အခန်း (၈၈-၉၀)
Vol. 6 Ch. 88-90
88 01
အပိုင်း 88
မမျှော်လင့်ထားစွာနဲ့ ဒီကိုလာတဲ့လူတွေက အိမ်နီးနားချင်းတွေမဟုတ်ဘဲ ယောက်ျားနှစ်ယောက်ပင်။
သူတို့ထဲကတစ်ယောက်က အပြာရောင်ဘရိုကိတ်ကို ဝတ်ဆင်ထားပြီး အရပ်ရှည်ကာ သူ့ခေါင်းပေါ်မှာတော့ အနက်ရောင်ပုဝါကို လွှားထားပြီး ကြည့်ရသည်မှာ သူ့ရဲ့သခင် ဖြစ်ပုံရသည်။
သူပင် မမေးနိုင်ခင်မှာပဲ ထိုသူက ပြောလာသည်။
“ဒီသမားတော်က ဆေးပညာမှာ အရမ်းကို တော်တယ်လို့ ကြားမိတယ်။ မိသားစုခေါင်းဆောင်က သမားတော်နဲ့ ပြသနိုင်မလားလို့ မေးချင်တာပါ။ ခင်ဗျားသာ မိသားစုခေါင်းဆောင်ကို ကုသပေးနိုင်မယ်ဆိုရင် ကုသကြေးက နှစ်ဆဖြစ်မှာပါ”
သို့သော် ကျန်းနျန်ချီက တစ်ဖက်လူ ကိုကြည့်လိုက်ကာ ပြောလာသည်။
“ကျုပ် ကုပေးနိုင်တယ်ဆိုရင် အဲ့တာက သဘာဝကျကျပဲ ကုသလို့ရနိုင်လို့ပဲ ကုသကြေးကို နှစ်ဆဖြစ်စရာ မလိုပါဘူး။ ကုသလို့မရနိုင်တဲ့ ရောဂါဆိုရင် နှစ်ဆဖြစ်ရင်လည်း အသုံးမဝင်ဘူး”
နောက်လိုက်ဖြစ်သူက နင်သွားသည်။
သို့သော် ပုဝါနှင့်လူက သူ့လက်ကို မြှောက်ကာ ပြောလာသည်။
“သမားတော်ကို တောင်းပန်ပါတယ်။ ကျုပ်က နေရာတွေအများကြီးကို သွားခဲ့ပေမဲ့ အကျိုးမထူးခဲ့ဘူး။ သမားတော်က ဆေးပညာမှာ ထူးချွန်တယ်လို့ ကြားမိလို့ ဒီကိုအထူးလာပြီး ကုသမှုအတွက် မေးချင်လို့ပါ”
ယွီဝိန်းလန်က ဒီအချိန်မှာ သူ့အသံကို သိသိသာသာ ပြောင်းလိုက်သည်။ ထို့ကြောင့် တစ်ဖက်လူက သူ့ရဲ့မူမမှန်မှုကို သတိမထားမိဘဲ ပြောလာသည်။
“ကျုပ်နဲ့ လိုက်ခဲ့ပါ”
ယွီဝိန်းလန်က ခေါင်းညိတ်ပြလိုက်ပြီး ခြံဝန်းထဲကို လိုက်သွားတော့သည်။
ကျန်းအိမ်တော်မှာ စာကြည့်ဆောင်တစ်ခုရှိပြီး ထိုနေရာက ကျန်းနျန်ချီက သူ့လူနာတွေကို ကြည့်လေ့ရှိတဲ့ နေရာတစ်ခုဖြစ်သည်။
ယွီဝိန်းလန်က တစ်ဖက်လူနောက်ကို လိုက်သွားပြီး အခန်းထဲကို ဝင်လိုက်ကာ ထိုင်ချလိုက်သည်။ ထို့နောက် လက်ကိုဆန့်ထုတ်လိုက်ကာ တစ်ဖက်လူကို သူ့ရဲ့သွေးခုန်နှုန်းကို စမ်းသပ်ခိုင်းလိုက်သည်။
တစ်ခဏကြာပြီးနောက် သူ့ပါးစပ်ကိုမ ဖွင့်နိုင်ခင်မှာပဲ တစ်ဖက်လူက သူ့ကို မေးလာသည်အား ကြားလိုက်ရသည်။
“ဧည့်သည်တော်မှာ အိပ်ဆောင်ဝင်တာနဲ့ ပတ်သက်ပြီး ပြဿနာရှိနေတာလားလို့ မေးလို့ ရနိုင်မလား”
ယွီဝိန်းလန်က သေချာသွားပြီး ပြောလာသည်။
“ဟုတ်တယ်”
ကြည့်ရတာ ယန်ရှုကမှန်နေပုံပင် ဒီလူမှာ လှည့်ကွက်နှစ်ခု ရှိပေသည်။
တစ်ဖက်လူက ထပ်မေးလာသံကို ကြားလိုက်ရသည်။
“ဒီပြဿနာဖြစ်တာ ဘယ်လောက်ကြာပြီလဲ”
ယွီဝိန်းလန်က ပြောလာသည်။ “သုံးနှစ်ရှိပြီ”
တစ်ဖက်လူက ခေါင်းညိတ်လိုက်ကာ မေးလာသည်။
“ဘယ်လောက်ထိ ခက်ခဲလဲ”
ယွီဝိန်းလန်က အနည်းငယ် မသက်မသာဖြစ်သွားကာ ချောင်းဟန့်လိုက်ပြီး ပြောလာသည်။
“မနက်နိုးလာရင်တော့ မနက်ခင်းမှာ ဖြစ်တတ်တာမျိုးရှိတယ်…။ ဒါပေမဲ့ မိန်းကလေးတစ်ယောက်နဲ့ ကပ်လိုက်တိုင်း ….မလုပ်နိုင်တော့ဘူး”
တစ်ဖက်လူက တည်ငြိမ်နေကာ ခေါင်းညိတ်ပြပြီး ထပ်မေးလာသည်။
“ဧည့်သည်တော်မှာများ စိတ်ဒဏ်ရာတွေ ဘာတွေ ရှိဖူးလား”
88 02
ယွီဝိန်းလန်က မရှိဘူးဟု ပြောလိုက်သည်။
သူက ဘာသတိပေးချက်မှမရှိပဲ ချက်ချင်းတော့ သေမှာမဟုတ်ဘူးဆိုတာတော့ သေချာသည်။
တစ်ဖက်လူက ထပ်မေးလာသည်။
“ဒါဆိုရင် ကျန်တဲ့ခန္ဓာကိုယ်ပိုင်းကရော ပုံမှန်ပဲလား”
ယွီဝိန်းလန်က ညည်းလိုက်ကာ
“ကျုပ်က ကျန်းမာရေးကောင်းပါတယ်။ ဒီတစ်ခုပဲ ပြဿနာရှိတာပါ”
သမားတော်ကျန်းက ထပ်မေးလာပြန်သည်။
“ဧည့်သည်တော်က ဆေးတစ်ခုခုများ သောက်သုံးမိသေးလား”
ယွီဝိန်းလန်က သေချာစွာနဲ့ ဖြေလိုက်သည်။
“မရှိပါဘူး။ ကျုပ်က ဖျားနာခဲတဲ့အတွက် ဆေးသောက်ခဲပါတယ်”
စကားပြောပြီးနောက် သူက ထပ်မစောင့်နိုင်တော့သည့်အတွက် သူက မေးလိုက်သည်။
“ကျုပ်ကို ကုသလို့ရနိုင်မယ်လို့ သမားတော် ထင်ပါသလား”
တစ်ဖက်လူက သွေးခုန်နှုန်းစမ်းတာကနေ လက်ကို ရုတ်လိုက်ချိန်မှာ သူက ပြောလာသည်။
“ပြဿနာက အတော်လေးတော့ ရှုပ်ထွေးတယ်။ ပြီးတော့ ကုသလို့ရပါတယ်။ ဒါပေမဲ့ နည်းနည်းတော့ ဒုက္ခများရုံပဲ”
ဒုက္ခများမယ်။
ယွီဝိန်းလန်က မျက်မှောင် ကြုတ်လိုက်ပြီး “ဘယ်လိုဒုက္ခမျိုးလဲ”
သို့သော် တစ်ဖက်လူ ပြောလာသည်ကို ကြားလိုက်ရသည်။
“ဧည့်သည်တော်ရဲ့သွေးခုန်နှုန်းကို စမ်းသပ်မှုအရဆို ခန္ဓာကိုယ်ထဲမှာအဆိပ်ကို ဖိနှိပ်ထားတဲ့ တစ်စုံတစ်ခု ရှိနေပါတယ်။ အဲ့တာကနေ အဲ့နေရာကို သက်ရောက်သွားတာပါ။ ဆေးမသောက်ထားဘူးဆိုရင် အဆိပ်ခတ်ခံရပြီး ဖြစ်လောက်တယ်”
အဆိပ်လား။
သူက အဆိပ်မိနေတာလား။
ဒါပေမဲ့ ဘာလို့ သူက သတိမထားမိရတာလဲ။
သူက တစ်ခဏလောက် တွေးလိုက်ပြီးနောက် မေးလိုက်သည်။
“ဒါဆိုရင် သမားတော်က ကျုပ်ကို ကုသပေးနိုင်မလား”
သို့သော် ကျန်းနျန်ချီက ခေါငိးညိတ်လိုက်သည်
“ဒါပေါ့ ကုသပေးနိုင်တယ်။ ဒါပေမဲ့ အဆိပ်ရှိတဲ့နေရာကနေ ဝေးဝေးမှာနေပြီး အဲဒီအဆိပ်ရှိတဲ့အရာရဲ့လှုံ့ဆော်ခံရတာကို ဖယ်ရှားရမယ်။ အဲဒီနောက် ပုံမှန်ဖြစ်တဲ့အထိ ဆေးကို သက်သာပြီး ပြန်ကောင်းလာဖို့ သောက်ရမယ်”
“ဒါပေမဲ့ ဧည့်သည်တော်က ခန္ဓာကိုယ်ထဲကို အဆိပ်က ဘယ်နေရာကနေ ဝင်သွားတာလဲဆိုတာကို သိလား”
ယွီဝိန်းလန်က တစ်ခဏခန့် ပြောစရာ မဲ့သွားတော့သည်။
သူ ထိုအကြောင်းကို သေချာဂရုတစိုက် တွေးကြည့်လိုက်ပြီးပေမဲ့ ရှန်ရှန်းအကြံပေးကလည်း သူ့လူပင် ချန်းမင်နန်းဆောင်နဲ့ နီးကပ်တဲ့သူတွေကလည်း သူ့လူတွေဖြစ်သလို သူ့ရဲ့အစားအသောက်မှာလည်း လူကိုအဆိပ်ခတ်ဖို့ အခွင့်အရေးလေးတောင် ပေးမထားပေ။
ရှုရှီက သူ့ရဲ့ရှုပ်ထွေးနေမှုကို တွေ့လိုက်ရပြီး ကျန်းနျန်ချီက လက်ဦးမှုယူကာ ရှင်းပြလာသည်။
“အဆိပ်က ပါးစပ်ကလာတာလည်း မဟုတ်တာဖြစ်နိုင်တယ် ရေချိုးတဲ့ အမွှေးနံ့သာကနေလည်း အဆိပ်ခတ်ခံရနိုင်တယ်။ ဒါမှမဟုတ် ဆေးအနံ့ကို အချိန်အကြာကြီး ရှုမိတာကြောင့်လည်း ဖြစ်နိုင်တယ်”
88 03
ယွီဝိန်းလန်က မျက်မှောင် ကြုတ်သွားတော့သည်။
….
~~~
နန်းတော်အပြင်ဘက်မှာ သမားတော်ကို တွေ့ပြီးနောက်မှာတော့ ယွီဝိန်းလန်က နန်းတော်ကိုပြန်ကာ ကန်လုနန်းဆောင်ကို တိုက်ရိုက်ပဲ သွားလိုက်သည်။
ယခုလေးတင် ကျန်းနျန်ချီက သူ့အတွက် ဆေးစပ်ပေးလိုက်သည်ဖြစ်ကာ ငါးရက်ဆက်တိုက် နေ့တိုင်းသောက်ဖို့ လိုအပ်ပေသည်။
သို့သော် ချန်းမင်နန်းဆောင်မှာ ဆေးသောက်လို့ မရနိုင်ပေ။
ချန်းမင်နန်းဆောင်ကနေ ဆေးဖက်ဝင်အပင်အနံ့ ထွက်လာသည်နှင့် ဝန်ကြီးတွေက ရှာတွေ့သွားမည်ဖြစ်ကာ ထင်မြင်ယူဆချက်နဲ့ အထိတ်တလန့်ဖြစ်စေမှာ ဖြစ်ပြီး မြွေကိုတောင်မှ ခြောက်လိုက်မိနိုင်လောက်သည်။
ထို့ကြောင့် သူက ဒီကိုသာ လာခဲ့သည်ပင်။
ယန်ရှုကလည်း တကယ်တမ်းတော့ သူ့ကိုစောင့်နေခဲ့တာ ဖြစ်သည်။
သူမက စစ်စတန်ဆီကနေ သူဟာ ဒီနေ့ကျန်းနျန်ချီဆီ သွားပြီး သမားတော်နဲ့ ပြခဲ့တယ်ဆိုတာကို သိပေသည်။ ဒါပေမဲ့ သူမက ဘယ်လိုဖြစ်သလဲဆိုတာနဲ့ မျှော်လင့်ချက် ရှိနိုင်မရှိနိုင်ကိုတော့ မသိပေ။
ထို့ကြောင့် ဒီနေ့ရဲ့အချိန်အများစုမှာ သူကဘာမှမလုပ်ဘဲ သူ့ကိုပဲ စောင့်နေခဲ့သည်။
ထိုအချိန်မှာပဲ ကြေငြာချက်ကို ကြားလိုက်ရချိန်မှာတော့ သူမက တံခါးဆီသို့ ချက်ချင်းသွားကာ နှုတ်ဆက်လိုက်သည်။
“ဒီကိုယ်လုပ်တော် အရှင်မင်းကြီးကို နှုတ်ခွန်းဆက်ပါတယ်”
ယွီဝိန်းလန်က ညည်းလိုက်ကာ သူမကို သက်သောင့်သက်သာနေဖို့ပြောလိုက်ပြီး သူ့တွင် ပြောစရာရှိနေဟန်နှင့် နွေးထွေးတဲ့ခုံတန်းရှည်ပေါ်သို့ ခြေလှမ်းအနည်းငယ်နှင့် သွားထိုင်လိုက်သည်။
ယန်ရှုက ဒါကိုရိပ်စားမိလိုက်ပြီး အစောင့်တွေနဲ့ တခြားသူတွေကို ပထုတ်လိုက်တော့သည်။
ယွီဝိန်းလန်က ထို့နောက် ပြောလာသည်။
“ကိုယ်တော် နည်းနည်းလေး မသက်မသာဖြစ်နေလို့ ဒီနေ့ နန်းတော် အပြင်ဘက်ကိုသွားပြီး ဆေးယူပြီး ပြန်လာခဲ့တယ်။ ဒါပေမဲ့ တစ်ခြားသူတွေက လျှောက်တွေးနေကြမှာစိုးလို့ မင်းဆီကိုပဲ လာပြီး မင်းကို ခံစားရအောင်ပဲ လုပ်နိုင်တယ်”
ထိုစကားလုံးတွေကို ကြားတဲ့အချိန်မှာ ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားပြီး…
စပ်ပေးထားတဲ့ဆေးလား။ ဆိုလိုတာက သူက ကုသနိုင်တယ်တဲ့လား။
ကောင်းလိုက်တာ တစ်ယောက်ယောက်ကို သတ်မိမှာကို ကြောက်နေစရာ မလိုတော့ဘူး!
ထို့ကြောင့် သူမက လျင်မြန်စွာ ခေါင်းညိတ်လိုက်ကာ
“ကျွန်မနားလည်ပါတယ်။ ကျွန်မဖျားနေလို့ ဆေးသောက်ချင်လို့လို့ ပြောလိုက်မယ်။ အရှင်မင်းကြီး အေးအေးဆေးဆေး သောက်လို့ရပါတယ်”
ယွီဝိန်းလန်က ကောင်းပြီဟုပြောကာ သူ့နှလုံးသားထဲမှာ နွေးထွေး သွားရတော့သည်။
သို့သော် သူမနှလုံးသားထဲက ထပ်ပြောလာသံကို ကြားလိုက်ရသည်။
[အိုကေလေ ဧကရာဇ်ရဲ့ ကျွန်မအပေါ် ရှင့်ရဲ့ကြင်နာမှုအတွက် ဒီတစ်ခေါက်ရဲ့ဆေးအတွက် အဖိုးအခ မယူတော့ဘူး]
ယွီဝိန်းလန် “…”
အမှန်ပဲ သူပိုက်ဆံ ယူလာသင့်လား။
တစ်ခဏ ရပ်သွားပြီးနောက်မှာတော့
“နောက်တစ်ခုက အခုကစပြီး ကိုယ်တော်က မင်းနဲ့ပဲနေမယ်”
88 04
ထိုစကားတွေ ထွက်လာသည်နှင့် ယန်ရှုက တွန့်ဆုတ်သွားပြီး
“ဘာကိုဆိုလိုတာလဲ အရှင်မင်းကြီး”
ယွီဝိန်းလန်က ပြောလိုက်သည်။
“အနာဂတ်မှာ တော်ဝင်စာကြည့်ဆောင်နဲ့ ညီလာခံတက်တာကလွဲရင် တစ်ခြားအချိန်တွေဆို ဒီမှာပဲ နေမယ်”
သူဟာ လမ်းတစ်လျှောက်လုံး သူ့ကို ဘယ်သူက အဆိပ်ခတ်ကာ သူကရော ဘယ်လို အဆိပ်မိသွားရတာလဲ။
သူထီးနန်းကို ဆက်ဆံလိုက်ပြီးနောက်မှာ ပလ္လင်အတွက် အကွက်ဆင်တိုက်ခိုက်တဲ့ ပြိုင်ဘက်တွေကို ကိုင်တွယ်ခဲ့ပြီး သူနဲ့ နီးကပ်သူတွေကိုလည်း သူနဲ့ ရင်းနှီးသူတွေနှင့်သာ အစားထိုးခဲ့ပေသည်။
ထိုမောင်းမဆောင်က မိန်းမတွေကလည်း သူ့ရဲ့စိတ်ဖန်နိုင်တဲ့ စွမ်းရည်ကို အသာထားကာ ထိုကဲ့သို့အရာမျိုးကို မလုပ်နိုင်ပေ။
သူဟာ ဧကရီမယ်တော်ကြီးကိုလည်း စဉ်းစားမိခဲ့ပေမဲ့ အချိန်အတော်ကြာသည်အထိ ဧကရီမယ်တော်ကြီးရဲ့နှလုံးသားထဲက မည်သည့် မူမမှန်တာမျိုးကိုမှ ရှာမတွေ့ခဲ့ပေ။
ကျိုးမိသားစုအပေါ် သူမရဲ့တစ်ကိုယ်ကောင်းဆန်မှုကြောင့် ဧကရီမယ်တော်ကြီးက သူဟာ ကိုယ်လုပ်တော်ကျိုးကို ချီးမြှောက်လျှင်ကောင်းမည်ဟု မျှော်လင့်ခဲ့သည်။ ထိုမှသာ ကိုယ်လုပ်တော်ကျိုးက သူမရဲ့နေရာ ခိုင်မြဲရေးအတွက် တော်ဝင်ဆက်ခံသူတစ်ယောက် မွေးပေးနိုင်မည် ဖြစ်သည်။
ထို့ကြောင့် သူဟာ လက်သည်တရားခံကို တစ်ခဏလောက် မတွေးနိုင်ခဲ့ပေ။
သို့သော် အဆိပ်က သူ့ခန္ဓာကိုယ်ထဲကို ဘယ်လိုဝင်သွားသလဲဆိုတဲ့အပေါ် ခန့်မှန်းချက်တချို့ ရှိနေပြီဖြစ်သည်။
++++++
89 01
အပိုင်း 89
ချန်းမင်နန်းဆောင်၌ အိပ်မပျော်ခင်မှာ သူ့တွင် မည်သည့် အိမ်မက်မှ မမက်ပေ။ ပြီးလျှင် သူ့ခန္ဓာကိုယ်က မသက်မသာဖြစ်နေသည်။ သို့သော် သူကန်လုနန်းဆောင်ကို လာရောက်ကတည်းက သူ့တွင် အိမ်မက် မက်လာရုံသာမက မနက်ခင်းမှာ လှုပ်ရှားမှုတချို့လည်း ရှိလာသည်။
ပထမကတော့ သူဟာ အထူးစွမ်းရည်တွေရှိနေတဲ့ ယန်ရှုကြောင့်လို့ ထင်ခဲ့တာပင်။
သို့သော် အခုကြည့်ရသည်မှာ ချန်းမင်နန်းဆောင်ရဲ့ အိပ်ဆောင်နဲ့ပတ်သက်ပြီး တစ်ခုခု မှားနေတာပဲ ဖြစ်ရမည်။
ထို့ကြောင့် သူဟာ ရေချိုးဆောင်ကို ဂရုတစိုက် စစ်ဆေးဖို့ တစ်ယောက်ယောက်ကိုလွှတ်ရန် စီစဉ်ထားလိုက်သည်။
ပြဿနာကို ရှာမတွေ့ခင် သူဟာ ကန်လုနန်းဆောင်တွင် နေမည်ဖြစ်သည်။
သို့သော် ဒီနည်းအားဖြင့် သူ့တွင် သူမနှင့် အချိန်အတူဖြုန်းဖို့ အခွင့်အရေးပိုရလာမည် ဖြစ်သည်။
သူက သူမ အရမ်းကို ပျော်နေလိမ့်မည်ဟု ထင်ခဲ့တာပင်။
မမျှော်လင့်ထားစွာနဲ့ သူမနှလုံးသားထဲက ပြောလာသံကို ကြားလိုက်ရသည်။
[ငါပဲသွား လိုက်ရမလား။ ဒီလိုသာဆို ငါ့မှာ ဘာကိုယ်ပိုင် လွတ်လပ်ခွင့်မှရှိတော့မှာ မဟုတ်ဘူးမလား။အသက်ရှု မဝလိုက်တာ!]
ယွီဝိန်းလန် “…”
အသက်ရှုမဝဘူး ဟုတ်လား။
သူပင် မျက်မှောင်မကြုတ်နိုင်ခင် သူမက ထိုအကြောင်းကို ရုတ်တရက် တွေးလာပြန်သည်။
[ဒါပေမဲ့ ဒီလိုသာဆို တော်ဝင်စားသောက်ပွဲကိုစားရတဲ့ အခွင့်အရေးက ထပ်တိုးလာမှာ မဟုတ်လား။ ကောင်းပြီလေ သည်းခံရုံပဲရှိတာပေါ့]
ယွီဝိန်းလန် “…”
သူ့မှာသာ ပိုက်ဆံမရှိဘူးဆိုလျှင် သူမက သူ့ကိုချစ်ဦးမှာတဲ့လား။
~~~
ထိုနည်းအားဖြင့် ထိုနေ့ကတည်းက ကန်လုနန်းဆောင်ဟာ ဆေးတွေနဲ့ ပြုတ်ခံနေရတော့သည်။
ယန်ရှုက အပြင်လောကကို သူမဟာ အအေးမိသွားပြီး ဆေးသောက်နေရတယ်ဟု သတင်းလွှင့်ထားကာ မည်သူကမှလည်း ထိုသူဟာ ဧကရာဇ်ဖြစ်နေမယ်လို့ ထင်မထားပေ။
ပြီးနောက် ဘုရင်မင်းမြတ်ဟာလည်း ဒီကိုညဘက်တွေ ကုန်ဆုံးဖို့ ဒီကို မကြာခဏ လာလေ့ရှိတဲ့အတွက် အပြင်လူတွေဟာ ယန်ရှုက လက်ရှိအခြေအနေကြောင့် မျက်နှာသာ ပေးခံရသထက် ပေးခံနေရသည်ဟု ထင်လာကြသည်။
ယခုလို ငါးရက်ကြာပြီးနောက်မှာတော့ ယွီဝိန်းလန်က နောက်ဆက်တွဲပြသမှုကို လုပ်ရမည်ပင်။
ထိုညနေမှာပဲ သူ နန်းတော်ကနေ ထွက်တဲ့အခါ ဝတ်စားတဲ့အဝတ်တွေကို မြင်လိုက်ချိန်မှာတော့ ယန်ရှုက သူ့ဘေးကနေ ချက်ချင်းပဲ မေးလာသည်။
“အရှင်မင်းကြီးက သမားတော်ကို သွားတွေ့မလို့လား”
ယွီဝိန်းလန်က ညည်းလိုက်သည်။
သို့သော်သူမ ထပ်ပြောလာသည်ကို ကြားလိုက်ရသည်။
89 02
“ဒီကိုယ်လုပ်တော်မှာ ပြောစရာရှိပါတယ်။ ကျွန်တော်မျိုးမ ပြောသင့်လား မပြောသင့်လားကိုတော့ မသိပါဘူး”
အမ်။
ယွီဝိန်းလန်က မျက်ခုံးပင့်လိုက်ကာ
“ဘာကိစ္စလဲ”
ယန်ရှုက စိတ်ရင်းပါတဲ့အပြုံးလေးနှင့် ပြောလာသည်။
“အရှင်မင်းကြီးက အပြည့်အဝ ပြင်ဆင်ထားပေမဲ့ နန်းတော်ထဲမှာ လူတွေ အများကြီးရှိပါတယ်၊ အဲ့ဒီမျက်စိစူးရှတဲ့လူတွေက အရှင်မင်းကြီး အပြင်ထွက်တာကို တွေ့ပြီး ဘာအမှားမှ မလုပ်ဘူးလို့ အာမမခံနိုင်ပါဘူး။ အပြင်ဘက်ကမ္ဘာကြီးကသာ အရှင်မင်းကြီးက နန်ူတော်အပြင်ကို ထွက်ပြီး သမားတော် ပြတယ်ဆိုတာကို သိသွားရင် ဒုက္ခဖြစ်မှာ မဟုတ်ဘူးလား”
ယွီဝိန်းလန်က သူမမှာ ပြောစရာရှိနေသေးသည်ဟု ခံစားလိုက်ရသည့်အတွက် သူက ပြောလာသည်။
“ဘယ်လို ထင်လဲ”
ထို့နောက် သူမက ချက်ချင်းပဲ ပြောလာသည်။
“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးနဲ့ အတူ အပြင်ထွက်ခွင့်ရရင် ပိုကောင်းမှာပါ။ အဲ့တာမှ တစ်ယောက်ယောက်ကသာ တွေ့သွားခဲ့ရင် အရှင်မင်းကြီးက ဒီကိုယ်လုပ်တော်က အဆင်မပြေဖြစ်တဲ့အတွက် နန်းတော်အပြင်ဘက်က သမားတော်ကို ပြချင်တယ်လို့ပြောပြီး ဒီကိစ္စကို ဒီကိုယ်လုပ်တော်ရဲ့ခေါင်းပေါ် တင်ပေးနိုင်မှာပါ။ ဒါကလည်း အထူးချက်ထားတဲ့ ဆေးတစ်မျိုးပါပဲ”
ပထမအကြည့်တွင် ဒါကိုကြည့်ရသည်မှာ အဓိပ္ပာယ်ရှိပေသည်။
သို့သော် ထို့နောက်မှာတော့ ယွီဝိန်းလန်က သူမပြောတာကို နားထောင်လိုက်သည်။
[အရင်တစ်ခေါက် တျန်းကျင်းလမ်းမက သိုးသားကင်နဲ့ နှမ်းစေ့ကိတ်ကို မစားရသေးဘူး။ ပြီးတော့ တွေးကြည့်လိုက်ရုံနဲ့တင် သရေတောင်ကျလာပြီ]
ယွီဝိန်းလန် “…”
သူက ပြောလာသည်။ သူမက ရုတ်တရက်ကြီး ဘာလို့အရမ်းဂရုစိုက်သွားရတာလဲ။
လက်စသတ်တော့ အစားအသောက်အတွက် ဖြစ်နေတာပဲ။
ထို့နောက် သူက ပြောလိုက်သည်။
“ကိုယ်တော်က သမားတော်သွားပြရုံပဲလေ ဘယ်ကိုမှမသွားဘူး”
သို့သော် သူမပြောလာတာကို ကြားလိုက်ရသည်။
“ချန်ကျဲ့က နားလည်ပါတယ်။ ချန်ကျဲ့က ရထားလုံးထဲမှာပဲ စောင့်နေပါ့မယ်။
[ဟမ့် ငါသာ ဒါကဒီလိုမှန်းသိရင် ကြိုးစားဖိနှိပ်ပြီး အဲဒီညတုန်းက ဘီစကစ်နှစ်ချပ်ကို စားလိုက်ရမှာ။ ပတ်ကြည့်လိုက်ရအောင်လေ ကျန်းမျိုးရိုးရဲ့အိမ်က တျန်းကျင်းလမ်းမနားမှာ များလား။ အရင်သွားရအောင်ပါ!]
ယွီဝိန်းလန် “….”
မင်းက ဘာလို့ အရမ်းဒေါသထွက်နေရတာလဲ။
သူမကိုသာ သွားဖို့မမေးရင် သူက မကောင်းတဲ့ကောင် ဖြစ်သွားမှာ မဟုတ်ဘူးလား။
ကောင်းပြီ အရင်ဆုံး ကျိုးကျိုးမှာ ပြောစရာရှိနေမှတော့ သူမမှာ ရွေးချယ်စရာမရှိဘဲ ပြောလိုက်သည်။
“ကောင်းပြီလေ ကျိုးကျိုးမှာ ဒီည ဘာအရေးကြီးတာမှ မရှိမှတော့ အတူတူသွားကြတာပေါ့”
ယန်ရှုက အပျော်လွန်သွားပြီး ချက်ချင်းပဲ သူမမျက်နှာမှာ အပြုံးတစ်ပွင့်နဲ့ သဘောတူလာပြီး သူမအဝတ်အစားတွေကို လျင်မြန်စွာလဲလိုက်ကာ သူနဲ့အတူ ရထားလုံးပေါ် တက်လာတော့သည်။
~~~~~
89 03
တစ်ခဏကြာပြီးနောက် သူတို့ကနေရာကို ရောက်လာသည်။
ယွီဝိန်းလန်က ကန့်လန်ကာကို ဝတ်ထားဆဲဖြစ်ကာ ရထားလုံးကနေထွက်လိုက်ပြီး ယန်ရှုက သူ့ကိုရထားလုံးကနေ စောင့်နေလိုက်သည်။
သူ့နှလုံးသားထဲမှာ တွေးနေပေသည်။ ပြီးတော့ ဆေးကလည်း အာနိသင်ရှိမလားဆိုတာကို မသိပေ။
တစ်ခဏကြာပြီးနောက် သူပြန်လာတာကို တွေ့လိုက်ရပြီး ကြည့်ရတာ စိတ်ကောင်း ဝင်နေပုံပင်။
ယန်ရှုကသူမဘာသာတွေးလိုက်ပြီး ကြည့်ရတာ သူ့အခြေအနေက တိုးတက်လာတဲ့ပုံပဲ!
ယွီဝိန်းလန်က သူ့နားထဲမှာ ကြားလိုက်ရသည်။ ပြီးတော့ သူ့နှလုံးသားကလည်း အတော်လေးကောင်းနေတာပင်။
ယခုလေးတင် သမားတော်ကျန်းရဲ့ စစ်ဆေးမှုအပြီးမှာတော့ သူ့ကိုယ်ထဲက အဆိပ်အများစုဟာ ထုတ်ပြီးသွားပြီပင်။
ကြည့်ရတာ သူ့ရဲ့အရင်ခန့်မှန်းချက်က မှန်နေတဲ့ပုံပဲ အဆိပ်က အိပ်ခန်းထဲမှာပင်။
ထို့နောက် လွန်ခဲ့တဲ့ငါးရက်မှာ သူဟာ လူတွေကို အိပ်ခန်းထဲစစ်ဆေးဖို့ အမိန့်ပေးခဲ့ပြီးသားပင်။ သို့သော် စွမ်းရည်အကန့်အသတ်ကြောင့် ဖြစ်နိုင်သည်။ ကျင်းယီဝေ့အပြင် အတွင်းညီလာခံအကြံပေးကပါ ဘာကိုမှ ရှာမတွေ့ပေ။
ဒီလိုနည်းအားဖြင့် သူက သူ့ရဲ့ဖျားနာမှု ပြန်ကောင်းလာရုံသာ စောင့်နိုင်တော့သည်။ ပြီးတော့ သမားတော်ကျန်းကို လူကိုယ်တိုင်တွေ့ဖို့ မေးရပေမည်။
သို့သော် ယခုလက်ရှိ အရှိန်နှုန်းအရဆိုလျှင် သူဟာ သာမန်အခြေအနေသို့ ဆယ်ရက်အတွင်းမှာပင် ပြန်ကောင်းနိုင်မည့်ပုံပင်။
သူ စိတ်ကောင်းဝင်နေသည့်အတွက်ကြောင့် သူကလည်း ရက်ရောစွာနဲ့ ပြောလာသည်။
“ဒီနေရာက တျန်းကျင်းလမ်းမနဲ့ သိပ်မဝေးဘူး ကိုယ်မင်းကို အရင်တစ်ခေါက်က သိုးသားကင်နဲ့ နှမ်းကိတ်စားဖို့ ခေါ်သွားပေးမယ်”
ဟေး ဒါက သူမနှလုံးသားအကြောင်း ပြောရုံပဲမဟုတ်လား။
ယန်ရှုရဲ့မျက်လုံးက တောက်ပသွားပြီး
“ကျေးဇူးတင်ပါတယ်။ ယောက်ျားရေ”
ယွီဝိန်းလန်ကလည်း ပြုံးလိုက်ကာ သူမမျက်နှာကို ညှစ်လိုက်ပြီး ရထားမောင်းသူကို ပြောလိုက်သည်။
“တျန်းကျင်းလမ်းမကို သွား”
ရထားမောင်းသူကနာခံလိုက်ကာ မြင်းရဲ့ခေါင်းကိုလှည့်ပြီး ရထားလုံးကို ပြေးဆွဲရန်လုပ်လိုက်သည်။
မမျှော်လင့်စွာနဲ့ ထိုအချိန်မှာပဲ စူးရှတဲ့ ငိုကြွေးသံတစ်ခုကို ကြားလိုက်ရသည်။
“အားပေါင်! ကျွန်မရဲ့အားပေါင်ကို ပြန်ပေးပါ!”
ရထားလုံးထဲက လူနှစ်ယောက်က တစ်ခဏခန့် ရပ်တန့် သွားတော့သည်။
ယန်ရှုက ရထားလုံးတံခါးကို ဂရုတစိုက်မလိုက်ပြီး မြင်လိုက်ရတာကတော့ မိန်းမတစ်ယောက်က ပြေးလွှားရင်း အော်ဟစ်နေကာ သူမမျက်နှာပေါ်မှာလည်း မျက်ရည်တွေ ကျဆင်းနေပေသည်။
ယွီဝိန်းလန်က ရထားလုံးအပြင်ဘက်ကို မေးလိုက်သည်။
“ဘာတွေဖြစ်နေတာလဲ”
ချက်ချင်းပဲ အရိပ်သက်တော်စောင့်တစ်ယောက်က ပြန်ဖြေလာသည်။
“တစ်ယောက်ယောက်က အဲ့မိန်းမရဲ့ကလေးကို လုသွားလို့ပါ”
နေ့ခင်းကြောင်တောင်ကြီး ကလေးလုတာလား။
ယန်ရှုရဲ့မျက်လုံးက ချက်ချင်းပဲ ပြူးကျယ်သွားပြီး
“အဆင်ပြေရဲ့လား”
ယွီဝိန်းလန်ကလည်း လျှို့ဝှက်သက်တော်စောင့်ကို အမိန့်ပေးလိုက်သည်။
89 04
“နောက်ကနေ လိုက်”
လျှို့ဝှက်သက်တော်စောင့်က နာခံလိုက်ကာ ချက်ချင်းပဲ ထိုမိန်းမ ပြေးနေတဲ့ ဦးတည်ဘက်ကို လျှောက်သွားတော့သည်။
လက်ဖက်ရည်တစ်ခွက်စာကြာပြီးနောက် ထိုလျှို့ဝှက်သက်တော်စောင့်က သူ့လက်မောင်းထဲမှာ အသက်လေးငါးနှစ်လောက် ရှိနေပြီဖြစ်တဲ့ ကလေးတစ်ယောက်နဲ့ ပြန်ရောက်လာပြီး ထိုမိန်းမရဲ့လက်ထဲကို ထည့်ပေးလိုက်တော့သည်။
ထိုမိန်းမက ကလေးကို ဖက်လိုက်ကာ ကျယ်လောင်စွာ ငိုကြွေးတော့သည်။ ပြီးနောက် လျှို့ဝှက်သက်တော်စောင့်ကို ကျေးဇူးတင်လိုက်ပြီး အိမ်ကို ပြန်သွားတော့သည်။
ပတ်ဝန်းကျင်က တိတ်ဆိတ်သွားတဲ့အခါမှာတော့ ယွီဝိန်းလန်က ထိုအရိပ်သက်တော်စောင့်ကို မေးလာသည်။
“ဘာတွေဖြစ်နေတာလဲ”
အရိပ်သက်တော်စောင့်က အသံနိမ့်နိမ့်နဲ့ တင်ပြလာသည်။
“တစ်ဖက်မှာက လူသုံးယောက်လောက်ရှိတယ်။ တစ်ယောက်က အဲ့ဒီအမျိုးသမီးကို ရပ်လိုက်ပြီး ကျန်တဲ့နှစ်ယောက်က ကလေးကို အဝေးကိုခေါ်သွားလိုက်ပါတယ်။ ပြီးတော့ အသင့်ပြင်ထားတဲ့ ရထားလုံးပေါ်ကို တက်လိုက်ပြီး မြို့တော်ရဲ့တောင်ဘက်ကို ထွက်ပြေးသွားကြပါတယ်။ ဒါပေမဲ့ သူတို့သုံးယောက်လုံးက အတော်လေးစွမ်းရည်ရှိပြီး စီးပွါးရေးသမားတွေလို သာမန်လူတွေ မဟုတ်ပါဘူး”
ယွီဝိန်းလန်က တစ်ခဏ စဉ်းစားပြီး အမိန့်ပေးလိုက်သည်။
“ကျင်းကျောက်စံအိမ်ကိုသွားပြီး သိပ်မကြာသေးခင်က ဒီလိုအမှုမျိုးရှိသေးလား စုံစမ်းလာခဲ့”
အရိပ်သက်တော်စောင့်က နာခံလိုက်ပြီး ကျင်းကျောက်စံအိမ်တော်ဆီ ထပ်သွားတော့သည်။
ထို့နောက်မှာတော့ ယန်ရှုဟာ ထပ်ပြီး စားချင်စိတ် မရှိတော့ပေ ထို့ကြောင့် သူမက အခုထိစွဲနေသေးတဲ့ ကြောက်စိတ်နဲ့အတူ ပြန်သွားလိုက်သည်။
ကန်လုနန်းဆောင်ကို ပြန်ရောက်ပြီးနောက် သိပ်မကြာခင်မှာပဲ ကျင်းကျောက်စံအိမ်တော်ကို
သွားတဲ့သူတွေကို ယွီဝိန်းလန်ကို ထပ်မံသတင်းပို့လာသည်။
“အရှင်မင်းကြီး ကျင်းကျောက်စံအိမ်တော်ရဲ့ မှတ်တမ်းတွေအရ လတ်တလော ကလေးပျောက်တဲ့အမှု ခြောက်ခု ခုနစ်ခုလောက်ရှိပါတယ်၊ ပြီးတော့ မြို့တော်ရဲ့နေရာအမျိုးမျိုးမှာလဲ ဒီလိုဖြစ်ရပ်မျိုးတွေ ဖြစ်နေပါတယ်၊ ဖြစ်ရပ် လေငါးခုလောက်ဆို ပျောက်ဆုံးသွားသမျှက ယောက်ျားလေးတွေပါ”
ယနေ့ခေတ်ကဲ့သို့ ယောက်ျားလေးကို မိန်းကလေးထက် ပိုပြီးနှစ်သက်ကြတဲ့အချိန််မှာ ဒါကအံ့ဩစရာ မဟုတ်ပေ။ လူကုန်ကူးသူအများစုက ယောက်ျားလေးတွေကို ပစ်မှတ်ထားကြသည်မှာ သူတို့က စျေးကောင်းရလို့ပင်။
ယန်ရှုက စမ်းတဝါးဝါးဖြစ်နေစဉ်မှာပဲ စစ်စတန်ကနေ ဒင်ဟူသော အသံကို ကြားလိုက်ရသည်။
[ဖရဲသီးတစ်ခုရှိတယ်။ စစ်မက်ရေးရာရုံးတော်ရဲ့ဝန်ကြီး ချိုက်ဝေ့ကျုံးကို မှတ်မိသေးတယ်မလား။]
ယန်ရှုက အလျင်အမြန်ပြောလိုက်သည်။
[မှတ်မိတာပေါ့ လက်ထပ်ထားတာကို ဖောက်ပြန်တဲ့ ငါးဆားနူကောင်မလား]
စစ်စတန် [အမှန်ပဲ ဒီည ကလေးပျောက်တဲ့ကိစ္စက သူနဲ့ဆက်စပ်နေတယ်]
******
90 01
အပိုင်း 90
အချိန်အတိုလေးအတွင်းမှာပဲ မြို့တော်အနီးမှာ ကလေးပျောက်ဆုံးတဲ့အမှု ဆယ်ခုထက်မနည်း ရှိနေပေသည်။
ယနေ့ သူ့ကိုယ်ပိုင်မျက်လုံးတွေနဲ့သာ မမြင်ခဲ့ရဖူးဆိုလျှင် ယွီဝိန်းလန်ပင် သိလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် အစောင့်ရဲ့သတင်းပို့ချက်ကို နားထောင်ပြီးနောက် သူဟာ ချက်ချင်းပဲ ကျင်းကျောက်စံအိမ်တော်က အရာရှိတွေ ပြစ်မှုရေးရာဆိုင်ရာရုံးတော်က ဝန်ကြီးတွေနှင့် သာ့လီဘုရားကျောင်းဝန်ကြီးတွေကို ဆင့်ခေါ်လိုက်ကာ ချန်းမင်နန်းဆောင်သို့ သွားတော့သည်။
ပြီးနောက် ယန်ရှုသည်လည်း စစ်စတန်ရဲ့သတင်းပို့ချက်ကို လက်ခံလိုက်ရသည်။
[နင် ပြောတာက စစ်မက်ရေးရာဌာနရဲ့ဝန်ကြီး ချိုက်ဝေ့ကျုံးက ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခု ရှိနေတယ်လို့ ပြောတာလား။ သူကပဲ ဒီကလေးတွေ အားလုံးကို ဖမ်းတာ ဖြစ်နိုင်လား။ ဒီငါးဆားနူကောင်က ဘာလုပ်မလို့လဲ]
စစ်စတန် [ဖမ်းတာက သူမဟုတ်ဘူး။ အဲ့တာက ဟူရိချွမ်းလို့ခေါ်တဲ့ သူ့ရဲ့နောက်ဆုံးရထားတဲ့ သူငယ်ချင်းလေးပဲ]
ဟူရိချွမ်း။
ယန်ရှုက မျက်မှောင် ကြုတ်သွားသည်။
[ဒီလူက ဘာလုပ်တာလဲ။ အရာရှိပဲလား]
စစ်စတန် [ဒီလူနဲ့ပ တ်သက်ပြီး ပုံပြင်တွေ အများကြီးရှိတယ်။ ဟူရိချွမ်းက သရုပ်ဆောင်တစ်ယောက်အဖြစ် မွေးဖွားလာခဲ့တာ။ တစ်ခါကဆို သူက ရှုရဲ့ဘုရင် ယွီဝိန်းဟူရဲ့ အနှစ်သက်ခံ အမျိုးသားတစ်ယောက်ပဲ]
ဒါကိုကြားလိုက်ချိန်မှာ ယန်ရှုက်တတ်နိုင်ဘဲ သူ့မျက်လုံးတွေကို ပြူးကျယ် လိုက်မိသည်။
[ရှုရဲ့ဘုရင် ယွီဝိန်းဟူကဧကရာဇ်ရဲ့ တတိယဦးရီးတော်မိသားစုက ဝမ်းကွဲမလား သူကလည်း ဝတ်ရုံလက်ပြတ်ပဲလား???]
စစ်စတန် [တိတိကျကျပြောရမယ်ဆိုရင် သူက ယောက်ျားရော မိန်းမရော ကြိုက်တယ်]
ယန်ရှု […]
လုံလောက်ပြီ တော်ဝင်မိသားစုက ဟိုးကတည်းက အရမ်းကို အံ့ဩစရာ ကောင်းနေတာပဲ…..။
ဒါကတကယ်ပဲ စားဖို့ရော လုံလောက်ရဲ့လား ယောက်ျားရော မိိန်းမရော အကုန်လုံးကိုလေ?
ဒါပေမဲ့ အဲ့နောက်မှာတော့ သူမက ထပ်ပြီး သိချင်သွားပြန်သည်။
[ဒါပေမဲ့ ယွီဝိန်းဟူက လွန်ခဲ့တဲ့သုံးနှစ်ကပဲ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ သေသွားပြီမလား]
စစ်စတန် [အမှန်ပဲ ယွီဝိန်းဟူသေတော့ နန်းတော်က လူတိုင်းက စျာပနအတွက် ပေးဆပ်ရပေမဲ့ ဒီဟူရိချွမ်းက ကံကောင်းစွာနဲ့ လွတ်သွားခဲ့တယ်။ သူက အဆင့်မြင့်အရာရှိတွေနဲ့ တော်ဝင်မျိုးနွယ်တွေမှာ ဒီလိုအကျင့်မျိုး ရှိတယ်ဆိုတာကို သိတဲ့အတွက် အသက်ရှင်ဖို့အတွက် သူ့ရဲ့အရင်အလုပ်ဟောင်းကို ပြန်လုပ်ခဲ့တယ်။ နေရာစုံက ဝတ်ရုံလက်ပြတ်တွေနဲ့ ပျော်ပါးပြီး အာဏာကို မက်မောတယ်။ ပိုက်ဆံတချို့ စုဆောင်းပြီးတော့ မြို့တော်ကို လာပြီး ချိုက်ဝေ့ကျုံးကို ရည်ရွယ်လိုက်တယ်လေ]
ယန်ရှုက ကျစ် ကျစ်ဟုပြောကာ [ရည်ရွယ်ချက်က တစ်ကယ်ကို တိကျတာပဲ မြို့တော်မှာရှိတဲ့ ဝတ်ရုံလက်ပြတ်ထဲမှာ ချိုက်ဝေ့ကျုံးက အကြီးဆုံးအရာရှိလေ]
စစ်စတန် [မဟုတ်လို့လား။ သူက အဲ့လိုရှာဖွေနေတယ်ဆိုမှတော့ သူက တကယ့်အာဏာရှိတဲ့ လူတစ်ယောက်ကိုရှာပြီး အရာရှိလောကထဲက သေချာတဲ့ အနေအထားရှိတဲ့သူကို ရှာရမှာပေါ့]
ယန်ရှုက တစ်ခြားတစ်ခုကို တွေးလိုက်သည်။
[ခဏနေဦး ချိုက်ဝေ့ကျုံးက လက်သင့်မခံပဲ မနေဘူးလား။ ဒီဟူရိချွမ်းက ရှုရဲ့ဘုရင်ကို ခစားဖူးတယ်လေ ဆိုတော့ သူကအဲ့လိုလုပ်ဖူးမှာပဲ ဟုတ်တယ်မလား။ သူတို့တွေ ဘယ်လိုလုပ် အတူတူ ရှိနိုင်သွားတာလဲ။]
စစ်စတန် [ဟူရိချွမ်းက တကယ်ပဲ အချစ်စစ်ကို ရှာနေတယ် ထင်နေတာလား။ သူက အာဏာနဲ့ ပိုက်ဆံအတွက်ပဲ အချိန်မရွေး လူတွေကို ပြောင်းဖို့ စီစဉ်တာက ဘာအစီအစဉ်လဲ။ ဘာပဲဖြစ်ဖြစ် ချိုက်ဝေ့ကျုံးက အိုနေပြီလေ။ ဒီလူကပဲ သူ့ကို သေတဲ့အထိ ထိန်းချုပ်နိုင်မှာ]
ယန်ရှု […တကယ်ကို မှင်သက်စရာပဲ ဒါပေမဲ့ ချိုက်ဝေ့ကျုံးက ချမ်းသာပြီး အင်အားရှိတယ်ဆိုပေမဲ့ ဘာလို့ကလေးတွေကို ဖမ်းနေရတာလဲ]
90 02
စစ်စတန် [ညီမရေ အခုထိ နုံအနေတုန်းပဲနော်။ ဟူရိချွမ်းက ရှုဘုရင်ရဲ့အနှစ်သက်ခံ အမျိုးသားကိုယ်လုပ်တော်လေ။ ဘယ်လိုလုပ် စစ်မက်ရေးရာဌာနရဲ့ ငယ်သားတစ်ယောက်နဲ့ ကျေနပ်နိုင်မှာလဲ။ သူက ချိုက်ဝေ့ကျုံးရဲ့အာဏာကို အသုံးချပြီး မြို့တော်မှာ စီးပွါးရေးအပို လုပ်နေတာ]
စီးပွါးရေး…
ယန်ရှုက တစ်ခဏ တွေးလိုက်ကာ ထို့နောက် ချက်ချင်းပဲ ခဲသွားတော့သည်။
[….ဖြစ်နိုင်တာက ပြန်ပေးဆွဲခံရတဲ့ကလေးတွေကို ကလေးပြည့်တန်ဆာအဖြစ် ပြောင်းပြီး မကောင်းတဲ့ကောင်တွေဆီ ရောင်းချင်နေတာလား]
စစ်စတန် [မဆိုးဘူး။ အဲ့တာက သူ လုပ်ချင်တာပဲ။ ပထမဆုံး မြို့တော်နဲ့ အနီးအနားနေရာက ကြည့်ကောင်းတဲ့သူတွေကို ရှာပြီး ပြန်ပေးဆွဲ ဒါမှမဟုတ် လုယက်ပြီးရင် သူတို့ကို ကလေးပြည့်တန်ဆာအဖြစ် လေ့ကျင့်ပေးမယ်။ ပြီးရင် နေရာတစ်ကာမှာ အပျော်အပါးနဲ့ အကျိုးအမြတ်ကိုပဲ ရှာနေတဲ့ ချမ်းသာတဲ့ မကောင်းတဲ့ကောင်တွေဆီ ရောင်းချမယ်]
ထိုအရာကို ကြားလိုက်ပြီးနောက် ယန်ရှုက ကျယ်လောင်စွာ အော်ဆဲမိမလို့ပင်။ [ဒီသေသင့်တဲ့ အကောင်ကတော့ အကျင့် ဖောက်ပြားနေတယ်။ဒါကငရဲပြည် ဆယ့်ရှစ်ထပ်ကို ဆင်းရမဲ့လုပ်ရပ်ပဲ!!!]
သို့သော် ဆူပူပြီးနောက်တွင် သူမမှာ သံသယရှိနေဆဲပင်။
[ဒါပေမဲ့ သူက ဘာလို့မြို့တော်က ကလေးတွေကို ဖမ်းရတာလဲ။ မြို့တော်ဆိုတာက ဧကရာဇ်ရဲ့ ခြေထောက်အောက်မှာလေ။ ဥပဒေနဲ့အစီအစဉ်က တစ်ခြားနေရာထက် ပိုကောင်းတယ် သူက အလွယ်လေး အဖမ်းခံရနိုင်တယ်မလား]
စစ်စတန် [ဘာလို့လဲဆိုတော့ ဒီလူက မြို့တော်မှာ အထူးလေ့ကျင့်ပေးရေး နေရာကို တည်ဆောက်ထားတယ်လေ။ ပြီးတော့ ချိန်ညှိဖို့ ကလေးတွေကို တိုက်ရိုက်ခိုးလိုက်တယ်။ အဲ့တာက တစ်ခြားနေရာကနေ ကလေးတွေ တင်ပို့တာထက်တော့ ပိုပြီးလုံခြုံတယ်လေ။ ပိုရှိသေးတာက သူတို့ရဲ့အကျင့်စရိုက် ဖောက်ပြန်နေတဲ့ကောင်တွေ အသိုင်းအဝိုင်းမှာက မြို့တော်က ကလေးပြည့်တန်ဆာတွေကို ရောင်းတာက တစ်ခြားနေရာထက် ပိုပြီးစျေးရတယ်]
ယန်ရှုကရှုပ်ထွေးနေဆဲပင် [ဘာလို့ စျေးပိုမြင့်တာလဲ?]
စစ်စတန် [ဘာလို့လဲဆိုတော့ လူတွေအများကြီးက မြို့တော်က လေသံကို ကြိုက်ကြတယ်လေ။ ဒီလူက နေရာတွေ အများကြီးကို ခရီးထွက်ခဲ့တော့ အများကြီး သိနေတာ]
…ပြီးတော့ မြို့တော်လေသံ ဟုတ်လား။
ယန်ရှုက ထိုအကျင့်ဖောက်ပြန်နေတဲ့ကောင်ကို ထပ်ဆဲလိုက်ပြန်သည်။
ဒီစက်ဝန်းထဲက အကျင့်ဖောက်ပြားတဲ့ ကောင်တွေကို ဓားအချောင်းတစ်ထောင်နဲ့ ဆွဲထုတ်ရမယ်ဆိုရင်တောင် ချဲ့ကားပြောတာ မဟုတ်ဘူး!
ဆူပူပြီးနောက်မှာ သူမက ထပ်မေးလိုက်သည်
[ချိုက်ဝေ့ကျုံးက ကလေးပြည့်တန်ဆာကို မပျိုးထောင်ခင်တုန်းကလည်း သူတို့အားလုံးကို ဝယ်သေးတယ်မလား။ ဒီလူပဲ သူတို့ကို ဝယ်လို့မရဘူးလား။ ဘာလို့ခိုးနေသေးတာလဲ။ ဖမ်းမိမှာကို ကြောက်နေလို့လား။]
ယန်ရှုက သူမရဲ့သွားကို ကြိတ်လိုက်ကာ ပြောလာသည်။
[ချိုက်ဝေ့ကျုံး လက်ထပ်ပြီး ဖောက်ပြန်တဲ့ ငါးဆားနူကောင်!]
ပုံပြင်စာအုပ်ကို ရေးတဲ့အချိန််မှာ သူမက ဒီလူကိုဖော်ထုတ်ချင်ခဲ့တာပင်။ သို့သော် ယနေ့ခေတ် လူ့အဖွဲ့အစည်းမှာ ဝတ်ရုံလက်ပြတ် ဖြစ်တာက တရားမဝင်တာ မဟုတ်တော့ပေ။ ကလေးတစ်ယောက်တည်းကိုသာ ပျိုးထောင်ခြင်းကိုပင် လိုက်လျောထားပေသည်။ သူ့ကိုပုံပြင်စာအုပ် တစ်အုပ်လေးနဲ့ သွားထိတာက မဖြစ်နိုင်လုနီးပါးပင်။ ထို့ကြောင့် သူမက ထိုဟာကို ချောင်ထိုးထားလိုက်သည်။
သို့သော် ထိုငါးဆားနူကောင်က သူ့ရဲ့အကျင့်ဖောက်ပြန်နေတဲ့ ကိုယ်လုပ်တော်ကို ဒီလိုရွံစရာလုပ်ရပ်မျိုး လုပ်ခွင့်ပြုဖို့ ကူညီလိမ့်မယ်လို့ မျှော်လင့်မထားပေ!
ဟေး ဒါက တကယ် တကယ် တကယ် တကယ်ကိုကောင်းလွန်းသည်။
သို့သော် သူမ ဒေါသထွက်ပြီးနောက်မှာ သူမနှလုံးသားက တင်းကြပ်သထက် တင်းကြပ်သွားပြီး ပြောလာသည်။
[အရင်က ပျောက်နေတဲ့ ကလေးတွေအားလုံးကို ဒီဟူရိချွမ်းခိုးတာ မဟုတ်လား?]
စစ်စတန် [ဟုတ်တယ် ဧကရာဇ် ထီးနန်းကို ဆက်ခံပြီးကတည်းက မြို့တော်ရဲ့ ဥပဒေနဲ့အစီအစဉ်က ပိုပြီး တိုးတက်လာတယ်။ လူကုန်ကူးတဲ့သူကို အလွယ်တကူ မတွေ့နိုင်ဘူး။ သေချာပေါက်ပဲ ဒီလူကတော့ လုပ်နေတာပေါ့]
ယန်ရှုရဲ့နှလုံးသားက တင်းကြပ်သွားသည်။ ဒါက ဒီကလေးတွေက ဆိုးရွားတဲ့ ကံကြမ္မာ အဆုံးသတ်ကို ကြုံရတော့မယ်လို့ ဆိုလိုတာမဟုတ်လား?!
မဟုတ်ဘူး သူမ ဧကရာဇ်ကို မြန်မြန်ပြောပြပြီး သူ့ကိုဖမ်းခိုင်းရမယ်။
90 03
ဒါကို တွေးကြည့်လိုက်ပြီး သူမက ချက်ချင်းပဲ ကန်လုနန်းဆောင်ကနေ ထွက်ခွာသွားကာ ချမ်းမင်နန်းဆောင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။
~~~~
ယန်ရှုက အလျင်အမြန် ပြေးနေရာ ရန်တုန်းတောင်မှ သူမကို မမှီနိုင်လုနီးပါးပင်။ သို့သော် ချန်းမင်နန်းဆောင်သို့ တစ်လျှောက်လုံး လာခဲ့ပြီးနောက်မှာ ယွီဝိန်းလန်က တာ့လီဘုရားကျောင်းနဲ့ ပြစ်မှုရေးရာရုံးတော်ရဲ့ ကျင်းကျောက်စံအိမ်တော်က အရာရှိအများအပြား လိုက်ပါလာပြီး ထွက်လာတာကို တွေ့လိုက်ရသည်။
“အရှင်မင်းကြီး….”
သူမက တစ်ခဏလောက် ဘာမှမစဉ်းစားနိုင်တော့ဘဲ အလျင်အမြန်ပဲ အသက်ရှုရပ်မတတ် အော်ခေါ်လိုက်သည်။
သူမကို ယခုလို မြင်လိုက်ရပြီးနောက်မှာ ယွီဝိန်းလန်က သူမတစ်ခုခုဖြစ်တယ်လို့ ထင်လိုက်ပြီး ထို့ကြောင့် သူမဆီလျှောက်သွားကာ မေးလာသည်။
“ဘာဖြစ်လို့လဲ။ မင်းက ဘာလို့အလျင် လိုနေရတာလဲ”
သူ့အနောက်က အရာရှိတွေကလည်း သိချင်စိတ်အပြည့်နှင့် ကြည့်နေကြပေသည်။
ယန်ရှုက စိတ်ငြိမ်ငြိမ်ထားလိုက်ပြီး သူမရဲ့စကားတွေကို ပြန်စဉ်းစားလိုက်ကာ ပြောလိုက်သည်။
“ဒီကိုယ်လုပ်တော်က ပျောက်ဆုံးသွားတဲ့ကလေးတွေကို စိုးရိမ်နေလို့ပါ။ ဘာတွေ ဖြစ်နေတာလဲဆိုတာကို မသိဘူး။ အရာရှိတွေမှာများ တန်ပြန်အစီအစဉ်တွေများ ရှိပါသလား”
ယွီဝိန်းလန်က ပြောလိုက်သည်။
“ကိုယ်တော် သူတို့ကို နေရာသုံးခုမှာ စုံစမ်းဖို့ စေလွှတ်ထားတယ် ကျင်းကျောက်စံအိမ်တော်ရဲ့ထုတ်ပြန်ချက်အရ လုပ်တဲ့သူတွေနဲ့ အုပ်စု တူလောက်တယ်”
ဒါကို ကြားလိုက်ရပြီးနောက် ကျင်းကျောက်စံအိမ်တော်ရဲ့ယင်က လျင်မြန်စွာ ပြောလာသည်။
“ဒီနေ့ညတုန်းက အဲ့ဒီလူစု မြို့တော်ရဲ့တောင်ဘက်ကို ဦးတည်သွားကတည်းက သူတို့ရဲ့ခေါင်းဆောင်က မြို့တော်ရဲ့တောင်ဘက်မှာရှိမယ်လို့ မျှော်လင့်ရတယ်။ ကိုယ်တော့်ရဲ့ငယ်သားတွေကို မြို့တော်ရဲ့တောင်ဘက်မှာ စုံစမ်းစစ်ဆေးဖို့ စေလွှတ်လိုက်မယ်”
ယန်ရှုက ခေါင်းညိတ်ကာ ပြောလာသည်။
“အရှင်မင်းကြီးရဲ့စကားတွေက အကျိုးအကြောင်း သင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုးမ ထင်တာတော့ ဒီလူစုက ဒါဇင်ထက်မနည်းတဲ့ကိစ္စတွေကို လုပ်ပြီးပြီးဆိုမှတော့ သူတို့တွေက ဥာဏ်နီဥာဏ်နက် များလောက်တယ်။ ဒီနေ့ လွဲချော်ပြီးသွားရင် သူတို့တွေက သတိဝီရိယရှိနေပြီး တစ်ခြားနေရာကို ရွှေ့သွားလောက်ပါပြီ”
သူ့နှလုံးသားထဲမှာလည်း စိတ်ရှုပ်စွာ ပြောလာသည်။
[အဲ့ဒီဟူရိချွမ်းက သူ့ရဲ့သစ္စာရှိနောက်လိုက်လေ ဧကရာဇ်က ဝန်ကြီးတွေကို အလျင်စလို ဆင့်ခေါ်လိုက်တာကို တွေ့လိုက်တော့ တစ်ခုခု မှားနေတာကို သိသွားပြီး အရှေ့ဘက်က လီဟွားလမ်းကို ရွှေ့သွားပြီးပြီ]
ယွီဝိန်းလန်က သူ့နှလုံးသားထဲမှာ နားထောင်လိုက်ပြီး မနေနိုင်ဘဲ ရပ်တန့်သွားတော့သည်။
ချိုက်ဝေ့ကျုံးက စောင့်ကြည့်တဲ့သူလား။
ဒီကိစ္စက ချိုက်ဝေ့ကျုံးနဲ့ ဆက်စပ်နေတာလား။
ကြည့်ရတာ သူမက ဒီအကြောင်းကို သိပုံရပြီး သူ့ကိုသတိပေးဖို့ အလျင်စလို ဖြစ်နေပုံပင်။
ထို့နောက် သူ ကပြောလာသည်။
“ကိုယ်လုပ်တော်ယိ ပြောတာက မဆိုးဘူး။ ဒါဆို ရှာဖွေတဲ့အတိုင်းအတာကို အကျယ်ချဲ့လိုက်ပြီး မြို့တော်ရဲ့အရှေ့ဘက်က နေထိုင်တဲ့ဧရိယာတွေမှာပါ ရှာကြ။ ရန်သူကို ထိတ်လန့်မိအောင် မလုပ်ဖို့ သတိရပါ။ အပြင်ဘက်ကို သတင်းပေါက်ကြားစေတာတင် မကဘဲ အမိန့်မနာခံတဲ့ ဘယ်သူကိုမဆို ကွပ်မျက်မယ်”
လူများစွာက ဒါကိုကြားလိုက်ရချိန်မှာ တုံ့ပြန်သည်နှင့်အနေနှင့် သူတို့က ချက်ချင်းပဲ ခေါင်းညွှတ်လိုက်ပြီး သူတို့အားလုံးက အလွန်အမင်းကို တည်ကြည်လေးနက် နေကြသည်။
သူမက အရှင်မင်းကြီး ပြောလာသည်ကို ကြားလိုက်ရသည်။
90 04
“ပျောက်နေတဲ့ ကလေးတွေကို ရှာတွေ့ဖို့က အခုမှာ အဓိကပဲ ကလေးတွေရဲ့လုံခြုံရေးကို သေချာအောင် လုပ်ရမယ်”
လူများစွာက အလျင်အမြန် တုံ့ပြန်လိုက်ပြီး အရှင်မင်းကြီးမှာ ဘာအမိန့်မှ ပေးစရာမရှိတော့တာကို မြင်တဲ့အခါမှာ သူတို့တွေက နန်းတော်ထဲကနေ အလျင်အမြန်ထွက်ကာ ကိစ္စတွေကို လုပ်ဆောင်ကြတော့သည်။
ကန်လုနန်းဆောင်ကို ပြန်လာပြီးနောက်မှာတော့ ယွီဝိန်းလန်က ယန်ရှုကို ထပ်မေးလိုက်သည်။
“အခုမင်းရဲ့သုံးသပ်ချက်က အဓိပ္ပာယ်ရှိတယ်။ အဲ့ကလွဲပြီး တစ်ခြားဘာတွေကိုရော သံသယရှိသေးလဲ”
သူမမှာ စွမ်းအားရှိတဲ့ အရည်အချင်းတွေ ရှိတယ်ဆိုတာကို သိပေသည်။ ထို့ကြောင့် သူက ယခုအချိန်မှာ ပိုပြီးအသုံးဝင်တဲ့ အချက်အလက်တွေကို ရှာတွေ့ချင်ပြီး ပျောက်ဆုံးနေတဲ့ ကလေးတွေကို ဖြစ်နိုင်သမျှ မြန်မြန်ရှာတွေ့ကာ လက်သည်တရားခံကို ဖမ်းမိချင်သည်။
သေချာပေါက်ပင် ပုံမှန်ဆို သူမက သူ့ကို သံလွန်စပေးဖို့ စာရေးလိမ့်မည် ဖြစ်သည်။ သို့သော် ဒီညမှာ အချိန်နည်းနေသည့်အတွက် စာရေးဖို့က နောက်ကျသွားပြီ ဖြစ်သည်။
ဒါက တကယ့်ကို အပြန်အလှန်နားလည်မှုပင်။ ယန်ရှုကလည်း သူ့ကို ယခု ဘယ်လိုပြောရမလဲလို့ စဉ်းစားနေတာ ဖြစ်သည်။
ပုံပြင်ရေးတဲ့အခါ ပထမဆုံးက အလွန်နောက်ကျနေပြီဖြစ်ပြီး ဒုတိယအနေနှင့် ကိစ္စက ယခုအချိန်မှ ဖြစ်ပွားသွားခဲ့တာ ဖြစ်သည်။ သူတို့တွေ အပြင်းအထန် စုံစမ်းရှာဖွေနေတုန်းကို သူမကရေးလိုက်လျှင် ဧကရာဇ်က သူမကို သရဲလို့ သံသယရှိသွားမှာ မဟုတ်လား
ထို့ကြောင့် သူမက သူ့ကို ညွှန်ပြရုံသာ တတ်နိုင်ပေသည်။
ထို့ကြောင့် သူမက ပြောလိုက်သည်။
“ဒီကိုယ်လုပ်တော်က တွေးနေဆဲပါ။ ပုံမှန်ဆို ဒီလူရမ်းကားတွေက တရားဝင် အသက်မွေး ဝမ်းကြောင်းမရှိတဲ့ လူမိုက်တွေပဲ တစ်ခြားသူရဲ့ကလေးကိုခိုးပြီး ငွေအတွက်ရောင်းချကာ အသက်မွေးတယ်။ ဒါပေမဲ့ ဒီနေ့ညက လူသုံးယောက်နဲ့ လှည်းတစ်စီးက နေ့ခင်းကြောင်တောင်ကြီးမှာတောင် လုယက်ရဲပြီး သူတို့တွေက သာမန်လူကုန်ကူးသူတွေ မဟုတ်ဘူးဆိုတာကို ပြနေပါတယ်၊ ဖြစ်နိုင်တာက…..သူတို့တွေက အဲ့ကလေးတွေကို ငွေအတွက် ရောင်းချင်တာ မဟုတ်လောက်ဘူးလား”
ယွီဝိန်းလန်ကလည်း ဒီအချက်ကို တွေးမိပေသည်။
“အမှန်ပဲ ကလေးတွေကို ဒီလိုလုယက်တာက သိသိသာသာကို သာမန်လူကုန်ကူးသူတွေ မဟုတ်ဘူး။ စိုးရိမ်တာက သူတို့နောက်မှာ အင်အားတစ်ခုခု ရှိနေမှာကိုပဲ”
သူသည်လည်း သူ့ဘာသာ တွေးကြည့်လိုက်ပြီး အခုလေးတင်သူမက ချိုက်ဝေ့ကျုံးကို ပြောသွားတာမလား။ ဖြစ်နိုင်တာက ဒါကိုလုပ်တဲ့သူက ချိုက်ဝေ့ကျုံးများလား။
ထိုအချိန်မှာပဲ သူမနှလုံးသားထဲက အော်ဟစ်နေသံကို ကြားလိုက်ရသည်။
[ဘယ်လိုတောင် အကျင့်ဖောက်ပြားနေတဲ့ ဟူရိချွမ်းလဲ။ ငါသာ နင့်ကိုမိလို့ သူတို့တွေကိုသာ မဖြတ်တောက်ဘူးဆိုရင် လူတွေရဲ့အမုန်းတရားကို ပပျောက်အောင်လုပ်ဖို့က ခက်ခဲလောက်တယ်။ ပြီးတော့ အဲဒီသေနာကောင်ကလည်း သစ္စာရှိတယ်၊ လက်ထပ်ထားတာကို ဖောက်ပြန်တဲ့ စာရိတ္တပျက်နေတဲ့ကောင်မလား။ ညီလာခံရဲ့တော်ဝင်အရာရှိအနေနဲ့ သူက တကယ်တော့ ကလေးတွေကို သတ်နေတဲ့ ငါးဆားနူကောင်ကို ကာကွယ်ပေးနေတဲ့သူပဲ။ အနာဂတ်မှာ ရှင့်ရဲ့စာအုပ်မှာ သေချာပေါက် စာလုံးအနည်းငယ် ထပ်ထည့်ပြီး ဂုဏ်သတင်းပျက်စီးအောင် လုပ်ပစ်မယ်။ ရှင့်ကို အပိုင်းပိုင်းဖြတ်ပြီး ကမ္ဘာကြီးကနေ ဘေးဖယ်ခံထားရအောင် လုပ်ပစ်မယ်!]
ယခုတော့ ယွီဝိန်းလန်က နောက်ဆုံးမှာ သေချာကြားနိုင်ပြီ ဖြစ်သည်။
သူမ ပြောတာက ချိုက်ဝေ့ကျုံးက ထီးတစ်ချောင်းတဲ့….။
ဖြစ်နိုင်တာက သူက နောက်ကွယ်က လက်သည်အင်အား ဖြစ်လောက်သည်။
ချိုက်ဝေ့ကျုံး မတိုင်ခင်က အဲ့ဒီနာမည်….
ဟူရိချွမ်း။ သူက လက်သည်တရားခံ ဖြစ်နေမှာ စိုးတယ်။
သို့သော် သူမက ချိုက်ဝေ့ကျုံးရဲ့”ကိုယ်လုပ်တော်”လို့ ခေါ်လိုက်တာမလား။
သေချာပေါက်ကိုပင် သူက ချိုက်ဝေ့ကျုံးဟာ ဝတ်ရုံလက်ပြတ်ဆိုတာကို သိပေသည်။ ဒီအချက်ကနေ ကြည့်မယ်ဆိုလျှင် ဒီမျိုးရိုးနာမည်ဟူနဲ့လူကလည်း ယောက်ျားတစ်ယောက် ဖြစ်နေပုံပင်။
သူနောက်မှ ကျင်းယီဝေ့ကို စုံစမ်းဖို့ ပြောရမယ်။
ထိုအချိန်မှာပဲ သူမ ထပ်ပြောလာတာကို ကြားလိုက်ရသည်။
90 05
“အရှင်မင်းကြီး ဒီကိုယ်လုပ်တော် ရေးတဲ့စာအုပ်ကို မှတ်မိပါသေးရဲ့လား။ အဲ့ဒီမှာ ယောက်ျားတွေကို ကြိုက်နေတာ ရှင်းနေပေမဲ့ မိန်းမတွေကို လိမ်ညာလက်ထပ်ပြီး မိဘတွေကို ပြုစုခိုင်းတဲ့ ငါးဆားနူတစ်ကောင် ရှိတယ်လေ”
ယွီဝိန်းလန်က ခေါင်းညိတ်ပြလိုက်သည်။
“ကိုယ်တော် မှတ်မိတယ်”
ယန်ရှုက ဆက်လိုက်သည်။
“ကိုယ်လုပ်တော်က စာပေတွေမှာ ဖတ်ဖူးတာက ချမ်းသာတဲ့လူတချို့က အလွန်လက်ဖွာပြီး တဏှာကြီးကြတယ်လို့ ကြားမိပါတယ်။ အဲ့တော့ သူတို့တွေက ထူးဆန်းတဲ့ ဝါသနာအမျိုးမျိုးရှိပြီး မိန်းမတွေနဲ့ ဆော့ကစားရတာ မလုံလောက်တဲ့အတွက် ကြည့်ကောင်းတဲ့ ယောက်ျားတစ်ချို့ကို ပျိုးထောင်ပြီး အရှင်မရှိလုပ်ရပ်တွေ လုပ်တယ်လို့ ကြားမိပါတယ်။ ပိုရှိသေးတာက အရွယ်မရောက်သေးတဲ့ တစ်ချို့ကလေးတွေကို သူတို့က…..”
ထိုအချက်မှာပဲ သူမကကြောက်လန့်ချင်ဟန် ဆောင်ကာ ပြောလာသည်။
“အရှင်မင်းကြီး ဒီညအဲ့ဒီလူတွေ ကောင်လေးငယ်ငယ်လေးတွေကို လုယက်တာက ဒီလိုအရာမျိုးကြောင့်များ ဖြစ်လောက်လား”
စကားပြောပြီးနောက်မှာ သူမနှလုံးသားထဲမှာ စိတ်ရှုပ်ထွေးစွာ ပြောလာသည်။
[ရှင် နားလည်ရဲ့လား။ သူတို့တွေက ကောင်လေးတွေကို ပြည့်တန်ဆာလုပ်ဖို့ လုယက်ပြီး ရောင်းကြမှာ။ သူတို့ကို သေချာပေါက် ဖမ်းမိရမယ်နော်]
သေချာတာပေါ့ ယွီဝိန်းလန်လည်း နားလည်ပေသည်။
တကယ်တော့ ထိုလူတွေရဲ့ရည်ရွယ်ချက်က သိသာနေပြီးသားပင်။
ထို့အပြင် ချိုက်ဝေ့ကျုံးနဲ့ပတ်သက်ပြီး တစ်ခုခုရှိနေသည်….။
သူက ချက်ချင်းပဲ ပြောလိုက်သည်။
“မြို့တော်က ဒီလိုနေရာကို ရှာဖို့ တစ်ယောက်ယောက်ကို စုံစမ်းခိုင်းလိုက်မယ်”
ယန်ရှုက လျင်မြန်စွာ ခေါင်းညိတ်လာပြီး
“အရှင်မင်းကြီးက ဥာဏ်ပညာကြီးမားပါတယ်။ ဒီကိုယ်လုပ်တော်ကလည်း အဲ့လိုပဲ ထင်ပါတယ်။ ပြီးတော့ သူတို့တွေကို မြန်မြန်လုပ်မှရမယ်။ မဟုတ်လို့ သူတို့တွေသာ သတင်းရသွားပြီး ထွက်ပြေးသွားရင် တကယ်ကို ဆိုးရွားလိမ့်မယ်”
ယွီဝိန်းလန်က အသံပြုလိုက်ပြီး ထရပ်လိုက်ကာ တံခါးအပြင်ဘက်က တစ်ယောက်ယောက်ကို ခေါ်ဖို့ သွားလိုက်သည်။
သို့သော် တစ်ချိန်းတည်းမှာပဲ သူမစိတ်ထဲက သက်ပြင်းချသံကို ထပ်ကြားလိုက်ရသည်။
[ဒါတွေအားလုံးက ကျွန် မလုပ်နိုင်တာအကုန်ပဲ။ ကျွန်မသာ စကားအများကြီးပြောမိရင် ရှင် သံသယဝင်မှာကို စိုးတယ်။ သူတို့တွေက ကျင်းရွှေလမ်းက ယင်ပင်းစံအိမ်ကို ရှာတွေ့မယ်လို့ မျှော်လင့်ပါတယ်]
ယွီဝိန်းလန်က မျက်ခုံး ပင့်လိုက်သည်။
ကျင်းရွှေလမ်း ယင်ပင်းစံအိမ် ဟူရိချွမ်းလို့ခေါ်တဲ့သူ
သူ အားလုံးကို မှတ်ထားလိုက်သည်။
******