အခန်း (၈၂-၈၄)
Vol. 6 Ch. 82-84
82 01
Ch.82
မင်းကြီး၏ ခွင့်ပြုချက်ဖြင့် ထိုနေ့လည်ခင်း၌ပင် ယန်ရှု၏ ဝတ္ထု စာမူကြမ်းမှာ စာအုပ် ထုတ်ဝေသူထံ ရောက်ရှိသွားတော့သည်။
စာပေဖြန့်ချီရေး အဖွဲ့၏ ကူးယူထုတ်ဝေရေးအတွက် အလျင်အမြန် ကြိုးစားမှုကြောင့် သခင်လေး ရှောင်ယောင်း၏ နောက်ဆုံးထွက် လက်ရာဖြစ်သည့် ‘မျက်နှာများသည့် ကျောင်းတော်သား ပန်းများအကြား ဘဝဆုံးသွား’ ဟူသည့် စာအုပ်ကို နောက်တစ်နေ့ မနက်ခင်းတွင် စတင်၍ ရောင်းချလေသည်။
ထင်ထားသည့်အတိုင်း စ ရောင်းသည်နှင့် ပြိုက်ခနဲ ကုန်လေသည်။
စာအုပ် ထုတ်ဝေသူမှာ နောက်ထပ် နှစ်သုတ် သုံးသုတ်ခန့် ထပ်မံ ကူးယူထုတ်ဝေပြန်သော်လည်း ဝယ်လိုအားကို လိုက်မမှီလောက်အောင် ဖြစ်နေတော့သည်။
နောက်တစ်နေ့ မနက်ခင်းတွင် ဟန်လင်း ကျောင်းတော်သား ကျိုးမော့ကျုံးမှာ မင်းကြီး အတွက် အမိန့်စာကြမ်းကို ရေးသားပေးပြီးသည့် အချိန်တွင် အလုပ်ပါး၍ နားနေသည့် မင်းကြီးကို တွေ့လိုက်ရသည်။ သူက အိတ်ထောင်တွင်းမှ ဘဏ်ငွေစက္ကူကို ထုတ်၍ မင်းကြီးအား ဆက်သလိုက်သည်။
“အရှင်မင်းကြီး… ဒီဟာက သခင်လေး ရှောင်ယောင်းရဲ့ ဒီလအတွက် စာမူခပါ… သူ့ကို ပေးပေးပါဦး”
ယန်ရှု ရေးသမျှ စာအုပ်များမှာ ရောင်းကောင်းလှသဖြင့် သူမ၏ တန်ဖိုးမှာလည်း မြင့်သထက် မြင့်လာနေသည်။ ယခုအချိန်တွင် စာအုပ် တစ်အုပ်ရေးတိုင်း ငွေစ ငါးဆယ် မှ ခြောက်ဆယ် အထိ ရလေသည်။
တစ်လ တစ်လ သူမအဖို့ ဝင်ငွေ ငွေစ နှစ်ရာမှ သုံးရာအထိပင် အသာလေး ရရှိနိုင်ပေသည်။
ထိုမျှ များပြားလှသည့် ငွေပမာဏကို နောက်ပိုင်းတွင် ငွေသားဖြင့် ပေးရန် အဆင်မပြေလှပေ…။ ထို့ကြောင့် စာအုပ် ထုတ်ဝေသူများက ဘဏ်ငွေစက္ကူများဖြင့် အစားထိုး ပေးချေရသည်။
ယွီဝိန်းလန်က လက်ခံယူလိုက်ပြီး အေးအေးဆေးဆေး မေးလိုက်သည်။
“စာအုပ် အသစ်ရဲ့ ရောင်းအားက ဘယ်လိုရှိလဲ”
ကျိုးမော့ကျုံးက ပြန်ဖြေသည်။
“‘မျက်နှာများတဲ့ ကျောင်းတော်သား’ စာအုပ်ကို ပြောတာလား မင်းကြီး။ ထင်ထားတဲ့အတိုင်း ရောင်းကောင်းတာပေါ့…။ စာအုပ် ထုတ်ဝေသူတွေ ပြောသွားတာဆိုရင် အုပ်ရေ တစ်ထောင်ကျော်လောက်တောင် ရောင်းရတယ် ပြောတယ်”
ဟ… အုပ်ရေ တစ်ထောင်ကျော် တောင်လား။ ဒါတောင် တစ်မနက်ခင်းပဲ ရှိသေးတယ်။
ယွီဝိန်းလန်က မျက်ခုံးကို ပင့်၍ ကြည့်ကာ မေးလိုက်သည်။
“စာဖတ်သူတွေရဲ့ အမြင်ကရော ဘယ်လိုရှိလဲ”
ကျောင်းတော်သားကျိုးက ချက်ခြင်းပင် ပြန်ဖြေသည်။
“သိပ်အားရစရာ ကောင်းတာပေါ့ မင်းကြီး… သခင်လေး ရှောင်ယောင်းရဲ့ စာအုပ်တွေ ထွက်လာတိုင်း လူတွေ အကြားမှာ ဆွေးနွေးစရာ တွေးစရာ ပြောစရာတွေ ဖြစ်ဖြစ်သွားတာချည်းပဲ…။ ဒီတစ်ခါတော့ ပိုတောင် လှုပ်လှုပ်ရှားရှား ဖြစ်နေတယ်။ စာဖတ် ပရိတ်သတ်တွေဆို အံ့ဩလွန်းလို့တောင် မျက်နှာများတဲ့ ကျောင်းတော်သားလို လူမျိုးကို စာအုပ်ထဲ ပါလို့သာ သိရတယ်…။ ဒီလောကမှာ ဒီလို လူမျိုး ရှိသေးသလားလို့ ရေရွတ်မိကြတယ်”
အဟင်း… အထက်ပါစကားက မင်းကြီးနဲ့ ပြောနေလို့သာ ယဉ်ကျေးအောင် လျှော့ပြောလိုက်တာ ဖြစ်တယ်။ တကယ်တန်း ကျောင်းတော်သား ကျိုး တွေးနေတာက
[လူတွေက ဒီလူ ဘယ်သူ ဖြစ်နိုင်မလဲဆိုတာကို တွေးနေကြတာ မင်းကြီးရေ့… တချို့ဆို မင်းကြီးရဲ့ အစ်မတော် မင်းသမီးကြီးနဲ့ သူ့ကြင်ယာတော် အကြောင်းလို့တောင် ထင်နေကြတာ…။ ဘာလို့လဲဆိုတော့ ကြင်ယာတော်က ကျောင်းတော်သားလည်း ဟုတ်တယ်… ချမ်းသာတဲ့ မိသားစုကနေ လာတာလည်း ဟုတ်နေတယ်လေ…။ သူတို့ ထင်တာ ဖြစ်နိုင်သလား။ တကယ်ပဲ မင်းသမီးကြီးရဲ့ ကြင်ယာတော်က ဒီလောက်တောင် လုပ်ရဲသလား]
[အင်း… အခု အရေးတကြီးတာက ဒီစာအုပ်ကို ဖတ်ပြီးရင် မင်းသမီးကြီး ဘယ်လို နေမလဲဆိုတာကို သိချင်တာ…]
[ခက်တာက မင်းသမီးကြီးက စာအုပ် ဖတ်ရတာ ဝါသနာမပါဘူးတဲ့…။ သူက အပေါင်းအသင်းတွေနဲ့ အချိန်ဖြုန်းရတာ ဖျော်ဖြေရေးပွဲတွေ ကြည့်ရတာပဲ ဝါသနာ ပါတာလို့ ကြားဖူးတယ်…။ အခုချက်ခြင်းတော့ သူ ဖတ်ဖြစ်ဦးမယ် မထင်ပါဘူး…။]
ထိုအတွေးများကို တိတ်တဆိတ် နားထောင်နေသည့် ယွီဝိန်းလန်ကလည်း စိတ်ထဲမှနေ၍ ကျောင်းတော်သား ကျိုး ပြောတာ ဟုတ်သည် ဟု တွေးမိလိုက်သည်။ ထို့ကြောင့် သူက ပြောလိုက်သည်။
“ငါကိုယ်တော်ကို ထုတ်ဝေထားတဲ့ အဲဒီ ဝတ္ထု စာအုပ် နှစ်အုပ်လောက် ဝယ်ပေးပါ”
ကျိုးမော့ကျုံးက နားမလည်သလို ဖြစ်သွားသည်။ မင်းကြီးက မူရင်း စာမူကို ဖတ်ပြီးသား မဟုတ်လား။ ဘာလို့ ကူးထားတာကို လိုချင်တာလဲ။
သို့သော်လည်း သူက ဘာမျှ မပြောဘဲ အမိန့်ကို နာခံလိုက်သည်။ တော်ဝင် စာကြည့်ခန်းမှ ထွက်လာပြီးသည့်နောက် လမ်းတွင် စာအုပ် နှစ်အုပ်ကို ဝင်ဝယ်လိုက်ပြီး နန်းတွင်းရှိ မင်းကြီးထံ ပို့လိုက်လေတော့သည်။
စာအုပ်များ ရလာသည့်အခါ ယွီဝိန်းလန်မှာ တစ်ချက်နှစ်ချက်ခန့် လှန်လှော ကြည့်လိုက်သည်။ ထုတ်ဝေ ထားသည့် စာအုပ်များမှာ ပို၍ သပ်ရပ်ပြီး ဖတ်ရလွယ်ကူသည်ဟု သူခံစားလိုက်ရသည်။
အဟမ်း… မူရင်း စာမူကြမ်းထဲက ယန်ရှုရဲ့ လက်ရေး အစုတ်ပလုတ်ကို ဖတ်ရတာထက် အများကြီး ပိုအဆင်ပြေတယ်။
သူ့ကို လက်ရေး လေ့ကျင့်ခိုင်းဦးမှပါ…။
ထိုသို့ သူတွေးနေစဉ်မှာပင် သူ့ထံ တရားစီရင်ရေး ဋ္ဌာနနှင့် ခုံရုံး စီရင်ချက် စိစစ်ဆေးဋ္ဌာနမှ မူးမတ်များ အခစားဝင်လာကြောင်း သတင်းပို့လာသည်။
ဝတ္ထုအကြောင်း ခေတ္တ ဘေးချိတ်ကာ ထိုသူတို့ကို လက်ခံ တွေ့ဆုံလေသည်။
မူးမတ်နှစ်ပါးမှာ မင်းကြီးအား အရိုအသေပေးပြီးနောက် သံတော်ဦးတင်လေသည်။
82 02
“မင်းကြီး ခင်ဗျာ… စစ်ဆေး စုံစမ်းပြီးတဲ့အခါ ကျွန်တော်တို့ သိရတာက မနေ့က ကျောင်းတော် ကြေညာ သင်ပုန်းမှာ ဆူပူကြတဲ့သူတွေ အားလုံး စာစစ်ပွဲ လာဖြေသူတွေ ဖြစ်ပါတယ်…။ အများစုက စာစစ်ပွဲ မအောင်လို့ ဒေါသဖြစ်နေတဲ့အချိန် တခြားသူတွေ ဆူဆူပူပူလုပ်နေတာကို တွေ့ပြီး ဝင်ပါတာ ဖြစ်ပါတယ်…။ စပြီး ဆူပူတဲ့ ငါး ယောက် ခြောက်ယောက်လောက်ကတော့ ရလာဒ် ကြေညာပြီးချင်း ကောလဟလတွေ ဖြန့်ကြတာ ဖြစ်ပါတယ်…။ အဲဒီ ကိစ္စကို အသေအချာ စစ်ဆေးပြီးတဲ့အခါမှာတော့ အဲဒီ ကျောင်းတော်သားတွေဟာ အလွန်အမင်း ဆင်းရဲတဲ့သူတွေ ဖြစ်ပြီး တချို့ဆိုရင် တော်ဝင် ကျောင်းတော် ဝင်ခွင့် စာစစ်ပွဲကို ဝင်ဖြေဖို့တောင် အရည်အချင်းမမှီတဲ့ သူတွေ ဖြစ်နေပါတယ်”
တော်ဝင် ကျေင်းတော် ဝင်ခွင့် စာစစ်ပွဲဆိုသည်မှာ လူတိုင်းဝင်ဖြေနိုင်သည့် အရာ မဟုတ်ချေ။ ပြောရလျှင် ယခု ဒုတိယ တစ်သုတ်တွင် ဝင်ဖြေသူတိုင်းမှာ ပညာရေးဆိုင်ရာ မူးမတ်များမှ သို့မဟုတ် ဂုဏ်သတင်းကြီးသည့် ကျောင်းတော်များမှ ထောက်ခံချက်ပေးထားသူများ ဖြစ်ကြသည်။
ယွီဝိန်းလန်က မေးလိုက်သည်။
“အရည်အချင်း မပြည့်မှီဘဲနဲ့ ဘယ်လိုလုပ် ဝင်ဖြေကြတာလဲ”
တရားစီရင်ရေး ဋ္ဌာနမှ ဒု အကြီးအကဲက ခပ်သွက်သွက်ပင် ပြန်ဖြေသည်။
“သူတို့ကို စစ်ဆေးလိုက်တဲ့အခါ သူတို့ စာစစ်ပွဲထဲ ဝင်ဖြေလို့ရအောင် နောက်ကွယ်ကနေ တိတ်တဆိတ် မှောင်ခို လမ်းကြောင်းပေးတဲ့သူရှိတယ်လို့ ဝန်ခံကြပါတယ်…။ လီထျန်းရော့ရဲ့ အမည် အောင်စာရင်း ရလဒ်မှာ ပါလာရင် ကောလဟလတွေ ဖြန့်ပြီး ဆူပူရမယ်လို့ သူတို့ကို ခိုင်းစေထားတယ်လို့ ပြောပါတယ်”
သူ ထင်ထားသည့်အတိုင်းပါလား။
ယွီဝိန်းလန်က မေးလိုက်သည်။
“အဲဒီ နောက်ကွယ်က လူက ဘယ်သူလဲ သိပြီလား”
မူးမတ်နှစ်ပါးမှာ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန်ကြည့်လိုက်ကြပြီး
“မင်းသမီးကြီးရဲ့ နန်းဆောင်က ကြင်ယာတော် ကျောက်လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝါရင့် အစေခံကြီးဖုန်းသဲ့ကျင်း ဖြစ်ပါတယ် မင်းကြီး”
ဟု ဖြေလေသည်
အဟမ်း… ကျောက်ချန်းဝမ်ရဲ့ လူပေါ့။
ယွီဝိန်းလန်မှာ ကြိုတင် ခန့်မှန်းထားပြီးသား ဖြစ်သည်။
တလောက ကြိမ်ဒဏ်အပေးခံလိုက်ရသည့် လူငယ်လေးမှာ ကျောက်ချန်းဝမ်၏ တူဖြစ်ပြီး ကြင်ယာတော်နင်မှာ သူ၏ တူမဖြစ်သည်။ ယခု ဖြစ်ရပ်မှာ ယန်ရှုအား တမင် ကလဲ့စားချေသည့် လုပ်ရပ်မျိုးဖြစ်ပေလိမ့်မည်။
သူက
“မင်းသမီးကြီးရဲ့ စံအိမ်ကို သွားပြီး ဒီအစေခံကို ဖမ်းလိုက်…။ ပြီးရင် ဒီအစေခံကို ခိုင်းတဲ့သူ တယောက်ယောက် ထပ်ရှိသေးသလား စစ်မေးစေ” ဟု မျက်နှာထား အခိုင်အမာဖြင့် အမိန့်ပေးလိုက်သည်။
တရားရေးရာဋ္ဌာန၏ ဒုအကြီးအကဲနှင့် စီရင်ချက် စိစစ်ရေးဋ္ဌာနမှ အငယ်တန်း အကြီးအကဲတို့က အမိန့်ကို နာခံလိုက်ကြသည်။
မူလအစက သူတို့မှာ မင်းသမီးကြီး၏ စံအိမ်တော်ပါ ပါဝင် ပတ်သက်လာပြီဖြစ်သဖြင့် လက်လွတ်စပယ် ဖမ်းဆီးခြင်း မပြုရဲခဲ့ကြပေ။
ယခုမူ မင်းကြီး၏ နှုတ်အမိန့်ပင် ရပြီဖြစ်သဖြင့် ကြောက်စရာ မလိုတော့ချေ။
~~
မူးမတ်နှစ်ဦးထွက်သွားသည့်အချိန်တွင် နေ့မွန်းတည့်ချိန် ရောက်နေပြီ ဖြစ်သည်။
ယွီဝိန်းလန်မှာ နေ့လည်စာကို ချန်မင်နန်းဆောင်၌ပင် စားလိုက်တော့သည်။ ပြီးနောက် အိပ်ချင်စိတ်လည်း မရှိ၊ အားလည်း အားလပ်နေသဖြင့် အခွင့်အရေးကို အပြည့်အဝ အသုံးချကာ ဘဏ်ငွေစက္ကူကို ကိုင်၍ ကန်းလု နန်းဆောင်ဖက်သို့ ထွက်လာလိုက်သည်။
အဟင်း… ဒီနေ့က စာအုပ်ထုတ်ဝေသူတွေ ပိုက်ဆံလာရှင်းမှာမို့ ပိုက်ဆံ မက်တဲ့ ဟိုကောင်မလေး ဖင်တကြွကြွနဲ့ မျှော်နေလောက်ပြီ။
သို့ရာတွင် သူရောက်သွားသည့်အခါ ပျော့ပြောင်း နွေးထွေးသည့် ထိုင်ခုံပေါ်တွင် အေးဆေး ကွာစေ့ ထိုင်စားနေသည့် သူမကို မြင်လိုက်ရတော့သည်။ သူထင်သလို ဖင်တကြွကြွ ဖြစ်နေပုံ မရချေ။
သူ ရောက်လာသည်ကို မြင်လိုက်ရသည့်အခါ သူမက ကွာစေ့များကို ချလိုက်ပြီး မက်တပ် ထရပ်ကာ လည်ချောင်းကို ဟန့်၍ ရှင်းလိုက်လျက် ကြိုဆိုလေတော့သည်။
“ကိုယ်လုပ်တော် မင်းကြီးကို ကြိုဆိုပါတယ်”
ယွီဝိန်းလန်က အသိအမှတ်ပြုလိုက်ပြီး စားပွဲတွင် ထိုင်လိုက်သည်။
“ဝတ္ထု မရေးဘူးပေါ့”
ဟု သူက မေးလိုက်သည်။
သူမက
“ကိုယ်လုပ်တော် မနေ့က တနေကုန် စာရေးထားတော့ ပင်ပန်းနေတာ… ဒီနေ့ နားမလို့”
ဟု ပြန်ဖြေလေသည်။
ဟင်းဟင်း… တကယ်တမ်းတော့ သူမက စာအုပ်ကြောင့် ဒီနေ့ ဘာတွေ ဖြစ်လာမလဲကို သိချင်နေ၍ စောင့်ကြည့်လိုနေချင်း ဖြစ်သည်။ အဘယ့်ကြောင့် စာထိုင်ရေးနိုင်မည်နည်း။
ထူးဆန်းသည်မှာ တနေ့ပင် ကုန်တော့မည်…။ ဤဝတ္ထုမှာ တော်ဝင် ကြင်ယာတော် ကျောက်ချန်းဝမ်အကြောင်း ရေးထားခြင်းဖြစ်နိုင်သည်ဟု မြို့တော်အတွင်းရှိ ပြည်သူများလည်း ခန့်မှန်းပြီးနေပြီ…။ သို့တိုင်အောင် မင်းသမီးကြီး ထံမှ ဘာသံမှ ထွက်မလာသေးချေ။
ထိုကြောင့် သူမမှာ စိတ်ဂဏာမငြိမ်ဖြစ်ပြီး ဘာမှ လုပ်ချင် ကိုင်ချင်စိတ် မရှိတော့ပေ။
ယွီဝိန်းလန်က ထိုအတွေးများကို တိတ်တဆိတ် နားထောင်နေလိုက်သည်။
“...”
စားပွဲပေါ်ရှိ ကွာစေ့များကို ကြည့်လိုက်ပြီးနောက် သူမမှာ ဤပွဲကို မည်သို့ ဆက်ဖြစ်မည်ကို စိတ်ပါလက်ပါ ထိုင်စောင့်နေခြင်းဖြစ်ကြောင်း သူသိလိုက်သည်။
သူမ အာရုံလွဲသွားစေရန် သူက ဘဏ်ငွေစက္ကူကို ထုတ်လိုက်ပြီး ပြောလိုက်သည်။
82 03
“ဒီမှာ မင်းရဲ့ စာမူခ… ဒီနေ့ပဲ လာပေးသွားတာ”
ထင်ထားသည့်အတိုင်းပင် သူမ၏ မျက်လုံးများ အရောင်တောက်လာလေသည်။ ထို့နောက် သူမက ပျော်ရွှင်စွာဖြင့် ပြုံးဖြီးလျက် လက်ခံယူတော့သည်။
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”
ဟီဟီ… ငါ့ လက်ထဲ နောက်ထပ် သုံးရာ ထပ်ဝင်လာပြီ…။ လက်ထဲ ပိုက်ဆံရှိနေတာ သိပ်နေလို့ ကောင်းတာပဲ!
ယွီဝိန်းလန်မှာ သူမကို ကြည့်ရင်း ရယ်ချင်လာမိသဖြင့် မေးလိုက်သည်။
“မင်းက နန်းတွင်းမှာ သုံးစရာ မရှိတဲ့အပြင် လစဉ် ပေးထားတာတွေကလည်း လောက်နေတာပဲကို ဘာလို့ ပိုက်ဆံ ထပ်လိုချင်နေရတာလဲ”
ယန်ရှုက နှုတ်ခမ်းကို စူ၍ ပြောလိုက်သည်။
“ကိုယ်လုပ်တော်က အရင်တုန်းက အေးအေးသက်သာ မနေခဲ့ရဘူးလေ…။ အဲဒါကြောင့် ပိုက်ဆံရှိတာ ကောင်းတယ်လို့ မြင်တာပဲ…။ မင်းကြီးကတော့ နားလည်မှာ မဟုတ်ပါဘူးလေ”
အဟမ့် … ဘာပဲ ပြောပြော… ဒီပိုက်ဆံတွေက ငါကိုယ်တိုင် ရှာထားတာပဲ… မက်တော့ ဘာဖြစ်လဲ။
သူမအနေနှင့် နန်းတွင်း၌ လူတဖြည်းဖြည်း နည်းလာပြီဟု ခံစားနေရပြီး တနေ့နေ့ မင်းကြီးက သူမကိုလည်း မလိုအပ်တော့၍ ကန်ထုတ်မည် မဟုတ်ဟု မည်သူက အာမခံမည်နည်း။
အဲဒီတော့ ကိုယ်အဆင်ပြေဖို့အရေး ကိုယ့်ဟာကိုယ် ကြိုပြင်ထားတာ။
ယွီဝိန်းလန် - “...”
ဒီလောက် သူနဲ့ ငါနဲ့အကြား ဖြစ်ထားတွေ အများကြီး ရှိနေတာတောင် ဘာလို့ ငါက သူ့ကို ကျောခိုင်းမယ်လို့ ထင်ရတာလဲ။
ဤကိစ္စနှင့် ပတ်သက်၍ သူမနှင့် စကားတွေ ပြောဖို့ ပြင်လိုက်ချိန်၌ပင် အပြင်မှ ကြေညာသံကို ကြားလိုက်ရသည်။
“သခင်မ… စီအန်း နန်းဆောင်က အရီးတော်ကျူးရှု ရောက်လာပါတယ်”
စီအန်းနန်းဆောင်။
ယန်ရှုမှာ တုံ့ခနဲ့ ရပ်သွားပြီး ယွီဝိန်းလန်အား တချက်လှမ်းကြည့်လိုက်ပြီးနောက် အမြန်ပြောလိုက်သည်။
“အထဲကို ဖိတ်ခေါ်လိုက်ပါ”
မကြာမီ မယ်တော်ကြီး၏ အပါးတော်မြဲကျူးရှုက ခန်းဆောင်အတွင်းသို့ ဝင်လာလေသည်။
ယွီဝိန်းလန်လည်း ရှိနေသည်ကို တွေ့လိုက်ရသည့်အခါ ကျူးရှုက အလျင်အမြန် အရိုအသေ ပေးလိုက်လေသည်။
“မင်းကြီးရဲ့ အစေခံ မင်းကြီးကို အရိုအသေ ပေးပါတယ်”
ယွီဝိန်းလန်က အသိအမှတ်ပြုလိုက်ပြီး မေးလိုက်သည်။
“မယ်တော်ကြီးက ဘာများ မှာလိုက်လို့လဲ”
ထိုအခါ ကျူးရှုက ပြောသည်။
“ဒီနေ့ စီအန်း နန်းဆောင်မှာ ဝက်မြေစာ မုန့် လုပ်ဖြစ်ပါတယ်…။ အရမ်းလတ်ဆတ်ပြီး အရသာ ရှိတဲ့အတွက် မယ်တော်ကြီးက ကြင်ယာတော်လီကို မြည်းစမ်းခိုင်းဖို့ ဖိတ်လိုက်ပါတယ်။”
ဝက်မြေစာဥမုန့် ဟုတ်လား။
မယ်တော်ကြီးက မေးစရာ မြန်းစရာရှိပုံရသဖြင့် သူမကို ခေါ်ခြင်းဖြစ်သည်ဟု ယန်ရှု တွေးလိုက်မိသည်။
ထိုအချိန်၌ပင် ယွီဝိန်းလန်က မေးလိုက်သည်ကို သူမ ကြားလိုက်ရသည်။
“ငါကိုယ်တော်လည်း ဝက်မြေစာဥမုန့် စားချင်စိတ်ပေါက်နေတာနဲ့ အတော်ပဲ… တခါတည်း လိုက်လာခဲ့လို့ရတယ် မဟုတ်လား”
ကျူးရှုက ပြုံးကာ ပြောလိုက်သည်။
“ရပါတယ် မင်းကြီး… မင်းကြီးသာ ပါလာလို့ကတော့ မယ်တော်ကြီးမှာ တော်တော် ကျေနပ်နေမှာပါပဲ”
အဟင်း… တကယ်တမ်းကျတော့ မင်းကြီး ဒီရောက်နေတယ်ဆိုတာကို မယ်တော်ကြီး သိတာပေါ့…။ အဲဒါကြောင့် ကြင်ယာတော်လီဆီ ကျွန်မကို လွှတ်လိုက်တာ။
82 04
ထိုအတွေးကို ကြားလိုက်ရသည့်အခါ ယွီဝိန်းလန် အခုမှ သဘောပေါက်သွားသည်။ မယ်တော်ကြီး၏ ပစ်မှတ်မှာ သူဖြစ်နေသည်ကိုး။
ထို့ကြောင့် သူက ယန်ရှုအား ကြည့်၍ ပြောလိုက်သည်။
“ကဲ … အဲဒါဆိုလည်း အတူသွားကြမယ်လေ”
ယန်ရှုမှာ သိပ် နားမလည်သလို ဖြစ်နေသော်လည်း မင်းကြီး ပါလာလျှင် ပို အဆင်ပြေနိုင်သဖြင့် ခေါင်းညိတ်ကာ အတူ လိုက်ပါလာလေတော့သည်။
~~
သူတို့ စီအန်း နန်းဆောင်သို့ ရောက်သည့်အခါ မယ်တော်ကြီးအား ယန်ရှုက အရိုအသေ ပေးလေသည်။ ပြီးနောက် ယွီဝိန်းလန်က ဦးစွာ ပြောလိုက်သည်။
“မယ်တော် ဝက်မြေစာဥမုန့် လုပ်တယ်ကြားလို့ စားချင်တာနဲ့ အရှက်တောင် မငဲ့တော့ဘဲ အတင်း လိုက်လာခဲ့တာ…။ မယ်တော် ဗွေမယူပါနဲ့နော်”
မယ်တော်ကြီးက ပြုံးကာ ပြောလိုက်သည်။
“တောင်းပန်နေစရာ မလိုပါဘူးကွယ်… မင်းကြီး ကိုယ်တိုင် ကြွလာလို့ကို မယ်တော်ကြီးက ဝမ်းသာမိပါတယ်”
ထို့နောက် သူမက နန်းတွင်း အစေခံများအား လက်ဖက်ရည်နှင့် မုန့်များ ယူလာရန် စေခိုင်းလိုက်လေသည်။
စိတ်ထဲတွင်မူ မယ်တော်ကြီးမှာ နှာခေါင်းကို ရှုံ့လိုက်ပြီး ရယ်ချင်စိတ် ပေါက်လာကာ
[ကြင်ယာတော်လီကို ဆင့်ခေါ်လိုက်တာနဲ့ စိတ်မချလို့ မင်း ကောက်ကောက်ပါအောင် လိုက်လာမယ်ဆိုတာ ကြိုသိပြီးသား… ဘာလဲ ငါ သူ့ကို အစိမ်းလိုက် ဝါးစားပစ်မှာ ကြောက်နေလို့လား။]
ဟု တွေးလိုက်လေသည်။
မကြာမီ ဝက်မြေစာဥမုန့်နှင့် လက်ဖက်ရည်ကြမ်းကို တည်ခင်း ဧည့်ခံသည်။
ယန်ရှုမှာ မုန့်ကို ကြည့်လိုက်ရာ အတွင်းသို့ ဖောက်မြင်ရမတတ် ဖြစ်နေပြီး လက်ဖက်ရောင် ရှိသဖြင့် ဒီဘက်ခေတ် ဂျယ်လီမုန့်နှင့် တူသည်ဟု တွေးလိုက်မိသည်။
သူက တစ်ကိုက် စားကြည့်လိုက်ရာ နူးညံ့ ပျော့ပြောင်းပြီး ဝါး၍ ကောင်းသည်ကို တွေ့ရသည်။ အရသာမှာလည်း ဝက်မြေစာဥ၏ ချိုမြမြ အရသာပါသည်။
မယ်တော်ကြီး၏ စားဖိုဆောင်တွင် မုန့်လုပ် အတော်ဆုံး စားဖိုမှူးများရှိသည်ဟု သူမ ကြားဖူးထားသည်မှာ အမှန်ပင် ဖြစ်နေချေတော့သည်။
သို့သော်လည်း ယခု မယ်တော်ကြီး သူမအား ဆင့်ခေါ်ရသည့် အကြောင်းရင်းမှာ ဘာလဲ စဉ်းစား၍ မရချေ။
ထို့ကြောင့် အရမ်းကာရော မစားရဲဘဲ သတိထားနေရသည်။
ဘေးသို့ ကြည့်လိုက်ရာ ယွီဝိန်းလန်လည်း မုန့်တစ်ခု ကောက်ယူစားလိုက်သည်ကို တွေ့လိုက်ရသည်။ သူက ခေါင်းကို ညိတ်ပြီး ပြောလိုက်သည်။
“ဝက်မြေစာဥမုန့် မစားရတာတောင် အတော်ကြာနေပြီ… တော်တော် စားကောင်းတာပဲ”
မယ်တော်ကြီးက ပြုံးပြီး ပြောလိုက်သည်။
“ကြိုက်ရင် များများသာစား… သူက အသားအရေ အစိုဓါတ်ကို ထိန်းပေးပြီး နား ဆူတာကိုလည်း ခံနိုင်ရည်ရှိစေတယ်…။ အခုလို နွေဦးရာသီမှာ စားပေးရင် သင့်တော်တယ်”
ထို့နောက် မယ်တော်ကြီးက တခြားအကြောင်းအရာကို ဆက်၍ ပြောတော့သည်။
“စကားမစပ်… သခင်လေး ရှောင်ယောင်းရဲ့ စာအုပ်အသစ်ကို မယ်တော် ဒီနေ့မနက်ကပဲ ဖတ်လို့ပြီးတယ်…။ အထဲမှာပါတဲ့ ဇာတ်ကောင်တွေကို ရင်းရင်းနီးနီး သိနေသလို ခံစားရတယ်…”
သူမပင် ပြော၍ မဆုံးသေးမီ ချောင်းဆိုးသံ ထွက်လာ၍ ပြောရင်း ရပ်လိုက်မိသည်။
တရားခံမှာ ယွီဝိန်းလန်ဖြစ်ပြီး မယ်တော်ကြီး၏ စကားကို ကြားကာ လက်ဖက်ရည် သီး၍ ချောင်းထဆိုးခြင်း ဖြစ်လေတော့သည်။
မယ်တော်ကြီးက ပြာပြာသလဲ မေးသည်။
“မင်းကြီး… အဆင်ပြေရဲ့လား”
ယွီဝိန်းလန်က ဟန်ကို ဖို့လိုက်ပြီး
“ဟုတ် … ပြေပါတယ် မယ်တော်” ဟု ပြောလိုက်ရသည်။
သူက ယန်ရှုအား လှမ်းကြည့်လိုက်ရာ သူမက ဘာမှမဆိုင်သလို အေးဆေး မုန့် တစ်တုံးပြီး တစ်တုံး ပါးစပ်ထဲ သွပ်သွင်းနေသည်ကို မြင်လိုက်ရသည်။
82 05
[ဪ… မယ်တော်ကြီးက ဝတ္ထုအကြောင်း မေးချင်တာကိုး… မင်းကြီးက ရေးခိုင်းသူမို့ ငါနဲ့ ဘာမှ မဆိုင်… မုန့်ပဲ စားတော့မယ်]
ယွီဝိန်းလန် - “...”
ဪဪ… ကောင်မစုတ်လေး… သူ့လုပ်ထားတာကို သူများ ခေါင်းပေါ် ပုံချတဲ့နေရာမှာ တော်ချက်။
သူ ဘာမှ ပြန်မပြောရသေးမီ ရှောင်ရွှမ်ဇီ ရောက်လာပြီး သတင်းပို့လေသည်။
“မင်းကြီး… မင်းသမီးကြီးနဲ့ ကြင်ယာတော်ကျောက်တို့ မင်းကြီးနဲ့ တွေ့ချင်လို့ ချန်မင်နန်းဆောင်မှာ ရောက်နေပါတယ်”
ထို စကားကို ကြားလိုက်ရချိန်၌ပင် အသံနှစ်သံ တပြိုင်နက် သူကြားလိုက်ရလေသည်။
ယန်ရှု - [ဟယ်… မင်းသမီးကြီးနဲ့ သူ့ကြင်ယာတော် အတူတူ ရောက်နေတယ်ဆိုပါလား။ ဟီဟီ… ပွဲကို ကိုယ်တိုင် ကိုယ်ကျ ကြည့်ရတော့မယ်နဲ့ တူတယ်…။ မင်းကြီး သူတို့ကို ဒီကိုသာ အမြန် ခေါ်လိုက်တော့လေ… ဟာ… ဘာလုပ်နေတာလဲမသိ!!!]
မယ်တော်ကြီး - [သူတို့က ဘာလို့ အခုအချိန်ကျမှ လာရတာလဲ။ သူတို့လည်း ဝတ္ထုကို ဖတ်ပြီးလို့ မင်းကြီးကို လာရှင်းကြတာလား။ အဲဒီ အကျင့်ပျက်ကောင်ကို ကျောက်ချန်းဝမ်လို့ ငါထင်သားပဲ]
ယွီဝိန်းလန် - “...”
သူဘာမှ မပြောရသေးမီ မယ်တော်ကြီးက ဝင်ပြောလိုက်လေသည်။
“မင်းကြီးက မုန့်စားနေတာမှ မပြီးသေးတာ…။ သူတို့ကို စီအန်း နန်းဆောင်ကိုပဲ တိုက်ရိုက်လာဖို့ ခေါ်လိုက်ပါလား”
ယန်ရှု - [“အိုး အိုး အိုး… ပွဲက ကြမ်းတော့မယ်ထင်တယ်… ကောင်းတယ်… ဒီနေ့တော့ ဒီပွဲကို ကိုယ်တိုင် ကြည့်ရချေသေးရဲ့… မယ်တော်ကြီး တော်တယ်”]
ယွီဝိန်းလန် - “...”
ဪ ဒါမျိုးပွဲကို ကြည့်ချင်တဲ့သူ ဒီနေ့ နောက်တစ်ယောက် တိုးလာတာပေါ့။
မည်သို့ပင် ဖြစ်စေ… မယ်တော်ကြီးမှာ ကြီးသူဖြစ်သည့်အတွက် အချို့ကိစ္စများအား သူမနှင့် တိုင်ပင်ခြင်းမှာ သင့်တော်သည်ဟု သူမြင်မိသည်။
ထို့ကြောင့် သူက အမိန့်ပေးလိုက်သည်။
“မယ်တော်ကြီး ပြောတာ သင့်လျော်တယ်…။ သူတို့ကို ဒီကို လာခိုင်းလိုက်ပါ…မယ်တော်ကြီးဆီကိုလည်း သူတို့ လာတွေ့ဖြစ်သွားတာပေါ့”
ရှောင် ရွှမ်ဇီက အမိန့်ကို နာခံလိုက်ပြီး တဖက်သို့ သတင်းပို့ရန် ပြေးထွက်သွားလေသည်။
ထို့နောက် ယွီဝိန်းလန်က ဖုဟိုင်အား
“တော်ဝင် စာကြည့်ခန်းကို သွားပြီး ဟိုဝတ္ထုစာအုပ် နှစ်အုပ်ကို ယူခဲ့ပါ”
ဟု ခိုင်းစေလိုက်သည်။
ဖုဟိုင်ကလည်း ချက်ခြင်းပင် စာအုပ်များ ယူရန် ထွက်သွားတော့သည်။
******
83 01
Ch.83
မကြာမီ မင်းသမီးကြီး ယွီဝိန်းယန်နှင့် ကြင်ရာတော် ကျောက်ချန်းဝမ်တို့ စီအန်း နန်းဆောင်သို့ ဝင်ရောက် လာကြလေသည်။
ခန်းဆောင်အတွင်းသို့ ရောက်သည့်အခါ သူတို့နှစ်ဦးက ရှိနေသူများကို အရိုအသေ ပြုလိုက်ကြသည်။
ကျောက်ချန်းဝမ်မှာ ထုံးစံအတိုင်း သူ့ဇနီးဖြစ်သူ မင်းသမီးကြီး၏ အနောက်တွင် ပုန်းနေပြီး ရိုးသား ဖြူစင်သည့်ဟန် ဆောင်နေတော့သည်။
ထို့အပြင် သူ၏ မျက်နှာတွင် ဝမ်းနည်းသယောင် ပြုနေသည်။
ယွီဝိန်းလန်က ထိုအချင်းအရာအားလုံးကို အကဲခတ် ကြည့်ရှုပြီးနောက် မေးလိုက်သည်။
“အစ်မတော် ဘာကိစ္စရှိလို့များ မပြောမဆို လာတွေ့ရတာလဲ”
သူပြောပြီးပြီးချင်း မင်းသမီးကြီးက ဒေါသတကြီး ပြောတော့သည်။
“အရှင်မင်းကြီးနဲ့ မယ်တော်ကြီး မသိဘူးထင်တယ်…။ တရားရေးရာ ဋ္ဌာနကလူတွေပေါ့။ မင်းသမီးရဲ့ စံအိမ်တော်အထိ လာပြီး လူလာဖမ်းတယ်လေ…။ သူတို့ပြောတာ မင်းသမီးတို့ စံအိမ်က အစေခံတစ်ယောက်က တော်ဝင်ကျောင်းတော်ရှေ့မှာ ဆူပူမှုဖြစ်အောင် နောက်ကနေ ကြိုးကိုင် ကြံစည်လို့ စစ်မေးဖို့အတွက် လာဖမ်းတာလို့ ပြောတယ်”
ယွီဝိန်းလန်က
“အဲဒါ ကျွန်တော် အဖမ်းခိုင်းလိုက်တာပါ…။ မနေ့က တော်ဝင် ကျောင်းတော်ရှေ့မှာ ဆူဆူပူပူဖြစ်အောင် လုပ်ကြတယ်လေ…။ အဲဒီတော့ နန်းတွင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တာပေါ့…။ အဲဒါနဲ့ တရားရေးရာ ဋ္ဌာနက ပါဝင်တဲ့သူတွေကို စစ်မေးတော့ ကြင်ရာတော် ကျောက်ရဲ့ အပါးတော်မြဲက နောက်ကွယ်ကနေ ကြိုးကိုင်နေတယ်ဆိုတာကို သိလိုက်ရတယ်…။ အဲဒါကြောင့် အစ်မတော်ရဲ့ စံအိမ်မှာ သွားဖမ်းခိုင်းလိုက်တာပါ”
ဟု ရှင်းပြသည်။
ပြီးနောက် သူကပင် ဆက်၍
“အစေခံလေး တစ်ယောက်လောက်ပဲ ဖမ်းခိုင်းရုံပါ အစ်မတော်ရဲ့…။ အဲဒါကို ဘာလို့များ ကိုယ်တိုင် လာပြောရတာလဲ”
ဟု မေးလိုက်သည်။
မောင်တော်၏ အဖြေကြောင့် ယွီဝိန်းယန်မှာ တွေဝေ သွားပုံရသော်လည်း မာန်တင်း၍ သူမက ဆက်ပြောသည်။
“မဆိုင်တဲ့သူကို လာဖမ်းမှာ စိုးရိမ်မိလို့ပါ…။ သူတို့က အခုနေတော့ ဖုန်းသဲ့ကျင်းကိုပဲ ဖမ်းပြီး စစ်နေသေးတာ။ နောက်ကျရင် ငါ့ရဲ့ ကြင်ရာတော်ကိုပါ အမှုထဲ ဆွဲထည့် မထည့် ကြိုပြောလို့ ရတာ မဟုတ်ဘူး”
ယွီဝိန်းလန်မှာ ပြုံးလိုက်ပြီး ကျောက်ချန်းဝမ်အား အဓိပ္ပာယ် ပါပါ ကြည့်ကာ
“နန်းတွင်း ခုံရုံးဟာ အပြစ်မရှိသူကို မတရား စွပ်စွဲရိုး ထုံးစံ မရှိပါဘူး…။ ကြင်ယာတော်ကျောက်သာ မဟုတ်တာ ဘာမှ မလုပ်ထားရင် သူ့ကို အမှုပတ်မှာ မဟုတ်ပါဘူး”
ထိုသို့ ပြောပြီးသည်နှင့် ကျောက်ချန်းဝမ်က ပြာပြာသလဲပင် ပြောလေသည်။
“အရှင်မင်းကြီး စိတ်ရှင်းရှင်းထားပြီး ဆုံးဖြတ်ပေးတော်မူပါ…။ ကျွန်တော်မျိုး နန်းတွင်းရေးရာ ကိစ္စတွေမှာ ဘယ်တုန်းကမှ ဝင်ပါခွင့်မှ မရှိတာ…။ ကျွန်တော်မျိုး အနေနဲ့ မဟုတ်တာ ဘာများ လုပ်နိုင်မှာလဲ ခင်ဗျာ”
လေသံက သူ့ကို နန်းတွင်း၌ ရာထူးမပေးသည့် အရှင်မင်းကြီးကိုပင် အပြစ်တင်နေသလို ထင်ရသည်။
မင်းသမီးကြီးကလည်း ဝင်ပြောသည်။
“အဲဒါအမှန်ပဲ အစ်မတော်တို့မှာ ကောင်းတဲ့ အခွင့်အရေးမျိုးကျ တခါမှ မရဖူးဘဲ မကောင်းတဲ့ ပြသနာတွေကျ အမြဲ အစ်မတော်တို့ ခေါင်းပေါ် ပုံချခံနေရသလို ခံစားရတယ်”
မင်းသမီးကြီးက ထိုသို့ ပြောလိုက်သည့်အခါ ကျောက်ချန်းဝမ်က ထိတ်လန့် သွားဟန်ဖြင့် သူမ၏ အင်္ကျီစကို ဆွဲလိုက်ကာ သိုးသူငယ်ဟန် ဆောင်နေတော့သည်။
ယန်ရှုမှာ ကျိတ်၍ပင် တအံ့တဩ ဖြစ်နေရသည်။
[ဟား… တော်တော် သရုပ်ဆောင်ကောင်းတဲ့ လူပဲ… မင်းသမီးကြီးကို လုံးဝ အပိုင် ချုပ်ထားတာပဲ…။ ဒီလူ အခုနေ မင်းသမီးကြီးကို ရောင်းစားလိုက်ရင်တောင် မင်းသမီးကြီးက ပိုက်ဆံ ဘယ်လောက်ရလိုက်လဲ မေးမဲ့ ပုံစံဖြစ်နေပြီ]
83 02
ထိုအတွေးများကို ကြားလိုက်ရသည့်အခါ အရှင်မင်းကြီးမှာ အမျက်ထွက်သွားသလို ဖြစ်သွားမိသည်။
“အခွင့်အရေးကောင်းဆိုတာ ဘာကို ပြောချင်တာလဲ။ အခု အစ်မတော်တို့ ငွေသား ထောင်ပေါင်းများစွာ နှစ်စဉ် ပုံမှန်ရပြီး နေ့တိုင်း ဇိမ်ခံ စားသောက် ပျော်ပါးနေတဲ့အချိန် တိုင်းပြည်ရဲ့ ပြည်သူပေါင်းများစွာ သေလောက်အောင် တနှစ်ပတ်လုံး ရုန်းနေတာတောင် စားဖို့ အနိုင်နိုင်ဖြစ်နေကြတာ…။ အဲဒါတောင်မှ အစ်မတော်တို့က မကောင်းသေးဘူးလို့ ထင်နေတာလား?”
သူ့အသံမှာ ခပ်ပြတ်ပြတ် ဖြစ်သွားသဖြင့် ခန်းမတဆောင်လုံးရှိ လူများ ထိတ်လန့်သွားပြီး ၎င်းတို့၏ ခေါင်းများကို နှိမ့်ချလိုက်ကြသည်။
ထိုအခါ ယွီဝိန်းယန်က တုံ့ခနဲ့ ရပ်သွားပြီးမှ ပြန်ပြောလေသည်။
“အစ်မတော် စကား မှားသွားမိလို့ပါ…။ အရှင်မင်းကြီး အမျက်တော် မရှပါနဲ့…။ အစ်မတော်က ကြင်ရာတော်အတွက် စိတ်ပူသွားမိလို့ပါ…။ သိတဲ့အတိုင်းပဲ သူက စကားအရာမှာ မတော်ရှာဘူး…။ မတော်လို့များ မတရား အစွပ်စွဲ ခံရရင် ဘာမှ မပြောတတ်မှာ ကြောက်တာ”
မတရား စွပ်စွဲ ခံရရင်…
ယွီဝိန်းလန်မှာ မထိန်းနိုင်တော့ဘဲ ခါးခါးသီးသီး ရယ်လိုက်မိသည်။
သူက ဖုဟိုင်ကို လက်လှမ်းပြလိုက်ပြီး ခုနလေးတင် ယူခိုင်းလိုက်သည့် ဝတ္ထုစာအုပ်များကို ရှေ့သို့ လာပို့စေသည်။ ထို့နောက် ယွီဝိန်းယန်အား ကြည့်၍
“ဒီစာအုပ်ကို ဖတ်ကြည့်… ဒီထဲက ဇာတ်လမ်းက အစ်မတော် ဖတ်ဖို့ သင့်လျော်တယ်”
ဟု ပြောလိုက်သည်။
သို့ရာတွင် ယွီဝိန်းယန်က
“သာမန်လူတန်းစားတွေ ရေးထားတဲ့ အတင်းတုပ် အပုပ်ချ ဇာတ်လမ်းမျိုးတွေ အစ်မတော် မဖတ်တတ်ဘူး”
ဟု ပြောလေသည်။
ယွီဝိန်းလန် ဘာမှ ပြန်မပြောရသေးခင် မယ်တော်ကြီးက ဝင်ပြောလေသည်။
“အဲဒီလို မဟုတ်ဘူး… သမီးတော် ဖတ်ကြည့်သင့်တယ်…။ ဒီဝတ္ထုတွေက စိတ်ဝင်စားဖို့ တော်တော်ကောင်းတယ်…။ အထဲမှာ ရေးထားတဲ့ အဖြစ်အပျက်တွေက အပြင်မှာနဲ့ ကွက်တိနီးပါး တူတယ်”
ထိုအခါ ယွီဝိန်းယန်က ရယ်လိုက်ပြီး ပြောလေသည်။
“မယ်မယ်က နန်းတွင်းထဲမှာပဲ အကြာကြီး ပိတ်ပြီးနေနေရလို့ အရမ်း ပျင်းနေတာထင်တယ်…။ ဒီလောက် ယုတ်ညံ့တဲ့ ဇာတ်လမ်းမျိုးတွေက ဘာအဓိပ္ပာယ်မှ မရှိတာကို ဘယ်လိုလုပ် မှန်တယ် ထင်နေရတာလဲ”
ယွီဝိန်းလန်က ထပ်မငြင်းတော့ဘဲ ဖုဟိုင်ကို အမိန့်ပေးလိုက်သည်။
“မင်းသမီးကြီးကို ဒီထဲက ဇာတ်ကြောင်းကို ပြောပြလိုက်ပါ”
ယန်ရှု - “???”
ဟယ်… အရှင်မင်းကြီးက မင်းသမီးကြီးရဲ့ ဇာတ်လမ်းကို လူတွေ အများကြီးရှေ့မှာ ဖုဟိုင်ကို ပြောခိုင်းမယ်တဲ့လား။
ဟားဟားဟား… အရှင်မင်းကြီးက အကိုင်အတွယ် သိပ်တော်တာပဲ…။ ဒီနည်းလမ်းက သိပ်ကောင်း… ခန်းဆောင်တခုလုံးမှာရှိတဲ့ အစေခံတွေအားလုံး တော်ဝင်ကြင်ယာတော် အငယ်အနှောင်း ထားတဲ့ ကိစ္စ အကုန်ကြား သိသွားကြတာပေါ့…။ ဟဟဟဟဟ… ဇာတ်လမ်းတော့ လှပြီဟေ့… အရှင်မင်းကြီး တော်တယ်။
ယွီဝိန်းလန် - “...”
ဪ… ဒီကလေးမကတော့ ပြဿနာ ရှုပ်နေပါတယ် ဆိုနေမှ ပိုရှုပ်သွားအောင် တွေးတတ်ပါပေ့။
ဖုဟိုင်က အမိန့်ကို နာခံလိုက်ပြီး ဝတ္ထုထဲမှ ဇာတ်ကြောင်းအား စ၍ ပြောလေတော့သည်။
“တခါတုန်းက မြို့တော်ထဲမှာ အရည်အချင်းရှိတဲ့ လူငယ်တစ်ယောက် ရှိခဲ့တယ်…။ သူ့ကို လူချမ်းသာ မိသားစုမှာ ဖွားမြင်တယ်…။ ဉာဏ်ကောင်းတယ်…။ စာကြိုးစားတယ်…။ ပင်ကိုယ် အရည်အချင်းနဲ့ ပြည့်စုံတယ်…။ အသက် တစ်ဆယ့်ကိုးနှစ်အရွယ်မှာ နန်းတွင်း စာစစ်ပွဲကို ပထမဦးဆုံးအကြိမ် ဝင်ဖြေပြီး အောင်ခဲ့တဲ့အတွက် လူများအကြားမှာ နာမည်ကြီးတယ်”
ထိုသို့ ကြားလိုက်သည့်အခါ မင်းသမီးကြီးက ဂုဏ်ယူ ဝင့်ကြွားစွာ ပြောလေသည်။
83 03
“အဟင်းဟင်း… ဒီလူငယ်က ကြင်ရာတော်နဲ့ သိပ်တူတာပဲ”
အရှင်မင်းကြီး၊ မယ်တော်ကြီးနှင့် ယန်ရှုတို့အားလုံးမှာ ဘာမျှ မပြောဘဲ ကျောက်ချန်းဝမ်၏ မျက်နှာ အမူအယာကိုသာ ဝိုင်းကြည့်နေကြသည်။
ထိုအချိန် ကျောက်ချန်းဝမ်ကမူ ခေါင်းကို ငိုက်စိုက် ချထားကာ အတွေးထဲ နစ်မွန်းနေချေသည်။
ဖုဟိုင်က ဆက်ပြောသည်။
“အဲဒီ လူငယ်လေးကို ကုန်သည် သူကြွယ် မိသားစုတစ်စုက စိတ်ဝင်စားသွားပြီး သူတို့ရဲ့ သမက်အဖြစ် တော်ပစ်လိုက်ကြတယ်…။ အဲဒီအချိန်က စပြီး သူက ဘဝကို အောင်အောင်မြင်မြင် ဇိမ်နဲ့ နေတော့တယ်…။ ဒါပေမဲ့… သူ့ ယောက္ခမတွေက အင်မတန် ချမ်းသာတော့ သူက အလုပ်ကြိုးစား စရာမလိုဘူး…. အဲဒီအခါ သူ့အရည်အချင်းတွေ အလဟားသပ် ဖြစ်တယ်ဆိုပြီး ငြီးငွေ့လာတယ်။ အဲဒီအချိန်က စပြီး သူ့ ငြီးငွေ့စိတ်ကို ချေဖျက်ဖို့ သူဇနီး မသိအောင် မိန်းမချော မိန်းမလှတွေကို မယားငယ် အဖြစ်ထားတော့တာပဲ”
ထိုသို့ ကြားလိုက်သည့်အခါ မင်းသမီးကြီးမှာ တစ်ခုခုလွဲနေပြီကို သတိထားမိလာတော့သည်။ တစ်ချက် တွေးလိုက်ပြီး ကျောက်ချန်းဝမ်အား လှည့်ကြည့်လိုက်သည်ကို တွေ့လိုက်ကြရသည်။
ထိုသို့ ကြည့်လိုက်သည့်အခါ ကျောက်ချန်းဝမ်၏ မျက်ဝန်းများ ထိတ်လန့်နေသယောင် ဖြစ်နေသည်ကို သူမ မြင်လိုက်ရသည်။
“မိန်းမလှလေးတွေရဲ့ အရသာကို ခံစားဖူးသွားတဲ့ အဲဒီ ပညာတတ် လူငယ်ရဲ့ လောဘဟာ ထိန်းမရတော့အောင် ကြီးထွားလာတယ်…။ မြို့တော်အတွင်းမှာ မယားငယ် ခြောက်ယောက် ထားပြီးတာတောင် မလုံလောက်တော့ဘဲ ကျင်းနန်မြို့မှာ အိမ်ကြီးတစ်ဆောင် ဝယ်လိုက်ပြီး မိန်းမလှလေးတွေကို သူ့အကြိုက် ခေါ်ထားတော့တယ်…။ သူ့ ဇနီးမယား ထားပုံဟာ နန်းတွင်းက ဧကရာဇ်မင်းတွေ အလားပဲ”
ယွီဝိန်းယန် ထပ်မံ တုန်လှုပ်သွားမိပြန်သည်
ကျင်းနန်သို့ ကျောက်ချန်းဝမ် အလုပ်ကိစ္စ အကြောင်းပြကာ တစ်နှစ်ပြီး တစ်နှစ် အကြိမ်ကြိမ် ခရီး ထွက်ဖူးလေသည်ကို သူမ သတိရလိုက်သည်။
ထိုသို့ သူမ တုန်လှုပ်နေစဉ် ဖုဟိုင်မှာ အကောင်းဆုံး အပိုင်းသို့ ရောက်နေလေပြီ။
“သူ့မယားငယ်တွေက သူ့အပေါ် အရမ်း သံယောဇဉ်တွေ ဖြစ်နေကြတယ်…။ အဲဒါတင် မကဘူး သူတို့တွေက သူ့အတွက် သားနှစ်ယောက်တောင် မွေးပေးထားသေးတယ်…။ အဲဒီတော့ သူက သူ့သားတွေကို မသေချာ မရေရာတဲ့ ဘဝမှာ ဘယ်ထားနိုင်မလဲ…။ နောက်ဆုံး ခက်ခက်ခဲခဲ တွေးပြီးတဲ့အခါ သူ့မယားကြီးကို ရှင်းပစ်ဖို့ သူ ဆုံးဖြတ်လိုက်တော့တယ်”
ထိုအခါ ယွီဝိန်းယန်မှာ အသက်ရှူရပ်သွားမိသလို ခံစားလိုက်ရသည်။ သူမမှာ ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ဖုဟိုင်၏ လက်ထဲမှ ဝတ္ထုစာအုပ်ကို ဆွဲယူက သူမဖာသာ ဖတ်ကြည့်မိလေတော့သည်။
ဖတ်ရင်း ဖတ်ရင်း သူမ၏ မျက်နှာ မှုန်မှိုင်းလာသည်ကို တွေ့မြင်လိုက်ကြရသည်။
ကျောက်ချန်းဝမ်၏ မျက်နှာတွင်လည်း သွေးမရှိတော့သကဲ့သို့ ဖြစ်လာလေသည်။ ထို့ကြောင့် သူက ပြာပြာသလဲ ထပြောလေသည်။
“မင်းသမီး… အဲဒီ ဇာတ်လမ်းက စာရေးတဲ့သူက တမင်လုပ်ကြံ ဖန်တီးပြီးရေးထားတာပါ…။တကယ်လို့ မထင်ပါနဲ့”
သူပြော၍ ပြီးသည်နှင့် အရှင်မင်းကြီးက သူ့အား လှမ်းမေးလိုက်သည်။
“အဲဒါဆို ဘာလို့ မင်းက ဂနာမငြိမ် ဖြစ်နေရတာလဲ”
ကျောက်ချန်းဝမ်က ကတုန်ကယင် ပြန်ဖြေသည်။
“ကျွန်တော်… ကျွန်တော်မျိုး… ဂနာမငြိမ် မဖြစ်…”
သူပြော၍ မပြီးသေးခင်၌ပင် မင်းသမီးကြီးက စာအုပ်ကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်ပြီး ပြောတော့သည်။
“ကျောက်ချန်းဝမ်…! ဒီစာအုပ်က နင့်အကြောင်း ရေးထားတာလား?”
ကျောက်ချန်းဝမ်က ပြာပြာသလဲ ပြောလေသည်။
“မဟုတ်ရပါဘူး။ ဒါ တမင် လုပ်ကြံ လီဆယ်ထားတာပါ။… ဒီစာအုပ်ကို ရေးတဲ့သူမှာ မကောင်းကြံလို စိတ်ရှိနေပုံပဲ!”
အဟက်… မကောင်းကြံတယ်တဲ့လား။
83 04
ယန်ရှုက တွေးလိုက်သော်လည်း ဝင်မပါဘဲ ဝက်မြေစာဥ မုန့် နောက်တစ်တုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်လေသည်။
ထိုစကားကြားသည့်အခါ မယ်တော်ကြီးက ယွီဝိန်းလန်အား လှည့်ကြည့်လိုက်သည်။
ထိုစဉ် ကျောက်ချန်းဝမ်က မယ်တော်ကြီးနှင့် အရှင်မင်းကြီးတို့ ရှေ့မှောက် ဝပ်တွားကာ
“အရှင်မင်းကြီးနဲ့ မယ်တော်ကြီး … ကျေးဇူးပြုပြီး အမှန်အတိုင်း မြင်ပေးတော်မူကြပါ…။ ဒီ စာရေးသူက အခြေမဲ့ စွပ်စွဲ ရေးသားထားတာမို့ တော်တော်ရွံဖို့ကောင်းတဲ့သူပါ…။ အဲဒါကြောင့် အဲဒီလူကို ချက်ခြင်းဖမ်းပြီး မဟုတ်တာတွေ မရေးနိုင်တော့အောင် တားဖို့ သင့်ပါတယ်”
ဟု ပြောလေတော့သည်။
ထိုအခါ ယွီဝိန်းလန်က ပြုံးကာ ပြောလိုက်သည်။
“အဲဒါက ဝတ္ထုနော်… ဝတ္ထုဆိုတာ စိတ်ကူးယဉ် ရေးသားထားတဲ့ ဇာတ်လမ်းတွေပဲလေ…။ ဘာတွေ စိတ်ပူနေတာလဲ”
ကျောက်ချန်းဝမ်က တွန့်ဆုတ်သွားပြီး စိတ်မပူကြောင်း ပြောရန် ပြင်လိုက်သည်။
သို့သော် အရှင်မင်းကြီးက ဆက်ပြောလေသည်။
“စကားမစပ် ပထမ လပိုင်းတုန်းက ငါကိုယ်တော် ပြည်သူတွေရဲ့ အခြေအနေကို လေ့လာဖို့ နန်းပြင်ထွက်တုန်းက မင်းနဲ့ တိုးသေးတယ်… မှတ်မိလား”
ထိုစကား ကြားလိုက်သည့်အခါ ယွီဝိန်းယန်က ကျောက်ချန်းဝမ်ကို သင်္ကာမကင်း ကြည့်လိုက်သည်။
ကျောက်ချန်းဝမ်က အလျင်အမြန်ပင် ပြောသည်။
“အဲဒီတုန်းက ကျွန်တော်မျိုး အရှင်မင်းကြီးရှိနေမှန်း မသိခဲ့လို့ ရိုင်းပြသလို ဖြစ်သွားရင် ခွင့်လွှတ်ပါ”
ယွီဝိန်းလန်က ဆက်ပြောသည်။
“ထျန်ကျင်း လမ်းမှာ မင်းက မုန့်တွေ ဝယ်နေတာကိုတွေ့တယ်…။ ပြီးတော့ စံအိမ် လေးငါး ခြောက်ခုလောက်ကို ဝင်တယ်… ။အဲဒါ ဘာသဘောလဲ။ မိတ်ဆွေ အပေါင်းအသင်းတွေဆီ ဝင်တွေ့တာလား”
ကျောက်ချန်းဝမ် ပြန်မဖြေနိုင်မီ ယွီဝိန်းယန်က မျက်မှောင် ကြုတ်ကာ ပြောသည်။
“နင့် သူငယ်ချင်းတွေ ထျန်ကျင်းလမ်းမှာ နေတယ်လို့ မကြားမိပါဘူး…။ အဲဒီညတုန်းက နင် ဘယ်တွေ သွားနေတာလဲ မှန်မှန်ပြောစမ်းပါဦး?”
ကျောက်ချန်းဝမ်မှာ လိမ်ရမည်ကိုပင် တုန်လှုပ်နေတော့သည်။
“အဲဒီလမ်းမှာ ရောင်းတဲ့မုန့်က နာမည်ကြီးတော့ မင်းသမီးကလည်း သောက်ပြီးရင် ဗိုက်ဆာတတ်တော့ မင်းသမီးအတွက် မုန့်ဝယ်ပေးချင်လို့ သွားတာပါ”
ယန်ရှုမှာ ဝက်မြေစာဥ မုန့်ကို စားရင်း တွေးလိုက်မိသည် ။
[ဒီလူက သေတော့မှာတောင် လိမ်တုန်းပဲ… အဲဒီမုန့်တွေက သူ့ အငယ်အနှောင်း နှစ်ယောက်ကို ပေးမလို့ ဝယ်တာ]
ထိုအခါ ယွီဝိန်းလန်က ပြောလိုက်သည်။
“မင်းသမီးအတွက် ဟုတ်လို့လား…။ ဒုတိယ တစ်အိမ် ဝင်တော့ မုန့်တွေ ပေးခဲ့တာနော်…။ အဲဒီ အိမ်မှာ သားနှစ်ယောက် အမေတစ်ယောက် နေတယ်လို့ ကြားတယ်”
ထိုစကားများ ကြားလိုက်သည့်အခါ ကျောက်ချန်းဝမ် ဘာမျှ မပြောနိုင်ခင် ယွီဝိန်းယန်က မျက်လုံးကြီး ပြူးကာ ဒေါသတကြီး ပြောလေတော့သည်။
“သားနှစ်ယောက် ဟုတ်လား။ ဒါဆို ဇာတ်လမ်းထဲ ရေးထားတာတွေက အမှန်တွေပေါ့…။ အဲဒီ ပြည့်တန်ဆာမနဲ့ ကလေး သုံးယောက်ကို မိသားစုဝင် အဖြစ်လက်ခံဖို့အတွက် နင်က ငါ့ကို ရှင်းပစ်ဖို့ ကြံနေတယ်ပေါ့လေ”
ကျောက်ချန်းဝမ်က ခေါင်းကို ခါရမ်းကာ ပြာပြာသလဲ ပြောသည်။
“မဟုတ်… မဟုတ်… မဟုတ်ရပါဘူး…။ မင်းသမီးကို လုပ်ကြံမယ်ဆိုတဲ့ဟာက အမှားကြီးပါ”
သူ့စကားမဆုံးမီပင် ယန်ရှုက ကြားဖြတ်ဝင်၍ သွေးထိုးလေသည်။
“ဟယ်… အဲဒါဆို မင်းသမီးကို လုပ်ကြံမဲ့ဟာက အမှားဖြစ်ပြီးတော့ အငယ်အနှောင်းတွေ ရှိနေတာကတော့ အမှန်ပေါ့…”
83 05
ထိုသို့ ကြားလိုက်သည့်အခါ ယွီဝိန်းယန်၏ မျက်နှာမှာ မုန့်တိုင်းထန်တော့မည့်အလား မှုန်ကုပ်သွားပြီး မျက်ခုံးများကိုလည်း ဒေါသကြီးစွာဖြင့် ကျုံ့လိုက်တော့သည်။
ထို့နောက် ခန်းမတဆောင်လုံးကို ဝေ့ကြည့်လိုက်ရာ တိုင်တစ်လုံးတွင် ချိတ်ထားသည့် အပ,နှင် ဓါးတစ်ချောင်းကို မြင်မိလိုက်သည်။ ထို့ကြောင့် သူမက ထိုဓါးရှိရာသို့ သွား၍ ဓါးကို ဆွဲထုတ်လိုက်ပြီး ကျောက်ချန်းဝမ်ဖက်သို့ ထိုးချိန်လိုက်လေသည်။
“ခွေးကောင်… ဒီနေ့ ငါ နင့်ကို သတ်မယ်”
ကျောက်ချန်းဝမ်မှာ ကြောက်လွန်း၍ လှည့်ကာ ပြေးတော့သည်။
သို့သော် ယွီဝိန်းယန်မှာ နောက်မှ ထပ်ချပ်မခွာ လိုက်ကာ ပါးစပ်မှလည်း အော်ဟစ် ကျိန်းမောင်းနေတော့သည်။
“မယားငယ်တွေ ထားတယ် ဟုတ်လား။ အငယ်အနှောင်းတွေ ထားတယ် ဟုတ်လား။ ကျင်းနန်မှာ ကောင်မတွေကို ထားဖို့ အိမ်တောင်ဝယ်လိုက်သေးတယ်ပေါ့လေ ဟုတ်လား။ ဒီနေ့ ငါနင့်ကိုမှ ခုတ်မသတ်လိုက်ရင် ယွီဝိန်း အဘိုးအဘေးတွေကို ငါမျက်နှာ ပြရဲတော့မှာ မဟုတ်ဘူး”
ခန်းမတဆောင်လုံးရှိ လူအားလုံးမှာ အံ့ဩ ထိတ်လန့်စွာဖြင့် မလှုပ်မယှက် ရပ်ကြည့်နေမိကြသော်လည်း ယန်ရှုမှာမူ စိတ်ပါဝင်စားစွာ ထိုင်ကြည့်နေပြီး ခပ်မြူးမြူးလေး တွေးနေမိသည်။
[ကဲကဲကဲ… မင်းသမီးကြီးရဲ့ ဓါးရေး ဘယ်လောက် ကောင်းလဲ ကြည့်ရသေးတာပေါ့…။ ဒါနဲ့… သူ့ငယ်ပါကိုတော့ လူတွေ ရှေ့ ခုတ်မဖြတ်လောက်ပါဘူးနော်။ ဟီဟီ… တွေးကြည့်ရုံနဲ့တင် ကျက်သီးထတယ်]
ထိုသို့ တွေးနေချိန်၌ပင် မင်းသမီးကြီး၏ ဓါးသွားမှာ ကျောက်ချန်းဝမ်၏ လက်မောင်းကို ခုတ်မိလေသည်။ ထိုအခါ သွေးများ ဖွာခနဲ ထွက်လာကာ လက်မောင်းတလျှောက် စီးကျနေတော့၏။
ဤသည်ကို မြင်လိုက်ရသည့် ယန်ရှုမှာ တကိုယ်လုံး အားမရှိတော့သကဲ့သို့ ဖြစ်သွားပြီး ထိုင်ခုံပေါ်မှ ပြုတ်ကျတော့မလို ဖြစ်သွားလေသည်။
သွေးမြင်သည်နှင့် သတိလစ်တော့မလို ထပ်ဖြစ်ပြန်ပြီ။
အခု မေ့လဲလို့ မဖြစ်…။
သူမမှာ စိတ်ထဲမှနေ၍ အော်ဟစ် ကျုံးဝါးနေသည်။
[နိုးနိုး… အခု မေ့လဲလို့ မဖြစ်ဘူး… ထိန်းထားစမ်းဟဲ့… ဒီလောက် ကြည့်ကောင်းတဲ့ မြင်ကွင်း ငါ လွတ်သွားလို့ မဖြစ်ဘူး… ဟင်း…!!]
ယွီဝိန်းလန် - “???”
ဒီကောင်မလေး ဒီလောက် မျက်နှာ ဖြူဖက်ဖြူရော် ဖြစ်နေတာတောင် ဒါကို ဆက်ကြည့်ချင်နေသေးတယ်ပေါ့လေ။
သူက ထိုင်နေရာမှ ချက်ခြင်း ထလိုက်ပြီး ယန်ရှုရှိရာသို့ သွားကာ သူမကို ဖက်လိုက်သည်။ ထို့နောက်
“အစ်မတော်တို့ နှစ်ယောက်လုံး တော်ကြတော့”
ဟု ပြောလိုက်သည်။
ထိုအချိန်ကျမှ မယ်တော်ကြီးလည်း အသိစိတ် ပြန်ဝင်လာကာ အလျင်အမြန်ပင် ပြောလိုက်သည်။
“အရှင်မင်းကြီးရှိနေတယ်လေ…။ နင်တို့ ဘာလို့ အခုလို လုပ်နေရတာလဲ? တော်ကြတော့”
သို့ရာတွင် ယွီဝိန်းယန်၏ မျက်လုံးများမှာ ဒေါသကြောင့် နီရဲနေကာ ဘီလူးစီးနေသကဲ့သို့ ဖြစ်နေပြီး လုံးဝ တား၍ မရနိုင်အောင် ဖြစ်နေသည်။
မျက်စိတမှိတ်အတွင်းမှာပင် သူမ၏ ဓါးကို ကျောက်ချန်းဝမ်၏ မျက်နှာကို ဖြတ်၍ ခုတ်လိုက်ရာ သူ့မျက်နှာမှ သွေးများ ဖြာ၍ ကျလာလေသည်။
ဤတစ်ကြိမ်တွင်တော့ ယန်ရှု ပို၍ အားအင် ချိနဲ့လာပြီး မျက်ဖြူလန်တော့မတတ် ဖြစ်သွားလေသည်။
သို့သော် ဒီလောက် ဖြစ်နေသည့်တိုင် သူမ၏ စိတ်အတွင်းတွင် နောက်ဆုံးအချိန်အထိ မာန်တင်းနေဆဲ ဖြစ်သည်။
[သတိ မလစ်နဲ့ဦး… ပြန်ထ ဟ… အကောင်းဆုံး အပိုင်းတွေ လွတ်ကုန်တော့မှာပဲ..ဒါမျိုးက တသက်မှာ တစ်ခါပဲ ကြုံရမဲ့ဟာမျိုးဟဲ့]
ယွီဝိန်းလန် - “???”
သူမ ယခု ပို၍ သတိလွတ်လာပြီကို မြင်လိုက်ရသည့်အတွက် သူ အချိန်မဆွဲနိုင်တော့ပေ။
“နန်းတော်စောင့်တွေ အစ်မတော်ကို တားကြစမ်း” ဟု အမိန့်ပေးရလေတော့သည်။
ထိုအခါမှ အစောင့်များမှာလည်း ခန်းဆောင်အတွင်း ပြေးဝင်လာကြကာ ယွီဝိန်းယန်ထံ ပြေးသွားကြပြီး ချုပ်ထားရလေတော့သည်။
ကျောက်ချန်းဝမ်မှာမူ မြေပြင်ပေါ်တွင် ဒူးထောက်လျက် မျက်နှာကို အုပ်ကာ ငြီးနေတော့သည်။
ယွီဝိန်းလန်က ပြောလိုက်သည်။
“အစ်မတော် အရမ်း မလောပါနဲ့…။ ကျွန်တော် စုံစမ်း စစ်ဆေးဖို့အတွက် အမိန့်ပေးထားပြီးပါပြီ…။ သူ တကယ် ကျူးလွန်ထားတာ ပေါ်ပေါက်လာရင် တရား ဥပဒေအရရော တော်ဝင် မိသားစုရဲ့ စည်းကမ်းနဲ့ပါ အပြစ်ပေးရပါမယ်”
ယွီဝိန်းယန်၏ ဆံပင်များမှာ ဖွာလန်ကျဲနေပြီး သူမ၏ လက်ဝတ်လက်စားများမှာလည်း မြေပြင်တွင် ပြန့်ကျဲနေသည်။ သူမမှာ မောနေ၍ အသက်ကို ခပ်ပြင်းပြင်း ရှူနေရပြီး ကျောက်ချန်းဝမ်အား လက်ညှိုးငေါက်ငေါက် ထိုးကာ ဒေါသတကြီး ပြောလေသည်။
“ခွေးကောင်… နှစ်ပေါင်း အများကြီး ငါနင့်ကို အလိုလိုက် ထားခဲ့မိတာ မှားတာပဲ…။ နင့်အဖေရဲ့ မြို့စား ရာထူးရော… နင့်တူမရဲ့ ကိုယ်လုပ်တော် ရာထူးတွေရော အကုန် လုပ်ပေးခဲ့မဲ့အစား အားလုံးကို ခွေးစာအဖြစ် ကျွေးပစ်ခဲ့ရမှာ”
ထိုသို့ ပြောသည်ကို ကြားလိုက်ရသည့်အခါ ယွီဝိန်းလန်၏ လက်မောင်းအကြားရှိ ယန်ရှုက မြှေးမြှေးလေးကျန်နေသည့် အသိစိတ်ဖြင့် စိတ်ထဲမှ လှမ်းအော်နေတော့သည်။
83 06
[သိပ်မှန်တာပေါ့… နှစ်ချက်ထဲနဲ့ ဘယ်လောက်မလဲ… နောက်တစ်ချက်လောက် ချလိုက်… တခါတည်း ဂိသွားအောင်]
ယွီဝိန်းလန်: [...]
ဟား… ဒီကောင်မလေးကတော့လေ… နိုင်ကို မနိုင်တော့ဘူး။
သူက အမိန့်ပေးလိုက်သည်။
“မင်းသမီးကြီးကို အနားယူဖို့ ပြန်ခေါ်သွားလိုက်ပါ…။ ကြင်ရာတော်ရဲ့ ဒဏ်ရာတွေကို ဆေးထည့်ဖို့ သမားတော် ခေါ်လိုက်ပါ…။ ဒါပေမဲ့ သူ့ကို နန်းတွင်းကနေ အပြင် ထွက်ခွင့် မပြုနဲ့”
အားလုံးက အရှင်မင်းကြီး၏ အမိန့်ကို နာခံလိုက်ကြပြီး ထိုနှစ်ဦးကို ခန်းဆောင်အတွင်းမှ ခေါ်သွားကြလေသည်။
ယခုမှပင် ခန်းဆောင် တစ်ခုလုံး တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်သွားသည်။ ယွီဝိန်းလန်က မယ်တော်ကြီးအား ကြည့်၍ မေးလိုက်သည်။
“မယ်တော် လန့်သွားလား”
မယ်တော်ကြီးက သက်ပြင်းကို ချ၍
“မယ်တော်… ဘာမှ မဖြစ်ပါဘူး…။ ဒီကောင်မလေးရဲ့ ဒေါသကလေ ငယ်ကတည်းက အခုအချိန်ထိ မလျော့သေးဘူးဘဲ”
ဟု ပြောလေသည်။
ယွီဝိန်းလန်က ခေါင်းကို ညိမ့်ရန် ပြင်လိုက်ချိန်မှာပင် မယ်တော်ကြီးရဲ့ အတွေးကို သူ ကြားလိုက်ရသည်။
[ဟွန်း… အဲဒီ ကျောက်ကောင်စုတ်လေး ဒီနေ့ ကံကောင်းသွားတယ်!]
“???”
ထို့နောက် မယ်တော်ကြီးက သက်ပြင်းချလိုက်ပြီး ဆက်တွေးလေသည်။
[မင်းသမီးကတော့ တော်တော် အားရသွားမှာပဲ…။ အဲ့ကောင်စုတ်ကို စိတ်တိုင်းကျ ခုတ်ချင်တိုင်း ခုတ်လို့ရတယ်]
ယွီဝိန်းလန် - “???”
ထို့စဉ် မယ်တော်ကြီးက သူ့အား မေးလေသည်။
“ကြင်ရာတော်လီက ဘာဖြစ်နေတာလဲ?”
ယွီဝိန်းလန်မှာ အခုမှ လက်ရှိ အခြေအနေကို ပြန်သတိရသွားပြီး ပြောလိုက်သည်။
“သူက သွေးမြင်တာနဲ့ လန့်တတ်တယ်… ။ကျွန်တော် သူ့ကို ပြန်ခေါ်သွားလိုက်မယ်”
မယ်တော်ကြီးက ခေါင်းကို ညိတ်လိုက်ကာ
“ဪ… သနားပါတယ်… ခေါ်သွားလိုက်တော့ သွား သွား”
ဟု ပြောတော့သည်။
ယွီဝိန်းလန်ကလည်း ထောက်ခံလိုက်ပြီး ယန်ရှုအား ချီက ထွက်လာလိုက်တော့သတည်း။
******
84 01
အပိုင်း 84
ချီအန်းနန်းဆောင်ကနေ ထွက်လာပြီးနောက် ယန်ရှုရဲ့ခြေလက်တွေက အားနည်းနေကာ သူမရဲ့တစ်ကိုယ်လုံး ခွန်အားမဲ့နေပေသည်။
ယွီဝိန်းလန်က တော်ဝင်ရထားခုံးကို မဆင့်ခေါ်နိုင်တော့ဘဲ သူမကို ကန်လုနန်းဆောင် ရောက်သည်အထိ တစ်လျှောက်လုံး သယ်ပေးလာခဲ့သည်။
နန်းဆောင်ထဲက လူတိုင်းက ဒါကို တွေ့လိုက်ရတဲ့အခါမှာ ထိတ်လန့်သွားပြီး လျင်မြန်စွာပဲ ရှေ့သို့လှမ်းလိုက်ကာ မေးလိုက်သည်။
“သခင်မလေး ဘာဖြစ်လို့လဲ…သခင်မလေး…..”
ယွီဝိန်းလန်က သူမကို အိပ်ရာပေါ် တင်ပေးလိုက်ပြီးနောက် သူမရဲ့မျက်လုံးတွေက ပွင့်နေဆဲဆိုတာကို တွေ့လိုက်ရသည့်အတွက် မေးလာသည်။
“ဘယ်လို နေသေးလဲ။ ပိုကောင်းလာပြီလား။ တော်ဝင်သမားတော်ကို ပြချင်သေးလား”
ယန်ရှုက ခြင်သံကဲ့သို့ အသံလေးနှင့် ပြောလာသည်။
“မဟုတ်ဘူး မလိုပါဘူး….”
စကားပြောဖို့ပင် ခက်ခဲနေကာ သူမရဲ့မျက်နှာဟာလည်း မှိန်ဖျော့နေပေသည်။ နှာဖျားထိပ်မှာလည်း ချွေးထွက်နေကာ ကြည့်ရသည်မှာ အလွန်အမင်း အားနည်းနေပုံရသည်။
ယွီဝိန်းလန်က စိတ်ရှုပ်သွားပြီး ထူးဆန်းနေသည့်အတွက် မေးလိုက်သည်။
“အရင်တစ်ခါက ခဏလောက် နားခဲ့သေးတယ်မလား။ ဒီတစ်ခေါက်က ဘာလို့ပြင်းထန်နေရတာလဲ”
သို့သော် သူမနှလုံးသားထဲက ကျစ် ကျစ် ဟူသောအသံကို ကြားလိုက်ရပြီး- အရင်တစ်ခါကလွဲရင် ဒုတိယအခေါက်လေ အတူတူဖြစ်နိုင်မလား။ အရင်တစ်ခါက သူမမှာ ဒဏ်ရာတစ်ခုပဲ ရှိတာလေ။ ဒါပေမဲ့ အခုလေးတင် ကျောက်ချိန်ဝမ်ရဲ့သွေးတွေက သူမအပေါ်မှာလေလို့…အရမ်းစိတ်လှုပ်ရှား သွားရုံလေးပါ။
ယွီဝိန်းလန် “….”
ကောင်းပြီလေ။ သူမက အခုလေးတင် အဲ့ဒီမြင်ကွင်းကို ကြည့်ဖို့ သူမရဲ့စိတ်ခွန်အားတွေကို မောပန်းစေလိုက်တာလေ။ ဒါပေမဲ့ အခုကျ သူမရဲ့ စိတ်လှုပ်ရှားမှုတွေ ကုန်သွားတာနဲ့ သူမရဲ့စိတ်ခွန်အားတွေ လျော့သွားပြီး ဘာလို့အခု အားနည်းနေတာလဲဆိုတာ ဖြစ်သည်။
အရှုပ်တွေ အများကြီးကို တွေးနိုင်သေးတယ်ဆိုတော့ ကြည့်ရတာ အတော်လေး အဆင်ပြေနေတဲ့ပုံပဲ။
ထို့နောက် သူဟာ ရန်တုန်းကို ယန်ရှုအား ရေအနည်းငယ် တိုက်ရန် အမိန့်ပေးလိုက်သည်။
သေချာပေါက်ပင် တစ်နာရီဆယ့်ငါးမိနစ်နောက် အလွန်မှာတော့ ယန်ရှုမျက်နှာက နှင်းဆီရောင် သန်းလာပြီး သူ့ကို ကျေးဇူးတင်ဖို့ပင် ခွန်အား ရှိနေသေးသည်။
“ဒီကိုယ်လုပ်တော်ကို ပြန်ခေါ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အရှင်မင်းကြီး”
ယွီဝိန်းလန်က အပြုံးကို မထိန်းနိုင်ဘဲ သူ့မျက်ခုံးကို ပင့်လိုက်ကာ သူမကို မေးလိုက်သည်။
“မူးနေပေမဲ့လည်း အဲ့တာကို ကြည့်နိုင်သေးတယ်ပေါ့”
ယန်ရှုက မလျှော့စတမ်း ပြောလာသည်။
“ဒီကိုယ်လုပ်တော်က ကြည့်ရတာအရမ်းကြိုက်လို့ မဟုတ်ပါဘူးနော်။ ရုတ်တရက်ကြီး စိတ်လှုပ်ရှားသွားတာက အကြီးဆုံး မင်းသမီးကြီးပါ။ ကြင်ယာတော်ဖြစ်တဲ့သူကို တကယ်ကြီး သတ်ပစ်မယ်လို့ ဘယ်သူက ထင်မှာလဲ”
ယွီဝိန်းလန်က သူ့မျက်ခုံးကို ဆက်ပြီး ပင့်လိုက်ကာ
“တကယ်ကို မမျှော်လင့်ထားဘူးဘဲ။ မင်းစာအုပ်ထဲမှာ ရေးထားတဲ့ အကြောင်းအရာက အခုလေးတင်ကထက် ပိုပြီးအန္တရာယ်များတယ်လေ”
ယန်ရှုက ထိတ်လန့်သွားပြီး “….ပုံပြင်ဆိုတာက ဖန်တီးထားတာလေ။ ချဲ့ကား ထားတယ်ဆိုရင်တောင် လူတိုင်းက ဖတ်ရတာကြိုက်ကြတယ်။ အဲ့တော့ ဘယ်လိုလုပ်ပြီး အစစ်အမှန်နဲ့ ယှဉ်နိုင်မှာလဲ”
သို့သော် နှလုံးသားထဲမှာတော့ အရမ်းကို နောင်တရနေပေသည်။
[ပြောမှပဲ အကြီးဆုံးမင်းသမီးကြီးကို လျှော့တွက်မိသွားတာပဲ။ အကြိမ်များစွာ လိုက်ပြီးတဲ့နောက်မှာ နှစ်ခါပဲ ထိုးလိုက်ရတယ်။ ဒါတောင် ပစ်မှတ်ကို မထိဘူး။ ဒီအခွင့်အရေးကြီးကို လွတ်သွားတာက နှမြောစရာပဲ]
ယွီဝိန်းလန် “??”
84 02
ဘယ်သူ့ကို စိတ်မကောင်း ဖြစ်နေတာလဲ။
အကြီးဆုံးမင်းသမီးကြီးအတွက် နှမြောနေတာလား။
ဒါမှမဟုတ် စိတ်လှုပ်ရှားမှုကို မတွေ့လိုက်ရလို့လား။
ထို့နောက် သူမနှလုံးသားထဲမှာ ထပ်မံသက်ပြင်း ချလိုက်ပြီး
[အမျိုးသမီးတစ်ယောက်ရဲ့ မျက်နှာက တကယ်ကို မင်းသမီးတစ်ပါးလိုဖြစ်ဖို့ လိုတယ်။ အမျိုးသားကို ရိုးသားခြင်း မရှိဘဲနဲ့ ဖြတ်ချလိုက်တယ်။ ဘယ်သူက
အဲ့လိုမျိုး လုပ်ရဲမှာတဲ့လဲ?]
ယွီဝိန်းလန် “???”
သူတို့နှစ်ယောက်လုံးက ဘာလို့အဲ့လိုပဲတွေးကြတာလဲ။
မိန်းမတွေအားလုံးက အရမ်းကိုရက်စက်တာပဲလား။
ဒါပေမဲ့ သူ့ကို ကြည့်နေတဲ့ သူမရဲ့တိတ်တဆိတ်အကြည့်ကို မြင်လိုက်ရပြီး သူမက တွေးလာသည်။
[သေချာပေါက်ပဲ ဒီလိုပြဿနာမျိုးက သူ့ဆီကို ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူး]
ယွီဝိန်းလန်က သက်ပြင်းတစ်ခု မှုတ်ထုတ်လိုက်သည်။
အတူတူပဲ။
မမျှော်လင့်ထားစွာနဲ့ အဲ့နောက်မှာတော့ သူမ ထပ်ပြောလာတာကို ကြားလိုက်ရသည်။
[ဘာလို့ဆို သူက မရိုးသားလို့ မရနိုင်ဘူးလေ!ကျစ်!]
ယွီဝိန်းလန် “…”
သူ့နှလုံးသားက အရမ်းကိုရှုပ်ထွေးသွားပြီး သူက တကယ်ကို တစ်ခုခုပြောချင်ခဲ့တာပင်။
မမျှော်လင့်ထားစွာနဲ့ ထိုအချိန်မှာပဲ ဖုဟိုင်က တံခါးဆီကို အထိတ်တလန့်နဲ့ ပြေးလာပြီး သတင်းပို့လာသည်။
“အရှင်မင်းကြီး အကြီးဆုံးမင်းသမီးကြီးက ကြင်ယာတော်ဖြစ်သူကို ထပ်ပြီး သတ်တော့မလို့ပါ”
အမ်…
ယန်ရှုက တွန့်ဆုတ်သွားပြီး ချက်ချင်းပဲ မေးလိုက်သည်။
“ဘယ်နေရာကို ဖြတ်လိုက်တာလဲ”
သို့သော် ဖုဟိုင်ရဲ့မျက်နှာပေါ်မှာ ဒုက္ခရောက်နေတဲ့ အကြည့်တစ်ခုနဲ့ တွန့်ဆုတ်နေပြီး
“ဖြတ်လိုက်တာက….ဟို… ဖြတ်လိုက်တာက…..”
တစ်ခဏ ကြာသွားသည်အထိ သူ ဘာမှမပြောနိုင်ပေ။
ထိုမြင်ကွင်းကို မြင်လိုက်ချိန်မှာတော့ ယန်ရှုက တိတ်တဆိတ် ခန့်မှန်းလိုက်သည်။
[ဖြစ်နိုင်တာက အကြီးဆုံးမင်းသမီးကြီးက တကယ်ပဲ ကျောက်ချိန်ဝမ်ရဲ့ ရတနာကို ဖြတ်ပစ်ချင်နေတာလား]
[အဲ့တာပဲ ဖြစ်ရမယ်။ မဟုတ်လို့ တစ်ခြားတစ်နေရာသာဆိုရင် ဖုဟိုင်က အကြာကြီး မပြောဘဲနဲ့ ဘယ်လိုလုပ် နေမှာတဲ့လဲ။ မဟုတ်ဘူး… ငါ တစ်ချက်သွားကြည့်မယ်!!!]
ယွီဝိန်းလန် “…..•
အခုလေးတင် သွေးကြောင့် အကြောဆွဲနေတဲ့သူက ဘယ်သူပါလိမ့်။
သူက သူမကို တစ်ချက်ကြည့်လိုက်ကာ ပြောလာသည်။
“ကိုယ်တော်သွားပြီး တစ်ချက်ကြည့်လိုက်ဦးမယ်။ မင်းက ဒီမှာနေပြီး ကောင်းကောင်း အနားယူနေ”
စကားတွေဆုံးသွားချိန်မှာတော့ ထိုမိန်းကလေးက အလိုမရှိတဲ့ပုံနှင့်
“ဒါပေမဲ့ ကျွန်မက ကိုယ်လုပ်တော်တစ်ယောက်လေ...”
[စိတ်လှုပ်ရှားစရာကို တစ်ခြားသူတွေကိုပဲ ကြည့်ခိုင်းတာက တကယ်ကို သဘာဝမကျဘူး]
ယွီဝိန်းလန်က သူမကို မျက်ခုံးပင့်ကာ ကြည့်လိုက်ပြီး
“ထပ်ပြီး မူးလဲချင်လို့လား။ ထပ်ပြီးတော့ ပြန်ခေါ်သွားစေချင်လို့လား”
ယန်ရှုက ထိုသို့သာ ပြောနိုင်သည်။
84 03
“ကျွန်တော်မျိုးမ အဲ့လို မဖြစ်ချင်ပါဘူး”
ထို့နောက် သူ ပြောလာတာကို ကြားလိုက်ရသည်။
“ဒါဆိုလည်း ဒီမှာပဲနေနေ”
စကားပြောပြီးနောက်မှာတော့ သူက ထလိုက်ကာ နန်းတော်ဂိတ်တံခါးကနေ တန်းတန်းမတ်မတ် ထွက်သွားတော့သည်။
သို့သော် ယန်ရှုက ထိုသူ ထွက်သွားတာကိုပဲ ကြည့်နေနိုင်ကာ အလွန်အမင်းကို မကျေမချမ်း ဖြစ်နေပေသည်။
သူမက ဘာလို့မူးရတာလဲ။
အံ့အားသင့်ဖွယ် မြင်ကွင်းလေးက လွတ်သွားပြီ။
တစ်ဘဝလုံး နောင်တရနေတော့မှာပဲ။
~~~
ယွီဝိန်းလန်က တော်ဝင်ရထားလုံးပေါ်သို့ တက်လိုက်ကာ အကြီးဆုံးမင်းသမီးကြီးနဲ့ သူမရဲ့ခင်ပွန်းဖြစ်သူတို့ နေထိုင်တဲ့ နွေဦးရာသီရှုခင်းဥယျာဉ်ကို သွားလိုက်တော့သည်။
ရထားလုံးပေါ်က ဆင်းဆင်းချင်းမှာပင် ဆူညံပွက်လောရိုက်နေသံကို ကြားလိုက်ရသည်။
သူက ဖရိုဖရဲထပ်ဖြစ်နေပြန်တဲ့ ဟွမ်ချွင်းနန်းဆောင်ကို ထပ်မံရောက်လာပြီး ကျောက်ချန်းဝမ်က သူ့ရဲ့ဘယ်ဘက်ပုခုံးနဲ့မျက်နှာမှာ နောက်ထပ်ဒဏ်ရာနှစ်ခုနဲ့ လဲနေတာကို တွေ့လိုက်ရသည်။အရေးအကြီးဆုံးကတော့ သူ့ရဲ့ခန္ဓာကိုယ် အောက်ပိုင်းက သွေးတွေနဲ့ အနီရောင်ဆိုးထားပြီး ဖြစ်နေပေသည်။
ယွီဝိန်းလန် “…”
တကယ်ကြီး ဖြတ်လိုက်တာာလား။
အကြီးဆုံးမင်းသမီးကြီးကို ထပ်ကြည့်လိုက်ချိန်မှာတော့ သူမက နန်းတော်အစေခံတွေရဲ့ ဆွဲထားခြင်းကို ခံနေရပြီး သူမလက်ထဲက ဓားကို အရူးအမူး ဝှေ့ယမ်းနေသေးသည်။ ထို့ပြင် ကျိန်ဆဲနေဆဲလည်း ဖြစ်ကာ
“ငါနင့်ကိုမသတ်ရဘဲ မနေဘူး။ မကောင်းတဲ့အကောင်….”
သူက ရိုးရှင်းစွာပဲ ရှေ့သို့တိုးကာ ဓားကို အဝေးကို ဆွဲယူလိုက်ပြီး ပြောလာသည်။
“ဒီလိုသာ ထပ်ပြီး ခုတ်ပိုင်းနေမယ်ဆိုရင် သူ သေသွားလိမ့်မယ်”
အကြီးဆုံးမင်းသမီးကြီးက နှာမှုတ်ကာ
“သေတာက ပြစ်မှုထက် ဆိုးတယ်။သေခြင်းတရားက ငါ့နှလုံးသားထဲက အမုန်းတရားကို မဖြေရှင်းနိုင်ဘူး။ ငါတော့ သူ့ကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ပစ်ဖို့ မစောင့်နိုင်တော့ဘူး။ သူ့ကို အသားပိုင်းလိုခု တ်ဖြတ်ပစ်ပြီး ခွေးကို ပစ်ကျွေးပစ်မယ်”
ယွီဝိန်းလန် “…”
သူဟာ တော်ဝင်သမားတော်ကို ကျောက်ဝမ်ချန်၏ သွေးထွက်နေသည်အား ရပ်တန့်ခိုင်းလိုက်သည်။ ထို့နောက် အကြီးဆုံးမင်းသမီးကြီးကို ပြောလာသည်။
“အပြစ်ရှိစိတ်မဝင်ဘဲ သေသွားခဲ့မယ်ဆိုရင် သူက လောကကြီးတစ်ခုလုံး သိအောင် ပြောမှ ရမယ်။ မဟုတ်ဘူးဆိုရင် ကမ္ဘာကြီးထဲက လူတွေက သူ့ကို အကြောင်းမရှိဘဲ သတ်လိုက်တာလို့ ထင်သွားကြလိမ့်မယ်”
အကြီးဆုံးမင်းသမီးကြီးက ဒေါသထွက်နေဆဲ ဖြစ်ကာ ရုတ်တရက် တစ်ခုခုကို အမှတ်ရသွားပြီး စိတ်တိုစွာနှင့် မေးလာခဲ့သည်။
“အရှင်မင်းကြီးက သူ ဖောက်ပြန်နေတာကို သိတယ်ဆိုတော့ ဘာလို့စောစောကတည်းက မပြောခဲ့ရတာလဲ”
ယွီဝိန်းလန်က ပြောလိုက်သည်။
“အဲ့ဒီအချိန်တုန်းက အစ်မတော်က သူ့ကို အရမ်းယုံနေတာလေ။ ကိုယ်တော်ပြောရင်တောင် အစ်မတော်က ယုံမှာတဲ့လား။ သဘာဝကျကျပဲ အစ်မတော်ကို မပြောခင် သူ့ကိုချေပခွင့် မပေးနိုင်အောင် သက်သေ ခိုင်မာနေမှရမှာလေ”
ယွီဝိန်းယနိက ထပ်မံဆူပူလာသည်။
“သူ့ကို အနည်းငယ်လောက် ထပ်ပြီး အသက်ရှင်ခိုင်းတာက ငါ့နန်းဆောင်ရဲ့ အစားအသောက်တွေကို အလဟဿ ဖြုန်းတီးနေတာပဲ!”
ယုံချီဟာ ထိုခွေးသူခိုးက သူမရဲ့နောက်ကွယ် အပြင်ဘက်မှာ မိန်းမတွေအများကြီး ထားထားတာကို ပျိုးထောင်ထားတယ်ဆိုတာကို သိလိုက်ချိန်မှာပဲ ထိုသူ့ကို အကြိမ်အနည်းငယ်လောက် ထပ်ခုတ်နိုင်ဖို့ ဆုတောင်းမိပေသည်။
ထို့ကြောင့် ထိုသူ့ကို လက်ညှိုးထိုးလိုက်ပြီး ဆဲဆိုလာသည်။
84 04
“ကျောက်ချန်းဝမ် ကျွန်မမှာတော့ ရှင့်သမီးလေးကို မွေးပေးဖို့အတွက် သေခြင်းတရားကနေ လွတ်မြောက်အောင် အပြင်းအထန် ကြိုးစားခဲ့ရတာ။ အဲဒီတရားမဝင် သားနှစ်ယောက်အတွက်နဲ့ ကျွန်မကို ဘယ်လိုတောင် သတ်ဖို့ကြံရဲတာလဲ။ ခဏနေဦး ဒီသခင်မက အဲဒီမိစ္ဆာနှစ်ကောင်ကို တောင်ပေါ်ကနေ ပစ်ချပစ်ပြီး ခွေးကျွေးပစ်မယ်”
ထိုစကားသံ ထွက်လာသည်နှင့် မော့မြောလုဆဲဆဲဖြစ်နေတဲ့ ကျောက်ချန်းဝမ်က လျင်မြန်စွာ ပြောလာခဲ့သည်။
“မလုပ်နဲ့။ သူတို့ကို မထိဖို့ မင်းသမီးကို တောင်းဆိုပါရစေ။ ကျုပ်ကသာ အမှားလုပ်ခဲ့တဲ့သူပါ။ ပြီးတော့ ကျုပ်ကပဲ သူတို့ကို ရိုက်နှက်ပြီး ဆန္ဒအလျောက် ရှိခဲ့တာ။ ဒါပေမဲ့ သူတို့တွေက ငယ်ရွယ်ပြီး အပြစ်ကင်းပါတယ်။ မင်းသမီးကပဲ သနားညှာတာပေးပါ”
ထိုစကားတွေထွက်လာသည်နှင့် ယွီဝိန်းလန်က ပြောလာသည်။
“အစ်မတော် အရင်ဆုံး စိတ်ငြိမ်ငြိမ်ထားပါ။ သူ အမှားလုပ်ခဲ့ရင် သူ့နဲ့ပဲရှင်းပါ အပြစ်ကင်းတဲ့ ကလေးတွေကို မပါဝင်ခိုင်းပါနဲ့”
သူ ပြောလိုက်ကာ ကျောက်ချန်းဝမ်ကို အပြစ်ဖော်ဆုံးမလာသည်။
“အဲဒီယောက်ျားလေးနှစ်ယောက်ကပဲ ကိုယ့်ရဲ့ကိုယ်ပိုင် သွေးသားလို့ ထင်နေတာလား။ ဒါပေမဲ့ လန်ယွင်ကိုရော တွေးမိရဲ့လား။ ဒီကိုယ်လုပ်တော် ဘိုးဘေးတွေကို အမှတ်ရပြီး သူ့ရဲ့ကလန်ဆီကို ပြန်သွားဖို့အတွက်နဲ့ လန်ယွင်ကို သူ့အမေကို ဆုံးရှုံးရအောင်လုပ်ဖို့အထိ နှလုံးသား ရှိတယ်ပေါ့လေ”
လန်ယွက်က ထိုစုံတွဲရဲ့တစ်ဦးတည်းသော သမီးတော် ဖြစ်သည်။ ဒီနှစ်ဆိုလျှင် သူမက အသက်ငါးနှစ်ရှိပြီဖြစ်ပြီး နှောင်းဧကရာဇ်ရဲအချစ်ခံရသူဖြစ်ပြီး သူမ မွေးလာပြီးပြီးချင်မှာပင် ယိအန်းကောင်တီရဲ့အကြီးအကဲအဖြစ် သတ်မှတ်ခြင်း ခံရသူဖြစ်သည်။
ထိုစကားတွေ ထွက်လာသည်နှင့် အကြီးဆုံးမင်းသမီးကြီးက ရှေ့သို့သွားကာ ကျောက်ချန်းဝမ်ကို ထပ်မံကန်မိချင်သည်။
သို့သော် ဘုရင်မင်းမြတ်က သူမကို အပြစ်ဖော်ဆုံးမလာပြန်သည်။
“အစ်မတော်လည်း ဒီကိစ္စမှာ ကိုယ့်ဘာသာ ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။ အစ်မတော်က များသောအားဖြင့် တစ်ခြားသူတွေအပေါ်မှာ ကြမ်းတမ်းခက်ထန်ပြီး အထင်သေးတတ်တယ်။ ဒါပေမဲ့ ဒီလူကိုကျ ဘာလို့အရမ်းကို နက်နက်ရှိုင်းရှိုင်း ယုံကြည်နေရတာလဲ။ ပိုဆိုးတာက ဥပဒေကို သံသယရှိရှိနဲ့ ဆန့်ကျင်နေတယ်ဆိုတာ ရှင်းနေတာပဲလေ။ ဒါပေမဲ့ တစ်ယောက်ယောက်ကို စုံစမ်းဖို့ စေလွှတ်တာကို တားဆီးဖို့ ကြိုးစားနေသေးတယ်”
ယွီဝိန်းယန်က ချောင်းသီးသွားကာ ပြောလာသည်။
“အစ်မတော်မှာ အပြစ်ရှိပါတယ်”
ယွီဝိန်းလန်က တည်ကြည်လေးနက်စွာ ထပ်ကြည့်လိုက်ပြီး ပြောလာသည်။
“ဒီကိစ္စနဲ့ပက်သက်ပြီး ဥပဒေအရ ကိုယ်တော်ပဲ ကိုင်တွယ်လိုက်မယ်။ ပြီးတော့ အဲ့တာမတိုင်ခင် အစ်မတော်က ဝင်ရောက် ဖျန်ဖြေတာမျိုး လုပ်လို့မရဘူး”
ယွီဝိန်းယန်က ရွေးချယ်စရာ မရှိတော့ဘဲ သဘောတူလိုက်ရသည်။
~~~
++++++