← Chapters

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း ၇၃: ခေါင်းဆောင်တပည့်စူးက ငါ့ရဲ့ နတ်ဘုရားချဉ်းကပ်ခြင်းစေတီကို ပြားချပ်သွားအောင် နင်းချေပစ်ချင်နေတာလား..

မဟုတ်ဘူး... မဟုတ်သေးဘူး....

ယောင်ရှင်းယဲ့က သူ ရှိနေကြောင်းကို ပြသရန် နည်းလမ်းတစ်ခု ရှာရမည်ဟု တွေးလိုက်သည်။

"အဟမ်း... အဲ့ဒါဆို ငါ အကြံပြုချက် တစ်ခု ပေးပါရစေ..."

"စူးချန်ကဲကို ထိုက်ချင်ဂိုဏ်းရဲ့ သူတော်စင်သားတော် အဖြစ် တိုက်ရိုက်ရွေးချယ်လိုက်ရအောင်... ဘယ်သူက ထောက်ခံပြီး ဘယ်သူက ကန့်ကွက်လဲ..."

ယောင်ရှင်းယဲ့ က ခပ်ဖွဖွ ချောင်းဟန့်ပြီးနောက် လေးနက်စွာ ပြောလိုက်သည်။ သူ၏ စကားများက တခြားလူတိုင်း၏အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားခဲ့လေ၏။

မည်သို့ပင်ဆိုစေ တောင်ထိပ်ကိုးခုအနက် မြင့်မြတ်အရှင် ရွှမ်ကျိမှလွဲ၍ သူ့ထံတွင် အမြင့်ဆုံး ဝါရင့်မှုနှင့်အဆင့်အတန်း ရှိနေသည်။

"ငါ သဘောတူတယ်..."

လီချင်းဖုန်းက ပြတ်သားမှုများပြည့်နေသော လေသံဖြင့် ပထမဆုံး စတင်ပြောဆိုလိုက်သည်။

သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော စတုတ္ထတောင်ထိပ်သခင် ဟင်္သာပြဒါးနေမင်းသခင်သည် ကြွယ်ဝသော ဆေးအနံ့အသက်ကို သယ်ဆောင်ထားပြီး သူ၏ပခုံးကို တွန့်ကာ အနည်းငယ် သတိထားသော လေသံဖြင့် ပြောဆိုသည်။

"ငါ့မှာ ကန့်ကွက်စရာ မရှိပါဘူး... ဒါပေမဲ့ အဲ့ဒီ ကောလာဟလတွေရဲ့ မှန်ကန်မှုကိုတော့ အတည်ပြုဖို့ လိုသေးတယ်... အပျက်အစီးနယ်မြေထဲက လူတစ်ယောက်ကို အကြွင်းအကျန် စိတ်ဝိညာဉ်တစ်ခုက ပူးကပ်သွားပြီးတော့ အဲ့ဒီအရာက ခွန်အားတွေကို ယာယီ မြင့်တက်လာစေတယ်ဆိုတာ မကြားဖူးတဲ့ ကိစ္စတော့ မဟုတ်ဘူး..."

နောက်ဆုံးတွင် သူ၏လေသံကို ပြောင်းလဲလိုက်သည်။

"သေချာတာပေါ့... တခြားဘာပဲဖြစ်နေပါစေ ဒီကောင်လေးရဲ့ပါရမီက ထူးချွန်တယ်ဆိုတာတော့ ငြင်းလို့မရတဲ့ အမှန်တရားပဲ... သူ့ကို သူတော်စင်သားတော်အဖြစ် သတ်မှတ်ဖို့ ငါ့မှာ ကန့်ကွက်စရာ မရှိဘူး..."

ဤအချိန်၌ ပုံမှန်အားဖြင့် စကားနည်းပြီး အရပ်အနည်းငယ်ပုသော ဆဋ္ဌမမြောက် တောင်ထိပ်သခင် ဓားအရူးကလည်း သူ၏အက်ရှရှအသံဖြင့် ပထမဆုံးအကြိမ် စကားပြောဆိုခဲ့သည်။

"ဒီအဖိုးကြီးရဲ့ အမြင်အရဆိုရင် သူ့ရဲ့ ဂျူနီယာညီမလေး နင်ဖူယောင်က ဓားတာအိုမှာ ပိုပြီး အံ့အားသင့်စရာကောင်းတဲ့ အလားအလာ ရှိတယ်... အနာဂတ်မှာ သူက ဓားတာအိုကို လွှမ်းမိုးနိုင်လိမ့်မယ်... ဒါပေမဲ့ နှမြောစရာကောင်းတာက... သူ့ရဲ့ လက်ရှိကျင့်ကြံခြင်း နယ်ပယ်က တကယ်ကို နည်းနည်းနိမ့်ကျနေသေးတာပဲ..."

သူက အနည်းငယ် ရပ်တန့်လိုက်ပြီးနောက် တည်ငြိမ်ပြီး ပြတ်သားသော လေသံဖြင့် ဆက်ပြောလေသည်။

"တကယ်လို့ သူ့ရဲ့ စီနီယာအစ်ကိုက သူတော်စင်သားတော် ဖြစ်လာမယ်ဆိုရင်... ဒီအဖိုးကြီးမှာလည်း ကန့်ကွက်စရာ မရှိဘူး..."

သူ၏သဘောတူညီမှုမှာ နင်ဖူယောင်ကို ထည့်သွင်းစဉ်းစားခြင်းသက်သက်သာ ဖြစ်ကြောင်း မည်သူမဆို သိနိုင်သည်။

တောင်ထိပ်သခင်သုံးဦးက ချက်ချင်း သဘောတူပြီး ပြုံးနေသည်ကို မြင်သောအခါ ယောင်ရှင်းယဲ့က သူ၏ မျက်နှာချင်းဆိုင်ရှိ သတ္တမမြောက် တောင်ထိပ်သခင်ကို ကြည့်လိုက်သည်။

"ဒါက နည်းနည်းစိတ်လောလွန်းနေတာ မဟုတ်ဘူးလား... ငါတို့ ထိုက်ချင်ဂိုဏ်းက သူတော်စင်သားတော်ကို မသတ်မှတ်တာ နှစ်တစ်ရာ ရှိသွားပြီ... သူတော်စင်သားတော် တစ်ယောက်ကို သတ်မှတ်လိုက်တာနဲ့ ဂိုဏ်းခေါင်းဆောင် မရှိရင် သူ့ရဲ့စကားက အကြီးမားဆုံး အာဏာကို ရရှိပြီးတော့ တောင်ထိပ်ကိုးခုကို အမိန့်ပေးနိုင်တယ်ဆိုတာ လူတိုင်း သိသင့်တယ်... ငါတို့က ကောလာဟလတွေကိုပဲ ကြားရသေးတာလေ... စူးချန်ကဲက သူတော်စင်သားတော်ရဲ့စွမ်းအားကို ပိုင်ဆိုင်ထားလောက်အောင် တကယ်ပဲ မွန်းစတားဆန်သလား ဆိုတာကို ငါတို့က အတည်ပြုသင့်တာ မဟုတ်ဘူးလား..."

သတ္တမတောင်ထိပ်သခင်က တည်ကြည်လေးနက်သော အမူအရာဖြင့် ပြတ်သားစွာ ခွဲခြမ်းစိတ်ဖြာလိုက်သည်။ သူ၏မျက်နှာပေါ်ရှိ ကင်းခြေများအမာရွတ်က သူ့ကို မွေးရာပါ ကြမ်းတမ်းပြီး အန္တရာယ်ရှိသော အရှိန်အဝါတစ်ခုကို ပေးစွမ်းထားသဖြင့် သူ့ကို ကြည့်ရသည်မှာ လုံးဝနှစ်လိုဖွယ်မရှိပုံ ပေါက်နေသည်။ သူ စကားပြောဆိုနေစဉ် မြင့်မြတ်အရှင်ရွှမ်ကျိကို မော့ကြည့်လိုက်၏။

"သတ္တမသခင်... စူးချန်ကဲရဲ့ ဂျူနီယာညီမလေး က မင်းရဲ့ သတ္တမ တောင်ထိပ်က တပည့်တွေနဲ့ ပွတ်တိုက်မှု အနည်းငယ် ရှိခဲ့တယ်လို့ ငါ ကြားတယ်... မင်းက အဲ့ဒါကြောင့် သဘောမတူတာတော့ မဟုတ်ဘူးမလား..."

အဋ္ဌမတောင်ထိပ်သခင် ရှန်းဝမ်က အပြုံးနှင့် ပြောလိုက်သည်။

သတ္တမတောင်ထိပ်သခင်က ရှန်းဝမ်ကို တစ်ချက်ကြည့်ပြီးနောက် ဂရုမစိုက်သောလေသံဖြင့် ပြောလေသည်။

"အဲ့ဒါက တပည့်တွေကြားက ပွတ်တိုက်မှု သက်သက်ပါ... တောင်ထိပ်အသီးသီးက ခေါင်းဆောင်တပည့်တွေကလည်း ယုံကြည်မှာ မဟုတ်တာလို့ ငါ အဓိက စိုးရိမ်တာပါ... ယောင်ယွီက ဘယ်လို ထင်မလဲ..."

ဤစကားကို ကြားသောအခါ တောင်ထိပ်သခင် များအားလုံး ချက်ချင်းတိတ်ဆိတ်သွားပြီး မြင့်မြတ်အရှင်ရွှမ်ကျိကို ကြည့်လိုက်ကြ၏။

ဤအချိန်၌ မြင့်မြတ်အရှင်ရွှမ်ကျိက အဝေးသို့ ငေးကြည့်နေပြီး သူ၏နှလုံးသားထဲ၌ ရေရွတ်နေခဲ့သည်။

"ဒီကလေးက ငါ့ရဲ့ မိတ်ဆွေဖွဲ့ဖို့ တောင်းဆိုချက်ကိုတောင် လက်မခံဘူး... သူက ငါ့ကို အထင်သေးနေတာလား..."

လူတိုင်းက ချက်ချင်းနားလည်သွားခဲ့ကြသည်။

အင်း...

ခေါင်းဆောင်ရွှမ်ကျိက ထပ်ပြီးတွေဝေမိန်းမောနေပြန်ပြီပဲ...

"ဂေ့.... အဲ့ဒါက တကယ်ပဲ ဒီလောက်ထိ ရှုပ်ထွေးနေလို့လား... သူ့ကို နတ်ဘုရားချဉ်းကပ်ခြင်း စေတီကို စိန်ခေါ်ခွင့် ပေးလိုက်လေ... ဒါမှမဟုတ် လက်နက်အစစ်တွေနဲ့ တိုက်ပွဲတစ်ခု လုပ်ခိုင်းလိုက်ပေါ့... တစ်ယောက်ယောက်က မယုံကြည်ဘူးဆိုရင် သူတို့နဲ့ တိုက်ခိုက်လိုက်ရုံပဲလေ..."

ပဉ္စမ တောင်ထိပ်မှ မူးယစ်နတ်မိမယ် က ရုတ်တရက် လေချဉ်တစ်ချက်တက်ပြီး ပြောဆိုသည်။

သူမ၏အသံ တိတ်ဆိတ်သွားသည်နှင့် တစ်ပြိုင်နက်...

ဒေါင်...

ဒေါင်...

ဒေါင်...

ရှေးဟောင်း ခေါင်းလောင်းကြီးတစ်လုံး၏ ရှည်လျားသော အသံသုံးချက် ထွက်ပေါ်လာခဲ့သည်။

"ဒါက ထိုက်ချင်ခေါင်းလောင်း ပဲ..."

"တစ်ယောက်ယောက်က နတ်ဘုရားချဉ်းကပ်ခြင်းစေတီရဲ့ နဝမအထပ်ကို ကျော်ဖြတ်တော့မလို့လား..."

လူတိုင်း ကြောင်အမ်းသွားခဲ့ကြသည်။ တွေဝေမိန်းမောနေခဲ့သော မြင့်မြတ်အရှင်ရွှမ်ကျိပင်လျှင် ချက်ချင်းသတိပြန်ဝင်လာပြီး သူ၏ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်၏။

အကြီးအကဲတစ်ဦးက ခန်းမပြင်ပမှ အထိတ်တလန့် အပြေးအလွှားဝင်လာပြီး အရိုအသေပေးရန်ပင် မရပ်တန့်ဘဲ အော်ဟစ်လိုက်သည်။

"တောင်ထိပ်သခင်တို့... ကောင်းကင်ဘုံက ငါတို့ရဲ့ထိုက်ချင်ဂိုဏ်း ကို ကောင်းချီးပေးပါစေ... ဒါက တကယ့်ကို ထူးခြားလွန်းတယ်... နဝမတောင်ထိပ်ရဲ့ ခေါင်းဆောင်တပည့်စူးချန်ကဲက နတ်ဘုရားချဉ်းကပ်ခြင်းစေတီရဲ့ နဝမအထပ်ကို ဝင်ရောက်သွားပြီ... အချိန်သုံးရှိုက်စာတောင် မကြာလိုက်ဘူး..."

ဝုန်း...

ပုံရိပ်ရှစ်ခုက ချက်ချင်းဆိုသလိုပင် တပြိုင်နက်တည်း မတ်တတ်ရပ်လိုက်ကြသည်။

လွန်ခဲ့သော တစ်ခဏက...

ထိုက်ချင်ဂိုဏ်း၏ တာအိုမေးမြန်းခြင်း ရင်ပြင် ၏ဗဟိုတွင်...

ကောင်းကင်ယံကို ထိုးဖောက်နေသော ဧရာမ မီးခိုးရောင် ဓားကြီးတစ်လက်နှင့်တူညီသည့် နတ်ဘုရားချဉ်းကပ်ခြင်းစေတီ၏အောက်တွင် ယခင်က ဆူညံနေခဲ့သော လူအုပ်ကြီးမှာ ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။

အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော စူးချန်ကဲက သူ၏နံဘေးတွင် လှပပြီး ပြိုင်ဘက်ကင်းအရှိန်အဝါရှိသော နင်ဖူယောင်နှင့်အတူ ဖြည်းညှင်းစွာ လမ်းလျှောက်လာသည်ကို မြင်တွေ့လိုက်ရသည်။

ဤသည်က အရပ်မျက်နှာအဘက်ဘက်မှ ထိုက်ချင်ဂိုဏ်စတပည့်များ၏ အာရုံစိုက်မှုကို ချက်ချင်းရရှိသွားစေခဲ့သည်။ တပည့်များစွာက ရှေ့သို့တိုးလာပြီး စူးချန်ကဲကို ရိုသေလေးစားစွာ အရိုအသေပေးလိုက်ကြသည်။ သူတို့ထဲမှ အများအပြားမှာ ထိုနေ့က အသင်္ချေကောင်းကင်ဘုံနန်းတော်တွင် စူးချန်ကဲက သူ၏ ကြီးမားသောခွန်အားကို ပြသခဲ့သည်း မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသော တပည့်များပင်။ ယခုအချိန်၌ သူတို့သည် သူ၏တက်ကြွသော ပရိသတ်များ ဖြစ်နေကြလေပြီ။

တိုင်ပင်ဆွေးနွေးမှုများကလည်း အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။

"စီနီယာအစ်ကိုစူးကို နှုတ်ဆက်ပါတယ်..."

"နဝမတောင်ထိပ်က မကြာသေးခင်က တော်တော်လေး တက်ကြွနေတာပဲ... မနေ့က စီနီယာအစ်မလျှိုရူယန်က ဒုတိယအထပ်ကို ကျော်ဖြတ်သွားတယ်... ဒီနေ့ စီနီယာအစ်ကိုစူးက ဒီကို ထပ်ရောက်လာပြန်ပြီ... စီနီယာအစ်ကိုစူးရဲ့ နောက်ကနေ လိုက်လာတဲ့သူက စီနီယာအစ်မနင်ဖူယောင် ဖြစ်ရမယ်မလား..ဟူး... နဝမတောင်ထိပ်က လူတွေအားလုံးက ဒီလောက်တောင် ရုပ်ရည်ချောမောကြတာလား..."

"ဒီကိုယ်ဟန်အနေအထားကို ကြည့်ရတာ စီနီယာအစ်ကိုစူးက အရင်က အရှက်ကွဲမှုတွေကို ဖျောက်ဖျက်ပစ်ဖို့ နတ်ဘုရားချဉ်းကပ်ခြင်း စေတီကို ထပ်ပြီး စိန်ခေါ်ဖို့ ရည်ရွယ်ထားတာများလား..."

"အရင်က အရှက်ကွဲမှုတွေကို ဖျောက်ဖျက်ပစ်ဖို့လား... စီနီယာအစ်ကိုစူးက အရင်က သူ့ရဲ့ စွမ်းရည်တွေကို ဖုံးကွယ်ထားရုံပဲလို့ ငါတို့အားလုံး ပြောပြီးပြီ မဟုတ်လား... နားလည်လား... အသင်္ချေကောင်းကင်ဘုံနန်းတော်မှာ... ထားလိုက်ပါတော့..."

တပည့်တစ်ဦးက စိတ်လှုပ်ရှားစွာ ငြင်းဆိုလိုက်သော်လည်း တောင်ထိပ်သခင်က ကောလာဟလများကို အဆင်အခြင်မဲ့စွာ မဖြန့်ဝေရန် ညွှန်ကြားထားသည်ကို သတိရသွားသောအခါ သူ အောင့်အည်းထားလိုက်လေသည်။

"ဟုတ်တယ်... ဟုတ်တယ်... စီနီယာအစ်ကိုစူးက အရာအားလုံးကို ဖုံးကွယ်ထားခဲ့တာပဲ..."

တပည့်တစ်ဦးက ဇဝေဇဝါဖြင့် ပြောဆိုလိုက်သည်။

"ငါက ဝမ်ကန်းပါ စီနီယာအစ်ကိုစူး... ငါက အစ်ကို့ရဲ့ နံပါတ်တစ် ပရိသတ်ပါ..."

ဝမ်ကန်းက စိတ်လှုပ်ရှားစွာဖြင့် လက်ဝှေ့ယမ်းရင်း အော်ဟစ်လေသည်။

တစ်ချိန်တည်းမှာပင် ထူးခြားသော အရှိန်အဝါရှိသည့် လူငယ်ပုံရိပ်တချို့က မလှမ်းမကမ်းမှ ထွက်လာခဲ့ကြသည်။

"နဝမအစ်ကိုက စေတီကို စိန်ခေါ်တော့မလို့လား..."

"အဲ့ဒီလို ထင်ရတာပဲ..."

"စီနီယာအစ်ကိုယောင်ယွီက အခုထိ အဋ္ဌမအထပ်မှာ ရှိနေတုန်းပဲမလား..."

"အိုး... သူက သူ့ရဲ့ဂျူနီယာညီမလေးကိုတောင် ခေါ်လာသေးတာပဲ... သတ္တမအစ်ကို... မင်းရဲ့ဂျူနီယာညီလေးက နဝမအစ်ကိုရဲ့ ဂျူနီယာညီမလေး နဲ့ ပွတ်တိုက်မှု အနည်းငယ် ရှိခဲ့တယ်လို့ ငါ ကြားတယ်... မင်း ဘာပြောစရာ ရှိလဲ..."

အေးစက်သော မောက်မာမှုများဖြင့် ပြည့်နှက်နေသည့် မျက်နှာရှိသော သတ္တမတောင်ထိပ်၏ ခေါင်းဆောင်တပည့် ကျန်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

"သူတို့က ကျွမ်းကျင်မှုမှာ နိမ့်ကျပြီးတော့ လူတစ်ယောက်ရဲ့ အနိုင်ယူတာကိုတောင် ခံလိုက်ရတယ်... သူတို့ကိုယ်သူတို့ အရှက်ကွဲအောင် လုပ်ခဲ့တာပဲ... သူတို့ကို ငါ အပြစ်မပေးရသေးတာတောင် အံ့အားသင့်စရာပဲ..."

"ဒါပေမဲ့ တကယ်လို့ ငါက အခွင့်အရေး ရမယ်ဆိုရင် နဝမအစ်ကိုနဲ့ ယှဉ်ပြိုင်ချင်တယ်..."

တစ်ချိန်တည်းမှာပင်...

စူးချန်ကဲက နတ်ဘုရားချဉ်းကပ်ခြင်းစေတီ၏ စမ်းသပ်မှုအဝင်ပေါက်ဆီသို့ တည့်မတ်စွာ လျှောက်သွားခဲ့သည်။

သူ၏နောက်တွင် နားမလည်နိုင်အောင် ဖြစ်နေခဲ့သော နင်ဖူယောင်သည် နတ်ဘုရားချဉ်းကပ်ခြင်းစေတီကို မြင်သောအခါ ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားခဲ့သည်။

"စီနီယာအစ်ကိုက သူတော်စင်သားတော် နေရာကို လုံခြုံအောင်လုပ်ဖို့ နဝမအထပ်ကို ချိုးဖျက်ဝင်ရောက်ပြီး ထိုက်ချင်ဓားသင်္ချိုင်းကို ဖွင့်ဖို့ ကြိုးစားနေတာပဲ..."

နင်ဖူယောင်၏နံဘေးတွင် မတ်တတ်ရပ်နေသော စန်းလင်းက နက်ရှိုင်းစွာ မျက်မှောင်ကြုတ်လိုက်၏။ သူသည် စူးချန်ကဲ၏ ရည်ရွယ်ချက်ကို နားလည်သော်လည်း အတန်ကြာ စဉ်းစားပြီးနောက် သူ့ကို မတားဆီးခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ စူးချန်ကဲသည် နင်ဖူယောင်ကို ထိုက်ချင်ဓားသင်္ချိုင်းသို့ စောစီးစွာဝင်ရောက်ခွင့် အမှန်တကယ် ပေးနိုင်ပါက ထိုအရာမှာ ကောင်းသောအရာ ဖြစ်ပေလိမ့်မည်။

"ဦးလေးလင်း... သူက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ..."

ဘယ်ကမှန်းမသိ ထွက်ပေါ်လာသော နင်ဟောင်က စန်းလင်း၏အနီးသို့ တိုးကပ်သွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"စကားနည်းနည်းပြောပြီး ပိုကြည့်ပါ..."

စန်းလင်းက တည်ငြိမ်စွာ ပြန်ဖြေလေသည်။ ထို့နောက် ဤကောင်လေးက စူးချန်ကဲကို မိုက်မဲစွာ ရန်စပြီး မလိုအပ်သော ပြဿနာများ ဖြစ်လာမည်ကို စဉ်းစားကာ ထိုက်ချင်နယ်မြေ တွင် သူ ရရှိထားသော အချက်အလက်များ အားလုံးကို နင်ဟောင်ထံသို့ အသံပေးပို့လိုက်သည်။

"..."

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

နင်ဟောင်သည် နေရာတွင်တင် အေးခဲတောင့်တင်းသွားပြီး မယုံကြည်နိုင်သော အမူအရာဖြင့် စူးချန်ကဲကို စိုက်ကြည့်နေလေသည်။

ဤအချိန်တွင် စူးချန်ကဲသည် နတ်ဘုရားချဉ်းကပ်ခြင်းစေတီ၏ ကြီးမားပြီး မည်းနက်သော အဓိကဝင်ပေါက်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏အနောက်ရှိ နင်ဖူယောင် ကို ညင်သာစွာ ပြောလိုက်၏။

"ငါ့ကို ဒီနေရာမှာ ခဏစောင့်နေအုံး..."

"စီ... စီ... စီ... စီနီယာအစ်ကို... အစ်ကိုက နတ်ဘုရားချဉ်းကပ်ခြင်း စေတီ ကို စိန်ခေါ်တော့မလို့လား..."

နင်ဖူယောင်က သူမ၏ နှလုံးသားထဲရှိ ခန့်မှန်းချက်ကို အတည်ပြုလိုသဖြင့် တုံ့ဆိုင်းစွာ မေးလိုက်သည်။

"စိန်ခေါ်တယ် ဆိုတဲ့ စကားလုံးက သိပ်ပြီးတော့ မသင့်တော်ဘူး..."

စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။ သူက သူ၏ရှေ့ရှိ စေတီဝင်ပေါက်ကို ကြည့်ကာ ထပ်ဖြည့်ပြောလေသည်။

"နင်းချေပစ်မယ်ဆိုရင် ပိုပြီးသင့်တော်မယ် ထင်တယ်..."

နတ်ဘုရားချဉ်းကပ်ခြင်းစေတီကို စောင့်ကြပ်ရန် တာဝန်ရှိပြီး ပြောင်လက်နေသော ခေါင်းတုံးရှိကာ မူလက မျက်လုံးမှေးပြီး ငိုက်မျဉ်းနေခဲ့သော စွမ်းဆောင်ရည်ရှိသည့် အကြီးအကဲက ဤစကားကို ကြားသောအခါ သူ တံတွေးနင်လုနီးပါး ဖြစ်သွားခဲ့သည်။ သူက မော့ကြည့်ပြီး စူးချန်ကဲကို အကဲခတ်ကာ ခါးသီးစွာ ရယ်မောလိုက်သည်။

"ခေါင်းဆောင်တပည့်စူးက ငါ့ရဲ့ နတ်ဘုရားချဉ်းကပ်ခြင်းစေတီကို ပြားချပ်သွားအောင် နင်းချေပစ်ချင်နေတာလို့ ငါ ယူဆလိုက်မယ်..."

အခန်း ၇၄: ဘယ်လောက်ကြာလဲ...အသက်သုံးရှိုက်စာလောက်ပဲ ထင်တယ်...

သူ၏လေသံက ပြောင်းလဲသွားပြီး လူငယ်တစ်ဦးအား အကြံပေးနေသည့် လူကြီးတစ်ဦးအလား ညင်သာလာကာ ဆက်ပြောလေသည်။

"ဟူး... ခေါင်းဆောင်တပည့်စူး... လူငယ်တွေ ရည်မှန်းချက်ရှိတာ ကောင်းပါတယ်... ဒါပေမဲ့ ဒီလောက်ကြီး ဖြစ်နေစရာ မလိုပါဘူး... မင်းရဲ့အရင်က ဆုံးရှုံးမှုက ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ ကျင့်ကြံခြင်း လမ်းစဉ်က ရှည်လျားပြီး မင်းက ငယ်ပါသေးတယ်... မင်း တစ်လှမ်းချင်းစီ ဖြည်းဖြည်းချင်း သွားလို့ ရပါတယ်..."

သို့ရာတွင် စူးချန်ကဲက သူ့ကို လျစ်လျူရှုလိုက်သည်။ သူက ခြေတစ်လှမ်း ရှေ့တိုးလိုက်ရာ အစိမ်းရောင်ဝတ်ရုံဝတ်ထားသော သူ၏ပုံရိပ်သည် ပင်လယ်ထဲသို့ အရည်ပျော်သွားသော ရေပေါက်လေး တစ်ပေါက်အလား နတ်ဘုရားချဉ်းကပ်ခြင်းစေတီထဲသို့ တိတ်ဆိတ်စွာ ပေါင်းစပ်သွားခဲ့သည်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင်...

ဝှစ်... ဝှစ်... ဝှစ်...

"သောက်ကျိုးနည်း... သောက်ကျိုးနည်း... သောက်ကျိုးနည်း... သောက်ကျိုးနည်း..."

စောင့်ကြပ်နေသော အကြီးအကဲသည် ဖင်ထိုက်ရက်သားလဲကျလုနီးပါး ဖြစ်သွားခဲ့ပြီး စေတီ၏ အထပ်တိုင်းက တောက်ပသော နတ်ဘုရား အလင်းရောင်များဖြင့် ပေါက်ကွဲထွက်လာသည်ကို ကြောင်အမ်းအမ်းဖြင့်ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။

နတ်ဘုရားအလင်းရောင် ပေါက်ကွဲထွက်လာခြင်းက အောင်မြင်သော ချိုးဖျက်ဝင်ရောက်မှုကို ကိုယ်စားပြုပြီး အမြန်နှုန်းမှာ သာမန်မျက်စိဖြင့် မြင်နိုင်ရန်ပင် အလွန်မြန်ဆန်လွန်းလှသည်။

ပထမအထပ်... ဒုတိယအထပ်... တတိယအထပ်...

ပဉ္စမအထပ်...

အဋ္ဌမအထပ်...

အသက်တစ်ရှိုက်စာ အချိန်အတွင်းမှာပင် စူးချန်ကဲသည် နတ်ဘုရားချဉ်းကပ်ခြင်းစေတီ၏ အဋ္ဌမအထပ်သို့ ဝင်ရောက်သွားလေပြီ။

ထို့နောက် အဋ္ဌမအထပ်တွင် အသက်နှစ်ရှိုက်စာ အချိန်ယူပြီးနောက် နဝမအထပ်သည် နေထွက်လာသည့်အလား ယခင်က မရှိဖူးသော တောက်ပသည့် အလင်းရောင်များ ချက်ချင်းဖြာထွက်လာခဲ့သည်။

ဤအချိန်၌ ယခင်က ဆူညံနေခဲ့သော တပည့်များသည် ယခုအချိန်၌ လုံးဝတိတ်ဆိတ်သွားခဲ့ပေ၏။ သူတို့တစ်ဦးစီတိုင်းသည် မန္တန်တစ်ခုအောက် ရောက်နေသည့်အလား နေရာတွင် အေးခဲတောင့်တင်းသွားကြသည်။ သူတို့၏မျက်လုံးများက တောက်ပနေသော စေတီနဝမအထပ်ပေါ်တွင် စွဲကပ်နေပြီး သူတို့၏မျက်နှာများမှာ အဓိပ္ပာယ်မရှိမှုများ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

"သောက်ကျိုးနည်း... အဲ့ဒါက အပေါ်ဆုံးကို ဝှစ်ခနဲ... ရောက်သွားတာလား..."

ထူးခြားသောအရှိန်အဝါနှင့် တည်ငြိမ်သော အမူအရာများရှိသည့် လူငယ်အမျိုးသားနှင့် အမျိုးသမီးတချို့မှာလည်း နေရာတွင် ကြောင်အမ်းသွားခဲ့ကြသည်။

"မ... မဟုတ်ဘူး... အဲ့ဒါ မဖြစ်နိုင်ဘူး..."

ညည်းတွားသံနှင့်တူသော ရေရွတ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ထိုအသံမှာ အဋ္ဌမတောင်ထိပ်၏ ခေါင်းဆောင် တပည့်ဖြစ်ပြီး သူသည်လည်း လူဝကြီးတစ်ဦး ဖြစ်ကာ သူ၏လက်ပိုက်ထားသော ကိုယ်ဟန်အနေအထား ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ ယခုအချိန်၌ သူ၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီနေပြီး ပြောဆိုသည်။

"အသက်ဆယ်ရှိုက်... ဒါမှမဟုတ် ငါးရှိုက်လား... မဟုတ်ဘူး... ငါးရှိုက်တောင် မဖြစ်နိုင်ဘူး... သူက အဲ့ဒီအပေါ်ကို ဘယ်လိုလုပ်ပြီးရောက်သွားတာလဲ..."

"ငါ အမြင်မှားနေတာလား..."

သူ၏နံဘေးရှိ ပဉ္စမ တောင်ထိပ်၏ ခေါင်းဆောင်တပည့်သည် လှပသော အမျိုးသမီးတစ်ဦး ဖြစ်ပြီး သူမဆရာမ၏ ကိုယ်ရည်ကိုယ်သွေးနှင့် လုံးဝမတူဘဲ သူမ၏ တည်ငြိမ်သော အမူအရာကြောင့် အမြဲတစေ လူသိများကျော်ကြားသည်၏ သို့ရာတွင် ဤအချိန်၌ သူမ၏ချယ်ရီရောင်နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟနေပြီး သူမ၏လှပသော မျက်လုံးများ ပြူးကျယ်နေသည်။

"သတ္တမအထပ်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံခြင်းကို လိုအပ်နေပြီ... အဋ္ဌမအထပ်အတွက်ကတော့ မှော်အက္ခရာရေးထိုးနယ်ပယ်ထဲကို မဝင်ဘဲနဲ့ ဝင်ဖို့တောင် မတွေးနဲ့လို့ စီနီယာအစ်ကိုယောင်ယွီက ပြောခဲ့တယ်... ပြီးတော့ နဝမအထပ်အတွက်ကတော့ ဓားအင်မော်တယ်လျှိုရဲ့ ငယ်စဥ်ဘဝက ရုပ်သေးရုပ်ကိုယ်ပွားတစ်ခုကို ရင်ဆိုင်ရလိမ့်မယ်...အဲ့ဒါက တူညီတဲ့အဆင့်မှာရှိတဲ့ ရန်သူတွေအားလုံးကို ချေမှုန်းနိုင်တဲ့ အကြွင်းမဲ့စွမ်းအား လိုအပ်တယ်လို့ ဆရာက ပြောခဲ့တယ်... ဒါ... ဒါ... ဒါက... ဘာတွေ ဖြစ်နေတာလဲ..."

သို့ရာတွင် အံ့အားအသင့်ဆုံးသူမှာ ကျန်းယွမ် ပင်။ သူက စူးချန်ကဲနှင့် ယှဉ်ပြိုင်လိုကြောင်း အခုလေးတင်မှ ဖော်ပြခဲ့ခြင်းဖြစ်သော်လည်း ဤမေ့မရနိုင်သော မြင်ကွင်းကို သူ မြင်တွေ့လိုက်ရသည်။

ထိုအချိန်လေးမှာပင်...

သံမျှော်စင်ကြီးတစ်ခုအလား သန်မာတောင့်တင်းသော ပုံရိပ်တစ်ခုက နတ်ဘုရားချဉ်းကပ်ခြင်းစေတီထဲမှ ထွက်လာခဲ့သည်။ သူသည် ရိုးသားသော အသွင်အပြင်ရှိပြီး သူ၏ မျက်လုံးများတွင် နက်ရှိုင်းသော အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုတို့ ပါဝင်နေသည်။

"စီနီယာအစ်ကိုယောင်ယွီ..."

"ဘာတွေ ဖြစ်နေတာလဲ..."

"အထဲမှာ နဝမအစ်ကိုလား..."

အဋ္ဌမတောင်ထိပ်၏ ခေါင်းဆောင်တပည့်က အလျင်အမြန် ရှေ့တိုးလာပြီး မေးလိုက်၏။

ယောင်ယွီက ပြန်မဖြေခဲ့ချေ၏ ထိုအစား သူက နတ်ဘုရားချဉ်းကပ်ခြင်းစေတီကို ပြန်ကြည့်လိုက်ပြီး သူ အဋ္ဌမအထပ်တွင် ပုံရိပ်ယောင်သားရဲနှင့် တိုက်ခိုက်နေချိန်၌ ရုတ်တရက် ထွက်ပေါ်လာခဲ့သော အစိမ်းရောင်ဝတ်ရုံဝတ် ပုံရိပ်ကို ပြန်လည်အမှတ်ရလိုက်သည်။ ထိုလူသည် မည်သည့် လှုပ်ရှားမှုမျှပင် မလုပ်ဘဲ တစ်ချက်ကြည့်လိုက်ရုံဖြင့် ပုံရိပ်ယောင်သားရဲကို မြေပြင်ပေါ်တွင် ဝပ်တွားသွားစေရန် ခြောက်လှန့်နိုင်ခဲ့သည်။

ဟုတ်တယ်... မှန်တယ်... သူက ဒီအဆင့်ကို အဲ့ဒီလိုမျိုး ကျော်ဖြတ်သွားတာပဲ...

ရှေးဟောင်းနတ်ဆိုးလိပ်သွေးမျိုးဆက် တစွန်းတစပါဝင်သော ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးသားရဲဖြစ်သည့် မှော်အက္ခရာပုံစံရေးထိုးခြင်းနယ်ပယ် ကဏဦးအဆင့်ရှိ ပုံရိပ်ယောင်သားရဲသည် အလွန်ကြောက်လန့်သွားသဖြင့် မလှုပ်ရှားရဲအောင် ဖြစ်သွားခဲ့လေ၏။

ယောင်ယွီက စူးချန်ကဲကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်ပြီး တွေဝေတုံ့ဆိုင်းစွာ ခေါ်လိုက်သည်။

"စီနီယာအစ်ကိုစူး..."

တစ်ဖက်လူကလည်း သူ့ကို ကြည့်ပြီး နှုတ်ဆက်ခဲ့လေသည်။ အကယ်၍ သူသာ ထွက်ပေါ်မလာခဲ့ပါက စူးချန်ကဲသည် အသက်တစ်ရှိုက်စာ အတွင်း အပေါ်ဆုံးသို့ ရောက်သွားနိုင်သည်။ ဤအရာကို တွေးမိသောအခါ သူ၏ ကိုယ်ဟန်အနေအထားမှာ မြင့်မားပြီး ဖြောင့်မတ်နေဆဲဖြစ်သော်လည်း သူ၏ နောက်ပစ်ထားသော လက်၏လက်ဆစ်များ ဖြူရော်သွားခဲ့သည်။ စကားလုံးနှစ်လုံးက သူ၏ ပါးစပ်မှ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

"နတ်ဆိုးပဲ..."

ဤအချိန်၌...

နတ်ဘုရားချဉ်းကပ်ခြင်းစေတီ၏ရှေ့တွင်...

"ဟူး... စီနီယာအစ်ကိုက အရမ်းအံ့အားသင့်စရာကောင်းတာပဲ... ဒါက အရမ်းမြန်တယ်..."

နင်ဖူယောင်သည် အသက်ရှူမမှားဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ပြီး အားချီ၏အသံက သူမ၏ စိတ်ထဲတွင် တပြိုင်နက်တည်း ပဲ့တင်ထပ်သွားခဲ့သည်။

"ဒီထိုက်ချင်ဂိုဏ်းရဲ့ နတ်ဘုရားချဉ်းကပ်ခြင်း စေတီလို့ ခေါ်တဲ့အရာက ဒီအောက်ဘုံမှာ မဆိုးပါဘူး... ဒါပေမဲ့ တကယ်တော့ အဲ့ဒါက အရမ်းသာမန်ပါပဲ... သခင်မရဲ့ စီနီယာအစ်ကိုက တကယ့်ကို ပါရမီရှင်တစ်ယောက်မလို့ သူ ဒါကို လုပ်နိုင်တာ အံ့အားသင့်စရာ မဟုတ်ပါဘူး... ဒါပေမဲ့ သခင်မ... သူက သခင်မကို တကယ်ကြီး သင်မပေးနိုင်ပါဘူး..."

သူမ၏နံဘေးရှိ စန်းလင်းက သူ၏ မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်သည်။

ငါ ထင်ထားတဲ့အတိုင်းပဲ ဖြစ်ပုံရတယ်... တကယ်လို့ သူက ကောလာဟလတွေလောက် ချဲ့ကားခံရတာ မဟုတ်ရင်တောင် သူက သေချာပေါက် မွန်းစတားတစ်ကောင်ပဲ...

"ဒီလောက် မြန်တာလား..."

နင်ဟောင်သည် ကြောင်အမ်းသွားခဲ့ပြီး သူ၏မျက်လုံးများက အံ့အားသင့်မှုများကို ပြသနေသည်။သူသည် နတ်ဘုရားချဉ်းကပ်ခြင်းစေတီကို စိန်မခေါ်ခဲ့သော်လည်း ထိုနေရာမှ ဖြာထွက်နေသော အရှိန်အဝါမှ ဖိအားအရိပ်အယောင်တစ်ခုကို သူ ခံစားခဲ့ရသည်။ အကယ်၍ သူသာ အစွမ်းကုန် ကြိုးစားပါက ကျော်ဖြတ်နိုင်မည်ဟု သူ ယုံကြည်သော်လည်း ထိုအရာမှာ မည်သို့မျှ အလွန်အံ့အားသင့်ဖွယ်ကောင်းလောက်အောင် လျှင်မြန်မည် မဟုတ်ချေ။

ဦးလေးလင်းရဲ့ စကားတွေက တကယ်ပဲ မှန်နေတာလား...

သူက တကယ်ပဲ နတ်ဘုရားမျိုးနွယ်စုတစ်ခုလုံးကို သူတစ်ယောက်တည်းနဲ့ သုတ်သင်ပစ်ခဲ့တာလား...

နောက်တစ်စက္ကန့်တွင်...

နတ်ဘုရားချဉ်းကပ်ခြင်းစေတီ၏ နဝမအထပ်မှ မူလက တောက်ပနေသော နတ်ဘုရား အလင်းရောင်များမှာ ဒီရေအလား ဖြည်းညှင်းစွာ နောက်ဆုတ်သွားပြီး နောက်ဆုံးတွင် တည်ငြိမ်မှုသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ထိုအချိန်လေးမှာပင်...

ဒေါင်...

ကြီးကျယ်ခမ်းနားသော ရှေးဟောင်းခေါင်းလောင်းသံတစ်သံက နတ်ဘုရားချဉ်းကပ်ခြင်းစေတီ၏ ထိပ်မှ ရုတ်တရက် မြည်ဟီးလာခဲ့သည်။ စုစည်းနေပြီး ပြယ်လွင့်မသွားသော အသံလှိုင်းများက ထိုက်ချင်ဂိုဏ်း၏ ထောင့်တစ်နေရာတိုင်းသို့ ချက်ချင်းပျံ့နှံ့သွားပေ၏။ ဤသည်က တံခါးပိတ်ကျင့်ကြံနေသော အကြီးအကဲများနှင့်တပည့်များကို ထိတ်လန့်သွားစေခဲ့ပြီး သူတို့က နတ်ဘုရားချဉ်းကပ်ခြင်း စေတီဆီသို့ အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

ဤရှေးဟောင်းခေါင်းလောင်းသံတွင် ကောင်းကင်ဥပဒေသတစ်ခု ပါဝင်နေပုံရပြီး ထိုက်ချင်နယ်မြေတစ်ခုလုံးသို့ ရောက်ရှိသည်အထိ ပို၍ဝေးကွာသော နေရာများသို့ မယုံနိုင်လောက်သော အမြန်နှုန်းဖြင့် ပျံ့နှံ့သွားခဲ့သည်။

ခေါင်းလောင်းသံသုံးချက်...

ထိုက်ချင်ဂိုဏ်းက သူတော်စင်သားတော်တစ်ဦးကို သတ်မှတ်လိုက်လေပြီ။

ထိုက်ချင်နယ်မြေတစ်ခုလုံးရှိ လူတိုင်း တုန်လှုပ်သွားခဲ့ကြသည်။

ဝှစ်... ဝှစ်... ဝှစ်...

နတ်ဘုရားချဉ်းကပ်ခြင်းစေတီ၏ ရှေ့ရှိ ဟင်းလင်းပြင်မှာ အနည်းငယ် လှိုင်းထသွားပြီး ခမ်းနားသော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ပုံရိပ်ရှစ်ခုက တပြိုင်နက်တည်းနီးပါး ထွက်ပေါ်လာခဲ့ကြ၏။

"တောင်ထိပ်သခင်တို့ကို နှုတ်ဆက်ပါတယ်..."

အတွင်းစည်းဖြစ်စေ အပြင်စည်းဖြစ်စေ ထိုနေရာတွင် ရှိနေသော တပည့်အားလုံး အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပြီး တပြိုင်နက်တည်း ဦးညွှတ်လိုက်ကာ သူတို့၏အသံများတွင် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။

"ဆရာ့ကို နှုတ်ဆက်ပါတယ်..."

တချို့သော တပည့်ရင်းများကလည်း သူတို့၏ သက်ဆိုင်ရာဆရာများကို အရိုအသေပေးလိုက်ကြသည်။

စန်းလင်းကလည်း သူ၏ ပေါ့ပေါ့ပါးပါး အမူအရာကို ဖယ်ရှားလိုက်ပြီး တောင်ထိပ်သခင် ရှစ်ဦးကို အပြုံးနှင့် နှုတ်ဆက်လိုက်၏။

"တာအိုရောင်းရင်းတို့..."

ရှေ့ဆုံးတွင် မတ်တတ်ရပ်နေသော မြင့်မြတ်အရှင်ရွှမ်ကျိက စန်းလင်းကို အရင်ဆုံး ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ၏အကြည့်က နတ်ဘုရားချဉ်းကပ်ခြင်းစေတီ၏ ဝင်ပေါက်ပေါ်သို့ ကျရောက်သွားပြီး သူက မေးမြန်းသည်။

"ဘယ်လောက်ကြာလဲ..."

"သုံး... သုံးရှိုက်စာလောက်ပဲ ထင်တယ်..."

နတ်ဘုရားချဉ်းကပ်ခြင်းစေတီကို စောင့်ကြပ်နေသော အဖိုးအိုက အလျင်အမြန်နှင့် ရိုသေလေးစားစွာ ပြန်ဖြေလိုက်ရာ သူ၏ လေသံတွင် မသေချာမှု အရိပ်အယောင်တစ်ခု ပါဝင်နေသည်။ အဓိကအားဖြင့် ထိုအရာမှာ အရမ်း မြန်လွန်းသောကြောင့်ပင်။

"ရှူး..."

စူးရှသော အသက်ရှူသံတစ်ခုကို ကြားလိုက်ရပြီး မည်သည့်တောင်ထိပ်သခင်က ပြုလုပ်လိုက်သည်ကို မည်သူမျှ မသိကြချေ။

ရင်ပြင်တစ်ခုလုံးသည်လည်း တွေးတောဆင်ခြင်မှုများဖြင့် ထူးဆန်းသော တိတ်ဆိတ်မှုထဲသို့ ကျရောက်သွားခဲ့သည်။

ရုတ်တရက်...

စေတီတံခါးဝရှိ ဟင်းလင်းပြင်မှာ ရေအလား လှိုင်းထသွားပြီး လှိုင်းဂယက်များကို ထုတ်လွှတ်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် အလင်းစက်ဝိုင်းအတွင်းမှ အစိမ်းရောင်ဝတ်ရုံဝတ် ပုံရိပ်တစ်ခုက ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

စူးချန်ကဲ၏အမူအရာမှာ ယခင်အတိုင်း တည်ငြိမ်နေသည်။ မလှမ်းမကမ်းတွင် ရပ်နေသော တောင်ထိပ်သခင် ရှစ်ဦးကို မြင်တွေ့ရသော်လည်း သူက အံ့အားသင့်မှု မပြသခဲ့ဘဲ ထိုအရာကို ကြိုတင်မျှော်လင့်ထားသည့်အလားပင်။

မြင့်မြတ်အရှင်ရွှမ်ကျိက အချိန်တခဏကြာမျှ တိတ်ဆိတ်နေခဲ့သည်။ တခြားတောင်ထိပ်သခင်များကလည်း အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးများထဲတွင် တူညီသော အဓိပ္ပာယ်ကို မြင်တွေ့လိုက်ကြရသည်။ ပုံမှန်အားဖြင့် သူတို့သည် ဂရုမစိုက်ဘဲ နေလေ့ရှိသော်လည်း ဤကဲ့သို့ အရေးကြီးသည့် ဖြစ်ရပ်မျိုးကို မည်သူမျှ အထင်မသေးရဲကြချေ။ တစ်နေ့လုံး မူးယစ်နေလေ့ရှိသော ပဉ္စမ တောင်ထိပ်၏ မူးယစ်နတ်မိမယ်ပင်လျှင် ယခုအချိန်၌ အံ့အားသင့်မှုနှင့် လေးနက်သော အမူအရာကို ပြသနေသည်။

ယခင်က သံသယများစွာရှိခဲ့သော သတ္တမတောင်ထိပ်သခင်သည်လည်း ယခုအချိန်၌ သေချာမှု အရိပ်အယောင်တစ်ခုကို ပြသနေသည်။

ချက်ချင်းပင် မရေမတွက်နိုင်သော အံ့အားသင့်နေသည့် မျက်လုံးများ၏ စောင့်ကြည့်မှုအောက်တွင် တောင်ထိပ်သခင်ရှစ်ဦးက တပြိုင်နက်တည်း ရှေ့တိုးလာပြီး စေတီတံခါးမှ အခုလေးတင် ထွက်လာသော အစိမ်းရောင်ဝတ်ရုံဝတ် လူငယ်လေးဆီသို့ ပြီးပြည့်စုံသော တညီတညွတ်တည်းဖြင့် ဦးညွှတ်ကာ လက်ပူးဆုပ်လိုက်ကြ၏။

"ထိုက်ချင်ဂိုဏ်းရဲ့ စည်းမျဉ်းတွေအရ နတ်ဘုရားချဉ်းကပ်ခြင်းစေတီရဲ့ အပေါ်ဆုံးကို ရောက်တဲ့သူတိုင်းက သူတော်စင်သားတော်ပဲ..."

"ထိုက်ချင်ဂိုဏ်းရဲ့လက်ရှိ ယာယီဂိုဏ်းခေါင်းဆောင် ပထမတောင်ထိပ်သခင် ရွှမ်ကျိ က..."

ချက်ချင်းပင် တခြားတောင်ထိပ်သခင် ခုနစ်ဦး၏ အသံများကလည်း ထွက်ပေါ်လာခဲ့သည်။

"ဒုတိယတောင်ထိပ်သခင် ယောင်ရှင်းယဲ့..."

"တတိယတောင်ထိပ်သခင် လီချင်းဖုန်း..."

"စတုတ္ထတောင်ထိပ်သခင် ဟင်္သာပြဒါးနေမင်းသခင်..."

"ပဉ္စမ တောင်ထိပ်သခင် မူးယစ်နတ်မိမယ်..."

"ဆဋ္ဌမ တောင်ထိပ်သခင် ဓားအရူး..."

"သတ္တမ တောင်ထိပ်သခင် ယန်လော့..."

"အဋ္ဌမ တောင်ထိပ်သခင် ရှန်းဝမ်..."

အသံရှစ်သံက တိမ်များကို ဖြတ်သန်းပြီး မြည်ဟည်းသွားကာ တစ်ခုတည်းသော စည်းလုံးသည့် အသံတစ်သံအဖြစ် ပေါင်းစပ်သွားခဲ့သည်။

"ကြိုဆိုပါတယ်... သူတော်စင်သားတော်..."

သူတို့၏နောက်တွင် နတ်ဘုရားချဉ်းကပ်ခြင်း စေတီကို စောင့်ကြပ်နေသော အကြီးအကဲကလည်း အလျင်အမြန် ဦးညွှတ်လိုက်၏။

"သူတော်စင်သားတော်ကို နှုတ်ဆက်ပါတယ်..."

ထို့နောက် လူအများ၏ အကြိမ်ကြိမ် အလေးအနက်ဦးညွှတ်မှုများက လိုက်ပါလာခဲ့သည်။

"တောင်ထိပ်သခင်တို့... ဒီလောက်ထိ တရားဝင် ဖြစ်နေစရာ မလိုပါဘူး... ငါက သူတော်စင်သားတော်ဖြစ်ဖြစ် မဖြစ်ဖြစ် အရေးမကြီးပါဘူး... ထိုက်ချင်ဓားသင်္ချိုင်းက ဟိုဘက်မှာ ရှိတယ်... ကျေးဇူးပြုပြီး လမ်းပြပေးပါ..."

စူးချန်ကဲက အလွန်ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီးနောက် နင်ဖူယောင်ကို လာရန် လက်ယပ်ခေါ်လိုက်သည်။

အလွတ်သဘော ခေါင်းစဉ်များကို သူ ဂရုမစိုက်သော်လည်း ထိုဧကရာဇ်အဆင့် ဓားနည်းစနစ်က အလွန်အရေးကြီးသည်။

ဤအရာကို ကြားသောအခါ တောင်ထိပ်သခင် ရှစ်ဦးလုံး တခဏမျှ ကြောင်အမ်းသွားခဲ့ကြ၏။ ယောင်ရှင်းယဲ့က မျက်နှာလိုမျက်နှာရလုပ်ရန် အလျင်အမြန် ရှေ့တိုးလာခဲ့သည်။

"ဟား ဟား ဟား... သူတော်စင်သားတော်... အခုချက်ချင်း ငါ ခေါ်သွားပေးပါ့မယ်..."

All Chapters