အခန်း (၁၀၆-၁၀၈)
Vol. 8 Ch. 106-108
106 01
အပိုင်း(၅၁.၁)
ယခုဆို မှောင်လုနီးပါး ဖြစ်နေပြီဖြစ်ပြီး မွေးနေ့နေ့လည်စာ စားကတည်းက နေ့တစ်ဝက် ကုန်သွားပြီ ဖြစ်သည်။ ဧကရာဇ်ကလည်း ချန်းမင်နန်းဆောင်ဆီ ထွက်ခွာသွားပြီဖြစ်ကာ လူပေါင်းများစွာဟာလည်း နန်းတော်ကနေ ထွက်ခွာသွားပြီ ဖြစ်သည်။
ထိုအချိန်မှာ ဧကရီမယ်တော်ကြီးကို အဖော်ပြုပြီး ပြဇာတ်ကြည့်နေကြတဲ့သူတွေက အကြီးဆုံးမင်းသမီးကြီးလို ရင်းနှီးတဲ့ဆွေမျိုးတွေနဲ့ ဧကရီမယ်တော်ကြီးရဲ့ယုံကြည်မှုကို ရထားပြီး မယ်တော်ကြီးနဲ့ ဆက်ဆံရေးကောင်းတဲ့ သခင်မမုလိုလူတွေ ဖြစ်သည်။
တော်ဝင်မင်းသမီးကြီးရဲ့စိတ်လှုပ်ရှားမှုကို နှလုံးသားတစ်ခုလုံးနဲ့ စောင့်ကြည့်နေတဲ့ ယန်ရှုကလွဲရင် ကိုယ်လုပ်တော်ကျိုးနဲ့ ကျောက်ဝမ်ယီတို့က ထွက်ခွာနှင့်ပြီးဖြစ်ကာ သူတို့ရဲ့ကိုယ်ပိုင်နန်းဆောင်ဆီကို ပြန်သွားပြီ ဖြစ်သည်။
ထိုစာကို သတင်း လာပို့တဲ့လူက တော်ဝင်မင်းသမီးကြီးကို တိတ်တဆိတ် သတင်းပို့ချင်ခဲ့တာပင်။ သို့သော် ထိုမြင်ကွင်းထဲမှာ လူသိပ်မကျန်တာကို တွေ့လိုက်ရတဲ့အတွက် ယခုလိုအခြေအနေမျိုးတွက် ဧကရီမယ်တော်ကြီးရဲ့အရှေ့မှာ တော်ဝင်မင်းသမီးကြီးကို တီးတိုးပြောတာက မလေးစားရာ ကျသွားပေမည်ပင်။ ထို့ကြောင့် ပုံမှန်လိုပဲ ပြောလိုက်သည်။
ထိုအချိန်မှာ အသံ ထွက်လာသည်နှင့် လူတိုင်းက တွေးဆသွားကြသည်။
-ဘာ…
အန်းခန်းကောင်တီအရှင်ရဲ့ခင်ပွန်းက လမ်းပေါ်မှာ လူတွေကို ရိုက်လိုက်တာပေါ့လေ။
အခုလေးတင်မှ နေ့လည်စာ စားထားတာကို ရန်လုံလမ်းမကိုသွားပြီး ဘယ်လိုလုပ်ပြီး လူတွေကို ရိုက်နိုင်တာလဲ။
တော်ဝင်မင်းသမီးကြီးက အလျင်အမြန် မေးလိုက်သည်။
“မြန်မြန် ရှင်းရှင်းလင်းလင်း ရှင်းပြစမ်း ဘာတွေ ဖြစ်နေတာလဲ”
သို့သော် ထိုကဲ့သို့ မေးခွန်းမျိုး အမေးခံရတဲ့အခါမှာ သတင်းပို့သမားက ထိတ်လန့်သွားပြီး
“မှန်လှပါ….အာ…ဟို….”
အချိန် အကြာကြီးထိတိုင်အောင် ဘာလို့ဆိုတာကို ပြောမလာသေးပေ။
ဧကရီမယ်တော်ကြီးကလည်း ပြောလိုက်သည်။
“ဘာလို့ မြန်မြန်မပြောသေးတာလဲ။ စိတ်ပူပန်လွန်ပြီး သေတော့မှာမလို့လား”
သတင်းပို့သူက နောက်ဆုံးတော့ ပြောလာသည်။
“မလုပ်ဝံ့ပါဘူး။ ကောင်တီအောက်ရုံးတရားသူကြီးက ရှားရှားပါးပါး ဒီနေ့ အနားယူနေတာပါ။ ကြားမိတာကတော့ တရားသူကြီးက နေထိုင်မကောင်းတဲ့အတွက် သမားတော်တစ်ယောက်နဲ့ ပြချင်ခဲ့တာပါ။ ကျွန်တော်မျိုးက အဖော်ပြုပေးဖို့ လိုက်သွားခဲ့ပေမဲ့ ရန်လုံလမ်းက ရူယိဖန်လို့ခေါ်တဲ့နေရာမှာ အဆုံးသတ်သွားပါတယ်။ အဲဒီနေရာထဲမှာ အထဲထဲ ကတစ်ယောက်ယောက်က ကောင်တီအရှင်ကို ကိုယ်ထိလက်ရောက် စော်ကားနေတာကို တွေ့တဲ့အတွက် တရားသူကြီးက တစ်ခဏလောက် ဒေါသပုန်ထသွားပြီး သူ့ကို သင်ခန်းစာတစ်ခု ပေးဖို့ မနေနိုင်တော့ဘဲ ဖြစ်သွားပါတယ်….”
ဒါကို ကြားချိန်မှာ ယန်ရှုက မနေနိုင်ဘဲ စိတ်ထဲမှာ ကျစ် ကျစ်ဟု လုပ်လိုက်ကာ ဒီယောင်ကောင်တီရဲ့တရားသူကြီးက ကိုယ်ခံပညာနဲ့ မွေးဖွားလာတာလေ။ တိုင်းပြည်တစ်ခုလုံးမှာ သူ့ကို အနိုင်တိုက်နိုင်တာ နှစ်ယောက်ပဲရှိတယ်။ သေချာပေါက်ပဲ အဲဒီဘဲလေးက ပြိုင်ဘက် မဟုတ်ဘူးပေါ့။ အဲဒီဘဲလေးရဲ့ ကျိုးသွားတဲ့ ခြေထောက်ဆိုတာက ညှာတာပေး လိုက်တယ်ဆိုတာကို နားလည်ရမယ်။
သို့သော် ပြောမှပဲ ဘာလို့အန်းခန်းကောင်တီရဲ့အရှင်က အရမ်းကို စိုးရိမ်ပူပန် နေရတာလဲ။
သူမက အောက်ခြေစည်းကို မကျော်ရသေးဘူးမလား သူမက ဘာလို့ရူယိဖန်ကိုသွားဖို့ အလျင် လိုနေရတာလဲ။
သို့သော် သူတို့တွေ ဒါကို ပထမဆုံးကြားတဲ့အခါမှာ အမှန်တရားကိုမသိတဲ့ တခြားသူတွေက အရမ်းကို အံ့ဩသွားကြတော့သည်။
ဧကရီမယ်တော်ကြီးက ချက်ချင်းပဲပြောလိုက်သည်။
“ဘာ။ ဒီရူးနေတဲ့လူက ဘယ်ကနေ လာတာလဲ။ ကောင်တီအောက်ရုံးတရားသူကြီးကိုတောင် ရှုပ်ရဲတယ်ပေါ့လေ။ ကျားသစ်နှလုံးကိုများ စားထားတာလား”
တော်ဝင်မင်းသမီးကြီးကလည်း အံ့ဩသွားပုံရပြီး
“အဲ့လိုလား။ ဒါဆို ဆေးဘက်ခန်းမထဲမှာတောင် ဒီလိုတပည့်မျိုး ရှိနေသေးတာလား။ ကောင်တီအရှင်ရဲ့ဘေးမှာ ခစားတဲ့ သူတွေကရော”
106 02
အခုလေးတင် သတင်းပို့လာတဲ့သူက ပြောလာသည်။ “အန်းခန်းကောင်တီအရှင်က သမားတော် တစ်ယောက်ကို တွေ့ဖို့သွားခဲ့တာပါ။ အဲဒါကြောင့် လူတိုင်းက ဒီရူယိဖန်လို့ ခေါ်တဲ့နေရာက ဆေးခန်းတစ်ခု ဖြစ်မယ်လို့ ထင်သွားကြတာပါ”
သို့သော် တော်ဝင်မင်းသမီးကြီး ပြောတာကို ကြားလိုက်ပြီးနောက်မှာ လာရောက်လည်ပတ်သူတွေက မတတ်နိုင်ဘဲ ရှင်းပြလာကြသည်။
“မယ်တော်ကြီး အဲဒီရူယိဖန်လို့ ခေါ်တဲ့နေရာက ဆေးခန်းတစ်ခု မဟုတ်ပါဘူး”
ဘာ ဆေးခန်း မဟုတ်ဘူးတဲ့လား။
တော်ဝင်မင်းသမီးကြီးက ထပ်မေးလိုက်သည်။
“အဲဒီတော့ ဘာကြီးလဲ”
ဒါပေမဲ့ တစ်ဖက်လူ ပြောလာတာကို ကြားလိုက်ရသည်။
“ဟုတ်ပါတယ်။ အဲဒါက စားသောက်ဆ်ုင်တစ်ခုပါ”
စားသောက်ဆိုင်လား။
အဲဒါကို ကြားလိုက်တဲ့အခါမှာ လူတွေက နင်ကငါ့ကိုကြည့်နေ ငါကနင့်ကိုကြည့်မယ် ဖြစ်ကုန်ကြကာ ပိုပိုပြီး ရှုပ်ထွေးသွားကြသည်။
အန်းခန်းကောင်တီအရှင်က နေလို့မကောင်းနေတာမလား။ သမားတော်ကို သွားမတွေ့ဘဲ ဘာလို့စားသောက်ဆိုင်ကို သွားရတာလဲ။
ထို့အပြင် နန်းတော်မှာ နေ့လည်ဘက် စားသောက်ပြီးတာနဲ့ တန်းသွားတယ်ပေါ့လေ။
စားသောက်ဆ်ုင်မှာ ထပ်ပြီး ဘာသွားလုပ်တာလဲ။
လူတိုင်းက လမ်းပျောက်နေကြစဉ်မှာပဲ ချီအန်းနန်းဆောင်ရဲ့ အပြင်ဘက်ကနေ ဆက်သွယ်လာသံကို ကြားလိုက်ရသည်။
“အရှင်မင်းကြီးက ဒီကိုရောက်လာပါပြီ…”
ဒါပေမဲ့ ဧကရာဇ်က လာနေပြီ။
လူတိုင်းရဲ့မျက်ဝန်းတွေက ချက်ချင်းပဲ တောက်ပသွားတော့သည်။ ယွီဝိန်းလန်က နန်းဆောင်ထဲကို ဝင်လာချိန်မှာတော့ ဧကရီမယ်တော်ကြီးက အလျင်အမြန် ပြောလိုက်သည်။
“အခုလေးတင်ပဲ တစ်ယောက်ယောက်က အန်းခန်းကောင်တီရဲ့အောက်ရုံးတရားသူကြီးက ရန်လုံလမ်းမမှာ တစ်ယောက်ယောက်ကို ရိုက်လိုက်တယ်လို့ သတင်းပို့လာတယ်။ အရှင်မင်းကြီးရော အဲ့အကြောင်းကို ကြားမိသေးလား”
ယွီဝိန်းလန်က ခေါင်းညိတ်ကာ ပြောလာသည်။
“အခုလေးတင်ပဲ ကျင်းကျောက်စံအိမ်က တစ်ယောက်ယောက်က ယောက်ကျွင်းလျန်က လမ်းပေါ်မှာ တစ်ယောက်ယောက်ကို ရိုက်နှက်တယ်ဆိုပြီး တရားစွဲထားတယ်လို့ သတင်းပို့လာတယ်”
ဘာ အသနားခံစာကို ဘုရင့်ဆီကိုတောင် သတင်းပို့လိုက်ပြီလား။
တော်ဝင်မင်းသမီးကြီးက ချက်ချင်းပဲ အလျင်စလိုနဲ့ ပြောလိုက်သည်။
“သူတို့တွေက သူ့ကို အရင် ကိုယ်ထိလက်ရောက် စော်ကားတာလေ။ ဒါပေမဲ့ အခုတကယ် ပြန်ရိုက်နှက်လိုက်တယ်။ အရှင်မင်းကြီးလည်း သိပါတယ်။ ကျွင်းလျန်က သေချာပေါက်ကို စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့သူ မဟုတ်ပါဘူး။ ဖြစ်နိုင်တာက သူက ထောင်ချောက်ထဲ ကျသွားတာပဲ ဖြစ်ရမယ်!”
ယွီဝိန်းလန်က ခေါင်းညိတ်ပြလိုက်ပြီး ထပ်ပြောလိုက်သည်။
“မပူပါနဲ့ ဒေါ်လေး”
ထို့နောက် သူက သတင်းပို့သူကို မေးလိုက်သည်။
“ကောင်တီအောက်ရုံးတရားသူကြီးက အခုဘယ်မှာလဲ”
သတင်းပို့သူက အလျင်အမြန် ပြောလိုက်သည်။
“အရှင်မင်းကြီး ကောင်တီအောက်ရုံးတရားသူကြီးက အခုထိ ရန်လုံလမ်းမက ရူယိဖန်မှာပါ”
ယွီဝိန်းလန်က ပြောလိုက်သည်။
“ကောင်တီအောက်ရုံး တရားသူကြီးကို ဒီကိုခေါ်လာခဲ့။ ငါကိုယ်တိုင် မေးမယ်”
သတင်းပို့သူက အလျင်အမြန်ပဲ ပြန်ဖြေလာပြီး ချက်ချင်းပဲ တစ်ယောက်ယောက်ကို သွားခေါ်တော့သည်။
ယန်ရှုက ချက်ချင်းပဲ စိတ်လှုပ်ရှားလာတော့သည်။
သေချာပေါက်ပဲ ဒီနေ့ဒီနေရာမှာ အကြာကြီး စောင့်လာရတာ အခုတော့ နေရာမှာတင် ဖရဲသီးကို တကယ်ကြီး စားရတော့မယ်။
106 03
အဟွတ်… အကြီးဆုံးမင်းသမီးကြီးရဲ့ ဖရဲသီး မဟုတ်ပေမဲ့ ကောင်တီအောက်ရုံး တရားသူကြီးက ဘဲလေးတွေကို ရိုက်တယ်ဆိုတာကလည်း အရမ်းကို စိတ်လှုပ်ရှားစရာပဲ။
ပြီးတော့ ဧကရာဇ်က သူတို့ကို ဒီကိုလာဖို့တောင် ပြောလိုက်သေးတယ်။ သူက သူမကို ပိုပိုပြီး နားလည်လာတာပဲ။
သူမက ယွီဝိန်းလန်ကို တိတ်တဆိတ် ကြည့်လိုက်ပြီး ရုတ်တရက်ပဲ တစ်ဖက်လူက အခုတလော ပိုပိုပြီးချစ်စရာ ကောင်းလာတယ်လို့ ခံစားနေရပေသည်။
ယွီဝိန်းလန် “….”
တကယ်တော့ ရူယိဖန် ပြဿနာကို ဧကရီမယ်တော်ကြီး တော်ဝင်မင်းသမီးကြီးနဲ့ တခြားသူတွေရှေ့မှာ ဖြေရှင်းချင်တာ ဖြစ်သည်။
ကျစ် သူမက ထွက်သွားပြီလို့ ထင်နေတာ။ ဒါပေမဲ့ ပျော်စရာကိစ္စကို ကြည့်ဖို့ အခုထိ အကြာကြီး ဒီမှာနေနေမယ်လို့ ထင်မထားဘူး။
ကောင်းပြီလေ သူမ မျှော်လင့်ထားသလိုပဲပေါ့။
ပြီးတော့လည်း အတူတူ ကြည့်ကြတာပေါ့လေ။
~~~
တော်ဝင်မိသားစုမှာ အရေးကြီးကိစ္စတွေ ကိုင်တွယ်ဖို့ ရှိတယ်ဆိုတာကို သိတဲ့အတွက် အန်းခန်းကောင်တီအရှင်နဲ့ ကောင်တီတရားသူကြီးတို့ နန်းတော်ကို မဝင်ခင်မှာပဲ သခင်မမုက ဧကရီမယ်တော်ကြီးဆီကနေ သတိရှိရှိနဲ့ ထွက်ခွာလိုက်ကာ လန်ရှောင်ယွင်ကိုပါ ခေါ်သွားပြီး ချီအန်းနန်းဆောင်ရဲ့အဓိကခန်းမကနေ ထွက်သွားတော့သည်။
ယန်ရှုက မရိုမသေ လုပ်ကာ ဆက်နေနေပြီး ယွီဝိန်းလန်ရဲ့ဘေးမှာ ပုန်းနေကာ သေချင်ယောင် ဆောင်နေပေသည်။
ဧကရီမယ်တော်ကြီး “….”
ဒီတိုင်း သူမက ပွဲကြည့်ပရိတ်သတ် တစ်ယောက်ပါပဲ။
သိပ်မကြာခင်မှာပဲ သတင်းကြားတဲ့ တော်ဝင်မင်းသမီးကြီးရဲ့ သားမက်ဖြစ်သူကလည်း နန်းတော်ကို ရောက်ရှိလာတော့သည်။
ထို့နောက် ချက်ချင်းပဲ အန်းခန်းကောင်တီအရှင်နဲ့ သူ့ခင်ပွန်းဖြစ်သူ ယောက်ကျွင်းလျန်တို့က နောက်ဆုံးမှာတော့ နန်းတော်ကို ရောက်ရှိ လာကြတော့သည်။
ယန်ရှုက စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်ကာ အလျင်အမြန်ပဲ သူမရဲ့အကြည့်တို့ကို ပို့လိုက်တော့သည်။ သို့သော် ကောင်တီတရားသူကြီးရဲ့ မျက်နှာပေါ်မှာ ဒေါသ အကြွင်းအကျန်တွေ ရှိနေသေးပြီး ဘာထိခိုက်မှုကိုမှတော့ မတွေ့ရပေ။
တွေးကြည့်လိုက်ချိန်မှာတော့ ကိုယ်ခံပညာရှင် ထန်ဟွားလန်အတွက် ရူယိဖန်က ဘဲလေးက ယှဉ်ပြိုင်နိုင်စရာ မရှိပေ။
သို့သော် အန်းခန်းကောင်တီသခင်ရဲ့မျက်နှာဟာ ဖြူတစ်လှည့်နီတစ်လှည့် ဖြစ်နေပြီး အရမ်းကို ငိုကြွေးထားသလိုမျိုး သူ့မျက်လုံးထောင့်တွေက နီရဲနေဆဲပင်
ထိုနှစ်ယောက်က လူတိုင်းကို ဦးညွှတ်လိုက်ပြီးနောက်မှာ ယွီဝိန်းလန်က ယောက်တရားသူကြီးကို မေးလာသည်။
“အခုပဲ ငါကိုယ်တော် ကျင်းကျောက်စံအိမ်ကနေ သတင်းပို့ချက်တစ်ခု ရတယ်။ အဲဒါက မောင်မင်းက လမ်းပေါ်မှာ လူတွေကို ရိုက်နှက်နေတယ်ဆိုပြီး တစ်ယောက်ယောက်က စွဲချက်တင်ထားတယ်တဲ့ ဒီလိုကိစ္စမျိုးရှိသလား”
ယောက်ကျွင်းလျန်ကတုံ့ဆိုင်းခြင်းမရှိပဲ သူ့ခေါင်းကို ညွှတ်လိုက်ပြီး ပြောလာသည်။
“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ အခုလေးတင်ပဲ ရန်လုံလမ်းမမှာ ကျွန်တော်မျိုး တစ်ယောက်ယောက်ကို တကယ်ပဲ ရိုက်နှက်ခဲ့ပါတယ်။ ကျွန်တော်မျိုးက ညီလာခံရဲ့ဂုဏ်သိက္ခာကို ကျဆင်းစေတယ် ဆိုတာကိုလည်း သိပါတယ်။ အဲတော့ အပြစ်ပေးခံရဖို့ ဆန္ဒရှိပါတယ်”
ယန်ရှုက မတတ်နိုင်ဘဲ သူမမျက်ခုံးကို ပင့်လိုက်ကာ အော်ဟစ်လာသည်။ ဒီကောင်တီတရားသူကြီးက တကယ့်ယောက်ျားပဲ။ အရမ်းသတ္တိရှိတယ်။
သို့သော် ဧကရာဇ်က ထပ်မေးလာသည်။
“ဒါဆို ဘာလို့တစ်ယောက်ယောက်ကို ရိုက်ရတာလဲ”
သို့သော်လည်း ထိုစကားတွေ ထွက်လာသည်နှင့် ယခုလေးတင်ထိ ဖြောင့်မတ်နေတဲ့ အောက်ရုံးတရားသူကြီးက နင်သွားတော့သည်။
သူက တွန့်ဆုတ်နေပြီးမှ
“ဒီဝန်ကြီးက တစ်ခဏလောက် ဒေါသ ထွက်သွားမိလို့ပါ…”
သိသိသာသာကိုပင် ထိုအရာကို မပြောချင်ပေ။
106 04
ဒါက ဧကရီမယ်တော်ကြီးနဲ့ တော်ဝင်မင်းသမီးကြီးကို အရမ်းကိုစိတ်ရှုပ်သွားစေသည်။
ကံကောင်းစွာနဲ့ ဘုရင်မင်းမြတ်က တိုက်ရိုက် ပြောလာသည်။
“ကိုယ်တော် မောင်မင်းကို ဒီနေ့ဒီကိုခေါ်တာက မေးခွန်းကို ရှင်းရှင်းလင်းလင်း မေးဖို့ပဲ။ မတွန့်ဆုတ်ဘဲ အမှန်တရားကိုပဲ ပြောပါ”
ယောက်ကျွင်းလျန်မှာ ရွေးချယ်စရာမရှိတော့ပဲ သဘောတူလိုက်ရသည်။
ထို့နောက် သူက ထပ်ပြောလိုက်သည်။
“အရှင်မင်းကြီး မသိလို့ပါ။ အဲဒီရူယိဖန်က လေးနက်တဲ့နေရာ မဟုတ်ပါဘူး။ အထဲမှာက….ကောင်တီအရှင်ကို မြှူဆွယ်နေတဲ့ ယောက်ျားတစ်ယောက် ရှိပါတယ်။ချန်…..ချန်က သာမန်ယောက်ျားတစ်ယောက်ပါ။ ဘယ်လိုလုပ်ပြီး ဒါကို ခံနိုင်ရည် ရှိမှာတဲ့လဲ အဲဒါကြောင့် ဒေါသထွက်ပြီး လူကို ရိုက်နှက်လိုက်မိတာပါ”
ဘာ။
ထိုစကားတွေ ထွက်လာသည်နှင့် ခန်းမထဲက လူတိုင်းက ကြက်သေ သေသွားတော့သည်။
တော်ဝင်မင်းသမီးကြီးက မယုံကြည်နိုင်စွာနဲ့ မေးလာသည်။
“ဘာပြောလိုက်တယ်။ ရူယိဖန်က ဘယ်နားမှာလဲ”
ယောက်ကျွင်းလျန်က တင်းမာနေတဲ့ မျက်နှာထားနဲ့ ပြောလာသည်။
“ဒီသားမက်ဖြစ်သူက အဲဒါတော့ မပြောနိုင်ပါဘူး။ အဲဒါကြောင့် ကောင်တီအရှင်ကို မေးတာပဲ ပိုကောင်းပါလိမ့်မယ်”
တော်ဝင်မင်းသမီးကြီးက သူမသမီးကို ထပ်ကြည့်လိုက်ကာ စိတ်ရှုပ်ထွေးစွာနဲ့ ပြောလာသည်။
“မြန်မြန်လေး ပြောစမ်း”
အန်းခန်းကောင်တီရဲ့ အကြီးအကဲက ငိုကြွေးနေပြီးဖြစ်ကာ ရှိုက်နေပေသည်။
“အဲဒါက အစတုန်းက လက်ဖက်ရည် သောက်ပြီး ပျော်ပါးတဲ့နေရာပါ။ ဒါပေမဲ့ ယောက်ျားတချို့က စောင်းတီးနိုင်ပြီး ဂီတကို တီးခတ်နိုင်ကြတယ်။ကိုယ်နဲ့လည်း စကား ပြောပေးနိုင်ကြတယ်….”
ကျန်တာကို သူမဘာသာ ဆက်မပြောနိုင်တော့ပေ။
သို့သော် ခန်းမထဲက လူတိုင်းက နားလည်ပြီးသားပင်။ ပြီးတော့ သူတို့အားလုံးက တစ်ခဏလောက် ရှုပ်ထွေးနေတဲ့ အမူအရာတွေ ပြသလာကြသည်။
ဧကရီမယ်တော်ကြီး [ဘာ။မြို့တော်မှာ ဒီလိုနေရာမျိုး ရှိတယ်လား။အခုအိုက်ကျားက တကယ်ပဲ ရှာတွေ့သွားတာလား!]
ယွီဝိန်းလန် “…..”
ဧကရီမယ်တော်ကြီးက လေသံကို နားထောင်ပြီးနောက်မှာ သွားဖို့…စီစဉ်နေတာလား။
မင်းသမီးသာ့ချန်း [မြို့တော်မှာ ဒီလိုနေရာမျိုး ရှိတယ်လား။ ဒီမိန်းကလေးက အဲဒီနေရာမှာ ဘာလုပ်နေတာလဲ။ ပြီးတော့ ခင်ပွန်းဖြစ်သူကတောင် ဖမ်းမိသွားသေးတယ်]
သားမက်အကြီးဆုံး[ဒါ ဒါက ဆိုလိုတာက အဲဒီမှာ ယောက်ျားလေးပြည့်တန်ဆာတွေ ရှိတယ်လို့ ဆိုလိုတာလား။ကျစ် ကျစ် ကျစ် ဒါက ကမ္ဘာကြီးကိုတောင် ပြောင်းပြန်လှန်စေနိုင်တာပဲ။ အဓိပ္ပာယ်မရှိလိုက်တာ]
ယန်ရှုက အန်းခန်းကောင်တီအောက်တရားသူကြီးအတွက် တိတ်တဆိတ်နဲ့ ကျစ် ကျစ်ဟု လုပ်လိုက်ကာ ဒါကတကယ့်ကို သေကွင်းသေကွက်ပဲ….။
သူမရဲ့ကျစ်သပ်မှု မပြီးခင်မှာတင် တော်ဝင်မင်းသမီးကြီးက သူမသမီးကို ကြေကွဲဆို့နင့်စွာနဲ့ မေးလာတာကို တွေ့လိုက်ရသည်။
“နင်သာ အဲဒီနေရာက အဲ့လိုနေရာမျိုးဆိုတာကို သိနေရင်လည်း ဘာလုပ်ဖို့ အဲဒီကို သွားနေသေးတာလဲ”
အန်းခန်းကောင်တီအရှင်က ဆက်လက်ငိုကြွေးနေကာ
“သမီးက အစတုန်းက အဲဒါကို မသိခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီကို သွားပြီးနောက်မှာမှ သိသွားတာပါ…။ သမီး ဘာမှမလုပ်ခဲ့ပါဘူး။ အတိတ်တုန်းက လက်ဖက်ရည် အနည်းငယ်ပဲ သောက်ခဲ့တာပါ။ တကယ်ပဲ ဘာမှမလုပ်ခဲ့ပါဘူး….”
ယန်ရှုက မတတ်နိုင်ဘဲ ကျစ် ကျစ်ဟု ထပ်လုပ်လိုက်ကာ-အဲဒါက ယောက်ျားတစ်ယောက် ဆောင်ကြာမြိုင်ထဲ ဝင်သွားတာနဲ့ အတူတူပဲလေ။ တစ်ခါဝင်သွားတာနဲ့ ဆေးကြောလို့ မရတော့ဘူး။ တကယ်ပဲ ဘာမှမလုပ်ခဲ့ဖူးဆိုရင်တောင် ဘယ်သူကမှ ယုံမှာ မဟုတ်တော့ဘူး”
…..
106 05
သို့သော် တော်ဝင်မင်းသမီးကြီးက သူမရဲ့သားမက်ဖြစ်သူ ယောက်ကျွင်းလျန်ကို ပြောလိုက်သည်။
“သူမက ဘာမှမလုပ်ဘဲ လက်ဖက်ရည်ခွက် အနည်းငယ်ပဲ သောက်ခဲ့ရုံပဲဆိုတော့ ဒီကိစ္စက နားလည်မှုလွဲနေတာပဲ ဖြစ်ရမယ်။ မင်းက အရမ်း ဒေါသထွက်မနေနဲ့တော့”
ယန်ရှု “….”
သေချာပေါက်ပဲ ယောက္ခမက ယောက္ခမပါပဲ။ သူ့ရဲ့ မိခင်အရင်းမှ မဟုတ်တာ သူမက သူမရဲ့ကိုယ်ပိုင်ကလေးအကြောင်းကိုပဲ စဉ်းစားမှာပေါ့….။
အန်းခန်းကောင်တီအရှင်က တကယ်ပဲ ဘာမှမလုပ်ခဲ့ဘူးဆိုရင်တောင် အဲဒါကို တွေးနေတာပင် ကောင်တီတရားသူကြီးက ဒေါသမထွက်ဘဲ နေပါ့မလား။
သေချာပေါက်ပဲ ယောက်ကျွင်းလျန်က ဒေါသထွက်နေကာ ထိုစကားတွေကို ကြားချိန်မှာတော့ ချက်ချင်းပဲ ခွန်းတုံ့ပြန်ပြောလိုက်သည်။
“အမေ မမြင်လို့ပါ။ ဒီသားမက်သာ နည်းနည်းနောက်ကျသွားရင် သူမက လက်ဖက်ရည်တင် သောက်မှာ မဟုတ်ဘူး…။ဒီသားမက် ဘာအမှားများ လုပ်ခဲ့လဲဆိုတာကို မသိပါဘူး။ အမေသာဆို ကောင်တီအရှင်ကို ဖျော်ဖြေရေးအတွက် အဲ့လိုနေရာမျိုးကို သွားခိုင်းမလား။ ပြီးတော့ အဲဒီက ယောက်ျားတွေအားလုံးက သူမက ကောင်တီအရှင်ဆိုတာကို သိနေကြတယ်။ ဒီသားမက်ရဲ့မျက်နှာကို ဘယ်နားမှာ သွားထားရမှာပါလဲ”
ထိုမြင် ကွင်းကို တွေ့တဲ့အခါ ဧကရီမယ်တော်ကြီးက သည်းမခံနိုင်တော့ဘဲ စိတ်မှာ ကျစ် ကျစ်ဟု လုပ်လိုက်သည်။
[ဒီမိန်းကလေးအန်းခန်းက အရမ်းကို ဝံ့ကြွားလွန်းတယ်။ တိတ်တိတ်လေး သွားတာမဟုတ်ဘူး။ တခြားသူတွေကိုတောင် သူမက ကောင်တီအရှင်ဆိုတာကို ပေးသိလိုက်သေးတယ်]
ယွီဝိန်းလန် “….”
တိတ်တိတ်လေး သွားရဲရင်ရော အဆင်ပြေတယ်တဲ့လား။
သားမက်ဖြစ်သူ ပြောလိုက်တဲ့စကားကြောင့် သီးသွားပြီး သူမက တစ်ခဏလောက် ဘာပြောရမလဲ မသိတော့ပေ။ ဒေါသတကြီးနဲ့ တော်ဝင်မင်းသမီးကြီးက သူမရဲ့သမီးဆီကို ခြေလှမ်းအနည်းငယ်နဲ့ လျှောက်သွားလိုက်ပြီး သူမရဲ့လက်ကို ဆန့်ထုတ်လိုက်တော့သည်။
“အဲဒီသွားပြီး နင်က ဘာလုပ်မယ်လို့ တွေးနေတာလဲ။ အဲဒီစေးကပ်နေတဲ့ ယောက်ျားတွေနဲ့ နီးကပ်တယ်ဆိုတာနဲ့တင် နင့်ရဲ့နာမည်ကို မဆုံးရှုံးနိုင်စေဘူးလား”
အန်းခန်းကောင်တီအရှင်က ပိုလို့တောင် သည်းထန်စွာ ငိုကြွေးလာပြီး
“သမီးကို အကြီးဆုံးမင်းသမီးကြီး ခေါ်သွားခဲ့တာပါ။ သမီးက လက်ဖက်ရည်ဆိုင်လို့ ထင်ခဲ့ပေမဲ့ တံခါးဖွင့်လိုက်တော့…..”
လူတိုင်းက ထိုစကားတွေကိုကြားသည့်အခါ ကြက်သေ သေသွားကြတော့သည်။
အကြီးဆုံးမင်းသမီးကြီးက သူမကို အဲဒီကို ခေါ်သွားတာလား။
ပြောရမယ်ဆိုရင် အကြီးဆုံးမင်းသမီးကြီးကလည်း သွားတာလား။
ထိုအချိန်မှာပဲ ယောက်ကျွင်းလျန်က ကြေကွဲဆို့နင့်နေတဲ့ အသံနဲ့ပြောလာသည်။
“ဘယ်သူက ခေါ်သွားတာပဲ ဖြစ်ပါစေ။ နောက်ပိုင်း ဘာဆိုတာကို ရှာတွေ့သွားတာတောင် သွားနေတုန်းပဲလေ”
အန်းခန်းက ဆက်လက် ငိုကြွေးနေပြီး
“ကျွန်မက ဘာလို့ သွားပဲသွားချင်နေရတာလဲဆိုတာကို မသိဘူး…။ဒါပေမဲ့ ကျွန်မက လက်ဖက်ရည်သောက်တာနဲ့ ဂီတသံကို နားဆင်တာကလွဲရင် တကယ်ဘာကိုမှ မလုပ်ခဲ့ဘူး။ ဒီနေ့ အဲဒီလူက ကျွန်မကို ထိချင်နေတော့တောင် ကျွန်မက သူ့ကို ပါးရိုက်လိုက်သေးတယ်”
ယောက်ကျွင်းလျန်က နှာမှုတ်လာသည်။
“ဒါပေမဲ့ ကောင်တီအရှင်သာ အဲဒီကို မသွားရင် ဒီလိုကိစ္စမျိုး ဘယ်လိုလုပ်ပြီး ဖြစ်ပါ့မလဲ”
အန်းခန်းက ပြောစရာစကား မဲ့သွားကာ ထပ်ပြီး ငိုကြွေးလာပြန်သည်။
သို့သော် ယန်ရှုက သူမရဲ့နှလုံးသားထဲမှာ တွေးဆနေပေသည်။
အန်းခန်းကောင်တီအရှင် ပြောတာက အဲဒီကို တစ်ခါသွားပြီးတာနဲ့ မတတ်နိုင်ဘဲ ထပ်သွားချင်နေတယ်တဲ့လေ…..။
106 06
ကျစ် ကြည့်ရတာ သူမကလည်း အဲဒီ နူးညံ့တဲ့အချစ်ဆိုတဲ့ ဆေးထဲ ကျဆင်းသွားတာလား။
စစ်စတန် [အမှန်ပဲ အန်းခန်းကောင်တီအရှင်ကလည်း ပစ်မှတ်ကြီးပဲ]
ယန်ရှုက ရုတ်တရက် သိသွားတော့သည်။
အမှန်ပဲ။ ဒီယောင်ကောင်တီက မြို့တော်က အစောင့်ပေါင်း ဒါဇင်ချီရှိတဲ့ကျင်းဝေ့ရဲ့ အတွင်းရေးလက်ထောက်ပဲ။ ဒီသူလျှိုက အန်းခန်းကောင်တီအရှင်ကနေတစ်ဆင့် မြို့တော်ရဲ့ ကာကွယ်ရေးလျှို့ဝှက်ချက်တွေကို ရချင်နေတာပဲ ဖြစ်ရမယ်။ အဲ့တော့ သူမကိုလည်း အဆိပ်ခတ်လိုက်တာပေါ့!
စစ်စတန် [အဲဒါက ဘာဖြစ်ခဲ့တာလဲဆိုတာပဲ]
ဒီကိစ္စက အတော်လေး အရေးကြီးပေသည်။ ယန်ရှုက ထပ်မံတွေးဆလိုက်ပြီး အန်းခန်းအရှင်က ထိုဘဲလေးတွေနဲ့ ဘာမှမလုပ်ရသေးပေ၊ အဲဒီတော့ တစ်ဖက်လူက လျှို့ဝှက်ချက်တွေကိုရဦးမှာ မဟုတ်သေးဘူး ဆိုတော့ ဒီနေ့အောက်ရုံးတရားသူကြီး ရိုက်လိုက်တာလည်း ကောင်းတာပဲ။ ဧကရာဇ်က ဒီကိစ္စကို အက်ရာအနေနဲ့ သုံးပြီး ဂရုတစိုက် စစ်ဆေးပြီးတဲ့ အချိန်ကျရင် အဲဒီသူလျှိုတွေကို ရှာတွေ့ဖို့က နောက်မကျသေးဘူး။
တစ်ဖက်မှာတော့ သမီးဖြစ်သူ ပြောတာကို ကြားလိုက်ရချိန်မှာ မင်းသမီးကြီးက ဒီပြဿနာဟာ အလှည့်အပြောင်းရှိမယ်လို့ ခံစားလိုက်ရပြီး ချက်ချင်းပဲ သူမသားမက်ဖြစ်သူကို ကူညီပြီး ပြောပေးလာသည်။
“ကြည့်ရတာ အဲဒီဆိုင်က လူတွေက တကယ်ကို စိတ်ကြီး ဝင်လွန်းနေပုံပဲ။ကောင်တီအရှင်ဆိုတာကို သိနေတာတောင် ထိရဲတယ်ပေါ့လေ။ ကျွင်းလျန် ဒီနေ့လုပ်တာ ကောင်းတယ်”
******
107 01
အပိုင်း(၅၁.၂)
ဘေးဘက်က ခင်ပွန်းဖြစ်သူကလည်း သံယောင်လိုက်လာသည်။
“အမှန်ပဲ အဲ့လိုအရှက်မရှိတဲ့လူမျိုးကို လူတိုင်းက ဖယ်ကြဉ်ထားသင့်တယ်!”
ယန်ရှု “…”
ကြည့်ရတာ ဒီစုံတွဲအိုကြီးက သူတို့ရဲ့သားမက်ဖြစ်သူ ယောင်ရှန်းမာကို အတော်လေး ကျေနပ်နေကြတဲ့ပုံပဲ။
စစ်စတန် [သေချာတာပေါ့ ယောင်ရှန်းမာရဲ့ကိုယ်ခံပညာစာမေးပွဲက အစကတည်းက သူ့ဘာသာ ဖြေဆိုထားတာ။ နောက်ပိုင်းကျ ကျင်းဝေ့စီရင်စုက အရာရှိရာထူးကိုလည်း သူ့ဘာသာ ရယူထားတာလေ။ သူက အနှောက်အယှက်မရှိဘဲ သန်မာကာ ကလေးတွေအတွက် ကောင်းတယ်လေ။ ကျောက်ချန်းဝမ်လို နူးညံ့တဲ့ဆန်ကိတ် မဟုတ်ဘူး။ အများကြီး ပိုကောင်းတယ်။ အဲဒီတော့ ယောက္ခထီးနဲ့ ယောက္ခမတွေက မကြိုက်ဘဲ နေပါ့မလား။]
ဒါလည်းပဲ ကျစ်...
ယန်ရှုက သူမဘာသာ တွေးလိုက်သည်။ အန်းခန်းအရှင်ရဲ့တုံ့ပြန်ပုံကို ကြည့်ရမယ်ဆိုရင် သူမရဲ့ယောက်ျားအပေါ် ခံစားချက်တွေ ရှိနေဆဲဖြစ်ပြီး ဆေးခန်ခံလိုက်ရတာပဲ ဖြစ်မယ်….။အခုတော့ အားလုံးက ယောင်ရှမ်းမာအပေါ် မူတည်သွားပြီ သူသာ သည်းခံနိုင်မယ်ဆိုရင် သူတို့ဆက်ပြီး ပေါင်းသင်းလို့ရတယ်။
သို့သော် စစ်စတန်က ပြောလာသည်
[အခုက သူတို့နှစ်ယောက်ကြားက ပြဿနာတင်မကဘူး။ ခြေကျိုးနေတဲ့ ဘဲလေးကို အရာရှိတွေဆီ တရားစွဲဖို့ ခေါ်လာတဲ့ ရူယိဖန်ပါ ပါတယ်။ အခုကြီးကျယ်တဲ့ ကိစ္စဖြစ်အောင် လုပ်နေပြီး မြို့တော်တစ်ခုလုံးကို သိစေဖို့ ရည်ရွယ်နေတယ်..]
ယန်ရှုက နားမလည်ပေ။
[ဒီကိုကိစ္စမျိုးကို ဘယ်လိုလုပ်ပြီး လုပ်ရတာလဲ။ ဒီလိုကိစ္စကြီးဖြစ်အောင် ဘယ်လိုလုပ်ပြီး လုပ်ဝံ့တာလဲ။]
စစ်စတန် [ဘာလို့လဲဆိုတော့ ဥပဒေက ယောက်ျားတွေကို ဘဲလေးတွေအဖြစ်ကနေ တားမြစ်မထားလို့ဘဲ။ ကိစ္စကြီးသာရှိမယ်ဆိုရင် လူထုကိုဖြန့်ဝေဖို့ အခွင့်အရေးယူနိုင်တယ်။ သေချာပေါက် ဒီအချိန်မှာပဲ ရေနောက်ထဲကနေ ငါးဖမ်းဖို့ ကြိုးစားနေတဲ့ လူတချို့လည်း ရှိသေးတယ်။ ပြီးတော့ ကိစ္စကြီးကို ဖြစ်စေချင်နေတာပဲ]
ကိစ္စကြီးဖြစ်အောင် လုပ်နေတယ်။
ယန်ရှုဟာ ဒီသူလျှိုတွေပဲထပ်ဖြစ်နေရမယ်ဆိုတာကို နားလည်သွားသည်။
သူတို့တွေက ကောင်တီအရှင်ကို ထိခွင့်ရဖို့ အခွင့်အရေးရှာပြီး လူထုကို တမင်သက်သက် ရှုပ်ထွေးစေကာ အမှန်တရားကို မသိတဲ့လူတွေအတွက် ကိစ္စတွေကို လှုံ့ဆော်ပေးနေတယ်။
အဆုံးမှာတော့ ကောင်တီအရှင်အပြင် ဒီကိစ္စမှာ အကြီးဆုံးမင်းသမီးကြီးလည်း ပါဝင်သည်။ ဒါဟာ တော်ဝင်မိသားစုရဲ့မျက်နှာကို အတော်လေး ပူပန်နေရတယ်လို့ ပြောလို့ရပေသည်။
အနောက်ပိုင်းက ဒီသူလျှိုတွေက အတော်လေး ကောင်းကောင်းလုပ်ခဲ့တယ်လို့ ပြောလို့ရတယ်
ဟေး ဒီအကြီးဆုံးမင်းသမီးကြီး ယွီဝိန်းယန်က ဘာမှမလုပ်နိုင်တဲ့အပြင် သူ့မိသားစုကိုပါ ပြန်ဆွဲထားနေသေးတယ်။
သို့သော် တွေးကြည့်နေချိန်တွင် နန်းတော်အပြင်ဘက်ကနေ တစ်ယောက်ယောက် သတင်းပို့လာသံကို ကြားလိုက်ရသည်။
“မင်းသမီး ကျွန်မကိုတွေ့ခွင့်ပြုပါ”
လူတိုင်းက နင်သွားကြတော့သည်။
ဒီအချိန်မှာ ယွီဝိန်းယန်က ဘာလုပ်နေတာလဲ။
ဘုရင်မင်းမြတ်ကသာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ဝင်လာခဲ့”
တံခြးအပြင်ဘက်ကနေ ဖြစ်သင့်သည်။
တစ်ခဏကြာပြီးနောက် အကြီးဆုံးမင်းသမီးကြီး ယွီဝိန်းယန်က လှမ်းဝင်လာသည်။
တော်ဝင်မင်းသမီးကြီးရဲ့မိသားစုက သူမကို မုန်းတီးနေတဲ့အတွက် ထိုအချိန်မှာ သူတို့အားလုံးက သူမကို လှည့်ကြည့်လာကြသည်။
ဧကရီမယ်တော်ကြီးကလည်း သူမကို တစ်ချက်ကြည့်လိုက်ပြီး အရမ်းကို ဝမ်းနည်းသွားတော့သည်။
107 02
ယွီဝိန်းလန်ကသာ မည်သည့်ပျော်ရွှင်မှု ဒေါသကိုမှ မပြဘဲ
“ကိုယ်တော်က အစ်မတော်ကို မေးခွန်းတစ်ခု မေးမလို့ပါ”
သို့သော် ယွီဝိန်းယန်က ပြောလာသည်။
“နားလည်ပါတယ်။ အရှင်မင်းကြီးက ရူယိဖန်အကြောင်းကို မေးချင်နေတာပဲ ဖြစ်ရမယ် ဟုတ်တယ်မလား”
ထိုစကားတွေ ထွက်လာသည်နှင့် လူတိုင်းက ထပ်ပြီးတော့ ကြက်သေ သေသွားတော့သည်။
သူမက ဒီကို လက်ဦးမှုယူပြီး အခြေအနေကို ရှင်းပြမလို့လား။
သို့သော် ဘုရင်မင်းမြတ်က ‘အိုး’ ဟု ပြောလိုက်ကာ
“အကြီးဆုံးအစ်မတော်က သိနေပြီးသားပဲ”
ယွီဝိန်းယန်က ပြောလာသည်။
“အခုအချိန်မှာ မြို့တော်က လေတွေမိုးတွေနဲ့ ပြည့်နှက်နေတာလေ။ လူတိုင်းကလည်း ရန်လုံလမ်းမှာ အောက်ရုံးတရားသူကြီးယောင်ရဲ့ တစ်ဖက်လူကို သေလုအောင်ထိ ရိုက်လိုက်တဲ့ကိစ္စကို ဆွေးနွေးနေကြတာလေ။ အဲဒီတော့ မသိဘဲ နေပါ့မလား”
သူမရဲ့လေလုံးထွားနေတဲ့ အသွင်အပြင်ကို မြင်လိုက်ပြီးနောက် ဧကရီမယ်တော်ကြီးက သူမရဲ့စိတ်ရှည်မှုကို ပျောက်ဆုံးသွားပြီး ရိုးရိုးရှင်းရှင်းပဲ မေးလိုက်သည်။
“အခု မင်းလည်း သိနေပြီဆိုမှတော့ အဓိပ္ပာယ်မရှိတာတွေ ပြောနေစရာ မလိုတော့ဘူးဘဲ။ အန်းခန်းရဲ့ခင်ပွန်းဖြစ်သူက အန်းခန်းကို တစ်ယောက်ယောက်က ကိုယ်ထိလက်ရောက် စော်ကားတဲ့အတွက် ရိုက်နှက်လိုက်ရတာပါလို့ ရှင်းပြလာတယ်။ ပြောတာတော့ ရူယိဖန်ကို ခေါ်သွားတဲ့သူက နင်တဲ့လေ။ နင်က အန်းခန်းကို ခေါ်သွားတာလား”
သို့သော် ယွီဝိန်းယန်က အရမ်းကို တည်ငြိမ်စွာနဲ့ ခေါင်းညိတ်ပြကာ
“ဧကရီမယ်တော်ကြီးကို လျှောက်တင်ပါတယ်။ အဲဒါကအမှန်ပါပဲ”
ထိုမြင်ကွင်းကိုတွေ့တဲ့အခါ ဧကရီမယ်တော်ကြီးပင် ဘာမှမပြောနိုင်ခင်မှာပဲ တော်ဝင်မင်းသမီးကြီးက မနေနိုင်ဘဲ ပြောလာသည်။
“ဘာလို့ အန်းခန်းကိုအဲ့လိုနေရာမျိုးကို ခေါ်သွားတာလဲ”
ယွီဝိန်းယန်က ပြောလိုက်သည်။
“အဲ့နေ့က ဘာမှလုပ်စရာလည်း မရှိတာနဲ့ သူမကို အဲဒီမှာ ထိုင်ရအောင်လို့ ခေါ်သွားတာပါ။ အဲဒါက ဖျော်ဖြေရေးနေရာတစ်ခုပါ။ အန်းခန်း ဘာမှမလုပ်ခဲ့တာကို မပြောနဲ့ဦး။ ဘာလို့ဒေါ်လေးက အရှုပ်တွေဖြစ်အောင် လုပ်ရမှာလဲ။ ယောက်ျားတစ်ယောက်က ဆောင်ကြာမြိုင်ကို သွားနိုင်တယ်ဆိုမှတော့ မိန်းမတစ်ယောက်ကရော ရူယိဖန်ကို ဘာလို့သွားလို့မရမှာလဲ…..”
“နင်….”
ထိုစကားတွေ ထွက်လာသည်နှင့် မင်းသမီးကြီးနဲ့ သူ့မိသားစုက ဒေါသပုန် ထသွားတော့သည်။
သို့သော် ငြင်းဆန်ဖို့ သူမရဲ့ပါးစပ်ကို မဖွင့်နိုင်ခင်မှာပဲ ယွီဝိန်းယန် ထပ်ပြောလာတာကို ကြားလိုက်ရသည်။
“ဒီအရာတွေ အားလုံးက အခုချိန်မှာ အရေးကြီးနေတာ မဟုတ်ပါဘူး။ အရေးကြီးကိစ္စက ယောက်ကျွင်းလျန်ရဲ့ရိုက်နှက်တဲ့ဖြစ်ရပ်က ဒီလိုမျိုးဖြစ်လာပြီ ။အဲဒါက တော်ဝင်မိသားစုရဲ့ မျက်နှာကို ထိခိုက်လာမှာကိုပဲ စိုးပါတယ်”
အိုး သူမက တော်ဝင်မိသားစုရဲ့မျက်နှာအကြောင်းကို သိသေးတယ်လား။
လူတိုင်းက ဒေါသတကြီးနဲ့ ရယ်မောမိတော့မလိုပင်။
ယွီဝိန်းလန်က သူမကို ထပ်မေးလိုက်သည်။
“ဒါဆို အစ်မတော်ပြောသလိုဆို ကိုယ်တော်က အခုဘာလုပ်သင့်လဲ”
ယွီဝိန်းယန်ကပြောလိုက်သည်။
“သေချာပေါက်ပဲ အမှားလုပ်ထားတဲ့ဘယ်သူမဆို ထွက်လာပြီးတော့ ဝန်ခံရမှာပေါ့။ ဒါကညဧကရာဇ်က ဥပဒေကိုချိုးဖောက်လိုကိပြီး သာမန်လူတွေက တူညီတဲ့ပြစ်မှုကို အပြစ်ရှိစိတ်ဝင်နေရတယ်လို့ ဆိုလိုတာပဲမလား။ ယောက်တရားသူကြီးက တစ်ယောက်ယောက်ကို ရိုက်တယ်ဆိုမှတော့ ကျင်းကျောင်းစံအိမ်ကိုပဲသွားပြီး ဆုံးဖြတ်ခိုင်းလိုက်ပါ”
ကောင်းတဲ့အရာတစ်ခုက အမှားလုပ်တဲ့ဘယ်သူကိုမဆို ဝန်ခံခိုင်းတာပဲ။
တော်ဝင်မင်းသမီးကြီးနဲ့ သူမမိသားစုက သွေးအန်တော့မလိုပင်။
107 03
ယောက်ကျွင်းလျန်က ဒေါသူပုန်ထသွားရပြီး ဘုရင့်ဆီကို ထပ်ပြီး ဒူးထောက်ချလာသည်။
“အရှင်မင်းကြီး တစ်ယောက်ယောက်ကို ရိုက်နှက်ခဲ့တာက ဒီဝန်ကြီးပါ။ ကျွန်တော်မျိုးက ဥပဒေအတိုင်းစီရင်ခံရဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော်မျိုးကို ကောင်တီအရှင်နဲ့ စေ့စပ်ညှိနှိုင်းခွင့်ပြုပါ။ ဒါမှ တော်ဝင်မိသားစုရဲ့မျက်နှာကို မထိခိုက်စေမှာပါ”
ထိုစကားတွေ ထွက်လာသည်နှင့် အန်းခန်းကောင်တီအရှင်က ခေါင်းရမ်းကာ ထပ်ပြီး ငိုကြွေးလာသည်။
“မဟုတ်ဘူး မဟုတ်ဘူး။ ကျွန်မရှင်နဲ့ လမ်းမခွဲနိုင်ဘူး”
သူမရဲ့မိခင်ဖြစ်သူ တော်ဝင်မင်းသမီးကြီးကလည်း စိတ်မရှည်ဖြစ်ကာ အလျင်အမြန် ပြောလာသည်။
“ဒီကိစ္စကို ပြန်လည်ညှိနှိုင်းဖို့ လိုအပ်နေသေးလို့လား။ ပြီးတော့လည်း သူတို့တွေကသာ လက်ထပ်ထားပြီးသား အမျိုးသမီးကို အရင်ဆုံးလာပြီး မြှူဆွယ်တာလေ။ ကမ္ဘာပေါ်က ဘယ်ယောက်ျားက သည်းခံနိုင်မှာတဲ့လဲ။ ဒါကလူ့သဘာဝ မဟုတ်လား”
အန်းခန်းကောင်တီရဲ့ဖခင်ဖြစ်သူနဲ့ ခင်ပွန်းတို့ကလည်း စိတ်ရှုပ်ထွေးစွာ ပြောလာသည်။
“အဲဒီရူယိဖန်က လုံးဝကို ရှိမနေသင့်ဘူး။ ဒီလိုအရှက်မရှိတဲ့နေရာမျိုးက ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ”
သို့သော် ယွီဝိန်းယန်က နှာမှုတ်ကာ မဲ့ပြုံးတစ်ခုနဲ့ ပြောလာသည်။
“ဦးရီးတော် ပြောသလိုဆို ကမ္ဘာပေါ်မှာလဲ ဆောင်ကြာမြိုင်တွေက နေရာတိုင်းမှာ ရှိနေတာပဲလေ။ ယောက်ျားတွေမှာကျ ကစားဖို့နေရာရှိပြီး မိန်းမတွေကကျ ဘာလို့မရတာလဲ”
ထိုသားမက်အိုကြီးဟာ သီးသွားပြီး သူမကို မျက်လုံး လှိမ့်ပြမိတော့မလိုပင်။
ဧကရီမယ်တော်ကြီးက နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ ပြောလာသည်။
“ဒါက ဒီလိုဆိုပေမဲ့လည်းကမ္ဘာပေါ်က ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် သူတို့တွေက သိက္ခာရှိရမယ်။ မင်းမှာက အခုခင်ပွန်းမရှိပေမဲ့ အန်းခန်းတို့စုံတွဲက ကောင်းကောင်းမွန်မွန် နေနေကြတာ ဘာလို့သူမကိုခေါ် သွားရတာလဲ။ ဘာလုပ်ဖို့လဲ”
ယွီဝိန်းယန်က သူမနဲ့မဆိုင်သလိုဘဲ လုပ်နေသေးကာ ပြောလာသည်။
“အာ့ချန်က သူမကိုခေါ်မသွားရင်တောင် နောက်ကျ သွားမှာပဲ မဟုတ်လား။ ဒီတစ်ခေါက်မှာ အဲကို သွားဖို့ပြောတာက အာ့ချန်မဟုတ်ဘူးလေ ဟုတ်တယ်မလား”
လိမ္မာရိုးသားနေတဲ့ ယန်ရှုက သူမနှလုံးသားထဲမှာ ပြောလာသည်။
[အဲဒါက ဘာလို့လဲဆိုတော့ သူမက ဆေးခတ်ခံလိုက်ရပြီး မသိခဲ့လို့လေ ရှင်ကရော!]
ကျစ် ဒီရူးနေတဲ့အစ်မကြီးက ထပ်ခါ ထပ်ခါသစ္စာဖောက်ခံနေရပြီးတာကို အခုထိ သင်ခန်းစာ မရသေးဘူး။
ဒီနေ့မှာတောင် လူတိုင်းကို သူမလျှာနဲ့လည်ပင်းနဲ့ တိုက်ခိုက်နေသေးတယ်။ သူမကို လေးစားရမလား ရယ်ရမလားတောင် မသိတော့ဘူး ။
ကြည့်ရတာ အိမ်မှာလည်း အဲ့လိုပဲ ကျင့်သားရနေတဲ့ပုံပဲ။
သို့သော် ထိုသို့ပြောလိုက်လျှင် ထိုတစ်ဖက်သတ်အချစ်သာ မျက်နှာပြင်ပေါ်မှာ ပေါ်မလာလျှင် ယောင်ရှန်းမာက သေချာပေါက် ကောင်းကျိုးမရတဲ့ဘက်မှာ ရှိနေပေလိမ့်မည်။
ထို့ကြောင့် မင်းသမီးနဲ့ ကောင်တီအရှင်ကို ရူယိဖန်က ဆေးခတ်တယ်ဆိုတဲ့ ချိုးဖြတ်ရမဲ့ နည်းလမ်းတစ်ခုသာ ရှိပေသည်။
နှမြောစရာက သူမကဒီနေ့ဖရဲသီးစားဖို့ စောင့်နေတဲ့အတွက် ဧကရာဇ်ကို သတိပေးဖို့ မေ့သွားခဲ့သည်ပင်။
ဒါကိုတွေးလိုက်ပြီးနောက် ယန်ရှုက သူမဘာသာအပြစ်မတင်ပဲ မနေနိုင်ပဲ သူမနှလုံးသားထဲမှာလည်း ဒီအချက်ကိုထောက်ပြဖို့ နည်းလမ်းတစ်ခုကို ဘယ်လိုစဉ်းစားရမလဲဆိုတာကို စိတ်ရှုပ်ထွေးစွာ တွေးနေပေသည်။
—ပြောမှပဲ အကြီးဆုံးမင်းသမီးကြီးက နေလို့မကောင်းပုံပေါ်လို့ သမားတော်နဲ့ပြကြည့်ပါလားလို့ အကြံပေးလိုက်ရမလား။
ဒါပေမဲ့ ဧကရာဇ်က ဒီမနက်တုန်းကပြောတော့တောင် သူမကအဲဒါကို အလေးအနက်မယူဘူး!
မမျှော်လင့်ထားစွာနဲ့ ထိုအချိန်မှာပဲ မင်းသမီးကြီးက ယိမ်းထိုးကာ မျက်ဖြူလန်သွားပြီး ရုတ်တရက်ပဲ မြေပြင်ပေါ်ကို လဲကျတော့မလိုဖြစ်သွားသည်။
ထိုသားမက်အိုကြီး အန်းခန်းကောင်တီအရှင်နဲ့ ယောင်ကျွင်းချန်တို့က လန့်သွားကာ အလျင်အမြန်ပဲ သူမကို ကူညီပေးလိုက်ပြီး လျင်မြန်စွာ အော်ခေါ်လိုက်သည်။
“မင်းသမီး ဘာဖြစ်လို့လဲ….”
107 04
ဧကရီမယ်တော်ကြီးက မျက်မှောင်ကြုတ်ကာ ပြောလာသည်။
“ဒါကဒေါသအထွက်လွန်သွားလို့လား”
ယွီဝိန်းလန်က ချက်ချင်းပဲ အမိန့်ပေးလိုက်သည်။
“မင်းသမီးကြီးရဲ့သွေးခုန်နှုန်းကို စမ်းသပ်ဖို့ တော်ဝင်သမားတော်ကိုဘာလို့ မပင့်သေးတာလဲ”
စကားပြောနေစဉ်မှာပဲ သူဟာ ဖုဟိုင်ကို မျက်လုံးမှိတ်ပြလိုက်သည်။
ဖုဟိုင်က စက္ကန့်အနည်းငယ်မှာပဲ နားလည်သွားပြီး ထိုက်သမားတော်ဆောင်ကို အလျင်အမြန်သွားတော့သည်။
သိပ်မကြာခင်မှာပဲ သူဟာ တော်ဝင်သမားတော်
တစ်ယောက်ကို ခေါ်လာတာအား တွေ့လိုက်ရပြီး
ထိုသူဟာ ကျန်းနျန်ချီကလွဲလို့ တခြားသူမဟုတ်ပေ။
ယန်ရှုက တွန့်သွားပြီး ဒါက သူမရဲ့ လုပ်နိုင်စွမ်းရှိပြီး ဖြောင့်မတ်စွာစကားပြောတဲ့ အထူးသီးသန့်သမားတော်မလား။
….ဖုဟိုင်က တစ်ယောက်ယောက်ကိုရှာတဲ့နေရာမှာ ဘာလို့တော်နေရတာလဲ။
ကျန်းယွီရိပင် အလေးမပြုနိုင်ခင်မှာပဲ ယွီဝိန်းလန်က အမိန့်ပေးလိုက်ပြီးဖြစ်သည်။
“သွားပြီးတော့ မင်းသမီးကြီးကို စစ်ကြည့်”
သမားတော်ကျန်းက ချက်ချင်းပဲတုံ့ပြန်လိုက်ပြီး မျက်ဖြူလန်နေတဲ့ အကြီးဆုံးမင်းသမီးကြီးဆီကို
အလျင်အမြန်လာပြီး သူမရဲ့သွေးခုန်နှုန်းကို စစ်ဆေးကာ သူမဘေးနားကလူတွေကို ပြောလိုက်သည်။
“မင်းသမီးကြီးက စိတ်ထိခိုက်သွားလို့ပါ”
သားမက်အိုကြီးက ချက်ချင်းပဲပြောလာသည်။
“မဟုတ်လား။ ငါဆိုလည်း စိတ်တိုလွန်းလို့ စကားတောင်မပြောနိုင်ဘူး”
သမားတော်ကျန်းက လူအုပ်ကို ပြောလာသည်။
“အရှင်မင်းသမီးက အလောတကြီးဖြစ်သွားလို့ တစ်ခဏလောက် မူးလဲသွားတာပါ ကျွန်တော်မျိုး ဆေးအနည်းငယ် တိုက်ကြွေးပြီးတာနဲ့ သူမကိုခဏလောက်အနားယူလိုက်ပါ ဒီရက်ပိုင်းအတွင်း ဒေါသမထွက်စေပါနဲ့”
ဧကရီမယ်တော်ကြီးက ပြောလိုက်သည်။
“ဒါဆိုလည်း မြန်မြန်လေးလုပ်လိုက်တော့လေ”
စကားပြောပြီးနောက် သူမဟာ ယွီဝိန်းယန်ကို ထပ်မံဆူပူလာသည်။
“ဘယ်လိုလုပ် မထူးခြားနားတဲ့ပုံနဲ့ နေနိုင်တာလဲ။ ကြည့်စမ်း နင့်ရဲ့ဒေါ်လေးက ဘယ်လောက်တောင် ဒေါသထွက်သွားလဲဆိုတာကို”
ယွီဝိန်းယန်က ဒါကိုသူစိတ်ထဲမှာ အလေးအနက်မထားပေမဲ့ သူမရဲ့ခေါင်းကို နာခံစွာ ညိတ်လိုက်ကာ ပြောလာသည်။
“ကောင်းပါပြီ ခွင့်လွှတ်ပေးပါ မယ်တော် သမီးနော်က အခုလေးတင် အနည်းငယ်မှားယွင်းသွားပါတယ်…..”
မမျှော်လင့်ထားစွာနဲ့ သူမစကားပြောလို့ မပြီးခင်မှာပဲ သူမကိုယ်တိုင်လည်း ယိမ်းထိုးသွားကာ မတ်မတ်မရပ်နိုင်လုနီးပါးပင်။
ထိုမြင်ကွင်းကိုတွေ့တဲ့အခါ ယန်ရှုက တွေးဆနေတော့သည်။
[ဘာတွေဖြစ်နေတာလဲ။ ကြည့်ရတာ အဲဒီဆေးက စပြန့်နေပြီလား။]
စစ်စတန်ကပြောလာသည်။
[မဟုတ်ဘူး ဘာလို့လဲဆိုတော့ ဒီတစ်ခေါက်
နန်းဆောင်မှာ ပိုင်ကျိုးရှန်းလို့ခေါ်တဲ့ အရာတစ်ခုရှိပြီး ရွမ်ချင်းစန်းနဲ့ တစ်ထပ်တည်းကျသွားတာ]
စမုန်ဖြူလား။
ယန်ရှုကပြန်တွေးကြည့်လိုက်သည်။
—သူမမှတ်မိသလောက်က ဧကရီမယ်တော်ကြီးက ဝူချန်းရှန်းကို အသုံးပြုသလိုပဲ
တစ်ခါတုန်းက သူမက အနံ့ကောင်းတယ်လို့
ထင်တဲ့အတွက် အဲဒါကို မေးကြည့်ခဲ့ဖူးသည်။
သို့သော် ဘေးဘက်မှာ ဧကရာဇ်က အကြီးဆုံးမင်းသမီးကြီးကို မေးမြန်းနေပေသည်။
107 05
“အစ်မတော်ကနေလို့မကောင်းဘူးလား”
ယွီဝိန်းယန်က ဆက်ပြီးထိန်းထားချင်နေဆဲပင်။
“အရှင်မင်းကြီးရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ် မနေ့က ကောင်းကောင်းအိပ်မပျော်ခဲ့လို့
ဖြစ်လောက်မယ်….”
သူမရဲ့စကားမဆုံးခင်မှာပဲ သူကထပ်ပြီးလှုပ်ရမ်းသွားသည်။
လူတိုင်းကကြောက်လန့်သွားတဲ့အတွက် သူတို့က သူမကိုကူညီပေးဖို့ အလျင်အမြန်
ပြေးသွားလိုက်ကြသည်။
ဒီလိုနဲ့ ယွီဝိမ်းလန်ကပြောလိုက်သည်။
“အစ်မတော် ထိန်းမထားပါနဲ့”
သူစကားပြောလိုက်ပြီး သမားတော်ကျန်းကို အမိန့်ပေးလိုက်သည်။
“အကြီးဆုံးမင်းသမီးကြီးနဲ့ ဆွေးနွေးတိုင်ပင်ပြီးရင် အဲဒါကို ကိုယ်တော်ပြောပြလိုက်ပါတော့မယ်”
ယန်ရှု “!!!”
အဲ့လိုမဟုတ်ဘူးလေ!!
သမားတော်ကျန်းက အကြီးဆုံးမင်းသမီးကြီးကို တစ်ချက်ကြည့်ကြည့်လိုက်တဲ့အခါမှာ သိမ်မွေ့မှုက ကျိုးပျက်သွားပြီဆိုတာကို မြင်နိုင်ပေသည်။
သို့သော်….
ဘယ်လိုလုပ်ပြီး ဒီလောက်တိုက်ဆိုင်ရတာလဲ။
ရွမ်ချင်းစန်းနဲ့သဟဇာတမဖြစ်တဲ့ ပိုင်ကျိုးရှန်းက ဒီနန်းဆောင်ထဲမှာ ဘာလို့ရုတ်တရက်ကြီး ပြောင်းသွားရတာလဲ။
ဒါကိုတွေးကြည့်လိုက်ချိန်မှာ ကျန်းယွီရိက ယွီဝိန်းယန်ရဲ့ဘေးကို ရောက်နေတာကို တွေ့လိုက်ရသည်။
ယွီဝိန်းယန်ရဲ့သွေးခုန်နှုန်းကိုစမ်းကြည့်ပြီးနောက် သမားတော်ကျန်းရဲ့မျက်ခုံးတွေဟာ တင်းကြပ်သထက် တင်းကြပ်လာတော့သည်။
ဧကရီမယ်တော်ကြီးက အလျင်အမြန်မေးလိုက်သည်။
“ဘာကိစ္စလဲ။ ဖြစ်နိုင်တာက အကြီးဆုံးမင်းသမီးကြီးက အတော်လေး နေမကောင်းဖြစ်နေလို့လား”
ကျန်းနျန်ချီက ပြောလာသည်။
“ဧကရီမယ်တော်ကြီးကို လျှောက်တင်ပါတယ် အကြီးဆုံးမင်းသမီးကြီးက…ကျွန်တော်မျိုးစိုးမိတာက အဲဒါကရောဂါမဟုတ်ပဲ အဆိပ်ခတ်ခံရတာ ဖြစ်နေမှာကိုပါ”
အဆိပ်ခတ်ခံရတယ်။
ထိုစကားတွေထွက်လာသည်နှင့် ခန်းမထဲကလူတိုင်းက အံ့အားသင့်သွားတော့သည်။
သို့သော် ထို့နောက်မှာပဲ အကြီးဆုံးမင်းသမီးကြီးကို စောင့်ကြပ်ပေးနေတဲ့ အန်းခန်းကောင်တီအရှင်ကလည်း ယိမ်းထိုးကာ လဲကျလုနီးပါးပင်။
ယန်ရှု “….”
ဒါက….
သူမကလည်း အဆိပ်ခတ်ခံရတာပင် ဆိုတော့ နန်းဆောင်ထဲက ပိုင်ကျိုးရှန်းအနံ့က တစ်ခုခုမှားနေတာပေါ့လေ။
သို့သော် ယွီဝိန်းလန်က ထပ်ပြီးအမိန့်ပေးလာသည်။
“ဒီကောင်တီအရှင်ကလည်း နေလို့မကောင်းဘူးလား။ ဒါဆိုလည်း ကောင်တီအရှင်ကို ထပ်ကြည့်ပေးလိုက်ပါ”
သမားတော်ကျန်းက နာခံလိုက်ကာ အန်းခန်းကောင်တီအရှင်ဆီကိုထပ်လာပြီး သူ့ရဲ့သွေးခုန်နှုန်းကို စစ်ဆေးကြည့်လိုက်သည်။
တစ်ခဏကြာပြီးနောက် သူကအနှစ်ချုပ်ကာ ပြောလိုက်သည်။
“အရှင်မင်းကြီးနဲ့ဧကရီမယ်တော်ကြီး အကြီးဆုံးမင်းသမီးကြီးနဲ့ကောင်တီအရှင်တို့က အဆိပ်ခတ်ခံထားရတာပါ အဆိပ်ကအမျိုးအစားအတူတူပဲ ဖြစ်ပါလိမ့်မယ်”
“ဘာ”
နန်းဆောင်ထဲကလူတိုင်းက ထိတ်လန့်အံ့အားသင့်သွားကြတော့သည်။
107 06
ထိတ်လန့်ပြီးနောက် ပထမဆုံးတုံ့ပြန်သည့်သူက ဧကရီမယ်တော်ကြီးပင်။
“သူတို့နှစ်ယောက်လုံးက အဲဒီ……ရူယိဖန်တိုတဲ့နေရာကို သွားခဲ့တာမလား။ အရှင်မင်းကြီး အဲ့မှာ တစ်ခုခုမှားနေတာပဲ ဖြစ်ရမယ်”
ယွီဝိန်းလန်က ခေါင်းညိတ်ပြလိုက်သည်။
“ဧကရီမယ်တော်ကြီးပြောတာမှန်တယ် ကြည့်ရတာ ဆိုင်ကတစ်ခုခုမှားနေတဲ့ပုံပဲ!”
သူကစကားပြောပြီးနောက် အမိန့်ပေးလိုက်သည်။
“ဒီကိုလာကြ ရန်လုံလမ်းမက ရူယိဖန်ကို အခုချက်ချင်းပဲ သေသေချာချာစုံစမ်းစစ်ဆေးမယ် ဘယ်ထောင့်ကိုမှ အလွတ်မပေးနဲ့”
ချက်ချင်းပဲ ခန်းမအပြင်ဘက်က တံခါးနားက တစ်ယောက်ယောက်ဟာ ပြန်ဖြေလိုက်ပြီး ရူယိဖန်ြို အမြစ်ဖြတ်ရန် ကျင်းယီဝေ့က လှုပ်ရှားတော့သည်။
ထိုမြင်ကွင်းကို တွေ့ပြီးနောက် ယန်ရှုက စိတ်သက်သာရာရသွားသလို အနည်းငယ်လည်း သံသယဝင်သွားရသည်။
ဒီနေ့ဖြစ်ခဲ့တာတွေက အနည်းငယ်တိုက်ဆိုင်လွန်း နေတယ်လို့ ခံစားနေရသည်။
— —အကြီးဆုံးမင်းသမီးကြီးနဲ့ အန်းခန်းကောင်တီအရှင်က ရွမ်ချင်းစန်းအပေါ်မှာ ကျရှုံးနေပေမဲ့ ဒီနေရာက ပိုင်ကျိုးရှန်းရဲ့ အစားထိုးထားခြင်းကို ခံလိုက်ရတယ်။
အန်းခန်းကောင်တီအရှင်က ရူယိဖန်ကနေ အခုပဲရောက်လာတာ ပြီးတော့ ကောင်တီတရားသူကြီးလည်းပဲ လိုက်ပါလာတယ်….
ပြောမှပဲ ယောင်ကောင်တီတရားသူကြီးဆီကို ဘယ်သူက စာရေးတာလဲ။
ဖြစ်နိုင်တာက….ဧကရာဇ်များလား။
သူမက ထိုလူ့ကိုကြည့်ရန် သူမရဲ့မျက်လုံးတွေကို ပင့်လိုက်ပေမဲ့ ထိုလူက သမားတော်ကျန်းကို အလေးအနက်မေးမြန်းနေတာကို တွေ့လိုက်ရသည်။
“အကြီးဆုံးမင်းသမီးကြီးနဲ့ ကောင်တီအရှင်တို့ ဘယ်လိုနေလဲ။ သူတို့နှစ်ယောက်ရဲ့အဆိပ်က ကုသလို့ရမလား”
….ဘာပုံမှန်မဟုတ်တာမျိုးမှမရှိဘူး
သို့သော် ယန်ရှုက နောက်တစ်ခုကို ထပ်ပြီး မှတ်မိလိုက်သည်
မဟုတ်လို့ လူတိုင်းက အဲ့မှာရှိနေပြီး ကျန်းယွီရိကို ကောင်တီအရှင်ကို တစ်ချက် ကြည့်ခိုင်းလိုက်ရင်ရော
ယွီဝိန်းလန်
သူမကအတော်လေးပူပန်စရာများနေတာပဲ
++++++
108 01
အပိုင်း(၅၂.၁)
ဘုရင့်ရဲ့အမိန့်တော်အရ ကျင်းယီဝေ့ဟာ သူတို့ရဲ့အင်အားစုအားလုံးကို လွှတ်လိုက်ပြီး နေ့ဝက်အတွင်းမှာပဲ သူတို့ဟာ ရူယိဖန်ကို အောက်ခြေအထိ ရှာဖွေလိုက်ကြသည်။
အနောက်ပိုင်းဒေသရဲ့ မူးယစ်တေးဖြစ်တဲ့ “ရွမ်ချင်းစန်း” ကို ရှာတွေ့ရုံသာမက တခြားကာမအားတိုးဆေး အမျိုးအစားအစုံ ဆယ်မျိုးကျော်ကိုလည်း ရှာတွေ့ခဲ့သည်။
ထို့နောက် ထိုမူးယစ်ဆေးနောက်ကို လိုက်ပြီးနောက်မှာတော့ ထိုနေရာက ယောက်ျား ခုနစ်ယောက် ရှစ်ယောက်ဟာ သူတို့ကိုလာပြီးဖောက်သည်အဖြစ် အားပေးတဲ့ အထက်တန်းလွှာအမျိုးသမီးတွေဆီကနေ ညီလာခံလျှို့ဝှက်ချက်တွေကို တူးထုတ်ချင်နေတဲ့ ရုံရန်တော်ဝင်မိသားစုဘက်က သူလျှိုတွေ ဖြစ်နေတာကို တွေ့လိုက်ရသည်။
ဒီကိစ္စဟာ အရမ်းကို အရေးကြီးတဲ့အတွက် လူပေါင်းများစွာဟာ ချက်ချင်းပဲ တော်ဝင်အကျဉ်းထောင်ထဲက တင်းကြပ်တဲ့ စစ်ဆင်ရေးအောက်မှာ အထားခံလိုက်ရသည်။ ရူယိဖန်လည်း ချက်ချင်းပဲ ပိတ်ချလိုက်ပြီး လူတိုင်းက နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေအတွက် ထိန်းသိမ်း ခံလိုက်ရတော့သည်။
ဒုတိယနေ့မှာတော့ သတင်းတွေက အစိုးရနဲ့လူထုဆီ ပြန့်သွားပြီး ကမ္ဘာကြီးက အုတ်အော်သောင်းနင်း ဖြစ်သွားတော့သည်။
ထိုအခါမှသာ သူတို့တွေက မြို့တော်က သာမန်ရန်လုံလမ်းမမှာ ထိုကဲ့သို့နေရာမျိုး တကယ်ရှိနေတာကို တွေ့လိုက်ရသည်။
ထိတ်လန့်သွားပြီး လူတချို့က ရုံရန်ကို မသိမသာ စိမ့်ဝင်ပြီး ကလိမ်ကကျစ်ကျတဲ့ အပြုအမူအတွက် တခြားသူတွေက ရူယိဖန်က လူတိုင်းကို သူတို့ရဲ့ အကျင့်စာရိတ္တပျက်ပြားမှုနဲ့ အရှက်မရှိမှုအတွက် ဆူပူလာကြတော့သည်။
သို့သော်လည်း ရူယိဖန်က ဘယ်လိုနေရာမျိုးလဲဆိုတာကို တိတ်တဆိတ် သိချင်နေကြတဲ့ အမျိုးသမီးပေါင်းများစွာလည်း ရှိနေသေးသည်ပင်။ ပြီးနောက် အထဲက ယောက်ျားတွေက ဖန်အန်းထက် တကယ်ကြီး ပိုချောလားဆိုတာကိုလဲ သိချင်နေကြသေးသည်။
စောစောစီးစီး မသိလိုက်တဲ့အတွက် နောင်တရနေပြီး သူတို့ရဲ့မျက်လုံးကို အစာကျွေးဖို့ စောစောမသွားခဲ့ရတဲ့အတွက် နောင်တရနေသူတွေလည်း ရှိပေသည်။
…
သေချာပေါက်ပင် အပြင်ဘက်ကမ္ဘာကြီးနဲ့ ယှဉ်လျှင် ဒီတစ်ခေါက်မှာ တော်ဝင်မိသားစုက အကြီးဆုံးမင်းသမီးကြီးနဲ့ အန်းခန်းကောင်တီအရှင်ရဲ့ ခန္ဓာကိုယ်ကို ပိုပြီးစိတ်ပူနေကြပေသည်။
အဆုံးမှာ ရွမ်ချင်းစန်းက အနောက်ပိုင်းဒေသက ထိပ်တန်းမူးယစ်ဆေးဖြစ်ပြီး စွဲလမ်းစေတတ်တာကိုပင် မပြောလျှင်ကို ခန္ဓာကိုယ်ထဲမှာလည်း ကျန်ရစ်နေသေးပေသည်။ သူတို့နှစ်ဦးဟာလည်း ဆေးဖြတ်ဖို့ ခက်ခဲလောက်မည်။
ကံကောင်းစွာနဲ့ အန်းခန်းကောင်တီအရှင်က ရူယိဖန်ကို အချိန်ခဏလောက်ပဲ သွားခဲ့သည့်အတွက် အဆိပ်က အတော်လေး တိမ်ပေသည်။ အချိန်မီ ရှာတွေ့ခဲ့သည့်အတွက် တော်သေးသည်ပင်။ သမားတော်ကျန်းနဲ့ ဆွေးနွေးပြီးနောက်မှာ သူမက အပ်စိုက်မှတ်တွေမှာ ကုသလိုက်ပြီး ဆေးသောက်သုံးလိုက်သည်။ သုံးရက် တစ်ဆက်တည်းမှာပင် သူမက နောက်ဆုံးမှာတော့ အောင်မြင်စွာ ဆေးဖြတ်လိုက်နိုင်သည်။ ကျန်ရစ်နေတဲ့ အဆိပ်အကြွင်းအကျန်တွေကလည်း ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားပြီပင်။
အဆိပ်အတောက် ဖယ်ရှားပြီးတဲ့နောက်မှာတော့ ကောင်တီအရှင် ပထမဆုံးလုပ်သည့်အရာက သူမရဲ့ခင်ပွန်းကို တောင်းပန်တာပင်။
“အာ ကျွန်မ တောင်းပန်ပါတယ်…..”
အန်းခန်းကောင်တီအရှင်က စကားမပြောခင် မျက်ရည်တွေ ကျလာပြီး ငိုကြွေးတော့သည်။
“ဒါတွေအားလုံးက ကျွန်မအမှားတွေပါ။ ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်ဘူး ဖြစ်သွားတယ်။ ရှင့်ကို မျက်နှာ ပျက်စေရပြီ။အနာဂတ်မှာ ဒီလိုအတွေးမျိုး မရှိစေရတော့ပါဘူး။ ဘယ်လက်ဖက်ရည်ဆိုင်နဲ့ စားတော်ဆက်ကိုမှလည်း ထပ်ပြီး မသွားတော့ပါဘူး။ ဝူး ဝူး ဝူး ကျွန်မကို ခွင့်လွှတ်ဖို့ ဆန္ဒရှိသေးရဲ့လား”
ထိုစကားသံ ထွက်လာပေမဲ့ သူ့ယောက်ျားရဲ့အသားအရောင်ဟာ တင်းမာနေဆဲဆိုတာကို မြင်လိုက်ရပြီး တစ်ခဏလောက်အထိ စကားပြောမလာခဲ့ပေ။
သူမနှလုံးသားထဲမှာ တစ်ခဏလောက် မျှော်လင့်ချက် ပျက်သုဉ်းသွားပြီး ထို့ကြောင့် သူမက ထပ်ငိုတော့သည်။
“ကျွန်မကို တကယ်ပဲ ခွင့်မလွှတ်ချင်တော့ဘဲ ငြိမ်းချမ်းရေး ထပ်မယူချင်တော့ဘူးဆိုရင် ကျွန်မ ဧကရီမယ်တော်ကြီးရဲ့အမိန့်ကိုပဲ ပြန်ပြီးနာခံလိုက်ပါ့မယ်။.ဒါပေမဲ့ ကလေးတွေကရော…..ဝူးဝူးဝူး…..”
သူမပင် စကားမဆုံးခင်မှာပဲ သူမဟာ သူမခင်ပွန်းရဲ့ဖက်လိုက်တာကို ခံလိုက်ရပြီး လက်မောင်းတွေထဲ ရောက်သွားတော့သည်။
ယောက်ကျွင်းလျန်ကလည်း နီရဲနေတဲ့မျက်လုံးတွေနှင့် ပြောလာသည်။
“နျန်ကျိုက်ကောင်တီရဲ့အရှင်က တခြားသူတွေရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတယ်။ ကိုယ့်မျက်နှာ ဆုံးရှုံးရတယ်ဆိုလည်း ကိစ္စမရှိပါဘူး။ အခုအမှန်တရား ပေါ်ထွက်လာပြီပဲ။ အတိတ်ကိုဘယ်တော့မှ ထပ်မပြောတော့ဘူး”
108 02
ထိုသို့ပြောပြီးနောက် ထိုနှစ်ဦးသာဟာ တစ်ယောက်နဲ့တစ်ယောက်ဖက်ကာ ငိုကြွေးကြပြီး ယခင်ကကဲ့သို့ပင် ပြန်လည်ပေါင်းဖက် သွားတော့သည်။
ဒုတိယမြောက်နေ့မှာတော့ သူဟာ နန်းတော်ကို အထူးတလည် လာရောက်ပြီး ကျေးဇူးတင်လာခဲ့သည်။
ထိုအချိန်မှာပဲ ယန်ရှုသည်လည်း ချီအန်းနန်းဆောင်တွင် အရိုအသေ ပေးနေတာဖြစ်သည်။ ဖြစ်ချင်တော့ မနက်ခင်း ညီလာခံပြီးတဲ့နောက် ဧကရာဇ်ဟာလည်း ဧကရီမယ်တော်ကြီးကို သူလျှိုတွေရဲ့ဖြစ်စဉ်အကြောင်းကို သတင်းပို့လာတာ ဖြစ်တဲ့အတွက် သူမသည်လည်း နားထောင်လိုက်သည်။
“အမှန်တရားနဲ့ ပြစ်မှုရေးရာရုံးတော်က ဒီသူလျှိုတွေ ရူယိဖန်မှာရှိနေတာ နှစ်ဝက်လောက်ရှိပြီလို့ ပြောပါတယ်။ သူတို့တွေကို ရုံရန်တော်ဝင်မိသားစုဘက်က တာဝန်ပေးထားတယ်ဆိုတာကိုလည်း အတည်ပြုပြီးပါပြီ။ ဟုန်လူရုံးတော်ကိုလည်း ရုံရန်ဘက်ကို စာရေးဖို့ မှာထားပါတယ်။ ဘာတုံ့ပြန်မှုမှမရှိရင် ဒီလူတွေကို နေရာမှာတင် ကွပ်မျက်မှာပါ”
ဧကရီမယ်တော်ကြီးကခေါင်းညိတ်ကာ အံအားသင့်စွာ ပြောလာတော့သည်။
“ဒီသူလျှိုတွေက မြို့တော်မှာရှိနေတာ နှစ်ဝက်လောက်တောင် ရှိနေပြီလား။ ဒီတစ်ခေါက် အန်းခန်းနဲ့သူ့အမျိုးသားတို့ စကားများတာကြောင့်သာ မဟုတ်ဘူးဆိုရင် ဘယ်သူကမှ သတိထားမိမှာ မဟုတ်ဘူး။ တွေးကြည့်တာနဲ့တင် ကြောက်ဖို့ကောင်းတယ်။ သူတို့တွေ ဘာလုပ်ပြီးပြီဆိုတာကိုလဲ မသိဘူး လျှို့ဝှက်ချက် တစ်ခုခုများ ပေါက်ကြားသွားသေးလား”
ယွီဝိန်းလန်က ပြောလိုက်သည်။
“အဲဒီလောက် မဆိုးပါဘူး။ လွန်ခဲ့တဲ့နှစ်ဝက်တုန်းက သူတို့တွေ ဆက်သွယ်ခဲ့တဲ့သူတွေက ကုန်သည်တွေပဲ။ လူအများစုကလည်း စီးပွားရေးသမားတွေ ညီလာခံထဲက စစ်ဘက်ရေးရာစစ်သူကြီးတွေရဲ့ မိသားစုဝင်တွေကို အကြီးဆုံးမင်းသမီးကြီးကနေတစ်ဆင့် ဆက်သွယ်ချင်ခဲ့ပေမဲ့လည်း ကံကောင်းစွာနဲ့ အကြီးဆုံးမင်းသမီးကြီးက ဒီမှာရှိနေခဲ့တယ်။ သူတို့ကြားမှာ ဘာအသိအကျွမ်းမှမရှိဘဲ တစ်ယောက်တည်းသောသူကတော့ အန်းခန်းကောင်တီအရှင်ပဲ”
ဧကရီမယ်တော်ကြီးက ကံကောင်းသည်ဟု ပြောလာသည်။
“ကံကောင်းလို့ အန်းခန်းက သိပ်ပြီးအဓိပ္ပာယ်မရှိတဲ့လူ မဟုတ်လို့ သူတို့တွေ ဘာ မှမရသွားတာ။ ဒါပေမဲ့ ဒီလူတွေက တကယ်ကို အရှက်မရှိတာပဲ။ သူတို့တွေက စောင့်ကြပ်ဖို့အတွက်က ခက်ခဲလွန်းတယ်”
ယွီဝိန်းလန်ကလည်း လေးလေးနက်နက် ခေါင်းညိတ်ပြလာသည်။
“ဆိုတော့ အနာဂတ်ကျရင် အဲဒီမျိုးနွယ်ခြားတွေရဲ့ လှုပ်ရှားမှုတွေကို အလယ်ပိုင်းလွင်ပြင်မှာ တင်းတင်းကြပ်ကြပ်ထိန်းချုပ်ရမယ်။ သားတော်က ပြည်နယ်အမျိုးမျိုးက အစိုးရတွေကို တိုင်းပြည်က လူမျိုးခြားမျိုးနွယ်တွေကို ချက်ချင်းစုံစမ်းပြီး အချိန်မီ သူတို့ရဲ့နေရာတွေကို ဖမ်းဆုပ်ခိုင်းထားပါတယ်”
“အရှင်မင်းကြီးက အရမ်းကို စေ့စပ်သေချာတာပဲ”
ဧကရီမယ်တော်ကြီးက ခေါင်းညိတ်လိုက်ကာ ထပ်မေးလိုက်သည်။
“ရူယိဖန်က တခြားသူတွေကရော ဘယ်လိုလဲ”
ယွီဝိန်းလန်က ထပ်ပြောလိုက်သည်။
“မပူပါနဲ့ မယ်တော် တရားမျှတမှုဆိုင်ရာ ပြစ်မှုရေးရာရုံးတော်နဲ့ တာ့လီဘုရားကျောင်းက တစ်ယောက်ပြီးတစ်ယောက်ကို စစ်မေးနေပါတယ်။ အဲဒီက ယောက်ျားတွေရဲ့အများစုက ငွေအတွက်နဲ့ သူတို့ရဲ့ ကျင့်ဝတ်ကို ဖောက်ပြန်ကြတာပါ။ အမျိုးသမီးဖောက်သည်တွေကို ဆေးခတ်တာကလွဲရင် တချို့ဆို လက်ဝတ်ရတနာတွေနဲ့ ပိုက်ဆံတွေကိုတောင်မှ ခိုးထားပါသေးတယ်။ တခြား ဘယ်လိုတရားမဝင်တဲ့အပြုအမူမှတော့ မတွေ့ရသေးပါဘူး။ ဒီသူလျှိုတွေနဲ့ ပူးပေါင်းလိမ်လည်ထားတာမျိုးမှလည်း ရှာမတွေ့သေးပါဘူး”
“အဆင်ပြေတယ်”
ဧကရီမယ်တော်ကြီးက ထပ်မံ သက်ပြင်း ချလိုက်သည်။
“ဒီလူတွေက တကယ်ပဲ လက်တွေခြေတွေရှိနေတာကို ဘာလို့လမ်းမှန်ကို မသွားရတာလဲ။ ပိုက်ဆံရှာဖို့အတွက် ဒီလိုနည်းလမ်းကို သုံးတာက တကယ်ပဲ ရှက်ဖို့ကောင်းလွန်းတယ်”
ယွီဝိန်းလန်ကလည်း ခေါင်းညိတ်လိုက်ကာ တစ်ခဏလောက် ထိုညက ရူယိဖန်မှာ ကြုံခဲ့တဲ့ အတွေ့အကြုံကို မနေနိုင်ဘဲ သတိရသွားတော့သည်…..။
ကျစ် အော်ဂလီဆန်စရာ ကောင်းလိုက်တာ။
အဲဒီယောက်ျားတွေ ဘယ်လို လုပ်သလဲဆိုတာကို သူက တကယ်ပဲမသိပေ…။.
သို့သော်လည်း ထိုအချိန်မှာပဲ ဧကရီမယ်တော်ကြီးရဲ့နှလုံးသားထဲက ကျစ် ကျစ်ဟု လုပ်လိုက်သံကို ကြားလိုက်ရသည်။
[အဲဒီယောက်ျားတွေ ဘယ်လိုပုံစံလဲဆိုတာကို မသိဘူး။ သူတို့တွေက အဲဒီမိန်းမတွေကို ဘယ်လိုဆွဲဆောင်နိုင်တာလဲ။ငါ ကြားတာတော့ အကြီးဆုံးမင်းသမီးကြီးကို ဆေးခတ်တဲ့တစ်ယောက်က ဖန်းကျိုက်အန်းလို့ ခေါ်တဲ့သူတဲ့။ ဖြစ်နိုင်တာက ဖန်အန်းထက် ပိုကြည့်ကောင်းတာများလား။]
108 03
ယွီဝိန်းလန် “….”
ဧကရီမယ်တော်ကြီးကလည်း ဒီလိုအရာတွေ အကြောင်းကို သိချင်တယ်တဲ့လား။
ကျစ်…ဘာလို့လဲဆိုတာကို သူ မသိပေ။ သူက နှစ်နှစ်ဆယ်ကျော်လောက် အမေနဲ့သား ဖြစ်လာခဲ့တယ်ဆိုပေမဲ့ ဧကရီမယ်တော်ကြီးက အခုတလောပိုပိုပြီး ကွဲပြားလာတယ်လို့ ခံစားနေရပေသည်….။
ထိုအချိန်မှာပဲ တစ်ချိန်လုံးတတ်နေတဲ့ ယန်ရှုက မေးလာသည်။
“ဒါဆို….ကျန်တဲ့လူတွေကို ဘယ်လိုကိုင်တွယ်ဖို့ အရှင်မင်းကြီး စဉ်းစားထားသလဲဟင်”
[ဒီတစ်ခေါက် ရူယိဖန်ကအမျိုးသမီးဆိုင်ရှင်က တိုင်းပြည်ထဲကို ဝံပုလွေတွေကို သွေးဆောင်ပြီး ခေါ်လာတဲ့အတွက် သေချာပေါက် အပြစ်ပေးခံရမှာပဲ။ ဒါဆိုရူယိဖန်က ပိတ်သွားမှာလား]
[တချို့လူတွေကရော။]
[သူတို့ရဲ့အလုပ်အကိုင်ဟောင်းကို ဆက်လုပ်ဖို့ တခြားနေရာကိုသွားမှာလား။]
[ဒီလိုနေရာမျိုး တခြားဘယ်မှာရှိမလဲဆိုတာကို မသိတော့ဘူး….]
တိတ်တဆိတ် နားထောင်နေသော ယွီဝိန်းလန် “….”
သူမက ဒီအကြောင်းကို ဘာလို့ဂရုစိုက်နေရတာလဲ။
တစ်ခုခုကိုများ စီစဉ်နေတာလား။
သို့သော်လည်း ထို့နောက်မှာပင် ဧကရီမယ်တော်ကြီးကလည်း ခေါင်းညိတ်ကာ ပြောလာသည်။
“ကိုယ်လုပ်တော်ယီ ပြောတာမှန်တယ်။ သူတို့ကို ဘယ်လိုမျိုး ကိုင်တွယ်မယ်လို့ အရှင်မင်းကြီး စဉ်းစားထားပါသလဲ”
[သူတို့ကိုသာ လွှတ်လိုက်မယ်ဆိုရင် သူတို့ရဲ့အလုပ်ဟောင်းကိုပဲ ပြန်သွားကြမှာမလား။ ရူယိဖန်ကို ထပ်ဖွင့်နိုင်ဦးမလား။]
ယွီဝိန်းလန် “…”
ဧကရီမယ်တော်ကြီးက ဒီကိစ္စကို ဘယ်လိုတောင် ဂရုစိုက်နေရတာလဲ။
သို့သော်လည်း တချို့ယောက်ျားတွေဟာ အရှက်မရှိဘဲ တိုးတက်ရေးအတွက်လည်း မကြိုးပမ်းပေ။ သူတို့တွေက မိန်းမတွေအတွက် အရမ်းကိုဆွဲဆောင်မှုရှိနေတာလား။။
သူ သည်းခံပြီးရင်း သည်းခံလိုက်ကာ သာမန်အမူအရာကို ထိန်းသိမ်းနိုင်အောင် ကြိုးစားလိုက်သည်။
“သူတို့တွေသာ တကယ်လို့ အပြစ်ကင်းတယ်ဆိုရင် ညီလာခံက သူတို့ကို လွှတ်ပေးလိမ့်မယ်။ သူတို့တွေမှာ ခြေလက်တွေရှိပြီး အရွယ်လည်း ကောင်းသေးတဲ့အတွက် သူတို့ကို လက်မှုပညာသင်ပေးဖို့ လူတချို့ စီစဉ်ထားတယ်။ ပြီးတော့ အနာဂတ်မှာလည်း တချို့ကို အဲ့လိုလုပ်ပေးမှာ စီးပွားရေး လုပ်ကြတာပေါ့”
ယန်ရှု ခေါင်းညိတ်လာကာ ပြောလိုက်သည်။
“ဆိုတော့ ဒီလိုကိုး အရှင်မင်းကြီးက အရမ်းကို သနားကြင်နာတတ်တာပဲ”
သို့သော် စိတ်ထဲမှာတော့ ကျစ် ကျစ်ဟုလုပ်ကာ
[ဒါဆိုရင် အဲဒီအထီး ကျန်နေတဲ့ ချမ်းသာတဲ့အမျိုးသမီးတွေက ပျော်စရာတွေ အများကြီး ဆုံးရှုံးသွားမှာမလား။ ကျစ် ကျစ် တကယ်ကိုပဲ သနားစရာ ကောင်းလိုက်တာ။ ယောက်ျားတွေကကျ ဆောင်ကြာမြိုင်ကို သွားလို့ရတယ်။ အမျိုးသမီးတွေလည်း ဘဲလေးတွေ ရောင်းတဲ့ဆိုင်ကို သွားလို့ရတာပဲလေ။ ဖိအားတွေကို ဖြေဖျောက်စေနိုင်မဲ့ နေရာတစ်ခု ရှိရမယ်လေ ဟုတ်တယ်မလား။ ချမ်းသာတဲ့မိန်းမ ဖြစ်ရတာက လွယ်တာမဟုတ်ဘူး]
ယွီဝိန်းလန် “…”
ထိုအချိန်မှာပဲ တံခါးအပြင်ဘက်က နန်းတော်က သူတွေဆီကနေ သတင်းပို့လာတာကို တွေ့လိုက်ရသည်။
“ဧကရီမယ်တော်ကြီးကို လျှောက်တင်ပါတယ် အန်းခန်းကောင်တီအရှင် ဇနီးမောင်နှံဖြစ်သူတို့က တွေ့ခွင့် တောင်းနေကြပါတယ်”
အမ်။
ယန်ရှုက တွေးလိုက်ကာ ဒီနှစ်ယောက်က အတူတူလာတာလား။
ကြည့်ရတာ စုံတွဲက ပြန်အဆင်ပြေသွားတဲ့ပုံပဲ
ဧကရီမယ်တော်ကြီးကလည်း စိုးရိမ်ပူပန်သွားကာ အလျင်အမြန် ပြောလိုက်သည်။
108 04
“ဝင်လာခဲ့ပါ”
တံခါးအပြင်ဘက်မှာ ရှိနေတာကြောင့် ဖြစ်နိုင်သည်။ သိပ်မကြာခင်မှာပဲ ခင်ပွန်းနဲ့ဇနီးဖြစ်သူတို့ဟာ ခန်းမထဲကို လှမ်းဝင်လာကြသည်။
ထိုနှစ်ဦးက ဦးစွာ အရိုအသေပေးလာပြီး ဧကရီမယ်တော်ကြီးက ကောင်တီအောက်ရုံးတရားသူကြီးကို တစ်ချက်ကြည့်လိုက်ကာ မေးလိုက်သည်။
“ဘယ်လိုနေသလဲ”
အန်းခန်းကောင်တီအရှင်က ရှက်နေပြီး သူမခေါင်းကို နှိမ့်ကာ ပြောလာသည်။
“စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်. ဧကရီမယ်တော်ကြီး ကျွန်မ ပြန်ကောင်းလာပါပြီ။ ဒါပေမဲ့ အချိန်တစ်ခဏလောက် အရှုပ်တွေ လုပ်မိသွားပါတယ်။ အဲဒါက အရှင်မင်းကြီးနဲ့ ဧကရီမယ်တော်ကြီးကို စိတ်ပူသွားစေခဲ့မိပြီး လူတွေကို လှောင်ရယ်စေမိပါပြီ။ တကယ်ပဲ အရှက်ရမိပါတယ်”
ဧကရီမယ်တော်ကြီးက သက်ပြင်းချကာ
“မေ့လိုက်တော့။ မင်းလည်းပဲ တခြားသူရဲ့ ညိစွန်းတာကို ခံလိုက်ရတာပဲ။ အခုပြန်ကောင်းလာပြီဆိုတော့ အိုက်ကျားနဲ့ အရှင်မင်းကြီးလည်း စိတ်သက်သာရာ ရသွားပါပြီ အခုကစပြီး အရာရာကို သတိထားဖို့ အမှတ်ရပါ။ တခြားသူတွေရဲ့ အလွယ်တကူ လှည့်ဖြားတာကို မခံရစေနဲ့”
စကားပြောပြီးနောက် သူမဘေးနားက ခင်ပွန်းဖြစ်သူ ယောက်ကျွင်းလျန်ကို ကြည့်လိုက်ကာ ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်လုံး အခုကစပြီး ဘဝကို ကောင်းကောင်း ဖြတ်သန်းကြ”
ယောက်ကျွင်းလျန်က သူ့ဇနီးကို ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်မှာ ဘာထူးဆန်းတဲ့ အမူအရာမှ မရှိပေ။
သူမမျက်လုံးတွေကို မြင်တဲ့အခါ ယန်ရှုက မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။
အခုအခြေအနေကို ကြည့်မယ်ဆိုရင် ဒီစုံတွဲနှစ်ယောက်က ပြန်ပေါင်းထုတ်သွားတဲ့ပုံပဲ။ ဒါက ကောင်တီအောက်ရုံးတရားသူကြီးက သူ့ဇနီးကို အရမ်းချစ်တယ်ဆိုတာကို ပြနေတာပဲ
ဒါပေမဲ့…..
ယောက်တရားသူကြီးရဲ့ မာနက အခုထိ မကုသရသေးဘူး။ အမြဲတမ်းအတွက် နှမြောစရာပဲ။ သူ့ကို ကျန်းနျန်ချီကို ညွှန်းပေးဖို့ နည်းလမ်းတစ်ခု မရှာသင့်ဘူးလား။
ယွီဝိန်းလန် “….”
ဘာလို့ ဒီမိန်းကလေးက လူတွေရဲ့ ဒီလိုကိစ္စမျိုးကို ဖြေရှင်းပေးရတဲ့နေရာမှာ အရမ်းကို
စိတ်အားထက်သန်နေရတာလဲ။
ထိုအချိန်မှာပဲ ဧကရီမယ်တော်ကြီးကပြောလိုက်သည်။
“ပြောမှပဲ အဲ့နေ့က တော်ဝင်သမားတော်က ဆေးပညာမှာ အတော်လေးထူးချွန်တာပဲ။ အနောက်ပိုင်းဒေသမှာ အဲဒီအတွက် ဘာဖြေဆေးမှ မရှိဘူးလို့ကြားတယ်။ ဒါပေမဲ့ သူက တကယ်ပဲကုသနိုင်တယ်။ မင်းသူ့ကို ကောင်းကောင်းလေး ကျေးဇူးတင်သင့်တယ်”
ဒါကို ကြားလိုက်ချိန်မှာ ယောက်ကျွင်းလျန်ကလည်း အလျင်အမြန် ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။
“ဧကရီမယ်တော်ကြီးပြောတာက အရမ်းကိုမှန်ပါတယ်။ ကံကောင်းစွာနဲ့ ဒီလိုတော်ဝင်သမားတော်မျိုးနဲ့ တွေ့ခဲ့တာ။ ဒီအမတ်နဲ့ကောင်တီအရှင်က တစ်နေ့နေ့ကျ သူ့ဆီကို လူကိုယ်တိုင် သွားရောက်ကျေးဇူးတင်ဖို့ တွေးနေတာပါ”
ဧကရီမယ်တော်ကြီးကလည်ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အရင်က ဒီလိုပါရမီမျိုးကို ဘာလို့မတွေ့ခဲ့တာပါလိမ့်။ သူက ကိုယ်လုပ်တော်ယီအတွက် သမားတော်လို့ ကြားမိတယ်။ ကိုယ်လုပ်တော်ယီက သူ့ကို ဘယ်လိုလုပ်ပြီး ရှာတွေ့သွားရတာလဲ”
နာမည်ခေါ်လိုက်တဲ့အတွက် သတိလွတ်နေမိတဲ့ယန်ရှုဟာ တွေးလိုက်ပြီး ထိုသို့ ပြောရုံသာ တတ်နိုင်တော့သည်။
“တစ်ခါက နေထိုင်မကောင်းဖြစ်တဲ့ ဒီကိုယ်လုပ်တော်ကြောင့်ပါ။ တာဝန်ကျနေတဲ့ သမားတော်ကျန်းနဲ့ တွေ့ခဲ့ရပြီး သူ့ဆေးကို တစ်ခါသောက်လိုက်ရုံနဲ့ ပျောက်ကင်းသွားပါတယ်။ အရမ်းတော်တဲ့ဆေးပညာပါ”
ထိုအချက်မှာပဲ သူမမှာ ရုတ်တရက်အကြံဥာဏ်တစ်ခု ရလာပြီး အလျင်အမြန်ပြောလိုက်သည်။
“စကားမစပ် သမားတော်ကျန်းမှာက ကျယ်ပြန့်တဲ့ဗဟုသုတ ရှိပါတယ်။ သာမန်ရောဂါတွေကို ကုသနိုင်ရုံတင်မကဘူး။ အရမ်းခက်ခဲတဲ့ အထွေထွေရောဂါ အများကြီးကိုလည်း ကုသနိုင်ပါသေးတယ်။ ကြားမိတာတော့ နန်းတော် အပြင်ဘက်လူတွေက သူ့ဆီကို သွားပြီး ကွမ်းယင်လမ်းမှာ ကုတယ်လို့ ကြားမိပါတယ်”
—ကျစ် ဒါက သူမ လုပ်နိုင်တာအကုန်ပဲ။
108 05
ယောင်ရှန်းမာ ကြားမလားဆိုတာကိုတော့ မသိပေ။ မဟုတ်လို့ စကားသာ ဆက်ပြောနေမယ်ဆိုရင် ဧကရီမယ်တော်ကြီးက သူမကို သံသယဝင်လာနိုင်ပေသည်။
အဆုံးမှာ သမားတော်ကျန်းက လိင်မှုကိစ္စကို ကုသတဲ့နေရာမှာ ဆရာတစ်ဆူပဲလေ။ ယောင်ရှန်းမာ မြန်မြန်လေး တစ်ချက်ကြည့် ကြည့်! ကြည့်ပါဦး။ အဲဒါက မိသားစုရဲ့တည်ငြိမ်မှု စည်းချက်ကျမှုနဲ့ ပျော်ရွှင်မှုတွေနဲ့ ဆက်စပ်နေတယ်လေ။
ယွီဝိန်းလန် “….”
တကယ်ကို ထပ်မပြောနိုင်တော့ဘူး။
သူမက မတော်တဆနဲ့ တစ်ခုခုကို ပြောလိုက်မိမှာကို ကြောက်နေပေသည်။ ထို့ကြောင့် သူသည်လည်း ပြောလိုက်သည်။
“အမှန်ပဲ ကိုယ်တော်လည်း အဲ့အကြောင်းကို ကြားမိတယ်”
စကားပြောပြီးနောက် သူက ယောက်ကျွင်းလျန်ကို အသေအချာ ကြည့်ကာ
“မောင်မင်းမှာ ခက်ခဲနေတဲ့ရောဂါမျိုးရှိရင် သူ့ဆီကို သွားပြလို့ရတယ်”
ထိုစကားတွေ ထွက်လာသည့်အခါ ယောက်ကျွင်းရဲ့ အသိစိတ်က ရပ်တန့်သွားတော့သည်။
******