ချန်ဟွိုက်အန်က သေချာပေါက် ခွန်းလွန်အင်မော်တယ်နန်းတော်ရဲ့ ထိပ်တန်းတပည့် ဖြစ်ရမယ်
Vol. 38 Ch. 375
ထျန်ဖူခရိုင်က ထိုမျှလောက် မကျယ်ပေ။
ရောက်လာသူမှာ အခြားသူမဟုတ်ဘဲ ဝမ်မိသားစု၏ အကြီးဆုံးမြေး ဝမ်တယ်ပြောင် ဖြစ်နေသည်။
သူက သားရဲဖမ်းပြိုင်ပွဲအတွင်း တက်လှမ်းခြင်းတိုင်ကို အသုံးပြုခွင့် ရရှိခဲ့သူဖြစ်ပြီး ထိုအချိန်မှစ၍ သူ၏ခွန်အားမှာ သိသိသာသာ တိုးတက်လာခဲ့သည်။
ထိုအခွင့်အရေးကို သူ့အား ချန်ဟွိုက်အန် ပေးခဲ့ခြင်း ဖြစ်သည်။
အပေါ်ယံအားဖြင့် ဝမ်တယ်ပြောင်က အတိတ်တွင် ဝမ်မိသားစု လိမ်လည်ခံခဲ့ရမှုအတွက် ချန်ဟွိုက်အန်နှင့် အကြွေးကြေသွားပြီဟု ပြောဆိုခဲ့သည်။
သို့သော် အမှန်စင်စစ်တွင်တော့ တက်လှမ်းခြင်းတိုင်၏ စွမ်းအားကို ကိုယ်တိုင် ကြုံဖူးသူသာလျှင် သူ မည်မျှကြီးမားသော ကျေးဇူးကို ရရှိခဲ့သည်ဆိုသည်ကို နားလည်နိုင်ပေလိမ့်မည်။
ချန်ဟွိုက်အန် ဝမ်မိသားစုထံမှ လိမ်ယူခဲ့သော ပိုက်ဆံများက ၎င်းနှင့်နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ပေ။
ထိုမိစ္ဆာချိပ်ပိတ်သေတ္တာများထဲ အဆိပ်ပြည့်နေသော အမှိုက်များသာ ရှိနေခဲ့လျှင်ပင် အရေးမကြီးတော့။
အဘယ်ကြောင့်ဆိုသော် တက်လှမ်းခြင်းတိုင်က ကျင့်စဉ်ကို မြှင့်တင်ပေးရုံသာမက တက်လှမ်းသူတစ်ဦး၏ အရည်အချင်း တစ်ခုလုံးကို မြှင့်တင်ပေးသောကြောင့်ပင်။ ထို့အပြင် ကိုယ်တိုင်နှင့် ကိုက်ညီမည့် ကျင့်စဉ်လမ်းကြောင်းနှင့် သင့်တော်သော အတတ်များကိုပါ စိတ်ထဲသို့ တိုက်ရိုက် ထည့်သွင်းပေးလိုက်ခြင်း ဖြစ်သည်။
၎င်းက အခြေခံအားဖြင့် အားလုံးပါဝင်သော အထူးအဆင့်မြင့် ကျင့်ကြံခြင်း အစီအစဉ်တစ်ခုပင်။
ရှင်းလင်းသော လမ်းကြောင်းတစ်ခု ရှိနေမှတော့ အင်မော်တယ် လမ်းစဉ်တွင် မည်သို့ မအောင်မြင်ဘဲ နေပါမည်နည်း။
၎င်းက ချောမွေ့သော တံတားပေါ်မှ မြစ်ကို ဖြတ်ကူးရသကဲ့သို့ ဖြစ်သည်။
ရေနစ်ရန် သို့မဟုတ် ကျရှုံးရန် အန္တရာယ်မှာ အလွန်အမင်း လျော့နည်းသွားခဲ့သည်။
ထို့ကြောင့် ဝမ်တယ်ပြောင်၏ စိတ်ထဲတွင် ချန်ဟွိုက်အန်က ထိုသို့ အခွင့်အရေးပေးခဲ့သည့်အပေါ် အမြဲတမ်း အမှန်တကယ် ကျေးဇူးတင်နေခဲ့သည်။
“ဘယ်သူက ငါ့ဂျူနီယာညီမလေးကို အနိုင်ကျင့်ရဲတာလဲ။”
ဝမ်တယ်ပြောင်သည် ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့ကို မြင်တွေ့ပြီး ဖြစ်သော်လည်း ချက်ချင်းပင် သူတို့ကို ချန်လှပ်ထားလိုက်သည်။
ချန်ဟွိုက်အန်၏ ခိုင်မာသော ခွန်အားကို ထားလိုက်ဦး။ သူ့ဘေးမှ မိန်းကလေးမှာ သူ၏တပည့်ဖြစ်ပြီး ရွှေရောင်အနှစ်သာရ အဆင့်သို့ပင် ရောက်နေပြီဟု ကြားထားသည်။ ထိုလူနှစ်ယောက်က ကျင့်ကြံခြင်းလောက လူသစ်ဖြစ်သော ရန်ရှောင်ကျောက်ကို မည်သို့ အနိုင်ကျင့်ပါမည်နည်း။
လုံးဝ မဖြစ်နိုင်ပေ။
“စီနီယာအစ်ကို၊ သူတို့ပဲ။”
ဒဏ်ရာရချင်ယောင်ဆောင်ပြီး မြေပြင်ပေါ်တွင် လဲနေဆဲဖြစ်သော ရန်ရှောင်ကျောက်က ဝမ်တယ်ပြောင် ရောက်လာသည်ကို မြင်သောအခါ ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့ကို လက်ညှိုး ထိုးပြရင်း ထရပ်လိုက်သည်။ ရန်ရှောင်ကျောက်၏ မျက်လုံးများတွင် အငြိုးအတေးများ ပြည့်နှက်နေ၏။
“စီနီယာအစ်ကို ကြည့်ပါဦး။ သူတို့ ကျွန်မရဲ့လက်ကို လိမ်ပြီး ချိုးပစ်လိုက်ကြတာ”
“ဘယ်သူလဲ။” ဝမ်တယ်ပြောင်က လက်ညှိုးထိုးရာသို့ ကြည့်လိုက်ရာ ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့မှလွဲ၍ ထိုဘက်တွင် မည်သူမျှ မရှိချေ။ အထူးသဖြင့် လီချင်းရန်၏ မျက်နှာပေါ်မှ အေးစက်စက် အမူအရာမှာ...
သူ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။
သူတို့များလား။ မဟုတ်ပါစေနဲ့။
သူ ထပ်ကြည့်လိုက်ရာ ရန်ရှောင်ကျောက်၏ အကြည့်တွင် အတည်ပြုချက်ကို တွေ့လိုက်ရသည်။ မှန်ပေသည်။ သူတို့ပင် ဖြစ်သည်။
ထို့နောက် ချန်ဟွိုက်အန်က သူ့ကို ခပ်ပြုံးပြုံးဖြင့် ကြည့်နေသည်ကို သူ သတိထားမိသွားသည်။
ဝမ်တယ်ပြောင်၏ မျက်နှာပေါ်မှ မောက်မာမှုများနှင့် ဟိတ်ဟန်များ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
“အုပ်ချုပ်ရေးမှူးချန်၊ မတွေ့ရတာ ကြာပြီနော်။”
“ကြာပြီပဲ။ ရှောင်ဝမ်၊ မင်းက အများကြီး ပြောင်းလဲသွားတာပဲ” ချန်ဟွိုက်အန်က ဝမ်တယ်ပြောင်ကို အကဲခတ် ကြည့်လိုက်သည်။ ယခင်က ဝမ်တယ်ပြောင်သည် အမြဲတမ်း ကြမ်းတမ်းရိုးရှင်းစွာ ဝတ်ဆင်လေ့ရှိသည်။ ယခု ဂိုဏ်း၏ ပုံရိပ်ကို အလေးပေးမှုကြောင့် ဖြစ်မည်။ သူက ပညာတတ်တစ်ဦးနှင့်ပင် ဆင်တူနေသည်။
အကယ်၍ ဤသည်မှာ ရှေးခေတ်ကာလသာ ဖြစ်ခဲ့လျှင် သူသည် အနည်းဆုံး စာမေးပွဲ အောင်မြင်ထားသော ပညာရှိတစ်ဦး ဖြစ်နေပေလိမ့်မည်။
သူ၏ မျက်နှာလေးကသာ အနည်းငယ် ညိုမှောင်နေဆဲ ဖြစ်သည်။
“ဂိုဏ်းတစ်ခုကို ဝင်လိုက်ရတာက တကယ်ပဲ ကွာခြားချက် ရှိတာပဲ။ မင်းမှာ အခုတော့ အရှိန်အဝါတွေ အများကြီး ရှိနေပြီ။”
“ဟားဟား... အုပ်ချုပ်ရေးမှူးချန်ကလည်း မြှောက်ပင့်လွန်းနေပါပြီ။”
ဝမ်တယ်ပြောင်က ရယ်ကျဲကျဲလုပ်လိုက်ပြီး ရန်ရှောင်ကျောက်ကို အေးစက်စွာ လှည့်ကြည့်လိုက်သည်။
“ဂျူနီယာညီမ၊ အုပ်ချုပ်ရေးမှူးချန်ကို ငါကိုယ်တိုင် သိတယ်။ သူက ဒီလိုမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ဘာတွေဖြစ်ခဲ့လဲဆိုတာ အမှန်အတိုင်းပြော။ မလိမ်နဲ့။ ဘာမှလည်း ဖုံးကွယ်မထားနဲ့။”
ရန်ရှောင်ကျောက်က ဝမ်တယ်ပြောင်ကို မယုံနိုင်သလို ကြည့်လိုက်သည်။ လုံးဝ တခြားလူတစ်ယောက်ကို မြင်နေရသကဲ့သို့ ဖြစ်သည်။
မနေ့ည ကုတင်ပေါ်တွင် သူက တခြားတစ်မျိုး ပြောခဲ့သည်။
“အသည်းလေး အသက်လေး” နှင့် ချွဲနေခဲ့ခြင်းပင်။
မနက်ဖြန် မိစ္ဆာချိပ်ပိတ်မျှော်စင် စစ်ဆင်ရေးအတွက် သူ့ကို မိုးပျံယာဉ်ပေါ် သေချာပေါက် ခေါ်သွားမည်ဟု ပြောခဲ့သည်။
အင်မတန် နားထောပေးခဲ့သည်။
သေချာသည်မှာ ရန်ရှောင်ကျောက်သည်လည်း ပုံစံမျိုးစုံဖြင့်... အတော်လေး နားထောင်ပေးခဲ့ရခြင်း ဖြစ်သည်။
သို့သော် ယခုတွင် ထိုလူက ရုတ်တရက်ကြီး ပြောင်းလဲသွားခဲ့သည်။
“စီနီယာအစ်ကို၊ သူတို့က ကျွန်မကို အနိုင်ကျင့်တာပါ။ ကျွန်မ ဘာမှမလုပ်ခဲ့ပါဘူး။ ကျွန်မက အားနည်းနေလို့ သူတို့က နှိပ်စက်တာ။” ရန်ရှောင်ကျောက်က မျက်ရည်နှစ်စက် ညှစ်ထုတ်လိုက်ပြီး အသံကို တုန်ယင်ကာ ရှိုက်ကြီးတငင် ပြောလိုက်သည်။ “စီနီယာအစ်ကိုက ကျွန်မကို ဂရုမစိုက်တေ ာ့ဘူးလား။ မနေ့ညကတော့ အရမ်းမြန်ခဲ့ပြီးတော့ အခုကျတော့…”
“ပါးစပ်ပိတ်ထားစမ်း။”
ဝမ်တယ်ပြောင်က သူ၏ပါးစပ်ကို လက်ဖြင့် အလျင်အမြန် ပိတ်လိုက်ရသည်။
သူက ယခုအခါ သူ၏ပုံရိပ်ကို အလွန်အလေးထားသည်။
သူက အိပ်ခန်းထဲမှ အရှက်ရစရာ ကိစ္စများကို လူပုံအလယ် ထုတ်ပြောမှာကို အစိုးရိမ်ဆုံးပင်။
သို့သော် ရန်ရှောင်ကျောက်က အလျှော့ပေးမည့်ပုံ မပေါ်ပေ။
သူ၏ စိတ်ခံစားချက်များမှာ ကမောက်ကမ ဖြစ်နေ၏။
ဖရဲသီးကို ပစ်ပြီး နှမ်းစေ့ကို ကောက်ခဲ့မိသည့်အပေါ် နောင်တရမှု၊ တစ်ချိန်က သူ ပစ်ပယ်ခဲ့သော သူတစ်ယောက်က ယခု ပိုမို၍ ကောင်းမွန်သော ဘဝတွင် နေထိုင်နေသည်ကို မြင်ရသည့်အပေါ် မနာလိုမှု၊ ချန်ဟွိုက်အန်၏ ဘေးတွင် ရှိနေသူမှာ သူ မဟုတ်သည့် အပေါ် စိတ်ပျက်မှု...
၎င်းတို့အားလုံး ရောထွေးပြီး ဒေါသအဖြစ် ပေါက်ကွဲထွက် လာခဲ့သည်။
“ဘာလဲ။ ကျွန်မက ခွင့်မလွှတ်နိုင်စရာ ရာဇဝတ်မှုကြီး ကျူးလွန်မိလို့လား။ ကျွန်မ ပြောလိုက်တာက အဲဒီမိန်းကလေးက တောသူမနဲ့ တူတယ်လို့ပဲ ပြောတာလေ။ ကျွန်မ ပြောတာ မှားလို့လား။”
ရန်ရှောင်ကျောက်က ဝမ်တယ်ပြောင်၏ လက်ကို ဖယ်ထုတ်ပြီး အော်ဟစ်လိုက်သည်။
“ဝမ်တယ်ပြောင်၊ ရှင်က ယောက်ျားလား။ မနေ့ညကတော့ ရှင့်ကို “ဖေဖေ”လို့ ခေါ်ဖို့ ကျွန်မကို တောင်းပန်ခဲ့တယ်။ ကျွန်မလည်း ခေါ်ပေးခဲ့တာပဲ။ ဒါက ရှင် ကျွန်မကို ကျေးဇူးဆပ်တဲ့ ပုံစံလား။ ကျွန်မလက်က အဆစ်ပြုတ်နေတာ မမြင်ဘူးလား။ အရမ်း နာနေတာကို ဂရုမစိုက်ဘူးလား။ ရှင့်မှာ ခွန်အားကလွဲပြီးတော့ ဘာရှိသေးလဲ၊ ဟမ်။ ဘာလဲ၊ ငါးစက္ကန့်ပဲလား…”
သူမ၏ စကားများက ပိုမို ဆိုးရွားလာသည်ကို မြင်သောအခါ…
ဝမ်တယ်ပြောင်က သူ၏ပါးကို ရိုက်ချလိုက်သည်။
ဖြန်း…
အံသွားအချို့ လွင့်ထွက်သွားခဲ့သည်။
နောက်ဆုံး ကမ္ဘာကြီးမှာ အေးချမ်းမှု ပြန်လည် ရောက်ရှိလာခဲ့သည်။
သဏ္ဌာန်မဲ့ဂိုဏ်းမှ အခြားကျင့်ကြံသူများက ကြောက်ရွံ့စွာဖြင့် စုကပ်နေကြပြီး ဖြစ်ပျက်သွားသည့်အရာကို တုန်လှုပ်နေကြသည်။
ရန်ရှောင်ကျောက်က ရောင်ကိုင်းနေသော မျက်နှာကို ကိုင်ကာ မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး စကားမပြောနိုင်လောက်အောင် မှင်သက်နေသည်။
ဝမ်တယ်ပြောင်၏ ထိုပါးရိုက်ချက်မှာ နောက်ပြောင်ခြင်း မဟုတ်ပေ။
သူက ရွှေရောင်အနှစ်သာရအဆင့် ကနဦးပိုင်း ဖြစ်ပြီး ရန်ရှောင်ကျောက်က ချီစုစည်းခြင်းအဆင့်သာ ဖြစ်သည်။ ပေါ့ပေါ့ပါးပါး ရိုက်လိုက်လျှင်ပင် သူ၏ ဦးခေါင်းခွံကို ကြေမွ၍ သွားစေနိုင်သည်။ သူက အင်အားကို ထိန်းချုပ်ခဲ့ခြင်းကပင် ကရုဏာသက်ခြင်း ဖြစ်သည်။
“တောင်းပန်ပါတယ် အုပ်ချုပ်ရေးမှူးချန်။ ကျွန်တော့်ဂျူနီယာညီမက ဒီမနက် သောက်ထားတာ နည်းနည်း များသွားလို့ပ။ —သူ့စိတ်သူ မထိန်းနိုင်ဖြစ်နေတာ။” ဝမ်တယ်ပြောင်က ရန်ရှောင်ကျောက်ကို ခြိမ်းခြောက်သည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး အတင်းအကျပ် ပြုံးလိုက်ရာ သူ၏ နဖူးတွင် ချွေးစက်များ ပေါ်လာခဲ့သည်။
သူက ချန်ဟွိုက်အန်ကို ထိုမျှလောက် ကြောက်နေခြင်းတော့ မဟုတ်ပေ။
တကယ့် ပြဿနာမှာ... သူ့ဘေးမှ မိန်းကလေးပင်။
တစ်ခုခုကြောင့် သူ၏ ကျင့်စဉ်အဆင့်မှာ ရွှေရောင်အနှစ်သာရ အလယ်အလတ်အဆင့်သို့ တိုးတက်နေပြီ ဖြစ်သည်။
နောက်ဆုံးအကြိမ် သူ သူ့ကို မြင်တွေ့စဉ်က သူသည် အစောပိုင်း ရွှေရောင်အနှစ်သာရအဆင့်သို့ပင် မရောက်သေးကြောင်း သူ သေချာ မှတ်မိနေသည်။
ထိုကဲ့သို့ တိုးတက်မှုမျိုးက ကြောက်စရာကောင်းလှသည်။
သူလည်း တက်လှမ်းခြင်းတိုင်ကို အသုံးပြုခဲ့တာများလား။
ဒါပေမဲ့ အဲဒီနေရာတွေကို ဝင်ရောက်ဖို့က တင်းကြပ်ထားတယ်။ ခွန်းလွန်အင်မော်တယ်နန်းတော်လို ထိပ်တန်းဂိုဏ်းကြီးတွေမှာပဲ အဲဒီအရာတွေ ရှိတာ။ ဒါဆို... ချန်ဟွိုက်အန်နဲ့ အဲဒီမိန်းကလေးက ခွန်းလွန်ရဲ့ တပည့်တွေလား။
ထိုသို့ တွေးမိလိုက်သည်နှင့် ဝမ်တယ်ပြောင်၏ ကျောရိုး တစ်လျှောက် အေးစိမ့်သွားခဲ့သည်။
“ဒီမှာ ဘာတွေ ဆူညံနေတာလဲ။”
ဝမ်ရှိုယီက တက်လှမ်းသူ အုပ်စုတစ်စုနှင့်အတူ ရောက်ရှိလာခဲ့သည်။
ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့ကို မြင်လိုက်ရသည့် အခိုက်တွင် ဝမ်ရှိုယီ၏ တင်းမာနေသော မျက်နှာမှာ တောက်ပသော အပြုံးအဖြစ် ပြောင်းလဲသွားခဲ့သည်။
“စီနီယာ၊ စောင့်ခိုင်းထားမိတဲ့အတွက် တောင်းပန်ပါတယ်။ မရီး။၊ စောင့်ခိုင်းထားမိလို့ စိတ်မရှိပါနဲ့။ ဖိတ်ကြားထားတဲ့ ကျင့်ကြံသူတွေ အားလုံး နောက်ထပ် နာရီဝက်အတွင်း ရောက်လာပါလိမ့်မယ်။ ပျင်းနေရင် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလို့ ရပါတယ်။ နောက်ကျသွားမှာကို မစိုးရိမ်ပါနဲ့။ ကျွန်တော် ခရီးထွက်တာကို စောင့်ခိုင်းထားပါ့မယ်”
ဝမ်တယ်ပြောင်၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။ လည်ချောင်းထဲ ကျောက်ခဲတစ်လုံး တစ်ဆို့နေလို ခံစားလိုက်ရ၏။
ဝမ်ရှိုယီပင် ချန်ဟွိုက်အန်အပေါ် ဤမျှ လေးစားနေသည်လား။
အတည်ပြုလိုက်ပြီ။
ချန်ဟွိုက်အန်က သေချာပေါက် ခွန်းလွန်အင်မော်တယ်နန်းတော် တပည့် ဖြစ်ရမယ်။
သူရဲ့ ကျင့်စဉ်အဆင့်က ဝမ်ရှိုယီထက် မမြင့်မားရင်တောင် သူ့ရဲ့ ပါရမီက မြင့်မားနေလိမ့်မယ်။ သူသည် သေချာပေါက် ခွန်းလွန်ရဲ့ တန်ဖိုးထားရတဲ့ ထိပ်တန်းပုဂ္ဂိုလ် ဖြစ်ရမယ်။
တက်လှမ်းသူများသာ နားလည်နိုင်မည်မှာ…
ကျင့်စဉ်အဆင့်ဆိုသည်က ခဏတာသာ ဖြစ်သည်။ ကြီးမားသော ဂိုဏ်းကြီးများမှာ ပါရမီကိုသာ ပို၍ အလေးထားကြသည်။
ရန်ရှောင်ကျောက်က ချန်ဟွိုက်အန်နှင့် လီချင်းရန်အပေါ် ဝမ်ရှိုယီ၏ သဘောထားကို မြင်သောအခါ နောက်ဆုံး တစ်ခုခု မှားယွင်းနေပြီ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
ထိုလူနှစ်ယောက်က မိစ္ဆာနှိမ်နင်းသူဗျူရိုနှင့်သာ ပတ်သက်နေသူများ မဟုတ်ကြပေ။
သူတို့၏ အဆင့်အတန်းမှာ သိသိသာသာကို မြင့်မားနေခြင်း ဖြစ်သည်။
သူက လူအုပ်ထဲသို့ နောက်ဆုတ်ကာ ပုန်းကွယ်လိုက်ပြီး မည်သူမျှ သူ့ကို သတိမထားမိစေရန် ဆုတောင်းနေမိသည်။
အားလုံးက သူ့ကို လေထဲမှ အနံ့ဆိုးတစ်ခုလို မေ့ပျောက် သွားကြလိမ့်မည်ဟု မျှော်လင့်နေမိသည်။
သို့သော် သူ့ကိုယ်သူ ဖျောက်ဖျက်ရန် ကြိုးစားနေစဉ်မှာပင်…
ဝမ်တယ်ပြောင်သည် ရုတ်တရက် ရှေ့သို့ တက်လာပြီး သူ့ကို ဘဲတစ်ကောင်ကို လည်ပင်းက ဆွဲမသကဲ့သို့ ဆွဲမလိုက်သည်။
“စီနီယာဝမ်၊ သူပါ။ အုပ်ချုပ်ရေးမှူးချန်ရဲ့ အဖော်ကို တောသူမလို့ ခေါ်ခဲ့တာ သူပါ။”
ရန်ရှောင်ကျောက်၏ ဖြူလျော်နေသော မျက်နှာကို ကြည့်ရင်း ဝမ်ရှိုယီ၏ အကြည့်များမှာ အေးစက်သွားခဲ့သည်။ ဝမ်ရှိုယီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး မေးလိုက်သည်။ “သူက ဘယ်သူလဲ။”
“သူက ကျွန်တော့်ရဲ့ ဂျူနီယာညီမပါ…” ဝမ်တယ်ပြောင်က ဖုံးကွယ်ထားရန် မဝံ့ရဲတော့ဘဲ အရာအားလုံးကို ဝန်ခံလိုက်သည်။
“ဟူး... ဒါက စီနီယာတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ ပေါ့ဆမှုပါပဲ။ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ဒီလိုမျိုး ရိုင်းစိုင်းတဲ့ ဂျူနီယာမျိုး မရှိတာကမှ ပိုကောင်းပါလိမ့်မယ်။”
…