← Chapters

အခန်း (၉၄-၉၆)

Vol. 7 Ch. 94-96

အခန်း (၉၄-၉၆)

Vol. 7 Ch. 94-96

94 01

အပိုင်း (၄၅.၁)

အသံကို ကြားလိုက်ရပြီးနောက်မှာ ခန်းဆောင်ထဲက လူနှစ်ဦးက နောက်ဆုံးတော့ အသိ ပြန်ဝင်သွားပြီ ဖြစ်သည်။

ယန်ရှုက ယွီဝိန်းလန်ရဲ့လက်မောင်းထဲကနေ ရုန်းထွက်လိုက်ပြီး သူမရဲ့အဝတ်တွေကို ပြန့်ပြူးစေလိုက်သည်။ သူမ ခေါင်းပေါ်က ဆံပင်တွေကို သပ်ရပ်အောင် လုပ်လိုက်ကာ သူ့ရဲ့အနမ်းတွေကြောင့် ရှုပ်ပွသွားတဲ့ သူမနှုတ်ခမ်းတွေကို သုတ်ဖို့ မှန်ရှေ့ကို အလျင်အမြန် ပြေးသွားတော့သည်။

ဒီလိုနည်းနဲ့သန့်ရှင်းပြီးနောက်မှာ ညောင်စောင်းဆီကို ပြန်သွားတော့မဲ့အချိန်မှာပဲ သူ့ကိုမရည်ရွယ်ပဲ တစ်ချက် ကြည့်လိုက်မိသည်။ ပြီးနောက် သူမကနောက်ထပ် အံ့အားသင့်ဖွယ်ကောင်းတဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရတော့သည်။

သူ့ရဲ့ဝတ်ရုံက… ကြည့်ရတာ ပြေလျော့နေသလိုပဲ။

ယန်ရှုက တစ်ခဏခန့် အေးခဲသွားပြီး အခုလေးတင် မတော်တဆနဲ့ သူမဘေးကို ခုန်ဝင်လာတဲ့ လူကို တွေးမိလိုက်သည်။ ဒီလိုချစ်စရာကောင်းတဲ့ အပြုအမူလေးက…..

ဒါက….

သူမက ရုတ်တရက် ထိတ်လန့်မှုနဲ့ ပြည့်သွားရတော့သည်။

သူက တကယ်ပဲ ပြန်ကောင်းသွားပြီလား။

“….”

ယွီဝိန်းလန်က အနည်းငယ် ရှက်သွားရသည်။

သူဟာ သူမ မှန်တယ်ဆိုတာကို အသည်းအသန် ပြောပြချင်မိသည်။

သူသာ အခုလေးတင် မနှောက်ယှက် ခံလိုက်ရဘူးဆိုရင် သူဟာ သူမကို ညောင်စောင်းပေါ် သယ်သွားပြီ ဖြစ်သည်။

ကျစ် ဧကရီမယ်တော်ကြီးက အချိန်ရွေးတဲ့နေရာမှာ ဘာလို့ အဲ့လောက် တော်ရတာလဲ။ ဒီအချိန်မှာမှ ဘာလို့ ဆင့်ခေါ်ရတာလဲ။

ယန်ရှုကလည်း ဒီမေးခွန်းကို သိချင်နေပေသည်။

ဖြစ်နိုင်တာက ဧကရာဇ်က ထပ်ပြီး ဒီမှာရှိနေတုန်း သူမက ဇာတ်ညွှန်းအကြောင်း သိချင်လို့များလား။

သေချာပေါက်ကိုပင် ဧကရီမယ်တော်ကြီး လွှတ်လိုက်တဲ့လူတွေက အခုအပြင်ဘက်မှာ ရောက်နေပေသည်။ ထို့ကြောင့် သူမက တစ်ယောက်ယောက်ကို ဝင်လာခိုင်းလိုက်ကာ မေးမြန်းလိုက်သည်။

ဒါပေမဲ့ တစ်ယောက်ယောက်ရဲ့ သိသာနေတဲ့ အကြည့်ကို ကြည့်ပါဦး…..။

ကျစ်… လူတွေကို ဘယ်လိုများ တွေ့ဆုံသလဲ။

သူမ မတတ်နိုင်ဘဲ ထိုအရာကို တိတ်တဆိတ် ကြည့်လိုက်ကာ ယန်ရှုက သူမနှလုံးသားထဲမှာ ထပ်မံပြီး ကျစ် ကျစ်ဟု လုပ်လိုက်သည်။ အဲဒါက တကယ့်ကို အံ့ချီးဖွယ်ရာပါပဲလား။ ကြည့်ရတာ ဧကရာဇ်မှာ အလားအလာတချို့တော့ ရှိနေသေးပုံပဲ

ယွီဝိန်းလန် “…..”

အဲဒါက သဘာဝပင် ပြီးတော့ သူသည်လည်း ဧကရာဇ်တစ်ပါး ဖြစ်နေသေးသည်။

သူ တွေးနေစဉ်မှာပဲ ယန်ရှုက အတွင်းဘက်ကနေ စောင်တစ်ထည်ကို အလျင်အမြန် လှမ်းယူလိုက်ကာ သူ့ကို ပြောလာသည်။

“အခန်းထဲမှာ ရုတ်တရက် အေးလာသလိုပဲ အရှင်မင်းကြီး အအေးမမိပါစေနဲ့”

ထို့နောက် သူမက ရှက်ရွံ့သွားပြီး သူ့ကို စောင်တစ်ထည်နှင့် ဖုံးပေးလာသည်။

ထို့နောက် အပြင်ဘက်ကို အမိန့်ပေးလိုက်သည်။

“ဝင်လာပြီး ပြောပါ”

ထိုစကားတွေ ထွက်လာသည်နှင့် တံခါးကို စောင့်နေတဲ့အစေခံက ကန့်လန့်ကာကို မလိုက်ကာ တံခါးအပြင်ဘက်ကနေ ယခုလေးတင် သတင်းပို့လာတဲ့ ကျူးရှီကို သွင်းပေးလာသည်။

94 02

ကျူးရှီက ခန်းဆောင်ထဲ ရောက်သွားပြီးနောက် ဒွိဟဖြစ်စေတဲ့ လေထုက တစ်ဟုန်ထိုး စီးဆင်းနေသည်ဟု ခံစားနေရပေသည်။

သူမက စိတ်အတွင်းထဲမှာ ကျိတ်ပြီး ရပ်သွားပေမဲ့ ရွေးချယ်စရာမရှိဘဲ ထိုသူတို့နှစ်ယောက်ကို အရင်ဆုံး ဦးညွှတ်လိုက်ရသည်။

“အရှင်မင်းကြီးနဲ့ ကိုယ်လုပ်တော်ယီကို ဒီအစေခံ နှုတ်ခွန်းဆက်ပါတယ်”

ကျူးရှီက သူတို့နှစ်ယောက်ကို တိတ်တဆိတ် ကြည့်လိုက်ပြီး ယန်ရှုပါးတွေက နီရဲနေကာ ဘုရင်မင်းမြတ်ရဲ့ အမူအရာကလည်း အနည်းငယ် သဘာဝမကျ ဖြစ်နေတာကို တွေ့လိုက်ရပေသည်။

ထို့အပြင် သူမက တံခါးနားမှာလည်း ထိုမျှကြာအောင် စောင့်ခဲ့ရသေးသည်။

အခုလေးတင်က နန်းတော်ထဲက မြင်ကွင်းက ပကတိ ရှင်းနေပြီးသားပင်။

သူမက ဘာမှမမြင်လိုက်သလို ဟန်ဆောင်လိုက်ရုံပဲ တတ်နိုင်ကာ ထိုနှစ်ယောက်ကို သတင်း ပို့လိုက်သည်။

“ဧကရီမယ်တော်ကြီးက ကိုယ်လုပ်တော်ယီကို တစ်ခဏလောက် စကားပြောဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အရှင်မင်းကြီးလည်း အဆင်ပြေမယ်ဆိုရင် အတူတူ သွားလို့ရပါတယ်”

ယန်ရှုက သူမစိတ်ထဲမှာ ဒါက စကားလုံးကောင်းဟု တွေးလိုက်ပြီး ဧကရာဇ်က အခုချိန်မှာ အနည်းငယ် အဆင်မပြေ ဖြစ်နေပေလိမ့်မည်ပင်။

ယွီဝိန်းလန် “….”

အမှန်ပဲ သူက အခုအတော်လေး အဆင်မပြေဖြစ်နေတာ ဖြစ်သည်။

သို့သော် ထို့နောက်မှာ ထိုအရာက တည်ငြိမ်သွားပြီ ဖြစ်သည်။

ဟေး ဒါက သုံးနှစ်အတွင်းမှာ ပထမဆုံးအကြိမ်ပဲ!

သူက စိတ်ပျက်မှုကို သိသိသာသာဖိနှိပ်လိုက်ကာ ပုံမှန်အမူအရာနဲ့ ပြောလာသည်။

“မယ်တော်ဆီကို ကိုယ်တော် အခုပဲ သွားရောက် လည်ပတ်မယ်။ ဆိုတော့ သွားကြရအောင်”

စကားပြောပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်က စောင်ကို ဖယ်လိုက်ကာ ညောင်စောင်းကနေ ထရပ်လိုက်တော့သည်။

ဘာ သူကလည်း သွားမလို့လား။

ယန်ရှုက တစ်ခဏခန့် တွန့်ဆုတ်သွားပြီး ထို့နောက် အလျင်အမြန် ထပ်ကြည့်လိုက်သည်။ သို့သော် တွေ့လိုက်ရသည်က သူဟာ မူလအခြေအနေသို့ ပြန်ရောက်သွားတာကိုပင်။

ထပ်ပြီး ဖြစ်သွားပြန်ပြီလား။

သူမက မတတ်နိုင်ပဲ အနည်းငယ် စိုးရိမ်သွားရသည်။

ဆိုတော့ သူ့အပေါ်မှာ ဘာသက်ရောက်မှုမှ မရှိတာ ဖြစ်နိုင်လား။

ထပ်ပြီး အလုပ်ဖြစ်သင့်တာ မဟုတ်လား…။

ယွီဝိန်းလန် “….”

အဲ့လိုတော့ သိပ်မဟုတ်သလိုပဲ။

အဲဒါက ဒီတိုင်း… သူ့နှလုံးသားထဲမှာ နက်ရှိုင်းပြီး ပြောမထွက်နိုင်တဲ့ နောင်တတစ်ခု ရှိနေရုံသာ။

ကျစ် ဧကရီမယ်တော်ကြီးက အချိန်ရွေးတဲ့နေရာမှာ အရမ်းတော်တာပဲ။

~~~

သိပ်မကြာခင်မှာပဲ နှစ်ယောက်သားဟာ ချီအန်းနန်ဆောင်ဆီသို့ ရောက်သွားကြတော့သည်။

အခမ်းအနားပြီးတဲ့နောက် ဧကရီမယ်တော်ကြီးက နန်းတော်အစေခံတွေကို လက်ဖက်ရည်ဆက်သဖို့ ပြောလိုက်ပြီး အပြုံးတစ်ပွင့်နဲ့ ပြောလာသည်။

94 03

“အိုက်ကျားလည်း တစ်ရေးအိပ်ပြီး ဘာမှလုပ်စရာမရှိတာနဲ့ ယီပိကိုခေါ်ပြီး တစ်ခဏလောက် စကားပြောချင်လို့ပါ။ ဒါပေမဲ့ အရှင်မင်းကြီးကိုလည်း ဒီမှာရှိနေမယ်လို့ မထင်ထားမိဘူး”

ယွီဝိန်းလန်က ပြောလာသည်။

“ကိုယ်တော်လည်း မရောက်တာ ကြာနေပြီလေ။ အဲဒါနဲ့ မယ်တော့်ဆီကို အတူတူ လာဖြစ်သွားတာပါ။ ဒီရက်ပိုင်းအတွင်း ဘယ်လိုနေပါသလဲ”

ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ပြပြီး ပြောလာသည်။

“အရှင်မင်းကြီးကို မေးမြန်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အိုက်ကျားက ဒီရက်ပိုင်းအတွင်း နေကောင်းပါတယ်။ ဒါပေမဲ့ ကိုယ်လုပ်တော်ယီက ဒီရက်ပိုင်းအတွင်း နေထိုင် မကောင်းဘူးလို့ ကြားမိတယ်။ အခုရော သူမ ပြန်ပြီး သက်သာလာပြီလား ဆိုတာကို သိချင်လို့ပါ”

ဒါကို ကြားပြီးနောက် ယန်ရှုက မတတ်နိုင်ဘဲ ဧကရာဇ်ဘက်ကို တစ်ချက် ကြည့်လိုက်မိသည်။

သူမက သူ့အတွက် အပြစ်ခံယူနေရတာပဲ။

ကန်လုနန်းဆောင်ရဲ့အစေခံက ဆယ်ရက်ထက်မနည်း ဆေးတွေ သုံးဆောင်နေတာကို မြင်လိုက်ရတဲ့အခါမှာတော့ အပြင်ဘက်က လူတိုင်းဟာ သူမက နေမကောင်း ဖြစ်နေတာဟု တွေးနေကြပေသည်။

သူမက ဧကရီမယ်တော်ကြီးဆီကိုပဲ ပြန်လှည့်ကာ ပြောလိုက်သည်။

“ဧကရီမယ်တော်ကြီးရှဲ့က စိုးရိမ်သွားရပါပြီ။ ဒီကိုယ်လုပ်တော်က လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက မတော်တဆ အအေးမိသွားပြီး ရက်အနည်းငယ်လောက် ဆေးသောက်လိုက်ရပါတယ်။ အခုတော့ ပျောက်ကင်းလုနီးပါး ဖြစ်နေပါပြီ”

သူမက လိမ်နေတာ မဟုတ်ကြောင်း သက်သေပြဖို့အတွက် နှုတ်ခမ်းနားကို အလျင်အမြန် ဖုံးလိုက်ကာ နှစ်ချက်ခန့် ချောင်းဆိုးပြလိုက်သည်။

သူမ စိတ်ထဲမှာတော့ ထပ်တွေးနေပြီး ထိုသို့ပြောဖို့က ပြဿနာ မရှိသင့်ပေ။ ဒီနေ့အခြေအနေကို ကြည့်မယ်ဆိုရင် ဧကရာဇ်က ထပ်ပြီး ဆေးသောက်စရာ မလိုတော့ပေ။

ဒါကို ကြားလိုက်ချိန််မှာ ယွီဝိန်းလန်က သူ့နှလုံးသားထဲမှာ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

တကယ်ကိုပဲ အခုလေးတင်က အခြေအနေကို ဆုံးဖြတ်ရမယ်ဆိုရင် သူက ထပ်ပြီးဆေးသောက်စရာ မလိုသင့်တော့ပေ။

အဟွတ် ညနေကျ သူမကို သက်သေပြဖို့ အခွင့်အရေးတစ်ခု ရှာရမယ်။

သူမ အနည်းငယ် အာရုံပြောင်းနေတုန်း ဧကရီမယ်တော်ကြီးက သူမရဲ့ခေါင်းကို ညိတ်နေတာကို တွေ့လိုက်ရသည်။

“ဒါဆို အဆင်ပြေပါတယ်”

စကားပြောနေစဉ်မှာ သူမက ရုတ်တရက် ခေါင်းစဉ်ပြောင်းကာ မေးလိုက်သည်။

“ပြောမှပဲ အိုက်ကျားလည်း ဒီရက်ပိုင်း ဘာမှလုပ်စရာ ရှိမနေတာနဲ့ စာတွေ ဖတ်ဖြစ်တယ်လေ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထုတ်ဝေလိုက်တဲ့ သခင်လေးရှောင်ယောင်ရဲ့ စာအုပ်အသစ်ထဲမှာက ချိုက်မိသားစု အကြောင်း ဖြစ်နေတဲ့ပုံပဲ ဟုတ်တယ်မလား”

ထိုစကားတွေ ထွက်လာသည်နှင့် ယန်ရှုက သေချာပေါက်ပဲလေဟု တွေးနေကာ ဧကရီမယ်တော်ကြီးကလည်း ထိုစာအုပ်အကြောင်းကို ထပ်မေးလာပြန်သည်။

ကောင်းပြီလေ သူမက ဧကရာဇ်အတွက် ဆေးသောက်တဲ့ကိစ္စကို တာဝန်ယူလိုက်ရတာ ဧကရာဇ်က သူမအတွက် ဇာတ်ညွှန်းအကြောင်းကို ပြန်ပြီး တာဝန်ယူပေးသင့်တာပေါ့။

သူမက လက်ဖက်ရည်ခွက်ကို တိတ်တဆိတ်မလိုက်ပြီး လက်ဖက်ရည်တစ်ငုံ သောက်လိုက်ကာ ဧကရာဇ်ကို တိတ်တဆိတ် ကြည့်လိုက်ပြီး သူ့အဖြေကို စောင့်နေလိုက်သည်။

ယွီဝိန်းလန် “…”

ဒါက ပိုပြီးတော့တောင် မမျှတသေးတယ်။

အဆုံးမှာတော့ သူက ဒီတစ်ကြိမ်ပဲ ဆေးသောက်ရသေးပေမဲ့ သူမကတော့ စာအုပ်တွေ အများကြီး ရေးပြီးပြီ ဖြစ်သည်။

94 04

ပြီးတော့ အနာဂတ်မှာ သူမ ဆက်ရေးနေမှာကိုတောင် ကြောက်မိတယ်။

သို့သော်လည်း ဒါဟာ သူ့ဘာသာ ကတိပေးထားခဲ့တာဖြစ်ပြီး ပြောလိုက်သည်။

“ဧကရီမယ်တော်ကြီး ပြောတာ မှန်ပါတယ်”

ဧကရီမယ်တော်ကြီးက ခေါင်းညိတ်လိုက်ကာ ပြောလာသည်။

“ချိုက်ဝေ့ကျုံးက ဝတ်ရုံလက်ပြတ် ဆိုတာကို ဧကရာဇ်က ဘယ်လို ရှာတွေ့ခဲ့တာလဲ။ အိုက်ကျားတောင် အရင်ကတစ်ခါမှ အဲ့အကြောင်းကို မသိခဲ့ဘူး”

ယွီဝိန်းလန်က ထိုသို့ပြောရုံသာ တတ်နိုင်ပေသည်။

“ကိုယ်တော်လည်း မတော်တဆ ကြားခဲ့မိတာပါ။ အဲဒါကြောင့် တစ်ယောက်ယောက်ကို လွှတ်ပြီး စစ်ဆေးခိုင်းလိုက်တဲ့ အခါမှာတော့ အမှန် ဖြစ်နေတာကို တွေ့လိုက်ရတယ်”

ဧကရီမယ်တော်ကြီးက ထပ်ပြီး ခေါင်းညိတ် ပြလာသည်။

သို့သော် သူ့စိတ်ထဲမှာတော့ ထပ်ပြီး ကျစ် ကျစ်ဟု လုပ်နေကာ

[ဘယ်နေရာကနေ ကြားခဲ့ရတာလဲ။ ငါကျတော့ ဘယ်နေရာကမှ မကြားရတာလဲ]

ယွီဝိန်းလန် “….”

ထို့နောက် ချက်ချင်းပဲ ဧကရီမယ်တော်ကြီးက ထပ်မံ သက်ပြင်းချလိုက်ပြီး

“ဒီချိုက်ဝေ့ကျုံးက အရမ်းကို ကို့ရိုးကားယား နိုင်လွန်းတယ်။ ဝတ်ရုံလက်ပြတ် ဖြစ်တယ်ဆိုတော့လည်း ဖြစ်ပေါ့။ အိမ်ထဲမှာ ယောက်ျားတွေကို ခေါ်ထားပြီး ကိုယ်လုပ်တော်အဖြစ်တောင် ဟန်ဆောင် ခိုင်းလိုက်သေးတယ်။ လက်ထပ်ပြီးသား ဇနီးသည်တွေအတွက် ဒီလိုမလေးမစားပြုမှုမျိုးက တကယ်ကို စိတ်တိုစရာပဲ”

ယွီဝိန်းလန်က ထိုသို့ပြောရုံသာ တတ်နိုင်တော့သည်။

“မကောင်းတဲ့ ရည်ရွယ်ချက် ရှိတဲ့လူတွေက လက်မခံနိုင်စရာ ကောင်းတဲ့အရာတွေကို မကြာခဏ လုပ်တတ်ကြတယ်။ ဒါပေမဲ့ အခုတော့ သူ့ကို ဥပဒေက နှိမ်နင်းလိုက်ပြီဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီး ဧကရီမယ်တော်ကြီး ဘာမှစိုးရိမ်နေစရာ မလိုတော့ပါဘူး”

ဧကရီမယ်တော်ကြီးက အသံခပ်တိုးတိုး ပြုလိုက်ကာ

“အဲဒါက ဧကရာဇ်မှာ ထူးခြားတဲ့အမြင်အာရုံရှိပြီး အရာရာတိုင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်နေတာက ကံကောင်းတာပါပဲ”

သို့သော် သူမက နှလုံးသားထဲမှာ ခေါင်းယမ်းလိုက်ပြီး

[စောစောကတည်းက ဖော်ထုတ်သင့်တာ သူ့ရဲ့ဂုဏ်သတင်းကို ဖျက်ဆီးပြီး ဥပဒေရဲ့ အဖိနှိပ်မခံရခင် လူတွေရဲ့ ဘေးဖယ်ရှောင်ကြဉ်တာမျိုး လုပ်သင့်တာ။ ဒါမှ ပျော်စရာကောင်းမှာ။ ဧကရာဇ်က လုံလုံလောက်လောက် သိပ်ပြီး မရက်စက်ဘူး]

ယွီဝိန်းလန် “….”

ကောင်းပြီလေ သူ နားလည်သွားပြီ။ ဒီငါးဆားနူကောင်ရဲ့အပြုအမူက အမျိုးသမီးတွေ အားလုံးအတွက် သည်းမခံနိုင်စရာပဲ။

ထို့နောက် ချက်ချင်းပဲ ဧကရီမယ်တော်ကြီးက ပြောလာသည်။

“စကားမစပ် အိုက်ကျားက မျိုးရိုးနာမည်ဟူနဲ့ လူကုန်ကူးတဲ့သူက တစ်ခုခု မှားနေတာကို ပထမဆုံး ရှာတွေ့ပြီး အစိုးရဆီကို သတင်းပို့လိုက်တာက အမျိုးသမီးတစ်ယောက်ဆိုတဲ့ ကောလဟလတွေကို ကြားလိုက်ရတယ်။ အရှင်မင်းကြီး ဒါက အမှန်လား အမှားလားဆိုတာကို သိပါသလား။ ဘယ်မိန်းကလေးက ဒီလောက်ထိ ထက်မြက်ပြီး ရဲရင့်ရသလဲဆိုတာကို အိုက်တော့ မသိပါဘူး”

ယွီဝိန်းလန် “…ကိုယ်တော်လည်း ဒီအကြောင်းကို အခုပဲ ကြားခဲ့တာ။ ပြီးတော့ ကိုယ်တော်လည်း အတည်မပြုရသေးဘူး”

ကောင်းပြီလေ အမေနဲ့သား ဖြစ်လာတာ နှစ်နှစ်ဆယ် ကြာပြီးနောက်မှာမှ ဧကရီမယ်တော်ကြီးကလည်း အတင်းပြောရတာကို နှစ်သက်တဲ့လူဆိုတာကို အခုမှပဲ သိတော့တယ်။

ထိုအချိန်မှာပဲ ယန်ရှုက ပြောလာသည်။

“ကျွန်တော်မျိုးမ ထင်တာတော့ ဒီသတင်းက မှန်ကန်မဲ့ပုံပဲ”

“အိုး”

ဧကရီမယ်တော်ကြီးက ရုတ်တရက် သူမကို ကြည့်လိုက်ပြီး

“ကိုယ်လုပ်တော်ယီက ဘာလို့အဲ့လိုပြောရတာလဲ။

ယန်ရှုက ပြုံးလိုက်ပြီး ပြောလာသည်။

“ဒီကိုယ်လုပ်တော်က ရဲတင်းသွားပါပြီ။ အမျိုးသမီးတွေက ရှေးအရင်ကတည်းက အထင်သေး ခံလာရတာပါ။ အရေးကြီးကိစ္စ အတော်များများက ကျွန်တော်မျိုးမတို့အတွက် မဟုတ်ပါဘူး။ ကောင်းတဲ့အရာတွေ ရှိတယ်ဆိုရင်လည်း အများစုကို ယောက်ျားတွေကပဲ ပြုလုပ်သွားကြပါတယ်။ အခုလူတွေက ဒါကို အမျိုးသမီးလို့ သဘောတူ လက်ခံကြတော့ တွေးကြည့်လိုက်မယ်ဆိုရင် အတော်လေး အတူတူဖြစ်နေသလိုပါပဲ။ မဟုတ်ရင် သူတို့အားလုံးကို ယောက်ျားလေးတွေလို့ ခေါ်ရမှာမလား”

“အဓိပ္ပာယ် ရှိတယ်”

ဧကရီမယ်တော်ကြီးက ခေါင်းညိတ်လိုက်ပြီး

“ဒီတစ်ခေါက်မှာ ယောက်ျားတွေက နာမည် မရလိုက်ဘူးဆိုတော့ အမျိုးသမီးတွေလုပ်တာပဲ ဖြစ်ရမယ်”

[ယီပိက အတော်လေး အသိအမှတ် ပြုချင်စရာကောင်းတဲ့ မိန်းကလေးငယ်လေး တစ်ယောက်ပဲ။ ထက်မြက်ဟန်ဆောင်တဲ့ တစ်ခြားမိန်းကလေးတွေနဲ့ ကွဲပြားတယ်]

ယွီဝိန်းလန် “…..”

94 05

ဒီတစ်ကြိမ်မှာ နန်းဆောင်ထဲက တစ်ဦးတည်းသော ယောက်ျားတစ်ယောက်အနေနဲ့ သူက ရုတ်တရက် ငြင်းခံလိုက်ရသလို ခံစားလိုက်ရသည်။

ထို့ကြောင့် သူက ပြောလိုက်သည်။

“မယ်တော် ဆောင်းဦးအသင်္ချေပွဲတော်က လဝက်အတွင်း ရောက်လာပါတော့မယ်။ ထိုက်ချန်ဘုရားကျောင်းနဲ့ ကွမ်းလုဘုရားကျောင်းကို စပြီးပြင်ဆင်ဖို့ မှာကြားထားပြီးပါပြီ။ ဒီနှစ်မှာ ဧကရီမယ်တော်ကြီးက နန်းတော်ထဲမှာ ကျင်းပချင်လား ဒါမှမဟုတ် ကျင်းပေါ်ဥယျာဉ်မှာ ကျင်းပချင်ပါသလား”

မယ်တော်လို့ခေါ်ပြီး ထူးဆန်းတဲ့မေးခွန်းတချို့ ဆက်မေးနေတာထက် လက်ဦးမှုယူပြီး ခေါင်းစဉ်ပြောင်းတာက ပိုပြီးအဆင်ပြေတယ်။

သေချာပေါက်ပင် ဧကရီမယ်တော်ကြီးက ရယ်ကာ

“အရှင်မင်းကြီးက ဒီလိုမျိုး သားသမီးဝတ္တရားကို ကျေပွန်မှတော့ အိုက်ရဲ့မိသားစုကလည်း ကျေနပ်သွားရပြီ။ နန်းတော်ထဲမှာပဲနေပြီး ရိုးရိုးရှင်းရှင်းပဲ လုပ်ပါ။ လူတွေနဲ့ ငွေတွေကို မဖြုန်းတီးနဲ့”

ယွီဝိန်းလန်က ခေါင်းညိတ်လိုက်ကာ ထပ်ပြီး ပြောလာသည်။

“မနေ့တစ်နေ့က ချန်အန်းကုန်းရဲ့ မိသားစုက လမ်းရောက်နေပြီဆိုတဲ့ သတင်းပို့ချက်တစ်ခု ရတယ်။ လာမဲ့ငါးရက်၊ ခြောက်ရက်အတွင်း မြို့တော်ကို ရောက်လာလောက်တယ်။ မယ်တော်နဲ့ အဒေါ်တို့က တစ်ယောက်နဲ့တစ်ယောက် မတွေ့တာ ဒီလောက်တောင် ကြာနေပြီဆိုတော့ စကားကောင်းကောင်း ပြောလို့ရတာပေါ့”

ချန်အန်းကုန်းသခင်မကြီးက ဧကရီမယ်တော်ကြီးရဲ့ ဝမ်းကွဲပင်။ သူမသည်လည်း ကျိုးမိသားစုရဲ့မျိုးရိုးမြင့် သမီးတစ်ယောက်ဖြစ်ပြီး ထိုအချိန်က ချန်အန်းဟုန်ကို လက်ထပ်ပြီးနောက်မှာ နှောင်းဧကရာဇ် ထီးနန်းဆက်ခံပြီးနောက်မှာတော့ ကျိုးမိသားစုကို မည်မျှတန်ဖိုးထားကြောင်း ပြချင်သည့်အတွက် ချင်အန်းဟုန်ရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရပြီး သူမရဲ့ခင်ပွန်းကို မြို့စားရာထူးအထိ တို့မြှင့်ပေးလိုက်သည်။

သို့သော် ထိုမိသားစုက အကုန်လုံးက အနောက်မြောက်အရပ်မှာ ရှိနေသည့်အတွက် နှစ်စဉ်နှစ်တိုင်းဧကရီမယ်တော်ရဲ့မွေးနေ့ကျင်းပချိန်မှသာ ပြန်လာနိုင်သည်။

ညီအစ်မတွေကြားမှာ နက်ရှိုင်းတဲ့ခံစားချက်တွေရှိနေမယ်လို့ ယူဆနိုင်သည်။

ထိုအရာကို ကြားလိုက်ပြီးနောက် ဧကရီမယ်တော်ကြီးဟာလည်း ခေါင်းညိတ်ကာ ပြုံးလာသည်။

“အရှင်မင်းကြီးက တကယ်ကို အပင်ပန်းခံလိုက်ရပါပြီ”

သို့သော် သူမ နှလုံးသားထဲမှာတော့ ညည်းညူနေပေသည်။

“အဲဒီစိတ်ရှုပ်စရာ ကျိုးရှုလျန်ကို ထပ်တွေ့ရတော့မှာပဲ”

ယွီဝိန်းလန် “။။”

~~~~

ချန်းချုံပွဲတော်အကြောင်း ပြောပြီးနောက်မှာ ဝန်ကြီးတစ်ယောက်က ချန်းမင်နန်းဆောင်မှာ စောင့်ဆိုင်းနေသည့်အတွက် ယွီဝိန်းလန်နဲ့ ယန်ရှုဟာ ချီအန်းနန်းဆောင်ကနေ ထွက်လာလိုက်ကြသည်။

ယန်ရှုက ဇာတ်ညွှန်းရေးဖို့ ကန်လုနန်းဆောင်ဆီ ပြန်သွားလိုက်သည်။

ဝန်ကြီးကို တွေ့ပြီးနောက်မှာ စောနေသေးတာကို တွေ့တဲ့အတွက် ယွီဝိန်းလန်က ရိုးရိုးရှင်းရှင်းပဲ ပြောင်းလဲဝတ်ဆင်လိုက်ပြီး နန်းတော်ထဲကနေ ထွက်ဟန်ဆောင် လိုက်သည်။

—ကျန်းနျန်ချီက ဒီနေ့ တာဝန်မကျတဲ့အတွက် အခုသူက ပြန်ကောင်းလာပြီလား ဆိုတာကို မေးမြန်းမလို့ပင်။

တစ်ခဏ ကြာပြီးနောက် သူတို့ဟာ နေရာသို့ ရောက်ရှိသွားကြသည်။

တစ်ချိန်တည်းမှာပဲ သမားတော်ကျန်းဟာ လူနာ ကြည့်နေသည့်အတွက် သူဟာ ရထားလုံးထဲမှာ တစ်ခဏစောင့်လိုက်ပြီး ထို့နောက် ကန့်လန့်ကာကို ဝတ်ကာ ဆင်းသွားလိုက်သည်။

အခန်းထဲကို ဝင်ပြီးနောက် သမားတော်ကျန်းက သူ့ကိုတွေ့လိုက်ရပြီး မေးလာသည်။

“ဧည့်သည်တော်အရာရှိ အလုပ်ဖြစ်ရဲ့လား”

96 06

ယွီဝိန်းလန်က တစ်ဖက်လူရဲ့ ဆေးပညာစွမ်းရည်ပေါ်မှာ တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အမှန်ပဲ ဒီနေ့တွေ့ခဲ့တာတော့ သာမန်ပြန်ဖြစ်သွားပုံပဲ။ အဲဒါကြောင့် အနာဂတ်မှာ ဆေးထပ်သောက်စရာ လိုသေးလား”

သမားတော်ကျန်းက ခေါင်းညိတ်ကာ ပြောလာသည်။

“ဆေး ထပ်သောက်စရာ မလိုတော့ပါဘူး။ ဒါပေမဲ့ ဧည့်သည်တော်က လိင်မှုကိစ္စ ပြုလုပ်လို့တော့ မရသေးပါဘူး”

ဘာကြီး။

ယွီဝိန်းလန်က တစ်ခဏခန့်တွန့်ဆုတ်သွားပြီး အလျင်အမြန်မေးလာသည်။

“ဘာလို့ မရတာလဲ”

သို့သော် တစ်ဖက်လူ ပြောလာသည်ကို ကြားလိုက်ရသည်။

“ဧည့်သည်တော်ရဲ့အဆိပ်က တစ်ရက် နှစ်ရက်မိတာမျိုး မဟုတ်ပါဘူး။ အခြေခံအားဖြင့် ခန္ဓာကိုယ်ထဲက အဆိပ် အကြွင်းအကျန်တွေကို ဖယ်ရှားပြီးပြီ ဆိုပေမဲ့ အကြာကြီး ဖိနှိပ်ခံထားရတဲ့အတွက် ခန္ဓာကိုယ်က အကောင်းဆုံး အခြေအနေမှာ မရှိသေးပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ဆက်ဆံလိုက်မယ်ဆိုရင် အမျိုးသမီးက ကိုယ်ဝန် ရှိသွားခဲ့ရင် မကျန်းမာတဲ့ ကလေးကို မွေးဖွားတာမျိုးဖြစ်ဖြစ် ဒါမှမဟုတ် အသေမွေးလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်”

ယွီဝိန်းလန်က အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလာသည်။

“အရမ်း ပြင်းထန်တာလား”

သမားတော်ကျန်းက ခေါင်းညိတ်ပြလာသည်။

“ချဲ့ကားပြောရတာ မဟုတ်ပါဘူး။ ကျုပ်က နေရာမျိုးစုံကို ခရီးသွားခဲ့ပြီး အတိတ်မှာတုန်းက ဒီလိုဖြစ်ရပ်မျိုးတွေ အများကြီးကို မြင်တွေ့ခဲ့ဖူးပါတယ်။ ဆိုတော့ ဧည့်သည်တော်ရဲ့မျိုးဆက်အတွက် သည်းခံလိုက်တာက ပိုကောင်းပါတယ်”

ယွီဝိန်းလန်က ထပ်မေးလာသည်။

“ဘယ်လောက် ကြာမှာလဲ”

သမားတော်ကျန်းက ပြောလာသည်။

“ယွမ်ယန်သုံးရက်က တစ်ဘဝစာပါတဲ့။ ကျုပ်တို့တွေ ခုနစ်ခေါက်တိတိ စောင့်ရပါမယ်။ ဒါဆို အဆင်ပြေပါပြီ”

သုံးရက်မှာ တစ်ခါ ခုနစ်ခေါက်ဆိုတော့…..

ယွီဝိန်းလန်က တန့်သွားတော့သည်။

အဲဒါက နှစ်ဆယ့်တစ်ရက်ပဲ။

တစ်နည်းဆိုရလျှင် သူဟာ နောက်ထပ်တစ်လ စောင့်ရဦးမည်ပင်။

******

95 01

အပိုင်း (၄၅.၂)

သူ့ရဲ့စိတ်ပျက်မှုကို မြင်လိုက်ရချိန်မှာတော့ သမားတော်ကျန်းက သူ့ကို နှစ်သိမ့်ပေးလာသည်။

“ဧည့်သည်တော်အရာရှိက စောင့်နေခဲ့တာ ဒီလောက်တောင် ကြာနေပြီကို ကျုပ်တွေးကြည့်လိုက်တော့ အခုက သိပ်မနောက်ကျသလိုပါပဲ”

ယွီဝိန်းလန် “…”

ဒီရက်ပိုင်းက မဆိုးပါဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။

မကောင်းရင် အဆင်ပြေပေမဲ့ အခုတော့ သူက ကောင်းနေပြီလေ။

အထူးသဖြင့် သူ ညတိုင်း အိပ်နေချိန်မှာ သူ့ဘေးက မိန်းကလေးက မရိုးသားဘဲ အမြဲတမ်း သူ့လက်မောင်းတွေထဲကို ခုန်ဝင်လာရတာကို ကြိုက်ပေသည်။

ဒါဟာ ကန္တာရထဲမှာ အချိန်အကြာကြီး လမ်းလျှောက်နေခဲ့ရပြီး လတ်ဆတ်ပြီး ချိုမြိန်တဲ့ သစ်သီးတွေကို မစားနိုင်တဲ့ လူတစ်ယောက်လိုပင်။

ဒါက ညှင်းပန်းနှိပ်စက်မှုပဲ။

မမျှော်လင့်ထားစွာနဲ့ သူက ထပ်မေးဖို့ ကြိုးစားလာသည်။

“တခြားနည်းလမ်း ရှိသေးလား”

သမားတော်ကျန်းက ပြောလာသည်။

“တခြားနည်းကတော့… အမျိုးသမီးကို ပိကျစ်ဆေးသောက်ဖို့ ပြောရမှာပါ။ ပိကျစ်ဆေးကိုသာ သောက်တာ များသွားရင် အမျိုးသမီးကို အနာဂတ်မှာ သန္ဓေရဖို့ ခက်ခဲသွားစေမှာပါ”

ယွီဝိန်းလန်က ရပ်သွားရသည်။

ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့က ခက်ခဲတာပဲ…။

ကောင်းပြီလေ သူက ခေါင်းညိတ်လိုက်ကာ ပြောလာသည်

“သမားတော်ရဲ့အဖြေအတွက် ကျေးဇူးပါပဲ”

သူက စကားပြောပြီး သူ့ရဲ့အင်္ကျီလက်ထဲကနေ ရွှေချောင်းတစ်ခု ထုတ်ပေးလိုက်ပြီး စားပွဲပေါ် တင်လိုက်ကာ ပြောလာသည်။

“ဒါက ကျုပ်အတွက် ဆွေးနွေးခပါ”

ကျန်းနျန်ချီက သူ့ပါးစပ်ကို ဖွင့်တော့မဲ့အချိန်မှာပဲ ထိုသူက ထပ်ပြောလာသည်။

“ဒါက ကျုပ်ရဲ့ကိုယ်ပိုင်ဆန္ဒပါ။ မငြင်းဆန်ပါနဲ့”

စကားပြောပြီးနောက် သူက ထကာ အခန်းထဲကနေ ထွက်သွားတော့သည်။

ကျန်းနျန်ချီက ထိုသူ့ရဲ့နောက်ကျောက်ို တသ်ခဏကြည့်လိုက်ပြီး ရွေးချယ်စရာမရှိပဲ ရွှေချောင်းကို သိမ်းလိုက်ရသည်။

ကောင်းပြီလေ ဒီလူရဲ့အရှိန်အဝါက အရမ်း သန်မာလွန်းတယ်။ သူက သာမန်လူတော့ ဟုတ်ပုံမရဘူး။ ထို့ကြောင့် သူဟာ ရွေးချယ်စရာမရှိဘဲ နာခံလိုက်ရသည်။

သို့သော်…

အံ့ဩစရာပင်—

သူ့လို အဆင့်အတန်းနှင့်လူဟာ မိန်းမတွေနဲ့ ကိုယ်လုပ်တော်တွေ အများအပြား ရှိကြပြီး မရေမတွက်နိုင်တဲ့မိန်းမတွေ ခြံရံကာ နေ့တိုင်းကိုလည်း သောက်စားပြီးရင်း သောက်စားရင်းနဲ့သာ အချိန် ကုန်ဆုံး တတ်ကြသည်။

သို့သော် ဒီလူက ပိကျစ်ဆေးဟာ အမျိုးသမီးတွေအတွက် မကောင်းဘူးဆိုတာကို ကြားလိုက်ချိန်မှာ ထိုအကြောင်း ပြောနေတာကို ရပ်လိုက်သည်။ သူ့ရဲ့နောက်ဖေးဆောင်မှာက မိန်းမတစ်ယောက်ပဲ ရှိတာလား။

ထိုကဲ့သို့ နှစ်မြှုပ်ထားသည်မှာ ရှားပါးလှသည်။

~~~

နန်းတော်ကို ပြန်ရောက်ချိန်မှာ မှောင်နေပြီပင်။

ယွီဝိန်းလန်က ချန်းမင်နန်းဆောင်မှာ အဝတ်အစား လဲလိုက်ပြီး တော်ဝင်စာကြည့်ဆောင်ကို သွားကာ ခဏလောက်စာဖတ်ဖို့ သွားလိုက်သည်။ ပြီးနောက် သူမကို တွေ့ရန် ကန်လုနန်းဆောင်ကို သွားချိန်မှာတော့ ယန်ရှုက ရေပင် ချိုးပြီးပြီပင်။

သူ လာနေတာကို မြင်လိုက်ချိန်မှာ သူမက သူ့ကို အရိုအသေပေးဖို့ အလျင်အမြန် ရှေ့တိုးလာသည်။

95 02

“ဒီကိုယ်တော်တော်က အရှင်မင်းကြီးကို နှုတ်ခွန်းဆက်ပါတယ်”

ယွီဝိန်းလန်က သူ့ကိုယ်သူ အကြောင်းပြချက်ပေးလိုက်ပြီး သူမကို ငုံ့ကြည့်လာသည်။

သို့သော် သူမရဲ့စိုစွတ်နေတဲ့ ရှည်လျားတဲ့ဆံနွယ်တွေက အနောက်ဘက်မှာ ကျနေတာကို တွေ့လိုက်ရပြီး ဆံစအချို့က သူမရဲ့ဘေးဘက်မှာကပ်နေကာ သူမရဲ့ပါးပြင်တွေဟာလည်း ကိုင်းပေါ်က အရသာရှိတဲ့ အသီးတွေလိုမျိုး နွေးထွေးတဲ့ စွပ်ပြုတ်ကြောင့် အနီရောင် ပြေးနေပေသည်။

အမှန်ပဲ သူ့လို ခရီးဝေးသွားသူမျိုးက တကယ်ကို စားချင်တယ်။

ယွီဝိန်းလန်က သူ့အတွေးတွေထဲက အာရုံမစိုက်နိုင်တဲ့ အတွေးတွေကို အကောင်းဆုံး ကြိုးစားဖယ်ထုတ်လိုက်ပြီး ပြောလာသည်။

“နောက်ကျနေပြီဆိုတော့ သွားအိပ်ကြရအောင်”

ထို့နောက် သူက ညောင်စောင်းပေါ်ကို တက်သွားတော့သည်။

ယန်ရှုကလည်း နာခံလိုက်ကာ ညောင်စောင်းပေါ်ကို တက်လာသည်။

သို့သော် လဲချပြီးနောက်မှာ သူ့နှလုံးသားက အနည်းငယ် လှုပ်ရှားဖို့ အသင့်ဖြစ်နေသည်။

—နေ့ခင်းက ထိုမြင်ကွင်းအရဆိုလျှင် သူဟာ ပြန်ကောင်းလာသင့်သည်ပင်။

ဆိုတော့ ဒီည…

ဖြစ်လိမ့်မလား…။

အဟမ်း ခဏနေသာ တကယ် ဖြစ်လာမယ်ဆိုရင် သူမက အရမ်းကို ရှက်ကိုးရှက်ကန်း ဖြစ်နေလို့ မရပေ။

နောက်ဆုံးမှာတော့ သူကအရမ်းကိုပြင်းထန်တဲ့ ရောဂါကနေ ပြန်ကောင်းလာစဆိုတော့ အားအင် လိုအပ်နေမှာပဲလေ အဲတော့ ဖူးသစ်စ မီးတောက်လေးကို မငြှိမ်းသတ်တာက အကောင်းဆုံးပဲ။

ယွီဝိန်းလန် “။။”

ဆိုတော့ သူမလည်း အဲ့လိုတွေးနေတာလား။

သူ တွေးတာက သူမက ရှက်နေပြီး ခုတောင် ခုခံနေမယ်လို့လေ…..။

သို့သော် အမှန်ပင် သူ ကန်လုနန်းဆောင်ကို ပထမဆုံးလာရောက်ချိန်ကို တွေးလိုက်မိတော့ သူမက သူ့ကိုပင် နမ်းရဲသေးသည်။

ထိုအကြောင်းကို တွေးလိုက်ပြီး သူဟာ အနည်းငယ်ထပ်ပြီး စိတ်ပျံ့လွင့်လာပြန်သည်။

သို့သော်…..

ယွီဝိန်းလန်က တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ထိုညမှာ စိတ်ပျက်ရုံသာ တတ်နိုင်တော့သည်။

ထို့ကြောင့် သူက လှည့်လိုက်ပြီး ကန့်လန်ကာနဲ့ မျက်နှာချင်းဆိုင်ကာ မျက်လုံးပိတ်လိုက်ပြီး နှလုံးသားသန့်စင်တဲ့ဂါထာတွေကို တိတ်တဆိတ် ရွတ်ဆိုနေတော့သည်။

ယန်ရှု “။။။”

ဒါက ဘာကိုဆိုလိုတာလဲ။

သူနဲ့ ရင်းနှီးတဲ့သူနဲ့ အိပ်တဲ့အချိန်ကို တကယ်ကြီး အပြင်ဘက်ကို မျက်နှာ မူလိုက်တယ်လား။

အကုန်လုံး အဆင်ပြေနေပြီမလား။

တစ်ခဏခန့် သံသယရှိနေပြီးနောက် သူမက ရုတ်တရက် ရပ်သွားတော့သည်။

သေစမ်း တခြား မိန်းကလေးတွေကို မစဉ်းစားတော့ဘူးလား။

ယွီဝိန်းလန် “။။”

သို့သော် သူမနှလုံးသားထဲက ထပ်ပြောလာသံကို ကြားလိုက်ရသည်။

[ကျစ် ကျစ် အမှန်ဖြစ်တဲ့ပုံပဲ ဘာပဲဖြစ်ဖြစ် ငါက သူ့ရဲ့ပစ်မှတ်ပဲလေ။ သူ မလုပ်နိုင်တော့ သူက ငါ့ကို သူ့မျက်လုံးနဲ့နားတွေကို ကာဖို့သုံးတယ်။ အခုတော့ သူလုပ်နိုင်တော့လည်း သူ့မျက်လုံးနဲ့နားတွေကိုကာဖို့ သုံးနေတုန်းပဲ။ ပြီးတော့ သူ့ရဲ့လူပျိုရည်ကိုကျ အချစ်စစ်အတွက် သိမ်းထားတယ်!]

ဟုတ်တယ် ဒီလိုပဲ ဖြစ်ရမယ်။

ယွီဝိန်းလန် “…”

အချစ်လား။

95 03

သူ သဘောကျတဲ့ တစ်ယောက်တည်းသော သူက သူမပဲ။

သို့သော် သူ့ပါးစပ်ကို ဖွင့်ကာ ရှင်းမပြနိုင်ခင်မှာပင် သူမရဲ့ကျိန်ဆဲသံကို ထပ်ကြားလိုက်ရသည်။

[ငါးဆားနူကောင်!]

ယွီဝိန်းလန် “။။”

ဘာလို့ သူက ငါးဆားနူ ဖြစ်ရတာလဲ။

ထိုအချိန်မှာ ယန်ရှုက နားလည်ရခက်စွာနဲ့ စိတ်ဆိုးမာန်ဆိုး ဖြစ်နေသည်။

…သူက သူမရဲ့ခန္ဓာကိုယ်နဲ့ ခံစားချက်တွေကို မကစားပေမဲ့လည်း သူဟာ တစ်နည်းနည်းနဲ့ ငါးဆားနူဖြစ်တယ်လို့ ခံစားလိုက်ရသည်။

သို့သော် မည်သို့ပင်ဖြစ်စေ သူမက သွေးဆောင်မဖြားယောင်းပေမဲ့ သူမအလှတရားကို အနည်းငယ်တော့ လိုချင်မိသည်…။

ဘယ်သူက ဘယ်သူ့ကို ကြောက်နေလို့လဲ။

ထို့ကြောင့် သူမကလည်း အိပ်ရာရဲ့ဘေးဘက်ကို လှည့်လိုက်ကာ သူ့ကို ကျောပေးပြီး အိပ်သွားတော့သည်။

ယွီဝိန်းလန် “။။”

ဘာ သူက သူမကို သဘောကျနေတာ မဟုတ်ဘူးလား။

ဒါမှမဟုတ် သူမရဲ့အလှတရားကိုပဲ လိုချင်တာလား။

ထိုအချိန်မှာပဲ ယွီဝိန်းလန်က သူမနှလုံးသားထဲက “ငါးဆားနူ” ပေါင်းများစွာကို ကြားလိုက်ရသည်။

ယွီဝိန်းလန် “….”

သူ့မှာ ရွေးချယ်စရာ မရှိတော့ဘဲ သူမဆီ ပြန်လှည့်လိုက်ကာ လက်ဆန့်လိုက်ပြီး သူမကို သူ့လက်မောင်းတွေထဲ ထွေးပွေ့လိုက်တော့သည်။

သို့သော် သူက သူမကို ထိလိုက်သည့်အချိန်မှာပဲ သူမက ခုခံချင်နေသေးတယ်ဆိုတာကို ခံစားမိလိုက်သည်။

သူက ပြောလိုက်သည်။

“မင်းက ကိုယ့်ကို စိတ်ဆိုးနေတာလား”

ယန်ရှုက မဟုတ်ဘူးဟု ပြောလာသည်။

ယွီဝိန်းလန်က သူ့မျက်ခုံးကို ပင့်လိုက်ကာ ပြောလာသည်။

“ဒါဆို ဘာလို့ အရမ်းကို ဒေါသထွက်နေရတာလဲ”

ယန်ရှုက သူ့ကို မဟုတ်ဘူးဟု ပြောချင်ပေမဲ့ သူမခေါင်းကို လှည့်လိုက်ချိန်မှာပဲ သူ့ရဲ့အနမ်းထဲကို ကျရောက်သွားရတော့သည်

ကောင်းပြီလေ….

သူမက ခုခံချင်ပေမဲ့ မတော်တဆ ဆုံးရှုံးသွားရသည်။

အဆုံးမှာတော့ သူက… ကောင်းသထက် ပိုကောင်းလာတာပဲ။

သို့သော် သူမ စိတ်ထဲမှာ တွေးနေဆဲပင် ဒီငါးဆားနူက သူ့ရဲ့လူပျိုရည်ကို အချစ်စစ်အတွက် ထိန်းသိမ်းထားချင်နေဆဲ မဟုတ်လား။ သူမကို ထပ်နမ်းပြီး ဘာလုပ်မလို့လဲ။

ဘယ်လို ဗြဟ္မစရိယ အကျင့်မျိုးလဲ…။

ယွီဝိန်းလန်က သူမဆီကနေ တွန့်ဆုတ်စွာနဲ့ ခွဲခြားလိုက်ပြီး အနိမ့်သံနဲ့ ပြောလာသည်။

“အရူးလေး”

ယန်ရှု “…”

ဘာကြီး။

ဒီငါးဆားနူက သူမကို ရူးနေတယ်လို့ ပြောတယ်ပေါ့လေ။

သို့သော် သူက သက်ပြင်း ထပ်ချလိုက်ပြီး ပြောလာသည်။

“ဒီရက်ပိုင်းအတွင်း ကိုယ် သိပ်နေမကောင်းသေးလို့ ဆေးသောက်နေရတယ်”

ယန်ရှုက နှာမှုတ်လိုက်သည်။

ထူးဆန်းသည်။ သူက သူမကို ဘာလို့ ရုတ်တရက်ကြီး ဒါတွေ ပြောပြလာရတာလဲ။

သို့သော် ထိုသူ ထပ်ပြောလာတာကို ကြားလိုက်ရသည်။

“သမားတော်က ဒီရက်ပိုင်းအတွင်း မင်းနဲ့ အတူအိပ်လို့မရဘူးလို့ ပြောတယ်”

အဆုံးမှာ သူ့အတွက် ဒါကလည်း ဒီလိုဟာမျိုးကို မိန်းကလေးတစ်ယောက်ဆီ ပြောဖူးတဲ့ ပထမဆုံးအကြိမ်ပင်။ သူဟာ တစ်နည်းနည်းနဲ့ အဆင်မပြေ ဖြစ်နေပေသည်။

လက်မောင်းထဲက ထိုမိန်းကလေးက ကြက်သေ သေသွားတော့သည်။

“ဟမ်”

ဘာတွေ ဖြစ်နေတာလဲ။

ကောင်းသွားပေမဲ့ မလုပ်နိုင်သေးဘူးလား။

ဆိုတော့ သူက သူ့ရဲ့လူပျိုရည်ကို အချစ်စစ်အတွက် ချန်ထားတာ မဟုတ်ဘူးလား။

ထိုအချိန်မှာပဲ သူ ထပ်ပြောလာတာကို ကြားလိုက်ရသည်။

“ကိုယ့်နှလုံးသားထဲမှာ မင်းကလွဲပြီး တခြားသူ မရှိဘူး”

ယန်ရှုက တွန့်သွားရတော့သည်။

…ဘာလို့ ဒီလူက ရုတ်တရက်ကြီး ဒါကိုပြောရတာလဲ။

သူမ ဘာတွေးနေလဲဆိုတာကို သိနေတဲ့အတိုင်းပဲ….

95 04

ထို့နောက် ချက်ချင်းပဲ သူက အကူအညီမဲ့စွာနဲ့ ပြောလာသည်။

“အဲဒါက ဘာလို့ ကိုယ်အပြင်ဘက်မှာ အိပ်နေလဲဆိုတာပဲ ဘာလို့လဲဆိုတော့ ကိုယ်မင်းကို ဖက်လိုက်တဲ့အချိန်တိုင်း… ကိုယ် မတတ်နိုင်ဘူး” (မထိန်းနိုင်တာ)

ယန်ရှုက ထပ်မံကြက်သေ သေသွားပြီး

“အဲ့… အဲ့လိုလား”

ထိုအသံ ထွက်လာပြီးနောက် သူ့ပါးစပ်ကိုပင် မဖွင့်နိုင်ခင်မှာပဲ သူမက ခံစားလိုက်ရသည်။

ကျစ်….

ဆိုတော့ ဒီလိုကိုး

…သူ အတော်လေး ခံစားနေရလောက်တယ် ဟုတ်။

ယွီဝိန်းလန်က ဟုတ်တယ်ဟု ပြောချင်သည်။

သူ မာနေပြီ။

သူ အခု ဘာကို ခံစားနေရသလဲဆိုတာကို ဘုရားပဲ သိနိုင်လိမ့်မည်။

သို့သော် သူ့လက်မောင်းထဲက မိန်းကလေးက ထပ်မေးလာသည်။

“သမားတော်က တခြားနည်းလမ်းတွေ သုံးဖို့ အဆင်ပြေတယ်လို့ ပြောသေးလား”

“ဘာကြီး”

ယွီဝိန်းလန်က နားမလည်ပေ။

တခြား ဘာနည်းလမ်းလဲ။

သို့သော် သူမက သူမလက်ကို ဆန့်ထုတ်လိုက်သည်။

ထို့နောက် သူဟာ ဘာသတိပေးချက်မှမရှိဘဲ သူမရဲ့ကျူးလွန်တာကို ခံလိုက်ရပြီး ကောင်းမွန်မှုနဲ့ ဖုံးလွှမ်းသွားသည်။

ယန်ရှုက သူမရဲ့အပြစ်ကင်းစင်တဲ့ မျက်လုံးကြီးကြီးလေးတွေကို ခတ်လိုက်ကာ မေးလာသည်။

“အဆင်ပြေရဲ့လား”

ယွီဝိန်းလန်က နောက်ထပ် ဘာပြောရမလဲ မသိတော့တဲ့အတွက် သာမန်လိုပဲ ပြောလိုက်နိုင်သည်။

“အင်း အဆင်ပြေတယ်…”

နောက်တစ်ခဏမှာတော့ သူဟာ သူ့ဒူးခေါင်းကို ကိုင်ထားရုံသာ တတ်နိုင်တော့သည်။

….

ယွီဝိန်းလန်က ထီးနန်းကို ဆက်ခံပြီးကတည်းက မအိပ်နိုင်ခဲ့ပေမဲ့ ထိုညမှာတော့ ကောင်းကောင်း အိပ်နိုင်ခဲ့သည်။

တကယ်ကို ကောင်းလွန်းတယ်။

~~~

ငါးရက် ကြာပြီးနောက်မှာတော့ ချန်အန်းကုန်းရဲ့ မိသားစုက မြို့တော်ကို ရောက်လာခဲ့သည်။

သူတို့တွေက ဧကရီမယ်တော်ကြီးရဲ့ညီအစ်မတွေဖြစ်ပြီး သူမရဲ့မွေးနေ့ပွဲအတွက် လာရောက်ကြတာပင်။ သဘာဝကျကျပဲ ဧကရီမယ်တော်ကြီးက လျစ်လျူမရှုနိုင်ဘဲ နောက်တစ်နေ့ မနက်စောစောမှာ သူမရဲ့ဝမ်းကွဲဖြစ်သူ ချန်အန်းကုန်းသခင်မကြီးကို သူမနှင့် တွေ့ဆုံရန် နန်းတော်ဆီသို့ ခေါ်လာခိုင်းလိုက်သည်။

နန်းတော်ထဲမှာ ကျန်ရစ်တဲ့ ကိုယ်လုပ်တော်တွေထဲက တစ်ယောက်အနေနဲ့ ယန်ရှုနဲ့ ကိုယ်လုပ်တော်ကျိုးက ဧကရီမယ်တော်ကြီးကို အဖော်ပြုပြီး သူတို့ကို ချီအန်းနန်းဆောင်မှာ ကြိုဆိုပေးရသည်။

ချီအန်းနန်းဆောင်ကို သူမ ရောက်ပြီး သိပ်မကြာခင်မှာပဲ သခင်မကြီးချန်အန်းက နန်းတော်ထဲကို ဝင်ရောက်လာသည်။

ငယ်ရွယ်တဲ့အမျိုးသမီးလေးနှစ်ယောက် ခြံရံရင်း နှစ်နှစ်သုံးနှစ်ကနေ ခုနစ်နှစ် ရှစ်နှစ်အတွင်းရှိမဲ့ ငါးယောက်ခြောက်ယောက်လောက် ရှိနိုင်တဲ့ ကလေးတွေအပြင် လမ်းမလျှောက်နိုင်သေးတဲ့အတွက် လက်မောင်းထဲမှာ ကိုင်ထားတဲ့ တစ်ယောက်လည်း ရှိနေသေးသည်။ ပြီးနောက် ယောက်ျားတွေရော မိန်းမတွေပါရှိနေကာ အရမ်းကို သက်ဝင်လှုပ်ရှားနေပေသည်။

သခင်ကြီးချန်အန်းရဲ့ဇနီးက ဧကရီမယ်တော်ကြီးထက် သုံးလေးနှစ်လောက် ပိုငယ်ပုံ ပေါ်သည်။ ဒီအရှိန်အဝါအရ သူမက မိသားစုရဲ့ခေါင်းဆောင်ဖြစ်တဲ့ပုံပင်။

သူမအတွက် ချွေးမတစ်ယောက် ဖြစ်ရသည်မှာ လွယ်ကူမည် မဟုတ်ပေ။

သခင်မကြီးချန်အန်းက သူတို့နှင့် တွေ့ဆုံဖို့ မိသားစုအကြီးကြီးကို ဦးဆောင် လာပြီးနောက် ထိုငယ်ရွယ်တဲ့ မိန်းကလေးနှစ်ယောက်ထဲက တစ်ယောက်က သူမရဲ့ချွေးမဖြစ်သူ ယွဲ့ရှီဖြစ်ပြီး နောက်တစ်ယောက်ကတော့ သူမရဲ့သမီးဖြစ်သူ ချောင်ရှီပင်။ ထိုကလေးတွေက သူမရဲ့ကလေးတွေ ဖြစ်ပြီး သားသမီးမြေးမြစ်တွေ ဖြစ်သည်။

ကျစ် မိသားစုကြီးက အရမ်းကို သက်ဝင်လှုပ်ရှားနေတာပဲ။

ဧကရီမယ်တော်ကြီးက သူတို့အားလုံးကို နေရာပေးလိုက်ပြီး နန်းတော်အစေခံတွေကို အဆာပြေမုန့်တွေ ယူလာခိုင်းလိုက်ကာ ဝမ်းကွဲဖြစ်သူနှင့် စတင်စကားလက်ဆုံ ကျနေတော့သည်။

“မတွေ့ရတာ တစ်နှစ်ရှိနေပါပြီ။ ဝမ်းကွဲရော ဘယ်လိုနေပါသလဲ”

ဧကရီမယ်တော်ကြီးက အရင်ဆုံးယဉ်ကျေးစွာ ပြောလိုက်သည်။

သခင်မကြီးချန်အန်းကုန်းက ခေါင်းညိတ်လိုက်ကာ ပြောလာသည်။

“ဧကရီမယ်တော်ကြီးကိုပဲ ကျေးဇူးတင်ရမယ်။ ဒီအမှုထမ်းဇနီးသည်က အဆင်ပြေနေပါတယ် မနှစ်က မြေးလေးတစ်ယောက် ရတယ်လေ။ အခုဆိုခုနစ်လ ကျော်နေပြီ။ နောက်နှစ် ပြန်လာရင် ဧကရီမယ်တော်ကြီးကို အရိုအသေ ပေးခိုင်းလိုက်ပါ့မယ်”

ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ကာ ပြုံးပြီး ပြောလာသည်။

“မိသားစုက စည်ပင်ဖြစ်ထွန်းနေတာပဲ ဝမ်းကွဲက ကောင်းချီး ပေးခံနေရတယ်လေ”

95 05

သို့သော် သခင်မကြီးချန်အန်းက ထပ်ပြောလာသည်။

“ဒီနန်းတော်ထဲမှာရော သခင်ငယ်လေး မရှိဘူးလားဆိုတာကို မသိပါဘူး”

ထိုစကားလုံးကို ကြားလိုက်ပြီးနောက်မှာ လူတိုင်းက ရပ်တန့်သွားတော့သည်။

ဒါက… မဖွင့်သင့်တဲ့အိုးကို ဖွင့်လိုက်မိတယ် ဆိုတာလား။

ဧကရီမယ်တော်ကြီးရဲ့ အခုချိန်မှာ အလိုချင်ဆုံး အရာက တော်ဝင်မြေးတော်ပင်။ အကယ်၍ တစ်ယောက်လောက်သာ ရှိလာမယ်ဆိုရင် စောစောကတည်းက ဖော်ထုတ်ပြီးသား ဖြစ်မှာ မဟုတ်လား။

ယန်ရှုက သူမ နှလုံးသားထဲမှာ ကျစ် ကျစ် ကျစ် ဟု လုပ်လိုက်သည်။

ဒီညီအစ်မတွေကြားမှာ မပျော်ရွှင်မှု တစ်ခုခု ရှိနေတာလား။

နန်းတော်ထဲကို မင်းသား သို့မဟုတ် မင်းသမီးတစ်ပါး ရောက်လာလျှင် အရင်ကတည်းက လောကကြီးကို ကြေညာပြီး ဖြစ်နေမှာပင်။ သူမက အဲ့အကြောင်းကို မသိဘဲ ဘယ်လိုလုပ် မေးရဲရတာလဲ။

သခင်မကြီးချန်အန်းကို ကြည့်ရသည်မှာလည်း အရူးမဟုတ်ပေ။ ဘာလို့ ဧကရီမယ်တော်ကြီးရဲ့ နှလုံးသားကို အပြေးအလွှား သွားရန်စနေရတာလဲ။

သို့သော် စစ်စတန်ဆီကနေ ဒင်ဟူသော အသံကို ကြားလိုက်ရသည်။

[အမှန်ပဲ ဒီဝမ်းကွဲတွေက ငယ်ကတည်းက တိတ်တဆိတ်ဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ဖြစ်ဖြစ် တိုက်ခိုက်လာခဲ့တာ။ ပြီးတော့ ဘယ်သူကမှ ဘယ်သူ့ကိုလည်း မနာခံဘူး။ သူမရဲ့ဝမ်းကွဲ ချင်အန်းမြို့စားကို လက်ထပ်တုန်းကဆို သူက သူမရဲ့အစ်မကို အနိုင်ယူနိုင်ပြီလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ဧကရီမယ်တော်ကြီးက နှောင်းဧကရာဇ်ကို လက်ထပ်ပြီး သူမကို အပြတ်အသတ် အနိုင်ယူသွားမယ်လို့ မမျှော်လင့်ခဲ့ဘူးလေ။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ဧကရီမယ်တော်ကြီးရဲ့ သားတော် သေဆုံးသွားတဲ့အခါမှာ ဒီဝမ်းကွဲက ဧကရီမယ်တော်ကြီးကို နိုင်ပြီလို့ ထင်ခဲ့တာလေ]

ယန်ရှုက ထိုစကားတွေကို ကြားတဲ့အခါမှာ ကျစ် ကျစ်ဟု လုပ်လိုက်ပြီး...

[မြေးအကြောင်းကို စပြောတဲ့ ထူးဆန်းတဲ့ နည်းလမ်းက ဒါက လူကို ဓားနဲ့ထိုးတာပဲလေ! ဧကရီမယ်တော်ကြီးက သူမကို ရန်ပြုမှာ မကြောက်ဘူးလား။]

စစ်စတန်က နှာမှုတ်လိုက်ပြီး [ဧကရီမယ်တော်ကြီးက ဒီဝမ်းကွဲကို တကယ်ပဲ စိတ်ရှုပ်နေတာ။ ဒါပေမဲ့လည်း တခြားနည်းလမ်း မရှိဘူးလေ။ သူမ တစ်ခါ ရိုက်လိုက်တာနဲ့ ကျိုးမိသားစုရဲ့ နောက်ထပ် ထောက်ပံ့မှု ဆုံးရှုံးသွားလိမ့်မယ်။ မိသားစုရဲ့ ကောင်းကျိုးအတွက် သူတို့ သည်းခံမှ ရမယ်လေ]

ဒါကို ကြားလိုက်ရပြီးနောက်မှာ ယန်ရှုက သက်ပြင်း ချလိုက်သည်။ ဝက်လို အသင်းဖော်တွေ ဝန်းရံနေတဲ့ ဧကရီမယ်တော်ကြီးဟာလည်း မလွယ်ကူပေ။

သို့သော် ဒါကလည်း သခင်မကြီးချန်အန်းကုန်းရဲ့ကိစ္စပင်။ သူတို့တွေ ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပါစေ။ ဧကရီမယ်တော်ကြီးက သူတို့ရဲ့အမှီအခို ပြုရာပင်။ မိသားစုရဲ့သက်ရောက်မှု ရှိနေတာကို မပြောနဲ့ဦး။ သူတို့တွေက ဝမ်းအနည်းရဆုံးအရာနဲ့ ဘယ်လိုလုပ်ပြီး ရန်စရဲရတာလဲ။

စစ်စတန်က နှာမှုတ်လိုက်သည်။

[ဒီမိန်းမက အမြဲတမ်းဒီလိုပဲ။ သူမက ယုတ်မာလွန်းပြီး လွှမ်းမိုးချင်နေတာကြောင့် အတိအကျပဲလေ။ သူမနဲ့ ချန်အန်းကုန်းရဲ့ဆက်ဆံရေးက ဘယ်တုန်းကမှ မကောင်းဘူး။ သူ့သားကလည်း အားနည်းပြီးတော့ သူ့မိန်းမက အိမ်တော်ထဲက အစေခံနဲ့ ပတ်သက်နေတာကိုတောင်မှ သိသိနဲ့ ဝင်မပါရဲဘူးလေ]

ယန်ရှု [ဒီလိုစိတ်ဝင်စားစရာ ကိစ္စမျိုးလည်း ရှိသေးတာလား]

******

96 01

အပိုင်း ၄၆.၁

စစ်စတန် ပြောတာကို ကြားပြီးနောက် ယန်ရှုက နားမှာ ကျိုးနွံတဲ့ မျက်နှာနဲ့ ထိုင်နေတဲ့ ချွေးမဖြစ်သူ ယွဲ့ရှီကို ချက်ချင်းပဲ လှမ်းကြည့်လိုက်သည်။

[ဆိုလိုတာက ဒီအမျိုးသမီးယွဲ့က စံအိမ်ထဲက အစေခံတွေနဲ့ ခြေရှုပ်နေတာလား]

စစ်စတန် [သခင်မကြီးချင်အန်းက သားတစ်ယောက်နဲ့ သမီးတစ်ယောက်ကို မွေးပေးခဲ့တယ်။ သားဖြစ်သူက ချောင်ရုံကန်လို့ခေါ်ပြီး ချန်အန်းကုန်းရဲ့ ဆက်ခံသူ အကြီးဆုံးသားပဲ။ ချောင်ရုံကန်က အမျိုးသမီးယွဲ့က သမီးဖြစ်သူကို လက်ထပ်လိုက်တယ်။ ဘယ်သူက အဲလို ထင်မလဲ]

ယန်ရှုက ထပ်မေးလိုက်သည်။

[ဒါ ဒါက သူ့ခင်ပွန်းက ဆက်ခံသူအကြီးဆုံးသားလေ။ သူရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ဘာမှမှားနေတာလဲ မရှိဘူး။ ဘာလို့ သူမက အစေခံတွေနဲ့ ရှုပ်နေရတာလဲ]

—ကျစ် ငါ ထင်တာက အမျိုးသမီးယန်က သူ့ခင်ပွန်းရဲ့ ကျန်းမာရေး မကောင်းလို့ သူမ ကောင်းကျိုးအတွက် ယောက္ခထီးဖြစ်တဲ့ ရိုးရာဓလေ့ထုံးတမ်းဆိုင်ရာအရာရှိနဲ့ ဖောက်ပြားနေတယ်လို့ ထင်ခဲ့တာ။

သို့သော် အမျိုးသမီးယွဲ့က မြင့်မားသည့် အနေအထားတွင် ရှိကာ ဘာလို့ တခြားအစေခံတွေနဲ့ ရှုပ်နေရတာလဲ။

သို့သော် စစ်စတန် ပြောလာသည်ကို ကြားလိုက်ရသည်။

[မြို့စားချန်အန်းရဲ့သားက သူ ငယ်ငယ်လေးကတည်းက သူ့အမေရဲ့တင်းကြပ်စွာ ထိန်းချုပ်ထားတာကို ခံလာရတာ။ ဒါပေမဲ့ သူ့ကို ဘာရည်မှန်းချက်မှ မရှိဘဲ ပျိုးထောင်လာတယ်။ ထပ်ပေါင်းပြောရရင် သူက သစ်သားတုံးလိုပဲ။ ဘာ ချစ်ခင်ကြင်နာ စိတ်ဝင်စားမှုမှလည်း မရှိဘူး။ ပြီးတော့ လုံးပြီး ဝဖိုင့်နေသေးတယ်။ အမျိုးသမီးယွဲ့က သူ့ကို သည်းမခံနိုင်ဘူးလေ။ စံအိမ်တော်ထဲမှာ အရပ်ရှည်ရှည်နဲ့ စနောက်တတ်တဲ့ ခပ်ချောချော ရထားလုံးမောင်းတဲ့သူ တစ်ယောက်ရှိတယ်။ အမျိုးသမီးယွဲ့က အထီးကျန်မှုကို သည်းမခံနိုင်တော့တာနဲ့ နံရံကို ခုန်တက်လိုက်တယ်လေ]

ဒီတော့ ရထားလုံးမောင်းသမား ဖြစ်နေတာပဲ။

ယန်ရှုက ချက်ချင်းပဲ သိသွားတော့သည်။

ထိုအကြောင်းကို တွေးပြီးနောက် သူက ထပ်မေးလိုက်သည်။

[ဒါပေမဲ့ သူမက ဘယ်လိုလို့ နံရံကို ကျော်လိုက်တာလဲ။ ချန်အန်းစံအိမ်တော်က လူတွေနဲ့ ပြည့်နေတာလေ။ ပြီးတော့ အင်အားကြီးတဲ့ ယောက္ခမချန်အန်းကုန်းလည်း ရှိနေသေးတယ်။ သူမက ဘယ်လိုလုပ်ပြီး ခုန်ဖို့ အခွင့်အရေး ရှိနေသေးတာလဲ]

စစ်စတန်က နှာမှုတ်လာသည်။

[စကားပုံရှိသလိုပဲ။ စိတ်နှလုံးသားရှိနေသရွေ့ ကမ္ဘာကြီးပေါ်မှာ ခက်ခဲတာ ဘာမှမရှိဘူးတဲ့။ ဒီအမျိုးသမီးယွဲ့က သူမရဲ့ယောက္ခမကို စိတ်ကျေနပ်စေတဲ့နေရာမှာ အရမ်းတော်တယ်။ ပြီးတော့ သူမရဲ့ခင်ပွန်းက သူမယောက္ခမရဲ့ တစ်ဦးတည်းသော သားလေ။ ဆိုတော့ သခင်မကြီးချင်အန်းက စံအိမ်ထဲက ကိစ္စအများကြီးနဲ့ ပတ်သက်ပြီး သူမကို ယုံကြည်ထားတယ်။ ဒါမှမဟုတ် ပျော်ပွဲရွှင်ပွဲတစ်ချို့မှာ ပါဝင်ဖို့ဆို ရထားလုံးယူဖို့ မလိုဘူးလား]

ရထားလုံး…

ယန်ရှုက မတတ်နိုင်ဘဲ လျှာတောက် လိုက်မိသည်။ ရထားလုံးက အဆင်သင့်ပဲလား။

ဒီလူနှစ်ယောက်မှာ အသင့်ပြင်ထားပြီးသား နေရာတောင် ရှိတယ် အဲဒါက အရမ်းကို အဆင်ပြေတာပဲ။

ကျစ် ကျစ်ဟု လုပ်လိုက်ပြီးနောက်မှာ သူမက ထပ်ပြောလာသည်။

[ဒါဆို သူ့ခင်ပွန်းကရော သူမက ရထားလုံးမောင်းသမားနဲ့ ခြေရှုပ်နေတယ်ဆိုတာကို ဘယ်လို သိသွားတာလဲ]

စစ်စတန် [ချန်အန်းမြို့စားရဲ့သား ချောင်ရုံကန်က သစ်သားတွေ ပျက်စီးတာကို မကြိုက်ဘူး။ ဒီနှစ်တွေမှာ အိပ်ရာ ဘီရို စားပွဲနဲ့ ကုလားထိုင်တွေကို နည်းအမျိုးမျိုးနဲ့ အိမ်မှာ ပြင်ထားတယ်။ တစ်ခါက သူ့ဇနီးရဲ့ရထားလုံး ကျိုးသွားတယ်လို့ ကြားတော့ ကိရိယာတွေ ယူသွားပြီး သူကိုယ်တိုင် သွားစစ်ဆေးတော့တယ်။ မကြည့်ရင် မသိဘူးဆိုပေမဲ့ သူ တွေ့လိုက်ရတာက ဝင်ရိုးက ကျိုးနေတယ်ဆိုတာပဲ]

96 02

[မင်း သိလား ချန်အန်းကုန်းစံအိမ်ရဲ့ ဘီးဝင်ရိုးတွေ အကုန်လုံးက အရမ်းကိုမာတဲ့ အမ်းအပင်ရဲ့အသားနဲ့ လုပ်ထားတာ ဆိုတော့ သာမန်ဆို ဘယ်လိုလုပ်ကျိုးမှာလဲ။ အပေါ်ကနေ နှစ်အတော်ကြာ သက်ရောက်လိုက်တဲ့ အားကြောင့်ပဲ ကျိုးသွားတာ ဖြစ်ရမယ်]

ဘာ…

တစ်နှစ်ပတ်လုံး ပြင်းပြင်းထန်ထန် ဆောင့်ရိုက်မိနေတယ်။

ယန်ရှုရဲ့မျက်လုံးတွေက ထပ်ပြီး တောက်ပ သွားရသည်။

[ကျစ် ကျစ် ကျစ် ကြည့်ရတာ ရထားလုံးမောင်းသမားမှာ သန်မာတဲ့ ရုပ်ပိုင်းဆိုင်ရာ အင်အားရှိတဲ့ပုံပဲ။ အမျိုးသမီးယွဲ့က ဖောက်ပြန်ချင်နေတာ။ မဆန်းတော့ပါဘူး… ပြီးတော့ရော။]

စစ်စတန် [ချောင်ရုံကန်က လက်သမားပညာကို စွဲလမ်းရုံပဲ။ တုံးအနေတာ မဟုတ်ဘူးလေ။ အဲတော့ တစ်ခုခု မှားနေတာကို သဘာဝကျကျပဲ ရှာတွေ့သွားပြီး နောက်တစ်ခေါက် သူ့ရဲ့ဇနီး အပြင်ထွက်တဲ့အခါမှာ တစ်ယောက်ယောက်ကို အနောက်ကနေ တိတ်တဆိတ် လိုက်ခိုင်းလိုက်တယ်။ အဲတော့ ရှာမတွေ့သွားနိုင်ဘူးလား]

ယန်ရှုက တိတ်တဆိတ် အော်လိုက်မိပြီးနောက် မေးလာသည်။

[အဲ့နောက်တော့ရော ဘာဖြစ်သွားသေးလဲ]

စစ်စတန် [နောက်ထပ် ဘာမှ မရှိတော့ဘူး။ မဟုတ်ရင် သခင်မကြီးချင်အန်းကတောင် ဒီနေ့ ဧကရီမယ်တော်ကြီးရှေ့မှာ တွေ့ဆုံဖို့ သူ့ရဲ့ချွေးမကို ဘာလို့ ဆွဲခေါ်လာမှာလဲ]

[ကျစ် အမှန်ပဲ ဒီနေ့အခြေအနေအရ ဆုံးဖြတ်ရမယ်ဆိုရင် သခင်မကြီးချင်အန်းက အဲ့အကြောင်းကို မသိတာ ဖြစ်နိုင်တယ်]

ထိုအချိန်မှာပဲ သူမရဲ့နှလုံးသားကို လာပြီးရန်စတဲ့ ဝမ်းကွဲဖြစ်သူကို ဖျော့တော့စွာ ပြုံးပြကာ ပြောလိုက်သည်။

“နန်းတော်က အရင်ကနဲ့ အတူတူပါပဲ။ အိုက်ကျားက မင်းလောက် ကံမကောင်းပါဘူးကွယ်”

သခင်မကြီးချင်အန်းက ထပ်ပြောလာသည်။

“မဝံ့ရဲပါဘူး။ ဘာလို့လဲ ဆိုတော့ ဧကရီမယ်တော်ကြီးရဲ့ ကံကြမ္မာက ရောက်မလာသေးလို့ နေမှာပါ။ ပြီးတော့ ကျွန်မက ဘယ်လိုလုပ်ပြီး ကောင်းချီး ပေးခံရတာ ဖြစ်ပါ့မလဲ။ အဲ့ဒီကောင်လေး ရုံကန်က ကံကောင်းပြီး ဇနီးကောင်း တစ်ယောက်ကို လက်ထပ်ထားလို့ပါ”

စကားပြောပြီးနောက်မှာ သူမက ယွဲ့ရှီကို ကြည့်လိုက်ပြီး ဧကရီမယ်တော်ကြီးကို မိတ်ဆက် ပေးလာသည်။

“မနှစ်က ရုံကန်ရဲ့ဇနီးက ကိုယ်လေးလက်ဝန် ဖြစ်နေပြီး ဇနီးဖြစ်သူကိုလည်း လမ်းပေါ်မှာ လှည်းနဲ့ မတိုက်မိစေရဲဘူးလေ။ အဲ့ဒါကြောင့် အိမ်မှာပဲနေပြီး သူမက ဧကရီမယ်တော်ကြီးကို လူကိုယ်တိုင် အရိုအသေ မပေးနိုင်ခဲ့ဘူး။ အခုတော့ ကလေးလည်း မွေးပြီးပြီဆိုတော့ သူမကို အတူခေါ်လာလိုက်တာ”

ထို့နောက် သူမက ယွဲ့ရှီကို အမိန့်ပေးလိုက်သည်။

“ဘာလို့ မြန်မြန်လေး ဧကရီမယ်တော်ကြီးကို အရိုအသေ မပြုသေးတာလဲ”

——

ဒါကို ကြားလိုက်ရပြီးနောက် ယန်ရှုက သူမနှလုံးသားထဲမှာ ထပ်ပြီး တစိမ့်စိမ့်တွေးလိုက်သည်။

[…ဆိုတော့ ယွဲ့ရှီက မနှစ်က မလာဘူးပေါ့။ ကောင်းတယ် ဘယ်သူကမှ အိမ်ကို ဂရုမစိုက်ကြဘူးလား ရူးနေလို့ပဲ မဟုတ်လား။]

စစ်စတန် [သိပ်တော့လည်း မဟုတ်ဘူး။ အဲ့အချိန်တုန်းက သူမက ကိုယ်ဝန်ရှိနေတာလေ]

96 03

ယန်ရှု [အမှန်ပဲ….]

ပြီးတော့ အများကြီး ထပ်ရှိသေးတယ်။

သူမက ရုတ်တရက် ပြဿနာတစ်ခုကို အမှတ်ရသွားသည်—

ဘယ်အချိန်ကတည်းက ယွဲ့ရှီက ရထားလုံးမောင်းသမားနဲ့ ပတ်သက်နေတာလဲ။

သခင်မကြီးချင်အန်းက အခုလေးတင်ပဲ ကိုယ်တိုင်ကိုယ်ကျ မိတ်ဆက်ပေးလာတယ်။ ဒီကလေး အုပ်စုကြားမှာ ခုနစ်နှစ်အရွယ်ရှိတဲ့ ကောင်လေး ချောင်ဝမ်းဟိန် ငါးနှစ်အရွယ်ကလေးမလေး ချောင်နျန်ရွေ့နဲ့ အငယ်ဆုံးကလေးလေးက သူမရဲ့မြေးတွေတဲ့လေ။

တခြားနည်းနဲ့ ပြောရမယ်ဆိုရင် သူတို့သုံးယောက်လုံးက အမျိုးသမီးယွဲ့ကနေ မွေးလာကြတာ။

ဆိုတော့…..သူတို့ထဲက ဘယ်လောက်များများက ချန်အန်းဆက်ခံသူနဲ့ သက်ဆိုင်တာလဲ။

စစ်စတန်က ပြောလာသည်။

[ယွဲ့ရှီက ပတ်ပြီး ရှုပ်နေပေမဲ့ သူမက အရူးမဟုတ်ဘူး။ သူမက အချိန်တိုင်း သိုးအူအစွပ်ကို သုံးတယ်။ အဲတော့ အဲဒီကလေး သုံးယောက်လုံးက ချောင်ရုံကန်ရဲ့ သားတွေ သမီးတွေပဲ]

ဘာကြီး။

ယန်ရှုက ထိုအချက်ကို တစ်ခါတည်းနဲ့ အတိအကျ ဖမ်းမိသွားသည်။

[သိုးအူအစွပ်။ ပြီးတော့ ဒီလိုမျိုးတစ်ခုခု ရှိတယ်လား။]

ကျစ် ကျစ် ကျစ် ဒါက တကယ်ကို မျက်စိပွင့်စေတာပဲ ။

စစ်စတန် [သိုးအူအစွပ်တွေက အဆင်ပြေပါတယ်။ အခုခေတ်မှာလူတွေက အဲ့တာတွေကို အများကြီး သုံးလာကြတယ်။ သူတို့က ကျန်းမာရေးနဲ့ မညီညွတ်ပေမဲ့လည်း တချို့ရောဂါတွေကို ဖြစ်နိုင်ချေတော့ ရှိတယ်]

ယန်ရှု “…..”

ဒါဆိုလည်း မေ့လိုက်တော့….

ထိုအချိန်မှာပဲ ယောက္ခပြောတာကို ကြားလိုက်ပြီးနောက် ယွဲ့ရှီဟာ တစ်ဖန်ထလိုက်ပြီး ဧကရီမယ်တော်ကြီးဆီ သွားပြီး ဂါရဝ ပြုတော့သည်။

“မနှစ်က ဧကရီမယ်တော်ကြီးရဲ့မွေးနေ့မှာ ကျွန်တော်မျိုးမက လူကိုယ်တိုင် လာပြီးတော့ ဂုဏ်ပြုမပေးနိုင်ခဲ့ပါဘူး။ ဒီတော့ ဧကရီမယ်တော်ကြီးက ဒီပြစ်မှုအတွက် ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ဒီဇနီးဖြစ်သူက မယ်တော့်ကို အရှေ့ပင်လယ်ရဲ့ ကောင်းချီး ပေးခံရပြီး နန်ရှန်းထက်ပိုပြီး အသက်ရှည်ပါစေလို့ ဆုတောင်းပေးပါတယ်”

ဧကရီမယ်တော်ကြီးက ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလာသည်။

“တော်တယ် မင်းက မင်းရဲ့ယောက္ခမလို မွန်မြတ်ပြီး သိက္ခာရှိတာပဲ”

ဒါကို ကြားလိုက်ရပြီးနောက် ယွဲ့ရှီက သူမရဲ့ကျေးဇူးတင်ရှိမှုကို ဖော်ပြဖို့အတွက် အလျင်အမြန် ဦးညွှတ်ပြလာသည်။

“ဒီနှစ်တွေအတွင်းက ယောက္ခမဖြစ်သူရဲ့ မေတ္တာတွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မကို ကိုယ်ပိုင်သွေးသားလို ဆက်ဆံပါတယ်။ ကျွန်မယောက္ခမရဲ့ ဆိုဆုံးမမှုက အမြဲတမ်း ကျွန်မရဲ့ နှလုံးသားထဲမှာပါပဲ”

ယန်ရှု “…”

ကျစ် ကျစ် ကျစ် ဧကရီမယ်တော်ကြီးရဲ့ စကားလုံးတွေက သူမရဲ့ဝမ်းကွဲကို တကယ်ကို လှောင်ပြောင် နေသလိုပဲ။ ဒါပေမဲ့ ဒီဆက်ခံသူရဲ့ အမျိုးသမီးဖြစ်သူက တကယ်ကို တွယ်တက်တဲ့ နေရာမှာ တော်တာပဲ။

ယောက္ခမကို တန်ဖိုးထားဖို့ အပျော့ဆွဲ ဆွဲနိုင်တာ မဆန်းတော့ပါဘူးလေ။

သို့သော် ထို့နောက်မှာပဲ…

96 04

သူမက အမြဲတမ်းခံစားနေရသည်မှာ သခင်မကြီးချင်အန်းက ယနေ့ သူမရဲ့ချွေးမဖြစ်သူကို ချီးမြှောက်နေသည်မှာ ဧကရီမယ်တော်ကြီးကို ပြသဖို့ရန်အတွက်ပင် မဟုတ်ပေ။

တခြားတစ်ခုခု ဖြစ်နိုင်လား။

သူမတွေးနေစဉ်မှာပဲ ချောင်မိသားစုက အငယ်ဆုံးကလေးလေးက သူမရဲ့မျက်လုံးကို ပွတ်ရင်း ခြေထောက်ကို ကန်ကာ ရုတ်တရက် ထငိုသည်မှာ ကြည့်ရတာ ကသိကအောက် ဖြစ်လွန်းလှသည်။

ဧကရီမယ်တော်ကြီးက ပြောလာသည်။

“ဒီကလေးက မောနေပြီလား။ လူကြီးတွေနဲ့ မြို့တော်ကို တစ်လျှောက်လုံး လိုက်လာရတာက မလွယ်ကူလောက်ဘူး။ ဒီနေ့လည်း အစောကြီးလာလိုက်ရတော့ ကလေးလေးကို ပြန်သွားပြီး နားခိုင်းလိုက်ပါ”

လူတိုင်းက နာခံလိုက်ကြပြီး သူတို့တွေအားလုံး ထရပ်လိုက်ကြကာ အရိုအသေ ပေးလိုက်ပြီးနောက် နှုတ်ဆက်လာကြပြီး အသီးသီး လမ်းခွဲလိုက်ကြသည်။

~~~

ကန်လုနန်းဆောင်သို့ ပြန်ရောက်ချိန်တွင် နေ့လည်ခင်း ဖြစ်လုနီးပါးပင်။

ယန်ရှုက သူမရဲ့အဝတ်အစားတွေကို ပြောင်းလိုက်ကာ နေ့လည်စာ စားလိုက်ပြီး နေ့လည်ခင်း တစ်ရေးအိပ်ချိန်တောင် မရှိတော့ပေ။ ထို့ကြောင့် သူမက စားပွဲမှာ အလျင်အမြန် ထိုင်လိုက်ပြီး ဇာတ်ညွှန်းတစ်ပုဒ် ရေးတော့သည်။

ဒီနေ့မှာ ဒီလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ညွှန်းမျိုးရတာက အတော်လေး ရှားပါးပေသည်။ အခုသာ မရေးလျှင် ဖြုန်းတီးရာ ကျသွားမှာ မဟုတ်လား။

သူမက နှစ်မြှုပ်ထားပြီး အလေးအနက် ဖြစ်နေသည်မှာ ညစာကိုပင် အလျင်အမြန် စားလိုက်ပေသည်။

ညဘက် ယွီဝိန်းလန်က နန်းတော်ထဲကို ခြေချလိုက်ချိန်မှာတောင် သူမက ရေးနေဆဲပင်။

ယွီဝိန်းလန်က သိချင်စိတ် အပြည့်နှင့်မေး လိုက်သည်။

“ဒီနေ့ဘာ ဇာတ်လမ်း ရေးထားတာလဲ။ မင်းက အရမ်းကို ဖမ်းစားခံနေရသလိုပဲ”

သူ မသိတာ တစ်ခုခုများ ဖြစ်သွားသေးလား။

ယန်ရှုကလည်း သူနှင့်အတူ မျှဝေချင်သည့်အတွက် ထိုစကားတွေကို ကြားတဲ့အခါမှာ သူမက ချက်ချင်းပဲ ပြောလာသည်။

“ဒီနေ့ဒီကိုယ်လုပ်တော် ရေးနေတာက “အပျော်မက်တဲ့ အမျိုးသမီးက သူ့ရဲ့ရွှေလို ခင်ပွန်းဖြစ်သူကို ဆုံးရှုံးသွားတယ်”

အမ်။

ယွီဝိန်းလန်က မျက်ခုံးပင့်လိုက်ကာ ပြောလာသည်။

“အပျော်မက်တဲ့ အမျိုးသမီး” ဆိုတာက ကလက်တက်တက် လုပ်တတ်တဲ့ မိန်းမကို ဆိုလိုတာလား”

ယန်ရှုက ခေါင်းညိတ်ပြလာသည်။

“အမှန်ပဲ”

သို့သော် သူက သူ့ခေါင်းကို ညိတ်ကာ ပြောလိုက်သည်။

“ဒီလိုအကြောင်းအရာခေါင်းစဉ်မျိုးက အရမ်းကို ဝတ္ထုရှည် ဆန်လွန်းတယ် မင်းက ဘာအကြောင်း ပြောမှာလဲ”

ယန်ရှုက လည်ချောင်းရှင်းလိုက်ကာ ပြောလာသည်။

“ဒါက သူရဲကောင်းရဲ့ တန်ပြန်တိုက်ခိုက်မှုအကြောင်း ပုံပြင်ပဲ”

ဒါကို ပြောပြီးနောက်မှာ ယွီဝိန်းလန်မှာ နောက်ထပ်ပြဿနာ တစ်ခု ရှိလာသည်။

“အဓိက ဇာတ်ကောင်အမျိုးသား” ဆိုတဲ့စကားလုံးက ဒီပုံပြင်ထဲက အဓိကအမျိုးသားကို ရည်ညွှန်းတာ ဖြစ်နိုင်မယ်လို့ ခန့်မှန်းရတယ်။

ဒါပေမဲ့ “တန်ပြန်တိုက်ခိုက်တယ်” ဆိုတာက ဘာကြီးလဲ။

ထို့ကြောင့် သူက သူမကို မေးလိုက်သည်။

“တန်ပြန်တိုက်ခိုက်မှုဆိုတာက ဘာအဓိပ္ပာယ်လဲ”

ထို့နောက် ယန်ရှုက ရှင်းပြလာသည်။

“တန်ပြန်တိုက်ခိုက်တယ်ဆိုတာက အစတုန်းက အခက်အခဲနဲ့ မကောင်းကျိုးရှိနေတဲ့ အခြေအနေကနေ တစ်လျှောက်လုံး ကြိုးစားရုန်းကန် လာပြီးနောက် အချုပ်အနှောင်တွေ ဆီကနေ ရုန်းထွက်သွားနိုင်ပြီး နောက်ဆုံးမှာ တခြားသူတွေကို ဖိနှိပ်လိုက်နိုင်ပြီး အနိုင်ရသူ ဖြစ်လာတာပဲ”

ယွီဝိန်းလန်က ခေါင်းညိတ်လိုက်သည်။

“ဒီစာသားက အတော်လေး စာပေဆန်တာပဲ”

စကားပြောပြီးနောက် သူက နောက်ထပ်မေးခွန်းတွေ ထပ်မေးမလာတော့ဘဲ သူမ ဆက်ပြောလာတာကိုပဲ စောင့်နေလိုက်တော့သည်။

96 05

ယန်ရှုက ဆက်ပြောလာသည်။

“ချမ်းသာတဲ့ မိသားစုကနေ ဆင်းသက်လာတဲ့ သခင်လေးတစ်ပါး ရှိတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ခပ်ညံ့ညံ့နဲ့ လွယ်လွယ်ကူကူပဲ ဘဝကို ဖြတ်သန်းနေတယ်။ ဒါပေမဲ့ သူ့မိသားစုက သူ့အပေါ်မှာ မျှော်လင့်ချက် မြင့်မြင့်ထားပြီး သူ မကြိုက်တာတွေကိုပဲ လုပ်ဖို့ တွန်းအား ပေးနေတယ်။ သခင်ငယ်လေးက သူ ကလေးဘဝကတည်းက စိတ်ကျမှုအပြည့် ဖြစ်နေခဲ့ပြီး သူ့မိဘတွေကိုလည်း မနာခံဘဲ မနေရဲဘူး။ သူ့မှာ ရွေးချယ်စရာ မရှိတော့ဘဲ သူ့ရဲ့စိတ်ဓာတ်ကျမှုကို ဖော်ပြဖို့ လက်မှုပစ္စည်းတချို့ လုပ်ရုံပဲ တတ်နိုင်တော့တယ်”

“လက်ထပ်လို့ရတဲ့အရွယ် ရောက်လာတာကို မြင်လိုက်တဲ့အခါ မိဘတွေက ရွေးချယ်မှုတွေ အများကြီး ပြုလုပ်ပြီး သိက္ခာရှိပြီး မွန်မြတ်တဲ့ မိန်းကလေးတစ်ယောက်ကို သူ့အတွက် ရွေးချယ်လိုက်တယ်။ ဒီသားဖြစ်သူက သဘာဝအလျောက် ဖြူစင်တယ်။ ဒါပေမဲ့ ဇနီးဖြစ်သူက တကယ်တမ်းတော့ သူ့မိသားစုရဲ့အာဏာကြောင့် သူ့ကို လက်ထပ်လိုက်ကာ သူ့ကို တကယ် မချစ်ဘူး”

ယွီဝိန်းလန်က အသံခပ်တိုးတိုး ပြုလိုက်ပြီး

“ယောက်ျားတွေက မိန်းမတွေရဲ့အလှကို ငမ်းငမ်းတက် ဖြစ်ပြီး မိန်းမတွေက ယောက်ျားတွေရဲ့ အာဏာကို လိုချင်တာက ပုံမှန်ပါပဲ”

သို့သော် ယန်ရှုက ထပ်ပြောလာသည်။

“လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ သူ့ဇနီးက သားတစ်ယောက်နဲ့သမီးတစ်ယောက်ကို မွေးဖွားပေးလာတယ်။ သားဖြစ်သူက ပထမဆုံး ကလေးအဖေဖြစ်ရတဲ့အတွက် အရမ်းပျော်နေပြီး ကလေးတွေ ပျော်ရွှင်ဖို့အတွက် ကိရိယာအသေးစားလေးတွေ လုပ်ထားတယ်။ သူဟာ ချစ်တတ်တဲ့ ဖခင်တစ်ယောက်။ ဒါပေမဲ့ သူ့ဇနီးဟာ သူက ရည်မှန်းချက် မရှိတဲ့လူလို့ ထင်ပြီး တဖြည်းဖြည်းနဲ့ မိသားစုထဲက အစေခံတွေနဲ့ ရှုပ်ထွေး လာတော့တယ်”

ယွီဝိန်းလန် “…”

ဒါက ရည်ရွယ်ထားတာ များလား။

သူ ထင်တာက ဒီအမျိုးသမီးဟာလည်း မူလမြို့စားလင်းဝူကဲ့သို့ ချမ်းသာပြီး အာဏာရှိတဲ့ လူမျိုးစုံကို သူငယ်ချင်း လုပ်တာမျိုး ဖြစ်မည်ဟု ထင်လိုက်ပေမဲ့ ဘယ်လိုလုပ်ပြီး အစေခံ ဖြစ်နေရတာလဲ။

သူက မနေနိုင်ဘဲ မေးလိုက်သည်။

“ဒီအမျိုးသမီးကို ဆွဲဆောင်တဲ့ အစေခံကရော ဘယ်လိုလဲ။ သူမက သူ့ခင်ပွန်းကို သစ္စာဖောက်ချင်တာလား”

ယန်ရှုက ပြောလာသည်။

“ဒီလူက နှုတ်စလျှာစ ရှိပြီး မိန်းမတွေရဲ့စိတ်ကို ကိုင်တွယ်တဲ့ နေရာမှာလည်း အးမ်းကောင်းလွန်းတယ်။ အရေးအကြီးဆုံး အချက်ကတော့ သူက ကျန်းမာနေပြီး မိန်းမတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတယ်”

ယွီဝိန်းလန်က ပထမတော့ နားမလည်ဘဲ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ကျန်းမာရေး ကောင်းတယ်… ဒါကို အကြောင်းပြချက်အဖြစ် ယူဆလို့ရလား။ သူ့ခင်ပွန်းကရော ကျန်းမာရေး မကောင်းလို့လား”

သို့သော် ယန်ရှုက အသေအချာနဲ့ ခေါင်းညိတ်ပြလာသည်။

“သေချာပေါက်ပဲ ကျန်းမာရေး ကောင်းတာက အရမ်း အရေးကြီးတာပေါ့။ အဲ့ဒီအစေခံမှာက ကျယ်ပြောတဲ့ပုခုံး သွယ်လျတဲ့ခါးနဲ့ ဝမ်းဗိုက်ကြွက်သားရှစ်ခု ရှိတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ထိုသခင်ငယ်လေးက ငယ်ကတည်းက ဝလုံးပြီးတော့ ကာယ လေ့ကျင့်ခန်းတချို့ လုပ်လိုက်ပြီးတာနဲ့ အမောတကော အသက်ရှုနေခဲ့ရတာ…”

ယွီဝိန်းလန် “….”

ဘယ်လို “ကာယအလုပ်” မျိုးလဲ။

ထိုအခါမှသာ အမျိုးသမီးတွေက ထိုအကြောင်းကို အများကြီး ဂရုစိုက်ကြမှန်း သိတော့သည်…။

တစ်ချိန်တည်းမှာပဲ သူသည်လည်း သိချင်လာရသည်။ ရေးနေတဲ့ ဒီအကြောင်းက ဘယ်သူ့အကြောင်းလဲ။

သူ ထိုသို့တွေးနေစဉ်မှာပင် သူမကစိတ်ထဲကနေ ကျစ် ကျစ်ဟု လုပ်လိုက်သံကို ကြားလိုက်ရကာ…

[မြို့စားချန်အန်းရဲ့အိမ်က ရထားလုံးမောင်းသမားက ဘယ်လိုပုံရှိလဲ ဆိုတာတော့ မသိဘူး။ တစ်နေ့လုံး ရထားလုံးမောင်းနေတဲ့သူက အသားဝင်းနေမှာ မဟုတ်လောက်ဘူး မလား။ ဒါပေမဲ့ အသားညိုပြီး ကြွက်သားအပြည့်နဲ့ ချောမောတဲ့ယောက်ျား ဖြစ်လောက်တယ်]

ယွီဝိန်းလန် “…”

မြို့စားချန်အန်းရဲ့စံအိမ်လား။

…ကောင်းပြီလေ သူတော့ အဲဒါက ဘယ်သူလဲဆိုတာကို သိသွားလောက်ပြီ။

—ထိုမနက်မှာ ချန်အန်းမြို့စား ချောင်ပေ့ဝမ်က သူ့သားနဲ့ သားမက်ဖြစ်သူကို ခေါ်ကာ သူ့ဆီ အလည်လာခဲ့သည်။ အဲဒီလုံးဝိုင်းနေတဲ့ ဝဖိုင့်ဖိုင့်လူက သူ့သား ချောင်ရုံကန် မဟုတ်လား။

သူတို့ ဖြစ်နေတာပဲ။

ကျစ် ဒီအိမ်ကလည်း ဖရိုဖရဲ ဖြစ်နေတာပဲလား။

96 06

ဒါပေမဲ့ ချန်အန်းကုန်းရဲ့မိသားစုက မြို့တော်ကို အခုလေးတင်မှ ရောက်တာကို သူမက ဒီလိုလျှို့ဝှက်မျိုးကိုတောင် သိနေပြီလား။

သူက ဆက်ပြောလာသည်။

“အဲနောက်ရော။ သူ့ဇနီးက ဖောက်ပြန်နေတယ်ဆိုတာကို သူ့ခင်ပွန်းကရော သိလား”

သို့သော် သူက ခေါင်းညိတ်ကာ …

“သိတာပေါ့။ ဒါပေမဲ့ သူ့ရဲ့သရဲဘောကြောင်တဲ့ စိတ်ထားကြောင့် သူ သိသွားတဲ့အခါမှာလည်း မဖော်ထုတ်ရဲဘူးလေ။ သူက သူ့ခေါင်းကို ဖုံးလိုက်ကာ မသိသလိုပဲ ဟန်ဆောင်ပြီး ဆက်နေလိုက်တယ်”

ယွီဝိန်းလန် “…”

ဒါကလည်း ပါရမီးတစ်မျိုးပဲ။ ဒီလို ညှင်းပန်းနှိပ်စက်လို့ ရတယ်လား။

“နောက်တော့ရော”

ယန်ရှုက ဆက်ပြောလာသည်။

“ပထမတော့ ဒီသားဖြစ်သူက အဲ့လူနှစ်ယောက်ကို စံအိမ်ထဲမှာ ပျော်ပါးခွင့် ပေးထားလိုက်ပြီး တစ်နေ့မှာတော့ သူ့ဇနီးက သူ့ဆီကို ပြန်လှည့်လာမယ်လို့ ထင်ထားပေမဲ့ ဘယ်သူ သိမှာလဲ။ အဲ့ဒီနှစ်ယောက်က ဒီလိုအနေအထားနဲ့တင် မကျေနပ်နိုင်ဘဲ ထာဝရ အတူ ရှိသွားချင်တာတဲ့လေ။ ဒီတော့ သူတို့တွေက တစ်မိသားစုလုံးကို အဆိပ်ခတ်ပြီး သတ်ဖြတ်ဖို့ စီစဉ်တော့တယ်”

“ဒီအချိန် မတိုင်ခင်ထိပဲ သည်းခံတာက မလုံလောက်ဘူးဆိုတာကို ထိုသခင်ငယ်လေးက သိသွားပြီး ပြန်တိုက်ခိုက်တော့တယ်။ ဖောက်ပြန်တဲ့သူကို သတ်ပြီး သူ့ဇနီးကို ကွာရှင်းလိုက်ပြီး ဒီလူနှစ်ယောက်ရဲ့ အကြောင်းတွေကို ဖုံးကွယ်ပေးထားတဲ့ အစေခံတွေ အားလုံးကို ကိုင်တွယ် ဖြေရှင်းတော့တယ်။ နောက်ဆုံးမှာတော့ သူက သူ့စိတ်ကို ပြောင်းလဲလိုက်ပြီး သူ့ရဲ့အသိစိတ်ကို မှန်ကန်တဲ့လမ်းပေါ်မှာပဲ အာရုံ စိုက်ထားလိုက်တော့တယ်။ တခြားသူတွေဆီကနေ စွမ်းရည်တွေ အများကြီးကို သင်ယူပြီး လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ယူလိုက်တော့ အဆီတွေ အများကြီး ကျသွားပြီး သူ့ရဲ့ချောမောတဲ့ရုပ်သွင်ကို ပြန်ရသွားတော့တယ်”

“သူ့ခင်ပွန်းရဲ့ရုပ်ရည်က ချောမောတဲ့လူအဖြစ် ပြောင်းသွားတာကို မြင်တဲ့အခါမှာ ဇနီးဟောင်းဖြစ်သူက ချက်ချင်းပဲ နောင်တရသွားပြီး သူမနဲ့အတူ ပြန်ပေါင်းရင် ကောင်းမယ်လို့ တွေးနေတော့တယ်။ ဒါပေမဲ့လည်း သခင်လေးဖြစ်သူက သူမကို ဘယ်တော့မှ ပြန်မလိုချင်တော့တဲ့အတွက် သူမကလည်း နေရာအတည်တကျမရှိပဲ လမ်းပေါ်မှာပဲ နေနိုင်တော့တယ်”

ဒါက ပုံပြင်ရဲ့အဆုံးသတ်ပင်။

ယွီဝိန်းလန်က ခေါင်းညိတ်ကာ

“ဇာတ်လမ်းရဲ့အဆုံးသတ်က အမြဲတမ်းပျော်စရာပဲ။ ဒါက မင်းရဲ့ပုံစံ ထင်တယ်”

သို့သော် ထိုစကားတွေ ထွက်မလာခင်မှာပဲ သူဟာ နောက်ထပ် ပြဿနာတစ်ခုကို သိသွားရတော့သည်။

******

All Chapters