမီးကြီးကတော့ ကိုယ်လုပ်တော်နင်ကို ကူညီနေဆဲပင်။ ဒီလိုသာဆို ကိုယ်လုပ်တော်နင်က ပိုပြီးကံကောင်းရမယ်။
သူမ ထိုအတိုင်းတွေးနေစဉ်မှာပဲ စစ်စတန်က နှာမှုတ်လာသည်ကို ကြားလိုက်ရသည်။
[ကိုယ်လုပ်တော်နင်က စိတ်မချရဘူး။ သူမရဲ့ဦးလေးက အပြင်ဘက်မှာ အခန်းတွေအများကြီး သိမ်းထားတယ်။ အကြီးဆုံးမင်းသမီးကြီးသာ ဒါကိုသိရင် အခြေခံကျကျနဲ့ ပြီးပြီပဲ]
ယန်ရှု […]
ဘယ်လိုတောင် စိတ်ဝင်စားစရာကောင်းတဲ့ ဖရဲသီးလဲ။
..
******
59 01
အပိုင်း 59
ဒီစိတ်ဝင်စားစရာ ဖရဲသီးကို စစားပြီ ဆိုမှတော့ မင်း သေချာပေါက် ကောင်းကောင်း စားသင့်တာပေါ့။
ယန်ရှုက ပွဲတော်ကို အာရုံစိုက်နေရာမှာ ချက်ချင်း အတွေး ရုပ်သိမ်းလိုက်ပြီး စနစ်ကို ပြောလိုက်သည်။ [အကြီးဆုံးမင်းသမီးက အရမ်းသန်မာတာတောင် သူမရဲ့ သားမက်တော်ကတော့ အမြောင်မယား ထားရဲသေးတာလား။ သူက တကယ့်ကို လုပ်ရဲကိုင်ရဲ ရှိတာပဲ]
ကိုယ်လုပ်တော်ကျိုး၊ ကိုယ်လုပ်တော်နင်၊ ဧကရီမယ်တော်ကြီး၊ မင်းသမီးနှင့် တခြားသူများ နှင့်အတူ ပျင်းရိငြီးငွေ့နေသော ယွီဝိန်းလန်က မေးမိတော့သည်။ “????” ဘာလဲ။
ကျောက်ချန်းဝမ်က အမြောင်မယား ရှိတာလား။
စနစ်က ဖြည်းညင်းစွာ ပြောလာသည်။ “ဒါက ကြင်ရာတော် (သားမက်တော်) ကျောက်ချမ်းဝမ်ကနေ စပြောရမှာပဲ။ သူက တော်ဝင်စာမေးပွဲမှာ တတိယအဆင့် ရခဲ့တယ်။ သူက အတော်လေး စွမ်းဆောင်နိုင်ပြီး ကြည့်ကောင်းတယ်။ ပြီးတော့ အထက်တန်းလွှာက သားတစ်ယောက်လည်း ဖြစ်သေးတယ်။ သူ တော်ဝင်စာမေးပွဲကို အောင်မြင်ပြီးတော့ အကြီးဆုံးမင်းသမီးက သူ့ကို အကြည့်တစ်ချက်နဲ့တင် ကြွေသွားပြီး သူမခမည်းတော် ဧကရာဇ်ဆီ လက်ထပ်အမိန့်တော် ချက်ချင်း တောင်းဆိုခဲ့တာ”
ယန်ရှုက လျှာတောက် လိုက်မိသည်။ [ဒါအမှန်ပဲ၊ ဘယ်သူက ဧကရာဇ်သမီးတော်ဆီကနေ ဘယ်သူ့က လွှတ်သွားနိုင်မှာလဲ] (လျှာတောက်တာက ထစ် ဆိုပြီး တောက်သလို ကျစ်ကျစ် ဆိုပြီးလည်း တောက်ပါတယ်။ ဒါပေမဲ့ ဒီမှာက အသံ မထည့်ထားပါဘူး)
ဒါပေမဲ့ ဒါက သူ့မှာ မယားငယ် ရှိနေတာနဲ့ ဘာဆိုင်လို့လဲ။
သို့သော်ငြား စနစ်က ဆက်ပြောသည်။ “တကယ်တမ်းတော့ ဒီကြင်ရာတော်က နဂိုတည်းက သူ့အိမ်တော်မှာ နှစ်သက်ရတဲ့ ကိုယ်လုပ်တော် ရှိပြီးသား၊ ဒါပေမဲ့ မင်းသမီးက အဲဒါကို မျက်လုံးထဲ သဲမှုန်ဝင်သလို လက်မခံနိုင်တော့ နှစ်ယောက်သား လက်မထပ်ခင် သူ့မိသားစုက ကိုယ်လုပ်တော်လေးကို အဝေးကို ပို့လိုက်တယ်လေ။ ကျောက်ချန်းဝမ်က မသက်မသာ ခံစားခဲ့ရပေမဲ့ သူက တော်ဝင်လက်ထပ်အမိန့်တော်ကို မငြင်းဆန်နိုင်တော့ သူက လုပ်ခဲ့ရတာပဲ”
[ပထမတော့ သူက မင်းသမီးက မြင့်မြတ်ပြီး လှပတယ်လို့ တွေးနေခဲ့တာ၊ လက်ထပ်ပြီး အတူနေကြတော့မှ သူက မင်းသမီးက သူမမိသားစုက အမျိုးသားတွေလိုမျိုး သန်မာတဲ့ အရည်အချင်းရှိတာကို ရှာတွေ့သွားတာပဲ။ တော်ဝင်စာမေးပွဲကို အောင်မြင်ထားပြီးတဲ့ အထက်တန်းလွှာ မိသားစုက သားတစ်ယောက် အနေနဲ့ သူက ဘယ်လို အလျော့ပေးဖို့ ဆန္ဒရှိမှာလဲ]
[အဲဒီအချိန်မှာ သူက အရင်က ကိုယ်လုပ်တော်ကို ပြန်တွေးမိသွားပြီးတော့ သူက တစ်ယောက်ယောက်ကို တိတ်တဆိတ် သူမကို ရှာခိုင်းလိုက်တယ်။ သူမကို ရှာတွေ့သွားတော့ သားမက်တော်က အိမ်တစ်လုံး ဝယ်လိုက်ပြီးတော့ သူမကို အဲမှာ ထားလိုက်တော့တာ]
ယန်ရှု [ကြည့်ရတာ ပထမဆုံး အမြောင်မယားကတော့ မမေ့နိုင်တဲ့ အချစ်ဟောင်း ဖြစ်ပုံပဲ၊ တခြားသူတွေကတော့ရော…]
တိတ်တဆိတ် နားထောင်နေသော ယွီဝိန်းလန် [အချစ်ဟောင်းကို မမေ့နိုင်တာလား၊ ပြီးတော့ တခြားရော ရှိသေးတာလား]
စနစ်က ဆက်ပြောသည်။ “သားမက်တော်က အချိုအရသာကို မြည်းစမ်း ကြည့်ပြီးတော့ မင်းသမီးရှေ့မှာ ဆိုရင် နစ်နာတယ်လို့ ခံစားရတယ်လေ။ သူမက အမြောင်မယားတစ်ဦးတည်းဖြစ်လို့ သူ့ယုံကြည်ချက်ကို ပြန်မရနိုင်ဘူးတဲ့။ ဒီတော့ သူက ယန်ကျိုးက ငယ်ရွယ် လှပပြီး ပိန်ပါးပါး မိန်းကလေးကို ခပ်မြန်မြန် ရှာလိုက်ပြီးနောက် နောက်ခြံဝန်းတစ်ခုမှာ ထားလိုက်တယ်”
ယန်ရှု [ဒီတော့ ဒုတိယတစ်ယောက်က ယန်ကျိုးကပေါ့၊ ဘယ်သူများလဲ]
ယွီဝိန်းလန် “???”
နောက်ထပ်လား။
စနစ် [ဒုတိယတစ်ယောက်အပြီး နှစ်ဝက်အတွင်းမှာပဲ သူက ကျင်းလင်က နောက်ထပ် သီချင်းဆိုတဲ့ မိန်းကလေးကို ဝယ်ခဲ့တယ်၊ နောက်ပြီး တစ်ယောက်က လက်ထပ်ဖို့ အရွယ်ရောက်ပြီးတော့ သူမ ကိုယ်တိုင် သင်ကြားထားပေးတဲ့ အောင်သွယ်တော်ဆီက ဝယ်ခဲ့တာ၊ အကြိမ်ရေများသွားတော့ သူက အလွန်အမင်း ဝါသနာထုံတဲ့သူ ဖြစ်သွားတော့တာပဲ]
ယန်ရှု [… ဒီလို အရာတွေကို စွဲလမ်းတဲ့လူစားက ရှိသေးတာလား။ သူတို့အားလုံးကို ရေတွက်ကြည့်လိုက်ရင် အချစ်ဟောင်း ကိုယ်လုပ်တော်လေး၊ ပိန်ပါးပါး မြင်းမလေး၊ သီချင်းဆိုတဲ့မိန်းကလေး၊ သူ ကိုယ်တိုင် မွေးထားတဲ့ မိန်းကလေး၊ ကိုယ်လုပ်တော် လေးယောက်တောင်မှလား၊ အကြီးဆုံးမင်းသမီးကိုပါ ထည့်တွက်လိုက်ရင် ဒါက ဧကရာဇ်ထက်တောင် သောက်ကျိုးနည်း ကြွယ်ဝနေတာကြီးနော်၊ သူက ဒါတွေကို ကိုင်တွယ်နိုင်ရဲ့လား၊ အကြီးဆုံးမင်းသမီးက သတိမပြုမိဘူးတဲ့လား]
ယွီဝိန်းလန် “???”
59 02
သူ့ထက် ကြွယ်ဝတယ် ဆိုတာက ဘာကို ဆိုလိုတာလဲ။
သူ ဘေးနားကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်တော့ ကျောက်ချန်းဝမ်က အကြီးဆုံးမင်းသမီးကို အရေးထားသော မျက်နှာဖြင့် အစားအသောက်များ ထည့်ပေးနေသည်ကို တွေ့လိုက်ရသည်။ သူက ထိုသို့ အရှက်မဲ့သော လူစားမျိုးကို မကြိုက်ပေ။
စနစ် [မင်းသမီးက သူ့မှာ အဲဒီလောက် သတ္တိရှိမယ်လို့ မထင်ထားခဲ့ဘူး။ ဒါ့အပြင် သူက တကယ်တမ်းကျတော့ အရည်အချင်းရှိတဲ့သူ တစ်ယောက်ပဲ။ မင်းသမီးက လူမှုဆက်ဆံရေး ပွဲတော်တွေအတွက် အပြင်ထွက်ရပြီး အိမ်မှာ မရှိသလောက်ပဲလေ။ သူကလည်း သူမကို နှစ်တွေ အများကြီး ခစားခဲ့ပြီးပြီ ဆိုတော့ အားလပ်ချိန် တချို့ ရှာနိုင်တာပေါ့]
သို့သော်လည်း ဧကရီမယ်တော်ကြီးက သူမစကားဆုံးပြီးသည်နှင့် ယန်ရှုကို ချက်ချင်း မေးမြန်းလာသည်။ “ကိုယ်လုပ်တော်ယီတို့ မိသားစုက ပေကျင်းကို ဘယ်အချိန် ရောက်မှာလဲ” (ဒီက ပေကျင်းက နန်းမြို့တော်ကို ပြောချင်တာ ဖြစ်ပါလိမ့်မယ်။ Eng tranက ပေကျင်းဆိုလို့ ဘာသာပြန်သူက ပေကျင်း ထားလိုက်တာပါ)
ယန်ရှုက တုံ့ဆိုင်းသွားပြီးနောက် ခပ်မြန်မြန် အာရုံပြန်ရလာပြီး ပြန်ဖြေလိုက်သည်။ “ဧကရီမယ်တော်ကြီး… အရင်ရက်တချို့တုန်းက အဖေနဲ့အမေဆီက စာတစ်စောင် ရောက်ထားပါတယ်။ သူတို့က လပြက္ခဒိန်ရဲ့ ပထမလ ဆယ်ရက်မှာ ဇာတိမြို့ကနေ ထွက်ခွာလာပြီးတော့ မြို့တော်ကို လေးငါးရက်အတွင်း ရောက်မယ်လို့ ပြောထားပါတယ်”
ဧကရီမယ်တော်ကြီးက ခေါင်းညိတ်လိုက်ပြီး နူးညံ့စွာ ပြုံးလိုက်သည်။ “မကြာခင်ပေါ့…”
ယန်ရှုက အပြုံးလေးနှင့် တုံ့ပြန်လိုက်၏။
စိတ်ထဲတွင်တော့ ငါက ဧကရီမယ်တော်ကြီးရဲ့ အာရုံလွဲစေတဲ့ လှည့်ကွက်ကို ငါ တကယ် သဘောကျတယ်နော်။
လုံလောက်စွာပင် သူမ စကားဆုံးသည်နှင့် ကိုယ်လုပ်တော်နင်နှင့် ကိုယ်လုပ်တော်ကျိုးက အချင်းချင်း ကြည့်လိုက်ကြပြီး သူမကို ကြည့်လာကြကာ အကြီးဆုံးမင်းသမီးကလည်း သူမကို မထီမဲ့မြင် အကြည့်တစ်ချက်ကို ရရှိလိုက်သည်။
“ကိုယ်လုပ်တော်ယီကို ဂုဏ်ပြုပါတယ်”
ကိုယ်လုပ်တော်နင်က ထူးထူးခြားခြား ပြုံးလိုက်သည်။ “နောက်ဆုံးတော့ မိသားစုက ပေကျင်းကို ရောက်လာပြီပေါ့။ အရင်နှစ်တွေတုန်းက ညီမလေးက မလွယ်ကူခဲ့ဘူး”
ယန်ရှုက ခပ်မြန်မြန် ပြုံးလိုက်ပြီး “မိဖုရားကို ကျေးဇူးတင်ပါတယ်၊ မိဖုရားရဲ့ ဂုဏ်ပြုမှုက သိပ်ကြီးမြတ်တာပဲ၊ ကျွန်မ နှလုံးသားထဲကနေ ဂုဏ်ယူမိရပါတယ်”
ကိုယ်လုပ်တော်ကျိုးက ရယ်မောပြီး ပြောသည်။ “ညီမလေးက သိပ်သဘောထားကြီးတာပဲ။ ညီမလေးရဲ့ မိသားစုက တကယ့်ကို ပျော်ရွှင်နေတော့မှာပဲ။ ညီမလေးလို သမီးတစ်ယောက်ကို ပျိုးထောင်ထားတာက မိဖုရားရဲ့ လီမိသားစုက ဘိုးဘေးတွေတော့ တကယ်ပျော်နေတော့မှာပဲ”
ယန်ရှုက ပြုံးလျက် တုံ့ပြန်လိုက်သည်။ “ရှက်ရွံ့မိပါတယ်။ ကျွန်မက မမလိုမျိုး တစ်သောင်းမှာ တစ်ယောက် မဟုတ်ရပါဘူး”
ဟင့်… သူတို့နှစ်ယောက်ကတော့ သူမမိသားစုက မြို့တော်မှာ မနေဖူးဘဲ နိမ့်ပါးတဲ့ သူမမိသားစုကို လှောင်ပြောင်နေကြတာပဲ။ ဒီအကြောင်း ပတ်သက်ပြီး မူရင်းမှာကို ဘာမှမရှိတာလေ။
ထိုအချိန်တွင် အကြီးဆုံးမင်းသမီးက သူမလက်ထဲက ငှက်မွေးယပ်တောင်ကို အသာအယာ ခပ်လိုက်ပြီး မေးမြန်းလာသည်။ “သူတို့ ရောက်လာရင် ဘယ်မှာ နေမှာလဲ။ မင်း အိမ်တစ်လုံး ရှာပြီးပြီလား။ မင်းဆီမှာ မြို့တော်မှာ စံအိမ်တစ်လုံး ရှိရဲ့လား”
ယန်ရှုက နှလုံးသားထဲက သက်ပြင်းရှိုက်လိုက်မိကာ သူမ မိသားစုက မြို့တော်မှာ အိမ်ဝယ်ဖို့ မတတ်နိုင်မှာကို စိတ်ပူရမှာလား။
ဟင်း… သူမရဲ့ လက်ရှိ ကြွယ်ဝမှုနဲ့သာ ဆိုရင် စာအုပ်နှစ်အုပ်လောက် ရေးပြီးရင် မြို့တော်က အိမ်တစ်လုံး ဝယ်နိုင်မှာ မဟုတ်လား။
သို့သော် သူမက အဖြေမပေးနိုင်ခင်မှာတင် ဧကရာဇ်က ရုတ်တရက် ပြောလိုက်သည်။ “ဒါကို ပြောကာမှ နောက်ဆုံးတစ်ကြိမ်တုန်းက ကိုယ်လုပ်တော်ယီက ဧကရာဇ်ကို ကာကွယ်လိုက်တာ၊ ဒါက သူမမိဘတွေက သူမကို ကောင်းကောင်း ပျိုးထောင်ထားပြီး သစ္စာရှိတယ် ဆိုတာကို ပြသဖို့ လုံလောက်နေပြီ။ ဒီတော့ သူမကို ဆုချီးမြှင့်ရမယ်”
ဂုဏ်ပြုချီးမြှင့်တာလား။
လူတိုင်းက မှင်တက်သွားကြပြီး သူက သူမကို ဘာအတွက် ချီးမြှင့်မှာလဲ ဆိုတာကို မေးနေကြသလို သူ့ကို ရုတ်ချည်း ကြည့်လိုက်ကြသည်။
ရာထူးတိုးပေးချင်တာလား။
ယန်ရှုကလည်း ထိတ်လန့်သွားသည်။ ဧကရာဇ်က သူမမိဘတွေကို ငွေတွေ အများကြီး ဆုချီးမြှင့်ချင်မလို့လား။
ဒါက ကောင်းတယ် ကောင်းလိုက်တာ ဟီးဟီး။
ငွေက အရာတော်တော်များများထက် ကောင်းမွန်ပြီး အားလုံးကို သူမကလည်း လက်ခံနိုင်လေသည်။
59 03
သို့သော်ငြား ယွီဝိန်းလန်က ဧကရီမယ်တော်ကြီးကို ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ “ကျန်းက ယီဖင်ရဲ့အဖေကို ကျုံးယီဆိုတဲ့ ဘွဲ့ထူးနဲ့ မြို့တော်က စံအိမ်တစ်လုံး၊ ငွေတုံးတစ်ထောင်နဲ့ သီးနှံမြေဧကတစ်ရာကို ဆုချီးမြင့်ဖို့ ရည်ရွယ်ထားတယ်” (ကျုံးယီ ဆိုတာက သစ္စာရှိအမတ် ဆိုတဲ့ ဘွဲ့ထူးပါတဲ့)
ဘာလဲ၊ ကျုံးယီ ဟုတ်လား။
လူတိုင်းက ထပ်မံ၍ မှင်သက်သွားကြပြန်သည်။
ယန်ရှုကိုယ်တိုင်လည်း ထိတ်လန့်မှင်သက်သွား၏။
သစ္စာရှိအမတ်ဘွဲ့ထူးလား။
ဒါ ဒါ ဒါ… ဒါက ဧကရာဇ်က သူမအဖေကို ဘွဲ့ထူးချီးမြင့်မယ်လို့ ဆိုလိုတာ မလား။
ဒါအမှန်ပဲ။ ဒါက ယွီဝိန်းလန် ပြောလိုက်တဲ့ဟာပဲ။
ထို့အပြင် ထိုလေသံအရ သူက ဧကရီမယ်တော်ကြီးနှင့် ဆွေးနွေးနေပုံမရပေ။
အထူးသဖြင့် ဧကရီမယ်တော်ကြီးက ကိုယ်လုပ်တော်အန်းကို သူနှင့် ဆွေးနွေးခြင်းမရှိဘဲ အတွင်းတရားရေးရုံးတော်တွင် တာဝန်ပေးခဲ့သည်။
ဧကရီမယ်တော်ကြီး သူ့ကို အတိုက်အခံလုပ်ဖို့ရာ အကြောင်းပြချက် မလိုသလို သူကလည်း ဧကရီမယ်တော်ကြီးကို အတိုက်အခံ လုပ်ဖို့ရာ အကြောင်းပြချက် မလိုပါချေ။
မျှော်လင့်ထားသလိုပင်၊ ဧကရီမယ်တော်ကြီးက ပြုံးလျက် ဆိုလာသည်။ “ဒါက ဖြစ်သင့်တာပါပဲ။ ဒီနေ့မှာ ကိုယ်လုပ်တော်ယီက ဧကရာဇ်ကို ကာကွယ်ဖို့အထိ ရဲရင့်ခဲ့တာကို တစ်လောကလုံးက သိထားပြီး တန်ဖိုးထားသင့်တယ်။ အရှင်မင်းကြီး ကျေးဇူးပြုပြီးတော့ ဆုံးဖြတ်လိုက်ပါ”
လူတိုင်းက ယန်ရှုကို ကြည့်လိုက်ကြပြီးနောက် မနာလိုအားကျမှုကို ခံစားလိုက်ကြရသည်။
သူမအတွက် ဒီလို ကောင်းမွန်တဲ့အရာတွေ ဖြစ်သွားတာလား။
ယန်ရှုက မြန်မြန်လေး ထရပ်လိုက်ပြီး ယွီဝိန်းလန်ကို ဦးညွှတ်လိုက်ရုံသာ တတ်နိုင်တော့သည်။ “အရှင့်ရဲ့ ချီးမြှင့်မှုအတွက် အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်”
ယွီဝိန်းလန်က တောက်ပစွာ ပြုံးလိုက်သည်။ “ယဉ်ကျေးနေဖို့ မလိုပါဘူး။ ဒါက မင်းအဖေနဲ့ ထိုက်တန်ပါတယ်”
ယန်ရှုက သူ့ကို ထပ်မံ၍ ကျေးဇူးတင်လိုက်ပြီးနောက် ပြန်ထိုင်လိုက်သည်။
သို့သော်ငြား လူတိုင်းက မပျော်မရွှင် ဖြစ်သွားကြသည်။
အထူးသဖြင့် ကိုယ်လုပ်တော်နင်နှင့် ကိုယ်လုပ်တော်ကျိုး ဖြစ်၏။
ဒါက ဘာလဲ။
သူက ကိုယ်လုပ်တော်ယီကို စကားလုံးအနည်းငယ် လှောင်ပြောင်ပေမဲ့ သူ့မိသားစုကိုတော့ ဘွဲ့ထူးချီးမြှင့်လိုက်တာလား။
အကြီးဆုံးမင်းသမီးကလည်း တိတ်တဆိတ် မျက်လုံးလှန်လိုက်မိတော့သည်။
ထစ်… ဒီ ဘွဲထူးလေး ပေးလိုက်တာက သူမကို တအားပျော်ရွှင်စေနေပြီ။
ဗဟုသုတ တိမ်လိုက်တာ။
ထိုအချိန်တွင် နန်းတော်အတွင်းမှ တစ်စုံတစ်ယောက်က ယန်ရှုကို ပထမဆုံး ဂုဏ်ပြုစကားဆိုလာသည်။ “ဂုဏ်ယူပါတယ် ကိုယ်လုပ်တော်ယီ”
သို့သော် ၎င်းက ကိုယ်လုပ်တော်အန်း ဖြစ်၏။
သူမက ထိုသို့ ပြောပြီးနောက် လူတိုင်းကလည်း ရွေးချယ်စရာမရှိတော့ဘဲ ပြောရတော့သည်။ “ဂုဏ်ယူပါတယ် ကိုယ်လုပ်တော်ယီ”
တကယ်တမ်းတွင် မပျော်မရွှင်ဖြစ်ရမည် ဆိုပါက သူမကတော့ ကိုယ်လုပ်တော်အန်းထက် ဘယ်သူမှ မသာမှာကို ကြောက်မိပါရဲ့။
သို့သော်ငြား တစ်လအတွင်း လီယန်ရှုက အလှမယ် ဟူသော နေရာမှ သုံးဆင့်အထိ ခုန်တက်သွားပြီး လက်ရှိနေရာသို့ ရောက်သွားခဲ့သည်။
ယခုတွင် သူမက ဂုဏ်ထူးဘွဲ့ထူးကိုပင် အလကား ရလိုက်သေး၏။
သို့သော် သူမအဘိုးကတော့ မြို့စားချန်းကြောင့် ဆွဲချခံထားရပြီး တရားရုံးတော်သို့ပင် မတက်ရသေးပေ။
ထိုသို့နှင့် သူမက ဖိနှိပ်ခံရတော့မှာ မဟုတ်လား။
ဘာလို့လဲ။
~~~
++++++ 60 01
အပိုင်း 60
ည ဆယ်နာရီမှာ ပွဲတော်က ပြီးဆုံးသွားပြီး လူတိုင်းက လူစုခွဲလိုက်ကြသည်။
ယန်ရှုက ယနေ့တွင် မထင်မှတ်ထားသော ပျော်ရွှင်မှုနှင့်အတူ နန်းဆောင်သို့ ပြန်လာရ၏။
ဟီးဟီး… ငါ့မိသားစုက ဘွဲ့ထူးရသွားပြီ၊ ဒီတော့ ငါ့မိဘတွေ အဘွားနဲ့ အစ်ကိုတို့ကလည်း ငွေပြတ်လပ်တော့မှာ မဟုတ်ဘူး။ သူတို့က စားသောက်နိုင်တာထက် စားစရာတွေ ပိုရှိတော့မယ်။ ပြီးတော့ သူတို့ နှစ်တိုင်း ငွေတွေ စုထားလို့ ရတော့မယ်။
သူမက အလွန်ပျော်ရွှင်နေပြီး ရေချိုးရင်း သီချင်းညည်းလိုက်သည်။ ရန်တုန်းကလည်း ပျော်ရွှင်နေ၏။ သူမ နောက်ကျောကို ပွတ်တိုက်ပေးရင်း သူမလေးက ပြုံးရင်း ပြောလာသည်။ “ဒီလိုဆိုရင် သခင်က သူများကို ကူညီဖို့ သူ့လစာကို တိတ်တဆိတ် သုံးနေဖို့ မလိုတော့ဘဲ သခင်မကလည်း ထပ်ပြီး စိတ်ဆိုးဖို့ မရှိတော့ဘူး”
“ဒါပေါ့”
ယန်ရှုက ရေချိုးဇလားထဲတွင် သက်တောင့်သက်သာ ရှိစွာ မျက်လုံးကို မှိတ်ထားလိုက်သည်။
သူမမိသားစုဝင်များ၏ ဘဝကလည်း တိုးတက်လာပြီ။ အခုတော့ သူမက ဇာတ်လမ်းများ ရေးပြီး သူမ၏ စာဖတ်သူများကို ဂရုစိုက်ဖို့သာ လိုအပ်တော့သည်။
ထိုသို့ တွေးလိုက်ပြီးနောက် သူမက ရေချိုးဇလားထဲမှ ထွက်လိုက်ပြီး အဝတ်ဝတ်လိုက်ကာ စာရေးစားပွဲသို့ လာခဲ့တော့သည်။
ဒီနေ့ညက လပြက္ခဒိန်ရဲ့ ၁၅ရက်နေ့ဆိုတော့ ဧကရာဇ်က သူ့ကိုယ်လုပ်တော်ရဲ့ နန်းဆောင်ဆီ လာမှာမဟုတ်ဘူး။ ဒီတော့ သူမက ကျေနပ်ဖွယ် အချိန်ကို ပြင်ဆင်ထားရုံပဲပေါ့။
သို့သော် သူမက စာရွက်ပေါ်သို့ စုတ်တံကို မတင်နိုင်သေးခင် ဖုဟိုင်က ရောက်လာပြီး မြန်မြန် ပြောလာသည်။ “ကျေးဇူးပြုပြီး အဝတ်မြန်မြန်လဲပါ။ အရှင်မင်းကြီးက ကိုယ်လုပ်တော်ကို အပြင်ဘက်မှာ စောင့်နေပါတယ်”
ယန်ရှုက မှင်သက်သွား၏။ “အရှင်မင်းကြီး… အရှင်မင်းကြီးက ငါ့ကို စောင့်နေတာလား။ ဒါပေမဲ့ အရှင်မင်းကြီးက ဒီနေ့ည အနောက်ဆောင် မလာဘူး မဟုတ်လား”
ဖုဟိုင်က ပြုံး၍ ပြောသည်။ “အရှင်မင်းကြီးက အပြင်ဘက်မှာ ကိုယ်လုပ်တော်ကို လိုချင်နေပါတယ်။ နှစ်တိုင်း မီးပုံးပွဲတော်အချိန်မှာ အရှင်မင်းကြီးက ပြည်သူတွေရဲ့ စိတ်အခြေအနေကို လေ့လာဖို့ အပြင်ထွက်လေ့ ရှိပါတယ်။ ဒီနှစ်ကလည်း ခြွင်းချက် မဟုတ်ပါဘူး။ အရှင်မင်းကြီးက သူနဲ့ လိုက်ချင်သလားလို့ ဒီအစေခံကို တကူးတက မေးမြန်း ခိုင်းလိုက်ပါတယ်။ ရထားလုံးက အပြင်မှာ အခု စောင့်ဆိုင်းနေပါတယ်”
နန်းပြင် သွားရမှာလား။
ယန်ရှု၏ မျက်လုံးများက ပင့်တက်သွားပြီး သူမ၏ စုတ်တံကို ချက်ချင်း ချလိုက်ကာ ထရပ်လိုက်သည်။ “ကောင်းပြီလေ ခဏစောင့်၊ မြန်မြန် လုပ်လိုက်မယ်”
သူမ ပြောသလိုပင် သူမက ရှောင်တုန်းကို သူမအဝတ်အစားအား အလျင်အမြန် လဲလှယ်ပေးဖို့ ခေါ်လိုက်သည်။
သူမက နန်းတော်ထဲတွင် သုံးနှစ်ကြာ နေထိုင်ခဲ့ရပြီး သေချာပေါက်ပင် အပြင်ထွက်၍ လတ်ဆတ်သော လေကို ရှုရှိုက်ချင်ပေ၏။
သေချာသည်မှာ သူမက အပြင်ထွက်ရမည် ဆိုမှတော့ သူမက နန်းတော်မှ အဝတ်အထည်များကို မဝတ်နိုင်တော့ပေ။ ကံကောင်းစွာဖြင့် သူမတွင် အဝတ်ဟောင်းများ ရှိနေသေးဆဲ ဖြစ်၏။ မကြာမီပင် သူမက အဝတ်လဲပြီး ထွက်လာကာ ဖုဟိုင်နောက်လိုက်၍ ပြင်ဆင်ထားသော ရထားလုံးပေါ်သို့ တက်လိုက်၏။
ရထားလုံးက ရိုးရှင်းပြီးတော့ နန်းတော်ကလို့ မထင်ရပေ။ ယင်းကပင် ဧကရာဇ်က မကြာခဏ နန်းပြင် ထွက်လေ့ရှိကြောင်း ပြသနေ၏။
သူမက ရထားလုံးထဲကို ဝင်လိုက်ပြီးနောက် ယွီဝိန်းလန်က အတွင်းတွင် ထိုင်နှင့်ပြီးသား ဖြစ်နေသည်။
သူက နက်ပြာရောင် ဘရိုကိတ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့ဆံပင်တွင် သရဖူက မရှိလေရာ ချမ်းသာသော မိသားစုမှ သခင်ငယ်တစ်ပါးနှင့် တူနေသည်။
သူ့သွင်ပြင်နှင့် စိတ်နေသဘောထားက သာမန် လူချမ်းသာနှင့် နှိုင်းယှဉ်၍ မရသည်ကတော့ သေချာပေသည်။
သူမက ခပ်မြန်မြန် အရိုအသေပေးလိုက်၏။ “အရှင်မင်းကြီးကို အရိုအသေပေးပါတယ်”
ယွီဝိန်းလန်က လက်ဆန့်ထုတ်လိုက်ပြီး သူမကို သူမထိုင်ခုံပေါ်သို့ ထိုင်ချခိုင်းလိုက်ကာ သူ့မျက်ခုံးတန်းများက ပင့်တက်သွားပြီး ပြောသည်။ “ငါတို့ အခု ပြောင်းခေါ်ဖို့ လိုတယ်”
အိုး… ဟုတ်တာပေါ့။ ယန်ရှုက သူ့ကို ထပ်မံ ခေါ်လိုက်သည်။ “သခင်လေး”
ယွီဝိန်းလန်က မျက်ခုံးပင့်လိုက်ကာ “ငါက မင်းရဲ့ခင်ပွန်း မဟုတ်ဘူးလား”
တကယ်လို့ သူကသာ သခင်လေးဆိုရင် သူမက အစေခံမဖြစ်သွားဘူးလား။
သို့သော် ယန်ရှုက နှလုံးသားထဲမှ ပင့်သက်ရှိုက်လိုက်ပြီး… ‘ဒီတော့ သူက လက်ထပ်သွားပြီလို့ ကာဗာယူနေတယ်၊ သူက အပြင်ထွက်ပြီး အလှလေးတွေကို ရှုစားမလို့လို့ ငါထင်နေတာလေ’
ယွီဝိန်းလန် “???”
ကာဗာဆိုတာက ဘာကြီးလဲ။ (ဒီမှာ ကြည့်ရသလောက် ယန်ရှုက အင်္ဂလိပ်အသံထွက်ကို ပြောလိုက်တာ ထင်ပါတယ်)
သူ သိချင်နေသလိုမျိုး သူမအသံ နူးနူးညံ့ညံ့လေးကို ကြားလိုက်ရပါသည်။ “ယောက်ျား” (လောင်ကုန်းလို့ ရေးချင်ပေမဲ့လည်း မရေးတော့ပါဘူးနော်)
အဟမ်း… ၎င်းက တစ်ယောက်ယောက်ကို ထိုသို့ သူမ ပထမဆုံး ခေါ်ခြင်း ဖြစ်ပြီး သူမမျက်နှာက မရဲဘဲ မနေနိုင်တော့ပေ။
ယွီဝိန်းလန်က အသံတိုးတိုး သာသာယာယာလေးကို ကြားလိုက်ရသည်။
သူမကို နောက်တစ်ကြိမ် စိုက်ကြည့်လိုက်ပြီးနောက် သူက ပျော်ရွှင်သွားကာ ခေါင်းညိတ်လိုက်ပြီး သူမလက်ကို သူ့လက်ဖဝါးထဲ ထည့်ထားလိုက်ပြီး ပြတင်းပေါက်ဆီသို့ ပြောလိုက်သည်။ “သွားကြစို့”
ရထားလုံးက စတင်ရွေ့လျားတော့၏။
နန်းတော်ကို ချန်ထားခဲ့ပြီးနောက် စည်ကားသော လမ်းများက ထွက်ပေါ်လာခဲ့သည်။
နန်းမြို့တော်က အမြဲလိုလို သာယာဝပြောလျက် ရှိပြီး ယနေ့က မီးပုံးပွဲတော်နေ့ ဖြစ်သောကြောင့် လမ်းများက လူအုပ်စုများဖြင့် ပြည့်နေသည်။
ယန်ရှုက တိတ်တဆိတ် ကြည့်နေလိုက်ပြီးနောက် သိလိုစွာ မေးလိုက်သည်။ “အရှင်မင်းကြီး… ယောက်ျား ဘယ်သွားနေတာလဲ”
ယွီဝိန်းလန်က သူမကို မေးလာသည်။ “မင်း ဘယ်သွားချင်လဲ”
အိုး… သူက ငါ့ကို ရွေးခိုင်းနေတာလား။
ယန်ရှုက မြန်မြန်လေး ပြောလိုက်သည်။ “ကျွန်မက မြို့တော်ရဲ့ မရင်းနှီးဘူး။ ဒါပေမဲ့ ကျွန်မက ထျန်းကျင်းလမ်းဆိုတဲ့ နေရာမှာ အရသာရှိတဲ့ စားစရာတွေ အများကြီး ရှိတယ်လို့ ကြားဖူးတယ်။ ကျွန်မတို့ ဘာလို့ အဲကို တစ်ချက်လောက် သွားမကြည့်မှာလဲ”
ယွီဝိန်းလန် “…”
ဘာလို့ စားချင်နေသေးတာလဲ။
“မင်း အခုထိ ဗိုက်မဝသေးဘူးလား” သူက သူမကို ကျီစယ်သလို ကြည့်သည်။
ယန်ရှုက နှုတ်ခမ်းစူလိုက်ပြီး ပြောသည်။ “ထျန်းကျင်းလမ်းမှာက နန်းတော်ကဟာတွေနဲ့ ကွာခြားတဲ့ သရေစာတွေ အပြည့်ပဲတဲ့”
နေ့တိုင်း အစားအသောက် ကောင်းများ ပုံမှန် စားပြီးနောက် အရသာအပြောင်းအလဲ လုပ်ချင်ခြင်းက ပုံမှန်သာ ဖြစ်သည်။
သို့သော် ယွီဝိန်းလန်က သူ့မျက်ခုံးကို ထပ်ပင့်လိုက်ပြန်သည်။ “အိုး… မင်းက မြို့တော်နဲ့ သိပ်မရင်းနှီးဘူး ဆိုရင် မင်းက ထျန်းကျင်းလမ်းမှာ သရေစာတွေ ရှိမှန်း ဘယ်လို လုပ် သိနေတာလဲ”
ယန်ရှု “…”
ငါ သတိမထားလိုက်မိဘဲ ပါးစပ်ချော်သွားပြီ။
သူမက ရွေးချယ်စရာ မရှိဘဲ ခပ်မြန်မြန် ဖြေရှင်းရတော့သည်။ “ကျွန်မက နန်းတော်က အစေခံတွေ ပြောတာကို ကြားဖူးတာပါ။ သူတို့ အတော်များများက မြို့တော်ကလေ၊ ဒီတော့ သူတို့က ရင်းနှီးတာပေါ့”
တကယ်တမ်းကျ… ဖရဲသီးစားမယ် ဆိုရင်တော့ အားလုံးကို စားပစ်ရမှာပေါ့။
ထျန်းကျင်းလမ်း အပြင် ကျင်းယီတံတားဘေးက ရွှီလမ်းက မျက်နှာချေနီနီ၊ ပိုးထည်တွေနဲ့ တခြားပစ္စည်းတွေကို ရောင်းချပြီး၊ တော်ဝင်စာမေးပွဲ ခန်းမဘေးမှာ စုတ်တံ၊ မှင်၊ စာရွက်နဲ့ မှင်သွေးကျောက် တွေကို ရောင်းချကာ၊ ယင်းဇီလမ်းတွင် လက်ဖက်ရည်နဲ့ အဝတ်အထည်တွေ ရောင်းပြီး ပိုင်ဟွားလိမ် အနီးတစ်ဝိုက်က ကျော်ကြားတဲ့ ပြည့်တန်ဆာ ရပ်ကွက် ဖြစ်တာကိုတောင် သူမ သိသေးတယ်။
ယန်လော်လမ်းမှာ ချမ်းသာတဲ့ အမျိုးသမီးများ စီးပွားရေး လုပ်တဲ့ စားသောက်ဆိုင် ရှိတယ်လို့ ဆိုထားတယ်။ ဖင်အန်းလို နေရာမှာတော့ ခံ့ညားချောမောတဲ့ အမျိုးသားတွေ ရှိပြီး သူတို့က အထူးသဖြင့် စောင်းတီးတာ၊ ပုလွေမှုတ်တာနှင့် ကဗျာစပ်တာ ပန်းချီဆွဲတာတွေမှာ အထူးတလည် ကျွမ်းကျင်မှု ရှိကြတယ်။ သူတို့ မျက်လုံးတွေက ဆောင်းဦးရေလိုမျိုး… ပခုံးကျယ်ကျယ် ခါးသိမ်သိမ်နဲ့ သိပ်ကို… ရိုမန့်တစ်ဆန်နေမှာပဲ။
ဟီးဟီး.. အကျဉ်းချုပ် လိုက်ရင်တော့… မုတ်ဆိတ်မွေး အမျိုးသားတွေနဲ့ သေချာပေါက်ကို ကွာခြားလိမ့်မယ်။
ယွီဝိန်းလန် “???”
ဘာ… မြို့တော်မှာ ဒီလို နေရာမျိုးက ရှိသေးတာလား။
အခုလေးတင် သူမရဲ့ ဟီးဟီး… က ဘာလို ဆိုလိုတာလဲ။
သူက ထိတ်လန့်သွားပြီး ချက်ချင်းပင် ရထားလုံးကို အမိန့်ပေးလိုက်သည်။ “ထျန်းကျင်းလမ်းကို သွားမယ်”
ပြီးနောက် သူက သတိမထားလိုက်မိဘဲ သူမလက်ကို တင်းကျပ်စွာ ကိုင်ထားလိုက်မိတော့သည်။
~~
ထျန်းကျင်းလမ်းကို ရောက်ဖို့ သိပ်မကြာလိုက်ပေ။
နှစ်ယောက်သားက ရထားလုံးအတွင်းမှ ထွက်လိုက်တော့ ပတ်ပတ်လည်က လင်းချင်းနေကာ လူများနှင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
ထျန်းကျင်းလမ်းမှာ စားစရာများသာ ရောင်းချရုံမကဘဲ မီးပုံးပွဲတော်ညဈေးလည်း ရှိနေကာ မီးပုံးပွဲတော်တွင် ပျော်ရွှင်စွာပါဝင်ရန် မြို့တော်ရှိ များစွာသော လူများကို ဆွဲဆောင်ထားသည်။
ယန်ရှုက ထိုသို့ သက်ဝင်တက်ကြွနေသော မြင်ကွင်းကို မတွေ့ရသည်မှာ ကြာလှပြီ ဖြစ်သည်။ သူမက တခြားကမ္ဘာတစ်ခုနှယ် ခံစားလိုက်ရသည်။ သူမက ဟိုဟိုသည်သည် လိုက်ကြည့်ရင်း သူမ မျက်လုံးများက မလုံလောက်တော့သလိုတောင် ခံစားလိုက်ရသည်။
ယွီဝိန်လန်က ထိတ်လန့်နေပြီး တစ်လျှောက်လုံး သူမလက်ကို တင်းတင်းကျပ်ကျပ် ကိုင်ထားသည်။
လူအုပ်စုကြား တစ်ခဏတာ လမ်းလျှောက်ပြီးနောက် သူက ယန်ရှုပြောတာကို ကြားလိုက်ရသည်။ “ကြည့်ကြည့်… ဝမ်ထုံနေရာမှာ လူတွေ အများကြီး တန်းစီနေတာပဲ အဲဒါက သေချာပေါက် အရသာရှိမှာပဲ”
ယွီဝိန်းလန်က ထိုနေရာသို့ လှမ်းကြည့်လိုက်တော့ လမ်းဘေးဆိုင်လေး ဖြစ်သည့် ဝမ်ထုံဆိုင်လေးကို တွေ့လိုက်ရသည်။ ၎င်းက ထိုင်ခုံ ၅လုံး ၆လုံးလောက်သာ ရှိပြီး အားလုံးက လူပြည့်နေလေသည်။
သူက မျက်မှောင်ကြုတ်လိုက်မိသည်။ “ဒါကို စားချင်တာလား”
ယန်ရှုက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ “ဒီကို ရောက်နေပြီ ဆိုမှတော့ ဘာလို့ မကြိုးစား ကြည့်ရမှာလဲ”
ယွီဝိန်းလန်က မျက်မှောင်ကြုတ်ထားဆဲ ဖြစ်သည်။ “ဒါပေမဲ့ ထိုင်စရာနေရာ မရှိတော့ဘူး”
ယန်ရှုက အတွေ့အကြုံရှိစွာ ပြောလာသည်။ “အရင်မှာထားလိုက်၊ ဝမ်ထုံတွေ ရလာတဲ့အခါ ထိုင်စရာနေရာ ရလာလိမ့်မယ်”
ပြီးနောက် သူမက ဝမ်ထုံရောင်းသူအား အော်ပြောလိုက်သည်။ “ဒီဘက်ကို ဝမ်ထုံနှစ်ပွဲ ပေးပါ”
ယွီဝိန်းလန်က လျင်မြန်စွာ အမှန် ပြင်ပေးလိုက်သည်။ “တစ်ပွဲက လုံလောက်ပြီ၊ ငါ မဆာဘူး”
ယန်ရှုက ပြောလိုက်သည်။ “ကျွန်မ ရှင့်အတွက်ပါ မှာလိုက်ပြီ၊ အရှင်မင်းကြီး… ယောက်ျားက မစားချင်ရင် ကျွန်မစားလိုက်မယ်”
ထို့နောက် သူမက မျက်ခုံးပင့်ပြ၏။ “ကြည့်လိုက်… အဲမှာ နေရာတစ်ခု ရပြီ”
ထို့နောက် သူမက သူ့ကို ဆွဲခေါ်သွားတော့သည်။
နှစ်ယောက်သား ထိုင်ချလိုက်ပြီး မကြာမီတွင် ဆိုင်ပိုင်ရှင်က လတ်ဆတ်သော ဝမ်ထုံကို ချက်ပြီး ယူလာပေးသည်။
ယွီဝိန်းလန်က ငုံ့ကြည့် လိုက်သော်လည်း ကြည်လင်နေသော ဟင်းရည်ပူပူ ထည့်ထားသည့် ဝမ်ထုံ အခုနှစ်ဆယ်စီ ပါဝင်သော သာမန်မြေပန်းကန် နှစ်ခုနှင့် လှီးဖြတ်ထားသော အစိမ်းရောင် ကြက်သွန်မြိတ်များဖြင့် အလှဆင်ထားသည်ကို တွေ့လိုက်ရသည်။
သူ့မျက်ခုံးများက ပင့်တက်သွား၏။ အရသာ ရှိပါ့မလား။
သူ ကြည့်နေစဉ်မှာပင် မိန်းမငယ်လေးက စတင်စားတော့သည်။
“ဟင်း… ဒီဟင်းရည်က ကြက်ရိုးနဲ့ လုပ်ထားတာပဲ၊ ဝက်ဆီပါ ပါသေးတယ်။ ဝမ်ထုံတွေက အရသာရှိသားပဲ၊ လုံးဝ မဆိုးနေဘူး”
ယန်ရှုက ဝမ်ထုံသုံးခုကို ဆက်တိုက် စားလိုက်ပြီးမှ တစ်ယောက်ယောက်က သူမစားနေတာကို စောင့်ကြည့်ပြီး အမူအရာမဲ့ ငုတ်တုတ်ထိုင်နေသည်ကို သတိထားလိုက်မိသည်။ “…”
++++++
54 01
အပိုင်း (၃၁.၂)
သို့သော် ကန်လုနန်းဆောင်တွင် ယန်ရှုက တစ်နေ့တာရဲ့အများစုကို ဖရဲသီး စားနေခဲ့ပြီး သူမ ညစာစားတော့မဲ့အချိန်မှာပဲ ဖုဟိုင် လာနေတာကို တွေ့လိုက်ရသည်။
နောက်မှာလည်း နန်းတော်အစေခံ အတန်းရှည်ကြီး လိုက်နေပြီး သူတို့ရဲ့လက်တွေထဲမှာ ဟင်းပွဲအမျိုးမျိုးနဲ့ စားစရာသေတ္တာတွေကို ကိုင်ဆောင် ထားပေသည်။
ဖုဟိုင်က ပြုံးကာ ပြောလာသည်။
“အရှင်မင်းကြီးက ညစာကို ဒီည ဒီနေရာမှာ သုံးဆောင်ပါလိမ့်မယ်။ ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ”
ဟမ်။
ယန်ရှုရဲ့မျက်လုံးတွေက ချက်ချင်းပဲ တောက်ပသွားကာ နောက်တစ်ခေါက် တော်ဝင်စားတော်ပွဲ ရှိဦးမှာလား။
သူမကအလျင်အမြန်သဘောတူလိုက်ပြီး ဘေးဘက်သို့သွားကာ နန်းတော်အစေခံတွေ ဟင်းပွဲကို ချသည်အား စောင့်ဆိုင်းနေလိုက်သည်။
တစ်ခဏကြာပြီးနောက် ဟင်းပွဲအမျိုးမျိုးက ပန်းတွေပွင့်လာသလိုမျိုး စားပွဲပေါ်မှာ ရှိသွားပြီ ဖြစ်သည်။
ယန်ရှုက အကုန်လုံးကို စကန်ကြည့်လိုက်ကာ တွေ့လိုက်ရသည်ကတော့ မိုးခိုသားကင် ၊ ဗိုက်သား တောက်တောက်စဉ်းအစပ်ကြော် ၊ ငါးအသားလွှာ နို့စိမ် ၊ ဘဲခြေထောက်မှိုဟင်း ၊ ရတနာရှစ်သွယ်ကြက်သား ၊ ဆားနဲ့ငရုတ်ကောင်း ရွှေရောင်တောင်ပံကြော် ၊ မန်ဒရင်းဘဲသားနဲ့ငါးတောင်ပံ ၊ ငရုတ်ကောင်းငါးစွပ်ပြုတ် ၊ အခြားသောရွှေရောင်ဒင်ဆမ်းသုံးပွဲနဲ့ ငှက်အကြွပ်ကြော် ၊ နှစ်ရောင်စပ်ပဲကိတ် ရူယိလိပ်တို့ပင် ဖြစ်သည်။
ဒါက တကယ်တော့ တစ်လောတုန်းက ရိုးရှင်းတဲ့ဟင်းလျာတွေပဲ ဖြစ်သည်။ အရင်တစ်ခေါက်ရဲ့ ပင်လယ်မျှော့ ၊ သမင်သားအရွတ် ၊ စာကလေးလျှာတို့နှင့်ယှဉ်လျှင် ဟင်းလျာတွေက ကောင်းကင်နဲ့ မြေကြီးကဲ့သို့ပင်။
ထိုအချိန်မှာပဲ အနံ့မျိုးစုံက ယန်ရှုရဲ့နှာခေါင်းထဲ ဝင်လာကြပြီး သူမရဲ့အစာအိမ်ကို မြည်အောင် လုပ်နေပေသည်။
ဒါက ဧကရာဇ်ကိုမကြာခင် တွေ့ရဖို့ သူမမျှော်နေမိတဲ့ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
ကံကောင်းစွာနှင့် ယွီဝိန်းလန်က သူမရဲ့စိတ်အားထက်သန်နေတဲ့ မျှော်လင့်စောင့်စားနေမှုကို တွေ့ရဖို့ သိပ်ပြီး မကြာလိုက်ပေ။
ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားပြီး အလျင်အမြန်ပဲ အရိုအသေပြုဖို့ တစ်ခြားသူတွေကို ဦးဆောင်လိုက်ကာ
“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးကို နှုတ်ခွန်းဆက်ပါတယ်”
[နောက်ဆုံးတော့ လာပြီပဲ!! တစ်ခြားသူတွေ ရှင့်ကိုစောင့်နေရတာက ဘယ်လောက်တောင် ခက်ခဲလဲ မသိဘူးလား။]
ယွီဝိန်းလန်က သူ့မျက်ခုံးတွေကို တိတ်တဆိတ် ပင့်လိုက်သည်။
ဒါက….နောက်ဆုံးတော့ သူ့ကိုလွမ်းနေပြီလား။
ဒါကရှားပါးတာပဲ။
သို့သော် နောက်စာကြောင်းမှာတော့ သူမပြောတာကို ထပ်ကြားလိုက်ရသည်။
[အဓိပ္ပာယ်မရှိတာတွေ ပြောနေတာကိုရပ်လိုက်ပြီး မြန်မြန်လေး ထိုင်ခုံမှာထိုင်လိုက်တော့!! မဟုတ်ရင် ဒီဆားနဲ့ငရုတ်ကောင်း စာဝါငှက် ရွှေရောင်တောင်ပံကြော်က ကြွက်တော့မှာ မဟုတ်ဘူး!!]
ယွီဝိန်းလန် “….”
ကောင်းပြီလေ။ စားအတွက်ဖို့ ဖြစ်နေတာပဲ။
သူ့မှာ ရွေးချယ်စရာမရှိတော့ပဲ ကောင်းပြီဟုသာပြောကာ စားပွဲဆီကို သွားလိုက်တော့သည်။
သူက ထပ်ပြောချင်ပေမဲ့ သူမရဲ့အပြောခံရမှာစိုးတဲ့အတွက် အရင်စားမှရမည် ဖြစ်သည်။
သူ့ရဲ့တူတွေ လှုပ်ရှားတာကို မြင်လိုက်ရတဲ့အခါမှာတော့ ယန်ရှုကလည်း အလျင်အမြန်ပဲ နောက်ကလိုက်ပါ လုပ်ဆောင်တော့သည်။
ကောင်းပြီလေ။ အဆင်ပြေပါတယ်။ ဆားနဲ့ငရုတ်ကောင်းရွှေရောင်တောင်ပံကြော်က အပြင်ဘက်မှာ ကြွပ်ရွနေတုန်းပဲ။ ဒါပေမဲ့ အထဲထဲက အသားက အရည်ရွှမ်းနေတာပဲ မဆိုးဘူး။
မိုးခိုသားကင်နဲ့နို့ရည်ဆော့စ် ငါးအသားနွှာက နှစ်ခုလုံး လတ်ဆတ်ပြီး မွှေးပျံ့နေတာပဲ မှိုနဲ့ဘဲခြေထောက်က ကြွယ်ဝပြီး မွှေးကြိုင်နေကာ ရတနာရှစ်သွယ် ကြက်သားထဲမှာတော့ ကောင်းကင်နဲ့ မြေကြီး ရှိနေပေသည်။ ငါးစွပ်ပြုတ်ကလည်း စပ်ကာ အရသာရှိလှသည်။
54 02
အထူးသဖြင့် အမဲအူအစပ်က ဟင်းကောင်းတစ်ပွဲဖြစ်ကာ ယန်ရှုရဲ့ထမင်းပန်ကန်လုံးက သူမပင် မသိလိုက်ခင်မှာပဲ အောက်ခြေသို့ ရောက်သွားပြီ ဖြစ်သည်။
သူမရဲ့ အချိုပွဲတွေနဲ့ ငါးစွပ်ပြုတ်ကို လွတ်လပ်စွာနဲ့စားသောက်နေတာကို မြင်လိုက်ရပြီး ပဲကိတ်ရဲ့ချိုမြိန်မှုကို ညည်းညူနေသေးတာကို တွေ့လိုက်ရချိန်မှာတော့ ယွီဝိန်းလန်က မနေနိုင်ပဲ မေးခွန်း ထုတ်လာတော့သည်။
“ဒီနေ့ မင်းရဲ့စား သောက်ချင်စိတ်က ဘာလို့အရမ်းကောင်းနေရတာလဲ”
ယန်ရှုက ပြုံးကာ
“ဘာလို့လဲဆိုတော့ ဒီကိုယ်လုပ်တော်က ဒီနေ့ စိတ်ကောင်းဝင်နေလို့ပါ”
ယွီဝိန်းလန်က မျက်ခုံး ပင့်လိုက်ကာ
“ဘာလို့စိတ်ကောင်းဝင်နေတာလဲ။ ဘာလဲ ပျော်စရာကိစ္စရှိလို့လား”
ယန်ရှုက သာမန်လိုပင် ပြန်ဖြေလာသည်။
“ဘာမှမဟုတ်ပါဘူး။ ဇာတ်ညွှန်းကို ချောချောမွေ့မွေ့ရေးလို့ရနေသရွေ့ ကျွန်မက ပျော်နေတာ။ ကောင်းပြီလေ။ အရှင်မင်းကြီး ဒီစာဝါငှက်ကို မြန်မြန်လေးမြည်းကြည့်ပါဦး ဒါကအရမ်းကို ကြွပ်တယ်”
သို့သော် သူမစိတ်ထဲမှာတော့
[မေးဖို့ လိုနေသေးလို့လား။ သေချာပေါက်ပဲ ပြိုင်ဘက်ရဲ့ ကံမကောင်းတာကို မြင်ရတာက အရမ်းကို လန်းဆန်းစေတာပဲ]
[ဒီနေ့ အဲ့ဒီအမိန့်တော်နှစ်ခုကို လက်ခံလိုက်ရကတည်းက အဲ့ဒီသောက်အနောက်မြောက်အရပ် စီမံခန့်ခွဲရေးထုန်ကျန်းရှီက ချက်ချင်းပဲ အထိတ်တလန့် ဖြစ်သွားတယ်လေ။ အိုးပူပူပေါ်က ပုရွက်ဆိတ်လိုပဲ အိမ်သာ သွားတာတောင် ပြုတ်ကျတော့မလိုဖြစ်ပြီး အိမ်သာကျင်းထဲ ကျသွားတော့မလိုပဲလေ ဟားဟားဟားဟား]
ဒါကိုတွေးလိုက်ပြီး ယန်ရှုက သေအောင် ရယ်နေတော့သည်။
ယွီဝိန်းလန်က သူ့နှုတ်ခမ်းတွေကို တိတ်တဆိတ် တွန့်လိုက်သည်။
ဘာကြီး။ ရှဲ့ဖေးက အိမ်သာထဲကျလုနီးပါး ဖြစ်သွားတယ် ဟုတ်လား။
သူပင် သတင်းကို မလက်ခံရသေးပေ သို့သော် သူမက အဲဒါကိုတောင် ရှင်းရှင်းလင်းလင်း သိနေပြီလား။
အခုထိ ထိုမြင်ကွင်းကို တွေးကြည့်လိုက်ချိန်မှာတော့… တကယ်ကို ရယ်ရတာပဲ
ယွီဝိန်းလန်က စာဝါငှက်တစ်ကောင်ကို မြည်းကြည့်ဖို့ ယူလိုက်သည်။
ကောင်းသားပဲ အရေခွံကကြွပ်နေတာပဲ။ ဒါပေမဲ့ အတွင်းကတော့ နူးညံ့တယ် အဲ့တာက အရမ်းကို အရသာရှိတာပဲ။
သက်ရောက်မှုကြော င့်ဖြစ်နိုင်သည် သူကသူ့ရဲ့အမူအရာကို တစ်ခဏလောက် မထိန်းနိုင်ဖြစ်သွားပြီး သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းက ကွေးတက်သွားတော့သည်။
ညစာစားပြီးနောက်မှာတော့ စောနေဆဲဖြစ်ပြီး ထိုနှစ်ယောက်က အစာခြေဖို့ ကျားကွက်ကစားကြဖို့ ဆုံးဖြတ်လိုက်တော့သည်။
သို့သော်လည်း ယန်ရှုရဲ့စွမ်းရည်တွေက တစ်ဖက်လူလောက် သိပ်မကောင်းသည့်အတွက် နောက်ထပ် ဂိမ်းသုံးပွဲမှာ အသတ်ခံလိုက်ရတော့သည်။
သူမရဲ့စိတ်ဝင်မှုစားမှုကို ဆုံးရှုံးလိုက်ရချိန်မှာပဲ ဖုဟိုင်က ခန်းမထဲကို ဝင်လာကာ ယွီဝိန်းလန်ကို ပြောလာသည်အား ကြားလိုက်ရတော့သည်။
“အရှင်မင်းကြီး ကျင်းယီဝေ့မှာ အရှင်မင်းကြီးကို သတင်းပို့စရာ တစ်စုံတစ်ခုရှိပါတယ်”
ကျင်းယီဝေ့ဆိုသည်မှာ ဧကရာဇ်ရဲ့ လူယုံတော်ဖြစ်ပြီး များသောအားဖြင့် အပြင်လူတွေ သိခွင့်မရှိတဲ့ ကိစ္စတွေကိုသာ သတင်းပို့တာဖြစ်သည်။
ယန်ရှုက သူမရဲ့မျက်လုံးကို လှိမ့်လိုက်ကာ အလျင်အမြန် ပြောလိုက်သည်။
“ဒီကိုယ်လုပ်တော်က ရေအရင်ချိုးနှင့်ပါမယ်။ ဒါဆို အရှင်မင်းကြီးကို မနှောင့်ယှက်တော့ပါဘူး”
ဒီအမေက ပေါင်ဖက်ထားရတာ မလွယ်ဘူးဟ သူမရဲ့ကျားဆော့တဲ့ စွမ်းရည်နည်းနည်းလေးနဲ့ ဧကရာဇ်ကို ပျော်အောင်လုပ်ပေးရတာက သည်းခံဖို့ အရမ်းကို ခက်ခဲလွန်းတယ်။
ယွီဝိန်းလန် “….”
သိသိသာသာကိုပင် သူမအတွက် မျက်နှာသာ တချို့ပေးရန် သူက အတော်လေးပေးပြီးသား ဖြစ်သည်။
54 03
မေ့လိုက်တော့ ကြည့်ရတာ အနာဂတ်ကျရင် ငါတို့နှစ်ယောက်ကြားထဲမှာ ဒီလှုပ်ရှားမှုကို ထုတ်ပယ်ရမဲ့ပုံပဲ။
သူက အရင်ခေါင်းညိတ်ပြလိုက်ကာ
“ကောင်းပြီလေ”
ထရပ်လိုက်ပြီး အပြင်ခန်းဆောင်ဆီသို့ ထွက်သွားတော့သည်။
သူ့ကို မြင်လိုက်ချိန်မှာတော့ ကျင်းယီဝေ့က လျင်မြန်စွာနဲ့ သတင်းပို့လာသည်။
“အရှင်မင်းကြီး ဒီနေ့ အမိန့်ပြန်တမ်းကို လက်ခံပြီးတော့ အနောက်မြောက်အရပ်ရဲ့ စီမံခန့်ခွဲရေးအရာရှိ ရှဲ့ဖေးက အထိတ်တလန့် ဖြစ်သွားပါတယ်။ ညနေကျ အိမ်မှာ လဲကျပြီးသူ့ရဲ့မြှီးညှောင့်ရိုးကို ထိခိုက်မိသွားပါတယ်။ သူကလတ်တလော အိပ်ရာထဲမှာ လှဲနေပြီး မနက်ဖြန်ကျ ညီလာခံကို တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ခနိ့မှန်းရပါတယ်”
ယွီဝိန်းလန်က သူ့မျက်ခုံးကိုပင့်လိုက်ပြီး သူ့ရဲ့မြှီးညှောင့်ရိုးပေါ်ကို ထိသွားတယ် ဟုတ်လား။
ကြည့်ရတာ အိမ်သာသွားတုန်း လဲကျတာပဲ ဖြစ်ရမယ်။
သို့သော် ကျင်းယီဝေ့ ထပ်ပြောလာသည်ကို ကြားလိုက်ရသည်။
“ဝေ့ချန်နဲ့ တစ်ခြားသူတွေက လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က စာမေးပွဲစစ်တမ်းတွေကို တစ်ခုပြီးတစ်ခု ပြန်ရှာနေပါတယ်။ ပြီးတော့ အဲမှာတွေ့လိုက်ရတာက ကျင်းယန်လို့ခေါ်တဲ့ စာမေးပွဲဖြေသူ တစ်ယောက်ရှိပြီး ထိုသူက အရှင်မင်းကြီးပြောတဲ့သူ ဖြစ်လောက်ပါမယ်။ တူညီတဲ့လမ်းအတိုင်း ဖြစ်နိုင်ချေကို ရှာလိုက်တဲ့အခါမှာတော့ ရှဲ့ဖေးရဲ့အထက်တန်းနှစ်မှာ ဒီလူက မအောင်မြင်ခဲ့ပါဘူး။ အဲ့ကတည်းကစပြီး ထိုသူက မြို့တော်ကို ခြောက်ခါ တစ်ဆက်တည်းလာပြီး အကုန်လုံးက အရှုံးနဲ့ပဲ အဆုံးသတ်သွားပါတယ်။ နောက်ပိုင်းမှာတော့ သူကစီးပွါးရေးတစ်ခုကို စတင်ပြီး အခုဆိုရင် ချန်အန်းမှာ ပိုးထည်နဲ့ လက်ဖက်ရည်ဆိုင်တွေ အများကြီး ဖွင့်ပြီးပါပြီ စီးပွါးရေးကလည်း အတော်လေး ကောင်းပါတယ်”
ဒီလိုလူမျိုးလည်း တကယ်ရှိနေတာပဲ…..
ယွီဝိန်းလန်က ပြောလာသည်။
“သူ့ကို မြို့တော်ကိုလာခိုင်းပြီး ရှဲ့ဖေးကို အချက်အလက် အတည်ပြုခိုင်းလိုက် အဲတုန်းက တစ်ခုခုဖြစ်ခဲ့တာရှိရင် အရာရှိတွေရဲ့ရုံးတော်နဲ့ တာ့လီဘုရားကျောင်းကို စုံစမ်းစစ်ဆေးခိုင်းမယ် ”
အမိန့်ပြန်တမ်းကို ထုတ်ပြန်လိုက်ပြီးကတည်းက သက်ရောက်မှုရှိမည် ဖြစ်သည်။ သူတို့သာ ဥပမာတစ်ခုကို ဆွဲထုတ်မပြဘူးဆိုလျှင် သူတို့တွေက အလေးအနက် မှတ်ယူမှာ မဟုတ်ပေ။
ကျင်းယီဝေ့က နာခံလိုက်ကာ နှုတ်ခွန်းဆက်လိုက်ပြီး ထွက်ခွာသွားတော့သည်။
~~~
ကျုံးချွေ့နန်းဆောင်တွင်
ကိုယ်လုပ်တော်ကျိုးက ရာထူးလျှော့ခံလိုက်ရပြီးပေမဲ့ ဧကရာဇ်က သူ့ကို ဧကရီမယ်တော်ကြီးရဲ့မျက်နှာကို ထောက်ကာ ယခုထိ ဒီမှာနေခွင့်ပေးထားတာ ဖြစ်သည်။ အတွင်းဒီဇိုင်းတွေကိုလည်း မရွှေ့ပစ်သေးပေ။
ဒီနန်းတော်က ထည်ဝါနေဆဲဆိုပေမဲ့ ယခင်ကလောက်တော့ သင်ဝင်မှုမရှိတော့ပေ။
ကိုယ်လုပ်တော်ကျိုးက ထိုညမှာ အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့သည်မှာ ကိုယ်လုပ်တော်အန်းက အစေခံလျုံတိနှင့်အတူ တံခါးကနေ ဝင်လာတာကို မတွေ့လိုက်ရခင်ကထိ ဖြစ်သည်။
“ဒီကိုယ်လုပ်တော်က နှုတ်ခွန်းဆက်သပါတယ်”
အန်းဖင်းက အလျင်မလိုစွာနဲ့ အရိုအသေ ပေးလာသည်။
ကိုယ်လုပ်တော်ကျိုးက သူမကို အေးစက်စွာကြည့်လိုက်ပြီးနောက် နှာမှုတ်လိုက်ကာ
“အတိတ်တုန်းက နင့်မှာ ဘာမှလုပ်စရာမရှိဘူးဆိုရင် ဒီနန်းဆောင်ကို လာနေကျပါ။ ဒါပေမဲ့ အခုကျ ငါ့မှာနင့်ကိုတွေ့ရဖို့တောင် ခက်ခဲနေပါ့လား။ ဒီည ငါနင့်ကို စောင့်နေရတာ တစ်နာရီခွဲရှိနေပြီ!”
ကိုယ်လုပ်တော်အန်းက ပြောလာသည်။
“ကျေးဇူးပြုပြီး စိတ်လျှော့ပါ။ ဒီကိုယ်လုပ်တော်က လွန်ခဲ့တဲ့နှစ်ရက်က ဖျားနာနေတဲ့အတွက် စိတ်တိုစေမိမှာကို စိုးမိလို့ပါ အခုလေးတင် တော်ဝင်သမားတော်က သွေးခုန်နှုန်း လာတိုင်းပေးလို့ အချိန်တချို့ ဖြုန်းမိသွားတာပါ”
ကိုယ်လုပ်တော်ကျိုးက တစ်ဖက်သူက သူမကို အထင်သေးနေတယ်ဆိုတာ သိပေသည်။ ထို့ကြောင့် သူမက ဗြုန်းစားကြီး နှာမှုတ်လိုက်ကာ
“ကိုယ်လုပ်တော်လီကလည်း အအေးနန်းဆောင်မှာ ကိုယ်လုပ်တော်နင် ကျတော့လည်း ပြန်ပြီးတော့ လွတ်မြောက်ခွင့်မရသေးဘူး။ အဲတော့ ကိုယ့်ကိုကိုယ် မောင်းမဆောင်ရဲ့ခေါင်းဆောင်လို့ ထင်မနေနဲ့။ အခုဆို လိယန်ရှုက ရာထူးတိုးခံရပြီး တော်ဝင်ကိုယ်လုပ်တော် ဖြစ်သွားလို့ အခုဆို နင်နဲ့ အဆင့်အတန်းအတူတူ ဖြစ်သွားပြီ”
54 04
အန်းဖင်းက သူမစကားလုံးတွေထဲက စိတ်လှုပ်ရှားနေမှုကို ကြားလိုက်ရဖို့ ဘယ်လိုလုပ် ရှုံးနိုင်မှာတဲ့လဲ။
ထို့ကြောင့် သူမရဲ့ခေါင်းကို ဆက်ညွှတ်လိုက်ကာ ပြောလာသည်။
“အရှင်မင်းကြီး ပြောသလိုမျိုး အခုလို အရှိန်နှုန်းနဲ့သာဆိုရင် သူမက သခင်မလေးနဲ့အဆင့်အတူတူ ဖြစ်သွားဖို့ သိပ်မလိုတော့ပါဘူး”
“နင်…..”
ကိုယ်လုပ်တော်ကျိုးက ဒေါသနဲ့ သီးသွားတော့သည်။
သူမက နှေးကွေးလိုက်ပြီး တမင်သက်သက် ပြုံးပြလိုက်ကာ
“ဒါဆိုရင် တိုင်းပြည်ရဲ့အစွန်အဖျားကလာတဲ့ တောသူမက နင်နဲ့အတူ နေရာအတူတူမှာ ထိုင်နေတာ အဲ့တာကရော မဆိုးရွားဘူးလား”
ကိုယ်လုပ်တော်အန်းက ထိုသို့သာ ပြောလိုက်သည်။
“အဲတာက အကူအညီမပေးနိုင်တဲ့ အရာပါ။ အရှင်မင်းကြီးက သတိမထားမိဘူးလို့ တကယ် ထင်နေတာပါလား အရှင်မင်းကြီးရဲ့နှလုံးသားက ကိုယ်လုပ်တော်ယိနဲ့ပါ။ ဘာပဲဖြစ်လာပါစေ။ အရှင်မင်းကြီးက သူ့ကိုပဲ ကာကွယ်ပေးမှာပါ။ ပြီးတော့ သာမန်လှည့်ကွက်လေးတွေက သူမကို မလှုပ်ရှားစေနိုင်ဘူး”
မူလကတော့ သူမနောက်ကို ပွင့်ပွင့်လင်းလင်း လိုက်နေတာဖြစ်ပေမဲ့ ကိုယ်လုပ်တော်ကျိုးက သူမကို တမင်သက်သက် ရန်စလာသည်။
“ပုံမှန်ဆို နင့်မှာက အမြဲတမ်း အရင်းအမြစ် အပြည့်ပဲမလား။ ဧကရီမယ်တော်ကြီးကတောင် နင့်ကို ထူးခြားစွာ မြင်နေသေးတယ်။ ဘာလဲ အခုကျ နင့်ရဲ့လှည့်ကွက်တွေ အကုန်ကုန်ပြီလား”
အန်းဖင်းက အရှုံးပေးလိုက်သည်။
ထို့နောက် သူမကလည်း ရယ်လိုက်ကာ ပြောလာသည်။
“အရှင်မင်းကြီးက ဂုဏ်အဆင့်အတန်း မြင့်တဲ့သူဖြစ်ပေမဲ့ ဒီကိုယ်လုပ်တော်ကတော့ သာမညောင်ညအဆင့်ထက် မပိုပါဘူး။ ပြီးတော့ အဲနေ့အခမ်းအနားပြီးကတည်းက ဒီကိုယ်လုပ်တော်ရဲ့အဖိုးက တစ်ချိန်လုံး အိမ်မှာရှိနေတာပါ။ အခုထိညီလာခံကို မတက်ရောက်ရသေးပါဘူး။ အခု ဒီကိုယ်လုပ်တော်မှာ ဘာမှလုပ်စရာမရှိပါဘူး…”
ဟက် သူမလို အရူးမကသာ ဒီလိုအခြေအနေမျိုးမှာ သူများတွေကို ဓားတဟ်ချောင်းလို အသုံးပြုချင်နေတာ။
ကိုယ်လုပ်တော်ကျိုးက ရုတ်တရက် စိတ်ရှုပ်သွားပြီး နှာမှုတ်လိုက်ကာ
“ရိုးရာဓလေ့ထုံးတမ်းဆိုင်ရာ ရုံးတော်ရဲ့ ရှန်းရှုက အဲ့နေ့တုန်းက သူ့ရဲ့အပြစ်ရှိစိတ်ကို အပြေးအလွှား ဝန်ခံခဲ့တာ မဟုတ်ရင် အခြေအနေက ဒီလိုဖြစ်နေမှာတဲ့လား။ အပြစ်တင်ချင်တယ်ဆိုရင် သူ့ရဲ့အသက်ရှုသံကို မထိန်းနိုင်တာကိုပဲ အပြစ်တင်နေလိုက်”
ကိုယ်လုပ်တော်အန်းက ပြောလိုက်သည်။
“ဒီကိုယ်လုပ်တော်ရဲ့အဘိုးကသာ အပြစ်ရှိစိတ်အတွက် မတောင်းပန်ခဲ့ဘူးဆိုရင် ချိန်အန်းကုန်းက အခမ်းအနားမှာ မေ့လဲနေဦးမှာပဲ ဒီတစ်ခေါက်ရဲ့ အခြေအနေကလည်း ဘယ်လိုပဲဖြစ်ဖြစ် ဒီကိုယ်လုပ်တော်ရဲ့ အဘိုးကိုလည်း အပြစ်တင်လို့ မရပါဘူး”
“နင်….”
ကိုယ်လုပ်တော်ကျိုးရဲ့မျက်လုံးတွေက ကျယ်လောင်စွာ ပွင့်သွားကာ သူမရဲ့လက်ကို မြှောက်လိုက်ပြီး ရိုက်တော့မလို့ပင်။
ဘယ်လို မိန်းမပျကိလဲ သူမကို အခုတော့ ပြန်ပြောရဲနေပြီပေါ့လေ။
ထိုအချိန်မှာပဲ အပြင်ဘက်ကနေ ဘိဆိုသောအသံ ထွက်ပေါ်လာသည်။
“ကောင်းကင်က ခြောက်သွေ့နေပြီး အရာဝတ္ထုတွေကလည်း ခြောက်သွေ့နေတာပဲ….. ဖယောင်းတိုင်တွေကို သတိထားဦး….”
ပြောစရာမလိုပေ။ အဲတာက ထပ်ပြီးတော့ ဝမ်ကျောက်ယီရဲ့ အသံပင်ဖြစ်သည်။
ကိုယ်လုပ်တော်အန်းက သူမရဲ့ခေါင်းကို ထပ်ညွှတ်လိုက်ကာ ပြောလာသည်။
“သော့ကို ထိန်းသိမ်းတော့မှာကို စိုးပါတယ်။ အဲတာဆို ဒီကိုယ်လုပ်တော်က မနှောက်ယှက်တော့ပါဘူး။ မနက်ဖြန်မနက်ကျရင် ဧကရီမယ်တော်ကြီးကို သွားပြီး အရိုအသေ ပေးရဦးမှာမလို့ပါ”
~~~
++++++ 55 01
မီးထွန်းပွဲတော်ပင်ရောက်နေပြီဖြစ်ပြီး ညလေထဲက အေးစက်မှုက အလုံးစုံ ပျောက်ကွယ်မည့်ပုံ မပေါ်ပေ။
လျုံတိက သူမရဲ့သခင်နောက်ကို လမ်းတစ်လျှောက် လိုက်ကာ ယခုလေးတင်က မြင်ကွင်းကို ပြန်ဖော်ကြည့်လိုက်ပီုး စိုးရိမ်စွာနှင့်
“သခင်မလေး ကိုယ်လုပ်တော်ကျိုးက အမြဲတမ်း ရက်စက်လွန်းပါတယ်။ ဒီတစ်ကြိမ်သူမကို အဲ့လိုဆက်ဆံလိုက်တော့ သူမက သခင်မလေးကို ကိုင်တွယ်လာမှာကို စိုးမိပါတယ်”
အန်းဖင်းက အထင်အမြင်သေးစွာ ပြုံးလိုက်ကာ
“ငါ့ကို ကိုင်တွယ်မယ်ဟုတ်လား။ အခု ဒီနန်းတော်ထဲက ဘယ်သူက သူ့စကားကို နားထောင်တော့လို့လဲ။ ဘေးပတ်လည်ကို အမိန့်ပေးနေတာလား။ ဧကရီမယ်တော်ကြီးတောင်မှ ပျောက်ကွယ်သွားပြီ”
အဓိပ္ပာယ် ရှိသားပဲ။
အတိတ်မှာတုန်းက ဧကရီမယ်တော်ကြီးက ကိုယ်လုပ်တော်ကျိုးကို တန်ဖိုးအထားဆုံး
ဖြစ်ပေမဲ့ အခမ်းအနားမှာ သူမရဲ့အဖေက သူ့ဘာသာ ရယ်စရာဖြစ်အောင် လုပ်လိုက်ပြီး သူမကပါ ရာထူး လျှော့ခံလိုက်ရကတည်းက ဧကရီမယ်တော်ကြီးက သူမကို မတွေ့တောပေ။
နန်းတော်ညစာစားပွဲမှာ မတော်တဆတွေ့ခဲ့ပေမဲ့ ဧကရီမယ်တော်ကြီးက သူမကို အကြည့်တစ်ချက် ပေးဖို့တောင် ငြင်းဆန်နေကာ သူမရဲ့ မနှစ်သက်မှုက အရမ်းကို သိသာလွန်းသည်။
ဆန့်ကျင်ဘက်အနေနဲ့ ဧကရီမယ်တော်ကြီးက သူမသခင်ကို ထပ်ခါထပ်ခါ ဆင့်ခေါ်ကာ အတော်လေးအရေးပါတဲ့ မကြာခဏ စကားပြောတာမျိုး ပြုလုပ်တတ်ပေသည်။
ထိုအချိန်မှသာ လျုံတိက အနည်းငယ် သက်သာရာ ရသွားတော့သည်။
နှစ်ယောက်သားက ခြေလှမ်းအနည်းငယ် ထပ်လျှောက်လိုက်ပြီးနောက် ငါးပျံယူနီဖောင်းကို ဝတ်ဆင်ထားတဲ့ အစောင့်နှစ်ယောက်က သိပ်မဝေးတဲ့နေရာကနေ ဖြတ်သွားတာကို မြင်လိုက်ရပေသည်။
လျုံတိက တွန့်သွားပြီး ပြောလာသည်။
“ကျင်းယီဝေ့က မောင်းမဆောင်ထဲ ဘာလို့ရှိနေရတာလဲ”
အန်းဖင်းက သူတို့လာတဲ့ ဦးတည်ရာဘက်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလာသည်။
“အဲ့ဒီဦးတည်ရာက ကန်လုနန်းဆောင်ဘက်က မဟုတ်လား။ အရှင်မင်းကြီးကို ရှာနေတာ ဖြစ်လောက်တယ်”
လျုံတိက သက်ပြင်းချကာ အသံနိမ့်နိမ့်နှင့် ပြောလာသည်။
“ကိုယ်လုပ်တော်ကျိုးက သူမနေရာကို ဆုံးရှုံးသွားရင်တောင် အရှင်မင်းကြီးကတော့ ကန်လုနန်းဆောင်ကို သွားနေဆဲပဲ။ ဘယ်အချိန်မှာကျမှ သခင်မလေးကို မြင်မှာလဲမသိဘူး”
အန်းဖင်းက ပြုံးလိုက်ကာ
“အခွင့်အရေးတစ်ခုတော့ အမြဲရှိနေမှာပါ”
ယခုလေးတင် သူမပြောခဲ့သလိုပဲ လိယန်ရှုက သာမန်လှည့်ကွက်လေးတွေနှင့် အလုပ်မဖြစ်ပေ။ သို့သော် ဘယ်သူကမှ မပြည့်စုံဘူး ဖြစ်သည်။
လိယန်ရှု အမှားမလုပ်ဘူးဆိုတာတော့ သူမမယုံကြည်နိုင်ပေ။
သွားစရာ လမ်းအရှည်ကြီး ရှိပါသေးတယ်။ သူမ စောင့်ဆိုင်းနေရုံပါပဲ
~~~
ကျင်းယီဝေ့ ထွက်ခွာသွားပြီးနောက် ယွီဝိန်းလန်က အတွင်းနန်းဆောင်ထဲကို တစ်ယောက်တည်း ပြန်လျှောက်လာကာ သူ့အတွေးတွေကို ပြန်ပြီး မထိန်းနိုင်သေးပေ။
ရှဲ့ဖေးက ပြုတ်ကျတယ် ပြီးတော့ အတိတ်က စာမေးပွဲကိစ္စအတွက် အပြေးအလွှား
လုပ်ခဲ့ရတာရောပဲ….အဲဒါတွေအားလုံးက သူမပဲ အကုန်မှန်နေပြန်သည်။
ဖြစ်နိုင်ချေအမျိုးမျိုးက ရှင်းပြလို့မရဘူးဆိုမှတော့ ဖြစ်နိုင်ချေတစ်ခုသာ ရှိတော့သည်။
သူမကလည်း သူ့လိုပင် သာမန်လူတွေနှင့် ကွဲပြားသည့် စွမ်းရည်တစ်ခု ရှိပေသည်။
စိတ်ဖတ်တာနဲ့တော့ ကွာခြားတယ်
ဒါပေမဲ့ ကြည့်ရတာ စိတ်ဖတ်တာထက် ပိုပြီးပြင်းထန်ပုံ ရတယ်
ကျစ် ပုံပြင်ရေးချင်တာက ထူးဆန်းပေသည်။ တွေးကြည့်လိုက်မှ သူမနှလုံးသားထဲမှာ ဒီလောက်အများကြီး ထိန်းထားရတာကအရမ်းကို အဆင်မပြေဖြစ်နေမှာပင် အဲဒါကြောင့် သူမ စာရေးချင်တာ ဖြစ်နိုင်သည်။
သေချာပေါက်ပင် သူက ထိတ်လန့်သွားပြီး စိတ်လည်း လှုပ်ရှားသွားရသည်။
55 02
သူမမှာ ကြည်လင်တဲ့ စိတ်ထားရှိလို့ တော်သေးတယ်။ ကောက်ကျစ်တဲ့သူမှာသာ ဒီစွမ်းရည်ကို ပျိုးထောင်မိရင် ငါ ဘာလုပ်သင့်လဲ။
သို့သော် သူမကို ဇာတ်ညွှန်းတစ်ခုရေးပေးဖို့ တောင်းဆိုတာက အရမ်းကို တင်စီးလွန်းနေမလားပင်။
တွေးကြည့်လိုက်မှ ယောက်ျားတစ်ယောင်မှာ ဒီလိုစွမ်းရည်ရှိနေပြီး သူ့ရဲ့လက်သီးကို နေရာတကာမှာ အသုံးချနေမယ်ဆိုရင် လူထုအပေါ် သေချာပေါက် အကျိုးအမြတ်ရှိပြီး ကြီးကျယ်တဲ့အရာတွေကိုလည်း အောင်မြင်နိုင်မှာပင်….။
ရုတ်တရက် ခြေသံတွေကြားလိုက်ရပြီး ယွီဝိန်းလန်ကြည့်လိုက်ချိန်မှာတော့ ထိုသူက အခုမှရေချိုးပြီးထွက်လာတဲ့ ယန်ရှုဖြစ်နေတာကို တွေ့လိုက်ရပေသည်။
သူမရဲ့တောက်ပနေတဲ့ မျက်လုံး ပန်းရောင်ပါးပြင်လေးနဲ့ နီရဲနေတဲ့ နှုတ်ခမ်းပါးလေးတွေက မေလမှာသီးတဲ့ ချယ်ရီတွေကဲ့သို့ပင်။
ယွီဝိန်းလန်က ရုတ်တရက် ရေဆာလာသည်။
အခုလေးတင်က အတွေးတွေကို အချိန်တစ်ခုလောက် ဘေးဖယ်ထားလိုက်သည်။
-ဒီလိုအလှလေးက ဘေးနားမှာရှိနေမှတော့ သူ့ကို အရင်ပြန်ကောင်းခိုင်း လိုက်တာပေါ့လေ။
ထိုအကြောင်းကိုတွေးလိုက်မှ ယန်ရှုဟာ ညောင်စောင်းပေါ်ကိုတက်သွားပြီဖြစ်သည်။
ယွီဝိန်းလန်က သူမကို သူ့လက်မောင်းတွေထဲ ထည့်လိုက်ပြီး ငြင်သာစွာနဲ့ ပြောလာသည်။
“ဒီနေ့ဘာလုပ်လဲ”
ဘာဖြစ်နေမှန်း မသိသည့် ယန်ရှုက အမှန်အတိုင်း ဖြေလာသည်။
“ဒီနေ့ ဘာမှမလုပ်ခဲ့ပါဘူး။ အဆာပြေမုန့်တစ်ချို့စားပြီးတော့ အပျိုတော်လေးနဲ့ သစ်ရွက်ကဒ် ခဏဆော့ခဲ့ပါတယ်”
ယွီဝိန်းလန်က သူ့မျက်ခုံးတွေကို ပင့်လိုက်ပြီး
“ဒီနေ့ဇာတ်ညွှန်း မရေးဘူးလား”
[ဟေး ကျွန်မက ဖရဲသီးပဲ စားပြီး အဲအကြောင်းကို ဂရုကို မစိုက်တာ။ ဒီနေ့ လူအိုကြီးရှဲ့ရဲ့ အိုးပူပူပေါ်က ပုရွက်ဆိတ်လို ပျာယာခတ်နေတာကို မြင်ရတာက ကျွန်မကို အပျော်လွန်ပြီး သေအောင် သတ်မိတော့မလို့ပဲ]
[တွေးကြည့်လိုက် တစ်နေ့မှာသာ ဒီလူက သူနဲ့အပျော်မယ် မိန်းကလေးတွေရဲ့အိပ်ရာပေါ်က အခန်းအကြောင်း အသေးစိတ်ကို စာအုပ်ထဲမှာ တွေ့လိုက်ရရင် တိုက်ရိုက်ပဲ အသက်ထွက်သွားမှာ မဟုတ်လား။ ဟားဟားဟားဟား သူမ မစောင့်နိုင်တော့ပေ]
ယွီဝိန်းလန် “…”
ဘာကြီး။
အိပ် အိပ်ရာပေါ်က အသေးစိတ်အကြောင်း။
ဒါကိုလည်း သိတာပဲလား။!
နိုး နိုး ကြည့်ရတာ ဒီစွမ်းရည်က သိပ်တော့ မကောင်းသလိုပဲ။
ထို့နောက် သူက ပြောလိုက်သည်
“တစ်နေ့လုံးနန်းဆောင်ထဲမှာ မပျင်းဘူးလား။ အခုရာသီဥတုကလည်း ပိုနွေးလာပြီဆိုတော့ လမ်းလေးဘာလေး ပိုလျှောက်ပေးလေ”
ယန်ရှုက သူမနှလုံးသားထဲမှာ တွေးလိုက်သည်
[ပေါ့ပေါ့လေး ပြောနေတာပဲ။ ပစ်မှတ်အနေနဲ့ အပြင်ထွက်ရင် လူဘယ်လောက်များများက ကျွန်မကို မုန်းလိုက်မလဲ။ ကျွန်မ မမှားဘူးဆိုရင် တစ်ယောက်ယောက်က ကျွ န်မကို တိတ်တဆိတ် ရေကန်ထဲ တွန်းချရင်ရော။ မဟုတ်လို့ ကြမ်းပြင်ပေါ်ဆီသုတ်ထားပြီး သူမကို လဲကျအောင်လုပ်ရင်ရော။ ကြောက်စရာကောင်းတယ်]
ယွီဝိန်းလန် “….”
ဒီအရှုပ်ထုတ်တွေက ဘာတွေလဲ။
သို့သော် သူမက ပြောရုံသာပြောလာသည်။
“ဒီကိုယ်လုပ်တော်က အအေးဒဏ်ကို အနည်းငယ် ကြောက်နေဆဲပါ။ ရာသီဥတုက သိပ်မနွေးသေးတာကို မပြောနဲ့ဦး။ မတော်တဆ အအေးမိမှာကိုတောင် ကြောက်မိပါတယ်”
မမျှော်လင့်ထားစွာနဲ့ ထိုစကားတွေ ထွက်လာသည်နှင့် ယွီဝိန်းလန်က ရုတ်တရက် သူမလက်ကို ကိုင်လိုက်ကာ ပြောလာသည်။
55 03
“မကြောက်နဲ့။ မင်းက ကိုယ်တော့်အပိုင်ပဲ ကိုယ်တော်သေချာပေါက် မင်းကို ကာကွယ်ပေးမယ်”
စကားပြောနေစဉ် သူက သူမရဲ့လက်ဖဝါးကို နူးညံ့စွာနဲ့ သူ့လက်ထဲ ထည့်လိုက်ကာ သူမရဲ့လက်ချောင်းတွေက ရှည်သွယ်ပြီး ကြက်သွန်စိမ်းတွေလို နူးညံ့တယ်လို့ ခံစားလိုက်ရသည်။
သူ့ဘာသ နှစ်သက်နေစဉ်မှာပဲ သူမစိတ်ထဲက ကျစ် ကျစ်ဟူသောအသံကို ကြားလိုက်ရကာ
[နားထောင်လို့တော့ ကောင်းသားပဲ။ တစ်နေ့နေ့မှာ ရှင်က ကျွန်မကို ပစ်မှတ်အဖြစ် မလိုတော့ရင် ကန်ထုတ်မှာ မဟုတ်လား။]
ယွီဝိန်းလန် “…”
ထို့ကြောင် သူက သူမကို အလေးအနက်ကြည့်လိုက်ပြီး ပြောလာသည်။
“ကိုယ်တော်ဘယ်တော့မှ မလိမ်ဘူး။ ကိုယ်တော် ပြောသမျှတိုင်းကို ကိုယ်တော် လုပ်ပေးမယ်”
ထိုစကားတွေထွက်လာလာချင်း သူမက နောက်ဆုံးတော့တွန့်သွားကာ သူ့ကို အလေးအနက် ကြည့်လာသည်။
သူ့ကိုတစ်ခဏ ငေးနေပြီးနောက်မှာတော့ သူမနှလုံးသားထဲမှာ ရုတ်တရက် ပြောလာသည်။
[ဘုရားရေ သူ အလေးအနက်ဖြစ်နေချိန်ဆို အရမ်းဆွဲဆောင်မှုရှိတာပဲ!]
ယွီဝိန်းလန် “…”
ဘာလို့သူ့ကို ချီးကျူးတဲ့အချိန်တိုင်း အဲဒီစာလုံးနှစ်လုံးကို ထည့်ရတာလဲ။
သို့သော်….
အဆုံးမှာတော့ သူမက သူ့ရဲ့ ဆွဲဆောင်တာ ခံလိုက်ရသည်။
ယွီဝိန်းလန်က ပျော်ရွှင်သွားပြီး သူမကို နမ်းချင်ခဲ့သည်။
သူ့ခေါင်းကိုငုံ့တော့မယိ့အချိန်မှာပဲ သူမစိတ်ထဲက ထပ်ပြောလာသံကို ကြားလိုက်ရသည်။
[ကျစ် တစ်နေ့မှာ ဧကရာဇ်အကြောင်း ဇာတ်လမ်းရေးရင်ရော ပေါက်သွားနိုင်လောက်လား။]
[ဘယ်ရှုထောင့်ကမဆို ကြည့်ရင် ပြစ်ချက်ကင်းတဲ့ ယောက်ျားတစ်ယောက်က သေစေနိုင်တဲ့ အားနည်းချက်တစ်ခု ရှိနေတယ်။ ဒီအမျိုးအစားကို တွေးကြည့်လိုက်တော့ စိတ်လှုပ်ရှားစရာပဲ!]
ယွီဝိန်းလန် “…”
မြန်မြန် မြန်မြန် ရပ်လိုက်တော့။
******
56 01
အပိုင်း ၃၂
သေချာပေါက်ပင် ယန်ရှုက ထိုအကြောင်းကို တွေးရုံသာဖြစ်သည်။
ဒါကတကယ့်ကို ကိစ္စကြီးပင် ကိစ္စကဘယ်လောက်ပဲ လူကြိုက်များနေပါစေ တကယ်ရေးမည်ဆိုလျှင် အသုံးမဝင် ဖြစ်ပေလိမ့်မည်။
ယွီဝိန်းလန်က သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။
သူမက ထပ်ပြီးတစ်စိမ့်စိမ့် တွေးနေတာကို ကြားလိုက်ရပြန်သည်။
[ဝန်ကြီးအုပ်စုအကြောင်းကိုပဲ ရေးပြီး ဧကရာဇ်ကို လမ်းတစ်လျှောက် သန့်ရှင်းခိုင်းလိုက်တာပေါ့။ ဘာပဲဖြစ်ဖြစ် တိုင်းပြည်နဲ့ပြည်သူကို အကျိုးပြုမှာပဲလေ။ မနက်ဖြန်ရေးရမဲ့ တစ်ခုကို စဉ်းစားကြတာပေါ့။ မနှစ်က သူ့ရဲ့တူတော်က တော်ဝင်အကယ်ဒမီမှာ အတန်းဖော်တွေကို နှိပ်စက်တဲ့အကြောင်းပဲ ဘာလို့ မရေးလိုက်တာလဲ။]
ယွီဝိန်းလန်က တိတ်တဆိတ် မျက်မှောင်ကြုတ်သွားသည် ဘာရှိသေးလဲ။
ကောင်းပြီလေ ဒီည ထပ်အိပ်ဖို့ မလိုတော့ဘူးထင်တယ်။
~~~
ဒုတိယမြောက်နေ့ ညီလာခံခန်းမမှာတော့ လူတိုင်းက အနောက်မြောက်အရပ်ရဲ့ စီမံခန့်ခွဲရေးအရာရှိ ရှဲ့ဖေးက ရုတ်တရက် နေမကောင်း ဖြစ်သွားတယ်ဆိုတာကို အံ့အားသင့်ဖွယ် သိလိုက်ရသည်။
ကျစ် ဒီဖျားနာမှုက တကယ်ကို ထူးဆန်းတာပဲ အဆုံးမှာတော့ လွန်ခဲ့တဲ့နှစ်ရက်က ထိုသူက သက်ဝင်လှုပ်ရှားနေဆဲဖြစ်ကာ ဇာတ်ညွှန်းရေးတဲ့အပေါ် မကျေမနပ်ဖြစ်ကာ အပြင်းအထန် တောင်းဆိုနေသေးသည်။ ဘာလို့ ရုတ်တရက်ကြီး ဖျားနာသွားရတာလဲ။
နောက်နှစ်ရက်မှာတော့ မြို့တော်ပတ်ဝန်းကျင် အစိုးရအရာရှိအဖွဲ့က ညီလာခံကို တင်သွင်းလာတဲ့အခါမှာ ထိုသူက လွန်ခဲ့တဲ့နှစ်များစွာက ခိုးမှုနဲ့ဆက်စပ်နေခဲ့တာ ဖြစ်နေသည်။
လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က ဒီလူဟာ စာပေးပွဲဖြေဖို့ သွားတဲ့လမ်းမှာ သူ့အဖော်ရဲ့ငွေတုံးတွေကို ခိုးယူခဲ့တာ ဖြစ်သည်။ ကံကောင်းစွာနဲ့ ကျောင်းပြီးသွားတဲ့နောက်မှာ သူ့ရဲ့အင်အားကို ထပ်ခါထပ်ခါ အသုံးချပြီး ခံရသူကို အမြဲတစေ လိုက်လံနှောက်ယှက်နေခဲ့ကာ ထိုသူကို ထပ်ခါထပ်ခါ စာမေးပွဲ ကျရှုံးစေခဲ့သည်။
“….”
ထိုအချိန်မှာသာ လူတိုင်းက လွန်ခဲ့တဲ့ ရက်အနည်းငယ်က စျေးကွက်ထဲမှာ အတော်လေး ကျော်ကြားခဲ့တဲ့ “ပိုက်ဆံမက်တဲ့ယောက်ျားက အပျော်မယ်တွေ အောက်မှာ သေဆုံးသွားတယ်” ဆိုတဲ့ စာအုပ်က သူ့ကို ရေးထားတယ်ဆိုတာကို သိသွားတော့သည်။
ကျစ် ကျစ် ကျစ် ထိုအချိန်တုန်းက သူ့အဖော်ရဲ့ငွေတုံးတွေကို ခိုးတဲ့အပြင် ဒီလူက ဆောင်ကြာမြိုင်တွေမှာ စျေးဝယ်ထွက်ရတာကိုလည်း ကြိုက်သေးတာပဲ။
သူ့မှာ ဟွားလျှိုရောဂါတောင် ရှိနေသလားမသိပေ….။
စုံစမ်းစစ်ဆေးချက်အလယ်မှာ တစ်ခြားသတင်းတွေလည်း ထွက်ပေါ်လာပေသည်။ မြို့တော်ပတ်ဝန်းကျင် အစိုးရအရာရှိအဖွဲ့ရဲ့ စုံစမ်းမှုအောက်မှာ လက်အောက်ငယ်သားတွေ ရှာတွေ့သွားသည်က ထိုလူက တကယ်ပဲ ပန်းကလေးတွေနဲ့ မိုးမခပင်တွေ ရှာရတာကို ကြိုက်သည်ဆိုတာပင်။ သူက တစ်ခါတုန်းကဆိုလျှင် ချင်းဟွိုက်မြစ်ကမ်းနံဘေးမှာ အပျော်မယ် တစ်ယောက်အတွက်နှင့် စီးပွါးရေးသမားတစ်ယောက်နှင့်ပင် စကားများခဲ့ဖူးသေးသည်။တစ်စုံတစ်ယောက်ကိုပင် ငှါးရမ်းကာ တစ်ဖက်လူကို ကိုယ်လက်အင်္ဂါ ချို့တဲ့သွားသည်အထိ ရိုက်နှက်ခိုင်းလိုက်သေးသည်…..။
လူတိုင်း “….”
သူဟာ အရင်က “ကောက်ကျစ်တဲ့မိန်းမက အပျော်မက်တဲ့ယောက်ျားကို ထိန်းချုပ်တယ်” ဆိုတာနဲ့ ထပ်ပြီး ကိုက်ညီနေပြန်တာပဲ။
ကျစ် ကျစ် ကျစ် ဒီလူရဲ့စရိုက်ကအတော်လေးကို ဆိုးရွားနေတာပဲ။ အမိန့်တော်အသစ်ရဲ့ စတေးခံရတာနဲ့ပဲ တန်တယ်။
လဝက်ခန့်ကြာပြီးနောက် အနောက်မြောက်အရပ်ရဲ့ စီမံခန့်ခွဲရေးအရာရှိ ရှဲ့ဖေးဟာ ရုံးတော်မှ ထုတ်ပယ်ခံလိုက်ရပြီး အရင်တုန်းက တစ်ခြားသူရဲ့ ပိုက်ဆံတွေကို ခိုးတဲ့ပြစ်မှုအတွက် ကြိမ်ဒဏ်အချက်နှစ်ဆယ်လက်ခံလိုက်ရပေသည်။
သို့သော် သူ့မိသားစုဝင်တွေက ထိုအကြောင်းကို မသိသည့်အတွက် သူတို့တွေဟာ အပြစ်ပေးခံရမှုထဲမှာ မပါဝင်ပေ။
ဒါပေမဲ့ ရှဲ့ဖေးဟာ ကျဆင်းသွားပြီး အချက်နှစ်ဆယ်လည်း အရိုက်ခံလိုက်ရသေးသည်။ သူ့ရဲ့ကံဆိုးမိုးမှောင်ကျမှုကိုပင် တွေးကြည့်နိုင်သည်။ အဆုံးမှာတော့ အိမ်ကို သယ်ထုတ်သွားရသည်ဟု ပြောကြပေသည်။
56 02
သူ့ရဲ့သတင်းတွေ တစ်ခုပြီးတစ်ခု ဖော်ထုတ်ခံလိုက်ရပြီးတဲ့နောက်မှာတော့ သူ့ဇနီးက ဒေါသထွက်သွားပြီး ယခင်ကထားရှိခဲ့တဲ့ မွန်မြတ်တဲ့စိတ်ထားကြောင့် ထိုသူကို လျစ်လျူရှုလိုက်ကာ သူ့ဝမ်းသူသာ ကျောင်းခိုင်းလိုက်သည်။
ထိုအရာက ဇာတ်ညွှန်းထဲက ဇာတ်သိမ်းနဲ့ တကယ်ကြီးတူနေတာပဲ။
သို့သော် ဒီနည်းအားဖြင့် လူတွေကို ဒီ “သခင်ငယ်လေးရှောင်ယောင်” က ဘယ်သူလဲဆိုတာကို ပိုပိုပြီး သိချင်လာစေသည်။
လွန်ခဲ့တဲ့နှစ်တွေ အများကြီးက ကိစ္စဟောင်းတွေကို ဘယ်လိုလုပ်ပြီး သိနိုင်နေရတာလဲ။
~~~
နှစ်အစရဲ့ပထမဆုံး “ကိစ္စကြီး” အနေနဲ့ ထိုအရာတွေပြီးတဲ့နောက်မှာ မီးထွန်းပွဲတော်ပင် ဖြစ်သည်။
မနက်ခင်း ဖုဟိုင် သတင်းပို့လာချိန်မှာတော့ ဘုရင်မင်းမြတ်က တော်ဝင်စာကြည့်ဆောင်ထဲမှာ အထိမ်းအမှတ်စာတမ်းကို ဖတ်ရှုနေခဲ့တာဖြစ်သည်။
“အရှင်မင်းကြီး ချွမ်ကျိုးကျဆုံးစစ်သည်တော်ဂုဏ်ပြုပွဲအတွက် မီးအိမ်တွေ ရောက်နေပါပြီ”
ဒါဟာ နန်းတော်ထဲရှိ ရှန်းယွမ်အခမ်းအနားတစ်ခု ဖြစ်သည်။
နှစ်စဉ်နှစ်တိုင်းမှာ ပြည်သူလူထုက နန်းတော်ကို မီးအိမ်တွေနှင့် အရိုအသေပေးမည် ဖြစ်သည်။ ထိုအရာက တိုင်းပြည်နှင့်လူမျိုး ကြွယ်ဝချမ်းသာစေရန် သွယ်ဝိုက်ရည်ညွှန်းခြင်း ဖြစ်သည်။ ထို့နောက် ဘုရင်မင်းမြတ်က ချီအန်းနန်းဆောင်က ဧကရီမယ်တော်ကြီးကို ရည်မှန်းကာ ထိုမီးအိမ်တွေ ပို့ဆက်မည်ဖြစ်ပြီး နန်းဆောင်ထဲက ကိုယ်လုပ်တော်တွေကိုလည်း ဆုချီးမြှင့်မည် ဖြစ်သည်။ ပြီးလျှင် ကောင်းကင်ဘုံက မိသားစုဝင်တွေနဲ့ ပြည်သူလူထုတွေက သွယ်ဝိုက်သောအားဖြင့် အတူတူပျော်ရွှင်ကြမည် ဖြစ်သည်။
ဖုဟိုင် စကားပြောပြီးပြီးချင်းမှာပဲ ယွီဝိန်းလန်က ရုတ်တရက် တစ်ခုခုကို အမှတ်ရသွားသည်။
ကြည့်ရတာ မီးအိမ်တွေကို အရမ်းသဘောကျတဲ့ မိန်းကလေးတစ်ယောက်ရှိတဲ့ပုံပဲ။
သာမန်လည်နေသည့် မီးအိမ်ကပင် သူမကို ရက်ပေါင်းမေားစွာ ပျော်ရွှင်နေအောင် လုပ်နိုင်ပေသည်။
ထို့နောက်သူက ပြောလာသည်။
“ကန်လုနန်းဆောင်ကို အရင်ပို့လိုက်ပြီးတော့ ကိုယ်လုပ်တော်ယိကို နည်းနည်းလောက် ရွေးခိုင်းလိုက်ပါ”
ဖုဟိုင်က နာခံကာ မိဖုရားယိဖင်းကတော့ အရှင်မင်းကြီးရဲ့ မျက်နှာသာပေးခံရသူပဲ အဲဒါကြောင့် အပြင်ထွက်ချင်တာပဲ ဖြစ်ရမယ်။
သို့သော် သူပင် ခြေလှမ်းအနည်းငယ် မလျှောက်ရသေးခင်မှာပဲ ဘုရင်မင်းမြတ် ပြောလာသည်ကို ကြားလိုက်ရသည်။
“ရပ်ဦး”
ဖုဟိုင်က သူ့ခြေလှမ်းတွေကို အလျင်အမြန်ဆုတ်လိုက်ကာ
“ဒီအစေခံက ဒီမှာပါ”
ဖြစ်နိုင်တာက နောက်ထပ် ဆုတစ်ခုရှိနေလို့်များလား။
ယွီဝိန်းလန်က သူ့စိတ်ကို ယာယီပြောင်းလိုက်ကာ ပြောလာသည်။
“ယီဖင်းကို ဒီကိုလာပြီး ရွေးခိုင်းလိုက်”
ဖုဟိုင်က တခဏခန့်တိတ်ဆိတ်သွားပြီး-ယိဖင်းကို ချန်းမင်နန်းဆောင်ဆီခေါ်လာပြီး မီးအိမ်ရွေးခိုင်းရမယ်ပေါ့လေ။
အမှန်ပဲ ဒါက ယွီဝိန်းလန် ပြောလိုက်တာပင်။
ယန်ရှုရဲ့စွမ်းရည်က ကောင်းတယ်လို့ ခံစားရပေမဲ့ သူမက ဘယ်လိုရွေးချယ်ရမယ်ဆိုတာကို မသိပေ။ တစ်ခြားသူတွေရဲ့ အိပ်ရာထဲက ကိစ္စတွေကိုတောင်မှ ပေးသိနေသေးတယ်….။
အဲဒါမကောင်းဘူး
ထို့ကြောင့် အခွင့်အရေးရှိလျှင် သူမကို လမ်းနည်းနည်း လျှောက်ဖို့ ထွက်ခိုင်းပြီး သူမရဲ့အာရုံကို လမ်းလွှဲပေးရမယ်။
တခြားသူတွေက သူ့ရဲ့ရည်ရွယ်ချက်ကောင်းကို မသိပေ။ဖုဟိုင်က တခဏခန့် ရပ်သွားပြီးနောက် အရှင်မင်းကြီးက မိဖုရားကိူ လွမ်းဆွတ်နေတဲ့အတွက် ဒီအခွင့်အရေးကို ယူပြီး သူမကို တွေ့ဖို့ ခေါ်လိုက်တာပေါ့လေ။
ဟေး ဒီမနက်လေးကပဲ ခွဲခွာခဲ့တာလေ။ ဒီအတွဲကတော့ တကယ်ကို ကော်နဲ့ကပ်ထားတာပဲ။
56 03
ထို့ကြောင့် သူဟာ “မှန်လှပါ”ဟု အလျင်အမြန်ဖြေလိုက်ပြီး ကန်လုနန်းဆောင်ဆီကို ပျော်ရွှင်စွာနဲ့ ပြေးသွားတော့သည်။
ယွီဝိန်းလန် “…”
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ဒါပေမဲ့လည်း……
အဟွတ် အခု သူက အရမ်းသိသာနေတာလား။
~~~
ထိုအချိန်တွက် ယန်ရှုက နန်းဆောင်ထဲမှာ ပျင်းရိနေပေသည်။
ရှဲ့ဖေးကို မြေကြီးပေါ် အလဲထိုးပြီးနောက်မှာတော့ သူမက ရက်အနည်းငယ်ခန့် ပျော်ရွှင်စွာ အနားယူလိုက်ကာ တကယ်ကိုအနည်းငယ် ပျင်းရိတယ်လို့ ခံစားနေရပေသည်။
စုတ်တံတစ်ချောင်းနဲ့ ကစားနေစဉ်မှာပဲ ဖုဟိုင် လာနေတာကို မြင်လိုက်ရသည်။
“ဒီအစေခံက တော်ဝင်ကိုယ်လုပ်တော်ယိဖင်းကို နှုတ်ဆက်ပါတယ်။ ချွမ်းကျိုးစံအိမ်တော် အရိုအသေပြု မီးထွန်းပွဲတော်အတွက် အပ်နှံထားတဲ့ မီးအိမ်တွေ အခု ပဲရောက်လာတဲ့အတွက် အရှင်မင်းကြီးက တော်ဝင်ကိုယ်လုပ်တော်ကို ချန်းမင်နန်းဆောင်ကိုလာပြီး ရွေးချယ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်”
ယန်ရှုက အတန်ငယ် အံ့အားသင့်သွားကာ
“ချန်းနင်နန်းဆောင်ကိုသွားပြီး ရွေးချယ်ဖို့ ပြောတာလား”
ဖုဟိုင်က လျင်မြန်စွာ ခေါင်းညိတ်ကာ
“အမှနိပဲ ဖြန့်ဝေမှုမပြုခင် အရှင်မင်းကြီးက တော်ဝင်ကိုယ်လုပ်တော်ကို ကြိုက်တဲ့တစ်ခုကို အရင်လာရွေးခိုင်း လိုက်တာပါ”
ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားပြီး အရမ်းကြင်နာတာပဲ သူမက မီးအိမ်တွေကို အကြိုက်ဆုံးပဲ။
ဘာပဲဖြစ်ဖြစ် သူမကအခုလည်း ပျင်းနေတာဆိုတော့ သူမရဲ့အဝတ်အစားတွေကို အလျင်အမြန် ပြောင်းလိုက်ကာ ချန်းမင်နန်းဆောင်ကို သွားတော့သည်။
သူမချန်းမင်နန်ဆောင်ရဲ့ ဂိတ်တံခါးကို ဝင်လိုက်တယ်ဆိုရင်ပဲ ယွီဝိန်းလန်က ကော်ရစ်ဒါမှာ ရပ်နေတာကို တွေ့လိုက်ရသည်။
မဲနယ်ရောက် အင်္ကျီလက်နှင့် ဒူးကာဝတ်ဆင်ထားပြီး အရပ်ရှည်ကာ ဖြောင့်မတ်နေသည့်အပြင် ခရမ်းရောင်ရွှေသရဖူကို ခပ်မြင့်မြင့် ထုံးဖွဲ့ထားသည်မှာ ထိုသူ့ကို ပို၍ ချောမောသွားစေသည်။
အလှတရားက လူတွေကို ပျော်ရွှင်အောင် လုပ်ပေးနိုင်သည်။ ယန်ရှုက ရှေ့သို့လှမ်းကာ အရိုအသေ ပေးလိုက်ပြီး
“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးကို နှုတ်ခွန်းဆက်ပါတယ်”
ယွီဝိန်းလန်က အသံပြုလိုက်ပြီး သူမကို လှည့်ကြည့်လာသည်။
သူမက နှစ်ဖက်လှ ဘရိုကိတ်ခြုံထည်နဲ့ တရုတ်ရိုးရာစကပ်ရှည်ကို ဝတ်ဆင်ထားပြီး အစေပိုင်းနွေဦးရဲ့ ဆောင်းစံပယ်ပွင့်လေးလို အရမ်းကို လှပနေပေသည်။
သူဟာ အရမ်းကိုပျော်ရွှင်နေတဲ့အတွက် နူးညံ့တဲ့အသံနှင့် ပြောလာသည်။
“ဒါကချွမ်းကျိုးက ပူဇော်မီးအိမ်တွေလေ။ အရမ်းကို နာမည်ကြီးနေတာ။ သူတို့တွေကို ဒီမှာထားဖို့ပြောထားတယ်။ မင်းကြိုက်ရာ နှစ်ခုယူနိုင်တယ်”
တကယ်တော့ ယန်ရှုက နန်းတော်တံခါးကနေ ဝင်လာသည်နှင့် တွေ့လိုက်ရတာ ဖြစ်သည်။ မီးအိမ် ဒါဇင်ပေါင်းများစွာကို တံစက်မြိတ်မှာ ချိတ်ထားပြီး အရောင်စုံစုံလင်လင် ဖြစ်နေကာ ဘယ်လောက်လှသလဲဆိုတာက ပြောစရာပင် မလိုချေ။
သူမက ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ခံလိုက်ပြီး ကောက်ယူလိုက်သည်။
ကောင်းပြီလေ။ မကြည့်လျှင် သိမှာမဟုတ်ပေ။ ကြည့်ရတာ ဒီတစ်သုတ် ရောက်တဲ့ မီးအိမ်တွေက ပိုတောင်လှနေတာပဲ။
အထူးသဖြင့် တစ်ခြားနေရာကြောင့် ဖြစ်သည်။ ပုံစံက နန်းတော်မှာလုပ်တဲ့မီးအိမ်တွေနဲ့ ကွဲပြားပေသည်။
လည်နေတဲ့ မြင်းရုပ်မီးအိမ် ကြာပန်းမီးအိမ် အစရှိသည်တို့အပြင်….အရိုးတံမပါပဲ စာရွက်အမာသားနဲ့ တိုက်ရိုက် ဆက်ထားတဲ့မီးအိမ်တို့ ဖြစ်သည်။ ရှုခင်းပုံအမျိုးမျိုးကိုလည်း ထိုမီးအိမ်တွေအပေါ်မှာ ရေးခြယ်ထားပြီး အရမ်းကို လှပပေသည်။
ဖောက်ထွင်းမြင်နေရတဲ့ အနားရှစ်ဖက်နှင့် နန်းကြိုးမျှင်မီးအိမ်လည်း ရှိပေသည်။ ယန်ရှုရဲ့ ထူးဆန်းနေတဲ့မျက်နှာကို မြင်လိုက်ရချိန်မှာတော့ မိန်းမစိုးငယ်လေးက သူမအတွက် တစ်ချက်ကြည့်ကြည့်ရန် ဖယောင်းတိုင်ကို လျင်မြန်စွာ ထွန်းပေးလိုက်တော့သည်။ ထိုအခါမှသာ မီးအိမ်တစ်ခုလုံးက လသေးသေးလေးကဲ့သို့ ဖောက်ထွင်းမြင်နေရတာ ဖြစ်သည်။
56 04
သူမ မနေနိုင်ဘဲ သူမလက်ကို တီးလိုက်ကာ
“ဝိုး ဒါက ကောင်းလိုက်တာ။”
ယွီဝိန်းလန်က ပြောလိုက်သည်။
“ဒါဆိုရင် ဒါကို လိုချင်လား”
ယန်ရှုက ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ ဒါပေမဲ့ ဒီကိုယ်လုပ်တော်က ဒီတစ်ခုကိုပဲ လိုပါတယ်”
ယခုလို ဖောက်ထွင်းမြင်နိုင်သည့် မီးအိမ်မျိုးက ရှားပါးကာ တစ်ချက်ကြည့်ရုံနှင့်ပင် တန်ဖိုးကို ပြောနိုင်ပေသည်။ ပြီးနောက် ဧကရီမယ်တော်ကြီးကို ဆက်သရန် မီးအိမ်တစ်ချို့ ချန်ရဦးမည် ဖြစ်သည်။ သူမက ဧကရီမယ်တော်ကြီးနှင့် မယှဉ်ပြိုင်နိုင်ပေ။
“ကိုယ်တော့်ကို အဲဒီကြာပန်းသဏ္ဌာန်မီးအိမ်ကိုပေး”
အရင်တစ်ခေါက်တုန်းက သူမက အဲဒါကို လိုချင်ခဲ့ပေမဲ့ သူမမှာ ပြောဖို့ အချိန်မရှိခဲ့ပေ။
ယွီဝိန်းလန်က ခေါင်းညိတ်ကာ မိန်းမစိုးငယ်လေးကို သူမအတွက် ကောက်ယူခိုင်းလိုက်သည်။
ထိုအချိန်မှာပဲ ဖုဟိုင်က ထပ်မံသတင်းပို့လာသည်။
“အရှင်မင်းကြီး သခင်ကြီးကျိုးက တွေ့ခွင့်တောင်းနေပါတယ်”
ကျိုးသခင်ကြီးလား။
ယန်ရှုမျက်လုံးတွေက တောက်ပသွားကာ သူမအတွက် ဇာတ်ညွှန်းတွေရေးပေးတဲ့ ထူးချွန်တဲ့အကြိုက်ရှိတဲ့ ဟန်လင်းအကယ်ဒမီရဲ့ပညာရှိ ဖြစ်နိုင်လောက်လား။
သို့သော် ယွီဝိန်းလန်က ပြောလိုက်သည်။
“သူ့ကို အထဲခေါ်လိုက်”
ဖုဟိုင်က နာခံလိုက်ကာ စကားပြန်ပါးပေးလိုက်သည်။
သိပ်မကြာခင်မှာပဲ ကျိုးမိုကျုံးက ဝင်လာကာ ယန်ရှုလည်း ထိုနေရာမှာရှိနေတာကို မြင်လိုက်ချိန်မှာတော့ အလျင်အမြန် အရိုအသေပြုလာသည်။
“အရှင်မင်းကြီးကို နှုတ်ခွန်းဆက်ပါတယ်။ တော်ဝင်ကိုယ်လုပ်တော်ယိကို နှုတ်ခွန်းဆက်ပါတယ်”
ယန်ရှုက ခေါင်းညိတ်လိုက်ကာ ယွီဝိန်းလန်ကတော့ ပြောလာသည်။
“တော်ဝင်အကယ်ဒမီရဲ့ကိစ္စရော ဖြေရှင်းပြီးပြီလား”
—ကောကျစ်ကျိန်းဟာ နွေဦးရာသီတိုင်းလူသစ်တွေကို စုဆောင်းတာဖြစ်သည်။ အတိတ်တုန်းက ဝမ်ဟွားစံအိမ်တော်ရဲ့ပညာရှိဝေ့ရူကျန်းက ဦးဆောင်လေ့ရှိသည်။ လွန်ခဲ့တဲ့ လအနည်းငယ်က ပြည်သူတွေကို ပြန်ပေးဆွဲမှုနဲ့ ရုံးတော်ကနေ ထုတ်ပယ်လိုက်ကတည်းက ယခုနှစ်အတွက် ထိုအလုပ်ဟာ တော်ဝင်အကယ်ဒမီပေါ်ကို ကျရောက်လာတာ ဖြစ်သည်။
ကျိုးမိုကျုံးက အလျင်အမြန် ပြောလာသည်။
“တော်ဝင်အကယ်ဒမီနဲ့ ဆွေးနွေးပြီးနောက်မှာ ပထမအကြိမ်အတွက် ညီလာခံအရာရှိတွေ မင်းသားတွေနဲ့ မြို့စားတွေဆီကနေ အယောက်လေးဆယ်ကို ရွေးချယ်မှာပါ။ ဒုတိယအနေနဲ့ အယောက်ခြောက်ဆယ်ကို နေရာမျိုးစုံက ရွေးချယ်ထားတဲ့ ထူးချွန်ကျောင်းသားဖြစ်ပြီး ကျရှုံးပြိုင်ပွဲဝင်သူတွေဆီကနေ အယောက်ငါးဆယ် ရွေးချယ်မှာပါ။ အရှင်မင်းကြီးကရော ဘယ်လို လုပ်မယ်ဆိုတာကို သိချင်ပါတယ်”
ယွီဝိန်းလန်က ပြောလိုက်သည်။
“ပထမအသုတ်ရဲ့ကန့်သတ်ပမာဏကို နောက်ထပ် ဆယ်ယောက် လျှော့ချပြီး ဒုတိယအသုတ်ထဲမှာ ဖြည့်လိုက်”
ထိုမင်းမျိုးမင်းဆွေတွေက ကလေးတွေဟာ ဗဟုသုတနည်းပါးကြပြီး ဒီအခွင့်အရေးကိုသာ အမှီပြုကာ တော်ဝင်အကယ်ဒမီကို ဝင်ရောက် ပျော်ပါးကြပေသည်။ အရာရှိများရုံးတော်ရဲ့ဝန်ကြီးကန်ကွမ်းလျန်ရဲ့တူတော်ဆိုလျှင် တော်ဝင်အကယ်ဒမီမှာ သာမန်လူတွေကို အနိုင်ကျင့်ကာ လေထုကို နှောက်ယှက်နေပေသည်။
ထိုသို့ဆိုမှတော့ သူတို့တွေဆီက ဘာကို မျှော်လင့်နေတာလဲ။
ကျိုးမိုကျုံးက အလုပ်ရှုပ်သွားရသည်။
သို့သော် ဘုရင်မင်းမြတ်က ထပ်ပြောလာသည်။
56 05
“ဒါပေမဲ့ ကျန်တဲ့အယောက်သုံးဆယ်ကိုလည်း တင်းတင်းကြပ်ကြပ် စစ်ဆေးရမယ်။ မျက်နှာသာပေးမှုနဲ့ အာဏာအကေါ်အခြေပြုပြီး ဝင်လာတာမျိုး မဖြစ်ရဘူး။ မဟုတ်လို့ ဘယ်လို မျက်နှာသာပေးတာမျိုးကိုမဆို ရှာတွေ့မယ်ဆိုရင် တာဝန်လစ်ဟင်းမှုနဲ့ အရေးယူခံရမယ်”
ကျိုးမိုကျုံးက လေးနက်နေတဲ့မျက်နှာထားနဲ့ အလျင်အမြန် ပြောလာသည်။
“အရှင်မင်းကြီးရဲ့စကားလုံးတိုင်းက တကယ်ကိုပဲ မှန်ကန်ပါတယ်။ ဒါကရွေးချယ်မှုကို ပိုပြီးပြင်းထန်စေပြီး လူတိုင်းကို ပြင်းပြင်းထန်ထန် စာလေ့လာပြီး အရည်အချင်းကောင်းတွေ ရှိလာစေဖို့ ဆော်ဩရာမှာ ပိုပြီးလွယ်ကူလာပါလိမ့်မယ်”
ယွီဝိန်းလန်က ခေါင်းညိတ်ပြလိုက်ကာ
“ကျိုးချင်နားလည်တာ ကောင်းတယ်။ ကော်ကျစ်ကျန်းက ညီလာခံရဲ့မျက်နှာကို ကိုယ်စားပြုပြီး ညီလာခံအတွက် အမာခံကျောက်တိုင်တွေကို လေ့ကျင့်ပေးမှာဆိုတော့ ဟာသလုပ်လို့ မရဘူး”
ကျိုးမိုကျုံးက ထပ်ခါတလဲလဲ ခေါင်းညိတ်လာသည်။
ထိုနည်းအားဖြင့် ကိစ္စကြီးဟာ ပြီးစီးသွားခဲ့သည်။
++++++ 57 01
ကျိုးမိုကျန်းက ရပ်သွားပြီး ရုတ်တရက် မေးလာသည်။
“စကားမစပ် အရှင်မင်းကြီး လွန်ခဲ့တဲ့ရက်အနည်းငယ်တစ်ခုလုံး သခင်လေးရှောင်ယောင်ရဲ့လက်ရာအသစ်ကို မတွေ့ရသေးဘူး။ ဖြစ်နိုင်တာက ပြင်းပြင်းထန်ထန် နေမကောင်းနေလို့များလား။”
အမ်။ သခင်လေးရှောင်ယောင်လား။
ယန်ရှုက သူမရဲ့ကလောင်အမည်ကို တိကျစွာ ဖမ်းလိုက်နိုင်သည်။ ထို့ကြောင့် သူမရဲ့နားတွေကို အလျင်အမြန်ပဲ စွံ့ထားလိုက်သည်။
ယွီဝိန်းလန်က သူမကိုကြည့်ကာ ပြောလာသည်။
“မဟုတ်ဘူး။ သူကအတော်လေး ပြန်ကောင်းနေပါပြီ”
ပညာရှိကျိုး ကထပ်မေးလာသည်။
“ဒါဆိုရင် လွန်ခဲ့တဲ့ရက်တွေမှာ သူ့ရဲ့အလုပ်အသစ်တွေကို ဘာလို့မမြင်ရသေးတာလဲ မသိဘူး”
ဒါက…..
ယန်ရှုက အပြစ်ရှိစိတ် ဝင်သွားရသည်။
ယွီဝိန်းလန်က သူ့ရဲ့မျက်လုံးထောင့်ကနေ သူမကို တစ်ချက်ခိုးကြည့်လိုက်ပြီး အပြုံးတစ်ပွင့်နှင့် ဖြေလာသည်။
“ဖြစ်နိုင်တာက တစ်ခုခုကြောင့် သူက အလုပ်ရှုပ်နေလို့နေမှာပါ”
ယန်ရှုက အနည်းငယ် ရှက်ရွံ့သွားရသည်။
ကျစ် ဒီနှစ်ရက်လုံး ပြိုင်ဘက်ကို အလဲသိပ်လိုက်ရတဲ့ ပျော်ရွှင်မှုထဲမှာ နှစ်မြှုပ်နေတာက အတော်လေး မျက်နှာသာ ပေးလွန်းတာပဲ။ ပြီးတော့ ရက်ပေါင်းများစွာကြာအောင် ပုံပြင်အသစ် မရေးနိုင်ခဲ့ဘူး။
သို့သော် ပညာရှိကျိုးက အလွန်စိတ်ရှုပ်ထွေးနေဟန်နှင့် ပြောလာသည်။
“သူက ဘာတွေများ အလုပ်ရှုပ်နေသလဲ မသိဘူး။ အရှင်မင်းကြီးမသိလို့ပါ အပြင်ဘက်မှာ လူတွေကသူ့ ရဲ့ဇာတ်လမ်းအသစ်ကို ဖတ်ဖို့ စောင့်ဆိုင်းနေကြတယ်”
ထိုစကားတွေ ထွက်လာသည်နှင့် ယန်ရှုက မတတ်နိုင်ဘဲ မေးလာသည်။
“ပညာရှိကျိုး အပြင်ဘက်ကစာဖတ်သူတွေက သခင်လေးရှောင်ယောင်ရဲ့စာတွေကို ဖတ်ဖို့ စောင့်နေတယ်လို့ ပြောချင်တာလား”
ကျိုးမိုကျုံးက လျင်မြန်စွာ ပြန်ဖြေလာသည်။
“ဒီငယ်သားက အဓိပ္ပာယ် မရှိတာတွေ မပြောရဲပါဘူး။ တော်ဝင်ကိုယ်လုပ်တော် မသိလို့ပါ။ ဒီရက်ပိုင်းတွေမှာ စာဖတ်သူတွေအများကြီးက စာအုပ်ဆိုင်တံခါးရှေ့မှာ စောင့်ဆိုင်းနေပြီး တခြားအတွက် မဟုတ်ဘဲ သခင်လေးရှောင်ယောင်ရဲ့စာအုပ်အသစ်ကို ဖတ်ဖို့အတွက်ပါပဲ။ လူတချို့ဆို မစောင့်နိုင်တော့ဘူး။ ကျွန်တော်မျိုးဆိုလည်း မစားနိုင် ညဘက်မှာလည်း မအိပ်နိုင် နားနဲ့ ပါးတွေကိုလည်း စိတ်မရှည်ပဲ ကုတ်ခြစ်နေမိပါတယ်”
ယန်ရှု “…”
ကြည့်ရတာ သူမကို တကယ်ကြီးကို လိုအပ်နေတာပဲ။
ယွီဝိန်းလန် “….”
သူ ဘာမှမပြောနိုင်ခင်မှာပဲ သူမက ကျိုးမိုကို စိတ်လှုပ်ရှားစွာနဲ့ ပြောလာတာကို တွေ့လိုက်ရသည်။
“လူတိုင်းကို မစိုးရိမ်ဖို့ပြောလိုက်ပါ ဇာတ်ညွှန်းအသစ်က သိပ်မကြာခင် ထွက်လာတော့မှာပါ”
ကျိုမိုကျုံးက အတန်ငယ် အံ့အားသင့်သွားပြီး အလျင်အမြန် မေးလာသည်။
“မိဖုရားက သခင်လေးရှောင်ယောင်က ဘယ်သူဆိုတာကို သိနေတာများလား။”
“သိတာပေါ့။ အရမ်းကို ရင်းနှီးတယ်”
ယန်ရှုက ပြုံးလိုက်ကာ
“စိတ်မပူနဲ့ ကျွန်မ သူ့ကို ရှင့်အတွက် တိုက်တွန်းပေးမယ်”
ပညာရှိကျိုးက အပျော်လွန်သွားပြီး အလျင်အမြန်ကျေးဇူးတင်လာသည်။
“ဒါဆို စာဖတ်သူတွေအစား မိဖုရားကိုပဲ ကျေးဇူးတင်ပါတယ်”
“ရပါတယ်”
ယန်ရှုက သူမလက်ကို ဝှေ့ယမ်းလိုက်ကာ ရက်ရောစွာ ပြုံးပြလာသည်။
ယွီဝိန်းလန်က ပြောလာသည်။
“ကျိုးချင်မှာ ဘာမှလုပ်စရာမရှိရင် သွားလို့ရပြီ”
57 02
ကျိုးမိုကျန်းက အလျင်အမြန်ဖြေလိုက်ပြီး ချန်းမင်နန်းဆောင်ကနေ ထွက်သွားတော့သည်။
နောက်ဆုံးတော့ အပြင်လူတွေ မရှိတော့သည့်အချိန်မှာပဲ ယွီဝိန်းလန်က ယန်ရှုကို ကြည့်လိုက်ကာ စကားပြောတော့မည့်အချိန်မှာပဲ သူမကသူ့ကို အရင်ဦးစွာ အလျင်စလိုနဲ့ အရိုအသေ ပေးလာတာကို တွေ့လိုက်ရသည်။
“ဒီကိုယ်လုပ်တော် အရင်ထွက်ခွာနှင့်ပါမယ်”
ထို့နောက် ထွက်သွားတော့သည်။
ယွီဝိန်းလန်က သူမလက်မောင်းကို ဆွဲလိုက်ပြီး မျက်မှောင် ကြုတ်လိုက်ကာ
“ဘာအတွက် ပြန်သွားမလို့လဲ”
နေ့လည် ရောက်ခါနီးဖြစ်သည့်အတွက် သူကသူမနှင့်အတူ နေ့လည်စာစားရန် စီစဉ်နေတာ ဖြစ်သည်။
မမျှော်လင့်ထားစွာနဲ့ ယန်ရှုက စိတ်ရှုပ်ထွေးစွာ ပြောလာသည်။
“အရှင်မင်းကြီး မကြားလိုက်ဘူးလားဟင်။ စာဖတ်သူတွေအများကြီးက ဒီကိုယ်လုပ်တော်ကို စောင့်နေကြပါတယ်။ ဒီကိုယ်လုပ်တော် မြန်မြန်ပြန်သွားပြီး သူတို့အတွက် ဇာတ်ညွှန်းရေး ပါတော့မယ်။”
ယွီဝိန်းလန် “….စောင့်နေတော့ရော ဘာဖြစ်လဲ။ မင်းအဲ့လောက်ထိ စိတ်အားထက်သန်နေဖို့ မလိုတော့ပါဘူး”
အဲတော့ ဘာဖြစ်သလဲ ဟုတ်လား။
ယန်ရှုက ချက်ချင်းပဲ သူ့မျက်ခုံးကို ပင့်လိုက်ကာ ပြောလာသည်။
“အဲတာက ဝနိကြီးတစ်ယောက်က အရှင်မင်းကြီးကို တစ်ခုခုသတင်းပို့ဖို့ အရေးတကြီး ဖြစ်နေသလိုပဲလေ။ အဲတော့ ဘယ်လိုလုပ် စောင့်နိုင်မှာလဲ။”
ယွီဝိန်းလန် “…..”
တကယ်ကို မစောင့်နိုင်ဘူးပဲ။
သူမကို ထပ်နားထောင်လိုက်ချိန်မှာပဲ သူမကို လျှာကို ထပ်မံတောက်လိုက်ကာ
[ပုံပြင်ရေးတဲ့လူတစ်ယောက်အနေနဲ့ စာဖတ်သူတွေက သူ့မိဘတွေ မဟုတ်ဘူးလား။ ငွေကြေးထောက်ပံ့ပေးတဲ့ အဖေတွေကို ဘယ်လိုလုပ် စောင့်ခိုင်းနိုင်မှာလဲ။]
ယွီဝိန်းလန် “….”
ငွေကြေးထောက်ပံ့သူ…..အဖေ။
ဒါက ဘာအဓိပ္ပာယ်လဲ။
သို့သော် သူပင် ဘာမှမပြောနိုင်သေးခင်မှာပင် သူမက သူမ ရွေးချယ်ထားတဲ့မီးအိမ်နှင့်မတူ အရိုအသေ ပေးလာပြီး အလျင်အမြန် ထွက်သွားတော့သည်။
~~~~~
သူမ ကန်လုနန်းဆောင်ကို ပြန်ရောက်ချိန်မှာတော့ ယန်ရှုက သည်းသည်းမဲမဲရေးကာ နေ့လည်စာကိုပင် ဖြစ်သလို စားလိုက်ပေသည်။
ကျစ် သူမကို စာဖတ်သူတွေက အရမ်းလိုအပ်နေတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာ သူမက ရုတ်တရက် လှုံ့ဆော်ခံလိုက်ရပြီး မပင်ပန်းတော့ပေ။ ပြီးနောက် ညနေခင်းမတိုင်ခင်အထိ စာရေးတော့သည်။
ရန်တုန်းက သူမကို လာပြီး သတိမပေးခင်အထိပင်။
“သခင်မလေး ဒီညမှာ ရှန်းယွမ်ညစာစားပွဲရှိပါတယ်။ သခင်မလေး ဝတ်စားရပါတော့မယ် မဟုတ်ရင် အရမ်းကို နောက်ကျသွားပါလိမ့်မယ်”
ရှန်းယွမ်ညစာစားပွဲလား။
ထိုအချိန်မှသာ ယန်ရှုက ထိုကိစ္စကို သတိရသွားပြီး ရေးနေသည်ကို ရပ်လိုက်ကာ ပြောလာသည်။
“ကောင်းပြီလေ”
-ဒါဟာ သူမအနေနဲ့ပလ္လင်ပေါ်ကို ရာထူးတိုးပြီးနောက် ပထမဆုံး တက်ရောက်ရတဲ့ ညစာစားပွဲဖြစ်သည့်အပြင် မီးထွန်းပွဲတော်ကဲ့သို့ပင် အရေးကြီးပေသည်။ ထို့ကြောင့် တကယ်ကို ကောင်းကောင်းမွန်မွန် ဝတ်စားဖို့လိုအပ်သည်။ မဟုတ်လျှင် သူမက ဧကရာဇ်ရဲ့မျက်နှာကို ဆုံးရှုံးစေမှာမဟုတ်လား။
ထို့ကြောင့် ရန်တုန်း လျန်ရှင်းနဲ့ တစ်ခြားသူတွေရဲ့ အားထုတ်မှုအပြီးမှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရှန်ယိ အကြံပေး ပို့ပေးလိုက်တဲ့ ချယ်ရီရောင်လည်ပင်းနားမှာ ယှက်ထားပြီး ဂန္ဓမာပန်းပုံစံ ပန်းထိုးထားတဲ့ ပွဲတက်ဝတ်စုံကို ဝတ်ဆင်ထားကာ သူမရဲ့မည်းနက်နေတဲ့ဆံနွယ်တွေကိုတော့ ခပ်နိမ့်နိမ့် ထုံးဖွဲ့ထားပေသည်။
57 03
ထိုဆံထုံးမှာတော့ ရတနာတွေအများကြီးနဲ့ စီခြယ်ထားတဲ့ မက်မန်းပွင့်သဏ္ဌာန် ဆံညှပ်ကို ဆင်ယင်ထားပြီး တောက်ပကာ တန်ဖိုးကြီးပုံပေါ်ပေသည်။
ပြတင်းပေါက်အပြင်ဘက်မှာတော့ မှောင်လုနီးပြီဖြစ်ကာ ရန်တုန်းက သူမရဲ့ကတ္တီပါခြုံထည်ကို ထပ်မံယူလိုက်ပြီး အပေါ်ကနေ ထပ်ဝတ်လိုက်ပြီးမှာတော့ ယန်ရှုက ထွက်သွားတော့သည်။
သို့သော် ကံမကောင်းစွာနှင့် ရော့ယိခန်းမသို့ သွားရာ လမ်းတစ်လျှောက်မှာ ကိုယ်လုပ်တော်ကျိုးက ထမ်းစင်ပေါ်ကနေ ဆင်းလာတာကို တွေ့လိုက်ရပေသည်။
ယန်ရှုက လျင်မြန်စွာ ရပ်လိုက်ပြီး အလေးပြုလာသည်။
“ကိုယ်လုပ်တော်ကျိုးကို နှုတ်ခွန်းဆက်ပါတယ်”
ဘွဲ့နာမည်မရှိတဲ့ ကိုယ်လုပ်တော်တစ်ယောက်ကို ခေါ်ရသည်က တကယ်ကို အနေရခက်ပေသည်။
ထို့ပြင် အတိတ်မှာတုန်းက သူမနောက်မှာ အန်းဖင်းက လိုက်နေကာ ယနေ့မှာတော့ သူမတစ်ယောက်တည်း ဖြစ်ပေသည်။ ကြည့်ရသည်မှာ သူမရဲ့ ဩဇာသိက္ခာတွေ အတော်လေးဆုံးရှုံးသွားပုံရသည်။
ကိုယ်လုပ်တော်ကျိုးက သူမရဲ့ဘေးဘက်ကိုသာ ကြည့်လာကာ ထူးဆန်းသည့်အပြုံးနှင့် ပြောလာသည်။
“ဒါက လိကွေ့ယိ မဟုတ်ပါဘူး။ အခု ယီပိလို့ခေါ်သင့်တာပဲ။ ဒီနေ့ အတော်လေး ထူးထူးခြားခြား ဝတ်ဆင်လာတာပဲ။ ကျွန်မ မှတ်မိနေပါသေးတယ်။ အတိတ်တုန်းကဆိုရင် ဗြောင်အဝတ်အစားတွေကိုပဲ ကြိုက်တာမဟုတ်လား။”
ယန်ရှုက သူမစကားလုံးတွေထဲက ထေ့လုံးတွေကို မကြားချင်ယောင်ဆောင်ကာ မဲ့ပြုံးပြုံးပြလိုက်ပြီး ပြောလာသည်။
“မလုပ်ရဲပါဘူး။ ဒီကိုယ်လုပ်တော်က ကိုယ်လုပ်တော်ကျိုးရဲ့တစ်ထောင်ပုံ ဆယ်ပုံပဲ ရှိတာပါ။ ကိုယ်လုပ်တော်ကျိုးကသာ အထင်ပေါ်ဆုံးပါ”
ထင်ပေါ်တယ်။
ကိုယ်လုပ်တော်ကျိုးက ဒါကမှားနေတယ်လို့ ခံစားလိုက်ရပြီး တိုက်ခိုက်တော့မည့် အချိန်မှာပဲ တစ်ခြားထမ်းစင်တစ်ခုက သူမအရှေ့မှာ ရပ်လာတာကို တွေ့လိုက်ရသည်။
ထမ်းစင်ဘေးက အစေခံက လိုက်ကာကိုလျင်မြန်စွာ မလိုက်ကာ ထို့နောက်ချက်ချင်းပဲ လူတစ်ယောက်က ထမ်းစင်ပေါ်ကနေ ဆင်းလာတာကို တွေ့လိုက်ရသည်။
ထိုသူက လွန်ခဲ့တဲ့တစ်လက ရေခဲပြပွဲမှာ ပိတ်ပင်ခံထားရတဲ့ ကိုယ်လုပ်တော်နင်ကလွဲပြီး တခြားသူ မဟုတ်ပေ။
အိုး စကားမစပ် အဲနေ့က ဆယ့်နှစ်လမြောက်ရဲ့ဆယ်ငါးရက်နေ့ဖြစ်ပြီး ဒီနေ့က ပထမလရဲ့ ဆယ့်ငါးရက်မြောက်နေ့ပဲ အတိအကျကို တစ်လမှာပဲ သူမရဲ့ပိတ်ပင်ခံထားရတာကို ဖယ်ရှားလိုက်ပြီ ဖြစ်သည်။
ယန်ရှုက ရွေးချယ်စရာမရှိဘဲ ထပ်မံအရိုအသေ ပေးလိုက်ကာ
“ကိုယ်လုပ်တော်နင်ကို နှုတ်ဆက်ပါတယ်”
နည်းလမ်းမရှိပေ။ ဒီလူဟာလည်း သူမထက် ရာထူးပိုမြင့်ပေသည်။ သူမသာ မယဉ်ကျေးဘူးဆိုလျှင် သူမပဲ နေရာမှားပြီး ပိတ်မိသွားလိမ့်မည် ဖြစ်သည်။
ကိုယ်လုပ်တော်နင်က သူမကို လျစ်လျူရှုလိုက်ပေမဲ့ ကိုယ်လုပ်တော်ကျိုးကို အရင်ဆုံး ကြည့်လာခဲ့သည်။
တစ်လတိတိ ပိတ်ပင်ခံရအပြီးမှာတော့ သူမကနောက်ဆုံးမှာ သိသွားတော့သည်။ ထိုအချိန်တုန်းက ဒီမိန်းမက တစ်ယောက်ယောက်ကို သူမဆီ စာပို့ခိုင်းလိုက်တာဖြစ်ပြီး ထိုမှသာ သူမကို ဓားတစ်ချောင်းလို အသုံးချလို့ရမည် ဖြစ်သည်။
ထို့နောက်မှာတော့ သူမက တစ်လလုံးလုံး အကျဉ်းချခံထားရသည်။ သူမက ကိုယ်လုပ်တော်လီကိုပါ သတ်လိုက်မိကာ သူမရဲ့အဒေါ်အကြီးဆုံး မင်းသမီးကြီးကိုပါ ငြိစွန်းစေမိသွားသည်။
သူမက တစ်ဖက်လူကို ဓားနဲ့ အကြိမ်ပေါင်းမည်မျှ ထိုးပြီးပြီလဲမသိပေ။ ထိုအချိန်မှာ ကိုယ်လုပ်တော်နင်က သူမရဲ့မျက်ခုံးကို ပင့်လိုက်ကာ ပြုံးပြလာသည်။
“ဟေး ဒါကတော်ဝင်ကိုယ်လုပ်တော် မဟုတ်လား အိုး မဟုတ်ဘူးပဲ။ ဒါကကိုယ်လုပ်တော်ကျိူးပဲ မတွေ့ရတာကြာပြီနော်”
ယခုအချိန်မှာ ကိုယ်လုပ်တော်ကျိုး ဂရုအစိုက်ဆုံးအရာကတော့ သူမရဲ့ရာထူးလျှော့ခံရတဲ့ကိစ္စပင် ဖြစ်သည်။ သူမထိုအရာကို ကြားလိုက်ရတဲ့အချိန်မှာတော့ သူမရဲ့မျက်နှာက အေးစက်သွားကာ ပြောလာသည်။
“ပိတ်ပင်ခံထားရတာ မဟုတ်ဘူးလား အာ ဒီနေ့က လွတ်လာတဲ့နေ့ပဲ။”
ကိုယ်လုပိတော်နင်က သူမရဲ့ဒေါသတွေကို အတတ်နိုင်ဆုံး ဖိနှိပ်လိုကိကာ ပြုံးနေလိုက်ပြီး
“ဟုတ်တယ်လေ။ ကျွန်မက တခဏလောက် ထွက်မလာနိုင်ဘူး ဆိုတော့ ကိစ္စတွေအများကြီး ဖြစ်သွားတာပဲ။ အခု ကိုယ်လုပ်တော်ကျိုးနဲ့ကျွန်မက အဆင့်အတူတူ ဖြစ်သွားပြီမလား။ ဒါဆို အရိုအသေ ပေးစရာမလိုဘူးပဲ။ ကျွန်မမှတ်မိသလောက်တော့ ကိုယ်လုပ်တော်ကျိုးက ကျွန်မထက် နှစ်ဝက်လောက်ငယ်ပြီး ကျွန်မကကြီးတယ်လေ။ အဲတော့ ကိုယ်လုပ်တော်ကျိုးကို ညီမတော်ကိုယ်လုပ်တော်ကျိုးလို့ ခေါ်သင့်လား”
57 04
ကိုယ်လုပ်တော်ကျိုးက သူမကို ဗလာအကြည့်တစ်ချက် ပေးလာပြီး ပြောလာသည်။
“ကျွန်မက ကိုယ်လုပ်တော်နင်နဲ့ ညီအစ်မအကြောင်းပြောဖို့ မလိုပါဘူး။ ပိတ်ပင်ခံရတာကနေ မလွတ်ခင် ကျွန်မပေးတဲ့အကြံကို နားထောင်ပြီး ဂရုစိုက်တာကပဲ ပိုကောင်းမယ်။ အရှင်မင်းကြီးနဲ့ ဧငရီမယ်တော်ကြီးကို ထပ်ပြီးမဆန့်ကျင်နဲ့ မဟုတ်ရင်ထပ်ပြီး အကျဉ်းချခံနေရမယ်နော်”
သူမစကားပြောပြီးနောက် လှေကားတွေပေါ်နင်းကာ ခန်းမထဲကို ဝင်သွားတော့သည်။
“နင်…..”
ကိုယ်လုပ်တော်နင်က တစ်လှမ်း နောက်ကျသွားသည့်အတွက် သူမရဲ့ စကားလုံးတွေကို ပြန်မြိုချရုံသာ တတ်နိုင်ပေသည်။ ထို့နောက် သူမက ယန်ရှုကို တွေးလိုက်မိကာ သူမကို လှည့်ကြည့်လိုက်ပြီး ပြောလာသည်။
“လိကွေ့ယိ အို မဟုတ်ဘူးပဲ အခု ကိုယ်လုပ်တော်ယီပေါ့လေ ဘယ်လိုနေလဲ။”
ယန်ရှုက လျင်မြန်စွာ ပြောလာသည်။
“အခု ဒီကိုယ်လုပ်တော်က ပိုကောင်းလာပါပြီ။ စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
သို့သော် တစ်ဖက်လူက ထပ်ပြောလာသည်။
“ကိုယ်လုပ်တော်ယီက ထိခိုက်သွားတယ်ဆိုပေမဲ့ တော်ဝင်ကိုယ်လုပ်တော် ဖြစ်သွားတယ်ဆိုတော့ သိပ်ပြီးတော့ မဆုံးရှုံးသွားဘူးပဲ”
ဒါက တကယ်ကို လွန်လွန်းသည်။ ဘယ်သူက နေရာကိုပြောင်းချင်ရုံနဲ့ သူတို့ရဲ့အသက်တွေကို လဲလှယ်မှာလဲ။
ယန်ရှုက ရယ်မောက ပြန်ဖြေလာသည်။
“တကယ်တော့ ဒီကိုယ်လုပ်တော်က အလိုလိုသိစိတ်အရ လုပ်လိုက်မိတာပါ။ ကံကောင်းလို့သာ ဒဏ်ရာ အနည်းငယ်ပဲ ရသွားတာ ရာထူးအဆင့် တိုးမြှင့်ခံလိုက်ရတာကတော့ အရှင်မင်းကြီးရဲ့ ကြီးမြတ်တဲ့အသရေကြောင့်ပါ။ ဒါပေမဲ့ အဲ့အချိန်မှာ ကိုယ်လုပ်တော်နင်လည်း ရှိနေမယ်ဆိုရင် ဒီလိုမျိုးအတူတူပဲ လုပ်မယ်လို့ ယုံကြည်ပါတယ်”
ကိုယ်လုပ်တော်နင်က ရပ်တန့်သွားကာ ဒါက လွန်ခဲ့တဲ့ရက်အနည်းငယ်က သူမ ခြေချုပ်မိနေတာကို လှောင်နေတာများလား။
++++++ 58 01
သူမတို့ တိုက်ခိုက်တော့မဲ့ အချိန်မှာပဲ ရုတ်တရက် တော်ဝင်ရထားလုံးက ချဉ်းကပ်လာတာကို တွေ့လိုက်ရပြီး ထို့နောက်မှာတော့ လုံးဝရပ်တန့်သွားကာ ဧကရာဇ်က အပေါ်ကနေ ဆင်းလာပေသည်။
ယွီဝိန်းလန်က အနက်ရောင် နဂါးဝတ်ရုံကို ဆင်မြန်းထားကာ ခက်ထန်တဲ့မျက်နှာထားနဲ့ ဓားကဲ့သို့ မျက်လုံးတွေနှင့်ပင်။ ကိုယ်လုပ်တော်နင်က သူမရဲ့ခေါင်းကို လျင်မြန်စွာညွှတ်လိုက်ပြီး အရိုအသေ ပေးလာသည်။
“အရှင်မင်းကြီးကို နှုတ်ခွန်းဆက်ပါတယ်”
ယန်ရှုကလည်း နောက်ကနေ လိုက်ပြောလာသည်။
ယွီဝိန်းလန်က ထိုသို့သာ ပြောလာသည်။
“အပြင်ဘက်မှာ အေးတယ်။ နန်းတော်ထဲကို မဝင်သေးဘဲ ဒီနေရာမှာ ဘာလုပ်နေတာလဲ။”
ကိုယ်လုပ်တော်နင်က ဘာမှမပြောရဲပဲ “မှန်လှပါ”ဟုသာ ပြောနိုင်ကာ ရှန်းကျားနဲ့အတူ ဝင်သွားတော့သည်။
ခန်းမထဲ ဝင်ပြီးနောက်မှာတော့ သူတို့ရဲ့နေရာတွေကို တစ်ယောက်ပြီးတစ်ယောက် ယူလိုက်ကြတော့သည်။
ဧကရီမယ်တော်ကြီး ရောက်လာပြီး သိပ်မကြာခင်မှာပဲ ကိုယ်လုပ်တော်အန်းကလည်း သူမရဲ့ဘေးမှာ ပါလာပေသည်။
ကိုယ်လုပ်တော်ကျိုးက တစ်ခဏခန့် တိတ်သွားပြီး ချက်ချင်းပဲ ထက်ရှနေတဲ့အကြည့်တွေကို ပစ်သွင်းလာတော့သည်။
ကောင်းပြီလေ ဆိုတော့ ဒီမိန်းမပျက်က သူမရဲ့စကားကို တကယ်ကိုနားမထောင်ပဲ နေရဲတာပဲ။
လက်စသတ်တော့ သူမက ဧကရီမယ်တော်ကြီးအပေါ် တွယ်တက်သွားတာကိုး။
ကိုယ်လုပ်နော်နင်က ရွဲ့တဲ့တဲ့ပြုံး ပြလာသည်။
ဒီရူးနေတဲ့မိန်းမကို အခု သူ့ရဲ့ဆွေမျိုးတွေက သစ္စာဖောက်သွားပြီး သူမရဲ့အဒေါ်ရင်းဖြစ်တဲ့ ဧကရီမယ်တော်ကြီးကတောင် သူမကို စွန့်ခွာသွားပြီလေ။ အဲဒါကို သူမမှာစိတ်ကြီးဝင်ဖို့ ဘယ်က အခွင့်ရှိနေလို့လဲ။
လူတိုင်းက ဧကရီမယ်တော်ကြီးကို အလေးပြုပြီးနောက်မှာတော့ အကြီးဆုံးမင်းသမီးကြီးနဲ့ သူမရဲ့သားမက်ဖြစ်သူ ကျောက်ချန်းဝမ်ို့က နန်းတော်ထဲကို ဝင်လာပေသည်။
-နှစ်သစ်ကူးသုံးရက်မြောက်နေ့က လုပ်ကြံမှုကြောင့် နန်းတော်ဟာ လတ်တလော အလွန်ပင် သတိထားနေခဲ့တာ ဖြစ်သည်။ ရှန်းယွမ်ပွဲတော်နေ့အတွက် ဧကရာဇ်နဲ့ ဝန်ကြီးချုပ်တွေအတွက် ညစာစားပွဲဟာလည်း ဖျက်သိမ်းခံလိုက်ရပြီး ဧကရီမယ်တော်ကြီးနှင့် ကိုယ်လုပ်တော်တွေကလွဲလျှင် အကြီးဆုံးမင်းသမီးကြီးနဲ့ သူမရဲ့သားမက်တော်တို့ကသာ ညစာစားပွဲကို ဖိတ်ကြားခံထားရတာ ဖြစ်သည်။
အကြီးဆုံးမင်းသမီးကြီးရဲ့အရှိန်အဝါကတော့ သန်မာနေဆဲပင်။ ပတ်လည်ကို ကြည့်လိုက်ချိန််မှာ လူအုပ်ထဲက မည်သူကမှ သူမကို မယှဉ်နိုင်ပေ။ သူမ နီးကပ်လာချိန်မှာတော့ ဧကရာဇ်နဲ့ ဧကရီမယ်တော်ကြီးကို အရိုအသေ ပေးလိုက်သည်။
“ကျန်းမာချမ်းသာပါစေ”
အတော်လေး ကောင်းတယ်။ သူက နန်းတော်ထဲက ကိုယ်လုပ်တွေကို လုံးဝအာရုံမစိုက်ဘူးပဲ။
ဆန့်ကျင်ဘက်အနေနှင့် သူမဘေးက သားမက်ဖြစ်သူကတော့ နှုတ်နည်းနေဆဲပင်ဖြစ်ကာ ခင်ပွန်းရဲ့ဘေးနားမှာ ရှက်တတ်တဲ့ချွေးမလေးလို အရိုအသေသာ ပေးလာသည်။
ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ပြလိုက်ပြီး
“အရမ်းယဉ်ကျေးနေစရာ မလိုပါဘူး။ ငါတို့အားလုံးက ငါတို့ရဲ့ကိုယ်ပိုင်မိသားစုထဲကပဲလေ နေရာယူပါ”
အကြီးဆုံးမင်းသမီးကြီးက နာခံလိုက်ကာ သူမရဲ့သားမက်ဖြစ်သူကို နေရာသို့ ခေါ်သွားလိုက်သည်။
သူမမျက်လုံးထောင့်က ကိုယ်လုပ်တော်နင်ကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
ကိုယ်လုပ်တော်နင်ဟာ တစ်ခဏခန့် ယုံကြည်ချက်ရှိသွားတော့သည်။
-အဲ့ဒီအရူးမကိုယ်လုပ်တော်ကျိုးက ဧကရီမယ်တော်ကြီးကို ဆုံးရှုံးလိုက်ရပေမဲ့ သူမမှာ သူမရဲ့အဒေါ်ဧကရီမယ်တော်ကြီး ရှိသေးသည်။ ထို့ကြောင့် သူမကသာ အနိုင်ရသူပင်။
58 02
အခုလူတိုင်းက ဒီမှာရှိနေသည့်အတွက် ညစာစားပွဲလည်း စတင်ပြီပင်။
လူတိုင်းဟာ ဧကရီမယ်တော်ကြီးနဲ့ ဘုရင်မင်းမြတ်ကို အရင်ဆုံး အပြန်အလှန် ဆက်သလိုက်သည်။ ဧကရီမယ်တော်ကြီးက သက်ပြင်းချကာ
“နှစ်သစ်က မျက်တောင် တစ်ခတ်အတွင်း ရောက်လာတော့မှာပဲ လွန်ခဲ့တဲ့လဝက်တုန်းက ဖြစ်ခဲ့တဲ့ကိစ္စက တကယ်ပဲ ကြောက်စရာ ကောင်းလွန်းတယ်။ တာဝန်တွေကို ဘေးဖယ်ထားပြီး လက်ရှိကိုသာ တန်ဖိုးထားမြတ်နိုးဖို့ မျှော်လင့်ပါတယ်”
လူတိုင်းက တစ်ညီတစ်ညွတ်တည်း တုံ့ပြန်လိုက်ပြီး အတွင်းဝန်ကေောက်ဖန်းက တေးသံနှင့်ကပြဖျော်ဖြေနေစဉ်မှာပဲ သူတို့တွေက အသီးအရွက်တွေ စားလိုက်ကာ တစ်ယောက်ပြီးတစ်ယောက် ဝိုင်သောက်လိုက်ကြတော့သည်။
တစ်ခဏခန့်သောက်နေပြီးနောက်မှာတော့ ဧကရီမယ်တော်ကြီးက ယွီဝိန်းလန်ကို ပြောလာသည်။
“နွေဦးက ရောက်လာပြီ။ ပူဇော်ပစ္စည်းတွေကလည်း တိုင်းပြည်အနှံ့ကနေ ရောက်လာပြီးပြီ။ သခင်နဲ့အစေခံတွေကလည်း နွေဦးအဝတ်တွေကို ပြောင်းလဲ ဝတ်ဆင်နေကြပြီ။ နန်းတော်ထဲက အရာအားလုံးကလည်း ရှုပ်ထွေးနေပြီး အိုက်ရဲ့မိသားစုက အတွင်းရေးကိစ္စစီမံရုံးတော်ကို တစ်ချက်လောက်ကူကြည့်ပေးဖို့ တစ်ယောက်ယောက်ကို ရှာပေးချင်တယ်။ အဲဒါမှ သူတို့ပြောသလို တစ်ခုခု မှားမသွားမှာ”
ထိုစကားတွေ ထွက်လာသည်နှင့် လူတိုင်းက ရပ်တန့်သွားကြသည်။
ဧကရီမယ်တော်ကြီးက ဘယ်သူ့ကို ရာထူးတိုးပေးဖို့ ကြံစည်နေတာလဲ။
ကိုယ်လုပ်တော်ကျိုးဟာ သိသိသာသာကိုပင် လက်လျှော့ခံလိုက်ရပြီ ဖြစ်သည် ကိုယ်လုတော်နင်က အကြီးဆုံးမင်းသမီးကြီးနဲ့ သက်ဆိုင်တာဖြစ်ပြီး ဧကရီမယ်တော်ကြီးက သူမကို လုံးဝကို အသုံးပြုလို့ မရနိုင်ပေ။ ဒီလိုဆို ကိုယ်လုပ်တော်အန်းကသာ ကျန်ရှိတဲ့တစ်ယောက်တည်းသော သူပဲ။
မမျှော်လင့်ထားစွာနဲ့ အကြီးဆုံးမင်းသမီးကြီးက ချက်ချင်းပြောလာခဲ့သည်။
“မယ်တော်သာ မကြိုက်ဘူးဆိုရင် သမီးတော် တစ်ယောက်ယောက်ကို ထောက်ခံပေးနိုင်ပါတယ်။ ကိုယ်လုပ်တော်နင်က တွေးခေါ်တတ်ပြီး စေ့စပ်တိကျတဲ့အတွက် ဒီအရေးကြီးတာဝန်ကို ယူပေးနိုင်ပါတယ်”
ထိုအရာကို ကြားလိုက်ချိန်မှာတော့ အသီးအရွက်စားနေတဲ့ ယန်ရှုက သူမရဲ့နှလုံးသားထဲကနေ ကျစ် ကျစ်ဟု စုတ်သပ်လာပြီး အကြီးဆုံးမင်းသမီးကြီးက တကယ်ကို ကြမ်းတမ်းတာ။ပဲ ဧကရီမယ်တော်ကြီးက ကိုယ်လုပ်တော်အန်းကို သိသိသာသာကို တိုးမြှင့်ပေးချင်နေတာကို သူမက ကိုယ်လုပ်တော်နင်ကို ထောက်ခံနေတယ်။ ဒါက ဧကရီမယ်တော်ကြီးကို လက်ခံဖို့ တွန်းအားပေးနေတာပဲ မဟုတ်ဘူးလား။
သို့သော် ဧကရီမယ်တော်ကြီးကလည်း သတ်သတ်လွတ်သမား မဟုတ်ပေ။ ထို့ကြောင့် သူမအတွက်သဘောတူဖို့က လုံးဝကိုမဖြစ်နိုင်ပေ။
သေချာပေါက်ပင် ဧကရီမယ်တော်ကြီးက ပြုံးကာ ပြောလာသည်။
“မင်းတို့တွေက နန်းတော်အပြင်ဘက်မှာ ရှိတာ အတော်လေးကြာနေပြီ ထင်တယ်။ နန်းတော်ထဲမှာ မြင်ရသလောက် မမှန်နေဘူးပဲ။ စေ့စပ်သေချာမှုကိုပြောမယ်ဆိုရင် ကိုယ်လုပ်တော်အန်းက ပိုကောင်းတယ်။ အိုက်မိသားစုရဲ့အတွေးကတော့ သူမကို လုပ်ခိုင်းတာပဲ”
ထိုစကားလုံးတွေရဲ့ အဓိပ္ပာယ်က သိသာပေသည်။ လက်ထပ်ထားတဲ့ အကြီးဆုံးမင်းသမီးကြီးလို သမီးတစ်ယောက်က လုပ်လိုက်တဲ့ရေပွက်က နန်းတော်ရဲ့အရေးကိစ္စတွေကို စွက်ဖက်ဖို့ ဘာအခွင့်အရေးရှိမှာတဲ့လဲ။
စိတ်လှုပ်ရှားစွာနဲ့ တိတ်တဆိတ်ကြည့်နေတဲ့ ယန်ရှုက သူမကို ကောင်းတယ်ဟု ပြောလာသည်။ သေချာပေါက်ပင် ကျန်းက အရွယ်ကြီးရင့်နေပြီး မိုက်နေဆဲပင်။ ဧကရီမယ်တော်ကြီးက ထိုကဲ့သို့ပြောပြီးနောက်မှာတော့ အကြီးဆုံးမင်းသမီးကြီးချန်ချန်းနှင့် ကိုယ်လုပ်တော်နင်တို့က ထပ်ပြီးပြောမလာနိုင်ပေ။
58 03
မမျှော်လင့်ထားစွာနဲ့ အကြီးဆုံးမင်းသမီးကြီးက အရှုံးမပေးဘဲ ထပ်ပြောလာသည်။
“ကိုယ်လုပ်တော်အန်းက ကောင်းပါတယ်။ ဒါပေမဲ့ သူမရဲ့နေရာအတွက်ဆို…..”
သူမပင် စကားမဆုံးခင်မှာပဲ ဧကရီမယ်တော်ကြီးက ထပ်မံရယ်မောလာပြီး
“နေရာကယာယီပါပဲ။ အတွင်းရေးရုံးတော်ကိစ္စကို တစ်ယောက်တည်းကပဲ ကူညီပေးရုံပဲ။ သူတို့အားလုံးက ကျွမ်းကျင်သူတွေပဲလေ။ အတွင်းရေးရုံးတော်က ဟင်းပွဲမှာဖို့ကို တစ်ခြားသူတွေဆီ မှီခိုမှာတဲ့လား။”
ထိုစကားတွေထွက်လာသည်နှင့် ဘေးဘက်မှာ စောင့်ဆိုင်းနေတဲ့ အတွင်းရေးရုံးတော်အကြီးအကဲ ကျိန်းလိုင်ရွှမ်းက ချက်ချငိးပဲ ဒူးထောက်ချလိုက်ပြီး ပြောလာသည်။
“ကျွန်တော်မျိုး မလုပ်ရဲပါဘူး”
ဧကရီမယ်တော်ကြီးက ခေါငိးညိတ်ကာ ပြုံးလိုက်ပြီး
“အဲလိုပြောမှပဲ ကိုယ်လုပ်တော်အန်းကို လာခိုင်းလိုက်ပြီး သူမသာ ကောင်းကောင်းမလုပ်ဘူးဆိုရင် သူမကို လဲပစ်လိုက်ပါ”
လေသံက ငြင်သာနေပေမဲ့ အဓိပ္ပာယ်က အလွန်အမင်းကို ပြင်းထန်လှသည်။
စကားပြောအပြီးမှာတော့ ကိုယ်လုပ်တော်အန်းက လျင်မြန်စွာ ထရပ်လိုက်ပြီး ပြောလာသည်။
“ဒီကိုယ်လုပ်တော်က စိုးမိပါတယ်။ ဘာလို့ဆို ကျွန်တော်မျိုးမကက တုန်ယင်ပြီး ဒီအရေးကြီးတဲ့တာဝန်ကို မယူနိုင်မှာကို စိုးမိလို့ပါ”
ဧကရီမယ်တော်ကြီးက ပြောလာသည်။
“အိုက်မိသားစုရဲ့ ယုံကြည်မှုကို မဖျက်စီးနဲ့ ကောင်းကောင်းသာ လုပ်ပါ”
ဒါက အန်းဖင်းနာခံသင့်တာပင် ထို့နောက် သူမက ပျော်ရွှင်စွာနဲ့ ပြန်ထိုင်ချလိုက်သည်။
ကိုယ်လုပ်တော်နင်က သေချာပေါက်ကိုပင် ဒေါသထွက်နေပေသည်။
သို့သော် သူမက ဒီအခွင့်အရေးကို လက်လွှတ်မခံပဲ သူမရဲ့ရန်သူဟောင်းကို ထိုးနှက်လိုက်သည်။
ထို့ကြောင့် သူမကပြုံးလိုက်ပြီး ကိုယ်လုပ်တော်အန်းကို ပြောလိုက်သည်။
“ကိုယ်လုပ်တော်အန်းက ကိုယ်လုပ်တော်ကျိုးရဲ့နောက်ကို လိုက်နေကျမလား။ သူမက အရည်အချင်းကောင်းတွေ အများကြီး သင်ခဲ့ပုံရတယ်။ သူမအတွက် ဒီအလုပ်က အရည်အချင်း မှီလောက်မှာပါ”
ဒါကိုကြားလိုက်ချိန်တွင် ကိုယ်လုပ်တော်အန်းက ရပ်သွားပြီး ကိုယ်လုပ်တော်ကျိုးကတော့ ပေါက်ကွဲတော့မလိုပင်။
ဒီမိန်းမပျက်။ သူမကို ဘယ်လိုတောင် အဲလိုလှောင်ပြောင်ရဲရတာလဲ။
ထို့ကြောင့် သူမကပြုံးလိုက်ကာ ပြောလာသည်။
“ကိုယ်လုပ်တော်နင်က မဆိုးဘူးပဲ။ စကားမစပ် ဘယ်သူက မင်းနဲ့အတူရှိနေတာလဲ။ ကျွန်မဖြင့် မမြင်မိတာ အတော်ကြာရောပေါ့ သေချာတော င်မမှတ်မိတော့ဘူး”
…..
ယန်ရှုက ဘေးဘက်တွင် တိတ်တဆိတ်ပုန်းကာ အသီးအရွက်စားရင်း တိုက်ပွဲကို ကြည့်နေပေသည်။
-တိုက်ခိုက်ကြ တိုက်ခိုက်ကြ။
သူမက ပျင်းရိလာပြီး ဘယ်သူက ပိုပြီးအစွမ်းရှိသလဲဆိုတာကိုသိရဖို့ ဒီလူစုံတက်စုံ လိုက်ရှုပ်ထွေးနေတာကို မကြည့်ရမှာလဲ။ အနာဂတ်မှာ ပုံပြင်စာအုပ်ရေးဖို့ အတွေ့အကြုံကနေ သင်ယူနိုင်လောက်တယ်။
ပျင်းရိနေပြီး သူမကို တိတ်တဆိတ် အာရုံစိုက်နေတဲ့ ယွီဝိန်းလန် “…..”
ပုံပြင်ထဲမှာ ရေးဖို့ တွေးနိုင်တယ်လား။
ရူးသွားတာ များလား။
မမျှော်လင့်ထားစွာနဲ့ သူမက စိတ်လှုပ်တရှားနဲ့ ကြည့်နေစဉ်မှာပဲ စားဖို့ကိုလည်း မမေ့သေးပေ။ ထို့နောက် သူမက အခုလေးတင် တည်ခင်းလာတဲ့ သိုးသားပူပူလေးတစ်ချောင်းကို စားလိုက်သည်။
[ကောင်းလိုက်တာ ဒီသိုးသားက အရမ်းအရသာရှိတာပဲ။ တစ်ချက် ကိုက်လိုက်တာနဲ့ အဆီနဲ့ပြည့်သွားပြီး နှုတ်ခမ်းနဲ့သွားတွေမှာ အနံ့အရသာ ကျန်နေခဲ့လိမ့်မယ်]
58 04
[ဒီမွှေးပျံ့ညကျောက်စိမ်းစွပ်ပြုတ်ကလည်း အရသာရှိပြီးရင်း ရှိနေတာပဲ။ ချွဲကျိကျိဖြစ်တာကိုလဲ ပျောက်စေတယ်။ အထူးသဖြင့် ဒီဝမ်ရှန်းယွီပဲ အရမ်းကို တန်ဖိုးကြီးတယ်။ တစ်နှစ်မှာ ဟင်းပွဲ ဘယ်လောက် စားနိုင်မလဲမသိဘူး။ ရွာကိုလွမ်းရင် ဒီဆိုင်က ရှိပါ့မလားပဲ]
ယွီဝိန်းလန် “…..”
သေချာပေါက်ပဲ။ ဘယ်ဟာကမှ သူမရဲ့စားချင်စိတ်ကို မသက်ရောက်စေဘူး။
အဲဒါက သဘာဝပဲ
ယန်ရှုအတွက် အရသာရှိတဲ့အစားအစာတွေစားနေရင်း စိတ်လှုပ်ရှားမှုကို ကြည့်ရတာက ကမ္ဘာပေါ်မှာ အပျော်ဆုံးပဲ။
သူမပျော်ပွဲရွှင်ပွဲကို ကြည့်နေစဉ်မှာလည်း မှတ်ချက်ပေးဖို့ မမေ့သေးပေ။-
ဧကရီမယ်တော်ကြီးနဲ့ အကြီးဆုံးမင်းသမီးကြီးတို့က စပြီးလှုပ်ရှားလာပြီ ဧကရီမယ်တော်ကြီးက ပိုပြီးတော့ အင်အားကြီး အရင်းအမြစ်ကြွယ်ဝပြီး အကြီးဆုံးမင်းသမီးကြီးကတော့ သတ္တိရှိပေမဲ့ အကြံသမား မဟုတ်ဘူး။
ကိုယ်လုပ်တော်ကျိုးနဲ့ ကိုယ်လုပ်တော်နင်တို့ကတော့ အတော်လေး ကွဲပြားကြသည်။ တစ်ယောက်က “အပြစ်ပေးခံရပြီး ပြန်လွတ်လာတယ်”
သို့သော် ဧကရီမယ်တော်ကြီးက ကိုယ်လုပ်တော်ကျိုးကို လက်လျှော့လိုက်ပေမဲ့ အကြီးဆုံးမင်းသမီးကြီးကတော့ ကိုယ်လုပ်တော်နင်ကို ကူညီနေဆဲပင်။ ဒီလိုသာဆို ကိုယ်လုပ်တော်နင်က ပိုပြီးကံကောင်းရမယ်။
သူမ ထိုအတိုင်းတွေးနေစဉ်မှာပဲ စစ်စတန်က နှာမှုတ်လာသည်ကို ကြားလိုက်ရသည်။
[ကိုယ်လုပ်တော်နင်က စိတ်မချရဘူး။ သူမရဲ့ဦးလေးက အပြင်ဘက်မှာ အခန်းတွေအများကြီး သိမ်းထားတယ်။ အကြီးဆုံးမင်းသမီးကြီးသာ ဒါကိုသိရင် အခြေခံကျကျနဲ့ ပြီးပြီပဲ]
ယန်ရှု […]
ဘယ်လိုတောင် စိတ်ဝင်စားစရာကောင်းတဲ့ ဖရဲသီးလဲ။
..
******
59 01
အပိုင်း (၃၃)