အခန်း (၁၀၉-၁၁၁)
Vol. 8 Ch. 109-111
109 01
အပိုင်း (၅၂.၂)
[အရှင်မင်းကြီးက…..ဘာကိုဆိုလိုတာလဲ။ အဲဒီနေရာက…..ငါ့အကြောင်းကိုများ သိနေတာလား။]
[ဒါ ဒါ ဒါက….ဒါပေမဲ့ အရှင်မင်းကြီးက ဘယ်လိုလုပ်ပြီး သိနေတာလဲ။]
မျက်နှာပေါ်မှာတော့ သူက အလျင်အမြန် ပြန်ဖြေလိုက်သည်။
“မှန်လှပါ”
သို့သော် ဘေးဘက်မှာတော့ ယန်ရှု အဲဒီအကြောင်းကို သူမမျက်လုံးတွေနဲ့ တွေ့လိုက်ရပြီး နှလုံးသားထဲမှာ ထူးဆန်းတဲ့ခံစားချက်တစ်ခု ကျန်ရစ်နေတော့သည်။
ဧကရာဇ်ရဲ့စကားတွေက….ဘာလို့ တစ်ခုခုကိုလမ်းညွှန်နေသလို ဖြစ်နေရတာလဲ။
ယောင်ကောင်တီရဲ့ မာလိနေရာက ထိခိုက်မှုကို သိနေတာလား။
သို့သော် တွေးကြည့်လိုက်ချိန်မှာတော့ အဲဒါကမဖြစ်သင့်ပေ။
ပုံမှန်စကားပြောမယ်ဆိုရင် ယောက်ျားတွေက ဒီလိုအရာမျိုးကို စိတ်ပူကြတယ်မလား။ အဲဒီတော့ သူတို့တွေက အလွယ်လေး ထုတ်ပြောမှာမဟုတ်ဘူး….။
ဧကရာဇ်က ဘယ်လိုသိတာလဲ။။
ယွီဝိန်းလန် “..”
ကျစ် ကြည့်ရတာ အနာဂတ်ကျရင် သူမဆီက တစ်ခုခုကို ဖုံးကွယ်ရမယ် ထင်တယ်။
သို့သော် …သူက သူမကို ကူညီချင်နေဆဲပင်။
မဟုတ်လျှင် သူမ ယောက်ကျွင်းလျန်ကို အနာဂတ်မှာတွေ့တိုင်း သူမရဲ့နှလုံးသားထဲမှာ ဒီလိုကိစ္စမျိုးကို တွေးနေပေလိမ့်မည်။ ဘယ်လိုလုပ်ပြီး သူက သည်းခံနိုင်မှာလဲ။
~~~
အန်းခန်းကောင်တီအရှင်နဲ့ယှဉ်လျှင် အကြီးဆုံးမင်းသမီးကြီးက သိပ်တော့ ကံမကောင်းပေ။
ရုံရန်က သူလျှိုနဲ့ အကြီမ်ရေများစွာ အချိန်အကြာကြီး ဖြုန်းခဲ့သည့်အပြင် ရွမ်ချင်းစန်းလို မူးယစ်ဆေးအပြင် တခြားသော ဆေးပေါင်းများစွာကို ပေးခံရသည့်အတွက် ပြန်ကောင်းမလာခင် ငါးရက်လောက် ညှင်းပန်းသည့်ဒဏ်ကို ခံစားလိုက်ရသည်။
သို့သော် စွဲကျန်နေသည့်အဆိပ်တို့က အကုန်မထုတ်ရသေးသည့်အပြင် သူမရဲ့ခန္ဓာကိုယ်ကလည်း အားနည်းနေပေသည်။ အထူးသဖြင့် ရွမ်ချင်းစန်းက အချိန်နှင့်အမျှ ပြန်ပြန်ထလာပြီး သူမကို အများကြီး ခံစားရစေကာ မျက်တွင်းလည်း အတော်ချောင်ကျသွားစေသည်။
သူမနှင့်အန်းခန်းကောင်တီအရှင်တို့က သူလျှိုတွေနှင့် ပါဝင်ပတ်သက်ခဲ့သည့်အပြင် သူမက ညီလာခံလျှို့ဝှက်ချက်တွေကိုတောင်မှ ပေါက်ကြားစေမိတော့မလို့ပင်။ ထို့ကြောင့် ဧကရာဇ်ရဲ့ ပြစ်ဒဏ်ချခံရပြီး သူမရဲ့ပိုင်ဆိုင်မှုတချို့ကို ဒဏ်တပ်ကာ စံအိမ်က လူအင်အားနဲ့ လစာကိုလည်း လျှော့ချလိုက်သည်။
အတိတ်က မင်းသမီးကြီးရဲ့ ဂုဏ်အသရေဟာ ဖြတ်တောက်ခံလိုက်ရတယ်လို့ ပြောနိုင်ပေသည်။
သို့သော်လည်း အဆုံးမှာတော့ ဧကရာဇ်က သူ့မိသားစုရဲ့ခင်တွယ်မှုကို ဂရုစိုက်သည့်အတွက် သူမရဲ့ကုသမှုကို အဆင်ပြေစေရန် သူမကို နန်းတော်မှာ ပဲထိန်းသိမ်းထားသည်။
သို့သော် ထိုရိုက်ချက်တွေအပြီးမှာ ယွီဝိန်းယန်က မသက်မသာခံစားနေရဆဲဖြစ်ကာ သူမရဲ့ဒေါသတွေကိုလည်း တစ်ချိန်လုံး ထိန်းထားနေရသည့်အတွက် ပစ္စည်းတွေ အိပ်ရာတွေကို ပစ်ပေါက်ကာ ဆေးကိုပင် သောက်မကောင်းဟုဆိုကာ သောင်းကျန်းနေပေသည်။
ထိုသည်မှာ ဧကရီမယ်တော်ကြီးက သူမကို လာရောက်ပြီး ဆူပူသည်အထိပင်။
“မင်းသမီးတစ်ပါးအနေနဲ့ နင့်မှာ တိုင်းပြည်နဲ့ မိသားစုအတွက် ဘာတာဝန်မှမယူဘူး။တစ်နေ့လုံး အပြင်ထွက်ပြီး ပြဿနာပဲရှာနေတယ်။ အခုလည်း နင့်ရဲ့ဖျားနာမှုကိုကုသဖို့ လွှတ်လိုက်တဲ့ တစ်ယောက်ယောက်ကိုလည်း ခုခံနေသေးတယ်။နင့်ကိုယ်နင် ပြန်မေးစမ်း ။နင်က ယွီဝိန်မိသားစုရဲ့ဘိုးဘေးတွေဆီမှာ ထိုက်တန်ရဲ့လားလို့။ တကယ်လို့နင်သာ ဒီမျိုးရိုးနာမည်ကို မလိုချင်ဘူးဆိုရင် အိုက်ကျားက နင့်အတွက် အကြီးဆုံးမင်းသမီးကြီးဆိုတဲ့ နေရာကနေ ဖယ်ရှားပစ်ပြီး နင်နဲ့ဆက်ဆံရေးတွေ ဖြတ်တောက်ဖို့ အရှင်မင်းကြီးကို လျှောက်တင်ပေးမယ်”
နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာ ဧကရီမယ်တော်ကြီးက ကြမ်းတမ်းတဲ့ စကားလုံးတွေကို ထုတ်ပြောခဲသည်။
ထိုအချိန်မှာတော့ သူမက ရုတ်တရက် ဒေါသထွက်လာပြီး နောက်ဆုံးမှာတော့ ယွီဝိန်းယန်ကို ကြောက်လန့်သွားစေခဲ့သည်။
သူမက ရပ်သွားကာ ငိုနေရုံသာ တတ်နိုင်ပေသည်။
109 02
“ဒီသမီးက ပြန်လည်အဆင်မပြေချင်လို့ မဟုတ်ရပါဘူး။ ဘာလို့ အမြဲတမ်း စိတ်ပျက်စေရတာလဲ….”
ဧကရီမယ်တော်ကြီးက ထပ်ပြောလိုက်သည်။
“ဘာလို့အမြဲစိတ်ပျက်နေစေရတာလဲ ဟုတ်လား။ မေးခွန်းကောင်းပဲ။ မင်းသမီးတစ်ပါးအနေနဲ့ အနှစ်သာရကင်းမဲ့ပြီး စိတ်ကြီးဝင်နေတဲ့ အဲဒီလူတွေဆီ သွားတယ်။ အကြံပေးတာကိုလည်း နားမထောင်ဘဲ မဖောက်ပြန်လို့ မရဘူးလား။ အဲဒါအကုန်ပဲ။ အခုဆို သူ့ကိုယ်သူ ရောင်းစားတဲ့ နိမ့်ပါးတဲ့ ရန်သူ့သူလျှိုကြောင့် ဖြစ်ရတယ်။ နင့်ကိုယ့်နင် ဘာနဲ့တူနေပြီလဲဆိုတာကိုရော ကြည့်မိသေးရဲ့လား”
ထိုစကားတွေ ထွက်လာသည်နှင့် လူရိပ်သေးသေးလေးတစ်ခုဟာ တံခါးဆီကနေ ရုတ်တရက် ပြေးလာပြီး သူ့ကိုယ်သူ ယွီဝိန်းလန်ပေါ် ပစ်ဝင်လိုက်ကာ စတင်ကိုကြွေးလာတော့သည်။
“မေမေက နေမကောင်းဖြစ်နေတာ။ ဖွားဖွား မေမေ့ကို မပြောပါနဲ့…..”
အဲဒါက အသက်ငါးနှစ်အရွယ် လန်ယွင်ကလွဲလို့ တခြားသူမဟုတ်ပေ။
ထိုမြင်ကွင်းကို တွေ့တဲ့အခါ ဧကရီမယ်တော်ကြီးက ကြမ်းတမ်းတဲ့စကားတွေကို တစ်ခဏလောက် မပြောနိုင်တော့ပေ။ ထို့နောက် သက်ပြင်းသာ ချလာတော့သည်။
“ကြည့်စမ်းပါဦး အခုဆို နင့်ရဲ့ကိုယ်ပိုင်သွေးသားကလွဲလို့ နင့်ကိုဘယ်သူက ဂရုစိုက်လို့လဲ။ နင်ကတော့ သူ့ကို အဲဒီစျေးပေါတဲ့ ကောင်တွေအတွက်နဲ့ လျစ်လျူရှုထားတယ်။ အဲဒါက ထိုက်တန်လို့လား”
ထိုစကားတွေ ထွက်လာသည်နှင့် ယွီဝိန်းယန်က အချိန်အကြာကြီး ကြက်သေ သေသွားကာ ရုတ်တရက် ထိုကလေးမလေးကို ကိုင်ပြီး မျက်ရည်တွေ ကျလာတော့သည်။
“လန်ယွင် အမေ သမီးကိုတောင်းပန်ပါတယ်…..”
ထိုကလေးမလေးကလည်း စတင်ငိုကြွေးလာသည်။
“အမေ ဆေးကို ကောင်းကောင်းသောက်ရမယ်နော်။ လန်ယွင်က မေမေမရှိဘဲ မနေချင်ဘူး……”
သို့သော် ဧကရီမယ်တော်ကြီးက ထပ်ပြောလိုက်သည်။
“တောင်းပန်ပါတယ်လို့ ပြောတာက ဘာအသုံးဝင်လို့လဲ။ အခု မြန်မြန်လေး တော်ဝင်သမားတော်နဲ့ပူးပေါင်းပြီး ကိုယ့်ကိုကိုယ် သေသေချာချာ ဂရုစိုက်သင့်ပြီ။ အခုကိုယ့်နေရာကိုယ် ပြန်သွားပြီးတော့ ကိုယ့်သမီးကိုယ် ဂရုစိုက်တာကမှ အမှန်ကန်ဆုံး နည်းလမ်းပဲ”
ယွီဝိန်းယန်က ငိုကြွေးရင်း ဟုတ်ကဲ့ဟု ဖြေလာသည်။
~~~
ချီအန်းနန်းဆောင်ကို ပြန်ပြီးနောက်မှာ ဧကရီမယ်တော်ကြီးရဲ့အသွင်အပြင်က နူးညံ့သွားတော့သည်။
သခင်မမုက ဒီရက်ပိုင်းအတွင်းမှာ ချီအန်းနန်းဆောင်မှာရှိနေဆဲဖြစ်ပြီး ထိုမြင်ကွင်းကို မြင်သည့်အခါ မနေနိုင်ဘဲ မေးလာသည်။
“ဧကရီက လန်ယွင်ကို ဘာလို့ဘေးနားမှာပဲ ခေါ်မထားလိုက်တာလဲ။ ကျွန်မမြင်တာတော့ လန်ယွင်ရှိနေတဲ့ ဒီရက်ပိုင်းမှာ ဧကရီကပိုပြီး ရွှင်မြူးနေတဲ့ပုံပဲ”
ဧကရီမယ်တော်ကြီးက နှာမှုတ်ကာ ပြောလာသည်။
“ငါက အဲဒီလူအတွက် သားတစ်ယောက်ကို ပျိုးထောင်ပေးပြီး သမီးတစ်ယောက်ကိုလည်း ဂရုစိုက်ပေးပြီးပြီ။ အခုလည်း မြေးတစ်ယောက်ကို ဘာလို့ပျိုးထောင်ပေးရမှာလဲ။ သူတို့ကလေးတွေကို သူတို့ဘာသာပဲ ပျိုးထောင်လိမ့်မယ်။ တခြားသူတွေက သူတို့အတွက် တာဝန်ရှိတယ်ဆိုရင် သူတို့က သူတို့ဘာသာ လွတ်လပ်နေမှာမဟုတ်လား။ အဲဒီခြင်တွေယင်တွေကို မောင်းထုတ်ရမယ်လေ”
နန်းတော်ထဲမှာ မည်သည့်အပြင်လူမှ မရှိသည့်အပြင် ညီအစ်မကောင်းဟာလည်း ဘယ်တော့မှ မတွေ့ခဲ့ရသည့်အတွက် ထို့ကြောင့် ဧကရီမယ်တော်ကြီးက သူမ ပြောချင်တာကိုသာ ပြောပေသည်။
သခင်မမုက ခေါင်းညိတ်ကာ သက်ပြင်းချလိုက်သည်။
“အမှန်ပဲ အခုဆို ပိုပြီးရိုးရှင်းတဲ့ဘဝမှာ နေနိုင်နေပြီ”
ဧကရီမယ်တော်ကြီးက ခါးသီးစွာ ပြုံးလိုက်ကာ ပြောလာသည်။
“ငါက ဒီနံရံတွေထဲမှာ ငါ့ဘဝရဲ့သက်တမ်းအများစုကို နေလာခဲ့တာ။ မရိုးရှင်းဘူးဆိုရင်လည်း ငါတော့ မွန်းကြပ်ပြီး သေတာ ကြာနေလောက်ပြီ”
သို့သော်လည်း စကားပြောပြီးနောက်မှာ သူမက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
109 03
——
ကိစ္စတွေအများကြီးကို ရှင်းလင်းပြီးပေမဲ့ အခုတော့ သူမမှာ စိုးရိမ်စရာတစ်ခု ရှိနေသေးသည်။
ယွီဝိန်မိသားစုမှာ ဘာဆက်ခံသူမှမရှိရင် သူတို့ ဘယ်လိုလုပ်ကြမလဲ။
အတိတ်တုန်းက ကျန်းရှန်ခန်းရဲ့ ယိဖင်းအပေါ် သွေးခုန်နှုန်း စမ်းသပ်မှုကို မပြောနဲ့ဦး ယိဖင်းက မျက်နှာသာ ပေးခံနေရတာ နှစ်ဝက်ကျော်လာခဲ့ပြီဖြစ်သည်။ သို့သော် သူမရဲ့ဝမ်းဗိုက်က မလှုပ်ရှားသေးပေ။
ဒါကပြနေသည်မှာ ဧကရာဇ်မှာ သေချာပေါက် ရောဂါတစ်ခု ရှိနေတယ်ဆိုတာပင်။
သူတို့က မိခင်အရင်းနဲ့ ကလေးမဟုတ်ပေမဲ့ သူမ ပျိုးထောင်ခဲ့တဲ့က လေးအကြောင်းကို အနည်းအကျဉ်းတော့ သိသေးသည်။
ဧကရာဇ်မှာ နက်ရှိုင်းတဲ့ကိုယ်ရည်ကိုယ်သွေးရှိပြီး လူတွေကိုလည်း အလွယ်တကူ မယုံကြည်ပေ။ သူမက ကျန်းရှန်ခန်းကို တစ်ချက်ကြည့်ကြည့်ဖို့ တကယ်ပဲပြောချင်ပေမဲ့ ဧကရာဇ်က သူမကို အခုချိန်မှာ စောင့်ကြပ်နေကာ ကျန်းရှန်ခန်းကို ဘယ်တော့မှ နီးကပ်ဖို့ ပြောလိမ့်မည် မဟုတ်ပေ။
ကျစ် လူတိုင်းရဲ့ပါးစပ်ကိုပိတ်ဖို့ ယိပိကို ဒိုင်းတစ်ခုအနေနဲ့ အသုံးချပေမဲ့ အချိန်ကြာတဲ့အခါမှာတောင် မည်သည့်နဂါးဆက်ခံသူမှ ရှိမလာသေးပေ…..။
ဟေး ငါဝမ်းနည်းလာပြီ။
မေ့လိုက်တော့ သူ ဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာကို ကြည့်ကြတာပေါ့။
~~~
ယောင်ရှန်းမာက တကယ်ကို ထက်မြက်တဲ့သူပင် မနက်ကပဲ နန်းတော်မှာ သတိပေးချက်ကို ရရှိပြီး နေ့လည်ခင်း ဘယ်သူမှမရှိချိန်မှာတော့ ကျန်းနျန်ချီဆီကို သွားတော့သည်။
သမားတော်ကျန်းက သူ့ရဲ့သွေးခုန်နှုန်းကို စမ်းလိုက်ပြီး ဒဏ်ရာကိုတစ်ချက်ကြည့်ကာ သူ့အတွက် ဆေးညွှန်း ရေးပေးလာတော့သည်။ သူ့ရဲ့စံအိမ်ကို ပြန်ရောက်ချိန်မှာတော့ ယောင်ကောင်တီတရားသူကြီးဟာ သမားတော်ကျန်း ညွှန်းလိုက်တဲ့ဆေးကို ချက်ချင်းပဲ သောက်လိုက်တော့သည်။
ဒီလိုနည်းဖြင့် မူလဂုဏ်အသရေဟာ ပြန်ရောက်လာဖို့သိပ်ကြာတော့မည််ဟုတ်ဟု ခန့်မှန်းရပေသည်။
စစ်စတန်နဲ့အတူ ဖရဲသီးစားပြီးနောက်မှာ ယန်ရှုက နောက်ဆုံးတော့ ယန်ရှုက နောက်ဆုံးမှာ စိတ်သက်သာရာ ရသွားတော့သည်။ ထို့နောက် ချက်ချင်းပဲ စိတ်အာရုံရလိုက်ပြီး ပုံပြင်အသစ် တစ်ပုဒ်ရေးရန် အသင့်ဖြစ်နေပေသည်။
ကျစ် ဒီတစ်ခါ ကောင်တီတရားသူကြီးကို အခက်အခဲမျိုးစုံကို ဖြတ်ကျော်ခဲ့ရပြီး ကမ္ဘာမြေကြီးတုန်ဟီးသည်အထိ ရုန်းကန်ခဲ့ရပြီးနောက် နောက်ဆုံးမှာ အလှလေးကို ပွေ့ဖက်လိုက်နိုင်တဲ့ စံပြုစရာလူငယ်လေးတစ်ယောက်အဖြစ်နဲ့ ရေးမယ်။
သို့သော် ယခုတလော သူမ ပျင်းရိနေသည့်အတွက် သိပ်မရေးတာကြောင့် ဖြစ်နိုင်သည်။ သူမက နေ့လည်ကနေ ညအထိရေးခဲ့ပေမဲ့ အစပိုင်းကိုသာ ရေးရသေးသည်။
ခံစားချက်အကြောင်းကို မရေးရသေးခင်မှာပဲ ဧကရာဇ်က ရောက်ရှိလာတော့သည်။
ယွီဝိန်းလန်ဟာ ဒီညကိုရောက်ချင်ခဲ့သည်မှာ တကယ်တမ်းတော့ အတော်လေးကြာနေခဲ့ပြီး ဖြစ်သည်။
သူ့မှာ ရွေးချယ်စရာမရှိပဲ ဝန်ကြီးတွေရဲ့ကိစ္စအမျိုးမျိုးကို သတင်းပို့ချက် တစ်ခုပြီးတစ်ခုအား နားထောင်နေရပြီး နောက်ဆုံးမှာ သူ မလွတ်မြောက်နိုင်ခင် ရွှီကျန်းအချိန်ထိ မအားပေ။
သူသည်လည်း အထူးသဖြင့် ရေချိုးပြီး ချန်းမင်နန်းဆောင်မှာပဲ အဝတ်အစား လဲလိုက်သည်။ တစ်လျှောက်လုံးမှာလည်း စိတ်လှုပ်ရှား ပျော်ရွှင်မှုအပြည့်နဲ့ ပြိုင်တူသုံးခါတောင် လှမ်းလိုက်မိသေးသည်။
မမျှော်လင့်ထားစွာနဲ့ သူမကတော့ စားပွဲမှာထိုင်ကာ အပြင်းအထန်စဉ်းစားနေပြီး ကန်လုနန်းဆောင်ကို သူ မရောက်ခင်အချိန်အထိ မသိသေးပေ။
ယွီဝိန်းလန်က တွေးလိုက်ပြီး ပြောလိုက်သည်။
“မင်းက ဘာတွေလုပ်နေတာလဲ”
ယန်ရှုက မသိလိုက်ဘဲ အမှန်အတိုင်းဖြေလိုက်သည်။
“ဒီကိုယ်လုပ်တော်က ဝတ္ထုတစ်ပုဒ် ရေးချင်လို့ပါ။ ဒါပေမဲ့ တစ်နေတဲ့နေရာလေး ရှိနေတယ်”
ဇာတ်ကွက်အလှည့်အပြောင်းလား။
ကြည့်ရတာ သူမရဲ့အသုံးအနှုန်းဖြစ်တဲ့ပုံပဲ။ တစ်နည်းနည်းနဲ့ နားမလည်နိုင်ဘူး။
109 04
သို့သော် ထိုအချိန်မှာပဲ ယွီဝိန်းလန်က သိပ်ပြီးမသိချင်ပေ။ ထို့ကြောင့် လိုက်ပြောလိုက်သည်။
“မင်းက တကယ်ပဲ မတွေးနိုင်ဘူးဆိုရင် အဲ့အကြောင်းကို မတွေးနဲ့တော့ တစ်ညလောက် နားပြီးတာနဲ့ မနက်ဖြန်မနက်ကျရင် တွေ့လိမ့်မယ်”
သူက ထပ်ပြောလိုက်သည်။
“လာပါ စောစောနားရအောင်”
သူက သူမကို ညောင်စောင်းဘေးကို ဆွဲလိုက်သည်။
ထိုသူက အဝတ်တွေကို စတင်ချွတ်နေတာကို တွေ့လိုက်ရပြီး ကြည့်ရတာ အိပ်ရာဝင်တော့မည့်ပုံပင်။ ထို့ကြောင့် ယန်ရှုက အလျင်အမြန်ပြောလိုက်သည်။
“ဒီကိုယ်လုပ်တော်က ရေချိုးဖို့ လိုနေပါသေးတယ်။ အရှင်မင်းကြီး အရင်အိပ်ရာဝင်နှင့်ပါ”
သို့သော် ထိုစကားတွေ ထွက်လာသည်နှင့် သူမပင် မလှုပ်နိုင်ခင်မှာပဲ သူက တားလိုက်ပြီး မပြတ်မသား ပြောလာသည်။
“မင်းရေမချိုးရင်လည်း အဆင်ပြေပါတယ်….”
ဘယ်အချိန်က ငွေတုံးတစ်ထောင်လောက် တန်လို့လဲ။
သို့သော် ဘာဖြစ်နေသလဲဆိုတာကို သတိမပြုမိသည့် ယန်ရှုက မျက်မှောင်ကြုတ်ကာ ပြောလာသည်။
“မဟုတ်ဘူး။ ကျွန်မ ရေမချိုးဘူးဆိုရင် အဆင်မပြေဖြစ်လိမ့်မယ်။ အရှင်မင်းကြီးက ခဏပဲစောင့်ပါ”
သူက ရေချိုးသန့်စင်သည့်အခန်းထဲကို သွားမှာကို အပြင်းအထန် တောင်းဆိုနေဆဲပင်။
ယွီဝိန်းလန်က ထပ်ပြီး ထိန်းမထားနိုင်တော့ပေ။ “…..”
သူမက ဘာလို့အလျင်စလို မဖြစ်တာလဲ။
ဒါပေမဲ့ ကောင်းပြီလေ။ သူက ဘုရင်ဖြစ်သည့်အတွက် အရမ်းကို စိတ်အားထက်သန် မနေသင့်ပေ။
ထို့အပြင် သူက စောင့်နေတာကြာလှပြီဖြစ်ပြီး သိပ်လည်းနောက်မကျသေးပေ။
သူ့မှာ ရွေးချယ်စရာ မရှိတော့ဘဲ သူမကို အရင်ဆုံးလွှတ်ပေးလိုက်ကာ အဝတ်အစားတွေကို ချွတ်လိုက်ပြီး ညောင်စောင်းပေါ်ကို တက်သွားတော့သည်။
သူ စောင့်နေခဲ့တာ ဘယ်လောက်ကြာသွားပြီလည်း ဆိုတာကို မသိတော့ပေ။ နောက်ဆုံးမှာတော့ အလှလေးက ရေထဲကနေ ထွက်လာပြီး သူမရဲ့ပါးလေးတွေက သွေးရောင်သန်းနေကာ အသားအရေကလည်း နှင်းလိုပင် ဖြူဖွေးနေပေသည်။ သူမကို ကြည့်ရသည်မှာ အရမ်းကိုစိတ်ရှည်နေပုံပင်။
ယွီဝိန်းလန်က လောဘတကြီးနဲ့သူ မကိုကြည့်လိုက်ကာ သူမက သူ့လက်မောင်းထဲ ဝင်လာမည့်အချိန်ကို စောင့်နေလိုက်သည်။
မမျှော်လင့်ထားစွာနဲ့ သူမက အလျင်မလိုဘဲ မှန်ရှေ့မှာ သူမဆံပင်ကို ထပ်ပြီးဖြီးနေတာအား တွေ့လိုက်ရပေသည်။
တစ်ချက်တည်းနှင့် မည်းနက်နေတဲ့ဆံပင်ရှည်ကြီးက အရမ်းကိုချောမွေ့စွာနဲ့ ဖြီးသင်ပြီးသွားပြီပင်။
သူမက လိမ်းတဲ့အဆီတချို့ကို သူမရဲ့မျက်နှာနဲ့ လည်ပင်းပေါ်မှာလိမ်းလိုက်ပြီး သူမကိုယ်သူမ ပန်းလေးတွေထက် ပိုမွှေးအောင် လုပ်လိုက်ပေသည်။
ထို့နောက် သူမရဲ့မက်ေနှာနဲ့လည်ပင်းကို လိမ်းကျံအပြီးမှာ သူမရဲ့လက်တွေကို ထပ်မံလိမ်းလိုက်သည်။
လက်ကောက်ဝတ်ကနေ လက်ချောင်းလေးတွေထိ အရမ်းကို ဂရုတစိုက်နဲ့ သုတ်နေပေသည်။
ယွီဝိန်းလန်က နောက်ဆုံးမှာတော့ စိတ်ရှည်မှုကုန်ဆုံးသွားပြီး ရိုးရိုးရှင်းရှင်းပဲ အိပ်ရာပေါ်ကနေ ဆင်းကာ သူမကို သူ့ရဲ့လက်မောင်းတွေထဲ တိုက်ရိုက် ဖက်လိုက်သည်။
ယန်ရှု ထိတ်လန့်သွားပြီး ရုတ်တရက် မူးဝေသွားသလို ခံစားလိုက်ရသည်။ သူမသိလိုက်ချိန်မှာတော့ သူမကညောင်စောင်းပေါ်ရောက်နေပြီပင်။
သို့သော် သူမရှေ့ကလူရဲ့ နက်ရှိုင်းတဲ့မျက်ဝန်းတွေကို မြင်လိုက်ချိန်မှာတော့ သူက အနိမ့်သံနဲ့ မေးမြန်းလာသည်။
“မင်းက ကိုယ့်ရဲ့စားသောက်ချင်စိတ်ကို သွားရည်ကျစေဖို့ ကြိုးစားနေတာလား”
ယန်ရှု “….”
“ဒီကိုယ်လုပ်တော် မလုပ်ပါဘူး”
109 05
စားသောက်ချင်စိတ်ကို ယိုကျလာအောင်လုပ်တာ မဟုတ်ပါဘူးနော်။
“ဒါက ပုံမှန်အသားအရေ ထိန်းသိမ်းတာပါ” သူမက ပြောလိုက်သည်။
သူမ စကားပြောလိုက်ပြီး ယခုထိ နှုတ်ခမ်းအဆီ မဆိုးရသေးတာကို သတိရသွားသည်။ ထို့ကြောင့် သူမက အိပ်ရာကနေ ထပ်ပြီးထွက်ချင်ကာ သူမပင် မလှုပ်နှိုင်ခင်မှာပဲ ထိုသူက သူမကို တိုက်ရိုက်ပွေ့ဖက်လာပြီး လက်မောင်းထဲကို ထည့်ကာ နမ်းလာတော့သည်….။
အကြာကြီး မူးဝေပြီးနောက်မှာတော့ သူမက စကားသံပင် ထွက်မလာနိုင်တော့ပေ….။
သို့သော် ထိုအချိန်မှာပဲ သူမက တုံ့ပြန်မလာသေးပေ။
ဒါပေမဲ့ အနမ်း ပြီးသွားတဲ့နောက်မှာ သူမက သူ့ကို ရန်လိုစွာနဲ့ ပြောလာသည်။
“အရှင်မင်းကြီး ဒီနေ့ အနားယူလို့ မရဘူးလား။ ဒီကိုယ်လုပ်တော်က ပင်ပန်း…..”
ကျစ် မနေ့ညကို ပြန်ကြည့်မယ်ဆိုရင် သူမလက်လေးတွေ ငိုကြွေးနေရတာက တကယ်ကို စိတ်မကောင်းစရာပဲ။
ဒီနေ့စာရေးတော့ ငါ့လက်က ဘာခံစားမှုမှမရှိတာက လက်ကို အလွန်အကျွံသုံးစွဲမှုကြောင့်ပဲ။
ဟမ်း …
ယွီဝိန်းလန် “….”
ထိုအခါမှသာ သူက သူမအကြောင်းကို လုံးဝမေ့နေတယ်ဆိုတာကို သဘောပေါက်သွားတော့သည်။
သို့သော်လည်း ကိစ္စမရှိပေ သူ သတိရပြီ ဖြစ်သည်။
ထို့ကြောင့် သူက အနိမ့်သံနဲ့ ရယ်လိုက်ကာ
“ဒီနေ့ ကိုယ်မင်းကို ထပ်လုပ်ပေးဖို့ မတောင်းဆိုဘူးလို့ ကတိပေးတယ်”
စကားပြောပြီးနောက် သူက ထပ်မေးလိုက်ကာ အခြေအနေကို အခွင့်ကောင်းယူပြီး ကုတင်ပေါ်ကို တင်လိုက်တော့သည်။
လက်ကို အသုံးပြုလာတာ ကြာလှပြီ ဖြစ်သည်။
ယန်ရှုက တွေးနေဆဲပင် ဒီည ဘာဖြစ်သွားတာလဲ။
ဒါက နယ်မြေတစ်ခုပဲလေ။ သူက တကယ်ပဲ အဲ့လိုပိတ်ချလိုက်တယ်ပေါ့။
သို့သော်လည်း ပင်းလင်းချန်ရဲ့နွေရာသီ မရောက်ခင်အထိ သေချာတဲ့ အချိန်တစ်ခုအထိပင်။
သူမကနောက်ဆုံးတော့ မှတ်မိသွားသည်
ဘာကြီး အချိန်ကျလာပြီလား။
ခဏနေပါဦး သူမက အဆင်သင့် မဖြစ်သေးဘူးလေ….။
သို့သော်လည်း နောက်ကျသွားပြီပင်။
…..
~~~~
ဒုတိယမြောက်နေ့မှာတော့ ယန်ရှုက နေထွက်သည်အထိ အိပ်နေခဲ့သည်။
သို့သော်လည်း နိုးလာချိန်မှာတော့ သူမရဲ့နောက်ကျောက နာနေတာကို ခံစားမိနေဆဲပင်။
သူမကို ကြည့်ရသည်မှာ နူးညံ့တဲ့ခြေထောက်ရှိတဲ့ ပုစွန်တစ်ကောင်လိုဖြစ်နေပြီး လမ်းပင် မလျှောက်နိုင်ပေ။
သူမမှာ ရွေးချယ်စရာမရှိတော့ပဲ ပျင်းရိရတော့သည်။ သူမက ရန်တုန်းကို မျက်နှာသုတ်ရန် ပုဝါတစ်ထည် တောင်းလိုက်ကာ သူမ အဝတ်အစားတွေကို ထပ်ဝတ်လိုက်သည်။
သခင်မလေးကို အနီးကပ် စောင့်ရှောက်ရတဲ့သူအနေနဲ့ မနေ့ညက ဘာဖြစ်ခဲ့သလဲဆိုတာကို ဝိုးတဝါး ခန့်မှန်းမိပေသည်။ ထို့ကြောင့် သူမက စဉ်းစားတွေးခေါ်ပြီး မေးလိုက်သည်။
“မနက်စာအတွက် ဘာလိုချင်ပါသလဲ သခင်မလေး”
အဆုံးမှာတော့ မနေ့ညတုန်းက သူမဟာ အရမ်းကို အင်အား သုံးလိုက်ရသည့်အတွက် ဆာလောင်နေပြီ ဖြစ်သည်။ ထို့ကြောင့် ဟင်းပွဲတွေကို ချက်ချင်းပဲ ရွတ်လိုက်တော့သည်။
109 06
“ပုစွန်ဖက်ထုပ်ပေါင်း၊ ဂဏန်းဥဘန်းမုန့်၊ အမဲသားကိတ်၊ ကြက်သားနုပ်နုပ်စဉ်းနဲ့ ကြာစေ့နဲ့နှမ်းမဲ ထည့်ထားတဲ့ ကောက်ညှင်းဆန်ကိတ် တစ်ပန်းကန် လိုချင်တယ်”
ရန်တုန်းက တွန့်သွားကာ ပြောလာသည်။
“အဲဒီလောက် အများကြီး စားနိုင်လို့လားဟင်”
မမျှော်လင့်ထားစွာနဲ့ ထိုအသံ ထွက်လာသည်နှင့် ခန်းမအပြင်ဘက်ကနေ အသံတစ်သံ ထွက်လာတော့သည်။
“သူ မစားနိုင်ရင်တောင် ငါကိုယ်တော် ရှိသေးတယ်”
ထို့နောက် ချက်ချင်းမှာပဲ ယွီဝိန်းလန်ကနန်းဆောင်ထဲကို လှမ်းဝင်လာတော့သည်။
ရန်တုန်းနဲ့ တခြားသူတွေက ထိတ်လန့်သွားပြီး အရိုအသေပေးဖို့ သူတို့ခေါင်းတွေကို အလျင်အမြန် ငုံ့လိုက်ကြတော့သည်။
ဘုရင်မင်းမြတ်က စိတ်ကောင်းဝင်နေတာကို တွေ့လိုက်ရပြီး သခင်မလေးရဲ့အိပ်ခန်းထဲကိုတောင် တိုက်ရိုက်ဝင်လာကာ အပြုံးတစ်ပွင့်နဲ့ မေးလာသည်။
“ကိုယ်မင်းကို အဖော်ပြုပေးမလို့ မင်း ဘာထပ်လိုချင်သေးလဲ။ ပြောသာပြောလိုက်”
ယန်ရှုက သူ့ကိုကြည့်လိုက်ပေမဲ့ သူ့ရဲ့ဝတ်ရုံက အစီအစဉ်တကျ ဖြစ်နေတာကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမက မနေနိုင်ဘဲ သိချင်သွားရသည်။
“ဒီနေ့မနက်ညီလာခံကို အရှင်မင်းကြီး မသွားဘူးလား”
ယွီဝိန်းလန်က ခပ်တိုးတိုးရေ ရွတ်လာသည်။
“ညီလာခံသွားဖို့အချိန်ပဲ။ ကိုယ်က မင်းနဲ့အတူ မနက်စာစားဖို့ အထူးပြန်လာခဲ့တာ”
မျက်ခုံးနဲ့မျက်လုံးကြားမှာ လန်းဆန်းတဲ့ အကြည့်တစ်ခု ရှိနေပေသည်။
စကားပြောပြီးနောက် သူက ထပ်မေးလာသည်။
“အဲဒါတွေက လောက်ပြီလား။ ထပ်စားချင်သေးလား”
ယန်ရှုက သူမရဲ့မျက်လုံးကိုလှိမ့်လိုက်ကာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ဟုတ်ကဲ့”
သူက ခေါင်းညိတ်ပြလိုက်ကာ “ဒါတိုလည်း သူတို့ကို ပြင်ဆင်ခိုင်းလိုက်တော့မယ်”
ယန်ရှုက ရန်တုန်းကို ပြောလိုက်သည်။
“ဘဲစွပ်ပြုတ်တစ်ပွဲ၊ ပြည်ကြီးငါးကြော်တစ်ပွဲ၊ လှီးထားတဲ့တိမ်လွှာတို့ဖူး တစ်ပန်းကန်နဲ့ ထောပတ်ခရမ်းစီးကြော် နောက်တစ်ပွဲလောက် ထပ်ထည့်ပေးဦး”
ဟမ့် ဒါက ဘဝရဲ့အဓိက အဖြစ်အပျက်ပဲ။ မနေ့ညက စိုက်ထုတ်လိုက်တဲ့ အားအင်တွေအားလုံးကို ပြန်ပြီး ဖြည့်တင်းရမယ်
ယွီဝိန်းလန်က သူမစကားတွေကို နားထောင်လိုက်ကာ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
မှန်တာပေါ့ မနေ့ညက သူမရဲ့ဘဝမှာ အဓိကဖြစ်ရပ်ပဲလေ ။
~~
ဒီလိုနဲ့ပဲ ရန်တုန်းက တစ်ယောက်ယောက်ကို စားဖိုဆောင်အား အလျင်အမြန် မေးခိုင်းလိုက်သည်။
စားကောင်းသောက်ဖွယ်တွေကို တစ်ခုပြီး တစ်ခုချလာရန်မှာ သိပ်မကြာလိုက်ပေ။
ယန်ရှုရဲ့ခြေထောက်တွေက အားနည်းနေဆဲဖြစ်ကာ သူမက လမ်းမလျှောက်ချင်သေးပေ။
ယွီဝိန်းလန်က ရိုးရိုးရှင်းရှင်းပဲ သူမကို စားပွဲဆီ သယ်သွားပေးလိုက်ပြီး ရန်တုန်းကတော့ အလုပ်ရှုပ်နေတဲ့ဟန်နဲ့ မျက်နှာလွှဲလိုက်တော့သည်။
ကျစ် ကျစ် သခင်မလေး အစားစားချင်တဲ့အချိန်မှာ အရှင်မင်းကြီးက ဖက်ပြီး သယ်သွားပေးတယ်။အရမ်းကို အလိုလိုက်နေတာပဲ
ယွီဝိန်းလန်က တိတ်တဆိတ် ရေရွတ်လိုက်သည်။
ဒီတိုင်းလေး မွေးထားတာပေါ့။ ဘာပဲဖြစ်ဖြစ် သူမက သူ့ရဲ့အမျိုးသမီးပဲလေ။
ဒီလိုနည်းဖြင့် ထိုနှစ်ယောက်ဟာ စတင်စားကြတော့သည်။
ကောင်းသားပဲ။ ပုစွန်ဖက်ထုပ်ပေါင်းရဲ့အပြင်ဘက်အသားက အနေတော်ဖြစ်ပြီး အတွင်ရထဲက လတ်ဆတ်တဲ့ပုစွန်သားက ကြွပ်ရွပြီးချိုမြန်တယ်။
ဂဏန်းဥဘန်းမုန့်တွေကလည်း လတ်ဆတ်လွန်းပြီး အရေအိတ်ကို ပေါက်ထွက်အောင် ကိုက်လိုက်ချိန်မှာ စကားပင် ပြောနိုင်မှာ မဟုတ်ပေ။
109 07
အမဲသားကိတ်နဲ့ ကြက်သားနုပ်နုပ်စဉ်းက ယန်ရှုလိုချင်သည့်အတိုင်းပင် ကြာစေ့နဲ့နှမ်းမဲအနှစ် ကောက်ညှင်းဆန်ကိတ်က ချိုမြိန်လွန်းပြီး လူတွေပင် ခံစားနိုင်လောက်သည်။
ဘဲသားစွပ်ပြုတ်၊ ပြည်ကြီးငါးအကြွပ်ကြော်၊ တိမ်လွှာတို့ဖူး ထောပတ်လူးခရမ်းသီးကြော်နဲ့ တခြားတော်ဝင်ဟင်းလျာတွေကတော့ ပြောစရာပင်မလိုပေ။ သဘာဝကျကျပဲ စားကောင်းကာ ရွေးချယ်စရာပင် မရှိပေ။
အရသာရှိတဲ့ အစားအသောက်တွေကို စားပြီးတဲ့နောက်မှာတော့ ယန်ရှုက အရမ်းကိုပျော်ရွှင်နေကာ ယွီဝိန်းလန်အတွက်လည်း ပုစွန်ဖက်ထုပ်တစ်ခု ယူပေးဖို့ မမေ့ပေ။
“အရှင်မင်းကြီး ဒါကိုမြည်းကြည့်ပါ။ အရမ်းကို စားလို့ကောင်းတယ်”
ယွီဝိန်းလန်က ခပ်တိုးတိုး သဘောတူလိုက်ပြီး မြည်းကြည့်လိုက်သည်။
ကောင်းသားပဲ။ ပုစွန်ဖက်ထုပ်တွေက အတော်လေး ကောင်းသည်။
ရှားပါးသည့်အရာကတော့ သူမက လက်ဦးမှုယူကာ သူနဲ့အတူ အရသာရှိတဲ့ အစားအသောက်တွေကို ဝေမျှလာတာပင်။
အထူးသဖြင့် ယခုအချိန်မှာ ဖြစ်သည်။ သူ့ကို ကျေနပ်အောင် ကြိုးစားနေတာ မဟုတ်ဘဲ သူမက သူ့ကို တောင်းဆိုနေတာ ဖြစ်သည်။
ကြည့်ရတာ နောက်ဆုံးအတားအဆီးက ကျိုးပျက်သွားပြီး သူတို့နှစ်ဦးရဲ့နှလုံးသားတွေက နောက်ဆုံးတော့ နီးကပ်လာခဲ့ပြီ ဖြစ်သည်။
သူတွေ့နေစဉ်မှာပဲ သူမက ဂဏန်းဥစွပ်ပြုတ်ပေါက်စီ ကြာစေ့ကောက်ညှင်းဆန်ကိတ်နဲ့ နှမ်းအနှစ်စွပ်ပြုတ် တစ်ပန်းကန်ကို ချပေးလာသည်။
“ဒါကို မြည်းကြည့်ပါ အရှင်မင်းကြီး”
ယွီဝိန်းလန်က ခေါင်းညိတ်ကာ ကောင်းပြီဟုပြောလိုက်ပြီး နှမ်းအနှစ်စွပ်ပြုတ်ကို သောက်ကြည့်လိုက်သည်။ ထို့နောက် ကြာစေ့ကတ်တစ်ခုကိုစားလိုက်ပြီး နှလုံးသားထဲအထိ ချိုမြိန်သွားတော့သည်။
နှလုံးသားထဲမှာတော့ သက်ပြင်းချနေဆဲပင် တစ်ညပြီးတာနဲ့ သူမက နူးညံ့ပြီး တိကျတဲ့ ဇနီးကောင်းနဲ့ မိခင်တစ်ယောက်ပုံစံကို ပြောင်းသွားတော့တာပဲ
မမျှော်လင့်ထားစွာနဲ့ သူမနှလုံးသားထဲက ပြောနေသံကို ကြားလိုက်ရသည်။
[မေ့လိုက်တော့ သူက အခုငါ့လူ ဖြစ်နေပြီဆိုမှတော့ သူ့ကို ပိုပြီးတော့ ကောင်းကောင်းလေး ဆက်ဆံသင့်တယ်]
[အစားကောင်းလေးများများစား အဲဒါမှ ခံနိုင်ရည်အား တိုးလာမှာ]
ယွီဝိန်းလန် “…”
******
110 01
အပိုင်း(၅၃.၁)
“ခံနိုင်ရည်အား” ဆိုတာက ဘာကြီးလဲ။
ယွီဝိန်းလန်က ကြောင်တောင်တောင် ဖြစ်သွားသည်။ အဲဒါက ဘာကိုဆိုလိုတာလဲ။
သူ သိချင်နေသည့်အချိန်မှာပဲ ယန်ရှုက နွေဦးပန်ကိတ်တစ်ခုကို ယူလိုက်ပြီး ပြည်ကြီးငါးကြော်နဲ့ လိပ်လိုက်ကာ ဘဲသားစွပ်ပြုတ် ဟင်းရည်ထဲကို တစ်ချက် စိမ်လိုက်ပြီး သူ့ဆီကို ယူလာပေးကာ အပြုံးလေးတစ်ပွင့်နဲ့ ပြောလာသည်။
“အရှင်မင်းကြီး မနေ့ညကအတော်လေး
ပင်ပန်းသွားခဲ့ရပြီ နည်းနည်းလောက်ပိုစားပါ့လား”
အဟွတ် ဒီနှစ်ခုက ကျောက်ကပ်နဲ့ချီကို လန်းဆန်းအားတိုးဆေးတဲ့ ထုတ်ကုန်ကောင်းနှစ်ခုပဲ
သူ့မှာ အစကတည်းက ဒီလောက်အားကောင်းတဲ့ အရှိန်အဟုန်ရှိနေတာ တစ်ခါတည်းနဲ့ မသုံးရသေးဘူးဆိုတော့ အစားအသောက်ကနေပြန်ပြီး ဖြည့်တင်းရမယ်
ယွီဝိန်းလန် “….”
ကောင်းပြီလေ။ သူ နားလည်သင့်တာ အဲဒီစာကြောင်းက သူ့ကို ဆက်ပြီးစီးဆင်းပေးဖို့ တောင်းဆိုနေတာပဲ
ဒါပေမဲ့….အဲဒါက ဘာလို့သူမက အရမ်းစိုးရိမ်နေရတာလဲ ဆိုတာပေါ့လေ။
သူက အဲဒါကို နှစ်ပေါင်းများစွာထိန်းသိမ်းလာခဲ့တော့ “ကောင်းမွန်တဲ့ရေ” မဟုတ်ရင်တောင် အဲ့လောက်ထိ အလွယ်တကူနဲ့ အသုံးပြုပြီးမှာ မဟုတ်ဘူး။
ဒါကို တွေးကြည့်ပြီးနောက် မနေ့ညက မြင်ကွင်းက သူ့စိတ်ထဲမှာ ပြန်ပေါ်လာပြန်ပြီး ယွီဝိန်းလန်ကလည်း ပျော်ရွှင်သလို ခံစားရကာ သူမလိပ်ပေးထားတဲ့ နွေဦးပန်ကိတ်လိပ်ကို ကောက်ယူလိုက်ပြီး စားလိုက်သည်။
ကောင်းပြီလေ။ ခိုသားကြော်က စပ်ပြီးအရသာရှိသည်။ နွေဦးပန်ကိတ်ထဲထည့်ပြီး လိပ်လိုက်တဲ့အခါမှာ တစ်ခုနဲ့တစ်ခု ဖြည့်စွက်သွားစေသည်။
နွေဦးပန်ကိတ်လိပ်ကို စားပြီးတဲ့အခါမှာ စွပ်ပြုတ်တစ်ပန်းကန် သောက်လိုက်ပြီး ပြုတ်ထားတဲ့ဘဲသားက နူးညံ့ကာ အရသာရှိလှသည်။ စွပ်ပြုတ်ကလည်း အရသာရှိကာ အရမ်းကိုစိတ်ကျေနပ်ဖို့ ကောင်းပေသည်။
ယွီဝိန်းလန်က သူ့ရဲ့တစ်ကိုယ်လုံး သက်တောင့်သက်သာရှိသွားသလို ခံစားလိုက်ရသည်။
နောက်ဆုံးမှာတော့ အတိတ်က အရိပ်တွေအားလုံးက လုံးဝကိုပျောက်ကွယ်သွားခဲ့ပြီပင်။ သူ့ရဲ့ဘဝဟာလည်း အခြေအနေအသစ်တစ်ခုသို့ ဝင်ရောက်သွားခဲ့ပြီး ဖြစ်သည်။
သက်သောင့်သက်သာ ရှိတယ်
~~~
ဝန်ကြီးတွေအားလုံးဟာ အရှင်မင်းကြီးက ဒီနေ့ စိတ်ကောင်းဝင်နေတယ်ဆိုတာကို တွေ့လိုက်ရသည်။
တွေးခေါ်တဲ့နေရာမှာ ရှင်းလင်းနေရုံတင်မကဘဲ ကိစ္စတွေကို ကိုင်တွယ်တဲ့အခါမှာတောင် ဆုံးဖြတ်ချက် ပြတ်သားနေပြီး သူတို့ကို စကားပြောချိန်မှာတောင် အရှင်မင်းကြီးရဲ့မျက်လုံးထဲမှာ ဝမ်းသားဂုဏ်ယူနေတဲ့ အပြုံးတစ်ခု ရှိနေပေသည်။
ထိုမြင်ကွင်းကို တွေ့တဲ့အခါမှာ အရေးကြီးကိစ္စရပ်တွေပြီးသွားတာနဲ့ ဟန်လင်းပညာရှိ ကျိုးမိုကျုံးက အခွင့်အရေးယူကာ မေးလာသည်။
“အခုတလော သခင်လေးရှောင်ယောင်ဆီကများ အရှင်မင်းကြီး သတင်းလေးဘာလေး ကြားသေးလား မသိဘူး။ သူ့ဆီမှာ တစ်ခုခုများ ဖြစ်သွားတာလား”
အမ်။
ယွီဝိန်းလန်ကချက်ချင်းပဲ သူ့မျက်ခုံးကို ပင့်လိုက်ကာ
“ကျိုးချင်က ဘာလို့ ဒီလိုမေးခွန်းမျိုး မေးရတာလဲ”
ကျိုးမိုကျုံးက လျှောက်တင်လိုက်သည်။
“တစ်ခုခုများ ဖြစ်သွားတာလားလို့ ကျွန်တော်မျိုးသိချင်ရုံပါ။ ဘာလို့ ဒီလောက် ကြာသွားတာတောင် သခင်လေးက စာအုပ်အသစ်တစ်အုပ် မထုတ်သေးတာလဲ။ နောက်ဆုံး စာအုပ်ထွက်ခဲ့တာ တစ်လတောင်ရှိသွားပြီ”
အမ်။ တစ်လကျော်တောင် ရှိနေပြီလား။
ယန်ရှုက မကြာခဏ စာရေးနေတာကို တွေ့ရသည်မှာ ထူးဆန်းနေတယ်ဆိုတာကို ရှာတွေ့သွားရသည်။
တစ်ခဏလောက် စဉ်းစားပြီးနောက်မှာ သူက နောက်ဆုံးတော့ အမှတ်ရသွားသည်။
အရင်တစ်ခေါက်က ကလေးသူငယ်တွေကို ပြည့်တန်ဆာလုပ်ခိုင်းတဲ့အကြောင်း ရေးပြီးတဲ့နောက် အခုဆို တကယ်ပဲတစ်လကျော်သွားပြီဖြစ်သည်။
ဒီအချိန်တွင်းမှာ သူမက ချင်အန်းစံအိမ်ရဲ့
ချွေးမက အစေခံတွေနဲ့ရှုပ်နေတဲ့အကြောင်း ပုံပြင်တစ်ပုဒ်ရေးခဲ့သည်-သို့သော် ထိုသူက
အသောက်လွန်ပြီး ချင်အန်းရဲ့သားက စောစောစီးစီး ဖော်ထုတ်လိုက်တဲ့အတွက် သူမက မအောင်မြင်ခဲ့ပေ။
110 02
သူမက မုဆိုးမတစ်ဦးနဲ့ သူမရဲ့ကွယ်လွန်သွားတဲ့ ခင်ပွန်းဖြစ်သူရဲ့ မိတ်ဆွေဟောင်းအကြောင်း စွဲမက်ဖွယ်ကောင်းပြီး ရှုပ်ထွေးတဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ရေးခဲ့ပေမဲ့ သခင်မုရဲ့ကိုယ်ရေးကိုယ်တာနဲ့ ဆက်စပ်နေတဲ့အတွက် သူမက ထုတ်ဝေမှာ မဟုတ်ပေ….။
လွန်ခဲ့တဲ့နှစ်ရက်မှာတော့ ရူယိဖန်ရဲ့စိတ်လှုပ်ရှားမှုကို ကြည့်နေတဲ့အတွက် ဘာကိုမှ ထပ်မရေးခဲ့ပေ။
မနေ့ညကတော့ နောက်ဆုံးမှာ စုတ်တံကိုပြန်ကိုင်ပေမဲ့ ညောင်စောင်းဆီကို သူ့ရဲ့သယ်သွားတာကို ခံလိုက်ရသည်….။
ထို့နောက် သူက ပြောလိုက်သည်။
“သူ့မှာ စာရေးတာထက်ပိုပြီး အရေးကြီးတဲ့ကိစ္စရှိနေလို့ နေမှာပေါ့။ အဲဒီတော့ သူက တစ်ခဏလောက် ဂရုမစိုက်မိတာနေမှာ”
ကျိုးမိုကျုံးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဇာတ်ညွှန်းကို အထူးပြုရေးပြီး သူတို့တွေဆီကနေ ငွေရတဲ့လူတစ်ယောက်မှာ ဇာတ်ညွှန်း ရေးတာထက်ပိုပြီး အရေးကြီးတာ ရှိသေးတယ်လား”
ထိုစကားသံ ထွက်သည့်အခါ အရှင်မင်းကြီးက မျက်မှောင်ကြုတ်ကာ ပြောလာသည်။
“ကျိုးချင်ရဲ့စကားတွေက အရမ်းကို တစ်ဖက်စောင်းနင်း ဖြစ်လွန်းတယ်။ စာရေးတာအပြင် ဘဝမှာတခြား အဓိကဖြစ်ရပ်တွေ မရှိရတော့ဘူးတဲ့လား။ ဇနီးနဲ့ခင်ပွန်း အတူတူပျော်ပါးတာနဲ့ ကလေးရှိလာတာမျိုးလေ ဘယ်အရာက အရေးမကြီးလို့လဲ။ ဖြစ်နိုင်တယ်မလား။ သူ့ကို တစ်နေ့လုံး စာရေးခိုင်းနေတယ်။ သူ့မှာရော တခြားပျော်စရာတွေ မရှိရတော့ဘူးလား”
ကျိုးမိုကျုံးက ရပ်တန့်သွားတော့သည်။
—ဒါက သခင်လေးရှောင်ယောင်အကြောင်းကို ပြောနေတာ အသိသာကြီးလေ ဘာလို့အရှင်မင်းကြီးက ရုတ်တရက်ကြီး မပျော်မရွှင် ဖြစ်သွားရတာလဲ….။
သူ့မှာ ရွေးချယ်စရာမရှိတော့ဘဲ ဦးညွှတ်လိုက်ကာ ပြောလိုက်ရသည်။
“အရှင်မင်းကြီးရဲ့စကားတွေက တကယ်ပဲ မှန်ကန်ပါတယ် ကျွန်တော်မျိုး လျှာချော်သွားမိပါတယ်။ အခုတလော အဲဒီစာအုပ်ရောင်းသမားတွေရဲ့ ဖိအားပေး တိုက်တွန်းတာကို ခံနေရလို့ အနည်းငယ် စိတ်မရှည် ဖြစ်သွားမိပါတယ်။ အဲဒါကြောင့် တစ်ဖက်ကို မစဉ်းစားဘဲ ပြောမိသွားပါတယ်။ အရှင်မင်းကြီးက ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်”
ထိုစကားတွေ ထွက်လာသည့်အခါ အရှင်မင်းကြီးရဲ့မျက်နှာက အနည်းငယ် နူးညံ့သွားပြီး သူ့ကို ထပ်မေးလာသည်။
“စာအုပ်ရောင်းသမားတွေကို မောင်မင်းကို ဘယ်လိုဖိအားပေးလို့လဲ”
ကျိုးမိုကျုံးက သက်ပြင်း ချလိုက်ကာ
“သခင်လေးရှောင်ယောင်ရဲ့စာအုပ်အသစ်ကို ဖမ်းဆုပ်နိုင်ဖို့ သူတို့တွေက ဒီအမတ်ရဲ့အိမ်တံခါးကို တစ်နေကုန် ပိတ်ဆို့ထားပြီး ဒီအမတ်အိမ် ကိုပြန်လာသည် ဖြစ်စေ အိမ်ကနေ သွားသည်ဖြစ်စေ သူတို့တွေကချက်ချင်းပဲ ပတ်ပတ်လည်မှာ စုစည်းလိုက်ပြီး မေးမြန်းလာပါတယ်။ တခြားနေရာက စာအုပ်ရောင်းသမားတွေတောင် ရှိပါသေးတယ် တိုက်ရိုက်ပဲ ဒီအမတ်ရဲ့အိမ်ရှေ့က မြေကြီးပေါ်မှာ လဲလျောင်းပြီး….ဒီရက်ပိုင်းအတွင်း အိပ်ကိုဝင်နိုင်ဖို့တောင် အတော်လေး ခက်ခဲပါတယ်”
ယွီဝိန်းလန် “….”
ဘယ်လိုတောင် ရူးမိုက်တာလဲ။
ကောင်းပြီလေ ပြောပုံအရဆို ကျိုးမိုကျုံးအတွက်လည်း မလွယ်ကူတဲ့ပုံပဲ ။
သူ့မှာ ရွေးချယ်စရာ မရှိတော့ဘဲ ပြောလိုက်ရသည်။
“သူ့ကို နောက်ကျ ငါကိုယ်တော် မေးလိုက်မယ်။ သူအားတယ်ဆိုရင် ရေးပါလိမ့်မယ်”
ပညာရှိကျိုးက စိတ်ထိခိုက်တဲ့မျက်နှာနဲ့
“သခင်လေးရှောင်ယောင်က ကျွန်တော်မျိုးကို သိပ်အကြာကြီး စောင့်ခိုင်းမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်”
ကျစ်… နေ့တိုင်းနေ့တိုင်း အဲ့လိုမျိုး အပြင်ထွက်နေရတာ အကြွေးကနေ ပတ်ပြေးနေသလိုပဲ။ ဘယ်သူက သည်းခံနိုင်မှာတဲ့လဲ
ယွီဝိန်းလန် ကြားတဲ့အခါမှာ ထပ်ပြီး ချောင်းဟန့်လိုက်ကာ ပြောလိုက်သည်။
“တကယ် မဖြစ်ဘူးဘဲ။ ဟန်လင်းအကယ်ဒမီမှာ မောင်မင်းအတွက် တစ်ယောက်ယောက်ကို အိပ်ရာ ပြင်ခိုင်းထားလိုက်မယ်။ အဲဒီမှာ ရက်အနည်းငယ်လောက် နေလိုက်။၊ ဇာတ်ညွှန်း ထွက်လာတဲ့အခါကျရင် မောင်မင်းကို ချက်ချင်းပေးမယ်”
110 03
ကျိုးမိုကျုံး “….”
သူ့ကိုတော် ဝင်အကယ်ဒမီမှာ အိပ်ရာတစ်ခုပေးမယ် ဟုတ်လား။
အရှင်မင်းကြီးမှာ တကယ်ကို အကြံကောင်းရှိတာပဲ
သူက ရှုံ့မဲ့ပြုံးလိုက်ရုံသာ တတ်နိုင်ကာ
“အရှင်မင်းကြီးရဲ့ စိုးရိမ်ပူပန်မှုအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်”
~~~
ထိုအချိန်မှာပဲ ဘာဖြစ်သွားသလဲဆိုတာကို သတိမပြုမိသည့် ယန်ရှုက ခန်းဆောင်ထဲမှာ လဲလျောင်းနေပေသည်။
တစ်နေ့တာရဲ့အများစုမှာ စားပွဲမှာစားတာကလွဲရင် ကျန်တဲ့အချိန်တွေကို ညောင်စောင်းပေါ်မှာ လဲလျောင်းရင်းသာ ကုန်ဆုံးပေသည်။
ကျစ် အဲဒါက သူမ ပုံပြင်မရေးချင်လို့ မဟုတ်ဘဲ သူမရဲ့ခြေထောက်တွေက အားနည်းနေပြီး ခါးက နာကျင်လို့ဖြစ်သည်။ ထိုင်ဖို့ကိုမပြောနဲ့ နှစ်လှမ်းလောက် လျှောက်ရရင်ကို ပင်ပန်းနေပြီ ဖြစ်သည်။
…တစ်နည်းပြောရရင် အခုမှစတင်တဲ့ယောက်ျားတွေက တစ်ကယ်ကို ကြောက်စရာပဲ။
နေ့လည်ခင်း ရောက်လာတော့မှာကို တွေ့တဲ့အတွက် နေ့လည်စာမှာခါနီးမှာပဲ သူမက ဖုဟိုင်ဟာ သူ့လက်ထဲတွင် သစ်သားသေတ္တာလေးတစ်လုံး ကိုင်ဆောင်လာတာကို တွေ့လိုက်ရပြီး ခြင်းတစ်ခြင်း သယ်သယ်ထားတဲ့ မိန်းမစိုးနှစ်ယောက် ပါလာတာကိုလည်း တွေ့လိုက်ရသည်။
ယန်ရှုက ရန်တုန်းကို အပြင်ဘက်မှာ ထိုင်နိုင်ရန် သူမကို ကူညီခိုင်းလိုက်ပြီး မေးမြန်းလိုက်သည်။
“ဖုကုန်းကုန်းက ဘာလို့ ဒီကိုလာတာပါလဲ”
သို့သော် ဖုဟိုင်က ဝမ်းမြောက်ရွှင်မြူးစွာ ပျော်လာသည်။
“နဂါးလှေပွဲတော်နီးလာပြီဖြစ်လို့ အရှင်မင်းကြီးက တောင်ပင်လယ်က ဒီပုလဲသေတ္တာကို ရောင်စုံဘယက်သီဖို့ ကိုယ်လုပ်တော်ယိဆီကို ဒီအစေခံတွေကို လာရောက်ဆက်သခိုင်းလို့ပါ။ ဒီနေ့ရောက်ရှိတဲ့ ချယ်ရီသီးကြီးတွေလည်း ရှိပါသေးတယ်။ အရှင်မင်းကြီးက ကိုယ်လုပ်တော်ယိ သူတို့ကို ကြိုက်တယ်ဆိုလို့ လတ်ဆတ်နေတုန်းလေး ကိုယ်လုပ်တော်ယိကို တစ်ခြင်း ပို့ပေးခိုင်းလိုက်ပါတယ်”
ချယ်ရီသီး တစ်ခြင်းလား။
ယန်ရှုက တွေးဆလိုက်သည်
—ချယ်ရီတွေက ဒီနေ့ခေတ်မှာ ရှားပါးတဲ့ ပို့ကုန်ပစ္စည်းပေ။ အထူးသဖြင့် သူတို့တွေကို တခြားနေရာကနေ နန်းတော်ကို သယ်လာရတာ ဖြစ်သည်။ နန်းတော်ထဲမှာတောင် အများကြီး မရှိပေ
ဧကရာဇ်ကို ဆက်သသည့်အပြင် ဧကရီမယ်တော်ကြီးက တော်ဝင်စားဖိုဆောင်ကို အချိုပွဲလုပ်ရန် အနည်းငယ် ချန်ထားခိုင်းကာ အရင်နှစ်တွေတုန်းက ညီလာခံ မှူးမတ်အနည်းငယ်ကိုလည်း ချီးမြှင့်သေးသည်။ ထို့ကြောင့် သူမတောင် ဆယ့်နှစ်လုံးလောက်သာ စားလိုက်ရသည်။
အခုတော့ သူမရှေ့မှာ ချယ်ရီသီးတစ်ခြင်း ရှိနေပြီဖြစ်သည်။
ချယ်ရီသီးတစ်ခြင်းအပြင် တောင်ပင်လယ်က ပုလဲတစ်သေတ္တာလည်းရှိနေကာ ဧကရာဇ်ကသူမကို လည်ဆွဲသီရန် ပြောထားတာပင်။
ဖြစ်နိုင်တာက…အိပ်ဆောင်ဝင်ပြီးနောက် ဦးစားပေးတဲ့အပြုအမူလား။
ကျစ် ကျစ် ကျစ် ဧကရာဇ်က သူမကို ပထမဆုံးအကြိမ်အဖြစ် ဘာမှကြိုတင် မှာကြားခြင်းမရှိဘဲ ပေးသည့်အပြင် သူမကို ပျော်ရွှင်စေရန်လည်း ပစ္စည်းတွေအများကြီး ပို့ပေးလိုက်သေးသည်။ သူက အရမ်းကို ရိုးစင်းနေဆဲပင်။
သူမက အလျင်အမြန် ပြုံးလိုက်ကာ ပြောလိုက်သည်။
“အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်”
ထို့နောက် သူမက မေးလိုက်သည်။
“ဧကရီမယ်တော်ကြီးဆီကိုရော ချယ်ရီသီးတွေ ပို့လို့ရမလား”
—ဧကရာဇ်က သူမကို မျက်နှာသာပေးကာ ဆက်ဆံပေမဲ့ သူမရဲ့နောက်ဆုံးနာမည်ကိုတော့ မေ့မထားသင့်ပေ။
နန်းတော်ထဲမှာ ဧကရီမယ်တော်ကြီးကသာ အရေးအကြီးဆုံး ဖြစ်သည်။ ဘာတွေပဲဖြစ်နေပါစေ ဧကရီမယ်တော်ကြီးကိုတော့ ဖိနှိပ်၍မရပေ။
ဖုဟိုင်က အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။
110 04
“မပူပါနဲ့။ ကိုယ်လုပ်တော်ယိ မတိုင်ခင်ကပဲ အရှင်မင်းကြီးက အစေခံတွေကို ပို့ခိုင်းလိုက်ပြီးပါပြီ။ ချီအန်းနန်းဆောင်ကို တစ်ယောက်ယောက်ကို လွှတ်ပြီး ပို့ပြီးပါပြီ”
အခုမှသာ ယန်ရှုက စိတ်သက်သာရာရသွားပြီဖြစ်ကာ မနေနိုင်ဘဲ ချယ်ရီသီးခြင်းကို ကြည့်ရန် ကျောဆန့်လိုက်တော့သည်။ သို့သော် တွေ့လိုက်ရသည်က သူတို့တွေ အားလုံးတွေက နီရဲပြီး ရွှန်းစိုနေကာ အစိမ်းရောင်အညှာလေးနဲ့ ညတွင်းချင်းပေးပို့လာတာပင်။
သူမက သက်ပြင်းချကာ သွားရည်မကျပဲ မနေနိုင်တော့ဘဲ
“ဇာတိမြို့မှာလည်း ချယ်ရီသီးထွက်ပေမဲ့ ဒီလိုကောင်းမွန်တဲ့အသီးတွေကိုတော့ ဝယ်လို့မရဘူး”
—သူမတို့ဇာတိမြို့ရဲ့ အန်းသဲ့ကောင်တီက ခြံဝန်းထဲမှာ ချယ်ရီပင်ရှိသည်။ နှစ်တိုင်းမှာ သူမက စောစောသွားပြီး ချယ်ရီသီးသားဖို့ အပင်အောက်မှာ စောင့်နေလေ့ရှိသည်။ သို့သော် သူမရဲ့ချယ်ရီပင်အမျိုးအစားက သိပ်မကောင်းပဲ အတော်လေးချဉ်သည်။
ပြောမှပဲ အခုသူမရဲ့မိဘတွေ အဖွားနဲ့ မောင်လေးတို့ အကုန်လုံးက မြို့တော်ကို ရောက်လာပြီဖြစ်သည့်အတွက် သူမရဲ့ကိုယ်ပိုင်ချယ်ရီသီးတွေကို စားလို့မရတော့ပေ။
သူတို့တွေက ဝယ်ပြီးမြည်းစမ်းဖို့ကိုတောင် အင်တင်တင် ဖြစ်နေလောက်တယ်…။
ကျစ် အခု သူမမှာ ခြင်းကြီးတစ်ခြင်း ရှိပေမဲ့ တော်ဝင်ညီလာခံက လက်ဆောင်တွေ ဖြစ်သည့်အတွက် သာမန်ကာလျှံကာ ပေးပစ်၍ မရပေ။
သူမ စဉ်းစားနေတာကို ဖုဟိုင်က ခန့်မှန်းမိလောက်သည့်အတွက် အလျင်အမြန် ပြောလာသည်။
“ကိုယ်လုပ်တော်ယိ မပူပါနဲ့။ အခုလေးတင်ပဲ အရှင်မင်းကြီးက ညီလာခံက အသက်အရွယ် ကြီးသူတွေဆီကို ခြင်းအနည်းငယ် ဖြန့်ဝေခိုင်းလိုက်ပါတယ်။ သခင်ကျုံးရိရဲ့စံအိမ်လည်း တစ်ခုအပါအဝင်ပါပဲ”
ဟမ်။ မိဘတွေအတွက်ရောလား။
ယန်ရှုက တွေးကြည့်လိုက်သည်
ဧကရာဇ်က အရမ်းကို ဂရုစိုက်တတ်တာပဲ။
…သူမရဲ့အစာအိမ်ထဲမှာ လိပ်ပြာလေးပျံနေသကဲ့သို့ပင်။
အခုတော့ သူမပျော်ရွှင်သွားသည့်အတွက် ထပ်မံပြီး အလျင်အမြန် ပြုံးလိုက်ကာ
“ဒါဆိုလည်း လုံအန်းအရှင်မင်းကြီးကို အရင်ဦးဆုံးမိဘတွေအတွက် ကျေးဇူးတင်ပါတယ်၊ အရှင်မင်းကြီးကို တွေ့တဲ့အခါ ကျွန်မအစား ကျေးဇူးပြုပြီး ပေးပို့ပေါ အထိန်းတော်ချုပ်ကြီး”
ဖုဟိုင်က အလုပ်များသွားကာ နှုတ်ဆက်လိုက်ပြီး ထွက်ခွာသွားတော့သည်။
ယန်ရှုက ရန်တုန်းက ပန်းကန်ပြားကြီးတစ်ချပ်စာ ဆေးခိုင်းလိုက်ကာ စတင်စားတော့သည်။
ကောင်းလိုက်တာ။ ချယ်ရီတွေက အနေတော်မှည့်နေပြီး ချိုချိုချဉ်ချဉ်လေးဖြစ်နေကာ တစ်ချက်ကိုက်လိုက်ရုံနဲ့ အရည်ရွှမ်းသွားတော့သည်။ တကယ်ကို အရသာရှိတယ်။
ယန်ရှုက ကပ်စေးနည်းသူ မဟုတ်ပေ။ သူမကိုယ်တိုင် စားရုံတင်မကဘဲ အပျိုတော်လေးရန်တုန်းနဲ့ လျန်ရှင်းကိုပါ သူမနဲ့အတူ စားခိုင်းလိုက်သည်
ထိုနှစ်ဦးက ဝမ်းသာမှုနဲ့ လွှမ်းခြုံသွားပြီး စားနေရင်းနဲ့ သက်ပြင်းမချဘဲ မနေနိုင်ပေ။
“ဒီအစေခံတွေက သခင်မကြောင့် တကယ်ပဲ ဂုဏ်ယူရပါတယ်။ အရှင်မင်းကြီးက သခင်မကို ပိုပိုပြီး ကောင်းကောင်း ဆက်ဆံလာတာပဲ”
ယန်ရှုက တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
ဟုတ်သည်။ မနေ့ညက အရွယ်ရောက် အခမ်းအနားပြီးတဲ့အခါမှာ ဧကရာဇ်က နောက်ထပ် အဆင့်သစ်တစ်ခုကို တကယ်ပဲ လှမ်းလိုက်နိုင်သည်။
သေချာပေါက်ပဲ ယောက်ျားတွေက ကြီးပြင်းလာဖို့ လိုအပ်နေတာပဲ
~~~
ချယ်ရီသီးတွေအပြင် ဒီနေ့မှာ ယန်ဇီမြစ်တောင်ပိုင်းက ပိုးထည်နဲ့ဇာတွေပါ နန်းတော်ကို ရောက်ရှိလာတာဖြစ်သည်။ ဧကရီမယ်တော်ကြီးနဲ့ ကိုယ်လုပ်တော်တွေအတွက် နွေရာသီအဝတ်အစားတွေကို ပြင်ဆင်ပေးရန်အတွက် အတွင်းရေးကိစ္စရုံးတော်က အလွန်အမင်း အလုပ်ရှုပ်နေပေသည်။
ကိုယ်လုပ်တော်ကျိုးက တော်ဝင်ဥယျာဉ်ကနေ ထွက်လာကာ အတွင်းရေးရုံးတော်ရဲ့ ဂိတ်တံခါးအပြင်ဘက်ကနေ ထိုအလုပ်ရှုပ်နေတဲ့ မြင်ကွင်းကို ကြည့်ရှုနေပေသည်။
မိန်းမစိုးငယ်လေးတွေက ပိုးထည်နဲ့ဇာတွေ သယ်ယူရင်း ချယ်ရီသီးတွေကိုလည်း ထုပ်ပိုးနေကာ အလုပ်များနေတော့သည်။
သူမက အဝေးကရပ်ပြီး တစ်ခဏလောက် ကြည့်နေပြီးနောက် ရုတ်တရက်ပဲ သက်ပြင်းချလိုက်သည်။
110 05
“လွန်ခဲ့တဲ့နှစ်တွေတုန်းက မြို့စားချန်အန်းရဲ့ စံအိမ်ကိုပို့တဲ့ ချယ်ရီသီးတစ်ခြင်းကြီး ရှိတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ဘာမှမရှိလောက်တော့ဘူး”
ထိုစကားတွေ ထွက်လာသည့်အခါ သူမဘေးက အစေခံမလေးရှုံးယွင်က ဘာကိုမှပြန်မဖြေရဲပေ။
—မနှစ်ဆောင်းရာသီအကုန်တုန်းက အခမ်းအနားမှာ ချန်အန်းဆီမှာ တစ်ခုခုဖြစ်သွားပြီး ညစာစားပွဲ အမျိုးမျိုးနဲ့ နန်းတော်ထဲက ဆုအမျိုးမျိုးဟာ ချန်အန်းကုန်းစံအိမ်မှာ ပျောက်ကွယ် သွားရသည်။
လွန်ခဲ့တဲ့နှစ်ရက်က ဧကရီမယ်တော်ကြီးရဲ့ မွေးနေ့ပွဲမှာတောင် ချန်အန်းကုန်းက နန်းတော်ကို ဂုဏ်ပြုလက်ဆောင်ပဲ ပေးပို့လိုက်ကာ မွေးနေ့စားပွဲမှာ သူ့မျက်နှာကိုပင် လာမပြရဲပေ။
ထို့ကြောင့် ဒီချယ်ရီသီးတွေဆိုလျှင် …. လေထဲမှာပဲ ရှိလောက်မည်ပင်။
သို့သော် ထိုအချိန်မှာပဲ မိန်ူမစိုးငယ်လေးတစ်စုက ချယ်ရီသီးခြင်းပေါင်းများစွာနဲ့ လျှောက်လာပြီး သူတို့ထဲက တစ်ခြင်းကို ဘေးဘက်မှာ ရေခဲတုံးတွေနဲ့ အထူးထည့်လိုက်သည်။
ကိုယ်လုပ်တော်ကျိုး မြင်တဲ့အခါမှာ မနေနိုင်ပဲ ရှေ့ကိုတိုးပြီး သူ့ကိုရပ်ခိုင်းလိုက်ကာ မေးလိုက်သည်။
“ဒါတွေကို ဘယ်ကိုပို့မလို့လဲ”
မိန်းမစိုးငယ်လေး အလျင်အမြန် ပြန်ဖြေလာသည်။
“သတင်းပို့ပါတယ် အရှင်မင်းကြီးက ဒါတွေအားလုံးကို အသက်ကြီးသူတွေဆီ ပို့ပေးဖို့ အမိန့်ပေးထားပါတယ်”
ကိုယ်လုပ်တော်ကျိုးက ထပ်မေးလိုက်သည်။
“ရေခဲတွေနဲ့ခြင်းကရော”
မိန်းမစိုးလေးက အလျင်အမြန်ထပ်မေးလိုက်သည်။
“သခင်ကျုံးရိ စံအိမ်ဆီပို့ဖို့ပါ။ သခင်ကျုံးရိရဲ့စံအိမ်က ဝေးလံတဲ့အပြင် ဒီနေ့က ပူအိုက်လို့ပါ။ ပို့ပြီးရင် ပျက်ဆီးသွားမှာ စိုးတဲ့အတွက် ရေခဲ ထည့်နေတာပါ”
အမှန်ပင် မှူးမတ်တွေအားလုံးထဲမှာ သခင်ကျုံးရိရဲ့စံအိမ်က မြို့တော်မှာ အဝေးလံဆုံးဖြစ်ကာ တသ်ခြားသူတွေရဲ့စံအိမ်ကို ပို့ရန် နာရီဝက်ခန့် အချိန်ယူရသည်ဆိုလျှင် သူတို့ရဲ့စံအိမ်ကိုပို့ရန် တစ်နာရီခန့် အချိန်ယူရပေသည်။ အကွာအဝေးရဲ့နှစ်ဆပင်။
အခုချိန်မှာ ကိုယ်လုပ်တော်ယိက မျက်နှာသာ ပေးခံနေရသည်ဆိုသည်ကို အတွင်းရေးရုံးတော်က သိသည့်အတွက် သဘာဝကျကျပဲ ကိုယ်လုပ်တော်ယိကို ကျေနပ်စေရန်အတွက် သခင်ကျုံးရိရဲ့စံအိမ်ကို ပို့ရန် အကောင်းဆုံး ကြိုးစားချင်နေကြသည်ပင်။
ထိုစကားတွေ ထွက်လာသည်နှင့် ကိုယ်လုပ်တော်ကျိုးက နှာမှုတ်လိုက်ကာ
“မင်းက တကယ်ကို ဂရုစိုက်တာပဲ အခုလေးတင် နန်းတော်ကို ပို့လိုက်တဲ့အထဲမှာ မကောင်းတာတွေ အများကြီးပဲ။ ဒါပေမဲ့ သခင်တစ်ယောက်ကိုကျ ရေခဲ ထည့်ရမှန်း သိတယ်ပေါ့လေ”
မိမ်းမစိုးငယ်လေးက ရပ်တန့်သွားကာ ရွေးချယ်စရာမရှိဘဲ ပြောလိုက်ရတော့သည်။
“ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။ အခုလေးတင် ခွဲဝေပေးတဲ့သူမှာ အမြင်မရှိလို့ သေသေချာချာ မရွေးမိတာနေမှာပါ။ ဒီအစေခံက တာဝန်ခံကို သတင်းပို့ပြီး ခဏနေကျ ထပ်ပြီး ပို့ခိုင်းလိုက်ပါမယ်”
သို့သော် ကိုယ်လုပ်တော်ကျိုးက ပြောလာသည်။
“ဘယ်လို အကျန်တွေကို ပို့ပေးလာမလဲဆိုတာကို ဘယ်သူကသိမှာလဲ။ တခြားသူတွေ ရွေးပြီးကျန်တဲ့ အကျန်တွေကိုပို့ပြီး ငါ့ကို အရူးလုပ်မလို့လား။ နင်တို့ အစေခံတစ်သိုက်က နောက်ဆုံးတော့ လေတိုက်ရာဘက်ကို အခွင့်ကောင်းယူပြီး တခြားသူတွေကို အနိုင်ကျင့်ဖို့ အခွင့်အရေး ရှာနေတာပဲ”
မိန်းမစိုးငယ်လေးတွေက အတူတကွ ဒူးထောက်လိုက်ကာ ပြောလိုက်သည်။
“မလုပ်ဝံ့ပါဘူး”
ကိုယ်လုပ်တော်ကျိုးက စကားလုံး အနည်းငယ်လောက်နဲ့ ထပ်မံအပြစ်ဖော် ဆုံးမချင်ပေမဲ့ ရှုယွင်က လိုက်ပြောလိုက်သည်
“သခင်မလေး သူတို့ကို ဂရုပြုမနေပါနဲ့။ နေက အရမ်းပြင်းလွန်းတယ်။ နန်းတော်ကို အမြန်ပြန်ရအောင်ပါ သခင်မလေး”
—အတွင်းရေးရုံးတော်က ဒီနေ့မှာ အရမ်းကို အလုပ်များနေသည့်အတွက် ဧကရီမယ်တော်ကြီး ဒါကို အာရုံစိုက်နေလိမ့်မည်ပင်။ ပြဿနာရှာတဲ့ သတင်းသာ ဧကရီမယ်တော်ကြီးဆီ ရောက်သွားခဲ့လျှင် သခင်မလေးကို ဧကရီမယ်တော်ကြီးက ပိုလို့ပင် သဘောကျတော့မည် မဟုတ်ပေ။
ကံကောင်းစွာနဲ့ ကိုယ်လုပ်တော်ကျိုးက ဒါကိုသတိရသေးသည့်အတွက် အေးစက်စက် နှာမှုတ်ချက်တစ်ခုပဲ ပေးကာ လှည့်လိုက်ပြီး ထွက်သွားတော့သည်။
သို့သော် သူမက စိတ်ထဲမှာ အံကြိတ်နေကာ လိယန်ရှုကို တိတ်တဆိတ် ကျိန်ဆဲနေပေသည်။
******
111 01
အပိုင်း (၅၃.၂)
နှစ်ရက်ဆက်တိုက်ကို အရှင်မင်းကြီးက စိတ်အားထက်သန်နေပေသည်။
ကံကောင်းစွာနဲ့ ယန်ရှုက ငယ်ရွယ်နေဆဲဖြစ်ပြီး ပထမနှစ်ရက် ပြီးတာနဲ့ သူမရဲ့ကြွက်သားတွေက ထပ်ပြီး မနာကျင်တော့သည့်အတွက် ထပ်ပြီးလွတ်လပ်စွာ လှုပ်ရှားနိုင်ပေသည်။
သူမက ချယ်ရီသီးတွေရဲ့တစ်ဝက်ကိုပင် စားလိုက်ပြီးဖြစ်ကာ ဒီတစ်ခါတော့ သူမက အရမ်းကို စွဲလမ်းနှစ်ခြိုက်နေပြီး သူမ မစားနိုင်သည့် တချို့တောင် ရှိသည့်အတွက် တစ်ယောက်ယောက်ကို ချယ်ရီသီးချိုချဉ်တွေ လုပ်ခိုင်းလိုက်ကာ ပုလင်းထဲထည့်ပြီး ဖြည်းဖြည်းချင်းစားဖို့ သိမ်းထားလိုက်သည်။
ငါးရောင်ခြယ်ကြိုးကလည်း ရက်လုပ်ပြီးဖြစ်ကာ အရှင်မင်းကြီးပေးတဲ့ တောင်ပင်လယ်က ပုလဲတွေနဲ့ အလှဆင်ထားပေသည်။ အရည်အသွေး မြင့်မားမည်ကတော့ ပြောစရာပင်မ လိုပေ။
သေချာပေါက်ပင် စာမူကြမ်းက သိုက်တူးသမားကို မမေ့သင့်သလို ယန်ရှုကလည်း ယွီဝိန်းလန်အတွက် စာတစ်စောင်ရေးဖို့ မမေ့ပေ။
—အဆုံးမှာတော့ အခုထိုသူက သူမရဲ့လူ ဖြစ်သွားပြီဖြစ်ကာ နာကျင်သင့်သလောက် နာကျင်ရပေမည်။
သူမသာ မပြင်ဆင်ဘူးဆိုရင် ဘယ်သူက ပြင်ဆင်မှာလဲ။
မနက်ခင်း ရောင်စုံကြိုးကို ရက်ပြီးသွားချိန်မှာပဲ ဖုဟိုင်က နန်းဆောင်လာကာ ထပ်ပြီး သတင်းပို့လာပြန်သည်။
“အရှင်မင်းကြီးက ချန်းမင်နန်းဆောင်မှာ လိုက်ချီးသီးတွေကို မြည်းစမ်းဖို့ ကိုယ်လုပ်တော်ယိကို ဖိတ်ကြားလိုက်ပါတယ်”
ယန်ရှုက အနည်းငယ် အံ့အားသင့်သွားသည်။
“လိုက်ချီးတွေက လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက ပို့လိုက်ပြီမလား”
အမှန်ပဲ ဧကရီမယ်တော်ကြီးရဲ့ မွေးနေ့စားသောက်ပွဲတုန်းက သူမက လိုက်ချီးသီး ကောင်ညှင်းအချိုပွဲကို အမှတ်ရစရာကောင်းတဲ့ ဒီနှစ်ရဲ့လိုက်ချီးသီးတွေနဲ့ စားခဲ့တာပင်။
သို့သော် ဖုဟိုင်က အပြုံးနှင့် ပြောလာသည်။
“ကိုယ်လုပ်တော်ယိကို လျှောက်တင်ပါတယ်။ လိုက်ချီးအမျိုးအစားတွေ အမျိုးမျိုး ရှိပါတယ်။ သူတို့တွေက မြို့တော်ကို နှစ်တိုင်း အသုတ်ခွဲပြီး ရောက်ပါတယ်။ ဒီတစ်ခေါက်ရဲ့ အရသာအရှိဆုံးအသုတ်က ဒီမှာပါ။ အဲဒါကို နော်မီလို့ခေါ်ပြီး အရေအတွက် အများကြီးမရှိပါဘူး။ အရှင်မင်းကြီးက ဧကရီမယ်တော်ကြီးကို ပေးဖို့ လူတွေကို ခေါ်လိုက်ပြီး ကျန်တာတွေက ချန်းမင်နန်းဆောင်မှာပါ”
သိပြီ။
ယန်ရှုရဲ့မျက်လုံးတွေက ချက်ချင်းပဲ တောက်ပသွားတော့သည်။
ပြောမှပဲ သူမက ဒီလိုက်ချီးသီးကို နာမည်ပဲကြားဖူးပြီး တကယ်တမ်းတော့ မမြည်းကြည့်ဖူးပေ။
ထို့ကြောင့် သူကချက်ချင်းပဲ ပြန်ဖြေလိုက်သည်။
“ဒါဆိုရင် ကျွန်မ အခုချက်ချင်းပဲ သွားလိုက်မယ်”
ပြောပြီးနောက် အဝတ်အစားလဲကာ ပြင်တင်လိုက်ပြီး အခုလေးတင် ရက်လုပ်ထားတဲ့ ရောင်စုံကြိုးလေးကို ချန်းမင်နန်းဆောင်ဆီ ယူသွားလိုက်တော့သည်။
ထိုအချိန်မှာ ယွီဝိန်းလန်က နွမ်အဆောင်တော်မှာ စာဖတ်နေပြီး လက်လှမ်းမီရာ နေရာက ခန်းစားပွဲပေါ်မှာ လတ်ဆတ်တဲ့လို က်ချီးသီးအပြည့် ထည့်ထားတဲ့ ပန်းကန်တစ်ခု ရှိပေသည်။ သူတို့အားလုံးက ရွှန်းစို ပြည့်ဖောင်းနေကာ အနီရဲရဲနှင့် အရမ်းကို ဆွဲဆောင်မှုရှိပေသည်။
ယန်ရှုက နန်းဆောင်ထဲကို ခြေလှမ်းပြီး ဝင်လိုက်ချင်းပဲ တစ်ချက်တည်းနှင့် ထိုမြင်ကွင်းကို တွေ့လိုက်ရကာ သူမနှလုံးသားထဲမှာ အံ့အားသင့်သွားမိတော့သည်။
[ဒါက နာမည်ကြီး နော့မီလိုက်ချီးသီးပဲ။သေချာပေါက်ပဲ ကွဲပြားတာပဲ။ တစ်ခုက တခြားအသီးနှစ်ခုလောက်ထိ ကြီးတယ်!]
ယွီဝိန်းလန် “….”
သူကလည်း အရမ်းကြီးတယ်လေ။ ဒီလိုက်ချီးသီးပန်းကန် ထက်တောင်မှ ပိုပြီးထင်သာမြင်သာ ရှိသင့်တယ် မဟုတ်ဘူးလား။
111 02
သို့သော်လည်း သူမက နှလုံးသားထဲမှာ သက်ပြင်းချပြီးနောက် သူ့ကို အရိုအသေ ပေးလာသည်။
“အရှင်မင်းကြီးကို ဒီကိုယ်လုပ်တော်က နှုတ်ခွန်းဆက်ပါတယ်”
ယွီဝိန်းလန်က သူမကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဧကရီမယ်တော်ကြီးရဲ့မွေးနေ့ပွဲတုန်းက မင်းက လိုက်ချီးသီးကောက်ညှင်းဆန်ကိတ်ကို စားရတာကို ကြိုက်တယ်ဆိုတာ တွေ့လိုက်ရတယ်လေ။ ဒီနေ့ ရောက်လာတဲ့ အနည်းငယ်လည်းရှိလို့ မြန်မြန်လေး မြည်းကြည့်လိုက်”
ထိုစကားသံထွက်လာပေမဲ့ သူမက တခစ်ခစ်ရယ်လိုက်ကာ မှန်လှပါဟု ဖြေလာသည်။
“ဒါဆိုရင် ဒီကိုယ်လုပ်တော်က တလေးတစားနဲ့ အရှင်မင်းကြီးရဲ့ အမိန့်ကို နာခံပါ့မယ်”
သူက စကားပြောပြီးနောက် သူ့ဘက်ကို မှီချလိုက်ကာ တစ်ခုယူလိုက်ပြီး ခွာစားလိုက်သည်။
ဝိုး ဒါကအကောင်းဆုံးလိုက်ချီးသီးပဲ။
အပြင်အသားက နူးညံ့ပြီး ပါးလျပေမဲ့ နှစ်ချက် ခွာလိုက်ပြီးနောက် ကြီးမားတဲ့အဖြူရောင်အသားက သူမ မျက်စိရှေ့ကို ပေါ်ထွက်လာတော့သည်။
တစ်ချက် ကိုက်လိုက်သည့်အခါ ပါးစပ်ထဲတွက် ချိုမြိန်တဲ့ အရည်တွေနှင့်ပြည့်သွားပြီး အချဉ်အရသာ တစ်စက်မှမရှိဘဲ ချိုလွန်းသည့်အတွက် လူတွေကိုပင် စကားမပြောနိုင်အောင် လုပ်နေသည်။
အံ့အားသင့်ဖွယ် အကောင်းဆုံးကတော့ အတွင်းထဲကအစေ့က တကယ်တော့ အလွန်သေးပြီး ပုံမှန်လိုက်ချီးသီးတွေရဲ့ တစ်ဝက်သာရှိသည်။ ကျန်သည့်အပိုင်းကတော့ ဖြူဖွေပြီး အစိုဓာတ်ပြည့်နေသည့် လိုက်ချီးအသားတွေပင်။
တာဝန်အကျေဆုံးအသီးလို့တောင် ပြောလို့ရတယ်။
ယန်ရှုက စားနေရင်း ခေါင်းညိတ်လိုက်ကာ
“ကောင်းသားပဲ တကယ်ကို အရသာရှိတယ်”
စကားပြောပြီးနောက် ဧကရာဇ်ကသူမကို တိတ်တဆိတ် ကြည့်နေ့ပြီး သူမနဲ့အတူ လာမစားဘူးဆိုတာအား တွေ့လိုက်ရသည်။
သူမလည်း မတတ်နိုင်ဘဲ တွန့်သွားရတော့သည်။
ဒါကဘာကိုဆိုလိုတာလဲ။
သူမက သူ့ထက် အရင်စားလိုက်လို့ စိတ်တိုနေတာများလား။
ကျစ် ကျစ် ဘာပဲဖြစ်ဖြစ် သူကဧကရာဇ်ပဲလေ။ သူမက ဘယ်လိုလုပ်ပြီး မေ့သွားရတာလဲ။
ထို့ကြောင့် သူမက အသစ်တစ်လုံးကို အလျင်အမြန် ခွာလိုက်ကာ သူ့ဆီကို ယူသွားလိုက်ပြီး အပြုံးလေးနှင့် ပြောလိုက်သည်။
“မြန်မြန်လေး မြည်းကြည့်ပါ။ အရှင်မင်းကြီး ဒါက တကယ်ကို အရသာရှိတယ်”
သို့သော်လည်း ထိုစကားတွေ ထွက်လာသည်နှင့် ပြန်မဖြေလာပဲ သူမကို နက်ရှိုုင်းစွာကြည့်ကာ ပြောလာသည်။
“ကိုယ် လိုက်ချီးသီး မစားချင်ဘူး”
[ကိုယ်က မင်းကိုပဲ စားချင်တာ…]
သို့သော်လည်း ကျန်တဲ့စကားတွေ မပြောရသေးခင်မှာပဲ သူမက ညည်းညူလိုက်ကာ တိုက်ရိုက်ပဲ လှီးထားတဲ့လိုက်ချီးသီးကို သူမရဲ့ပါးစပ်ထဲကို ထည့်လိုက်ပြီး သူမရဲ့ပါးတွေကို ဖောင်းကားသွားစေကာ စားရင်း ပြောလိုက်သည်။
“ဒီကိုယ်လုပ်တော်က ကိုယ့်ဘာသာပဲ စားလိုက်ပါမယ်…”
“တကယ်ကိုပဲချိုတယ်။ အရှင်မင်းကြီး မစားတာက တကယ်ကို နှမြောစရာပဲ”
ယွီဝိန်းလန် “...”
မဟုတ်ဘူး သူ ဘာပြောတော့မလဲဆိုတာကို သူမက မကြားဘူးလား။
—ဟုတ်တယ် ယန်ရှုက မကြားပေ။
ထိုအချိန်မှာ သူမရဲ့စိတ်က လိုက်ချီးသီးပေါ်မှာပဲရှိနေကာ စားနေရင်းလည်း နှလုံးသားထဲမှာ အော်ဟစ်နေပေသည်။
[ဧကရာဇ်ဖြစ်ရတာ ကောင်းလိုက်တာ။ဒီလိုအသီးကောင်းမျိုးကို စားလို့ရတယ်]
ယွီဝိန်းလန် “…..”
111 03
အခုစားနေရတာက ကောင်းလား မကောင်းဘူးလား။
မျက်စိတစ်မှိတ်တွင်းမှာပဲ သူမက လေးလုံးငါးလုံးလောက် စားပြီးပြီဖြစ်ကာ သူမရဲ့နှုတ်ခမ်းသေးသေးလေးတွေက နီရဲနေပေသည်။
ယွီဝိန်းလန်က ထပ်ပြီးသည်းမခံနိုင်တော့ဘဲ သူမကို သူ့လက်မောင်းတွေထဲကို ဆွဲသွင်းလိုက်ကာ နမ်းလိုက်တော့သည်။
ကောင်းသားပဲ။ လိုက်ချီးသီးက သူမနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ။
….
အချိန်တွေက ရပ်တန့်သွားသလိုပင်
ပထမတော့ ယန်ရှုက အံ့အားသင့်သွားပြီး သို့သော် သိပ်မကြာခင်မှာပဲ ထိုအထဲမှာ ဖမ်းစားခံလိုက်ရတော့သည်။
ကောင်းသားပဲ။ လိုက်ချီးသီးကလည်း ချိုပေမဲ့ သူကလည်း မဆိုးပါဘူးလေ။
အချိန်တစ်ခုထိ မတိုင်ခင်မှာပင် သူမက တောက်ပတဲ့ အလင်းရောင်တစ်ခုကို ခံစားလိုက်ရကာ နောက်ဆုံးတော့ နိုးလာတော့သည်။
ထို့ကြောင့် သူမက လွတ်မြောက်ဖို့ အလျင်အမြန် ရုန်းကန်လိုက်ကာ ပြောလာသည်။
“အရှင်မင်းကြီး မရပါဘူး”
သို့သော် ယွီဝိန်းလန်က လွှတ်ပေးဖို့ တွန့်ဆုတ်နေကာ ပြောလာသည်။
“ဘာလို့မရ…..”
ဘာပဲဖြစ်ဖြစ် စကြည့်ဆောင်ထဲမှာ သူတို့နှစ်ဦးသာ ရှိပေသည်။
သို့သော် သူမက ဖြောင့်မတ်တဲ့စကားတွေနဲ့ သူ့ကို သတိပေးလာသည်။
“အခုထိ နေ့ခင်းပဲ ရှိပါသေးတယ်….”
သို့သော်လည်း သူမရဲ့ပါးစပ်ပင် မဟနိုင်ခင်မှာပဲ သူမနှလုံးသားထဲက ကျစ် ကျစ်ဟူသော အသံကို ကြားလိုက်ရသည်။
[ဒီနေရာမှာက အရမ်းကိုစိတ်လှုပ်ရှားစရာ ကောင်းတယ်ဆိုပေမဲ့ မှူးမတ်တစ်ယောက်က အချိန်မရွေး ရောက်လာနိုင်တယ်လေ။ အလယ်ကြီးမှာ ရုတ်တရက်ကြီး နှောက်ယှက်ခံလိုက်ရရင်ရော။ သူ့အပေါ်မှာ အရိပ်မည်းကြီး ချန်ထားခဲ့ပြီး သူက ထပ်မလုပ်နိုင်တော့ရင် ဘယ်လိုလုပ်မလဲ]
ယွီဝိန်းလန် “….”
ဆိုတော့ အဲဒါက သူမ တွေးနေတာပေါ့လေ။
သူထင်တာက သူမက ရှက်နေမယ်လို့လေ….
…..ဒါပေမဲ့ သူမ စိုးရိမ်နေတာက သူထပ်ပြီး ကျရှုံးသွားမှာကိုပဲ။
သူက အတိတ်ကို ရှင်းလင်းတဲ့မျဉ်းတစ်ခုနဲ့ ဆွဲထားပြီးပြီပင် ။
ဒါကို ကြားလိုက်ရချိန်မှာ သူမကို ပိုပြီးတော့တောင် သက်သေပြချင်လာသေးသည်။
မမျှော်လင့်ထားစွာနဲ့ နောက်ခြေလှမ်းကို မစတင်ခင်မှာပဲ နန်းတော်တံခါးကနေ သတင်းပို့လာတာကို ကြားလိုက်ရသည်။
“အရှင်မင်းကြီး ကျိုးတုရဲ့စိစစ်ရေးအဖွဲ့ဝင်လူကြီးမင်းက တွေ့ခွင့် တောင်းဆိုနေပါတယ်”
ယွီဝိန်းလန် “….”
သူမက တကယ်ကို ကွက်တိပဲ။
ထို့နောက် ချက်ချင်းပဲ သူမက သူ့လက်မောင်းထဲကနေ တန်းပြီး ထလိုက်ကာ ပြောလာသည်။
“ဒီကိုယ်လုပ်တော် အရင်သွားနှင့်ပါမယ်”
စကားပြောပြီးနောက် သူမဘေးနားက ဆံပင်တွေကို သပ်လိုက်ကာ အပြင်ကို ထွက်တော့မည့်အတိုင်းပင်။
ယွီဝိန်းလန်က နေစေချင်ပေမဲ့ တခြားနည်းလမ်း မရှိသည့်အပြင် သုယွီရှစ်ကလည်း တံခါးအပြင်ဘင်မှာ စောင့်ဆိုင်းနေပေသည်။
သူက ခပ်တိုးတိုး သဘောတူလိုက်ရုံသာ တတ်နိုင်ကာ နောင်တတွေနဲ့ ပြည့်နေပေသည်။
သို့သော် သူမက အရိုအသေပေးလာပြီး အပြင်ဘက်ကို မထွက်ခင်မှာပဲ သူမရဲ့ဝတ်ရုံလက်ထဲကနေ ရောင်စုံကြိုးလေးတစ်ခုကို ထုတ်ကာ သူ့ကို ကမ်းပေးလာသည်။
“ဒါက ဒီကိုယ်လုပ်တော် ရက်ထားတာပါ၊ အရှင်မင်းကြီးကို ပေးဖို့အတွက်ပါ။ ဒီကိုယ်လုပ်တော်ကို ကျွေးမွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါက ဆုသေးသေးလေးပါ”
ယွီဝိန်းလန်က ယူလိုက်ပြီး သူ့မျက်ခုံးကို ပင့်လိုက်သည်။ သူက ကြိုးပေါ်မှာ ပုတီးစေ့တွေ ပေးခဲ့တယ် မဟုတ်ဘူးလား။
သို့သော်လည်း သူပင် စကားမပြောနိုင်ခင် သူမက ပြုံးလိုက်ကာ ခန်းဆောင်ထဲကနေ စိတ်လှုပ်ရှားစွာနဲ့ ထွက်သွားတော့သည်။
ယွီဝိန်းလန်မှာလည်း ရွေးချယ်စရာမရှိတော့ပဲ ရောင်စုံကြိုးလေးကို ဘေးဘက်ကို ပို့ထားလိုက်ကာ မျက်နှာကို တည်နေအောင် အကောင်းဆုံး ကြိုးစားလိုက်ကာ ကျိုးသုယွီရှစ်ကို ဝင်လာဖို့ ခေါ်လိုက်တော့သည်။
……
~~~~
နွမ်စံအိမ်ကနေ ထွက်ခွာသွားပြီးနောက်မှာ ယန်ရှုက ချန်းမင်နန်းဆောင်ရဲ့ဂိတ်တံခါးဆီကို လျှောက်သွားလိုက်ပေမဲ့ သူမကို နောက်ကနေ တစ်ယောက်ယောက် ခေါ်နေသံအား ကြားလိုက်ရပေသည်။
“ကိုယ်လုပ်တော်ယိဖင်း…..”
သူမက တစ်ခဏခန့် ခဲသွားပြီး ကြည့်ရန်သူမရဲ့ခေါင်းကို အလျင်အမြန် လှည့်လိုက်တော့သည်။
111 04
တွေ့လိုက်ရသည်က တော်ဝင်အကယ်ဒမီကပညာရှိကျိုး ဖြစ်နေပြီး သူ့ကိုဇာတ်ညွှန်းတွေ ရေးတဲ့နေရာမှာ ကူညီပေးခဲ့သူပင်။
ပညာရှိကျိုးက သူမဆီကို ခြေလှမ်းအနည်းငယ်နဲ့ ရောက်လာပြီး အရိုအသေ ပေးကာ မေးလာသည်။
“ကျွန်တော်မျိုး အရှင်မရဲ့အချိန်ကို အနည်းငယ်လောက် သုံးလို့ရနိုင်မလား မသိဘူး”
ယန်ရှုက အံ့အားသင့်သွားကာ ပညာရှိကျိုးက သူမကို အထူးတလည် ရှာနေတာလား။
ဒါက တကယ်ကို ရှားပါးသည့်အတွက် သူမကခေါင်းညိတ်လိုက်ကာ ပြောလာသည်။
“ပညာရှိကျိုး ဘာကိစ္စများ ရှိနေလို့ပါလဲ”
သို့သော် ပညာရှိကျိုးက ပြောလာသည်။
“သခင်လေးရှောင်ယောင်အကြောင်းကို အရှင်မဆီကနေ သတင်းမေးချင်လို့ပါ။ ကျွန်တော်မျိုး မှန်မိသလောက်ဆို အရှင်မလည်း သူ့ကို သိသလားလို့လေ”
သခင်လေးရှောင်ယောင်လား။
ထို့နောက်ချက်ချင်းပဲ ပညာရှိကျိုးက စိတ်ထိခိုက်နေတဲ့ မျက်နှာနှင့် ပြောလာတော့သည်။
“ကျွန်တော်မျိုးမှာ တကယ်ပဲ ကိစ္စရှိပါတယ်။ ဒီသခင်ငယ်လေးကို သတိပေးဖို့ အရှင်မကို အကူအညီတောင်းလို့ ရနိုင်မလား။ အမှန်အတိုင်း ပြောရရင် သူက စာအုပ်အသစ် ထုတ်မလာတာ ကြာနေပြီလေ ဒီမှူးမတ်ဖြစ်သူက စာအုပ်ရောင်းသူတွေဆီကနေ တစ်နေ့လုံး နှောက်ယှက်ခံနေရပါတယ်။ အိမ်ကိုတောင် ပြန်လို့မရဘဲ ဟန်လင်းအကယ်ဒမီမှာပဲ နေနေတာ ရက်အနည်းငယ်ရှိနေပါပြီ…..”
ဘာ။
ယန်ရှုက ထိတ်လန့်သွားတော့သည်
— — သူမက ဇာတ်ညွှန်းမရေးလို့ ပညာရှိကျိုးက စာအုပ်ရောင်းသမားတွေဆီကနေ နှောက်ယှက်ခံနေရပြီး အိမ်ကိုတောင် မပြန်နိုင်ဘူးတဲ့လား။
သူမရဲ့အံ့အားသင့်နေတဲ့ မျက်နှာကို တွေ့တဲ့အခါမှာတော့ ပညာရှိကျိုးက လွန်ခဲ့တဲ့နှစ်ရက်က ဧကရာဇ်ရှေ့မှာ ပြောခဲ့တဲ့ ထိုစကားတွေကို ရွေးချယ်စရာ မရှိတော့ဘဲ ပြန်ပြောလိုက်ရတော့သည်။
ယန်ရှုက ဒါကိုကြားပြီးနောက်မှာ နက်နက်ရှိုင်းရှိုင်း အံအားသင့်သွားပြီး ထိုအခါမှသာ စာအုပ်ရောင်းသမားနဲ့ စာဖတ်သူတွေက သူမကို စိတ်အားထက်သန်စွာ ရှာဖွေနေတယ်ဆိုတာ သိသွားတော့သည်။
ပြီးတော့ သူမရဲ့ပျင်းရိမှုကြောင့် ပညာရှိကျိုးက ဒီအခြေအနေထိ တွန်းအားပေးခံနေရပေသည်လား။
သူမက နောင်တတွေနဲ့ပြည့်နက်နေပြီး အလျင်အမြန် ပြောလာသည်။
“တစ်ယောက်ယောက်ကို သူ့ဆီ စာပို့ပေးဖို့ လွှတ်လိုက်ပါ့မယ်။ မြန်မြန်လေး ဇာတ်ညွှန်းရေးဖို့လဲ လောဆော်လိုက်ပါ့မယ်”
သူက ပြောပြီးနောက် သူ့ရဲ့ကိုယ်ပိုင်နေရာဆီသို့ ဝင်သွားတော့သည်။
လမ်းလျှောက်နေစဉ်မှာလည်း သူမကိုယ်သူမ စိတ်ထဲမှာ အပြစ်တင်နေပေသည် သူမက ဘယ်လိုလုပ်ပြီး ပျော်ပါးနေရသေးတာလဲ။
တောင်ဘက်ကိုအရမ်းစွဲလမ်းနေပြီး ကိုယ့်ရဲ့ကိုယ်ပိုင်လမ်းကို ဘယ်လိုလုပ်ပြီး မေ့နိုင်ရတာလဲ။
ပြစ်မှုတစ်ခုပဲ။
~~~
လမ်းတစ်လျှောက် လျှောက်သွားပြီးနောက် နန်းဆောင်ကို ဝင်လိုက်ချိန်မှာတော့ ယန်ရှုက အတွေးတွေနဲ့ပြည့်နေကာ ထို့ကြောင့် စားပွဲမှာ ချက်ချင်းထိုင်ချလိုက်ပြီး စတင်ရေးတော့သည်။
သို့သော်လည်း သိပ်မကြာခင်မှာပဲ စစ်စတန်ကနေ ဒင်ခနဲ မြည်လာတော့သည်။
[သတိပြုရမယ် တစ်ယောက်ယောက်က မင်းကို ထိခိုက်စေချင်နေတယ်]
ဘာ။
ယန်ရှုကတွန့်ဆုတ်သွားကာ [တစ်ယောက်ယောက်က ငါ့ကိုထပ်ပြီး ထိခိုက်စေချင်နေတာလား။]
…အခု မောင်းမဆောင်ထဲမှာ လူသုံးယောက်သာ ရှိတော့သည်။
အမှန်ပဲ သုံးယောက်ပဲ ကျန်ပေမဲ့ ကျန်နှစ်ယောက် သူမကို မုန်းပြီးရင်း မုန်းနေကာ သေစေချင်နေကြသည်။
111 05
ဒါပေမဲ့…ဝမ်ကျောက်ယီရဲ့ တိုက်ခိုက်မှုက ဆောင်းရာသီကတည်းက ပျက်စီးသွားကာ အခုသူမက အရမ်းကိုရိုးသားစွာ ပြုမူနေပေသည်။
နှိုင်းယှဉ်ရရင် နောက်တစ်ယောက်က ပိုပြီးတော့ဖြစ်နိုင်ချေရှိသည်။
ကျစ် ဒီကိုယ်လုက်တော်ကျိုးက စာရင်းရှင်းတဲ့နေရာမှာ တကယ်ကိုကောင်းလွန်းတာပဲ!
ထို့နောက် သူမက မေးလိုက်သည်။
[သူမကဒီတစ်ခေါက်ရော ဘာလိုချင်တာတဲ့လဲ။]
သို့သော်လည်း စစ်စတန်ပင် စကား မပြောနိုင်ခင်မှာဘဲ လျန်ရှင်းက ဝင်လာကာ သူမကို မေးလိုက်သည်။
“သခင်မလေး ဧကရီမယ်တော်ကြီးက တစ်ယောက်ယောက်ကို လွှတ်ပြီး မေးခိုင်းလိုက်ပါတယ်။ မင်းသမီးငယ်လေးလန်ယွင်က သခင်မလေးဆီလာပြီး ကစားချင်တဲ့အတွက် အားလပ်သလားဆိုတာကို သိချင်ပါတယ်တဲ့”
ထိုအသံ ထွက်လာသည်နှင့် စစ်စတန်က ဘန်းခနဲအသံမြည်အောင်လုပ်လိုက်သည်။
[လာပြီလေ အပြစ်တင်ဖို့ ဂရုစိုက်ဦး]
ယန်ရှုက တွေးဆလိုက်သည်။ သူမကိုထပ်ပြီး အကွက်ချမလို့လား။
ဖြစ်နိုင်တာက…..
ကိုယ်လုပ်တော်ကျိုးက လန်ယွင်ကို အသုံးချပြီး အရှုပ်တွေ လုပ်မလို့လား။
ကလေးမငယ်လေးက သူမနဲ့လာကစားချင်ပြီး ထိုကလေးမလေးသာ သူမနန်းဆောင်မှာ တစ်ခုခုဖြစ်သွားမယ်ဆိုရင် သူမကပဲ အပြစ်တင်ခံရမှာမလား။
သေး။
သူမက ချက်ချင်းပဲ ဒေါသပုန်ထသွားပြီး ဒီရက်စက်တဲ့မိန်းမကတော့ ကလေးကို အသုံးချပြီး ဘယ်လိုလုပ် သူမကို အကွက်ဆင်ရတာလဲ။
သို့သော်လည်း မင်း စိတ်ဆိုးနေတယ်ဆိုရင် စိတ်ဆိုးတာပင်။ အခုအရေးကြီးတာက ဧကရီမယ်တော်ကြီးရဲ့ ဒီမေးခွန်းကို ငြင်းဆန်လို့မရပေ။
ရုတ်တရက်ပဲ သူမက အလျင်အမြန် တွေးလိူက်ကာ လျန်ရှင်းကို လျင်မြန်စွာ ပြောလိုက်သည်။
“ဒါပေမဲ့ အရှင်မင်းကြီးက အခုလေးတင်ပဲ ထိုက်ယွဲ့ကန်ကို ကြာပန်းတွေရှုစားဖို့ ကျွန်မကို ခေါ်သွားပေးမယ်လို့ ပြောတယ်။ ဒီလိုဆိုရင်ရော ဘာလို့ မင်းသမီးငယ်လေးကို အတူတူသွားကြဖို့ မပြောတာလဲ”
လျန်ရှင်းက အလျင်အမြန်ပဲ တုံ့ပြန်လိုက်ပြီး မေးခွန်းလာမေးသူကို စကားပြောဖို့ ထွက်သွားတော့သည်။
တစ်ချိန်တည်းမှာပဲ ယန်ရှုက စာရွက်ပေါ်မှာ စာကြောင်း အနည်းငယ်ရေးလိုက်ပြီး အခြောက်ခံလိုက်ကာ ခေါက်လိုက်သည်။ ထို့နောက် စာအိတ်ထဲကို ထည့်လိုက်ပြီး ရန်တုန်းကို ကမ်းပေးလိုက်ကာ ပြောလိုက်သည်။
“မြန်မြန် အရှင်မင်းကြီးဆီကို ပို့လိုက်။ ငါ့မှာ အရေးကြီးတဲ့ တစ်ခုခုဖြစ်နေတယ်လို့သာ ပြောလိုက်”
ရန်တုန်းက ဘာလို့လဲဆိုတာကို မသိပေမဲ့ သူမ အလျင်လိုနေတာကို မြင်လိုက်တဲ့အခါမှာ ချန်းမင်နန်းဆောင်ဆီကိုချက်ချင်းပဲ သွားဖို့ အလျင်အမြန် သဘောတူလာသည်။
~~~
သို့သော် ယွီဝိန်းလန်က ချန်းမင်နန်းဆောင်မှာ တစ်ခဏခန့် အလုပ်များနေပြီး မှူးမတ်များစွာ ထွက်သွားသည့်အခါမှသာ ယန်ရှုဆီက “အရေးပေါ်စာ” ကို လက်ခံလိုက်ရသည်။
သူမ အလျင်လိုနေတာကို ကြားလိုက်ရသည့်အခါ သူကချက်ချင်းပဲယူလိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။
သို့သော် ထိုအပေါ်မှာ စာနှစ်ကြောင်း ရေးထားတာကို တွေ့လိုက်ရသည်။
“ကျွန်မက ယန်ဇီမြစ်အထက်ပိုင်းမှာ နေတယ်။ ရှင်ကတော့ ယန်ဇီမြစ်အဆုံးမှာ နေတယ်။ ရှင့်ကို မမြင်ရရင် နေ့တိုင်းလွမ်းနေတယ်။ ယန်ဇီမြစ်ရေကို အတူတူသောက်ကြမယ်”
ယွီဝိန်းလန်က သူ့မျက်ခုံးကို ပင့်လိုက်တော့သည်။
အမ်။သူမက တကယ်ပဲ သူ့အတွက် အချစ်ကဗျာရေးပေးတာလား။
နေက တကယ်ပဲ အနောက်အရပ်ကနေ ထွက်လာတော့မယ်
ငုံ့ကြည့်လိုက်ချိန်မှာတော့ ကဗျာရဲ့အဆုံးမှာ နောက်ထပ်စာတစ်ကြောင်းကို တွေ့လိုက်ရတော့သည်။
111 06
“အခု ထိုက်ယွဲ့ရေကန်ကကြာပန်းတွေက ပွင့်နေပြီလို့ ကြားတယ်။ အရှင်မင်းကြီးက ဒီကိုယ်လုပ်တော်ကို အဖော်ပြုပြီး ပန်းတွေကိုရှုစားဖို့ ပေးနိုင်မလား”
ယွီဝိန်းလန်က သူ့မျက်ခုံးကိုထပ်ပင့်လိုက်သည်။
သူမက…ပန်းတွေကို ရှုစားဖို့ ခေါ်နေတာလား။
ငါတို့တွေ အခုလေးတင်ပဲ တွေ့လာတာ မဟုတ်ဘူးလား။
သို့သော် အခုလေးတင်က မြင်ကွင်းကို ပြန်အမှတ်ရလိုက်ချိန်မှာတော့ သူ့ဘာသာ တွေးလိုက်သည်။ ဖြစ်နိုင်တာက….သူမကို ခုဏတုန်းက စိတ်ပျက်စေမိတာတော့ မဟုတ်ဘူးမလား။ အဲဒါကြောင့် သူ့ကို ထပ်တွေ့ချင်တာလား။
အဟွတ် ဒီနည်းနဲ့ စဉ်းစားကြည့်မယ်ဆိုရင် သူကလှုပ်ရှားဖို့ အနည်းငယ် အဆင်သင့် ဖြစ်သွားသလိုပင်
သူက တစ်ခဏလောက်တောင် မြဲမြဲမထိုင်နိုင်တော့ပဲ ချက်ချင်းပဲ ထရပ်လိုက်ကာ ထိုက်ယွဲ့ကန်ဆီကို သွားတော့သည်။
တော်ဝင်ရထားလုံးက အရမ်းကိုလျင်မြန်သည့်အတွက် ယွီဝိန်းလန်က တစ်ခဏလောက် စောင့်ပြီးနောက်မှာ ရောက်သွားကာ ယန်ရှုက နောက်ကျနေတာကို တွေ့လိုက်ရသည်။
သို့သော်လည်း သူမက ပိတ်ကျဲစကပ်ကို ဝတ်ထားပြီး သူမရဲ့ဆံပင်ကို ထပ်မံ ဖြီးသင်ထားပုံရကာ သူမရဲ့ပုံရိပ်လေးက မထင်မရှားဖြစ်နေပြီး ပါးလျတဲ့ ပိတ်ကျဲစကပ်လေးက လူတွေကို ရင်ခုန်စေသည်။
“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးကို နှုတ်ခွန်းဆက်ပါတယ်”
သူမက ပြုံးနေပြီး အရိုအသေ ပေးလာတာကို မြင်တဲ့အခါမှာတော့ ယွီဝိန်းလန်ကလည်း နွေးထွေးစွာ ပြုံးလိုက်သည်။
“မင်းကို မတွေ့ရတာ ခဏလေးပဲရှိသေးတာကို ကိုယ်တော့်ကို ထပ်လွမ်းနေပြီလား”
စကားပြောပြီးနောက် သူမကိုဆွဲလိုက်ကာ တိုက်ရိုက်ပဲ လက်မောင်းထဲ သွင်းလိုက်တော့သည်။
—သို့သော် ဘာပဲဖြစ်ဖြစ် သူ့ဘေးကလူတွေကို အဝေးကိုပို့ထားပြီးပြီ ဖြစ်သည်
သို့သော်လည်း နောက်တစ်ဆင့်ကို မလှမ်းခင်မှာပဲ သူ့နောက်က အသံသေးသေးလေးရဲ့မေးလာသံကို ကြားလိုက်ရပြီး
“ဦးရီးတော်ဟွမ် ဘာလုပ်နေတာလဲဟင်”
ယွီဝိန်းလန်က တစ်ခဏလောက် တွန့်သွားကာ အလျင်အမြန် နောက်ကို လှည့်ကြည့်လိုက်သည်။ တွေ့လိုက်ရသည်က သူမရဲ့တူမလေးဖြစ်သူ လန်ယွင်က သူ့ကို ကြည့်ရန် ခေါင်းကို စောင်းထားသည်အား တွေ့လိုက်ရသည်။
ထပ်ကြည့်လိုက်ချိန်မှာတော့ ရှောင်လန်ယွင်ရဲ့အနောက်မှာ သခင်မမုရဲ့သမီးငယ်လေး နိရှန်းဝမ် ရပ်နေတာကို တွေ့လိုက်ရသည်။
ထိုအချိန်မှာပဲ ထိုကလေးမလေးက ထွက်ပြေးချင်နေသည့်ပုံနှင့် ကြောက်လန့်ကာ သူမရဲ့ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်တော့သည်။
တစ်ချိန်တည်းမှာပဲ ယန်ရှုနှလုံးသားထဲက ကျစ် ကျစ်ဟူသောအသံကို ကြားလိုက်ရသည်။
[ကံကောင်းစွာနဲ့ ဧကရာဇ်က အရင်ရောက်နေလို့ပေါ့။ ငါက အချိန်ကိုက် လုပ်လိုက်နိုင်တာပဲ။ ယောက်ျားတစ်ယောက်ကို ရက်ပေါင်းထောင်ချီ ပျိုးထောင်လာပြီးတဲ့နောက် အဲ့ယောက်ျားကို တစ်ခဏလောက် အသုံးပြုရတယ်တဲ့။ ဧကရာဇ်ရေ ဦးနှောက်ကို အလျင်မလိုစေဘဲ တစ်ခုခု လေးလေးနက်နက် လုပ်စမ်းပါ!]
ယွီဝိန်းလန် “...”
******