← Chapters

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

အခန်း ၇၉:ဒုတိယမြောက် ဓား... အချိန်...

ဤဒုတိယမြောက် ဓားကျောက်စာတိုင်သည် ယခင်ကျောက်စာတိုင်များနှင့် သိသိသာသာ ကွဲပြားခြားနားနေသည်။ ထိုကျောက်စာတိုင်သည် လုံးလုံးလျားလျား မီးခိုးရောင်သန်းနေပြီး အနားသို့ကပ်သွားရုံဖြင့် အထီးကျန်ဆန်သော အရှိန်အဝါတစ်ခုကို ခံစားရနိုင်သည်။

"ဒီခံစားချက်က... ငါ့ကို စိတ်ပျက်စေမှာ မဟုတ်ဘူး..."

နောက်တစ်စက္ကန့်တွင် စူးချန်ကဲသည် သူ၏ အသိစိတ်ကို ဒုတိယမြောက် ဓားကျောက်စာတိုင်ထဲသို့ နစ်မြုပ်လိုက်၏။

【ဒင်... လက်ခံသူက ထိုက်ချင်ဓားကိုးလက်ရဲ့ ဒုတိယမြောက် ဓားဖြစ်တဲ့ "အချိန်" ကို ကြည့်ရှုနေပါတယ်... သင့်ရဲ့ ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်းနဲ့အတူ ဒုတိယမြောက် ဓားဖြစ်တဲ့ "အချိန်" ရဲ့ အခြေခံတွေကို ကျွမ်းကျင်သွားပါပြီ... ထိုအထဲတွင် ပါဝင်တဲ့ အချိန်တာအိုရဲ့ အမှန်တရား အစအနလေးတစ်ခုကို သင် မြင်တွေ့လိုက်ရပြီးတော့ ဒါက အချိန် မဟာတာအိုရဲ့ တာအိုစည်းချက်အတက်အလက်တစ်ခုဖြစ်တာကို သဘောပေါက်သွားပါတယ်... မဟာတာအိုသုံးထောင် ...အချိန် (အခြေခံအဆင့်) ..အချိန် မဟာတာအို (မပြည့်စုံ)...】

စနစ်၏ အသံ ထွက်ပေါ်လာသည့် အချိန်လေးမှာပင်...

ဝုန်း...

ဖော်ပြ၍မရနိုင်သော အရှိန်အဝါတစ်ခုက စူးချန်ကဲထံမှ အရပ်မျက်နှာအဘက်ဘက်သို့ ဖြာထွက်သွားခဲ့သည်။ ဤအရှိန်အဝါတွင် လောကကြီးကို တုန်ခါစေသော အရှိန်အဟုန် မရှိသော်လည်း ထိုအရှိန်အဝါ ဖြတ်သန်းသွားသော နေရာတိုင်းရှိ ဟင်းလင်းပြင်တွင် မျက်စိဖြင့် မြင်နိုင်သော ပုံပျက်ခြင်းများကို ခံစားခဲ့ရသည်။

စူးချန်ကဲ၏နံဘေးပတ်လည်တွင် ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းများ ထွက်ပေါ်လာခဲ့သည်။

သူ၏ခြေထောက်နံဘေးရှိ ခိုင်ခံ့သော မြက်ပင်လေးများက အညှောက်ထွက်လာပြီး ရှည်ထွက်လာကာ ညှိုးနွမ်းသွားပြီး မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ ဆွေးမြေ့သွားခဲ့သည်။

ပြန့်ကျဲနေသော ကျောက်တုံးတစ်တုံး၏ မျက်နှာပြင်က မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ရာသီဥတုဒဏ်ကို ခံရပြီး တိုက်စားခံရကာ ချွန်ထက်သော အစွန်းများမှ ချောမွေ့သွားပြီး နောက်ဆုံးတွင် သဲပုံတစ်ခုအဖြစ်သို့ ပြိုကျသွားပေ၏။

အချိန် ၏ ဖုံးလွှမ်းမှုအောက်တွင် အရာအားလုံးက လွတ်မြောက်၍မရနိုင်သော ဥပဒေသ တစ်ခုကို လိုက်နာရသည်။ ဤသည်မှာ ကံတရား၏ အခြေခံအကျဆုံး ဖော်ပြချက်ပင်။

စွမ်းရည်တိုင်းသည် အချိန်၏ တိုက်စားမှုအောက်တွင် ဖြူရော်ပြီး စွမ်းအားမဲ့သွားပုံရသည်။

မလှမ်းမကမ်းတွင်...

"တကယ်ကို ထူးဆန်းတဲ့ ခံစားချက်ပဲ... စီနီယာအစ်ကိုက အိုမင်းသွားသလိုပဲ... ဒါပေမဲ့ အဲ့ဒီလိုလည်း မဟုတ်ဘူး..."

နင်ဖူယောင်က စူးချန်ကဲ၏ ကျောပြင်ကို ကြည့်ရင်း ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားနေရသည်။

သို့ရာတွင် ရှေးဟောင်း ဓား ဟင်းလင်းပြင် အတွင်းရှိ အားချီက အော်ဟစ်လုနီးပါး ဖြစ်သွားခဲ့သည်။

"သူက... အချိန်မဟာတာအိုကို နားလည်သဘောပေါက်ဖို့ အချိန်ကို အသုံးပြုနေတာလား... ပြီးတော့ သူက ထိုးထွင်းသိမြင်မှု တော်တော်များများကို ရရှိထားပုံရတယ်... ဒီကောင်လေးက တကယ့်ကို ပါရမီရှင်ပဲ..."

"အဲ့ဒီခေတ်တုန်းကဆိုရင်တောင် သူက အဲ့ဒီ ရှေးဟောင်း ပါရမီရှင်တွေနဲ့ ယှဉ်ပြိုင်နိုင်လိမ့်မယ်... အထူးသဖြင့် နားလည်သဘောပေါက်နိုင်စွမ်းပိုင်းမှာဆိုရင် သူက မွေးရာပါ မဟာတာအို သူတော်စင်ရုပ်ခန္ဓာကိုယ် ပိုင်ရှင်တွေထက် ပိုပြီးအစွမ်းထက်တယ်..."

အားချီက သူမ၏ရှေ့ရှိ မြင်ကွင်းကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေခဲ့သည်။ အဆုံးမရှိသော နှစ်ကာလများကို ဖြတ်သန်းခဲ့ပြီးနောက်မှာပင် ယခင်က စူးချန်ကဲကို သူမ အထင်သေးခဲ့မိကြောင်း ဝန်ခံခဲ့ရပေမည်။

ဤလူငယ်လေး၏ နားလည်သဘောပေါက်နိုင်စွမ်းမှာ ကောင်းကင်ကို ဆန့်ကျင်နေလေပြီ။ သူမ၏အမြင်အရ ကမ္ဘာပေါင်းအသင်္ချေရှိ နတ်ဘုရားရုပ်ခန္ဓာကိုယ်များအနက် ဒုတိယနေရာတွင် ရှိပြီး အကောင်းဆုံး နားလည်သဘောပေါက်နိုင်စွမ်း ရှိခြင်းအတွက် လူသိများသော မွေးရာပါမဟာတာအိုသူတော်စင်ရုပ်ခန္ဓာကိုယ်ပိုင်ရှင်ထက်ပင် ပို၍မွန်းစတားဆန်နေသည်။

ရိုးရိုးသားသား ပြောရလျှင် ဤစူးချန်ကဲသည် ရှေးဟောင်း ဓားတာအိုကျွမ်းကျင်သူတစ်ဦး၏ ပြန်လည်ဝင်စားခြင်းများ ဖြစ်နိုင်သလော..

ထို့ပြင် သူတို့သည် ယခင်က အချင်းချင်းပင် သိကျွမ်းနေနိုင်သလောဟု ယခုအချိန်၌ သူမ သံသယဝင်လာခဲ့သည်။

"အားချီ... စီနီယာအစ်ကိုရဲ့ ဓားတာအိုပါရမီက အရမ်းကိုထူးချွန်လွန်းတာလား..."

နင်ဖူယောင်က သူမ၏စိတ်နှလုံးသားထဲတွင် မမေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

"ဟုတ်တယ်... ဓားတာအို နားလည်သဘောပေါက်မှု တစ်ခုတည်းနဲ့တင်.. ဒီစကြဝဠာရဲ့ အထွန်းတောက်ဆုံး ခေတ်ကာလမှာတောင် သူက အစွမ်းအထက်ဆုံး သူတွေထဲမှာ ပါဝင်နိုင်တယ်..."

အားချီက ချဲ့ကားမှုအရိပ်အယောင် တစိုးတသိမျှ မပါဘဲ ရိုးသားစွာ ပြန်ဖြေလိုက်၏။

သို့ရာတွင်...

အားချီ၏ မျက်လုံးများတွင် ရှားပါးသော လေးနက်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာပြီး သူမက ပြောဆိုသည်။

"ဒါပေမဲ့ နင့်ရဲ့ စီနီယာအစ်ကိုက ဒီတစ်ကြိမ်မှာ ကြီးမားတဲ့ ကံတရားကို ကျူးလွန်ခဲ့မိပြီ... သူ အနာဂတ်မှာ ဘယ်လောက်အထိ ဆက်သွားနိုင်မလဲဆိုတာကို ပြောရခက်တယ်..."

ယခင်က သူမ ပြောခဲ့သကဲ့သို့ပင် ဤတာအိုငါးဆယ်လုံးကို ဖော်ပြ၍မရနိုင်သော တည်ရှိမှုတချို့က ထိန်းချုပ်ထားသည်။ လက်ရှိတွင် စူးချန်ကဲသည် အားနည်းနေသေးပြီး ဤဓမ္မကျဆင်းမှု ခေတ်ကာလအတွင်း သူသည် အောက်ဘုံတွင် ရှိနေသဖြင့် ထိုတည်ရှိမှုများက သူ့ကို သတိမထားမိကြသေးချေ။ သို့ရာတွင် သူ တာအိုကို ရရှိသောနေ့သည် သူ ထာဝရ ကျိန်စာသင့်ခြင်းကို ရင်ဆိုင်ရမည့် အချိန်ပင်။

စူးချန်ကဲက သူ့ကို သတ်ဖြတ်ရန် ရုတ်တရက် ရောက်လာမည့် ကောင်းကင်ဘုံရှိ နတ်ဘုရားများနှင့် ဗုဒ္ဓများကို ရင်ဆိုင်ရမည့် မြင်ကွင်းကို သူမ မြင်ယောင်မိလုနီးပါး ဖြစ်နေခဲ့သည်။

သေချာသည်မှာ ထိုနေ့သည် မည်သည့်အချိန်မျှ ရောက်မလာခြင်းမျိုးလည်း ဖြစ်နိုင်သည်။ စူးချန်ကဲ၏ လက်ရှိစွမ်းဆောင်ရည်မှာ အမှန်တကယ်ကို ထိတ်လန့်ဖွယ် ကောင်းသော်လည်း မဟာတာအို၏လမ်းစဉ်မှာ ရှေ့သို့ဆက်သွားလေလေ ပို၍ခက်ခဲလာလေလေပင်။ အထွတ်အထိပ်သို့ ရောက်ရှိသူများမှာ ပါရမီရှင်များချည်းသက်သက် မဟုတ်ချေ။ ထိုလူများအနက် တဖြည်းဖြည်းချင်း စုဆောင်းလာသူများလည်း ရှိသလို စောစောစီးစီး ကျင့်ကြံမှုစတင်ခဲ့သော နှေးကွေးသည့် လူများပင် ရှိနေသည်။

"ဘာလို့ ကြီးမားတဲ့ ကံတရား ရှိနေရတာလဲ... စီနီယာအစ်ကိုက ဒီလောက်ထိ အစွမ်းထက်နေတာကို ဘာလို့ အဝေးကြီးကို ဆက်မသွားနိုင်ရတာလဲ... အားချီ... နင် ဘာကို ဆိုလိုတာလဲ..."

နင်ဖူယောင်က တည်ကြည်လေးနက်နေပုံရသည်။ သူမသည် အားချီ၏စကားများကို ယုံကြည်သဖြင့် သူမ၏စိတ်နှလုံးသားထဲတွင် ရှင်းပြ၍မရနိုင်အောင် စိတ်ပူပန်လာခဲ့သည်။

"ဘာလို့လဲဆိုတော့ အင်မော်တယ် မွန်းစတားအိုကြီးတချို့က မင်းရဲ့ စီနီယာအစ်ကိုကို ဆက်ပြီး ကြီးထွားလာဖို့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်လို့ပဲ..."

အားချီက အလွန်ရိုးရှင်းသော နည်းလမ်းဖြင့် ရှင်းပြလိုက်၏။

နင်ဖူယောင်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

"သူတို့က ဘာလို့ စီနီယာအစ်ကိုကို ကြီးထွားခွင့် မပေးရတာလဲ... စီနီယာအစ်ကိုက အရင်က သူတို့ကို စော်ကားခဲ့ဖူးလို့လား..."

"မဟုတ်ဘူး... နင့်ရဲ့စီနီယာအစ်ကိုက သူတို့ကို တစ်ခါမှတောင် တွေ့ဖူးမှာ မဟုတ်ဘူး... ဒါက သူ့ရဲ့ ပါရမီက အရမ်းအားကောင်းလွန်းနေလို့ပါပဲ..."

အားချီ က ဆက်ပြောလေသည်။

ဤအရာကို ကြားသောအခါ နင်ဖူယောင် က အနည်းငယ် ဒေါသထွက်သွားကာ ပြောလိုက်သည်။

"အာ... ဒါက အရမ်းကို အဓိပ္ပာယ်မရှိတာပဲ..."

"အဓိပ္ပာယ်..."

အားချီက လှောင်ပြောင်လိုက်ကာ ထိုအရာကို အလွန်ရယ်စရာကောင်းသော အရာတစ်ခုအဖြစ် ထင်မြင်နေပုံရပြီးနောက် သူမက ပြောဆိုလိုက်၏။

"သခင်မ... ဒီလောကကြီးမှာ ဘယ်တုန်းကမှ အဓိပ္ပာယ်ဆိုတာ မရှိခဲ့တာကို နင် နားလည်ရမယ်... ခွန်အားကြီးသူတွေက ကန့်သတ်ချက် မရှိဘူး... ပြီးတော့ အားနည်းသူတွေက လက်အောက်ခံရမယ်... အမြဲတမ်း ဒီလိုပဲ..."

"အဲ့ဒီလိုလား..."

နင်ဖူယောင်၏ မျက်လုံးများတွင် အေးစက်မှုနှင့် ပြတ်သားမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ စီနီယာအစ်ကို က သူမကို ကောင်းမွန်စွာ ဆက်ဆံခဲ့ပြီး ဓားတစ်လက် လက်ဆောင်ပေးကာ သူမအတွက် ရပ်တည်ပေးခဲ့ပြီး ဤတစ်ကြိမ်တွင် သူမကို ထိုက်ချင်ဓားသင်္ချိုင်းထဲသို့ ခေါ်ဆောင်လာခဲ့သည်။

တကယ်လို့ အဲ့ဒီလိုနေ့မျိုးသာ တကယ်ကြီး ရောက်လာခဲ့ရင် ငါ... နင်ဖူယောင်က... ငါကိုယ်တိုင် သူတို့နဲ့ အကျိုးအကြောင်းပြ ငြင်းခုံရလိမ့်မယ်...

တစ်ချိန်တည်းမှာပင် ထိုက်ချင်ဓားသင်္ချိုင်း၏ အပြင်ဘက်ရှိ ပုံရိပ်ယောင်ကျောက်ပြား၏ရှေ့တွင် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်နေခဲ့သည်။ ယခင်က မည်သည့်အချိန်ကထက်မဆို ပို၍စေ့စပ်သေချာသော တိတ်ဆိတ်မှုပင်။

လူတိုင်းမှာ နေရာတွင် အေးခဲတောင့်တင်းနေသည့်အလား ဖြစ်နေပြီး သူတို့၏မျက်လုံးသူငယ်အိမ်များမှာ အကန့်အသတ်အထိ ကျုံ့သွားကာ ပုံရိပ်ယောင်ကျောက်ပြားပေါ်ရှိ ထူးဆန်းသော မြင်ကွင်းကို စိုက်ကြည့်နေကြ၏။

သစ်ပင်များ ဆွေးမြေ့သွားခြင်း...ခိုင်မာသော ကျောက်တုံးများ သဲအဖြစ်သို့ ပြောင်းလဲသွားခြင်း...

"အဲ့ဒါ... အဲ့ဒါက ဘာလဲ..."

မူးယစ်နတ်မိမယ်၏အသံမှာ ခြောက်ကပ်နေခဲ့သည်။

သို့ရာတွင် နောက်တစ်စက္ကန့်တွင်...

ဝုန်း...

လူအုပ်ကြီး၏ ကြောင်အမ်းနေသော အကြည့်များအောက်တွင် မြင့်မြတ်အရှင်ရွှမ်ကျိက သူ၏ လက်ကို ဝှေ့ယမ်းကာ ပုံရိပ်ယောင်ကျောက်ပြားပေါ်ရှိ ပုံရိပ်ကို တိုက်ရိုက်ဖြတ်တောက်လိုက်သည်။ သူ၏နှလုံးသားထဲရှိ အံ့အားသင့်မှုကို ဖိနှိပ်ထားကာ သူက လူတိုင်းကို ဝေ့ကြည့်လိုက်ပြီး မေးခွန်းထုတ်၍မရနိုင်သော လေသံဖြင့် ပြောလိုက်သည်။

"ထပ်ကြည့်နေစရာ မလိုတော့ဘူး... ပြီးတော့ မင်းတို့ ထပ်ကြည့်လို့ မရတော့ဘူး..."

ဤအချိန်၌ ဆက်ကြည့်နေရန်မှာ အမှန်တကယ်ကို မဖြစ်နိုင်တော့ချေ။ ဤနေရာတွင် ရှိနေသော လူများ၌ မကောင်းသော ရည်ရွယ်ချက် မရှိလျှင်ပင် ဤအရာမှာ လုံးဝမသင့်တော်ချေ။

အစပိုင်းတွင် မြင့်မြတ်အရှင် ရွှမ်ကျိသည် စူးချန်ကဲ ဘာလုပ်မည်နှင့် ထိုက်ချင်ဓားသင်္ချိုင်း ကို ဖွင့်ရန် အဘယ်ကြောင့် ဤမျှ လောနေရကြောင်းကို သိချင်စိတ်ဖြင့် ဓားသင်္ချိုင်းကမ္ဘာကို ကြည့်ရန် ပုံရိပ်ယောင်ကျောက်ပြားကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ စူးချန်ကဲက သူ၏စွမ်းအားကို ပြသသည်အား မြင့်မြတ်အရှင်ရွှမ်ကျိက မြင်တွေ့လိုခဲ့ခြင်းဖြစ်သည်။ အကြောင်းအရင်းမှာ သူသည် ထိုအရာကို သူကိုယ်တိုင် မျက်မြင်မတွေ့ရသေးသောကြောင့်ပင်။

သို့ရာတွင် ယခုအချိန်၌ အခြေအနေမှာ ကွဲပြားသွားခဲ့လေပြီ။ စူးချန်ကဲ၏ ပါရမီရှင် အဆင့်အတန်း အတိုင်းအတာမှာ သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သွားခဲ့သည်။ ဤအချိန်၌ ထိုနေ့က ဝမ်ကန်း ပြောဆိုခဲ့သမျှ အရာအားလုံးကို သူ စတင်၍ ယုံကြည်လာခဲ့သည်။ စူးချန်ကဲ ပါဝင်သော ထိုက်ချင်ဂိုဏ်း သည် ကောင်းကင်ဘုံတခွင်လုံး၌ သေချာပေါက် ပြိုင်ဘက်ကင်းလာမည်ပင်။

ထိုသို့ဆိုလျှင် ယခုချိန်၌ သူ လုပ်ဆောင်ရန် လိုအပ်သည့် တစ်ခုတည်းသော အရာမှာ စူးချန်ကဲအား အကူအညီများ ပေးစွမ်းရန် သူ အစွမ်းကုန် ကြိုးစားရန်ပင်။

"မင်းတို့ အားလုံး ထိုက်ချင်ခန်းမကို အရင် သွားကြတော့... သူတော်စင်သားတော် ထွက်လာမယ့် အချိန်ကို ငါ ဒီမှာ စောင့်နေမယ်... အဲ့ဒီနောက်မှာ ငါ ကိုယ်တိုင် ထိုက်ချင်အစည်းအဝေးကို ခေါ်ယူမယ်... လာမယ့် ဆယ်နှစ် ဒါမှမဟုတ် နှစ်တစ်ရာအတွက် ထိုက်ချင်ဂိုဏ်းရဲ့ မဟာဗျူဟာ မူဝါဒတွေကို ငါ ပြုပြင်ပြောင်းလဲချင်တယ်..."

မြင့်မြတ်အရှင်ရွှမ်ကျိက ထပ်ဖြည့်ပြောလိုက်သည်။

လူအုပ်ကြီးသည် တဖြည်းဖြည်း သတိပြန်ဝင်လာကြပြီး သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြကာ မြင့်မြတ်အရှင်ရွှမ်ကျိ၏အကြံအစည်ကို လုံးဝသဘောတူလိုက်ကြသည်။

စန်းလင်းသည်လည်း မယုံနိုင်လောက်အောင် အံ့အားသင့်နေခဲ့လေပြီ။ သူက ဆွံ့အနေသော နင်ဟောင်ကို ချက်ချင်း ဆွဲခေါ်လိုက်ပြီး အလိုအလျောက် ခြေလှမ်းတစ်ဝက်ခန့် နောက်ဆုတ်လိုက်၏။ ဤအချိန်၌ သူ၏စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိနေခဲ့သည်။

"နင်ဖူယောင်က စူးချန်ကဲရဲ့ ဂျူနီယာညီမလေး ဖြစ်လာနိုင်တာက သူ့ရဲ့ အကြီးမားဆုံး ကံကောင်းမှုကြီးဖြစ်နိုင်တယ်..."

ရှေးဟောင်းဓားသင်္ချိုင်းအတွင်း၌...

ဒုတိယမြောက် ဓားကျောက်စာတိုင်ရှေ့တွင်...

စူးချန်ကဲက မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ၏မျက်လုံးသူငယ်အိမ်များအတွင်းတွင် မှော်စာလုံး ထောင်ပေါင်းများစွာက စီးဆင်းနေပြီး ပျက်စီးသွားသည့်အလား ပုံပျက်နေကာ နောက်ဆုံးတွင် တည်ငြိမ်မှုသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

သူက နောက်ကျိနေသော လေတစ်ရှိုက်ကို ညင်သာစွာ ထုတ်လွှတ်လိုက်ပြီး ထိုအသက်ရှူသံတွင် လောကဓံအပြောင်းအလဲများ၏ အရိပ်အယောင်တစ်ခု အမှန်တကယ် ပါဝင်နေပေ၏။

"ဒါက တကယ့်ကို အချိန်ပဲ... မဟာတာအိုသုံးထောင်ထဲမှာ အရှားပါးဆုံးပဲ..."

"စစ်မှန်တဲ့ အချိန်မဟာတာအိုနဲ့ မယှဉ်နိုင်ရင်တောင်မှ အဲ့ဒါက ဉာဏ်အလင်းပွင့်ခြင်း အတွက် လမ်းညွှန်မှုတစ်ခုကို ပေးခဲ့တယ်... အချိန် မဟာတာအိုကို နားလည်သဘောပေါက်ဖို့ဆိုတာ အချိန်ပဲလိုအပ်တဲ့ ကိစ္စတစ်ခုပဲ..."

အခန်း ၈၀:ငါက နင့်ရဲ့အစေခံမလေး ဖြစ်လာမယ်ဆိုရင် ဘယ်လိုလဲ..

စူးချန်ကဲ၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု လင်းလက်သွားခဲသည်။ ဤတစ်ကြိမ်တွင် သူသည် နင်ဖူယောင်အား တာအိုကို မျှဝေပေးရန်သာ ရည်ရွယ်ခဲ့သော်လည်း ဤမျှထိ ကြီးမားသော အကျိုးကျေးဇူးမျိုး ရလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

သတ်ဖြတ်ခြင်းတာအိုနှင့် အချိန်တာအိုများကို ရယူနိုင်ခြင်းက သူ၏ တိုက်ခိုက်ရေး ခွန်အားကို သူကိုယ်တိုင်ပင် အကဲမဖြတ်နိုင်လောက်သော အဆင့်တစ်ခုအထိ တွန်းပို့ပေးခဲ့သည်မှာ သေချာပေါက်ပင်။

ချက်ချင်းပင် သူ၏ အကြည့်က နောက်ဆုံးဖြစ်သော ပထမဆုံး ဓားကျောက်စာတိုင်ပေါ်သို့ ကျရောက်သွားခဲ့သည်။

သူ၏ ပုံရိပ်က လေပြေတစ်ခု တိုက်ခတ်သွားသည့်အလား အနည်းငယ် လှုပ်ရှားသွားပြီး သူသည် ဓားကျောက်စာတိုင်၏ရှေ့တွင် ပလ္လင်ခွေ ထိုင်နေလေပြီ။

သူ၏နတ်ဘုရားစိတ်အာရုံက ဓားကျောက်စာတိုင်ကို ထိတွေ့လိုက်သည်နှင့် တပြိုင်နက် ယခင်က သူ နားလည်သဘောပေါက်ထားခဲ့သော ထင်ရှားသည့် ဓားစိတ်ဆန္ဒရှစ်ခုမှာ ငုပ်လျှိုးနေသော စက်ယန္တရားတစ်ခုကို အသက်သွင်းလိုက်သည့်အလား အလိုအလျောက် ပေါက်ကွဲထွက်လာခဲ့သည်။ ရှေးဟောင်းမှော်စာလုံးများက ကျောက်စာတိုင်၏ ကိုယ်ထည်ပေါ်တွင် လင်းလက်သွားပြီး ရှင်းပြ၍မရနိုင်သော စုပ်ယူခြင်းစွမ်းအားတစ်ရပ် ထွက်ပေါ်လာကာ သူ၏ရှေ့ရှိ မြင်ကွင်းမှာ ရုတ်တရက် ပြောင်းလဲသွားလေ၏။

သူ၏အာရုံစိုက်မှုကို ပြန်လည်ရရှိလာသောအခါ သူသည် ပထမဆုံး ဓားကျောက်စာတိုင် အတွင်း၌ပါဝင်သော အတွင်းကမ္ဘာငယ်လေးထဲသို့ ရောက်ရှိနေလေပြီ။

ဤနေရာသည် အပြင်ဘက်ရှိ ထိုက်ချင်ဓားသင်္ချိုင်း၏ အထီးကျန်ဆန်မှုနှင့် လုံးဝကွဲပြားနေပြီး စစ်မှန်သော သုခဘုံတစ်ခု၏မြင်ကွင်းကို ပြသထားသည်။

ခန်မဆောင်များ... အိမ်ငယ်လေးများ....စိမ်းလန်းသော တောင်များနှင့် ဝါးတောများ...

ဤကမ္ဘာငယ်လေးတွင် အတူတကွ တည်ရှိနေသော ဓားစိတ်ဆန္ဒရှစ်မျိုးဖြင့် ပျံ့နှံ့နေပြီး ထိုအရာမှာ ယခင်က စူးချန်ကဲ နားလည်သဘောပေါက်ထားခဲ့သော ဓားရှစ်လက်ပင်။

"တကယ်လို့ ငါက ပထမဆုံး ဓားရှစ်လက်ကို ဒီနေရာမှာ ကျင့်ကြံမယ်ဆိုရင် ငါက အားစိုက်ထုတ်မှု တစ်ဝက်နဲ့ ရလဒ် နှစ်ဆ ရလိမ့်မယ်... ဒါ့အပြင် အချိန်ရဲ့စီးဆင်းမှုက အရမ်းနှေးကွေးတယ်... အဲ့ဒါက ဝင်္ကပါဖွဲ့စည်းခြင်းတစ်ခုကြောင့် ပြောင်းလဲသွားတာ ဖြစ်ရမယ်... အဲ့ဒီ ဘိုးဘေးထိုက်ချင်က ဒါကို လုပ်ခဲ့တာပဲ ဖြစ်မယ်..."

စူးချန်ကဲက မော့ကြည့်ကာ ကမ္ဘာငယ်လေးကို အကဲခတ်ရင်း သူ ကောက်ချက်ချလိုက်သည်။ အချိန်တာအိုတစ်စိတ်တစ်ပိုင်းကို ကျွမ်းကျင်ထားပြီးဖြစ်ရာ ဤနေရာ၏ ထူးကဲသော သဘာဝကို သူ ချက်ချင်း ရိပ်မိနိုင်သည်။

နောက်တစ်စက္ကန့်တွင်...

သာယာနာပျော်ဖွယ်ကောင်းသော ဇီသာသံတစ်သံ ပျံ့လွင့်လာခဲ့သည်။ စူးချန်ကဲက အသံလာရာဆီသို့ ချက်ချင်းကြည့်လိုက်၏။ သူ၏ ထင်ယောင်ထင်မှား ဖျက်ဆီးခြင်း နတ်ဘုရားမျက်လုံးသူငယ်အိမ်များအောက်တွင် စိတ်ဝိညာဉ်မြူခိုးများမှတစ်ဆင့် ပြိုင်ဘက်ကင်းသော ပုံရိပ်တစ်ခုကို သူ မြင်တွေ့လိုက်ရသည်။ သူမ၏ခန္ဓာကိုယ် အနည်းငယ် လွင့်မျောနေပြီး သူမ၏အမူအရာသည် ညင်သာပြေပြစ်ကာ အသွင်အပြင်များမှာ အလွန်လှပသည်။ သူမ၏ မည်းနက်သော ဆံပင်များကို သစ်သားဆံထိုး တစ်ခုဖြင့် ရိုးရှင်းစွာ စည်းနှောင်ထားပြီး သူမ၏ရင်သားတစ်စုံက တောင်နှစ်လုံးအလား ထင်ရှားစွာ ရှိနေသည်။

တစ်ချိန်တည်းမှာပင် သူ၏ခြေထောက်အောက်ရှိ မြေပြင်က စတင်ရွေ့လျားလာသည်ကို စူးချန်ကဲက သတိထားမိသွားသည်။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူသည် ပလ္လင်ခွေထိုင်ပြီး ဇီသာတီးခတ်နေသော အနက်ရောင် ဝတ်ရုံနှင့် အမျိုးသမီး၏ရှေ့သို့ ရောက်ရှိနေလေပြီ။

သူမက သူမ၏ အဝတ်အစားများကို သပ်ရပ်စွာ ပြင်ဆင်ပြီးနောက် မတ်တတ်ရပ်ကာ စူးချန်ကဲကို စူးစိုက်၍ ကြည့်လိုက်၏။ သူမ၏အပြာနုရောင် မျက်လုံးသူငယ်အိမ်များတွင် ညှို့ဓာတ် အရိပ်အယောင်တစ်ခုနှင့် ရောနှောနေသော ရှေးဟောင်းအရှိန်အဝါတစ်ခုကို ပြသနေသည်။

"ထိုက်ချင်ဘိုးဘေးလော့လန်လား..."

စူးချန်ကဲက လက်ပူးဆုပ်ပြီး တွေဝေတုံ့ဆိုင်းစွာ မေးလိုက်သည်။ ထိုအမျိုးသမီးသည် ထိုက်ချင်ဘိုးဘေးဖြစ်ကြောင်း ကိုးဆယ်ရာခိုင်နှုန်းခန့် သူ အတပ်ပြောနိုင်ပေ၏။ သို့ရာတွင် အမျိုးသမီး၏ အကြည့်နှင့် လုပ်ရပ်များက သူ့ကို အနည်းငယ် စိတ်ရှုပ်ထွေးသွားစေခဲ့သည်။

ဘိုးဘေးထိုက်ချင်အကြောင်း ကောလာဟလများနှင့် ပတ်သက်၍ စူးချန်ကဲ အမှန်တကယ်ကို များများစားစား မသိခဲ့ချေ။ သူသည် ထိုက်ချင်ဂိုဏ်းကို တည်ထောင်ခဲ့ပြီး သူ၏ ခေတ်ကာလအတွင်း ယွမ်ယန်နယ်မြေတွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်းကိုသာ သိထားသည်။ တခြားမည်သည့်အရာကိုမျှ သူ မသိခဲ့ချေ။

သို့ရာတွင် သူ့ကို အံ့အားသင့်စေသောအရာမှာ ထိုက်ချင်ဂိုဏ်း၏ဘိုးဘေးမှာ အမျိုးသမီးတစ်ဦး ဖြစ်နေပြီး အလွန်လှပကာ အံ့အားသင့်ဖွယ်ကောင်းသော ခန္ဓာကိုယ်အချိုးအစား ရှိနေခြင်းပင်။

လော့လန်က ခပ်ဖျော့ဖျော့ပြုံးကာ ညင်သာစွာ ပြောလိုက်သည်။

"စူးမိသားစုရဲ့ ချီလင်သားတော်က အရမ်း ယဉ်ကျေးလွန်းနေပြီ..."

ဤစကားကို ပြောလိုက်သည်နှင့် စူးချန်ကဲက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူ မည်သူမည်ဝါဖြစ်ကြောင်းကို သူမ မည်သို့ သိရှိသွားသနည်းဟု သူ သိချင်သွားလေ၏။

လော့လန်၏သဘောထားကြောင့် သူ အံ့အားသင့်မသွားခဲ့ချေ။ ရှေးဟောင်း စူးမိသားစု၏ အင်အားကို ကောင်းကင်ဘုံနှင့်အသင်္ချေနယ်မြေများအားလုံးက လေးစားကြသည်။ ဤသည်မှာ အစွမ်းထက် ကျင့်ကြံသူအားလုံးကြားတွင် သဘောတူညီချက်တစ်ခု ဖြစ်နေလေပြီ။ သူ ဘာမှမလုပ်ရသေးဘဲ သူမ အဖြေကို ရှာတွေ့သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ခြင်းသာ ဖြစ်သည်။ အနည်းဆုံးအနေဖြင့် ယခင်က ချင်းချိုးဘိုးဘေးသိရှိခဲ့ခြင်းမှာ သူသည် ကောင်းကင်ကွပ်မျက် ဓားဆွဲထုတ်ခြင်းနည်းစနစ်ကို မြင်တွေ့ခဲ့သောကြောင့်ပင်။

"မွေးရာပါ ဓားနှလုံးသားကို ပိုင်ဆိုင်ထားတဲ့သူက ဓားအားလုံးရဲ့စိတ်ဆန္ဒကို လေ့လာနိုင်တယ်လေ..."

လော့လန်က အပြုံးနှင့် ရှင်းပြလိုက်သည်။

ဤအရာကို ကြားသောအခါ စူးချန်ကဲ နောက်ဆုံးတွင် နားလည်သွားခဲ့လေ၏။

ဒါလိုရင် မင်းက မွေးရာပါ ဓားနှလုံးသားရှိတဲ့သူပေါ့...

"ကောင်းကင်ကွပ်မျက် ဓားဆွဲထုတ်ခြင်းနည်းစနစ်က စူးမိသားစုရဲ့ ထိပ်တန်းဓားနည်းစနစ်တစ်ခုဖြစ်ပြီး အဆုံးမရှိတဲ့ ခေတ်ကာလတွေကတည်းက ကောင်းကင်ဘုံနှင့်အသင်္ချေနယ်မြေတွေတခွင်မှာ နာမည်ကျော်ကြားခဲ့တာ... အဲ့ဒီနည်းစနစ်ရဲ့ ကောင်းကင်ကွပ်မျက် ဓားစိတ်ဆန္ဒက တကယ့်ကို နာမည်နဲ့ လိုက်ဖက်တယ်... နန်မင်ဓားအပျက်အစီးနယ်မြေကနေ ငါ ရရှိခဲ့တဲ့ အခွင့်အရေးကနေတဆင့် ငါ ဖန်တီးခဲ့တဲ့ ဓားကိုးလက်က နှိုင်းယှဉ်ကြည့်ရင် အဲ့ဒီနည်းစနစ်ထက် နည်းနည်းနိမ့်ကျနေတယ်..."

စူးချန်ကဲက အပြုံးနှင့် ပြောလိုက်သည်။

"ဘိုးဘေးလော့က အရမ်းနှိမ့်ချလွန်းနေပြီ... ဒီဓားကိုးလက်က တော်တော်လေး ကြောက်စရာကောင်းတယ်..."

နန်မင်ဓားအပျက်အစီးနယ်မြေလား...

အဲ့ဒါက စိတ်ဝိညာဉ်နယ်မြေထဲက ထိပ်တန်း ရှေးဟောင်းမြင့်မြတ်နယ်မြေတွေထဲက တစ်ခု မဟုတ်ဘူးလား...

ဘိုးဘေးလော့က တကယ့်ကို စိတ်ဝိညာဉ်နယ်မြေက လာတာပဲ...

"ဟားဟား... သခင်လေးစူးရဲ့ ချီးကျူးမှုကို ခံရတာ... ဒီနေ့ ငါ တကယ်ကို ပျော်မိတယ်..."

လော့လန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် စူးချန်ကဲကို ညှို့ဓာတ်ပြင်းသော အကြည့်တစ်ချက်ဖြင့်ကြည့်ကာ ပြောဆိုလိုက်၏။

"စူးမိသားစုက ကောင်းကင်ဘုံနှင့်အသင်္ချေနယ်မြေတွေရဲ့ အထွတ်အထိပ်မှာ ဘာလို့ အမြဲတမ်းရပ်တည်နေနိုင်တာလဲဆိုတာကို အရင်က ငါ နားမလည်ခဲ့ဘူး... ဒီနေ့မှပဲ ငါ ဉာဏ်အလင်းပွင့်ခြင်းကို ရခဲ့တယ်... နဂါးတွေလို မျိုးဆက်တွေနဲ့ဆိုရင် သူတို့က ဘယ်လိုလုပ် မကြီးပွားဘဲ နေနိုင်မှာလဲ... ပြီးတော့ သခင်လေးစူးက ပိုတောင် အထင်ကြီးစရာ ကောင်းသေးတယ်... ငါ့ရဲ့ဘဝမှာ ဓားတာအိုပါရမီရှင်တွေ အများကြီးကို မြင်ဖူးပေမဲ့ ဘယ်သူကမှ ငါ့ရဲ့ လေးစားမှုကို မရခဲ့ပါဘူး... ဒါပေမဲ့ သခင်လေးစူးရဲ့ပါရမီက ငါ့ကို တကယ်ပဲ ကြောက်လန့်စေတယ်..."

သူမ စကားပြောဆိုနေစဉ် စူးချန်ကဲအပေါ် သူမ၏အမူအရာက တည်ငြိမ်နေသော်လည်း သူမ၏စိတ်နှလုံးသားမှာ ကာလကြာရှည်စွာကတည်းက ပြိုလဲပျက်စီးနေခဲ့လေပြီ။ စူးချန်ကဲက သူမကို အတွေ့အကြုံမရှိသူဟု တွေးထင်သွားမည်ကို စိုးရိမ်သဖြင့် သူမကိုယ်သူမ အတင်းအကြပ် ထိန်းချုပ်ထားခြင်းသာ ဖြစ်လေ၏။

အကြွင်းအကျန် စိတ်ဝိညာဉ်တစ်ခုအနေဖြင့်ပင် ဤမျှ အချိန်တိုလေးအတွင်း၌ စူးချန်ကဲ ဘာလုပ်ခဲ့သည်ကို သူမ ခံစားနိုင်သည်။ သတ်ဖြတ်ခြင်း မဟာတာအိုကို အမှန်တကယ် နားလည်သဘောပေါက်သွားပြီး အချိန်တာအိုမှ အချိန်၏စစ်မှန်သော အဓိပ္ပာယ် အစအနလေးတစ်ခုကိုပင် မြင်တွေ့ခဲ့ရသည်။

ကောင်းကင်ဘုံ...

ဒါက ဘယ်လို မွန်းစတားဆန်တဲ့ ပါရမီရှင်မျိုးလဲ...

ငါက ငါ့ရဲ့ဘဝ တစ်သက်တာလုံး အချိန်ယူခဲ့တာတောင် နားလည်သဘောပေါက်အောင် မလုပ်နိုင်ခဲ့ပေမဲ့ သူက အမွှေးတိုင်လောင်ကျွမ်းချိန်စာ တစ်ဝက်မပြည့်တဲ့ အချိန်မှာတင် ငါ့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပေးခဲ့တာလား...

ဒါက ရိုးရိုးရှင်းရှင်း ပြောရရင် ကောင်းကင်ကို ဆန့်ကျင်နေတာပဲ...

မဟုတ်ဘူး... မဟုတ်ဘူး... သူ ဒီတိုင်း ထွက်သွားတာကို ငါ ခွင့်ပြုလို့ မဖြစ်ဘူး...

"ဘိုးဘေးလျှိုက ချီးကျူးလွန်းနေပါပြီ..."

စူးချန်ကဲက ခပ်ဖျော့ဖျော့ပြုံးလိုက် ထိုကဲ့သို့သော ချီးကျူးမှုများကို သူ ထုံကျဉ်နေပုံရပြီး အထူးတလည် စိတ်ဝင်စားပုံ မရချေ။

"အာ... သူစိမ်း တစ်ယောက်လို မနေပါနဲ့... ငါ့ကို လော့လန်လို့ပဲ ခေါ်ပါ... မငြင်းပါနဲ့... ငါတို့လို ကျင့်ကြံသူတွေက ကိန်းကြီးခမ်းကြီး မနေပါဘူး..."

လော့လန်က ချက်ချင်းရယ်မောလိုက်ပြီးနောက် ရင်းနှီးစွာဖြင့် စူးချန်ကဲကို ထိုင်ရန် ဆွဲခေါ်ကာ ပြောလိုက်သည်။

"ငါတို့ အားလုံး မိသားစုတွေပဲ... ရပ်နေစရာ မလိုပါဘူး... လာ... သခင်လေးစူး... ထိုင်..."

"..."

စူးချန်ကဲက အနေရခက်စွာ ထိုင်လိုက်ပြီးနောက် လော့လန်ကိုင်ထားသော လက်ကို ချက်ချင်း ဆွဲထုတ်လိုက်ရာ အတင်းအကြပ် အညံ့ခံခိုင်းခံရသော နွားသန်ကြီးတစ်ကောင်၏ ကူကယ်ရာမဲ့မှုကို ခံစားလိုက်ရသည်။

ထို့နောက် စူးချန်ကဲက အနေရခက်သော အပြုံးတစ်ခုကို ပြသလိုက်သည်။

"အဟမ်း... ဘိုးဘေးလျှိုက အရမ်း သဘောကောင်းလွန်းနေပါပြီ..."

ဒါက နည်းနည်းတော့ အရမ်းစိတ်အားထက်သန်လွန်းနေတာ မဟုတ်ဘူးလား...

တစ်ခုခုတော့ သိပ်မမှန်ဘူးလို့ ငါ ခံစားနေရတယ်...

သူက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ...

စူးချန်ကဲ၏လုပ်ရပ်ကို မြင်သောအခါ လော့လန်က ညှို့ဓာတ်ပြင်းသော အပြုံးတစ်ခုကို ပြသလိုက်ပြီး အကြောင်းအရာကို ချက်ချင်း ပြောင်းလဲကာ ပြောဆိုလိုက်သည်။

"အတိတ်တုန်းက ထိုက်ချင်ဂိုဏ်းကို ငါ တည်ထောင်ပြီးတော့ ဒီဓားကိုးလက်ကို ထိုက်ချင်ဓားသင်္ချိုင်းထဲမှာ ငါ ဘာလို့ ချန်ထားခဲ့လဲဆိုတာကို သခင်လေးစူး သိလား..."

"တပည့်တွေ စုဆောင်းဖို့လား... တာအိုကို မျှဝေပေးဖို့လား..."

စူးချန်ကဲက ဘိုးဘေးလျှို၏ ရည်ရွယ်ချက်များကို ရှာဖွေရန် သူ၏စိတ်က ကြိုးစားနေဆဲဖြစ်သဖြင့် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"သခင်လေးစူး... နင် ခန့်မှန်းတာ မှားသွားပြီ...ဒါက ငါ ခင်ပွန်းတစ်ယောက် ရှာဖို့အတွက်ပဲ..."

လော့လန်က လက်ခုပ်တီးပြီး အပြုံးနှင့် ပြောဆိုလေသည်။

"..."

စူးချန်ကဲ၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားပေ၏။ သူက အတင်းအကြပ် အားယူ၍ပြုံးပြီး ပြောလိုက်သည်။

"ဟားဟား... အဲ့ဒီလိုကိုး... ဒါက တော်တော်လေး ငါ မျှော်လင့်မထားမိတဲ့ ကိစ္စပဲ..."

သူက ဘာကို ဆိုလိုတာလဲ...

နွားအိုကြီးက မြက်နုလေးကို စားဖို့ ကြိုးစားနေတာလား... ဟင်...

ခဏလေး... သူက သေနေပြီလေ...

ထို့နောက် သူမ စကားပြောဆိုသည်ကို သူ ကြားလိုက်ရသည်။

"ဟူး... အချိန်အခါ မကိုက်ညီတာ နှမြောစရာပဲ... ငါက 'အသက်ရှင်နေတယ်' ဆိုပေမဲ့ ငါက အသက်ရှင်နေတဲ့ လူတစ်ယောက် မဟုတ်ဘူး... ငါ့ရဲ့ခန္ဓာကိုယ်ကို အရည်ပျော်စေပြီးတော့ ဓားနဲ့ ပေါင်းစပ်ပြီး ဓားစိတ်ဝိညာဉ်တစ်ခု ဖြစ်လာဖို့ ဓားအပျက်အစီးနယ်မြေရဲ့ ရှေးဟောင်းနည်းလမ်းကို ငါ အသုံးပြုခဲ့တာ... သခင်လေးစူးနဲ့ လက်ထပ်ချင်ရင်တောင် အဲ့ဒါက ဖြစ်နိုင်မယ် မထင်ပါဘူး..."

လော့လန်က သူမ စကားပြောဆိုနေစဉ် စူးချန်ကဲ၏အမူအရာကို ဆက်လက်၍ အကဲခတ်နေခဲ့သည်။

စူးချန်ကဲ စကားမပြောနိုင်မီမှာပင် သူမက ထပ်ဖြည့်ပြောလိုက်၏။

"ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ သခင်လေးစူး... ငါတို့ အဆင်ပြေအောင် ညှိကြတာပေါ့... ငါက နင့်ရဲ့အစေခံမလေး ဖြစ်လာရင် ဘယ်လိုလဲ... သခင်လေးစူး... ကျေးဇူးပြုပြီး စိတ်ချပါ... ငါက လျှောက်သွားနေတတ်တဲ့ အမျိုးသမီးမျိုး မဟုတ်ပါဘူး... ငါ့ရဲ့ ဘဝတစ်သက်တာလုံးကို ဓားတာအို အတွက် မြှုပ်နှံထားခဲ့တာပါ... ငါ အမြဲတမ်း ကိုယ်ကျင့်တရား ကောင်းမွန်ခဲ့ပါတယ်..."

"..."

"သောက်ကျိုးနည်း...ဒါက ဘာကြီးလဲ..."

"အစေခံမလေး..."

စူးချန်ကဲက တခဏမျှ ကြောင်အမ်းသွားခဲ့ပြီးနောက် ပြောဆိုလိုက်၏။

"အဲ့ဒါက သင့်တော်ပုံ မရဘူး..."

"အဲ့ဒါက ဘာမသင့်တော်တာလဲ... သခင်လေးစူး က ငါ့ကို ဘိုးဘေးထိုက်ချင်လို့ သတ်မှတ်နေစရာ မလိုပါဘူး... ငါ့ကို ဓားစိတ်ဝိညာဉ် တစ်ခုလို့ပဲ သတ်မှတ်လိုက်ပါ... ဓားစိတ်ဝိညာဉ်တစ်ခုက နင့်ကို သူ့ရဲ့သခင်အဖြစ် အသိအမှတ်ပြုတာက ပုံမှန် မဟုတ်ဘူးလား... ပြီးတော့ အဲ့ဒီတုန်းက ငါ ရခဲ့တဲ့ သူတော်စင်အဆင့် ရှေးဟောင်းဓားကိုလည်း သခင်လေးစူးကို ငါ ပေးပါ့မယ်..."

"ဒါပေမဲ့ ဝါစဥ်အပိုင်းမှာ အဲ့ဒါက မသင့်တော်ဘူး မဟုတ်လား... ထိုက်ချင်ဂိုဏ်းမှာ အကြီးအကဲတွေအများကြီး ရှိနေသေးတယ်လေ..."

"ဘယ်သူက အတင်းအဖျင်း ပြောရဲမှာလဲ... ထိုက်ချင်ဂိုဏ်းမှာ ဘယ်သူက ငါ့ထက် ဝါရင့်လို့လဲ..."

"ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ... သခင်..."

"အင်း... ငါ ဆိုလိုတာက ငါ့ရဲ့ဓားကို သွားကြည့်ရအောင် ငါ့ကို ခေါ်သွားပေးပါ..."

Book 8 end.

All Chapters