← Chapters

အခန်း (၆၄-၆၆)

Vol. 5 Ch. 64-66

အခန်း (၆၄-၆၆)

Vol. 5 Ch. 64-66

64 01

အပိုင်း 64

သူမ ပြောနေရင်း သူမအချစ်လေးကို ခက်ခဲနေခဲ့လား ပိန်ကျသွားလားဆိုတာကို ဂရုတစိုက် ကြည့်လိုက်သည်။

သို့သော်ငြား အတန်ကြာ ကြည့်ပြီးနောက် အမျိုးသမီးကျူးက သူမသမီးက ဝိတ်မကျသွားသလို ပိုလို့တောင် ဝိုင်းလာပြီး တောက်ပသော အသားအရည်နှင့် အလွန်သင့်တင့်နေပုံရနေသည်။

သူမက အိမ်မှာတုန်းက ထက်တောင် ပိုလို့ လှပလာသေးသည်။

အမျိုးသမီးကျူးက ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချသည်။ “ကြည့်ရတာ နန်းတော်က လူတွေကို ကောင်းကောင်း ပံ့ပိုးပေးတဲ့ပုံပါပဲ”

သူမသမီးလေးက မခက်ခဲခဲ့လျှင်ပင် မိခင်တစ်ဦးအနေနှင့် ကောင်းမွန်လွန်းလှပြီ ဖြစ်ကာ စိတ်ချလက်ချ အနားယူနိုင်ပြီပင်။ သူမ စကားပြောပြီး မကြာမီတွင် သခင်မကြီးလုက ချွေးမဖြစ်သူကို အလျင်အမြန် သတိပေးလိုက်သည်။ “မြန်မြန်လုပ်… ပါလာတာတွေ ထုတ်လိုက်တော့… နောက်ကျရင် မင်း မေ့သွားတော့မှာ”

အမျိုးသမီးကျူးက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး အိတ်များထဲမှ သူမသယ်ယူလာသော ပိတ်စအိတ်တချို့ကို ထုတ်လိုက်သည်။ တစ်လွှာပြီးတစ်လွှာ ခွာချလိုက်ပြီးနောက် နောက်ဆုံးတွင် အထဲမှ ရတာကို ထုတ်လိုက်တော့သည်။

ယင်းက လက်တစ်ဝါးအရွယ်ခန့်ရှိ ဘန်းကိတ်များနှင့် ရွှေရောင်ပန်ကိတ်များ ဖြစ်သည်။

ယန်ရှု၏မျက်လုံးများက ပင့်တက်သွားပြီး သူမမိခင်က အပြုံးများနှင့် ပြောလာသည်။ “ဒီမနက်ကမှ လုပ်ခဲ့တာ သူတို့က ပူနေသေးတုန်းပဲ။ လာ စားကြည့်လိုက်”

သူမ စကားမဆုံးခင်မှာပင် သူမက ပါးစပ်အပြည့် သွပ်ထည့်လိုက်ပြီး ဖြစ်သည်။

ကောင်းလိုက်တာ၊ ဒီဘန်းကိတ်ကြီးက ကြက်သွန်မြိတ်တွေနဲ့ ကြာဇံတွေ အစာသွပ်ထားပြီး အလယ်မှာ အဆီအပြည့်နဲ့ မျှတပြီး ဘန်းကိတ်အပြင်ဘက်က နူးညံ့ပေမဲ့ ဝါးလို့ကောင်းတယ်။ ဒီအရသာက တကယ့်ကို ငါ့အမေ လက်ရာပဲ။

လက်သီးဆုပ်အရွယ် ဘန်းကိတ်တစ်ခုကို လေးငါးကိုက်နှင့် အဆုံးသတ်လိုက်ပြီးနောက် သူမက ပန်ကိတ်ကို ယူလိုက်ပြီး တစ်ကိုက်ကိုက်လိုက်သည်။ ၎င်းက နွေကြက်သွန်နီရနံ့ အပြည့်၊ ဂျုံနှင့် မြေပဲရနံ့သင်းသင်းလေး ရှိနေသည်။ ယင်းက အလွန် စိတ်ကျေနပ်စေ၏။

မိခင်က ရယ်ပြီး ပြောသည်။ “မင်းက မိဖုရားပဲ ဖြစ်နေပြီ။ အရင်လိုပဲ ဖြစ်နေတုန်းပဲ”

ယန်ရှုက ပြုံးပြီး ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ သမီးက အမေ့သမီးဖြစ်နေတုန်းပဲလေ”

ပြီးနောက် သူမက မေးလိုက်သည်။ “အိမ်အသစ်က ဘယ်လိုနေလဲ။ ဒီမှာ နေထိုင်ဖို့ကရော ဘယ်လိုနေလဲ။ အဆင်ပြေရဲ့လား”

သခင်မကြီးလီက ချက်ချင်း ခေါင်းညိတ်ပြသည်။ “ဒါက ဝင်ပေါက်ငါးခုနဲ့ ခြံဝန်းကြီးနဲ့ ဥယာဉ်ပါတယ်။ အဲဒါက ကျယ်ပြီးတော့ လှပတယ်။ တကယ်လှတာ။ ငါတို့ တစ်ယောက်ကို ခြံဝန်းတစ်ခုစီမှာ နေလို့ရပြီး နေရာက လုံလောက်တယ်။ အရှင်မင်းကြီးက တအားရက်ရောတာပဲ”

ယန်ရှုကလည်း ပြုံးပြီး ပြောသည်။ “ဒီတော့ နောင်မှာ ထျန်းရော့ လက်ထပ်ဖို့ကို ထိန်းသိမ်းထားရုံပေါ့”

ပြီးနောက် သူမက ထပ်မေးလိုက်သည်။ “အဖေရဲ့ အလုပ်ကရော ဘယ်လိုနေလဲ။ ပြီးတော့ ထျန်းရော့ရော”

64 02

အမျိုးသမီးကျူးက ခပ်မြန်မြန် ပြောလိုက်သည်။ “ငါတို့ ဒီမနက်က နန်းတော်ကို အတူတူ လာခဲ့ကြတာ။ မင်းအဖေက ထျန်းရော့ကို ခေါ်ပြီးတော့ အရှင်မင်းကြီးကို သွားနှုတ်ဆက်တယ်။ သူ့အစီအစဉ်က ဘာလဲဆိုတာကို ငါတို့ မသိဘူး။ ချင်းကျိုးအကယ်ဒမီကျောင်းက ထျန်းရော့ကို ထောက်ခံစာ တစ်စောင် ရေးပေးခဲ့ပြီးတော့ သူက မနက်ဖြန် မြို့တော်က စုန့်ဟယ်ကျောင်းကို သွားဖို့ရှိတယ်”

ယန်ရှု၏မျက်လုံးများက ပင့်တက်သွားပြီး ပြောလိုကသည်။ “မြန်မြန်လုပ်မှရမယ်။ အချိန်ရတယ် ဆိုရင် ဒီနှစ်ရဲ့ နောက်ဆုံးစာမေးပွဲကို မီနိုင်လိမ့်မယ်။ တကယ်လို့ နောက်ဆုံးစာမေးပွဲကို ကောင်းကောင်း လုပ်နိုင်ခဲ့ရင် တော်ဝင်ကျောင်းတော်ကို တင်ခွင့် ရကောင်း ရနိုင်တယ်”

ဤရက်များတွင်း ဧကရာဇ်ပြောခဲ့သော စကားများကို သူမ အမှတ်ရမိသေးသည်။ ဒီနှစ်တွင် တော်ဝင်ကျောင်းတော်သို့ ဝင်ခွင့်တွင် ပထမအသုတ်၌ လူဦးရေ လျော့ချမည် ဖြစ်ပြီး ဒုတိယအသုတ်နှင့် တတိယအသုတ်တွင် တိုးမည် ဖြစ်သည်။

သူမ မိသားစုက မြင့်မြတ်ခြင်း မရှိသော်လည်း သူမမောင်ငယ်လေးက ကောင်းကောင်းလေ့လာပြီး စာမေးပွဲ အောင်မြင်နိုင်ပါက တော်ဝင်ကျောင်းတော်သို့ ဝင်နိုင်လိမ့်မည်။

အမျိုးသမီးကျူးက ပြောသည်။ “အမေတို့က အများကြီး မတွေးရဲဘူး။ သူက ကြိုးကြိုးစားစားနဲ့ ကောင်းကောင်းမွန်မွန် လေ့လာနိုင်ဖို့ပဲ မျှော်လင့်ပါတယ်”

“ဒါပေါ့”

ယန်ရှုက ပြုံးပြီး ပြောလိုက်သည်။ “သူက တော်ဝင်ကျောင်းတော်ကို မဝင်နိုင်ခဲ့ရင်လည်း သမီးမောင်လေးက တော်ပြီးသားမို့ အနာဂတ်မှာ တော်ဝင်စာမေးပွဲကို ကျော်ဖြတ်နိုင်လိမ့်မယ်”

အမျိုးသမီးကျူးနှင့် သခင်မကြီးလီတို့ နှစ်ယောက်လုံးက ထောက်ခံသည့် အပြုံးများ ပြုံးလိုက်ကြသည်။

နန်းတော်၏ စည်းမျဉ်းများက တင်းကြပ်သည်။ သူတို့က ယနေ့ တွေ့နိုင်သော်လည်း အမျိုးသမီးကျူးနှင့် သခင်မကြီးလီက ကြာကြာနေလို့ မရပေ။ ယန်ရှုနှင့် တစ်ခဏ စကားပြောပြီးနောက် သူတို့က နှုတ်ဆက်ကာ နန်းတော်မှ ထွက်ခွာသွားတော့သည်။

သူတို့က နန်းတော်မှ ထွက်သွားသောအခါ ရထားလုံးပေါ်သို့ တက်သွားစဉ် တခြားသော ရထားလုံးက နန်းတော်ဂိတ်တံခါးသို့ ရောက်ရှိလာသည်။

ထိုရထားလုံးက ရပ်သွားပြီး တစ်ယောက်ယောက်က ဆင်းလာသည်။ ယင်းက အန်းဖင်၏ မိခင် အမျိုးသမီးထျန်း ဖြစ်သည်။

ကန်းလုနန်းဆောင်မှ ပစ်ထုတ်လိုက်သော အမှိုက်စာရွက်များကို မြင်ပြီး ကတည်းက ကိုယ်လုပ်တော်အန်းက အတော်လေး ရှုပ်ထွေးခဲ့ရသည်။ သူမက ရက်များစွာ သည်းခံခဲ့ရပြီး နောက်ဆုံးတွင် လီယန်ရှုမိသားစုက နန်းတော်သို့ ဝင်လာတာကို စောင့်ဆိုင်းနေခဲ့ရသည်။ သူမက ဧကရီမယ်မယ်ရှေ့တွင် အလုပ်ကြိုးစားခဲ့ရပြီး နောက်ဆုံး ကံကောင်းစွာဖြင့် သူမမိခင်က သူမကို နန်းတော်မှာ လာတွေ့ဖို့ တောင်းဆိုနိုင်ခဲ့သည်။

အချိန်က အကန့်အသတ် ရှိသောကြောင့် အမျိုးသမီးထျန်းက နန်းတော်သို့ ဝင်ရောက်လာပြီးနောက် သူမသမီး၏ လန်းလင်နန်းဆောင်သို့ တိုက်ရိုက်သွားလိုက်သည်။

သူတို့နှစ်ယောက် တွေ့ဆုံသောအခါ ကိုယ်လုပ်တော်အန်းက အပြင်လူများကို ချက်ချင်း နှင်ထုတ်လိုက်ပြီး အမျိုးသမီးထျန်းကို မေးလိုက်သည်။ “အမေ ဒီရက်တွေမှာ မိသားစုက ဘယ်လိုနေလဲ”

သူမက သူမမိခင်ထံမှ စာရွက်ပါ အကြောင်းအရာက အမှန်ဟုတ်မဟုတ် တီးခေါက်ကြည့်ဖို့ တကယ်ကို ကြိုးစားချင်ခဲ့သည်။

သို့သော်လည်း အချိန်ကြာကြာ တွေးလိုက်ပြီးနောက် သူမက ကိုယ်တိုင် ထုတ်မပြောနိုင်သဖြင့် သူမက တစ်ခုသာ မေးလိုက်ရသည်။

64 03

သို့ရာတွင် အမျိုးသမီးထျန်းက ပြောလာသည်။ “အဲဒါကို မပြောပါနဲ့တော့၊ ဒုတိယအိမ်တော်က အရင်နှစ်ရက်တုန်းက အနားကို မရဘူး”

အန်းဖင်က ထိတ်လန့်သွားပြီး မြန်မြန် မေးလိုက်သည်။ “ဘာမှားနေလို့လဲ”

အမျိုးသမီးထျန်းက သက်ပြင်းချသည်။ “အခု တော်ဝင်ကျောင်းတော်က ကျောင်းသားသစ် ထပ်ခေါ်နေတာ မဟုတ်လား။ မင်းရဲ့ဒုတိယအဒေါ်က သူမရဲ့ အန်းချန်ကို ပို့ဖို့ စီစဉ်နေတာ၊ ဒီနှစ်အတွက် ပထမအသုတ်က စာမေးပွဲကို တင်းကြပ်လိုက်ပြီး နေရာလျော့ချပစ်မယ်လို့ ဘယ်သူထင်ထားမလဲ။ အန်းချန်က သူမအလိုလိုက်တာကို ခံထားရပြီးတော့ ထုတ်ပယ်ခံရတယ်လေ။ ဒီတော့ သူက ပထမအသုတ်ကနေ ဖယ်ထုတ်ခံလိုက်ရတာ။ မင်းဒုတိယအဒေါ်က မင်းအဖိုးကို အန်းချန် တော်ဝင်ကျောင်းတော်ထဲ ဝင်ဖို့ ချောချောမွေ့မွေ့ လမ်းခင်းပေးစေချင်နေတာ”

အန်းဖင်က အဘိုးဖြစ်သူနှင့် ဒုတိယအဒေါ်တို့ အကြောင်းကို ကြားသိပြီးနောက် သူမ၏နှလုံးသားက စနိုးစနောင့် ဖြစ်သွားပြီး ခပ်မြန်မြန် မေးလိုက်သည်။ “အဘိုးက သဘောတူလိုက်လား”

အမျိုးသမီးထျန်းက သရော်သလို ရယ်မောလိုက်သည်။ “မင်းအဘိုးက ဒီရက်ပိုင်း တရားရုံးတောင် မသွားနိုင်ဘူး။ သူက သူမကို ဘယ်လို ထိန်းထားနိုင်မှာလဲ။ သူမက မင်းအဖေကို ရှာပြီးတော့ ကူညီပေးဖို့ ထပ်တောင်းဆိုမယ်လို့ ငါ မထင်ထားမိခဲ့ဘူး”

အန်းဖင်က ချက်ချင်း မျက်မှောင်ကြုတ်သွား၏။ “ဒီတစ်လော တော်ဝင်ရုံးတော်က တင်းကြပ်နေတယ်လို့ ကျွန်မ သတင်းကြားထားတယ်။ ရုံးတော်က ဘယ်လောက် တင်းကြပ်မလဲဆိုတာ ကျွန်မမသိဘူး။ တကယ်လို့ အဖေသာ သူမကို ကူညီလိုက်ရင် နောက်ပိုင်းမှာ ရှာတွေ့သွားရင် ဆိုးဝါးသွားနိုင်တယ်”

အမျိုးသမီးထျန်းက ခပ်မြန်မြန် ခေါင်းညိတ်လာသည်။ “ပြောရရင် မင်းအဖေက သဘောမတူလိုက်ပေမဲ့ သူမက မင်းဆီကို လာချင်နေအုံးမယ်လို့ ငါ မထင်ထားမိဘူး။ အခု သူမက ငါ နန်းတော်ကို ဝင်မယ်ဆိုတာ သိတော့ သူမက ငါနဲ့ လိုက်လာချင်နေသေးတာ”

ကိုယ်လုပ်တော်အန်းက ဒေါသတကြီး ဖြစ်သွားသည်။ “သူမကို မလာစေနဲ့။ နောက်ဆုံးမှာ ကျွန်မက ဧကရီမယ်မယ်ရဲ့ ယုံကြည်မှုကို ရထားတာ။ သူမ ပြဿနာရှာတာကို ခွင့်မပြုနိုင်ဘူး”

အမျိုးသမီးထျန်းက အလောတကြီး ပြော၏။ “အမေ သိတာပေါ့။ စိတ်မပူပါနဲ့။ သူမအန်းချန်က မသိနားမလည်သလို ဘာစွမ်းရည်မှလည်း မရှိဘူး။ သူသာ တော်ဝင်ကျောင်းတော်ကို ဝင်ခွင့်နိုင်ခဲ့ရင် အဲဒါက ထူးဆန်းနေလိမ့်မယ်။ နောက်နှစ်မှာတော့ ငါတို့ အန်းချီကို စောင့်ကြည့်ရမယ်။ မင်းအဖိုးက ဒီတစ်ကြိမ်မှာ သူမကို ကူညီခဲ့ပြီး အန်းချီကို မကူညီခဲ့ရင် ငါ ပြဿနာ ရှာပစ်မယ် ကြည့်နေ”

အန်းချီက ကိုယ်လုပ်တော်အန်း၏ မောင်ငယ်လေး ဖြစ်ပြီး သူမ၏ဒုတိယအဒေါ် မွေးထားသော သူ့ဝမ်းကွဲ အန်းချန်ထက် တစ်နှစ်ငယ်သည်။ သူက နောက်နှစ်မှာ တော်ဝင်ကျောင်းတော်သို့ ဝင်နိုင်လိမ့်မည်။

အန်းဖင်က သက်ပြင်းချလိုက်ပြီး သူမစိတ်ထဲမှာ ထိုကိစ္စက ရှိသွားသည်။

ဒီအခြေအနေအရသာဆို အဘိုးက အန်းချန်ကို တကယ် ကူညီမှာလား။

သူသာ တကယ် ကူညီခဲ့ရင် ဆိုလိုတာက သူနဲ့ ဒုတိယအဒေါ်က…

သို့သော်လည်း ထိုအချိန်မှာ အမျိုးသမီးထျန်းက အသံနိမ့်နိမ့်ဖြင့် တီးတိုးပြောလိုက်သည်။ “စကားမစပ် အရင်ရက်တွေတုန်းက အရှင်မင်းကြီးက ထုပေါ်က ဆက်သတဲ့ ရွှေပန်းကန်လုံးကို ကိုယ်လုပ်တော်ယီကို လက်ဆောင်ပေးလိုက်တယ်လို့ ကြားတယ်။ အဲဒါကို မင်း သိထားလား”

“ရွှေပန်းကန်လုံးလား”

ကိုယ်လုပ်တော်အန်းက မှင်တက်သွားသည်။

ထိုရွှေပန်းကန်လုံးက ထုပေါ်မှ ဆက်သသော ငြိမ်းချမ်းရေး လက်ဆောင်ပဏ္ဍာ ဖြစ်သည်။ ယင်းကို ရွှေနီဖြင့် ပြုလုပ်ထားပြီး အနီ၊ အပြာကျောက်မျက်များ ခြယ်သထားကာ အလွန် ကျက်သရေရှိသည်။

သူမ ခဏတာ တွေ့မြင်ဖူးပြီး ၎င်းက မရေမတွက်နိုင်သော လူများ၏အာရုံစိုက်မှုကို ရရှိခဲ့ပြီး ကိုယ်လုပ်တော်ကျိုးပင် ၎င်းကို စိုက်ကြည့်နေခဲ့သည်။

အခုတော့ ကိုယ်လုပ်တော်ယီက ရသွားပြီလား။

သူမက ချက်ချင်းမေးလိုက်သည်။ “အရှင်မင်းကြီးက သူမကို ဘာလို့ ပေးလိုက်တာလဲ”

အမျိုးသမီးထျန်းက ခေါင်းယမ်းလိုက်ပြီး ပြောသည်။ “အမေကြားတာက အဲဒါပဲ။ အကြောင်းပြချက်ကိုတော့ မသိဘူး”

သူမက မျက်ခုံးများကို ပင့်တက်လိုက်ပြီး အသံနိမ့်နိမ့်ဖြင့် မေးသည်။ “ဧကရီမယ်မယ်က ဒီအဖိုးတန်ပစ္စည်းအကြောင်းကို သိမလားဆိုတာ ငါ စိတ်တွေးတယ်”

~~

64 04

အမျိုးသမီးထျန်း ထွက်သွားပြီးနောက် ကိုယ်လုပ်တော်အန်းက စီအန်းနန်းဆောင်သို့ သွားလိုက်သည်။

သူမက သူမ၏ကျေးဇူးတင်စိတ်ကို ဖော်ပြဖို့ ဧကရီမယ်မယ်ဆီ သွားရင်း ရွှေပန်းကန်လုံးအကြောင်း အသိပေးလိုက်ဖို့ စီစဉ်ထားသည်။

အမေက မှန်သည်။ အရှင်မင်းကြီးကသာ ထိုအဖိုးတန်ပစ္စည်းအား ဧကရီမယ်မယ်ကို မပေးဘဲ ကိုယ်လုပ်တော်ယီကိုသာ ပေးခဲ့ပါက…

ဧကရီမယ်မယ်သာ ထိုအကြောင်းကို သိသွားခဲ့ရင် သူမက စိတ်အဆင်ပြေလိမ့်မည် မဟုတ်ပေ။

…

ထိုအချိန်မှာ ယန်ရှုက ကန်းလုနန်းဆောင်အတွင်း သူမအမေ ပြုလုပ်ထားပေးသော ပန်ကိတ်များနှင့် ဘန်းကိတ်များကို စားနေဆဲ ဖြစ်သည်။

အမေချက်ပေးတဲ့ အစားအသောက်က သိပ်အရသာရှိတာပဲ။

ဆိုရသော် နန်းတော်အတွင်းမှ တော်ဝင်စားဖွယ်များက တခြားသူကို ပေးဆောင်ရန် လိုသေးသည်။

သူမက ဧကရာဇ်အတွက် နည်းနည်း ချန်ထားချင်သော်လည်း သူက ၎င်းတို့ကို နှစ်သက်မလားဆိုတာကို မသိ။

သူမ တုံ့ဆိုင်းနေစဉ်မှာပင် သူက ယွီဝိန်းလန်က ခန်းမထဲ ဝင်လာသည်ကို တွေ့လိုက်ရသည်။

သူမက ထိတ်လန့်သွားပြီး ဘန်းကိတ်များကို အလျင်အမြန် ချထားလိုက်ပြီး ဦးညွှတ်အရိုအသေ ပေးလိုက်ရသည်။

“အရှင်မင်းကြီး၊ ဒီကိုယ်လုပ်တော်က အရိုအသေပေး ကြိုဆိုပါတယ်”

ယွီဝိန်းလန်က အသံပြုလိုက်ပြီး ဝင်ထိုင်လိုက်ပြီး စားပွဲပေါ်မှ ဘန်းကိတ်ကြီးကို ကြည့်ကာ စူးစမ်းသလို မေးမြန်းလာသည်။ “ဒါက ဘာလဲ”

ယန်ရှုက ရွေးချယ်စရာ မရှိဘဲ ပြောပြလိုက်ရတော့သည်။ “ဒါက ဒီနေ့ အမေ လုပ်ပေးလာတဲ့ ဘန်းမုန့်တွေပါ။ သူမက ဒီမနက်တုန်းက ကျွန်မအတွက် ယူလာတာ။ အရှင်မင်းကြီး စားကြည့်ချင်လား”

ဟင့်… ငါ အခုလေးတင် သူ့ကို မပေးတော့ဖို့ တွေးနေတာ။ တကယ်တမ်းတော့ သူက ဘဝမှာ ပြည့်စုံမှုတွေနဲ့ နေထိုင်နေရပေမဲ့ အရသာရှိတာတွေကို မစားနိုင်တာ ဖြစ်ကောင်းဖြစ်နိုင်သေးတယ်။

သို့သော် သူမ ပြောလို့ မပြီးခင်တွင်ပင် သူက ကောင်းပြီဟု ဆိုလာသည်။ “ကောင်းပြီ”

ပြီးနောက် တစ်ခုကို ကောက်ယူပြီး စစားတော့သည်။

စားနေရင်းဖြင့် သူက မှတ်ချက်ချလာသေး၏။ “ဒါက လတ်ဆတ် အရသာရှိပြီးတော့ ဝါးလို့ကောင်းတယ်”

ယန်ရှုက ပြုံးပြီး ပြောလိုက်သည်။ “အရှင်မင်းကြီး ကြိုက်ရင် များများစားပါ”

သူက ပြောပြီးနောက် သူ့အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။ “အရှင်မင်းကြီး လက်ဖက်ရည် သောက်ပါအုံး၊ မသီးစေနဲ့ ဂရုစိုက်နော်”

သို့သော် သူမစိတ်ထဲမှာ တွေးနေတာကတော့ [နှစ်ခုထက် ပိုမစားပါနဲ့တော့… တခြားဟာတွေကို ချန်ထားပေးပါတော့… ငါ့အမေလုပ်ပေးလာတာ။ ငါက ဒါလေး စားရဖို့ကို သုံးနှစ်လောက်စောင့်ခဲ့ရပြီး နောက်ဆုံးမှ စားခွင့်ရတာလို့]

ယွီဝိန်းလန် “…”

သို့ရာတွင် ဘန်းကိတ်များက တကယ်ကောင်းသည်။ သူက သူမ အော်ဟစ်နေသံကို မကြားဟန်ဆောင်လိုက်ပြီး လေးခု တစ်ခါတည်း စားလိုက်၏။

ယန်ရှုက နှလုံးသားထဲကပင် သွေးထွက်လာတော့မတတ် အလွန်ဝမ်းနည်းသွားသည်။

သို့သော် သူမ ဘာမှမပြောရသေးခင်မှာပင် စနစ်ပြောလာသည်ကို သူမ ကြားလိုက်ရသည်။ “ဘန်းကိတ်အတွက် ဝမ်းနည်းမနေနဲ့တော့။ ကိုယ်လုပ်တော်အန်းက ဧကရီမယ်မယ်ရှေ့မှာ ဧကရာဇ်က မင်းကို ရွှေပန်းကန်လုံး ပေးထားတဲ့အကြောင်း အတင်းပြောနေပြီ”

ရွှေပန်းကန်လုံးလား။

ယန်ရှု၏ မျက်ခုံးများ ပင့်တက်သွားသည်။ သူမက ဒါကိုတောင် သိနေတာလား။

သူမက လုပ်နိုင်စွမ်း ရှိသားပဲ။

သို့သော်ငြား ထိုကိစ္စက ဖြစ်လာပြီ ဆိုမှတော့ သူမက စိတ်မပူပန်တော့ဘဲ သူမ၏အကောင်းဆုံး လှုပ်ရှားမှုကို အသုံးချနိုင်ပြီဖြစ်သည်။

ပြီးနောက် သူမက သူမရှေ့မှ သူမ၏ဘန်းကိတ်များကို အားရကျေနပ်စွာ စားသုံးနေသော လူကို ပြောလိုက်သည်။ “အရှင်မင်းကြီး ကျွန်မက ဇာတ်လမ်းတစ်ပုဒ် ရေးသားထားပြီးပါပြီ။ အရှင်မင်းကြီး စားပြီးသွားရင် တစ်ချက်လောက် ကြည့်ချင်မလား”

ယွီဝိန်းလန်က နောက်ဆုံးတွင် လေးခုမြောက်ဘန်းမုန့်ကို စားနေတာကို စိတ်ကျေနပ်စွာ စားသုံးပြီးနောက် အဆုံးသတ်လိုက်သည်။ သူက ပါးစပ်သုတ်လိုက်ပြီး ပြောသည်။ “ကောင်းပြီလေ၊ ငါကိုယ်တော်ကို ပြပါအုံး ကြည့်လိုက်အုံးမယ်”

64 05

ယန်ရှုက စားပွဲပေါ်မှ လက်ရေးစာမူတစ်စုကို ယူလိုက်ပြီး သူ့လက်ထဲသို့ ထည့်ပေးလိုက်သည်။

ယွီဝိန်းလန်က ယူလိုက်ပြီး ခေါင်းစီးကို ကြည့်လိုက်ရာ ‘အာဂလူရွှင်တော်’ လား။

သူ့မျက်ခုံးများက ပင့်တက်သွား၏။ “ဒီနာမည်က အတော်လေး ပြောင်မြောက်တာပဲ။ ဘာအဓိပ္ပာယ် ရှိတာလဲ”

သူမက ပြောလာသည်။ “ဒီဇာတ်လမ်ရဲ့ ဇာတ်ကောင်က လူရွယ်တစ်ဦး၊ သူက အားနည်းစွာနဲ့ မွေးဖွားလာပြီးတော့ သူ ငယ်စဉ်ကတည်းက မကျန်းမာဘူး။ ဒါပေမဲ့ သူက ကြိုးစား လေ့လာပြီးတော့ စွမ်းရည်အများကြီးကို သင်ယူနိုင်ခဲ့တယ်။ သူက အကြံသမားဇနီးတစ်ယောက် လက်ထပ်မိတာကတော့ သနားစရာပါပဲ။ သူမက တွေးတယ်လေ။ သူမ ယောက်ျားက ကျန်းမာရေးမကောင်းတော့ အနာဂတ်မရှိဘူးလို့ပေါ့။ နောက်တော့ သူမက သူမယောက္ခထီးကို ဆွဲဖမ်းလိုက်တော့တာပဲ”

ယွီဝိန်းလန် “…”

ဒါက ဓလေ့ထုံးတမ်းအမတ်မင်းနဲ့ သူ့ချွေးမတို့ ဆက်ဆံရေးတစ်ခု ရှိတယ်ဆိုတဲ့ ဇာတ်လမ်းမဟုတ်ဘူးလား။

ဒါပေမဲ့ သူက သိချင်နေတာ ကြာလှပြီလေ။

ထို့ကြောင့် သူက ခပ်မြန်မြန် ဆက်ဖတ်လိုက်သည်။

သို့ရာတွင် တစ်ခဏကြာပြီးနောက် ကိစ္စက လှည့်စားမှုများဖြင့် ပြည့်နေပြီး မရိုးရှင်းတာကို တွေ့လိုက်ရတော့သည်။

ယောက္ခထီးနှင့် ချွေးမက တကယ့်ကို ကလေးတစ်ယောက် ရှိခဲ့တယ်လို့ သူမဇာတ်လမ်းက ပြောထားလေသည်။

“???”

++++++

65 01

အခန်း 65

ဒီလိုအရာမျိုးက ရှိသေးတာလား။

ဘုရင်မင်းမြတ်က ထပ်တစ်ကြိမ် အံ့အားသင့်သွားရပြန်သည်။

ဓလေ့ထုံးတမ်းအမတ်ရဲ့အိမ်တော်က ဒုတိယဇနီးရဲ့ မြေးက တကယ်တမ်းတော့ သူ့သား ဟုတ်လား။

ယွီဝိန်းလန်က မေးဖို့ကြိုးစားလိုက်သည်။ “ဒါက အမှန်လား။ ဒီကလေးက လူအိုကြီးရဲ့ ကလေးလား”

ယန်ရှုက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ဒါပေါ့ အမှန်ပဲလေ။ ဒီသခင်လေးက အားနည်းပြီးတော့ ကလေးမရနိုင်ဘူး ဒီတော့ ကလေးက သူ့အဖေရဲ့သားပဲ”

[ကြည့်… ဇာတ်လမ်းဆိုတာတောင် အံ့ဩသွားရပြီ မဟုတ်လား။ ဒါက ဓလေ့ထုံးတမ်းအမတ်အိမ်တော်ရဲ့ တကယ့်အဖြစ်အပျက် ဆိုတာသာ သိရင် ရှင့်ကို သေလောက်အောင် ထိတ်လန့်သွားစေအုံးမယ်]

ယွီဝိန်းလန် “…”

ဒါက တကယ်ကြီးပေါ့။

ဓလေ့ထုံးတမ်း အမတ်မင်းက ခွေးကောင်ပဲ။

သူက သူ့ခေါင်းကို ကြိုးကြိုးစားစား ခါလိုက်ပြီး မေးဖို့ ကြိုးစားလိုက်ရသည်။ “ပြီးတော့ ထပ်ပြီး ရှာတွေ့သေးလား”

ယန်ရှုက ခေါင်းညိတ်လိုက်သည်။ “လူအိုကြီးက မိသားစုရဲ့ ခေါင်းဆောင်လေ။ သူ့ဇနီးသည်က လွန်ခဲ့တဲ့ နှစ်တွေကတည်းက မရှိတော့တာ ဆိုတော့ သူ့ကို ဘယ်သူမှ ဂရုမစိုက်မိကြဘူး။ အိမ်တော်ထဲက အစေခံတချို့က ဒါကို သိနေရင်တောင်မှ ဘာမှမပြောရဲကြဘူးလေ။ ဒါ့အပြင် ဒီလူအိုကြီးက တအားမှန်ကန်နေပုံနဲ့လေ။ အပြင်လူတွေက သူက ဒီလောက် ကိုယ်ကျင့်သိက္ခာမရှိ အရှက်ကင်းမဲ့မယ်လို့ မထင်ထားကြဘူးလေ။ သူက အမြဲတမ်း ဒီမြေးကို ဘက်လိုက်နေခဲ့တာ။ အပြင်လူတွေက သူ့သားရဲ့ အားနည်းတဲ့ခန္ဓာကိုယ်ကို သူက ဂရုစိုက်လို့ ဒီမြေးကို ပိုတန်ဖိုးထားတာကို တွေးကြတာပေါ့”

ယွီဝိန်းလန်က ယင်းကို ကြားလိုက်ရပြီးနောက် သူသည် ဓလေ့ထုံးတမ်းအမတ်က သူ့မြေးလေးကို အလွန်နှစ်သက်ကြောင်း ကြားဖူးပုံရတာကို သတိရလိုက်သည်။

ဒီတော့ ဒါက အကြောင်းပြချက်ကိုး။

တကယ့်ကို ရယ်စရာပဲ။ ရယ်လိုက်ရတာ။ ရယ်ရလိုက်တာ။

သူ့ စိတ်ငြိမ်ငြိမ် ထားဖို့ ကြိုးစားလိုက်ပြီး ယန်ရှု ဆက်ပြောတာကို နားထောင်လိုက်သည်။ “ဒါပေါ့ နောက်ပိုင်းကျတော့ သားဖြစ်သူက အဲဒါကို ရှာတွေ့သွားတယ်လေ အိမ်ကနေ စိတ်တိုတိုနဲ့ ထွက်ပြေးသွားပြီး သူ့ဖာသာသူ ရုန်းကန်တော့တယ်။ နောက်ပိုင်း သူက သူ့ဝေဒနာကို ကုသနိုင်တဲ့ ဆန်းကျယ်တဲ့ သမားတော်နဲ့ ဆုံတွေ့ဖို့အထိ ကံကောင်းပြီးတော့ မိသားစုစီးပွားရေးကို ချဲ့ထွင်နိုင်ခဲ့တယ်”

ယင်းက သူမ ပေါင်းထည့်လိုက်သော တခြားဇာတ်ကွက်ဖြစ်သ်။ ယွီဝိန်းလန်က ခေါင်းညိတ်လိုက်ပြီး‌ မေးသည်။ “ဒီတော့ အဖေက ဘယ်လို ဖြစ်သွားလဲ”

ယန်ရှုက ပြောသည်။ “ပြောရရင်တော့ တခြားသူတွေ မသိစေချင်ရင် ကိုယ်က အဲဒါကို မလုပ်နဲ့ပေါ့။ ယောက္ခမနဲ့ ချွေးမက ယုတ်ညံ့လွန်းတယ်။ တစ်ရက်မှာ အမှန်တရားက ပေါ်လာပြီး တစ်လောကလုံးက ရှုံ့ချကြလိမ့်မယ်။ မိသားစုထဲက တခြားသူတွေကလည်း ဒေါသထွက်ပြီးတော့ သူတို့နဲ့ ဝေးရာကို တိမ်းရှောင်ကြလိမ့်မယ်။ ကြီးမားတဲ့ စံအိမ်တော်ကြီးက ကျရှုံးသွားလိမ့်မယ်။ လူအိုကြီး သေခါနီးကျတော့ သူက နောင်တရပြီး သူ့သားကို တောင်းပန်ဖို့ အကြိမ်ကြိမ် သွားခဲ့တယ်”

ယွီဝိန်းလန်က မျက်ခုံးပင့်သွားသည်။ “ဒီတော့ သူ့သားက သူ့ကို ခွင့်လွှတ်လိုက်သလား”

“ဒါပေါ့ မဖြစ်နိုင်ဘူးလေ”

ယန်ရှုက ပြောသည်။ “ဒီကိစ္စက ဘယ်လိုလုပ် ခွင့်လွှတ်နိုင်မှာလဲ။ သားတစ်ယောက် အနေနဲ့ သူက မလုပ်နိုင်ဘူးလေ။ နောက်ပိုင်းကျတော့ ချွေးမဖြစ်သူက သူ့ဆီ လာပြီးတော့ တောင်းပန်ခဲ့ပေမဲ့ သူက သူမကို ဒီအတိုင်း ကန်ထုတ်လိုက်ပြီးတော့ သူမကိုယ်သူမ ထောက်ပံ့ဖို့ ချန်ထားခဲ့လိုက်တယ်”

ယွီဝိန်းလန်က သက်ပြင်းချလိုက်သည်။ “အဲဒါသာ အမှန်ဆိုရင် သိပ်ကောင်းမှာပါပဲ။ ဒီလောကက လူတွေက တစ်ခါတလေ အမှားက အမှန် ဆိုတာကို မပြောနိုင်ကြဘူး။ အထူးသဖြင့် မိသားစုသွေးသားနဲ့ ပတ်သက်လာရင်ပေါ့”

“ဘယ်သူက မလုပ်ဘူး ပြောတာလဲ”

ယန်ရှုကလည်း ပြောလိုက်သည်။ “ဒီတော့ ပုံပြင်ဇာတ်လမ်း စာအုပ်တွေရဲ့ ရည်ရွယ်ချက်က အမှန်တရားက ကန့်သတ်ခံထားရတာတွေကို လွတ်မြောင်အောင်လို့ပဲလေ။ လက်တွေ့ဘဝမှာ ခက်ခဲတဲ့ အရာတွေက ပုံပြင်ဇာတ်လမ်းထဲမှာတော့ ဖြစ်လာနိုင်ပြီးတော့ စာဖတ်သူတွေကို ပိုပြီး သက်တောင့်သက်သာ ခံစားရစေလိမ့်မယ်”

65 02

ပြီးနောက် သူမက မေး၏။ “ဒီဇာတ်လမ်းနဲ့ ပတ်သက်ပြီး အရှင်မင်းကြီး ဘယ်လိုထင်လဲ”

ယွီဝိန်းလန်က တိုးတိုး ပြောလိုက်သည်။ “မဆိုးဘူးပဲ”

ထို့နောက် သူမက လျင်မြန်စွာ ပြောလာ၏။ “ဒါဆို ကျေးဇူးပြုပြီးတော့ လူကြီးမင်းကျိုးဆီ ပို့ပြီးတော့ အရောင်းဆိုင်ဆီ ပို့ဖို့ မေးဖို့ ကူညီပေးပါအုံး”

ယွီဝိန်းလန်က မျက်ခုံးများ ပင့်တက်သွား၏။ “တအားမလောနေဘူးလား။ အရင်နှစ်ရက်ကပဲ ဖြန့်ထားသေးတာ မဟုတ်လား”

ယန်ရှုက ပြုံးပြီး ပြောလိုက်သည်။ “ပိုကောင်းလေလေ စာဖတ်သူတွေက ကြိုက်လေလေပဲလေ”

သို့သော် သူမနှလုံးသားထဲတွင် တွေးမိလိုက်သည်ကမူ [ကိုယ်လုပ်တော်အန်းက ဧကရီမယ်မယ်ဆီကို ရွှေပန်းကန်လုံးအကြောင်း ပြောပြီးလောက်ပြီ၊ ဒီတော့ ငါက ဒီနည်းလမ်းနဲ့ တုံ့ပြန်ဖို့ပဲ ရှိတော့တာပေါ့။ ဒီတိုက်ပွဲက ငါတို့မှာ အပြန်အလှန် ဖြစ်နေတာက ပိုစိတ်ဝင်စားဖို့ ကောင်းတာ မဟုတ်ဘူးလား]

ယွီဝိန်းလန် “…”

ကောင်းပြီလေ။ သူမက ပျော်စရာတွေကို စောင့်ကြည့်ရုံသာမက တိုက်ခိုက်တာကိုလည်း ကြိုက်သေးတာပေါ့လေ။

ဒါပေမဲ့ ဘာလို့ ကိုယ်လုပ်တော်အန်းလဲ။

သူက ယန်ရှုကို ရွှေပန်းကန်လုံးပေးခဲ့တဲ့ အကြောင်း သူမက ဧကရီမယ်မယ်ကို သွားပြောခဲ့တာလား။

အိုး… ဒါက ကောင်းတာပဲ။

သူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ကျိုးမိုကျုံးက နန်းတော်ကို နောက်ကျရင် ဝင်လိမ့်မယ်။ ငါကိုယ်တော် သူ့ကို မင်းအတွက် ခေါ်ယူလိုက်မယ်”

သူက လက်ရေးစာမူကို ကောက်ယူလိုက်ပြီး မတ်တပ်ရပ်လျက် လျှောက်ထွက်သွား ဟန်ပြင်လိုက်သည်။

ယန်ရှုက ပြောသည်။ “အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်”

သို့သော် သူမက အနည်းငယ် ဇဝေဇဝါ ဖြစ်နေသေးသည်။ “အရှင်မင်းကြီးက ဘာလို့ အခု လာခဲ့တာလဲ”

နေတောင်မစောင်းသေးဘဲနှင့် ညအိပ်ရာဝင်ချိန် အများကြီး လိုသေးသည့်တိုင် သူက ရုတ်တရက် ရောက်လာပြီးနောက် သူရောက်လာပြီးသည်နှင့် သူမ၏ မုန့်လေးခုကိုတောင် စားလိုက်သေးသည်။

ယွီဝိန်းလန်က ညည်းညူ ပြောလိုက်သည်။ “ငါကိုယ်တော်က တင်ပြလွှာတွေ အများကြီး ဖတ်ပြီးတော့ လမ်းခဏ လျှောက်ထွက်တာလေ”

ကောင်းပြီ။ တကယ်တမ်းကျတော့ သူမ မိသားစုနဲ့ တွေ့ပြီးတဲ့နောက် သူမ ပျော်နေလားဆိုတာ မြင်ချင်လို့လေ။

ဒါပေမဲ့ သူမက ဘန်းကိတ်တွေကို အားပါးတရ စားနေပြီးတော့ သေချာပေါက် ပျော်နေတာပဲပေါ့။

ပြောရရင် ဒီဘန်းကိတ်တွေက တကယ့်ကို အရသာရှိတာပဲ။

ထို့နောက် သူက ဘန်းကိတ်နောက်တစ်ခုကို ကောက်ယူလိုက်ပြီးနောက် ပြောလိုက်သည်။ “ငါကိုယ်တော် ပြန်သွားတော့မယ်။ ညနေကျရင် ပြန်လာခဲ့မယ်”

ထို့နောက် သူက လျှောက်ထွက်သွားတော့၏။

ကောင်းပြီလေ။ လျှောက်ရင်းနဲ့စားလိုက်မယ်။ ရပ်တောင် မရပ်နိုင်တော့ဘူး။

သူ ထွက်သွားပြီးနောက် သူ့အား ဦးညွှတ်အရိုအသေပေးနေသော ယန်ရှုက စားပွဲဆီသို့ ပြန်လှည့် သွားလိုက်ပြီး ဘန်းကိတ်အနည်းငယ်သာ ကျန်တော့သည်ကို တွေ့လိုက်ရပြီး သူမနှုတ်ခမ်းများက စူထွက်သွားတော့သည်။

သူမသာ ဒီလိုမှန်း သိခဲ့ပါက သူမက သူ့ကို မေးခဲ့လိမ့်မည် မဟုတ်ပေ။

သူက တစ်ခါတည်းနဲ့ သူမဟာတွေ ငါးခုကိုတောင် စားသွားခဲ့သည်။ ထိုလူက အမှန်ပင် ရိုင်းစိုင်းလှ၏။

~~

ထိုအချိန်တွင် စီအန်းနန်းတော်တွင် ဖြစ်သည်။

သူမ၏ ကျေးဇူးတင်မှုကို ဖော်ပြရင်း ကိုယ်လုပ်တော်အန်းက ဧကရီမယ်မယ်နှင့် စကားပြောနေပြီး နောက်ဆုံးတွင် အဓိကအချက်သို့ ရောက်လာသည်။

65 03

“မနေ့က မင်းသမီးအန်းခန်းက ကျွန်မကို လာကြည့်ပြီးတော့ ထုပေါ်ကနေ နောက်ဆုံးတစ်ကြိမ်တုန်းက ရောက်လာတဲ့ လက်ဆောင်ပဏ္ဍာ ရွှေပန်းကန်လုံးကို တစ်ချက် ကြည့်ချင်တယ်လို့ ပြောတယ်။ ပြီးတော့ သူမက လက်မှုပညာရှင်ကို မေးပြီးတော့ တူညီတဲ့ နမူနာပုံစံအနေနဲ့ အသေးလေးတစ်ခု လုပ်ပြီးတော့ နောက်လမှာ မင်းသမီးကြီးကို မွေးနေ့လက်ဆောင် ပေးချင်တယ်တဲ့”

ဧကရီမယ်မယ်က ပြုံးပြီး ပြောသည်။ “အန်းခန်းက တကယ့်ကို သိတတ်တဲ့ ကလေးပဲ။ ဒါပေမဲ့ အပြင်က လက်မှုပညာသည်တွေက ဘယ်လောက်မှ မကျွမ်းကျင်မှာကို စိုးမိတယ်။ သူတို့က ဆင်တူအောင် လုပ်နိုင်ပါ့မလား”

ကိုယ်လုပ်တော်အန်းက ပြုံးပြီး ပြောသည်။ “ကျွန်မ နည်းနည်း စပ်စုကြည့်လိုက်တော့ မင်းသမီးအန်းခန်း မကြည့်နိုင်တော့တာ နှမြောစရာပါပဲ”

ဧကရီမယ်မယ်က ‘အို’ ဟု ဆိုလာပြီး သူမကို တစ်ချက်ကြည့်ပြီးနောက် မေးလာသည်။ “ဘာလို့လဲ”

ကိုယ်လုပ်တော်အန်းက မျက်လွှာချလိုက်ပြီး ပြောသည်။ “မနေ့က ကျွန်မ ချန်းမင်နန်းဆောင်ရဲ့ ကုန်စု သိုလှောင်ရုံ အကြီးအကဲ ကျောက်ရွှမ်းကို မေးတော့ အရှင်မင်းကြီးက အရင်ရက်တွေကတည်းက ရွှေပန်းကန်လုံးကို ကိုယ်လုပ်တော်ယီကို ပေးလိုက်ပြီဆိုတာ သိလိုက်ရတယ်”

သူမက စကားပြောပြီးသည်နှင့် ဧကရီမယ်မယ်၏ အမူအရာကို ဂရုတစိုက် လေ့လာ အကဲခတ်လိုက်သည်။

ဧကရီမယ်မယ်က အမှန်တကယ်ကို အံ့အားသင့်သွားပြီးနောက် မေးလာသည်။ “ကိုယ်လုပ်တော်ယီကို ပေးလိုက်တာလား”

အန်းဖင်က ခေါင်းညိတ်ပြီး ပြောသည်။ “တကယ်ပါ။ ပြီးတော့ အဲဒါက ယီဖင်က ဒဏ်ရာမရခင်တုန်းကပါ”

အများကြီး မပြောလျှင်ပင် ဧကရီမယ်မယ်က ဧကရာဇ်က ကိုယ်လုပ်တော်ယီအား သူမက ဧကရာဇ်အား ကာကွယ်ဖို့ ဒဏ်ရာမရခင်ကတည်းက ကျိုးကြောင်းမရှိဘဲ ရွှေပန်းကန်လုံးအား ပေးခဲ့ခြင်း ဖြစ်ကြောင်း ဧကရီမယ်မယ်က သိသည်။

သို့သော်ငြား ဧကရီမယ်မယ်က ပြုံးပြီး ပြောလိုက်သည်။ “အရှင်မင်းကြီးက ကိုယ်လုပ်တော်ယီကို တကယ့်ကို တန်ဖိုးထားတာပဲ။ ဒါပေမဲ့ တကယ်တမ်းတော့ ဧကရာဇ်ပိုင်တဲ့ဟာပဲလေ။ ဒီတော့ သူ ဘယ်သူ့ကို ပေးမလဲ ဆိုတာ သူ့ဘာသာ ဆုံးဖြတ်နိုင်ပါတယ်”

ကိုယ်လုပ်တော်အန်းက ဆူပူခံလိုက်ရပြီး ဧကရီမယ်မယ်က ဒေါသမထွက်ဘူးလား။

သို့မဟုတ် သူက တကယ့်ကို မသက်မသာ ခံစားလိုက်ရတာကို သူမကို ပေးမသိချင်တာလား။

သို့သော်ငြား မည်သို့ပင် ဆိုစေ။ သူမက ခေါင်းညိတ်ရုံသာ တတ်နိုင်ပြီး ပြောလိုက်ရသည်။ “ဧကရီမယ်မယ် ပြောတာ မှန်ပါတယ်။ ဒီတစ်ကြိမ်တော့ မိန်းကလေးကို အကျိုးအမြတ်မရဘဲ စိတ်ပျက်လက်ပျက် ဖြစ်ခိုင်းရုံပေါ့” (ပစ္စည်းကြည့်ချင်တဲ့သူကို ပြောတာပါ)

ဧကရီမယ်မယ်၏ အပြုံးများက ရပ်တန့်သွားပြီး ပြောသည်။ “ဒါက မမှန်ဘူး။ သူမက မတွေ့ရုံလေးနဲ့ ဘာလို့ စိတ်ပျက်လက်ပျက် ဖြစ်ရမှာလဲ။ အရှင်မင်းကြီးရဲ့ ပစ္စည်းတွေက လူတိုင်း ကြည့်နိုင်တာမျိုး မဟုတ်ဘူး”

ကိုယ်လုပ်တော်အန်းက တုံ့ဆိုင်းသွားပြီးနောက် ချက်ချင်း ဒူးထောက်ချကာ အရိုအသေပေးလိုက်၏။ “ကျွန်မ ပြောတာ မှားသွားပါတယ်။ ကျေးဇူးပြုပြီး အပြစ်ပေးတော်မူပါ။ ဧကရီမယ်မယ်”

ဧကရီမယ်မယ်က မင်းသမီးအန်းခန်းအကြောင်းကို ပြောနေပုံရသော်လည်း အမှန်တကယ်တွင် သူမကို ပြောနေမှန်း သူမ သိသည်။

ဧကရီမယ်မယ်က မျက်လုံးများကို မှိတ်လိုက်ပြီး ပြောသည်။ “အိုက်ကျား ပင်ပန်းနေပြီ။ ပြန်တော့”

ကိုယ်လုပ်တော်အန်းက ဘာမှထပ်မပြောရဲတော့ချေ။ သူမက ချက်ချင်း သဘောတူလိုက်ပြီး ခန်းမဆောင်မှ ပြန်သွားရ၏။

နန်းဆောင်က တိတ်ဆိတ်သွားသည်။ ကျူးရှုက တိုးကပ်လာပြီးနောက် ဧကရီမယ်မယ်၏ပခုံးများကို နှိပ်ပေးရင်း ပြောလာသည်။ “ဒီတစ်ကြိမ်က ဧကရီမယ်မယ်က ကိုယ်လုပ်တော်အန်းကို စကားကြမ်းကြမ်းတွေ ပြောတာ ပထမဆုံးပဲ”

ဧကရီမယ်မယ်က မျက်လုံးများ မှေးမှိတ်ထားဆဲ ဖြစ်ကာ ပြောသည်။ “မင်း ဘယ်သူပဲ ဖြစ်ပါစေ၊ မတွေးသင့်တဲ့အတွေးတွေ မင်း မတွေးသင့်ဘူး”

သူမက ထိုမိန်းကလေးကို ရက်အနည်းငယ်ခန့် မြောက်စားရုံဖြင့် သူမကတော့ သူမကို ကိရိယာတစ်ခုလို အသုံးပြုနေပြီလား။

လူများက မတုံးအသင့်သော်လည်း ထက်မြက်လွန်းခြင်းကိုလည်း လက်မခံနိုင်ကြပေ။

39 04

ကိုယ်လုပ်တော်အန်းက လန်းလင်နန်းဆောင်သို့ ပြန်သွားပြီးနောက် သူမမိခင် အမျိုးသမီးထျန်းက ရှန်ရှုအိမ်တော်သို့ ပြန်သွားပြီဖြစ်သည်။

အမျိုးသမီးထျန်းက ရထားလုံးပေါ်မှ ဆင်းပြီး မကြာမီတွင် သူမ၏ လင်ညီအစ်မယန်က သူမဆီ လာနေသည်ကို တွေ့လိုက်ရပြီး စိတ်ပူပန်စွာ မေးလာသည်။ “ယောင်းမ အားချန်အကြောင်းကို ကိုယ်လုပ်တော်ကို ပြောပြလိုက်သေးလား”

အမျိုးသမီးထျန်း၏ မျက်လုံးများက အေးစက်စက် အကြည့်တစ်ချက် ဖြစ်သွားကာ “ဧကရီမယ်မယ်က ကိုယ်လုပ်တော်ကို အတွင်းရုံးတော်မှာ တာဝန်ထမ်းဆောင်ကို အရင်ရက်အနည်းငယ်ကမှ မိန့်ကြားထားတာ။ ကိုယ်လုပ်တော်က ဒီရက်တွေမှာ အတော်လေး အလုပ်များနေတယ်။ သူမကို ငါက တစ်ချက်လောက်ပဲ တွေ့ခဲ့ရပြီးတော့ စကားနည်းနည်းပဲ ပြောခဲ့ရတယ်။ တခြားအကြောင်းကိစ္စတွေ ပြောဖို့ ဘယ်လိုလုပ် အချိန်ရနိုင်မလဲ”

သူမက ပြောပြီးနောက် ဆက်လျှောက်သွားတော့သည်။

တစ်ဖက်လူက သူမအား မရပ်မနား နှောင့်ယှက်နေမည်ကို စိုးရိမ်သောကြောင့် သူမက ခြေလှမ်းတချို့ လှမ်းလိုက်ပြီးနောက် ပြောလိုက်သည်။ “တကယ်လို့ ငါက ပြောခဲ့ရင်တောင်မှ ကိုယ်လုပ်တော်က မင်းကို ကူညီနိုင်မှာ မဟုတ်ဘူး”

သေချာသည်မှာ အမျိုးသမီးယန်က ထိုရလဒ်ကို မကျေနပ်ချေ။

သူမ၏ ရွံရှာဖွယ် အကြည့်တစ်စုံကြောင့် အမျိုးသမီးယန်က ချက်ချင်းပင် ဒေါသထွက်သွားပြီး နှာခေါင်းရှုံ့လိုက်သည်။ “ကိုယ်လုပ်တော်က ဘယ်လောက်ပဲ အလုပ်များများ၊ မိသားစုဝင်တွေရဲ့ အသက်နဲ့ဘဝကိုတော့ ဂရုစိုက်သင့်တယ် မဟုတ်လား။ သူ ဘယ်ကလာတယ် ဆိုတာနဲ့ သူ့ရဲ့ မျိုးရိုးနာမည်ကိုတော့ မမေ့သေးဘူး မဟုတ်လား”

ထိုစကားလုံးများကို ထွက်ကျလာသည်နှင့် အမျိုးသမီးထျန်းက ချက်ချင်းပင် ရပ်တန့်လိုက်ကာ ဒေါသထွက်စွာ ပြောလိုက်သည်။ “မင်းက ကိုယ်လုပ်တော်ကိုတောင်မှ မရိုမသေ လုပ်ရဲတာလား။ သူများတွေ ကြားရင် နန်းတော်ထဲက မှူးမတ်တွေက မင်းကို အပြစ်ပေးလိမ့်မယ်”

အိုး… သူမက နန်းတော်ကို သုံးပြီးတော့ သူမကို ဖိအားပေးရဲသေးတာလား။

အမျိုးသမီးယန်က သူမတင်ပါးပေါ် လက်ကို ထောက်လိုက်ပြီး စတင်အော်ဟစ်တော့သည်။ “ငါ့ကို အပြစ်ပေးမှာလား။ ကောင်းပြီ ငါစောင့်နေမယ်။ ကိုယ်လုပ်တော်က ငါ့ကို တစ်နေ့ကျရင် တကယ် အပြစ်ပေးရဲမလားဆိုတာ ကြည့်လိုက်ရအောင်၊ ဒါမှ ငါက တရားမျှတမှုအတွက် ဆွေမျိုးတွေ သတ်တာ ခံလိုက်ရတယ် ဆိုတဲ့ နာမည်ကောင်း ရနိုင်မှာ”

အမျိုးသမီးထျန်က ပြောလာမည်ကို မစောင့်တော့ဘဲ သူမက သူမမျက်နှာကို ကာပြီးနောက် ထပ်မံ ငိုကြွေးပြန်သည်။ “လူတိုင်းက ငါ့ကို အနိုင်ကျင့်နေကြတယ်။ အပြင်လူတွေက ငါ့ကို အနိုင်ကျင့်တယ်။ ပြီးတော့ မိသားစုဝင်တွေကတောင် ငါတို့ကို အနိုင်ကျင့်ကြတယ်။ ငါတို့သားအမိတော့ အသက်မရှင်နိုင်တော့ဘူး”

သူမက ဒီမှာ ထပ်လုပ်ပြန်ပြီ။

ခြံဝန်းအတွင်းမှ အစေခံများက ယင်းကို ကြည့်ပြီးနောက် ဟာသသဖွယ် လှောင်ရယ်ကြပြီး အမျိုးသမီးထျန်းက သူမနှင့် ထပ်မံ၍ မငြင်းခုန်ချင်တော့ပေ။ သူမက သူမအား အပေါက်ဆိုးသည့် အမျိုးသမီးကဲ့သို့ ခပ်တိုးတိုး ဆဲဆိုပြီးနောက် ခပ်မြန်မြန် ထွက်သွားတော့သည်။

အမျိုးသမီးယန်က အတန်ကြာ ငိုကြွေးနေပြီးနောက် သက်ရောက်မှု မရှိမှန်း သိလိုက်သည်နှင့် သူမက မျက်ရည်များ သုတ်လိုက်ကာ ဓလေ့ထုံးတမ်းအမတ်ဖြစ်သော သူမယောက္ခထီး၏ အရှေ့ခြံဝန်းသို့ သွားလိုက်တော့သည်။

သို့သော်ငြား သူမက မည်သို့ပင် သူ့အား ဖျောင်းဖျသော်လည်း လူအိုကြီးက သူမကို ကြည့်ရန် ငြင်းဆန်နေခဲ့သည်။

သူက သူမအား အစေခံဖြင့် စကားပါးလိုက်သည်။ “ဒုတိယသခင်မ သခင်ကြီးက တကယ့်ကို ရွေးချယ်စရာ မရှိပါဘူး။ အရှင်မင်းကြီးက တရားဝင်အမှုထမ်းတွေကို တင်းကြပ်နေတာ။ တော်ဝင်ကျောင်းတော်ကို ဝင်ပါဖို့ ပိတ်ပင်ခံထားရတယ်။ ဒီတစ်ကြိမ်မှာ တစ်ယောက်ယောက်က အနောက်တံခါးကို ဖွင့်ရဲရင် ရှာတွေ့တဲ့အခါ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာ။ ထပ်ပြောရရင် အစိုးရရုံးတော် အများအပြားက လူအများအပြား ပြောင်းလဲထားတာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိသူတွေနဲ့ သခင်ကြီးက မရင်းနှီးဘူး။ ဒါကြောင့် သူ လုပ်ပေးချင်ရင်တောင် သူ လုပ်နိုင်တာ မရှိဘူး”

“နည်းလမ်း မရှိဘူးလား”

အမျိုးသမီးယန်က နှာခေါင်းရှုံ့လိုက်ပြီး သူမလေသံကို မြင့်လိုက်သည်။ “အခု အဘိုးဖြစ်သူကတောင် အားချန်ကို ဂရုမစိုက်တော့ဘူးလား။ ကောင်းပြီ၊ အဖေက ဒီကလေးရဲ့ သေခြင်းရှင်ခြင်းကို ဂရုမစိုက်မှတော့ ဒီအိမ်တော်က ဘယ်သူမှ ဂရုစိုက်တော့မှာ မဟုတ်ဘူး။ အသက် ဆက်မရှင်နိုင်မှတော့ တစ်ယောက်နဲ့တစ်ယောက် ခွဲခွာကြတာပေါ့”

++++++

66 01

အပိုင်း 66

ချန်မင်နန်းတော်။

တော်ဝင်ကျောင်းတော်က ကျောင်းသားသစ်များ ခေါ်ယူရန် ဖွင့်လှစ်လိုက်ပြီ ဖြစ်၍ ကျိုးမိုကျုံးက ဧကရာဇ်ထံသို့ တင်ပြချက်များ လျှောက်ထားရန် တစ်ကြိမ်ပြီးတစ်ကြိမ် နန်းတော်သို့ ဝင်ရန် လိုလေသည်။

ဤတစ်ကြိမ်တွင် သူက ပထမဆုံး ခေါ်ယူမည့် အသုတ်ကို ဧကရာဇ်ထံ တင်ပြလေသည်။

ယွီဝိန်းလန်က ၎င်းကို ဖတ်ကြည့်ပြီးနောက် သူ့ထံသို့ ထိုစာရင်းကို ပြန်ပေးပြီး လက်ရေးစာမူတစ်အုပ်ကိုလည်း ပေးလာသည်။

ကျိုးမိုကျုံးက တစ်ခဏခန့် အံ့အားသင့်သွားပြီးနောက် ချက်ချင်း မေးမြန်းလိုက်သည်။ “ဒါက သခင်လေးရှောင်းယောင်ရဲ့ အလုပ်အသစ်လား”

ယွီဝိန်းလန်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ ကျိုးချင်းက တစ်ချက် အရင် ကြည့်လိုက်ပါအုံး” (ကျိုးချင်း ဆိုတာမှာ ချင်းဆိုတာက အမတ်မင်း၊ ချစ်ရတဲ့အမတ် စသဖြင့် အဲလို ယဉ်ယဉ်ကျေးကျေး သုံးနှုန်းတာမျိုးပါ)

သူ လိုချင်သည့် အရာ ဖြစ်သဖြင့် ကျိုးမိုကျုံးက ချက်ချင်း သဘောတူညီလိုက်ပြီး ၎င်းကို စဖတ်တော့သည်။

ဖတ်ရှုပြီးနောက် သူက စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။ “သခင်လေးရှောင်းယောင်ရဲ့ ဇာတ်လမ်းအစက အမြဲတမ်း မမျှော်လင့်ထားသလို ဆိုပေမဲ့ ဇာတ်လိုက်က အမြဲတမ်း စိတ်ကျေနပ်စေတဲ့ အဆုံးသတ် ရှိတယ်။ ဥပမာအားဖြင့် ဒီဇာတ်လမ်းမှာ ဆိုရင် မမှန်မကန်တဲ့ လူက ကောင်းကင်ရဲ့ အပြစ်ပေးတာကို ခံရပေမဲ့ ဇွဲရှိတဲ့လူက အသုံးမကျတဲ့ဘဝကနေ လွှတ်မြောက်ပြီးတော့ တစ်ဖန် ပြန်ရှင်သန်လာနိုင်ခဲ့တယ်။ ဒီဟာက အတွေးများစေပြီးတော့ သိပ်ကောင်းတဲ့ ဇာတ်လမ်းပါပဲ”

ယွီဝိန်းလန်က ပြောလိုက်သည်။ “ဒီကိစ္စမှာ ဆိုရင်တော့ တတ်နိုင်သမျှ မြန်မြန် စာအုပ်ရောင်းသူတွေကို မေးပြီးတော့ ကောင်းမွန်တဲ့ ဇာတ်လမ်းကို တစ်လောကလုံးကို ဖတ်ခွင့်ပြုလိုက်တာပေါ့။ ဖြစ်နိုင်တာက သူတို့လည်း တစ်ခုခု ရကောင်းရနိုင်မှာလေ”

ကျိုးမိုကျုံးက ခပ်မြန်မြန် သဘောတူညီလိုက်ပြီးနောက် နန်းတော်မှ လက်ရေးစာမူဖြင့် ထွက်ခွာလာပြီးနောက်တွင် အိမ်ပြန်လမ်း၌ စာအုပ်ရောင်းသူထံ ပို့လိုက်တော့သည်။ စာအုပ်ရောင်းသူက သခင်လေး ရှောင်းယောင်၏ စာအုပ်သစ်ကို တွေ့သည်နှင့် ချက်ချင်းပင် လူများစီစဉ်လျက် ကူးယူစေပြီးနောက် ပထမဆုံးအသုတ်က နေမဝင်မီတွင် ထွက်လာတော့သည်။

ဇာတ်လမ်းအသစ်က ရောင်းချပြီး မကြာမီတွင် ပြောရန် မလိုလောက်အောင်ပင် လူများစွာက ဝယ်ယူကြတော့သည်။

ထိုဇာတ်လမ်းကို ဖတ်ပြီးနောက် လူတိုင်းက ဆက်ဆံရေးရှိသော ယောက္ခမနှင့် ချွေးမကို ရှုံ့ချကြပြီး သူ့ကိုယ်သူ တိုးတက်ဖို့ အမြဲတမ်း ကြိုးစားနေသော လူငယ်လေးကို နက်နက်နဲနဲ စာနာကြလေတော့သည်။

သေချာပေါက်ပင် အနောက်တောင်ကိစ္စရပ်မှ ရှဲ့ဖေး အကြောင်းနှင့် ပတ်သက်ပြီး သခင်လေး ရှောင်းယောင်က အနာဂတ်ဟောချက် ပြုလုပ်ခဲ့သည်ကို လူအများက အမှတ်ရမိကြသည်။ ထို့ကြောင့် စတင်မှန်းဆကြတော့၏။

ချွေးမဖြစ်သူနှင့် ကိစ္စဝိစ္စရှိသော လူအိုကြီးက ဘယ်သူလဲ။ ရုံးတော်က တချို့သော ဝန်မင်းတွေများ ဖြစ်နိုင်မလား။

သူတို့ အသက်နဲ့ တွက်ဆကြည့်ရင် ဒီကိစ္စမှာ ငါတို့ ဒီလူအိုကြီးတွေကိုပဲ တွေးမိဖို့ ရှိတော့တာလေ။

~~

နောက်နေ့မနက်ခင်းမှာ ယန်ရှုက မနက်စာကို ပျော်ရွှင်စွာ စားနေစဉ် သူမက စနစ်ပြောတာကို ကြားလိုက်ရသည်။ “စာဖတ်သူတွေက စာရင်းကို လူဆယ်ဦးအထိ ကျဉ်းလိုက်ပြီ။ ငါ့စိတ်ထင် ဒီည သူတို့ ဘယ်သူလဲ ဆိုတာ ခန့်မှန်းမိနိုင်လောက်တယ်”

ယန်ရှုက ဖက်ထုပ်စွပ်ပြုတ်မှ အရည်များကို စုပ်ယူနေရင်း သူမကိုယ်သူမ သိပ်ကို ထောက်ထားညှာတာတတ်သည်ဟု တွေးမိနေသည်။ တစ်နည်းအားဖြင့် သူမကသာ လူအိုကြီးတွင် သားနှစ်ယောက်ရှိပြီး၊ အကြီးဆုံးသားတွင် သားတစ်ယောက် သမီးတစ်ယောက် ရှိသည်ဟု တိုက်ရိုက် ချရေးလိုက်ပါက အပြင်လောကမှ လူများက ဓလေ့ထုံးတမ်းအမတ်မင်း စုန့်ကျီယွင်ဟု ချက်ချင်း မှန်းနိုင်ပေလိမ့်မည်။

[စကားမစပ် လူအိုကြီးက အဲဒါကို တွေ့သွားပြီလား]

စနစ် [ဒီမနက်က သူက ဇာတ်လမ်းစာအုပ်ကို ဝယ်ဖို့ တစ်ယောက်ယောက် လွှတ်လိုက်တယ်။ သူ အဲဒါကို ဖတ်ပြီးလောက်ပြီ]

တစ်ခဏ ကြာပြီးနောက် [သူ ဖတ်ပြီးသွားပြီ]

ယန်ရှုက ခပ်မြန်မြန် မေးလိုက်သည်။ [ဘယ်လို တုံ့ပြန်မှုမျိုး ရှိလဲ]

66 02

စနစ် [သူက လက်ဖက်ရည်ခွက်၊ ပန်းအိုးနဲ့ မှင်သွေးကျောက်တွေကို ဒေါသတကြီး ပေါက်ခွဲပစ်လိုက်တယ်။ ကျွတ်… အခု သူ သတိလစ်သွားပြီ]

ယန်ရှု [မူးလဲသွားတာလား]

စနစ် [ဒါပေါ့ အစေခံတွေက ဆူညံသံ‌တွေ ကြားလို့ သူ့ကို ရှာကြတာ။ နောက်တော့ သူတို့က သူ့ကို အိပ်ရာပေါ်ကို သယ်သွားရပြီး သမားတော်တစ်ဦး အလျင်စလို ရှာလိုက်ရတယ်လေ]

ယန်ရှု [ကျစ် ကျစ်… သူက အရမ်းကြောက်ပြီးတော့ ရှဲ့ဖေးလို လဲကျသွားမယ်လို့ ငါ ထင်ထားခဲ့ပေမဲ့ သူက တကယ်ကြီး မူးလဲသွားတာလား။ ဒီလို စိတ်အနေအထားမျိုးနဲ့ သူက နှစ်တွေ အများကြီး မလည်ရှုပ် လုပ်ခဲ့တာလား]

စနစ်ထံမှ အသံ ထွက်လာသည်။ [အဓိက အကြောင်းပြချက်ကတော့ လူအိုကြီးက ဟိုကိစ္စကတည်းက ထိတ်လန့်တကြား စိတ်အခြေအနေ ရှိနေခဲ့တာ။ အနောက်တောင်ကိစ္စကို ကြားကတည်းက သူက သူ့လျှို့ဝှက်ချက် မင်းရဲ့ စာအုပ်မှာ ပေါ်လာမှာကို စိုးရိမ်နေတာ။ ဒီနေ့ သူက သူ့လျှို့ဝှက်ချက်က ပေါ်လာရုံသာမကဘူး၊ ရှဲ့ဖေးထက်တောင် ရက်စက်သေးတာကို တွေ့လိုက်ရတယ်လေ။ သေချာတာပေါ့ သူက သေချာပေါက် တောင့်မခံနိုင်တော့ဘူးလေ]

ယန်ရှု၏ နှုတ်ခမ်းစွန်းများက တွန့်ကွေးသွားသည်။ မင်း လုပ်ခဲ့တဲ့အတိုင်းပြလေ။

ယခုက ကိုယ်လုပ်တော်အန်း၏ အလှည့် ဖြစ်သည်။ သူမက ထိုနေ့တုန်းက အချက်အလက် အစအနလေးကို ပေးခဲ့သည်။ ယခုတွင် ပိုကြီးသည့်တစ်ခု ထွက်လာပြီးနောက် သူမ ဘယ်အချိန် တွေ့နိုင်မလဲဆိုတာ တွေးမိလိုက်သည်။

စနစ် [စိတ်မပူပါနဲ့၊ စုန့်မိသားစုက နန်းတော်ထဲကို စာတစ်စောင် ရေးခဲ့တယ်။ သူမ မကြာခင် သိတော့မှာ]

ယန်ရှု၏မျက်လုံးများက ပင့်တက်သွားသည်။ [ဒါက ကောင်းလိုက်တာ]

ဒီတော့ သူမက ဖရဲသီးစားဖို့ ဆက်ပြီး စောင့်ဆိုင်းနေလိုက်ရုံပေါ့။

ကောင်းပြီလေ၊ ဖရဲသီးစားရင်းနဲ့ စားရတဲ့ ဖက်ထုပ်စွပ်ပြုတ်က ထူးကဲပြီး အရသာသိပ်ရှိတယ် ဆိုတာ သိလား။

~~

မကြာမီမှာပင် ဓလေ့ထုံးတမ်းအမတ်အိမ်တော်မှ သတင်းက နန်းတော်ထဲသို့ ရောက်လာသည်။

သူမ အဘိုး မူးလဲသွားသည်ကို ကြားပြီးနောက် ကိုယ်လုပ်တော်အန်းက အတော်လေး အံ့အားသင့်သွားပြီး ခပ်မြန်မြန် မေးလိုက်သည်။ “ဘယ်လို ဖြစ်ရတာလဲ။ အဘိုးက ကျန်းမာရေး ကောင်းနေတာပဲ မဟုတ်လား”

သတင်းတင်ပြလာသော အိမ်တော်ထိန်းက ငိုကြွေးတော့သည်။ “မနေ့တုန်းက ဒုတိယသခင်မက ဒုတိယသခင်လေးရဲ့ တော်ဝင်ကျောင်းတော် ဝင်ခွင့်အတွက် အိမ်တော်မှာ ပြဿနာအကြီးကြီး လုပ်ခဲ့တာ။ သခင်မနဲ့ အငြင်းအခုံ ဖြစ်ခဲ့ရုံမကသေးဘဲနဲ့ သူမက သခင်ကြီးကိုပါ ရှာခဲ့တယ်။ သခင်ကြီးက သူမကို မတွေ့တော့ သူမက မြင်ကွင်းအကြီးကြီးကို အပြင်တံခါးမှာ ထပ်လုပ်ခဲ့ပြီး ‘သူ့သားနဲ့ သူမရဲ့ အသက်နဲ့ဘဝကို ဘယ်သူမှ ဂရုမစိုက်ဘူး’ ဆိုတဲ့စကားတွေ ‘မင်းအဖေကို အားကိုးလို့ မရတော့ဘူး’ ဆိုတာမျိုးတွေ ပြီးတော့ ‘ငါတို့ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး’ ဆိုတာမျိုးတွေ ပြောခဲ့တယ်။ စိတ်အထင်တော့ သခင်ကြီးက ဒီစကားတွေကြောင့် ဒေါသထွက်သွားတာပဲ ဖြစ်ရမယ်”

အန်းဖင်က ချက်ချင်း ဒေါသထွက်သွားပြီး ပြောလိုက်သည်။ “ဒုတိယဦးလေးရဲ့ ကျန်းမာရေးက အမြဲတမ်း အဲလိုပဲ။ သူ့ကိုယ်သူ ဂရုစိုက်နိုင်ရုံပဲလေ။ သူက အန်းချန်ကို ဘယ်လို ဂရုစိုက်နိုင်မှာလဲ။ သူမက ဘာလို့ ဒီလို ပြောရတာလဲ”

အိမ်တော်ထိန်းက ပြောသည်။ “ပြောရရင် သခင်ကြီးက ကျန်းမာရေး ဘယ်လောက်ကောင်းကောင်း သူမ ဒီလို ပြဿနာလုပ်တော့ သူက တောင့်မခံနိုင်ခဲ့ဘူး။ ဒီမနက်မှာ သခင်ကြီးက စာအုပ်တစ်အုပ် ဖတ်ပြီးတော့ ချက်ချင်း မေ့လဲသွားတော့တာ။ သူက မမေ့လဲခင် ပစ္စည်းတွေ အများကြီးကို ဖျက်ဆီးပစ်လိုက်သေးတယ်။ သူက တအားဒေါသထွက်နေတာ ထင်တယ်”

၎င်းကို ကြားပြီးနောက် ကိုယ်လုပ်တော်အန်းက အလွန်ဒေါသထွက်သွားသည်။

ပြီးနောက် သူမက အိမ်တော်ထိန်း ပြောတာကို ပြန်တွေးလိုက်ပြီး ရုတ်ချည်း မှင်တက်သွားတော့သည်။

အဘိုးက ဘာလို့ စာဖတ်ပြီးတော့ မေ့လဲသွားရတာလဲ။

သူမက တုံ့ဆိုင်းစွာဖြင့် မေးဖို့ ကြိုးစားလိုက်သည်။ “အဘိုး မမေ့လဲခင် ဘာစာအုပ် ဖတ်သွားတာလဲ”

အိမ်တော်ထိန်းက လုံးဝမသိ၊ ထို့ကြောင့် သူမက ပြောသည်။ “ကျွန်မလည်း သိပ်မသိဘူး။ ကျွန်မကြားတာတော့ သခင်ကြီးက တစ်ယောက်ယောက်ကို ဒီမနက်က ဒီစာအုပ်ကို လမ်းမှာ သွားဝယ်ခိုင်းတယ်တဲ့။ သခင်နဲ့ သူ့ဇနီးက သမားတော် ခေါ်ထားပေမဲ့ စိတ်မချရဘူး။ သခင်ကြီးကို စစ်ဆေးဖို့ ကိုယ်လုပ်တော်က တော်ဝင်သမားတော် ရှာနိုင်ဖို့ မျှော်လင့်နေကြတယ်။ ဒါမှ ပိုစိတ်ချရမှာ”

66 03

ကိုယ်လုပ်တော်အန်းက သူမမိဘများ၏ ဆိုလိုရင်းကို နားလည်သည်။

အဘိုးက မိသားစု၏ ထောက်တိုင်ဖြစ်သည်။ သူမအဖေက ယခုတွင် ဟုန်လုရုံးတော်မှ လက်ထောက် အဆင့်(၆)သာသာ အဆင့်သာ ရှိသည်။ သူက အဘိုး၏ တော်ဝင် ဒုတိယအဆင့်နှင့် မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။

ထို့ကြောင့် အဘိုးသာ တစ်ခုခု ဖြစ်ခဲ့ပါက မိသားစုအတွက် အကြီးအကျယ် ဆုံးရှုံးမှု ဖြစ်သွားလိမ့်မည်။

သူမက နန်းတော်မှ တော်ဝင်သမားတော်များက နန်းပြင်ပမှ သမားတော်များထက် ကောင်းမွန်သည်ဟု ထင်သည်။ ယခုတွင် သူမမိဘများက မိသားစုခေါင်းဆောင် အဘိုးဖြစ်သူအား ကယ်တင်ရန် အစွမ်းကုန် ကြိုးစားရုံသာ တတ်နိုင်တော့သည်။

ထိုအချိန်တွင် အိမ်တော်ထိန်းက စကားပြောတာ ပြီးသွားပြီး ကိုယ်လုပ်တော်အန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ကျွန်မ ဧကရီမယ်မယ်ကို သူမအမိန့်အတွက် သွားမေးရလိမ့်မယ်”

သူမ၏အဘိုးက ဧကရီမယ်မယ်၏ အမတ်အိုကြီးဖြစ်ပြီး ထိုတောင်းဆိုချက်ကို ဧကရီမယ်မယ်က အလေးထားလိမ့်မည်ဟု သူမက တွေးထားသည်။

အိမ်တော်ထိန်းက သဘောတူလိုက်ပြီး ထွက်သွားလုဆဲဆဲတွင် သူမပြောသည်ကို ကြားလိုက်ရသည်။ “စောင့်အုံး၊ မင်း ပြန်သွားတဲ့အခါ အဘိုး မေ့မလဲခင်က ဖတ်လိုက်တဲ့ စာအုပ်ကို တစ်ယောက်ယောက်နဲ့ ပို့ခိုင်းလိုက်”

အိမ်တော်ထိန်းက ဘာတွေဖြစ်နေမှန်း နားမလည်နိုင်သော်လည်း သူမက ခပ်မြန်မြန် သဘောတူလိုက်ပြီး နန်းတော်မှ အမြန် ထွက်သွားလိုက်သည်။

~~

နာရီဝက်ထက်မနည်း ကြာပြီးနောက် တော်ဝင်သမားတော်က ရှန်းရှုအိမ်တော်သို့ ရောက်ရှိသွားသည်။

ကိုယ်လုပ်တော်အန်း အလိုရှိသော အရာအားလုံးကိုလည်း လန်းလင်နန်းဆောင်သို့ ပို့ဆောင်စေလိုက်သည်။

အန်းဖင်က ဇာတ်လမ်းစာအုပ်ကို တွေ့လိုက်ရပြီး ယင်းက တခြားသူမဟုတ်ဘဲ ယခင်တလောက နာမည်ကြီးလာသော သခင်လေးရှောင်းယောင်မှန်း သိလိုက်ရသည်။

သူမက ထိတ်လန့်မကြား စာအုပ်ကို ဖွင့်ကာ ကြည့်လိုက်ပြီး မကြာမီပင် သူမပါးစပ်မှာ ပွင့်ဟသွားရတော့သည်။

ဒါက အဲဒီနေ့က ကန်းလုနန်းဆောင်ကနေ ပစ်လိုက်တဲ့ အမှိုက်စာရွက်တွေထဲက ဇာတ်လမ်းနဲ့ဘာလို့ တူနေတာလဲ။ လူကျင့်ဝတ်ကို ဖောက်ဖျက်ခဲ့တဲ့ ယောက္ခထီးနဲ့ ချွေးမအကြောင်း ဇာတ်လမ်းကို ပြောထားတာပဲ။

ဒါပေမဲ့ လီယန်ရှုက သခင်လေးရှောင်းယောင် ရေးမဲ့ဟာတွေကို ဘယ်လို သိနေတာလဲ။

သို့သော်ငြား သူမ ဆက်ကြည့်လိုက်ပြီးနောက် သူမက ပို၍ အံ့အားသင့်သွားရသည်။

ယောက္ခမနဲ့ ချွေးမက ကလေးတစ်ယောက်တောင် မွေးထားသေးတာလား။

သူမ စိတ်ထဲတွင် သံသယများ ရှိနေသဖြင့် သူမက သူမအိမ်အကြောင်း မတွေးမိဘဲ မနေနိုင်ချေ။

ဒါက ဖြစ်နိုင်မှာလား…

အန်းချန်က တကယ်ကြီးလား…

ဒါက ထိတ်လန့်ဖို့ ကောင်းလိုက်တာ…

ကိုယ်လုပ်တော်အန်းက စာအုပ်ကို မြေပေါ်သို့ ပစ်ချလိုက်ပြီး ကြောက်လန့်နေသေးဆဲ ဖြစ်သည်။

ပြီးနောက် သူမက ထိုအကြောင်းကို ထပ်မတွေး ကြိုးစားလိုက်ပြီး ခေါင်းယမ်းလိုက်သည်။

သို့သော်ငြား ထိုအတွေးက မျိုးစေ့ကဲ့သို့ နှလုံးသားအတွင်း အမြစ်တွယ်သွားပြီ ဖြစ်သည်။

သူမက သူမကိုယ်သူမ စိတ်ငြိမ်ဖို့ ကြိုးစားလိုက်ပြီး ဂရုတစိုက် တွေးလိုက်တော့သည်။

သူမအဘိုးက သူ့တစ်သက်လုံး လမ်းဘေးဇာတ်လမ်း အမျိုးအစားကို မနှစ်သက်ဖူးချေ။

သို့သော်ငြား အဘိုးဖြစ်သူက ဒီမနက်တွင် ထိုစာအုပ်ကို တစ်ယောက်ယောက်အား ဝယ်ယူခိုင်းခဲ့သည်။

ထိုစာအုပ် ဖတ်ပြီးနောက် သူက မေ့လဲသွားခဲ့သေး၏။

66 04

ဖြစ်နိုင်သည်မှာ ထိုစာအုပ်နှင့် ဆက်နွယ်နေမလား။

အမှန်သာဆိုလျှင် မနေ့က ဒုတိယအဒေါ် ပြောခဲ့သည်ကို ပြန်တွေးပါက… သူမက အန်းချန်ရဲ့ အဖေရင်းကို အားကိုးလို့ မရဘူးဟု ပြောခဲ့သည်။ သူမက အဆင်မပြေနိုင်မှတော့ ငါတို့ လမ်းခွဲကြတာပေါ့ဟု တောင်မှ ဆိုခဲ့သေး၏။

ကိုယ်လုပ်တော်အန်းက ထိတ်လန့်သွားပြီး နန်းတော်မှ မိန်းမစိုးကို ချက်ချင်း ဆင့်ခေါ်လိုက်ပြီး ပြောလိုက်သည်။ “ရှန်းရှုအိမ်တော်ကို မြန်မြန် သွားပြီးတော့ ငါ့အဖေကို ကိစ္စနှစ်ခု သွားပြောပြလိုက်”

~~

++++++

All Chapters