အခန်း (၉၇-၉၉)
Vol. 7 Ch. 97-99
97 01
အပိုင်း (၄၆.၂)
သူ မှတ်မိသလောက်ဆို ချင်အန်းမြို့စားမှာက သားနှစ်ယောက် သမီးတစ်ယောက် ရှိတာမလား။
ထို့နောက် သူက ကြိုးစားကာ “ဘယ်သူ့ရဲ့ကလေးလဲ”
ယန်ရှုက ချောင်းဟန့်လိုက်ပြီး “သူ့သားလို့ပဲ သဘောထားရအောင်။ ပြီးတော့ သူ့ကို ဒီလောက် နှစ်တွေ များကြီး ပျိုးထောင်ပြီးတဲ့နောက်မှာ ခံစားချက်တွေ ရှိနေတုန်းပဲလေ။ အဲ့တော့ ကလေးတွေကို မသက်ရောက်တာဘဲ ကောင်းတယ်”
ကျစ် ကျစ် ဒါက စစ်အမှန်ဖြစ်ဖို့ လိုနေတုန်းပဲ။
နောက်ဆုံးမှာတော့ ပုံပြင်စာအုပ်ဟာ အနာဂတ်မှာ ထုတ်ဝေမှာဖြစ်ပြီး တစ်နေ့မှာ အမှန်တရားက အလင်းရောင်အောက်ကို ရောက်လာတဲ့ အချိန်ကျရင် ချောင်မိသားစုက အပြစ်မရှိတဲ့ ကလေးတွေကို အပြစ်တင်တာက မကောင်းတဲ့အရာပဲ။
သို့သော် ယွီဝိန်းလန်က တိတ်တဆိတ် နားထောင်လိုက်ပြီး ကြည့်ရတာ အဲဒီကလေးက တကယ်ကို ချောင်ရုံကန်နဲ့ သက်ဆိုင်တဲ့ပုံပဲ။
ကျစ် ဒါက ရှုပ်ထွေးလွန်းတယ်။
ထိုအကြောင်းကို တစ်ခဏ တွေးပြီးနောက် သူက အနည်းငယ် ကြောက်ရွံ့သွားရသည်။
—ကံကောင်းလို့ ငါက ဝပြီး အဆီများ မနေတာ။ အနာဂတ်ကျရင်လည်း ငါ့ရဲ့ခန္ဓာကိုယ်ကို အမြဲထိန်းသိမ်းနေဖို့ အမှတ်ရထားရမယ် အဟွတ်..
ထိုအကြောင်းကို တစ်ခဏ တွေးလိုက်ပြီးတဲ့နောက်မှာ သူ့မျက်စိရှေ့က ယန်ရှုက သန်းလိုက်ပြီး ကြယ်တွေ ပြည့်နေတဲ့ မျက်လုံးထဲမှာ မြူခိုးတွေနှင့် သိုင်းရစ် သွားတော့သည်။
ယွီဝိန်းလန်က ပြောလိုက်သည်။
“မနက်ဖြန်ကျမှ ရေးရအောင်”
သူက ချောင်းဟန့်ပြီးရင်း ဟန့်လိုက်ကာ နက်မှောင်နေတဲ့ မျက်လုံးတွေနဲ့ ပြောသည်။
“နောက်ကျနေပြီဆိုတော့ အိပ်ရမဲ့အချိန်ပဲ”
ယန်ရှုက တွန့်ဆုတ် သွားတော့သည်။
…အိပ်မယ်ဆိုလည်းအိပ်လေ ဘာလို့ အရမ်းကို စိတ်အား ထက်ထက်သန်သန်နဲ့ ပြောနေရတာလဲ။
ကျစ် ဖြစ်နိုင်တာက သူက... ထပ်တွေးနေတာ ဟုတ်တယ်မလား။
တိတ်တဆိတ် နားထောင်နေသော ယွီဝိန်းလန်က ချောင်းဟန့်ကာ အနိမ့်သံနဲ့ ပြောလာသည်။
“အရင်ဆုံး ရေသွားချိုးလိုက်ဦးမယ်”
ထိုသို့ပြောပြီးနောက် နီရဲတော့မဲ့ နားရွက်တွေကို ကိုင်ကာ ရေချိုးခန်းထဲကို ဝင်ဖို့ လှည့်ထွက်သွားတော့သည်။
ယန်ရှု “….”
သူဟာ နူးညံ့တဲ့ လက်တစ်စုံကို တိတ်တဆိတ် စိုက်ကြည့်ရင်းနဲ့ အကူအညီမဲ့စွာ သက်ပြင်းချရုံသာ တတ်နိုင်ပေသည်။
ကျစ် ငါသာ စောစောကသိရင် သူ့ကို ဒီနည်းလမ်းအကြောင်း ပေးမသိပါဘူး။
နောက်ထပ် ဆယ်ရက်ကျော်တောင် ကျန်သေးတယ် အရမ်းရှည်ကြာတာပဲ။
~~~
နောက်ဆုံးမှာ မြို့စားချင်အန်းရဲ့အိမ်တော်ဟာ ဧကရီမယ်တော်ကြီးရဲ့မွေးနေ့ပွဲကို လာရောက်ဆင်နွှဲဖို့ မြို့တော်ကို အဝေးကနေ လာရောက်ရတဲ့ တော်ဝင်ဆွေမျိုးတွေ ဖြစ်ပြီး သူတို့ဟာ ပထမဆုံး လာရောက်တဲ့ သူတွေပင်။ ထို့ကြောင့် ဒုတိယနေ့မှာတော့ နန်းတော်ဟာ ဒီမိသားစုကြီးအတွက် ညစာစားပွဲတစ်ခု ကျင်းပပေးလေသည်။
ဒီမိသားစုကို အပြင်ဘက်က ဆွေမျိုးတွေလို့ သတ်မှတ်လို့ရပြီး ယောက်ျားတွေနဲ့ မိန်းမတွေပါ ရှိနေတဲ့အတွက် သူတို့တွေက ခန်းမအတူတူထဲမှာ ထိုင်လို့မရပေ။
သို့သော် ညစာစားပွဲ မတိုင်ခင်မှာ သူတို့တွေက နန်းတော်ထဲကို ဝင်လာကြပြီး ဧကရီမယ်တော်ကြီးနဲ့ တော်ဝင်ကိုယ်လုပ်တော်ကို အရင်ဆုံး အရိုအသေ ပေးလာရသည်။
မနေ့က လာရောက်ပြီး အရိုအသေပေးတဲ့ ချင်အန်းစုံတွဲအိုကြီးကလွဲရင် ဒီနေ့မှာ မျက်နှာသစ်တချို့ ဖြစ်တဲ့ သူတို့ရဲ့သားမက် ချွေးမနဲ့ မြေးမြစ်တွေကိုပါ တွေ့လိုက်ကြရသည်။
97 02
ထိုသူက အသက်ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်လောက်ရှိမဲ့ ငယ်ရွယ်တဲ့ မိန်းမပျိုတစ်ယောက်ပင်။ ပြီးတော့ သူမရဲ့အသွင်အပြင်က ချင်အန်းကုန်း ဆက်ခံသူရဲ့ဇနီး ယွဲ့ရှီနဲ့ အနည်းငယ် ဆင်တူပေသည်။
လူတိုင်း အရိုအသေ ပေးပြီးနောက်မှာ သခင်မကြီးချင်အန်းက ထိုမိန်းကလေးကို ဦးဆောင် ခေါ်ထုတ်သွားကာ ဧကရာဇ်နဲ့ ဧကရီမယ်တော်ကြီးကို ပြောလာသည်။
“ဒါက ရုံကန်ချွေးမဖြစ်သူရဲ့ ညီမပါ။ သူမအစ်မအတွက် ကလေးသုံးယောက်ကို မြို့တော်ကို ခေါ်လာရတာက တကယ်ကို လွယ်ကူမှာ မဟုတ်ဘူး။ အဲဒါကြောင့် သူမက လက်ဦးမှုယူပြီး သူမနောက်ကို လိုက်လာပေးပြီး ကူညီပေးတာပါ။ မနေ့က နန်းတော်ထဲကို ပထမဆုံးဝင်တော့ ဇနီးဖြစ်သူက မရင်းနှီးမှာကို စိုးတဲ့အတွက် သူမကို ဒီကို ခေါ်မလာရဲခဲ့ဘူး။ အဲဒါကြောင့် အရှင်မင်းကြီး ဧကရီမယ်တော်ကြီးနဲ့ တခြားဂုဏ်သရေရှိ အမျိုးသမီးတွေနဲ့ တွေ့ဆုံဖို့ သူမကို ဒီနေ့မှာ ဒီကို ခေါ်လာပေးရဲတာပါ”
သူက ပြောလိုက်ပြီး ထိုမိန်းကလေးငယ်လေးကို အမိန့်ပေးလိုက်သည်။
“တော်ဝင်မျိုးနွယ်ကို မြန်မြန် အရိုအသေပေးလိုက်လေ”
ထိုယွဲ့မိန်းကလေးက အရိုအသေပေးဖို့ ချက်ချင်းပဲ ရှေ့တိုးလာသည်။
“အရှင်မင်းကြီး ဧကရီမယ်တော်ကြီး ဝန်ကြီးတွေနဲ့ ဂုဏ်သရေရှိ အမျိုးသမီးတွေကို နှုတ်ခွန်းဆက်ပါတယ်”
ထိုအသံက နူးညံ့နေပြီး ချိုင့်ခွက်လေးထဲက မြေလူးငှက်လေးလိုပင်။
ထို့ပြင် သူ့ရဲ့သွင်ပြင်ကို ကြည့်ရုံနှင့် သူမက အတော်လေး လှပပေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ချိန်မှာ လူတိုင်းရဲ့နှလုံးသားထဲ၌ ပျော်ရွှင်သွားကြသည်။
ချွေးမဖြစ်သူရဲ့ သွေးရင်းမိသားစုလား။ ဆက်ဆံရေးက သိပ်မဝေးဘူးပဲ။
ပြီးတော့ မြို့စားချင်အန်းရဲ့စံအိမ်တော်က ကလေးထိန်းတစ်ယောက်ကို ငှါးဖို့ မတတ်နိုင်လို့ နို့နံ့တောင် မစင်သေးတဲ့ ဒီလိုမိန်းကလေးငယ်လေးကို ကလေးကို ပြုစုဖို့ ခေါ်ထားတာလား။
ယန်ရှုက သူမရဲ့လျှာကို တောက်လိုက်သည်။
မနေ့က သခင်မကြီးချင်အန်းက သူမရဲ့ချွေးမကို ဆက်တိုက် ချီးမြှောက်နေတာ မဆန်းတော့ပါဘူး ဆိုတော့ နန်းတော်ထဲကို လူတွေ သွင်းချင်နေတာပဲ။
—အစ်မကြီးကို ချီးမွမ်းတယ် ဘာလို့လဲ ဆိုတော့ သူတို့တွေက တစ်မိသားစုတည်းက ဆိုတော့ ညီမငယ်က အာရုံစိုက်မှုတွေကို ဆွဲဆောင်နေမှာ မဟုတ်ဘူးလား။
သို့သော် ထိုအချိန်မှာပဲ သူမက အံ့အားသင့်ဖွယ် ပန်းလေးတစ်ပွင့်ဖြစ်တဲ့ ဧကရီမယ်တော်ကြီးကို ဆန့်ကျင်မိနေဆဲပင်။
ဖြစ်နိုင်သည်မှာ ဧကရီမယ်တော်ကြီးက ဒီလိုသူမရဲ့ ကောင်းကျိုးအတွက် ဒီချွေးမကို ကြိုက်မှာ မဟုတ်ပေ။
သေချာပေါက်ပင် ဧကရီမယ်တော်ကြီးက သူမခေါင်းကို ညိတ်လိုက်ကာ အပြုံးတစ်ပွင့်နဲ့ ပြောလာသည်။
“ဒီလိုနို့နံ့တောင် မစင်သေးတဲ့ ကလေးကို တခြားသူရဲ့ကလေးတွေကို ကူညီခိုင်းတာက မင်းအတွက် တကယ်ခက်ခဲမှာပဲ”
ယွဲ့မိသားစုရဲ့သမီးက အနည်းငယ် ရပ်သွားပြီး ပြောရုံသာ တတ်နိုင်သည်။
“အစ်မရဲ့စိုးရိမ်မှုတွေကို ဝေမျှတာက ဒီမိန်းကလေး ပြုသင့်တာပါ”
သို့သော် သူမစိတ်ထဲမှာတော့
[ဟမ့် ငါသာ မလာရင် အရှင်မင်းကြီးကို ဘယ်လိုလုပ် မြင်တွေ့ရပါ့မလဲ။ အိုး အရှင်မင်းကြီးက အပြင်ဘက်က ကောလဟလတွေထက် ပိုပြီးတော့တောင် ချောမောသေးတယ်]
[ဒါပေမဲ့ သူ့နောက်က ကိုယ်လုပ်တော်သုံးယောက်က… အဆင်ပြေပါတယ်။ ငါ ကြားတာတော့ ကိုယ်လုပ်တော်ကျိုးကို သိပ်ပြီး မကြိုဆိုတော့ဘူးတဲ့။ ဝမ်ကျောက်ယီရဲ့ ညဘက်တာဝန် ကျတာက နန်းတော်ထဲမှာ ပြက်လုံးတစ်ခု ဖြစ်နေပြီး ကျန်တစ်ယောက်ကတော့ ကိုယ်လုပ်တော်ယိပဲ]
ဒါကို တွေးလိုက်မိပြီး သူမက ယန်ရှုကို သူမရဲ့မျက်လုံးထောင့်ကနေ တိတ်တဆိတ် ကြည့်လိုက်ပြီး စိတ်ထဲကနေ တွေးနေပေသည်။
[အဲ့လောက်လည်း မဟုတ်ပါဘူး။ နောက်ခံမိသားစုကလည်း ယွဲ့မိသားစုလောက် မကောင်းဘူး ဆိုတော့ အနာဂတ်မှာ သူတို့တွေက သူမရဲ့ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး]
တိတ်တဆိတ် နားထောင်နေသော ယွီဝိန်းလန် “…”
ဘာကိုအနာဂတ်လဲ။
ဒီယုံကြည်ချက်က ဘယ်ကနေ လာတာလဲ။
97 03
ထို့နောက် ချက်ချင်းပဲ သခင်မကြီးချင်အန်းက ပြောလာသည်။
“ကျိုးရော့လန်နားမှာ ဘယ်သူမှ မရှိဘူးလေ။ အဲဒီတော့ သူမသာ ထက်မြက်တယ်ဆိုရင် ဒီမိန်းကလေးကို နန်းတော်ထဲ ခေါ်သွင်းပြီး သူမကို ကောင်းကောင်းလေး လေ့ကျင့်ပေးလို့ ရပါတယ်။ အနည်းဆုံးတော့ သူမကလည်း ကျိုးမိသားစုနဲ့ ဆက်စပ်နေတော့ ကိုယ်လုပ်တော်ယိ ထက်တော့ ပိုကောင်းမှာပါ”
ယွီဝိန်းလန်က ဟား ဟား ဟုသာ အော်ရယ်လိုက်ချင်သည်။
ဧကရီမယ်တော်ကြီးဟာ သူမက စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ်လို့ ပြောနေသည်။
ဧကရီမယ်တော်ကြီးက ဘာထပ်ပြောသလဲဆိုတာကို ရှာဖွေဖို့ ကြိုးစားလိုက်သည်။ သို့သော် ဧကရီမယ်တော်ကြီးက သူမဘာသာ နှာမှုတ်လာသည်။
[ကျိုးရှုလန်က ဘယ်လို အိမ်မက်မျိုး မက်နေတာလဲ။ ငါ့နှာခေါင်းအောက်မှာတင် လူတွေ ပစ်ထည့်ချင်နေတယ်ပေါ့လေ။ ငါ့ကို ရူးနေတယ်လို့များ ထင်နေတာလား။ ဟား ဟား]
ယွီဝိန်းလန်က အနည်းငယ် စိတ်က်သာရာ ရသွားသည်။ ကျေးဇူးတင်စရာကောင်းစွာ ဧကရီမယ်တော်ကြီးကလည်း အဲဒီလို မတွေးလို့။
~~~
အခမ်းအနားပြီးနောက် အမျိုးသား အမျိုးသမီးတွေက သက်ဆိုင်ရာ ညစာစားရမည့်စားပွဲဆီကို သွားကြတော့သည်။
အနောက်မြောက်အရပ်ရဲ့မြို့စားအနေနဲ့ ချင်ရဲ့မြို့စားအန်းက သာမန်ထက်ပိုတဲ့ အဆင့်အတန်း ရှိပေသည်။ ဧကရာဇ် ကိုယ်တိုင်ကိုယ်ကျ ဧည့်ခံပေးသည့်အပြင် ညီလာခံက ဝန်ကြီးများစွာကလည်း သူ့ကို အဖော်ပြုပေးကြသည်။
သူတို့ရဲ့ဆွေမျိုးတွေကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဒီညမှာ ဧကရာဇ်က ချင်အန်းကုန်းရဲ့မိသားစုအပေါ် အရမ်းကို နွေးထွေးနေတယ်ဆိုတာကို မကြာခင်မှာပဲ ဝန်ကြီးတွေက ရှာတွေ့သွားတော့သည်။
သူသည်လည်း မတတ်နိုင်ဘဲ အနောက်မြောက်အရပ်မှာ စခန်းချနေရတဲ့အတွက် ဝမ်းနည်းကြောင်းကို ဖော်ပြရန်နှင့် ချင်အန်းကုန်းရဲ့သား ချောင်ရုံကန်ကိုလည်း ဂရုစိုက်ပေးတဲ့အတွက် ချင်အန်းကုန်းကို သောက်ဖို့ အရင်ဦးဆုံး ဖိတ်လိုက်သည်။
ဥပမာအားဖြင့် ထိုအချိန်မှာပဲ ဝိုင်နှစ်လှည့် သောက်ပြီးချိန်မှာ ဘုရင်မင်းမြတ်က လက်ဦးမှုယူပြီး တစ်ဖက်လူကိုမေးလာသည်။
“ဝမ်းကွဲရုံကန်က ဒီနှစ်တွေအတွင်း ဘယ်လိုနေပါသလဲ”
ထိုစကားတွေ ထွက်လာသည်နှင့် လူတိုင်းက ရပ်တန့်သွားကြတော့သည်။
—အရှင်မင်းကြီးက တစ်ဖက်လူကို တကယ်ကြီး ဝမ်းကွဲလို့ ခေါ်လိုက်တယ်ပေါ့လေ။
သေချာပေါက်ပင် ရုံကန်ကိုယ်တိုင်လည်း ပိုပြီးမျက်နှာချို သွေးသည့်အနေနှင့် အလျင်အမြန် ထရပ်လိုက်ကာ ပြောလာသည်။
“ကျွန်တော်မျိုးမှာ ပါရမီ မရှိပါဘူး။ ဒီနှစ်တွေအတွင်းမှာ ဘာကိုမှ မဖြစ်မြောက်စေခဲ့ဘူး။ အရှင်မင်းကြီးကို စိုးရိမ်စေမိတဲ့အတွက် တကယ်ကိုပဲ ရှက်ရွံ့မိပါတယ်”
ထိုစကားတွေ ထွက်သွားသည်နှင့် ချင်အန်းကုန်းက အလျင်အမြန် ပြောလာသည်။
“သူ့မှာ ဘယ်တုန်းကမှ ရည်မှန်းချက် ကြီးကြီး မရှိခဲ့ဘူး။ အရှင်မင်းကြီးအတွက် ပျက်လုံးတစ်ခု ဖြစ်စေမိပါပြီ”
ဒါဟာ အမှန်တရားပင်။ ဒါကို ကြားလိုက်ချိန်မှာ များစွာသော ဝန်ကြီးတွေက သူတို့ရဲ့နှလုံးသားထဲမှာ ခေါင်းခါလိုက်ကြသည်။
ထိုအချိန်တုန်းက ပထမမြို့စားချင်အန်းက နာမည်ကျော်ကြားတဲ့ စစ်သူကြီးတစ်ဦးပင်။ သူ့ကို မြို့စားဟု ခေါ်ကြသည်မှာ သူ့ရဲ့မရေမတွက်နိုင်တဲ့ စစ်တပ်ပိုင်းဆိုင်ရာ စွန့်စားမှုတွေကြောင့် ဖြစ်သည်။ နောက်ပိုင်းမှာ သူ့သားဖြစ်သူက ကံကောင်းလွန်းပြီး ဧကရီမယ်တော်ကြီးရဲ့ဝမ်းကွဲနဲ့ လက်ထပ်နိုင်ခဲ့ပြီး မြို့စားနေရာကို စျေးပေါပေါနဲ့ တိုးမြှင့်ခံလိုက်ရသည်။ ချောင်ရုံကန်ရဲ့မျိုးဆက်မှာ ဘာမှထပ်မရှိတော့ပေ။
သူက လောကကြီးရဲ့ ကောင်းကျိုးဆိုးကျိုးတို့ကို ဘာကိုမှ စိတ်မဝင်စားဘဲ လက်သမား လုပ်ရတာကိုပဲ နှစ်သက်တယ်။ သူက မျိုးရိုးမြင့် လူတန်းစားတွေ ကြားထဲက တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ ပန်းပွင့်လေးပဲ။
သို့သော် ထိုအချိန်မှာပဲ ဘုရင်မင်းမြတ်က ပြောလာသည်။
“ကိုယ့်ကိုကိုယ် လျှော့မတွက်ပါနဲ့။ ကိုယ်တော် ကြားတာတော့ မောင်မင်းရဲ့ လက်မှုပညာက အတော်လေး ကောင်းတယ်ဆိုပဲ။ ဒါကလည်း အားစိုက်ထုတ်ရတဲ့ ဇွဲရှိဖို့လိုတဲ့ အလုပ်ပဲလေ။ လုံလောက်တဲ့ စိတ်ရှည်မှု မရှိဘူးဆိုရင် အလုပ်ဖြစ်မှာ မဟုတ်ဘူး”
—ကမ္ဘာကြီးထဲက လူတိုင်းက သူ့အပေါ်မှာ အထင်အမြင် သေးကြသည်။ သူ ငယ်ငယ်တုန်းကဆိုလျှင် သူ့မိခင်က ဆူပူပြီး သူ့ဖခင်က ညီငယ်လေးကို မျက်နှာသာ ပေးလိမ့်မည်ပင်။ သူ့ရဲ့ဇနီးဖြစ်သူကလည်း သူ့အပေါ် ပွင့်ပွင့်လင်းလင်းပဲ စိတ်မကောင်း ဖြစ်အောင် လုပ်သည်။
97 04
သို့သော် အရှင်မင်းကြီးက သူ့ကို ကောင်းကောင်း နားလည်ပေးသည်။
အရှင်မင်းကြီး ပြောတာက အရမ်းကို အကျိုးအကြောင်း သင့်သည်။ လက်မှုပညာ ဆိုတာက စေ့စေ့စပ်စပ်လုပ်ရတဲ့ အလုပ်ဖြစ်ပြီး ဂရုမစိုက်တတ်တဲ့သူတွေ လုပ်နိုင်တဲ့အရာ မဟုတ်ပေ။
အရှင်မင်းကြီးက သူ့ကို နားလည်သည်ဆိုလျှင် အရာအားလုံးက ထိုက်တန်သည်။
သူက ဝိုင်ခွက်ကို စိတ်လှုပ်ရှားစွာနဲ့ မြှောက်လိုက်ပြီး တစ်ခွက်ပြီးတစ်ခွက် သောက်တော့သည် ဒါဟာ သူ့ဘဝမှာ ပျော်ရွှင်ရတဲ့ပထမဆုံးအကြိမ်ပင်။
~~~
သို့သော် ဧကရာဇ်ရဲ့ နန်းတွင်းသူနန်းတွင်းသားတွေက ရှန်းယွမ်နန်းတော်မှာ သောက်နေကြစဉ် ယန်ရှုတို့ရဲ့အမျိုးသမီး ဧည့်သည်တော်တွေဘက်မှာက အတော်လေး နူးညံ့သိမ်မွေ့ပေသည်။
—သူမက ဧကရီမယ်တော်ကြီးကို သူမဟာ မွန်မြတ်ပြီး လုပ်နိုင်စွမ်းရှိတဲ့လူလို့ ထင်စေချင်သည့်အတွက် ဧကရီမယ်တော်ကြီးက အရသာရှိသည်ဟု ပြောလာသမျှကို ယွဲ့မိသားစုမှ မိန်းကလေးက လက်ဦးမှုယူကာ ပါဝင်ပစ္စည်းတွေကို ရှင်းပြလာမည် ဖြစ်သည်။ ထို့အပြင် ဓားနဲ့လှီးတာကနေ အပူချိန်အထိ ရှင်းရှင်းလင်းလင်းနဲ့ နည်းလမ်းတကျ ရှင်းပြလာလိမ့်မည်။
သူမက ဟင်းပွဲငါးပွဲ ခြောက်ပွဲကို တစ်ဆက်တည်း ပြောပြီးနောက်မှာ ဧကရီမယ်တော်ကြီးက မနေနိုင်ဘဲ ပြောလာသည်။
“ဒီလောက် ငယ်ငယ်လေးနဲ့ ချက်ပြုတ်တဲ့နေရာမှာ တကယ်ကိုထူးချွန်တာပဲ တကယ်ကို စစ်မှန်တာပဲ”
ထိုစကားတွေ ထွက်လာသည်နှင့် ချင်အန်းမြို့စားဆက်ခံသူရဲ့ဇနီးဖြစ်သူ ယွဲ့ရှီက သူမရဲ့ညီမကို ချက်ချင်းပဲ ကျေးဇူးတင်လိုက်ပြီး လက်ဦးမှုယူပြီး ရှင်းပြလာသည်။
“ကျွန်တော်မျိုးမရဲ့ညီမက ငယ်စဉ်ကတည်းက အရမ်းကို စဉ်းစားချင့်ချိန်တတ်တာ။ အမေ့ကိုလည်း အိမ်အလုပ်တွေမှာ မကြာခဏကူညီပေးပြီး စောစောကတည်းက ချက်ပြုတ်တာကို သင်ယူခဲ့တယ်။ ပြီးတော့ အိမ်က မိဘတွေကို ချက်ပြုတ် ကျွေးတယ်လေ”
ဧကရီမယ်တော်ကြီးက ချီးမွမ်းလိုစွာနဲ့ ထပ်မံခေါင်းညိတ်လိုက်ပြီး
“သားသမီးဝတ္တရားနဲ့ ကျေပွန်တာပဲ”
ယွဲ့မိသားစုမိန်းကလေးက သူမကို ချက်ချင်းပဲ ကျေးဇူးတင်လာသည်။
“ဧကရီမယ်တော်ကြီးကို ချီးမွမ်းစကားအတွက် ကျေးဇူးတင်လိုက်လေ”
ထိုမြင်ကွင်းကို တွေ့လိုက်ပြီး ချင်အန်းသခင်မကြီးက ကျေနပ်တဲ့ အပြုံးတစ်ခုကို ပြသလာသည်။ သို့သော် ကိုယ်လုပ်တော်ကျိုးရဲ့ မျက်လုံးတွေကတော့ မီးတောက်တွေပင် ထွက်လာတော့မလိုပင်။
ဧကရီမယ်တော်ကြီးကြောင့်သာ သူမက အလျင်စလိုနဲ့ မတိုက်ခိုက်တာ ဖြစ်သည်။
ယန်ရှုတစ်ယောက်တည်းကသာ သူမ ကိစ္စ မပါသလိုနဲ့ အစားအသောက်ပေါ်မှာပဲ အာရုံစိုက်နေတာ ဖြစ်သည်။ ပြီးနောက် မချီးကျူးဘဲ မနေနိုင်ပေ။
ကောင်းပြီ။ ဒီနေ့ညရဲ့အစားအသောက်တွေက တကယ်ကို စားလို့ကောင်းတယ်။
ဒီကြည်လင်တဲ့ ကြက်သားက အရသာရှိပြီး ကြွပ်ရွနေကာ ချယ်ရီရောင်အသားက အရသာနဲ့ ကြွယ်ဝပြီး ပြည့်ဝနေတယ်။ နှင်းမှုန်ကြက်သားက အိစက်နေတဲ့ခံစားချက်ကို နည်းနည်းလေးမှ မလျော့စေရဘဲ နူးညံ့နေကာ ယခင်ကထက်ပင် ပိုပြီးအရသာရှိပုံ ပေါ်သည်။
သေချာပေါက်ပင် အရသာအရှိဆုံးက မီးဖိုပေါ်မှာ ချိတ်ထားတဲ့ ဘဲသားပင်။
အရှုံး မရှိဘူး။ ဒါက မြို့တော်က နံပါတ်တစ်ဟင်းပွဲပင်။ ပြီးတော့ အချိန်တိုင်းမှာ အရသာရှိပေသည်။
မီးမြိုက်ထားတဲ့ ရွှေရောင်ဘဲသား တစ်ပိုင်းကို ယူလိုက်ပြီး ခေါက်ဆွဲဆော့စ်အချို ဆမ်းလိုက်ကာ ပါးလွှာတဲ့ပန်ကိတ်ထဲကို လတ်ဆတ်တဲ့ ကြက်သွန်နီနဲ့ သခွါးသီးချောင်းနဲ့အတူ ထည့်လိပ်လိုက်ပြီး တစ်ကိုက်တည်း စားရသည်။
သို့သော် သူမက အရသာရှိတဲ့ အစားအသောက်တွေကို အရသာ တွေ့နေတုန်းမှာပဲ ငယ်ရွယ်တဲ့ အစေခံလေးတစ်ယောက်က နန်းဆောင်ထဲကို အပြေးအလွှား ဝင်လာပြီး သခင်မကြီးချင်အန်းနဲ့သူ့ချွေးမဖြစ်သူတို့ကို ပြောလာသည်။
“သခင်ကြီးက ရှန်းယွမ်နန်းဆောင်က ညစာစားပွဲမှာ သောက်တာ များသွားပါပြီ။ သခင်ကြီးကို ရွှေ့ဖို့ တစ်ချက် ကြည့်ကြည့်ပေးပါ”
ထိုစကား ထွက်လာသည်နှင့် လူတိုင်းက တွန့်ဆုတ်သွားကြသည်။
ဘာ ချင်အန်းဆက်ခံသူက အသောက်လွန်သွားတာလား။
97 05
ပြီးတော့ အရှင်မင်းကြီးလည်း ရှိနေတဲ့ ညစာစားပွဲမှာလေ။
သခင်မကြီးချင်အန်းကလည်း တွန့်ဆုတ်သွားပြီးနောက် အလျင်အမြန်ပဲ သူမဘာသာ နည်းလမ်းတစ်ခု ရှာလိုက်ပြီး အပြုံးလေးနဲ့ ပြောလာသည်။
“ဒီကလေးက ပုံမှန်ဆိုသောက်ရတာ မကြိုက်ပါဘူး။ ဒီည ဘာလို့ အများကြီး သောက်လိုက်တာပါလိမ့်”
သို့သော် ထိုမိန်းမစိုးငယ်လေးက ရှက်ရွံ့မှုနဲ့ သူ့ခေါင်းကို ယမ်းကာ
“သခင်မကြီး မသိလို့ပါ။ သားဖြစ်သူက တော်ဝင်ညီလာခံရှေ့မှာ ငိုယိုနေပြီး ဘယ်သူမှ သူ့ကို မတားနိုင်ပါဘူး။ သူက သူ့ဇနီးကို ကွာရှင်းချင်တယ်လို့ပဲ ဆက်တိုက် အော်နေပါတယ်”
ဘာ။
ကွာရှင်းမယ်။
လူတိုင်းရဲ့မျက်လုံးတွေက ချက်ချင်းပဲ ပြူးကျယ်သွားတာ့သည်။
-ဘာတွေ ဖြစ်နေတာလဲ။
******
98 01
အပိုင်း (၄၇.၁)
ဘာကြီး ကွာရှင်းတယ် ဟုတ်လား။
မိန်းမစိုးငယ်လေးက ဒါကို ပြောလိုက်ချိန်မှာ လူတိုင်းက တွန့်ဆုတ် သွားကြတော့သည်။
ယန်ရှုကလည်း သူမ အခုလေးတင် လိပ်ထားတဲ့ ဘဲသားကင်ကို မေ့သွားပြီး အလျင်အမြန်ပဲ ကြည့်လိုက်တော့သည်။
ဘာတွေ ဖြစ်နေတာလဲ။
အချိန်အကြာကြီး ဦးထုပ်စိမ်း ဆောင်းခံနေရတာကို သိနေတဲ့ ချင်အန်းမြို့စား ဆက်ခံသူဟာ တကယ်ကြီး သူ့ဇနီးကို ကွာရှင်းချင်တယ်တဲ့လား။
ပြီးတော့ အခု နန်းတော်ကြီးထဲမှာလေ။
…သူမ အရေးကြီးတာ တစ်ခုခုကိုများ လွတ်သွားတာလား။
သေချာပေါက်ပဲ။ ယခုအချိန်မှာ နန်းတော်ထဲ၌ အံ့အားအသင့်ဆုံး သူတွေကတော့ သခင်မကြီးချင်အန်းနဲ့ သူ့ချွေးမဖြစ်သူ ယွဲ့ရှီတို့ပင်။
ဒါကို ကြားလိုက်ရတဲ့အခါမှာ သခင်မကြီးချင်အန်းက ကြက်သေ သေသွားပြီးနောက် ပြောလာသည်။
“ဘာလို့ ဒီကလေးက အများကြီး သောက်ရတာလဲ။ ဘာအဓိပ္ပာယ် မရှိတာတွေကိုများ ပြောနေတာပါလိမ့်”
ထို့နောက် ယွဲ့ရှီကို ထပ်ကြည့်လာပြီး သူမမျက်နှာမှာ ရှက်ရွံ့မှုအပြည့် ဖြစ်နေပေသည်။
ရှက်ရွံ့နေရင်းနဲ့ပဲ သူမက မကျေနပ်ချက်အပြည့်နဲ့ ဖြစ်နေတဲ့ ယောက္မဖြစ်သူကို ကြည့်လိုက်ပြီး ပြောလာသည်။
“မယ်တော့်သားက ဘယ်လိုလုပ်ပြီး အများကြီး သောက်လိုက်ရတာပါလိမ့်”
ဧကရီမယ်တော်ကြီးကလည်း သိချင်နေကာ မေးလာသည်။
“အားကန်းက ကလေးဘဝတည်းက ရိုးသားဖြောင့်မတ်တာ ဘာလို့ ရုတ်တရက်ကြီး ဒီလိုအရာမျိုးကို ပြောရတာလဲ”
သတင်းလာပို့ပေးတဲ့ မိန်းမစိုးငယ်လေးရဲ့မျက်နှာမှာ ရှုပ်ထွေးမှု တစ်ခုရှိ နေပြီး
“ကျွန်တော်မျိုးလည်း ဒီအကြောင်းကို မသိပါဘူး။ အဲဒါကြောင့် ခွင့်လွှတ်ပေးတော်မူပါ”
ထိုမြင်ကွင်းကို မြင်လိုက်ရပြီးနောက်မှာ ဧကရီမယ်တော်ကြီးက ရွေးချယ်စရာမရှိဘဲ ယောက္ခမဖြစ်သူနဲ့ ချွေးမတို့ကို ကြည့်လိုက်ကာ ပြောလာသည်။
“မေ့လိုက်တော့ အရှင်မင်းကြီးက ပြောလာပြီဆိုမှတော့ မင်းတို့တွေ တစ်ချက်သွား ကြည့်သင့်တယ်”
ယောက္ခမဖြစ်သူနဲ့ ချွေးမဖြစ်သူတို့ဟာ ရွေးချယ်စရာ မရှိဘဲ ထလိုက်ရတော့သည်။
သို့သော် ဧကရီမယ်တော်ကြီးက ညစာစားပွဲမှာ ခစားနေတဲ့ လန်ဟဲကို အမိန့်ပေးလိုက်သည်။
“နင်လည်း တစ်ချက်သွားပြီး ကြည့်ကြည့်ချေ”
လန်ဟဲက နာခံလိုက်ပြီး ထိုသူနှစ်ဦးနှင့်အတူ လိုက်သွားတော့သည်။
ရလဒ်အနေနဲ့ ဧကရီမယ်တော်ကြီး၊ ယန်ရှု၊ ကိုယ်လုပ်တော်ကျိုး၊ ဝမ်ကျောက်ယီ၊ ချင်အန်းကုန်းရဲ့ သမီးချောင်ရှီနဲ့ သူမအစ်မနောက်ကို လိုက်လာတဲ့ ယွဲ့မိသားစုက သမီးတို့ပဲ ညစာစားပွဲမှာ ကျန်နေကြတော့သည်။
ယန်ရှုကလည်း ဒီမိန်းကလေးကို အရမ်းလေးစားသွားရသည်။ အဆုံးမှာတော့ သူမက ဧကရီမယ်တော်ကြီးရဲ့ တူမဖြစ်ကာ သူတို့မှာ တစ်ယောက်နဲ့ တစ်ယောက် ပြောစရာတစ်ခုခု ရှိလောက်မည်။ သူမက သူမရဲ့အစ်မအနောက်ကို လိုက်ကာ နန်းတော်ထဲကို ညစာစားပွဲတက်ဖို့ လိုက်လာပြီး သူမအစ်မ ထွက်သွားတာတောင် ထိုင်နေဆဲပင်။
ကျစ် ဒါကအရမ်းကို တက်ကြွနေတဲ့ ပါရမီများလား။
တစ်ခုသာ…..
သူမကတော့ ငြိမ်ငြိမ် မထိုင်နိုင်တော့ပေ။
ရှန်းယွမ်နန်းဆောင်မှာ ဘာတွေ ဖြစ်သွားတာလဲ။
98 02
ပြီးတော့ ချင်အန်းမြို့စားဖြစ်သူရဲ့သားကလည်း သူ့ဇနီးကို ကွာရှင်းချင်နေသေးတယ်။
ဖရဲသီး စားလာတဲ့ နှစ်ပေါင်းကို ခန့်မှန်းကြည့်လိုက်မယ်ဆိုရင် တစ်ခုခု ဖြစ်သွားတာပဲ ဖြစ်ရမည်။
ခဏနေကျ စိတ်လှုပ်ရှားစရာ တစ်ခုခုများ ဖြစ်တော့မှာလား…။
သူမ တကယ်သွားပြီး တစ်ချက် ကြည့်ကြည့်ချင်တယ်လို့…
ထိုအကြောင်းကို တွေးကြည့်လိုက်ပြီးနောက် သူမလက်ထဲက ဘဲကင်ကပင် အရသာ မရှိတော့ပေ။
ထို့ကြောင့် အင်တင်တင်နဲ့ ပူလောင်နေတဲ့ ချဉ်စပ်ငါးစွပ်ပြုတ် နောက်တစ်ပန်းကန်ကို သောက်လိုက်ပြီးနောက်မှာ လန်ဟဲက အလျင်စလိုနဲ့ ပြန်လာတာကို မြင်လိုက်ရပြီး မောပန်းနေကာ ဧကရီမယ်တော်ကြီးကို ပြောလာသည်။
“မယ်တော်ကြီး မဖြစ်ဘူး။ မကောင်းတော့ဘူး။ ချင်အန်းမြို့စားက ရှစ်ကျီ(ယွဲ့ရှီ)ကို တွေ့တာနဲ့ ချက်ချင်းပဲ သူမဆီကို တဟုန်ထိုး ပြေးသွားပြီး ထိုးပါတော့တယ်။ သူမရဲ့လည်ပင်းကို ညှစ်ပြီး သူမကို သတ်မယ်လို့လည်း ပြောနေပါတယ် … မယ်တော်ကြီးလည်း ကျေးဇူးပြုပြီး အဲဒီကို သွားပေးပါ”
ဘာ!။
ခန်းမထဲက လူတိုင်းက တစ်ညီတစ်ညွတ်တည်း ပြောလုနီးပါးပင်။
ယန်ရှုတစ်ယောက်တည်းကသာ ချက်ချင်းပဲ မျက်လုံးတွေ လက်သွားပြီး - သူမခန့်မှန်းတာ မှန်တယ် ထင်တယ်။ တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းနေပြီးသားပဲ။
ဧကရီမယ်တော်ကြီးကလည်း ပြောလာသည်။
“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ မြန်မြန်လေး ဝေါယာဉ်ကို ပြင်လိုက်”
စကားပြောပြီးနောက် သူမက အလျင်အမြန်ထကာ ရှန်ယွင်နန်ဆောင်ကို သွားတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ချိန်မှာ သမီးဖြစ်သူ ချောင်ရှီဟာလည်း ငြိမ်ငြိမ် ထိုင်မနေနိုင်တော့ပဲ ဧကရီမယ်တော်ကြီးနောက်ကို အလျင်အမြန် လိုက်သွားတော့သည်။
နောက်ထပ် ယွဲ့မိသားစုသမီး ဖြစ်သူကလည်း ရွေးချယ်စရာ မရှိတော့ဘဲ နောင်တအပြည့်နဲ့ ထလိုက်ကာ ချောင်ရှီနောက်ကို လိုက်သွားတော့သည်။
ရလဒ်အနေနဲ့ ညစာစားပွဲမှာ ဘယ်သူမှ မရှိတော့ပေ။
ယန်ရှုကလည်း အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ကျန်ရှိနေတဲ့ ကိုယ်လုပ်တော်ကျိုးနဲ့ ဝမ်ကျောက်ယီတို့ကို ကြည့်လိုက်ချိန်မှာတော့ ထိုသူနှစ်ဦးဟာလည်း ထလိုက်ကာ ညစာစားပွဲကနေ ထွက်သွားဖို့ စီစဉ်နေတာကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမလည်း ဧကရီမယ်တော်ကြီးနဲ့ တခြားသူတွေနောက်ကို အလျင်အမြန် လိုက်သွားတော့သည်။
-အော်~~
ဘာပဲဖြစ်ဖြစ် ရှန်ယွန်နန်းတော်မှာက ပရမ်းပတာဖြစ်ရပ်တွေနဲ့ ပြည့်နေမှာပဲ ဖြစ်ရမယ် သူမ ပိုသွားလည်း ဘာမှမဖြစ်ပေ။
~~~
ယန်ရှုက ထိုအုပ်စုနောက်ကို လိုက်ကာ နန်းတော်သို့သွားရာ တစ်လျှောက် လိုက်သွားပြီးနောက်မှာ သူမက ချင်မြို့စားအန်းရဲ့ဆက်ခံသူ ဖြစ်သူ ချောင်ရုံကန်းဟာ တစ်ယောက်ယောက်ရဲ့ ဆွဲထားတာကို ခံနေရပြီး သူ့ရဲ့လုံးဝိုင်းနေတဲ့ မျက်နှာဟာ ပြုတ်ထားတဲ့ ပုစွန်လို နီရဲတွတ်နေပေသည်။ ပြီးနောက် သူ့ကို ကြည့်ရသည်မှာ အသောက် များသွားသည့်ပုံနှင့် တကယ်ကို တူနေပေသည်။
သူ့ဇနီးဖြစ်သူ ယွဲ့ရှီက သူမရဲ့ယောက္ခဖြစ်သူရဲ့ နောက်မှာ ပုန်းနေပြီး လည်ပင်းမှာ အနီမှတ်ကြီးတစ်ခုနဲ့ ငိုကြွေးနေပေသည်။
ချင်အန်းကုန်းက အရမ်းဒေါသထွက်သွားသည့်အတွက် ရှေ့ကို လှမ်းလိုက်ကာ သူ့သားကို နှစ်ကြိမ်တိတိ ရိုက်ချလိုက်ရင်း ကျိန်ဆဲလာသည်။
“မကောင်းတဲ့ကောင် အရှင်မင်းကြီးရဲ့အရှေ့မှာ အရမ်းကို ရဲတင်းလွန်းနေတာပဲ။ ဝိုင်ခွက်လေး နည်းနည်းလောက် သောက်လိုက်ရုံနဲ့ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို မေ့သွားပြီလား”
သခင်မကြီးချင်အန်းကလည်း သူမသားကို ဆူပူလိုက်ပြီး
“အမှန်ပဲ ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေရတာလဲ။ ဘာလို့ ကိုယ့်ဇနီးကို ကွာရှင်းချင်နေရတာလဲ”
ထိုစကားတွေ ထွက်လာသည်နှင့် ယွဲ့ရှီက ပိုလို့တောင် ကျယ်ကျယ်လောင်လောင် ငိုကြွေးလာသေးသည်။
98 03
သို့သော် ထိုငိုကြွေးနေသံက နားထဲဝင်လာသည်နှင့် ချောင်ရုံကန်းက ရုတ်တရက် အော်ဟစ်လာသည်။
“မင်း ဘာမှမသိဘူး။ ငါက ဘယ်လောက်တောင် သည်းခံထိန်းချုပ် ထားရလဲ ဆိုတာကို သိရဲ့လား”
ထိုသို့ ပြောလိုက်ပြီးနောက် ဧကရီမယ်တော်ကြီးက နန်းတော်ထဲကို လှမ်းဝင်လာတာကို တွေ့လိုက်သည်နှင့် ချောင်ရုံကန်းက ရုတ်တရက် အပြေးအလွှားလာပြီး ဧကရီမယ်တော်ကြီးရှေ့မှာ ဒူးထောက် ချလိုက်ကာ စတင်ငိုကြွေးတော့သည်။
“ဒီတူဖြစ်သူအတွက် ဆုံးဖြတ်ချက် ချပေးဖို့ ဒေါ်လေးကို တောင်းဆိုပါတယ်….”
ဧကရီမယ်တော်ကြီးက တွန့်သွားပြီး အလျင်အမြန်ပြော လာသည်။
“ဘာဖြစ်ကြတာလဲ။ ယောက်ျားကြီး တစ်ယောက်ဖြစ်ပြီး ဘာလို့ငိုနေရတာလဲ။ ပြောစရာတစ်ခုခုရှိရင် ပြောမှ ရမယ်လေ”
သို့သော် ချောင်ရုံကန်းက ဇနီးဖြစ်သူယွဲ့ရှီကို ညွှန်ပြလိုက်ကာ ပြောလာသည်။
“ဧကရီမယ်တော်ကြီး မသိလို့ပါ။ ဒီမိန်းမက အပျက်မ တစ်ယောက်ပဲ။ သူမက ရထားလုံးမောင်းတဲ့သူ လောင်စန်းနဲ့ ကျွန်တော့်အပေါ်ကို ဖောက်ပြန်လာတာ နှစ်ပေါင်းများစွာ ရှိနေပါပြီ။ ကျွန်တော်က ကလေးသုံးယောက်ရဲ့အကျိုးအတွက် တွေးခဲ့တယ်။ သူမမှာ အခွင့်အရေး ရှိခဲ့ပေမဲ့ သူမက သူမဘာသာ ဘယ်လို ထိန်းချုပ်ရမလဲဆိုတာကို မသိဘဲ ပိုပိုပြီးတော့ တရားလွန်လာပါတယ်။ ဒီတစ်ခေါက် မြို့တော်ကို လာတဲ့လမ်းမှာလည်း အဲဒီလောင်စန်းနဲ့ ရှုပ်ပွေဖို့ မမေ့ပါဘူး ဒေါ်လေး…”
ဘာ။
လူ့ကျင့်ဝတ်ကို ချိုးဖောက်နေတဲ့ လိင်မှုဆက်ဆံရေးလား။
ထိုစကားလုံးတွေ ထွက်လာသည်နှင့် ဧကရီမယ်တော်ကြီးသာမက ညစာစားပွဲကို အဖော်ပြုပေးတဲ့ ဝန်ကြီးတွေကပါ ကြက်သေ သေသွားတော့သည်။ သို့သော် ချင်အန်းကုန်းနဲ့ သူ့ဇနီးအပြင် စံအိမ်တော်က လူတွေအားလုံးကပါ လုံးဝကို ကြက်သေ သေသွားကြတော့သည်။
ယန်ရှုက မတတ်နိုင်ဘ သူမမျက်လုံးတွေကို ပြူးကျယ်လိုက်ကာ သူမစိတ်ထဲကနေ အော်ဟစ်လာသည်။ “အိုး ဘုရားရေ...”
ဒီလူက အားလုံးကို ဖော်ထုတ်တော့တာပဲ။
ကျစ် ကျစ် အံ့ဩစရာပဲ အံ့ဩဖို့ ကောင်းလိုက်တာ။ လာလိုက်ရတာ တန်ချက်ပဲဟယ်။
သို့သော် ယွဲ့ရှီကို တစ်ဖန် ပြန်ကြည့်လိုက်ချိန်မှာတော့ သူမသည်လည်း ခဏလောက် ငိုဖို့မေ့သွားကာ သူ့ခင်ပွန်းဖြစ်သူကို ပြူးကျယ်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေတော့သည်။
ခန်းဆောင်ထဲက လူတိုင်းဟာလည်း ထိုစုံတွဲကို ကြည့်လိုက်ကြပြီး ကြက်သေ သေနေကြတော့သည်။
ထိုတစ်ခဏမှာပဲ သခင်မကြီးချင်အန်းက အရင်အသိဝင်လာပြီး သူ့သားကို ရှက်ရွံ့စွာနဲ့ ဆူပူတော့သည်။
“သောက်ပြီးတော့ ဘာအဓိပ္ပာယ် မရှိတာတွေ ပြောနေရတာလဲ။ ပိတ်စမ်း”
ချောင်ရုံကန်းက ဆက်ပြီး အော်ဟစ်လာသည်။
“ကျွန်တော်က အဓိပ္ပာယ် မရှိတာတွေ ပြောနေတာ မဟုတ်ဘူး။ အမေက ဘာလို့ ကျွန်တော့်ကို မယုံကြည်ရတာလဲ။ ကျွန်တော်ကဖြင့် ဒီမိန်းမကြောင့် တစ်ကမ္ဘာလုံးဆီကနေ အရယ်ခံနေရတာ။ ဒါကို ကျွန်တော့်ကို မယုံသေးဘူးတဲ့လား”
ထိုအသံဟာ သူ့ရဲ့နှစ်ပေါင်းများစွာ ကြာအောင် ထိန်းသိမ်းလာတဲ့ နာကျည်းချက်တွေ ပါဝင်နေတယ်လို့ ပြောလို့ရပေသည်။ သခင်မကြီးချင်အန်းက ထိုသို့အော်ဟစ်မှုကြောင့် ဖိမ့်ဖိမ့်တုန်သွားသည်။
သူမက အကြိမ်ပေါင်းများစွာ ပြင်းထန်စွာနဲ့ ဖမ်းဆုပ်ခံလိုက်ရပြီး သူမ အသိဝင်လာချိန်မှာတော့ ထပ်ပြီး ဆူပူချင်မိသည်။
သို့သော် သူမပင် စကား မပြောနိုင်သေးခင်မှာပဲ သူမသားက ဧကရာဇ်အရှေ့ကို တွယ်တက်သွားကာ ထပ်ပြီး ငိုကြွေးတော့သည်။
“အရှင်မင်းကြီး ကျေးဇူးပြုပြီး ကျွန်တော်မျိုးရဲ့ အကြံပေးချက်ကို နားထောင်ပေးပါ။ ယွဲ့မိသားစုက မိန်းမတွေကို လက်ထပ်လို့ မရဘူး။ တစ်ယောက်က နောက်တစ်ယောက်ထက် ပိုပြီး ဟိတ်ဟန်များတယ်။ ဒါပေမဲ့ အရှင်မင်းကြီး သူတို့ကို ယူလို့မရဘူး”
ထိုမြင်ကွင်းကို တွေ့တဲ့အခါ သခင်မကြီးချင်အန်းက ယိုင်ထိုးသွားကာ မူးလဲလုနီးပါးပင်။
ချင်အန်းကုန်းက အလျင်အမြန် ရှေ့ကို တိုးလိုက်ပြီး ဆူပူလာသည်။
98 04
“အရှင်မင်းကြီးကို ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ဆက်ဆံရဲတာလဲ။ ရိုးရိုးသားသား ပြန်ပြောစမ်း”
ထိုအချိန်မှာပဲ ဘုရင်မင်းမြတ်က ပြောလာသည်။
“ခဏနေပါဦး”
ယွီဝိန်းလန်က ဧကရီမယ်တော်ကြီးကို ကြည့်ကာ ပြောလိုက်သည်။
“ဝမ်းကွဲရုံကန်က အမြဲတမ်း ငြင်သာပြီး ရိုးသားခဲ့တာပါ။ ဒါပေမဲ့ ဒီနေ့တော့ ဒီလိုမျိုး ဖြစ်နေတယ်။ ကိုယ်တော် ထင်တာတော့ ပုံမှန်မဟုတ်သလိုဘဲ တစ်ခုခု မှားနေတာများ ရှိလောက်လား”
ထိုစကားတွေထွက်လာသည်နှင့် ချောင်ရုံကန်းက ထပ်ပြီး သည်းထန်စွာငိုကြွေးလာသည်။
“အရှင်မင်းကြီးပဲ မှူးမတ်တွေအပေါ် နားလည်ပါတယ်။ အရှင်မင်းကြီးပဲ မှူးမတ်တွေအပေါ် နားလည်ပါတယ်။ အရှင်မင်းကြီးပဲ မှူးမတ်တွေအပေါ် နားလည်ပါတယ်”
ထိုကျယ်လောင်တဲ့ ငိုကြွေးမှုက ဟောခန်းတစ်ခုလုံးကို တုန်ယင်သွားစေသည်။
ဧကရာဇ်က ဘာဖြစ်သွားသလဲ ဆိုတာကို ဘယ်သူမှ မသိလိုက်ကြပေ။
ဧကရီမယ်တော်ကြီးက သူမရဲ့ကြောက်ရွံ့နေတဲ့ နှလုံးသားကို နှစ်သိမ့်လိုက်ကာ ထို့နောက် ခေါင်းညိတ်ပြပြီး ပြောလာသည်။
“ဟုတ်တယ်။ ဒီကလေးက သူ ငယ်ငယ်လေးကတည်းက ရိုးသားလိမ္မာလာတာ။ ဒီနေ့လိုမျိုး ဘယ်လိုလုပ်ပြီး ရုတ်တရက် ဖြစ်သွားရမှာလဲ။ ဖြစ်နိုင်တာက သူက တကယ်ပဲ မှားယွင်း ခံနေရလို့လား။ အိုက်ကျားရဲ့ အမြင်အရ တစ်ယောက်ယောက်ကို သွားစစ်ဆေး ခိုင်းလိုက်ရအောင်”
ထိုစကားတွေ ထွက်လာသည့်အခါ ယွဲ့ရှီက ရပ်တန့်သွားပြီး ရုတ်တရက် ငိုကြွေးလာသည်။
“ဒီဇနီးသည်မှာ တခြားသူတွေကို ကြည့်ဖို့ မျက်နှာ မရှိတော့ပါဘူး….”
သူမ ပြောလိုက်ပြီး ဘေးနာက တိုင်ဆီကို တန်းတန်းမတ်မတ် ပြေးသွားလိုက်ကာ သူမရဲ့ ရဲရင့်မှုကို သူမဘာသာ သက်သေပြချင်နေသလိုပင်။
ကံကောင်းစွာနဲ့ အစောင့်တွေက သူမကို တားလိုက်ပြီး ထို့ကြောင့် သူမက တိုင်ဆီကို တကယ်တမ်း ခုန်ဝင်သွားတာ မဟုတ်ပေ။
ထိုအရာကို မြင်လိုက်ချိန်မှာ ယန်ရှုက သူမခေါင်းကို တိတ်တဆိတ် ခါယမ်းလိုက်သည်။
ထိုငိုသံက သူမက တကယ်ပဲ မှားယွင်းခံနေရသလိုနဲ့ ဧကရီမယ်တော်ကြီးက ဒီလိုမျိုး မဟုတ်တာ တော်သေးတယ်။
သေချာပေါက်ပင် ဒီမြင်ကွင်းကို မြင်လိုက်ပြီးနောက် ဧကရီမယ်တော်ကြီးက ချက်ချင်း ဆူပူလာသည်။
“ဒီနေရာက ဘယ်မှာမို့လို့လဲ။ အရှင်မင်းကြီးက နင့်ကို ဒီလိုမျိုး ပြုမူဖို့ ခွင့်ပြုထားလို့လား။ သွေးတွေသာ နေရာမှာ ပန်းထွက်လာရင် ဘယ်သူ့မျက်လုံးတွေကို စွန်းစေချင်နေတာလဲ”
ထိုစကားတွေ ထွက်လာသည့်အခါ ယွဲ့ရှီက အရမ်းကြောက်လန့်သွားပြီး စကားပင် ထပ်မပြောရဲတော့ပေ။ သို့သော် သူမရဲ့ညီမဖြစ်သူက ရှေ့တိုးကာ ဧကရီမယ်တော်ကြီးကို ပြောလာသည်။
“ကျေးဇူးပြုပြီး စိတ်လျှော့ပါ မယ်တော်ကြီး ကျွန်တော်မျိုးမရဲ့ အစ်မက မှားယွင်းခံရတာပဲ။
ဖြစ်ပါလိမ့်မယ်။ ကျွန်တော်မျိုးမတော့ နှလုံးသားထဲက နာကျင်မှုကိုတောင် မဖော်ပြနိုင်တော့ပါဘူး…”
ဧကရီမယ်တော်ကြီးက နှာမှုတ်လိုက်ကာ
“မှားယွင်းခံရတာက မမှားပါဘူး။ တစ်ယောက်ယောက်က သူမရဲ့ဖြူစင်မှုကို ပြန်ယူပေးလိမ့်မယ်”
ထို့နောက် သူမဘေးက လူတွေကို ပြောလိုက်သည်။
“အထိန်းတော်ကျွမ်း သခင်ကြီးချင်အန်းကို စုံစမ်းတဲ့နေရာမှာ ကူညီပေးဖို့ တစ်ယောက်ယောက်ကို ခေါ်သွားလိုက်။ ဒီနေ့လို ပြဿနာတွေသာ ဖြစ်နေရင် အားကန်းရဲ့စကားလုံးတွေက မှန်လားမှားလား ဆိုတာအတွက် ရှင်းပြချက်တစ်ခု ရှိနေရမယ်!”
အထိန်းတော်ကျွမ်းက ချက်ချင်းပဲ နာခံလိုက်သည်။
ထိုစကားတွေ ထွက်လာပြီးနောက် အခုလေးတင် သေဖို့ နည်းလမ်းရှာနေတဲ့ ယွဲ့ရှီက မြေကြီးပေါ်ကို ရုတ်တရက် ပြိုလဲကျသွားတော့သည်။ သူမရဲ့မျက်နှာကလည်း သွေးဆုတ်ဖြူလျော်နေပြီး အဲဒါက ကြောက်ရွံ့တာလား နာကျည်းချက်လားဆိုတာကို မြင်နိုင်ဖို့ မဖြစ်နိုင်ပေ။
98 05
သို့သော် သခင်ကြီးချင်အန်းကုန်းက ရှက်ရွံ့သွားသည်။ ထို့ကြောင့် သူက ဧကရီမယ်တော်ကြီးကို အရိုအသေပြုရုံသာ တတ်နိုင်ပေသည်။
“ဧကရီမယ်တော်ကြီးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်”
တစ်ဖက်ကို လှည့်လိုက်ချိန်မှာတော့ သူ့ရဲ့သားဖြစ်သူဟာ အရှင်မင်းကြီးရဲ့အရှေ့မှာ ဒူးထောက်ကာ ငိုကြွေးနေဆဲ ဖြစ်ပြီး မျက်ရည်နဲ့နှပ်တွေအားလုံးက ကြမ်းပြင်ပေါ်မှာ ပေပွနေပေသည်။
လူတိုင်း “…..”
ချင်အန်းကုန်းက သူ့ရဲ့ဒေါသကို ထိန်းလိုက်ကာ သူ့ရဲ့သမီးနဲ့ သားမက်ဖြစ်သူကို သူ့ကို ပြန်ဆွဲခေါ်ခိုင်းလိုက်သည်။
ထို့နောက် သူက ဧကရီမယ်တော်ကြီးနဲ့ ဧကရာဇ်ကို ပြောလာသည်။
“ဒါတွေ အားလုံးက သားဖြစ်သူကို ကောင်းကောင်း သင်ကြားမပေးမိတဲ့ ဒီဝန်ကြီးအိုကြီးကြောင့်ပါ။ ဒီနေ့ အထက်တန်းလွှာက သူတွေအားလုံးကို နှောင့်ယှက်မိပြီး ရယ်စရာဖြစ်အောင် လုပ်မိသွားပါပြီ။ သူ့ကို ပြန်ခေါ်သွားပြီး သင်ခန်းစာတစ်ခု ပေးလိုက်ပါမယ်”
စကားပြောပြီးနောက် သူဟာ သူ့သားကို ခန်းမထဲကနေ ဆွဲထုတ်သွားတော့သည်။
ထိုမြင်ကွင်းကို မြင်တဲ့အခါမှာတော့ သခင်မကြီးချင်အန်းက ဧကရီမယ်တော်ကြီးကို ဦးညွှတ်ရုံပဲ တတ်နိုင်ကာ စိတ်ပျက်စွာနဲ့ ထွက်သွားတော့သည်။
စိတ်လှုပ်ရှားစရာကို ကြည့်လိုက်ရပြီးနောက် ဝန်ကြီးတွေကလည်း ဧကရာဇ်နဲ့ ဧကရီမယ်တော်ကြီးကို နှုတ်ခွန်းဆက်လိုက်ကြပြီး နန်းတော်ထဲကနေ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြတော့သည်။
ကျေနပ်စွာနဲ့ ယန်ရှုဟာလည်း ထိုအခွင့်အရေးကို ယူကာ ခန်းမထဲကနေ ထွက်သွားလိုက်ပြီး သူမစိတ်ထဲမှာတော့ အဲဒါက အချည်းနှီး ဖြစ်မသွားဘူးဟု အော်ဟစ်နေတော့သည်။
သခင်မကြီးချင်အန်းက အကြိမ်ပေါင်း ထောင်သောင်းချီ တွက်ချက်ထားပေမဲ့ ဒီတစ်ခုကိုတော့ ဘယ်တုန်းကမှ ထည့်မတွက်ထားပေ။ အခုတော့ သူမက ဧကရီမယ်တော်ကြီးရဲ့ သေနတ်ပြောင်းဝရှေ့မှာ တည့်တည့် ဝင်မိလေပြီ။
အထိန်းတော်ကျွမ်းကို လျှော့မတွက်သင့်ဘူး။ ဘယ်လောက် ကိစ္စတွေ အများကြီး ရှာတွေ့မလဲဆိုတာတော့ မသိတော့ဘူး ကျစ် ကျစ်…
အသင့်ပြင်ပြီး ဖရဲသီး ဆက်စားရမယ်။
သူမအသံကို ကြားလိုက်ရပြီးနောက် ယွီဝိန်းလန်က အလျင်အမြန် ကြည့်လိုက်ပေမဲ့ ကံမကောင်းစွာနဲ့ သူမရဲ့စကပ်အစကိုသာ တွေ့လိုက်ရသည်။ (လှည့်ထွက်သွားလို့ပါ)
သူက နူးညံ့စွာ ပြုံးလိုက်သည်။
သူမ လာမယ်ဆိုတာကို သိနေသားပဲ။
******
99 01
အပိုင်း (၄၇.၂)
ဧကရီမယ်တော်ကြီးရဲ့လက်ထောက်ဖြစ်သူ အထိန်းတော်ကျွမ်းက လုပ်နိုင်စွမ်းရှိတဲ့သူ တစ်ယောက်လို့ ပြောရမည်။
မြို့စားချင်အန်းရဲ့စံအိမ်က မိုင်ပေါင်းထောင်သောင်းချီ အဝေးမှာရှိပေမဲ့လည်း ယွဲ့မိသားစုရဲ့အစေခံကို တိုက်ရိုက်တိုက်ခိုက်လိုက်ကာ သူတို့ကို ဖမ်းဆီးပြီး စစ်ကြောဖို့အတွက် နှိပ်စက်တော့သည်။
နေ့တစ်ဝက်လောက် ကြာပြီးနောက်မှာတော့ ဖန်းဖန်းဟာ ယွဲ့ရှီနဲ့ ရထားလုံးမောင်းသမား ပေါ်လောင်စန်းတို့ရဲ့ နောက်မီးလင်းတဲ့ကိစ္စကို ဝန်ခံလာသည်။
ထိုအချိန်မှသာ ချင်အန်းကုန်းနဲ့ သူ့ဇနီးဖြစ်သူတို့က သူတို့ရဲ့သား ပြောတာက မှန်တယ်ဆိုတာကို သိရှိသွားကြသည်။
သူတို့တွေရဲ့ မွန်မြတ်ပြီး သိက္ခာရှိတယ်လို့ ထင်ရတဲ့ ချွေးမဖြစ်သူက စံအိမ်ထဲက အစေခံတွေနဲ့ ခြေရှုပ်နေတာ နှစ်နှစ်ထက်မနည်း ရှိနေပြီဆိုတာကို သိလိုက်ရသည်။
ပြီးနောက် သားဖြစ်သူက သူတို့နှစ်ယောက်ရဲ့အကြောင်းကို လွန်ခဲ့တဲ့တစ်နှစ်ကတည်းက ရှာတွေ့ခဲ့ပြီး သူတို့ရဲ့ဆူပူတာကို ခံရမှာစိုးတဲ့အတွက် အချိန်အကြာကြီးထိအောင် ထုတ်မပြောရဲပဲ ယနေ့အချိန်ထိ သူ့နှလုံးသားထဲမှာပဲ သိမ်းဆည်းထားခဲ့သည်။
စုံတွဲက အရမ်းကို ဒေါသထွက်သွားပြီး တစ်ခဏလောက် ဘာပြောရမည်မှန်း မသိတော့ပေ။
….
ချောင်မိသားစုအတွက် အမှန်တရားကို ကူရှာပေးပြီးနောက် အထိန်းတော်ကျွမ်းဟာ ဧကရီမယ်တော်ကြီးကို သတင်းပို့ရန် နန်းတော်ဆီကို နောက်တစ်နေ့ မနက်စောစောမှာ ပြန်သွားတော့သည်။
ချင်အန်းကုန်းနဲ့သူ့ဇနီးဖြစ်သူတို့က နန်းတော်ထဲကို အတူတကွ ဝင်လာကြပြီး မနေ့ညက ညစာစားပွဲမှာ ဖြစ်ခဲ့တဲ့ကိစ္စအတွက် အရှင်မင်းကြီးနဲ့ ဧကရီမယ်တော်ကြီးကို တောင်းပန်လာကြသည်။
ထိုအချိန်မှာ ယွီဝိန်းလန်က အလုပ်ရှုပ်နေတဲ့အတွက်ကြောင့် ဧကရီမယ်တော်ကြီးကိုသာ ထိုနှစ်ယောက်ကို တွေ့ခိုင်းလိုက်တော့သည်။
ထို့ကြောင့်ထိုစုံတွဲဟာ ချီအန်းနန်းဆောင်ကို တန်းတန်းမတ်မတ် သွားလိုက်ကြသည်။
နှစ်ယောက်သားက ဧကရီမယ်တော်ကြီးကို အတူတကွ အရိုအသေပေးလိုက်ပြီး ချင်အန်းကုန်းက ရှက်ရွံ့နေတဲ့မျက်နှာနဲ့ ပြောလာသည်။
“ဒီဝန်ကြီးအိုကြီးက မိသားစုကိုစီမံတဲ့နေရာမှာ မတင်းကြပ်လို့ ကလေးတွေကိုလည်း ကောင်းကောင်းမသင်ပြနိုင်ခဲ့ပါဘူး အရှင်မင်းကြီး ဧကရီမယ်တော်ကြီးနဲ့ တခြားမိဖုရားတွေကို ထိတ်လန့်သွားစေတာက တကယ်ကိုပြစ်မှုတစ်ခုပါပဲ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
သခင်မကြီးချင်အန်းကလည်း ပြောလာသည်။
“ဒီဇနီးဖြစ်သူကလည်း အမြင်မရှိခဲ့မိဘူး။ သူမက တကယ်ကိုပဲ စံအိမ်ထဲမှာ ဒီလိုပြက်လုံးအကြီးကြီးကို ပြုခဲ့တာပဲ ခွင့်လွှတ်ပေးပါ။ ဧကရီမယ်တော်ကြီး”
ဧကရီမယ်တော်ကြီးက ညောင်စောင်းဆီကနေ အကြည့်ရွှေ့လိုက်ကာ ပြောလာသည်။
“ညီမတော်က ထက်မြက်တဲ့သူပါ။ အဲဒါကို ဒီလိုမိန်းမတစ်ယောက်က အားကန်ကို အနိုင်ကျင့်နေတာကို ဘယ်လိုလုပ်ပြီး ခွင့်ပြုထားနိုင်ရတာလဲ။ ဒီလိုရိုးရှင်းပြီး လိမ္မာရိုးသားတဲ့သူက မနေ့ညက အရမ်းကို စိတ်ပျက်လက်ပျက်နဲ့ ငိုနေခဲ့တာ။ လူတွေက သူ့အတွက် ဆုံးဖြတ်ချက် ချပေးနေကြတယ်…။ မိသားစုက သူ့ရဲ့အရေးကိစ္စတွေမှာ ဝင်ပြီးစွက်ဖက်တာက အလုပ်မဟုတ်ဘူးလေ။ နင်တို့တွေက ဘယ်လိုမိဘတွေလဲ”
ချင်အန်းကုန်းက သူ့ခေါင်းကို ညွှတ်ထားရုံပဲ တတ်နိုင်ကာ
“အဲဒါက အရည်အချင်း မပြည့်မှီတဲ့ ဒီဝန်ကြီးကြောင့်ပါ။ ဧကရီမယ်တော်ကြီးအတွက် ဟာသ ဖြစ်စေမိပါပြီ”
သခင်မကြီးချင်အန်းကလည်း သူမခေါင်းကို နှိမ့်လိုက်ကာ ပြောလာသည်။
“ဧကရီမယ်တော်ကြီးအတွက် ပြက်လုံးတစ်ခု ဖြစ်သွားစေမိပါပြီ”
ထိုစကားတွေ ထွက်လာသည်နှင့် အထိန်းတော်ကျွမ်းဟာ ပြောလိုက်သည်။
99 02
“ယွဲ့မိသားစုကအစေခံကလည်း အဲဒီနှစ်ယောက်က ပတ်သက်နေတာပါလို့ ဝန်ခံပြီးပါပြီ။ ရထားမောင်းသူကလည်း ဝန်ခံလာပါတယ်။ အဲတော့ နောက်ဘာဆက်လုပ်ရမလဲဆိုတာတော့ မသိတော့ပါဘူး”
ဧကရီမယ်တော်ကြီးက ထိုစုံတွဲကို ကြည့်ကာ ပြောလာသည်။
“ဒါက မင်းမိသားစုရဲ့ ပြဿနာပဲ။ မင်းဘာသာမင်း ပြန်သွားပြီး ကိုင်တွယ်လိုက်ပါ”
ချင်အန်းကုန်းနဲ့ သူ့ဇနီးဖြစ်သူတို့ဟာ ပြန်ဖြရင်း အလုပ်ရှုပ်သွားကြတော့သည်။
သို့သော် ဧကရီမယ်တော်ကြီးက ထပ်ပေါင်းပြောလာသည်။
“ဒါပေမဲ့ အိုက်ကျားရဲ့ဆန္ဒအတိုင်းဆို နောက်မီးလင်းတဲ့သူက သခင်ဖြစ်သူကို ခေါဖဝါးအောက်မှာ နင်းထားပြီး သူ့ရဲ့သခင်မကို ထိရဲတယ်ဆိုတာက မဖြစ်သင့်တဲ့အရာပဲ။ ယွဲ့မိသားစုကိုတော့….”
ဧကရီမယ်တော်ကြီးက သူမရဲ့ဝမ်းကွဲဖြစ်သူကို ကြည့်လိုက်ကာ လှောင်ပြောင်စွာနဲ့ ပြုံးလိုက်ပြီး ပြောလာသည်။
“အိုက်ကျားကို ကြည့်ပါဦး၊ ညီမတော်က သူမကို အတော်လေး နှစ်သက်နေတာမလား။ ဘယ်လိုလုပ်မလဲဆိုတာတော့ ကိုယ့်ဘာသာပဲ ဆုံးဖြတ်လိုက်ပါ”
ထိုစကားကို ကြားပြီးနောက် သခင်မကြီးချင်အန်းက မြေကြီးထဲမှာ အက်ကြောင်းရှာကာ ဝင်ပုန်းချင်မိတော့သည်။
သို့သော် သူမမျက်နှာပေါ်က ပူလောင်နေတဲ့နာကျင်မှုကို ရင်ဆိုင်ရုံပဲ တတ်နိုင်ကာ ပြန်ဖြေလာသည်။
“လူတွေကို မသိခဲ့တဲ့ ဒီဇနီးဖြစ်သူရဲ့လိုအပ်ချက်ပါ မယ်တော်ကြီးကို ရယ်စေမိပါပြီ ဒီဇနီးဖြစ်သူက ပြန်သွားပြီးတာနဲ့ အားကန်ကို ကွာရှင်းစာတစ်စောင် ရေးခိုင်းလိုက်ပါ့မယ်”
ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ကာ သူတို့ကို အပြင်ထွက်သွားရန် ပြောလိုက်သည်။
~~~
နောက်တစ်နေ့မှာတော့ ယန်ရှုနိုးလာချိန်မှာ ချင်အန်းကုန်းရဲ့မိသားစုအကြောင်းကို ကြားလိုက်ရသည်။
ချောင်မိသားစုက အိမ်တော်ထိန်းကို ကျင်းကျောက်စံအိမ်ကို သွားပြီး အရာရှိတွေဆီကို သတင်းပို့ဖို့ ပြောထားတယ်။ ပြီးတော့ သခင်မဖြစ်သူနဲ့ ရှုပ်ထွေးတဲ့ ရထားလုံးမောင်းသူကိုလည်း ထောင်သွင်းအကျဉ်းချဖို့ ပို့လိုက်ပြီ ချောင်ကျစ်ရှီက ကွာရှင်းစာ တစ်စောင်ရေးပြီး ယွဲ့နဲ့သူ့ရဲ့ညီမဖြစ်သူကို မိုင်ပေါင်း ထောင်သောင်းချီဝေးတဲ့နေရာကို ပို့ဖို့ လူလွှတ်လိုက်တယ်။ အခုကစပြီး မယ်တော်ကြီးရဲ့ မိသားစုက သူမနဲ့ပတ်သက်ပြီး ဘာမှမဆိုင်တော့ပေ။
သခင်ကြီးချင်အန်းကုန်းနဲ့ သူ့ဇနီးတို့က အစက သူတို့ မြေးဖြစ်သူရဲ့သွေးသားကို သံသယဝင်ခဲ့ကြပေမဲ့ ချောင်ရုံကန်းက ထိုကလေးသုံးယောက်ကို သူ့ဘေးမှာထားဖို့အထိ လုံလုံလောက်လောက် ကြင်နာခဲ့သည်။
သို့သော် ဒီကိစ္စကို တစ်ကမ္ဘာလုံးက သိသွားပြီး သူတို့ရဲ့မိခင်ကြောင့် ကလေးသုံးယောက်ဟာ ချောင်မိသားစုရဲ့အစွန်းအထင်း ဖြစ်လာခဲ့သည်။ သခင်မကြီးချင်အန်းက လျှို့ဝှက်ချက်ကို သိမ်းထားပေမဲ့ သိပ်မကြာခင်မှာပဲ သူမက ပေါ်မထွက်မလာရဲတော့ချေ။
စိတ်ရှုပ်လွန်းပြီး ဖျားနာသွားတော့သည်။
ဧကရီမယ်တော်ကြီးက ထိုအကြောင်းကို ကြားတဲ့အခါမှာ သူမရဲ့မိသားစုကို ဂရုစိုက်သည့်အနေနဲ့ သူမရဲ့သွေးခုန်နှုန်းကို စစ်ဆေးရန် တော်ဝင်သမားတော်တစ်ဦးကို စေလွှတ်လာသည်။
….
ထိုသတင်းကိုကြားပြီးနောက် ယန်ရှုက မတတ်နိုင်ဘဲ သူမရဲ့နှလုံးသားထဲမှာ သက်ပြင်းချလိုက်ကာ ဒီတစ်ခေါက်တော့ ဧကရီမယ်တော်ကြီးကသာ အကြီးမားဆုံး အနိုင်ရတဲ့သူပဲ။
သို့သော် စိတ်ခံစားချက်ကို အပြီးသတ်ပြီးချိန်မှာပဲ သူမက အရမ်းကိုအရေးကြီးတဲ့ မေးခွန်းတစ်ခုကို အမှတ်ရသွားတော့သည်။
သေစမ်း သူမရဲ့ဇာတ်ညွှန်းမရသေးခင်မှာပဲ ဒီပြဿနာရဲ့ အတွင်းအပြင် အကုန်လုံးကို တစ်ကမ္ဘာလုံးက သိနေကြပြီ။
ဒီလိုသာဆို သူမရဲ့စာတွေမှာ ဘာသည်းထိတ်ရင်ဖို ဖြစ်စရာမှ မရှိတော့ဘူး။
ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ။
99 03
ဟေး! မနေ့တနေ့တုန်းက တစ်နေ့လုံးနီးပါးကို ဘာအတွက်မှ မဟုတ်ဘဲ ရေးခဲ့ရတာပေါ့လေ။
စိတ်တိုလွန်းလို့ သွေးတောင် အန်မိတော့မယ်။
ယန်ရှုက တစ်ခဏလောက် စိတ်ဓာတ်ကျသွားပြီး ထို့နောက် ချက်ချင်းပဲ အရေးကြီးတဲ့ မေးခွန်းတစ်ခုကို အမှန်ရသွားတော့သည်။
သခင်လေးချောင်က ဦးထုပ်စိမ်း ဆောင်းခံရတာ ဒီလောက်တောင်ကြာနေပြီလေ ပြီးတော့ အနောက်မြောက်အရပ်မှာလဲ တစ်ချိန်လုံး သည်းခံနေခဲ့တာမလား။ ဘာလို့ရုတ်တရက်ကြီး အသောက်လွန်သွားပြီး မနေ့က သူ့ကိုယ်သူ ဖွင့်ထုတ်ပစ်လိုက်ရတာလဲ။
ကျစ် လျှို့ဝှက်ပူးပေါင်းကြံစည်မှုရှိနေတယ်လို့ ဘာလို့ခံစားနေရတာလဲ။
….
~~~~
ယနေ့မှာ အတော်လေး အလုပ်ရှုပ်ပေသည်။ ယွီဝိန်းလန် ကန်လုနန်းဆောင်ထဲကို ခြေချလိုက်ချိန်မှာတော့ ယန်ရှုက ရေချိုးပြီးပြီပင်။
အလှလေးရဲ့ပန်းရောင်ပါးပြင်တွေနဲ့ နီရဲရွှန်းလဲ့နေတဲ့ နှုတ်ခမ်းတွေကို မြင်လိုက်ချိန်မှာ ဘုရင်မင်းမြတ်က စိတ်အခြေအနေ ကောင်းနေပြီး ထို့ကြောင့် သူက အလျင်အမြန် အဝတ်အစား ချွတ်လိုက်ပြီး သူမကို ညောင်စောင်းပေါ်ကို သယ်သွားတော့သည်။
သူက ယန်ရှုကို နမ်းတော့မဲ့အချိန်မှာပဲ သူမက သူမရဲ့လက်နဲ့ ပိတ်လိုက်ပြီး လေးနက်နေတဲ့ မျက်နှာနဲ့ ပြောလာသည်။
“ကျွန်မမှာ အရှင်မင်းကြီးကိုမေးစရာ မေးခွန်းတစ်ခု ရှိတယ်”
ယွီဝိန်းလန်က သူမရဲ့မျက်ခုံးကို ပင့်လိုက်သည်။
“ပြဿနာက ဘာလဲ”
သို့သော် သူမကပြောလိုက်သည်။
“ဒီကိုယ်လုပ်တော် ကြားတာတော့ ချင်ရဲ့မြို့စားအန်းက ရိုးသားပြီးရင်းရိုးသားလာတာ သူက သောက်တတ်တဲ့လူမျိုး မဟုတ်ပါဘူးတဲ့။ မနေ့တစ်နေ့က အရှင်မင်းကြီး ရှိနေတာတောင် သူက ဘယ်လိုလုပ်ပြီး အသောက် လွန်သွားရတာပါလဲ”
အမ်…
ယွီဝိန်းလန်က တိတ်တဆိတ် ရပ်တန့်သွားရသည်။
အခုအချိန်ကြီးမှာ သူမက ဘာလို့အဲ့ကိစ္စကို မေးရတာလဲ။
သူ့မျက်နှာကိုမပြောင်းလဲစေဘဲ သူကပြန်ဖြေလိုက်သည်။
“ဖြစ်နိုင်တာက သူ အရမ်းစိတ်ဓာတ်ကျနေလို့ ဖြစ်လောက်တယ်။ အဆုံးမှာတော့ လူတွေရဲ့ စိတ်ရှည်မှုကလည်း အကန့်အသတ်ရှိတယ်လေ။ တစ်နေ့မှာ ထပ်ပြီးသည်းမခံနိုင်တော့ရင် ပေါက်ကွဲထွက်သွားလိမ့်မယ်။ စဉ်းစားကြည့် ဖောက်ပြန်တဲ့သူနဲ့ နောက်မီးလင်းတဲ့သူက မြို့တော်ကိုလာတဲ့ လမ်းမှာတောင် ရှုပ်နေဆဲပဲ။ သူ ဘယ်လောက်တောင် မသက်မသာဖြစ်တယ်လို့ ခံစားရမလဲ။ ဖြစ်ချင်တော့ အဲဒီနေ့က ဝိုင်တွေရှိနေတယ်လေ။ အဲဒါကြောင့် မထိန်းနိုင်ဘဲ အရမ်းသောက်မိသွားတာ”
ဒီအဆိုမှာ အမှန်တရားတချို့တော့ ရှိနေပေသည်။
ချောင်ရုံကန်း ပေါက်ကွဲလိုက်တာက ကောင်းပေမဲ့ နန်းတော်ညစာစားပွဲမှာ ဖြစ်နေပေသည်။ ယန်ရှုက အဲဒါဟာ အတော်လေးကိုတိုက်ဆိုင်တယ်လို့ ခံစားနေရပေသည်။
ထို့ကြောင့် သူ့ကိုထပ်ကြည့်လိုက်ကာ သံသယဖြစ်စွာနဲ့ ပြောလာသည်။
“တကယ်လား”
ယွီဝိန်းလန်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။
“သေချာပေါက်ကို အမှန်ပြလေ။ မဟုတ်ရင် ကိုယ်က သူ့ကို တမင်သက်သက် သောက်ခိုင်းပါ့မလား”
ယန်ရှုက သူမဟာ အရမ်းကို သံသယလွန်ကဲနေတယ်လို့ ခံစားနေရပေသည်။
ကျစ် သူမက အဲဒါကို မတွေးခဲ့လိုက်တာ မဟုတ်ဘူး ။သူမစကားတွေကို နားထောင်ပြီးတဲ့အခါ အဲဒါ ကချောင်ရုံကန်းဖြစ်မယ်လို့ ခန့်မှန်းလိုက်ပြီး သူ့ဝမ်းကွဲရဲ့ကောင်းကျိုးအတွက် သူ့ကို တမင်သက်သက် အရက်မူးအောင်တိုက်ပြီး အမှန်တရားကို ပြောခိုင်းတာ ဖြစ်လောက်တယ်။ ပြီးတော့ သူ့ဇနီးကို ကွာရှင်းဖို့အတွက် အကြောင်းပြချက်တစ်ခုရှာဖို့ ကူညီပေးလိုက်တယ်”
99 04
သို့သော် သူမတွေးလိုက်ချိန်မှာတော့ သူကပဲ အရမ်းကြင်နာလွန်းတာလား။
ယွီဝိန်းလန်က တိတ်တဆိတ် နားထောင်လိုက်ပြီး တိတ်တဆိတ်ပဲ ခေါင်းညိတ်လိုက်ကာ ဟုတ်တယ်လို့ ပြောလာသည်။
သူက တကယ်တော့ အဲ့လောက် မကြင်နာပေ။
ဒီတစ်ခေါက် သခင်မကြီးချင်အန်းက သူမရဲ့လက်ကို အဝေးကြီးထိ ဆန့်ထုတ်နေတာကို တွေ့လိုက်လို့သာဖြစ်ပြီး သူမကို သင်ခန်းစာတစ်ခု ပေးချင်ရုံသာဖြစ်သည်။
ထို့ကြောင့် သူက ချောင်ရုံကန်းကို ရွေးချယ်မှုတစ်ခုလုပ်ဖို့ ကူညီလိုက်တာဖြစ်သည်။
သို့သော် နည်းနည်းတော့ ထူးဆန်းသည်။ သူမက ဒီကိစ္စကို ဘာလို့အရမ်းကို စိတ်ထဲထားနေရတာလဲ။
ဒီနေ့မြင်ကွင်းမှာ စိတ်လှုပ်ရှားစရာကြည့်ဖို့ မပြောခဲ့ဘူးလား။ သူမ ပျော်သင့်တာ မဟုတ်ဘူးလား။
ထို့ကြောင့် သူက မေးဖို့ ကြိုးစားလိုက်သည်။
“ဒီကိစ္စကို ဘာလို့ အရမ်းစွဲလန်းနေရတာလဲ။ ချောင်ရုံကန်းရဲ့နန်းတော်ထဲမှာ အသောက်လွန်ပြီး အရှုပ်တွေ လုပ်မိတဲ့ကိစ္စက မင်းကို သက်ရောက်သွားလို့လား”
သူမ ဒေါသထွက်နေတာကို မြင်လိုက်ပြီး သူမကပြောလိုက်သည်။
“သေချာပေါက်ပဲ လွှမ်းမိုးမှု ရှိတာပေါ့”
“မနေ့တစ်နေ့က အရှင်မင်းကြီးကို ဒီကိုယ်လုပ်တော် ပြောခဲ့တဲ့ဇာတ်ညွှန်းအသစ်က ချင်အန်းမြို့စားသားရဲ့အဖြစ်နဲ့ တိုက်ဆိုင်နေမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ မြို့တော်တစ်ခုလုံးကို ပျံ့နှံ့သွားပြီလို့ အကြမ်းဖျင်း ခန့်မှန်းလို့ရတယ်။ဒီလိုနည်းနဲ့ ဒီကိုယ်လုပ်တော်ရဲ့စာတွေက ဦးစားပေးမှု မရတော့သလို စိတ်ဝင်စားစရာလည်း
မကောင်းတော့ဘူးလေ”
-ရှင်သိရဲ့လား သူမစာအုပ်ရဲ့အကြီးဆုံး အားသာချက်က လူတွေရဲ့အာရုံကို ဆွဲဆောင်တာပဲ ဆိုတော့ အဲဒါက ဖရဲသီးအကြီးကြီးပဲ ဖြစ်ရမယ်လေ။
တကယ့်အစစ်အမှန်ကိုသိပြီးတော့ ဘယ်သူက ဖတ်ချင်နေဦးမှာလဲ။
ယွီဝိန်းလန် “…”
မမျှော်လင့်စွာနဲ့ ဒီလိုအကျိုးကျေးဇူးမျိုး ရှိနေတာပဲ
သူ့မှာ ရွေးချယ်စရာမရှိတော့ဘဲ သူမကို နှစ်သိမ့်ဖို့ ပြောလိုက်ရသည်။
“ဒါပေမဲ့ ဒါကအခုလို ဖြစ်သွားပြီဆိုတော့ အခုတော့ ဒီစာအုပ်ကို မထုတ်ဝေနဲ့တော။ တခြားစာအုပ်တွေကိုရေးလဲ အတူတူပဲဖြစ်မှာပါပဲ”
သို့သော် သူမကတွေးဆနေကာ
“အဲဒါက ကျွန်မပြောချင်တာပါ။ပဲ ဒါပေမဲ့ စာအုပ်တစ်အုပ်ရေးဖို့က ဒီကိုယ်လုပ်တော်အတွက် ခက်ခဲတဲ့အလုပ်ပါ!”
ကျစ် သူမသာ ဒါကိုသိရင် သူမ အိပ်ရာထဲ လဲပြီး နေ့တစ်ဝက်လောက် အိပ်လိုက်ပါတယ်
ပင်ပင်ပန်းပန်း ရေးထားရတာက အလကားပဲ။
အဲ့အကြောင်းကိုတွေးရတာက စိတ်ကုန်စရာပဲ။
သူမနှလုံးသားကို တိတ်တဆိတ်နားထောင်လိုက်ပြီး ယွီဝိန်းလန်က အနည်းငယ် အပြစ်ရှိတယ်လို့ မခံစားရပဲ မနေနိုင်ပေ။
သူမကို စာအုပ်ဖိုး ပေးလိုက်ရင်ရော။
သူပင် စကားမပြောနိုင်ခင်မှာပဲ သူမ ပြောလာတာကို ကြားလိုက်ရသည်။
“ဒီကိစ္စက အရှင်မင်းကြီးသူ့ကို ဧည့်ခံပေးတဲ့အတွက် ဖြစ်လာရတာမလား။ အဲ့တော့ ဒီကိုယ်လုပ်တော်က ပုံပြင်တစ်ပုဒ် ဘာအတွက်မှမဟုတ်ပဲ အလကား ဖြုန်းလိုက်မိပြီဆိုတော့ အရှင်မင်းကြီးက တစ်နည်းနည်းနဲ့ တာဝန်ရှိတယ်မလား။
ယွီဝိန်းလန် “…”
သူသိသားပဲ။
ဒါက လူတွေကို ခြိမ်းခြောက်ငွေညှစ်တဲ့နေရာမှာ ဆရာတစ်ပါးပဲ သူက ဘာလို့စိုးရိမ်နေရမှာလဲ။
ထို့ကြောင့် သူက မေးလိုက်သည်။
99 05
“ဆိုတော့ မင်း ဘာလိုချင်သလဲ”
သို့သော် သူမမျက်လုံးလှိမ့်လိုက်တာကို တွေ့လိုက်ရပြီး အပြုံးတစ်ပွင့်နဲ့ပြောလာသည်။
“ဒီကိုယ်လုပ်တော်က အဲ့အကြောင်းကို မတွေးမိပါဘူး…ဒါပေမဲ့ အရှင်မင်းကြီးက ဒီတစ်ခေါက်ရဲ့ ဇာတ်ညွှန်းအတွက်ဆုံးရှုံးလိုက်ရတဲ့ ငွေတွေကို ဘာလို့မပေးတာလဲ”
ယွီဝိန်းလန် “….”
သေချာပေါက်ပဲ ပိုက်ဆံ လိုချင်နေတုန်းပဲ
မေ့လိုက်တော့။ သူက ခေါင်းညိတ်လိုက်ကာ ပြောလာသည်။
“ကောင်းပြီလေ ဒါဆို ကိုယ်မင်းကို ငွေချောင်းတစ်ရာ ပေးပြီး ဒီဇာတ်ညွှန်းကို ဝယ်မယ် ဘယ်လိုလဲ”
ကျစ် ဒီအကြောင်းကို ငါကိုယ်တိုင်ပြောနေရတုန်းပဲ ဘာလို့ လက်ဦးမှုယူပြီး မပြောရတာလဲ
ဒီလိုမှပဲ သူမက ထပ်ပြီး မကျေမချမ်းဖြစ်နေတော့မှာ မဟုတ်ဘူးမလား။
ယွီဝိန်းလန် “။”
ဘာကြီး။
သူ့ကိုတကယ်ပဲ အရမ်းဂရုစိုက်တာလား။
ကံကောင်းစွာနဲ့ ထို့နောက်မှာတော့ သူမက ထပ်ပြောလိုက်သည်။
“အရှင်မင်းကြီးရဲ့ ကောင်းကျိုးအတွက် ဒီကိုယ်လုပ်တော်က မပြောချင်ပါဘူး။ ဒါပေမဲ့….အရှင်မင်းကြီးက ဒီကိုယ်လုပ်တော်ကို တစ်ခုတော့ ကတိပေးနိုင်မလား”
ထိုသို့ပြောပြီးနောက် သူမက သူမရဲ့သစ်အယ်စေ့သဏ္ဌာန် မျက်ဝန်းတွေကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြလိုက်ကာ သူ့အနားကို ကပ်လာသည်။
ယွီဝိန်းလန်က လတ်ဆတ်တဲ့ ရနံ့လေးတစ်ခု လာနေတာကို ခံစားလိုက်ရပြီး သူမဆီက အနွေးဓာတ်လေးကို ခံစားမိနေသေးသည်။ ထို့ကြောင့် သူက သူမကို သူ့လက်မောင်းတွေထဲ ထည့်လိုက်ပြီး ကြမ်းရှနေတဲ့အသံနဲ့ ပြောလာသည်။
“ဘာထပ်ရှိသေးတာလဲ”
သို့သော် သူမကပြုံးကာ ပြောလိုက်သည်။
“ဒီကိုယ်လုပ်တော်က အရသာရှိတဲ့အစားအစာတွေကို စားဖို့ နန်းတော်ကနေ ထွက်ချင်လို့ပါ…”
—ခစ်ခစ် ကျီဖူအဆောက်အဦးကနေ ပြန်လာတဲ့လမ်းတုန်းက စစ်ဖန်းလမ်းမမှာ ချင်ကျိုးစားသောက်ဆိုင်ကိုတွေ့ခဲ့တယ်။ အဲဒီ လူတွေအများကြီး စားနေကြတာ။
အဲဒါက သူမဇာတိမြို့ရဲ့အရသာပင် သူမ စားချင်နေတာကြာလှပြီ!
ယွီဝိန်းလန် “…”
ပိုက်ဆံအပြင် စားတာလည်း ရှိသေးတာပဲ
သူက သူ့မျက်ခုံးကို ပင့်လိုက်ပြီး သူမနှာခေါင်းထိပ်ကို အသာအယာ ညှစ်လိုက်ကာ ပြောလိုက်သည်။
“နန်းနော်အပြင်ဘက်ကိုထွက်ဖို့ တစ်နေ့လုံး တွေးနေခဲ့တာ။ ကိုယ်တော့်နှလုံးသားက အရမ်းကို…...”
သူ စကားပြောတာ မပြီးခင်မှာပဲ အနမ်းတစ်ခုက သူ့နှုတ်ခမ်းပေါ်သို့ ခတ်နှိပ်လာသည်။
နူးနူးညံ့ညံ့ပေါ့ပေါ့ပါးပါးနှင့် ပုစဉ်လေးတစ်ကောင်က ရေပြင်ပေါ်ထိခတ်သွားသလိုပင်
သို့သော် ဒါက သူ့နှလုံးသားကို တလှပ်လှပ်ဖြစ်စေသည်။
ယွီဝိန်းလန်ရဲ့မျက်လုံးတွေက ရုတ်တရက် မဲမှောင်သွားပြီး သူမကိုဖမ်းဆုပ်ချင်မိသည်။
သို့သော် ဘယ်သူထင်မှာလဲ သူမကပြန်ဆုတ်သွားပြီး သူမနှုတ်ခမ်းတွေကို ကာလိုက်ကာ ပြောလာသည်။
“သဘောတူမှရမယ်….”
စကားလုံးတွေမဆုံးခင်မှာပဲ ထိုလူဟာ သူ့လက်မောင်းတွေထဲကို ပြန်ရောက်လာသည်။
သူ့အပြုံးကို ဖိနှိပ်လိုက်ကာ ပြောလာသည်။
99 06
“မင်းကသာ ကိုယ်နဲ့ ပထမဆုံးသဘောတူညီချက် လာလုပ်တဲ့လူပါ”
စကားပြောပြီးနောက် သူက သူမလက်တွေကို အဝေးကိုဆွဲလိုက်ပြီး နောက်ဆုံးတော့ သူမကို နမ်းလိုက်သည်။
….
အဟွတ် သူကသာ ပထမစတဲ့သူဖြစ်တဲ့အတွက် သူက လွှတ်ချလိုက်သည်။
ကိစ္စမရှိပေ။
~~~
ဒုတိယမြောက်နေ့ရဲ့ ညနေခင်းမှာတော့ ကန်လုနန်းဆောင်ဆီသို့ မည်သည့်အစားအသောက် ပေးပို့တာမှ မရှိပေ။
တခြားသူတွေ ညစာစားနေစဉ်မှာလည်း ယန်ရှုက သူမရဲ့အဝတ်အစားတွေကို လဲလိုက်ပြီးဖြစ်ကာ အရှင်မင်းကြီးနဲ့အတူ ရထားလုံးတစ်ခုနဲ့ နန်းတော်တံခါးကနေ ထွက်သွားတော့သည်။
ဒီခရီးရဲ့ရည်ရွယ်ချက်က အရမ်းကိုရှင်းလင်းပေသည်။ အဲဒါကတော့ စစ်ဖန်းလမ်းပေါ်က ချင်ကျိုးစားတော်ဆက်ပင် ဖြစ်သည်။
စစ်ဖန်းလမ်းမဟာ လူရှုပ်တဲ့လမ်းမတစ်ခု ဖြစ်ပြီး ယခုလို နွေဦးနှောင်းပိုင်းနဲ့ နွေရာသီအစောပိုင်းမှာဆိုလျှင် လမ်းပေါ်မှာ လမ်းလျှောက်သူတွေ ပိုပိုပြီးရှိပေသည်။
ထိုသူနှစ်ယောက်ဟာ ရထားလုံးထဲကနေ ထွက်လိုက်ကြပြီးနောက် စားသောက်နေကြတာကို တွေ့လိုက်ပြီး ပျားပန်းခတ် စည်ကားနေတဲ့ မြင်ကွင်းတစ်ခုပင်။
ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက်မှာတော့ ချင်ကျိုးစားဝေည်ဆက်ဆီကို ရောက်လာပြီး ထိုအချိန်မှာပဲ စားတော်ဆက်မှာ ဧည့်သည်တော်တွေကို ဧည့်ခံနေကာ အရမ်းကို သက်ဝင်လှုပ်ရှားနေပေသည်။
ယန်ရှုက သီးသန့်ခန်းအတွက် စျေးမြင့်မြင့်ပေးလိုက်ပြီး နှစ်ယောက်သား ဝင်သွားလိုက်ကာ ထိုင်လိုက်ကြပြီးနောက် ရှောင်အာကို အသားအသောက်တွေ မှာယူတော့သည်။
ဒီနေ့ချင်ကျိုးအစားအသောက်တွေ စားမှာဆိုတော့ ယန်ရှု မှာယူတာက သဘာဝပင်။
အခုလေးတင်က စားသောက်ဆိုင်ကို မြင်လိုက်ချိန်မှာ သူမက အဲ့အတွက် ယုံကြည်ချက်ရှိသွားပြီး အခုတော့ ငါးကြင်းချိုချဉ် ၊ အူအဆီပိတ်ကြော် ၊ နှစ်ဆအကြွပ်ကြော်နဲ့ တခြားစားပွဲတွေပေါ်မှာရတဲ့ နာမည်ကြီးဟင်းပွဲတွေကို မှာယူလိုက်သည်။
မီနူးကို တစ်ချက်ကြည့်လိုက်ပြီး အဲဒီမှာ တကယ်ပဲ အန်းသဲ့ရဲ့ကြက်ကင် ရှိနေတာကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမက အလျင်အမြန်ပဲ တစ်ကောင် မှာလိုက်သည်။
အစားအသောက်တွေ ရောက်လာဖို့က သိပ်မကြာလိုက်ပေ။
ယန်ရှုက ထပ်မစောင့်နိုင်တော့ဘဲ ယွီဝိန်းလန်ကို ချက်ချင်းစားဖို့ ခေါ်လိုက်သည်။
“ယောက်ျားရေ ဒီငါးကြင်းချိုချဉ်လေးကို မြည်းကြည့်ပါ။ ဒီဟင်းပွဲကိုသာ ကျက်အောင် ချက်ထားတယ်ဆိုရင် ဒီဆိုင်က အမှန်အကန်လို့ ဆိုလိုတာပဲ”
ယွီဝိန်းလန်က နှာရှုံ့လိုက်ကာ အရသာခံရန်သူ့တူတွေကို ဆန့်ထုတ်လိုက်သည်။
ကောင်းပြီလေ ငါးအသားက ရွှေရောက်သန်းနေပြီး ကြွပ်ရွနေတာပဲ။ ဒါပေမဲ့ အတွင်းကတော့ ချိုချဉ်အရသာလေး ဟင်းအနှစ်လေးနဲ့ နူးညံ့နေတာပဲ အရသာကမဆိုးပေ”
ယွီဝိန်းလန်က လည်ချောင်းရှင်းရန် လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီးနောက် ယန်ရှုဟာ အူအဆီပိတ်ကြော်ကို မြည်းပြီးပြီဆိုတာကို တွေ့လိုက်ရသည်။
ကောင်းတယ် အူချောင်းရဲ့အပြင်ဘက်အရေခွဲက ကြွပ်ကြွပ်လေး ကြော်ထားတဲ့ ခံစားချက်ကိုရတယ်၊ ဒါပေမဲ့ အတွင်းထဲကတော့ ပါးစပ်ထဲမှာ အရေပျော်သွားပြီး မွှေးရနံ့နဲ့ အရသာနဲ့ ပြည့်နေပေသည်။ ပြီးတော့ ထမင်းနဲ့လည်း အတော်လေး လိုက်ဖက်ပေသည်။
ဒါကိုမြင်လိုက်ချိန်မှာ ယွီဝိန်းလန်ဟာလည်း သူမနောက်ကို လိုက်ပြီး အူအဆီပိတ်ကြော်ကို မြည်းစမ်းလိုက်သည်။
မမျှော်လင့်ထားစွာနဲ့ သူမြိုမချခင်မှာပဲ သူမက အဆီတွေကိုပါ စားလိုက်ပြီး အရမ်းကိုကြွပ်ရွနေပေသည်။
ဝိုး ကြက်မြစ်နဲ့ ဝက်ဗိုက်သားကို ပန်းပွင့်ပုံဖော်ထားပြီး အဲဒါမှ သူတို့က ဟင်းခတ်တွေကို ပိုပြီး ကောင်းကောင်း စုပ်ယူနိုင်မှာ ဖြစ်သည်။
စားဖိုမှူးက သေသေချာချာ ချက်ထားပြီး ကြွပ်ရွ နူးညံ့ကာ လတ်ဆတ် လန်းဆန်းစေပြီး အငန်ဓာတ်နည်းနည်းရသည် တကယ်ကိုစစ်မှန်တယ်
99 07
နောက်ဆုံးကတော့ အန်းသဲ့ကြက်ကင်ပင် သူဟာ ကြက်တစ်ကောင်လုံးက အနီရောင်ရွှန်းလဲ့နေကာ အဆီရွှဲနေပေသည်။ အသားဟာလည်း အနည်းငယ် ဆွဲအားနဲ့ အရိုးတွေကို ထုတ်ထားသည်။ ပါးစပ်ထဲကို ထည့်လိုက်ပြီးနောက်မှာ ပထမမှာ မွှေးရနံ့လုံးဝမရှိဘဲ အလွန်အမင်းကို နူးညံ့ကာ ဆိုရွားလှသည်။
ယန်ရှုက ယွီဝိန်းလန်ကို စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အရှင်မင်းကြီး မြန်မြန်လေးစမ်းကြည့်ပါ။ ဒါကကျွန်မတို့ရဲ့အန်းသဲ့ကြက်ကင်ပဲ။ ဒါက တကယ့်ကို လက်ရာအစစ်ပဲ
ဒါကို မြင်လိုက်ချိန်မှာ ယွီဝိန်းလန်က ကြက်သားတစ်ပိုင်းကိုယူလိုက်ပြီး မြည်းလိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။
“တကယ်ကိုကောင်းတယ်”
စကားပြောပြီးနောက် ယန်ရှုကို ထပ်ကြည့်လိုက်ပေမဲ့ သူမမျက်လုံးတွေက ခပ်ဖျော့ဖျော့ စိုစွတ်နေတာကို တွေ့လိုက်ရသည်။
ယွီဝိန်းလန် “…”
ဇာတိမြို့ရဲ့အရသာကို အရသာခံကြည့်ပြီး အရမ်းစိတ်လှုပ်ရှားသွားတာလား။
ဟုတ်သည် ယန်ရှုက ဒီအချိန်မှာ ခံစားချက်တွေ ရောထွေးနေပေသည်။
အတိတ်တုန်းက သူမဖခင်ရဲ့ အဂတိမလိုက်စားမှုကြောင့် မိသားစုဘဝက သိပ်ပြီးတော့ မကြွယ်ဝပေ။ သူမ ကြက်ကင် စားချင်တဲ့အချိန်တိုင်း သူမဖခင် လစာထုတ်လာတာကို စောင့်ရပေသည်။
ပြီးတော့ နောက်ဆုံးတစ်ခါ ကြက်ကင်စားခဲ့တဲ့အချိန်က အပျိုတော်အဖြစ် အရွေးခံရပြီး အိမ်ကနေ မထွက်ခင်ကပင်။
ထို့နေ့မှာ သူမမိဘတွေက သူမကို ဒေါသူပုန်ထကာ ကြက်ကင်လေး တစ်ကောင် ဝယ်ပေးလာပြီး ပြန်တွေးကြည့်လိုက်မှ သူမက သူတို့ကို ထပ်ပြီးမတွေ့ရတော့ပေ….
ကံကောင်းစွာနဲ့ အခုသူမမိဘ မောင်နဲ့အဖွားဖြစ်သူတို့ အားလုံးက မြို့တော်ကို အတူလာနေကြပြီး အချိန်တိုင်းသူတို့ကို တစ်ယောက်နဲ့တစ်ယောက် တွေ့နိုင်တော့မည်။
…..
ဇာတ်ကြောင်းကို တိတ်တဆိတ် နားထောင်ပြီးနောက်မှာ ယွီဝိန်းလန်က တစ်ခဏခန့် တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက်တံခါးဆီသို့ ပြောလိုက်သည်။
“နောက်ထပ် ကြက်ကင်နှစ်ကောင်ပေးပါ”
သူမရဲ့အံ့ဩနေတဲ့မျက်နှာကို တွေ့လိုက်ရပြီး နောက် သူက ပြောလိုက်သည်။
“ကြိုက်ရင် ပိုစားလေ ကိစ္စမရှိဘူး”
နှပ်ထားတဲ့ ကြက်ကင်လေးပဲမလား။
သူ လုံလောက်ပါပြီ
ဒီလိုနည်းဖြင့် ကြက်ကင် ကုန်သွားပြီးတဲ့နောက်မှာ ယန်ရှုရဲ့ ဗိုက်လေးက လုံးဝိုင်းနေပြီဖြစ်ကာ နံရံကနေ ထွက်သွားတော့မလို့ပင်။
သို့သော် ယနေ့ညအရမ်းကို ပျော်နေသည့်အတွက် သူမက အထူးအနေနဲ့ နောက်တစ်ခုကို ထုပ်ပိုးလိုက်ကာ အပျိုတော်လေး အရသာခံဖို့ ယူသွားချင်ခဲ့သည်။
အစားအသောက်နဲ့ ဝိုင်တွေနဲ့ ကျေနပ်သွားပြီးနောက်မှာ အိမ်ပြန်ရမည့်အချိန်ပင် ဖြစ်သည်။
ယန်ရှုက ယွီဝိန်းလန်နဲ့အတူ ထရပ်လိုက်ပြီး သီးသန့်ခန်းကနေ ထွက်တော့မည်ပင်။
ဒီသီးသန့်ခန်းဟာ လမ်းမကို မျက်နှာမူထားသည့် ဒုတိယထပ်မှာ ရှိပေသည်။
ထိုအချိန်မှာပဲ သူမက မတော်တဆ အပြင်ဘက်ကို ကြည့်လိုက်မိပြီးနောက် လမ်းမရဲ့ဘေးမှာ အလွန်အမင်းကို ကြီးကျယ်ခမ်းနားတဲ့ ရထားလုံးတစ်ခု ရပ်ထားတာကို တွေ့လိုက်ရသည်။
ရထားလုံးအကန့်တွေကို သွေးနီရောင်သလင်းကျောက်နဲ့ ကာထားပြီး ဘီးလုံးတွေကို ကြေးဝါနဲ့မြှုပ်နှံထားကာ အရမ်းကို အရောင်အဝါက ခံ့ညားပေသည်။
သို့သော် ဒီစတိုင်က အနည်းငယ် ရင်းနှီးနေသလိုပင်။
သူမ စူးစမ်းနေစဉ်မှာပဲ တခြားလူတစ်စုဟာ လမ်းမဘေးက ရှန်ဟဲကျွီကျုံးကနေ ထွက်လာတာကို တွေ့လိုက်ရသည်။
99 08
အရှေ့က လမ်းလျှောက်နေတဲ့အမျိုးသမီးကလည်း အရမ်းကိုရင်းနှီးနေပေသည်။
ယန်ရှုက ယွီဝိန်းလန်ကို အလျင်အမြန်ခေါ် လိုက်ပြီး
“ယောက်ျားရေ။ အဲဒါက အကြီးဆုံးမင်းသမီးကြီးလို့ ထင်လားဟင်”
မင်းသမီးကြီးလား။
ယွီဝိန်းလန်ကလည်း ပြတင်းပေါက် အပြင်ဘက်ကို သူ့အကြည့်ကို ပစ်ထုတ်လိုက်သည်။
ထိုအမျိုးသမီးက သူမနန်းတော်ထဲကို ဝင်စဉ်ကလို ခမ်းနားစွာ ဝတ်ဆင်မထားပေမဲ့ အဲဒါက ယွီဝိန်းယန်ဆိုတာသေချာသည်။
သို့သော် ဒီတစ်ကြိမ်မှာ သူမဘေး၌ အညိုရောင်ခပ်ဖျော့ဖျော့ ဆံပင် နှာတံမြင့်မြင့်နဲ့ နက်ရှိုင်းတဲ့ မျက်ဝန်းတွေနဲ့ အရပ်ရှည်ရှည် လူတစ်ယောက် ရှိနေသည်။
ထိုသူနှစ်ဦးရထားလုံးဆီကို လာတဲ့အချိန််မှာပဲ ရထားလုံးဆီကို အတူတူလျှော က်ဝင်သွားကြပြီး ရှေ့ဆက်သွားကြတော့သည်။
သူက သံသယဖြစ်သွားရသည်။ သို့သော် ယန်ရှုက အော်ဟစ်လာကာ
“အကြီးဆုံးမင်းသမီးကြီးက အကြိုက်သစ် တွေ့နေပြီလား။ ကြည့်ပါဦး သူက အလယ်ပိုင်းလွင်ပြင်က လူတွေနဲ့ ဘာလို့တူနေရတာလဲ”
စစ်စတန် [အမှန်ပဲ အကြီးဆုံးမင်းသမီးကြီးရဲ့ အကြိုက်အသစ်က ရန်လုံလမ်းမမှာရှိတဲ့ ရူယိရင်ပြင်က နံပါတ်တစ်အချောဆုံး အမျိုးသားဖြစ်တဲ့ ရုံနန်က ဖန်ကျိုက်အန်းပဲ]
ယန်ရှုရဲ့မျက်လုံးတွေက ပြူးကျယ်သွားရသည်။
[ရန်လုံလမ်းမ ရူယိဖန်။ အဲဒါကနာမည်ကြီး ဘဲလေးတွေ ရှိတဲ့ဆိုင်မလား။]
(ပြောရရင် ယောက်ျားလေး ပျော်တော်ဆက်လိုပါ)
******