အခန်း (၈၅-၈၇)
Vol. 6 Ch. 85-87
85 01
အပိုင်း 85
ဒုတိယမြောက်နေ့မှာတော့ အကြီးဆုံးမင်းသမီးကြီးက နန်းတော်ထဲမှာ ဒေါသဖြစ်စွာနဲ့ ကြင်ယာတော်ဖြစ်သူကို ခုတ်ပိုင်းလိုက်တယ်ဆိုတဲ့ သတင်းက အစိုးရနဲ့လူထုအနှံ့ ပျံ့နှံ့သွားပေသည်။
လူတိုင်းဟာ ကြင်ယာတော်ဖြစ်သူ ကျောက်ချန်းဝမ်က မိန်းမငယ်လေးတွေ အများကြီးကို ထောက်ပံ့ထားပြီး ယန်ဇီမြစ်ရဲ့တောင်ပိုင်းမှာ ဘုရင်မင်းမြတ်နှင့် ယှဉ်ပြိုင်ရန် စံအိမ်တစ်ခုကိုတောင် မူကြမ်း ဖော်ထားသေးသည်။ ထို့ကြောင့် အကြီးဆုံးမင်းသမီးကြီးက သူမရဲ့ဓားကိုဆွဲကာ ဒေါသတကြီးနဲ့ ထိုသူ့ရဲ့အသက်သွေးကြောကို ဖြတ်တောက်လိုက်တော့သည်….။
အချိန်တစ်ခုထိကြာအောင် ကမ္ဘာတစ်ခုလုံးက အုတ်အော်သောင်းနင်း ဖြစ်သွားသည်။
သို့သော် တစ်ချိန်တည်းမှာပဲ ဒါက လူတိုင်းအတွက် ယခင်မှန်းဆချက်ကို ပိုပိုပြီး သေချာလာစေခဲ့သည်
သခင်ငယ်လေးရှောင်ယောင်ရေးတဲ့ “မျက်နှာနှစ်ဖက်နဲ့ ပါရမီရှိတဲ့လူ” ဆိုတဲ့ ပုံပြင်စာအုပ်အသစ်က တကယ်တော့ ကြင်ယာတော်ဖြစ်သူ ကျောက်ချန်းဝမ်ကို ရေးထားတာပင်။
ကျစ် ကျစ် ကျစ် ကျစ် အတိတ်က ထန်ဟွားလန်က ဘယ်လောက်တောင် လှပခဲ့လဲဆိုတာကို တွေးကြည့်လိုက်ချိန်မှာတော့ နှောင်းဧကရာဇ် ရွေးချယ်ခဲ့တဲ့ သားမက်တော်ဖြစ်သူက တကယ်ကို ချစ်တတ်တဲ့ မကောင်းတဲ့ အကောင် ဖြစ်နေတာပဲ။
တကယ်ကို အံ့ဩစရာဖြစ်သည့်အတွက် ဘာပြောရမလဲပင် မသိပေ။
ပြောရမယ် သခင်လေးရှောင်ယောင် နာမည်ပေးတာက တကယ်ကို ကောင်းလွန်းသည်။
“ပါရမီရှိတဲ့ မျက်နှာနှစ်ဖက်နဲ့လူက သူ့ရဲ့ဘဝကိုသေတဲ့အထိ အချိန်ကုန်ဆုံးသွားတယ်” ဒါကတကယ်ကို မျက်နှာနှစ်ဖက်နဲ့ လူပဲ။
သေချာပေါက်ကိုပင် သူဟာ ယခုသေလုနီးပါးပင်….။
ထို့နောက် ချက်ချင်းပဲ ပြစ်မှုရေးရာရုံးတော် သာ့လီဘုရားကျောင်းကနေ ကျောက်ချန်းဝမ်က စာမေးပွဲဖြေဆိုသူတွေကို ထိုအချိန်က ကောကျီကျိန်းရဲ့အရှေ့မှာ ပြဿနာရှာရန် တွန်းအားပေးခဲ့သည်။
သူ့မိသားစုဝင်တွေက မကောင်းတာကို အရင်လုပ်ပြီး နောက်ဆက်တွဲဖြစ်ရပ်တွေကို ရိတ်သိမ်းရတာပင်။ ဆန့်ကျင်ဘက်အနေနဲ့ ကျုံးရိပေါ်ဖုကို အာဃာတထားကာ လီမိသားစုရဲ့သား လီထျန်းရွေ့ကို တော်ဝင်အကယ်ဒမီမှာ ပညာသင်ကြားရန် အရည်အချင်းမပြည့်မှီဟု ကောလဟလတွေ ဖြန့်ပြီး ပြဿနာဖြစ်စေရန် ကြံစည်အားထုတ်ခဲ့သည်။
သတင်းတွေ ထွက်လာသည်နှင့် လူတိုင်းက တစ်ခုပြီးနောက် တစ်ခုကို ပစ်ပစ်ခါခါ ငြင်းပယ်လာသည်။
သူကပင် မကောင်းတာတွေကို အရင်လုပ်ခဲ့သည့်အပြင် တစ်ခြားသူတွေကိုပါ သတ်ချင်နေသေးသည်။ ထိုကဲ့သို့သောသူမျိုးကို ဥပဒေအရ ပြင်းထန်စွာ အပြစ်ပေးသင့်ပေသည်။
ထိုနေ့က ညီလာခံထဲ၌ ဝန်ကြီးတွေရဲ့စိတ်လှုပ်ရှားမှုနဲ့ ရင်ဆိုင်ရင်း ဧကရာဇ်ဟာ ညီလာခံ၌ အမိန့်တစ်ခု ထုတ်ပြန်လာသည်။ ကျောက်ဝမ်ချန်ဟာ ယန်ဇီမြစ်တောင်ပိုင်းမှာနေပြီး လူတွေကို ရောင်းဝယ်မှုပြုတဲ့အပြင် တော်ဝင်အကယ်ဒမီရဲ့ လူသစ်စုဆောင်းတာကိုပါ ပိတ်ပင်ထားဆီးတဲ့အတွက် ကြင်ယာတော်ဆိုတဲ့ရာထူးကို လျှော့ချကာ ထောင်သွင်းအကျဉ်းချရပေမည်။ ထိုဘနောက် ဆောင်းဦးမှာတော့ ကွပ်မျက်ပစ်မည်ဖြစ်သည်။
သူ၏ဖခင် ဝူယန်ဟုန်က သူ့သားကို သင်ပြတဲ့အခါမှာ စည်းကမ်း မတင်းကြပ်ပေ။ ထို့ကြောင့် မြို့စားအဆင့်နေရာကနေ လျှော့ချလိုက်ကာ မိသားတစ်စုလုံးက နယ်စပ်သို့ ပြည်နှင်ဒဏ် ပေးခံလိုက်ရသည်။
ထိုအချက်ကြောင့်ပင် ဖြစ်နိုင်သည်။ ယခင်က ထန်ချွမ်းနန်းတော်မှာ ထိခိုက်ခဲ့တဲ့ ကိုယ်လုပ်တော်နင်က ရုတ်တရက် အပြင်းအထန်ဖျား နာလာပြီး ရက်အနည်းငယ်အတွင်းမှာပင် သေဆုံးသွားတော့သည်။
မျက်လုံးတစ်မှိတ်အတွင်းမှာပင် မင်းမျိုးမင်းနွယ်တစ်ယောက်ရဲ့ စံအိမ်တော်ဟာ လူတိုင်းရဲ့ရှေ့ကနေ ပျောက်ကွယ်သွားတော့သည်။
လူတိုင်းက သက်ပြင်း ချလိုက်ကြသည်။
ဒီလူက ကောင်းချီးပေးခံရတယ်ဆိုရင်တော့ သက်ဆိုင်ရာတန်ဖိုးတော့ ပေးရမှာပင်။
မင်းသမီးက မောင်းမဆောင်ကို ဖွင့်ချင်နေဆဲပင် ဒါဟာ ကျားရဲ့ခေါင်းပေါ်ကနေ ဆံပင်မွှေး နှုတ်ချင်နေတာမလား။
ထိုက်တန်တာပဲ!
~~~
ကိုယ်လုပ်တော်နင် သေဆုံးပြီးနောက်မှာတော့ မောင်းမဆောင်ထဲတွင် လူအရေအတွက် ပိုနည်းသွားပြီဖြစ်သည်။
85 02
သို့သော် ဧကရီမယ်တော်ကြီးကတော့ သူမရဲ့တူမဖြစ်သူ ကိုယ်လုပ်တော်ကျိုးကို မတွေ့ချင်နေဆဲဖြစ်ကာ ဘာပဲဖြစ်ပါစေ သူမကို ဘယ်တော့မှ ထပ်ပြီးမဆင့်ခေါ်တော့ပေ။
ဆန့်ကျင်ဘက်အနေနဲ့ ယန်ရှုအပေါ်ဆက်ဆံမှုက ယခင်ကနှင့်ယှဉ်လျှင် အနည်းငယ် ကွာခြားသွားပေသည်။
ထို့နေ့က သူမဟာ သွေးကြောင့် မူးသွားတာကို တွေ့သည့်အတွက် တစ်စုံတစ်ယောက်ကိုပင် စေလွှတ်ကာ ကန်လုနန်းဆောင်ဆီသို့ အဖိုးတန်ဆေးဖက်ဝင်အချို့ ပို့ပေးခိုင်းလာသည်။
ဒါက ယန်ရှုကို ဝမ်းသာစေသလို ကြောက်ရွံ့စေပေသည်။ ထို့အပြင် ထုံးတမ်းစဉ်လာနဲ့ စည်းမျဉ်းတွေကြောင့် သူမက ချီအန်းနန်းဆောင်သို့ သွားကာ သူမကို ကျေးဇူးထပ်တင်ရပြန်သည်။
မနက်ခင်းမှာတော့ တော်ဝင်သမားတော်ဆောင်ရဲ့ အကြီးအကဲ ကျန်းရှန်ခန်းဟာ ဧကရီမယ်တော်ကြီးကို သွေးခုန်နှုန်းတိုင်းပေးဖို့ တောင်းဆိုလာသည်။
ထို့ကြောင့် ယန်ရှုဟာ ခန်းမထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ ထိုလူကို တစ်ချက်တည်းနှင့် မြင်လိုက်ရပေသည်။
သူမက တည်ငြိမ်နေဆဲဖြစ်ကာ ဧကရီမယ်တော်ကြီးကို အရင်ဦးစွာ အရိုအသေ ပေးလိုက်သည်။
“ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဧကရီမယ်တော်ကြီး ဒီကိုယ်လုပ်တော်က သက်သာသွားပါပြီ။ ကျေးဇူးပြုပြီး ဧကရီမယ်တော်ကြီး စိတ်ချထားလို့ရပါပြီ”
ဧကရီမယ်တော်ကြီးက မေးလာသည်။
“သွေးကြောင့် မူးလဲတာကို ကြားဖူးတဲ့ ပထမဆုံးအကြိမ်ပဲ။ မင်းအတွက်လည်း မလွယ်ကူလောက်ဘူး”
ထို့နောက် သူမက ကျန်းရှန်ခန်းကို မေးလာသည်။
“ဒီရောဂါက ကုသလို့ ရနိုင်မလားဆိုတာတော့ အိုက်ကျား မသိဘူး”
ကျန်းရှန်ခန်းက ဦးညွှတ်လိုက်ကာ ပြောလာသည်။
“လျှောက်တင်ပါတယ်။ သွေးကြောင့် မူးတယ်ဆိုတာက နှလုံးရောဂါတစ်မျိုး ဖြစ်ပြီး ဆေးပညာနဲ့ ကုသလို့ မရပါဘူး”
ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ကာ ယန်ရှုကို သက်ပြင်းချလာသည်။
“စိတ်မကောင်းစရာပဲ။ အနာဂတ်ကျရင် သွေးထွက်သံယိုတွေ အများကြီး မကြည့်မိစေနဲ့ပေါ့”
ယန်ရှုက နာခံလိုက်သည်။
သို့သော် ဧကရီမယ်တော်ကြီးက ထပ်ပြောလာသည်။
“စကားမစပ် အိုက်ကျား ကြားတာက မင်းမှာ မက်မွန်ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ရောဂါလည်း ရှိသေးတယ်ဆို။ ဒီနှစ် မက်မွန်ပန်းတွေမပွင့်ခင်မှာ အရှင်မင်းကြီးက တစ်ယောက်ယောက်ကို နန်းတော်ထဲက မက်မွန်ပင်တွေအားလုံးကို တစ်ခြားအပင်တွေနဲ့ လဲလှယ်ခိုင်းထားတယ်”
ယန်ရှုက အလျင်အမြန် ပြောလိုက်သည်။
“အရှင်မင်းကြီးရဲ့ချစ်မေတ္တာက ဒီကိုယ်လုပ်တော်ကို ရှက်ရွံ့မိစေပါတယ်။ ဒီကိုယ်လုပ်တော် ငယ်စဉ်ကတည်းက မက်မွန်ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တာက အမှန်ပါ”
ဧကရီမယ်တော်ကြီးက ထပ်ပြောလာသည်။
“တော်ဝင်သမားတော်ကျန်းနဲ့ ဘာလို့ပြမကြည့်တာလဲ။ ကြည့်ပြီးတော့ မင်း တစ်ခုခု လုပ်နိုင်ဦးမလားဆိုတာ ကြည့်ရတာပေါ့”
ယန်ရှုက ရပ်တန့်သွားရသည်။
ကျန်းရှန်ခန်းကို သူမရဲ့သွေးခုန်နှုန်းတိုင်းဖို့ မေးရမယ် ဟုတ်လား။
တော်သားပဲ။ ဒီနေရာမှာ ကြုံရာကျပန်း သမားတော်တစ်ယောက် ရှိနေတာပဲ။
သူမက သတိရှိသည့်အတွက် အလျင်အမြန်ပဲ ပြောလိုက်သည်။
“ဧကရီမယ်တော်ကြီးကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီကိုယ်လုပ်တော်ရဲ့ ဓာတ်မတည့်မှုက ပိုကောင်းမလာနိုင်ပါဘူး။ အဲ့တာကြောင့် သမားတော်ကျန်းကို ဒုက္ခပေးစရာ မလိုပါဘူး”
ထိုစကားတွေ ထွက်လာသည်နှင့် ကျန်းရှန်ခန်းက အံ့အားသင့်စွာနဲ့ အလျင်အမြန် ပြောလာသည်။
85 03
“ကျွန်တော်မျိုး သိသလောက်ဆို မက်မွန်ပန်းနဲ့ ဓာတ်မတည့်တာက နာတာရှည်ရောဂါပါ။ ပြီးတော့ အလွယ်လေးနဲ့ ကောင်းမလာနိုင်ပါဘူး။ ဒါပေမဲ့ ကိုယ်လုပ်တော်ယိ ဘယ်လိုလုပ် ပြန်ကောင်းလာလဲ မသိပါဘူး”
ယန်ရှုက သူမရဲ့မျက်လုံးကို တိတ်တဆိတ် လှိမ့်လိုက်သည်။
ကျန်းရှန်ခန်းက အကျင့်မကောင်းဘူးဆိုတာကို သူမ သိသားပဲ။
ထို့ကြောင့် သူမရဲ့ရောဂါကသာ တစ်ခြားတော်ဝင်သမားတော် တစ်ယောက်ကသာ ကုသပေးမှန်း သိသွားရင် တစ်ခြားသူတွေကို မနာလိုပြီး လိုက်နှိပ်စက် ညှင်းပန်းဦးမှာလား။
ထို့နောက် သူမက လိမ်လိုက်သည်။
“တကယ်တော့ ကျွန်မရဲ့သွေးရင်းမိသားစုက သူတို့ရဲ့ဇာတိကနေ ဆေးညွှန်း ယူလာပေးခဲ့တာပါ။ သူတို့ပြောတာတော့ သမားတော်ယောင် တစ်ယောက်ဆီကနေ ရလာတာလို့ ပြောပါတယ် စမ်းကြည့်ပြီးတဲ့နောက်မှာတော့ တကယ်ကိုပဲ ပိုကောင်းလာပါတယ်”
ထိုအရာကို ကြားလိုက်ပြီးနောက် ဧကရီမယ်တော်ကြီးက အံ့အားသင့်သွားကာ
“ဒီလိုအစွမ်းထက် ဆေးမျိုးလဲ ရှိသေးတာလား”
ကျန်းရှန်ခန်းက အပြုံးတစ်ပွင့်နှင့် ပြောလာသည်။
“လူထုကြားမှာ ပုန်းကွယ်နေတဲ့ ဝပ်နေတဲ့ကျားနဲ့ နဂါးတွေက တကယ်ကို လျှော့တွက်လို့ မရဘူးဘဲ”
******
86 01
အပိုင်း 86
သူ့မှာနှိမ့်ချတတ်တဲ့ ရုပ်သွင်ရှိပြီး သူ့ကိုကြည့်ရုံနှင့် သူဟာ ဆရာကို ကျေးဇူးမသိတတ်ဘဲ ဆရာ့ကို သေဆုံးသည်အထိ ဒေါသထွက်စေခဲ့သည်။
မမျှော်လင့်ထားစွာနဲ့ ထိုအချိန်မှာပဲ ယန်ရှုက စစ်စတန် ပြောလာသည်ကို နားထောင်လိုက်သည်။
[ကောင်းတယ်! သမားတော်ကျန်းက နင့်ကို မျက်နှာသာ ပေးလိုက်ပြီ]
အာ…
ယန်ရှုက အတော်လေး နားမလည်ပေ။
[ဘာကို ဆိုလိုတာလဲ။ ကျန်းရှန်ခန်းက တကယ်ပဲ တစ်ခြားသူကို မနာလိုတာကြောင့်နဲ့ ဒုက္ခပေးတတ်တာလား]
စစ်စတန် [မနာလိုတာကြောင့် မဟုတ်ဘူး။ ကျန်းနျန်ချီနဲ့ ကျန်းရှန်ခန်းက အစကတည်းက ရန်သူတွေ]
(ကျန်းရှန်ခန်းရဲ့ကျန်းကကျ Zhangပါ။ ကျန်းနျန်ချီကတော့ Jian ပါ မျိုးရိုး မတူပါဘူးနော်)
ရန်သူတွေလား၊
ယန်ရှုကပိုပြီးတော့တောင် ရှုပ်ထွေးသွားသည်။
[ဒါကို ဘယ်လိုပြောရမလဲ]
စစ်စတန် [ကျန်းရှန်ခန်းက ကျန်းနျန်ချီရဲ့ဖခင်နဲ့ပတ်သက်ပြီး မကျေနပ်ချက်ရှိတယ်။ ဒါကသူ့အဖေကို သတ်တဲ့အတွက် လက်စားချေတာပဲ!]
ဘာ…
ယန်ရှုက တွန့်ဆုတ်သွားကာ
[ကျန်းနျန်ချီရဲ့အဖေက ကျန်းရှန်ခန်းရဲ့ဆရာတဲ့လား။ နင်ဆိုလိုတာက အဲ့ဥာဏ်ကြီးရှင်သမားတော် ရွှမ်းကျီလား]
စစ်စတန် [အမှန်ပဲ ရွှမ်းကျီက သူ့သား။ပဲ ပြီးတော့ အတုလို ဟန်ဆောင်ထားတာ။ သူ့နာမည်အစစ်က ရွှမ်းလန် ကျန်းကတော့ သူ့အမေရဲ့ မျိုးရိုးနာမည်ပဲ]
ယန်ရှုက ရုတ်တရက်ပဲ…နာ့ကျီဆိုတဲ့စာလုံးကနေ အစက်လေးသုံးစက် ထုတ်လိုက်ရုံနဲ့တင် မှန်သွားပြီမဟုတ်လား။
ဆိုတော့ ဒီလူကို “နျန်ချီ”လို့ခေါ်ပြီး ဒါကလည်း သူ့အဖေအတွက် အထိမ်းအမှတ်နာမည်ပဲ။
[ဒါပေမဲ့ သူက တော်ဝင်သမားတော်ဆောင်မှာ ရှိမှာမဟုတ်ဘူးလား။ ကျန်းရှန်ခန်းကရော ရှာမတွေ့လောက်ဘူးလား]
စစ်စတန် [ဟေး ကျန်းရှန်ခန်းက အကြီးအကဲလေ။ သူ့မှာက ဂရုစိုက်စရာတွေ အများကြီးရှိတယ်။ ပြီးတော့ ရွှမ်းလန်ကလည်း ဆေးဖက်အရာရှိသာသာပဲလေ။ အဲ့တော့ ဒီနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ခဲတယ်။ ပိုဆိုးတာက အဲ့တုန်းက သူ့အဖေသေသွားပြီးနောက်ပိုင်း ရွှမ်းလန်က လက်စားချေဖို့ စီစဉ်တော့တယ်။ သူ့ကိုယ်သူ နှစ်ပေါင်းများစွာ ကြာအောင် မျက်နှာကို ခွဲစိတ်ပြုပြင်ပြီးနောက်မှာတော့ သူက အရင်ကသူ့ပုံစံအတိုင်း ထပ်မဟုတ်တော့ဘူးလေ]
အရိုးပြုပြင်ခွဲစိတ်ခြင်း။
ယန်ရှုက ထိတ်လန့်သွားပြီး
[ဒီလိုစွမ်းအားပြင်းတဲ့ဆေးပညာစွမ်းရည်မျိုး ရှိသေးတာလား]
စစ်စတန်က ပြောလာသည်။
[ဘာပဲဖြစ်ဖြစ် သူကဥာဏ်ကြီးရှင်ဆရာဝန်ရဲ့သားလေ။ သေချာပေါက်ပဲ သူကအရမ်းကို လေးနက်တာပေါ့]
ယန်ရှုက အတော်လေး တော်တဲ့ဘူပဲဟု ပြောလာပြီး ဒီစွမ်းရည်ကိုသာ သင်ယူနိုင်မယ်ဆိုရင် ပိုက်ဆံတွေ အများကြီး ရှာနိုင်လိမ့်မယ်]
စျေးကွက်အလားအလာက အရမ်းကို ကျယ်ပြန့်တယ်။
ကျန်းဝူက သူ့ကိုယ်သူ သက်ပြင်း ချလိုက်ပေမဲ့ ဧကရီမယ်တော်ကြီးကို ပြောလာသည်ကို တွေ့လိုက်ရသည်။
“အိုက်ကျားရဲ့အိမ်မှာလည်း ဘာမှလုပ်စရာမရှိပါဘူး။ အကုန်လုံး ပြန်သွားကြတော့”
ယန်ရှုက နာခံလိုက်ကာ ချီအန်းနန်းဆောင်ကနေ ထွက်လာခဲ့သည်။
သို့သော်လည်း သူမကန်လုနန်းဆောင်ကို ပြန်ရောက်လာချိန်မှာတော့ သူမရဲ့စိတ်က အခုလေးတင်က ကိစ္စအပေါ်မှာပဲ ရှိနေသေးသည်။
ကျန်းနျန်ချီက ဥာဏ်ကြီးရှင်ဆရာဝန်ရဲ့သားဆိုမှတော့ သူ့ရဲ့ဆေးပညာစွမ်းရည်ကတော့ ထိပ်တန်းပဲ….။
သူမက စစ်စတန်ကို လျင်မြန်စွာ ခေါ်လိုက်သည်
[ကျန်းနျန်ချီက မျိုးမအောင်တာကို ကုသနိုင်တယ် မဟုတ်လား။ ဧကရာဇ်ကို ကုသနိုင်လောက်လား]
စစ်စတန် [အဲ့တာတော့ ငါလည်း မသိဘူး ဒီစစ်စတန်က ဖရဲသီးလွှင့်ပေးဖို့ပဲ။ တာဝန်ရှိတာ ပြီးတော့ ဖြစ်ခဲ့ပြီးသား ဖရဲသီးတွေပဲ မဖြစ်သေးတဲ့အရာတွေကိုတော့ မခန့်မှန်းနိုင်ဘူး]
ယန်ရှု “….”
စစ်စတန်က သူမကို အာမခံချက်တစ်ခု မပေးနိုင်ပေမဲ့ သူမကတော့ ဖြစ်နိုင်တယ်လို့ ခံစားနေရပေသည်။ အဆုံးမှာတော့ ထိုဥာဏ်ကြီးရှင်ဆရာဝန် ရွှမ်းကျီဆိုတာက မျိုးမအောင်တဲ့နေရာကုသမှုမှာ ကျွမ်းကျင်သူတစ်ယောက်ပဲလေ။
ထို့ကြောင့် ကျန်းနျန်ချီဟာလည်း လုပ်နိုင်လောက်သည်။
မမျှော်လင့်ထားစွာနဲ့ စစ်စတန်က ထပ်မံနှောက်ယှက် လာပြန်သည်။
[အခုမေးခွန်းက—သူက ဧကရာဇ်ကို ဘယ်လိုစစ်ဆေး နိုင်မှာတဲ့လဲ]
ယန်ရှု “….”
ဒါလည်းဟုတ်တာပဲ ကျစ်…
86 02
ဧကရာဇ်ဟာ သူ့ရဲ့လျှို့ဝှက်ချက်ကို တင်းတင်းကြပ်ကြပ် စောင့်ရှောက်နေပြီး နန်းတော်ထဲက တော်ဝင်သမားတော်ကိုတောင်မှ သူ့ကို ကြည့်ခွင့်မပေးဘူးလေ။ ကျန်းနျန်ချီလို တော်ဝင်သမားတော်ငယ်လေး တစ်ယောက်ကို သူ့ကိုကြည့်ဖို့ ဘယ်လိုလုပ် မေးနိုင်မှာတဲ့လဲ။
ပြီးတော့ အရေးအကြီးဆုံးကတော့ သူမက ဧကရာဇ်ကို သမားတော်ကျန်းက မှော်ဆန်တဲ့သမားတော်ရဲ့ ဆက်ခံသူဆိုတာကို ဘယ်လိုပေးသိပြီး သူ့ရဲ့ဖျားနာမှုကို ကုသခိုင်းရမှာလဲ။
ပုံပြင်စာအုပ်ရေးလိုက်။
ဒါကသာ သွားစရာတစ်ခုတည်းသောလမ်းပင် ပြဿနာတစ်ခုပဲရှိသည်။
တော်ဝင်သမားတော်ကျန်းကသာ ဧကရာဇ်ကို မကုသပေးနိုင်ရင်ရော…
ဧကရာဇ်က သူ့ကိုနှုတ်ပိတ်ဖို့အတွက် သတ်ပစ်လောက်လား။
အဲ့လိုသာဆို သူမက ဥာဏ်ကြီးရှင်သမားတော်ကို သွယ်ဝိုက်ပြီး သတ်လိုက်မိမှာမလား။
….
~~~~
ကန်လုနန်းဆောင်တွင် ယန်ရှုက ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို တွေးတောနေချိန်မှာပဲ ယွီဝိန်းလန်က မည်သည်ကိုမှ မသိစွာနဲ့ တော်ဝင်စာကြည်ဆောင်ထဲမှာ ဝန်ကြီးတွေရဲ့တင်ပို့ချက်ကို နားထောင်နေပေသည်။
ကောကျစ်ကျန်းက လူသစ်ဒုတိယအသုတ်က စာသင်ဆောင်ကို ဝင်ရောက်လာချိန်မှာတော့ တတိယအသုတ်ဝင်ခွင့် ဖြေဆိုရန် ပြင်ဆင်ရမည့်အချိန်ပင် ဖြစ်သည်။
ယနေ့မှာတော့ ကောကျစ်ကျန်းက ယန်ကျန်းဖင်း ဟန်လင်းပညာရှိ ကျိုးမိုကျုံးနဲ့ သူ့ဆီကို တတိယအသုတ်လူသစ်စုဆောင်းဖို့ လာရောက်သတင်းပို့တဲ့သူတွေကို ဝိုင်ကမ်းလိုက်သည်။
တင်ပြချက်ကို နားထောင်အပြီးမှာတော့ သူက ခေါင်းညိတ်လိုက်ကာ ပြောလာသည်။
“ဒီတစ်ခေါက်မှာ ငါတို့တွေ ပြိုင်ပွဲဝင်သူတွေရဲ့ အရည်အချင်းကို တင်းတင်းကြပ်ကြပ် စစ်ဆေးရမယ်။ အရင်တစ်ခါကဖြစ်ခဲ့သလိုမျိုး ဘယ်တော့မှ မဖြစ်စေရဘူး”
လူများစွာက အလျင်အမြန်နဲ့ တစ်ညီတစ်ညွတ်တည်း ဖြေဆိုလာသည်။
အရေးကြီးကိစ္စရဲ့ သတင်းပို့ချက်က ပြီးဆုံးသွားပြီဆိုတာကို မြင်တဲ့အခါမှာတော့ လူတိုင်းက တော်ဝင်စာကြည့်ဆောင်ကနေ ထွက်ခွာသွားကြပေမဲ့ ကျိုးမိုကျုံးက တစ်ခဏခန့် နေနေခဲ့သေးသည်။
အခန်းထဲ ဘယ်သူမှမရှိချိန်မှာတော့ သူက မေးလာသည်။
“အရှင်မင်းကြီး သခင်လေးရှောင်ယောင်မှာ အခုတလော စာအုပ်အသစ်များ ရှိသေးလားမသိဘူး။ အရင်တစ်ခေါက်က “မျက်နှာနှစ်ဖက်နဲ့ပါရမီရှိတဲ့လူ”ဆိုတဲ့ နောက်ဆုံးစာအုပ်ပြီးကတည်းက စာအုပ်ရောင်းသမားတွေက အဲ့တာကို ရိုက်နှိပ်နေကြတယ်”
ယွီဝိန်းလန်က မျက်မှောင် ကြုတ်လိုက်သည်။
“သူတို့မှာ ထုတ်ဝေဖို့ တစ်ခြားစာအုပ် မရှိတော့ဘူးလား”
အလျင်စလို တိုက်တွန်းနေတာကနေ လူတွေကို ရက်နည်းနည်းလောက် နားဖို့ ပြောလို့မရဘူးလား။
သို့သော် ကျိုးမိုကျန်း ပြောလာသည်ကို ကြားလိုက်ရသည်။
“တကယ်ကို တစ်ခြားစာအုပ်တွေ ရှိပါသေးတယ်။ ပြီးတော့ အခုတလော လူတစ်ချို့က သခင်လေးရှောင်ယောင်ရဲ့ စာရေးပုံကို သိသိသာသာကို အတုခိုးလာပါတယ်။ ဒါပေမဲ့ ကွာခြားချက်ကတော့ ကြီးမားတဲ့အတွက် လူတွေက မဝယ်ယူကြပါဘူး”
ယွီဝိန်းလန်က မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။
အမှန်ပဲ ယန်ရှုရဲ့စာလုံးတွေက စစ်မှန်တဲ့ စံပုံစံရှိသည့်အပြင် သူတို့အားလုံးက ထိတိလန့်သထက် ထိတ်လန့်လာတော့သည်။
သူက ပြောလိုက်သည်။
“နောက်ကျ မေးကြည့်လိုက်မယ်”
ကျိုးမိုကျုံးက နာခံလိုက်ကာ ထွက်သွားလိုက်သည်။
ယွီဝိန်းလန်က တော်ဝင်စာကြည့်ဆောင်မှာ တစ်ခဏခန့် အလုပ်ရှုပ်နေပြီး ညစာစားပြီးနောက်မှာ ထလိုက်ကာ ထွက်သွားတော့သည်။
~~~
ဆည်းဆာဝင်နေပြီဖြစ်ပြီး အလင်းရောင်တွေကိုလည်း ထွန်းညှိနေပြီဖြစ်သည်။
ဘုရင်မင်းမြတ်က ကန်လုနန်းဆောင်ကို ရောက်လာချိန်မှာတော့ နန်းတော်အစေခံတွေက ပန်းကန်တွေကို သယ်ထုတ်နေကြသည်။
ယွီဝိန်းလန်က တစ်ချက်ကြည့်လိုက်ပြီး စားစရာတွေ အများကြီး ကျန်နေတာကို တွေ့လိုက်ရသည့်အတွက် နည်းနည်း ထူးဆန်းသွားရသည်။
ထို့ကြောင့် သူကယန်ရှုကို မေးလိုက်သည်။
“ဒီနေ့ရဲ့စားသောက်ချင်စိတ်က သိပ်မကောင်းဘူးလား”
သို့သော် သူမကပြုံးလိုက်ပြီး ပြောလာသည်။
“ဒီကိုယ်လုပ်တော်က နေ့လည်မှာ အတော်လေးစားခဲ့လို့ အဲ့တာကြောင့် ညကျ သိပ်မစားချင်တော့လို့ပါ”
သို့သော်လည်း သူ့နှလုံးသားထဲမှာ သက်ပြင်းချလာပြီး ပြောလာသည်။
[ဧကရာဇ် ဧကရာဇ်… ရှင်က ဥာဏ်ပညာရှိတဲ့ ဘုရင်တစ်ပါးပါ။ ဒါပေမဲ့ အပြစ်မရှိတဲ့လူတွေကိုတော့ လက်လွတ်စပယ် မသတ်ရဘူးနော်!]
ယွီဝိန်းလန် “…”
အပြစ်မရှိတဲ့လူတွေကို လက်လွတ်စပယ်သတ်လို့ မရဘူး။
ဒါကဘာကိုဆိုလိုတာလဲ။
ဒီနေ့ သူ မသိတာ တစ်ခုခုများ ဖြစ်သွားသေးတာလား။
သူက နွေးထွေးနေတဲ့ ညောင်စောင်းပေါ်ကို တည်ငြိမ်စွာ ထိုင်ချလိုက်ပြီး မေးလာသည်။
“ဒီနေ့ဘာလုပ်ခဲ့သေးလဲ”
ထို့နောက် သူမ ပြောလာတာကို ကြားလိုက်ရသည်။
“ဒီကိုယ်လုပ်တော် ဘာမှမလုပ်ခဲ့ပါဘူး။ စားလိုက်အိပ်လိုက် လုပ်နေရုံပါ။ ပြီးတော့ စာအုပ်အသစ်ရေးဖို့ စီစဉ်နေပါတယ်”
ယွီဝိန်းလန်က စိတ်ထဲက ညည်းညူလိုက်ကာ ထပ်ပြောလာသည်။
“ဒီတစ်ခေါက်ရော ဘာပုံပြင်လဲ”
စကား ပြောပြီးနောက်မှာ သူမနှလုံးသားထဲက တွေးဆနေသည်ကို ကြားလိုက်ရသည်။
[သူ့ကို ပြချင်လား။ တစ်ယောက်ယောက်က အသတ်ခံလိုက်ရရင်ရော]
[ဒါပေမဲ့ ကုသနိုင်ရင်ရော သူ့ကို နှောင့်နှေးရာ ကျမသွားဘူးလား]
ယွီဝိန်းလန် “…”
လူသတ်တယ်။ သူ့ကို နှောင့်နှေးစေမယ်လား။
ဒါကဘာကို ဆိုလိုတာလဲ။
သို့သော် ထိုအချိန်မှာပဲ သူမနှလုံးသားထဲက ပြောလာသံကို ကြားလိုက်ရသည်။
[အမေရေ တစ်ခါလောက်ပဲ လုပ်လိုက်စမ်းပါ! အလုပ်ဖြစ်သွားရင် လူတိုင်းက ပျော်ရွှင်ရလိမ့်မယ်။ ကျရှုံးသွားရင်တော့ သူသာ တစ်ယောက်ယောက်ကို သတ်ချင်တယ်ဆိုရင် သူ့ကို ရပ်တန့်ဖို့ကြိုးစားရမယ်။ ဘာပဲဖြစ်ဖြစ် သူ့ကိုကြည့်ရတာ ယုံကြည်စိတ်ချရပုံပေါ်တဲ့ ဧကရာဇ်ဖြစ်နေပြီး ကယ်တင်ခံရသင့်တယ်]
ယွီဝိန်းလန် “…”
စိတ်ချယုံကြည်ရတယ်လား။
သူ့ကို ချီးမြှောက်ဖို့ ဆိုလိုတာလား။
ထိုအကြောင်းကို တွေးလိုက်ကာ ယန်ရှုက ပြောလာသည်။
“တကယ်တော့ ဒီကိုယ်လုပ်တော်က ဒီပုံပြင်ကိုစရေးဖို့ စိတ်ကူးရှိရုံပါ။ အရှင်မင်းကြီး ကြားချင်ရဲ့လားဆိုတာကို ကျွန်တော်မျိုးမ သိချင်ပါတယ်”
ယွီဝိန်းလန်ကလည်း စားသောက်ချင်စိတ် အပြည့်ရှိနေကာ သူက သဘာဝကျကျပဲ ခေါင်းညိတ်လိုက်ပြီး ပြောလာသည်။
“မဆိုးပါဘူး။ စကားပြောကြရအောင်လေ”
ယန်ရှုက ပြောလာသည်။
“ဆေးပညာမိသားစုကနေ ဆင်းသက်လာတဲ့ လူငယ်တစ်ယောက်ရှိတယ်။ သူ့ရဲ့အဖေက မရေမတွက်နိုင်တဲ့ အသက်တွေနဲ့ ဒဏ်ရာတွေကို ကုသကယ်တင်ပေးခဲ့တဲ့ နာမည်ကြီးသမားတော် တစ်ယောက်ပဲ။ လူငယ်လေးက ပါရမီရှိပြီး ဥာဏ်ကောင်းပေမဲ့ သူငယ်တုန်းမှာ ဆော့ကစားရတာကို အတော်လေး ကြိုက်တယ်။ ဆန့်ကျင်ဘက်အနေနဲ့ သူ့ဖခင်ရဲ့အလုပ်သင်ဖြစ်သူ စီနီယာအစ်ကိုကြီးက တည်ငြိမ်ကာ ဖြည်းဖြည်းမှန်မှန် ကြိုးစားတဲ့အတွက် ဥာဏ်ကြီးရှင်သမားတော်က ထိုအလုပ်သင်ကို မကြာခဏ ချီးမြှောက်ကာ သူ့သားဖြစ်သူကိုတော့ အပြစ်ဖော် ဆုံးမလေ့ရှိတယ်”
“ဥာဏ်ကြီးရှင်သမားတော်က ကျယ်ပြန့်တဲ့စိတ်ထားရှိကာ အလုပ်သင်ဖြစ်သူကို သူ့သားနဲ့မခြား ဆက်ဆံပေးသည်။ အဲဒီအစား သူဟာ စိတ်အားထက်သန်တဲ့ သူ့ရဲ့အလုပ်သင်ကိုသာ သင်ကြားပေးသည်။ သူ့မှာ တစ်ကိုယ်ကောင်းစိတ်လည်း မရှိပေ။ သူ မျှော်လင့်ခဲ့သည်က သူ့ရဲ့ပညာသင်ချိန် ကုန်ဆုံးပြီးသွားရင် သူဟာလည်း သူကဲ့သို့ပင် သာမန်လူတွေကို ကုသပေးပြီး ကမ္ဘာကြီးကို ထမ်းရွက်ပေးမယ်လို့ မျှော်လင့်ခဲ့သည်။ သို့သော် ထိုသူက လူမှားပြီး တွေ့ခဲ့မယ်လို့ မမျှော်လင့်ခဲ့ပေ။ ထိုအလုပ်သင်က တကယ်တမ်းတော့ အာဏာအတွက် လောဘကြီးပြီး သူ့ရဲ့ဂျူနီယာညီငယ်ရဲ့ပါရမီက သူ့ထက်ပိုသာတဲ့အတွက် အမြဲမနာလို ဖြစ်နေခဲ့ကာ သူ့ဆရာက သူ့ကို အရန်ထားထားသည်ဟု တွေးနေခဲ့တာဖြစ်သည်”
ယွီဝိန်းလန်က ရပ်တန့်သွားသည်။
မှော်ဆန်တဲ့သမားတော်…..
သူက တစ်ယောက်ယောက်ကို တွေးလိုက်မိသည်။
သို့သော် သူမကဆက်ပြောလာသည်။
“အဲ့လူက ဆရာဆီကနေ ပညာသင်ပြီးသွားတဲ့အခါမှာ သူက ချမ်းသာတဲ့မိသားစုဆီကို သမားတော်အဖြစ် ဝင်ရောက်သွားခဲ့သည်။ ဆရာ သင်ပေးလိုက်တဲ့ ပညာသင်စွမ်းရည်တွေနဲ့ သူဟာ မိသားစုခေါင်းဆာင်ဆီကနေ လျင်မြန်စွာပဲ ချီးကျူး ခံလိုက်ရတယ်။ သို့သော်လည်း ထိုဆရာရဲ့ဆေးပညာအဆင့်က သူ့ထက် ပိုမြင့်ပေသည်။ ထို့ကြောင့် ဒီလူက သူ့ဆရာဆီကနေ ခြိမ်းခြောက်ခံရမှာကို ကြောက်တဲ့အတွက် သူ့ရဲ့ကိုယ်ပိုင်အဆင့်ကိုသုံးကာ အဆိပ်နည်းစနစ် တချို့ကို ထုတ်သုံးလိုက်ပြီး သူ့ဆရာရဲ့ဆေးခန်းရှေ့မှာ လူသေအလောင်းကို ချထားလိုက်ကာ တစ်ယောက်ယောက်ကို သေစေတဲ့အထိ ကုသသည်ဟု စွပ်စွဲပြီး ပြဿနာ ဖြစ်စေလိုက်သည်။ ထို့နောက် ထိုဆရာ့ကို မြို့တော်ကနေ ထွက်သွားရအောင် လုပ်ကာ သူ့ရဲ့အနာဂတ် ပြဿနာတွေကို ကာကွယ်လိုက်တယ်”
ဒါကိုကြားလိုက်ချိန်မှာတော့ ယွီဝိန်းလန်က စိတ်ရှုပ်ထွေးလာသည်။
ဟုတ်တယ် တော်ဝင်သမားတော်ဆောင်က ကျန်းရှန်ခန်းဆိုတာကို သူအရင်က တိတ်တဆိတ် ကြားဖူးတယ်။
အဆုံးမှာတော့ သူမက တစ်ခါတုန်းက ကျန်းရှန်ခန်းရဲ့ကျေးဇူးမသိတတ်မှုနဲ့ သူ့ဆရာကို သေအောင်တွန်းပို့ခဲ့ပုံကို သူမ တစ်ခါ ပြောပြခဲ့ဖူးသည်ပင်။
ဒါက သူမရဲ့ဇာတ်သွားကို အရမ်းကို စောင့်မျှော်နေခဲ့မိတဲ့ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
“နောက်တော့ရော ဘာဖြစ်လဲ”
သူမ ပြောလာတာကို ကြားလိုက်ရသည်
“ဥာဏ်ကြီးရှင်ဆရာဝန်က သူ့ဘဝတစ်လျှောက်လုံးမှာ လူတွေကို ကယ်တင်လာပြီး သူ့ရဲ့ဂုဏ်သတင်းက မျက်နှာဖြူဝံပုလွေ အလုပ်သင်ကြောင့် ဘုံးဝကိုဥဿုံ ပျက်စီးသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူဟာ ဒေါသထွက်ပြီးရင်း ထွက်နေခဲ့သည်။သူက တစ်ခဏခန့် မတွေးမိဘဲ သူ့နှလုံးသားထဲမှာ စိတ်ဓာတ် ကျနေခဲ့သည်။ မြို့တော်ကထွက်ပြီး သိပ်မကြာခင်မှာပဲ သူက သွေးအန်ပြီး သေဆုံးသွားတော့သည်”
ထိုစကားတွေ ထွက်လာပြီးပြီးချင်းမှာပဲ ယွီဝိန်းလန်က ထပ်ပြောလာခဲ့သည်။
“ဥာဏ်ကြီးရှင်ရဲ့သားကရော။ သူ့အဖေက ဒေါသထွက်ပြီး သေသွားတာကို မြင်လိုက်ရတော့ သူက ထူးမခြားနား ကျန်နေခဲ့တုန်းပဲလား”
ယန်ရှုက ပြောလာသည်။
“သေချာပေါက် မဟုတ်ဘူးပေါ့။ ဒီပုံပြင်ရဲ့အဓိကဇာတ်ကောင်က အဲ့ဒီလူရွယ်လေ ဘယ်လိုလုပ် မထူးခြားဘဲ နေမှာတဲ့လဲ”
ယွီဝိန်းလန်က ခေါင်းညိတ်ကာ ပြောလာသည်။
“ဒီလူရွယ်က ဘယ်ကိုထွက်သွားတာလဲ။ ဘာလုပ်ခဲ့တာလဲ”
—ထိုအချိန်မှာသူက သူမရဲ့အဖြေကို ဘယ်လောက်ထိ စောင့်မျှော်နေခဲ့တယ်ဆိုတာကို မသိခဲ့ပေ။
ထိုနေ့က သူမဆီက သတင်းကို ကြားလိုက်ရကတည်းက သူဟာ လူတွေကိုရှာဖွေဖို့ လွှတ်ခဲ့ပေမဲ့ နွေဦးရာသီကနေ ဆောင်းဦး ယခုဆို နွေရာသီကို ပင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ သူကတော့ ဘာကိုမှ ရှာမတွေ့ခဲ့ပေ။
မမျှော်လင့်ထားစွာနဲ့ သူမက တကယ်ကြီး သိနေတာပဲ။
ထိုအချိန်မှာပဲ သူက သူမရဲ့ချယ်ရီရောင်နှုတ်ခမ်းတွေကို အနီးကပ် ကြည့်လိုက်ပြီး သူ့အသက်ရှုသံကိုပင် အောင့်ထားမိသည်။
မမျှော်လင့်ထားစွာနဲ့ သူမက ပြောလာခဲ့သည်။
“ဒီကိုယ်လုပ်တော် မပြောခင် အရှင်မင်းကြီးက တစ်ခု အိုး မဟုတ်ဘူး နှစ်ခု သဘောတူပေးရမယ်”
ယွီဝိန်းလန် “…”
“ဘာအခြေအနေလဲ”
သူက မျက်မှောင် ကြုတ်လိုက်ကာ
“အရင်တုန်းက အဲ့လိုပြောခဲ့တာ မဟုတ်ပါဘူး”
ဒီမိန်းကလေးက သူ့ကို တမင်သက်သက် စနေတာများလား။
သို့သော် သူမရဲ့ယုံကြည်ချက်ရှိနေတဲ့ အကြည့်ကို မြင်လိုက်ရကာ သူမက ပြောလာသည်။
“အဲ့တာက ဒီကိုယ်လုပ်တော်က အခုကွာခြားသွားပါပြီ။ စာအုပ်ရောင်းသမားတွေပေးချေတဲ့ ငွေက အခုဆို နှစ်ဆ ဖြစ်သွားပါပြီ။ အရှင်မင်းကြီးက ဒီပုံပြင်ကို ကြားတဲ့ပထမဆုံးသူပါ တစ်ချို့ အာ…..အထူးအခြေအနေတွေ ရှိရမယ်။ အချုပ်ပြောရရင် အရှင်မင်းကြီးက ပိုပြီးပေးသင့်တယ်မလား။ ဘာပဲဖြစ်ဖြစ် မတတ်နိုင်တာလည်း မဟုတ်ဘူးလေ”
ယွီဝိန်းလန် “…”
ဘာ ပေးရမယ်။
သူက သူမရဲ့ခင်ပွန်းလေ….
******
87 01
အပိုင်း 87
ဘာ။
ဆက်နားထောင်ဖို့ဆိုရင် အခြေအနေနှစ်ခုကို သတောတူရမှာတဲ့လား။
သူမ အသိအမြင်တွေများ မှားယွင်းနေတာလား။
ယွီဝိန်းလန်ရဲ့ဝမ်းတွင်းအသိက မယုံနိုင်လောက်အောင် ဖြစ်နေပြီး မေးခွန်းသင်္ကေတအပြည့်နှင့် ဖြစ်နေပေသည်။
သို့သော် တခြားနည်းလမ်းမရှိပေ။ သူမကသာ ဒီကိစ္စအကြောင်းကို သိပေသည်။ ဒါပေမဲ့ သူသည်လည်း အရမ်းစိတ်အား ထက်သန်နေသည့်အတွက် တည်ငြိမ်အောင် မထိုင်နိုင်လုနီးပါးပင်။
ယွီဝိန်းလန်မှာ ရွေးချယ်စရာမရှိဘဲ ပြောလာသည်။
“ဒါဆို မင်းက ကိုယ်တော့်ကို ဘာကို ကတိပေးစေချင်တာလဲ”
ဒီပိုက်ဆံချစ်သူလေးက ပိုက်ဆံ လိုချင်ပြန်ပြီလား။
မမျှော်လင့်ထားစွာနဲ့ ယန်ရှုက ပြုံးလိုက်ပြီး ပြောလာသည်။
“တကယ်တော့ ရိုးရှင်းပါတယ်။ ပထမဆုံးကတော့ ကျေးဇူးပြုပြီး အရှင်မင်းကြီး အခြေအနေက ဘာပဲဖြစ်ပါစေ ကိုယ်လုပ်တော်ရဲ့ခေါင်းကို မဖြတ်ဖို့နဲ့ ကိုယ်လုပ်တော်ရဲ့အသက်ကို ကယ်တင်ပေးပါ”
ယွီဝိန်းလန် “..”
ထိုနည်းအားဖြင့် သူကပိုလို့တောင် ရှုပ်ထွေးလာပြီး မတတ်နိုင်ဘဲ ညည်းလိုက်သည်။
“ဘာလို့ ဒီလိုအခြေအနေတွေ ရှိနေရတာလဲ။ ဘာလို့ကိုယ်တော်က မင်းကို သတ်မယ်လို့ ထင်ရတာလဲ”
ယန်ရှုက တွေးဆလိုက်ပြီး ပြောလာသည်။
“ချန်ကျဲ့က သတိပြုစရာလေးတွေ ပြောရုံပါ။ တစ်နေ့မှာ ချန်ကျဲ့က တစ်ခုခုကြောင့် မင်းကြီးကို ဒေါသထွက်သွားစေမိရင် အရင်ဆုံး သေမှာကို ရှောင်ရှားဖို့ ရွှေတံဆိပ်ရအောင် လုပ်ထားတာက ပိုမကောင်းဘူးလား”
သို့သော် သူမကနှလုံးသားထဲမှာ ပြောလာသည်။
[ကျစ် ရှင်သာ ကျွန်မက ရှင့်ရဲ့လျှို့ဝှက်ချက်ကို သိနေတယ်ဆိုတာကို သိသွားရင် ရှင်က ကျွန်မကိုသတ်မှာ မဟုတ်လား။]
ယွီဝိန်းလန် “…..”
ထိုအခါမှသာ သူက နားလည်တော့သည်။
ပြီးတော့ နည်းနည်းလည်း အပြစ်ရှိနေပေသည်။
အဟွတ် အဟွတ် သူပြော ရမှာတစ်ခုတော့ ရှိသည်ပင်။ သူမက သူ့ရဲ့လျှို့ဝှက်ချက်ကို သိနေတယ်ဆိုတာကို သိလိုက်ရတဲ့ ပထမဆုံးအကြိမ်တုန်းက သူ့မှာ တကယ်ကို လူသတ်ချင်တဲ့အတွေးတွေ ရှိခဲ့သည်။
သို့သော်လည်း သူမက သူလျှိုမဟုတ်သလို မလိုမုန်းထားစိတ်လည်း မရှိဘူးဆိုကတည်းက သူက ထိုအတွေးတွေကို နောက်မှာ ထားထားလိုက်သည်။
သူ့မှာ ဒီလိုချစ်စရာကောင်းတဲ့ မိန်းကလေးမျိုးကို သတ်ပစ်ဖို့ ဘယ်လိုလု ပ်နှလုံးသားရှိမှာတဲ့လဲ။
ဒါပေမဲ့ သူက သူ့ရဲ့အမြင်ကို ချက်ချင်း မဖော်ပြလာတာကို မြင်လိုက်ချိန်မှာ ယန်ရှုက မလွယ်ကူသလို ခံစားလိုက်ရပြီး ဘေးဘက်ကနေ စိတ်ရှုတ်စွာနဲ့ မေးမြန်းလာသည်။
“ဖြစ်နိုင်တာက အရှင်မင်းကြီးက ငြင်းချင်နေတာများလား”
သေစမ်း သူနဲ့ ဒီလောက်အကြာကြီး နေလာပြီးတာတောင် သူမကို သတ်ချင်နေသေးတာလား။
ကံကောင်းစွာနဲ့ ထိုအချိန်မှာပဲ သူက နောက်ဆုံးတော့ ပြောလာသည်။
“သေချာတာပေါ့ ကိုယ်တော် မင်းကို ကတိပေးနိုင်တယ်။ အနာဂတ်မှာ မင်းက ဒီလိုအရာမျိုးကို စိုးရိမ်နေစရာ မလိုဘူး”
87 02
တစ်ခဏခန့် ရပ်နေပြီးနောက် သူက သူမကို အလေးအနက် ထပ်ကြည့်လာပြီး ပြောလာသည်။
“မင်းက တခြားသူတွေနဲ့ ကွဲပြားတယ်။ ကိုယ်တော့်ကို ဘယ်တော့မှ သံသယမဝင်နဲ့”
ထိုအရာကို ကြားချိန်မှာ ယန်ရှုက တွန့်ဆုတ်သွားတော့သည်။
“သူမက ကွဲပြားတယ်”ဆိုတာက ဘာကိုဆိုလိုတာလဲ….
အဲ့တာက သူမက ဇာတ်ညွှန်း ရေးနိုင်တာကို ဆိုလိုတာလား။
ယွီဝိန်းလန် “….”
မင်းက ဘာလို့မကြားနိုင်ရတာလဲ။
သို့သော် သူပင် ဘာမှမပြောနိုင်ခင်မှာပင် သူမနှလုံးသားထဲက ထပ်ပြောလာသံကို ကြားလိုက်ရသည်။
[ဘာပဲဖြစ်ဖြစ် အသက်ကိုတော့ ကယ်ပြီးပြီပဲ!]
ထို့ကြောင့် သူမက ထပ်ပြောလာသည်။
“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီကိုယ်လုပ်တော်အတွက် ဒုတိယအခြေအနေတစ်ခု ရှိပါသေးတယ်]
ယွီဝိန်းလန်က ခပ်တိုးတိုး သဘောတူလိုက်ကာ “နားထောင်ကြည့်ရအောင်”
ဖြစ်နိုင်တာက ပိုက်ဆံပဲ လိုချင်နေပြန်တာ ထင်တယ်။
သို့သော် သူမ ပြောလာသံကို ကြားလိုက်ရသည်
“အရှင်မင်းကြီးကို ဥာဏ်ပညာကြီးမားတဲ့ ဘုရင်တစ်ပါးဖြစ်ဖို့ မျှော်လင့်ပါတယ်။ အပြစ်ကင်းတဲ့လူတွေကို လက်လွတ်စပယ် မသတ်ပါနဲ့။ တချို့သူတွေက သာမန်လူတွေအတွက်တော့ တကယ်ကို အသုံးဝင်ပါသေးတယ်။ တစ်ခဏတာပျော်ရွှင်မှု ဒေါသထွက်မှုကြောင့်နဲ့ သူတို့ကို မသတ်ပါနဲ့”
ယွီဝိန်းလန် “….”
ထိုတစ်ခဏပြီးနောက် သူက နောက်ဆုံးတော့ နားလည်သွားသည်မှာ သူမက ရွှမ်ကျီရဲ့သားကို ပြောနေတာပင်။
သူမက သူဟာ ထိုသူကိုသတ်လိုက်ပြီး နှုတ်ပိတ်မှာကို ကြောက်နေတာပင်။
အရူးလေး မင်းသာ ဒီလူကို ရှာတွေ့တယ်ဆိုရင် သူ့ကို သာမန်လူတစ်ယောက်လို ရုပ်ဖျက်ပြီး သွားပြလို့ရတယ်လေ။ အဆုံးမှာတော့ သူဟာ သမားတော်တစ်ယောက်ကို ထိုကဲ့သို့ သွား၍ပြဖူးသည်ပင်။
ရုပ်ဖျက်လိုက်လျှင် ဘယ်သူကမှ သူဟာ ဧကရာဇ်တစ်ပါး ဖြစ်သည်ဆိုတာကို မသိပေ။ ထို့ကြောင့် အတိတ်မှာတုန်းက သူ့မှာ ဘာမှမရှိဘူးဆိုလျှင်တောင် သူဟာ ထိုအတွက်ကြောင့်နဲ့ မည်သူ့ကိုမျှ မသတ်ခဲ့ဖူးပေ။
ထို့နောက် သူကပြုံးလိုက်ကာ ပြောလာသည်။
“သေချာတာပေါ့။ ကိုယ်တော်က စဉ်းစားနိုင်စွမ်းရှိတဲ့သူပဲ။ အဲ့တော့ မင်း စိတ်ပူစရာမလိုဘူး။ ကိုယ်တော် ကတိပေးတယ် အခုဆက်ပြောလို့ရပြီ”
ထိုအခါမှသာ ယန်ရှုက စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရပြီး ဆက်ပြောလာသည်။
“သူ့အဖေ ကွယ်လွန်ပြီးတဲ့နောက်မှာ ထိုလျန်ရိရှီငယ်လေးက ကြီးပြင်းလာပြီး သူ့စိတ်ကို ချုပ်တည်းကာ သူ့အဖေအတွက် လက်စားချေဖို့ စတင်ပြင်ဆင်တော့တယ်။ ဒါပေမဲ့ ထိုကျေးဇူးမသိတတ်တဲ့ ရန်သူက မိသားစုခေါင်းဆောင်ရဲ့ မြှောက်စားမှုကို ခံနေရတဲ့အတွက် အာဏာအနည်းငယ် ရှိနေကာ ထိုလူငယ်လေးက လက်စားချေချင်ပေမဲ့ အစီအစဉ်တွေကို ဂရုတစိုက် လုပ်ရပေတယ်”
“ပထမဆုံးအနေနဲ့ သူက သူ့အဖေထားခဲ့တဲ့ ဆေးပညာစာအုပ်တွေကို ဂရုတစိုက်နဲ့ စေ့စေ့စပ်စပ် လေ့လာပြီး ဆေးပညာကို ဂရုတစိုက် လေ့လာတော့တယ်။ နောက်မှာတော့ သူက ပါရမီရှိပြီး ဥာဏ်လည်း ကောင်းတဲ့အပြင် သူ့ရဲ့ဖခင်ဆီကပါ လွှမ်းမိုးခံရသည့်အတွက် ဒါက ပြဿနာတစ်ခု မဟုတ်ခဲ့ဘူး”
ဒါကို ကြားလိုက်ချိန်မှာတော့ ယွီဝိန်းလန်က တွေးလိုက်သည်။ တစ်နည်း ပြောရမည်ဆိုလျှင် ရွှမ်းကျီရဲ့သားဟာ သူ့ဖခင်လိုပင် တူညီတဲ့ဆေးပညာစွမ်းရည် ရှိပေသည်။
ဒါကသတင်းကောင်းပဲ။
ထို့နောက် သူမက ထပ်ပြောလာသည်။
87 03
“တစ်ချိန်တည်းမှာပဲ အဲဒီလူငယ်က အရိုးခွဲခြင်းလုပ်ပြီး သူ့ရုပ်သွင်ကို ပြောင်းဖို့ ကြိုးပမ်းတော့တယ်”
ယွီဝိန်းလန်က ထပ်မံပြီး တိတ်ဆိတ်စွာနဲ့ ခေါင်းညိတ် ပြလာသည်။
သူ့ရဲ့ရုပ်သွင်ကို ပြောင်းလိုက်လို့ သူ လွှတ်လိုက်တဲ့သူတွေက ဘာသဲလွန်စကိုမှ ရှာမတွေ့နိုင်တာပဲ။
“အဲ့နောက်ရော” သူက ပြောလိုက်သည်။
အရေးကြီးဆုံးကိစ္စက အခုအဲ့လူက ဘယ်မှာလဲ။
သို့သော် သူမ ထပ်ပြောလာပြန်သည်။
“အဲ့နောက် ထိုလူငယ်လေးက သူ့ရဲ့ရန်သူနေထိုင်နေတဲ့ ထိုစံအိမ်ကိုပဲ ဝင်ရောက်သွားပြီး စံအိမ်ရဲ့သမားတော်တစ်ယောက် ဖြစ်လာခဲ့တယ်”
ဘာ။
ယွီဝိန်းလန်က အနည်းငယ် တွန့်ဆုတ်သွားရသည်။
ဒါကဘာကိုဆိုလိုတာလဲ…..ဖြစ်နိုင်တာက သူရှာနေတဲ့လူက နန်းတော်ထဲမှာ ရှိနေတာ ဖြစ်နိုင်လား။
သူက မေးဖို့ ကြိုးစားလိုက်သည်။
“ဒီလူကလည်း ရန်သူ့မိသားစုဝင်သွားတဲ့ အဲ့ဒီစံအိမ်ကိုပဲ ဝင်သွားတာလား”
သူမက ခေါင်းညိတ်ပြလိုက်ကာ ပြောလာသည်။
“ဟုတ်ပါတယ်။ အဲဒါကသာ တစ်ခုတည်းသော နည်းလမ်းပါ”
သူ ကြားတာ မှန်တဲ့ပုံပဲ။
ဒါပေမဲ့ အဲ့လူက ဘယ်သူတဲ့လဲ။
ယွီဝိန်းလန်က ထပ်မေးလာသည်။
“ဒါဆို သူစံအိမ်ကို ဝင်ပြီးနောက်ပိုင်း ဘာဖြစ်သွားတာလဲ။ သူကရန်သူ့မိသားစုနဲ့တွေ့လား။ သူ့ရဲ့ဆေးပညာအစွမ်းနဲ့ဆို သိပ်မကြာခင်မှာပဲ မိသားစုခေါင်းဆောင်ရဲ့ ချီးမြှောက်တာကို ခံရမှာမလား”
ယန်ရှုက ပြောလာသည်။
“….မမှန်ဘူး ဒီလူက တည့်တိုးဆန်ပြီး စံအိမ်ထဲက ဆက်ဆံရေးကလည်း ရှုပ်ထွေးလွန်းတယ်။ စံအိမ်မှာ သမားတော် အများကြီးရှိပြီး သူက ကမ္ဘာကြီးအကြောင်းကိုလည်း သိပ်မသိပေ။ အဲ့တာကြောင့် သူက အိမ်ထဲမှာ နှစ်အနည်းငယ် ကြာနေခဲ့ပြီး ပိုင်ရှင်ဖြစ်တဲ့သူက သူ့ရဲ့တည်ရှိမှုအကြောင်းကို မသိရှိခဲ့ဘူး”
ထိုအရာကို ကြားလိုက်ချိန်မှာတော့ ယွီဝိန်းလန်က ထပ်မံ စဉ်းစားလိုက်သည်။
နေလာတာ ဘယ်လောက်ကြာသွားပြီလဲ။
ထိုက်သမားတော်ဆောင်မှာ လူဒါဇင်ပေါင်းများစွာရှိကာ သူကလည်း သိပ်အများကြီး မသိပေ။
ထို့ကြောင့် သူက ဘယ်သူဆိုတာကို တကယ်ကိုပဲ မပြောနိုင်ပေ။
“ဒါပေမဲ့”
ထိုအချိန်မှာပဲ သူမ ရုတ်တရက် ပြောလာသည်ကို ကြားလိုက်ရသည်။
“ဖြစ်ချင်တော့ မိသားစုခေါင်းဆောင်မှာ အပျိုတော်လေး တစ်ယောက်ရှိတယ်။ သူမက ဖြူစင်တဲ့ နှလုံးသားရှိပြီး စာအုပ်စာပေနဲ့ ရိုးရာဓလေ့ထုံးတမ်းတွေအကြောင်းနဲ့ ထူးခြားတဲ့ အသိပညာဗဟုသုတကြွယ်ဝတဲ့ ပင်းရွှယ်လို့ခေါ်တဲ့ ထက်မြက်သူ တစ်ယောက်ရှိတယ်”
ယွီဝိန်းလန် “….”
ဒီလိုအချိန်မျိုးမှာတောင် သူ့ကိုယ်သူ ချီးမွမ်းဖို့က မမေ့သေးဘူး…။.
သူက သူ့အပြုံးကိုပြန်ထိန်းလိုက်ပြီး သူ့ခေါင်းကို ညိတ်ကာ ပြောလာသည်။
“မိသားစုခေါင်းဆောင်မှာ သူ့လိုအလှလေး ရှိတာက တကယ်ကို ကောင်းချီးတစ်ခုပဲ”
ယန်ရှုက အလေးအနက် ခေါင်းညိတ်ပြလာပြီး
“တကယ်တော့ မိသားစုခေါင်ဆောင်က အရင်ဘဝတုန်းက သာမန်လူတွေကို ကယ်တင်ခဲ့လို့ ဘုရားသခင်ကနေ သူ့ကိုဒီ လိုအလှလေး ပို့လိုက်တာပဲ ဖြစ်ရမယ်”
87 04
ယွီဝိန်းလန် “…..”
သူက သူ့အပြုံးကို ဆက်ထိန်းလိုက်ပြီး ပြောလာသည်။
“အဲ့ဒီအပျိုတော်လေးက ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာလုပ်စရာရှိလို့လဲ”
သူမ ပြောလာသည်ကိုသာ ကြားလိုက်ရသည်။
“ဘုရားသခင်က ဖွင့်ပေးလိုက်တာ မဟုတ်ဘူး။ ဒီမိန်းမပျိုလေးမှာ ဘာပြစ်ချက်မှမရှိပေမဲ့ ခေါင်းကိုက်တဲ့ရောဂါနဲ့ မွေးဖွားလာခဲ့တယ်။ သူမက နှစ်ပေါင်းများစွာကြာအောင် ဆေးကုသမှုနဲ့ဆေးတွေကို ရှာဖွေနေခဲ့ပေမဲ့ တိုးတက်မဲ့လက္ခဏာ မရှိဘူး။ ဒါပေမဲ့ မတော်တဆနဲ့ ဒီလူက အလှလေးကို ကုသပေးလိုက်ပြီး တစ်ခါတည်းနဲ့ ပျောက်ကင်း သွားတော့တယ်”
“မိန်းမပျိုလေးမှာက အမျှော်အမြင်ရှိတဲ့အတွက် သူ့ကို မိသားစုခေါင်ဆောင်ဆီ ထောက်ခံပေးလိုက်ပြီး အဲ့အချိန်ကတည်းက လူငယ်ဟာ မိသားစုခေါင်ဆောင်ရဲ့နှစ်သက်ချီးမွမ်းမှုကို လက်ခံရရှိတော့တယ်”
ယွီဝိန်းလန်က တန့်သွားတော့သည်။
အပျိုတော်လေး ခေါင်းကိုက်တဲ့ရောဂါ။
ဖြစ်နိုင်တာက….
ထိုအချိန်မှာပဲ သူမနှလုံးသားထဲက အော်ဟစ်နေသံကို ထပ်ပြီးကြားလိုက်ရသည်။
[နားလည်လား။ ဒီလူကကျန်းနျန်ချီလို့! ကျန်းနျန်ချီက ရွှမ်ကျီရဲ့သား ရွှမ်လန်ပဲ။ သူက ရှင့်ရဲ့ရောဂါကို ကုသ ပေးနိုင်လောက်တယ်]
ယွီဝိန်းလန်က သူ့နှလုံးသားထဲမှာ ရပ်တန့်သွားတော့သည်။
သေချာပေါက်ပဲ ထိုသူက သူမရဲ့ဓာတ်မတည့်မှုကို ကုသပေးခဲ့တဲ့ ကျန်းနျန်ချီပဲ
သူ ဖြစ်နေမယ်လို့ မျှော်လင့်မထားပေ။
ထိုအချိန်မှာပဲ ယွီဝိိန်းလန်က နောက်ဆုံးတော့ သိသွားသည်။ အခုလေးတင် ဒီမိန်းကလေးက အဲ့လူရဲ့အသက်ချမ်းသာခွင့် ရွှေပြားကို တောင်းဆိုနေတာကို မအံ့ဩတော့ပါဘူး…..။
သူကသာ နန်းတော်အပြင်ဘက်မှာ ရှိနေတယ်ဆိုရင် သူက ရုပ်ဖျက်ပြီး သွားလို့ရသည်။
သို့သော်လည်း ဒီလူက နန်းတော်ထဲက တော်ဝင်သမားတော် ဖြစ်နေပြီး သူ့ကိုလည်း သိနေပေသည်။
ထို့ကြောင့် သူသာ ဆေးကုသမှုကို လိုချင်တယ်ဆိုရင် တစ်ဖက်လူက သူ့ရဲ့အထောက်အထားကို ဖောက်မြင်သွားမှာ မဟုတ်လား။
သို့သော် သေချာပေါက်ပင် နည်းလမ်းတွေ ရှိပေသည်။
~~~~
ထိုအချိန် သူစဉ်းစားနေတာကို မြင်လိုက်ချိန်မှာ ယန်ရှုကလည်း သူမစိတ်ထဲမှာ စဉ်းစားနေပေသည်။ သူက နားလည်ရဲ့လား။
နားလည်ရင် ကောင်းတယ်။ ကျန်းနျန်ကျီရဲ့အဖေ ရွှမ်ကျီက မျိုးမအောင်တာကို ကုသပေးနိုင်တဲ့ ဥာဏ်ကြီးရှင် သမားတော်ပဲ။ အဲ့တော့ ကျန်းနျန်ချီရဲ့မျှော်လင့်ချက်ကလည်း အတော်လေး ကြီးလောက်တယ်။
ယခုအရေးအကြီးဆုံး အရာကတော့ သူ့ကိုသာ မကုသနိုင်ဘူးဆိုရင် ကျန်းနျန်ချီကို နှုတ်ပိတ်လို့ မရပေ။
သေချာပေါက်ပင် ယန်ရှုက သူမဟာ အတော်လေး ထက်မြက်တယ်လို့ ထင်နေပေသည်။ ထိုပုံပြင်မှာ မိန်းမပျိုလေးက မိသားစုခေါင်းဆောင်ရဲ့ လျှို့ဝှက်ချက်ကို သိတယ်ဆိုတာ မပါပေ။ ဆိုတော့ သူမက လုံခြုံလောက်သည်။ ဟီးဟီး…
ယွီဝိန်းလန်က ထို “ဟီးဟီး” ကြောင့် အသိပြန်ဝင်လာခဲ့သည်။
သူက သူမကို တစ်ချက် ကြည့်လိုက်ပြီး ရည်ရွယ်ချက်ရှိရှိနှင့် ပြောလာသည်။
“ဆိုတော့ မိသားစုခေါင်းဆောင်က သူ့ကို မှော်ဆန်တဲ့သမားတော်ကို ရှာတွေ့အောင် လုပ်ပေးလို့ အနာဂတ်မှာ ဘယ်လို ခက်ခဲတဲ့ဖျားနာမှုကိုမဆို ကုသပေးနိုင်တဲ့အတွက် အလှလေးကို ကျေးဇူးတင်ရမဲ့ပုံပဲ”
ခက်ခဲတဲ့ရောဂါတွေ။
ယန်ရှုက သူမရဲ့မျက်ခုံးကို တိတ်တဆိတ်ပင့်လိုက်ပြီး သူ့ဘာသာ ပြောနေတာများလား။
87 05
ကြည့်ရတာ သူ ကတကယ်ကို နားလည်ချင်တဲ့ပုံပဲ။
သူမက အလျင်အမြန် ခေါင်းညိတ်ကာ ပြောလာသည်။
“ဟုတ်တယ်လေ။ ဒီလိုဥာဏ်ကြီးရှင် သမားတော်မျိုး ရှိတာက ရတနာလိုပဲ မိသားစုခေါင်းဆောင်က ဥာဏ်ကြီးလွန်းပါတယ် ဆိုတော့ သူက သေချာပေါက် ကောင်းကောင်း ဆက်ဆံရမှာပေါ့”
ယွီဝိန်းလန်က ညည်းညူလိုက်သည်။
နောက်ဆုံးတော့ သူကလည်း သူ့ကို ချီးမြှောက်လာသည်။ ထိုအရာက မများလွန်း မနည်းလွန်း အတူတူပင်။
သူက ထပ်မေးလိုက်သည်။
“နောက်တော့ ဘာထပ်ဖြစ်သွားလဲ။ ဘယ်လိုအဆုံးသတ်မျိုး သူ့ကို ပေးချင်လဲ”
သို့သော် သူမပြောလာတာကို ကြားလိုက်ရသည်။
“မိသားစုခေါင်းဆောင်ရဲ့ တရားမျှတမှုအောက်မှာ လန်မိသားစုရဲ့သခင်ငယ်လေးက လက်စားချေလိုက်နိုင်ပြီး သူ့ဖခင်အတွက် တရားမျှတမှု ယူပေးလိုက်နိုင်တယ်။ သူက မြို့တော်မှာလည်း ဆေးခန်းတစ်ခု ဖွင့်လိုက်ပြီး အလုပ်သင်ပေါင်းများစွာကို ခေါ်ယူပြီး သူ့ဖခင်လို သာမန်လူတွေရဲ့ အကျိုးအတွက် ကမ္ဘာကြီးကို ကယ်တင်ဖို့ လုပ်ဆောင်တော့တယ်။ ပြီးတော့ ကျေးဇူးမသိတတ်တဲ့ ဗီလိန်ကလည်း သူနဲ့ထိုက်တန်တာကို ရသွားပြီဖြစ်တဲ့အတွက် ဂုဏ်သတင်းပျက်စီးပြီး အရာအားလုံး ဆုံးရှုံးသွားတော့တယ်”။
“ကောင်းပြီ ဒါက ဒီကိုယ်လုပ်တော်ရဲ့ ပုံပြင်အဆုံးသတ်ပဲ”
ယန်ရှုက ချောင်းဟန့်ကာ ပြောလိုက်သည်။
“နောက်ကျနေပြီဆိုတော့ ဒီကိုယ်လုပ်တော်က ရေအရင်ချိုးလိုက်ပါ့မယ်၊ အရှင်မင်းကြီး ခဏစောင့်နေပါဦး”
[ကျစ် ကျစ် အခုဒီအချိန်က ရှင့်အတွက် ထားခဲ့တာပဲ။ ကုသချင်သည်ဖြစ်စေ မကုသချင်သည်ဖြစ်စေ။ ရှင့်ဘာသာ ဆုံးဖြတ်နိုင်တယ်။ ဒါပေမဲ့ ဘာပဲဖြစ်နေပါစေ ဘယ်သူ့ကိုမှတော့ သတ်လို့ မရဘူးနော်!]
ယွီဝိန်းလန်ကခေါ င်းညိတ်ပြလိုက်ကာ “သွားလေ”
သူက သူမဆေးကြောသန့်စင်သည့် အခန်းထဲ ဝင်သွားသည်အား ကြည့်နေလိုက်သည်။
သေချာပေါက်ပင် သူက ကုသရမည် ဖြစ်သည်။
သူဟာ ဧကရာဇ်တစ်ပါးဖြစ်ကာ ဆက်ခံသူ လိုအပ်သည်ပင်။
သူဟာ “ရေခဲနဲ့နှင်းမှုန်လေး” လို အလှလေးတစ်ယောက်ဖြစ်တဲ့ သူမနဲ့အတူ သူတစ်ခါမှ မတွေ့ကြုံမခံစားဖူးတဲ့ လောကကြီးရဲ့ ပျော်ရွှင်မှုအရသာကို မြည်းစမ်းချင်မိသေးသည်။
အဟွတ် အဟွတ် သူမနှင့်အတူ အိပ်ရာတစ်ခုတည်းမျှပြီးတဲ့အခါ သူ့ရဲ့ခန္ဓာကိုယ်က တစ်နည်းနည်းနဲ့ တိုးတက်လာပေသည်။ သို့သော် အဲဒါက သူ အသိဝင်မလာခင် အိပ်ရာက မထခင်အချိန်မှာပင် ဖြစ်တာပင်။
သူ နိုးလာသည်နှင့် သူမနားကို ကပ်ချင်သည့်အချိန်တိုင်း မဖြစ်နိုင်နေဆဲဖြစ်သည်။
ကံကောင်းစွာနဲ့ ယခုတော့ မျှော်လင့်ချက် ထပ်ရှိလာခဲ့ပြီဖြစ်သည်။
ဒီတစ်ကြိမ်ကို အခွင့်ကောင်းယူပြီး ယွီဝိန်းလန်က ချက်ချင်းပဲ မတ်တပ်ရပ်လိုက်ကာ နန်းဆောင်အပြင်ဘက်ကို ထွက်သွားပြီး ကျင်းယိက အစောင့်တစ်ယောက်ကို ဆင့်ခေါ်လိုက်သည်။
“ထိုက်ယွမ်သမားတော်ဆောင်က ကျန်းနျန်ချီလို့ခေါ်တဲ့ သမားတော်တစ်ယောက်ရဲ့ လတိုင်းရဲ့ သူ တာဝန်ကျတဲ့ရက် အားလပ်တဲ့ရက်နဲ့ ဘယ်အချိန်တွေ တာဝန်ကျလဲဆိုတာကို သွားစစ်ဆေးလာခဲ့။ ပြီးတော့ နန်းတော်အပြင်ဘက်က လိပ်စာရောပဲ”
ကျင်းယီဝေ့က နာခံလိုက်ကာ ချက်ချင်းပဲ လုပ်ဆောင်တော့သည်။
~~~~~
နောက်တစ်နေ့မှာတော့ သူဟာ တာဝန်ချိန်မရှိဘဲ တော်ဝင်သမားတော်ကျန်းနျန်ချီ တစ်နည်းအားဖြင့် ရွှမ်းလန်က ရှားရှားပါးပါး နန်းတော်အပြင်ဘက်က အိမ်မှာ ရှိနေပေသည်။
——ဒီနှစ်တွေထဲမှာ သူဟာ သူနာမည်နဲ့ သူ့မျိုးရိုးနာမည်ကို ပြောင်းကာ သူ့ဇာတိမျြု့ရဲ့အဝေးကနေရာတိုင်းမှာ ဆေးပညာကို သင်ယူခဲ့သည်။ ထို့ကြောင့် သူက အလွန်နောက်ကျမှ လက်ထပ်ခဲ့တာပင်။ မြို့တော်ကို လာပြီးနောက် ဇနီးတစ်ယောက်ကို လက်ထပ်ကာ မိသားစုလိုက် အခြေချနေထိုင်ပြီး တော်ဝင်သမားတော်ဆောင်ကို ဝင်ရောက်သွားခဲ့သည်။ သူ့အငယ်ဆုံးသားက ငါးနှစ်သာ ရှိသေးသည်။
ကံကောင်းစွာနဲ့ သူ့ဇနီးက မွန်မြတ်ကာ သူ့သားငယ်ကလည်း နာခံပေသည်။ ထိုအချိန် တံခါးအပြင်ဘက်က တစ်ယောက်ယောက်က သူ့ကိုခေါ်လာချိန်မှာ သူကထိုသားဖြစ်သူကို စာရေးနည်း သင်ပေးနေခဲ့တာဖြစ်သည်။
“သမားတော်ကျန်းရှိ သလား”
သူဟာ ဆေးပညာ တော်တယ်ဆိုတာကို သိတဲ့အတွက် အိမ်နီးနားချင်းတွေထဲက ခေါင်းကိုက်တဲ့ ဘယ်သူမဆို သူ့ဆီလာကာ ကုသမှုခံယူကြသည်။ ပြီးတော့ သူဟာလည်း ဘယ်တော့မှမငြင်းပေ။ ထို့ကြောင့် မေးခွန်းကိုကြားလိုက်တဲ့အခါမှာ သူ့ရဲ့စုတ်တံကို ချကာ ထွက်လာလိုက်သည်။
******