← Chapters

အခန်း (၁၀၀-၁၀၂)

Vol. 7 Ch. 100-102

အခန်း (၁၀၀-၁၀၂)

Vol. 7 Ch. 100-102

100 01

အပိုင်း (၄၈.၁)

ယွီဝိန်းလန်က စစ်စတန်ရဲ့စကားကို မကြားနိုင်သည့်အတွက် ဒီစာကြောင်းကိုသာ ကြားလိုက်ရသည်။

“ရန်လုံလမ်းမ ရူယိဖန် နာမည်ကြီး ဘဲရောင်းတဲ့ဆိုင်”

“။။”

ဘဲရောင်းတဲ့ဆိုင်။

သူမက အခုလေးတင်မှ ကြက်သားကင် စားလာတာ မဟုတ်ဘူးလား။ ဘဲကင် ထပ်စားချင်နေပြန်တာလား။

ရူယိဖန်မှာက ဘာဘဲတွေ ရောင်းတာလဲဆိုတာကို သူ မသိပေ။

ဘဲကင်လား။

ဒါမှမဟုတ် ဘဲသားဆားငန်လား။

ဘဲတွေက အဲလောက် နာမည်ကြီးတယ်လား။

ယွီဝိန်းလန်ရဲ့စိတ်ထဲမှာ မေးခွန်းပေါင်းများစွာ ပျံသန်းနေပေမဲ့ ထိုအချိန်မှာတော့ ယန်ရှုနှလုံးသားထဲက ကလစ်ဟူသော အသံပေါင်းများစွာကို ကြားလိုက်ရသည်။

[သေချာပေါက်ပဲ အမျိုးသမီးတွေရဲ့ အထွတ်အထိပ်ဖြစ်တဲ့ မင်းသမီးဖြစ်ရမယ်။ ဒီသောက်ကောင်က သူ လိုချင်တိုင်း ရနေတာပဲ။ ပြီးတော့ စိတ်ရှိသလို ဘဲလေးတွေကိုလည်း စားပြီးရင်း စားနိုင်သေးတယ်။ လုံးဝကိုထိပ်ဆုံးပဲ။ တကယ်ကို မနာလိုလိုက်တာ]

“။။”

သူ့မျက်ခုံးကို တိတ်တဆိတ် မပင့်ဘဲ မနေနိုင်တော့ပေ။ ဘဲလေးစားရုံပဲ မဟုတ်လား။ ဘာလို့ယွီဝိန်းယန်ကို အရမ်းအားကျနေရတာလဲ။

ထို့နောက် သူကမေးလိုက်သည်။

“မင်းက ဗိုက်မပြည့်သေးဘူးလား”

ထိုအချိန်မှာပဲ ယန်ရှုက အကြီးဆုံးမင်းသမီးကြီး မောင်းထွက်သွားတဲ့ ဦးတည်ရာဘက်ကို ကြည့်နေတာဖြစ်ပြီး မနာလို အားကျမှုအပြည့်နှင့် သာမန်ကာလျှံကာနဲ့ ခပ်တိုးတိုး ဆိုလိုက်သည်။

“မဟုတ်ပါဘူး။ ဒီကိုယ်လုပ်တော်က ဗိုက်ပြည့်နေပါပြီ”

ကျစ် အစာအိမ်က ပြည့်နေပြီ ဒါပေမဲ့ မျက်လုံးတွေကတော့ ဆာလောင်နေတုန်းပဲ။

အဲဒီ ဘဲရောင်းတဲ့ဆိုင်က ဘယ်လိုဖြစ်မလဲဆိုတာကို တကယ်ပဲ သွားကြည့်ချင်နေပြီ…။

မစားနိုင်ဘူးဆိုရင်တောင် ကြည့်ရုံပဲဆိုလည်း အဆင်ပြေပါတယ်လေ…..။

တိတ်တဆိတ် နားထောင်နေတဲ့ ယွီဝိန်းလန် “….”

ဘဲရောင်းတဲ့ သူလေးပဲမလား။ လိုချင်နေတယ်ဆိုရင်လည်း ဘာလို့မသွားတာလဲ။ဘာလို့ အရမ်းကို သနားချင်စရာ ကောင်းနေရတာလဲ။

သူက ရိုးရိုးရှင်းရှင်းပဲ လက်ဦးမှုယူကာ ပြောလိုက်သည်။

“ရန်လုံလမ်းမှာ အရမ်းကောင်းတဲ့ ဘဲရောင်းတဲ့ဆိုင်

ရှိတယ်လို့ ကိုယ်ကြားတယ် မြည်းကြည့်ချင်လား”

ကောင်းပြီလေ။ နန်းတော်ထဲကို သူနဲ့အတူရှိဖို့ ဝင်လာရတဲ့အတွက် သူမမိသားစုနဲ့ ခွဲခွာနေရတာ အရမ်းကိုကြာနေပြီ။ တကယ်ကိုမလွယ်ကူဘူးပဲ။

ထို့ကြောင့် အခုလေးတင်က သူမရဲ့နှလုံးသားထဲက ခံစားချက်တွေကို ကြားလိုက်ရတဲ့အခါမှာ အခုကစပြီး သူမကို ကောင်းကောင်း ဂရုစိုက်မယ်လို့ ဆုံးဖြတ်လိုက်သည်။ ထိုမှသာ သူမမှာ စိတ်လုံခြုံမှု အခိုင်အမာရရှိမည် ဖြစ်သည်။

အရမ်းကို စိတ်ခံစားချက် ပြင်းသွားပြီးနောက်မှာတော့ ယန်ရှုက သူ့ကို ပြူးကျယ်နေတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်ပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလာသည်။

“အရှင်မင်းကြီး အရှင်မင်းကြီးပြော တာက ….ဖြစ်နိုင်တာက ရူယိဖန်လို့ခေါ်တဲ့ နေရာများလား”

100 02

[သူကလည်း ဘဲလေးတွေ ရောင်းတဲ့ဆိုင်ဆိုတာ ဘာလဲဆိုတာ သိတာလား]

ယွီဝိန်းလန်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်ကာ ပြောလာသည်။

“ဒီနာမည် ဖြစ်တဲ့ပုံပဲ”

အဟွတ်… အခုမှ ရှာတွေ့ပေမဲ့လည်း နောက်မကျသေးပါဘူးလေ။

ထို့ကြောင့် သူက ထပ်ပေါင်း ပြောလာသည်။

“မင်းသွားချင်ရင် အဲဒီကို ကိုယ် ခေါ်သွားပေးမယ်လေ”

အဲဒါက ဘဲလေးတွေရောင်းတဲ့ မိသားစုပဲ မဟုတ်လား။ ဆိုတော့ ဘာလို့မရနိုင်ရမှာလဲ။

သို့သော် အခုထိ သူမရဲ့အံ့အားသင့်ပြီး သတိထားနေတဲ့အကြည့်နဲ့ ကြည့်နေတာကို တွေ့လိုက်ရသည်။

“ကျွန်မ တွေးနေတာကတော့ သွားချင်တယ်….။ဒါပေမဲ့...ဒါပေမဲ့.ကိုယ်လုပ်တော်အနေနဲ့ သွားလို့ရပါ့မလား”

ကျစ် အဲဒီက ဘဲတွေက သူမပေါ့ပေါ့ပါးပါးနဲ့ မြည်းလို့ရတဲ့ဟာ ရှိသလိုပဲ။

ယွီဝိန်းလန်က မျက်မှောင်ကြုတ်ကာ ပြောလာသည်။

“ဘာလို့ မရရမှာလဲ။ အခုသွားကြစို့”

စကားပြောပြီးနောက်မှာ သူက တကယ်ပဲ သူမကို သီးသန့်ခန်းထဲကနေ ခေါ်ထုတ်သွားကာ လှေကားကနေ ဆင်းသွားပြီး လမ်းဘေးက ရထားလုံးပေါ်ကို တက်သွားတော့သည်။ ထို့နောက် ရထားလုံးမောင်းသူကို လမ်းညွှန်ချက်ပေးလိုက်ပြီး ရန်လုံလမ်းမဆီကို တန်းတန်းမတ်မတ် သွားတော့သည်။

~~~

လမ်းတစ်လျှောက် ဘီးလှိမ့်နေချိန်မှာ ယန်ရှုက စိတ်လှုပ်ရှားလာပြီး တစ်နည်းနည်းနဲ့ သံသယ ရှိလာရသည်။

—ဧကရာဇ်က သူမကို တကယ်ပဲ ဘဲလေးတွေရှိတဲ့ဆိုင်ကို ခေါ်သွားတယ်ပေါ့လေ။

သူမ ထိုအကြောင်းကို ဘယ်လိုပဲတွေးနေပါစေ တကယ့်ကို မယုံနိုင်စရာပင်။

ကျစ် ဒါက ငါးမျှားနေတာပဲ မဟုတ်လား။ သူတို့တွေ အဲဒီကို ရောက်သွားရင် သူမက ဖမ်းစားခံလိုက်ရပြီး သူ့ကို လျစ်လျူရှုမလားဆိုတာကို ကြည့်ချင်နေတာမလား။

တိတ်တဆိတ် နားထောင်နေသော ယွီဝိန်းလန် “..”

သူမက ဘာလို့ အဲလို တွေးနေရတာလဲ။

ဘဲသားစားဖို့ပဲ မဟုတ်လား။ သူမဆီကနေ လျစ်လျူရှုခံရမှာကို စိုးရိမ်စရာ လိုသေးတာလား။

သို့သော် ထိုသို့ပြောမှပဲ ဒါဟာ သူမကနေ သူ့ကို အစားအသောက်အတွက် လှည့်စားတာ တစ်ကြိမ်မကတော့ပေ….။

သို့သော် ဘုရင်တစ်ယောက်အနေနဲ့ သူ့အတွက် ကိစ္စမရှိပေ။ သူက ဒီလို အသေးအဖွဲ့ကိစ္စလေးနဲ့ သူ ဂရုစိုက်တဲ့ သူ့ရဲ့ကိုယ်ပိုင်အမျိုးသမီးကို ဘယ်လိုလုပ် စိတ်ဆိုးနိုင်မှာလဲ။

အစားအသောက်လေးပဲမလား။ ပြီးတော့ သူက သူမရဲ့ ခင်ပွန်းလေ။

ထိုသို့တွေးရင်းနဲ့ မျက်တောင် တစ်ခတ်အတွင်းမှာပဲ ထိုနေရာဆီသို့ ရောက်လာကြတော့သည်။

သူတို့နှစ်ဦးဟာ ရထားကနေ ထွက်လိုက်ကြပြီး ဆင်းသက်လိုက်ကြပြီးနောက် မြင်လိုက်ရသည်မှာ လမ်းမရဲ့ဘေးမှာ စာလုံးကြီးသုံးလုံးနဲ့ရေးထားတဲ့ “ရူယိဖန်” လို့ခေါ်တဲ့ စားတော်ဆက်က တကယ်ပဲ ရှိနေတာကို တွေ့လိုက်ရသည်။

ထိုအရာကို ထပ်ကြည့်လိုက်ချိန်မှာတော့ အပြင်ဘက်ကို ကြည့်ရသည်မှာ အရမ်းကိုခံ့ညားနေပြီး ဘေးနားက ဆိုင်တွေထက် အများကြီးပို၍ သစ်လွင်ပေသည်။

ယန်ရှုက အရမ်းကို စိတ်လှုပ်ရှားသွားတော့သည်။

သူမဟာ ဒီနေရာကို သိချင်နေခဲ့တာ အရမ်းကို ကြာနေပြီဖြစ်ပြီး ဒီနေ့မှာတော့ သူမတကယ်ပဲ နောက်ဆုံးမှာတော့ လာရှာနိုင်ခဲ့ပြီပင်။

မင်းဘဝမှာ ဒီလိုနေရာမျိုးကို တစ်ခါလောက် လာဖူးတာနဲ့ နောက်ထပ်ဘာတွေ တောင်းဆိုနိုင်သေးလဲ။

ယွီဝိန်းလန်က သူ့နှလုံးသားထဲမှာ ပြောလာသည်။ ဒီစားသောက်ဆိုင်က ဖွင့်တာ နှစ်အနည်းငယ် ရှိနေပြီမလား။ ဒါပေမဲ့ မြို့တော်မှာ ရပ်တည်နိုင်တဲ့အထိ အရသာရှိတဲ့ အစားအသောက်တွေကို တကယ်ပဲ ပြုလုပ်နိုင်တာပဲ။

သိရမည်မှာ ထိုနာမည်ကြီး စားသောက်ဆိုင်တွေက နှစ်ရာချီတဲ့ဆက်ခံမှုတွေ ရှိကြပေသည်။

သို့သော်….

ဒီနေရာမှာ တန်ဖိုးကြီး လျှို့ဝှက်ဟင်းချက်နည်းတွေ ဘာတွေများ ရှိလို့လား။

ပြောရရင် ရောက်နေပြီဆိုမှတော့ အရင်ဆုံး စမ်းစားကြည့်ကြတာပေါ့။

ထိုသို့ တွေးလိုက်ပြီး သူဟာ ဆိုင်ထဲကို သူမနဲ့အတူ လှမ်းဝင်လိုက်သည်။

ဝင်ပြီးနောက် ပတ်ကြည့်လိုက်ပြီးချိန်မှာ ယွီဝိန်းလန်က အနည်းငယ် အံ့အားသင့်သွားရသည်။

ဆိုင်အတွင်းထဲက အပြင်အဆင်က အပြင်ဘက်ကထက် အပြင်အဆင်က ပိုပြီး ကြီးကျယ်ခမ်းနားတာပဲ။

100 03

သူ မြင်ဖူးသမျှထဲမှာ အထူးခြားဆုံး စားသောက်ဆိုင်လို့ ပြောလို့ရပေသည်။

ဒီစားသောက်ဆိုင်ဟာ ဘေးနားကလို စားပွဲတွေ ကုလားထိုင်တွေနဲ့ ပြည့်နေတာ မဟုတ်ပေ။ သို့သော် ကျောက်တုံးဥယျာဉ်ထဲမှာ စီးဆင်းနေတဲ့ရေလေးတွေနဲ့ ဝန်းရံထားတဲ့ အိုးနဲ့ ထည့်စိုက်ထားတဲ့ အပင်စိမ်းစိမ်းလေးတွေကတော့ နေရာတိုင်းမှာ ရှိနေပေသည်။ စတိုးဆိုင်ရဲ့အလယ်မှာ သစ်သားစံအိမ်လေးတစ်လုံးပင် ရှိသေးသည်။

ထိုစံအိမ်ထက်မှာ စောင်းတီးခတ်နေတဲ့ ယောက်ျားတစ်ယောက်ရှိပြီး ဖြူဖွေးတဲ့အသားအရေနဲ့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ဆံပင်ကို သူ့နောက်ကျောဘက်မှာ ခပ်လျော့လျော့ ချည်ထားပြီး သူ့မျက်ခုံးတွေနဲ့မျက်လုံးတွေက အတော်လေး မိန်းမဆန်ပေသည်။

ယွီဝိန်းလန်က တိတ်တဆိတ်နဲ့ မျက်ခုံးပင့်လိုက်သည်။

ဒါဟာ စားတော်ဆက်တစ်ခုမှာ တစ်ယောက်ယောက်က စောင်းတီးနေတာကို မြင်ရတဲ့ပထမဆုံးအကြိမ်ပင်။ ပြီးတော့ အဲ့လူက ယောက်ျားလေးလည်း ဖြစ်နေသေးသည်။

သို့သော် ထပ်ကြည့်လိုက်ချိန်မှာတော့ စံအိမ်တစ်ဝိုက်မှာ စားပွဲနဲ့ကုလားထိုင်အချို့ရှိနေပြီး အားလုံးမှာ အထူးထွင်းထုထားတဲ့ လက်ရန်းတွေနဲ့ ကာရံထားကာ အပါးစ ကန့်လန့်ကာတွေကိုလည်း လက်ရန်းမှာ ချိတ်ဆွဲထားပေသည်။ ထို့ကြောင့် လူတွေဟာ အထဲက စားနေသူတွေရဲ့ပုံရိပ်ကို ဝိုးတိုးဝါးတားသာ မြင်နိုင်ပေသည်။ သို့သော် ရှင်းလင်းတဲ့ သွင်ပြင်တော့ မဟုတ်ပေ။

ဒါပေမဲ့ ထိုနေရာကနေ ရံဖန်ရံခါထွက်လာတဲ့သူတွေ ရှိနေပြီး သူတို့တွေက ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ပင်။

လူခုနစ်ယောက် ရှစ်ယောက်လောက်ရှိတဲ့ အုပ်စုသုံးလေးစုနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ ဝိုင်တိုက်ပွဲတွေ လုပ်တတ်တဲ့ တခြားနေရာက စားသုံးသူတွေနဲ့ လုံးဝကို ကွဲပြားပေသည်။

ထိုအမျိုးသမီးတွေ အကုန်လုံးက မျက်နှာလွှားဇာပုဝါ သို့မဟုတ် ကန့်လန့်ကာကို ဝတ်ဆင်ထားကြသည့်အတွက် သူတို့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သို့သော် မည်မျှပင် အရပ်ရှည်သည် ပုသည်ဖြစ်စေ ပိမ်သည်ဝသည်ဖြစ်စေ သူတို့အားလုံးက ခမ်းနားစွာ ဝတ်ဆင်ထားကြသည်။

သို့သော် သူတို့ကို အဖော်ပြုပေးထားသည့် ယောက်ျားတွေ အားလုံးကတော့ နှစ်ဆယ်အစောပိုင်းလောက်မှာ ရှိနေပြီး သူတို့အားလုံးက သန်မာကာ အရပ်ရှည်ကြသည်….။

အထူးသဖြင့်….ဒီဆိုင်မှာ ထူးဆန်းတဲ့ရနံ့တစ်ခု ပျံ့လွှင့်နေပြီး သိသိသာသာကိုပင် အစားအသောက် ရနံ့တော့ မရှိပေ။

ယွီဝိန်းလန်က မျက်မှောင် ကြုတ်သွားတော့သည်။

—ဘာလို့ဒီနေရာက အရမ်းထူးဆန်းနေရတာလဲ။

ထို့နောက် သူ လှည့်ပတ်ကြည့်လိုက်ချိန်မှာတော့ ယန်ရှုက ကန့်လန့်ကာကိုဖြတ်ပြီး သူမရဲ့ပြူးကျယ်နေတဲ့ မျက်ဝန်းအစုံနဲ့ကြည့်နေကာ သူမနှလုံးသားထဲမှာတော့ ဆက်တိုက် ကျစ် ကျစ်ဟု လုပ်နေသံကို ကြားလိုက်ရတော့သည်။

[ဆိုတော့ ဒါက ဘဲအရောင်းဆိုင်ပေါ့လေ။ ပတ်ဝန်းကျင်က တကယ်ကောင်းတာပဲ။ သီးသန့်ခန်းတွေကို ဘယ်လိုတောင် ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားသလဲဆ်ုတာကို ကြည့်ပါဦး။ ဘယ်သူကမှ ဘယ်သူ့ကို မှတ်မိမှာမဟုတ်ဘူး။ ဒါကကိုယ်ရေးကိုယ်တာကို ကာကွယ်ပေးနိုင်တယ်]

ယွီဝိန်းလန် “….”

“ကိုယ်ရေးကိုယ်တာ”ဆိုတာကရော ဘာကြီးလဲ။

သူဟာ ထိုအကြောင်းကို မဖော်ထုတ်နိုင်သေးခင်မှာပဲ သူမ ထပ်ပြောလာသည်ကို ကြားလိူက်ရသည်။

[ကျစ် ကျစ် ဒီလူတွေမှာက ရုပ်အသွင်အပြင် ကောင်းလည်း ရှိတာပဲ။မြို့တော်ရဲ့ပထမလို့ ဆိုထိုက်ပါပေတယ်။ဟမ့်.. တကယ့်ကို ဂြိုလ်သားတွေ ရှိနေတာပဲ။]

ဂြိုလ်သားတွေ။

ယွီဝိန်းလန်က သူမရဲ့အကြည့်နောက်ကို လိုက်လိုက်တဲ့အခါမှာတော့ သေချာပေါက်ပင် ယောက်ျားများစွာဟာ ခန်းမထဲမှာ လမ်းလျှောက်နေကြပေသည်။ သူတို့အားလုံးမှာ မြင့်မားတဲ့မျက်ခုံးနဲ့ နက်ရှိုင်းတဲ့မျက်လုံးတွေရှိပြီး သူတို့ရဲ့ဆံပင်အရောင်က အညိုဖျော့ရောင်တွေ ဖြစ်သည်။

သူက မနေနိုင်ဘဲ အခုလေးတင်က ယွီဝိန်းယန်ဘေးက လူအကြောင်းကို မနေနိုင်ဘဲ စဉ်းစားလိုက်မိသည်….။

ရုတ်တရက်ပဲ တစ်ခုခုက မှားနေတယ်ဆိုတာကို ဝိုးတဝါး ခံစားလိုက်ရတော့သည်။

100 04

ဒီနေရာက မာရှီလမ်းပေါ်က ဖန်ပန်းဧည့်သည်ဆောင်နဲ့ အကွာအဝေးက အဝေးကြီးမှာ ရှိနေတာကို ဒီနေရာမှာ နိုင်ငံခြားသားတွေ အများကြီး ဘာလို့ရှိနေရတာလဲ။

သူ သံသယရှိနေဆဲမှာပဲ သူတို့ဘေးနားကို ဖြတ်သွားတဲ့ စားတော်ဆက်ထဲက ယောက်ျားတစ်ယောက်က ရပ်လိုက်ပြီး သူတို့ကိုကြည့်ကာ မေးလာသည်။

“ဒီနေရာကိုလာတဲ့ အသစ်လား”

ယွီဝိန်းလန်က ကြက်သေ သေသွားတော့သည်။

အသစ်လာတဲ့သူ။

ဒီနေရာရဲ့စောင့်ဆိုင်းခန်းက ဧည့်သည်တွေကို ဒီလိုပဲဆက်ဆံတာလား။

သို့သော် သူပင် စကားမပြောနိုင်ခင်မှာပင် ထိုသူဟာ ယန်ရှုကို ထပ်ပြီးပမာဏကို တိုင်းဆနေကာ ထို့နောက် ပြုံးပြလာသည်။

“ဒီအမျိုးသမီးလေးကို ဒီနေ့ခစားရတာက တကယ်ကို ကံကောင်းလွန်းတယ်”

စကားပြောပြီးနောက် သူဟာ လက်ရန်းပါတဲ့ ကန်လန့်ကာနောက်ကို ဝင်သွားတော့သည်။

ယွီဝိန်းလန် “…”

ဒါက ဘာကိုဆိုလိုတာလဲ။

သူက မျက်မှောင်ကြုတ်နေပေမဲ့ သူ့နောက်ကနေ အမျိုးသားတစ်ယောက်ရဲ့အသံကို ကြားလိုက်ရသည်။

“မဆိုးဘူးဘဲ။ စျေး ဘယ်လောက်လဲ”

ထို့နောက် ချက်ချင်းပဲ ဖောင်းပွနေပြီး မျက်နှာ တစ်ဝက် ကာထားတဲ့ အမျိုးသမီးက သူ့ဆီကို ငှက်မွှေးယပ်တောင်တစ်ခုနဲ့ လျှောက်လာကာ သူမရဲ့မျက်လုံးတွေနဲ့ သူ့ကို အထက်အောက် စုန်ဆန်ကြည့်လာသည်။

တခြားမိန်းမတစ်ယောက်က အလျင်အမြန် လိုက်လာကာ အပြုံးတစ်ပွင့်နှင့် ပြောလာသည်။

“ဒီလူရွယ်လေးက ကျွန်မတို့ဆိုင်က မဟုတ်မှာကို စိုးမိပါတယ်….”

သူမ ပြောလိုက်ပြီးနောက် သူ့ကို စစ်ဆေးလာပြီး ရုတ်တရက်ပင် မျက်လုံးထဲမှာ အံအားသင့်ဟန်တို့ ပြသလာသည်။

“သူက မျိုးနွယ်ကွဲ မဟူတ်ပေမဲ့ ဒီပုံရိပ်နဲ့အသွင်အပြင်က တကယ့်ကို ရပ်တည်ဖို့ ခက်ခဲတာပဲ….”

ယွီဝိန်းလန် “…”

ဒီနှစ်ယောက်က သူ့ကို တကယ်ပဲ ဒီလိုမှတ်ချက်မျိုး ပြုရဲတယ်ပေါ့လေ။

သို့သော် ထိုအချိန်မှာပဲ ယန်ရှုက သူ့ရှေ့မှာ ရပ်လိုက်ကာ ဘွင်းဘွင်းရှင်းရှင်း ပြောလိုက်သည်။

“ဒါကဒီ မိန်းကလေးရဲ့လူပါ။ အဲဒီတော့ ဝေးဝေးမှာနေ”

သူမ စကားပြောပြီးနောက် ခေါင်းပေါ်က ဇာပုဝါလွှားကို ဖြုတ်လိုက်ကာ သူ့ခေါင်းပေါ် တင်ပေးလာသည်။

ယွီဝိန်းလန် “..”

ထို့နောက် ငှက်မွှေးယပ်တောင်နဲ့ ထိုခပ်ဝဝအမျိုးသမီးရဲ့ ရယ်လိုက်သံကို ကြားလိုက်ရသည်။

“ဒီမိန်းမလေးမှာ ယောက်ျားတစ်ယောက် ရှိနေပြီဆိုမှတော့ ဒီကို ဘာလာလုပ်တာလဲ။ ဖြစ်နိုင်တာက ရှိုး လုပ်မလို့လား။ ကောင်းပြီလေ စျေးနှုန်းတစ်ခု သတ်မှတ်ပြီးရင် မင်းရဲ့လူကို တစ်ညငှါးလိုက်”

ဘာကြီး။

ကမ်းလှမ်းနေတာလား။

သူ့ကို တစ်ည ငှားမယ်။

ဒီမိန်းမက ဘယ်လိုလုပ် အဲလို လုပ်ရဲရတာလဲ။

ယွီဝိန်းလန်ကလည်း ဒေါသထွက်လာပေမဲ့ ယန်ရှု ထပ်ပြောလာတာကို ကြားလိုက်ရသည်။

“ဝေးဝေးနေ ဒီမိန်းကလေးရဲ့လူကို တွေးတောင် မတွေးနဲ့”

100 05

စကားပြောပြီးနောက် သူမက သူ့ကို အပြင်ဘက်ဆီ ဆွဲထုတ်လိုက်ပြီး ပြောလာသည်။

“သွားစို့ ဒီနေရာက ကျွန်မတို့အတွက် မသင့်တော်ဘူး”

မမျှော်လင့်ထားစွာနဲ့ သူက သူ့ခြေကို ရွှေ့လိုက်ပေမဲ့ ထိုမိန်းမက ထပ်ပြောလာသည်

“ဒီလိုဆို မကြိုက်ဘူး။ဒီလိုဆိုရင်ရော ဘယ်လိုလဲ ငါနင့်ကို စျေးကမ်းလှမ်းမယ်။ ငွေတုံးငါးရာဆိုရင် ဘယ်လိုလဲ။ ဒီဆိုင်ရဲ့ထိပ်တန်းကတောင် ငွေတုံးခြောက်ရာပဲ ရှိတယ်နော်။ ငါတော့ သူ့ကို ငွေတုံးတစ်ထောင်ပေးမှာကို မလိုလားဘူး။ ကောင်းပြီလေ။ နှစ်နာရီကြာပြီးရင် သူ့ကို ပြန်ပို့ပေးမယ်။ ဒါဆိုရင်ရော ဘယ်လိုလဲ”

ထိုစကားတွေ ထွက်လာသည်နှင့် ယန်ရှုက ရပ်တန့်သွားတော့သည်။

ယွီဝိန်းလန် “…”

******

101 01

အပိုင်း ၄၈.၂

အဲဒါက ဘာကိုဆိုလိုတာလဲ။

သူမက အဲဒါကို ပိုက်ဆံအတွက် လုပ်သင့်တာမလား….။

ကံကောင်းစွာနဲ့ သူမက သူမခေါင်းကိုလှည့်ကာ ထိုအမျိုးသမီးကို နှာမှုတ်လိုက်သည်။

“ကျွန်မပုံက ငွေချောင်းငါးရာ ပြတ်လပ်နေတဲ့ပုံပေါ်လို့လား။ ငွေတုံးငါးသောင်းဆိုရင်တောင် မဖြစ်နိုင်ဘူး”

သူမက စကားပြောပြီး သူ့ကို ဆွဲထုတ်လိုက်သေးသည်။

ယွီဝိန်းလန်က ကျောက်တုံးကြီးတစ်ခု ပြုတ်ကျသွားသလိုနဲ့ သက်ပြင်းမော တစ်ခုကို တိတ်တဆိတ် မှုတ်ထုတ်လိုက်သည်။

သို့သော် သူမနောက်က ထိုဝဖိုင့်ဖိုင့်အမျိုးသမီးက အရှုံးမပေးသေးပဲ ထပ်ပြီး နှာမှုတ်လိုက်သည်။

“မင်းလို အသက်ငယ်ငယ်နဲ့ လူကို ကြည့်မယ်ဆိုရင် လေကြီးနေတုန်းပဲကိုး။ မင်းက မရောင်းဘူးဆိုမှတော့ ယောက်ျားတစ်ယောက်နဲ့ ဒီမှာ ဘာလုပ်နေတာလဲ။ တခြားသူတွေကို လောဘကြီးအောင် လုပ်နေတာလား”

ထို့နောက် သူမနောက်က လိုက်နေတဲ့အမျိုးသမီးကို ပြောလိုက်သည်။

“နင်တို့ ရူယိဖန်က ပိုပိုပြီး ပရမ်းပတာဖြစ်လာတာပဲ။ မင်းက ငါ့ကိုခေါ်ပြီး ကျိုက်အန်းနဲ့တွေ့ဖို့ သဘောတူလိုက်တယ်။ ဒါပေမဲ့ သူ့ကို တခြားသူတွေ ခေါ်သွားတာကို ကြည့်ခိုင်းဖို့လား။ ငါ့ကို လာကစားနေတာလား”

ဆိုင်ထဲက အမျိုးသမီးဟာ အလျင်အမြန်ပဲ အပြုံးတစ်ပွင့်နဲ့ ပြောလာသည်။

“ကျိုက်အန်းက ဒီည အကြီးဆုံးမင်းသမီးကြီးကို အဖော်ပြုပေးမှာမလို့ပါ။ သခင်မလေး မသိလို့။ ကမ္ဘာပေါ်က ဘယ်သူကများ အကြီးဆုံးမင်းသမီးကြီးဆီက တစ်ယောက်ယောက်ကို လုရဲမှာလဲ။ အရင်စိတ်လျှော့မှ ရမယ်”

ယွီဝိန်းလန်က ဒါကိုကြားတဲ့အခါမှာ ရပ်တန့်သွားရတော့သည်။

မင်းသမီး။

အခုလေးတင် တွေ့ခဲ့တဲ့ ယွီဝိန်းယန်ဘေးက မျိုးနွယ်ခြားယောက်ျားကလည်း ဒီကပဲလား။

ထိုအချိန်မှာပဲ ဆိုင်ထဲက အမျိုးသမီးက ထပ်ပြောလာသည်။

“ကျွန်မတို့ရဲ့ဒီနေရာမှာ အချောလေးတွေ အများကြီးရှိပါတယ်။ ကျွန်မ သူတို့ကို ခေါ်ထုတ်လိုက်မယ်။ အဲတော့ သခင်မလေး ကြိုက်တာကို ရွေးလို့ရတာပေါ့”

ထိုခပ်ဝဝ အမျိုးသမီးက အနည်းငယ် စိတ်ဝင်စားသွားပြီး နှာမှုတ်လာသည်။

“သူတို့အားလုံးက အရှက်ကင်းမဲ့တဲ့ ယပ်တောင်လေးတွေပဲလေ”

သူမ စကားပြောပြီးပြီးချင်းမှာပဲ ဒုတိယထပ်ကနေ အရပ်ရှည်ရှည်နဲ့လူတစ်ယောက် ဆင်းလာတာကို တွေ့လိုက်ရပြီး ပြောလာသည်။

“သခင်မလေး ဘယ်သူ့ကို အရှက်မရှိတဲ့ယပ်တောင်လို့ ပြောနေတာပါလဲ။ သခင်မလေးကို ရက်အနည်းငယ်လောက် မတွေ့လိုက်တာနဲ့ ယီချိုက်က သခင်မလေးရဲ့မျက်လုံးတွေကို ထပ်ပြီး မဖမ်းစားနိုင်တော့ဘူးလား”

ခပ်ဝဝအမျိုးသမီးက သူ့ကို ကြည့်လာပြီး မျက်လုံးတွေကို မှေးကျဉ်းလိုက်ကာ နှာမှုတ်လာသည်။

“မကောင်းတဲ့ကောင်၊ ငါ ထင်တာက နင်က ယန်ကျိုးမှာပဲနေပြီး ဘယ်တော့မှ ပြန်မလာတော့ဘူးလားလို့”

ယီချိုက်လို့ခေါ်တဲ့ အမျိုးသားက ထပ်မံပြုံးလိုက်ကာ ပြောလာသည်။

“ဒါပေမဲ့ ကျွန်တော်က လမ်းပေါ်မှာ တစ်ခဏလောက် နှောင့်နှေးနေလို့လေ အခု ရောက်လာပြီပဲမလား”

ထိုသို့ပြောပြီးနောက် သူက ရှေ့ကိုလှမ်းလိုက်ပြီး ထိုအမျိုးသမီးရဲ့ခါးကို ဖက်လိုက်ကာ ဒုတိယထပ်က သီးသန့်ခန်းဆီ သူမနဲ့အတူ ဝင်သွားတော့သည်။

ယွီဝိန်းလန် “….”

101 02

ထိုမြင်ကွင်းကို တွေ့လိုက်ပြီး လူတွေက ဘယ်လောက်ပဲ တုံးအနေပါစေ ဒီနေရာက ဘာဆိုတာကို နားလည်နိုင်သေးသည်။

သူက ယန်ရှုကို ပုဝါကနေ ကြည့်လိုက်ပြီး အဓိပ္ပာယ်အပြည့်နှင့် ပြောလာသည်။

“ဆိုတော့ ဒါက စားရတဲ့နေရာ မဟုတ်ဘူးပေါ့လေ”

ဒီတော့ ဒါက သူမပြောတဲ့ …. “ဘဲ” ဆိုတာလား။

သူမက တကယ်ပဲ ဒီလိုနေရာကို လာချင်တာပေါ့လေ။

မမျှော်လင့်စွာနဲ့ ယန်ရှုက သူမနဲ့ ဘာမှမဆိုင်သလို မျက်နှာနဲ့ ပြောလာသည်။

“အမှန်ပဲ။ ကျွန်မလည်း ဒါကို စားသောက်တဲ့နေရာလို့ မထင်ခဲ့ပါဘူး။ ကြည့်ရတာ ကျွန်မယောက်ျားက အမှားလုပ်မိသွားတာနေမယ်…။အရင်ဆုံး သွားရအောင်”

သူမ စကားပြောပြီး သူ့ကိုလည်း ဆက်ပြီးဆွဲခေါ်သွားကာ နှလုံးသားထဲမှာတော့ ကျစ် ကျစ် ဟု လုပ်လိုက်သည်။

[ဘုရားရေ ဧကရာဇ်က ဒီနေရာကို တကယ်ပဲ စားဖို့လို့ ထင်နေတာလား။ မဖြစ်ဘူး မဖြစ်ဘူး။ မြန်မြန် မြန်မြန် နည်းနည်းလောက် ထပ်နေလိုက်တာနဲ့ သူ့ကို မကောင်းတာတွေ ဖြစ်စေတော့မှာပဲ မကောင်းတော့ဘူး]

ယွီဝိန်းလန် “….”

သူတို့ရဲ့ရုပ်ရည်ကို ရောင်းစားတဲ့ အဲဒီလူတွေကို အတုခိုးမှာလား။

မမျှော်လင့်ထားစွာနဲ့ ထိုနှစ်ဦးဆိုင်ထဲက ထွက်လိုက်ပြီး ရထားလုံးပေါ်ကို မတက်ခင်မှာပဲ ယန်ရှုက ယွီဝိန်းလန်ကို အမှောင်ဘက်ခြမ်းဆီ အလျင်အမြန် ဆွဲလိုက်သည်။

ကြည့်ရတာ တစ်ယောက်ယောက်ဆီကနေ ပုန်းနေသလိုပဲ။

ယွီဝိန်းလန်က ထို့နောက် မေးလာသည်။

“ဘာဖြစ်လို့လဲ”

သို့သော် သူမက အခုလေးတင် လမ်းဘေးကရထားလုံးကနေ ဆင်းလာတဲ့ အမျိုးသမီးတစ်ယောက်ကို ညွှန်ပြလာပြီး အသံခပ်တိုးတိုးနဲ့ ပြောလာသည်။

“အဲဒါက….အန်းခန်းကောင်တီရဲ့ အရှင်ဖြစ်တဲ့ပုံပဲ”

ဘာ။

အန်းခန်းကောင်တီရဲ့ မြို့တော်ဝန်လား။

အဲဒါက အကြီးဆုံးမင်းသမီးကြီးရဲ့ သမီးတော်မလား။

ယွီဝိန်းလန်က အလျင်အမြန်ပဲ ဒုတိယအကြိမ် ထပ်ကြည့်လိုက်သည်။

သို့သော် သူ မြင်လိုက်ရသည်က တစ်ဖက်လူဟာ မျက်နှာလွှားဇာပုဝါကို ဝတ်ထားပေမဲ့ ပုံရိပ်က သူ့ရဲ့ဝမ်းကွဲနဲ့အတော်လေး ဆင်တူတဲ့ပုံပဲ။

သူမ ဆင်းလာတာကို မြင်လိုက်ချိန်မှာ ဆိုင်ထဲကနေ ယောက်ျားလေး ငါးယောက်၊ခြောက်ယောက်လောက်က သူမကို နှုတ်ဆက်ဖို့ ထွက်လာပြီး တစ်ယောက်ပြီးတစ်ယောက် ခေါ်လာသည်။

“ကောင်တီမြို့တော်ဝန်က ဒီမှာပဲ”

ယွီဝိန်းလန် “…..”

တကယ်ကြီးကို ကျန်းမာတာပဲ။

သူမက တကယ်ကြီး ဒီကိုလာတယ်ပေါ့။

101 03

သိရမည်မှာ သူမက ယွီဝိန်းယန်လို ကျောက်ချန်ဝမ်နဲ့ ကွာရှင်းထားတာမျိုး မဟုတ်ဘဲ သူမမှာ ခင်ပွန်း ရှိနေသေးသည်ပင်။

….

~~~~

နန်းတော်ကို ပြန်တဲ့လမ်းမှာ ယွီဝိန်းလန်က ထိုကိစ္စအကြောင်းကို သုန်မှုန်နေတဲ့မျက်နှာနဲ့ ဆက်တိုက် စဉ်းစားနေပေသည်။

ထိုအကြောင်းကို တွေးပြီးနောက်မှာ သူက မနေနိုင်ဘဲ နှာမှုတ်ကာ ပြောလာသည်။

“မြို့တော်မှာ ဒီလိုနေရာမျိုး တကယ် ရှိတယ်ပေါ့!”

ရှန်းယွမ်ပွဲတော်တုန်းက သူမကို ပထမဆုံးနန်းတော်အပြင်ဘက်ကို ခေါ်ထုတ်သွားတဲ့အချိန်ကို မှတ်မိနေသေးသည်။ အဲတုန်းက သူမက ဒီနေရာအကြောင်းကို ပြောခဲ့ပေမဲ့ ဒီနေ့တော့ တကယ်ပဲ ဒီနေရာထဲကို ခြေချလိုက်ရဖို့ မမျှော်လင့်ထားပေ။

ခြေချလိုက်တာထိ အဆင်ပြေပေမဲ့ ထိုခပ်ဝဝနဲ့အမျိုးသမီးက သူ့ကို သွားဖို့အတွက်တောင် ပေးချင်နေသေးတယ်….။

တကယ်ကို အဓိပ္ပာယ်မရှိဘူး။

ယန်ရှုက သူ့ရဲ့အမူအရာကို တိတ်တဆိတ်နဲ့ တစ်ချက်ကြည့်လိုက်ပြီး ထိုစကားလုံးတွေကို ကြားတဲ့အခါမှာ တခဏလောက် တွေးလိုက်သည်။

“ကျွန်မက အဲဒီနေရာကို စားသောက်ဆိုင်လို့ ထင်နေခဲ့တာ။ ဒါပေမဲ့ ဒီလိုညစ်ပတ်တဲ့ နေရာမျိုး ဖြစ်နေမယ်လို့ မထင်ခဲ့ဘူး။ တကယ့်ကို စိတ်ပျက်စရာ ကောင်းတာပဲ!”

သို့သော် သူ့နှလုံးသားထဲမှာ မထိန်းနိုင်ပဲ ကျစ် ကျစ်ဟုလုပ်လိုက်ကာ

[အဲဒီယောက်ျားတွေရဲ့ ခန္ဓာကိုယ်နဲ့ သွင်ပြင်က တကယ်ကို ကောင်းတာပဲ။ မြို့တော်မှာ ရပ်တည်နိုင်နေတာ မဆန်းပါဘူးလေ]

ယွီဝိန်းလန် “…”

ဘာကို “အဆင်ပြေ” နေတာလဲ။

သူက ဖယ်ရှား ခံလိုက်ရတာများလား။

သူက သူ့မျက်ခုံးကို ပင့်လိုက်ကာ သူမကို ကြည့်လာသည်။

“မင်းလည်း အဲဒီနေရာကို ကြိုက်လား”

“မဟုတ်ပါဘူး မဟုတ်ပါဘူး”

သို့သော် သူမက ဂျောက်ဂျက်တစ်ခုလို သူမရဲ့ခေါင်းကို လှုပ်ယမ်းနေပြီး အလေးအနက်ဖြစ်နေတဲ့ မျက်နှာမျိုးနဲ့ ပြောလာသည်။

“ဒီကိုယ်လုပ်တော်က ဘယ်လိုလုပ် အဲလိုနေရာမျိုးကို ကြိုက်မှာလဲ။ အခုလေးတင် ကျွန်မ ဝင်သွားတဲ့အချိန်မှာ ဒီကိုယ်လုပ်တော်က ကြက်သီးတဖြန်းဖြန်း ထတယ်လို့ ခံစားနေရတာပါ”

သို့သော် သူမနှလုံးသားထဲမှာတော့ ပြောလာသည်။

[ကျစ် ဘယ်အမျိုးသမီးက မကြိုက်ဘဲနေမှာလဲ။ အဲလူက ဘယ်လောက်ပဲ အရပ်ရှည်ရှည် ပုပု ဝတ ပိန်ပိန် သူမ ဝင်သွားတာနဲ့ လှပတဲ့အမျိုးသားတွေရဲ့ ဝိုင်းအုံတာခံရပြီး အချစ်ကလေးလို့ အခေါ်ခံရမှာလေ။ ဘယ်လောက်တောင် နွေးထွေးပြီး ယုံကြည်ချက် ရှိနေလိုက်မလဲ!]

တိုတိုပြောရရင်….ယောက်ျားတွေ ဆောင်ကြာမြိုင် သွားလည်ကြသလိုပဲလေ။

ယွီဝိန်းလန် “…”

ဘာ အဲလိုလူမျိုးကို ချောမောတဲ့လူလို့ ဘယ်လိုလုပ်ခေါ်နိုင်မှာလဲ။

သူက မထိန်းနိုင်ဘဲ ထပ်မေးလိုက်သည်။

“မင်းက အဲဒီက ယောက်ျားလေးတွေကို ကြိုက်လား”

သို့သော် သူမက သူမရဲ့ခေါင်းကို ချက်ချင်းပဲ ထပ်ခါပြလိုက်ပြီး

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲဒီအရှက်ကင်းမဲ့တဲ့ ယပ်တောင်လေးတွေက အရှင်မင်းကြီးနဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်လို့ရမှာလဲ။ ကျွန်မနှလုံးသားထဲက တစ်ခုတည်းသောအရာက အရှင်မင်းကြီးပါ”

ယွီဝိန်းလန် “…..”

101 04

သူ့ကို မြှောက်ပင့်နေတာလား။

ဒါပေမဲ့ ဘာလို့ ထူးဆန်းသလိုကြီး ခံစားနေရတာလဲ။

ထိုအချိန်မှာပဲ ယန်ရှုက သူ့ကိုထပ်မေးလာသည်။

“အရှင်မင်းကြီးက ဒီကိုယ်လုပ်တော်ကို ဘာလို့ အဲကို ခေါ်သွားတာပါလဲ။ ဒီနေရာကို ဘယ်လို သိတာလဲဟင်”

—ကျစ် သူသာ အဲနေရာက စားတဲ့နေရာလို့ အမှတ်မှားရင်တောင် သူက အဲဒါကို ဘယ်ကနေ ကြားလာခဲ့တာလဲ။

သိတဲ့အတိုင်းပဲ ဒီရူယိဖန်က မြို့တော်မှာရှိတဲ့ အနည်းငယ်သော အမျိုးသမီးစက်ဝန်းကြားမှာ တည်ရှိနေတဲ့ တစ်ခုတည်းသော လျှို့ဝှက်ချက်လေ။

အရှင်မင်းကြီး သိနေတာက အတော်လေး ထူးဆန်းတယ်မလား။

ယွီဝိန်းလန် “….”

သူဟာ အဲဒါကို သူမစိတ်ထဲကနေ ကြားလိုက်ရတာလို့ ပြောလို့မရပေ။ ထို့ကြောင့် သူ့မှာ ရွေးချယ်စရာမရှိဘဲ ပြောလိုက်ရသည်။

“ကိုယ်လည်း မရည်ရွယ်ပဲ ကြားခဲ့တာ…..”

ယန်ရှု “…”

တစ်ဆင့် ကြားလာတာ။

သူမဘာသာ တွေးလိုက်သည်။ ဝန်ကြီးတွေဆီက ကြားလာတာ များလား။

မမှန်သေးပေ။ ထိုခေတ်နောက်ပြန်ဆွဲနေတဲ့ ဝန်ကြီးအိုတွေသာ အဲ့နေရာက အမျိုးသမီးတွေအတွက် သီးသန့်ဖျော်ဖြေရေးဆိုတာကို သိသွားရင်…..

ကျစ် ဖိုဝါဒ ကြီးစိုးနေတဲ့အဲဒီလူတွေရဲ့ သောင်းကြမ်းမှုနဲ့ဆို ညီလာခံကို ချက်ချင်း သတင်းတင်ပို့လိုက်ပြီး ရူယိဖန်ကို မြေကြီးပေါ်ထိ ရောက်အောင် ဖြိုချပစ်လိမ့်မယ်။

ယွီဝိန်းလန်က ဟားဟားဟုသာ ခံစားလိုက်ရသည်။

ဟုတ်တယ်။ သူက အခုချက်ချင်းပဲ တစ်ယောက်ယောက်ကို လွှတ်ကာ ထိုရွံစရာကောင်းတဲ့ နေရာကို ချက်ချင်းပဲ ဖြိုချပစ်လိုက်ချင်သည်။

သူ့ကိုတောင် ဘယ်လောက်လဲလို့ မေးရဲတယ်ပေါ့လေ။

လုံးဝကို အဓိပ္ပာယ်ရှိမနေဘူး။

နန်းတော်ကို ပြန်လာပြီးနောက် ယွီဝိန်းလန်ဟာ ချက်ချင်းပဲ ရူယိဖန်ကို စုံစမ်းရန် ကျင်းယီဝေ့ကို စေလွှတ်လိုက်သည်။

ဒုတိယနေ့ရဲ့ညနေမှာတော့ ကျင်းယီဝေ့က လာပြီး သတင်းပို့လာသည်။

“အရှင်မင်းကြီး ကျွန်တော်မျိုးရှာတွေ့ခဲ့တာက ရူယိဖန်ဟာ တကယ်တော့ လွန်ခဲ့တဲ့သုံးနှစ်က မျိုးရိုးနာမည်ကျိနဲ့ စီးပွါးရေးသမားတစ်ယောက် ဖွင့်လှစ်ထားတာပါ။ အဲဒါက မူလကတော့ ချည်ထိုးဆိုင်ဖြစ်ပြီး လက်ဝတ်ရတနာတွေလည်း ရောင်းပါတယ်။ အဲဆိုင်ကို မြို့တော်က အင်အားကြီးမိသားစုတွေရဲ့မိသားစုဝင်တွေရဲ့ မျက်နှာသာ ပေးခံရဖို့ အသုံးပြုတာပါ။ တစ်ဖြည်းဖြည်းနဲ့ နာမည် ရလာပြီးတဲ့နောက်မှာ ဒီစီးပွါးရေးသမားက အခုလက်ရှိ စီးပွါးရေးကိုစတင်ဖို့ အမျိုးမျိုးသော ယောက်ျားလေးတွေကို ငှါးရမ်းဖို့ ငွေသုံးခဲ့ပါတယ်”

ယွီဝိန်းလန်က ထပ်မေးလိုက်သည်။

“ဆိုင်ထဲက ဂြိုလ်သားတွေကရော ဘာဖြစ်တာလဲ”

ကျင်းယီဝေ့က ဖြေကြားလာသည်။

“ဆိုင်ကို လာတဲ့ဖောက်သည်တွေက ပိုပိုပြီး ဇီဇာကြောင်လာတဲ့အတွက် စီးပွါးရေးသမားက မျိုးနွယ်စုအစုံက ယောက်ျားတစ်စုကို စုစည်းဖို့ နယ်နိမိတ်ကိုသွားခဲ့ပါတယ်။ အများစုကတော့ သန်းရှနဲ့ ရုံရန်ကပါ။ အပေါ်ယံမှာတော့ အတိတ်က ယောက်ျားတွေနဲ့ မကွာခြားပါဘူး။ မိန်းမတွေကို စိတ်ကျေနပ်အောင် လုပ်ပေးပြီး မိန်းမတွေဆီကနေ ပိုက်ဆံ ရှာတာပါ”

သို့သော် ယွီဝိန်းလန်က မျက်မှောင်ကြုတ်ကာ ပြောလာသည်။

“အဲဒီလူတွေက သန်မာပြီး သာမန်လူတွေနဲ့ မတူဘူး။ ဆက်ပြီး စုံစမ်းနေ အထူးသဖြင့် အခုတလော အကြီးဆုံးမင်းသမီးကြီးနဲ့ ချိန်းတွေ့နေတဲ့ တစ်ယောက်ပဲ….။သူ့နာမည်က ဘာပါလိမ့် ကျိုက်အန်းဆိုလား”

ကျင်းယီဝေ့က ချက်ချင်းပဲ နာခံလိုက်သည်။

~~~

101 05

ထိုအချိန်မှာပဲ ဧကရီမယ်တော်ကြီးရဲ့ ဆောင်းဦးအသင်္ချေပွဲတော်က တစ်နေ့ပြီးတစ်နေ့ နီးကပ်လာပြီ ဖြစ်သည်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်မှာ တခြားနေရာက မိသားစုအများကြီးထဲက မင်းသားနဲ့ မင်းသမီးတွေက တစ်ယောက်ပြီးတစ်ယောက် မြို့တော်ကိုလာပြီး ဧကရီမယ်တော်ကြီးကို နှုတ်ခွန်း ဆက်လာသည်။

ရာထူး အဆင့်မြင့်တဲ့သူတချို့ကတော့ ဧကရီမယ်တော်ကြီးနဲ့ တွေ့ရန် နန်းတော်ကို ဝင်လာသည့်အတွက် မောင်းမဆောင်ထဲက ကိုယ်လုပ်တော်တစ်ယောက်အနေနဲ့ ယန်ရှုဟာ ဧကရီမယ်တော်ကြီးကို အဖော်ပြုပြီး မျက်နှာပေါင်းများစွာကို တွေ့ရန် ကံကောင်းသွားသည်။

လာတဲ့လူတွေရဲ့အများစုကို ဧကရီမယ်တော်ကြီးက ထူးမခြားနားပင်။ ခြွင်းချက်တစ်ခုသာ ရှိသည်။

အဲဒါကတော့ မင်ကျိုးက ကျန်းဟိုက်ဟုန်စံအိမ်တော်ရဲ့ သခင်မကြီးမုယွင်ယင်ပင် ဖြစ်သည်။

သူမ ကြားတာတော့ ဧကရီမယ်တော်ကြီးနဲ့ သခင်မကြီးမုတို့က ကျင်းလန်က သူငယ်ချင်းတွေ ဖြစ်ကြပြီး ဧကရီမယ်တော်ကြီးရဲ့မွေးနေ့ပွဲကို ဆင်နွှဲရန် နှစ်စဉ်နှစ်တိုင်း မိုင်ပေါင်းထောင်ချီ ခရီးနှင်လာပေသည်။

ထို့နောက် ဧကရီမယ်တော်ကြီးက သူမကို သေချာပေါက် လူကိုယ်တိုင် ထွက်ပြီး ကြိုဆိုမှာဖြစ်ပြီး နန်းတော်ထဲမှာတောင် တစ်ခဏခန့် နေခိုင်းပေလိမ့်မည်။ အဲဒါက သူမရဲ့နှစ်သက်မှုကိုပြသတာပင်။

သို့သော် အစက ယန်ရှုတွေးသည်မှာ တစ်ဖက်အမျိုးသမီးက မီးခိုးရောင်ဆံပင်နဲ့ အမျိုးသမီးအိုကြီးတစ်ယောက် ဖြစ်နေလောက်သည်ဟုပင်။ သို့သော် သူမကို တွေ့ပြီးချိန်မှသာ ထိုအမျိုးသမီးကြီးက အသက်လေးဆယ်အရွယ်မှာပဲ ရှိသေးပြီး အရမ်းကို ငယ်ရွယ်ပေသည်။

ဖြစ်နိုင်တာက သူ့အမျိုးသားက စောစောဆုံးပါးသွားပြီး နောက်ပိုင်းမှာ အကြီးဆုံးသားက လက်ထပ်ပြီးတဲ့နောက် မြို့စားရာထူးကို ရလိုက်ပြီး ကျန်းဟိုင်ရဲ့မြို့စား အသစ် ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူမကို စံအိမ်တော်ရဲ့သခင်မအိုကြီးအဖြစ် လေးစားခံရပေသည်။

ထိုအချိန်မှာပဲ သူမရဲ့အံ့ဩနေတဲ့မျက်လုံးတွေကို တွေ့လိုက်ချိန်မှာပဲ သခင်မကြီးမုဟာ ချီအန်းနန်းဆောင်ထဲကို လှမ်းဝင်လာပြီး နန်းတော်ထဲက လူတိုင်းကို အရင်ဆုံး အရိုအသေ ပေးလာသည်။

“ဒီဝန်ကြီးရဲ့ဇနီးဖြစ်သူက ဧကရီမယ်တော်ကြီးကို လာရောက်တွေ့ဆုံပါတယ်။ ပြီးတော့ တခြားဂုဏ်သရေရှိ အမျိုးသမီးတွေရောပါပဲ”

ဧကရီမယ်တော်ကြီးက အလျင်အမြန် ရယ်မောလာပြီး

“မြန်မြန်ထပါ။ သခင်မမုနဲ့ကျွန်မဆိုတာက ဒီလိုကြီးကျယ်တဲ့ အခမ်းအနားမျိုး လုပ်ဖို့ မလိုပါဘူး”

ကိုယ့်ကိုကိုယ် ရည်ညွှန်းတဲ့ “အိုက်ကျား” ဆိုတာကလည်း အသုံးမဝင်ပေ။

ထိုစကားတွေ ထွက်လာသည်နှင့် သူမလက်ကိုပင် ဆန့်ထုတ်လိုက်ကာ မုရှီကို သူမကိုယ်တိုင် ကူညီပေးလာသည်။

ယန်ရှုရဲ့မုရှီအပေါ် ကြည့်နေတဲ့ အံ့အားသင့်နေတဲ့ အကြည့်တွေကို တွေ့တဲ့အခါမှာ ဧကရီမယ်တော်ကြီးက ထပ်ပြီး ပြုံးလာကာ

“ကြည့်စမ်းပါဦး။ ရှင့်ရဲ့သခင်မကြီးဆိုတဲ့ ဂုဏ်ပုဒ်က သူတို့အားလုံးကို ခြောက်လိုက်ပြီ”

ယန်ရှုက အလျင်အမြန် ရယ်မောလိုက်ပြီး

“ဧကရီမယ်တော်ကြီး ပြောတာက ဒီကိုယ်လုပ်တော်က သခင်မကြီးကို ဒီလောက်ထိ ငယ်ရွယ်မယ်လို့ မထင်ထားလို့ပါ”

ထိုစကားတွေ ပြောလိုက်သည်နှင့် ကိုယ်လုပ်တော်ကျိုးက ဘေးဘက်ကနေ သူမရဲ့မျက်လုံးတွေကို တိတ်တဆိတ် လှိမ့်လိုက်သည်။

ဒီလိယန်ရှုက ဧကရီမယ်တော်ကြီးရဲ့ မျက်နှာသာ ပေးတာကိုရဖို့ မုရှီကိုတောင်မှ အရမ်းကို ချီးမြှောက်နေတယ်။ သူမက တကယ်ကို အရေထူတာပဲ!

သေချာပေါက်ပင် ဧကရီမယ်တော်ကြီး ရှိနေသည့်အတွက် သူမရဲ့စိတ်ထဲမှာပဲ ရေရွတ်ရဲသည်။ သို့သော် မည်သူမျှ မကြားနိုင်ပေ။

ယန်ရှုရဲ့စကားလုံးတွေကိုကြားပြီးနောက် သခင်မကြီးမုကလည်း ရယ်မောလိုက်ကာ ပြောလာသည်။

101 06

“ကိုယ်လုပ်တော်ယိကတော့ ချီးကျူးလွန်နေပါပြီ။ အဲဒါက ဒီကဇနီးသည်ဖြစ်သူကို ရှက်တယ်လို့ ခံစားနေရစေပြီ”

သူမ ပြောလိုက်ပြီးနောက် သူမနောက်က ဆယ့်နှစ်နှစ်အရွယ်ခန့် ကလေးမလေး တစ်ယောက်ကို ပြောလိုက်သည်။

“ရှန်းဝမ် ဘာလို့လာပြီးတော့ ဧကရီမယ်တော်ကြီးနဲ့ တခြားအမျိုသမီးတွေကို မတွေ့သေးတာလဲ”

ဒါကမုရဲ့မွေးစားသမီး နိရှန်းဝမ် ဖြစ်နေတာပဲ။

—နှစ်ပေါင်းများစွာ မုဆိုးမဖြစ်လာတဲ့ သခင်မကြီးမုက ကွယ်လွန်သွားတဲ့ သူ့ရဲ့ခင်ပွန်းအတွက် တစ်နေ့မှာ ဘုရားကျောင်းသွားပြီး အမွှေးနံ့သာတွေ ထွန်းညှိပေးတယ်တဲ့။ တောင်ပေါ်ကနေ ပြန်ဆင်းလာတဲ့အချိန်မှာ လမ်းဘေးက မြက်ခင်းထဲကနေ ကလေးငိုသံကို ကြားလိုက်ရတယ်တဲ့။ သူ့ခင်ပွန်းရဲ့မျိုးရိုးက နိဖြစ်လို့ ကလေးကို ရှန်းဝမ်လို့ နာမည်ပေးလိုက်တယ်။

ထိုအချိန်မှာပဲ မွေးစားအမေ ပြောတာကို ကြားလိုက်ရပြီးနောက် နိမိသားစုက မွေးစားသမီးက နာခံလိုက်ကာ ရှေ့တိုးလိုက်ပြီး လူအနည်းငယ်ကို အရိုအသေ ပေးလာသည်။

“ရှန်းဝမ်က ဧကရီမယ်တော်ကြီးနဲ့ မိဖုရားတွေအားလုံးကို အရိုအသေပေးပါတယ်”

ဧကရီမယ်တော်ကြီးက သက်ပြင်း ချလိုက်ပြီး

“ရှန်းဝမ်က အရပ်ရှည်လာပြီပဲ။ မြန်မြန်လာပြီး အိုက်ကျားကို တစ်ချက် ကြည့်ခွင့်ပေးပါဦး”

နိမိသားစုက မိန်းကလေးက နာခံလိုက်ကာ ထို့ကြောင့် ခြေလှမ်း အနည်းငယ် ရှေ့တိုးလိုက်သည်။

ဧကရီမယ်တော်ကြီးက သူမရဲ့ကျောကိုကိုင်ကာ သေချာဂရုတစိုက်နဲ့ သူမကို ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလာသည်။

“ပိုပိုပြီး လှလာတာပဲ လိမ္မာတဲ့ကလေး လမ်းတစ်လျှောက်လုံး အမေနဲ့လိုက်လာရတာ လွယ်ကူမှာ မဟုတ်ဘူး။ ထိုင်ပြီး နားတော့”

စကားပြောပြီးနောက် သူမက နန်းတော်အစေခံတွေကို အနောက်ရေကန် ယွီချမ်းလုံကျင်းကို သွားခိုင်းလိုက်ပြီး သစ်အယ်သီးကိတ်၊ ကြာစေ့ကိတ်၊ တိမ်လွှာကိတ်နဲ့ ဒီမနက်လေးကတင် လုပ်ထားတဲ့ တခြားအချိုပွဲတွေကို သွားပြီး ယူခိုင်းလိုက်သည်။

ဒီစိတ်အားထက်သန်မှုက တခြားသူတွေနဲ့ယှဉ်ရင် တကယ့်ကို ကွာခြားတာပဲ။

ယန်ရှုက အဲဒါကို မြင်လိုက်တဲ့အခါ အဆာပြေမုန့်စားရင်း စစ်စတန်ကို အနိမ့်သံနဲ့ မေးလိုက်သည်။

[ဧကရီမယ်တော်ကြီးရဲ့ကိုယ်ရည်ကိုယ်သွေးက တခြားသူတွေနဲ့ဆို စိတ်အားထက်သန်ဖို့ ခက်သလိုပဲ။ ဒီသခင်မမုက သူမရဲ့အသက်ကို ကယ်ခဲ့လို့များလား။]

စစ်စတန် [အဲလိုနီးပါးပဲ။ ဧကရီမယ်တော်ကြီးနဲ့ သခင်မကြီးမုက အတူတူ ကြီးပြင်းလာကြတာ။ သူတို့ရဲ့ခင်မင်ရင်းနှီးမှုက တခြားသူတွေထက် သေချာပေါက်ပိုပြီး နက်ရှိုင်းတာပေါ့။ အဲ့တုန်းက ဧကရီမယ်တော်ကြီးရဲ့သားတော် နေမကောင်းတုန်းက မြို့တော်မှာ သမားတော်ကောင်း မရှိခဲ့ဘူး။ အဲသတင်းကို ကြားပြီးတော့ သခင်မကြီးမုက လျှို့ဝှက်ဆေးစာတစ်ခုကို တွေ့ခဲ့ပြီး မင်ကျိုးကနေ ယူလာတယ်။ မြို့တော်ကို သွားတဲ့ လမ်းတစ်လျှောက် ပို့ခဲ့ပေမဲ့ အဆုံးမှာတော့ လက်ထဲ မရောက်လိုက်နိုင်ခဲ့ဘူး။ ဒါပေမဲ့လည်း ဒါဟာ ဧကရီမယ်တော်ကြီးကို နှစ်သိမ့်ပေးနိုင်ခဲ့ပြီး ဧကရာဇ်ရဲ့ အကြီးဆုံးသား သေဆုံးပြီးနောက်မှာလည်း သခင်မကြီးမုက မင်ကျိုးကနေ ထွက်လာပြီး ဧကရီမယ်တော်ကြီးနဲ့အတူတူ နှစ်လတိတိ နန်းတော်မှာ နေပေးခဲ့တယ်။ သခင်မကြီးမုက ဧကရီမယ်တော်ကြီး အသက်ရှင်နိုင်ခဲ့တဲ့ အကြောင်းပြချက်လို့ ပြောလို့ရတယ်]

ယန်ရှုက ထိုစကားလုံးတွေကို ကြားတဲ့အခါမှာ မနေနိုင်ဘဲ ခေါင်းညိတ် လိုက်မိသည်။

တကယ်တော့ သာမန်သူငယ်ချင်း ဆက်ဆံရေးမျိုးမှာ ဆေးကို ပါးပေးဖို့အတွက်နဲ့ မြို့တော်ထိ လူကိုယ်တိုင် လာတယ်ဆိုတာက တကယ်ကိုမဖြစ်နိုင်ပေ။

အထူးသဖြင့် ဧကရီမယ်တော်ကြီးက သူ့ရဲ့ကလေးကို ဆုံးရှုံးရတော့မဲ့အချိန်မှာ နှောင်းဧကရာဇ်က တခြားသူတွေကို ချစ်နေပြီး ဧကရီမယ်တော်ကြီးရဲ့ အနာဂတ်ကလည်း မသေချာပေ။

စစ်စတန် [အမှန်ပဲ။ အဲဒါကြောင့် ဧကရီမယ်တော်ကြီးက သူ့သားကို မြို့စားဖြစ်အောင် လုပ်ပေးချင်ပေမဲ့ မုမိသားစုက ငြင်းပယ်လိုက်ပြီး အဲဒါကပဲ ဧကရီမယ်တော်ကြီးကို ပိုပြီး အာရုံ စိုက်လာစေခဲ့တယ်]

ယန်ရှု [တခြားအရာတွေကို ထားလိုက်မယ်ဆိုရင်တောင် သခင်မကြီးမုက တကယ့်ကို အမြင်ကျယ်တဲ့သူပဲ။ ဧကရီမယ်တော်ကြီးနဲ့ သူငယ်ချင်းကောင်း ဖြစ်နေတာ မဆန်းတော့ပါဘူး]

ထိုအချိန်မှာပဲ ဧကရီမယ်တော်ကြီးက နိမိသားစုက မိန်းကလေးကို မေးလာသည်။

101 07

“ရှန်းဝမ် အိုက်ကျားရဲ့နန်းတော်က ဘယ်လိုနေလဲ”

နိရှန်းဝမ်က ပြုံးလိုက်ပြီး ပြောလာသည်။

“နန်းတော်ထဲမှာက မျိုးရိုးမြင့်အထက်တန်းလွှာတွေ အများကြီးနဲ့ဆိုတော့ သေချာပေါက်ပဲ ကမ္ဘာပေါ်က အကောင်းဆုံးနေရာပေါ့”

ဧကရီမယ်တော်ကြီးက ထပ်ပြောလာသည်။

“အဲလိုဆိုမှတော့ ဒီတစ်ကြိမ်မှာ မင်းရဲ့အမေကို မင်ကျိုးကို ကိုယ့်ဘာသာ ပြန်သွားခိုင်းလိုက်မယ်လေ။ မင်းကတော့ အိုက်ကျားနဲ့နေခဲ့မလား”

ထိုစကားတွေထွက်လာသည်နှင့် လုတိုင်းကမတတ်နိုင်ဘဲ ရပ်တန့်သွားကြရသည်။

ဧကရီမယ်တော်ကြီးက အဲလို ပြောလာတယ်ဆိုမှတော့….

ဖြစ်နိုင်တာက ဒီမိန်းကလေးငယ်လေးကို နှစ်သက်သွားလို့လား။ ဘေးမှာထားပြီး ပျိုးထောင်ပေးရင်း ကြီးပြင်းလာရင် မောင်းမဆောင်ထဲကို ပို့ချင်တာလား။

သို့သော် နိမိသားစုက မိန်းကလေးက ပြောလာသည်။

“ဧကရီမယ်တော်ကြီးရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဧကရီမယ်တော်ကြီးကို အဖော်ပြုပေးဖို့ နန်းတော်ထဲမှာ ကိုယ်လုပ်တော်များစွာ ရှိပါတယ်။ ဒါပေမဲ့ အမေ့မှာတော့ သူမဘေးမှာ အဖော်ပြုပေးဖို့ ဒီမိန်းကလေးငယ်လေးပဲ ရှိပါတယ်။ ဒီမိန်းကလေးသာ နေခဲ့မယ်ဆိုရင် အမေက အထီးကျန်နေတော့မှာပါ။ ဒီမိန်းကလေးက အမေနဲ့ပဲ နေချင်ပါတယ်။ မင်ကျိုးကို ပြန်သွားပြီးရင် နောက်နှစ်ကျ ဧကရီမယ်တော်ကြီးဆီ ပြန်လာလည်ပါ့မယ်”

သခင်မကြီးမုကလည်း ရယ်မောလိုက်ကာ ပြောလာသည်။

“ဧကရီမယ်တော်ကြီးကတော့ သူမကို မြင့်မြင့်တွေးလွန်းနေပါပြီ။ သူမသာ တကယ်နေရင် သုံးရက်အတွင်း နောင်တရလိမ့်မယ်။ သူမက တစ်နေကုန် သောင်းကျန်းနေတာလေ”

ထိုစကားတွေ ထွက်လာသည့်အခါ ဧကရီမယ်တော်ကြီးကလည်း ရယ်မောလာပြီး

“မင်းကို စနောက်ရုံတင်ပါ ဒါကမင်းရဲ့ စိတ်နှလုံးသားဆိုမှတော့ အိုက်ကျားက ဘယ်လိုလုပ်ပြီး ဆွဲယူသွားရက်မှာလဲ။ နှစ်တိုင်းနှစ်တိုင်း အိုက်ကျားဆီကို ပြန်လာဖို့ သတိရနေရင် အဆင်ပြေပါပြီ”

သူမ စကားပြောလိုက်ပြီး ထိုမိန်းကလေးငယ်လေးကို အထူးပြောကြားလာသည်။

“အနာဂတ်မှာ လက်ထပ်ဖြစ်ခဲ့ရင်တောင် အမေနဲ့အဝေးကြီးမှာ မနေနဲ့။ မဟုတ်ရင် သူမက သေလုအောင် လွမ်းနေလိမ့်မယ်”

နိမိသားစုက မိန်းကလေးက ရှက်ပြုံးလေးနဲ့ ဟုတ်ကဲ့ပါဟု ဖြေလာသည်။

ဒါကို ကြားလိုက်ချိန်မှသာ လူတိုင်းက ဧကရီမယ်တော်ကြီးက တကယ်ကြီး နောက်နေတာလို့ ယုံနိုင်သွားတော့သည်။

ယန်ရှုကလည်း သူမစိတ်ထဲမှာ သက်ပြင်း ချလိုက်သည်။

ကြည့်ရတာ ဧကရီမယ်တော်ကြီးက သူ့သူငယ်ချင်းကောင်းကို အတော်လေးချစ်တဲ့ပုံပဲ။ မဟုတ်လို့ သူမသာ ဒီကောင်မလေးကို သူမရဲ့နယ်ရုပ်အဖြစ် ထားဖို့ ဆက်တိုက် တောင်းဆိုနေမယ်ဆိုရင် သခင်မကြီးမုကလည်း ငြင်းနိုင်မှာ မဟုတ်ဘူး။

သို့သော် မွေးစားအမေနဲ့ မွေးစားသမီးရဲ့ဆက်ဆံရေးက ကောင်းလွန်းနေတယ် ဟုတ်။

ဒီနိမိသားစုက ကလေးမလေးက အရမ်းကိုဖြူဖြူစင်စင် သန့်သန့်ရှင်းရှင်းနဲ့ ကြီးပြင်းလာတာပဲ။ အဲဒါက သူ့မွေးစားအမေရဲ့မေတ္တာကြောင့်ဆိုတာ ရှင်းနေတာပဲ။

သခင်မကြီးမုက သူမကို တခြားမိခင်တွေက သူတို့ရဲ့ကိုယ်ပိုင်သွေးသားကို ကြည့်သလိုမျိုးကို အလိုလိုက်မှုအပြည့်နဲ့ တုန်နေအောင် ချစ်သလိုမျိုးကို ကြည့်နေတာပဲ။

ထိုအချိန်မှာပဲ စစ်စတန်က ပြောလာသည်။

[ဟေး အဲဒါကသူမရဲ့ ကိုယ်ပိုင်သွေးသားပဲလေ]

******

102 01

အပိုင်း (၄၉.၁)

ဘာ။ ဒါက သခင်မကြီးမုရဲ့ကိုယ်ပိုင်သွေးသားလား။

စစ်စတန်ပြောတာကို ကြားပြီးနောက် ယန်ရှုရဲ့ခန္ဓာကိုယ်ထဲက အတင်းပြောချင်တဲ့ သွေးသားတွေအားလုံးက ချက်ချင်းပဲ ရွေ့လျားသွားပြီး မေးလိုက်သည်။

[ဘာတွေ ဖြစ်နေတာလဲ။ သူမရဲ့ခင်ပွန်းက လွန်ခဲ့တဲ့ဆယ့်ငါးနှစ်က သေသွားတာမဟုတ်လား။ ဘယ်လိုလုပ်ပြီး ဆယ့်သုံးနှစ်အရွယ် ကလေးရှိနေရတာလဲ။ ဘယ်သူနဲ့ ရတာလဲ]

စစ်စတန် [အမှန်ပဲ လွန်ခဲ့တဲ့ဆယ့်ငါးနှစ်က မူလကျန်းဟိုင်ဟုန်ယင်းနန် သေသွားတော့ သူ့သားလေးက ဆယ်နှစ်ပဲရှိသေးတယ်။ သခင်မကြီးမုက ဟုန်မိသားစုကို ထောက်ပံ့နေရတဲ့ မုဆိုးမတစ်ယောက်လေ။ အဲဒါက အရမ်းကို ခက်ခဲတယ်။ အဲ့အချိန်တုန်းက ကျန်းဟိုင်ရဲ့မြို့စားဟောင်းမှာ သစ္စာအရမ်းရှိပြီး သခင်မုရဲ့အမျိုးမျိုးသော အရေးကိစ္စတွေကို ကိုင်တွယ်ရတဲ့ကျုံးရှင်းဟိုင်လို့ခေါ်တဲ့ လက်ထောက်တစ်ယောက် ရှိတယ်]

[အဲဒီအချိန်တုန်းက ဒီလူငယ်လေးက စိန်အားထက်သန်မှုအပြည့်နဲ့ အသက်နှစ်ဆယ်လောက်ပဲ ရှိသေးတာ။ သခင်မမုကလည်း အဲဒီအချိန်မှာပဲ အထောက်အပံ့ကို ဆုံးရှုံးလိုက်ပြီး အရမ်းကိုအားငယ်နေခဲ့တယ်။ အဲဒါကြောင့် သူမက အဲဒီလူငယ်လေးကို အရမ်းကိုမှ ယုံကြည်ခဲ့တယ်။ နှစ်အနည်းငယ်အတွင်းမှာပဲ သွားလိုက်ပြန်လိုက် လုပ်ပြီးတဲ့နောက်မှာ နှစ်ယောက်သားက တစ်ယောက်အပေါ်တစ်ယောက် ခံစားချက်တွေ တိုးပွားလာခဲ့တယ်]

ဒါကိုကြားလိုက်ချိန်မှာ ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားတော့သည်။

[ဖြစ်နိုင်တာက နှစ်ယောက်သားက စည်းကျော်လိုက်မိကြပြီး ဒီမိန်းကလေးငယ်လေးကို မွေးလာတာလား။]

စစ်စတန် [အဲ့လိုဖြစ်လုနီးပါးပဲ။ မှောင်မိုက်ပြီး မုန်တိုင်းထန်နေတဲ့ညမှာ သူတို့နှစ်ယောက်လုံးက ဝိုင်တစ်ခွက် သောက်လိုက်ကြပြီး မထိန်းချုပ်နိုင်တဲ့ တစ်ခုခု ဖြစ်သွားခဲ့တယ်။ အဲ့အချိန်မှာမှ သခင်မမုက ကိုယ်ဝန် ရှိသွားခဲ့တာ]

ယန်ရှုက မတတ်နိုင်ဘဲ ကျစ် ကျစ်ဟု လုပ်လိုက်သည်။

[တစ်ချက်တည်းနဲ့ ပစ်မှတ်ကို ထိသွားတယ်ဆိုတော့ ဒုစစ်သူကြီးကျုံးက တကယ်ကို တိကျတဲ့သူပဲ!]

စစ်စတမ်က နှာမှုတ်လိုက်သည်။

[သူက ငယ်ရွယ်ပြီး အရည်အသွေးလည်း အတော်လေး ကောင်းတယ်လေ။ သေချာပေါက် ကိစ္စမရှိဘူးပေါ့။ အရေးကြီးတာက သခင်မမုက မုဆိုးမဖြစ်ပြီး သူမရဲ့သားကို ထောက်ပံ့ပေးရမှာ ဖြစ်တဲ့အတွက် ကလေးကို ကောင်းကောင်းမွန်မွန်နဲ့ မွေးလို့မရခဲ့ဘူး။ အဲဒါကြောင့် ဖျားနာတယ်ဆိုတဲ့ အကြောင်းပြချက်ကိုသုံးပြီး ပြန်ပြီးအားပြည့်စေဖို့ မြို့စွန်ကိုခဏ ထွက်သွားခဲ့တယ်။ ကလေး မီးဖွားပြီးတဲ့အချိန်မှာလဲ အပြင်ဘက်ကနေ ကလေးကို ပြန်ခေါ်လာဖို့ ဆင်ခြေတစ်ခုသုံးပြီး သူမရဲ့ မွေးစားသမီးအဖြစ် ပျိုးထောင်ပေးခဲ့တယ်]

ယန်ရှုက မတတ်နိုင်ဘဲ ကျစ် ကျစ်ဟု လုပ်လိုက်ကာ ဒါက သူမရေးတဲ့ စစ်သူကြီးနဲ့မုဆိုးမ ဇာတ်လမ်းရဲ့ နောက်ထပ်ဗားရှင်းအသစ်မလား။ လတ်ဆတ်နေတုန်းပဲ။ အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းတယ်။

ထို့နောက် သခင်မမုကို တိတ်တဆိတ် ကြည့်လိုက်ပြီး သူမရဲ့မျက်နှာသွင်ပြင်က အရမ်းကိုနူးညံ့နေတာကို တွေ့လိုက်ရသည်။ ဒီအသက်အရွယ်မှာတောင် သူမက ဘာမှသိပ်ပြီးမပြင်ဆင်လည်း လှနေဆဲပင် သူမ ငယ်ရွယ်စဉ်က အချိန်ကိုပင် ပြန်တွေးကြည့်နိုင်ပေသည်။

ဒီလိုရင့်ကျက်နေတဲ့ အမျိုးသမီးတစ်ယောက်ကြောင့် ဝံပုလွေပေါက်လေး ယွီကျဲ့တောင် ညှို့ဓာတ်ကို မခုခံနိုင်ပေ၊ ဆန်းကြယ်မှုဖြစ်လာတာ လက်ခံလို့ရပါတယ်လေ

သို့သော် ပြဿနာတွေရှိနေသေးသည် ထို့ကြောင့် သူမကထပ်မေးလိုက်သည်။

[အခု အဲဒီဒုစစ်သူကြီးကျုံးကရော။ စံအိမ်ထဲမှာ လက်ထောက်အဆင့်ပဲ ဖြစ်နေတာတော့ မဟုတ်ဘူးမလား။ ဖြစ်နိုင်တာက နှစ်ယောက်သားက လျှို့ဝှက်ချစ်ရေးချစ်ရာကိစ္စမှာ တိတ်တိတ်လေး စေ့စပ်ထားတာ ဆယ်နှစ်ကျော်လောက် ရှိနေပြီမလား]

သို့သော် စစ်စတန်က ပြောလာသည်။

[အဲဒီညကတည်းက ကျုံးရှင်းဟိုင်က ကျန်းဟိုင်မြို့စားအတွက် အရှက်ရမိလို့ ကမ်းရိုးတန်း ကာကွယ်ရေးရှေ့တန်းဆီ ပို့ဖို့ တောင်းဆိုလိုက်တယ်။ ဆယ်နှစ်ထက်မနည်း သူ့ကိုယ်သူ လေနဲ့နေရဲ့အပြစ်ပေးတာ ခံနေတယ်လေ]

ယန်ရှု “….”

ခဏလေး သူ့မှာ ကလေးရှိနေတာကိုသိလား။

စစ်စတန် [အဲဒါတော့ ငါလည်း မသိဘူး]

ယန်ရှု “…..”

ဆိုတော့ ဒုက္ခတွေကို အကြာကြီး ဖြတ်သန်းပြီးတဲ့အခါမှာ သခင်မမုက ကလေးတစ်ယောက်ကို ပျိုးထောင်ဖို့ အရမ်းကို ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပြီး အဲဒီလူကတော့ ဘာကိုမှ မသိသေးဘူးပေါ့လေ။

102 02

စစ်စတန် [ကျုံးရှင်းဟိုင်က တကယ်တော့ ဒီနှစ်တွေထဲမှာ ကျန်းဟိုင်ဟုန်စံအိမ်ကို တိတ်တဆိတ် စောင့်ရှောက်ပေးနေခဲ့တာ။ ပြီးတော့ သူက သခင်မမုက ကလေးတစ်ယောက်ကို မွေးစားခဲ့ပြီး တစ်လျှောက်လုံး ပျိုးထောင်နေတယ်ဆိုတာကိုလည်း သိတယ်။ ဒါပေမဲ့ အဲဒါကသူ့ကလေးဆိုတာကိုတော့ မသိခဲ့ဘူး]

ယန်ရှု […..]

ဒါက သူမ ပြောနိုင်တာပဲ။

—အတော်လေးကို အရူးအမူး စွဲလမ်းနေသလိုဖြစ်ပေမဲ့ အရမ်းကိုမိုက်မဲနေတာက နှမြောစရာပင်။

ဒီလူနှစ်ယောက်က ကျန်းဟိုင်ဟုန် အသက်ရှိစဉ်မှာ ကိစ္စရှိခဲ့တာ မဟုတ်ပေ။ သူ့ရဲ့သေဆုံးမှုအပြီးမှာမှ ဆက်ဆံရေးတစ်ခု ရှိခဲ့တာဖြစ်သည်။ ဒီလူက ဘာလို့ သူ့ကိုယ်သူ အရမ်းကို ညှင်းပန်းနေရတာလဲ။

သို့သော် ထိုသို့ပြောမှ ဒီခေတ်က အမျိုးသမီးတွေအတွက် အချုပ်အနှောင်တွေ အများကြီး ရှိပေသည်။

နောက်ပိုင်းမျိုးဆက်တွေမှာတော့ အမျိုးသမီးတွေအတွက် မုဆိုးမဖြစ်တာနဲ့ ပြန်ပြီးလက်ထပ်တာက ပြဿနာတစ်ရပ် မဟုတ်တော့ပေ။ သို့သော် သခင်မမုသာ တကယ်ကို အဲဒီလိုလုပ်ခဲ့မယ်ဆိုရင် သူမက ဟုန်စံအိမ်ရဲ့သခင်မဆိုတဲ့ အဆင့်အတန်းကို သေချာပေါက် ဆုံးရှုံးရမည်ပင်။

ဆိုတော့ ဒါကသာ သူတို့နှစ်ယောက်အတွက် တစ်ခုတည်းသောနည်းလမ်းပင်။

သို့သော် ထို့သို့ပြောမှ သခင်မမုက ဧကရီမယ်တော်ကြီးထက်တောင် ပိုပြီး သန်မာနေသေးသည်။ အဆုံးမှာတော့ သူမနဲ့ ဝံပုလွေငယ်လေးက တားမြစ်ထားတဲ့အသီးကို မြည်းစမ်းဖူးပြီး သူမရဲ့ ကိုယ်ပိုင်သွေးသား နှစ်ယောက်ကလည်း ဘေးနားမှာဆိုတော့ ဘဝကြီးက အဲ့လောက်လည်း အထီးမကျန်ပေ။

ထို့ကြောင့် သူမက ထပ်မေးလိုက်သည်။

[ဧကရီမယ်တော်ကြီးရော ဒီအကြောင်းကိုသိလား]

စစ်စတန် [သခင်မမုနဲ့ သူမရဲ့အနီးကပ် အစေခံကလွဲရင် မင်းကသာ ပထမဆုံးသိတဲ့သူပဲ]

ယန်ရှုက ဧကရီမယ်တော်ကြီးလို အကောင်းဆုံးသူငယ်ချင်းတစ်ယောက်တောင် အမှောင်ထဲမှာပဲ အထားခံနေရတယ်ဆိုတာကို နားလည်သွားတော့သည်။

သေချာပေါက် လူတစ်ယောက်ပိုသိလျှင် ပိုပြီးရင်းရမှာများသည်။ သဘာဝကျကျပဲ လူသိနည်းလေ ပိုကောင်းလေဖြစ်သည်။

သူမ ထိုကဲ့သို့ စဉ်းစားနေစဉ်မှာပဲ ဧကရီမယ်တော်ကြီးက သူမနဲ့ ကိုယ်လုပ်တော်ကျိုးကို ပြောလာသည်။

“အိုက်ကျားမှာ သခင်မမုနဲ့ ပြောစရာအနည်းငယ် ရှိတယ်။ အဲတော့ အရင်ပြန်ပြီး သွားနားလိုက်တော့”

ယန်ရှုက ဒါဟာမိန်းကလေးတွေကြားက တီးတိုးပြောတယ်ဆိုတာကို နားလည်သွားပြီး ဘာဖြစ်သလဲဆိုတာကို သဘောပေါက်တဲ့အတွက် ထရပ်လိုက်ကာ ကိုယ်လုပ်တော်ကျိုးနဲ့အတူ နန်းတော်ကနေ ထွက်သွားတော့သည်။

ပြောမှပဲ ကိုယ်လုပ်တော်ကျိုးက သူမကို လျစ်လျူရှုထားတာ အချိန်အတော်ကြာနေပြီပင်။

ဒီတစ်ကြိမ်မှာ တွင်းထဲကရေက မြစ်ထဲကရေကို မနှောက်ယှက်တော့ပေ။ သို့သော် ခြေလှမ်းအနည်းငယ် မလှမ်းရသေးခင်မှာပဲ ကိုယ်လုပ်တော်က ရုတ်တရက် ရပ်သွားပြီး သူမကို ပြောလာသည်။

“ယိဖင်း မသိလောက်ဘူးထင်တယ် ကျွန်မက ဧကရီမယ်တော်ကြီးနဲ့ နေလာတာ အရမ်းကိုကြာနေပြီ။ အခုလေးတင်က သခင်မလေးနိက ကျွန်မ မြင်ဖူးသမျှထဲမှာ ဧကရီမယ်တော်ကြီး သဘောအကျဆုံးသူပဲ”

ယန်ရှုက ကိုယ်လုပ်တော်ကျိုးဟာ ချက်ချင်းပဲ သူမကို ရန်စလာတာကို ကြားလိုက်ရသည်။

သူမက အလျင်အမြန် ခေါင်းညိတ်ပြလိုက်ပြီး ပြောလာသည်။

“ဒီကိုယ်လုပ်တော်လည်းသခင်မလေးနိက ထက်မြက်တယ်လို့ထင်တယ်။ အဲဒါကြောင့် ဧကရီမယ်တော်ကြီးက သဘာဝကျကျပဲ သဘောကျတာပေါ့။ ဒါပေမဲ့ မိဖုရားရေ အရမ်းမနှိမ့်ချပါနဲ့။ အဆုံးမှာတော့ ရှင်ကသာ သူမရဲ့တူမအရင်းလေ။ ဧကရီမယ်တော်ကြီးက ရှင့်ကို အနှစ်သက်ဆုံးနေမှာပေါ့”

ဟီးဟီး သွေးက ရေထက်ပျစ်တယ်လေ ဒီအမျိုးသမီးတောင် သွေးကို မခံနိုင်လောက်ဘူး။

102 03

ဒါက ဘာကိုဆိုလိုတာပါလိမ့်။ ကတ်အကောင်းတွေကို နှံချာတဲ့ လက်နဲ့ ဆော့နေတယ်လို့ခေါ်တာလား။ အဲဒီလိုမျိုးဖြစ်နေတဲ့ ကမ္ဘာပေါ်က တစ်ယောက်တည်းသောသူက ကိုယ်လုပ်တော်ကျိုးပဲ။

သေချာပေါက်ကိုပင် ထိုစကားတွေ ထွက်လာသည်နှင့် ကိုယ်လုပ်တော်ကျိုးရဲ့အသားအရေက ချပ်ချင်းပဲ ပြောင်းလဲသွားတော့သည်။

သို့သော် ပြန်ထိန်းလိုက်ပြီးနောက် ကိုယ်လုပ်တော်ကျိုးက သူမကို တမူထူးခြားစွာ ပြုံးပြလာပြီး

“ငါ့ကိုပဲ ကြည့်လေ၊ အခုလေးတင်ပဲ ဧကရီမယ်တော်ကြီးက ဒီမိန်းကလေးကို ခေါ်ထားချင်တယ်လို့ ပြောနေတယ်။ ကြည့်ရတာ ဟာသလုပ်ပုံလည်း မရဘူး။ ဒီမိမ်းကလေးငယ်လေးက အလှလေး ဖြစ်နေတာကိုလည်း ကြည့်ဦး။ စိုးမိတာက နောက်နှစ်နှစ်ကြာရင် နင် မယှဉ်နိုင်တော့မှာကိုပဲ”

ယန်ရှုက အလျင်အမြန်ပဲ ထပ်ပြုံးပြလာပြီး

“မိဖုရားက အလေးအနက် ဖြစ်လွန်းနေပါပြီ။ ဒီကိုယ်လုပ်တော်က ရွက်ကြမ်းရေကျိုပါပဲ။ ဘယ်လိုလုပ်ပြီး သခင်မလေးနိနဲ့ ယှဉ်လို့ရမှာလဲ။ သခင်မလေးနိသာ နေမယ်ဆိုရင်တော့လည်း ကောင်းတာပေါ့။ အတိတ်တုန်းကဆို အရှင်မင်းကြီးက ဧကရီမယ်တော်ကြီးရဲ့ပျင်းရိမှုကို လျှော့ချပေးဖို့ ခဏခဏ စကားစမြည် လာပြောပေးတယ်။ ဒါပေမဲ့ ရှင်ရော ကျွန်မရောကတော့ မသွားဘူးလေ။ တကယ်လို့သာ သခင်မလေးနိသာ ဧကရီမယ်တော်ကြီးကို ကူညီပြီး ပျင်းရိမှုကို ဖြေလျှော့ပေးဖို့ အဖော်ပြုပေးမယ်ဆိုရင် ဧကရီမယ်တော်ကြီးကလည်း အရမ်းပျော်နေမှာပါ”

ကိုယ်လုပ်တော်ကျိုးက တစ်ခဏခန့်သီးသွားပြီး သူမရဲ့မျက်နှာက ဆိုးသထက် ဆိုးလာတော့သည်။

သို့သော် သူမရဲ့အမှားကို ရှာမရသည့်အတွက် နှာမှုတ်ရုံကာ တတ်နိုင်တော့သည်။

“နင်က အရမ်းကို သိမ်မွေ့တဲ့လူပဲ”

ယန်ရှုက ထပ်မံရယ်မောလိုက်ကာ

“မိဖုးရာက အရမ်းချီးမြှောက်လွန်းနေပါပြီ၊ ဒီကိုယ်လုပ်တော်က မိဖုရားနဲ့ယှဉ်ရင် တစ်ထောင်ပုံ ဆယ်ပုံလောက်ပဲ ရှိတာပါ”

စကားပြောနေစဉ်မှာပဲ သူမက ချီအန်းနန်းဆောင်ကနေ လျှောက်ထွက်သွားပြီးဖြစ်ကာ သူမကို ထပ်ပြီး နှုတ်ခွန်းဆက်လိုက်ပြီး ပြောလိုက်သည်။

“ဒီကိုယ်လုပ်တော် ထွက်ခွာပါတော့မယ်”

ထို့နောက် သူမက ကန်လုနန်းဆောင်ဆီကို အလျင်အမြန်ပြန်သွားတော့သည်။

—ကျစ် ဒီလိုမျိုး ငြင်းခုံနေတာက အချိန်ဖြုန်းတာပဲ သူမလည်း မြန်မြန်လေးပြန်ပြီး ပုံပြင်ရေးရမယ်။

သူတို့လမ်းတစ်လျှောက် လျှောက်နေစဉ်မှာပဲ သူမပြန်နွေးလိုက်ပြီး ကန်လုနန်းဆောင်ကို ပြန်ရောက်ချိန်မှာတော့ စွဲကျန်ရစ်စဖွယ် အချစ်ပုံပြင်လေးတစ်ပုဒ်က ပုံပေါ်လာပြီးဖြစ်ကာ ယန်ရှုကလည်း ချက်ချင်းပဲ စတင်ရေးတော့သည်။

—ကျစ် ဘာထိတ်လန့်စရာ အတင်းမျိုးမှ မရှိသလို အရှက်မရှိတဲ့ အတင်းအဖျင်းလည်း မရှိဘူး။ ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိတဲ့ ယွီကျဲ့နဲ့ သွေးပူလွယ်တဲ့ ဝံပုလွေပေါက်လေးတို့ပဲ အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းတယ်။

~~~

ယန်ရှု စိတ်အားထက်သန်မှု အပြည့်ဖြစ်နေပြီး မှောင်သည်အထိ စာရေးနေပေသည်။

သူမ စာရေးမပြီးခင်မှာပင် တံခါးအပြင်ဘက်ကနေ ဆက်သွယ်သံတစ်ခု ထွက်လာခဲ့သည်။

“အရှင်မင်းကြီးက ဒီကို ရောက်လာပါပြီ….”

သူမ တစ်ခဏခန့် ခဲသွားပြီး ပုံပြင်ဆီကနေ အလျင်အမြန် အသိဝင်လာတော့သည်။ သူမ မထနိုင်ခင်မှာပဲ သူမက ဇာတ်ညွှန်းကို သိသိသာသာပိတ်လိုက်ပြီး ခန်းမထဲကနေ အရိုအသေပြုဖို့ ထွက်လာတော့သည်။

“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးကို နှုတ်ခွန်းဆက်ပါတယ်”

သို့သော် အမြင်စူးရှတဲ့အရှင်မင်းကြီးဟာ အခုလေးတင်က မြင်ကွင်းကို မြင်လိုက်ပြီးသားပင်။

“ထပါ”

ယွီဝိန်းလန်က တည်ငြိမ်နေပြီး သူမကို အနည်းငယ် အထောက်အပံ့ ပေးလာပြီး မေးဖို့ ကြိုးစားလိုက်သည်။

102 04

“ဒီနေ့ရော ဇာတ်ညွှန်း ထပ်ရေးသေးလား”

ယန်ရှုက အသံခပ်တိုးတိုး ပြုလိုက်ကာ မျက်နှာချို သွေးလာသည်။

“ရေးခဲ့တယ်။ ဒါပေမဲ့ မပြီးသေးဘူး”

ယွီဝိန်းလန်က သူ့ရဲ့မျက်ခုံးကို ပင့်လိုက်ပြီး ဘာလို့ဖုံးကွယ်နေသေးတာလဲ။

ထို့နောက် သူက ထပ်မေးလိုက်သည်။

“ပုံပြင်က ဘာအကြောင်းလဲ။ ကိုယ့်ကိုအရင်ပြောပြပြီး နားထောင်ခိုင်းလို့ရမလား”

သူမ တစ်ခဏလောက် ထပ်စဉ်းစားနေတာကို မြင်လိုက်ပြီးနောက် သူမကပြောလာသည်။

“…ဒီကိုယ်လုပ်တော်က မရဘူးလို့ ပြောလို့ရမလား”

ယွီဝိန်းလန်က တွန့်ဆုတ်သွားပြီး “ဘာလို့ မရတာလဲ”

ဖြစ်နိုင်တာက ထပ်ပြီး အရောင်ပါတာတွေများလား။

ဒါပေမဲ့ အခုက နောက်ဆုံးခြေလှမ်းကလွဲပြီး သူတို့နှစ်ဦးက အတွင်းကျကျ ရင်းနှီးပြီးပြီ မဟုတ်လား အရောင်ပါတာဆိုလည်း….သူလည်း ကြည့်လို့ရတယ်။ အဟွတ်…

သို့သော် သူမ ပြောလာတာကို ကြားလိုက်ရသည်။

“ဒီဇာတ်လမ်းကို ဒီကိုယ်လုပ်တော်က ထုတ်ဝေမှာ မဟုတ်ပါဘူး”

သူမက ပုံပြင်တစ်ပုဒ် ရေးချင်ရုံပဲဖြစ်ပြီး အချိန်မကျသေးပေ။ ဒါကသာ အဲဒီအမျိုးသမီးရဲ့ ဂုဏ်သတင်းကို သက်ရောက်ပြီး မကောင်းတဲ့ လွှမ်းမိုးမှုတွေ ဖြစ်စေမယ်ဆိုရင် မကောင်းဘူးဖြစ်သွားလိမ့်မယ်။

ဒါကိုကြားလိုက်ချိန်မှာ ယွီဝိန်းလန်က ပိုပိုပြီး သိချင်လာတော့သည်။

“အမျိုးသမီးရဲ့ဂုဏ်သတင်းလား”

ဘယ်အမျိုးသမီးလဲ။

ဝူဟုန်ရဲ့ဇနီးဟောင်းလိုမျိုး နောက်ထပ်ပုံပြင်တစ်ပုဒ်လား။

သို့သော် အတင်းအဖျင်း ပြောချင်တဲ့ နှလုံးသားက နှိုးကြွလာပြီး လူတွေကို တကယ်ပဲ သိချင်အောင် လုပ်လာသည်။ ထို့ကြောင့် သူက ပြောလိုက်သည်။

“ကိုယ်က အပြင်လူ မဟုတ်ဘူးလေ။ မထုတ်ဝေဘူးဆိုရင်လည်း ကိုယ်တော် တခြားသူတွေကို မပြောပါဘူး”

သို့သော် သူမ တစ်ခဏလောက် စဉ်းစားနေတာကို မြင်လိုက်ပြီးနောက် ထပ်ပြောလာသည်။

“စကားလုံးတွေမှာ အခြေမရှိဘူးတဲ့။ တစ်နေ့မှာ အရှင်မင်းကြီးက ချော်ပြီး ထွက်သွားရင်ရော”

ယွီဝိန်းလန် “….”

သူက ရိုးရိုးရှင်းရှင်းပဲ သူ့ရဲ့ခါးပေါ်က တိမ်လွှာကျောက်စိမ်းဆွဲပြားကို ကြိုးဖြည်လိုက်ပြီး သူမဆီကို လက်လွှဲကာ ပြောလာသည်။

“ကိုယ်တော် မင်းကို ဒါ ပေးမယ်။ တစ်နေ့မှာ ကိုယ်တော်သာ အမှားလုပ်ခဲ့ရင် ဒါက မင်းအပိုင်ပဲ”

ယန်ရှု “….”

ဒီလူက ဖရဲသီးစားဖို့ အရမ်းကိုပြင်းထန်နေတာပဲ။ ရှန်းယွမ်ကျောက်စိမ်းကိုတောင် သာမန်လို အသုံးပြုနေတယ်။

သို့သော်….သူမက ပိုက်ဆံ ဆုံးရှုံးနေတာ မဟုတ်ပေ။ ဒီကျောက်စိမ်းဆွဲသီးက ငွေတုံးတစ်ထောင်လောက် တန်တယ်မဟုတ်လား။

ထို့အပြင် ဘာပဲဖြစ်ဖြစ် သူက ဒီဇာတ်လမ်းထဲကလူက ဘယ်သူဆိုတာလဲမသိဘူးလေ ဟီးဟီး

ထို့ကြောင့် သူမရဲ့လက်ကို ဆန့်ထုတ်လိုက်ကာ ယူလိုက်ပြီး အပြုံးတစ်ပွင့်နှင့် ပြောလာသည်။

“အရှင်မင်းကြီးက အရမ်းကို စိတ်အားထက်သန်နေမှတော့ ဒီကိုယ်လုပ်တော်က ပြောပြပါမယ်။ နားထောင်ပါ။ ဒါပေမဲ့ ဘာကိုမှပြန်မပြောဘူးလို့ ကတိပေးရပါမယ်”

ယွီဝိန်းလန်က ခေါင်းညိတ်ပြလိုက်ကာ “သေချာပေါက်ပဲပေါ့”

သူမအတွက်သာဆိုလျှင် ငွေနဲ့ မဖြေရှင်းနိုင်တာ ဘာမှမရှိဘူးဆိုတာကို သူ သိပေသည်။

******

All Chapters