← Chapters

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

76 01

Ch-76

စစ်စတန်ထံမှ အဖြစ်အပျက် အကျဉ်းချုပ်ကို ကြားသိလိုက်ရပြီးသည့်အခါ ယန်ရှုက သူမ၏ အမေကို ပြောလိုက်သည်။

“အမေ့စိတ်ထဲမှာ တစ်ခုခု ဖြစ်နေတယ်ဆိုတာ သမီးသိတယ်…။ သုံးနှစ်လောက် အဝေးမှာ ရောက်နေတာနဲ့တင် သမီးကို မိသားစုဝင်အဖြစ် မသတ်မှတ်ကြတော့ဘူးပေါ့။ အိမ်မှာ တစ်ခုခုဖြစ်နေတာကိုတောင် သမီးကို မပြောပြချင်ကြတော့ဘူးပေါ့”

အမျိုးသမီးရှုမှာ စိတ်မကောင်း ဖြစ်သွားသည်။ ထို့အပြင် သူ့သမီး၏ စိတ်ဆိုးနေသည့် မျက်နှာကိုပါ မြင်လိုက်ရသည့်အခါ သက်ပြင်းကို ချလိုက်မိသည်။

“မိသားစုဝင်အဖြစ် မသတ်မှတ်တာမျိုးတော့ မဟုတ်ပါဘူး သမီးရယ်…။ နင့်အဖေက မပြောခိုင်းလို့ပါ…။ သူက သမီး သိသွားရင် စိတ်ဆိုးသွားမှာ စိုးတာပေါ့…။ သမီးကနေ တဆင့် မတော်တဆ ပြည့်ရှင်မင်းကြီးသာ သိသွားရင် သူက သမီးအပေါ်မှာ ဒေါသထွက်ပြီး တစ်ခုခု လုပ်လိုက်မှာ စိုးလို့ပါ”

ယန်ရှုက တမင် ဖိမေးလိုက်သည်။

“မင်းကြီး ဒေါသ ထွက်မှာ စိုးတယ် ဟုတ်လား။ အမေတို့ အမှား တစ်ခုခုများ ကျူးလွန်မိထားသလား”

အမျိုးသမီးရှုမှာ ဝမ်းနည်းသွားမိသည်။

“သမီးရယ်… အမေတို့က ဘာလို့ မကောင်းတာ လုပ်ရမှာလဲ…။ အမေတို့ မကောင်းတာ မလုပ်တဲ့အပြင် ရိုးသားလွန်းလို့ အနိုင်တောင် အကျင့်ခံနေရသေးတာ”

ထိုအခါ ယန်ရှုက ပြောလိုက်သည်။

“အဲဒါဆိုရင် မင်းကြီး ဒေါသထွက်မှာကို ဘာလို့ ကြောက်နေမှာလဲ။ အမေတို့က သူ့ကို သမာသမတ်မကျတဲ့ ဘုရင် ထင်လို့လား…”

“အမလေး ဘယ်လိုပြောလိုက်တာလဲ ငါ့သမီးရယ်”

အမျိုးသမီးရှုက သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်၍ အလန့်တကြား ပြောလိုက်မိသည်။ ပြီးမှ ဆက်ပြောပြလေသည်။

“အေးပါ … အေးပါ… အမေ နင့်အဖေ စကား နားမထောင်ဘဲ ပြောပြမယ်။ တကယ်က နင့်မောင် ထျန်းရော့က စုန့်ဟယ်ကျောင်းတော်မှာ ပြသနာတက်လာလို့ပေါ့…။ သူက မြို့တော်ထဲကလူ မဟုတ်တော့ တချို့လူတွေက ဝိုင်းအနိုင်ကျင့်ကြတယ်လေ…။ သူ့ လေသံကို တမင် လိုက်ပြောင်ပြီး ရန်စကြတာပေါ့။ အစကတော့ နင့်မောင်ကလည်း မသိချင်ယောင် ဆောင်ထားလိုက်တာပေါ့ သမီးရယ်…။ ဒါပေမဲ့ သူတို့က ရောင့်တက်လာပြီး သူ့စာအုပ်တွေကို ဆုတ်ဖြဲပစ်တယ်လေ။ သမီးသိတဲ့အတိုင်းပဲ ထျန်းရော့က သူ့စာအုပ်တွေဆို အရမ်း တန်ဖိုးထားတာ…။ အဲဒီမှာ ဒေါသကို ထိန်းမရတော့ဘဲ ပြန်လုပ်ရော… ထျန်းရော့က အရပ်အမောင်း ကောင်းတော့ ပုပုသေးသေး တစ်ဖက်လူတွေ ဘယ်နိုင်မလဲ…။ အဲဒီမှာ ကျောင်းအုပ်ကြီးဆီ သွားတိုင်ပြီး သူ့ကို ပြန်တောင်းပန်ခိုင်းတယ်…။ မတောင်းပန်ရင် ကျောင်းကနေ ထုတ်ပစ်မယ် ဘာညာပေါ့”

ယန်ရှုက မျက်ခုံးကို ပင့်၍ ကြည့်လိုက်သည်။

“အဲဒီတော့ ထျန်းရော့က တောင်းပန်ရောလား”

အမျိုးသမီးရှုက သက်ပြင်းချလိုက်သည်။

“အဲ့ကောင်လေး ခေါင်းမာတာလည်း သမီးသိတာပဲလေ…။ တောင်းပန်ခိုင်းတော့ ဒေါသတွေ တရှူးရှူးတရှားရှား ထွက်ပြီး အိမ်တန်းပြန်လာတာပေါ့…။ အခုဆို သုံးရက်ရှိပြီ ကျောင်းပြန်မသွားတာ”

ယန်ရှုက ကျေနပ်သွားသည်။

ထျန်းရော့ တော်တယ်…။ ငါ့မောင်က ဇ ရှိသားပဲဟ အစကတည်းက ဒီကိစ္စက သူ့အမှားမှ မဟုတ်တာကို။ သူသာ တောင်းပန်လိုက်ရင် ဒီထက်ပိုပြီး အနိုင်ကျင့်ခံရဖို့ပဲ ရှိတယ်”

အမျိုးသမီးရှုက သက်ပြင်း ထပ်ချမိပြန်သည်။

“အဲဒီလို ပြောရင်တော့ အဆင်ပြေနေတာပေါ့ သမီးရဲ့…။ ဒါပေမဲ့ အခု ဘာဆက်လုပ်ကြမှာလဲ။ သူက ကျောင်းဘယ်တော့မှ ပြန်မသွားတော့ဘဲ နေရတော့မှာလား။ အဲဒီ ကျောင်းတော်က မြို့တော်မှာ အကောင်းဆုံးကျောင်း မဟုတ်လား…။ ချင်ကျိုးက လာတဲ့သူတွေအတွက်ကတော့ ဒီကျောင်းတော်မှာ တက်ရဖို့ဆိုတာ နည်းတဲ့ အခွင့်အရေး မဟုတ်ဘူး သမီးရဲ့”

ယန်ရှုက အလျင်အမြန်ပင် သူ့အမေကို အားပေးလိုက်သည်။

“မြို့တော်ကြီးက အကျယ်ကြီးပါ အမေရဲ့…။ ဒီကျောင်းတော်အပြင် တခြား နာမည်ကြီးတဲ့ ကျောင်းတွေ ရှိသေးတယ်။ သမီးကြားမိတာ စုန့်ဟယ်ကျောင်းတော်က နာမည်ပဲ ရှိတာ ထင်သလောက်ကြီး မကောင်းဘူးတဲ့။ အမေနဲ့ အဖေ စိတ်မပူနဲ့ သမီး ထျန်းရော့အတွက် နောက်တစ်ကျောင်း ရှာပေးမယ်”

အမျိုးသမီးရှုမှာ သမီးဖြစ်သူ၏ အားပေးစကားကို ကြားလိုက်ရသောအခါ အနည်းငယ် စိတ်ပူသွားပြီး ပြောလိုက်သည်။

76 02

“သမီးအဖေက သမီး အလုပ်ရှုပ်မှာ အရမ်းစိုးတာနော်…။ အဲဒါကြောင့် အမေ့ကို ဘာမှ မပြောခိုင်းတာ”

ယန်ရှုက ရယ်လိုက်မိသည်။

“အဖေက အရမ်း ရိုးတာပဲ…။ အဲဒါကြောင့် သူများတွေ လူပါး ဝတာကို ခံရတာ…။ အမေ ပြန်သွားပြီး အဖေ့ကို ပြောလိုက်… သမီးက ဘုရင့် ကိုယ်လုပ်တော် ဖြစ်နေပြီး ကိုယ့်မောင်လေး အနိုင်ကျင့်ခံရတာကိုတောင် မကာကွယ်ပေးနိုင်ဘူးလို့ လူတွေ သိကုန်ရင် မျက်နှာပျက်ရမယ်လို့”

အမျိုးသမီးရှုက ခေါင်းကို ညိတ်ပြလိုက်သည်။ ယခုမှပင် သူမ၏ မျက်နှာပေါ်ရှိ ပူပင်သောကများ လျော့ကျသွားသကဲ့သို့ ရှိသည်။ ထို့နောက် သူမက သက်ပြင်း ချလိုက်ပြီး

“သမီးကို အခုလို ပြောပြလိုက်ရမှပဲ စိတ်ထဲ နေသာထိုင်သာ ရှိသွားတော့တယ်…။ မဟုတ်ရင် မြိုသိပ်ထားရတာ အသက်ရှူတောင် ကျပ်တယ်”

ဟု ပြောလိုက်လေသည်။

ပြောရင်း တခုခုကို သတိရသွားသလိုဖြင့် သူမနှင့်အတူ ယူလာသည့် အထုတ်တစ်ထုတ်ကိုပြကာ ပြောသည်။

“ငါ့နှယ်နော် မေ့တတ်လိုက်တာ…။ ဒီမှာ အမေ ဟင်းသီးဟင်းရွက် ဖက်ထုပ်တွေ လုပ်ပြီး ယူလာတယ်…။ အိတ်ထဲကနေ ထုတ်ဖို့ မေ့နေတာ”

ထိုသို့ ပြောရင်း အငွေ့တထောင်းထောင်းထပြီး စားချင်စဖွယ် ဖြစ်နေသည့် ဖက်ထုပ်ကို အိတ်ထဲမှ ထုတ်ယူလိုက်သည်။

ဟာ ဟင်းသီးဟင်းရွက် ဖက်ထုပ်ဆိုပါလား။

ယန်ရှု မျက်လုံးများ အရောင်တောက်လာသည်။

“တယ်ဟုတ်ပါလား! သမီး အခုရက်ပိုင်း ဟင်းသီးဟင်းရွက် ဖက်ထုပ် စားချင်စိတ် ပေါက်နေတာနဲ့ အတော်ပဲ…။ အမေက သမီးနဲ့ တကယ် စိတ်ချင်း ဆက်နေတာပဲ”

သူမက အမြန်ယူလိုက်ပြီး ချက်ခြင်းပင် ထိုင်စားလေတော့သည်။

အတွင်းတွင် ကြာဇံအနည်းငယ်ပါပြီး ကြက်သွန်မြိတ်နှင့် ကြက်ဥ အစာသွပ်ထားသည့် ဟင်းသီးဟင်းရွက် ဖက်ထုပ်ပေါင်းကို ပုစွန်ခြောက်ဖြင့် အရသာရှိအောင် ပြုလုပ်ထားသည်။ အလွန် စား၍ ကောင်းလှသည်။ ယန်ရှုမှာ မျက်စိတမှိတ်အတွင်းမှာပင် ဖက်ထုပ်ကြီးတစ်ခုကို စားပြီးသွားပြီ ဖြစ်သည်။

အမျိုးသမီးရှုက ရယ်မောကာဖြင့်

“ငါ့သမီးစားနေပုံ ကြည့်စမ်းပါဦး…။ မသိတဲ့သူဆို ငါချက်တာ နန်းတွင်း စာဖိုမှူးတွေထက် သာတယ် ထင်နေကြဦးမယ်”

ဟု ပြောလေသည်။

“တကယ် စားကောင်းတာ အမေရဲ့” ဟု ယန်ရှုက ပြုံးရင်း ခေါင်းညိတ်ပြသည်။ “အရင်တစ်ခေါက်တုန်းက ယူလာတဲ့ ပေါက်စီလုံးကြီးတွေကိုဆိုရင် မင်းကြီးကတောင် ချီးကျူးတယ်”

“ဟဲ့…” အမျိုးသမီးရှုက အံ့ဩစွာ ရေရွတ်လိုက်မိသည်။ “မင်းကြီးက အမေ လုပ်ထားတဲ့ ပေါက်စီတွေ စားတယ်ပေါ့”

ယန်ရှုက ခေါင်းညိတ်ပြကာ လက်ငါးချောင်းထောင်ပြသည်။

“တစ်ခါတည်းနဲ့ ငါးလုံးတောင် စားတာ”

အမျိုးသမီးရှုမှာ ပါးစပ်ပင် ပြန်ပိတ်ဖို့ သတိမရတော့ချေ။

မင်းကြီးကလည်း တော်တော် စားနိုင်တယ်ပေါ့!

ဒီလိုဆိုလျှင် နောက်တစ်ကြိမ် သူမ နန်းတွင်းသို့လာလျှင်… စားစရာများ ပါလာလျှင်… ပိုလုပ်လာခဲ့ရတော့မည်။

ယန်ရှုက သူ့အမေရှေ့တွင်ပင် ဟင်းသီးဟင်းရွက် ဖက်ထုပ်ပေါင်း သုံးခုကို စားပစ်လိုက်သည်။ ထို့နောက် အချိန်နှောင်းလာပြီ ဖြစ်သဖြင့် အမျိုးသမီးရှုကလည်း နန်းတွင်းမှ ပြန်သွားလေတော့သည်။

ယန်ရှု တစ်ခဏလောက် စဉ်းစားသည်။ ထို့နောက် ရန်တုန်းအား စားစရာထည့်သည့် ပုံးတစ်ခုယူလာခိုင်းလိုက်သည်။ ထိုအထဲတွင် ဖက်ထုပ်ပေါင်း သုံးခုကို ထည့်ကာ ချန်မင် နန်းဆောင်ဖက်သို့ ထွက်လာခဲ့လိုက်သည်။

များမကြာမီ စာကြည့်ခန်းအတွင်းရှိနေသည့် မင်းကြီးမှာ ဟင်းသီးဟင်းရွက် ဖက်ထုပ်ပေါင်း ရနံ့ကို ရမိလေသည်။

“ဒါ ကိုယ်လုပ်တော်ရဲ့ အမေ လုပ်ပေးတဲ့ ဟင်းသီးဟင်းရွက် ဖက်ထုပ်ပေါင်းပါ…။ ခုနလေးတင် နန်းတွင်းကနေ မပြန်ခင် ပေးသွားတာပါ…။ မင်းကြီး စိတ်ပါရင် နည်းနည်းလောက် မြည်းကြည့်ပါလား”

ယွီ ဝိန်းလန်က ဖက်ထုပ်များကို ကြည့်ပြီးနောက် ယန်ရှု၏ ပြုံးနေသည့် မျက်နှာကို ပြန်ကြည့်လိုက်သည်။ ထို့နောက် မျက်ခုံးကို မြှင့်ကာ

“တော်တော် သဘောကောင်းနေပါ့လား…။ ကိုယ်တိုင်တောင် စားစရာတွေ လာပို့ နေတယ်ပေါ့”

ယန်ရှုမှာ အပြုံးကို အရောင်မပါအောင် ကြိုးစားပြုံးပြလိုက်သည်။

“ကိုယ်လုပ်တော်က အစားကောင်း စားရရင် မင်းကြီးကို အရင် သတိရတတ်တာလေ”

စိတ်ထဲတွင်မူ

[မင်းကြီး မလာခင် ကြိုယူလာပေးမှ တော်ကာကျမှာ…။ နန်းဆောင်မှာ လေးခု ကျန်သေးတယ်။ မင်းကြီး ကိုယ်တိုင် ရောက်လာပြီး စားရင် ငါ့အတွက် နှစ်ခုတောင် ကျန်မှာ မဟုတ်ဘူး]

ယွီဝိန်းလန် – “...”

ဟွန်း ထင်သားပဲ။

ဖက်ထုပ်များကို ကြည့်လိုက်သည့်အခါ ရွှေဝါရောင် အဆင်းရှိပြီး ရိုးရှင်း လတ်ဆတ်သည့် ရနံ့တမျိုးမွှေးနေသည်မှာ စားချင်စဖွယ် ဖြစ်နေသည်ကတော့ အမှန်ပင်။

သူကိုယ်တိုင်ကလည်း အနည်းငယ် ဗိုက်ဆာနေပြီ ဖြစ်သဖြင့် တစ်ခုကို ကောက်ယူကာ စားကြည့်လိုက်သည်။ ထိုနောက် ပုံမှန်အတိုင်း စကားစမြည်ပြောလိုက်သည်။

“အမေနဲ့ စကားပြောရတာ အဆင်ပြေလား။ အခြေအနေ ကောင်းကြလား”

76 03

ယန်ရှုက “ကောင်းပါတယ်… မင်းကြီး အခုလို မေးတာ ကျေးဇူးပါ” ဟု ပြောလိုက်သည်။

သို့သော် စိတ်ထဲ၌မူ မကျေမလည် တွေးမိလိုက်သည်။

[ကောင်းနေဦးမယ် အားကြီးကြီး… အမေသာ မလာရင် ငါ့မောင်လေး အနိုင်ကျင့်ခံနေရတာ သိတောင် သိလိုက်မှာ မဟုတ်ဘူး!]

ယွီဝိန်းလန် – “…”

သူဘာမျှ မမေးရသေးခင် သူမက ဒေါသတကြီး ဆက်တွေးနေသည်။

[ဒီမြို့တော်ကြီးကလေ ရိုးသားတဲ့သူတွေဆိုရင် တော်တော်မု န်းနေသလားမသိဘူး…။ စုန့်ဟယ် ကျောင်းတော်စုတ်… ကျောင်းအုပ်ကြီးစုတ်… နင်တို့ကို စုတ်ပြတ်သတ်သွားအောင်ကို လုပ်ပစ်ချင်တယ်]

ယွီဝိန်းလန် – “...”

စုန့်ဟယ်ကျောင်းတော်။

အရင်တစ်ခေါက် သူမ၏ အဖေနှင့် မောင်လေး သူ့ထံ ဝင်ရောက် အခစားဝင် နှုတ်ဆက်သည့်အချိန်ကို သူ ခပ်ရေးရေး ပြန်သတိရလိုက်မိသည်။ သူမ၏ မောင်လေးကို စုန့်ဟယ်ကျောင်းတော်တွင် အပ်နှံမည်ဖြစ်ကြောင်း သူမ၏ အဖေက ပြောသွားဖူးသည်။

ဤသို့ ယန်ရှု ကျိန်ဆဲနေသည်ကို ကြားလိုက်ရသည့်အခါ ထိုကောင်လေး ကျောင်းတော်တွင် အနိုင်ကျင့်ခံနေရသည်ဟု သူယူဆလိုက်သည်။

ထို့ကြောင့် သူက – “ တခုခု အဆင်မပြေတာရှိရင် ပြောလို့ရတယ်နော်” ဟု ပြောလိုက်သည်။

သို့သော်လည်း သူမက ဘာမျှမဖြစ်သကဲ့သို့ ခေါင်းကို ရမ်းပြလိုက်သည်။

“ကိုယ်လုပ်တော် အနေနဲ့ အဆင်မပြေတာ ဘာမှ မရှိပါဘူး…။ မင်းကြီးသာ စားစရာရှိတာ စားပါ။ ကိုယ်လုပ်တော် နန်းဆောင်ကို ပြန်ပြီး စာရေးလိုက်ဦးမယ်…။ ပြီးရင် မင်းကြီးကို လာတင်ပြပါမယ်…။ မင်းကြီး တစ်ချက် ပြန်ဖတ်ကြည့်ပြီး လိုတာလေးတွေ ပြောပြပေးပေါ့”

သို့သော် သူမ၏ စိတ်နှလုံးထဲတွင် [အဲဒီ လူယုတ်မာရဲ့ အကျင့်ပျက်ခြစားနေတဲ့ မသမာမှုတွေအားလုံးကို မင်းကြီး ဖတ်ဖို့ ရေးပြမယ်…။ အဲဒီအခါကျရင် မင်းကြီးလည်း ဒေါသထွက်မှာ အသေအချာပဲ]

ယွီဝိန်းလန် — “...”

သူမ ဒီလောက် ဒေါသထွက်နေတာကို မြင်ရသည်မှာ ယခုအကြိမ်က ပထမဆုံးပင်။

ယခုလောလောဆယ် သူထပ် မမေးရဲတော့ပေ။ ထို့ကြောင့် ခေါင်းသာ ညိတ်ပြလိုက်ပြီး သူမ ပြန်သွားသည်ကို လှမ်းကြည့်နေမိသည်။

သို့သော်လည်း သူ အလွန်စိတ်ဝင်စားနေလေပြီ။ ထို့ကြောင့် တခဏမျှ တွေးတောလိုက်ပြီးနောက် နန်းတော်စောင့် တပ်သားတစ်ဦးကို ခေါ်လိုက်လေသည်။

နောက်နာရီဝက်ခန့်အကြာ ခိုင်းလိုက်သည့် နန်းတော်စောင့် တပ်သားမှာ ပြန်ရောက်လာပြီး သတင်းပို့လေသည်။

“အရှင်မင်းကြီး… သခင်လေးလီက မြို့ပြင်က လာတဲ့သူဖြစ်လို့ အနိုင်ကျင့်ခံရပုံ ပေါ်ပါတယ်…။ အနိုင်ကျင့်တဲ့သူတွေက သူ့ရဲ့ လေ့လာမှု အားကောင်းတာနဲ့ ဖြတ်ထိုးဉာဏ်ကောင်းတာတွေကို မနာလိုပုံရတယ်…။ အဲဒါကြောင့် သူ့ကို ရန်စ စော်ကားပြီး သူ့ရဲ့ မှတ်တမ်း စာအုပ်တွေကို ဖြဲပစ်ကြတယ်…။ သခင်လေးလီက သည်းမခံနိုင်လို့ နှစ်ချက်လောက် ရိုက်လိုက်တယ်လို့ သိရတယ်…။ အဲဒါကြောင့် ကျောင်းအုပ်ကြီးက သူ့ကို အိမ်ပြန်ခိုင်းပြီး အပြစ်ကို ပြန်သုံးသပ်ခိုင်းလိုက်တယ်လို့ ကြားသိရပါတယ်”

ဘယ်လို။

ယွီဝိန်းလန် နားကြားလွဲမိသလို ထင်လိုက်သည်။

“သူကပဲ အနိုင်ကျင့်ခံရတယ်…။ ပြီးတော့ သူကိုပဲ အိမ်ပြန်ခိုင်းတယ် ဟုတ်လား”

နန်းတော်စောင့် တပ်သားက ဟုတ်မှန်ကြောင်းပြောသည်။

“မှန်ပါတယ် မင်းကြီး… အနိုင်ကျင့်တဲ့ အုပ်စုကို ကျန်းမင်ကျစ်က ဦးဆောင်ပါတယ်…။ သူက ဝူယန် မြို့စားမင်းရဲ့ မြေးတော်ပါ…။ သခင်လေးလီ ကျောင်းအပ်တုန်းက ဘုရင့် ယောက်ဖအနေနဲ့ လူအသိမခံပါဘူး…။ အဲဒါကြောင့် ကျောင်းတော်က သာမန် လူတန်းစား ထင်ပြီး အခုလို ဆက်ဆံတာပါ”

ယွီဝိန်းလန်မှာ ဒေါသထွက်သဖြင့် ခနဲ့တဲ့တဲ့ ရယ်မိမလို ဖြစ်သွားသည်။

“ဪ… သာမန် လူတန်းစားတွေကို အနိုင်ကျင့်လို့ ရတယ်ပေါ့လေ။ ပညာ သင်ကြားရမဲ့နေရာ၊ ကျင့်ဝတ် နည်းဥပဒေတွေ နားလည်ရမဲ့နေရာက အခုကျတော့ ရာထူးအာဏာသာ အဓိက ဆိုတဲ့နေရာ ဖြစ်သွားပြီပေါ့…”

ယန်ရှု ဒေါသဖြစ်မယ်ဆိုလည်း ဖြစ်ချင်စရာပဲပေါ့။

သူ တစ်ချက် တွေးလိုက်ပြီး မိန့်လိုက်သည်။

“သွား တော်ဝင်အထူး စစ်ဆေးရေးဋ္ဌာနကို ပြောပြီး အဲ့ကျောင်းတော်ရဲ့ အခြေအနေကို စုံစမ်းဖို့ လူလွှတ်ခိုင်းလိုက်”

နန်းတော်စောင့် တပ်သားက အမိန့်ကို နာခံလိုက်သည်။

ထိုအချိန်၌ပင် အမျိုးသမီးရှုမှာ အိမ်သို့ ပြန်ရောက်၍ ခင်ပွန်းနှင့် သားဖြစ်သူကို သူ့သမီးပြောလိုက်သည့် စကားများကို ပြန်ပြောပြနေသည်။

“သမီး ရှုက ပြောတယ် သား ထျန်းရော့ရဲ့ အမှားမဟုတ်ဘူးတဲ့…။ အဲဒီတော့ ကျွန်မတို့ကို မပူကြဖို့ ပြောလိုက်တယ်။ ထျန်းရော့အတွက် နောက်တစ်ကျောင်း ရှာပေးမယ်တဲ့”

သို့တိုင်အောင် သစ္စာစောင့်သိမှုနှင့် အမှန်တရားဘွဲ့ထူးခံ နယ်စားမင်းကြီးဖြစ်သည့် လီ ဟွေ့ကျစ်ကမူ

“သူက နန်းတွင်းထဲနေပြီး နောက်ထပ် ဘယ်ကျောင်းကို ရှာပေးနိုင်မှာလဲ။ ပြီးတော့ ချင်ကျိုးမှာရှိတဲ့ ဆရာကြီးက ငါတို့အတွက် သူ့အဆက်အသွယ်နဲ့သူ ကြိုးစားပြီး ဒီလို အခွင့်အရေး ရအောင် လုပ်ပေးခဲ့ရတာ…။ ငါတို့ ဒီကျောင်းကနေ လွယ်လွယ်လေး နှုတ်ထွက်လိုက်ရင် သူ့လုပ်အားကို စော်ကားသလို ဖြစ်သွားမှာပေါ့”

ဟု ဆိုလေသည်။

“အဲဒါဆို ကျွန်မတို့က ဘာလုပ်ရမှာတုန်း။ ထျန်းရော့ကို တောင်းပန်ခိုင်းပြီး အရှက်ကွဲခိုင်းမှာတော့ မဟုတ်လောက်ပါဘူးနော်” ဟု အမျိုးသမီးရှုက ပြောသည်။

76 04

လီဟွေ့ကျစ်က တချက်လောက် တွေးလိုက်ပြီး သူ့သားကို ပြောလိုက်သည်။

“ငါ့သား ဒီလိုလုပ်ကွာ…။ ဒီနေ့ အဖေ မင်းနဲ့ အတူလိုက်ခဲ့မယ်…။ မင်းသူတို့နဲ့ ဆွေးနွေးကြည့်လိုက်”

လီထျန်းရော့က သဘောတူလိုက်ပြီး သားအဖနှစ်ယောက် ကျောင်းသို့ အတူ ထွက်သွားလေသည်။

လီဟွေ့ကျစ်မှာ စိတ်ဓါတ်ခိုင်မာပြီး စည်းကမ်းကျသည့် ပုဂ္ဂိုလ်မျိုးဖြစ်သည်။ ကျောင်းတော်သို့ ကိုယ်တိုင် ရောက်သွားသည့်တိုင်အောင် သူ၏ နယ်စားမင်း ရာထူးကို ထုတ်မပြချေ။

ထို့ကြောင့်လည်း အပြင်၌ တစ်နာရီတိတိ စောင့်ဆိုင်းနေရပြီးမှ သူတို့နှင့် မတွေ့ချင်သည့် ကျောင်းအုပ်ဖြစ်သူ ပိုင်ကျင်းဟွားနှင့် တွေ့ခွင့်ရလေသည်။

လီ ဟွေကျစ်က စကားကို ပျော့ပျော့ပြောင်းပြောင်း ပြောလို၍ တဖက်လူကို အရိုအသေပေးကာ ပြောသည်။

“ကျွန်တော့် သားက နည်းနည်း တဖြောင့်တည်းသမား ဆန်ပါတယ်။ တစ်ခါတရံ ဆိုးတတ်ပေမဲ့ အလွန်အကျူးတွေ မလုပ်တတ်ပါဘူး ခင်ဗျာ…။ အခုကိစ္စမှာ နားလည်မှု လွဲတာလေးတွေ ရှိပါလိမ့်မယ်။ အဲဒါကြောင့် ကျောင်းအုပ်မင်းအနေနဲ့ အမှားအမှန်ကို တချက်လောက် စစ်ဆေးပေးဖို့ တောင်းဆိုလိုပါတယ်ခင်ဗျာ…။ ကျွန်တော့်ရဲ့ သားကိုလည်း ပညာ ပြန်သင်ကြားခွင့် ပြုပေးပါ ခင်ဗျာ”

ထူးခြားစွာပင် စာပေပညာရှင် ကျောင်းအုပ်ကြီးကလည်း ပြုံးသလိုလိုနှင့် ပြန်ပြောလေသည်။

“မြို့တော်ကို အခုမှ ရောက်ဖူးကြတာနဲ့တူတယ်။ ခင်ဗျားရဲ့သား ပိုင်ဆိုင်တဲ့ အရည်အချင်းကို အားနာလို့ အကြံတစ်ခု ပေးလိုက်မယ်။ အတန်းဖော်တွေကို တောင်းပန်လိုက်ပါ။ သူတို့ ခွင့်လွှတ်ရင် ပညာဆက်သင်လို့ ရပြီ။ မဟုတ်ရင်တော့ ဒီကျောင်းတော်မှာ နေလို့တောင် ရမယ် မထင်ပါနဲ့”

လီ ထျန်းရော့က ဒေါသထွက်လွန်းသဖြင့် ပြောချလိုက်သည်။

“အဖေ… ကျွန်တော် ဒီမှာ ပညာ လုံးဝ မသင်ချင်တော့ဘူး…။ အိမ်ပြန်ရအောင်”

ကြည့်ပါဦး… အဖေ တစ်ယောက်လုံး ပါလာသည့်တိုင် ကျောင်းအုပ်ကြီးက မျှမျှတတ လုံးဝ မတွေးပေးဘဲ ဘက်လိုက်နေဆဲပင် ဖြစ်နေသေးသည်။

“သခင်လေးလီ… ခဏလောက် နေပါဦး”

ထို စကားသံနှင့်အတူ အသက် ၄၀ အရွယ် ဝန်းကျင် လူတစ်ယောက် အပြင်မှ ဝင်လာသည်။

လီသားအဖနှစ်ယောက် တအံ့တဩဖြစ်နေသည်ကို တွေ့လိုက်ရသည့် ထိုပုဂ္ဂိုလ်က

“သခင်ကြီးလီ … မအံ့ဩပါနဲ့… ကျွန်တော်က သခင်ကြီးရဲ့ သမီးက သူ့မောင်လေးကိစ္စ ဖြေရှင်းဖို့ လွှတ်လိုက်တဲ့သူပါ”

လီဟွေ့ကျစ်က မြို့တော်သို့ ယခုမှ ရောက်ဖူးသူဖြစ်သည့်အတွက် မည်သည့် အရာရှိကိုမျှ မသိသေးချေ။ ထို့ကြောင့် ခေါင်းကိုသာ ညိတ်ပြလိုက်ပြီး

“ဟုတ်ကဲ့… ကူညီပေးတဲ့အတွက် ကျေးဇူးပါဗျာ” ဟု ပြောလိုက်သည်။

ထိုပုဂ္ဂိုလ်ကလည်း ခေါင်းပြန်ညိတ်ပြလိုက်ပြီး ကျောင်းအုပ်ပိုင်ကျင်းဟွားဖက် လှည့်ကာ ပြောလိုက်သည်။

“ဒီကျောင်းတော်မှာ တက်ရောက်နေတဲ့ ကျောင်းသားတော်တော်များများနဲ့ ကျွန်တော် စကားပြောကြည့်ပြီးပါပြီ။ ဒီက သခင်လေးလီကို မလေးမစားလုပ်တာ ဟိုဖက်က ကောင်လေးတွေပါ။ သူတို့က စာအုပ်တွေကို ဖြဲတယ်…။ သခင်လေးကိုလည်း ကိုယ်ထိလက်ရောက် ရန်စ စော်ကားတယ်။ အဲဒါကြောင့် သခင်လေးက ပြန်တုံ့ပြန်တာ ဖြစ်တဲ့အတွက် လက်ခံပေးလို့ ရပါတယ်။ ဒီကျောင်းတော်ကို အုပ်ချုပ်တဲ့သူ ဖြစ်တဲ့အတွက် ခင်ဗျားက အမှားနဲ့ အမှန်ကို ခွဲခြား သိသင့်တယ်။ မှားတဲ့သူကို ဖျောင်းဖြ… ရိုင်းစိုင်း ကြမ်းတမ်းတဲ့သူကို အပြစ်ပေး လုပ်ရမှာ။ မဟုတ်ရင် ခင်ဗျားက ဘယ်လိုလုပ် ကလေးတွေကို ပညာသင်ကြား ပေးမှာလဲ။ ဘယ်လိုလုပ် ပြုစု ပျိုးထောင်ပေးမှာလဲ”

ထိုသို့ ကြားလိုက်ရသည့်အခါ ကျောင်းအုပ် ပိုင်ကျင်းဟွားက ထိုပုဂ္ဂိုလ်ကို မသိမသာ အကဲခတ် ကြည့်လိုက်သည်။

ထိုသူသည် ဟိတ်နှင့် ဟန်နှင့် မာန်ရှိသော်လည်း သူတစ်ခါမှ မမြင်ဖူးသဖြင့် ဘုရင့် ရာထူးအရာခံတစ်ယောက် မဖြစ်နိုင်ချေ။

ထို့ကြောင့် ပိုင် ကျင်းဟွားက ပြုံးရယ်လိုက်ပြီး ပြောလိုက်သည်။

“ဒီက လူကြီးမင်းကလည်း မြို့တော်ကြီးကို အခုမှ ရောက်ဖူးသူနဲ့တူတယ်…။ တခြားနယ်မြို့တွေနဲ့ မတူတာက မြို့တော်ကြီးမှာလေ။ ရာထူးမြင့်သူ အမျိုးဂုဏ်မြင့်သူတွေနဲ့ အပြည့်ပဲ…။ ဒီကျောင်းတော်မှာ ကျောင်းတက်နေတဲ့ စာသင်သားတွေ အားလုံးက မင်းသားတွေ၊ နယ်စားတွေရဲ့ သားသမီးတွေ ချည်းပဲဗျ”

ထိုစကား ကြားလိုက်သည့်အခါ ထိုပုဂ္ဂိုလ်က နားမလည်သလိုဖြင့် ပြောလိုက်သည်။

“အဲဒီတော့ ဘာဖြစ်လဲ။ တရားဥပဒေအောက်မှာ မင်းသားနေနေ သာမန် လူတန်းစားနေနေ အတူတူပဲလေ။ ကြမ်းတမ်းတဲ့သူက ရာထူးတစ်ခုခု ရှိနေတာနဲ့ပဲ အမှားကို အမှန်လို့ သတ်မှတ်ပစ်လို့ ဘယ်ရမလဲ”

ပိုင်ကျင်းဟွားက ထပ်မံ ပြုံးလိုက်ပြီး ပြောလေသည်။

“ကျုပ်က အမှားကနေ အမှန်အဖြစ် သတ်မှတ်နေတာ မဟုတ်ဘူး။ ဆိုရိုးစကားတစ်ခုရှိတယ်…။ လက်ခုပ် နှစ်ဖက် တီးမှ အသံမြည်တယ်တဲ့… တကယ်လို့ လီထျန်းရော့ကသာ အရင် စ မမှားခဲ့ဘူးဆိုရင် တခြားသူတွေက သူ့ကို အနိုင်ကျင့်စရာ အကြောင်းမရှိဘူး။ ကြည့်ကြည့်လေ… ဒီကျောင်းတော်မှာ လူတွေ ဒီလောက်များတာ… ဘာလို့ တခြားသူတွေကျ အနိုင်ကျင့် မခံရတာလဲ”

ဤစကားလုံးများကို ကြားလိုက်ရသည့်အခါ ကျန်လူ သုံးယောက်စလုံး ဒေါသ ထွက်သွားကြသည်။

၁၅ နှစ်သား ကောင်လေးဖြစ်သည့် လီထျန်းရော့ပင် ဒေါသထွက်လွန်း၍ ပြောလိုက်သည်။

“ကျွန်တော့်အမှားက ဒီစုန့်ဟယ်ကျောင်းတော်ကြီးကို အရမ်းကောင်းတယ်လို့ ထင်မိတာပဲ… အစကတည်းက ဒီကျောင်းကို မလာမိခဲ့သင့်ဘူး”

ပြီးနောက် သူ့အဖြေဖြစ်သူ လီဟွေ့ကျစ်ကို ကြည့်ကာ ပြောလိုက်သည်။

76 05

“လာ အဖေ သွားကြစို့”

ယခုအချိန်တွင်တော့ လီဟွေ့ကျစ်ကိုယ်တိုင် လက်လျှော့လိုက်ပြီ ဖြစ်သည်။

သက်ပြင်းကို လေးလံစွာ ချလိုက်ပြီး နောက်မှရောက်လာသည့် ပုဂ္ဂိုလ်ကို ကြည့်၍ ပြောလိုက်သည်။

“ဒီကို အရောက်လာပြီး ကူညီလို့ ကျေးဇူးတင်ပါတယ်ဗျာ…။ ဒီမှာက ဒီလို ဖြစ်နေမှတော့ ကျွန်တော် ကျွန်တော့သားအတွက် တခြားမှာပဲ ပညာသင်ဖို့ စုံစမ်းလိုက်တော့မယ်။ ကြည့်ရတာ ဒီကျောင်းတော်က ကျွန်တော်တို့အတွက် မြင့်လွန်းနေတယ် ထင်ပါတယ်”

ပြီးနောက် လှည့်ထွက်ရန် ခြေလှမ်း ပြင်လိုက်လေသည်။

ထို့အချိန်၌ပင် နောက်မှ ရောက်လာသည့် ပုဂ္ဂိုလ်က ပြောလိုက်သည်။

“သခင်ကြီး… ခဏ နေပါဦး”

သခင်ကြီး ဆိုပါလား။

ပိုင်ကျင်းဟွားတစ်ယောက် တစ်ချက်တွေဝေသွားသည်။

ဒီတောသားကို ဟိုပုဂ္ဂိုလ်က “သခင်ကြီး” လို့ ခေါ်လိုက်တာလား။

ပြီးနောက် ထိုပုဂ္ဂိုလ်က ခေါင်းကို ရမ်းလိုက်ပြီး သက်ပြင်း ချလိုက်သည်ကို တွေ့လိုက်ရသည်။

“ကျုပ်ကိုယ်တိုင် မမြင်ရရင် ယုံမိမှာတောင် မဟုတ်ဘူး။ မင်းကြီးရဲ့ လက်အောက်မှာ ဒီလောက် ဂုဏ်သိက္ခာရှိတဲ့ စုန့်ဟယ်ကျောင်းတော်ကြီးကတောင် အမှန်ကနေ အမှား… အမှားကနေ အမှန် လုပ်ချင်တိုင်း လုပ်နေပါလား။ နန်းတွင်းကို အခုချက်ခြင်း ကျုပ် သတင်းပို့မယ်။ ဒီကျောင်းတော်ကြီးရဲ့ အခြေအနေကို အသေးစိတ် စစ်ဆေးဖို့ လိုနေပြီ”

လီဟွေ့ကျစ်က ခေါင်းကိုညိတ်၍ ထောက်ခံလိုက်ပြီး ထိုပုဂ္ဂိုလ်နှင့်အတူတူ ကျောင်းတံခါးဝသို့ ထွက်သွားကြလေတော့သည်။

ပိုင်ကျင်းဟွားမှာ ကျောက်ရုပ်ကြီးကဲ့သို့ မလှုပ်နိုင်ဘဲ ငိုင်နေမိသည်။

နန်းတွင်းကို သတင်းပို့မယ်။

သူတို့က ဘယ်သူတွေလဲ။

ငါများ အခြေအနေကို တလွဲ သုံးသပ်မိလိုက်ပြီလား။

လီသားအဖ နှစ်ယောက် စုန့်ဟယ် ကျောင်းတော်မှ အိမ်သို့ ပြန်သွားချိန် နန်းတွင်းရှိ ပြည့်ရှင် မင်းကြီးမှာလည်း ဒုအထူးစစ်ဆေးရေးမှူး ကျောက် ကျွင်းလန်၏ တင်ပြမှုကို နားထောင်နေလေသည်။

သူက မျက်မှောင် ကျုံ့လိုက်ပြီး – “ဒီ ပိုင်ကျင်းဟွားဆိုတဲ့လူက ဘယ်လိုလုပ် ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး ဖြစ်လာရတာလဲ” ဟု ပြောလိုက်သည်။

ကျောက် ကျွင်းလန်က – “အဲဒီလူက စုန့်ဟယ် ကျောင်းတော်မှာ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်လောက်ကတည်းက စာရေးအဆင့်ကနေ ကျောင်းတော်သားအဆင့်အထိ တဆင့်ပြီးတဆင့်တက်ပြီး ဝင်ရောက်ခဲ့တာပါ။ ပြီးခဲ့တဲ့ ကျောင်းအုပ်ကြီး အိုမင်း နာမကျန်း ဖြစ်လာတဲ့အခါ အဲဒီရာထူးကို ခန်းဆောင်မှူး ရွှီ တောက်ကွမ်းဆိုတဲ့သူက ရယူရမှာပါ။ ဒါပေမဲ့ ဓလေ့ထုံးတမ်းရေးရာ ဝန်ကြီးဋ္ဌာနလက်အောက်မှာရှိတဲ့ အခန်းအနားရေးရာ ဋ္ဌာနက ဝင်တားခဲ့လို့ ဒီလူက ကျောင်းအုပ်ရာထူး ရသွားတာပါ။”

ဓလေ့ထုံးတမ်းရေးရာ ဝန်ကြီးဋ္ဌာနက ဝင်တားတယ် ဟုတ်လား။

အဟင်း… ကြည့်ရတာ အရင် ဓလေ့ထုံးတမ်းရေးရာ အမတ်ကြီးရဲ့ လူဟောင်းတွေ ရှိနေသေးတာပေါ့လေ။

ယွီဝိန်းလန်က ပြောလိုက်သည်။

“သူ ကျောင်းအုပ်ဖြစ်တဲ့ နှစ်တုန်းက အခန်းအနားရေးရာ ဋ္ဌာနမှာ တာဝန်ကျတဲ့ သူတွေကို စုံစမ်းပါ။ တကယ်လို့ အာဏာကို အလွဲသုံးစား လုပ်ပြီး တာဝန် လစ်ဟင်းတဲ့သူတွေရှိရင် တစ်ယောက်မှ မလွတ်စေနဲ့”

ကျောက် ကျွင်းလန်က အလျင်အမြန် ထောက်ခံလိုက်သည်။

စိတ်အလွန်တိုနေသဖြင့် ယန်ရှု၏ အရေးအသားမှာ နတ်သိကြားတို့ လွှမ်းမိုးထားသည့်အလား ယနေ့အဖို့ အလွန်လျင်မြန်နေသည်။

မနက်ခင်းမှ စရေးသော်လည်း ညစာ စားချိန်ရောက်သည့်အခါ ဇာတ်လမ်း တစ်ပုဒ်လုံး ပြီးစီးသွားပြီ ဖြစ်ချေသည်။

******

76 01

Ch-38.1

77 01

Ch-77

စာရေးစုတ်တံကို ချလိုက်သည့်အခါ စစ်စတန်က ပြောလိုက်သည်ကို ကြားလိုက်ရသည်။

[အခုအခြေအနေက တစ်မျိုးထူးသွားပါပြီ…။ အဲဒီ ကျောင်းအုပ်ကြီးပိုင်ကျင်းဟွားက နင့်အဖေကို သစ္စာတရားနဲ့ အမှန်တရား ဘွဲ့ထူးခံ နယ်စားကြီးဆိုတာကို သိသွားတယ်…။ သူ့မှာ အတော်အံ့ဩသွားလို့ နင့်အိမ်ကို အပြေးရောက်အောင်သွားပြီး တောင်းပန်တယ်။]

တောင်းပန်တယ် ဟုတ်လား။

ယန်ရှုက မျက်ခုံးကို ပင့်လိုက်ပြီး ပြောလိုက်သည်။

[အဖေနဲ့ မောင်လေးက ခွင့်လွှတ်လိုက်ရောလား]

ထိုအခါ စစ်စတန်က ပြန်ဖြေသည်။

[နင့် အဖေကတော့ ယဉ်ယဉ်ကျေးကျေး ပြန်ပြောတာပေါ့…။ ဒါပေမဲ့ သူလည်း အဲဒီကို ပြန်မပို့ဖို့ ဆုံးဖြတ်ပြီးသွားပြီ…။ နင့်မောင်လေးအတွက်လည်း ကျောင်း သုံးကျောင်းလောက်တောင် စုံစမ်းပြီးသွားပြီလေ…။ အဲဒီ ကျောင်းတွေကလည်း နင့်မောင်လေးက နယ်မြို့က စာမေးပွဲမှာ ထိပ်တန်းအဆင့် ရောက်ဖူးတယ်ဆိုတာ သိသွားကြတော့ တော်တော်လေးကို လက်ခံချင်နေကြတယ်။]

ယန်ရှုက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောသည်။

[ဒါပေါ့ဟ… ကိုယ့်ကို တနေရာက လက်မခံရင် တခြားလက်ခံမဲ့ နေရာတွေ အများကြီးကျန်သေးတယ်ဆိုတာ အမှန်ပဲ…။ ပြီးတော့ တောင်းပန်ရုံနဲ့ ကျေအေးရေးဆိုရင် ဘာလို့ တရားဥပဒေတွေ ထားနေတော့မှာလဲ မဟုတ်ဘူးလား။ ဒီလူယုတ်ကြီးက ငါ့ကို ဒေါသထွက်အောင် လုပ်ပြီးသွားပြီမို့ မဖြစ်မနေ သူ ပြန်ခံစားရအောင် လုပ်ရတော့မယ်…။]

ထိုသို့ပြောရင်း မေးလိုက်သည်။

[အိမ်ကိုကျ လာတောင်းပန်ပြီး ထျန်းရော့ကို အနိုင်ကျင့်တဲ့ ဟို အပြစ်သားကောင်တွေကိုကျ ကာကွယ်နေတုန်းပဲလား]

စစ်စတန်က ရှင်းပြသည်။

[နင့်မောင်လေးကို အနိုင်ကျင့်တဲ့ကောင်က ဝူယန် မြို့စားမင်းရဲ့ မြေးဖြစ်နေလို့ပေါ့…။ နာမည်က ကျန်း မင်ကျစ်တဲ့…။ ဒါနဲ့… ဝူယန် မြို့စားမင်းကို နင်သိတယ် မဟုတ်လား…။ မင်းကြီးရဲ့ အစ်မ မင်းသမီးခေါင်ကြီးရဲ့ ယောက္ခမလေ]

ယန်ရှု - “...”

လက်စသတ်တော့ ဒီလိုကိုး…။

ကျွတ်စ် ကျွတ်စ်… ဒါကြောင့် ဒီလူယုတ်မာက အနိုင်ကျင့်တဲ့ ကောင်တွေကို ကာကွယ်ပေးနေတာကိုး။ ဒီကောင်လေးကလည်း ဖြစ်ချင်တော့ မင်းသမီးခေါင်ကြီးရဲ့ တူတော်မောင်ဆိုတော့ ဒီလူယုတ်မာက ဘာမှ မလုပ်ဘူးပေါ့။

ဒီပုပ်ထဲက ဒီပဲတွေပါလား… တော်တော် အောက်တန်းကျတဲ့လူတွေ။

ထိုအချိန်၌ပင် စစ်စတန်က ပြောလိုက်သည်ကို သူမ ကြားလိုက်ရသည်။

[ပိုင်ကျင်းဟွားက နင့်အဖေ ခွင့်မလွှတ်တာကို သိလိုက်ရတော့ ဒီကိစ္စက လွယ်လွယ်နဲ့ မရလောက်ဘူးဆိုတာ သိသွားတယ်…။ အခု သူက ဓလေ့ထုံးတမ်းရေးရာ ဋ္ဌာနရဲ့ အကြီးအကဲဆီကို သွားပြီး သူ့ကို အကာအကွယ်ပေးဖို့ သွားဆွေးနွေးနေတယ်]

ယန်ရှုက မျက်လုံးကို မှေးလိုက်ပြီး

[ဓလေ့ထုံးတမ်းရေးရာ ဋ္ဌာနရဲ့ အကြီးအကဲ ဟုတ်လား။ အဲ့ဒီ အကြီးအကဲက အဲ့လူယုတ်မာရဲ့ မိန်းမနဲ့ ပျော်ပါးဖူးတဲ့သူလား။ ဒီပုဂ္ဂိုလ်က လူယုတ်မာကို ကာကွယ်ပြီး ငါ့ကို အာခံချင်တယ်ပေါ့လေ။]

စစ်စတန်က ပြန်ပြောသည်။

[အမလေး အဲကောင်ကြီးက မလုပ်ရဲပါဘူးဟာ…။ အခု ဓလေ့ထုံးတမ်းရေးရာ အကြီးအကဲဖြစ်နေတဲ့ ဝေ့ကွမ်းဇိက အဲ့အကောင်ကို ငြင်းလွှတ်လိုက်ပြီး အိမ်ကနေ မောင်းထုတ်လိုက်တယ်]

ယန်ရှုက မျက်ခုံးကို မြှင့်လိုက်ပြီး ပြောလိုက်သည်။

[ကောင်းချက်… ဒီလို လူယုတ်မာတွေ သွေးပျက်ပြီး တုန်လှုပ်နေတာ မြင်ရတာ စိတ်ချမ်းသာတယ်။]

77 02

ထိုသို့ တွေးလိုက်ချိန်တွင် စစ်စတန်က ထပ်ပြောသည်။

[အမလေး အပျော် မစောနဲ့ဦး… ပိုင်ကျင်းဟွားက အံ့ကြိတ်ပြီး ကျန်းမိသားစုဆီ သွားတယ်… သူက ကျန်းမင်ကျစ်ကို တော်ဝင် ကျောင်းတော်ဆီ ဝင်ခွင့်ရအောင် ကူညီပေးမယ်လို့ အာမခံပြီး အဲဒီမိသားစုရဲ့ အကာအကွယ်ကို ယူဖို့ ကြံနေတယ်]

ယန်ရှု မဲ့လိုက်မိသည်။

[ကြည့်စမ်းပါဦး ပြောရဲလိုက်တာ…။ တော်ဝင် ကျောင်းတော်ကို ဝင်ခွင့်ရအောင် လုပ်ပေးမယ်တဲ့လား။ တော်ဝင် ကျောင်းတော်ဆိုတာ ဝင်ခွင့်ရဖို့ ကျပ်လွန်းလို့ ယင်ကောင်တောင် ဝင်မရဘူး…။ ကျန်း မိသားစုဆီက ဒီကောင်စုတ်လေးအဆင့်နဲ့ဆို ဘုရားရှင်ကိုယ်တော် ဆင်းမ မှပဲ ရမယ်]

ထိုသို့ တွေးနေစဉ်၌ပင် အပြင်မှ မင်းကြီး ဝင်လာသည့် ခြေသံကို ကြားလိုက်ရသည်။

ထို့ကြောင့် သူက စစ်စတန်ကို နှုတ်ဆက်လိုက်ပြီး မင်းကြီးကို ကြိုဆိုရန် ဦးညွတ်လိုက်လေတော့သည်။

“ဒီကိုယ်လုပ်တော်… အရှင်မင်းကြီးကို ကြိုဆိုပါတယ်”

ယွီဝိန်းလန်က “တရိုတသေ လုပ်စရာ မလိုပါဘူး” ဟု ပြောရင်း တဆက်တည်း မေးလိုက်သည်။ “မင်း ညစာ စားပြီးပြီလား”

ယန်ရှုက မစားရသေးကြောင်း ပြောသည်။

“အခုလေးတင်မှ စာရေးလို့ ပြီးတာမို့ စားဖိုဆောင်ကို စားစရာ တခုခု လာပို့ဖို့ မှာမလို့ ရှိသေးတာ”

ယွီဝိန်းလန်က “အဲဒါဆို ကွက်တိပဲ…။ ငါလည်း ဒီမှာပဲ စားလိုက်မယ်” ဟု ပြောလေသည်။

အဟင်း… ဒီကောင်မလေးနဲ့ အတူတူ စားမှပဲ စားစရာတွေက အရသာ ပိုရှိနေသလိုလိုကို ဖြစ်နေတာ။

ယန်ရှုက ခပ်မြူးမြူးလေး ထောက်ခံလိုက်ပြီး နန်းတွင်း အစေခံများကို ညစာ ယူလာပေးရန် ခိုင်းစေလိုက်လေသည်။

စောင့်ဆိုင်းနေစဉ် ယွီဝိန်းလန်က မေးလိုက်သည်။

“ဒီနေ့ ဘာဇာတ်လမ်း ရေးထားတာလဲ”

ယန်ရှုကလည်း ပြောပြချင်နေသဖြင့် အမြန်ပင် “မင်းကြီးရဲ့ ကိုယ်လုပ်တော် ရေးထားတဲ့ ဇာတ်လမ်းက အလွန်တရာ အကျင့်ပျက် ခြစားနေတဲ့ လူယုတ်မာတစ်ယောက် သူနဲ့ တန်ရာ ပြန်ခံစားရတဲ့ အကြောင်းပါ”

ဟု ပြောလိုက်သည်။

အကျင့်ပျက် ခြစားနေတဲ့ လူယုတ်မာ ဟုတ်လား။

ယွီဝိန်းလန် တိတ်တဆိတ် တွေးမိသည်။ အရင် တစ်ခေါက်ကြားဖူးသည့် အကျင့် မကောင်းတဲ့သူ ဆိုသည့် အသုံးအနှုန်းနှင့် အနည်းငယ်မျှသာ ဆင်သလိုလိုရှိသည်။

ပြောရလျှင် “လူယုတ်မာ” ဆိုသည့် အသုံးအနှုန်းသည် ပို၍ ပြင်းထန်နေသည်။

ဘာပဲပြောပြော သူမ၏ ဇာတ်လမ်းများမှာ တော်ဝင်အထူး စုံစမ်းစစ်ဆေးရေး ဋ္ဌာနထက် ပိုမြန်သဖြင့် သူက ခေါင်းညိတ်ပြလိုက်ကာ ပြောလိုက်သည်။

“စိတ်ဝင်စားစရာပါလား… ပြောပြပါဦး”

ယန်ရှုက လည်ချောင်းကို ချောင်းဟန့်ကာ ရှင်းလိုက်ပြီး စပြောလေသည်။

77 03

“တစ်ခါတုန်းက အလွန်ဆင်းရဲပြီး အခြေအနေမဲ့တဲ့ စာသင်သားတစ်ယောက် ရှိခဲ့ဖူးတယ်။ ဆင်းရဲလွန်းလို့ အရမ်း ရုန်းကန်ခဲ့ရတာပေါ့။ သူက တစ်နေ့ကျရင် နာမည်ကြီး ကျော်ဇောတဲ့ လူတစ်ယောက်ဖြစ်ရမယ်လို့ ရည်မှန်းထားပြီး အလုပ်ကို လက်တွေ့ကျကျ လုပ်တယ်။ သူခမျာ အိမ်ထောင်ပြုသင့်တဲ့ အရွယ်ရောက်လာပေမဲ့ ဆင်းရဲလွန်းတော့ ယူမဲ့သူ ရှာမရဘူးပေါ့…”

“ဒါပေမဲ့ တစ်နေ့မှာတော့ အဲဒီ စာသင်သားဟာ ရွာတစ်ရွာက ချမ်းသာတဲ့ မိသားစု တစ်စုမှာ အလွန် ရိုးအတဲ့ သမီးတစ်ယောက် ရှိတယ်ဆိုတာကို သိလိုက်ရတယ်။ အဲဒီမှာ သူက ကြံစည်တော့တာပေါ့…။ ဒီလိုနဲ့ တစ်နေ့ မိုးတွေ ရွာနေတာကို အသုံးချပြီး အဲဒီ ကောင်မလေး စီးနင်းလာတဲ့ လှည်းကို သွားမရတော့အောင် လုပ်လိုက်တယ်…။ လှည်း ပျက်နေတော့မှ ဘေးနားက ဖြတ်သွားသူတစ်ယောက်လို ဟန်ဆောင်ပြီးတော့ ကောင်မလေးအတွက် ထီးငှားပေးတယ်။ ကောင်မလေးကလည်း ကယ်တင်ရှင် သူ့ကို သဘောကျသွားတာပေါ့။ ဒီလိုနဲ့ ရွာသူဋ္ဌေးကြီးက သူ့သမီးကို အရမ်းချစ်တော့ သူ့ကို သမီးဖြစ်သူနဲ့ လက်ထပ်ပေးလိုက်တယ်။ အဲဒါနဲ့ သူ့ ယောက္ခမရဲ့ ငွေကြေးအကူအညီကို ယူပြီး သူက တော်ဝင် စာစစ်ပွဲတွေအတွက် ပြင်ဆင်တော့တယ်။ သူ့ဇနီးကတော့ အိမ်အလုပ်တွေကို သိမ်းကြုံးလုပ်ရတော့တာပေါ့”

ယွီဝိန်းလန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ဒီလူ့မှာ ဇနီးကောင်းတစ်ယောက် ရထားတာပေါ့… ပြီးတော့ ဘာဆက်ဖြစ်သေးလဲ”

ယန်ရှုက ဆက်ပြောပြသည်။

“နောက်ကျတော့ ဒီလူက ကံကောင်းလို့ ပြည်နယ်အဆင့် စာစစ်ပွဲကို အောင်မြင်သွားတယ်…။ ဒါပေမဲ့ ကံမကောင်းတာက သူ့မှာ အချိတ်အဆက် ကောင်းကောင်းမရှိဘူး…။ ရာထူးအဆင့်အာဏာ နောက်ခံ မရှိဘူး။ အရည်အချင်းကလည်း သိပ်မရှိဘူး…။ အဲဒီတော့ အဆင့်ခပ်နိမ့်နိမ့် ရာထူးမှာ တာဝန်ထမ်းဆောင်ရတယ်။ သူ့ အိပ်မက်နဲ့ဆို တခြားစီပေါ့…။ ဒီလိုနဲ့ ကံကောင်းချင်တော့ ဂုဏ်သတင်းကြီးမားတဲ့ ကျောင်းတော် တစ်ခုမှာ အလုပ် ရသွားတယ်။ အဲဒီကျောင်းတော်ကနေ ထွက်လာတဲ့ စာသင်သားတွေ ရာထူးအရာခံတွေ ဖြစ်လာတာကို တွေ့လိုက်ရတော့ သူ့ရဲ့ အချိတ်အဆက် နယ်ပယ်ကို ချဲ့ထွင်နိုင်ကြောင်း၊ အာဏာရှိတဲ့သူတွေနဲ့ အပေါင်းအသင်း ဖြစ်လာနိုင်ကြောင်း သူ သိလိုက်ရတယ်။ အဲဒါကို အသုံးချပြီးတော့ အသိုက်အဝန်းတစ်ခုကို တည်ဆောက်တော့တယ်”

“သူ့ ဇနီးကတော့ မွေးရပ် ဇာတိမှာ ကလေးတွေကို ထိန်းကျောင်းရင်း နေရတာပေါ့။ ဒါပေမဲ့ ကလေးက ကျောင်းထားရမဲ့ အရွယ်ရောက်လာတဲ့အခါ အမေရော သားရော မြို့တော်ကို တက်လာပြီး သူ့ဆီ ရောက်လာကြတယ်။ စိတ်မကောင်းစရာက အဲဒီအချိန်ဟာ အဲဒီ ကောင်မလေးအတွက်ကတော့ ကံဆိုး မိုးမှောင်ကျတဲ့ အချိန်ပါပဲ”

“အာဏာပိုင် အမတ်တစ်ယောက်က အဲဒီ စာသင်သားရဲ့ ဇနီးကို သဘောကျ တပ်မက်သွားပြီး ချည်းကပ်တော့တယ်။ အဲဒီ စာသင်သားဟာ ဒီအမတ်ရဲ့ စိတ်ဆန္ဒကို သိပေမဲ့လည်း သူ့ဇနီးကို အကာအကွယ် မပေးခဲ့ဘူး။ အဲဒီလို မကာကွယ်တဲ့အပြင် ကျောင်းအုပ်ရာထူးရဖို့အတွက် အဲဒီ အမတ်ကို ဖားတဲ့အနေနဲ့ သူ့ဇနီးကို အတင်းအကျပ် ပြုစုခိုင်းတယ်။ ပြီးတော့ ငွေတွေလည်း အများကြီး လာဘ်ထိုးပြီး နောက်ဆုံးမှာ အဲဒီ ကျောင်းတော်ရဲ့ ကျောင်းအုပ် ဖြစ်လာတယ်။”

ထိုသို့ ကြားလိုက်ရသည့်အခါ ယွီဝိန်းလန်ပင် တုန်လှုပ်သွားမိသည်။

“ဒီလူက သူ အောင်မြင် ကျော်ကြားဖို့အတွက်နဲ့ သူ့မိန်းမကိုတောင် တခြားသူကို ပြုစုခိုင်းတယ်တဲ့လား”

ယန်ရှုက ခေါင်းညိတ်ပြသည်။

“သိပ် ဟုတ်တာပေါ့”

တကယ် ယုတ်မာတဲ့ ကောင်ပဲ။

ယွီဝိန်းလန်က မေးလိုက်သည်။

77 04

“သူ့ မိန်းမကရော ဘာဖြစ်သွားလဲ”

ယန်ရှုက စိတ်မကောင်းစွာဖြင့် ပြောသည်။

“သူ့မိန်းမကတော့ သေချာပေါက် အင်မတန် ရှက်တာပေါ့…။ နောက်တော့ ရှက်တဲ့ စိတ်နဲ့ အိပ်ရာထဲလဲ… စိတ်ဓါတ်တွေ ကျပြီး… အရွယ်မတိုင်ခင် ကွယ်လွန်သွားရှာတယ်”

ယွီဝိန်းလန်က သက်ပြင်း ချလိုက်သည်။

“ပြီးတော့ ဘာဆက်ဖြစ်သေးလဲ”

ယန်ရှုက ဆက်ပြောပြသည်။

“သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ကျောင်းတော်ကြီးဟာ ပညာ အရည်အချင်းထက် ချမ်းသာ ကြွယ်ဝမှု ရာထူး အာဏာမြင့်မားမှုတွေကို ပိုဦးစားပေးလာတော့တယ်…။ ချမ်းသာတဲ့ ကလေးတွေ အများကြီးကို လက်ခံတယ်…။ ကျောင်းလခကိုလည်း ဆက်တိုက် တိုးတယ်…။ သူက အဲဒါတွေ အပေါ်မှာ မှီပြီး ချမ်းသာလာတယ်။ အဲဒီကျောင်းမှာ သာမန် လူတန်းစားကနေ လာတဲ့ ကလေးတွေကတော့ ကူရာမဲ့ ကယ်ရာမဲ့ ဖြစ်ရတာပေါ့”

“အဲဒီနောက်မှာ ဒီလူက တဆင့်တိုးပြီး နန်းတွင်းက မူးမတ်တွေနဲ့တောင် ချိတ်ဆက်လာနိုင်တယ်။ အဲဒီ အချိတ်အဆက်တွေကို အသုံးချပြီး နန်းတွင်းက ရာထူး နေရာတွေကိုတောင် အဝယ် အရောင်းလုပ်ပြီး အကြီးအကျယ် ကြီးပွားလာတယ်”

ဘာ…။

ယွီဝိန်းလန်မှာ စိတ်ပင် မထိန်းနိုင်တော့ဘဲ ထအော်မိတော့သည်။

“ဟ… ဒါကြီးက မလွန်လွန်းဘူးလားကွာ!”

မကောင်းသော အကြံအစည်များနှင့် ပြည့်နေပြီး ကိုယ့်ကျိုးသာ ရှေးရှုတတ်သည့် စာသင်သားတစ်ယောက်ကြောင့် မြို့တော်၏ ဂုဏ်သိက္ခာအပြည့်ရှိသည့် ကျောင်းတော်ကြီး ဤမျှလောက် ယိုယွင်း ပျက်စီးသွားသည်မှာ ဆိုးရွားလှသည်။

အေးပါကွာ… အေးပါ…။

အချိန်ကို တွက်ကြည့်လိုက်လျှင် ဤပုဂ္ဂိုလ် စုန့်ဟယ်ကျောင်းတော်တွင် ကျောင်းအုပ် ဖြစ်လာသည်မှာ (၁၅) နှစ်တိုင် ရှိနေပြီဖြစ်ပြီး ယခင် မင်းကြီး လက်ထက်ကတည်းကပင် ဖြစ်သည်။ ထို (၁၅) နှစ်ကာလ အတောအတွင်း အရည်အချင်း မရှိဘဲ နန်းတွင်းတွင် မှီကပ်နေသည့် ကပ်ပါးကောင် မူးမတ်များ မည်မျှပင် မွေးဖွားခဲ့သနည်း။

ဪ… ဖခမည်းတော်ရေ… တာအို ကျင့်စဉ်တွေ ကျင့်ဖို့အတွက်နဲ့ ခမည်းတော် ဘယ်လောက်တောင် နန်းတွင်းရေးရာကို အာရုံမစိုက်ဘဲ ပစ်ထားခဲ့လေသလဲ။

77 05

ယန်ရှုက မင်းကြီးအနားတွင် မှီလျက် ပြောလေသည်။

“မင်းကြီးလည်း ကြားရတာ ဒေါသထွက်တယ် မဟုတ်လား။ အခုအချိန်မှာသာ ဒီလို ကိစ္စမျိုးဖြစ်ရင် ဒီစာသင်သားကို သေချာပေါက် တရား ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူနိုင်မယ် ထင်တယ်”

ယွီဝိန်းလန်က ခေါင်းကို ညိတ်ပြကာ ထောက်ခံလိုက်သည်။

“ဒါပေါ့… ရှေ့လျှောက် ဒီလို ဖြစ်မလာအောင် အခုချက်ခြင်း စုံစမ်း စစ်ဆေးရေးတွေ လုပ်ခိုင်းလိုက်မယ်”

ယန်ရှုမှာ ဝမ်းသာအားရ ခေါင်းညိတ်ပြလိုက်မိသည်။

“မင်းကြီးက အရမ်း ပညာရှိတာပဲ”

ယွီဝိန်းလန်က မေးကြည့်လိုက်သည်။

“ဒီ စာသင်သားရဲ့ ဇာတ်သိမ်းကို မပြောပြရသေးဘူးနော်”

ဒီလို လူယုတ်မာ တစ်ယောက်ကို သူမ အနေနှင့် မည်သို့ အသေသတ်ပြီး ဇာတ်သိမ်းပစ်မည်ကို သိလိုသည်။

ယန်ရှုက ဆက်ပြောသည်။

“ကျောင်းတော်ကြီးကို အကျင့်ပျက်အောင် ဖျက်ဆီးခဲ့သလိုပဲ သူ့နောက်လိုက်တွေကလည်း သူခြေလှမ်းအတိုင်း လိုက်တဲ့သူတွေ ဖြစ်ကုန်ကြတယ်။ သူ့ရဲ့ ကျောင်းအုပ် ရာထူးကို လိုချင်ကြတာကြောင့် သူတို့က သူ့ကို အဆိပ်ခတ် လုပ်ကြံကြတယ်…။ အဲဒီမှာ အဆိပ်မိပြီး သူ သေသွားတယ်။ သေဆုံးပြီးတဲ့အခါ သူ့ရဲ့ ဝိဉာဉ်က ငရဲပြည်ကို ရောက်သွားတယ်…။ ငရဲသားတွေက သူ့ရဲ့ ပြစ်မှုတွေကို စာရင်းပြုစုပြီး ယမမင်းကြီးဆီကို တင်ပြကြတယ်။ ယမမင်းကြီးက သူ့စာရင်းကို ဖတ်ကြည့်ပြီးတဲ့အခါ ဒေါသူပုန်ထပြီး ငရဲပြည်မှာ ရှိသမျှ ငရဲအားလုံးကို ခံစားဖို့ ပြစ်ဒဏ် ချလိုက်တယ်။ ပထမဦးဆုံး သူ့ကို ဓါးတွေနဲ့ ခုတ်ထစ်ပြီး ပုဆိန်တွေနဲ့ နုတ်နုတ်စင်းကြတယ်… ပြီးရင် ဆီပူနဲ့ ကြော်ပြီး မီးဖိုနဲ့ ပြုတ်ကြတယ်…။ နောက်ဆုံးအဆင့်မှာတော့ သူဟာ အိမ်သာနားက ကျောက်တုံးအဖြစ်ကို ဝင်စားတယ်။ လူတွေဟာ သူ့အပေါ်အမှာ နေ့တိုင်း ကျင်ကြီး ကျင်ငယ် စွန့်ကြတယ်”

ယွီဝိန်းလန် - “...”

“ဟင်… ဘယ်ကနေ ဘယ်လို ငရဲပြည်က ပေါ်လာတာတုန်း”

လက်တွေ့ ဖြစ်ပျက်နေသည့် အကြောင်းများ ရေးနေရာမှ ကောက်ခါငင်ခါ စိတ်နယ်လွန် ဝတ္ထုတစ်ပုဒ်လို ဖြစ်သွားသဖြင့် သူ အငိုက်မိသွားလေသည်။

ယန်ရှုက ကောက်ကျစ်စွာ ပြုံးရင်း

“သူ့ ပြစ်မှုတွေက ဆိုးရွားလွန်းတဲ့အပြင် စာရင်းပြုစုဖို့တောင် မလောက်တော့ဘူးလေ…။ အဲဒါကြောင့် လက်ရှိ ကမ္ဘာကြီးမှာ သေသွားပြီးရင်တောင် သူ့အပြစ်က မကျေတော့ဘူး…။ ဒီတော့ အပြစ်တွေ မကျေမချင်း ခံရဖို့ ငရဲပြည်ဆင်းရမှာပေါ့” ဟု ပြောလေသည်။

ယွီဝိန်းလန် - “...”

အင်း… မင်းက ဒီလောက်တောင်မှ ဒေါသ ထွက်နေတာကိုး…။

ဟုတ်တော့လည်း ဟုတ်သည်…။ သူကိုယ်တိုင်ပင် ဤဇာတ်လမ်းကို ကြားရပြီးသည့်အခါ ထိုလူယုတ်မာအား တစစီ စုတ်ဖြဲပစ်လိုစိတ် ပေါက်မိသည်။

ထိုအချိန်၌ပင် ညစာ ပြင်ဆင်ပြီးသွားပြီ ဖြစ်လေသည်။ ဖုဟိုင်က သူတို့အနားလာကာ ခါးကို ညွတ်၍

“မင်းကြီးနဲ့ ကြင်ယာတော်တို့… ညစာ ပြင်ဆင်ပြီးပါပြီ” ဟု လာရောက် အသိပေးလေသည်။

ယွီဝိန်းလန်က သူ့အတွေးများကို ခဏ ဖယ်ထုတ်လိုက်ကာ စားပွဲဆီသို့ သူမနှင့်အတူ သွားလေသည်။

77 06

ထိုစဉ် ယန်ရှု ဝမ်းသာအားရ ပြောလိုက်သည်ကို ကြားလိုက်ရသည်။

“အိုး… ဂဏန်း အချဉ်ချက်လည်း ပါတယ်ဟ”

ယွီဝိန်းလန်က ထမင်းစားပွဲသို့ ကြည့်လိုက်မိသည်။

ဂဏန်းကို မြင်လိုက်ရသောအခါ ယန်ရှု ပြောသည့် ဇာတ်လမ်းထဲမှ ကျောက်တုံးကို ပြန်သတိရသွားလေသည်။

ဘာတဲ့… ဟိုလူယုတ်မာက အိမ်သာနားမှာ ကျောက်တုံးဖြစ်…

“...”

ထွီ… သူ ထမင်း စားချင်စိတ်ပင် ပျောက်သွားသည်။

ဤသို့ဖြင့် ညတွင်းချင်းပင် ယင်းဇာတ်လမ်းအား စာအုပ် အရောင်းသမားထံသို့ ပို့လိုက်လေတော့သည်။

သခင်လေး ရှောင်းယောင်၏ စာအုပ်မထွက်သည်မှာ အတန်ငယ် ကြာပြီးသည် ဖြစ်၍ လူများမှာ အငမ်းမရပင် ဖတ်ရှုကြတော့သည်။ စာအုပ် အရောင်းသမားမှာလည်း ဝတ္ထု အလွန် ပေါက်သဖြင့် ညတွင်းချင်းပင် စာအုပ်များ ထပ်မံ၍ ကူးယူ ထုတ်ဝေရလေတော့သည်။ မနက်စောစောပိုင်း အရောက်၌ပင် စာအုပ်ပေါင်း ရာနှင့်ချီ၍ ရောင်းပြီး ဖြစ်နေတော့သည်။

ထိုဇာတ်လမ်းကို ဖတ်ပြီးသူတိုင်း တုန်လှုပ်သွားကြရသည်။

ဤဇာတ်လမ်းတွင် ပါဝင်သည့် သူယုတ်မာမှာ ပြီးခဲ့သည့် ဇာတ်လမ်းထက်ပင် အရှက်ကင်းမဲ့ကြောင်း တွေ့လိုက်ကြရလေသည်။

ဇာတ်သိမ်းကတော့ အားရစရာ ကောင်းလှသည်။

ထိုသို့ ဖတ်ရှု အားရပြီးနောက် ဇာတ်လမ်းအတွင်းမှ ပုဂ္ဂိုလ်သည် မည်သူ ဖြစ်နိုင်ကြောင်း လူတိုင်း ထင်ကြေး ပေးကြတော့သည်။

ယန်ရှုမှာ ဝတ္ထုကို ရေးသားစဉ်က ထိုသူယုတ်မာမှာ မြို့တော်အတွင်းရှိ အထင်ကရ ကျောင်းတော်ကြီး၏ ကျောင်းအုပ် ဖြစ်ကြောင်း မဖုံးမကွယ် တင်ဆက်ထားသဖြင့်…

အသိစိတ်မရှိသည့် ခြေမပင်လျှင် မည်သူမှန်း ခန့်မှန်းနိုင်လိမ့်မည်။

ထိုအချိန်၌ပင် တော်ဝင် အထူး စုံစမ်း စစ်ဆေးရေး ဋ္ဌာန၏ ဆောင်ရွက်မှုကြောင့် စုန့်ဟယ် ကျောင်းတော်၏ ကျောင်းအုပ်ဖြစ်သူ ပိုင်ကျင်းဟွားမှာ ရာထူး နေရာ အရောင်းအဝယ်လုပ်မှု၊ လာဘ်ထိုးမှု၊ အကျင့်ပျက် ခြစားမှုများ ပြုလုပ်ကြောင်း ပေါ်ပေါက်လာသဖြင့် သူ့အား နန်းတွင်း အကျဉ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သတင်းထွက်လာသည်။

တစ်လအတွင်း၌ပင် သူ့အား ခေါင်းဖြတ် သေမိန့်ချလိုက်ကြောင်း ထွက်လာလေသည်။ သူနှင့် ဆက်စပ်နေသော ဆယ်ယောက်မကရှိသည့် အကျင့်ပျက် မူးမတ်များကိုလည်း ချန်မထားဘဲ ရာထူးမှ ဖြုတ်ချခြင်း၊ အပြစ်ဒဏ်ခတ်ခြင်း စသည်ဖြင့် လုပ်ဆောင်လေသည်။

စုန့်ဟယ် ကျောင်းတော်ကိုလည်း ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရန် နန်းတွင်းမှ ထိန်းချုပ်လိုက်ပြီး ထိုသို့ ပြုပြင် ပြောင်းလဲရေးများ ပြီးဆုံးမှသာ ပြန်လည် ဖွင့်မည်ဟု ကြေညာသည်။

ကျောင်းတော်ကြီးတွင် မြို့သားမဟုတ်သည့် အတန်းဖော်အား အနိုင်ကျင့် စော်ကားတတ်သူ၊ ထိုဖြစ်ရပ်များကို စတင်ခဲ့သူ သခင်လေးကျန်းမင်ကျစ်မှာလည်း အပြစ်ဒဏ်များမှ မလွတ်ပေ။

မင်းကြီးမှ သူ့အား ကြိမ်ဒဏ် အချက် ၆၀ ခံရရန် အမိန့်ချလိုက်ရာ ခြေထောက်များ ခွင်သွားသည်အထိ အရိုက်ခံရလေသည်။

ဤသို့ဖြင့် အားလုံး ပြီးဆုံးသွားသည့်အခါ လူအများသည် သခင်လေး ရှောင်းယောင်၏ အစွမ်းကို ချီးကျူး ထောပနာ ပြုကြပြီး သခင်လေးသည် မည်သူဖြစ်ကြောင်း သိလိုစိတ်များမှာလည်း ဒီရေအလား တိုးလာလေတော့သည်။

ဒီဝတ္ထုက ကျောင်းတော်ကြီး တစ်ခုလုံးတောင် ကမောက်ကမ ဖြစ်သွားအောင် လုပ်နိုင်တဲ့ ဝတ္ထုပဲ… ရေးတဲ့သူက နတ်ဘုရား အစွမ်းရှိကို ရှိရမယ်။

ယန်ရှုကတော့ လူတို့၏ သိလိုစိတ်ပြင်းပြမှုကို စိတ်မပူပေ။ မင်းကြီးက သူ့အား အကာအကွယ် ပေးထားသည် မဟုတ်ပါလား။ နန်းမြို့ရိုး အပြင်မှ ပြည်သူတို့မှာ သူမသည် နန်းတော်စောင့် တပ်နှင့် တော်ဝင် အထူး စုံစမ်း စစ်ဆေးရေးဋ္ဌာနတို့နှင့် ခပ်ဆင်ဆင်တူသည့် မင်းကြီး၏ လက်အောက်ရှိ အခြား အဖွဲ့အစည်းတစ်ခုခုမှ ပုဂ္ဂိုလ်ဟု ယူဆနေကြသည်။ အကျင့်ပျက်မှုများ၊ ဒုစရိုက်မှု လုပ်ရပ်များကို တရားဝင် စုံစမ်းခွင့် ရနိုင်ရန် လျှို့ဝှက် သတင်းအချက်အလက်များကို ရှာဖွေပြီး ပြည်သူတို့အား ချပြကာ အမြင်ကို ကောက်ယူရာတွင် ကျွမ်းကျင်သူဟု သူတို့က ထင်ကြသည်။

နန်းဆောင်၏ အနောက်ဖက်တွင် ကွာစေ့စားရင်း ချည်ထိုးကာ အောင်မြင်မှုများကို အေးအေးဆေးဆေး ခံစားနေသည့် သူမကို စစ်စတန်က အခြေအနေထူးတစ်ခုကို သတိပေးလေသည်။

[သေချာ နားထောင်… ဟို ကောင်စုတ်လေးကို ကြိမ်ဒဏ် ပေးလိုက်လို့ ကျန်းမိသားစုက နာကြည်းပြီး အကောက်ကြံချင်နေကြတယ်။ အခုတလော နန်းတွင်းထဲက တော်ဝင် ကိုယ်လုပ်တော်နင်နဲ့ တော်ဝင်ကြင်ယာတော် ကျောက်ချန်းဝမ်တို့ကို သူတို့တွေ ဆက်သွယ်ပြီး နင်တို့ လီမိသားစုဝင်တွေကို ဒုက္ခပေးဖို့ ပြင်နေကြတယ်။]

ယန်ရှုမှာ စိတ်ပူပုံ မပြသည့်အပြင် မျက်လုံးများပင် အရောင်တောက်လာသည်။

အဟိုးဟိုး… ဒါဆို “မျက်နှာနှစ်ဖက်နဲ့ စာသင်သား… ပန်းများကြားမှာ ဘဝဆုံးသွား” ဆိုတဲ့ ဟိုစာအုပ်ကို ထုတ်ဝေလို့ ရတော့မယ်ဆိုတဲ့ သဘောပေါ့…။

ဟားဟား… ကံတွေများ ကောင်းချင်တော့လည်း ဇွတ်ကောင်းတော့တာပဲနော်။

******

78 01

Ch.78

စုန့်ဟယ် ကျောင်းတော်အရေး ပြီးသွားသည့်အခါ ကြင်ရာတော်နင်၏ အဒေါ်ဖြစ်သူ အမျိုးသမီးကျောက်သည် နန်းတွင်းသို့ အလည်အပတ် ရောက်လာလေသည်။

ကျောင်းတော်အရေးတွင် ခေါင်းဖြတ် အပြစ်ပေးခံရသည့် ပိုင်ကျင်းဟွားနှင့် အခြား အပြစ်ပေးခံရသည့် အကျင့်ပျက် မူးမတ်များပြီးလျှင် နောက်ထပ် အထိခိုက် ခံရဆုံးသူမှာ အမျိုးသမီးကျောက်၏ မိသားစုဖြစ်သည်။

ကြင်ရာတော်နင်မှာ ကြိမ်ဒဏ် အချက် (၆၀) အပြစ်ပေးခံလိုက်သည့် သူမ၏ ဝမ်းကွဲ မောင်ဖြစ်သူ ကျန်းမင်ကျစ်အတွက် စိတ်ပူနေသည်။ သူမ၏အဒေါ်ကို မြင်လိုက်ရသည်နှင့် တန်းမေးလေတော့သည်။

“မင်ကျစ် ဘာဖြစ်သွားသေးလဲ”

ထိုသို့ မေးလိုက်သည်နှင့် သူမ၏ အဒေါ်ဖြစ်သူမှာ မျက်ရည်များ ကျလာသည်ကို မြင်လိုက်ရသည်။

“မင်ကျစ် အိပ်ယာပေါ်ကနေတောင် မထနိုင်တော့ဘူး။ တူမတော်ရဲ့ ဦးလေးနဲ့ အဒေါ်တို့လည်း မင်းသမီးကြီးကို မင်ကျစ်အတွက် သမားတော် ပို့ပေးဖို့ အကူအညီတောင်းတော့ သမားတော်က စစ်ကြည့်ပြီး သူ တသက်လုံး ဒုက္ခိတ ဖြစ်သွားနိုင်ချေရှိတယ်လို့ ပြောတယ်…။ သားလေး မင်ကျစ်တော့ ဇနီးကောင်းတောင် မရသေးဘူး။ ဒုက္ခတွေ့ရပါပြီ တူမတော်ရယ်”

အမျိုးသမီးကျောက်မှာ ပြောရင်း ပြောရင်း ပိုပိုပြီး ဝမ်းနည်းလာဟန် ရှိလေသည်။ သို့သော် ကြိမ်ဒဏ် အပြစ်ပေးသည်မှာ ဧကရာဇ် အရှင်မင်းကြီး ကိုယ်တော်တိုင် ဖြစ်ပြီး နန်းတွင်း၌ အပြစ်ပေးခံရခြင်း ဖြစ်သဖြင့် သူတို့မှာ တိတ်တဆိတ် ငိုကျွေးရုံသာ တတ်နိုင်ကြသည်။ သူတို့၏ မကျေနပ်ချက်ကို တခြားသူများ သိကာ တိုင်ကြား ဒုက္ခပေးမည်ကိုလည်း ကြောက်ကြသေးသည်။

ကြင်ရာတော်နင်က ဒေါသတကြီး ပြောလိုက်သည်။

“မင်ကျစ်က ဟိုလီကောင်လေးရဲ့ စာအုပ်ကို ဖြဲရုံပဲ ဖြဲတာကို အဲ့ကောင်လေးက ပြန်ထိုးတာကိုလည်း ခံရသေး…။ အရှင်မင်းကြီးရဲ့ အပြစ်ပေးတာကိုလည်း အကြီးအကျယ် ခံရသေးနဲ့… လွန်ကို လွန်လွန်းတယ်”

ထိုစကားကို ကြားလိုက်ရသည့် သူမ၏ မိခင်ဖြစ်သူ အမျိုးသမီး ချွေ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ငါ့သမီးလည်း အဲလို မြင်တယ် မဟုတ်လား…။ မင်ကျစ်က စမှားတာတော့ မှန်ပေမဲ့ အပြစ်ကြီး တစ်ခု မဟုတ်ဘူးလေ။ ပြီးတော့ ဒီလိုအရွယ် ကောင်လေးတွေက ဒီလောက်တော့ ဆိုးတတ်ကြတာပဲ…။ ကောင်းကောင်း ပြန်တောင်းပန်ခိုင်းလိုက်ရင် ရပြီပေါ့ မဟုတ်ဘူးလား။ အခုကျတော့ ဒီလိုကြီးတောင် အရိုက်ခံလိုက်ရတယ်…။ အမေတို့က ဘယ်လိုတောင် သည်းခံ နေရမှာလဲ”

ထိုသို့ ပြောလိုက်ပြီးသည့်အခါ အမျိုးသမီး ကျောက်က ပို၍ပင် ကျယ်ကျယ်လောင်လောင် ငိုပြလေတော့သည်။

ကြင်ရာတော်နင်မှာလည်း ဒေါသ ပိုထွက်လာကာ မဲ့ရွဲ့၍ ပြောလိုက်လေသည်။

“ဒီကောင်လေးကသာ လီယန်ရှုရဲ့ မိသားစုဝင် ဖြစ်မနေခဲ့ရင် ဒီလောက် ဖြစ်သွားမှာကို မဟုတ်လောက်ဘူး…။ အရှင်မင်းကြီးကို သူ သွေးထိုးလိုက်လို့ မင်ကျစ် ဒီလောက်ထိ ဒုက္ခရောက်သွားတာ…။ ဟားဟား… နင့် မောင်လေးကိုကျ ရွှေလို တန်ဖိုးထားပြီး သူများ သားသမီးကိုကျတော့ ဒုက္ခိတ ဖြစ်ပါစေလို့ မြင်တယ်ပေါ့လေ”

ထိုသို့ ကြားလိုက်ရသည့်အခါ အမျိုးသမီးချွေ့က သက်ပြင်းချလိုက်မိသည်။ အမျိုးသမီး ကျောက်ကလည်း မျက်ရည်များကို ထပ်ကာ ထပ်ကာ သုပ်နေတော့သည်။

ထိုစဉ် နန်းတွင်း အစေခံတစ်ယောက် တံခါးအဝသို့ ရောက်လာသည်။

“အရှင်မ… မယ်တော်ကြီးထံက အမိန့်စာ ရောက်လာပါတယ်”

အမျိုးသမီးချွေ့နှင့် အမျိုးသမီး ကျောက်တို့မှာ အသံ တစိုးတစိမှ မထွက်ရဲသည့်အလား ချက်ခြင်း ပါးစပ်ကို ပိတ်လိုက်ကြလေသည်။

ကြင်ရာတော်နင်ကလည်း ဟိတ်နှင့် ဟန်နှင့် မာန်ကို ပြန်သွင်းလိုက်ကာ

“ဘာတဲ့လဲ” ဟု မေးလိုက်သည်။

တံခါးအဝမှ နန်းတွင်း အစေခံက

“သန်ဘက်ခါဟာ ရှန်စစ် ပွဲတော်နေ့ဖြစ်ပါတယ်…။ မယ်တော်ကြီးက ကိုယ်လုပ်တော်နဲ့ အားလုံးကို အဆင်သင့် ပြင်ဆင်ထားစေလိုပါတယ်…။ ပွဲတော်နေ့ ရောက်တဲ့အခါ သယ်ဟိုင် တောင်ပေါ်က ရေပူစမ်း နန်းဆောင်မှာ နွေဦးရာသီ သဘာဝ ရှုခင်းများကို ခံစားကြရင်း ရေချိုးကြမှာ ဖြစ်လို့ တော်ဝင်တိုင်းခန်းလှည့်တဲ့ အဖွဲ့နဲ့အတူ အားလုံးကို လိုက်ပါစေလိုပါတယ်”

ဟု ပြောသည်။

သယ်ဟိုင်တောင်ဆိုသည်မှာ တော်ဝင် မိသားစုပိုင် တောတောင်တစ်ခု ဖြစ်ပြီး နန်းမြို့တော်၏ နယ်နိမိတ်အစပ်တွင် တည်ရှိသည်။ တော်တန်းပေါ်မှ ရေပူစမ်း စီးကြောင်းတစ်ခု ရှိနေသဖြင့် ဤနန်းဆက်ကို ထူထောင်ခဲ့သူ ဧကရာဇ်အရှင်မင်းကြီးမှ ရေပူစမ်း နန်းဆောင်တစ်ခု တည်ဆောက်ခဲ့ခြင်း ဖြစ်လေသည်။

78 02

ရှန်စစ် ပွဲတော်နေ့ ရောက်တိုင်း သာမန် ပြည်သူများက ထိုတောတောင် အနီးအနားမှ ရေပူစမ်းကို ချိုးကြပြီး တော်ဝင် မိသားစုကမူ ရေပူစမ်း နန်းဆောင်တွင် ရေချိုးကြကာ ဆုမွန်ကောင်း တောင်းကြလေ့ရှိသည်။

ကြင်ရာတော်နင်က နားထောင်ပြီးနောက် ပြောလိုက်သည်။

“ကောင်းပြီ ငါ သိပြီ”

ထို့နောက်တွင် သူမ၏ အမေနှင့် အဒေါ်တို့အား စကားဆက်ပြောရန် ပြင်လိုက်ပြီးမှ တစ်ချက် တုံ့ခနဲ ဖြစ်သွားလေသည်။

ရေချိုးမယ်တဲ့ ဟုတ်လား။

မျက်ခုံးပင့်လိုက်မိသည်။ သူမ အကြံရလေပြီ။

ထိုအချိန်၌ပင် လီယန်ရှုမှာလည်း ရေပူစမ်း နန်းဆောင်သို့ သွားမည့် အမိန့်စာကို နာခံရလေသည်။

ကျွတ်စ်… ရေပူစမ်းဆိုတာ နေရာတိုင်းမှာ ပေါပေါလောလော ရှိနေတာမျိုး မဟုတ်ဘူး။

ယန်ရှုမှာ ယခင်က အဆင့်နိမ့်သဖြင့် နန်းတွင်းမှ နန်းပြင်သို့ ထွက်ခွင့် မရှိချေ။ ထို့ကြောင့် ယခု ရေပူစမ်း သွားချိုးကြမည့် အခွင့်အရေးမှာ သူမ ဘဝအတွက် ပထမဆုံးပင် ဖြစ်ပေတော့မည်။

အထူးသဖြင့် တော်ဝင် မိသားစုပိုင် ရေပူစမ်းသည် လူ့အလှကို တိုးစေသည်ဟု သူမ ကြားဖူးထားသဖြင့် ပို၍ပင် သွားချင်မိသေးသည်။ ထို့ကြောင့် နန်းဆောင်ရှိ လူအားလုံးကို အထုပ်အပိုးများ ချက်ခြင်းပင် ပြင်ခိုင်းတော့သည်။

သို့သော် ထိုအချိန်၌ပင် စစ်စတန်က ပြောလိုက်သည်ကို ကြားလိုက်ရတော့သည်။

[အရမ်းတွေ ပျော်မနေနဲ့ဦး… နင့်ကို ရေပူစမ်းမှာ ကလဲ့စားချေဖို့ တချို့တချို့တွေ ကြံနေကြပြီနော့်…]

လီယန်ရှု - “???”

ငါ့ကို ကလဲ့စား‌ချေမယ်။

ပြီးခဲ့သည့် ရက်အနည်းငယ်က စစ်စတန် ပြောပြဖူးသည့် ကျန်းမိသားစု ကိစ္စကို တွေးမိလိုက်သည့်အခါ ဘယ်သူတွေ ဖြစ်နိုင်မှန်း ခန့်မှန်းမိလိုက်သည်။

ဟားဟား… အေးဆေးပါ… ငါကလည်း ဒါကို စောင့်နေတာ… စောစောလာတော့လည်း စောစော ပြီးတာပေါ့။

~~

ဤသို့ဖြင့် မျက်စိတမှိတ်အတွင်းမှာပင် ရှန်စစ် ပွဲတော်နေ့ ရောက်လာလေတော့သည်။

ဤလို နေ့မျိုးတွင် ပြည်သူများမှာ ရေပူစမ်း၏ အရသာကို ခံစားရန် မြို့တော်တွင်းမှ အစုအဝေးလိုက် ထွက်လာကြလေသည်။ မယ်တော်ကြီးနှင့်အတူ တော်ဝင် အခြားသော ကြင်ရာတော်များမှာလည်း မြင်းရထား ကိုယ်စီ ကိုယ်စီအပေါ် တက်ကာ မနက်စောစောကတည်းကပင် နန်းတော်မှ ထွက်လာကြတော့သည်။

သို့ရာတွင် သယ်ဟိုင်တောင်တန်းမှာ အလွန်ဝေးလှသည်။ ထို့ကြောင့် တောင်ပေါ်ရှိ ရေပူစမ်း နန်းဆောင်သို့ ရောက်ရန် တမနက်ခင်းလုံး ခရီးနှင်ရလေသည်။

နေ့တဝက်ခန့် မြင်းရထားပေါ် ထိုင်နေရသည့်အပြင် ရောက်ရှိသောအခါ၌လည်း နေ မွန်းတည့်ချိန် ဖြစ်သဖြင့် အားလုံး မိမိတို့ ဝမ်းကို အရင် ဖြည့်ကြရသည်။

သူတို့ တောင်ပေါ်တွင်သာ ရနိုင်သည့် အထူးနေ့လည်စာဖြင့် စားကြသည်။ ကြမ်းတမ်းမှု မရှိဘဲ နူးညံ့လှသည့် ရစ်ငှက်သားဟင်းနှင့် အသားညှီနံ့ လုံးဝမရှိဘဲ ရနံ့ အမွှေးဆီများ သုတ်လိမ်းထားသည့် သိုးသားကင်စသည်တို့ ဖြစ်သည်။

ထို့အပြင် ရေပူစမ်းအတွင်း၌ ဝဝဖြိုးဖြိုး ငါးများလည်း ရှိသေးသဖြင့် ငါးဟင်းလည်း သူတို့ စားရသည်။ အသားမှာ နူးညံ့ပြီး အရိုးလည်း နည်းသည့်အတွက် ငါးချိုချဉ်ချက်ရော၊ ငါးဟင်းနှပ်ပါ မြင်ရရုံနှင့်ပင် စားချင်စဖွယ် ဖြစ်လေသည်။

ထိုမျှသာ မကသေး ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများလည်း ပေါက်ရောက်သဖြင့် ဟင်းလျာတိုင်း လတ်ဆတ်ပြီး အရသာရှိလှသည်။ လီယန်ရှုမှာ အလွန်ပင် ကျေနပ်နှစ်သက်နေတော့သည်။

သူမအတွက် တောင်တန်းပေါ်မှ အရာအားလုံးသည် သဘာဝနှင့် နီးစပ်ပြီး အရသာမှာလည်း နန်းတွင်းမှ ဟင်းလျာများထက်ပင် သာသည်ဟု ထင်မိသည်။

အင်း… ဒီကို လာရတာ တကယ် တန်တာပဲ။

78 03

လက်ရှိ အရှင်မင်းကြီး၏ ကိုယ်လုပ်တော်များမှာ နည်းပါးသဖြင့် ယနေ့လာသည့် လူများထဲတွင် အရှင်မင်းကြီးနှင့် မယ်တော်ကြီးမှလွဲလျှင် အခြားသူများမှာ ယန်ရှုနှင့် ကြင်ရာတော်ကျိုး၊ ကြင်ရာတော်နင် စသည်ဖြင့် သုံးဦးသာ ရှိသည်။

ထို့ကြောင့် နေ့လည်စာ စားသည့်အခါ အားလုံး တစားပွဲတည်း ထိုင်ကြသည်။

ယန်ရှု နှစ်နှစ်ခြိုက်ခြိုက် စားသောက်နေသည်ကို မြင်လိုက်ရသည့် ကြင်ရာတော်နင်မှာ အတွင်း၌ ကျိတ်တွေးမိသည်။

[အေးအေး… လီယန်ရှု… လီယန်ရှု… နင် အခုတော့ ထမင်းဝအောင် စားထား… ခဏနေကျရင် ငိုဖို့သာ ပြင်ထား]

ထိုသို့ ကြားလိုက်သည့်အခါ ယွီဝိန်းလန်မှာ စားနေသည်ကိုပင် တုံ့ခနဲ ရပ်လိုက်မိသည်။

အားလုံး စားသောက်ပြီးစီးကြသည့်အခါ အနားယူကြသည်။ ယွီဝိန်းလန်က လျှို့ဝှက် အစောင့် တစ်ယောက်အား ခေါ်လိုက်ပြီး

“တော်ဝင် ကြင်ရာတော်လီကို စောင့်ကြည့်ထားပါ…။ တစ်ယောက်ယောက်က သူ့ကို တစ်ခုခုလုပ်ဖို့ ကြိုးစားလာရင် သတင်းလာပို့ပါ”

ဟု ခိုင်းလိုက်သည်။

လျှို့ဝှက်အစောင့်ကလည်း အရိုအသေပေးပြီးနောက် အမိန့်အတိုင်း ထမ်းဆောင်ရန် ထွက်သွားလေသည်။

ဤသို့ဖြင့် တစ်နာရီခန့်အကြာတွင် ထိုအစောင့်မှာ ပြန်ရောက်လာပြီး သတင်းပို့လေသည်။

“အရှင်မင်းကြီး… ကြင်ယာတော်လီ အနားယူနေတဲ့ ချင်းလင်ဥယျာဉ်ထဲက ရေပူစမ်းကန်ထဲကို လူတစ်ယောက် ဆေးခပ်လိုက်တာကို တွေ့လိုက်ရပါတယ်”

ဤ ရေပူစမ်းနန်းဆောင်မှာ ရေပူစမ်း စီးကြောင်းကို ပတ်၍ တည်ဆောက်ထားသဖြင့် ဥယျာဉ် တစ်ခုစီအတွက် ရေပူစမ်း လမ်းကြောင်းလွှဲတစ်ခုစီ ရှိပြီး ခန်းဆောင်များတွင် အနားယူနေသူတိုင်းအတွက်လည်း ချိုးကန်တစ်ကန်စီ တည်ပေးထားသည်။

ရေဝင် လမ်းကြောင်းမှာ ဆေးခပ်တယ်ဆိုမှတော့ ဘာကို ကြံနေသလဲဆိုတာ သိသာနေပြီ။

ယွီဝိန်းလန်က ချက်ခြင်းပင် ဖုဟိုင်အား ပြောလိုက်သည်။

“တော်ဝင် ကြင်ရာတော်လီကို ရေမစိမ်နဲ့ဦးလို့ ပြောလိုက်ပါ”

ဖုဟိုင် ထွက်မသွားရသေးမှီ ရှောင်ရွှမ်းဇီ ရောက်လာပြီး သံတော်ဦး တင်လေသည်။

“အရှင်မင်းကြီး… ကြင်ရာတော်လီက တွေ့ခွင့်တောင်းနေပါတယ်”

ဟင်…

သူက ဘာလာလုပ်တာလဲ။

လုပ်ကြံသူတို့ ကြံစည်သည့်အတိုင်း သူမ ခံလိုက်ရ၍ လာအကူအညီတောင်းသည်ဟု ထင်လိုက်မိ၍ ယွီဝိန်းလန် ရင်ထဲ ပူပင်သွားသည်။ ထို့ကြောင့် အလျင်စလိုပင်

“ဝင်ခိုင်းစေ” ဟု မိန့်လိုက်မိသည်။

သို့ရာတွင် လီယန်ရှုမှာ ကျန်းကျန်းမာမာ ရှိနေသည်ကို မြင်လိုက်ရတော့သည်။ သူမက သူ့အား အရိုအသေ ပေးပြီးနောက်

“အရှင်မင်းကြီးကို အတင့်ရဲစွာနဲ့ အကူအညီတစ်ခု တောင်းစရာ ရှိလို့ လာတာပါ…။ ကိုယ်လုပ်တော်ရဲ့ ကန်ထဲက ရေကလေ အေးနေသလားလို့ပါ…။ အဲဒါကြောင့် တခြား ကန်နဲ့ လဲပေးလို့ ရမလား”

ဟု ပြောလေသည်။

တခြားကန်ကို ပြောင်းချင်တယ် ဆိုပါလား။

ရေကန်ထဲတွင် တစ်ခုခုဖြစ်နေသည်ကို သူမ သိနေသည်ဟု ယွီဝိန်းလန် နားလည်လိုက်သည်။

တော်ပါသေးရဲ့…။

ထို့ကြောင့် စိတ်မပူတော့ဘဲ နည်းနည်း စ ချင်လာသဖြင့်

“ငါကိုယ်တော်ရဲ့ ကန်ကတော့ အပူအအေး မျှတယ်… ဒီမှာ လာချိုးပေါ့”

ဟု ပြောလိုက်သည်။

ဟမ်…!?

ယန်ရှုမှာ တောင့်တောင့်ကြီး ဖြစ်သွားမိသည်။ သူက တစ်ယောက်တည်း အေးအေးဆေးဆေး ရေပူစမ်း စိမ်ချင်တာသာ ဖြစ်ပြီး ဤကဲ့သို့ မျက်နှာသာ ပေးသည်ကို မလိုချင်ပေ။

နန်းဆောင်တွင် အခြား လွတ်နေသည့် ခန်းဆောင်များ ရှိသေးသည်။ ထို့ကြောင့် ဘာကိစ္စ သူ့ကန်ကို သူမက လာရမည်နည်း။

78 04

ထို့ကြောင့် တရိုတသေ ငြင်းလိုက်သည်။

“မချိုးရဲပါဘူး အရှင်မင်းကြီး…။ ကိုယ်လုပ်တော် တခြား ခန်းဆောင်သာ လိုချင်ပါတယ်။ အထူးသခြင့် ယွီလန် ခန်းဆောင်ဆို အဆင်ပြေ…”

သူမ၏ စကား မဆုံးမှီပင် အရှင်မင်းကြီးက ပြုံးကာ ပြောလိုက်သည်။

“ဒီကိုလာဖို့ ငါကိုယ်တော် ခွင့်ပြုပါတယ်ဆိုနေမှ… ဘာတွေ ကြောက်နေတာလဲ။ဒီကန်က ရေပူစမ်းကနေ ပထမဦးဆုံး ဝင်တဲ့ကန်… တခြားကန်တွေထက်စာရင် နွေးနေတာပဲ။”

ယွီဝိန်းလန်၏ အပြုံးကို ကြည့်ပြီး လီယန်ရှု တစ်ယောက် ကျောပင် ချမ်းလာမိသည်။

ထို့ကြောင့် နောက်တစ်ကြိမ် ထပ်ငြင်းလိုက်မိတော့သည်။

“အရှင်မင်းကြီးရဲ့ သနားကြင်နာမှုကို ကိုယ်လုပ်တော် အထူးကျေးဇူးတင်မိပါတယ်…။ ဒါပေမဲ့လည်းလေ အရမ်းပူတဲ့ ရေဆို ကြောက်လို့ ပြန်လိုက်ပါဦးမယ်…”

ဘုရား ဘုရား… ရေမချိုးရတာက ဘာမှမဖြစ်…။ ဒီမှာရပ်နေရတာ ကျားလှောင်အိမ်ထဲ ရောက်နေတဲ့ သိုးလို ခံစားလာရမိသည်။

သို့သော် သူမ ခြေလှမ်းပင် မလှမ်းရသေးမီ သူက လက်ကို လှမ်းဆွဲလိုက်ပြီး ပြုံးပြလေသည်။

“ခုဏက ကျတော့ အေးတာ ကြောက်တယ်ဆို… အခုကျတော့ ပူတာ ကြောက်ပြန်ပြီ…။မင်းက ဘာဖြစ်ချင်တာတုန်း”

ပြောပြီးနောက် ထပ်ငြင်းဆန်ခွင့် မပြုတော့ဘဲ သူမကို ရေကန်အနားသို့ ဆွဲခေါ်လာလေတော့သည်။

ဖုဟိုင်မှာ အရှင်မင်းကြီးနှင့် ကိုယ်လုပ်တော်တို့ ဖြစ်ပျက်နေသည်ကို အစ အဆုံး ကြည့်နေပြီး ပြုံးရယ်မိလိုက်တော့သည်။

သူတို့ နှစ်ယောက် ချစ်ကြပုံကလည်း စိတ်တော့ ဝင်စားစရာ…။ နတ်ဗြဟ္မာတွေအဆင့် မဟုတ်ရင်တောင် ကန်ထဲမှာ ကူးခပ်နေကြတဲ့ ဘဲငန်းစုံတွဲတွေကို မြင်နေရသလိုလို အားကျချင်စရာပဲ။

++++++

All Chapters