အခန်း (၉၁-၉၃)
Vol. 7 Ch. 91-93
91 01
အပိုင်း ၄၃.၂
ယန်ရှုရဲ့အပင်ပန်းခံ သတိပေးမှုက အချည်းနှီးဖြစ်မသွားဘဲ အစိုးရက တစ်ညလုံး မြို့တော်ကို ရှာပြီး နောက်တစ်နေ့မနက်မှာ သတင်းကောင်းရောက်လာခဲ့သည်။
မြို့ရဲ့အရှေ့ဘက် လီဟွားလမ်းမမှာ ကလေးခုနစ်ယောက်ကို ရှာတွေ့ခဲ့ပြီး ထိုကလေးအားလုံးက ယခင်က ပျောက်ဆုံးသွားခဲ့သူတွေပင်။
ထို့အပြင် အရာရှိနဲ့စစ်သည်တော်တွေက ကလေးတွေကို စောင့်ကြပ်နေတဲ့ လူနှစ်ယောက်ကိုပါ ဖမ်းမိလာခဲ့သည်။
သို့သော် နှိပ်စက်ညှင်းပန်းပြီး စစ်ကြောအပြီးမှာတော့ ထိုနှစ်ဦးက ကလေးတွေကို တစ်ခြားနေရာက အိမ်တွေဆီမှာ ရောင်းချင်သည့်အတွက်ဟူ၍သာ ဝန်ခံလာပြီး ကလေးတွေကို ဗလက္ကာရပြုတာနဲ့ ပတ်သက်ပြီး ဘာကိုမှ ဝန်မခံခဲ့ချေ။
အပေါ်ယံမှာတော့ ဒါဟာ ကလေးလူကုန်ကူးသည့် ကိစ္စဖြစ်နေပုံပင်…..။
မနက်စောစော ညီလာခံခန်းမတွင် တာ့လီဘုရားကျောင်းနဲ့ ပြစ်မှုရေးရာရုံးတော်ရဲ့ တင်ပြချက်ကို နားထောင်အပြီးမှာ ယွီဝိန်းလန်က ပြောလိုက်သည်။
“ဒီပျောက်သွားတဲ့ကလေးတွေမှာ ပုံမှန်အားဖြင့် ဘယ်လိုစရိုက်လက္ခဏာတွေ တွေ့ရသလဲ”
ပြစ်မှုရေးရာရုံးတော်ရဲ့ငယ်သားက ဖြေလာသည်။
“အရှင်မင်းကြီး ဒီကလေးတွေ အားလုံးက ယောက်ျားလေးဆိုတာကလွဲရင် သူတို့ရဲ့မျက်နှာသွင်ပြင်တွေက အတော်လေး ပုံမှန်ဖြစ်ကြပါတယ်။ ပြီးတော့ သူတို့တွေအားလုံးက အသက် လေးနှစ်နဲ့ ငါးနှစ် ကြားမှာပါပဲ”
သို့သော် ဘုရင်မင်းမြတ်က ထပ်ပြောလာသည်။
“လူကုန်ကူးရုံပဲဆိုရင် သူတို့တွေက ရုပ်ရည်ကြည့်ကောင်းပြီး အသက်အတူတူရှိတဲ့ ကလေးတွေကို ဘယ်လိုလုပ်ပြီး ရှာတွေ့နိုင်ရတာလဲ”
ထိုစကားလုံးတွေ ထွက်လာသည်နှင့် လူတိုင်းက သူတို့နှလုံးသားထဲမှာ စတင်စဉ်းစားလာကြတော့သည်။
ဟန်လင်းပညာရှိ ကျိုးမိုကျုံးက ပြောလာသည်။
“အရှင်မင်းကြီးရဲ့စကားတွေက အရမ်းကိုမှန်ကန်ပါတယ်။ ကျွန်တော်မျိုး ထင်တာတော့ ဒီလူတွေက တရားမဝင်တဲ့လှုပ်ရှားမှုတွေကို လုပ်ဖို့စီစဉ်နေတယ်လို့ ထင်ပါတယ်”
ကျစ် ဒီရက်ပိုင်း ထိတ်လန့်စရာကိစ္စတွေ အများကြီး ဖြစ်နေတာပဲ။ အရင်က ကျောက်ချန်ဝမ်တုန်းကလည်း ယန်ဇီမြစ်တောင်ပိုင်းမှာ အိမ်ဝယ်ပြီး မိန်းကလေးတွေကို ရောင်းဝယ်နေတာမလား။
သူက ပြောလိုက်သည်။
“အတိတ်တုန်းက မိန်းကလေးတွေကို ဖမ်းပြီး မီးပန်းနဲ့မိုးမခပင်လမ်းမှာ သွားရောင်းတဲ့သူတွေ ရှိဖူးတယ်။ ဒီယောက်ျားလေးတွေက အသက်တူပြီး ကြည့်ကောင်းတယ်ဆိုကတည်းက…..ဖြစ်နိုင်တာက သူတို့တွေကို ညစ်ပတ်တဲ့ လူတချို့ဆီကို ရောင်းချခံရမဲ့ပုံပဲ”
ထိုစကားတွေ ထွက်လာသည်နှင့် လူတိုင်းက ဂရုတစိုက် တွေးလိုက်ကာ အထိတ်တလန့် ဖြစ်သွားကြပြီး သူတို့အားလုံး ပြိုင်တူထွက်လိုက်မိသည်။
“ပညာရှိကျိုး ပြောတာက လုံးဝကိုအမှန်ပဲ”
“သူတို့တွေသာ တကယ်ဝင်လာရင် ကျားကါးစပ်ထဲမှာပဲ ရှိနေသေးတဲ့ ကယ်တင်လို့ မရသေးတဲ့ကလေးတွေ ရှိနေဦးမှာမလား”
“ဒီလိုသာဆိုရင်တော့ ကြက်သီးထစရာပဲ။ ကျေးဇူးပြုပြီး တင်းကြပ်တဲ့ စုံစမ်းမှုတစ်ခု အမိန့်ပေးတော်မူပါ အရှင်မင်းကြီး!”
“ကျေးဇူးပြုပြီး အရှင်မင်းကြီး တင်းကြပ်တဲ့စုံစမ်းစစ်ဆေးမှုတစ်ခု မိန့်တော်မူပါ!”
….
လူစုရဲ့စိတ်လှုပ်ရှားမှုအောက်မှာ ဘုရင်မင်းမြတ်က ခေါင်းညိတ်လိုက်ပြီး
“ရှေးယခင်အချိန်တွေကတည်းက လုံယန်ကို စွဲလန်းနေတဲ့ လူတချို့ ရှိနေခဲ့ကြတယ်။ သူတို့တွေသာ ကောင်းကင်ကို မထိခိုက်သရွေ့ အဆင်ပြေတယ်။ ဒါပေမဲ့ သူတို့တွေက အပြစ်ကင်းတဲ့သူတွေနဲ့ ခွင့်မလွှတ်နိုင်တဲ့ အပြစ်တွေကို ကျူးလွန်ခဲ့ရင် ငါကိုယ်တော် သေချာပေါက် သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်။ ဒီကိစ္စကို ပြစ်မှုအမှန် တရားရုံးတော်ကို လက်လွှဲပေးလိုက်ပြီ။ တာ့လီဘုရားကျောင်းနဲ့ ကျင်းကျောက်စံအိမ်တော်က ဆက်ပြီး စုံစမ်းစစ်ဆေးလိမ့်မယ်။ ပြီးတော့ ဒီနှစ်ပိုင်းတွေထဲက ပျောက်ဆုံးနေတဲ့ကလေးတွေကိုပါ ခြေရာခံ ပြန်လိုက်မယ်။ ယောက်ျား မိန်းမ မကန့်သတ်ဘဲ ဘယ်နေရာမဆို တစ်စုံတစ်ယောက်က လူတွေကို ရောင်းဝယ်တာမျိုး တွေ့လိုက်ရတာနဲ့ တင်းကြပ်တဲ့ စစ်ဆေးမှုကို လျစ်လျှူရှုလို့ မရနိုင်ဘူး”
91 02
အသံထွက်လာသည့်အခါ လူတိုင်းက တစ်ညီတစ်ညွတ်တည်း တုံ့ပြန်လိုက်ပြီး အရှင်မင်းကြီးကို ခေါ်လိုက်ကြသည်။
ယွီဝိန်းလန်က ချိုက်ဝေ့ကျုံးဟာလည်း လူအုပ်ထဲမှာ ရှိနေကာ မှန်ကန်တဲ့မျက်နှာမျိုးနဲ့ ထိုင်နေပေသည်။
သူက အာရုံစိုက်ပြီး နားထောင် ကြည့်လိုက်တဲ့အခါမှာတော့ တစ်ဖက်လူ စဉ်းစားနေတာကို တွေ့လိုက်ရသည်။
[လတ်တလော တကယ်ကြီး ရပ်ထားမှ ရမယ်။ ပြီးတော့ ချွင်းလန်ကိုလည်း ထွက်မလာဖို့ ပြောရမယ်]
~~~
ညီလာခံအစည်းအဝေး ပြီးသွားတဲ့နောက်မှာ ယွီဝိန်းလန်က အစိုးရခန်းမကို သွားလိုက်ပေမဲ့ ကျင်းယီဝေ့က ပြန်ရောက်လာပြီ ဖြစ်သည်။
“အရှင်မင်းကြီး ကျွန်တော်မျိုး ကျင်းရွှေလမ်းကို သွားတဲ့အခါမှာ ယင်းပင်းလို့ခေါ်တဲ့ စားသောက်ဆိုင်တစ်ခု တကယ်ပဲရှိပါတယ်။ ဒါပေမဲ့ အဆောက်အဦးက အလွတ်ကြီး ဖြစ်နေပါပြီ။ ပျောက်ဆုံးနေတဲ့ကလေးတွေနဲ့ ဟူရိချွမ်းလို့ ခေါ်တဲ့လူကိုတော့ ရှာမတွေ့ပါဘူး။ ဒါပေမဲ့လည်း ချိုက်ဝေ့ကျုံးက မကြာခဏ အဝင်အထွက် ရှိပါတယ်။ မာရှီလမ်းမှာ ကိုယ်ခံပညာ အားကစားရုံတစ်ခု ရှိပါတယ်”
“ကိုယ်ခံပညာလား”
ယွီဝိန်းလန်က မျက်မှောင် ကြုတ်လိုက်သည်။
ကျင်းယီဝေ့က ပြောလိုက်သည်။
“ဒီကိုယ်ခံပညာ အားကစားရုံရဲ့ပိုင်ရှင်က ဟူရိချွမ်းပါ”
ယွီဝိန်းလန်က ချက်ချင်းပဲ မေးလိုက်သည်။
“တခြားသူတွေကရော”
ကျင်းယီဝေ့က ပြောလာသည်။
“မနေ့ညကတည်းက ဒီလူက ရုတ်တရက် ပျောက်သွားပါတယ်။ ပြောတာကတော့ သူက သူ့ဆွေမျိုးတွေကိုတွေ့ဖို့ သူ့ရဲ့ဇာတိမြို့ကို ပြန်သွားတယ်လို့ ပြောပါတယ်”
သေချာပေါက်ကို ဒါက ဆင်ခြေသက်သက်ပင်။
မနေ့ညကတည်းက လူကုန်ကူးသူတွေကို ခြေရာခံဖို့ မြို့တော်ရဲ့ဝင်ပေါက်ထွက်ပေါက်တွေ အားလုံးက စစ်ဥပေဒေအောက်မှာ ရှိနေတာ ဖြစ်သည်။ ဆိုတော့ ဒီလူက မြို့တော်ထဲမှာပဲ ရှိနေတာဖြစ်ရမည်။
ယွီဝိန်းလန်က ပြောလိုက်သည်။
“ဟူရိချွမ်းကို ဆက်ပြီးခြေရာခံနေ။ ပြီးရင် ကိုယ်ခံပညာခန်းမနဲ့ ယင်းပင်းစံအိမ်ကို စစ်ဆေးဖို့ လူတွေစီစဉ်ပြီး ပုံမှန်ဆို ဘယ်သူတွေ လာလဲဆိုတာကို စစ်လိုက်”
စကားပြောပြီးနောက်မှာ သူက ထပ်ပြောလိုက်သည်။
“ချိုက်စံအိမ်ကို ဆက်ပြီး စောင့်ကြည့်နေ”
ကျင်းယီဝေ့က နာခံလိုက်သည်။
~~~
ထိုအချိန်မှာပဲ ကန်လုနန်းဆောင်တွင် ယန်ရှုက ဟူရိချွမ်း လွတ်သွားတဲ့သတင်းကို ကြားလိုက်ရသည်။
ဘယ်လို သောက်ကိစ္စလဲ။ ဒီမကောင်းတဲ့ကောင်ကတော့ တကယ်ကို တော်တာပဲ။
သူမ ဧကရာဇ်ကို မည်မျှပဲ သတိပေးပါစေ။ ဧကရာဇ်ကို ဦးတည်ရာဘက်ကို တိုက်ရိုက် ထိုးပြလိုက်လျှင်တောင် ဒီငါးဆားနူကောင်က လှုပ်ရှားမှုတွေ့တာနဲ့ ထွက်ပြေးမည် ဖြစ်သည်။
သတင်းတွေကို ဦးဦးဖျားဖျားရနေတဲ့ ချိုက်ဝေ့ကျုံးကို မပြောနဲ့ဦး။
ဒီလူက ညီလာခံထဲမှာ နှစ်ပေါင်းများစွာ အရာရှိ ဖြစ်လာတာကို မပြောနဲ့ဦး။ နေရာတိုင်းမှာ သူ့ရဲ့စောင့်ကြည့်သူတွေ ရှိပေသည်။
ထိုအချိန်မှာပဲ စစ်စတန်က နှာမှုတ်ကာ
[ဒီလူက နေရာမျိုးစုံကို ရောက်ဖူးတယ်လေ။ ရှုနန်းတော် ဖျက်ဆီးခံရတဲ့အချိန်တုန်းကတောင် လွတ်မြောက်နိုင်ခဲ့တာ။ အခုထိလည်း လွတ်မြောက်နိုင်နေမှာပဲ။ သူ့ကို ဘယ်လိုလုပ် အလွယ်လေး ဖမ်းမိနိုင်မှာတဲ့လဲ]
ယန်ရှုက စားပွဲခုံကို ပုတ်လိုက်ပြီး
[ဘယ်လောက်ပဲ ထက်မြက်နေပါစေ တရားမျှတမှုရအောင် လုပ်ပေးရမယ်။ မဟုတ်လို့ကတော့ ငါ့မှာ စားချင်စိတ်တောင် ရှိမှာမဟုတ်ဘူး]
91 03
စစ်စတန် [အိုး…အခုလေးတင် အမဲသားလိပ်နဲ့ ပတ်ထားတဲ့ ဂဏန်းဥတစ်ခြင်းနဲ့ စွပ်ပြုတ်တစ်ပန်းကန် စားခဲ့တာက ဘယ်သူပါလိမ့်]
ယန်ရှု [….ဒါက ငါ အစားအသောက်ပျက်တဲ့ အချိန်ပဲ။ မဟုတ်ရင် ဘန်းမုန့်ပေါင်းတစ်ခြင်း အရန်ဟင်းနှစ်ပွဲနဲ့ ဆန်ပြုတ်တစ်ပန်းကန်ပါ သောက်ဦးမှာ]
ဒါပေမဲ့ ဒါက ဘာမှမဆိုင်တာကြီးကို အဓိကက သူမ အဲဒီစာရိတ္တမကောင်းတဲ့ကောင်ကို ဖမ်းရမှာပင်။
အဆုံးမှာတော့ ရှာမတွေ့သေးသည့် ကလေးတွေ အများကြီး ရှိနေသေးသည်ပင်။
သူမက ချစ်စရာကောင်းတဲ့ အသက်လေးတွေ ဒီလောက်အများကြီးကို မကောင်းတဲ့ကောင်တွေ လက်ထဲကျသွားမှာကို ဘယ်လိုလုပ် ကြည့်နေနိုင်မှာတဲ့လဲ။
တစ်ခဏခန့်ကြာအောင် ဒေါသတကြီး ကြုံးဝါးပြီးနောက်မှာတော့ သူမမှာ အကြံတစ်ခု ရှိလာခဲ့သည်….။
ညနေခင်းမှာ ယွီဝိန်းလန်က ကန်လုနန်းဆောင်ဆီ ခြေချလိုက်ချိန်မှာတော့ ယန်ရှုက သူ့ဆီကို အပြုံးတစ်ပွင့်နဲ့ ချဉ်းကပ်လာပြီး ပြောလာသည်။
“အရှင်မင်းကြီး ဒီနေ့နန်းတော်ထဲမှာ ညစာမစားရင် အဆင်ပြေလားဟင်။ အရင်က ဒီကိုယ်လုပ်တော်ကို နန်းတော် အပြင်ဘက်ကို စားဖို့ခေါ်သွားမယ်လို့ ပြောထားသေးတယ်လေ။ ဒါပေမဲ့ မစားရသေးတော့ အခုသွားကြမယ်လေ”
ယွီဝိန်းလန်က ထူးဆန်းသည်ဟု ခံစားလိုက်ရပြီး ဒီလိုအချိန်မျိုးမှာတောင် သူမက ဘယ်လိုလုပ်ပြီး စားဖို့ တွေးနေနိုင်ရသေးတာလဲ။
မမျှော်လင့်စွာနဲ့ ထို့နောက်မှာတော့ သူမက စိတ်ရှုပ်ထွေးစွာနဲ့ ပြောလာသံကို ကြားလိုက်ရသည်။
[မြန်မြန် သဘောတူလိုက်။ အဲ့ဒီမကောင်းတဲ့ကောင် ဟူရိချွမ်းကိုဖမ်းဖို့ ရှင့်ကို ခေါ်သွားချင်တယ်။ သူ ဘယ်မှာ ရှိနေလဲဆိုတာကို ကျွန်မ သိတယ်။ ကျွန်မသာ သူ့ကို မဖမ်းရင် သူမြို့တော်ကနေ ထွက်ပြေးသွားမှာကို စိုးတယ်]
ယွီဝိန်းလန်က မတတ်နိုင်စွာနဲ့ သူ့မျက်ခုံးကို တိတ်တဆိတ် ပင့်လိုက်ပြီး သူမက တစ်ယောက်ယောက်ကိုဖမ်းဖို့ သူ့ကိုတကယ်ကြီး ခေါ်သွားချင်နေတာလား။
သို့သော် တွေးကြည့်လိုက်ချိန်မှာတော့ ဒီအချိန်မှာ သူမရဲ့ထူးခြားတဲ့စွမ်းရည်ကသာ မြွေကို မခြောက်မိစေဘဲ ထိုသူရှိနေမဲ့နေရာကို ရှာတွေ့နိုင်မည် ဖြစ်သည်။
ထို့ကြောင့်သူက ခေါင်းညိတ်လိုက်ပြီး ပြောဖို့ ကြိုးစားလိုက်သည်။
“အဆင်ပြေပါတယ် မင်းဘယ်ကိုသွားချင်လို့လဲ။ တျန်းကျင်းလမ်းမပဲလား”
သို့သော် သူမက သူမခေါင်းကို ယမ်းကာ ပြောလာသည်။
“မဟုတ်ဘူး ကျွန်တော်မျိုးမ ဒီနေ့ကြားခဲ့တာက မြို့ရဲ့တောင်ဘက်မှာရှိတဲ့ ရွှမ်းကွေ့လမ်းမမှာ ကျီးဖူလုံလို့ခေါ်တဲ့ အရသာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင် ရှိတယ်လို့ ကြားထားတယ်။ အဲဒီ က ဟွိုက်ယန်ဟင်းပွဲက အတော်လေးကောင်းတယ်တဲ့။ ကျွန်တော်မျိုးမ မြည်းကြည့်ချင်ပါတယ်။ ရနိုင်မလားဟင်”
မြို့တော်ရဲ့တောင်ဘက် ရွှမ်းကွေ့လမ်းမ။
ကြည့်ရတာ ဟူရိချွမ်းက အဲ့မှာ ရှိနေတဲ့ပုံပဲ။
ယွီဝိန်းလန်က ခေါင်းညိတ်ကာ ပြောလာသည်။
“ကောင်းပြီလေ ဒါဆိုလည်း စောနေတုန်း အဲ့ကိုပဲ သွားကြတာပေါ့”
သူက စကားပြောပြီးနောက် ထပ်ပြုံးလိုက်ကာ
“ကိုယ်တော်လည်း မင်းနဲ့အတူ မြည်းကြည့်မယ်”
သူမရဲ့ခန္ဓာကိုယ်သေးသေးလေးနဲ့ အဲ့လောက်ထိ စိတ်အား ထက်သန်နေတာက ခက်ခဲပေလိမ့်မည်။ သူက လူဆိုးကို ဖမ်းနိုင်တယ်ဆိုမှတော့ အဲ့ဒီကို သူ့ဘာသာ သွားရလည်း ကိစ္စမရှိပေ။
သူမရဲ့ပျော်နေတဲ့ မျက်နှာလေးကို မြင်လိုက်ရပြီးနောက်မှာ သူ့ကို သတိပေးဖို့လည်း မမေ့သေးပေ။
“ဘယ်လိုပဲဖြစ်ဖြစ် ဒီကိုယ်လုပ်တော်က ကလေးခိုးတဲ့လူဆိုးတွေနဲ့ ထပ်ပြီးကြုံတွေ့မှာကို ကြောက်လို့ အရှင်မင်းကြီးက လူနည်းနည်းလောက် ပိုခေါ်လာပေးလို့ ရမလား”
ယွီဝိန်းလန်က ပြုံးလိုက်ပြီး “ကောင်းပြီလေ ဒါဆိုလည်း နည်းနည်းလောက် ထပ်ခေါ်သွားကြတာပေါ့”
ထိုအခါမှသာ ယန်ရှုက သက်ပြ င်းချလိုက်နိုင်ပြီး သူနှင့်အတူ သာမန်အဝတ်အစားတွေကို အလျင်အမြန် လဲလိုက်ကာ မြို့တော်ရဲ့တောင်ဘက်က ရွှမ်းကွေလမ်းကို သွားတော့သည်။
~~~
91 04
မီးရောင်ကို စမြင်လိုက်ရချိန်မှာတော့ ထိုနှစ်ယောက်ဟာ နောက်ဆုံးမှာ ကျီဖူအဆောက်အဦးကို ရောက်လာပြီဖြစ်သည်။
ယွီဝိန်းလန်က ရထားလုံးထဲက ထွက်လိုက်ပြီး ပတ်ဝန်းကျင်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
လမ်းတစ်လျှောက်လုံး ကြည့်လာပြီးနောက် သူက ဒီနေရာဟာ အနည်းငယ် ချောင်ကျပြီး ဒီကျီဖူအဆောက်အဦးဟာလည်း သာမန်စားသောက်ဆိုင်နဲ့ ဆင်တူပေသည်။
သို့သော် ညစာစားချိန်ဖြစ်ပေမဲ့ ညစာစားနေသူ အများကြီးမရှိပေ။
သူက သူ့ဘာသာ တွေးလိုက်သည်။ ဖြစ်နိုင်တာက ဟူရိချွမ်းလည်း ဒီနေရာမှာ စားမလို့လား။
ယန်ရှုက ပုဝါတစ်ထည် ဝတ်ထားတာကို မြင်လိုက်ရပြီး သူမက သူ့ကိုသဘာဝကျကျပဲ ဦးဆောင်ကာ ခေါ်သွားလိုက်ပြီးနောက် ဆိုင်ရှင်ကို ဒုတိယထပ်က သီးသန့်ခန်းကို မေးမြန်းလိုက်ပြီး ထိုင်ချလိုက်ကာ အစားအသောက် မှာတော့သည်။
“ဒီနေရာက နာမည်အကြီးဆုံးဟင်းပွဲတချို့ကို လိုချင်တယ်။ ငါးရှဉ့်ဆီပြန် ပြုတ်ထားတဲ့ ခြင်္သေ့ခေါင်း ငါးအသားမွှခြောက်ကြော်နဲ့ မန်ဒရင်းငါးတွေ ချပေးပါ”
ဆိုင်ပိုင်ရှင်က အတန်ငယ် သွားလိုက်ပြီးနောက် ထပ်ပြီးပြုံးပြလာကာ
“ဒါတွေက ဟွိုက်ယန်ဟင်းပွဲက နာမည်အကြီးဆုံးဟင်းပွဲတွေပါ။ ခင်ပွန်းဖြစ်သူက မြည့်းကြည့်ပြီး ဒီနေရာမှာနဲ့ အိမ်မှာ ဘယ်ဟာက ပိုကောင်းလဲဆိုတာကို ကြည့်ကြည့်ပါ”
ယွီဝိန်းလန်က နှာမှုတ်လိုက်သည်။
သို့သော် သူ့နှလုံးသားထဲမှာ တွေးလိုက်သည်။
သူမက လူဖမ်းဖို့ လာတာ မဟုတ်လား။ ဘာလို့အလျင်မလို နေရတာလဲ။
သို့သော် သူကတော့ ပေါ့ပေါ့ပါးပါး မနေနိုင်သည့်အတွက် လျှို့ဝှက်စက်တော်စောင့်တွေကို စားသောက်ဆိုင်ထဲမှာ ပုန်းကွယ်နေရန် အရင်အချက်ပြလိုက်သည်။
သိပ်မကြာခင်မှာပဲ မှာထားတဲ့ဟင်းပွဲတွေက တစ်ခုပြီးတစ်ခု ရောက်လာတော့သည်။
အပြင်အဆင်က ကောင်းမွန်တာကို တွေ့လိုက်ရချိန်မှာ ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားပြီး ချက်ချင်းပဲ အရသာခံတော့သည်။
ဒီနေ့ဒီနေရာမှာ မကောင်းတဲ့ကောင် ရှိနေမယ်ဆိုတာကို သိပေမဲ့လည်း ဒီနေရာက ဟင်းပွဲတွေက တကယ်ကို နာမည်ကြီးလွန်းသည်။
အဟမ်း ပြောစရာရှိတာက ဟင်းပွဲတွေက အရမ်းကို ကောင်းလွန်းတယ်။
ခြင်္သေ့ခေါင်းက လက်သီးဆုပ်လောက်ကြီးကာ အဆီများတယ်လို့ ခံစားရပေမဲ့ ချွဲကျိမနေပဲ နူးညံ့ကာ အရသာရှိပေသည်။
ငါးရှဉ့်ဆီပြန်ဟင်းကတော့ စားပွဲပေါ်တင်လိုက်ချိန်မှာ တရှဲရှဲမြည်နေသေးသည်။ ဆီများပေမဲ့ မချွဲကျိပေ။ အရသာရှိပေသည်။
မန်ဒရင်းငါးဟင်းကလည်း ချိုချဉ်အရသာလေးဖြစ်ပြီး ကြွပ်ရွနေကာ ငါးအသားမွခြောက်ကလည်း နူးညံ့ပြီး အာဟာရဓာတ်အပြည့် ဖြစ်နေကာ အရသာရှိပေသည်။
သေချာပေါက်ပင် စားနေစဉ်မှာလည်း စစ်စတန်ရဲ့သတင်းတွေကိုလည်း နားထောင်ဖို့ မမေ့သေးပေ။
ထို့နောက် ထိုဟင်းလေးပွဲ ကုန်တော့မဲ့အချိန်မှာပဲ စစ်စတန်က ရုတ်တရက် ဒင်ခနဲ မြည်လာသည်။
[ဟူရိချွမ်းက တံခါးကနေ ဝင်လာပြီ]
ယန်ရှုကချက်ချင်းပဲ သူမတူကို ချလိုက်ပြီး ပါးစပ်ကို သုတ်လိုက်ကာ ယွီဝိန်းလန်ကို ပြောလာသည်။
“ယောက်ျားရေ သွားကြစို့”
ယွီဝိန်းလန်က အနည်းငယ် တွန့်ဆုတ်သွားပြီး
“စားပြီးသွားပြီလား”
ယန်ရှုက ခေါင်းညိတ်လိုက်ကာ သူမစိတ်ထဲမှာ ပြောလာသည်။
[ဒီ***ကောင်က ဒီကိုရောက်နေပြီ မြန်မြန်လုပ် သူ့ကို ဖမ်းရမယ်!]
သို့သော် ထိုအချိန်မှာပဲ လျှို့ဝှက်သက်တော်စောင့်တစ်ယောက်က အခန်းထဲကို ဝင်လာပြီး သူ့ကို အသံခပ်တိုးတိုးနဲ့ သတင်း ပို့လာသည်။
91 05
“သခင် ကျွန်တော်တို့ ရောက်ပါပြီ”
ယွီဝိန်းလန်က ခေါင်းညိတ်ပြလိုက်ပြီး ပြောလာသည်။
“ကောင်းပြီ”
ထရပ်လိုက်ပြီး သူမနဲ့အတူ လျှောက်ထွက်သွားတော့သည်။
သီးသန့်ခန်းထဲကနေ ထွက်လာပြီးနောက်မှာ စားသောက်ဆိုင်တံခါးကို ရောက်ဖို့ လှေကားကနေဆင်းရမည် ဖြစ်သည်။
သူတို့နှစ်ဦးက သစ်သားလှေကားကနေ ဆင်းလာတယ်ဆိုရင်ပဲ လူတစ်ယောက်က သူတို့ဆီကို လာနေပေသည်။
ယန်ရှုက ပုဝါကိုဖြတ်ကာ တစ်ချက် ကြည့်လိုက်ပေမဲ့ တစ်ဖက်လူက ဝါးသားအပြာရောင်ဆာတင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သာမန်အသွင်အပြင်နဲ့ တစ်ချက်ကြည့်လိုက်ရုံနှင့် အတော်လေး ကြည့်ကောင်းပေသည်။
သို့သော် ဒုတိယတစ်ခေါက် ထပ်ကြည့်ချိန််မှာတော့ မသတီစရာကောင်းပြီး ကသိကအောက်ဖြစ်တဲ့ ခံစားချက်မျိုးက သူမမျက်နှာဆီ ထင်ဟပ်လာစေသည်။
တစ်ချိန်တည်းမှာပဲ စစ်စတန်က ဒင်ခနဲမြည်လာသည်။
[ဒါက အဲဒီဟူရိချွမ်းဆိုတဲ့သူပဲ]
ယန်ရှု [တကယ်ကို မကောင်းတဲ့အကောင်နဲ့ တူတယ်]
တစ်ချိန်တည်းမှာပဲ ထိုအသံဟာ ယွီဝိန်းလန်ရဲ့နားထဲကို ရောက်လာတော့သည်။
ဆိုင်က သိပ်မကြီးသည့်အတွက် လှေကားကလည်း ကျဉ်းမြောင်းပေသည်။ သူတို့ ထိုလူကို ဖြတ်သွားချိန်မှာပဲ သူက မျက်မှောင် ကြုတ်လိုက်ပြီး တစ်ယောက်ယောက်ကို ဖမ်းခိုင်းတော့မည်ပင်။
သို့သော် တစ်ဖက်လူက သူ့ခေါင်းကို လှည့်လာပြီး ခေါ်လာတာကို မြင်လိုက်ရသည်။
“ဂုဏ်သရေရှိ လူကြီးမင်း…..”
လူတွေအားလုံး နင်သွားတော့သည်။
ယွီဝိန်းလန်က သူ့ကို ပြန်ကြည့်လိုက်ပေမဲ့ အသံတစ်သံမှ မပြုပေ။
သို့သော် ထိုလူက ရယ်လိုက်ပြီး ပြောလာသည်။
“အရင်က ကျွန်တော်များ လူကြီးမင်းကို တစ်နေရာရာမှာ တွေ့ဖူးလား မသိဘူး။ အရမ်းရင်းနှီးတယ်လို့ ခံစားနေရတယ်”
ယွီဝိန်းလန်က တိတ်တဆိတ် မျက်ခုံးပင့်လိုက်သည်။
သို့သော် တစ်ဖက်လူ တွေးနေသည်က
[ဒီလူ့မှာ ဒီလောက်တောင်ကောင်းတဲ့ ပင်ကိုစရိုက် ရှိတာ။ ဖြစ်နိုင်တာက ညီလာခံက အဆင့်မြင့်အရာရှိများလား။ ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်လား]
[ခင်ဗျားမှာ ယောက်ျားတွေနဲ့ လိင်ဆက်ဆံရတာကို ကြိုက်မလားဆိုတာကို မသိဘူး။ မြှူစွယ်ဖို့ အခွင့်အရေးများ ရှိနိုင်မလား မြှူစွယ်ရအောင်လေ….]
ယွီဝိန်းလန် “??”
သူ့ဘေးက ယန်ရှုဟာလည်း စစ်စတန်က ပြောလာတာကို ကြားလိုက်ရသည်။
[အာရုံစိုက် ဒီလူက ဧကရာဇ်ကို မြှူစွယ်ချင်နေတယ်]
ယန်ရှု [?ဒီမကောင်းတဲ့ကောင်က ဘာလို့ အပြစ်ကင်းစင်တဲ့ဧကရာဇ်လေးကို မြှူစွယ်ချင်နေရတာလဲ]
သေစမ်း ဒီနေ့သူ့ကို သေအောင် မရိုက်နိုင်ဘူး။
ထို့ကြောင့် သူမက အရင်ပြောလိုက်သည်။
“လူ အမှတ်မှားနေတာပဲ ဖြစ်ရမယ်။ ကျွန်မရဲ့ခင်ပွန်းက ရှင့်ကို မသိပါဘူး”
ထို့နောက် ချက်ချင်းပဲ တစ်ဖက်လူ စကားပြောလာမှာကို စောင့်မနေတော့ဘဲ သူမက သူ့နှာခေါင်းကို ရုတ်တရက် အုပ်လိုက်ကာ ပြောလာသည်။
“အိုး… ဘာလို့ ရုတ်တရက်ကြီး အနံ့ထွက်လာရတာလဲ”
အနံ့ထွက်တယ်။
ထိုဟာကိုကြားလိုက်ရချိန်မှာ လူတိုင်းကတွန့်သွားကြတော့သည်။
သူ့အရှေ့က မကောင်းတဲ့ကောင်ဟူရိချွမ်းလည်း အပါအဝင်ပင်။
ယန်ရှုက ထိုသူ့ကို ရွံရှာနေတဲ့အကြည့်နဲ့ ထပ်ပြောလိုက်သည်။
91 06
“ဒီဧည့်သည်တော်က အိမ်သာကနေ ထွက်လာတာ မဟုတ်ဘူးလား။ ဘာလို့အနံ့အသက်ဆိုးတွေ အပြည့်ဖြစ်နေရတာလဲ”
ထိုစကားတွေ ထွက်လာသည်နှင့် တစ်ဖက်လူက သူ့မျက်လုံးကို ချက်ချင်းပဲ ကျဉ်းမြောင်းလိုက်ပြီး ပြောလာသည်။
“သခင်မလေးက နောက်နေတာပဲ ဖြစ်ရမယ်။ ကျုပ်က အခုလေးတင် လမ်းဘက်ကနေ လာတာပါ”
စကားပြောပြီးနောက်မှာ သူ့နှလုံးသားထဲမှာ ထပ်မံရေရွတ်လိုက်သည်။
[ဒီသေခါနီးမိန်းမက ငါ့အကြောင်းကို ပြောရဲတယ်ပေါ့လေ။ ဒီလောက် ကြည့်ကောင်းတဲ့လူက မျက်လုံး ကန်းနေတာပဲ ဖြစ်ရမယ်!]
ယွီဝိန်းလန် “??”
ထို့နောက် စစ်စတန်က ချက်ချင်းပဲ ယန်ရှုဆီကို လွှဲပြောင်းပြောလိုက်သည်။
[သူ နင့်ကို ကျိန်ဆဲနေတယ်]
ယန်ရှုက သူမစိတ်ထဲမှာ ရယ်မောလိုက်ပြီး သူမမျက်နှာမှာ အံ့အားသင့်နေတဲ့အကြည့်နဲ့ ရုတ်တရက် ပြောလာသည်။
“အိုး ကျွန်မရဲ့ပိုက်ဆံအိတ်က ဘယ်မှာလဲ”
စစ်စတန် [အကြံကောင်းပဲ! ဟူရိချွမ်းက အခုတလော အပြာရောင်ဘရိုကိတ် ပိုက်ဆံအိတ်နဲ့ ငွေတုံးနှစ်ဆယ်ထည့်ပြီး သယ်သွားလေ့ရှိတယ်]
ယန်ရှုက ချက်ချင်းပဲ တစ်ဖက်လူကို ညွှန်ပြလိုက်ပြီး ပြောလာသည်။
“ရှင် ခိုးသွားတာများလား”
ဟူရိချွမ်း အနည်းငယ် တွန့်သွားပြီး “ဘာ…ကျုပ်က ဘယ်လိုလုပ်ပြီး မင်းဆီက ခိုးနိုင်မှာလဲ…”
သူပင် စကားပြောတာ မဆုံးခင်မှာပဲ ယန်ရှုက ထပ်ပြောလာသည်။
“အဲ့တာက အခုလေးတင် ကျွန်မအခန်းထဲမှာ ရှိနေတုန်းက ကျွန်မနဲ့ရှိနေတုန်းပဲ။ ဒါပေမဲ့ ခြေလှမ်းအနည်းငယ် လျှောက်ပြီးတဲ့အချိန်မှာ ရှင်နဲ့ပုခုံးချင်း တိုက်မိပြီးတဲ့နောက် ပျောက်သွားတော့တာပဲ ရှင် ခိုးထားတာပဲ ဖြစ်ရမယ်]
စကားပြောပြီးနောက် သူ ဘာမှမပြောနိုင်သေးခင်မှာပဲ ယွီဝိန်းလန်ကို ချက်ချင်းပဲ ကြည့်လိုက်ကာ ပြောလိုက်သည်။
“ယောက်ျားရေ တစ်ယောက်ယောက်ကို လွှတ်ပြီး သူ့ကို ရှာခိုင်းပေးပါ။ ဒီကိုယ်လုပ်တော်ရဲ့ ငွေတုံးနှစ်ဆယ်ပါတဲ့ အပြာရောင်ဘရိုကတ်ပိုက်ဆံအိတ်လေးကို တွေ့မိလားလို့လေ”
“ဘာ”
ဟူရိချွမ်းက ဒါကိုကြားလိုက်ရပြီးနောက် ကြက်သေ သေသွားတော့သည်။
ဒါက သူ့ပိုက်ဆံအိတ် မဟုတ်လား…..။
ဒါပေမဲ့ ဒီမိန်းမက ဘယ်လိုသိတာလဲ….။
သို့သော် သူပင် မတုံ့ပြန်နိုင်ခင်မှာပဲ ယွီဝိန်းလန်က ဘေးဘက်ကို မျက်စပစ်ပြလိုက်ပြီး ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သန်မာတဲ့လူကြီးတွေ အများအပြားက အဘက်ဘက်ကနေ အပြေးအလွှား ထွက်လာပြီး သူ့ကိုနံရံဘက်ကို တွန်းလွှတ်လိုက်သည်။
ယန်ရှုက ပြောလိုက်သည်။
“သူ့ကိုရှာ”
အစောင့်တွေက နာခံလိုက်ကာ ချက်ချင်းပဲ ငွေတုံးနှစ်ဆယ်ပါတဲ့ အပြာရောင်ဘရိုကတ် ပိုက်ဆံအိတ်ကို ရှာတွေ့သွားသည်။
ယန်ရှုက ချက်ချင်းပဲ ပြောလိုက်သည်။
“ကောင်းပြီလေ နေ့ခင်းကြောင်တောင်ကြီးမှာတောင် ငွေတုံးတွေ ခိုးရဲတယ်ပေါ့။ ယောက်ျား ဒီလူက လုပ်နေကျ ရာဇဝတ်ကောင်ပဲဖြစ်ရမယ်။ ပြီးတော့ အစိုးရဆီကို သတင်းပို့ပြီး သူ ဘာတွေ ထပ်ခိုးထားသေးလဲဆိုတာကို စုံစမ်းစစ်ဆေးခိုင်းရမယ်”
ယွီဝိန်းလန် “….”
အရမ်းကို အားစိုက်ထုတ်စရာကို မလိုတာပဲ။
သက်တောင့်သက်သာ ရှိရှိနဲ့ပဲ။
******
92 01
အပိုင်း ၄၄
ဘာ အစိုးရဆီကိုပို့မယ် ဟုတ်လား။
အဆုံးမှာတော့ ဟူရိချွမ်းဟာ ရေကန်နဲ့မြစ်တွေဆီကို ရောက်နေတာကြာပြီ ဖြစ်သည်။ ဒီတစ်ခေါက် ယန်ရှု ပြောတာကို ကြားလိုက်ရပြီးနောက်မှာ နောက်ဆုံးတော့ သူက အနည်းငယ် တုံ့ပြန်လာပြီဖြစ်ပြီးနောက် သူက အလျင်အမြန် ပြောလာသည်။
“သူတို့က ဘယ်သူတွေလဲ။ ကျုပ်မှာ မင်းနဲ့ ဘာရန်ငြှိုးရန်စမှလည်း မရှိဘူး။ ဘာလို့ကျုပ်ကို ဒီလောက် ထိခိုက်အောင် လုပ်ရတာလဲ။ မင်းမှာ ဆွေးနွေးစရာ တစ်ခုခုရှိရင် အရင်လွှတ်လိုက်”
ယန်ရှုက ဖြစ်ရပ်တစ်ခုလုံးကို တစိမ့်စိမ့်တွေးနေပြီး
“ရှင့်လို မကောင်းတဲ့ကောင်မျိုးက ကျွန်မတို့နဲ့ ဆွေးနွေးဖို့ ထိုက်တန်တယ်လို့ ထင်နေတာလား”
ဟမ့် ဒီမကောင်းတဲ့ကောင်က လက်မခံနိုင်စရာ မကောင်းတဲ့ အရာတွေအများကြီးကို လုပ်ထားတာလေ။ အခုလေးတင် ဧကရာဇ်ကိုတောင် မြှူစွယ်ချင်နေသေးတာမလား။
သူမ ထိုအကြောင်းကို တွေးလေလေ သူမ ပိုပြီး ဒေါသထွက်လာလေလေပင်။ ထို့နောက် ပြောလိုက်သည်။
“သူ့ကို ရိုက်”
“…..”
အစောင့်တွေက ဒါကိုကြားတော့ အနည်းငယ် တွန့်ဆုတ်သွားတော့သည်။
ထို့ကြောင့် သူတို့က အရှင်မင်းကြီးကို တိတ်တဆိတ် လှမ်းကြည့်လိုက်ပြီး ဘုရင်မင်းမြတ်က ဘာမှမပြောတာကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူက ချက်ချင်းပဲ တုံ့ပြန်လိုက်ကာ တစ်ယောက်ပြီး တစ်ယောက် သူ့ကို ထိုးလာကြသည်။
—အိုး မပြောနဲ့ဦး သူတို့တွေက ဒီလို ကလေးတွေကို အဓမ္မ သွေးဆောင်ပြီးဖမ်းဆီးတဲ့ ငါးဆားနူကောင်ကို ရိုက်ချင်နေတာ ကြာလှပြီ။
ဟူရိချွမ်းရဲ့ရုပ်သွင်က သန်မာပုံမရဘဲ ထို့အပြင် အစောင့်တွေကလည်း နွားတစ်ကောင်ကိုတောင် လက်သီးတစ်ချက်တည်းနဲ့ သတ်နိုင်တဲ့အထိ သန်မာတဲ့ လူကြီးတွေ ဖြစ်သည်။ ထိုအချိန်မှာ သူတို့တွေက အမှန်တရားအတွက် မခံနိုင်မရပ်နိုင် ဖြစ်နေကာ သူ့နှာခေါင်းက ပြာနှမ်းလာပြီး မျက်နှာရောင်ကိုင်းလာသည်အထိ ရိုက်နှက် လိုက်ကြသည်။ ပြီးနောက် သူ့နှာခေါင်းထောင့်နဲ့ ပါးစပ်ကလည်း သွေးထွက်နေပေသည်။
ယွီဝိန်းလန်က တစ်ချက်ကြည့်လိုက်ပြီး ယန်ရှုကို ချက်ချင်းပဲ လှည့်ကြည့်လိုက်သည်။
သေချာပေါက်ပင် သူမရဲ့ခန္ဓာကိုယ်က ယိမ်းထိုးနေပြီး ခြေထောက်တွေက ပျော့ခွေနေကာ လဲကျတော့မလိုပင်။
“….”
သူက ချက်ချင်းပဲ ရှေ့ကို လှမ်းလိုက်ပြီး သူမကို သူ့ရဲ့လက်မောင်းတွေထဲ ထည့်လိုက်ပေမဲ့ သူမနှလုံးသားထဲက ဆူပူနေသံကို ကြားလိုက်ရသည်။
[ဒီမကောင်းတဲ့ကောင်က သွေးထွက်ရဲတယ်ပေါ့လေ။ ရှင်က ကျွန်မကို ရည်ရွယ်ချက်ရှိရှိနဲ့ ရန်စနေတာမလား]
ယွီဝိန်းလန် “….”
သူက အစောင့်တွေကို လျင်မြန်စွာသာ ပြောလိုက်နိုင်သည်။
“ရပြီ”
ထို့နောက် အစောင့်တွေက ရပ်သွားတော့သည်။
ထို့နောက် ဟူရိချွမ်းကလည်း အဆက်မပြတ် ညည်းညူနေရင်း မြေပေါ်သို့ လဲကျသွားတော့သည်။
ထိုလှုပ်ရှားမှုက စတိုးဆိုင်မှာ ရှိနေတဲ့လူမှန်သမျှကို ဆွဲဆောင်လိုက်နိုင်ပေသည်။
လူတိုင်းရဲ့ရှုပ်ထွေးနေတဲ့ မျက်နှာကို မြင်ချိန်မှာတော့ ယွီဝိန်းလန်က ချောင်းဟန့်ကာ ပြောလိုက်သည်။
“ဒီလူက ငွေတုံးတွေကိုခိုးပြီး သခင်မကို ထိတ်လန့်စေတဲ့အတွက် သူ့ကို ကျင်းကျောက်စံအိမ်တော်ကိုပို့ပြီး ဒီကိစ္စကို သတင်းပို့ရမယ်”
အစောင့်တွေက နာခံလိုက်ပြီး ချက်ချင်းဟူရိချွမ်းကို ဂုတ်ကနေကိုင်ကာ ဆွဲထုတ်သွားတော့သည်။
92 02
သူက ယန်ရှုက ခါးကနေ တိုက်ရိုက်ဖက်လိုက်ပြီး အပြင်ဘက်ကို လျှောက်ထွက်သွားတော့သည်။
လမ်းလျှောက်နေစဉ်မှာလည်း ယွီဝိန်းလန်က မေးလာသည်။
“ဘယ်လို နေသေးလဲ”
ယန်ရှုက အနည်းငယ် မူးနေဆဲဖြစ်ပြီး ထို့ကြောင့် အားနည်းစွာသာ ပြောလိုက်နိုင်သည်။
“ဒီကိုယ်လုပ်တော်က အတော်လေး စိတ်ပျက်စေခဲ့မိပါတယ်”
သေစမ်း နင်က ဘာလို့ထပ်ပြီး မူးနေရတာလဲ။ သူ့ကို အကြိမ်အနည်းငယ်လောက် ပိုရိုက်ခဲ့သင့်တာ။
ဟမ့် အခုလေးတင် သူက ငါ့ကို ဆူပူရဲတာ။ သူ့ကိုယ်သူတောင် မမှတ်မိတော့တဲ့အထိ ရိုက်နှက်တာကတောင် ပေါ့ပါးလွန်းရာကျနေပြီ။
ယွီဝိန်းလန် “….”
ရှုပ်ထွေးနေတဲ့ ခံစားချက်တွေနှင့်အတူ သူက သူ့အပြုံးကို အတတ်နိုင်ဆုံး ဖိနှိပ်လိုက်ပြီး ပြောလာသည်။
“သူ့အသက်ကိုကယ်တင်ပြီးရင် အပိုင်းပိုင်း ဖြတ်ပစ်ကြတာပေါ့”
ထိုသို့ပြောပြီးနောက် သူတို့က ရထားလုံးရှေ့ကို ရောက်နေပြီးဖြစ်သည်။ ရထားလုံးမောင်းသူက လိုက်ကာစကို အလျင်အမြန် ဆွဲဖွင့်ပေးလာပြီး သူက သူမကို ရထားလုံးပေါ်ကို တင်ပေးလိုက်ကာ အစကနေအဆုံးထိ သူမကို ချပေးမလာခဲ့ပေ။
~~~
ထိုကဲ့သို့ပင် လူတိုင်းရဲ့စောင့်ကြည့်နေတဲ့ မျက်လုံးတွေအောက်မှာ ဟူရိချွမ်းက ကျင်းကျောက်စံအိမ်တော်ကို အပို့ခံလိုက်ရသည်။
သူခိုးမှုဟာ မူလကဆိုလျှင် ကိုင်တွယ်ဖို့ လွယ်ကူသည်ပင်။ သို့သော် ဒီလူဟာ တော်ဝင်အစောင့်တွေရဲ့ဆွဲခေါ်လာတာကို ခံရတဲ့အတွက် ကျင်းကျောက်စီရင်စုရဲ့ အုပ်စိုးသူက သူ့ကို လျစ်လျူမရှုရဲပဲ ချက်ချင်းပဲ ဒီလူအပေါ် စုံစမ်းစစ်ဆေးမှုတွေ စတင်လိုက်တော့သည်။
မမျှော်လင့်စွာနဲ့ ထိုစုံစမ်းမှုအပြီးမှာ ဒီလူဟာ တကယ်တော့ တစ်ခုခုရှိနေတာပင်။
….
ကျီဖူအဆောက်အဦးက နန်းတော်ကနေ အကွာအဝေးတချို့ ဝေးကွာပြီး ကန်လုနန်းဆောင်ထိပြန်ဖို့ဆိုလျှင် နောက်ကျလွန်းနေပြီဖြစ်သည်။
ထို့အပြင် ယန်ရှုက ထပ်မံမူးလဲသွားပြီး ဘာကိုမှ တစ်ခဏလောက် ဂရုမစိုက်နိုင်တော့ပဲ အိပ်ရာကို စောစောဝင်သွားတော့သည်။
သို့သော် နောင်တစ်နေ့မနက် နိုးလာချိန်မှာ သူမက နောက်ဆုံးတော့ သတင်းကောင်းကို ကြားရပြီဖြစ်သည်။
—ကျင်းကျောက်စံအိမ်တော်က ဟူရိချွမ်းရဲ့စံအိမ်ကို ညတွင်းချင်း ရှာတွေ့ပြီး ရှာဖွေမှုအပြီးမှာတော့ သူနဲ့ဆက်စပ်တဲ့ ကိစ္စအများအပြားကို ရှာတွေ့သွားတော့သည်။
သဲလွန်စတွေနောက်ကို လိုက်ပြီးနောက်မှာတော့ အစိုးရဟာ မြို့ပြင်မှာဖုံးကွယ်ထားတဲ့ အိမ်နှစ်လုံးကို တွေ့လိုက်ရပြီး ထိုအိမ်တွေထဲကနေ ပျောက်ဆုံးနေတဲ့ ကလေးခြောက်ယောက်ကို တွေ့လိုက်ရသည်။
သူ့လက်အောက်ငယ်သားတွေရဲ့စုံစမ်းမှုအရ ဟူရိချွမ်းက ကျန်းနန် ၊ ဟူနန် ၊ ဟူပေနဲ့ တစ်ခြားနေရာတွေမှာလည်း လူကုန်ကူးမှုတွေ လုပ်ခဲ့သေးသည်။ သူတို့အားလုံးက ကြည့်ကောင်းတဲ့ ကလေးတွေကို ပြန်ပေးဆွဲပြီး သူတို့တွေကို သင်ပေးကာ နေရာအမျိုးမျိုးက ချမ်းသာတဲ့ စီးပွားရေးသမားတွေနဲ့ အရာရှိတွေဆီကို ရောင်းချလိုက်သည်။
ထိုကိစ္စက အရမ်းကိုအရေးကြီးတဲ့အတွက် ကျင်းကျောက်စံအိမ်တော်က ချက်ချင်းပဲ တော်ဝင်ညီလာခံဆီကို သတင်းပို့လိုက်ကာ ပြစ်မှုနဲ့တရားမျှတရေးရုံးတော်ကို ထိုကိစ္စအား လက်လွှဲလိုက်တော့သည်။
ထို့ကြောင့် ထိုမနက်ညီလာခံမှာတော့ လူတိုင်းက အလုပ်ရှုပ်နေကြတော့သည်။
ထိုအချိန်မှာပဲ လွတ်လပ်ပေါ့ပါးစွာနဲ့ မနက်စာစားနေတဲ့ ယန်ရှုက စားနေရင်း စစ်စတန်နဲ့အတူ စကားစမြည် ပြောနေပေသည်။
[နောက်တစ်ယောက်က ချိုက်ဝေ့ကျုံးပဲ။ မကောင်းတဲ့အကောင် သူ့ကို ရှာတွေ့သွားကြပြီလား။]
92 03
စစ်စတန်က ပြောလာသည်။
[မတွေ့သေးဘူး။ ဒီသစ်ပင်အိုကြီးက အရမ်းကို သက်တမ်းရင့်နေပြီဆိုတာကို သတိပြုသင့်တယ်။ ဟူရိချွမ်းကို သွားရှာတဲ့အချိန်တိုင်း သူရဲ့ရုပ်ဖျက်တာကို အမြဲတမ်း ပြောင်းသွားတယ်။ အဲ့တာအပြင် မြို့တော်နယ်နမိတ်ဆိုင်ရာ စစ်ဆေးရေးအရာရှိကလည်း သူနဲ့ဟူရိချွမ်းရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဘာသဲလွန်စမှ မတွေ့သေးဘူး]
[မနေ့ကဧကရာဇ်ရဲ့ပြောပုံအရ သူက ပိုပြီးတင်းတင်းကြပ်ကြပ် စစ်ဆေးတော့မှာဆိုတော့ သူက စံအိမ်ထဲက ယောက်ျားကိုယ်လုပ်တော်ကို ချက်ချင်း ထွက်ခွာခိုင်းပြီး တစ်ခြားသူတွေကို လိမ်လည်လှည့်ဖြားဖို့ သူ့ရဲ့မူလဇနီး နျဲ့သခင်မကြီးကို မြို့တော်ကိုခေါ်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်တယ်။ တစ်ခဏအတွင်းမှာပဲ နျဲ့သခင်မကြီးက လမ်းပေါ်ကို ရောက်နေပြီ]
ယန်ရှု [ဒီငါးဆားနူကောင်က ဒီလိုအချိန်မှာတောင် သူ့ဇနီးကို အသုံးပြုနေတုန်းပဲ။ တကယ်ကို မဟုတ်တော့ဘူး]
စစ်စတန် [သူက ဒီလိုလုပ်နိုင်တဲ့ နှစ်တစ်ထောင်မြေခွေးကြီးပဲ မဟုတ်လား။ ပြောရမယ်ဆိုရင် ဒီမကောင်းတဲ့ကောင်တွေ တစ်ယောက်စီတိုင်းက တစ်ခြားသူထက် ပိုကောင်းနေကြတယ်]
အဓိပ္ပာယ်ရှိတယ်…
ယန်ရှုက ရွှေရောင်ကိတ်ကိုတစ်ကိုက် ကိုက်လိုက်ပြီး သူမနှလုံးသားထဲမှာ တွေးနေသည်။ မဖြစ်ဘူး။ ဘယ်ငါးဆားနူကောင်မှ ဒီလိုနည်းနဲ့ လွတ်မသွားစေရဘူး။
ဒီကိစ္စကိုကိုင်တွယ်ဖို့ နည်းလမ်းတစ်ခု စဉ်းစားမှရမယ်။
~~~
ထိုနေ့ညနေခင်းမှာ သခင်လေးရှောင်ယောင်ရဲ့စာအုပ်အသစ်က ရုတ်တရက် ထွက်ပေါ်လာတော့သည်။
အနည်းငယ် ရုတ်တရက်ဆန်ပေမဲ့လည်း စာအုပ်အသစ်ရဲ့ကျော်ကြားမှုကို မနှောင့်နှေးစေဘဲ နေ့လည်ခင်းတစ်ခုတည်းမှာပင် မိတ္တူထောင်ချီ ရောင်းချလိုက်ရပြီး ဖြစ်သည်။
ညစာစားချိန်မှာတော့ စာအုပ်ဖတ်လိုက်ပြီးသူတွေက ဇာတ်ကြောင်းကို စတင်ဆွေးနွေးလာကြသည်။
လတ်တလောရဲ့ ယောက်ျားလေးတွေ ပျောက်ဆုံးနေတဲ့ ကိစ္စကြောင့် “ဝတ်ရုံလက်ပြတ်”နဲ့ “ကလေးတွေကို မတရားပြုကျင့်မှု” ဆိုတဲ့ ခေါင်းစဉ်က အရမ်းကို ဆတ်ဆတ်ထိမခံ ဖြစ်နေပေသည်။ မမျှော်လင့်ထားစွာနဲ့ ဒီပုံပြင်ထဲက ဇာတ်ဆောင်ထဲက တစ်ယောက်က ဝတ်ရုံလက်ပြတ် ဖြစ်နေပေသည်။
ယခင် အတွေ့အကြုံပေါင်းများစွာကို အခြေခံလိုက်ချိန်မှာတော့ လူတိုင်းဟာ ဒီပုံပြင်က ယခုလေးတင် ဖြစ်ပွားသွားတဲ့ ဖြစ်ရပ်နဲ့ဆက်စပ်မှု ရှိနေမယ်ဆိုတာကို သိသွားတော့သည်။ ထို့နောက် ချက်ချင်းပဲ ဒီပုံပြင်ထဲက ငါးဆားနူကောင်ရဲ့ အချက်အလက်ကို ချက်ချင်းပဲ သံသယ ဝင်လာကြတော့သည်။
—ဖြစ်နိုင်တာက ညီလာခံခန်းမထဲမှာ ဝတ်ရုံလက်ပြတ်ဖြစ်နေတဲ့ အရာရှိတစ်ယောက်ယောက်များ ရှိနေလား။
ပြီးတော့ အိမ်မှာလည်း ယောက်ျားလေးကိုယ်လုပ်တော်ကို ပျိုးထောင်ထားသေးတယ်။
ကျစ် ကျစ် ကျစ် ဘယ်လိုလူမျိုးက ဒီလိုအဓိပ္ပာယ်မရှိတဲ့ သူမျိုးလဲ။
ပိုပြီးများသထက် များလာတဲ့ လူတွေက ထိုအကြောင်းကို ပြောနေကြပြီး ထိုအချိန်က မြောက်ဘက် တောင်ဘက် အရှေ့ဘက်နဲ့ အနောက်ဘက်က ချမ်းသာကြွယ်ဝမှုတွေကိုပါ ထပ်ပေါင်းလိုက်ချိန်မှာတော့ ထိုခေါင်းစဉ်က မြို့တော်ရဲ့အဘက်ဘက်ကို ပျံ့နှံ့သွားတော့သည်။
….
သုံးရက်ကြာ ခရီးနှင်လာပြီးနောက်မှာ သူမက နောက်ဆုံးတော့ မနက်ဖြန်မှာ မြို့တော်ကို ရောက်တော့မည် ဖြစ်သည်။
ထိုညမှာပဲ ချိုက်ဝေ့ကျုံးရဲ့မူဇနီး သခင်မနျဲ့ဟာ တည်းခိုခန်းမှာ အနားယူနေပေသည်။
ထိုအချိန်မှာ တည်းခိုခန်းက ခရီးသွားအများအပြားက ဝင်လိုက်ထွက်လိုက် လုပ်နေကြပြီး တည်းခိုခန်းသည်လည်း လှုပ်ရှားတက်ကြွမှုတွေနဲ့ ဆူညံနေပေသည်။
ညစာစားပြီးနောက်မှာတော့ အစေခံမိန်းကလေးပိုင်ကော်က အပြင်ဘက်ကနေ ရေနွေးပူယူလာပြီး သခင်မနျဲ့ရဲ့ဆေးကြောတာကို ကူညီပေးဖို့အတွက် အခန်းထဲကို ဝင်လာခဲ့သည်။
သခင်မနျဲ့က မေးလာသည်။
“ဘာလို့ ဒီနေရာမှာ အကြာကြီး ဖြစ်နေရတာလဲ”
92 04
—သူမက နူးညံ့ကာ သူမကိုလည်း အပြစ်တင်ဖို့ မရည်ရွယ်ပေ။ ထို့ကြောင့် ပိုင်ကော်က ပြုံးလိုက်ပြီး ပြန်ဖြေလာသည်။
“အခုလေးတင် ရေက မဆူသေးလို့ပါ။ ပြီးတော့ ဘေးနားမှာ ပုံပြောသူကလည်း ရှိနေပြီး လူတွေအများကြီးကလည်း နားထောင်နေတာကို တွေ့လိုက်ရလို့ ဒီအစေခံလည်း တစ်ခဏလောက် နားထောင်နေလို့ပါ”
သခင်မနျဲ့က ရယ်မောလိုက်ကာ
“ဘယ်စာအုပ်က အဲ့လောက်တောင် စွဲမက်ဖွယ် ကောင်းနေတာလဲ”
ပိုင်ကော်ရဲ့မျက်ဝန်းတွေက လင်းလက်သွားပြီး သူမက ချက်ချင်းပဲ ပြောပြလာသည်။
“သခင်မသိလား ဒီလောကမှာလေ။ မိန်းမတွေကို မကြိုက်ဘဲ ယောက်ျားတွေကိုပဲ ကြိုက်တဲ့ လူတွေရှိတယ်ဆိုတာကိုလေ”
သခင်မနျဲ့က အသက်လေးဆယ်အရွယ် ရှိနေပြီဖြစ်ပြီး သူမမှာ အတွေ့အကြုံပိုရှိသည့်အတွက် ပြောလာသည်။
“ဒါကို လုံယန်လို့ခေါ်တယ်။ ပြီးတော့ သူများတွေ ပြောတာကိုလည်း ကြားဖူးတယ်”
(လုံယန်က တရုတ်လို လိင်တူကြိုက်တာကိုခေါ်တာပါ)
သို့သော် ပိုင်ကော်က ထပ်ပြောလာသည်။
“ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလူက ယောက်ျားတွေကို သိသိသာသာကို ကြိုက်ပေမဲ့ ဇနီးတစ်ယောက်ကို ယူပြီး ကလေးတွေလည်း ရှိနေသေးတယ်။ လက်ထပ်ပြီးနောက်မှာလည်း သူ့ဇာတိမြို့မှာ သူ့ဇနီးက ယောက္ခမနဲ့ကလေးတွေကို စောင့်ရှောက်နေပြီး သူကတော့ တစ်နေရာရာမှာ ပျော်နေတယ်လေ။ အရမ်းကို လွန်လွန်းတယ်။ သခင်မ မသိလို့ပါ။ သူက စံအိမ်ထဲမှာ ယောက်ျားတွေ အများကြီးကိုတောင် ပျိုးထောင်ထားသေးတယ်”
သခင်မနျဲ့က တစ်ခဏလောက် တွန့်သွားပြီး
“ဘာ…ယောက်ျားကိုယ်လုပ်တော်လား”
ပိုင်ကော်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အဲ့လိုယောက်ျားတွေနဲ့ မဆီလျော်တဲ့လုပ်ရပ်တွေကို လုပ်ဖို့ အဲ့လူက သူနဲ့နီးကပ်တဲ့ အဲဒီယောက်ျားတွေကို ကိုယ်လုပ်တော်တွေလို ဟန်ဆောင်ခိုင်းပြီး တစ်ခြားသူတွေကို အထင်မမှားစေဖို့ စံအိမ်မှာ နေခိုင်းထားတယ်တဲ့လေ”
ဒါကအတော်လေးကို ယုတ္တိမတန်ပေ။ ဒါကိုကြားလိုက်ရချိန်မှာတော့ သခင်မနျဲ့က သိချင်သွားပြီး ထပ်မေးလိုက်သည်။
“အဲ့နောက်ရော သူ့ဇနီးက ရှာမတွေ့သွားဘူးလား”
ပိုင်ကော်က ပြောလိုက်သည်။
“ပြောတာက သူ့ဇနီးက အရမ်းကိုမွန်မြတ်ပြီး ဇာတိမြို့မှာ သူ့ယောက္ခမတွေနဲ့ ကလေးတွေကို ပြုစုနေပြီး ဒီလူကလည်း တစ်နှစ်ပတ်လုံး အဝေးမှာ ရှိနေတယ်တဲ့။ သူက စံအိမ်တစ်လုံး ဝယ်ပြီးပေမဲ့ သူ့ဇနီးကို သူနဲ့အတူလာနေဖို့ ဘယ်တုန်းကမှမပြောဘူး သူ့ဇာတိကအိမ်ကို နှစိသစ်ကူးပွဲတော် ဆွေးမျိုးတွေ လည်ပတ်ချိန်မှာပဲ ပြန်တယ်။ဒီခင်ပွန်းနဲ့ဇနီးက တစ်ယောက်ကိုတစ်ယောက် ဧည့်သည်တွေလို လေးလေးစားစား ဆက်ဆံနေကြပေမဲ့ တကယ်တမ်းကျရေခဲလိုပဲ အေးစက်နေကြတယ်”
ဒါကိုကြားလိုက်ချိန်မှာ သခင်မနျဲ့ရဲ့နှလုံးသားက တုန်လှုပ်သွားတော့သည်။
—သူမကိုယ်တိုင်ပဲ မဟုတ်ဘူးလား။
ချိုက်မိသားစုကို သူမလက်ထပ်စဉ်ကတည်းက သူမနဲ့သူ့ရဲ့ခင်ပွန်းက ချစ်ကြည်နူးစအတွဲလို ပျော်ရွှင်ခဲ့ကြပြီး အထူးသဖြင့် လွန်ခဲ့တဲ့နှစ်များစွာက ကလေးနှစ်ယောက်ကို မွေးဖွားပေးခဲ့စဉ်က ဖြစ်သည်။ အဲ့အချိန်ကတည်းက သူတို့ရဲ့ခံစားချက်တွေက လုံးဝပျောက်ကွယ် သွားရတော့သည်…။
အတိတ်တုန်းကတော့ ယောက္ခမတွေက သူမရဲ့ခင်ပွန်းကို သူမကိုလည်း မြို့တော်ကိုခေါိသွားဖို့ တောင်းဆိုကြသည်။ သို့သော် သူကအမြဲတမ်း အမျိုးသမီးတွေက အလုပ်ရှုပ်တယ်ဆိုပြီးသဘောတူဖို့ ငြင်းဆန်နေပေမဲ့ မြို့တော်မှာတော့ ကိုယ်လုပ်တော်တွေ တစ်ယောက်ပြီးတစ်ယောက် ယူနေပေသည်…..
သူမ တစ်ခဏလောက် ဝမ်းနည်းနေပြီးနောက်မှာ သခင်မနျဲ့က ရုတ်တရက် ထိုပုံပြင်ထဲက ဇနီးဖြစ်သူက သူမနဲ့ အရမ်းတူနေတာကို သဘောပေါက်သွားသည်။
သူမ သိချင်နေတုန်းမှာပဲ ပိုင်ကော်က ထပ်ပြောလာသည်။
“အချိန်တိုင်း ဒီလူကသူ့ဘာသာ အလုပ်ရှုပ်နေတယ်လို့ ဆင်ခြေတွေပေးပြီး အိမ်ကနေ အလျင်အမြန် ထွက်သွားတတ်တယ်။ ဒါပေမဲ့ တကယ်တမ်းတော့ အဲလူက အဲဒီယောက်ျားကိုယ်လုပ်တော်တွေနဲ့ ခြေရှုပ်ဖို့ အလျင်စလို ဖြစ်နေခဲ့တာတဲ့လေ။ ပြီးတော့ အပြင်ဘက်က ချောမောတဲ့ ယောက်ျားတွေနဲ့လည်း ……ကျစ် ကျစ် တကယ်ကို အော်ဂလီဆန်စရာပဲ”
92 05
သူမကပြောရင်း သခင်မနျဲ့ရဲ့ဖိနပ်နဲ့ခြေအိတ်ကို ကူညီပြီးချွတ်ပေးလိုက်ပြီး ခြေထောက်ကို ဆေးပေးလာသည်။
သို့သော် သခင်မနျဲ့ကပုံပြင်ထဲမှာ နစ်မြောနေပြီး ဖမ်းစားခံလိုက်ရပြီးဖြစ်ကာ ထပ်ပြီး မျက်မှောင် ကြုတ်လာသည်။
“အဲ့နောက်ရော အဲဒီအမျိုးသမီးက ရှာတွေ့သွားသေးလား”
သူမခြေထောက်ကို ဆေးနေစဉ်မှာပဲ ပိုင်ကော်က ခေါင်းညိတ်ကာ ပြောလာသည်။
“ရှာတွေ့သွားတယ် တစ်ခါက အဲဒီအမျိုးသမီးက သူ့ရဲ့ယောက္ခမတွေကို သမားတော်နဲ့ပြဖို့ အလျင်စလိုဖြစ်နေပြီး မြို့တော်ကို သွားလိုက်တယ်။ သူ့ရဲ့ခင်ပွန်းကို နှုတ်မဆက်နိုင်သေးခင်မှာပဲ စံအိမ်ထဲမှာ ရှာတွေ့သွားတော့တယ်လေ”
သခင်မနျဲ့က အလျင်အမြန် ထပ်မေးလိုက်သည်။
“ဘယ်လို ရှာတွေ့သွားတာလဲ”
ပိုင်ကောက ပြောလိုက်သည်။
“အဲဒီကိုယ်လုပ်တော်တွေအားလုံးက ယောက်ျားတွေလေ။ သူတို့တွေက အရပ်ရှည်ပြီး သူတို့ရဲ့အသံကလည်း သာမန်အမျိုးသမီးတွေလို မဟုတ်ဘူး။ ပြီးတော့ သူတို့တွေက ရာသီခံ ခါးပတ်တွေကိုလည်း ဘယ်တော့မှ မဝတ်ကြဖူးဘူး။ ….အရေးအကြီးဆုံးကတော့ သူတို့သုံးယောက်လုံးက စံအိမ်မှာ ရှိနေတာ နှစ်ပေါင်းကြာနေပြီဆိုပေမဲ့ သူတို့ထဲက ဘယ်သူကမှ မလုပ်နိုင်ကြဘူးလေ။ တကယ်တော့ ကလေးမွေးလာမှ ပြဿနာက ရှိနေမှာ”
သခင်မနျဲ့က မျက်မှောင် ကြုတ်သွားတော့သည်။
အရပ်ရှည်ပြီး ထွားတယ်….။
အသံက သာမန်အမျိုးသမီးတွေလို မဟုတ်ဘူး။
သူမ မှတ်မိသေးသည်။ တစ်နှစ်မှာ သူမက သူမရဲ့ခင်ပွန်းအတွက် အအေးဝတ်တွေကို ကိုယ်တိုင်ကိုယ်ကျပြုလုပ်ခဲ့ပြီး အိမ်တော်ထိန်းကို မြို့တော်ကို ပို့ပေးဖို့ ပြောခဲ့သည်။ ထိုအိမ်တော်ထိန်းက ပြန်လာပြီးနောက် သူမကို ပြောလာသည်။ သူမခင်ပွန်းရဲ့အခန်းထဲက ကိုယ်လုပ်တော်တွေအားလုံးက အရပ်ရှည်ပြီး ကြမ်းတမ်းတဲ့ အသံရှိကြတယ် တဲ့….။.
အိမ်တော်ထိန်းကပင် သူ့ရဲ့သခင်က ဘာလို့ယောက်ျားတွေနဲ့တူတဲ့ မိန်းမတွေကို ကြိုက်တာလဲဟုပင် သိချင်နေသေးသည်။
အရေးအကြီးဆုံးအရာကတော့ ထိုနှစ်တွေတုန်းက ချိုက်မိသားစုမှာ သူမမွေးပေးခဲ့တဲ့ ကလေးနှစ်ယောက်သာရှိပြီး မြို့တော်က ထိုကိုယ်လုပ်တော်တွေက နှစ်ပေါင်းများစွာရှိနေပေမဲ့ ဘာကိုမှ မွေးဖွားပေးခြင်း မရှိပေ…..။
ဖြစ်နိုင်တာက…..
သခင်မနျဲ့က ပိုပိုပြီးသံသယရှိလာပြီး အလျင်အမြန် မေးလိုက်သည်။
“ပုံပြင်ပြောသူက ဘာထပ်ပြောသေးလဲ”
ပိုင်ကော်က တစ်ခဏလောက် စဉ်းစားလိုက်ပြီး ပြောလာသည်။
“ပုံပြင်ပြောသူ ထပ်ပြောတာက အဲ့လူက ယောက်ျားတွေနဲ့ ပျော်ပါးတာအပြင် ဒီလူက တစ်ခြားသူတွေရဲ့ကလေးတွေကို လူကုန်ကူးပြီး ရောင်းချဖို့ လူတချို့နဲ့ပါ ပူးပေါင်း လိုက်သေးတယ်။ နောက်တော့ သူတို့တွေကို ယောက်ျားတွေကို နှစ်သက်တဲ့လူတွေအတွက် အပျော်ရှာဖို့ ရောင်းချလိုက်တယ်…..။အိုး ဘာပဲဖြစ်ဖြစ် ဆိုးရွားလွန်းတယ်။ ဘာအတွက်မှ မဟုတ်ဘဲ ဒီလောက်ကောင်းတဲ့ အမျိုးသမီးအပေါ် မကောင်းတာ ကန်းနေလို့ပဲနေမှာ။ နောက်တော့ အစိုးရကနေ သူ့ကို ရှာတွေ့သွားပြီး သူက ကြောက်လွန်းတဲ့အတွက် စံအိမ်ထဲက ယောက်ျားကိုယ်လုပ်တော်တွေကို ဖယ်ထုတ်လိုက်ပြီး သူ့ဇနီးကိုမြို့တော်ဆီ ခေါ်လာတော့တယ်….”
ဘာ။
သခင်မနျဲ့က ထိတ်လန့်သွားရသည်။
မြို့တော်ဆီ လာတဲ့လမ်းမှာ အရာရှိတွေက အချိန်တိုင်းစစ်ဆေးနေပြီး လူကုန်ကူးတဲ့သူတွေ
ရှိမလားဆိုတာကို စစ်ဆေးနေပေသည်။ တစ်ယောက်ယောက်ကို သတင်း စုံစမ်းခိုင်းလိုက်အပြီးမှာ လွန်ခဲ့တဲ့ရက်အနည်းငယ်က မြို့တော်မှာ ယောက်ျားလေးတွေကို ဗလက္ကာရပြုပြီး လူကုန်ကူးတဲ့ ဖြစ်ရပ်တစ်ခုဖြစ်သွားတယ်ဆိုတာကို တွေ့လိုက်ရသည်….။
သို့သော် ထိုအချိန်မှာပဲ ချိုက်ဝေ့ကျုံးက သူမကို မြို့တော်ကိုလာဖို့ ခေါ်လာပြီး ဒါကလည်း အရမ်းကို ရုတ်တရက် ဆန်လွန်းသည်။
ဒီလောက်တိုက်ဆိုင်တာမျိုး ဖြစ်နိုင်လား။
~~~
++++++ 93 01
သုံးရက်ကြာပြီးနောက်မှ ယန်ရှုကနိုးလာပြီး စစ်စတန်ရဲ့စာကိုရရှိလိုက်သည်။
[ချိုက်ဝေ့ကျုံး အဖမ်းခံလိုက်ရပြီ]
အမ်။
သူမရဲ့မျက်လုံးတွေ တောက်ပသွားကာ ချက်ချင်းပဲ ပြောလိုက်သည်။
[ဘယ်လို မိသွားတာလဲ။ ဟူရိချွမ်းက ဖော်လိုက်တာလား။]
စစ်စတမ် [ဟုတ်တယ်။ တစ်ချက်က နှိပ်စက်တာကို မခံနိုင်တော့လို့ ဟူရိချွမ်းက နောက်ဆုံးမှာ ဝန်ခံလိုက်တာ နောက်ထပ်ကတော့ သူ့အိမ်က ထွက်လာတဲ့ အမျိုးသားကိုယ်လုပ်တော်ကို မိသွားပြီး သူက ဟူရိချွမ်းနဲ့ချိုက်ဝေ့ကျုံးက အဆက်အသွယ် ရှိတယ်လို့ ဝန်ခံလိုက်တာ]
ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားသည်။
[အစိုးရက သူ့ရဲ့အမျိုးသား ကိုယ်လုပ်တော်ကိုတောင် တကယ်ကြီး ရှာတွေ့တယ်တဲ့လား။ မဆိုးဘူးပဲ။ ဘယ်တုန်းကတည်းကလဲ။]
စစ်စတန် [တကယ်တော့ ဧကရာဇ်ကချိုက်စံအိမ်တော်ကို စောင့်ကြည့်ဖို့ လူတွေကို တိတ်တဆိတ် လွှတ်ထားခဲ့တာ။ ပြီးတော့ အမျိုးသားကိုယ်လုပ်တော်တွေကို ဖယ်ထုတ်လိုက်တာနဲ့ ဖမ်းလိုက်တော့တာပဲ]
ယန်ရှု [!!ဧကရာဇ်က သန်မာလိုက်တာ!]
သို့သော် ချီးမွမ်းပြီးနောက်မှာတော့ တစ်ခုခုက မှားနေတယ်လို့ သူမ ခံစားလိုက်ရသည်။
[….ခဏနေပါဦး ဘာလို့ ဧကရာဇ်က ချိုက်စံအိမ်တော်ကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို လွှတ်ထားရတာလဲ။ ချိုက်ဝေ့ကျုံးနဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေတယ်ဆိုတာကို ဘယ်လိုလုပ်ပြီး သိသွားရတာလဲ။]
စစ်စတန် […ဆောရီး ဧကရာဇ်အပေါ်မှာ အနှောက်အယှက် သင်္ကေတတချို့ ရှိနေတယ်။ စစ်စတန်က သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကို ထောက်လှမ်းလို့မရဘူး]
ယန်ရှု […]
ဒီလိုလည်း ရှိသေးတာလား။
ကျစ် သူက ဧကရာဇ်ဖြစ်နေလို့ စစ်စတန်ကို ပိတ်ဆို့ပြီး တကယ်ကြီးကို နဂါးအစောင့်အရှောက် ရှိနေတာလား။
တွေ့ကြည့်လိုက်ချိန်မှာတော့ ဖြစ်နိုင်ပေသည်။ ဧကရာဇ်က ဘာလို့ မလုပ်နိုင်ရတာလဲဆိုတာကိုလည်း စစ်စတန်က ပထမတုန်းက မပြောနိုင်ခဲ့ပေ။
သို့သော် သူမဘာသာ တွေးကြည့်လိုက်တော့ သူမရေးတဲ့ စာအုပ်တွေက ဧကရာဇ်ကို သံသယ ဝင်သွားအောင် လုပ်လိုက်နိုင်တာကြောင့် ဖြစ်နိုင်သည်။
နောက်ဆုံးမှာတော့ ညီလာခံထဲတွင် သူ့လို ရာထူးအဆင့်မှာရှိတဲ့ အရေးပါတဲ့ အရာရှိတွေထဲမှာ ဇနီးဖြစ်သူကို ဇာတိမြို့မှာထားထားတဲ့ အရာရှိတွေ အများကြီးမရှိပေ။
ဧကရာဇ်က နည်းနည်း ရှာဖွေလိုက်ရုံနှင့် ထိုသူက သူ ဖြစ်တယ်ဆိုတာကို ရှာတွေ့သွားနိုင်သည်။
ထိုအချိန်မှာပဲ စစ်စတန်က ထပ်ပြောလာသည်။
[သခင်မချိုက်ကလည်း ဒီကိစ္စမှာ တာဝန်ရှိတယ်]
ယန်ရှုက ချက်ချင်းပဲ မေးလိုက်သည်။
[ဘယ်လိုလဲ။]
စစ်စတ်် [မြို့တော်နယ်နမိတ်စစ်ဆေးရေးအရာရှိနဲ့ ပြစ်မှုရေးရာရုံးတော်နှစ်ခုစလုံးက အဲဒီလူက ချိုက်ဝေ့ကျုံးဆိုတာကို ဖော်ထုတ်အပြီးမှာ ချိုက်စံအိမ်ထဲကို ရှာဖွေဖို့ ဝင်ရောက်သွားတယ် အဲ့အချိန်မှာပဲ သခင်မချိုက် တစ်ဖြစ်လဲ သခင်မနျဲ့က လက်ဦးမှုယူပြီး ချိုက်ဝေ့ကျုံးရဲ့စာရင်းစာအုပ်ကို ညီလာခံကို တင်သွင်းလိုက်တယ်။ စာရင်းစာအုပ်ထဲက စာရင်းတွေက ချိုက်ဝေ့ကျုံးက ဟူရိချွမ်းကို မြို့တော်မှာ ပိုင်ဆိုင်မှုတွေဝယ်ဖို့ ငွေတုံးတွေ ထောင်ပေါင်းများစွာ ပေးထားပြီး ဟူရိချွမ်းက ယောက်ျားလေးတွေကို လူကုန်ကူး ရောင်းချပြီးနောက် ရလာတဲ့အကျိုးအမြတ်တွေကို သူနဲ့တောင် ခွဲဝေလိုက်သေးတယ်လေ]
ယန်ရှုရဲ့မျက်လုံးတွေက ထိုစကားတွေကို ကြားတဲ့အခါမှာ တောက်ပ သွားတော့သည်။
93 02
[သခင်မချိုက်က ကောင်းကောင်း လုပ်နေတာပဲ။]
စစ်စတန် [အဓိကကတော့ နင့်ရဲ့ဇာတ်ညွှန်းစာအုပ်ကို ဖတ်ပြီးနောက်မှာပဲ အသိ ဝင်သွားတာ]
ယန်ရှုက သက်သာရာရစွာ ပြုံးလိုက်သည်။
[အသိဝင်တာ ကောင်းတယ်။ တော်ဝင်ညီလာခံက ဒီလိုမှန်ကန်တဲ့လုပ်ရပ်မျိုးကို လုပ်တဲ့ဆွေမျိုးတွေကို ကွပ်မျက်တာကို ဂရုစိုက်သင့်တယ်။ အဲ့တာမှ ဒီလို ငါးဆားနူကောင်ရဲ့ ငြိစွန်းမှာကနေ တားဆီးနိုင်မှာ]
သူမက ဒီအစ်မ ပြန်လည်ရပ်တည်နိုင်ဖို့ တကယ်ကို မျှော်လင့်မိသည်။
အစပိုင်းတုန်းက သူမရဲ့ကံကြမ္မာက မမျှတပဲ သူမရဲ့ငယ်ရွယ်မှုကို ထိုငါးဆာနူကောင်ရဲ့ နှစ်နှစ်ဆယ်လောက် ဖြုန်းတီးခြင်းကို ခံလိုက်ရပေမဲ့ အသိဝင်လာဖို့ နောက်မကျသေးပေ။
သူမက တကယ်ပဲ တစ်ဖြည်းဖြည်းနဲ့ စာအုပ်ထဲကလိုမျိုး ကိုယ်ပိုင်အလုပ်အကိုင်တစ်ခု တည်ဆောက်နိုင်ပြီး သူမရဲ့ကိုယ်ပိုင်ဘဝကို နေနိုင်မယ်လို့ တကယ်ကို မျှော်လင့်မိသည်။
~~~~
ချိုက်ဝေ့ကျုံး အဖမ်းခံရပြီးနောက်မှာ အမှုကပိုပြီးတော့ မြန်မြန်ဆန်ဆန် တိုးတက်သွားတော့သည်။
နှစ်ရက်အတွင်းမှာပဲ မြို့တော်နယ်နမိတ်…
စစ်ဆေးရေးအရာရှိတွေနဲ့ ပြစ်မှုရေးရာရုံးတော်ရဲ့ စုံစမ်းမှုအောက်မှာ ယောက်ျားလေးတွေကို လူကုန်ကူးတဲ့ လက်သည်တရားခံဖြစ်သူ ဟူရိချွမ်းနဲ့ အဆက်အသွယ်ရှိတဲ့ နိုင်ငံတစ်ဝှမ်းက ချမ်းသာတဲ့ စီးပွါးရေးသမားတွေနဲ့ အရာရှိတွေကို ရှာဖွေတွေ့ရှိလိုက်ပြီး နစ်နာသူ ကလေးဒါဇင်ပေါင်းများစွာကို ကယ်တင်လိုက်နိုင်ခဲ့သည်။
ကလေးတွေကို ကိုယ်လက်အင်္ဂါ ဖြတ်တောက်ထားသူတွေကိုတော့ အညှာအတာမရှိဘဲ အကုန်လုံး အဖမ်းခံလိုက်ရသည်။
ထိုကိစ္စကို ဖြေရှင်းပြီးနောက် ဟူရိချွမ်းကို ခေါင်းဖြတ်သတ်ဖို့ ပြစ်ဒဏ်ချပြီး နောက်ထပ် အပေါင်းအပါဖြစ်သူ ချိုက်ဝေ့ကျုံးကိုလည်း ခေါင်းဖြတ်သတ်ဖို့ ပြစ်ဒဏ် ချမှတ်လိုက်သည်။
သို့သော် နျန်ကျိုက်က သူ့ခင်ပွန်းဖြစ်သူနဲ့ ဝေးကွာနေသည်မှာ ကြာပြီဖြစ်သည့်အပြင် သူ လုပ်သမျှ မကောင်းတဲ့ကိစ္စတွေကိုလည်း သတိမပြုမိပေ။အထူးသဖြင့်နောက်ပိုင်းမှာ သဲလွန်စတွေကို ရှာတွေ့ပြီး လက်ဦးမှုယူကာ သတင်း ပို့လိုက်သည်။ ထို့ကြောင့် ဘုရင်မင်းမြတ်က သူ့ကို ချိုက်ဝေ့ကျုံးနဲ့ ပတ်သက်ငြိစွန်းတာကနေ ကာကွယ်ဖို့ ခွင့်ပြုချက်ကို အထူးခွင့်ပြု ပေးလိုက်တော့သည်။
ထိုကိစ္စမှာ ပါဝင်တဲ့ ကျန်တဲ့သူတွေကိုတော့ သူတို့ရဲ့ပြစ်မှုအလိုက် အပြစ်ဒဏ် လက်ခံရရှိပြီး အရမ်းကို ကျေနပ်စရာ ကောင်းတယ်လို့ ဆိုနိုင်ပေသည်။
ရုတ်တရက်ပဲ လမ်းမပေါ်နဲ့ လမ်းကြားထဲမှာရှိတဲ့ လူတွေက ဟူ ချိုက်နဲ့ တစ်ခြားငါးဆားနူကောင်တွေကို ကျိန်ဆဲကြပြီး ကောလဟလ အသစ်တစ်ခုကိုလည်း စတင်လာကြသည်။
ပြောကြတာက ထိုအချိန်တုန်းက ဟူရိချွမ်းကို ပထမဆုံးဖမ်းမိတဲ့သူက ငယ်ရွယ်တဲ့ မိန်းမပျိုလေးတစ်ယောက်ပင်။
ယခုအချိန်မှာ သခင်လေးရှောင်ယောင်ဆီက မည်သည့်ပုံပြင်မှ မရသေးပေမဲ့ ထိုခေါင်းစဉ်က လူတိုင်းရဲ့သိချင်စိတ်ကို နှိုးဆွလိုက်သည်။
ထိုညက ကျီဖူအဆောက်အဦးမှာရှိတဲ့ ညစာစားသူတွေရဲ့မှတ်ဥာဏ်အရ ထိုမိန်းကလေးရဲ့မျက်နှာလွှားပုဝါစဟာ တစ်ဖျပ်ဖျပ် လွင့်နေပြီး သူမရဲ့အစေခံတွေကိုတောင် ခေါ်ကာ ထိုသူကို ဖမ်းခိုင်းရဲခဲ့သည်။ ဒါက သူမရဲ့သတ္တိကို ပြနေတာပင်။
အချိန်နှင့်အမျှ လူတွေဟာ ထိုထူးဆန်းတဲ့ မိန်းကလေးက ဘယ်သူလဲဆိုတာကို သိချင်လာကြသည်။
…..
ထိုနေ့နေ့လည်ခင်းမှာ ဟန်လင်းပညာရှိ ကျိုးမိုကျုံးက တော်ဝင်စာကြည့်ဆောင်ထဲမှာ တော်ဝင်အမိန့်တော်မူကြမ်းကို ရေးဆွဲပြီးနောက် အခန်းထဲ၌ ဘယ်သူမှ ရှိမနေစဉ်မှာပဲ သူက ဘုရင်မင်းမြတ်ကို ပြောလိုက်သည်။
“အရှင်မင်းကြီး သိပါရဲ့လား။ အဲဒီအချိန်တုန်းက အဓိကတရားခံ ဟူရိချွမ်းကို ပထမဆုံး ဖမ်းမိတဲ့သူက တကယ်တော့ မိန်းကလေးတစ်ယောက်ဆိုတဲ့ ကောလဟလတွေ ပျံ့နှံ့နေပါတယ်”
“ပြောကြတာက သူမက ဥာဏ်ကောင်းပြီး တက်ကြွကာ သတ္တိလည်း ရှိတယ်တဲ့။ ဟူရိချွမ်းနဲ့ပုခုံးလေး ပွတ်မိတာနဲ့ သူမက သူ့ရဲ့မကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတဲ့ အရာတွေလုပ်မှာကို သတိပြုမိတယ်တဲ့လေ။ တကယ်ကို သန်မာတဲ့အမျိုးသမီးပဲ”
93 03
ယွီဝိန်းလန်က နှာမှုတ်လိုက်ကာ “ငယ်ရွယ်တဲ့အမျိုးသမီး”
ယန်ရှုအကြောင်း ပြောနေတာလား။
သို့သော် ကျိုးမိုကျုံးက ခေါင်းညိတ်ပြလာပြီး
“အမှန်ပဲ သာမန်လူတွေက သူမကို အမျိုးသမီးတွေကြားထဲက သူရဲကောင်းလို့ ခေါ်နေကြတယ်။ အခုဆို လူကြီးလူငယ်မရွေး လူတိုင်းက သူမရဲ့သရုပ်မှန်ကို သိချင်နေကြတယ်..။သခင်လေးရှောင်ယောင်သာ အခုချိန်မှာ ဒီအကြောင်းကို ဇာတ်ညွှန်း ရေးနိုင်မယ်ဆိုရင် ကျော်ကြားသွားမှာ ကျန်းသေတယ်”
အဟွတ် အဟွတ် သူသည်လည်း ထိုထူးဆန်းတဲ့အမျိုးသမီးက ဘယ်သူလဲဆိုတာကို သိချင်ပေသည်။
တွေးကြည့်လိုက်ပြီးနောက် သခင်လေးရှောင်ယောက်က အမြဲတမ်း ခန့်မှန်းနိုင်နေတော့ ကြည့်ရတာ သူက သဲလွန်စတချို့တော့ သိလောက်မယ်
ထို့ကြောင့် သူ့ကို မြန်မြန်ရေးခိုင်းလိုက်ပြီး အဲ့တာမှ လူတိုင်းရဲ့သိချင်စိတ်ကို ကျေနပ်နှစ်သိမ့်စေနိုင်မှာ။
ယွီဝိန်းလန် “…”
သူသည်လည်း ထိုနေ့က အဲ့နေရာမှာရှိသည်ပင်။ ဒါဆိုဘာလို့ သူကကျ ကောလဟလထဲမှာ အလိုလို လျစ်လျူရှု ခံလိုက်ရတာလဲ။
ထို့နောက် ထိုလူတွေက သူ့ရဲ့ကိုယ်လုပ်တော် ဘာလုပ်နေလဲဆိုတာကိုတောင် သိချင်နေကြသေးသည်။
သူက သာမန်ကဲ့သို့ ပြောလိုက်သည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ကိုယ်တော်လည်း သူ့ဆီက သတင်းမကြားသေးဘူး ဆိုတော့ တစ်ယောက်ယောက်ကို နောက်ကျ မေးခိုင်းလိုက်မယ်”
ပညာရှိကျိုးက ဘုရင်မင်းမြတ်ဟာ သိပ်ပြီး စိတ်မဝင်စားတာကို မြင်လိုက်ရတဲ့အတွက် ရွေးချယ်စရာမရှိဘဲ အရင်တုံ့ပြန်လိုက်ရသည်။ ပြီးနောက် နန်းတော်တံခါးကနေ ထွက်သွားတော့သည်။
ကျန်နေခဲ့တဲ့ယွီဝိန်းလန်က တစ်ယောက်တည်း တစ်ခဏလောက် ထိုင်နေပြီး ကျဲ့ကျီကိုတောင်မှ မကြည့်နိုင်ဘဲ ထရပ်လိုက်ကာ နန်းတော်တံခါးကနေ ထွက်သွားပြီး ကန်လုနန်းဆောင်ဆီသို့ သွားတော့သည်။
~~~
သူတို့တွေ နန်းတော်ဆီကို ရောက်တဲ့အခါမှာ ယန်ရှုက ဇာတ်ညွှန်းတစ်ခု ရေးနေတာကို တွေ့လိုက်ရပြီး အနည်းငယ် မျက်မှောင်ကြုတ်နေကာ အလေးအနက် ဖြစ်နေပုံလည်း ရသည်။
အလေးအနက် ဖြစ်လွန်းနေသည်မှာ နန်းတော်ထဲကို သူ ဝင်လာတာကိုပင် သတိ မပြုမိလုနီးပါးပင်။
သတင်း ပို့လာတာကို ကြားလိုက်ချိန်မှာ သူမက တွန့်ဆုတ်စွာနဲ့ စုတ်တံကို ချလိုက်ပြီး အရိုအသေပေးဖို့ ထလာတော့သည်။
“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးကို နှုတ်ခွန်းဆက်ပါတယ်”
ယွီဝိန်းလန်က နှာမှုတ်လိုက်ပြီး နွေးထွေးနေတဲ့ ညောင်စောင်းပေါ် ထိုင်ချလိုက်ကာ မေးလာသည်။
“ဒီနေ့ ဘာဇာတ်လမ်းတွေ ရေးနေတာလဲ”
ယန်ရှုက သူ့မျက်ခုံးကို ပင့်လိုက်ပြီး ပြုံးလာကာ အတော်လေး ဂုဏ်ယူနေဟန်နဲ့ ပြောလာသည်။
“ဒီကိုယ်လုပ်တော်က ဒီနေ့ထူးဆန်းတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ရေးနေတာပါ”
အမ်။
ယွီဝိန်းလန်က မျက်ခုံး ပင့်လိုက်ပြီး
“ထူးဆန်းတဲ့ အမျိုးသမီးတစ်ယောက်လား”
—ဖြစ်နိုင်တာက အပြင်ဘက်ကကောလဟလတွေကို သိနေလို့များ သူမရဲ့ကိုယ်ပိုင်ပုံပြင်ကို ရေးချင်တာလား။
သို့သော် သူမက လည်ချောင်းကို ရှင်းလိုက်ကာ ပြောလာသည်။
93 04
“ဒီမိန်းကလေးက လှလည်းလှပပြီး ဥာဏ်လည်းကောင်းတယ်။ ပြီးတော့ စာပေပိုင်းမှာလည်း ထူးချွန်ပြီး ကိုယ်ခံပညာမှာလည်း ပါရမီကြီးတယ်။ ပိုပြီးတော့ ပြောသင့်တာက သူမက တရားမျှတမှုအပြည့်ပဲ သစ္စာဖောက်ဝံပုလွေတွေနဲ့ မကောင်းတဲ့ အင်အားစုတွေကို တိုက်ခိုက်နိုင်တဲ့အထိ ရဲရင့်တယ်”
ယွီဝိန်းလန် “…”
အလှတရားနဲ့ဥာဏ်ပညာရှိတယ်။
စာပေပိုင်းမှာလည်း ထူးချွန်ပြီး ကိုယ်ခံပညာလည်း တော်တယ်။
တရားမျှတတဲ့စိတ်နဲ့ သစ္စာဖောက်တွေနဲ့ ခွေးအတွေကိုလည်း မကြောက်ဘူး။
ကောင်းပြီလေ ဒီလောက် အများကြီး ချီးကျူးနေပုံအရဆို သူမသူ့အကြောင်း သူမ ရေးနေတာ သေချာသည်။
ထို့ကြောင့် သူမ မကြားဟန် ဆောင်လိုက်ပြီး သူ့ခေါင်းကို ညိတ်ကာ ပြောလာသည်။
“သေချာပေါက်ပဲ သူမက ရှားပါးပြီးသန်မာတဲ့ အမျိုးသမီးပဲ။ သူမမှာ ဘယ်လို့ပုံပြင်မျိုး ရှိနေလဲဆိုတာကို သိချင်မိတယ်”
ထို့နောက် သူမ ဆက်ပြောလာတာကို ကြားလိုက်ရသည်။
“နေ့အချိန်ဆိုရင် အခန်းငယ်လေးထဲမှာ အောင်းနေပြီး ညဘက်ဆို မြစ်တွေနဲ့ ကန်တစ်လျှောက်မှာ ဓားတစ်ချောင်းနဲ့ လျှောက်သွားပြီး မတရားမှုကို တွေ့တာနဲ့ သူမက နေရာမှာတင် တုံ့ပြန်မည် ဖြစ်သည်။”
“ဥပမာအားဖြင့် တစ်ညမှာ ကောင်းမွန်တဲ့မိသားစုက မိန်းကလေးတွေကို အနိုင်ကျင့်နေတဲ့ တပည့်တစ်စုကို တွေ့လိုက်ချိန်မှာ ထိုသူတွေရဲ့ လက်နဲ့ခြေထောက်ကို ချိုးပစ်လိုက်ပြီး သူတို့ရဲ့အဖိုးတန်လေးကို ဖြတ်ပစ်လိုက်တယ်။ အဲ့တာမှ သူတို့တွေ နောက်တစ်ကြိမ်မှာ ထပ်မလုပ်နိုင်မှာ”
“တစ်ခဏအတွင်းမှာပဲ သူမက ဆင်းရဲတဲ့သူတွေကို ဓားပြတိုက်နေတဲ့ ဓားပြတစ်စုနဲ့ ကြုံတွေ့လိုက်ရတယ်။ လျှပ်တစ်ပြက်အတွင်းမှာပဲ သူမရဲ့ကိုယ်ပိုင်စွမ်းအားနဲ့ တောင်တစ်ခုလုံးကို မြှင့်တင်လိုက်ပြီး ဓားပြတွေဆီက ခံစားလိုက်ရတဲ့ ထိုလူတွေကို ဓားပြတိုက်ထားတာတွေကို ပြန်ပေးလိုက်တယ်။….အချုပ်ပြောရရင် ထိုလူဆိုးတွေက သူမရဲ့ပြိုင်ဘက် မဟုတ်ပေ”
ယွီဝိန်းလန် “….”
လောင်းကစားသမားတွေကို ပြင်းပြင်းထန်ထန် ရိုက်နှက်ပြီး ဓားပြတွေကို အလှဲသိပ်တာက အဆင်ပြေပေသည်။ ဒါပေမဲ့ ရတနာတွေကို ဖြတ်တယ်ဆိုတာက ဘာကြီးလဲ။
သူမက ဘာလို့…..ဒီကိစ္စနဲ့ ပတ်သက်ပြီး အရမ်းစွဲလန်းနေတာလဲ။
ပြီးတော့ အဲဒါက လူတစ်အုပ်စုလေ။
မိန်းကလေး တစ်ယောက်က ဘယ်လိုလုပ်ပြီး…..
သူပင် အထူးပြုမဲ့စကားလုံးကို မရွေးနိုင်ခင်မှာပဲ ဆက်ပြောလိုက်သည်။
“ဒီမိန်းကလေးက တိုင်းပြည်နဲ့လူမျိုးအတွက် ကောင်းကျိုးတွေ အများကြီး လုပ်ခဲ့ပြီးတဲ့အပြင် အဲ့အတွက်လည်း မရေမတွက်နိုင်တဲ့ မြှောက်ပင့်မှုနဲ့ ချီးမွမ်းမှုကို လက်ခံရရှိခဲ့သည်။ နောက်ဆုံးမှာတော့ တစ်နေ့မှာ နတ်ဘုရားတွေက လှုပ်ရှားလာပြီး သူမကို သက်စောင့်ဆေးတစ်လုံး ပေးလာသည်။ နောက်ပိုင်း သူမ သေဆုံးပြီးနောက်မှာလည်း သူမက နတ်သမီးတစ်ပါး ဖြစ်လာလိမ့်မည်ပင်”
ယွီဝိန်းလန် “…”
ဒါက ဘယ်နေရာမှာ ဖြစ်နေတာလဲ။
သူက မတတ်နိုင်ဘဲ မေးကြည့်လိုက်သည်။
“သူမက ဘာလို့ရုတ်တရက်ကြီး နတ်သမီးတစ်ပါး ဖြစ်သွားရတာလဲ”
ကမ္ဘာကြီးကတောင် သူမကို ထိန်းမထားနိုင်ဘူးလား။
ရည်မှန်းချက်က အရမ်းကိုမြင့်မြတ် လွန်းနေတာမလား။။
သို့သော် ယန်ရှုက သူမရဲ့မျက်နှာပေါ်မှာ ဂုဏ်ယူနေတဲ့အပြုံးနဲ့
“ဘာလို့ဆို သူမက အရမ်းကောင်းပြီး ဘာအမှားမှ ရှာမတွေ့တဲ့အတွက် ဘုရားသခင်ဆီကိုပဲ တက်သွားနိုင်တယ်။ နောက်ဆုံးမှာတော့ နတ်သမီး ဖြစ်လာတာကပဲ သူမရဲ့ငယ်ရွယ်မှုနဲ့ ပန်းကလေးလို လှပတဲ့ သူမရဲ့အလှတရားကို ထာဝရ ထိန်းသိမ်းထားနိုင်မှာ ဖြစ်တယ်”
93 05
ယွီဝိန်းလန် “…”
ကောင်းပြီလေ ။သူမက သူမရဲ့လှပတဲ့အတွေးအမြင်ကို လုံးဝကို ကပ်စေးမနည်းညူးပဲ။
သို့သော် အကြာကြီး ခံစားရပြီးနောက်မှာ သူက ရုတ်တရက် ပြဿနာတစ်ရပ်ကို သတိရသွားတော့သည်။
— —
သူမရဲ့ပုံပြင်ထဲမှာ သူမရဲ့ပုံစံလုံးဝကို မရှိပေ။
ယွီဝိန်းလန်က တစ်ခဏ ရပ်တန့်သွားပြီးနောက် မေးလာသည်။
“ဒီမိန်းကလေးက တစ်ယောက်တည်း နတ်သမီး ဖြစ်ချင်တာဆိုတော့ သူမကိုကြိုက်တဲ့ အမျိုးသား တစ်ယောက်ယောက်များ မရှိလို့လား။ ဘာလို့သူမအတွက် ချစ်သူတစ်ယောက် စီစဉ်ပေးပြီး ဘဝကို အတူတူ မကုန်ဆုံးခိုင်းရတာလဲ”
ယန်ရှု “…”
သူမ အစကပြောချင်သည်မှာ ယောက်ျားတွေက သူမက သူမရဲ့ဓားကို ဆွဲထုတ်သည့် အရှိန်ကိုသာ သက်ရောက်စေနိုင်သည်ဟုပင်။
အမျိုးသမီးသူရဲကောင်း တစ်ယောက်အနေနဲ့ တစ်ယောက်တည်း ပျော်နေလျှင် ရပြီဖြစ်သည်။ ဒါဆိုဘာလို့ ယောက်ျားတစ်ယောက် လိုနေဦးမှာလဲ။
သို့သော် ဧကရာဇ်ကလည်း ယောက်ျားတစ်ယောက်ဆိုတာကို သတိရလိုက်ပြီးနောက်မှာ သူ့ရဲ့ကိုယ့်ကိုကိုယ် အလေးထားမှုကို ထိခိုက်မှာစိုးတဲ့အတွက် သူမက ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့…..ဒီမိန်းကလေးက ကိစ္စကြီးတွေလုပ်ရတဲ့အပေါ်ပဲ အာရုံစိုက်နေလို့ သူမက မတော်တဆ မေ့သွားတာ”
မေ့သွားတယ်။
သူမရဲ့စိတ်ထဲက အတွေးတွေကို တစ်လျှောက်လုံး နားထောင်အပြီးမှာ ယွီဝိန်းလန်က သက်ပြင်းမောတစ်ခုကိုသာ မှုတ်ထုတ် လိုက်ချင်တော့သည်။
သူမက သူ့ကို တကယ်ကို မေ့ခဲ့တာပင်။
သူဟာ သူ့ရှေ့က သူမကိုဆွဲဖို့ လက်ကို ဆန့်ထုတ်လိုက်ပြီး လှပပြီး အပြစ်ကင်းတဲ့ သစ်အယ်စေ့သဏ္ဌာန်မျက်ဝန်းတွေနဲ့ မျက်နှာလေးဆီကို ချဉ်းကပ်လိုက်ကာ အသံခပ်နိမ့်နိမ့်နှင့် ပြောလာသည်။
“ဒီကမ္ဘာမှာ လွဲချော်သွားနိုင်တဲ့ကိစ္စတွေ အများကြီး ရှိနေသေးတာကို ဘာလို့ကိုယ့်ကိုကိုယ် နတ်သမီးဖြစ်လာဖို့ အရမ်း အလျင်စလို ဖြစ်နေရတာလဲ”
သူမနားအနားက ဩရှပြီး သံလိုက်လို ဆွဲငင်အားရှိတဲ့ အသံကို ကြားလိုက်ရချိန်မှာ ယန်ရှုက မတတ်နိုင်ဘဲ အနည်းငယ် မူးဝေသွားရပြီးနောက်မှာ အာရုံမစိုက်နိုင်စွာနဲ့ အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလာသည်။
“ပြီးတော့လည်း ဘာလွဲချော်စရာရှိနေလို့လဲ….”
စကားပြောနေစဉ်မှာ သူမက သူ့ရဲ့နှုတ်ခမ်းကိုပဲ ကြည့်နေမိသည်။
ပါးလျပြီး အတော်လေး ဆွဲဆောင်မှုရှိတယ်
ထိုစကားတွေ ထွက်လာသည်နှင့် သူမအရှေ့က ထိုလူရဲ့မျက်လုံးတွေက ရုတ်တရက် နက်မှောင်သွားတော့သည်။
ထို့နောက် ချက်ချင်းပဲ သူမ မြည်းစမ်းချင်တာကို မြည်းစမ်းခွင့် ပေးလိုက်တာပေါ့။
ကောင်းပြီ သေချာပေါက်ကိုပဲ ။
ယွီဝိန်းလန်က ထိုအရာကိုနားထောင်လိုက်ပြီး ပေါ့ပါးစွာ ပြုံးလိုက်သည်။
သူလည်း ခံစားရတာ ကောင်းတယ်။
——လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက အဆိပ်ဖြေတာက ပြီးလုနီးပြီဖြစ်တဲ့အတွက် နောက်ထပ် ဆေးအနည်းငယ်ထပ်သောက်ရုံနှင့် ယခင်ကဲ့သို့ သူက တဖြည်းဖြည်းနဲ့ ပြန်ကောင်းလာနိုင်မည် ဖြစ်သည်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်လုံး သူဟာ ကလေးပျောက်တဲ့အမှုကို ကိုင်တွယ်နေရတာနဲ့ အလုပ်ရှုပ်နေပြီး ထိုကိစ္စပြီးတဲ့နောက်မှာလည်း ဥပဒေကို ပြန်လည်ပြင်ဆင်ပြီး အစိုးရကိုလည်း ပြန်လည် ဖွဲ့စည်းရပေသည်။ ထို့ကြောင့် သူ့မှာ ထိုအကြောင်းကို တွေးဖို့ အချိန်မရှိပေ။
ယခုသူက အားလပ်သွားပြီး ဝမ်ရှန်းကလည်း သူ့လက်မောင်းထဲမှာ ရှိနေသည့်အတွက် နောက်ဆုံးမှာတော့ ခံစားချက် ဝင်လာပြီ ဖြစ်သည်။
93 06
…..
ယန်ရှုသည်လည်း အတူတူ ခံစားနေရသည်။
ဧကရာဇ်က သူမနဲ့ အဝေးမှာ ရောက်နေတာ ကြာလှပြီဟုထင်ရသည်….။
သူမက နမ်းနေပေမဲ့ တွေးဖို့အချိန်ရှိနေဆဲပင်။
သူက ဆေးသောက်နေတာ လဝက်ထက်မနည်း ရှိနေပြီ ဟုတ်တယ်မလား။
ယခုအခြေအနေက ဘယ်လိုဖြစ်နေပြီလဲဆိုတာကို မသိပေ။
သိပ်မကြာခင်မှာပဲ သူမဘေးက တစ်စုံတစ်ခုကို အမှုမဲ့အမှတ်မဲ့နဲ့ ကြည့်လိုက်ပြီး ရုတ်တရက် တွန့်ဆုတ်သွားတော့သည်။
ကောင်းပြီ အဲ့တာကဘာကြီးလဲ။
သို့သော် ယွီဝိန်းလန်က သေချာသွားသည်
သူ ထိုသို့ဖြစ်နေပြီပင်။
ပထမဆုံးအကြိမ် ယခုလိုဖြစ်တာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ မသိတော့ပေ။
သူ အောင်မြင်သွားပြီ။
သူ့နှလုံးသားထဲက ပျော်ရွှင်မှုဟာ စကားလုံးတွေနဲ့ပင် ဖော်ပြလို့မရပဲ တစ်ခဏလောက် ဘယ်အချိန်လဲဆိုတာကိုပင် သတိမပြုမိလိုက်ပေ။ သူဟာ သေချာအောင် အတည်ပြုချင်ခဲ့ရုံသာပင်။
သို့သော် ထိုအချိန်မှာပဲ တံခါးအပြင်ဘက်ကနေ အသံတစ်သံ ထွက်လာသည်။
“ယီဖင်း ဧကရီမယ်တော်ကြီးက ဒီကိုဖိတ်ဖို့ လာရောက်…..”
တစ်ခဏကြာပြီးနောက် နှစ်ယောက်စလုံး အသိ ပြန်ဝင်သွားတော့သည်။
******