အခန်း (၁၀၃-၁၀၅)
Vol. 7 Ch. 103-105
103 01
အပိုင်း (၄၉.၂)
ထို့နောက် သူမ စပြောလာတာကို ကြားလိုက်ရသည်။
“တစ်ခါက ခင်ပွန်းနဲ့ကလေးရှိတဲ့ ထက်မြက်ပြီး သိက္ခာရှိတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်တဲ့။ သူမရဲ့ဘဝက အတော်လေးတော့ ကျေနပ်စရာကောင်းတယ်။ ဒါပေမဲ့လည်း မမြင်ရတဲ့ တချို့အခြေအနေတွေကြောင့် သူမရဲ့ခင်ပွန်းဖြစ်သူက တစ်နေ့မှာ မမျှော်လင့်ထားစွာနဲ့ သေဆုံးသွားပြီး ကံမကောင်းစွာနဲ့ မုဆိုးမတစ်ယောက် ဖြစ်သွားရတယ်။ အဲဒီအချိန်မှာပဲ သူ့ခင်ပွန်းရဲ့မိတ်ဆွေဖြစ်သူက သူမရဲ့ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ လက်ကမ်းလာပြီး သူမရဲ့အခက်ခဲဆုံးအချိန်ကို ဖြတ်ကျော်ဖို့ ကူညီပေးခဲ့တယ်”
“ဒီသခင်မဖြစ်သူက အရမ်းကို ကျေးဇူးတင်တယ်လို့ ခံစားခဲ့ရပေမဲ့ ဘယ်လို ပြန်ပြီးပေးဆပ်ရမလဲဆိုတာကို မသိခဲ့ဘူး။ မတော်တဆနဲ့ တစ်ဖက်လူက သောက်နေတုန်း သူမနာမည်ကို ခေါ်လာတာကို ကြားလိုက်ရတယ်။ အဲဒီအချိန်မှသာ တစ်ဖက်လူက သူမအတွက် အရမ်းကိုနက်ရှိုင်းတဲ့ ခံစားချက် ရှိနေတယ်ဆိုတာကို သိသွားတော့တယ်”
ဒါကိုနားထောင်ပြီးနောက် ယွီဝိန်းလန်က သူ့ရဲ့မျက်ခုံးကို တိတ်တဆိတ် ပင့်လိုက်သည်။ ကြည့်ရတာ လူကြီးလူကောင်းနဲ့ သူ့မိတ်ဆွေရဲ့ဇနီးဖြစ်နေတာပဲ။
ကျစ် မပြောစမ်းပါနဲ့ အတော်လေးဆွဲဆောင်မှုရှိတယ်
အဲဒါက ဘယ်သူတွေလဲဆိုတာကို မသိရုံသာဖြစ်သည်။
ထို့နောက် သူက ပြောလိုက်သည်။
“အဲဒီနောက် ဒီအမျိုးသမီးက အဲဒီသခင်ငယ်လေးကို ဆွဲဆောင်လိုက်တာလား”
သို့သော် သူမက ခေါင်းညိတ်ပြလာပြီး ပြောလိုက်သည်။
“သဘာဝကျကျပဲ။ ဒီလူရွယ်က စိတ်နှလုံးကောင်းရှိတဲ့အပြင် ချောမောပြီး ငယ်ရွယ်တယ်လေ။ အထူးသဖြင့် သခင်မ အကူအညီ လိုအပ်နေဆုံးအချိန်မှာပေါ့။ သူမက တစ်ဖက်လူရဲ့ ခံစားချက်တွေကို သိလိုက်ပြီး သခင်မဖြစ်သူရဲ့ခံစားချက်တွေကလည်း တစ်ဖြည်းဖြည်း ပြောင်းလဲလာတော့တယ်။ စောင့်ထိန်းရမဲ့သိက္ခာကြောင့် အဲဒါကို သူမနှလုံးသားထဲမှာပဲ သိမ်းထားနိုင်တယ်”
“ဒါပေမဲ့ အချစ်လိုအရာမျိုးက သူတို့ကို ဖိနှိပ်လေလေ ပိုပိုပြီး ကြမ်းကြုတ်ရက်စက်လေပဲ ။တစ်နေ့မှာ သခင်ငယ်လေးနဲ့ ဇနီးဖြစ်သူက အရက်သောက်ပြီးနောက်မှာ မကျော်သင့်တဲ့စည်းကို မတော်တဆ ကျော်လိုက်မိပြီး ဆွဲဆောင်မှုရှိတဲ့ တစ်ညတာကို ပိုင်ဆိုင်လိုက်ကြတယ်။ ဒါပေမဲ့ နောက်တစ်နေ့ နိုးလာချိန်မှာတော့ သခင်ငယ်လေးက ကွယ်လွန်သွားတဲ့ သူ့မိတ်ဆွေအတွက် စိတ်မကောင်းဖြစ်ပြီး ထိုဇနီးဖြစ်သူကို ဒုက္ခဖြစ်စေမှာ စိုးတဲ့အတွက် နှုတ်ဆက်တာတောင် မလုပ်ဘဲ ထွက်သွားတော့တယ်”
အမ်…။
ဒါက ယွီဝိန်းလန်ကို အနည်းငယ် အံ့အားသင့်သွားစေပြီး မမေးဘဲ မနေနိုင်ပေ။
“အဲဒီနောက်ရော”
ယန်ရှုက ထပ်ပြောလိုက်သည်။
“နောက်ဆုံးမှာတော့ ဒီသခင်မဖြစ်သူက ရုတ်တရက် ကိုယ်ဝန်ရသွားတဲ့အတွက် သူမတစ်ယောက်တည်းပဲ ကလေးကို မွေးဖွားပြီး ပျိုးထောင်ပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီသခင်ငယ်လေးက ဘာမှမသိတဲ့ သူ့မိတ်ဆွေကောင်းအတွက် အရှက်ရမိတယ်လို့ ခံစားရတဲ့အတွက် အဲဒီအကြောင်းကိုတောင် မသိလိုက်ဘူး”
ယွီဝိန်းလန်ကချက်ချင်းပဲ သူ့မျက်ခုံးကို ပင့်လိုက်တော့သည်။
“ကိုယ် မသိဘူး ကမ္ဘာပေါ်မှာ တာဝန်မဲ့တဲ့သူမျိုး ရှိသေးတယ်တဲ့လား”
ထိုစကားတွေ ထွက်လာသည်နှင့် ယန်ရှုက သူမနှလုံးသားထဲမှာ တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး ကြည့်ရတာ သူ့ရဲ့သုံးဖက်အမြင်က အတော်လေး ဖြောင့်မတ်တဲ့ပုံပဲ။
ဒီစကားလုံးကို ကြားလိုက်တဲ့အခါ ယွီဝိန်းလန်က သူ့ဘာသာ တွေးလိုက်သည်။ အဲဒီသုံးဖက်အမြင်ဆိုတာက…..ဘာကြီးလဲ။
ဘာလို့ဖြောင့်မတ်တယ်လို့ ပြောတာလဲ။
သူ့ကို ချီးမြှောက်တယ်လို့ ဆိုလိုတာလား။
အခုလေးတင်က သူမရဲ့လေသံအရဆို ဟုတ်မယ်ထင်တယ်။
သူက တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်ပြီး ထပ်မေးလိုက်သည်။
103 02
“ဒါဆို နောက်တော့ရော”
သို့သော် ယန်ရှုက ပြောလာသည်။
“နောက်တော့ သဘာဝကျကျပဲ ဇာတ်လိုက်မင်းသမီးက သူတို့ရဲ့ကလေးကို တစ်ယောက်တည်း ပျိုးထောင်ပြီးတဲ့နောက် သူမကို ဂရုစိုက်တဲ့ အမျိုးသားတစ်ယောက်နဲ့တွေ့ပြီး ပြန်ပြီး လက်ထပ်လိုက်တယ်”
“ပြန်ပြီး လက်ထပ်တာလား”
ယွီဝိန်းလန်က တွန့်ဆုတ်သွားပြီး
“ဒါဆို အရင်က သခင်ငယ်လေးကရော”
သို့သော် သူမက ပြောလာသည်။
“ဒီလိုခေါင်းမာပြီး တာဝန် မယူတတ်တဲ့လူမျိုးက သူ့တစ်လဝလုံး နောင်တ ရနေသင့်တယ်”
ယွီဝိန်းလန် “….”
“အမှန်တရားတချို့ ရှိနေပေမဲ့လည်း ကိုယ်ကြားသလောက်ဆို သူတို့တွေ အတူတူရှိလို့ရတယ်လို့ တွေးနေမိတယ်…၊သူ့ကို အခွင့်အရေးတစ်ခုလောက် ပေးလို့ရမလား”
သို့သော် သူမ တစ်ခဏလောက် စဉ်းစားနေတာကို တွေ့လိုက်ရပြီး ပြောလာသည်။
“ကောင်းပြီလေ ထပ်ပြီးလက်မထပ်ဘဲ သူ့ဇနီးဖြစ်သူကို တိတ်တဆိတ် စောင့်ရှောက်ပေးနေတဲ့အတွက် သူ့ကို အခွင့်အရေးတစ်ခုလောက် ပေးလိုက်တာပေါ့။ ဒါပေမဲ့ သူ့ဘာသာ ထွက်ပြေးသွားတဲ့အတွက်တော့ တန်ရာတန်ကြေးတချို့ ပေးဆပ်ရအောင် လုပ်ရမယ်။ သခင်မက ကလေး မွေးဖွားပေးပြီး ခက်ခက်ခဲခဲနဲ့ ပျိုးထောင်ခဲ့ရတာ။ အဲ့အကြောင်း မပြောခင် သူ့ကို အကြိမ်ထောင့်ရှစ်ရာလောက် ခံစားခိုင်းရတာပေါ့”
ယွီဝိန်းလန်က ဒါကိုကြားတဲ့အချိန်မှာ သူ့မျက်လုံးကိုပင့်လိုက်ပြီး
“ဒါက ဒီလိုလား”
ယန်ရှုက ရင့်ကျက်နေတဲ့ အသွင်အပြင်နဲ့ ခေါင်းညိတ်ပြလိုက်ပြီး
“ဒါကို ‘ဇနီးသည်ကို မီးသင်္ဂြိုလ်စက်အထိ လိုက်ခြင်း’ လို့ ခေါ်ပြီး စာဖတ်သူတွေ အများကြီးက ကြိုက်ကြတယ်” (ဇနီးသည်ကို မီးသင်္ဂြိုလ်စက်အထိ လိုက်တယ် ဆိုတာက အမှားတွေ အများကြီး လုပ်ထားတဲ့ ဇာတ်လိုက်က နောင်တရပြီးတော့ ဇာတ်လိုက်မကို ရေကုန်ရေခန်း လိုက်ချော့တဲ့ ဇာတ်လမ်း အမျိုးအစားကို ပြောတာ ဖြစ်ပါတယ်)
အမ်။
ယွီဝိန်းလန်က ပိုပိုပြီး ရှုပ်ထွေးလာသည်။
“မီးသဂြိုလ်စက် ဆိုတာက… ဘာကြီးလဲ”
ယန်ရှု “…..”
ကောင်းပြီလေ။ မီးသဂြိုလ်တာက အခုခေတ်အခါမှာ မလုပ်ဆောင်ကြသေးဘူးပဲ။
သူမမှာ ရွေးချယ်စရာ မရှိတော့ဘဲ စိတ်ရှည်ရှည်နဲ့ ရှင်းပြလိုက်ငည်။
“ဒီစကားလုံးရဲ့ မူလအဓိပ္ပာယ်က လူတွေ သေဆုံးပြီးနောက်မှာ မမြှုပ်နှံခင် ခန္ဓာကိုယ်ကို အရင်ပြာချရတယ်။ ဒီပြာတွေဖြစ်အောင် မီးရှို့တဲ့နေရာက မီးသဂြိုလ်ရုံပဲ”
ထိုစကားလုံးတွေ ထွက်လာသည့်အခါ ယွီဝိန်းလန်က ပိုလို့တောင် အံ့အား သင့်သွားတော့သည်။
“ဒီလိုနေရာမျိုး ရှိတယ်လား။ ကိုယ်က ဒီလိုနေရာမျိုးကို တစ်ခါမှ မကြားဖူးဘူး ….ဒီနေရာက ဘယ်မှာလဲ”
ယန်ရှု “….”
မင်း ရှင်းပြလေလေ ပိုပြီး ဒုက္ခများလာလေလေပဲ။
သူမမှာ ရွေးချယ်စရာမရှိတော့ပဲ ဝတ်ကျေတမ်းကျေ ပြောလိုက်ရသည်
“အဲဒါက အတော်လေးဝေးတယ်….။မေ့လိုက်တော့ ကိစ္စမရှိဘူး။ အရှင်မင်းကြီးသာ ဒီကိုယ်လုပ်တော် ဆိုလိုချင်တာကို နားလည်နေသရွေ့ အဆင်ပြေတယ်”
သူမစကားပြောပြီး လေးလေးနက်နက်နဲ့ နိဂုံးချုပ်လာသည်။
103 03
“အချုပ်ပြောရရင် ချစ်ခြင်းမေတ္တာကို အဓိကထားတဲ့ အဓိကဇာတ်ကောင်အနေနဲ့ ဘာချို့ယွင်းချက်မှရှိလို့ မဖြစ်ဘူး၊ မဟုတ်ရင် သေတဲ့အထိ ဆူပူခံရလိမ့်မယ်။ ကျွန်မရော အပါအဝင်ပဲ”
ယွီဝိန်းလန် “…ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ”
ယန်ရှုက ထိခိုက်နစ်နာနေတဲ့ မျက်နှာနဲ့ ခေါင်းညိတ်ပြလာပြီး
“မဟုတ်ဘူးလား။ ပုံပြင်ရေးတဲ့သူ တစ်ယောက်အနေနဲ့ ပိုက်ဆံအချို့ ရှာရတာက မလွယ်ဘူး”
အဆူပူ ခံရရုံတင်မကဘူး၊ ဒီအချိန်မှာ ခိုးကူးမှုလည်း မရှိသေးဘူး၊ ပြီးတော့ တိတ်တိတ်ကလေးခိုးပြီး ပြန်ရောင်းတဲ့ မရေမတွက်နိုင်တဲ့ သူတွေလည်း ရှိတယ်၊ စာရေးသူတွေရဲ့ ကြိုးစားပမ်းစား ရေးထားတဲ့ စာလုံးတွေအများစုက တစ်နေ့သုံးနပ်တောင် မလောက်ငှဘူး အရမ်းကို ခက်ခဲတာပဲ ဝူး…..
တိတ်တဆိတ် နားထောင်နေသော ယွီဝိန်းလန် “…”
သူကသူမကို နှစ်သိမ့်ပေးရုံသာ တတ်နိုင်သည်။
“အရမ်းကိုခက်ခဲတယ် ဆိုရင်လည်း မရေးနဲ့တော့လေ”
သို့သော် သူမက သူမရဲ့ခေါင်းကို ချက်ချင်းခါလိုက်ပြီး ပြောလာသည်။
“မဟုတ်ဘူး။ ကျွန်မကအခုမှ စိတ်ဝင်စားမှုကို ရှာတွေ့ရုံရှိသေးတယ်။ ဒီလို အသေးအဖွဲပြဿနာလေးအတွက်နဲ့ ဘယ်လိုလုပ် အရှုံးပေးနိုင်မှာလဲ။ စာဖတ်ဖို့ လူတစ်ယောက်သာ ရှိနေသရွေ့ ကျွန်မကတော့ ဆက်ရေးနေမှာပဲ”
ဒါကိုကြားလိုက်ချိန်မှာ ယွီဝိန်းလန်က ရုတ်တရက် ပြုံးလိုက်ပြီး ပြောလာသည်။
“လူတစ်ယောက်တည်းသာ ဖတ်နေမယ်ဆိုရင်လည်း အဲဒါကကိုယ်ပဲ ဖြစ်မယ်”
ကောင်းပြီလေ။ သူကသူမရဲ့ပထမဆုံးစာဖတ်သူပဲ။ နောက်ဆုံးကလည်း သူပဲ ဖြစ်လိမ့်မယ်။
ထိုစကားတွေပြောပြီးနောက် ယန်ရှုက တန့်သွားကာ ထို့နောက် ပြုံးလိုက်သည်။
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”
[အမှန်ပဲ။ ဒီတစ်ယောက်တည်းသာ ကျန်တယ်ဆိုရင်လည်း သူ့ကိုတစ်ခန်းစာအတွက် ငွေတုံးတစ်ရာ့ငါးဆယ်နဲ့ရောင်းရင်တောင် အကျိုးအမြတ်ရှိနေဆဲပဲ!]
ယွီဝိန်းလန် “…”
~~~
သခင်မကြီးကျန်းဟိုင် မြို့တော်ကို ရောက်ပြီး နှစ်ရက်အကြာမှာ ဧကရီမယ်တော်ကြီးရဲ့ ဆောင်းဦးအသင်္ချေပွဲတော်ကို ရောက်ရှိလာပြီဖြစ်သည်။
ဧကရီမယ်တော်ကြီးက လူအင်အားနဲ့ငွေတွေကို မဖြုန်းတီးဖို့ အထူးအလေးပေး ပြောပေမဲ့ ဘုရင်မင်းမြတ်ရဲ့ သားသမီးဝတ္တရားကျေပွန်မှုကို မတားဆီးနိုင်ခဲ့ပေ။ ထို့ကြောင့် ထိုက်ချန်ကွမ်းလုနန်းဆောင်ကို နန်းတော်မှာ ကြီးကျယ်ခမ်းနားတဲ့ မွေးနေ့ညစာစားပွဲ ကျင်းပပေးဖို့ အမိန့်ပေးလိုက်သည်။
ယနေ့ရဲ့ထုံးတမ်းစဉ်လာက ရှုပ်ထွေးတဲ့အတွက် ယန်ရှုက မနက်ခင်းမှာ စောစောထလိုက်ပြီး ဝတ်စားဆင်ယင်ကာ ပြင်ဆင်ပြီးနောက် ချီအန်းနန်းဆောင်ဆီကို ထွက်လာခဲ့တော့သည်။
နန်းဆောင်ကိုရော က်ပြီးနောက်မှာ ဧကရီမယ်တော်ကြီးနဲ့ ရောက်နှင့်ပြီးသားဖြစ်တဲ့ ဧကရာဇ်တို့ကို အရိုအသေ ပေးလိုက်သည်။
သို့သော် သူ့ကို ဟင်္သာပြဒါးအရောင်ဝတ်ရုံ ဝတ်ဆင်ထားတာကို တွေ့လိုက်ပြီး ဆံထုံးကို ခပ်မြင့်မြင့်ထုံးဖွဲ့ထားကာ ခေါင်းပေါ်မှာ ရွှေရောင်သံရဖူတစ်ခုနှင့် အရမ်းကို တောက်ပပြီး ချောမောနေပေသည်။ အရမ်းကိုမှ ညှို့ယူဖမ်းစားနိုင်စွမ်းရှိတာပဲ
—တကယ်တော့ နှစ်ယောက်သားက မနေ့ညက အတူရှိခဲ့ကြပြီး အဝတ်အစားလဲချိန်မှသာ ခွဲခွာလိုက်ကြတာဖြစ်သည်။
သို့သော် အချိန်တစ်နာရီအတွင်းမှာပင် ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားရသည်။
ဒီတစ်ကြိမ်မှာတော့ ခန်းမထဲက လူတွေအားလုံးက သက်တော်ရာကျော်ရှည်ပါစေလို့ အော်ဟစ်လာပြီး အရိုအသေပေးဖို့ ဒူးထောက်ချလာသည်။ ယွီဝိန်းလန်က သာယာနာပျော်ဖွယ် ကောင်းတဲ့အသံနဲ့ ပြောလိုက်ပြီး သူ့ရဲ့ခံ့ညားတဲ့မျက်နှာပေါ်က အပြုံးတစ်စနဲ့ ယန်ရှုကို တစ်ချက်ကြည့်လိုက်သည်။
103 04
ကောင်းပြီလေ။ တစ်နာရီအတွင်းမှာပဲ အိပ်ချင်မူးတူးရုပ်နဲ့ ဖိုသီဖတ်သီဆံပင်နဲ့ ဖြစ်နေတဲ့ မိန်းကလေးငယ်လေးကနေ ဒီလိုတောက်ပပြီး သိက္ခာရှိတဲ့ ရုပ်သွင်အဖြစ်ကို ပြောင်းသွားတာပဲ။
သူ့ရဲ့မျက်စိကို ကျေနပ်နေစေပေမဲ့ သူမစိတ်ထဲက ကျစ် ကျစ်ဟု လုပ်သံကို ကြားလိုက်ရသည်။
[အခုချိန်မှာ အရမ်းကိုအလေးအနက် ဖြစ်နေတာကို ကြည့်ပါဦး မနေ့ညက လူကိုဘယ်လိုတောင် အပူကပ်နေသလဲဆိုတာကို တွေးကြည့်လို့တောင် မရဘူး။ သူမလက်တွေဆို အသုံးမဝင်လုနီးပါးပဲ]
ယွီဝိန်းလန် “……”
မတတ်နိုင်ဘဲ နားရွက်တချို့က နီရဲတွတ်သွားရတော့သည်။
ဒီရက်ပိုင်းတွေမှာ….သူမက သူမရဲ့လက်တွေနဲ့ …..တကယ်ကို အလုပ်ကြိုးစား နေခဲ့ရတာပဲ။
သို့သော် နောက်ထပ်ငါးရက် သည်းခံပြီးတာနဲ့ အဆင်ပြေပြီ ဖြစ်သည်။
သူက ခပ်ဝေးဝေးကို တွေးနေမိတာကို သိလိုက်ပြီး အလျင်အမြန်ပဲ သူ့အတွေးတွေကို ပြန်လည်စုစည်းလိုက်ကာ ညောင်စောင်းပေါ်က ဧကရီမယ်တော်ကြီးကို အရိုအသေ ပြုလိုက်ပြီး
“ကမ္ဘာပေါ်က လူတွေကို ဦးဆောင်ပြီး ဒီသားတော်က မယ်တော့်ကို ကျန်းမာရေးကောင်းမွန်ပြီး ကောင်းချီးအပြည့်နဲ့ ထာဝရထိ သက်ရှည်ကျန်းမာပါစေလို့ ဆုတောင်းပါတယ်”
ထိုစကားတွေ ထွက်လာပြီးနောက် ခန်းမထဲက လူတိုင်းက သူမကို အရိုအသေ ပေးလာပြီး အော်ဟစ်လာကြသည်။
“ဧကရီမယ်တော်ကြီးကို ကျန်းမာရေးကောင်းမွန်ပြီး ကောင်းချီးအပြည့်နဲ့ ထာဝရထိ သက်ရှည်ကျန်းမာပါစေလို့ ဆုတောင်းပါတယ်”
ဧကရီမယ်တော်ကြီးက ပြုံးလိုက်ကာ ပြောလာသည်။
“အရှင်မင်းကြီးရဲ့စိတ်ရင်းအတွက် အိုက်ကျားက အရမ်းကို စိတ်သက်သာရာ ရသွားပါပြီ။ ထကြပါ”
လူတိုင်းက နာခံလိုက်ကာ ဧကရာဇ်နောက်ကို လိုက်ပြီး တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ကြသည်။
တစ်ခဏ ကြာပြီးနောက် အရိုအသေပေးဖို့ နန်းတော်ထဲကိုဝင်လာတဲ့ ဧည့်သည်တော်တွေက တစ်ယောက်ပြီးတစ်ယောက် ရောက်လာတော့သည်။
ယန်ရှုက ဧကရီမယ်တော်ကြီးနဲ့ ဧကရာဇ်နောက်ကိုလိုက်ကာ ချီအန်းနန်းဆောင်ဆီကို လိုက်ပါလာသည်။
ဒီနေ့နန်းတော်ထဲကို ဝင်လာတဲ့သူတွေက တော်ဝင်မိသားစုနဲ့ ညီလာခံထဲက မျိုးရိုးမြင့်တွေကလွဲလို့ တခြားမဟုတ်ပေ။ အထူးသဖြင့် ဧကရီမယ်တော်ကြီးရဲ့ အမှုထမ်းဟောင်းတွေ ဖြစ်သည်။
ပထမဆုံးနန်းတော်ထဲက ဝင်လာတဲ့သူက ကွမ်းယန်ဟုန်ရဲ့ မိသားစုပင်။
ဧကရီမယ်တော်ကြီးက ကွမ်းယန်ဟုန်ကို မတွေ့ရတာ တစ်ခဏလောက် ကြာနေပြီး သူ့ရဲ့ပိန်ပါးနေတဲ့ခန္ဓာကိုယ်ကို မြင်တွေ့ရချိန်မှာတော့ သူမက မနေနိုင်ဘဲ သိချင်သွားရသည်။
“ကွမ်းယန်ဟုန်က ဘယ်လိုလုပ် အလေးချိန် အများကြီး ကျသွားရတာလဲ။ သူက နေမကောင်းနေတာများလား”
ဒါကို ကြားပြီးနောက်မှာ အသက်ငါးဆယ်အရွယ်ရှိပြီဖြစ်တဲ့ ကွမ်းယန်မြို့စားက အလျင်အမြန် ပြောလာသည်။
“ဧကရီမယ်တော်ကြီးရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီရက်ပိုင်းရာသီဥတုက ပူနေလို့ ဖြစ်လောက်တယ်။ စားချင်စိတ် မရှိဘူးဖြစ်နေတယ်။ အဲဒါကြောင့် စားချင်စိတ် နည်းနည်းလျော့နေလို့ပါ။ ဘာမှမဖြစ်ပါဘူး စိတ်ချပါ။ ဧကရီမယ်တော်ကြီး”
ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ပြရုံသာ ပြလာသည်။
ယန်ရှုက တိတ်တဆိတ်နဲ့ ကျစ် ကျစ်ဟု လုပ်လိုက်ကာ အခုတလော ဒီစရိုက်ကြမ်းတဲ့လူက ပိုပိုပြီး အလေးအနက် ဖြစ်လာတာပဲ။ သူကဖြင့် စာကြည့်ခန်းထဲမှာပဲ တစ်နေ့လုံး ဆန်လိပ် စားနေပြီးတော့ လူတွေက တီကောင်မှမဟုတ်တာ။ ဆန်လိပ်ကနေ အာဟာရဓာတ်ကို မစုပ်ယူနိုင်ဘူးလေ။ အဲ့တော့ သေချာပေါက်ပဲ ဝိတ်ကျသွားမှာပေါ့။
103 05
ယွီဝိန်းလန် “….”
သူက ဒီဆန်လိပ်ချစ်သူအကြောင်းကို မေ့တော့မလို့ပဲ။
ဟမ်း အဲဒါက ဘယ်လိုအရသာခံလဲဆိုတာ မယုံနိုင်စရာပဲ။
သူ တကယ်ပဲ သည်းမခံနိုင်တော့တဲ့အတွက် သူကလည်း ပြောလိုက်သည်
“ကွမ်းယန်ဟုန်သာ မသက်မသာ ဖြစ်နေမယ်ဆိုရင် ဖြစ်နိုင်သလောက်မြန်မြန် ဆေးကုသမှုရှာရမယ် ။သမားတော်ဆီကနေ ဖျားနာမှုကို သိမ်းမထားနဲ့”
သို့သော်လည်း ကွမ်းယန်မြို့စားက သတိပေးချက်ရဲ့ အဓိပ္ပာယ်ကို မသိပေ။ သူ့မျက်နှာပေါ်က ဂုဏ်ယူနေတဲ့ အပြုံးကြီးနဲ့သာ တုံ့ပြန်လာသည်။ သူက နှလုံးသားထဲမှာ ချီးမြှောက်လိုက်ပြီး
[အရှင်မင်းကြီးက ကျွန်တော်မျိုးအကြောင်းကို တကယ်ကို အထူးဂရုစိုက်တာပဲလား။ ကြည့်ရတာ အရှင်မင်းကြီးက ငါ့ကို အတော်လေး တန်ဖိုးထားတဲ့ပုံပဲ]
ယွီဝိန်းလန် “….”
မေ့လိုက်တော့ သူ့မိသားစုကို တစ်နေ့ကျမှပဲ သတိပေးလိုက်တော့မယ်။
တွေးကြည့်ပြီးနောက် သူဟာ အကြီးဆုံးမင်းသမီးကြီးနဲ့ သူမရဲ့သားမက်ဖြစ်သူ ချွေးမဖြစ်သူနဲ့ သားဖြစ်သူတို့ ရောက်လာကြတာကို တွေ့လိုက်ရသည်။
“ဧကရီမယ်တော်ကြီးကို အရှေ့ပင်လယ်လိုကောင်းချီးနဲ့ပြည့်စုံပြီး နန်ရှန်းထက် သက်တော်ရှည်ဖို့ ဆုတောင်းပေးပါတယ်”
အကြီးဆုံးမင်းသမီးကြီးက နှောင်းဧကရာဇ်ရဲ့ အစ်မဖြစ်ပြီး ဧကရီမယ်တော်ကြီးရဲ့အကြီးဆုံးဒေါ်လေးပင်။ ထိုအချိန်မှာပဲ သူမက ဧကရီမယ်တော်ကြီးကို အရိုအသေ ပေးဖို့ လူတစ်စုကို ဦးဆောင်လာပြီး ဧကရီမယ်တော်ကြီးကလည်း သူမကို ယဉ်ကျေးစွာ ပြောလိုက်သည်။
“အကြီးဆုံးအစ်မတော် ကြိုဆိုပါတယ်။ ကျေးဇူးပြုပြီး ထိုင်ပါ”
ယန်ရှုရဲ့အာရုံက သူမရဲ့သမီးဖြစ်သူ အန်းခန်းကောင်တီရဲ့မြို့စားနဲ့ သူ့ရဲ့သားမက်ဖြစ်သူ ယောက်ကျွင်းလျန်တို့ပင်။
သူမက အန်းခန်းကောင်တီရဲ့အရှင်ကို အကြိမ်များစွာ တွေ့ဖူးပေမဲ့ ဒီနေ့က သူမရဲ့ခင်ပွန်းကို တွေ့ရတဲ့ ပထမဆုံးအကြိမ်ပင်။ ထိုအချိန််မှာပဲ သူမက သူ့ကို တိတ်တဆိတ် ကြည့်လိုက်ပြီး ဒီယောက်ကောင်တီက ခင်ပွန်းက အကြီးဆုံးမင်းသမီးကြီးရဲ့ခင်ပွန်းဖြစ်သူ ကျောက်ချန်းဝမ်နဲ့ လုံးဝခြားနားတာကို တွေ့လိုက်ရသည်။ ရွှေရောင်မျက်လုံးတွေနဲ့ သန်မာတဲ့ အမျိုးသားပင်။
ကြားမိတာကတော့ သူဟာ အရင်က ထန်းဟူလန်က ကိုယ်ခံပညာဆရာလို့ ကြားမိသည်။ အခုတော့ သူဟာ ကျင်းဝေ့ရုံးက ကွန်မန်ဒါအဖြစ် ဆောင်ရွက်နေပြီဖြစ်ပြီး အတော်လေး လုပ်နိုင်စွမ်းရှိပေသည်။
ထိုအချိန်မှာ ယန်ရှုက သူမနှလုံးသားထဲမှာ ကျစ် ကျစ်ဟု လုပ်လိုက်ပြီး ဒီကောင်တီက အားခန်းကောင်တီရဲ့အရှင်က ရူယိဖန်ကို သွားနေတာကို မသိဘူးမလား။ သူသာ သိမယ်ဆိုရင် သူ့ရဲ့လုပ်နိုင်စွမ်းနဲ့တင် ရူယိဖန်ကို ဖြုတ်ချပစ်လိုက်မှာမလား။
စစ်စတန် [ဟုတ်တယ် သူက မသိသေးဘူး။ ဒီရက်ပိုင်းအတွင်း ကျင်းဝေ့မှာက ခုခံကာကွယ်ရေး အပြောင်းအလဲတွေ ဖြစ်နေတာ။ ပြီးတော့ သူက အလုပ်များနေပြီး အိမ်ကို ရက်အတော်ကြာ မပြန်နိုင်ဘူးလေ]
ယန်ရှု [….အတော်လေး ရင်နာစရာ ကောင်းတာပဲ။ ဒါပေမဲ့ ပြောမှပဲ ဒီကောင်တီရဲ့မြင်းက အတော်လေး ကြည့်ကောင်းတယ်နော်။ ကြားတာတော့ စံအိမ်ထဲမှာ ဘယ်ကိုယ်လုပ်တော်မှလည်း ထပ်မရှိဘူးတဲ့။ အဲဒါကို အားခန်းကောင်တီရဲ့အရှင်က ရူယိဖန်ကို ဘယ်လိုလုပ် သွားနိုင်ရတာလဲ။]
စစ်စတန် [တချို့ယောက်ျားတွေက သာမန်ဖြစ်တဲ့ပုံပေါ်ပေမဲ့ တကယ်တော့ ညဘက်မှာ ခဏခဏ ထကြတယ်။ ဒီကောင်တီအရှင်ရဲ့ခင်ပွန်းက မနှစ်က ကိုယ်ခံပညာဖျော်ဖြေမှုတစ်ခုမှာ သူ့မြင်းပေါ်ကနေ မတော်တဆ ပြုတ်ကျသွားပြီး အဲ့အပေါ်ကို ပြုတ်ကျသွားခဲ့တယ်။ သိပ်ပြီး ပြင်းထန်တဲ့ ပြဿနာ မဟုတ်ပေမဲ့ သူက တစ်နည်းနည်းနဲ့ ယုံကြည်ချက် မရှိတော့ဘူး။ ရူယိဖန်ကို သွားတာက နှစ်ရက်ပဲ ရှိသေးပေမဲ့ အခုလက်ရှိမှာတော့ ဒီတိုင်း မျက်စိဖမ်းစားဖွယ် ဖြစ်နေရုံပဲ။ ဘာအလေးအနက်ကိစ္စမှ မရှိသေးဘူး]
ယန်ရှု […ဆိုတော့ ကောင်တီအရှင်က တကယ်ကြီး မလုပ်ရသေးဘူးပေါ့။ ကြည့်ရတာ ဒီစုံတွဲက တစ်ယောက်နဲ့တစ်ယောက် ခံစားချက် ရှိနေတုန်းပဲ ထင်တယ်။ နောက်ဆုံးတော့ ကောင်တီအရှင်ရဲ့ခင်ပွန်းက သမားတော်ကျန်းကို မြန်မြန်လေး သွားတွေ့သင့်တယ်။ဧကရာဇ်လိုလူမျိုးတောင်မှ အရန်ဟင်းလေးလိုပဲ ကုသပေးလိုက်နိုင်တယ်]
တိတ်တဆိတ်နားထောင်နေသော ယွီဝိန်းလန် “….”
103 06
ဘာလို့ရုတ်တရက်ကြီး သူ့ကို ပြောလာရတာလဲ။
သူဖြင့် ပြန်ကောင်းနေတာ ရက်တွေ အများကြီးရှိနေပြီ။ အတိတ်တွေကို ပြန်တူးထုတ်တာကို ရပ်ပေးလို့ရမလား။
သို့သော် ဒီအကြောင်းကိုပြောမှ ယောက်ကျွင်းလျန်က မနှစ်တုန်းက ဒဏ်ရာရခဲ့တာပဲ…။
သူ့ကို ညီလာခံမှာ ပါရမီရှိပြီး သစ္စာရှိတဲ့လူတစ်ယောက်လို့ သတ်မှတ်ရရင် ကျန်းနျန်ချီကို တစ်ချက် ကြည့်ကြည့်ခိုင်းမှပဲ။
….
သူ တွေးနေစဉ်မှာပဲ အကြီးဆုံးမင်းသမီးကြီး ယွီဝိန်းယန် ရောက်လာတာကို တွေ့လိုက်ရသည်။
ထို့အပြင် သူမဘေးက သူမရဲ့ငါးနှစ်သမီးလေး လန်ယွင် ဖြစ်သည်။
ထိုကလေးမလေးက အသားဖြူဖွေးပြီး လှလှပပလေး မွေးဖွားလာတာဖြစ်သည်။ သူမ ငယ်စဉ်ကတည်းက အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းနေတာ ဖြစ်သည်။
သူမရဲ့မိဘတွေကို ထည့်မတွက်လျှင်တောင် ဦးရီးတစ်ယောက်အနေနဲ့ ယွီဝိန်းလန်က သူ့ရဲ့ ဒီတူမလေးကို အရမ်းကိုချစ်သည်။
သို့သော် ထိုအချိန်မှာပဲ ထိုကလေးမလေးရဲ့ မျက်လုံးတွေက နီရဲနေပြီး မျက်တောင်မှာ မျက်ရည်ဥတွေ တွဲခိုနေကာ နန်းတော်ကို ဝင်လာချိန်မှာတော့ ပတ်ဝန်းကျင်ကို ကြောက်ရွံ့စွာ ကြည့်နေကာ အရင်ကလို သွက်လက်မှု မရှိတော့ပေ။
ယွီဝိန်းလန်ပင် စကားမပြောနိုင်ခင်မှာပဲ ဧကရီမယ်တော်ကြီးက မေးလာသည်။
“လန်ယွင်က ဘာဖြစ်တာလဲ”
သို့သော် ယွီဝိန်းယန်က စိတ်မရှည်စွာ ဖြေလာခဲ့သည်။
“မယ်တော်က မသိလို့ပါ။ အခုတလော ဒီကလေးက ထိန်းကျောင်းရတာ ပိုပိုပြီးခက်ခဲလာပြီ ရထားလုံးပေါ်က ထွက်လိုက်တာနဲ့ သူမရဲ့ကစားစရာတွေကို ပွက်ပွက်ညံအောင် တောင်းဆိုနေတော့တာပဲ။ အဲဒါက တကယ်ကို စိတ်ရှုပ်စရာကောင်းလို့ ဆူပူလိုက်မိတာပါ။ သူမ စကားနည်းနည်း ပြောလိုက်တာနဲ့ အကျိုးအကြောင့် မသင့်တော့ဘူး။ တဖြည်းဖြည်းနဲ့ အဲဒီကျောက်မိသားစုနဲ့ တူလာပြီ”
ဧကရီမယ်တော်ကြီးက ဆူပုလာသည်။
“အနာဂတ်မှာ ဒီလိုကိစ္စမျိုးတွေကို မပြောစမ်းနဲ့။ ကလေးရဲ့ စိတ်ရင်းက မတည်ငြိမ်သေးဘူး။ အခုတလော ရုတ်တရက် ပြောင်းလဲမှုတွေ ဖြစ်နေလို့ တစ်ခါတစ်ရံ ငိုတာမျိုးရှိမှာပဲလေ။ မိခင်တစ်ယောက်အနေနဲ့ ဘယ်လိုလုပ်ပြီး စိတ်မရှည် ဖြစ်နေရတာလဲ”
သူမ စကားပြောလိုက်ပြီး ထိုကလေးမလေးက လက်ယမ်းပြလိုက်သည်။
“လာပါဦး လန်ယွင်လေး အိုက်ကျားဆီကိုလာခဲ့ဦး”
ဒါကိုကြားလိုက်ချိန်မှာ ထိုကလေးငယ်လေးက သူမကို ကြောက်ရွံ့စွာ ကြည့်လာပြီး သူမငြင်းဆန်တာကို မတွေ့တဲ့အခါမှသာ နှုတ်ဆက်ရဲပြီး ဧကရီမယ်တော်ကြီးဘေးကို သွားတော့သည်။
ဧကရီမယ်တော်ကြီးက ထိုကလေးမလေးကို ကိတ်မုန့်တစ်ပိုင်း ပေးလိုက်တဲ့အခါမှာ ထိုကလေးမလေးက ငိုယိုခြင်းမရှိဘဲ နာနာခံခံနဲ့ စားနေတော့သည်။
ယွီဝိန်းလန်က ဒါကိုမြင်တဲ့အခါမှာ ယွီဝိန်းယန်ကို ပြောလာသည်။
“လန်ယွင်က အကြီးဆုံးအစ်မတော်ရဲ့ ကလေးပါ။ သူ့အဖေက ဘယ်သူပဲ ဖြစ်နေပါစေ။ အဲဒါက သူမနဲ့ဘာမှ မဆိုင်ဘူး။ အကြီးဆုံးအစ်မတော်က အမှန်တရားကို နားလည်မှ ရမယ်”
ယွီဝိန်းယန်က ကောင်းပါပြီဟု ပြန်ဖြေလိုက်ပေမဲ့ ဆန္ဒမရှိစွာ ပြောလာသည်။
“အရှင်မင်းကြီးက ကျွန်မမှာ မာကျောတဲ့နှလုံးသား ရှိတယ်လို့ ထင်နေပါသလား။ အဲဒါက ဒီကလေးက ဒီနောက်ပိုင်း အတော်လေး ငိုကြွေးနေလို့ပါ။ အဲဒီတော့ ကျွန်မရဲ့စိတ်က မမောပန်းဘဲ ဘယ်နေမလဲ”
ယန်ရှုက တိတ်တဆိတ်နားထောင်လိုက်ပြီး ကျစ် ကျစ်ဟုလုပ်လိုက်သည်။ သူ့အဖေကို ရုတ်တရက် ဆုံးရှုံးလိုက်ရတဲ့အတွက် ကလေးက ကျင့်သားမရဘဲ ငိုတာက သဘာဝပဲ။ ဒါပေမဲ့ မင်းသမီးစံအိမ်မှာက အစေခံနဲ့အထိန်းတော် ပြတ်လပ်နေတာ မဟုတ်ဘူးလေ။ အရင်က အကြီးဆုံးမင်းသမီးကြီးက ကလေးကို အရမ်းကိုဂရုစိုက်ခဲ့တာမလား ဘာလို့ရုတ်တရက်ကြီး အာရုံထွေပြားသွားရတာလဲ။ ပင်ပန်းနေလို့လား။
103 07
အဟွတ် အဟွတ် ဖြစ်နိုင်တာက သူမက အဲဒီလူချောလေးရဲ့ လက်ခုပ်ထဲ ထည့်ခံထားရလို့လား။
စစ်စတန် [တူတူနီးပါးပဲ။ အချောဆုံးလူဆိုတဲ့ ဂုဏ်သတင်းက လေထုပါးလေးထဲကနေ အလကား ထွက်လာတာ မဟုတ်ဘူးလေ။ ဒါပေမဲ့ အကြီးဆုံးမင်းသမီးကြီးက လိမ်နေတာ မဟုတ်ဘူး။ ဒီလွန်ခဲ့တဲ့ ရက်အနည်းငယ်မှာ သူမက နူးညံ့တဲ့ခံစားချက်တွေနဲ့ ဖုံးလွှမ်းခံထားရတာ။ အဲ့တော့ သူမက စိတ်ရောကိုယ်ရော တကယ်ကို ပင်ပန်းနေပြီ]
ယန်ရှုက တွန့်ဆုတ်သွားပြီး [ ရွမ်ချင်းစန်းကရော]
စစ်စတ်် [မူးယစ်ဆေးနဲ့တူတဲ့ ဆေးတစ်မျိုးပဲ]
******
104 01
အပိုင်း (၅၀.၁)
ထိုစကားတွေ ထွက်လာသည်နှင့် ယန်ရှုက သူ့နားကိုပင် မယုံနိုင်ပေ။
[ထူးခြားတဲ့ ထုတ်ကုန်ဟုတ်လား။]
[ဒီခေတ်မှာတောင် အဲ့လိုအရာမျိုး ရှိနေပြီလား။]
စစ်စတန် [သေချာပေါက် ရှိတာပေါ့။ ဒါပေမဲ့ နောက်ပိုင်းမျိုးဆက်တွေလောက်တော့ သိပ်ပြီး မကျော်ကြားဘူး။ ဥပမာဆိုရင် အကြီးဆုံးမင်းသမီးကြီး စိုက်ထားတဲ့ ရွမ်ချင်းအမှုန့်က အနောက်ပိုင်းဒေသမှာ ထုတ်လုပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေပဲ။ ပြီးတော့ နေရောင်နဲ့ အခြောက်ခံပြီးရင် အမွှေးတိုင်အဖြစ် လုပ်လိုက်တယ်။ ထပ်ပေါင်းပြောရရင် တဖြည်းဖြည်းနဲ့ ခွဲခြားလို့ မရတော့ဘူး]
ငါသိပြီ။
ယန်ရှုက အလျင်အမြန် ထပ်ပြောလိုက်သည်။
[အကြီးဆုံးမင်းသမီးကြီးက ဘယ်လိုလုပ်ပြီး ဒါကို ရသွားတာလဲ….]
သူမပင် စကားမဆုံးခင်မှာပဲ သူမဘာသာ ရုတ်တရက် သတိရသွားပြီး အလျင်အမြန် ထပ်မေးလာသည်။
[ရူယိဖန်ရဲ့ထိပ်ဆုံးကဒ် ဖန်းကျိုက်အန်းလား။]
အဆုံးမှာ သူက ရုံရန်ကလူပဲမဟုတ်လား။ ထူးခြားတဲ့ထုတ်ကုန်က အနောက်ပိုင်းဒေသကနေ
လာတာပဲမလား။
စစ်စတမ် [ဟုတ်တယ် အဲဒီ ဖန်ကျိုက်အန်းပဲ]
ယန်ရှုက ရေရွတ်လိုက်သည်။
[ဘယ်အချိန်တုန်းက သူက အကြီးဆုံးမင်းသမီးကြီးကို ဆေးခတ်လိုက်တာလဲ။]
ဒီခေတ်ရဲ့ နိုက်ကလပ်တွေက အဲ့လောက်တောင် ပရမ်းပတာ ဖြစ်နေပြီလား။
သို့သော် စစ်စတန်က ပြောလာသည်။
[အကြီးဆုံးမင်းသမီးကြီးက ဘယ်သူမို့လို့လဲ။ သူမက မရေမတွက်နိုင်တဲ့ ကောင်ချောလေးတွကို မြင်ဖူးခဲ့ပြီးသား။ လက်ထပ်ဖို့အတွက် လာရောက်ကမ်းလှမ်းတဲ့ မျိုးနွယ်ခြားတော်ဝင်မိသားစုတွေ မရှိတာမဟုတ်ဘူး။ ထပ်ပေါင်းပြောရရင် သူ့မှာက ကျောက်ချန်းဝမ်နဲ့ပဲ အတွေ့အကြုံရှိခဲ့တာ။ အကြီးဆုံးမင်းသမီးကြီးက နည်းနည်းတော့ မယုံနိုင်စရာ ကောင်းတယ်လေ။ သူကလည်း ယောက်ျားတစ်ယောက်ဆိုတော့ ဒီဘဲလေးတွေ ရောင်းတဲ့ဆိုင်ကနေ ထွက်လာတဲ့တစ်ယောက်က အကြီးဆုံးမင်းသမီးကြီးအပေါ် တွယ်တက်ဖို့ အတွေးတွေ အများကြီး ထုတ်လိုက်ရတယ်]
ဆိုတော့ ဒီလူက ဆေးခတ်တာပေါ့လေ။
ယန်ရှုက တိတ်တဆိတ် တွေးဆနေသည်။
[အကြီးဆုံးမင်းသမီးကြီးအပေါ် တွယ်တက်ဖို့အတွက် ဒီလိုနည်းလမ်းမျိုးကိုတောင် တွေးရဲတယ်ပေါ့လေ။ ကြည့်ရတာ ရူယိဖန်က ဒီတိုင်းဘဲလေးတွေ ရောင်းတဲ့ဆိုင်တင် မဟုတ်ဘူး ထင်တယ်….]
ကျစ် သူတို့တွေက လာပြီး လည်ပတ်တဲ့ အမျိုးသမီးတိုင်းအပေါ်ကို ဒီရွမ်ချင်းအမှုန့်တွေ သုံးတာလား။
စစ်စတန် [ဒါကကိစ္စမဟုတ်သေးဘူး၊ ဒီဆေးက စျေးကြီးလွန်းတယ်။ ငွေတုံးတစ်ရာမှ တစ်ခုပဲ ဝယ်နိုင်တယ်။ အဲတော့ သူတို့ အသုံးပြုရတာနဲ့တန်အောင် ပန်းတိုင်ကြီးကြီးကိုမှ သုံးတယ်လေ]
ပန်းတိုင်အကြီးကြီး….
ယန်ရှုက တိတ်တဆိတ် ထပ်ပြီးတွေးဆကြည့်လိုက်သည်။
ဒီဖန်ကျိုက်အန်းတောင် အကြီးဆုံးမင်းသမီးကြီးရဲ့ နှလုံးသားကို အနိုင် ယူနိုင်တယ်ဆိုမှတော့ မျိုးနွယ်ခြားလူမျိုးတွေအတွက် သူက သားမက်တစ်ယောက် မဖြစ်လာနိုင်တာမှ မဟုတ်တာ။
ပြီးတော့ မင်းသာ အနှစ်သက်ခံရတဲ့ တစ်ဦးတည်းသော အမျိုးသားဆိုရင် ဘာလို့ဒီလိုစျေးကြီးတဲ့ ဆေးမျိုးကို အသုံးပြုတာလဲ။
ဆိုတော့ သူက အကြီးဆုံးမင်းသမီးကြီးကို ချဉ်းကပ်ဖို့ ဘာလို့ဒီလောက်တောင် ပင်ပင်ပန်းပန်း ကြိုးစားနေရတာလဲ။ ဖြစ်နိုင်တာက…..သတင်းအချက်အလက်တွေကို သူလျှို လုပ်မလို့လား။
ဟုတ်တယ်။ အဲဒီလူက သူလျှိုပဲဖြစ်ရမယ်။
ရူယိဖန်မှာ တခြားမျိုးနွယ်ခြားယောက်ျားတွေလည်း ရှိသည်။ သူတို့တွေက အရပ်ရှည်ပြီး ခန္ဓာကိုယ်တည်ဆောက်မှု ကောင်းကောင်း ရှိနေတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ ဖြစ်နိုင်တာက သူတို့တွေက အထူးလေ့ကျင့်ပေးခံထားရတဲ့ မာစတာတွေများလား။
သူတို့တွေအားလုံးက အလယ်ပိုင်းလွင်ပြင်က မျိုးရိုးမြင့်အမျိုးသမီးတွေကို သူလျှို လုပ်မဲ့ရည်ရွယ်ချက်နဲ့ ချဉ်းကပ်လာကြသည်။
စစ်စတန် [ဟုတ်တယ်။ သူတို့တွေက အစက ရုံရန်တော်ဝင်မိသားစုက အစောင့်တွေပဲ။ ရူယိဖန်ရဲ့ပိုင်ရှင်က အနောက်ပိုင်းဒေသကို လူသစ်စုဆောင်းဖို့ လာတယ်ဆိုတဲ့သတင်းကို ရုံရန်တော်ဝင်မိသားစုက ရလိုက်တော့ သူတို့က သူတို့တွေကို ထည့်သွင်းလိုက်တာပဲ]
104 02
ယန်ရှုက ရပ်တန့်သွားရသည်။
ကျစ် ဒါက ကိစ္စသေးသေးလေး မဟုတ်ဘူး။ ဧကရာဇ်ကို ပြောပြဖို့ နည်းလမ်းရှာပြီး နိုးနိုးကြားကြားနေဖို့ ပြောရမယ်။
သူမက ယွီဝိန်းလန်ကို စိတ်ရှုပ်ထွေးစွာနဲ့ ကြည့်လိုက်ပြီး ထိုသူက သိနေပြီးသားလားဆိုတာကိုတော့ သူမ မသိပေ။
အမှန်ပဲ ယန်ရှု တွေးနေတာကိုကြားရသည့်အပြင် ယွီဝိန်းလန်ဟာလည်း ဒီမနက်ကပဲ ကျင်းယီဝေ့ဆီကနေ ရူယိဖန်က မျိုးနွယ်ခြားတွေအားလုံးက ရုံရန်တော်ဝင်မိသားစုနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ သတင်းပို့ချက်ကို လက်ခံရရှိလိုက်သည်။
သူဟာ ယွီဝိန်းယန်က တစ်ဖက်လူရဲ့ ဆေးခတ်တာကို ခံလိုက်ရမယ်လို့ မမျှော်လင့်ထားရုံသာ။
ဒီအစ်မကြီးကတော့…..လူတွေ ကိုမစိုးရိမ်ရအောင် ဘယ်တော့မှ မလုပ်ဘဲ မနေနိုင်ဘူး။
သူဟာ မနေနိုင်ဘဲ နစ်နာဟန်ပေါ်နေပြီး စိတ်မရှည်ဖြစ်နေတဲ့ ယွီဝိန်းယန်ကိုကြည့်ကာ ပြောလိုက်သည်။
“အစ်မကြီးက နေလို့မကောင်းဘူးလား။ နေလို့မကောင်းဘူးဆိုရင်လည်း ဘာလို့ တော်ဝင်သမားတော်ကို တစ်ချက် မကြည့်ခိုင်းတာလဲ”
သို့သော် ယွီဝိန်းယန်က အဲဒါကိုမသိဘဲ ပြောလာသည်။
“စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အရှင်မင်းကြီး ကျွန်မ အဆင်ပြေပါတယ်။ ဒါပေမဲ့ ကျွန်မက ဒီကောင်မလေးကြောင့် စိတ်မချမ်းမသာဖြစ်နေလို့ပါ”
မမျှော်လင့်ထားစွာနဲ့ ထိုစကားသံ ထွက်လာသည်နှင့် ဧကရီမယ်တော်ကြီးရဲ့ဘေးမှာ ကိတ်စားနေတဲ့ လန်ယွင်ဟာ ထပ်ပြီးတော့ စတင်ငိုကြွေးလာတော့သည်။
“သမီးရဲ့ရွှေခြင်္သေ့လေး……ရွှေခြင်္သေ့လေး…”
ထိုမိန်းကလေးငယ်လေးက ငိုကြွေးပြီးပြောလာပေမဲ့ လူတချို့က နားမလည်ပေ။ ထို့ကြောင့် ဧကရီမယ်တော်ကြီးက မေးလိုက်သည်။
“အိုက်ကျားကို ဖြည်းဖြည်းပြောပြ ဘာဖြစ်လို့လဲ”
ထိုကလေးမလေးဟာ သူမရဲ့နှုတ်ခမ်းကို နောက်တစ်ခါ ကိုက်လိုက်ပြီး ပြောလာသည်။
“သမီးရဲ့ရွှေခြင်္သေ့လေးကို မေမေက ယူသွားတာ….”
အခုတော့ လူတိုင်းက ရှင်းရှင်းလင်းလင်း ကြားသွားပြီဖြစ်ပြီး ဆိုတော့ သူမရဲ့အမေက သူမရဲ့ရွှေခြင်္သေ့လေးကို ယူသွားတာပေါ့လေ။
သို့သော် ယွီဝိန်းယန်က ချက်ချင်းပဲ အပြစ်ဖော်ဆုံးမလာသည်။
“ကျိုးနေတဲ့ ရွှေခြင်္သေ့လေးပဲမလား။ ငါက ဘယ်တုန်းက ယူလို့လဲ”
ထို့နောက် သူမက ဧကရီမယ်တော်ကြီးကို ပြောလိုက်သည်။
“မယ်တော် မြင်တယ်မလား။ ဒီကလေးမလေးက သမီးတော်နဲ့ လွန်ခဲ့တဲ့ နှစ်ရက်လုံး သမီးနဲ့ ငြင်းခုန်နေခဲ့တာ”
ထိုအချိန်မှာပဲ ယန်ရှုက စစ်စတန် ပြောတာကို ကြားလိုက်ရသည်။
[ဒီကလေးမလေးမှာ ရွှေခြင်္သေ့အရုပ်လေး ရှိတယ်။ အဲဒါက သူ့အဖေကျောက်ချန်းဝမ်က သူမကို ပေးထားတာ။ ကျောက်ချန်ဝမ်နဲ့ အကြီးဆုံးမင်းသမီးကြီးတို့ ကွာရှင်းကြတော့ အကြီးဆုံးမင်းသမီးကြီးက တစ်ယောက်ယောက်ကို အိမ်ကပစ္စည်းတွေ ထုတ်ပစ်လို့ ပြောလိုက်တယ်။ သူတို့တွေအားလုံးက ပစ်လိုက်ကြပြီး ကလေးမလေးဘေးက မိန်းမတစ်ယောက်က မနာလိုဖြစ်ပြီး အခွင့်အရေး ယူတဲ့အနေနဲ့ ပိုက်ဆံနဲ့လဲလှယ်ဖို့ ရွှေခြင်္သေ့လေးကို ခိုးထားလိုက်တယ်။ ကလေးကိုကျ လှည့်စားဖို့အတွက် သူမအဖေပေးထားတဲ့ ပစ္စည်းတွေကို ပစ်ခိုင်းတာက အကြီးဆုံးမင်းသမီးကြီးလို့ ပြောလိုက်တယ်]
ယန်ရှုက နားလည်သွားတော့သည်။
[ဆိုတော့ အဲ့အစေခံကတစ်ခုခုကို ခိုးထားလိုက်ပြီး အမေနဲ့သမီးကြားကို နားလည်မှု လွဲစေတာပဲ]
ဒါက ဘာလဲ။ အကြီးဆုံးမင်းသမီးကြီးသာ စိတ်ရှည်မှု နည်းနည်းရှိမယ်ဆိုရင် သူမရဲ့သမီးကို ရှင်းရှင်းလင်းလင်းမေး လို့ရသည်။
သို့သော် ယွီဝိန်းယန်ရဲ့စိတ်က အဲဒီသူလျှိုကောင်နဲ့ပဲ ပြည့်နှက်နေပေသည်။
တကယ်ပဲ သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် ယန်ရှုက ထိုကလေးမလေးကို ပြောလိုက်သည်။
104 03
“မမမှာ ရွှေခြင်္သေ့လေးတော့ မရှိပေမဲ့ အဝတ်ကျားလေးတော့ ရှိတယ်”
သူမ စကားပြောလိုက်ရင်း သူမဝတ်ရုံလက်ထဲက သေးငယ်တဲ့အဝတ်ကျားလေးကို ထုတ်ယူလိုက်သည်။
—ဒါကတကယ်တော့ အပျိုတော်လေးက သူမအတွက် လုပ်ပေးတဲ့ အမွှေးအိတ်ကလေးပင်
လတ်တလောရဲ့ရာသီဥတုက ပူသထက် ပူလာတာကို တွေ့လိုက်ရသည့်အတွက် သူမက အဲဒီအထဲမှာ ခြင်နိုင်ဆေးရွက်တွေကိုထည့်ကာ သူမနဲ့အတူ ခြင်နိုင်ဆေးကို ယူသွားစေသည်။ သူမက ကျားနှစ်မှာမွေးတဲ့အတွက်အပ်ချုပ်ရာမှာတော်တဲ့ အပျိုတော်လေးက သူမအတွက် ကျားနဲ့တူအောင် လုပ်ပေးထားသည်။ အဲဒါက အရမ်းကိုပင် ချစ်စရာကောင်းလှသည်။
သေချာပေါက်ပင် သူမပြောတာကို ကြားပြီးချိန်မှာ ရှောင်လန်ယွင်က ချက်ချင်းပဲ ယူကြည့်လိုက်ပြီး တစ်ခဏလောက် ငိုဖို့ မေ့သွားတော့သည်။
ယန်ရှုက ထို့နောက် ပြောလိုက်သည်။
“ဒါပေမဲ့ ဒီကျားလေးက နည်းနည်းတော့ ရုပ်ဆိုးနေတော့ မင်းသမီးလေး ကြိုက်ပါ့မလားဆိုတာကို သိချင်မိပါတယ်”
သူမ စကားပြောလိုက်ပြီး လျန်တုန်းအား ကလေးမလေးကို ပြခိုင်းလိုက်သည်။
လန်ယွမ်က အဝတ်ကျားသေးသေးလေးကို ယူလိုက်ပြီး တစ်ဖြည်းဖြည်းချင်း ပြုံးလိုက်ကာ ပြောလိုက်သည်။
“လန်ယွမ် ကြိုက်တယ်။ ကျေးဇူးတင်ပါတယ် မိဖုရား”
“မင်းသမီးလေးက ယဉ်ကျေးလွန်းနေပါပြီ”
ယန်ရှုက ပြုံးလိုက်ကာ ကလေးမလေးကို ပြောလိုက်သည်။
“ဘယ်လိုလုပ် ဒီလိုတန်ဖိုးရှိတဲ့အရာကို ပျောက်သွားရတာလဲ။ ဖြစ်နိုင်တာက တစ်နေရာရာမှာများ ဝှက်ထားတာလား။ မင်းသမီးလေးဆီက အစေခံတွေကိုလည်း သူတို့တွေ တွေ့သေးလားလို့ မေးရမယ်နော် ဘယ်သူသိနိုင်မှာလဲ”
ထိုစကားတွေ ထွက်လာသည်နှင့် ဧကရီမယ်တော်ကြီးကလည်း အကြီးဆုံးမင်းသမီးကြီးကို ပြောလိုက်သည်။
“ယီပိပြောတာ မှန်တယ်။ ဒီလိုကလေးလေးက ဘယ်လိုလုပ်ပြီး သူများတွေကို တမင်သက်သက် ခက်ခဲအောင် လုပ်မှာလဲ။ လန်ယွင်ရဲ့အခန်းထဲက အစေခံတွေကို ရွှေခြင်္သေ့လေး ဘယ်ရောက်သွားလဲဆိုတာကို ပြန်ပြီးတော့ စစ်ဆေးသင့်တယ်”
ယွီဝိန်းယန်မှာ ရွေးချယ်စရာမရှိတော့ဘဲ ပြောလိုက်သည်။
“နာခံပါ့မယ်”
ထိုသို့ပြောပြီးနောက် ခန်းမအပြင်ဘက်ကနေ တခြားလူတစ်ယောက် ဝင်လာပြီး ယွီဝိန်းယန်က ဘေးဘက်သို့ ဖယ်ပေးလိုက်သည်။
ထိုအချိန်မှာ ထိုသူက ရွှမ်းဖင်းဟုန်ပင်။
ထိုသို့ပြောမှ ရွှမ်းဖင်းဟုန်ရဲ့ မျိုးနွယ်က ဧကရီကောင်းဇူရဲ့သွေးရင်းမိသားစုကပင်။
သူတို့တွေက မူလမှာ ယန်ဇီမြစ်ရဲ့တောင်ပိုင်းမှာနေကြပြီး အတိတ်တုန်းက ဆယ်စုနှစ်တချို့မှာ ထိုဘွဲ့ကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာကြပေသည်။ ထို့နောက် သူတို့တွေနဲ့ နန်းတော်ထဲက ဧကရာဇ်နဲ့ ဧကရီမယ်တော်ကြီးတို့ရဲ့ဆက်ဆံရေးက တစ်ဖြည်းဖြည်းနဲ့ ဝေးကွာလာတော့သည်။
ထို့ကြောင့် ဒီမိသားစု နန်းတော်ကိုဝင်တဲ့ နောက်ဆုံးတစ်ခေါက်က နှောင်းဧကရာဇ် အာဏာရှိနေစဉ်က ဖြစ်သည်။
မင်းသမီးကသာ ဒီတစ်ခေါက် လက်ဦးမှုယူပြီး သူတို့ကိုမပြောဘူးဆိုလျှင် ယွီဝိန်းလန်က သူတို့ကို မှတ်မိလိမ့်မည်မဟုတ်ပေ။
ဒီတစ်ခေါက် ထိုမိသားစု ခန်းမထဲကို ဝင်လာချိန်မှာ ထိုအုပ်က အတော်လေး ကြီးနေတာကို တွေ့လိုက်ရသည်။ ရှေ့က ရွှမ်းဖင်းဟုန်နဲ့ သူ့ဇနီးတို့ကလွဲလျှင် သူတို့နောက်မှာ ယောက်ျားလေးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက် ရှိပေသည်။
ငြိမ်ငြိမ် ရပ်ပြီးတဲ့အခါမှာ မြို့စားရွှမ်ဖင်းက မိသားစုကို ဦးဆောင်ပြီး အလျင်အမြန် အရိုအသေ ပေးလာသည်။
“ဒီဝန်ကြီးဖြစ်သူ ဖုန်းကျစ်ယွမ်က မိသားစုဝင်တွေကို ဦးဆောင်ပြီး ဧကရီမယ်တော်ကြီးကို သက်ရှည်ကျန်းမာဖို့နဲ့ အရှင်မင်းကြီး ကျန်းမာရေး ကောင်းစေဖို့ ဆုတောင်းပါတယ်”
ဧကရီမယ်တော်ကြီးက ယဉ်ကျေးစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
104 04
“ထပါ တစ်လျှောက်လုံး လာခဲ့ရတော့ ခရီးပန်းသွားကြရပြီ”
ရွှမ်ဖင်းဟုန်က အလျင်အမြန်ပဲ ပြောလိုက်သည်။
“ဧကရီမယ်တော်ကြီးနဲ့ အရှင်မင်းကြီးကို အရိုအသေ ပေးရတာက ကျွန်တော်မျိုးရဲ့ ဂုဏ်ယူဖွယ်ရာပါ။ လမ်းတစ်လျှောက်မှာလည်း ပျော်ရွှင်ခဲ့ရပြီး ပင်ပင်ပန်းပန်း ကြိုးစားစရာ မလိုခဲ့ပါဘူး”
ဧကရီမယ်တော်ကြီးက ထပ်မံခေါင်းညိတ်ပြလိုက်ပြီး သူ့နောက်က ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ဆီကို အကြည့်ရွှေ့လိုက်သည်။
သို့သော် အသက်နှစ်ဆယ်ကျော်စ လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ရပြီး သူ့ရဲ့မျက်ခုံးမျက်လုံးတွေဟာ သခင်မကြီးရွှမ်ဖင်းနဲ့ အတော်လေး တူပေသည်။ ပြီးတော့ သူက သူ့သားဆိုတာကို တစ်ချက်ကြည့်ရုံနဲ့တင် သိနိုင်ပေသည်။ မှင်သက်စရာပဲ
ဧကရီမယ်တော်ကြီးက မတတ်နိုင်ဘဲ မေးကြည့်လိုက်သည်။
“မင်းကို မတွေ့တာ နှစ်အနည်းငယ် ရှိသေးတယ်။ ကလေးတွေက ဒီအရွယ်တောင် ရောက်နေပြီလား”
ရွှမ်ဖင်းဟုန်က အလျင်အမြန် တုံပြန်လိုက်သည်။
“ယွမ်ချင်း ဒီနှစ်မှ ရာထူးဆက်ခံထားတာပါ။ ပြီးတော့ ကျွန်တော်ရဲ့သမီးလေး မြောင်ချင်းက မနှစ်တစ်နှစ်ကမှ ကျီရာထူးကို ရထားတာပါ။ အခုဆို အသက်ဆယ့်ခုနစ် ရှိပါပြီ”
ထို့နောက် သူက ထိုမောင်နှမနှစ်ယောက်ကို အမိန့်ပေးလိုက်သည်။
“မြန်မြန်လေး အရှင်မင်းကြီး ဧကရီမယ်တော်ကြီးနဲ့ တခြားမိဖုရားတွေကို အရိုအသေ ပေးလိုက်လေ”
ထိုမောင်နှမနှစ်ယောက်က ချက်ချင်းပဲ ရှေ့တိုးလိုက်ကာ အရိုအသေ ထပ်ပေးလာသည်။
“ယွမ်ချင်း၊ မြောင်ချင်းက အရှင်မင်းကြီး ဧကရီမယ်တော်ကြီးနဲ့ တခြားမိဖုရားတွေကို နှုတ်ခွန်းဆက်ပါတယ်”
ထိုအခါမှသာ လူတိုင်းက သူ့ရဲ့သွင်ပြင်ကို ရှင်းလင်းစွာ တွေ့လိုက်ကြတော့သည်။
ယန်ရှုက ထိုနှစ်ယောက်ကို ကြည့်လိုက်ပြီး သူမနှလုံးသားထဲမှာ တိတ်တဆိတ် စဉ်းစားနေပေသည်။ ဒီသားဖြစ်သူမှာက သူ့အဖေလို တရုတ်ဆန်တဲ့ မျက်နှာပေါက် ရှိတာပဲ။ သူ့မျက်လုံးနဲ့မျက်ခုံးတွေကကျ သူ့အမေနဲ့ လိုက်ပြီးတူတယ်။ ဒါပေမဲ့ ဒီမိန်းကလေးကကျ ဘဲဥပုံမျက်နှာရှိပြီး သူမရဲ့မျက်နှာက သူမရဲ့အဖေရော အမေနဲ့ပါ မတူတာလဲ။
ကျစ် ကျစ် မင်းရဲ့မိဘဆီက အားနည်းချက်တွေကို ရှောင်ရှားပြီး အားသာချက်တွေကိုပဲ ဘယ်လိုလုပ်ပြီး ရွေးထုတ် လိုက်နိုင်တာလဲ။
သို့သော် စစ်စတန်က ပြောလာသည်။
[ရိုးရိုးလေးပါ။ အဲဒီမိန်းကလေးက သခင်မကြီးရွှမ်ဖင်း မွေးထားတာ မဟုတ်ဘူး။ ကိုယ်လုပ်တော်တစ်ယောက်က မွေးထားတာ။ အဲဒီကိုယ်လုပ်တော်က လှတယ်လေ။ အဲဒီတော့ သူ့အမေနဲ့ သွားတူတာပေါ့]
ယန်ရှုက မျက်ခုံး ပင့်လိုက်သည်။
[ဆိုတော့ သူမက ကိုယ်လုပ်တော်ရဲ့သမီးလား။]
စစ်စတန်ပြောတာ မှန်ပေသည်။
[ရွှမ်ဖင်းဟုန် ကိုယ်လုပ်တော်ရဲ့ သမီးဖြစ်သူက မွေးကတည်းက ခြေဆာနေခဲ့တာ။ ပြီးတော့လည်း ကြည့်မကောင်းဘူး။ သူတို့တွေက နောက်ဆုံးတော့ မြို့တော်ကို လာရပြီဆိုတော့ သဘာဝကျကျပဲ လှပတဲ့ ကိုယ်လုပ်တော်သမီးကို သူတို့နဲ့ ခေါ်လာတာပေါ့၊ မဟုတ်ရင် အလကားပဲ မဟုတ်လား။]
အမ်။
ယန်ရှုက အဓိကအချက်ကို ဖမ်းမိလိုက်သည်။
[စစ်စတန်။ သူတို့တွေက သူတို့ရဲ့သမီးကို နန်းတော်ထဲကို ပို့ချင်နေတာမဟုတ်လား။]
စစ်စတန် [မမှန်ဘူး။ မြို့တော်က တော်ဝင်မိသားစုနဲ့ဆက်ဆံရေးက တစ်ဖြည်းဖြည်းနဲ့ ဝေးသထက် ဝေးလာတာကို တွေ့လိုက်ရတော့ ရွှမ်ဖင်းဟုန်က စိုးရိမ်ပူပန်လာတာပဲ ဖြစ်ရမယ်။ ထပ်ပြီးတော့ သူ့မှာလည်း လှပတဲ့ကိုယ်လုပ်တော်က မွေးတဲ့ သမီးတစ်ယောက်ရှိနေတော့ ယွီဝိန်မိသားစုနဲ့ ထပ်ပြီး အမျိုး တော်ချင်နေမှာပဲလေ]
ယန်ရှု [ဒါပေမဲ့ ဟုန်မိသားစုရဲ့ကိုယ်လုပ်တော်…..။ ငါ စိုးတာက သူမနန်းတော်ထဲကို ဝင်ခွင့် မရမှာပဲ]
104 05
စစ်စတန် [ဆိုတော့ သူက အရေးကြီးတဲ့အချက်ကို ရှောင်တိမ်းပြီး ဧကရီမယ်တော်ကြီးက သူ့ရဲ့အိမ်က ခြေဆာနေတဲ့ သမီးဖြစ်သူကို ပြောလာမှာကို မကြောက်ဖူးလားဘဲ]
ယန်ရှု [ခြေဆာနေတဲ့ တရားဝင်သမီးကို အိမ်မှာ ထားခဲ့ပြီး ကိုယ်လုပ်တော်ရဲ့လှပတဲ့ သမီးကိုကျ နန်းတော်ကို ခေါ်လာတယ်။ ပြီးတော့ ရှင်းရှင်းလင်းလင်းလည်း မလုပ်ဘူး။ ဒါက တရားဝင်သမီးဖြစ်သူအစား ကိုယ်လုပ်တော်ရဲ့သမီးကို နန်းတော်ထဲကို ဝင်ခိုင်းနေတာလား။]
သေစမ်း ဒါကိုသာ ရှာတွေ့သွားတာနဲ့ ခေါင်းဖြတ်ခံရမှာပဲ။
ရွှမ်ဖင်းဟုန်ရဲ့အစာအိမ်ကတော့ အတော်လေး ဝနေတာပဲ။
ဒါကို တိတ်တဆိတ် ကြားလိုက်ရပြီး ယွီဝိန်းလန်က ထပ်ပြီးဘာကို နားမလည်ဘဲ နေမှာတဲ့လဲ။
သိပ်ကောင်းတယ်။ ရွှမ်ဖင်းဟုန်လိုလူကတောင် တော်ဝင်အာဏာအပေါ်ကို လှည့်ကွက်လေးတွေ လုပ်ရဲနေတယ်ပေါ့လေ။
သူက ထို့နောက် ပြောလိုက်သည်။
“ကိုယ်တော် မှတ်မိသလောက်ဆို လင်အိုက်ရဲ့ခြေထောက်နဲ့ခြေဖဝါးတွေက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက အဆင်မပြေ ဖြစ်နေတာလားလို့။ ဒါပေမဲ့ အခုကျဘာလို့ ဘာမှမဖြစ်နေတာလဲ။ မောင်မင်းတို့မိသားစုက အဲဒီဆန်းကြယ်တဲ့သမားတော်ကို ဘယ်ကနေများ ရှာလာခဲ့တာလဲ”
ထိုစကားတွေ ထွက်လာသည်နှင့် ရွှမ်ဖင်းဟုန်က ချက်ချင်းပဲ ထိတ်လန့်တကြား ဖြစ်သွားတော့သည်။
တစ်ခဏခန့် တွန့်ဆုတ်နေပြီးနောက်မှာ သူက နောက်ဆုံးတော့ တွန့်ဆုတ်နေပြီး ပြောလိုက်သည်။
“အရှင်မင်းကြီး ပြောတာက ဒီဝန်ကြီးရဲ့အကြီးဆုံးသမီးပါ။ သူမက တကယ်ကို ခြေထောက်က အဆင်မပြေပါဘူး ဒါက….ဒုတိယသမီးပါ”
ဒုတိယသမီး။
သို့သော် ဧကရီမယ်တော်ကြီးက ပြောလိုက်သည်။
“အိုက်ကျား မှတ်မိသလောက်ဆို တရားဝင်ဇနီးကြီးက မွေးတာက သားတစ်ယောက်သမီးတစ်ယောက်ပဲ မဟုတ်လား”
ရွှမ်ဖင်းဟုန်က ချွေးတွေ အများကြီး ထွက်နေပြီဖြစ်ကာ ထို့ကြောင့် ရွေးချယ်စရာမရှိတော့ဘဲ ရိုးရိုးသားသား ဖြေလိုက်ရသည်။
“ဧကရီမယ်တော်ကြီးကို တင်ပြပါတယ် ဒီမိန်းကလေးက….ကိုယ်လုပ်တော်ကနေ မွေးတာပါ”
စကားဆုံးတဲ့နောက် ခန်းမထဲကလူတိုင်းက တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ကြပြီး ချက်ချင်းပဲ နားလည်သွားကြတော့သည်။
ဧကရီမယ်တော်ကြီးက အေးစက်စက်ပြုံးလိုက်ပြီး ပြောလိုက်သည်။
“အိုက်ကျားက မင်းတို့မှာ မကောင်းတဲ့မှတ်ဥာဏ်ရှိတယ် ထင်နေတာ။ ဒါကို ဘယ်လိုမျိုးဆိုတာပေါ့လေ”
ရွှမ်ဖင်းဟုန်ရဲ့နောက်ကျောက ချွေးအေးတွေနဲ့ ရွှဲနစ်နေပြီး ဒူးထောက်ချရုံသာ တတ်နိုင်ကာ ပြောလာသည်။
“ကျွန်တော်မျိုး အပြစ်ရှိပါတယ်။ အခုပြောတာကို နားမလည်မိလိုက်တဲ့အတွက် ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးပါ”
ဧကရီမယ်တော်ကြီးက တစ်ခဏခန့် စကားပြောမလာပေ။
ယွီဝိန်းလန်က လျစ်လျူရှု လိုက်သည်။
ထိုနှစ်ယောက်ရဲ့မပျော်မရွှင်ဖြစ်နေမှုက အရမ်းကို သိသာလှသည်။
တစ်ခဏကြာပြီးနောက် ဧကရီကောင်းဇူရဲ့သမီးဖြစ်သူ ဧကရီသမီးတော်သာ့ချန်းက နူးညံ့စွာ ပြောလာသည်။
“ရွှမ်ဟုန်ဖင်းက ဧကရာဇ်နဲ့တွေ့ခဲ့ရတာ အတော်ကြာနေပြီဆိုတော့ ထပ်မပြောနိုင်တော့ဘူးဘဲ။ အခုကစပြီး မှတ်ဥာဏ်ကို ကြာကြာမှတ်ထားရမယ်”
ရွှမ်ဖင်းဟုန်က အလျင်အမြန် တုံ့ပြန်လိုက်သည်။
“မလုပ်ဝံ့ပါဘူး။ မလုပ်ဝံ့ပါဘူး” ထို့နောက် သူဟာ မိသားစုကို ဦးဆောင်ပြီး စတင်စကားစမြည် ပြောလိုက်သည်။
104 06
ထိုမြင်ကွင်းကို မြင်ပြီးနောက် ဧကရီမယ်တော်ကြီးက ဧကရီသမီးတော်သာ့ချန်းကို မျက်နှာသာ ပေးသည့်အနေနှင့် သက်ပြင်း ချလာသည်။
“မေ့လိုက်တော့ အားလုံးပြန်သွားပြီး အနားယူလိုက်ကြတော့”
ထိုမိသားစုဟာ လွတ်ငြိမ်းချမ်းသာခွင့် ရသွားသလိုနဲ့ အလျင်အမြန် ထရပ်လိုက်ကြပြီး ခန်းမထဲကနေ ထွက်သွားလိုက်ကြသည်။
တိတ်တဆိတ် ဖရဲသီး စားနေသော ယန်ရှု “….”
ကျစ် ဒီမိသားစုက နန်းနော်ကို ရောက်ရှိကြောင်း သတင်းပို့ဖို့ လာကြတာလား လက်ဖက်ရည်တစ်ခွက်တောင် မကုန်သေးဘဲ ပြန်ထွက်သွားကြပြီ။
ဒါပေမဲ့ ဧကရာဇ်က သူ့ရဲ့သမီးက ခြေဆာနေတယ်ဆိုတာကို တကယ်ပဲသိ နေတာလား။
ဒါပေမဲ့ ဧကရီမယ်တော်ကြီးရဲ့ တုံ့ပြန်ပုံကို ကြည့်ရမယ်ဆိုရင် သူမက ဒီအကြောင်းကို မသိတဲ့ပုံပဲ။
ကျစ် ဘာလို့ထူးဆန်းတယ်လို့ ထင်နေရတာလဲ။
ယွီဝိန်းလန်က ဘာထူးဆန်းမှုမှမပြဘဲ သူ့ရဲ့အောင်မြင်မှုနဲ့ ကျော်ကြားမှုကို ဖုံးကွယ်ရင်း လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။
~~~
******
105 01
အပိုင်း (၅၀.၂)
ထို့နောက် ဧည်သည့်တော်များစွာဟာ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတော့သည်။ ပြီးနောက် ကျန်းဟိုင်ဟုန်စံအိမ်က သခင်မမုဟာ ကလေးတွေကို ဦးဆောင်ပြီး အရိုအသေပေးဖို့ ရောက်လာကြသည်။
သူမ ပထမဆုံးအကြိမ်အဖြစ် လွန်ခဲ့တဲ့ ရက်အနည်းငယ်မှာ နန်းတော်ထဲကို ဝင်တုန်းက သခင်မမုဟာ သူမရဲ့ “မွေးစားသမီးဖြစ်သူ” နိရှန်းဝမ်ကိုသာ ခေါ်ဆောင်လာခဲ့သည်။ ယနေ့လို ကြီးကျယ်တဲ့ခမ်းအနားမှာတော့ သူမရဲ့သား လက်ရှိကျန်းဟိုင်မြို့စားဖြစ်သူပါ ပေါ်လာခဲ့ပေသည်။
ယန်ရှုက သူမရဲ့အကြည့်ကို တိတ်တဆိတ် ရွှေ့လိုက်သည်။
သို့သော် ဒီကျန်းဟိုင်ဟုန်က သူ့အမေနဲ့ အတော်လေးတူတာပဲ။
ခြုံပြောရရင် အဲဒီကလေးမလေး နိရှန်းဝမ်က သခင်မုရဲ့အရိပ်အယောင်တွေ လုံးဝမတွေ့ရဘူး။ သူမရဲ့သွေးတစ်ဝက်နှောအစ်ကိုနဲ့လည်း ဆင်တူမနေဘူး ။
ယန်ရှုက သူမဘာသာ ကျစ် ကျစ်ဟု လုပ်လိုက်သည်။ ဘုရားသခင်က သခင်မုကို ကူညီနေတာပဲ။ မဟုတ်လို့ ဒီမိန်းကလေးက သူမအမေနဲ့ရော အစ်ကိုနဲ့ပါ ဆင်တူနေရင် သံသယရှိလာမှာ မဟုတ်ဘူးလား။
ဒီအချက်ကို ကြည့်မယ်ဆိုရင် ဒုစစ်သူကြီးကျုံးက အတော်လေး ချောမောခန့်ငြားရမယ်။ မဟုတ်ရင် ဒီလိုနူးညံ့တဲ့သမီးမျိုး မွေးလာမှာ မဟုတ်ဘူး။
သို့သော် အဲဒီနောက်ရော ဒီမိသားစုက တစ်ယောက်နဲ့ တစ်ယောက် ဘယ်အချိန်ကျမှ သိမှာလဲ။
အဆုံးမှာ ဒီကလေးမလေူကို သူမကကောက်ရလာတာလို့ တွေးထင်စေသည်မှာ တကယ်ကို ရက်စက်လှသည်။
….
အသံတွေအားလုံးက သူ့နားထဲကို ဝင်လာပြီး ယွီဝိန်းလန်က နောက်ဆုံးမှာတော့ အဲဒီနေ့က သူမပုံပြင်ထဲက အဓိကဇာတ်ကောင်က သခင်မမုဆိုတာကို သိသွားတော့သည်။
ဒီလိုဆိုတော့ အပြင်လောကကြီးက ခေါ်နေကြတဲ့ ကျန်းဟိုင်ဟုန်စံအိမ်ရဲ့ မွေးစားသမီးဆိုတာက တကယ်တော့ သခင်မမုရဲ့ကိုယ်ပိုင်သွေးသား ဖြစ်နေတာပဲ….။
ပြီးတော့ ပုံပြင်ထဲက ထွက်ပြေးသွားတဲ့ယောက်ျားဆိုတဲ့ နောက်ထပ်ဇာတ်ကောင်က သူမပြောတဲ့ ဒုစစ်သူကြီးကျုံးဆိုတာလား။
ဒီမျိုးရိုးနာမည်က သိပ်ပြီးတွေ့ရလေ့မရှိပေ။ ပြီးတော့ အဲဒါက ကျန်းဟိုင်ဟုန်စံအိမ်နဲ့ ဆက်စပ်နေသေးသည်….။
ယွီဝိန်းလန်က တစ်ခဏခန့် တွေးလိုက်ပြီး ကြည့်ရတာ မင်ကျိုးစီရင်စုရဲ့ကမ်းရိုးတန်းကာကွယ်ရေး တိုက်ပွဲကွင်းပြင်မှာ မျိုးရိုးနာမည်ကျုံးနဲ့ စစ်သူကြီးတစ်ယောက် ရှိသလိုပဲ။
ဒီလူဟာ ရာထူးတိုးဖို့ အခွင့်အရေးတွေ အများကြီး ရှိခဲ့ပေမဲ့ သူတို့အားလုံးကို ငြင်းဆန်ကာ ကမ်းရိုးတန်းကို စောင့်ရှောက်ဖို့ မင်ကျိုးမှာပဲ နေလေသည်။
ဒါက ဒီအမျိုးသမီးအတွက်လား။
….
ထိုအခါမှသာ ယွီဝိန်းလန်က ထိုလူနှစ်ဦးမှာ ယခုလိုအချက်အလက်တွေရှိနေတာကို သိတော့သည်။
သို့သော် တစ်ခဏခန့် အံ့အားသင့်ပြီးနောက်မှတော့ ကျုံးစစ်သူကြီး လုပ်ခဲ့တဲ့ ယခုလိုဆုံးဖြတ်ချက်ကို တစ်နည်းနည်းနဲ့ နားလည်သွားရသည်။
—အချစ်က ပေါက်ဖွားလာပြီးပြီဆိုတော့ အချစ်ကြောင့်ပဲ တားမြစ်အပ်တဲ့စည်းကို ကျော်မိသွားတယ်။ သူနေသည်ဖြစ်စေ မနေသည်ဖြစ်စေ အဲဒါက အမှားတစ်ခုပဲ…..။
အဆုံးမှာတော့ ဘယ်သူကမှ ပြည့်စုံမနေပေ။ ပြီးတော့ ဒီပုံပြင်က လူတွေကို အနည်းငယ် ရှုပ်ထွေးအောင် လုပ်နေပေသည်။
…
ကျင်းလန်နဲ့လန်ကျိုးရဲ့ ခင်မင်မှုက ခြားနားပေသည်။ သခင်မမုက သူ့ကလေးတွေကို အရိုအသေ ပေးဖို့ ဦးဆောင်လိုက်ပြီးနောက်မှာ ဧကရီမယ်တော်ကြီးက ချက်ချင်းပဲ သူတို့ကို သူမရှေ့မှာ ထိုင်ခိုင်းလိုက်သည်။
105 02
ထို့နောက် ဧကရီမယ်တော်ကြီးဘေးမှာ အဝတ်ကျားအရုပ်လေးနဲ့ ကစားနေတဲ့ လန်ယွင်က နိရှန်းဝမ်ကို တွေ့ပြီးနောက်မှာ ချက်ချင်းပဲ သိချင်စိတ်ဖြစ်နေတဲ့ အကြည့်လေးနဲ့ ခေါ်လာသည်။
“မမ…..”
နိရှန်းဝမ်ကလည်း အလျင်အမြန် ပြန်ဖြေလိုက်သည်။
“မင်းသမီးလေးကို တွေ့ဖူးသွားပါပြီ”
ဧကရီမယ်တော်ကြီးက ဒါကိုမြင်လိုက်တဲ့အခါမှာ ပြောလာသည်။
“မင်းတို့နှစ်ယောက်က ဆော့နေကြပဲလေ”
ထို့နောက် သူက အကြီးဆုံးမင်းသမီးကြီး ယွီဝိန်းယန်ကို ပြောလိုက်သည်။
“နင်လည်း ပင်ပန်းနေပြီဆိုမှတော့ လန်ယွင်ကို ဘာလို့ နန်းတော်မှာ နှစ်ရက်လောက် မနေခိုင်းတာလဲ။ အိုက်ကျားကလည်း သခင်မမုကို နန်းတော်ထဲမှာ နှစ်ရက်လောက် နေခိုင်းဖို့ စီစဉ်နေတာလေ။ အဲတော့ လန်ယွင်လည်း အချိန်ကို အတူတူပိုပြီး ဖြုန်းလို့ရတာပေါ့ ကစားဖို့တောင် နောက်ကျနေပြီ”
ယွီဝိန်းယန်ကလည်း ထိုကဲ့သို့ မေးချင်နေတဲ့အတွက် ဒါကိုကြားလိုက်ချိန်မှာပဲ ချက်ချင်း ပြောလိုက်သည်။
“ဒါဆိုလည်း မယ်တော့်ရဲ့ဆန္ဒအတိုင်းပါပဲ”
ဧကရီမယ်တော်ကြီးက ခေါင်းညိတ်လိုက်ကာ သူမကို မပြောဘဲ မနေနိုင်ပေ။
“ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် မိခင်တစ်ယောက်အနေနဲ့ နင့်ရဲ့ဒေါသကို အနာဂတ်မှာ ပြောင်းရမယ် ပြီးတော့ လန်ယွင်အတွက် အမြင်ကောင်း ထားရမယ်”
ယွီဝိန်းယန်ရဲ့အသံက ဘယ်ဘက်နားကနေဝင်ပြီး ညာဘက်နားကနေ ထွက်သွားသည်။
“မယ်တော့်ရဲ့ညွှန်ကြားချက်တွေကို နာခံပါ့မယ်”
သခင်မမုက ဒါကိုတွေ့လိုက်ပြီး ရွေးချယ်စရာမရှိတော့ဘဲ သူမရဲ့သမီးကို ပြောလိုက်ရသည်။
“မင်းသမီးလေးကို ကောင်းကောင်းအဖော်ပြုပေးလိုက် ပြီးတော့ ဂရုစိုက်ပါ”
နိရှန်းဝမ်က ဟုတ်ကဲ့ဟုဖြေလိုက်ပြီး လန်ယွင်နဲ့ စတင်ကစားနေတော့သည်။
~~~
မွေးနေ့ကို ဆင်နွှဲမဲ့လူတွေအားလုံး ရောက်လာတာကို မြင်လိုက်တဲ့အခါ နေ့လည်ပင် ဖြစ်လုနီးပါးပင်။
ယန်ရှုအဖို့ ဧကရီမယ်တော်ကြီးနဲ့အကြာကြီး အတူတူထိုင်ရသည်မှာ ခက်ခဲလှသည်။ သို့သော် အခုတော့ သူမက အတော်လေး ဗိုက်ဆာနေပေပြီ
ကံကောင်းစွာနဲ့ ယနေ့ရဲ့စားသောက်ပွဲက ယန်ရှုအတွက် အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့တဲ့ အရာပင်။
— —အခုက ဧပြီလအစောပိုင်း ရောက်နေပြီဖြစ်ပြီး စျေးထဲမှာ သစ်သီးမျိုးစုံနဲ့ ဟင်းသီးဟင်းရွက်တွေက တစ်မျိုးပြီးတစ်မျိုး ပေါ်ထွက်လာတော့သည်။ ပြီးတော့ ပါဝင်ပစ္စည်းတွေဟာ ဆောင်းရာသီနဲ့ နွေရာသီမှာထက် ပိုပြီးပေါများပေသည်။
လူတိုင်း နေရာယူလိုက်ပြီးနောက်မှာ နန်းတော်အစေခံတွေက စတင်ပြီး ဟင်းပွဲတွေ တစ်ပွဲပြီးတစ်ပွဲကို တည်ခင်းလာတော့သည်။
ရနံ့တွေအားလုံးက လူတွေဆီကို အပြေးအလွှား တိုးဝင်လာတာကို မြင်လာိက်တဲ့အခါ ယန်ရှုက ပိုလို့တောင် ဗိုက်ဆာလာတော့သည်။
သူမက မတတ်နိုင်ဘဲ စိတ်ထဲမှာ ရေရွတ်လိုက်သည်။
[ဧကရာဇ်ရဲ့ နှုတ်ဆက်စကားက တိုတိုလေးဖြစ်ပါစေလို့ မျှော်လင့်တယ်။ အဲဒါမှ လူတွေ ကမြန်မြန်စားလို့ရမှာ။ ဒီမနက်တုန်းက အဝတ်ဝတ်ဖို့ ဆန်ပြုတ်ပန်းကန် အသေးလေးတစ်ပန်းကန်ပဲ စားခဲ့ရတယ်။ အခုအရမ်း ဗိုက်ဆာနေပြီ]
ကံကောင်းစွာနဲ့ သူမက ဧကရာဇ်နဲ့ မဝေးတဲ့အတွက် သူမရဲ့အသံက ယွီဝိန်းလန်ရဲ့နားဆီကို အချိန်မီရောက်သွားတော့သည်။
ယွီဝိန်းလန် “….”
သူမက ဒီမနက်မှာ ဆန်ပြုတ် အသေးတစ်ပန်းကန်ပဲ စားလာတော့ သူမအတွက် တကယ်ကိုခက်ခဲမှာပဲ။ ပြောရမယ်ဆို သူမက ဘန်းမုန့်နှစ်ခြင်းလောက်တောင် စားနိုင်သေးတယ်လေ။
105 03
ထို့ကြောင့် တောင်းဆိုချက်ကို ယူလိုက်ပြီး အကြမ်းဖျင်းပဲ ပြောလိုက်သည်။
“ဒီနေ့ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေက မယ်တော့်ရဲ့အနာဂတ်အတွက် အတူတူ လာရောက်စုစည်းပြီး ဆင်နွှဲပေးကြတယ်။ သားတော်က မယ်တော့်ကို ပျော်ရွှင်ပြီး သက်ရှည်ကျန်းမာတဲ့ဘဝ ရပါစေလို့ ဆုတောင်းပေးပါတယ်”
သူက စကားပြောလိုက်ပြီး ဧကရီမယ်တော်ကြီးကို ဝိုင်တစ်ခွက်မြှောက်လိုက်သည်။
လူတိုင်းက ဝိုင်ခွက်မြှောက်လိုက်ပြီး ဧကရီမယ်တော်ကြီးကို တစ်ညီတစ်ညွတ်တည်း ဂုဏ်ပြုလိုက်ကြသည်။
“ဧကရီမယ်တော်ကြီးကို ပျော်ရွှင်ပြီး နေနဲ့လလို ထွန်းလင်းတောက်ပတဲ့ သက်ရှည်ကျန်းမာတဲ့ဘဝ ရပါစေလို့ ဆုတောင်းပေးပါတယ်”
ဧကရီမယ်တော်ကြီးက ဂုဏ်ပြုတာကို လက်ခံလိုက်ကာ အပြုံးတစ်ပွင့်နဲ့ ပြောလိုက်သည်။
“ဒီနေ့မှာ လာရောက် သုံးဆောင်ပေးတဲ့အတွက် ကြိုဆိုပါတယ်”
လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်လိုက်ကြပြီး ထို့နောက် သူတို့ရဲ့တူတွေကို စတင် ဆန့်ထုတ်လိုက်ကြတော့သည်။
ယန်ရှုကြည့်ရသည်မှာ လွတ်ငြိမ်းချမ်းသာခွင့် ရသွားပုံပေါ်ပြီး ချက်ချင်းပဲ စတင်စားတာ့သည်။
သူမက စားပွဲပေါ်က အစားအသောက်တွေကို တိတ်တဆိတ်နဲ့ မရေမတွက်နိုင်အောင် ကြည့်မိနေပေသည်။ အခုတော့ သူမမှာ တိကျတဲ့ပစ်မှတ် ရှိနေပြီဖြစ်ပြီး ဂန္ဓမာမိုးခိုသားနဲ့ စတင်လိုက်သည်။
သိရမည်မှာ အသားကို ခပ်ကြာကြာလေး ကြော်ထားပြီး အပေါ်ကနေ ချိုချဉ်အရည်လေး ဆမ်းထားသေးသည်။ တစ်ခဏလောက်သာ နောက်ကျသွားမယ်ဆိုရင် အရသာက ကောင်းတော့မှာ မဟုတ်ပေ။
ကံကောင်းသွာနဲ့ ဒီအချိန်မှာ နှောင့်နှေးချိန် မရှိတော့ပေ။ တစ်ကိုက် ကိုက်လိုက်ပြီးတာနဲ့ မိုးလိုသားက အတွင်းဘက်မှာ နူးညံ့ပြီး အပြင်ဘက်က ကြွပ်ရွနေတာကို ခံစားလိုက်ရသည်။ အပြင်ဘက်က လိမ္မော်ဆော့စ်ထဲ နှစ်လိုက်မယ်ဆိုရင် အဲဒါက တကယ်ကို ချိုချဉ်အရသာလေးဖြစ်ပြီး အရမ်းကို စားမြိန်စေသည်။
မိုးလိုသားကို စားပြီးနောက်မှာ သူမက နံနံစေ့ခိုကြော်ကို အလျင်အမြန် မြည်းကြည့်လိုက်သည်။
ဒီဟင်းပွဲက အိုးရဲ့အငွေ့ကို အာရုံစိုက်ထားပြီး အေးသွားတဲ့အခါမှာ စားမကောင်းပေ။
ကောင်းတယ် ဒါကိုစားပြီးနောက်မှာ အပူချိန်ကလည်း အနေတော်ဖြစ်ပြီး ခိုသားက နူးညံ့ကာ အရသာ ရှိပေသည်။နံနံစေ့တွေနဲ့ အိုးထဲမှာ အပူချိန်မြင့်မြင့်နဲ့ ချက်ပြီးနောက်မှာတော့ ပြင်းရှတဲ့အနံ့ ရှိသွားပြီး ယန်ရှုရဲ့အကြိုက်ဆုံးလို့ ပြောလို့ရပေသည်။ နံနံစေ့ပါတီပဲ။
အရွယ်နဲ့မမျှတဲ့ဂဏန်းက အရမ်းကို ဆွဲဆောင်မှု ရှိပေသည်။ ရန်တုန်းက သခင်မဖြစ်သူကို တစ်ခု ယူပေးလိုက်ပြီးနောက် ဂဏန်းခွံကို ဖွင့်လိုက်သည်။ ထို့နောက် ဂဏန်းဥတွေက ပြည့်လျှံလုနီးပါးဖြစ်နေတယ်ဆိုတာကို တွေ့လိုက်ရပေသည်။
ဒါက ဧကရီမယ်တော်ကြီးရဲ့မွေးနေ့ညစာစားပွဲအတွက် အထူးပြင်ဆင်ထားတဲ့ ထုတ်ကုန်ကောင်းတစ်ခုပင်။ ယန်ရှုက တစ်ချက်စုပ်လိုက်ပြီး ရုတ်တရက်ပဲ သူမပါးစပ်ထဲက အရသာရှိတဲ့အရသာကို ခံစားလိုက်ရသည်။ သူမက ဒီထက်ထပ်ပြီး မကျေနပ်နိုင်တော့ပေ။
သေချာပေါက်ပင် ဂဏန်းအဆီတွေအပြင် ယန်ဇီမြစ်တောင်ပိုင်းကနေ မြို့တော်က ယန်ဇီမြစ်ဆီကို ပို့လိုက်တဲ့ ငါးတွေလည်း ရှိပေသည်။
ဧည့်သည်တော်တွေအား အရသာကိုအပြည့်အဝ ခံစားနိုင်စေရန် တော်ဝင်စားဖိုမှုးက ငါးရဲ့တစ်ဝက်ကို ပေါင်းကာ တစ်ဝက်ကို နှပ်ထားလိုက်သည်။ ငါးတစ်ကောင်ကို နှစ်မျိုးစားလို့ရတယ်။ အဲဒါက အရမ်းကို ရည်ရွယ်ချက်ရှိတယ်လို့ ဖော်ပြလို့ရတယ်။
ဒီဟင်းပွဲအနည်းငယ်က အတော်လေး စိတ်ကျေနပ်စရာပင်။ ငါးပါးနီငါးမန်းတောင် ခွင်းဖောင်တောယုန် အဖြူရောင်ငါးကင်၊ ပါးပါးလှီထားတဲ့နို့စိမ်ဝက်သားနဲ့ ညစားစားပွဲမှာ ပေါ်လာတတ်တဲ့ တခြားဟင်းပွဲတွေကို မပြောနဲ့ဦး တစ်ခုချင်းစီတိုင်းမှာ သူ့ရဲ့ကိုယ်ပိုင်ခံ့ညားမှု ရှိပေသည်။
ယန်ရှုကို အံ့အားအသင့်စေဆုံးကတော့ ချယ်ရီနို့ကြက်ဥပေါင်း ဖြစ်သည်။
အခုရာသီက စျေးကွက်ထဲမှာ ချယ်ရီသီးတွေ ရှိနေပြီဖြစ်ပြီး လတ်လတ်ဆတ်ဆတ် ချယ်ရီသီးနဲ့ နို့ကို ကြက်ဥပေါင်းအဖြစ် ပေါင်းလိုက်ပြီး ခဲနေတဲ့ ကြက်ဥပေါင်းပေါ်မှာ ချိုင့်လေး လုပ်လိုက်ပြီး အသီးဖတ်တွေကို ထည့်လိုက်သည်။ ပျားရည်အလွှာ ပါးပါးလေးကပင် ချိုမြိန်ပြီး အရသာရှိအောင် လုပ်နိုင်ပေသည်။ အရမ်းကို သက်သာစရာပဲ။
105 04
ညစာစားပွဲကို ကြည့်လိုက်ပြီး လူတိုင်းက နိမိတ်ကောင်းတဲ့ စကားတွေကိုသာ ဧကရီမယ်တော်ကြီးကို ပြောလာကြသည်။ ဒါမှမဟုတ် အချင်းချင်းပြောနေကြသည်။ ယန်ရှုကသာ စားပွဲပေါ်က ခင်းကျင်းထားတဲ့ အစားအသောက်တွေကို အလေးအနက် စားနေပေသည်။
ချယ်ရီကြက်ဥပေါင်းကို စားပြီးနောက် ယန်ရှုရဲ့အကြိုက်ဆုံး လိုက်ချီးချိုချဉ်ထမင်းကို တည်ခင်းလာတော့သည်။
လိုက်ချီးသီးတွေဟာ စျေးကွက်ပေါ်မှာ အချိမ်တိုတိုလေးပဲ ရှိတာဖြစ်သည်။ သူတို့တွေရဲ့ ကာလက တိုတောင်းတဲ့အတွက် အထူးသဖြင့် တောင်ပိုင်းကွမ်တုံးကနေ မြို့တော်ဆီကို သယ်ယူပို့ဆောင်ပေးဖို့ လိုအပ်သည်။ ထို့ကြောင့် အသီးတိုင်းက တန်ဖိုးရှိသည်။
ဒီဟင်းပွဲမှာဆိုလျှင် အဖြူရောင် ကြည်လင်နေတဲ့ လိုက်ချီးသီးအသားက အဖောက်ခံရပြီး ကောက်ညှင်းဆန် စပျစ်သီးခြောက်တို့နဲ့ ထည့်သိပ်ထားပေသည်။ ပေါင်းပြီးတဲ့မောက်မှာ ကောက်ညှင်းက လိုက်ချီးသီးရဲ့ အချိုဓာတ်ကို စုပ်ယူလိုက်ပြီး လိုက်ချီးအသားကတော့ ကောက်ညှင်းဆန်နဲ့ ပြည့်ဝနေပေသည်။ ထူးခြားတဲ့ မွှေးရနံ့က နှလုံးသားထဲမှာ ချိုမြနေပြီး ဘဝတစ်သက်တာလုံး မေ့နိုင်မည် မဟုတ်ပေ။
ရွှေလိုအဖိုးတန်မှုကြောင့် ဒီဟင်းပွဲဟာ တစ်နှစ်မှတစ်ခါ ဧကရီမယ်တော်ကြီးရဲ့ မွေးနေ့ညစာ စားပွဲမှသာ ထွက်ပေါ်လာပေသည်။ ပြီးတော့ လူတိုင်းဟာလည်း သုံးပွဲသာ စားနိုင်ပေသည်။
ယန်ရှုက တစ်ခုကို စားပြီးနောက်မှာ သူမရဲ့နှလုံးသားက ပျော်ရွှင်မှုနဲ့ ပြည့်နှက်သွားရသည်။
သူမက ဒုတိယတစ်ခုကို စားတော့မဲ့အချိန်မှာပဲ ကလေးမလေးတစ်ယောက်က သူမကို သိချင်စိတ်ဖြစ်စွာနဲ့ ကြည့်နေတာအား တွေ့လိုက်ရပေသည်။
ထိုသူက အကြီးဆုံးမင်းသမီးကြီးရဲ့ သမီးဖြစ်သူ လန်ယွင်ကလွဲလို့ တခြားသူ မဟုတ်ပေ။
ယန်ရှု “…..”
သူမ စားတဲ့အချိန်တိုင်း ကလေးတွေကို ဘာလို့ ဆွဲဆောင်မိနေရတာလဲ။
အရှက်ရမှုကို ဖြေဖျောက်ရန်အတွက် သူမက ပြုံးကာပြောရုံသာ တတ်နိုင်လိုက်သည်။
“မင်းသမီးလေး ဒီလိုက်ချီးချိုချဉ်ထမင်းကို စားကြည့်ပါလား။ သေချာပေါက် ကြိုက်မှာ”
စကား ပြောပြီးနောက်မှသာ ဒီကလေးမလေးက မစားချင်လို့ မဟုတ်ပေ။ သူမကိုစားဖို့ ဂရုစိုက်ပေးမဲ့သူ မရှိနေတာကြောင့် ဖြစ်သည်။
ဧည့်သည်တော်တွေက ဧကရီမယ်တော်ကြီးနဲ့ နန်းတော်ထဲက ကိုယ်လုပ်တော်တွေလို မဟုတ်ဘဲ သူတို့ရဲ့အစေခံတွေကို ခစားပေးဖို့ ခေါ်လာခွင့် မရှိပေ။ ထို့ကြောင့် ဒီနေ့မှာ ထိုကလေးမလေးကိုခစားပေးမဲ့ အစေခံနဲ့အထိန်းတော်တွေ မရှိပေ။
အတိတ်တုန်းက သူမနန်းတော်ကို တစ်ခါတစ်ရံ ဝင်သည့်အခါတိုင်း သူမကိုဂရုစိုက်ဖို့ သူမအဖေ ရှိပေသည်။ အခုတော့ သူမအဖေ မရှိတော့သည့်အပြင် သူမရဲ့မိခင်ဖြစ်သူ ယွီဝိန်းယန်ကလည်း စကားပြောတာ ရယ်မောတာနဲ့ ဧည့်သည်တွေနဲ့ သောက်ဖို့ကိုသာ ဂရုစိုက်နေသည်။ သူမကို ဘယ်လိုလုပ် ဂရုစိုက်နိုင်တော့မှာလဲ။
ထို့ကြောင့် ထိုကလေးမလေးက ဒင်ဆမ်းအနည်းငယ်ကိုပဲ စားကာ ပူနေတဲ့ဟင်းပွဲတွေကို လုံးဝမစားနိုင်ပေ။
ယန်ရှု “…..”
ကျစ် ဒီကလေးမလေးက အကြီးဆုံးမင်းသမီးကြီးရဲ့ ဝမ်းဗိုက်ကနေ မွေးဖွားလာတာက သနားစရာပဲ။
သို့သော် သူမက တစ်ယောက်ယောက်ကို ဂရုစိုက်ပေးဖို့ ပြောချင်ပေမဲ့ အကြီးဆုံးမင်းသမီးကြီးက ခဏနေ ပြန်လာမှာကိုလဲ ကြောက်ပေသည်….။
ထို့ကြောင့် ယန်ရှုက အနည်းငယ် ရှက်ရွံ့နေပြီး တစ်ခဏကြာအောင် ထုတ်မပြောရဲပေ။
ကံကောင်းစွာနဲ့ ထိုအချိန်မှာပဲ ဧကရာဇ်က ရှာတွေ့သွားပြီး ချက်ချင်းပဲ ဖုဟိုင်ကိုခေါ်ကာ သူ့ရဲ့တူမလေးကို ခစားဖို့ အစေခံတစ်ယောက်ကို ရှာခိုင်းလိုက်သည်။ ပြီးနောက် ထိုကလေးမလေးက စတင်စားတော့သည်။
ယန်ရှုက သက်သာရာ ရသွားသလို ခံစားလိုက်ရပြီး ယွီဝိန်းလန်ကို မကြည့်ဘဲ မနေနိုင်ပေ။ ပြီးနောက် သူမဘာသာ တွေးလိုက်သည်။ ဘာလို့ဒီလူက သူမအတွက် အမြဲတွေးပေးနေရတာလဲ။
ဖြစ်နိုင်တာက….ဒါကတကယ်ပဲ ဒဏ္ဍာရီလာ စိတ်ချင်းဆက်သွယ်မှုလား။
ယွီဝိန်းလန်က ဝိုင်တစ်ခွက်ကို တည်ငြိမ်စွာ သောက်လိုက်သည်
အဲဒါက သဘာဝပဲလေ။
105 05
~~~~~
နေ့လည်စာ စားအပြီးမှာ ဧကရာဇ်က ဧကရီမယ်တော်ကြီးနဲ့ ဧည့်သည်တော်တို့ အတူတူကြည့်ရှုနိုင်ရန် ဆပ်ကပ်တစ်ဖွဲ့ကို စီစဉ်ထားပေသည်။
ယန်ရှုကလည်း ဆက်လက်ပြီး အဖော်ပြုပေးတဲ့ဧည့်သည်တော် ဖြစ်နေရသည်။
ကံကောင်းစွာနဲ့ ထိုလက်လှည့်ဆရာတွေက အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့အတွက် သူတို့တွေက ဧကရီမယ်တော်ကြီးရဲ့ မွေးနေ့ပွဲအတွက်သာ အထူးဖျော်ဖြေ ပေးသည်ဆိုတာကို တွေ့နိုင်ပေသည်။
လူတိုင်းက နှစ်သက်ကြပေမဲ့ သူတို့ထဲကအချို့ဟာ သူတို့ရဲ့အရေးကိစ္စတွေအတွက် ဧကရီမယ်တော်ကြီးကို နှုတ်ဆက်လိုက်ကြသည်။
ဥပမာအားဖြင့် အကြီးဆုံးမင်းသမီးကြီး ယွီဝိန်းယန်ပင်။ သူမရဲ့နေ့လည်စာကို စားပြီးတာနဲ့ နေထိုင်မကောင်းဟု အကြောင်းပြကာ နန်းတော်ကနေ အလျင်အမြန် ထွက်ခွာသွားတော့သည်။
ယန်ရှုက သူမဘာသာ တွေးလိုက်သည်။ အဲဒါက အဲဒီရွမ်ချင်းစန်းစွဲလမ်းမှုရဲ့ မူလအခြေအနေ ပြန်ရောက်သွားမှာပဲ စိုးမိတယ်။ သူမက အဲဒီဂြိုက်သားလို ဘဲလေးကို ရှာဖို့ အရမ်းကို အလျင်စလိုဖြစ်နေပြီ။
ကျစ် သူမက ဒီမိန်းမကို ဂရုမစိုက်ချင်ပေမဲ့လည်း ဒါကညီလာခံအရေးလေ ဆိုတော့ သူမက ဧကရာဇ်ကို ပြောပြဖို့ နည်းလမ်းတစ်ခုရှာရမယ်
သို့သော် စစ်စတန်က ပြောလာသည်။
[မပူနဲ့ အခုလေးတင် ယွီဝိန်းလန်နန်းတော်ကနေ ထွက်သွားတာနဲ့ ကျင်းယီဝေ့က တိတ်တဆိတ် လိုက်သွားတယ်]
ယန်ရှုက အနည်းငယ် တွေးဆလိုက်ပြီး [ဧကရာဇ်စီစဉ်တာလား။]
စစ်စတန် [မဟုတ်ရင်ရော ဘယ်သူက ကျင်းယီဝေ့ကို စုံစမ်းခိုင်းနိုင်လို့လဲ။]
သူမ ပြောတာလည်း အဲဒါပင်။ ယန်ရှုက အခုထိနားမလည်သေးဘဲ…
[ဖြစ်နိုင်တာက ယွီဝိန်းယန်က တစ်ခုခု မှားနေတယ်ဆိုတာကို ဧကရာဇ်က ရှာတွေ့သွားတာလား။]
စစ်စတန် [အဲဒီညတုန်းက ဖန်ကျိုက်အန်းကို ယွီဝိန်းယန်ရဲ့ဘေးမှာ မတွေ့လိုက်ဘူးလား။]
ယန်ရှုက မှတ်မိသွားတော့သည်။
အိုး ဟုတ်သားပဲ။ အမှန်ပဲ ဧကရာဇ်ကတော့ ဧကရာဇ်ပါပဲ။ သူ့ရဲ့အစ်မဘေးမှာ မျိုးနွယ်ခြားတစ်ယောက်ကို တွေ့လိုက်တာနဲ့ မထူးခြားနားပဲ နေနိုင်မှာ မဟုတ်ဘူးလေ။
ဒီလိုနည်းနဲ့ သူမက သက်သာရာ ရသွားတော့သည်။
တစ်ချိန်တည်းမှာပဲ သူက တိတ်တဆိတ် ရပ်သွားတော့သည်။
ကျင်းယီဝေ့သာ အကြီးဆုံးမင်းသမီးကြီးကို ဆေးခတ်တဲ့ သူလျှိုကို ဖမ်းမိသွားရင်ရော…..
နောက်ထပ် တိုက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလား။
ကျစ် ဧကရီမယ်တော်ကြီးက ရှောင်လန်ယွင်ကို နန်းတော်ထဲမှာ ထားခဲ့ခိုင်းလို့ တော်သေးတာပေါ့ ။
ကံကောင်းလို့ ဒီကလေးမလေးက ငယ်နေသေးတာ ။
သူမ ကြီးပြင်းလာပြီး သူမအမေလုပ်ခဲ့တဲ့ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေကိုသာ သိသွားရင်…..
သူမအပေါ် ဘယ်လိုသက်ရောက်မလဲဆိုတာကို မသိပေ။
မမျှော်လင့်ထားစွာနဲ့ ကောင်းကင်က မှောင်စပျိုးလာချိန်မှာ အကြီးဆုံးမင်းသမီးကြီးရဲ့ သတင်းကို စောင့်မနေဘဲ အကြီးဆုံးမင်းသမီးကြီးကို တွေ့ရန် နန်းတော်ထဲကို အပြေးအလွှား ဝင်လာတဲ့သူကို တွေ့လိုက်ရသည်။
“အရှင်မင်းကြီး မကောင်းတော့ဘူး။ အခုလေးတင်ပဲ ကောင်တီရဲ့အရှင်က ရန်လုံလမ်းမမှာ ဒဏ်ရာ ရသွားပါတယ်။ အခုတော့ တစ်ဖက်လူက အစိုးရဆီကို တိုင်ကြားတော့မလို့ပါ”
အမ်…။
ထိုစကားတွေ ထွက်လာသည်နှင့် မင်းသမီးကြီးရဲ့ရှေ့က လူတွေအားလုံးက ကြက်သေ သေသွားတော့သည်။
ယန်ရှုကလည်း တွေးဆလိုက်ပြီး စစ်စတန်ကို အလျင်အမြန်ပဲ မေးလိုက်သည်။
[ဘာတွေဖြစ်နေတာလဲ။ အားခန်းကောင်တီအရှင်ရဲ့ခင်ပွန်းက တစ်ယောက်ယောက်ကို ဘာလို့ ရိုက်နှက် ရတာလဲ။]
စစ်စတန် [အမှန်ပဲ အခုလေးတင် အားခန်းကောင်တီအရှင်က ရူယိဖန်ကို ခိုးကြောင်ခိုးဝှက် သွားတာ။ တစ်ယောက်ယောက်က ကောင်တီရဲ့မိသားစုခေါင်းဆောင်ကို စာတစ်စောင် သတင်းပို့လိုက်တဲ့အတွက် တိတ်တဆိတ် လိုက်သွားတယ်လေ။ နေရာမှာတင် သူ့မိန်းမကို မြှူဆွယ်တဲ့ ဘဲလေးကိုဖမ်းမိပြီး ဘဲလေးရဲ့ခြေထောက်ကို ချိုးပစ်လိုက်တယ်]
ယန်ရှု [….]
ဒါ ဒါ ဒါက ပါးစပ်ထဲကို အပြေး ဝင်လာနေတဲ့ ဖရဲသီးကို ဖြတ်ချလိုက်သလိုပဲ မဟုတ်လား။
******