← Chapters

အခန်း (၁၁၈-၁၂၀)

Vol. 8 Ch. 118-120

အခန်း (၁၁၈-၁၂၀)

Vol. 8 Ch. 118-120

118 01

အပိုင်း (၅၇.၁)

ယခုလိုသတင်းကို ရုတ်တရက် လက်ခံလိုက်ရချိန်မှာ ယန်ရှုက သဘာဝကျကျပဲ အံ့အားသင့်သွားပြီး လျင်မြန်စွာမေးလိုက်သည်။

[အဲဒါက တော်လှန်ရေးကိုတောင်ကျော်လွန်ပြီး ဧကရီမယ်တော်ကြီးနဲ့ ခင်မင်ရင်းနှီးတဲ့ ကျုံးကျီနန်းဆောင်က မဟာပညာရှိဆိုတာ တကယ်လား]

စစ်စတန် [အမှန်ပဲ ဆယ်နှစ်ကြာအောင် ရွှမ်းသဲ့ရဲ့နံပါတ်တစ်ပညာရှိ ဖြစ်ခဲ့တဲ့သူပဲ။ ပြတ်ပြတ်သားသားနဲ့ နှုတ်ထွက်လိုက်ပြီး သူ့ရဲ့ဇာတိမြို့ကို ပြန်သွားတဲ့ ကျုံးကျီနန်းဆောင်ရဲ့ပညာရှိ ချီရှုကွမ်ပဲ]

ယန်ရှု “….”

ကျစ် ဒီလိုရထားတွဲကြီးလို ရှည်လျားနေတဲ့ ဝိသေသတွေကို ကြည့်ပါဦး သူက ဒီတစ်လျှောက်လုံး သူမ သိချင်နေခဲ့တဲ့ ပညာရှိဆိုတာ တကယ်ကြီးပဲ။

ဒါပေမဲ့….ဧကရာဇ်က သူ့ကို ဘာလို့ရုတ်တရက်ကြီး နန်းတော်ကိုဖိတ်ကြားရတာလဲ။

နည်းနည်းလေး ရုတ်ချည်း ဖြစ်မနေဘူးလား။

သို့သော် စစ်စတန် ပြောလာသည်ကို ကြားလိုက်ရသည်။

[မဟာပညာရှိချီက တကယ့်ကိုပညာရှိအစစ်ပဲ။ ချမ်းသာပြီး ပါရမီလည်းရှိတယ်။ အဲဒီနှစ်တုန်းက နှုတ်ထွက်ပြီးတော့ အိမ်ကိုပြန်လာပြီး ဆရာတစ်ယောက် ဖြစ်လာခဲ့တယ်။ နောက်တော့ သူ့ရဲ့ထူးခြားတဲ့အမြင်နဲ့ ဗဟုသုတတွေကြောင့် ကျောင်းသားတွေ အများကြီးကို လျင်လျင်မြန်မြန်နဲ့ပဲ ဆွဲဆောင်လိုက်နိုင်တယ်လေ။ အဲဒါနဲ့ ရိုးရိုးရှင်းရှင်းပဲ ကျောင်းတစ်ကျောင်း ဖွင့်လိုက်ပြီး သူ သင်ပေးခဲ့သမျှ ကျောင်းသားတိုင်းက အရာရှိတွေဖြစ်လာပြီး ပါရမီရှင်တွေ ဖြစ်လာကြတယ်။ ပြီးတော့လည်း လန်ယာမှာ အရမ်းကို ကျော်ကြားကြတယ်။ သူကိုယ်တိုင်ကလည်း ကွန်ဖြူးရှပ်ဝါဒီရဲ့ကျော်ကြားတဲ့ ဆရာတစ်ယောက် ဖြစ်တဲ့အပြင် ဒီတစ်ခေါက် ဧကရာဇ်ကနေ ကမ္ဘာလုံးက ပညရှိတွေနဲ့ ကြီးကျယ်တဲ့ ကွန်ဖြူးရှပ်ဝါဒီသမားတွေကို ဖိတ်ခေါ်လိုက်တော့ ဘာလို့သူကရော သူ့ရဲ့နေရာကို မရရမှာလဲ။]

ယန်ရှု “…”

ဒါက တကယ်ကိုပဲ ရွှေက ဘယ်နေရာကိုပဲ ရောက်ရောက် တောက်ပနေမှာပဲဆိုတဲ့ စကားပုံနဲ့ သက်ဆိုင်နေတာပဲ။

ဒီမဟာပညာရှိချီက တကယ်ကိုပဲ လုပ်နိုင်စွမ်း ရှိလွန်းတယ်။

ပြီးတော့ ယခုလိုကြားရသည်မှာ လူတွေကို သူ့အကြောင်း ပိုပြီးသိချင်လာစေသည်!

သို့သော်…..

ဘာပဲဖြစ်ဖြစ် အရမ်းကို တိုက်ဆိုင်လွန်းနေတယ်လေ ဟုတ်တယ်မဟုတ်လား။

မနေ့ညက သူမကို ဧကရာဇ်က မေးသည့်အခါ သူမကအဲ့အကြောင်းကို တိတ်တဆိတ်ပဲ စဉ်းစားလိုက်သည်။ ဒီမနက်ကျ သူက တကယ်ကြီး တစ်ယောက်ယောက်ကို အခေါ်လွှတ်လိုက်တယ်တဲ့လား။

ဘာလို့ တစ်ခုခုက နည်းနည်းလေး ထူးဆန်းနေတယ်လို့ အမြဲတမ်းခံစားနေရတာတုန်း။

သို့သော်လည်း စစ်စတန်က ပြောလာသည်။

[စုန့်ဟယ်အကယ်ဒမီက မတော်တဆမှုဖြစ်ရပ် အပြီးမှာ ဧကရာဇ်က အဲဒါကို ညီလာခံမှာပြန်ပြီး ဆွေးနွေးလိုက်တယ်။ အခု အသစ် ပြန်လည်တည်ဆောက်ပြီးသွားပြီဆိုတော့ နာမည်ကြီးကွန်ဖြူးရှပ် ဝါဒသမားတွေရဲ့နာမည်ကို အသုံးပြုပြီး ကမ္ဘာကြီးထဲကို ဖြန့်ဝေရမယ်။ ပြီးတော့ ဒီအကယ်ဒမီက ကျောင်းသားတွေနဲ့ သာမန်ပြည်သူတွေရဲ့ ယုံကြည်မှုကို ပြန်ပြီး ထိန်းသိမ်းရမယ်လေ။ ဒါပေမဲ့ ဖိတ်ကြားချက် စာရင်းက ယဉ်ကျေးမှု ဓလေ့ထုံးတမ်းဆိုင်ရာရုံးတော်နဲ့ နေရာအမျိုးမျိုးက ပညာရှိတွေက စာရင်းပြုစုထားတာ။ ဒါကို ဖတ်ပြီးတော့မှ ဧကရာဇ်က အမိန့်တော်တစ်ရပ် ထုတ်ပြန်လိုက်တာ တကယ်ကို တိုက်ဆိုင်တာပဲ ဖြစ်လောက်မယ်]

ယန်ရှု [….ငါသိပြီ]

သူမက ပြောလိုက်ကာ ဖြစ်နိုင်တာက ဧကရာဇ်မှာများ စိတ်ကို ဖတ်နိုင်တဲ့စွမ်းရည် ရှိနေတာလား။]

ပြီးတော့ သူ့မှာ စိတ်ဖတ်နိုင်တဲ့ စွမ်းရည်ရှိတယ် ဆိုရင်တောင် ဧကရီမယ်တော်ကြီးနဲ့ မူလက ဆက်ဆံရေး ပြတ်မသားဖြစ်နေတဲ့သူကို ရည်ရွယ်ချက်ရှိရှိ ခေါ်လို့မရတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်မလား။]

ဒီလိုသာဆို မေးခွန်းက ဖြေရှင်းပြီးသွားပြီ။ ဒါပေမဲ့ ထိုသတင်းက သူမရဲ့မျက်လုံးတွေကို တောက်ပအောင် ပြုလုပ်နေဆဲပင်။

118 02

ဒါဆို နောက်လမှာ ဧကရီမယ်တော်ကြီးက ဒီတိုင်းပဲ အကူအညီမဲ့စွာနဲ့ လွဲချော်သွားခဲ့တဲ့ လူကို တွေ့ဖို့ အခွင့်အရေးရှိနိုင်သေးတယ်လို့ ဆိုလိုတာမလား။

ကျစ် ကျစ် ကျစ် ဒါကိုတွေးလိုက်ရုံနဲ့တင်ကို တကယ်ကြီးစိတ်လှုပ်ရှားလာပြီ!

သို့သော်လည်း ဒီပညာရှိက လက်ထပ်ပြီးသွားပြီလားဆိုတာကိုတော့ မသိပေ!

တစ်စုံတစ်ယောက်ကသာ တကယ်ကြီးလက်ထပ်ပြီး ကလေးတွေရှိနေမယ်ဆိုရင် မတွေ့ဆုံတာက ပိုပြီးတော့ ကောင်းလိမ့်မည်

သို့သော် စစ်စတန် ပြောလာသည်ကို ကြားလိုက်ရသည်

[အမှန် မဟုတ်ဘူး၊ သူ့ရဲ့ဇာတိကိုပြန်သွားပြီးတော့ မဟာပညာရှိချီက သူ့ကိုယ်သူပညာရေးမှာပဲ နှစ်မြှုပ်ထားပြီး လက်ထပ်ဖို့ကိစ္စတွေကို ကိုင်တွယ်ဖို့ အချိန်မရှိခဲ့ဘူး။ သေချာပေါက်ပဲ သူ့ကိုထပ်ပြီးတော့ ဆွဲဆောင်နိုင်မဲ့ တစ်ယောက်ယောက်ကို မတွေ့သေးတာလည်း ဖြစ်နိုင်တယ်လေ။ ဘာပဲဖြစ်ဖြစ် နေ့တိုင်းနေ့တိုင်းကို ကျောင်းသားတွေနဲ့ ဖြတ်သန်းပြီး ဆယ်နှစ်တာက ဒီတိုင်းပဲ ကုန်ဆုံးသွားတယ်လေ]

ယန်ရှု ထိုစကားလုံးတွေကို ကြားသည့်အခါ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

သူ့ကို ဆွဲဆောင်နိုင်တဲ့လူနဲ့တွေ့ခဲ့တာ ဆယ်နှစ်ထက်မနည်း ရှိနေခဲ့ပြီ ဆိုတော့ သူ့မှာ ဧကရီမယ်တော်ကြီးအတွက် တကယ်ကြီးကို ခံစားချက်အစစ်အမှန်တွေ ရှိနေတာပဲ။

ဟေး အဲဒါက တကယ်ကြီးကို ရှက်စရာကြီးပဲ။

သို့သော် သေချာပေါက်ပဲ ဧကရီမယ်တော်ကြီးက ဧကရီမယ်တော်ကြီးပင် ဖြစ်သည်။ အဆုံးမှာတော့ သခင်မမုကလည်း ပြန်ပြီးတော့ လက်ထပ်နိုင်ပေမဲ့ ဧကရီမယ်တော်ကြီးကတော့ ကွာခြားပေသည်။

သူမက မတော်တဆနဲ့ ပြန်ပြီးပေါင်းဖက်သွားမဲ့ ဇာတ်လမ်းမျိုးကို သူမရဲ့နှလုံးသားထဲမှာ စိတ်ကူးယဉ်နိုင်ပေသည်။ လက်တွေ့ဖြစ်လာနိုင်မယ်လို့ အိပ်မက်ပင် မမက်ဖူးပေ။

ထို့ကြောင့် မနေ့ညက သူမက သာမန်ကာလျှံကာ တွေးရုံတွေးလိုက်ပေမဲ့ ဧကရာဇ်ကိုတောင် အဲဒီအကြောင်းကို ထုတ်မပြောရဲချေ။

သို့သော် ဘာပဲဖြစ်ဖြစ် အဲဒါက တိတ်တဆိတ် နှလုံးသားတွေ လှုပ်ရှားခဲ့ရတဲ့ လူနှစ်ယောက်က နှစ်ပေါင်းများစွာကြာပြီးနောက် ပြန်တွေ့မည်ဆိုသည်က

အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းနေဆဲပင်။

ဒါကိုတွေးလိုက်ပြီးနောက် သူမက စစ်စတန်ကို လျင်မြန်စွာ ပြောလိုက်သည်။

[ဧကရီမယ်တော်ကြီးက ဒီသတင်းကို သိလား။]

စစ်စတန် [မသိဘူး။ ဒီနှစ်ရက်အတွင်း ဧကရီမယ်တော်ကြီးက နိုင်ငံရေးကိစ္စတွေကို ဂရုစိုက်ဖို့ စိတ်အခြေအနေ ရှိမနေဘူး။ နှစ်ရက်အတွင်း သခင်မမုက ထွက်ခွာတော့မှာဆိုတော့ ဧကရီမယ်တော်ကြီးက သူမရဲ့သူငယ်ချင်းကောင်းကို နှုတ်ဆက်ဖို့ စိတ်ဖိစီးနေတယ်လေ]

ယန်ရှု [အမှန်ပဲ အဲဒါအပြင် အခုမှငါးလပိုင်းအစပဲ ရှိသေးတယ်။ စန်ု့ဟယ်အကယ်ဒမီက ခြောက်လပိုင်းမှ ဖွင့်မှာမလား ဆိုတော့ တစ်လတောင် အချိန်ရှိသေးတယ်။ ပြီးတော့ မဟာပညာရှိချီက လာမှာလား မလာဘူးဆိုတာကလည်း နောက်ထပ်ကိစ္စတစ်ခု ဖြစ်သွားပြီ]

[ဒါပေမဲ့ သူသာလာရင် ဧကရီမယ်တော်ကြီးကို မမျှော်လင့်ဘဲ အံ့အားသင့်အောင် လုပ်နိုင်တာ ပိုကောင်းလိမ့်မယ်။ ကုန်ကုန်ပြောရရင် အဲဒါကို နီးနီးကပ်ကပ်အာရုံစိုက်ထား ပြီးရင် အချိန်မရွေး ငါ့ကို သတိပေး]

စစ်စတန် [ပြဿနာမရှိဘူး]

ဒီလိုနည်းနဲ့ ယခုဖရဲသီးက အချိန်တစ်ခုထိကြာအောင် ကြားရသည်မှာ အဆုံးသတ်ဖြစ်တယ်လို့ သတ်မှတ်လို့ရပေသည်။

ယန်ရှုဟာ ထရပ်လိုက်ပြီး ဝတ်စားဆင်ယင်လိုက်ကာ ဆေးကြော သန့်ရှင်းလိုက်သည်။ သန့်ရှင်းပြီးတဲ့အခါမှာတော့ သူမက အေးအေးသက်သာစွာနဲ့ မနက်စာ စားလိုက်ပေသည်။

ထိုအချိန်မှာ ငါးနဲ့ပုစွန်တွေ ပြည့်ဖြိုးနေတုန်း စားဖိုဆောင်ကနေ အရိုးတွေကို ဖယ်ထုတ်လိုက်ကာ ကဘီးလူးငါးရဲ့အသားကို စင်းလိုက်ပြီး စွပ်ပြုတ် တည်လိုက်သည်။ ထို့နောက် ဆန်ပြုတ်ချက်ကာ ငါးဆန်ပြုတ်တစ်အိုးကို ပြင်ဆင်ပြီးသွားသည်။ ဆန်ရဲ့မွှေးရနံ့က ငါးအသားရဲ့လတ်ဆတ်တဲ့အနံ့နဲ့ ရောသွားပြီး မွှေးရနံ့ကာ ပြင်းရှကာ သိပ်သည်းပြီး အရသာအရှိဆုံးပင်။

ပုစွန်နဲ့လုပ်ထားတဲ့ စုံမိုင်တွေလည်းရှိကာ အားလုံးက ချိုမြိန်ပြီး ကြွပ်ရွမှုအပြည့်နှင့်ပင်။ ထိုအရာက အလွန်အမင်းကို စိတ်ကျေနပ်စရာကောင်းသည်။

118 03

ထို့အပြင် သူမက လတ်လတ်ဆတ်ဆတ် ကြော်ထားတဲ့ အီကြာကွေးကို စားခဲ့ပြီး ကြွပ်ရွကာ အရသာရှိပေသည်။ ထို့နောက် ချိုမြိန်တဲ့ပဲနို့တစ်ပန်းကန် သောက်လိုက်ကာ သူမရဲ့ဝမ်းဗိုက်ကို အရမ်းကို သက်တောင့်သက်သာ ရှိစေသည်။

တောင်နဲ့မြောက် ရောစပ်ထားတဲ့ မနက်စာက သူမရဲ့အစာအိမ်ကို ပြည့်ဝစေပေမဲ့ နောက်ထပ် ဘာလုပ်ရမလဲဆိုတာကို မသိသေးခင်မှာပဲ ချီအန်းနန်းဆောင်က အစေခံတွေကို တွေ့လိုက်ရပြီး ဧကရီမယ်တော်ကြီးက သူမကို အခေါ်လွှတ်လိုက်သည်ဟု ဆိုလာသည်။

ယန်ရှုက ဘာကြောင့်လဲဆိုတာကို မသိပေမဲ့ သူမမှာ ရွေးချယ်စရာမရှိဘဲ အလျင်အမြန် လုပ်လိုက်ကာ ချီအန်းနန်းဆောင်ဆီကို သွားလိုက်ရသည်။

ထိုအချိန်မှာပဲ သခင်မမုကနန်းဆောင်ထဲမှာ ရှိနေကာ ဧကရီမယ်တော်ကြီးနှင့် စကားပြောနေပေသည်။ သူမရဲ့သမီးဖြစ်သူ နိရှန်းဝမ်ကတော့ ရှောင်လန်ယွင်နဲ့ ဆော့ကစားနေသည်။

သူမရဲ့မိဘတွေကို အသိအမှတ် ပြုပြီးတဲ့အခါမှာတော့ ကလေးမလေးဟာ အပူအပင်ကင်းတဲ့အပြုံးလေးနဲ့ ပိုပြီးတော့ လှပလာပုံရသည်။

ယန်ရှုက အရမ်းကိုပဲ စိတ်သက်သာရာရသွားကာ ပထမဆုံး ဧကရီမယ်တော်ကြီးကို ဦးညွှတ်လိုက်သည်။

“ဒီကိုယ်လုပ်တော်က ဧကရီမယ်တော်ကြီးကို နှုတ်ခွန်းဆက်ပါတယ်”

ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ကာ ပြောလာသည်။

“ထလို့ရပြီ။ အိုက်ကျား မင်းကို ဒီကိုခေါ်လိုက်ရတာက အိုက်ကျားမှာ မင်းကို အပ်နှံစရာ တစ်ခုခုရှိလို့ပဲ။ နဂါးလှေပွဲတော်ပြီးတဲ့ နောက်နှစ်ရက်မှာ ကျင်းမင်ရေကန်မှာ စားသောက်ပွဲတစ်ခု ကျင်းပလိမ့်မယ်။ အိုက်ကျားက အခုအင်အား မရှိသေးလို့ မင်းက အဲဒီအကြောင်းကို ဂရုစိုက်ပေးရမယ်”

ယန်ရှု တွေးဆလိုက်သည်။ ဒါက….သူမကကိစ္စတွေကို ကိုင်တွယ်ဖို့ တောင်းဆိုခံရတယ်လို့ ဆိုလိုတာမလား။

ကျစ် ဒါကတကယ်ကို ရှားပါးတာပဲ

သို့သော် ဒါကို တွေးကြည့်လိုက်ချိန်မှာ ယခု မောင်းမဆောင်ထဲတွင် သူမအပြင် လှည့်ကင်းတာဝန် ကျနေတဲ့ ဝမ်ကျောက်ယီသာ ရှိပေသည်။

သူမကသာ အလုပ်မရှိတဲ့ တစ်ယောက်တည်းသော သူဖြစ်ပြီး ထို့ကြောင့် သူမက ဝမ်ကျောက်ယီကို အလုပ်တွေအများကြီး ကိုင်တွယ်ခိုင်းလို့ မဖြစ်ပေ။

သူမမှာ ရွေးချယ်စရာ မရှိတော့ဘဲ လျင်မြန်စွာ တုံ့ပြန်လိုက်ရတော့သည်။

“ဒီကိုယ်လုပ်တော် နာခံပါ့မယ်”

ထိုစကားတွေ ပြောပြီးနောက် ဧကရီမယ်တော်ကြီးက ခေါင်းညိတ်လိုက်ကာ သခင်မမုကလည်း သူမကို ပြောလာသည်။

“ပြောမှပဲ မင်းကို ကျေးဇူးတင်ချင်သေးတယ်။ အဲဒီနေ့က မင်းသာ သမားတော်ကျန်းကို အကြံမပြုဘူးဆိုရင် ကျွန်မရဲ့သမီးကို အခုဘာလုပ်ရမယ်ဆိုတာ သိမှာမဟုတ်ဘူး”

စကားပြောပြီးနောက် သူမက အရမ်းကို လေးနက်တဲ့သဘောထားနဲ့ အထူးဦးညွတ်လိုက်သည်။

ယန်ရှုက အလျင်အမြန် ယဉ်ကျေးစွာ ပြောလိုက်သည်။

“သခင်မ ဒါက လေးနက်လွန်းနေပါပြီ။ တွေးကြည့်လိုက်ပြီး ဒီတိုင်း ထုတ်ပြောလိုက်မိတာပါ။ ကောင်းတဲ့အမှုကို ပြုတာက သမားတာ်ကျန်းပါ။ သေချာပေါက်ပဲ သခင်မရဲ့နေ့စဉ်ပြုလုပ်နေတဲ့ ကောင်းမှုကုသိုလ်တွေနဲ့ ဆက်စပ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် သခင်မရဲ့ ချစ်ရတဲ့သူက လုံခြုံဘေးကင်းစွာနဲ့ လွတ်မြောက်သွားတာပါ”

ဒါဟာ သင့်တင့်လျောက်ပတ်ပြီး သာယာဖွယ်ကောင်းသည့် အဆိုပြုချက်ပင်။ ပြီးတော့ သူမဘေးကနေ ဧကရီမယ်တော်ကြီးဟာလည်း ခေါင်းညိတ်နေပေသည်။

ဒီမိန်းကလေးကို ကြည့်ရတာ နှလုံးသားမရှိပုံ ပေါ်ပေမဲ့ တကယ်တော့ သူမမှာ ဦးနှောက်တချို့ ရှိသေးတာပဲ

ဧကရာဇ်က သူမကို ဒိုင်းကာအဖြစ် အသုံးချနေတာ အံ့ဩစရာ မရှိတော့ပါဘူး။

သေချာပေါက်ကိုပင် ယန်ရှုက ထိုစကားလုံးတွေကို မကြားနိုင်ပေ။

သို့သော် ဧကရီမယ်တော်ကြီးက သူမကို ရုတ်တရက် စကားထပ်ပြောလာသည်။

“အဲဒီနေ့က အိုက်ကျားက အလျင်လိုနေလို့ သူတို့တွေက မင်းကို နားလည်မှု လွဲလုနီးနီး ဖြစ်သွားတယ်။အဲဒါကို နှလုံးသားထဲမှာ သိမ်းမထားပါနဲ့”

118 04

ကျစ် ဒါက ဧကရီမယ်တော်ကြီးကနေ သူမကို တောင်းပန်နေတာလား။

ယန်ရှုက မြှောက်လုံးပင့်လုံးတွေနဲ့ လွှမ်းခြုံခံလိုက်ရပြီး သူမရဲ့ခေါင်းကို အလျင်အမြန် ဦးညွှတ်လိုက်ကာ ပြောလိုက်သည်။

“ဒီကိုယ်လုပ်တော်က ဘယ်လိုလုပ်ပြီး လုပ်ရဲပါ့မလဲ”

သူမက မတတ်နိုင်ဘဲ စိတ်ထဲမှာ သက်ပြင်း ချလိုက်သည်။ဧကရီမယ်တော်ကြီးက သဘောထားကြီးတဲ့ လူတစ်ယောက်ဖြစ်သည်၊ ဧကရီမယ်တော်ကြီး ဖြစ်လာနိုင်တာက အံ့ဩစရာ မရှိတော့ပေ။

ထိုအချိန်မှာပဲ နန်းတော်အစေခံတွေက နန်းတော်ထဲကို ဝင်လာကာ သတင်း ပို့လာသည်ကို ကြားလိုက်ရသည်။

“ကိုယ်လုပ်တော်ယိ တော်ဝင်သမားတော်ခေါင်းဆောင်ကျန်းက သွေးခုန်နှုန်းစမ်းသပ်ပေးဖို့ လာရောက်ပါတယ်”

ဟေး ကျန်းရှန်ခန်းက ဒီမှာလား။

ယန်ရှုက ချက်ချင်းပဲ သူမရဲ့ တည်ငြိမ်အေးဆေးမှုကို ပြန်ရယူလိုက်သည်။

ဧကရီမယ်တော်ကြီးကလည်း ခေါင်းညိတ်ကာ ပြောလာသည်။

“သူ့ကို အထဲခေါ်လိုက်ပါ”

နန်းတော်အစေခံတွေက နာခံလိုက်ကာ အပြင်ကိုထွက်သွားပြီး စကားပြန်ပါးလိုက်သည်။

ထို့နောက် ချက်ချင်းပဲ သူတော်ကောင်းဟန် ဆောင်နေတဲ့ တော်ဝင်သမားတော်ခေါင်းဆောင်ကျန်းဟာ ခန်းမထဲကို ဝင်လာတော့သည်။

အရိုအသေပေးပြီးနောက်မှာတော့ ထိုပုဂ္ဂိုလ်က ချက်ချင်းပဲ ဧကရီမယ်တော်ကြီးရဲ့ သွေးခုန်နှုန်းကို တိုင်းလိုက်ပြီး တစ်ခဏအတွင်းမှာပဲ ပြောလိုက်သည်။

“အခုတလော မယ်တော်ကြီးရဲ့ ကျန်းမာရေးက ကောင်းမွန်ပါတယ်။ အခုနွေလယ် ရောက်လာပြီဆိုတော့ ပိုကောင်းလာပါပြီ။ အအေးစာတွေလျော့စားဖို့ အာရုံစိုက်ပြီး အအေးမမိပါစေနဲ့”

ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ကာ သူ့ကိုပြောလိုက်သည်။

“သခင်မလေးနိကို တစ်ချက်ကြည့်ပေးပါဦး သူတို့တွေက ရက်အနည်းငယ်အတွင်း ထွက်ခွာတော့မှာ သူတို့တွေထိန်းထားနိုင်မပါ့မလားဆိုတာမသိဘူး”

ကျန်းရှန်ခန်းကနာခံလိုက်ကာ သခင်မမုကလည်း သူ့သမီးကို သူ့ဆီသို့ အလျင်အမြန်ခေါ်ပေးလိုက်သည်။

သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက်မှာ ကျန်းရှန်ခန်းကခေါင်းညိတ်ကာ ပြောလိုက်သည်။

“သွေးခုန်နှုန်းကို ဆုံးဖြတ်ရရင် သခင်မလေးနိက အခုကျန်းမာရေး ကောင်းနေပါပြီ။ ခရီးလမ်းက အရမ်းမပင်ပန်းသရွေ့ ဘာပြဿနာမှရှိမှာ မဟုတ်ပါဘူး”

စကားပြောပြီးနောက် သူက ထပ်ပြီး သက်ပြင်းချလိုက်သည်။

“ကြည့်ရတာ ကျန်းယွီရိက တကယ်ကိုပဲ စွမ်းရည်မှာ သာလွန်တာပဲ ယုံကြည်အားကိုးထိုက်ဖွယ်ရာပဲ”

ထိုစကားတွေ ထွက်လာသည့်အခါ ဧကရီမယ်တော်ကြီးက ခေါင်းညိတ်လာသည်။

ယန်ရှုက စိတ်ထဲမှာ မျက်ခုံး ပင့်လိုက်ကာ ဒီလူက သူ့ထက် ဆေးပညာမှာ သာလွန်တဲ့ တစ်ယောက်ယောက်ကို အရမ်းပဲချီးမွှမ်းနေမယ်ထင်လား။

[သေချာပေါက်မဟုတ်ဘူးပေါ့]

စစ်စတန်က ချက်ချင်းပဲ ခုန်ထွက်လာသည်။

[ကျန်းနျန်ချီက နိမိသားစုက ကလေးမလေးကို ကယ်တင်လိုက်ကတည်းက ဒီလူက တစ်ခုခုတော့ မှားနေပြီဆိုတာကို ရှာတွေ့သွားတာ]

ယန်ရှုက ချက်ချင်းပဲ စိတ်ရှုပ်ထွေး သွားတော့သည်။

[ဒါဆို သူက ဘာကို ရှာတွေ့ခဲ့တာလဲ။]

စစ်စတန် [ဘာကိုမှ ရှာမတွေ့ခဲ့ဘူး၊ သမားတော်ကျန်းကလည်း ရူးနေတာမဟုတ်ဘူး၊ ဒါဆို ဘာလို့သူက အလွယ်လေး ရှာတွေ့သွားရမှာလဲ။ သူက ဘယ်လိုလုပ်ပြီး နန်းတော်ထဲမှာ ရှိနေရသေးမှာလဲ။]

ယန်ရှုက တိတ်တဆိတ်ပဲ သက်ပြင်း ချလိုက်သည်

[ဒါဆိုရင် အဆင်ပြေပါတယ်]

118 05

သို့သော် ဒီကနေပြီး သိနိုင်ပေသည် ကျန်းရှန်ခန်းက ဟန်ဆောင်တဲ့နေရာမှာ တကယ်တော်ပြီး ဧကရီမယ်တော်ကြီးလိုလူကိုတောင် နှစ်ပေါင်းများစွာ အပျော့ဆွဲ ဆွဲထားနိုင်သည်။

ဒါကိုတွေးနေချိန်မှာပဲ ဧကရီမယ်တော်ကြီးက ကျန်းရှန်ခန်းကို ပြောလာသံအား ကြားလိုက်ရသည်။

“ကျန်းနျန်ချီရဲ့ ငယ်ရွဉ်တဲ့အသက်ကို ကြည့်ပြီး သူ့ကိုဒီ လောက်ထိ အင်အားရှိနေမယ်လို့ မမျှော်လင့်ထားမိဘူး။ တော်ဝင်သမားတော်ဆောင်မှာ ဒီလိုပါရမီမျိုး ရှိတာက တကယ်ကို ကောင်းတာပဲ။ တော်ဝင်သမားတော်ခေါင်းဆောင်အနေနဲ့ တူးထုတ်ပြီး လေ့ကျင့်ပေးသင့်တယ်။ တော်ဝင်ညီလာခံက ဒီလိုလူမျိုးတွေကို လိုအပ်နေတယ်”

ကျန်းရှန်ခန်းက ဦးညွှတ်ကာ ပြောလိုက်သည်။

“အမှန်အတိုင်းပြောရရင် ထိုက်ယွမ်သမားတော်ဆောင်ရဲ့ အတွင်းကုသဆောင်မှာ လက်ရှိလစ်လပ်နေတဲ့ နေရာတစ်ခုရှိပါတယ်၊ ကျွန်တော်မျိုး အဲဒီအကြောင်းကို တွေးနေတာ ဖြစ်နိုင်တာက သမားတော်ကျန်းက အရည်အချင်း ပြည့်မှီလောက်တယ်။

ဧကရီမယ်တော်ကြီးကလည်း ကျေနပ်တဲ့အကြည့်ကို ပြလာကာ ခေါင်းညိတ်ပြီး ကောင်းပြီဟုပြောလာသည်။

ယန်ရှုကတော့ မယုံပေ။

အတွင်းကုသဆောင်က အဆင့်လေးနေရာ ရှိနေပြီ ဖြစ်သည်။ ကျန်းရှန်ခန်းက ဒီလိုငယ်ရွယ်တဲ့ ယှဉ်ပြိုင်နိုင်မဲ့သူကို ရာထူးတိုးပေးဖို့အထိ အရမ်းကို ကြင်နာပါ့မလား။

ဖြစ်နိုင်တာက ဧကရီမယ်တော်ကြီးကို ပြောရုံလောက်ပဲ ထင်တယ်။

ထို့နောက် ချက်ချင်းပဲ မမျှော်လင့်ထားစွာနဲ့ ကျန်းရှန်ခန်းက သူမကို မေးလာသည်။

“ပြောမှပဲ ဖြစ်ချင်တော့ ဒီနေ့က သမားတော်ကျန်း တာဝန်ကျတဲ့ရက် မဟုတ်ဘူး။ သမားတော်ကျန်းက ဘယ်ကနေလာသလဲဆိုတာကို သခင်မယိဖင်းများ သိမလားဆိုတာ မသိပါဘူး”

ယန်ရှုက ဆိုလိုတာကို ကြားလိုက်ပြီး ဒါက သူ့ကိုရှာဖွေဖို့ ကြိုးစားနေတာ မဟုတ်လား။

ထို့နောက် သူမက ရယ်မောလိုက်ကာ ပြောလိုက်သည်။

“အဲဒီအကြောင်းကို မသိပါဘူး။ သူကမြို့တော်က မဟုတ်ဘူး ဆိုတာကိုပဲသိတယ်။ သူ့ရဲ့ဇာတိမြို့က တောင်ဘက်ဗီယက်နမ်မြို့ကလားပဲ။ ဒါပေမဲ့ ဒီကိစ္စက သူ့ကို အတွင်းကုသဆောင်ကို ကုသမဲ့ သမားတော်အဖြစ် ခေါ်တဲ့နေရာနဲ့ တစ်ခုခုများ သက်ဆိုင်မှု ရှိသလား”

ကျန်းရှန်ခန်းက အလျင်အမြန်ပဲ ရှင်းပြလာသည်။

“ဒါက ကျွန်တော်မျိုးက ကိုယ့်ဘာသာ ဆုံးဖြတ်ချက် မပြုလုပ်နိုင်ပါဘူး။တော်ဝင်သမားတော်အချို့နဲ့ ရုံးတော်က လူကြီးပိုင်းတချို့နဲ့ ပြန်ပြီး ဆွေးနွေးရဦးမှာမလို့ပါ၊ သူ ဘယ်မှာ လေ့လာခဲ့သလဲဆိုတာကို သိရရင် သူ့ကို မိတ်ဆက်ဖို့က ပိုပြီးလွယ်ကူတယ်လေ”

ဒီရှင်းပြချက်က တကယ်တော့ အတော်လေး အလှမ်းဝေးနေပေသည်။ သူ့အမိန့်အောက်က ပါရမီရှင်တွေက ဘယ်ကလာသလဲဆိုတာကို မသိဘဲ ကိုယ်လုပ်တော်တစ်ယောက်ကို မေးလာသည်တဲ့လေ။

ဧကရီမယ်တော်ကြီးက ကျန်းရှန်ခန်းကို သံသယရှိနေတဲ့ မျက်လုံးတွေနဲ့ ကြည့်လာသည်။

ယခုအခြေအနေကို မြင်သည့်အခါ ယန်ရှုက ချက်ချင်းပဲ ထပ်ပေါင်းပြောလိုက်သည်။

“ဒါဆိုရင် သူ တာဝန်ကျတဲ့အခါ ကျန်းယွမ်ဖင်းက သူ့ကို တိုက်ရိုက် မေးလိုက်ပါလိမ့်မယ်။ ဒါပေမဲ့ သူက ဒီနှစ်ရက်အတွင်း အတော်လေးအလုပ်ရှုပ်နေတာ ဖြစ်လောက်မယ်။ ကြားတာတော့ သူ့ရဲ့အိမ်က ညလယ်ကြီးသူခိုးတွေ ဖောက်ဝင်လာလို့တဲ့။ အဲဒါနဲ့ ကျင်းကျောက်စံအိမ်ကိုတော့ သတင်းပို့ထားတယ်”

ထိုစကားတွေ ထွက်လာသည်နှင့် ကျန်းရှန်ခန်းက ရပ်တန့်သွားတော့သည်။

ဧကရီမယ်တော်ကြီးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“မြို့တော်ထဲက ဥပဒေနဲ့ အမိန့်တွေက ဘာလို့အရမ်းကို ပရမ်းပတာ ဖြစ်နေရတာလဲ”

ယန်ရှုက အလျင်အမြန်ပဲ ရှင်းပြလာသည်။

“ကျွန်တော်မျိုးမ ကြားတာတော့ အခုပိုကောင်းလာပါပြီတဲ့။ ဒါပေမဲ့လည်း တချို့အသေးအဖွဲ့သူခိုးတွေကတော့ အမြဲတမ်းရှိနေတာပဲလေ”

သခင်မမုကလည်း ပြောလာသည်။

118 06

“နေရာတိုင်းမှာ ဒီလိုသူခိုးမျိုးတွေ ရှိတယ်။ အဲဒါကတကယ်ကို မြေကြီးလက်ခတ်မရွေးပဲ”

ဧကရီမယ်တော်ကြီးကလည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အမှန်ပဲ”

ထိုအသံတွေ ထွက်လာသည့်အခါ ကျန်းရှန်ခန်းကသူ့ခေါင်းကို အလျင်အမြန် ဦးညွှတ်လိုက်ကာ လျှောက်တင်လိုက်သည်။

“ကျွန်တော်မျိုး ဧကရီမယ်တော်ကြီးကို မနှောက်ယှက်တော့ပါဘူး ဆိုတော့ အရင်ထွက်ခွာပါတော့မယ်”

ဧကရီမယ်တော်ကြီးက ခပ်တိုးတိုး သဘောတူလိုက်ကာ ဆေးသေတ္တာနဲ့အတူ နန်းတောင်ကနေ အလျင်အမြန်ထွက်သွားတော့သည်။

စစ်စတန် [အရမ်းကောင်းတယ်။ နှစ်ပေါင်းများစွာ လစ်လပ်နေတော့ ဧကရီမယ်တော်ကြီးက အခုလတ်တလော တစ်ယောက်ယောက်ကို ရှာနေတာ။ ဧကရီမယ်တော်ကြီးက သူ့ကို သတိထားမိသွားမှာကို စိုးလို့ ရက်အနည်းငယ်လောက် ရိုးသားနေလိမ့်မယ်]

ယန်ရှု [ဟမ့် ငါတို့ရဲ့ရတနာအဖြစ် တန်ဖိုးထားရတဲ့ သမားတော်ကျန်းယွီကို ကာကွယ်ရမယ်]

နိမိသားစုကကလေးမလေးရဲ့ ကိစ္စကို တွေ့ကြုံပြီးကတည်းက သမားတော်ကျန်းက သူ့ရဲ့ထူးချွန်မှုကို ထပ်ပြီး ဖုံးကွယ်မထားတော့ဘူးဆိုတာကို သိလိုက်သည်။ ပြီးတော့ ကျန်းရှန်ခန်းရဲ့ မနာလိုမှုနဲ့ဆိုရင် သူက သေချာပေါက် သူ ဒါကို သတိထားမိလိမ့်မယ်]

သို့သော် အခုတော့ ကြည့်ရတာ ဧကရီမယ်တော်ကြီးက သူ့ကို ယုံကြည်နေဆဲထင်သည်။ ထို့ကြောင့် ပြဿနာအသေးလေးတွေက သူ့ရဲ့နေရာကို လှုပ်ကိုင်နိုင်မှာ မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေနဲ့ မြွေကိုပဲ ခြောက်လွှတ်လိုက်မိမှာဖြစ်ပြီး တစ်ဖက်လူရဲ့ ကျန်းနျန်ချီအပေါ် သံသယတွေကို လှုံ့ဆော်ပေးလိုက်နိုင်သည်။

ဒါကို ကောင်းကောင်းစီစဉ်ရမယ်

******

a119 01

အပိုင်း(၅၇.၂)

ဧကရီမယ်တော်ကြီးကို နှုတ်ဆက်အပြီးမှာတော့ ယန်ရှုဟာ ကန်လုနန်းဆောင်ဆီသို့ ပြန်လာခဲ့သည်။

သိပ်မကြာခင်မှာပဲ ဖုဟိုင်က လူနှစ်ယောက်ကို ဦးဆောင်ကာ သူမကိုတွေ့ရန် ခေါ်လာသည်အား တွေ့လိုက်ရသည်။

“ကိုယ်လုပ်တော်ယိ ဒီလူနှစ်ယောက်က ထိုက်ချန်နန်းဆောင်ကနေ တာဝန်ပေးအပ်ထားတဲ့ ကြီးကြပ်ရေးမှူးနှစ်ယောက်ပါ။ နဂါးလှေပွဲတော်က မကြာခင် ရောက်လာတော့မှာဖြစ်လို့ စစ်ရေးပြပွဲအတွက် လိုအပ်တဲ့ပစ္စည်းတွေအပြင် ဧကရာဇ်နဲ့မှူးမတ်တွေ ရှုစားဖို့ တချို့ရေပြပွဲတွေပါ ထည့်ဖို့ လိုသေးပါတယ်။ ဒီနှစ်ယောက်က စီစဉ်ထားတာတွေ အဆင်ပြေမပြေ စစ်ဆေးပေးဖို့ မိဖုရားကို လာပြီးဖိတ်ခေါ်တာပါ”

ယန်ရှု “….”

သူမက ဧကရီမယ်တော်ကြီးကို ကတိပေးလိုက်ပြီးပြီးချင်း လူတွေ ရောက်လာတယ်ပေါ့လေ။ ကျွမ်းကျင်မှုက အရမ်းကို မြင့်လွန်းမနေဘူးလား။

သူမက ခေါင်းညိတ်လိုက်ကာ ကောင်းပြီဟု ပြောလိုက်သည်။ ထို့နောက် တစ်ဖက်လူက အကြမ်းဖျင်း စီစဉ်ထားသမျှကို ရေးထားတဲ့ စာရွက်ကို ဆက်သပေးလာသည်။

အဲဒါကို ယူလိုက်ပြီး တစ်ချက်ကြည့်လိုက်ပြီးနောက်မှာ အဲဒါတွေအားလုံးက ရေထဲမှာ အရာဝတ္ထုတွေ ပစ်မြှောက်ကစားတာ ရေရုပ်သေးရုပ်ပြပွဲ ရေထဲမှာ သီချင်းဆိုတာနဲ့ ကပြတာမျိုးလို လူတိုင်းအတွက် ကျော်ကြားတဲ့အရာတွေပင်ဖြစ်သည်။ အတော်လေး ကောင်းမွန်ဆဲပင်။

ရုပ်သေးပြပွဲရှစ်ခု ကိုးခုလောက် တစ်ဆက်တည်း ဖြစ်နေရုံသာဖြစ်သည်။ သို့သော် သူတို့တွေအားလုံးက “ဟွမ်မင်းဆက်ရဲ့ဧကရာဇ်ဟွမ်က မြစ်ထဲမှာ ရေကူးနေခြင်း” “ဝေ့ရှင်းရှစ်ရဲ့ဧကရာဇ်ဝမ်” “ကျင်းလင်းဟွေ့ရဲ့ဧကရာဇ်ဝူ” “သဲမြစ်ကို ဖြတ်ကျော်နေတဲ့လျှိုပေ”အစရှိသဖြင့် ဖြစ်သည်။

ထို့နောက် သူမက ပြောလိုက်သည်။

“ဒီပုံပြင်တွေက မဆိုးပါဘူး။ ဒါပေမဲ့ သူတို့ထဲက အများစုက ယောက်ျားတွေရဲ့အကြိုက်တွေပဲ။ အကယ်၍ ကျွန်မတို့သာ “မြွေဖြူမယ်ရဲ့ဒဏ္ဍာရီ” “နွားကျောင်းသားနဲ့ရက်ကန်းသမ” လို အချစ်ဇာတ်လမ်းတွေကိုသာ ထည့်နိုင်မယ်ဆိုရင် အမျိုးသမီးတွေရဲ့ ဆွေမျိုးတွေက သူတို့တွေကို ဝေဖန်ရတာ ပိုပြီးကြိုက်နှစ်သက်လိမ့်မယ်”

“စကားမစပ် အဲဒီအချိန်မှာ ကလေးတွေ အများကြီး ရှိနေမှာကိုစိုးတယ်။ ဘာလို့“မသေမျိုးရှစ်ပါးရဲ့ပင်လယ်ကို ကျော်ဖြတ်ခန်း” “စွင်းရှင်းကျဲ့ရဲ့ နဂါးနန်းတော်မှာ ပြဿနာရှာခြင်း” “မိခင်ကိုကယ်တင်ဖို့ ချန်ရှန်းရဲ့တောင်ကိုခွဲဖြတ်ခြင်း”လို နတ်သမီးပုံပြင်တွေကို မပြင်ဆင်တာလဲ။ သူတို့လည်း ကြိုက်ရင်ကြိုက်မှာပေါ့”

ဒါကိုကြားချိန်မှာ ထိုက်ချန်နန်းတောင်က ကြီးကြပ်ရေးမှူးနှစ်ဦးက ချက်ချင်းပဲ ပြောလိုက်သည်။

“မိဖုရားရဲ့စကားတွေက တကယ်ကိုမှန်ပါတယ်။ စောင့်ဆိုင်းပြီးရင် စီစဉ်မှုတွေ လုပ်လိုက်ပါ့မယ်”

ယန်ရှုက ညည်းတွားလိုက်ကာ စာရင်းရဲ့အောက်ကို ထပ်ကြည့်လိုက်ချိန်မှာတော့ သတိလက်လွတ် ဖြစ်သွားမိရသည်။

ဘာ…

ပုံပြင်ပြောဖို့ ပုံပြင်ပြောသူကိုတောင် စီစဉ်ထားတယ်တဲ့လား။

ကျစ် သခင်လေးရှောင်ယောင်ရဲ့ စာအုပ်တစ်အုပ်တောင် ရှိနေသေးတယ်။

အဲဒါကို အဖြူအမည်းနဲ့ ရေးထားပြီး “အပျော်ရှာတဲ့ယောက်ျားနဲ့လှပတဲ့အမျိုးသမီး” “ရက်စက်ကောက်ကျစ်တဲ့ အမျိုးသမီးက လူရှုပ်ကောင်ယောက်ျားကို ထိန်းချုပ်ထားတယ်” နှင့် လွန်ခဲ့သည့်နှစ်ရက်ကမှထွက်သော “နှစ်ခါပွင့်သောမက်မန်းပွင့်နဲ့ ပန်းပွင့်တွေက မွှေးကြိုင်တယ်” ဆိုသည်ကပါ ရင်သပ်ရှုမောဖွယ်ရာ စာရင်းဝင်ပေသည်။

ယန်ရှူ “….”

ဒါကဘာသောက်ကိစ္စကြီးလဲ။

သူမရဲ့အရမ်းအံ့အားသင့်နေတဲ့ အကြည့်ကို တွေ့လိုက်ချိန်မှာ သူမရဲ့အပေါ်ယံအကာအကြောင်းသိတဲ့ အတွင်းလူတစ်ယောက်အနေနဲ့ ဖုဟိုင်က လျင်မြန်စွာ ရှင်းပြလိုက်သည်။

“ဒီသခင်လေးရဲ့အထူးလက်ရာတွေက အခုတလော အရမ်းကို ကျော်ကြားနေတာလေ။ အဲဒါကြောင့် ထိုက်ချန်းနန်းဆောင်ရဲ့ စီစဉ်ပေးမှုကို ပရိတ်သတ်တွေက သဘောကျလိမ့်မယ်လို့ တွေးမိတယ်လေ”

ထိုစကားတွေ ထွက်လာသည့်အခါ ကြီးကြပ်ရေးမှူးနှစ်ယောက်က လျင်မြန်စွာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။

119 02

“အထိန်းတော်ဖုက ပြောတယ်။ နှစ်တိုင်းနှစ်တိုင်း လူတွေအများကြီးက ရေကစားပွဲကို ကြည့်ဖို့ အပြေးအလွှားလာကြတယ်တဲ့။ ဒီလူငယ်လေးရဲ့စကားလုံးတွေက မြို့တွင်းရောမြို့ပြင်မှာပါ အကျော်ကြားဆုံးဖြစ်နေတာ။ ပြီးတော့လည်း သူတို့က အရမ်းကို အသိကြွယ်စေတဲ့ အဓိပ္ပာယ်တွေ အများကြီးရှိတယ်။ အဲဒါကြောင့် ဝန်ကြီးတွေက သာမန်ပြည်သူတွေက ဒါတွေကိုနားထောင်ရတာ ကြိုက်လိမ့်မယ်လို့တွေးပြီး ဒီစီစဉ်မှုကို တမင်သက်သက် လုပ်ထားလိုက်တာ။ ရည်ရွယ်ချက်ကတော့ ဧကရာဇ်နဲ့ ပြည်သူလူထုရဲ့ ပျော်ရွှင်ကို မျှဝေပေးချင်တာပဲ”

ဖုဟိုင်ကလည်း တွန့်ဆုတ်စွာ ထပ်ပေါင်းပြောလိုက်သည်။

“အဓိကအချက်ကတော့ ဧကရီမယ်တော်ကြီးက ဒီသခင်ငယ်လေးရဲ့ လက်ရာတွေကို အရမ်းကြိုက်တယ်”

အခြားနှစ်ယောက်ကလည်း ချက်ချင်းပဲ ထောက်ခံလိုက်ကြသည်။

ယန်ရှု “….”

ကောင်းပြီလေ ဧကရီမယ်တော်ကြီးကို ပျော်ရွှင်အောင်လုပ်ဖို့ ရှက်ရွံ့မှုကို သည်းခံရမယ်

သို့သော် ထိုနှစ်ယောက်က ကောင်းပြီဟုပြောလိုက်ကာ “နှစ်ခါပွင့်သောမက်မွန်ပန်း”ဆိုတာက နည်းနည်းတော့ မသင့်တော်သလိုပဲ။

အဆုံးမှာတော့ သခင်မမုက ရှိနေဆဲဖြစ်ကာ သူမအတွက် ရှက်ရွံ့စေနိုင်လောက်သည် ပါဝင်တဲ့လူကို ရှက်ရွံ့အောင် မလုပ်တာက ကောင်းမယ်။

ထို့နောက် သူမကပြော လိုက်သည်။

“တကယ်တော့ ကျွန်မလည်း ဖတ်ဖူးပါတယ်။ အပျော်ရှာတဲ့ယောက်ျားနဲ့ လှပတဲ့အမျိုးသမီး” နဲ့ “ရက်စက်ကောက်ကျစ်တဲ့ အမျိုးသမီးက လူရှုပ်ကောင်ယောက်ျားကို ထိန်းချုပ်ထားတယ်” က တကယ်မဆိုးဘူး။ သူတို့တွေက အခုခေန်စားနေတဲ့ ညီလာခံထဲက တင်းကြပ်တဲ့အုပ်စိုးမှုကို ဖြည့်တင်းပေးတယ်။ နောက်ဆုံးတစ်ခုကိုတော့ ထားလိုက်တော့။ အဲဒါက လွယ်ကူပြီး အငြင်းပွားမှုကို နှိုးဆော်ပေးတယ်”

ဧကရာဇ်က သဘောထားကြီးသော်လည်း လူတချို့က မုဆိုးမတစ်ယောက်ရဲ့ ပြန်လည်အိမ်ထောင်ပြုခြင်းကို ဂရုစိုက်နေမှာ မလွဲဧကန်ပဲ ဖြစ်သည်။

ထိုနှစ်ယောက်က ချက်ချင်းပဲ ကောင်းပါပြီဟု ခေါင်းညိတ်လိုက်ကာ စာရင်းထဲကနေ ပယ်ဖျက်လိုက်သည်။

နောက်တစ်ခုကတော့ သီချင်းအချို့ အကအလှတချို့နဲ့ မီးတောင်ကိုလူသုံးယောက်က ကျော်ဖြတ်ခြင်း ကျူးပါကျဲရဲ့နောက်ကျောမှာ သူ့ရဲ့ဇနီးကို သယ်ဆောင်ခြင်း စသဖြင့် အရိပ်ရုပ်သေးပြပွဲကို ရွေးချယ်လိုက်သည်။ ထင်တာတော့ ကလေးတွေက သူတို့ကိုကြည့်ရတာ ကြိုက်နှစ်သက်ပေလိမ့်မည်။

ပြဇာတ်ကပွဲဖျော်ဖြေမှုဟာ နောက်ဆုံးပိတ်ဖြစ်တယ်လို့ သတ်မှတ်လို့ ရပေသည်။

ဖုဟိုင်ဟာ လူတွေကို ဦးဆောင်ပြီး ပြန်ထွက်တော့မလို့ပင်။ သို့သော် ယန်ရှုက ထပ်မေးလိုက်သည်။

“ကောင်းပြီလေ…..အစားအသောက်စာရင်းကိုရော ထပ်ကြည့်ဦးမလား”

ထိုစကားတွေ ထွက်လာသည်နှင့် ထိုကြီးကြပ်ရေးမှုးနှစ်ယောက်က အံ့အားသင့်မှုကို အလျင်အမြန် ဖော်ပြလိုက်ကာ ပြောလာသည်။

“ဒါက အကောင်းဆုံးပါပဲ။ မှူးမတ်တွေနဲ့ တစ်ခြားသူတွေက ကျန်တဲ့ကိုယ်လုပ်တော်တွေအကုန်လုံးကို နှောက်ယှက်မိမှာစိုးတဲ့အတွက် သူတို့တွေက စကားမပြောရဲဘူး….”

ယန်ရှုက သူမရဲ့လက်ကို ဝှေ့ယမ်းလိုက်ကာ

“အဆင်ပြေတယ်။ ယူသာယူလာခဲ့ပါ”

တခြားအရာတွေနဲ့ ယှဉ်လျှင် အစားအသောက်ကသာ ထိပ်တန်းဦးစားပေး ဖြစ်သည်။ သေချာပေါက်ကို သူမကအဲဒါကို ကောင်းကောင်း ဂရုစိုက်ရမှာပေါ့!

လာတဲ့သူက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ချက်ချင်းပဲ အစားအသောက်စာရင်းကို ယူရန် ပြေးသွားတော့သည်။

…..

~~~~

ဒီလိုနည်းနဲ့ အရာရာတိုင်းဟာ စီစဉ်ပြီးသွားတာကို တွေ့လိုက်ရပြီး နောက်သုံးရက် အကြာမှာတော့ နန်းတော်ထဲက လူတိုင်းဟာလည်း စောစောထွက်သွားကာ ကျင်းမင်ရေကန်ကို ရောက်ရှိသွားကြတော့သည်။

ကျင်းမင်ချီဆိုသည့်နာမည်ကို မြို့တော်ထဲတွင် မသိသူ မရှိပေ။

ဒါဟာ ဧကရာဇ်ကောင်းဇူကနေ ရေနဲ့တိုက်ပွဲတွေကို ကြည့်ရန် လူတွေကို တူးရန် အမိန့်ပေးထားတာ ဖြစ်သည်။ ရေအိုင်ကအရမ်းကို ကြီးသည့်အတွက် နဂါးလှေပင် လှော်လို့ရကာ စစ်သင်္ဘောတွေကိုပါ ထည့်သွင်းထားလို့ရသည်။

သိပ်မကြာခင်မှာပဲ ပြည်သူလူထုတွေနဲ့အတူ ပျော်ရွှင်နိုင်ရန် ဧကရာဇ်ကောင်းဇူက နံရံကိုဖြိုချဖို့ အမိန့်ပေးလိုက်ပြီး ထိုအခါမှသာ ယခုကျင်းမင်ရေကန်က နံရံမရှိတဲ့ ပထမဦးဆုံးသော တော်ဝင်ဥယျာဉ်တစ်ခု ဖြစ်လာခဲ့သည်။

ပြီးတော့ အကောင်းဆုံးကတော့ မြို့တော်ရဲ့ အလယ်ဗဟိုမှာရှိသည့်အတွက် ပြည်သူလူထုနဲ့ အလွန်ကို နီးကပ်ပေသည်။

သာမန်အချိန်တွေဆိုလျှင် သာမန်လူတွေနဲ့ ခရီးသွားတွေက အေးမြမှုကို ခံစားရန်နှင့် ရှုခင်းကို ရှုစားရန် မကြာခဏ လာရောက်တတ်ကြသည်။ နဂါးလှေပွဲတော်ကို ရောက်လာချိန်မှာတော့ လူတိုင်းအတွက် ပိုလို့တောင် လွတ်လပ်သေးသည်။ ဧကရာဇ်နဲ့ ပြည်သူတွေ အတူတကွပျော်ပါးကြတဲ့ အကောင်းဆုံး ဥပမာလို့ပင် ပြောနိုင်ပေသည်။

သို့သော်လည်း ယန်ရှုက ပထမဆုံးလာသည့်သူပင်။

သူမက သိချင်စိတ်တွေနဲ့ ပြည့်နှက်နေပြီး ဖြစ်သည်။

119 03

ရထားလုံးကနေ ထွက်ပြီးနောက်မှာတော့ ချက်ချင်းပဲ ကြည့်လိုက်တယ်ဆိုရင်ပဲ ရေကန်ထဲမှာ အနီရောင်သစ်စေး လက်ရန်းတွေနဲ့ လူတွေက လော့ထော့ဖုန်းလို့ခေါ်တဲ့ ဒူးဆန့်ပြီး စစ်ရေးပြချီတက်တဲ့ တိုင်တွေနဲ့ ဟုန်ချောင်းလျှောက်လမ်းကို တွေ့လိုက်ရသည်။

တံတားရဲ့ထိပ်မှာတော့ ခန်းဆောင်ငါးခုနဲ့ ဆက်သွယ်ထားတဲ့ ခံ့ညားဖွယ်အဆောက်အဦးတစ်ခုဖြစ်တဲ့ ရှုန်းလုံကျယ်ကို တွေ့လိုက်ရပြီး ထိုနေရာဟာ နှစ်တိုင်းနှစ်တိုင်း ဘုရင်မင်းမြတ်နဲ့ကိုယ်လုပ်တော်တို့က ရှာခင်းကို ရှုစားကြတဲ့ နေရာလည်းဖြစ်သည်။

ထိုအချိန်မှာ ဆေးခြယ်ထားတဲ့လှေတွေနဲ့ စစ်သင်္ဘောတွေကို ကမ်းစပ်မှာ သေသပ်စွာ စီရီထားတာကို တွေ့လိုက်ရပြီး လူတွေကို နောက်ထပ်မြင်ကွင်းတစ်ခုကို ကြည့်ချင်လာအောင် ပြုလုပ်နေပေသည်။

ယန်ရှုဟာ တော်ဝင်ရထားမောင်းသူ နောက်ကနေလိုက်ပြီး ဧကရီမယ်တော်ကြီးရှိရာ နန်းဆောင်ဆီသို့ လိုက်ပါသွားလိုက်သည်။

ပြောမှပင် ယခု သူမနဲ့ဝမ်ကျောက်ယီတို့ကသာ မောင်းမဆောင်မှာ ကျန်ရင်နေသေးသော သူတွေပင်။ အထူးသဖြင့် ဒီနေ့မှာ ဝမ်ကျောက်ယီက သူမက ဖျားနာတုန်းပဲလို့ ပြောနေတဲ့အတွက် သူမကလွဲလို့ ဧကရာဇ်နဲ့ဧကရီမယ်တော်ကြီးကသာ နန်းတော်ကနေ အဖော်ပြုတက်ရောက်သူတွေပင်။

ကံကောင်းစွာနဲ့ လန်ယွင်နဲ့ သူမရဲ့မိခင်ဖြစ်သူ သခင်မမုတို့က အရေအတွက် တိုးစေသည့်အတွက် ကြည့်ရတာ သိပ်ပြီးတော့ နည်းပါးမနေပေ။

သို့သော်လည်း ယနေ့မှာတော့ မှူးမတ်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေက ဘေးဘက်မှာ စောင့်ဆိုင်းနေပြီ ဖြစ်သည်။

လူပေါင်းများစွာ ထိုင်ချအပြီးမှာတော့ တစ်ယောက်ပြီးတစ်ယောက်က အရိုအသေ ပေးလာကြသည်။ စင်ပေါ်မှာ ပေါ်လာတဲ့ ပထမဆုံးသူကတော့ ရင်းနှီးတဲ့ဆွေမျိုးဖြစ်တဲ့ အကြီးဆုံးမင်းသမီးကြီးပင်။

သူတို့နောက်ကတော့ အန်းခန်းကောင်တီအရှင်နဲ့ သူ့ကြင်ယာတော်တို့ဖြစ်ပြီး သူတို့ရဲ့သားနဲ့သမီးဖြစ်သူ ခြောက်နှစ်အရွယ်သားလေး ယောင်မင်ရွှီနဲ့ လေးနှစ်အရွယ်သမီးဖြစ်တဲ့ ယောင်မင်ဟန်တို့ပင် ဖြစ်သည်။

ဒီမိသားစုရဲ့မိသားစုဝင်တွေက လှုပ်ရှားသက်ဝင်နေကာ နန်းဆောင်ကို သက်ဝင်တက်ကြွစေသည်။

“အရှင်မင်းကြီး ဧကရီမယ်တော်ကြီးနဲ့ ကိုယ်လုပ်တော်ယိဖင်းတို့ကို နှုတ်ခွန်းဆက်ပါတယ်”

မင်းသမီးကြီးက ပျော်ရွှင်စွာနဲ့မိသားစုကို ဦးဆောင်ကာ အရိုအသေ ပေးလိုက်သည်။

ယွီဝိန်းလန်ကလည်း ယဉ်ကျေးစွာ ပြောလိုက်သည်။

“ကြိုဆိုပါတယ်။ ဒေါ်လေး မြန်မြန်နေရာယူပါ”

တစ်မိသားစုလုံးက နာခံလိုက်ပြီး နေရာယူလိုက်ကြသည်။

ယန်ရှုကလည်း တိတ်တဆိတ်နဲ့ လေ့လာကြည့်လိုက်တဲ့အခါမှာ သူ့ဇနီးဖြစ်သူနဲ့ကောင်တီအရှင်တို့က တစ်ယောက်နဲ့တစ်ယောက် ပြုံးကြည့်နေပြီး သူတို့ရဲ့ဆက်ဆံရေးက အရင်ကထက်ပိုပြီး ချိုမြိန်လာပုံရသည်။

အဟွတ် အဟွတ် ကြည့်ရတာ မာယောင်ရှန်းရဲ့ကုသမှုက သက်ရောက်မှုကောင်းပုံ ရတယ်

ကျန်းနျန်ချီက မရေမတွက်နိုင်တဲ့ မိသားစုတွေကို အကျိုးပြုပေးခဲ့တာပဲ

ယွီဝိန်းလန် “…..”

ဒါကအမှန်ပဲ။ သူ့မှာ ဒါနဲ့ပတ်သက်ပြီး အရမ်းကို နက်ရှိုင်းတဲ့နားလည်မှု ရှိသည်။ အဲဒီသမားတော်ကျန်းက လူတွေအများကြီးကို အကျိုးပြုခဲ့တာပဲ ။

လူကြီးတွေ နေရာယူပြီးတာကို တွေ့လိုက်ချိန်မှာ ယောင်မိသားစုက ကလေးနှစ်ယောက်ကလည်း ချက်ချင်းပဲ နိရှန်းဝမ်နဲ့လန်ယွင်တို့နှင့် စတင်ဆော့ကစားကြတော့သည်။

ခန်းမထဲမှာ တစ်ခဏလောက် ရယ်မောသံတွေနဲ့ ပြည့်နှက်သွားပြီး အရမ်းကို သက်ဝင်လှုပ်ရှားနေပေသည်။

ဧကရီမယ်တော်ကြီးကလည်း အဓိပ္ပာယ်အပြည့်နှင့် သက်ပြင်းချလိုက်သည်။

“ပိုပြီးတော့ သက်ဝင်တက်ကြွတာက ကလေးတွေဖြစ်နေတုန်းပဲ”

ပြောပြီးနောက် ဧကရာဇ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

[ဒီကလေးက အခုထိ အလျင်မလိုသေးဘူးလာ?]

[ဘာလို့ကျန်းရှန်ခန်းကို တစ်ချက်လောက် မကြည့်ခိုင်းရတာလဲ]

[နေမကောင်းရင်လည်း ကုသခိုင်းလေ ဆက်ခံသူမရှိတာထက် ကာကွယ်ရမှာက ပိုပြီး အရေးကြီးတယ်]

ယွီဝိန်းလန် “…”

ရိုးရိုးသားသားပြောရလျှင် သူက တစ်ခဏလောက်တော့ ပြောစရာစကားမဲ့သွားသည်။

ဟုတ်သည် အစကတော့ သူဟာ ဧကရီမယ်တော်ကြီးကို သတိထားနေခဲ့သည်။ အထူးသဖြင့် လျောင်တုန်းဘုရင်ရဲ့ ဖြစ်ရပ်အပြီးမှာပင်။ သူဟာ ဧကရီမယ်တော်ကြီးကို အရမ်းကို သတိတထားရှိနေခဲ့သည်။

သို့သော်….သိပ်မကြာတော့ပေ။

သူဟာ မျိုးစေ့တွေအများကြီး ပျိုးကြဲထားတာကို ကြည့်ခြင်းအားဖြင့် အချိန်ကျလာသည့်အခါ ရလဒ်ထွက်လာလိမ့်မည်ဖြစ်သည်။

ဒါကိုတွေးပြီးနောက် သူက ယန်ရှုကို ထပ်ကြည့်လိုက်သည်။

ယန်ရှု “….”

ကြည့်စမ်း ဧကရီမယ်တော်ကြီးက အဲ့လိုပြောတာနဲ့ သူက သူမကို လာကြည့်လိမ့်မည်ပင်။

သို့သော် သူမလည်း ဒီကိစ္စကို ဆုံးဖြတ်၍ မရပေ။

မျိုးစေ့တွေ အညှောင့်ပေါက်လာဖို့က အချိန်လိုတယ်လေ မဟုတ်ဘူးလား။

119 04

အခုမှ တစ်လတောင် မရှိသေးတာကို ဘယ်လိုလုပ်ပြီး အဲဒီလောက် မြန်နိုင်မှာလဲ

ခန်းမတစ်ခုလုံးဟာ တစ်ခဏခန့် ကသိကအောက် ဖြစ်သွားပေမဲ့ ကံကောင်းစွာနဲ့ ဝန်ကြီးတွေက တစ်ယောက်ပြီးတစ်ယောက် အရိုအသေ ပေးလာကြပြီး လူတိုင်းရဲ့အာရုံကို လမ်းလွှဲပေးလိုက်နိုင်သည်။

အခုဆိုလျှင် ယန်ရှုဟာ စားသောက်ပွဲတချို့ တက်လာပြီးဖြစ်သည့်အတွက် တိုင်းပြည်ရဲ့ ညီလာခံက မှူးမတ်အတော်များများကို ရင်းနှီးနေပြီး ဖြစ်သည်။

သို့သော် ဒီနေ့က အနည်းငယ် ထူးဆန်းပေသည်။ စက်မှုလက်မှု ဝန်ကြီးများရုံးတော်က မှူးမတ်က ဖောင်းကားရောင်ကိုင်းနေတဲ့ မျက်လုံးတွေနဲ့ တကယ်ပဲ ရောက်လာသည်။

ဖြစ်နိုင်တာက မနေ့ညက ဘယ်သူမှမရှိတဲ့ နေရာတစ်ခုကိုရှာပြီး အဲဒီနေရာမှာပုန်းပြီး တိတ်တိတ်လေးငိုနေခဲ့တာလား။

စစ်စတန် [ပြောမှပဲ ဒါတွေက နင့်ကြောင့်ပဲလေ။ သူက နင့်ရဲ့စာအုပ်ပရိတ်သတ်လေ။ ငါဆိုလည်း လွန်ခဲ့တဲ့နှစ်ရက်က နင့်ရဲ့စာအုပ်အသစ်အပေါ်မှာ နှစ်မြှုပ်နေခဲ့တာ။ အဓိကဇာတ်ဆောင်ရဲ့ အလှည့်အပြောင်းနဲ့ ချစ်ခြင်းမေတ္တာနေရာမှာ ငါဆိုရင် အကြိမ်အများကြီး ငိုခဲ့တာ]

ယန်ရှု “….”

သူမရဲ့စကားလုံးတွေကို ဖတ်လိုက်လို့ ဒီလိုအထိဖြစ်အောင် ငိုခဲ့တာလား။

ကျစ် အရမ်းကို ရင်ထဲထိချင်စရာပဲ။

သူမက စိတ်လှုပ်ရှားသွားပြီး တစ်ခဏခန့် စိတ်ထိခိုက်သွားရသည်။ ပြီးနောက် တွေးလိုက်သည်။ မဟုတ်ရင် သူ့ကိုနှစ်သိမ့်ပေးဖို့ တစ်နေ့ကျ ငါ့ရဲ့လက်မှတ်လေး ပေးဦးမယ်။

ယွီဝိန်းလန် “….”

သူဟာ သူမကို အဲ့အကြောင်းကို မေ့လိုက်ဖို့ သူ့ကို သတိပေးလိုက်ချင်သည်။ တကယ်လို့ တစ်ဖက်သူသာ သူမရဲ့လက်ရေးကို တွေ့သွားလျှင် ပိုပြီးတော့တောင် ဝမ်းနည်းသွားဦးမည်။

ထို့နောက် ချက်ချင်းပဲ ဆန်ရွက်တွေ စားရတာကြိုက်တဲ့ ကွမ်းယန်မြို့စားက စင်ပေါ်ကို တက်လာတော့သည်။

—ဧကရီမယ်တော်ကြီးရဲ့ မွေးနေ့ညစာစားပွဲပြီးတာက မကြာသေးပေ။ သို့သော် ဒီမိတ်ဆွေလေးက ထပ်ပြီးတော့ အလေးချိန်တွေ ကျသွားပြန်ပြီဖြစ်သည်။

ဧကရီမယ်တော်ကြီးက အရမ်းကိုစိုးရိမ်သွားပြီး လျင်မြန်စွာမေး လိုက်သည်။

“ကွမ်းယန်မြို့စားက တကယ်ပဲ နေထိုင်မကောင်းနေတာ မဟုတ်လား။ ဘာလို့ ဒီလောက်ထိ ဆိုးဆိုးရွားရွားနဲ့ အလေးချိန်ကျသွားတာလဲ။ ရှင့်ရဲ့ဖျားနာမှုကို သမားနော်ဆီကနေ ဖုံးကွယ်မထားနဲ့”

ဒါကိုကြားလိုက်ရချိန်မှာ ယွီဝိန်းလန်ကလည်း အနည်းငယ် စိုးရိမ်သွားသည်။

ရှင်းသောင်သာ တကယ်မလုပ်နိုင်ဘူးဆိုရင် အဲဒီပွေလီတဲ့ အရာတွေကို မစားဖို့ သတိပေးရမယ်။

သူ့ပါးစပ်ပင် မဖွင့်နိုင်သေးခင်မှာပဲ ယန်ရှုက တွေးလိုက်သည်။

[ဒီနေ့ စာဖိုးမှူးတွေကို သူ့အတွက်သင့်တော်တဲ့ တစ်ခုခုကို အထူးပြင်ဆင်ခိုင်းထားတယ်။ အဲဒါက အလုပ်ဖြစ်မလားဆိုတာ ကြည့်ရအောင်]

ထို့နောက် ယွီဝိန်းလန်က သူ့စကားလုံးတွေကို မြိုချလိုက်ကာ ချက်ချင်းပဲ သိချင်သွားရတော့သည်။

သူမက တကယ်ပဲ အထူးပြင်ဆင်ထားတာလား။

ကွမ်းယန်ဟုန်အတွက် ဘာကအထူးသင့်တော်တာလဲ။

ဖြစ်နိုင်တာက စာရွက်နဲ့လုပ်တဲ့အစားအစာလား။

ကျစ် တစ်ခြားသူတွေက ဘယ်လိုစားတော့မှာလဲ။

သူ တွေးနေစဉ်မှာပဲ နန်းတော်အစေခံတွေက အဆာပြေမုန့်များစွားကို တစ်ခုပြီးတစ်ခု တည်ခင်းလာတာကို တွေ့လိုက်ရသည်။

သူတို့ထဲကတစ်ခုက စာအုပ်သဏ္ဍာန် ပြုလုပ်ထားတဲ့ ပန်ကိတ်တွေဖြစ်ပြီး သူတို့ရဲ့အပေါ်မှာ အချိုရည်နဲ့ စာလုံးတွေကို ရေးထားပေသည်။ ကြည့်ရသည်မှာ လန်ဆန်းစေသည်။

ယွီဝိန်းလန်က ရပ်တန့်သွားပြီး ဘေးဘက်ကို အလျင်အမြန်နဲ့ တစ်ချက်ကြည့်လိုက်သည်။

မြို့စားကွမ်းယန်ရဲ့မျက်လုံးတွေက ကျရောက်သွားပြီးဖြစ်ပြီး သူ့နှလုံးသားထဲမှာ စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။

[ဒါကဘာလဲ။ စားလို့ရလား။ ကြည့်ရတာ စားကောင်းမဲ့ ပုံပဲ]

ထို့ကြောင့် သူက အလျင်အမြန် ပြောလိုက်သည်။

“မြန်မြန်လေး နေရာယူကြတော့။ အဆာပြေမုန့်တချို့ စားပြီး လက်ဖက်ရည် သောက်ကြပါ။ အားလုံးကို ကြိုဆိုပါတယ်”

ကွမ်းယန်ဟုန်က နာခံလိုက်ကာ ချက်ချင်းပဲ စားသောက်ရန် ထိုင်ချလိုက်တော့သည်။

မျက်စိတစ်မှတ်အတွင်းမှာပင် သူဟာ စာအုပ်ပုံပန်ကိတ်အသေးလေးနှစ်ခုကို စားလိုက်ပြီးဖြစ်ပြီး သူ့မျက်နှာပေါ်မှာလည်း ကျေနပ်နေဟန် အကြည့်တို့ရှိသည်။

[ကောင်းသားပဲ ။ဒီအရသာက ပိုတောင်ကောင်းတယ်]

ယန်ရှုက နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားသည်။

အခုဆို ကွမ်းယန်ဟုန်သခင်မက သူ့ရဲ့ခင်ပွန်းကို ဘာကျွေးရမလဲဆိုတာ သိသွားလောက်ပြီ မဟုတ်လား။

—အဟွတ် အဟွတ် သူတို့ရဲ့ဇာတိမြို့က ပန်ကိတ်ကြီးတွေက ဝါးရတာ နည်းနည်းလေး ခက်ပေမဲ့ သူတို့တွေက အရမ်းကို အာဟာရရှိနေဆဲပင်။

119 05

ယွီဝိန်းလန်ကလည်း ထိုအရာကိုကြားရသည်မှာ အရမ်းကို ကျေနပ်ပေသည်။

—အိုက်ဖေးကျိုက်က ကြင်နာပြီး ရင်ထဲထိစရာပဲ။

ထို့နောက် ချက်ချင်းပဲ ခန်းမအပြင်ဘက်ကနေ ဆက်သွယ်လာသံကို ကြားလိုက်ရသည်။

“သခင်ကျုံးရိက နှုတ်ခွန်းဆက်ပါတယ်….”

ယန်ရှုက တွန့်ဆုတ်သွားကာ သခင်ကျုံးရိလား။

အဲဒါက သူမရဲ့အဖေ မဟုတ်ဘူးလား။

သေချာပေါက်ပင် ထို့နောက်မှာတော့ သူမရဲ့မိဘတွေက ခန်းမထဲကို အတူတကွ ဝင်လာတာကို တွေ့လိုက်ရသည်။ သူတို့တွေက သေသပ်စွာ ဝတ်ဆင်ထားပြီး ခမ်းနားထည်ဝါတဲ့ အဝတ်အစားတွေနဲ့ သူတို့ကို တည်ကြည်လေးနက်စွာနဲ့ အရိုအသေ ပေးလာသည်။

ယန်ရှုက စိတ်လှုပ်ရှားစွာနဲ့ အံ့အားသင့်သွားပြီး သူမရဲ့မိဘတွေကလည်း ဒီနေ့မှာ လာမည်ဆိုတာကို မသိခဲ့ပေ။

ပြောမှပဲ အပြင်လူတွေကို မောင်းမဆောင်ထဲ ဝင်ခွင့်မပြုသည့်အတွက် သူမရဲ့မိခင်နဲ့ အဖွားဖြစ်သူကို တွေ့ပြီးပေမဲ့ သူမရဲ့အဖေကတော့ သူမကို မတွေ့ရသေးပေ။

ဒီနေ့မှာ တွေ့ရမယ်လို့ မထင်ထားဘူး။

ဘယ်လိုတောင် သာယာကြည်နူးဖွယ် ကောင်းတာလဲ။

ထိုမြင်ကွင်းကို တွေ့လိုက်ရပြီး ပလ္လင်ပေါ်က ဘုရင်မင်းမြတ်ဟာလည်း စိတ်ကောင်းဝင်နေပေသည်။

သူ့ခေါင်းကို ညိတ်လိုက်ပြီး ပြောလိုက်သည်။

“အရမ်းယဉ်ကျေးနေစရာ မလိုပါဘူး နေရာယူပါ”

လိမိသားစုကစုံတွဲက နာခံလိုက်ကာ ခန်းမထဲတွင် ထိုင်ချလိုက်သည်။

ဧကရီမယ်တော်ကြီးကလည်း အမေလိဖြစ်သူ သခင်မကျူးကို သူမရဲ့သမီးဘေးမှာ ထိုင်ဖို့ အထူးခွင့်ပြုပေးထားသည်။

ယန်ရှုက သူမရဲ့အမေကို ပျော်ရွှင်စွာနဲ့ ဖက်လိုက်ပြီး သူမ ဘယ်လောက် ပျော်ရွှင်နေသလဲဆိုတာက ဖော်ပြနေစရာပင် မလိုပေ။

ထို့နောက်မှာတော့ လူပေါင်းများစွာက တစ်လှိုင်းပြီးတစ်လှိုင်း ရောက်လာကြပြီး အတန်းလိုက် နှုတ်ဆက်အပြီးမှာတော့ သူတို့ရဲ့ထိုင်ခုံတွေကို ယူလိုက်ကြသည်။

တစ်ချိန်တည်းမှာပဲ ဆေးခြယ်ထားတဲ့ သင်္ဘောနှစ်စင်းဟာ ခန်းမအရှေ့က ရေထဲကို ရွက်လွှင့်လာကြသည်။ ဒီနေ့ရဲ့ပထမဆုံးအစီအစဉ်က ရေထဲမှာ ဂီတသံနဲ့ကပြ ဖျော်ဖြေတာဖြစ်ပြီး စတင်ဖျော်ဖြေတော့မည် ဖြစ်သည်။

ယန်ရှုနဲ့ သူမရဲ့မိခင်ဖြစ်သူ ကျူးရှီတို့အတွက်က ဒီလိုမြင်ကွင်းမျိုးကို မြင်ရသည်က ပထမဆုံးအကြိမ် ဖြစ်သည်။ ထို့ကြောင့် စိတ်ဝင်တစားနဲ့ ကြည့်ရှုတဲ့နေရာမှာ ပျော်မွေ့လိုက်ကြသည်။

မမျှော်လင့်ထားစွာနဲ့ သိပ်မကြာခင်မှာပဲ အိမ်တွင်းရေးရာ ရုံးတော်ရဲ့ မှူးမတ်က နန်းတော်ထဲကို ဝင်လာတာကို တွေ့လိုက်ရပြီး ဘုရင်မင်းမြတ်ကို ညွှန်ကြားချက်အတွက် မေးမြန်းလာသည်။

“အရှင်မင်းကြီး အသစ်ချိန်းဆိုထားတဲ့ ဆားသံတမန်ရဲ့ လက်ထောက်သံတမန်က အရှင်မင်းကြီးနဲ့ တွေ့ချင်နေပါတယ်”

ယနေ့မှာ ဧကရာဇ်နဲ့ ဝန်ကြီးတွေက အတူတကွ ပျော်ရွှင်နေကြတာပင်။ ပြီးတော့ အခုက အသစ်ချိန်းဆိုထားတဲ့ သံတမန်ဖြစ်သည်။ ယွီဝိန်းလန်ကလည်း ငြင်းဆိုလိမ့်မည်မဟုတ်ပဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“သူ့ကို အထဲဝင်ခွင့်ပြုလိုက်”

အိမ်တွင်းရေးရာ ရုံးတော်ရဲ့ မှူးမတ်က နာခံလိုက်ကာ တစ်ခဏအတွင်းမှာပဲ အသက်သုံးဆယ်နဲ့ လေးဆယ်အတွင်း ရှိနေတဲ့ ယောက်ျားတစ်ဦးကို နန်းဆောင်ထဲသို့ ဦးဆောင် ခေါ်လာခဲ့သည်။

လာရောက်လည်ပတ်သူက သူ့မိသားစုရဲ့ နောက်ခံကို တင်ပြလာသည်။

“ချန်လော့ ကျစ်ရွှယ်က အရှင်မင်းကြီးကို နှုတ်ခွန်းဆက်ပါတယ်”

လော့ကျစ်ရွှယ်။

ယန်ရှုက တစ်ခဏခန့်တောင့်ခဲသွားပြီး ထိုနာမည်က အတော်လေး ရင်းနှီးနေတယ်လို့ ခံစားနေရပေသည်။

ထိုအချိန်တုန်းက သူမရဲ့ဖခင်မှာ မိတ်ဆွေတစ်ဦးရှိပြီး ကြည့်ရတာ သူ့နာမည်က ဒီနာမည်ဖြစ်တဲ့ပုံပင်။

သို့သော် စစ်စတန်က ပြောလာသည်။

[အမှန်ပဲ သူက နင့်အဖေဆီကနေ မြို့တော်မှာ စာမေးပွဲဖြေဖို့အတွက်ဆိုပြီး ငွေတုံးနှစ်ဆယ် ချေးသွားတဲ့သူပဲ။ အဲဒါက နင့်ရဲ့မိဘတွေကို ရန်ဖြစ်စေပြီး စာမေးပွဲ အောင်ပြီးတဲ့အခါမှာလည်း ပိုက်ဆံကိုပြန်မပေးဘဲ နှစ်ယောက်လုံးကို မသိချင်ယောင် ဆောင်နေခဲ့တာ]

ယန်ရှုက ရပ်တန့်သွားတော့သည်။

ဟေး ဒါက ရန်သူတွေက လမ်းကျဉ်းလေးထဲမှာ တွေ့ကြတယ်ဆိုတာမျိုး မဟုတ်ဘူးလား။

******

120 01

အပိုင်း(၅၈.၁)

စစ်စတန်ရဲ့သတိပေးခြင်း ခံရလိုက်ရအပြီးမှာ ယန်ရှုဟာ အားလုံးကို မှတ်မိသွားတော့သည်။

——

ဒီလော့ကျစ်ရွှယ်နဲ့ သူမရဲ့ဖခင်တို့က အတန်းဖော်တွေဖြစ်ခဲ့ဖူးသည်။ သို့သော် သူက နှစ်အနည်းငယ် ပိုငယ်ပေသည်။ ထိုသူမှာ ပါရမီတချို့ရှိပေမဲ့ သူ့မိသားစုကတော့ အတော်လေး ဆင်းရဲပေသည်။

ထိုအချိန်တုန်းက သူမအဖေက စာမေးပွဲမှာ ဂုဏ်ဆောင်နိုင်ခဲ့ပြီး ကောင်တီအစိုးရဆီမှာ အလုပ်ဝင်နေပြီဖြစ်သည်။ လော့ကျစ်ရွှယ်က မြို့တော်မှာ စာမေးပွဲဖြေဆိုရန် ထွက်ခွာတော့မည့်အချိန်ဖြစ်သည်။ သို့သော် သူဟာ တကယ်ကို ပိုက်ဆံ မတတ်နိုင်သည့်အတွက် စာမေးပွဲအချိန်ကို မမှီလုနီးပါးပင်။

သူမရဲ့အဖေက ဖြောင့်မတ်ပြီး ရိုးသားသည့်အတွက် သူ့မိတ်ဆွေတွေ ဒုက္ခရောက်နေသည်အား ဘယ်တော့မှ မကြည့်ရက်ပေ။ ထို့ကြောင့် သူတို့ရဲ့အိမ်ဟောင်းလေးကို ပြန်လည်ပြင်ဆင်ရန် အချိန်အကြာကြီး စုဆောင်းခဲ့ရသည့် ငွေတုံးနှစ်ဆယ်ကို ထိုသူ့အား တိတ်တဆိတ် ချေးငှားပေးလိုက်သည်။ ပြီးနောက် သူ့ငို တော်ဝင်စာမေးပွဲအား ချောမွေ့စွာ သွားဖြေခိုင်းလိုက်သည်။

ယန်ရှုဟာ ထိုညက မြင်ကွင်းကို ဝိုးတဝါးမှတ်မိနေဆဲပင် သူမအဖေက သူမကို အပြင်ထွက် ကစားခိုင်းရန် အကြောင်းပြချက် တစ်ခုပေးပြီး ဒီလူကိုငွေတချို့ ပေးလိုက်သည်။ ဒီလူက ငွေတွေကို လက်ခံရပြီးချိန်မှာ ခါးခါးသီးသီးငိုကြွေးပြီး သူ ပြန်လာလျှင် ဘယ်လို ပြန်ပေးပါ့မည်လို့ဆိုကာ အဓိဌာန်ပြုလာသည်…..။

ဒုတိယမြောက်နေ့မှာတော့ ဒီလူဟာ ငွေတွေကိုယူသွားပြီး ထွက်သွားခဲ့သည်။ ဒါပေမဲ့ သူမရဲ့မိခင်က သူမရဲ့အဖေဟာ တခြားသူကို ငွေတွေ တိတ်တဆိတ် ချေးပေးထားတယ်ဆိုတာကို ရှာတွေ့သွားပြီး သူတို့နှစ်ယောက်ဟာ အကြီးအကျယ် ရန်ဖြစ်ကြတော့သည်။

ကံကောင်းသွာနဲ့ ဒီလူရဲ့အထက်တန်းစာမေးပွဲကို အောင်မြင်သွားတဲ့ အကြောင်းသတင်းက မြို့တော်ကနေ ရောက်လာဖို့ သိပ်မကြာလိုက်ပေ။ အဖေဖြစ်သူက သူဟာ တစ်ခြားသူတွေကို အချည်းနှီး ကူညီလိုက်ရတာ မဟုတ်ဘူးလို့ တွေးပြီး သဘာဝကျကျပဲ ပျော်ရွှင်နေကာ အမေကလည်း နောက်ဆုံးတော့ ငွေတုံးနှစ်ဆယ်ကို ပြန်ရတော့မည်ဖြစ်ပြီး ယိုယွင်းနေတဲ့ အိမ်ဟောင်းလေးကို ပြန်လည်ပြင်ဆင်နိုင်တော့မည် ထင်ကာ ပျော်ရွှင်နေခဲ့ပေသည်။

မမျှော်လင့်ထားစွာနဲ့ ဒီလူဟာ အထက်တန်းစာမေးပွဲအပြီးမှာ အိမ်ကို ပြန်မလာခဲ့ဘဲ ဘေးနားက ကျိဟယ်ကောင်တီကိုသွားကာ ကောင်တီအောက်ရုံးတရားသူကြီး ဖြစ်လာခဲ့သည်။ ဒါပေမဲ့ သူဟာ ပိုက်ဆံတွေကို ပြန်မပေးခဲ့ပေ။

အိမ်ဟောင်းလေးဟာ မိုးယိုပြီး စိုထိုင်းနေတာကို တွေ့တဲ့အခါ အမေက ထပ်မံဒေါသထွက်လာပြီး သူမအဖေကို ပိုက်ဆံ ပြန်သွားတောင်းရန် တိုက်တွန်းတော့သည်။

သို့သော် သူမအဖေ မထွက်ခွာခင်မှာပဲ လော့မိသားစုဟာ ကြေးဒင်္ဂါးတစ်ပြားတောင် ချန်မထားပဲ သူတို့ရဲ့မျသားစုကို ကျိဟယ်သို့ ညတွင်းချင်း ပြောင်းရွှေ့သွားကြတော့သည်။

ရလဒ်အနေနဲ့ သူမရဲ့အဖေက ထပ်မံဒေါသထွက်သွားပေမဲ့ သူမရဲ့အဖေကတော့ သူ့မိတ်ဆွေလော့ဟာ တိုင်းပြည်ရေးရာတွေနဲ့ အလုပ်ရှုပ်နေပြီး ပိုက်ဆံအကြောင်းကို ယာယီမေ့နေတာ ဖြစ်ရမည်ဟုတွေးကာ မျှော်လင့်ချက်တချို့ကို ကိုင်စွဲထားဆဲပင်။

တစ်နေ့ သူမရဲ့ဦးလေးက အိမ်ကနေ တစ်ခြားမြို့တွေကို အစားအသောက်တွေ တင်ပို့သည့်နေ့ မတိုင်ခင်အထိပင်။

ထိုလူနေတဲ့ ကျိဟယ်ကောင်တီကို ဖြတ်သွားသည့်အခါ သူဟာ အမည်မသိ လမ်းကြောင်းဆိုတဲ့ အကြောင်းပြချက်နဲ့ အစိုးရဆီကနေ ထိန်းသိမ်းခံလိုက်ရသည်။

မိသားစုက ထိုအကြောင်းကိုကြားသည့်အခါ အရမ်းကို စိတ်ပူပန်သွားပြီး သူမအဖေက ဒီလူဆီကနေ အနောက်တံခါးကို ဖြတ်ဝင်နိုင်ဖို့ ပထမဆုံးအကြိမ်အဖြစ် အနှောက်အယှက် ပေးရတော့မည်ဟု တွေးကာ ကျိဟယ်ကို အလျင်အမြန် လိုက်သွားတော့သည်။ မမျှော်လင့်ထားစွာနဲ့ သုံးရက်တိတိ စောင့်ဆိုင်းအပြီးမှာ ထိုမျိုးရိုးနာမည်လော့နဲ့သူက သူ့အား လုံးဝထွက်မတွေ့ခဲ့ပေ။

နောက်ပိုင်းတွင် မှားယွင်းခံလိုက်ရတဲ့ သူမအဖေမှာ ရွေးချယ်စရာ မရှိတော့ဘဲ သူမဦးလေးအတွက် ဒဏ်ကြေးအဖြစ် ငွေတုံးနှစ်ဆယ်ကို ခြစ်ကုတ်ကာ သူ့ကို ပြန်ခေါ်လာခဲ့သည်။

ထိုအချိန်ကတည်းက သူမအဖေဟာ ဒီမျိုးရိုးနာမည်လော့နဲ့လူအပေါ် အရမ်းကို အေးစက်သွားတော့သည်။

ဒီလူရဲ့အရာရှိအဆင့်ဟာ မြင့်သထက်မြင့်အောင် တိုးမြှင့်ခံလိုက်ရမယ်လို့ ဘယ်သူက သိနိုင်မှာလဲ။ ကောင်တီအရာရှိကနေ ပြည်နယ်အရာရှိ ထို့နောက် မြို့တော်ကို ဝင်ရောက်ကာ အခုဆိုလျှင် ထိုသူက ယန်ထျယ်တိုင်းဒေသကြီးရဲ့လက်ထောက် သံတမန်ပင် ဖြစ်လာခဲ့သည်။

ယန်ရှုက သူမရဲ့စိတ်ထဲမှာ ဒေါသခြောင်းခြောင်း ထွက်နေပြီး ဒါက ဘုရားက မျက်စိစပါးမွှေး မစူးဘူးလား။

သူမနှလုံးသားထဲက မှတ်ဉာဏ်တွေကို နားထောင်အပြီးမှာ ယွီဝိန်းလန်ကလည်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ကြည့်ရတာ ဘုရားသခင်က ဒီကိစ္စနဲ့ပတ်သက်ပြီး တကယ်ကို မပြတ်သားဘူးဘဲ။

မမျှော်လင့်ထားစွာနဲ့ အိမ်တွင်းရေးရာရုံးတော်ရဲ့ ထောင်သောင်းချီတဲ့ ရွေးချယ်မှုတွေအပြီးမှာ ရွေးချယ်ထားတဲ့ ယန်ထျယ်တိုင်းရဲ့လက်ထောက်သံတမန် ဆိုသည်က ဒီလိုလူ ဖြစ်နေတာပဲ။

120 02

ဒီလိုအကျင့်စရိုက် ဆိုးရွားတဲ့သူကို တွေးကြည့်လိုက်လျှင်တောင် အလုပ်ကောင်းကောင်း လုပ်နိုင်မှာမဟုတ်ပေ။ ကြည့်ရတာ အဲဒီအကြောင်းကို နှစ်ခါလောက် ပြန်တွေးရမဲ့ပုံပဲ။

သူတွေးနေစဉ်မှာပဲ ယခုလေးတင် သူမစိတ်ထဲမှာ ဒေါသထွက်နေဆဲဖြစ်ပြီး ကျိန်ဆဲနေတဲ့ ယန်ရှုဟာ ရုတ်တရက်ပဲ ထိုလူကို ရင်းနှီးဖော်ရွေတဲ့မျက်နှာနဲ့ နှုတ်ဆက်လိုက်သည်။

“ဒါက ဦးလေးလော့မဟုတ်လား”

ထိုအသံထွက်လာသည့်အခါ ခန်းမထဲကလူတိုင်းက ကြက်သေ သေသွားတော့သည်။

ဘာ။

ယိဖင်းက ဘယ်သူ့ကို ခေါ်နေတာလဲ…. “ဦးလေးလော့” ဟုတ်လား။

အခုလေးတင် နန်းတော်ထဲကိုဝင်လာပြီး ဘုရင်မင်းမြတ်ကို အရိုအသေလာပေးတဲ့ ယန်ထျယ်ရဲ့ လက်ထောက်သံတမန်အသစ်လား။

သေချာပေါက်ပဲ ဒီအချိန်တွင် သူကသာ ခန်းမထဲ၌ မျိုးရိုးနာမည်လော့ရှိသည့် တစ်ယောက်တည်းသော သူပင်။ အခုလေးတင် သူ့ရဲ့မျိုးရိုးနာမည်ကို လော့လို့ မိတ်ဆက်လိုက်တာကိုလည်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

ရုတ်တရက်ပဲ လူတိုင်းရဲ့အကြည့်တွေဟာ ဒီလူရဲ့အပေါ်မှာ ကျဆင်းသွားကြတော့သည်။

ထိုသူ့ရဲ့ခေါင်းဆောင်အနေနဲ့ အိမ်တွင်းရေးရာရုံးတော်က မှူးမတ်ဟာ အံဩတကြီးနဲ့ လော့ကျစ်ရွှယ်ကို ကြည့်လိုက်ကာ ယန်ရှုကို အလျင်အမြန်ပဲ အရိုအသေပေးလိုက်သည်။

“မိဖုရားယိဖင်းက သခင်လော့ကို တကယ်ပဲ သိတာလား”

သို့သော် ယန်ရှုကပြုံးကာပြောလိုက်သည်။

“ဒီသခင်လော့ အရမ်းရင်းနှီးနေပါတယ်လို့ တွေးနေတာ အတင့်ရဲစွာနဲ့ပဲ သခင်လော့က အန်းသဲ့ကောင်တီ ချင်ကျိုးစီရင်စုကလားလို့ မေးလို့ရနိုင်မလား။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ကျိဟယ်ကောင်တီရဲ့ ကောင်တီအောက်ရုံးတရားသူကြီးလား”

ထိုစကားတွေ ထွက်လာသည့်အခါ အိမ်တွင်းရေးရာရုံးတော်က သူ့ရဲ့လက်အောင်ငယ်သားအသစ်ကို တစ်ဖန်ထပ်ပြီး ကြည့်လိုက်ပေသည်။ ထို့နောက် အံ့ဩစွာနဲ့ ပြောလာခဲ့သည်။

“တကယ်ပဲသခင်လော့ပဲ။ တကယ်ပဲ ဧကရီယိဖင်းနဲ့ တွေ့ဆုံခဲ့တာလား”

ကျစ် ကျစ် ကျစ် ကိုယ်လုပ်တော်ယိကသာ မျက်နှာသာ အပေးခံရဆုံးဆိုတာကို ဘယ်သူကမသိလို့လဲ။ ဘယ်သူကရော ကိုယ်လုပ်တော်ယိနဲ့ ဆက်ဆံရေးတစ်ခု မရှိချင်လို့လဲ။

ဒီလူက အရမ်းကို နှိမ့်ချပြီးနေတတ်မယ်မှန်း မျှော်လင့်မထားခဲ့ဘူး။

သို့သော်လည်း ဒီတစ်ခါမှာ ပါဝင်ပတ်သက်နေတဲ့ လော့ကျစ်ရွှယ်က တောင့်တင်းနေကာ အဲဒါကို ဝန်မခံချင်ပေ။

—ဟုတ်သည်။ သူဟာ မျက်နှာသာပေးခံရဆုံး ကိုယ်လုပ်တော်ယိက သူ့ရဲ့အသိအကျွမ်းဟောင်း လီဟွေ့ကျစ်ရဲ့သမီးဖြစ်မှန်းကိုလည်း သေချာပေါက် သိသည်။

သေချာပေါက်ကိုပဲ သူဟာ လိမိသားစုကို ငွေတုံးနှစ်ဆယ်အကြွေးတင်နေမှန်းကိုလည်း မှတ်မိပေသည်….။

ထိုအချိန် အထက်တန်းစာမေးပွဲပြီးတုန်းက သူဟာ ပိုက်ဆံကိုပြန်ပေးဖို့ မစဉ်းစားခဲ့တာ မဟုတ်ပေ။ ဒါပေမဲ့ အစတုန်းက သူ့မှာတကယ်ပဲ ပိုက်ဆံအများကြီး မရှိခဲ့တာပင်။

ဆင်းရဲတဲ့မိသားစုက ကလေးတစ်ယောက်ဖြစ်တဲ့ သူ့ကို စဉ်းစားကြည့်မည်ဆိုလျှင် အရာရှိလောကက ကိစ္စရပ်ပေါင်းများစွာကို ကိုင်တွယ်ရသေးသည်။ ပြီးတော့ ပထမဆုံးအရာရှိဖြစ်ချိန်က အရမ်းကို အားသွန်ခွန်စိုက် ပြုလုပ်ရပေသည်။

သို့သော်လည်း သူဟာ ခက်ခဲမှုတွေများစွာကို ဖြတ်ကျော်ပြီး ချမ်းသာလာချိန်မှာ လိမိသားစုက သူ့နောက်ကို လိုက်ကာ ခြောက်လှန့်နေမည်ကို စိုးသည့်အတွက် သူဟာ ရိုးရိုးရှင်းရှင်းပင် လျစ်လျူရှုလိုက်သည်။

လီဟွေ့ကျစ်ရဲ့ တင်းကြပ်တဲ့စရိုက်နဲ့ဆိုလျှင် သူ့ရဲ့လက်ကျန်ဘဝတစ်ခုလုံး အန်းသဲ့ကောင်တီက ဆင်းရဲတဲ့အရာရှိတစ်ယောက်ပဲ ဖြစ်နေမယ်လို့ တွေးထင်ခဲ့သည်။ သူ့မိသားစုကိုတောင် အဝေးကို ရွှေ့ခဲ့သည့်အတွက် ဒီဘဝမှာတော့ လီမိသားစုနဲ့ ဘယ်သောအခါမှ ပြန်တွေ့ဆုံနိုင်မယ်လို့ မထင်ခဲ့ပေ။

ဘယ်သူသိမှာလဲ လီမိသားစုမှာ ဒီလိုမျိုး ကြွယ်ဝချမ်းသာတဲ့တစ်နေ့ ရှိလာမယ်ဆိုတာကိုလေ။

သို့သော်လည်း လိမိသားစုမှာ ဘာပဲဖြစ်ပါစေ။ သူ့ရဲ့အရာရှိအလုပ်အကိုင်ကတော့ ဆက်သွားရပေမည်။

သေးငယ်တဲ့နေရာလေးကနေ မြို့တော်ထိ တစ်လျှောက်လုံး လာခဲ့ရသည်က မလွယ်ကူခဲ့ပေ ယခုဆိုလျှင် သူဟာ ဧကရာဇ်နဲ့နီးကပ်တဲ့ မှူးမတ်တစ်ယောက်ပင် ဖြစ်လာခဲ့သည်။ ဒီနေ့သူဟာ ကိုယ်လုပ်တော်ယီရဲ့ရှေ့မှာ သူ့မျက်နှာကို မပြသချင်ခဲ့ပေ။ သို့သော် သူ့ရဲ့အထက်လူကြီးဖြစ်သူ ဟူပုရှန်းရှုက သူ့ကိုနှုတ်ဆက်ရန် ဆွဲခေါ်လာသည့်အတွက် သူ့မှာ ရွေးချယ်စရာမရှိဘဲ ကျည်ဆံကို ကိုက်ကာ ဝင်လာရပေသည်။

(ကျည်ဆံကိုက်=သတ္တိမွေးပြီး စွန့်စား)

မူလက သူဟာ နှုတ်ဆက်ပြီးလျှင် အလျင်အမြန် ထွက်သွားဖို့ စီဟဉ်ထားခဲ့တာပင်။ သို့သော် ယီဖင်းဟာ အကြည့်တစ်ချက်နှင့်ပင် သူ့ကိုမှတ်မိသွားခဲ့သည်။

ထိုအချိန်မှာ သူ့မှာရွေးချယ်စရာ မရှိတော့ပဲ ကျည်ဆံကို ကိုက်လိုက်ကာ ပြောလိုက်သည်။

“တကယ်ကို ဒီမှူးမတ်ဖြစ်သူပါပဲ”

120 03

ငါ ဘာလုပ်သင့်လဲ ဒီမိန်းကလေးက နေရာမှာတင် အတိတ်ကို ဖော်ထုတ်တော့မှာလား။

မမျှော်လင့်ထားစွာနဲ့ ထိုစကားတွေ ထွက်လာသည်နှင့် ယိဖင်းက ထပ်မံရယ်မောလိုက်ကာ

“တကယ်ကို ရှင်ပဲ။ ရှင်နဲ့ကျွန်မရဲ့ဖခင်က အရင်က မိတ်ဆွေတွေ မဟုတ်လား၊ ရှင်ငယ်ရွယ်တုန်းက ကျွန်မတို့အိမ်ကိုလာပြီး ညစာ မကြာခဏ လာစားတာကို မှတ်မိနေတုန်းပဲ”

လော့ကျစ်ရွှယ်က ရွေးချယ်စရာ မရှိတော့ဘဲ ကျည်ဆံကိုကိုက်ကာ အပြုံးတစ်ပွင့်နှင့်ပြောလာသည်။

“အဲ့လို ဖြစ်ခဲ့ပါတယ်။ သခင်မက အတော်လေး မှတ်ဥာဏ်ကောင်းတာပဲ”

ယန်ရှုကပြုံးကာ ထပ်ပြောလိုက်ပြန်သည်။

“မှတ်ဥာဏ်ကောင်းလို့ မဟုတ်ပါဘူး။ အဓိကကတော့ ကျွန်မက ရှင့်အပေါ်မှာ နက်ရှိုင်းတဲ့ အမြင်ရှိနေလို့ပါ။ ရှင်က မြို့တော်ကိုစာမေးပွဲသွားဖြေတုန်းက ပိုက်ဆံမရှိလို့ ကျွန်မမရဲ့အဖေကနေ ငွေတုံးနှစ်ဆယ် ချေးပေးခဲ့တာကို မှတ်မိနေတုန်းပဲ။ အထက်တန်းစာမေးပွဲ အောင်ပြီးသွားရင် ကျွန်မအဖေကို ပြန်ပြီးပေးမယ်လို့တောင် စိတ်လှုပ်ရှားစွာနဲ့ ပြောနေသေးတယ်လေ။ ချမ်းသာတဲ့အိမ်က သမီးကိုတောင် ပြန်ပေးမယ်လို့ပြောနေခဲ့သေးတာကို မှတ်မိနေတုန်းပဲ”

ထိုစကားတွေ ထွက်လာသည့်အခါ လော့ကျစ်ရွှယ်က သွေးကဲ့သို့ နီရဲသွားအောင်ထိ အလွန်အမင်း ရှက်ရွံ့သွားသည်။

သို့သော် တစ်ချိန်တည်းမှာပင် အနည်းငယ်လည်း သံသယရှိသွားရသည်—။

ချမ်းသာတဲ့မိသားစုအကြောင်းကိုလည်း သူ ဘာမှမပြောခဲ့ပါဘူး….။

သို့သော်လည်း ဒီအချိန်မှာ သူက ဘယ်လိုလုပ်ပြီး ငြင်းဆန်နိုင်ပါ့မလဲ။ ထို့ကြောင့် အပြုံးတစ်ပွင့်နဲ့ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဟုတ်တယ် ဒီလိုကိစ္စမျိုးရှိပါတယ်….”

လူတိုင်းက အဲဒါကို မြင်လိုက်ရပြီး သူတို့အားလုံးက တိတ်တဆိတ် လက်ဝါးချင်း ရိုက်လိုက်ကြသည်။

သူ့ရဲ့အမူအရာကနေ ဆုံးဖြတ်ရလျှင် ဘာလို့ သူက ယုံကြည်ချက် နည်းနည်း လျော့နေရတာလဲ။

ပိုက်ဆံကို နောက်ပိုင်းကျ ပြန်မပေးခဲ့ဘူးလား။

သေချာပေါက်ပင် ယန်ရှုက ထပ်ပြောလိုက်သည်။

“ဒါပေမဲ့ ရှင့်ကို အဲ့ကတည်းက မတွေ့ရတော့တာပဲ။ ဘေးချင်းကပ်ရပ်က ကျိဟယ်ကောင်တီမှာ ကောင်တီအောက်ရုံးတရားသူကြီးလုပ်ဖို့ သွားတယ်လို့ကြားတယ်။ တစ်ခါက ကျွန်မဦးလေး တခြားနေရာကနေ ကောက်နှံတွေသယ်တော့ တစ်နည်းနည်းနဲ့ ထိန်းသိမ်းခံလိုက်ရတယ်လေ။ ကျွန်မအဖေက ကျိဟယ်မှာရှိတဲ့ ရှင့်ကိုရှာဖို့ သွားပေမဲ့ ရှင်နဲ့မတွေ့နိုင်ခဲ့ဘူး။ ရှင်ကအဲ့အချိန်တုန်းက အရမ်းအလုပ်ရှုပ်နေတယ်လို့ကြားတယ် တရားရုံးအတွက် တကယ်ကို အကောင်းဆုံး လုပ်ကိုင်နေခဲ့တာပဲ။ မဟုတ်ရင် ဒီနေ့မှာ ကျွန်မတို့တွေ ဘယ်လိုလုပ်ပြီး တွေ့နိုင်ပါ့မလဲ”

ထိုစကားတွေ ထွက်လာသည့်အခါ လူတိုင်းက ဖုံးကွယ်ထားတဲ့အဓိပ္ပာယ်တွေကို စတင်ပြီး လက်ဝါးရိုက် ပြောဆိုကြပြန်သည်။

ကြားရတာ ကျေးဇူးမသိတတ်တဲ့ ပုံပြင်တစ်ပုဒ်လိုပဲ။ မျက်နှာလွှဲခဲပစ်လုပ်ပြီး တခြားသူတွေကို ငြင်းဆိုတယ်

ပြီးတော့ လော့ကျစ်ရွှယ်ဟာ ရှက်လွန်းလို့ သေတော့မည်ပင်။

သူက ထိုသို့ပြောရုံသာ တတ်နိုင်တော့သည်

“ကျွန်တော်မျိုး ရှက်ရွံ့မိပါတယ်။ ဒီလောက်နှစ်တွေအများကြီး ကြာပြီးတော့ အဲ့ဒီအချိန်တုန်းက ဘာတွေဖြစ်ခဲ့သလဲဆိုတာကို မေ့သွားခဲ့ပါပြီ…။.ဖြစ်နိုင်တာက အဲ့တုန်းက ကျွန်တော်မျိုးက ကျိဟယ်မှာ မရှိခဲ့လို့ ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် သခင်ကျုံးရိနဲ့ မတွေ့နိုင်ခဲ့တာပါ”

သို့သော်လည်း ဧကရာဇ်က အဓိကအချက်ကို ဖမ်းဆုပ်လိုက်နိုင်သည်။ ပြီးနောက် သခင်ကျုံးရိ လီဟွေ့ကျစ်ကို ချက်ချင်းပဲကြည့်လိုက်ကာ မေးလိုက်သည်။

“ဘာလို့ကိစ္စတွေကို ချန်လှပ်ထားရတာလဲ”

ရိုးရိုးသားသားပြောရလျှင် လီဟွေ့ကျစ်က ဒီနေ့မှာ ဒီလူကို စကားမပြောချင်ပေ။ သို့သော် ဘုရင်က ထိုအကြောင်းကို မေးလာသည့်အခါမှာတော့ ထရပ်ကာ ပြောရုံသာ တတ်နိုင်ပေသည်။

“အရှင်မင်းကြီးကို ပြန်လည်လျှောက်တင်ပါတယ်။ ကျွန်တော်မျိုးရဲ့ ညီဖြစ်သူတို့ဇနီးမောင်နှံက တစ်ခြားနေရာကနေ အန်းသဲ့ကအိမ်အတွက် အစားအသောက်တွေ ပြန်ယူလာတော့ တခြားနေရာက လမ်းခရီးအတွက်တာဝန်ကျတဲ့ အစောင့်တွေက တစ်ခဏလောက် ဂရုမပြုမိဘဲ ဖြစ်သွားပြီး နှံစားပြောင်းအစား သစ်အယ်သီးလို့ ရေးလိုက်မိပါတယ်၊ ဒီမှုးမတ်ရဲ့ ညီတို့ဇနီးမောင်နှံက ဗဟုသုတ နည်းပါးတဲ့အတွက် သူတို့ကလည်း ဂရုမပြုမိလိုက်ကြပါဘူး။ သူတို့တွေ ကျိဟယ်မြစ်ကို ဖြတ်သန်းတဲ့အခါမှာတော့ ဒေသခံအစိုးရရဲ့ လက်အောက်ငယ်သားတွေက လမ်းခရီးတာဝန်ခံတွေရဲ့ ညွှန်ကြားချက်နဲ့ သူတို့ရဲ့ကောက်နှံတွေက မကိုက်ညီဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ယိုးမယ်ဖွဲ့ပြီး ထိန်းသိမ်းခံလိုက်ရပါတယ်။ ထိမ်ချန်ထားတယ်လို့ပြောပြီး ဒဏ်ကြေးအဖြစ် ငွေတုံးနှစ်ဆယ် ဆောင်ရပါမယ်လို့ ပြောပါတယ်”

“ယောက္ခမဖြစ်သူနဲ့ ကျိုးကျင်းက အရမ်းကို စိုးရိမ်ပူပန်သွားပြီး အဲဒီအတွက် ကျွန်တော်မျိုးက ကျိဟယ်ကို ညတွင်းချင်းပဲ အပြေး သွားရောက်ခဲ့ပါတယ်။ နားလည်မှု လွဲနေတာလို့ ထင်ခဲ့ပြီး အခြေအနေကို သခင်လော့ဆီ ရှင်းပြချင်ခဲ့ပေမဲ့ သခင်လော့က မအားလပ်နေတဲ့အတွက် အဲဒီမှာ နှစ်ရက်လောက် နေခဲ့ပြီး လူတွေကိုပဲ တွေ့ဆုံခဲ့ပါတယ်”

120 04

ထိုအချက် ရောက်သည့်အခါ လူတိုင်းက စိတ်ပူသွားကြသည်။ ဧကရီမယ်တော်ကြီးပင် မနေနိုင်ဘဲ မေးလိုက်မိသည်။

“ဒါဆိုရင် နောက်တော့ရော ဘာဖြစ်သွားသေးလဲ”

လီဟွေ့ကျစ်က သူ့ခေါင်းကိုညွှတ်ကာ ပြောလိုက်သည်။

“အဲ့အကြောင်းကို ပြောမှပဲ ဧကရီမယ်တော်ကြီးက ကျွန်တော်မျိုးကို ရယ်မောမှာကို မကြောက်ပါဘူး။ အဲ့ဒီအချိန်တုန်းက ကျွန်တော်မျိုးမှာ ပိုက်ဆံတွေ အဲ့လောက် အများကြီး မရှိတဲ့အတွက် ကျွန်တော်မျိုးပိုင်တဲ့ တန်ဖိုးရှိတဲ့ပစ္စည်းအချို့ကို ရောင်းချလိုက်ပြီး သူတို့ကို ပိုင်းဖြတ်ဖို့ ဒေသခံတစ်ယောက်ကို ရှာတွေ့လိုက်ပြီး အတူတကွ ပိုင်းဖြတ်လိုက်ပါတယ် အဲဒါနဲ့ ပေးရမဲ့ ငွေတုံးနှစ်ဆယ်ကို ရပြီး ဒဏ်ငွေဆောင်ပြီးတာနဲ့ ညီဖြစ်သူတို့ ဇနီးမောင်နှံနဲ့ အစားအသောက်တွေကို ပြန်ပြီးရွေးခဲ့ပါတယ်”

ဧကရီမယ်တော်ကြီးက သက်ပြင်းချလိုက်သည်။

“တကယ်ကိုသနားစရာပဲ။ အရာရှိတွေက အမှားလုပ်မိပြီး မင်းတို့တွေကို ငွေတုံးနှစ်ဆယ်ကို အခွန်အဖြစ် ဖြတ်လိုက်တယ်ပေါ့”

ထိုစကားတွေ ထွက်လာသည့်အခါ လူတိုင်းက လိုက်ပါ ခေါင်းညိတ်လိုက်ကြပြီး သခင်ကျုံးရိရဲ့မိသားစုက တကယ်ကိုပဲ ဆုံးရှုံးမှုနဲ့ ကြုံတွေ့လိုက်ရတာပဲဟု တွေးနေကြပေသည်။

သို့သော် ဘုရင်မင်းမြတ်က လော့ကျစ်ရွှယ်ကို မေးလာသည်။

“သာမန်မိသားစုတစ်စုကို ထောက်ပံ့ပေးဖို့အတွက် ငွေတုံးနှစ်ဆယ်က ဘယ်လောက်ကြာကြာအထိ ကြာအောင် ခံနိုင်လဲ”

ထိုအချိန်မှာ လူတိုင်းကကြည့်နေပြီး လော့ကျစ်ရွှယ်က အလိမ်အညာတွေကို မပြောရဲပေ ထို့ကြောင့် သူဟာ ရိုးသားစွာသာ ပြောလိုက်နိုင်သည်။

“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ငွေတုံးနှစ်ဆယ်က မိသားစုဝင်ခြောက်ယောက်ပါတဲ့ မိသားတစ်စုကို တစ်နှစ်တိတိ ထောက်ပံ့ပေးနိုင်ပါတယ်”

ထိုစကားတွေ ထွက်လာသည့်အခါ ယန်ရှုရဲ့ဘေးမှာထိုင်နေတဲ့ သခင်မကျူး တစ်ဖြစ်လဲ သခင်မကျုံးရိဟာ မနေနိုင်ဘဲ သူမရဲ့နှလုံးသားထဲမှာ ငြင်းဆိုလာသည်။

ငွေတုံးနှစ်ဆယ်ဆိုတာက ချမ်းသာကြွယ်ဝတဲ့မိသားစုရဲ့ အသုံးစရိတ်လေ သူမရဲ့မတော်မတရားခင်ပွန်းက တစ်ခြားသူတွေကို ကူညီဖို့အတွက် အစားအသောက်နဲ့ အဝတ်အထည်မှာ ငွေတွေကို ဖြတ်သေးတယ်လေ။ တစ်ခါတစ်ရံဆို တစ်နှစ်မှ ငွေတုံးဆယ့်ငါး ဆယ့်ခြောက်တုံးပဲ ရှိတယ် ။

ထိုအချိန်မှာပဲ ဘုရင်မင်းမြတ်က မျိုးရိုးနာမည်လော့နှင့်လူကို ထပ်ပြောလိုက်သည်။

“အရာရှိတွေက စာလုံးကို မှားရေးတယ်။ ဒါပေမဲ့ အစိုးရကနေ အဲဒါကို အသုံးပြုပြီး လူတွေကို အရှက်ရအောင် ပြုလုပ်ပြီး တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက်ရှိတဲ့ အသုံးစရိတ်ကို ဒဏ်ကြေးအဖြစ် ပေးဆောင်စေတယ်။ ဒါကတကယ်ပဲ ကျိုးကြောင်းသင့်လျော်ရဲ့လား”

ထိုစကားတွေ ထွက်လာသည့်အခါ ရှိနေကြတဲ့ အရာရှိများစွာကလည်း သူတို့နှလုံးသားထဲမှာ ကျစ် ကျစ်ဟု လုပ်လိုက်ပြီး—

တကယ်ပဲ ကျိဟယ်ကောင်တီရဲ့အစိုးရက လူလိမ်လူညစ်ဖြစ်ရုံတင် မကဘူး။ ရက်စက်ပြီး အကြင်နာလည်း မဲ့သေးတယ်။ သာမန်လူတွေဆီကနေ အသွေးနဲ့အသားတွေကို ခွာထုတ်ပြီး အခွင့်အလမ်း ပြုလုပ်တယ်လို့ ပြောရမလား။

လော့ကျစ်ရွှယ်က ချက်ချင်းပဲ ဒူးထောက်ချလိုက်ပြီး ပြောလာသည်။

“အရှင်မင်းကြီး စိတ်အေးအေးထားတော်မူပါ။ ဒီဥပဒေက အဲ့တုန်းက ပြည်နယ်အစိုးရကနေ ထုတ်ပြန်ခဲ့တာပါ။ ဝန်ကြီးတွေကလည်း အကြံပေးတွေကို အကြံဥာဏ် ပေးခဲ့ပေမဲ့ ပေါ့ပေါးပါးပါးပြောဖို့ သူတို့တွေက ဝန်လေးနေခဲ့ပါတယ်။ အဲဒါအပြင် အခြေအနေကို အခွင့်ကောင်းယူပြီး တစ်ခြားသူတွေကို အနိုင်ကျင့်ချင်တဲ့ လမ်းစောင့်အစေခံလေးတချို့ တကယ်ပဲ ရှိပါတယ်။ ဒီဝန်ကြီးက အဲ့အကြောင်းကို ရှာဖွေပြီးရင် သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်ပါ့မယ်။ ဒါပေမဲ့ စာရင်းထဲကို မထည့်တဲ့ အရာတချို့လည်း တကယ်ကို မလွဲဧကန်ရှိပါတယ်”

သေချာပေါက်ပင် ဒီကိစ္စပြီးသွားသည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်ပြီး ဘုရင်မင်းမြတ်က နောက်ကြောင်း ပြန်လှန်ချင်လျှင်ပင် ထိုသို့လုပ်ဖို့ မလွယ်ကူဘူးဆိုတာကို လူတိုင်းက နားလည်ကြပေသည်။

ဒါပေမဲ့…ယခုအချိန်မှာ လော့ကျစ်ရွှယ်ကို စောင့်ဆိုင်းနေတဲ့ တစ်စုံတစ်ခုရှိပေသည်။ သခင်ကျုံးရိရဲ့စံအိမ်ကို အကြွေးတင်နေတဲ့ ပိုက်ဆံတွေကို ပြန်မပေးရသေးပေ။

ဒီအကြောင်းကိုတွေးလိုက်ပြီး လော့ကျစ်ရွှယ်က သခင်လီဟွေ့ကျစ်ကို ချက်ချင်းပဲ ဦးညွှတ်လိုက်ကာ ရှက်ရွံ့နေတဲ့မျက်နှာနဲ့ ပြောလိုက်သည်။

“ကျေးဇူးပြုပြီး နောက်ထပ် ဦးညွှတ်တာကို လက်ခံပေးပါ။ ကျွန်တော်က အရမ်းကိုအရှက်ရမိပါတယ်။ အဲ့ဒီအချိန်တုန်းက စီးပွါးရေးတွေနဲ့ အလုပ်ရှုပ်နေခဲ့တာပါ ကျွန်တော်က သခင်ကျုံးရိကို အရမ်းကိုရှာပြီး ပိုက်ဆံတွေ ပြန်ပေးချင်နေခဲ့ပေမဲ့ ခရီးဖြစ်ဖို့ ကျရှုံးသွားခဲ့ပါတယ် နောက်တော့ အလုပ်တွေ ပြောင်းလဲရမှာဖြစ်တဲ့အတွက် ဇာတိမြို့ကနေ ပိုပိုပြီး ဝေးကွာသွားခဲ့တယ်။ တံခါးရှေ့ကို ပြန်အလည်လာဖို့ မဖြစ်နိုင်လုနီးပါးပဲ….တိုတိုပြောရရင် ဒါတွေအားလုံးက ကျွန်တော့်အမှားတွေပါ။ ဒီနေ့ အဲဒီအချိန်တုန်းက တင်ခဲ့တဲ့ပိုက်ဆံတွေကို သေချာပေါက်ပြန်ပေးပါ့မယ်။ ပြီးတော့ သခင်ကျုံးရိကို ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်တွေကိုလည်း သီးသန့်ပြင်ဆင်ထားပါ့မယ်။ သခင်ကျုံးရိက မနှစ်မြို့မဖြစ်ဖို့ မျှော်လင့်ပါတယ်”

ထိုစကားတွေအရ လိုအပ်ချက်ကြောင့် ပိုက်ဆံတွေကို ပြန်ပေးဖို့ မေ့ခဲ့လျှင်တောင် အခုလက်ရှိမြင်ကွင်းကို မြင်ရတဲ့ လူတွေက မယုံကြည်ပေ။

120 05

—လီမိသားစုက ဇာတိမြို့မှာ ရှိလာသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ရှိပြီဖြစ်ပြီး မပြောင်းလဲခဲ့ဖူးပေ။ ပိုက်ဆံကိုပြန်ပေးချင်ပေမဲ့ မသွားဘူးပေါ့လေ။

ဟာသပဲ။

ယန်ရှုသည်လည်း သူမနှလုံးသားထဲမှာ ရေရွတ်လိုက်သည်။ လွန်ခဲ့တဲ့ဆယ်နှစ်က ငွေတုံးနှစ်ဆယ်က အခုလက်ရှိနဲ့ ယှဉ်နိုင်ပါ့မလား။ အဲ့အချိန်တုန်းက သူတို့ဟာ ငွေတုံးလေးဆယ်ကို တစ်ခုပြီး နောက်တစ်ခု ဆုံးရှုံးသွားရသည်။ သူတို့မိသားစုတွေ ဘယ်လောက်တောင် ခံစားလိုက်ရသလဲ။

ထိုနှစ်နှစ်အတွင်းမှာ အိမ်မှာရှိတဲ့ တစ်နေ့စာသုံးနပ်ဟာ ဘာအသားမှမပါဘဲ တစ်နေ့လုံးဟာ တို့ဖူးနဲ့ ဟင်းသီးဟင်းရွက် သို့မဟုတ် ဥနီနဲ့အရွက်ချဉ်တို့ပင် ဖြစ်သည်ဆိုတာကို ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲပင်။ အဲဒီအချိန်တုန်းကဆို သူမက ကြက်ကင်ကို ဘယ်လောက်တောင် စားချင်နေသလဲဆိုတာကို ဘုရားသာ သိနိုင်ပေလိမ့်မည်။

ကျစ် အဲဒီတုန်းက သူမ ကြီးထွားနေဆဲအရွယ်လေ။ အဲဒီဟင်းသီးဟင်းရွက်နဲ့ အရွက်ချဉ်တွေကြောင့်သာ အာဟာရဓာတ် ပြတ်လပ်တာမဟုတ်ရင် အခုဆို ဒီထက် ခေါင်းတစ်ဝက်လောက် ပိုရှည်လောက်မှာ။

ယွီဝိန်းလန် “…”

လော့ကျစ်ရွှယ်က အသားချစ်သူကို ဒီလောက်အကြာကြီး ဟင်းသီးဟင်းရွက်စားရအောင် လုပ်ခိုင်းသည့်အတွက် တကယ်ကိုပဲ သေသင့်သည်။

ယခုမှသာ သူမက အစားအသောက်ကို ဘာလို့တန်ဖိုး အထားဆုံး ဖြစ်နေရသလဲဆိုတာကို နောက်ဆုံးမှာတော့ သိသွားတော့သည်။ ကြည့်ရတာ အဲ့ဒီအချိန်တုန်းက သူမမှာ အတော်လေးကို အကြွေးတွေ ရှိနေခဲ့တာပဲ။

ဒေါသထွက်ပြီးရင်းထွက်ကာ သူဟာ မျိုးရိုးနာမည်လော့နှင့်လူကို ပြောလိုက်သည်။

“မောင်မင်းက သခင်ကျုံးရိကို အဲဒီအချိန်တုန်းက တင်နေတဲ့ ငွေတုံးတွေအပြင် ဘဝစည်းမျဉ်းတွေအများကြီးကိုလည်း ပြန်ပြီးတော့ သင်ယူဖို့လိုမယ်။ ကျေးဇူးသိတတ်ပြီး ကြင်နာမှုအတွက်ပေးဆပ်ပါ လက်တုံ့ပြန်ဖို့အတွက်လည်း ပေးဆပ်ပါ။ လွန်ခဲ့တဲ့ဆယ်နှစ်လုံးမှာ မောင်မင်းက ဘယ်လိုတောင် အေးဆေး သက်သာစွာ အိပ်ပျော်နိုင်တာလဲ”

လော့ကျစ်ရွှယ်ကလည်း အရမ်းကို အရှက်ရသွားပြီး တွန့်ဆုတ်စွာသာ ဒူးထောက်ချကာ ပြောရုံတတ်နိုင်တော့သည်။

“ကျွန်တော်မျိုးရှက်ရွံ့ပြီး အပြစ်ရှိစိတ်ဝင်မိပါတယ်”

ယွီဝိန်းလန်က သူ့ကို လျစ်လျူရှုလိုက်သည်။ သို့သော် အိမ်တွင်းရေးရာရုံးတော်ဝန်ကြီးကို ပြောလိုက်သည်။

“ယန်ထျန်ပြည်နယ်ရဲ့လက်ထောက်သံတမန် ရာထူးအတွက် လူအင်အားကို ပြန်လည်စုဆောင်းပြီး မျက်လုံးတွေကို ဖွင့်ထားဖို့ သတိရပါ”

ဟူပုရှန်းဟူက ကြောက်ရွံ့စွာနဲ့ မှန်လှပါဟု ဖြေလိုက်ကာ ထို့နောက် လော့ကျစ်ရွှယ်ကို ကြည့်လိုက်ကာ ဒီနေရာကနေ ထွက်သွားဖို့ စောင့်ကြည့်နေပေသည်။

အကြာကြီး ရပ်နေတာက သူ့ကိုပင် အဆူခံရစေနိုင်သည်။

—ငွေတုံးနှစ်ဆယ်ကို ပြန်မပေးတာက တကယ်ကိုရှက်စရာပဲ။

လော့ကျစ်ရွှယ်အတွက်ကတော့ မောပန်းနွမ်းနယ်စွာ နောင်တရစွာနဲ့ ငိုကြွေးရုံသာ တတ်နိုင်ကာ ကြံရာမရဖြစ်စွာနဲ့ ခန်းမထဲကနေ ဆုတ်ခွာသွားတော့သည်။

******

All Chapters